ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၁၆) အခန်း တစ်

အချက် ၁၂- ဘုရားသခင်၏ အလုပ်နှင့် အသင်းတော်၏ ပုံမှန်အစီအစဉ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သော အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို အချိန်မီ တိကျစွာ ဖော်ထုတ်သတ်မှတ်လော့။ ပြီးလျှင် ၎င်းတို့ကို ရပ်တန့်၍ ချုပ်ချယ်ကန့်သတ်ပြီး အခြေအနေများကို ပြန်လည်ကောင်းမွန်အောင် ပြုလုပ်လော့။ ထို့အပြင် ဘုရားသခင် ရွေးချယ်ထားသောလူများက ထိုသို့သောအရာများမှတစ်ဆင့် ပိုင်းခြားသိမြင်နိုင်စွမ်း တိုးပွားလာပြီး ယင်းတို့ထံမှ သင်ယူတတ်မြောက်စေရန် သမ္မာတရားကို မိတ်သဟာယဖွဲ့လော့ (အပိုင်း ၄)

အသင်းတော်အသက်တာကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သည့် အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများ

၈။ အယူအဆများကို ဖြန့်ဝေခြင်း

က။ အယူအဆများကို ဖြန့်ဝေခြင်း၏ သရုပ်သကန်များ

ယနေ့တွင် ငါတို့သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ ဆယ့်နှစ်ခုမြောက် တာဝန်ဖြစ်သည့် “ဘုရားသခင်၏ အလုပ်နှင့် အသင်းတော်၏ ပုံမှန်အစီအစဉ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သော အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို အချိန်မီ တိကျစွာ ဖော်ထုတ်သတ်မှတ်လော့။ ပြီးလျှင် ၎င်းတို့ကို ရပ်တန့်၍ ချုပ်ချယ်ကန့်သတ်ပြီး အခြေအနေများကို ပြန်လည်ကောင်းမွန်အောင် ပြုလုပ်လော့။ ထို့အပြင် ဘုရားသခင် ရွေးချယ်ထားသောလူများက ထိုသို့သောအရာများမှတစ်ဆင့် ပိုင်းခြားသိမြင်နိုင်စွမ်း တိုးပွားလာပြီး ယင်းတို့ထံမှ သင်ယူတတ်မြောက်စေရန် သမ္မာတရားကို မိတ်သဟာယဖွဲ့လော့”ဟူသည်ကို ဆက်လက်၍ မိတ်သဟာယဖွဲ့ကြမည်။ အသင်းတော်အသက်တာတွင် ဖြစ်ပေါ်သည့် အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများဆိုင်ရာ အမျိုးမျိုးသော ပြဿနာများနှင့်ပတ်သက်၍ ငါတို့သည် ဆယ့်တစ်ချက်ကို စာရင်းပြုစုခဲ့သည်။ ပြီးခဲ့သည့်အကြိမ်က ငါတို့သည် သတ္တမမြောက်ပြဿနာဖြစ်သည့် အပြန်အလှန်တိုက်ခိုက်ခြင်းနှင့် စကားစစ်ထိုးခြင်းအကြောင်းကို မိတ်သဟာယဖွဲ့ခဲ့ကြသည်။ ယနေ့တွင် အဋ္ဌမမြောက်ပြဿနာဖြစ်သည့် အယူအဆများကို ဖြန့်ဝေခြင်းအား ငါတို့ မိတ်သဟာယဖွဲ့မည်ဖြစ်သည်။ အယူအဆများကို ဖြန့်ဝေခြင်းသည်လည်း အသင်းတော်အသက်တာတွင် မကြာခဏ ဖြစ်ပွားလေ့ရှိသည်။ သမ္မာတရားကို လုံးဝလက်မခံသော အချို့လူများသည် ၎င်းတို့၏ အယူအဆများနှင့် စိတ်ကူးများကို အခြေခံ၍ ဘုရားသခင်ကို ယုံကြည်ကြပြီး အသင်းတော်အသက်တာကို နှောင့်ယှက်ရန် အယူအဆအချို့ကို မကြာခဏ ဖြန့်ဝေကြသည်။ အသင်းတော်သည် ဤအပြုအမူကို ကန့်သတ်ရမည်ဖြစ်ပြီး အသင်းတော်အသက်တာတွင် သမ္မာတရားကို မိတ်သဟာယဖွဲ့ခြင်းမှတစ်ဆင့် ယင်းကို ဖြေရှင်းရမည်ဖြစ်သည်။ တိုက်ရိုက် ရှုထောင့်အမြင်မှကြည့်လျှင်၊ အယူအဆများကို ဖြန့်ဝေခြင်းသည် မှန်ကန်သော အပြုအမူမဟုတ်ကြောင်း၊ ယင်းသည် အပြုသဘောဆောင်သည့်အရာမဟုတ်ဘဲ အပျက်သဘောဆောင်သည့်အရာဖြစ်ကြောင်း မည်သူမဆို မြင်နိုင်သည်။ ထို့ကြောင့် ယင်းကို အသင်းတော်အသက်တာတွင် တားဆီးကာ ကန့်သတ်သင့်သည်။ မည်သည့် လူစားမျိုးက အယူအဆများကို ဖြန့်ဝေသည်ဖြစ်စေ၊ ၎င်းတို့၏ ကြံရွယ်ချက်များ မည်သို့ပင်ဖြစ်စေ၊ ၎င်းတို့သည် အယူအဆများကို တမင်တကာ ဖြန့်ဝေသည်ဖြစ်စေ၊ မရည်ရွယ်ဘဲ ဖြန့်ဝေသည်ဖြစ်စေ ထိုအယူအဆများကို ၎င်းတို့ ဖြန့်ဝေနေသရွေ့၊ ယင်းသည် အသင်းတော်အသက်တာကို ထိခိုက်နစ်နာစေသော သက်ရောက်မှုများ ဖြစ်စေလျက် အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်လိမ့်မည်။ ထို့ကြောင့် ဤကိစ္စရပ်ကို ရာနှုန်းပြည့် ကန့်သတ်ရမည်ဖြစ်သည်။ မည်သည့်ရှုထောင့်အမြင်မှကြည့်သည်ဖြစ်စေ အယူအဆများကို ဖြန့်ဝေခြင်းသည် လူတို့၏ သမ္မာတရားကို လိုက်စားခြင်း၊ ဘုရားသခင်ကို သိကျွမ်းခြင်းအား လိုက်စားခြင်း သို့မဟုတ် ၎င်းတို့၏ သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ခြင်းတို့တွင် အပြုသဘောဆောင်သော အခန်းကဏ္ဍတစ်ခုကို ဆောင်ရွက်နိုင်ခြေမရှိပေ။ ယင်းသည် ဤအရာများကို နှောင့်ယှက်ခြင်းနှင့် ပျက်စီးစေခြင်း အကျိုးသက်ရောက်မှုသာ ရှိနိုင်သည်။ သို့ဖြစ်၍ တစ်စုံတစ်ဦးက အသင်းတော်အသက်တာတွင် အယူအဆများကို ဖြန့်ဝေသည့်အခါ လူတိုင်းဖြစ်သည့် အသင်းတော် ခေါင်းဆောင်များနှင့် ညီအစ်ကိုမောင်နှမများက ထပ်တူထပ်မျှ ဤကိစ္စရပ်ကို ပိုင်းခြားသိမြင်သင့်ပြီး အခြားသူများကို အထင်အမြင်မှားစေရန်နှင့် နှောင့်ယှက်ရန် အယူအဆများကို ဖြန့်ဝေခြင်း၌ ကြောင်းကျိုးမမြင်ဘဲ လိုက်လျောခြင်းထက် တားဆီးကာ ကန့်သတ်ရန် ချက်ချင်း ရှေ့ထွက်သင့်သည်။ မည်သည့် စကားအမျိုးအစားက အယူအဆများအား ဖြန့်ဝေခြင်း ဖြစ်သည်ကို ဦးစွာ မိတ်သဟာယဖွဲ့ကြစို့။ ဤပိုင်းခြားသိမြင်မှုဖြင့် လူတို့သည် အယူအဆများကို ဖြန့်ဝေခြင်းဆိုသည်မှာ အဘယ်အရာဖြစ်သည်ကို တိကျစွာ အဓိပ္ပာယ်ဖွင့်ဆိုနိုင်ပြီး ယင်းကို လျစ်လျူရှုကာ ဥပေက္ခာပြုခြင်းဖြင့် သဘောထားမည့်အစား တိကျစွာ တားဆီးကာ ကန့်သတ်နိုင်ပေမည်။

၁။ ဘုရားသခင်နှင့်ပတ်သက်သော အယူအဆများကို ဖြန့်ဝေခြင်း

