ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၁၄) အခန်း တစ်

ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များအကြောင်းကို ငါတို့ အချိန်မည်မျှကြာ မိတ်သဟာယဖွဲ့နေပြီး ဖြစ်သနည်း။ (လေးလခွဲ ဖြစ်ပါသည်။) ဤအကြောင်းကို ထိုသို့သောအချိန်ကာလတစ်ခုကြာ မိတ်သဟာယဖွဲ့ပြီးနောက်၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ လုပ်ဆောင်သင့်သည့် သတ်သတ်မှတ်မှတ်ဖြစ်သော အလုပ်အပေါ် ယခုအခါ အတိုင်းအတာတစ်ခုအထိ သင်တို့ ပို၍ ရှင်းလင်းစွာ နားလည်မှု ရှိပြီလော။ (ရှိပါသည်။ ဤအရာနှင့်ပတ်သက်၍ ကျွန်ုပ်တို့၏ နားလည်မှုက အတိုင်းအတာတစ်ခုအထိ ပို၍ ရှင်းလင်းလာပါသည်။) ယခင်ကထက် ပို၍ ရှင်းလင်းသင့်သည်။ ငါ၏ မိတ်သဟာယသည် အလွန် တိကျပြီး ရှင်းလင်းသဖြင့် တစ်စုံတစ်ဦးက နားမလည်သေးပါက သူသည် ဉာဏ်ရည်အားနည်းသောသူ ဖြစ်သည်ဟု ဆိုလိုပေမည်၊ မှန်သလော။ (မှန်ပါသည်။) ဤအရာကို ယခု ကြည့်လျှင်၊ ခေါင်းဆောင်ကောင်းတစ်ဦး သို့မဟုတ် အမှုဆောင်ကောင်းတစ်ဦး ဖြစ်ရန် လွယ်ကူသည်ဟု သင်ထင်သလော။ (မလွယ်ကူပါ။) မည်သည့် အရည်အသွေးများ လိုအပ်သနည်း။ (လူတစ်ဦးသည် ခေါင်းဆောင်များနှင့် အမှုဆောင်များအတွက် လိုအပ်သော အစွမ်းအစနှင့် လူ့သဘာဝအပြင် သမ္မာတရား လက်တွေ့ကျမှုနှင့် တာဝန်သိစိတ်တို့ကို ပိုင်ဆိုင်ရန် လိုအပ်ပါသည်။) အနည်းဆုံးအားဖြင့်၊ လူတစ်ဦးသည် အသိစိတ်၊ ဆင်ခြင်တုံတရားနှင့် သစ္စာစောင့်သိခြင်းတို့ ရှိရမည်ဖြစ်ပြီး၊ ထို့နောက်တွင် အစွမ်းအစနှင့် အလုပ်လုပ်နိုင်စွမ်းတို့ ရှိရမည်။ လူတစ်ဦးသည် ဤအရည်အသွေးအားလုံးကို ပိုင်ဆိုင်သောအခါ ခေါင်းဆောင်ကောင်းတစ်ဦး သို့မဟုတ် အမှုဆောင်ကောင်းတစ်ဦး ဖြစ်နိုင်ပြီး မိမိ၏ တာဝန်ဝတ္တရားများကို ဖြည့်ဆည်းနိုင်ပေသည်။

အချက် ၁၂- ဘုရားသခင်၏ အလုပ်နှင့် အသင်းတော်၏ ပုံမှန်အစီအစဉ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သော အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို အချိန်မီ တိကျစွာ ဖော်ထုတ်သတ်မှတ်လော့။ ပြီးလျှင် ၎င်းတို့ကို ရပ်တန့်၍ ချုပ်ချယ်ကန့်သတ်ပြီး အခြေအနေများကို ပြန်လည်ကောင်းမွန်အောင် ပြုလုပ်လော့။ ထို့အပြင် ဘုရားသခင် ရွေးချယ်ထားသောလူများက ထိုသို့သောအရာများမှတစ်ဆင့် ပိုင်းခြားသိမြင်နိုင်စွမ်း တိုးပွားလာပြီး ယင်းတို့ထံမှ သင်ယူတတ်မြောက်စေရန် သမ္မာတရားကို မိတ်သဟာယဖွဲ့လော့ (အပိုင်း ၂)

ပြီးခဲ့သည့် စုဝေးပွဲတွင် ငါတို့သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များထဲမှ ဆယ့်နှစ်ချက်မြောက်ဖြစ်သည့် “ဘုရားသခင်၏ အလုပ်နှင့် အသင်းတော်၏ ပုံမှန်အစီအစဉ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သော အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို အချိန်မီ တိကျစွာ ဖော်ထုတ်သတ်မှတ်လော့။ ပြီးလျှင် ၎င်းတို့ကို ရပ်တန့်၍ ချုပ်ချယ်ကန့်သတ်ပြီး အခြေအနေများကို ပြန်လည်ကောင်းမွန်အောင် ပြုလုပ်လော့။ ထို့အပြင် ဘုရားသခင် ရွေးချယ်ထားသောလူများက ထိုသို့သောအရာများမှတစ်ဆင့် ပိုင်းခြားသိမြင်နိုင်စွမ်း တိုးပွားလာပြီး ယင်းတို့ထံမှ သင်ယူစေရန် သမ္မာတရားကို မိတ်သဟာယဖွဲ့လော့”ဟူသည်ကို မိတ်သဟာယဖွဲ့ခဲ့သည်။ ဤအချက်အတွင်း၌၊ ငါတို့သည် အဓိကအားဖြင့် ဘုရားသခင်၏ အလုပ်နှင့် အသင်းတော်၏ ပုံမှန်အစီအစဉ်အား မည်သည့်လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများက အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သည်ကို ဦးစွာ မိတ်သဟာယဖွဲ့ခဲ့သည်။ အကယ်၍ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အသင်းတော်အတွင်း၌ အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများကို ဖြစ်စေသည့် အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို တားဆီးပြီး ကန့်သတ်ရန်ဆန္ဒရှိကာ ဤအလုပ်ကို ကောင်းမွန်စွာဆောင်ရွက်လိုပါက၊ ၎င်းတို့သည် ဘုရားသခင်၏ အလုပ်နှင့် အသင်းတော်၏ ပုံမှန်အစီအစဉ်တို့အား မည်သည့်လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများက အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သည်ကို ဦးစွာ သိရှိပြီး နားလည်သဘောပေါက်ရမည်။ ထို့နောက်တွင်၊ ၎င်းတို့သည် ဤအရာများကို တကယ့်အသင်းတော်အလုပ်နှင့် အသင်းတော်အသက်တာရှိ လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများနှင့် တိုက်ဆိုင်စစ်ဆေးရမည်ဖြစ်ပြီး၊ ထို့နောက်တွင် ၎င်းတို့ကို တားဆီးခြင်းနှင့် ကန့်သတ်ခြင်းကဲ့သို့သော အလုပ်အမျိုးမျိုးကို ဆောင်ရွက်ရမည်။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များအတွက် သတ်မှတ်ချက်တစ်ခု ဖြစ်သည်။ ငါတို့၏ ပြီးခဲ့သည့် စုဝေးပွဲတွင်၊ ငါတို့သည် အသင်းတော်အသက်တာနှင့် သက်ဆိုင်သည့်အရာများမှအစပြု၍ အသင်းတော်၏အလုပ်နှင့် အသင်းတော်အသက်တာကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သည့် အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာအချို့အကြောင်းကို မိတ်သဟာယဖွဲ့ခဲ့သည်။ အသင်းတော်အသက်တာတွင် အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများကို ဖြစ်စေသည့် သဘောသဘာဝရှိသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကိုလည်း ငါတို့ အမျိုးအစားခွဲခြားခဲ့သည်။ စုစုပေါင်း ပြဿနာ မည်မျှရှိခဲ့သနည်း။ (တစ်ဆယ့်တစ်ချက် ရှိပါသည်။ ပထမအချက်၊ သမ္မာတရားကို မိတ်သဟာယဖွဲ့သည့်အခါ အကြောင်းအရာမှ မကြာခဏ သွေဖည်သွားခြင်း၊ ဒုတိယအချက်၊ လူတို့ကို အထင်အမြင်မှားစေပြီး ၎င်းတို့၏ လေးစားမှုကို ရယူရန် စကားလုံးများနှင့် အယူဝါဒများကို ပြောဆိုခြင်း၊ တတိယအချက်၊ အိမ်တွင်းရေးရာများကို တတွတ်တွတ် ပြောဆိုခြင်း၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ အဆက်အသွယ်များ တည်ဆောက်ခြင်းနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိစ္စရပ်များကို ကိုင်တွယ်ခြင်း၊ စတုတ္ထအချက်၊ အုပ်စုဖွဲ့ခြင်း၊ ပဉ္စမအချက်၊ အဆင့်အတန်းအတွက် ပြိုင်ဆိုင်ခြင်း၊ ဆဋ္ဌမအချက်၊ သွေးခွဲခြင်း၊ သတ္တမအချက်၊ လူတို့ကို တိုက်ခိုက်ပြီး ညှဉ်းဆဲခြင်း၊ အဋ္ဌမအချက်၊ အယူအဆများကို ဖြန့်ဝေခြင်း၊ နဝမအချက်၊ အပျက်သဘောဆောင်ခြင်းကို ပွင့်အံချခြင်း၊ ဒသမအချက်၊ အခြေအမြစ်မရှိသော ကောလာဟလများကို ဖြန့်ဝေခြင်းနှင့် ဆယ့်တစ်ချက်မြောက် ရွေးကောက်ပွဲ စည်းမျဉ်းများကို ချိုးဖောက်ခြင်းတို့ ဖြစ်ပါသည်။) ခြောက်ခုမြောက် ပြဿနာမှာ သွေးခွဲခြင်းဖြစ်သည်။ ယင်းသည် အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများကို ဖြစ်စေသည့် သဘောသဘာဝရှိသော်လည်း၊ အခြားသော ဒုစရိုက်အမှုများနှင့် နှိုင်းယှဉ်လျှင်၊ သေးငယ်သော ပြဿနာတစ်ခု ဖြစ်သည်။ ယင်းကို “မလျော်ကန်သော ဆက်ဆံရေးများတွင် ပါဝင်ခြင်း”ဟု ပြောင်းလိုက်လော့။ ဤအရာ၏ သဘောသဘာဝသည် သွေးခွဲခြင်း၏ သဘောသဘာဝထက် ပို၍ ဆိုးရွားသည်။ ခုနစ်ခုမြောက် ပြဿနာမှာ လူတို့ကို တိုက်ခိုက်ခြင်းနှင့် ညှဉ်းဆဲခြင်း ဖြစ်သည်။ ယင်းကို “အပြန်အလှန် တိုက်ခိုက်ခြင်းများနှင့် စကားစစ်ထိုးခြင်းတို့တွင် ပါဝင်ခြင်း” ဟု ပြောင်းလိုက်လော့။ ဤသည်မှာ သဘောသဘာဝအားဖြင့် ပို၍ ဆိုးရွားပြီး၊ ပို၍ တိကျကာ ကိုက်ညီမှုရှိသည် မဟုတ်လော။ (ဟုတ်ပါသည်။) အပြန်အလှန် တိုက်ခိုက်ခြင်းများနှင့် စကားစစ်ထိုးခြင်းတို့သည် အသင်းတော်အသက်တာတွင် အဖြစ်များသော အဖျက်အမှောင့်လုပ်ခြင်းများ၊ နှောင့်ယှက်ခြင်းများနှင့် သက်ဆိုင်သည့် ပြဿနာအမျိုးအစားတစ်ခု ဖြစ်သည်။ ဤပြဿနာနှစ်ခုကို ဤသို့ ပြင်ဆင်ခြင်းက ယင်းတို့ကို အသင်းတော်အသက်တာအတွင်း ပေါ်ပေါက်သည့် ပြဿနာများနှင့် ပို၍ ကိုက်ညီမှုရှိစေပြီး ပို၍ နီးစပ်စေသည်။ ဆယ့်တစ်ချက်မြောက် ပြဿနာမှာ ရွေးကောက်ပွဲ စည်းမျဉ်းများကို ချိုးဖောက်ခြင်း ဖြစ်သည်။ ယင်းကို “ရွေးကောက်ပွဲများကို ကြိုးကိုင်ခြယ်လှယ်ခြင်းနှင့် အဖျက်အမှောင့်လုပ်ခြင်း”ဟု ပြောင်းလိုက်လော့။ ဤသည်မှာ စကားလုံးအသုံးအနှုန်းကို ပြောင်းလဲခြင်းမျှသာဖြစ်သည်။ ဤအရာ၏ သဘောသဘာဝမှာ အတူတူပင်ဖြစ်သည်။ အတိုင်းအတာက ပို၍ပြင်းထန်ခြင်းသာ ဖြစ်သည်။ ထိုအရာသည် ယခုတွင် အဖျက်အမှောင့်လုပ်ခြင်းများ၊ နှောင့်ယှက်ခြင်းများ၏ သဘောသဘာဝနှင့် ပို၍ဆက်စပ်မှုရှိသည်။

