ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၁၆) အခန်း ငါး

သမ္မာတရားကို နားမလည်သောသူတို့သည် ပထမဆုံးသတိရရမည်မှာ၊ ၎င်းတို့၌ အယူအဆများရှိသည့်အခါ ယင်းတို့ကို ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေသင့်သည်ဟူ၍ ဖြစ်သည်။ ၎င်းတို့သည် ထိုအယူအဆများကို လုံးဝ မဖြန့်ဝေသင့်ပေ၊ သို့မဟုတ် “ကျွန်ုပ်တွင် လွတ်လပ်စွာ ပြောဆိုခွင့်ရှိသည်။ တကယ်တော့ ကျွန်ုပ်၏ ကိုယ်ပိုင် ပါးစပ်ဖြစ်သည်။ ကျွန်ုပ်ပြောချင်သည့်အရာကို ပြောချင်သောသူအား ပြောချင်သည့် မည်သည့်နေရာတွင်မဆို ပြော၍ရသည်”ဟုလည်း မဆင်မခြင် မပြောသင့်ပေ။ ဤသို့ ပြောဆိုခြင်းသည် မှားယွင်းသည်။ ကောင်းသော သို့မဟုတ် မှန်ကန်သော စကားအချို့ကို ပြောဆိုသည့်အခါ အခြားသူများကို အကျိုးပြုချင်မှ ပြုမည်ဖြစ်သော်လည်း အယူအဆများဖြစ်သည့် စကားများ သို့မဟုတ် စာတန်၏ စုံစမ်းသွေးဆောင်ခြင်းများဖြစ်သည့် စကားများသည် ပြောဆိုသည့်အခါ တိုင်းတာ၍မရနိုင်သော အကျိုးဆက်များကို ဖြစ်ပေါ်စေနိုင်သည်။ ဤအကျိုးဆက်များကို အခြေခံ၍ သင်သည် မရမက ဖော်ပြပြောဆိုနေသည့် အယူအဆတစ်ခုရှိပြီး ထိုသို့ပြောဆိုခြင်းက ကောင်းသည်ဟု ခံစားရကာ သင့်ကို ပျော်ရွှင်စေသည်ဟု ခံစားရပါက သင်၏လုပ်ရပ်များကို ဒုစရိုက်အမှုများအဖြစ် သတ်မှတ်ရလိမ့်မည်ဖြစ်ပြီး ဘုရားသခင်က ယင်းတို့ကို သင်၏ အပြစ်တစ်ခုအဖြစ် မှတ်သားထားလိမ့်မည်။ အဘယ်ကြောင့် ယင်းတို့ကို သင်၏ အပြစ်အဖြစ် မှတ်သားထားမည်နည်း။ သင့်ကို အပြုသဘောဆောင်သော နည်းလမ်းများ၊ လမ်းကြောင်းများနှင့် လက်တွေ့လုပ်ဆောင်ခြင်း စည်းမျဉ်းများစွာကို ပြောပြပြီးဖြစ်သော်လည်း သင်က ယင်းတို့ကို မရွေးချယ်ခဲ့ပေ။ ထိုအစား သင်သည် လူတို့ကို ထိခိုက်နစ်နာစေသည့် လမ်းကြောင်းတစ်ခုကို ရွေးချယ်ခဲ့သည်။ ဤသည်မှာ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခြင်းဖြစ်သည် မဟုတ်လော။ သို့ဆိုလျှင် သင်၏လုပ်ရပ်များကို ဒုစရိုက်အမှုများဟု ခေါ်ဆိုခြင်းသည် လွန်ကဲသလော။ (မလွန်ကဲပါ။) အခြားသူတို့ကို နှောင့်ယှက်ရန်နှင့် အထင်အမြင်မှားစေရန် သင်၏ အယူအဆများကို ထုတ်ဖော်ခြင်းထက် ဤပြဿနာကို တွေ့ကြုံမှုမှတစ်ဆင့်လည်းကောင်း၊ ဘုရားသခင်ထံ ဆုတောင်းခြင်းနှင့် ရှာဖွေခြင်းတို့မှတစ်ဆင့်လည်းကောင်း သင်ကိုယ်တိုင် ဖြေရှင်းရန် လုံးဝ ရွေးချယ်နိုင်သည်။ ဤသည်မှာ အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိသော လူတစ်ဦး ရွေးချယ်သင့်သည့် နည်းလမ်းဖြစ်သည်။ သို့ဆိုလျှင် သင်သည် အဘယ်ကြောင့် ဤနည်းလမ်းကို မရွေးချယ်သနည်း။ အခြားသူတို့ကို ထိခိုက်နစ်နာစေပြီး နာကျင်စေသည့် နည်းလမ်းကို အဘယ်ကြောင့် ရွေးချယ်သနည်း။ ဤသည်မှာ စာတန်လုပ်ဆောင်မည့်အရာ မဟုတ်လော။ ဆိုးယုတ်သောလူများသည် အခြားသူများနှင့် မိမိတို့ကိုယ်ကို ထိခိုက်နစ်နာစေသည့်အရာများကို လုပ်ဆောင်ကြသည်။ သင်သည်လည်း ထိုသို့သောအရာများကို လုပ်ဆောင်ပါက ဘုရားသခင်က ထိုအရာကို မုန်းတီးသလော။ (မုန်းတီးပါသည်။) ဘုရားသခင်က သင်၏အယူအဆများကို ပြစ်တင်ရှုတ်ချခြင်းမပြုလျှင်ပင် သင်၏အယူအဆများကို ဖြေရှင်းရန် သင်ကိုယ်တိုင် သမ္မာတရားကို ရှာဖွေရမည်ဖြစ်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် လမ်းကြောင်းတစ်ခု သင့်၌ ရှိရမည်။ အကယ်၍ သင်၏ အယူအဆများကို ကိုင်တွယ်သည့်နည်းလမ်းသည် အသင်းတော်အသက်တာကိုလည်းကောင်း၊ ညီအစ်ကိုမောင်နှမများ၏ အသက်ဝင်ရောက်မှုနှင့် ပုံမှန်အခြေအနေများကိုလည်းကောင်း နှောင့်ယှက်လျက် အခြားသူတို့ကို ရည်ရွယ်ချက်ရှိရှိ အထင်အမြင်မှားစေရန်နှင့် အန္တရာယ်ဖြစ်စေရန် ယင်းတို့ကို ဖြန့်ဝေခြင်းဖြစ်ပါက သင်၏လုပ်ရပ်များသည် ဒုစရိုက်အမှုများ ဖြစ်သည်။ ထိုသို့သော အခြေအနေတစ်ခုကို ကြုံတွေ့ရသည့်အခါ မည်သည့်ရွေးချယ်မှုကို ပြုလုပ်သင့်သနည်း။ သမ္မာတရားကို လိုက်စားသည့် လူ့သဘာဝရှိသော လူတစ်ဦးသည် အခြားသူတို့ကို အထင်အမြင်မှားစေပြီး ထိခိုက်နစ်နာစေသည့် နည်းလမ်းတစ်ခုကို ရွေးချယ်လိမ့်မည်မဟုတ်ပေ။ ၎င်းတို့သည် တက်ကြွပြီး အပြုသဘောဆောင်သော စည်းမျဉ်းများကို လက်တွေ့လုပ်ဆောင်ရန်နှင့် လိုက်နာစောင့်ထိန်းရန် ရွေးချယ်မည်ဖြစ်ပြီး ဆုတောင်းကာ သမ္မာတရားကို ရှာဖွေရန် ဘုရားသခင်ရှေ့မှောက်သို့လာမည်ဖြစ်ကာ ထိုပြဿနာကို ဖြေရှင်းရာတွင် ကူညီပေးရန် ဘုရားသခင်ကို တောင်းလျှောက်မည်ဖြစ်သည်။ အချို့က “ဘုရားသခင်ကို ကျွန်ုပ်အား ကူညီရန် တောင်းလျှောက်သည့်အခါ သူ၏ အကူအညီသည် လက်ဆုပ်လက်ကိုင်ပြ၍မရသည့်အပြင် မြင်၍မရနိုင်ဟု ကျွန်ုပ် အမြဲခံစားရသည်။ ထိုအစား လူတို့ထံမှ အကူအညီကို ရှာဖွေရန် ကျွန်ုပ် ရွေးချယ်၍ရနိုင်သလော” ဟု ပြောကြသည်။ ရနိုင်သည်၊ သင်သည် သင့်ထက် သမ္မာတရားကို ပိုနားလည်ပြီး ဝိညာဉ်ရင့်ကျက်မှု ပိုရှိသောသူတစ်ဦး၊ အားနည်းလာအောင် သင့်အယူအဆများ၏ နှောင့်ယှက်ခြင်းနှင့် လွှမ်းမိုးခြင်းကို မခံရဘဲ သင်၏ပြဿနာကို ဖြေရှင်းပေးနိုင်သည်ဟု သင်ယုံကြည်သောသူတစ်ဦး၊ အလားတူသော ပြဿနာများကို တွေ့ကြုံဖူးပြီး ယင်းတို့အား မည်သို့ဖြေရှင်းရမည်ကို သင့်အား ပြောပြနိုင်သောသူတစ်ဦးကို သင် ရွေးချယ်နိုင်သည်။ ဤလမ်းကြောင်းသည်လည်း သင့်လျော်ပေသည်။ အကယ်၍ သင်သည် ပုံမှန်အားဖြင့် အတော်အတန် နားဝေတိမ်တောင်ဖြစ်ပြီး မည်သည့်အရာကိုမျှ ထွင်းဖောက်မမြင်နိုင်သောသူတစ်ဦးကို ရွေးချယ်လျှင်၊ ဤကိစ္စအကြောင်း ကြားသည့်အခါ ၎င်းတို့သည် ချက်ချင်း ပွက်လောရိုက်သွားလျှင်၊ ထိုအယူအဆများကို နေရာတိုင်းသို့ ဖြန့်ဝေပြီး အနှောင့်အယှက်များ ဖြစ်စေလိုကာ ယုံကြည်ခြင်းကို ရပ်တန့်လိုလျှင်၊ သင်၏လုပ်ရပ်များသည် အသင်းတော်အသက်တာကို မရည်ရွယ်ဘဲ နှောင့်ယှက်ပြီးဖြစ်လိမ့်မည်။ ထိုအခါ သင်၏လုပ်ရပ်များကို ဒုစရိုက်အမှုများအဖြစ် သတ်မှတ်ခြင်းခံရမည် မဟုတ်လော။ (ဟုတ်ပါသည်။) ထို့ကြောင့် အယူအဆများကို မည်သို့ကိုင်တွယ်သင့်သည်ဟူသည်နှင့် ပတ်သက်လာသည့်အခါ သင်သည် ဂရုစိုက်ပြီး သတိထားရမည်၊ သင်သည် နားဝေတိမ်တောင်ဖြစ်သည့် သို့မဟုတ် စိတ်လိုက်မာန်ပါဖြစ်သည့် ပုံစံဖြင့် မပြုမူရသည့်အပြင် အယူအဆများကို သမ္မာတရားအဖြစ် လုံးဝ သဘောမထားရပေ။ လူ့အတွေးအခေါ်များ မည်သို့ပင် မှန်ကန်နေပါစေ ယင်းတို့သည် သမ္မာတရား မဟုတ်ပေ။ ဤနည်းအားဖြင့် သင်သည် များစွာ ပို၍တည်ငြိမ်သည်ဟု ခံစားရလိမ့်မည်ဖြစ်ပြီး သင်၏အယူအဆများသည် မည်သည့်ဒုက္ခပြဿနာကိုမျှ ဖြစ်စေနိုင်လိမ့်မည် မဟုတ်ပေ။ အယူအဆများရှိခြင်းသည် ကြောက်ရွံ့ရမည့်အရာ မဟုတ်ပေ။ သမ္မာတရားကို သင် ရှာဖွေသရွေ့ ယင်းတို့သည် နောက်ဆုံးတွင် ပြေလည်သွားလိမ့်မည်ဖြစ်သည်။ အချို့လူများက “သို့သော် အယူအဆများသည် ဖြေရှင်းရန် မလွယ်ကူပါ”ဟု ပြောကြသည်။ အချို့အယူအဆများသည် အမှန်ပင် ဖြေရှင်းရန် ခက်ခဲသည်၊ သို့ဆိုလျှင် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ ယင်းမှာ ရိုးရှင်းပေသည်။ အချို့အယူအဆများသည် အချို့လူတို့၏ အတွေးများနှင့် စိတ်ထဲတွင် မည်သည့်အခါမျှ ပြေလည်သွားခြင်းမရှိပေ။ ဤသည်မှာ အမှန်တရားတစ်ခု ဖြစ်နှင့်ပြီးဖြစ်သော်လည်း အယူအဆတစ်ခုက မည်သို့ပင် ဖြေရှင်းရန် ခက်ခဲပါစေ ယင်းသည် သမ္မာတရား မဟုတ်သေးပေ။ သင်သည် ဤအချက်ကို နားလည်သရွေ့ ပြဿနာကို ကိုင်တွယ်ရန် လွယ်ကူသည်။ ဤနေရာတွင် ငါသည် သင်တို့ကို ပြောပြရမည့် အမှန်တရားတစ်ခု ရှိသည်၊ ဘုရားသခင်သည် လူတိုင်းကို သူလုပ်ဆောင်သည့်အရာတိုင်းအား အပြည့်အဝနားလည်ရန် သို့မဟုတ် ရှင်းလင်းစွာ သဘောပေါက်ရန် မတောင်းဆိုပေ။ သူသည် ထိုအရာအတွင်းရှိ သမ္မာတရားမှာ အဘယ်အရာဖြစ်သည်ကိုဖြစ်စေ၊ အဘယ်ကြောင့် ထိုသို့သောနည်းလမ်းဖြင့် သူ ပြုမူသည်ကို သိရန် လူတိုင်းအား မတောင်းဆိုပေ။ ဤသည်မှာ ဘုရားသခင် အလိုဆန္ဒရှိသည့်အရာ မဟုတ်ပေ။ သူသည် လူတို့အပေါ် ဤစံနှုန်းများကို မတောင်းဆိုပေ။ သင်၏အစွမ်းအစက လုံလောက်အောင် ကောင်းမွန်ပါက သင်စွမ်းဆောင်ရရှိသည့် မည်သည့်နားလည်မှုအဆင့်မဆို ကောင်းပေသည်။ အကောင်းဆုံးသာ လုပ်ဆောင်လော့။ သင်နားမလည်နိုင်ပါက သင်အသက်ကြီးလာသည်နှင့်အမျှ၊ သင်၏ အတွေ့အကြုံများက အဆက်မပြတ် ပို၍နက်ရှိုင်းသည်ထက် နက်ရှိုင်းလာသည်နှင့်အမျှ၊ အတွေ့အကြုံကို သင် ပိုမိုစုဆောင်းမိသည်နှင့်အမျှ သမ္မာတရားအပေါ် သင်၏ သိနားလည်မှုသည်လည်း တဖြည်းဖြည်း နက်ရှိုင်းလာလိမ့်မည်ဖြစ်ပြီး သင်၏အယူအဆများက လျော့နည်းသွားလိမ့်မည်။ သို့သော် လူအများစုသည် အချို့သော အထူးကိစ္စရပ်များကို နားလည်သဘောပေါက်နိုင်စွမ်းမရှိကြသည့်အပြင်၊ ယင်းတို့ကို မည်သည့်အခါမျှ နားမလည်ကြပေ။ ဘုရားသခင်သည် ဤကိစ္စရပ်များကို နားလည်ရန် ၎င်းတို့ကို အတင်းအကျပ်ပြုသလော။ သူ အတင်းအကျပ်မပြုပေ။ ဘုရားသခင်သည် သိနားလည်မှုကို ၎င်းတို့ထဲသို့ အတင်းအကျပ် မသွတ်သွင်းပေ။ ဥပမာအားဖြင့်၊ ဘုရားသခင် ဖန်ဆင်းခဲ့သော အရာခပ်သိမ်းတို့တွင် လူတို့ သိလိုသော်လည်း မသိနိုင်သည့် နက်နဲသောအရာများစွာ ရှိသည်။ သို့သော် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အမှုတော်တွင် သူသည် လူတို့ကို သန့်စင်ရန်နှင့် ကယ်တင်ရန် သမ္မာတရားကို ဖော်ပြခြင်းအပေါ်၌သာ အာရုံစိုက်သည်။ သူသည် အခြားကိစ္စရပ်များကို ဖော်ပြခဲပြီး၊ ရံဖန်ရံခါ ဖော်ပြသည့်အခါတွင်ပင်၊ အကျဉ်းချုပ်ပုံစံဖြင့်သာ ဖြစ်သည်။ ဘုရားသခင်သည် ဤကိစ္စရပ်များကို လူတို့အား အကျယ်တဝင့် မည်သည့်အခါမျှ မရှင်းပြပေ။ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် လူတို့သည် ဤအရာများကို နားလည်ရန် မလိုအပ်သောကြောင့် ဖြစ်သည်။ ရှုထောင့်တစ်ခုအနေဖြင့်၊ လူတို့အပေါ် ဘုရားသခင်ပြုသော အမှုတွင် သူသည် သူ၏စိတ်သဘောထား အနှစ်သာရကို ထုတ်ဖော်ပြသည်။ နောက်ထပ်ရှုထောင့်တစ်ခုအနေဖြင့်၊ ဘုရားသခင်၌ သူ၏ အတွေးများ၊ အကြံအစည်များ၊ သူ လုပ်ဆောင်သည့်အရာများအတွက် ရင်းမြစ်များနှင့် ပန်းတိုင်များ၊ လူအမျိုးမျိုးအပေါ် အမှုပြုရန် သူအသုံးပြုသည့် နည်းလမ်းများ၊ အရာခပ်သိမ်းအပေါ် သူ အချုပ်အခြာအာဏာကိုင်စွဲပုံ နည်းလမ်းများ စသည်တို့ရှိသည်။ ဘုရားသခင်သည် လူတို့အနေဖြင့် ကယ်တင်ခြင်းခံရသည်ဟု မှတ်ယူခံရရန်အလို့ငှာ သမ္မာတရားအားလုံးကို နားလည်ပြီး ဝင်ရောက်ရမည်ဟု မည်သည့်အခါမျှ မပြောခဲ့ပေ။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် အနန္တတန်ခိုးရှိလွန်းသောကြောင့် ဖြစ်သည်။ သူ၏ ပြုမူခြင်း၊ ပြောဆိုခြင်း၊ အလုပ်လုပ်ခြင်းနှင့် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာကိုင်စွဲခြင်း နည်းလမ်းများသည် သူ၏ စိတ်သဘောထား၊ အနှစ်သာရ၊ ပင်ကိုလက္ခဏာ စသည်တို့ကို အလိုအလျောက် ထုတ်ဖော်ပြသည်။ ဘုရားသခင်သည် သူ၏အရာအားလုံးနှင့် ဖြစ်ခြင်းတည်းဟူသော ဤအရာများကို အလိုအလျောက် ထုတ်ဖော်ပြသော်လည်း၊ ယင်းတို့အားလုံးကို လူတို့နားလည်ရန် သို့မဟုတ် သဘောပေါက်ရန် သူ မတောင်းဆိုပေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်သည် အမြဲ ဘုရားသခင်ဖြစ်နေလိမ့်မည် ဖြစ်ပြီး သူသည် အနန္တတန်ခိုးရှင်ဖြစ်ပြီး ဖန်ဆင်းခံ လူသားမျိုးနွယ်မှာမူ မပြောပလောက်အောင် သေးနုပ်ပြီး တန်ခိုးအာဏာ လုံးဝ ကင်းမဲ့သောကြောင့် ဖြစ်သည်။ လူနှင့် ဘုရားသခင်ကြားတွင် ကွာဟမှု ချောက်ကြီးတစ်ခု ရှိသည်။ ထို့ကြောင့် လူတို့သည် ဘုရားသခင်နှင့်ပတ်သက်၍ အချို့သော အယူအဆများနှင့် စိတ်ကူးများ ဖြစ်ပေါ်လာခြင်းက အလွန် ပုံမှန်ဖြစ်သည်။ ဘုရားသခင်သည် ဤအရာကို မမှတ်ယူသော်လည်း၊ သင်သည် ယင်းကို အမြဲ အလွန်အလေးအနက်ထားပြီး ယင်းအပေါ် ခေါင်းမာစွာ အစွဲအလမ်းထားသည်။ ဤလုပ်နည်းကိုင်နည်းက အလုပ်ဖြစ်လိမ့်မည်မဟုတ်ပေ။ အကယ်၍ သင်သည် သမ္မာတရားကို လိုက်စားပြီး မြင့်မားသော အစွမ်းအစကို ပိုင်ဆိုင်သောသူတစ်ဦးဖြစ်ပါက၊ သမ္မာတရားကို သင် နားလည်ပြီး ဘုရားသခင်အပေါ် စစ်မှန်သော သိကျွမ်းမှုရှိသရွေ့ ဤအယူအဆများနှင့် စိတ်ကူးများသည် အလိုအလျောက်ဖြေရှင်းပြီးသား ဖြစ်သွားလိမ့်မည်။ အကယ်၍ သင်သည် သမ္မာတရားကို မလိုက်စားသည့်အပြင်၊ မည်သူက သင့်နှင့်အတူ သမ္မာတရားကို မိတ်သဟာယဖွဲ့ပါစေ၊ သင်သည် လက်မခံဘဲ သင်၏အယူအဆများကို အမြဲဖက်တွယ်ထားပါက၊ ဤအရာ၏ အကျိုးဆက်မှာ အဘယ်အရာဖြစ်လိမ့်မည်နည်း။ အကျိုးဆက်မှာ သင့်အနေဖြင့် သင်၏အသက်တာ အဆုံးသို့ရောက်သည့်တိုင် သို့မဟုတ် ဘုရားသခင်၏အမှုတော် လုံးဝပြီးဆုံးသည့်အချိန်သို့ ရောက်သည့်တိုင်၊ သင်သည် သမ္မာတရားကို ရရှိပြီးဖြစ်မည်မဟုတ်ဘဲ သင်၏အယူအဆများနှင့် စိတ်ကူးများကြောင့် သေခြင်းသို့ ပို့ဆောင်ခြင်းခံရပြီးဖြစ်လိမ့်မည်။ သင်သည် ဘုရားသခင်၏ ဝိညာဉ်ခန္ဓာ ပေါ်ထွန်းသည်ကို မြင်ရလျှင်ပင်၊ ဘုရားသခင်နှင့်ပတ်သက်သည့် သင်၏အယူအဆများနှင့် စိတ်ကူးများကို သင် ဖြေရှင်းနိုင်ဦးမည် မဟုတ်ပေ။ သင်သည် ဤအယူအဆများကို မဖြေရှင်းနိုင်သောကြောင့် ဘုရားသခင်က သင့်အား အချက်အလက်အားလုံးနှင့် မှန်ကန်သည့်အရာကို ပြောပြမည်လော။ တစ်နည်းအားဖြင့်၊ ထိုသို့ပြုလုပ်ရန် သူ့အတွက် မလိုအပ်ပေ။ နောက်တစ်နည်းအားဖြင့်၊ လူ့ဦးနှောက်နှင့် ဉာဏ်သည် ဤအရာများကို လက်ခံရန် လိုအပ်သော ထူးကဲသည့်တတ်စွမ်းနိုင်မှုမရှိဟူသည့် အမှန်တရားတစ်ခု ရှိနေသည်။ ဘုရားသခင် လုပ်ဆောင်သည့်အမှုသည် လူ့စိတ်ကူးထက် ကျော်လွန်ပြီး အရာခပ်သိမ်းထက် ကျော်လွန်သည်။ အရာခပ်သိမ်းနှင့် နှိုင်းယှဉ်လျှင်၊ လူသားများသည် ကမ်းခြေပေါ်ရှိ သဲတစ်ပွင့်နှင့် တူသည်။ ဤဖော်ပြချက်သည် အချက်အလက်များနှင့် နီးစပ်ပြီး သင့်တင့်လျောက်ပတ်သည်ဟု မှတ်ယူနိုင်သည်။ ဘုရားသခင်က သင့်အား အရာအားလုံးကို ပြောပြလိုလျှင်ပင်၊ ထိုအရာအားလုံးကို ခံယူရန် သင် တတ်စွမ်းနိုင်မှု ရှိသလော။ အချို့လူများက “အဘယ်ကြောင့် ထိုအရာအားလုံးကို ကျွန်ုပ် မခံယူနိုင်သနည်း။ ဘုရားသခင်က နောက်ထပ် ပြောဆိုလျှင်၊ ကျွန်ုပ် ပိုနားလည်နိုင်ပြီး ပိုရရှိနိုင်မည်ဖြစ်သည်။ ထိုသို့ဖြင့် ကျွန်ုပ် မျက်နှာသာပေးခံရမည် ဖြစ်သည်” ဟု