ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၁၃) အခန်း လေး

၄။ ဂိုဏ်းဂဏဖွဲ့ခြင်း

အသင်းတော်အသက်တာကို အဖျက်အမှောင့်လုပ်ခြင်းနှင့် နှောင့်ယှက်ခြင်း၏ စတုတ္ထမြောက် သရုပ်သကန်မှာ ဂိုဏ်းဂဏဖွဲ့ခြင်းဖြစ်ပြီး၊ ယင်း၏သဘာဝမှာ အလွန်ပြင်းထန်သည်။ မည်သည့်အပြုအမူများက ဂိုဏ်းဂဏဖွဲ့ခြင်းတွင် ပါဝင်သနည်း။ အကယ်၍ ဘုရားသခင်ကို ယုံကြည်သော လူနှစ်ဦးသည် အလားတူ အချိန်ကာလတစ်ခုကြာ ယုံကြည်သူများ ဖြစ်ခဲ့ကြလျှင်၊ အလားတူသော အသက်အရွယ်များ၊ မိသားစုအခြေအနေများ၊ စိတ်ဝင်စားမှုများ၊ ပင်ကိုစရိုက်များ အစရှိသည်တို့ ရှိကြပြီး ၎င်းတို့သည် အတူတကွ သင့်မြတ်စွာ ပေါင်းသင်းကာ၊ စုဝေးပွဲများအတွင်း မကြာခဏ အတူထိုင်ကြပြီး တစ်ဦးနှင့်တစ်ဦး ရင်းနှီးကျွမ်းဝင်ကြလျှင် ဤသည်မှာ ဂိုဏ်းဂဏဖွဲ့ခြင်းဟု သတ်မှတ်နိုင်သလော။ (မသတ်မှတ်နိုင်ပါ။) ဤသည်မှာ အခြားသူများကို မည်သည့်အနှောင့်အယှက်မျှ မဖြစ်စေသည့် ပုံမှန်လူ့ဆက်ဆံရေး၏ သာမန်ဖြစ်စဉ်တစ်ခု ဖြစ်သည်၊ ထို့ကြောင့် ယင်းကို ဂိုဏ်းဂဏဖွဲ့ခြင်းဟု မမှတ်ယူပေ။ သို့ဆိုလျှင် ဤနေရာတွင် ဖော်ပြထားသည့် ဂိုဏ်းဂဏဖွဲ့ခြင်းက မည်သည့်အရာကို ရည်ညွှန်းသနည်း။ ဥပမာအားဖြင့် အတူတကွ စုဝေးနေကြသော ညီအစ်ကိုမောင်နှမငါးဦးအနက် သုံးဦးမှာ မြို့ပြအလုပ်သမားများဖြစ်ပြီး နှစ်ဦးမှာ ကျေးလက်တောင်သူများ ဖြစ်ကြသည်။ ထိုမြို့ပြအလုပ်သမားသုံးဦးသည် လူတို့တွင် ပညာရေး၊ ကျယ်ပြန့်သော အမြင်နှင့် အမူအကျင့်များ ကင်းမဲ့သည့် ကျေးလက်ဒေသတွင် ပိုဆိုးပြီး မြို့ပြတွင် ဘဝက ပိုကောင်းပုံအကြောင်း ပြောဆိုလျက် မကြာခဏ အတူတကွ ရှိနေတတ်ကြသည်။ ၎င်းတို့သည် ကျေးလက်မှလူများကို မထီမဲ့မြင်ပြုကြပြီး၊ ထိုကျေးလက်မှ လူနှစ်ဦးကို အစဉ်သဖြင့် နှိမ့်ချစွာ ပြောဆိုကြရာ ထိုသူတို့က စိတ်ထိခိုက်သည်ဟု ခံစားရပြီး ၎င်းတို့ကို ဆန့်ကျင်လိုကြကာ၊ မြို့ပြလူများမှာ သဘောထားသေးသိမ်ပြီး အသေးစိတ်တိုင်းကို တွက်ချက်ကြသော်လည်း ကျေးလက်လူများမှာမူ သဘောထားကြီးကြသည်ဟု ပြောဆိုကြသည်။ စုဝေးပွဲများအတွင်းတွင် ၎င်းတို့သည် မည်သည့်အခါမျှ သဘောတူညီပုံမရဘဲ မလိုအပ်သော အငြင်းပွားမှုများနှင့် စကားစစ်ထိုးမှုများကို မကြာခဏ ဖြစ်ပေါ်စေသည်။ ဤငါးဦးသည် သင့်မြတ်စွာ ပေါင်းသင်းကြသလော။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်၌ တစ်လုံးတစ်ဝတည်း ဖြစ်ကြပါသလော။ ၎င်းတို့သည် တစ်ဦးနှင့်တစ်ဦး သဟဇာတဖြစ်ကြပါသလော။ (မဖြစ်ကြပါ။) မြို့ပြလူများက “ငါတို့ မြို့ပြကလူတွေ” ဟု အစဉ်သဖြင့် ပြောပြီး ကျေးလက်လူများက “ငါတို့ တောသားတွေ” ဟု အစဉ်သဖြင့် ပြောသောအခါ ၎င်းတို့သည် မည်သည့်အရာကို လုပ်ဆောင်နေကြခြင်း ဖြစ်သနည်း။ (ဂိုဏ်းဂဏဖွဲ့ခြင်း ဖြစ်ပါသည်။) ဤသည်မှာ ငါတို့ မိတ်သဟာယဖွဲ့တော့မည့် စတုတ္ထမြောက်ကိစ္စဖြစ်သည့် ဂိုဏ်းဂဏဖွဲ့ခြင်း ဖြစ်သည်။ ဤသို့ ဂိုဏ်းဂဏဖွဲ့သည့် အပြုအမူမှာ အုပ်စုများနှင့် ဂိုဏ်းဂဏများ ဖွဲ့စည်းခြင်းကို ဆိုလိုသည်။ ဒေသ၊ စီးပွားရေးအခြေအနေများနှင့် လူမှုအဆင့်အတန်းအပြင် ကွဲပြားသော အမြင်ရှုထောင့်များကို အခြေခံ၍ အမျိုးမျိုးသော ဂိုဏ်းများ၊ ဂိုဏ်းဂဏများ၊ အခြား အတွင်းလူအုပ်စုများကို ဖွဲ့စည်းခြင်းသည် ဂိုဏ်းဂဏဖွဲ့ခြင်းနှင့် ညီမျှလေသည်။ ဤအုပ်စုများ၏ ခေါင်းဆောင်သည် မည်သူပင်ဖြစ်စေ၊ အသင်းတော်အတွင်း၌ မတူညီသော ဂိုဏ်းဂဏများနှင့် အုပ်စုများ ဖွဲ့စည်းခြင်း၊ သဟဇာတမဖြစ်သော အုပ်စုများ ဖွဲ့စည်းခြင်းတို့သည် ဂိုဏ်းဂဏဖွဲ့ခြင်း၏ သရုပ်သကန်များပင် ဖြစ်သည်။ အချို့နေရာများတွင် ကြီးမားသော အဆွေအမျိုးတစ်စုလုံးက ဘုရားသခင်ကို ယုံကြည်ကြပြီး စုဝေးသည့်နေရာတစ်ခု၌ မတူညီသော မျိုးရိုးအမည်များရှိသည့် လူနှစ်ဦးမှလွဲ၍ ကျန်သူများမှာ မိမိတို့၏ အဆွေအမျိုးများသာ ဖြစ်ကြသည်။ ထိုအခါ ဤအဆွေအမျိုးသည် အဖွဲ့တစ်ခု