ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၁၅) အခန်း တစ်
အချက် ၁၂- ဘုရားသခင်၏ အလုပ်နှင့် အသင်းတော်၏ ပုံမှန်အစီအစဉ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သော အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို အချိန်မီ တိကျစွာ ဖော်ထုတ်သတ်မှတ်လော့။ ပြီးလျှင် ၎င်းတို့ကို ရပ်တန့်၍ ချုပ်ချယ်ကန့်သတ်ပြီး အခြေအနေများကို ပြန်လည်ကောင်းမွန်အောင် ပြုလုပ်လော့။ ထို့အပြင် ဘုရားသခင် ရွေးချယ်ထားသောလူများက ထိုသို့သောအရာများမှတစ်ဆင့် ပိုင်းခြားသိမြင်နိုင်စွမ်း တိုးပွားလာပြီး ယင်းတို့ထံမှ သင်ယူတတ်မြောက်စေရန် သမ္မာတရားကို မိတ်သဟာယဖွဲ့လော့ (အပိုင်း ၃)
အသင်းတော်အသက်တာကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သည့် အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများ
ပြီးခဲ့သည့် စုဝေးပွဲတွင် ငါတို့သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ ဆယ့်နှစ်ခုမြောက် တာဝန်ဖြစ်သည့် “ဘုရားသခင်၏ အလုပ်နှင့် အသင်းတော်၏ ပုံမှန်အစီအစဉ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သော အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို အချိန်မီ တိကျစွာ ဖော်ထုတ်သတ်မှတ်လော့။ ပြီးလျှင် ၎င်းတို့ကို ရပ်တန့်၍ ချုပ်ချယ်ကန့်သတ်ပြီး အခြေအနေများကို ပြန်လည်ကောင်းမွန်အောင် ပြုလုပ်လော့။ ထို့အပြင် ဘုရားသခင် ရွေးချယ်ထားသောလူများက ထိုသို့သောအရာများမှတစ်ဆင့် ပိုင်းခြားသိမြင်နိုင်စွမ်း တိုးပွားလာပြီး ယင်းတို့ထံမှ သင်ယူတတ်မြောက်စေရန် သမ္မာတရားကို မိတ်သဟာယဖွဲ့လော့”ဟူသည်ကို မိတ်သဟာယဖွဲ့ခဲ့ကြသည်။ ဤတာဝန်နှင့်စပ်လျဉ်း၍ ငါတို့သည် အသင်းတော်အသက်တာနှင့် ဆက်စပ်သည့် အမျိုးမျိုးသော ပြဿနာများကို အဓိက မိတ်သဟာယဖွဲ့ခဲ့ကြပြီး ယင်းတို့ကို ပြဿနာ တစ်ဆယ့်တစ်ရပ်အဖြစ် ခွဲခဲ့ကြသည်။ ယင်းတို့ကို ဖတ်ကြည့်လော့။ (ပထမအချက်၊ သမ္မာတရားကို မိတ်သဟာယဖွဲ့သည့်အခါ အကြောင်းအရာမှ မကြာခဏ သွေဖည်သွားခြင်း၊ ဒုတိယအချက်၊ လူတို့ကို အထင်အမြင်မှားစေပြီး ၎င်းတို့၏ လေးစားမှုကို ရယူရန် စကားလုံးများနှင့် အယူဝါဒများကို ပြောဆိုခြင်း၊ တတိယအချက်၊ အိမ်တွင်းရေးရာများကို တတွတ်တွတ် ပြောဆိုခြင်း၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ အဆက်အသွယ်များ တည်ဆောက်ခြင်းနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိစ္စရပ်များကို ကိုင်တွယ်ခြင်း၊ စတုတ္ထအချက်၊ အုပ်စုဖွဲ့ခြင်း၊ ပဉ္စမအချက်၊ အဆင့်အတန်းအတွက် ပြိုင်ဆိုင်ခြင်း၊ ဆဋ္ဌမအချက်၊ မလျော်ကန်သော ဆက်ဆံရေးများတွင် ပါဝင်ခြင်း၊ သတ္တမအချက်၊ အပြန်အလှန် တိုက်ခိုက်ခြင်းနှင့် စကားစစ်ထိုးခြင်းများတွင် ပါဝင်ခြင်း၊ အဋ္ဌမအချက်၊ အယူအဆများကို ဖြန့်ဝေခြင်း၊ နဝမအချက်၊ အပျက်သဘောဆောင်ခြင်းကို ပွင့်အံချခြင်း၊ ဒသမအချက်၊ အခြေအမြစ်မရှိသော ကောလာဟလများကို ဖြန့်ဝေခြင်းနှင့် ဆယ့်တစ်ချက်မြောက်မှာ ရွေးကောက်ပွဲများကို ကြိုးကိုင်ခြယ်လှယ်ခြင်းနှင့် အဖျက်အမှောင့်လုပ်ခြင်းတို့ ဖြစ်ပါသည်။) ပြီးခဲ့သည့်အကြိမ်က ငါတို့သည် ပဉ္စမမြောက်ပြဿနာဖြစ်သည့် အဆင့်အတန်းအတွက် ပြိုင်ဆိုင်ခြင်းနှင့် ဆဋ္ဌမမြောက် ပြဿနာဖြစ်သည့် မလျော်ကန်သော ဆက်ဆံရေးများတွင် ပါဝင်ခြင်းတို့ကို မိတ်သဟာယဖွဲ့ခဲ့ကြသည်။ ဤပြဿနာအမျိုးအစားနှစ်ခုသည် ယခင်ပြဿနာလေးခုကဲ့သို့ပင် အသင်းတော်အသက်တာနှင့် အသင်းတော်၏ ပုံမှန်အစီအစဉ်ကို နှောင့်ယှက်မှုများနှင့် အဖျက်အမှောင့်များကို ဖြစ်စေသည်။ ဤပြဿနာအမျိုးအစားနှစ်ခု၏ သဘောသဘာဝ၊ အသင်းတော်အသက်တာကို ၎င်းတို့ ဖြစ်ပေါ်စေသည့် အန္တရာယ်နှင့် လူတို့၏ အသက်ဝင်ရောက်မှုအပေါ် ၎င်းတို့၏ သက်ရောက်မှုတို့ကို ကြည့်ခြင်းအားဖြင့် ထိုနှစ်ခုစလုံးသည် ဘုရားသခင်၏ အလုပ်နှင့် အသင်းတော်၏ ပုံမှန်အစီအစဉ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများနှင့် ညီမျှပေသည်။
၇။ အပြန်အလှန် တိုက်ခိုက်ခြင်းနှင့် စကားစစ်ထိုးခြင်း
ယနေ့ ငါတို့သည် သတ္တမမြောက်ကိစ္စဖြစ်သည့် အပြန်အလှန်တိုက်ခိုက်ခြင်းနှင့် စကားစစ်ထိုးခြင်းကို မိတ်သဟာယပြုကြမည်။ ထိုသို့သော ပြဿနာများသည် အသင်းတော်အသက်တာတွင် တွေ့နေကျဖြစ်ပြီး လူတိုင်းအတွက် သိသာထင်ရှားသည်။ လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို စားသောက်ရန်၊ မိမိတို့၏ ကိုယ်ပိုင်အတွေ့အကြုံများကို မိတ်သဟာယဖွဲ့ရန် သို့မဟုတ် အချို့သော လက်တွေ့ကျသည့် ပြဿနာများကို ဆွေးနွေးရန် စုဝေးကြသည့်အခါ ကွဲလွဲသော သဘောထားအမြင်များ သို့မဟုတ် အမှားအမှန်နှင့်ပတ်သက်သည့် ငြင်းခုံမှုများသည် လူတို့ကြားတွင် အငြင်းပွားမှုများနှင့် အငြင်းအခုံများကို မကြာခဏ ဖြစ်ပေါ်စေသည်။ အကယ်၍ လူတို့သည် သဘောထားကွဲလွဲပြီး အမျိုးမျိုးသော သဘောထားအမြင်များရှိသော်လည်း ဤအရာက အသင်းတော်အသက်တာကို မနှောင့်ယှက်ပါက ဤသည်မှာ အပြန်အလှန်တိုက်ခိုက်ခြင်းနှင့် စကားစစ်ထိုးခြင်းဟု သတ်မှတ်နိုင်သလော။ ဤသည်မှာ သတ်မှတ်၍မရပေ။ ယင်းသည် ပုံမှန် မိတ်သဟာယဖွဲ့ခြင်းနှင့် သက်ဆိုင်သည်။ ထို့ကြောင့် အပေါ်ယံအားဖြင့် ပြဿနာများစွာသည် သတ္တမမြောက်ပြဿနာနှင့် ဆက်စပ်ပုံရနိုင်သော်လည်း အမှန်တွင်မူ အခြေအနေများနှင့် သဘောသဘာဝအရ ပို၍ပြင်းထန်ပြီး ထိုသို့ဖြင့် အဖျက်အမှောင့်များနှင့် နှောင့်ယှက်မှုများကို ဖြစ်ပေါ်စေသည့်အရာများသာလျှင် ဤကိစ္စနှင့် သက်ဆိုင်ပေသည်။ ယခုတွင် မည်သည့်ပြဿနာများ၏ သဘောသဘာဝက ဤကိစ္စတွင် ပါဝင်ရန်အတွက် ဘောင်ဝင်စေသည်ကို မိတ်သဟာယဖွဲ့ကြစို့။
ပထမဦးစွာ၊ အပြန်အလှန် တိုက်ခိုက်ခြင်း၏ သရုပ်သကန်များကို ကြည့်သည့်အခါ၊ ဤသည်မှာ သမ္မာတရားကို ပုံမှန် မိတ်သဟာယဖွဲ့ခြင်း သို့မဟုတ် သမ္မာတရားကို ရှာဖွေခြင်း၊ သို့မဟုတ် သမ္မာတရားကို မိတ်သဟာယဖွဲ့ခြင်းအပေါ် အခြေခံ၍ မတူညီသော သိနားလည်မှုများ သို့မဟုတ် ဉာဏ်အလင်းရခြင်းများ ရှိခြင်း၊ သို့မဟုတ် သမ္မာတရားတစ်ခုနှင့်စပ်လျဉ်း၍ လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းကို ရှာဖွေလျက် သမ္မာတရား စည်းမျဉ်းများကို ရှာဖွေခြင်း၊ မိတ်သဟာယဖွဲ့ခြင်း၊ ဆွေးနွေးခြင်းတို့အကြောင်း သေချာပေါက် မဟုတ်ဘဲ ထိုအစား အမှားအမှန်နှင့်ပတ်သက်၍ အငြင်းပွားခြင်းနှင့် အငြင်းအခုံပြုခြင်းအကြောင်း ဖြစ်သည်။ ဤသည်မှာ အခြေခံအားဖြင့် ပေါ်လွင်ထင်ရှားသည့်ပုံစံ ဖြစ်သည်။ ဤပြဿနာမျိုးသည် အသင်းတော်အသက်တာတွင် တစ်ခါတစ်ရံ ဖြစ်ပေါ်တတ်သလော။ (ဖြစ်ပေါ်တတ်ပါသည်။) အပြင်ပန်းအသွင်အပြင်များကို အခြေခံရုံမျှဖြင့်၊ အပြန်အလှန် တိုက်ခိုက်ခြင်းကဲ့သို့သော လုပ်ရပ်သည် သမ္မာတရားကို ရှာဖွေခြင်းနှင့် သက်ဆိုင်သည်မှာ သေချာပေါက် မဟုတ်ကြောင်း၊ သို့မဟုတ် သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းညွှန်မှုအောက်တွင် သမ္မာတရားကို မိတ်သဟာယဖွဲ့ခြင်းနှင့် သက်ဆိုင်သည်မှာ မဟုတ်ကြောင်း၊ သို့မဟုတ် သဟဇာတဖြစ်စွာ ပူးပေါင်းဆောင်ရွက်ခြင်းနှင့် သက်ဆိုင်သည်မှာ မဟုတ်ကြောင်း သိသာထင်ရှားသည်။ သို့သော် ထိုအစား ယင်းသည် တဇောက်ကန်းဖြစ်ခြင်းတွင် အရင်းခံပြီး ယင်းတွင် အသုံးပြုသော အသုံးအနှုန်းသည် ဝေဖန်ခြင်းနှင့် ပြစ်တင်ရှုတ်ချခြင်း၊ ကျိန်ခြင်းများပင် ပါဝင်သည်။ ဤသရုပ်သကန်မျိုးသည် စာတန်ဆန်သော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထား၏ ထုတ်ဖော်ခြင်းတစ်ခု အမှန်ပင် ဖြစ်သည်။ လူတို့သည် အချင်းချင်း တိုက်ခိုက်ကြသည့်အခါ ၎င်းတို့၏ အသုံးအနှုန်းက ထက်မြက်သည်ဖြစ်စေ၊ သွယ်ဝိုက်သည်ဖြစ်စေ မည်သို့ပင်ဖြစ်စေကာမူ တဇောက်ကန်းဖြစ်ခြင်း၊ မလိုမုန်းထားမှုနှင့် အမုန်းတရားတို့ကို သယ်ဆောင်ပြီး ချစ်ခြင်း၊ သည်းခံခြင်းနှင့် ခွင့်လွှတ်ခြင်းတို့ ကင်းမဲ့သည့်အပြင်၊ ပင်ကိုအားဖြင့် သဘောညီညွတ်သော ပူးပေါင်းဆောင်ရွက်ခြင်းတို့ သာ၍ပင် ကင်းမဲ့လေသည်။ အချင်းချင်း တိုက်ခိုက်ရန် လူတို့ အသုံးပြုသည့် နည်းလမ်းများက အမျိုးမျိုးရှိသည်။ ဥပမာအားဖြင့်၊ လူနှစ်ဦးသည် ကိစ္စရပ်တစ်ခုကို ဆွေးနွေးနေသည့်အခါ ပထမလူက ဒုတိယလူကို “အချို့လူများသည် လူ့သဘာဝ မကောင်းသည့်အပြင်၊ မာနထောင်လွှားသည့် စိတ်သဘောထား ရှိသည်။ ၎င်းတို့သည် တစ်စုံတစ်ရာကို အနည်းငယ် လုပ်ဆောင်ပြီးသည့်အခါတိုင်း ကြွားဝါပြီး မည်သူကိုမျှ နားမထောင်ကြပေ။ သူတို့သည် ဘုရားနှုတ်ကပတ်တော်များတွင် သားရဲတိရစ္ဆာန်များကဲ့သို့ အရိုင်းအစိုင်းဆန်ပြီး လူ့သဘာဝ ကင်းမဲ့သောသူများဖြစ်သည်ဟု ပြောသည့်အတိုင်းပင် ဖြစ်သည်”ဟု ပြောသည်။ ဤအရာကို ကြားပြီးနောက်တွင် ဒုတိယလူက “သင် ယခုတင် ပြောသည့်စကားသည် ငါ့ကိုရည်ညွှန်းနေခြင်း မဟုတ်လော။ ငါ့ကို ဖော်ထုတ်ဖို့ ဘုရားနှုတ်ကပတ်တော်များကိုပင် သင် ကိုးကားသေးသည်။ သင်သည် ငါ့အကြောင်း ပြောသည့်အတွက်၊ ငါလည်း ချုပ်တည်းထားမည် မဟုတ်ပါ။ သင်က ငါ့အပေါ် မညှာတာသောကြောင့် ငါလည်း သင့်ကို မတရားဆက်ဆံမည်ဖြစ်သည်”ဟု စဉ်းစားသည်။ သို့ဖြစ်၍ ဒုတိယလူက “အချို့လူများသည် အပြင်ပန်းတွင် အလွန် ဘာသာတရားကိုင်းရှိုင်းပုံရနိုင်သော်လည်း တကယ်တမ်း အတွင်းစိတ်ထဲတွင်တော့ သူတို့သည် မည်သူ့ထက်မဆို ပိုပြီး ကောက်ကျစ်စဉ်းလဲသည်။ သူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များတွင် ပြောထားသည့် ပြည့်တန်ဆာမများ၊ မိန်းမပျက်များကဲ့သို့ပင် ဆန့်ကျင်ဘက်လိင်နှင့် မလျော်ကန်သော ဆက်ဆံရေးများကိုပင် လုပ်ကြသေးသည်။ ဘုရားသခင်က ထိုသို့သောလူများကို လုံးဝ စက်ဆုပ်ရွံရှာသည်။ သူသည် သူတို့အပေါ် အလွန်အမင်း မနှစ်မြို့ခြင်း ဖြစ်သည်။ ဘာသာတရားကိုင်းရှိုင်းပုံပေါက်ခြင်းသည် အဘယ်အသုံးဝင်ခြင်း ရှိသနည်း။ ယင်းမှာ ဟန်ဆောင်မှုချည်းသာ ဖြစ်သည်။ ဘုရားသခင်က ဟန်ဆောင်သူများကို မနှစ်သက်ဆုံး ဖြစ်သည်။ ဟန်ဆောင်သူများအားလုံးက ဖာရိရှဲများဖြစ်သည်”ဟု ပြောသည်။ ဤအရာကို ကြားပြီးနောက်တွင် ပထမလူက “ဤသည်မှာ ငါ့ကို တန်ပြန်တိုက်ခိုက်ခြင်း ဖြစ်သည်။ ကောင်းပြီ၊ သင်သည် ငါ့အပေါ် မညှာတာသောကြောင့်၊ ငါ မချုပ်တည်းထားသည့်အတွက် ငါ့ကို အပြစ်မတင်နှင့်”ဟု စဉ်းစားသည်။ အပြန်အလှန်ဖြင့် ထိုနှစ်ဦးသည် ရန်ဖြစ်ကြလေတော့သည်။ ဤသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မိတ်သဟာယဖွဲ့ခြင်းလော။ (မဟုတ်ပါ။) ၎င်းတို့ မည်သည့်အရာကို လုပ်နေကြသနည်း။ (အပြန်အလှန်တိုက်ခိုက်ပြီး ရန်ဖြစ်နေကြခြင်း ဖြစ်သည်။) ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များကို အခြေခံအဖြစ် ကိုးကားလျက်၊ အခြားသူ၏အမှားအချို့ကိုပင် အမိအရ အသုံးချပြီး ၎င်းတို့၏ တိုက်ခိုက်မှုများအတွက် “အခြေခံ” တစ်ခုကို ရှာဖွေကြလေသည်။ ဤသည်မှာ အပြန်အလှန် တိုက်ခိုက်ခြင်းဖြစ်ပြီး တစ်ချိန်တည်းတွင် စကားစစ်ထိုးခြင်းလည်း ဖြစ်သည်။ ဤမိတ်သဟာယဖွဲ့ခြင်းပုံစံကို အသင်းတော်အသက်တာတွင် တစ်ခါတစ်ရံ တွေ့ရတတ်သလော။ ဤသည်မှာ ပုံမှန် မိတ်သဟာယဖွဲ့ခြင်းလော။ ဤသည်မှာ ပုံမှန်လူ့သဘာဝအတွင်းမှ မိတ်သဟာယဖွဲ့ခြင်းလော။ (မဟုတ်ပါ။) သို့ဆိုလျှင် ဤမိတ်သဟာယဖွဲ့ခြင်းပုံစံသည် အသင်းတော်အသက်တာကို အဖျက်အမှောင့်များနှင့် နှောင့်ယှက်မှုများကို ဖြစ်စေသလော။ ယင်းသည် မည်သည့် အဖျက်အမှောင့်များနှင့် နှောင့်ယှက်မှုများကို ဖြစ်စေသနည်း။ (ပုံမှန် အသင်းတော်အသက်တာက နှောင့်ယှက်ခြင်းခံရသည်။ လူတို့သည် အမှားအမှန်နှင့်ပတ်သက်သည့် အငြင်းပွားမှုများထဲ ကျရောက်သွားပြီး အကျိုးဆက်အနေဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တိတ်ဆိတ်စွာ ဆင်ခြင်သုံးသပ်ကာ မိတ်သဟာယမဖွဲ့နိုင်ကြတော့ပါ။) လူတို့သည် အသင်းတော်အသက်တာအတောအတွင်းတွင် ဤသို့ ရန်ဖြစ်ခြင်းနှင့် အမှားအမှန်နှင့်ပတ်သက်၍ အငြင်းပွားမှုများတွင် ပါဝင်သည့်အခါတွင်လည်းကောင်း၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ တိုက်ခိုက်မှုများကို ဆောင်ရွက်သည့်အခါတွင်လည်းကောင်း သန့်ရှင်းသောဝိညာဉ်တော်သည် အလုပ်လုပ်နေသေးသလော။ သန့်ရှင်းသောဝိညာဉ်တော် အလုပ်မလုပ်တော့ပေ။ ဤ မိတ်သဟာယဖွဲ့ခြင်းမျိုးသည် လူတို့၏ စိတ်နှလုံးများကို ကစဉ့်ကလျားဖြစ်သွားစေသည်။ သမ္မာကျမ်းစာထဲတွင် စကားအချို့ရှိသည်၊ သင်တို့ မှတ်မိကြသလော။ (“တဖန်ငါဆိုသည်ကား၊ မြေကြီးပေါ်မှာ သင်တို့တွင် နှစ်ယောက်တို့သည် သဘောချင်းတူ၍ ဆုတောင်းလျှင်၊ တောင်းသမျှသောဆုတို့ကို ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ၏ခမည်းတော်သည် ပေးတော်မူလတံ့။ အကြောင်းမူကား၊ အကြင်အရပ်၌ လူနှစ်ဦးသုံးဦးတို့သည် ငါ၏နာမကိုထောက်၍ စည်းဝေးကြ၏၊ ထိုအရပ်၌ သူတို့အလယ်မှာ ငါရှိသည်။” (ရှင်မဿဲခရစ်ဝင် ၁၈:၁၉-၂၀)) ဤစကားများက မည်သည့်အရာကို ဆိုလိုသနည်း။ လူတို့သည် ဘုရားသခင်ရှေ့မှောက်တွင် အတူတကွ စုဝေးကြသည့်အခါ ၎င်းတို့သည် စိတ်နှလုံးတစ်လုံးတစ်ဝတည်း ရှိရန်နှင့် ဘုရားသခင်ရှေ့မှောက်တွင် စည်းလုံးရန် လိုအပ်သည်။ လူတို့သည် စိတ်နှလုံးတစ်လုံးတစ်ဝတည်း ရှိမှသာ ဘုရားသခင်သည် ၎င်းတို့အပေါ် ကောင်းချီးများ ပေးသနားလိမ့်မည်ဖြစ်ပြီး သန့်ရှင်းသောဝိညာဉ်တော်က အလုပ်လုပ်လိမ့်မည်ဖြစ်သည်။ သို့သော် ကျွန်ုပ် ယခုတင်ပြောခဲ့သည့် အငြင်းပွားနေသော လူနှစ်ဦးသည် စိတ်နှလုံးတစ်လုံးတစ်ဝတည်း ရှိခဲ့ကြသလော။ (မရှိခဲ့ကြပါ။) ၎င်းတို့ မည်သည့်အရာကို လုပ်နေခဲ့ကြသနည်း။ အပြန်အလှန် တိုက်ခိုက်ခြင်း၊ ရန်ဖြစ်ခြင်း၊ ဝေဖန်ခြင်းနှင့် ပြစ်တင်ရှုတ်ချခြင်းများပင် ဖြစ်သည်။ ၎င်းတို့သည် အပေါ်ယံတွင် ညစ်ညမ်းသော ကျိန်ဆဲသည့်စကားများကို အသုံးမပြုခဲ့သော်လည်း သို့မဟုတ် နာမည်များတပ်၍ မပြောခဲ့သော်လည်း ၎င်းတို့၏ စကားများနောက်ကွယ်မှ စေ့ဆော်မှုမှာ သမ္မာတရားကို မိတ်သဟာယဖွဲ့ရန် သို့မဟုတ် သမ္မာတရားကို ရှာဖွေရန် မဟုတ်ခဲ့သည့်အပြင်၊ ပုံမှန်လူ့သဘာဝ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားအတွင်း၌ ၎င်းတို့ ပြောဆိုနေခြင်းလည်း မဟုတ်ခဲ့ပေ။ ၎င်းတို့ပြောဆိုခဲ့သည့် စကားလုံးတိုင်းသည် တာဝန်မဲ့ပြီး ရန်လိုမှုနှင့် မလိုမုန်းထားမှုတို့ကို သယ်ဆောင်ခဲ့သည်။ စကားလုံးတစ်ခုစီတိုင်းသည် အချက်အလက်များနှင့် မကိုက်ညီသည့်အပြင် မည်သည့်အခြေခံမျှလည်း မရှိခဲ့ပေ။ စကားလုံးတိုင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ဘုရားသခင်၏ လိုအပ်ချက်များအတိုင်း ကိစ္စရပ်တစ်ခုကို အကဲဖြတ်ခြင်းအကြောင်း မဟုတ်ဘဲ၊ ၎င်းတို့မုန်းတီးပြီး အထင်သေးသောလူတစ်ဦးကို ၎င်းတို့၏ ကိုယ်ပိုင်နှစ်သက်မှုများနှင့် အလိုဆန္ဒများအပေါ် အခြေခံ၍ ပုဂ္ဂိုလ်ရေးဆိုင်ရာ တိုက်ခိုက်မှုများ၊ ဝေဖန်မှုများနှင့် ပြစ်တင်ရှုတ်ချမှုများကို ပြုလုပ်ခြင်းအကြောင်းသာ ဖြစ်သည်။ ဤအရာများထဲမှ တစ်ခုမျှ စိတ်နှလုံးတစ်လုံးတစ်ဝတည်း ရှိခြင်း၏ သရုပ်သကန်များ မဟုတ်ပေ။ ထို့ထက်၊ ဤအရာများသည် တဇောက်ကန်းဖြစ်ခြင်းနှင့် စာတန်ဆန်သော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားမှ လာသော စကားလုံးများနှင့် သရုပ်သကန်များဖြစ်ပြီး ဘုရားသခင်အတွက် နှစ်သက်ဖွယ်သောအရာများ မဟုတ်ပေ။ ထို့ကြောင့် ထိုနေရာတွင် သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်မရှိပေ။ ဤသည်မှာ အပြန်အလှန် တိုက်ခိုက်ခြင်းနှင့်ဆိုင်သည့် သရုပ်သကန်တစ်ခု ဖြစ်သည်။
အသင်းတော်အသက်တာတွင် လူတို့ကြား၌ အသေးအဖွဲကိစ္စများ သို့မဟုတ် ကွဲလွဲသော သဘောထားအမြင်များနှင့် အကျိုးစီးပွားများအပေါ် အငြင်းပွားမှုများနှင့် ပဋိပက္ခများ မကြာခဏ ဖြစ်ပေါ်တတ်သည်။ သဟဇာတမဖြစ်သော ပင်ကိုစရိုက်များ၊ ရည်မှန်းချက်များနှင့် နှစ်သက်မှုများကြောင့်လည်း အငြင်းပွားမှုများ မကြာခဏ ဖြစ်ပေါ်တတ်သည်။ လူမှုရေးအဆင့်အတန်းနှင့် ပညာရေးအဆင့်များ ကွာခြားမှုများကြောင့်ဖြစ်စေ၊ ၎င်းတို့၏ လူ့သဘာဝနှင့် သဘာဝအရ ကွာခြားမှုများကြောင့်ဖြစ်စေ၊ အခြားအကြောင်းရင်းများထဲမှ စကားပြောဆိုပုံနှင့် ကိစ္စရပ်များကို ကိုင်တွယ်ပုံနည်းလမ်းများ ကွာခြားမှုများကြောင့်ဖြစ်စေ လူတစ်ဦးချင်းစီကြားတွင် အမျိုးမျိုးသော သဘောထားကွဲလွဲမှုများနှင့် သဘောထားမတိုက်ဆိုင်မှုများလည်း ပေါ်ပေါက်လာတတ်သည်။ အကယ်၍ လူတို့သည် ဤပြဿနာများကို ဘုရားသခင်၏ နှုတ်ကပတ်တော်အား အသုံးပြု၍ ဖြေရှင်းရန် မကြိုးစားပါက၊ အကယ်၍ အပြန်အလှန် နားလည်မှု၊ သည်းခံမှု၊ အားပေးမှုနှင့် အကူအညီ မရှိပါက၊ ထိုအစား လူတို့သည် မိမိတို့၏ စိတ်နှလုံးထဲတွင် မလိုမုန်းထားမှုများနှင့် အမုန်းတရားများကို ထားရှိပြီး ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအတွင်း၌ တဇောက်ကန်းဖြစ်ခြင်းဖြင့် အချင်းချင်း ဆက်ဆံကြပါက၊ ဤသည်မှာ အပြန်အလှန်တိုက်ခိုက်ခြင်းများနှင့် ဝေဖန်ခြင်းများကို ဖြစ်ပေါ်စေဖို့ အလားအလာရှိသည်။ အချို့လူများသည် အသိစိတ်နှင့် ဆင်ခြင်တုံတရား အနည်းငယ်ရှိပြီး အငြင်းပွားမှုများ ဖြစ်ပေါ်သည့်အခါ ၎င်းတို့သည် စိတ်ရှည်မှုကို ကျင့်သုံးနိုင်သည်၊ ဆင်ခြင်တုံတရားဖြင့် ပြုမူနိုင်သည်၊ ချစ်ခြင်းဖြင့် အခြားတစ်ဖက်ကို ကူညီနိုင်သည်။ သို့ရာတွင် အချို့လူများသည် ဤအရာကို စွမ်းဆောင်ရရှိနိုင်ခြင်း မရှိပေ။ ၎င်းတို့သည် အခြေခံအကျဆုံးသော ခွင့်လွှတ်သည်းခံခြင်း၊ စိတ်ရှည်ခြင်း၊ လူ့သဘာဝနှင့် ဆင်ခြင်တုံတရားတို့ကိုပင် ကင်းမဲ့ကြသည်။ ၎င်းတို့သည် အသေးအဖွဲကိစ္စများ သို့မဟုတ် စကားတစ်ခွန်း သို့မဟုတ် မျက်နှာအမူအရာတစ်ခုကြောင့် အခြားသူများအပေါ် အမျိုးမျိုးသော မလိုမုန်းထားမှုများ၊ မသင်္ကာမှုများနှင့် အထင်အမြင်လွဲမှားမှုများကို မကြာခဏ ဖြစ်ပေါ်စေသည်။ ယင်းက ၎င်းတို့၏ စိတ်နှလုံးထဲတွင် ထိုသူတို့အပေါ် အမျိုးမျိုးသော အတွေးများ၊ သံသယများ၊ ဝေဖန်မှုများနှင့် ရှုတ်ချမှုများ ရှိလာစေသည်။ ဤဖြစ်စဉ်များသည် အသင်းတော်အတွင်း မကြာခဏ ဖြစ်ပေါ်ပြီး လူတစ်ဦးချင်းစီကြားရှိ ပုံမှန်ဆက်ဆံရေးများ၊ ညီအစ်ကိုမောင်နှမများ၏ သဟဇာတဖြစ်သော အပြန်အလှန်ဆက်ဆံရေးများနှင့် ၎င်းတို့၏ ဘုရား နှုတ်ကပတ်တော်များအား မိတ်သဟာယဖွဲ့ခြင်းကိုပင် မကြာခဏ ထိခိုက်စေသည်။ လူတို့သည် အချင်းချင်း ဆက်ဆံသည့်အခါ အငြင်းပွားမှုများ ဖြစ်ပေါ်ခြင်းမှာ မြင်နေကျဖြစ်သော်လည်း၊ ထိုသို့သော ပြဿနာများသည် အသင်းတော်အသက်တာတွင် မကြာခဏ ဖြစ်ပေါ်ပါက ပုံမှန်အသင်းတော်အသက်တာကို ထိခိုက်နိုင်သည်၊ နှောင့်ယှက်နိုင်သည်၊ ဖျက်ဆီးပင်ဖျက်ဆီးနိုင်ပေသည်။ ဥပမာအားဖြင့် တစ်စုံတစ်ဦးသည် စုဝေးပွဲတစ်ခုတွင် အငြင်းအခုံတစ်ခုကို စတင်ပါက ထိုစုဝေးပွဲသည် နှောင့်ယှက်ခြင်းခံရမည်ဖြစ်ပြီး အသင်းတော်အသက်တာသည် အသီးအပွင့်များ ဖြစ်ထွန်းနိုင်လိမ့်မည် မဟုတ်သည့်အပြင်၊ စုဝေးပွဲတက်ရောက်သူများသည် မည်သည့်အရာမျှ ရရှိကြမည်မဟုတ်ဘဲ အချည်းနှီး စုဝေးကာ အချိန်ဖြုန်းခြင်းသာ ဖြစ်လိမ့်မည်။ အကျိုးဆက်အားဖြင့် ဤပြဿနာများသည် အသင်းတော်အသက်တာ၏ ပုံမှန်အစီအစဉ်ကို ထိခိုက်နှင့်ပြီးဖြစ်လိမ့်မည်။
(၁) အပြန်အလှန် တိုက်ခိုက်ခြင်းနှင့် စကားစစ်ထိုးခြင်း၏ သရုပ်သကန်အမျိုးအစားအချို့
က။ အားနည်းချက်များကို အပြန်အလှန် ဖော်ထုတ်ခြင်း
အချို့လူများသည် စုဝေးပွဲများအတောအတွင်းတွင် အိမ်တွင်းရေးရာများနှင့် အရေးမပါသော အကြောင်းအရာများကို အမြဲ တတွတ်တွတ်ပြောဆိုချင်ကြပြီး ညီအစ်ကိုမောင်နှမများနှင့် တွေ့ဆုံသည့်အခါတိုင်းတွင် အသေးအဖွဲ အိမ်မှုကိစ္စများအကြောင်း ပြောဆိုကာ ရောက်တတ်ရာရာ စကားပြောဆိုမှုများကို လုပ်ဆောင်ကြသဖြင့် ယင်းက ထိုညီအစ်ကိုမောင်နှမများကို ခိုကိုးရာမဲ့ဖြစ်သွားစေသည်။ တစ်စုံတစ်ဦးက ၎င်းတို့ကို ကြားဖြတ်ပြောဆိုရန် ထရပ်ကောင်းထရပ်နိုင်သော်လည်း ထိုအခါ မည်သည့်အရာဖြစ်သနည်း။ အကယ်၍ ၎င်းတို့အနေဖြင့် အဆက်မပြတ် ကြားဖြတ်ပြောဆိုခြင်းခံရပါက မပျော်မရွှင်ဖြစ်လာပြီး ၎င်းတို့ မပျော်မရွှင်ဖြစ်ခြင်းသည် ပြဿနာရှိသည်ဟု ဆိုလိုသည်။ ၎င်းတို့က “သင်က ငါ့ကို အမြဲတစေ ကြားဖြတ်ပြောပြီး စကားပြောခွင့်မပြုပါ။ ကောင်းပြီ၊ သင်စကားပြောသည့်အခါ ငါက သင့်ကို ကြားဖြတ်ပြောမည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင် မိတ်သဟာယဖွဲ့သည့်အခါ၊ ငါက ဘုရားနှုတ်ကပတ်တော်များထဲက နောက်ထပ်ကျမ်းပိုဒ်တစ်ခုနှင့် ဝင်ပြောမည်။ သင်က သင့်ကိုယ်သင် သိရှိခြင်းအကြောင်း မိတ်သဟာယဖွဲ့သည့်အခါ၊ ငါက လူများကို တရားစီရင်သည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များအကြောင်း မိတ်သဟာယဖွဲ့မည်။ သင်က သင်၏ မာနထောင်လွှားသည့် စိတ်သဘောထားကို နားလည်ခြင်းအကြောင်း မိတ်သဟာယဖွဲ့သည့်အခါ၊ ငါက လူများ၏ အဆုံးသတ်များနှင့် ပန်းတိုင်များအား သတ်မှတ်ခြင်းနှင့်ပတ်သက်၍ ဘုရားနှုတ်ကပတ်တော်များကို မိတ်သဟာယဖွဲ့မည်။ သင်မည်သည့်အရာကို ပြောသည်ဖြစ်စေ၊ ငါက မတူကွဲပြားသည့်အရာတစ်ခုကို ပြောမည်”ဟု စဉ်းစားကြသည်။ ထိုမျှသာမက၊ အကယ်၍ အခြားသူများက ၎င်းတို့ကို ကြားဖြတ်ပြောဆိုရာတွင် ပါဝင်ပါက၊ ဤလူသည် ထရပ်ပြီး ထိုသူတို့ကို တိုက်ခိုက်သည်။ တစ်ချိန်တည်းတွင် ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးထဲ၌ မကျေနပ်မှုနှင့် အမုန်းတရားတို့ကို ထားရှိသောကြောင့် စုဝေးပွဲများအတောအတွင်းတွင် ၎င်းတို့ကို ကြားဖြတ်ပြောဆိုခဲ့သူ၏ အပြစ်အနာအဆာများအား မကြာခဏ ဖော်ထုတ်ကြသည်။ ထိုသူသည် ဘုရားသခင်ကို မယုံကြည်လာမီက စီးပွားရေးတွင် အခြားသူများကို မည်သို့ လှည့်ဖြားခဲ့သည်၊ အခြားသူများနှင့် ဆက်ဆံရာတွင် မည်မျှ မသမာဖြစ်ခဲ့သည် စသည်တို့ကို ပြောဆိုကြသည်။ ထိုသူ စကားပြောသည့်အခါတိုင်းတွင် ၎င်းတို့သည် ဤအရာများကို ပြောဆိုကြသည်။ အစပိုင်းတွင် ထိုသူသည် စိတ်ရှည်မှုကို ကျင့်သုံးနိုင်သော်လည်း အချိန်ကြာလာသည်နှင့်အမျှ ၎င်းတို့က “ငါသည် သင့်ကို အမြဲကူညီသည်။ သင့်အပေါ်မှာ သည်းခံမှုနှင့် စိတ်ရှည်မှုကို အမြဲ ပြသည်။ သို့သော် သင်က ငါ့အပေါ်မှာ မည်သည့်သည်းခံမှုကိုမျှ မပြပါ။ ငါ့ကို သင် ဤသို့ဆက်ဆံလျှင်၊ ငါ မချုပ်တည်းခြင်းအတွက် ငါ့ကို အပြစ်မတင်နှင့်။ ငါတို့သည် ရွာတစ်ရွာတည်းတွင် အချိန်များစွာကြာ နေထိုင်ကြပြီးဖြစ်သည်။ ငါတို့နှစ်ယောက်လုံးက တစ်ယောက်အကြောင်းတစ်ယောက် ကောင်းကောင်းသိသည်။ သင်က ငါ့ကို တိုက်ခိုက်သည်။ ထို့ကြောင့် ငါလည်း သင့်ကို ပြန်တိုက်ခိုက်မည်။ သင်က ငါ၏ အားနည်းချက်များကို ဖော်ထုတ်သည်။ သို့သော် သင်ကိုယ်တိုင်တွင်လည်းများစွာ ရှိနေသည်ပင် ဖြစ်သည်”ဟု စတင်စဉ်းစားလာသည်။ သို့ဖြစ်၍ ၎င်းတို့က “သင် ငယ်ရွယ်သည့်အချိန်တွင်ပင် ပစ္စည်းများကို ခိုးခဲ့သည်။ သင် လုပ်ဆောင်ခဲ့သည့် ထိုအသေးအဖွဲ ခိုးမှုများက ပို၍ပင် အရှက်ရစရာကောင်းသေးသည်။ အနည်းဆုံးအနေဖြင့် ကျွန်ုပ်လုပ်ဆောင်ခဲ့သည်မှာ စီးပွားရေးဖြစ်သည်။ အသက်မွေးဝမ်းကျောင်းအတွက်ချည်းသာ ဖြစ်သည်။ ဤလောကတွင် မည်သူက အမှားအနည်းငယ် မလုပ်ဖူးသနည်း။ သင်၏ အပြုအမူကကော အဘယ်နည်း။ သင်၏ အပြုအမူသည်သူခိုး၊ ဓားပြတစ်ယောက်၏ အပြုအမူပင် ဖြစ်သည်”ဟု ပြောသည်။ ဤသည်မှာ အပြန်အလှန် တိုက်ခိုက်ခြင်း မဟုတ်လော။ ဤတိုက်ခိုက်မှုများ၏ နည်းလမ်းမှာ အဘယ်နည်း။ ယင်းမှာ အားနည်းချက်များကို အပြန်အလှန် ဖော်ထုတ်ခြင်း ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့က၊ “သင်သည် ငါ၏ အားနည်းချက်များကို ဆက်ပြီး ဖော်ထုတ်နေသည်။ ထိုအကြောင်းများနှင့် ငါ၏ဂုဏ်သိက္ခာမဲ့သော အတိတ်အကြောင်းကို လူတိုင်းအား သိခွင့်ပေးနေသည်။ ထို့ကြောင့် အခြားသူများက ငါ့ကို နောက်ထပ် အထင်ကြီးတော့မည် မဟုတ်ပါ။ ကောင်းပြီ၊ သို့ဆိုလျှင် ငါလည်း ချုပ်တည်းထားမည် မဟုတ်ပါ။ သင့်တွင် အဖော်မည်မျှရှိခဲ့သည်၊ ဆန့်ကျင်ဘက်လိင် မည်မျှနှင့် တွဲခဲ့သည်ဟူသည့်အရာအားလုံးကို ငါသိသည်။ ဤအချက်အလက်အားလုံး ငါ့လက်ထဲတွင် အဆင်သင့်ရှိနေပြီဖြစ်သည်။ သင်သာ ငါ၏ အားနည်းချက်များကို နောက်တစ်ခါ ဖော်ထုတ်ပြီး ငါ့ကို အလွန်အကျွံ တွန်းပို့လျှင်၊ သင်၏ မကောင်းမှုများအားလုံးကို ငါဖွင့်ချပစ်မည်”ဟု စဉ်းစားကြလေသည်။ အားနည်းချက်များကို အပြန်အလှန် ဖော်ထုတ်ခြင်းသည် အချင်းချင်း ရင်းနှီးကျွမ်းဝင်ပြီး အချင်းချင်း ကောင်းစွာသိသောသူများကြားတွင် အဖြစ်များသော ပြဿနာတစ်ရပ် ဖြစ်သည်။ သဘောထားမတိုက်ဆိုင်မှုတစ်ခုကြောင့် သို့မဟုတ် ၎င်းတို့နှစ်ဦးကြားတွင် ပဋိပက္ခများ သို့မဟုတ် မကျေနပ်ချက်များ ရှိသောကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်။ လူနှစ်ဦးသည် စုဝေးပွဲများအတောအတွင်းတွင် အချင်းချင်း တိုက်ခိုက်ရန် လက်နက်များအဖြစ် အသုံးပြုဖို့အတွက် အိုဟောင်းပြီး အသေးအဖွဲဖြစ်သော ကိစ္စရပ်များကို ဆွဲထုတ်ကြသည်။ ဤလူနှစ်ဦးသည် လူတိုင်း၏ ဘုရားနှုတ်ကပတ်တော်အား စားသောက်ရမည့်အချိန်ကို ယူသုံးကာ ပုံမှန်အသင်းတော်အသက်တာကို ထိခိုက်စေလျက် အချင်းချင်း၏ အားနည်းချက်များကို ဖော်ထုတ်ကြပြီး အချင်းချင်း တိုက်ခိုက်ကာ ပြစ်တင်ရှုတ်ချကြသည်။ ထိုသို့သော စုဝေးပွဲများသည် အကျိုးဖြစ်ထွန်းနိုင်သလော။ ၎င်းတို့ အနီးဝန်းကျင်ရှိ လူများသည် စုဝေးချင်စိတ် ရှိကြသေးသလော။ အချို့ညီအစ်ကိုမောင်နှမများက “ဤလူနှစ်ယောက်သည် တကယ်ကို ပြဿနာရှာနေကြသည်။ အတိတ်က ကိစ္စတွေကို ထုတ်ပြောနေရသည့် အကြောင်းရင်းမှာ အဘယ်နည်း။ ယခုတွင် သူတို့နှစ်ယောက်လုံးက ဘုရားသခင်ကို ယုံကြည်နေကြပြီဖြစ်သည်။ ထိုအရာများကို လက်လွှတ်သင့်ပေသည်။ မည်သူတွင် ပြဿနာများ မရှိသနည်း။ သူတို့နှစ်ယောက်လုံးက ယခုတွင် ဘုရားသခင်ရှေ့မှောက်သို့ ရောက်လာကြပြီးဖြစ်သည် မဟုတ်လော။ ဤပြဿနာများအားလုံးကို ဘုရားနှုတ်ကပတ်တော်နှင့် ဖြေရှင်း၍ရပေသည်။ အားနည်းချက်များကို ဖော်ထုတ်ခြင်းသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေခြင်း မဟုတ်ပါ။ တစ်ဦး၏အားသာချက်များမှ သင်ယူ၍ အခြားတစ်ဦး၏ အားနည်းချက်များကို ဖြည့်ဆည်းပေးနေခြင်းလည်း မဟုတ်ပါ။ ယင်းမှာ အပြန်အလှန် တိုက်ခိုက်နေခြင်း ဖြစ်သည်၊ စာတန်ဆန်သော အပြုအမူဖြစ်သည်”ဟု စတင်စဉ်းစားလာကြသည်။ ၎င်းတို့၏ အပြန်အလှန် တိုက်ခိုက်မှုများသည် ပုံမှန်အသင်းတော်အသက်တာကို နှောင့်ယှက်ပြီး ဖျက်ဆီးသည်။ မည်သူမျှ ၎င်းတို့ကို မတားဆီးနိုင်သည့်အပြင် ၎င်းတို့ထံ မည်သူက သမ္မာတရားကို မိတ်သဟာယဖွဲ့သည်ဖြစ်စေ ၎င်းတို့ နားထောင်မည်မဟုတ်ပေ။ အချို့လူများက ၎င်းတို့ကို “အချင်းချင်း၏ အားနည်းချက်များကို ဖော်ထုတ်ခြင်းအား ရပ်လိုက်ပါ။ အမှန်တွင်၊ ဤအရာတစ်ခုလုံးက အရေးကြီးသည့်ကိစ္စ မဟုတ်ပါ။ နှုတ်ဖြင့် သဘောထားကွဲလွဲမှု အကျဉ်းတစ်ခုသာ မဟုတ်လော။ သင်တို့နှစ်ယောက်ကြားတွင် နက်ရှိုင်းသည့် အမုန်းတရားမရှိပါ။ သင်တို့နှစ်ယောက်လုံးသာ ပွင့်ပွင့်လင်းလင်း ပြောဆိုနိုင်မည်၊ ကိုယ့်ကိုယ်ကိုယ် ချပြနိုင်မည်၊ မိမိ၏ မလိုမုန်းထားမှုများ၊ မကျေနပ်မှုများနှင့် အမုန်းတရားများကို လွှတ်ချပြီး ဘုရားသခင်ရှေ့မှောက်တွင် ဆုတောင်းကာ သမ္မာတရားကို ရှာဖွေနိုင်မည်ဆိုလျှင်၊ ဤပြဿနာအားလုံးကို ဖြေရှင်းနိုင်မည်ဖြစ်သည်”ဟု အကြံပေးကြသည်။ သို့သော် ထိုလူနှစ်ဦးသည် အကျပ်အတည်းတွင် ရှိနေဆဲဖြစ်သည်။ ၎င်းတို့ထဲမှတစ်ဦးက “သူက ကျွန်ုပ်ကို အရင်တောင်းပန်နိုင်မည်ဆိုလျှင်၊ သူသာ အရင်ပွင့်ပွင့်လင်းလင်းပြောပြီး သူ့ကိုယ်သူ အရင်ချပြလျှင်၊ ကျွန်ုပ်လည်း ထို့အတူ လုပ်ဆောင်မည်။ သို့သော် ယခင်ကဲ့သို့ ကိစ္စများကို သူ လက်မလွှတ်လျှင်၊ ကျွန်ုပ်လည်း သူ့အပေါ် ချုပ်တည်းမည် မဟုတ်ပါ။ ကျွန်ုပ်ကို သမ္မာတရား လက်တွေ့လုပ်ဆောင်ဖို့ သင်တို့တောင်းဆိုသည်။ အဘယ်ကြောင့် သူက သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သနည်း။ ကျွန်ုပ်ကို ကိစ္စရပ်များ လွှတ်ချဖို့ သင်တို့တောင်းဆိုသည်။ အဘယ်ကြောင့် သူက အရင်လက်မလွှတ်သနည်း” ဟု ပြောသည်။ ဤသည်မှာ ယုတ္တိမတန်ခြင်း ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့သည် ယုတ္တိမတန်စွာ စတင်ပြုမူလာကြသည်။ မည်သူ၏အကြံဉာဏ်မျှ ၎င်းတို့အပေါ် အကျိုးသက်ရောက်မှုမရှိသည့်အပြင် ၎င်းတို့သည် သမ္မာတရားကို မိတ်သဟာယဖွဲ့ခြင်းကိုလည်း နားမထောင်ကြပေ။ အချင်းချင်း တွေ့သည်နှင့်တစ်ပြိုင်နက် ၎င်းတို့က အငြင်းအခုံပြုကြသည်၊ အချင်းချင်း၏ အားနည်းချက်များကို ဖော်ထုတ်ပြီး တိုက်ခိုက်ကြသည်။ လက်ပါခြင်းမှလွဲ၍ အချင်းချင်းအပေါ် ၎င်းတို့ ပြုလုပ်သည့်အရာတိုင်းတွင် အမုန်းတရားပါဝင်ပြီး ၎င်းတို့ပြောဆိုသည့် စကားလုံးတိုင်းတွင် တိုက်ခိုက်ခြင်းနှင့် ကျိန်ဆဲခြင်း အရိပ်အယောင်များ ပါဝင်သည်။ အကယ်၍ အသင်းတော်အသက်တာတွင် အချင်းချင်းတွေ့သည်နှင့်တစ်ပြိုင်နက် တိုက်ခိုက်ပြီး စကားစစ်ထိုးကြသည့် ဤသို့သောလူနှစ်ဦးရှိပါက ဤအသင်းတော်အသက်တာသည် အကျိုးဖြစ်ထွန်းနိုင်မည်လော။ လူတို့သည် ယင်းမှ အပြုသဘောဆောင်သည့်အရာ တစ်ခုတလေကို ရရှိနိုင်မည်လော။ (မရရှိနိုင်ပါ။) ထိုသို့သောအခြေအနေများ ပေါ်ပေါက်လာသည့်အခါ လူအများစုသည် စိုးရိမ်လာကြပြီး “ငါတို့ စုဝေးသည့်အခါတိုင်းတွင် ထိုနှစ်ယောက်က အမြဲ ရန်ဖြစ်နေကြသည်။ မည်သူ၏ အကြံဉာဏ်မျှကိုလည်း နားမထောင်ပါ။ မည်သည့်အရာကို ကျွန်ုပ်တို့ လုပ်ဆောင်သင့်သနည်း” ဟု ပြောကြသည်။ ၎င်းတို့ရှိနေသရွေ့ စုဝေးပွဲများသည် အေးချမ်းခြင်းမရှိသည့်အပြင် လူတိုင်းက ၎င်းတို့၏ နှောင့်ယှက်ခြင်းခံရသည်။ ထိုသို့သောအခြေအနေများတွင် အသင်းတော်ခေါင်းဆောင်များသည် ထိုပြဿနာကို ဖြေရှင်းရန် ဝင်ရောက်သင့်သည်။ ၎င်းတို့သည် ထိုသို့သောလူများကို အသင်းတော်အသက်တာအား