ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၁၇) အခန်း တစ်

အချက် ၁၂- ဘုရားသခင်၏ အလုပ်နှင့် အသင်းတော်၏ ပုံမှန်အစီအစဉ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သော အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို အချိန်မီ တိကျစွာ ဖော်ထုတ်သတ်မှတ်လော့။ ပြီးလျှင် ၎င်းတို့ကို ရပ်တန့်၍ ချုပ်ချယ်ကန့်သတ်ပြီး အခြေအနေများကို ပြန်လည်ကောင်းမွန်အောင် ပြုလုပ်လော့။ ထို့အပြင် ဘုရားသခင် ရွေးချယ်ထားသောလူများက ထိုသို့သောအရာများမှတစ်ဆင့် ပိုင်းခြားသိမြင်နိုင်စွမ်း တိုးပွားလာပြီး ယင်းတို့ထံမှ သင်ယူတတ်မြောက်စေရန် သမ္မာတရားကို မိတ်သဟာယဖွဲ့လော့ (အပိုင်း ၅)

အသင်းတော်အသက်တာကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သည့် အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများ

၉။ အပျက်သဘောဆောင်ခြင်းကို ပွင့်အံချခြင်း

ယနေ့တွင် ငါတို့သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ ဆယ့်နှစ်ခုမြောက် တာဝန်ဖြစ်သည့် “ဘုရားသခင်၏ အလုပ်နှင့် အသင်းတော်၏ ပုံမှန်အစီအစဉ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သော အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို အချိန်မီ တိကျစွာ ဖော်ထုတ်သတ်မှတ်လော့။ ပြီးလျှင် ၎င်းတို့ကို ရပ်တန့်၍ ချုပ်ချယ်ကန့်သတ်ပြီး အခြေအနေများကို ပြန်လည်ကောင်းမွန်အောင် ပြုလုပ်လော့။ ထို့အပြင် ဘုရားသခင် ရွေးချယ်ထားသောလူများက ထိုသို့သောအရာများမှတစ်ဆင့် ပိုင်းခြားသိမြင်နိုင်စွမ်း တိုးပွားလာပြီး ယင်းတို့ထံမှ သင်ယူတတ်မြောက်စေရန် သမ္မာတရားကို မိတ်သဟာယဖွဲ့လော့”ဟူသည်ကို ဆက်လက်၍ မိတ်သဟာယဖွဲ့ကြမည်။ အသင်းတော်အသက်တာတွင် ဖြစ်ပေါ်သည့် အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများဆိုင်ရာ အမျိုးမျိုးသော ပြဿနာများနှင့်ပတ်သက်၍ အဋ္ဌမမြောက်ပြဿနာဖြစ်သည့် အယူအဆများကို ဖြန့်ဝေခြင်းအား ပြီးခဲ့သည့်အကြိမ်က ငါတို့ မိတ်သဟာယဖွဲ့ခဲ့ကြပြီး ယနေ့တွင် နဝမမြောက်ပြဿနာဖြစ်သည့် အပျက်သဘောဆောင်ခြင်းကို ပွင့်အံချခြင်းအား မိတ်သဟာယဖွဲ့မည်ဖြစ်သည်။ အပျက်သဘောဆောင်ခြင်းကို ပွင့်အံချခြင်းသည် နေ့စဉ်ဘဝတွင် မကြာခဏ ကြားရလေ့ရှိသည့် အရာတစ်ခုလည်း ဖြစ်သည်။ အလားတူပင်၊ အပျက်သဘောဆောင်ခြင်းကို ပွင့်အံချသည့် အပြုအမူများ သို့မဟုတ် ပြောဆိုချက်များက အသင်းတော်အသက်တာတွင် ပေါ်ပေါက်လာသည့်အခါ ကန့်သတ်ခြင်းနှင့် တားဆီးခြင်း ခံရသင့်သည်၊ အဘယ်ကြောင့်ဆိုသော် အပျက်သဘောဆောင်ခြင်းကို ထုတ်ဖော်ခြင်းသည် မည်သည့်လူအတွက်မဆို တည်ဆောက်စရာမဖြစ်သောကြောင့်ဖြစ်သည်။ ထို့ထက် ယင်းသည် လူတို့ကို ထိခိုက်စေသည်၊ နှောင့်ယှက်ပြီး ဆုံးရှုံးနစ်နာမှုကို ဖြစ်စေသည်။ ထို့ကြောင့် အပျက်သဘောဆောင်ခြင်းကို ပွင့်အံချခြင်းသည် အသင်းတော်အသက်တာကို နှောင့်ယှက်သည့် အခြားသော အပြုအမူများ၊ လုပ်ဆောင်ချက်များ၊ ထွက်ဆိုချက်တို့နှင့် သဘောသဘာဝအားဖြင့် တူညီသည့် အပျက်သဘောဆောင်သည့်အရာတစ်ခု ဖြစ်သည်။ ယင်းသည် လူတို့ကို နှောင့်ယှက်နိုင်ပြီး ဆိုးကျိုးပေးသော သက်ရောက်မှုများလည်း ရှိနိုင်သည်။ မည်သူမျှ အပျက်သဘောဆောင်ခြင်းကို ပွင့်အံချခြင်းအားဖြင့် အခြားသူများကို တည်ဆောက်ပေးနိုင်ခြင်း သို့မဟုတ် အကျိုးကျေးဇူးများ ဆောင်ကြဉ်းပေးနိုင်ခြင်းမရှိပေ။ ဆိုးကျိုးပေးသော သက်ရောက်မှုများကိုသာ ဆောင်ကြဉ်းပေးသည့်အပြင် လူတို့၏ ပုံမှန် တာဝန်ထမ်းဆောင်ခြင်းကိုလည်း ထိခိုက်စေနိုင်သည်။ သို့ဖြစ်၍၊ အသင်းတော်တွင် အပျက်သဘောဆောင်ခြင်းကို ပွင့်အံချခြင်း ဖြစ်ပွားလာသည့်အခါ၊ လိုက်လျောခြင်း သို့မဟုတ် အားပေးခြင်းမပြုဘဲ၊ အလားတူပင် တားဆီးကာ ကန့်သတ်သင့်သည်။

က။ အပျက်သဘောဆောင်ခြင်းကို ပွင့်အံချခြင်းဟူသည် အဘယ်အရာဖြစ်သနည်း

ရှေးဦးစွာ အပျက်သဘောဆောင်ခြင်း ပွင့်အံချခြင်းကို မည်သို့ နားလည်ပြီး ပိုင်းခြားသိမြင်သင့်သည်ကို ကြည့်ကြစို့။ အပျက်သဘောဆောင်ခြင်းကို ပွင့်အံချခြင်းအား ငါတို့ မည်သို့ ပိုင်းခြားသိမြင်သင့်သနည်း။ လူတို့၏ မည်သည့်မှတ်ချက်များနှင့် သရုပ်သကန်များသည် အပျက်သဘောဆောင်ခြင်းကို ပွင့်အံချခြင်း၏ မှတ်ချက်များနှင့် သရုပ်သကန်များ ဖြစ်သနည်း။ အရေးကြီးဆုံးအနေဖြင့် လူတို့ ပွင့်အံချသည့် အပျက်သဘောဆောင်မှုသည် အပြုသဘောမဆောင်ပေ။ ယင်းသည် သမ္မာတရားနှင့် ဆန့်ကျင်ကွဲလွဲသည့် အပျက်သဘောဆောင်သည့် အရာတစ်ခုဖြစ်သည်။ ပြီးလျှင် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသောစိတ်သဘောထားမှ ဖြစ်ပေါ်သောအရာတစ်ခု ဖြစ်သည်။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားရှိခြင်းသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး ဘုရားသခင်ကို ကျိုးနွံနာခံရာတွင် အခက်အခဲများဖြစ်ပေါ်စေသည်။ ဤအခက်အခဲများကြောင့် အပျက်သဘောဆောင်သောအတွေးများနှင့် အခြားအပျက်သဘောဆောင်သောအရာများက လူတို့တွင် ထုတ်ဖော်ပြသည်။ လူတို့က သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် ကြိုးစားသည့် အခြေအနေတွင် ဤအရာများဖြစ်ပေါ်သည်။ ဤအရာတို့သည် လူတို့က သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် ကြိုးစားသည့်အခါ လူတို့အပေါ် သက်ရောက်ပြီး နှောင့်ယှက်သော အတွေးများနှင့် အမြင်ရှုထောင့်များဖြစ်ပြီး အလုံးစုံ အပျက်သဘောဆောင်သောအရာများဖြစ်သည်။ ဤအပျက်သဘောဆောင်သောအတွေးများနှင့် အမြင်ရှုထောင့်များသည် လူသား၏ အယူအဆများနှင့် မည်မျှကိုက်ညီပါစေ၊ မည်မျှ ကျိုးကြောင်းသင့်သည့်ပုံစံရှိပါစေ ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်နှင့်ပတ်သက်သော အတွေ့အကြုံဆိုင်ရာ သိကျွမ်းခြင်း ဖြစ်ရန် မဆိုထားနှင့်၊ ဘုရားနှုတ်ကပတ်တော်ကို နားလည်ခြင်းမှ လာခြင်းမဟုတ်ပေ။ ဤအစား ၎င်းတို့သည် လူသား၏ စိတ်မှ ဖြစ်ပေါ်ပြီး သမ္မာတရားနှင့် လုံးဝ ကိုက်ညီခြင်းမရှိပေ။ ထို့ကြောင့် ၎င်းတို့သည် အပျက်သဘောဆောင်ခြင်း၊ အပျက်သဘောဆောင်သောအရာများ၏ ရှုထောင့်ဖြစ်သည်။ အပျက်သဘောဆောင်ခြင်းကို ပွင့်အံချသည့် လူတို့၏ ရည်ရွယ်ချက်မှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် ၎င်းတို့၏ ပျက်ကွက်မှုအတွက် ဓမ္မဓိဋ္ဌာန်ကျသော အကြောင်းပြချက်များစွာ ရှာတွေ့ရန်ဖြစ်သည်။ အခြားလူတို့၏ သနားကြင်နာမှုနှင့် နားလည်မှုကို ရရှိရန်ဖြစ်သည်။ ဤအပျက်သဘောဆောင်သော စကားများသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရာတွင် လူတို့၏ စတင်လုပ်ဆောင်မှုကို မတူညီသော အတိုင်းအတာများဖြင့် လွှမ်းမိုးပြီး လျော့ပါးစေသည်၊ ပြီးလျှင် လူများစွာကိုပင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းမှ တားဆီးနိုင်သည်။ ဤအကျိုးဆက်များနှင့် အပျက်သဘောဆောင်သော သက်ရောက်မှုများက ဤအရာများကို အပျက်သဘောဆောင်သည့်အရာ၊ ဘုရားသခင်ကို ဆန့်ကျင်သည့်အရာနှင့် သမ္မာတရားကို လုံးဝရန်လိုသည့်အရာအဖြစ် ပို၍ပင် သတ်မှတ်ထိုက်လေသည်။ အချို့သောသူတို့သည် အပျက်သဘောဆောင်ခြင်း၏ အနှစ်သာရကို ထိုးထွင်းမမြင်နိုင်ကြဘဲ မကြာခဏ အပျက်သဘောဆောင်ခြင်းသည် ပုံမှန်ဖြစ်သည်ဟုလည်းကောင်း၊ ယင်းသည် လူတို့၏ သမ္မာတရား လိုက်စားမှုအပေါ် ကြီးမားသော သက်ရောက်မှုမရှိဟုလည်းကောင်း ထင်မှတ်ကြ၏။ ဤသို့သော တွေးခေါ်ပုံသည် မှားယွင်း၏။ အမှန်စင်စစ် ယင်း၌ အလွန်ကြီးမားသော သက်ရောက်မှု ရှိလေသည်၊ ပြီးလျှင် တစ်စုံတစ်ဦး၏ အပျက်သဘောဆောင်ခြင်းသည် မိမိတို့ကိုယ်တိုင် မခံနိုင်လောက်အောင် ဖြစ်လာပါက သစ္စာဖောက်ခြင်းသို့ လွယ်ကူစွာ ဦးတည်သွားစေနိုင်၏။ ဤဆိုးဝါးသော အကျိုးဆက်သည် အပျက်သဘောဆောင်မှုကြောင့်သာ ဖြစ်သည်။ ဤသို့ဆိုလျှင် အပျက်သဘောဆောင်ခြင်းကို ပွင့်အံချခြင်းကို မည်သို့ ပိုင်းခြားသိမြင်ပြီး နားလည်သင့်သနည်း။ ရိုးရှင်းစွာဆိုရလျှင် အပျက်သဘောဆောင်ခြင်းကို ပွင့်အံချခြင်းသည် လူတို့ကို အထင်အမြင်မှားစေပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းကို ရပ်တန့်စေခြင်းဖြစ်သည်။ ယင်းသည် လူတို့ကို အထင်အမြင်မှားစေပြီး မှောက်မှားမိစေရန်အတွက် သိမ်မွေ့သော နည်းဗျူဟာများ၊ သာမန်ဖြစ်ပုံရသည့် နည်းလမ်းများကို အသုံးပြုခြင်းဖြစ်သည်။ ဤသည်မှာ ၎င်းတို့ကို ထိခိုက်နစ်နာစေသလော။ ဤသည်မှာ အမှန်တကယ်တွင် လူတို့ကို ကြီးမားစွာ ထိခိုက်နစ်နာစေသည်။ ထို့ကြောင့် အပျက်သဘောဆောင်မှုကို ပွင့်အံချခြင်းသည် အပျက်သဘောဆောင်သော အရာတစ်ခုဖြစ်သည်။ ယင်းကို ဘုရားသခင်က ရှုတ်ချသည်။ ဤသည်မှာ အပျက်သဘောဆောင်မှုကို ပွင့်အံချခြင်းအား အရိုးရှင်းဆုံး အနက်ပြန်ဆိုခြင်းဖြစ်သည်။ ဤသို့ဆိုလျှင် အပျက်သဘောဆောင်မှုကို ပွင့်အံချခြင်း၏ အပျက်သဘောဆောင်သော အစိတ်အပိုင်းများမှာ အဘယ်နည်း။ မည်သည့်အရာများက အပျက်သဘောဆောင်ပြီး လူတို့အပေါ် ဘေးဖြစ်စေတတ်သော သက်ရောက်မှုရှိရန်၊ အသင်းတော်အသက်တာကို အနှောင့်အယှက်နှင့် ထိခိုက်မှုဖြစ်စေရန် ဖြစ်နိုင်သနည်း။ အပျက်သဘောဆောင်မှုတွင် မည်သည့်အရာ ပါဝင်သနည်း။ လူတို့တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်အပေါ် စင်ကြယ်သော သဘောပေါက်နားလည်မှုရှိလျှင် ၎င်းတို့ မိတ်သဟာယပြုသော စကားများက အပျက်သဘောဆောင်မှု တစ်ခုတလေ ပါဝင်မည်လော။ လူတို့တွင် ဘုရားသခင်က စီစဉ်ဖွဲ့စည်းပေးသော အခြေအနေများအပေါ်တွင် စစ်မှန်သော ကျိုးနွံနာခံခြင်း သဘောထားရှိလျှင် ဤအခြေအနေများအပေါ် ၎င်းတို့၏ သိမြင်မှုတွင် အပျက်သဘောဆောင်ခြင်းတစ်ခုတလေ ပါဝင်မည်လော။ ၎င်းတို့၏ အတွေ့အကြုံဆိုင်ရာ သိကျွမ်းမှုကို လူတိုင်းနှင့် ဝေမျှသည့်အခါတွင် ယင်း၌ အပျက်သဘောဆောင်မှုတစ်ခုတလေ ပါဝင်မည်လော။ သေချာပေါက် ပါဝင်မည်မဟုတ်ပေ။ အသင်းတော်တွင် သို့မဟုတ် ၎င်းတို့အနီးအနားတွင် ဖြစ်ပျက်သည့် မည်သည့်အရာမဆိုနှင့်စပ်လျဉ်း၍၊ လူတို့သည် ယင်းကို ဘုရားသခင်ထံမှ ခံယူနိုင်လျှင်၊ မှန်ကန်သောချဉ်းကပ်နည်းရှိပြီး ရှာဖွေခြင်းနှင့် ကျိုးနွံနာခံခြင်း သဘောထားရှိနိုင်လျှင်၊ ဖြစ်ပျက်သည့်အရာနှင့်ဆိုင်သည့် ၎င်းတို့၏ အသိ၊ နားလည်မှုနှင့် အတွေ့အကြုံတို့တွင် အပျက်သဘောဆောင်မှု တစ်ခုတလေ ပါရှိလိမ့်မည်လော။ (ပါရှိလိမ့်မည်မဟုတ်ပါ။) လုံးဝ ပါရှိလိမ့်မည်မဟုတ်ပေ။ အဆိုပါကိစ္စနှင့်စပ်လျဉ်း၍၊ အပျက်သဘောဆောင်ခြင်းဟူသည် အဘယ်အရာနည်း။ ယင်းကို မည်သို့ နားလည်နိုင်သနည်း။ အပျက်သဘောဆောင်ခြင်းတွင် ဤသဘောသဘာဝရှိသော အရာများဖြစ်သည့် လူတို့၏ မနာခံခြင်း၊ ကျေနပ်မှုမရှိခြင်း၊ နာကြည်းခြင်းများနှင့် မကျေမချမ်းဖြစ်ခြင်းတို့ မပါဝင်သလော။ အပျက်သဘောဆောင်ခြင်းနှင့်ဆိုင်သည့် သာ၍ ဆိုးရွားသော အခြေအနေများတွင်လည်း အတိုက်အခံလုပ်ခြင်း၊ အာခံခြင်းနှင့် ပွက်ပွက်ညံအောင် ကန့်ကွက်ခြင်းတို့ပင် ပါဝင်သည်။ ဤအရိပ်လက္ခဏာများပါဝင်သော မှတ်ချက်များကို ထုတ်ဖော်ပြောဆိုခြင်းသည် အပျက်သဘောဆောင်ခြင်းကို ပွင့်အံချခြင်းအဖြစ် သတ်မှတ်နိုင်သည်။ သို့ဖြစ်၍ ဤသရုပ်သကန်များမှ အကဲဖြတ်ရလျှင်၊ လူတစ်ဦးသည် အပျက်သဘောဆောင်ခြင်းကို ပွင့်အံချသည့်အခါ၊ ၎င်း၏စိတ်နှလုံးထဲတွင် ဘုရားသခင်ကို ကျိုးနွံနာခံခြင်း တစ်ခုတလေ ရှိသလော။ သေချာပေါက် မရှိပေ။ ဇာတိပကတိကို ပုန်ကန်ပြီး မိမိတို့၏ အပျက်သဘောဆောင်မှုကို ဖြေရှင်းရန် လိုလားမှု တစ်ခုတလေ ရှိသလော။ မရှိပေ။ အတိုက်အခံလုပ်ခြင်း၊ ပုန်ကန်မှုနှင့် ဆန့်ကျင်ခြင်းတို့မှလွဲ၍ ဘာမျှမရှိပေ။ လူတို့၏ စိတ်နှလုံးများသည် ဤအရာများဖြင့် ပြည့်နေလျှင်၊ ၎င်းတို့၏ စိတ်နှလုံးများကို ဤအပျက်သဘောဆောင်သော အရာများက သိမ်းပိုက်ထားလျှင်၊ ဤအရာက ဘုရားသခင်အပေါ် အတိုက်အခံလုပ်ခြင်း၊ ပုန်ကန်မှုနှင့် အာခံခြင်းတို့ကို ဖြစ်ပေါ်စေလိမ့်မည်။ ဤသို့ဖြစ်လျှင်၊ ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး ဘုရားသခင်ကို ကျိုးနွံနာခံနိုင်လိမ့်ဦးမည်လော။ ကျိုးနွံနာခံနိုင်ကြလိမ့်မည်မဟုတ်ပေ။ ဖြစ်လာလိမ့်မည့်အရာဟူသမျှမှာ ၎င်းတို့သည် ဘုရားသခင်နှင့် ကင်းကွာလာကြလိမ့်မည်ဖြစ်ပြီး ပို၍ အပျက်သဘောဆောင်လာကြလိမ့်မည်ဖြစ်ကာ ဘုရားသခင်ကို သံသယဝင်ခြင်း၊ ငြင်းပယ်ခြင်းနှင့် သစ္စာဖောက်ခြင်းတို့ကိုပင် ပြုနိုင်ကြလိမ့်မည်။ ဤသည်မှာ အန္တရာယ်ရှိသည် မဟုတ်လော။ မကြာခဏ အပျက်သဘောဆောင်သောသူ မည်သူမဆိုသည် အပျက်သဘောဆောင်ခြင်းကို ပွင့်အံချနိုင်စွမ်းရှိပြီး အပျက်သဘောဆောင်ခြင်းကို ပွင့်အံချခြင်းသည် ဘုရားသခင်ကို ဆန့်ကျင်ခြင်းနှင့် ငြင်းပယ်ခြင်းပင် ဖြစ်သည်။ ထိုသို့ဖြင့် မကြာခဏ အပျက်သဘောဆောင်ခြင်းကို ပွင့်အံချသောလူတို့သည် အချိန် သို့မဟုတ် နေရာမရွေး ဘုရားသခင်ကို သစ္စာဖောက်ပြီး စွန့်ခွာတတ်ကြသည်။

“အပျက်သဘောဆောင်ခြင်း” ဟူသော စကားလုံး၏ အဓိပ္ပာယ်မှ အကဲဖြတ်ရလျှင်၊ လူတစ်ဦးသည် အပျက်သဘောဆောင်လာသည့်အခါ၊ ၎င်းတို့၏ စိတ်အခြေအနေသည် အလွန်နိမ့်ကျသော အခြေအနေသို့ ကျဆင်းသွားပြီး မကောင်းသော စိတ်အခြေအနေထဲသို့ ဝင်ရောက်သွားသည်။ ၎င်းတို့၏ စိတ်အခြေအနေသည် အပျက်သဘောဆောင်သော အရာများဖြင့် ပြည့်နေသည်။ ၎င်းတို့တွင် တက်ကြွစွာ တိုးတက်အောင်လုပ်ဆောင်ခြင်းနှင့် ရှေ့ဆက်ကြိုးပမ်းခြင်း သဘောထား ကင်းမဲ့ကာ၊ အပြုသဘောဆောင်သည့်၊ တက်ကြွသော ပူးပေါင်းဆောင်ရွက်မှုနှင့် ရှာဖွေခြင်းတို့ ကင်းမဲ့နေသည်။ ထို့ထက်ပင်ပို၍၊ ၎င်းတို့သည် လိုလားသော ကျိုးနွံနာခံခြင်းကို မပြဘဲ၊ ထိုအစား အလွန် စိတ်မချမ်းမသာဖြစ်သော စိတ်အခြေအနေကို ပြသသည်။ စိတ်မချမ်းမသာဖြစ်သော စိတ်အခြေအနေသည် မည်သည့်အရာကို ကိုယ်စားပြုသနည်း။ ယင်းသည် လူ့သဘာဝ၏ အပြုသဘောဆောင်သော သွင်ပြင်လက္ခဏာများကို ကိုယ်စားပြုသလော။ အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိခြင်းကို ကိုယ်စားပြုသလော။ ဂုဏ်သိက္ခာဖြင့် အသက်ရှင်ခြင်း၊ လူ့သဘာဝ၏ ဂုဏ်သိက္ခာအတွင်း၌ အသက်ရှင်ခြင်းကို ကိုယ်စားပြုသလော။ (မပြုပါ။) အကယ်၍ ယင်းသည် ဤအပြုသဘောဆောင်သော အရာများကို ကိုယ်စားမပြုလျှင်၊ မည်သည့်အရာကို ကိုယ်စားပြုသနည်း။ ယင်းသည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်း ကင်းမဲ့ခြင်းအပြင်၊ သမ္မာတရားကို လိုက်စားပြီး တက်ကြွစွာ တိုးတက်မှု လုပ်ဆောင်ရန် စိတ်ပိုင်းဖြတ်ခြင်းနှင့် သန္နိဋ္ဌာန် ကင်းမဲ့ခြင်းကို ကိုယ်စားပြုနိုင်သလော။ ယင်းသည် လူတစ်ဦး၏ လက်ရှိအခြေအနေနှင့် အခက်အခဲများကို ပြင်းထန်သော မကျေနပ်မှုနှင့် နားလည်ရန် အခက်အခဲရှိခြင်း၊ ပစ္စုပ္ပန်၏ အဖြစ်မှန်များကို လက်ခံရန် မလိုလားခြင်းတို့ကို ကိုယ်စားပြုနိုင်သလော။ ယင်းသည် လူတစ်ဦး၏ စိတ်နှလုံးထဲတွင် မနာခံခြင်း၊ အာခံလိုသည့် ဆန္ဒ၊ လက်ရှိအခြေအနေကို လွတ်မြောက်ပြီး ပြောင်းလဲလိုသည့် ဆန္ဒတို့ဖြင့် ပြည့်နေသည့် အခြေအနေတစ်ခုကို ကိုယ်စားပြုနိုင်သလော။ (ကိုယ်စားပြုပါသည်။) ဤသည်တို့မှာ လူတို့က လက်ရှိအခြေအနေကို အပျက်သဘောဆောင်မှုဖြင့် ရင်ဆိုင်သည့်အခါ ပြသသည့် အခြေအနေများ ဖြစ်သည်။ တိုတိုပြောရလျှင်၊ မည်သို့ပင်ဖြစ်စေ၊ လူတို့ အပျက်သဘောဆောင်သည့်အခါ၊ လက်ရှိအခြေအနေနှင့် ဘုရားသခင် စီစဉ်ထားသည့်အရာတို့ကို ၎င်းတို့၏ မကျေနပ်မှုသည် ၎င်းတို့က အထင်အမြင်လွဲမှားမှုများရှိခြင်း၊ နားမလည်ခြင်း၊ သဘောမပေါက်ခြင်း သို့မဟုတ် မတွေ့ကြုံမခံစားနိုင်ခြင်းမျှသာကဲ့သို့ ရိုးရှင်းသည့်အရာတစ်ခုနှင့် မတူညီပေ။ သဘောပေါက်နားလည်မှု မရှိခြင်းသည် အစွမ်းအစ သို့မဟုတ် အချိန်ကာလနှင့်ဆိုင်သည့် ကိစ္စတစ်ခု ဖြစ်နိုင်သည်၊ ယင်းမှာ လူ့သဘာဝ၏ ပုံမှန်သရုပ်သကန်တစ်ခုဖြစ်သည်။ မတွေ့ကြုံမခံစားနိုင်ခြင်းသည်လည်း အချို့သော ဓမ္မဓိဋ္ဌာန်ကျသည့် အကြောင်းရင်းများကြောင့် ဖြစ်နိုင်သော်လည်း၊ ဤအရာများကို အပျက်သဘောဆောင်သော အရာများအဖြစ် မယူဆထားပေ။ အချို့လူများသည်လည်း တွေ့ကြုံခံစားနိုင်ခြင်း မရှိကြပေ။ သို့သော် ၎င်းတို့ နားမလည်သောအရာများ သို့မဟုတ် ထိုးထွင်းမမြင်နိုင်သောအရာများ သို့မဟုတ် ၎င်းတို့ သဘောမပေါက်နိုင်သောအရာများ သို့မဟုတ် တွေ့ကြုံမခံစားနိုင်သော အမှုအရာများနှင့် ရင်ဆိုင်ရသည့်အခါ၊ ၎င်းတို့သည် ဘုရားသခင်ထံ ဆုတောင်းပြီး ကိုယ်တော်၏ ရည်ရွယ်ချက်များကို ရှာဖွေကြလိမ့်မည်။ ဘုရားသခင်၏ ဉာဏ်အလင်းပေးခြင်းနှင့် အလင်းပြခြင်းကို စောင့်ဆိုင်းမည်ဖြစ်ပြီး အခြားသူများထံမှ တက်ကြွစွာ ရှာဖွေပြီး မိတ်သဟာယဖွဲ့ကြလိမ့်မည်။ သို့သော်လည်း၊ အချို့လူများက ကွဲပြားသည်။ ၎င်းတို့တွင် ဤလက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းများမရှိသည့်အပြင်၊ ထိုသို့သော သဘောထားလည်း မရှိပေ။ စောင့်ဆိုင်းခြင်း၊ ရှာဖွေခြင်း သို့မဟုတ် မိတ်သဟာယဖွဲ့ရန် တစ်စုံတစ်ဦးကို ရှာဖွေခြင်းအစား၊ ၎င်းတို့သည် မိမိတို့ကြုံတွေ့ရသည့် ဖြစ်ရပ်များနှင့် အခြေအနေများက မိမိတို့၏ လိုအင်ဆန္ဒများ၊ နှစ်သက်မှုများ သို့မဟုတ် စိတ်ကူးများနှင့် မကိုက်ညီဟု ခံစားရလျက်၊ စိတ်နှလုံးထဲတွင် အထင်အမြင်လွဲမှားမှုများ ဖြစ်ပေါ်လာပြီး၊ ထိုသို့ဖြင့် မနာခံခြင်း၊ ကျေနပ်မှုမရှိခြင်း၊ အတိုက်အခံလုပ်ခြင်း၊ စောဒကတက်ခြင်းများ၊ အာခံခြင်း၊ ပွက်ပွက်ညံအောင် ကန့်ကွက်ခြင်းနှင့် အခြားထိုသို့သော အပျက်သဘောဆောင်သည့်အရာများကို ဖြစ်ပေါ်စေသည်။ ဤအပျက်သဘောဆောင်သော အရာများကို ဖြစ်ပေါ်စေပြီးနောက်၊ ၎င်းတို့သည် ထိုအရာများကို များစွာ မစဉ်းစားကြသည့်အပြင်၊ မိမိတို့၏ ကိုယ်ပိုင်အခြေအနေနှင့် ဖောက်ပြန်ပျက်စီးခြင်းကို သိရှိလာရန် ဆုတောင်းပြီး ဆင်ခြင်သုံးသပ်ဖို့ ဘုရားသခင်ရှေ့မှောက်သို့လည်း မလာကြပေ။ အခြားသူများထံမှ ရှာဖွေပြီး မိတ်သဟာယဖွဲ့ရန် မဆိုထားနှင့်၊ ဘုရားသခင်၏ လိုအင်ဆန္ဒများကို ရှာဖွေရန် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့ မဖတ်ရှုကြပေ သို့မဟုတ် ပြဿနာများကို ဖြေရှင်းရန် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အသုံးမပြုကြပေ။ ထိုအစား၊ ၎င်းတို့သည် စိတ်နှလုံးထဲတွင် မနာခံခြင်းနှင့် မကျေနပ်မှုကို ထားရှိလျက် မိမိတို့ယုံကြည်သည့်အရာ မှန်ကန်တိကျသည်ဟု အခိုင်အမာဆိုကာ၊ အပျက်သဘောဆောင်သော စိတ်ခံစားချက်များထဲတွင် ပိတ်မိနေကြဆဲဖြစ်သည်။ ဤစိတ်ခံစားချက်များထဲတွင် ပိတ်မိနေသည့်အခါ၊ ၎င်းတို့သည် တစ်ရက် သို့မဟုတ် နှစ်ရက်ကြာ ထိုအရာများကို ဖုံးကွယ်ထားပြီး ကြံ့ကြံ့ခံနိုင်ကောင်း ခံနိုင်မည်ဖြစ်သော်လည်း၊ အချိန်ကာလကြာလာသည်နှင့်အမျှ၊ လူ့အယူအဆများနှင့် စိတ်ကူးစိတ်သန်းများ၊ လူ့ကျင့်ဝတ်များနှင့် ကိုယ်ကျင့်တရားများ၊ လူ့ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများနှင့် အသိပညာ စသည်တို့အပါအဝင် အမှုအရာများစွာသည် ၎င်းတို့၏ စိတ်ထဲတွင် ဖြစ်ပေါ်သည်။ ၎င်းတို့သည် မိမိတို့ရင်ဆိုင်နေရသည့် ပြဿနာများကို တိုင်းတာရန်၊ တွက်ချက်ရန်နှင့် နားလည်ရန် ဤအရာများကို အသုံးပြုကြပြီး၊ စာတန်၏ ကွန်ရက်တွင် လုံးဝ ကျော့မိကာ၊ ထိုသို့ဖြင့် မကျေနပ်မှုနှင့် မနာခံခြင်းတို့၏ အမျိုးမျိုးသော အခြေအနေများကို ဖြစ်ပေါ်စေကြသည်။ ဤဖောက်ပြန်ပျက်စီးသော အခြေအနေများမှနေ၍၊ အမျိုးမျိုးသော မှားယွင်းသည့် စိတ်ကူးများနှင့် သဘောထားအမြင်များ ထွက်ပေါ်လာပြီး၊ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဤအပျက်သဘောဆောင်သော အရာများကို ထိန်းချုပ်၍မရနိုင်တော့ချေ။ ထို့နောက် ၎င်းတို့သည် ဤအရာများကို ပွင့်အံထွက်စေရန်နှင့် ထုတ်ဖော်ရန် အခွင့်အရေးများကို ရှာဖွေကြသည်။ ၎င်းတို့၏ စိတ်နှလုံးများသည် အပျက်သဘောဆောင်မှုဖြင့် ပြည့်နေသည့်အခါ၊ ၎င်းတို့က “ကျွန်ုပ်သည် စိတ်ထဲတွင် အပျက်သဘောဆောင်သော အရာများနှင့် ပြည့်နေသည်။ အခြားသူများအား ထိခိုက်နစ်နာစေခြင်းကို ရှောင်ရှားဖို့ ကျွန်ုပ် မဆင်မခြင် စကားမပြောသင့်ပါ။ ကျွန်ုပ်စကားပြောချင်စိတ်ပေါက်ပြီး မထိန်းနိုင်လျှင်၊ နံရံကို စကားပြောမည် သို့မဟုတ်လူစကားနားမလည်သည့် အရာတစ်ခုခုကို ပြောမည်” ဟု ပြောဆိုကြသလော။ ၎င်းတို့သည် ဤအရာကို လုပ်ဆောင်ရလောက်အောင် ကြင်နာတတ်ကြသလော။ (မကြင်နာတတ်ကြပါ။) သို့ဆိုလျှင် ၎င်းတို့ မည်သည့်အရာကို လုပ်ဆောင်ကြသနည်း။ ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးထဲမှ မကျေနပ်မှု၊ မနာခံခြင်းနှင့် မကျေမချမ်းဖြစ်ခြင်းကဲ့သို့သော အမျိုးမျိုးသော အပျက်သဘောဆောင်သည့် ခံစားချက်များကို ပွင့်အံထွက်ရန် ဤအရာကို အသုံးပြုလျက်၊ မိမိတို့၏ အပျက်သဘောဆောင်သော အမြင်များ၊ မှတ်ချက်များနှင့် စိတ်ခံစားချက်များကို လက်ခံမည့် ပရိသတ်တစ်ဦးရရှိရန် အခွင့်အရေးများကို ရှာဖွေကြသည်။ အသင်းတော်အသက်တာအတောအတွင်းသည် ထုတ်ဖော်ရန် အကောင်းဆုံးအချိန်ဖြစ်ပြီး၊ ၎င်းတို့၏ အပျက်သဘောဆောင်မှု၊ မကျေနပ်မှုနှင့် မနာခံခြင်းတို့ကို ပွင့်အံထွက်ရန် ကောင်းသော အခါသမယဖြစ်သည်ဟု ၎င်းတို့ ယုံကြည်ကြသည်။ အဘယ်ကြောင့်ဆိုသော် နားထောင်သူများစွာရှိပြီး ၎င်းတို့၏ စကားများသည် အခြားသူတို့ကို အပျက်သဘောဆောင်လာစေရန် လွှမ်းမိုးနိုင်ကာ အသင်းတော်၏အလုပ်အပေါ် ဆိုးကျိုးဖြစ်စေသော သက်ရောက်မှုများကို ဆောင်ကြဉ်းပေးနိုင်သောကြောင့် ဖြစ်သည်။ အပျက်သဘောဆောင်ခြင်းကို ပွင့်အံချသောသူတို့သည် နောက်ကွယ်တွင်ပင် မချုပ်ထိန်းနိုင်ကြပေ။ ၎င်းတို့သည် မိမိတို့၏ အပျက်သဘောဆောင်သော စကားများကို အမြဲ ပွင့်အံထွက်စေကြသည်။ ၎င်းတို့ ပွင့်အံချသည်ကို နားထောင်ရန် လူများစွာမရှိသည့်အခါ ပျင်းစရာဟု ၎င်းတို့ မြင်ကြသည်။ သို့သော် လူတိုင်း အတူတကွ စုဝေးသည့်အခါတွင်မူ ၎င်းတို့သည် ပို၍ တက်ကြွလာကြသည်။ အပျက်သဘောဆောင်ခြင်းကို ထုတ်ဖော်ပြောဆိုသော သူတို့၏ စိတ်ခံစားချက်များ၊ အခြေအနေများနှင့် အခြားသွင်ပြင်လက္ခဏာများမှ အကဲဖြတ်ရလျှင်၊ ၎င်းတို့၏ ရည်ရွယ်ချက်မှာ လူတို့အား သမ္မာတရားကို နားလည်စေရန်၊ မှန်သည့်အရာကို ထိုးထွင်းမြင်စေရန်၊ ဘုရားသခင်နှင့်ပတ်သက်သော အထင်အမြင်လွဲမှားမှုများ သို့မဟုတ် သံသယများကို ရှင်းလင်းစေရန်၊ မိမိတို့ကိုယ်ကိုနှင့် မိမိတို့၏ ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော အနှစ်သာရကို သိမြင်စေရန်၊ သို့မဟုတ် ၎င်းတို့အနေဖြင့် ဘုရားသခင်ကို မပုန်ကန် သို့မဟုတ် မဆန့်ကျင်ဘဲ ထို့ထက် သူ့ကို ကျိုးနွံနာခံရန်အလို့ငှာ ၎င်းတို့၏ ပုန်ကန်ခြင်းနှင့် ဖောက်ပြန်ပျက်စီးခြင်း ပြဿနာများကို ဖြေရှင်းပေးရန် မဟုတ်ပေ။ ၎င်းတို့၏ ရည်ရွယ်ချက်များမှာ အခြေခံအားဖြင့် နှစ်ခုဖြစ်သည်။ တစ်နည်းအားဖြင့်၊ ၎င်းတို့သည် မိမိတို့၏ စိတ်ခံစားချက်များကို ဖွင့်ထုတ်ရန် အပျက်သဘောဆောင်ခြင်းကို ပွင့်အံချကြသည်။ နောက်တစ်နည်းအားဖြင့်၊ ၎င်းတို့သည် ပိုများသောလူတို့ကို အပျက်သဘောဆောင်မှုထဲသို့လည်းကောင်း၊ ၎င်းတို့နှင့်အတူ ဘုရားသခင်ကို အတိုက်အခံလုပ်ခြင်းနှင့် ပွက်ပွက်ညံအောင် ကန့်ကွက်ခြင်း ထောင်ချောက်ထဲသို့လည်းကောင်း ဆွဲသွင်းရန် ရည်ရွယ်ကြသည်။ ထို့ကြောင့်၊ အပျက်သဘောဆောင်ခြင်းကို ပွင့်အံချခြင်းဟူသော အပြုအမူကို အသင်းတော်အသက်တာအတွင်း၌ လုံးဝ တားဆီးသင့်သည်။

ခ။ အပျက်သဘောဆောင်ခြင်းကို ပွင့်အံချသောလူများ၏ အမျိုးမျိုးသော အခြေအနေများနှင့် သရုပ်သကန်များ
၁။ ဖြုတ်ချခံရခြင်းအပေါ် မကျေမနပ်ဖြစ်နေစဉ် အပျက်သဘောဆောင်ခြင်းကို ပွင့်အံချခြင်း

အပျက်သဘောဆောင်ခြင်း၏ စိတ်ခံစားချက်များနှင့် သရုပ်သကန်များသည် အခြေခံအားဖြင့် ဤအရာများ ဖြစ်သည်။ ဤအရာများအကြောင်းကို ငါမိတ်သဟာယဖွဲ့ပြီးနောက်၊ လူတို့သည် မိမိတို့ကိုယ်ကို ယင်းတို့နှင့် နှိုင်းယှဉ်သင့်ပြီး လက်တွေ့ဘဝတွင် ၎င်းတို့၏ မည်သည့်အပြုအမူများ၊ မှတ်ချက်များနှင့် နည်းလမ်းများက အပျက်သဘောဆောင်ခြင်းကို ပွင့်အံချခြင်းဖြစ်သည်ကိုလည်းကောင်း၊ မည်သည့်အခြေအနေများက ၎င်းတို့ကို အပျက်သဘောဆောင်မှုထဲသို့ ကျရောက်စေကာ၊ ထိုသို့ဖြင့် အပျက်သဘောဆောင်ခြင်းကို ပွင့်အံချခြင်းသို့ ဆိုက်ရောက်စေသည်ကိုလည်းကောင်း ကြည့်သင့်သည်။ ငါ့ကို ပြောလော့၊ ပုံမှန်အခြေအနေများအောက်တွင်၊ မည်သည့်အခြေအနေများက လူတို့ကို အပျက်သဘောဆောင်စေသနည်း။ အပျက်သဘောဆောင်ခြင်း၏ အဖြစ်များသော ပုံစံများမှာ အဘယ်နည်း။ (တစ်စုံတစ်ဦး ဖြုတ်ချခံရသည့်အခါ သို့မဟုတ် ၎င်းတို့ ပြုပြင်ခြင်းခံရသည့်အခါ၊ ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးထဲတွင် အပျက်သဘောဆောင်မှုအချို့ ဖြစ်ပေါ်နိုင်သည်။) ဖြုတ်ချခံရခြင်းသည် အခြေအနေတစ်မျိုးဖြစ်ပြီး ပြုပြင်ခြင်းခံရခြင်းသည် နောက်တစ်မျိုးဖြစ်သည်။ အဘယ်ကြောင့် ဖြုတ်ချခံရခြင်းက အပျက်သဘောဆောင်မှုအဖြစ်သို့ ဆိုက်ရောက်စေသနည်း။ (အချို့လူများသည် ဖြုတ်ချခံရပြီးနောက်၊ မိမိကိုယ်ကို သိသော အသိမရှိဘဲ ၎င်းတို့၏ ကျဆုံးခြင်းကို ဖြစ်ပေါ်စေသည်မှာ ၎င်းတို့၏ အဆင့်အတန်းဖြစ်သည်ဟု တွေးထင်ကြသည်။ ထို့နောက် ၎င်းတို့သည် အပျက်သဘောဆောင်သော သဘောထားအမြင်အချို့ကို ထုတ်ဖော်ပြောဆိုလျက်၊ “သင် မြင့်မားစွာ တက်လေ၊ ပြင်းထန်စွာ ပြုတ်ကျလေဖြစ်သည်”ဟု ပြောဆိုကြသည်။ ၎င်းတို့သည် ဖြုတ်ချခံရခြင်းအပေါ် စင်ကြယ်သော နားလည်သဘောပေါက်မှုမရှိကြပေ။ ၎င်းတို့သည် မိမိတို့ စိတ်နှလုံးထဲတွင် မနာခံကြပါ။) ၎င်းတို့စိတ်ထဲတွင် မနာခံခြင်းနှင့် မကျေနပ်မှုရှိသည်၊ ယင်းတို့သည် အပျက်သဘောဆောင်သော စိတ်ခံစားချက်များ ဖြစ်သည်။ ၎င်းတို့ စောဒကတက်ကြသလော။ (တက်ကြပါသည်။ ၎င်းတို့အနေဖြင့် အပြန်အလှန်အနေဖြင့် ကောင်းသည့်အရာတစ်ခုမျှ မရရှိဘဲ အမြဲတစေ ကြိုးစားပမ်းစား အလုပ်လုပ်ခဲ့ရလျက် ဆင်းရဲဒုက္ခကို ကြံ့ကြံ့ခံခဲ့ရပြီး အဖိုးအခပေးခဲ့သည့်တိုင်၊ ဖြုတ်ချခံခဲ့ရသည်ဟု ခံစားကြရသည်။ ထို့ကြောင့် ၎င်းတို့က “ခေါင်းဆောင်တစ်ဦးဖြစ်ရသည်မှာ ခက်ခဲလှသည်။ ခေါင်းဆောင်ဖြစ်လာသောသူ မည်သူမဆို ကံမကောင်းပါ။ နောက်ဆုံးတွင် လူတိုင်း ဖြုတ်ချခံရသည်” ဟု ပြောဆိုကြပါသည်။) ဤမှတ်ချက်များကို ဖြန့်ဝေခြင်းသည် အပျက်သဘောဆောင်ခြင်းကို ပွင့်အံချခြင်း ဖြစ်သည်။ အကယ်၍ ၎င်းတို့သည် မနာခံသည့်အပြင် မကျေမနပ်ဖြစ်ရုံမျှသာဖြစ်ပြီး ယင်းကို မဖြန့်ဝေပါက၊ ယင်းသည် အပျက်သဘောဆောင်ခြင်းကို ပွင့်အံချခြင်း မဖြစ်သေးပေ။ အကယ်၍ မနာခံခြင်းနှင့် မကျေနပ်မှုမှနေ၍ စောဒကတက်သည့် စိတ်အခြေအနေတစ်ခု တဖြည်းဖြည်း ပေါ်ပေါက်လာပြီး၊ ၎င်းတို့က မိမိတို့တွင် ညံ့ဖျင်းသော အစွမ်းအစရှိကာ အလုပ်ကို လုပ်ဆောင်နိုင်ခြင်းမရှိခဲ့ကြောင်း အဖြစ်မှန်ကို အသိအမှတ်မပြုဘဲ၊ ထို့နောက်တွင် ငြင်းခုံနေစဉ်တွင် အမျိုးမျိုးသော ပြောဆိုချက်များ၊ သဘောထားအမြင်များ၊ ဆင်ခြေများ၊ အကြောင်းပြချက်များ၊ ရှင်းလင်းချက်များ၊ ကျိုးကြောင်းပြချက်များ စသည်တို့ကို ဖြစ်ပေါ်စေလျက် ၎င်းတို့၏ မူမမှန်သော ဆင်ခြင်တွေးခေါ်မှုစနစ်ကို စတင်ဟောပြောလျှင် ဤမှတ်ချက်အမျိုးအစားများကို ပြုလုပ်ခြင်းသည် အပျက်သဘောဆောင်ခြင်းကို ထုတ်ဖော်ခြင်းနှင့် ညီမျှသည်။ အမှန်တကယ် အလုပ်မလုပ်သည့်အတွက် ဖြုတ်ချခံရသည့် အယောင်ဆောင် ခေါင်းဆောင်အချို့သည် မိမိတို့စိတ်နှလုံးထဲတွင် ကျိုးနွံနာခံခြင်းတစ်ခုမျှ လုံးဝ မရှိဘဲ မနာခံခြင်းနှင့် မကျေနပ်မှုကို ထားရှိကြသည်။ ၎င်းတို့က၊ “ငါ့နေရာကို မည်သူက ခေါင်းဆောင်အဖြစ် ယူနိုင်သည်ကို ကြည့်ကြစို့။ အခြားသူများသည် ငါ့ထက်မတော်ပါ။ အလုပ်ကို ငါ မလုပ်နိုင်လျှင်၊ သူတို့လည်း မလုပ်နိုင်ပါ”ဟု အမြဲ တွေးကြသည်။ မည်သည့်အရာက ၎င်းတို့ကို မနာခံစေသနည်း။ ၎င်းတို့က မိမိတို့၏ အစွမ်းအစ မညံ့ဖျင်းဟုလည်းကောင်း၊ ၎င်းတို့အနေဖြင့် အလုပ်များစွာ လုပ်ဆောင်ပြီးဖြစ်သည်ဟုလည်းကောင်း တွေးထင်ကြသည်။ သို့ဆိုလျှင် အဘယ်ကြောင့် ၎င်းတို့ ဖြုတ်ချခံခဲ့ရသနည်း။ ဤသည်တို့မှာ အယောင်ဆောင် ခေါင်းဆောင်များ၏ အတွင်းစိတ်အတွေးများ ဖြစ်သည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို သိမြင်ရန် ဆင်ခြင်သုံးသပ်ခြင်းမရှိဘဲ၊ မိမိတို့အနေဖြင့် တကယ့်အလုပ်တစ်ခုတလေကို လုပ်ဆောင်ခဲ့ခြင်း ရှိ၊ မရှိ၊ တကယ့်ပြဿနာ မည်မျှကို ဖြေရှင်းခဲ့သည်၊ သို့မဟုတ် အသင်းတော်၏အလုပ်ကို ၎င်းတို့က အမှန်တကယ် တုံ့ဆိုင်းစေခဲ့သည်ဟူသည့် အဖြစ်မှန် ရှိ၊ မရှိဟူသည်တို့ကို မကြည့်ရှုကြပေ။ ဤအရာများကို ၎င်းတို့ ဆင်ခြင်စဉ်းစားခဲသည်။ ပြဿနာမှာ ၎င်းတို့က သမ္မာတရား လက်တွေ့ကျမှု ကင်းမဲ့ပြီး အမှုအရာများကို ထိုးထွင်းမမြင်နိုင်ခြင်းဖြစ်သည်ဟု ၎င်းတို့ မထင်ဘဲ၊ ထို့ထက် အလုပ်များစွာ လုပ်ဆောင်ပြီးဖြစ်သဖြင့်၊ အယောင်ဆောင် ခေါင်းဆောင်တစ်ဦးအဖြစ် သတ်မှတ်ခြင်း မခံရသင့်ဟု ၎င်းတို့ ယုံကြည်ကြသည်။ ဤသည်မှာ ၎င်းတို့၏ မနာခံခြင်းနှင့် မကျေနပ်မှုအတွက် အဓိကအကြောင်းရင်း ဖြစ်သည်။ ၎င်းတို့က၊ “ငါသည် နေ့စဉ်နေ့တိုင်း စောစောထပြီး ညမိုးချုပ်မှအိပ်လျက် နှစ်ပေါင်းများစွာ ငါ၏ တာဝန်များကို ထမ်းဆောင်ခဲ့သည်မှာ မည်သူ့အတွက်နည်း။ ဘုရားသခင်ကို ယုံကြည်ပြီးနောက်၊ ငါ၏ မိသားစုကို ငါ စွန့်ခွာခဲ့သည်၊ ငါ၏ အသက်မွေးဝမ်းကျောင်းကို စွန့်လွှတ်ခဲ့သည်၊ ငါ၏ တာဝန်များကို ထမ်းဆောင်ရန် ဖမ်းဆီးခံရပြီး ထောင်ကျမည့်အန္တရာယ်ကိုပင် စွန့်စားခဲ့သည်။ ငါ ဒုက္ခဆင်းရဲမည်မျှ ခံခဲ့ရလေသနည်း။ ယခုတွင်တော့ သူတို့က တကယ့်အလုပ်ကို ငါ မလုပ်ခဲ့ဟုဆိုကာ ငါ့ကို ဖြုတ်ချလိုက်သည်။ ဤသည်မှာ အလွန်မတရားပါတကား။ မည်သည့်အရာကိုမျှ ဖြစ်မြောက်အောင်မြင်ခြင်း မရှိသေးလျှင်ပင် ဆင်းရဲဒုက္ခကို ငါ ခါးစည်းခံပြီးဖြစ်သည်။ ဆင်းရဲဒုက္ခမဟုတ်လျှင် ပင်ပန်းနွမ်းနယ်မှုဖြစ်သည်။ ငါကဲ့သို့ အစွမ်းအစရှိပြီး မိမိ၏အလုပ်တွင် အဖိုးအခပေးနိုင်စွမ်းရှိသူပင် စံမမီဟု ယူဆခံရပြီး ဖြုတ်ချခံရလျှင်၊ စံမီသော ခေါင်းဆောင် အနည်းငယ်မျှသာ ရှိသည်ဟု ငါထင်သည်” ဟု အမြဲ တွေးကြသည်။ ဤစကားများကို ပြောဆိုခြင်းဖြင့် ၎င်းတို့သည် အပျက်သဘောဆောင်ခြင်းကို ပွင့်အံချနေခြင်း မဟုတ်လော။ ယင်းတို့ထဲတွင် ကျိုးနွံနာခံခြင်းကို ဖော်ပြသည့် ဝါကျတစ်ကြောင်းမျှ ရှိသလော။ သမ္မာတရားကို ရှာဖွေလိုသည့် အရိပ်အမြွက်မျှပင် ရှိသလော။ “သူတို့က ငါ၏အလုပ်ကို စံမမီဟု ပြောသည်၊ သို့ဆိုလျှင် အတိအကျ မည်သည့်နေရာတွင် ငါ ချို့တဲ့နေသနည်း။ မည်သည့် တကယ့်အလုပ်ကို ငါမလုပ်ခဲ့သနည်း။ အယောင်ဆောင် ခေါင်းဆောင်တစ်ဦး၏ မည်သည့်သရုပ်သကန်များကို ငါပြသနေသနည်း” ဟူသကဲ့သို့သော မိမိကိုယ်ကို ဆင်ခြင်သုံးသပ်ခြင်း တစ်ခုတလေ ရှိသလော။ ၎င်းတို့သည် မိမိတို့ကိုယ်ကို ဤနည်းအတိုင်း ဆင်ခြင်သုံးသပ်ခဲ့ပြီလော။ (မသုံးသပ်ခဲ့ပါ။) သို့ဆိုလျှင်၊ ၎င်းတို့ပြောဆိုသည့် ဤစကားများ၏ သဘောသဘာဝမှာ အဘယ်နည်း။ ၎င်းတို့ စောဒကတက်နေခြင်းဖြစ်သလော။ ၎င်းတို့သည် မိမိတို့ကိုယ်ကို မှန်ကြောင်းပြနေခြင်းဖြစ်သလော။ မိမိတို့ကိုယ်ကို မှန်ကြောင်းပြခြင်း၌ ၎င်းတို့၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ယင်းသည် လူတို့၏ သနားကြင်နာမှုနှင့် နားလည်မှုကို ရရှိရန် မဟုတ်လော။ ၎င်းတို့သည် ပိုများသောလူတို့က ၎င်းတို့အတွက် ခုခံကာကွယ်ပေးရန်၊ ၎င်းတို့ခံစားခဲ့ရသည့် မတရားမှုကို မြည်တမ်းပေးရန် မလိုလားကြသလော။ (လိုလားကြပါသည်။) သို့ဆိုလျှင် ၎င်းတို့သည် မည်သူ့ကို ပွက်ပွက်ညံအောင် ကန့်ကွက်နေကြသနည်း။ ၎င်းတို့သည် ဘုရားသခင်ကို ငြင်းခုံပြီး ပွက်ပွက်ညံအောင် ကန့်ကွက်နေကြခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့၏ စကားသည် ဘုရားသခင်အပေါ် စောဒကတက်ခြင်း၊ ဘုရားသခင်ကို ဆန့်ကျင်ခြင်း ဖြစ်သည်။ ၎င်းတို့၏ စိတ်နှလုံးများသည် နာကြည်းချက်များ၊ အတိုက်အခံဖြစ်ခြင်းနှင့် ပုန်ကန်မှုတို့ဖြင့် ပြည့်နေသည်။ ထိုမျှသာမက၊ အပျက်သဘောဆောင်ခြင်းကို ပွင့်အံချခြင်းအားဖြင့်၊ ၎င်းတို့သည် ပိုများသောလူတို့က ၎င်းတို့ကို နားလည်စေရန်၊ သနားကြင်နာစေရန် ရည်ရွယ်ပြီး၊ ပိုများသောလူတို့က ၎င်းတို့ကဲ့သို့ အပျက်သဘောဆောင်မှု ဖြစ်ပေါ်လာစေရန်၊ ပိုများသောလူတို့က ဘုရားသခင်အပေါ် နာကြည်းချက်များ၊ အတိုက်အခံဖြစ်ခြင်းနှင့် အာခံခြင်းတို့ကို မွေးမြူစေရန်၊ သို့မဟုတ် သူ့ကို ပွက်ပွက်ညံအောင် ကန့်ကွက်စေရန် ရည်ရွယ်သည်။ ၎င်းတို့သည် ဤရည်ရွယ်ချက်ကို စွမ်းဆောင်ရရှိရန် အပျက်သဘောဆောင်ခြင်းကို ပွင့်အံချကြသည် မဟုတ်လော။ ၎င်းတို့၏ ရည်ရွယ်ချက်မှာ ပိုများသောလူတို့အား ကိစ္စရပ်၏ အမှန်တရားဟုခေါ်သည့်အရာကို သိစေရန်နှင့် အခြားသူတို့အား ၎င်းတို့ မတရားခံနေရသည်ကိုလည်းကောင်း၊ ၎င်းတို့လုပ်ဆောင်ခဲ့သည့်အရာ မှန်ကန်သည်ကိုလည်းကောင်း၊ ၎င်းတို့ ဖြုတ်ချမခံရသင့်သည်ကိုလည်းကောင်း၊ ၎င်းတို့ကို ဖြုတ်ချခြင်းသည် အမှားတစ်ခုဖြစ်သည်ကိုလည်းကောင်း ယုံကြည်လာစေရန်သာ ဖြစ်သည်။ ၎င်းတို့သည် ပိုများသောလူတို့ကို ၎င်းတို့အတွက် ခုခံကာကွယ်ပေးရန် အလိုရှိကြသည်။ ဤမှတစ်ဆင့်၊ ၎င်းတို့သည် မိမိတို့၏ သိက္ခာ၊ အဆင့်အတန်းနှင့် ဂုဏ်သတင်းကို ပြန်လည်ရရှိရန် မျှော်လင့်ကြသည်။ အယောင်ဆောင် ခေါင်းဆောင်များနှင့် အန္တိခရစ်များအားလုံးသည် ဖြုတ်ချခံရပြီးနောက်၊ လူတို့၏ စာနာမှုကို ရရှိရန် ဤကဲ့သို့ အပျက်သဘောဆောင်ခြင်းကို ပွင့်အံချကြသည်။ ၎င်းတို့ထဲမှ တစ်ဦးတစ်ယောက်ကမျှ မိမိတို့ကိုယ်ကို ဆင်ခြင်သုံးသပ်ပြီး သိမြင်လာနိုင်ခြင်း၊ မိမိတို့၏ အမှားများကို ဝန်ခံခြင်း၊ သို့မဟုတ် စစ်မှန်သော နောင်တနှင့် နောင်တတရားကို ပြသနိုင်ခြင်းမရှိပေ။ ဤအဖြစ်မှန်က အယောင်ဆောင် ခေါင်းဆောင်များနှင့် အန္တိခရစ်များသည် သမ္မာတရားကို မချစ်မြတ်နိုးသည့်အပြင် လုံးဝလက်မခံသော လူများချည်းသာဖြစ်သည်ကို သက်သေပြသည်။ သို့ဖြစ်၍၊ ထုတ်ဖော်ခြင်းနှင့် ဖယ်ရှားရှင်းလင်းခြင်းခံရပြီးနောက်၊ ၎င်းတို့သည် သမ္မာတရားနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှတစ်ဆင့် မိမိတို့ကိုယ်ကို သိမြင်လာနိုင်ခြင်းမရှိကြပေ။ ၎င်းတို့အနေဖြင့် နောင်တရခြင်းကို ပြသကြောင်း သို့မဟုတ် မိမိတို့ကိုယ်ကို စစ်မှန်သော သိမြင်မှုရှိကြောင်းကို မည်သူကမျှ မမြင်ခဲ့ရသည့်အပြင်၊ စစ်မှန်သော နောင်တ ပြသသည်ကိုလည်း မည်သူမျှ မမြင်တွေ့ခဲ့ရပေ။ ၎င်းတို့သည် မိမိတို့ကိုယ်ကို သိသည့်အသိအား မည်သည့်အခါမျှ ရရှိမည့်ပုံမရ သို့မဟုတ် မိမိတို့၏ အမှားများကို ဝန်ခံမည့်ပုံမရကြပေ။ ဤအဖြစ်မှန်မှ အကဲဖြတ်ရလျှင်၊ အယောင်ဆောင် ခေါင်းဆောင်များနှင့် အန္တိခရစ်များကို ဖြုတ်ချခြင်းသည် လုံးဝ သင့်လျော်ပြီး လုံးဝ မတရားခြင်းမရှိပေ။ မိမိတို့ကိုယ်ကို ဆင်ခြင်သုံးသပ်ခြင်းနှင့် သိမြင်ခြင်း လုံးဝ မရှိသည့်အပြင် နောင်တဟူသမျှ ကင်းမဲ့သည်ကို အခြေခံ၍ ၎င်းတို့၏ အန္တိခရစ် စိတ်သဘောထားသည် ပြင်းထန်ကြောင်းနှင့် သမ္မာတရားကို ၎င်းတို့ လုံးဝ မချစ်မြတ်နိုးကြောင်း သိသာထင်ရှားပေသည်။

