ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၁၅) အခန်း သုံး

၃။ စကားစစ်ထိုးခြင်း

အသင်းတော်၌ နောက်ထပ် လူစားမျိုးတစ်မျိုးလည်း ရှိသေးသည်။ ဤလူစားမျိုးသည် မိမိကိုယ်ကို အထူးသဖြင့် မှန်ကြောင်းပြချင်သည်။ ဥပမာအားဖြင့်၊ သူသည် မှားယွင်းသော အရာတစ်ခုကို လုပ်ဆောင်မိလျှင် သို့မဟုတ် ပြောဆိုမိလျှင်၊ အခြားသူများက သူ၏အပေါ် မကောင်းသော အမြင်တစ်ခု ရှိသွားမည်ကိုလည်းကောင်း၊ ဤသည်က လူအများစု၏ အမြင်တွင် သူ၏ ပုံရိပ်ကို ထိခိုက်စေမည်ကိုလည်းကောင်း သူစိုးရွံ့သည်။ သို့ဖြစ်၍ သူသည် စုဝေးပွဲများအတွင်းတွင် မိမိကိုယ်ကို မှန်ကန်ကြောင်းပြပြီး ထိုကိစ္စကို ရှင်းပြသည်။ ယင်းကို ရှင်းပြရာတွင် သူ၏ ရည်ရွယ်ချက်မှာ လူတို့အား သူနှင့်ပတ်သက်၍ မကောင်းသော အမြင်တစ်ခု မဖြစ်ပေါ်စေရန် ဖြစ်သည်။ သို့ဖြစ်၍ သူသည် တစ်နေ့လုံး စဉ်းစားတွေးခေါ်လျက် ဤအရာကို များစွာအားထုတ်ပြီး စဉ်းစားလေသည်။ “ဤကိစ္စကို ငါမည်သို့ ရှင်းလင်းအောင် လုပ်နိုင်မည်နည်း။ ထိုလူကို ငါ မည်သို့ ရှင်းလင်းစွာ ရှင်းပြနိုင်မည်နည်း။ ငါနှင့်ပတ်သက်၍ ၎င်းတို့ ဖြစ်ပေါ်ထားသည့် မကောင်းသော အမြင်များကို ငါမည်သို့ ချေပနိုင်မည်နည်း။ ယနေ့၏ စုဝေးပွဲသည် ဤကိစ္စအကြောင်း ပြောဆိုရန် အခွင့်အရေးကောင်းတစ်ခု ဖြစ်သည်” ဟူ၍ ဖြစ်သည်။ စုဝေးပွဲတွင် သူက၊ “ပြီးခဲ့သည့်တစ်ခေါက်က ကျွန်ုပ်လုပ်ဆောင်ခဲ့သည့်အရာသည် မည်သူ့ကိုမျှ နာကျင်စေရန် သို့မဟုတ် ဖော်ထုတ်ရန် ရည်ရွယ်ခြင်း မဟုတ်ပါ။ ကျွန်ုပ်၏ ရည်ရွယ်ချက်က ကောင်းပါသည်။ လူတို့ကို ကူညီရန် ဖြစ်ပါသည်။ သို့တိုင် အချို့လူများက ကျွန်ုပ်ကို အမြဲ အထင်အမြင်လွဲမှားကြသည်၊ သူတို့က ကျွန်ုပ်ကို အမြဲ ပစ်မှတ်ထားလိုကြပြီး၊ ကျွန်ုပ်က လောဘကြီးကာ ရည်မှန်းချက်ကြီးသည်ဟူ၍လည်းကောင်း၊ ကျွန်ုပ်၏ လူ့သဘာဝက မကောင်းဟူ၍လည်းကောင်း အမြဲ တွေးထင်ကြသည်။ သို့သော် အမှန်တကယ်တွင် ကျွန်ုပ်သည် လုံးဝ ထိုသို့မဟုတ်ပါ၊ ဟုတ်ပါသလော။ ကျွန်ုပ်သည် ထိုသို့သောအရာများကို လုပ်ဆောင်ခြင်း သို့မဟုတ် ပြောဆိုခြင်း မရှိခဲ့ပါ။ တစ်စုံတစ်ဦး မရှိသည့်အခါတွင် သူနှင့်ပတ်သက်၍ ကျွန်ုပ် ပြောဆိုသည့်အခါ၊ ယင်းမှာ ကျွန်ုပ်က ၎င်းတို့အတွက် တမင်တကာ ပြဿနာဖန်တီးနေခြင်းမျိုး မဟုတ်ပါ။ လူတို့က မကောင်းမှုများ ပြုလုပ်ပြီးသည့်အခါ၊ အခြားလူတို့အား ထိုအကြောင်း ပြောဆိုခွင့်မပြုဘဲ မည်သို့နေနိုင်မည်နည်း” ဟု ပြောဆိုသည်။ သူသည် မိမိကိုယ်ကို မှန်ကန်ကြောင်း ပြခြင်းနှင့် ကာကွယ်ခြင်း နှစ်မျိုးလုံးကို များစွာ ပြောဆိုသည့်အပြင်၊ အခြားတစ်ဖက်၏ ပြဿနာအတော်များများကိုလည်း ဖော်ထုတ်သည်၊ ထိုအရာအားလုံးမှာ ထိုကိစ္စမှ မိမိကိုယ်ကို ကင်းကွာစေရန်၊ သူထုတ်ဖော်ခဲ့သည့်အရာသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု မဟုတ်ကြောင်း၊ ပြီးလျှင် သူ၌ မလိုမုန်းထားသော ရည်ရွယ်ချက်ရှိဖို့ မဆိုထားနှင့်၊ မကောင်းသော လူ့သဘာဝ သို့မဟုတ် သမ္မာတရားကို မနှစ်သက်မှုပင်မရှိကြောင်း လူတိုင်းကို ယုံကြည်စေရန်အပြင်၊ ထိုအစား သူသည် ရည်ရွယ်ချက်ကောင်းရှိကြောင်း၊ သူ၏ ရည်ရွယ်ချက်ကောင်းများသည် မကြာခဏ အထင်အမြင်လွဲမှားခြင်း ခံရကြောင်းနှင့် အခြားသူများ၏ အထင်အမြင်လွဲမှားမှုများကြောင့် သူ မကြာခဏ ပြစ်တင်ရှုတ်ချခြင်း ခံရကြောင်း ထင်မြင်စေရန် ဖြစ်သည်။ ပွင့်လင်းစွာဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ သူ၏ စကားများက နားထောင်သူတို့အား သူသည် အပြစ်ကင်းစင်ကြောင်းနှင့် သူ့ကို မှားယွင်းပြီး မကောင်းပါဟု ထင်မြင်ခဲ့သော လူတို့က ဆိုးယုတ်သောသူများဖြစ်ပြီး သမ္မာတရားကို မချစ်သောသူများဖြစ်ကြောင်း ခံစားရစေသည်။ ဤအရာကို ကြားပြီးနောက်တွင် အခြားတစ်ဖက်က၊ “သင်၏စကားများ၏ ဆိုလိုရင်းမှာ သင်၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမရှိကြောင်း ပြောဆိုရန် မဟုတ်လော။ မိမိကိုယ်ကို အထင်ကြီးအောင်လုပ်ရန်သာ မဟုတ်လော။ ဤသည်မှာ မိမိကိုယ်ကို မသိရှိခြင်း၊ သမ္မာတရားကို လက်မခံခြင်း၊ အဖြစ်မှန်များကို လက်မခံခြင်းသာ မဟုတ်လော။ သင်သည် ဤအရာများကို လက်မခံလျှင် ထားလိုက်ပါ။ သို့သော် ကျွန်ုပ်ကို အဘယ်ကြောင့် ပစ်မှတ်ထားသနည်း။ ကျွန်ုပ်သည် သင့်ကို ပစ်မှတ်ထားရန် ရည်ရွယ်ချက်မရှိခဲ့သည့်အပြင် သင့်ကို တိုက်ခိုက်လိုခြင်းလည်း မရှိခဲ့ပါ။ သင်သည် သင်တွေးထင်လိုသည့် မည်သည့်အရာကိုမဆို တွေးထင်နိုင်သည်။ ယင်းက ကျွန်ုပ်နှင့် အဘယ်သို့ သက်ဆိုင်သနည်း” ဟု နားလည်သွားသည်။ သို့ဖြစ်၍ သူသည် မိမိကိုယ်ကို မထိန်းချုပ်နိုင်တော့ဘဲ၊ “အချို့လူတို့သည် သေးငယ်သော ပြဿနာတစ်ခုကို ကြုံတွေ့ရသည့်အခါ၊ မျှတမှုမရှိသော ဆက်ဆံမှု သို့မဟုတ် နာကျင်မှု အနည်းငယ်ကို ခံစားရသည့်အခါ၊ ၎င်းတို့သည် လက်ခံရန် မလိုလားသည့်အပြင်၊ မိမိတို့ကိုယ်ကို မှန်ကန်ကြောင်း ပြကာ ရှင်းပြလိုကြသည်။ ၎င်းတို့သည် ထိုပြဿနာမှ မိမိတို့ကိုယ်ကို ကင်းကွာစေရန် အမြဲ ကြိုးစားကြသည်၊ ၎င်းတို့သည် မိမိကိုယ်ကို အထင်ကြီးအောင်လုပ်ပြီး ကိုယ့်ဂုဏ်ကိုယ်ဖော်ရန် အမြဲ အလိုရှိကြသည်။ ၎င်းတို့သည် ထိုသို့သောလူစားမျိုး မဟုတ်ပေ။ သို့ဖြစ်၍ ၎င်းတို့သည် မိမိတို့ကိုယ်ကို အမြင်ကောင်းစေရန်၊ မိမိတို့ကိုယ်ကို စုံလင်သူများဖြစ်စေရန် အဘယ်ကြောင့် ကြိုးစားကြသနည်း။ ထို့အပြင် ကျွန်ုပ်သည် သမ္မာတရားကို မိတ်သဟာယဖွဲ့ခြင်းသာဖြစ်သည်၊ ကျွန်ုပ်သည် မည်သူ့ကိုမျှ ပစ်မှတ်မထားပါ၊ မည်သူ့ကိုမျှ တိုက်ခိုက်ရန် သို့မဟုတ် လက်စားချေရန်လည်း မစဉ်းစားပါ။ လူတို့က ၎င်းတို့အလိုရှိသည့်အတိုင်း တွေးထင်ပါစေ”ဟု ပြောဆိုသည်။ ဤလူနှစ်ဦးသည် သမ္မာတရားကို မိတ်သဟာယဖွဲ့နေခြင်းလော။ (မဟုတ်ပါ။) သို့ဆိုလျှင် ၎င်းတို့သည် အဘယ်အရာကို လုပ်ဆောင်နေကြသနည်း။ တစ်ဖက်က၊ “ကျွန်ုပ်သည် ထိုအရာများကို အသင်းတော်အလုပ်အတွက် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ သင်မည်သို့ တွေးထင်သည်ကို ကျွန်ုပ် ဂရုမစိုက်ပါ”ဟု ဆိုသည်။ အခြားတစ်ဖက်က၊ “လူက ပြုမူဆောင်ရွက်သည့်အခါ ကောင်းကင်ဘုံက စောင့်ကြည့်နေသည်။ ဘုရားသခင်သည် လူတို့၏ အတွေးများကို သိသည်။ သင့်တွင် ရည်ရွယ်ချက်ကောင်း၊ စွမ်းရည်နှင့် စကားပြောကောင်းခြင်းအချို့ ရှိ ရုံဖြင့်လည်းကောင်း၊ သင်က မကောင်းမှုများကို မလုပ်ဆောင်ရုံဖြင့်လည်းကောင်း ဘုရားသခင်က သင့်ကို စိစစ်မည် မဟုတ်ဟု မထင်နှင့်။ သင်၏ အတွေးများကို နက်ရှိုင်းစွာ ဖုံးကွယ်ထားလျှင် ဘုရားသခင်က မြင်နိုင်ခြင်းမရှိဟု မထင်လေနှင့်။ ဘုရားသခင် မဆိုထားနှင့်၊ ညီအစ်ကိုမောင်နှမများအားလုံးက ယင်းတို့ကို မြင်နိုင်သည်။ ဘုရားသခင်သည် လူတို့၏ စိတ်နှလုံး နက်ရှိုင်းရာကို စိစစ်ကြောင်း သင်မသိသလော”ဟု ဆိုသည်။ ၎င်းတို့နှစ်ဦးသည် အဘယ်အရာနှင့်ပတ်သက်၍ ငြင်းခုံနေကြသနည်း။ တစ်ဖက်က မိမိကိုယ်ကို မှန်ကန်ကြောင်း ပြရန်၊ မိမိကိုယ်ကို အပြစ်မှ ကင်းလွတ်စေရန် အလွန်ကြိုးပမ်းနေပြီး အခြားသူများက သူ၏အပေါ် မကောင်းသော အထင်အမြင်တစ်ခု ရှိသည်ကို မလိုလားပေ။ အခြားတစ်ဖက်ကမူ ထိုလူအား မိမိကိုယ်ကို အကောင်းမြင်ခံရစေဖို့ လုပ်ဆောင်ရန် ခွင့်မပြုဘဲ ထိုအရာကို မရမက လက်လွှတ်ခြင်းမရှိသည့်အပြင်၊ တစ်ချိန်တည်းတွင် ပြစ်တင်ကြိမ်းမောင်းခြင်းများမှတစ်ဆင့် သူ့ကို ဖော်ထုတ်ကာ ပြစ်တင်ရှုတ်ချရန် ရည်ရွယ်လေသည်။ အပေါ်ယံအားဖြင့် ဤနှစ်ဦးသည် အချင်းချင်း တိုက်ရိုက် ကျိန်ဆဲနေကြခြင်း သို့မဟုတ် အချင်းချင်း တိုက်ရိုက် ဖော်ထုတ်နေကြခြင်း မဟုတ်သော်လည်း ၎င်းတို့၏ စကားက ရည်ရွယ်ချက်ရှိသည်။ တစ်ဖက်က အခြားလူအား သူ့ကို အထင်အမြင်မလွဲမှားအောင်တားဆီးရန် ကြိုးစားပြီး သူ နာမည်ပျက် မရှိအောင် ရှင်းလင်းပေးရန် တောင်းဆိုစဉ်တွင်၊ အခြားတစ်ဖက်ကမူ ထိုသို့လုပ်ဆောင်ရန် ငြင်းပယ်ပြီး ထိုအစား အခြားသူ၏ အသိအမှတ်ပြုခြင်းကို တောင်းဆိုလျက် မရမက တံဆိပ်တပ်ကာ ပြစ်တင်ရှုတ်ချလေသည်။ ဤစကားစမြည်ပြောဆိုမှုသည် သမ္မာတရားကို ပုံမှန် မိတ်သဟာယဖွဲ့ခြင်းတစ်ခုလော။ (မဟုတ်ပါ။) ယင်းမှာ အသိတရားနှင့် ဆင်ခြင်တုံတရားအပေါ် အခြေခံသည့် စကားပြောဆိုမှုတစ်ခုလော။ (မဟုတ်ပါ။) သို့ဆိုလျှင် ဤစကားစမြည်ပြောဆိုမှု၏ သဘောသဘာဝမှာ အဘယ်နည်း။ ဤစကားစမြည်ပြောဆိုမှုမျိုးသည် အပြန်အလှန် တိုက်ခိုက်ခြင်းတွင် ပါဝင်နေခြင်းလော။ (ဟုတ်ပါသည်။) မိမိကိုယ်ကို မှန်ကန်ကြောင်း ပြနေသူသည် ဘုရားသခင်ထံမှ အမှုအရာများကို သူ မည်သို့ ခံယူနိုင်ကြောင်း၊ မိမိကိုယ်ကို သိရှိနိုင်ကြောင်းနှင့် လက်တွေ့လုပ်ဆောင်သင့်သည့် စည်းမျဉ်းများကို ရှာဖွေနိုင်ကြောင်းနှင့်ပတ်သက်၍ မိတ်သဟာယဖွဲ့နေခြင်းဖြစ်သလော။ မဟုတ်ပေ။ သူသည် အခြားလူတို့အား မိမိကိုယ်ကို မှန်ကန်ကြောင်း ပြနေခြင်း ဖြစ်သည်။ သူသည် မိမိ၏ အတွေးများ၊ သဘောထားအမြင်များ၊ ရည်ရွယ်ချက်များနှင့် ရည်မှန်းချက်တို့ကို အခြားသူများအား ရှင်းလင်းအောင် ပြောဆိုလိုသည်။ မိမိကိုယ်ကို အခြားတစ်ဖက်အား ရှင်းပြလိုပြီး အခြားတစ်ဖက်အား သူ၏ နာမည်ကို ရှင်းလင်းပေးစေလိုသည်။ ထို့အပြင်၊ သူသည် သူ့အပေါ် အခြားတစ်ဖက်၏ ဖော်ထုတ်မှုနှင့် ပြစ်တင်ရှုတ်ချမှုကို ငြင်းပယ်လိုပြီး အခြားတစ်ဖက် ပြောဆိုသည့်အရာသည် အဖြစ်မှန်များ သို့မဟုတ် သမ္မာတရားနှင့် ကိုက်ညီသည်ဖြစ်စေ၊ မကိုက်ညီသည်ဖြစ်စေ၊ သူက ယင်းကို အသိအမှတ်မပြုသရွေ့ သို့မဟုတ် လက်ခံရန် မလိုလားသရွေ့၊ အခြားတစ်ဖက် ပြောဆိုသည့်အရာကို မှားယွင်းသည်ဟု သူက ယူဆပြီး ယင်းကို ပြုပြင်လိုသည်။ သို့သော် အခြားတစ်ဖက်ကမူ သူ နာမည်ပျက် မရှိအောင် ရှင်းလင်းပေးရန် မလိုလားဘဲ ထိုအစား ၎င်း၏ ပြစ်တင်ရှုတ်ချမှုကို လက်ခံရန် အတင်းအကျပ်ပြုလျက် သူ့ကို ဖော်ထုတ်လေသည်။ တစ်ဦးက လက်ခံရန် မလိုလားဘဲ အခြားတစ်ဦးက သူ့ကို မရမက လက်ခံအောင် လုပ်သည်။ ယင်းက ၎င်းတို့ကြားတွင် တိုက်ခိုက်မှုများဆီသို့ ဦးတည်သွားစေသည်။ ဤသို့သော စကားစစ်ထိုးခြင်း၏ သဘောသဘာဝမှာ အပြန်အလှန် တိုက်ခိုက်ခြင်း ဖြစ်သည်။ သို့ဆိုလျှင် ဤတိုက်ခိုက်မှုမျိုး၏ သဘောသဘာဝမှာ အဘယ်နည်း။ ဤစကားစမြည်ပြောဆိုမှုသည် အပြန်အလှန်ငြင်းပယ်ခြင်း၊ အပြန်အလှန် မကျေမနပ်ဖြစ်ခြင်းများနှင့် အပြန်အလှန် ပြစ်တင်ရှုတ်ချခြင်းတို့ဖြင့် ထူးခြားသည့် သွင်ပြင်လက္ခဏာကို ဆောင်သည် မဟုတ်လော။ (ဆောင်ပါသည်။) ဤအပြန်အလှန် ဆွေးနွေးခြင်းပုံစံသည် အသင်းတော် အသက်တာတွင်လည်း ဖြစ်ပေါ်သလော။ (ဖြစ်ပေါ်ပါသည်။) ဤစကားစမြည်ပြောဆိုမှုများသည် စကားစစ်ထိုးခြင်းများချည်းသာ ဖြစ်ကြသည်။

ဤအပြန်အလှန်ဆွေးနွေးမှုမျိုးများကို အဘယ်ကြောင့် စကားစစ်ထိုးခြင်းများဟု ခေါ်သနည်း။ (ပါဝင်နေသော လူတို့သည် အမှန်အမှားနှင့်ပတ်သက်၍ ငြင်းခုံနေကြသောကြောင့်ဖြစ်သည်။ မည်သူမျှ မိမိတို့ကိုယ်ကို သိရှိရန် မကြိုးစားသည့်အပြင် မည်သူကမျှ မည်သည့်အရာကိုမျှ မရရှိကြပေ။ ၎င်းတို့သည် ထိုကိစ္စနှင့်ပတ်သက်၍ တစ်စိုက်မတ်မတ် တွေးနေကြပြီး ပြောဆိုဆွေးနွေးခြင်းတို့က အဓိပ္ပာယ်မဲ့လေသည်။) ၎င်းတို့သည် မည်သူက မှန်ကန်သည် သို့မဟုတ် မမှန်ကန်သည်၊ မည်သူက သာလွန်သည် သို့မဟုတ် နိမ့်ကျသည်ဟူသည့်အပေါ် ငြင်းခုံလျက် များစွာ ဆွေးနွေးပြောဆိုပြီး လေကုန်ခံနေကြခြင်းသာ ဖြစ်သည်။ ၎င်းတို့သည် မည်သည့်အခါမျှ အနိုင်ရသူမရှိဘဲ မရပ်မနား ငြင်းခုံကြပြီး ထို့နောက်တွင် ဆက်လက်၍ ငြင်းခုံကြသည်။ ဤအရာမှ မည်သည့်အရာကို နောက်ဆုံးတွင် ၎င်းတို့ ရရှိကြသနည်း။ ယင်းမှာ သမ္မာတရားကို နားလည်ခြင်း၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်ခြင်းလော။ ယင်းမှာ နောင်တရပြီး ဘုရားသခင်၏ စိစစ်မှုကို လက်ခံနိုင်စွမ်းလော။ ယင်းမှာ ဘုရားသခင်ထံမှ အမှုအရာများကို ခံယူပြီး မိမိတို့ကိုယ်ကို ပိုမိုသိရှိနိုင်စွမ်းလော။ ၎င်းတို့သည် ဤအရာများထဲမှ တစ်ခုကိုမျှ မရရှိကြပေ။ ဤအဓိပ္ပာယ်မဲ့သော အငြင်းပွားမှုများနှင့် အမှန်အမှားနှင့်ပတ်သက်သည့် ဤစကားပြောဆိုမှုများသည် စကားစစ်ထိုးမှုများဖြစ်ကြသည်။ ပွင့်ပွင့်လင်းလင်း ပြောရလျှင် စကားစစ်ထိုးခြင်းများဆိုသည်မှာ လုံးဝ အဓိပ္ပာယ်မဲ့သော စကားစမြည်ပြောဆိုမှုများဖြစ်သည်။ ပြောဆိုသည့်အရာတိုင်းမှာ အဓိပ္ပာယ်မရှိသော စကားများသာဖြစ်ကာ၊ စကားတစ်လုံးမျှက အခြားသူများအတွက် တည်ဆောက်စရာမရှိ သို့မဟုတ် အကျိုးမရှိဘဲ၊ ထို့ထက် ပြောဆိုလိုက်သော စကားများအားလုံးသည် နာကျင်စေပြီး လူ့အလိုဆန္ဒ၊ တဇောက်ကန်းဖြစ်ခြင်း၊ လူတို့၏ စိတ်များနှင့် သာ၍ပင် လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများမှ ထွက်ပေါ်လာခြင်းဖြစ်သည်မှာ အမှန်ပင်ဖြစ်၏။ ပြောဆိုသည့် စကားတိုင်းသည် မိမိကိုယ်ပိုင် အကျိုးစီးပွား၊ မိမိကိုယ်ပိုင် ပုံရိပ်နှင့် ဂုဏ်သတင်းတို့အတွက်သာဖြစ်ပြီး အခြားသူများနှင့်ဆိုင်သည့် တည်ဆောက်ခြင်း သို့မဟုတ် အကူအညီအတွက်မဟုတ်၊ သမ္မာတရား၏ ကဏ္ဍတစ်ခုခုကို မိမိကိုယ်တိုင် နားလည်ခြင်းအတွက် သို့မဟုတ် ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်ခြင်းအတွက်လည်း မဟုတ်သည့်အပြင်၊ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများထဲမှ မည်သည့်အရာက ဘုရားသခင်၏ နှုတ်ကပတ်တော်များတွင် ဖော်ထုတ်ခံရသည်၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ကိုက်ညီခြင်း ရှိမရှိ၊ သို့မဟုတ် မိမိ၏ နားလည်မှု မှန်ကန်ခြင်း ရှိမရှိဟူသည်တို့ကို ဆွေးနွေးခြင်းအတွက်လည်း မဟုတ်သည်မှာ အမှန်ပင်ဖြစ်သည်။ ဤအဓိပ္ပာယ်မဲ့သော မိမိကိုယ်ကို မှန်ကန်ကြောင်း ပြခြင်းများနှင့် ရှင်းပြချက်များသည် မည်မျှ နှစ်လိုဖွယ်ကောင်းပုံရသည်ဖြစ်စေ၊ ရိုးသားပုံရသည်ဖြစ်စေ သို့မဟုတ် ဘာသာတရားကိုင်းရှိုင်းသည်ဟု ထင်ရသည်ဖြစ်စေ၊ ယင်းတို့အားလုံးသည် စကားစစ်ထိုးခြင်းများဖြစ်ပြီး အပြန်အလှန် တိုက်ခိုက်ခြင်းများနှင့် ဝေဖန်ခြင်းများဖြစ်ကာ အခြားသူများကိုဖြစ်စေ၊ မိမိကိုယ်ကိုဖြစ်စေ အကျိုးမပြုပေ။ ၎င်းတို့သည် အခြားသူများကို နာကျင်စေပြီး လူအချင်းချင်း ပုံမှန်ဆက်ဆံရေးများကို ထိခိုက်စေရုံသာမက မိမိကိုယ်ပိုင် အသက်တာ ကြီးထွားမှုကိုလည်း ဟန့်တားသည်။ တိုတိုပြောရလျှင်၊ အသုံးပြုသည့် ဆင်ခြေများ၊ ရည်ရွယ်ချက်များ၊ သဘောထားများ၊ လေသံများ သို့မဟုတ် အသုံးပြုသည့် နည်းလမ်းများနှင့် နည်းစနစ်များ မည်သို့ပင်ဖြစ်စေ၊ အခြားသူများကို မဆင်မခြင် ဝေဖန်ခြင်းနှင့် ပြစ်တင်ရှုတ်ချခြင်းတို့ ပါဝင်နေသရွေ့၊ ဤစကားများ၊ နည်းလမ်းများ စသည်တို့အားလုံးသည် အခြားသူများကို တိုက်ခိုက်ခြင်း အမျိုးအစားအတွင်းတွင် အကျုံးဝင်ပြီး ယင်းတို့အားလုံးသည် စကားစစ်ထိုးခြင်းများ ဖြစ်ကြသည်။ ဤနယ်ပယ်သည် ကျယ်ပြန့်သလော။ (အတော်အတန် ကျယ်ပြန့်ပါသည်။) သို့ဆိုလျှင် သင်တို့သည် လူတို့၏ တိုက်ခိုက်မှုများ၊ ဝေဖန်ခြင်းများနှင့် ပြစ်တင်ရှုတ်ချခြင်းများကို ကြုံတွေ့ရသည့်အခါ အခြားသူများကို တိုက်ခိုက်ခြင်းနှင့် ပြစ်တင်ရှုတ်ချခြင်း အပြုအမူများတွင် ပါဝင်ခြင်းမရှိအောင် ရှောင်ကြဉ်နိုင်သလော။ သင်တို့သည် ဤသို့သောအခြေအနေမျိုးများကို ကြုံတွေ့ရသည့်အခါ မည်သို့ လက်တွေ့လုပ်ဆောင်သင့်သနည်း။ (ကျွန်ုပ်တို့သည် ဆုတောင်းခြင်းမှတစ်ဆင့် ဘုရားသခင်ရှေ့မှောက်တွင် ငြိမ်သက်စွာနေဖို့ လာရမည်။ ထိုအခါ ကျွန်ုပ်တို့၏ စိတ်နှလုံးထဲတွင် အမုန်းတရား ရှိတော့မည်မဟုတ်ပါ။) လူတစ်ဦးသည် နားလည်မှုရှိပြီး ကျိုးကြောင်းဆီလျော်သရွေ့၊ ၎င်းတို့သည် ဘုရားသခင်ရှေ့မှောက်တွင် မိမိတို့ကိုယ်ကို ငြိမ်သက်စေနိုင်ပြီး သူ့ထံ ဆုတောင်းနိုင်ကာ သမ္မာတရားကို လက်ခံနိုင်သရွေ့၊ ၎င်းတို့သည် မိမိတို့၏ ရည်ရွယ်ချက်များနှင့် အလိုဆန္ဒများကို ထိန်းချုပ်နိုင်ပြီး ထို့နောက်တွင် ၎င်းတို့သည် အခြားသူများကို ဝေဖန်ခြင်း သို့မဟုတ် တိုက်ခိုက်ခြင်း မပြုသည့် အဆင့်တစ်ခုသို့ ရောက်ရှိနိုင်သည်။ တစ်စုံတစ်ဦး၏ ရည်ရွယ်ချက်နှင့် ရည်မှန်းချက်သည် ကိုယ်ရေးကိုယ်တာ အငြိုးကို ဖြေရန် သို့မဟုတ် လက်စားချေရန် မဟုတ်သရွေ့၊ ပြီးလျှင် အခြားတစ်ဖက်ကို တိုက်ခိုက်ရန်မှာ သေချာပေါက် မဟုတ်သည့်အပြင်၊ ထိုအစား ၎င်းတို့သည် သမ္မာတရားကို နားမလည်သောကြောင့် သို့မဟုတ် ယင်းကို အလွန်အပေါ်ယံ နားလည်သောကြောင့် အခြားတစ်ဖက်ကို မရည်ရွယ်ဘဲ နာကျင်စေခြင်းဖြစ်သရွေ့၊ ပြီးလျှင် ၎င်းတို့သည် အတော်အတန် မိုက်မဲပြီး မသိနားမလည်ဖြစ်သောကြောင့် သို့မဟုတ် တစ်ဇွတ်ထိုးလုပ်ခြင်းတို့ကြောင့်ဖြစ်သရွေ့၊ အခြားသူများထံမှ အကူအညီ၊ အားပေးမှုနှင့် မိတ်သဟာယဖွဲ့ခြင်းမှတစ်ဆင့်၊ သမ္မာတရားကို နားလည်ပြီးနောက်၊ အခြားသူများအပေါ် ၎င်းတို့၏ ဆန်းစစ်မှုနှင့် အမြင်များကဲ့သို့ပင် ၎င်းတို့၏ စကားသည် ပို၍ မှန်ကန်တိကျလာလိမ့်မည်ဖြစ်ပြီး၊ ၎င်းတို့သည် အခြားလူတို့ ထုတ်ဖော်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် ၎င်းတို့၏ မမှန်ကန်သော လုပ်ဆောင်ချက်များကို မှန်ကန်စွာ သဘောထားနိုင်မည်ဖြစ်ကာ၊ ထိုသို့ဖြင့် အခြားသူများအပေါ် ၎င်းတို့၏ တိုက်ခိုက်မှုများနှင့် ဝေဖန်မှုများကို တဖြည်းဖြည်း လျှော့ချသွားမည်ဖြစ်သည်။ သို့သော်လည်း၊ တစ်စုံတစ်ဦးသည် ၎င်းတို့ မနှစ်မြို့သည့်သူ သို့မဟုတ် ၎င်းတို့ကို ယခင်က ပြစ်မှားခဲ့သည့်သူ သို့မဟုတ် ထိခိုက်နစ်နာစေခဲ့သည့်သူ မည်သူ့ကိုမဆို လက်စားချေရန် အခွင့်အရေးများကို ရှာရင်း မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအတွင်းတွင် အမြဲ အသက်ရှင်နေလျှင်၊ ထိုသို့သော ရည်ရွယ်ချက်များကို အမြဲ ထားရှိပြီး၊ သမ္မာတရားကို လုံးဝမရှာဖွေလျှင် သို့မဟုတ် ဘုရားသခင်ထံ ဆုမတောင်းလျှင် သို့မဟုတ် အားမကိုးလျှင်၊ ၎င်းတို့သည် အခြားသူများကို အချိန်မရွေး၊ နေရာမရွေး တိုက်ခိုက်နိုင်စွမ်းရှိပြီး ဤသည်မှာ ဖြေရှင်းရန် ခက်ခဲပေသည်။ အခြားသူများကို မရည်ရွယ်ဘဲ တိုက်ခိုက်ခြင်းသည် ဖြေရှင်းရန် လွယ်ကူသော်လည်း၊ တမင်တကာနှင့် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခြင်းမှာမူ ဖြေရှင်းရန် မလွယ်ကူပေ။ အကယ်၍ လူတစ်ဦးသည် အခြားသူများကို ရံဖန်ရံခါနှင့် မရည်ရွယ်ဘဲ တိုက်ခိုက်ပြီး ဝေဖန်လျှင်၊ အခြားလူတို့က ၎င်းတို့ကို အားပေးကူညီရန် သမ္မာတရားကို မိတ်သဟာယဖွဲ့ခြင်းမှတစ်ဆင့်၊ ၎င်းတို့သည် သမ္မာတရားကို နားလည်သည်နှင့်တစ်ပြိုင်နက် မိမိတို့၏ လမ်းကြောင်းကို ပြောင်းလဲနိုင်မည် ဖြစ်သည်။ သို့သော်လည်း၊ တစ်စုံတစ်ဦးသည် လက်စားချေရန်နှင့် ကိုယ်ရေးကိုယ်တာ အငြိုးကို ထုတ်ဖော်ရန် စဉ်ဆက်မပြတ် ကြိုးစားလျှင်၊ အခြားသူများကို ညှဉ်းပန်းရန် သို့မဟုတ် နှိမ်ရန် အမြဲ အလိုရှိပြီး၊ လူအားလုံး ခံစားနိုင်ကာ မြင်နိုင်သည့် ရည်ရွယ်ချက်များဖြင့် အခြားသူများကို တိုက်ခိုက်လျှင်၊ ထိုသို့သော အပြုအမူသည် အသင်းတော်အသက်တာအတွက် အဖျက်အမှောင့်လုပ်ခြင်းတစ်ခုနှင့် နှောင့်ယှက်မှုတစ်ခု ဖြစ်လာသည်။ ယင်းသည် တမင်တကာ ပြုလုပ်သော အဖျက်အမှောင့်နှင့် နှောင့်ယှက်မှုကို လုံးဝ ဖြစ်စေသည်။ ထို့ကြောင့်၊ အခြားသူများကို တိုက်ခိုက်ခြင်းနှင့်ဆိုင်သည့် ဤစိတ်သဘောထားရှိခြင်းသည် ပြောင်းလဲရန် ခက်ခဲသည်။

