ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၁၄) အခန်း သုံး

၆။ မလျော်ကန်သော ဆက်ဆံရေးများတွင် ပါဝင်ခြင်း

ဘုရားသခင်၏ အလုပ်နှင့် အသင်းတော်၏ ပုံမှန်အစီအစဉ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သော ဆဋ္ဌမမြောက်ပြဿနာမှာ မလျော်ကန်သော ဆက်ဆံရေးများတွင် ပါဝင်ခြင်း ဖြစ်သည်။ လူတို့သည် ထိတွေ့ဆက်ဆံပြီး အတူတကွ စုဝေးနိုင်သရွေ့၊ အစုအဖွဲ့လိုက် နေထိုင်ခြင်းမျိုး ရှိမည်ဖြစ်ပြီး၊ ဤအရာမှ ဆက်ဆံရေးအမျိုးမျိုး ထွက်ပေါ်လာလိမ့်မည်။ သို့ဆိုလျှင် ဤဆက်ဆံရေးများထဲမှ မည်သည့်ဆက်ဆံရေးများက လျော်ကန်ပြီး မည်သည့်ဆက်ဆံရေးများက မလျော်ကန်သနည်း။ လျော်ကန်သော ဆက်ဆံရေးများက မည်သည့်အရာဖြစ်သည်ကို ဦးစွာ ပြောပြီးနောက် မလျော်ကန်သော ဆက်ဆံရေးများအကြောင်းကို မိတ်သဟာယဖွဲ့ကြစို့။ ညီအစ်ကိုမောင်နှမများ တွေ့ဆုံ၍ အချင်းချင်း နှုတ်ဆက်ကြသည့်အခါ၊ “လတ်တလော အခြေအနေ မည်သို့ရှိသနည်း။ သင် ကျန်းမာပါသလော။ လာမည့်နှစ်တွင် သင်၏ ကလေး အထက်တန်းကျောင်း စတင်တက်ရောက်တော့မည်လော။ သင့် ခင်ပွန်းသည်၏ စီးပွားရေး မည်သို့ရှိသနည်း” ဟူသကဲ့သို့သော အရာများကို ၎င်းတို့ ပြောကောင်းပြောနိုင်သည်။ ထိုသို့သော အပြန်အလှန် နှုတ်ဆက်ခြင်းသည် လျော်ကန်သော ဆက်ဆံရေးတစ်ခုအဖြစ် သတ်မှတ်သလော။ (သတ်မှတ်ပါသည်။) အဘယ်ကြောင့် ထိုသို့ ပြောဆိုရသနည်း။ အကြောင်းမှာ အချိန်ကြာမြင့်စွာ မတွေ့ဖြစ်ကြသော လူနှစ်ဦး အမှတ်မထင် အတူဆုံမိသည့်အခါ၊ နှုတ်ဆက်စကား အနည်းငယ် ပြောဆိုခြင်းသည် အခြေခံအကျဆုံးသော ယဉ်ကျေးရည်မွန်မှုဖြစ်သည့်အပြင်၊ အခြေခံအကျဆုံးသော ဂရုစိုက်မှုနှင့် နှုတ်ဆက်မှုတို့ကို ပြသခြင်းလည်း ဖြစ်သောကြောင့် ဖြစ်သည်။ ဤသည်တို့မှာ လူတို့က ပုံမှန်လူ့သဘာဝ၏ ဘောင်အတွင်း၌ ပြောဆိုသည့် စကားများ၊ လုပ်ဆောင်ချက်များနှင့် သက်ဆိုင်ရာ အကြောင်းအရာများ အားလုံး ဖြစ်ကြသည်။ ယခုအချိန်အထိ ၎င်းတို့၏ စကားစမြည်ပြောဆိုမှုမှ အကဲဖြတ်ရလျှင်၊ ၎င်းတို့၏ ဆက်ဆံရေးသည် အတော်အတန် လျော်ကန်ကြောင်း သိသာထင်ရှားသည်။ ၎င်းတို့၏ ပြောဆိုဆွေးနွေးမှုသည် ယဉ်ကျေးရည်မွန်မှုနှင့် ပုံမှန်လူ့သဘာဝ နှစ်ခုလုံးအပေါ် အခြေခံပြီး၊ ဤအချက်နှစ်ချက်မှ ကြည့်လျှင် စကားပြောဆိုနေသည့် လူနှစ်ဦးကြားရှိ ဆက်ဆံရေးသည် ပုံမှန်လူအချင်းချင်း ဆက်ဆံရေးတစ်ခုကို ကိုယ်စားပြုလျက် လျော်ကန်ကြောင်း သတ်မှတ်နိုင်ပေသည်။ အကယ်၍ လူနှစ်ဦးသည် တစ်ဦးနှင့်တစ်ဦး အလွန်ရင်းနှီးကျွမ်းဝင်သော်လည်း၊ တွေ့ဆုံသည့်အခါ နှစ်ဦးလုံးက မျက်နှာထားတင်းပြီး တစ်ဦးကိုတစ်ဦး စကားမပြောသည့်အပြင် အချင်းချင်းကို ကြည့်သည့်အခါတွင်လည်း ၎င်းတို့၏ မျက်လုံးများက ရန်လိုမှုဖြင့် တောက်လောင်နေပါက၊ ဤဆက်ဆံရေးသည် ပုံမှန်ဖြစ်သလော။ (ပုံမှန်မဟုတ်ပါ။) အဘယ်ကြောင့် ပုံမှန်မဟုတ်သနည်း။ ယင်းကို အတိအကျ မည်သို့ အဓိပ္ပာယ်ဖွင့်ဆိုသင့်သနည်း။ လူနှစ်ဦး တွေ့ဆုံသော်လည်း ပုံမှန် စကားစမြည်ပြောဆိုခြင်းနှင့် ဆွေးနွေးခြင်းတို့ကို လုပ်ဆောင်ရန် မဆိုထားနှင့်၊ တစ်ဦးက အခြားတစ်ဦးကို နှုတ်ဆက်ခြင်းမရှိ၊ “ဟိုင်း” ဟုပင် မပြောသည့်အခါ၊ ၎င်းတို့၏ သရုပ်သကန်များသည် ပုံမှန်လူ့သဘာဝထံမှ မျှော်လင့်ထားသည့်အရာကို ထင်ဟပ်ခြင်းမရှိသည်မှာ သိသာထင်ရှားသည်။ ၎င်းတို့၏ ဆက်ဆံရေးသည် ပုံမှန်လူအချင်းချင်း ဆက်ဆံရေးတစ်ခု မဟုတ်ပေ။ ယင်းသည် အတော်အတန်မူမမှန်ဖြစ်သော်လည်း မလျော်ကန်သော ဆက်ဆံရေးတစ်ခုအဖြစ် သတ်မှတ်ထားခြင်းမရှိသေးပေ။ ထိုအရာနှင့် အတန်ငယ် အလှမ်းဝေးနေသေးသည်။ ယေဘုယျအားဖြင့်၊ လူအချင်းချင်းကြားရှိ ဆက်ဆံရေးသည် လူပုဂ္ဂိုလ်တစ်ဦးချင်းစီက ပုံမှန်နှင့် စည်းမျဉ်းများအတိုင်း အပြန်အလှန်ဆက်ဆံကာ ပေါင်းသင်းနိုင်ပြီး၊ အချင်းချင်းကို ကူညီ၊ အားပေး၊ ထောက်ပံ့နိုင်သည့် ပုံမှန်လူ့သဘာဝကို အခြေခံ၍ တည်ဆောက်ထားလျှင်၊ ဤသည်မှာ လူအချင်းချင်းကြားရှိ လျော်ကန်သော ဆက်ဆံရေးများ၏ သရုပ်သကန်များ ဖြစ်သည်။ ယင်းမှာ အပေးအယူများကို လုပ်ဆောင်ခြင်းမရှိဘဲ အကျိုးစီးပွားများ ရောထွေးခြင်းကင်းလွတ်လျက် သာ၍ပင် အမုန်းတရား ကင်းမဲ့ကာ လုပ်ဆောင်ချက်များကို ဇာတိပကတိဆိုင်ရာ အလိုဆန္ဒများက မောင်းနှင်ခြင်းမရှိဘဲလျက် ကိစ္စရပ်များကို အလေးအနက်ထား ကိုင်တွယ်ခြင်းအား ဆိုလိုသည်။ ဤအရာအားလုံးသည် လျော်ကန်သော ဆက်ဆံရေးများ၏ နယ်ပယ်အတွင်း၌ အကျုံးဝင်သည်။ ဤအတိုင်းအတာသည် အတော်အတန် ကျယ်ပြန့်သည် မဟုတ်လော။ ပုံမှန်လူအချင်းချင်း ဆက်ဆံရေးများတွင် ပုံမှန်လူ့သဘာဝ၏ နယ်ပယ်အတွင်း၌ ပြောဆိုဆွေးနွေးခြင်းနှင့် ဆက်သွယ်ပြောဆိုခြင်း၊ ပုံမှန်လူ့သဘာဝ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားကို အခြေခံ၍ အခြားသူများနှင့် အပြန်အလှန်ဆက်ဆံခြင်း၊ ပေါင်းသင်းခြင်းနှင့် အတူတကွ အလုပ်လုပ်ခြင်းတို့ ပါဝင်သည်။ ပို၍မြင့်မားသော အဆင့်တွင်မူ၊ သမ္မာတရား စည်းမျဉ်းများအတိုင်း အပြန်အလှန်ဆက်ဆံခြင်းနှင့် ပေါင်းသင်းခြင်းတို့ ပါဝင်သည်။ ဤသည်မှာ လူအချင်းချင်းကြားရှိ လျော်ကန်သော လူအချင်းချင်း ဆက်ဆံရေးများအတွက် ယေဘုယျ အဓိပ္ပာယ်ဖွင့်ဆိုချက် ဖြစ်သည်။ တွေ့ဆုံသည့်အခါ တစ်ဦးကိုတစ်ဦး နှုတ်ဆက်ခြင်းသည် အပြန်အလှန်ဆက်ဆံခြင်း၏ ပုံမှန်အဖြစ်ဆုံးသော ပုံစံဖြစ်သည်။ ဟန်ပန်အမူအရာများ မလုပ်ဘဲ၊ ချစ်ခင်မှုမရှိသည်ကို ချစ်ခင်မှုရှိသည်ဟု မယူဆဘဲ မာနထောင်လွှားစွာ မပြုမူဘဲ၊ အခြားသူများကို မဖိနှိပ်ဘဲ သို့မဟုတ် မိမိကိုယ်ကို မချီးမြှောက်ဘဲ၊ ပုံမှန် စကားပြောဆို ဆက်သွယ်ခြင်းဖြင့် ပုံမှန် နှုတ်ဆက်ကာ စကားပြောဆိုနိုင်ခြင်း၊ ဤသည်မှာ ပုံမှန်လူ့သဘာဝ ပိုင်ဆိုင်သောသူများ ပြောဆိုဆက်သွယ်သင့်သည့် ပုံစံဖြစ်ပြီး၊ ယင်းသည် ပုံမှန်လူအချင်းချင်း ဆက်ဆံရေးများအတွင်းရှိ အခြေခံကျသော အပြန်အလှန်ဆက်ဆံခြင်းနည်းလမ်း ဖြစ်သည်။ ဘုရားသခင် ရွေးချယ်ထားသောလူများသည် အနည်းဆုံးအားဖြင့် အသိစိတ်နှင့် ဆင်ခြင်တုံတရားကို ပိုင်ဆိုင်သင့်ပြီး၊ ဘုရားသခင်က လူတို့ထံမှ တောင်းဆိုသည့် စည်းမျဉ်းများနှင့် စံနှုန်းများအတိုင်း အခြားသူများနှင့် အပြန်အလှန်ဆက်ဆံသင့်သည်၊ ပေါင်းသင်းကာ အတူတကွ အလုပ်လုပ်သင့်ကြပေသည်။ ဤသည်မှာ အကောင်းဆုံးသော လုပ်နည်းကိုင်နည်း