ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၁၇) အခန်း လေး
အသင်းတော်အသက်တာတွင် အခြားမည်သူက အပျက်သဘောဆောင်ခြင်းကို ပွင့်အံချတတ်သနည်း။ အချို့လူများသည် အမြဲ အမှားလုပ်လျက် မိမိတို့၏ တာဝန်ကို ရလဒ်များမရှိဘဲ ထမ်းဆောင်ကြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို ဆင်ခြင်သုံးသပ်ခြင်းမပြုဘဲ ဘုရားသခင်သည် ဖြောင့်မတ်ခြင်း သို့မဟုတ် တရားမျှတခြင်း မရှိကြောင်း၊ ဘုရားသခင်သည် အခြားသူများကို အမြဲ ကျေးဇူးပြုသည့်သဘောဖြင့် ဆက်ဆံပြီး ၎င်းတို့ကိုမူ ထိုသို့မဆက်ဆံကြောင်း၊ ဘုရားသခင်က ၎င်းတို့ကို အထင်သေးပြီး မည်သည့်အခါမျှ ဉာဏ်အလင်းမပေးကြောင်း အမြဲ ခံစားကြရသည်။ ထို့ကြောင့်ပင် ၎င်းတို့၏ တာဝန်ထမ်းဆောင်မှုမှ မည်သည့်ရလဒ်မျှ တစ်ကြိမ်တစ်ခါမျှထွက်မလာသည့်အပြင်၊ ၎င်းတို့အနေဖြင့် ထင်ပေါ်ပြီး အထင်ကြီးလေးစားခြင်းခံရမည့် ၎င်းတို့၏ ပန်းတိုင်ကို မည်သည့်အခါမျှ မရောက်နိုင်ကြခြင်း ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်အပေါ် ၎င်းတို့၏ စိတ်နှလုံးထဲတွင် စောဒကတက်ခြင်းများ ထားသိုကာ ထိုသို့ညည်းညူရင်း မိမိတို့၏ တာဝန်များကို သစ္စာစောင့်သိစွာ ထမ်းဆောင်သောသူများကို စတင်၍ မနာလိုဖြစ်ကာ စက်ဆုပ်ပြီး မုန်းတီးကြလေသည်။ ထိုသို့သောလူများ၌ မည်သည့် လူ့သဘာဝမျိုး ရှိသနည်း။ ၎င်းတို့သည် စိတ်ထားကျဉ်းမြောင်းကြသည် မဟုတ်လော။ ထို့အပြင် ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်း၌ သမ္မာတရားအား မည်သို့လိုက်စားရမည်ကို နားမလည်ကြသည် မဟုတ်လော။ ဘုရားသခင်ကို ယုံကြည်ခြင်းဆိုသည်မှာ အဘယ်အရာဖြစ်သည်ကို ၎င်းတို့ နားမလည်ကြပေ။ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် တာဝန်ထမ်းဆောင်ခြင်းသည် အမှတ်များနှင့် အဆင့်များကို အမြဲ နှိုင်းယှဉ်ရန် လိုအပ်သည့် ကျောင်းသားတစ်ဦးအဖြစ် တက္ကသိုလ်ဝင်တန်းဖြေဆိုခြင်းကဲ့သို့ ဖြစ်သည်ဟု ၎င်းတို့က တွေးထင်ကြသည်။ သို့ဖြစ်၍ ၎င်းတို့သည် ဤအရာများကို အလွန်အရေးထားကြသည်။ ယင်းမှာ ၎င်းတို့၏ အခြေအနေ မဟုတ်လော။ ပထမဦးစွာ သမ္မာတရားကို သဘောပေါက်နားလည်ခြင်း၏ ရှုထောင့်အမြင်မှကြည့်လျှင် ထိုသို့သောလူများ၌ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ရှိသလော။ ၎င်းတို့၌ မရှိသည့်အပြင် ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် သမ္မာတရားကို လိုက်စားခြင်းဆိုသည်မှာ အဘယ်အရာဖြစ်သည်ကိုလည်း ၎င်းတို့ နားမလည်ကြပေ။ တစ်ဖက်တွင် ၎င်းတို့သည် အခြားသူများကြားတွင်ရှိသော မိမိတို့၏ အဆင့်အတန်းကို အလွန်အရေးထားကြသည်။ အခြားတစ်ဖက်တွင်မူ ၎င်းတို့သည် လူတို့၏ ဘုရားသခင်ကို ယုံကြည်မှုနှင့် တာဝန်ထမ်းဆောင်ခြင်းကို ဤနည်းလမ်းဖြင့် တိုင်းတာလျက်၊ ကျောင်းတွင်ရှိသည့် ကျောင်းသားများကို အကဲဖြတ်နေသည့်အလား အခြားသူများက မိမိတို့၏ တာဝန်များကို မည်မျှကောင်းစွာ ထမ်းဆောင်သည်ကိုလည်းကောင်း၊ မိမိတို့ကိုယ်တိုင် မည်မျှကောင်းစွာ ထမ်းဆောင်သည်ကိုလည်းကောင်း အကဲဖြတ်ရန် အမှတ်ပေးသည့်နည်းလမ်းကို အမြဲအသုံးပြုကြသည်။ ဤအရာနှင့်ပတ်သက်၍ တစ်စုံတစ်ခု မှားယွင်းနေသည် မဟုတ်လော။ ထို့အပြင် ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်သည့် အားထုတ်ကြိုးပမ်းသော နည်းလမ်းသည် မှားယွင်းနေသည် မဟုတ်လော။ ၎င်းတို့သည် စာလေ့လာခြင်း၊ စာမေးပွဲဖြေဆိုခြင်းတို့နှင့်ဆိုင်သည့် အားထုတ်မှုဖြင့် မိမိတို့၏ တာဝန်များကို ထမ်းဆောင်ကြသည် မဟုတ်လော။ (ဟုတ်ပါသည်။) အဘယ်ကြောင့် ငါတို့သည် ထိုသို့ပြောရသနည်း။ ထိုသို့သောလူများသည် ဘုရားသခင်ကို ယုံကြည်ပြီး မိမိတို့၏ တာဝန်များကို ထမ်းဆောင်သည့်အခါ စည်းမျဉ်းများအား မည်သို့ရှာဖွေရမည်ကို နားလည်ကြသလော။ ၎င်းတို့သည် စည်းမျဉ်းများကို ရှာဖွေနိုင်ကြသလော။ ရှုထောင့်တစ်မျိုးအားဖြင့် ၎င်းတို့သည် စည်းမျဉ်းများအား မည်သို့ရှာဖွေရမည်ကို မသိကြပေ။ လူတို့က ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်သို့ဖတ်ရှုသင့်သည်၊ သမ္မာတရားကို မည်သို့မိတ်သဟာယဖွဲ့သင့်သည်၊ မိမိတို့၏ တာဝန်များကို ကောင်းစွာ မည်သို့ထမ်းဆောင်သင့်သည်ဟူသည့် ဤကိစ္စရပ်များကို ၎င်းတို့ နားမလည်သည့်အပြင် ဂရုလည်းမစိုက်ကြပေ။ စည်းမျဉ်းများကို ရှာဖွေပြီး ယင်းတို့နှင့်အညီ လုပ်ဆောင်ရမည်ကိုသာ ၎င်းတို့ သိကြသော်လည်း စည်းမျဉ်းများက မည်သည့်အရာကို ပြဋ္ဌာန်းထားသည်၊ ဘုရားသခင်က မည်သည့်အရာကို တောင်းဆိုသည် သို့မဟုတ် အခြားသူများက စည်းမျဉ်းများနှင့်အညီ မည်သို့လုပ်ဆောင်သည်ဟူသည်တို့နှင့်ပတ်သက်၍မူ ၎င်းတို့၌ သိနားလည်မှု ကင်းမဲ့ကြသည်။ ထိုအရာကို ၎င်းတို့ နားကိုမလည်ကြပေ။ အခြားရှုထောင့်တစ်မျိုးအားဖြင့်မူ လူတို့၏ တာဝန်ထမ်းဆောင်မှုက