သို့မဟုတ် ဂိုဏ်းတစ်ခုကို ဖွဲ့စည်းလိုက်ရာ မတူညီသော မျိုးရိုးအမည်များရှိသည့် လူနှစ်ဦးမှာ အပြင်လူများ ဖြစ်သွားကြသည်။ ဤအဆွေအမျိုးထဲမှ မည်သူက မည်သည့်ကိစ္စကို ရင်ဆိုင်ရသည်ဖြစ်စေ သို့မဟုတ် ပြုပြင်ခြင်းခံရသည်ဖြစ်စေ လူတစ်ဦးက မကျေနပ်ချက်များကို ထုတ်ဖော်ပြောဆိုလျှင် ကျန်သူများက ထိုသဘောထားကို ပဲ့တင်ထပ်ရန် ပူးပေါင်းကြသည်။ မည်သူမဆိုက စည်းမျဉ်းများကို ဆန့်ကျင်၍ ပြုမူလျှင် အခြားသူများက ၎င်းတို့အတွက် ဖုံးကွယ်ပေးပြီး ၎င်းတို့၏ လုပ်ရပ်များကို ဖုံးကွယ်ကြကာ မည်သူ့ကိုမျှ ၎င်းတို့ကို ဖော်ထုတ်ခွင့်မပြုပေ၊ ဤကိစ္စကို ပြုပြင်ခြင်း မဆိုထားနှင့် ယင်းနှင့်ပတ်သက်၍ အနည်းငယ်မျှပင် ဖော်ပြခြင်းကို လက်မခံနိုင်ပေ။ ဤနေရာတွင် ပြဿနာမှာ အဘယ်နည်း။ သင် ပိုင်းခြားသိမြင်နိုင်သလော။ ဤအဆွေအမျိုးဝင်များ စုဝေးကြသည့်အခါ ၎င်းတို့အားလုံးသည် တစ်လေသံတည်းထွက်ကြပြီး အခြေအနေကို စောင့်ကြည့်ကာ ပေါင်းလိမ်ကြသည်။ အကယ်၍ ၎င်းတို့၏ ဂိုဏ်းချုပ်က တိကျသော ရပ်တည်ချက်တစ်ခုကို ယူလျှင် အခြားလူတိုင်းက ထိုနည်းတူ လိုက်ပါလုပ်ဆောင်ကြပြီး အခြားသူများက ၎င်းတို့ကို ရန်စရန် သို့မဟုတ် ကန့်ကွက်ချက်များကို ထုတ်ဖော်ပြောဆိုရန် မဝံ့ရဲကြပေ။ အသင်းတော်အသက်တာတွင် ဤဖြစ်စဉ် ဖြစ်ပွားခြင်းသည် အသင်းတော်၏ ပုံမှန်အစီအစဉ်ကို နှောင့်ယှက်ခြင်းများနှင့် အနှောင့်အယှက်များ ဖြစ်စေသည် မဟုတ်လော။ ဤဂိုဏ်းမှလူများက စုဝေးပွဲများအတွင်း ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ မည်သည့်ကျမ်းပိုဒ်များကို စားသောက်ရမည်ကို ချမှတ်ပြီး လူတိုင်းက နားထောင်ရမည် ဖြစ်သည်၊ အသင်းတော်ခေါင်းဆောင်များပင်လျှင် ၎င်းတို့ကို အလျှော့ပေးရပြီး ကန့်ကွက်၍ မရနိုင်ပေ။ မည်သူ့ကို ခေါင်းဆောင်များနှင့် အမှုဆောင်များအဖြစ် ရွေးကောက်တင်မြှောက်သင့်သည်ကို ၎င်းတို့က ကြေညာပြီး အသင်းတော်ခေါင်းဆောင်များက ၎င်းတို့၏ ထင်မြင်ချက်ကို အရေးအကြီးဆုံးအဖြစ် မှတ်ယူရမည်ဖြစ်ပြီး ပေါ့ပေါ့တန်တန် သဘောမထားရပေ။ တစ်ချိန်တည်းတွင် ၎င်းတို့သည် မိမိတို့၏ဩဇာကို အဆက်မပြတ် ချဲ့ထွင်လျက် ၎င်းတို့စကားကို နားထောင်မည့်သူများ၊ ၎င်းတို့ ယုံကြည်နိုင်သည့်သူများနှင့် ၎င်းတို့အတွက် အသုံးဝင်မည့်သူများကို ၎င်းတို့၏ အုပ်စုရည်ရွယ်ချက်များအတွက် အသုံးပြုရန် ၎င်းတို့၏အုပ်စုထဲသို့ ဆွဲသွင်းကာ အသုံးဝင်သော “အရည်အချင်းရှိသူများ” ကို အဆက်မပြတ် စုဆောင်းကြသည်။ ဤဂိုဏ်းဂဏသည် အသင်းတော်အသက်တာကို ထိန်းချုပ်ရန် ရည်ရွယ်ပြီး၊ ၎င်းတို့၏ ဂိုဏ်းချုပ်မှာမူ အသင်းတော်တစ်ခုလုံးကို ထိန်းချုပ်လိုသည်။ ဤအုပ်စုတွင် သိသာထင်ရှားသော အာဏာရှိသည်၊ ၎င်းတို့သည် အသင်းတော်အတွင်း၌ ပြုမူဆောင်ရွက်ရန် အတူတကွ ပူးပေါင်းကြသည်။ အသင်းတော်၌ မည်သည့်အရာ ဖြစ်ပျက်သည်ဖြစ်စေ ၎င်းတို့ ပါဝင်လိုကြသည်။ အခြားသူများက စကားပြောဆိုခြင်း သို့မဟုတ် တစ်စုံတစ်ရာကို စီမံခန့်ခွဲခြင်းမပြုမီ ၎င်းတို့၏ မျက်နှာရိပ် မျက်နှာကဲကို ကြည့်ရသည်၊ စားသောက်ခြင်းအတွက် စုဝေးပွဲတစ်ခုစီ၏ အကြောင်းအရာသည် ၎င်းတို့၏ အစီအစဉ်များနှင့် ဆန္ဒများကို လိုက်နာရသည်အထိပင် ဖြစ်သည်။ အသင်းတော်ခေါင်းဆောင်များက တစ်စုံတစ်ခုကို လုပ်ဆောင်လိုလျှင်ပင် ၎င်းတို့သည် ဦးစွာ ၎င်းတို့၏ ထင်မြင်ချက်များကို တိုင်ပင်ပြီး ၎င်းတို့၏ စိတ်ကူးများကို နားထောင်ရသည်။ ညီအစ်ကိုမောင်နှမအများစုသည် ၎င်းတို့၏ ထိန်းချုပ်မှုကို ခံကြရပြီး အသင်းတော်အလုပ်၏ ကိစ္စရပ်များစွာတို့သည်လည်း ၎င်းတို့၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသည်။ အုပ်စုဖွဲ့သော ဤလူများသည် အသင်းတော်အသက်တာနှင့် အသင်းတော်၏အလုပ်ကို အကြီးအကျယ် အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်ကြသည်။ ဤကိစ္စသည် ပြင်းထန်ပါသလော။ ဤလုပ်ရပ်များကို ကန့်သတ်သင့်ပါသလော။ ယင်းတို့ကို ကိုင်တွယ်ဖြေရှင်းသင့်ပါသလော။ ဤဂိုဏ်းဂဏများ၏ ဂိုဏ်းချုပ်များကို ကန့်သတ်ပြီး ရှင်းလင်းပစ်ခြင်း သို့မဟုတ် နှင်ထုတ်ခြင်း ပြုသင့်သည်၊ တစ်ချိန်တည်းတွင် အသိဉာဏ်မဲ့စွာ လိုက်ပါလုပ်ဆောင်သောသူများကိုမူ ဦးစွာ မိတ်သဟာယဖွဲ့ခြင်းနှင့် အကူအညီ ပေးသင့်သည်။ အကယ်၍ ၎င်းတို့သည် နောင်တမရလျှင် သို့မဟုတ် လမ်းကြောင်းမပြောင်းလျှင် ၎င်းတို့ကို ကန့်သတ်ရမည် ဖြစ်သည်။ ၎င်းတို့ကို လုံးဝ သက်ညှာမှုမပြသင့်။