ဖြန့်ဝေသော အယူအဆများသည် ပစ်မှတ်ထားခြင်းဖြစ်၏။ ပထမဆုံးအနေဖြင့်၊ ငါတို့သည် ၎င်းတို့က မည်သူ့ကို ဦးတည်သည်ကိုလည်းကောင်း၊ မည်သည့်အယူအဆများကို ဖြန့်ဝေထားသည်ကိုလည်းကောင်း မြင်ရန် လိုအပ်သည်။ ဤအရာများကို နားလည်ခြင်းက လူတို့ပြောဆိုသည့် မည်သည့်ထွက်ဆိုချက်များနှင့် လူတို့ဖြန့်ဝေသည့် မည်သည့် သဘောထားအမြင်များက အယူအဆများဖြစ်သည်ကို သိရှိရန် သင့်ကို ကူညီလိမ့်မည်။ မည်သည့်စကားလုံးများက လူတို့၏ အယူအဆများဖြစ်သည်ကိုလည်းကောင်း၊ မည်သည့်လုပ်ဆောင်ချက်များက အယူအဆများကို ဖြန့်ဝေခြင်း ဖြစ်သည်ကိုလည်းကောင်း သိရှိခြင်းက လူတို့အား အယူအဆများ ဖြန့်ဝေခြင်းကို ပို၍ တိကျစွာနှင့် ပို၍ ဆီလျော်မှုရှိစွာဖြင့် ကန့်သတ်နိုင်စေလိမ့်မည်။ ပထမဦးစွာ အပြင်းထန်ဆုံးသော အယူအဆများကို ဖြန့်ဝေခြင်းတွင် ဘုရားသခင်နှင့်ပတ်သက်သည့် လူတို့၏ စိတ်ကူးများနှင့် အထင်အမြင်လွဲမှားမှုများ ပါဝင်သည်။ ဤသည်မှာ အဓိက အမျိုးအစားတစ်ခု ဖြစ်သည်။ ဘုရားသခင်၏ ပင်ကိုလက္ခဏာ၊ ဘုရားသခင်၏ အနှစ်သာရ၊ ဘုရားသခင်၏ စိတ်သဘောထား၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ တည်ရှိခြင်းတို့နှင့်ပတ်သက်၍ အချက်အလက်နှင့်မညီသော သဘောထားအမြင်များနှင့် ဖော်ပြချက်များကို ဖြန့်ဝေခြင်းသည် အယူအဆများကို ဖြန့်ဝေခြင်းပင် ဖြစ်သည်။ ဤသည်မှာ ယေဘုယျ ဖော်ပြချက်ဖြစ်သည်။ တိတိကျကျအားဖြင့် မည်သည့် ဖော်ပြချက်အမျိုးအစားက အယူအဆများကို ဖြန့်ဝေခြင်း ဖြစ်သနည်း။ ဘုရားသခင်နှင့်ပတ်သက်၍ အထင်လွဲမှားမှုများကို ဖြန့်ဝေခြင်း၊ ဘုရားသခင်ကို ဝေဖန်ခြင်းများနှင့် ပြစ်တင်ရှုတ်ချခြင်းများ၊ ဘုရားသခင်ကို ပြစ်မှားစော်ကားခြင်းများပင်လျှင် အယူအဆများကို ဖြန့်ဝေခြင်းချည်းသာ ဖြစ်သည်။ ရိုးရှင်းစွာဆိုရလျှင် လက်တွေ့အရှိတရားနှင့် မကိုက်ညီသော ဘုရားသခင်နှင့်ဆိုင်သည့် သိနားလည်မှုများကို ဖြန့်ဝေခြင်းနှင့် ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရတို့နှင့် မကိုက်ညီသော ဖော်ပြချက်များအပြင် အဓိပ္ပာယ်ကောက်လွဲမှားခြင်းများကို ဖြန့်ဝေခြင်းအားလုံးသည် အယူအဆများကို ဖြန့်ဝေခြင်းဖြစ်သည်။ ဥပမာအားဖြင့် အသင်းတော်အသက်တာတွင် အချို့လူများသည် ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် ဘုရားသခင်၏ အနှစ်သာရအကြောင်းကို မကြာခဏ ပြောဆိုကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရအပေါ် စစ်မှန်သော သိနားလည်မှု မရှိကြပေ။ ၎င်းတို့သည် ဘုရားသခင်က ၎င်းတို့အတွက် စီစဉ်ပေးသော နေထိုင်မှုပတ်ဝန်းကျင်နှင့် မိမိတို့၏ တာဝန်များကို ထမ်းဆောင်ခြင်းအတွက်ဖြစ်သော ပတ်ဝန်းကျင် စသည်တို့ကို ကျိုးနွံနာခံနိုင်ခြင်း မရှိကြဘဲလျက် မိမိတို့၏ စိတ်နှလုံးထဲတွင် ဘုရားသခင်ကို မကြာခဏ သံသယဝင်ပြီး အထင်လွဲမှားကြသည်။ ထို့နောက် ၎င်းတို့သည် ဘုရားသခင်နှင့်ပတ်သက်၍ မိမိတို့၏ အထင်လွဲမှားမှုများနှင့် ဘုရားသခင်ကို နားမလည်ခြင်းနှင့်ပတ်သက်သည့် မိမိတို့၏ စိတ်ကူးများကို ဖြန့်ဝေကြသည်။ တိုတိုပြောရလျှင်၊ ဤစိတ်ကူးများသည် ဖန်ဆင်းခံလူသားတစ်ဦး၏ ရှုထောင့်အမြင်မှနေ၍ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို လက်ခံခြင်းနှင့် ကျိုးနွံနာခံခြင်းအကြောင်း မဟုတ်ဘဲ၊ ထိုအစား ပုဂ္ဂိုလ်ရေးဆိုင်ရာ မလိုမုန်းထားမှုများ၊ အထင်လွဲမှားမှုများအပြင်၊ ဝေဖန်ခြင်းများနှင့် ပြစ်တင်ရှုတ်ချခြင်းများဖြင့်ပင် ပြည့်နေသည်။ ဤအရာများကို ကြားပြီးနောက် အခြားလူတို့သည် ဘုရားသခင်နှင့်ပတ်သက်၍ အထင်လွဲမှားမှုများနှင့် သူ့အပေါ် သတိထားမှု ဖြစ်လာကြသည်။ ထိုသို့ဖြင့် စစ်မှန်သော ကျိုးနွံနာခံခြင်းရှိရန် မဆိုထားနှင့်၊ ဘုရားသခင်၌ ၎င်းတို့၏ စစ်မှန်သော ယုံကြည်ခြင်းကို ဆုံးရှုံးကြလေသည်။

ဘုရားသခင်ကို ယုံကြည်ခြင်းက ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းကို ဆောင်ကြဉ်းပေးသင့်သည်ဟုလည်းကောင်း၊ အခြေအနေများနှင့် ကြုံတွေ့ရပါက ဘုရားသခင်ထံ ဆုတောင်းရန်သာ လိုအပ်ပြီး ဘုရားသခင်က နားညောင်းလိမ့်မည်ဖြစ်ကာ ၎င်းတို့အား ကျေးဇူးတော်နှင့် ကောင်းချီးမင်္ဂလာများ ပေးသနားလိမ့်မည်ဖြစ်သည့်အပြင် ၎င်းတို့အတွက် အရာရာတိုင်း အေးချမ်းစွာနှင့် ချောမွေ့စွာ ဖြစ်သွားသည်ကို သေချာစေလိမ့်မည်ဟုလည်းကောင်း လူအချို့က တွေးထင်ကြသည်။ ဘုရားသခင်ကို ယုံကြည်ခြင်း၌ ၎င်းတို့၏ ရည်ရွယ်ချက်မှာ ကျေးဇူးတော်ကို ရှာဖွေရန်၊ ကောင်းချီးမင်္ဂလာများ ရရှိရန်နှင့် ငြိမ်သက်ခြင်းနှင့် ပျော်ရွှင်မှုကို မွေ့လျော်ခံစားရန် ဖြစ်သည်။ ဤအမြင်များကြောင့်ပင် ၎င်းတို့သည် ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို အသုံးခံရန် မိမိတို့၏ မိသားစုများကို စွန့်လွှတ် သို့မဟုတ် မိမိတို့၏ အလုပ်များကို နုတ်ထွက်ကြကာ ဆင်းရဲဒုက္ခကို ခံနိုင်ပြီး အဖိုးအခပေးနိုင်ကြခြင်း ဖြစ်သည်။ ၎င်းတို့သည် ထူးကဲသော အပြုအမူကို ပြသလျက် အမှုအရာများကို စွန့်လွှတ်သရွေ့၊ ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို အသုံးခံသရွေ့၊ ဆင်းရဲဒုက္ခကို ကြံ့ကြံ့ခံပြီး လုံ့လဝီရိယဖြင့် အလုပ်လုပ်သရွေ့၊ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများနှင့် မျက်နှာသာပေးမှုကို ရရှိကြလိမ့်မည်ဟုလည်းကောင်း၊ မည်သည့် အခက်အခဲများကို ကြုံတွေ့ရသည်ဖြစ်စေ ဘုရားသခင်ထံ ဆုတောင်းသရွေ့ သူက ၎င်းတို့ကို ဖြေရှင်းပေးပြီး အရာရာ၌ ၎င်းတို့အတွက် လမ်းကြောင်းတစ်ခုကို ဖွင့်ပေးလိမ့်မည်ဟုလည်းကောင်း ၎င်းတို့က ယုံကြည်ကြသည်။ ဤသည်မှာ ဘုရားသခင်ကို ယုံကြည်သော လူအများစုက စွဲကိုင်ထားသည့် သဘောထားအမြင်ဖြစ်သည်။ ဤသဘောထားအမြင်က တရားနည်းလမ်းကျပြီး မှန်ကန်သည်ဟု လူတို့က ခံစားကြရသည်။ မိမိတို့၏ ယုံကြည်ခြင်းကို မစွန့်လွှတ်ဘဲ နှစ်ပေါင်းများစွာ ဘုရားသခင်၌ မိမိတို့၏ ယုံကြည်ခြင်းကို ဆက်လက်ထိန်းသိမ်းထားဖို့ လူများစွာ၏ တတ်စွမ်းနိုင်ခြင်းသည် ဤသဘောထားအမြင်နှင့် တိုက်ရိုက်ဆက်စပ်နေသည်။ ၎င်းတို့က “ကျွန်ုပ်သည် ဘုရားသခင်အတွက် အလွန်များစွာ အသုံးခံပြီးဖြစ်သည်။ ကျွန်ုပ်၏ အပြုအမူသည် အလွန်ကောင်းမွန်ခဲ့ပြီးဖြစ်သည်။ မည်သည့် ဒုစရိုက်အမှုများကိုမျှ ကျွန်ုပ် မလုပ်ဆောင်ခဲ့ပါ။ ဘုရားသခင်သည် ကျွန်ုပ်ကို သေချာပေါက် ကောင်းချီးပေးလိမ့်မည်။ အလုပ်တာဝန်တိုင်းအတွက် ကျွန်ုပ်သည် ဆင်းရဲဒုက္ခများစွာ ခံခဲ့ရပြီး ကြီးမားသော အဖိုးအခကို ပေးခဲ့ကာ၊ မည်သည့်အမှားမျှ မလုပ်ဘဲ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သတ်မှတ်ချက်များအတိုင်း အရာရာကို လုပ်ဆောင်ခဲ့သောကြောင့် ဘုရားသခင်က