ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၁၆) အခန်း လေး
ဂ။ အယူအဆများကို ဖြေရှင်းခြင်းအတွက် စည်းမျဉ်းများနှင့် လမ်းကြောင်းများ
အယူအဆများ ဖြန့်ဝေခြင်းနှင့်ပတ်သက်၍ မိတ်သဟာယဖွဲ့ရန် လိုအပ်သည့် အမှုအရာအချို့ ရှိနေသေးသည်။ အချို့လူများက “အယူအဆများ ဖြန့်ဝေခြင်းနှင့်ပတ်သက်လာသည့်အခါ ကျွန်ုပ်တို့သည် အသင်းတော်အသက်တာအတွင်းတွင် ဖော်ထုတ်ခြင်းနှင့် စိစစ်ခြင်းကို လက်တွေ့လုပ်ဆောင်ရမည်ဖြစ်ပြီး ချုပ်ချယ်ကန့်သတ်ရမည်ဖြစ်သည်။ သို့သော် ဘုရားသခင်ကို ယုံကြည်ခြင်းလမ်းကြောင်းအတောအတွင်းတွင် ကျွန်ုပ်တို့သည် အမျိုးမျိုးသော အယူအဆများ ဖြစ်ပေါ်တတ်သည်။ ဤသည်မှာ ကျွန်ုပ်တို့၏ ထိန်းချုပ်မှုထက် ကျော်လွန်သော တစ်စုံတစ်ရာ ဖြစ်သည်။ သို့ဖြစ်၍ အယူအဆများနှင့်ပတ်သက်လာသည့်အခါ ကျွန်ုပ်တို့အနေဖြင့် အသင်းတော်အသက်တာအတွင်းတွင် နှောင့်ယှက်ခြင်းများနှင့် အဖျက်အမှောင့်လုပ်ခြင်းများကို မဖြစ်ပေါ်စေဘဲ၊ အခြားသူများကို ထိခိုက်နစ်နာအောင် သက်ရောက်မှုမရှိစေဘဲ သို့မဟုတ် အခြားသူတို့၏ အသက်တာကို မထိခိုက်နစ်နာစေဘဲ တိကျမှန်ကန်စွာ လက်တွေ့လုပ်ဆောင်နိုင်ရန်အလို့ငှာ မည်သို့သော လက်တွေ့လုပ်ဆောင်ခြင်း လမ်းခရီးမျိုးကို လိုက်လျှောက်သင့်သနည်း။ ပြုမူရန် သင့်လျော်သော နည်းလမ်းမှာ အဘယ်နည်း”ဟု ပြောဆိုကြသည်။ လူတို့တွင် အယူအဆများရှိသည်မှာ အမှန်တရားတစ်ခု မဟုတ်လော။ ယင်းမှာ ရှောင်လွှဲ၍မရနိုင်သည် မဟုတ်လော။ (ဟုတ်ပါသည်။) အချို့လူများက “သမ္မာတရားကို မလိုက်စားသောသူများသာလျှင် အယူအဆများ ဖြစ်ပေါ်လိမ့်မည်” ဟု ပြောဆိုကြသည်။ ဤပြောဆိုချက်သည် မှန်ကန်သလော။ တစ်စိတ်တစ်ပိုင်းသာ မှန်ကန်သည်။ သမ္မာတရားကို လိုက်စားသောသူများသည်လည်း အထူးအခြေအနေများကို ကြုံတွေ့ရသည့်အခါ ဘုရားသခင်နှင့်ပတ်သက်၍ အယူအဆများ ရံဖန်ရံခါ ဖြစ်ပေါ်ကောင်း ဖြစ်ပေါ်နိုင်သည်။ အဘယ်ကြောင့်ဆိုသော် လူတို့သည် သမ္မာတရားနှင့် ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားမလည်မီတွင်လည်းကောင်း၊ ဘုရားသခင်ကို သိကျွမ်းခြင်းမရှိမီတွင်လည်းကောင်း ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အမှုတော်နှင့်ပတ်သက်၍ အယူအဆအချို့ ဖြစ်ပေါ်လိမ့်မည်ဖြစ်သောကြောင့် ဖြစ်သည်။ ဤအယူအဆများသည် သမ္မာတရားနှင့် မကိုက်ညီသော မှားယွင်းပြီး အဓိပ္ပာယ်မဲ့သည့် လူ့စိတ်ကူးအချို့ ဖြစ်ကြသည်။ အချို့အယူအဆများသည် ကိုယ်ကျင့်တရား၊ အတွေးအခေါ်၊ ရိုးရာယဉ်ကျေးမှု၊ ကျင့်ဝတ်ဆိုင်ရာ သီအိုရီများစသည်တို့နှင့် ကိုက်ညီကောင်း ကိုက်ညီနိုင်ပြီး အပေါ်ယံအားဖြင့် ဤစိတ်ကူးများသည် မှန်ကန်ပုံရကောင်းရနိုင်သည်။ သို့သော်လည်း ထိုအရာများသည် သမ္မာတရားနှင့် မကိုက်ညီသည့်အပြင် ယင်းနှင့် ဆန့်ကျင်ကွဲလွဲနေသည်။ ဤသည်မှာ အမှန်တရားတစ်ခု ဖြစ်သည်။ လူတို့သည် ဤအယူအဆများကို မည်သို့ ရင်ဆိုင်သင့်သနည်း။ လူတို့သည် သမ္မာတရားကို မလိုက်စားမီတွင် ၎င်းတို့သည် အယူအဆများစွာ ရှိနှင့်ပြီးဖြစ်သည်။ ဤသည်တို့မှာ ပင်ကိုအယူအဆများ ဖြစ်ကြသည်။ လူတို့ သမ္မာတရားကို လိုက်စားခြင်းဖြစ်စဉ်အတွင်းတွင် ပတ်ဝန်းကျင်များနှင့် အမျိုးမျိုးသော အခြေအနေများ ပြောင်းလဲမှုကြောင့် အယူအဆအသစ် အတော်များများ ၎င်းတို့ထဲတွင် ဖြစ်ပေါ်လိမ့်မည်။ ဤသည်တို့မှာ ဆည်းပူးရရှိသော အယူအဆများ ဖြစ်ကြသည်။ အယူအဆ အမျိုးအစားနှစ်မျိုးလုံးသည် ဘုရားသခင်ကို ယုံကြည်ခြင်းခရီးစဉ်တွင် လူတို့ ရင်ဆိုင်ရန် လိုအပ်သည့်အရာများ ဖြစ်ကြသည်။ သို့ဆိုလျှင် အယူအဆများကို ဖြေရှင်းရန်အတွက် ဖြေရှင်းချက်တစ်ခု ရှိသလော။ လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းတစ်ခု ရှိသလော။ အချို့က “ဤအရာကို ကိုင်တွယ်ရန် လွယ်ကူပါသည်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ ပင်ကို အယူအဆများကို ဆန့်ကျင်ပုန်ကန်နိုင်သည်။ ယင်းတို့ကို ကျွန်ုပ်တို့ အလေးဂရုပြုရန် မလိုအပ်ပါ။ သမ္မာတရားကို လိုက်စားခြင်းဖြစ်စဉ်တွင် ကျွန်ုပ်တို့ သမ္မာတရားကို နားလည်သည်နှင့်အမျှ ဤအယူအဆများသည် တဖြည်းဖြည်း ပြေလည်ကာ ဖယ်ရှားခြင်းခံရမည်မှာ သေချာပါသည်။ ဆည်းပူးရရှိသော အယူအဆများနှင့်ပတ်သက်၍မူ ကျွန်ုပ်တို့သည် ယင်းတို့ကို ဖြေရှင်းရန် ဘုရားသခင်အပေါ် မှီခိုပြီး ယင်းတို့၏ ဘောင်ခတ်မှုကိုလည်း ကျွန်ုပ်တို့ မခံရပါ။ ထို့ကြောင့် ယနေ့အထိ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ စိတ်နှလုံးထဲတွင် ဘုရားသခင်ကို အတိုက်အခံလုပ်ခြင်း၊ ပြစ်တင်ရှုတ်ချခြင်း သို့မဟုတ် ပြစ်မှားစော်ကားခြင်းကဲ့သို့သော အရာများဆီသို့ ဆိုက်ရောက်စေနိုင်သည့် အယူအဆများကို မဖြစ်ပေါ်စေခဲ့ပါ”ဟု ပြောဆိုကြသည်။ ဤလက်တွေ့လုပ်ဆောင်ခြင်းနည်းလမ်း၊ အယူအဆများကို ရင်ဆိုင်ပြီး ကိုင်တွယ်ခြင်း၏ ဤနည်းလမ်းသည် မည်သို့ရှိသနည်း။ ယင်းက အယူအဆများကို ဖြေရှင်းနိုင်သလော။ ယင်းတွင် အားနည်းချက်များ ရှိသလော။ အယူအဆများအပေါ် ဤသဘောထားသည် တက်ကြွပြီး အပြုသဘောဆောင်သလော။ (မဆောင်ပါ။) ဤသဘောထားသည် လူတို့အပေါ် အပြုသဘောဆောင်သည့် သက်ရောက်မှု တစ်ခုတလေ ရှိသလော။ သင်သည် ဤအယူအဆများကို လျစ်လျူရှုသည့် အပျက်သဘောဆောင်သော နည်းလမ်းတစ်ခုကို အသုံးပြု၍ သင့် စိတ်နှလုံး၏ အကွယ်ဝှက်ဆုံးသော နေရာများတွင် သိမ်းဆည်းထားကာ ယင်းတို့ ထွက်ပေါ်လာသည့်အခါတိုင်း ဖိနှိပ်ပြီး ဆုတောင်းပြီး၊ ထို့နောက် ပြေလည်ပြီးဖြစ်သည်ဟု မှတ်ယူလျက်၊ ယင်းတို့ပြန်ပေါ်လာသည့်အခါတိုင်း တူညီသောနည်းလမ်းဖြင့် ကိုင်တွယ်ဖြေရှင်းပြီး နောက်ပိုင်းတွင် ယင်းတို့အကြောင်းကို မစဉ်းစားဘဲ ပြဿနာမဟုတ်သကဲ့သို့ ပြုမူကာ “မည်သို့ပင်ဖြစ်စေ ကျွန်ုပ်ယုံကြည်သော ဘုရားသခင်သည် ကျွန်ုပ်၏ ဘုရားသခင်သာ ဖြစ်နေဆဲဖြစ်သည်၊ ကျွန်ုပ်သည် ဘုရားသခင်၏ ဖန်ဆင်းခံတစ်ဦးသာ ဖြစ်နေဆဲဖြစ်ပြီး ဘုရားသခင်သည် ကျွန်ုပ်၏ ဖန်ဆင်းရှင်သာ ဖြစ်နေဆဲဖြစ်သည်၊ ဤအရာက မပြောင်းလဲပါ” ဟု ယုံကြည်နေပါက၊ ဤသည်မှာ အယူအဆများကို ဖြေရှင်းရန် အထိရောက်ဆုံးသော နည်းလမ်းဖြစ်သလော။ ဤအရာက အပြုသဘောဆောင်သော ရလဒ်တစ်ခုကို စွမ်းဆောင်ရရှိစေသလော။ ဤသို့သော လက်တွေ့လုပ်ဆောင်ခြင်းမျိုးသည် အယူအဆများကို အရင်းအမြစ်မှ အကုန်အစင် ဖြေရှင်းပေးသလော။ သိသာထင်ရှားစွာပင် မဖြေရှင်းပေးပေ။ ဤအယူအဆများသည် မည်မျှ ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ သို့မဟုတ် မည်မျှ များသည်ဖြစ်စေ၊ နည်းသည်ဖြစ်စေ ယင်းတို့က လူတို့၏ စိတ်နှလုံးထဲတွင် တည်ရှိနေသရွေ့ ယင်းတို့သည် ၎င်းတို့၏ အသက်ဝင်ရောက်မှုနှင့် ဘုရားသခင်နှင့် ၎င်းတို့၏ ဆက်ဆံရေးအပေါ် နှောင့်ယှက်ခြင်းများကို ဖြစ်ပေါ်စေလျက် အပျက်သဘောဆောင်သော သက်ရောက်မှုအချို့ ရှိလိမ့်မည်ဖြစ်သည်။ အထူးသဖြင့် လူတို့ အားနည်းသည့်အခါ၊ ၎င်းတို့ မကျော်လွှားနိုင်သော ပတ်ဝန်းကျင်တစ်ခုကို ကြုံတွေ့ရသည့်အခါ၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို ၎င်းတို့ နားမလည်သည့်အခါ၊ လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းမရှိသည့်အပြင် ဘုရားသခင်ကို မည်သို့ စိတ်ကျေနပ်စေရမည်ကို မသိသည့်အခါ၊ ပြီးလျှင် ၎င်းတို့တွင် ကယ်တင်ခြင်း မျှော်လင့်ချက်မရှိဟု ခံစားရသည့်အခါ၊ ဤအယူအဆများသည် ၎င်းတို့အတွင်း၌ လျင်မြန်စွာ ပေါ်ထွက်လာလိမ့်မည်၊ ၎င်းတို့၏ အတွေးများကို စိုးမိုးလိမ့်မည်၊ ၎င်းတို့၏ စိတ်နှလုံးများကို နေရာယူလိမ့်မည်ဖြစ်ပြီး ၎င်းတို့၏ နေခြင်း သို့မဟုတ် ထွက်ခွာခြင်းကိုပင် သက်ရောက်မှုရှိကောင်းရှိနိုင်ကာ ၎င်းတို့ရွေးချယ်သည့် လမ်းကြောင်းကို လွှမ်းမိုးကောင်းလွှမ်းမိုးနိုင်သည်။ သင် လုံးဝ ဂရုမစိုက်ခဲ့သည့်အပြင် သင့်ကို လုံးဝ သက်ရောက်မှုမရှိခဲ့သော သို့မဟုတ် သင့်ကို လုံးဝ မလဲပြိုစေခဲ့သော အယူအဆတစ်ခု ရှိကောင်းရှိနိုင်သည်။ သင်သည် ယင်း၏ သခင်ဖြစ်သည်၊ ယင်းကို သင် ထိန်းချုပ်နိုင်မည်ဟု အမြဲယုံကြည်ခဲ့သည်။ သို့သော် ရှုံးနိမ့်မှုတစ်ခုခု၊ ဖြုတ်ချခြင်း သို့မဟုတ် ဖယ်ရှားရှင်းလင်းခြင်းတစ်ခုခုကို တွေ့ကြုံပြီးနောက် သို့မဟုတ် ဘုရားသခင်ထံမှ ပြင်းထန်သော ဆုံးမပဲ့ပြင်ခြင်းနှင့် ရိုက်နှက်ဆုံးမခြင်းကို တွေ့ကြုံပြီးနောက် သို့မဟုတ် သင်သည် အနက်ဆုံးသောတွင်းထဲသို့ ကျရောက်သွားသည့်အလား ခံစားရသည့်အခါတွင်ပင်၊ ထိုအချိန်၌ ထိုအယူအဆသည် သင်၏ အသုံးပြုသောအရာ တစ်ခုမျှသာ မဟုတ်တော့ပေ။ သင်က ထိုအရာကို လျစ်လျူရှုလျှင်ပင် ထိုအရာက သင်၏ အတွေးများကို နှောင့်ယှက်ပြီး အထင်အမြင်မှားစေနိုင်သည်၊ သင်၏ အတွေးများနှင့် သဘောထားများ၊ ဘုရားသခင်အပေါ် သင်၏ သဘောထားနှင့် ဘုရားသခင်၌ သင်၏ ယုံကြည်ခြင်းကိုပင် စိုးမိုးနိုင်သည်။ အကယ်၍ သင်သည် ဤအယူအဆများကို ကိုင်တွယ်ဖြေရှင်းရန် သင့်တင့်လျောက်ပတ်သော လက်တွေ့လုပ်ဆောင်ခြင်း နည်းလမ်း သို့မဟုတ် စည်းမျဉ်းတစ်ခု မရှိပါက သို့မဟုတ် သင်သည် ယင်းတို့အပေါ် ရှင်းလင်းသော သိနားလည်မှုတစ်ခု မရှိပါက ဤအယူအဆများသည် သင်၏ အသက်ဝင်ရောက်မှု သို့မဟုတ် သင်၏ လက်ငင်းရွေးချယ်မှုများကို အခါအားလျော်စွာ ထိခိုက်လိမ့်မည်။ ယင်းတို့သည် ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးနှင့် ဘုရားသခင်အပေါ် သင်၏ သဘောထားကိုပင် လွှမ်းမိုးနိုင်သည်။ သို့ဖြစ်၍ မည်သည့်အခြေအနေတွင်မဆို ပေါ်ပေါက်လာသော အမျိုးမျိုးသော အယူအဆများနှင့် ရင်ဆိုင်ရသည့်အခါ အန္တရာယ်ကို ရှောင်ရှားပြီး အပြုသဘောဆောင်သော ရလဒ်တစ်ခုကို ရရှိရန်အလို့ငှာ လူတို့သည် ယင်းတို့ကို ရင်ဆိုင်ပြီး ကိုင်တွယ်ရန် မည်သည့် သဘောထားနှင့် နည်းလမ်းမျိုးကို ခံယူသင့်သနည်း။ ဤသည်မှာ ရှင်းလင်းစွာ မိတ်သဟာယဖွဲ့သင့်သည့် မေးခွန်းတစ်ခု ဖြစ်သည်။