အသင်းတော်အသက်တာကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သည့် အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများ

၅။ အဆင့်အတန်းအတွက် ပြိုင်ဆိုင်ခြင်း

ပြီးခဲ့သည့်တစ်ကြိမ်တွင်၊ ငါတို့သည် စတုတ္ထမြောက်ပြဿနာဖြစ်သည့် ဂိုဏ်းများဖွဲ့ခြင်းအထိ မိတ်သဟာယဖွဲ့ခဲ့သည်။ ဤအကြိမ်တွင်၊ ငါတို့သည် ပဉ္စမမြောက်ပြဿနာဖြစ်သည့် အဆင့်အတန်းအတွက် ပြိုင်ဆိုင်ခြင်းအကြောင်းကို ဆက်လက်၍ မိတ်သဟာယဖွဲ့ကြမည်။ အဆင့်အတန်းအတွက် ပြိုင်ဆိုင်ခြင်းကိစ္စသည် အသင်းတော်အသက်တာတွင် မကြာခဏ ပေါ်ပေါက်သည့် ပြဿနာတစ်ခုဖြစ်ပြီး၊ ယင်းမှာ တွေ့မြင်ရလေ့မရှိသော အရာတစ်ခု မဟုတ်ပေ။ မည်သည့်အခြေအနေများ၊ အပြုအမူများနှင့် သရုပ်သကန်များသည် အဆင့်အတန်းအတွက် ပြိုင်ဆိုင်ခြင်း အလေ့အကျင့်နှင့် သက်ဆိုင်သနည်း။ အဆင့်အတန်းအတွက် ပြိုင်ဆိုင်ခြင်း၏ မည်သည့်သရုပ်သကန်များသည် ဘုရားသခင်၏ အလုပ်နှင့် အသင်းတော်၏ ပုံမှန်အစီအစဉ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်ခြင်း ပြဿနာနှင့် သက်ဆိုင်သနည်း။ မည်သည့်ပြဿနာ သို့မဟုတ် အမျိုးအစားကို ငါတို့ မိတ်သဟာယဖွဲ့သည်ဖြစ်စေ၊ ယင်းသည် “ဘုရားသခင်၏ အလုပ်နှင့် အသင်းတော်၏ ပုံမှန်အစီအစဉ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သည့် အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများ” အကြောင်းဖြစ်သည့် ဆယ့်နှစ်ချက်မြောက်အချက်တွင် ဆိုထားသည့်အရာနှင့် သက်ဆိုင်ရမည်။ ယင်းသည် အဖျက်အမှောင့်လုပ်ခြင်းနှင့် နှောင့်ယှက်ခြင်းအဆင့်သို့ ရောက်ရှိရမည်ဖြစ်ပြီး၊ ဤသဘောသဘာဝနှင့် သက်ဆိုင်ရမည်။ ထိုအခါမှသာ မိတ်သဟာယဖွဲ့ခြင်းနှင့် စိတ်ဖြာလေ့လာဆွေးနွေးခြင်းတို့ ပြုလုပ်ထိုက်ပေသည်။ အဆင့်အတန်းအတွက် ပြိုင်ဆိုင်ခြင်း၏ မည်သည့်သရုပ်သကန်များသည် ဘုရားအိမ်တော်၏အလုပ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သည့် ဤသဘောသဘာဝနှင့် ဆက်စပ်နေသနည်း။ အဖြစ်အများဆုံးမှာ အဆင့်အတန်းအတွက် လူတို့က အသင်းတော်ခေါင်းဆောင်များနှင့် ပြိုင်ဆိုင်ခြင်းဖြစ်သည်။ ယင်းမှာ ခေါင်းဆောင်များနှင့်ပတ်သက်သည့် အချို့အရာများနှင့် ၎င်းတို့၏ အမှားများကို အခွင့်ကောင်းယူ၍ ၎င်းတို့ကို အသရေဖျက်ပြီး ပြစ်တင်ရှုတ်ချခြင်းတွင်လည်းကောင်း၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးခြင်း ထုတ်ဖော်ပြမှုများအပြင်၊ ၎င်းတို့၏ လူ့သဘာဝနှင့် အစွမ်းအစတို့တွင်ရှိသော အားနည်းချက်များနှင့် ချို့ယွင်းချက်များကို ရည်ရွယ်ချက်ရှိရှိ ဖော်ထုတ်ခြင်းတွင်လည်းကောင်း၊ အထူးသဖြင့် ၎င်းတို့၏ အလုပ်တွင် သို့မဟုတ် လူတို့ကို ကိုင်တွယ်သည့်အခါတွင် ၎င်းတို့ပြုလုပ်မိခဲ့သော သွေဖည်မှုများ၊ အမှားများနှင့် ပတ်သက်လာသည့်အခါတွင်လည်းကောင်း အဓိကအားဖြင့် ပေါ်လွင်ထင်ရှားသည်။ ဤသည်မှာ အဆင့်အတန်းအတွက် အသင်းတော်ခေါင်းဆောင်များနှင့် ပြိုင်ဆိုင်ခြင်း၏ အတွေ့ရအများဆုံးနှင့် အပေါ်လွင်ဆုံး သရုပ်သကန် ဖြစ်သည်။ ထို့အပြင်၊ ဤလူတို့သည် အသင်းတော်ခေါင်းဆောင်များက ၎င်းတို့အလုပ်ကို မည်မျှကောင်းမွန်စွာ လုပ်ဆောင်သည်၊ စည်းမျဉ်းများနှင့်အညီ ၎င်းတို့ ပြုမူခြင်း ရှိမရှိ၊ သို့မဟုတ် ၎င်းတို့၏ လူ့သဘာဝနှင့်ပတ်သက်၍ ပြဿနာများ ရှိမရှိဟူသည်တို့ကို ဂရုမစိုက်ဘဲ၊ ဤခေါင်းဆောင်များအပေါ် အာခံနေကြခြင်းသာ ဖြစ်သည်။ အဘယ်ကြောင့် ၎င်းတို့ အာခံကြသနည်း။ အကြောင်းမှာ ၎င်းတို့သည်လည်း အသင်းတော်ခေါင်းဆောင်တစ်ဦး ဖြစ်လိုသောကြောင့် ဖြစ်သည်။ ဤသည်မှာ ၎င်းတို့၏ ရည်မှန်းချက်၊ ၎င်းတို့၏ လိုအင်ဆန္ဒဖြစ်ပြီး၊ ထို့ကြောင့် ၎င်းတို့ အာခံကြခြင်း ဖြစ်သည်။ အသင်းတော်ခေါင်းဆောင်များက မည်သို့ပင် အလုပ်လုပ်သည်ဖြစ်စေ သို့မဟုတ် ပြဿနာများကို မည်သို့ပင် ကိုင်တွယ်သည်ဖြစ်စေ၊ ဤလူတို့သည် ၎င်းတို့နှင့်ပတ်သက်သည့် အကြောင်းအရာများကို အမြဲတစေ အခွင့်ကောင်းယူပြီး၊ ၎င်းတို့ကို ဝေဖန်ကာ ရှုတ်ချသည့်အပြင်၊ တစ်ဆိတ်ကိုတစ်အိတ်လုပ်သည်အထိ၊ အဖြစ်မှန်များကို လိမ်လည်လှည့်ဖြားသည်အထိ၊ အတိုင်းထက်အလွန် ချဲ့ကားပြောဆိုသည်အထိပင် ပြုလုပ်ကြသည်။ ၎င်းတို့သည် ဤခေါင်းဆောင်များက စည်းမျဉ်းများနှင့်အညီ ပြုမူခြင်း ရှိမရှိ၊ မှန်ကန်သောလူများ ဟုတ်မဟုတ်၊ သမ္မာတရားကို လိုက်စားသောလူများ ဟုတ်မဟုတ်၊ အသိစိတ်နှင့် ဆင်ခြင်တုံတရား ရှိမရှိဟူသည်တို့ကို တိုင်းတာရန် ခေါင်းဆောင်များနှင့် အမှုဆောင်များထံမှ ဘုရားအိမ်တော်က တောင်းဆိုသည့် စံနှုန်းများကို အသုံးမပြုကြပေ။ ၎င်းတို့သည် ခေါင်းဆောင်များကို ဤစည်းမျဉ်းများအတိုင်း အကဲမဖြတ်ကြပေ။ ထိုအစား၊ မိမိတို့၏ ကိုယ်ပိုင် ရည်ရွယ်ချက်များနှင့် ရည်မှန်းချက်များကို အခြေခံ၍ ၎င်းတို့သည် ခေါင်းဆောင်များ သို့မဟုတ် အမှုဆောင်များကို အပြစ်တင်ရန် အကြောင်းအရာများ ရှာဖွေလျက်၊ ၎င်းတို့၏ နောက်ကွယ်တွင် သမ္မာတရားနှင့် မကိုက်ညီသော အမှုအရာများ လုပ်ဆောင်ခြင်းနှင့်ပတ်သက်၍ ကောလာဟလများ ဖြန့်ဝေလျက်၊ သို့မဟုတ် ၎င်းတို့၏ ချို့ယွင်းချက်များကို ဖော်ထုတ်လျက် စဉ်ဆက်မပြတ် အပြစ်မရှိ အပြစ်ရှာပြီး၊ တိုင်ကြားချက်များကို ဖန်တီးကြလေသည်။ ဥပမာအားဖြင့် ၎င်းတို့က၊ “ခေါင်းဆောင် မည်သူမည်ဝါသည် တစ်ချိန်က အမှားတစ်ခု ပြုလုပ်ခဲ့ပြီး အထက်က ပြုပြင်ခြင်းကို ခံခဲ့ရသည်၊ သင်တို့တစ်ယောက်မျှ ထိုအကြောင်းကို မသိခဲ့ကြပါ။ ကြည့်ပါ၊ သူတို့သည် ဟန်ဆောင်ရာတွင် အလွန်တော်ပါသည်တကား” ဟု ပြောကောင်းပြောနိုင်သည်။ ဤခေါင်းဆောင် သို့မဟုတ် အမှုဆောင်သည် ဘုရားအိမ်တော်က ပျိုးထောင်ရန် ရည်ရွယ်ထားသူတစ်ဦး ဟုတ်မဟုတ်၊ သို့မဟုတ် ၎င်းတို့သည် ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးအဖြစ် စံနှုန်းပြည့်မီခြင်း ရှိမရှိဟူသည်တို့ကို ထိုသူတို့ကမစဉ်းစား၊ ဂရုမစိုက်ဘဲ၊ ၎င်းတို့၏ နောက်ကွယ်တွင် ၎င်းတို့ကို ဆက်လက် ဝေဖန်နေကြသည်၊ အဖြစ်မှန်များကို မလိမ့်တပတ်ပြောဆိုကြသည်၊ ၎င်းတို့အပေါ် ယုတ်ညံ့သော အပြုအမူများ ပြုလုပ်နေကြလေသည်။ ပြီးလျှင် ထိုသူတို့အနေဖြင့် ဤအရာများကို မည်သည့်ရည်မှန်းချက်အတွက် ပြုလုပ်ကြသနည်း။ ယင်းမှာ အဆင့်အတန်းအတွက် ပြိုင်ဆိုင်ရန် ဖြစ်သည်၊ မဟုတ်လော။ ၎င်းတို့ပြောဆိုပြုမူသည့် အရာတိုင်းတွင် ရည်မှန်းချက်တစ်ခု ရှိသည်။ ၎င်းတို့သည် အသင်းတော်၏အလုပ်ကို ထည့်သွင်းစဉ်းစားနေခြင်း မဟုတ်သည့်အပြင်၊ ခေါင်းဆောင်များနှင့် အမှုဆောင်များအပေါ် ၎င်းတို့၏ အကဲဖြတ်ခြင်းသည် ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များ သို့မဟုတ် ဘုရားသခင်က လူထံမှ တောင်းဆိုသည့် စည်းမျဉ်းများကို အခြေခံရန် မဆိုထားနှင့်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ သို့မဟုတ် သမ္မာတရားအပေါ်ကိုပင် အခြေမခံဘဲ၊ မိမိတို့၏ ကိုယ်ပိုင် ရည်ရွယ်ချက်များနှင့် ရည်မှန်းချက်များကို အခြေခံလေသည်။ ၎င်းတို့သည် ခေါင်းဆောင်များ သို့မဟုတ် အမှုဆောင်များ ပြောဆိုသည့် အရာအားလုံးကို ဆန့်ကျင်ပြီး၊ ထို့နောက် မိမိတို့၏ ကိုယ်ပိုင် “ထိုးထွင်းအမြင်များ”ကို ပေးကြသည်။ ခေါင်းဆောင်များ သို့မဟုတ် အမှုဆောင်များ ပြောဆိုသည့်အရာ မည်မျှက သမ္မာတရားနှင့် ကိုက်ညီသည်ဖြစ်စေ၊ ၎င်းတို့သည် ယင်းကို အနည်းငယ်မျှပင် လက်မခံကြပေ။ ၎င်းတို့သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ ပြောဆိုသည့် မည်သည့်အရာကိုမဆို ပယ်ချပြီး၊ မိမိတို့၏ ကိုယ်ပိုင် ကွဲပြားသော ထင်မြင်ချက်များကို တင်ပြကြသည်။ အထူးသဖြင့်၊ ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးက မိမိကိုယ်ကို သိရှိခြင်းအကြောင်း ပြောဆိုလျက် ဖွင့်ဟပြီး မိမိကိုယ်ကို ချပြသည့်အခါ၊ ၎င်းတို့ သာ၍ပင် ကျေနပ်သည်ဟု ခံစားရပြီး၊ မိမိတို့၏ အခွင့်အရေးကို တွေ့ရှိပြီဟု ထင်ကြသည်။ မည်သည့်အခွင့်အရေးနည်း။ ဤခေါင်းဆောင် သို့မဟုတ် အမှုဆောင်ကို အသရေဖျက်ရန် အခွင့်အရေး၊ ဤခေါင်းဆောင် သို့မဟုတ် အမှုဆောင်သည် ညံ့ဖျင်းသော အစွမ်းအစရှိကြောင်း၊ ၎င်းတို့သည် အားနည်းနိုင်ကြောင်း၊ ၎င်းတို့သည်လည်း ဖောက်ပြန်ပျက်စီးသော လူသားတစ်ဦးဖြစ်ကြောင်း၊ ၎င်းတို့လုပ်ဆောင်သည့် အမှုအရာများတွင်လည်း မကြာခဏ အမှားများ ပြုလုပ်တတ်ကြောင်းနှင့် ၎င်းတို့သည် အခြားမည်သူ့ထက်မျှ ပိုမတော်ကြောင်းတို့ကို လူတိုင်းအား သိရှိစေရန် အခွင့်အရေး ဖြစ်သည်။ ဤသည်မှာ ထိုခေါင်းဆောင် သို့မဟုတ် အမှုဆောင်ကို ဆန့်ကျင်တိုက်ခိုက်ရန် အကြောင်းအရာတစ်ခု တွေ့ရှိဖို့ ၎င်းတို့၏ အခွင့်အရေး၊ ထိုခေါင်းဆောင် သို့မဟုတ် အမှုဆောင်ကို လူတိုင်းက ပြစ်တင်ရှုတ်ချရန်၊ ဖြုတ်ချရန်နှင့် အောက်သို့ဆွဲချရန် လှုံ့ဆော်ဖို့အတွက် ၎င်းတို့၏ အခွင့်အလမ်း ဖြစ်သည်။ ပြီးလျှင် ဤအပြုအမူများနှင့် လုပ်ဆောင်ချက်များအားလုံး၏ စေ့ဆော်မှုမှာ အဆင့်အတန်းအတွက် ပြိုင်ဆိုင်ခြင်းမှလွဲ၍ အခြားမဟုတ်ပေ။ အကယ်၍ ဘုရားအိမ်တော်ရှိ ရွေးကောက်ပွဲ စည်းမျဉ်းများနှင့် လူတို့ကို ပျိုးထောင်ခြင်း၊ အသုံးပြုခြင်း စည်းမျဉ်းများကို လိုက်နာပါက၊ ပုံမှန်အခြေအနေများအောက်တွင် ထိုသို့သော ပုဂ္ဂိုလ်များသည် ခေါင်းဆောင်များ သို့မဟုတ် အမှုဆောင်များအဖြစ် မည်သည့်အခါမျှ ရွေးကောက်တင်မြှောက်ခြင်း ခံရလိမ့်မည်မဟုတ်ပေ။ ဤသည်မှာ ၎င်းတို့ ရိပ်စားမိပြီး ရှင်းလင်းစွာ နားလည်ထားသည့်အရာဖြစ်သောကြောင့် ၎င်းတို့သည် ခေါင်းဆောင်များနှင့် အမှုဆောင်များကို တိုက်ခိုက်ပြီး ပြစ်တင်ရှုတ်ချရန် မည်သည့်နည်းလမ်းကိုမဆို အားကိုးအားထားပြုကြလေသည်။ မည်သူက ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦး ဖြစ်လာသည်ဖြစ်စေ၊ ၎င်းတို့သည် ထိုသူတို့အပေါ် အာခံကြရုံသာဖြစ်ပြီး၊ ၎င်းတို့နှင့်ပတ်သက်၍ အမြဲတစေ အပြစ်မရှိ အပြစ်ရှာကာ တာဝန်မဲ့သော၊ အပြစ်ရှာသော မှတ်ချက်များ ပြုကြလေသည်။ ဤခေါင်းဆောင်များနှင့် အမှုဆောင်များ၏ လုပ်ဆောင်ချက်များ သို့မဟုတ် စကားများတွင် မည်သည့်အရာမျှ မှားယွင်းခြင်းမရှိလျှင်ပင်၊ ထိုသူတို့သည် ၎င်းတို့နှင့်ပတ်သက်၍ အပြစ်တစ်ခုခုကို အမြဲတစေ ရှာတွေ့နိုင်ကြသည်။ အမှန်တွင်၊ ၎င်းတို့ ထောက်ပြသည့် ပြဿနာများသည် စည်းမျဉ်းပိုင်းဆိုင်ရာ ပြဿနာများမဟုတ်ဘဲ အရေးမပါသည့် ကိစ္စများသက်သက် ဖြစ်သည်။ သို့ဆိုလျှင်၊ အဘယ်ကြောင့် ၎င်းတို့သည် ဤအသေးအဖွဲကိစ္စများအပေါ် အာရုံစိုက်နေကြသနည်း။ အဘယ်ကြောင့် ၎င်းတို့သည် ထိုသို့သောအရာများအပေါ် ခေါင်းဆောင်များနှင့် အမှုဆောင်များကို အလွန်ပွင့်လင်းစွာ ဝေဖန်ပြီး ပြစ်တင်ရှုတ်ချနိုင်ကြသနည်း။ ၎င်းတို့တွင် ပန်းတိုင်တစ်ခုတည်းသာ ရှိပြီး၊ ယင်းမှာ အာဏာနှင့် အဆင့်အတန်းအတွက် ပြိုင်ဆိုင်ရန် ဖြစ်သည်။ ဘုရားအိမ်တော်က အယောင်ဆောင်ခေါင်းဆောင်များနှင့် အန္တိခရစ်များ၏ အမျိုးမျိုးသော သရုပ်သကန်များအကြောင်းကို မည်သို့ပင် မိတ်သဟာယဖွဲ့သည်ဖြစ်စေ၊ ၎င်းတို့သည် ဤသရုပ်သကန်များကို မိမိတို့ကိုယ်တိုင်နှင့် မည်သည့်အခါမျှ ချိတ်ဆက်ခြင်းမရှိဘဲ အဆင့်အားလုံးတွင်ရှိသည့် ခေါင်းဆောင်များနှင့် အမှုဆောင်များကိုသာ သီးသန့် ချိတ်ဆက်ကြသည်။ ကိုက်ညီမှုတစ်ခုကို ၎င်းတို့ တွေ့ရှိသည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့က “ယခု ငါ့မှာ သက်သေအထောက်အထား ရှိပြီ၊ နောက်ဆုံးတော့ သူတို့ကို ဆန့်ကျင်ရန် ခုတုံးတစ်ခုအဖြစ် အသုံးချဖို့အတွက် တစ်စုံတစ်ခုကို ငါရှာတွေ့ခဲ့ပြီး အခွင့်အရေးကောင်းတစ်ခု ရခဲ့ပြီ”ဟု တွေးကြသည်။ ထို့နောက် ဤခေါင်းဆောင်များနှင့် အမှုဆောင်များ လုပ်ဆောင်သည့် အရာအားလုံးကို ဖော်ထုတ်ခြင်း၊ ဝေဖန်ခြင်း၊ အပြစ်ရှာသော အကဲဖြတ်ချက်များ ပြုလုပ်ခြင်းနှင့် ပြစ်တင်ရှုတ်ချခြင်းတို့တွင် ၎င်းတို့သည် ပို၍ပင် ထိန်းမနိုင်သိမ်းမရဖြစ်လာကြသည်။ ၎င်းတို့ ထုတ်ဖော်ပြောဆိုသည့် ပြဿနာအချို့သည် အပေါ်ယံအားဖြင့် အနည်းငယ် ပြဿနာရှိပုံရနိုင်သော်လည်း၊ စည်းမျဉ်းများနှင့် တိုင်းတာသည့်အခါ၊ အရေးမပါပေ။ သို့ဆိုလျှင် ၎င်းတို့ကို အဘယ်ကြောင့် ထုတ်ဖော်ပြောဆိုကြသနည်း။ ယင်းမှာ ခေါင်းဆောင်များနှင့် အမှုဆောင်များကို ရှုတ်ချခြင်းနှင့် အနိုင်ယူခြင်းဟူသည့် ရည်မှန်းချက်ဖြင့် ၎င်းတို့ကို ဖော်ထုတ်ခြင်းမှလွဲ၍ အခြားမည်သည့်အကြောင်းပြချက်အတွက်မျှ မဟုတ်ပေ။ အကယ်၍ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အပျက်သဘောဆောင်ခြင်းအဖြစ်သို့ ထိုးနှက်ခံရလျှင်၊ အရှုံးပေးတောင်းပန်ကာ၊ ၎င်းတို့ထံ၌ ဒူးထောက်အရှုံးပေးလျှင်၊ အကယ်၍ ညီအစ်ကိုမောင်နှမများက ဤခေါင်းဆောင်များသည် အမြဲတစေ အပျက်သဘောဆောင်ပြီး အားနည်းသည်ကိုလည်းကောင်း၊ ၎င်းတို့ ပြုမူသည့်အခါ မကြာခဏ အမှားများ ပြုလုပ်သည်ကိုလည်းကောင်း မြင်တွေ့ပြီး၊ ၎င်းတို့ကို ခေါင်းဆောင်များအဖြစ် နောက်ထပ် မရွေးကောက်တော့လျှင်၊ အကယ်၍ ဤခေါင်းဆောင်များက သမ္မာတရားကို မိတ်သဟာယဖွဲ့သည့်အခါ ညီအစ်ကိုမောင်နှမများက ယခင်ကဲ့သို့ အာရုံစူးစိုက်စွာ နားမထောင်တော့လျှင်၊ ပြီးလျှင် ဤခေါင်းဆောင်များက အလုပ်ကို အကောင်အထည်ဖော်နေချိန်တွင် လူတို့က ယခင်လောက် တက်ကြွစွာနှင့် စိတ်အားထက်သန်စွာ ပူးပေါင်းဆောင်ရွက်ခြင်း မပြုတော့လျှင်၊ အဆင့်အတန်းအတွက် ပြိုင်ဆိုင်သူများသည် ကျေနပ်ကြမည်ဖြစ်ပြီး၊ အခွင့်ကောင်းယူဖို့ အခွင့်အရေးရသွားကြလိမ့်မည်ဖြစ်သည်။ ဤသည်မှာ ၎င်းတို့ အမြင်လိုဆုံးသော မြင်ကွင်းဖြစ်ပြီး ၎င်းတို့ ဖြစ်လိမ့်မည်ဟု အမျှော်လင့်ဆုံးသောအရာ ဖြစ်သည်။ ဤအရာအားလုံးကို လုပ်ဆောင်ရာတွင် ၎င်းတို့၏ ရည်မှန်းချက်မှာ အဘယ်နည်း။ ယင်းမှာ လူတို့ကို သမ္မာတရား နားလည်စေပြီး အယောင်ဆောင်ခေါင်းဆောင်များနှင့် အန္တိခရစ်များကို ပိုင်းခြားသိမြင်စေရန် ကူညီဖို့မဟုတ်သည့်အပြင်၊ လူတို့ကို ဘုရားသခင်ရှေ့မှောက်သို့ ပို့ဆောင်ရန်လည်း မဟုတ်ပေ။ ထိုအစား၊ ၎င်းတို့၏ ရည်မှန်းချက်မှာ လူတိုင်းက ၎င်းတို့အား ခေါင်းဆောင်တစ်ဦးအဖြစ် အစေခံရန် အသင့်တော်ဆုံးသော ကိုယ်စားလှယ်လောင်းအဖြစ် မြင်ကြရန်အလို့ငှာ ခေါင်းဆောင်များနှင့် အမှုဆောင်များကို အနိုင်ယူပြီး အောက်သို့ဆွဲချရန်ဖြစ်သည်။ ဤအချိန်တွင်၊ ၎င်းတို့၏ ရည်မှန်းချက်ကို စွမ်းဆောင်ရရှိပြီးဖြစ်လိမ့်မည်ဖြစ်ကာ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများက ၎င်းတို့အား ခေါင်းဆောင်တစ်ဦးအဖြစ် အမည်စာရင်းတင်သွင်းဖို့အတွက် စောင့်ဆိုင်းနေရုံသာ ရှိလိမ့်မည်။ အသင်းတော်တွင် ထိုသို့သောလူများ ရှိသလော။ ၎င်းတို့၏ စိတ်သဘောထားများမှာ မည်သို့ရှိသနည်း။ ဤပုဂ္ဂိုလ်များသည် စိတ်သဘောထားအားဖြင့် ရက်စက်ကြမ်းကြုတ်သည်၊ သမ္မာတရားကို လုံးဝမချစ်သည့်အပြင်၊ ထိုသမ္မာတရားကို လက်တွေ့လည်းမလုပ်ဆောင်ပေ။ ၎င်းတို့သည် အာဏာကိုင်စွဲရန်သာ ဆန္ဒရှိကြသည်။ သမ္မာတရားအချို့ကို နားလည်ပြီး ပိုင်းခြားသိမြင်နိုင်စွမ်းအချို့ ပိုင်ဆိုင်သောသူတို့မူကား အဘယ်သို့နည်း။ ထိုသို့သောလူများကို အာဏာကိုင်စွဲခွင့်ပြုရန် ၎င်းတို့ လိုလားကြမည်လော။ ထိုသူတို့၏ အာဏာအောက်သို့ ကျရောက်ရန် ၎င်းတို့ လိုလားကြမည်လော။ (လိုလားကြမည် မဟုတ်ပါ။) အဘယ်ကြောင့် မလိုလားသနည်း။ အကယ်၍ လူအများစုက ထိုသို့သော ပုဂ္ဂိုလ်များ၏ သဘာဝအနှစ်သာရကို ရှင်းလင်းစွာ မြင်နိုင်ပါက၊ ၎င်းတို့ကို ခေါင်းဆောင်များအဖြစ် ရွေးကောက်ကြလိမ့်ဦးမည်လော။ (ရွေးကောက်လိမ့်မည် မဟုတ်ပါ။) လူတိုင်းက ယခုတင် တွေ့ဆုံပြီး တစ်ယောက်နှင့်တစ်ယောက် အလွန်အမင်း မရင်းနှီးသေးခြင်းသာ မဟုတ်လျှင်၊ ၎င်းတို့ ရွေးကောက်မည်မဟုတ်ပေ။ သို့သော် ၎င်းတို့ ရင်းနှီးလာပြီး၊ မည်သည့်ပုဂ္ဂိုလ်များတွင် ညံ့ဖျင်းသော အစွမ်းအစရှိပြီး နားဝေတိမ်တောင်ဖြစ်သောသူ ဖြစ်သည်ကိုလည်းကောင်း၊ မည်သူတို့က ရက်စက်ကြမ်းကြုတ်ပြီး လှည့်ဖြားတတ်သော စိတ်သဘောထားများရှိသည့် ဆိုးယုတ်သောလူများဖြစ်သည်ကိုလည်းကောင်း၊ မည်သူတို့က အဆင့်အတန်းအတွက် ပြိုင်ဆိုင်ရန် စိတ်အားထက်သန်ပြီး အန္တိခရစ်များ၏ လမ်းကြောင်း လျှောက်လှမ်းကြသည်ကိုလည်းကောင်း၊ မည်သူတို့က သမ္မာတရားကို လိုက်စားနိုင်ပြီး မိမိတို့၏ တာဝန်များကို သစ္စာရှိရှိ ထမ်းဆောင်နိုင်သည်ကိုလည်းကောင်း စသည်တို့ကို ရှင်းလင်းစွာ မြင်သည်နှင့်တစ်ပြိုင်နက်၊ အမျိုးမျိုးသောလူများ၏ သဘာဝအနှစ်သာရနှင့် အမျိုးအစားများကို ၎င်းတို့ သဘောပေါက်သည်နှင့်တစ်ပြိုင်နက်၊ ခေါင်းဆောင်များကို ရွေးကောက်တင်မြှောက်ခြင်းသည် အတော်အတန် တိကျလိမ့်မည်ဖြစ်ပြီး စည်းမျဉ်းများနှင့်အညီ ဖြစ်လိမ့်မည်။

