ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၁၇) အခန်း နှစ်

၂။ ပြုပြင်ခြင်းကို လက်ခံရန် ငြင်းပယ်နေစဉ် အပျက်သဘောဆောင်ခြင်းကို ပွင့်အံချခြင်း

လူတို့သည် အပျက်သဘောဆောင်ခြင်းကို ပွင့်အံချဖွယ်ရှိသည့် အခြားအခြေအနေတစ်ခု ရှိသည်။ ၎င်းတို့သည် ပြုပြင်ခြင်းကို ရင်ဆိုင်ရပြီး ပြုပြင်သည့် စကားအချို့ကို လက်မခံနိုင်သည့်အခါ၊ ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးထဲတွင် နာခံမှုမရှိခြင်း၊ မကျေနပ်ခြင်းနှင့် နာကြည်းချက်တို့ကို ထားရှိကြလိမ့်မည်ဖြစ်ပြီး တစ်ခါတစ်ရံ မတရားခံရသည်ဟုပင် ခံစားရလိမ့်မည်။ မတရားမှုတစ်ခုရှိခဲ့သည်ဟု ၎င်းတို့က ယုံကြည်ကြသည်။ “အဘယ်ကြောင့် ကျွန်ုပ်ကို ရှင်းပြခွင့် သို့မဟုတ် မိမိကိုယ်ကို ရှင်းလင်းခွင့် မပြုရသနည်း။ အဘယ်ကြောင့် ကျွန်ုပ်သည် အဆက်မပြတ် ပြုပြင်ခြင်းခံနေရသနည်း”ဟူ၍ ဖြစ်သည်။ ဤလူတို့သည် မည်သို့သော အပျက်သဘောဆောင်ခြင်းကို ပုံမှန်အားဖြင့် ပွင့်အံချကြသနည်း။ ၎င်းတို့သည် မိမိတို့ကိုယ်ကို မှန်ကြောင်းပြကာ ခုခံကာကွယ်ရန် အကြောင်းပြချက်များကိုလည်း ရှာဖွေကြသည်။ မိမိတို့၏ အမှားများကို စိတ်ဖြာလေ့လာဆွေးနွေးခြင်း၊ ထေမိစေရန်ပြုလုပ်ခြင်း သို့မဟုတ် ကုစားခြင်းတို့အစား၊ ၎င်းတို့က အဘယ်ကြောင့် တစ်စုံတစ်ခုကို ကောင်းစွာ မလုပ်ဆောင်ခဲ့ရကြောင်း၊ ထိုအရာ၏ နောက်ကွယ်တွင်ရှိသည့် အကြောင်းတရားများ၊ ဓမ္မဓိဋ္ဌာန်ကျသော အကြောင်းအချက်များနှင့် အခြေအနေများက အဘယ်အရာဖြစ်ခဲ့ကြောင်းနှင့် ၎င်းတို့အနေဖြင့် ထိုအရာကို မည်သို့ တမင်တကာ လုပ်ဆောင်ခဲ့ခြင်း မဟုတ်ကြောင်းဟူသည်တို့ကဲ့သို့သော အရာများကို ပြောဆိုလျက် မိမိတို့၏ အခြေအနေကို ကျိုးကြောင်းပြပြောဆိုကြသည်။ ၎င်းတို့သည် ပြုပြင်ခြင်းကို ငြင်းပယ်ခြင်းနှင့်ဆိုင်သည့် မိမိတို့၏ ရည်မှန်းချက်ကို စွမ်းဆောင်ရရှိရန် မိမိတို့ကိုယ်ကို မှန်ကြောင်းပြကာ ခုခံကာကွယ်ဖို့ ဤဆင်ခြေများကို အသုံးပြုကြသည်။ ဤလူတို့သည် ပြုပြင်ခြင်းက မှန်ကန်ကြောင်းကို အသိအမှတ်မပြုကြသည့်အပြင်၊ လူတိုင်း၏ရှေ့တွင် ကိစ္စရပ်ကို ရှင်းလင်းစွာ ရှင်းပြရန် ကြိုးစားလျက်၊ အခြားလူများစွာနှင့်အတူ ပြုပြင်ခြင်း အဖြစ်အပျက်ကို စိစစ်ကြသည်။ ၎င်းတို့သည် “ဤပြုပြင်ခြင်းမျိုးက လူတို့အား မိမိတို့၏ တာဝန်များကို ထမ်းဆောင်ခြင်းမှ အားလျော့စေလိမ့်မည်။ မည်သူမျှ မိမိတို့၏ တာဝန်များကို နောက်ထပ် ထမ်းဆောင်လိုတော့မည် မဟုတ်ပါ။ လူတို့သည် မည်သို့ ရှေ့ဆက်ရမည်ကို သိမည်မဟုတ်သည့်အပြင် လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်း ရှိမည်မဟုတ်ပါ”ဟူသည်ကဲ့သို့သော စိတ်ကူးများကိုပင် ဖြန့်ဝေကြသည်။ ၎င်းတို့အနေဖြင့် ပြုပြင်ခြင်းကို မည်သို့လက်ခံကြောင်း အပေါ်ယံအားဖြင့် မိတ်သဟာယဖွဲ့သော်လည်း၊ လက်တွေ့တွင်မူ မိမိတို့ကိုယ်ကို မှန်ကန်ကြောင်းပြကာ ခုခံကာကွယ်ရန် မိတ်သဟာယကို အသုံးပြုနေကြသည့် အချို့လူများပင် ရှိသည်။ ၎င်းတို့သည် ဘုရားအိမ်တော်က လူတို့ကို ဆက်ဆံရာတွင် လူတို့၏ ခံစားချက်များကို မထောက်ထားကြောင်းနှင့် အသေးအဖွဲအမှားလေးတစ်ခုကပင် ပြုပြင်ခြင်းကို ဖြစ်စေနိုင်ကြောင်း ပိုများသောလူတို့အား ယုံကြည်စေကြသည်။ အပျက်သဘောဆောင်ခြင်းကို ပွင့်အံချသော သူတို့သည် မိမိတို့ကိုယ်ကို မည်သည့်အခါမျှ ဆင်ခြင်သုံးသပ်ခြင်း မရှိကြပေ။ ပြုပြင်ခြင်းနှင့် ရင်ဆိုင်ရသည့်အခါတွင်ပင်၊ ၎င်းတို့သည် မိမိတို့အမှားများ၏ သဘောသဘာဝ သို့မဟုတ် မည်သည့်အရာက ထိုအမှားများအား ဖြစ်စေခဲ့သည်ကို ဆင်ခြင်သုံးသပ်ခြင်း မရှိကြပေ။ ၎င်းတို့သည် ဤပြဿနာများကို စိတ်ဖြာလေ့လာဆွေးနွေးခြင်းမရှိဘဲ ထိုအစား အစဉ်တစိုက် အငြင်းအခုံပြုကြသည်။ မိမိတို့ကိုယ်ကို မှန်ကန်ကြောင်း သက်သေပြပြီး ခုခံကာကွယ်ကြသည်။ အချို့လူများက “ကျွန်ုပ် ပြုပြင်ခြင်းမခံရမီတွင် လိုက်လျှောက်ရန် လမ်းကြောင်းတစ်ခုရှိသည်ဟု ကျွန်ုပ် ခံစားခဲ့ရပါသည်။ သို့သော် ကျွန်ုပ် ပြုပြင်ခြင်းခံရသည့်အခါ၊ စိတ်ရှုပ်ထွေးလာခဲ့သည်။ မည်သို့ လက်တွေ့လုပ်ဆောင်ရမည် သို့မဟုတ် ဘုရားသခင်ကို မည်သို့ ယုံကြည်ရမည်ကို ကျွန်ုပ် မသိတော့သည့်အပြင် ရှေ့ဆက်ရမည့်လမ်းကိုလည်း မမြင်နိုင်တော့ပါ” ဟုပင် ပြောဆိုကြသည်။ ၎င်းတို့သည် အခြားသူများကိုလည်း “သင်တို့သည် ပြုပြင်ခြင်းမခံရစေရန် အလွန်သတိထားရမည်။ ယင်းမှာ အရေခွံတစ်လွှာနွှာခံရသလိုမျိုး အလွန်နာကျင်လှပါသည်။ ကျွန်ုပ်၏ လမ်းဟောင်းကို မလိုက်ကြနှင့်။ ပြုပြင်ခြင်းခံရပြီးနောက် ကျွန်ုပ် မည်သို့ဖြစ်လာသည်ကို ကြည့်ကြလော့။ ကျွန်ုပ် ပိတ်မိနေသည်၊ ရှေ့တိုးမရ နောက်ဆုတ်မရ ဖြစ်နေသည်။ ကျွန်ုပ်လုပ်သမျှ မည်သည့်အရာမျှ မမှန်ကန်ပါ”ဟု ပြောဆိုကြသည်။ ဤစကားများသည် မှန်ကန်သလော။ ယင်းတို့နှင့်ပတ်သက်၍ ပြဿနာတစ်ခုတလေ ရှိသလော။ (ရှိပါသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို မှန်ကြောင်းပြနေခြင်းဖြစ်ပြီး မည်သည့်အရာကိုမျှ အမှားမလုပ်ခဲ့ဟု အငြင်းအခုံပြုနေခြင်း၊ ပြောဆိုနေခြင်း ဖြစ်ပါသည်။) ဤမှန်ကြောင်းရှင်းချက်ထုတ်ခြင်းနှင့် အကြောင်းပြချက်တို့မှတစ်ဆင့် မည်သည့်သတင်းစကားကို အသိပေးနေသနည်း။ (ဘုရားအိမ်တော်က လူတို့ကို ပြုပြင်ခြင်းသည် မှားယွင်းကြောင်း ၎င်းတို့ ပြောဆိုနေခြင်း ဖြစ်ပါသည်။) အချို့သောသူများက ဤသို့ ဆိုကြသည်။ “ပြုပြင်ခြင်း မခံရမီက လိုက်လျှောက်ရန် လမ်းကြောင်းတစ်ခု ရှိသည်ဟု ကျွန်ုပ် ခံစားခဲ့ရပါသည်၊ သို့သော် ပြုပြင်ခြင်း ခံရပြီးသည့်နောက်၌မူ မည်သည့်အရာကို လုပ်ဆောင်ရမည်ကို မသိရှိတော့ပါ”ဟူ၍ ဖြစ်သည်။ သူတို့သည် ပြုပြင်ခြင်း ခံရပြီးနောက် မည်သည့်အရာလုပ်ဆောင်ရမည်ကို အဘယ်ကြောင့် မသိရှိကြသနည်း။ ဤအရာအတွက် အကြောင်းရင်းမှာ အဘယ်နည်း။ (ပြုပြင်ခြင်းနှင့် ရင်ဆိုင်ကြုံတွေ့ရသည့်အခါ သူတို့သည် သမ္မာတရားကို လက်မခံကြပါ သို့မဟုတ် မိမိတို့ကိုယ်ကို သိရှိရန်လည်း မကြိုးပမ်းကြပေ။ သူတို့သည် အယူအဆအချို့ကို သိုထားလျက် ယင်းတို့ကို ဖြေရှင်းရန် သမ္မာတရားကို မရှာဖွေကြပေ။ ဤသည်က