ပြောကြသည်။ ယင်းမှာ မရနိုင်သည့် မျှော်လင့်ချက်ဖြစ်သည်။ သင်သည် သင်၏ ကိုယ်ပိုင်တတ်စွမ်းနိုင်မှုကို အထင်ကြီးလွန်းနေခြင်း ဖြစ်သည်။ ဤသည်မှာ အမှုအရာများ အမှန်တကယ် ဖြစ်သည့်ပုံစံမဟုတ်ပေ။ ဘုရားသခင်၏ အမြင်တွင်၊ သင့်ကို သူပြောပြသည့်အရာများသည် အလွန်ရိုးရှင်းပြီး သိသာထင်ရှားသည်၊ ယင်းတို့သည် လူတို့ နားလည်သဘောပေါက်နိုင်သည့်အရာများ ဖြစ်သည်။ အမှန်တွင်၊ လူတို့ နားလည်သဘောပေါက်နိုင်ခြင်းမရှိသောကြောင့် ဘုရားသခင် မပြောဆိုခဲ့သည့် အရာများစွာ ရှိသည်။ ထို့ကြောင့်၊ သင်၏အယူအဆအချို့သည် အဆုံးတွင် ပြေလည်မသွားခြင်းက အလွန် ပုံမှန်ကျသည်။ ဘုရားသခင်က သင့်အား နားလည်စေရန် လိုအပ်ပြီး ပြောပြလိုသည့်အရာများ၊ သို့မဟုတ် သင် ခံနိုင်ရည်ရှိပြီး နားလည်နိုင်သည့်အရာများကို သင် နားလည်လိမ့်မည်။ သင် ခံနိုင်ရည်မရှိနိုင်သောအရာများ သို့မဟုတ် နားလည်သဘောပေါက်နိုင်ခြင်းမရှိသောအရာများ၊ သင်၏ဇာတိမျက်စိများဖြင့် မမြင်နိုင်သော အရာများကိုမူ၊ ဘုရားသခင်က သင့်အား ပြောပြလျှင်ပင်၊ အချည်းနှီးဖြစ်မည်ဖြစ်ပြီး အားထုတ်မှု အလဟဿဖြစ်ပေမည်။ ထို့ကြောင့်၊ ဘုရားသခင်က သင့်အား ဤအရာများကို မပြောပြပေ။ ထိုသို့သောအယူအဆများနှင့်စပ်လျဉ်း၍၊ သင်သေဆုံးသည့်အချိန် သို့မဟုတ် ဘုရားသခင်၏အမှုတော် ပြီးဆုံးသည့်အချိန်တွင်ပင် သင် နားမလည်သေးလျှင်၊ ဤအရာက မည်သည့်အရာကို ထိခိုက်သနည်း။ ယင်းက ဘုရားသခင်အပေါ် သင်၏ကျိုးနွံနာခံမှုကို ထိခိုက်သလော။ ယင်းက ဖန်ဆင်းခံတစ်ဦး၏ အခန်းကဏ္ဍကို သင်ခံယူခြင်းအပေါ် ထိခိုက်သလော။ ယင်းက ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရကို သင်သိရှိခြင်းအပေါ် ထိခိုက်သလော။ သင်သည် ဤအချက်များထဲမှ တစ်ခုတလေဖြင့်မျှ ထိခိုက်ခြင်းမခံရပါက၊ သင်သည် ကယ်တင်ခြင်းခံရပြီးဖြစ်လိမ့်မည်။ သို့ဆိုလျှင် ဤအယူအဆမျိုးကို ဖြေရှင်းရန် လိုအပ်သေးသလော။ မလိုအပ်ပေ။ ဤသည်မှာ နောက်ဆုံးအမျိုးအစားဖြစ်သည့် အယူအဆ၊ သေခါနီးအချိန်တွင်ပင် မဖြေရှင်းနိုင်သည့် အမျိုးအစား ဖြစ်သည်။ အချို့လူများက “အို ဘုရားသခင်၊ ကိုယ်တော်လုပ်ဆောင်ခဲ့သော ဤအမှု၊ ကိုယ်တော်ပြောခဲ့သော ဤနှုတ်ကပတ်တော်များနှင့် ကိုယ်တော်ပြင်ဆင်ပေးခဲ့သော ဤပတ်ဝန်းကျင်ကို ကျွန်ုပ် နားမလည်သေးပါ။ ကျွန်ုပ် အေးချမ်းစွာ သေနိုင်ရန် ကျွန်ုပ်မသေမီ ကိုယ်တော် ကျွန်ုပ်ကို ပြောပြနိုင်မည်လော”ဟု ပြောကြသည်။ ဘုရားသခင်က ထိုသို့သော တောင်းဆိုမှုများကို လျစ်လျူရှုသည်။ သင်သည် အေးချမ်းစွာသွားနိုင်သည်။ ဝိညာဉ်ရေးရာ နယ်ပယ်တွင် အရာအားလုံးကို သင် နားလည်လိမ့်မည်။

ဘုရားသခင်၌ လူတို့ကို ကယ်တင်ရန် သူ၏ကိုယ်ပိုင်စံနှုန်း ရှိသည်။ ထိုစံနှုန်းမှာ သင်၏အယူအဆများကို သင် မည်မျှကောင်းစွာ ဖြေရှင်းပြီးဖြစ်သည်၊ သို့မဟုတ် ယင်းတို့ထဲမှ မည်မျှကို သင်စွန့်လွှတ်ပြီးဖြစ်သည်ဟူသည်တို့အပေါ် အခြေမခံပေ။ ထိုအစား ယင်းသည် ဘုရားသခင်ကို သင် မည်မျှကြောက်ရွံ့သည်၊ သူ့ကို သင်မည်မျှကျိုးနွံနာခံသည်၊ သူ့ကို သင်အမှန်တကယ် ကြောက်ရွံ့ပြီး ကျိုးနွံနာခံခြင်း ရှိမရှိဟူသည်တို့အပေါ် အခြေခံသည်။ ဘုရားသခင်လုပ်ဆောင်သည့်အရာတိုင်းတွင် အဓိပ္ပာယ်ရှိပြီး၊ ယင်းသည် သင်လက်ခံရန် လွယ်ကူသည်ဖြစ်စေ၊ သင်လက်ခံရန် ခက်ခဲပြီး သင့်၌ အယူအဆများ ဖြစ်ပေါ်စေနိုင်ခြေရှိသည်ဖြစ်စေ၊ မည်သို့ပင်ဖြစ်စေ အကျိုးဆက်အနေဖြင့် ဘုရားသခင်၏ ပင်ကိုလက္ခဏာက မပြောင်းလဲပေ။ သူသည် ဖန်ဆင်းရှင် အမြဲဖြစ်နေမည်ဖြစ်ပြီး၊ သင်သည် ဖန်ဆင်းခံတစ်ဦး အမြဲဖြစ်နေမည်ဖြစ်သည်။ အကယ်၍ သင်သည် အယူအဆတစ်ခုတလေ၏ ကန့်သတ်ခြင်းကိုမျှ မခံရသည့်အပြင်ဖန်ဆင်းခံတစ်ဦးနှင့် ဖန်ဆင်းရှင်၏ ဆက်ဆံရေးကို သင်သည် ဘုရားသခင်နှင့် ဆက်လက်၍ ထိန်းသိမ်းနိုင်ဆဲဖြစ်ပါက၊ သင်သည် ဘုရားသခင်၏ စစ်မှန်သော ဖန်ဆင်းခံတစ်ဦး ဖြစ်သည်။ အကယ်၍ သင်သည် အယူအဆတစ်ခုတလေ၏ လွှမ်းမိုးခြင်း သို့မဟုတ် နှောင့်ယှက်ခြင်းကို မခံရဘဲနေနိုင်လျှင်၊ သင်၏စိတ်နှလုံး အတွင်းနက်နက်နေရာများမှ သင်သည် ဘုရားသခင်ကို စစ်မှန်စွာ ကျိုးနွံနာခံနိုင်စွမ်းရှိပြီး၊ သင်၏ သမ္မာတရား သိနားလည်မှုက နက်နဲသည်ဖြစ်စေ၊ ပေါ့တန်သည်ဖြစ်စေ၊ ဘုရားသခင်သည် သမ္မာတရား၊ လမ်းခရီးနှင့် အသက်ဖြစ်ကြောင်း၊ ဘုရားသခင်သည် ထာဝစဉ်အမြဲ ဘုရားသခင် ဖြစ်လိမ့်မည်ဖြစ်ကြောင်း၊ ဘုရားသခင် လုပ်ဆောင်သည့်အရာသည် မည်သည့်အခါမျှ မမှားယွင်းကြောင်း ယုံကြည်လျက် အယူအဆများကို သင် ဘေးဖယ်ထားနိုင်ပြီး၊ ယင်းတို့၏ ဘောင်ခတ်ခြင်းကို မခံရလျှင်၊ သင်သည် ကယ်တင်ခြင်းခံရနိုင်ပေသည်။ အမှန်တွင်၊ လူတိုင်း၏ ဝိညာဉ်ရင့်ကျက်မှုက