စံနှုန်းပြည့်မီခြင်း ရှိမရှိဟူသည်ကို တိုင်းတာရန် ဘုရားသခင်၏ စံနှုန်းများနှင့် တာဝန်ထမ်းဆောင်ရာတွင် လူတို့အပေါ် သူတောင်းဆိုသော စည်းမျဉ်းများကို အခြေခံ၍ တာဝန်ထမ်းဆောင်မှုကို ၎င်းတို့ အကဲဖြတ်နိုင်စွမ်း ရှိကြသလော။ ဤကိစ္စရပ်များကို ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ညီအစ်ကိုမောင်နှမများ၏ မိတ်သဟာယဖွဲ့ခြင်းတို့မှ ၎င်းတို့ နားလည်နိုင်ကြသလော။ ပထမဦးစွာ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားမလည်ကြသည့်အပြင် တာဝန်ထမ်းဆောင်ခြင်းဆိုင်ရာ ကိစ္စရပ်များကိုလည်း နားမလည်ကြပေ။ ၎င်းတို့ ဘုရားသခင်ကို စတင်ယုံကြည်ပြီး တာဝန်များ ထမ်းဆောင်လာပြီးနောက် ၎င်းတို့က၊ “ငါကျောင်းတက်နေခဲ့ချိန်တွင် စည်းမျဉ်းတစ်ခုကို ငါရှာဖွေတွေ့ရှိခဲ့သည်။ သင်သည် အလုပ်ကြိုးစားလုပ်ဆောင်ပြီး ပို၍စာကြိုးစားလိုစိတ်ရှိသရွေ့ မြင့်မားသော အမှတ်များကို ရရှိနိုင်သည်။ သို့ဖြစ်၍ ဘုရားသခင်ကို ယုံကြည်ရာ၌လည်း ထိုသို့ပင် ငါလုပ်ဆောင်မည်။ ဘုရားနှုတ်ကပတ်တော်များကို ငါ ပို၍ဖတ်ရှုမည်၊ ပို၍ဆုတောင်းမည်။ အခြားသူများ စကားစမြည်ပြောနေစဉ် သို့မဟုတ် အစာစားနေစဉ်တွင် ငါသည် ဓမ္မတေးများကို သင်ယူပြီး ဘုရားနှုတ်ကပတ်တော်များကို အလွတ်ကျက်မှတ်မည်။ ထိုသို့သော အားထုတ်မှုဖြင့် ဘုရားသခင်သည် ငါ၏ အလုပ်ကြိုးစားမှု၊ လုံ့လဝီရိယရှိမှုနှင့် ဇွဲလုံ့လရှိမှုတို့အရ ငါ့ကို သေချာပေါက် ကောင်းချီးပေးလိမ့်မည်ဖြစ်ပြီး ငါ၏ တာဝန်ထမ်းဆောင်မှုသည်လည်း ဧကန်မုချ အကျိုးဖြစ်ထွန်းလိမ့်မည်။ ငါသည် အခြားသူများကြားတွင် မြင့်မားသော အမှတ်များရရှိရန် သေချာပြီး တန်ဖိုးထားခြင်းနှင့် ရာထူးတိုးမြှင့်ခြင်းတို့ကို ခံရလိမ့်မည်” ဟူ၍ တွေးဆသည်။ သို့သော်လည်း ထိုသို့ပြုလုပ်လင့်ကစား၊ ၎င်းတို့သည် မိမိတို့၏ ဆန္ဒများကို စွမ်းဆောင်ရရှိနိုင်ခြင်း မရှိသေးပေ။ “အဘယ်ကြောင့် ငါသည် မိမိ၏ တာဝန်ကို ထမ်းဆောင်ရာတွင် အခြားသူများထက် ထိရောက်မှု နည်းနေရဆဲ ဖြစ်သနည်း။ ငါသည် ရာထူးတိုးမြှင့်ခြင်း သို့မဟုတ် အရေးကြီးသော အလုပ်များအတွက် အသုံးပြုခြင်းကို အဘယ်သို့ဖြစ်ပြီး တစ်ကြိမ်တစ်ခါမျှခံရမည်နည်း။ ဤသည်မှာ မျှော်လင့်ချက်မရှိဟု ဆိုလိုသည် မဟုတ်လော။ ငါသည် မွေးရာပါ ယှဉ်ပြိုင်လိုစိတ်ရှိပြီး အခြားသူများနောက်တွင် ကျန်ရစ်ရန် မလိုလားသူ ဖြစ်သည်။ ငါ ကျောင်းတက်စဉ်က ထိုသို့ဖြစ်ခဲ့ပြီး ဘုရားကို ငါ၏ ယုံကြည်ခြင်း၌လည်း ထိုသို့ပင် ဖြစ်နေဆဲဖြစ်သည်။ ငါ့ထက်သာသောသူ မည်သူကိုမဆိုထက် သာလွန်ဖို့ ငါ စိတ်ပိုင်းဖြတ်ထားသည်။ ထိုသို့မသာမချင်း ငါနားမည်မဟုတ်ပါ” ဟူ၍ ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပို၍ဖတ်ရှုခြင်းနှင့် ဓမ္မတေးများကို ပို၍သင်ယူခြင်းအပေါ် ကြိုးစားလေ့လာအားထုတ်မှုပြုခြင်း၊ အကျိုးမရှိသော စကားပြောဆိုမှုများတွင် မပါဝင်ခြင်း၊ ဝတ်စားဆင်ယင်မှုအပေါ် အာရုံမစိုက်ခြင်း၊ အိပ်ချိန်လျော့ခြင်းနှင့် မိမိကိုယ်ကို ပျော်ရွှင်စေခြင်းကို လျော့နည်းစေခြင်း၊ ကိုယ်ကိုထိုး၍နှိပ်စက်ခြင်းနှင့် ဇာတိပကတိဆိုင်ရာ သက်သာခြင်းများတွင် မမွေ့လျော်ခြင်းတို့ကဲ့သို့သော မှန်ကန်သော နည်းလမ်းနှင့် ချဉ်းကပ်နည်းဖြင့် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို လက်ခံရရှိနိုင်မည်ဖြစ်ပြီး ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်ရာ၌ ရလဒ်ကောင်းများ ရရှိမည်မှာ သေချာသည်ဟု ယုံကြည်ကြ၏။ သို့သော်လည်း အမှုအရာများသည် ၎င်းတို့ မျှော်လင့်ထားသည်နှင့် အမြဲတစေ ကွဲပြားစွာ ဖြစ်ပေါ်လာသည်။ “အဘယ်ကြောင့် ငါသည် မိမိ၏ တာဝန်ကို ထမ်းဆောင်ရာတွင် အမြဲတစေ အမှားများ ပြုလုပ်နေရဆဲဖြစ်သနည်း။ ပြီးလျှင် အဘယ်ကြောင့် အခြားသူများလောက် ကောင်းစွာ မထမ်းဆောင်နိုင်ရသေးသနည်း။ အခြားသူများက အမှုအရာများကို လျင်မြန်စွာနှင့် ကောင်းမွန်စွာ လုပ်ဆောင်ကြပြီး ခေါင်းဆောင်က ၎င်းတို့ကို အမြဲ ချီးမွမ်းကာ အထင်ကြီးလေးစားသည်။ ငါသည် ဆင်းရဲဒုက္ခနှင့် အခက်အခဲများစွာကို ခါးစည်းခံခဲ့ရပြီးဖြစ်သည်။ အဘယ်ကြောင့် ငါသည် ရလဒ်များ မရရှိသေးသနည်း” ဟူ၍ ဖြစ်သည်။ ဤအရာကို ၎င်းတို့ တွေးဆသည်နှင့်အမျှ နောက်ဆုံးတွင် အရေးပါသည့် တွေ့ရှိချက်တစ်ခုကို ရရှိကြသည်။ “လက်စသတ်တော့၊ ဘုရားက မဖြောင့်မတ်ပါ။ ငါသည် ဘုရားကို အချိန်ကြာမြင့်စွာ ယုံကြည်ခဲ့ပြီးဖြစ်သော်လည်း အခုမှသာ ထိုအရာကို သိမြင်သည်။ ဘုရားက သူကျေးဇူးပြုချင်သည့်သူ မည်သူမဆိုကို ကျေးဇူးပြုသည်။ ထို့ကြောင့် သူက ငါ့ကို အဘယ်ကြောင့် ကျေးဇူးပြုချင်စိတ် မရှိရသနည်း။ ငါသည် တုံးအသောကြောင့်လော၊ မြှောက်ပင့်ခြင်းနှင့် အပြောကောင်းခြင်းတို့ကို ငါ ပါးနပ်မှုမရှိသောကြောင့်လော၊ ငါသည် ဉာဏ်မထက်မြက်သောကြောင့်လော။ သို့မဟုတ် ငါသည် အလွန် သာမန်ဖြစ်ပုံရပြီး ပညာသိပ်မတတ်သောကြောင့်လော။ ဤသည်မှာ ဘုရားက ငါ့ကို ဖော်ထုတ်နေခြင်း မဟုတ်လော။ ဘုရားနှုတ်ကပတ်တော်များစွာကို ငါ ဖတ်ပြီးဖြစ်သည်၊ ဘုရားက ငါ့ကို အဘယ်ကြောင့် ကျေးဇူးမပြုဘဲ ထိုအစား ဖော်ထုတ်နေရသနည်း” ဟူ၍ ဖြစ်သည်။ ထိုအကြောင်းကို ၎င်းတို့ တွေးတောသည်နှင့်အမျှ အပျက်သဘောဆောင်လာကြသည်။ “ငါ့တာဝန်ကို ငါ မထမ်းဆောင်ချင်တော့ပါ။ ငါ တာဝန်ထမ်းဆောင်နေစဉ်တွင် ဘုရား၏ကောင်းချီးပေးခြင်းကို မခံခဲ့ရပါ။ ပြီးလျှင် ဘုရား၏နှုတ်ကပတ်တော်များကို ပိုဖတ်ရှုသော်လည်းသူက ငါ့ကို ဉာဏ်အလင်းမပေးခဲ့ပါ။ ဘုရားက သူကျေးဇူးပြုချင်သည့်သူကို ကျေးဇူးပြုပြီး သူကရုဏာပြချင်သည့်သူကို ကရုဏာပြသည်ဟု ဘုရားနှုတ်ကပတ်တော်များတွင် ပြောထားသည်။ ငါသည် ဘုရား ကရုဏာပြသည့်သူ သို့မဟုတ် ကျေးဇူးပြုသည့်သူ မဟုတ်ပါ။ ဤဒုက္ခကို ငါ အဘယ်ကြောင့် ခံစားရမည်နည်း” ဟူ၍ ဖြစ်သည်။ ၎င်းတို့ ပို၍တွေးလေ၊ ပို၍ အပျက်သဘောဆောင်လာလေဖြစ်ပြီး ရှေ့ဆက်ရန် နည်းလမ်းမရှိဟု ပို၍ ခံစားလာရလေဖြစ်သည်။ ၎င်းတို့သည် မိမိတို့၏ နာကြည်းချက်များကြောင့် မွန်းကျပ်သည်ဟု ခံစားရပြီး မိမိတို့၏ တာဝန်ကို မထမ်းဆောင်ချင်တော့ပေ။ ပြီးလျှင် မိမိတို့၏ တာဝန်ကို ထမ်းဆောင်သည့်အခါ ဟန်ပြသာလုပ်ဆောင်ကြသည်။ အခြားသူများက စည်းမျဉ်းများကို မည်သို့ပင် မိတ်သဟာယဖွဲ့ပါစေ ၎င်းတို့ နားမဝင်ပေ။ ၎င်းတို့စိတ်ထဲ၌ မည်သည့်တုံ့ပြန်မှုမျှ မရှိပေ။ ၎င်းတို့သည် ဤ အခြေအနေမျိုးတွင် ရှိနေသည့်အခါ ၎င်းတို့၌ အသက် ဝင်ရောက်မှုတစ်ခုတလေ ရှိသလော။ မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရာတွင် သစ္စာစောင့်သိမှုတစ်ခုတလေ ရှိသလော။ မရှိတော့သည့်အပြင် တစ်ချိန်က ၎င်းတို့ရှိခဲ့သော အားထုတ်မှုနှင့် လုံ့လဝီရိယ အနည်းငယ်သည်လည်း မရှိတော့ပေ။ သို့ဆိုလျှင် ၎င်းတို့၏ စိတ်နှလုံးထဲတွင် မည်သည့်အရာ ကျန်ရှိသနည်း။ “ဖြစ်လာသည့်အတိုင်းသာ အစီအစဉ်များကို ငါလုပ်သွားမည်ဖြစ်ပြီး ဖြစ်လာသည့်အတိုင်းသာ လက်ခံလိုက်မည်။ ဘုရားက ငါ့ကို စွန့်လွှတ်လျက် ယခုအချိန်၌ မည်သည့်နေ့တွင်မဆို ဖော်ထုတ်ပြီး ဖယ်ရှားရှင်းလင်းနိုင်သည်။ ငါ့ကို တာဝန်ထမ်းဆောင်ခွင့် မပြုတော့သည့်နေ့ ရောက်လာသောအခါ ငါ တာဝန်ထမ်းဆောင်မည်မဟုတ်။ ငါ လုံလောက်အောင် မတော်မှန်း ငါသိသည်။ ဘုရားက ငါ့ကို အခုထိ ဖယ်ရှားရှင်းလင်းခြင်း မရှိသေးသော်လည်း သူ ငါ့ကို မနှစ်သက်မှန်း ငါသိသည်။ ငါ ဖယ်ရှားရှင်းလင်းခံရဖို့က အချိန်နှင့်သာဆိုင်သည်”ဟူ၍ ဖြစ်သည်။ ဤအတွေးများနှင့် အမြင်များသည် ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဖြစ်ပေါ်လာပြီး အခြားသူများနှင့် ၎င်းတို့ဆက်ဆံသည့်အခါ ထိုသို့သော မှတ်ချက်စကားများကို ရံဖန်ရံခါ လွှတ်ခနဲ ပြောမိကြသည်။ “သင်တို့အားလုံးပဲ လေးလေးနက်နက် ဆက်ယုံကြည်ကြလော့။ သင်တို့၏ ယုံကြည်ခြင်းနှင့် တာဝန်ထမ်းဆောင်မှုများသည် ဘုရား၏ ကောင်းချီးပေးခြင်းကို ခံရဖို့ သေချာသည်။ ကျွန်ုပ်သည် မျှော်လင့်ချက်မဲ့လေပြီ။ ကျွန်ုပ်အတွက် ရှေ့ဆက်စရာလမ်းမရှိတော့ပြီ။ ကျွန်ုပ် မည်မျှပင် လုံ့လဝီရိယရှိသည်ဖြစ်စေ၊ အလုပ်ကြိုးစားသည်ဖြစ်စေ၊ အသုံးမဝင်ပါ။ ဘုရားက တစ်စုံတစ်ယောက်ကို မနှစ်သက်လျှင်၊ သူ ထားရှိသည့် မည်သည့် အားထုတ်မှုပမာဏကမျှ အသုံးမဝင်ပါ။ ကျွန်ုပ်သည် ကိုယ်တတ်နိုင်သည့်အတိုင်း အားထုတ်ပြီး တာဝန်ထမ်းဆောင်သည်။ ကျွန်ုပ်၏ အားထုတ်မှုများ အရာမထင်လျှင်၊ ထိုအရာနှင့်ပတ်သက်၍ မည်သည့်အရာမျှ လုပ်စရာမရှိပါ။ ဘုရားက လူတို့ကို မိမိတို့တတ်နိုင်သည်ထက် ပိုပြီး လုပ်ဆောင်ရန် အနိုင်အထက်ပြုစေခိုင်းနိုင်သလော။ ဘုရားက ငါးတစ်ကောင်ကို ကုန်းပေါ်တွင် အတင်းနေခိုင်း၍ မရပါ” ဟူ၍ ဖြစ်သည်။ ဤနေရာတွင် မည်သည့်အရာကို ပြောဆိုနေခြင်း ဖြစ်သနည်း။ သွယ်ဝိုက်ညွှန်းဆိုချက်မှာ “ဤသည်မှာ ကျွန်ုပ်ဖြစ်သည့်ပုံစံဖြစ်သည်။ ဘုရားက ကျွန်ုပ်ကို မည်သို့ ဆက်ဆံပါစေ၊ ဤသည်မှာကျွန်ုပ်၏ သဘောထားပဲ ဖြစ်လိမ့်မည်” ဟူ၍ ဖြစ်သည်။ ငါ့ကို ပြောလော့၊ ထိုသို့သော သဘောထားနှင့် ကြံရွယ်ချက်ရှိသော တစ်စုံတစ်ဦးသည် အဘယ်ကြောင့် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို ရရှိလိုနေဆဲ ဖြစ်သနည်း။ ၎င်းတို့ ဖြစ်ပေါ်လာသော ဤအခြေအနေနှင့် ဤသဘောထားသည် အခြားသူများကို လွှမ်းမိုးနိုင်သလော။ ၎င်းတို့သည် အခြားသူများကို အပျက်သဘောနှင့် အားနည်းခြင်းထဲသို့ ပို့ဆောင်လျက် အပျက်သဘောဆောင်ပြီး ဆိုးရွားသော လွှမ်းမိုးမှု အလွယ်တကူ ရှိနိုင်သည်။ ဤသည်မှာ အခြားသူများကို အထင်အမြင်မှားစေပြီး ထိခိုက်နစ်နာစေခြင်း မဟုတ်လော။ ထိုသို့သော အတိုင်းအတာအထိ အပျက်သဘောဆောင်သော လူများသည် နတ်ဆိုးများ ဖြစ်သည် မဟုတ်လော။ နတ်ဆိုးများသည် သမ္မာတရားကို မည်သည့်အခါမျှ မချစ်ကြပေ။
