ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၁၆) အခန်း နှစ်

၂။ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အမှုတော်အကြောင်း အယူအဆများကို ဖြန့်ဝေခြင်း

အယူအဆများကို ဖြန့်ဝေသည့် ဤလူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တိုင်းတာရန်၊ ဘုရားသခင်၏အမှုတော်ကို တိုင်းတာရန်နှင့် ဘုရားသခင်၏အနှစ်သာရနှင့် ဘုရားသခင်၏စိတ်သဘောထားတို့ကို တိုင်းတာရန်လည်း ၎င်းတို့၏ ကိုယ်ပိုင်အယူအဆများကို အသုံးပြုကြသည်။ ၎င်းတို့သည် မိမိတို့၏ အယူအဆများအတွင်း၌ ဘုရားသခင်ကို ယုံကြည်ကြသည်၊ မိမိတို့၏ အယူအဆများအတွင်းတွင် ဘုရားသခင်ကို ရှုမြင်ပြီး ဘုရားသခင်ပြောဆိုသည့် စကားလုံးတိုင်း၊ ဘုရားသခင် လုပ်ဆောင်သည့် အမှုနှင့်ဆိုင်သော အချက်တိုင်းနှင့် ဘုရားသခင် ပြင်ဆင်ထားသည့် ပတ်ဝန်းကျင်တိုင်းကို မိမိတို့ အယူအဆများအတွင်းတွင် စောင့်ကြည့်လေ့လာကာ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးကြသည်။ ဘုရားသခင် လုပ်ဆောင်သည့်အရာက ၎င်းတို့၏ အယူအဆများနှင့် ကိုက်ညီသည့်အခါ၊ ၎င်းတို့သည် ဘုရားသခင် ဖြောင့်မတ်သည်၊ ဘုရားသခင် သစ္စာရှိသည်၊ ဘုရားသခင် သန့်ရှင်းသည်ဟု ပြောဆိုလျက် ဘုရားသခင်ကို ကျယ်လောင်စွာ ချီးမွမ်းကြသည်။ ဘုရားသခင် လုပ်ဆောင်သည့်အရာက ၎င်းတို့၏ အယူအဆများနှင့် မကိုက်ညီသည့်အခါ၊ ၎င်းတို့၏ အကျိုးစီးပွားများက ပြင်းထန်သော ဆုံးရှုံးမှုများကို ခံစားရပြီး ကြီးမားသော နာကျင်မှုကို ၎င်းတို့ ခါးစည်းခံရသည့်အခါ၊ ၎င်းတို့သည် ဘုရားသခင်ပြောဆိုသည့် နှုတ်ကပတ်တော်များနှင့် သူလုပ်ဆောင်သည့်အမှုကို ငြင်းပယ်ရန် ထွက်ပေါ်လာကြသည်။ ၎င်းတို့က “ဘုရားနှုတ်ကပတ်တော်များကို သိပ်အလွယ်တကူ မယုံကြည်နှင့်၊ ပြီးလျှင် ဘုရားနှုတ်ကပတ်တော်များကိုလည်း အလွယ်တကူ လက်တွေ့မလုပ်ဆောင်နှင့်။ သို့မဟုတ်ပါက သင်သည် အသုံးချခံရပြီး ဆုံးရှုံးမှုများ ခံစားရလျှင် မည်သူကမျှ ယင်းအတွက် တာဝန်ယူမည် မဟုတ်ပါ” စသည်ဖြင့် ပြောဆိုလျက်၊ ပိုများသော လူတို့ကို ဘုရားသခင်အား အထင်လွဲမှားစေရန်နှင့် သတိဖြင့် ခုခံကာကွယ်စေရန် သွေးထိုးလှုံ့ဆော်ဖို့ အယူအဆများကိုပင် ဖြန့်ဝေကြလေသည်။ ဥပမာအားဖြင့်၊ ဘုရားသခင်က “ငါ့အတွက် စစ်မှန်စွာ အသုံးခံသော သင်တို့၊ ငါသည် သင်တို့ကို ဧကန်မုချ အလွန် ကောင်းချီးပေးမည်”ဟု ပြောသည်။ ဤစကားများသည် သမ္မာတရား မဟုတ်လော။ ဤစကားများသည် ရာနှုန်းပြည့် သမ္မာတရား ဖြစ်သည်။ ယင်းတို့တွင် စိတ်လိုက်မာန်ပါဖြစ်ခြင်း သို့မဟုတ် လှည့်စားခြင်း မပါဝင်ပေ။ ယင်းတို့သည် ဝိညာဉ်ရေးရာ သီအိုရီတစ်မျိုးမျိုး ဖြစ်ရန် မဆိုထားနှင့်၊ လိမ်ညာမှုများ သို့မဟုတ် ကြီးကျယ်ပုံရသော စိတ်ကူးများ မဟုတ်ပေ။ ယင်းတို့သည် သမ္မာတရား ဖြစ်သည်။ ဤသမ္မာတရား နှုတ်ကပတ်တော်များ၏ အနှစ်သာရမှာ အဘယ်နည်း။ ယင်းမှာ သင်သည် ဘုရားသခင်အတွက် သင့်ကိုယ်သင် အသုံးခံသည့်အခါ စစ်မှန်ရမည်ဟူ၍ ဖြစ်သည်။ “စစ်မှန်သော” ဆိုသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ လိုလားခြင်းနှင့် မသန့်စင်မှုများ မရှိခြင်း ဖြစ်သည်။ ငွေ သို့မဟုတ် ကျော်ကြားမှု၏ လှုံ့ဆော်ခြင်းကို မခံရသည့်အပြင်၊ သင်၏ ကိုယ်ပိုင် ရည်ရွယ်ချက်များ၊ လိုအင်ဆန္ဒများနှင့် ပန်းတိုင်များအတွက်လည်း သေချာပေါက် မဟုတ်ပေ။ သင်သည် အတင်းအကျပ်ပြုခြင်းခံရသောကြောင့် သို့မဟုတ် သွေးထိုးလှုံ့ဆော်ခံရခြင်း၊ ချော့မော့ခံရခြင်း သို့မဟုတ် ဆွဲခေါ်ခံရခြင်းတို့ကြောင့် အသုံးခံခြင်းမဟုတ်ဘဲ၊ ထို့ထက် ယင်းမှာ သင်၏အတွင်းမှ လိုလိုလားလား ထွက်ပေါ်လာခြင်း ဖြစ်သည်။ ယင်းသည် အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့မှ ပေါက်ဖွားလာခြင်း ဖြစ်သည်။ ဤသည်မှာ စစ်မှန်ခြင်းက ဆိုလိုသည့်အရာ ဖြစ်သည်။ ဘုရားသခင်အတွက် သင့်ကိုယ်သင် အသုံးခံရန် လိုလားမှုအရ၊ ဤသည်မှာ စစ်မှန်ခြင်းက ဆိုလိုသည့်အရာ ဖြစ်သည်။ သို့ဆိုလျှင် သင်သည် ဘုရားသခင်အတွက် မိမိကိုယ်ကို အသုံးခံသည့်အခါ စစ်မှန်ခြင်းသည် လက်တွေ့တွင် မည်သို့ ပေါ်လွင်ထင်ရှားသနည်း။ သင်သည် မုသား သို့မဟုတ် လိမ်လည်ခြင်းတို့တွင် မပါဝင်ပေ၊ အလုပ်ကို ရှောင်ရှားရန် လှည့်ကွက်ကို အားကိုးအားထားပြုခြင်းမရှိသည့်အပြင်၊ အမှုအရာများကို ဝတ်ကျေတမ်းကျေ မလုပ်ဆောင်ပေ။ သင်သည် တတ်နိုင်သမျှလုပ်ဆောင်ရင်း၊ သင်၏ စိတ်နှလုံးအကြွင်းမဲ့နှင့် ဆက်ကပ်သည် စသည်တို့ဖြစ်သည်။ ဤနေရာတွင် ဖော်ပြရန် အသေးစိတ်အချက်များ အလွန်များလှသည်တကား။ တိုတိုပြောရလျှင်၊ စစ်မှန်ခြင်းတွင် သမ္မာတရား စည်းမျဉ်းများ ပါဝင်သည်။ လူအတွက် ဘုရားသခင်၏ တောင်းဆိုချက်များ နောက်ကွယ်တွင် စံနှုန်းတစ်ခုနှင့် စည်းမျဉ်းတစ်ခု ရှိသည်။ အချို့လူများက “ကျွန်ုပ်သည် ဘုရားကို ယုံကြည်ရာတွင် ကျွန်ုပ်၏ စစ်မှန်မှုကို ပူဇော်ဆက်ကပ်ပြီးကျွန်ုပ်၏ နည်းပါးသော စုဆောင်းငွေအားလုံးကို ပူဇော်ပါက၊ ကျွန်ုပ် ပို၍ ရရှိလိမ့်မည်လော။ ကျွန်ုပ် ပို၍ ရရှိနိုင်မည်ဆိုလျှင်၊ အရာအားလုံးကို ပေးဆက်ရကျိုးနပ်သည်တကား”ဟု ပြောဆိုကြသည်။ ပူဇော်ဆက်ကပ်ပြီးနောက်တွင်၊ ဘုရားသခင်က ၎င်းတို့ကို ကောင်းချီးမပေးသည်ကို ၎င်းတို့ မြင်တွေ့ပြီး “ကျွန်ုပ် ပူဇော်ဆက်ကပ်ခဲ့သည်မှာ မလုံလောက်သေးသောကြောင့် ဖြစ်နိုင်သည်။ ထို့ကြောင့် ကျွန်ုပ် ထပ်၍ ပူဇော်ဆက်ကပ်ဦးမည်။ ကျွန်ုပ် အပြင်ထွက်ပြီး ဧဝံဂေလိတရားကို ဟောပြောမည်”ဟု တွေးလျက် ထိုအရာနှင့်ပတ်သက်၍ တွေးဆကြလေသည်။ ဧဝံဂေလိတရားကို ဟောပြောနေစဉ် အခက်အခဲများနှင့် ကြုံတွေ့ရသည့်အခါ၊ ၎င်းတို့ ဆုတောင်းကြသည်။ တစ်ခါတစ်ရံ၊ အစားအစာလွတ်သွားပြီး ကောင်းစွာ မအိပ်စက်ရသည့်အခါ၊ ၎င်းတို့ ဆက်လက်၍ ဆုတောင်းနေဆဲ ဖြစ်သည်။ ၎င်းတို့က “ဘုရားသခင်အတွက် စစ်မှန်စွာ အသုံးခံသောသူတို့သည် ဘုရားသခင်၏ ကြီးမားစွာ ကောင်းချီးပေးခြင်းကို ဧကန်မုချ ခံရလိမ့်မည်ဟု ပြောခဲ့သည်။ ကျွန်ုပ်၏ စစ်မှန်မှုသည် မလုံလောက်သေးသောကြောင့် ဖြစ်နိုင်သည်၊ ထို့ကြောင့် ကျွန်ုပ် ထပ်၍ ဆုတောင်းဦးမည်”ဟု တွေးကြသည်။ ဆုတောင်းခြင်းမှတစ်ဆင့် ၎င်းတို့သည် ယုံကြည်ခြင်းကို ရရှိပြီး ဆင်းရဲဒုက္ခအနည်းငယ်ကို ခါးစည်းခံရဖို့ စိတ်မပူကြပေ။ ၎င်းတို့သည် ဧဝံဂေလိတရားကို ဟောပြောခြင်းမှ အကျိုးရလဒ်အချို့ကို အမှန်တကယ် စတင်မြင်တွေ့လာရပြီး၊ “ယခု ငါ၌ စစ်မှန်မှုအချို့ ရှိပြီ။ ငါ၏မိသားစုဘဝ တိုးတက်လာခြင်း ရှိမရှိ၊ ငါ့ကလေး၏ရောဂါ သက်သာလာခြင်း ရှိမရှိ၊ မိသားစုစီးပွားရေး ချောမွေ့စွာ လည်ပတ်နေခြင်း ရှိမရှိ၊ ဘုရားသခင်ထံမှ ကောင်းချီးများ ရှိမရှိဟူသည်တို့ကို ကြည့်ရှုရန် အိမ်သို့ ငါ အမြန်ပြန်မည်”ဟု စဉ်းစားကြသည်။ ဤသည်မှာ ဘုရားသခင်အတွက် စစ်မှန်စွာ အသုံးခံခြင်းလော။ (မဟုတ်ပါ။) ဤသည်မှာ အဘယ်အရာနည်း။ (အပေးအယူလုပ်ခြင်း ဖြစ်ပါသည်။) ဤသည်မှာ ဘုရားသခင်နှင့် အပေးအယူလုပ်ခြင်း ဖြစ်သည်။ ၎င်းတို့သည် မိမိတို့ အလိုရှိသည့်အရာကို လုပ်ဆောင်ရန်နှင့် မိမိတို့ ဆန္ဒရှိသည့်အရာကို ရရှိရန် မိမိတို့၏ အယူအဆများကို အခြေခံ၍ မိမိတို့ ကိုယ်ပိုင် နည်းလမ်းများနှင့် “စစ်မှန်ခြင်း” ဟု ယူဆသည့်အရာကို အသုံးပြုနေကြခြင်း ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင် ပြောဆိုခဲ့သော ဤနှုတ်ကပတ်တော်များကို အတည်ပြုရန် မိမိတို့နားလည်သည့် “စစ်မှန်ခြင်း” ကို အဆက်မပြတ် အသုံးပြုကြပြီး၊ ဘုရားသခင်က အတိအကျ မည်သည့်အရာကို လုပ်ဆောင်ရန် ရည်ရွယ်သည်၊ သူမည်သည့်အရာကို သူ လုပ်ဆောင်ပြီးဖြစ်ကာ မည်သည့်အရာအား မလုပ်ဆောင်ရသေးသည်ဟူသည်တို့ကို အစဉ်မပြတ် စူးစမ်းထောက်လှမ်းလျက်၊ ဘုရားသခင်က ၎င်းတို့ကို ကောင်းချီးပေးမည်၊ မပေးမည်ဟူသည်နှင့် သူက ၎င်းတို့ကို အလွန် ကောင်းချီးပေးရန် ရည်ရွယ်ခြင်း ရှိ၊ မရှိဟူသည်တို့ကို အစဉ်မပြတ် တွေးကြံမှန်းဆနေကြသည်။ ၎င်းတို့သည် မိမိတို့ ပူဇော်ဆက်ကပ်ပြီးသည့်အရာနှင့် ၎င်းတို့ မည်မျှ ရသင့်သည်ဟူသည်တို့ကိုလည်းကောင်း၊ ဘုရားသခင်က ၎င်းတို့အား ထိုအရာကို ပေးခဲ့ခြင်း ရှိ၊ မရှိဟူသည်နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များက ပြည့်စုံခဲ့ခြင်း ရှိ၊ မရှိဟူသည်တို့ကိုလည်းကောင်း အဆက်မပြတ် တွက်ချက်နေကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ ဤပြောဆိုချက်ကို စမ်းသပ်နိုင်မည့် အဖြစ်မှန်များကို အဆက်မပြတ် ရှာဖွေနေကြသည်။ ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို အသုံးခံနေစဉ် ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ မှန်ကန်ခြင်း ရှိ၊ မရှိဟူသည်ကို အမြဲ အတည်ပြုလိုကြသည်။ ၎င်းတို့၏ ရည်ရွယ်ချက်မှာ ဘုရားသခင်အတွက် အသုံးခံခြင်းက ၎င်းတို့အား ဘုရားသခင်၏ ကောင်းချီးများကို ရရှိစေနိုင်ခြင်း ရှိ၊ မရှိဟူသည်ကို ကြည့်ရှုရန် ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်ကို အဆက်မပြတ် စမ်းသပ်နေကြသည်။ သူ၏နှုတ်ကပတ်တော်များကို အတည်ပြုနိုင်ရန်အလို့ငှာ မိမိတို့အပေါ် ဘုရားသခင်၏ ကောင်းချီးများကို အမြဲ မြင်တွေ့လိုကြသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ၎င်းတို့ စိတ်ကူးထားသလောက် အလွယ်တကူ မပြည့်စုံကြောင်းနှင့် ဘုရားနှုတ်ကပတ်တော်များ၏ မှန်ကန်မှုကို အတည်ပြုရန် ခက်ခဲကြောင်း တွေ့ရှိသောအခါ၊ ဘုရားသခင်နှင့်ပတ်သက်သည့် ၎င်းတို့၏ အယူအဆများသည် သာ၍ပင် ဆိုးရွားလာသည်။ တစ်ချိန်တည်းတွင်၊ ဘုရားသခင်ပြောဆိုသည့် စကားလုံးတိုင်းသည် သေချာပေါက် သမ္မာတရား မဟုတ်ကြောင်းကို ၎င်းတို့ စတင်၍ ခိုင်ခိုင်မာမာ ယုံကြည်လာကြသည်။ ဤအရာကို မိမိတို့၏ စိတ်နှလုံးထဲတွင် ဖုံးကွယ်ထားလျက်၊ ၎င်းတို့သည် ဘုရားသခင်ကို သံသယဝင်ပြီး မေးခွန်းထုတ်လာကာ၊ သူ့အပေါ် အယူအဆများကို မကြာခဏ ဖြစ်ပေါ်ကြသည်။ အခါအားလျော်စွာ၊ စိတ်နှလုံးထဲတွင် အယူအဆများဖြင့် ပြည့်နေသည့် ဤလူတို့သည် အသင်းတော်အသက်တာကို အသက်ရှင်နေထိုင်ပြီး ညီအစ်ကိုမောင်နှမများနှင့် အပြန်အလှန်ဆက်ဆံနေစဉ်တွင် ဘုရားသခင်အပေါ် ၎င်းတို့၏ အယူအဆအချို့ကို ထုတ်ဖော်ကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်ပတ်သက်၍ အယူအဆများ ဖြစ်ပေါ်ပြီး ဘုရားသခင်၏အမှုတော်ကို တိုင်းတာရန်လည်း ၎င်းတို့၏ အယူအဆများကို အသုံးပြုကြသည်။ ဘုရားသခင်၏အမှုတော်က ၎င်းတို့၏ အယူအဆများနှင့် တစ်သမတ်တည်း မကိုက်ညီသည့်အပြင် ၎င်းတို့၏ မျှော်လင့်ချက်များနှင့် လုံးဝ ဆန့်ကျင်နေသည့်အခါ၊ ၎င်းတို့သည် ဘုရားသခင်အပေါ် မိမိတို့၏ မကျေနပ်မှုကို ထုတ်ဖော်ရန် ၎င်းတို့၏ အယူအဆများကို ဖြန့်ဝေကြသည်။ ဥပမာအားဖြင့်၊ ဘုရားသခင်က သူ၏အမှုတော်သည် အဆုံးသတ်သို့ ရောက်လုနီးကြောင်းနှင့် လူတို့သည် ဘုရားသခင်နောက်လိုက်ပြီး သူ့အတွက် အသုံးခံရန်၊ ဘုရားသခင်၏အမှုတော်နှင့် ပူးပေါင်းဆောင်ရွက်ရန် အရာရာကို စွန့်လွှတ်သင့်ပြီး လောကီဆိုင်ရာ အလားအလာများ၊ သဘောညီညွတ်သော အိမ်ထောင်စုနှင့် အခြားထိုသို့သောအရာများကို နောက်ထပ် မလိုက်စားသင့်တော့ကြောင်း ပြောဆိုသည်။ ဘုရားသခင်က ဤနှုတ်ကပတ်တော်များကို ပြောဆိုပြီးနောက်၊ ဘုရားသခင်သည် အမှုများစွာကို ဆက်လက်လုပ်ဆောင်သည်။ သုံးနှစ်၊ ငါးနှစ်၊ ခုနစ်နှစ် သို့မဟုတ် ရှစ်နှစ် ကုန်လွန်သွားပြီး အချို့လူများက ဘုရားသခင်၏အမှုတော်က အဆုံးသတ်သည့်လက္ခဏာများ သို့မဟုတ် ကြီးမားသော ကပ်ဘေးများ ကျရောက်တော့မည်ဖြစ်ပြီး ယုံကြည်သူအားလုံး ခိုလှုံရာရနှင့်ပြီဟူသော လက္ခဏာများမရှိဘဲ တည်တည်ငြိမ်ငြိမ် ဆက်လက်ဖြစ်နေဆဲဖြစ်သည်ကို တွေ့မြင်ကြသည်။ ဘုရားသခင်၏အမှုတော်ကို မိမိတို့၏ အယူအဆများဖြင့် တိုင်းတာသောသူတို့သည် ယုံကြည်သူများက ဘုရားသခင်၏ အံ့ဖွယ်ကောင်းချီးများကို အတူတကွ ခံစားနိုင်ရန် ဘုရားသခင်၏အမှုတော် အမြန်ပြီးဆုံးသွားဖို့ မစောင့်နိုင်အောင်ဖြစ်ကြသည်။ သို့သော် ဘုရားသခင်သည် ဤနည်းအတိုင်း ပြုမူဆောင်ရွက်ခြင်းမရှိ။ သူသည် ဤကိစ္စကို လူ့အယူအဆများနှင့် စိတ်ကူးစိတ်သန်းများအတိုင်း မပြီးမြောက်စေပေ။ မစောင့်နိုင်သောသူတို့သည် ဂနာမငြိမ်ဖြစ်လာပြီး “ဘုရားအမှုတော်က အဆုံးသတ်ကို ရောက်လုနီးနေပြီ မဟုတ်လော။ မကြာခင်တွင် အဆုံးသတ်သင့်ပြီ မဟုတ်လော။ ကြီးမားသည့် ကပ်ဘေးများ ကျရောက်တော့မည်ဟု ဘုရားက ပြောခဲ့သည် မဟုတ်လော။ ဘုရားအိမ်တော်သည် အဘယ်ကြောင့် အလွန်များသည့် အလုပ်ကို လုပ်နေသေးသနည်း။ ဘုရားအမှုတော်သည် အတိအကျ မည်သည့်အချိန်တွင် ပြီးဆုံးလိမ့်မည်နည်း။ မည်သည့်အချိန်တွင် အဆုံးသတ်လိမ့်မည်နည်း”ဟု ဆိုလျက် သံသယများ ရှိလာကြသည်။ ဤလူတို့သည် သမ္မာတရား သို့မဟုတ် ဘုရားသခင်၏ သတ်မှတ်ချက်များကို အနည်းငယ်မျှ စိတ်မဝင်စားကြပေ။ ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၊ ဘုရားသခင်ကို ကျိုးနွံနာခံခြင်း သို့မဟုတ် ကယ်တင်ခြင်းကို စွမ်းဆောင်ရရှိရန် စာတန်၏ စွမ်းအားမှ လွတ်မြောက်ခြင်းတို့ကို စိတ်ဝင်စားမှုမရှိပေ။ ၎င်းတို့သည် ဘုရားသခင်၏အမှုတော် မည်သည့်အချိန်တွင် ပြီးဆုံးမည်၊ ၎င်းတို့၏ အဆုံးသတ်က အသက်ရှင်ခြင်းဖြစ်လိမ့်မည်လော သို့မဟုတ် သေခြင်းဖြစ်လိမ့်မည်လော၊ နိုင်ငံတော်ထဲသို့ ကောင်းချီးများကို မွေ့လျော်ခံစားရန် ၎င်းတို့ မည်သည့်အချိန်တွင် ဝင်ရောက်နိုင်မည်ဟူသည်နှင့် နိုင်ငံတော်၏ လှပသောမြင်ကွင်းများက မည်သို့ဖြစ်မည်ဟူသည်တို့ကိုသာ အထူးသဖြင့် စိတ်ဝင်စားကြသည်။ ဤအရာများမှာ ၎င်းတို့၏ အကြီးမားဆုံးသော အမှုထားစရာကိစ္စများ ဖြစ်ကြသည်။ ထို့ကြောင့်၊ အချိန်ကာလတစ်ခုကြာ ကြံ့ကြံ့ခံပြီးနောက် ကောင်းကင်နှင့်မြေကြီး မပြောင်းလဲဘဲရှိနေဆဲဖြစ်သည်ကိုလည်းကောင်း၊ လောက၏ နိုင်ငံများသည် ပုံမှန်အတိုင်း ဆက်လက်ရှိနေသည်ကိုလည်းကောင်း မြင်သောအခါ၊ ၎င်းတို့က “ဘုရား၏ ဤစကားများက မည်သည့်အချိန်တွင် အမှန်တကယ် ဖြစ်လာလိမ့်မည်နည်း။ ကျွန်ုပ် နှစ်ပေါင်းအချို့ကြာ စောင့်ဆိုင်းနေခဲ့ပြီးဖြစ်သည်။ အဘယ်ကြောင့် ထိုအရာများက အမှန်တကယ် မဖြစ်သေးသနည်း။ ဘုရား၏ စကားများသည် အမှန်ပင် တကယ်ဖြစ်လာနိုင်သလော။ ဘုရားက သူ့စကားအတိုင်း တည်သလော၊ မတည်သလော” ဟု ပြောဆိုကြသည်။ သို့ဖြင့် ဤလူတို့သည် စိတ်ရှည်ခြင်း မရှိတော့ပေ၊ ဂနာမငြိမ်ဖြစ်လာကြပြီး မိမိတို့၏ ကိုယ်ပိုင်ဘဝများကို အသက်ရှင်နေထိုင်ရန် လောကသို့ပြန်ရမည့် အခွင့်အရေးများကို ရှာဖွေချင်လာကြလေသည်။

ဘုရားသခင်၏ အမှုတော်နှင့် ဘုရားသခင် ဖော်ပြသည့် သမ္မာတရားများသည် လူ၏ စိတ်ကူးစိတ်သန်းများကို အမြဲကျော်လွန်ပြီး လူ့အယူအဆများထက် အမြဲသာလွန်သည်။ လူတို့ မည်သို့ပင် ကြိုးစားပါစေ၊ ယင်းတို့ကို ၎င်းတို့က နားမလည်နိုင် သို့မဟုတ် တိုင်းတာနိုင်ခြင်းမရှိပေ။ ၎င်းတို့သည် ဘုရားအမှုတော်၏ နည်းလမ်းများက အတိအကျ မည်သည့်အရာဖြစ်သည် သို့မဟုတ် ယင်းက မည်သည့်ပန်းတိုင်များအား စွမ်းဆောင်ရရှိရန် ရည်ရွယ်သည်ကို မသိကြပေ။ သို့ဖြစ်၍ နောက်ဆုံးတွင် အချို့လူများက “ဘုရားသည် တကယ်တည်ရှိပါသလော။ ဘုရားက အတိအကျ အဘယ်မှာရှိသနည်း။ ဘုရားက သမ္မာတရားတွေကို ဆက်ပြီး ဖော်ပြနေသော်လည်း၊ သူသည် အလွန်များစွာ ဖော်ပြသည် မဟုတ်လော။ ဘုရားသခင်က ငါတို့ကို သူ့နိုင်ငံတော်ထဲသို့ ခေါ်ဆောင်သွားမည်ဟု ပြောခဲ့သည် မဟုတ်လော။ မည်သည့်အချိန်တွင် ကောင်းကင်နိုင်ငံတော်ထဲကို ငါတို့ ဝင်ရောက်နိုင်မည်နည်း။ ဤအရာများသည် အဘယ်ကြောင့် ယခုထိ အမှန်တကယ် ဖြစ်မလာသေးသနည်း