ဇာတိပကတိ၌ အသက်ရှင်သော လူတို့တွင် လွတ်လပ်သော ဆန္ဒနှင့် လွတ်လပ်သော အတွေးအခေါ်များ ရှိကြသည်။ ၎င်းတို့ ပညာတတ်သည်ဖြစ်စေ၊ မတတ်သည်ဖြစ်စေ၊ ၎င်းတို့၏ အစွမ်းအစ မည်သို့ရှိသည်ဖြစ်စေ သို့မဟုတ် ၎င်းတို့၏ လိင်မှာ မည်သည့်အရာဖြစ်သည်ဖြစ်စေ၊ လူတို့တွင် အတွေးများ ရှိနေသရွေ့ ၎င်းတို့က အယူအဆများကို ဖြစ်ပေါ်စေလိမ့်မည်။ အကယ်၍ အယူအဆတစ်ခုက သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို စိုးမိုးပါက သင်သည် ဤအယူအဆကြောင့် ဘုရားသခင်ကို အာခံလိမ့်မည်။ ထို့ကြောင့် လူတို့တွင် အယူအဆများ ရှိခြင်းဟူသည့် ဤပြဿနာကို ဖြေရှင်းရမည်ဖြစ်သည်။ အယူအဆများကို ဖြစ်ပေါ်စေသူများမှာ အယူအဆများကို ဖြန့်ဝေသောသူများသာ မဟုတ်ပေ။ ၎င်းတို့သည် အလေးမထားဘဲ ဘုရားသခင်ကို ဆန့်ကျင်ဘက်၌ ရပ်တည်ပြီး ဘုရားနှင့်ပတ်သက်၍ အမျိုးမျိုးသော အမြင်များနှင့် ဝေဖန်မှုများကို ဖြန့်ဝေလျက် မိမိတို့၏ အယူအဆများကို ဖြန့်ဝေခြင်းသာ ဖြစ်သည်။ သို့သော် အယူအဆများကို မဖြန့်ဝေသောသူများတွင် အယူအဆတစ်ခုမျှမရှိဟု ဆိုလိုသလော။ လူတိုင်းတွင် အယူအဆများ ရှိကြသည်။ ဤသည်မှာ အမှန်တရားတစ်ခု ဖြစ်သည်။ ခြားနားချက်မှာ အယူအဆများကို တမင်တကာ ဖြန့်ဝေသောသူများတွင် ပင်ကိုအားဖြင့် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သော သဘာဝအနှစ်သာရတစ်ခု ရှိခြင်းဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားကို လက်မခံသည့်အပြင် မိမိတို့၏ အယူအဆများက မှန်ကန်ပြီး သမ္မာတရားနှင့် လုံးဝကိုက်ညီသည်ဟုပင် ယုံကြည်သောကြောင့်၊ ၎င်းတို့၏ အယူအဆများက သမ္မာတရားနှင့် ဆန့်ကျင်ကွဲလွဲပါက၊ ၎င်းတို့သည် သမ္မာတရားထက် မိမိတို့၏ အယူအဆများကို လက်ခံရန် ရွေးချယ်ကြလေသည်။ ဤသည်မှာ ၎င်းတို့ ကျရှုံးသည့်နေရာနှင့် ၎င်းတို့ ကန့်သတ်ခြင်းနှင့် ပြစ်တင်ရှုတ်ချခြင်း ခံရသည့်အကြောင်းရင်း ဖြစ်သည်။ သို့ဆိုလျှင် သာမန်ဖြစ်သော၊ ပုံမှန်လူများသည် အယူအဆများ ဖြစ်ပေါ်သည့်အခါ အဘယ်ကြောင့် ပြစ်တင်ရှုတ်ချခြင်း မခံရသနည်း။ ဤသည်မှာ ၎င်းတို့အများစုသည် ဆင်ခြင်တုံတရားဖြင့် ပြောဆိုပြီး ပြုမူကြသည့်အပြင် လူ့အယူအဆများက သမ္မာတရားနှင့် မကိုက်ညီဘဲ မမှန်ကန်ကြောင်းကို ၎င်းတို့၏ စိတ်နှလုံးထဲတွင် သိရှိကြသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် မိမိတို့၏ အယူအဆများကို ချက်ချင်း မဖြေရှင်းနိုင်သော်လည်း ယင်းတို့ကို စွန့်ပစ်ရန် လိုလားလျက်ရှိကြသည်။ ၎င်းတို့သည် သမ္မာတရားကို လက်ခံရန် ရွေးချယ်သည့်အခါ ၎င်းတို့၏ အတွင်းပိုင်း အယူအဆများသည် ထိုသို့ဖြင့် သမ္မာတရားအားဖြင့် အစားထိုးခြင်းနှင့် ဖြေရှင်းခြင်းခံရသည်။ ၎င်းတို့သည် မိမိတို့၏ အယူအဆများကို လက်လွှတ်လိုက်ပြီး ယင်းတို့၏ လွှမ်းမိုးမှု၊ ချုပ်ချယ်ကန့်သတ်မှု သို့မဟုတ် စိုးမိုးမှုကို နောက်ထပ် မခံရတော့ပေ။ သို့ဖြစ်၍ ဤလူများသည် အယူအဆများ ရှိသော်လည်း မဖြန့်ဝေကြပေ။ ၎င်းတို့သည် မိမိတို့၏ တာဝန်များကို ပုံမှန်အတိုင်း ထမ်းဆောင်နိုင်သေးသည်၊ ဘုရားသခင်နောက်ကို ပုံမှန်အတိုင်း လိုက်နိုင်သေးသည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ဘုရားသခင်၏ အမှုတော်ကို လက်ခံနိုင်ဆဲဖြစ်သည်၊ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို ကျိုးနွံနာခံနိုင်ပြီး ဘုရားသခင်၏ ကယ်တင်ခြင်းကို ကျိုးနွံနာခံနိုင်ဆဲဖြစ်သည်။ ၎င်းတို့သည် မိမိတို့က ဖန်ဆင်းခံများဖြစ်ပြီး ဘုရားသခင်က ဖန်ဆင်းရှင်ဖြစ်ကြောင်း အမြဲအသိအမှတ်ပြုကြသည်။ ၎င်းတို့၏ စိတ်နှလုံးထဲတွင် မည်သည့် အယူအဆများ ထားရှိသည်ဖြစ်စေ ၎င်းတို့သည် ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးတစ်ခုကို ထိန်းသိမ်းနိုင်သည်။ ဖန်ဆင်းခံတစ်ဦးနှင့် ဖန်ဆင်းရှင်ကြားမှ ဆက်ဆံရေးကို ထိန်းသိမ်းနိုင်သည်။ မိမိတို့၏ တာဝန်များ စွန့်လွှတ်ခြင်းကို လွှဲရှောင်နိုင်သည်၊ ဘုရားသခင်၏ နာမတော်ကို စွန့်လွှတ်ခြင်းကို ရှောင်ရှားနိုင်ပြီး ဘုရားသခင်၌ ၎င်းတို့၏ ယုံကြည်ခြင်းက မပြောင်းမလဲရှိနေသည်။ ဤသို့ဖြစ်သော်လည်း အကယ်၍ အယူအဆများသည် မည်သည့်အခါမျှ ပြေလည်သွားခြင်းမရှိပါက၊ ယင်းတို့က လူတို့ကို ဖျက်ဆီးပြီး ၎င်းတို့၏ ပျက်စီးခြင်းသို့ ဦးတည်စေနိုင်သေးသည်။ ထို့ကြောင့် အယူအဆများကို မည်သို့ အကောင်းဆုံး ရင်ဆိုင်ပြီး ဖြေရှင်းရမည်ဟူသည်နှင့်ပတ်သက်၍ ငါတို့ မိတ်သဟာယဖွဲ့ရန် လိုအပ်နေဆဲဖြစ်သည်။
မည်သည့်အရာက ဖြေရှင်းရန် ပိုလွယ်ကူသည်ဟု သင်တို့ ထင်သနည်း။ ဘုရားသခင်ကို လူတို့ မယုံကြည်မီကရှိသော ပင်ကို အယူအဆများလော သို့မဟုတ် လူတို့ ဘုရားသခင်ကို ယုံကြည်လာပြီးနောက် အထူးပတ်ဝန်းကျင်များနှင့် အခြေအနေများတွင် ဖြစ်ပေါ်လာသော အယူအဆများလော။ (ပင်ကို အယူအဆများက ဖြေရှင်းရန် ပိုလွယ်ကူပါသည်။) လူတို့က ဘုရားသခင်ကို စတင်ယုံကြည်သည့်အခါ သူနှင့်ပတ်သက်၍ ရှိသော စိတ်ကူးများနှင့် အယူအဆများမှာ ဖြေရှင်းရန် ပိုလွယ်ကူသည်။ သို့သော် သူ့ကို ယုံကြည်လာပြီးနောက် ဘုရားသခင်၏ အမှုတော်ကို တွေ့ကြုံခံစားနေစဉ် ၎င်းတို့ ဖြစ်ပေါ်လာသော အယူအဆများမှာ ဖြေရှင်းရန် ထိုမျှမလွယ်ကူပေ။ ဤသည်မှာ သဘောတရားအရ ပြောဆိုခြင်းဖြစ်သော်လည်း အဆုံးတွင် အချက်အလက်များနှင့် မကိုက်ညီပေ။ “သဘောတရားအရ” ဆိုသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ယင်းမှာ ဤသို့သော ကောက်ချက်မျိုးများကို လူတို့က