အကန့်အသတ်ရှိသည်။ လူတို့၏ဦးနှောက်ထဲတွင် အမှုအရာ မည်မျှ ထည့်၍ရနိုင်သနည်း။ ၎င်းတို့သည် ဘုရားသခင်ကို နားလည်နိုင်သလော။ ယင်းမှာ အကျိုးမျှော်သော စိတ်နေစိတ်ထားပါတကား။ မမေ့နှင့်။ လူတို့သည် ဘုရားသခင်ရှေ့မှောက်တွင် အမြဲပင် ကလေးသူငယ်များ ဖြစ်လိမ့်မည်။ အကယ်၍ သင်သည် သင့်ကိုယ်သင် လိမ္မာပါးနပ်သည်ဟု ထင်လျှင်၊ သင်သည် အမြဲတစေ လူလည်ကျရန် ကြိုးစားပြီး၊ “ထိုအရာကို ငါ နားမလည်နိုင်လျှင်၊ သင်သည် ငါ၏ဘုရားဖြစ်ကြောင်း ငါ အသိအမှတ်မပြုနိုင်၊ သင်သည် ငါ၏ဘုရားဖြစ်ကြောင်း ငါ လက်မခံနိုင်၊ သင်သည် ဖန်ဆင်းရှင်ဖြစ်ကြောင်း ငါ အသိအမှတ်မပြုနိုင်ပါ။ သင်သည် ငါ၏အယူအဆများကို မဖြေရှင်းပေးလျှင်၊ သင် ဘုရားဖြစ်ကြောင်းကို ငါအသိအမှတ်ပြုလိမ့်မည်၊ သင်၏အချုပ်အခြာအာဏာကို ငါလက်ခံလိမ့်မည်၊ သင့်ကို ငါကျိုးနွံနာခံလိမ့်မည်ဟု သင်ထင်နေလျှင် သင်အိပ်မက်မက်နေခြင်းသာ ဖြစ်သည်”ဟု စဉ်းစားလျက် အရာရာကို နားလည်သဘောပေါက်ရန် ကြိုးစားပါက၊ ဤသည်မှာ ပြဿနာဖြစ်စေသည်။ မည်သို့ပြဿနာဖြစ်စေသနည်း။ ဘုရားသခင်သည် ထိုသို့သောအရာများနှင့်ပတ်သက်၍ သင်နှင့်အတူ အငြင်းမပွားပေ။ လူသားအပေါ် သူသည် အစဉ်သဖြင့် အောက်ပါအတိုင်း ဖြစ်လိမ့်မည်။ အကယ်၍ သင်သည် ဘုရားသခင်ကို သင်၏ဘုရားအဖြစ် လက်မခံပါက၊ သူသည် သင့်ကို သူ၏ဖန်ဆင်းခံများထဲမှ တစ်ဦးအဖြစ် လက်ခံမည်မဟုတ်။ ဘုရားသခင်က သင့်ကို သူ၏ဖန်ဆင်းခံများထဲမှ တစ်ဦးအဖြစ် လက်မခံသည့်အခါ၊ သူ့အပေါ် သင်၏သဘောထား၏ အကျိုးဆက်အဖြစ် သင်နှင့် ဘုရားသခင်ကြားရှိ သင်၏ဆက်ဆံရေးတွင် အပြောင်းအလဲတစ်ခု ဖြစ်ပေါ်သည်။ အကယ်၍ သင်သည် ဘုရားသခင်ကို ကျိုးနွံနာခံနိုင်ခြင်းမရှိသည့်အပြင် ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရကိုလည်းကောင်း၊ ဘုရားသခင် လုပ်ဆောင်သမျှကိုလည်းကောင်း လက်ခံနိုင်ခြင်းမရှိပါက၊ သင်၏ပင်ကိုလက္ခဏာတွင် အပြောင်းအလဲတစ်ခု ရှိလိမ့်မည်။ သင်သည် ဖန်ဆင်းခံတစ်ဦး ဖြစ်နေဆဲဖြစ်သလော။ ဘုရားသခင်က သင့်ကို အသိအမှတ်မပြုပေ။ အငြင်းပွားရန် အကြောင်းမရှိပေ။ ပြီးလျှင် သင်သည် ဖန်ဆင်းခံတစ်ဦး မဟုတ်သည့်အပြင်၊ ဘုရားသခင်က သင့်ကို အလိုမရှိပါက၊ သင့်တွင် ကယ်တင်ခြင်းမျှော်လင့်ချက် ရှိသေးသလော။ (မရှိပါ။) ဘုရားသခင်သည် အဘယ်ကြောင့် သင့်ကို ဖန်ဆင်းခံတစ်ဦးအဖြစ် မမှတ်ယူသနည်း။ သင်သည် ဖန်ဆင်းခံတစ်ဦး ထမ်းဆောင်သင့်သည့် တာဝန်များနှင့် ဝတ္တရားများကို မဖြည့်ဆည်းနိုင်သည့်အပြင်၊ သင်သည် ဖန်ဆင်းရှင်ကို ဖန်ဆင်းခံတစ်ဦး၏နေရာမှ ဆက်ဆံခြင်း မရှိပေ။ သို့ဆိုလျှင် ဘုရားသခင်က သင့်ကို မည်သို့ဆက်ဆံမည်နည်း။ သူက သင့်ကို မည်သို့ရှုမြင်မည်နည်း။ ဘုရားသခင်သည် သင့်ကို စံနှုန်းမီသော ဖန်ဆင်းခံတစ်ဦးအဖြစ် မရှုမြင်ဘဲ၊ ဆုတ်ယုတ်ကျဆင်းသောသူတစ်ဦး၊ နတ်ဆိုးတစ်ကောင်နှင့် စာတန်တစ်ကောင်အဖြစ် ရှုမြင်လိမ့်မည်။ သင်သည် သင့်ကိုယ်သင် လိမ္မာပါးနပ်သည်ဟု တွေးထင်ခဲ့သည် မဟုတ်လော။ သင့်ကိုယ်သင် နတ်ဆိုးတစ်ကောင်နှင့် စာတန်တစ်ကောင်အဖြစ် မည်သို့ ဖြစ်သွားစေခဲ့သနည်း။ ဤသည်မှာ လိမ္မာပါးနပ်ခြင်းမဟုတ်၊ မိုက်မဲခြင်း ဖြစ်သည်။ ဤနှုတ်ကပတ်တော်များက လူတို့အား မည်သည့်အရာကို နားလည်စေသနည်း။ လူတို့သည် ဘုရားသခင်ရှေ့မှောက်တွင် စည်းကမ်းတကျနေရမည်ဟူ၍ ဖြစ်သည်။ သင်၏အယူအဆများအတွက် အကြောင်းပြချက်တစ်ခု သင့်၌ ရှိလျှင်ပင်၊ သမ္မာတရားကို သင် ပိုင်ဆိုင်သည်ဟုလည်းကောင်း၊ ဘုရားသခင်ကို ကန့်ကွက်ပြောဆိုရန်နှင့် သူ့ကို ဘောင်ခတ်ရန် အရင်းအနှီး သင့်၌ ရှိသည်ဟုလည်းကောင်း မထင်မှတ်နှင့်။ သင် မည်သည့်အရာကိုလုပ်ဆောင်သည်ဖြစ်စေ၊ ထိုသို့မဖြစ်နှင့်။ ဖန်ဆင်းခံတစ်ဦးအဖြစ် သင်၏ပင်ကိုလက္ခဏာကို သင် ဆုံးရှုံးသည်နှင့်တစ်ပြိုင်နက်၊ သင်သည် ဖျက်ဆီးခြင်းခံရလိမ့်မည်။ ဤသည်မှာ ရယ်စရာမဟုတ်ပေ။ ရလဒ်များက လုံးဝကွဲပြားခြားနားခြင်းမှာ လူတို့၌ အယူအဆများရှိသည့်အခါ၊ ၎င်းတို့သည် မတူညီသော ချဉ်းကပ်နည်းများကို သုံးပြီး၊ မတူညီသော ဖြေရှင်းနည်းများကို လက်ခံကျင့်သုံးကြသောကြောင့် အတိအကျ ဖြစ်သည်။