ကျွန်ုပ်ကို ကောင်းချီးပေးသင့်သည်။ ကိုယ်တော်သည် ကျွန်ုပ်အတွက် အရာရာတိုင်း ချောမွေ့စွာ ဖြစ်သွားရန် သေချာစေသင့်ပြီး၊ ကျွန်ုပ်သည် ကျွန်ုပ်၏ စိတ်နှလုံးထဲတွင် ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်း မကြာခဏ ရှိကာ ဘုရားသခင်၏ မျက်မှောက်တော်ကို မွေ့လျော်ခံစားသင့်သည်”ဟု တွေးထင်ကြသည်။ ဤသည်မှာ လူ့အယူအဆနှင့် စိတ်ကူးစိတ်သန်းတစ်ခု မဟုတ်လော။ လူသား ရှုထောင့်အမြင်မှကြည့်လျှင် လူတို့သည် ဘုရားသခင်၏ ကျေးဇူးတော်ကို မွေ့လျော်ခံစားပြီး အကျိုးကျေးဇူးများကို လက်ခံရရှိကြသည်။ သို့ဖြစ်၍ ဤအတွက် ဆင်းရဲဒုက္ခ အနည်းငယ်ခံရခြင်းသည် အဓိပ္ပာယ်ရှိပြီး၊ ဤဆင်းရဲဒုက္ခကို ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများအတွက် လဲလှယ်ခြင်းက အကျိုးနပ်ပေသည်။ ဤသည်မှာ ဘုရားသခင်နှင့် အပေးအယူလုပ်သော စိတ်နေစိတ်ထားတစ်ခု ဖြစ်သည်။ သို့သော်လည်း သမ္မာတရား၏ ရှုထောင့်အမြင်နှင့် ဘုရားသခင်၏ ရှုထောင့်အမြင်မှကြည့်လျှင် ဤအရာသည် ဘုရားသခင်၏ အမှုတော်နှင့်ဆိုင်သော စည်းမျဉ်းများနှင့် အခြေခံအားဖြင့် မကိုက်ညီသည့်အပြင် ဘုရားသခင်က လူတို့အပေါ် တောင်းဆိုသော စံနှုန်းများနှင့်လည်း မကိုက်ညီပေ။ ယင်းသည် ဖြစ်လိုသော အတွေး၊ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့်ပတ်သက်၍ လူ့အယူအဆနှင့် စိတ်ကူးတစ်ခုသက်သက်သာ လုံးလုံးလျားလျား ဖြစ်ပေသည်။ ယင်းတွင် ဘုရားသခင်နှင့် အပေးအယူလုပ်ခြင်း သို့မဟုတ် တစ်စုံတစ်ရာကို ဘုရားသခင်ထံမှ တောင်းဆိုခြင်းတို့ ပါဝင်သည်ဖြစ်စေ၊ သို့မဟုတ် လူ့အယူအဆများနှင့် စိတ်ကူးများ ပါဝင်သည်ဖြစ်စေ၊ မည်သို့ပင်ဖြစ်စေ ယင်းတို့ထဲမှ တစ်ခုမျှသည် ဘုရားသခင်၏ လိုအပ်ချက်များနှင့် မကိုက်ညီသည့်အပြင်၊ လူတို့ကို ကောင်းချီးပေးခြင်းအတွက် ဘုရားသခင်၏ စည်းမျဉ်းများ၊ စံနှုန်းများကိုလည်း မပြည့်မီပေ။ အထူးသဖြင့်၊ ဤအပေးအယူဆန်သော အတွေးနှင့် သဘောထားအမြင်သည် ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားသော်လည်း လူတို့က ထိုအရာကို သတိမပြုမိကြပေ။ ဘုရားသခင် လုပ်ဆောင်သည့်အရာက လူတို့၏ အယူအဆများနှင့် မကိုက်ညီသည့်အခါ ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးထဲတွင် ကိုယ်တော်နှင့်ပတ်သက်၍ မကျေနပ်ချက်များနှင့် အထင်လွဲမှားမှုများ လျင်မြန်စွာ ဖြစ်ပေါ်လာကြသည်။ ၎င်းတို့သည် မတရားခံရသည်ဟုပင် ခံစားရပြီးနောက် ဘုရားသခင်နှင့် စတင်၍ အငြင်းအခုံပြုကြကာ ကိုယ်တော့်ကို ဝေဖန်ပြီး ပြစ်တင်ရှုတ်ချသည်အထိပင် ပြုနိုင်ကြလေသည်။ လူတို့က မည်သည့် အယူအဆများနှင့် အထင်လွဲမှားမှုများကို ဖြစ်ပေါ်စေသည်ဖြစ်စေ၊ ဘုရားသခင်၏ ရှုထောင့်အမြင်မှကြည့်လျှင် ကိုယ်တော်သည် လူ့အယူအဆများ သို့မဟုတ် ဆန္ဒများအတိုင်း မည်သည့်အခါမျှ ပြုမူခြင်း သို့မဟုတ် မည်သူ့ကိုမျှ ဆက်ဆံခြင်း မပြုပေ။ ဘုရားသခင်သည် မိမိအလိုဆန္ဒရှိသည့်အရာကို မိမိ၏ ကိုယ်ပိုင်နည်းလမ်းအတိုင်းလည်းကောင်း၊ မိမိ၏ ကိုယ်ပိုင် စိတ်သဘောထား အနှစ်သာရကို အခြေခံ၍လည်းကောင်း အမြဲတစေ လုပ်ဆောင်သည်။ ဘုရားသခင်သည် လူတိုင်းကို ဆက်ဆံပုံတွင် စည်းမျဉ်းများ ရှိသည်။ လူတစ်ဦးစီတိုင်းကို ကိုယ်တော်လုပ်ဆောင်သည့် မည်သည့်အရာကမျှ လူ့အယူအဆများ၊ စိတ်ကူးများ သို့မဟုတ် နှစ်သက်မှုများကို အခြေမခံပေ။ ဤသည်မှာ လူ့အယူအဆများနှင့် အဆန့်ကျင်အကွဲလွဲဆုံးသော ဘုရားသခင်၏ အမှုတော်နှင့်ဆိုင်သည့် ကဏ္ဍဖြစ်သည်။ လူတို့အတွက် ၎င်းတို့၏ အယူအဆများနှင့် စိတ်ကူးများကို လုံးဝ ဆန့်ကျင်သော ပတ်ဝန်းကျင်တစ်ခုကို ဘုရားသခင် ပြင်ဆင်ပေးသည့်အခါ ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးထဲတွင် ဘုရားသခင်ကို ဆန့်ကျင်၍ အယူအဆများ၊ ဝေဖန်မှုများနှင့် ပြစ်တင်ရှုတ်ချခြင်းများ ဖြစ်ပေါ်လာကြပြီး သူ့ကို ငြင်းပယ်နိုင်သည်။ ထိုအခါ ဘုရားသခင်က ၎င်းတို့၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်သလော။ လုံးဝ မဖြည့်ဆည်းပေးနိုင်ပေ။ ဘုရားသခင်သည် မိမိ၏ အမှုပြုပုံနည်းလမ်းနှင့် မိမိ၏ အလိုဆန္ဒများကို လူ့အယူအဆများအတိုင်း မည်သည့်အခါမျှ ပြောင်းလဲလိမ့်မည်မဟုတ်ပေ။ သို့ဆိုလျှင် ပြောင်းလဲရန် လိုအပ်သူမှာ မည်သူနည်း။ လူများပင် ဖြစ်သည်။ လူတို့သည် မိမိတို့၏ အယူအဆများကို စွန့်လွှတ်ရန်၊ ဘုရားသခင် ပြင်ဆင်ပေးသော ပတ်ဝန်းကျင်များကို လက်ခံရန်၊ ကျိုးနွံနာခံရန်နှင့် တွေ့ကြုံခံစားရန် လိုအပ်ပြီး၊ ဘုရားသခင် လုပ်ဆောင်သည့်အရာ မှန်ကန်ခြင်း ရှိမရှိဟူသည်ကို ကြည့်ရှုရန် မိမိတို့၏ အယူအဆများနှင့် တိုင်းတာခြင်းအစား မိမိတို့၏ ကိုယ်ပိုင်အယူအဆများကို ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေဖို့ လိုအပ်သည်။ လူတို့သည် မိမိတို့၏ အယူအဆများကို မရမက စွဲကိုင်ထားသည့်အခါ၊ ၎င်းတို့သည် ဘုရားသခင်အပေါ် အတိုက်အခံလုပ်ခြင်း ဖြစ်ပေါ်လာကြသည်။ ဤအရာက အလိုအလျောက် ဖြစ်ပေါ်သည်။ အတိုက်အခံလုပ်ခြင်း၏ အရင်းအမြစ်သည် မည်သည့်နေရာတွင်ရှိသနည်း။ ထိုအရာသည် လူတို့က မိမိတို့၏ စိတ်နှလုံးထဲတွင် ပုံမှန် ပိုင်ဆိုင်သောအရာသည် ၎င်းတို့၏ အယူအဆများနှင့် စိတ်ကူးစိတ်သန်းများဖြစ်သည်မှာ သေချာပြီး သမ္မာတရား မဟုတ်သည့်အချက်တွင် ရှိပေသည်။ ထို့ကြောင့် လူ့အယူအဆများနှင့် မကိုက်ညီသော ဘုရားသခင်၏ အမှုနှင့် ရင်ဆိုင်ရသည့်အခါ လူတို့သည် ဘုရားသခင်ကို အာခံနိုင်ပြီး သူ့အပေါ် ဝေဖန်မှုများ ပြုလုပ်နိုင်ကြသည်။ ဤအရာက လူတို့သည် အခြေခံအားဖြင့် ဘုရားသခင်ကို ကျိုးနွံနာခံသော စိတ်နှလုံး ကင်းမဲ့ကြောင်း၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် သန့်စင်ခြင်းခံရခြင်းနှင့် များစွာ အလှမ်းဝေးနေပြီး ၎င်းတို့သည် အခြေခံအားဖြင့် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအတိုင်း အသက်ရှင်နေကြကြောင်းကို သက်သေပြသည်။ ၎င်းတို့သည် ကယ်တင်ခြင်းကို ရရှိခြင်းနှင့် အလွန့်အလွန် အလှမ်းဝေးနေကြဆဲ ဖြစ်သည်။

