ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၁၅) အခန်း ငါး
ခ။ အခြားသူများကို မကြာခဏ ထိုးနှက်တိုက်ခိုက်သော လူတို့၏ လူ့သဘာဝနှင့်ဆိုင်သော ထူးခြားသည့်လက္ခဏာရပ်များ
ယနေ့တွင် ငါတို့သည် အပြန်အလှန် တိုက်ခိုက်ခြင်း၊ စကားစစ်ထိုးခြင်းတို့နှင့်ဆိုင်သည့် ပြဿနာနှင့် ဆက်စပ်သော သွင်ပြင်လက္ခဏာအများအပြားကို မိတ်သဟာယဖွဲ့ပြီးဖြစ်သည်။ ဤသွင်ပြင်လက္ခဏာတစ်ခုချင်းစီအတွင်းရှိ လူအမျိုးအစားအမျိုးမျိုးက ပြသသော သရုပ်သကန်များ၏ သဘောသဘာဝကို သင်တို့ သဘောပေါက်နားလည်ပြီလော။ အခြားသူများကို ထိုးနှက်တိုက်ခိုက်လေ့ရှိသောသူများဖြင့် စလိုက်ကြစို့။ ၎င်းတို့သည် ပုံမှန် လူ့သဘာဝ၏ ဆင်ခြင်တုံတရားကို ပိုင်ဆိုင်ကြသလော။ (မပိုင်ဆိုင်ကြပါ။) ၎င်းတို့၏ ဆင်ခြင်တုံတရား ကင်းမဲ့မှုသည် မည်သို့ ပေါ်လွင်ထင်ရှားသနည်း။ လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများအပေါ် ၎င်းတို့၏ သဘောထားများနှင့် စည်းမျဉ်းများမှာ အဘယ်အရာများ ဖြစ်သနည်း။ အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို ကိုင်တွယ်ဖြေရှင်းရန် ၎င်းတို့သည် မည်သည့်နည်းလမ်းများနှင့် သဘောထားများကို ရွေးချယ်ကြသနည်း။ ဥပမာအားဖြင့်၊ အမှန်အမှားနှင့်ပတ်သက်၍ ငြင်းခုံရခြင်းကို နှစ်သက်ခြင်းသည် လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများအပေါ် ၎င်းတို့ထားရှိသော သဘောထားများထဲမှ တစ်ခုဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) အမှန်အမှားနှင့်ပတ်သက်၍ ငြင်းခုံရခြင်းကို နှစ်သက်ခြင်းဆိုသည်မှာ ကိစ္စရပ်တစ်ခုစီတိုင်းတွင် မည်သည့်အရာက မှန်သည် သို့မဟုတ် မှားသည်ကို ရှင်းလင်းရန် ကြိုးစားခြင်းဖြစ်ပြီး၊ ကိစ္စရပ်ကို ရှင်းလင်း၍မပြီးမချင်း၊ မည်သူက မှန်သည်၊ မည်သူက မှားသည်ဟူသည်ကို နားမလည်မချင်း မရပ်တန့်ဘဲ၊ ခေါင်းမာစွာဖြင့် အဓိပ္ပာယ်မရှိသည့်အရာများကို စွဲမြဲငြင်းခုံနေခြင်းအား ဆိုလိုသည်။ ဤသို့ ပြုမူခြင်း၏ အဓိပ္ပာယ်မှာ မည်သည့်အရာသာ ဖြစ်သနည်း။ အမှန်အမှားနှင့်ပတ်သက်၍ ငြင်းခုံခြင်းသည် နောက်ဆုံးတွင် မှန်ကန်သလော။ (မမှန်ကန်ပါ။) မည်သည့်နေရာတွင် မှားယွင်းသနည်း။ ဤအရာနှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းအကြားတွင် ဆက်စပ်မှုတစ်ခုတလေ ရှိသလော။ (မရှိပါ။) အဘယ်ကြောင့် ဆက်စပ်မှုမရှိဟု သင်တို့ဆိုသနည်း။ အမှန်၊ အမှားနှင့်ပတ်သက်၍ ငြင်းခုံခြင်းသည် သမ္မာတရား စည်းမျဉ်းများကို လိုက်နာစောင့်ထိန်းခြင်းမဟုတ်၊ သမ္မာတရား စည်းမျဉ်းများကို ဆွေးနွေးခြင်း သို့မဟုတ် မိတ်သဟာယဖွဲ့ခြင်း မဟုတ်ပေ။ ထိုအစား လူတို့သည် မည်သူက မှန်သည်၊ မည်သူက မှားသည်၊ မည်သူက မှန်ကန်သည်၊ မည်သူက မှားယွင်းသည်၊ မည်သူက မှန်သည်၊ မည်သူက မမှန်သည်၊ မည်သူ့တွင် အကြောင်းပြချက်ကောင်းရှိသည်၊ မည်သူ့တွင် မရှိသည်၊ မည်သူက ပိုမြင့်သော အယူဝါဒကို ဖော်ပြသည်ဟူသည်တို့ကို အစဉ်အမြဲ ပြောဆိုကြသည်။ ဤသည်မှာ ၎င်းတို့ စူးစမ်းသည့်အရာ ဖြစ်သည်။ ဘုရားသခင်က လူတို့ကို စမ်းသပ်မှုများဖြတ်သန်းစေသည့်အခါ ၎င်းတို့သည် ဘုရားသခင်နှင့် အစဉ်အမြဲ အငြင်းအခုံပြုရန် ကြိုးစားကြသည်။ အကြောင်းပြချက်တစ်ခုမဟုတ် တစ်ခုကို ၎င်းတို့ အမြဲ ထုတ်ပြောကြသည်။ ဘုရားသခင်သည် ထိုသို့သောအရာများကို သင်နှင့် ဆွေးနွေးသလော။ ဆက်စပ်အကြောင်းအရာက မည်သည့်အရာဖြစ်သည်ကို ဘုရားသခင်က မေးသလော။ သင်၏ အကြောင်းပြချက်များနှင့် အကြောင်းရင်းများမှာ အဘယ်အရာဖြစ်သည်ကို ဘုရားသခင် မေးသလော။ သူမမေးပေ။ သင့်ကို သူ စစ်ကြောသည့်အခါ သင်၌ ကျိုးနွံနာခံသော သဘောထားရှိသလော သို့မဟုတ် အတိုက်အခံလုပ်သော သဘောထားရှိသလောဟူ၍ ဘုရားသခင်က မေးသည်။ သင့်အနေဖြင့် သမ္မာတရားကို နားလည်ခြင်း ရှိမရှိ၊ ကျိုးနွံနာခံခြင်း ရှိမရှိဟူသည်ကို ဘုရားသခင်က မေးသည်။ ဤသည်မှာ ဘုရားသခင် မေးသမျှဖြစ်ပြီး အခြားမည်သည့်အရာကိုမျှ သူ မမေးပေ။ ဘုရားသခင်က သင်၏ ကျိုးနွံနာခံမှု ကင်းမဲ့ခြင်းအတွက် အကြောင်းပြချက်မှာ အဘယ်အရာဖြစ်သည်ကို သင့်အား မမေးပေ။ သင့်တွင် ကောင်းမွန်သော အကြောင်းပြချက် ရှိမရှိဟူသည်ကို သူ မကြည့်ပေ။ ထိုသို့သောအရာများကို သူ လုံးဝ ထည့်သွင်းစဉ်းစားခြင်း မရှိ။ သင့်အနေဖြင့် ကျိုးနွံနာခံခြင်း ရှိမရှိဟူသည်ကိုသာ ဘုရားသခင် ကြည့်သည်။ သင်၏ နေထိုင်မှုပတ်ဝန်းကျင်နှင့် အခြေအနေက မည်သည့်အရာဖြစ်သည်ဖြစ်စေ၊ သင်၏စိတ်နှလုံးထဲတွင် ကျိုးနွံနာခံခြင်း ရှိမရှိ၊ သင်၌ ကျိုးနွံနာခံသော သဘောထားရှိမရှိကိုသာ ဘုရားသခင်က စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးသည်။ ဘုရားသခင်သည် အမှန်နှင့် အမှားကို သင်နှင့် အချေအတင် ပြောဆိုခြင်း မပြုပေ။ သင်၏ အကြောင်းပြချက်များက အဘယ်အရာဖြစ်သည်ကို ဘုရားသခင် ဂရုမစိုက်ပေ။ သင့်အနေဖြင့် အမှန်တကယ် ကျိုးနွံနာခံခြင်း ရှိမရှိဟူသည်ကိုသာ ဘုရားသခင် ဂရုစိုက်သည်။ ဤသည်မှာ ဘုရားသခင်က သင့်အား မေးသမျှ ဖြစ်သည်။ ဤသည်မှာ သမ္မာတရား စည်းမျဉ်းတစ်ခု မဟုတ်လော။ အမှန်အမှားနှင့်ပတ်သက်၍ ငြင်းခုံရန် နှစ်သက်သော၊ စကားစစ်ထိုးခြင်းတွင် ပါဝင်ရန် နှစ်သက်သော လူစားမျိုးတို့၏ စိတ်နှလုံးထဲတွင် သမ္မာတရား စည်းမျဉ်းများ ရှိသလော။ (မရှိပါ။) အဘယ်ကြောင့် မရှိသနည်း။ ၎င်းတို့သည် သမ္မာတရား စည်းမျဉ်းများကို အာရုံစိုက်ဖူးသလော။ ၎င်းတို့သည် ထိုအရာများကို လိုက်စားဖူးသလော။ ယင်းတို့ကို ၎င်းတို့ ရှာဖွေဖူးသလော။ ၎င်းတို့သည် ထိုအရာများကို အာရုံစိုက်ဖူးခြင်းမရှိ၊ လိုက်စားခြင်း သို့မဟုတ် ရှာဖွေခြင်း မပြုဖူးသည့်အပြင်၊ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ထိုအရာများ လုံးဝကင်းမဲ့နေသည်။ ရလဒ်အနေဖြင့် ၎င်းတို့သည် လူ့အယူအဆများအတွင်း၌သာ အသက်ရှင်နိုင်ကြသည်။ ၎င်းတို့၏ စိတ်နှလုံးထဲ၌ ရှိသမျှမှာ အမှန်နှင့်အမှား၊ မှန်ကန်ခြင်းနှင့် မမှန်ကန်ခြင်း၊ ဆင်ခြေများ၊ အကြောင်းပြချက်များ၊ ကလိမ်ကကျစ် စကားများနှင့် အငြင်းအခုံများသာဖြစ်ကာ၊ ထို့နောက် မကြာမီမှာပင် ၎င်းတို့သည် အချင်းချင်း တိုက်ခိုက်ကြသည်၊ ဝေဖန်ပြီး ပြစ်တင်ရှုတ်ချကြလေသည်။ ဤကဲ့သို့သော လူတို့၏ စိတ်သဘောထားမှာ ၎င်းတို့သည် အမှန်နှင့်အမှားကို အချေအတင်ပြောဆိုရန်နှင့် လူတို့ကို ဝေဖန်ကာ ပြစ်တင်ရှုတ်ချရန် နှစ်သက်ခြင်း ဖြစ်သည်။ ဤကဲ့သို့သော လူတို့၌ သမ္မာတရားကို ချစ်ခြင်း သို့မဟုတ် လက်ခံခြင်း မရှိပေ။ ၎င်းတို့သည် ဘုရားသခင်ကို ငြင်းခုံရန် ကြိုးစားတတ်ကြပြီး ဘုရားသခင်နှင့်ပတ်သက်၍ပင် ဝေဖန်မှုပြုကာ ဘုရားသခင်ကို အာခံကြသည်။ အဆုံးတွင် ၎င်းတို့သည် အပြစ်ဒဏ်ပေးခြင်းခံသွားရကြလိမ့်မည်။
အမှန်အမှားနှင့်ပတ်သက်၍ ငြင်းခုံရန် နှစ်သက်သောသူတို့သည် သမ္မာတရားကို ရှာဖွေကြသလော။ ၎င်းတို့သည် အခြေအနေများအတွင်း၌ ကြုံတွေ့ရသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများမှတစ်ဆင့် ဤအခြေအနေများတွင် လက်တွေ့ကျင့်ကြံသင့်သည့် ဘုရားသခင်၏ ရည်ရွယ်ချက်များ၊ ဘုရားသခင်၏ သတ်မှတ်ချက်များ သို့မဟုတ် သမ္မာတရား စည်းမျဉ်းများကို ရှာဖွေကြသလော။ မရှာဖွေကြပေ။ အခြေအနေများနှင့် ထိပ်တိုက်ရင်ဆိုင်ရသည့်အခါ ၎င်းတို့က “ထိုဖြစ်ရပ်က မည်သို့ဖြစ်သည်” သို့မဟုတ် “ထိုလူက မည်သို့ဖြစ်သည်” ကို စောင့်ကြည့်လေ့လာလေ့ရှိကြသည်။ ဤအပြုအမူမှာ အဘယ်နည်း။ ဤသည်မှာ လူများနှင့် အမှုအရာများအပေါ် မဆုတ်မနစ် အစွဲအလမ်းကြီးခြင်းအဖြစ် လူတို့က မကြာခဏ ရည်ညွှန်းလေ့ရှိသည့်အရာ မဟုတ်လော။ ၎င်းတို့သည် လူတို့၏ ကျိုးကြောင်းပြချက်များနှင့် ဖြစ်ရပ်များ၏ ဖြစ်စဉ်အကြောင်းကို အငြင်းအခုံပြုကြသည်။ ၎င်းတို့က ဤအရာများကို မရမက ရှင်းလင်းကြသည်။ သို့သော် ဤရှုပ်ထွေးသော အခြေအနေများနှင့်ဆိုင်သည့် ဖြစ်စဉ်၏ မည်သည့်အပိုင်းတွင် ၎င်းတို့က သမ္မာတရားကို ရှာဖွေခဲ့သည်၊ သမ္မာတရားကို