သူတို့ကို လမ်းမဲ့သွားစေသည်။ မိမိတို့အတွင်း၌ အကြောင်းတရားကို ရှာဖွေမည့်အစား သူတို့သည် ပြုပြင်ခြင်းကို ခံရသဖြင့် လမ်းပျောက်သွားခဲ့ခြင်း ဖြစ်သည်ဟု ဆန့်ကျင်ဘက်ကို အခိုင်အမာပြောကြသည်။) ဤသည်မှာ တန်ပြန်စွပ်စွဲချက် မဟုတ်သလော။ ယင်းမှာ “ကျွန်ုပ် လုပ်ဆောင်ခဲ့သောအရာသည် စည်းမျဉ်းများနှင့်အညီ ဖြစ်ပါသည်၊ သို့သော် သင်၏ ပြုပြင်ခြင်းက ကျွန်ုပ်အား စည်းမျဉ်းများနှင့်အညီ ကိစ္စရပ်များကို ကိုင်တွယ်ခွင့် မပြုကြောင်း ရှင်းလင်းစေသည်။ သို့ဖြစ်လျှင် အနာဂတ်၌ ကျွန်ုပ်သည် မည်သို့ လက်တွေ့လုပ်ဆောင်ရမည်နည်း” ဟူ၍ ပြောသကဲ့သို့ဖြစ်သည်။ ဤသည်မှာ ထိုသို့သော စကားများကို ပြောဆိုသည့် လူများက ဆိုလိုသည့်အရာ ဖြစ်သည်။ သူတို့သည် ပြုပြင်ခြင်းခံရသည်ကို လက်ခံကြသလော။ သူတို့သည် အမှားများ ပြုလုပ်ခဲ့သည်ဟူသောအချက်ကို လက်ခံကြသလော။ (လက်မခံကြပါ။) ဤစကားက ၎င်းတို့သည် မကောင်းမှုများကို မည်သို့မဆင်မခြင် ကျူးလွန်ရမည်ဆိုသည်ကို သိသော်လည်း ၎င်းတို့အား ပြုပြင်ပေးပြီး စည်းမျဉ်းများနှင့်အညီ ပြုမူဆောင်ရွက်ရန် ခိုင်းစေသောအခါတွင် ၎င်းတို့သည် မည်သည့်အရာကို လုပ်ဆောင်ရမှန်း မသိဘဲ စိတ်ရှုပ်ထွေးလာကြသည်ဟု စင်စစ်အားဖြင့် ဆိုလိုသည်မဟုတ်လော။ (ဟုတ်ပါသည်။) သို့ဆိုလျှင် သူတို့သည် ယခင်က အမှုအရာများကို မည်သို့ လုပ်ဆောင်ခဲ့ကြသနည်း။ တစ်စုံတစ်ဦးသည် ပြုပြင်ခြင်းခံရခြင်းနှင့် ရင်ဆိုင်ရသည့်အခါ ယင်းမှာ သူတို့သည် စည်းမျဉ်းများနှင့်အညီ မလုပ်ဆောင်ခဲ့သောကြောင့် ဖြစ်သည် မဟုတ်သလော။ (ဟုတ်ပါသည်။) သူတို့သည် မကောင်းမှုကို မဆင်မခြင် ကျူးလွန်ကြသည်၊ သမ္မာတရားကို မရှာဖွေကြဘဲ အမှုအရာများကို စည်းမျဉ်းများနှင့်အညီဖြစ်စေ၊ ဘုရားအိမ်တော်မှ စည်းကမ်းများနှင့်အညီဖြစ်စေ မလုပ်ဆောင်ကြသောကြောင့် ပြုပြင်ခြင်းကို ခံကြရသည်။ ပြုပြင်ခြင်း၏ ရည်ရွယ်ချက်မှာ လူတို့အား သမ္မာတရားကို ရှာဖွေစေရန်နှင့် စည်းမျဉ်းများအတိုင်း ပြုမူလုပ်ဆောင်စေရန် ထောက်ကူပေးဖို့၊ သူတို့ကို မကောင်းမှုကို မဆင်မခြင် ထပ်၍ ကျူးလွန်ခြင်းမှ ဟန့်တားဖို့အတွက် ဖြစ်သည်။ သို့ရာတွင် ပြုပြင်ခြင်းနှင့် ရင်ဆိုင်ရသည့်အခါ ထိုလူများက မည်သို့ပြုမူလုပ်ဆောင်ရမည်ကိုဖြစ်စေ၊ မည်သို့လက်တွေ့လုပ်ဆောင်ရမည်ကို မသိရှိတော့ဟု ဆိုကြသည်။ ဤစကားများတွင် မိမိကိုယ်ကို သိကျွမ်းခြင်းဆိုင်ရာ အရိပ်အယောင် တစ်ခုခု ပါဝင်သလော။ (မပါဝင်ပါ။) သူတို့၌ မိမိကိုယ်ကို သိရှိရန် သို့မဟုတ် သမ္မာတရားကို ရှာဖွေရန် ရည်ရွယ်ချက် လုံးဝ မရှိကြပေ။ ထိုအစား ၎င်းတို့သည် ဤသို့သွယ်ဝိုက်ညွှန်းဆိုကြသည်။ “ကျွန်ုပ်သည် ယခင်က ကျွန်ုပ်၏ တာဝန်များကို အလွန် ကောင်းမွန်စွာ ထမ်းဆောင်ခဲ့ဖူးပါသည်၊ သို့သော် သင် ကျွန်ုပ်အား ပြုပြင်ခဲ့သည့်အချိန်မှစ၍ သင်သည် ကျွန်ုပ်၏ အတွေးများကို ဖရိုဖရဲဖြစ်စေခဲ့ပြီး ကျွန်ုပ်၏ တာဝန်များအပေါ် ကျွန်ုပ်၏ လုပ်နည်းကိုင်နည်းကို ရှုပ်ထွေးစေခဲ့ပါသည်။ ယခုအခါ ကျွန်ုပ်၏ စဉ်းစားတွေးခေါ်ပုံမှာ ပုံမှန်မဟုတ်တော့ပါ၊ ထို့ပြင် ကျွန်ုပ်သည် ယခင်ကဲ့သို့ ပြတ်သားမှု သို့မဟုတ် ရဲစွမ်းသတ္တိလည်း မရှိတော့ပါ၊ ကျွန်ုပ်သည် ယခင်ကကဲ့သို့ ရဲရင့်ခြင်း မရှိတော့ဘဲ ဤအရာအားလုံးသည် ပြုပြင်ခြင်းခံရခြင်းကြောင့် ဖြစ်ရပါသည်။ ကျွန်ုပ် ပြုပြင်ခြင်းခံခဲ့ရသည့် အချိန်မှစ၍ ကျွန်ုပ်၏ နှလုံးသားသည် ပြင်းထန်စွာ ထိခိုက်နာကျင်ခဲ့ရပါသည်။ ထို့ကြောင့် ကျွန်ုပ်သည် အခြားသူတို့အား သူတို့၏ တာဝန်များကို ထမ်းဆောင်သည့်အခါ အလွန် သတိထားကြရန် ပြောဆိုရပါမည်။ သူတို့သည် မိမိတို့၏ ချို့ယွင်းချက်များကို မဖော်ပြသင့်ပါ သို့မဟုတ် ချွတ်ချော်မှု မဖြစ်စေသင့်ပါ၊ အကယ်၍ သူတို့ ချွတ်ချော်ခဲ့ပါက သူတို့သည် ပြုပြင်ခြင်းခံရမည်ဖြစ်ပြီး ထို့နောက် သူတို့သည် ကြောက်ရွံ့လာကာ သူတို့ တစ်ချိန်က ပိုင်ဆိုင်ခဲ့သော စိတ်အားထက်သန်မှုလည်း ပျောက်ဆုံးသွားလိမ့်မည်။ ၎င်းတို့၏ ရဲရင့်သော စိတ်ဓာတ်သည် သိသိသာသာ မှေးမှိန်သွားပြီး ၎င်းတို့၏ လူငယ်သတ္တိနှင့် အစွမ်းကုန်လုပ်ဆောင်ရန် လိုအင်ဆန္ဒတို့သည် ပျောက်ဆုံးသွားမည်ဖြစ်ကာ ၎င်းတို့အား ပျော့ညံ့သွားစေလျက် ကိုယ့်အရိပ်ကိုယ်ပင် ကြောက်လန့်လာကာ ၎င်းတို့ လုပ်ဆောင်သမျှက မမှန်ကန်ကြောင်း ခံစားရသွားစေသည်။ သူတို့သည် မိမိတို့၏ စိတ်နှလုံးထဲ၌ ဘုရားသခင်၏ မျက်မှောက်တော်ကို ခံစားရတော့မည် မဟုတ်ဘဲ ကိုယ်တော်နှင့် ပို၍ပို၍ ဝေးကွာသွားသည်ဟု ခံစားလာကြလိမ့်မည်။ ဘုရားသခင်ထံ ဆုတောင်းလျက် ဟစ်ခေါ်ခြင်းသည်ပင် အဖြေမရသကဲ့သို့ ဖြစ်နေလိမ့်မည်။ သူတို့၌ ယခင်ကကဲ့သို့ တက်ကြွလန်းဆန်းမှု၊ လှုပ်ရှားတက်ကြွမှုနှင့် ချစ်ခင်နှစ်လိုဖွယ်ကောင်းခြင်းတို့ မရှိတော့ဟု ခံစားရလိမ့်မည်ဖြစ်ပြီး မိမိကိုယ်ကိုပင် အထင်အမြင်သေးလာကြလိမ့်မည်” ဟူ၍ ဖြစ်သည်။ ဤသည်တို့မှာ အတွေ့အကြုံရှိသော ပုဂ္ဂိုလ်တစ်ဦးက မိတ်သဟာယဖွဲ့သည့် စိတ်ရင်းမှန်ဖြင့် ပြောဆိုသော စကားများလော။ ယင်းတို့သည် စစ်မှန်သလော။ ယင်းတို့သည် လူတို့အား တည်ဆောက်မှု ပေးသလော သို့မဟုတ် အကျိုးပြုသလော။ ဤသည်မှာ အဖြစ်မှန်ကို မလိမ့်တပတ်လုပ်ခြင်း သက်သက်သာ မဟုတ်ပါလော။ (ဟုတ်ပါသည်၊ ဤစကားများသည် အတော်ပင် အဓိပ္ပာယ်မရှိပါ။) ၎င်းတို့က “ကျွန်ုပ်၏ ခြေလှမ်းများနောက် မလိုက်ကြနှင့် သို့မဟုတ် ကျွန်ုပ်၏ လမ်းဟောင်းကို ထပ်မကျော့ကြနှင့်။ သင်တို့သည် ယခုအခါတွင် ကျွန်ုပ်ကို အတော်အတန် အမူအကျင့်ကောင်းသူအဖြစ် မြင်ကြသော်လည်း၊ အမှန်တွင် ထိုပြုပြင်ခြင်းနောက်ပိုင်း ကျွန်ုပ် ကြောက်လန့်သွားခဲ့ခြင်းသာဖြစ်ပြီး ယခင်လောက် လွတ်လပ်ခြင်းနှင့် လွတ်မြောက်ခြင်း မရှိတော့ပါ” ဟု ပြောဆိုကြသည်။ ဤစကားများသည် နားထောင်သူများအပေါ် မည်သည့် သက်ရောက်မှု ရှိသနည်း။ (ယင်းတို့သည် လူတို့အား ပြုပြင်ခြင်းခံရမည်ကို ကြောက်ရွံ့သည့်အတွက် သတိဖြင့် ပြုမူစေလျက် ဘုရားသခင်အပေါ် ပို၍ သတိထားစေပါသည်။) ၎င်းတို့တွင် ဤ အပျက်သဘောဆောင်သည့် သက်ရောက်မှုမျိုး ရှိသည်။ ဤအရာကို ကြားပြီးနောက်၊ လူတို့သည် “သဘောတူပါသည်။ သတိမမူမိခြင်း အသေးအဖွဲတစ်ခုနှင့် သင် ပြုပြင်ခြင်းခံလိုက်ရသည်သာတည်း။ ယင်းကို တားဆီးရန် သင်လုပ်နိုင်သည့်အရာ ဘာမျှမရှိပါတကား။ ဘုရားအိမ်တော်၌ တာဝန်များကို ထမ်းဆောင်ခြင်းသည် အဘယ်ကြောင့် ဤမျှ ခက်ခဲရသနည်း။ သမ္မာတရား စည်းမျဉ်းများအကြောင်း အမြဲပြောနေသည်။ ယင်းသည် အလွန် ခက်ခဲလှသည်တကား။ ရိုးရှင်းပြီး တည်ငြိမ်သော ဘဝကို အသက်ရှင်နေထိုင်ရုံမျှဖြင့် မလုံလောက်ပါသလော။ ယင်းမှာ မြင့်မားသော တောင်းဆိုမှုတစ်ခု သို့မဟုတ် လွန်ကဲသော မျှော်လင့်ချက်တစ်ခု မဟုတ်ပါ။ သို့သော် အဘယ်ကြောင့် စွမ်းဆောင်ရရှိရန် အလွန်ခက်ခဲရသနည်း။ ကျွန်ုပ် ပြုပြင်မခံရရန် သေချာပေါက် မျှော်လင့်ပါသည်။ ကျွန်ုပ်သည် အလွန် ကြောက်တတ်သူတစ်ဦး ဖြစ်သည်။ ပုံမှန်အားဖြင့်၊ လူတို့က ကျွန်ုပ်ကို စူးစိုက်ကြည့်ပြီး အသံကျယ်ကျယ်ဖြင့် စကားပြောသည့်အခါ၊ ကျွန်ုပ်၏ နှလုံးခုန်နှုန်း မြန်လာသည်။ ကျွန်ုပ်သည် ပြုပြင်ခြင်းကို အမှန်တကယ် ရင်ဆိုင်ရပြီး အဖြစ်မှန်များကို ထိုသို့ စိတ်ဖြာလေ့လာဆွေးနွေးလျက် စကားလုံးများက ထိုမျှ ပြင်းထန်လျှင်၊ ထိုအရာကို ကျွန်ုပ် မည်သို့ ကြံ့ကြံ့ခံနိုင်မည်နည်း။ ယင်းက ကျွန်ုပ်ကို အိပ်မက်ဆိုးများ ပေးမည် မဟုတ်လော။ လူတိုင်းက ပြုပြင်ခြင်းသည် ကောင်းသည်ဟု ပြောကြသော်လည်း၊ အဘယ်သို့ဖြစ်ပြီး ထိုသို့ဖြစ်သည်ကို ကျွန်ုပ် မမြင်ပါ။ ထိုလူသည် ယင်းကြောင့် ကြောက်လန့်သွားခဲ့သည် မဟုတ်လော။ ပြုပြင်ခြင်းခံရလျှင်၊ ကျွန်ုပ်လည်း ကြောက်လန့်သွားမည် ဖြစ်သည်”ဟု စဉ်းစားကြလိမ့်မည်။ ဤသည်မှာ အပျက်သဘောဆောင်ခြင်းကို ပွင့်အံချသောသူတို့၏ စကားများကြောင့် ဖြစ်ပေါ်လာသော သက်ရောက်မှု မဟုတ်လော။ ဤသက်ရောက်မှုသည် အပြုသဘောဆောင်သလော သို့မဟုတ် အပျက်သဘောဆောင်သလော။ (အပျက်သဘောဆောင်ပါသည်။) ဤအပျက်သဘောဆောင်သော ပြောဆိုချက်များသည် သမ္မာတရားကို လိုက်စားလိုသောသူတို့အပေါ် ကြီးမားသော ထိခိုက်နစ်နာမှု ဖြစ်စေနိုင်သည်တကား။ သို့ဖြစ်၍ ငါ့ကို ပြောလော့၊ အပျက်သဘောဆောင်ခြင်းကို မကြာခဏ ပွင့်အံချပြီး သေခြင်းတရားကို ဖြန့်ဝေသောသူတို့သည် စာတန်၏ အစေခံများ ဖြစ်ကြသလော။ ၎င်းတို့သည် အသင်းတော်၏ အလုပ်ကို နှောင့်ယှက်သောသူများ ဖြစ်ကြသလော။ (ဖြစ်ကြပါသည်။)

အချို့လူတို့သည် မိမိတို့၏ ကိုယ်ပိုင် စိတ်ကူးများအတိုင်း ပြုမူဆောင်ရွက်ပြီး စည်းမျဉ်းများကို ဆန့်ကျင်ကြသည်။ ပြုပြင်ခြင်းခံရပြီးနောက်၊ ၎င်းတို့သည် အလွန်ကြိုးစားလုပ်ဆောင်ပြီး အဖိုးအခတစ်ခု ပေးဆပ်ခဲ့ရလင့်ကစား၊ ပြုပြင်ခြင်းခံခဲ့ရဆဲဖြစ်သည်ဟု ခံစားရသောကြောင့် ၎င်းတို့၏ စိတ်နှလုံးများသည် မနာခံမှုဖြင့် ပြည့်လာပြီး ဖော်ထုတ်ခြင်း သို့မဟုတ် စိတ်ဖြာလေ့လာဆွေးနွေးခြင်းကို လက်မခံကြပေ။ ၎င်းတို့က ဘုရားသခင်သည် မဖြောင့်မတ်ကြောင်းနှင့် ဘုရားအိမ်တော်က ၎င်းတို့အပေါ် မမျှတကြောင်း ယုံကြည်ကြသည်။ အကြောင်းမှာ ၎င်းတို့ကဲ့သို့ အသုံးဝင်သော ပင်ကိုစွမ်းရည်ရှိသူတစ်ဦး၊ ဆင်းရဲဒုက္ခများစွာကို ကြံ့ကြံ့ခံပြီး ကြီးမားသော အဖိုးအခကို ပေးဆပ်သောသူတစ်ဦးသည် ဘုရားအိမ်တော်၏ ချီးမွမ်းခြင်းကို မခံရသည့်အပြင် ပြုပြင်ခြင်းပင် ခံရသောကြောင့်ဖြစ်သည်။ ၎င်းတို့၏ မနာခံမှုမှ နာကြည်းချက်များ ပေါ်ပေါက်လာပြီး ၎င်းတို့၏ အပျက်သဘောဆောင်ခြင်းကို ပွင့်အံချကြလိမ့်မည်။ “ကျွန်ုပ်မြင်သည့်အတိုင်းဆိုလျှင်၊ ဘုရားကို ယုံကြည်ခြင်းထက် ပိုခက်သည့်အရာ ဘာမျှမရှိပါ။ ကောင်းချီးမင်္ဂလာအချို့ကို လက်ခံရရှိရန်နှင့် ကျေးဇူးတော်အနည်းငယ်ကို မွေ့လျော်ခံစားရန်မှာ အမှန်တကယ် ခက်ခဲလှပါသည်။ ကျွန်ုပ်သည် အလွန်မြင့်မားသော အဖိုးအခကို ပေးဆပ်ပြီးဖြစ်သော်လည်း၊ အမှုအရာတစ်ခုကို ညံ့ဖျင်းစွာ လုပ်ဆောင်မိခြင်းအတွက် ပြုပြင်ခြင်းခံခဲ့ရသည်။ ကျွန်ုပ်ကဲ့သို့သောသူတစ်ဦးသည် အလုပ်တာဝန်အတွက် စံမမီလျှင်၊ တစ်ဦးတလေက မည်သို့ စံမီနိုင်မည်နည်း။ ဘုရားသည် ဖြောင့်မတ်သည် မဟုတ်လော။ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို အဘယ်ကြောင့် ကျွန်ုပ် သိနားလည်နိုင်စွမ်း မရှိရသနည်း။ ဘုရား၏ဖြောင့်မတ်ခြင်းသည် အဘယ်သို့ဖြစ်ပြီး လူတို့၏ အယူအဆများနှင့် အလွန် မကိုက်ညီရသနည်း”ဟူ၍ ဖြစ်သည်။ စည်းမျဉ်းများကို ဆန့်ကျင်သည့် မည်သည့်အရာကို ၎င်းတို့ လုပ်ဆောင်ခဲ့သည် သို့မဟုတ် မည်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ၎င်းတို့ ထုတ်ဖော်ခဲ့သည်ဟူသည်တို့ကို စိတ်ဖြာလေ့လာဆွေးနွေးခြင်း မရှိကြပေ။ ၎င်းတို့တွင် နောင်တရခြင်း သို့မဟုတ် ကျိုးနွံနာခံခြင်း အရိပ်အယောင်တစ်ခုပင် မရှိသည်သာမက၊ ပွင့်လင်းစွာ ဝေဖန်ပြီး အတိုက်အခံပင် လုပ်ကြသည်။ ၎င်းတို့က ထိုသို့သော ပြောဆိုချက်တစ်ခုကို ပြုလုပ်သည်ကို ကြားပြီးနောက်၊ လူအများစုသည် ၎င်းတို့နှင့်ပတ်သက်၍ အတော်အတန် စာနာလာကြပြီး ၎င်းတို့၏ လွှမ်းမိုးခြင်းကို ခံကြရသည်။ “မှန်သည် မဟုတ်လော။ သူတို့သည် ဘုရားသခင်ကို နှစ်ပေါင်းနှစ်ဆယ်ကြာ ယုံကြည်ခဲ့ပြီးဖြစ်ကာ ထိုသို့သော ပြုပြင်ခြင်းကို ရင်ဆိုင်ရဆဲ ဖြစ်သည်။ နှစ်ပေါင်းနှစ်ဆယ်ကြာ ယုံကြည်ပြီးသောသူတစ်ဦးသည် ကယ်တင်ခံရချင်မှ ခံရမည်ဆိုလျှင် ကျွန်ုပ်တို့ကဲ့သို့သော လူများမှာ သာ၍ပင် မျှော်လင့်ချက်နည်းပေသည်”ဟူ၍ ဖြစ်သည်။ ၎င်းတို့သည် အဆိပ်ခတ်ခံရလေပြီ မဟုတ်လော။ အပျက်သဘောဆောင်ခြင်းကို ပွင့်အံချလိုက်သည်နှင့်တစ်ပြိုင်နက်၊ လူတို့၏ စိတ်နှလုံးထဲတွင် စိုက်ပျိုးလိုက်သော မျိုးစေ့တစ်စေ့ကဲ့သို့၊ ၎င်းတို့၏ စိတ်ထဲတွင် အမြစ်တွယ်၊ အညှောက်ပေါက်၊ ဖူးပွင့်ပြီး အသီးသီးလျက် အဆိပ်ကို စိုက်လိုက်ခြင်း ဖြစ်သည်။ လူတို့ မသိလိုက်မီတွင် ၎င်းတို့ အဆိပ်ခတ်ခံလိုက်ရပြီး၊ ဘုရားသခင်အပေါ် အတိုက်အခံပြုခြင်းနှင့် စောဒကတက်မှုများက ၎င်းတို့၌ ပေါ်ပေါက်လာကြသည်။ ထိုလူတို့ ပြုပြင်ခြင်းခံရသည့်အခါ၊ ၎င်းတို့သည် ဘုရားသခင်အပေါ် မနာခံ ဖြစ်လာကြပြီး ၎င်းတို့ကို ဘုရားအိမ်တော်က ကိုင်တွယ်သည့်ပုံစံအပေါ် မကျေမနပ် ဖြစ်ကြသည်။ နောင်တရခြင်းနှင့် ဝန်ချခြင်း သဘောထားကို ခံယူမည့်အစား၊ ၎င်းတို့သည် အငြင်းအခုံပြုကြသည်၊ အကြောင်းပြချက်များပေးကာ မိမိတို့ကိုယ်ကို ခုခံကာကွယ်ကြသည်။ ၎င်းတို့ ယုံကြည်ခဲ့သည့် နှစ်ကာလများစွာတစ်လျှောက် အခက်အခဲမည်မျှကို ၎င်းတို့ ကြံ့ကြံ့ခံခဲ့ပုံနှင့် မည်သည့်အလုပ်ကို လုပ်ဆောင်ခဲ့ကြောင်း၊ မည်သည့်တာဝန်များကို ထမ်းဆောင်ခဲ့ကြောင်းနှင့် ယခုအခါ ဆုလာဘ်များ လက်ခံရရှိမည့်အစား ပြုပြင်ခြင်းကို ရင်ဆိုင်နေရကြောင်းတို့အား နေရာအနှံ့တွင် သိရှိစေကြသည်။ ၎င်းတို့သည် ပြုပြင်ခံရခြင်းမှ မိမိတို့၏ ကိုယ်ပိုင်ဖောက်ပြန်ပျက်စီးခြင်းနှင့် မိမိတို့ ပြုခဲ့သော အမှားများကို သိနားလည်ရန် ပျက်ကွက်သည်သာမက၊ ဘုရားအိမ်တော်က ၎င်းတို့ကို ဆက်ဆံခဲ့သည့်နည်းလမ်းသည် မမျှတသည့်အပြင် ကျိုးကြောင်းဆီလျော်မှုမရှိလှကြောင်း၊ ၎င်းတို့ကို ထိုသို့ မဆက်ဆံသင့်ကြောင်း၊ အကယ်၍ ထိုသို့ဆက်ဆံပါက ဘုရားသခင်သည် ဖြောင့်မတ်ခြင်းမရှိဟူသည့် စိတ်ကူးကိုလည်း ဖြန့်ဝေကြသည်။ ဤအပျက်သဘောဆောင်ခြင်းကို ၎င်းတို့ ပွင့်အံချရသည့်အကြောင်းရင်းမှာ ညီအစ်ကိုမောင်နှမများ၏ အသက်ဝင်ရောက်မှုနှင့် အသင်းတော်၏အလုပ်ကို ၎င်းတို့က ထိခိုက်နစ်နာစေခဲ့သည်ဟူသောအချက်ကို လက်ခံရန် သို့မဟုတ် ဝန်ခံရန် မဆိုထားနှင့်၊ ၎င်းတို့အနေဖြင့် ပြုပြင်ခြင်း သို့မဟုတ် မိမိတို့ အမှားလုပ်ခဲ့သည်ဟူသောအချက်ကို လက်မခံနိုင်သောကြောင့်ဖြစ်သည်။ ၎င်းတို့သည် မိမိတို့ မှန်ကန်စွာ ပြုမူခဲ့ကြောင်းနှင့် ၎င်းတို့ကို ပြုပြင်သည့် ဘုရားအိမ်တော်ကသာ မှားယွင်းကြောင်း ယုံကြည်ကြသည်။ အပျက်သဘောဆောင်ခြင်းကို ပွင့်အံချခြင်းအားဖြင့်၊ ၎င်းတို့သည် ဘုရားအိမ်တော်က လူတို့ကို ဆက်ဆံပုံတွင် မမျှတကြောင်း လူတို့ကို ပြောပြရန် ရည်ရွယ်သည်။ လူတစ်ဦး အမှားလုပ်သည်နှင့်တစ်ပြိုင်နက်၊ ထိုလူက အလျှော့ပေးလာကာ သူ့အနေဖြင့် မည်သည့် ပံ့ပိုးမှုများကိုမျှ မပြုခဲ့ကြောင်း တွေးထင်သည့်အဆင့်ထိ၊ သူ့ကို ပုဂ္ဂိုလ်ရေးကိုးကွယ်သူ မည်သူမျှမရှိသည့်အထိ၊ မိမိကိုယ်ကို တန်ဖိုးမထားတော့သည့်အပြင် ဘုရားသခင်ထံ ဆုလာဘ်များ မတောင်းဆိုဝံ့တော့သည်အထိ ဘုရားအိမ်တော်က ဤကိစ္စကို အမိအရအသုံးချကာ ၎င်းတို့ကို ရက်စက်စွာ ပြုပြင်ရင်း ထိုအမှားကို ၎င်းတို့အပေါ် လက်နက်သဖွယ် အသုံးချလိမ့်မည်။ ထိုအခါမှသာ ဘုရားအိမ်တော်သည် မိမိ၏ ရည်ရွယ်ချက်ကို စွမ်းဆောင်ရရှိပြီးဖြစ်လိမ့်မည်။ ဤအပျက်သဘောဆောင်ခြင်းကို ပွင့်အံချရာတွင် ၎င်းတို့၏ ရည်မှန်းချက်မှာ ပိုများသော လူတို့ကို ၎င်းတို့အတွက် ခုခံကာကွယ်ပေးစေရန်၊ ပိုများသောလူတို့ကို “ကိစ္စရပ်၏အမှန်တရား”အား နားလည်စေရန်နှင့် ဘုရားသခင်ကို ၎င်းတို့ ယုံကြည်ခဲ့သည့် နှစ်ပေါင်းများစွာတစ်လျှောက် ၎င်းတို့ မည်မျှ ဆင်းရဲဒုက္ခခံစားခဲ့ရသည်၊ မိမိတို့၏ ပံ့ပိုးမှုများက မည်မျှ အရေးပါခဲ့သည်၊ မိမိတို့ မည်မျှ အရည်အချင်းပြည့်မီသည်ဟူသည်နှင့် မိမိတို့သည် မည်မျှ အတွေ့အကြုံရင့်ကျက်သော ယုံကြည်သူဖြစ်သည်ဟူသည်တို့ကို မြင်စေရန် ဖြစ်သည်။ ဤအရာဖြင့်၊ ၎င်းတို့သည် ဘုရားအိမ်တော်၏ စည်းမျဉ်းများနှင့် ဘုရားအိမ်တော်က ၎င်းတို့အား ပေးခဲ့သော ပြုပြင်ခြင်းတို့ကို အတူတကွ ဆန့်ကျင်ရာတွင် အခြားသူတို့အား မိမိတို့ဘက်၌ ရပ်တည်စေလိုကြသည်။ ဤသည်မှာ သဘောသဘာဝအားဖြင့် လူတို့ကို မိမိတို့ဘက်သို့ ဆွဲဆောင်ခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) ဤနည်းလမ်းဖြင့် အပျက်သဘောဆောင်ခြင်းကို ပွင့်အံချရာတွင် ၎င်းတို့၏ ပန်းတိုင်မှာ လူတို့ကို မိမိတို့ဘက်သို့ ဆွဲဆောင်ရန်နှင့် အထင်အမြင်မှားစေရန်ဖြစ်ပြီး၊ ၎င်းတို့သည် မိမိတို့၏ မကျေမချမ်းဖြစ်ခြင်းကို ထုတ်ဖော်ရန် အသင်းတော်၏အလုပ်ကို နှောင့်ယှက်ကြသည်။ အပျက်သဘောဆောင်ခြင်းကို ၎င်းတို့ ပွင့်အံချပြီးသည့်အခါ နောက်ဆုံးတွင် လူတို့အပေါ် မည်သည့် အကျိုးသက်ရောက်မှု ရှိသည်ဖြစ်စေ၊ ထိုအကျိုးသက်ရောက်မှုနှင့် အကျိုးဆက်မှာ လူတို့ အထင်အမြင်မှားစေခြင်းခံရခြင်းနှင့် နှောင့်ယှက်ခြင်းခံရခြင်း၊ ၎င်းတို့ ထိခိုက်နစ်နာခြင်းတို့ ဖြစ်သည်။ ယင်းသည် တည်ဆောက်စရာ မဟုတ်ပေ။ အပျက်သဘောဆောင်သော အကျိုးသက်ရောက်မှု ဖြစ်သည်။

လူတို့သည် ပြုပြင်ခြင်းနှင့် ရင်ဆိုင်ရသည့်အခါ၊ ဤသည်တို့မှာ အခြေခံအားဖြင့် ၎င်းတို့ ပွင့်အံချသည့် အပျက်သဘောဆောင်သည့်အရာများ ဖြစ်ကြသည်။ ၎င်းတို့သည် ပြုပြင်ခံရခြင်းကို လက်မခံနိုင်သည့်အပြင်၊ မိမိတို့၏ စိတ်နှလုံးထဲတွင် မကျေမနပ်ဖြစ်ကာ နာခံမှုမရှိကြ၊ ဘုရားသခင်ထံမှ ယင်းကို မခံယူနိုင်ကြပေ။ ၎င်းတို့၏ ပထမဦးဆုံး တုံ့ပြန်ချက်မှာ ပြုပြင်ခြင်းနှင့်စပ်လျဉ်း၍ သမ္မာတရားကို ရှာဖွေခြင်း၊ မိမိတို့ကိုယ်ကို ဆင်ခြင်သုံးသပ်ခြင်း၊ သိရှိခြင်းနှင့် စိတ်ဖြာလေ့လာဆွေးနွေးခြင်း၊ မိမိတို့ အတိအကျ မည်သည့်အရာကို အမှားလုပ်ခဲ့သည်၊ မိမိတို့၏ လုပ်ဆောင်ချက်များက စည်းမျဉ်းများနှင့် ကိုက်ညီခြင်း ရှိ၊ မရှိ၊ ဘုရားအိမ်တော်က ၎င်းတို့ကို အဘယ်ကြောင့် ပြုပြင်ခဲ့သည်ဟူသည်နှင့် ဤသို့ ၎င်းတို့ ဆက်ဆံခံရခြင်းမှာ ပုဂ္ဂိုလ်ရေးဆိုင်ရာ မကျေမချမ်းဖြစ်ခြင်းကြောင့် ဟုတ်မဟုတ်၊ မျှတပြီး ကျိုးကြောင်းဆီလျော်ခြင်း ရှိမရှိဟူသည်တို့ကို ကြည့်ခြင်း မဟုတ်ပေ။ ၎င်းတို့၏ ပထမဆုံး တုံ့ပြန်ချက်က ဤအရာများကို ရှာဖွေရန် မဟုတ်။ ထိုအစား၊ ၎င်းတို့၏ ပထမဆုံး တုံ့ပြန်ချက်မှာ ပြုပြင်ခြင်းကို ဆန့်ကျင်ရန် မိမိတို့၏ အရည်အချင်းများ၊ ခါးစည်းခံခဲ့ရသော ဆင်းရဲဒုက္ခများနှင့် အသုံးခံမှုများကို အားကိုးအားထားပြုခြင်း ဖြစ်သည်။ ထိုသို့ပြုလုပ်ရာတွင်၊ ၎င်းတို့၏ စိတ်နှလုံးများအတွင်း၌ ပေါ်ပေါက်လာသည့် အရာအားလုံးသည် အပြုသဘောဆောင်သည့်အရာ မည်သည့်အရာမျှမရှိဘဲ အပျက်သဘောဆောင်ရန် သေချာသည်။ သို့ဖြစ်၍ ၎င်းတို့သည် ပြုပြင်ခြင်းခံရပြီးနောက် မိမိတို့၏ ခံစားချက်များနှင့် သိနားလည်မှုအကြောင်း မိတ်သဟာယဖွဲ့သည့်အခါ၊ အပျက်သဘောဆောင်ခြင်းကို ပွင့်အံချပြီး အယူအဆများကို သေချာပေါက် ဖြန့်ဝေကြလေသည်။ အပျက်သဘောဆောင်ခြင်းကို ပွင့်အံချခြင်းနှင့် အယူအဆများကို ဖြန့်ဝေခြင်းတို့အား ချက်ချင်း တားဆီးကာ ကန့်သတ်သင့်သည်။ လိုက်လျောပြီး လျစ်လျူမရှုသင့်ပေ။ ဤအပျက်သဘောဆောင်သော အရာများသည် လူတစ်ဦးစီ၏ အသက်ဝင်ရောက်မှုကို ပိတ်ဆို့တားဆီးလိမ့်မည်၊ နှောင့်ယှက်ပြီး ထိခိုက်နစ်နာစေလိမ့်မည်ဖြစ်ကာ ယင်းတို့သည် ဘုရားသခင်အပေါ် လူတို့၏ သစ္စာစောင့်သိမှု သို့မဟုတ် မိမိတို့တာဝန်များကို သစ္စာစောင့်သိသော ထမ်းဆောင်ခြင်းအား လှုံ့ဆော်ရန်မဆိုထားနှင့်၊ အပြုသဘောဆောင်သော အခန်းကဏ္ဍကို ပါဝင်ဆောင်ရွက်နိုင်ခြင်းမရှိပေ။ ထို့ကြောင့်၊ ထိုသို့သောလူတို့သည် အပျက်သဘောဆောင်ခြင်းကို ပွင့်အံချသည့်အခါ၊ ၎င်းတို့သည် အသင်းတော်အသက်တာကို နှောင့်ယှက်နေခြင်းဖြစ်ပြီး ကန့်သတ်ခြင်းခံရသင့်သည်။

