ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၁၄) အခန်း လေး

ဂ။ အကျိုးစီးပွားနှင့်ဆိုင်သော မလျော်ကန်သည့် ဆက်ဆံရေးများ

အခြား မလျော်ကန်သော ဆက်ဆံရေးအမျိုးအစားတစ်ခုမှာ အကျိုးစီးပွားနှင့်ဆိုင်သော ဆက်ဆံရေးများ ဖြစ်သည်။ လူတို့သည် အကျိုးစီးပွားအတွက် အချင်းချင်း မြှောက်ပင့်ပြောဆိုခြင်း၊ အမွှမ်းတင်ခြင်း၊ ချီးမွမ်းခြင်းနှင့် မျက်နှာလုပ်ခြင်းကဲ့သို့သော အရာများကို ပြုလုပ်ကြသည်။ ထိုသို့သော ကောက်ကျစ်သည့် အပြုအမူနှင့် ကောက်ကျစ်ဆိုးယုတ်သော အငွေ့အသက်ကို အသင်းတော်အသက်တာထဲသို့ ယူဆောင်လာခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တိတ်ဆိတ်စွာ ဖတ်ရှုနေသောအခြားသူများ သို့မဟုတ် ဝေမျှလျက်ရှိသော အတွေ့အကြုံများကို နားထောင်နေသော အခြားသူများအား ပြင်းထန်စွာ ထိခိုက်စေသည်။ အကျိုးစီးပွားနှင့်ဆိုင်သော ဆက်ဆံရေးတစ်ခု တည်ထောင်ပြီးသည်နှင့်တစ်ပြိုင်နက်၊ ပါဝင်သော လူပုဂ္ဂိုလ်များသည် မိမိတို့၏ ကိုယ်ပိုင် အကျိုးကျေးဇူးအတွက် မိမိတို့၏ စိတ်ဆန္ဒကို ဆန့်ကျင်သည့်အရာများအား မကြာခဏ ပြောဆိုကြလိမ့်မည် သို့မဟုတ် ပြုလုပ်ကြလိမ့်မည်။ ဥပမာအားဖြင့်၊ အကယ်၍ တစ်စုံတစ်ဦးက အခြားလူတစ်ဦးသည် ၎င်းတို့၏ စီးပွားရေး သို့မဟုတ် အကျိုးစီးပွားများကို တစ်နည်းနည်းဖြင့် အကျိုးပြုနိုင်သည်ကို မြင်ပါက၊ ၎င်းတို့သည် မျက်နှာလိုမျက်နှာရလုပ်ရန်အတွက် ထိုလူကို ခေါင်းဆောင်အဖြစ် ရွေးချယ်ခြင်း၊ တိကျသော တာဝန်တစ်ခုအတွက် သူ့ကို အမည်စာရင်းတင်သွင်းခြင်း၊ သို့မဟုတ် ထိုလူ ပြောဆိုသည့် မည်သည့်အရာကိုမဆို သမ္မာတရားနှင့် ကိုက်ညီသည်ဖြစ်စေ၊ မကိုက်ညီသည်ဖြစ်စေ မှန်ကန်သည်ဟု အခိုင်အမာဆိုလျက် သဘောတူခြင်းတို့ကို ပြုလုပ်ကောင်းပြုလုပ်နိုင်သည်။ ထိုသူတို့ကို မျက်နှာလိုမျက်နှာရလုပ်ရန်အလို့ငှာ၊ ၎င်းတို့သည် စည်းမျဉ်းများနှင့် မကိုက်ညီသည့်အပြင် သမ္မာတရားကို ဆန့်ကျင်သည့်အရာများစွာ၊ လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို ပိုင်းခြားသိမြင်ရာတွင်လည်းကောင်း၊ သမ္မာတရားထဲသို့ ဝင်ရောက်ရာတွင်လည်းကောင်း ဘုရားသခင် ရွေးချယ်ထားသောလူများကို အနှောင့်အယှက်ပေးသည့် အရာများစွာကို လုပ်ဆောင်ကြလေသည်။ ၎င်းတို့သည် မှားယွင်းပြီး လွဲချော်သောအရာကို မှန်ကန်သည်ဟု ဖော်ပြကြသည်။ လူ့အယူအဆများနှင့် စိတ်ကူးများကို ဘုရားသခင်၏ ရည်ရွယ်ချက်များ၊ စသည်တို့နှင့် ကိုက်ညီသည့်အရာအဖြစ် ဖော်ပြကြသည်။ ဤသို့ဖြင့် လူတို့၏ အတွေးများ၊ ၎င်းတို့ လိုက်စားမှု၏ မှန်ကန်သော ဦးတည်ချက်နှင့် ပန်းတိုင်ကို နှောင့်ယှက်လေသည်။ ဤအပြုအမူအားလုံးသည် အကျိုးစီးပွားနှင့်ဆိုင်သော ဆက်ဆံရေးတစ်ခုကို ၎င်းတို့ ထိန်းသိမ်းခြင်းမှ အစပြုသည်။ မိမိတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများကို ကာကွယ်ရန်နှင့် ထိန်းသိမ်းရန်၊ ၎င်းတို့သည် မိမိတို့၏ အသိစိတ်ကို လွန်ဆန်၍ ပြောဆိုနိုင်ပြီး စည်းမျဉ်းများကို လွန်ဆန်၍ ပြုမူနိုင်သည်။ ၎င်းတို့ ပြောဆိုကာ လုပ်ဆောင်သည့်အရာသည် အသင်းတော်အသက်တာအတွက် နှောင့်ယှက်ခြင်းနှင့် ဖျက်ဆီးခြင်းများကို ဖြစ်စေပြီး၊ နောက်ဆုံးတွင် ပိုများသောလူတို့ကို ပုံမှန်နှင့် စနစ်ကျသောပုံစံဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မိတ်သဟာယဖွဲ့ခြင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဆုတောင်းရင်းဖြင့် ဖတ်ရှုခြင်း၊ သို့မဟုတ် ပုဂ္ဂိုလ်ရေးဆိုင်ရာ အတွေ့အကြုံများကို ဝေမျှခြင်းတို့ မပြုလုပ်နိုင်စေတော့ဘဲ၊ လူတို့၏ အသက်ဝင်ရောက်မှုအတွက် ဆုံးရှုံးမှုများကို ဖြစ်ပေါ်စေသည်။ လူတို့သည် မိမိတို့၏ ကိုယ်ပိုင်အတွေ့အကြုံဆိုင်ရာ သိနားလည်မှုများကို မိတ်သဟာယဖွဲ့သည့်အခါ၊ ၎င်းတို့သည် လူတို့၏ အကျိုးစီးပွားနှင့်ဆိုင်သော ဆက်ဆံရေးများ၏ ဝင်ရောက်စွက်ဖက်ခြင်းကို မကြာခဏ ကြုံတွေ့ရသည်။ အချို့မှာ နှုတ်ဖြင့် ဝင်ရောက်စွက်ဖက်ခြင်းများဖြစ်သည်။ အချို့မှာ အပြုအမူဆိုင်ရာ ဖြစ်ပြီး၊ အခြားအရာများမှာ ပန်းတိုင်များ၊ ဦးတည်ချက်များနှင့် သက်ဆိုင်သည်။ လူတို့သည် သမ္မာတရားကို မိတ်သဟာယဖွဲ့ကာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဆုတောင်းရင်းဖြင့် ဖတ်ရှုသည့်အခါ မကြာခဏ ကြားဖြတ်နှောင့်ယှက်ခြင်းခံရပြီး၊ မကြာခဏ အကြောင်းအရာမှ သွေဖည်သွားစေခြင်းခံရကာ၊ အမျိုးမျိုးသော အတိုင်းအတာများအထိ မကြာခဏ ထိခိုက်ခြင်းခံရသည်။ ထို့ကြောင့် အကျိုးစီးပွားနှင့်ဆိုင်သော မလျော်ကန်သည့် ဆက်ဆံရေးများတွင် ပါဝင်သူများနှင့် ဆက်စပ်သော အပြုအမူများကို ကန့်သတ်သင့်သည်။ အသင်းတော်ခေါင်းဆောင်များသည် ဤကိစ္စရပ်များနှင့် ရင်ဆိုင်ရသည့်အခါ မသိကျိုးကျွံပြုမနေသင့်သည့်အပြင်၊ အသင်းတော်အသက်တာအတွင်း၌ ထိုသို့သော ကိစ္စရပ်များ ဖြစ်ပေါ်ခြင်းကို ခွင့်ပြုလျက် ထိုသို့သော မကောင်းမှုပြုခြင်းအား သေချာပေါက် အလိုမလိုက်သင့်ပေ။ ထိုအစား၊ ၎င်းတို့သည် သတိဝီရိယရှိပြီး အမြော်အမြင်ရှိသင့်ကာ အချိန်မီ တားဆီးပြီး ကန့်သတ်သင့်သည်။

အကျိုးစီးပွားနှင့်ဆိုင်သော မလျော်ကန်သည့် ဆက်ဆံရေးများတွင် ပါဝင်ခြင်းသည် အသင်းတော်၌ မြင်နေကျဖြစ်ရပ်တစ်ခု ဖြစ်သည်။ ဥပမာအားဖြင့်၊ အကယ်၍ တစ်စုံတစ်ဦးက နောက်အသင်းတော်ခေါင်းဆောင်အဖြစ် ရွေးကောက်ပွဲဝင်ရန် စီစဉ်ပါက၊ ၎င်းတို့သည် လူတစ်စုကို ဆွဲဆောင်ပြီး ၎င်းတို့၏ စိတ်ကူးများကို ထုတ်ဖော်ပြောဆိုပေမည်။ ဤလူများသည် မနုံအကြပေ။ ၎င်းတို့က “အကယ်၍ ကျွန်ုပ်တို့က သင့်ကို ရွေးကောက်တင်မြှောက်လျှင်၊ သင်က ကျွန်ုပ်တို့ကို မည်သည့်အကျိုးကျေးဇူးများ ပေးမည်နည်း”ဟု အရိပ်အမြွက် ပြောကြသည်။ ဤသို့ဖြင့် အကျိုးစီးပွားအပေါ် အခြေခံသော ဆက်ဆံရေးတစ်ခုသည် ၎င်းတို့အကြားတွင် ဖွဲ့စည်းဖြစ်ပေါ်လာသည်။ ၎င်းတို့၏ အကျိုးစီးပွားများကို ထိန်းသိမ်းရန်၊ ၎င်းတို့သည် စုဝေးပွဲများအတွင်း ကိစ္စရပ်များအပေါ် တူညီသော ရပ်တည်ချက်ကို မကြာခဏ ယူကြသည်။ အခြားသူများ သတိမထားမိဘဲ သို့မဟုတ် နောက်ခံအကြောင်းအရင်းကို မသိဘဲ၊ ၎င်းတို့သည် လူတစ်ဦး မည်မျှတော်ကြောင်း၊ အခြားလူတစ်ဦး ပြုလုပ်သည့်အရာကို ဘုရားသခင်က ခွင့်ပြုပြီး ကောင်းချီးပေးကြောင်း၊ မည်သူက ပူဇော်သက္ကာများ ပေးခဲ့ပြီး မည်မျှ ပူဇော်ခဲ့ကြောင်း၊ ဘုရားအိမ်တော်အတွက် မည်သူက မည်သည့်ပံ့ပိုးမှုများ ပေးခဲ့ကြောင်းတို့ကို အမြဲတမ်း ပြောဆိုကြပြီး၊ အချင်းချင်း အပြန်အလှန် မြှောက်ပင့်ပြောဆိုကာ တစ်ဦးကိုတစ်ဦး ထောက်ခံကြသည်။ အသင်းတော်အသက်တာတွင်၊ ၎င်းတို့သည် မိမိတို့ အစောပိုင်းက ရရှိခဲ့သော သဘောတူညီချက်ကို အကောင်အထည်ဖော်ရန်နှင့် မိမိတို့၏ အပြန်အလှန် အကျိုးစီးပွားများကို ထိန်းသိမ်းရန် ဤအရာများကို မကြာခဏ ထုတ်ဖော်ပြောဆိုကြသည်။ ဥပမာအားဖြင့်၊ တစ်စုံတစ်ဦးက “အကယ်၍ သင်က ကျွန်ုပ်ကို ခေါင်းဆောင်အဖြစ် ရွေးကောက်တင်မြှောက်လျှင်၊ ကျွန်ုပ် ရာထူးရသည်နှင့်တစ်ပြိုင်နက်၊ သင့်ကို အဖွဲ့ခေါင်းဆောင်အဖြစ် ခန့်အပ်မည်”ဟု ဆိုကောင်းဆိုနိုင်သည်။ ၎င်းတို့အားလုံးသည် ကိုယ်ပိုင်အကျိုးအမြတ်ကို ရှာဖွေနေကြသည် မဟုတ်လော။ ၎င်းတို့၏ အကျိုးစီးပွားများကို ဖြစ်မြောက်အောင်မြင်ရန် ၎င်းတို့သည် အချို့အရာများကို ပြောဆိုရမည်မဟုတ်လော သို့မဟုတ် အချို့သော