အတွေးအခေါ်နှင့် ကျိုးကြောင်းဆင်ခြင်မှုအပေါ် အခြေခံ၍ ကောက်ချက်ချခြင်းဖြစ်သည်ဟု ဆိုလိုသည်။ လူတို့ ဘုရားသခင်ကို စတင်ယုံကြည်ပြီး ရူပါရုံများနှင့်ပတ်သက်သည့် သမ္မာတရားကို နားလည်ပြီးနောက် ၎င်းတို့၏ အယူအဆအချို့ကို စွန့်လွှတ်လိုက်ကြပြီး ယင်းတို့ကို ဖြေရှင်းနိုင်သွားသည်။ အမှန်တကယ်တွင် ဤဖြေရှင်းခြင်းကို အယူဝါဒပိုင်းဆိုင်ရာ အဆင့်တွင်သာ စွမ်းဆောင်ရရှိခြင်းဖြစ်သည်။ ဤအယူအဆများက ပြေလည်သွားပြီးဖြစ်သည့်အလား ထင်ရသော်လည်း ဘုရားသခင်နောက်လိုက်နေစဉ် လူတို့ဖြစ်ပေါ်လာသော အယူအဆများစွာသည် ၎င်းတို့၏ ပင်ကို အယူအဆများနှင့် ဆက်စပ်နေသည်။ သဘောတရားအရအားဖြင့်၊ ဤအယူအဆ အမျိုးအစားနှစ်ခုအနက် ပင်ကို အယူအဆများမှာ ဖြေရှင်းရန် ပိုလွယ်ကူသည်။ သို့သော် အမှန်တွင် လူတို့သည် သမ္မာတရားကို လက်ခံနိုင်ပြီး အပြုသဘောဆောင်သော အရာများကို နှစ်သက်မြတ်နိုးသရွေ့၊ ၎င်းတို့သည် သမ္မာတရားကို နားလည်မှုတစ်ခုသို့ ရောက်ရှိသရွေ့ အယူအဆ နှစ်မျိုးလုံးကို ဖြေရှင်းရန် လွယ်ကူသည်။ ဥပမာအားဖြင့် သင်တို့အထဲမှ အချို့က ပင်ကို အယူအဆများမှာ ဖြေရှင်းရန် ပိုလွယ်ကူသည်ဟု ပြောကြသော်လည်း အလွန်ခေါင်းမာပြီး အရေးမပါသော အသေးစိတ်အချက်အလက်များအပေါ် အစွဲအလမ်းကြီးကာ သမ္မာကျမ်းစာ၊ ဝိညာဉ်ရေးရာ ဂန္ထဝင်ကျမ်းများနှင့် သမ္မာကျမ်းစာ ဖွင့်ဆိုသူများ၏ အနက်ဖွင့်ဆိုချက်များကို စစ်ဆေးသည့် လွဲချော်သော နားလည်သဘောပေါက်နိုင်စွမ်းရှိသည့် လူအချို့ကို သင် ကြုံတွေ့ရနိုင်သည်။ ဤလူများသည် ၎င်းတို့တွေ့ရှိသည့်အရာများကို သင့်အား ထပ်ခါတလဲလဲ ပြောဆိုကြပြီး သင်သည် သမ္မာတရားနှင့်ပတ်သက်၍ မည်သို့ပင် မိတ်သဟာယဖွဲ့သည်ဖြစ်စေ ၎င်းတို့က လက်မခံကြပေ။ ၎င်းတို့သည် ဖြူစင်သော ဒေသနာများ၊ သမ္မာတရား သို့မဟုတ် မှန်ကန်သော စကားများကို လက်မခံနိုင်ကြပေ။ ၎င်းတို့က ဤအရာများကို နားထောင်သည့်အခါ မခံယူကြပေ။ တစ်ချက်အနေဖြင့် ၎င်းတို့၏ နားလည်သဘောပေါက်နိုင်စွမ်းတွင် ပြဿနာတစ်ခု ရှိသည်၊ နောက်တစ်ချက်အနေဖြင့် ၎င်းတို့သည် အပြုသဘောဆောင်သော အရာများ သို့မဟုတ် သမ္မာတရားကို မချစ်ကြဘဲ၊ ထိုအစား ခေါင်းမာပြီး အရေးမပါသော အသေးစိတ်အချက်အလက်များအပေါ် ဇီဇာကြောင်ဖြစ်နေခြင်းကို နှစ်သက်ကြသည့်အပြင် အသုံးအနှုန်း လှည့်ပတ်သုံးနှုန်းခြင်းကို နှစ်သက်ကြပြီး သီအိုရီများနှင့် ဓမ္မပညာကို နှစ်သက်ကြသည်။ ထိုသို့သောလူများသည် မိမိတို့၏ အယူအဆများကို လက်လွှတ်နိုင်သလော။ (လက်မလွှတ်နိုင်ပါ။) အချက်အလက်များ၊ ထိုသို့သောလူများ၏ စိတ်သဘောထားနှင့် နှစ်သက်မှုများမှ အကဲဖြတ်သည့်အခါ၊ ၎င်းတို့သည် သမ္မာတရားကို လက်မခံနိုင်ကြပေ။ လူတို့၏ ကနဦးအယူအဆများသည် အမှန်တကယ်တွင် အလွန်ပေါ့တန်ပြီး အပေါ်ယံသာဖြစ်သည်။ ယင်းတို့သည် ဖြေရှင်းရန် အလွန်လွယ်ကူသည်။ လူတစ်ဦးသည် ပုံမှန်တွေးခေါ်မှုနှင့် ပုံမှန်နားလည်သဘောပေါက်နိုင်စွမ်းရှိပါက သင်သည် ရူပါရုံများနှင့်စပ်လျဉ်းသည့် သမ္မာတရားနှင့်ပတ်သက်၍ ၎င်းတို့နှင့် မိတ်သဟာယဖွဲ့သည့်အခါ ၎င်းတို့ နားလည်သရွေ့ ၎င်းတို့၏ အယူအဆများကို အလွယ်တကူ လက်လွှတ်နိုင်ကြသည်။ သို့သော် ပုံမှန်တွေးခေါ်မှုမရှိသော၊ သမ္မာတရားကို သဘောပေါက်နားလည်နိုင်ခြင်း မရှိသည့်အပြင် သမ္မာတရားကို မခံယူနိုင်သော လူတစ်မျိုး ရှိသည်။ ထိုသို့သောလူများသည် မိမိတို့၏ အယူအဆများကို လက်လွှတ်နိုင်သလော။ (လက်မလွှတ်နိုင်ပါ။) ထို့ကြောင့် ထိုသို့သောလူများ၏ အယူအဆများက ဖြေရှင်းရန် ခက်ခဲသည်။ အကယ်၍ လူတစ်ဦးတွင် ပုံမှန်ဆင်ခြင်တုံတရားရှိပြီး သမ္မာတရားကို လက်ခံနိုင်ပါက၊ ဘုရားသခင်ကို ယုံကြည်ပြီးနောက် သူနှင့်ပတ်သက်၍ မည်သည့် အယူအဆများ ဖြစ်ပေါ်သည်ဖြစ်စေ၊ ဤအယူအဆများက မည်သည့်ပတ်ဝန်းကျင် သို့မဟုတ် အခြေအနေတွင် ပေါ်ပေါက်လာသည်ဖြစ်စေ ၎င်းတို့သည် ဘုရားသခင်နှင့် အငြင်းမပွားကြပေ။ ၎င်းတို့က “ကျွန်ုပ်က လူဖြစ်သည်၊ ကျွန်ုပ်တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိသည်၊ ကျွန်ုပ်၏ တွေးခေါ်မှုနှင့် လုပ်ဆောင်ချက်များမှာ မှားနိုင်ပါသည်။ ဘုရားသခင်သည် သမ္မာတရားဖြစ်သည်၊ ဘုရားသခင်သည် မည်သည့်အခါမျှ မမှားပါ။ ကျွန်ုပ်၏ အတွေးများသည် မည်မျှပင် ကျိုးကြောင်းဆီလျော်သည်ဖြစ်စေ ယင်းတို့သည် လူ့အတွေးများသာ ဖြစ်နေဆဲဖြစ်သည်၊ ယင်းတို့သည် လူ့ထံမှလာပြီး သမ္မာတရားမဟုတ်ပါ။ အကယ်၍ ယင်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ သို့မဟုတ် သမ္မာတရားနှင့် ဆန့်ကျင်ပါက ဤအတွေးများသည် မည်မျှပင် ကျိုးကြောင်းဆီလျော်စေကာမူ မှားယွင်းပါသည်” ဟု ပြောဆိုကြသည်။ ဤအယူအဆများက အဘယ်နေရာ၌ အတိအကျ မှားယွင်းနေသည်ကို ယခု ၎င်းတို့ မသိနိုင်ပေ။ သို့ဆိုလျှင် ၎င်းတို့သည် မည်သို့ လက်တွေ့လုပ်ဆောင်ကြသနည်း။ ၎င်းတို့က ကျိုးနွံနာခံခြင်းကို လက်တွေ့လုပ်ဆောင်ကြသည်၊ ခေါင်းမမာကြဘဲ၊ အရေးမပါသည့်အရာများအပေါ် ဇီဇာမကြောင်ဘဲ ထိုကိစ္စကို လက်လွှတ်လိုက်ကြပြီး တစ်နေ့တွင် ဘုရားသခင်က ယင်းကို ထုတ်ဖော်ပြလိမ့်မည်ဟု