၃။ မိမိ၏ ဂုဏ်သတင်း၊ အဆင့်အတန်းနှင့် အကျိုးစီးပွားများ ထိခိုက်နစ်နာသည့်အခါ အပျက်သဘောဆောင်ခြင်းကို ပွင့်အံချခြင်း

ဖြုတ်ချခံရခြင်း သို့မဟုတ် ပြုပြင်ခြင်းခံရပြီးနောက် အပျက်သဘောဆောင်ခြင်းကို ပွင့်အံချခြင်းအပြင်၊ အခြားမည်သည့်အခြေအနေများတွင် လူတို့သည် အပျက်သဘောဆောင်ခြင်းကို ထုတ်ဖော်ကြသနည်း။ (လူတို့၏ အကျိုးစီးပွားများ ထိခိုက်နစ်နာပြီး ဆုံးရှုံးမှုတစ်ခု ခံစားခဲ့ရသည်ဟု ၎င်းတို့ ခံစားရသည့်အခါ ဖြစ်ပါသည်။) (အချို့လူတို့သည် မိမိတို့၏ တာဝန်များကို နှစ်ပေါင်းများစွာ ထမ်းဆောင်ကြပြီးဖြစ်သော်လည်း၊ ၎င်းတို့ နာမကျန်းဖြစ်လာသည့်အခါ သို့မဟုတ် ၎င်းတို့၏ မိသားစုများအပေါ် ဘေးအန္တရာယ်များ ကျရောက်သည့်အခါ၊ ၎င်းတို့က “ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ခြင်းမှ ကျွန်ုပ် ဘာရခဲ့သနည်း” ဟု ပြောဆိုကြပါသည်။) အပျက်သဘောဆောင်တတ်သူများ၏ အသုံးများသော “ဆောင်ပုဒ်” မှာ “ကျွန်ုပ် ဘာရခဲ့သနည်း” ဟူ၍ ဖြစ်သည်။ အခြားမည်သည့်အခြေအနေများ ရှိသနည်း။ (အချို့လူတို့သည် မိမိတို့၏ တာဝန်များတွင် ရလဒ်များ စွမ်းဆောင်ရရှိရန် ပျက်ကွက်သည်သာမက၊ မကြာခဏ အမှားများလုပ်မိသောကြောင့် ၎င်းတို့က “အဘယ်ကြောင့် ဘုရားသခင်သည် အခြားသူများကို ဉာဏ်ပွင့်စေပြီး ကျွန်ုပ်ကိုမူ ဉာဏ်မပွင့်စေသနည်း။ အဘယ်ကြောင့် ဘုရားသခင်သည် ၎င်းတို့ကို ထိုသို့သော အစွမ်းအစကောင်းကို ပေးစဉ်တွင် ကျွန်ုပ်၏ အစွမ်းအစမှာမူ အလွန်ညံ့ဖျင်းရသနည်း”ဟု ပြောဆိုကြပါသည်။ မိမိတို့၏ ကိုယ်ပိုင်ပြဿနာများကို ဆင်ခြင်သုံးသပ်မည့်အစား၊ ၎င်းတို့သည် ဘုရားသခင်က ၎င်းတို့ကို ဉာဏ်မပွင့်စေခဲ့ကြောင်း သို့မဟုတ် လမ်းညွှန်ခြင်းမပြုခဲ့ကြောင်း ပြောဆိုလျက် တာဝန်ကို ဘုရားသခင်အပေါ်သို့ လွှဲချပြီးနောက်၊ ဘုရားသခင်အကြောင်းကို ဆက်လက်၍ စောဒကတက်ကြပါသည်။) ၎င်းတို့သည် အဘယ်ကြောင့် ဘုရားသခင်က အခြားသူတို့ကို ဉာဏ်ပွင့်စေပြီး ကျေးဇူးတော် ပေးသနားကာ ၎င်းတို့ကိုမူ မပေးရသနည်း၊ အဘယ်ကြောင့် မိမိတို့၏ တာဝန်များတွင် ရလဒ်များ မစွမ်းဆောင်မရရှိရသနည်းဟု မေးခွန်းထုတ်ကာ မြည်တမ်းလျက် ဘုရားသခင်က မျှတမှုမရှိကြောင်း အခိုင်အမာဆိုကြသည်။ ၎င်းတို့ စောဒကတက်နေကြပေသည်။ သင်တို့ ပေးခဲ့သော ဥပမာများက ကောင်းပေသည်။ နောက်ထပ် ရှိသေးသလော။ (အချို့လူတို့သည် မိမိတို့၏ တာဝန်ခန့်အပ်မှုများကို ပြုပြင်ခံရသည့်အခါ အဘယ်ကြောင့် ဤသို့ဖြစ်ခဲ့ရသည်ကို မေးခွန်းထုတ်လျက်၊ ခေါင်းဆောင်များနှင့် အမှုဆောင်များက ၎င်းတို့ကို ပစ်မှတ်ထားနေပြီး ၎င်းတို့အတွက် အမှုအရာများ အခက်အခဲဖြစ်အောင် လုပ်နေသည်ဟု သံသယဝင်ကြလျက် မကျေမချမ်းမှုများဖြင့် ပြည့်လာကြပါသည်။) ၎င်းတို့သည် ဘုရားအိမ်တော်က ၎င်းတို့ကို အထင်သေးသည်ဟု ခံစားရသလော။ (ခံစားရပါသည်။) လက်တွေ့အလုပ်မလုပ်သော အချို့လူတို့သည် ဖြုတ်ချပြီး ဖယ်ရှားရှင်းလင်းခံရကာ၊ ၎င်းတို့၏ ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့ ထိခိုက်နစ်နာခဲ့ရသည်ဟု ခံစားရသည်။ မိမိတို့၏ မကျေနပ်မှုကို ဖွင့်ထုတ်ရန်၊ ၎င်းတို့သည် အမြဲ ကွယ်ရာတွင် မကောင်းပြောဆိုကြသည်။ “ကျွန်ုပ်သည် ဘုရားကို ယုံကြည်သည်မှာ မကြာသေးပါ။ ကျွန်ုပ်၏ သဘောပေါက်နားလည်နိုင်စွမ်းသည် မကောင်းသည့်အပြင်၊ ကျွန်ုပ်သည် ညံ့ဖျင်းသော အစွမ်းအစရှိပါသည်။ ကျွန်ုပ်သည် အခြားသူများနှင့် မယှဉ်သာပါ။ အကယ်၍ ၎င်းတို့က ကျွန်ုပ် မစွမ်းဆောင်နိုင်ဟု ပြောပါက၊ ကျွန်ုပ် မစွမ်းဆောင်နိုင်သည်သာ ဖြစ်ရမည်”ဟူ၍ ပြောကြသည်။ အပေါ်ယံအားဖြင့်၊ ၎င်းတို့သည် မိမိတို့၏ အားနည်းချက်များကို အသိအမှတ်ပြုနေခြင်းဖြစ်သော်လည်း၊ အမှန်တွင်မူ၊ ၎င်းတို့သည် မိမိတို့ ဆုံးရှုံးခဲ့သော အကျိုးကျေးဇူးများကို ပြန်လည်ရရှိရန် ကြိုးစားနေခြင်း၊ အဆက်မပြတ် ကွယ်ရာတွင် မကောင်းပြောဆိုနေခြင်းနှင့် လူတို့၏ စာနာမှုကို ရရှိရန်နှင့် ဘုရားအိမ်တော်က မမျှတကြောင်း ၎င်းတို့အား ခံစားရစေရန် အမှုအရာများကို ပြောဆိုနေခြင်း ဖြစ်သည်။ ၎င်းတို့၏ အကျိုးစီးပွားများ ထိခိုက်နစ်နာသည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့သည် အင်တင်တင်ဖြစ်လာကြပြီး မိမိတို့၏ ဆုံးရှုံးမှုများကို ပြန်လည်ရရှိရန်နှင့် လျော်ကြေး လက်ခံရရှိရန် အမြဲ မျှော်လင့်နေကြသည်။ အကယ်၍ မရရှိပါက၊ ၎င်းတို့သည် ဘုရားသခင်၌ မိမိတို့၏ ယုံကြည်ခြင်းကို ဆုံးရှုံးကြပြီး၊ “ဘုရားကို ယုံကြည်ခြင်းက ကောင်းမြတ်သည်ဟု ကျွန်ုပ် တွေးထင်လေ့ရှိခဲ့ပြီး၊ အသင်းတော်တွင် ခေါင်းဆောင် သို့မဟုတ် အမှုဆောင်အဖြစ် ဆောင်ရွက်ခြင်းက ကြီးမားသော ကောင်းချီးများကို သေချာပေါက် ဆောင်ကြဉ်းပေးလိမ့်မည်ဟု တွေးထင်ခဲ့သည်။ ဖြုတ်ချပြီး ဖယ်ရှားရှင်းလင်းခံရမည်ကိုလည်းကောင်း၊ အခြားသူတို့၏ ငြင်းပယ်ခြင်း ခံရလိမ့်မည်ကိုလည်းကောင်း မည်သည့်အခါမျှ ကျွန်ုပ် မမျှော်လင့်ခဲ့ပါ။ ဘုရားအိမ်တော်၌ ဤသို့သောအရာတစ်ခု ဖြစ်ပျက်နိုင်သည်မှာ မယုံနိုင်စရာပင်။ ဘုရားကို ယုံကြည်သော လူတိုင်းသည် သေချာပေါက် လူကောင်းတစ်ဦး မဟုတ်သည့်အပြင်၊ ဘုရားအိမ်တော် လုပ်ဆောင်သည့် အရာတိုင်းသည် ဘုရား သို့မဟုတ် တရားမျှတမှုကို ကိုယ်စားပြုခြင်း မရှိပါ” ဟူသည်ကဲ့သို့သော အရာများကို ပြောဆိုလျက်၊ သူ့ကို မည်သို့ ယုံကြည်ရမည်ကို မသိကြတော့ပေ။ ဤ ပြောဆိုချက်များ၏ သဘောသဘာဝမှာ အဘယ်နည်း။ ၎င်းတို့၏ စကားများသည် သိသာထင်ရှားစွာဖြင့်ရော၊ သွယ်ဝိုက်သောအားဖြင့်ပါ တိုက်ခိုက်မှုတစ်ခုကို ဖော်ပြသည်။ ၎င်းတို့သည် ဝေဖန်မှုနှင့် အတိုက်အခံပြုခြင်းကို ဖော်ပြသည်။ အပေါ်ယံအားဖြင့်၊ ၎င်းတို့သည် ခေါင်းဆောင်တစ်ဦးဦး သို့မဟုတ် အသင်းတော်တစ်ပါးပါးကို ပစ်မှတ်ထားပုံရသော်လည်း၊ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဤစကားများကို အမှန်တကယ် ရည်ရွယ်နေသည့်အရာမှာ ဘုရားသခင်၊ သူ၏နှုတ်ကပတ်တော်များအပြင် သူ့အိမ်တော်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များနှင့် စည်းမျဉ်းများ ဖြစ်သည်။ ၎င်းတို့သည် မိမိတို့၏ မကျေမချမ်းဖြစ်ခြင်းကို သက်သက် ဖွင့်ချနေခြင်း ဖြစ်သည်။ အဘယ်ကြောင့် ၎င်းတို့သည် မိမိတို့၏ မကျေမချမ်းဖြစ်ခြင်းကို ဖွင့်ချနေကြသနည်း။ ၎င်းတို့သည် ဆုံးရှုံးမှုတစ်ခု ခံစားရပြီးဖြစ်သည်ဟု ခံစားရလေသည်။ ၎င်းတို့၏ စိတ်နှလုံးထဲတွင်၊ ၎င်းတို့သည် မမျှတမှုနှင့် မကျေနပ်မှုကို ခံစားရပြီး၊ အမှုအရာများကို တောင်းဆိုကာ လျော်ကြေး လက်ခံရရှိလိုကြသည်။ ထိုသို့သောလူတို့ ပွင့်အံချသည့် အပျက်သဘောဆောင်ခြင်းသည် လူအများစုအတွက် သိသာထင်ရှားသော ခြိမ်းခြောက်မှုတစ်ခု မဖြစ်စေသော်လည်း၊ ဤစက်ဆုပ်ဖွယ် စကားများသည် လူတို့၏ စိတ်ထဲတွင် အသင့်အတင့် နှောင့်ယှက်မှုကို ဖြစ်စေသည့် နှောင့်ယှက်သော ယင်ကောင်များ သို့မဟုတ် ကြမ်းပိုးများနှင့် တူသည်။ လူအများစုသည် ဤစကားများကို ကြားပြီးသည့်အခါ ရွံရှာစက်ဆုပ်ပြီး အလွန်အမင်း မနှစ်မြို့ခြင်းကို ခံစားရသော်လည်း၊ ထိုလူတို့ကဲ့သို့သော တစ်မျိုးတစ်စားတည်းဖြစ်သော၊ တူညီသော စိတ်သဘောထားများ၊ အနှစ်သာရများနှင့် နှစ်သက်မှုများရှိသော ၎င်းတို့၏ အမျိုးအစားတူ အပေါင်းအဖော်များ၊ ၎င်းတို့၏ လွှမ်းမိုးခြင်းနှင့် နှောင့်ယှက်ခြင်းကို ခံရသောသူတို့ မလွဲမသွေ ရှိလိမ့်မည်။ ယင်းမှာ ရှောင်လွှဲမရနိုင်ပေ။ ထို့အပြင်၊ ပိုင်းခြားသိမြင်မှု ကင်းမဲ့သော သေးငယ်သည့် ဝိညာဉ်ရင့်ကျက်မှုရှိသူ အချို့လူတို့သည် ဤအပျက်သဘောဆောင်သော မှတ်ချက်များ၏ နှောင့်ယှက်ခြင်းကို ခံရနိုင်ပြီး၊ ဘုရားသခင်အပေါ် ၎င်းတို့၏ ယုံကြည်ခြင်းက လွှမ်းမိုးခြင်းခံရနိုင်သည်။ ဤလူတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်းက မည်သည့်အရာအတွက် အတိအကျဖြစ်သည်ကို မသိကြသေးသည့်အပြင်၊ ရူပါရုံများ၏ သမ္မာတရားများအကြောင်းကို မရှင်းလင်းသည့်အပြင်၊ သမ္မာတရားကို နားလည်သဘောပေါက်နိုင်စွမ်းလည်း ညံ့ဖျင်းလှသည်။ ၎င်းတို့သည် ဤအပျက်သဘောဆောင်သော ဖော်ပြချက်များကို ကြားပြီးသည့်အခါ၊ ယင်းတို့ကို အလွန်အမင်း အမှတ်တမဲ့ လက်ခံဖွယ်ရှိပြီး၊ ထို့ကြောင့် ယင်းတို့၏ လွှမ်းမိုးမှုကို ခံစားရသည်။ ဤစကားများသည် အဆိပ်အတောက် ဖြစ်သည်။ ၎င်းတို့သည် လူတို့၏ စိတ်နှလုံးထဲတွင် အလွယ်တကူ စိုက်ပျိုးခြင်းခံရနိုင်သည်။ တစ်စုံတစ်ဦးသည် ဤအပျက်သဘောဆောင်သော မှတ်ချက်များကို လက်ခံပြီးသည်နှင့်တစ်ပြိုင်နက်၊ ဘုရားအိမ်တော်က ၎င်းတို့ကို တာဝန်တစ်ခု ထမ်းဆောင်ရန် တောင်းဆိုသည့်အခါ၊ ၎င်းတို့က လျစ်လျူရှုခြင်းဖြင့် တုံ့ပြန်ကြသည်။ ဘုရားအိမ်တော်က အချို့သောအလုပ်တာဝန်နှင့်ပတ်သက်၍ ၎င်းတို့၏ ပူးပေါင်းဆောင်ရွက်မှုကို တောင်းဆိုသည့်အခါ ၎င်းတို့က စိတ်မပါကြချေ။ ၎င်းတို့သည် စိတ်ရှိလျှင်သာ ယင်းကို လက်ခံကြမည်ဖြစ်ပြီး၊ သို့မဟုတ်ပါက၊ အကြောင်းပြချက်များနှင့် ဆင်ခြေမျိုးစုံတို့ဖြင့် အမြဲတစေ မလုပ်ဆောင်ဘဲ နေလိမ့်မည်။ ထိုအပျက်သဘောဆောင်သော မှတ်ချက်များကို မကြားမီတွင်၊ ၎င်းတို့သည် ဘုရားသခင်၌ မိမိတို့၏ ယုံကြည်ခြင်းတွင် ရိုးသားမှုအနည်းငယ် ရှိခဲ့ပြီး၊ မိမိတို့၏ တာဝန်များကို ထမ်းဆောင်နေချိန်တွင် အနည်းငယ် အပြုသဘောဆောင်ကာ တက်ကြွသော သဘောထား ရှိခဲ့သည်။ သို့သော် ထိုအပျက်သဘောဆောင်သော မှတ်ချက်များကို ကြားပြီးနောက်၊ ၎င်းတို့သည် အေးတိအေးစက် ဖြစ်လာကြပြီး မိမိတို့၏ ညီအစ်ကိုမောင်နှမများအပေါ်တွင်လည်း အေးစက်လာကြသည်။ ၎င်းတို့သည် ထိုညီအစ်ကို မောင်နှမများအပေါ် သတိထားကြသည်။ အသင်းတော်က ၎င်းတို့ကို တာဝန်တစ်ခု ထမ်းဆောင်ရန် စီစဉ်သည့်အခါ၊ ၎င်းတို့သည် အလွန်မထုံတက်တေးဖြစ်ခြင်းကို ပြသလျက်၊ ရှောင်လွှဲမြဲရှောင်နေပြီး ထပ်ခါတလဲလဲ တွန်းထုတ်နေကြသည်။ ယခင်က၊ ၎င်းတို့သည် စုဝေးပွဲများကို အချိန်မှန် တက်ရောက်ခဲ့ကြသော်လည်း၊ ထိုမှတ်ချက်များကို ကြားပြီးနောက်၊ ၎င်းတို့၏ တက်ရောက်မှုက မမှန်တော့ပေ။ ၎င်းတို့သည် စိတ်အခြေအနေကောင်းသည့်အခါ လာပြီး စိတ်အခြေအနေ မကောင်းသည့်အခါ မလာကြပေ။ အိမ်တွင် မနှစ်မြို့ဖွယ်ရာတစ်ခုခု ဖြစ်ပွားပါက၊ ဘေးအန္တရာယ်တစ်ခုခု ဖြစ်ပွားမည်ကို ၎င်းတို့ စိုးရိမ်သောကြောင့်၊ စုဝေးပွဲများကို ပိုမိုတက်ရောက်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပိုမိုဖတ်ရှုကြသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုပြီးနောက် စိတ်လှုပ်ရှားကာ၊ ပျော်ရွှင်ပြီး တို့ထိခြင်းခံရပါက ငွေအချို့ကိုပင် ပူဇော်ဆက်ကပ်ကြလိမ့်မည်။ သို့သော် အိမ်တွင် အခြေအနေများ ငြိမ်သက်သွားသည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့သည် စုဝေးပွဲများ တက်ရောက်ခြင်းအား တစ်ဖန် ရပ်တန့်လိုက်ကြသည်။ ညီအစ်ကိုမောင်နှမများက ၎င်းတို့ကို ထောက်ပံ့ရန် မျှော်လင့်ချက်ဖြင့် ၎င်းတို့နှင့်အတူ မိတ်သဟာယဖွဲ့ရန် ကြိုးစားသည့်အခါ၊ ၎င်းတို့သည် ငြင်းပယ်ရန် ဆင်ခြေများကို ရှာဖွေကြသည်။ ညီအစ်ကိုမောင်နှမများက ၎င်းတို့၏ အိမ်သို့ သွားသည့်အခါ၊ ၎င်းတို့ အိမ်တွင် သိသိသာသာ ရှိနေသည့်အခါတွင်ပင် တံခါးဖွင့်ပေးမည် မဟုတ်ပေ။ ဤနေရာတွင် မည်သည့်အရာ ဖြစ်ပျက်နေသနည်း။ ၎င်းတို့သည် ထိုအပျက်သဘောဆောင်သော မှတ်ချက်များ၏ လွှမ်းမိုးခြင်းကို ခံရပြီဖြစ်သည်။ ၎င်းတို့သည် အဆိပ်ခတ်ခြင်းခံရပြီး ဘုရားသခင်ကို ယုံကြည်သူများက စိတ်ချ၍မရဟု ယုံကြည်ကြသည်။ ပထမတွင်၊ ၎င်းတို့သည် ဤလူတို့ကို