လုပ်ရပ်များကို လုပ်ဆောင်ရမည် မဟုတ်လော။ ဤသို့ဖြင့်၊ ၎င်းတို့သည် စုဝေးပွဲများအတောအတွင်းတွင် အမျိုးမျိုးသော သရုပ်သကန်များကို ပြသကြသည်။ အားလုံးမှာ ၎င်းတို့ အစောပိုင်းက ရရှိခဲ့သော သဘောတူညီချက်နှင့် ပါဝင်သော အကျိုးစီးပွားများကို ထိန်းသိမ်းရန် ရည်ရွယ်သည်။ ၎င်းတို့၏ ပန်းတိုင်ကို စွမ်းဆောင်မရရှိမီတွင်၊ ၎င်းတို့ လုပ်ဆောင်သည့်အရာအများစုသည် အကျိုးစီးပွားများဖြင့် စေ့ဆော်ခြင်းခံရသည်။ သို့ဆိုလျှင်၊ ၎င်းတို့ ပြောဆိုကာ လုပ်ဆောင်သည့်အရာများ၏ နောက်ကွယ်ရှိ ရည်ရွယ်ချက်များနှင့် ရည်မှန်းချက်များသည် အတော်လေး မလျော်မကန်ဖြစ်သည် မဟုတ်လော။ ၎င်းတို့အကြား တည်ထောင်ထားသော ဆက်ဆံရေးသည် မလျော်ကန်သော ဆက်ဆံရေးတစ်ခု မဟုတ်လော။ အသင်းတော်အတွင်းရှိ ထိုသို့သော မလျော်ကန်သည့် ဆက်ဆံရေးများကို ကန့်သတ်သင့်သည် မဟုတ်လော။ အချို့က၊ “အကယ်၍ ထိုဆက်ဆံရေးကို မသိရှိလျှင်၊ မည်သို့ ကန့်သတ်နိုင်မည်နည်း”ဟု ဆိုကြသည်။ ထိုကဲ့သို့သော ကိစ္စရပ်များကို လုံးဝမလုပ်မိလျှင်တော့ ကိစ္စမရှိသော်လည်း၊ တစ်ကြိမ် လုပ်မိပါက ရှာဖွေတွေ့ရှိနိုင်ပြီး ဖော်ထုတ်ခြင်းခံရမည်ဖြစ်သည်။ အကယ်၍ လူတို့သည် သမ္မာတရားနှင့်မသက်ဆိုင်သည့် မည်သည့်အရာကိုမျှ မရောနှောဘဲ၊ သမ္မာတရားအပြင် မိမိတို့၏ ကိုယ်ပိုင်နားလည်မှုများနှင့် အတွေ့အကြုံများကို ကောင်းမွန်စွာ မိတ်သဟာယဖွဲ့ပါက၊ လူတိုင်း ဤအရာကို သိမြင်နိုင်သည်။ အကယ်၍ ရောနှောမှုများ ရှိပါက၊ လူတို့သည် ဤအရာကိုလည်း ပိုင်းခြားသိမြင်နိုင်သည်။ ထို့ကြောင့်၊ အသင်းတော်၌၊ အပြန်အလှန် အကျိုးစီးပွားများကို ထိန်းသိမ်းရန်အတွက် ဖြစ်ပေါ်လာသည့် အမျိုးမျိုးသော အပေးအယူဆိုင်ရာ ဆက်ဆံရေးများကိုလည်း ကန့်သတ်သင့်သည်။ အနည်းဆုံးအားဖြင့်၊ ၎င်းတို့၏ ကိုယ်ပိုင်ပြဿနာများကို အသိအမှတ်ပြုစေပြီး ထိုသို့သော လုပ်ဆောင်ချက်များတွင် ပါဝင်ခြင်း၏ ပြင်းထန်သော အကျိုးဆက်များကို နားလည်စေသည့်တစ်ချိန်တည်းတွင် ညီအစ်ကိုမောင်နှမများကိုလည်း ဤကိစ္စရပ်များ၏ သဘောသဘာဝအား ပိုင်းခြားသိမြင်နိုင်စေလျက်၊ ပါဝင်သူများကို သတိပေးပြီး မိတ်သဟာယဖွဲ့သင့်သည်။ ဤသို့သော လုပ်ဆောင်ချက်မျိုးသည် လူအများစုအပေါ် မည်သည့် သက်ရောက်မှုရှိသနည်း။ ထိုအရာသည် လူတို့ကို အသင်းတော်နှင့် လူ့အဖွဲ့အစည်းအကြား ခြားနားမှုများစွာ မရှိဟု ထင်မြင်စေသည်၊ နှစ်ခုလုံးသည် လူတိုင်း အချင်းချင်း အမြတ်ထုတ်သည့်နေရာများနှင့် လူတို့သည် မိမိတို့၏ ကိုယ်ပိုင်အကျိုးအမြတ်များအတွက် အပေးအယူလုပ်ကြသည့် နေရာများဖြစ်သည်ဟု ထင်မြင်စေသည်။ ဤအပြုအမူသည် မပြင်းထန်သော အနှောင့်အယှက်တစ်ခုမဟုတ်ဘဲ အသင်းတော်အသက်တာအတွက် ဆိုးရွားသော အနှောင့်အယှက်တစ်ခုကို ဖြစ်ပေါ်စေသည်။ ငါ့ကို ပြောလော့၊ ရွေးကောက်ပွဲအတွက် မဲများရရှိရန် လူတို့ကို အဆက်မပြတ် ဆွဲဆောင်ပြီး၊ ရွေးကောက်ပွဲကို ကြိုးကိုင်ခြယ်လှယ်ရန်နှင့် ခေါင်းဆောင်ရာထူးကို ရရှိရန် သာမန်မဟုတ်သော နည်းလမ်းများကို အသုံးပြုသူတစ်ဦးသည် လူကောင်းတစ်ဦး ဟုတ်သလော။ သိသာထင်ရှားစွာပင်၊ ဤနည်းလမ်းဖြင့် ရွေးကောက်တင်မြှောက်ခံရသော ခေါင်းဆောင်များသည် လူကောင်းများ မဟုတ်ကြပေ။ ၎င်းတို့၏ လက်ထဲသို့ ကျရောက်သွားသော ညီအစ်ကိုမောင်နှမများသည် ကောင်းမွန်သည့်အရာ တစ်ခုတလေကို မျှော်လင့်၍ရနိုင်သလော။ အကယ်၍ တစ်စုံတစ်ဦးသည် စည်းမျဉ်းများအပေါ် အခြေခံ၍ ရွေးကောက်တင်မြှောက်ခြင်းမခံရဘဲ၊ သာမန်မဟုတ်သော နည်းလမ်းများဖြင့် ခေါင်းဆောင်ဖြစ်လာပါက၊ ထိုသို့သော ခေါင်းဆောင်သည် မုချ လူကောင်းတစ်ဦးမဟုတ်ပေ။ အကယ်၍ ၎င်းတို့ကို ဦးဆောင်ခွင့်ပြုပါက၊ ၎င်းသည် ညီအစ်ကိုမောင်နှမများကို ဆိုးယုတ်သောသူတစ်ဦးထံ၊ အန္တိခရစ်တစ်ဦးထံသို့ ဗြောင်ကျကျ အပ်လိုက်ခြင်းပင် ဖြစ်သည်၊ လူအများစုသည် စင်စစ်အားဖြင့် စာတန်၏ လက်ထဲသို့ ပို့ဆောင်ခံရခြင်းဖြစ်သည်။ ထိုသို့သောအခြေအနေတွင်၊ ၎င်းတို့ အသင်းတော်အသက်တာ၏ ရလဒ်များက ပကတိအတိုင်း ရှင်းနေပြီဖြစ်သည်။ ဤသည်မှာ အကျိုးစီးပွားများနှင့် ဆက်စပ်နေသော မလျော်ကန်သည့် ဆက်ဆံရေးအမျိုးအစားတစ်ခု ဖြစ်သည်။ အုပ်စုများအကြားဖြစ်စေ လူပုဂ္ဂိုလ်များအကြားဖြစ်စေ၊ လူအချင်းချင်း ဆက်ဆံရေးများတွင် အကျိုးစီးပွားများ ပါဝင်လာသည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့သည် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ထိန်းသိမ်းရန် စည်းမျဉ်းများအတိုင်း ပြုမူခြင်းထက် မိမိတို့၏ လုပ်ဆောင်ချက်များတွင် ကိုယ်ပိုင်အကျိုးအမြတ်များဘက်သို့ ပို၍ ယိမ်းယိုင်သွားကြလိမ့်မည်။ ထိုသို့သော ဆက်ဆံရေးများသည် ပုံမှန်လူ့သဘာဝ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားအပေါ်၌ ထူထောင်ထားခြင်းမဟုတ်ဘဲ အသိစိတ်နှင့် ဆင်ခြင်တုံတရား နှစ်ခုစလုံးကို ဆန့်ကျင်သည့်အပြင်၊ သမ္မာတရား စည်းမျဉ်းများကို ပို၍ပင် ဆန့်ကျင်သော ဆက်ဆံရေးတစ်ခု ဖြစ်သည်။ ၎င်းတို့၏ ရည်ရွယ်ချက်များ၊ ရည်မှန်းချက်များ၊ စေ့ဆော်မှုများ၊ ဇာစ်မြစ်များ စသည်တို့နှင့်အတူ၊ ၎င်းတို့ ပြောဆို၊ ပြုမူ၊ ပြသသည့်အရာများသည် အကျိုးစီးပွားများ၏ တွန်းအားပေးခြင်းခံရသည်။ ဤသို့ဖြင့်၊ ဤဆက်ဆံရေးများကို မလျော်ကန်ဟု သတ်မှတ်၍ရနိုင်သည်။ အကြောင်းမှာ ထိုသို့သော ဆက်ဆံရေးများ ဖြစ်ပေါ်လာခြင်းက ဘုရားသခင် ရွေးချယ်ထားသောလူများအား အသင်းတော်အသက်တာကို အသက်ရှင်နေထိုင်ရာတွင် နှောင့်ယှက်ပြီး လူအများစုကို ဘုရားသခင်ရှေ့မှောက်တွင် တိတ်ဆိတ်ငြိမ်သက်စွာဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုရန်နှင့် သမ္မာတရားကို မိတ်သဟာယဖွဲ့ရန် ခက်ခဲစေသောကြောင့်၊ ထိုသို့သော မလျော်ကန်သည့် ဆက်ဆံရေးများကို အသင်းတော်အတွင်း၌ ကန့်သတ်သင့်သည်။ ပြင်းထန်ပြီး ဆိုးယုတ်သောလူများ၏ အပြုအမူဖြစ်သည့် ကိစ္စရပ်များအတွက်၊ သတိပေးချက်များ ထုတ်ပြန်သင့်ပြီး၊ ပါဝင်သူများသည် မည်သို့ပင်ဖြစ်စေ နောင်တမရပါက၊ ၎င်းတို့ကို အသင်းတော်မှ ရှင်းလင်းပစ်သင့်သည်။

ဃ။ လူတစ်ဦးနှင့်တစ်ဦးကြားက မုန်းတီးခြင်း

မလျော်ကန်သော လူအချင်းချင်း ဆက်ဆံရေးများတွင် သရုပ်သကန်အမျိုးမျိုး ရှိသည်။ ၎င်းတို့ထဲမှ နောက်တစ်ခုမှာ ပုဂ္ဂိုလ်ရေး မုန်းတီးခြင်း ဖြစ်သည်။ ဥပမာအားဖြင့်၊ မိသားစုများအတွင်း ယောက္ခမနှင့် ချွေးမကြား၊ ယောက်မများကြား သို့မဟုတ် ညီအစ်ကိုများကြားတွင် သဘောထားကွဲလွဲမှုများ သို့မဟုတ် အငြင်းပွားမှုများ ပေါ်ပေါက်လာနိုင်သည်၊ သို့မဟုတ် အိမ်နီးချင်းများကြားတွင်လည်း ပေါ်ပေါက်ကောင်းပေါ်ပေါက်လာနိုင်သည်။ တစ်ခါတစ်ရံ ဤသည်မှာ မုန်းတီးမှုအဖြစ်သို့ပင် ဖြစ်လာပြီး ထို့နောက်တွင် ၎င်းတို့သည် မျက်နှာချင်းပင် မဆိုင်နိုင်သည့်အပြင် မျက်နှာချင်းဆိုင်မိသည့်အခါတိုင်းတွင်လည်း ငြင်းခုံပြီး ရန်ဖြစ်ကြသည့်အတိုင်းအတာထိ ရန်ဘက်များသဖွယ် အတူတကွ ပူးပေါင်းဆောင်ရွက်ခြင်း သို့မဟုတ် အလုပ်လုပ်ခြင်း မပြုနိုင်ကြတော့ပေ။ ၎င်းတို့သည် စုဝေးပွဲများတွင် အချင်းချင်း တွေ့မြင်သည့်အခါ ၎င်းတို့၏ စိတ်နှလုံးများသည်လည်း မုန်းတီးခြင်းဖြင့် ပြည့်နေပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မွေ့လျော်ခံစားရန်နှင့် မိမိတို့ကိုယ်ကို ဆင်ခြင်သုံးသပ်ပြီး သိရှိလာရန် ဘုရားသခင်ရှေ့မှောက်တွင် မိမိတို့ကိုယ်ကို