ယုံကြည်ကြသည်။ တစ်စုံတစ်ဦးက ၎င်းတို့ကို “ဘုရားသခင်က မထုတ်ဖော်ပြလျှင်ကော” ဟု မေးသည်။ ၎င်းတို့က “သို့ဆိုလျှင် ကျွန်ုပ် အစဉ်အမြဲ ကျိုးနွံနာခံမည်။ ဘုရားသခင်သည် မည်သည့်အခါမျှ မမှားပါ၊ ဘုရားသခင် လုပ်ဆောင်သည့်အရာသည်လည်း မည်သည့်အခါမျှ မမှားပါ။ အကယ်၍ ဘုရားသခင် လုပ်ဆောင်သည့်အရာသည် လူ့အယူအဆများနှင့် မကိုက်ညီပါက ဘုရားသခင် မှားသည်ဟု မဆိုလိုဘဲ လူသားများက သဘောမပေါက်နိုင်ခြင်း သို့မဟုတ် နားမလည်နိုင်ခြင်းသာ ဖြစ်သည်။ ထို့ကြောင့် လူတို့ အလုပ်ဆောင်သင့်ဆုံးသောအရာမှာ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းမဟုတ်၊ ၎င်းတို့၏ အယူအဆများအပေါ် တဝဲလည်လည် တွေးနေရန်မဟုတ်သည့်အပြင်၊ ဘုရားသခင်ကို ကျိုးနွံနာခံခြင်း မရှိရန်နှင့် သူ့ကို အာခံရန် အကြောင်းပြချက်နှင့် ဆင်ခြေအဖြစ် ၎င်းတို့၏ အယူအဆများကို အသုံးပြုလျက် ဘုရားသခင်နှင့်ပတ်သက်၍ အမှားကိုရှာဖို့အတွက် ၎င်းတို့၏ အယူအဆများကို အသုံးမပြုရန် ဖြစ်သည်”ဟု ပြန်ဖြေကြသည်။ ဤသည်မှာ ၎င်းတို့သည် မိမိတို့၏ အယူအဆများကို သဘောထားပုံ ဖြစ်သည်။ ဤလက်တွေ့လုပ်ဆောင်ခြင်းမျိုးသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေခြင်းဖြစ်သလော။ ဤသည်မှာ အမှန်ပင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေခြင်း ဖြစ်သည်။ ၎င်းတို့သည် အယူအဆများ ဖြစ်ပေါ်လာသည့်အခါ ဘုရားသခင် စစ်မှန်ခြင်း ရှိမရှိဟူသည်ကိုဖြစ်စေ၊ ကိုယ်တော် တည်ရှိခြင်း ရှိမရှိဟူသည်ကိုဖြစ်စေ အတည်ပြုရန် သူ့ကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးဖို့အတွက် ဘုရားသခင်ကို ထိုအယူအဆများနှင့် နှိုင်းယှဉ်ခြင်းမရှိ သို့မဟုတ် ထိုအယူအဆများကို အသုံးပြုခြင်း မရှိပေ။ ထိုအစား ၎င်းတို့သည် မိမိတို့၏ အယူအဆများကို လက်လွှတ်ပြီး သမ္မာတရားကို လက်ခံရန်နှင့် ဘုရားသခင်ကို သိရှိရန် ကြိုးစားကြသည်။ သို့ရာတွင် ၎င်းတို့သည် ဘုရားသခင်ကို သိရှိရန် အစွမ်းကုန် ကြိုးစားသော်လည်း သူ့ကို သိရှိနိုင်ခြင်း မရှိသေးပေ။ ထိုအခါ ၎င်းတို့ မည်သည့်အရာကို လုပ်ဆောင်ကြသနည်း။ ၎င်းတို့သည် ကျိုးနွံနာခံနေဆဲဖြစ်သည်။ ၎င်းတို့က “ဘုရားသခင်သည် မည်သည့်အခါမျှ မမှားပါ။ ဘုရားသခင်သည် အစဉ်သဖြင့် ဘုရားသခင်ဖြစ်သည်။ ဘုရားသခင်သည် သမ္မာတရားကို ဖော်ပြသည့်အရှင် ဖြစ်သည်။ ဘုရားသခင်သည် သမ္မာတရား၏ မူလအစ ဖြစ်သည်”ဟု ပြောဆိုကြသည်။ ၎င်းတို့သည် ဤအယူအဆများကို ကိုင်တွယ်ဖြေရှင်းသည့်အခါ ဘုရားသခင်ကို ဘုရားသခင်၏နေရာ၌ ဦးစွာထားရှိပြီး မိမိတို့ကိုယ်ကို ဖန်ဆင်းခံများ၏နေရာ၌ ထားကြသည်။ ထို့ကြောင့် ၎င်းတို့သည် မိမိတို့၏ အယူအဆများကို ဘေးဖယ်မထားသေးလျှင်ပင် သို့မဟုတ် ဖြေရှင်းခြင်း မရှိသေးလျှင်ပင် ဘုရားသခင်အပေါ် ၎င်းတို့၏ ကျိုးနွံနာခံသော သဘောထားက မပြောင်းလဲပေ။ ဤသဘောထားသည် ၎င်းတို့ကို ဘုရား၏ရှေ့မှောက်တွင် သူအသိအမှတ်ပြုသော ဖန်ဆင်းခံများအဖြစ် ရှိနေခွင့်ပေးလျက်၊ ၎င်းတို့ကို ကာကွယ်ပေးသည်။ သို့ဆိုလျှင် ထိုသို့သောလူများ၏ အယူအဆများသည် ဖြေရှင်းရန် လွယ်ကူသလော။ (လွယ်ကူပါသည်။) ဤအရာကို မည်သို့ စွမ်းဆောင်ရရှိသနည်း။ ၎င်းတို့အနေဖြင့် အချို့အခြေအနေကို ကြုံတွေ့သည့်အခါ ဤနည်းအတိုင်း ပြောဆိုသည်ဟု ဆိုကြပါစို့။ “ဘုရား လုပ်ဆောင်သမျှသည် သမ္မာတရားဖြစ်ပြီး မှန်ကန်သည်၊ ဘုရားသည် အနန္တတန်ခိုးရှင်ဖြစ်ပြီး အမှားများ မလုပ်နိုင်ဟု ပြောဆိုခြင်းသည် မမှားပါသလော။ ဘုရားသည် အမှားများ မလုပ်နိုင်ဟု ဆိုထားသော်လည်း ဤသည်မှာ သဘောတရားအရ ပြောဆိုခြင်းတစ်ခုသာ ဖြစ်သည်။ အမှန်တကယ်တွင် ဘုရား လုပ်ဆောင်သည့်အရာအချို့မှာ လူ့ခံစားချက်များကို မထောက်ထားသည့်အပြင် ထိုခံစားချက်များနှင့် မကိုက်ညီပါ။ ဤကိစ္စသည် သိပ်မမှန်ကန်ဟု ကျွန်ုပ်ထင်သည်။ သိပ်မမှန်ကန်သည့်အရာများအတွက် ယင်းတို့ကို ကျွန်ုပ် ကျိုးနွံနာခံရန် သို့မဟုတ် လက်ခံရန် မလိုအပ်ပါ။ မှန်သလော။ ကျွန်ုပ်သည် ဘုရား၏နာမတော် သို့မဟုတ် သူ၏ပင်ကိုလက္ခဏာကို မငြင်းပယ်သော်လည်း ယခု ကျွန်ုပ် ဖြစ်ပေါ်လာသော အယူအဆများက ကျွန်ုပ်အား ပိုမိုထိုးထွင်းသိမြင်စေပြီး ဘုရားကို ပိုသိနားလည်စေသည်။ ဘုရားသည်လည်း အချို့အရာများကို အမှားလုပ်ဆောင်ပြီး သူအမှားများလုပ်သည့်အချိန်များ ရှိသည်။ သို့ဖြစ်၍ ယခုမှစ၍ လူတို့က ဘုရား ဖြောင့်မတ်သည်၊ စုံလင်သည်၊ သန့်ရှင်းသည်ဟု ပြောသည့်အခါ ကျွန်ုပ် ယုံကြည်မည်မဟုတ်။ ဤပြောဆိုချက်များနှင့်ပတ်သက်၍ ကျွန်ုပ် သံသယအနည်းငယ်တော့ ထားရှိမည်။ ဘုရားသည် ဖန်ဆင်းရှင်ဖြစ်ပြီး သူ၏အချုပ်အခြာအာဏာကို ကျွန်ုပ် လက်ခံနိုင်သော်လည်း အနာဂတ်တွင် ကျွန်ုပ်သည် စိစစ်ရွေးနုတ် လက်ခံရန် လိုအပ်ပြီး မရှင်းမလင်းနှင့် ကြောင်းကျိုးမမြင်ဘဲ ကျိုးနွံနာခံ၍မရပါ။ အကယ်၍ ကျွန်ုပ် မှားယွင်းစွာ ကျိုးနွံနာခံမိလျှင်ကော အဘယ်သို့နည်း။ ကျွန်ုပ် ဆုံးရှုံးမှု ခံစားရမည် မဟုတ်လော။ ကျွန်ုပ်သည် မိုက်မဲစွာ ကျိုးနွံနာခံသောလူတစ်ဦးဖြစ်၍မရပါ”ဟူ၍ ဖြစ်သည်။ ၎င်းတို့သည် အယူအဆများနှင့် ဘုရားသခင်ကို