ဆက်လက်နှောင့်ယှက်ခွင့် မပြုရပေ။ အကယ်၍ ထပ်တလဲလဲအကြံပေးခြင်း၊ မိတ်သဟာယဖွဲ့ခြင်းနှင့် အပြုသဘောဆောင်သော လမ်းညွှန်မှုများ ပြုလုပ်ပြီးနောက်တွင် မည်သည့်ရလဒ်မျှ မရရှိသည့်အပြင်၊ နှစ်ဖက်စလုံးက မိမိတို့၏ မလိုမုန်းထားမှုများကို ဆက်လက်စွဲကိုင်ထားပြီး အချင်းချင်း ခွင့်လွှတ်ရန် ငြင်းဆန်ကာ အချင်းချင်း ဆက်လက်တိုက်ခိုက်ပြီး အသင်းတော်အသက်တာကို ဆက်လက်နှောင့်ယှက်နေပါက ထိုကိစ္စကို စည်းမျဉ်းများအတိုင်း ကိုင်တွယ်ရန် လိုအပ်လာသည်။ ၎င်းတို့ကို “သင်တို့နှစ်ဦးသည် ဤအခြေအနေတွင် အချိန်ကြာမြင့်စွာ ရှိနေခဲ့ပြီးဖြစ်ကာ ယင်းသည် အသင်းတော်အသက်တာနှင့် ညီအစ်ကိုမောင်နှမများအားလုံးအပေါ် ပြင်းထန်သော နှောင့်ယှက်မှုများကို ဖြစ်စေခဲ့သည်။ လူအများစုသည် သင်တို့၏ ဤအပြုအမူအပေါ် ဒေါသထွက်ကြသော်လည်း ယင်းနှင့်ပတ်သက်၍ တစ်စုံတစ်ရာ ပြောဆိုရန် ကြောက်ရွံ့နေကြသည်။ သင်တို့၏ လက်ရှိသဘောထားနှင့် သရုပ်သကန်များကို ကြည့်ခြင်းအားဖြင့် အသင်းတော်က စည်းမျဉ်းများနှင့်အညီ သင်တို့၏ အသင်းတော်အသက်တာတွင် ပါဝင်မှုကို ဆိုင်းငံ့ထားပြီး မိမိကိုယ်ကို ဆင်ခြင်သုံးသပ်ရန်အတွက် သင်တို့ကို သီးခြားခွဲထားရမည်။ သင်တို့သည် သဟဇာတဖြစ်စွာ အတူနေထိုင်နိုင်ပြီး ပုံမှန် မိတ်သဟာယဖွဲ့ခြင်းတွင် ပါဝင်နိုင်ကာ ပုံမှန်လူအချင်းချင်း ဆက်ဆံရေးများ ရှိလာသည့်အခါတွင်မှသာ အသင်းတော်အသက်တာသို့ ပြန်လာနိုင်သည်”ဟု ပြောသင့်ပေသည်။ ၎င်းတို့ သဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ အသင်းတော်က ဤဆုံးဖြတ်ချက်ကို ချမှတ်သင့်သည်။ ဤသည်မှာ ကိစ္စကို စည်းမျဉ်းများအပေါ် အခြေခံ၍ ကိုင်တွယ်ခြင်း ဖြစ်သည်။ ဤကိစ္စရပ်များကို ထိုသို့သောပုံစံဖြင့် ကိုင်တွယ်သင့်သည်။ တစ်ဖက်တွင် ဤသည်မှာ ထိုလူနှစ်ဦးအတွက် အကျိုးရှိပေသည်။ ယင်းက ၎င်းတို့အား မိမိတို့ကိုယ်ကို ဆင်ခြင်သုံးသပ်ပြီး သိရှိလာစေရန် စေ့ဆော်နိုင်သည်။ အခြားတစ်ဖက်တွင်မူ ယင်းသည် အဓိကအားဖြင့် ပိုများသော ညီအစ်ကိုမောင်နှမများကို ဆိုးယုတ်သောလူများ၏ နှောင့်ယှက်ခြင်းမှ ကာကွယ်ပေးခြင်း ဖြစ်သည်။ အချို့လူများက “သူတို့သည် မည်သည့်မကောင်းမှုမျှ မလုပ်ခဲ့ပါ။ သူတို့၏ အနှစ်သာရအရ သူတို့သည် ဆိုးယုတ်သောလူများလည်း မဟုတ်ပါ။ သူတို့တွင် လူ့သဘာဝအရ သေးငယ်သည့် ချို့ယွင်းချက်လေးများသာ ရှိခြင်းဖြစ်သည်။ သူတို့က တစ်ဇွတ်ထိုးလုပ်တတ်သည်၊ ယုတ္တိမတန်ဖြစ်တတ်သည်၊ မနာလိုခြင်းနဲ့ အငြင်းပွားမှုများ ဖြစ်တတ်သည်။ ဤအရာကြောင့် ၎င်းတို့ကို အဘယ်ကြောင့် သီးခြားခွဲထားရသနည်း” ဟု ပြောကြသည်။ ၎င်းတို့၏ လူ့သဘာဝ မည်သို့ပင်ဖြစ်စေကာမူ ၎င်းတို့သည် အသင်းတော်အသက်တာကို နှောင့်ယှက်မှုတစ်ခု ဖြစ်ပေါ်စေသရွေ့ အသင်းတော်ခေါင်းဆောင်များသည် ထိုပြဿနာကို ဝင်ရောက်ကိုင်တွယ်ဖြေရှင်းသင့်သည်။ အကယ်၍ ဤလူနှစ်ဦးသည် ဆိုးယုတ်သောသူများဖြစ်ပါက ဤအရာကို ပိုင်းခြားသိမြင်သည်နှင့်တစ်ပြိုင်နက် တုံ့ပြန်မှုသည် ၎င်းတို့ကို သီးခြားခွဲထားခြင်းလောက် ရိုးရှင်းမည်မဟုတ်ပေ။ ၎င်းတို့ကို တိုက်ရိုက်ရှင်းလင်းပစ်ရန် ဆုံးဖြတ်ချက်တစ်ခုကို ချက်ချင်းချမှတ်ရမည်။ အကယ်၍ ၎င်းတို့၏ လုပ်ရပ်များသည် အခြားသူများကို ထိခိုက်နစ်နာစေခြင်းမရှိဘဲ သို့မဟုတ် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ဆုံးရှုံးစေမည့် အခြားမကောင်းသော အမှုများကို ကျူးလွန်ခြင်းမရှိဘဲ အချင်းချင်း တိုက်ခိုက်ခြင်းနှင့် အမှားအမှန်နှင့်ပတ်သက်၍ အငြင်းပွားခြင်းတို့ထိသာ အကန့်အသတ်ရှိပြီး ၎င်းတို့သည် ဆိုးယုတ်သောသူများ မဟုတ်ပါက ၎င်းတို့ကို ရှင်းလင်းပစ်ရန် မလိုအပ်ပေ။ ထိုအစား ၎င်းတို့၏ အသင်းတော်အသက်တာကို ဆိုင်းငံ့ထားသင့်ပြီး ၎င်းတို့အား မိမိကိုယ်ကို ဆင်ခြင်သုံးသပ်ရန်အတွက် သီးခြားခွဲထားသင့်သည်။ ဤလုပ်နည်းကိုင်နည်းက အသင့်တော်ဆုံးဖြစ်သည်။ ကိစ္စရပ်ကို ဤနည်းလမ်းဖြင့် ကိုင်တွယ်ခြင်း၏ ရည်ရွယ်ချက်မှာ အသင်းတော်အသက်တာ၏ ပုံမှန်အစီအစဉ်ကို သေချာစေရန်နှင့် အသင်းတော်အလုပ်သည် ပုံမှန်အတိုင်း ရှေ့ဆက်သွားနိုင်ကြောင်း အာမခံရန် ဖြစ်သည်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။