အယူအဆများနှင့်စပ်လျဉ်း၍ မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ဟူသည်အတွက် သင်တို့တွင် စည်းမျဉ်းများ ရှိသလော။ သင်တို့အနေဖြင့် ဖန်ဆင်းခံများအဖြစ် ကောင်းမွန်စွာ ကျင့်ကြံပြုမူနိုင်ရန်အလို့ငှာ ဤစည်းမျဉ်းများက သင်တို့ကို ကာကွယ်ပေးသလော။ ဤလမ်းကြောင်းသည် ကောင်းမွန်သလော။ (ကောင်းမွန်ပါသည်။) သို့ဆိုလျှင် ယင်းကို အကျဉ်းချုပ်လော့။ (အကယ်၍ ယင်းသည် အတော်အတန် ဖြေရှင်းရန်လွယ်ကူသော အယူအဆတစ်ခုဖြစ်ပါက၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ ဤအယူအဆမျိုးကို စိတ်ဖြာလေ့လာဆွေးနွေးသည့် သမ္မာတရားအား ရှာဖွေလျက် ကျွန်ုပ်တို့သည် ဆုတောင်းပြီး ရှာဖွေရမည်ဖြစ်ပြီး၊ သမ္မာတရားကို နားလည်သော ညီအစ်ကိုမောင်နှမများနှင့်လည်း မိတ်သဟာယဖွဲ့နိုင်သည်။ ဤနည်းအားဖြင့်၊ ကျွန်ုပ်တို့သည် ထိုအယူအဆ၏ မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော သွင်ပြင်လက္ခဏာများကို ထွင်းဖောက်မြင်နိုင်မည်ဖြစ်ပြီး၊ ထိုသို့ဖြင့် ယင်းကို ဖြေရှင်းနိုင်မည်ဖြစ်သည်။ ဖြေရှင်းရန်မလွယ်ကူသော အယူအဆအချို့လည်း ရှိသော်လည်း၊ ယင်းတို့ကို ကျွန်ုပ်တို့ မဖက်တွယ်ရပေ။ ကျွန်ုပ်တို့သည် ဖန်ဆင်းခံများဖြစ်ကြောင်းနှင့် ဘုရားသခင်လုပ်ဆောင်သည့်အရာသည် သေချာပေါက် မှန်ကန်ကြောင်းနှင့် ဤအရာကို ကျွန်ုပ်တို့ နားမလည်ကြသေးခြင်းသာဖြစ်ကြောင်း သိရှိလျက် သမ္မာတရားကို လက်ခံပြီး ဘုရားသခင်ကို ကျိုးနွံနာခံသည့် သဘောထားတစ်ခု ရှိရန်လိုအပ်သည်။ ကျွန်ုပ်တို့ နားလည်သည်ဖြစ်စေ၊ နားမလည်သည်ဖြစ်စေ၊ အယူအဆများကို ဖြန့်ဝေ၍မဖြစ်ပေ။ ကျွန်ုပ်တို့သည် ဘုရားသခင်ထံ မကြာခဏ ဆုတောင်းပြီး ရှာဖွေရန် သင်ယူသင့်ပြီး၊ တဖြည်းဖြည်းဖြင့် ဤအယူအဆများသည်လည်း ပြေလည်သွားနိုင်ပေသည်။ တတိယအခြေအနေမှာ အချို့အယူအဆများသည် အဆုံးတွင် မပြေလည်ဘဲ ရှိကောင်းရှိနေနိုင်သည်။ ထိုသို့သောအခြေအနေများတွင်၊ ကျွန်ုပ်တို့သည် ဤအယူအဆများ၏ ဘောင်ခတ်ခြင်းကို မခံရသည့်အပြင်၊ ယင်းတို့ကို မဖြန့်ဝေသရွေ့၊ ယင်းမှာ ကိစ္စမရှိပေ။ ဤအယူအဆများသည် အဆုံးတွင် မပြေလည်ဘဲရှိနေလျှင်ပင်၊ ယင်းတို့ကို ကျွန်ုပ်တို့ မဖက်တွယ်ဘဲ ယင်းတို့ကြောင့် မကောင်းမှုကို မကျူးလွန်သရွေ့၊ ဘုရားသခင်က ကျွန်ုပ်တို့ကို ပြစ်တင်ရှုတ်ချလိမ့်မည် မဟုတ်သည့်အပြင်၊ ယင်းသည် ကျွန်ုပ်တို့၏ ကယ်တင်ခြင်းကို ထိခိုက်လိမ့်မည် မဟုတ်ပါ။) စုစုပေါင်း စည်းမျဉ်း မည်မျှရှိသနည်း။ (သုံးခုရှိပါသည်။) စုစုပေါင်း စည်းမျဉ်းသုံးခု ရှိသည်။ အားလုံးကို သင်တို့ မှတ်သားပြီးဖြစ်သည် မဟုတ်လော။ သမ္မာတရားကို သင် နားလည်ပြီး စည်းမျဉ်းများကို သဘောပေါက်သည်နှင့်တစ်ပြိုင်နက်၊ သင်၏အယူအဆများသည် အလိုအလျောက် ဖြေရှင်းပြီးသား ဖြစ်သွားလိမ့်မည်။ သင်သည် အယူအဆများကို သင့်အား ဟန့်တားခွင့်မပြုရ သို့မဟုတ် ခလုတ်တိုက်ခွင့်မပြုရပေ။ ဖြေရှင်းနိုင်သော အယူအဆများကို သင်တတ်နိုင်သမျှ အကောင်းဆုံး ဖြေရှင်းလော့။ ပြီးလျှင် ယာယီအားဖြင့် ဖြေရှင်း၍မရနိုင်သော အယူအဆများအတွက်မူ၊ အနည်းဆုံး ယင်းတို့ကို သင့်အား ထိခိုက်ခွင့်မပေးနှင့်။ ယင်းတို့သည် သင်၏ တာဝန်ထမ်းဆောင်ခြင်းကို မတားဆီးသင့်သည့်အပြင်၊ ဘုရားသခင်နှင့် သင်၏ဆက်ဆံရေးကိုလည်း မထိခိုက်သင့်ပေ။ သင်၏ အဓိကအချက်မှာ အနည်းဆုံးအနေဖြင့် အယူအဆများကို မဖြန့်ဝေရန်၊ မကောင်းမှုကိုမကျူးလွန်ရန်၊ အဖျက်အမှောင့်လုပ်ခြင်းများ သို့မဟုတ် နှောင့်ယှက်ခြင်းများကို မဖြစ်စေရန်နှင့် စာတန်၏ အစေခံတစ်ဦး သို့မဟုတ် စာတန်အတွက် တန်ဆာပလာတစ်ခုအဖြစ် မပြုမူရန် ဖြစ်သည်။ သင် မည်မျှပင် အားထုတ်မှုကို သုံးသည်ဖြစ်စေ၊ အချို့အယူအဆများကို အပေါ်ယံမျှသာ ဖြေရှင်း၍ရနိုင်ပြီး လုံးလုံးလျားလျား ဖြေရှင်း၍မရနိုင်ပါက ယင်းတို့ကို ယတိပြတ် လျစ်လျူရှုလိုက်လော့။ အယူအဆများကို သင်၏ သမ္မာတရားလိုက်စားခြင်း သို့မဟုတ် သင်၏ အသက်ဝင်ရောက်မှုအား ထိခိုက်ခွင့်မပေးနှင့်။ ဤစည်းမျဉ်းများကို ကျွမ်းကျင်အောင်လုပ်လော့။ ပြီးလျှင် ပုံမှန်အခြေအနေများအောက်တွင် သင်သည် ကာကွယ်ခြင်းခံရလိမ့်မည်။ အကယ်၍ သင်သည် သမ္မာတရားကို လက်ခံသောသူ၊ အပြုသဘောဆောင်သည့်အရာများကို ချစ်သောသူ၊ ဆိုးယုတ်သောသူတစ်ဦး မဟုတ်သူ၊ အဖျက်အမှောင့်လုပ်ခြင်းများ သို့မဟုတ် နှောင့်ယှက်ခြင်းများကို ဖြစ်စေရန် မလိုလားသည့်အပြင် အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများကို ရည်ရွယ်ချက်ရှိရှိ မဖြစ်စေသူဖြစ်ပါက၊ သင်သည် ထုံးစံအတိုင်း အယူအဆများ ပေါ်ပေါက်လာသည့် ပြဿနာကို ကြုံတွေ့ရသည့်အခါ၊ ယေဘုယျအားဖြင့် ကာကွယ်ခြင်းခံရလိမ့်မည်။ အခြေခံ အကျဆုံးသော လက်တွေ့လုပ်ဆောင်ခြင်း စည်းမျဉ်းမှာ ဤသို့ဖြစ်သည်။ အကယ်၍ ဖြေရှင်းရန်ခက်ခဲသော အယူအဆတစ်ခု ပေါ်ပေါက်လာပါက၊ ထိုအယူအဆအပေါ် အလျင်စလို မတုံ့ပြန်နှင့်။ ပထမဆုံးအနေဖြင့်၊ ဘုရားသခင်လုပ်ဆောင်သည့်အရာ မမှားယွင်းနိုင်သည်ကို ယုံကြည်လျက်၊ ထိုအယူအဆကို ဖြေရှင်းရန် စောင့်ဆိုင်းပြီး သမ္မာတရားကို ရှာဖွေလော့။ ဤစည်းမျဉ်းကို အမှတ်ရလော့။ ထို့အပြင်၊ သင်၏တာဝန်ကို ဘေးဖယ်မထားနှင့် သို့မဟုတ် အယူအဆကို