သို့မဟုတ် မပြည့်စုံသေးသနည်း။ နောက်ထပ် နှစ်ပေါင်းမည်မျှ အတိအကျ ကြာဦးမည်နည်း။ ဘုရား၏နေ့ရက်က နီးနေပြီဟု အမြဲပြောသည်။ သို့သော် ယခုတွင် ဤ‘နီးနေပြီ’ ဟူသည်ကို နှစ်ပေါင်းများစွာ ပြောပြီးဖြစ်သည်။ အဘယ်ကြောင့် ထိုအရာသည် အလွန် အလှမ်းဝေးပြီး အဆုံးမရှိပုံပေါက်နေရသနည်း”ဟု စတင် သံသယဝင်လာကြသည်။ ၎င်းတို့သည် ဤနည်းအတိုင်း တွေးရုံသာမက၊ ဤသံသယများကိုလည်း နေရာတိုင်းတွင် ဖြန့်ဝေကြသည်။ ဤအရာက မည်သည့်ပြဿနာကို ညွှန်ပြသနည်း။ တရားဒေသနာများစွာကို နားထောင်ပြီးနောက်၊ ၎င်းတို့သည် အဘယ်ကြောင့် သမ္မာတရားကို လုံးဝ နားမလည်သေးသနည်း။ ၎င်းတို့သည် အဘယ်ကြောင့် ဘုရားသခင်၏အမှုတော်ကို ဘောင်ခတ်ရန် လူ့အယူအဆများနှင့် စိတ်ကူးစိတ်သန်းများကို အမြဲအသုံးပြုကြသနည်း။ ၎င်းတို့သည် အဘယ်ကြောင့် ဤအမှုအရာများကို ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်အညီ မကြည့်ရှုနိုင်ကြသနည်း။ ၎င်းတို့သည် ဘုရားသခင်၏ တည်ရှိမှုကို အတည်ပြုပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များမှတစ်ဆင့် ကယ်တင်ခြင်းလမ်းကြောင်းတစ်ခုကို ပိုင်းဖြတ်နိုင်သလော။ ဘုရားသခင်ပြောဆိုသည့် ဤနှုတ်ကပတ်တော်များအားလုံးနှင့် သူလုပ်ဆောင်သည့် အရာအားလုံးသည် လူတို့ကို ကယ်တင်ရန်အလို့ငှာဖြစ်ကြောင်းကို ၎င်းတို့ နားလည်ကြသလော။ သမ္မာတရားကိုရရှိပြီး ကယ်တင်ခြင်းကို စွမ်းဆောင်ရရှိခြင်းအားဖြင့်သာ ဘုရားသခင်က လူသားမျိုးနွယ်အား ကတိပေးထားသည့် ကောင်းချီးများအားလုံးကို လူတို့ရရှိနိုင်ကြောင်း ၎င်းတို့ နားလည်ကြသလော။ ၎င်းတို့ပြောဆိုသည့်အရာနှင့် ၎င်းတို့ဖြန့်ဝေသည့် အယူအဆများမှနေ၍၊ ၎င်းတို့သည် ဘုရားသခင် မည်သည့်အရာ အတိအကျကို လုပ်ဆောင်နေသည် သို့မဟုတ် ဘုရားသခင်က ဤအလုပ်အားလုံးကို လုပ်ဆောင်ပြီး ဤနှုတ်ကပတ်တော်များအားလုံးကို ပြောဆိုရခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်အရာ အတိအကျ ဖြစ်သည်ဟူသည်ကို အခြေခံကျကျ နားမလည်ကြောင်း သိသာထင်ရှားသည်။ ၎င်းတို့သည် တကယ်ကို မယုံကြည်သူများသာ ဖြစ်ကြသည်။ နှစ်ပေါင်းများစွာကြာ တရားဒေသနာများကို နားထောင်ပြီး၊ ဘုရားအိမ်တော်တွင် နှစ်ပေါင်းများစွာကြာ တော်စွလျော်စွာ ကြုံရာကျပန်း နေခဲ့ပြီးနောက်၊ ၎င်းတို့ မည်သည့်အရာကို ရရှိကြပြီနည်း။ ဘုရားသခင် တည်ရှိခြင်း ရှိ၊ မရှိကိုပင် ၎င်းတို့ အတည်မပြုရသေးပေ၊ ဤအရာအတွက် ၎င်းတို့တွင် တိကျသော အဖြေမရှိပေ။ အသင်းတော်တွင် ၎င်းတို့သည် မည်သည့်အခန်းကဏ္ဍတွင် ပါဝင်ဆောင်ရွက်ကြသနည်း။ ကောင်းချီးများမရရှိဘဲ အချိန်အတန်ကြာ အလုပ်လုပ်ပေးပြီးနောက် ၎င်းတို့သည် အခြားသူများကို အထင်အမြင်မှားစေရန်နှင့် နှောင့်ယှက်ရန် အယူအဆများကို စိတ်လိုလက်ရ ဖြန့်ဝေကြသည်။ ၎င်းတို့ ကြုံရာကျပန်း ပြောဆိုသည့်အရာများသည် ဘုရားသခင်နှင့် သူ၏အမှုတော်အပေါ် ဝေဖန်ချက်များ ဖြစ်ကြသည်။ ၎င်းတို့ထဲမှ အချို့က “ဘုရားအမှုတော်က သုံးနှစ်၊ ငါးနှစ်အတွင်း ပြီးစီးမည်ဟု ကျွန်ုပ် တွေးထင်လေ့ရှိခဲ့သည်။ ယခုတွင် ဆယ်နှစ်ကြာသွားသည့်အချိန် ထိုအမှုတော် ပြီးစီးဦးမည်မဟုတ်သည်ကို ကျွန်ုပ် မမျှော်လင့်ခဲ့ပါ။ ဤအမှုတော်သည် မည်သည့်အချိန်တွင် ပြီးမြောက်လိမ့်မည်နည်း။ သက်သေခံချက်ဆောင်းပါးများကို အဆက်မပြတ် ရေးသားနေကြသည်။ ဓမ္မတေးဖျော်ဖြေမှု ဗီဒီယိုများနှင့် ရုပ်ရှင်များကို ဆက်တိုက် ထုတ်လုပ်နေသည်။ ဧဝံဂေလိတရားကို ဆက်လက် ဟောပြောလျက်ရှိသည်။ ထိုအရာသည် မည်သည့်အချိန်တွင် ပြီးဆုံးမည်နည်း” ဟု ပြောဆိုကြသည်။ ၎င်းတို့သည် အခြားသူများကိုပင် “သင်တို့လည်း ထိုသို့ပင် မထင်သလော။ ကောင်းပြီ၊ မည်သည့်အရာကို သင်တို့ စဉ်းစားသည်ဖြစ်စေ၊ ယင်းမှာ ကျွန်ုပ် တွေးထင်သည့်အရာ ဖြစ်သည်။ ကျွန်ုပ်က ရိုးသားသော လူတစ်ဦးဖြစ်သည်။ မိမိစိတ်ထဲတွင် ရှိသည့်အရာကို မပြောသည့်အပြင် အားလုံးကို ဖုံးကွယ်ထားသည့် အခြားလူများနှင့်မတူဘဲ စိတ်ထဲရှိသည့် မည်သည့်အရာကိုမဆို ကျွန်ုပ် ပြောသည်။” ဟု မေးခွန်းထုတ်ကြသည်။ မည်သည့်အရာကိုမဆို ပြောဝံ့သည်မှာ “ရိုးသား” လွန်းစွတကား။ သာ၍ပင် ဆိုးသည်မှာ၊ ၎င်းတို့က “ဘုရားအမှုတော်က မကြာခင် အဆုံးမသတ်လျှင်၊ ကျွန်ုပ် အလုပ်တစ်ခုကိုသာ သွားရှာမည်၊ ပိုက်ဆံရှာပြီး ကျွန်ုပ်ဘဝကို အသက်ရှင်နေထိုင်လိုက်တော့မည်။ ဘုရားကို ယုံကြည်သည့် ဤနှစ်ကာလများတစ်လျှောက်လုံးအတွက်၊ အလွန်များသည့် အစားအသောက်ကောင်းများ၊ အလွန်များသည့် ပျော်မွေ့စရာ နေရာများ၊ အလွန်များသည့် ရုပ်ဝတ္ထုဆိုင်ရာ ပျော်ရွှင်မှုများနှင့် လွဲချော်ခဲ့ရသည်။ ကျွန်ုပ်သာ ဘုရားကို မယုံကြည်ခဲ့လျှင်၊ ဤလွန်ခဲ့သည့်နှစ်ကာလများအတွင်းတွင် အိမ်ကြီးအိမ်ကောင်းတွင် နေရပြီးဖြစ်မည်၊ ကားတစ်စီး ပိုင်ကာ ကမ္ဘာကိုပင် အကြိမ်ပေါင်းများစွာ ပတ်ခဲ့ပြီးဖြစ်မည်။ ပြန်စဉ်းစားကြည့်သည့်အခါ၊ ဘုရားကို မယုံကြည်ဘဲ နေခဲ့သည့်ဘဝက အတော်ကောင်းပေသည်။ ကျွန်ုပ် အတော် ပျော်ရွှင်ခဲ့သည်။ အနည်းငယ် အနှစ်မဲ့သော်လည်း၊ ဇာတိပကတိဆိုင်ရာ သာယာမှုများကို ကျွန်ုပ် မွေ့လျော်ခံစားနိုင်ခဲ့သည်၊ ကောင်းကောင်းစား၊ ကောင်းကောင်းသောက်နိုင်ခဲ့ပြီး၊ မည်သည့် ချုပ်တည်းမှုမျှမရှိဘဲ ကျွန်ုပ်လုပ်ချင်တာမှန်သမျှကို လုပ်နိုင်ခဲ့သည်။ ဘုရားကို ယုံကြည်သည့် ဤနှစ်ကာလများအတွင်းတွင်၊ ကျွန်ုပ် အလွန်များစွာ ဆင်းရဲဒုက္ခခံစားခဲ့ရပြီး၊ ကိုယ့်ကိုယ်ကိုယ် အလွန် နစ်နာစေခဲ့သည်။ ကျွန်ုပ် သမ္မာတရားနည်းနည်းရပြီး စိတ်နှလုံးထဲမှာ နည်းနည်း ပိုပြီး လုံခြုံသည်ဟု ခံစားရသော်လည်း၊ ဤသမ္မာတရားများက ထိုဇာတိပကတိဆိုင်ရာ သာယာမှုများကို အစားမထိုးနိုင်ပါ။ ဒါ့အပြင်၊ ဘုရားအမှုတော်က လုံးဝ မပြီးဆုံးသည့်အပြင်၊ ဘုရားက လူများထံ လုံးဝ မပေါ်ထွန်းပါ။ ထို့ကြောင့် ကျွန်ုပ် လုံးဝ လုံခြုံသည်ဟု မခံစားရပါ။ သမ္မာတရားကို နားလည်ပြီး ရရှိခြင်းက ငြိမ်သက်ခြင်းနှင့် ရွှင်လန်းခြင်းကို ဆောင်ကြဉ်းပေးသည်ဟု သူတို့ပြောကြသည်။ သို့သော် ငြိမ်သက်ခြင်းနှင့် ရွှင်လန်းခြင်းရှိသည်မှာ အဘယ်ကောင်းကျိုးရှိသနည်း။ ကျွန်ုပ်တွင် ဇာတိပကတိဆိုင်ရာ သာယာမှု မရှိသေးပါ”ဟု ပြောဆိုကြသည်။ ဤအတွေးများကို ၎င်းတို့၏စိတ်ထဲတွင် အကြိမ်မရေမတွက်နိုင်အောင် တွေးနေခဲ့ကြပြီး ၎င်းတို့သည် မိမိတို့ကိုယ်ကို အကြိမ်များစွာ ထိုအရာများကို မိမိတို့ဘာသာ ထပ်ခါတလဲလဲ တွေးနေမိခဲ့ကြသည်။ မိမိတို့၏ အယူအဆများသည် ခိုင်မာစွာ ရပ်တည်ရန် လုံလောက်သော ကျိုးကြောင်းပြချက်ရှိသည်ဟု ၎င်းတို့ ယုံကြည်ကာ အချိန်အခါသင့်ပြီဖြစ်ပြီး ဘုရားသခင်၏အမှုတော်ကို ချစ်တီးခေါင်းသန်းရှာလုပ်ရန် လုံလောက်စွာ အရည်အချင်းပြည့်မီသည်ဟု ၎င်းတို့ ခံစားရသောအခါ၊ အထက်တွင် ကိုးကားထားသော မှတ်ချက်များနှင့် အယူအဆများကို ၎င်းတို့ မဖြန့်ဝေဘဲမနေနိုင်ကြပေ။ ၎င်းတို့သည် ဘုရားသခင်နှင့် သူ၏အမှုတော်ကို ပိုမို၍ များပြားသောလူတို့က အထင်အမြင်မှားစေရန် ကြိုးစားလျက်၊ ဘုရားသခင်နှင့်ပတ်သက်သည့် မိမိတို့၏ မကျေနပ်မှုကိုလည်းကောင်း၊ ဘုရားသခင်၏အမှုတော်အပေါ် မိမိတို့၏ အယူအဆများနှင့် အထင်လွဲမှားမှုများကိုလည်းကောင်း ဖြန့်ဝေကြသည်။ ပိုမို၍များပြားသောလူတို့အား ဘုရားသခင်အတွက် အသုံးခံခြင်းမရှိအောင် တားဆီးလိုပြီး၊ ၎င်းတို့၏ လက်ရှိတာဝန်များကို စွန့်လွှတ်ကာ ဘုရားသခင်ကို ငြင်းပယ်စေလိုသည့် ဖုံးကွယ်ထားသော ရည်ရွယ်ချက်များရှိသူအချို့လည်း ရှိပေသည်။ အသင်းတော်ကိုသာ ဖျက်သိမ်းလိုက်မည်ဆိုလျှင်၊ ၎င်းတို့အတွက် အကောင်းဆုံးအရာ ဖြစ်ပေမည်။ ၎င်းတို့၏ ပန်းတိုင်မှာ အဘယ်နည်း။ “ငါ ကောင်းချီးများ မရနိုင်လျှင်၊ သင်တို့ထဲမှ မည်သူမျှကလည်း ရဖို့ မမျှော်လင့်သင့်ပေ။ သမ္မာတရားကိုဖြစ်စေ၊ ဘုရားကတိပေးထားသည့် ကောင်းချီးများကိုဖြစ်စေ ရရှိဖို့အတွက် သင်တို့ထဲမှ မည်သူမျှ မမျှော်လင့်နိုင်အောင် အမှုအရာများကို ငါ ကမောက်ကမဖြစ်စေမည်”ဟူ၍ ဖြစ်သည်။ ကောင်းချီးများရရှိရန် မျှော်လင့်ချက်မရှိသည်ကို မြင်သည့်အခါ၊ ၎င်းတို့သည် နောက်ထပ် စောင့်ဆိုင်းရန် စိတ်ရှည်ခြင်း ပျောက်ဆုံးသွားကြသည်။ ၎င်းတို့ကိုယ်တိုင် ကောင်းချီးများမရရှိသည့်အပြင်၊ အခြားသူများကိုလည်း မရရှိစေလိုကြပေ။ ထို့ကြောင့်၊ ၎င်းတို့သည် အယူအဆများကို ဖြန့်ဝေသည့်အခါ၊ တစ်နည်းအားဖြင့် မိမိတို့၏ မကျေနပ်မှုကို ထုတ်ဖော်နေခြင်း၊ ဘုရားသခင်၏အမှုတော်နှင့်ပတ်သက်၍ မည်သည့်အရာကမျှ လူ့အယူအဆများ၊ စိတ်ကူးစိတ်သန်းများနှင့် မကိုက်ညီကြောင်းနှင့် ဘုရားသခင်၏ အမှုပြုခြင်းနည်းလမ်းသည် လူတို့၏ ခံစားချက်များအပေါ် မငဲ့ကွက်ကြောင်း ညည်းညူနေခြင်း ဖြစ်သည်။ တစ်ချိန်တည်းတွင်၊ ၎င်းတို့သည် ပိုများသောလူတို့အား အထင်အမြင်မှားစေကာ ဘုရားသခင်ကို နားလည်မှုလွဲမှားစေရန်၊ ကိုယ်တော့်အပေါ် မကျေမနပ်ပြောဆိုစေရန်၊ ဘုရားသခင်အပေါ် အယူအဆများ ဖြစ်ပေါ်လာစေရန်နှင့် ယုံကြည်ခြင်း ပျောက်ဆုံးစေရန် ဆွဲဆောင်လိုကြ၏။ ၎င်းတို့သည် ပိုများသော လူတို့အား ၎င်းတို့တွင် ရှိသည့်အတိုင်းပင်၊ ဘုရားသခင်နှင့်ပတ်သက်သည့် မိမိတို့၏ အထင်လွဲမှုများနှင့် အယူအဆများကြောင့် ဘုရားသခင်ကို စွန့်လွှတ်စေရန် အလိုရှိကြသည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။