ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၁၄) အခန်း နှစ်

အသင်းတော်အသက်တာတွင်၊ အသင်းတော်အသက်တာနှင့် အသင်းတော်၏အလုပ်ကို အဖျက်အမှောင့်လုပ်ခြင်းနှင့် နှောင့်ယှက်ခြင်းတို့ ပါဝင်သည့် အဆင့်အတန်းအတွက် ပြိုင်ဆိုင်ခြင်း၏ အခြားသရုပ်သကန်တစ်မျိုး ရှိသေးသည်။ ဥပမာအားဖြင့် တစ်ခါတစ်ရံ ညီအစ်ကိုမောင်နှမများက ပြဿနာတစ်ခုကို အတူတကွ မိတ်သဟာယဖွဲ့နေချိန်၊ လူတိုင်း၏ မိတ်သဟာယက ဉာဏ်အလင်းအချို့ ရှိသည်။ ၎င်းတို့ မိတ်သဟာယဖွဲ့လေ၊ သမ္မာတရား စည်းမျဉ်းများက ပို၍ရှင်းလင်းပြီး ပို၍နားလည်ရလွယ်ကူလာကာ လက်တွေ့လုပ်ဆောင်ရန် လမ်းကြောင်းကိုလည်း လျင်မြန်စွာ နားလည်လာကြသည်။ သို့သော် တစ်စုံတစ်ဦးက မိတ်သဟာယဖွဲ့ခြင်း၏အရှိန်ကို ဖျက်လိုက်ပြီး အကြောင်းအရာကို အခြားတစ်နေရာရာသို့ ရောက်သွားစေလျက်၊ အဓိကအကြောင်းအရာနှင့်ဆိုင်သည့် မိတ်သဟာယဖွဲ့ခြင်းကို မပြီးမစီးဖြစ်စေလျက် ၎င်းတို့၏ အကြံပြုချက်ဖြစ်သော “ပြောင်မြောက်သော စိတ်ကူး”တစ်ခုကို ရုတ်တရက် မိတ်ဆက်ကောင်းမိတ်ဆက်ပေမည်။ အပေါ်ယံအားဖြင့် ၎င်းတို့သည် အခြားသူများကို သမ္မာတရားအား မိတ်သဟာယဖွဲ့ခြင်းမှ ကန့်သတ်ဖို့ မဆိုထားနှင့်၊ အနှောင့်အယှက်တစ်ခုကိုပင် ဖြစ်စေကြပုံမရသော်လည်း၊ ၎င်းတို့သည် ဤအကြောင်းအရာကို မိတ်ဆက်ရန် သင့်လျော်သောအချိန်ကို မရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ ပြဿနာတစ်ခုကို ဖြေရှင်းရန် သမ္မာတရားကို မိတ်သဟာယဖွဲ့နေသည့် အရေးကြီးသောအချိန်တွင် မိတ်သဟာယဖွဲ့ရန်နှင့် ဆွေးနွေးရန်အတွက် ကိစ္စရပ်အသစ်တစ်ခုကို ထည့်သွင်းခြင်းအားဖြင့် ယခင်ပြဿနာသည် အပြည့်အဝ ပြေလည်မသွားမီတွင် ဖြတ်တောက်ခြင်းခံလိုက်ရသည်။ ဤသည်မှာ အလုပ်ကို တစ်ပိုင်းတစ်စနှင့် စွန့်ပစ်ခြင်း မဟုတ်လော။ ဤအရာက ပြဿနာဖြေရှင်းခြင်းကို မနှောင့်နှေးစေသလော။ ပြဿနာကို မဖြေရှင်းရသေးသည်သာမက သမ္မာတရားအပေါ် လူတို့၏ သိနားလည်မှုသည်လည်း နှောင့်နှေးသွားခဲ့သည်။ ဆင်ခြင်တုံတရားရှိသောလူများက ဤသို့ပြုလုပ်ရန် အလားအလာရှိသလော။ ထိုသို့သောအရာများက အသင်းတော်အသက်တာကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သည်ဟု ဆိုခြင်းသည် လွန်လွန်းသလော။ လွန်လွန်းသည်ဟု ငါ လုံးဝ မထင်ပေ။ ပြဿနာတစ်ခုကို ဖြေရှင်းရန် လူများက သမ္မာတရားကို မိတ်သဟာယဖွဲ့နေသည့်အချိန်တွင် ဤကဲ့သို့ စုဝေးပွဲတစ်ခုကို နှောင့်ယှက်ခြင်းသည် အသင်းတော်အသက်တာကို တမင်တကာ အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်နေခြင်း မဟုတ်လော။ အကယ်၍ တစ်စုံတစ်ဦးသည် ပြဿနာတစ်ခုကို ဖြေရှင်းရန် သမ္မာတရားကို မိတ်သဟာယဖွဲ့နေသည့် အရေးကြီးသောအချိန်များတွင် အစဉ်သဖြင့် ဝင်ရောက်စွက်ဖက်လျှင်၊ ၎င်းတို့သည် အမှုအရာများကို အစဉ်သဖြင့် တိုတိုဖြတ်ရန် ကြိုးစားလျှင်၊ ဤသည်မှာ ဆင်ခြင်တုံတရားမရှိခြင်း ပြဿနာမဟုတ်တော့ပေ။ ထိုအရာသည် ပြဿနာတစ်ခုကို ဖြေရှင်းရန် သမ္မာတရားကို မိတ်သဟာယဖွဲ့နေစဉ် စုဝေးပွဲကို တမင်တကာ နှောင့်ယှက်နေခြင်းဖြစ်သည်။ အသင်းတော်အသက်တာကို အဖျက်အမှောင့်လုပ်ခြင်းနှင့် နှောင့်ယှက်ခြင်းဆိုင်ရာ ဒုစရိုက်အမှု စစ်စစ်သာ ဖြစ်သည်။ အန္တိခရစ်များနှင့် ဆိုးယုတ်သောလူများသာ ဤသို့ပြုလုပ်သည်။ သမ္မာတရားကို မုန်းတီးသောလူများသာ ဤသို့ပြုလုပ်သည်။ မည်သည့်အကြောင်းအရာ သို့မဟုတ် အခြေအနေမျိုးတွင်ဖြစ်စေ၊ ဤကဲ့သို့သောလူများသည် ၎င်းတို့၏ “ပြောင်မြောက်သော စိတ်ကူးများ”ဖြင့် အစဉ်သဖြင့် ထွက်ပေါ်လာရသည်။ ၎င်းတို့သည် မိမိတို့ကို အမြဲ အာရုံစိုက်စေလိုသည်၊ အာရုံစိုက်မှု၏ဗဟိုချက် ဖြစ်လိုကြသည်။ လူတို့ မိတ်သဟာယဖွဲ့နေသည့် အကြောင်းအရာသည် မည်မျှပင် အရေးကြီးပြီး အရေးပါသည်ဖြစ်စေ၊ ၎င်းတို့သည် လူတို့၏အာရုံကို လွှဲပြောင်းရန်နှင့် တစ်မူထူးခြားသည့်ပုံပေါ်လွင်လိုလျက် အဆင့်မြင့်ပုံရသည့် စိတ်ကူးများကို ထုတ်ဖော်ပြောဆိုရန် အစဉ်သဖြင့် ဝင်စွက်ဖက်ကြသည်။ ၎င်းတို့သည် မည်သည့် ထွင်လုံးကို လုပ်ဆောင်ရန် ကြိုးစားနေကြခြင်း ဖြစ်သနည်း။ ၎င်းတို့သည် အဆင့်အတန်းအတွက် ပြိုင်ဆိုင်နေကြခြင်း မဟုတ်လော။ ၎င်းတို့က အခြေအနေကို ထိန်းချုပ်လိုကြသည်။ ၎င်းတို့သည် လူတို့အား သမ္မာတရားကို ပိုမိုနားလည်မှုနှင့် ပိုမိုရှင်းလင်းပြတ်သားမှု မရှိစေလိုကြပေ။ ၎င်းတို့ အလေးထားဆုံးအရာမှာ လူတိုင်းအား ၎င်းတို့ကို အာရုံစိုက်စေခြင်း၊ နားထောင်စေခြင်း၊ နာခံစေခြင်းနှင့် လူတိုင်းက ၎င်းတို့ပြောသည့်အတိုင်း လုပ်ဆောင်စေခြင်း ဖြစ်သည်။ ဤသည်မှာ သိသာထင်ရှားစွာပင် အဆင့်အတန်းအတွက် ပြိုင်ဆိုင်နေခြင်းဖြစ်သည်။ အချို့လူများအတွက်မူ ၎င်းတို့ မည်သည့်အလုပ်ကို လုပ်ဆောင်သည်ဖြစ်စေ၊ တစ်စုံတစ်ခုကို အကောင်အထည်ဖော်ရန်အတွက် တိကျသော စိတ်ကူးများနှင့် အစီအစဉ်များကိုလည်းကောင်း၊ ယင်းတို့ကို အသေးစိတ် အကောင်အထည်ဖော်ရန် တိကျသော အဆင့်များအကြောင်းကိုလည်းကောင်း မိတ်သဟာယဖွဲ့ဖို့ သင်က ၎င်းတို့ကို တောင်းဆိုသည့်အခါ မည်သည့်အရာကိုမျှ မပြောနိုင်ကြပေ။ သို့သော်လည်း ၎င်းတို့သည် ထူးခြားစွာပေါ်လွင်လျက်၊ ဆန်းသစ်ပြီး ထူးချွန်ပြောင်မြောက်သော အရာတစ်ခုကို လုပ်ဆောင်လျက် အဆင့်မြင့်ပုံရသော စိတ်ကူးများကို ထုတ်ဖော်ပြောဆိုခြင်းအား နှစ်သက်ကြသည်။ လက်ရှိအခြေအနေသည် မည်သည့်အရာပင်ဖြစ်စေ၊ အသစ်အဆန်းဖြစ်သော စိတ်ကူးတစ်ခုက ၎င်းတို့ထံ ပေါ်လာသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် စေ့စေ့စပ်စပ် စဉ်းစားဆင်ခြင်ခြင်းမရှိဘဲ အခြားသူများက လက်ခံပြီး သဘောတူရန်အတွက် ထိုစိတ်ကူးကို ဉာဏ်ရွှင်၍ရသည့်အလား မဆင်မခြင် အဆိုပြုကြသည်။ သို့သော် နောက်ဆုံးတွင် လက်တွေ့လုပ်ဆောင်ခြင်းအတွက် တိကျသော လမ်းကြောင်းများကို ဆွေးနွေးရန် တောင်းဆိုခံရသည့်အခါ ၎င်းတို့ အာစေးမိသွားကြသည်။ ၎င်းတို့တွင် အရည်အချင်းမရှိသော်လည်း ကြွားဝါလိုဆဲဖြစ်ပြီး အစဉ်သဖြင့် ပေါ်လွင်ထင်ရှားရန် ရည်ရွယ်သည်။ ၎င်းတို့သည် အခြားသူများ၏ လက်အောက်တွင် မနေလိုကြ၊ သာမန်နောက်လိုက်တစ်ဦး မဖြစ်လိုကြပေ။ ၎င်းတို့သည် အခြားသူများက မိမိတို့အား အထင်သေးမည်ကို အစဉ်သဖြင့် ကြောက်ရွံ့ကြပြီး မိမိတို့၏ အာရုံစွဲဆောင်နိုင်မှုကို အခိုင်အမာပြသလိုကြသည်။ ထို့ကြောင့် ၎င်းတို့သည် ပေါ်လွင်ထင်ရှားရန် အဆင့်မြင့်ပုံရသော စိတ်ကူးများကို အစဉ်သဖြင့် ထုတ်ဖော်ပြောဆိုကြသည်။ ဤသို့ အစဉ်သဖြင့် လုပ်ဆောင်ခြင်းနှင့်ပတ်သက်၍ အကြောင်းရင်းမှာ အဘယ်နည်း။ ၎င်းတို့၏စိတ်ထဲသို့ စိတ်ကူးတစ်ခု ပေါ်လာသည့်အခါ ၎င်းတို့သည် စဉ်းစားခြင်းမရှိဘဲ သို့မဟုတ် ထိုစိတ်ကူး ပြီးပြည့်စုံခြင်းမရှိမီတွင် ကောင်းမွန်ပြီး လက်တွေ့လုပ်ဆောင်ထိုက်သည်ဟု ကြောင်းကျိုးမမြင်ဘဲမှတ်ယူလိုက်ကြသည်။ ၎င်းတို့က ဤစိတ်ကူးကို မဆင်မခြင် တင်ပြသည့်အခါ အခြားလူတို့က နားမလည်ဘဲ မေးခွန်းအချို့ကို ပုံမှန်အားဖြင့် မေးမြန်းကြသည်။ အဖြေမပေးနိုင်သော်လည်း ၎င်းတို့သည် မိမိတို့၏အယူအဆ မှန်ကန်ကြောင်းနှင့် လူတိုင်းက လက်ခံသင့်ကြောင်းကိုပင် အခိုင်အမာ ပြောဆိုနေဆဲဖြစ်သည်။ ဤသည်မှာ မည်သည့် စိတ်သဘောထားမျိုး ဖြစ်သနည်း။ မိမိတို့၏ ကိုယ်ပိုင်အမြင်များကို အခြေအမြစ်မရှိဘဲ မဆုတ်မနစ်ကြိုးပမ်းမှုက မည်သည့် အကျိုးဆက်များကို ဖြစ်ပေါ်စေလိမ့်မည်နည်း။ ယင်းသည် အသင်းတော်၏အလုပ်အတွက် အကျိုးရှိသလော သို့မဟုတ် နှောင့်ယှက်ခြင်း ဖြစ်သလော။ ယင်းသည် ဘုရားသခင် ရွေးချယ်ထားသောလူများအတွက် အကျိုးရှိသလော သို့မဟုတ် ထိခိုက်နစ်နာဖွယ်ဖြစ်သလော။ ၎င်းတို့သည် မည်သည့်တာဝန်ယူစိတ်မျှမရှိဘဲ ဤသို့ပြောဆိုနိုင်သည်။ ၎င်းတို့၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ မိမိတို့ အာရုံစွဲဆောင်ထားနိုင်မှုကို အခိုင်အမာပြသရန်သာ ဖြစ်သည်။ ၎င်းတို့တွင် ထိုသို့သော “ပြောင်မြောက်သည့် စိတ်ကူးများ” ရှိကြောင်း၊ ၎င်းတို့တွင် အစွမ်းအစ၊ ဉာဏ်ရည်နှင့် အရည်အချင်းများရှိကြောင်း အခြားသူများ မသိမည်ကို ၎င်းတို့ ကြောက်ရွံ့ကြသည်။ ၎င်းတို့သည် ဤအသိအမှတ်ပြုမှုကို ရရှိရန်၊ လူအများစုက ၎င်းတို့ကို အထင်ကြီးစေရန်အတွက် ကြိုးပမ်းကြသည်။ အဆုံးတွင် မည်သည့်အရာဖြစ်သနည်း။ ၎င်းတို့သည် အကြံပြုချက်များကို မဆင်မခြင် ပေးကြပြီး အခြားသူများက ၎င်းတို့တွင် အမှန်တကယ် အရည်အချင်းအချို့၊ စစ်မှန်သောအရာတစ်ခုရှိသည်ဟု အစပိုင်းတွင် ထင်ကြသည်။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ ၎င်းတို့သည် စစ်မှန်သော အသိပညာ သို့မဟုတ် ကျွမ်းကျင်မှု ကင်းမဲ့သည့်တိုင် အစဉ်သဖြင့် အဆုံးအဖြတ်ပေးလိုသော လူ့ဗာလများသာဖြစ်ကြောင်း သိသာထင်ရှားလာသည်။ ဤသည်မှာ အဆင့်အတန်းအတွက် ပြိုင်ဆိုင်ခြင်း ဖြစ်သည်။ ၎င်းတို့သည် စစ်မှန်သော အရည်အချင်းမရှိဘဲ အဆုံးအဖြတ်ပေးလိုနေဆဲဖြစ်သည်။ လက်တွေ့လုပ်ဆောင်ခြင်းနှင့်ဆိုင်သည့် တိကျသော လမ်းကြောင်း ကင်းမဲ့လျက်၊ ၎င်းတို့သည် တိကျသော အစီအစဉ်များကို မတင်ပြဘဲ အဆင့်မြင့်ပုံရသော စိတ်ကူးများကို အစဉ်သဖြင့် ၎င်းတို့ ထုတ်ဖော်ပြောဆိုကြသည်။ အကယ်၍ ထိုသို့သောလူများကို အလုပ်တာဝန်များ အမှန်တကယ် အပ်နှင်းခဲ့မည်ဆိုလျှင် အကျိုးဆက်များမှာ မည်သည့်အရာများဖြစ်မည်နည်း။ ယင်းသည် နှောင့်နှေးမှုများကို မုချ ဖြစ်စေမည်ဖြစ်သည်။ ၎င်းတို့သည် မည်သည့်အရာကိုမျှ မပြီးမြောက်နိုင်ချိန်တွင် အဘယ်ကြောင့် အဆင့်အတန်းအတွက် ပြိုင်ဆိုင်ရန်၊ အာဏာကို စွဲကိုင်ရန် အစဉ်သဖြင့် ကြိုးစားကြသနည်း။ ၎င်းတို့သည် ဦးနှောက်ကြောင်တောင်တောင်ဖြစ်နေသည့် လူ့ဗာလများသာ ဖြစ်သည်၊ ပို၍ အံဝင်ခွင်ကျဖြစ်သော အသုံးအနှုန်းများဖြင့် ပြောရလျှင် ၎င်းတို့သည် လုံးဝ ဆင်ခြင်တုံတရား ကင်းမဲ့ကြသည်။ ဘာသာတရားမရှိသူများထဲတွင် အပြောသာရှိပြီး အလုပ်မရှိသည့် ထိုသို့သောလူများ အလွန်များပြားလှသည်။ လူအများစုက ဤလူစားမျိုးအကြောင်း အနည်းငယ် ပိုင်းခြားသိမြင်နိုင်သည်။ အကယ်၍ တစ်စုံတစ်ဦးသည် အဆင့်မြင့်ပုံရသည့် စိတ်ကူးများကို အမြဲ ထုတ်ဖော်ပြောဆိုပြီး အသစ်အဆန်းဖြစ်အောင် ပေါ်လွင်စေလိုလျှင် ထိုသူတို့၏ အယုံသွင်းခြင်းမခံရစေရန် သတိထားသင့်သည်။ အကယ်၍ ထိုးထွင်းသိမြင်သော စိတ်ကူးများရှိပြီး တိကျသော အစီအစဉ်ကိုလည်း တင်ပြနိုင်သည့် တစ်စုံတစ်ဦး အမှန်တကယ်ရှိလျှင် ယင်းသည် ဖြစ်နိုင်ခြေရှိမှသာ လက်ခံ၍ရနိုင်သည်။ အကယ်၍ ၎င်းတို့သည် တိကျသော အစီအစဉ်များကို မတင်ပြဘဲ အဆင့်မြင့်ပုံရသည့် စိတ်ကူးများကိုသာ ထုတ်ဖော်ပြောဆိုလျှင် ထိုသူတို့ကို သတိဖြင့် ဆက်ဆံသင့်သည်။ ၎င်းတို့၏ စိတ်ကူးများအတွက် ဖြစ်နိုင်သော လမ်းကြောင်းရှိမရှိဟူသည်ကို ဆုံးဖြတ်ရန် မိတ်သဟာယဖွဲ့ခြင်းကို ဆောင်ရွက်သင့်သည်။ အကယ်၍ လူအများစုက ၎င်းတို့၏ စိတ်ကူးသည် ဖြစ်နိုင်ပြီး လက်တွေ့လုပ်ဆောင်ရန် လမ်းကြောင်းရှိသည်ဟု ခံစားရလျှင် ဆုံးဖြတ်ချက်တစ်ခု မချမီတွင် ရလဒ်များ မည်သို့ရှိသည်ကို သိရှိရန် ယင်းကို အချိန်ကာလတစ်ခုအထိ စမ်းလုပ်သင့်ပေသည်။

အသင်းတော်က မည်သည့်သမ္မာတရား သွင်ပြင်လက္ခဏာကို မိတ်သဟာယဖွဲ့သည်ဖြစ်စေ သို့မဟုတ် မည်သည့်ပြဿနာကို ဖြေရှင်းသည်ဖြစ်စေ လူမျိုးစုံက မိမိတို့ဘာသာ ပေါ်လွင်လိမ့်မည်။ အချိန်ကြာမြင့်စွာ ဆက်ဆံပြီးနောက်တွင် မည်သူက သမ္မာတရားကို အမှန်တကယ် ချစ်ပြီး လက်ခံနိုင်သည်၊ မည်သူတို့က သင့်တင့်လျောက်ပတ်သော အလုပ်ကို အာရုံမစိုက်ဘဲ အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သောသူများဖြစ်သည်ဟူသည်တို့ကို လူတစ်ဦးအနေဖြင့် သိမြင်နိုင်သည်။ အဆင့်မြင့်ပုံရသော စိတ်ကူးများကို ထုတ်ဖော်ပြောဆိုခြင်းနှင့် အသစ်အဆန်းဖြစ်သော စိတ်ကူးများကို တင်ပြခြင်းအား နှစ်သက်သောသူများသည် သမ္မာတရားကို လက်ခံပြီး ဘုရားသခင်ကို ယုံကြည်ခြင်း၏ မှန်ကန်သောလမ်းကြောင်းပေါ်သို့ စတင်လျှောက်လှမ်းနိုင်သည်ဟု သင်တို့ ထင်သလော။ ၎င်းတို့အတွက် ဤသို့ပြုလုပ်ရန် မလွယ်ကူဟု ငါထင်သည်။ ဤလူများသည် အသင်းတော်အသက်တာ၌ မည်သည့်အခန်းကဏ္ဍတွင် ပါဝင်ကြသနည်း။ ၎င်းတို့က အဆင့်မြင့်ပုံရသော စိတ်ကူးများကို မကြာခဏ ထုတ်ဖော်ပြောဆိုခြင်းနှင့် သင့်တင့်လျောက်ပတ်သောအလုပ်ကို အာရုံမစိုက်ခြင်းတို့၏ အကျိုးဆက်များမှာ အဘယ်နည်း။ လူအများစု မြင်နိုင်သည့်အတိုင်း ယင်းသည် အသင်းတော်အသက်တာကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သည်၊ ပြီးလျှင် ဤအရာ ဆက်ဖြစ်နေပါက ဘုရားသခင် ရွေးချယ်ထားသောလူများအား သမ္မာတရားကို လိုက်စားခြင်းနှင့် လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ခြင်းမှ နှောင့်နှေးစေလိမ့်မည်။ အဆင့်မြင့်ပုံရသော စိတ်ကူးများကို ထုတ်ဖော်ပြောဆိုခြင်းအား နှစ်သက်သောသူများသည် သေချာပေါက် ဆိုးယုတ်သောလူများ မဟုတ်သော်လည်း ၎င်းတို့ လုပ်ရပ်များ၏ အကျိုးဆက်များသည် ဘုရားသခင် ရွေးချယ်ထားသောလူများ၏ အသက်ဝင်ရောက်မှုအတွက် အလွန်အန္တရာယ်ရှိပြီး တစ်ချိန်တည်းတွင် ၎င်းတို့၏ လုပ်ရပ်များကလည်း အသင်းတော်၏အလုပ်ကို နှောင့်နှေးစေကာ ထိခိုက်စေသည်။ သို့ဆိုလျှင် ဤပြဿနာကို မည်သို့ဖြေရှင်းသင့်သနည်း။ အဆင့်မြင့်ပုံရသော စိတ်ကူးများကို ထုတ်ဖော်ပြောဆိုခြင်းနှင့် အသစ်အဆန်းဖြစ်သော စိတ်ကူးများကို တင်ပြခြင်းတို့အား နှစ်သက်သောလူများကို မည်သို့ သင့်တင့်လျောက်ပတ်စွာ ကိုင်တွယ်သင့်သနည်း။ ပထမနည်းလမ်းမှာ ဤသို့ဖြစ်သည်။ ၎င်းတို့သည် အဆင့်မြင့်ပုံရသော စိတ်ကူးများကို ထုတ်ဖော်ပြောဆိုခြင်းအား နှစ်သက်ပြီး အစဉ်သဖြင့် အယူအဆများရှိနေလျှင်၊ ၎င်းတို့ကို ဦးစွာ စကားပြောခွင့်ပြုပြီးနောက် ပိုင်းခြားသိမြင်မှုကို ကျင့်သုံးလော့။ မည်သူပင်ဖြစ်စေ လူတိုင်းသည် လွတ်လပ်စွာ စကားပြောပြီး အမြင်များကို ဖော်ပြခွင့်ရှိသည်။ မည်သူကမျှ ဤအရာကို မကန့်သတ်သင့်ပေ။ စိတ်ကူးများနှင့် အမြော်အမြင်ရှိသော ထိုးထွင်းသိမြင်မှုများ အမှန်တကယ်ရှိသည့် မည်သူ့ကိုမဆို လူတိုင်းမြင်စေရန် ရှင်းလင်းစွာ ပြောဆိုခွင့်ပြုသင့်ပြီး ထို့နောက် ယင်းသည် မှန်ကန်မှုရှိမရှိ၊ သမ္မာတရား စည်းမျဉ်းများနှင့် ကိုက်ညီမှုရှိမရှိ၊ ခံယူ၍ရသည့် အစိတ်အပိုင်းတစ်ခုခု ရှိမရှိကို သိရှိရန် မိတ်သဟာယဖွဲ့ကာ ဆွေးနွေးသင့်သည်။ အကယ်၍ ယင်းသည် သင်ယူထိုက်ပြီး ယင်းမှ အကျိုးကျေးဇူးအချို့ ရရှိနိုင်လျှင် ကောင်းပေသည်။ အကယ်၍ မိတ်သဟာယဖွဲ့ခြင်းနှင့် ဆွေးနွေးခြင်းအပြီးတွင် ၎င်းတို့ ပြောဆိုသည့်အရာသည် တန်ဖိုးမရှိသည့်အပြင်၊ အကြံပြုထိုက်သည့်အရာမဟုတ်ဟု ဆုံးဖြတ်ပါက ယင်းကို စွန့်ပစ်သင့်သည်။ ဤကဲ့သို့ လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့် လူတိုင်းသည် ပိုင်းခြားသိမြင်နိုင်စွမ်း တိုးပွားလာလိမ့်မည်။ တစ်စုံတစ်ခု ပေါ်ပေါက်လာသည့်အခါတိုင်းတွင်၊ ၎င်းတို့အားလုံးသည် ဤကိစ္စအား မည်သို့တွေးဆရမည်ကို သိရှိကြလိမ့်မည်ဖြစ်ပြီး လူအမျိုးမျိုးကို ပို၍နားလည်လာကြလိမ့်မည်။ ထိုသို့သော လက်တွေ့လုပ်ဆောင်ခြင်းသည် ဘုရားသခင် ရွေးချယ်ထားသောလူများအတွက် အကျိုးရှိပြီး အသင်းတော်၏အလုပ်ကို နှောင့်ယှက်မှု ဖြစ်စေလိမ့်မည်မဟုတ်ပေ၊ ဤလက်တွေ့လုပ်ဆောင်ပုံနည်းလမ်းက မှန်ကန်ပေသည်။ ဒုတိယနည်းလမ်းမှာ ဤသို့ဖြစ်သည်။ ပြောဆိုထားသည့်အရာသည် စံတန်ဖိုးမရှိသည့်အပြင်၊ ယင်းကို မိတ်သဟာယဖွဲ့ပြီး ဆွေးနွေးလျှင်ပင် မည်သည့်အကျိုးကျေးဇူးမျှ ရရှိမည်မဟုတ်သည့်အခါ၊ ထိုသို့သော အကြံပြုချက်များကို တိုက်ရိုက်ငြင်းပယ်သင့်ပြီး မည်သည့်မိတ်သဟာယဖွဲ့ခြင်း သို့မဟုတ် ဆွေးနွေးခြင်းမျှ မလိုအပ်ပေ။ အကယ်၍ လူတစ်ဦးသည် ဘုရားသခင် ရွေးချယ်ထားသောလူများကို အလွန်ငြီးငွေ့စေပြီး ၎င်းတို့ကို နားထောင်လိုစိတ်မရှိဖြစ်စေလျက်၊ ထိုသို့သော တန်ဖိုးမရှိသည့် ကိစ္စများနှင့် “ပြောင်မြောက်သော စိတ်ကူးများ”ကို ဆက်လက်ထုတ်ဖော်နေပါက ထိုသို့သောလူကို ကန့်သတ်သင့်သည် မဟုတ်လော။ အခြားသူများကို ထိခိုက်ခြင်းအား ရှောင်ရှားဖို့အလို့ငှာ မပြောသင့်သည့်အရာများကို ရှောင်ကြဉ်ရန်၊ ပို၍ကြီးမားသော ဆင်ခြင်တုံတရားပြသရန် ၎င်းတို့ကို အကြံပေးခြင်းသည် အကောင်းဆုံးဖြစ်ပေမည်။ အကယ်၍ ဤလူသည် ဆင်ခြင်တုံတရား ကင်းမဲ့ပြီး ဤပုံစံအတိုင်း မရမက ဆက်လက်လုပ်ဆောင်လျှင်၊ အသင်းတော်အသက်တာကို နှောင့်ယှက်မှု ဖြစ်စေပြီး ဒေါသထွက်သည်အထိပင် လူတိုင်းကို အထူးသဖြင့် စိတ်အနှောင့်အယှက်ဖြစ်စေလျှင်၊ ၎င်းတို့သည် အသင်းတော်အသက်တာကို နှောင့်ယှက်သည့် ဆိုးယုတ်သောလူများ ဖြစ်သည်။ ၎င်းတို့ကို အသင်းတော်အား သန့်စင်ခြင်းအတွက် ဘုရားအိမ်တော်၏ စည်းမျဉ်းများအတိုင်း ကိုင်တွယ်ရမည်။ ၎င်းတို့ကို အသင်းတော်မှ ရှင်းလင်းပစ်လော့။ ဤသည်မှာ သင့်တင့်လျောက်ပတ်ပေသည်။ ငါ့ကို ပြောလော့၊ အဆင့်မြင့်ပုံရသော စိတ်ကူးများကို ထုတ်ဖော်ပြောဆိုခြင်းအား နှစ်သက်သောသူများထဲမှ အများစုသည် မည်သည့်လူစားမျိုးများ ဖြစ်သနည်း။ ၎င်းတို့သည် သမ္မာတရားကို လိုက်စားသည့် အမျိုးအစားလော။ ၎င်းတို့သည် ဘုရားသခင်အတွက် စစ်မှန်ရိုးသားစွာ မိမိတို့ကိုယ်ကို အသုံးခံနေကြသလော။ သေချာပေါက် မဟုတ်ပေ။ သို့ဆိုလျှင် ၎င်းတို့သည် အသင်းတော်အသက်တာကို ထိုသို့သော နှောင့်ယှက်မှုများ ဖြစ်စေရာတွင် မည်သည့် ရည်မှန်းချက်နှင့် ရည်ရွယ်ချက်ရှိကြသနည်း။ ဤအရာက ပိုင်းခြားသိမြင်မှု လိုအပ်သည်။ အကယ်၍ လူတိုင်းသည် ထိုသို့သောလူများက ဉာဏ်ရည်၊ အစွမ်းအစနှင့် ဆင်ခြင်တုံတရား ကင်းမဲ့ကြောင်း၊ ၎င်းတို့သည် လူ့ဗာလများသာဖြစ်ကြောင်း သိရှိလျက်၊ ထိုသို့သောလူများအကြောင်း လုံလောက်သော သိနားလည်မှုရှိနှင့်ပြီးဖြစ်လျှင်၊ ထိုသူတို့က မိမိတို့၏ “ပြောင်မြောက်သော စိတ်ကူးများ”ကို ဖော်ပြသည့်အခါ ကိုင်တွယ်ရန် အသင့်လျော်ဆုံးနည်းလမ်းမှာ ၎င်းတို့ကို တိတ်ဆိတ်စွာနေစေလျက် တားဆီးပြီး ကန့်သတ်ရန် ဖြစ်သည်။ အကယ်၍ ၎င်းတို့သည် မရမက ဆက်လက်စကားပြောနေလျှင်၊ အသင်းတော်အသက်တာကို မရမက ဆက်လက်နှောင့်ယှက်မှုများ ဖြစ်စေလျှင်၊ နောက်ထပ်ဒုက္ခများ မဖြစ်အောင်တားဆီးဖို့ ၎င်းတို့ကို အသင်းတော်မှ ရှင်းလင်းပစ်သင့်သည်။ အချို့က “ဤသည်မှာ ကယ်တင်ခြင်းခံရရန် ၎င်းတို့၏ အခွင့်အရေးများကို ဖျက်ဆီးနေခြင်း မဟုတ်လော”ဟု ဆိုကြသည်။ ဤသို့ပြောခြင်းသည် မှားသည်။ ဘုရားသခင်သည် ထိုသို့သောလူများကို ကယ်တင်နိုင်မည်လော။ ထိုသို့သော စိတ်သဘောထားများရှိသည့် လူများသည် သမ္မာတရားကို လက်ခံနိုင်သလော။ ၎င်းတို့သည် သမ္မာတရားကို လုံးဝလက်မခံဘဲ ကယ်တင်ခြင်းကို ရရှိနိုင်သလော။ ထိုသို့သောကိစ္စများကိုပင် ထိုးထွင်းသိမြင်နိုင်ခြင်း မရှိသည်မှာ အလွန်မိုက်မဲပြီး မသိနားမလည်ခြင်းဖြစ်သည် မဟုတ်လော။ မည်သို့ပင်ဖြစ်စေ၊ အသင်းတော်အသက်တာကို မကြာခဏ နှောင့်ယှက်မှုများ ဖြစ်စေသောသူများသည် ဆိုးယုတ်သောလူများဖြစ်ကြပြီး ဘုရားသခင်သည် ၎င်းတို့ကို မကယ်တင်ပေ။ ဘုရားသခင် မကယ်တင်သော တစ်စုံတစ်ဦးကို အသင်းတော်၌ ထားရှိခြင်းသည် ဘုရားသခင် ရွေးချယ်ထားသောလူများကို တမင်တကာ ထိခိုက်နစ်နာစေခြင်း မဟုတ်လော။ ထိုသို့သော ဆိုးယုတ်သည့်လူများကို သနားသော တစ်စုံတစ်ဦးသည် အမှန်တကယ် မေတ္တာရှိသလော။ မရှိဟု ငါ ထင်သည်၊ ၎င်းတို့၏မေတ္တာသည် မေတ္တာအတုအယောင်သာ ဖြစ်သည်။ အမှန်တရားမှာ ၎င်းတို့သည် ဘုရားသခင် ရွေးချယ်ထားသောလူများကို ထိခိုက်နစ်နာစေရန် ရည်ရွယ်ခြင်း ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင် ရွေးချယ်ထားသောသူများသည် ဆိုးယုတ်သောလူများကို ခုခံကာကွယ်ပေးသည့် မည်သူ့ကိုမဆို ၎င်းတို့၏ နတ်ဆိုးဆန်သော စကားများကြောင့် အထင်အမြင်မှားစေခြင်း မခံရစေရန် သတိထားရမည်။ အဆင့်မြင့်ပုံရသော စိတ်ကူးများကို ထုတ်ဖော်ပြောဆိုခြင်းအား နှစ်သက်သော အချို့သူများသည် ဆိုးယုတ်သောလူများကဲ့သို့ မထင်ရသော်လည်း၊ သိသာထင်ရှားသော ဒုစရိုက်အမှုများကို မကျူးလွန်သော်လည်း၊ ၎င်းတို့၏ အဆင့်မြင့်ပုံရသော စိတ်ကူးများကို အစဉ်သဖြင့် ထုတ်ဖော်ပြောဆိုခြင်းဖြင့် အသင်းတော်အသက်တာကို နှောင့်ယှက်မှုများ ဖြစ်စေနိုင်သည်။ အနည်းဆုံးအနေဖြင့်၊ ဤလူများသည် နားဝေတိမ်တောင်ဖြစ်သောသူများ ဖြစ်ကြသည်။ သင်တို့ မည်သို့ထင်သနည်း၊ နားဝေတိမ်တောင်ဖြစ်သောသူများသည် ကယ်တင်ခြင်းခံရနိုင်သလော။ သေချာပေါက် မခံရနိုင်ပေ။ နားဝေတိမ်တောင်ဖြစ်သောသူများသည် အသင်းတော်အသက်တာကို အဆက်မပြတ် နှောင့်ယှက်လျှင် ၎င်းတို့ကိုလည်း အသင်းတော်မှ ရှင်းလင်းပစ်သင့်သည်။ နားဝေတိမ်တောင်ဖြစ်သောသူများသည် သမ္မာတရားကို လက်မခံကြ၊ ပြင်မရအောင်ပင် နောင်တမရကြဘဲ ၎င်းတို့၏အဆုံးသတ်သည် ဆိုးယုတ်သောလူများ၏အဆုံးသတ်နှင့် အတူတူပင် ဖြစ်သည်။ ဆိုးယုတ်သည်ဖြစ်စေ၊ နားဝေတိမ်တောင်ဖြစ်သောသူဖြစ်စေ ၎င်းတို့သည် အသင်းတော်အသက်တာကို မကြာခဏ အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်လျှင်၊ အကြံဉာဏ်ကို အရေးမထားသည့်အပြင်၊ ဘရိတ်ပေါက်နေသော ကားတစ်စီးကဲ့သို့ ထိန်းမနိုင်သိမ်းမရ စကားပြောလျှင်၊ ဤသည်မှာ မူမမှန်သော ဆင်ခြင်တုံတရားနှင့်ဆိုင်သည့် လက္ခဏာတစ်ခု မဟုတ်လော။ အကယ်၍ ရေရှည်တွင် ထိုသို့သော နားဝေတိမ်တောင်ဖြစ်သောသူများက အသင်းတော်ကို ဤပုံစံအတိုင်း ဆက်လက်နှောင့်ယှက်နေမည်ဆိုလျှင် အကျိုးဆက်များမှာ မည်သည့်အရာများဖြစ်မည်နည်း။ ထို့အပြင် ၎င်းတို့သည် အမှန်တကယ် နောင်တရနိုင်ကြသလော။ ဘုရားသခင်သည် မူမမှန်သော ဆင်ခြင်တုံတရားရှိသည့် ထိုသို့သော နားဝေတိမ်တောင်ဖြစ်သောသူများကို ကယ်တင်သလော။ ဤမေးခွန်းများကို စေ့စေ့စပ်စပ် နားလည်သွားသည်နှင့်တစ်ပြိုင်နက် ထိုသို့သော ပုဂ္ဂိုလ်များကို မည်သို့ သင့်တင့်လျောက်ပတ်စွာ ကိုင်တွယ်ရမည်မှာ ရှင်းလင်းသွားလိမ့်မည်။ နားဝေတိမ်တောင်ဖြစ်သောသူများသည် သမ္မာတရားကို သေချာပေါက် မချစ်ကြသည့်အပြင် သမ္မာတရားသည် ၎င်းတို့၏ လက်လှမ်းမမီသောနေရာတွင် ရှိသည်။ မရေရာသောလူများသည် လူ့ဘာသာစကားကို နားမလည်နိုင်ပေ။ နားဝေတိမ်တောင်ဖြစ်သောသူများသည် ပုံမှန်လူ့သဘာဝ ကင်းမဲ့ပြီး လူစဉ်မမီသူဖြစ်သည်ဟု ဆိုနိုင်သည်၊ လက်တွေ့တွင် ၎င်းတို့သည် အသုံးမကျသူများသာ ဖြစ်သည်။ နားဝေတိမ်တောင်ဖြစ်သောသူများသည် ကောင်းစွာ အစေခံနိုင်သလော။ ၎င်းတို့၏ ဆင်ခြင်တုံတရားသည် မခိုင်မာသောကြောင့် ၎င်းတို့သည် စံမီသောနည်းလမ်းဖြင့် အစေခံနိုင်ခြင်းပင် မရှိကြောင်းကို မုချဆိုနိုင်သည်။ ၎င်းတို့သည် ဘာကိုမျှ နားမလည်သောလူများ ဖြစ်ကြသည်။ အကယ်၍ တစ်စုံတစ်ဦးသည် နားဝေတိမ်တောင်ဖြစ်သောသူများအပေါ် မေတ္တာပြလိုလျှင် ထိုနားဝေတိမ်တောင်ဖြစ်သောသူများကို ထောက်ပံ့ခွင့်ပေးလော့။ နားဝေတိမ်တောင်ဖြစ်သောသူများအပေါ် ဘုရားအိမ်တော်၏ သဘောထားမှာ ၎င်းတို့ကို ရှင်းလင်းပစ်ရမည်ဟူ၍ ဖြစ်သည်။ သမ္မာတရားကို လုံးဝလက်မခံသည့်သူ တစ်ဦးတလေ၊ မိမိ၏တာဝန်ကို ရိုးသားစွာ မထမ်းဆောင်ဘဲ အစဉ်သဖြင့် ဝတ်ကျေတမ်းကျေ ပုံစံဖြင့် လုပ်ဆောင်နေသူ တစ်ဦးတလေသည် အသင်းတော်အသက်တာကို မကြာခဏ နှောင့်ယှက်မှုများ ဖြစ်စေလျှင် ကန့်သတ်ခြင်းခံရသင့်သည်။ အကယ်၍ ၎င်းတို့ထဲမှ အချို့သည် နောင်တရပြီး နောင်တရလိုစိတ်ရှိလျှင် ၎င်းတို့ကို အခွင့်အရေးပေးသင့်သည်။ ၎င်းတို့၏ အနှစ်သာရကို ထိုးထွင်းသိမြင်၍ မရနိုင်သေးသည့်သူများကို အသင်းတော်၌ ယာယီထားရှိသင့်ပြီး ဘုရားသခင် ရွေးချယ်ထားသောလူများကို ၎င်းတို့အား ကြီးကြပ်ရန်၊ စောင့်ကြည့်လေ့လာရန်နှင့် ပိုင်းခြားသိမြင်နိုင်စွမ်း တိုးပွားလာစေရန် ခွင့်ပြုသင့်သည်။ အကယ်၍ အဆက်မပြတ် အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သောသူများ ရှိလျှင်၊ ပြုပြင်ခြင်းခံရသော်လည်း လုံးဝနောင်တမရဘဲ၊ ကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် ဆက်လက်ပြိုင်ဆိုင်ကာ၊ အပြုသဘောဆောင်သော ပုဂ္ဂိုလ်များကို တိုက်ခိုက်ပြီး ဖယ်ကြဉ်နေလျှင်၊ အထူးသဖြင့် သမ္မာတရားကို လိုက်စားပြီး အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များကို မျှဝေနိုင်သောသူများနှင့် ဘုရားသခင်အတွက် ရိုးသားစွာ မိမိတို့ကိုယ်ကို အသုံးခံပြီး မိမိတို့၏ တာဝန်များကို ထမ်းဆောင်သောသူများကို တိုက်ခိုက်နေလျှင်၊ ထိုပုဂ္ဂိုလ်များသည် ဆိုးယုတ်သောလူများနှင့် အန္တိခရစ်များဖြစ်ကြသည်။ ၎င်းတို့သည် မယုံကြည်သူများ ဖြစ်ကြသည်။ ထိုသို့သောလူများအတွက်မူ ၎င်းတို့ကို တားဆီးပြီး ကန့်သတ်ရုံသာ မဟုတ်ပေ။ နောက်ထပ်ဒုက္ခများ မဖြစ်ပွားစေရန် ၎င်းတို့ကို အသင်းတော်မှ ချက်ချင်း ရှင်းလင်းပစ်သင့်သည်။ ဤလက်တွေ့လုပ်ဆောင်မှု နည်းလမ်းသည် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် လုံးဝကိုက်ညီသည်။