အချို့လူများသည် ၎င်းတို့၏ အပျက်သဘောဆောင်ခြင်းကို ရှည်လျားသော ရှင်းလင်းချက်များဖြင့် ပွင့်အံချခြင်းမရှိကြပေ။ ၎င်းတို့က၊ “သင်တို့အားလုံးသည် ကျွန်ုပ်ထက် ပိုတော်ကြသည်။ သင်တို့အားလုံးသည် ကြီးစွာ ကောင်းချီးခံစားကြရသည်။ ကျွန်ုပ်က မျှော်လင့်ချက်မဲ့နေပြီ။ ကျွန်ုပ် မည်မျှကြိုးစားသည်ဖြစ်စေ အသုံးမဝင်ပါ။ ကျွန်ုပ်သည် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို လက်ခံရရှိဖို့ မျှော်လင့်ချက် မရှိပါ” ဟူ၍ စကားစုအနည်းငယ်ဖြင့် ရိုးရှင်းစွာပြောဆိုကြသည်။ စကားလုံးများသည် ရိုးရှင်းပြီး ပြဿနာမရှိဟု ထင်ရသော်လည်း၊ ၎င်းတို့သည် မိမိတို့ကိုယ်ကို ဆန်းစစ်နေသည့်အလား၊ မိမိတို့ကိုယ်ကို စိတ်ဖြာလေ့လာနေသည့်အလားဖြစ်ပြီး မိမိတို့၏ ညံ့ဖျင်းသော အစွမ်းအစနှင့် အားနည်းချက်များကဲ့သို့သော အဖြစ်မှန်များကို လက်ခံနေသည့်အလား ထင်ရသော်လည်း၊ လက်တွေ့တွင် ၎င်းတို့သည် မမြင်နိုင်သော အပျက်သဘောဆောင်ခြင်းတစ်မျိုးကို ပွင့်အံချနေခြင်း ဖြစ်သည်။ ဤစကားလုံးများသည် သရော်ခြင်းနှင့် လှောင်ပြောင်ခြင်းတို့အပြင် အတိုက်အခံပြုခြင်းလည်း သယ်ဆောင်ပြီး၊ ထို့ထက်ပင်ပို၍ အပျက်သဘောဆောင်ပြီး ညှိုးငယ်သော စိတ်အခြေအနေနှင့်အတူ ဘုရားသခင်နှင့်ပတ်သက်သည့် မကျေနပ်မှုကိုလည်း သယ်ဆောင်သည်မှာ အမှန်ပင် ဖြစ်သည်။ ဤအပျက်သဘောဆောင်သော စကားလုံးများသည် အနည်းငယ်သာ ဖြစ်ကောင်းဖြစ်နိုင်သော်လည်း၊ ဤစိတ်အခြေအနေသည် ကူးစက်ရောဂါတစ်ခုကဲ့သို့ အခြားသူများကို ထိခိုက်နိုင်သည်။ ၎င်းတို့က “ကျွန်ုပ်၏ တာဝန်များကို ကျွန်ုပ် ဆက်မထမ်းဆောင်ချင်တော့ပါ။ ကျွန်ုပ်တွင် ကယ်တင်ခြင်းအတွက် မျှော်လင့်ချက်မရှိပါ။ ပြီးလျှင် သင်တို့အားလုံးလည်း အန္တရာယ်ရှိကြသည်”ဟု ပွင့်ပွင့်လင်းလင်း မပြောဆိုသော်လည်း၊ ဤပုဂ္ဂိုလ်က ကြိုးစားအားထုတ်နေသော်လည်း ကယ်တင်ခြင်းအတွက် မျှော်လင့်ချက်မရှိပါက ကြိုးစားအားထုတ်ခြင်းမရှိသူများသည် မျှော်လင့်ချက် ပို၍ပင် နည်းနိုင်ဖွယ်ရှိသည်ဟု လူတို့ကို ခံစားစေသည့် အချက်ပြမှုတစ်ခုကို ပေးပို့နေကြပေသည်။ ဤအချက်ပြမှုကို ထုတ်လွှင့်ခြင်းအားဖြင့် ၎င်းတို့သည် လူတိုင်းကို “မျှော်လင့်ချက်က အရေးကြီးသည်။ ဘုရားသခင်က သင့်ကို မျှော်လင့်ချက်မပေးလျှင်၊ ဘုရားသခင်က သင့်ကို ကောင်းချီးမပေးလျှင်၊ သင် မည်မျှ အားထုတ်ကြိုးပမ်းသည်ဖြစ်စေ အချည်းနှီးသာဖြစ်သည်” ဟု ပြောနေခြင်းဖြစ်သည်။ လူအများစုက ဤအချက်ပြမှုကို လက်ခံပြီးနောက်၊ ၎င်းတို့၏ အတွင်းစိတ်ထဲရှိ ဘုရားသခင်အပေါ် ယုံကြည်ခြင်းက မယုတ်လျော့ဘဲမနေနိုင်ဖြစ်သွားပြီး ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်သည့်အခါ ပြသသင့်သည့် သစ္စာစောင့်သိမှုနှင့် ရိုးသားစစ်မှန်ခြင်းတို့သည်လည်း အလွန် လျော့နည်းသွားသည်။ ၎င်းတို့သည် လူတို့ကို အထင်အမြင်မှားစေရန် သို့မဟုတ် မိမိတို့ဘက်သို့ ဆွဲဆောင်ရန် ရှင်းလင်းသော ကြံရွယ်ချက်မရှိဘဲ ဤအပျက်သဘောဆောင်ခြင်းကို ပွင့်အံချသော်လည်း၊ ဤအပျက်သဘောဆောင်သော စိတ်အခြေအနေသည် အခြားသူများအား အကျပ်အတည်းတစ်ခုကို ခံစားရစေလျက်၊ ၎င်းတို့၏ အားထုတ်မှုများက အလွယ်တကူ အလဟဿဖြစ်သွားသည်ဟု ခံစားရစေလျက် လျင်မြန်စွာ ထိခိုက်လေသည်။ ယင်းက လူတို့ကို မိမိတို့၏ ခံစားချက်များအတွင်း၌ အသက်ရှင်စေပြီး၊ ဘုရားသခင်အကြောင်း ထင်ကြေးပေးရန် ခံစားချက်များကို အသုံးပြုစေကာ၊ အပေါ်ယံ အသွင်အပြင်များကို အခြေခံ၍ လူသားများအပေါ် ဘုရားသခင်၏ သဘောထားနှင့် ရိုးသားစစ်မှန်မှုကို ဆန်းစစ်ပြီး စိစစ်စေသည်။ ဤအပျက်သဘောဆောင်သော စိတ်အခြေအနေသည် အခြားသူများထံသို့ ကူးစက်သွားသည့်အခါ၊ ၎င်းတို့သည် ဘုရားသခင်နှင့် ခပ်ကင်းကင်းနေကာ ဘုရားသခင်၏ စကားများကို မယုံကြည်တော့ဘဲ ဘုရားသခင် ပြောဆိုပြီးသည့်အရာကို အထင်အမြင်လွဲမှားပြီး သံသယမဝင်ဘဲမနေနိုင်ကြပေ။ တစ်ချိန်တည်းတွင်၊ ၎င်းတို့သည် မိမိတို့၏ တာဝန်များအပေါ် ရိုးသားစစ်မှန်ခြင်း မရှိတော့ပေ။ ၎င်းတို့သည် အဖိုးအခပေးရန် မလိုလားတော့သည့်အပြင် မည်သည့်သစ္စာစောင့်သိမှုမျှ ရှိရန်လည်း မလိုလားတော့ပေ။ ဤသည်မှာ ဤအပျက်သဘောဆောင်သော မှတ်ချက်စကားများက လူတို့အပေါ် သက်ရောက်မှု ဖြစ်သည်။ ဤသက်ရောက်မှု၏ အကျိုးဆက်ကား အဘယ်နည်း။ ဤစကားများကို ကြားပြီးနောက်၊ လူတို့သည် မိမိကိုယ်ကို သိရှိခြင်းကို ရရှိရန်၊ မိမိတို့၏ အားနည်းချက်များကို ရှာဖွေတွေ့ရှိရန်၊ သို့မဟုတ် သမ္မာတရားကို လက်တွေ့လုပ်ဆောင်လာနိုင်ပြီး စည်းမျဉ်းများနှင့်အညီ တာဝန်များကို ထမ်းဆောင်နိုင်ရန် မဆိုထားနှင့်၊ တည်ဆောက်ခြင်းပင် မရရှိကြပေ။ ၎င်းတို့သည် ဤအပြုသဘောဆောင်သော အကျိုးရလဒ်များကို တစ်ခုမျှ မရရှိကြပေ။ ထိုအစား၊ ဤသက်ရောက်မှုသည် လူတို့ကို ပို၍ အပျက်သဘောဆောင်လာစေသည်။ သမ္မာတရားကို