ငြိမ်သက်စေနိုင်ခြင်း မရှိသည့်အပြင်၊ ပုံမှန် စုဝေးပွဲတစ်ခုရှိရန်အတွက် မိမိတို့၏ မလိုမုန်းထားမှုများနှင့် မုန်းတီးခြင်းတို့ကို သေချာပေါက် လက်မလွှတ်နိုင်ကြပေ။ ထိုအစား၊ ၎င်းတို့ တွေ့ဆုံသည့်အခါတိုင်းတွင် ခိုက်ရန်ဖြစ်ပွားပြီး အချင်းများကြသည်။ ၎င်းတို့သည် အချင်းချင်း၏ အားနည်းချက်များကို ဖော်ထုတ်ပြီး တစ်ဦးကိုတစ်ဦး တိုက်ခိုက်ကြကာ အချင်းချင်း ကျိန်ဆဲကြသဖြင့် ဘုရားသခင် ရွေးချယ်ထားသော လူများအပေါ် အလွန်ဆိုးရွားသော အပျက်သဘောဆောင်သည့် သက်ရောက်မှုရှိစေကြသည်။ ထိုသို့သောလူများသည် မယုံကြည်သူများဖြစ်သည်၊ ဘာသာတရားမရှိသူများ ဖြစ်သည်။ ဘုရားသခင်ကို ရိုးသားစစ်မှန်စွာ ယုံကြည်ပြီး သမ္မာတရားကို ချစ်သောသူများအတွက်မူ မည်သည့်အရာ ဖြစ်ပျက်သည်ဖြစ်စေ၊ မည်သူနှင့် အငြင်းပွားမှုများ ရှိသည်ဖြစ်စေ၊ သို့မဟုတ် မည်သူ့အပေါ် မလိုမုန်းထားမှုများထားရှိသည်ဖြစ်စေ၊ ၎င်းတို့သည် သမ္မာတရားကို ရှာဖွေနိုင်ပြီး၊ မိမိတို့ကိုယ်ကို ဆင်ခြင်သုံးသပ်ကာ သိရှိလာနိုင်သည့်အပြင် သမ္မာတရား စည်းမျဉ်းများအတိုင်း ပြဿနာများကို ဖြေရှင်းနိုင်ကြသည်။ ၎င်းတို့သည် မှားယွင်းသောအရာတစ်ခုခုကို လုပ်ဆောင်မိပြီး တစ်စုံတစ်ဦးအပေါ် အကြွေးတင်ရှိပါက၊ တက်ကြွစွာ တောင်းပန်ပြီး မိမိတို့၏ အမှားများကို ဝန်ခံနိုင်ကြသည်။ စုဝေးပွဲများတွင် အငြင်းအခုံများ ဖြစ်စေခြင်း သို့မဟုတ် ပြဿနာရှာခြင်းတို့ကို ဖြစ်စေခြင်းအား လုံးဝ မကျင့်သုံးကြပေ။ အသင်းတော်၌ အငြင်းပွားမှုများတွင် ပါဝင်ပြီး အုတ်အော်သောင်းတင်းဖြစ်စေခြင်းသည် သန့်ရှင်းသူတို့၏ ဂုဏ်သိက္ခာနှင့် လုံးဝမထိုက်တန်ပေ။ ထိုသို့သော အပြုအမူက ဘုရားသခင်ကို ပြင်းထန်စွာ အရှက်ရစေခြင်း ဖြစ်သည်။ ဤနည်းအတိုင်း ပြုမူသောလူများသည် လူ့သဘာဝ၊ အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့ အလွန့်အလွန် ကင်းမဲ့ကြသည်။ ၎င်းတို့သည် ဘုရားသခင်ကို လုံးဝ စစ်မှန်သော ယုံကြည်သူများ မဟုတ်ကြပေ။ ဤပြဿနာသည် ယုံကြည်သူသစ်များကြားတွင် အတော်အတန် ပို၍ အဖြစ်များသည်။ အကြောင်းမှာ ယုံကြည်သူသစ်များသည် သမ္မာတရားကို နားမလည်ကြသည့်အပြင်၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများက သန့်စင်ခြင်း မခံရသေးသောကြောင့်၊ အမှုအရာများစွာအပေါ် အငြင်းပွားမှုများတွင် ပါဝင်ရန်နှင့် ၎င်းတို့၏ တဇောက်ကန်းဖြစ်ခြင်းကို ပေါက်ကွဲထွက်စေကာ ခိုက်ရန်ဖြစ်ပွားခြင်းများအဖြစ်ကို ရောက်ရှိဖို့ လွယ်ကူသောကြောင့် ဖြစ်သည်။ ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို မဖြေရှင်းပါက၊ လူတို့သည် မိမိတို့၏ စိတ်နှလုံးထဲတွင် မုန်းတီးခြင်းကို ထားရှိကြမည်ဖြစ်ပြီး၊ အသင်းတော်အသက်တာကို အသက်ရှင်နေထိုင်သည့်အခါတွင်ပင်၊ ဤတဇောက်ကန်းဖြစ်ခြင်းနှင့် မုန်းတီးခြင်းတို့ဖြင့် အဆုံးမရှိသော အငြင်းပွားမှုများတွင် ဆက်လက်ပါဝင်နေကြဦးမည် ဖြစ်သည်။ ဤသည်က ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဘုရားသခင် ရွေးချယ်ထားသောလူများက စားသောက်ခြင်း၊ ဘုရားသခင်ကို ချီးမွမ်းခြင်းနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် ၎င်းတို့၏ အတွေ့အကြုံဆိုင်ရာ နားလည်သဘောပေါက်မှုများကို မျှဝေခြင်းတို့အပေါ် သက်ရောက်မှုရှိစေလျက် အသင်းတော်အသက်တာကို ထိခိုက်သည်။ ပြီးလျှင်၊ ယင်းသည် ဘုရားသခင် ရွေးချယ်ထားသော လူများ၏ အသက်ဝင်ရောက်မှုကိုလည်း တိုက်ရိုက် ထိခိုက်စေသည်။ အချို့သော ယုံကြည်သူသစ်များသည် သေးငယ်သော ကိစ္စရပ်များအပေါ် သဘောထားကွဲလွဲမှုများကြောင့် အငြင်းပွားမှုများထဲသို့ အလွယ်တကူ ကျရောက်သွားကြသည်။ ဥပမာအားဖြင့်၊ စုဝေးပွဲတစ်ခု မစတင်မီတွင်၊ အချို့က ဓမ္မတေးတစ်ပုဒ်ကို သီဆိုရန် ဆန္ဒရှိကောင်းရှိနိုင်ပြီး အခြားသူများကမူ မတူညီသောတစ်ပုဒ်ကို ပို၍နှစ်သက်ကောင်း နှစ်သက်နိုင်သည်။ ထိုသို့သော အသေးအဖွဲကိစ္စတစ်ခုကပင် အငြင်းပွားမှုများဆီသို့ အလွယ်တကူ ဦးတည်သွားနိုင်သည်။ အလားတူပင်၊ ကိစ္စရပ်တစ်ခုအပေါ် မတူညီသော ထင်မြင်ချက်များသည် တစ်ခါတစ်ရံတွင် အငြင်းအခုံများအဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွားနိုင်ပြီး၊ စကားပြောရာတွင် ထည့်သွင်းစဉ်းစားမှုမရှိခြင်းကြောင့် တစ်စုံတစ်ဦးကို စိတ်အနှောင့်အယှက်ပေးခြင်းကပင် အငြင်းအခုံများကို ဖြစ်ပွားစေနိုင်သည်။ ဤသို့သော ဖြစ်ရပ်မျိုးများသည် ယုံကြည်သူသစ်များကြားတွင် အဖြစ်များသည်။ စုဝေးပွဲများအတောအတွင်းတွင် အငြင်းပွားမှုများ ပေါ်ပေါက်သည့်အခါ၊ ၎င်းတို့သည် အသင်းတော်အသက်တာကို အလိုအလျောက် နှောင့်ယှက်လေသည်။ ဤသည်က ဘုရားသခင် ရွေးချယ်ထားသော လူများကိုလည်း အနှောင့်အယှက်ပေးသည် မဟုတ်လော။ အငြင်းအခုံလုပ်ရန်နှင့် အမှားအမှန်ကို ငြင်းခုံရန် အလားအလာရှိသူများသည် အသင်းတော်အသက်တာကို အလွယ်ကူဆုံး နှောင့်ယှက်တတ်သောသူများ ဖြစ်ကြသည်။ ၎င်းတို့သည် ဘုရားသခင် ရွေးချယ်ထားသော လူများ၏ အကျိုးစီးပွားများကို ထည့်သွင်းစဉ်းစားခြင်းမရှိဘဲ မိမိတို့၏ အချည်းနှီးသောဂုဏ်နှင့် သိက္ခာကို ဖြည့်ဆည်းရန်သာ ဂရုစိုက်ကြသည်။ ဤနည်းအတိုင်း ပြုမူခြင်းအားဖြင့်၊ ၎င်းတို့သည် အသင်းတော်အသက်တာကို အနှောင့်အယှက်များ ဖြစ်စေသည် မဟုတ်လော။ (ဟုတ်ပါသည်။) အသင်းတော်သည် ညီအစ်ကိုမောင်နှမများက ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ရန်၊ မွေ့လျော်ခံစားရန် စုဝေးသည့်နေရာဖြစ်သည်။ ယင်းသည် ဘုရားသခင်ကို ကျိုးနွံနာခံခြင်းနှင့် ဝတ်ပြုကိုးကွယ်ခြင်းအတွက် နေရာတစ်ခု ဖြစ်သည်။ ယင်းသည် ပုဂ္ဂိုလ်ရေး မကျေနပ်ချက်များကို ထုတ်ဖော်ရန် နေရာတစ်ခု လုံးဝမဟုတ်သည့်အပြင်၊ အမှားအမှန်ကို ငြင်းခုံရန် သို့မဟုတ် အငြင်းပွားရန် နေရာတစ်ခုလည်း သေချာပေါက် မဟုတ်ပေ။ ထိုသို့သောလူများက ဤနည်းအတိုင်း အနှောင့်အယှက်များ ဖြစ်စေသည့်အခါ၊ ဤအရာက မည်သည့်အကျိုးဆက်များဆီသို့ ဆိုက်ရောက်စေသနည်း။ ယင်းက စုဝေးပွဲများအတွင်းတွင် မွေ့လျော်ခံစားမှုမရှိခြင်းကို တိုက်ရိုက် အကျိုးဆက်ဖြစ်စေသည်။ ဘုရားသခင် ရွေးချယ်ထားသော လူများ အသက်တာ တည်ဆောက်မှုကို မရရှိနိုင်ခြင်းဆီသို့ ဦးတည်သွားစေသည့်အပြင် လူအများစုကိုလည်း ပြောမပြနိုင်လောက်အောင် ဆင်းရဲဒုက္ခခံစားရစေလျက် ငြိမ်သက်ခြင်းမတွေ့နိုင်အောင်ဖြစ်စေသည်။ အချိန်ကြာလာသည်နှင့်အမျှ၊ အချို့သည် အပျက်သဘောဆောင်ပြီး အားနည်းလာကာ၊ စုဝေးပွဲများ တက်ရောက်ရန်ပင် အင်တင်တင်ဖြစ်လာကြသည်။ ဤအခြေအနေသည် အသင်းတော်အများစုတွင် မြင်နေကျဖြစ်ပြီး ဘုရားသခင် ရွေးချယ်ထားသော လူများအားလုံး တွေ့ကြုံခဲ့ပြီးဖြစ်သော အရာတစ်ခု ဖြစ်သည်။ သို့ဆိုလျှင် စုဝေးပွဲများတွင် မကြာခဏ အငြင်းအခုံပြုခြင်းနှင့် ရန်ဖြစ်ခြင်း ပြဿနာကို မည်သို့ ဖြေရှင်းသင့်သနည်း။ ထိုပြဿနာနှင့် သက်ဆိုင်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ ကျမ်းပိုဒ်များစွာကို ရွေးချယ်ပြီး စုဝေးပွဲများအတွင်းတွင် အကြိမ်များစွာ အတူတကွ ဖတ်ရှုသင့်သည်။ ထို့နောက် လူတိုင်းသည် မိမိတို့၏ နားလည်သဘောပေါက်မှုကို မျှဝေလျက် သမ္မာတရားကို မိတ်သဟာယဖွဲ့သင့်သည်။ ဤလုပ်နည်းကိုင်နည်းသည် အကျိုးရလဒ်အချို့ကို ဖြစ်ထွန်းစေနိုင်သည်။ အငြင်းအခုံပြုရန် အလားအလာရှိသူများသည် မိမိတို့၏ ပြစ်မှားခြင်းများကို အသိအမှတ်ပြုပြီး နောင်တရနိုင်ရုံသာမက၊ ဘေးမှကြည့်ရှုသူများပင်လျှင် အလားတူအခြေအနေများတွင် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ထုတ်ဖော်ခြင်း ရှိမရှိဟူသည်နှင့် အခြားသူများနှင့် အငြင်းအခုံပြုနိုင်စွမ်း ရှိမရှိဟူသည်တို့ကို ဆင်ခြင်သုံးသပ်နိုင်သည်။ ဤနည်းအားဖြင့် ဘေးမှကြည့်ရှုသူများသည်လည်း မိမိတို့ကိုယ်ကို သိရှိလာနိုင်သည်။ လူတစ်ဦးသည် အငြင်းပွားမှုများတွင် ပါဝင်သည်ဖြစ်စေ၊ မပါဝင်သည်ဖြစ်စေ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ ကျမ်းပိုဒ်အချို့ကို အကြိမ်များစွာ ဖတ်ရှုပြီးနောက်၊ ၎င်းတို့သည် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို အသိအမှတ်ပြုနိုင်ပြီး ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများဖြင့် အသက်ရှင်နေထိုင်ခြင်းသည် အသိစိတ်နှင့် ဆင်ခြင်တုံတရား ကင်းမဲ့ခြင်းအပြင် လူ့သဘာဝ အနည်းငယ်မျှပင် မရှိခြင်းကို အမှန်ပင် ဆိုလိုကြောင်း သိမြင်နိုင်သည်။ ဤနည်းအတိုင်း အသင်းတော်အသက်တာကို အသက်ရှင်နေထိုင်ခြင်း၏ အကျိုးသက်ရောက်မှုများက မဆိုးပေ၊ ဟုတ်ပါသလော။ စုဝေးပွဲတစ်ခု၏ အစတွင် အငြင်းပွားမှုများ ရှိကောင်းရှိနိုင်သော်လည်း၊ နောက်ပိုင်းတွင် လူတိုင်းက ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုနိုင်လျှင်၊ မိမိတို့ကိုယ်ကို ဆင်ခြင်သုံးသပ်ရန် ဘုရားသခင်ရှေ့မှောက်တွင် မိမိတို့ကိုယ်ကို ငြိမ်သက်စေနိုင်လျှင်၊ ပြဿနာများကို သမ္မာတရားဖြင့် ဖြေရှင်းနိုင်ပြီး အမှန်တကယ် နောင်တရနိုင်ပါက၊ ဤအကျိုးရလဒ်များကို စွမ်းဆောင်ရရှိနိုင်ပါက၊ ဤသည်မှာ ပုံမှန်အသင်းတော်အသက်တာ ဖြစ်သည်။ ထို့ကြောင့် စုဝေးပွဲများအတွင်း မည်သည့်အရာ ဖြစ်ပျက်သည်ဖြစ်စေ သေချာပေါက် ဆိုးသည် မဟုတ်။ လူတိုင်းက သမ္မာတရားကို ရှာဖွေရန် စိတ်နှလုံး တညီတညွတ်တည်းဖြင့် အတူတကွလာပြီး၊ သက်ဆိုင်ရာ ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ ကျမ်းပိုဒ်များစွာကို အတူတကွ အကြိမ်အနည်းငယ် ဖတ်ရှုသရွေ့၊ ပြဿနာများကို လုံးဝ မဖြေရှင်းနိုင်လျှင်ပင်၊ လူတို့သည် ယင်းတို့ကို အတော်အတန် ရိပ်စားမိနိုင်ပြီး ပိုင်းခြားသိမြင်မှုတစ်ခုခု ရှိနိုင်ကြလိမ့်မည်။ လူတိုင်းသည် ဤအရာမှ အကျိုးခံစားရလိမ့်မည် ဖြစ်သည်။ ထိုသို့သော အသင်းတော်အသက်တာသည် ဖြစ်လာခဲသည်ဟု သင်တို့ ဆိုမည်လော။ ဤသည်မှာ မကောင်းသောအရာတစ်ခုကို ကောင်းသောအရာတစ်ခုအဖြစ်သို့ ပြောင်းလဲစေခြင်းဖြစ်သည်။ ယင်းသည် အဆိုးထဲမှ အကောင်းတစ်ခု ဖြစ်သည်။ သို့ရာတွင် ဤသည်က လူတို့ကို အသင်းတော်အသက်တာတွင် အငြင်းပွားမှုများနှင့် ငြင်းခုံမှုများသည် နှစ်လိုဖွယ်ဖြစ်သည်ဟူသော အတွေးအခေါ်အား ထောက်ခံအားပေးရန် မဖြစ်စေသင့်ပေ။ ဤအရာကို လုံးဝ ထောက်ခံအားပေး၍ မရနိုင်ပေ။ အငြင်းပွားမှုများနှင့် ငြင်းခုံမှုများသည် တဇောက်ကန်းဖြစ်ခြင်း ပေါက်ကွဲမှုများနှင့် ပဋိပက္ခများဆီသို့ အလွယ်တကူ ဦးတည်သွားနိုင်ပြီး၊ ယင်းသည် လူတိုင်းအတွက် မကောင်းသည့်အပြင် ပါဝင်သူများအတွက်လည်း တစ်ကိုယ်ရေ စိတ်ဆင်းရဲမှုကို ဖြစ်စေသည်။ ထို့ကြောင့် ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေခြင်းသည် အကောင်းဆုံး ချဉ်းကပ်နည်းဖြစ်ပြီး၊ သမ္မာတရားကို နားလည်ခြင်းသည် အနာဂတ်တွင် အလားတူဖြစ်ရပ်များကို ထိရောက်စွာ တားဆီးနိုင်သည်။ ဉာဏ်ပညာရှိသော ပုဂ္ဂိုလ်များသည် သဘောထားကွဲလွဲမှုများနှင့် ထိပ်တိုက်တွေ့ဆုံမှုများ ပေါ်ပေါက်လာသည့်အခါ စိတ်ရှည်ပြီး သည်းခံသော သဘောထားကို ထားရှိသင့်သည်။ ၎င်းတို့တွင်လည်း ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိပြီး အခြားသူများကို အလွယ်တကူ ထိခိုက်နာကျင်စေနိုင်သောကြောင့်၊ မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ၎င်းတို့ ထုတ်ဖော်သည့်အခါ၊ ဘုရားသခင်ထံ ချက်ချင်း ဆုတောင်းပြီး ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေသင့်သည်။ ဤနည်းအားဖြင့်၊ စုဝေးပွဲအချိန်ရောက်သည့်အခါ၊ ပုဂ္ဂိုလ်ရေး မကျေနပ်မှုနှင့် မုန်းတီးခြင်းအားလုံးသည် ပြေပျောက်သွားပြီးဖြစ်ကာ၊ ၎င်းတို့၏ စိတ်နှလုံးထဲတွင် လွတ်မြောက်သည့် ခံစားချက်ဆီသို့ ဦးတည်သွားပြီး၊ ညီအစ်ကိုမောင်နှမများနှင့် သင့်မြတ်စွာ ပေါင်းသင်းဆက်ဆံရန် ပိုမိုလွယ်ကူစေကာ၊ ထိုသို့ဖြင့် သဟဇာတဖြစ်သော ပူးပေါင်းဆောင်ရွက်ခြင်းကို ပေါက်ဖွားစေသည်။ ညီအစ်ကို သို့မဟုတ် ညီအစ်မတစ်ဦးတလေက မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအား ထုတ်ဖော်သည်ကို တစ်ဦးတလေက မြင်သည့်အခါတိုင်း၊ ၎င်းတို့ကို မေတ္တာဖြင့် အကူအညီ ပေးသင့်သည်၊ ဝေဖန်ခြင်း၊ ရှုတ်ချခြင်း၊ သို့မဟုတ် ငြင်းပယ်ခြင်း မပြုသင့်ပေ။ အကူအညီပေးရန် တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ် ကြိုးပမ်းပြီးနောက် ပြဿနာများ ပြေလည်မသွားဘဲ စိတ်ရှည်ခြင်းနှင့် သည်းခံခြင်းတို့ လိုအပ်နေဆဲ ဖြစ်ကောင်းဖြစ်နိုင်သည်။ ၎င်းတို့သည် အသင်းတော်အသက်တာကို မနှောင့်ယှက်သရွေ့ သို့မဟုတ် မကောင်းမှုကို တမင်တကာ မကျူးလွန်သရွေ့၊ ၎င်းတို့ကို အဆုံးတိုင် စိတ်ရှည်ခြင်းနှင့် သည်းခံခြင်းတို့ဖြင့် ဆက်ဆံသင့်သည်။ ၎င်းတို့ သဘောပေါက်လာမည့် နေ့တစ်နေ့ ရောက်လာလိမ့်မည်။ အကယ်၍ တစ်စုံတစ်ဦးသည် သမ္မာတရားကို မည်သို့ပင် မိတ်သဟာယဖွဲ့စေကာမူ လက်မခံဘဲလျက် ဆိုးယုတ်သော လူ့သဘာဝရှိပြီး မည်သည့်အကူအညီကိုမဆို ငြင်းပယ်ပါက၊ ထိုသူသည် ဘုရားသခင်ကို ရိုးသားစစ်မှန်စွာ ယုံကြည်ခြင်းမရှိပေ။ ထိုသို့သော ပုဂ္ဂိုလ်များကို ရှောင်ရှားရန် လိုအပ်သည်။ အကယ်၍ ၎င်းတို့သည် အသင်းတော်အသက်တာကို အကြိမ်ကြိမ် နှောင့်ယှက်ပါက၊ ၎င်းတို့ကို စည်းမျဉ်းများအတိုင်း ဆက်ဆံပြီး ကိုင်တွယ်သင့်သည်။ အကယ်၍ ၎င်းတို့သည် ဆိုးယုတ်သောလူများ မဟုတ်ဘဲ မိမိတို့ကိုယ်ကို မုန်းတီးသော်လည်း ထိုအခိုက်အတန့်တွင် အခြားနည်းဖြင့် ပြုလုပ်နိုင်စွမ်းမဲ့သည်ဟု ခံစားရလျက် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို မကြာခဏ ထုတ်ဖော်ရုံသာဖြစ်ပါက၊ ထိုသို့သော ပုဂ္ဂိုလ်များကို မေတ္တာဖြင့် ကူညီသင့်သည်၊ ၎င်းတို့ကို သမ္မာတရားအား နားလည်စေပြီး ၎င်းတို့၏ ဖောက်ပြန်ပျက်စီးခြင်း ထုတ်ဖော်မှုများကို ပိုင်းခြားသိမြင်ကာ အသိအမှတ်ပြုစေရန် ကူညီလော့။ ဤနည်းအားဖြင့် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးခြင်း ထုတ်ဖော်ပြမှုများသည် တဖြည်းဖြည်း လျော့နည်းသွားလိမ့်မည်။ အကယ်၍ ညီအစ်ကိုမောင်နှမများသည် ဤလူများကြောင့် ရံဖန်ရံခါသာ ထိခိုက်ခံရခြင်းရှိပါက၊ ၎င်းတို့ကို ခွင့်လွှတ်နိုင်သည်။ ၎င်းတို့၏ လူ့သဘာဝတွင် ကြီးမားသော ပြဿနာများမရှိသရွေ့၊ ၎င်းတို့သည် လှည့်ဖြားတတ်သော သို့မဟုတ် ဆိုးယုတ်သောလူများ မဟုတ်သရွေ့၊ ၎င်းတို့ကို သမ္မာတရားအား မိတ်သဟာယဖွဲ့ခြင်းမှတစ်ဆင့် အားပေးကူညီသင့်သည်။ အကယ်၍ ၎င်းတို့သည် သမ္မာတရားကို လက်ခံနိုင်ပါက၊ မေတ္တာဖြင့် ဆက်ဆံသင့်သည်။ သို့ရာတွင်၊ အကယ်၍ ၎င်းတို့သည် နောင်တရရန် ငြင်းဆန်ပြီး အချိန်ကာလကြာရှည်စွာ အသင်းတော်အသက်တာကို အပျက်သဘောဆောင်စွာ သက်ရောက်မှုရှိစေပါက၊ အသင်းတော်ခေါင်းဆောင်များသည် သတိပေးချက်များ ထုတ်ပြန်ပြီး ကန့်သတ်ချက်များ ချမှတ်သင့်သည်။ အကယ်၍ ၎င်းတို့သည် သမ္မာတရားကို လက်ခံရန် တစိုက်မတ်မတ် ငြင်းဆန်ပါက၊ ထိုသို့သော လူပုဂ္ဂိုလ်များသည် ဆိုးယုတ်သောလူများ ဖြစ်ကြသည်။ ဆိုးယုတ်သောလူများသည် မည်သူနှင့်မျှ ပေါင်းသင်းဆက်ဆံ၍မရ၊ ၎င်းတို့သည် စုန်းပြူးများနှင့် နတ်ဆိုးများ ဖြစ်ကြသည်။ ၎င်းတို့ကို အသင်းတော်တွင် ထားရှိခြင်းသည် အနှောင့်အယှက်များနှင့် အဖျက်အမှောင့်လုပ်ခြင်းများကိုသာ ဖြစ်စေလိမ့်မည်။ ထို့ကြောင့် ထပ်ခါတလဲလဲ သွန်သင်ဆုံးမခြင်းများရှိနေသော်လည်း ပြောင်းလဲရန် ငြင်းဆန်သောသူများကို ဆိုးယုတ်သောလူများအဖြစ် ကိုင်တွယ်ပြီး အသင်းတော်မှ ရှင်းလင်းပစ်သင့်သည်။ အသင်းတော်အသက်တာနှင့် ဘုရားသခင် ရွေးချယ်ထားသော လူများ၏ အသက်ဝင်ရောက်မှုကို မကြာခဏ နှောင့်ယှက်သောသူ မည်သူမဆိုသည် မယုံကြည်သူတစ်ဦးနှင့် ဆိုးယုတ်သောလူတစ်ဦးဖြစ်ပြီး၊ ၎င်းတို့ကို အသင်းတော်မှ ဖယ်ထုတ်ပစ်ရမည်။ ထိုလူ မည်သူဖြစ်သည်ကိုဖြစ်စေ၊ ၎င်းတို့သည် အတိတ်တွင် မည်သို့ ပြုမူခဲ့သည်ကိုဖြစ်စေ ထည့်မစဉ်းစားဘဲ၊ အကယ်၍ ၎င်းတို့သည် အသင်းတော်၏အလုပ်နှင့် အသင်းတော်အသက်တာကို မကြာခဏ နှောင့်ယှက်ပြီး၊ ပြုပြင်ခြင်းကို လက်ခံရန် ငြင်းဆန်ကာ၊ မိမိတို့ကိုယ်ကို ယုတ္တိမရှိသော အကြောင်းပြချက်ဖြင့် အမြဲတစေ ခုခံကာကွယ်ပါက ၎င်းတို့ကို အသင်းတော်မှ ဖယ်ထုတ်ပစ်ရမည်။ ဤချဉ်းကပ်နည်းသည် လုံးဝ အသင်းတော်အလုပ်၏ ပုံမှန်တိုးတက်မှုကို ထိန်းသိမ်းရန်နှင့် ဘုရားသခင် ရွေးချယ်ထားသော လူများ၏ အကျိုးစီးပွားများကို ကာကွယ်ရန်အတွက် ဖြစ်ပြီး၊ သမ္မာတရား စည်းမျဉ်းများနှင့်လည်းကောင်း၊ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့်လည်းကောင်း အပြည့်အဝ ကိုက်ညီသည်။ ဘုရားသခင် ရွေးချယ်ထားသော လူများ၏ အသက်ဝင်ရောက်မှုနှင့် အသင်းတော်၏အလုပ်သည် ဆိုးယုတ်သော ပုဂ္ဂိုလ်အနည်းငယ်၏ အငြင်းပွားမှုများနှင့် ကျိုးကြောင်းမညီညွတ်သော ပြဿနာရှာခြင်းတို့ကြောင့် ထိခိုက်ခြင်းမခံရသင့်ပေ၊ ယင်းသည် မထိုက်တန်သည့်အပြင် ဘုရားသခင် ရွေးချယ်ထားသော လူများအတွက်လည်း မမျှတပေ။

အကယ်၍ ဆိုးယုတ်သောလူများသည် အကျိုးမရှိသော အသင်းတော်အသက်တာဆီသို့ ဦးတည်စေလျက် အသင်းတော်တွင် မကြာခဏ အနှောင့်အယှက်များ ဖြစ်စေပါက၊ အကောင်းဆုံးဖြေရှင်းနည်းမှာ လူများကို အမျိုးအစားသတ်မှတ်ပြီး စုဝေးပွဲများကို မတူကွဲပြားသော အုပ်စုများအဖြစ် ခွဲရန် ဖြစ်သည်။ သမ္မာတရားကို ချစ်ပြီး မိမိတို့၏ တာဝန်များကို ရိုးသားစစ်မှန်စွာ ထမ်းဆောင်သောသူများသည် အတူတကွ စုဝေးကြသည်။ သမ္မာတရားကို လိုက်စားလိုသော်လည်း မိမိတို့၏ တာဝန်များကို မထမ်းဆောင်သောသူများသည် အတူတကွ စုဝေးကြသည်။ ပြီးလျှင် အနှောင့်အယှက်များနှင့် အဖျက်အမှောင့်လုပ်ခြင်းများကို ဖြစ်စေလိုသည့်၊ အခြားသူများအကြောင်း အတင်းအဖျင်းပြောကာ၊ အခြားသူများကို အပြစ်တင် ရှုတ်ချလိုသည့် သူများသည် အတူတကွ စုဝေးကြသည်။ ဤနည်းအားဖြင့်၊ အသင်းတော်ကို အဓိကအားဖြင့် လူအုပ်စုသုံးစုအဖြစ် ခွဲနိုင်သည်။ လူတိုင်းကို ၎င်းတို့၏ အမျိုးအစားအလိုက် ခွဲခြားခြင်းဟု သင်ဆိုနိုင်သည်။ ထိုသို့ဖြင့် ဤအုပ်စုများသည် စုဝေးပွဲများအတွင်း အချင်းချင်း အနှောင့်အယှက်မပြုကြောင်း သေချာစေသည်။ မကောင်းသော လူ့သဘာဝရှိသည့် လူများသည် ဒုစရိုက်အမှုများကို မည်မျှပင် မဆင်မခြင် ကျူးလွန်သည်ဖြစ်စေ၊ အခြားသူများကို ထိခိုက်လိမ့်မည်မဟုတ်ဘဲ မိမိတို့ကိုယ်ကိုသာ ထိခိုက်နစ်နာစေလိမ့်မည်ဖြစ်သည်။ အချို့လူများတွင် ရက်စက်ကြမ်းကြုတ်သော စိတ်သဘောထားတစ်ခု ရှိသည်။ အကယ်၍ တစ်စုံတစ်ဦးက ၎င်းတို့ကို ထိခိုက်စေသော သို့မဟုတ် စိတ်အနှောင့်အယှက်ဖြစ်စေသော တစ်စုံတစ်ရာကို ပြောဆိုမိပါက၊ ၎င်းတို့က ထိုလူကို မုန်းတီးမည်ဖြစ်ပြီး၊ ၎င်းတို့ကို တိုက်ခိုက်ရန်နှင့် လက်စားချေရန် နည်းလမ်းများကို စဉ်းစားလိမ့်မည်ဖြစ်သည်။ သမ္မာတရားကို ၎င်းတို့အား မည်သို့ပင် မိတ်သဟာယဖွဲ့စေကာမူ၊ သို့မဟုတ် ၎င်းတို့ကို မည်သို့ပင် ပြုပြင်စေကာမူ၊ ၎င်းတို့သည် လက်မခံကြပေ။ ၎င်းတို့သည် သေသည့်တိုင် နောင်တမရဘဲ၊ အသင်းတော်အသက်တာကို ဆက်လက်နှောင့်ယှက်ကြမည်ဖြစ်သည်။ ဤအရာက ၎င်းတို့အနေဖြင့် ဆိုးယုတ်သောလူများဖြစ်ကြောင်း သက်သေပြသည်။ ငါတို့သည် ဤဆိုးယုတ်သောလူစားမျိုးများကို ဆက်လက်သည်းခံမနေသင့်တော့ပေ။ ၎င်းတို့ကို သမ္မာတရား စည်းမျဉ်းများအတိုင်း အသင်းတော်မှ ဖယ်ထုတ်ပစ်သင့်သည်။ ဤသည်မှာ ဤပြဿနာကို လုံးလုံးလျားလျား ဖြေရှင်းရန် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ ရက်စက်ကြမ်းကြုတ်သော စိတ်သဘောထားရှိသော ထိုလူများသည် မည်သည့်အမှားများကို ပြုလုပ်ပြီးဖြစ်စေ၊ မည်သည့်မကောင်းသောအရာများကို လုပ်ဆောင်ပြီးဖြစ်စေ ၎င်းတို့သည် မည်သူ့ကိုမျှ ၎င်းတို့အား ဖော်ထုတ်ခွင့် သို့မဟုတ် ပြုပြင်ခွင့် ပြုမည်မဟုတ်ပေ။ တစ်စုံတစ်ယောက်က ၎င်းတို့အား ဖော်ထုတ်ပြီး စိတ်ဆိုးစေလျှင် ၎င်းတို့သည် ဒေါသထွက်လိမ့်မည်။ လက်တုံ့ပြန်လိမ့်မည်။ ပြီးလျှင် ဤပြဿနာကို မည်သည့်အခါမျှ လက်လွှတ်မည်မဟုတ်ပေ။ ၎င်းတို့သည် အခြားလူများအပေါ် စိတ်ရှည်ခြင်း၊ သည်းခံခြင်းမရှိပေ။ ပြီးလျှင် ထိုလူများအပေါ် သည်းခံမှုကို ကျင့်သုံးခြင်း မရှိပေ။ ၎င်းတို့၏ ကျင့်ကြံပြုမူခြင်းသည် မည်သည့်စည်းမျဉ်းကို အခြေခံသနည်း။ “သစ္စာဖောက်ခံရမည့်အစား ကျွန်ုပ်ကိုယ်တိုင်က သစ္စာဖောက်မည်” ဟူ၍ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုလျှင် မည်သူ၏ စိတ်ဆိုးအောင်လုပ်ခြင်းကိုမျှ ၎င်းတို့က သည်းမခံပေ။ ဤသည်မှာ ဆိုးယုတ်သောလူတို့၏ တွေးခေါ်ပုံမဟုတ်လော။ ဤသည်မှာ အတိအကျပင် ဆိုးယုတ်သောလူများ၏ တွေးခေါ်ပုံဖြစ်သည်။ မည်သူ့ကိုမျှ ၎င်းတို့ကို စော်ကားခွင့် မပေးပေ။ ၎င်းတို့အတွက် တစ်ဦးတလေက ၎င်းတို့ကို အနည်းငယ်မျှပင် နှိုးဆွခြင်းသည် လက်မခံနိုင်ဖွယ်ဖြစ်သည်။ ပြီးလျှင် ဤသို့ပြုလုပ်သောသူ မည်သူကိုမဆို ၎င်းတို့က မုန်းတီးသည်။ ၎င်းတို့သည် လက်တုံ့ပြန်ရန် ထိုသူကို တိုက်ခိုက်မည်ဖြစ်ပြီး ဤကိစ္စကို လုံးဝ လက်လွှတ်မည်မဟုတ်ပေ။ ဤသည်မှာ ဆိုးယုတ်သောလူများ၏ ပုံစံဖြစ်သည်။ ၎င်းတို့တွင် ဆိုးယုတ်သောလူများ၏ အနှစ်သာရရှိသည်ကို သင် တွေ့ရှိသည်နှင့် တစ်ပြိုင်နက် ကြီးမားသော မကောင်းမှုကို ၎င်းတို့ မလုပ်နိုင်မီတွင် ဆိုးယုတ်သောလူများကို ခွဲထုတ်သင့်သည် သို့မဟုတ် ရှင်းလင်းပစ်သင့်သည်။ ဤအရာက ၎င်းတို့ပြုလုပ်သည့် ထိခိုက်မှုကို အနည်းဆုံးဖြစ်စေလိမ့်မည်။ ဤသည်မှာ ဉာဏ်ရှိသော ရွေးချယ်မှုဖြစ်သည်။ ဆိုးယုတ်သောလူတစ်ယောက်ကို ကိုင်တွယ်ရန်အတွက် ထိုသူက ဘေးဒုက္ခတစ်မျိုးမျိုး ဖြစ်စေပြီးသည်အထိ ခေါင်းဆောင်များနှင့် အမှုဆောင်များက စောင့်နေလျှင် ၎င်းတို့သည် ဘာသိဘာသာ နေခြင်းဖြစ်သည်။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များက အလွန်မိုက်မဲကြောင်း၊ ၎င်းတို့၏ လုပ်ရပ်များအပေါ်တွင် စည်းမျဉ်းမရှိကြောင်း သက်သေပြလိမ့်မည်။ ဤမျှ မိုက်မဲပြီး မသိနားမလည်သော ခေါင်းဆောင်များနှင့် အမှုဆောင်အချို့ ရှိသည်။ ၎င်းတို့သည် ဆိုးယုတ်သောလူများကို မကိုင်တွယ်မီ ခိုင်လုံသော သက်သေအထောက်အထား ရရှိသည်အထိ မရမက စောင့်ဆိုင်းကြသည်။ အကြောင်းမှာ ယင်းသည် ၎င်းတို့၏ စိတ်ကို သက်သာရာရစေမည့် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်ဟု ၎င်းတို့ ထင်သောကြောင့် ဖြစ်သည်။ သို့သော် အမှန်တွင်၊ တစ်စုံတစ်ဦးက ဆိုးယုတ်ကြောင်းကို သေချာစေရန် သင်သည် ခိုင်လုံသော သက်သေအထောက်အထား မလိုအပ်ပေ။ ၎င်းတို့၏ နေ့စဉ်စကားများနှင့် အပြုအမူများအားဖြင့် သင် ခွဲခြားနိုင်သည်။ ၎င်းတို့ ဆိုးယုတ်ကြောင်း သင် သေချာသည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့ကို ကန့်သတ်ခြင်း သို့မဟုတ် သီးခြားခွဲထားခြင်းဖြင့် စတင်နိုင်သည်။ ဤအရာက အသင်းတော်၏အလုပ်ကိုဖြစ်စေ၊ ဘုရားသခင် ရွေးချယ်ထားသော လူများ၏ အသက်ဝင်ရောက်မှုကိုဖြစ်စေ မထိခိုက်ကြောင်း သေချာစေလိမ့်မည်။ အချို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များသည် မည်သူက ဆိုးယုတ်သည်ကို မပိုင်းခြားနိုင်သည့်အပြင်၊ ဆိုးယုတ်သောလူများကို အချိန်မီ မကိုင်တွယ်နိုင်ကြပေ။ ရလဒ်အနေဖြင့်၊ အသင်းတော်၏အလုပ်နှင့် အသင်းတော်အသက်တာသည် ထိခိုက်ခံရပြီး၊ ဘုရားသခင် ရွေးချယ်ထားသော လူများ၏ အသက်ဝင်ရောက်မှုက ဟန့်တားခြင်းခံရသည်။ ဤသည်မှာ အလွန်မိုက်မဲပေသည်။ ဤသည်မှာ အယောင်ဆောင်ခေါင်းဆောင်များ အလုပ်ကို ဆောင်ရွက်ပုံ ဖြစ်သည်။ အချက်တစ်ချက်အနေဖြင့်၊ ၎င်းတို့သည် ပိုင်းခြားသိမြင်နိုင်စွမ်း ကင်းမဲ့ပြီး၊ နောက်တစ်ချက်အနေဖြင့်၎င်းတို့သည် အခြားသူများအား စိတ်အနှောင့်အယှက်ဖြစ်စေမည်ကို ကြောက်သော လူ့အကြိုက်လိုက်သူများ ဖြစ်ကြသည်။ ခေါင်းဆောင်များအဖြစ် အစေခံသည့်အခါ၊ ထိုသို့သောလူများသည် ပထမဦးစွာ၊ လက်တွေ့ကျသော အလုပ်ကို မလုပ်ဆောင်နိုင်ကြပေ။ ဒုတိယအနေဖြင့်၊ ၎င်းတို့သည် ဘုရားသခင် ရွေးချယ်ထားသော လူများကို ထိခိုက်စေသည်။ ၎င်းတို့သည် ဆိုးယုတ်သောလူများကြောင့် ဖြစ်ပေါ်လာသော အနှောင့်အယှက်များနှင့်ဆိုင်သည့် ပြဿနာကိုပင် အချိန်မီ မဖြေရှင်းနိုင်သည့်အပြင်၊ ညီအစ်ကိုမောင်နှမများကိုလည်း မကာကွယ်နိုင်ပေ။ ထိုသို့သောလူများသည် ခေါင်းဆောင်များနှင့် အမှုဆောင်များဖြစ်ရန် မသင့်တော်ပေ။ ငါ့ကို ပြောလော့၊ အကယ်၍ တစ်စုံတစ်ဦးသည် ဆိုးယုတ်သောလူတစ်ဦးအဖြစ် သတ်မှတ်ခံရပါက၊ ၎င်းတို့ကို ကူညီရန် သမ္မာတရားကို မိတ်သဟာယဖွဲ့ဖို့ လိုအပ်သေးသလော။ (မလိုအပ်ပါ။) ၎င်းတို့ကို အခွင့်အရေးပေးရန် မလိုအပ်ပေ။ အချို့လူများသည် ဆိုးယုတ်သောသူများကို နောင်တရရန် အခွင့်အရေးကို အမြဲပေးလျက် အလွန်“ချစ်ခြင်းမေတ္တာ” များလှသော်လည်း ဤသည်က အကျိုးတစ်ခုတလေ ရရှိနိုင်သလော။ ဤသည်က ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ စည်းမျဉ်းများနှင့် ကိုက်ညီသလော။ အမှန်တကယ် နောင်တရနိုင်သော ဆိုးယုတ်သည့် လူတစ်ဦးတလေကို သင်တို့ မြင်ဖူးသလော။ မည်သူမျှ မမြင်ဖူးပေ။ ဆိုးယုတ်သောလူများ နောင်တရရန် မျှော်လင့်ခြင်းသည် အဆိပ်ပြင်းသောမြွေများကို သနားခြင်းနှင့်တူသည်။ ယင်းသည် သားရဲတိရစ္ဆာန်များကို သနားခြင်း ဖြစ်သည်။ ဤသည်မှာ ဆိုးယုတ်သောလူများ၏ အနှစ်သာရကို အခြေခံ၍၊ ဆိုးယုတ်သောလူများသည် အပြုသဘောဆောင်သည့်အရာများကို မည်သည့်အခါမျှ ချစ်မည်မဟုတ်ကြောင်း၊ သမ္မာတရားကို မည်သည့်အခါမျှ လက်ခံမည်မဟုတ်ကြောင်းနှင့် မည်သည့်အခါမျှ နောင်တရမည်မဟုတ်ကြောင်း သတ်မှတ်၍ရနိုင်သောကြောင့် ဖြစ်သည်။ သင်သည် ၎င်းတို့၏ အဘိဓာန်တွင် “နောင်တတရား” ဟူသော စကားလုံးကို တွေ့ရလိမ့်မည်မဟုတ်ပေ။ သမ္မာတရားကို ၎င်းတို့အား သင် မည်သို့ပင် မိတ်သဟာယဖွဲ့စေကာမူ၊ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်ကြံရွယ်ချက်များနှင့် အကျိုးစီးပွားများကို ဘေးဖယ်ထားမည်မဟုတ်ဘဲ၊ မိမိတို့ကိုယ်ကို မှန်ကြောင်းပြပြောဆိုရန် အမျိုးမျိုးသော အကြောင်းပြချက်များနှင့် ဆင်ခြေများကို ရှာဖွေမည်ဖြစ်ကာ မည်သူမျှ ၎င်းတို့ကို မဖျောင်းဖျနိုင်ပေ။ အကယ်၍ ၎င်းတို့သည် ဆုံးရှုံးမှုတစ်ခုကို ခံစားရပါက၊ ယင်းသည် ၎င်းတို့အတွက် သည်းမခံနိုင်စရာဖြစ်ပြီး၊ ၎င်းတို့သည် အခြားသူများကို ထိုအကြောင်းနှင့်ပတ်သက်၍ အဆုံးမရှိ အပူကပ်ကြလိမ့်မည်။ မည်သည့်ဆုံးရှုံးမှုကိုမျှ ခံစားရန် မလိုလားသော ထိုသို့သောလူများသည် မည်သို့ အမှန်တကယ် နောင်တရနိုင်မည်နည်း။ အလွန်အမင်း တစ်ကိုယ်ကောင်းဆန်သော လူများသည် မိမိတို့၏ အကျိုးစီးပွားများကို အရာအားလုံးထက် ဦးစားပေးသောသူများဖြစ်သည်။ ၎င်းတို့သည် ဆိုးယုတ်သောလူများဖြစ်ပြီး၊ မည်သည့်အခါမျှ နောင်တရလိမ့်မည်မဟုတ်ပေ။ အကယ်၍ သင်တို့သည် ထိုသို့သောလူတစ်ဦးက ဆိုးယုတ်ကြောင်းကို လုံးလုံးလျားလျား သိမြင်ပြီးဖြစ်သော်လည်း ၎င်းတို့ကို နောင်တရရန် အခွင့်အရေးတစ်ခုကို ပေးနေသေးပါက၊ ယင်းသည် မိုက်မဲသည် မဟုတ်လော။ ဤသည်မှာ ခဲနေသောမြွေတစ်ကောင်ကို သင်၏ရင်ခွင်၌ နွေးထွေးစေပြီး၊ နောက်ပိုင်းတွင် ၎င်း၏အကိုက်ခံရခြင်းနှင့် ညီမျှသည်။ လူမိုက်တစ်ဦးသာလျှင် ထိုသို့သော မိုက်မဲသည့်အရာကို လုပ်ဆောင်ပေမည်။ အသင်းတော်တွင်၊ ဘုရားသခင် ရွေးချယ်ထားသောသူများက ဆိုးယုတ်သောလူများကို မုန်းတီးခြင်းသည် ပုံမှန်ဖြစ်စဉ်တစ်ခုဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဆိုးယုတ်သောလူများသည် လူ့သဘာဝ ကင်းမဲ့ပြီး အကျင့်ပျက်သော အရာများကို အမြဲလုပ်ဆောင်သောကြောင့် ဖြစ်သည်။ ဆိုးယုတ်သောလူများကို မုန်းတီးခြင်းသည် မှန်ကန်သော စိတ်နေစိတ်ထား ဖြစ်သည်။ ယင်းသည် လူတို့က မိမိတို့၏ ပုံမှန်လူ့သဘာဝတွင် ပိုင်ဆိုင်သင့်သည့်အရာ၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။

ငါ့ကို ပြောလော့၊ ညီအစ်ကိုမောင်နှမများအတွက် လုံးဝ ချစ်ခြင်းမေတ္တာမရှိသောသူတစ်ဦးသည် မည်သည့် လူစားမျိုးဖြစ်သနည်း။ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများနှင့် ပုံမှန် လူအချင်းချင်း ဆက်ဆံရေး အနည်းငယ်မျှပင် အဘယ်ကြောင့် မရှိကြသနည်း။ ဤလူစားမျိုးသည် မည်သူနှင့်ပင် ပေါင်းသင်းဆက်ဆံသည်ဖြစ်စေ၊ ဤပေါင်းသင်းဆက်ဆံမှုများကို အကျိုးစီးပွားများ၊ အပေးအယူများနှင့်သာ ဆက်စပ်ကြသည်။ အကယ်၍ အကျိုးစီးပွားများ သို့မဟုတ် အပေးအယူများ မပါဝင်ပါက၊ ၎င်းတို့သည် လူတို့ကို အရေးလုပ်ကြလိမ့်မည် မဟုတ်ပေ။ ဤလူစားမျိုးသည် ဆိုးယုတ်သည် မဟုတ်လော။ အချို့လူများသည် သမ္မာတရားကို မလိုက်စားဘဲ ခံစားချက်များကိုသာ အခြေခံ၍ အသက်ရှင်ကြသည်။ ၎င်းတို့ကို ကောင်းစွာဆက်ဆံသည့်သူ မည်သူကိုမဆို၊ ၎င်းတို့က ထိုသူနှင့် ရင်းရင်းနှီးနှီးနေကြပြီး၊ ၎င်းတို့ကို ကူညီသူ မည်သူကိုမဆို ၎င်းတို့က အကောင်းမြင်ကြသည်။ ထိုသို့သောလူများတွင်လည်း ပုံမှန် လူအချင်းချင်း ဆက်ဆံရေးများ မရှိကြပေ။ ၎င်းတို့သည် ခံစားချက်များကိုသာ အခြေခံ၍ အသက်ရှင်ကြသည်။ သို့ဆိုလျှင် ၎င်းတို့သည် ညီအစ်ကိုမောင်နှမများကို မျှတစွာနှင့် တရားသဖြင့် ဆက်ဆံနိုင်သလော။ ဤသည်မှာ လုံးဝ မရရှိနိုင်ပေ။ ထို့ကြောင့် ညီအစ်ကိုမောင်နှမများနှင့်ဖြစ်စေ ဘုရားသခင်ကို ရိုးသားစစ်မှန်စွာ ယုံကြည်သောသူများနှင့်ဖြစ်စေ ပုံမှန် လူအချင်းချင်း ဆက်ဆံရေး မရှိသောသူ မည်သူမဆိုသည် အသိစိတ်နှင့် ဆင်ခြင်တုံတရားမရှိသောသူတစ်ဦးဖြစ်သည်၊ ပုံမှန်လူ့သဘာဝမရှိသောသူတစ်ဦးဖြစ်ပြီး၊ သမ္မာတရားကို ချစ်သောသူတစ်ဦး သေချာပေါက် မဟုတ်ပေ။ ဤပုဂ္ဂိုလ်များသည် ဘာသာတရား