ဖြစ်သည်။ ဤအရာက ဘုရားသခင်ကို ကျေနပ်စေနိုင်သည်။ သို့ဆိုလျှင် ဘုရားသခင် တောင်းဆိုသည့် သမ္မာတရား စည်းမျဉ်းများမှာ အဘယ်နည်း။ ယင်းမှာ လူတို့က အခြားသူများ အားနည်းပြီး အပျက်သဘောဆောင်သည့်အခါ နားလည်ပေးခြင်း၊ ၎င်းတို့၏ နာကျင်မှုနှင့် အခက်အခဲများကို ထောက်ထားခြင်း၊ ထို့နောက် ဤအရာများအကြောင်းကို မေးမြန်းခြင်း၊ အကူအညီနှင့် အားပေးမှုကို ပေးခြင်း၊ ၎င်းတို့၏ ပြဿနာများကို ဖြေရှင်းရာတွင် ကူညီရန် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့အား ဖတ်ပြခြင်း၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်နိုင်စေပြီး အားနည်းခြင်းကို ရပ်တန့်နိုင်စေခြင်းနှင့် ၎င်းတို့ကို ဘုရားသခင်၏ ရှေ့မှောက်သို့ ဆောင်ကြဉ်းပေးခြင်းတို့ ဖြစ်သည်။ ဤသို့ လက်တွေ့လုပ်ဆောင်ခြင်းသည် စည်းမျဉ်းများနှင့် ကိုက်ညီသည် မဟုတ်လော။ ဤနည်းလမ်းဖြင့် လက်တွေ့လုပ်ဆောင်ခြင်းသည် သမ္မာတရား စည်းမျဉ်းများနှင့် ကိုက်ညီပေသည်။ အမှန်ပင်၊ ဤဆက်ဆံရေးမျိုးများသည် သမ္မာတရား စည်းမျဉ်းများနှင့် သာ၍ပင် ကိုက်ညီလေသည်။ လူတို့သည် အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများကို တမင်တကာ ဖြစ်စေသည့်အခါ၊ သို့မဟုတ် မိမိတို့၏ တာဝန်ကို တမင်တကာ ဝတ်ကျေတမ်းကျေပုံစံဖြင့် လုပ်ဆောင်သည့်အခါ၊ အကယ်၍ သင်သည် ဤအရာကို မြင်ပြီး ဤအရာများကို ၎င်းတို့ထံ ထောက်ပြနိုင်လျှင်၊ ၎င်းတို့ကို အပြစ်ဖော်ဆုံးမပြီး စည်းမျဉ်းများအတိုင်း ကူညီနိုင်လျှင်၊ ဤသည်မှာ သမ္မာတရား စည်းမျဉ်းများနှင့် ကိုက်ညီပေသည်။ အကယ်၍ သင်သည် ၎င်းတို့၏ အပြုအမူကို မသိကျိုးကျွံပြုလျှင် သို့မဟုတ် ဖြစ်ခွင့်ပြုပြီး ၎င်းတို့အတွက် ဖုံးကွယ်ပေးကာ၊ ၎င်းတို့ကို ချီးမွမ်းဂုဏ်ပြုရန် ကောင်းသောစကားများ ပြောဆိုသည်အထိပင် ပြုလုပ်လျှင်၊ လူတို့နှင့် အပြန်အလှန်ဆက်ဆံခြင်း၊ ကိစ္စရပ်များကို ကိုင်တွယ်ခြင်းနှင့် ပြဿနာများကို ဖြေရှင်းခြင်းတို့နှင့်ဆိုင်သည့် ဤနည်းလမ်းများသည် သမ္မာတရား စည်းမျဉ်းများနှင့် သိသာထင်ရှားစွာပင်ဆန့်ကျင်ကာ ဘုရားသခင်၏ နှုတ်ကပတ်တော်များတွင် အခြေခံခြင်း မရှိပေ။ သို့ဖြစ်၍ လူတို့နှင့် အပြန်အလှန်ဆက်ဆံခြင်း၊ ကိစ္စရပ်များကို ကိုင်တွယ်ခြင်းတို့နှင့်ဆိုင်သည့် ဤနည်းလမ်းများသည် သိသာထင်ရှားစွာပင် လျော်ကန်ခြင်းမရှိသည့်အပြင်၊ ယင်းတို့ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း စိတ်ဖြာလေ့လာဆွေးနွေးပြီး ပိုင်းခြားသိမြင်ခြင်းမပြုပါက ဤအရာကို သိရှိရန် အမှန်တကယ် မလွယ်ကူပေ။ သမ္မာတရားကို နားမလည်သော လူများသည် ဤပြဿနာများကို အသိအမှတ်ပြုရန် အလားအလာမရှိသည့်အပြင်၊ ဤသည်တို့မှာ ပြဿနာများဖြစ်ကြောင်း ၎င်းတို့ အသိအမှတ်ပြုလျှင်ပင်၊ ၎င်းတို့အတွက် ဖြေရှင်းရန် မလွယ်ကူပေ။ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်အားလုံးသည် စာတန်၏ စိတ်သဘောထားဖြင့် အသက်ရှင်ကြသည်ဟု ငါတို့ မကြာခဏ ပြောဆိုခဲ့ပြီး၊ ဤသရုပ်သကန်များသည် ထိုအရာ၏ သက်သေအထောက်အထား ဖြစ်သည်။ ယခု သင် ရှင်းလင်းစွာ မြင်ပြီလော။

ငါတို့၏ မိတ်သဟာယတွင် ယနေ့၏ အဓိကအာရုံစိုက်ရမည့်အရာမှာ အသင်းတော်အသက်တာကို အဖျက်အမှောင့်များနှင့် နှောင့်ယှက်မှုများဖြစ်စေသည့် မလျော်ကန်သော ဆက်ဆံရေးအမျိုးအစား လေးမျိုး၏ သရုပ်သကန်များကို ဖော်ထုတ်ရန် ဖြစ်သည်။ အသင်းတော်အတွင်း၌ မလျော်ကန်သော ဆက်ဆံရေးများတွင် ပါဝင်နေသူများမှာ မည်သူတို့ ဖြစ်ကြသနည်း။ မလျော်ကန်သော ဆက်ဆံရေးတစ်ခုဟူသည် အတိအကျ မည်သည့်အရာ ဖြစ်သနည်း။ မလျော်ကန်သော ဆက်ဆံရေးများတွင် ပါဝင်ခြင်း၌ မည်သည့်ပြဿနာများ ပါဝင်သနည်း။ ငါတို့၏ မိတ်သဟာယ၏ အဓိက အကြောင်းအရာတွင် ဘုရားသခင်၏ အမှုတော်နှင့် အသင်းတော်၏ ပုံမှန်အစီအစဉ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သည့် အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများ ပါဝင်သောကြောင့်၊ မလျော်ကန်သော ဆက်ဆံရေးများနှင့်ပတ်သက်သည့် ဤဆွေးနွေးမှုသည် အသင်းတော်အသက်တာကို အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများအား ဖြစ်စေသည့်အရာများထိသာ ကန့်သတ်ထားသည်။ ငါတို့သည် မလျော်ကန်သော ဆက်ဆံရေးအမျိုးအစားအားလုံးကို လက်လွတ်စပယ် စုပေါင်းခြင်း မဟုတ်ပေ၊ အသင်းတော်အသက်တာပြင်ပရှိ ကိစ္စရပ်များသည်လည်း ငါတို့နှင့် မသက်ဆိုင်ပေ။ ဤကိစ္စရပ်ကို သင်တို့အနေဖြင့် သွေဖည်ခြင်းမရှိဘဲ တိကျမှန်ကန်စွာ နားလည်သဘောပေါက်ရမည်။ သို့ဖြစ်၍၊ မလျော်ကန်သော ဆက်ဆံရေးများတွင် ပါဝင်ခြင်းနှင့်ပတ်သက်လာသည့်အခါ၊ လူတို့ကြားက မည်သည့်ပြဿနာများနှင့် ဆက်ဆံရေးများက မလျော်ကန်သနည်း။ မည်သည့် မလျော်ကန်သော ဆက်ဆံရေးများက အသင်းတော်အသက်တာနှင့် လူအများစုကို အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများကို ဖြစ်စေသနည်း။ ဤကိစ္စရပ်များသည် မိတ်သဟာယဖွဲ့ထိုက်သလော။ (မိတ်သဟာယဖွဲ့ထိုက်ပါသည်။) ဤသည်တို့မှာ ငါတို့မိတ်သဟာယတွင် ရှင်းလင်းစွာ ကိုင်တွယ်ဖြေရှင်းရမည့် ကိစ္စရပ်များ ဖြစ်ကြသည်။

က။ မလျော်ကန်သော လိင်မတူသူများကြား ဆက်ဆံရေးများ

အသင်းတော်အသက်တာတွင် အဖြစ်အများဆုံး၊ အလွယ်တကူ နားလည်နိုင်ပြီး အလွယ်တကူ သတ်မှတ်နိုင်သော မလျော်ကန်သည့် ဆက်ဆံရေးအမျိုးအစားမှာ မည်သည့်အရာဖြစ်သနည်း။ (လိင်မတူသူများကြား ဆက်ဆံရေးများ ဖြစ်ပါသည်။) ဤသည်မှာ လူတို့က မလျော်ကန်သော ဆက်ဆံရေးများအကြောင်း စဉ်းစားသည့်အခါ စိတ်ထဲသို့ ပထမဆုံးဝင်လာသည့် သွင်ပြင်လက္ခဏာဖြစ်သည်။ အချို့လူများသည် အုပ်စုတစ်ခုတွင် ရှိနေသည့်အခါတိုင်း၊ ဆန့်ကျင်ဘက် လိင်များနှင့် အမြဲပရောပရည်လုပ်ကြသည်။ ၎င်းတို့သည် ကြာပစ်သော အမူအရာများနှင့် ဟန်ပန်များကို ပြုလုပ်ကြသည်။ ခံစားမှုကို ထိထိမိမိ အထူးဖော်ပြသော ပုံစံဖြင့် စကားပြောကြကာ၊ ကြွားဝါခြင်းကို နှစ်သက်ကြသည်။ မသင့်လျော်သော ဝေါဟာရတစ်ခုကို သုံးရလျှင်၊ ယင်းမှာ မိမိ၏ ဖိုမလက္ခဏာကို ကြွားလုံးထုတ်ခြင်း ဖြစ်သည်။ ၎င်းတို့သည် ဆန့်ကျင်ဘက် လိင်ရှေ့တွင် အခြားသော အရည်အသွေးများထဲမှ လိမ္မာပါးနပ်သည့်ပုံ၊ ဟာသဉာဏ်ရွှင်သည့်ပုံ၊ စိတ်ကူးယဉ်ဆန်ပုံ၊ လူကြီးလူကောင်းဆန်သည့်ပုံ၊ သူရဲကောင်းဆန်သည့်ပုံ၊ ဟန်ပန်အမူအရာကောင်းသည့်ပုံနှင့် ပညာတတ်သည့်ပုံပေါ်စေချင်ကြသည်။ ၎င်းတို့သည် ကြွားဝါခြင်းကို အထူးနှစ်သက်ကြသည်။ ၎င်းတို့ အဘယ်ကြောင့် ကြွားဝါကြသနည်း။ ယင်းမှာ အဆင့်အတန်းအတွက် ပြိုင်ဆိုင်ခြင်းမဟုတ်ဘဲ၊ ဆန့်ကျင်ဘက်လိင်ကို ဆွဲဆောင်ရန် ဖြစ်သည်။ ဆန့်ကျင်ဘက်လိင်ရှိသူများက ၎င်းတို့ကို ပို၍ အာရုံစိုက်လေလေ၊ လေးစားသော၊ ကြည်ညိုသော၊ နှစ်သက်မြတ်နိုးသော အကြည့်များဖြင့် ကြည့်လေလေ၊ ၎င်းတို့သည် ပို၍ စိတ်လှုပ်ရှားကာ အားတက်လာလေလေ ဖြစ်သည်။ ၎င်းတို့သည် အသင်းတော်အသက်တာတွင် ပါဝင်သည့်အချိန် ပိုကြာလာပြီး လူများနှင့် ပို၍ ထိတွေ့ဆက်ဆံလာသည်နှင့်အမျှ၊ လိင်မတူသူအချို့နှင့် ပရောပရည်လုပ်ပြီး အကြည့်ချင်းဖလှယ်ကြကာ၊ မကြာခဏဆိုသလို စိတ်ကိုဆွပေးသော ပုံစံဖြင့်၊ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု အရိပ်အမြွက်ဖြင့်ပင် စကားပြောဆိုလျက် လူအနည်းငယ်ကို ပစ်မှတ်ထားကြသည်။ လူအချင်းချင်းကြားရှိ ဤဆက်ဆံရေးမျိုးသည် လျော်ကန်သလော။ (မလျော်ကန်ပါ။) ဤသည်မှာ မလျော်ကန်သော ဆက်ဆံရေးများတွင် ပါဝင်ခြင်း ဖြစ်သည်။ ထိုသို့သော ပုဂ္ဂိုလ်များသည် ၎င်းတို့ ကြိုက်နှစ်သက်သော သို့မဟုတ် စိတ်ဝင်စားသောသူ၏ ရှေ့တွင် အထူးသဖြင့် လိမ္မာပါးနပ်ပြီး ဆွဲဆောင်မှုရှိပုံပေါ်စေရန် စကားပြောဆိုလျက်၊ ကြာပစ်သော အမူအရာများနှင့် အကြည့်များကို ပြုလုပ်ပြီး၊ အောင်နိုင်တက်ကြွပြီး စိတ်လှုပ်ရှားသည့် ဟန်ပန်ကို ဆောင်လျက်၊ လှုပ်ရမ်းကခုန်သည်အထိပင် ပြုလုပ်ရင်း စုဝေးချိန်များကိုပင် ကြွားဝါရန် အသုံးပြုကြသည်၊ ဤအားလုံးမှာ မည်သည့်ရည်ရွယ်ချက်ဖြင့် ဖြစ်သနည်း။ ယင်းမှာ ဆန့်ကျင်ဘက်လိင်ကို မလျော်ကန်သော ဆက်ဆံရေးတစ်ခုထဲသို့ မြူဆွယ်ရန် ဖြစ်သည်။ ညီအစ်ကိုမောင်နှမများစွာတို့က ဤအရာအပေါ် စက်ဆုပ်ရွံရှာကြသော်လည်း၊ ၎င်းတို့၏ အနီးဝန်းကျင်ရှိသူများထံမှ သတိပေးချက်များစွာ ရှိနေသော်လည်း၊ ၎င်းတို့၏ မဆင်မခြင် မြူဆွယ်ခြင်းကို မရပ်တန့်သည့်အပြင် မရမကလုပ်ဆောင်ကြသည်။ အကယ်၍ ထိုသို့သော မလျော်ကန်သည့် ဆက်ဆံရေးများတွင် အသင်းတော်အသက်တာပြင်ပ၌ လူနှစ်ဦး အချင်းချင်း ပရောပရည်လုပ်ခြင်းသာ ပါဝင်ပြီး အသင်းတော်အသက်တာ သို့မဟုတ် အသင်းတော်၏အလုပ်ကို မထိခိုက်ပါက၊ ထိုကိစ္စကို လောလောဆယ် ဘေးဖယ်ထား၍ရသည်။ သို့ရာတွင်၊ မလျော်ကန်သော ဆက်ဆံရေးများတွင် ပါဝင်သောသူများသည် အသင်းတော်အသက်တာအတွင်း၌ ထိုသို့သော အပြုအမူများကို လုပ်ဆောင်နေကျဖြစ်ပြီး အခြားသူများကို အနှောင့်အယှက်များ ဖြစ်စေပါက၊ ၎င်းတို့ကို သတိပေးပြီး ကန့်သတ်သင့်သည်။ အကယ်၍ ၎င်းတို့သည် ထပ်ခါတလဲလဲ ဆုံးမခြင်းခံရသော်လည်း ပြုပြင်ခြင်းမရှိသည့်အပြင်၊ အသင်းတော်အသက်တာကို ပြင်းထန်စွာ နှောင့်ယှက်ပြီးဖြစ်ပါက၊ ၎င်းတို့ကို ဘုရားသခင် ရွေးချယ်ထားသောလူများ၏ မဲပေးဆုံးဖြတ်မှုမှတစ်ဆင့် အသင်းတော်မှ ရှင်းလင်းပစ်သင့်သည်။ ဤလုပ်နည်းကိုင်နည်းသည် သင့်လျော်သလော။ (သင့်လျော်ပါသည်။) အကယ်၍ လူငယ်များ ပုံမှန် ချိန်းတွေ့နေခြင်းသာဖြစ်ပါက၊ အခြားသူများကို မထိခိုက်စေရန် စုဝေးပွဲများအတွင်း၌လည်း သတိဖြင့် ၎င်းတို့ နေသင့်သည်။ အသင်းတော်သည် ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ခြင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဆုတောင်းရင်းဖြင့် ဖတ်ရှုခြင်းနှင့် အသင်းတော်အသက်တာကို အသက်ရှင်ခြင်းအတွက် နေရာဖြစ်သည်။ အခြားသူများအား နှောင့်ယှက်ရန် ပုဂ္ဂိုလ်ရေးဆိုင်ရာ ချစ်ခင်မှုများကို အသင်းတော်အသက်တာထဲသို့ ယူဆောင်မလာသင့်ပေ။ အကယ်၍ ယင်းသည် အခြားသူများကို အနှောင့်အယှက်များ ဖြစ်စေလျှင်၊ စုဝေးပွဲများအတွင်း အခြားသူများ၏ စိတ်အခြေအနေကို သက်ရောက်မှုရှိလျှင်၊ လူအများအပြားကို အာရုံပျံ့လွင့်စေပြီး နှောင့်ယှက်ခြင်းခံရစေလျက် အခြားသူများ၏ ဘုရားနှုတ်ကပတ်တော်များ ဖတ်ရှုခြင်းနှင့် ဘုရားနှုတ်ကပတ်တော်များအပေါ် ၎င်းတို့၏ နားလည်မှုနှင့် အသိပညာကို သက်ရောက်မှုရှိလျှင်၊ ထိုသို့သော ဆက်ဆံရေးသည် မလျော်ကန်သော ဆက်ဆံရေးအဖြစ် သတ်မှတ်ထားသည်။ ချိန်းတွေ့ခြင်းမှအပ လိင်မတူသူများကို မြူဆွယ်ခြင်းအား မဆိုထားနှင့်၊ တရားဝင် ချိန်းတွေ့ခြင်းသည်ပင်လျှင်၊ အခြားသူများကို အနှောင့်အယှက်ဖြစ်စေပါက၊ မလျော်ကန်သော ဆက်ဆံရေးအဖြစ် သတ်မှတ်ခြင်းခံရလိမ့်မည်။ ထို့ကြောင့်၊ အကယ်၍ တစ်စုံတစ်ဦးသည် အသင်းတော်အသက်တာအတွင်း၌ မလျော်ကန်သော ဆက်ဆံရေးများကို လုပ်ဆောင်ပါက၊ ၎င်းတို့ကို တိတ်တဆိတ် ခွင့်ပြုခြင်း သို့မဟုတ် မျက်နှာသာပေးခြင်း မပြုသင့်ဘဲ၊ သတိပေးချက်များ၊ ကန့်သတ်ချက်များနှင့် စည်းမျဉ်းများအတိုင်း ရှင်းလင်းပစ်ခြင်းကိုပင် ပြုသင့်သည်။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ ဆောင်ရွက်သင့်သည့် အလုပ်ဖြစ်သည်။ တစ်စုံတစ်ဦးသည် မိမိတို့၏ ရှိနေခြင်းဖြင့် အခြားသူများအား ရာဂစိတ်ပြင်းထန်သော အတွေးများဖြင့် အာရုံထွေပြားစေပြီး ဖမ်းစားလျက် မိသားစုများကိုပင် ပြိုကွဲစေကာ အချို့သော ယုံကြည်သူသစ်များကို စုဝေးပွဲများ၊ ဘုရားနှုတ်ကပတ်တော်များ ဖတ်ရှုခြင်း သို့မဟုတ် ယုံကြည်ခြင်းကိုယ်၌ကိုပင် စိတ်ဝင်စားမှု ဆုံးရှုံးစေကာ၊ ထိုအစား ၎င်းတို့ မြတ်နိုးသောလူကို ပိုမိုစွဲမက်လာစေလျက်၊ ထိုသူနှင့် ခိုးပြေးပြီး မိမိတို့၏ နေ့ရက်ကာလများကို အတူတကွ အသက်ရှင်နေထိုင်ကာ ယုံကြည်ခြင်းကို စွန့်ပစ်လိုစိတ်ဖြစ်စေလျက်၊ မလျော်ကန်သော ဆက်ဆံရေးများတွင် ပါဝင်ပြီး အသင်းတော်ရှိ လူအများစုအား နှောင့်ယှက်မှုများ ဖြစ်စေသည်ကို သိရှိရလျှင်၊ ဤကိစ္စ၏ ပြင်းထန်မှုသည် ဤအဆင့်သို့ရောက်ရှိနေပြီဖြစ်သော်လည်း၊ ခေါင်းဆောင်များနှင့် အမှုဆောင်များက ယင်းကို အလေးအနက်မထားဘဲ၊ လူ့ကာမဂုဏ်စိတ်၏ ကစားခြင်းမျှသာဖြစ်ပြီး ကြီးကြီးမားမားမဟုတ်၊ သာမန်လူတိုင်း ပြုလုပ်တတ်သည့်အရာဖြစ်သည်ဟု တွေးထင်ကာ၊ ပြဿနာ၏ ပြင်းထန်မှုကို အသိအမှတ်မပြုခြင်း၊ မည်မျှအထိ ဖြစ်ပေါ်နိုင်သည်ကို သာ၍ပင် မသိရှိဘဲ ထို့ထက် ယင်းကို လျစ်လျူရှုခြင်း၊ ထိုသို့သော ကိစ္စရပ်များကို ၎င်းတို့ တုံ့ပြန်ရာတွင် အထူးသဖြင့် အသိစိတ်ကင်းမဲ့ပြီး ထုံပေပေဖြစ်လျက် နောက်ဆုံးတွင် အသင်းတော်ရှိ လူအများစုအပေါ် ဆိုးကျိုးသက်ရောက်မှုများ ဖြစ်စေပါက၊ ဤအဖြစ်အပျက်များ၏ သဘောသဘာဝသည် ဆိုးရွားသော အဖျက်အမှောင့်များနှင့် နှောင့်ယှက်မှုများ ဖြစ်ပေသည်။ အဘယ်ကြောင့် ယင်းသည် ပြင်းထန်သော အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများ ဖြစ်သည်ဟု ငါပြောဆိုရသနည်း။ အကြောင်းမှာ ဤအဖြစ်အပျက်များသည် အသင်းတော်အသက်တာ၏ ပုံမှန်အစီအစဉ်ကို နှောင့်ယှက်ပြီး ပျက်စီးစေသောကြောင့် ဖြစ်သည်။ ထို့ကြောင့်၊ ထိုသို့သော လူပုဂ္ဂိုလ်များက အသင်းတော်တွင် ပေါ်ပေါက်လာသည်နှင့်တစ်ပြိုင်နက်၊ မည်မျှပင် နည်းပါးသည်ဖြစ်စေ၊ များပြားသည်ဖြစ်စေ၊ ကိစ္စရပ်တစ်ခုစီတိုင်းကို ကိုင်တွယ်ဖြေရှင်းကြောင်း သေချာစေလျက်၊ ၎င်းတို့ကို ကန့်သတ်သင့်သည်။ အကယ်၍ အခြေအနေသည် ပြင်းထန်ပါက၊ ၎င်းတို့ကို သီးသန့်ခွဲထားရမည်။ အကယ်၍ သီးသန့်ခွဲထားခြင်းက ရလဒ်များ မဖြစ်ထွန်းသည့်အပြင်၊ ၎င်းတို့သည် ဆန့်ကျင်ဘက်လိင်ကိုဆက်လက်မြူဆွယ်လျှင်၊ အသင်းတော်အသက်တာကို နှောင့်ယှက်ပြီး၊ အသင်းတော်၏ ပုံမှန်အစီအစဉ်ကို ပျက်စီးစေမည်ဆိုလျှင်၊ ၎င်းတို့ကို စည်းမျဉ်းများအတိုင်း အသင်းတော်မှ ရှင်းလင်းပစ်သင့်သည်။ ဤလုပ်နည်းကိုင်နည်းသည် သင့်လျော်သလော။ (သင့်လျော်ပါသည်။) အသင်းတော်အသက်တာနှင့် အသင်းတော်၏အလုပ်အပေါ် ထိုသို့သော ကိစ္စရပ်များ၏ သက်ရောက်မှုသည် အလွန်အမင်း ထိခိုက်နစ်နာစေသည်၊ ၎င်းတို့သည် ကပ်ရောဂါတစ်ခုနှင့် ဆင်တူပြီး၊ အမြစ်ဖြတ်ရမည်ဖြစ်သည်။

ဆန့်ကျင်ဘက်လိင်ကို မြူဆွယ်ရန် တိမ်းညွတ်လေ့ရှိသော လူတိုင်းသည် ထိုသို့သော အပြုအမူများကို မမောနိုင်မပန်းနိုင် လုပ်ဆောင်လျက်၊ ၎င်းတို့ သွားလေရာရာ၌ ထိုသို့လုပ်ဆောင်ကြလေသည်။ မြူဆွယ်ခြင်းနှင့် နှောင့်ယှက်ခြင်းတို့အတွက် ၎င်းတို့၏ ပစ်မှတ်များမှာ မကြာခဏဆိုသလို ငယ်ရွယ်ပြီး ဆွဲဆောင်မှုရှိသော လူပုဂ္ဂိုလ်များဖြစ်သော်လည်း၊ တစ်ခါတစ်ရံတွင် လူလတ်ပိုင်းများလည်း ပါဝင်တတ်သည်။ သဘောကျစရာဟု ၎င်းတို့မြင်သည့် မည်သူ့ကိုမဆို၊ ၎င်းတို့သည် မြူဆွယ်ရန် အခွင့်အရေးများကို တက်ကြွစွာ ရှာဖွေကြသည်။ အကယ်၍ ၎င်းတို့သည် အခြားသူများကို မြူဆွယ်ရန် ရည်ရွယ်ပါက၊ အချို့လူများသည် ထိုသွေးဆောင်မှုကို ခံနိုင်စွမ်းမရှိဘဲ သိမ်းသွင်းခြင်းခံရလိမ့်မည်ဖြစ်ပြီး၊ ယင်းက မလျော်ကန်သော ဆက်ဆံရေးများဆီသို့ အလွယ်တကူ ဦးတည်သွားစေသည်။ အကြောင်းမှာ လူတို့၏ ဝိညာဉ်ရင့်ကျက်မှုသည် အလွန်သေးငယ်ပြီး ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်း ကင်းမဲ့သည့်အပြင်၊ သမ္မာတရားကို နားလည်မှုလည်း ကင်းမဲ့သောကြောင့်၊ ၎င်းတို့သည် ဤစုံစမ်းသွေးဆောင်ခြင်းများကို မည်သို့ ကျော်လွှားနိုင်ပြီး ထိုသို့သော မြူဆွယ်ခြင်းများကို ခံနိုင်စွမ်းနိုင်မည်နည်း။ လူတို့၏ ဝိညာဉ်ရင့်ကျက်မှုသည် အလွန်သေးငယ်သည်။ ၎င်းတို့သည် ဤစုံစမ်းသွေးဆောင်ခြင်းများနှင့် မြူဆွယ်ခြင်းများဖြင့် ရင်ဆိုင်ရသည့်အခါ အထူးသဖြင့် အားနည်းပြီး အစွမ်းမရှိကြပေ။ သက်ရောက်မှုမရှိဘဲ နေရန် ၎င်းတို့အတွက် ခက်ခဲသည်။ သူမြင်သည့် မည်သည့် လှပသောအမျိုးသမီးကိုမဆို မြူဆွယ်ရန် ကြိုးပမ်းလေ့ရှိသော အမျိုးသားခေါင်းဆောင်တစ်ဦး ရှိခဲ့သည်။ တစ်ခါတစ်ရံတွင် တစ်ဦးတည်းကို မြူဆွယ်ရုံနှင့် မလုံလောက်ပေ။ အားလုံးကို ရူးမတတ်စွဲလန်းသွားသည်အထိ သူ့အပေါ် စွဲလမ်းသွားစေကာ၊ စားမဝင်၊ အိပ်မပျော်ဖြစ်သည်အထိ၊ မိမိတို့၏ တာဝန်များကို ထမ်းဆောင်လိုစိတ်ပင် ပျောက်ဆုံးသည်အထိ ဖြစ်စေလျက် သူသည် အမျိုးသမီး သုံးလေးဦးကို မြူဆွယ်ကောင်း မြူဆွယ်မည်ဖြစ်သည်။ ယင်းမှာ ဤအမျိုးသား၏ “ဆွဲဆောင်မှု”ဖြစ်သည်။ သူသည် လူတို့ကို တမင်တကာ မြူဆွယ်ရန် မကြိုးစားဘဲ ပုံမှန် အပြန်အလှန်ဆက်ဆံခဲ့ပါက၊ သူ၏ လွှမ်းမိုးမှုသည် ထိုမျှ ကျယ်ပြန့်မည်မဟုတ်ပေ။ သူသည် တမင်တကာ ဟန်ဆောင်မှုများ ပြုလုပ်ပြီး အခြားသူများကို မြူဆွယ်သည့်အခါမှသာလျှင် လူအများအပြားက ယင်း၏ လှည့်စားခြင်းခံရကာ သူနှင့် မလျော်ကန်သော ဆက်ဆံရေးများရှိရန် မြူဆွယ်ခြင်းခံရသူ အရေအတွက် တိုးပွားခဲ့သည်။ လူတို့သည် ခုခံရန် အစွမ်းမရှိတော့ဘဲ ဤစုံစမ်းသွေးဆောင်ခြင်းများထဲသို့ ကျရောက်သွားကြသည်။ ဤသည်မှာ ကာမတပ်မက်ခြင်း၏ “ဆွဲဆောင်မှု” ဖြစ်သည်။ သူလုပ်ဆောင်ခဲ့သည့်အရာသည် နှစ်ဖက်လုံးအတွက် စုံစမ်းသွေးဆောင်ခြင်းများ၊ မြူဆွယ်ခြင်းများနှင့် နှောင့်ယှက်မှုများကို ဖန်တီးခဲ့သည်။ အမျိုးသားတစ်ဦးက အမျိုးသမီးအများအပြားကို တစ်ပြိုင်နက် မြူဆွယ်ခြင်းဟူသည်မှာ သူ၏စိတ်နှလုံးသည် ရှုပ်ထွေးနေခဲ့သလော။ မည်သည့်အမျိုးသမီးကို ဦးစွာ ဂရုစိုက်ရမည်၊ မည်သူ့ကို ဦးစွာ ကျေနပ်စေရမည်ဟူ၍ သူသည် စိတ်တွင် ပင်ပန်းနွမ်းနယ်မည် မဟုတ်လော။ (ဟုတ်ပါသည်။) ယင်းသည် အလွန် ပင်ပန်းနွမ်းနယ်ပါက၊ သူသည် အဘယ်ကြောင့် ဤကဲ့သို့ ဆက်လက်ပြုမူခဲ့သနည်း။ ဤသည်မှာ ကောက်ကျစ်ဆိုးယုတ်မှုဖြစ်သည်။ သူသည် ဤသတ္တဝါမျိုး ဖြစ်ခဲ့သည်။ ဤသည်မှာ သူ၏ သဘာဝဖြစ်သည်။ သားကောင်များသည် မြူဆွယ်ခြင်းခံရပြီး စုံစမ်းသွေးဆောင်မှုထဲသို့ ကျရောက်သွားသည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့အတွက် ထိုစုံစမ်းသွေးဆောင်မှုမှ လွတ်မြောက်ရန် လွယ်ကူသလော။ စုံစမ်းသွေးဆောင်မှုတွင် အမိခံရသည်နှင့်တစ်ပြိုင်နက်၊ လွတ်မြောက်ရန် ခက်ခဲပေလိမ့်မည်။ စားခြင်း၊ အိပ်ခြင်း၊ လမ်းလျှောက်ခြင်း၊ တာဝန်များထမ်းဆောင်ခြင်း၊ မည်သည့်အရာကို ၎င်းတို့ လုပ်ဆောင်သည်ဖြစ်စေ၊ ၎င်းတို့၏ စိတ်များသည် ဤလူ၏ အတွေးများဖြင့် ပြည့်နေပြီး၊ ၎င်းတို့၏ စိတ်နှလုံးများသည် ဤလူဖြင့် လုံးလုံးလျားလျား ပြည့်နှက်နေသည်။ ထိုသို့သော အနှောင့်အယှက်များသည် အလွန်အမင်း ပြင်းထန်လှသည်တကား။ နောက်ဆက်တွဲဖြစ်လာသည့်အရာမှာ ဤလူအား မည်သို့ ကျေနပ်စေရမည်၊ ၎င်းတို့အား မည်သို့ ဖြားယောင်းဆွဲဆောင်ရမည်၊ ၎င်းတို့ကို မည်သို့ ရယူသိမ်းသွင်းရမည်၊ ၎င်းတို့ကို မည်သို့ တစ်ဦးတည်း ပိုင်ဆိုင်ရမည်၊ အခြားပြိုင်ဘက်များနှင့် မည်သို့ ယှဉ်ပြိုင်ပြီး တိုက်ခိုက်ရမည်ဟူသည်တို့ကို အဆက်မပြတ် တွေးတောနေခြင်း ဖြစ်သည်။ ဤသည်တို့မှာ နှောင့်ယှက်ခြင်းခံရခြင်း၏ အကျိုးဆက်များ မဟုတ်လော။ ထိုသို့သော အခြေအနေမှ လွတ်မြောက်ရန် လွယ်ကူသလော။ (မလွယ်ကူပါ။) အကျိုးဆက်များမှာ ပြင်းထန်လာသည်။ ဤအချိန်တွင်၊ လူတစ်ဦး၏ စိတ်နှလုံးသည် ဘုရားသခင်ရှေ့မှောက်တွင် ငြိမ်သက်နေနိုင်သေးသလော။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုသည့်အခါ၊ ယင်းတို့ကို စိတ်ထဲသို့ရောက်အောင် ဖတ်ရှုနိုင်သေးသလော။ ၎င်းတို့သည် အလင်းရနိုင်သေးသလော။ စုဝေးပွဲများအတွင်း၊ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဆင်ခြင်သုံးသပ်ပြီး မိတ်သဟာယဖွဲ့ရန်၊ အခြားသူများက ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဝေမျှသည်ကို နားထောင်ရန် စိတ်ပါနေဦးမည်လော။ စိတ်ပါမည်မဟုတ်ပေ၊ ၎င်းတို့၏ စိတ်နှလုံးများသည် ကာမဂုဏ်ဖြင့်၊ ၎င်းတို့ နှစ်သက်မြတ်နိုးသည့်အရာဖြင့် ပြည့်နေမည်ဖြစ်ပြီး၊ လေးနက်သည့် ကိစ္စတစ်ခုတလေမျှ ရှိမည်မဟုတ်ပေ။ ဘုရားသခင်ပင်လျှင် ၎င်းတို့၏ စိတ်နှလုံးများမှ ပျောက်ကွယ်သွားပေလိမ့်မည်။ နောက်ဖြစ်လာသည့်အရာမှာ အချစ်ကို မည်သို့ တွေ့ကြုံခံစားရမည်၊ မည်သို့ စိတ်ကူးယဉ်ဆန်ရမည် စသည်တို့ကို တွေးဆနေခြင်းဖြစ်ပြီး၊ ဘုရားသခင်ကို ယုံကြည်လိုစိတ်သည် လုံးဝ ပျောက်ဆုံးသွားသည်။ ဤအကျိုးဆက်များသည် ကောင်းသလော။ ဤသည်မှာ လူတို့ မြင်လိုသည့်အရာ ဟုတ်သလော။ (မဟုတ်ပါ။) မြူဆွယ်ခြင်းခံရပြီး စုံစမ်းသွေးဆောင်မှုထဲသို့ ကျရောက်ခြင်း၏ အကျိုးဆက်များသည် လူတို့ တားဆီးနိုင်သည့်အရာ ဟုတ်သလော။ လူတို့သည် ဤအကျိုးဆက်များကို ထိန်းချုပ်နိုင်သလော။ ယင်းသည် ၎င်းတို့ ဆုံးဖြတ်နိုင်သည့်အရာ ဖြစ်နိုင်သလော။ ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးထဲ၌ ရပ်တန့်လိုသည့်အခါ ရပ်တန့်နိုင်သည့်အဆင့်သို့ ရောက်နိုင်ပါသလော။ မည်သူမျှ ဤအရာကို မစွမ်းဆောင်နိုင်ပေ။ ဤသည်မှာ ထိုသို့သော မလျော်ကန်သည့် ဆက်ဆံရေးများက လူတို့အပေါ် ဖြစ်ပေါ်စေသော အနှောင့်အယှက်များ၏ အကျိုးဆက်ဖြစ်သည်။ ဘုရားသခင်သည် လူတစ်ဦး၏ စိတ်နှလုံးထဲ၌ မရှိတော့သည့်အခါ၊ လူတစ်ဦးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မဖတ်ရှုလိုတော့သည့်အခါ၊ အကျိုးဆက်များမှာ အဘယ်နည်း။ ကယ်တင်ခြင်းအတွက် မျှော်လင့်ချက် ရှိသေးသလော။ ကယ်တင်ခြင်းအတွက် မျှော်လင့်ချက်က နတ္တိဖြစ်လာသည်။ အရာအားလုံး ပျောက်ဆုံးသွားသည်၊ ယခင်က နားလည်ခဲ့သော ထိုမလုံလောက်သည့် အယူဝါဒများ၊ ဘုရားသခင်အတွက် မိမိကိုယ်ကို အသုံးခံရန် စိတ်ပိုင်းဖြတ်မှုနှင့် သန္နိဋ္ဌာန်အပြင် ဘုရားသခင်၏ ကယ်တင်ခြင်းကို ရရှိလိုသည့် ဆန္ဒတို့သည် အားလုံး လွှင့်ပြယ်သွားသည်။ ဤသည်တို့မှာ အကျိုးဆက်များ ဖြစ်ကြသည်။ လူတို့သည် ဘုရားသခင်နှင့် ခပ်ကင်းကင်းနေပြီး မိမိတို့၏ စိတ်နှလုံးထဲ၌ သူ့ကို ငြင်းပယ်ကြကာ ၎င်းတို့သည် ဘုရားသခင်၏ ငြင်းပယ်ခြင်းကိုလည်း ခံကြရသည်။ ဤအကျိုးဆက်သည် ဘုရားသခင်ကို ယုံကြည်ပြီး နောက်သို့လိုက်သည့် မည်သူတစ်ဦးတစ်ယောက်မျှ မြင်လိုသည့်အရာ မဟုတ်သကဲ့သို့၊ ဘုရားသခင်၏ မည်သည့်နောက်လိုက်တစ်ဦးကမျှ လက်ခံနိုင်သည့် အမှန်တရားလည်း မဟုတ်ပေ။ သို့ရာတွင်၊ လူတို့သည် ထိုသို့သော စုံစမ်းသွေးဆောင်ခြင်းများထဲသို့ ကျရောက်ပြီး မလျော်ကန်သော ဆက်ဆံရေးများ၏ ဝဲဂယက်တွင် ပိတ်မိသွားသည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့သည် မိမိတို့ကိုယ်ကို လွတ်မြောက်စေရန် ခက်ခဲပြီး၊ သာ၍ပင် မိမိတို့ကိုယ်ကို မထိန်းချုပ်နိုင်ကြတော့ပေ။ ထို့ကြောင့်၊ ထိုသို့သော မလျော်ကန်သည့် ဆက်ဆံရေးများကို ကန့်သတ်သင့်သည်။ ဆိုးရွားသော ကိစ္စများတွင် ဆန့်ကျင်ဘက်လိင်ကို အဆက်မပြတ် နှောင့်ယှက်ပြီး ဒုက္ခပေးသောသူများမှာမူ ၎င်းတို့အနေဖြင့် အသင်းတော်အသက်တာကို မနှောင့်ယှက်စေရန်လည်းကောင်း၊ ထို့ထက်ပင်ပို၍ လူတို့က စုံစမ်းသွေးဆောင်မှုထဲသို့ ပိုမိုမကျရောက်စေရန်အလို့ငှာ ၎င်းတို့ကို အသင်းတော်မှ အချိန်မီ လျင်မြန်စွာ ဖယ်ရှားသင့်ပေသည်။ ဤလုပ်နည်းကိုင်နည်းသည် ကျိုးကြောင်းဆီလျော်သလော။ (ကျိုးကြောင်းဆီလျော်ပါသည်။)

ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရားများဆိုင်ရာ ဆယ့်နှစ်ခုမြောက်အချက်တွင်၊ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အသင်းတော်အသက်တာရှိ အနှောင့်အယှက်အတားအဆီးများ သို့မဟုတ် နှောင့်ယှက်မှုများ တစ်ခုတလေမှ ညီအစ်ကို မောင်နှမများကို ကာကွယ်စောင့်ရှောက်လျက်၊ ဘုရားသခင် ရွေးချယ်ထားသောလူများက ပုံမှန်အသင်းတော်အသက်တာကို ဖြတ်သန်းနိုင်သည်ကို သေချာစေရန် အလုပ်တာဝန်တစ်ခုစီတိုင်းတွင် ၎င်းတို့ အစွမ်းကုန် ကြိုးပမ်းအားထုတ်ရမည်။ ဤသည်မှာ ပုံမှန်အသင်းတော်အသက်တာကို အသက်ရှင်နေထိုင်နိုင်သော ညီအစ်ကိုမောင်နှမများအားလုံးကို ကာကွယ်ခြင်းအား ဆိုလိုသည်။ အတိအကျ မည်သည့်အရာကို ကာကွယ်သင့်သနည်း။ ညီအစ်ကိုမောင်နှမများအနေဖြင့် စုဝေးပွဲများအတွင်းတွင် ငြိမ်သက်စွာ ဘုရားသခင်ရှေ့မှောက်သို့ လာရောက်နိုင်ပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အေးချမ်းစွာ ဆုတောင်းရင်းဖြင့် ဖတ်ရှုကာ ဝေမျှနိုင်ရန် ၎င်းတို့ကို ကာကွယ်ပေးသင့်သည်။ တစ်ချိန်တည်းတွင်၊ ညီအစ်ကိုမောင်နှမများသည် စိတ်နှလုံး တစ်လုံးတစ်ဝတည်းဖြင့် ဘုရားသခင်ထံ ဆုတောင်းနိုင်ကာ၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို ရှာဖွေနိုင်ပြီး၊ ဘုရားသခင်ထံမှ ဉာဏ်အလင်းပေးခြင်းနှင့် အလင်းပြခြင်းတို့ကို ရှာဖွေကာ၊ ဘုရားသခင်၏ မျက်မှောက်တော်ကို ရရှိပြီး၊ ဘုရားသခင်၏ ကောင်းချီးများနှင့် လမ်းညွှန်မှုကို လက်ခံရရှိနိုင်သင့်သည်။ ဤသည်မှာ ညီအစ်ကိုမောင်နှမများအားလုံး၏ အကြီးမြတ်ဆုံးနှင့် အရေးအကြီးဆုံးသော အကျိုးစီးပွားဖြစ်ပြီး၊ လူတိုင်းအတွက် မရှိမဖြစ်လိုအပ်သည်။ ထိုအရာက ၎င်းတို့အနေဖြင့် ကယ်တင်ခြင်းခံနိုင်ခြင်း ရှိမရှိဟူသည်နှင့် ၎င်းတို့ ကောင်းသောပန်းတိုင်တစ်ခု ရှိနိုင်ခြင်း ရှိမရှိဟူသည်တို့နှင့် သက်ဆိုင်သည်။ ထို့ကြောင့်၊ အသင်းတော်အတွင်း၌ မလျော်ကန်သော ဆက်ဆံရေးများတွင် ပါဝင်သောသူများကို တင်းကျပ်စွာ ကန့်သတ်ရန်၊ သီးခြားခွဲထားရန် သို့မဟုတ် ရှင်းလင်းပစ်ရန် လိုအပ်သည်။ အထူးသဖြင့်၊ လိင်မတူသူများကြား ဆက်ဆံရေးများတွင် ပါဝင်သောသူများကို တင်းကျပ်စွာ ကြီးကြပ်ရမည်။ ကြီးကြပ်ခြင်းဆိုသည်မှာ အဘယ်နည်း။ အကယ်၍ ယင်းသည် အသေးအဖွဲ ကိစ္စတစ်ခုသာဖြစ်ပါက၊ ၎င်းတို့ကို ဖော်ထုတ်၍ ပြုပြင်သင့်ကာ၊ အချိန်မီ တားဆီးပြီး ကန့်သတ်သင့်သည့်အပြင်၊ အခြားသူများကို မထိခိုက်အောင် တားဆီးသင့်သည်။ အကယ်၍ ယင်းသည် ပြင်းထန်သော ကိစ္စတစ်ခုဖြစ်ပါက၊ ပြတ်ပြတ်သားသားနှင့် မဆိုင်းမတွ ဆောင်ရွက်ရန် လိုအပ်သည်။ ပိုများသည့် လူတို့ကို မနှောင့်ယှက်စေရန် ၎င်းတို့ကို အသင်းတော်မှ တတ်နိုင်သမျှ အမြန်ဆုံး ရှင်းလင်းပစ်သင့်သည်။ အကယ်၍ ၎င်းတို့သည် အနှောင့်အယှက်များ ဖြစ်စေလိုပါက၊ ၎င်းတို့ ဆန္ဒရှိသည့် မည်သူ့ကိုမဆို နှောင့်ယှက်စေလျက်၊ အပြင်လောကတွင် ထိုသို့ပြုလုပ်ခွင့်ပေးလော့။ အသင်းတော်အသက်တာတွင် သမ္မာတရားကို လိုက်စားသော ညီအစ်ကိုမောင်နှမများအားလုံးသည် ၎င်းတို့၏ နှောင့်ယှက်ခြင်းကို မခံရသင့်ဟု ပြောခြင်းက လုံလောက်ပေသည်။ ဤသည်မှာ ဤဆယ့်နှစ်ခုမြောက် တာဝန်ဝတ္တရားနှင့်စပ်လျဉ်း၍ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ အလုပ်အတွက် အဓိကကျသော စည်းမျဉ်းနှင့် ပန်းတိုင်ဖြစ်သည်။

ခ။ လိင်တူချစ်ကြိုက်သည့် ဆက်ဆံရေးများ

မလျော်ကန်သော ဆက်ဆံရေးများဟူသည့် ကိစ္စရပ်နှင့်စပ်လျဉ်း၍၊ ငါတို့ ယခုလေးတင် အဓိက မိတ်သဟာယဖွဲ့ခဲ့သည့်အရာမှာ ကျားမလိင်များအကြား မလျော်ကန်သော ဆက်ဆံရေးများတွင် ပါဝင်ခြင်းအကြောင်း ဖြစ်သည်။ ဆန့်ကျင်ဘက်လိင်ကို မြူဆွယ်ခြင်း၊ သွေးဆောင်ခြင်း၊ ကြွားဝါခြင်းနှင့် စနောက်ခြင်းတို့ ပါဝင်သည့်နေရာတွင်၊ တက်ကြွစွာ ချဉ်းကပ်ပြီး ၎င်းတို့နှင့် ရင်းနှီးရန် ကြိုးစားခြင်း၊ စုဝေးပွဲများတွင် တမင်တကာဖြစ်စေ၊ မရည်ရွယ်ဘဲဖြစ်စေ ၎င်းတို့အနီး၌ ထိုင်ရန် မကြာခဏ ကြိုးစားခြင်း၊ ထို့အပြင် လူတစ်ဦးတည်းကိုသာ မြူဆွယ်ခြင်းမဟုတ်ဘဲ ပထမကြိုးပမ်းမှု မအောင်မြင်ပါက အခြားတစ်ဦးထံသို့ ကူးပြောင်းရာ အသင်းတော်ရှိ ဆန့်ကျင်ဘက်လိင် အသင်းသားများစွာ နှောင့်ယှက်ခြင်းခံရသဖြင့် ဤကိစ္စရပ်သည် ဆိုးရွားလာပြီဖြစ်သည်။ ဤသည်မှာ ကျားမလိင်အကြား မလျော်ကန်သော ဆက်ဆံရေးများကို ခြုံငုံသည်။ ဆန့်ကျင်ဘက်လိင်နှင့် ဆက်ဆံရေးများအပြင်၊ လိင်တူသည့်လူများအကြားတွင်လည်း မလျော်ကန်သော ဆက်ဆံရေးအချို့ ရှိပေသည်။ အကယ်၍ လိင်တူသည့်လူနှစ်ဦးသည် အထူးတလည် ရင်းနှီးသောဆက်ဆံရေးရှိပြီး၊ အချင်းချင်း သိကျွမ်းသည်မှာ အချိန်ကြာမြင့်ပြီဖြစ်ကာ အတော်လေး ရင်းနှီးနေပါက၊ ၎င်းတို့ မကြာခဏ အပြန်အလှန် ဆက်ဆံခြင်းသည် သင့်လျော်ပေသည်။ သို့ရာတွင်၊ ဇာတိပကတိ၏ ကာမရာဂစိတ်နှင့်ဆိုင်သော ဆက်ဆံရေးများတွင် ပါဝင်သည်အထိ အခြေအနေ ပိုဆိုးလာသည်နှင့်တစ်ပြိုင်နက်၊ ထိုသို့သော ဆက်ဆံရေးများကိုလည်း မလျော်ကန်သော ဆက်ဆံရေးအဖြစ် အမျိုးအစားသတ်မှတ်သင့်သည်။ အကယ်၍ လိင်တူသည့်လူနှစ်ဦးအကြားတွင် အချင်းချင်း စိတ်ကိုဆွပေးသော စကားများကိုပင် မကြာခဏ ပြောဆိုသည့်အတိုင်းအတာအထိ ကိုယ်ခန္ဓာချင်းထိတွေ့မှုသည် မကြာခဏဖြစ်နေပြီး၊ ထိုနှစ်ဦးသည် မကြာခဏ အချင်းချင်း ပခုံးဖက်လျက် သို့မဟုတ် ပို၍ထင်ရှားသော အပြုအမူများနှင့် သရုပ်သကန်များကို ပြသလျက်ရှိသည်ကို တွေ့မြင်ရပါက၊ အချိန်ကြာလာသည်နှင့်အမျှ လူတိုင်းအတွက် ထင်ရှားလာသည်မှာ “ဤနှစ်ဦးသည် အချင်းချင်း ကူညီနေခြင်း သို့မဟုတ် ပင်ကိုစရိုက်ချင်း သဟဇာတဖြစ်နေခြင်း မဟုတ်ပါ။ သူတို့သည် ပုံမှန်လူ့သဘာဝဘောင်အတွင်း၌ အပြန်အလှန်ဆက်ဆံနေခြင်း မဟုတ်ပါ။ ဤသည်မှာ လိင်တူချစ်ကြိုက်ခြင်းပင် ဖြစ်သည်” ဟူ၍ ဖြစ်၏။ ယခုအခါတွင် လူအများစုသည် လိင်တူဆက်ဆံခြင်းသည် မလျော်ကန်သော ဆက်ဆံရေးတစ်ခုဖြစ်ပြီး၊ ကျားမလိင်မတူသူများအကြားရှိ ဆက်ဆံရေးထက် သဘောသဘာဝအရ ပို၍ပင် ပြင်းထန်ကာ မလျော်ကန်ကြောင်းကို နားလည်ကြသည်။ အကယ်၍ ထိုသို့သော ဆက်ဆံရေးများသည် အသင်းတော်အတွင်း၌ တည်ရှိနေပါက၊ ကပ်ရောဂါတစ်ခုကဲ့သို့ ပျံ့နှံ့သွားနိုင်ပြီး၊ အချို့ကို ဤသို့သော စုံစမ်းသွေးဆောင်ခြင်းနှင့် မြူဆွယ်ခြင်းထဲသို့ ကျရောက်သွားစေနိုင်သည်။ ယခင်က လိင်တူဆက်ဆံခြင်းတွင် ၎င်းတို့ ပါဝင်ခဲ့ဖူးသော်လည်း ဆန္ဒအလျောက် ပြုလုပ်ခဲ့ခြင်းမဟုတ်ဟု လူအချို့က ဆိုကြသည်။ ၎င်းတို့အနေဖြင့် အမှန်တကယ် လိင်တူဆက်ဆံသူများ ဟုတ်မဟုတ် သို့မဟုတ် ၎င်းတို့၏ လိင်စိတ်တိမ်းညွတ်မှုက အဘယ်အရာဖြစ်သည်ကို ဘေးဖယ်ထားလျက်၊ အကယ်၍ ၎င်းတို့သည် မြူဆွယ်မှုအောက်တွင် ထိုသို့သော စုံစမ်းသွေးဆောင်ခြင်းထဲသို့ ကျရောက်နိုင်ပါက၊ ၎င်းတို့သည် ဆန္ဒအလျောက် သို့မဟုတ် အလိုမတူဘဲ ပြုလုပ်ခဲ့ခြင်း ဟုတ်မဟုတ်ဟူသည်ကို ယခုအချိန်တွင် ဘေးဖယ်ထားလျက်၊ ရှေးဦးစွာ ၎င်းတို့သည် ထိုအရာ၏ နှောင့်ယှက်ခြင်းကို ခံခဲ့ရခြင်း ဖြစ်သည်။ ၎င်းတို့သည် ဆန္ဒအလျောက် ပြုလုပ်ခဲ့ခြင်းမဟုတ်ဟူသော ၎င်းတို့၏ အဆိုကို အကဲဖြတ်ကြည့်လျှင် ၎င်းတို့သည် သားကောင်များ ဖြစ်ကြပေသည်။ ထို့ကြောင့်၊ လိင်တူဆက်ဆံသူများသည် အခြားလိင်တူသူများကို မြူဆွယ်ပြီး သွေးဆောင်ပါက၊ မြူဆွယ်ခြင်းခံရသူများသည် ၎င်းတို့ကိုယ်တိုင် လိင်တူဆက်ဆံသူများ မဟုတ်သည့်တိုင်၊ တစ်စုံတစ်ဦး၏ မြူဆွယ်ခြင်းကို ခံရပြီးနောက်တွင် လိင်တူဆက်ဆံသူများ ဖြစ်လာနိုင်သည်။ ဤသည်မှာ အန္တရာယ်ရှိသောအခြေအနေတစ်ခု မဟုတ်လော။ ထိုသို့သောလူများသည် လိင်တူဆက်ဆံသူများဖြစ်သည်ဟု အဘယ်ကြောင့် ဆိုရသနည်း။ လိင်ကွဲကြိုက်သူတစ်ဦးက လူများစွာကို မြူဆွယ်ခြင်းသည် မလျော်ကန်သော ဆက်ဆံရေးတစ်ခုဖြစ်သည့် ဖောက်ပြန်ခြင်းအမျိုးအစားတွင် အကျုံးဝင်သည်။ သို့ဖြစ်၍ ရင်းနှီးသောဆက်ဆံရေးရှိပြီး အဆင်ပြေပြေ ပေါင်းသင်းဆက်ဆံနိုင်သော လိင်တူလူနှစ်ဦးက ပုံမှန်သာဖြစ်သည့် လက်ချင်းကိုင်ကာ အချင်းချင်း ပွေ့ဖက်သည့်အခါ၊ မည်သို့ဖြစ်၍ လိင်တူဆက်ဆံသူများအဖြစ် သတ်မှတ်ခံရသည်အထိ ဖြစ်သွားနိုင်ရသနည်း။ ထိုအရာသည် ၎င်းတို့အကြားရှိ လိင်ဆက်ဆံရေး ဖြစ်သည်။ ဤဆက်ဆံရေးအဆင့် ဖြစ်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ယင်းသည် လိင်တူဆက်ဆံခြင်း ဖြစ်လာသည်။ ၎င်းတို့သည် အချင်းချင်း ပခုံးပေါ် လက်တင်သည့်အခါ၊ အချင်းချင်း လည်ပင်းကို ဖက်တွယ်သည့်အခါ၊ သို့မဟုတ် ခါးကို အချင်းချင်း ဖက်သည့်အခါ၊ ဤသည်မှာ လိင်တူလူများအကြား ပုံမှန် ကိုယ်ခန္ဓာချင်းထိတွေ့မှု