ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၁၅) အခန်း လေး

ငါတို့ ယခုလေးတင် မိတ်သဟာယဖွဲ့ခဲ့သည့် အပြန်အလှန် တိုက်ခိုက်ခြင်းနှင့် စကားစစ်ထိုးခြင်းဟူသော အကြောင်းအရာအတွက်၊ သင်တို့သည် ယခု ပိုင်းခြားသိမြင်ခြင်း၏ စည်းမျဉ်းများကို နားလည်ကြပြီလော။ မည်သည့်အခြေအနေများက အပြန်အလှန် တိုက်ခိုက်ခြင်းနှင့် စကားစစ်ထိုးခြင်းတို့အား ဖြစ်စေသည်ကို သင်တို့ ခွဲခြားနိုင်ပြီလော။ အပြန်အလှန် တိုက်ခိုက်ခြင်းနှင့် စကားစစ်ထိုးခြင်းတို့သည် လူအုပ်စုများကြားတွင် မကြာခဏ ဖြစ်ပွားပြီး မကြာခဏ တွေ့မြင်နိုင်သည်။ အပြန်အလှန် တိုက်ခိုက်ခြင်းများတွင် လက်စားချေရန်၊ တန်ပြန်တိုက်ခိုက်ရန်၊ ကိုယ်ရေးကိုယ်တာ အငြိုးကို ထုတ်ဖော်ရန် စသည်တို့နှင့်ဆိုင်သည့် ရည်မှန်းချက်နှင့်အတူ၊ အဓိကအားဖြင့် ၎င်းတို့ကို ပုဂ္ဂိုလ်ရေး တိုက်ခိုက်ရန်၊ ဝေဖန်ရန်၊ ပြစ်တင်ရှုတ်ချရန်နှင့်၊ ၎င်းတို့ကို ကျိန်ဆဲရန်အတွက် တစ်စုံတစ်ဦး၏ ကိစ္စရပ်များကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားခြင်း ပါဝင်သည်။ မည်သို့ပင်ဖြစ်စေ၊ အပြန်အလှန် တိုက်ခိုက်ခြင်းနှင့် စကားစစ်ထိုးခြင်းတို့သည် သမ္မာတရားကို မိတ်သဟာယဖွဲ့ခြင်းအကြောင်း မဟုတ်သည့်အပြင်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းအကြောင်းလည်း မဟုတ်ပေ။ ပြီးလျှင် ယင်းတို့သည် သဘောညီညွတ်သော ပူးပေါင်းဆောင်ရွက်ခြင်း၏ သရုပ်သကန်တစ်ခုလည်း သေချာပေါက် မဟုတ်ပေ။ ထိုအစား တဇောက်ကန်းဖြစ်ခြင်းနှင့် စာတန်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကြောင့် လူတို့ကို လက်တုံ့ပြန်ခြင်းနှင့် ထိုးနှက်တိုက်ခိုက်ခြင်း၏ သရုပ်သကန်တစ်ခု ဖြစ်သည်။ အပြန်အလှန် တိုက်ခိုက်ခြင်းနှင့် စကားစစ်ထိုးခြင်းတို့၏ ရည်ရွယ်ချက်မှာ သမ္မာတရားကို နားလည်ရန်အလို့ငှာ အငြင်းအခုံပြုလုပ်ဖို့ မဆိုထားနှင့်၊ သမ္မာတရားကို ရှင်းလင်းစွာ မိတ်သဟာယဖွဲ့ရန် လုံးဝမဟုတ်ပေ။ ထို့ထက်၊ ရည်ရွယ်ချက်မှာ မိမိ၏ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၊ ရည်မှန်းချက်များ၊ တစ်ကိုယ်ကောင်းဆန်သော ဆန္ဒများနှင့် သွေးသား နှစ်သက်မှုများကို ဖြည့်ဆည်းရန် ဖြစ်သည်။ သိသာထင်ရှားစွာပင်၊ အပြန်အလှန် တိုက်ခိုက်ခြင်းသည် သမ္မာတရားကို မိတ်သဟာယဖွဲ့ခြင်းအကြောင်း မဟုတ်သည့်အပြင်၊ ယင်းတို့သည် လူတို့ကို မေတ္တာဖြင့် ကူညီခြင်းနှင့် ဆက်ဆံခြင်းအကြောင်းလည်း သေချာပေါက် မဟုတ်ပေ။ ထိုအစား လူတို့ကို ညှဉ်းပန်းရန်၊ ကစားရန်နှင့် လှည့်စားရန်အတွက် စာတန်၏ ဗျူဟာများနှင့် နည်းလမ်းများထဲမှ တစ်ခုဖြစ်သည်။ လူတို့သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအတွင်း၌ အသက်ရှင်ပြီး သမ္မာတရားကို နားမလည်ကြပေ။ ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် မရွေးချယ်ပါက ထိုသို့သော ထောင်ချောက်များနှင့် စုံစမ်းသွေးဆောင်ခြင်းများအပြင် အပြန်အလှန် တိုက်ခိုက်ခြင်းနှင့် စကားစစ်ထိုးခြင်း တိုက်ပွဲများအတွင်း၌ ကျော့မိရန် အလွန်လွယ်ကူသည်။ ၎င်းတို့သည် အမှုအရာတစ်ခုအပေါ်တွင်သာ နှစ်ဖက်လုံး ရှုံးသည့်အခြေအနေရောက်သည်အထိ၊ အချင်းချင်း သာလွန်ဖို့အတွက် နှစ်ချီ တိုက်ခိုက်ရင်း၊ စကားလုံးတစ်လုံး၊ စကားစုတစ်ခု သို့မဟုတ် အကြည့်တစ်ချက်အတွက် မျက်နှာရဲသည်ထိ ငြင်းခုံကာ အစဉ်အမြဲ ဆက်ကာ၊ ဆက်ကာ ငြင်းခုံကြလေသည်။ ၎င်းတို့ တွေ့ဆုံသည်နှင့်တစ်ပြိုင်နက်၊ အဆုံးမရှိ အငြင်းအခုံပြုလုပ်ကြပြီး၊ အချို့မှာ ကွန်ပျူတာ စကားပြောအုပ်စုများတွင်ပင် အချင်းချင်း တိုက်ခိုက်၊ ကျိန်ဆဲပြီး ပြစ်တင်ရှုတ်ချကြသည်။ ဤမုန်းတီးမှုသည် ပြင်းထန်လိုက်လေခြင်းပါတကား။ ၎င်းတို့သည် စုဝေးပွဲများအတောအတွင်းတွင် အချင်းချင်း လုံလောက်အောင် မကျိန်ဆဲရသေးပေ။ ၎င်းတို့၏ မုန်းတီးမှုကို မဖြေလျှော့ရသေးပေ။ ၎င်းတို့၏ ရည်ရွယ်ချက်များကို စွမ်းဆောင်ရရှိခြင်း မရှိသေးသည့်အပြင်၊ အိမ်ပြန်သွားပြီးနောက်၊ ထိုအကြောင်းကို ၎င်းတို့ ပို၍စဉ်းစားလေ၊ ပို၍ဒေါသထွက်လာလေဖြစ်ကာ၊ ထိုနေရာတွင် အချင်းချင်း ဆက်လက်ကျိန်ဆဲကြသည်။ ဤသည်မှာ မည်သည့် စိတ်ဓာတ်မျိုး ဖြစ်သနည်း။ ယင်းသည် မြှင့်တင်ထိုက်သလော၊ အားပေးထောက်ခံထိုက်သလော။ (မထိုက်တန်ပါ။) ဤသည်မှာ မည်သည့် “မကြောက်မရွံ့သော စိတ်ဓာတ်” မျိုးဖြစ်သနည်း။ ဤသည်မှာ မည်သည့်အရာကိုမျှ မကြောက်သော စိတ်ဓာတ်ဖြစ်သည်။ ထင်ရာစိုင်းသော စိတ်ဓာတ်ဖြစ်သည်။ လူကို စာတန်က ဖောက်ပြန်ပျက်စီးစေခြင်း၏ အကျိုးဆက်တစ်ခု ဖြစ်သည်။ မှန်ပေသည်၊ ထိုသို့သော အပြုအမူများနှင့် လုပ်ဆောင်ချက်များသည် ဤပုဂ္ဂိုလ်များ၏ အသက်ဝင်ရောက်မှုအတွက် သိသာထင်ရှားသော အနှောင့်အယှက်များနှင့် ဆုံးရှုံးမှုများ ဖြစ်စေပြီး၊ ၎င်းတို့သည် အသင်းတော်အသက်တာအတွက် အဖျက်အမှောင့်များနှင့် အနှောင့်အယှက်များကိုလည်း ဖြစ်စေသည်။ ထို့ကြောင့်၊ ဤအခြေအနေများကို ရင်ဆိုင်ရသည့်အခါ၊ အကယ်၍ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် လူနှစ်ဦးက အပြန်အလှန် တိုက်ခိုက်နေပြီး စကားစစ်ထိုးနေကာ အဆုံးထိ တိုက်ခိုက်ရန် ကျိန်ဆိုနေသည်ကို တွေ့ရှိပါက၊ ၎င်းတို့ကို လျင်မြန်စွာ ဖယ်ရှားရမည်ဖြစ်ပြီး၊ ၎င်းတို့ကို သည်းမခံရသည့်အပြင်၊ သေချာပေါက် အလိုမလိုက်ရပေ။ ၎င်းတို့သည် အခြားညီအစ်ကိုမောင်နှမများကို ကာကွယ်ရမည်ဖြစ်ပြီး ပုံမှန်အသင်းတော်အသက်တာကို ထိန်းသိမ်းရမည်ဖြစ်ကာ၊ စုဝေးပွဲတိုင်းက