ဂိုဏ်းဂဏဖွဲ့ခြင်းဆိုတာ ဘာကိုဆိုလိုသလဲ၊ ဤသည်မှာ နားလည်ရန် လွယ်ကူပါသလော။ အကယ်၍ လူတစ်ဦးက ကိစ္စရပ်တစ်ခုကို ထုတ်ဖော်ပြောဆိုပြီး အခြားသူအများအပြားက ၎င်းတို့၏ ထင်မြင်ချက်ကို ပဲ့တင်ထပ်လျှင် ယင်းမှာ ဂိုဏ်းဂဏဖွဲ့ခြင်းဟု သတ်မှတ်နိုင်သလော။ (မသတ်မှတ်နိုင်ပါ။) အကယ်၍ အတော်အတန် ကြီးမားသော ဝန်တာနှင့် တရားမျှတစိတ်ရှိသော ညီအစ်ကိုမောင်နှမအချို့က အရေးကြီးသော အလုပ်တစ်ခုကို ပြီးမြောက်အောင်မြင်စေရန် ၎င်းတို့နှင့်အတူ ပူးပေါင်းရန် အခြားသူများကို တောင်းဆိုလျှင် သို့မဟုတ် စုဝေးပွဲတစ်ခုတွင် ရလဒ်များ စွမ်းဆောင်ရရှိရန်နှင့် အရေးပါသော အကြောင်းအရာတစ်ခုအပေါ် သမ္မာတရားနှင့် ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ၎င်းတို့က လူတိုင်းကို မိတ်သဟာယဖွဲ့ရန် ဦးဆောင်ပြီး လူတိုင်းက မိတ်သဟာယဖွဲ့ခြင်းနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဆုတောင်းရင်းဖြင့် ဖတ်ရှုခြင်းတို့၌ ၎င်းတို့၏ တွေးခေါ်ပုံအတိုင်း လိုက်နာလျှင် ဤသည်မှာ ဂိုဏ်းဂဏဖွဲ့ခြင်းဟု သတ်မှတ်နိုင်သလော။ (မသတ်မှတ်နိုင်ပါ။) အသင်းတော်၌ မည်သည့်လူများက ဂိုဏ်းဂဏဖွဲ့ရန် အလားအလာရှိသနည်း။ မည်သို့သော အပြုအမူမျိုးက ဂိုဏ်းဂဏဖွဲ့ခြင်းနှင့် ညီမျှသနည်း။ (လူအများအပြားက တစ်ဦးကိုတစ်ဦး အကာအကွယ်ပေးပြီး အလိုလိုက်ခြင်း သို့မဟုတ် မနာလိုဝန်တိုမှုနှင့် ခိုက်ရန်ဖြစ်ပွားမှုတို့တွင် ပါဝင်ခြင်း၊ ဤအရာအားလုံးသည် အသင်းတော်၏အလုပ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သည်၊ ဤသည်မှာ ဂိုဏ်းဂဏဖွဲ့ခြင်း ဖြစ်ပါသည်။) ဤသည်မှာ ကဏ္ဍတစ်ခုဖြစ်သည်။ ဤနေရာတွင် အဓိကအချက်မှာ အဘယ်နည်း။ အပြန်အလှန် အကာအကွယ်ပေးခြင်းနှင့် အလိုလိုက်ခြင်းသည် အဖျက်အမှောင့်လုပ်ခြင်းများနှင့် အနှောင့်အယှက်များကို ဖြစ်ပေါ်စေသည်၊ တစ်စုံတစ်ခုကို လုပ်ဆောင်ခြင်းသည် မှားယွင်းပြီး သမ္မာတရား စည်းမျဉ်းများနှင့် မကိုက်ညီကြောင်း သိလျက်နှင့် ယင်းကို တမင်တကာ ဖုံးကွယ်ခြင်း၊ ရှုပ်ထွေးသော အကြောင်းပြချက်များကို ဖန်တီးခြင်းနှင့် အမှန်တရားကို မပြောခြင်း၊ လူတစ်ဦး၏ မျက်နှာနှင့် အဆင့်အတန်းကို ကာကွယ်ရန်အတွက် အသင်းတော်၏အလုပ်နှင့် ဘုရားအိမ်တော်၏ အကျိုးစီးပွားများ ထိခိုက်ပျက်စီးမှုကိုပင် ပဓာနမထားဘဲ၊ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို သစ္စာဖောက်ခြင်းကို အရင်းတည်ကာ မကောင်းမှုကိုပြုပြီး နှောင့်ယှက်ခြင်းများနှင့် အနှောင့်အယှက်များကို ဖြစ်စေသောသူများအတွက် အကာအကွယ်ပေးခြင်း၊ ဤသည်မှာ ဂိုဏ်းဂဏဖွဲ့ခြင်း ဖြစ်သည်။ နောက်ထပ်အခြေအနေတစ်ခုမှာ ဘုရားအိမ်တော်၏ စီစဉ်မှုများကို စုပေါင်း၍ ဆန့်ကျင်ရန် လူတို့ကို သွေးထိုးလှုံ့ဆော်ခြင်းနှင့် ဖြားယောင်းသွေးဆောင်ခြင်းတို့ ပါဝင်သည်။ ဤသည်မှာ သဘာဝအားဖြင့် ပြင်းထန်ပြီး ဘုရားသခင်၏အလုပ်နှင့် အသင်းတော်၏ ပုံမှန်အစီအစဉ်ကို အဖျက်အမှောင့်လုပ်ခြင်းနှင့် နှောင့်ယှက်ခြင်း ပုံစံတစ်ခုလည်း ဖြစ်သည်။ ဂိုဏ်းဂဏဖွဲ့ခြင်း၏ အဓိကရည်ရွယ်ချက်မှာ အဘယ်နည်း။ ယင်းမှာ အသင်းတော်ကို ထိန်းချုပ်ရန်နှင့် ဘုရားသခင် ရွေးချယ်ထားသောလူများကို ထိန်းချုပ်ရန် ဖြစ်သည်။