ဤသည်တို့မှာ အသေးအဖွဲများမှအစ ပြင်းထန်သော အရာများအထိ၊ အဆင့်အတန်းအတွက် ပြိုင်ဆိုင်ခြင်း၏ အမျိုးမျိုးသော သရုပ်သကန်များ ဖြစ်သည်။ အသေးအဖွဲ သရုပ်သကန်များမှာ ခေါင်းဆောင်များနှင့် အမှုဆောင်များကို ဖျက်ဆီးရန်နှင့် အသရေဖျက်ရန်ဟူသည့် ရည်ရွယ်ချက်ဖြင့်၊ ၎င်းတို့ကို ကြမ်းတမ်းသော စကားများဖြင့် လှောင်ပြောင်ခြင်း၊ အပြစ်ရှာခြင်းနှင့် ၎င်းတို့၏ တက်ကြွမှုအား တိုက်ခိုက်ခြင်းတို့ကို အဓိကအားဖြင့် ရည်ညွှန်းသည်။ အပြင်းထန်ဆုံးသော သရုပ်သကန်များမှာ ခေါင်းဆောင်များနှင့် အမှုဆောင်များကို ဗြောင်ကျကျ တိုက်ရိုက်ဆန့်ကျင်ခြင်း၊ ၎င်းတို့အား အပြစ်ပုံချရန် အကြောင်းရှာခြင်းနှင့် ဝေဖန်ခြင်း၊ ပြစ်တင်ရှုတ်ချခြင်း၊ တိုက်ခိုက်ခြင်းနှင့် ဖယ်ကြဉ်ခြင်း၊ ထို့နောက် ၎င်းတို့၏ အဆင့်အတန်းကို လုယူရန်အလို့ငှာ ၎င်းတို့ကို ဝိုင်းပယ်ပြီး အပြစ်ဝန်ခံကာ နုတ်ထွက်ရန် ဖိအားပေးခြင်းတို့ ဖြစ်သည်။ ဤသည်တို့မှာ အသင်းတော်အသက်တာတွင် ဖြစ်ပေါ်သည့် အဖျက်အမှောင့်လုပ်ခြင်းနှင့် နှောင့်ယှက်ခြင်းဆိုင်ရာ အပြင်းထန်ဆုံးသောပြဿနာများ ဖြစ်ကြသည်။ ခေါင်းဆောင်များ သို့မဟုတ် အမှုဆောင်များကို ပွက်ပွက်ညံအောင် ကန့်ကွက်ပြီး အဆင့်အတန်းအတွက် ပြိုင်ဆိုင်သောသူများသည် အသင်းတော်၏အလုပ်ကို နှောင့်ယှက်ပြီး ဘုရားသခင်ကို အတိုက်အခံလုပ်သောသူများ ဖြစ်ကြသည်၊ ၎င်းတို့သည် ဆိုးယုတ်သောလူများနှင့် အန္တိခရစ်များ ဖြစ်ကြပြီး၊ ၎င်းတို့ကို တားဆီးကာ ကန့်သတ်ရမည်သာမက၊ အခြေအနေက ဆိုးရွားပြီး ၎င်းတို့ကို ရှင်းလင်းပစ်ရန် သို့မဟုတ် နှင်ထုတ်ရန် လိုအပ်ပါက စည်းမျဉ်းများအတိုင်း ကိုင်တွယ်ဖြေရှင်းသင့်သည်။ အဆင့်အတန်းအတွက် ပြိုင်ဆိုင်ခြင်း၏ နောက်ထပ် သရုပ်သကန်တစ်ခုလည်း ရှိသေးသည်။ ယင်းမှာ အသင်းတော်တွင် သမ္မာတရားကို ပို၍ လိုက်စားသောလူများကို ဖယ်ကြဉ်ခြင်းနှင့် တိုက်ခိုက်ခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သမ္မာတရားကို လိုက်စားသောလူများသည် စင်ကြယ်သော နားလည်သဘောပေါက်နိုင်စွမ်း ရှိကြပြီး၊ ၎င်းတို့တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်သက်ဆိုင်သည့် အတွေ့အကြုံနှင့် စစ်မှန်သော အသိပညာ ရှိကြသည့်အပြင်၊ ညီအစ်ကိုမောင်နှမများကြားရှိ ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို မကြာခဏ မိတ်သဟာယဖွဲ့ကြသဖြင့် ဘုရားသခင် ရွေးချယ်ထားသော လူများကို တည်ဆောက်ပေးကာ၊ အသင်းတော်တွင် တဖြည်းဖြည်း ဂုဏ်သရေ ရရှိလာသောကြောင့်၊ ဤဆိုးယုတ်သောလူများနှင့် အန္တိခရစ်များသည် ၎င်းတို့အပေါ် မနာလိုဖြစ်ပြီး မကျေမနပ်ဖြစ်ကာ၊ ၎င်းတို့ကို ဖယ်ကြဉ်ပြီး တိုက်ခိုက်ကြလေသည်။ သမ္မာတရားကို လိုက်စားသောလူများအား တိုက်ခိုက်ခြင်း သို့မဟုတ် ဖယ်ကြဉ်ခြင်း ပါဝင်သည့် မည်သည့်အပြုအမူမဆိုသည် အသင်းတော်အသက်တာအတွက် အဖျက်အမှောင့်လုပ်ခြင်းနှင့် နှောင့်ယှက်ခြင်းကို တိုက်ရိုက် ဖြစ်ပေါ်စေသည်။ အချို့လူများသည် အသင်းတော်ခေါင်းဆောင်များကို တိုက်ရိုက် ပစ်မှတ်မထားကောင်း မထားနိုင်သော်လည်း၊ ၎င်းတို့သည် အသင်းတော်တွင် သမ္မာတရားကို နားလည်ပြီး လက်တွေ့ကျသော အတွေ့အကြုံများရှိသည့် လူများအပေါ် အထူးသဖြင့် မနှစ်မြို့ခြင်းနှင့် မထီမဲ့မြင်ပြုခြင်းတို့ ရှိကြသည်။ ၎င်းတို့သည် ထိုသို့သောလူများကို မကြာခဏ လှောင်ပြောင်ကာ ပြက်ရယ်ပြုလျက်၊ ၎င်းတို့အတွက် ထောင်ချောက်ဆင်ခြင်းနှင့် ပရိယာယ်ကြံစည်ခြင်း စသည်တို့ကိုပင် ပြုလုပ်လျက်၊ ဖယ်ကြဉ်ကာ ဖိနှိပ်ကြလေသည်။ ဤသို့သော ပြဿနာများသည် ယင်းတို့၏ သဘောသဘာဝနှင့် အခြေအနေများအရ အဆင့်အတန်းအတွက် အသင်းတော်ခေါင်းဆောင်များနှင့် ပြိုင်ဆိုင်ခြင်းထက် ဆိုးရွားမှု နည်းပါးသော်လည်း၊ ၎င်းတို့သည်လည်း အသင်းတော်အသက်တာအတွက် အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများကို ဖြစ်ပေါ်စေပြီး၊ တားဆီး၍ ကန့်သတ်သင့်သည်။ အကယ်၍ အသင်းတော်ရှိ ညီအစ်ကိုမောင်နှမ အများစုသည် ထိခိုက်နစ်နာပြီး၊ အပျက်သဘောဆောင်ခြင်းနှင့် အားနည်းခြင်းထဲသို့ မကြာခဏ ကျဆင်းသွားပါက၊ အကယ်၍ ထိုပြဿနာများသည် ဤသို့သော အကျိုးဆက်များဆီသို့ ဦးတည်ပါက၊ ယင်းတို့သည် အဖျက်အမှောင့်လုပ်ခြင်းများ၊ နှောင့်ယှက်ခြင်းများနှင့် ညီမျှပေသည်။ အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများကို ဖန်တီးသည့် ဆိုးယုတ်သောလူစားမျိုးကို ကန့်သတ်ရုံမျှသာ မဟုတ်ဘဲ၊ ၎င်းတို့ကို သီးခြားခွဲထားခြင်းနှင့် ဆင်ခြင်သုံးသပ်ခြင်းအတွက် ဘီအုပ်စုသို့ ပို့သင့်သည်၊ သို့မဟုတ်ပါက ရှင်းလင်းပစ်သင့်သည်။ အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများကို ဖြစ်စေခြင်း သဘောသဘာဝရှိသော လုပ်ရပ်များတွင် ပါဝင်သောသူများသည် မကောင်းမှုကို အလေ့အကျင့်ဖြစ်အောင် ကျူးလွန်သောလူများ ဖြစ်ကြသည်။ မကောင်းမှုကို မကြာခဏ ကျူးလွန်သော ဆိုးယုတ်သောလူများနှင့် မကောင်းမှုကို ရံဖန်ရံခါ ကျူးလွန်သောသူများအား မည်သို့ဆက်ဆံသည်ဟူသည့် အချက်နှင့်ပတ်သက်၍ ခွဲခြားသင့်သည်။ အထူးထူးအပြားပြားသော မကောင်းမှုများကို ကျူးလွန်သောသူများသည် အန္တိခရစ်များ ဖြစ်ကြသည်၊ မကောင်းမှုကို ရံဖန်ရံခါ ကျူးလွန်သောသူများသည် လူ့သဘာဝ ညံ့ဖျင်းကြသည်။ လူနှစ်ဦးသည် ၎င်းတို့၏ သဟဇာတမဖြစ်သော ပင်ကိုစရိုက်များကြောင့်ဖြစ်စေ၊ အမှုအရာများကို လုပ်ဆောင်ရာတွင် မတူညီသော အမြင်များရှိသောကြောင့်ဖြစ်စေ၊ သို့မဟုတ် စကားပြောဆိုပုံ မတူညီသောကြောင့်ဖြစ်စေ ရံဖန်ရံခါ ငြင်းခုံခြင်း သို့မဟုတ် အငြင်းပွားမှုများတွင် ပါဝင်သော်လည်း၊ အသင်းတော်အသက်တာကို ထိခိုက်မှုမရှိပါက၊ ဤအရာ၌ အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများကို ဖြစ်စေသည့် သဘောသဘာဝ မရှိပေ။ ယင်းမှာ ဆိုးယုတ်သောလူများက အသင်းတော်အသက်တာကို အဖျက်အမှောင့်လုပ်ခြင်း၊ နှောင့်ယှက်ခြင်းနှင့် ကွဲပြားသည်။ ငါတို့ ပြောဆိုနေခဲ့သည့်၊ အသင်းတော်အသက်တာကို အဖျက်အမှောင့်လုပ်ခြင်းနှင့် နှောင့်ယှက်ခြင်း သဘောသဘာဝရှိသော အမှုအရာအားလုံးသည် ဆိုးယုတ်သောလူများ၏ မကောင်းမှုပြုခြင်းနှင့်ဆိုင်သော သရုပ်သကန်များ ဖြစ်ကြသည်။ ဆိုးယုတ်သောလူများ မကောင်းမှုကို ကျူးလွန်သည့်အခါ၊ ယင်းမှာ အလေ့အကျင့်ဖြစ်နေသည်။ ဆိုးယုတ်သောလူများ အမုန်းဆုံးအရာမှာ သမ္မာတရားကို လိုက်စားသောလူများ ဖြစ်သည်။ သမ္မာတရားကို လိုက်စားသော တစ်စုံတစ်ဦးသည် မိမိတို့၏ကိုယ်ပိုင် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်ကို မျှဝေနိုင်ပြီး၊ ထိုသို့ဖြင့် အခြားသူများ၏ အထူးလေးစားမှုကို ရရှိသည်ကို ၎င်းတို့ မြင်သောအခါ၊ ၎င်းတို့သည် မနာလိုဖြစ်လာသည်၊ မုန်းတီးလာသည်၊ ပြီးလျှင် ၎င်းတို့၏ မျက်လုံးများက