ရလဒ်များရရှိကြောင်း သေချာစေရမည်ဖြစ်သည့်အပြင်၊ ထိုသို့သော ပုဂ္ဂိုလ်များကို ဘုရားနှုတ်ကပတ်တော်များအား ဖတ်ရှုရန်နှင့် သမ္မာတရားကို မိတ်သဟာယဖွဲ့ရမည့် ညီအစ်ကို မောင်နှမများ၏ အချိန်ကို သိမ်းပိုက်ခွင့်၊ ပုံမှန်အသင်းတော်အသက်တာကို နှောင့်ယှက်ခွင့် မပြုရပေ။ စုဝေးပွဲများအတွင်း ၎င်းတို့ အပြန်အလှန် တိုက်ခိုက်နေပြီး စကားစစ်ထိုးနေသည်ကို တွေ့ရှိပါက၊ ဤအရာကို ချက်ချင်း တားဆီးပြီး ဖြေရှင်းရမည်။ ယင်းကို ကန့်သတ်၍မရနိုင်ပါက၊ ဤလူတို့ကို စုဝေးပွဲတစ်ခုမှတစ်ဆင့် ချက်ချင်း ဖော်ထုတ်ပြီး စိတ်ဖြာလေ့လာဆွေးနွေးရမည်ဖြစ်ကာ ၎င်းတို့ကို ဖယ်ရှားသင့်သည်။ အသင်းတော်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ရန်၊ ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ရန် နေရာဖြစ်သည်။ ယင်းသည် အပြန်အလှန် တိုက်ခိုက်ရန် သို့မဟုတ် ကိုယ်ရေးကိုယ်တာ အငြိုးကို ထုတ်ဖော်ရန် စကားစစ်ထိုးရသည့် နေရာမဟုတ်ပေ။ ဘုရားသခင် ရွေးချယ်ထားသောလူများ၏ အသက်ဝင်ရောက်မှုကို ထိခိုက်စေလျက် အသင်းတော်အသက်တာကို မကြာခဏ နှောင့်ယှက်သည့်သူမည်သူမဆိုကို ဖယ်ရှားရမည်။ အသင်းတော်သည် ထိုသို့သောလူများကို မကြိုဆိုပေ။ ယင်းသည် နတ်ဆိုးများထံမှ အနှောင့်အယှက်များကိုဖြစ်စေ ဆိုးယုတ်သောလူများ ရှိနေခြင်းကိုဖြစ်စေ ခွင့်မပြုပေ။ ဤလူများကို ဖယ်ရှားလော့၊ ပြီးလျှင် ပြဿနာ ပြေလည်သွားလိမ့်မည်။

အသင်းတော်၌ အချို့လူများက အပြန်အလှန် တိုက်ခိုက်ခြင်းနှင့် စကားစစ်ထိုးခြင်းတို့တွင် ပါဝင်နေသည်ကို တွေ့ရှိပါက၊ ၎င်းတို့၏ ဆင်ခြေများနှင့် အကြောင်းပြချက်များ မည်သို့ပင်ဖြစ်စေ၊ ၎င်းတို့ ဆွေးနွေးမှု၏ အဓိကအချက်က မည်သို့ပင်ဖြစ်စေ၊ ယင်းသည် လူတိုင်း ဂရုစိုက်သည့်အရာဖြစ်စေ ဂရုမစိုက်သည့်အရာဖြစ်စေ၊ အသင်းတော်အသက်တာအတွက် အဖျက်အမှောင့်လုပ်ခြင်းများနှင့် အနှောင့်အယှက်များ ဖြစ်ပေါ်နေသရွေ့၊ ဤကိစ္စရပ်ကို ချက်ချင်း၊ ချုပ်တည်းထားခြင်းမရှိဘဲ ဖြေရှင်းရမည်။ ပါဝင်သူတို့ကို တားဆီးရန် သို့မဟုတ် ကန့်သတ်ရန် မဖြစ်နိုင်ပါက၊ ဖယ်ရှားသင့်သည်။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များက ထိုသို့သောအခြေအနေများနှင့် ရင်ဆိုင်ရသည့်အခါ လုပ်ဆောင်သင့်သည့် အလုပ်ဖြစ်သည်။ အဓိက စည်းမျဉ်းမှာ သင့်အနေဖြင့် ဤလူတို့၏ မကောင်းသော အပြုအမူကို သည်းခံခြင်းဖြင့် အားပေးအားမြှောက်ပြုရန် သို့မဟုတ် ၎င်းတို့ကို အလျှော့ပေးလိုက်လျောရန် မဟုတ်သည့်အပြင်၊ ဤလူတို့အတွက် အမှားအမှန်ကို တရားစီရင်ပေးသည့် “ဖြောင့်မတ်သော အရာရှိ” တစ်ဦးအဖြစ် သင် ပြုမူရန်လည်း မဟုတ်ပေ။ မည်သူက မှန်သည်၊ မည်သူက မှားသည်၊ မည်သူက အမှန်ဘက်တွင်ရှိသည်၊ မည်သူက မရှိသည်ဟူသည်တို့ကို ကြည့်ရှုခြင်း၊ မည်သူက မှားသည်၊ မည်သူက မှန်သည်ကို ရှင်းလင်းစွာ ခွဲခြားပြီးနောက်၊ နှစ်ဖက်စလုံးအတွက် တန်းတူ အပြစ်ဒဏ်ခွဲဝေပေးခြင်း၊ သို့မဟုတ် သင် အပြစ်ရှိသည်ဟု ယူဆသည့်သူကို အပြစ်ပေးပြီး အခြားတစ်ယောက်ကို ဆုချခြင်း၊ ဤသည်မှာ ပြဿနာကို ဖြေရှင်းသည့်နည်းလမ်း မဟုတ်ပေ။ ဤကိစ္စရပ်ကို ကိုင်တွယ်ရာတွင်၊ သင်သည် ယင်းကို ကိုယ်ကျင့်တရားဆိုင်ရာ စံနှုန်းများနှင့် တိုင်းတာပြီး အကဲဖြတ်ရန် မဆိုထားနှင့်၊ ဥပဒေနှင့် တိုင်းတာရန်ပင် မဟုတ်ဘဲ၊ ထိုအစား သင်သည် ယင်းကို အသင်းတော်၏ အလုပ်နှင့်ဆိုင်သော စည်းမျဉ်းများနှင့်အညီ တိုင်းတာပြီး ကိုင်တွယ်ရန် ဖြစ်သည်။ အပြန်အလှန် တိုက်ခိုက်မှုတွင် ပါဝင်သည့် နှစ်ဖက်စလုံးနှင့်ပတ်သက်၍၊ ၎င်းတို့သည် အသင်းတော်အသက်တာအတွက် အဖျက်အမှောင့်လုပ်ခြင်းများနှင့် အနှောင့်အယှက်များကို ဖြစ်စေသရွေ့၊ အသင်းတော်၏ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဖြစ်ပျက်ခဲ့သည့်အရာကို နှစ်ဖက်လုံးက ပြန်ပြောသည်ကို ဂရုတစိုက် နားထောင်ခြင်း၊ ၎င်းတို့၏ အကြောင်းပြချက်များနှင့် ဆင်ခြေတစ်ခုစီတိုင်းအကြောင်း ပြောဆိုသည်ကို နားထောင်ခြင်း၊ တစ်ဖက်လူကို တိုက်ခိုက်ပြီး စကားစစ်ထိုးခြင်းအဖြစ်သို့ ရောက်ရှိခြင်းနောက်ကွယ်ရှိ ရည်ရွယ်ချက်၊ ရည်မှန်းချက်နှင့် အရင်းခံအကြောင်းတရားကို နားထောင်ခြင်းထက်၊ ၎င်းတို့ကို တားဆီးပြီး ကန့်သတ်ရန်၊ သို့မဟုတ် ၎င်းတို့ကို သီးသန့်ခွဲထားရန် သို့မဟုတ် ရှင်းလင်းပစ်ရန် ယင်းကို မိမိတို့၏ မလွှဲမရှောင်သာသော တာဝန်အဖြစ် မှတ်ယူသင့်သည်။ ၎င်းတို့သည် ဖြစ်ကြောင်းကုန်စင် နားလည်ရန် မဟုတ်ဘဲ၊ ထိုအစား ပြဿနာကို ဖြေရှင်းရန်၊ အသင်းတော်အသက်တာအတွက် ဤအဖျက်အမှောင့်လုပ်ခြင်းများနှင့် အနှောင့်အယှက်များကို ဖယ်ရှားရန်နှင့် ၎င်းတို့ကို ဖြစ်စေခဲ့သောသူတို့ကို ကိုင်တွယ်ရန် ဖြစ်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များက အခြေအနေကို ဖြစ်သလို၊ ရောရောယောင်ယောင် လုပ်ပြီး “အလယ်အလတ်လမ်းစဉ်”ကို ကျင့်သုံးသည်၊ အပြန်အလှန် တိုက်ခိုက်မှုတွင် ပါဝင်သည့်လူနှစ်ဦးလုံးအပေါ် ပြေလည်ရေးမူဝါဒကို ချမှတ်သည်၊ ၎င်းတို့ကို အသင်းတော်အသက်တာအား အဖျက်အမှောင့်လုပ်ခြင်းများနှင့် အနှောင့်အယှက်များကို လက်လွတ်စပယ် ဖြစ်စေခွင့်ပြုပြီး ဝင်ရောက်မစွက်ဖက်ဘဲ သို့မဟုတ် မကိုင်တွယ်ဘဲ၊ ဤလူတို့ကို ဆက်လက် အလိုလိုက်နေသည်ဆိုပါစို့။ ၎င်းတို့သည် အကြိမ်တိုင်းတွင် ၎င်းတို့ကို အားပေးတိုက်တွန်းပြီး အကြံပေးရုံပေးကာ ပြဿနာကို စေ့စေ့စပ်စပ် ဖြေရှင်းနိုင်ခြင်း မရှိပေ။ ထိုသို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ၎င်းတို့၏ တာဝန်များတွင် ပျက်ကွက်ခြင်းဖြစ်သည်။ အကယ်၍ အပြန်အလှန် တိုက်ခိုက်ခြင်းနှင့် စကားစစ်ထိုးခြင်းတို့တွင် ပါဝင်သည့်လူများ၏ ပြဿနာသည် အသင်းတော်၌ ပေါ်ပေါက်လာပါက အသင်းတော်အသက်တာအတွက် ပြင်းထန်သော အနှောင့်အယှက်များနှင့် ပျက်စီးမှုများကို ဖြစ်စေကာ ထိုသို့ဖြင့် လူအများစုတွင် နာကြည်းမှုနှင့် စက်ဆုပ်မှုကို ဖြစ်ပေါ်စေလျက် ခေါင်းဆောင်များနှင့် အမှုဆောင်များက ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များနှင့် အသင်းတော်ကို သန့်စင်ခြင်းအတွက် စည်းမျဉ်းများနှင့်အညီ နှစ်ဖက်စလုံးကို အဆက်အသွယ်ဖြတ်ထားခြင်း သို့မဟုတ် ရှင်းလင်းပစ်ခြင်းဖြင့် လျင်မြန်စွာ ပြုမူရမည်။ ၎င်းတို့သည် ပါဝင်သူတို့အတွက် အမှုကို တရားစီရင်ပေးသည့်၊ ဤကိုယ်ရေးကိုယ်တာ ငြင်းခုံမှုများနှင့်စပ်လျဉ်း၍ တရားစီရင်ချက်များ ချမှတ်ပေးသည့် “ဖြောင့်မတ်သော အရာရှိများ” အဖြစ် မပြုမူသင့်ပေ။ မည်သူ မှန်သည်၊ မည်သူ မှားသည်၊ မည်သူက မှန်ကန်သည်၊ မည်သူက မှန်ကန်ခြင်းမရှိဟူသည်တို့ကို ကြည့်ရှုရန် ဤလူတို့ အော်ဂလီဆန်စရာကောင်းပြီး ရှည်လျားသော အဓိပ္ပာယ်မဲ့စကားများ ပြောသည်ကို ဂရုတစိုက် မနားထောင်သင့်ပေ။ ပြီးလျှင် ဤအရာများကို ဝေဖန်အကဲဖြတ်ပြီးနောက်၊ ပို၍များသောလူတို့၏ စိတ်နှလုံးထဲ၌ စက်ဆုပ်မှုနှင့် ရွံမုန်းမှုကို သိုမှီးထားစေလျက် ဤအရာများအပေါ် ဆွေးနွေးမှုများနှင့် မိတ်သဟာယဖွဲ့ခြင်းများကို ပို၍များသောလူများ လုပ်ဆောင်အောင် မပြုသင့်ပေ။ ဤသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ရန်နှင့် မိတ်သဟာယဖွဲ့ရန် လူတို့ အသုံးပြုသင့်သည့်အချိန်ကို ဖြုန်းတီးလိမ့်မည်။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်မကျေပွန်မှု သာ၍ပင်ဖြစ်ပြီး၊ ဤလက်တွေ့လုပ်ဆောင်ခြင်း၏ စည်းမျဉ်းက မမှန်ကန်ပေ။ အကယ်၍ ကန့်သတ်ခြင်းခံထားရသည့်သူများက အချိန်တစ်ခုခုတွင် နောင်တရပြီး၊ ၎င်းတို့၏ အပြန်အလှန်တိုက်ခိုက်မှုများနှင့် စကားစစ်ထိုးပွဲများဖြင့် စုဝေးချိန်ကို နောက်ထပ် မယူတော့ပါက၊ ၎င်းတို့အပေါ် ချမှတ်ထားသည့် သီးသန့်ခွဲထားခြင်းကို ရုပ်သိမ်းနိုင်သည်။ အကယ်၍ ၎င်းတို့သည် ဆိုးယုတ်သောလူများအဖြစ် ရှင်းလင်းပစ်ခြင်းခံရပြီး၊ တစ်စုံတစ်ဦးက ၎င်းတို့ ကောင်းအောင်ပြောင်းလဲသွားပြီဟု အခိုင်အမာဆိုပါက၊ ၎င်းတို့သည် နောင်တတရားနှင့်ဆိုင်သည့် တကယ့် သရုပ်သကန်များကို ပြသခြင်းရှိမရှိ ကြည့်ရှုရန် လိုအပ်ပြီး၊ ထိုကိစ္စအပေါ် လူအများစု၏ ထင်မြင်ချက်ကိုလည်း ရှာဖွေရန် လိုအပ်သည်။ ၎င်းတို့ကို ပြန်လည်လက်ခံလျှင်ပင်၊ အနီးကပ် စောင့်ကြည့်ရမည်ဖြစ်ပြီး၊ ၎င်းတို့၏ စကားပြောချိန်ကို တင်းကျပ်စွာ ကန့်သတ်ရမည်ဖြစ်ကာ၊ နောက်ပိုင်းတွင် ၎င်းတို့၏ သရုပ်သကန်များကို အခြေခံ၍ ၎င်းတို့ကို လိုက်လျောညီထွေစွာ ကိုင်တွယ်သင့်သည်။ ဤသည်တို့မှာ အသင်းတော်ခေါင်းဆောင်များနှင့် အမှုဆောင်များ နားလည်ပြီး အာရုံစိုက်သင့်သည့် စည်းမျဉ်းများ ဖြစ်သည်။ ဤကိစ္စရပ်ကို ကိုင်တွယ်ခြင်းသည် ပုဂ္ဂလဓိဋ္ဌာန်ကျသော ယူဆချက်များကို အခြေခံ၍မရသည်မှာ အမှန်ပင် ဖြစ်သည်။ နှစ်ဖက်စလုံး၏ အပြန်အလှန် တိုက်ခိုက်မှုများတွင် အဖျက်အမှောင့်လုပ်ခြင်းများနှင့် အနှောင့်အယှက်များကို ဖြစ်စေသည့် သဘောသဘာဝတစ်ခု ရှိရမည်ဖြစ်သည်။ ၎င်းတို့ထဲမှ တစ်ဦးက အခြားတစ်ဦးကို ထိခိုက်စေသည့် တစ်စုံတစ်ရာကို ခဏတာ ပြောဆိုခဲ့ပြီး၊ ထိုသူက ၎င်း၏ကိုယ်ပိုင် မှတ်ချက်ဖြင့် လက်တုံ့ပြန်ခဲ့သောကြောင့်သက်သက် လူတို့ကို စကားပြောခြင်းမှ တားမြစ်ပြီး သီးသန့်ခွဲထားခြင်းအား မပြုလုပ်သင့်ပေ။ လူတို့ကို ထိုနည်းလမ်းဖြင့် ကိုင်တွယ်ခြင်းသည် စည်းမျဉ်းများနှင့် အမှန်တကယ် မကိုက်ညီပေ။ ခေါင်းဆောင်များနှင့် အမှုဆောင်များက ၎င်းတို့၏ လုပ်ဆောင်ချက်များသည် မကောင်းသည့်အရာများ လုပ်ဆောင်ရင်း သောင်းကျန်းခြင်း သို့မဟုတ် ကိစ္စ၏ ပြင်းထန်မှုကို ဖြစ်နိုင်သမျှ အကြီးမားဆုံးသော အတိုင်းအတာအထိ ချဲ့ကားပြောဆိုခြင်းအစား၊ စည်းမျဉ်းများနှင့် ကိုက်ညီသည်ကို လူအများစုက သဘောတူကြောင်း သေချာစေလျက်၊ စည်းမျဉ်းများကို ကောင်းစွာ နားလည်ရမည်ဖြစ်သည်။ ဤအလုပ်၏ ကဏ္ဍနှင့်ပတ်သက်လာလျှင်၊ တစ်ဖက်တွင်၊ လူအများစုက တိုက်ခိုက်မှုတစ်ခုကို ဖြစ်ပေါ်စေသည့်အရာကို ပိုင်းခြားသိမြင်ရန် သင်ယူရမည်ဖြစ်ပြီး၊ နောက်တစ်ဖက်တွင် အသင်းတော်ခေါင်းဆောင်များနှင့် အမှုဆောင်များကလည်း ဤအလုပ်ကို ထမ်းဆောင်ရာတွင် နားလည်သဘောပေါက်ရမည့် စည်းမျဉ်းများနှင့် ဖြည့်ဆည်းသင့်သည့် တာဝန်ဝတ္တရားများကို သိရှိရန် လိုအပ်သည်။

၄။ လူများကို ထင်ရာမြင်ရာ ပြစ်တင်ရှုတ်ချခြင်း