မဟုတ်ပေ။ ထို့ထက်၊ ကာမရာဂစိတ်က စေ့ဆော်သော ကိုယ်ခန္ဓာချင်းထိတွေ့မှုဖြစ်ပြီး၊ သဘောသဘာဝအားဖြင့် ကွဲပြားကာ မလျော်ကန်သော ဆက်ဆံရေးများ အမျိုးအစားတွင် အကျုံးဝင်ပေသည်။ အသင်းတော်ရှိ လူအများစုအတွက်၊ ထိုသို့သော လိင်တူဆက်ဆံသူများကို မြင်ရခြင်းသည် တည်ဆောက်စရာဖြစ်သလော၊ မဖြစ်သလော။ (တည်ဆောက်စရာ မဖြစ်ပါ။) ဤအရာကို မြင်ပြီးနောက် လူအများစုသည် စိတ်အနှောင့်အယှက်ဖြစ်ကြသလော။ အကယ်၍ သင်သည် အခြေအနေကို မသိရှိဘဲ ၎င်းတို့က သင်၏လည်ပင်း သို့မဟုတ် ခါးကို ဖက်လျှင်၊ သို့မဟုတ် သင့်မျက်နှာကိုပင် နမ်းလျှင်၊ သင်တို့ စိတ်အနှောင့်အယှက်ဖြစ်မည်လော။ (ဖြစ်ပါမည်။) စိတ်အနှောင့်အယှက်ဖြစ်ပြီးနောက်၊ သင်၏စိတ်နှလုံးသည် စိတ်အေးချမ်းမည်လော၊ သို့မဟုတ် စိတ်မသက်မသာဖြစ်မည်လော။ (ကျွန်ုပ် စက်ဆုပ်မိပါမည်။) သို့ဆိုလျှင် အပြစ်ရှိသည်ဟူသော ခံစားချက် ရှိမည်လော။ ဤပြဿနာအမျိုးအစား၏ အနှစ်သာရမှာ အတိအကျ အဘယ်အရာဖြစ်သည်ကို သင် နားမလည်ဘဲ၊ လိင်တူတစ်ဦး၏ ထိတွေ့ခြင်း သို့မဟုတ် ကိုယ်ခန္ဓာချင်းထိတွေ့ခြင်းကို ခံရပြီးနောက်ပိုင်းတွင် ထိုအကြောင်းကို များများစားစား မစဉ်းစားမိပါက၊ ပြဿနာများစွာ မရှိပေ။ သို့ရာတွင်၊ အကယ်၍ သင်သည် ထိုအကြောင်းကို စဉ်းစားပြီး၊ ဆက်လက်စဉ်းစားကာ၊ ထို့နောက်တွင် လူတစ်ဦးသည် ဆန့်ကျင်ဘက်လိင်ကို တမ်းတမ်းတတဖြစ်သကဲ့သို့ ဤလူကို သင် လက်မလွှတ်နိုင်တော့ပါက၊ သင်၏ ပုဂ္ဂလဓိဋ္ဌာန်ကျသော အသိစိတ်ထဲတွင် သင်သည် အတိုက်အခံဖြစ်သည်ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ၊ သင်၏အတွင်း၌ ထိုသို့သော အတွေးများ ပေါ်ပေါက်လာခြင်းက သင်သည် နှောင့်ယှက်ခြင်းခံရပြီးဖြစ်ကြောင်းကို ညွှန်ပြသည် မဟုတ်လော။ ထို့ကြောင့်၊ ဤမလျော်ကန်သော ဆက်ဆံရေးအမျိုးအစားဖြစ်သည့် လိင်တူဆက်ဆံရေးများ၏ သဘောသဘာဝသည် ပို၍ပင် ဆိုးရွားလှပေသည်။ အချို့လူများသည် လိင်ကွဲများအကြား ကာမဂုဏ်လိုက်စားခြင်းနှင့် လိင်တူဆက်ဆံခြင်းတို့၏ ကွာခြားချက်ကို မမြင်နိုင်ဘဲ ဤပြဿနာနှစ်ခုကို တန်းတူ သဘောထားကြသည်။ အမှန်တွင်၊ လိင်တူဆက်ဆံခြင်း ပြဿနာသည် လိင်ကွဲများအကြား ကာမဂုဏ်လိုက်စားခြင်းကိစ္စထက် များစွာ ပို၍ ဆိုးရွားလှပေသည်။

အကယ်၍ လိင်တူဆက်ဆံရေးများတွင် ပါဝင်သော လူပုဂ္ဂိုလ်များသည် အသင်းတော်အတွင်း၌ ပေါ်ပေါက်လာပြီး ကန့်သတ်ခြင်းမခံရပါက၊ ၎င်းတို့သည် လူတိုင်းအတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်စေပြီး အနှောင့်အယှက်များကို ဖြစ်စေသည်။ မည်သည့် အနှောင့်အယှက်မျိုးများ ဖြစ်သနည်း။ အပြင်ပန်းအားဖြင့်၊ လူအများစုသည် ၎င်းတို့နှင့် အပြန်အလှန်ဆက်ဆံသည့်အခါ ၎င်းတို့၏ လူ့သဘာဝနှင့်ပတ်သက်၍ မည်သည့်ပြဿနာကိုမျှ မတွေ့ရှိနိုင်သော်လည်း၊ ကြာရှည်စွာ အပြန်အလှန်ဆက်ဆံခြင်းသည် ၎င်းတို့၏ အတွေးများကို ညစ်ညမ်းစေပြီး ၎င်းတို့၏ စိတ်နှလုံးများကို မှောင်မိုက်စေသည်။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်းအတွက် စိတ်အားထက်သန်မှုကို ဆုံးရှုံးသွားပြီး၊ မည်သည့် အထူးပြဿနာကိုမျှ မကြုံတွေ့ရဘဲ ဘုရားသခင်ကို ယုံကြည်ရန် မလိုမလားဖြစ်လာကြသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုရာတွင် စိတ်ဝင်စားမှု ပျောက်ဆုံးသွားကြသည်၊ မိမိတို့၏ စိတ်နှလုံးထဲတွင် ဘုရားသခင်နှင့် တိုး၍အလှမ်းဝေးသည်ဟု ခံစားရကာ၊ မိမိတို့၏ ယုံကြည်ခြင်းကို စွန့်ခြင်းနှင့်ဆိုင်သည့် ဆိုးယုတ်သော အတွေးများကို လက်သင့်ခံမိကြလေသည်။ ထို့ကြောင့်၊ အသင်းတော်အတွင်းရှိ ထိုသို့သော မလျော်ကန်သည့် လိင်တူဆက်ဆံရေးများကို တားဆီးပြီးကန့်သတ်သင့်သည်သာမက၊ ယင်းတို့တွင် ပါဝင်သူများကိုလည်း အသင်းတော်မှ အချိန်မီ ဖယ်ရှားသင့်သည်။ ဤသည်မှာ အကြွင်းမဲ့ဖြစ်သည်။ ထိုသို့သော လူပုဂ္ဂိုလ်များကို ရှာဖွေတွေ့ရှိသည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့ ထမ်းဆောင်သည့် တာဝန်များ သို့မဟုတ် ၎င်းတို့၏ အဆင့်အတန်းက မည်သို့ပင်ဖြစ်စေ၊ သည်းခံမှုမရှိဘဲ ၎င်းတို့ကို အသင်းတော်မှ အချိန်မီ ဖယ်ထုတ်ပစ်ရမည်။ ဤသည်မှာ အသင်းတော်၏ စည်းမျဉ်းစည်းကမ်း ဖြစ်သည်။ ဤစည်းမျဉ်းစည်းကမ်းက အဘယ်ကြောင့် ရှိနေရသနည်း။ ထိုအရာသည် ခိုင်လုံသော အကြောင်းရင်းများပေါ်တွင် အခြေပြုသည်။ ဘုရားသခင်သည် လူသားများကို ဖိုမအဖြစ် ဖန်ဆင်းခဲ့သည်၊ အာဒံကို ဖန်ဆင်းပြီးနောက်၊ သူ၏အဖော်မှာ ဧဝဖြစ်ပြီး၊ အခြားအာဒံတစ်ဦး မဟုတ်ခဲ့ပေ။ လိင်တူဆက်ဆံရေးများတွင် ပါဝင်သူများအပေါ် ထိုသို့သော အရေးယူဆောင်ရွက်ခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် အခြေခံပြီး၊ လုံးဝ တိကျမှန်ကန်သည်။ အချို့က၊ “ဤလူများကို နောင်တရရန် အခွင့်အရေး အဘယ်ကြောင့် မပေးရသနည်း။ ၎င်းတို့သည် ငယ်ရွယ်ကြသည်၊ အဓိပ္ပာယ်မရှိသော အပြုအမူအချို့ကို ကျူးလွန်ရန် ၎င်းတို့အား ခွင့်မပြုသင့်ဘူးလော”ဟု ဆိုကောင်းဆိုနိုင်သည်။ မဟုတ်ပေ။ အခြား အဓိပ္ပာယ်မရှိသော အပြုအမူများကို အခြေအနေများနှင့် သဘောသဘာဝအပေါ်မူတည်၍ ကွဲပြားစွာ ကိုင်တွယ်နိုင်သော်လည်း၊ ဤတိကျသော အဓိပ္ပာယ်မရှိသည့် အပြုအမူမှာမူ သာမန်အဓိပ္ပာယ်မရှိသည့် အပြုအမူတစ်ခု လုံးဝမဟုတ်ပေ။ ၎င်းကို လုံးဝ သည်းခံ၍မရနိုင်ဘဲ၊ အသင်းတော်အတွင်း၌ ထိုသို့သော အပြုအမူ ကျူးလွန်သူတိုင်းကို အချိန်မီ ဖယ်ရှားရမည်။ အသင်းတော်တစ်ခုလုံးသည် လိင်တူဆက်ဆံသူများဖြင့် ဖွဲ့စည်းထားပါက အားလုံးက ဖယ်ရှားခြင်းခံရမည်ဖြစ်သည်။ ထိုသို့သော အသင်းတော်ကို အလိုမရှိ၊ တစ်ခုတလေပင် အလိုမရှိပေ။ ဤသည်မှာ စည်းမျဉ်း ဖြစ်သည်။ အချို့က၊ “အချို့လူများသည် လူတစ်ဦးတည်းနှင့်သာ ဆက်ဆံသော လိင်တူဆက်ဆံရေးတွင် ပါဝင်နေပြီး၊ ၎င်းတို့သည် အခြားသူများကို မမြူဆွယ်ရသေး သို့မဟုတ် အခြားမည်သူ့ကိုမျှ စတင်၍ နှောင့်ယှက်ခြင်း မပြုရသေးပေ။ ထိုသို့သော လူပုဂ္ဂိုလ်များကို ကိုင်တွယ်ပြီး ရှင်းလင်းပစ်သင့်သလော”ဟု ဆိုကြသည်။ အကယ်၍ ၎င်းတို့သည် အမှန်တကယ် လိင်တူဆက်ဆံသူများဖြစ်ပါက၊ ၎င်းတို့ကို အသင်းတော်တွင် နေခွင့်ပြုခြင်းသည် ဘုရားသခင် ရွေးချယ်ထားသောလူများအကြားတွင် ချိန်ကိုက်ဗုံးတစ်လုံးကို ထားရှိခြင်းနှင့် တူသည်။ ၎င်းသည် မကြာမီ သို့မဟုတ် နောင်တစ်ချိန်တွင် ပေါက်ကွဲမည်မှာ သေချာသည်။ ၎င်းတို့သည် မည်သည့်လိင်တူ လူပုဂ္ဂိုလ်ကိုမျှ နှောင့်ယှက်ခြင်း၊ မြူဆွယ်ခြင်း၊ သို့မဟုတ် စိတ်အနှောင့်အယှက်ပေးခြင်း မပြုခဲ့သည့်တိုင်၊ နောင်တွင် ၎င်းတို့ ပြုလုပ်မည်မဟုတ်ဟု မဆိုလိုပေ။ ၎င်းတို့ သဘောကျသောသူ၊ နှစ်သက်သောသူကို မတွေ့သေးခြင်း၊ သို့မဟုတ် အချိန်အခါ မသင့်သေးခြင်း၊ လူတိုင်းက အချင်းချင်း ရင်းနှီးကျွမ်းဝင်မှုနှင့် နားလည်မှု ကင်းမဲ့နေသေးခြင်းတို့ ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော် ထိုသို့သောလူများအတွက် အချိန်အခါသင့်ပြီး သင့်တော်သည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့သည် မိမိတို့၏ လှုပ်ရှားမှုကို အစပြုကြလိမ့်မည်။ ထို့ကြောင့်၊ ထိုသို့သော လူပုဂ္ဂိုလ်များသည် သဘာဝမကျသည့်အပြင် လူမဆန်ကြသောကြောင့် ၎င်းတို့ကို လုံးဝ သည်းခံရမည်မဟုတ်၊ သို့မဟုတ် အသင်းတော်အတွင်း၌ ဆက်လက်နေထိုင်ခွင့်ပြုရမည် မဟုတ်ပေ။ အသင်းတော်သည် ထိုသို့သောလူများကို အလိုမရှိပေ။ ထိုသို့သော မလျော်ကန်သည့် ဆက်ဆံရေးများတွင် ပါဝင်သူများကို ဤနည်းလမ်းဖြင့် ကိုင်တွယ်ခြင်းသည် မှားယွင်းခြင်း သို့မဟုတ် လွန်ကဲခြင်း မဟုတ်ပေ။ သို့ရာတွင်၊ အချို့က၊ “လိင်တူဆက်ဆံသူအချို့သည် အတော်လေး သဘောကောင်းပုံရသည်၊ ၎င်းတို့သည် မည်သည့်မကောင်းမှုကိုမျှ မပြုလုပ်ခဲ့ပါ။ ဥပဒေများနှင့် စည်းမျဉ်းများကို လိုက်နာကြသည်။ အသက်ကြီးသူများကို ရိုသေပြီး လူငယ်များကို ချစ်ခင်ကြသည်။ အမြဲတမ်း ကောင်းမှုများ ပြုလုပ်သည်၊ အချို့တွင် ဆုကျေးဇူးများနှင့် ကျွမ်းကျင်မှုများပင် ရှိကြပြီး၊ အချို့မှာ အသင်းတော်တွင် အထူးသဖြင့် မရှိဆင်းရဲသားများကို ရက်ရောကာ ကူညီတတ်ကြသည်။ ကျွန်ုပ်တို့သည် သူတို့ကို အသင်းတော်တွင် နေခွင့်ပြုသင့်သည်”ဟု ဆိုကြသည်။ ဤအတွေးသည် မှန်ကန်သလော။ (မမှန်ကန်ပါ။) သင်၏ အတွေးများ မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ၊ သင်သည် လိင်တူဆက်ဆံသူများ၏ သဘောသဘာဝကို ရိပ်စားနိုင်ရမည်။ လိင်တူဆက်ဆံရေးများတွင် ပါဝင်သော လူပုဂ္ဂိုလ်များအတွက် အသင်းတော်၏ လက်တွေ့လုပ်ဆောင်ခြင်း စည်းမျဉ်းမှာ ၎င်းတို့ကို ရှင်းလင်းပစ်ရန် ဖြစ်သည်။ ဤသည်မှာ မည်သူမျှ ချိုးဖောက်မရနိုင်ကောင်းသည့် စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်ဖြစ်သည်။ လူတိုင်းသည် ဤစည်းမျဉ်းအတိုင်း လက်တွေ့လုပ်ဆောင်ရမည်။

ငါတို့ ယခုလေးတင် မိတ်သဟာယဖွဲ့ခဲ့သည့် ဤမလျော်ကန်သော ဆက်ဆံရေးအမျိုးအစားနှစ်ခု၏ သရုပ်သကန်များသည် လူတို့အတွက် ပိုင်းခြားသိမြင်ရန်၊ ရိပ်စားမိရန်နှင့် သတ်မှတ်ရန် အလွယ်ကူဆုံး ဖြစ်သည်။ ထိုသို့သော မလျော်ကန်သည့် ဆက်ဆံရေးများတွင် ပါဝင်သူများနှင့်စပ်လျဉ်း၍၊ အချက်တစ်ခုမှာ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ၎င်းတို့ကို ကိုင်တွယ်ရန် တားဆီးခြင်း၊ ကန့်သတ်ခြင်း၊ သီးခြားခွဲထားခြင်းနှင့် ဖယ်ထုတ်ပစ်ခြင်းကဲ့သို့သော စီမံချက်များကို အသုံးပြုခြင်းဖြင့် မိမိတို့၏ တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရမည်ဖြစ်သည်။ နောက်တစ်ချက်မှာ၊ ညီအစ်ကိုမောင်နှမများသည်လည်း ဤမလျော်ကန်သော ဆက်ဆံရေးအမျိုးအစားနှစ်ခုတွင် ပါဝင်သူများကို ပိုင်းခြားသိမြင်ပြီး ဝေးဝေးနေသင့်သည်၊ သို့မှသာ မြူဆွယ်ခြင်းခံရပြီး စုံစမ်းသွေးဆောင်ခြင်းထဲသို့ ကျရောက်ခြင်းမှ ရှောင်ရှားနိုင်မည်ဖြစ်ကာ ယင်းက ကယ်တင်ခြင်းကို ရရှိရန်အတွက် ၎င်းတို့၏ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် သမ္မာတရား လိုက်စားခြင်းတို့အပေါ် သက်ရောက်မှုရှိနိုင်ပေသည်။ စုံစမ်းသွေးဆောင်ခြင်းတွင် ကျော့မိသည်နှင့်တစ်ပြိုင်နက်၊ မိမိကိုယ်ကို လွတ်မြောက်စေဖို့ ခက်ခဲလှသည်။ လူအများစုသည် ဤလူအမျိုးအစားနှစ်ခုကို ပိုင်းခြားသိမြင်နိုင်သင့်သည်။ လူ့အဖွဲ့အစည်းတွင် လူတို့ ပြုမူသကဲ့သို့ မပြုမူနှင့်၊ မည်သူက မည်သူ့ကို ပရောပရည်လုပ်သည်ကို မမြင်ချင်ယောင်ဆောင်ခြင်း၊ ဖောက်ပြန်ခြင်းတွင် ပါဝင်သူများအပေါ် မှန်ကန်သော အမြင်ရှုထောင့် သို့မဟုတ် ရပ်တည်ချက် ကင်းမဲ့ခြင်း၊ မိမိကိုယ်ပိုင် အကျိုးစီးပွားများ မပါဝင်သရွေ့ ထိုသို့သော လူပုဂ္ဂိုလ်များနှင့် ပုံမှန် အပြန်အလှန်ဆက်ဆံပြီး၊ မည်သည့်အရာမျှ လွဲချော်ခြင်းမရှိသည့်အလား ပုံမှန်အတိုင်း ပြောဆိုဆက်ဆံခြင်းမျိုး မရှိကြနှင့်။ ထိုသို့သောလူများသည် အခြားသူများကို ဆက်ဆံရာတွင် စည်းမျဉ်းများ ရှိသလော။ လုံးဝမရှိပေ။ ဘာသာတရားမရှိသူအားလုံးသည် မိမိတို့ကိုယ်ကို ကာကွယ်ရန် မည်သူ့ကိုမျှ စိတ်အနှောင့်အယှက်မဖြစ်စေရန် ကြိုးပမ်းလျက်၊ လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် အတွေးအခေါ်များဖြင့် အသက်ရှင်ကြသော်လည်း၊ ဘုရားအိမ်တော်သည် ဘာသာတရားမရှိသော လူ့အဖွဲ့အစည်းနှင့် လုံးဝ ကွဲပြားသည်။ ဘုရားအိမ်တော်တွင် သမ္မာတရားက အာဏာစွဲကိုင်သည်။ ဘုရားသခင်သည် လူတို့အား သမ္မာတရား စည်းမျဉ်းများအပေါ် အခြေခံ၍ အခြားသူများကို ဆက်ဆံရန် တောင်းဆိုသည်။ ဘုရားသခင် ရွေးချယ်ထားသောလူများအားလုံးသည် အသင်းတော်အသက်တာကို ထိန်းသိမ်းရန်နှင့် ညီအစ်ကိုမောင်နှမများကို ကာကွယ်ရန်အတွက်သာမက၊ ပို၍အရေးကြီးသည်မှာ၊ စုံစမ်းသွေးဆောင်ခြင်း၏ ဆင်းရဲဒုက္ခမှ မိမိတို့ကိုယ်ကို ကာကွယ်ရန်နှင့် စုံစမ်းသွေးဆောင်ခြင်း မခံရစေရန် ရှောင်ရှားဖို့အတွက်၊ သမ္မာတရားကို လက်ခံပြီး မိမိတို့ကိုယ်ကို သမ္မာတရားဖြင့် ပြင်ဆင်နေကြကာ အခြားသူများကို ပိုင်းခြားသိမြင်ပြီး ဆက်ဆံရန် ယင်းကို အသုံးပြုနေကြသည်။ သင်သည် ထိုသို့သော လူပုဂ္ဂိုလ်များကို ပို၍စောစီးစွာ ပိုင်းခြားသိမြင်ပြီး ခပ်ကင်းကင်းနေနိုင်လေ၊ သင်သည် စုံစမ်းသွေးဆောင်ခြင်းမှ ခပ်ကင်းကင်း နေနိုင်လိမ့်မည်ဖြစ်ကာ ကာကွယ်ခြင်းခံရနိုင်လေ ဖြစ်လိမ့်မည်။ သင့်အနေဖြင့် မလျော်ကန်သော ဆက်ဆံရေးများတွင် ပါဝင်သော လူပုဂ္ဂိုလ်များကို ဤသို့ ဆက်ဆံသင့်ပေသည်။ ဤသည်မှာ သမ္မာတရား စည်းမျဉ်းများနှင့် အညီဖြစ်ပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့်လည်း ကိုက်ညီပေသည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။