ဒေါသဖြင့် တောက်လောင်လာသည်။ မိမိတို့ကိုယ်ကို ဆင်ခြင်သုံးသပ်ပြီး သိရှိသော မည်သူမဆို၊ မိမိတို့၏ လက်တွေ့ကျသော အတွေ့အကြုံများကို မျှဝေသောသူ မည်သူမဆို၊ ပြီးလျှင် ဘုရားသခင်အတွက် သက်သေခံသော မည်သူမဆိုသည် ဤဆိုးယုတ်သောလူများ၏ လှောင်ပြောင်ခြင်း၊ သိက္ခာချခြင်း၊ ဖိနှိပ်ခြင်း၊ ဖယ်ကြဉ်ခြင်း၊ ဝေဖန်ခြင်းနှင့် နှိပ်စက်ညှဉ်းပန်းခြင်းတို့ကိုပင် ကြုံတွေ့ရသည်။ ၎င်းတို့သည် ဤနည်းအတိုင်း ပြုမူနေကျဖြစ်သည်။ ၎င်းတို့သည် မည်သူ့ကိုမျှ ၎င်းတို့ထက် ပိုတော်ခွင့်မပြုပေ။ ၎င်းတို့ထက် ပိုတော်သောလူများကို ၎င်းတို့ ကြည့်မနေနိုင်ကြပေ။ ၎င်းတို့ထက် ပိုတော်သော တစ်စုံတစ်ဦးကို ၎င်းတို့ မြင်သောအခါ၊ မနာလိုဖြစ်လာသည်။ ဒေါသထွက်လာသည်၊ အမျက်ထွက်လာပြီး၊ ၎င်းတို့ကို ထိခိုက်နစ်နာစေရန်နှင့် ညှဉ်းဆဲရန် တွေးတောကြသည်။ ထိုသို့သောလူများသည် အသင်းတော်အသက်တာနှင့် အသင်းတော်၏ အစီအစဉ်ကို ပြင်းထန်သော အဖျက်အမှောင့်လုပ်ခြင်းနှင့် နှောင့်ယှက်ခြင်းတို့အား ဖြစ်စေနှင့်ပြီးဖြစ်ကာ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ထိုသို့သော ပုဂ္ဂိုလ်များကို ဖော်ထုတ်ခြင်း၊ တားဆီးခြင်းနှင့် ကန့်သတ်ခြင်းတို့တွင် ညီအစ်ကိုမောင်နှမများနှင့်အတူ လက်တွဲသင့်သည်။ အကယ်၍ ၎င်းတို့ကို ကန့်သတ်ရန် မဖြစ်နိုင်သည့်အပြင်၊ သမ္မာတရားကို ၎င်းတို့အား မိတ်သဟာယဖွဲ့ပြီးသည့်နောက်တွင် ၎င်းတို့သည် နောင်တမရဘဲ လမ်းကြောင်းမပြောင်းပါက၊ ၎င်းတို့သည် ဆိုးယုတ်သော တစ်စုံတစ်ဦး ဖြစ်ကြပြီး၊ ဆိုးယုတ်သောလူများကို အသင်းတော်ကို သန့်စင်ခြင်းအတွက် ဘုရားအိမ်တော်၏ စည်းမျဉ်းများနှင့်အညီ အကဲဖြတ်ကာ ဆက်ဆံသင့်ပေသည်။ အကယ်၍ မိတ်သဟာယဖွဲ့ခြင်းမှတစ်ဆင့် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် သဘောတူညီချက်တစ်ခု ရရှိပြီး၊ ဤသည်မှာ ဆိုးယုတ်သော တစ်စုံတစ်ဦးက အသင်းတော်ကို နှောင့်ယှက်နေခြင်းနှင့် ညီမျှကြောင်း ဆုံးဖြတ်ပါက၊ ထိုကိစ္စကို သမ္မာတရား စည်းမျဉ်းများနှင့်အညီ ကိုင်တွယ်သင့်သည်။ ထိုလူကို အသင်းတော်မှ ရှင်းလင်းပစ်သင့်သည်။ ထိုသို့သော ဆိုးယုတ်သောလူများက အသင်းတော်အသက်တာကို နှောင့်ယှက်ခြင်းအား နောက်ထပ် သည်းခံမနေသင့်တော့ပေ။ အကယ်၍ ဤသည်မှာ ဆိုးယုတ်သော တစ်စုံတစ်ဦးက နှောင့်ယှက်မှုကို ဖြစ်စေခြင်းနှင့် ညီမျှကြောင်း ခေါင်းဆောင်များနှင့် အမှုဆောင်များအတွက် သိသာထင်ရှားနေသည့်တိုင် ၎င်းတို့က မသိကျိုးကျွံပြုပြီး ဆိုးယုတ်သောလူက မကောင်းမှုပြုခြင်းနှင့် နှောင့်ယှက်မှုကို ဖြစ်စေခြင်းအား သည်းခံနေသေးပါက၊ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများအပေါ် ၎င်းတို့၏ တာဝန်ဝတ္တရားများကို ပျက်ကွက်နေခြင်းဖြစ်ပြီး၊ ဘုရားသခင်နှင့် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်အပေါ် သစ္စာမဲ့နေခြင်း ဖြစ်သည်။

အချို့လူများသည် ၎င်းတို့၏ အသွင်အပြင်ကို လေ့လာကြည့်ရှုသည့်အခါ အဆင်ပြေပုံရကောင်းရနိုင်သော်လည်း၊ အမှန်တွင် ၎င်းတို့၏ ဉာဏ်ရည်မှာ လူ့ဗာလတစ်ဦး၏ ဉာဏ်ရည်နှင့်တူသည်။ ၎င်းတို့သည် ပုံမှန်လူ့သဘာဝ၏ ဆင်ခြင်တုံတရား ကင်းမဲ့လျက်၊ မည်သည့်အရာက သင့်လျော်သည်ကို နားမလည်ဘဲ ပြောဆိုပြုမူကြသည်။ ထိုသို့သောလူများသည် အဆင့်အတန်းနှင့် ဂုဏ်သတင်းအတွက် ပြိုင်ဆိုင်ခြင်း၊ ဆုံးဖြတ်ပိုင်ခွင့်ရရှိရန် ကြိုးပမ်းကာ အခြားသူများ၏ အထင်ကြီးမှုကို ရရှိရန် ယှဉ်ပြိုင်ခြင်းတို့ကိုလည်း နှစ်သက်ကြသည်။ အသင်းတော်အသက်တာတွင် ၎င်းတို့သည် လူအများစု၏ အာရုံစိုက်မှုနှင့် အထင်ကြီးမှုကို ရရှိရန်အလို့ငှာ၊ လူတို့၏ အတွေးများကို နှောင့်ယှက်လျက်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် လူတို့၏ မှန်ကန်သော နားလည်သဘောပေါက်နိုင်စွမ်းနှင့် သိမြင်မှုကို နှောင့်ယှက်လျက်၊ အရာရာတိုင်းအပေါ် လူတို့၏ အပြုသဘောဆောင်သော နားလည်မှုကို နှောင့်ယှက်လျက်၊ မှန်ကန်ပုံရသော်လည်း အမှန်တကယ်တွင် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အမြင်များနှင့် အကြောင်းပြချက်များကို မကြာခဏ အဆိုပြုကြသည်။ အခြားသူများက ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ၎င်းတို့၏ စင်ကြယ်သော နားလည်မှုများအကြောင်းကို မိတ်သဟာယဖွဲ့နေချိန်တွင်၊ ဤလူတို့သည် မိမိတို့ အာရုံစွဲဆောင်ထားနိုင်မှုကို အခိုင်အမာပြသရန်နှင့် လူတိုင်း၏ အာရုံစိုက်မှုကို လုယူရန် အဆင့်မရှိသော လူပြက်များကဲ့သို့ မကြာခဏ ရုတ်တရက်ပေါ်လာကြပြီး၊ ညီအစ်ကိုမောင်နှမများအား ၎င်းတို့သည် အစွမ်းအစတစ်ခု သို့မဟုတ် နှစ်ခုရှိကြောင်း၊ ၎င်းတို့သည် စာပေကျမ်းဂန်တတ်ကျွမ်းကြောင်း၊ အလွန် ဗဟုသုတကြွယ်ဝပြီး ပညာတတ်မြောက်ကြောင်း စသည်တို့ကို အစဉ်သဖြင့် ပြသလိုကြသည်။ ၎င်းတို့သည် မည်သည့်ခေါင်းဆောင်အား ပစ်မှတ်ထားရမည်၊ သို့မဟုတ် မည်သည့်ခေါင်းဆောင်၏ ရာထူးကို ပြိုင်ဆိုင်ရမည်ဟူသည်အရ ရှင်းလင်းသော ရည်မှန်းချက်များ မရှိသေးသော်လည်း၊ ၎င်းတို့၏ လိုအင်ဆန္ဒများနှင့် ရည်မှန်းချက်များမှာ အလွန်ကြီးမားသဖြင့် ၎င်းတို့၏ စကားများနှင့် လုပ်ရပ်များသည် အသင်းတော်အသက်တာကို နှောင့်ယှက်မှုများကို ဖြစ်စေပြီးဖြစ်သည်။ ထို့ကြောင့် ၎င်းတို့ကို အခြေအနေနှင့် ထိုအခြေအနေ၏သဘောသဘာဝ ပြင်းထန်မှုအရ ကန့်သတ်သင့်ပေသည်။ ၎င်းတို့ကို မိမိတို့ကိုယ်ကို ပြောင်းလဲနိုင်စေပြီး အသင်းတော်အသက်တာကို ပုံမှန် မည်သို့ အသက်ရှင်နေထိုင်ရမည်၊ အခြားသူများနှင့် မည်သို့ ပေါင်းသင်းဆက်ဆံရမည်၊ မိမိတို့၏ သင့်တော်သောနေရာတွင် မည်သို့ နေထိုင်ရမည်ဟူသည်နှင့် မည်သို့ ဆင်ခြင်တုံတရားရှိရမည်ဟူသည်တို့ကို နားလည်နိုင်စေလျက် ၎င်းတို့ကို မှန်ကန်စွာ လမ်းညွှန်ရန်၊ ၎င်းတို့၏ ကိုယ်တိုင်ကျင့်ကြံပြုမူခြင်းအတွက် လမ်းညွှန်မှုတစ်ခု ပေးရန် ၎င်းတို့နှင့်အတူ သမ္မာတရားကို ဦးစွာ မိတ်သဟာယဖွဲ့ခြင်းသည် အကောင်းဆုံး ဖြစ်ပေမည်။ အကယ်၍ ယင်းမှာ ၎င်းတို့၏ ငယ်ရွယ်မှု၊ ထိုးထွင်းသိမြင်မှု ကင်းမဲ့ခြင်းနှင့် ငယ်ရွယ်မှုဆိုင်ရာမောက်မာမှုတို့ကြောင့်ဖြစ်ပြီး၊ အကယ်၍ ၎င်းတို့သည် အကြိမ်ကြိမ် မိတ်သဟာယဖွဲ့ပြီးနောက် နောင်တရခဲ့ကာ၊ ၎င်းတို့၏ ယခင်လုပ်ရပ်များမှာ မှားယွင်းကြောင်း၊ ရှက်ဖွယ်ကောင်းကြောင်း၊ လူတိုင်းကို စက်ဆုပ်ရွံရှာစေခဲ့ကြောင်းနှင့် လူတိုင်းအပေါ် ဒုက္ခဖြစ်စေခဲ့ကြောင်း သိရှိပြီး၊ ဤအတွက် ၎င်းတို့၏ တောင်းပန်မှုများနှင့် နောင်တကို ဖော်ပြခဲ့ပါက၊ ၎င်းတို့အပေါ် အပြစ်တင်ရန် မလိုအပ်ပေ။ ၎င်းတို့ကို မေတ္တာဖြင့် ကူညီပေးရုံကူညီပေး၍ရသည်။ သို့ရာတွင်၊ လူတိုင်းကို နှောင့်ယှက်ခဲ့သည့် ၎င်းတို့၏ မှားယွင်းသော လုပ်ရပ်များသည် ငယ်ရွယ်ခြင်းဆိုင်ရာ မောက်မာမှု သို့မဟုတ် သမ္မာတရားကို နားလည်မှု ကင်းမဲ့ခြင်းကြောင့် မဟုတ်ဘဲ၊ ကွယ်ဝှက်ထားသော ကြံရွယ်ချက်များကြောင့်သာ ဖြစ်ပြီး၊ ထပ်တလဲလဲ မလုပ်ရန် တားမြစ်နေသည့်ကြားမှ ၎င်းတို့၏ အပြုအမူကို ဆက်လက်လုပ်ဆောင်နေပါက၊ ထို့အပြင် ၎င်းတို့သည် ပြုပြင်ခြင်းခံရပြီးဖြစ်ကာ၊ ညီအစ်ကိုမောင်နှမများက ဤပြဿနာ၏ ဆိုးရွားမှုအပေါ် ၎င်းတို့နှင့်အတူ မိတ်သဟာယဖွဲ့ခဲ့ပြီးဖြစ်ပါက၊ ၎င်းတို့အား အပျက်သဘောဆောင်သော ရှုထောင့်နှင့် အပြုသဘောဆောင်သော ရှုထောင့် နှစ်ခုလုံးမှ မိတ်သဟာယဖွဲ့ခြင်းနှင့် အကူအညီကို ပေးခဲ့ပြီးဖြစ်သော်လည်း၊ ၎င်းတို့သည် မိမိတို့၏ကိုယ်ပိုင် သဘာဝအနှစ်သာရကို မသိရှိနိုင်သေးလျှင်၊ ဤလုပ်ရပ်များက အခြားသူများအပေါ် ဖြစ်စေသည့် နှောင့်ယှက်မှုနှင့် ၎င်းတို့၏ ပြင်းထန်သော အကျိုးဆက်များကို မမြင်နိုင်သေးသည့်အပြင်၊ အခွင့်အရေးရတိုင်း ဤတူညီသော လုပ်ရပ်များကို ဆောင်ရွက်ခြင်းဖြင့် နှောင့်ယှက်မှုများနှင့် အဖျက်အမှောင့်လုပ်ခြင်းများကို ဆက်လက်ဖန်တီးနေလျှင်၊ ဤအခြေအနေတွင် ပို၍ပြင်းထန်သော အရေးယူမှုများ ပြုလုပ်သင့်သည်။ အကယ်၍ နောင်တရရန် လုံလောက်သော အခွင့်အရေးများ ပေးထားသည့်တိုင်၊ ၎င်းတို့သည် မိမိတို့ကိုယ်ကို လုံးဝ ဆင်ခြင်သုံးသပ်ခြင်း သို့မဟုတ် သိရှိရန် ကြိုးစားခြင်းမရှိဘဲ၊ သမ္မာတရားကို ၎င်းတို့အား မည်သို့ပင် မိတ်သဟာယဖွဲ့စေကာမူ၊ ၎င်းတို့ နားမလည်သည့်အပြင်၊ ဆင်ခြင်တုံတရားရှိစွာနှင့်လည်းကောင်း၊ စည်းမျဉ်းများနှင့်အညီလည်းကောင်း မည်သို့ ပြုမူရမည်ကိုလည်း မသိဘဲ၊ ထိုအစား အမှုအရာများအား မိမိတို့၏ကိုယ်ပိုင် လုပ်ဆောင်ပုံနည်းလမ်းကို ခေါင်းမာစွာ ဖက်တွယ်ထားပါက၊ ဤလူများနှင့်ပတ်သက်၍ ပြဿနာတစ်ခု ရှိနေပြီဖြစ်သည်။ အနည်းဆုံးအားဖြင့်၊ ဆင်ခြင်တုံတရားဆိုင်ရာ ရှုထောင့်မှကြည့်လျှင်၊ ၎င်းတို့သည် ပုံမှန်လူတစ်ဦး၏ ဆင်ခြင်တုံတရား ကင်းမဲ့ကြပေသည်။ ဤသည်မှာ အပေါ်ယံအားဖြင့် ကြည့်ခြင်း ဖြစ်သည်။ အကယ်၍ အနှစ်သာရအရ ကြည့်မည်ဆိုလျှင်၊ ၎င်းတို့နှင့် မည်သို့ပင် မိတ်သဟာယဖွဲ့စေကာမူ၊ ၎င်းတို့သည် ပြဿနာ၏ ဆိုးရွားမှုကို မသိရှိနိုင်သည့်အပြင်၊ မိမိတို့၏ သင့်တော်သောနေရာကိုလည်း ရှာမတွေ့နိုင်ဘဲ၊ မိတ်သဟာယဖွဲ့ခြင်းနှင့် အကူအညီကိုလည်း လက်မခံနိုင်ပါက၊ သို့မဟုတ် ညီအစ်ကိုမောင်နှမများက မိတ်သဟာယဖွဲ့သော လမ်းကြောင်းအတိုင်း လက်တွေ့လုပ်ဆောင်ရန် မကြိုးစားနိုင်ပါက၊ ဤအရာများကိုပင် စွမ်းဆောင်ရရှိနိုင်ခြင်း မရှိပါက ၎င်းတို့၏ ပြဿနာမှာ ဆင်ခြင်တုံတရား ကင်းမဲ့ခြင်းမျှသာမဟုတ်ဘဲ ၎င်းတို့၏ လူ့သဘာဝနှင့်သက်ဆိုင်သည့် ပြဿနာတစ်ခုဖြစ်သည်။ ၎င်းတို့သည် မရည်ရွယ်ဘဲ အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများကို ဖြစ်စေပုံရသော်လည်း၊ ဤလုပ်ရပ်များသည် ရည်ရွယ်ချက်မရှိသည့်အရာ လုံးဝမဟုတ်ဘဲ၊ ထို့ထက်၊ ရည်ရွယ်ချက်နှင့် ကြံရွယ်ချက်များဖြင့် လုပ်ဆောင်ထားခြင်း ဖြစ်သည်။ ဤပုဂ္ဂိုလ်များ၏ ကြံရွယ်ချက်များ သို့မဟုတ် ရည်ရွယ်ချက်မှာ မည်သည့်အရာဖြစ်နိုင်သည်ကို ဘေးဖယ်ထားလျက်၊ အကယ်၍ ၎င်းတို့ပြောဆိုသည့်အရာနှင့် လုပ်ဆောင်သည့်အရာသည် လူများစွာတို့အား အသင်းတော်အသက်တာကို အသက်ရှင်နေထိုင်ခြင်းမှ မည်သည့်အရာမျှ မရရှိစေဘဲလျက်၊ ၎င်းတို့ရှိနေရုံမျှဖြင့် အခြားသူများက စုဝေးရန် မလိုလားတော့သည့်အထိ၊ သို့မဟုတ် ၎င်းတို့ စကားပြောသည့်အခါတိုင်း လူတို့သည် စိတ်ပျက်ပြီး ထွက်သွားလိုသည့်အထိ ညီအစ်ကိုမောင်နှမများ၏ အသက်ဝင်ရောက်မှုနှင့် အသင်းတော်အသက်တာကို ပြင်းထန်စွာ အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်ပါက၊ ဤပြဿနာ၏ သဘောသဘာဝသည် ဆိုးရွားလာပေသည်။ ထိုသို့သောလူများကို မည်သို့ ကိုင်တွယ်သင့်သနည်း။ အကယ်၍ ၎င်းတို့သည် အချိန်အခါများစွာ မိတ်သဟာယဖွဲ့ခြင်းနှင့် အကူအညီ ပေးခြင်းခံရပြီး၊ နောင်တရရန် အခွင့်အရေးများ ပေးခြင်းခံရသည့်တိုင် ဤအရာများကို ဆက်လက်လုပ်ဆောင်နေသေးပါက၊ ပြဿနာဖြစ်နေသည်မှာ ၎င်းတို့၏ သဘာဝအနှစ်သာရ ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်ကို စစ်မှန်စွာ ယုံကြည်ပြီး သမ္မာတရားကို လက်ခံနိုင်သောလူများ မဟုတ်ဘဲ၊ ထိုအစား အခြားသော အကြံအစည်တစ်ခုခု ရှိကြသည်။ ၎င်းတို့၏ သဘာဝအနှစ်သာရကို ကြည့်သည့်အခါ၊ အသင်းတော်အသက်တာကို ၎င်းတို့ ဖြစ်စေသည့် အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများသည် မတော်တဆ လုံးဝမဟုတ်ဘဲ၊ ထို့ထက် ဤလူများ၌ ရည်ရွယ်ချက်နှင့် ကြံရွယ်ချက်များ ရှိကြသည်။ အကယ်၍ ထိုသို့သောလူများကို နောက်ထပ် အခွင့်အရေးများ ပေးမည်ဆိုလျှင်၊ ပုံမှန် အသင်းတော်အသက်တာကို အသက်ရှင်နေထိုင်နေသည့် ဘုရားသခင် ရွေးချယ်ထားသောလူများအတွက် တရားမျှတသလော။ (တရားမမျှတပါ။) ထိုသို့သော ပုဂ္ဂိုလ်များနှင့်ပတ်သက်သည့် ပြဿနာသည် ဤအတိုင်းအတာအထိ ထုတ်ဖော်ခံရပြီးဖြစ်သည်။ အကယ်၍ ၎င်းတို့အား နောက်ဆုံးတွင် ပို၍ပင်များသော မကောင်းမှုများကို ကျူးလွန်ပြီး၊ ပို၍များသောလူတို့ကို အပျက်သဘောဆောင်ခြင်း၊ အားနည်းခြင်းနှင့် ထွက်ပေါက်မရှိခြင်းထဲသို့ ပို့ဆောင်သည့် ရလဒ်သာ ထွက်ပေါ်လာစေလျက်၊ ၎င်းတို့၏ နောင်တကို စောင့်ဆိုင်းရင်း အခွင့်အရေးများ ပေးနေသေးပါက၊ ဤဆုံးရှုံးမှုကို မည်သူက ပေးလျော်မည်နည်း။ ထို့ကြောင့်၊ ဤပုဂ္ဂိုလ်များသည် မိတ်သဟာယဖွဲ့ခြင်းနှင့် မေတ္တာပါသော အကူအညီကို ပေးခြင်းခံရပြီးဖြစ်ပါက၊ သို့မဟုတ် ၎င်းတို့ကို တားဆီးပြီး ကန့်သတ်ရန် အရေးယူဆောင်ရွက်မှုပြုလုပ်ပြီးဖြစ်သော်လည်း၊ ၎င်းတို့သည် မိမိတို့၏ နည်းလမ်းဟောင်းများကို မပြောင်းလဲသေးသည့်အပြင်၊ မိမိတို့၏ မူလအပြုအမူအတိုင်း မရမကလုပ်ဆောင်နေသေးပါက၊ ၎င်းတို့ကို