သင်၏ တာဝန်ထမ်းဆောင်ခြင်းအား မထိခိုက်စေနှင့်။ သင့်တွင် အယူအဆများရှိပြီး၊ “ဤတာဝန်ကို ငါ ဖြစ်သလိုသာ လုပ်လိုက်မည်။ ငါ စိတ်မကြည်ပါ။ ထို့ကြောင့် သင့်အတွက် ကောင်းစွာ လုပ်ပေးမည် မဟုတ်ပါ” ဟု စဉ်းစားပါက၊ ဤသည်မှာ မကောင်းပေ။ သင်၏သဘောထားက အပျက်သဘောဆောင်ပြီး ဝတ်ကျေတမ်းကျေဖြစ်သွားသည်နှင့်တစ်ပြိုင်နက်၊ ပြဿနာဖြစ်စေသောအရာဖြစ်လာသည်။ ဤသည်မှာ သင့်အတွင်း၌ အယူအဆများ ထကြွနေခြင်း ဖြစ်သည်။ အယူအဆများက သင့်အတွင်း၌ ထကြွပြီး သင်၏ တာဝန်ထမ်းဆောင်ခြင်းကို ထိခိုက်သည့်အခါ၊ ယင်းမှာ ဤအချိန်တွင် သင်နှင့် ဘုရားသခင်ကြားရှိ သင်၏ဆက်ဆံရေးက အမှန်တကယ် ပြောင်းလဲမှုတစ်ခုကို ကြုံရနှင့်ပြီးဖြစ်သည်ဟု ဆိုလိုပေသည်။ အချို့အယူအဆများသည် သင်၏ တာဝန်ထမ်းဆောင်ခြင်းကို ထိခိုက်နိုင်သည်။ ယင်းမှာ ပြင်းထန်သော ပြဿနာတစ်ခုဖြစ်ကာ၊ ချက်ချင်း ဖြေရှင်းရမည်ဖြစ်သည်။ အခြားအယူအဆများသည် သင်၏ တာဝန်ထမ်းဆောင်ခြင်း သို့မဟုတ် ဘုရားသခင်နှင့် သင်၏ဆက်ဆံရေးကို ထိခိုက်မှုမရှိပေ။ ထို့ကြောင့် ယင်းတို့သည် ကြီးမားသော ပြဿနာများ မဟုတ်ပေ။ အကယ်၍ သင်ဖြစ်ပေါ်လာသော အယူအဆများသည် သင့်အား ဘုရားသခင်ကို သံသယဝင်စေလျက်၊ သင်၏ တာဝန်ကို လုံ့လဝီရိယရှိစွာ မလုပ်ဆောင်စေဘဲ သင်၏ တာဝန်ထမ်းဆောင်ခြင်းကို ထိခိုက်နိုင်ပြီး သင်၏တာဝန်ကို မထမ်းဆောင်ခြင်းအတွက် အကျိုးဆက်များ ရှိမည်မဟုတ်ဟုပင် ခံစားရစေကာ၊ မည်သည့် ကြောက်ရွံ့ခြင်းမျှမရှိစေပါက သို့မဟုတ် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး မရှိစေပါက၊ ဤသည်မှာ အန္တရာယ်ရှိပေသည်။ ဤသည်မှာ သင်သည် စုံစမ်းသွေးဆောင်ခြင်းထဲသို့ ကျရောက်လိမ့်မည်ဖြစ်ပြီး၊ စာတန်၏ လှည့်စားခြင်းနှင့် ဖမ်းဆီးခြင်းကို ခံရလိမ့်မည်ဟု ဆိုလိုသည်။ သင်၏အယူအဆများအပေါ် သင်၏သဘောထားနှင့် သင်ပြုလုပ်သော ရွေးချယ်မှုများက အလွန်အရေးကြီးသည်။ အယူအဆများကို ဖြေရှင်း၍ရသည်ဖြစ်စေ၊ ဖြေရှင်း၍မရသည်ဖြစ်စေ၊ ယင်းတို့ကို မည်သည့်အတိုင်းအတာအထိ ဖြေရှင်း၍ရသည်ဖြစ်စေ၊ သင်နှင့် ဘုရားသခင်ကြားရှိ ပုံမှန်ဆက်ဆံရေးသည် မပြောင်းလဲရပေ။ အချက်တစ်ခုအနေဖြင့်၊ သင်သည် ဘုရားသခင်စီစဉ်ညွှန်ကြားသည့် ပတ်ဝန်းကျင်အားလုံးကို ကျိုးနွံနာခံနိုင်သင့်ပြီး၊ ဘုရားသခင်လုပ်ဆောင်သမျှသည် မှန်ကန်ပြီး အဓိပ္ပာယ်ရှိကြောင်း အတည်ပြုသင့်ကာ၊ ဤသိကျွမ်းမှုနှင့် သမ္မာတရား၏ ဤကဏ္ဍသည် သင့်အတွက် မည်သည့်အခါမျှ မပြောင်းလဲသင့်ပေ။ နောက်တစ်ချက်အနေဖြင့်၊ သင့်ကိုဘုရားသခင် အပ်နှံထားသည့် တာဝန်ကို သင် ဘေးဖယ်မထားရ။ သင်သည် ဤဝန်ကို သင့်ဘာသာ ဖယ်ရှားပစ်ခြင်း မပြုရပေ။ အကယ်၍ အတွင်းအားဖြင့်ဖြစ်စေ၊ အပြင်ပန်းအားဖြင့်ဖြစ်စေ၊ သင်သည် ဘုရားသခင်အပေါ် အတိုက်အခံလုပ်ခြင်း၊ ဆန့်ကျင်ခြင်း သို့မဟုတ် ပုန်ကန်ခြင်း မရှိပါက၊ ဘုရားသခင်သည် သင်၏ကျိုးနွံနာခံမှုနှင့် သင် စောင့်ဆိုင်းနေသည်ကိုသာ မြင်လိမ့်မည်ဖြစ်သည်။ သင့်၌ အယူအဆများ ရှိနေနိုင်သေးသော်လည်း၊ ဘုရားသခင်သည် သင်၏ပုန်ကန်မှုကို မမြင်ပေ။ သင့်တွင် ပုန်ကန်ခြင်းနှင့် အတိုက်အခံလုပ်ခြင်း မရှိသည်နှင့်အမျှ၊ ဘုရားသခင်သည် သင့်ကို သူ၏ဖန်ဆင်းခံများထဲမှ တစ်ဦးအဖြစ် မှတ်ယူနေဆဲဖြစ်သည်။ ဆန့်ကျင်ဘက်အားဖြင့်၊ သင်၏စိတ်နှလုံးသည် စောဒကတက်ခြင်းများနှင့် မကျေနပ်မှုများဖြင့် ပြည့်နေပါက၊ သင်သည် လက်တုံ့ပြန်ရန် အခွင့်အရေးကို ရှာဖွေနေပြီး၊ သင်၏တာဝန်ကို ထမ်းဆောင်လိုစိတ်မရှိဘဲ၊ ထိုအစား ယင်းဝန်ကို သင့်ဘာသာ ပစ်ပယ်လိုပါက၊ သင်၏စိတ်နှလုံးထဲ၌ ဘုရားသခင်အပေါ် အမျိုးမျိုးသော မကျေနပ်ချက်များ ရှိနေသည်အထိပင်ဖြစ်ပြီး၊ သင်၏တာဝန်ကို ထမ်းဆောင်စဉ်အတွင်း မကျေနပ်မှုနှင့် နာကြည်းမှု၏ အချို့သော သရုပ်သကန်များ ထုတ်ဖော်ပြသပါက၊ ဤအချိန်တွင်၊ ဘုရားသခင်နှင့် သင်၏ဆက်ဆံရေးသည် ကြီးမားသော ပြောင်းလဲမှုတစ်ခုကို တွေ့ကြုံနှင့်ပြီးဖြစ်သည်။ သင်သည် သင်၏ ဖန်ဆင်းခံတစ်ဦးနှင့်ဆိုင်သော နေရာမှ ပြောင်းနှင့်ပြီးဖြစ်သည်။ သင်သည် ဖန်ဆင်းခံတစ်ဦး မဟုတ်တော့ဘဲ၊ နတ်ဆိုးများနှင့် စာတန်အတွက် လမ်းကြောင်းတစ်ခု ဖြစ်လာပြီဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်သည် သင့်ကို မည်သည့်သနားကြင်နာမှုကိုမျှ ပြလိမ့်မည်မဟုတ်ပေ။ တစ်စုံတစ်ဦးသည် ဤအဆင့်သို့ ရောက်သည့်အခါ၊ ၎င်းတို့သည် အန္တရာယ်ရှိသော နယ်မြေသို့ ချဉ်းကပ်နေခြင်းဖြစ်သည်။ ဘုရားသခင်က မည်သည့်အရာမျှ မလုပ်ဆောင်လျှင်ပင်၊ ၎င်းတို့သည် အသင်းတော်၌ ခိုင်မာစွာ ရပ်တည်နိုင်လိမ့်မည် မဟုတ်။ ထို့ကြောင့်၊ ၎င်းတို့ လုပ်ဆောင်သည့် အရာရာတွင်၊ အထူးသဖြင့် အယူအဆများကို ဖြေရှင်းခြင်းကဲ့သို့သော ပြဿနာများ ပါဝင်သည့်အခါ၊ လူတို့သည် ဘုရားသခင်ကို ပုန်ကန်ပြစ်မှားသည့်အရာများ၊ သို့မဟုတ် ဘုရားသခင်၏ ပြစ်တင်ရှုတ်ချခြင်းကို ခံရသည့်အရာများ၊ သို့မဟုတ် အခြားသူတို့ကို နာကျင်စေသည့် သို့မဟုတ် ထိခိုက်နစ်နာစေသည့် အရာများကို ရှောင်ရှားရန် ဂရုစိုက်ရမည်။ ဤသည်မှာ စည်းမျဉ်းဖြစ်သည်။