လူတို့သည် မိမိတို့၏ စိတ်နှလုံးထဲတွင် ဘုရားသခင်နှင့်ပတ်သက်၍ အယူအဆများနှင့် သူ့အပေါ် အတိုက်အခံလုပ်ခြင်းတို့ ဖြစ်ပေါ်လာသည့်အခါ၊ အသိစိတ်အချို့ရှိသောသူများသည် ဘုရားသခင် လုပ်ဆောင်သည့်အရာကို စိတ်မပါ့တပါဖြင့် လက်ခံကြလိမ့်မည်ဖြစ်ပြီး ဘုရားသခင် ပြင်ဆင်ပေးသော ပတ်ဝန်းကျင်ထဲသို့ ပေါင်းစည်းရန် ကြိုးစားလိမ့်မည်ဖြစ်ကာ လူတို့အပေါ် သူ၏ အချုပ်အခြာအာဏာကို လက်ခံကြလိမ့်မည်ဖြစ်သည်။ လူတို့သည် အယူအဆမည်မျှကို လက်လွှတ်နိုင်ပြီး မည်သည့်အတိုင်းအတာအထိ လက်လွှတ်နိုင်သည်ဟူသည်မှာ တစ်စိတ်တစ်ပိုင်းအားဖြင့် ၎င်းတို့၏ အစွမ်းအစအပေါ် မူတည်ပြီး တစ်စိတ်တစ်ပိုင်းအားဖြင့် ၎င်းတို့က သမ္မာတရားကို လက်ခံခြင်း ရှိမရှိဟူသည်နှင့် သမ္မာတရားကို ချစ်သောလူများ ဟုတ်မဟုတ်ဟူသည်တို့အပေါ် မူတည်သည်။ အချို့လူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်း၊ ရှာဖွေခြင်း၊ မိတ်သဟာယဖွဲ့ခြင်းနှင့် တွေးဆခြင်းတို့အားဖြင့် ဘုရားသခင် ပြင်ဆင်ပေးသော ပတ်ဝန်းကျင်များကို တက်ကြွစွာ ရင်ဆိုင်ကြသည်။ ၎င်းတို့သည် အရာရာအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့်ပတ်သက်၍ အချို့သော သိနားလည်မှုကို တဖြည်းဖြည်း ရရှိကြပြီး ထိုသို့ဖြင့် ၎င်းတို့၏ ကျိုးနွံနာခံခြင်းနှင့် ယုံကြည်ခြင်းကိုလည်း တိုးပွားစေကြသည်။ သို့သော်လည်း အချို့လူများသည် မိမိတို့ကြုံတွေ့ရသည့် ပတ်ဝန်းကျင် မည်သို့ပင်ဖြစ်စေ သမ္မာတရားကို မရှာဖွေကြပေ။ ထိုအစား ၎င်းတို့သည် ဘုရားသခင် စီစဉ်ညွှန်ကြားသည့် ပတ်ဝန်းကျင်အားလုံးကို ၎င်းတို့၏ အယူအဆများ၊ စိတ်ကူးများပေါ် အခြေခံ၍လည်းကောင်း၊ ယင်းက ၎င်းတို့ကို အကျိုးပြုခြင်း ရှိမရှိဟူသည့်အပေါ် အခြေခံ၍လည်းကောင်း ဆန်းစစ်ကြသည်။ ၎င်းတို့၏ စဉ်းစားဆင်ခြင်မှုများသည် ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားကို အစဉ်သဖြင့် ဗဟိုပြုသည်။ ၎င်းတို့သည် မည်မျှကြီးမားသော အကျိုးကျေးဇူးကို ရရှိနိုင်သည်၊ ရုပ်ဝတ္ထုပစ္စည်းများ၊ ငွေကြေးနှင့် ဇာတိပကတိဆိုင်ရာ မွေ့လျော်ခံစားမှုများအရ၊ ၎င်းတို့၏ အကျိုးစီးပွားများက မည်မျှ ဖြည့်ဆည်းခြင်းခံရနိုင်သည်ဟူသည်ကို အမြဲတစေ ဂရုစိုက်ကြသည်။ ပြီးလျှင် ၎င်းတို့သည် ဤအချက်များကို အခြေခံ၍ အမြဲတစေ ဆုံးဖြတ်ချက်များချပြီး ဘုရားသခင် စီစဉ်သည့် အရာရာတိုင်းကို သဘောထားကြသည်။ ပြီးလျှင် နောက်ဆုံးတွင်၊ ဦးနှောက်ခြောက်အောင် စဉ်းစားပြီးနောက် ၎င်းတို့သည် ဘုရားသခင် ပြင်ဆင်ပေးသော ပတ်ဝန်းကျင်ကို ကျိုးနွံနာခံခြင်းမရှိဘဲ ထိုသို့သောပတ်ဝန်းကျင်ကို ရုန်းထွက်ရန်နှင့် ရှောင်ရှားရန် ရွေးချယ်ကြသည်။ ၎င်းတို့၏ အတိုက်အခံလုပ်ခြင်း၊ ငြင်းပယ်ခြင်းနှင့် ရှောင်ရှားခြင်းတို့ကြောင့် ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ခပ်ကင်းကင်းနေကြသည်၊ မိမိတို့၏ စိတ်နှလုံးများကို နာကျင်မှုနှင့် ပြင်းစွာသောဝေဒနာဖြစ်စေလျက် အသက်တာအတွေ့အကြုံကို လက်လွှတ်ဆုံးရှုံးကာ ဆုံးရှုံးမှုများကို ခံစားကြရလေသည်။ ၎င်းတို့သည် ထိုသို့သော ပတ်ဝန်းကျင်များကို ပို၍ ဆန့်ကျင်လေ၊ ၎င်းတို့ ကြံ့ကြံ့ခံရသည့် ဆင်းရဲဒုက္ခက ပို၍ များပြားကာ ကြီးမားလေ ဖြစ်သည်။ ထိုသို့သော အခြေအနေတစ်ခု ဖြစ်ပေါ်လာသည့်အခါ ဘုရားသခင်၌ ၎င်းတို့ရှိသော ယုံကြည်ခြင်းအနည်းငယ်သည် နောက်ဆုံးတွင် ဖျက်ဆီးခြင်းခံရသည်။ ဤအခိုက်အတန့်တွင် ၎င်းတို့၏ စိတ်နှလုံးများကို စိုးမိုးထားသည့် အယူအဆများအားလုံးက တစ်ပြိုင်နက်တည်း ထိုးထွက်လာကြသည်။ “ကျွန်ုပ်သည် ဘုရားအတွက် အလွန်ကြာမြင့်စွာ အသုံးခံပြီးဖြစ်သည်။ သို့သော် ဘုရားက ကျွန်ုပ်ကို ဤနည်းအတိုင်း ဆက်ဆံလိမ့်မည်ဟု ကျွန်ုပ် မမျှော်လင့်ခဲ့ပါ။ ဘုရားသည် မမျှတပါ၊ သူသည် လူတို့ကို မချစ်ပါတကား။ သူ့အတွက် ရိုးသားစွာ မိမိတို့ကိုယ်ကို အသုံးခံသောသူများ မုချ လွန်စွာ ကောင်းချီးခံစားရလိမ့်မည်ဟု ဘုရားက ပြောခဲ့သည်။ ကျွန်ုပ်သည် ဘုရားအတွက် မိမိကိုယ်ကို စစ်မှန်ရိုးသားစွာ အသုံးခံခဲ့ပြီးဖြစ်သည်။ ကျွန်ုပ်သည် ကျွန်ုပ်၏ မိသားစုနှင့် အသက်မွေးဝမ်းကျောင်းကို စွန့်လွှတ်ခဲ့ပြီးဖြစ်သည်၊ ဆင်းရဲဒုက္ခများကို ခါးစည်းခံပြီး ကြိုးစားအလုပ်လုပ်ပြီးဖြစ်သည်။ အဘယ်ကြောင့် ဘုရားက ကျွန်ုပ်ကို အလွန်ကောင်းချီးမပေးသေးသနည်း။ ဘုရား၏ ကောင်းချီးမင်္ဂလာများက အဘယ်မှာနည်း။ အဘယ်ကြောင့် ထိုအရာများကို ကျွန်ုပ် မခံစားရ သို့မဟုတ် မမြင်နိုင်ရသနည်း။ အဘယ်ကြောင့် ဘုရားက လူတို့ကို မမျှမတဆက်ဆံသနည်း။ အဘယ်ကြောင့် ဘုရားက သူ၏ စကားအတိုင်း မတည်သနည်း။ ဘုရားက သစ္စာရှိသည်ဟု လူတို့ ပြောကြသည်၊ သို့သော် အဘယ်ကြောင့် ကျွန်ုပ် ထိုသို့ မခံစားရသနည်း။ အခြားအရာအားလုံးကို ဘေးဖယ်ထားလျှင်၊ ဤပတ်ဝန်းကျင်၌ပင် ဘုရားက သစ္စာရှိသည်ဟု ကျွန်ုပ် လုံးဝ မခံစားရသေးပါတကား”ဟူ၍ ဖြစ်သည်။ လူတို့၌ အယူအဆများ ရှိသောကြောင့် ယင်းတို့၏ အလွယ်တကူ လှည့်စားခြင်းနှင့် အထင်အမြင်မှားစေခြင်းကို ခံရသည်။ ဘုရားသခင်က လူတို့၏ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်းအတွက်လည်းကောင်း၊ ၎င်းတို့၏ အသက်တာ ကြီးထွားမှုအတွက်လည်းကောင်း ပတ်ဝန်းကျင်များကို ပြင်ဆင်ပေးသည့်အခါတွင်ပင် ၎င်းတို့သည် ထိုအရာကို လက်ခံရန် အခက်တွေ့ကြပြီး ဘုရားသခင်ကို အထင်လွဲမှားကြသည်။ ဤအရာက ဘုရားသခင်၏ ကောင်းချီးမင်္ဂလာ မဟုတ်ကြောင်းနှင့် ဘုရားသခင်က ၎င်းတို့ကို မနှစ်သက်ကြောင်း ၎င်းတို့က တွေးထင်ကြသည်။ ၎င်းတို့အနေဖြင့် ဘုရားသခင်အတွက် စစ်မှန်ရိုးသားစွာ အသုံးခံပြီးဖြစ်သော်လည်း ဘုရားသခင်က သူ၏ ကတိများကို မဖြည့်ဆည်းသေးကြောင်း ၎င်းတို့က ယုံကြည်ကြသည်။ သမ္မာတရားကို မလိုက်စားသော ဤလူများသည် အချို့သော သာမညပတ်ဝန်းကျင်တစ်ခု၏ တစ်ခုတည်းသော စမ်းသပ်မှုမှတစ်ဆင့် ဤသို့ လွယ်ကူစွာ ထုတ်ဖော်ခြင်းခံရသည်။ ၎င်းတို့ ထုတ်ဖော်ခြင်းခံရသည့်အခါ ၎င်းတို့ အပြောချင်ဆုံးဖြစ်ခဲ့သည့်အရာကို အဆုံးတွင် ပြောဆိုကြသည်။ “ဘုရားသည် မဖြောင့်မတ်ပါ။ ဘုရားသည် သစ္စာရှိသော ဘုရားတစ်ပါး မဟုတ်ပါ။ ဘုရား၏ နှုတ်ကပတ်တော်များက ပြည့်စုံခဲသည်။ ဘုရားက ‘ဘုရားသခင်ပြောဆိုသည့်အရာသည် အတည်ပြောဆိုခြင်းဖြစ်ပြီး သူပြောဆိုသည့်အရာက ပြီးမြောက်လိမ့်မည်ဖြစ်ကာ သူလုပ်ဆောင်သည့်အရာသည် ထာဝရတည်တံ့မည်’ ဟု ပြောခဲ့သည်။ ဤနှုတ်ကပတ်တော်များ၏ ပြည့်စုံခြင်းသည် အဘယ်မှာနည်း။ အဘယ်ကြောင့် ထိုအရာကို ကျွန်ုပ် မမြင်နိုင် သို့မဟုတ် မခံစားနိုင်ရသနည်း။ မည်သူမည်ဝါကို ကြည့်ပါ။ ဘုရားကို ယုံကြည်သည့်အချိန်မှစ၍ သူသည် ကျွန်ုပ်လောက် ဘုရားအတွက် စွန့်လွှတ်ခြင်း သို့မဟုတ် အသုံးခံခြင်း မရှိခဲ့သည့်အပြင် ကျွန်ုပ်လောက် ပူဇော်ခြင်းလည်း မရှိခဲ့ပါ။ သို့သော် သူ၏ သားသမီးများသည် ဂုဏ်သတင်းကြီးသော တက္ကသိုလ်များသို့ တက်ခွင့်ရခဲ့ကြသည်၊ သူ၏ ခင်ပွန်းက ရာထူးတိုးခဲ့သည်၊ သူတို့၏ စီးပွားရေးက ကြီးပွားတိုးတက်နေပြီး သူတို့၏ သီးနှံများပင်လျှင် အခြားသူများထက် ပို၍ အထွက်တိုးသည်။ ပြီးလျှင် ကျွန်ုပ်ကော ဘာရခဲ့သနည်း။ ကျွန်ုပ်သည် ဘုရားကို နောက်တစ်ကြိမ် လုံးဝ ယုံကြည်တော့မည်မဟုတ်ပါ”ဟူ၍ ဖြစ်သည်။ ဤစကားများသည် ဤလူတို့၏ စစ်မှန်သော အတွေးများ၊ ၎င်းတို့၏ ဆောင်ပုဒ်များ ဖြစ်ကြသည်။ ၎င်းတို့သည် ဤအယူအဆများဖြင့် ပြည့်နေသည်၊ ဤအဓိပ္ပာယ်မဲ့သော အတွေးများနှင့် သဘောထားအမြင်များဖြင့် ပြည့်နေပြီး၊ အကျိုးကျေးဇူးများနှင့် အပေးအယူများဆိုင်ရာ စဉ်းစားဆင်ခြင်မှုများဖြင့် ပြည့်နေသည်။ ဤသည်မှာ ၎င်းတို့က ဘုရားသခင်၏ အမှုတော်နှင့် သူ၏ အပင်ပန်းခံထားသော ရည်ရွယ်ချက်များကို သိနားလည်ပြီး သဘောပေါက်သည့်ပုံစံဖြစ်သည်၊ ဤသည်မှာ ၎င်းတို့က ဤအရာများကို သဘောထားသည့်ပုံစံ ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်က အပင်ပန်းခံ၍ အကြိမ်ကြိမ် ပြင်ဆင်ပေးသော ပတ်ဝန်းကျင်များတွင် ၎င်းတို့သည် မိမိတို့၏ အယူအဆများဖြင့် ဘုရားသခင်ကို ထပ်ခါတလဲလဲ တိုင်းတာပြီး အထင်အမြင်လွဲမှားကြကာ အဆက်မပြတ် ကျရှုံးပြီး ထိမိ၍လဲကြသည်။ ထို့အပြင် ၎င်းတို့သည် မိမိတို့၏ အယူအဆများ မှန်ကန်ကြောင်းကို အတည်ပြုရန် အဆက်မပြတ် ကြိုးစားကြသည်။ ဤအယူအဆများကို အတည်ပြုပြီးဖြစ်ကြောင်းနှင့် ဘုရားသခင်ကို ထင်ရာမြင်ရာ အကဲဖြတ်ရန်၊ ဝေဖန်ရန်နှင့် ပြစ်တင်ရှုတ်ချရန် ၎င်းတို့အတွက် လုံလောက်သော သက်သေအထောက်အထားဖြစ်ကြောင်းတို့ကို ၎င်းတို့ ယုံကြည်သည့်အခါ ၎င်းတို့၏ စိတ်နှလုံးများသည် ဘုရားသခင်နှင့်ပတ်သက်သော အယူအဆများဖြင့် ပြည့်နေသောကြောင့် ၎င်းတို့သည် အယူအဆများကို စတင်ဖြန့်ဝေကြလေသည်။ ဤအယူအဆများထဲသို့ မည်သည့်အရာက ရောနှောနေသနည်း။ ယင်းမှာ စောဒကတက်မှုများ၊ မကျေနပ်မှုနှင့် နာကြည်းချက်များ ဖြစ်သည်။ ၎င်းတို့သည် ဤအရာများဖြင့် ပြည့်နေသည့်အခါ ဖွင့်ချရန် အခွင့်အရေးများကို ရှာဖွေကြသည်။ ၎င်းတို့ ကြုံတွေ့ခဲ့ရသည့် “မတရားမှုများ” ကို နားထောင်မည့် လူအုပ်တစ်အုပ်ကို ရှာတွေ့ဖို့ ၎င်းတို့ မျှော်လင့်သည်။ ၎င်းတို့သည် ဤအရာများကို ဤလူတို့ထံ ဖွင့်ချလိုပြီး ၎င်းတို့ “ခံစားခဲ့ရသည့်” မတရားသော ဆက်ဆံမှုဟုခေါ်သည့်အရာကို ၎င်းတို့အား ပြန်ပြောပြလိုကြသည်။ ဤသည်မှာ ဤလူတို့ဖြန့်ဝေသော အယူအဆများက အသင်းတော်အသက်တာတွင် ဖြစ်ပေါ်လာပုံဖြစ်သည်၊ ထိုသို့သော အယူအဆများ ဖြစ်လာပုံ ဖြစ်သည်။ ဤလူတို့၏ စိတ်နှလုံးများသည် နာကြည်းချက်များ၊ အာခံခြင်းနှင့် စိတ်မကျေနပ်မှုတို့ဖြင့် ပြည့်နေသည့်အပြင် ဘုရားသခင်နှင့်ပတ်သက်သော အထင်အမြင်လွဲမှားမှုများနှင့် မကျေနပ်ချက်များ၊ ပြီးလျှင် ဘုရားသခင်ကို ဝေဖန်ခြင်းများနှင့် ပြစ်တင်ရှုတ်ချခြင်းများဖြင့်ပင် ပြည့်နေသည်။ ယင်းက နောက်ဆုံးတွင် ၎င်းတို့၏ စိတ်နှလုံးများကို ပြစ်မှားစော်ကားခြင်းဖြင့် ပြည့်သွားစေသည်။ ၎င်းတို့သည် ကောင်းချီးမင်္ဂလာများ မရရှိမည်ကို ကြောက်ရွံ့ပြီး ထိုသို့ဖြင့် ထွက်ခွာရန် မလိုလားဘဲ၊ လူတို့အကြားတွင် ဘုရားသခင်နှင့်ပတ်သက်၍ မိမိတို့၏ အထင်အမြင်လွဲမှားမှုများနှင့် သူ့အပေါ် မိမိတို့၏ စိတ်မကျေနပ်မှုကို ဖြန့်ဝေကြကာ ဘုရားသခင်အပေါ် မိမိတို့၏ ဝေဖန်ခြင်းများနှင့် ပြစ်တင်ရှုတ်ချခြင်းများအပြင် သူ့အပေါ် မိမိတို့၏ ပြစ်မှားစော်ကားခြင်းများကို သာ၍ပင် ဖြန့်ဝေကြလေသည်။ ၎င်းတို့သည် မည်သည့်အရာကို ပြစ်မှားစော်ကားသနည်း။ ၎င်းတို့သည် ဘုရားသခင်က ၎င်းတို့အပေါ် မမျှတကြောင်းနှင့် ၎င်းတို့လုပ်ဆောင်ခဲ့သည့်အရာအတွက် သင့်လျော်ပြီး တူညီသော အကျိုးတုံ့ပြန်မှုများကို မပေးကြောင်း ပြောဆိုလျက်ဘုရားသခင်ကို ပြစ်မှားစော်ကားကြခြင်းဖြစ်သည်။ ၎င်းတို့သည် မိမိတို့၏ ပူဇော်ဆက်ကပ်မှုများနှင့် စွန့်လွှတ်အနစ်နာခံမှုများနောက် ကျေးဇူးတော်နှင့် ကြီးမားသော ကောင်းချီးမင်္ဂလာများကို မပေးသနားသည့်အတွက် ဘုရားသခင်ကို ဝေဖန်ကြသည်။ ၎င်းတို့သည် မိမိတို့ ရရှိရန် မျှော်လင့်ခဲ့သော ထိုဇာတိပကတိဆိုင်ရာ လိုအပ်ချက်များဖြစ်သည့် ရုပ်ဝတ္ထုပစ္စည်းများ၊ ငွေကြေး စသည်တို့ကို ဘုရားသခင်ထံမှ မရရှိခဲ့ကြသဖြင့် မိမိတို့၏ စိတ်နှလုံးများကို မကျေနပ်ချက်များနှင့် နာကြည်းချက်များဖြင့် ပြည့်စေကြသည်။ အယူအဆများကို ဖြန့်ဝေခြင်း၌ ၎င်းတို့၏ ရည်ရွယ်ချက်မှာ တစ်ဖက်တွင် ဖွင့်ချပြီး လက်စားချေရန်ဖြစ်ပြီး၊ ထိုသို့ဖြင့် စိတ်ပိုင်းဆိုင်ရာ ဟန်ချက်ညီမှု အသိစိတ်တစ်ခုကို ရရှိရန်ဖြစ်ကာ အခြားတစ်ဖက်တွင် ဘုရားသခင်နှင့်ပတ်သက်၍ အထင်အမြင်လွဲမှားမှုများနှင့် အယူအဆများကို ဖြစ်ပေါ်စေရန်အတွက် ပိုများသောလူတို့ကို လှုံ့ဆော်ရန်ဖြစ်ပြီး၊ ထိုသို့ဖြင့် ဤလူတို့အား ၎င်းတို့ပြုသည့်အတိုင်းပင် ဘုရားသခင်အပေါ်သတိထားစေရန် ဖြစ်သည်။ အကယ်၍ ပိုများသောလူတို့က “ကျွန်ုပ်တို့သည် ဘုရားကို တစ်ဖန် လုံးဝ ယုံကြည်တော့မည်မဟုတ်ပါ”ဟု ပြောဆိုပါက ၎င်းတို့သည် စိတ်ထဲတွင် ကျေနပ်မှုခံစားရလိမ့်မည်။ ဤသည်မှာ ၎င်းတို့ အယူအဆများကို ဖြန့်ဝေခြင်း၏ နောက်ကွယ်တွင်ရှိသည့် ရည်ရွယ်ချက်နှင့် အရင်းခံအကြောင်းရင်း ဖြစ်သည်။