ဤသဘောထားဖြင့် ဆက်ဆံပါက ၎င်းတို့၏ အယူအဆများကို အလွယ်တကူ လက်လွှတ်နိုင်ကြသလော။ ဤ လက်တွေ့လုပ်ဆောင်ခြင်းမျိုးသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းဖြစ်သလော။ (မဟုတ်ပါ။) ၎င်းတို့နှင့် ဘုရားသခင်ကြားမှ ဆက်ဆံရေးသည် ပြဿနာရှိလာပြီ မဟုတ်လော။ ၎င်းတို့သည် ဘုရားသခင်ကို စဉ်ဆက်မပြတ် စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးနေကြသည် မဟုတ်လော။ ဘုရားသခင်သည် ၎င်းတို့၏ ကံကြမ္မာကို အုပ်စိုးသော အချုပ်အခြာအာဏာရှိသောသူထက် ၎င်းတို့၏ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခံရသည့်သူဖြစ်လာသည်။ ၎င်းတို့သည် မိမိတို့က ဖန်ဆင်းရှင်၏ အုပ်စိုးမှုအောက်တွင်ရှိသည့် ဖန်ဆင်းခံတစ်ဦးဖြစ်ကြောင်း အသိအမှတ်ပြုသော်လည်း ၎င်းတို့ လုပ်ဆောင်နေသည့်အရာမှာ ဖန်ဆင်းခံတစ်ဦး၏ တာဝန်များနှင့် ဝတ္တရားများကို ထမ်းဆောင်နေခြင်း မဟုတ်ပေ။ ၎င်းတို့သည် ဖန်ဆင်းခံတစ်ဦးအဖြစ် မိမိတို့၏ မူလနေရာမှ ဖန်ဆင်းရှင်ကို ဆက်ဆံနေခြင်းမဟုတ်ဘဲ ထိုအစား ဖန်ဆင်းရှင်ကို ဆန့်ကျင်ဘက်၌ ရပ်တည်နေခြင်း၊ ဖန်ဆင်းရှင်အား စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးပြီး ဖန်ဆင်းရှင်၏ လုပ်ဆောင်ချက်များနှင့် အပြုအမူကို ဆန်းစစ်ကာ မိမိတို့၏ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်အပေါ် အခြေခံ၍ ကျိုးနွံနာခံရန်နှင့် လက်ခံရန် ရွေးချယ်နေခြင်း ဖြစ်သည်။ ဤသဘောထားနှင့် လက်တွေ့လုပ်ဆောင်ခြင်းနည်းလမ်းသည် သမ္မာတရားကို လက်ခံသောသူတစ်ဦးတွင် ရှိသင့်သည့် သရုပ်သကန်များဖြစ်သလော။ ၎င်းတို့၏ အယူအဆများကို ဖြေရှင်းနိုင်သလော။ (မဖြေရှင်းနိုင်ပါ။) ယင်းတို့ကိုမည်သည့်အခါမျှ ဖြေရှင်းနိုင်မည်မဟုတ်ပေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်နှင့် ၎င်းတို့၏ ဆက်ဆံရေးသည် မူမမှန်ဖြစ်နေသောကြောင့် ဖြစ်သည်။ ယင်းသည် ပုံမှန်ဆက်ဆံရေးတစ်ခုမဟုတ်၊ ဖန်ဆင်းခံတစ်ဦးနှင့် ဖန်ဆင်းရှင်ကြားက ဆက်ဆံရေး မဟုတ်ပေ။ ၎င်းတို့သည် ဘုရားသခင်ကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးရသည့် အရာတစ်ခုအဖြစ် သဘောထားကာ သူ့ကို အစဉ်မပြတ် စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးနေသည်။ ၎င်းတို့က မှန်ကန်ပြီး ကောင်းသည်ဟု ထင်သည့်အရာကို ၎င်းတို့ လက်ခံကြသော်လည်း လူ့အယူအဆများနှင့် စိတ်ကူးများ သို့မဟုတ် လူ့နှစ်သက်မှုများနှင့် မကိုက်ညီသည့်အရာပေါ်တွင်မူ စိတ်ထဲတွင် အတိုက်အခံလုပ်ပြီး ဘုရားသခင်ကို ဆန့်ကျင်အာခံကာ ဘုရားသခင်နှင့် ခပ်တန်းတန်းဖြစ်သွားကြသည်။ ထိုသို့သောလူတစ်ဦးသည် သမ္မာတရားကို လက်ခံသောသူတစ်ဦးဖြစ်သလော။ အပေါ်ယံအားဖြင့် မည်သည့်အဖြစ်အပျက်မှ မရှိသည့်အခါနှင့် ဘုရားသခင်နှင့်ပတ်သက်၍ မည်သည့်အယူအဆမျှ မရှိသည့်အခါတွင် ၎င်းတို့သည် ဘုရားသခင် ပြောဆိုသော နှုတ်ကပတ်တော်များကို ကျိုးနွံနာခံနိုင်သည်။ သို့သော် ၎င်းတို့က အယူအဆများ ဖြစ်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ၎င်းတို့၏ ကျိုးနွံနာခံခြင်းက ပျောက်ကွယ်သွားသည်။ ယင်းကို မည်သည့်နေရာတွင်မျှ မမြင်ရတော့ဘဲ လက်တွေ့လုပ်ဆောင်ထားနိုင်ခြင်း မရှိပေ။ ဤနေရာတွင် မည်သည့်အရာ ဖြစ်ပျက်နေသနည်း။ ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်သောလူများ မဟုတ်သည်မှာ သိသာထင်ရှားသည်။ ၎င်းတို့သည် ဘုရားသခင်ကို သမ္မာတရား၏ အရင်းအမြစ်အဖြစ် သို့မဟုတ် သမ္မာတရားကိုယ်တိုင်အဖြစ် လက်မခံကြပေ။ သမ္မာတရားကို လက်မခံသောလူများအတွက် ၎င်းတို့၏ အယူအဆများက မည်သည့်အချိန်တွင် ပေါ်ပေါက်သည်ဖြစ်စေ ယင်းတို့ကို လက်လွှတ်ရန် သို့မဟုတ် ဖြေရှင်းရန် ခက်ခဲလေသည်။
အထက်ပါ မိတ်သဟာယဖွဲ့ခြင်း၏ အကြောင်းအရာမှ အကဲဖြတ်သည့်အခါ၊ မည်သည့်အယူအဆအမျိုးအစားက ဖြေရှင်းရန် ပိုလွယ်ကူသည်ဟု သင်တို့ ထင်သနည်း။ ယင်းမှာ အခြေအနေအပေါ် မူတည်သည်။ သမ္မာတရားကို လက်ခံနိုင်သောသူများ၊ ဆင်ခြင်တုံတရားရှိပြီး မှန်ကန်သောသူများအတွက်မူ ၎င်းတို့၏ အယူအဆများသည် မည်သည့်အချိန်တွင် ပေါ်ပေါက်လာသည်ဖြစ်စေ ဖြေရှင်းရန် လွယ်ကူသည်။ သမ္မာတရားကို လက်မခံနိုင်သောသူများအတွက်မူ ၎င်းတို့၏ အယူအဆများသည် မည်သည့်အချိန်တွင် ပေါ်ပေါက်သည်ဖြစ်စေ ဖြေရှင်းရန် ခက်ခဲသည်။ အချို့လူများသည် ဘုရားသခင်ကို နှစ်နှစ်ဆယ် သို့မဟုတ် သုံးဆယ်ကြာ ယုံကြည်ပြီးဖြစ်သော်လည်း ယခုအချိန်တွင်ပင် ၎င်းတို့ပြောဆိုသည့် မည်သည့်အရာကမျှ သမ္မာတရားနှင့် မကိုက်ညီပေ။ ယင်းမှာ စကားလုံးများနှင့် အယူဝါဒများ၊ လူ့အယူအဆများချည်းသာ ဖြစ်သည်။ ၎င်းတို့သည် မည်သည့်သမ္မာတရားကိုမျှ လုံးဝနားမလည်ကြပေ။ ၎င်းတို့၏ အယူအဆများ ပေါ်ပေါက်လာသည့်အခါ ယင်းတို့ကို ၎င်းတို့ လက်လွှတ်နိုင်ကြသလော။ ဤသည်မှာ ပြောရန်ခက်သည်။ ၎င်းတို့အနေဖြင့် သမ္မာတရားကို လက်မခံလျှင် ၎င်းတို့၏ အယူအဆများကို လက်လွှတ်နိုင်မည်မဟုတ်ပေ။ လူတို့တွင် အယူအဆများ ရှိခြင်းမှာ ရှောင်လွှဲ၍မရပေ။ လူတိုင်း၏စိတ်သည် ပင်ကိုဖြစ်စေ၊ ဆည်းပူးရရှိသည်ဖြစ်စေ အမျိုးမျိုးသော အယူအဆများကို အချိန်မရွေး ဖြစ်ပေါ်စေနိုင်သည်။ လူတို့သည် ဘုရားသခင်ကို နှစ်ပေါင်းမည်မျှကြာ ယုံကြည်ပြီးသည်ဖြစ်စေ လူတိုင်း၏ စိတ်နှလုံးထဲတွင် အယူအဆများ ရှိကြသည်။ သို့ဆိုလျှင် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ ဤပြဿနာသည် ဖြေရှင်း၍မရနိုင်သော ပြဿနာတစ်ခုသာဖြစ်သလော။ ဖြေရှင်း၍ရနိုင်သည်၊ မှတ်သားထားရန်စည်းမျဉ်းအနည်းငယ် ရှိသည်။ ဤစည်းမျဉ်းများသည် အလွန်အရေးကြီး၏။ သင်သည် ထိုသို့သောအခြေအနေများကို ကြုံတွေ့သည့်အခါ ဤစည်းမျဉ်းများအတိုင်း လက်တွေ့လုပ်ဆောင်လော့။ အချိန်အတန်ကြာ လက်တွေ့လုပ်ဆောင်ပြီးနောက် သင်သည် ရလဒ်များကို မြင်တွေ့လိမ့်မည်ဖြစ်ပြီး သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်လိမ့်မည်။ အယူအဆများ ပေါ်ပေါက်လာသည့်အခါ မည်သည့်အယူအဆဖြစ်စေ ဤတွေးခေါ်မှုက မှန်ကန်ခြင်း ရှိမရှိဟူသည်ကို သင်၏စိတ်နှလုံးထဲတွင် ဦးစွာ စဉ်းစားဆင်ခြင်ပြီး စိစစ်လော့။ အကယ်၍ ဤတွေးခေါ်မှုသည် မမှန်ကန်ဘဲ လွဲချော်နေကြောင်းနှင့် ယင်းသည် ဘုရားသခင်ကို ပြစ်မှားစော်ကားကြောင်း သင် ရှင်းလင်းစွာ ခံစားရပါက ချက်ချင်းဆုတောင်းပြီး ဤပြဿနာ၏ အနှစ်သာရကို သတိပြုမိရန် သင့်အား ဉာဏ်အလင်းပေးပြီး လမ်းပြပေးဖို့အတွက် ဘုရားသခင်ထံ တောင်းလျှောက်လော့။ ထို့နောက်တွင် စုဝေးပွဲတစ်ခုအတောအတွင်းတွင် သင်၏သိနားလည်မှုကို ဆွေးနွေးလော့။ သိနားလည်မှုရရှိပြီး အမှုအရာများကို တွေ့ကြုံခံစားနေစဉ် သင်၏ အယူအဆများ ဖြေရှင်းခြင်းအပေါ် အာရုံစိုက်လော့။ အကယ်၍ ဤနည်းအတိုင်း လက်တွေ့လုပ်ဆောင်ခြင်းက သိသာထင်ရှားသော ရလဒ်များကို မရရှိပါက အခြားသူများထံမှ အကူအညီနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ ဖြေရှင်းချက်များကို ရရှိရန် ကြိုးပမ်းလျက် သင်သည် သမ္မာတရား၏ ဤကဏ္ဍနှင့်ပတ်သက်၍ သမ္မာတရားကို နားလည်သောသူတစ်ဦးနှင့် မိတ်သဟာယဖွဲ့သင့်ပေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များမှတစ်ဆင့်လည်းကောင်း၊ သင်၏ အတွေ့အကြုံများမှတစ်ဆင့်လည်းကောင်း သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ မှန်ကန်ကြောင်းကို တဖြည်းဖြည်း အတည်ပြုလိမ့်မည်ဖြစ်ပြီး သင်၏ကိုယ်ပိုင် အယူအဆများကို ဖြေရှင်းခြင်းကိစ္စနှင့်စပ်လျဉ်း၍ ကြီးမားသော ရလဒ်များကို သင် စွမ်းဆောင်ရရှိလိမ့်မည်။ ဘုရားသခင်ထံမှ ထိုသို့သော နှုတ်ကပတ်တော်များနှင့် အမှုတော်ကို လက်ခံပြီး တွေ့ကြုံခံစားခြင်းအားဖြင့် သင်၏ အယူအဆများကို လက်လွှတ်ပြီး ဖြေရှင်းနိုင်စေလျက် သင်သည် နောက်ဆုံးတွင် ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်လိမ့်မည်ဖြစ်ကာ ဘုရားသခင်၏ စိတ်သဘောထားနှင့်ဆိုင်သည့် သိကျွမ်းမှုတစ်ခုခု ရှိလိမ့်မည်ဖြစ်သည်။ သင်သည် ဘုရားသခင်ကို နောက်ထပ် အထင်လွဲမှားခြင်း သို့မဟုတ် သတိထားခြင်း ပြုတော့မည်မဟုတ်သည့်အပြင်၊ ကျိုးကြောင်းမဆီလျော်သော တောင်းဆိုမှုများကိုလည်း ပြုလုပ်လိမ့်မည်မဟုတ်ပေ။ ဤသည်မှာ လွယ်ကူစွာ ဖြေရှင်းနိုင်သော အယူအဆများအတွက် ဖြစ်သည်။ သို့သော် လူတို့ နားလည်ရန်နှင့် ဖြေရှင်းရန် ခက်ခဲသော အခြားအယူအဆတစ်မျိုး ရှိသေးသည်။ ဖြေရှင်းရန် ခက်ခဲသော အယူအဆများအတွက် သင်စွဲကိုင်ရန် လိုအပ်သည့် စည်းမျဉ်းတစ်ခု ရှိသည်။ ယင်းတို့ကို မဖော်ပြနှင့်၊ မဖြန့်ဝေနှင့်။ အဘယ်ကြောင့်ဆိုသော် ထိုသို့သော အယူအဆများကို ဖော်ပြခြင်းသည် အခြားသူများအတွက် ကောင်းကျိုးမရှိသောကြောင့် ဖြစ်သည်။ ယင်းသည် ဘုရားသခင်ကို အာခံခြင်းဟူသည့် အမှန်တရားတစ်ခု ဖြစ်သည်။ အကယ်၍ သင်သည် အယူအဆများ ဖြန့်ဝေခြင်း၏ သဘောသဘာဝနှင့် အကျိုးဆက်များကို နားလည်ပါက မိမိဘာသာ ရှင်းလင်းစွာ ချင့်ချိန်ပြီး မဆင်မခြင် စကားပြောဆိုခြင်းကို ရှောင်ကြဉ်ခြင်းက အကောင်းဆုံး ဖြစ်ပေမည်။ အကယ်၍ သင်က “အသင်းတော်ထဲတွင် ကျွန်ုပ်၏စကားများကို ထိန်းသိမ်းရခြင်းက ဆိုးရွားသည်။ ကျွန်ုပ်ပေါက်ကွဲထွက်တော့မလို ခံစားရသည်”ဟု ပြောဆိုပါက ဤအယူအဆများကို ဖြန့်ဝေခြင်းသည် ဘုရားသခင် ရွေးချယ်ထားသောလူများအတွက် အမှန်တကယ် အကျိုးရှိမရှိဟူသည်ကို သင်စဉ်းစားသင့်နေဆဲဖြစ်သည်။ အကယ်၍ ယင်းသည် အကျိုးမရှိသည့်အပြင်၊ အခြားသူများကို ဘုရားသခင်နှင့်ပတ်သက်၍ အယူအဆများ ရှိစေနိုင်လျှင် သို့မဟုတ် ဘုရားသခင်ကို အာခံပြီး ဝေဖန်စေနိုင်လျှင်ပင် သင်သည် ဘုရားသခင် ရွေးချယ်ထားသောလူများကို ထိခိုက်နစ်နာစေခြင်း မဟုတ်လော။ သင်သည် လူတို့ကို ထိခိုက်နစ်နာစေခြင်းဖြစ်သည်၊ ယင်းသည် ကပ်ရောဂါတစ်ခု ဖြန့်ဝေခြင်းနှင့် ခြားနားခြင်းမရှိပေ။ အကယ်၍ သင်သည် အမှန်တကယ် ဆင်ခြင်တုံတရားရှိပါက သင်သည် အယူအဆများကို ဖြန့်ဝေပြီး အခြားသူများကို ထိခိုက်နစ်နာစေခြင်းထက် နာကျင်မှုကို သင့်ဘာသာ သည်းညည်းခံချင်မည် ဖြစ်သည်။ သို့သော် သင်၏စကားများကို ထိန်းထားခြင်းက အလွန်ပင်ပန်းဆင်းရဲသည်ဟု သင် မြင်ပါက၊ ဘုရားသခင်ထံ သင် ဆုတောင်းသင့်သည်။ အကယ်၍ ပြဿနာ ပြေလည်သွားပါက