ဘုရားသခင်နှင့်ပတ်သက်၍ လူတို့တွင် အယူအဆများရှိခြင်းနှင့်ဆိုင်သော ပြဿနာသည် သေးငယ်သောကိစ္စတစ်ခု မဟုတ်ပေ။ လူတို့အတွက် ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးကို ထိန်းသိမ်းရန် အလွန်အရေးကြီးသော်လည်း၊ ဤဆက်ဆံရေးကို အထိခိုက်ဆုံးသောအရာမှာ လူတို့၏ အယူအဆများ ဖြစ်သည်။ ဘုရားသခင်နှင့်ပတ်သက်သည့် လူတို့၏အယူအဆများ ဖြေရှင်းပြီးမှသာ ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးကို ထိန်းသိမ်း၍ရနိုင်သည်။ လက်ရှိတွင်၊ လူများစွာ၌ ပြင်းထန်သော ပြဿနာတစ်ခု ရှိသည်။ ၎င်းတို့သည် ဘုရားသခင်ကို နှစ်ပေါင်းမည်မျှ ယုံကြည်ပြီးသည်ဖြစ်စေ၊ ၎င်းတို့အနေဖြင့် မိမိတို့၏ တာဝန်ထမ်းဆောင်ခြင်းတွင် ဆင်းရဲဒုက္ခကို ကြံ့ကြံ့ခံနိုင်ပြီး အဖိုးအခကို ပေးဆပ်နိုင်သော်လည်း၊ ၎င်းတို့၏ အယူအဆများကို တောက်လျှောက် လုံးဝ ဖြေရှင်းနိုင်ခြင်း မရှိပေ။ ဤအရာက ဘုရားသခင်နှင့် ၎င်းတို့၏ဆက်ဆံရေးကို ပြင်းထန်စွာ ထိခိုက်စေပြီး ဘုရားသခင်အပေါ် ၎င်းတို့၏ချစ်ခြင်းနှင့် သူ့အပေါ် ၎င်းတို့၏ကျိုးနွံနာခံမှုကို တိုက်ရိုက် သက်ရောက်မှုရှိသည်။ ထို့ကြောင့်၊ လူတို့သည် ဘုရားသခင်နှင့်ပတ်သက်၍ မည်သည့်အယူအဆများ ဖြစ်ပေါ်သည်ဖြစ်စေ၊ ယင်းသည် လျစ်လျူမရှုရမည့် ပြင်းထန်သောကိစ္စရပ်တစ်ခု ဖြစ်သည်။ အယူအဆများသည် နံရံတစ်ခုကဲ့သို့ ဖြစ်သည်။ ယင်းတို့က လူတို့၏ ဘုရားသခင်နှင့် ဆက်ဆံရေးများကို ဖြတ်တောက်လေသဖြင့် အကျိုးဆက်အနေဖြင့် လူတို့ကို ဘုရားသခင်၏ ကယ်တင်ခြင်းအမှုနှင့် ဆက်နွှယ်မှု ပြတ်တောက်စေသည်။ သို့ဖြစ်၍၊ လူတို့၌ ဘုရားသခင်နှင့်ပတ်သက်သည့် အယူအဆများရှိခြင်းသည် လျစ်လျူရှု၍မရသည့် အလွန်ပြင်းထန်သော ပြဿနာတစ်ရပ် ဖြစ်သည်။ အကယ်၍ လူတို့၌ အယူအဆများရှိပြီး ယင်းတို့ကို သမ္မာတရားကို ရှာဖွေ၍ ချက်ချင်း မဖြေရှင်းနိုင်ပါက၊ ဤသည်မှာ အပျက်သဘောဆောင်ခြင်း၊ ဘုရားသခင်ကို အတိုက်အခံလုပ်ခြင်း၊ သူ့အပေါ် ရန်လိုမှုတို့ကိုပင် အလွယ်တကူ ဖြစ်ပေါ်စေနိုင်သည်။ ထိုအခါ ၎င်းတို့သည် သမ္မာတရားကို လက်ခံနိုင်သေးသလော။ ၎င်းတို့၏ အသက်ဝင်ရောက်မှုသည် ရပ်တန့်သွားလိမ့်မည်။ ဘုရားသခင်၏အမှုတော်ကို တွေ့ကြုံခြင်းလမ်းကြောင်းသည် မညီညာသည့်အပြင် ကြမ်းတမ်းသည်။ လူတို့၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိသောကြောင့်၊ ၎င်းတို့သည် လမ်းလွဲများစွာကို လျှောက်လှမ်းနိုင်ပြီး၊ မည်သည့်အခြေအနေတွင်မဆို အယူအဆများ အလွယ်တကူ ဖြစ်ပေါ်လာတတ်ကြလေသည်။ ဤအယူအဆများကို သမ္မာတရား ရှာဖွေခြင်းဖြင့် မဖြေရှင်းလျှင်၊ လူတို့သည် ဘုရားသခင်ကို ပုန်ကန်နိုင်ပြီး သူ့အပေါ် ရန်လိုသည့်လမ်းကြောင်းကို လျှောက်လျက် သူ့ကို အာခံနိုင်သည်။ လူတို့သည် အန္တိခရစ်များ၏ လမ်းကြောင်းကို လျှောက်လှမ်းသည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့အတွက် ကယ်တင်ခြင်းအခွင့်အရေး ကျန်ရှိသေးသည်ဟု သင်တို့ ထင်သလော။ ထိုအခြေအနေတွင် ကိုင်တွယ်ရန် မလွယ်ကူသည့်အပြင်၊ မည်သည့်အခွင့်အရေးမျှ ကျန်ရှိလိမ့်မည် မဟုတ်ပေ။ ထို့ကြောင့်၊ ဘုရားသခင်က သင့်ကို သူ၏ဖန်ဆင်းခံတစ်ဦးအဖြစ် မငြင်းပယ်မီ၊ သင်သည် ဘုရားသခင်၏ ဖန်ဆင်းခံတစ်ဦး မည်သို့ဖြစ်ရမည်ကို သင်ယူသင့်သည်။ ဖန်ဆင်းရှင်ကို စေ့စေ့စပ်စပ်စစ်ဆေးရန် မကြိုးစားနှင့် သို့မဟုတ် သင်ယုံကြည်သော ဘုရားသခင်သည် ဖန်ဆင်းရှင်ဖြစ်ကြောင်း မည်သို့သက်သေပြပြီး အတည်ပြုရမည်ကို သိရှိရန် မကြိုးစားနှင့်။ ဤသည်မှာ သင်၏တာဝန် သို့မဟုတ် ဝတ္တရား မဟုတ်ပေ။ နေ့စဉ် သင်၏စိတ်နှလုံးထဲ၌ တွေးတောပြီး ဆင်ခြင်သုံးသပ်သင့်သည့်အရာမှာ၊ ဘုရားသခင်သည် ဖန်ဆင်းရှင်ဟုတ်မဟုတ်၊ သူသည် အမှန်တကယ် ဘုရားဟုတ်မဟုတ်ဟူသည်ကို သက်သေပြရမည်ဟူသည့်အစား၊ သို့မဟုတ် ဘုရားသခင်လုပ်ဆောင်ခဲ့သည့်အရာနှင့် သူ၏လုပ်ရပ်များက မှန်ကန်ခြင်း ရှိမရှိဟူသည်ကို စေ့စေ့စပ်စပ်စစ်ဆေးခြင်းအစား၊ သင်၏တာဝန်များကို မည်သို့ဖြည့်ဆည်းပြီး စံနှုန်းပြည့်မီသော ဖန်ဆင်းခံတစ်ဦး ဖြစ်လာရမည်ဟူ၍သာဖြစ်သည်။ ဤသည်တို့မှာ သင် စေ့စေ့စပ်စပ်စစ်ဆေးသင့်သည့်အရာများ မဟုတ်ပေ။

၂၀၂၁ ခုနှစ်၊ ဇွန်လ ၁၉ ရက်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။