နားလည်ခဲ့သည် သို့မဟုတ် ဉာဏ်အလင်းရခဲ့သည်ဟူသည်တို့ကိုမူ မဖော်ပြကြပေ။ ၎င်းတို့၌ ဤအတွေ့အကြုံများနှင့် လက်တွေ့လုပ်ဆောင်ခြင်း နည်းလမ်းများ ကင်းမဲ့နေသည်။ ၎င်းတို့က “သင်သည် ထိုကိစ္စနှင့်ပတ်သက်၍ ကျွန်ုပ်ကို သိသိသာသာ ပစ်မှတ်ထားနေခဲ့သည်။ သင်သည် ကျွန်ုပ်ကို စော်ကားနေခဲ့သည်။ ကျွန်ုပ်က မခွဲခြားနိုင်လောက်အောင် အလွန်တုံးသည်ဟု သင်ထင်နေသလော။ အဘယ်ကြောင့် ကျွန်ုပ်ကို သင်စော်ကားရသနည်း။ ကျွန်ုပ်သည် သင့်ကို စိတ်အနှောင့်အယှက်ပေးခြင်းမရှိပါ။ အဘယ်ကြောင့် သင်က ကျွန်ုပ်ကို ပစ်မှတ်ထားရသနည်း။ သင်က ကျွန်ုပ်ကို ပစ်မှတ်ထားနေသည့်အတွက် ကျွန်ုပ် ချုပ်တည်းမည်မဟုတ်ပါ။ ကျွန်ုပ်သည် သင့်ကို အချိန်ကြာမြင့်စွာ သည်းခံခဲ့ပြီးဖြစ်သော်လည်း ကျွန်ုပ်၏ သည်းခံမှု၌ အကန့်အသတ်များရှိသည်။ ကျွန်ုပ်ကို အလွယ်တကူ ဩဇာပေး၍ရသည်ဟု မထင်နှင့်။ ကျွန်ုပ်သည် သင့်ကို မကြောက်ပါ” ဟုသာ ပြောမြဲပြောနေသည်။ ဤပြဿနာများကို ဖက်တွယ်ထားလျက်၊ ၎င်းတို့သည် ကိစ္စရပ်၏ အမှန်နှင့်အမှား၊ မှန်ကန်ခြင်းနှင့် မမှန်ကန်ခြင်းတို့ကို တဝဲလည်လည်တွေးရင်း မိမိတို့၏ ကျိုးကြောင်းပြချက်များကို မရပ်မနား တင်ပြကြသော်လည်း၊ ၎င်းတို့၏ ကျိုးကြောင်းပြချက်များဟု ဆိုသည့်အရာသည် သမ္မာတရားနှင့် လုံးဝမကိုက်ညီသည့်အပြင် ၎င်းတို့၏ စကားတစ်ခွန်းမျှက ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် ညီညွတ်ခြင်း မရှိပေ။ ၎င်းတို့သည် အခြားသူများ လုံးဝငြီးငွေ့လာပြီး မည်သူကမျှ ၎င်းတို့ကို နားထောင်လိုစိတ်မရှိတော့သည်အထိ လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို တဝဲလည်လည်ပြောနေကြသည်။ သို့သော် ၎င်းတို့ကိုယ်တိုင်မူ ဤအရာများအကြောင်း ပြောဆိုခြင်းကို မည်သည့်အခါမျှ မငြီးငွေ့ကြပေ။ ၎င်းတို့သည် အပူးခံရသည့်အလား မိမိတို့သွားသည့် နေရာတိုင်းတွင် ထိုအရာများအကြောင်းကို ပြောဆိုကြသည်။ ဤသည်ကို လူများနှင့် အမှုအရာများအပေါ် မဆုတ်မနစ် အစွဲအလမ်းကြီးခြင်းနှင့် သမ္မာတရားကို ရှာဖွေရန် ယတိပြတ် ငြင်းပယ်ခြင်းဟု ခေါ်သည်။ အပြန်အလှန် တိုက်ခိုက်ခြင်းနှင့် စကားစစ်ထိုးခြင်းတို့တွင် ပါဝင်သော လူတို့၏ ဒုတိယ ထူးခြားသည့် လက္ခဏာရပ်မှာ လူများနှင့် အမှုအရာများအပေါ် မဆုတ်မနစ် အစွဲအလမ်းကြီးခြင်းအား အထူး နှစ်သက်ခြင်း ဖြစ်သည်။ လူများနှင့် အမှုအရာများအပေါ် မဆုတ်မနစ် အစွဲအလမ်းကြီးသောသူတို့သည် သမ္မာတရားကို နှစ်သက်ကြသလော။ (မနှစ်သက်ကြပါ။) ၎င်းတို့သည် သမ္မာတရားကို မနှစ်သက်ကြပေ၊ ဤသည်မှာ သိသာထင်ရှားသည်။ သို့ဆိုလျှင် ဤပုဂ္ဂိုလ်များသည် သမ္မာတရားကို နားလည်ကြသလော။ ဘုရားသခင်ပြောသည့် သမ္မာတရားဆိုသည်မှာ အမှန်တကယ် အဘယ်အရာဖြစ်သည်ကို ၎င်းတို့ သိကြသလော။ လူများနှင့် အမှုအရာများအပေါ် မဆုတ်မနစ် အစွဲအလမ်းကြီးသည့် ၎င်းတို့၏ အပြင်ပန်း အပြုအမူကို ကြည့်ခြင်းအားဖြင့်၊ သမ္မာတရားဆိုသည်မှာ အမှန်တကယ် အဘယ်အရာဖြစ်သည်ကို ၎င်းတို့ သိကြသလော။ ၎င်းတို့ မသိကြသည်မှာ သိသာထင်ရှားသည်။ ၎င်းတို့ ရိုသေလေးမြတ်သော အယူအဆမှာ အဘယ်နည်း။ ယင်းမှာ အခိုင်လုံဆုံးဖြစ်သည့် မည်သူမဆို၏ စကားများက မှန်သည်၊ ပွင့်လင်းမြင်သာပြီး အားလုံးမြင်သာအောင် ချပြနိုင်သည့် မည်သူမဆို၏ လုပ်ရပ်များက မှန်သည့်ဘက်တွင်ရှိသည်၊ ကိုယ်ကျင့်တရား၊ လူ့ကျင့်ဝတ်များ၊ ရိုးရာယဉ်ကျေးမှုတို့နှင့်အညီဖြစ်သည့်၊ လူအများစု၏ အသိအမှတ်ပြုမှုကိုရရှိသည့် မည်သူမဆို၏ လုပ်ဆောင်ချက်များက မှန်သည့်ဘက်တွင်ရှိသည်ဟူ၍ ဖြစ်သည်။ ၎င်းတို့၏ အမြင်တွင် ဤ “မှန်ကန်ခြင်း”သည် သမ္မာတရားကို ကိုယ်စားပြုသောကြောင့် ၎င်းတို့သည် လူများနှင့် အမှုအရာများအပေါ် အလွန် မျက်နှာပြောင်တိုက်စွာ မဆုတ်မနစ် အစွဲအလမ်းကြီးနိုင်ကြပြီး ဤကိစ္စရပ်များအပေါ် တဝဲလည်လည်တွေးခြင်းကို လုံးဝ မရပ်တန့်ကြပေ။ ၎င်းတို့က ခိုင်လုံခြင်းသည် သမ္မာတရားကို