ယခုတွင်၊ အခြားသူများကို တိုက်ခိုက်ခြင်းနှင့် ပြစ်တင်ရှုတ်ချခြင်းဟူသည့် ပြဿနာကို မည်သို့ ဖြေရှင်းသင့်သည်ကို သင်တို့ နားလည်ပြီလော။ နည်းလမ်းတစ်ခုတည်းသာ ရှိသည်၊ ဘုရားသခင်ထံ ဆုတောင်းပြီး အားကိုးရမည်ဖြစ်ပြီး ထို့နောက်တွင် ၎င်းတို့၏ အမုန်းတရားက တဖြည်းဖြည်း ပျောက်ကွယ်သွားလိမ့်မည်။ အဓိကအားဖြင့် အခြားသူများကို တိုက်ခိုက်နိုင်သည့် လူစားနှစ်မျိုး ရှိသည်။ တစ်မျိုးမှာ မစဉ်းစားဘဲ ပြောဆိုတတ်သူများ၊ ပွင့်ပွင့်လင်းလင်းနှင့် တဲ့တိုးပြောတတ်သူများဖြစ်ပြီး လူတို့ကို မနှစ်မြို့စရာဟု မြင်သည့်အခါတိုင်း နာကျင်စေသော စကားအချို့ကို ပြောဆိုကောင်း ပြောဆိုနိုင်သူများ ဖြစ်သည်။ သို့သော် အချိန်အများစုတွင် ၎င်းတို့သည် လူတို့ကို တမင်တကာ သို့မဟုတ် ရည်ရွယ်ချက်ရှိရှိ မတိုက်ခိုက်ကြပေ။ ၎င်းတို့သည် မိမိတို့ကိုယ်ကို မချုပ်တည်းနိုင်ခြင်းသာဖြစ်သည်။ ဤသည်မှာ ၎င်းတို့၏ စိတ်သဘောထားသာဖြစ်ပြီး ၎င်းတို့သည် အခြားလူတို့အပေါ် အမှုမဲ့အမှတ်မဲ့ တိုက်ခိုက်မှုများကို ပြုလုပ်မိကြသည်။ အကယ်၍ ၎င်းတို့ကို ပြုပြင်လျှင် လက်ခံနိုင်သည်။ သို့ဖြစ်၍ ဤသူတို့သည် ဆိုးယုတ်သောလူများ မဟုတ်ကြသည့်အပြင်၊ ဖယ်ရှားခံရမည့် ပစ်မှတ်များလည်း မဟုတ်ကြပေ။ သို့သော် ဆိုးယုတ်သောလူများသည် ပြုပြင်ခြင်းကို လက်မခံဘဲ ၎င်းတို့သည် အသင်းတော်အသက်တာကို အဖျက်အမှောင့်များနှင့် နှောင့်ယှက်မှုများကို မကြာခဏ ဖြစ်စေသည်။ ၎င်းတို့သည် အခြားသူများကို မကြာခဏ တိုက်ခိုက်သည်၊ ဝေဖန်သည်၊ ထိုးနှက်တိုက်ခိုက်သည်၊ လက်စားချေပြီး သမ္မာတရားကို အနည်းငယ်မျှပင် လက်မခံကြပေ။ ၎င်းတို့သည် ဆိုးယုတ်သောလူများဖြစ်ကြပြီး၊ အသင်းတော်က ကိုင်တွယ်ဖြေရှင်းကာ ဖယ်ရှားရန် လိုအပ်သည့်သူများ ဖြစ်ကြသည်။ ၎င်းတို့ကို အဘယ်ကြောင့် ကိုင်တွယ်ဖြေရှင်းပြီး ဖယ်ရှားရန် လိုအပ်သနည်း။ ၎င်းတို့၏ သဘာဝအနှစ်သာရမှ အကဲဖြတ်သည့်အခါ၊ အခြားသူများကို တိုက်ခိုက်သည့် ၎င်းတို့၏ အပြုအမူသည် မရည်ရွယ်ဘဲ ဖြစ်ခြင်းမဟုတ်ဘဲ တမင်တကာ ဖြစ်သည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ဤလူတို့၌ မလိုမုန်းထားသော လူ့သဘာဝရှိသောကြောင့်ဖြစ်သည်။ မည်သူမျှ ၎င်းတို့ကို စိတ်အနှောင့်အယှက်ဖြစ်စေခြင်း သို့မဟုတ် ဝေဖန်ခြင်း မပြုနိုင်ပေ။ အကယ်၍ တစ်စုံတစ်ဦးက ၎င်းတို့ကို အနည်းငယ် မတော်တဆ နာကျင်စေသည့် တစ်စုံတစ်ရာကို ပြောဆိုမိလျှင် ၎င်းတို့သည် လက်စားချေရန် အခွင့်အရေးများကို ရှာဖွေဖို့ တွေးလိမ့်မည်။ သို့ဖြစ်၍ ထိုသို့သောလူများသည် အခြားသူတို့အပေါ် တိုက်ခိုက်မှုများကို ပြုလုပ်နိုင်စွမ်းရှိသည်။ ဤသည်မှာ အသင်းတော်က ကိုင်တွယ်ဖြေရှင်းပြီး ဖယ်ရှားရန် လိုအပ်သည့် လူစားတစ်မျိုး ဖြစ်သည်။ အပြန်အလှန် တိုက်ခိုက်ခြင်းများနှင့် စကားစစ်ထိုးခြင်းများတွင် ပါဝင်သည့် မည်သူမဆို၊ ၎င်းတို့ မည်သည့်ဘက်မှ ဖြစ်စေ၊ တက်ကြွစွာ သို့မဟုတ် မလှုပ်မယှက် တိုက်ခိုက်နေသည်ဖြစ်စေ၊ ၎င်းတို့သည် ဤသို့သော တိုက်ခိုက်မှုမျိုးများတွင် ပါဝင်နေသရွေ့၊ ၎င်းတို့သည် အနည်းငယ်မျှသော စိတ်မကျေနပ်မှုဖြင့်ပင် အခြားသူများကို ဒုက္ခပေးမည့် ဆိုးယုတ်သူတစ်ဦး၊ အန္တရာယ်ပေးတတ်သော ရည်ရွယ်ချက်များရှိသည့် ဆိုးယုတ်သောသူတစ်ဦး ဖြစ်သည်။ ထိုသို့သောလူများသည် အသင်းတော်အသက်တာကို ဆိုးရွားသော အဖျက်အမှောင့်များနှင့် နှောင့်ယှက်မှုများကို ဖြစ်စေသည်။ ၎င်းတို့သည် အသင်းတော်အတွင်းရှိ ဆိုးယုတ်သောလူစားတစ်မျိုး ဖြစ်သည်။ သိပ်မဆိုးရွားသည့် ကိစ္စများကို သီးသန့်ခွဲထားပြီး မိမိကိုယ်ကို ပြန်လည်ဆန်းစစ်စေခြင်းဖြင့် ကိုင်တွယ်ဖြေရှင်း၍ရသည်။ ပိုမိုဆိုးရွားသည့် ကိစ္စများတွင်မူ၊ အဆိုပါလူကို ရှင်းလင်းပစ်ခြင်း သို့မဟုတ် နှင်ထုတ်ခြင်း ပြုရမည်။ ဤသည်မှာ ဤကိစ္စကို ကိုင်တွယ်ခြင်းနှင့်ပတ်သက်လာသည့်အခါ ခေါင်းဆောင်များနှင့် အမှုဆောင်များ နားလည်ရန် လိုအပ်သည့် စည်းမျဉ်းဖြစ်သည်။

ဤမိတ်သဟာယမှတစ်ဆင့်၊ အခြားသူများကို တိုက်ခိုက်ခြင်းဆိုသည်မှာ အဘယ်အရာဖြစ်သည်ကို သင်တို့ ယခု နားလည်ပြီလော။ သင်တို့ ထိုအရာကို ပိုင်းခြားသိမြင်နိုင်သလော။ တိုက်ခိုက်ခြင်းက အဘယ်အရာဖြစ်သည်ကို ငါ အဓိပ္ပာယ်ဖွင့်ဆိုပြီးနောက်၊ အချို့လူများက၊ “အခြားသူများကို တိုက်ခိုက်ခြင်းနှင့်ဆိုင်သည့် ဤမျှ ကျယ်ပြန့်သော အဓိပ္ပာယ်ဖွင့်ဆိုချက်ဖြင့်၊ နောင်တွင် မည်သူက စကားပြောဝံ့မည်နည်း။ ကျွန်ုပ်တို့ လူသားများထဲမှ မည်သူမျှ သမ္မာတရားကို နားမလည်ကြပါ။ သို့ဖြစ်၍ ကျွန်ုပ်တို့၏ ပါးစပ်ကို ဟလိုက်ရုံမျှဖြင့် အခြားသူများကို တိုက်ခိုက်မိလိမ့်မည်ဖြစ်သည်။ ယင်းမှာ ဆိုးရွားလှသည်။ နောင်တွင်၊ ကျွန်ုပ်တို့သည် အခြားသူများကို တိုက်ခိုက်မိခြင်းမှ ရှောင်ရှားရန် နံနက်ခင်းတွင် နိုးထသည့်အချိန်မှစ၍ ကျွန်ုပ်တို့၏ ပါးစပ်များကို ပိတ်ထားပြီး မဆင်မခြင် မပြောဆိုဘဲ အစားအစာ စားပြီး ရေသောက်ကာ နှုတ်ဆိတ်နေသင့်သည်။ ယင်းမှာ အလွန် ကောင်းမည်ဖြစ်ပြီး ကျွန်ုပ်တို့၏ နေ့ရက်များက ပို၍ များစွာ အေးချမ်းပေမည်” ဟု စဉ်းစားကြသည်။ ဤသို့သော တွေးခေါ်ပုံသည် မှန်ကန်သလော။ ပါးစပ်ကို ပိတ်ထားခြင်းသည် ပြဿနာကို မဖြေရှင်းနိုင်ပေ။ အခြားသူများကို တိုက်ခိုက်ခြင်းဟူသည့် ကိစ္စ၏အနှစ်သာရမှာ လူတစ်ဦး၏ စိတ်နှလုံးနှင့်ဆိုင်သော ပြဿနာတစ်ခုဖြစ်သည်။ ယင်းသည် လူတစ်ဦး၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကြောင့် ဖြစ်ပွားရခြင်းဖြစ်ပြီး၊ လူတစ်ဦး၏ ပါးစပ်နှင့်ဆိုင်သော ပြဿနာမဟုတ်ပေ။ လူတို့ ပါးစပ်ဖြင့် ပြောဆိုသည့်အရာကို ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် ၎င်းတို့၏ အတွေးများက အုပ်စိုးသည်။ အကယ်၍ လူတစ်ဦး၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများက ပြေလည်သွားကာ သမ္မာတရားအချို့ကို ၎င်းတို့ အမှန်တကယ် နားလည်ပြီး၊ ၎င်းတို့၏ စကားသည်လည်း စည်းကမ်းရှိပြီး ချင့်ချင့်ချိန်ချိန် ဖြစ်လာလျှင်၊ ၎င်းတို့ အခြားသူများကို တိုက်ခိုက်ခြင်းဟူသည့် ကိစ္စသည် တစ်စိတ်တစ်ပိုင်း ပြေလည်ပြီးဖြစ်လိမ့်မည်။ အသင်းတော်အသက်တာအတွင်းတွင်၊ လူတို့သည် ပုံမှန် လူအချင်းချင်းဆက်ဆံရေးများ ရှိရန်နှင့် အပြန်အလှန် တိုက်ခိုက်ခြင်းများ သို့မဟုတ် စကားစစ်ထိုးခြင်းများတွင် မပါဝင်ရန်အတွက်၊ ၎င်းတို့သည် ဘုရားသခင်၏ လမ်းညွှန်မှုကို တောင်းလျှောက်လျက် ဘုရားသခင်ရှေ့မှောက်သို့ ဆုတောင်းရန် မကြာခဏ လာရောက်ဖို့ လိုအပ်ပြီး၊ ဖြောင့်မတ်ခြင်းကို ဆာလောင်မွတ်သိပ်သော ဘုရားတရား ကိုင်းရှိုင်းသည့် စိတ်နှလုံးများဖြင့် ဘုရားသခင်ရှေ့မှောက်တွင် ငြိမ်သက်စွာနေရန် လိုအပ်သည်။ ထိုနည်းအားဖြင့်၊ တစ်စုံတစ်ဦးက သင့်ကို မထင်မှတ်ဘဲ နာကျင်စေသည့် တစ်စုံတစ်ရာကို ပြောဆိုသည့်အခါ၊ မိမိကိုယ်ကို ခုခံကာကွယ်ပြီး မှန်ကန်ကြောင်း သက်သေပြရန်မှာ မဆိုထားနှင့်၊ သင်၏စိတ်နှလုံးသည် ဘုရားသခင်ရှေ့မှောက်တွင် ငြိမ်သက်နိုင်သည်၊ သင်သည် ၎င်းတို့အပေါ် အညှိုးအတေးထားမည်မဟုတ်သည့်အပြင် သင်သည် အခြားလူနှင့် ငြင်းခုံလိုမည်မဟုတ်ပေ။ ထိုအစား သင်သည် ယင်းကို ဘုရားသခင်ထံမှ ခံယူမည်၊ သင့်ကိုယ်သင် သိရှိရန် အခွင့်အရေးကောင်းတစ်ခု ပေးသည့်အတွက် ဘုရားသခင်ကို ကျေးဇူးတင်မည်ဖြစ်ပြီး အခြားသူများ၏ စကားများမှတစ်ဆင့် သင်၌ ထိုသို့သော ပြဿနာ ရှိနေသေးကြောင်းကို သင့်အား သတိပြုမိစေရန် ခွင့်ပြုသည့်အတွက်လည်း ဘုရားသခင်ကို ကျေးဇူးတင်လိမ့်မည်ဖြစ်သည်။ ဤသည်မှာ သင့်ကိုယ်သင် သိရှိရန် အခွင့်အရေးကောင်းတစ်ခုဖြစ်သည်။ ယင်းသည် ဘုရားသခင်၏ ကျေးဇူးတော်ဖြစ်ပြီး ဘုရားသခင်ထံမှ သင် ခံယူသင့်သည်။ သင့်ကို နာကျင်စေခဲ့သူအပေါ် သင် အငြိုးအတေး မထားသင့်ပေ။ သင်၏ အမှားများကို မထင်မှတ်ဘဲ ထုတ်ဖော်ခဲ့သည့် သို့မဟုတ် သင်၏ အားနည်းချက်များကို ဖော်ထုတ်ခဲ့သည့်သူအပေါ် စက်ဆုပ်ရွံရှာခြင်းနှင့် မုန်းတီးခြင်းကိုလည်း မခံစားရသင့်ပေ။ ၎င်းတို့ကို တမင်တကာဖြစ်စေ၊ မရည်ရွယ်ဘဲဖြစ်စေ ရှောင်ကြဉ်ခြင်း သို့မဟုတ် ၎င်းတို့ကို လက်စားချေရန် နည်းလမ်းအမျိုးမျိုး အသုံးပြုခြင်းလည်း မပြုသင့်ပေ။ ဤချဉ်းကပ်နည်းများထဲမှ တစ်ခုမျှ ဘုရားသခင်ကို ကျေနပ်အားရစေခြင်း မရှိ။ ဘုရားသခင်ရှေ့မှောက်သို့ ဆုတောင်းရန် မကြာခဏ လာလော့၊ ပြီးလျှင် သင်၏စိတ်နှလုံး ငြိမ်သက်စေပြီးနောက်၊ အခြားလူတို့က သင့်ကို မရည်ရွယ်ဘဲ နာကျင်စေသည့်အခါ သင်သည် ယင်းကို မှန်ကန်စွာ သဘောထားနိုင်လိမ့်မည်။ သင်သည် ၎င်းတို့ကို သည်းခံခြင်းနှင့် စိတ်ရှည်ခြင်းတို့ကို ပြသနိုင်လိမ့်မည်ဖြစ်သည်။ အကယ်၍ တစ်စုံတစ်ဦးက သင့်ကို တမင်တကာ နာကျင်စေလျှင်၊ မည်သည့်အရာကို သင် လုပ်ဆောင်သင့်သနည်း။ သင်သည် ယင်းကို မည်သို့ ချဉ်းကပ်မည်နည်း။ တဇောက်ကန်းဖြစ်ခြင်းဖြင့် ၎င်းတို့နှင့် ငြင်းခုံမည်လော သို့မဟုတ် ဘုရားသခင်ရှေ့မှောက်တွင် သင့်ကိုယ်သင် ငြိမ်သက်စေပြီး သမ္မာတရားကို ရှာဖွေမည်လော။ ငါပြောစရာမလိုဘဲ၊ မည်သည့် ဝင်ရောက်ခြင်းနည်းလမ်းက မှန်ကန်သော ရွေးချယ်မှုဖြစ်သည်ကို သင်တို့အားလုံး ရှင်းလင်းစွာ သိကြသည်မှာ အမှန်ပင်ဖြစ်၏။

အသင်းတော်အသက်တာ၌ အပြန်အလှန် တိုက်ခိုက်ခြင်းနှင့် စကားစစ်ထိုးခြင်းတို့ကို လူ့ခွန်အား၊ လူ၏ မိမိကိုယ်ကိုချုပ်တည်းမှုနှင့် လူ့စိတ်ရှည်မှုတို့ကို အားကိုးခြင်းဖြင့် ရှောင်ရှားရန်မှာ အလွန်ခက်ခဲလှသည်။ သင်၏ လူ့သဘာဝ မည်မျှပင် ကောင်းမွန်နေပါစေ၊ သင်သည် မည်မျှပင် နူးညံ့သိမ်မွေ့ပြီး ကြင်နာပါစေ၊ သို့မဟုတ် မည်မျှပင် စိတ်သဘောထားကြီးမြတ်ပါစေ၊ သင်၏ ဂုဏ်သိက္ခာ၊ တည်ကြည်မှု စသည်တို့ကို ထိခိုက်စေသည့် လူအချို့ သို့မဟုတ် အမှုအရာအချို့ကို သင် ကြုံတွေ့ရမည်မှာ မလွဲဧကန်ဖြစ်သည်။ ဤသို့သောကိစ္စရပ်များကို မည်သို့ကိုင်တွယ်ရန်နှင့် မည်သို့သဘောထားရန် သင်၏စိတ်ထဲတွင် စည်းမျဉ်းတစ်ခု ရှိသင့်သည်။ ဤကိစ္စရပ်များကို သင်သည် တဇောက်ကန်းဖြစ်ခြင်းဖြင့် ချဉ်းကပ်ပါက အလွန်လွယ်ကူသည်။ ၎င်းတို့က သွားတစ်ချောင်းအတွက် သွားတစ်ချောင်း၊ မျက်စိတစ်လုံးအတွက် မျက်စိတစ်လုံး တုံ့ပြန်လျက်၊ ၎င်းတို့ သင့်အပေါ် ပစ်ပေါက်သည့် မည်သည့်အရာကိုမဆို ထိုနည်းလမ်းများဖြင့်ပင် ၎င်းတို့ထံ ပြန်ပေးလျက်၊ သူက သင့်ကို ကျိန်ဆဲပြီး သင်ကလည်း ၎င်းတို့ကို ကျိန်ဆဲသည်၊ ၎င်းတို့က သင့်ကို တိုက်ခိုက်ပြီး သင်ကလည်း ၎င်းတို့ကို တိုက်ခိုက်ကာ သင်၏ ဂုဏ်၊ တည်ကြည်မှုနှင့် သိက္ခာတို့ကို သင် ကာကွယ်လေသည်။ ဤသည်မှာ စွမ်းဆောင်ရန် အလွန် လွယ်ကူသည်။ သို့သော် ဤနည်းလမ်းသည် သင့်လျော်ခြင်းရှိမရှိ၊ သင်နှင့် အခြားသူများ နှစ်ဦးစလုံးအတွက် အကျိုးရှိမရှိနှင့် ဘုရားသခင်အတွက် နှစ်သက်စရာဖြစ်မဖြစ်ဟူသည်တို့ကို သင်၏ စိတ်နှလုံးထဲ၌ သင် စဉ်းစားချင့်ချိန်ကြည့်သင့်သည်။ လူတို့သည် ဤကိစ္စ၏ အနှစ်သာရကို နားလည်ခြင်းမရှိသေးသည့်အခါတွင် ၎င်းတို့၏ လက်ငင်း အတွေးများမှာ “သူက ငါ့ကို သနားကြင်နာမှု မပြပါ။ သို့ဖြစ်၍ ငါက သူ့ကို အဘယ်ကြောင့် သနားကြင်နာမှု တစ်ခုခု ပြရမည်နည်း။ သူက ငါ့ကို မည်သည့်မေတ္တာမျှ မပြပါ။ သို့ဖြစ်၍ ငါက သူ့ကို မေတ္တာဖြင့် အဘယ်ကြောင့် ဆက်ဆံရမည်နည်း။ သူက ငါ့အပေါ် စိတ်ရှည်ခြင်းမရှိသည့်အပြင် ငါ့ကို မကူညီပါ။ သို့ဖြစ်၍ ငါက သူ့အပေါ် အဘယ်ကြောင့် စိတ်ရှည်ရမည်နည်း၊ သို့မဟုတ် ကူညီရမည်နည်း။ သူက ငါ့အပေါ် မကြင်နာတတ်ပါ။ သို့ဖြစ်၍ ငါက သူ့အပေါ် မတရားလုပ်မည်။ ငါသည် သွားတစ်ချောင်းအတွက် သွားတစ်ချောင်း၊ မျက်စိတစ်လုံးအတွက် မျက်စိတစ်လုံး အဘယ်ကြောင့် မတုံ့ပြန်နိုင်ရမည်နည်း” ဟူ၍ ဖြစ်သည်။ ဤသည်တို့မှာ လူတို့၏ စိတ်ထဲသို့ ဝင်လာသည့် ပထမဆုံးသော အတွေးများ ဖြစ်သည်။ သို့သော် သင်သည် ထိုသို့သောနည်းလမ်းဖြင့် အမှန်တကယ် ပြုမူသည့်အခါ သင်၏စိတ်ထဲ၌ အေးချမ်းသလော သို့မဟုတ် စိတ်မသက်မသာဖြစ်ပြီး စိတ်ဆင်းရဲခြင်း ရှိသလော။ သင်သည် ဤအရာကို အမှန်တကယ် ရွေးချယ်သည့်အခါ အဘယ်အရာကို