အယူအဆများကို ဖြန့်ဝေသောလူတို့၏ ဆောင်ပုဒ်မှာ အဘယ်နည်း။ ၎င်းတို့ မကြာခဏ ထပ်ခါတလဲလဲ ပြောဆိုသည့် ဆိုရိုးစကားမှာ အဘယ်နည်း။ အချို့သော အမှုအရာများကို တွေ့ကြုံပြီး ၎င်းတို့ လိုချင်သော အကျိုးကျေးဇူးများကို မရရှိသည့်နောက်တွင်၊ ၎င်းတို့သည် မိမိတို့ကိုယ်ကို၊ “ကျွန်ုပ်သည် ဘုရားကို တစ်ဖန် လုံးဝ ယုံကြည်တော့မည်မဟုတ်ပါ” ဟူ၍ မရပ်မနား ပြောဆိုကြသည်။ ဤသို့ပြောဆိုပြီးသည့်နောက်တွင်ပင် ၎င်းတို့သည် မိမိတို့၏ အမုန်းတရားကို ဖြေဖျောက်ပြီးဖြစ်သည် သို့မဟုတ် မိမိတို့၏ ပန်းတိုင်ကို အောင်မြင်ပြီးဖြစ်သည်ဟု မခံစားရပေ။ စုဝေးပွဲများကို ၎င်းတို့ တက်ရောက်သည့်အခါ အခြားသူများက မည်သည့်အရာအကြောင်းကို မိတ်သဟာယဖွဲ့သည်ဖြစ်စေ ၎င်းတို့ မခံယူနိုင်ကြပေ။ ၎င်းတို့သည် ဤစကားရပ်ကို အကြိမ်များစွာ၊ ဆယ်ကြိမ်ထက်မကပင် ထပ်ခါတလဲလဲ ပြောဆိုရပေမည်။ “ကျွန်ုပ်သည် ဘုရားကို တစ်ဖန် လုံးဝ ယုံကြည်တော့မည်မဟုတ်ပါ”ဟူ၍ဖြစ်သည်။ ဤစကားရပ်သည် အဓိပ္ပာယ်များဖြင့် ပြည့်နှက်နေသည် မဟုတ်လော။ ထိုအရာ၏နောက်ကွယ်တွင် ဇာတ်လမ်းတစ်ပုဒ် ရှိသည်။ ၎င်းတို့၏ “ယုံကြည်မှု”မှာ အဘယ်နည်း။ ၎င်းတို့သည် ယခင်က ဘုရားသခင်ကို ယုံကြည်ခဲ့ကြသလော။ ၎င်းတို့၏ ယခင်ယုံကြည်ခြင်းသည် စစ်မှန်သော သက်ဝင်ယုံကြည်ခြင်း ဖြစ်ခဲ့သလော။ ယင်းတွင် ဖန်ဆင်းခံတစ်ဦး၌ ရှိသင့်သော ကျိုးနွံနာခံခြင်း ပါဝင်ခဲ့သလော။ (မပါဝင်ခဲ့ပါ။) လုံးဝမပါဝင်ခဲ့ပေ။ ၎င်းတို့သည် ဘုရားသခင်နှင့်ပတ်သက်၍ အယူအဆများနှင့် စိတ်ကူးများဖြင့် ပြည့်နေသည်။ ပို၍အရေးကြီးသည်မှာ ၎င်းတို့သည် ကျိုးနွံနာခံခြင်းတစ်ခုတလေမျှမရှိဘဲ ဘုရားသခင်ထံမှ တောင်းဆိုမှုများနှင့် တောင်းခံမှုများဖြင့် ပြည့်နေခြင်း ဖြစ်သည်။ ၎င်းတို့၏ “ယုံကြည်မှု”သည် မည်သည့်အရာကို ဆိုလိုသနည်း။ “ဘုရားသည် ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာပိုင်သောသူဖြစ်သည်ဟု ကျွန်ုပ် ယုံကြည်သည်။ ဘုရားသည် ကျွန်ုပ်ကို အခြားသူများ၏ အနိုင်ကျင့်ခြင်းမှ ကာကွယ်ပေးနိုင်သည်ဟု ကျွန်ုပ် ယုံကြည်သည်။ ဘုရားသည် ကျွန်ုပ်ကို ဇာတိပကတိဆိုင်ရာ သက်သောင့်သက်သာရှိမှုကို မွေ့လျော်ခံစားစေနိုင်သည်၊ ကောင်းမွန်သည့်၊ သာယာဝပြောသော ဘဝကို အသက်ရှင်စေနိုင်ပြီး ကျွန်ုပ်အတွက် အရာရာတိုင်းကို အေးချမ်းစွာနှင့် အားရကျေနပ်ဖွယ်ရာဖြစ်သွားစေနိုင်သည်ဟု ကျွန်ုပ် ယုံကြည်သည်။ ဘုရားသည် ကျွန်ုပ်ကို ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ခွင့်ပေးပြီး ကြီးမားသော ကောင်းချီးမင်္ဂလာများကို လက်ခံရရှိစေနိုင်သည်၊ ဤဘဝတွင် အဆတစ်ရာ ရရှိပြီး၊ နောင်ဘဝတွင် ထာဝရအသက်ရရှိစေနိုင်သည်ဟု ကျွန်ုပ် ယုံကြည်သည်”ဟူ၍ ဖြစ်သည်။ ဤသည်မှာ ယုံကြည်မှုဖြစ်သလော။ ဤ “ယုံကြည်မှုများ”တွင် ကျိုးနွံနာခံခြင်း စိုးစဉ်းမျှမရှိသည့်အပြင်၊ ယင်းတို့ထဲမှ တစ်ခုကမျှ လူတို့အတွက် ဘုရားသခင်၏ တောင်းဆိုချက်များနှင့် မကိုက်ညီပေ။ ဤယုံကြည်မှုများသည် ကိုယ်ရေးကိုယ်တာ အကျိုးအမြတ်၏ ရှုထောင့်အမြင်မှ သက်သက် ပေါက်ဖွားလာခြင်းဖြစ်သည်။ ဘုရားသခင်သည် သမ္မာတရားကို ဖော်ပြပြီး လူတို့အပေါ် အမှုပြုသည်။ သူက လူတို့ကို ပျော်ရွှင်သောဘဝ အသက်ရှင်စေမည်၊ အခြားသူများအထက်တွင် အသက်ရှင်စေမည်၊ သို့မဟုတ် အကန့်အသတ်မဲ့သော အလားအလာများဖြင့် သာယာဝပြောပြီး အောင်မြင်စေမည်ဟု ဘုရားသခင်က မည်သည့်အခါက ပြောခဲ့ဖူးသနည်း။ (မည်သည့်အခါကမျှ မပြောခဲ့ဖူးပါ။) သို့ဆိုလျှင် အဘယ်ကြောင့် ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင် “ယုံကြည်မှု”ကို အလွန်အဖိုးတန်သည်ဟု မှတ်ယူကြသနည်း။ ဘုရားသခင်ကို တစ်ဖန် လုံးဝ ယုံကြည်တော့မည်မဟုတ်ဟုပင် ၎င်းတို့က ပြောဆိုကြသည်။ ၎င်းတို့၏ ယုံကြည်ခြင်းသည် တန်ဖိုးတစ်ခုတလေ ရှိသလော။ ဘုရားသခင်က ယင်းကို လက်ခံသလော။ ၎င်းတို့တွင် သမ္မာတရား လက်တွေ့ကျမှု အရိပ်အယောင်မရှိ၊ ဘုရားသခင်ကို ကျိုးနွံနာခံခြင်း အရိပ်အယောင်မရှိဘဲ၊ ဘုရားသခင်ထံမှ ကောင်းချီးမင်္ဂလာများ၊ အကျိုးကျေးဇူးများနှင့် အကျိုးအမြတ်များကိုသာ ရရှိလိုကြပြီး ၎င်းတို့က ဤအရာကို ဘုရားသခင်အား ယုံကြည်ခြင်းဟု ခေါ်သည်။ ဤသည်မှာ ဘုရားသခင်အပေါ် ပြစ်မှားစော်ကားခြင်း မဟုတ်လော။ ဤသို့သော လူစားမျိုးများသည် အယူအဆများဖြင့် ပြည့်နေပြီး ကောင်းချီးမင်္ဂလာများရရှိခြင်းနှင့်ဆိုင်သည့် ကြံရွယ်ချက်၏ စိုးမိုးခြင်းခံနေရသည်။ ၎င်းတို့သည် ဘုရားသခင်၏ အမှုတော်ကို လုံးဝမတွေ့ကြုံမခံစားသည့်အပြင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့မလုပ်ဆောင်ကြပေ။ ၎င်းတို့လုပ်ဆောင်သည့် အရာရာတိုင်း၏ ပန်းတိုင်နှင့် ရည်ရွယ်ချက်မှာ ၎င်းတို့၏ ကိုယ်ပိုင်ဇာတိပကတိ၏ အကျိုးအတွက် လုံးလုံး ဖြစ်သည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို ဟုတ်လှပြီဟု ထင်ပြီး ဘုရားသခင်၌ ၎င်းတို့၏ ယုံကြည်ခြင်းဟုခေါ်သည့်အရာကို အထူးအဖိုးတန်သောအရာအဖြစ် မှတ်ယူကြသည်။ ဘုရားသခင်၌ သင်၏ ယုံကြည်ခြင်းက အလွန်အဖိုးတန်ပြီး မြင့်မြတ်ပါက၊ ဘုရားသခင်က သင့်အတွက် သေးငယ်သော ပတ်ဝန်းကျင်တစ်ခုကို ပြင်ဆင်ပေးသည့်အခါ၊ သင်သည် ထိုအရာမှနေ၍ သမ္မာတရားကို အဘယ်ကြောင့် နားမလည်နိုင်ရသနည်း သို့မဟုတ် သင်၏ သက်သေခံချက်တွင် ခိုင်မာစွာ မရပ်တည်နိုင်ရသနည်း။ ဤနေရာတွင် မည်သည့်အရာ ဖြစ်ပျက်နေသနည်း။ ဘုရားသခင်က သင်၏ ယုံကြည်ခြင်းကို စစ်ဆေးသည့်အခါ၊ သင်သည် ဘုရားသခင်ကို မည်သည့်အရာ ပြန်ပေးသနည်း။ ဘုရားသခင်ကို သင် ပြန်ပေးသည့် အထင်အမြင်လွဲမှားမှုများ၊ မကျေနပ်ချက်များနှင့် အတိုက်အခံလုပ်ခြင်းတို့သည် သူအလိုရှိသည့်အရာ ဖြစ်နိုင်သလော။ ဤအရာများသည် သမ္မာတရားနှင့် ကိုက်ညီသလော။ သိသာထင်ရှားစွာပင်၊ မကိုက်ညီပေ။ ထို့ကြောင့်၊ ဤလူတို့သည် အသင်းတော်တွင် အယူအဆများကို ပွင့်လင်းစွာ ဖြန့်ဝေနိုင်သည်ဟူသောအချက်က အချက်တစ်ချက်ကို သက်သေပြသည်။ ၎င်းတို့သည် ဘုရားသခင်ကို မသိကြသည့်အပြင်၊ ဘုရားသခင်က အရာရာတိုင်းအပေါ် အချုပ်အခြာအာဏာရှိသည်ကို သာ၍ပင် မယုံကြည်ကြပေ။ ၎င်းတို့ ယုံကြည်သော ဘုရားသည် အမှန်တကယ်တွင် မတည်ရှိပေ။ ဤလူတို့သည် ဘုရားသခင်ကို ဆန့်ကျင်ရန်၊ ပြစ်တင်ရှုတ်ချရန်နှင့် ပြစ်မှားစော်ကားရန် ၎င်းတို့နှင့် ပူးပေါင်းဖို့ ပိုများသောလူတို့ကို အထင်အမြင်မှားစေပြီး ဆွဲဆောင်ရန် အယူအဆများကို ပွင့်လင်းစွာ ဖြန့်ဝေသည့်အခါ၊ ၎င်းတို့သည် မိမိတို့ကိုယ်ကို ဘုရားသခင်၏ နောက်လိုက်များ မဟုတ်တော့ကြောင်း၊ ယုံကြည်သူများ မဟုတ်တော့ကြောင်းနှင့် ဖန်ဆင်းရှင်၏ အုပ်စိုးမှုအောက်မှ ဖန်ဆင်းခံများ မဟုတ်တော့ကြောင်း မရည်ရွယ်ဘဲ လူသိရှင်ကြား ကြေညာနေခြင်း ဖြစ်သည်။ ၎င်းတို့ ဖြန့်ဝေသော အယူအဆများသည် ရိုးရှင်းသော စိတ်ကူးများ သို့မဟုတ် ဖော်ပြချက်များ မဟုတ်ပေ။ ထို့ထက်၊ ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးထဲတွင် ဘုရားသခင်ကို ဆန့်ကျင်၍ ချိုးဖောက်မရနိုင်သည့် အတားအဆီးတစ်ခုကို တည်ဆောက်ပြီးဖြစ်ကာ၊ ဘုရားသခင်ကို ဆက်ဆံရန်၊ ဘုရားသခင်နှင့် မိမိတို့၏ ဆက်ဆံရေးကို ကိုင်တွယ်ရန်နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ဘုရားသခင်၏ အမှုတော်တို့ကို သဘောထားပြုမူရန် လူ့အယူအဆများနှင့် စိတ်ကူးများကို အသုံးပြုခြင်းသည် မှန်ကန်ပြီး ၎င်းတို့ လက်တွေ့လုပ်ဆောင်သင့်သည့် နည်းလမ်းဖြစ်သည်ဟု စိတ်ပိုင်းဖြတ်ပြီး ဖြစ်နေသည်။ ထိုသို့သောလူတို့သည် အသင်းတော်အသက်တာတွင် အယူအဆများကို ပွင့်လင်းစွာ ဖြန့်ဝေသည့်အခါ ၎င်းတို့ကို ကန့်သတ်သင့်သလော။ သို့မဟုတ် ၎င်းတို့၏ သေးငယ်သော ဝိညာဉ်ရင့်ကျက်မှုနှင့် ပေါ့တန်သော အခြေခံအုတ်မြစ်တို့အရ၊ ၎င်းတို့၏ အမြင်များကို လွတ်လပ်စွာ ဖော်ပြခွင့်နှင့် နောင်တရရန် လုံလောက်သော အချိန်နှင့် နေရာကို ၎င်းတို့အား ပေးသင့်သလော။ သင့်လျော်သော ဆောင်ရွက်ပုံနည်းလမ်းမှာ အဘယ်နည်း။ (၎င်းတို့ကို တားဆီးပြီး ကန့်သတ်ခြင်းသည် သင့်လျော်ပါသည်။) အဘယ်ကြောင့် ၎င်းတို့ကို တားဆီးပြီး ကန့်သတ်ခြင်းက သင့်လျော်သနည်း။ အချို့လူများက “သင်က ၎င်းတို့ကို ကန့်သတ်ပြီး လွတ်လပ်စွာ စကားပြောခွင့်မပေးသည့်အပြင်၊ ၎င်းတို့က ယုံကြည်ခြင်းကို ရပ်တန့်ပြီး စုဝေးပွဲများ တက်ရောက်ခြင်းကို ရပ်တန့်ပါက၊ ယင်းသည် ၎င်းတို့ကို ထိခိုက်နစ်နာစေမည် မဟုတ်လော။ ယင်းမှာ အလွန်ပင် ဝမ်းနည်းစရာကောင်းပေမည်။ ဘုရားသခင်သည် လူတစ်ဦးတစ်ယောက်က ပျက်စီးခြင်းကို ခံစားရစေခြင်းထက် လူအားလုံးကို ကယ်တင်မည် မဟုတ်လော။ ပျောက်သောသိုးတစ်ကောင်ကိုပင် ပြန်လည်ရှာဖွေရမည်ဖြစ်သည်။ ပျောက်သောသိုးတစ်ကောင်ကို ပြန်လည်ရှာဖွေရန် ကြိုးစားအားထုတ်မှုအားလုံး ပြုပြီးနောက်၊ သူသည် ထိုသိုးကို တစ်ဖန် ပျောက်ဆုံးခွင့်ပြုဦးမည်လော”ဟု ပြောဆိုကြသည်။ ဤစကားများသည် မှန်ကန်သလော။ (မမှန်ကန်ပါ။) အဘယ်ကြောင့် မမှန်ကန်သနည်း။ (အဘယ်ကြောင့်ဆိုသော် ထိုသို့သော လူတို့သည် ဘုရားသခင်ကို စစ်မှန်စွာ မယုံကြည်ကြသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် ကောင်းချီးမင်္ဂလာများ ရရှိရန် မျှော်လင့်ချက်ဖြင့်သာ ဘုရားသခင်ကို ယုံကြည်ကြပြီး၊ ၎င်းတို့၏ ယုံကြည်မှုသည် မသန့်စင်မှုများဖြင့် ရောနေသည်။) ဘုရားသခင်ကို ၎င်းတို့၏ ယုံကြည်မှု၌ မသန့်စင်မှုအချို့ ရောနှောနေခြင်း မရှိသူ မည်သူရှိသနည်း။ သင့်တွင် အချို့မရှိလေသလော။ ဤသည်မှာ ခိုင်လုံသော အကြောင်းပြချက်တစ်ခုလော။ ထိုသို့သောလူတို့ထံမှ ဖော်ပြချက်ကို သုံးသပ်ကြည့်လော့။ “ကျွန်ုပ်သည် ဘုရားကို တစ်ဖန် လုံးဝ ယုံကြည်တော့မည်မဟုတ်ပါ”ဟူ၍ ဖြစ်သည်။ ဤသည်တို့မှာ မည်သည့် စကားအမျိုးအစားများ ဖြစ်သနည်း။ ဤအရာနှင့် ဘာသာတရားမရှိသူများ၊ နတ်ဆိုးများနှင့် စာတန်တို့၏ ပြစ်မှားစော်ကားခြင်းတို့အကြား ကွာခြားချက်တစ်ခုတလေ ရှိသလော။ (မရှိပါ။) ဤဖော်ပြချက်၏ သွယ်ဝိုက်ညွှန်းဆိုချက်မှာအဘယ်နည်း။ “ကျွန်ုပ်သည် ဘုရားအပေါ် ယုံကြည်ခြင်း မရှိတော့ပါ။ အတိတ်တွင် ကျွန်ုပ်သည် စိတ်နှလုံးအကြွင်းမဲ့ ဘုရားကို ယုံကြည်ပြီး နောက်သို့လိုက်ခဲ့သော်လည်း ဘုရားက ကျွန်ုပ်ကို ကောင်းချီးမပေးခဲ့ပါ။ ထိုအစား သူက ကျွန်ုပ်အတွက် အခက်အခဲဖြစ်စေရန်နှင့် ကျွန်ုပ်ကို ထိမိလဲစေရန် ထိုသို့သော ပတ်ဝန်းကျင်များကို ပြင်ဆင်ပေးခဲ့သည်။ ဘုရားပြောဆိုသည့်အရာသည် သူလုပ်ဆောင်သည့်အရာနှင့် လုံးဝမကိုက်ညီပါ၊ ထို့ကြောင့် ကျွန်ုပ်သည် ဘုရားကို နောက်တစ်ကြိမ် မယုံကြည်ဝံ့တော့ပါ။ ကျွန်ုပ်သည် ယခင်က အလွန်မိုက်မဲခဲ့ပါသည်။ ကျွန်ုပ်သည် ဘုရားအတွက် မိမိကိုယ်ကို စွန့်လွှတ်ခဲ့သည်၊ အသုံးခံခဲ့သည်၊ ဆင်းရဲဒုက္ခများစွာကို ခါးစည်းခံခဲ့သော်လည်း၊ အဆင်းနီသော နဂါးကြီး၏ ဖမ်းဆီးခြင်းနှင့် ညှဉ်းပန်းနှိပ်စက်ခြင်းကို ခံရသည့်အခါ ဘုရားထံမှ ကာကွယ်မှုကို မမြင်ခဲ့ရပါ။ ကျွန်ုပ်၏ မိသားစုစီးပွားရေးသည်လည်း အခြားသူများလောက် မကောင်းခဲ့ပါ၊ ကျွန်ုပ်သည် အခြားသူများလောက် ငွေမရှာနိုင်ခဲ့ပါ၊ ကျွန်ုပ်၏ မိဘများသည်လည်း နာမကျန်းဖြစ်နေဆဲ ဖြစ်သည်။ ကျွန်ုပ်သည် နှစ်ပေါင်းများစွာ ဘုရားကို ယုံကြည်ခြင်းမှ မည်သည့်အရာမျှ မရရှိခဲ့ပါ။ ဘုရားက လူတို့ကို ကြီးစွာ ကောင်းချီးပေးမည်ဟု သူ မပြောခဲ့ဘူးလော။ ဘုရားထံမှ မည်သည့် ကောင်းချီးမင်္ဂလာများကို ကျွန်ုပ် ရရှိခဲ့သနည်း။ ဘုရား နှုတ်ကပတ်တော်များက ပြည့်စုံလာခြင်းမရှိပါ၊ ထို့ကြောင့် ကျွန်ုပ်သည် ဘုရားကို တစ်ဖန် လုံးဝယုံကြည်တော့မည်မဟုတ်ပါ”ဟူ၍ ဖြစ်သည်။ “ကျွန်ုပ်သည် ဘုရားကို တစ်ဖန် လုံးဝ ယုံကြည်တော့မည်မဟုတ်ပါ”ဟူသော ဖော်ပြချက်တွင် များစွာပါဝင်သည်။ ယင်းသည် ဘုရားသခင်အပေါ် စောဒကတက်မှုများ၊ မကျေနပ်မှုနှင့် အထင်အမြင်လွဲမှားမှုတို့ဖြင့် ပြည့်နေသည်။ တိုတိုပြောရလျှင် ၎င်းတို့သည် အကျိုးမျှော်သော စိတ်နေစိတ်ထားဖြင့် ဆင်းရဲဒုက္ခကို ခံနိုင်ပြီး အသုံးခံပြီးနောက်၊ ဘုရားသခင်က ၎င်းတို့၏ တောင်းဆိုမှုများအတိုင်း ကောင်းချီးမင်္ဂလာများကို မပေးသနားခဲ့သည့်အပြင်၊ ၎င်းတို့၏ အယူအဆများနှင့် စိတ်ကူးများအတိုင်း အဖိုးအခ သို့မဟုတ် ဆုလာဘ်ကို မပေးခဲ့သောကြောင့် ၎င်းတို့သည် မကျေမနပ်ဖြစ်လာပြီး ဘုရားသခင်အပေါ် မကျေချမ်းမှုဖြင့် ပြည့်လာကာ၊ ဤသို့သော အခြေအနေများအောက်တွင် ၎င်းတို့က ဤဝါကျကို ပြောဆိုခဲ့ခြင်း ဖြစ်သည်။ ဤဝါကျသည် အကြောင်းမဲ့သက်သက် ထွက်ပေါ်လာခြင်း မဟုတ်ပေ။ ၎င်းတို့ ယင်းကို ပြောဆိုသည့်အချိန်တွင် အပြုအမူများနှင့် သရုပ်သကန်များစွာကို ၎င်းတို့ ပြသခဲ့ပြီးဖြစ်ကာ ထုတ်ဖော်ခြင်းခံခဲ့ရပြီး ဖြစ်သည်။ ထိုသို့သောလူတို့၏ ဘုရားသခင်နှင့် ဆက်ဆံရေးတွင် မည်သည့်ပြဿနာ ရှိသနည်း။ ဘုရားသခင်နှင့် ၎င်းတို့၏ ဆက်ဆံရေးတွင် အကြီးမားဆုံးသော ပြဿနာမှာ အဘယ်နည်း။ ယင်းမှာ ၎င်းတို့သည် မိမိတို့ကိုယ်ကို ဖန်ဆင်းခံတစ်ဦးအဖြစ် လုံးဝမမှတ်ယူခဲ့သည့်အပြင်၊ ဝတ်ပြုကိုးကွယ်ရန် ဘုရားသခင်ကို ဖန်ဆင်းရှင်အဖြစ် အနည်းငယ်မျှပင် မမှတ်ယူခဲ့ခြင်း ဖြစ်သည်။ ဘုရားသခင်ကို ၎င်းတို့ ယုံကြည်မှုအစပြုခဲ့သည့်အချိန်မှစ၍ ၎င်းတို့သည် ဘုရားသခင်ကို ငွေပင်တစ်ပင်၊ ရတနာသိုက်တစ်ခုအဖြစ် ဆက်ဆံခဲ့ကြသည်။ ၎င်းတို့သည် ကိုယ်တော့်ကို ဆင်းရဲဒုက္ခနှင့် ဘေးအန္တရာယ်မှ ကယ်တင်မည့် ဘုရားလောင်းတစ်ဆူအဖြစ် မှတ်ယူခဲ့ပြီး၊ မိမိတို့ကိုယ်ကို ဤဘုရားလောင်း၊ ဤရုပ်တု၏ နောက်လိုက်တစ်ဦးအဖြစ် မှတ်ယူခဲ့ကြသည်။ ဘုရားသခင်ကို ယုံကြည်ခြင်းသည် သက်သတ်လွတ်စားခြင်း၊ ကျမ်းစာများ ရွတ်ဖတ်ခြင်းနှင့် မကြာခဏ အမွှေးတိုင်များ ထွန်းညှိခြင်းအပြင် ဦးခိုက်ရှိခိုးခြင်းတို့အားဖြင့် မိမိတို့ လိုချင်သည့်အရာကို ရရှိနိုင်သည့် ဗုဒ္ဓကို ယုံကြည်ခြင်းကဲ့သို့ ဖြစ်သည်ဟု ၎င်းတို့ တွေးထင်ခဲ့ကြသည်။ ထို့ကြောင့် ဘုရားသခင်ကို ၎င်းတို့ ယုံကြည်ပြီးနောက် ဖြစ်ပေါ်လာသော ဖြစ်ရပ်အားလုံးသည် ၎င်းတို့၏ အယူအဆများနှင့် စိတ်ကူးများ နယ်ပယ်အတွင်း၌ ဖြစ်ပျက်ခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့သည် ဖန်ဆင်းရှင်ထံမှ သမ္မာတရားကို လက်ခံသည့် ဖန်ဆင်းခံတစ်ဦး၏ သရုပ်သကန်များကို တစ်ခုမျှ မပြသခဲ့သကဲ့သို့၊ ဖန်ဆင်းရှင်အပေါ် ဖန်ဆင်းခံတစ်ဦးက ရှိသင့်သော ကျိုးနွံနာခံခြင်း တစ်ခုတလေကိုမျှလည်း မပြသခဲ့ပေ။ အဆက်မပြတ် တောင်းဆိုခြင်း၊ အဆက်မပြတ် တွက်ချက်ခြင်းနှင့် မရပ်မနား တောင်းခံခြင်းတို့သာ ရှိခဲ့သည်။ ဤအရာအားလုံးသည် နောက်ဆုံးတွင် ဘုရားသခင်နှင့် ၎င်းတို့၏ ဆက်ဆံရေးကို ပျက်ပြားသွားစေခဲ့သည်။ ဤဆက်ဆံရေးမျိုးသည် အပေးအယူဆန်ပြီး မည်သည့်အခါမျှ ခိုင်မာစွာ မရပ်တည်နိုင်ပေ။ ထိုသို့သောလူတို့ ထုတ်ဖော်ခြင်းခံရရန်မှာ အချိန်ကာလတစ်ခုသာလိုသည်။ ၎င်းတို့သည် အသင်းတော်အသက်တာတွင် ပါဝင်ပြီး၊ အယူအဆများကို မဖြန့်ဝေဘဲ၊ ဘုရားသခင်က ၎င်းတို့ကို မည်သို့ ဦးဆောင်ခဲ့သည်၊ ဘုရားသခင်က ၎င်းတို့ကို မည်သို့ ကောင်းချီးပေးခဲ့သည်၊ ၎င်းတို့ မည်သည့်အရာကို မွေ့လျော်ခံစားခဲ့ရသည် စသည်တို့ကို ရံဖန်ရံခါ မိတ်သဟာယဖွဲ့လျှင်ပင်၊ ၎င်းတို့ ပြောဆိုသည့်အရာအများစုမှာ ဘုရားသခင်ထံမှ ၎င်းတို့ လက်ခံရရှိခဲ့သော ကျေးဇူးတော်၊ မွေ့လျော်ခံစားမှုနှင့် ဇာတိပကတိဆိုင်ရာ အကျိုးကျေးဇူးများ ပါဝင်သည်။ ဤဆွေးနွေးမှုများသည် သမ္မာတရားနှင့်လည်းကောင်း၊ ဘုရားသခင်ကို ကျိုးနွံနာခံခြင်းနှင့်လည်းကောင်း လုံးဝမသက်ဆိုင်သည့်အပြင်၊ သမ္မာတရားလက်တွေ့ကျမှု တစ်ခုမျှလည်း လုံးဝမရှိပေ။ အခြေအနေများ ကောင်းသည့်အခါ၊ ၎င်းတို့သည် ဘုရားသခင်အပေါ် ယုံကြည်ခြင်းနှင့် သူ့အပေါ် ချစ်ခြင်း၊ အခြားလူတို့အပေါ် သည်းခံခြင်းနှင့် စိတ်ရှည်ခြင်းတို့ကို ပြသကြသည်၊ အားလုံးမှာ ပန်းတိုင်တစ်ခုကို စွမ်းဆောင်ရရှိရန်ဖြစ်သည်။ ယင်းမှာ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများအားလုံးကို ရရှိရန် ဖြစ်သည်။ ဘုရားသခင်က ၎င်းတို့ မွေ့လျော်ခံစားခဲ့သော ကျေးဇူးတော်၊ အကျိုးကျေးဇူးများနှင့် ရုပ်ဝတ္ထုဆိုင်ရာ အကျိုးအမြတ်များကို ယူဆောင်သွားသည့်အခါ ၎င်းတို့၏ အယူအဆများက ထုတ်ဖော်ခြင်းခံရသည်။ ကိုယ်ကျိုးစီးပွားဖြင့် စေ့ဆော်ခြင်းခံရပြီး ကိုယ်ရေးကိုယ်တာ အကျိုးအမြတ်ကို ဦးစားပေးသော ဤလူများသည် ၎င်းတို့ လိုချင်သည့်အရာကို မရရှိသည်နှင့်တစ်ပြိုင်နက် ဒေါသထွက်ကြသည်။ ဘုရားသခင်နှင့်ပတ်သက်၍ ၎င်းတို့၏ မကျေနပ်မှုကို ဖွင့်ချရန် အယူအဆများကို စတင်ဖြန့်ဝေကြသည့်တစ်ချိန်တည်းတွင်၊ ၎င်းတို့ကို စာနာပြီး ဘုရားသခင်နှင့်ပတ်သက်သော ၎င်းတို့၏ အယူအဆများကို လက်ခံရန် ပိုများသောလူတို့ကို ဆွဲဆောင်ရန်လည်း ကြိုးစားကြလေသည်။ ထိုသို့သောလူတို့ကို တားဆီးပြီး ကန့်သတ်သင့်သလော။ (ကန့်သတ်သင့်ပါသည်။) ၎င်းတို့ မိတ်သဟာယဖွဲ့သော အကြောင်းအရာများ၊ အတွေးများနှင့် သဘောထားအမြင်များသည် သမ္မာတရားကို ဖြူစင်သော နားလည်သဘောပေါက်မှုအား မထင်ဟပ်စေသကဲ့သို့၊ လူတို့ကို ဘုရားသခင်အား ကျိုးနွံနာခံရန်နှင့် သူ့အပေါ် စစ်မှန်သော ယုံကြည်ခြင်းရှိရန်လည်း မကူညီပေ။ ထိုအစား ၎င်းတို့သည် လူတို့ကို ဘုရားသခင်ထံမှ အဝေးသို့ ပို့ဆောင်သည်၊ အထင်အမြင်လွဲမှားမှုများ၊ သတိထားကာကွယ်မှုများနှင့် ဘုရားသခင်ကို ငြင်းပယ်ခြင်းကိုပင် ဖြစ်စေသည်။ ပြီးလျှင် ဤလူတို့ ဖြန့်ဝေသော အယူအဆများကို နားထောင်သောသူတို့အား ၎င်းတို့ကဲ့သို့ပင် “ကျွန်ုပ်သည် ဘုရားကို တစ်ဖန် လုံးဝ ယုံကြည်တော့မည်မဟုတ်ပါ”ဟု မိမိတို့ကိုယ်ကို တိတ်တဆိတ် သတိပေးစေသည်။ ဤသည်မှာ ထိုသို့သောလူတို့ ဖြန့်ဝေသော အယူအဆများက အခြားသူတို့အပေါ် ဖြစ်စေသည့် အနှောင့်အယှက် ဖြစ်သည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။