မရှိသူများထဲတွင် သိမ်ဖျင်းသော တေလေကြမ်းပိုးများနှင့် ဘာမျှမခြားနားပေ။ ၎င်းတို့သည် မိမိတို့အတွက် အကျိုးရှိသောသူ မည်သူနှင့်မဆို ပေါင်းသင်းဆက်ဆံပြီး အကျိုးမရှိသောသူများကိုမူ လျစ်လျူရှုကြသည်။ ထို့အပြင်၊ ၎င်းတို့သည် တစ်စုံတစ်ဦးက သမ္မာတရား လိုက်စားသည်ကို မြင်သည့်အခါ သို့မဟုတ် လူတိုင်းက လေးစားပြီး နှစ်သက်သောသူတစ်ဦးဖြစ်သည့် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များအား မျှဝေနိုင်သော တစ်စုံတစ်ဦးကို မြင်သည့်အခါ၊ ၎င်းတို့သည် မနာလိုဖြစ်ပြီး မုန်းတီးလာကာ၊ သမ္မာတရားကို လိုက်စားသော ဤလူများကို ဝေဖန်ရန်နှင့် ရှုတ်ချရန်အတွက် အချက်အလက်များ စုဆောင်းရန် အရာရာကို ကြိုးစားကြသည်။ ဤသည်မှာ ဆိုးယုတ်သောလူများ လုပ်ဆောင်သည့်အရာ မဟုတ်လော။ ထိုသို့သောလူများသည် အသိစိတ်နှင့် ဆင်ခြင်တုံတရား ကင်းမဲ့ကြသည်။ ၎င်းတို့သည် သားရဲတိရစ္ဆာန်များထက် ပိုဆိုးသည်။ ၎င်းတို့သည် လူတို့ကို မှန်ကန်စွာ မဆက်ဆံနိုင်ကြ၊ အခြားသူများနှင့် ပုံမှန် ပေါင်းသင်းဆက်ဆံ၍မရကြ၊ ဘုရားသခင် ရွေးချယ်ထားသော လူများနှင့် ပုံမှန် လူအချင်းချင်း ဆက်ဆံရေးများကို မတည်ဆောက်နိုင်ကြသည့်အပြင်၊ သမ္မာတရားကို လိုက်စားသောသူများကိုပင် မုန်းတီးနိုင်သည်။ ထိုသို့သောလူများသည် ကောင်းကင်ဘုံနှင့် အခြားလူများအကြောင်းကို အမြဲတစေ စောဒကတက်လျက် မိမိတို့၏ စိတ်နှလုံးထဲတွင် အလွန် အထီးကျန်ပြီး တစ်ကိုယ်တည်းဖြစ်သည်ဟု ခံစားရမည်ဖြစ်သည်။ ၎င်းတို့သည် အသက်ရှင်နေထိုင်ရာတွင် မည်သည့်ပျော်ရွှင်မှု သို့မဟုတ် အဓိပ္ပာယ် ရှိသနည်း။ ဤလူများသည် စိတ်သဘောထားအားဖြင့် ရက်စက်ကြမ်းကြုတ်ပြီး၊ မည်သူနှင့်ပင် ပေါင်းသင်းဆက်ဆံသည်ဖြစ်စေ၊ အသေးအဖွဲကိစ္စများနှင့်ပတ်သက်၍ လူတို့အပေါ် ၎င်းတို့ကို ရှုတ်ချကာ လက်စားချေလျက်၊ ၎င်းတို့အပေါ် ဘေးဒုက္ခများကို သက်ရောက်စေလျက် မုန်းတီးခြင်းကို ဖြစ်ပေါ်စေနိုင်သည်။ ထိုသို့သော ဆိုးယုတ်သည့် လူပုဂ္ဂိုလ်များသည် အစစ်အမှန် နတ်ဆိုးများဖြစ်ပြီး ၎င်းတို့ နေထိုင်သည့် နေ့ရက်တိုင်း အသင်းတော်ကို ဘေးဒုက္ခဖြစ်စေသည်။ ၎င်းတို့သည် အချိန်ကြာမြင့်စွာ နေထိုင်ပါက ဘေးဒုက္ခများက အဆုံးမရှိ ဖြစ်လိမ့်မည်။ ၎င်းတို့ကို အသင်းတော်မှ ဖယ်ထုတ်ပစ်ခြင်းအားဖြင့်သာ ဘေးဒုက္ခများကို ရှောင်လွှဲနိုင်သည်။ ထို့အပြင်၊ အပြင်ပန်းတွင် ယဉ်ကျေးပုံရသော်လည်း အကျိုးအမြတ်များကို အထူးနှစ်သက်သောသူများလည်း ရှိသည်။ ထို့ကြောင့်၊ ၎င်းတို့၏ ဘုရားသခင်ကို ယုံကြည်ခြင်းသည်လည်း အကျိုးအမြတ်များကို လိုက်စားရန်အတွက် ဖြစ်သည်။ အကယ်၍ ၎င်းတို့သည် လွန်ကဲသော အကျိုးအမြတ်အချို့ကို ခဏတာ မယူရပါက၊ ၎င်းတို့၏ မျက်နှာများသည် တစ်စုံတစ်ဦးက ၎င်းတို့အား ငွေများစွာ အကြွေးတင်နေသည့်အလား၊ သုန်မှုန်သွားသည်။ မကျေမနပ်ဖြစ်ပြီး စိတ်မချမ်းမသာဖြစ်သော ၎င်းတို့၏ မျက်နှာများကို မြင်သောသူ မည်သူမဆိုသည် ချက်ချင်း စိတ်ပိုင်းဆိုင်ရာ ထိခိုက်ရသည်။ ထိုသို့သော မျက်နှာသည် အသင်းတော်အသက်တာတွင် ပေါ်လာပါက မည်သည့် သက်ရောက်မှုကို ဖြစ်စေမည်ဟု သင်တို့ ထင်သနည်း။ ဘုရားသခင် ရွေးချယ်ထားသော လူအများစုသည် ယင်းကို မြင်ပါက သေချာပေါက် မသက်မသာ ခံစားရမည်ဖြစ်ပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့ဖတ်ရှုခြင်းနှင့် သမ္မာတရားကို မိတ်သဟာယဖွဲ့ခြင်းသည် အတိုင်းအတာအမျိုးမျိုးဖြင့် နှောင့်ယှက်ခံရကာ ထိခိုက်လိမ့်မည်။ အထူးသဖြင့် မှန်သောလမ်းခရီးတွင် မိမိတို့ကိုယ်ကို အမြစ်မစွဲသေးသောသူများအတွက်၊ အသင်းတော်အသက်တာတွင် အမြဲတစေ သုန်မှုန်သော ဤမျက်နှာကို မကြာခဏ မြင်ရခြင်းသည် ၎င်းတို့ကို အလွန်လွယ်ကူစွာ သက်ရောက်မှုရှိလိမ့်မည်။ အသင်းတော်တွင် ရွှင်လန်းသော ပင်ကိုစရိုက်ရှိပြီး၊ ရိုးရှင်းစွာနှင့် ပွင့်လင်းစွာ ပြောဆိုသောလူများ ပိုမိုရှိသင့်ပြီး၊ မိမိတို့၏ စိတ်နှလုံးများသည် ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းတို့ဖြင့် ပြည့်နေကာ၊ မိမိတို့၏ ဝိညာဉ်များသည် လွတ်လပ်ပြီး လွတ်မြောက်နေသောလူများ ပိုမိုရှိသင့်သည်။ ဤသည်က အသင်းတော်အသက်တာကို ပျော်ရွှင်ဖွယ်ဖြစ်စေလိမ့်မည်။ အမြဲတစေ သုန်မှုန်တတ်သော ထိုသူများသည် အိမ်တွင် ဘုရားသခင်ထံ ဆုတောင်းပြီး စုဝေးပွဲများသို့ မလာမီ မိမိတို့၏ စိတ်နေသဘောထားကို ပြင်ဆင်သင့်သည်။ ဤနည်းအားဖြင့်၊ ၎င်းတို့သည် စိတ်အခြေအနေ ကောင်းမည်ဖြစ်ပြီး၊ စုဝေးပွဲမှ တစ်စုံတစ်ခုကို ရရှိလိမ့်မည်။ ထို့အပြင်၊ ဤအရာက အခြားသူများကိုလည်း အကျိုးပြုလိမ့်မည်။ အနည်းဆုံးအားဖြင့်၊ ၎င်းတို့ နှောင့်ယှက်ခြင်းခံရမည် မဟုတ်ပေ။ ဘုရားသခင် ရွေးချယ်ထားသော လူများက ပုံမှန်အသင်းတော်အသက်တာကို အသက်ရှင်နေထိုင်နိုင်ကြောင်း သေချာစေရန်အတွက်၊ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို မိတ်သဟာယဖွဲ့တတ်ဖို့ သင်ယူသင့်သည်။ အကယ်၍ တစ်စုံတစ်ဦးသည် သုန်မှုန်သော မျက်နှာဖြင့် စုဝေးပွဲသို့ လာပါက၊ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ရှေ့ထွက်ပြီး “သင် အကူအညီ လိုအပ်ပါသလော”ဟု မေးသင့်သည်။ ဤသည်ကို မေတ္တာဖြင့် တက်ကြွစွာ ကူညီခြင်းဟု ခေါ်သည်။ အကယ်၍ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် တစ်စုံတစ်ဦးတွင် ပြဿနာတစ်ခုရှိသည်ကို မြင်ပြီး လျစ်လျူရှုကာ၊ ထို “တစ်လောကလုံးကို မကျေနပ်သူများ”ကို ၎င်းတို့ရွှင်လန်းလာဖို့အတွက် သမ္မာတရားကို မိတ်သဟာယမဖွဲ့ဘဲ ရှောင်ရှားပြီး လမ်းလွှဲသွားပါက၊ ၎င်းတို့သည် လက်တွေ့ကျသော အလုပ်ကို လုပ်ဆောင်နေခြင်း မဟုတ်ပေ။ အသင်းတော်အလုပ်ကို ထိရောက်စွာ လုပ်ဆောင်ရန်၊ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ပထမဦးစွာ ဘုရားသခင် ရွေးချယ်ထားသော လူများ၏ လူယုံများဖြစ်ရန် သင်ယူရမည်၊ ယင်းမှာ ဘာသာတရား မရှိသူများက မိဘသဖွယ် စောင့်ရှောက်သည့် အရာရှိတစ်ဦးဟု ခေါ်သည့်အရာနှင့် ဆင်တူသည်။ အချို့လူများသည် ထိုသို့သော အခန်းကဏ္ဍတွင် ပါဝင်ရန် မလိုလားဘဲ၊ အမြဲတစေ ဘေးမှကြည့်ရှုသူတစ်ဦးဖြစ်ရန် ပို၍နှစ်သက်ကြသည်၊ ဤနည်းဖြင့် ၎င်းတို့သည် ကောင်းမွန်သော အသင်းတော်အသက်တာကို အသက်ရှင်နေထိုင်ရန် ဘုရားသခင် ရွေးချယ်ထားသော လူများအား မည်သို့ ဦးဆောင်နိုင်မည်နည်း။ အမှန်တကယ်တွင်၊ တစ်စုံတစ်ဦး၏ စိတ်နှလုံးထဲ၌ ပြဿနာများ ရှိမရှိဟူသည်ကို ၎င်းတို့၏ မျက်နှာအမူအရာမှနေ၍ အတိုင်းအတာတစ်ခုအထိ မြင်နိုင်သည်။ အကယ်၍ တစ်စုံတစ်ဦး၏ မျက်နှာသည် အမြဲ သုန်မှုန်နေပါက၊ ၎င်းတို့၏ စိတ်နှလုံးသည် အလင်းတစ်စက်မျှမရှိဘဲ မှောင်မိုက်နေသည်မှာ သေချာသည်။ အကယ်၍ ၎င်းတို့သည် တစ်နေ့လုံး အမှားအမှန် အငြင်းပွားမှုများတွင် နစ်မြုပ်နေပါက၊ ၎င်းတို့၏ မျက်နှာသည် အပြုံးတစ်ခုကို ဆောင်နိုင်ဦးမည်လော။ ဤလူများ၏ မျက်နှာများသည် အမြဲတစေ မည်းမှောင်သော တိမ်တိုက်များဖြင့် ဖုံးလွှမ်းနေပြီး၊ နေသာသော အခိုက်အတန့်မရှိဘဲ၊ ဤသည်က ၎င်းတို့၏ တာဝန်ထမ်းဆောင်မှုကိုလည်း သက်ရောက်မှုရှိစေသည်။ အကယ်၍ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဤပြဿနာကို ကိုင်တွယ်ဖြေရှင်းရန် နှောင့်နှေးနေပြီး၊ ညီအစ်ကိုမောင်နှမများကို အဆက်မပြတ် နှောင့်ယှက်ခြင်းနှင့် ပြောမပြနိုင်သော ဝေဒနာတို့ကို