သင် အကျိုးရသနည်း။ သင် အဘယ်အရာကို ရရှိသနည်း။ ၎င်းတို့သည် ဤနည်းလမ်းဖြင့် အမှန်တကယ် ပြုမူသည့်အခါ စိတ်ထဲ၌ မသက်မသာဖြစ်သည်ဟု လူများစွာတို့ တွေ့ကြုံခဲ့ပြီးဖြစ်သည်။ မှန်ပေသည်၊ လူအများစုအတွက်မူ ဘုရားသခင်ကို အကြွေးတင်နေသည်ဟု ခံစားချက်ကြောင့် ဖြစ်ပေါ်လာသော မသက်မသာဖြစ်ခြင်း မဆိုထားနှင့်၊ ယင်းမှာ လိပ်ပြာမလုံခြင်းကိစ္စ မဟုတ်ပေ။ လူတို့၌ ထိုသို့သော ဝိညာဉ်ရင့်ကျက်မှု မပိုင်ဆိုင်ကြပေ။ ၎င်းတို့ထဲတွင် ဤစိတ်မသက်မသာဖြစ်ခြင်းကို မည်သည့်အရာက ဖြစ်စေသနည်း။ ယင်းမှာ လူတို့၏ မုန်းတီးခြင်း၊ ၎င်းတို့ စော်ကားခံရသည့်အခါ ၎င်းတို့၏ ဂုဏ်သိက္ခာနှင့် တည်ကြည်မှုအပေါ် စိန်ခေါ်ခြင်းအပြင် ၎င်းတို့ ခံစားရသော နာကျင်မှုနှင့် နှုတ်ဖြင့် ရန်စခံရပြီးနောက် ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဖြစ်ပေါ်လာသော ဒေါသအမျက်၊ မုန်းတီးမှု၊ အာခံလိုစိတ်နှင့် မခံမရပ်နိုင်ဖြစ်ခြင်းတို့မှ အရင်းခံပြီး ဤအရာအားလုံးက လူတို့ကို စိတ်မသက်မသာဖြစ်စေသည်။ ဤစိတ်မသက်မသာဖြစ်ခြင်း၏ အကျိုးဆက်များမှာ အဘယ်နည်း။ ထိုသို့ခံစားရပြီးနောက် ချက်ချင်းပင်၊ သင်သည် ထိုသူကို ကိုင်တွယ်ရန် အသုံးအနှုန်းအား မည်သို့အသုံးပြုရမည်ကိုလည်းကောင်း၊ ၎င်းတို့ကို ဖြုတ်ချရန် တရားဝင်ပြီး ကျိုးကြောင်းဆီလျော်သော နည်းလမ်းများအား မည်သို့အသုံးပြုရမည်ကိုလည်းကောင်း၊ သင်၌ ဂုဏ်သိက္ခာနှင့် တည်ကြည်မှုရှိပြီး အနိုင်ကျင့်ရန် မလွယ်ကူကြောင်း ၎င်းတို့အား မည်သို့ပြသရမည်ကိုလည်းကောင်း စတင်စဉ်းစားဆင်ခြင်လိမ့်မည်။ သင် စိတ်မသက်မသာဖြစ်သည့်အခါ၊ သင်၌ မုန်းတီးမှု ဖြစ်ပေါ်လာသည့်အခါ သင်စဉ်းစားသည့်အရာက ထိုသူအပေါ် စိတ်ရှည်ခြင်းနှင့် သည်းခံခြင်းကို ပြသခြင်း၊ သို့မဟုတ် ၎င်းတို့ကို မှန်ကန်စွာ ဆက်ဆံခြင်း သို့မဟုတ် အခြား အပြုသဘောဆောင်သော အရာများအကြောင်းမဟုတ်ဘဲ ထိုအစား မနာလိုခြင်း၊ စက်ဆုပ်ခြင်း၊ ရွံမုန်းခြင်း၊ ရန်ငြိုးထားခြင်း၊ မုန်းတီးခြင်းနှင့် ပြစ်တင်ရှုတ်ချခြင်းကဲ့သို့သော အပျက်သဘောဆောင်သည့်အရာများ အားလုံးဖြစ်ပြီး၊ သင်၏ စိတ်နှလုံးထဲ၌ ၎င်းတို့ကို မရေမတွက်နိုင်သော အကြိမ်များစွာ ကျိန်ဆဲသည်အထိ ဖြစ်ကာ၊ မည်သည့်အချိန်တွင်ဖြစ်စေ၊ သင် စားနေစဉ် သို့မဟုတ် အိပ်နေစဉ်တွင်ပင်၊ ၎င်းတို့အား မည်သို့ လက်တုံ့ပြန်ရမည်ကို သင် စဉ်းစားပြီး၊ ၎င်းတို့က သင့်ကို တိုက်ခိုက်လျှင် သို့မဟုတ် ပြစ်တင်ရှုတ်ချလျှင် သင်သည် ၎င်းတို့အား မည်သို့ ကိုင်တွယ်မည်ဟူသည်နှင့် ထိုသို့သော အခြေအနေများကို မည်သို့ ကိုင်တွယ်မည် စသည်တို့ကို စိတ်ကူးလေသည်။ သင်သည် တစ်ဖက်လူကို မည်သို့ ဖြုတ်ချရမည်ကိုလည်းကောင်း၊ သင်၏ နာကြည်းမှုနှင့် မုန်းတီးမှုအား မည်သို့ ထုတ်ဖော်ရမည်ကိုလည်းကောင်း၊ တစ်ဖက်လူကို သင့်အား အလျှော့ပေးစေပြီး ကြောက်ရွံ့စေကာ သင့်ကို နောက်တစ်ကြိမ် ရန်မစဝံ့စေရန်ကိုလည်းကောင်း တစ်နေ့လုံး အချိန်ကုန်ခံ၍ သင် စဉ်းစားသုံးသပ်သည်။ တစ်ဖက်လူအား သင်ခန်းစာတစ်ခု မည်သို့ပေးရမည်ကိုလည်းကောင်း၊ သင် မည်မျှ အရှိန်ရှိကြောင်း ၎င်းတို့အား သိစေရန်ကိုလည်းကောင်း သင် မကြာခဏ စဉ်းစားသည်။ ထိုသို့သော အတွေးများ ဖြစ်ပေါ်လာသည့်အခါ၊ စိတ်ကူးထားသော ဇာတ်လမ်းဇာတ်ကွက်များ သင်၏ စိတ်ထဲတွင် အကြိမ်ကြိမ် ပေါ်လာသည့်အခါ၊ ထိုအရာများက သင့်ကို ဖြစ်စေသည့် အနှောင့်အယှက်နှင့် အကျိုးဆက်များက တိုင်းတာ၍မရနိုင်ပေ။ သင်သည် စကားစစ်ထိုးခြင်းနှင့် အပြန်အလှန် တိုက်ခိုက်ခြင်း အခြေအနေထဲသို့ ကျရောက်သွားသည်နှင့်တစ်ပြိုင်နက် အကျိုးဆက်များမှာ အဘယ်နည်း။ ထိုအခါ ဘုရားသခင်ရှေ့မှောက်တွင် ငြိမ်သက်စွာနေရန် လွယ်ကူသလော။ ယင်းက သင်၏ အသက်ဝင်ရောက်မှုကို နှောင့်နှေးစေသည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ လူတစ်ဦးအပေါ် ကိစ္စရပ်များကို ကိုင်တွယ်ရန် မှားယွင်းသော နည်းလမ်းကို ရွေးချယ်ခြင်း၏ သက်ရောက်မှု ဖြစ်သည်။ အကယ်၍ သင်သည် မှန်ကန်သော လမ်းကြောင်းကို ရွေးချယ်ပါက၊ တစ်စုံတစ်ဦးက သင်၏ ပုံရိပ် သို့မဟုတ် မာနကို ထိခိုက်စေသည့်နည်းလမ်းဖြင့် သို့မဟုတ် သင်၏ တည်ကြည်မှုနှင့် ဂုဏ်သိက္ခာကို စော်ကားသည့်နည်းလမ်းဖြင့် ပြောဆိုသည့်အခါ၊ သင်သည် သည်းခံရန် ရွေးချယ်နိုင်သည်။ သင်သည် အသုံးအနှုန်း တစ်ခုတလေကို အသုံးပြုလျက် ၎င်းတို့နှင့် အငြင်းအခုံပြုလုပ်မည်မဟုတ်၊ သို့မဟုတ် သင်ကိုယ်တိုင်၌ မုန်းတီးမှုကို ဖြစ်ပေါ်စေလျက် တမင်တကာ မိမိကိုယ်ကို မှန်ကန်ကြောင်း ပြပြီး တစ်ဖက်သားကို ချေပကာ တိုက်ခိုက်မည်မဟုတ်ပေ။ သည်းခံခြင်း၏ အနှစ်သာရနှင့် အရေးပါမှုမှာ အဘယ်နည်း။ သင်က၊ “သူပြောခဲ့သည့် အရာအချို့က အချက်အလက်များနှင့် မကိုက်ညီသော်လည်း လူတိုင်းက သမ္မာတရားကို နားလည်ကာ ကယ်တင်ခြင်း မရမီတွင် ထိုသို့ပင် ဖြစ်သည်။ ကျွန်ုပ်လည်း တစ်ချိန်က ဤသို့ပင် ဖြစ်သည်။ ယခုတွင် သမ္မာတရားကို ကျွန်ုပ် နားလည်သွားပြီဖြစ်သဖြင့်၊ အမှားအမှန်ကို အငြင်းအခုံလုပ်ခြင်း သို့မဟုတ် တိုက်ခိုက်ခြင်းနှင့်ဆိုင်သည့် အတွေးအခေါ်ကို တွေးခြင်းတို့နှင့်ဆိုင်သည့် ဘာသာတရားမရှိသူများ၏ လမ်းကြောင်းကို ကျွန်ုပ် မလိုက်လျှောက်ပါ။ ကျွန်ုပ်က သည်းခံခြင်းနှင့် အခြားသူများအား မေတ္တာဖြင့် ဆက်ဆံခြင်းကို ရွေးချယ်သည်။ သူပြောခဲ့သည့် အရာအချို့သည် အဖြစ်မှန်များနှင့် မကိုက်ညီသော်လည်း ကျွန်ုပ် အာရုံမစိုက်ပါ။ ကျွန်ုပ် အသိအမှတ်ပြုနိုင်ပြီး နားလည်သဘောပေါက်နိုင်သည့်အရာကို ကျွန်ုပ် လက်ခံပါသည်။ ကျွန်ုပ်က ယင်းကို ဘုရားသခင်ထံမှ ခံယူပြီး ကိုယ်တော်၏ ရှေ့မှောက်သို့ ဆုတောင်းခြင်းဖြင့် ယူဆောင်လာသည်၊ ကျွန်ုပ်၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားတွေကို ထုတ်ဖော်ပြဖို့ ပတ်ဝန်းကျင်များကို ချမှတ်ပေးဖို့ ကိုယ်တော့်ကို တောင်းလျှောက်သည်။ ဤဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများ၏ အနှစ်သာရကို သိခွင့်ပေးပြီး ဤပြဿနာများကို စတင်ကိုင်တွယ်ဖြေရှင်းဖို့၊ တဖြည်းဖြည်းချင်း ကျော်လွှားဖို့နှင့် သမ္မာတရား လက်တွေ့ကျမှုထဲကို ဝင်ရောက်ဖို့ အခွင့်အရေးတစ်ခု ရရှိစေပါသည်။ ကျွန်ုပ်ကို မိမိ၏ စကားများဖြင့် မည်သူက ထိခိုက်စေသနည်း။ သူတို့ပြောသည့် စကားများသည် မှန်သလော၊ မမှန်သလော သို့မဟုတ် သူတို့၏ ရည်ရွယ်ချက်များက မည်သည့်အရာဖြစ်သည်ဟူသည်တို့နှင့် ပတ်သက်၍မူ တစ်ဖက်တွင် ကျွန်ုပ်သည် ပိုင်းခြားသိမြင်မှုကို လက်တွေ့လုပ်ဆောင်ပြီး နောက်တစ်ဖက်တွင် သူတို့ကို သည်းခံပါသည်”ဟု ဆိုသည်။ အကယ်၍ ဤသူသည် သမ္မာတရားကို လက်ခံသောသူတစ်ဦးဖြစ်ပါက သင်သည် အေးချမ်းစွာ သူနှင့် ထိုင်၍ မိတ်သဟာယဖွဲ့နိုင်သည်။ အကယ်၍ သူ ထိုသို့ မဟုတ်ပါက၊ သူသည် ဆိုးယုတ်သောလူတစ်ဦးဖြစ်ပါက သူ့ကို အာရုံမစိုက်နှင့်။ သူ့အနေဖြင့် လုံလောက်သည့်အတိုင်းအတာအထိ သရုပ်ဆောင်ပြီးသည်အထိလည်းကောင်း၊ ညီအစ်ကိုမောင်နှမများအားလုံးက သူ့ကို စေ့စေ့စပ်စပ် ပိုင်းခြားသိမြင်သည်အထိလည်းကောင်း၊ သင်လည်း ပိုင်းခြားသိမြင်သည်အထိလည်းကောင်း၊ ခေါင်းဆောင်များနှင့် အမှုဆောင်များက သူ့ကို ရှင်းလင်းပစ်ပြီး ကိုင်တွယ်တော့မည်ဖြစ်သည်အထိလည်းကောင်း စောင့်ဆိုင်းလော့။ ထိုအချိန်သည် ဘုရားသခင်က သူ့ကို ကိုင်တွယ်ဖြေရှင်းဖို့ အချိန်ကျသည့်အချိန်ဖြစ်ပြီး၊ အမှန်ပင် သင်သည်လည်း ဝမ်းမြောက်ဝမ်းသာဖြစ်သည်ဟု ခံစားရလိမ့်မည်။ သို့သော် သင်ရွေးချယ်သင့်သည့် လမ်းကြောင်းမှာ ဆိုးယုတ်သောလူများနှင့် စကားစစ်ထိုးပွဲများတွင် ပါဝင်ရန် သို့မဟုတ် ၎င်းတို့နှင့် အငြင်းအခုံပြုလုပ်ပြီး သင့်ကိုယ်သင် မှန်ကန်ကြောင်း ပြရန် လုံးဝမဟုတ်ပေ။ ထိုအစား တစ်ခုတလေ ဖြစ်ပျက်သည့်အခါတိုင်းတွင် သမ္မာတရား စည်းမျဉ်းများနှင့်အညီ လက်တွေ့လုပ်ဆောင်ရန် ဖြစ်သည်။ သင့်ကို ထိခိုက်စေခဲ့သောလူများကို ကိုင်တွယ်ခြင်းဖြစ်စေ၊ သင့်ကို မထိခိုက်စေဘဲ သင့်အတွက် အကျိုးရှိသောသူများကို ကိုင်တွယ်ခြင်းဖြစ်စေ၊ လက်တွေ့လုပ်ဆောင်ခြင်း၏ စည်းမျဉ်းများက အတူတူပင် ဖြစ်သင့်သည်။ သင်သည် ဤလမ်းကြောင်းကို ရွေးချယ်သည့်အခါ သင်၏စိတ်နှလုံးထဲ၌ မုန်းတီးမှုတစ်ခုတလေ ရှိလိမ့်မည်လော။ အနည်းငယ် မသက်မသာဖြစ်ခြင်း ရှိကောင်းရှိနိုင်သည်။ မိမိတို့၏ ဂုဏ်သိက္ခာ ထိခိုက်သည့်အခါ မည်သူက မသက်မသာ မခံစားရဘဲ နေမည်နည်း။ အကယ်၍ တစ်စုံတစ်ဦးက မသက်မသာ မခံစားရဟု အခိုင်အမာဆိုပါက ယင်းမှာ အလိမ်အညာတစ်ခုဖြစ်မည်၊ လှည့်ဖြားခြင်းဖြစ်မည်။ သို့သော် သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းအတွက် ဤအခက်အခဲကို ခံနိုင်ရည်ရှိပြီး ခံစားနိုင်သည်။ သင်သည် ဤလမ်းကြောင်းကို ရွေးချယ်သည့်အခါ၊ ဘုရားသခင်ရှေ့မှောက်သို့ နောက်တစ်ကြိမ် လာသည့်အခါ လိပ်ပြာလုံလိမ့်မည်။ သင်၏လိပ်ပြာ အဘယ်ကြောင့် လုံမည်နည်း။ အကြောင်းမှာ သင်၏စကားများသည် တဇောက်ကန်းဖြစ်ခြင်းမှ အရင်းမခံကြောင်း၊ သင်သည် သင်၏ကိုယ်ပိုင် တစ်ကိုယ်ကောင်းဆန်သော ဆန္ဒများအတွက် အခြားသူများနှင့် မျက်နှာရဲသည်ထိ အငြင်းအခုံပြုလုပ်ခြင်း မရှိကြောင်း၊ ထိုအစား သမ္မာတရားကို နားလည်သဘောပေါက်ခြင်း အခြေခံအုတ်မြစ်ကို အခြေခံ၍ ဘုရားသခင်၏ လမ်းခရီးကို လိုက်လျှောက်ပြီး သင်၏ကိုယ်ပိုင်လမ်းကြောင်းကို လျှောက်လှမ်းကြောင်း သင်၏စိတ်နှလုံးထဲ၌ ရှင်းလင်းစွာ သိသောကြောင့် ဖြစ်သည်။ သင်ရွေးချယ်ပြီးသော လမ်းကြောင်းသည် ဘုရားသခင်က ညွှန်ကြားသည့်လမ်းကြောင်း၊ ဘုရားသခင်က တောင်းဆိုသည့်လမ်းကြောင်းဖြစ်သည်ကို သင်၏ စိတ်နှလုံးထဲ၌ လုံးဝ ရှင်းလင်းစွာ သိလိမ့်မည်ဖြစ်ရာ သင်သည် စိတ်ထဲ၌ အထူးသဖြင့် စိတ်အေးချမ်းသည်ဟု ခံစားရလိမ့်မည်။ သင်၌ ထိုသို့သော စိတ်အေးချမ်းခြင်းရှိသည့်အခါ၊ သင်နှင့် အခြားသူများကြားရှိ မုန်းတီးမှုနှင့် ကိုယ်ရေးကိုယ်တာ ရန်ငြိုးများသည် သင့်ကို နှောင့်ယှက်မည်လော။ (နှောင့်ယှက်မည်မဟုတ်ပါ။) သင်သည် အမှန်တကယ် လက်လွှတ်ပြီး အပြုသဘောဆောင်သော လမ်းကြောင်းကို လိုလိုလားလား ရွေးချယ်သည့်အခါ၊ သင်၏စိတ်နှလုံးသည် ငြိမ်သက်ပြီး အေးချမ်းလိမ့်မည်ဖြစ်ကာ ထိုသို့ဖြင့် နာကြည်းမှု၊ မုန်းတီးမှုနှင့် ထိုမုန်းတီးမှုမှ ဖြစ်ပေါ်လာသော လက်တုံ့ပြန်လိုသည့် စိတ်နေစိတ်ထားနှင့် အကြံအစည်များအပြင် တဇောက်ကန်းဖြစ်ခြင်းနှင့်ဆိုင်သော အခြားအရာများက သင့်ကို နောက်ထပ် နှောင့်ယှက်တော့မည် မဟုတ်ပေ။ သင်ရွေးချယ်ပြီးသော လမ်းကြောင်းက သင့်အား အေးချမ်းမှုနှင့် တည်ငြိမ်သော စိတ်နှလုံးကို ဆောင်ကြဉ်းပေးလိမ့်မည်။ တဇောက်ကန်းဖြစ်ခြင်းနှင့်ဆိုင်သော ထိုအရာများက သင့်ကို နောက်ထပ် နှောင့်ယှက်နိုင်တော့မည် မဟုတ်ပေ။ ထိုအရာများက သင့်ကို နောက်ထပ် မနှောင့်ယှက်နိုင်တော့သည့်အခါ၊ ၎င်းတို့၏ စကားများဖြင့် သင့်ကို ထိခိုက်စေသောသူတို့ကို တိုက်ခိုက်ရန် သို့မဟုတ် ၎င်းတို့နှင့် စကားစစ်ထိုးရန် နည်းလမ်းများကို သင် စဉ်းစားနေဦးမည်လော။ စဉ်းစားတော့မည် မဟုတ်ပေ။ ရံဖန်ရံခါတွင် သင်၏ တဇောက်ကန်းဖြစ်ခြင်း၊ စိတ်လိုက်မာန်ပါဖြစ်ခြင်းနှင့် နာကြည်းမှုတို့သည် သင်၏ သေးငယ်သော ဝိညာဉ်ရင့်ကျက်မှုကြောင့် သို့မဟုတ် အချို့သော အထူး နောက်ခံအခြေအနေများကြောင့် ဖြစ်ပေါ်လာလိမ့်မည်မှာ အမှန်ပင်ဖြစ်သည်။ သို့သော် ဤအရာများက သင်၏စိတ်နှလုံးကို နှောင့်ယှက်ခြင်းမရှိအောင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် သင်၏ စိတ်ပိုင်းဖြတ်မှု၊ သန္နိဋ္ဌာန်နှင့် ဆန္ဒတို့က တားဆီးပေးလိမ့်မည်။ ဆိုလိုသည်မှာ ဤအရာများက သင့်ကို မနှောင့်ယှက်နိုင်ပေ။ သင့်အနေဖြင့် “သူက ငါ့ကို စဉ်ဆက်မပြတ် အခက်တွေ့အောင် လုပ်နေသည်။ တစ်နေ့နေ့တွင် သူ့ကို ငါ စကားပြောရမည်။ ပြီးလျှင် သူ အဘယ်ကြောင့် ငါ့ကို အမြဲတမ်း ပစ်မှတ်ထားပြီး အမြဲတမ်း အခက်အခဲဖြစ်အောင် လုပ်နေရသနည်းဟူသည်ကို မေးရမည်။ သူသည် အဘယ်ကြောင့် ငါ့ကို အမြဲ အထင်သေးပြီး စော်ကားနေရသည်ကို ငါမေးသင့်သည်”ဟု တွေးခြင်းကဲ့သို့သော တဇောက်ကန်းဖြစ်ခြင်းများ ပေါက်ကွဲထွက်နေနိုင်သေးသည်။ သင်သည် တစ်ခါတစ်ရံ ဤသို့သော အတွေးများ ရှိကောင်းရှိနိုင်သည်။ သို့သော် နောက်ထပ် အနည်းငယ် စဉ်းစားပြီးနောက်၊ ၎င်းတို့က မှားယွင်းကြောင်းနှင့် ထိုနည်းလမ်းအတိုင်း ပြုမူခြင်းသည် ဘုရားသခင်ကို နှစ်သက်စေမည်မဟုတ်ကြောင်းကို သင် သဘောပေါက်လိမ့်မည်။ ထိုသို့သော အတွေးများ ဖြစ်ပေါ်လာသည့်အခါ၊ သင်သည် ဤအခြေအနေကို