လူအများစုသည် အမြဲတစေ အဆင့်အတန်းအတွက် ပြိုင်ဆိုင်နေသော တစ်စုံတစ်ဦးကို ခေါင်းဆောင်အဖြစ် ရွေးကောက်တင်မြှောက်လိုကြမည်လော၊ သို့မဟုတ် ၎င်းတို့သည် အစွမ်းအစနှင့် အလုပ်လုပ်နိုင်စွမ်းမှာ အတော်အတန် သာမန်ဖြစ်သော်လည်း ဇွဲလုံ့လရှိပြီး တည်ကြည်ခိုင်မာသော တစ်စုံတစ်ဦးကို ရွေးချယ်ကြမည်လော။ ဤလူနှစ်ဦး၏ စရိုက်မှာ မည်သို့ရှိသည်၊ ၎င်းတို့၏ သဘာဝအနှစ်သာရမှာ အဘယ်အရာဖြစ်သည်၊ သို့မဟုတ် ၎င်းတို့ မည်သည့် လမ်းကြောင်းပေါ်တွင်ရှိသည်ဟူသည်တို့ကို မရှင်းလင်းသည့်အခါ၊ လူအများစုသည် မည်သူ့ကို ခေါင်းဆောင်အဖြစ် ရွေးကောက်တင်မြှောက်ရန် ပိုမိုနှစ်သက်ကြမည်နည်း။ (ဒုတိယတစ်ဦးဖြစ်သည့် တည်ကြည်ခိုင်မာသောသူ ဖြစ်ပါသည်။) လူအများစုသည် ဒုတိယတစ်ဦးကို ရွေးချယ်ကြပေမည်။ အမြဲတစေ အဆင့်အတန်းအတွက် ပြိုင်ဆိုင်နေသောသူတို့၏ သရုပ်သကန်များသည် ၎င်းတို့၏ လူ့သဘာဝနှင့် အနှစ်သာရ၏ သက်သေပင် ဖြစ်သည်။ လူအများစုသည် ၎င်းတို့၏ သရုပ်သကန်များကို ရိပ်စားပြီး မပိုင်းခြားနိုင်ကြသလော။ လူတို့က၊ “ဤလူသည် အသင်းတော်ခေါင်းဆောင်ကို အမြဲတစေ အခက်တွေ့စေသည်။ သူ၏ ရည်မှန်းချက်များမှာ အသင်းတော်ခေါင်းဆောင်တစ်ဦး၏ အဆင့်အတန်းကို ရရှိရန်ဖြစ်ပြီး၊ သူသည် ခေါင်းဆောင်အဖြစ် သူမကို အစားထိုးလိုသည်။ ထိုလူသည် အသင်းတော်ခေါင်းဆောင်အဖြစ် ရွေးကောက်တင်မြှောက်ခြင်း ခံရသည့်အချိန်မှစ၍၊ သူသည် သူမကို အမြဲတစေ ပစ်မှတ်ထားပြီး သူမကို သဘောမကျစရာအဖြစ် မြင်နေခဲ့သည်။ သူသည် သူမကို အမြဲတစေ ပြန်ခံပြောသည်၊ သူမလုပ်ဆောင်သည့် မည်သည့်အရာကိုမဆို အပြစ်ရှာသည်၊ တတ်နိုင်သမျှ ရမယ်ရှာသည်၊ ပြီးလျှင် သူသည် သူမ၏ နောက်ကွယ်တွင် သူမကို ဝေဖန်ပြီး သူမ၏ ချို့ယွင်းချက်များကိုလည်း ဖော်ထုတ်သည်။ အထူးသဖြင့် စုဝေးပွဲများအတွင်း သို့မဟုတ် အလုပ်အကြောင်း မိတ်သဟာယဖွဲ့သည့်အခါ၊ အကယ်၍ သူမသည် ခဏတာမျှ မိမိကိုယ်ကို ရှင်းလင်းစွာ မဖော်ပြနိုင်ပါက၊ သူသည် အလွန်တရာ စိတ်မရှည်သော အမူအရာဖြင့် ကြားဖြတ်ပြောဆိုသည်။ သူသည် သူမကို သရော်ကာ၊ ပြက်ရယ်ပြုကာ၊ လှောင်ပြောင်ရယ်မောလျက် မထီမဲ့မြင်ပြုလေသည်။ သူသည် အခါအခွင့်သင့်တိုင်း သူမအတွက် အမှုအရာများကို ခက်ခဲအောင်လုပ်ပြီး သူမကိုကသိကအောက်ဖြစ်သည့် အခြေအနေများထဲရောက်အောင် ထောင်ချောက်ဆင်သည်”ဟု ပြောဆိုကြလိမ့်မည်။ ဤအပြုအမူများက လူတိုင်းထံ ဖော်ထုတ်ခြင်းခံရခြင်းဖြင့်၊ လူအများစုသည် ဤပုဂ္ဂိုလ်များကို ပိုင်းခြားသိမြင်နိုင်ကြမည် မဟုတ်လော။ (ပိုင်းခြားသိမြင်နိုင်မည်ဖြစ်သည်။) သို့ဆိုလျှင်၊ ဤသည်မှာ ခေါင်းဆောင်ရာထူးကို သူ ရယူခြင်းအတွက် အထောက်အကူဖြစ်စေသလော။ မုချ မဖြစ်စေပေ။ အဆင့်အတန်းအတွက် ပြိုင်ဆိုင်သော ဤလူတို့သည် လိမ္မာပါးနပ်သလော သို့မဟုတ် မိုက်မဲသလော။ သိသာရှင်းလင်းစွာပင်၊ ၎င်းတို့သည် လူအသုံးမကျသူများ၊ လူမိုက်များ ဖြစ်ကြသည်။ နောက်ထပ် ဆိုးရွားသော ပြဿနာတစ်ခု ရှိသေးသည်။ ဤပုဂ္ဂိုလ်များသည် နတ်ဆိုးများဖြစ်ကြပြီး၊ ၎င်းတို့၏ သဘာဝမှာ မပြောင်းလဲနိုင်ပေ။ အာဏာနှင့် အဆင့်အတန်းအတွက် ၎င်းတို့၏ လိုအင်ဆန္ဒမှာ ထိန်းချုပ်၍မရနိုင်ဘဲ၊ ၎င်းတို့ အသိဉာဏ်ပျောက်သည့်အထိပင် ဖြစ်တတ်သည်။ ယင်းမှာ ပုံမှန် လူ့သဘာဝတွင် ရှိသည့်အရာတစ်ခု မဟုတ်ပေ။ ဤလိုအင်ဆန္ဒသည် နည်းလမ်းမရွေးသည့်အဆင့်သို့ ရောက်ရှိလျက်၊ ပုံမှန် လူ့သဘာဝ၏ ဆင်ခြင်တုံတရားနှင့် အသိစိတ်တို့၏ အတိုင်းအတာများကို ကျော်လွန်သွားသည်။ ဤလူတို့သည် အချိန်၊ နေရာ၊ သို့မဟုတ် အခြေအနေ မည်သို့ပင်ဖြစ်စေ၊ ၎င်းတို့ လုပ်ရပ်များ၏ သက်ရောက်မှုကို မဆိုထားနှင့်၊ အကျိုးဆက်များကို ထည့်မစဉ်းစားဘဲ ဤနည်းအတိုင်း ပြုမူကြလိမ့်မည်။ ဤသည်တို့မှာ အဆင့်အတန်းအတွက် ပြိုင်ဆိုင်သောသူတို့၏ စံပြုထိုက်ဆုံးသော သရုပ်သကန်များနှင့် လုပ်နည်းကိုင်နည်းများ ဖြစ်ကြသည်။ စုဝေးပွဲတစ်ခု သို့မဟုတ် အလုပ်အကြောင်း မိတ်သဟာယဖွဲ့ခြင်းတစ်ခု ရှိသည့်အခါတိုင်း၊ လူတိုင်း အတူတကွ စုဝေးသည်နှင့်တစ်ပြိုင်နက်၊ ဤပုဂ္ဂိုလ်များသည် အသင်းတော်အသက်တာနှင့် သမ္မာတရားကို မိတ်သဟာယဖွဲ့ခြင်း၏ ပုံမှန်အစီအစဉ်တို့ကို ဖျက်ဆီးကြရင်း စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းသော ယင်ကောင်များကဲ့သို့ အနှောင့်အယှက်များ ဖြစ်စေကြသည်။ ထိုသို့သော အပြုအမူများနှင့် လုပ်နည်းကိုင်နည်းများသည် အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများ၏ သဘောသဘာဝရှိသည်။ ထိုသို့သော ပုဂ္ဂိုလ်များသည် ကန့်သတ်ခြင်း ခံရသင့်သလော။ ပြင်းထန်သော ကိစ္စများတွင်၊ ၎င်းတို့ကို ရှင်းလင်းပစ်ခြင်း သို့မဟုတ် နှင်ထုတ်ခြင်း မပြုသင့်သလော။ (ပြုသင့်ပါသည်။) တစ်ခါတစ်ရံတွင်၊ ဆိုးယုတ်သောလူများကို ကန့်သတ်ရန် အသင်းတော်ခေါင်းဆောင်များ၏ အစွမ်းခွန်အားတစ်ခုတည်းကိုသာ အားကိုးခြင်းသည် အတော်အတန် အားနည်းပြီး အထီးကျန်ဆန်နိုင်သည်။ အကယ်၍၊ ဆိုးယုတ်သောလူများက ဖြစ်စေသည့် အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများ၏ ပြင်းထန်မှုကို ရှင်းလင်းစွာ မြင်တွေ့ပြီး ၎င်းတို့၏ အနှစ်သာရကို စေ့စေ့စပ်စပ် ပိုင်းခြားသိမြင်ပြီးနောက်၊ ညီအစ်ကိုမောင်နှမများသည် ထိုသို့သော ဆိုးယုတ်သည့် ပုဂ္ဂိုလ်များကို တားဆီးခြင်းနှင့် ကန့်သတ်ခြင်းတို့တွင် အသင်းတော်၏ခေါင်းဆောင်များနှင့် စည်းလုံးနိုင်လျှင်၊ ဤသည်မှာ ပို၍ ထိရောက်မည် မဟုတ်လော။ (ပို၍ ထိရောက်မည် ဖြစ်ပါသည်။) အကယ်၍ တစ်စုံတစ်ဦးက၊ “ဆိုးယုတ်သောလူများကို ကန့်သတ်ခြင်းသည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဖြစ်သည်၊ ငါတို့ သာမန်ယုံကြည်သူများနှင့် မည်သည့် ပတ်သက်မှုမျှမရှိပါ။ ငါတို့ ယင်းနှင့်ပတ်သက်၍ ဒုက္ခခံမည် မဟုတ်ပါ။ ဆိုးယုတ်သောလူများသည် အသင်းတော်ခေါင်းဆောင်များနှင့် အဆင့်အတန်းအတွက် ပြိုင်ဆိုင်ကြသည်။ ၎င်းတို့သည် အဆင့်အတန်းရှိသောသူများနှင့် ပြိုင်ဆိုင်ကြသည်။ ငါတို့တွင် အဆင့်အတန်းမရှိပါ။ ၎င်းတို့သည် ငါတို့ထံမှ တစ်ခုတလေကို ယူဆောင်သွားဖို့ ကြိုးစားနေခြင်းမဟုတ်ပါ။ မည်သို့ဆိုစေ၊ ယင်းက ငါတို့ကို မထိခိုက်ပါ။ ၎င်းတို့ကို ဆန္ဒရှိသည့်အတိုင်း ပြိုင်ဆိုင်ပါစေ။ အကယ်၍ အသင်းတော်ခေါင်းဆောင်များက အရည်အချင်းရှိလျှင်၊ ၎င်းတို့ကို ကန့်သတ်သင့်သည်။ မရှိလျှင်၊ ၎င်းတို့ကို လွှတ်ထားသင့်သည်။ ဤသည်မှာ ငါတို့နှင့် အဘယ်ပတ်သက်မှုရှိသနည်း”ဟု ပြောဆိုပါက၊ ဤအမြင်ရှုထောင့်သည် ကောင်းသလော။ (မကောင်းပါ။) အဘယ်ကြောင့် မကောင်းသနည်း။ (၎င်းတို့သည် အသင်းတော်၏ ပုံမှန်အစီအစဉ်ကို မထိန်းသိမ်းကြပါ။) ပို၍ သင့်လျော်သော အသုံးအနှုန်းများဖြင့် ဆိုရလျှင်၊ အသင်းတော်၏ ပုံမှန်အစီအစဉ်ဆိုသည်မှာ အဘယ်အရာကို ရည်ညွှန်းသနည်း။ ယင်းမှာ ပုံမှန်အသင်းတော်အသက်တာကို