အပြန်အလှန် တိုက်ခိုက်ခြင်း၏ နောက်ထပ် သရုပ်သကန်တစ်ခု ရှိသေးသည်။ အချို့လူများသည် ဝိညာဉ်ရေးရာ ဝေါဟာရအချို့ကို သိရှိကြပြီး ၎င်းတို့သည် မိမိတို့၏ စကားတွင် “နတ်ဆိုး”၊ “စာတန်”၊ “သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ခြင်း”၊ “သမ္မာတရားကို မချစ်ခြင်း”၊ “ဖာရိရှဲ” စသည်တို့ကဲ့သို့သော ဝေါဟာရအချို့ကို အမြဲ အသုံးပြုကြသည်။ ၎င်းတို့သည် အချို့သောလူများကို ထင်ရာမြင်ရာ ဝေဖန်ရန် ဤဝေါဟာရများကို အသုံးပြုကြသည်။ ဤသည်မှာ တိုက်ခိုက်ခြင်း သဘောသဘာဝ အနည်းငယ် ရှိသည် မဟုတ်လော။ ယခင်က ညီအစ်ကိုမောင်နှမများနှင့် ပေါင်းသင်းဆက်ဆံသည့်အခါ မိမိ၏အလိုဆန္ဒအတိုင်း မပြုမူသူ မည်သူ့ကိုမဆို ဆဲဆိုချင်ခဲ့သည့် လူတစ်ဦးရှိခဲ့သည်။ သို့သော် သူက “ယခု ဘုရားသခင်ကို ငါ ယုံကြည်နေပြီဖြစ်၍ လူတို့ကို ဆဲဆိုခြင်းသည် မသင့်တော်ဟု ထင်ရသည်။ ယင်းက ငါ့ကို သူတော်စင်၏ ကျင့်ဝတ်နှင့်မညီဟု ထင်ရစေသည်။ ငါသည် ဆဲဆို၍ မရ၊ ညစ်ညမ်းသော စကားကို သုံး၍မရသော်လည်း ငါ မဆဲဆိုပါက ငါ နေမထိထိုင်မသာဖြစ်လိမ့်မည်။ ငါ၏ မုန်းတီးမှုကို ဖြေလျှော့နိုင်လိမ့်မည် မဟုတ်။ ငါသည် လူတို့ကို အမြဲတစေ ဆဲဆိုချင်နေလိမ့်မည်။ သို့ဆိုလျှင် သူတို့ကို ငါမည်သို့ ဆဲဆိုသင့်သနည်း”ဟူ၍ သူ့ဘာသာ တွေးမိလေသည်။ ထို့ကြောင့် သူသည် ဝေါဟာရအသစ်တစ်ခုကို ထွင်ခဲ့သည်။ သူ့ကို စိတ်အနှောင့်အယှက်ပေးသူ မည်သူမဆို၊ မိမိတို့၏ လုပ်ရပ်များမှတစ်ဆင့် သူ့ကို နာကျင်စေသူ သို့မဟုတ် သူ့စကားကို နားမထောင်သူ မည်သူမဆိုသည် သူ၏ ဆဲဆိုခြင်းကို အောက်ပါအတိုင်း ခံရပေမည်။ “ဆိုးယုတ်သော နတ်ဆိုး။” “သင်သည် ဆိုးယုတ်သော နတ်ဆိုးတစ်ကောင် ဖြစ်သည်။” “မည်သူမည်ဝါသည် ဆိုးယုတ်သော နတ်ဆိုးတစ်ကောင် ဖြစ်သည်။” သူသည် “နတ်ဆိုး” ဟူသော စကားလုံး၏ရှေ့တွင် “ဆိုးယုတ်သော”ဟူသည့် စကားလုံးကို ပေါင်းထည့်လိုက်သည်။ ငါသည် ယခင်က လူတစ်ဦးဦးက ဤစကားစုကို သုံးသည်ကို အမှန်တကယ် မကြားဖူးခဲ့ပေ။ ယင်းမှာ အတော်ပင် ဆန်းသစ်သည် မဟုတ်လော။ “ဆိုးယုတ်သော နတ်ဆိုးများ” အဖြစ် သူ၏ သာမန်ကာလျှံကာ ဆဲဆိုခြင်းကို ညီအစ်ကို မောင်နှမများက ခံခဲ့ကြရသည်။ ယင်းကို ကြားရသည့်အခါ မည်သူက စိတ်သက်သာရာ ရမည်နည်း။ ဥပမာအားဖြင့် အကယ်၍ သူက ညီအစ်ကိုတစ်ဦး သို့မဟုတ် ညီအစ်မတစ်ဦးအား ရေတစ်ခွက် ငှဲ့ခိုင်းပြီး ထိုသူက အလွန်အလုပ်များနေကာ ကိုယ့်ဘာသာငှဲ့ရန် ပြောလိုက်ပါက သူက ၎င်းတို့ကို “သင်၊ ဆိုးယုတ်သော နတ်ဆိုး” ဟု ဆဲဆိုပေမည်။ အကယ်၍ သူက စုဝေးပွဲတစ်ခုမှ ပြန်လာပြီး သူ၏အစားအစာအား အသင့်မပြင်ဆင်ထားသေးသည်ကို မြင်ပါက သူဒေါသထွက်လာပေမည်။ “သင်တို့ ဆိုးယုတ်သော နတ်ဆိုးများ၊ သင်တို့အားလုံး အလွန်ပျင်းရိကြသည်။ ငါက ငါ့တာဝန်ကို ထမ်းဆောင်ဖို့ အပြင်ထွက်သွားပြီး ပြန်လာသည့်အခါတွင် ငါ့အတွက် အသင့်ပြင်ထားသည့် အစားအစာပင် မရှိပါ” ဟူ၍ ဖြစ်သည်။ သူ့နှင့် ပေါင်းသင်းဆက်ဆံသူ မည်သူမဆိုသည် “ဆိုးယုတ်သော နတ်ဆိုး” အဖြစ် ဆဲဆိုခြင်းခံရနိုင်ချေရှိသည်။ ဤသည်မှာ မည်သည့် လူစားမျိုးဖြစ်သနည်း။ (ဆိုးယုတ်သောသူတစ်ဦး ဖြစ်ပါသည်။) သူသည် မည်သို့ဆိုးယုတ်သနည်း။ သူ၏အမြင်တွင် သူ့ကို စိတ်အနှောင့်အယှက်ပေးသူ သို့မဟုတ် သူ၏အလိုဆန္ဒများနှင့် မကိုက်ညီသူ မည်သူမဆိုသည် ဆိုးယုတ်သော နတ်ဆိုးဖြစ်သည်။ သူကိုယ်တိုင်ကမူ မဟုတ်ဘဲ အခြားလူတိုင်းက ဆိုးယုတ်သော နတ်ဆိုးဖြစ်သည်။ သူသည် ဤအရာကို ပြောဆိုရန် အခြေခံအကြောင်းရင်းတစ်ခုခု ရှိသလော။ လုံးဝမရှိပေ။ သူသည် လူတို့အား ဆဲဆိုရန် သူ၏ အမုန်းတရားကို ဖြေလျှော့ပေးပြီး သူ၏ စိတ်ခံစားချက်များကို ပွင့်အံချနိုင်စေမည့် စကားလုံးတစ်လုံးကို ထင်ရာမြင်ရာ ရွေးချယ်လိုက်ခြင်းသာ ဖြစ်သည်။ သူသည် အကယ်၍ တစ်စုံတစ်ဦးကို အမှန်တကယ် ဆဲဆိုပါက အခြားသူများက သူ့အား ဘုရားသခင်ကို ယုံကြည်သူတစ်ဦးနှင့် မတူကြောင်း ပြောဆိုကြလိမ့်မည်ဟု ယုံကြည်၏၊ သို့သော် သူက တစ်စုံတစ်ဦးကို နတ်ဆိုးဟု ခေါ်ဆိုခြင်းမှာမူ ဆဲဆိုခြင်းမဟုတ်ဘဲ အခြားသူများအဖို့ ကျိုးကြောင်းဆီလျော်သည်ဟု ထင်ရမည်ဖြစ်၍ မိမိ၏ ကိုယ်ပိုင်လိုအင်ဆန္ဒများကိုလည်း ဖြည့်ဆည်းပြီးသားဖြစ်ကာ အခြားသူများ သူ့အား အပြစ်ရှာစရာ အခွင့်မရှိစေရန်လည်း ဖြစ်သည်ဟု သူက ထင်မှတ်လေသည်။ ဤလူသည် အတော်လေး စဉ်းလဲပြီး အတော်ပင် ဆိုးယုတ်ပေသည်။ သူသည် ၎င်းတို့ကို လက်စားချေရန်နှင့် ပြစ်တင်ရှုတ်ချရန်အလို့ငှာ ခုခံတွန်းလှန်ရန် နည်းလမ်းမရှိသော အသုံးအနှုန်းမျိုးဖြစ်သည့် အလွန်မလိုမုန်းထားသော အသုံးအနှုန်းကို အသုံးပြုသည်။ သို့တိုင် လူတို့က ဆဲဆိုသည်ဟုဖြစ်စေ၊ မတော်တရော် စကားပြောဆိုသည်ဟုဖြစ်စေ သူ့ကို စွပ်စွဲ၍မရပေ။ ထိုသို့သောလူတစ်ဦးနှင့် ရင်ဆိုင်ရသည့်အခါ လူအများစုသည် သူ့ကို ရှောင်ကြဉ်မည်လော သို့မဟုတ် သူနှင့် ရင်းရင်းနှီးနှီးနေမည်လော။ (သူ့ကို ရှောင်ကြဉ်ကြမည် ဖြစ်ပါသည်။) အဘယ်ကြောင့်နည်း။ ၎င်းတို့သည် သူ့ကို ရန်စရန် မတတ်နိုင်သောကြောင့် သူ့ထံမှ ရှောင်ဖယ်သွားရုံသာ တတ်နိုင်သည်၊ ဤသည်မှာ ပါးနပ်သောသူများ လုပ်ဆောင်မည့်အရာ ဖြစ်သည်။

လူတစ်ဦးကို ထင်ရာမြင်ရာ ပြစ်တင်ရှုတ်ချခြင်း၊ သမုတ်ခြင်းနှင့် ညှဉ်းပန်းခြင်း ဖြစ်စဉ်သည် အသင်းတော်တိုင်းတွင် မကြာခဏ ဖြစ်ပေါ်တတ်သည်။ ဥပမာအားဖြင့် အချို့လူများသည် ခေါင်းဆောင်တစ်ဦးဦး သို့မဟုတ် အမှုဆောင်တစ်ဦးဦးအပေါ် အာဃာတထားကြပြီး လက်စားချေရန်အလို့ငှာ သမ္မာတရားအကြောင်း မိတ်သဟာယဖွဲ့ခြင်းတည်းဟူသော အကြောင်းပြချက်ဖြင့် ၎င်းတို့ကို ဖော်ထုတ်ပြီး စိတ်ဖြာလေ့လာဆွေးနွေးလျက် ၎င်းတို့၏ နောက်ကွယ်တွင် ၎င်းတို့အကြောင်းကို မှတ်ချက်များ ပေးကြလေသည်။ ထိုသို့သော လုပ်ရပ်များ၏ နောက်ကွယ်တွင်ရှိသည့် ကြံရွယ်ချက်နှင့် ရည်ရွယ်ချက်များက မှားယွင်းပေသည်။ အကယ်၍ တစ်စုံတစ်ဦးသည် ဘုရားသခင်အတွက် သက်သေခံရန်နှင့် အခြားသူများကို အကျိုးပြုရန် သမ္မာတရားကို အမှန်တကယ် မိတ်သဟာယဖွဲ့နေခြင်းဖြစ်ပါက ထိုသူသည် မိမိ၏ ကိုယ်ပိုင် စစ်မှန်သော အတွေ့အကြုံများကို မိတ်သဟာယဖွဲ့သင့်ပြီး မိမိကိုယ်ကို စိတ်ဖြာလေ့လာဆွေးနွေးကာ သိရှိခြင်းဖြင့် အခြားသူများအတွက် အကျိုးကျေးဇူးဖြစ်စေသင့်သည်။ ထိုသို့သော လက်တွေ့လုပ်ဆောင်ခြင်းသည် ပိုကောင်းသောရလဒ်များကို