ယင်းသည် ကောင်းသောအရာတစ်ခု မဟုတ်လော။ အကယ်၍ သင်သည် ဘုရားသခင်ထံဆုတောင်းသည့်အခါတွင်ပင် သင်၏ အယူအဆများဖြင့် ဘုရားသခင်ကို ဝေဖန်ပြီး အထင်အမြင်လွဲမှားပါက သင်သည် ကိုယ့်ဒုက္ခ ကိုယ်ရှာခြင်းသာ ဖြစ်သည်။ သင်သည် ဘုရားသခင်ထံ ဤသို့ ဆုတောင်းသင့်သည်။ “ဘုရားသခင်၊ ကျွန်ုပ်တွင် ဤအတွေးများ ရှိပြီး လက်လွှတ်လိုသော်လည်း လက်မလွှတ်နိုင်ပါ။ ကျေးဇူးပြုပြီး ကျွန်ုပ်ကို ဆုံးမပဲ့ပြင်ပါ၊ အမျိုးမျိုးသော ပတ်ဝန်းကျင်များမှတစ်ဆင့် ကျွန်ုပ်ကို ထုတ်ဖော်ပြပြီး ကျွန်ုပ်၏ အယူအဆများ မှားယွင်းကြောင်းကို သိမြင်ခွင့်ပေးပါ။ ကျွန်ုပ်ကို ကိုယ်တော် မည်သို့ပင် ဆုံးမပဲ့ပြင်ပါစေ ကျွန်ုပ် လက်ခံလိုစိတ်ရှိပါသည်”ဟူ၍ ဤစိတ်နေစိတ်ထားသည် မှန်ကန်သည်။ ဤစိတ်နေစိတ်ထားဖြင့် ဘုရားသခင်ထံ ဆုတောင်းပြီးနောက် သင်သည် ချုပ်တည်းခံထားရသည်ဟု သိပ်မခံစားရတော့သည် မဟုတ်လော။ အကယ်၍ သင်သည် ဘုရားသခင်ထံမှ ဉာဏ်အလင်းပေးခြင်းနှင့် အလင်းပြခြင်းကို လက်ခံရရှိလျက် ဆက်လက်ဆုတောင်းပြီး ရှာဖွေလျှင်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို သင် နားလည်ပြီး သင်၏စိတ်နှလုံးက ဉာဏ်အလင်းပွင့်လာပါက သင်သည် မွန်းကျပ်တော့မည် မဟုတ်ပေ။ ထိုအခါ ပြဿနာ ပြေလည်သွားမည် မဟုတ်လော။ ဘုရားသခင်အပေါ် သင်၏ အယူအဆများ၊ အတိုက်အခံလုပ်ခြင်းနှင့် ပုန်ကန်ခြင်းတို့သည် ပျောက်ကွယ်လုနီးပါး ဖြစ်သွားလိမ့်မည်။ အနည်းဆုံးအနေဖြင့် သင်သည် ယင်းတို့ကို ဖော်ပြရန် လိုအပ်သည်ဟု ခံစားရတော့မည်မဟုတ်ပေ။ အကယ်၍ ထိုအရာက အလုပ်မဖြစ်သေးဘဲ ပြဿနာက လုံးဝ ပြေလည်သွားခြင်းမရှိသေးပါက၊ သင်၏ အယူအဆများကို ကူဖြေရှင်းပေးရန် အတွေ့အကြုံရှိသူတစ်ဦးကို ရှာလော့။ သင့်တွင်ရှိသော အယူအဆများကို ဖြေရှင်းခြင်းနှင့်ဆက်စပ်သည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ ကျမ်းပိုဒ်အနည်းငယ်ကို ၎င်းတို့အား ရှာဖွေစေပြီး အကြိမ် ဒါဇင်ချီ ပေါင်းများစွာ သို့မဟုတ် အကြိမ်ရာချီ သင်ဖတ်ရှုလော့။ သင်၏ အယူအဆများက လုံးလုံးလျားလျား ပြေလည်ကောင်းပြေလည်သွားနိုင်သည်။ အချို့က “အကယ်၍ ကျွန်ုပ်သည် ညီအစ်ကိုမောင်နှမများနှင့် စုဝေးပွဲတစ်ခုအတွင်း အယူအဆများကို ဖော်ပြပါက ယင်းသည် အယူအဆများကို ဖြန့်ဝေခြင်းဖြစ်မည်၊ သို့ဖြစ်၍ ကျွန်ုပ် ထိုသို့မလုပ်နိုင်ပါ။ သို့သော် ယင်းတို့ကို ချုပ်တည်းထားရသည်မှာ အလွန်ဆိုးသည်။ ကျွန်ုပ်၏ မိသားစုနှင့် ထိုအကြောင်းများကို ပြောဆို၍ရနိုင်သလော”ဟု ပြောကောင်းပြောနိုင်သည်။ အကယ်၍ သင်၏ မိသားစုဝင်များသည်လည်း ယုံကြည်ခြင်းရှိသော ညီအစ်ကိုမောင်နှမများဖြစ်ပါက ၎င်းတို့အနီးတွင် ဤအယူအဆများကို ဖော်ပြခြင်းသည် ၎င်းတို့ကိုလည်း နှောင့်ယှက်မည်ဖြစ်သည်။ ဤသည်မှာ သင့်တင့်လျောက်ပတ်သလော။ (သင့်တင့်လျောက်ပတ်ခြင်းမရှိပါ။) အကယ်၍ သင်ပြောဆိုသည့်အရာသည် ထိခိုက်နစ်နာစေကာ အထင်အမြင်မှားစေလျက် အခြားသူများအပေါ် အကျိုးပျက်ပြားစေသော သက်ရောက်မှု ရှိမည်ဆိုလျှင် သင်သည် ယင်းကို လုံးဝ မပြောဆိုရပေ။ ထိုအစား ပြဿနာကို ဖြေရှင်းရန် ဘုရားသခင်ထံ ဆုတောင်းလော့။ သင်သည် ဘုရားတရားကိုင်းရှိုင်းသော စိတ်နှလုံး၊ ဖြောင့်မတ်ခြင်းတရားကို ဆာငတ်ပြီး မွတ်သိပ်သော စိတ်နှလုံးဖြင့် ဆုတောင်းပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်နေသရွေ့ သင်၏ အယူအဆများကို ဖြေရှင်း၍ရနိုင်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များတွင် ပြည့်စုံသော သမ္မာတရား ပါရှိသည်။ ယင်းတို့က မည်သည့်ပြဿနာကိုမဆို ဖြေရှင်းနိုင်သည်။ ယင်းမှာ သင်သည် သမ္မာတရားကို လက်ခံနိုင်ခြင်း ရှိမရှိဟူသည်နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်လိုခြင်း ရှိမရှိ၊ သင်၏ကိုယ်ပိုင် အယူအဆများကို လက်လွှတ်နိုင်ခြင်း ရှိမရှိဟူသည်တို့ အပေါ်တွင်သာ မူတည်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များတွင် ပြည့်စုံသော သမ္မာတရား ပါရှိသည်ဟု သင် ယုံကြည်ပါက ပြဿနာများ ပေါ်ပေါက်လာသည့်အခါ သင်သည် ဘုရားသခင်ထံ ဆုတောင်းပြီး သမ္မာတရားကို ရှာဖွေကာ ဖြေရှင်းသင့်သည်။ အကယ်၍ အချိန်အတန်ကြာ ဆုတောင်းပြီးနောက် သင်သည် ဘုရားသခင်၏ ဉာဏ်အလင်းပေးခြင်းကို ခံစားရခြင်း မရှိသေးဘဲ မည်သည့်အရာလုပ်ဆောင်ရမည့်အပေါ် ဘုရားသခင်ထံမှ ရှင်းလင်းသော နှုတ်ကပတ်တော်များကို လက်ခံရရှိခြင်း မရှိသေးသော်လည်း မသိလိုက်ဘဲ သင်၏ အယူအဆများက သင့်ကို စိတ်ထဲတွင် နောက်ထပ် ထိခိုက်စေခြင်းမရှိတော့သည့်အပြင်၊ သင်၏အသက်တာကို မနှောင့်ယှက်တော့ပါက၊ ယင်းသည် တဖြည်းဖြည်း မှေးမှိန်သွားပါက၊ ဘုရားသခင်နှင့် သင်၏ ပုံမှန်ဆက်ဆံရေးကို သက်ရောက်မှုမရှိတော့သည့်အပြင် သင်၏ တာဝန်ထမ်းဆောင်မှုကိုလည်း သက်ရောက်မှုမရှိတော့သည်မှာ အမှန်ပင်ဖြစ်ပါက၊ ဤအယူအဆသည် အခြေခံအားဖြင့် ပြေလည်သွားပြီးဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ လက်တွေ့လုပ်ဆောင်ခြင်းလမ်းကြောင်း ဖြစ်သည်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။