ရည်ညွှန်းခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ ပုံမှန်နှင့် စနစ်ကျသော အသင်းတော်အသက်တာနှင့် သက်ဆိုင်သည်။ ထိုအရာတွင် ဘုရားနှုတ်ကပတ်တော်များကို စနစ်ကျစွာ စားသောက်ခြင်းပါဝင်သည်။ ယင်းမှာ လူတို့အနေဖြင့် သန့်ရှင်းသောဝိညာဉ်တော် အလုပ်လုပ်သည့်၊ ဘုရားသခင် အတူပါရှိကာ ဘုရားသခင် လမ်းပြသည့် အသင်းတော်အသက်တာတစ်ခုတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဆုတောင်းရင်းဖတ်ရှုခြင်း၊ မိတ်သဟာယဖွဲ့ခြင်း၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ အတွေ့အကြုံများကို မျှဝေခြင်းတို့ကို ပြုနိုင်သည့်အပြင်၊ တစ်ချိန်တည်းတွင် သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းပေး လမ်းပြမှုကိုလည်း လက်ခံရရှိကာ အလင်းကိုလည်း ရရှိနိုင်ကြသည်ဟု ဆိုလိုပေသည်။ ဤသည်မှာ ဘုရားသခင် ရွေးချယ်ထားသောလူများက အသင်းတော်အသက်တာတွင် မွေ့လျော်ခံစားသင့်သည့်အရာ ဖြစ်သည်။ အကယ်၍ အချို့လူများက ဤပုံမှန်အစီအစဉ်ကို ဖျက်ဆီးပါက၊ ၎င်းတို့ကို စည်းမျဉ်းများနှင့်အညီ တားဆီးပြီး ကန့်သတ်သင့်ကာ သည်းမခံသင့်ပေ။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်နှင့် ဝတ္တရားဖြစ်သည်သာမက၊ သမ္မာတရားကို နားလည်ပြီး ပိုင်းခြားသိမြင်နိုင်စွမ်း ပိုင်ဆိုင်သောသူအားလုံး၏ တာဝန်နှင့် ဝတ္တရားလည်း ဖြစ်သည်။ အကယ်စင်စစ်၊ ညီအစ်ကိုမောင်နှမများနှင့် ဤတစ်ဦးတစ်ယောက်ချင်းစီတို့၏ လုပ်ဆောင်ချက်များ၏ သဘောသဘာဝအကြောင်း၊ ဤတစ်ဦးတစ်ယောက်ချင်းစီတို့သည် ၎င်းတို့၏ သရုပ်သကန်များအပေါ်အခြေခံ၍ မည်သည့်လူအမျိုးအစားဖြစ်ကြောင်း၊ ပြီးလျှင် ညီအစ်ကိုမောင်နှမများက ထိုသို့သော တစ်ဦးတစ်ယောက်ချင်းစီတို့ကို မည်သို့ ပိုင်းခြားသိမြင်ပြီး သဘောပေါက် သိမြင်သင့်ကြောင်းတို့ကို မိတ်သဟာယဖွဲ့ရင်း၊ အသင်းတော်၏ခေါင်းဆောင်များက ဤအလုပ်ကို ဦးဆောင်ဦးရွက်ပြုနိုင်လျှင် အကောင်းဆုံးဖြစ်ပေမည်။ အကယ်၍ ဤဆိုးယုတ်သောလူများကို မကန့်သတ်ဘဲ၊ ညီအစ်ကိုမောင်နှမများအားလုံးသည် ၎င်းတို့၏ အနှောင့်အယှက်ပေးခြင်း၊ အထင်အမြင်မှားစေခြင်းနှင့် လှည့်စားခြင်းတို့ကို ခံရပြီး၊ ထိုဆိုးယုတ်သောလူများအစား အသင်းတော်၏ခေါင်းဆောင်များက အထီးကျန်ဖြစ်သွားပါက၊ ဤအသင်းတော်သည် တုံ့ဆိုင်းရပ်တန့်သွားပြီး မလွဲမသွေ ကမောက်ကမဖြစ်သွားလိမ့်မည်။ ထိုသို့သော အခြေအနေများအောက်တွင် ပုံမှန်အသင်းတော်အသက်တာသည် ဆက်လက်တည်ရှိနိုင်မည်လော။ အကယ်၍ ဆက်လက်မတည်ရှိနိုင်ပါက၊ အသင်းတော်၏ စုဝေးပွဲများသည် အကျိုးဖြစ်ထွန်းလိမ့်ဦးမည်လော။ ဘုရားသခင် ရွေးချယ်ထားသောလူများသည် ထိုသို့သော စုဝေးပွဲများမှ တစ်စုံတစ်ရာကို ရရှိလိမ့်ဦးမည်လော။ အကယ်၍ ဘုရားသခင် ရွေးချယ်ထားသောလူများသည် ၎င်းတို့ထံမှ ဘာမျှမရရှိပါက၊ ထိုသို့သော စုဝေးပွဲများကို ဘုရားသခင်က ကောင်းချီးပေးသလော သို့မဟုတ် စက်ဆုပ်ရွံရှာသလော။ ၎င်းတို့ကို ဘုရားသခင်က စက်ဆုပ်ရွံရှာသည်မှာ အမှန်ပင်ဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်မရှိသည့်အပြင် ဘုရားသခင်၏ ကောင်းချီးမရှိသည့် စုဝေးပွဲများကို အသင်းတော်အသက်တာအဖြစ် မှတ်ယူ၍မရနိုင်တော့ဘဲ၊ ထိုအစား လူမှုရေးအဖွဲ့တစ်ခု၏ အစည်းအဝေးများ ဖြစ်လာသည်။ စနစ်မကျသော အသင်းတော်အသက်တာကို တစ်ဦးတလေက နှစ်သက်သလော။ ယင်းသည် မည်သူမဆိုအတွက် တည်ဆောက်စရာဖြစ်သလော သို့မဟုတ် အကျိုးရှိသလော။ (မရှိပါ။) အကယ်၍ ဤကာလအတောအတွင်း၊ သင်သည် စုဝေးပွဲတစ်ခုတလေမှနေ၍ သင်၏ အသက်ဝင်ရောက်မှုနှင့်စပ်လျဉ်း၍ မည်သည့်အရာကိုမျှ မရရှိခဲ့ပါက၊ ဤအချိန်သည် သင့်အတွက် မည်သည့်တန်ဖိုးမျှ သို့မဟုတ် မည်သည့်အဓိပ္ပာယ်မျှ မရှိလေပြီ။ သင်သည် ဤအချိန်ကို ဖြုန်းတီးပြီးဖြစ်သည်။ ဤသည်မှာ သင်၏ အသက်ဝင်ရောက်မှုက ဆုံးရှုံးမှုတစ်ခုကို ခံစားခဲ့ရသည်ဟု ဆိုလိုသည် မဟုတ်လော။ (ဟုတ်ပါသည်။) အကယ်၍၊ စုဝေးပွဲတစ်ခုအတွင်းတွင်၊ အဆင့်အတန်းအတွက် ပြိုင်ဆိုင်နေသော ဆိုးယုတ်သောလူများ ရှိပြီး၊ အသင်းတော်ခေါင်းဆောင်တစ်ဦးနှင့် အငြင်းပွားကာ ငြင်းခုံနေလျှင်၊ ပြီးလျှင် လူတို့သည် အကျိုးဆက်အနေဖြင့် စိုးရိမ်ပူပန်လာကြပြီး၊ စုဝေးပွဲတစ်ခုလုံးသည် မကောင်းသော အငွေ့အသက်ဖြင့် ပြည့်နှက်နေပြီး၊ စာတန်၏ ဆိုးယုတ်သော စွမ်းအင်နှင့် ပြည့်သွားလျှင်၊ မည်သူမှန်သည်၊ မည်သူမှားသည်ဟူသကဲ့သို့သော အကြောင်းအရာများကို ငြင်းခုံခြင်းအပြင်၊ မည်သူမျှ ဘုရားသခင်ရှေ့မှောက်သို့ ဆုတောင်းပြီး သမ္မာတရားကို ရှာဖွေရန် မလာဘဲ၊ မည်သူမျှ စည်းမျဉ်းများနှင့်အညီ မပြုမူပါက၊ ဤသို့သော စုဝေးပွဲမျိုးတစ်ခုပြီးသည့်နောက်တွင်၊ ဘုရားသခင်၌ သင်၏ယုံကြည်ခြင်းက တိုးပွားလာမည်လော သို့မဟုတ် လျော့နည်းသွားမည်လော။ သင်သည် သမ္မာတရားနှင့်ပတ်သက်လာလျှင် ပို၍နားလည်ပြီး ရရှိလာမည်လော၊ သို့မဟုတ် အငြင်းပွားမှုများကြောင့် မည်သည့်အရာကိုမျှ သင် လုံးဝ မရရှိဘဲ သင်၏စိတ်သည် စိတ်မချမ်းမသာဖြစ်သွားမည်လော။ တစ်ခါတစ်ရံတွင် သင်သည်၊ “လူတို့က အဘယ်ကြောင့် ဘုရားသခင်ကို ယုံကြည်ကြသည်ဟူသည်ကို ငါနားမလည်ပါ။ ဘုရားသခင်ကို ယုံကြည်ခြင်း၏ အဓိပ္ပာယ်မှာ အဘယ်နည်း။ ဤလူတို့သည် မည်သို့ဖြစ်ပြီး ဤသို့ပြုမူနိုင်ကြသနည်း။ သူတို့သည် ဘုရားကို ယုံကြည်သူများ ဖြစ်နေသေးသလော”ဟု တွေးကောင်းတွေးနိုင်သည်။ စာတန်နှင့် ဆိုးယုတ်သော နတ်ဆိုးများ၏ အနှောင့်အယှက်တစ်ခုတည်းကြောင့်၊ လူတို့၏ စိတ်နှလုံးများသည် ကယောက်ကယက်ဖြစ်လာပြီး နောက်ကျိသွားသည်၊ ဘုရားသခင်ကို ယုံကြည်ခြင်းက အဓိပ္ပာယ်မဲ့သည်ဟု ၎င်းတို့ ခံစားရပြီး၊ ဘုရားသခင်ကို ယုံကြည်ခြင်း၏ တန်ဖိုးကို မသိကြတော့သည့်အပြင် ၎င်းတို့၏ စိတ်များမှာ ကစဉ့်ကလျားဖြစ်သွားသည်။ အကယ်၍ လူတိုင်းက သတိဝီရိယရှိနိုင်ပြီး၊ ထုံထိုင်းပြီး နှေးကွေးသည်ထက် အထူးသဖြင့် ထိုသို့သောကိစ္စများနှင့်ပတ်သက်၍ အကင်းပါးပြီး ထက်မြက်လျှင်၊ ဆိုးယုတ်သောလူများက အဆင့်အတန်းအတွက် ပြိုင်ဆိုင်ရန်အလို့ငှာ အသင်းတော်အသက်တာတွင် အမှုအရာများကို မကြာခဏ ပြောဆိုခြင်း သို့မဟုတ် လုပ်ဆောင်ခြင်းတို့ ပြုသည့်အခါ၊ လူအများစုသည် ဖြေရှင်းရန်လိုအပ်သော ပြဿနာတစ်ခုရှိကြောင်းကို လျင်မြန်စွာ သဘောပေါက်ကြလိမ့်မည်။ ၎င်းတို့သည် ဤအခြေအနေများကို မည်သူက ကြိုးကိုင်ခြယ်လှယ်နေသည်ကိုလည်းကောင်း၊ ၎င်းတို့၏ စိတ်သဘောထား အနှစ်သာရက အဘယ်အရာဖြစ်သည်ကိုလည်းကောင်း လျင်မြန်စွာ ပိုင်းခြားသိမြင်နိုင်ကြလိမ့်မည်။ ၎င်းတို့သည် ပြဿနာ၏ ဆိုးရွားမှုကို လျင်မြန်စွာ သဘောပေါက်ကာ၊ အချိန်တိုအတွင်း ဆိုးယုတ်သောသူတို့ကို တားဆီးပြီး ကန့်သတ်နိုင်မည်ဖြစ်ပြီး၊ ၎င်းတို့ကို အသင်းတော်မှ ဖယ်ရှားကာ အသင်းတော်အတွင်းရှိ လူတို့ကို ဆက်လက်၍ အနှောင့်အယှက်ပေးခြင်းနှင့် ဘောင်ခတ်ခြင်းတို့မှ ၎င်းတို့ကို တားဆီးနိုင်မည်ဖြစ်သည်။ ဤသည်မှာ လူအများစုအတွက် အကျိုးရှိပြီး တည်ဆောက်စရာဖြစ်မည် မဟုတ်လော။ (ဟုတ်ပါသည်။)