လိုက်စားခြင်းအား စွန့်လွှတ်ရန် စဉ်းစားစေကာ၊ မိမိတို့၏ တာဝန်များ၌ စိတ်ပိုင်းဖြတ်မှု မရှိကြတော့ပေ။ ၎င်းတို့သည် အဘယ်ကြောင့် ယုံကြည်ခြင်း ပျောက်ဆုံးသွားရသနည်း။ (သူတို့သည် မိမိတို့၌ ကယ်တင်ခြင်းနှင့်ဆိုင်သည့် မျှော်လင့်ချက်မရှိဟု ခံစားရသောကြောင့် ဖြစ်ပါသည်။) မှန်သည်၊ သင်သည် ဤသတင်းစကားကို လက်ခံခဲ့ပြီးဖြစ်ကာ သင်၌ ကယ်တင်ခြင်းနှင့်ဆိုင်သည့်မျှော်လင့်ချက်မရှိဟု ခံစားရသောကြောင့် သင်၏ တာဝန်ကို ထမ်းဆောင်ရန် အားထုတ်မှုပြုဖို့ မလိုလားခြင်း ဖြစ်သည်။ ဤအပြုအမူက သင်သည် သမ္မာတရားကို စစ်မှန်စွာ လိုက်စားနေခြင်းမဟုတ်ဘဲ၊ ဘုရားသခင်သည် သင့်ကို နှစ်သက်ခြင်း ရှိမရှိ၊ သင်၌ ကယ်တင်ခြင်းနှင့်ဆိုင်သည့် မျှော်လင့်ချက် ရှိမရှိ၊ သင်၏ တာဝန်ထမ်းဆောင်မှုကို ဘုရားသခင်က အသိအမှတ်ပြုခြင်း ရှိမရှိဟူသည်တို့ကို ခံစားချက်များ၊ စိတ်အခြေအနေများနှင့် ထင်ကြေးပေးခြင်းတို့ကို အခြေခံ၍ အမြဲတစေ အကဲဖြတ်နေကြောင်း ပြသသည်။ လူတို့သည် ဤအရာများကို ထင်ကြေးပေးခြင်းအပေါ် အခြေခံ၍ အကဲဖြတ်သည့်အခါ၊ ၎င်းတို့၌ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် စေ့ဆော်မှု များများစားစား မရှိကြပေ။ အဘယ်ကြောင့် ဤသို့ဖြစ်ရသနည်း။ လူတို့သည် ထင်ကြေးပေးခြင်းအပေါ် အခြေခံ၍ ဘုရားသခင်ကို အကဲဖြတ်သည့်အခါ တိကျစွာ အကဲဖြတ်နိုင်ကြသလော။ လူတို့သည် ဘုရားသခင်၌ရှိသော အတွေးအခေါ်နှင့် စိတ်ကူးတိုင်းကို တိကျစွာ ထင်ကြေးများပေးနိုင်သလော။ (မပေးနိုင်ပါ။) လူတို့၏ စိတ်များသည် လှည့်ဖြားတတ်ခြင်း၊ အပေးအယူလုပ်ခြင်းများ၊ လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် အတွေးအခေါ်များ၊ စာတန်၏ တွေးခေါ်မှုစနစ် စသည်တို့ဖြင့် ပြည့်နေသည်။ ဤအရာများကို အခြေခံ၍ ဘုရားသခင်အကြောင်း ထင်ကြေးပေးခြင်း၏ အကျိုးဆက်များကား အဘယ်နည်း။ ယင်းသည် ဘုရားသခင်ကို သံသယဝင်ခြင်း၊ ဘုရားသခင်နှင့် ခပ်ကင်းကင်းနေခြင်းအပြင်၊ ဘုရားသခင်၌ ယုံကြည်ခြင်း လုံးဝ ပျောက်ဆုံးသွားသည်အထိပင် ဖြစ်စေသည်။ လူတစ်ဦးသည် ဘုရားသခင်၌ ယုံကြည်ခြင်း လုံးဝ ပျောက်ဆုံးသွားသည့်အခါ၊ ဘုရားသခင် တည်ရှိခြင်း ရှိမရှိနှင့်ပတ်သက်၍ ၎င်း၏ စိတ်နှလုံးထဲတွင် ကြီးမားသော မေးခွန်းထုတ်စရာတစ်ခုကို မလွဲမသွေ ထားရှိခြင်းခံရလိမ့်မည်။ ထိုအချိန်တွင်၊ ဘုရားသခင်ကို ယုံကြည်သူတစ်ဦးအဖြစ် ၎င်း၏ အချိန်ကာလက ကုန်ဆုံးသွားလိမ့်မည်။ ၎င်းသည် လုံးလုံးလျားလျား ပျက်စီးသွားပေသည်။ ထို့အပြင်၊ လူတို့က ဘုရားသခင်အကြောင်း ထင်ကြေးပေးခြင်းသည် မှန်ကန်သလော။ ဤသည်မှာ ဖန်ဆင်းခံတစ်ဦးက ဖန်ဆင်းရှင်အပေါ် ထားရှိသင့်သည့် သဘောထားမျိုး ဖြစ်သလော။ သိသာထင်ရှားစွာပင်၊ မဟုတ်ပေ။ လူတို့သည် ဘုရားသခင်အကြောင်း ထင်ကြေးများမပေးသင့်သည့်အပြင်၊ ဘုရားသခင်၏ အကြံစည်တော် သို့မဟုတ် လူသားများအပေါ် သူ၏ အကြံစည်တော်ကိုလည်း မမှန်းဆသင့်ပေ။ ဤအရာကိုယ်၌က မှားယွင်းပေသည်။ လူတို့သည် မမှန်သော ရှုထောင့်အမြင်နှင့် နေရာကို ခံယူထားကြပြီး ဖြစ်သည်။
လူတို့သည် ဘုရားသခင်ကို ထင်ကြေးပေးခြင်း၊ မှန်းဆခြင်း၊ သံသယဝင်ခြင်း သို့မဟုတ် မယုံသင်္ကာဖြစ်ခြင်းတို့ဖြင့် မဆက်ဆံသင့်သည့်အပြင်၊ လူ့အတွေးများနှင့် သဘောထားအမြင်များ၊ လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် အတွေးအခေါ်များ သို့မဟုတ် ပညာရပ်ဆိုင်ရာ အသိပညာတို့ကို အခြေခံ၍လည်း သူ့ကို အကဲမဖြတ်သင့်ပေ။ သို့ဆိုလျှင် လူတို့သည် ဘုရားသခင်ကို မည်သို့ဆက်ဆံသင့်သနည်း။ ပထမဦးစွာ ဘုရားသခင်သည် သမ္မာတရားဖြစ်ကြောင်း လူတို့ ယုံကြည်သင့်သည်။ လူတို့အတွက် ဘုရားသခင်၏ သတ်မှတ်ချက်များ၊ ၎င်းတို့အပေါ် သူ၏ ရည်ရွယ်ချက်များ၊ လူတို့အပေါ်သူ၏ ချစ်ခြင်းနှင့် မုန်းတီးခြင်း၊ အမျိုးမျိုးသော လူစားများအတွက် သူ၏ အစီအစဉ်များ၊ အတွေးများနှင့် စိတ်ကူးများ စသည်တို့သည် သင်၏ မှန်းဆခြင်းကို မလိုအပ်ပေ။ ဤကိစ္စရပ်များသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် ရှင်းလင်းသော ရှင်းပြချက်များနှင့် ရှင်းလင်းသော အဓိပ္ပာယ်များ ရှိသည်။ သင့်အနေဖြင့် ယုံကြည်ရန်၊ ရှာဖွေရန်၊ ထို့နောက် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်အညီ လက်တွေ့လုပ်ဆောင်ရန်သာ လိုအပ်သည်။ ထိုမျှ ရိုးရှင်းလှပေသည်။ ဘုရားသခင်သည် သင်နှင့်ပတ်သက်၍ သူလုပ်ဆောင်ရန် ရည်ရွယ်သည့်အရာ သို့မဟုတ် သင့်ကို သူမည်သို့ရှုမြင်သည်ဟူသည်ကို ခံစားချက်များအပေါ် အခြေခံ၍ အကဲဖြတ်ရန် သင့်ကို မတောင်းဆိုပေ။ သို့ဖြစ်၍ သင်၌ ကယ်တင်ခြင်းနှင့်ဆိုင်သည့် မျှော်လင့်ချက်မရှိဟု သင်ထင်သည်။ ဤသည်မှာ ခံစားချက်တစ်ခုလော သို့မဟုတ် အဖြစ်မှန်တစ်ခုလော။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက ထိုသို့ပြောဆိုခဲ့သလော။ (မပြောဆိုခဲ့ပါ။) သို့ဆိုလျှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များက မည်သည့်အရာကို ပြောဆိုသနည်း။ ဘုရားသခင်သည် လူတို့အား မည်သည့်ပြဿနာကိုမဆို ရင်ဆိုင်ရသည့်အခါ သို့မဟုတ် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ထုတ်ဖော်သည့်အခါတိုင်းတွင် ဖြေရှင်းချက်များအတွက် သမ္မာတရားကို မည်သို့ရှာဖွေကာ သမ္မာတရားအား လက်တွေ့လုပ်ဆောင်ရန် လမ်းကြောင်းကို ရှာဖွေရမည်ဟူသည်ကို ပြောပြသည်။ ဤအရာက အချက်တစ်ချက်ကို အတည်ပြုသည်။ ဘုရားသခင်သည် လူတို့ကို ကယ်တင်လိုပြီး ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ပြောင်းလဲပေးလိုသည်မှာ မှန်ကန်ပေသည်။ ဘုရားသခင်သည် သင့်ကို လှည့်ဖြားနေခြင်းမဟုတ်သည့်အပြင်၊ ဤသည်မှာ အနှစ်မဲ့စကား မဟုတ်ပေ။ သင်၌ ကယ်တင်ခြင်းနှင့်ဆိုင်သည့် မျှော်လင့်ချက်မရှိဟု သင်ထင်သော်လည်း၊ ယင်းမှာ ယာယီစိတ်အခြေအနေတစ်ခု၊ ပတ်ဝန်းကျင်တစ်ခုခုအောက်တွင် ဖြစ်ပေါ်လာသော ခံစားချက်တစ်ခုမျှသာ ဖြစ်သည်။ သင်၏ ခံစားချက်များသည် ဘုရားသခင်၏ အတွေးများကို ကိုယ်စားပြုရန် မဆိုထားနှင့်၊ သူ၏ လိုအင်ဆန္ဒများ သို့မဟုတ် ရည်ရွယ်ချက်များကို ကိုယ်စားမပြုသည့်အပြင် သမ္မာတရားကိုလည်း ကိုယ်စားမပြုပေ။ ထို့ကြောင့် သင်သည် ဤခံစားချက်ဖြင့် အသက်ရှင်နေထိုင်ပါက၊ ဘုရားသခင်၏ လိုအင်ဆန္ဒများကို အစားထိုးရန် သင်၏ ခံစားချက်ကို အသုံးပြုလျက် ဤခံစားချက်ကို အခြေခံ၍ ဘုရားသခင်အကြောင်း ထင်ကြေးများပေးပါက၊ သင်သည် ကြီးစွာ မှားယွင်းပြီး စာတန်၏ ထောင်ချောက်ထဲသို့ ကျရောက်သွားပြီ ဖြစ်သည်။ ဤအခြေအနေတွင် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ ခံစားချက်များကို အမှီမပြုနှင့်။ အချို့လူများက “ကျွန်ုပ်တို့အနေဖြင့် ခံစားချက်များကို အမှီမပြုသင့်လျှင်၊ မည်သည့်အရာကို အမှီပြုသင့်သနည်း” ဟု ပြောကြသည်။ သင်နှင့်ဆိုင်သည့် မည်သည့်အရာကိုမဆို အမှီပြုခြင်းသည် အသုံးမဝင်ပေ။ လူ့ခံစားချက်များသည် သမ္မာတရားကို ကိုယ်စားမပြုပေ။ သင်၏ ခံစားချက်က မည်သို့ဖြစ်ပေါ်လာသည်၊ အမှန်တကယ် မည်သည့်နေရာမှ လာသည်ကို မည်သူသိနိုင်သနည်း။ ယင်းသည် စာတန်၏ အထင်အမြင်မှားစေခြင်းခံရခြင်းကြောင့် ဖြစ်ပေါ်လာပါက ဒုက္ခဖြစ်စေတတ်ပေမည်။ မည်သို့ပင်ဖြစ်စေ၊ ထိုခံစားချက်က မည်သို့ဖြစ်ပေါ်လာသည်ဖြစ်စေ၊ သမ္မာတရားကို ကိုယ်စားမပြုပေ။ လူတစ်ဦး၏ ခံစားချက်များနှင့် အလိုလိုသိခြင်းက ပို၍ပြင်းထန်လေ၊ သမ္မာတရားကို ရှာဖွေရန်၊ ဘုရားသခင်ရှေ့မှောက်သို့ လာရောက်ပြီး မိမိကိုယ်ကို ဆင်ခြင်သုံးသပ်ရန် ပို၍လိုအပ်လေ ဖြစ်သည်။ လူ့ခံစားချက်များ၊ အဖြစ်မှန်များနှင့် သမ္မာတရားတို့သည် မတူညီသော အရာနှစ်ခု ဖြစ်သည်။ ခံစားချက်များက သင့်ကို သမ္မာတရားဖြင့် ထောက်ပံ့ပေးနိုင်သလော။ ယင်းတို့က သင့်ကို လက်တွေ့လုပ်ဆောင်ခြင်းလမ်းကြောင်းတစ်ခု ဆောင်ကြဉ်းပေးနိုင်သလော။ မပေးနိုင်ပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ သမ္မာတရားကသာလျှင် သင့်ကို လက်တွေ့လုပ်ဆောင်ခြင်းလမ်းကြောင်းတစ်ခု ဆောင်ကြဉ်းပေးနိုင်သည်၊ သင့်ကို အလှည့်အပြောင်းတစ်ခုကို ဆောင်ကြဉ်းပေးနိုင်ပြီး ထွက်ပေါက်တစ်ခုကို ဖွင့်ပေးနိုင်သည်။ ထို့ကြောင့် သင်လက်တွေ့လုပ်ဆောင်သင့်သည့်အရာမှာ သင်၏ ကိုယ်ပိုင်ခံစားချက်များကို ရှာဖွေခြင်းမဟုတ်ပေ။ သင်၏ ခံစားချက်များက အရေးမကြီးပေ။ သင်လုပ်ဆောင်သင့်သည့်အရာမှာ သမ္မာတရားကို ရှာဖွေရန်၊ သူ၏နှုတ်ကပတ်တော်များမှတစ်ဆင့် ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်ရန် ဘုရားသခင်ရှေ့မှောက်သို့ လာရောက်ခြင်း ဖြစ်သည်။ သင်သည် ခံစားချက်များကို ပို၍အမှီပြုလေ၊ ရှေ့ဆက်ရန် နည်းလမ်းမရှိသည်ကို ပို၍တွေ့ရှိလေ၊ အပျက်သဘောဆောင်ခြင်းထဲသို့ ပို၍နက်ရှိုင်းစွာ ကျရောက်လေဖြစ်ကာ၊ ဘုရားသခင်သည် မမျှတကြောင်း၊ ဘုရားသခင်သည် သင့်ကို ကောင်းချီးမပေးကြောင်း ပို၍ ယုံကြည်လေ ဖြစ်သည်။ ဆန့်ကျင်ဘက်အားဖြင့်၊ သင်သည် သမ္မာတရား စည်းမျဉ်းများကို ရှာဖွေရန်၊ သင်၏ တာဝန်ကို ထမ်းဆောင်သည့် ဖြစ်စဉ်တွင် မည်သည့်လုပ်ဆောင်ချက်များက သမ္မာတရား စည်းမျဉ်းများကို ချိုးဖောက်ခဲ့သည်၊ မည်သည့်လုပ်ဆောင်ချက်များကို သင်၏ ကိုယ်ပိုင်အလိုဆန္ဒအတိုင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး သမ္မာတရား စည်းမျဉ်းများနှင့် လုံးဝမသက်ဆိုင်သည်ဟူသည်တို့ကို သိမြင်ရန်၊ ဤခံစားချက်များကို ဘေးဖယ်ထားပါက၊ ရှာဖွေသည့် ဖြစ်စဉ်တွင် သင်၌ ကိုယ်ပိုင်အလိုဆန္ဒ အလွန်များကြောင်း၊ စိတ်ကူးစိတ်သန်းများ အလွန်များကြောင်းကို သင်တွေ့ရှိရလိမ့်မည်။ ဤအလေးအနက်ထားမှု အနည်းငယ်ကို ကျင့်သုံးခြင်းဖြင့်ပင်၊ ပြဿနာများစွာကို သင်ဖော်ထုတ်လိမ့်မည်။ “ကျွန်ုပ်သည် အလွန်ပုန်ကန်တတ်သည်၊ အလွန် တစ်ဇွတ်ထိုးလုပ်သည်၊ အလွန်မာနထောင်လွှားပါတကား။ ကျွန်ုပ်၌ ကယ်တင်ခြင်းနှင့်ဆိုင်သည့် မျှော်လင့်ချက်မရှိခြင်း မဟုတ်ပါ။ ကျွန်ုပ်၏ ခံစားချက်များက မတိကျခြင်းသာ ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျွန်ုပ် အလေးအနက်မထားခဲ့ခြင်းနှင့် သမ္မာတရား စည်းမျဉ်းများအတိုင်း လက်တွေ့မလုပ်ဆောင်ခဲ့ခြင်းသာ ဖြစ်သည်။ ဘုရားသခင်က ကျွန်ုပ်ကို ကောင်းချီးမပေးကြောင်း၊ လမ်းမပြခဲ့ကြောင်းနှင့် မျက်နှာလိုက်ကြောင်းတို့ကို ကျွန်ုပ် အမြဲတစေ ညည်းညူခဲ့သော်လည်း၊ အမှန်တကယ်တွင် ကျွန်ုပ်သည် မိမိ၏ တာဝန်ထမ်းဆောင်မှု၌ ဝတ်ကျေတမ်းကျေဖြစ်ကြောင်း၊ တဇွတ်ထိုးလုပ်တတ်ပြီး မဆင်မခြင် ဖြစ်ခဲ့ကြောင်းကို အသိအမှတ်မပြုခဲ့ပါ။ ဤသည်မှာ ကျွန်ုပ်၏ အပြစ် ဖြစ်သည်။ ယခု ကျွန်ုပ် နားလည်သဘောပေါက်သွားပြီဖြစ်သည်၊ ဘုရားသခင်သည် မျက်နှာလိုက်ခြင်း မရှိပေ။ လူတို့သည် သမ္မာတရားကို မရှာဖွေသည့်အခါ သို့မဟုတ် ဘုရားသခင်ရှေ့မှောက်သို့ မလာသည့်အခါ၊ ဘုရားသခင်သည် တာဝန်ထမ်းဆောင်ရန် ၎င်းတို့၏ အရည်အချင်းကို မရုပ်သိမ်းခြင်းဖြင့်ပင် ၎င်းတို့အပေါ် ကောင်းမြတ်နှင့်နေပြီး ဖြစ်သည်၊ ဘုရားသခင်သည် ဤကိစ္စ၌ အလွန်ပင် သက်ညှာနှင့်နေပြီး ဖြစ်သည်။ သို့သော်လည်း ကျွန်ုပ်သည် မကျေနပ်ချက်များဖြင့် ပြည့်နေသည်ဟု ခံစားရဆဲဖြစ်ခဲ့ပြီး ဘုရားသခင်နှင့်ပင် ယှဉ်ပြိုင်ကာ အငြင်းအခုံပြုခဲ့သည်။ ယခင်က ကျွန်ုပ်သည် မိမိကိုယ်ကို အတော်ကောင်းသည်ဟု ထင်ခဲ့သော်လည်း၊ ယခုအခါတွင် ထိုသို့ လုံးဝမဟုတ်ကြောင်း ကျွန်ုပ် မြင်တွေ့ရပြီ။ ကျွန်ုပ်လုပ်ဆောင်သည့်အရာ မည်သည့်အရာမဆိုသည် စည်းမျဉ်းများကို အခြေမခံခဲ့ပါ။ ဘုရားသခင်က ကျွန်ုပ်ကို ဆုံးမပဲ့ပြင်ခြင်းမပြုခဲ့သည်မှာ သူ၏ ကျေးဇူးတော်သာ ဖြစ်သည်။ သူသည် ကျွန်ုပ်၏ သေးငယ်သော ဝိညာဉ်ရင့်ကျက်မှုကို အသိအမှတ်ပြုခဲ့သည်တကား” ဟူ၍ ဖြစ်သည်။ ထိုသို့သော ရှာဖွေခြင်းမှတစ်ဆင့် သင်သည် အချို့သော သမ္မာတရားများကို နားလည်လာပြီး သမ္မာတရား စည်းမျဉ်းများအတိုင်း တက်ကြွစွာ လက်တွေ့လုပ်ဆောင်ရန် အစပြုနိုင်လိမ့်မည်။ တဖြည်းဖြည်းနှင့် သင်သည် ကျင့်ကြံပြုမူရာ၌လည်းကောင်း၊ မိမိ၏ တာဝန်ကို ထမ်းဆောင်ရာ၌လည်းကောင်း အချို့သော စည်းမျဉ်းများရှိသည်ဟု ခံစားလာရလိမ့်မည်။ ဤအချိန်တွင် သင်၏ အသိစိတ်၌ ပို၍ စိတ်အေးလက်အေးဖြစ်မည် မဟုတ်လော။ “ယခင်က ကျွန်ုပ်၌ ကယ်တင်ခြင်းနှင့်ဆိုင်သည့် မျှော်လင့်ချက်မရှိဟု ခံစားခဲ့ရသော်လည်း၊ ယခုတွင် အဘယ်ကြောင့် ဤခံစားချက်၊ ဤအသိစိတ်သည် တိုး၍တိုး၍ မှေးမှိန်သွားရသနည်း။ ဤအခြေအနေသည် မည်သို့ ပြောင်းလဲသွားရသနည်း။ ယခင်က ကျွန်ုပ်၌ မျှော်လင့်ချက်မရှိဟု ထင်ခဲ့သည်။ ယင်းသည် အပျက်သဘောဆောင်ခြင်းနှင့် အတိုက်အခံပြုခြင်း၊ ဘုရားသခင်ကို ဆန့်ကျင်တိုက်ခိုက်ခြင်းမျှသာ မဟုတ်ခဲ့သလော။ ကျွန်ုပ်သည် အလွန်ပင် ပုန်ကန်တတ်လွန်းခဲ့ပါတကား” ဟူ၍ ဖြစ်သည်။ ကျိုးနွံနာခံပြီးနောက်၊ သင်၏ တာဝန်ကို ထမ်းဆောင်သည့် ဖြစ်စဉ်တွင် မသိလိုက်ဘဲ သင်သည် အချို့သော စည်းမျဉ်းများကို စတင်နားလည်လာလိမ့်မည်ဖြစ်ပြီး၊ အခြားသူများနှင့် မိမိကိုယ်ကို နှိုင်းယှဉ်တော့မည် မဟုတ်ပေ။ သင်သည် ဝတ်ကျေတမ်းကျေဖြစ်ခြင်းအား မည်သို့ရှောင်ရှားရမည်ဟူသည်နှင့် သင်၏ တာဝန်များကို စည်းမျဉ်းများနှင့်အညီ မည်သို့ထမ်းဆောင်ရမည်ဟူသည်တို့ကိုသာ အာရုံစိုက်လိမ့်မည်။ မသိလိုက်ဘဲနှင့်၊ သင်သည် ကယ်တင်ခြင်းမခံရနိုင်ဟု ခံစားရလိမ့်မည် မဟုတ်တော့သည့်အပြင်၊ ထိုအပျက်သဘောဆောင်သော အခြေအနေတွင် ပိတ်မိနေတော့မည် မဟုတ်ပေ။ သင်သည် သင်၏ တာဝန်များကို စည်းမျဉ်းများအတိုင်း ထမ်းဆောင်လိမ့်မည်ဖြစ်ပြီး၊ ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးသည်လည်း ပုံမှန်ဖြစ်လာသည်ဟု ခံစားရလိမ့်မည်။ သင့်တွင် ဤခံစားချက်ရှိသည့်အခါ၊ သင်က “ဘုရားသခင်က ကျွန်ုပ်ကို မစွန့်ပစ်သေးပါတကား။ ကျွန်ုပ်သည် ကျွန်ုပ်၏ တာဝန်များကို ထမ်းဆောင်စဉ် ဘုရားသခင်ကို ရှာဖွေသည့်အခါ ဘုရားသခင်၏ မျက်မှောက်တော်ကို ခံစားရပြီး သူ၏ လမ်းညွှန်မှုနှင့် ကောင်းချီးမင်္ဂလာများကို ခံစားနိုင်သည်။ ဘုရားသခင်သည် အခြားသူများကို ကောင်းချီးပေးပြီး ကျွန်ုပ်ကိုလည်း ကောင်းချီးပေးကြောင်း၊ ဘုရားသခင်သည် မျက်နှာလိုက်ခြင်းမရှိကြောင်းတို့ကို ကျွန်ုပ် နောက်ဆုံးတွင် ခံစားရလေပြီ။ ကျွန်ုပ်၌ ကယ်တင်ခြင်းနှင့်ဆိုင်သည့် မျှော်လင့်ချက် ရှိနေသေးပုံရသည်။ လက်စသတ်တော့၊ ယခင်က ကျွန်ုပ် လျှောက်လှမ်းခဲ့သော လမ်းကြောင်းက မှားယွင်းခဲ့ပေသည်။ ကျွန်ုပ်သည် မိမိ၏ တာဝန်ကို ထမ်းဆောင်ရာတွင် အမြဲတစေ ဝတ်ကျေတမ်းကျေ လုပ်ဆောင်ပြီး မဆင်မခြင်သော အမှားများကို ကျူးလွန်ခဲ့သည့်အပြင် မိမိ၏ ကိုယ်ပိုင်ကမ္ဘာငယ်လေးထဲတွင် အသက်ရှင်ပြီး