ခံစားရစေပါက၊ ထိုခေါင်းဆောင်များနှင့် အမှုဆောင်များသည် လက်တွေ့ကျသော အလုပ်ကို လုပ်ဆောင်နိုင်စွမ်းမရှိကြောင်း၊ သမ္မာတရားဖြင့် ပြဿနာများကို မဖြေရှင်းနိုင်သည့်အပြင်လုံးဝ အသုံးမကျသူ ဖြစ်ကြောင်း သက်သေပြသည်။ အကယ်၍ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် သမ္မာတရားကို နားလည်ပြီး ညီအစ်ကိုမောင်နှမများ၏ ပြဿနာများကို ဖော်ထုတ်နိုင်ကာ၊ အချိန်မီ အားပေးကူညီမှု ပေးနိုင်ပါက၊ လူတို့၏ ပြဿနာများကို ကူညီဖြေရှင်းပေးနိုင်ရုံတင်မက၊ လူတို့ကို သမ္မာတရား စည်းမျဉ်းများကို နားလည်စေပြီး မိမိတို့၏ တာဝန်များကို ဖြည့်ဆည်းရာတွင်လည်း ကူညီနိုင်ပါက၊ ၎င်းတို့၏ တာဝန်ထမ်းဆောင်မှုနှင့် ကိစ္စရပ်များကို ကိုင်တွယ်ခြင်းသည် ထိရောက်မည်ဖြစ်ပြီး၊ အသင်းတော်အလုပ်က ထိခိုက်လိမ့်မည် မဟုတ်ပေ။ အကယ်၍ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ပြဿနာများကို အချိန်မီ မဖော်ထုတ်နိုင်၊ မဖြေရှင်းနိုင်ပါက၊ ဤအရာသည် အသင်းတော်၏အလုပ်ကို ထိခိုက်စေသည်။ အကယ်၍ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အသင်းတော်၏အလုပ်ကို ထိခိုက်နစ်နာမှုဖြစ်စေပြီး ဘုရားသခင် ရွေးချယ်ထားသော လူများ၏ အသက်ဝင်ရောက်မှုကို ဟန့်တားလျက် ပြဿနာများကို ပိုင်းခြားသိမြင်ကာ ကိုင်တွယ်နိုင်ခြင်းမရှိပါက ၎င်းတို့သည် ဘုရားသခင်နှင့် သူ၏ ရွေးချယ်ထားသော လူများကို စိတ်ပျက်စေကြသည် မဟုတ်လော။ ၎င်းတို့သည် ကိစ္စရပ်များကို ကိုင်တွယ်ရာတွင် စည်းမျဉ်းများ ကင်းမဲ့သည် မဟုတ်လော။ ပြဿနာများ၏ အနှစ်သာရကို ထိုးထွင်းသိမြင်ပြီးနောက် ၎င်းတို့ကို အချိန်မီနှင့် မဆိုင်းမတွ ကိုင်တွယ်ခြင်း၊ ဤအရာကို တာဝန်ဝတ္တရားများအား ဖြည့်ဆည်းခြင်းနှင့် သစ္စာစောင့်သိခြင်းဟု ခေါ်ကာ ဤသည်မှာ မိမိ၏တာဝန်ကို စံနှုန်းပြည့်မီသောနည်းလမ်းဖြင့် ထမ်းဆောင်ခြင်း ဖြစ်သည်။

ယနေ့ မိတ်သဟာယ၏ အကြောင်းအရာမှာ ဆဋ္ဌမမြောက်ပြဿနာဖြစ်သည့် မလျော်ကန်သော ဆက်ဆံရေးများတွင် ပါဝင်ခြင်း ဖြစ်သည်။ အသင်းတော်အသက်တာတွင် ပေါ်ပေါက်သည့် ဤအမျိုးအစား၏ ပြဿနာများမှာ အခြေခံအားဖြင့် ဤအရာများဖြစ်သည်။ မလျော်ကန်သော ဖိုမဆက်ဆံရေးများ၊ လိင်တူဆက်ဆံရေးများ၊ အကျိုးစီးပွားနှင့်ဆိုင်သော ဆက်ဆံရေးများနှင့် လူအချင်းချင်း မုန်းတီးခြင်းတို့ ဖြစ်သည်။ ယင်းတို့သည် ဇာတိပကတိဆိုင်ရာ ကိလေသာတပ်မက်မှု၊ ဇာတိပကတိဆိုင်ရာ အကျိုးစီးပွားများ သို့မဟုတ် ဇာတိပကတိ၏ ခံစားချက်ဆိုင်ရာ ငြိတွယ်မှုများကို အခြေခံသော ဆက်ဆံရေးများဖြစ်သည်ဖြစ်စေ၊ ၎င်းတို့အားလုံးသည် ပုံမှန်လူ့သဘာဝ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရား နယ်ပယ်ကို ကျော်လွန်သောကြောင့် မလျော်ကန်သော ဆက်ဆံရေးများ အမျိုးအစားထဲတွင် အကျုံးဝင်သည်။ ဤမလျော်ကန်သော ဆက်ဆံရေးများ တည်ရှိခြင်းသည် လူတို့ကို အတိုင်းအတာတစ်ခုအထိ စိတ်အနှောင့်အယှက်ဖြစ်စေနိုင်သည်။ ပို၍ဆိုးရွားသည်မှာ၊ ၎င်းတို့သည် လူတို့၏ အသက်ဝင်ရောက်မှု၊ ၎င်းတို့၏ သမ္မာတရားကို လိုက်စားခြင်းနှင့် ဘုရားသခင်ကို သိရှိခြင်းအား ၎င်းတို့၏ လိုက်စားမှုတို့ကို နှောင့်ယှက်နိုင်သည်။ ဤအမျိုးမျိုးသော မလျော်ကန်သည့် ဆက်ဆံရေးများသည် အသိစိတ် သို့မဟုတ် ဆင်ခြင်တုံတရားမှ ပေါ်ပေါက်လာခြင်းမဟုတ်ဘဲ၊ ပုံမှန်လူ့သဘာဝနှင့် ဆန့်ကျင်ဘက်ဖြစ်သည်။ လူတို့သည် ဤပုံမှန်မဟုတ်သော ဆက်ဆံရေးများအတွင်း အသက်ရှင်နေထိုင်သည့်အခါ သမ္မာတရားကို လက်ခံပြီး လက်တွေ့လုပ်ဆောင်ရန် ခက်ခဲကာ ဤအရာက အသင်းတော်အသက်တာကို အသက်ရှင်နေထိုင်ခြင်းနှင့် အသက်တာ တိုးတက်မှုကို လိုက်စားခြင်းအပြင် အသင်းတော်အသက်တာ၏ အစီအစဉ်ကိုလည်း နှောင့်ယှက်သည်။ ဤသည်မှာ ဘုရားသခင် ရွေးချယ်ထားသော လူများ၏ အသက်ဝင်ရောက်မှုအတွက် အန္တရာယ်ရှိပြီး အသင်းတော်၏အလုပ်ကိုလည်း ထိခိုက်စေနိုင်သည်။ ဤအရာအားလုံးကြောင့်၊ ခေါင်းဆောင်များနှင့် အမှုဆောင်များအနေဖြင့် ဤပြဿနာများကို အချိန်မီ ဖော်ထုတ်ပြီး ကိုင်တွယ်ရန်မှာ မဖြစ်မနေ လိုအပ်သည်။

မလျော်ကန်သော ဆက်ဆံရေးများနှင့်စပ်လျဉ်း၍၊ ငါတို့သည် မတူညီသောအခြေအနေများကို ရေတွက်ပြီးဖြစ်ကာ အမျိုးအစားသတ်မှတ်ပြီးဖြစ်သည်။ ပိုင်းခြားသိမြင်မှုကို လေ့ကျင့်ရန် ဥပမာအချို့ကို သင်တို့ ပေးနိုင်သလော။ ပိုင်းခြားသိမြင်မှုကို သင်ယူခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ယင်းမှာ တိကျသော အကဲဖြတ်မှုများ ပြုလုပ်နိုင်ရန်နှင့် ထို့နောက်တွင် ၎င်းတို့ကို စည်းမျဉ်းများအတိုင်း ဆက်ဆံနိုင်ရန်အလို့ငှာ၊ လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများ၏ အနှစ်သာရကို ပိုင်းခြားသိမြင်ပြီး သတ်မှတ်တတ်စေရန် ဖြစ်သည်။ ဤသည်မှာ အဆုံးစွန်သော ရလဒ် ဖြစ်သည်။ “သင်တို့က တစ်နေ့လုံး ဤအမှားအမှန်ကိစ္စများ၊ ဤနေ့စဉ်ကိစ္စများအကြောင်း ပြောနေသည်၊ ငါတို့က ယင်းတို့ကို နောက်ထပ် နားမထောင်လိုတော့ပါ၊ ငါတို့ စုဝေးပွဲများကိုပင် မလာချင်တော့ပါ။ သင်တို့က သမ္မာတရားကို မိတ်သဟာယဖွဲ့သင့်သည် မဟုတ်လော။ အဘယ်ကြောင့် ဤအခြေအနေများအကြောင်းကို အမြဲပြောနေရသနည်း”ဟု ပြောဖူးသူ တစ်စုံတစ်ဦး ရှိသလော။ ထိုသို့သောလူများကို သင်တို့ သတိပြုမိသလော။ ၎င်းတို့သည် မည်သည့်လူစားမျိုးများ ဖြစ်ကြသနည်း။ (ဝိညာဉ်ရေးရာ သိနားလည်မှုကင်းမဲ့သောလူများ ဖြစ်ပါသည်။) ငါတို့သည် ဤနည်းအတိုင်း မိတ်သဟာယဖွဲ့သော်လည်း၊ ၎င်းတို့သည် သမ္မာတရားကို နားမလည်နိုင်သေးပေ။ ၎င်းတို့သည် ပုံမှန်လူတစ်ဦး၏ အသိဉာဏ်ကိုပင် မပြည့်မီပေ၊ ထိုသို့သောလူများသည် လုံးဝ အသုံးမကျပေ။ လူ့အသိဉာဏ်ကိုပင် မပြည့်မီသော တစ်စုံတစ်ဦးကို တရားဒေသနာများ နားထောင်စေသင့်သေးသလော။ ၎င်းတို့က “စုဝေးပွဲများက အမြဲ သမ္မာတရားကို မိတ်သဟာယဖွဲ့ခြင်းအကြောင်းဖြစ်သည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း အကြောင်းအရာများအကြောင်း အမြဲပြောနေသည်။ ဤအရာ ကျွန်ုပ် နားထောင်ရသည်ကို ငြီးငွေ့နေပြီ။ စုဝေးပွဲများကို ကျွန်ုပ် နောက်ထပ် မလာချင်တော့ပါ” ဟု အဆိုပြုကောင်းပြုကြပေမည်။ အကယ်၍ ၎င်းတို့သည် ထိုသို့သော အမြင်ကို အမှန်တကယ် စွဲကိုင်ထားပါက၊ ၎င်းတို့သည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သူတစ်ဦး ဖြစ်သည်။ ထိုသို့သောလူများအတွက်၊ ဘုရားအိမ်တော်သည် ၎င်းတို့၏ တက်ရောက်မှုကို မရမက မတောင်းဆိုပေ။ ၎င်းတို့ကို အလျင်အမြန် မောင်းထုတ်လော့။ အကယ်၍ ၎င်းတို့ကိုယ်တိုင်က စုဝေးပွဲများသို့ လာရန် မလိုလားသည့်အပြင်၊ ထိုနေရာများတွင် ဆွေးနွေးသည့်အရာကို လက်မခံနိုင်ပါက၊ ငါတို့သည် မရမက မတောင်းဆိုပေ။ ငါတို့သည် ၎င်းတို့ကို ဒုက္ခပေးရန် မရှာပေ။ ဤကဲ့သို့သောလူများသည် ဘုရားသခင်ကို တစ်သက်တာ ယုံကြည်လျှင်ပင်၊ သမ္မာတရားကို နားလည်မည်မဟုတ်သကဲ့သို့ လက်တွေ့ကျမှုထဲသို့လည်း ဝင်ရောက်မည်မဟုတ်ပေ၊ ယင်းသည် အချည်းနှီး အားထုတ်ခြင်း ဖြစ်သည်။ အကယ်၍ ၎င်းတို့သည် ဘာသာရေးဆိုင်ရာ အသိပညာကို နားထောင်ခြင်းအား နှစ်သက်ပါက၊ ဘာသာရေးဆိုင်ရာ အသိပညာကို သွားရောက်လေ့လာကြပါစေ။ တစ်နေ့တွင်၊ ၎င်းတို့သည် သမ္မာတရားကို အသက်အဖြစ် မရရှိသည့်အခါ၊ ၎င်းတို့ နောင်တရလိမ့်မည်။

၂၀၂၁ ခုနှစ်၊ မေလ ၂၉ ရက်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။