ဆိုးယုတ်သောလူများက အဆင့်အတန်းအတွက် ပြိုင်ဆိုင်နေသည့် အခြေအနေများကို သင်တို့ ကြုံတွေ့ရပါက၊ ၎င်းတို့ကို မည်သို့ ကိုင်တွယ်လိမ့်မည်နည်း။ လူအများစု၏ အမြင်မှာ အဘယ်နည်း။ (ကျွန်ုပ်တို့သည် ဤအပြုအမူကို တားဆီးပါမည်။) တားဆီးရုံမျှသာလော။ သင်တို့အနေဖြင့် မည်သို့ တားဆီးလိမ့်မည်နည်း။ ၎င်းတို့ကို စကားမပြောရန် သင်တို့ တားမြစ်မည်လော၊ သို့မဟုတ် “သင်ပြောသည့်အရာကို ကျွန်ုပ်တို့ မကြိုက်ပါ၊ ထို့ကြောင့် နောင်စုဝေးပွဲများတွင် စကားနည်းနည်းသာ ပြောပါ” ဟု ပြောမည်လော။ ယင်းက အလုပ်ဖြစ်မည်လော။ ၎င်းတို့သည် သင့်ကို နားထောင်မည်လော။ (နားထောင်မည်မဟုတ်ပါ။) သို့ဆိုလျှင်၊ သင်တို့ မည်သည့်အရာကို လုပ်သင့်သနည်း။ သင်တို့အနေဖြင့် လူ့အကြိုက်လိုက်သူတစ်ဦးဖြစ်ခြင်းထက်လည်းကောင်း၊ သင်တို့က ရပ်တည်ချက်ယူပြီး “သူတို့ကို စုဝေးပွဲများတွင် နောက်ထပ် ခွင့်မပြုသင့်တော့ပါ” ဟု မပြောမီ အသင်းတော်၏ ခေါင်းဆောင်များနှင့် အမှုဆောင်များက ဆိုးယုတ်သောလူတို့ကို ဖော်ထုတ်ဖို့အတွက်သာ စောင့်ဆိုင်းခြင်းထက်လည်းကောင်း ညီအစ်ကို မောင်နှမများက ထိုသို့သော လူများနှင့် ၎င်းတို့ လုပ်ရပ်များ၏ သဘာဝကို ပိုင်းခြားသိမြင်နိုင်ပြီး သတိထားနိုင်ရန်အလို့ငှာ ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့်အညီ ၎င်းတို့၏ ရည်ရွယ်ချက်များ၊ စေ့ဆော်မှုများနှင့် သဘာဝအနှစ်သာရကို သင်တို့ စေ့စေ့စပ်စပ် ဖော်ထုတ်ပြီး စိစစ်ရန် လိုအပ်သည်။ လူ့အကြိုက်လိုက်သူတစ်ဦး ဖြစ်ခြင်းသည် ကောင်းသလော။ (မကောင်းပါ။) ထိုသို့သောအခြေအနေများနှင့် ရင်ဆိုင်ရသည့်အခါ၊ လူအများစုသည် ထိုဆိုးယုတ်သောလူများကို စိတ်အနှောင့်အယှက်ပေးမိပြီး နောက်ပိုင်းတွင် ၎င်းတို့နှင့် ဆက်ဆံရန် ခက်ခဲမည်ကို ရှောင်ရှားနိုင်ရန်အလို့ငှာ၊ ထိုဆိုးယုတ်သောလူများနှင့် အချင်းဖြစ်ပွားခြင်းထက်၊ ဤကိစ္စရပ်များကို ရှောင်တိမ်းပြီး အဝေးမှနေရန် ပို၍နှစ်သက်ကြသည် မဟုတ်လော။ လူအများစုသည် လူ့အကြိုက်လိုက်သူတစ်ဦးဖြစ်ခြင်းဟူသည့် လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် စည်းမျဉ်းကို လိုက်နာစောင့်ထိန်းကြသည် မဟုတ်လော။ (ဟုတ်ပါသည်။) သို့ဆိုလျှင် ယင်းမှာ ပြဿနာတစ်ခု ဖြစ်သည်။ အသင်းတော်တစ်ခုရှိ ရှစ်ဆယ်ရာခိုင်နှုန်းသော လူတို့သည် လူ့အကြိုက်လိုက်သူများဖြစ်ကြပြီး၊ ၎င်းတို့အနေဖြင့် ထိုသို့သော ဆိုးယုတ်သည့် ပုဂ္ဂိုလ်များက အသင်းတော်အသက်တာတွင် အဆင့်အတန်း၊ သာလွန်မှုနှင့် ခေါင်းဆောင်များအဖြစ် ရာထူးများအတွက် ပြိုင်ဆိုင်သည်ကို မြင်သည့်အခါ၊ မည်သူမျှ ၎င်းတို့ကို တားဆီးရန် သို့မဟုတ် ကန့်သတ်ရန် မထကြဘဲ၊ လူအများစုက “ပြဿနာနည်းလေ ပိုကောင်းလေ။ ငါက သူတို့ကို ရန်စဖို့ မတတ်နိုင်ပါ။ ထို့ကြောင့် ရှောင်လိုက်၍မရသလော။ သူတို့နှင့် ကင်းရှင်းအောင်သာ နေလိုက်မည်ဖြစ်ပြီး ထိုကိစ္စ ပြီးသွားလိမ့်မည်။ သူတို့ ပြိုင်ဆိုင်ကြပါစေ။ အချိန်တန်သည့်အခါ ဘုရားသခင်က သူတို့ကို အပြစ်ပေးလိမ့်မည်။ ထိုအရာသည် ငါနှင့် မည်သည့် ပတ်သက်မှုရှိသနည်း” ဟူသော အမြင်ကို စွဲကိုင်ထားသည်ဟု ဆိုကြပါစို့။ ဤအခြေအနေများအောက်တွင်၊ အသင်းတော်အသက်တာသည် အကျိုးဖြစ်ထွန်းနိုင်သေးသလော။ လူအများစုသည် ပျင်းရိပြီး မှီခိုတတ်သည်၊ အသင်းတော်၏ခေါင်းဆောင်များကို ရွေးကောက်တင်မြှောက်ပြီးသည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့သည် မိမိတို့၏အလုပ် ပြီးပြီဟု မှတ်ယူကြပြီး၊ အသင်းတော်၏ခေါင်းဆောင်များက အရာအားလုံးအား လုပ်ဆောင်သည်ကို စောင့်ဆိုင်းရုံစောင့်ဆိုင်းကြသည်။ အကယ်၍ သင်က ၎င်းတို့၏အသင်းတော်တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်စာအုပ်များ ဖြန့်ဝေပြီးခြင်း ရှိမရှိ၊ အသင်းတော်အသက်တာတွင် အဖျက်အမှောင့်လုပ်ခြင်းများ သို့မဟုတ် နှောင့်ယှက်ခြင်းများ တစ်ခုတလေရှိခဲ့ခြင်း ရှိမရှိ၊ သို့မဟုတ် တစ်ဦးတလေက အမြဲတစေ စကားလုံးများနှင့် အယူဝါဒများကို လေရှည်ခြင်း သို့မဟုတ် ခေါင်းဆောင်များနှင့် အဆင့်အတန်းအတွက် ပြိုင်ဆိုင်ခြင်း ရှိမရှိဟူသည်တို့ကို ၎င်းတို့အား မေးမြန်းပါက၊ ၎င်းတို့က၊ “ဤအရာများအားလုံးကို အသင်းတော်ခေါင်းဆောင်များက သိကြသည်။ ထိုအကြောင်းများကို ကျွန်ုပ် မသိသည့်အပြင် ယင်းတို့နှင့်ပတ်သက်၍ ဒုက္ခခံရန် မလိုပါ။ အချိန်တန်သည့်အခါ ထိုအရာများကို ခေါင်းဆောင်များက တာဝန်ယူလိမ့်မည်”ဟု ပြောကြသည်။ ၎င်းတို့သည် မည်သည့်အရာကိုမျှ စိတ်ဝင်စားခြင်းမရှိ သို့မဟုတ် မေးမြန်းခြင်းမရှိ၊ မည်သည့်အရာကိုမျှ မသိရှိကြသည့်အပြင်၊ ၎င်းတို့ သိသင့်သည့် အသင်းတော်အသက်တာတွင် ပါဝင်သော လူများ၊ ဖြစ်ရပ်များ၊ သို့မဟုတ် အမှုအရာများထဲမှ တစ်ခုကိုမျှ မသိသကဲ့သို့ ဂရုလည်းမစိုက်ကြပေ။ အသင်းတော်တွင် ပေါ်ပေါက်လာသော ဤဆိုးယုတ်သောလူများက အဆင့်အတန်းအတွက် ပြိုင်ဆိုင်နေသည့်အခါ ပြောဆိုပြုမူသည့်အရာများအပြင်၊ အသင်းတော်အသက်တာအပေါ် ၎င်းတို့ ဖြစ်ပေါ်စေသည့် နှောင့်ယှက်မှုများ၊ သက်ရောက်မှုများနှင့် ပတ်သက်လာသည့်အခါ၊ ၎င်းတို့သည် ဤအရာကို လုံးဝ လျစ်လျူရှုပြီး၊ ဤအရာများနှင့်ပတ်သက်၍ မစုံစမ်း၊ မမေးမြန်းကြပေ။ အားလုံးပြီးသွားသည့်နောက်တွင်၊ အကယ်၍ သင်က ၎င်းတို့အား ပိုင်းခြားသိမြင်နိုင်စွမ်း တစ်စုံတစ်ရာ ရရှိခဲ့ခြင်း ရှိမရှိ၊ ဆိုးယုတ်သောလူများကို ပိုင်းခြားသိမြင်နိုင်ခြင်း ရှိမရှိဟူသည်နှင့် ဆိုးယုတ်သောလူများ၏ သရုပ်သကန်များမှာ အဘယ်အရာဖြစ်သည်ဟူသည်တို့ကို မေးမြန်းပါက၊ ၎င်းတို့က “အသင်းတော်ခေါင်းဆောင်များ မေးလိုက်ပါ။ အရာရာကို၊ သူတို့သိကြသည်”ဟူသည်မှလွဲ၍ မည်သည့်အရာကိုမျှ မပြောနိုင်ကြပေ။ ထိုသို့သောလူသည် ကျေးကျွန်တစ်ဦး မဟုတ်လော။ သူသည် ကျေးကျွန်တစ်ဦးဖြစ်သည်၊ သူသည် သတ္တိနည်းပြီး အသုံးမကျသူဖြစ်ကာ ယုတ်ညံ့သော ဖြစ်တည်မှုကို အသက်ရှင်နေထိုင်နေသည်။ ဆိုးယုတ်သောလူများက အဆင့်အတန်းအတွက် ပြိုင်ဆိုင်နေသည့် အခြေအနေများသည် ပိုင်းခြားသိမြင်မှု၊ ကိုင်တွယ်မှုနှင့် ဖြေရှင်းမှုတို့ လိုအပ်သည်။ ဤသည်မှာ အသင်းတော်ခေါင်းဆောင်များ၏ တာဝန်တစ်ခုတည်းသာ မဟုတ်။ ဘုရားသခင် ရွေးချယ်ထားသောလူအားလုံးတွင် ဤတာဝန်ရှိသည်။ ခေါင်းဆောင်အများစုသည် သာမန်လူတစ်ဦးထက် သမ္မာတရားအချို့ကို ပို၍ နားလည်ကြသည်၊ ဤပြဿနာများကို သတိပြုမိကြပြီး၊ ဤလူတို့ လုပ်ရပ်များ၏ ရည်မှန်းချက်များနှင့် အနှစ်သာရကို မြင်နိုင်ကြသည်။ တစ်ချိန်တည်းတွင်၊ လူအများစုသည်လည်း လက်တွေ့ကျကျ သင်ခန်းစာများ သင်ယူပြီး ပိုင်းခြားသိမြင်နိုင်စွမ်းတွင် တိုးပွားသင့်ကာ၊ အသင်းတော်ထဲက တရားမျှတစိတ်ရှိပြီး၊ သမ္မာတရားကို နားလည်ကာ လိုက်စားသောသူတို့နှင့် သဘောထားချင်းကိုက်ညီလျက် စည်းလုံးသင့်သည်။ အသင်းတော်အသက်တာကို နှောင့်ယှက်ပြီး အဖျက်အမှောင့်လုပ်သည့် ဤဆိုးယုတ်သော တစ်ဦးတစ်ယောက်ချင်းစီတို့ကို ဆန့်ကျင်၍ သင့်လျော်သော လုပ်ဆောင်ချက်များကို လုပ်ဆောင်သင့်သည်။ ၎င်းတို့သည် ဘာမျှမလုပ်ဘဲရပ်နေခြင်း၊ ဤပြဿနာများနှင့် ရင်ဆိုင်ရသည့်အခါ မိတ်သဟာယအနည်းငယ်ကို နားထောင်ခြင်း၊ မိမိတို့၏ အမြင်များကို ကျယ်စေကာ အခြေအနေကို သဘောပေါက်ရုံမျှဖြင့် ပြီးပြီဟု မှတ်ယူခြင်းမျှထက်၊ ၎င်းတို့ကို သီးခြားခွဲထားခြင်း သို့မဟုတ် ရှင်းလင်းပစ်ခြင်းပြုသင့်ပေသည်။ ဤသည်မှာ အသင်းတော်အသက်တာသည် အသင်းတော်ခေါင်းဆောင်များနှင့်သာ သက်ဆိုင်သည့်အရာတစ်ခု မဟုတ်သောကြောင့်ဖြစ်ပြီး၊ ကောင်းမွန်သော အသင်းတော်အသက်တာကို အသက်ရှင်ခြင်းနှင့် အသင်းတော်အသက်တာ၏ ပုံမှန်အစီအစဉ်ကို ထိန်းသိမ်းခြင်းသည် အသင်းတော်ခေါင်းဆောင်များ၏ တာဝန်တစ်ခုတည်းသာ မဟုတ်သောကြောင့် ဖြစ်သည်။ ယင်းကို ထိန်းသိမ်းရန် လူတိုင်းက စုပေါင်း၍ ထကြွအားထုတ်ရန် လိုအပ်သည်။