လူအမျိုးမျိုးကို မိမိဘက်ပါအောင် သိမ်းသွင်းရန်အလို့ငှာ ချိုသာသောစကားပြောဆိုခြင်းတွင် ပါဝင်သည့် ဂိုဏ်းဂဏဖွဲ့ခြင်းတစ်မျိုးလည်း ရှိသေးသည်။ အပေါ်ယံအားဖြင့်၊ ဤသို့သောဂိုဏ်းများတွင် လူတိုင်းသည် လွတ်လပ်စွာ စကားပြောနိုင်ပြီး မိမိတို့၏ကိုယ်ပိုင်ထင်မြင်ချက်များကို ဖော်ပြနိုင်ပုံရသည်။ သို့ရာတွင် အဆုံးစွန်သောရလဒ်များကို ကြည့်ခြင်းအားဖြင့် ၎င်းတို့သည် အမှန်တကယ်တွင် လူတစ်ဦးပြောသည့်အရာ၏ ဦးဆောင်မှုကို လိုက်နာနေကြသည်ကို သင်မြင်နိုင်သည်၊ ထိုလူသည် ၎င်းတို့၏ လေညွှန်တံဖြစ်သည်။ သို့ဆိုလျှင် ထိုလူသည် အခြားသူများကို မိမိဘက်သို့ မည်သို့ ဆွဲဆောင်သနည်း။ ၎င်းတို့သည် မည်သူ့ကို ဆွဲဆောင်နိုင်သည်၊ မည်သူက ဆွဲဆောင်ရန် လွယ်ကူသည်ကို ကြည့်ပြီး ၎င်းတို့အား မေတ္တာပါသော အကူအညီအနည်းငယ်ကို ပေးကမ်းလျက် အသေးအဖွဲ အခွင့်အရေးများ ပေးကြသည်။ ထို့နောက် ၎င်းတို့သည် မည်သည့်အရာကို ကြိုက်နှစ်သက်သည်၊ မည်သို့စကားပြောဆိုလိုသည်၊ ၎င်းတို့၏ ပင်ကိုစရိုက်များနှင့် ဝါသနာများမှာ အဘယ်အရာဖြစ်သည်ကို သိရှိရန် ၎င်းတို့အကြောင်း သတင်းအချက်အလက်များကို စုံစမ်းကြသည်။ တစ်ချိန်တည်းတွင် ၎င်းတို့သည် ၎င်းတို့၏စိတ်နှလုံးကို သိမ်းသွင်းရန် စကားပြောဆိုရာတွင် ၎င်းတို့နှင့် မကြာခဏ သဘောတူညီကြပြီး အဆုံးတွင် ၎င်းတို့ကို မိမိတို့၏ဂိုဏ်းထဲသို့ မသိလိုက်မသိဘာသာ ဝင်ရောက်စေပြီး မိမိတို့၏အဖွဲ့ဝင်များ ဖြစ်လာစေလျက် ၎င်းတို့ကို တဖြည်းဖြည်းချင်း “ဖျောင်းဖျ” ယူသည်။ ယေဘုယျအားဖြင့် ပြောရလျှင် လူတို့ကို မိမိဘက်ပါအောင် သိမ်းသွင်းရန် ချိုသာသောစကားပြောဆိုခြင်းသည် အလွန်နူးညံ့သော နည်းလမ်းတစ်ခုဖြစ်ပြီး “လူ့သံယောဇဉ်” ဖြင့် ပြည့်နှက်ကာ အလွန်ထိရောက်သည်။ ဥပမာအားဖြင့် အကယ်၍ တစ်စုံတစ်ဦးက အခြားလူတစ်ဦးကို ပုံမှန်မေတ္တာပြလျှင်၊ စကားပြောဆိုရာတွင် ၎င်းတို့နှင့် သဘောတူညီလျှင်၊ ၎င်းတို့အပေါ် နားလည်မှုနှင့် သည်းခံမှုကို ပြလျှင် ထိုလူသည် ၎င်းတို့အပေါ် မျက်နှာသာပေးသည့် အထင်အမြင်တစ်ခုကို မသိစိတ်ဖြင့် တိုးပွားလာပြီး ၎င်းတို့ထံ ပိုမိုနီးကပ်လာကာ ထို့နောက် ၎င်းတို့၏အင်အားစုများထဲသို့ ပေါင်းစည်းခြင်းခံရလိမ့်မည်။ ထိုသို့သော ဂိုဏ်းများနှင့် ဂိုဏ်းဂဏများ သည် မည်သည့်အခြေအနေများတွင် အကျိုးသက်ရောက်မှုရှိသနည်း။ ၎င်းတို့၏ အရင်းနှီးဆုံးအဖွဲ့သားများထဲမှ တစ်ဦးဦး ဖော်ထုတ်ခြင်းခံရသည်နှင့်တစ်ပြိုင်နက်၊ နစ်နာသည်ဟု ခံစားရသည်နှင့်တစ်ပြိုင်နက်၊ သို့မဟုတ် ၎င်းတို့၏ အကျိုးစီးပွားများ၊ အဆင့်အတန်း သို့မဟုတ် ဂုဏ်သတင်းသည် ၎င်းတို့၏ဂိုဏ်းအပြင်ဘက်မှ တစ်စုံတစ်ခု သို့မဟုတ် တစ်စုံတစ်ဦး၏ နှောင့်ယှက်ခြင်း သို့မဟုတ် ပျက်စီးစေခြင်းကို ခံရသည်နှင့်တစ်ပြိုင်နက် ဤလူစားမျိုးသည် ၎င်းတို့၏ အကျိုးစီးပွားများနှင့် အခွင့်အရေးများအတွက် တိုက်ပွဲဝင်လျက် ၎င်းတို့အတွက် စကားပြောဆိုရန် ထကြွလာလိမ့်မည်၊ ဤသည်မှာ ၎င်းတို့ ဂိုဏ်းဂဏဖွဲ့ခြင်း ဖြစ်သည်။ သိသာထင်ရှားသော ဂိုဏ်းဂဏဖွဲ့ခြင်း အမျိုးအစားနှစ်ခုမှာ လူများအတွက် အကာအကွယ်ပေးပြီး ၎င်းတို့ကို အလိုလိုက်ခြင်းနှင့် စုပေါင်းဆန့်ကျင်ခြင်းတို့ ဖြစ်ကြသည်။ သို့ရာတွင် ချိုသာသောစကားပြောဆိုခြင်းမှတစ်ဆင့် ဂိုဏ်းဂဏဖွဲ့ခြင်းသည် ယခုတင်ဖော်ပြခဲ့သော အမျိုးအစားနှစ်ခုကဲ့သို့ အင်အားပြင်းပုံမရဘဲ ထိုသို့သောဂိုဏ်းများ၏ အဖွဲ့ဝင်များသည် အများအားဖြင့် အသင်းတော်အတွင်း၌ သတိပြုမိခြင်းမခံရဘဲ နေတတ်ကြသည်။ သို့သော် လူတို့အနေဖြင့် ရွေးချယ်မှုတစ်ခု ပြုလုပ်ရန်၊ ရှင်းလင်းသော ရပ်တည်ချက်တစ်ခု ထားရှိရန် အချိန်ကျရောက်သောအခါ ထိုသို့သောဂိုဏ်းဂဏများ သည် ထင်ရှားစွာ ပေါ်လွင်လာသည်။ ဥပမာအားဖြင့် အကယ်၍ ဂိုဏ်းတစ်ခု၏ ဂိုဏ်းချုပ်က အသင်းတော်ခေါင်းဆောင်တစ်ဦးတွင် အစွမ်းအစရှိသည်ဟု ပြောလျှင် ၎င်း၏နောက်လိုက်များသည် ထိုခေါင်းဆောင်က ဤအစွမ်းအစကို မည်သို့ပြသကြောင်း ဥပမာများစွာကို ချက်ချင်းပေးလိမ့်မည်။ အကယ်၍ ဂိုဏ်း၏ ဂိုဏ်းချုပ်က အသင်းတော်ခေါင်းဆောင်သည် အလုပ်လုပ်နိုင်စွမ်းမရှိ၊ အစွမ်းအစညံ့ဖျင်းပြီး လူ့သဘာဝဆိုးရှိသည်ဟု ပြောလျှင် အခြားအဖွဲ့ဝင်များသည် ထိုနည်းတူ လိုက်ပါလုပ်ဆောင်ကာ ထိုအသင်းတော်ခေါင်းဆောင်သည် မည်သို့ အရည်အချင်းမရှိကြောင်း၊ သမ္မာတရားကို မည်သို့ မိတ်သဟာယမဖွဲ့နိုင်ကြောင်း၊ စကားလုံးများနှင့် အယူဝါဒများကို မည်သို့ပြောဆိုကြောင်း ပြောဆိုကြပြီး လူတိုင်းသည် မှန်ကန်သောလူတစ်ဦးကိုသာ ရွေးချယ်သင့်သည်ဟု ပြောဆိုကြလိမ့်မည်။ ဤသည်မှာ မမြင်နိုင်သော ဂိုဏ်းဂဏတစ်မျိုးဖြစ်သည်။ ၎င်းတို့သည် အသင်းတော်၌ အာဏာသိမ်းပိုက်ရန်နှင့် လူတို့ကို ထိန်းချုပ်ရန် လူသိရှင်ကြား ထွက်ပေါ်လာခြင်းမရှိသော်လည်း ထိုသို့သောဂိုဏ်းဂဏများ နှင့် ဂိုဏ်းများအတွင်း၌ အသင်းတော်အသက်တာကို ထိန်းချုပ်သော၊ အသင်းတော်၏အစီအစဉ်ကို ထိန်းချုပ်သော မမြင်နိုင်သည့် အင်အားတစ်ခု ရှိနေသည်။ ဤသည်မှာ ပို၍ကြောက်မက်ဖွယ်ကောင်းသော၊ မမြင်နိုင်သော ဂိုဏ်းဂဏဖွဲ့ခြင်း ပုံစံတစ်ခုဖြစ်သည်။ ယခင်က ဖော်ပြခဲ့သည့်၊ အသင်းတော်ခေါင်းဆောင်များ ဖြေရှင်းသင့်သည့် ပြဿနာများဖြစ်သော လွယ်ကူစွာ ပိုင်းခြားသိမြင်နိုင်သည့် ဂိုဏ်းဂဏဖွဲ့ခြင်း အခြေအနေနှစ်ခုအပြင်၊ ဤကွယ်ဝှက်ထားသော ဂိုဏ်းဂဏဖွဲ့ခြင်းမျိုးကိုမူ အသင်းတော်ခေါင်းဆောင်များက ပို၍ပင် ဖြေရှင်းကိုင်တွယ်သင့်သည်။ ဤအရာကို ၎င်းတို့ မည်သို့လုပ်ဆောင်သင့်သနည်း။ ၎င်းတို့သည် ဤသို့သောဂိုဏ်း၏ ဂိုဏ်းချုပ်ကို မိတ်သဟာယဖွဲ့ခြင်းမှတစ်ဆင့် တိုက်ရိုက်ကိုင်တွယ်ရမည်။ အဘယ်ကြောင့် ဤဂိုဏ်းချုပ်နှင့် ဦးစွာ မိတ်သဟာယဖွဲ့ရန် အာရုံစိုက်ရသနည်း။ အပေါ်ယံအားဖြင့်၊ ထိုသို့သောဂိုဏ်း၏ အဖွဲ့ဝင်များသည် မည်သူ့၏ ထိန်းချုပ်မှုကိုမျှ မခံရဟု ထင်ရသော်လည်း အမှန်တကယ်တွင် ၎င်းတို့အားလုံးသည် မည်သူ့စကားကို နာခံသည်ကို စိတ်ထဲတွင် နက်နက်ရှိုင်းရှိုင်း သိကြပြီး ထိုလူကို နာခံလိုကြသည်။ ထို့ကြောင့် ၎င်းတို့ ကိုးကွယ်ပြီး ၎င်းတို့ကို ထိန်းချုပ်သောသူကို ကိုင်တွယ်ဖြေရှင်းသင့်ပြီး ၎င်းတို့၏လုပ်ရပ်များ၏ သဘာဝမှာ အဘယ်အရာဖြစ်သည်ကို ၎င်းတို့ နားလည်စေရန် ဤလူအား သမ္မာတရားဖြင့် မိတ်သဟာယဖွဲ့ပေးသင့်သည်။ ထိုဂိုဏ်းချုပ်သည် ဘုရားအိမ်တော်ကို လူသိရှင်ကြား ဆန့်ကျင်ခြင်း သို့မဟုတ် ခေါင်းဆောင်များကို ပွက်ပွက်ညံအောင် ကန့်ကွက်ခြင်း မပြုခဲ့သော်လည်း ၎င်းသည် ဤလူတို့၏ စကားပြောဆိုပိုင်ခွင့်၊ ၎င်းတို့၏ အတွေးအခေါ်များ၊ အမြင်ရှုထောင့်များနှင့် ၎င်းတို့လိုက်လျှောက်သော လမ်းကြောင်းကို ထိန်းချုပ်ထားသည်။ ဤသည်မှာ ပုန်းကွယ်၍ လှုပ်ရှားသော အန္တိခရစ်တစ်မျိုးပင် ဖြစ်သည်။ ထိုသို့သော လူပုဂ္ဂိုလ်များကို ဖော်ထုတ်ပြီးနောက် ပိုင်းခြားသိမြင်ကာ စိတ်ဖြာလေ့လာဆွေးနွေးရမည်။ အကယ်၍ ၎င်းတို့ နောင်တမရလျှင် ၎င်းတို့ကို ကန့်သတ်ပြီး သီးခြားခွဲထားသင့်သည်။ ထို့နောက် ၎င်းတို့၏အဖွဲ့ဝင်များထဲမှ မည်သူသည် ၎င်းတို့နှင့် တစ်သဘောတည်းဖြစ်သည်ကို သိရှိရန် အဖွဲ့ဝင်တစ်ဦးစီကို စုံစမ်းစစ်ဆေးမှုတစ်ခု ပြုလုပ်သင့်သည်။ ဦးစွာ ဤလူပုဂ္ဂိုလ်များကို သီးခြားခွဲထုတ်ပြီးနောက် ကြောက်ရွံ့သော၊ သူရဲဘောကြောင်သော၊ အထင်အမြင်မှားစေခြင်းခံရသော နားဝေတိမ်တောင်ဖြစ်သူများကို မိတ်သဟာယဖွဲ့ပါ။ အကယ်၍ ၎င်းတို့ နောင်တရနိုင်ပြီး အန္တိခရစ်နောက်လိုက်ခြင်းကို စွန့်လွှတ်နိုင်လျှင် ၎င်းတို့သည် အသင်းတော်၌ နေနိုင်သည်၊ မဟုတ်ပါက ၎င်းတို့ကို အသင်းတော်မှ သီးခြားခွဲထားသင့်သည်။ ဤသည်မှာ သင့်တော်သော ချဉ်းကပ်မှုတစ်ခုလော။ (ဟုတ်ပါသည်။) ဤဖြစ်စဉ်သည် အသင်းတော်အတွင်း၌ တည်ရှိပါသလော။ ဤသို့သောကိစ္စရပ်ကို ဖြေရှင်းသင့်ပါသလော။ (ဖြေရှင်းသင့်ပါသည်။) အဘယ်ကြောင့် ဖြေရှင်းသင့်သနည်း။ ဘုရားအိမ်တော်က ဧဝံဂေလိတရားကို စတင်ဖြန့်ဝေသည့်အချိန်မှစ၍ အန္တိခရစ်တို့၏ အင်အားစုများသည် အသင်းတော်အသက်တာအတွင်း၌ နေရာတိုင်းတွင် ရှိနေခဲ့ပြီး ဘုရားသခင် ရွေးချယ်ထားသောလူများစွာတို့သည် ဤအင်အားစုများ၏ ထိခိုက်စေခြင်း၊ ဘောင်ခတ်ခြင်း သို့မဟုတ် ထိန်းချုပ်ခြင်းတို့ကို အတိုင်းအတာအမျိုးမျိုးဖြင့် ခံခဲ့ကြရသည်။ ဤလူများ စကားပြောဆိုသည့်အခါ သို့မဟုတ် ပြုမူသည့်အခါတိုင်းတွင် ၎င်းတို့သည် လွတ်လပ်၍ ချည်နှောင်ခြင်းကင်းသော အခြေအနေတစ်ခု၌ ရှိမနေကြတော့ဘဲ အချို့သော လူပုဂ္ဂိုလ်များ၏ အတွေးအခေါ်များနှင့် အမြင်ရှုထောင့်များ၏ လွှမ်းမိုးခြင်း၊ သက်ရောက်ခြင်း၊ ထိန်းချုပ်ခြင်းနှင့် အကျဉ်းချခြင်းတို့ကို ခံကြရသည်။ ဤလူများသည် အချို့သောနည်းလမ်းများဖြင့် စကားပြောဆိုရန်နှင့် ပြုမူရန် ဖိအားပေးခံရသည်ဟု ခံစားကြရသည်၊ အကယ်၍ ၎င်းတို့ မလုပ်ဆောင်ပါက စိုးရိမ်ပူပန်ပြီး ဖြစ်ပေါ်လာသော အကျိုးဆက်များကို ခံရမည်ကို ကြောက်ရွံ့ကြသည်။ ဤသည်မှာ အသင်းတော်အသက်တာကို ထိခိုက်စေပြီး နှောင့်ယှက်ခဲ့သည် မဟုတ်လော။ ဤသည်မှာ ပုံမှန်အသင်းတော်အသက်တာ၏ သရုပ်သကန်တစ်ခုလော။ (မဟုတ်ပါ။) ဤသို့သော အသင်းတော်အသက်တာသည် ပုံမှန်အစီအစဉ်အတိုင်း မဟုတ်ဘဲ ဆိုးယုတ်သောလူများ၏ ထိန်းချုပ်မှုကို ခံနေရသည်။ ဆိုးယုတ်သောလူများက အသင်းတော်၌ အာဏာကိုင်စွဲထားသရွေ့ ထိုနေရာတွင် ဘုရားသခင်၏ နှုတ်ကပတ်တော် သို့မဟုတ် သမ္မာတရားက အုပ်စိုးခြင်းမရှိတော့ပေ။ သမ္မာတရားကို နားလည်သော ခေါင်းဆောင်များ၊ အမှုဆောင်များနှင့် ညီအစ်ကိုမောင်နှမများသည် ဖိနှိပ်ခြင်းခံရမည်။ ထိုသို့သော အသင်းတော်သည် အန္တိခရစ်တို့၏ အင်အားစုများက ထိန်းချုပ်ထားသော အသင်းတော်တစ်ခုဖြစ်သည်။ ဤသည်မှာလည်း ခေါင်းဆောင်များနှင့် အမှုဆောင်များ ကိုင်တွယ်ဖြေရှင်းသင့်သည့်၊ ဘုရားသခင်၏အလုပ်နှင့် အသင်းတော်၏ ပုံမှန်အစီအစဉ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သည့် ကိစ္စရပ်တစ်ခုနှင့် ဖြစ်စဉ်တစ်ခုဖြစ်သည်။ အန္တိခရစ်တစ်ဦး၏ ဂိုဏ်းတွင်ရှိသော အချို့လူများသည် ၎င်းတို့၏ဂိုဏ်း၏ ယုံကြည်မှုကို ဆုံးရှုံးရမည်ကို၊ ၎င်းတို့၏ ကျောထောက်နောက်ခံများကို ဆုံးရှုံးရမည်ကို၊ သူငယ်ချင်းများကို ဆုံးရှုံးရမည်ကို၊ လိုအပ်ချိန်များတွင် အထောက်အပံ့မရှိမည်ကို အစရှိသည်ဖြင့် ကြောက်ရွံ့ကြသည်။ ထို့ကြောင့် ၎င်းတို့သည် ထိုဂိုဏ်းတွင် ဆက်လက်ရှိနေရန် အစွမ်းကုန် ကြိုးစားကြသည်။ ဤအခြေအနေသည် ပြင်းထန်သည် မဟုတ်လော။ ယင်းကို ဖြေရှင်းသင့်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤသို့သော အခြေအနေမျိုး အသင်းတော်အတွင်း၌ ပေါ်ပေါက်လာသောအခါ လူအများစုက ယင်းကို ခံစားမိကြပါသလော။ လူအများစုက ယင်းကို ပိုင်းခြားသိမြင်ကြပါသလော။ အချို့လူများသည် မိမိတို့ မသိလိုက်မသိဘာသာဖြင့် တစ်စုံတစ်ဦး၏ ထိန်းချုပ်မှုကို ခံနေရပြီး ၎င်းတို့သည် ထိုလူ၏ အတွေးအခေါ်များနှင့် အမြင်ရှုထောင့်များ၊ ၎င်း၏ ပြောဆိုချက်များနှင့် လုပ်ရပ်များ၊ ၎င်း၏ သွန်သင်ချက်များကို အစဉ်သဖြင့် လိုက်နာရကာ “မဟုတ်ဘူး” ဟု ပြောရန် ကြောက်ရွံ့ကြသည်၊ ထိုသူကို ဆန့်ကျင်ရန် မဝံ့ရဲကြဘဲ ထိုလူ စကားပြောသည့်အခါတွင်ပင် ၎င်းကို စိတ်အနှောင့်အယှက်ဖြစ်စေမည်ကို ကြောက်ရွံ့သဖြင့် ရိုးသားမှုမရှိဘဲ ခေါင်းညိတ်သဘောတူကာ ပြုံးပြရသည်။ ဤသို့သော အခြေအနေများ တည်ရှိပါသလော။ ဤနေရာတွင် ဖြေရှင်းသင့်သည့် ပြဿနာမှာ အဘယ်နည်း။ အသင်းတော်ခေါင်းဆောင်များသည် အခြားသူများကို အထင်အမြင်မှားစေပြီး ထိန်းချုပ်နိုင်စွမ်းရှိသော ထိုအန္တိခရစ် ဂိုဏ်းချုပ်ကို ကိုင်တွယ်ဖြေရှင်းသင့်သည်။ ပထမဦးစွာ ၎င်းတို့သည် လူအများစုကို ဤအန္တိခရစ်အား ပိုင်းခြားသိမြင်နိုင်စေရန် သမ္မာတရားကို မိတ်သဟာယဖွဲ့သင့်ပြီးနောက် အန္တိခရစ်ကိုယ်တိုင်ကို ကန့်သတ်သင့်သည်။ အကယ်၍ အန္တိခရစ်သည် နောင်တမရလျှင် ၎င်းတို့သည် အသင်းတော်၏ ပုံမှန်အစီအစဉ်ကို ဆက်လက်နှောင့်ယှက်ခြင်းမှ တားဆီးရန် ၎င်းကို ချက်ချင်း ရှင်းလင်းပစ်သင့်သည်။