ပြောင်းလဲရန် ဘုရားသခင်ရှေ့မှောက်သို့ လျင်မြန်စွာ ပြန်လာလိမ့်မည်ဖြစ်ရာ ဤမှားယွင်းသော အတွေးများက သင့်ကို လွှမ်းမိုးတော့မည် မဟုတ်ပေ။ အကျိုးဆက်အနေဖြင့်၊ အချို့သော အပြုသဘောဆောင်သည့်အရာများဖြစ်သည့် မိမိကိုယ်ကို သိခြင်းအပြင် ဘုရားသခင်က သင့်အား ပေးသည့် ဉာဏ်အလင်းရခြင်းနှင့် အလင်းပေးခြင်းအချို့ကဲ့သို့သော အရာများက သင်၏အတွင်း၌ စတင်ပေါ်ထွက်လာလိမ့်မည်ဖြစ်ပြီး၊ ယင်းက သင့်အား လူတို့ကို ပိုင်းခြားသိမြင်စေပြီး ကိစ္စရပ်များကို ထွင်းဖောက်မြင်နိုင်စေလိမ့်မည်ဖြစ်ကာ သင် သတိမထားမိလိုက်ဘဲ၊ ဤအပြုသဘောဆောင်သည့်အရာများက သင့်အား ပိုမိုများပြားသော သမ္မာတရားလက်တွေ့ကျမှုကို နားလည်စေကာ ဝင်ရောက်စေလိမ့်မည်။ ဤအချိန်တွင်၊ သင်၏ ခုခံကာကွယ်မှု၊ ဆိုလိုသည်မှာ မုန်းတီးမှု၊ တစ်ကိုယ်ကောင်းဆန်သော ဆန္ဒများနှင့် တဇောက်ကန်းဖြစ်ခြင်းတို့ကို ခုခံကာကွယ်ပေးသည့် “ပဋိပစ္စည်းများ” သည် ပို၍ပို၍ အားကောင်းလာလိမ့်မည်ဖြစ်ပြီး၊ သင်၏ ဝိညာဉ်ရင့်ကျက်မှုသည်လည်း တစ်နေ့တခြား ကြီးမားလာလိမ့်မည်။ တဇောက်ကန်းဖြစ်ခြင်းနှင့်ဆိုင်သော ထိုအရာများက သင့်ကို နောက်ထပ် ထိန်းချုပ်နိုင်တော့မည် မဟုတ်ပေ။ သင်သည် ရံဖန်ရံခါ အချို့သော မမှန်ကန်သည့် အတွေးများ၊ စိတ်ကူးများနှင့် စိတ်လိုက်မာန်ပါဖြစ်ခြင်းများ ရှိကောင်းရှိနိုင်သော်လည်း၊ ဤအရာများက လျင်မြန်စွာ ပျောက်ကွယ်သွားလိမ့်မည်။ ၎င်းတို့ကို သင်၏ အတိုက်အခံလုပ်ခြင်းနှင့် ဝိညာဉ်ရင့်ကျက်မှုတို့က ဖယ်ရှားပြီး ပယ်ဖျက်ပေးလိမ့်မည်။ ဤအချိန်တွင်၊ အပြုသဘောဆောင်သည့်အရာများ၊ သမ္မာတရား၏ လက်တွေ့ကျမှုနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သင်၏အတွင်း၌ လွှမ်းမိုးလိမ့်မည်။ ဤအပြုသဘောဆောင်သည့်အရာများက လွှမ်းမိုးသည့်အခါ၊ သင်သည် ပြင်ပမှ လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများ၏ လွှမ်းမိုးမှုကို နောက်ထပ် ခံရတော့မည် မဟုတ်ပေ။ သင်၏ ဝိညာဉ်ရင့်ကျက်မှုသည် ကြီးထွားလာလိမ့်မည်။ သင်၏ အခြေအနေသည် တိုး၍ပုံမှန်ဖြစ်လာမည်ဖြစ်ပြီး၊ သင်သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများဖြင့် အသက်ရှင်ကာ သံသရာဝဲဂယက်၏ လားရာအတိုင်း ဖွံ့ဖြိုးတိုးတက်တော့မည် မဟုတ်ပေ။ ဤနည်းအားဖြင့် သင်၏ ဝိညာဉ်ရင့်ကျက်မှုက အဆက်မပြတ် ကြီးထွားလာလိမ့်မည်။

သင်သည် အသင်းတော်၌ရှိသည့်အခါ သို့မဟုတ် လူတစ်စုကြားတွင် ရှိသည့်အခါ၊ သင်၏ ဂုဏ်သိက္ခာနှင့် သင်၏ တည်ကြည်မှုကို ထိခိုက်စေသည့် တစ်ကိုယ်ရေ တိုက်ခိုက်မှုများကို သင် ကြုံတွေ့ရသည့်အခါ သင်သည် သည်းခံပြီး စိတ်ရှည်ရန်နှင့် မှန်ကန်သော လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းကို ရွေးချယ်နိုင်ပါက သင့်အတွက် အကျိုးရှိပေသည်။ သင်သည် ဤအကျိုးကျေးဇူးကို မြင်နိုင်ကောင်း မမြင်နိုင်သော်လည်း၊ သင်သည် ဤသို့သော ဖြစ်ရပ်မျိုးကို တွေ့ကြုံရသည့်အခါ၊ လူတို့အတွက် ဘုရားသခင်၏ တောင်းဆိုချက်များနှင့် လူတို့အား သူပေးသည့်လမ်းကြောင်းသည် တောက်ပသော လမ်းမတစ်ခုနှင့် စစ်မှန်၍ အသက်ရှင်သော လမ်းခရီးဖြစ်ကြောင်း၊ ယင်းတို့သည် လူတို့ကို သမ္မာတရား ရရှိစေပြီး အကျိုးပြုကြောင်းနှင့် အဓိပ္ပာယ်အရှိဆုံးသော လမ်းခရီးဖြစ်ကြောင်း သင် သတိမထားမိဘဲ ရှာဖွေတွေ့ရှိလိမ့်မည်။ သင်သည် လူတစ်စုကြားတွင် ရှိသည့်အခါ၊ အထူးသဖြင့် သင်သည် အသင်းတော်အသက်တာ၌ ရှိသည့်အခါ၊ အမျိုးမျိုးသော စုံစမ်းသွေးဆောင်ခြင်းများနှင့် မြှူဆွယ်ခြင်းများကို သင် ကျော်လွှားနိုင်သည်။ တစ်စုံတစ်ဦးက သင့်ကို မသမာသောစိတ်ဖြင့် တိုက်ခိုက်ပြီး ထိခိုက်စေသည့်အခါ သို့မဟုတ် သင့်အပေါ် တမင်တကာ လက်စားချေရန်နှင့် သင့်အပေါ် ၎င်းတို့၏ မုန်းတီးမှုကို ထုတ်ဖော်ရန် ကြိုးစားသည့်အခါ၊ သင်သည် ဤအရာကို ချဉ်းကပ်ကာ သမ္မာတရား စည်းမျဉ်းများနှင့်အညီ လက်တွေ့လုပ်ဆောင်နိုင်ရန်မှာ အလွန်အရေးကြီးသည်။ ဘုရားသခင်သည် လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို မုန်းတီးသောကြောင့်၊ လူတို့အား သူတို့ကြုံတွေ့ရသည့်အရာများကို တဇောက်ကန်းဖြစ်ခြင်းဖြင့် မချဉ်းကပ်ဘဲ ဘုရားသခင်ရှေ့မှောက်တွင် ငြိမ်သက်စွာနေပြီး သမ္မာတရားနှင့် ဘုရားသခင်၏ ရည်ရွယ်ချက်များကို ရှာဖွေရန်နှင့်၊ ထို့နောက်တွင် လူတို့အတွက် ဘုရားသခင်၏ သတ်မှတ်ချက်များက အမှန်တကယ် အဘယ်အရာဖြစ်သည်ကို နားလည်လာရန် ကိုယ်တော် ပြောသည်။ လူသားစိတ်ရှည်မှုက အကန့်အသတ်ရှိသည်။ သို့သော် လူတစ်ဦးက သမ္မာတရားကို နားလည်သွားသည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့၏ စိတ်ရှည်မှုအတွက် စည်းမျဉ်းများ ရှိလိမ့်မည်ဖြစ်ပြီး၊ ယင်းသည် ထိုသူအနေဖြင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန်အတွက် စေ့ဆော်သော အင်အားစုတစ်ခုနှင့် အထောက်အကူတစ်ခုအဖြစ်သို့ ပြောင်းလဲသွားနိုင်သည်။ သို့သော် အကယ်၍ လူတစ်ဦးသည် သမ္မာတရားကို မချစ်မြတ်နိုးလျှင်၊ အမှားအမှန်ကို အငြင်းအခုံပြုလုပ်ခြင်းနှင့် အခြားသူများကို တိုက်ခိုက်ခြင်းအား နှစ်သက်ပြီး၊ ၎င်းတို့၏ တဇောက်ကန်းဖြစ်ခြင်းအတွင်း၌ အသက်ရှင်လေ့ရှိပါက၊ ထိုသူတို့ တိုက်ခိုက်ခံရသည့်အခါ၊ ၎င်းတို့သည် စကားစစ်ထိုးခြင်းနှင့် အပြန်အလှန် တိုက်ခိုက်ခြင်းတို့တွင် ပါဝင်ရန် အလားအလာရှိလိမ့်မည်။ ဤအရာသည် မည်သူ့ကိုမျှ တည်ဆောက်စရာ သို့မဟုတ် အကူအညီ မပေးဘဲ၊ ပါဝင်သူတိုင်းကို ထိခိုက်စေသည်။ မည်သူမဆို အပြန်အလှန်တိုက်ခိုက်ခြင်းနှင့် စကားစစ်ထိုးခြင်းတို့တွင် ပါဝင်သည့်အခါတိုင်း၊ နောက်ပိုင်းတွင် ၎င်းတို့သည် မောပန်းနွမ်းနယ်သွားကြသည်၊ အလွန့်အလွန် ပင်ပန်းသွားပြီး နှစ်ဖက်လုံးက ထိခိုက်ဒဏ်ရာရကြလေသည်။ ၎င်းတို့သည် မည်သည့်သမ္မာတရားကိုမျှ လုံးဝ မရရှိနိုင်သည့်အပြင်၊ အဆုံးတွင် မည်သည့်အရာကိုမျှ မရရှိပေ။ ကျန်ရှိသည့်အရာမှာ မုန်းတီးမှုနှင့် အခွင့်အရေးရသည့်အခါ လက်စားချေမည့် ရည်ရွယ်ချက်တို့သာ ဖြစ်သည်။ ဤသည်မှာ အပြန်အလှန် တိုက်ခိုက်ခြင်းနှင့် စကားစစ်ထိုးခြင်းတို့က လူတို့အပေါ် နောက်ဆုံး၌ ဆောင်ကြဉ်းပေးသည့် မကောင်းသော ရလဒ်ဖြစ်သည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။