အဆင့်အတန်းအတွက် ပြိုင်ဆိုင်သောသူများဖြစ်သည့်ပဉ္စမမြောက်ပြဿနာတွင် ဖော်ပြခဲ့သည့် အမျိုးအစားသည် အသင်းတော်အသက်တာအတွင်းတွင် မကြာခဏ ပေါ်ပေါက်လေ့ရှိသည်။ ၎င်းတို့၏ အထင်ရှားဆုံးသော သရုပ်သကန်မှာ အဆင့်အတန်းအတွက် အသင်းတော်ခေါင်းဆောင်များနှင့် ပြိုင်ဆိုင်ခြင်းဖြစ်ပြီး၊ ထို့နောက်တွင် ညီအစ်ကိုမောင်နှမများထဲမှ ကောင်းမွန်သည့် အစွမ်းအစ ပိုင်ဆိုင်ပြီးသမ္မာတရားကို အတော်အတန် ဖြူစင်မှုဖြင့် နားလည်သဘောပေါက်သောသူများ၊ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ရှိသောသူများ၊ သမ္မာတရား စည်းမျဉ်းများကို နားလည်သောသူများနှင့် အဆင့်အတန်းအတွက် ပြိုင်ဆိုင်ခြင်း၊ ဤပုဂ္ဂိုလ်များကို မကြာခဏ စိန်ခေါ်ခြင်းဖြစ်သည်။ ဤလူတို့သည် အသင်းတော်အသက်တာတွင် အချို့သော နားလည်မှုစစ်စစ်များနှင့် အလင်းတို့ကို မကြာခဏ မိတ်သဟာယဖွဲ့ကြပြီး တန်ဖိုးရှိကာ လက်တွေ့ကျသော သိနားလည်မှု ပေးသည့် အချို့သော ပုဂ္ဂိုလ်ရေးဆိုင်ရာ အတွေ့အကြုံများကို မျှဝေကြသည်။ ဤအရာက ညီအစ်ကိုမောင်နှမများကို များစွာ အထောက်အကူပြုပြီး တည်ဆောက်ပေးသည်။ ၎င်းတို့၏ မိတ်သဟာယဖွဲ့ခြင်းကို ကြားပြီးနောက်၊ ညီအစ်ကိုမောင်နှမများသည် လမ်းကြောင်းတစ်ခု ရရှိကြပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မည်သို့ လက်တွေ့လုပ်ဆောင်ပြီး တွေ့ကြုံရမည်ဟူသည်နှင့် မိမိတို့၏ ကိုယ်ပိုင်ပြဿနာများအား မည်သို့ ဖြေရှင်းရမည်ဟူသည်တို့ကို သိရှိကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ လမ်းပြမှုအတွက် အလွန် ကျေးဇူးတင်ရှိကြပြီး တစ်ချိန်တည်းတွင်၊ သမ္မာတရားကို နားလည်သဘောပေါက်မှု စစ်စစ်နှင့် လက်တွေ့ကျသော အတွေ့အကြုံများ ရှိသောသူတို့ကို လေးစားပြီး အထင်ကြီးကြသည်။ သို့ဖြစ်၍၊ ၎င်းတို့သည် ဤပုဂ္ဂိုလ်များကို အထင်ကြီးလေးစားပြီး ၎င်းတို့ထံ တိုးဝင်ချဉ်းကပ်လေ့ရှိကြသည်။ အသင်းတော်အသက်တာတွင် ဘုရားသခင်ကို နှစ်သက်စေသည့် ဤအပြုသဘောဆောင်သည့်အရာများ ပေါ်ပေါက်လာခြင်းသည် အဆင့်အတန်းအတွက် ပြိုင်ဆိုင်သောသူတို့က လုံးဝမြင်တွေ့လိုခြင်းမရှိသည့်အရာ ဖြစ်သည်။ တစ်စုံတစ်ဦးက လက်တွေ့ကျသော အတွေ့အကြုံများအား မိတ်သဟာယဖွဲ့သည်ကို ၎င်းတို့ မြင်သည့်အခါတိုင်း၊ ၎င်းတို့သည် အထူးသဖြင့် အနေခက်လျက် မသက်မသာဖြစ်ပြီး မနာလိုဖြစ်ကြသည်။ ထိုသို့ အနေရခက်ရာတွင်၊ ၎င်းတို့သည် အာခံခြင်း၊ မထီမဲ့မြင်ပြုခြင်းနှင့် မကျေနပ်ခြင်းတို့၏ အမူအရာကို ပြသကြပြီး၊ လက်တွေ့ကျသော အတွေ့အကြုံများရှိပြီး သမ္မာတရားကို နားလည်သောသူတို့အား မည်သို့ မိုက်မဲသည့်ပုံပေါက်စေမည်ဟူသည့်အပြင်၊ ညီအစ်ကိုမောင်နှမများက ၎င်းတို့၏ အားနည်းချက်များနှင့် ချို့ယွင်းချက်များကို မြင်တွေ့စေပြီး၊ ၎င်းတို့ကို အထင်မကြီးတော့ဘဲ သို့မဟုတ် ၎င်းတို့ထံ မချဉ်းကပ်တော့အောင် မည်သို့ပြုလုပ်မည်ဟူသည်ကို ၎င်းတို့၏ စိတ်နှလုံးထဲတွင် မကြာခဏ တွက်ချက်နေကြသည်။ ထို့ကြောင့်၊ အဆင့်အတန်းအတွက် ပြိုင်ဆိုင်သောသူတို့သည် အချို့အရာများကို ပြောဆိုပြီး အချို့သော လုပ်ရပ်များကို လုပ်ဆောင်ရန် သေချာပေသည်။ ၎င်းတို့သည် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များကို မျှဝေသောသူများနှင့် သမ္မာတရားကို မိမိတို့၏ မကြာခဏ မိတ်သဟာယဖွဲ့ခြင်းက ညီအစ်ကိုမောင်နှမများ၏ အသက်ဝင်ရောက်မှုကို ထောက်ပံ့ပေးပြီး ကူညီပေးသောသူတို့ကို တိုက်ခိုက်ပြီး ဖယ်ကြဉ်ကြသည်။ ၎င်းတို့သည် ဘုရားသခင် ရွေးချယ်ထားသောလူများကို သမ္မာတရားကို မကြာခဏ မိတ်သဟာယဖွဲ့ပြီး အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များကို မျှဝေသောသူအားလုံးနှင့် အလှမ်းဝေးစေရန် ရည်ရွယ်လျက် အပြုသဘောဆောင်သော ပုဂ္ဂိုလ်များ၏ အပြစ်အနာအဆာကို မကြာခဏ ရှာဖွေအသုံးချပြီး ၎င်းတို့၏ အားနည်းချက်များကို ဖော်ထုတ်ကြသည်။ အချုပ်အားဖြင့်ဆိုသော်၊ အဆင့်အတန်းအတွက် ပြိုင်ဆိုင်သောသူတို့သည် အသင်းတော်ထဲသို့ စိမ့်ဝင်လာပြီး စာတန်၏ အစေခံများ အခန်းကဏ္ဍကို ဆောင်ရွက်သည့် အပျက်သဘောဆောင်သော ပုဂ္ဂိုလ်များ ဖြစ်ကြသည်။

ဘုရားသခင်ကို မယုံကြည်မီက လိင်ပိုင်းဆိုင်ရာ ဆက်ဆံရေးတွင် အမှားများ ကျူးလွန်ခဲ့သည့် ညီအစ်မတစ်ဦးသည် ယုံကြည်သူတစ်ဦး ဖြစ်လာပြီးနောက် နောင်တရကာ ထိုသို့သော အမှားများကို နောက်တစ်ကြိမ် မပြုလုပ်တော့ပေ။ သူမသည် သူမ၏ ယခင်ပြစ်မှားခြင်းများအတွက် အလွန် နောင်တရသောကြောင့်၊ ညီအစ်ကိုမောင်နှမများနှင့် ဖွင့်ဟကာ မိတ်သဟာယဖွဲ့ခဲ့သည်။ ဖွင့်ဟခြင်းနှင့် မိတ်သဟာယဖွဲ့ခြင်းတို့၏ ရည်ရွယ်ချက်နှင့် စည်းမျဉ်းမှာ အဘယ်နည်း။ ယင်းမှာ ညီအစ်ကိုမောင်နှမများအကြား အချင်းချင်း နားလည်မှုကို တိုးပွားစေပြီး အတွင်းပိုင်း အတားအဆီးများကို ဖယ်ရှားရန် ဖြစ်သည်။ ညီအစ်ကိုမောင်နှမအများစုသည် သမ္မာတရားကို နားလည်ပြီးနောက်၊ မိမိတို့၏ ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးခြင်း ထုတ်ဖော်ပြမှုများနှင့် ယခင်ပြစ်မှားခြင်းများကို ဖွင့်ဟကာ မိတ်သဟာယဖွဲ့နိုင်ကြသည့် တစ်ချိန်တည်းတွင် ဘုရားသခင်၏ ကယ်တင်ခြင်းအတွက် ကျေးဇူးတင်ရှိခြင်းနှင့် ချီးမွမ်းခြင်းကိုလည်း ဖော်ပြကြသည်။ ထိုသို့သော ဖွင့်ဟခြင်းနှင့် မိတ်သဟာယဖွဲ့ခြင်းသည် သင့်လျော်သလော။ (သင့်လျော်ပါသည်။) သမ္မာတရားကို နားလည်ပြီးနောက်၊ ညီအစ်ကိုမောင်နှမအများစုသည် ဤနည်းအတိုင်း ဖွင့်ဟပြီး မိတ်သဟာယဖွဲ့နိုင်ကြသည်။ ဤအရာက ပြဿနာတစ်ခု ဖြစ်စေသလော။ (မဖြစ်စေပါ။) လူတို့သည် ဘုရားသခင်ကို မယုံကြည်မီက လိင်ပိုင်းဆိုင်ရာ ဆက်ဆံရေး သို့မဟုတ် အခြားကိစ္စရပ်များတွင် အမှားအချို့ ကျူးလွန်ခဲ့ခြင်းမှာ အလွန် ပုံမှန်ပင်ဖြစ်သည်။ အချို့လူများသည် ဤအမှားများအကြောင်းကို ပြောဆိုနိုင်ကြစဉ်တွင်၊ အချို့မှာမူ မိမိတို့ကိုယ်ကို ဖုံးကွယ်ပြီး ဟန်ဆောင်ကြကာ အခြားသူများက မည်သို့ပင် ဖွင့်ဟပြီး မိမိတို့ကိုယ်ကို ချပြခြင်းကို လက်တွေ့လုပ်ဆောင်သည်ဖြစ်စေ ၎င်းတို့ကိုယ်တိုင်မှာမူ ဘာကိုမျှ မပြောကြပေ။ ၎င်းတို့သည် ဤအမှားများမှာ ၎င်းတို့၏ ဖော်ထုတ်မပြောချင်သော လျှို့ဝှက်ချက်များဖြစ်သည်၊ ၎င်းတို့၏ ဂုဏ်သတင်း၊ သိက္ခာနှင့် အဆင့်အတန်းတို့ ဆုံးရှုံးသွားမည်စိုးသဖြင့် မည်သူ့ကိုမျှ အသိပေး၍မရသည့်အရာဖြစ်သည်ဟု ယုံကြည်ကြသည်။ သို့သော်၊ အချို့လူများသည် အမှုအရာများကို ကွဲပြားစွာ နားလည်သဘောပေါက်ကြသည်။ ၎င်းတို့အနေဖြင့် ဘုရားသခင်ကို ယုံကြည်ပြီး ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံပြီးဖြစ်သည့်အတွက်၊ မိမိတို့၏ ယခင်က မှားယွင်းသော လုပ်ဆောင်မှုများနှင့် လျှောက်လှမ်းခဲ့သော မှားယွင်းသည့် လမ်းကြောင်းများအကြောင်းကို ယခု ဖွင့်ဟပြီး မိတ်သဟာယဖွဲ့သင့်ကာ၊ စိတ်ဖြာလေ့လာဆွေးနွေးရန် ထုတ်ပြသင့်ကြောင်းနှင့် ဤအရာများမှာ စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကို ခံထားရသော လူသားများအနေဖြင့် ၎င်းတို့ ဖြတ်သန်းခဲ့ရသည့်အရာများသာ ဖြစ်ကြောင်း ယုံကြည်ကြသည်။ ယခုတွင်၊ ၎င်းတို့က ဖွင့်ဟနိုင်ကြသည်၊ မိမိတို့ကိုယ်ကို ချပြနိုင်ကြသည်၊ မိတ်သဟာယဖွဲ့နိုင်ကြလေသည်။ ယင်းမှာ အတိတ်ကို ပြန်လည်သုံးသပ်ရန်ဖြစ်စေ၊ အတိတ်ကို အဆုံးသတ်ရန်ဖြစ်စေ၊ ဤလူတို့က ဤအရာကို ပြုလုပ်နိုင်သည့်အချက်က သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းအပေါ် ၎င်းတို့၏ သဘောထားမှာ အဘယ်အရာဖြစ်သည်ကို သက်သေပြပေသည်။ ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် လိုလားကြပြီး၊ ယင်းကို လက်တွေ့လုပ်ဆောင်ရန် စိတ်ပိုင်းဖြတ်မှု ရှိကြသည်။ လူတစ်ဦးသည် အတိအကျ မည်သို့ လက်တွေ့လုပ်ဆောင်သည်ဟူသည်မှာ ၎င်းတို့၏ နားလည်သဘောပေါက်မှုနှင့် စိတ်ပိုင်းဖြတ်မှုအပေါ် မူတည်သည်။ သို့သော်၊ မိမိကိုယ်ကို ဖွင့်ဟပြီး ချပြခြင်းသည် ဧကန်မုချ အမှားတစ်ခုမဟုတ်သည့်အပြင်၊ သာ၍ပင် အပြစ်တစ်ခု မဟုတ်ပေ။ ယင်းကို တစ်စုံတစ်ဦးအပေါ် အကြောင်းပြချက်တစ်ခုအဖြစ် အသုံးမပြုသင့်သည့်အပြင်၊ အခြားလူတစ်ဦးက ၎င်းတို့ကို တိုက်ခိုက်ရန် အသုံးပြုသည့် သက်သေအထောက်အထားတစ်ခု သာ၍ပင် ဖြစ်မလာသင့်ပေ။ လူအများစုသည် ဤကိစ္စကို မှန်ကန်စွာ သဘောထားနိုင်ကြသည်။ ဆိုလိုသည်မှာ၊ ယင်းအပေါ် ၎င်းတို့၏ နားလည်သဘောပေါက်မှုသည် ဖြူစင်ပြီး သမ္မာတရား စည်းမျဉ်းများနှင့် ကိုက်ညီပေသည်။ သို့သော်၊ ဆိုးယုတ်သော ပုဂ္ဂိုလ်များသည် မှားယွင်းသော ရည်ရွယ်ချက်များကို ထားရှိကြသည်။ ၎င်းတို့သည် လူတို့ကို လှောင်ပြောင်ရန်၊ ကစားရန်နှင့် ဝေဖန်ရန် လူတို့နှင့်ပတ်သက်သည့် အကြောင်းအရာများကို မရမက အမိအရ အသုံးချကြသည်။ ထိုသို့သော ဒုစရိုက်အမှုများသည် အတော်အတန် သိသာထင်ရှားသည်။ မိမိတို့ကိုယ်ကို ချပြနိုင်ပြီး၊ ဖွင့်ဟကာ၊ မိမိတို့၏ ဖောက်ပြန်ပျက်စီးမှုနှင့် လျှောက်လှမ်းခဲ့သော မှားယွင်းသည့် လမ်းကြောင်းများကို မိတ်သဟာယဖွဲ့နိုင်သောသူတို့သည် သမ္မာတရားနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် ၎င်းတို့၏ ချဉ်းကပ်နည်းတွင် ဖြောင့်မတ်ခြင်းတရားကို ဆာငတ်မွတ်သိပ်သော စိတ်နှလုံးများ ပိုင်ဆိုင်ကြသည်။ အကျိုးဆက်အနေဖြင့်၊ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုသည်နှင့်အမျှ၊ မသိလိုက်ဘဲ လက်တွေ့ကျသော သိနားလည်မှုများနှင့် ထိုးထွင်းသိမြင်မှုအသစ်အချို့ကို ရရှိကြလေသည်။ ဤလက်တွေ့ကျသော နားလည်မှုများနှင့် ထိုးထွင်းသိမြင်မှုများသည် ၎င်းတို့အား အခက်အခဲများနှင့် ရင်ဆိုင်ရသည့်အခါတွင်လည်းကောင်း၊ ၎င်းတို့၏ဘဝတွင် ဖြစ်ပေါ်သည့် များပြားလှသော အခြေအနေများတွင်လည်းကောင်း လက်တွေ့လုပ်ဆောင်ရန် လမ်းကြောင်းကို ရှာဖွေတွေ့ရှိဖို့ ကူညီပေးပြီး၊ သမ္မာတရားနှင့်ပတ်သက်၍ စစ်မှန်သော အတွေ့အကြုံဆိုင်ရာ နားလည်သဘောပေါက်မှုအချို့ဆီသို့ ပို့ဆောင်ပေးသည်။ ဤစစ်မှန်သော အတွေ့အကြုံဆိုင်ရာ နားလည်သဘောပေါက်မှုများကို မိတ်သဟာယဖွဲ့ခြင်းသည် အခြားသူများကို တည်ဆောက်စရာဖြစ်ပြီး အထောက်အကူပြုသည်။ ညီအစ်ကိုမောင်နှမများသည် ဤပုဂ္ဂိုလ်များကို အားကျလေးစားမှုဖြင့် ကြည့်ကြလိမ့်မည်ဖြစ်ပြီး၊ “သင်၏ လက်တွေ့ကျသော အတွေ့အကြုံများမှာ အမှန်တကယ် အံ့ဩဖွယ်ကောင်းပါသည်တကား။ ယင်းတို့အကြောင်း ကြားပြီးနောက်၊ ကျွန်ုပ်လည်း နက်ရှိုင်းစွာ ကိုယ်ချင်းစာနိုင်ပါသည်။ သင်၏ လက်တွေ့လုပ်ဆောင်ပုံနည်းလမ်းသည် မှန်ကန်ပြီး ဘုရားသခင်က ကောင်းချီးပေးသည်ကို ကျွန်ုပ် မြင်ပါသည်။ ကျွန်ုပ်သည်လည်း ကျွန်ုပ်၏ ကိုယ်ပိုင်အယူအဆများနှင့် မလိုမုန်းထားမှုများကို လက်လွှတ်ကာ ကျွန်ုပ်၏ ဝန်ထုပ်ဝန်ပိုးများကို ချပစ်လိုပါသည်။ ကျွန်ုပ်သည် သမ္မာတရားကို ရိုးရှင်းသောနည်းလမ်းဖြင့် လက်တွေ့လုပ်ဆောင်ပြီး သင်ကဲ့သို့ ဘုရားသခင်၏ ဉာဏ်အလင်းပေးခြင်းနှင့် လမ်းညွှန်မှုကို လက်ခံရရှိလိုပါသည်။ ဤလမ်းကြောင်းသည် မှန်ကန်သောလမ်းကြောင်း ဖြစ်သည်”ဟု ပြောဆိုကြလိမ့်မည်။ ဤသရုပ်သကန်များသည် အတော်အတန် ပုံမှန်ဖြစ်သည် မဟုတ်လော။ ညီအစ်ကိုမောင်နှမများကြားတွင် ထိုသို့သော ဆက်ဆံရေးတစ်ခု ပေါ်ပေါက်လာခြင်းသည် အလွန် သင့်လျော်သည် မဟုတ်လော။ ဤသည်မှာ ဘုရားသခင်ကို မယုံကြည်သောသူတို့အကြား တွေ့ရှိရသည့် အမျိုးအစားနှင့် ကွဲပြားသည့် လူအချင်းချင်း ဆက်ဆံရေး အမျိုးအစားတစ်ခု ဖြစ်သည်။ ယင်းမှာ ဘုရားသခင်က အသိအမှတ်ပြုပြီး သူမြင်တွေ့လိုသည့်အရာတစ်ခု ဖြစ်သည်။ ညီအစ်ကိုမောင်နှမများအကြား ထိုသို့သော ပုံမှန်ဆက်ဆံရေးတစ်ခု ရှိမှသာလျှင် အသင်းတော်အသက်တာက ပုံမှန်ဖြစ်နိုင်သည်။ သို့သော်၊ လက်တွေ့ကျသော အတွေ့အကြုံများရှိသူများ၊ သမ္မာတရားကို ဆာငတ်မွတ်သိပ်သူများနှင့် အတွေ့အကြုံရှိသူတို့ကို လေးစားပြီး အထင်ကြီးသောသူတို့ကို တိုက်ခိုက်ရန်၊ အသရေဖျက်ရန်နှင့် ဖယ်ကြဉ်ရန် ထကြွသည့် ဆိုးယုတ်သောလူအချို့ သို့မဟုတ် မသမာသောစိတ်ရှိသူအချို့ အမြဲတစေ ရှိလိမ့်မည်။ အဘယ်ကြောင့် ၎င်းတို့သည် ဤပုဂ္ဂိုလ်များကို တိုက်ခိုက်ကြသနည်း။ ၎င်းတို့၏ ရည်ရွယ်ချက်မှာ အသင်းတော်အတွင်း၌ အဆင့်အတန်းတစ်ခုအတွက် ပြိုင်ဆိုင်ရန်မှလွဲ၍ အခြားမဟုတ်ပေ။ အကြောင်းမှာ ၎င်းတို့သည် သမ္မာတရားကို မချစ်၊ လိုက်လည်း မလိုက်စားသောကြောင့်၊ ၎င်းတို့သည် လူတိုင်းကို အထင်အမြင်မှားစေပြီး ၎င်းတို့၏ အထင်ကြီးမှုကို ရရှိရန်အတွက် မမှန်သော အတွေ့အကြုံများကို လုပ်ကြံဖန်တီးခြင်းအားဖြင့် သမ္မာတရားကို လိုက်စားသူများအဖြစ် ဟန်ဆောင်ကြသည်။ ဤသည်မှာ ၎င်းတို့ လိုချင်သော အဆင့်အတန်းနှင့် အာဏာကို ရရှိရန် လူတို့ကို အထင်အမြင်မှားစေပြီး ထိန်းချုပ်သည့် စာတန်၏ နည်းလမ်းများကို အသုံးပြုခြင်း ဖြစ်သည်။ ထိုသို့သော ဖြစ်ရပ်များသည် နေရာတိုင်းရှိ အသင်းတော်များတွင် မကြာခဏ ဖြစ်ပွားပြီး အားလုံး မြင်တွေ့နိုင်သောအရာများ ဖြစ်သည်။ ညီအစ်ကိုမောင်နှမအချို့က သမ္မာတရား လက်တွေ့ကျမှုအချို့ကို ပိုင်ဆိုင်ပြီး၊ စုဝေးပွဲများအတွင်း ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်ဆိုင်သည့် စစ်မှန်သော အတွေ့အကြုံဆိုင်ရာ နားလည်သဘောပေါက်မှုကို မိတ်သဟာယဖွဲ့နိုင်ကာ၊ လူအများ၏ ချီးမွမ်းခြင်းကို ရရှိခဲ့သော်လည်း၊ အကြောင်းတစ်ခုခုကြောင့် အချို့သူတို့၏ တိုက်ခိုက်ခြင်း၊ လက်စားချေခြင်းတို့ကို ခံရပြီး ဒုက္ခဆင်းရဲထဲသို့ ကျရောက်သွားသည်ကို သင်တို့ တွေ့ရှိပါက၊ သင်တို့သည် သတိဝီရိယရှိသင့်ပြီး၊ ဤအပြုအမူတွင် မည်သည့်လူစားမျိုးများ ပါဝင်ပတ်သက်သည်ကို ပိုင်းခြားသိမြင်သင့်သည်။ အဘယ်ကြောင့် သမ္မာတရားကို လိုက်စားသောသူတို့သည် မကြာခဏ တိုက်ခိုက်ခြင်းနှင့် ဖယ်ကြဉ်ခြင်းတို့ကို ခံရသနည်း။ ဤနေရာတွင် အမှန်တကယ် မည်သည့်အရာဖြစ်နေသနည်း။ ဤအရာက ပြဿနာတစ်ခုကို မုချ ညွှန်ပြနေပေသည်။

အသင်းတော်အသက်တာ၌ ခေါင်းဆောင်များနှင့် အမှုဆောင်များကို မကြာခဏ အပြစ်ရှာတတ်သောသူတို့ကို သေချာ အာရုံစိုက်ရမည်။ ထို့အပြင် အချို့လူတို့သည် သမ္မာတရားကို အတော်အသင့် လိုက်စားပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တမ်းတသောသူများကို မကြာခဏ လှောင်ပြောင်ကြသည်၊ သရော်ကြသည်၊ သို့မဟုတ် တိုက်ခိုက်ကြသည်။ ဤအပျက်သဘောဆောင်သော ပုဂ္ဂိုလ်များကိုလည်း ၎င်းတို့၏ နောက်ထပ်လုပ်ရပ်များက မည်သည့်အရာဖြစ်လိမ့်မည်ကို သိရှိရန် နီးကပ်စွာ စောင့်ကြည့်လေ့လာဖို့ လိုအပ်သည်။ တစ်စုံတစ်ဦးက အသင်းတော်အသက်တာ၌ ပါဝင်နေစဉ် တရားမျှတသော အကြောင်းတရားတစ်ခုမျှမရှိဘဲ အသင်းတော်ခေါင်းဆောင်များ၏ အားနည်းချက်များကို ဖော်ထုတ်နိုင်လျှင် သို့မဟုတ် သမ္မာတရား လက်တွေ့ကျမှုရှိသော လူပုဂ္ဂိုလ်များကို တိုက်ခိုက်နိုင်လျှင် ယင်း၏နောက်ကွယ်တွင် ပြဿနာတစ်ခုနှင့် အကြောင်းရင်းတစ်ခု မုချ ရှိပေသည်။ ထိုအရာသည် သေချာပေါက် အကြောင်းတရားမရှိသည် မဟုတ်ပေ။ ဤသည်မှာ သေးငယ်သော ကိစ္စမဟုတ်သောကြောင့် ညီအစ်ကိုမောင်နှမများအနေဖြင့် ထိုသို့သော လူပုဂ္ဂိုလ်များကို အလေးအနက် အာရုံစိုက်သင့်သည်။ တစ်ခါတစ်ရံတွင် လက်တွေ့ကျသော အတွေ့အကြုံနှင့်ဆိုင်သည့် သက်သေခံချက်တစ်ခုကို ကြားပြီး စိတ်နှလုံးထဲ၌ အပြည့်အဝ ကျေနပ်ပျော်ရွှင်မှုကို ခံစားရပြီးကာစတွင်၊ သို့မဟုတ် အလင်းပြမှုနှင့် နားလည်မှု အနည်းငယ်ကို ရရှိပြီးကာစတွင်၊ ဆိုးယုတ်သောလူများ ပြောဆိုသည့် အထင်အမြင်မှားစေသော စကားအနည်းငယ်ကြောင့် လူတစ်ဦးသည် စိတ်ရှုပ်ထွေးသွားနိုင်ပြီး ထိုသို့ဖြင့် မိမိ ရရှိခဲ့ပြီးသမျှ အရာအားလုံးကို ဆုံးရှုံးသွားနိုင်သည်။ လူတစ်ဦးသည် ယုံကြည်ခြင်းအနည်းငယ်ကို တည်ဆောက်စပြုချိန်တွင် ဆိုးယုတ်သောလူများကြောင့် နှောင့်ယှက်ခြင်းခံရပြီး ၎င်းတို့၏ မူလအခြေအနေသို့ ပြန်ရောက်သွားသည်။ ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် စိတ်ပိုင်းဖြတ်မှု အနည်းငယ်နှင့်အတူ၊ သမ္မာတရားနှင့် ဘုရားနှုတ်ကပတ်တော်အတွက် တောင့်တမှုအနည်းငယ် စတင်ဖြစ်ပေါ်ချိန်တွင်၊ စိတ်ထက်သန်မှုနှင့် စိတ်ဓာတ်လှုံ့ဆော်မှုတို့ ဆုံးရှုံးလျက် ဆိုးယုတ်သောလူများ၏ နှောင့်ယှက်ခြင်းကို ခံရပြီးနောက်တွင် ပဋိပက္ခဖြစ်ရာ ဤနေရာကို အမြန်စွန့်ခွာလိုကြသည်။ ဤအကျိုးဆက်များက ဆိုးရွားသလော။ အလွန် ဆိုးရွားလှပေသည်။ သို့ဖြစ်၍ အသင်းတော်၌ မိမိတို့၏ အလိုဆန္ဒများနှင့် မကိုက်ညီသော တစ်စုံတစ်ခုအပေါ် အငြင်းပွားမှုများကို အစဉ်သဖြင့် စတင်သည့်၊ မည်သူက မှန်သည်ကို အငြင်းအခုံပြုသည့်၊ အမှားအမှန်ကို ငြင်းခုံသည့်၊ မည်သူက သာလွန်သည် သို့မဟုတ် နိမ့်ကျသည်ကိုပင် ယှဉ်ပြိုင်သည့် သူတစ်ဦးရှိလျှင် ထိုသို့သော ပုဂ္ဂိုလ်များကို အထူးသတိပြုစောင့်ကြည့်ရမည်။ ၎င်းတို့က အသင်းတော်၌ မည်သည့်အခန်းကဏ္ဍတွင် ပါဝင်သည်၊ မည်သည့်အကျိုးဆက်များကို ၎င်းတို့ ဖြစ်ပေါ်စေသည်ဟူသည်တို့ကို ကြည့်ရှုလော့။ ပြီးလျှင် ဤအရာမှတစ်ဆင့် ၎င်းတို့၏ သဘာဝ အနှစ်သာရက အဘယ်အရာဖြစ်သည်ကို သင် ထိုးထွင်းသိမြင်နိုင်ပေသည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။