အချုပ်အားဖြင့်ဆိုသော် ပုံမှန်အသင်းတော်အသက်တာတွင် ညီအစ်ကိုမောင်နှမများသည် ၎င်းတို့၏ ကိုယ်ပိုင်ထိုးထွင်းအမြင်များ၊ နားလည်မှုများ၊ အတွေ့အကြုံများနှင့် အခက်အခဲများအပြင် ဘုရားသခင်၏နှုတ်ကပတ်တော်များကို လွတ်လပ်စွာနှင့် ချည်နှောင်မှုမရှိဘဲ မိတ်သဟာယဖွဲ့နိုင်သင့်သည်။ အမှန်ပင် ၎င်းတို့သည် အကူအညီနှင့် အကြံဉာဏ်ပေးပိုင်ခွင့်ရှိသည့်တစ်ချိန်တည်းတွင် စည်းမျဉ်းများကို ချိုးဖောက်သော ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ မည်သည့်လုပ်ရပ်ကိုမဆို အကြံပြုချက်များပေးခြင်း၊ ဝေဖန်ခြင်းနှင့် ဖော်ထုတ်ခြင်းတို့ကို ပြုလုပ်ပိုင်ခွင့်လည်း ရှိသင့်သည်။ ဤအရာအားလုံးသည် လွတ်လပ်သင့်ပြီး ဤကဏ္ဍအားလုံးသည် ပုံမှန်ဖြစ်သင့်သည်၊ ၎င်းတို့သည် မည်သည့်လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၏ ထိန်းချုပ်မှုကိုမျှ မခံသင့်ဘဲ ဘုရားသခင်ရွေးချယ်ထားသောလူများကို ဘောင်ခတ်ခြင်းသို့ ဦးတည်စေခြင်း မဖြစ်သင့်ပါ၊ ယင်းမှာ ပုံမှန်အသင်းတော်အသက်တာ မဟုတ်ပေ။ ညီအစ်ကိုမောင်နှမများသည် အသင်းတော်အသက်တာ၌ မည်သို့စကားပြောဆိုသင့်သည်၊ ပြုမူသင့်သည်၊ ကျင့်ကြံပြုမူသင့်သည်၊ ပုံမှန်လူ့ဆက်ဆံရေးကို မည်သို့တည်ဆောက်သင့်သည် အစရှိသည်တို့အတွက် ဘုရားအိမ်တော်တွင် သတ်မှတ်ချက်များ၊ စည်းကမ်းများနှင့် စည်းမျဉ်းများရှိပြီး ဤအရာများကို မည်သည့်လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကမျှ အဆုံးအဖြတ်မပေးပေ။ ညီအစ်ကိုမောင်နှမများ တစ်စုံတစ်ခုကို လုပ်ဆောင်သည့်အခါ ၎င်းတို့သည် မည်သည့်လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၏ မျက်နှာရိပ်မျက်နှာကဲကို ကြည့်ရန်မလိုအပ်၊ မည်သည့်လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၏ အမိန့်များကို လိုက်နာရန်မလိုအပ် သို့မဟုတ် မည်သည့်လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၏ ဘောင်ခတ်ခြင်းကိုမျှ ခံရန်မလိုအပ်ပေ။ မည်သူမျှ လေညွှန်တံ သို့မဟုတ် ပဲ့ကိုင်ရှင် မဖြစ်သင့်ပေ၊ လားရာကို ပေးနိုင်သည့် တစ်ခုတည်းသောအရာမှာ ဘုရားသခင်၏နှုတ်ကပတ်တော်၊ သမ္မာတရားဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်ရွေးချယ်ထားသောလူများ လိုက်နာရမည့်အရာမှာ ဘုရားသခင်၏နှုတ်ကပတ်တော်၊ သမ္မာတရားနှင့် စုဝေးပွဲများတွင် သမ္မာတရားကို မိတ်သဟာယဖွဲ့ခြင်း၏ စည်းမျဉ်းများ ဖြစ်ကြသည်။ အကယ်၍ သင်သည် အခြားလူတစ်ဦး၏ ဘောင်ခတ်ခြင်းကို အစဉ်သဖြင့်ခံရလျှင်၊ ၎င်းတို့၏ အချက်ပြမှုအတိုင်း အစဉ်သဖြင့် လိုက်ပါလုပ်ဆောင်လျှင်၊ ၎င်းတို့၏ မကျေနပ်သော အကြည့် သို့မဟုတ် မျက်မှောင်ကြုတ်သော မျက်နှာကို မြင်သည့်အခါ ဆက်လက်စကားပြောဆိုရန် မဝံ့ရဲတော့လျှင်၊ အကယ်၍ သင်သည် ဘုရားသခင်၏နှုတ်ကပတ်တော်များနှင့် သင်၏ကိုယ်ပိုင်အတွေ့အကြုံဆိုင်ရာ နားလည်မှုများကို မိတ်သဟာယဖွဲ့နေစဉ် ထိုလူ၏ ကန့်သတ်ခြင်းကို အစဉ်သဖြင့်ခံရလျှင်၊ အစဉ်သဖြင့် ဘောင်ခတ်ခံရသည်ဟု ခံစားရပြီး သမ္မာတရားစည်းမျဉ်းများအတိုင်း ပြုမူနိုင်ခြင်းမရှိလျှင်၊ အကယ်၍ ထိုလူ၏ စကားများ၊ အကြည့်များ၊ မျက်နှာအမူအရာများ၊ အသံနေအသံထားနှင့် ၎င်း၏စကားထဲမှ စောင်းပါးရိပ်ခြည်ပြောသော ခြိမ်းခြောက်စကားများက သင့်ကို အဆက်မပြတ် ချည်နှောင်ထားလျှင် သင်သည် ဤလူကဦးဆောင်သော ဂိုဏ်းဂဏတစ်ခုအတွင်း၌ ထိန်းချုပ်ခြင်းခံနေရခြင်း ဖြစ်သည်။ ဤသည်မှာ ပြဿနာရှိသည်၊ ဤသည်မှာ အသင်းတော်အသက်တာမဟုတ်ဘဲ အန္တိခရစ်တစ်ဦးက အုပ်စိုးသော ဂိုဏ်းဂဏတစ်ခု၏ အသက်တာဖြစ်သည်။ ဤသို့သောကိစ္စရပ်မျိုးနှင့်ပတ်သက်လာလျှင် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ယင်းကိုဖြေရှင်းရန် ရှေ့ထွက်လာသင့်ပြီး