အချို့သော အယောင်ဆောင် ခေါင်းဆောင်များသည် ဖြုတ်ချခံရပြီးနောက်၊ မိမိတို့၏ အမှားများကို လုံးဝအသိအမှတ်မပြုသကဲ့သို့၊ သမ္မာတရားကို ရှာဖွေခြင်း သို့မဟုတ် မိမိတို့ကိုယ်ကို ဆင်ခြင်သုံးသပ်ပြီး သိမြင်ခြင်းလည်း မရှိကြပေ။ ၎င်းတို့တွင် ကျိုးနွံနာခံခြင်း စိတ်နှလုံး သို့မဟုတ် သဘောထား အနည်းငယ်မျှပင် မရှိပေ။ ထိုအစား၊ ၎င်းတို့သည် မိမိတို့ကိုယ်ကို ကျိုးကြောင်းပြပြီး ခုခံကာကွယ်ရန် အမျိုးမျိုးသော ဆင်ခြေများနှင့် အကြောင်းပြချက်များကို ရှာဖွေဖို့ ဦးနှောက်ခြောက်အောင် စဉ်းစားလျက်၊ ဘုရားသခင်ကို အထင်အမြင်လွဲမှားပြီး ဘုရားသခင်က ၎င်းတို့ကို မတရားဆက်ဆံသည်ဟု စောဒကတက်ကြသည်။ အချို့က၊ “ကျွန်ုပ်သည် ခက်ခဲသောအလုပ်ဖြစ်သည်ကို သိခဲ့သောကြောင့် ယခင်က ခေါင်းဆောင်တစ်ဦးဖြစ်ရန် လုံးဝ မလိုလားခဲ့ပါ။ သင် ကောင်းစွာလုပ်ဆောင်လျှင်၊ သင် ဆုချီးမြှင့်ခြင်းမခံရဘဲ၊ သင် ကောင်းစွာမလုပ်ဆောင်လျှင်၊ ဖြုတ်ချခံရပြီး နာမည်ဆိုးဖြင့် ကျော်ကြားလာသည်၊ ညီအစ်ကိုမောင်နှမများ၏ ငြင်းပယ်ခြင်းကို ခံရပြီး၊ သိက္ခာ လုံးဝမရှိတော့ပေ။ ထို့နောက်တွင် တစ်စုံတစ်ဦးသည် မည်သို့ မျက်နှာပြနိုင်မည်နည်း။ ယခု ကျွန်ုပ် ဖြုတ်ချခံရပြီးဖြစ်သဖြင့်၊ ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးဖြစ်ရသည်မှာ မလွယ်ကူကြောင်းကို ကျွန်ုပ် သာ၍ပင် ယုံကြည်လာသည်၊ ယင်းသည် ခက်ခဲကြမ်းတမ်းပြီး မည်သူမျှ အသိအမှတ်မပြုသောအလုပ် ဖြစ်သည်”ဟုပင် ပြောဆိုကြသည်။ “ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးဖြစ်ခြင်းမှာ ခက်ခဲကြမ်းတမ်းပြီး မည်သူမျှ အသိအမှတ်မပြုသောအလုပ် ဖြစ်သည်” ဟူသော ပြောဆိုချက်သည် မည်သည့်အရာကို ဆိုလိုသနည်း။ ဤနေရာတွင် သမ္မာတရားကို ရှာဖွေရန် ရည်ရွယ်ချက်တစ်ခုတလေ ဖော်ပြထားသလော။ ဘုရားအိမ်တော်က ၎င်းတို့ကို ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးဖြစ်ရန် စီစဉ်ခဲ့သည်ဟူသောအချက်ကို ၎င်းတို့ စတင်မုန်းတီးလာပြီး၊ ယခုအခါ အခြားသူများကို အထင်အမြင်မှားစေရန် ဤကဲ့သို့သော ပြောဆိုချက်ကို အသုံးပြုနေကြခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) ဤပြောဆိုချက်က မည်သည့်အကျိုးဆက်များကို ဖြစ်စေနိုင်သနည်း။ ဤကိစ္စအပေါ် လူအများစု၏ စိတ်၊ အတွေးအခေါ်နှင့် ၎င်းတို့၏ နားလည်သဘောပေါက်မှုတို့သည် ဤစကားများ၏ လွှမ်းမိုးခြင်းနှင့် နှောင့်ယှက်ခြင်းကို ခံရလိမ့်မည်။ ဤသည်မှာ အပျက်သဘောဆောင်ခြင်းကို ပွင့်အံချခြင်းက လူတို့အပေါ် ဖြစ်စေသည့် အကျိုးဆက် ဖြစ်သည်။ ဥပမာအားဖြင့်၊ သင်သည် ခေါင်းဆောင်တစ်ဦးမဟုတ်သည့်အပြင် ဤအရာကို ကြားလျှင် သင်က “ယင်းမှာ မှန်သည်မဟုတ်လော။ ငါသည် ခေါင်းဆောင်အဖြစ် ရွေးချယ်ခံရ၍မဖြစ်ပါ။ ရွေးချယ်ခံရလျှင် ငြင်းပယ်ဖို့ အကြောင်းပြချက်နှင့် ဆင်ခြေအမျိုးမျိုးကို အမြန်ရှာရမည်။ ငါ့တွင် အစွမ်းအစ ကင်းမဲ့ပြီးအလုပ်မလုပ်နိုင်ပါဟု ပြောရမည်”ဟု တွေးလျက် လန့်သွားလိမ့်မည်။ ခေါင်းဆောင်ဖြစ်သော အချို့သူများကလည်း၊ “ကြောက်စရာကောင်းလိုက်လေခြင်း။ အနာဂတ်တွင် ငါလည်း သူတို့ကဲ့သို့ တူညီသည့်အဆုံးသတ်နှင့် ရင်ဆိုင်ရမည်လော။ ဤသည်မှာ အမှုအရာများ ဖြစ်လာမည့်ပုံဖြစ်လျှင်၊ ခေါင်းဆောင်တစ်ယောက်ဖြစ်ရန် ငါ လုံးဝ ငြင်းပယ်သည်” ဟု တွေးလျက်၊ ဤပြောဆိုချက်၏ ထိခိုက်ခြင်းခံရသည်။ ဤအပျက်သဘောဆောင်သော စိတ်ခံစားချက်များနှင့် ဤအပျက်သဘောဆောင်သော ပြောဆိုချက်သည် လူတို့ကို နှောင့်ယှက်သလော။ ၎င်းတို့သည် သိသာထင်ရှားစွာပင် အနှောင့်အယှက်များ ဖြစ်စေသည်။ မည်သည့်လူပင်ဖြစ်စေ၊ ၎င်းတို့တွင် ကောင်းသော အစွမ်းအစရှိသည်ဖြစ်စေ၊ ညံ့ဖျင်းသော အစွမ်းအစရှိသည်ဖြစ်စေ၊ ဤစကားများကို ကြားသည့်အခါ၊ ၎င်းတို့သည် ယင်းတို့ကို ပထမဆုံး မိမိကိုယ်ကို မထိန်းချုပ်နိုင်ဘဲ ခံယူမိလိမ့်မည်ဖြစ်ပြီး ဤစကားများသည် ၎င်းတို့၏ စိတ်ထဲတွင် အဓိကနေရာကို နေရာယူကာ၊ မတူညီသော အတိုင်းအတာများဖြင့် ၎င်းတို့ကို သက်ရောက်မှုရှိစေလိမ့်မည်။ သက်ရောက်မှုခံရခြင်း၏ အကျိုးဆက်များမှာ အဘယ်နည်း။ လူအများစုသည် ခေါင်းဆောင်တစ်ဦးဖြစ်ခြင်းနှင့် ခေါင်းဆောင်ရာထူးမှ ဖြုတ်ချခံရခြင်း ကိစ္စကို မှန်ကန်စွာ သဘောထားနိုင်မည် မဟုတ်သည့်အပြင် ကျိုးနွံနာခံခြင်း သဘောထားလည်း ရှိမည်မဟုတ်ပေ။ ထိုအစား၊ ၎င်းတို့တွင် ဘုရားသခင်ကို အမြဲ အထင်အမြင်လွဲမှားပြီး သတိထားနေသော စိတ်နှလုံးရှိလာလိမ့်မည်။ ဤကိစ္စနှင့်စပ်လျဉ်း၍ အပျက်သဘောဆောင်သော စိတ်ခံစားချက်များ ဖြစ်ပေါ်လိမ့်မည်ဖြစ်ပြီး၊ ဤပြဿနာကို ဖော်ပြသည့်အခါ အထူးသဖြင့် ထိလွယ်ရှလွယ်ဖြစ်ပြီး ကြောက်ရွံ့ကြလိမ့်မည်။ လူတို့သည် ဤအပြုအမူများကို ပြသသည့်အခါ၊ ၎င်းတို့သည် စာတန်၏ စုံစမ်းသွေးဆောင်ခြင်းနှင့် အထင်အမြင်မှားစေခြင်းထဲသို့ ကျရောက်သွားပြီ မဟုတ်လော။ ၎င်းတို့သည် အပျက်သဘောဆောင်ခြင်းကို ပွင့်အံချသောလူများ၏ အထင်အမြင်မှားစေခြင်းနှင့် နှောင့်ယှက်ခြင်းကို ခံခဲ့ရသည်မှာ သိသာထင်ရှားပေသည်။ အဘယ်ကြောင့်ဆိုသော် အပျက်သဘောဆောင်ခြင်းကို ပွင့်အံချသောလူတို့ ထုတ်ဖော်သည့်အရာများသည် လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် စာတန်ထံမှ အစပြုသောကြောင့်ဖြစ်ပြီး၊ ၎င်းတို့သည် သမ္မာတရားကို နားလည်ခြင်း သို့မဟုတ် ဘုရားသခင် ပြင်ဆင်ပေးသော ပတ်ဝန်းကျင်များကို ကျိုးနွံနာခံခြင်းဖြင့် ရရှိသည့် အတွေ့အကြုံဆိုင်ရာ ထိုးထွင်းသိမြင်မှုများ မဟုတ်သောကြောင့်၊ ယင်းတို့ကို ကြားရသောသူတို့သည် မတူညီသော အတိုင်းအတာများဖြင့် နှောင့်ယှက်ခြင်းကို ခံရလေသည်။ လူတို့ ပွင့်အံချသော အပျက်သဘောဆောင်မှုသည် လူတိုင်းအပေါ် အချို့သော ဆိုးကျိုးဖြစ်စေသည့် သက်ရောက်မှုများနှင့် စိတ်အနှောင့်အယှက်ဖြစ်စေသော