စည်းမျဉ်းများအတိုင်း ကိုင်တွယ်ဖြေရှင်းသင့်သည်။ မပြင်းထန်သော ကိစ္စများတွင် ၎င်းတို့ကို သီးသန့်ခွဲထားသင့်သည်။ ပြင်းထန်သော ကိစ္စများတွင် ၎င်းတို့ကို အသင်းတော်မှ ရှင်းလင်းပစ်သင့်သည်။ ဤစည်းမျဉ်းသည် မည်သို့ထင်ရသနည်း။ ယင်းမှာ တစ်စုံတစ်ဦးကို နောင်တရရန် အခွင့်အရေးမပေးဘဲ၊ ပြားပြားဝပ်စေခြင်းနှင့် သက်ဆိုင်သလော။ သို့မဟုတ် မည်သည့် ပိုင်းခြားသိမြင်မှုမျှ မကျင့်သုံးဘဲနှင့် ၎င်းတို့၏ သဘာဝအနှစ်သာရက အမှန်တကယ် မည်သည့်အရာဖြစ်သည်ကို ရှင်းလင်းစွာ နားမလည်ဘဲ၊ မဆင်မခြင် ဆုံးဖြတ်ချက်တစ်ခု ချမှတ်ခြင်းလော။ (မဟုတ်ပါ။) အကယ်၍ မိတ်သဟာယဖွဲ့ခြင်းနှင့် အကူအညီကို ပေးခြင်းခံရပြီး၊ နောင်တရရန် အခွင့်အရေးများ ပေးခြင်းခံရသည့်တိုင်၊ ဤလူတို့၏ နည်းလမ်းများနှင့် စိတ်သဘောထားက လုံးဝ ပြောင်းလဲခြင်းမရှိသည့်အပြင်၊ ယခင်အတိုင်း ရှိနေလျက် တစ်ခုတည်းသော ခြားနားချက်မှာ ၎င်းတို့ ယခင်က ဗြောင်ကျကျနှင့် ပွင့်လင်းစွာ လုပ်ဆောင်ခဲ့သည့်အရာကို ယခုအခါ တိတ်တဆိတ်နှင့် ခိုးကြောင်ခိုးဝှက် လုပ်ဆောင်နေခြင်းသာ ဖြစ်သော်လည်း၊ နှောင့်ယှက်ခြင်းနှင့် အဖျက်အမှောင့်လုပ်ခြင်းမှာမူ အတူတူပင် ဖြစ်လျက် နောင်တလည်းမရပါက၊ အသင်းတော်သည် ၎င်းတို့ကို နောက်ထပ် ဆက်ထား၍မရပေ။ ထိုသို့သောလူများသည် ဘုရားအိမ်တော်သားများ မဟုတ်ကြပေ၊ ၎င်းတို့သည် ဘုရားသခင်၏ သိုးများ မဟုတ်ကြပေ။ ဘုရားအိမ်တော်တွင် ၎င်းတို့ ရှိနေခြင်းမှာ လုံးဝဥဿုံ နှောင့်ယှက်မှုများနှင့် အဖျက်အမှောင့်လုပ်ခြင်းများကို ဖြစ်စေရန်ဖြစ်ပြီး၊ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများ မဟုတ်ဘဲ၊ စာတန်၏ အစေခံများ ဖြစ်ကြသည်။ အကယ်၍ သင်သည် ၎င်းတို့ကို ဆက်လက် အားပေးကာ ကူညီလျက်၊ ပြီးလျှင် ၎င်းတို့နှင့်အတူ သမ္မာတရားကို မိတ်သဟာယဖွဲ့လျက် ညီအစ်ကိုမောင်နှမများအဖြစ် အမြဲတစေ ဆက်ဆံပြီး၊ နောက်ဆုံးတွင် မည်သည့်အကျိုးမျှ မဖြစ်ထွန်းဘဲ ကြိုးစားအားထုတ်မှုများစွာကို အလဟဿဖြစ်စေပါက၊ ယင်းမှာ မိုက်မဲခြင်းဖြစ်သည် မဟုတ်လော။ ယင်းမှာ မိုက်မဲခြင်းထက်ပိုသည်၊ ယင်းမှာ စဉ်းစားဉာဏ်ကင်းမဲ့ခြင်း၊ လုံးဝ စဉ်းစားဉာဏ်ကင်းမဲ့ခြင်း ဖြစ်သည်။

ပြဿနာများ၏ သဘောသဘာဝကို ကြည့်သည့်အခါ၊ အဆင့်အတန်းအတွက် ပြိုင်ဆိုင်ခြင်းတွင် ပါဝင်သည့် အမျိုးမျိုးသော သရုပ်သကန်များနှင့် လူအမျိုးအစားများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို အခြေခံအားဖြင့် ဤအမျိုးအစားသုံးမျိုးအဖြစ် ခွဲခြားနိုင်ပေသည်။ အဆင့်အတန်းအတွက် ပြိုင်ဆိုင်ခြင်းသည် မတူညီသော လူအုပ်စုများအကြားနှင့် အသင်းတော်အသက်တာ၏ အမျိုးမျိုးသော ကဏ္ဍများတွင် ပေါ်ပေါက်လျက် အသင်းတော်အသက်တာတွင် တွေ့နေကျ ပြဿနာတစ်ခုဖြစ်သည်။ အဆင့်အတန်းအတွက် ပြိုင်ဆိုင်သောသူများနှင့်ပတ်သက်၍၊ မပြင်းထန်သော ကိစ္စများတွင် ၎င်းတို့သည် သမ္မာတရားကို နားလည်နိုင်ရန်အလို့ငှာ ၎င်းတို့ကို အားပေးကူညီရန်အတွက် သမ္မာတရားကို လုံလောက်သော မိတ်သဟာယဖွဲ့ခြင်းကို ပေးသင့်ပြီး နောင်တရရန် အခွင့်အရေး ပေးသင့်သည်။ အမှုက ပြင်းထန်ပါက၊ ၎င်းတို့ကို အနီးကပ် စောင့်ကြည့်သင့်ပြီး၊ ၎င်းတို့အနေဖြင့် ကြံရွယ်ချက် သို့မဟုတ် ရည်မှန်းချက်တစ်ခုခုကို စွမ်းဆောင်ရရှိရန် ရည်ရွယ်ချက်ဖြင့် ပြောဆို သို့မဟုတ် ပြုမူသည်ကို တွေ့ရှိသည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့ကို ချက်ချင်း တားဆီးပြီး ကန့်သတ်သင့်သည်။ အမှုက ပို၍ပင် ပြင်းထန်ပါက၊ လူတို့ကို ရှင်းလင်းပစ်ခြင်းနှင့် နှင်ထုတ်ခြင်းအတွက် အသင်းတော်၏ စည်းမျဉ်းများနှင့်အညီ ၎င်းတို့ကို ကိုင်တွယ်ဖြေရှင်းသင့်သည်။ ဤသည်မှာ အဆင့်အတန်းအတွက် ပြိုင်ဆိုင်ခြင်းတွင် ပါဝင်သည့် ဤလူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများက အသင်းတော်အသက်တာတွင် ပေါ်ပေါက်လာသည့်အခါ ခေါင်းဆောင်များနှင့် အမှုဆောင်များ ဖြည့်ဆည်းသင့်သည့် တာဝန်ဝတ္တရား ဖြစ်သည်။ ဤအလုပ်နှင့်ပတ်သက်၍ ညီအစ်ကိုမောင်နှမများအားလုံး ရှေ့ထွက်ပြီး ခေါင်းဆောင်များ၊ အမှုဆောင်များနှင့် ပူးပေါင်းဆောင်ရွက်ရန်လည်း လိုအပ်သည်။ အသင်းတော်အသက်တာတွင် ဆိုးယုတ်သောလူများ၏ နှောင့်ယှက်အဖျက်လုပ်ခြင်းများ မရှိတော့စေရန်နှင့် အသင်းတော်အသက်တာ၏ အခါသမယတိုင်းသည် သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းကို ခံရပြီး၊ ငြိမ်သက်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ဘုရားသခင်၏ မျက်မှောက်တော်၊ ကောင်းချီးမင်္ဂလာနှင့် လမ်းညွှန်မှုတို့ဖြင့် ပြည့်ဝစေရန်၊ စုဝေးပွဲတစ်ခုစီတိုင်းသည် ပျော်ရွှင်မှုနှင့် အကျိုးကျေးဇူး အချိန်အခါတစ်ခုဖြစ်ကြောင်း သေချာစေရန် ကြိုးပမ်းလျက်၊ ဆိုးယုတ်သောလူများ၏ နှောင့်ယှက်အဖျက်လုပ်ခြင်းကို ဖြစ်စေသည့် အမျိုးမျိုးသော အပြုအမူများနှင့် လုပ်ရပ်များကို ပူးတွဲ၍ ကန့်သတ်ရမည်။ ဤသည်မှာ အကောင်းဆုံးသော အသင်းတော်အသက်တာမျိုး၊ ဘုရားသခင် မြင်တွေ့လိုသည့် အရာတစ်ခု ဖြစ်သည်။ လူအချင်းချင်း ဆက်ဆံရေးများ ပါဝင်ပြီး လူတို့၏ သိက္ခာနှင့် အကျိုးစီးပွားများ ပါဝင်သည့်အပြင် အတော်အတန် ပိုမို ခက်ခဲသွားစေလျက် လူတို့၏ သမ္မာတရားကို နားလည်သည့် အဆင့်နှင့်လည်း သက်ဆိုင်သဖြင့်၊ ဤအလုပ်ကို ဆောင်ရွက်ခြင်းသည် ခေါင်းဆောင်များနှင့် အမှုဆောင်များအတွက် အတော်အတန် ရှုပ်ထွေးသည်။ သို့ရာတွင်၊ ပြဿနာများ ပေါ်ပေါက်လာသည့်အခါ၊ မရှောင်ရှားနှင့်၊ ပြီးလျှင်ကြီးမားသော ပြဿနာများကို ပိုသေးငယ်သော ပြဿနာများအဖြစ် သဘောထားကာ နောက်ဆုံးတွင် မပြေမလည် ဖြစ်မသွားစေနှင့်။ ထိုပြဿနာတို့ကို မသိကျိုးကျွံပြုခြင်းဖြင့်၊ လောကီဆက်ဆံရေးများအတွက်ဖြစ်သော အတွေးအခေါ်များကို အသုံးပြု၍လည်း မကိုင်တွယ်မဖြေရှင်းသင့်ပေ။ ထို့ထက်ပို၍၊ လူ့အကြိုက်လိုက်သူ မဖြစ်ဘဲ၊ ထို့ထက် အဆင့်အတန်းအတွက် ပြိုင်ဆိုင်သည့် လူအမျိုးအစားအမျိုးမျိုးကို သမ္မာတရား စည်းမျဉ်းများနှင့်အညီ ဆက်ဆံလော့။ ဤမိတ်သဟာယဖွဲ့ခြင်းသည် ရှင်းလင်းသလော။ (ရှင်းလင်းပါသည်။) သို့ဖြစ်လျှင် အချက်ငါးနှင့်ပတ်သက်သည့် ငါတို့၏ မိတ်သဟာယမှာ ဤမျှနှင့်အဆုံးသတ်ပေသည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။