ညီအစ်ကိုမောင်နှမများသည်လည်း အသင်းတော်၏ ပုံမှန်အစီအစဉ်ကို ကာကွယ်ရန် တာဝန်နှင့် အခွင့်အရေးရှိသည်။ အသင်းတော်အသက်တာကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သောသူများ၊ အထူးသဖြင့် ဂိုဏ်းဂဏဖွဲ့ပြီး အသင်းတော်ကို ထိန်းချုပ်လိုသောသူများကို ရပ်တန့်စေခြင်း၊ ဖော်ထုတ်ခြင်းနှင့် စိတ်ဖြာလေ့လာဆွေးနွေးခြင်းတို့ ပြုလုပ်သင့်ပြီး လူတိုင်းကို ပိုင်းခြားသိမြင်နိုင်စွမ်း ရရှိစေကာ ပြဿနာ၏အနှစ်သာရမှာ ကိုယ်ပိုင်နိုင်ငံတော် ထူထောင်ရန် ကြံစည်ခြင်းဖြစ်သည်ကို ထိုးထွင်းသိမြင်စေသင့်သည်။ အသင်းတော်သည် မည်သည့်အကြောင်းပြချက်အတွက်မဆို ဂိုဏ်းဂဏဖွဲ့ခြင်းနှင့် အသင်းတော်ကို ပိုင်းခြားခြင်းတို့ကို ခွင့်မပြုပေ။ ဥပမာအားဖြင့် လူမှုရေးဆိုင်ရာ ပင်ကိုလက္ခဏာနှင့် အဆင့်အတန်း၊ ရပ်ကွက်များ၊ ဒေသများ သို့မဟုတ် ဘာသာရေးဂိုဏ်းဂဏများကို အခြေခံ၍ ဂိုဏ်းများအဖြစ် ပိုင်းခြားခြင်း သို့မဟုတ် ပညာရေးအဆင့်၊ ကြွယ်ဝမှု၊ လူမျိုးနှင့် အသားအရောင် အစရှိသည်တို့ကို အခြေခံ၍ ဂိုဏ်းများအဖြစ် ပိုင်းခြားခြင်း၊ ဤအရာအားလုံးသည် သမ္မာတရားစည်းမျဉ်းများကို ဆန့်ကျင်ပြီး အသင်းတော်၌ မဖြစ်ပေါ်သင့်ပေ။ လူတို့ကို ဤအဆင့်အတန်းများ၊ အဆင့်များ၊ ဂိုဏ်းဂဏများနှင့် အဖွဲ့များအဖြစ် ပိုင်းခြားရန် မည်သို့သောဆင်ခြေကို အသုံးပြုသည်ဖြစ်စေ ယင်းသည် အသင်းတော်၏အလုပ်နှင့် အသင်းတော်အသက်တာ၏ ပုံမှန်အစီအစဉ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်မည်ဖြစ်ကာ ခေါင်းဆောင်များနှင့် အမှုဆောင်များ ချက်ချင်းဖြေရှင်းသင့်သည့် ကိစ္စရပ်တစ်ခုဖြစ်သည်။ အတိုချုပ်ဆိုရလျှင် လူတို့ ဂိုဏ်းဂဏများ၊ အဖွဲ့များ သို့မဟုတ် ဂိုဏ်းများအဖြစ် ပိုင်းခြားရသည့် အကြောင်းရင်းများ မည်သို့ပင်ဖြစ်စေ၊ အကယ်၍ ၎င်းတို့သည် တိကျသော အင်အားစုတစ်ခုကို စုစည်းပြီးဖြစ်လျှင်၊ ၎င်းတို့သည် အသင်းတော်၏အလုပ်နှင့် အသင်းတော်အသက်တာ၏ အစီအစဉ်ကို နှောင့်ယှက်မှုတစ်ခု ဖြစ်စေလျှင် ၎င်းတို့ကို ရပ်တန့်စေပြီး ကန့်သတ်သင့်သည်။ အကယ်၍ ထိုသို့သောဂိုဏ်းများ၏ အဖွဲ့ဝင်များကို တားမြစ်သော်လည်း နားမထောင်လျှင်၊ ဤမကောင်းမှုကိုပြုသူများကို သီးခြားခွဲထုတ်ပြီး ရှင်းလင်းပစ်နိုင်သည်။ ဤကိစ္စရပ်များကို ကိုင်တွယ်ခြင်းသည်လည်း ခေါင်းဆောင်များနှင့် အမှုဆောင်များ လုပ်ဆောင်သင့်သည့် အလုပ်နှင့် တာဝန်များ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။ သို့ဆိုလျှင် ဤနေရာတွင် နားလည်ရန်လိုအပ်သည်မှာ အဘယ်နည်း။ ယင်းမှာ အချို့လူများက အသင်းတော်၌ အင်အားစုများ ဖွဲ့စည်းပြီးဖြစ်သည့်အခါ၊ အသင်းတော်ခေါင်းဆောင်များ၊ အသင်းတော်၏အလုပ်နှင့် ဘုရားသခင်၏နှုတ်ကပတ်တော်များကို ယှဉ်ပြိုင်ပြီး ဆန့်ကျင်နိုင်စွမ်းရှိသည့်အခါ၊ အသင်းတော်အသက်တာ၏ ပုံမှန်အစီအစဉ်ကို နှောင့်ယှက်ပြီး ပျက်စီးစေနိုင်စွမ်းရှိသည့်အခါ ထိုသို့သော အပြုအမူများ၊ သရုပ်သကန်များနှင့် အခြေအနေများကို ကန့်သတ်ပြီး ချက်ချင်းကိုင်တွယ်သင့်သည်ဟူ၍ ဖြစ်သည်။ ဂိုဏ်းဂဏဖွဲ့ခြင်းနှင့်ပတ်သက်လာလျှင် ပါဝင်သောလူအရေအတွက်ကို အခြေခံ၍ ခွဲခြားမှုများ မပြုလုပ်ပေ။ အကယ်၍ လူနှစ်ဦးက ကောင်းမွန်စွာ ပေါင်းသင်းပြီး အသင်းတော်ကို မည်သည့်အနှောင့်အယှက်မျှ မဖြစ်စေလျှင် ဝင်ရောက်စွက်ဖက်ရန် မလိုအပ်ပေ။ သို့ရာတွင် ၎င်းတို့သည် အနှောင့်အယှက်များ စတင်ဖြစ်စေပြီး အသင်းတော်ကို ထိန်းချုပ်ရန်အလို့ငှာ အင်အားစုတစ်ခု ဖွဲ့စည်းသည်နှင့်တစ်ပြိုင်နက် ဤလူပုဂ္ဂိုလ်များကို ရပ်တန့်စေပြီး ကန့်သတ်သင့်သည်။ အကယ်၍ ၎င်းတို့ နောင်တမရလျှင် ၎င်းတို့ကို ချက်ချင်း ရှင်းလင်းပစ်ခြင်း သို့မဟုတ် နှင်ထုတ်ခြင်း ပြုသင့်သည်။ ဤသည်မှာ မူပင်ဖြစ်၏။

၂၀၂၁ ခုနှစ်၊ မေလ ၂၂ ရက်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။