ပိုင်ဆိုင်ခြင်းနှင့် ညီမျှသည်ဟု ယုံကြည်ကြသည်။ ဤသည်မှာ အလွန် ပြဿနာရှိသည် မဟုတ်လော။ အချို့လူများက “ကျွန်ုပ်သည် အသင်းတော်၏ အလုပ်ကို အဖျက်အမှောင့်လုပ်ခြင်း သို့မဟုတ် နှောင့်ယှက်ခြင်း မပြုခဲ့ပါ။ ကျွန်ုပ်သည် အခြားသူများကို အခွင့်အရေးမယူပါ။ အခြားသူများထံမှ ခိုးယူခြင်းကို ကျွန်ုပ် မနှစ်သက်ပါ။ ပြီးလျှင်ကျွန်ုပ်သည် အနိုင်ကျင့်သူတစ်ဦး မဟုတ်ပါ။ ဆိုးယုတ်သောသူတစ်ဦး မဟုတ်ပါ”ဟု ပြောဆိုကြသည်။ ဤနေရာတွင် သွယ်ဝိုက်ညွှန်းဆိုချက်မှာ သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်သူတစ်ဦး၊ သမ္မာတရားကို ပိုင်ဆိုင်သောသူတစ်ဦး ဖြစ်သည်ဟု ဆိုလိုသလော။ လူများနှင့် အမှုအရာများအပေါ် မဆုတ်မနစ် အစွဲအလမ်းကြီးသောသူများထဲမှ အများစုသည် ကောလာဟလများကို စိုးရိမ်စရာမလိုသည့် ဖြောင့်မှန်သောသူများအဖြစ် မိမိတို့ကိုယ်ကို ယုံကြည်ကြပြီး၊ အခြားသူများကို မည်သည့်အခါမျှ မြှောက်ပင့်ပြောဆိုမည်မဟုတ်သည့် ဂုဏ်အသရေရှိပြီး ရိုးသားဖြောင့်မတ်သည့် လူများအဖြစ် မိမိတို့ကိုယ်ကို ယူဆကြသည်။ ထို့ကြောင့် အခြေအနေများနှင့် ထိပ်တိုက်ရင်ဆိုင်ရသည့်အခါ ၎င်းတို့သည် ငြင်းခုံပြီး အချေအတင်ပြောဆိုလေ့ရှိကြကာ ဤနည်းလမ်းများမှတစ်ဆင့် မိမိတို့၏ ကျိုးကြောင်းပြချက်က မှန်ကန်ကြောင်း မရမက သက်သေပြကြလေသည်။ အကယ်၍ မိမိတို့၏ ကျိုးကြောင်းပြချက်က ခိုင်မာပြီး၊ ယင်းကို ပွင့်လင်းစွာ တင်ပြ၍ရကာ လူအများစုက ထိုအရာကို သဘောတူညီပါက၊ ၎င်းတို့သည် သမ္မာတရားကို ပိုင်ဆိုင်သောသူတစ်ဦးဖြစ်သည်ဟု ၎င်းတို့ ယုံကြည်ကြသည်။ ၎င်းတို့၏ “သမ္မာတရား” ဟူသည်မှာ အဘယ်နည်း။ ယင်းကို မည်သည့်စံနှုန်းဖြင့် တိုင်းတာသနည်း။ ထိုသို့သောလူများက သမ္မာတရားကို နားလည်နိုင်သည်ဟု သင်တို့ ထင်သလော။ (မထင်ပါ။) ထို့ကြောင့် ၎င်းတို့သည် လူများနှင့် အမှုအရာများအပေါ် မဆုတ်မနစ် အစွဲအလမ်းကြီးကြပြီး ထိုအရာများကို ခေါင်းမာစွာ တဝဲလည်လည်တွေးနေကြသည်။ ဤလူတို့သည် သမ္မာတရားကို နားမလည်ကြသောကြောင့် “ကျွန်ုပ်သည် သင့်ကို စိတ်အနှောင့်အယှက်ပေးခြင်း မရှိ။ အဘယ်ကြောင့် သင်က ကျွန်ုပ်ကို အမြဲ ပစ်မှတ်ထားနေရသနည်း။ သင်က ကျွန်ုပ်ကို ပစ်မှတ်ထားခြင်းက မှားသည်”ဟု အမြဲ ပြောဆိုကြလေသည်။ ၎င်းတို့က “အကယ်၍ ကျွန်ုပ်သည် သင့်ကို စိတ်အနှောင့်အယှက်ပေးခြင်းမရှိလျှင်၊ ကျွန်ုပ်ကို ဤသို့ သင် မဆက်ဆံသင့်ပါ။ သင်က ကျွန်ုပ်ကို ဤသို့ ဆက်ဆံနေသည့်အတွက်၊ ကျွန်ုပ်သည် သင့်ကို လက်တုံ့ပြန်မည်။ ကျွန်ုပ်သည် လက်စားချေမည်ဖြစ်ပြီး၊ ကျွန်ုပ်၏ လက်စားချေခြင်းက တရားနည်းလမ်းကျသော မိမိကိုယ်ကို ခုခံကာကွယ်ခြင်းဖြစ်သည်။ ယင်းသည် ဥပဒေနှင့် ညီညွတ်သည်။ ဤသည်မှာ သမ္မာတရား စည်းမျဉ်းဖြစ်သည်။ ထို့ကြောင့် သင်လုပ်ဆောင်နေသည့်အရာသည် သမ္မာတရား စည်းမျဉ်းများနှင့် မကိုက်ညီသော်လည်း၊ ကျွန်ုပ်လုပ်ဆောင်နေသည့်အရာက ကိုက်ညီသည်။ ထို့ကြောင့် ကျွန်ုပ်သည် ဤကိစ္စကို အစွဲအလမ်းကြီးမည်၊ ကျွန်ုပ်သည် ဤပြဿနာကို အစဉ်အမြဲ ထုတ်ဖော်ပြောဆိုမည်ဖြစ်ပြီး သင့်အကြောင်းကို အစဉ်အမြဲ ဖော်ပြမည်”ဟု ယုံကြည်ကြသည်။ လူများနှင့် အမှုအရာများအပေါ် မဆုတ်မနစ် အစွဲအလမ်းကြီးခြင်းက သမ္မာတရား စည်းမျဉ်းများနှင့် ကိုက်ညီသည်ဟု ၎င်းတို့ ယုံကြည်ကြသော်လည်း၊ ဤသည်မှာ ကြီးမားသော အမှားတစ်ခု မဟုတ်လော။ ယင်းသည် အမှန်ပင် ကြီးမားသော အမှားတစ်ခုဖြစ်ပြီး ၎င်းတို့သည် လမ်းကြောင်းလွဲနေကြခြင်း ဖြစ်သည်။ လူများနှင့် အမှုအရာများအပေါ် မဆုတ်မနစ် အစွဲအလမ်းကြီးခြင်းသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် လုံးဝ မတူကွဲပြားသော ကိစ္စရပ်တစ်ခု ဖြစ်သည်။ ဤသည်မှာ ဤလူတို့၏ လူ့သဘာဝနှင့်ဆိုင်သည့် ဒုတိယ ပြဿနာဖြစ်သည်။ ၎င်းတို့သည် လူများနှင့် အမှုအရာများအပေါ် မဆုတ်မနစ် အစွဲအလမ်းကြီးကြသည်။ လူ့သဘာဝ၏ ပြဿနာများသည် မည်သည့်အရာနှင့် ဆက်စပ်သနည်း။ ယင်းတို့သည် လူတစ်ဦး၏ သဘာဝနှင့် ဆက်စပ်သည် မဟုတ်လော။ ဤလူတို့သည် ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ပြီးဖြစ်သော်လည်း၊ သမ္မာတရားကို နားမလည်ကြသည့်အပြင်၊ ပွင့်လင်းမြင်သာခြင်း၊ ဖြောင့်မှန်ခြင်း၊ ရိုးသားခြင်း၊ ပွင့်လင်းခြင်းနှင့် ဟက်ဟက်ပက်ပက်ရှိခြင်း၊ စသည်တို့ကဲ့သို့သော ၎င်းတို့သိသည့် ဝေါဟာရများသည် မိမိကိုယ်ကို ကျင့်ကြံပြုမူပုံ၏ အခြေခံများဖြစ်သည်ဟု တွေးထင်ကြပြီး၊ ဤအရာများကို သမ္မာတရား စည်းမျဉ်းများအဖြစ် ၎င်းတို့ ယူဆကြသည်။ ဤသည်မှာ အကြီးအကျယ် မှားယွင်းသော သဘောထားအမြင်တစ်ခု ဖြစ်သည်။
အပြန်အလှန် တိုက်ခိုက်ခြင်းများတွင် ပါဝင်သောသူများနှင့် စကားစစ်ထိုးခြင်းများတွင် ပါဝင်လေ့ရှိသောသူများတွင် မူမမှန်သော လူ့သဘာဝရှိသည်။ ဤအရာ၏ ပထမ သွင်ပြင်လက္ခဏာမှာ အမှန်အမှားနှင့်ပတ်သက်၍ ငြင်းခုံရန် နှစ်သက်ခြင်းဖြစ်သည်။ ဒုတိယမှာ လူများနှင့် အမှုအရာများအပေါ် မဆုတ်မနစ် အစွဲအလမ်းကြီးခြင်း ဖြစ်သည်။ တတိယ သွင်ပြင်လက္ခဏာမှာ အဘယ်နည်း။ ယင်းမှာ သမ္မာတရားကို လက်ခံရန် ၎င်းတို့ လုံးဝ ငြင်းပယ်ခြင်း မဟုတ်သလော။ ၎င်းတို့သည် မှန်ကန်သော စကားတစ်ခွန်းကိုပင် လက်မခံနိုင်ကြပေ။ ၎င်းတို့က “သင်ပြောသည့်အရာ မှန်ကန်လျှင်ပင်၊ သင်သည် ကျွန်ုပ်၏ သိက္ခာကို ကူအဖတ်ဆယ်ပေးရန် လိုအပ်သေးသည်။ သင်သည် ပါးနပ်စွာ ပြောဆိုရန်လိုပြီး ကျွန်ုပ်ကို မထိခိုက်စေရ။ သင်၏စကားများက စူးရှပြီး ကျွန်ုပ်ကို မျက်နှာပျက်စေနိုင်လျှင်၊ သင်သည် ထိုစကားများကို ကျွန်ုပ်အား သီးသန့်ပြောဆိုရမည်။ သင်သည် ကျွန်ုပ်၏ မာနကို ထည့်မစဉ်းစားဘဲ၊ ဤအရှက်ရဖွယ် အကျပ်အတည်းမှ ထွက်ပေါက်တစ်ခုမပေးဘဲ လူအများရှေ့တွင် ကျွန်ုပ်ကို မထိခိုက်ရ။ ထို့အပြင် သင်ပြောသည့်အရာက မှားယွင်းသောကြောင့် ကျွန်ုပ် လက်တုံ့ပြန်ရမည်” ဟု စဉ်းစားကြသည်။ ပိုမိုဆိုးရွားသော ကိစ္စများတွင် ဤလူစားမျိုးတို့က “သင်၏စကားများ မည်မျှပင် မှန်ကန်စေကာမူ ကျွန်ုပ် လက်ခံမည်မဟုတ်။ သင်သည် အခြားမည်သူ့မဆိုအကြောင်းကို ပြောဆိုလျှင် အဆင်ပြေသည်၊ သို့သော် ကျွန်ုပ်ကို ပစ်မှတ်ထားခြင်းသည် သင်မှန်ကန်နေလျှင်ပင် အဆင်မပြေပါ”ဟု အတိုက်အခံလုပ်ကြသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုသည့်အခါတွင်ပင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များက ၎င်းတို့ကို ပစ်မှတ်ထားနေသည် သို့မဟုတ် ဖော်ထုတ်နေသည်ဟု ၎င်းတို့ ခံစားရပါက၊ ထိုနှုတ်ကပတ်တော်များကို ၎င်းတို့ အလွန်အမင်း မနှစ်မြို့ကြသည့်အပြင် နားထောင်ရန် မလိုလားကြပေ။ ၎င်းတို့ ရင်ဆိုင်နေရသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များသာ ဖြစ်သောကြောင့်၊ ကိုယ်တော်နှင့် အငြင်းအခုံပြုနိုင်ခြင်း မရှိကြပေ။ တစ်စုံတစ်ဦးက ၎င်းတို့၏ ပြဿနာများကိုဖြစ်စေ၊ အခြေအနေများကိုဖြစ်စေ ထိပ်တိုက် ထောက်ပြပါက၊ သို့မဟုတ် ၎င်းတို့ကို ပစ်မှတ်ထားရန် ရည်ရွယ်ခြင်းမရှိဘဲ မတော်တဆ ဖော်ပြမိပါက၊ ၎င်းတို့သည် လက်တုံ့ပြန်ကာ စကားစစ်ထိုးခြင်းများကို စတင်နိုင်စွမ်းရှိကြသည်။ ဤသည်မှာ ထိုသို့သော ပုဂ္ဂိုလ်များသည် သမ္မာတရားကို လက်ခံရန် လုံးဝ ငြင်းပယ်ကြသည်ဟု ဆိုလိုသည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ ၎င်းတို့၏ လူ့သဘာဝ အနှစ်သာရဖြစ်သည်၊ သမ္မာတရားကို လက်ခံရန် လုံးဝ ငြင်းပယ်ခြင်း ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့၏ စကားစစ်ထိုးခြင်းနှင့်ဆိုင်သည့် အကြောင်းအရာ သို့မဟုတ် ထိုစကားစစ်ထိုးမှုများဖြစ်ပွားသည့်နေရာ မည်သို့ပင်ဖြစ်စေ၊ ထိုသို့သော လူတို့၏ လူ့သဘာဝမှာ ရှင်းလင်းလှသည်။ ၎င်းတို့သည် သမ္မာတရားကို နားမလည်ကြသည့်အပြင်၊ တရားဒေသနာများအတောအတွင်း ပြောဆိုနေသည့်အရာကို ၎င်းတို့ နားလည်လျှင်ပင်၊ သမ္မာတရားကို လက်မခံကြပေ။ ၎င်းတို့သည် အပြန်အလှန် တိုက်ခိုက်ခြင်းတွင် ဆက်လက်ပါဝင်ပြီး စကားစစ်ထိုးခြင်းများတွင် အဆက်မပြတ် ပါဝင်ဆင်နွှဲကြဆဲဖြစ်သည် သို့မဟုတ် အခြားသူများကို မကြာခဏ တိုက်ခိုက်လေ့ရှိသည်။ ၎င်းတို့၏ ဤသရုပ်သကန်များဖြင့် အကဲဖြတ်သည့်အခါ၊ ၎င်းတို့သည် မည်သည့် လူစားမျိုးများ ဖြစ်ကြသနည်း။ ပထမဦးစွာ ၎င်းတို့သည် သမ္မာတရားကို ချစ်မြတ်နိုးသူများ ဖြစ်ကြသလော။ ၎င်းတို့သည် သမ္မာတရားကို နားလည်သည့်အခါ လက်တွေ့လုပ်ဆောင်နိုင်သော ပုဂ္ဂိုလ်များ ဖြစ်ကြသလော။ (မဟုတ်ပါ။) ၎င်းတို့သည် ပြဿနာများကို တွေ့ရှိသည့်အခါ ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေနိုင်ကြသလော။ (မရှာဖွေနိုင်ပါ။) ၎င်းတို့သည် အခြားလူများနှင့်စပ်လျဉ်း၍ အယူအဆများ၊ မလိုမုန်းထားမှုများ သို့မဟုတ် ပုဂ္ဂိုလ်ရေးဆိုင်ရာ ထင်မြင်ချက်များကို ထားရှိသည့်အခါ၊ သမ္မာတရားကို ရှာဖွေရန် ထိုအရာများကို ဘေးဖယ်ထားဖို့ ကနဦးခြေလှမ်းလှမ်းနိုင်ကြသလော။ (မလုပ်နိုင်ကြပါ။) ၎င်းတို့သည် ဤအရာများထဲမှ တစ်ခုကိုမျှ မပြုလုပ်နိုင်ကြပေ။ ၎င်းတို့ မစွမ်းဆောင်နိုင်သည့် ဤအရာအားလုံးကို ကြည့်ခြင်းအားဖြင့်၊ အခြားသူများကို တိုက်ခိုက်လေ့ရှိပြီး စကားစစ်ထိုးခြင်းများတွင် ပါဝင်လေ့ရှိသည့် ပုဂ္ဂိုလ်အားလုံးက လူကောင်းမဟုတ်ကြသည်မှာ သိသာထင်ရှားသည်။ ၎င်းတို့၏ အမျိုးမျိုးသော သရုပ်သကန်များမှ အကဲဖြတ်သည့်အခါ၊ ၎င်းတို့သည် သမ္မာတရားကို မချစ်မြတ်နိုးကြသည့်အပြင် ရှာဖွေရန်လည်း မလိုလားကြပေ။ သမ္မာတရားပါဝင်ပတ်သက်သော ကိစ္စရပ်များတွင်၊ ၎င်းတို့၌ မည်သည့် ဘက်လိုက်မှုများ သို့မဟုတ် မှားယွင်းသော အမြင်များ ဖြစ်ပေါ်သည်ဖြစ်စေ၊ ၎င်းတို့သည် မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်နေဆဲဖြစ်ပြီး သမ္မာတရားကို လုံးဝမရှာဖွေကြသည့်အပြင်၊ ၎င်းတို့ထံ သမ္မာတရားကို ရှင်းလင်းစွာ မိတ်သဟာယဖွဲ့သည့်အခါတွင်ပင် လက်ခံရန် ငြင်းပယ်ကြကာ လက်တွေ့လုပ်ဆောင်ရန်မှာ သာ၍ပင် မလိုလားကြပေ။ တစ်ချိန်တည်းတွင် ဤပုဂ္ဂိုလ်တို့သည် သာ၍ပင် စက်ဆုပ်ဖွယ်ကောင်းသော သရုပ်သကန်တစ်ခုကို ပြသကြသည်။ အချို့သော စကားလုံးများနှင့် အယူဝါဒများကို သိနားလည်မှု ရရှိပြီးနောက်၊ အခြားသူများအား ထင်ရာမြင်ရာ တိုက်ခိုက်ရန်၊ ဝေဖန်ရန်နှင့် ပြစ်တင်ရှုတ်ချရန်၊ ပြီးလျှင် အခြားသူများကို ဘောင်ခတ်ကာ ထိန်းချုပ်ရန်ပင် မိမိတို့ နားလည်သည့် ဤကြီးကျယ်သည့် အယူဝါဒများကို အသုံးပြုကြလေသည်။ အကယ်၍ ၎င်းတို့သည် သင့်ကို ၎င်းတို့၏ ဝေဖန်အကဲဖြတ်မှုများနှင့် ပြစ်တင်ရှုတ်ချမှုများဖြင့် မချိုးနှိမ်နိုင်ပါက၊ သင့်ကို အနှစ်မဲ့သော သီအိုရီများဖြင့် ဘောင်ခတ်ရန် နည်းလမ်းအမျိုးမျိုးကို ၎င်းတို့ စဉ်းစားကြလိမ့်မည်။ အကယ်၍ သင်က အလျှော့မပေးသေးပါက၊ ၎င်းတို့အား သင် အလျှော့ပေးသည်အထိ၊ သင် အားနည်းပြီး အပျက်သဘောဆောင်လာသည်အထိ၊ သို့မဟုတ် ၎င်းတို့ကို လေးစားလာပြီး ၎င်းတို့၏ ကြိုးကိုင်ညွှန်ကြားခြင်းကို ခံလာရသည်အထိ သင့်အား တိုက်ခိုက်ရန် သာ၍ပင် စက်ဆုပ်ဖွယ်ကောင်းပြီး ဆိုးရွားသော နည်းလမ်းများကို အားကိုးအားထားပြုကြလိမ့်မည်။ ထိုအခါ ၎င်းတို့ ကျေနပ်ကြလိမ့်မည်။ သို့ဖြစ်၍ သမ္မာတရားအပေါ် ဤပုဂ္ဂိုလ်တို့၏ အပြုအမူများ၊ သရုပ်သကန်များနှင့် သဘောထားတို့ကို အခြေခံ၍ ၎င်းတို့သည် မည်သည့် လူစားမျိုးများ ဖြစ်ကြသနည်း။ ၎င်းတို့သည် သမ္မာတရားကို လက်ခံရန် လုံးဝ ငြင်းပယ်ကြသည်။ ဤသည်မှာ သမ္မာတရားအပေါ် ၎င်းတို့၏ သဘောထားဖြစ်သည်။ ပြီးလျှင် ၎င်းတို့၏ လူ့သဘာဝနှင့်ပတ်သက်၍ကော မည်သို့နည်း။ ဤပုဂ္ဂိုလ်တို့ထဲမှ အများစုမှာ ဆိုးယုတ်သောသူများ ဖြစ်ကြသည်။ မယုတ်မလွန်ပြောရလျှင် ၎င်းတို့ထဲမှ ၉၀ ရာခိုင်နှုန်းထက်မကသောသူတို့သည် ဆိုးယုတ်သောသူများ ဖြစ်ကြသည်။ ဆိုးယုတ်သောသူများသည် ကိစ္စရပ်တိုင်းတွင် အမှားအမှန်ကို ရှင်းလင်းရန် ကြိုက်နှစ်သက်ကြသည်၊ သို့မဟုတ်ပါက ၎င်းတို့သည် ထိုကိစ္စကို လက်လွှတ်မည်မဟုတ်သည့်အပြင်၊ ဤသို့သော စိတ်တိမ်းညွှတ်မှုမျိုး အစဉ်အမြဲ ရှိကြသည်။ ထို့အပြင် အခြေအနေများနှင့် ရင်ဆိုင်ရသည့်အခါ ဆိုးယုတ်သော ပုဂ္ဂိုလ်များသည် လူများနှင့် အမှုအရာများအပေါ် တဝဲလည်လည် တွေးကြပြီး မိမိတို့၏ ကိုယ်ပိုင် ကျိုးကြောင်းပြချက်များကို အစဉ်အမြဲ တင်ပြလျက်၊ လူတိုင်းအား မိမိတို့ကို သဘောတူညီကာ ထောက်ခံရန်နှင့် မိမိတို့ မှန်ကန်ကြောင်း ပြောဆိုစေရန် အစဉ်အမြဲ ကြိုးစားကြလျက်၊ ပြီးလျှင် မည်သူ့ကိုမျှ မိမိတို့နှင့်ပတ်သက်၍ မကောင်းသည့်အရာတစ်ခုခု ပြောဆိုခွင့်မပေးဘဲ ထိုအရာများကို မဆုတ်မနစ် အစွဲအလမ်းကြီးကြလေသည်။ ထို့အပြင် ဆိုးယုတ်သောသူများသည် အခြေအနေများနှင့် ရင်ဆိုင်ရသည့်အခါ လူတို့ကို ချုပ်နှောင်ရန်နှင့် ထိန်းချုပ်ရန် အခွင့်အလမ်းများကို အစဉ်အမြဲ ရှာဖွေကြသည်။ လူတို့ကို ထိန်းချုပ်ရန် မည်သည့်နည်းလမ်းကို ၎င်းတို့ အသုံးပြုကြသနည်း။ ၎င်းတို့အနေဖြင့် အခြားလူတိုင်းက မိမိတို့သည် ချို့ငဲ့ကြကြောင်း၊ ပြဿနာများနှင့် ချို့ယွင်းချက်များ ရှိကြောင်း၊ ပြီးလျှင် ဤဆိုးယုတ်သောသူများထက် မိမိတို့နိမ့်ကျကြောင်း ယုံကြည်လာစေလျက် လူတိုင်းကို ပြစ်တင်ရှုတ်ချကြသည်။ ထို့နောက်တွင် ဆိုးယုတ်သောသူများသည် ကျေနပ်အားရပြီး ပျော်ရွှင်ကြလေသည်။ ၎င်းတို့သည် မိမိတို့သာ ရပ်ကျန်ရစ်စေလျက် အခြားလူတိုင်းကို အနိုင်ယူပြီးသည့်အခါ၊ ၎င်းတို့အနေဖြင့် လူတိုင်းကို မိမိတို့၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိစေပြီးဖြစ်သည် မဟုတ်လော။ လူတို့ကို ထိန်းချုပ်ခြင်းဖြင့် ၎င်းတို့ ရရှိသော ရည်ရွယ်ချက်မှာ လူတိုင်းကို ပြစ်တင်ရှုတ်ချပြီး အနိုင်ယူရန်၊ လူတိုင်းက မိမိတို့အနေဖြင့် အရည်အချင်းမရှိဟု ယုံကြည်လာစေရန်၊ အပျက်သဘောဆောင်ပြီး အားနည်းလာစေရန်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားအပေါ် ယုံကြည်ခြင်း ပျောက်ဆုံးစေရန်၊ ပြီးလျှင် ဘုရားသခင်အပေါ် ယုံကြည်ခြင်း ပျောက်ဆုံးပြီး လိုက်လျှောက်ရမည့် လမ်းကြောင်း မရှိစေရန် ဖြစ်သည်။ ဤနောက်တွင် ဤဆိုးယုတ်သောသူများသည် ပျော်ရွှင်ပြီး စိတ်ကျေနပ်ကြသည်။ ဤသွင်ပြင်လက္ခဏာများကို ကြည့်သည့်အခါ၊ ဤသို့သော ပုဂ္ဂိုလ်တို့၏ အများစုမှာ ဆိုးယုတ်သောသူများ ဖြစ်ကြသည်မှာ ရှင်းလင်းသည် မဟုတ်လော။ အုပ်စုတစ်ခုတွင် ရှိနေသည့်အခါ မည်သည့်လူစားမျိုးတို့က အခြားသူများကို မျက်နှာချင်းဆိုင်ဖြစ်စေ၊ နောက်ကွယ်တွင်ဖြစ်စေ၊ အခြားသူများကို ထိုးနှက်တိုက်ခိုက်ရန် နည်းလမ်းအမျိုးမျိုးကို အသုံးပြုလျက် အစဉ်အမြဲ ထိုးနှက်တိုက်ခိုက်လေ့ရှိသည်ကို ကြည့်လော့။ ထိုသို့သောလူများသည် ဆိုးယုတ်သောသူများ ဖြစ်ကြသည်။ ဤပုဂ္ဂိုလ်များသည် သမ္မာတရားကို လုံးဝလက်မခံကြသည့်အပြင် သမ္မာတရားကို မိတ်သဟာယမဖွဲ့ကြပေ။ ၎င်းတို့က မိမိတို့သည် ကောင်းသောသူများဖြစ်ကြောင်း၊ မိမိတို့လုပ်ဆောင်သမျှသည် ကျိုးကြောင်းညီညွတ်ပြီး အခြေအမြစ်ရှိကြောင်း၊ ပြီးလျှင် မိမိတို့သည် ဖြောင့်မှန်ပြီး ပွင့်လင်းမြင်သာသော ပုံစံဖြင့် ပြုမူကျင့်ကြံကြောင်း ကြွားဝါရန် အခြေအနေတစ်ခုကို မကြာခဏ အမိအရ အသုံးချကြသည်။ ၎င်းတို့အနေဖြင့် ရည်မွန်ပြီး ဂုဏ်အသရေရှိသောလူများဖြစ်ကြောင်းနှင့် ရိုးသားဖြောင့်မတ်ကာ တရားမျှတသော ပုဂ္ဂိုလ်များဖြစ်ကြောင်း အမြဲ ကြွားဝါကြသည်။ ဤလူတို့သည် သမ္မာတရားကို မည်သည့်အခါမျှ သက်သေမခံကြသည့်အပြင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကိုလည်း သက်သေမခံကြပေ။ ၎င်းတို့သည် လူများနှင့် အမှုအရာများအပေါ် မဆုတ်မနစ် အစွဲအလမ်းကြီးရန်နှင့် မိမိတို့၏ ကိုယ်ပိုင် ကျိုးကြောင်းပြချက်များကို တင်ပြရန်သာ ကြိုက်နှစ်သက်ကြသည်။ ၎င်းတို့၏ ကြံရွယ်ချက်နှင့် ရည်ရွယ်ချက်မှာ ၎င်းတို့အနေဖြင့် ကောင်းသောသူများဖြစ်ကြောင်းနှင့် အရာရာကို နားလည်ကြောင်း လူတို့အား ယုံကြည်စေရန် ဖြစ်သည်။ အသင်းတော်တွင် မကြာခဏ အပြန်အလှန် တိုက်ခိုက်ခြင်းနှင့် စကားစစ်ထိုးခြင်းတို့တွင် ပါဝင်သောသူများနှင့်စပ်လျဉ်း၍၊ တိုက်ခိုက်မှုကို စတင်သူများဖြစ်စေ၊ တိုက်ခိုက်ခြင်းခံရသူများဖြစ်စေ၊ အသင်းတော်အသက်တာက နှောင့်ယှက်ခြင်းနှင့် အဖျက်အမှောင့်လုပ်ခြင်း ခံရပါက၊ လူအများစုသည် ထိုသူတို့ကိုသတိပေးရန်နှင့် ကန့်သတ်ရန် ထရပ်သင့်သည်။ ဤလူတို့အား မကောင်းသောအရာများ ပြုလုပ်လျက် သောင်းကျန်းရန် အချိန်မပေးသင့်သည့်အပြင်၊ ၎င်းတို့၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ မလိုမုန်းတီးခြင်းနှင့် ယာယီဒေါသတို့ကြောင့် ဖြစ်ပေါ်လာသော ကိုယ်ရေးကိုယ်တာ အငြိုးအတေးကို ထုတ်ဖော်ခြင်းနှင့် လက်စားချေခြင်း အပြုအမူများဖြင့် အခြားသူများကို ထိခိုက်စေရန်လည်း ခွင့်မပြုသင့်ပေ။ အသင်းတော် ခေါင်းဆောင်များသည်လည်း ဤလူတို့အား အသင်းတော်အသက်တာကို အဖျက်အမှောင့်လုပ်ခြင်းနှင့် နှောင့်ယှက်ခြင်းတို့မှ ထိရောက်စွာ ကန့်သတ်လျက်၊ ပြီးလျှင် လူအများစုကို နှောင့်ယှက်ခံရခြင်းမှ ကာကွယ်လျက် တာဝန်သိသော ပုံစံဖြင့် မိမိတို့၏ တာဝန်ဝတ္တရားများကို ဖြည့်ဆည်းသင့်သည်။ လူတို့သည် အပြန်အလှန် တိုက်ခိုက်ခြင်းနှင့် စကားစစ်ထိုးခြင်းတို့တွင် ပါဝင်သည့်အခါ၊ အသင်းတော် ခေါင်းဆောင်များသည် ၎င်းတို့ကို အချိန်မီ တားဆီးပြီး ကန့်သတ်နိုင်သင့်သည်။ ၎င်းတို့ကို တားဆီးရန်နှင့် ကန့်သတ်ရန် ကြိုးစားခြင်းက ပြဿနာကို မဖြေရှင်းနိုင်သည့်အပြင်၊ ၎င်းတို့အနေဖြင့် ဆက်လက်၍ အချင်းချင်း တိုက်ခိုက်ပြီး စကားစစ်ထိုးခြင်းများ၊ အခြားသူများကို နှောင့်ယှက်ခြင်းတို့တွင် ပါဝင်ပြီး အသင်းတော်အသက်တာကို ဆက်လက် ထိခိုက်နစ်နာစေပါက၊ ထိုသို့သော ပုဂ္ဂိုလ်များသည် ရှင်းလင်းပစ်ခြင်း သို့မဟုတ် နှင်ထုတ်ခြင်း ခံရသင့်သည်။ ဤသည်မှာ အသင်းတော် ခေါင်းဆောင်များ၏ တာဝန်ဖြစ်သည်။
အပြန်အလှန် တိုက်ခိုက်ခြင်းနှင့် စကားစစ်ထိုးခြင်းတို့တွင် ပါဝင်သောသူတို့၏ အပြုအမူများနှင့် သရုပ်သကန်များအကြောင်းကို ငါတို့ အတော်အတန် မိတ်သဟာယဖွဲ့ကြပြီးဖြစ်သည်။ ၎င်းတို့၏ လူ့သဘာဝအကြောင်းကိုလည်း ယခုလေးတင် ငါတို့ အကျဉ်းချုံး၍ စိတ်ဖြာလေ့လာဆွေးနွေးပြီး မိတ်သဟာယဖွဲ့ခဲ့သည်။ ယင်းက သင်တို့ကို ၎င်းတို့အပေါ် ပိုမိုပိုင်းခြားသိမြင်မှု ရရှိနိုင်စေလိမ့်မည်ဖြစ်ပြီး ၎င်းတို့ စကားပြောဆိုပြီး ပြုမူဆောင်ရွက်သည့်အခါ သင်တို့အများစုအား မည်သည့်အရာဖြစ်နေသည်ကို နားလည်နိုင်စေကာ ၎င်းတို့ကို အချိန်မီ ပိုင်းခြားသိမြင်နိုင်စေလိမ့်မည်။ ဤလူတို့၏ အနှစ်သာရကို သင်တို့ ပိုမိုနှံ့စပ်စွာ နားလည်ပြီး သိရှိလေ၊ ၎င်းတို့ကို သင်တို့ ပိုမိုလျင်မြန်စွာ ပိုင်းခြားသိမြင်နိုင်လေဖြစ်ပြီး၊ အကျိုးဆက်အနေဖြင့် သင်တို့သည် ၎င်းတို့၏ နှောင့်ယှက်ခြင်းကို ခံရမှု ပို၍ နည်းသည်ထက် နည်းပါးလာလိမ့်မည်။ အပြန်အလှန် တိုက်ခိုက်ခြင်းနှင့် စကားစစ်ထိုးခြင်းတို့တွင် ပါဝင်သောသူတို့က အသင်းတော်အသက်တာနှင့် ဘုရားသခင် ရွေးချယ်ထားသောလူများအပေါ် ဖြစ်စေသော အန္တရာယ်အကြောင်းကို သင်တို့အများစု ရှင်းလင်းစွာ သိရှိသင့်သည်။ ဤလူစားမျိုးတို့သည် မိမိတို့ကိုယ်ကို ဆင်ခြင်သုံးသပ်ပြီး တိုက်ခိုက်ခြင်းကို သေချာပေါက် ရပ်တန့်ကြလိမ့်မည် မဟုတ်ပေ။ အကယ်၍ ၎င်းတို့ကို ချက်ချင်းကိုင်တွယ်ဖြေရှင်းပြီး ရှင်းလင်းပစ်ခြင်းမရှိပါက၊ ၎င်းတို့သည် အသင်းတော်အသက်တာကို အဆက်မပြတ် အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်မှုများ ဖြစ်စေလိမ့်မည်။ ထို့ကြောင့် ထိုသို့သောလူများကို ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ရှင်းလင်းပစ်ခြင်းသည် အသင်းတော် ခေါင်းဆောင်များအတွက် အလွန် အရေးကြီးသော အလုပ်ကိစ္စတစ်ခုဖြစ်ပြီး ယင်းကို လျစ်လျူရှု၍ မဖြစ်ပေ။
၂၀၂၁ ခုနှစ်၊ ဇွန်လ ၅ ရက်
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။