ဖြစ်ထွန်းစေပြီး ဘုရားသခင် ရွေးချယ်ထားသောလူများက ယင်းကို အသိအမှတ်ပြုကြလိမ့်မည်။ အကယ်၍ တစ်စုံတစ်ဦး၏ မိတ်သဟာယဖွဲ့ခြင်းသည် အခြားသူတစ်ဦးကို ထိုးနှက်တိုက်ခိုက်ရန် သို့မဟုတ် လက်စားချေရန် ကြိုးပမ်းခြင်းဖြင့် ထိုသူကို ဖော်ထုတ်၊ တိုက်ခိုက်ကာ သေးသိမ်စေလျှင် ထိုမိတ်သဟာယဖွဲ့ခြင်း၏ ကြံရွယ်ချက်က မှားယွင်းပေသည်၊ ယင်းသည် တရားနည်းလမ်းမကျ ဖြစ်သည်၊ ဘုရားသခင်က စက်ဆုပ်ရွံရှာပြီး ညီအစ်ကိုမောင်နှမများအတွက် တည်ဆောက်စရာလည်း မဖြစ်ပေ။ အကယ်၍ တစ်စုံတစ်ဦး၏ ကြံရွယ်ချက်သည် အခြားသူများကို ပြစ်တင်ရှုတ်ချရန် သို့မဟုတ် ညှဉ်းပန်းရန် ဖြစ်ပါက ၎င်းသည် ဆိုးယုတ်သောသူတစ်ဦးဖြစ်ပြီး မကောင်းမှုကို ပြုနေခြင်းဖြစ်သည်။ ဆိုးယုတ်သောလူများနှင့် ပတ်သက်လာသည့်အခါ ဘုရားသခင် ရွေးချယ်ထားသော လူများအားလုံးက ပိုင်းခြားသိမြင်နိုင်စွမ်း ရှိသင့်သည်။ အကယ်၍ တစ်စုံတစ်ဦးက လူတို့ကို တမင်တကာ ထိုးနှက်တိုက်ခိုက်ခြင်း၊ ဖော်ထုတ်ခြင်း သို့မဟုတ် သေးသိမ်စေခြင်း ပြုပါက ၎င်းတို့ကို မေတ္တာဖြင့် ကူညီသင့်သည်၊ မိတ်သဟာယဖွဲ့ပြီး စိတ်ဖြာလေ့လာဆွေးနွေးသင့်သည် သို့မဟုတ် ပြုပြင်သင့်ပေသည်။ အကယ်၍ ၎င်းသည် သမ္မာတရားကို လက်မခံနိုင်သည့်အပြင် မိမိကိုယ်ကို ပြုပြင်ရန် ခေါင်းမာစွာ ငြင်းဆန်ပါက ဤသည်မှာ လုံးဝ ကွဲပြားသော ကိစ္စရပ်တစ်ခုဖြစ်သည်။ အခြားသူများကို မကြာခဏ ထင်ရာမြင်ရာ ပြစ်တင်ရှုတ်ချခြင်း၊ သမုတ်ခြင်းနှင့် ညှဉ်းပန်းခြင်းတို့ကို ပြုသည့် ဆိုးယုတ်သောလူများနှင့် ပတ်သက်လာသည့်အခါ လူတိုင်းက ၎င်းတို့ကို ပိုင်းခြားသိမြင်ဖို့ သင်ယူနိုင်ကြရန်အလို့ငှာ ၎င်းတို့ကို စေ့စေ့စပ်စပ် ဖော်ထုတ်သင့်ပြီး ထို့နောက်တွင် ၎င်းတို့ကို ချုပ်ချယ်ကန့်သတ်ခြင်း သို့မဟုတ် အသင်းတော်မှ နှင်ထုတ်ခြင်း ပြုသင့်သည်။ ထိုသို့သောလူများသည် အသင်းတော်အသက်တာနှင့် အသင်းတော်အလုပ်ကို နှောင့်ယှက်သောကြောင့်လည်းကောင်း၊ ၎င်းတို့သည် လူတို့ကို အထင်အမြင်မှားစေပြီး အသင်းတော်အပေါ် ကမောက်ကမ အခြေအနေများ ဖြစ်စေနိုင်ချေ ရှိသောကြောင့်လည်းကောင်း ဤသည်မှာ မဖြစ်မနေလုပ်ဆောင်ရန် လိုအပ်သည်။ အထူးသဖြင့် အချို့သော ဆိုးယုတ်သောလူများသည် မိမိတို့ကိုယ်ကို ကြွားဝါပြီး အခြားသူများက ၎င်းတို့ကို အထင်ကြီးလေးစားစေရန်ဟူသည့် ၎င်းတို့၏ ရည်ရွယ်ချက်ကို စွမ်းဆောင်ရရှိရန်အတွက် သက်သက်ဖြင့် အခြားသူများကို မကြာခဏ တိုက်ခိုက်ပြီး ပြစ်တင်ရှုတ်ချကြလေသည်။ ဤဆိုးယုတ်သောလူများသည် အခြားသူများကို သွယ်ဝိုက် ဖော်ထုတ်ရန်၊ စိတ်ဖြာလေ့လာဆွေးနွေးရန်နှင့် ဖိနှိပ်ရန်အတွက် စုဝေးပွဲများတွင် သမ္မာတရားကို မိတ်သဟာယဖွဲ့ခြင်း အခွင့်အရေးအား မကြာခဏ အသုံးပြုကြသည်။ ၎င်းတို့သည် ဤအရာကို လူတို့အား ကူညီရန်နှင့် အသင်းတော်တွင် ရှိနေသော ပြဿနာများကို ဖြေရှင်းရန် လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ပြောဆိုခြင်းအားဖြင့် မှန်ကန်ကြောင်း ဆင်ခြေပေးကြပြီး ၎င်းတို့၏ ရည်ရွယ်ချက်များကို စွမ်းဆောင်ရရှိရန် ဤမူမမှန်သော အကြောင်းပြချက်များကို အကာအကွယ်တစ်ခုအဖြစ် အသုံးပြုကြသည်။ ၎င်းတို့သည် အခြားသူများကို တိုက်ခိုက်ပြီး ညှဉ်းပန်းသည့် လူစားမျိုးဖြစ်ပြီး ဆိုးယုတ်သောလူများချည်းသာ ဖြစ်ကြသည်မှာ သိသာထင်ရှား၏။ သမ္မာတရားကို လိုက်စားသောလူများကို တိုက်ခိုက်ပြီး ပြစ်တင်ရှုတ်ချသူအားလုံးသည် အလွန့်အလွန် ရက်စက်ကြမ်းကြုတ်သူများ ဖြစ်ကြပြီး ဘုရားအိမ်တော်၏အလုပ်ကို ကာကွယ်စောင့်ရှောက်ရန် ဆိုးယုတ်သောလူများကို ဖော်ထုတ်ပြီး စိတ်ဖြာလေ့လာဆွေးနွေးသူများသာလျှင် တရားမျှတစိတ်ရှိကာ ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို ခံရသူများဖြစ်သည်။ ဆိုးယုတ်သောလူများသည် မိမိတို့၏ မကောင်းမှုပြုခြင်းတွင် အလွန် စဉ်းလဲကြလေ့ရှိသည်။ ၎င်းတို့အားလုံးသည် မိမိတို့အတွက် ကျိုးကြောင်းပြချက်များ အကြံထုတ်ကာ အခြားသူများကို အထင်အမြင်မှားစေခြင်းဟူသည့် ၎င်းတို့၏ ရည်ရွယ်ချက်ကို စွမ်းဆောင်ရရှိရန်အတွက် အယူဝါဒကို အသုံးပြုရာတွင် ကျွမ်းကျင်ကြသည်။ အကယ်၍ ဘုရားသခင် ရွေးချယ်ထားသောလူများက ၎င်းတို့အပေါ် ပိုင်းခြားသိမြင်နိုင်စွမ်း မရှိသည့်အပြင် ဤဆိုးယုတ်သောလူများကို ချုပ်ချယ်ကန့်သတ်နိုင်ခြင်း မရှိပါက အသင်းတော်အသက်တာနှင့် အသင်းတော်၏အလုပ်သည် လုံးဝ ဖရိုဖရဲပင်ဖြစ်သွားလိမ့်မည် သို့မဟုတ် ဝရုန်းသုန်းကားပင် ဖြစ်သွားလိမ့်မည်။ ဆိုးယုတ်သောလူများသည် ပြဿနာများ အကြောင်းကို မိတ်သဟာယဖွဲ့ပြီး စိတ်ဖြာလေ့လာဆွေးနွေးသည့်အခါ ၎င်းတို့တွင် ကြံရွယ်ချက်နှင့် ရည်ရွယ်ချက်တစ်ခု အစဉ်ရှိပြီး ယင်းက တစ်စုံတစ်ဦးကို အစဉ် ပစ်မှတ်ထားသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို စိစစ်နေခြင်း သို့မဟုတ် သိရှိနေခြင်း မဟုတ်သကဲ့သို့ မိမိတို့၏ ကိုယ်ပိုင်ပြဿနာများကို ဖြေရှင်းရန် မိမိတို့ကိုယ်ကို ဖွင့်ဟပြီး ချပြခြင်းလည်း မရှိပေ။ ထို့ထက် ၎င်းတို့သည် အခြားသူများကို ဖော်ထုတ်ရန်၊ စိတ်ဖြာလေ့လာဆွေးနွေးရန်နှင့် တိုက်ခိုက်ရန် အခွင့်အရေးကို အမိအရ အသုံးချနေခြင်း ဖြစ်သည်။ ၎င်းတို့သည် အခြားသူများကို စိတ်ဖြာလေ့လာဆွေးနွေးပြီး ပြစ်တင်ရှုတ်ချရန် ၎င်းတို့၏ မိမိကိုယ်ကိုသိသည့် အသိအား မိတ်သဟာယဖွဲ့ခြင်းကို မကြာခဏ ကောင်းစွာ အသုံးချကြသည့်အပြင် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားကို မိတ်သဟာယဖွဲ့ခြင်းအားဖြင့် လူတို့ကို