အကျိုးသက်ရောက်မှုများကို ဖြစ်စေသည်။ သမ္မာတရားကို တက်ကြွစွာ ရှာဖွေသော အချို့သူများသည် ထိခိုက်နစ်နာမှုနည်းပါးလိမ့်မည်။ အခြားသူများမှာမူ ခံနိုင်ရည် လုံးဝမရှိဘဲ ထိုစကားများက မှားယွင်းကြောင်း သိလျှင်ပင် စိတ်အနှောင့်အယှက်ဖြစ်ခြင်းနှင့် နက်ရှိုင်းစွာ ထိခိုက်နစ်နာခြင်းကို မလွှဲမရှောင်သာ ခံစားရသည်။ ဘုရားသခင်က မည်သည့်အရာကိုပြောဆိုသည်ဖြစ်စေ၊ ထိုကိစ္စအပေါ် သူက မည်သို့ မိတ်သဟာယဖွဲ့သည်ဖြစ်စေ၊ သို့မဟုတ် သူ့တွင် မည်သည့်သတ်မှတ်ချက်များ ရှိသည်ဖြစ်စေ၊ ၎င်းတို့သည် ဤအရာအားလုံးကို လျစ်လျူရှုပြီး၊ ထိုအစား အပျက်သဘောဆောင်ခြင်းကို ပွင့်အံချသူတို့၏ စကားများကို စိတ်ထဲတွင် ထားရှိကာ၊ ဤအပျက်သဘောဆောင်သော ထွက်ဆိုချက်များက ၎င်းတို့၏ ကာကွယ်ပေးသောထီး၊ ၎င်းတို့၏ ဒိုင်းလွှားဖြစ်သည့်အလား၊ မိမိတို့၏ နိုးကြားမှုကို မဖြေလျှော့ရန် အမြဲ သတိပေးနေကြသည်။ ဘုရားသခင် မည်သို့ပင်ပြောစေကာမူ၊ ၎င်းတို့သည် မိမိတို့၏ သတိထားခြင်းနှင့် အထင်အမြင်လွဲမှားမှုများကို မစွန့်လွှတ်နိုင်ပေ။ သမ္မာတရား သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲသို့ ဝင်ရောက်မှုမရှိဘဲ၊ သမ္မာတရား လက်တွေ့ကျမှုကို နားမလည်သော ဤလူတို့သည် ဤအပျက်သဘောဆောင်သော ပြောဆိုချက်များကို ပိုင်းခြားသိမြင်နိုင်စွမ်းမရှိသကဲ့သို့၊ ယင်းတို့ကို ခံနိုင်ရည်လည်း မရှိပေ။ ၎င်းတို့သည် နောက်ဆုံးတွင် ဤအပျက်သဘောဆောင်သော ပြောဆိုချက်များ၏ ဘောင်ခတ်ခြင်းနှင့် ချည်နှောင်ခြင်းကို ခံရပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မလက်ခံနိုင်ကြတော့ပေ။ ၎င်းတို့သည် ဤအရာကြောင့် ထိခိုက်နစ်နာခဲ့ရသည် မဟုတ်လော။ မည်သည့်အတိုင်းအတာအထိ ၎င်းတို့ ထိခိုက်နစ်နာခဲ့ရသနည်း။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မခံယူနိုင် သို့မဟုတ် နားမလည်နိုင်ဘဲ၊ ထိုအစား လူတို့ ဖွင့်ဟပြောဆိုသည့် အပျက်သဘောဆောင်သော စကားများ၊ မကျေနပ်မှု၊ မနာခံခြင်း၊ စောဒကတက်ခြင်းတို့နှင့်ဆိုင်သော စကားများကို အပြုသဘောဆောင်သော အရာများအဖြစ် မှတ်ယူကာ၊ မိမိတို့၏ ကိုယ်ရေးကိုယ်တာ ဆောင်ပုဒ်များအဖြစ် စိတ်နှလုံးထဲတွင် နီးကပ်စွာထားရှိပြီး၊ မိမိတို့၏ ဘဝများကို လမ်းညွှန်ရန်၊ ဘုရားသခင်ကို ဆန့်ကျင်ရန်နှင့် သူ၏နှုတ်ကပတ်တော်များကို အာခံရန် အသုံးပြုကြသည်။ ၎င်းတို့သည် စာတန်၏ ကွန်ရက်ထဲသို့ ကျရောက်သွားပြီ မဟုတ်လော။ (ဟုတ်ပါသည်။) ဤလူတို့သည် မိမိကိုယ်ကို မထိန်းချုပ်နိုင်ဘဲ စာတန်၏ ကွန်ရက်ထဲတွင် ကျော့မိသွားပြီး စာတန်၏ ဖမ်းသွားခြင်းကို ခံကြရသည်။ ရာထူးမှ ဖြုတ်ချခံရခြင်းကဲ့သို့ ရိုးရှင်းသော ကိစ္စတစ်ခုနှင့်ပတ်သက်၍ ဤလူတို့ ဖွင့်ဟပြောဆိုသည့် အပျက်သဘောဆောင်သော ထွက်ဆိုချက်များသည် မည်သို့ပင်ဖြစ်စေ အခြားသူများအပေါ် ကြီးမားသော သက်ရောက်မှုများ ရှိလေသည်။ ဤအရာအတွက် အကြောင်းရင်းခံတစ်ခု ရှိသည်။ ဤအပျက်သဘောဆောင်သော ပြောဆိုချက်များကို လက်ခံသောသူတို့သည် ခေါင်းဆောင်တစ်ဦးဖြစ်ခြင်းနှင့်ပတ်သက်၍ အယူအဆများနှင့် စိတ်ကူးစိတ်သန်းများ၊ အချို့သော အထင်လွဲမှားမှုများနှင့် သတိထားခြင်းများဖြင့်ပင် ပြည့်နေပြီးသား ဖြစ်သည်။ ဤအထင်လွဲမှားမှုများနှင့် သတိထားခြင်းများသည် ၎င်းတို့၏ စိတ်ထဲတွင် အပြည့်အဝ မဖြစ်ပေါ်သေးသော်လည်း၊ ဤအပျက်သဘောဆောင်သော ပြောဆိုချက်များကို ကြားပြီးနောက်၊ ၎င်းတို့သည် မိမိတို့၏ သတိထားခြင်းနှင့် အထင်လွဲမှားမှုများ မှန်ကန်သည်ဟု ပို၍ ယုံကြည်လာကြသည်၊ ခေါင်းဆောင်တစ်ဦးဖြစ်ခြင်းသည် ကံအကြောင်းမလှမှုများစွာ ဆောင်ကြဉ်းပြီး ကောင်းမြတ်သောအရာများစွာ မဆောင်ကြဉ်းပေးကြောင်း၊ အမှားများလုပ်မိသည့်အတွက် ဖြုတ်ချခံရခြင်းနှင့် ငြင်းပယ်ခံရခြင်းကို ရှောင်ရှားရန် ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦး လုံးဝမဖြစ်သင့်ကြောင်း ယုံကြည်ရန် ပို၍ပင် အကြောင်းပြချက်ရှိသည်ဟု ၎င်းတို့ ခံစားကြရသည်။ ၎င်းတို့သည် အပျက်သဘောဆောင်ခြင်းကို ပွင့်အံချသော သူတို့၏ လုံးဝ အထင်အမြင်မှားစေခြင်းနှင့် လွှမ်းမိုးခြင်းကို ခံခဲ့ရသည် မဟုတ်လော။ ဖြုတ်ချခံရသော လူတစ်ဦး ပြောဆိုသည့် အပျက်သဘောဆောင်သော ပြောဆိုချက်များအပြင် ၎င်းတို့၏ မနာခံခြင်းနှင့် မကျေနပ်မှု ခံစားချက်များသည် လူတို့ကို ထိုမျှ သိသာထင်ရှားသော သက်ရောက်မှုများနှင့် ထိခိုက်နစ်နာမှုကို ဖြစ်စေနိုင်သည်။ သင်တို့ မည်သို့ထင်သနည်း၊ လူတို့ ပွင့်အံချသော အပျက်သဘောဆောင်သည့် စိတ်ခံစားချက်များသည် သေခြင်း၏ လေထုဖြင့် ပြည့်နေသည်မှာ ပြင်းထန်သော ပြဿနာတစ်ခု ဖြစ်သလော။ (ဟုတ်ပါသည်။) မည်သည့်အရာက ယင်းကို အလွန် ပြင်းထန်စေသနည်း။ ယင်းမှာ ထိုအရာက လူတို့၏ ဘုရားသခင်အပေါ် နက်ရှိုင်းစွာ အမြစ်တွယ်နေသော သတိထားခြင်းများနှင့် အထင်အမြင်လွဲမှားမှုများကို လုံးဝ ဖြည့်ဆည်းပေးသည့်အပြင်၊ ဘုရားသခင်ကို အထင်လွဲမှားခြင်းနှင့် သံသယဝင်ခြင်းတို့နှင့်ဆိုင်သည့် လူတို့၏ အခြေအနေများအပြင် သူ့အပေါ် ၎င်းတို့၏ အတွင်းစိတ်သဘောထားကိုလည်း ထင်ဟပ်စေသောကြောင့် ဖြစ်သည်။ ထို့ကြောင့် အပျက်သဘောဆောင်ခြင်းကို ပွင့်အံချသောသူတို့ ဖြန့်ဝေသည့် ပြောဆိုချက်များသည် လူတို့၏ အရှိုက်ကို တည့်တည့်ထိမှန်ပြီး လူတို့သည် မိမိတို့ကိုယ်ကို မလွတ်မြောက်စေနိုင်သည့် စာတန်၏ ကွန်ရက်ထဲသို့ လုံးလုံး ကျရောက်သွားလျက် ယင်းတို့ကိုအပြည့်အဝ လက်ခံကြလေသည်။ ဤသည်မှာ ကောင်းသောအရာလော သို့မဟုတ် မကောင်းသောအရာလော။ (မကောင်းသောအရာ ဖြစ်ပါသည်။) ဤအရာ၏ အကျိုးဆက်များမှာ အဘယ်နည်း။ (ယင်းသည် လူတို့ကို ဘုရားသခင်အား သစ္စာဖောက်စေပါသည်။) (ယင်းသည် လူတို့ကို ဘုရားသခင်အပေါ် သတိထားစေပြီး အထင်လွဲမှားစေသည်၊ မိမိတို့စိတ်နှလုံးများထဲတွင် ဘုရားသခင်နှင့် ကင်းကွာသွားစေသည်၊ မိမိတို့၏ တာဝန်များကို အပျက်သဘောဆောင်စွာ ချဉ်းကပ်စေပြီး၊ အရေးကြီးသော တာဝန်ပေးစေခိုင်းချက်များကို လက်ခံရန် ကြောက်ရွံ့သွားစေသည်။ ၎င်းတို့သည် သာမန်တာဝန်များကို ထမ်းဆောင်ခြင်းဖြင့် ကျေနပ်ရောင့်ရဲသွားကြပြီး ထိုသို့ဖြင့် စုံလင်အောင်ပြုခံရမည့် အခွင့်အရေးများစွာကို လွဲချော်သွားကြပါသည်။) ထိုသို့သောလူတို့သည် ကယ်တင်ခြင်းခံရနိုင်သလော။ (မခံရနိုင်ပါ။)

လွန်ခဲ့သော အနှစ်နှစ်ထောင်က ပေါလုသည် သဘောထားအမြင်များစွာကို ထုတ်ဖော်ခဲ့ပြီး ဩဝါဒစာများစွာကို ရေးသားခဲ့သည်။ ထိုဩဝါဒစာများထဲတွင် သူသည် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အရာများစွာကို ပြောဆိုခဲ့သည်။ လူတို့သည် ပိုင်းခြားသိမြင်နိုင်စွမ်း ကင်းမဲ့သောကြောင့်၊ လွန်ခဲ့သော အနှစ်နှစ်ထောင်အတွင်း သမ္မာကျမ်းစာကို ဖတ်ရှုသောသူတို့သည် ဘုရားသခင်ထံမှ သမ္မာတရားများကို လက်မခံဘဲ၊ သခင်ယေရှု၏ နှုတ်ကပတ်တော်များကို ဘေးဖယ်ထားလျက်၊ ပေါလု၏ အတွေးအခေါ်များနှင့် သဘောထားအမြင်များကို အဓိကအားဖြင့် လက်ခံခဲ့ကြသည်။ ပေါလု၏ အတွေးအခေါ်များနှင့် သဘောထားအမြင်များကို လက်ခံသောသူတို့သည် ဘုရားသခင်ရှေ့မှောက်သို့ လာနိုင်ကြသလော။ ၎င်းတို့သည် သူ၏နှုတ်ကပတ်တော်များကို လက်ခံနိုင်ကြသလော။ (လက်မခံနိုင်ကြပါ။) အကယ်၍ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မလက်ခံနိုင်လျှင်၊ ၎င်းတို့သည် ဘုရားသခင်ကို ဘုရားသခင်အဖြစ် သဘောထားနိုင်သလော။ (သဘောမထားနိုင်ကြပါ။) ဘုရားသခင် ရောက်ရှိလာပြီး ၎င်းတို့ရှေ့တွင် ရပ်သည့်အခါ၊ ၎င်းတို့သည် ဘုရားသခင်ကို အသိအမှတ်ပြုနိုင်သလော။ ၎င်းတို့သည် သူ့ကို ၎င်းတို့၏ ဘုရားသခင်နှင့် သခင်အဖြစ် လက်ခံနိုင်သလော။ (လက်မခံနိုင်ပါ။) အဘယ်ကြောင့် ၎င်းတို့ လက်မခံနိုင်ကြသနည်း။ ပေါလု၏ မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အတွေးများနှင့် သဘောထားအမြင်များသည် အမျိုးမျိုးသော သီအိုရီများနှင့် ဆိုရိုးစကားများကို ဖြစ်ပေါ်စေလျက် လူတို့၏ စိတ်နှလုံးများတွင် ပြည့်သွားလေသည်။ လူတို့သည် ဘုရားသခင်၊ သူ၏အမှုတော်၊ သူ၏နှုတ်ကပတ်တော်များ၊ သူ၏စိတ်သဘောထားနှင့် လူတို့အပေါ် သူ၏သဘောထားတို့ကို တိုင်းတာရန် ဤအရာများကို အသုံးပြုသည့်အခါ၊ ၎င်းတို့သည် သာမန်၊ ရိုးရှင်းသောအမျိုးအစားဖြစ်သည့် ဖောက်ပြန်ပျက်စီးသော လူသားများ မဟုတ်တော့ဘဲ၊ ဘုရားသခင်ကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးကာ ဆန်းစစ်ရင်းနှင့် သူ့အပေါ် ရန်လိုလာရင်း သူ့ကို ဆန့်ကျင်ကြလေသည်။ ဘုရားသခင်သည် ထိုသို့သောလူတို့ကို ကယ်တင်နိုင်သလော။ (မကယ်တင်နိုင်ပါ။) ဘုရားသခင်က ၎င်းတို့ကို မကယ်တင်လျှင်၊ ၎င်းတို့သည် ကယ်တင်ခြင်းကို လက်ခံရရှိရန် အခွင့်အရေး ရှိလိမ့်ဦးမည်လော။ ဘုရားသခင်၏ ကြိုတင်သတ်မှတ်ခြင်းနှင့် ရွေးချယ်ခြင်းသည် လူတို့အား အခွင့်အရေးတစ်ခု ပေးခဲ့ပြီးဖြစ်သော်လည်း၊ ဘုရားသခင်၏ ကြိုတင်သတ်မှတ်ခြင်းနှင့် ရွေးချယ်ခြင်းပြီးသည့်နောက် လူတို့ရွေးချယ်သည့်လမ်းကြောင်းသည် ပေါလုနောက်လိုက်သည့်လမ်းကြောင်းဖြစ်ပါက၊ ကယ်တင်ခြင်းအတွက် ဤအခွင့်အရေးသည် တည်ရှိနေသေးသလော။ အချို့လူများက “ကျွန်ုပ်သည် ဘုရားသခင်၏ ကြိုတင်သတ်မှတ်ခြင်းနှင့် ရွေးချယ်ခြင်းကို ခံရသောကြောင့်၊ ကျွန်ုပ်သည် ဘေးကင်းလုံခြုံသော နယ်ပယ်တွင် ရှိနေပြီးဖြစ်သည်။ ကျွန်ုပ်သည် သေချာပေါက် ကယ်တင်ခြင်းခံရလိမ့်မည်”ဟု ပြောဆိုကြသည်။ ဤစကားများသည် ခိုင်လုံသလော။ ဘုရားသခင်၏ ကြိုတင်သတ်မှတ်ခြင်းနှင့် ရွေးချယ်ခြင်းခံရသည်ဟူသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ သင့်အနေဖြင့် ကယ်တင်ခြင်းအတွက် ရွေးချယ်ခံရနိုင်သူတစ်ဦး ဖြစ်လာသော်လည်း ကယ်တင်ခြင်းခံရမည်၊ မခံရမည်မှာမူ သင်သည် မည်မျှကောင်းစွာ လိုက်စားသည်ဟူသည်နှင့် မှန်ကန်သောလမ်းကြောင်းကို ရွေးချယ်ပြီလောဟူသည်တို့အပေါ် မူတည်သည်ဟု ဆိုလိုပေသည်။ နောက်ဆုံးတွင် သင့်တော်သူအားလုံး ရွေးချယ်ခံရပြီး ကယ်တင်ခြင်းခံရလိမ့်မည်လော။ ကယ်တင်ခြင်းခံရလိမ့်မည် မဟုတ်ပေ။ ထိုနည်းတူစွာပင်၊ အကယ်၍ လူတို့သည် မနာခံခြင်း၊ မကျေနပ်မှုနှင့် နာကြည်းခြင်းကဲ့သို့သော ခံစားချက်များ၊ သို့မဟုတ် အပျက်သဘောဆောင်ခြင်းကို ပွင့်အံချသောသူတို့ ဖော်ပြသည့် မှတ်ချက်များ၊ အတွေးများနှင့် သဘောထားအမြင်များကို လက်ခံပြီး၊ ၎င်းတို့၏ စိတ်နှလုံးများသည် ဤအပျက်သဘောဆောင်သော အရာများဖြင့် ပြည့်ကာ ဖိစီးခြင်းခံရလျှင်၊ ဤအရာက ၎င်းတို့အနေဖြင့် အနည်းငယ်မျှသာ လက်ခံသဘောတူသည်ကို မညွှန်ပြပေ။ ထိုအရာများကို ၎င်းတို့က အပြည့်အဝ လက်ခံပြီး ယင်းတို့အားဖြင့် အသက်ရှင်လိုကြသည်ကို ဆိုလိုသည်။ လူတို့သည် ဤအပျက်သဘောဆောင်သော အရာများအတိုင်း အသက်ရှင်သည့်အခါ၊ ဘုရားသခင်နှင့် ၎င်းတို့၏ ဆက်ဆံရေးသည် မည်သည့်အရာဖြစ်လာသနည်း။ ယင်းသည် ဆန့်ကျင်လိုသော ဆက်ဆံရေးအဖြစ်သို့ ပြောင်းလဲသွားသည်။ ယင်းသည် ဖန်ဆင်းရှင်နှင့် ဖန်ဆင်းခံများကြားက ဆက်ဆံရေးမဟုတ်သကဲ့သို့ ဘုရားသခင်နှင့် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်ကြားက ဆက်ဆံရေးလည်းမဟုတ်သည့်အပြင်၊ ကယ်တင်ခြင်းကို လက်ခံရရှိသောသူတို့နှင့် ဘုရားသခင်ကြားက ဆက်ဆံရေးလည်း သေချာပေါက် မဟုတ်ပေ။ ထိုအစား၊ ယင်းသည် ဘုရားသခင်နှင့် စာတန်ကြားက ဆက်ဆံရေး၊ ဘုရားသခင်နှင့် သူ၏ရန်သူများကြားက ဆက်ဆံရေးအဖြစ်သို့ ပြောင်းလဲသွားသည်။ သို့ဖြစ်၍၊ လူတို့သည် ကယ်တင်ခြင်းကို လက်ခံရရှိနိုင်ခြင်း ရှိ၊ မရှိဟူသည်မှာ မေးခွန်းထုတ်စရာတစ်ခု၊ မသိရသောအရာတစ်ခု ဖြစ်လာသည်။ ဖြုတ်ချခံရသောသူတို့ ပြုလုပ်သည့် အပျက်သဘောဆောင်သော ပြောဆိုချက်များသည် စောဒကတက်မှုများ၊ အထင်လွဲမှားမှုများ၊ ကျိုးကြောင်းပြချက်များ၊ ခုခံပြောဆိုမှုများဖြင့် ပြည့်နေသည်။ ၎င်းတို့သည် လူတို့ကို အထင်အမြင်မှားစေပြီး ၎င်းတို့ထံသို့ ဆွဲဆောင်သည့် အချို့အရာများကိုပင် ပြောဆိုကြသည်။ ဤပြောဆိုချက်များကို ကြားပြီးနောက်၊ လူတို့သည် ဘုရားသခင်အပေါ် အထင်လွဲမှားမှုများနှင့် သတိထားခြင်းများ ဖြစ်ပေါ်လာပြီး၊ မိမိတို့စိတ်နှလုံးထဲတွင် သူနှင့် ကင်းကွာသွားကာ သူ့ကို ငြင်းပယ်သည်အထိပင် ဖြစ်လာသည်။ သို့ဖြစ်၍၊ ထိုသို့သောလူတို့သည် အပျက်သဘောဆောင်ခြင်းကို ပွင့်အံချသည့်အခါ၊ ၎င်းတို့ကို ချက်ချင်း ကန့်သတ်ပြီး တားဆီးသင့်သည်။ ၎င်းတို့သည် ဘုရားသခင်ထံမှ တွေ့ကြုံခံစားရသည့် အခြေအနေများကို ခံယူနိုင်စွမ်းမရှိခြင်း၊ သမ္မာတရားကို ရှာဖွေနိုင်စွမ်းမရှိခြင်းနှင့် ဘုရားသခင်ကို ကျိုးနွံနာခံနိုင်ခြင်း မရှိသည်မှာ ၎င်းတို့ ကိုယ်ပိုင်ကိစ္စသာဖြစ်ပြီး အခြားသူများကို သက်ရောက်မှုရှိစေရန် ၎င်းတို့အား ခွင့်မပြုသင့်ပေ။ အကယ်၍ ၎င်းတို့သည် ထိုအရာကို မလက်ခံနိုင်လျှင်၊ ၎င်းတို့ကို တဖြည်းဖြည်း စဉ်းစားကာ ဖြေရှင်းခွင့်ပေးလော့။ သို့သော် အကယ်၍ ၎င်းသည် အပျက်သဘောဆောင်ခြင်းကို ပွင့်အံချပြီး အခြားလူတို့၏ ပုံမှန်ဝင်ရောက်မှုကို သက်ရောက်မှုရှိစေကာ နှောင့်ယှက်လျှင်၊ ၎င်းတို့ကို အချိန်မီ တားဆီးပြီး ကန့်သတ်ရမည်။ အကယ်၍ ၎င်းတို့ကို မကန့်သတ်နိုင်သည့်အပြင်၊ ၎င်းတို့သည် လူတို့ကို အထင်အမြင်မှားစေရန်နှင့် မိမိတို့ဘက်သို့ ဆွဲဆောင်ရန် အပျက်သဘောဆောင်ခြင်းကို ဆက်လက်ပွင့်အံချနေလျှင်၊ ၎င်းတို့ကို ချက်ချင်း ဖယ်ထုတ်ပစ်သင့်သည်။ အသင်းတော်အသက်တာကို ဆက်လက်နှောင့်ယှက်ရန် ၎င်းတို့အား ခွင့်မပြုသင့်ပေ။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။