အတော် ယုံကြည်ခဲ့ကြပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုသည့်အခါ ၎င်းတို့က “ဤသည်တို့မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖြစ်သည်၊ ဤလူတို့သည် ကျွန်ုပ်၏ ညီအစ်ကိုမောင်နှမများ ဖြစ်ကြသည်၊ ဤသည်မှာ ဘုရားအိမ်တော် ဖြစ်သည်၊ အလွန် အံ့ဩဖွယ်ကောင်းပါသည်တကား” ဟု တွေးထင်ခဲ့ကြသည်။ သို့သော် အချို့သောလူတို့ ဖြန့်ဝေသည့် အပျက်သဘောဆောင်သော မှတ်ချက်များကို ကြားပြီးနောက်၊ ၎င်းတို့ ပြောင်းလဲသွားခဲ့သည်။ ၎င်းတို့ လွှမ်းမိုးခြင်းခံခဲ့ရသည် မဟုတ်လော။ ၎င်းတို့၏ အသက်ဝင်ရောက်မှု ထိခိုက်နစ်နာခဲ့ရသည် မဟုတ်လော။ (ဟုတ်ပါသည်။) မည်သူက ၎င်းတို့ကို လွှမ်းမိုးခဲ့သနည်း။ ယင်းမှာ အပျက်သဘောဆောင်ခြင်းကို ပွင့်အံချသောလူများ၊ ထိုမှတ်ချက်များကို ပြောဆိုခဲ့သောသူတို့ ဖြစ်သည်။ တစ်စုံတစ်ဦးသည် မှန်သော လမ်းခရီး၌ ခိုင်မာသော အခြေခံအုတ်မြစ်ကို မချရသေးပါက သို့မဟုတ် သမ္မာတရားကို နားလည်သည့်အဆင့်ထိ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မစားသောက်ရသေးပါက၊ ၎င်းတို့သည် အပျက်သဘောဆောင်သော အရာများ၏ လွှမ်းမိုးခြင်းကို အလွယ်တကူ ခံရနိုင်သည်။ အထူးသဖြင့်၊ သမ္မာတရားကို နားလည်သဘောပေါက်နိုင်စွမ်းမရှိဘဲ၊ ရေပန်းစားမှုများကိုသာ လေ့လာကြည့်ရှုကာ၊ အခြေအနေကို လေ့လာပြီး၊ အပေါ်ယံဖြစ်စဉ်များကို ကြည့်ရှုသောသူတို့သည် အပျက်သဘောဆောင်သော စကားများ၏ လွှမ်းမိုးခြင်းကို သာ၍ပင် အလွယ်တကူ ခံရသည်။ အထူးသဖြင့် ၎င်းတို့က “ဘုရားအိမ်တော်သည် သေချာပေါက် မျှတခြင်း မရှိသည့်အပြင်၊ ဘုရားအိမ်တော် လုပ်ဆောင်သည့် အရာတိုင်းသည် အပြုသဘောဆောင်ခြင်း မရှိပါ” ဟူသည်ကဲ့သို့သော မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အရာများအား ပြောဆိုသည်ကို ကြားပြီးသည့်အခါ၊ ၎င်းတို့၏ သတိထားမှုသည် သာ၍ပင် ကြီးထွားလာသည်။ သမ္မာတရားနှင့် ကိုက်ညီသော ဖော်ပြချက်တစ်ခုသည် အမြဲတစေ အလွယ်တကူ လက်ခံခြင်းမခံရသော်လည်း၊ အပျက်သဘောဆောင်သော ဖော်ပြချက်တစ်ခု၊ အဓိပ္ပာယ်မဲ့သော ဖော်ပြချက်တစ်ခု၊ သမ္မာတရားကို ဆန့်ကျင်သော ဖော်ပြချက်တစ်ခုတို့သည် လူတို့၏ စိတ်နှလုံးများထဲတွင် အလွန်အလွယ်တကူ အမြစ်တွယ်နိုင်ပြီး၊ ယင်းတို့ကို ဖယ်ရှားခြင်းသည် မလွယ်ကူပေ။ လူတို့အတွက် သမ္မာတရားကို လက်ခံရန် အလွန်ခက်ခဲပြီး မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အရာများကို လက်ခံရန်မှာ ၎င်းတို့အတွက် အလွန်လွယ်ကူလှသည်တကား။

မကောင်းသော လူ့သဘာဝရှိသည့် အချို့လူတို့သည် မိမိတို့၏ ကိုယ်ပိုင်ဂုဏ်သိက္ခာ၊ ကျော်ကြားမှု၊ ဇာတိပကတိဆိုင်ရာ ပျော်ရွှင်မှုနှင့် ကိုယ်ပိုင်ဥစ္စာပစ္စည်းအပြင်၊ အကျိုးစီးပွားများကို အလွန်အရေးထားကြသည်။ ၎င်းတို့၏ ဂုဏ်သတင်း၊ အဆင့်အတန်းနှင့် တိုက်ရိုက်အကျိုးစီးပွားများက ဆုံးရှုံးမှုများကို ခံစားရသည့်အခါ၊ ၎င်းတို့သည် ဤအရာကို ဘုရားသခင်ထံမှ မခံယူကြပေ၊ သို့မဟုတ် ၎င်းတို့အတွက် ဘုရားသခင် ပြင်ဆင်ပေးသော ပတ်ဝန်းကျင်ကို လက်မခံကြသည့်အပြင်၊ ဤအရာများကို လက်လွှတ်ရန်လည်းကောင်း၊ မိမိတို့၏ ကိုယ်ပိုင်အကျိုးအမြတ်နှင့် ဆုံးရှုံးမှုကို လျစ်လျူရှုရန်လည်းကောင်း မတတ်နိုင်ကြပေ။ ထိုအစား၊ ၎င်းတို့သည် မိမိတို့၏ မကျေနပ်မှုနှင့် မနာခံမှုတို့ကို ထုတ်ဖော်ရန်နှင့် မိမိတို့၏ အပျက်သဘောဆောင်သော စိတ်ခံစားချက်များကို ပွင့်အံချရန် အခွင့်အရေးအမျိုးမျိုးကို အသုံးပြုကြသည်။ အကျိုးဆက်အနေဖြင့် အချို့လူတို့ကို ကြီးစွာ ဆင်းရဲဒုက္ခခံစားရစေသည်။ ထို့ကြောင့်၊ ထိုသို့သော လူတို့သည် အပျက်သဘောဆောင်ခြင်းကို ပွင့်အံချသည့်အခါ၊ အသင်းတော်ခေါင်းဆောင်များသည် ပထမဦးဆုံး အခြေအနေကို ချက်ချင်း သဘောပေါက်ရမည်ဖြစ်ပြီး၊ ထိုလူတို့ကို အချိန်မီ တားဆီးကာ ကန့်သတ်ရမည်ဖြစ်သည်။ အသင်းတော်ခေါင်းဆောင်များသည် ထိုလူတို့ကို တက်ကြွစွာ ဖော်ထုတ်သင့်ပြီး ၎င်းတို့ကို မည်သို့ ပိုင်းခြားသိမြင်ရမည်ဟူသည်နှင့် အဘယ်ကြောင့် ၎င်းတို့က ဤအပျက်သဘောဆောင်ပြီး အဓိပ္ပာယ်မဲ့သော အရာများအား ပြောဆိုရသည်ဟူသည့်အရာအပြင် အထင်အမြင်မှားစေခြင်းနှင့် ဆိုးရွားစွာ ထိခိုက်နစ်နာစေခြင်းမှ မိမိကိုယ်ကို ကာကွယ်ရန်အလို့ငှာ ဤစကားများအား မည်သို့ သဘောထားပြီး ပိုင်းခြားသိမြင်ရမည်ဟူသည်တို့ကို ညီအစ်ကိုမောင်နှမများနှင့် မိတ်သဟာယဖွဲ့သင့်သည်မှာ အမှန်ပင်ဖြစ်သည်။ ထိုသို့သောလူတို့ကို ပိုင်းခြားသိမြင်နိုင်ပြီး စိတ်ဖြာလေ့လာဆွေးနွေးနိုင်ရန် လိုအပ်ကာ ထိုသို့ဖြင့် ၎င်းတို့ကို ရှောင်ရှားကာ ငြင်းပယ်ပြီး၊ ၎င်းတို့၏ အထင်အမြင်မှားစေခြင်းကို နောက်ထပ် မခံရတော့ရန် လိုအပ်သည်။ ဤသည်မှာ အသင်းတော်ခေါင်းဆောင်များ လုပ်ဆောင်သင့်သော အလုပ်ဖြစ်သည်။ သာမန်ညီအစ်ကိုမောင်နှမများက ထိုသို့သောလူတို့ကို ရှာဖွေတွေ့ရှိပြီး ၎င်းတို့၏ လူ့သဘာဝ အနှစ်သာရကို ပိုင်းခြားသိမြင်ပါက၊ ၎င်းတို့သည်လည်း ထိုသူတို့နှင့် ဝေးဝေးနေသင့်သည်မှာ အမှန်ပင်ဖြစ်သည်။ သင်သည် ခံနိုင်ရည်ရှိရန် လုံလောက်သော အစွမ်းအစမရှိပါက၊ သို့မဟုတ် ၎င်းတို့ကို အားပေးရန်၊ ကူညီရန်နှင့် ပြောင်းလဲရန် ဝိညာဉ်ရင့်ကျက်မှု မရှိသည့်အပြင်၊ ၎င်းတို့၏ အပျက်သဘောဆောင်သော မှတ်ချက်များကိုလည်းကောင်း၊ ၎င်းတို့၏ မကျေနပ်မှုနှင့် နာခံမှုမရှိခြင်း စကားများကိုလည်းကောင်း သင် မခံနိုင်ဟု ခံစားရပါက၊ အကောင်းဆုံး လုပ်နည်းကိုင်နည်းမှာ ရှောင်ရှားခြင်း ဖြစ်သည်။ အကယ်၍ သင်သည် အလွန်အားကောင်းကြောင်း၊ ဝိညာဉ်ရင့်ကျက်မှုအချို့ ရှိပြီး မည်သူမဆိုက မည်သည့်အရာကို ပြောသည်ဖြစ်စေ ပိုင်းခြားသိမြင်မှုကို ကျင့်သုံးနိုင်ပြီး မထိမခိုက်ဘဲ နေနိုင်ကြောင်း၊ ၎င်းတို့ ထုတ်ဖော်သည့် အပျက်သဘောဆောင်ခြင်းသည် မည်မျှ ပြင်းထန်သည်ဖြစ်စေ ဘုရားသခင်အပေါ် သင်၏ယုံကြည်ခြင်းကို ပြောင်းလဲစေမည်မဟုတ်ကြောင်း၊ သင်သည် ထိုသို့သောလူတို့ကို ပိုင်းခြားသိမြင်နိုင်ကြောင်း၊ ၎င်းတို့ အပျက်သဘောဆောင်ခြင်းကို ပွင့်အံချသည့်အခါ ၎င်းတို့ကို ဖော်ထုတ်ပြီး တားဆီးနိုင်ကြောင်း သင် ခံစားရပါက၊ သင်သည် ထိုသို့သောလူတို့ကို ရှောင်ရှားရန် သို့မဟုတ် သတိထားရန် မလိုအပ်ပေ။ သို့သော် အကယ်၍ သင့်တွင် ထိုသို့သော ဝိညာဉ်ရင့်ကျက်မှု မရှိဟု ခံစားရပါက၊ ထိုသို့သောလူတို့ကို ကိုင်တွယ်ရန် နည်းလမ်းနှင့် စည်းမျဉ်းမှာ ၎င်းတို့နှင့် ဝေးဝေးနေခြင်း ဖြစ်သည်။ ဤအရာကို စွမ်းဆောင်ရရှိရန် လွယ်ကူသလော။ (လွယ်ကူပါသည်။) အချို့လူများက “ကျွန်ုပ်သည် ၎င်းတို့ကို သည်းခံ၍ရသလော၊ ကြံ့ကြံ့ခံ၍ရသလော၊ ခွင့်လွှတ်၍ရသလော”ဟု ပြောဆိုကြသည်။ ယင်းမှာလည်း အဆင်ပြေပြီး၊ မှားယွင်းခြင်းမရှိသော်လည်း၊ အရေးအကြီးဆုံး သို့မဟုတ် အကောင်းဆုံး လက်တွေ့လုပ်ဆောင်မှု မဟုတ်ပေ။ သင်သည် ၎င်းတို့ကို ကြံ့ကြံ့ခံသည်၊ သည်းခံပြီး လိုက်လျောကာ အဆုံးတွင်၊ သင်သည် ၎င်းတို့၏ အထင်အမြင်မှားစေခြင်းကို ခံရပြီး ၎င်းတို့ဘက်သို့ ဆွဲဆောင်ခြင်းခံရသည်ဆိုပါစို့။ ဘုရားအိမ်တော်က သင့်ကို မည်သို့ပင် ထောက်ပံ့ပြီး ကူညီသည်ဖြစ်စေ၊ သင် မခံစားရဟု ဆိုပါစို့။ သို့မဟုတ် သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုသည့်အခါ၊ သင်သည် ၎င်းတို့၏ အတွေးများနှင့် မှတ်ချက်များ၏ လွှမ်းမိုးခြင်းကို မကြာခဏ ခံရပြီး၊ ၎င်းတို့ ပြောခဲ့သည့် တစ်စုံတစ်ခုကို သင် တွေးမိသည်နှင့်တစ်ပြိုင်နက်၊ သင်၏စိတ်သည် ထိခိုက်ခြင်းခံရကာ၊ သင် ဆက်လက်ဖတ်ရှုနိုင်ခြင်း မရှိတော့ပေ။ ညီအစ်ကိုမောင်နှမများက သမ္မာတရားနှင့်ပတ်သက်၍ ၎င်းတို့၏ သိနားလည်မှုကို မိတ်သဟာယဖွဲ့သည့်အခါ၊ အထူးသဖြင့် ၎င်းတို့က ထိုသို့သောလူတို့၏ မှတ်ချက်များကို ပိုင်းခြားသိမြင်ခြင်းအကြောင်း မိတ်သဟာယဖွဲ့သည့်အခါ၊ သင်၏ စိတ်ကို ကစဥ့်ကလျားဖြစ်စေလျက် သင်သည် ၎င်းတို့ စကားများ၏ လွှမ်းမိုးခြင်းနှင့် သက်ရောက်ခြင်းကို တစ်ဖန် ခံရလေသည်။ အကယ်၍ ဤသို့ဖြစ်ပါက၊ သင်သည် ထိုသို့သောလူတို့နှင့် ဝေးဝေးနေသင့်သည်။ သင်၏ သည်းခံခြင်းနှင့် ကြံ့ကြံ့ခံခြင်းသည် ထိရောက်မှု ရှိလိမ့်မည်မဟုတ်သည့်အပြင်၊ ထိုသို့သောလူတို့ကို ခုခံကာကွယ်ရန် အကောင်းဆုံးနည်းလမ်းများ မဟုတ်ပေ။ သင်၏ သည်းခံခြင်းနှင့် ခံနိုင်ရည်ရှိခြင်းသည် ဟန်ဆောင်ထားသော၊ အပြင်ပန်း အပြုအမူတစ်ခု မဟုတ်ဘဲ၊ ထို့ထက် သင်သည် ထိုသို့သောလူတို့ကို ရင်ဆိုင်ရန် လုံလောက်သော ဝိညာဉ်ရင့်ကျက်မှု အမှန်တကယ် ရှိသည်ဆိုပါစို့။ ၎င်းတို့ မည်သည့်အရာကို ပြောသည်ဖြစ်စေ၊ သင် ထုတ်မပြောလျှင်ပင်၊ သင်၏စိတ်နှလုံးထဲတွင် ၎င်းတို့ကို ပိုင်းခြားသိမြင်နိုင်ဆဲဖြစ်သည်။ သင်သည် ၎င်းတို့အပေါ် သည်းခံခြင်းကို ကျင့်သုံးနိုင်ပြီး ၎င်းတို့ကို လျစ်လျူရှုနိုင်သော်လည်း၊ ၎င်းတို့ ပြောဆိုသည့် အပျက်သဘောဆောင်သည့် စကားများ သို့မဟုတ် ဘုရားသခင်နှင့်ပတ်သက်သည့် အထင်အမြင်လွဲမှားခြင်းနှင့် စောဒကတက်ခြင်း စကားများ တစ်ခုတလေက ဘုရားသခင်၌ သင်၏ယုံကြည်ခြင်းကို အနည်းငယ်မျှပင် ထိခိုက်လိမ့်မည်မဟုတ်သည့်အပြင်၊ သင်၏တာဝန်ကို ထမ်းဆောင်ရာတွင် သင်၏သစ္စာစောင့်သိမှု သို့မဟုတ် ဘုရားသခင်အပေါ် သင်၏ကျိုးနွံနာခံမှုကိုလည်း ထိခိုက်လိမ့်မည်မဟုတ်ပေ။ ထိုအခြေအနေတွင်၊ သင်သည် ၎င်းတို့ကို သည်းခံပြီး ခံနိုင်ရည်ရှိနိုင်သည်။ သည်းခံခြင်းနှင့် ခံနိုင်ရည်ရှိခြင်းကို လက်တွေ့လုပ်ဆောင်ခြင်း၏ စည်းမျဉ်းမှာ အဘယ်နည်း။ ထိခိုက်နစ်နာမှု မခံရခြင်း ဖြစ်သည်။ ၎င်းတို့ကို လျစ်လျူရှုလော့၊ ၎င်းတို့ ပြောလိုသည့် မည်သည့်အရာကိုမဆို ပြောခွင့်ပေးလော့။ အမှန်တွင်တော့၊ ထိုသို့သောလူတို့သည် အရှက်မရှိဘဲ ခေါင်းမာကာ မလျော်ကန်သည့် ပြဿနာဖန်တီးသူများ ဖြစ်ကြသည်။ သင်သည် ၎င်းတို့နှင့်အတူ သမ္မာတရားကို မည်သို့ပင် မိတ်သဟာယဖွဲ့သည်ဖြစ်စေ၊ ၎င်းတို့ လက်ခံလိမ့်မည်မဟုတ်ပေ။ ၎င်းတို့သည် နတ်ဆိုးများနှင့် စာတန်နှင့်ဆိုင်ပြီး၊ ၎င်းတို့နှင့်အတူ မိတ်သဟာယဖွဲ့ခြင်းသည် အချည်းနှီးဖြစ်သည်။ ထို့ကြောင့်၊ ဘုရားအိမ်တော်က ၎င်းတို့ကို ရှင်းလင်းပစ်ပြီး ကိုင်တွယ်ခြင်းမပြုမီ၊ သင်သည် ထိခိုက်နစ်နာမှုမခံရဘဲ ၎င်းတို့ကို သည်းခံပြီး ခံနိုင်ရည်ရှိရန်အတွက် ဝိညာဉ်ရင့်ကျက်မှု ရှိပါက၊ ယင်းမှာ အကောင်းဆုံး ဖြစ်သည်။ သင်တို့သည် အများအားဖြင့် သည်းခံခြင်းနှင့် ခံနိုင်ရည်ရှိခြင်းဟူသော ဤစည်းမျဉ်းကို ခံယူကျင့်သုံးကြသလော။ လူအမျိုးမျိုးကို သင်တို့ သည်းခံကြသော်လည်း၊ တစ်ခါတစ်ရံ သင်တို့သည် သတိမထားမိဘဲ အနည်းငယ် အထင်အမြင်မှားစေခြင်းကို ခံရသည်။ နောက်ပိုင်းတွင် ယင်းကို သင်တို့ သတိပြုမိလာပြီး၊ ဘုရားသခင်အပေါ် အကြွေးတင်သည်ဟု ခံစားရကာ၊ ရက်အနည်းငယ် ဆုတောင်းပြီး၊ သင်တို့၏ အခြေအနေကို ပြောင်းလဲသည့်အပြင် ဘုရားသခင်နှင့် ပိုမိုနီးစပ်လာကြသည်။ အချိန်အများစုတွင်၊ ထိုသို့သောလူတို့က မကောင်းကြောင်းနှင့် ၎င်းတို့သည် နတ်ဆိုးများနှင့်ဆိုင်ကြောင်းကို သင်တို့ ရှင်းလင်းစွာ မြင်နိုင်ကြသည်။ သင်သည် ၎င်းတို့နှင့်အတူ ပုံမှန် အပြန်အလှန်ဆက်ဆံနိုင်သော်လည်း၊ သင်သည် အတွင်းစိတ်အားဖြင့် ၎င်းတို့နှင့် အလှမ်းဝေးပြီး ၎င်းတို့ကို ရွံရှာစက်ဆုပ်သည်။ ၎င်းတို့ မည်သည့်အရာကို ပြောသည်ဖြစ်စေ သို့မဟုတ် မည်သည့် အပျက်သဘောဆောင်သော မှတ်ချက်များနှင့် အမြင်များကို ထုတ်ဖော်ပြောဆိုသည်ဖြစ်စေ၊ သင်သည် လျစ်လျူရှုလျက် အလေးမထားဘဲ “သင် ပြောလိုသည့်အရာ မည်သည့်အရာကိုမဆို ပြောလော့။ သင့်ကို ငါ ပိုင်းခြားသိမြင်နိုင်သည်။ ငါသည် သင့်ကဲ့သို့သော လူများနှင့် မပေါင်းသင်းပါ”ဟု တွေးလေသည်။ ဤသည်မှာ ထိုသို့သောကိစ္စရပ်များကို ကိုင်တွယ်သည့်အခါ အချိန်အများစုတွင် သင်တို့ လိုက်နာသည့် စည်းမျဉ်းလော။ ဤအရာကို စွမ်းဆောင်ရရှိခြင်းသည်လည်း မဆိုးပေ။ ယင်းမှာ မလွယ်ကူသည့်အပြင် သမ္မာတရားအချို့ကို သိနားလည်ခြင်းနှင့် ဝိညာဉ်ရင့်ကျက်မှုအဆင့်တစ်ခုခု ရှိခြင်း လိုအပ်သည်။ သင်သည် ဤဝိညာဉ်ရင့်ကျက်မှုအဆင့်ပင် မရှိပါက၊ သင်သည် ခိုင်မာစွာ ရပ်တည်နိုင်မည်မဟုတ်သည့်အပြင်၊ သင်၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်နိုင်မည်မဟုတ်ပေ။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။