ဖော်ထုတ်ခြင်း၊ သေးသိမ်စေခြင်းနှင့် သွားပုပ်လေလွင့် ပြောဆိုခြင်းတို့ကို ပြုကြသည်။ ၎င်းတို့သည် သမ္မာတရားကို လိုက်စားသောသူများ၊ အသင်းတော်အလုပ်အတွက် ဝန်တာထားသောသူများနှင့် မိမိတို့၏ တာဝန်များကို မကြာခဏ ထမ်းဆောင်သောသူများအပေါ် အထူးသဖြင့် စက်ဆုပ်ရွံရှာခြင်းနှင့် အမုန်းတရားတို့ကို ခံစားကြရသည်။ ဆိုးယုတ်သောလူများသည် ဤလူတို့၏ စိတ်ဓာတ်လှုံ့ဆော်မှုကို ထိုးနှက်တိုက်ခိုက်ရန်နှင့် ၎င်းတို့အား အသင်းတော်အလုပ်ကို ဆောင်ရွက်ခြင်းမှ တားဆီးရန် အမျိုးမျိုးသော ကျိုးကြောင်းပြချက်များနှင့် ဆင်ခြေများကို အသုံးပြုကြလိမ့်မည်။ ၎င်းတို့က ထိုသူများအပေါ် ခံစားရသည့်အရာ၏ တစ်စိတ်တစ်ပိုင်းမှာ မနာလိုခြင်းနှင့် အမုန်းတရားတို့ဖြစ်ပြီး အခြားတစ်စိတ်တစ်ပိုင်းမှာမူ ဤလူတို့က အလုပ်လုပ်ရန် ထကြွခြင်းဖြင့် ၎င်းတို့၏ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းအပေါ် ခြိမ်းခြောက်မှုတစ်ခု ဖြစ်စေမည်ကို ကြောက်ရွံ့ခြင်း ဖြစ်သည်။ သို့ဖြစ်၍ ၎င်းတို့သည် ထိုသူတို့ကို သတိပေးရန်၊ ဖိနှိပ်ရန်နှင့် ချုပ်ချယ်ကန့်သတ်ရန် ဖြစ်နိုင်သမျှနည်းလမ်းတိုင်းဖြင့် ကြိုးစားဖို့ ဆန္ဒစောလျက်ရှိကြပြီး ထိုသူတို့ကို ပြစ်တင်ရှုတ်ချရန်အလို့ငှာ ထိုသူတို့ကို အမှုဆင်ပြီး အဖြစ်မှန်များကို လွဲချော်စေဖို့အတွက် ပြောကွက်များကို စုဆောင်းသည်အထိပင် ပြုလုပ်ကြသည်။ ဤဆိုးယုတ်သောလူများ၏ စိတ်သဘောထားသည် သမ္မာတရားနှင့် အပြုသဘောဆောင်သည့်အရာများကို မုန်းတီးသည့် စိတ်သဘောထားတစ်ခုဖြစ်ကြောင်းကို ဤအရာက လုံးဝ ဖော်ထုတ်သည်။ ၎င်းတို့သည် သမ္မာတရားကို လိုက်စားပြီး အပြုသဘောဆောင်သည့်အရာများကို နှစ်သက်သောသူများနှင့် အတော်အတန် ဟန်ဆောင်မှုကင်းပြီး ရည်မွန်ကာ ဖြောင့်မှန်သောသူတို့အတွက် အထူးအမုန်းတရားကို ထားရှိကြသည်။ ၎င်းတို့သည် ထိုသို့ ပြောကောင်းမပြောနိုင်သော်လည်း ဤသည်မှာ ၎င်းတို့တွင်ရှိသည့် စိတ်နေစိတ်ထားမျိုး ဖြစ်သည်။ သို့ဆိုလျှင် ၎င်းတို့သည် သမ္မာတရားကို လိုက်စားသောသူများနှင့် ရည်မွန်ကာ ဖြောင့်မှန်သောသူတို့ကို ဖော်ထုတ်ရန်၊ သေးသိမ်စေရန်၊ ဖိနှိပ်ရန်နှင့် ဖယ်ကြဉ်ရန် အဘယ်ကြောင့် အထူးသဖြင့် ပစ်မှတ်ထားကြသနည်း။ ဤသည်မှာ သိသာထင်ရှားစွာပင် ၎င်းတို့က အသင်းတော်ကို ထိန်းချုပ်နိုင်ရန်အလို့ငှာ လူကောင်းများနှင့် သမ္မာတရားကို လိုက်စားသောသူများအား ဖြုတ်ချပြီး ထိုးနှက်တိုက်ခိုက်ရန်၊ ထိုသူတို့ကို ခြေဖြင့် နင်းခြေရန် ကြိုးပမ်းမှုတစ်ခုဖြစ်သည်။ အချို့လူများသည် ဤသို့ဖြစ်သည်ကို မယုံကြည်ကြပေ။ ၎င်းတို့ကို ငါမေးခွန်းတစ်ခု မေးမည်။ ဤဆိုးယုတ်သောလူများသည် သမ္မာတရားအကြောင်းကို မိတ်သဟာယဖွဲ့သည့်အခါ မိမိတို့ကိုယ်ကို ဖော်ထုတ်ခြင်းမပြုဘဲ သို့မဟုတ် စိတ်ဖြာလေ့လာဆွေးနွေးခြင်းမပြုဘဲ ထိုအစား အခြားသူများကို အဘယ်ကြောင့် အစဉ် ပစ်မှတ်ထားပြီး ဖော်ထုတ်ကြသနည်း။ ၎င်းတို့က ဖောက်ပြန်ပျက်စီးမှုကို အမှန်တကယ် မထုတ်ဖော်ခြင်းလော သို့မဟုတ် ၎င်းတို့တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ မရှိခြင်း ဖြစ်နိုင်သလော။ သေချာပေါက် မဟုတ်ပေ။ သို့ဆိုလျှင် ၎င်းတို့သည် အခြားသူများကို ဖော်ထုတ်ပြီး စိတ်ဖြာလေ့လာဆွေးနွေးရန်အတွက် အဘယ်ကြောင့် မလျှော့တမ်း ပစ်မှတ်ထားနေကြသနည်း။ အတိအကျအားဖြင့် မည်သည့်အရာကို စွမ်းဆောင်ရရှိရန် ၎င်းတို့ ကြိုးစားနေကြသနည်း။ ဤမေးခွန်းသည် နက်နက်နဲနဲ တွေးတောရန် လိုအပ်လာသည်။ အကယ်၍ တစ်စုံတစ်ဦးက အသင်းတော်ကို နှောင့်ယှက်သည့် ဆိုးယုတ်သောလူများ၏ ဒုစရိုက်အမှုများကို ဖော်ထုတ်ပါက သူသည် လုပ်ဆောင်သင့်သည့်အတိုင်း လုပ်ဆောင်နေခြင်းဖြစ်သည်။ သို့သော် ထိုအစား ဤလူတို့သည် သမ္မာတရားကို မိတ်သဟာယဖွဲ့ခြင်းဟူသော မူမမှန်သည့် အကြောင်းပြချက်အောက်တွင် လူကောင်းများကို ဖော်ထုတ်ပြီး ညှဉ်းပန်းနေကြသည်။ ၎င်းတို့၏ ကြံရွယ်ချက်နှင့် ရည်ရွယ်ချက်မှာ အဘယ်နည်း။ ဘုရားသခင်က လူကောင်းများအား ကယ်တင်သည်ကို မြင်သောကြောင့် ၎င်းတို့ ဒေါသထွက်နေကြခြင်းလော။ ယင်းမှာ အမှန်တကယ်ပင် ပကတိအခြေအနေ ဖြစ်သည်။ ဘုရားသခင်သည် ဆိုးယုတ်သောလူများကို မကယ်တင်သောကြောင့် ဆိုးယုတ်သောလူများက ဘုရားသခင်နှင့် လူကောင်းများကို မုန်းတီးကြသည်။ ဤအရာအားလုံးက အတော်ပင် သဘာဝကျသည်။ ဆိုးယုတ်သောလူများသည် သမ္မာတရားကို လက်မခံ သို့မဟုတ် မလိုက်စားကြပေ။ ၎င်းတို့ကိုယ်တိုင် ကယ်တင်မခံရနိုင်သည့်တိုင် သမ္မာတရားကို လိုက်စားပြီး ကယ်တင်ခြင်းခံရနိုင်သော လူကောင်းများကို ညှဉ်းပန်းကြသည်။ ဤနေရာတွင် ပြဿနာမှာ အဘယ်နည်း။ အကယ်၍ ဤလူတို့တွင် မိမိတို့ကိုယ်ကို သိသောအသိနှင့် သမ္မာတရားအကြောင်း သိမြင်မှုရှိလျှင် ၎င်းတို့အနေဖြင့် ဖွင့်ဟပြီး မိတ်သဟာယဖွဲ့နိုင်မည်ဖြစ်သော်လည်း ၎င်းတို့သည် အခြားသူများကို အစဉ် ပစ်မှတ်ထားပြီး ရန်စနေကြသည်။ ၎င်းတို့သည် အခြားသူများကို အမြဲ တိုက်ခိုက်တတ်သည့် သဘောရှိကြသည်။ ၎င်းတို့သည် သမ္မာတရားကို လိုက်စားသောသူများကို ၎င်းတို့၏ စိတ်ကူးထားသည့် ရန်သူများအဖြစ် အစဉ် သတ်မှတ်ကြသည်။ ဤသည်တို့မှာ ဆိုးယုတ်သောလူများ၏ ထူးခြားသော အမှတ်လက္ခဏာများ ဖြစ်ကြသည်။ ထိုသို့သော မကောင်းမှုကို လုပ်ဆောင်နိုင်စွမ်း ရှိသူများသည် ကန့်သတ်ခြင်းခံရသင့်သည့် စစ်မှန်သော နတ်ဆိုးများနှင့် စာတန်များ၊ စံပြုလောက်သော အန္တိခရစ်များဖြစ်ကြပြီး အကယ်၍ ၎င်းတို့သည် မကောင်းမှုများစွာကို ပြုလုပ်ပါက ၎င်းတို့ကို ချက်ချင်း ကိုင်တွယ်ရမည်ဖြစ်သည်။ ၎င်းတို့ကို အသင်းတော်မှ နှင်ထုတ်လော့။ လူကောင်းများကို ထိုးနှက်တိုက်ခိုက်ပြီး ဖယ်ကြဉ်သူအားလုံးသည် စုန်းပြူးများ ဖြစ်ကြသည်။ စုန်းပြူးများဟု ၎င်းတို့ကို ငါအဘယ်ကြောင့် ခေါ်သနည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် အသင်းတော်တွင် မလိုအပ်သော အငြင်းပွားမှုများနှင့် ပဋိပက္ခကို ဖြစ်ပွားစေနိုင်ချေရှိပြီး ထိုနေရာရှိ အခြေအနေများကို ပိုဆိုးရွားသည်ထက် ဆိုးရွားလာစေသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် တစ်နေ့တွင် လူတစ်ဦးကို ပစ်မှတ်ထားပြီး နောက်တစ်နေ့တွင် နောက်တစ်ဦးကို ပစ်မှတ်ထားကာ အခြားသူများ၊ သမ္မာတရားကို ချစ်ပြီး လိုက်စားသောသူများကို အစဉ် ပစ်မှတ်ထားကြသည်။ ဤသည်မှာ အသင်းတော်အသက်တာကို နှောင့်ယှက်နိုင်ချေရှိပြီး ဘုရားနှုတ်ကပတ်တော်များကို ဘုရားသခင် ရွေးချယ်ထားသောလူများ၏ ပုံမှန် စားသောက်ခြင်းအပေါ်တွင်လည်းကောင်း၊ သမ္မာတရားကို ၎င်းတို့၏ ပုံမှန် မိတ်သဟာယဖွဲ့ခြင်းအပေါ်တွင်လည်းကောင်း သက်ရောက်မှုများ ရှိလေသည်။ ဤဆိုးယုတ်သောလူများသည် သမ္မာတရားကို မိတ်သဟာယဖွဲ့ခြင်းဟူသော အမည်ဖြင့် အခြားသူများကို တိုက်ခိုက်ရန်အတွက် အသင်းတော်အသက်တာကို အသက်ရှင်နေထိုင်ခြင်းအား မကြာခဏ ကောင်းစွာ အသုံးချကြသည်။ ၎င်းတို့ပြောဆိုသမျှတိုင်းတွင် ရန်လိုမှု ပါရှိသည်။ ၎င်းတို့သည် သမ္မာတရားကို လိုက်စားသောသူများနှင့် ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို အသုံးခံသောသူများကို တိုက်ခိုက်ပြီး ပြစ်တင်ရှုတ်ချရန် ရန်စသော မှတ်ချက်များကို ပြောဆိုကြသည်။ ဤအရာ၏ အကျိုးဆက်များမှာ အဘယ်အရာ ဖြစ်လိမ့်မည်နည်း။ ယင်းသည် အသင်းတော်၏အသက်တာကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်လိမ့်မည် ဖြစ်ကာ လူတို့အား ၎င်းတို့၏ စိတ်နှလုံးထဲတွင် မသက်မသာဖြစ်စေပြီး ဘုရားသခင်ရှေ့မှောက်တွင် ငြိမ်သက်စွာ မနေနိုင်အောင် ဖြစ်စေလိမ့်မည်။ အထူးသဖြင့် ဤဆိုးယုတ်သောလူများက အခြားသူများကို ပြစ်တင်ရှုတ်ချရန်၊ ထိုးနှက်တိုက်ခိုက်ရန်နှင့် နာကျင်စေရန် ပြောဆိုသည့် မသမာသော အရာများသည် အတိုက်အခံလုပ်ခြင်းကို ဖြစ်ပွားစေနိုင်သည်။ ဤသည်မှာ ပြဿနာများကို ဖြေရှင်းရာတွင် အထောက်အကူမပြုပေ။ ဆန့်ကျင်ဘက်အားဖြင့် အသင်းတော်တွင် ကြောက်ရွံ့ခြင်းနှင့် စိုးရိမ်ပူပန်ခြင်းကို လှုံ့ဆော်ပေးပြီး လူတို့အကြား ပေါင်းသင်းဆက်ဆံမှုကို ထိခိုက်စေကာ ၎င်းတို့ကို ခိုက်ရန်ဒေါသဖြစ်စေလျက် ၎င်းတို့ကြား၌ တင်းမာမှု ဖြစ်စေသည်။ ဤလူတို့၏ အပြုအမူသည် အသင်းတော်အသက်တာကို ထိခိုက်မှု ရှိစေရုံသာမက အသင်းတော်တွင် ပဋိပက္ခကိုလည်း ဖြစ်ပေါ်စေသည်။ ယင်းသည် အသင်းတော်၏ အလုပ်တစ်ခုလုံးနှင့် ဧဝံဂေလိတရား ဖြန့်ဝေခြင်းကိုပင် သက်ရောက်မှုရှိနိုင်သည်။ ထို့ကြောင့် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဤလူစားမျိုးကို သတိပေးရန် လိုအပ်ပြီး ၎င်းတို့ကို ချုပ်ချယ်ကန့်သတ်ကာ ကိုင်တွယ်ရန်လည်း လိုအပ်သည်။ တစ်ဖက်တွင် အခြားသူများကို မကြာခဏ တိုက်ခိုက်ပြီး ပြစ်တင်ရှုတ်ချသည့် ဤဆိုးယုတ်သောလူများအပေါ် ညီအစ်ကို မောင်နှမများက ပြင်းထန်သော ချုပ်ချယ်ကန့်သတ်မှုများ ထားရှိရမည်။ အခြားတစ်ဖက်တွင် အခြားသူများကို ထင်ရာမြင်ရာ ထိုးနှက်တိုက်ခိုက်ပြီး ပြစ်တင်ရှုတ်ချသောသူများကို အသင်းတော် ခေါင်းဆောင်များက ချက်ချင်း ဖော်ထုတ်ပြီး တားဆီးသင့်ကာ အကယ်၍ ၎င်းတို့သည် ပြုပြင်၍မရဘဲ ရှိနေပါက ၎င်းတို့ကို အသင်းတော်မှ ရှင်းလင်းပစ်သင့်သည်။ စုဝေးပွဲများတွင် ဆိုးယုတ်သောလူများကို အသင်းတော်အသက်တာအား မနှောင့်ယှက်အောင် တားဆီးရမည်ဖြစ်ပြီး တစ်ချိန်တည်းတွင် နားဝေတိမ်တောင် ဖြစ်သောလူများကို အသင်းတော်အသက်တာအား ထိခိုက်မှုရှိစေမည့် နည်းလမ်းဖြင့် စကားမပြောအောင် ချုပ်ချယ်ကန့်သတ်သင့်သည်။ အကယ်၍ မကောင်းမှုကို ပြုနေသည့် ဆိုးယုတ်သောသူတစ်ဦးကို တွေ့ရှိပါက ထိုသူကို ဖော်ထုတ်ရမည်။ ထိုသူကို ဆန္ဒရှိသည့်အတိုင်း မကောင်းမှုကို ပြုလျက် တစ်ဇွတ်ထိုးပြုမူခွင့် လုံးဝ မပေးရပေ။ ဤသည်မှာ ပုံမှန်အသင်းတော်အသက်တာကို ထိန်းသိမ်းရန်နှင့် ဘုရားသခင် ရွေးချယ်ထားသောလူများအား ၎င်းတို့၏ တာဝန်များကို ပုံမှန်အတိုင်း ဖြည့်ဆည်းခွင့်ပေးလျက် ပုံမှန် စုဝေးနိုင်ခြင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်နိုင်ခြင်းနှင့် သမ္မာတရားကို မိတ်သဟာယဖွဲ့နိုင်ခြင်းတို့ ရှိသည်ကို သေချာစေရန်အတွက် လိုအပ်ပေသည်။ ထိုအခါမှသာ ဘုရားသခင်၏ အလိုတော်ကို အသင်းတော်တွင် ဆောင်ရွက်နိုင်ပြီး ဤနည်းလမ်းဖြင့်သာ သူ ရွေးချယ်ထားသောလူများက သမ္မာတရားကို နားလည်ကာ လက်တွေ့ကျမှုထဲသို့ ဝင်ရောက်နိုင်သည့်အပြင် ဘုရားသခင်၏ ကောင်းချီးများကို ရရှိနိုင်မည်ဖြစ်သည်။ သင်တို့သည် အသင်းတော်တွင် ဤဆိုးယုတ်သောလူစားမျိုးများကို ရှာဖွေတွေ့ရှိဖူးကြသလော။ ၎င်းတို့သည် လူကောင်းများအပေါ် မနာလိုသော အမုန်းတရားကို အစဉ် ထားရှိကြပြီး ထိုသူတို့အပေါ် အစဉ် ပစ်မှတ်ထားကြသည်။ ယနေ့တွင် ၎င်းတို့သည် လူကောင်းတစ်ဦးကို မနှစ်သက်ကြ၊ မနက်ဖြန်တွင် နောက်တစ်ဦးကို မနှစ်သက်ကြပေ။ ၎င်းတို့သည် မည်သူ့ကိုမဆို ဆန်းစစ်ဝေဖန်နိုင်ပြီး ထိုသူတို့ထဲတွင် အပြစ်များစွာကို ရှာဖွေဖော်ထုတ်နိုင်စွမ်းရှိကာ ထို့အပြင် ၎င်းတို့ ပြောဆိုသည့်အရာသည် အလွန်အခြေအမြစ်ရှိကာ ကျိုးကြောင်းဆီလျော်ပုံရပြီး နောက်ဆုံးတွင် ၎င်းတို့သည် အဖွဲ့အတွက် ဘေးဆိုးတစ်ခုဖြစ်လာလျက် ဆူပူရမ်းကားမှုကို ပျံ့နှံ့သွားစေသည်။ ၎င်းတို့သည် လူတို့၏ စိတ်နှလုံးများ ဖရိုဖရဲဖြစ်သွားသည့် အတိုင်းအတာအထိ အသင်းတော်ကို နှောင့်ယှက်သည်၊ လူများစွာတို့သည် အပျက်သဘောဆောင်ပြီး အားနည်းလာကြသည်၊ စုဝေးပွဲများမှ မည်သည့် အကျိုးကျေးဇူး သို့မဟုတ် တည်ဆောက်စရာကိုမျှ မရရှိကြသည့်အပြင် အချို့ဆိုလျှင် စုဝေးပွဲများ တက်လိုသည့်ဆန္ဒပင် ပျောက်ဆုံးသွားကြသည်။ ထိုသို့သော ဆိုးယုတ်သောလူများသည် စုန်းပြူးများ မဟုတ်လော။ အကယ်၍ ၎င်းတို့သည် ရှင်းလင်းပစ်သင့်သည့် အဆင့်သို့ မရောက်သေးပါက ၎င်းတို့ကို အဆက်အသွယ်ဖြတ်ထားခြင်း သို့မဟုတ် ချုပ်ချယ်ကန့်သတ်ခြင်း ပြုသင့်သည်။ ဥပမာအားဖြင့် စုဝေးပွဲများအတွင်းတွင် အခြားသူများကို ၎င်းတို့ လွှမ်းမိုးခြင်းမှ တားဆီးရန် ၎င်းတို့အား သီးခြားထိုင်ခုံတစ်ခုဖြင့် ထိုင်ခိုင်းလော့။ အကယ်၍ ၎င်းတို့က စကားပြောဆိုပြီး လူတို့ကို တိုက်ခိုက်ရန် အခွင့်အရေးများ မရမက ရှာဖွေလျှင် ၎င်းတို့ကို ချုပ်ချယ်ကန့်သတ်သင့်သည်။ အသုံးမဝင်သော အရာများကို ပြောဆိုခြင်း မရှိအောင် တားမြစ်သင့်သည်။ ၎င်းတို့ကို ချုပ်ချယ်ကန့်သတ်ရန် မဖြစ်နိုင်တော့လျှင်၊ ၎င်းတို့က ပေါက်ကွဲထွက်လုနီးပါး သို့မဟုတ် အတိုက်အခံလုပ်လုနီးပါး ဖြစ်နေလျှင် ၎င်းတို့ကို ချက်ချင်း ရှင်းလင်းပစ်သင့်သည်။ ဆိုလိုသည်မှာ ၎င်းတို့သည် ချုပ်ချယ်ကန့်သတ်ခြင်းကို မခံလိုတော့သည့်အပြင် “မည်သည့် အခြေခံအကြောင်းရင်းပေါ်တွင် ကျွန်ုပ်၏စကားပြောခွင့်ကို ကန့်သတ်သနည်း။ အခြားလူတိုင်းက ငါးမိနစ် စကားပြောခွင့်ရပြီး ကျွန်ုပ်က အဘယ်ကြောင့် တစ်မိနစ်သာ ပြောခွင့်ရသနည်း”ဟု ပြောဆိုသည့်အခါ၊ ဤမေးခွန်းများကို ၎င်းတို့ အဆက်မပြတ် မေးနေသည့်အခါ ယင်းမှာ ၎င်းတို့ အတိုက်အခံလုပ်တော့မည့် သဘောဖြစ်သည်။ ၎င်းတို့ အတိုက်အခံလုပ်တော့မည့်အချိန်တွင် ၎င်းတို့သည် အာခံနေခြင်း မဟုတ်လော။ ၎င်းတို့သည် ပြဿနာဖြစ်စေရန်၊ ဆူပူအုံကြွမှုကို စေ့ဆော်ရန် ကြိုးစားနေကြသည် မဟုတ်လော။ ၎င်းတို့သည် အသင်းတော်အသက်တာကို နှောင့်ယှက်တော့မည် မဟုတ်လော။ ၎င်းတို့သည် မိမိတို့၏ တကယ့်ပကတိအခြေအနေကို ထုတ်ဖော်တော့မည်ဖြစ်သည်။ ၎င်းတို့ကို ကိုင်တွယ်ရမည့် အချိန်ကျရောက်ပြီဖြစ်သည်။ ၎င်းတို့ကို အလျင်အမြန် ဖယ်ရှားရှင်းလင်းပစ်ရမည်။ ဤသည်မှာ ကျိုးကြောင်းဆီလျော်သလော။ ကျိုးကြောင်းဆီလျော်ပါသည်။ အမှုအရာများကို ဖျက်ဆီးရန် ကြိုးစားနေသည့် အမျိုးမျိုးသော ဆိုးယုတ်သောလူများ၊ ဝိညာဉ်ဆိုးများ၊ ညစ်ညူးသော မကောင်းဆိုးဝါးများနှင့် “အထူးပါရမီရှိသူများ”ကြောင့် လူအများစုက ပုံမှန်အသင်းတော်အသက်တာကို အသက်ရှင်နေထိုင်နိုင်ကြောင်း သေချာစေခြင်းသည် အမှန်တကယ် မလွယ်ကူပေ။ ငါတို့သည် ၎င်းတို့ကို မချုပ်ချယ်ကန့်သတ်ဘဲ နေ၍ ရနိုင်မည်လော။ အချို့သော “အထူးပါရမီရှိသူများ”သည် မိမိတို့ ပါးစပ်ဟလိုက်သည်နှင့် အခြားသူများကို စတင်၍ သေးသိမ်စေပြီး တိုက်ခိုက်ကြသည်။ သင်က မျက်မှန်တပ်လျှင် သို့မဟုတ် ဆံပင်ပါးလျှင် ၎င်းတို့က သင့်ကို တိုက်ခိုက်သည်။ သင်က စုဝေးပွဲများအတွင်း သင်၏ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်ကို မျှဝေလျှင် သို့မဟုတ် သင်၏တာဝန်များကို ထမ်းဆောင်ရာတွင် တက်ကြွပြီး တာဝန်ယူမှုရှိလျှင် ၎င်းတို့က သင့်ကို တိုက်ခိုက်ပြီး ဝေဖန်သုံးသပ်သည်။ သင်က စမ်းသပ်မှုများအတွင်းတွင် ဘုရားသခင်ကို ယုံကြည်ခြင်းရှိလျှင်၊ သင်က အားနည်းလျှင် သို့မဟုတ် ဘုရားသခင်နှင့်ပတ်သက်၍ သင်သည် ညည်းညူခြင်းမရှိဘဲ သင်၏ယုံကြည်ခြင်းကို အသုံးပြုလျက် မိသားစု အခက်အခဲများကို အောင်မြင်ကျော်လွှားလျှင် ၎င်းတို့က သင့်ကို တိုက်ခိုက်သည်။ ဤနေရာတွင် တိုက်ခိုက်ခြင်းဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းမှာ အခြားသူများက မည်သည့်အရာကိုပင် လုပ်ဆောင်သည်ဖြစ်စေ ထိုအရာက ဤလူတို့ကို မည်သည့်အခါမျှ မကျေနပ်စေကြောင်းကို ဆိုလိုသည်။ ၎င်းတို့သည် ထိုအရာကို အစဉ် မနှစ်သက်ကြ၊ အမြဲ အပြစ်မရှိအပြစ်ရှာကြသည်၊ အခြားလူများကို အမှုအရာများဖြင့် စွပ်စွဲရန် အစဉ် ကြိုးစားကြပြီး အခြားလူများ လုပ်ဆောင်သည့် မည်သည့်အရာမျှ ၎င်းတို့၏အမြင်တွင် တစ်ကြိမ်တစ်ခါမျှ မှန်ကန်ခြင်း မရှိပေ။ သင်က သမ္မာတရားကို မိတ်သဟာယဖွဲ့ပြီး ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များအတိုင်း ပြဿနာများကို ကိုင်တွယ်ဖြေရှင်းလျှင်ပင် ၎င်းတို့သည် သင် လုပ်ဆောင်သမျှတိုင်းတွင် အပြစ်ရှာလျက် သင့်ကို ချစ်တီးခေါင်းသန်းရှာလုပ်လိမ့်မည်ဖြစ်ကာ ဝေဖန်မည်ဖြစ်သည်။ ၎င်းတို့သည် တမင်တကာ ပြဿနာရှာကြပြီး လူတိုင်းက ၎င်းတို့၏ တိုက်ခိုက်မှုများကို ခံရသည်။ ဤသို့သောလူတစ်ဦးက အသင်းတော်တွင် ထွက်ပေါ်လာသည့်အခါတိုင်း ၎င်းတို့ကို သင် ကိုင်တွယ်ရမည်။ ၎င်းတို့ထဲမှ နှစ်ဦးပေါ်လာပါက ၎င်းတို့နှစ်ဦးလုံးကို သင် ကိုင်တွယ်သင့်သည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့က အသင်းတော်အသက်တာကို ဖြစ်စေသည့် အန္တရာယ်သည် သိသာထင်ရှားသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် အသင်းတော်၏ အလုပ်ကို အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများကို ဖြစ်စေပြီး ဤအရာ၏ အကျိုးဆက်များမှာ ဆိုးရွားလှသည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။