မိမိကိုယ်ကို အထင်ကြီးလေးစားနေခဲ့လျက် မိမိကိုယ်ကို အဆင်ပြေသည်ဟုပင် ထင်ခဲ့သည်။ ယခုအခါတွင် ထိုသို့လုပ်ဆောင်ခြင်းက ကြီးစွာသော အမှားဖြစ်ကြောင်း ကျွန်ုပ် မြင်တွေ့ရပြီ။ ဘုရားသခင်ကို ကန့်ကွက်ပြောဆိုပြီး အတိုက်အခံပြုသော အခြေအနေတစ်ခုတွင် လုံးလုံး အသက်ရှင်နေထိုင်ခဲ့သည့်အခါ၊ ဘုရားသခင်၏ ဉာဏ်အလင်းပေးခြင်းကို ကျွန်ုပ် မရရှိခဲ့သည်မှာ အံ့ဩစရာမရှိပါ။ ကျွန်ုပ်သည် စည်းမျဉ်းများအတိုင်း မလုပ်ဆောင်ပါက ဘုရားသခင်၏ ဉာဏ်အလင်းပေးခြင်းကို မည်သို့ ရရှိနိုင်မည်နည်း”ဟု စဉ်းစားမိလိမ့်မည်။ သင် မြင်သည် မဟုတ်လော၊ လုံးဝကွဲပြားခြားနားသော လက်တွေ့လုပ်ဆောင်ခြင်းနည်းလမ်းနှစ်မျိုး၊ မိမိ၏ ကိုယ်ပိုင်စိတ်ကူးများကို ကိုင်တွယ်ဖြေရှင်းသည့် လုံးဝကွဲပြားခြားနားသော နည်းလမ်းနှစ်မျိုးသည် နောက်ဆုံးတွင် မတူကွဲပြားသောရလဒ်များကို ဖြစ်ပေါ်စေသည်။
လူတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်း၌ မိမိတို့၏ ခံစားချက်များဖြင့် အသက်ရှင်၍မရပေ။ လူတို့၏ ခံစားချက်များသည် ယာယီစိတ်အခြေအနေများသာ ဖြစ်သည်။ ယင်းတို့သည် ၎င်းတို့၏ အဆုံးသတ်များနှင့် ပတ်သက်မှု တစ်ခုတလေရှိသလော။ အဖြစ်မှန်များနှင့်ကော ပတ်သက်မှုရှိသလော။ (မရှိပါ။) လူတို့သည် ဘုရားသခင်ထံမှ ဝေးရာသို့ လမ်းလွဲသောအခါ၊ ဘုရားသခင်ကို နားလည်မှုလွဲသည့် စိတ်အခြေအနေတစ်ခုတွင် ၎င်းတို့ ရှင်သန်သောအခါ၊ သို့မဟုတ် ဘုရားသခင်ကို အာခံပြီး အတိုက်အခံလုပ်သောအခါ၊ ဘုရားသခင်ကို ပွက်ပွက်ညံအောင် ကန့်ကွက်သောအခါတွင် ၎င်းတို့သည် ဘုရားသခင်၏ စောင့်ရှောက်မှုနှင့် ကွယ်ကာမှုကို လုံးဝ စွန့်ပစ်ပြီးဖြစ်သည်၊ ပြီးလျှင် ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဘုရားသခင်အတွက် နေရာတစ်ခု မရှိတော့ပေ။ လူတို့သည် ဤသို့သော အခြေအနေတွင် အသက်ရှင်သောအခါ ၎င်းတို့သည် ကိုယ်ပိုင်ခံစားချက်များဖြင့် အသက်မရှင်ဘဲ မနေနိုင်ပေ။ အတွေးလေးအချို့သည် ၎င်းတို့ကို မစားနိုင်၊ သို့မဟုတ် မအိပ်နိုင်သည်အထိ အလွန် စိတ်ဆင်းရဲစေနိုင်သည်၊ တစ်စုံတစ်ယောက်ထံမှ ပေါ့ပေါ့တန်တန် မှတ်ချက်တစ်ခုသည် ၎င်းတို့ကို မှန်းချက်နှင့် စိတ်ရှုပ်ထွေးမှုထဲသို့ ကျရောက်စေနိုင်ပြီး အိပ်မက်ဆိုးတစ်ခုမျှကပင် ၎င်းတို့ကို အပျက်သဘောဆောင်ပြီး ဘုရားသခင်ကို နားလည်မှုလွဲစေနိုင်သည်။ ဤရုန်းမထွက်နိုင်သည့် သံသရာဝဲဂယက်ဖြစ်ပေါ်လာသည်နှင့် လူတို့က ၎င်းတို့အတွက် ဇာတ်သိမ်းသွားပြီဟုလည်းကောင်း၊ ကယ်တင်ခြင်းခံရရန် မျှော်လင့်ချက်အားလုံး ဆုံးရှုံးသွားပြီဟုလည်းကောင်း၊ ဘုရားသခင်၏ စွန့်ပစ်ခြင်းကို ခံရပြီဟုလည်းကောင်း၊ ပြီးလျှင် ဘုရားသခင်က ၎င်းတို့ကို ကယ်တင်မည်မဟုတ်ဟုလည်းကောင်း တွက်ချက်ကြသည်။ ဤသို့ ထင်လေလေ၊ ဤသို့သော ခံစားချက်ရှိလေလေ၊ အပျက်သဘောဆောင်မှုထဲသို့ ၎င်းတို့ကျရောက်လေလေဖြစ်သည်။ လူတို့တွင် ဤခံစားချက်များရှိရသည့် တကယ့်အကြောင်းပြချက်သည် သမ္မာတရားကို ၎င်းတို့ မရှာသောကြောင့်၊ သို့မဟုတ် သမ္မာတရားစည်းမျဉ်းများနှင့်အညီ လက်တွေ့လုပ်ဆောင်ခြင်း မရှိသောကြောင့်ဖြစ်သည်။ လူတို့သည် တစ်စုံတစ်ရာ ကြုံတွေ့ရသည့်အခါ သမ္မာတရားကို မရှာဖွေ၊ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ဘဲ မိမိတို့၏ သဘောအတိုင်း အစဉ်လုပ်ဆောင်ကာ မိမိတို့၏ သေးနုပ်သော ဉာဏ်နီဉာဏ်နက်များအလယ်တွင် အသက်ရှင်နေထိုင်ကြ၏။ သူတို့သည် နေ့ရက်တိုင်းကို မိမိတို့ကိုယ်ကို သူတစ်ပါးနှင့် နှိုင်းယှဉ်ခြင်း၊ ယှဉ်ပြိုင်ခြင်းတို့ဖြင့် ကုန်ဆုံးစေကြပြီး မိမိတို့ထက် သာသည်ဟု ယူဆသူတိုင်းကို မနာလို၍ မုန်းတီးကာ မိမိတို့ထက် နိမ့်ကျသည်ဟု ယူဆသူတိုင်းကိုမူ လှောင်ပြောင်ပြီး သရော်ကြ၏၊ စာတန်၏ စိတ်သဘောထားဖြင့် အသက်ရှင်နေထိုင်လျက် သမ္မာတရား စည်းမျဉ်းများနှင့်အညီ အမှုအရာတို့ကို မလုပ်ဆောင်ဘဲ လူတစ်ဦးတလေ၏ အကြံဉာဏ်ကိုမဆို လက်ခံရန် ငြင်းပယ်ကြ၏။ ဤအရာက အဆုံးတွင် သူတို့ကို အမျိုးမျိုးသော ထင်ယောင်ထင်မှားဖြစ်ခြင်းများ၊ ထင်ကြေးပေးမှုများနှင့် ဝေဖန်သုံးသပ်ခြင်းများ ဖြစ်ပေါ်လာစေပြီး မိမိတို့ကိုယ်ကို အစဉ်အမြဲ စိုးရိမ်ပူပန်စေ၏။ ပြီးလျှင် ၎င်းတို့သည် ဤအရာနှင့် မထိုက်တန်သလော။ ထိုသို့သော ခါးသီးသည့် အကျိုးတရားကို မိမိတို့ကိုယ်တိုင်သာ ခံစားနိုင်ပြီး သူတို့သည် ထိုအရာနှင့် အမှန်တကယ် ထိုက်တန်ပေသည်။ ဤအရာအားလုံးကို မည်သည့်အရာက ဖြစ်စေသနည်း။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် လူတို့သည် သမ္မာတရားကို မရှာဖွေကြသောကြောင့်လည်းကောင်း၊ အလွန်အမင်း မာနထောင်လွှားပြီး မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်သောကြောင့်လည်းကောင်း၊ ၎င်းတို့ကိုယ်တိုင်၏ စိတ်ကူးများနှင့်အညီ အစဉ်သဖြင့် ပြုမူလုပ်ဆောင်နေကြသောကြောင့်လည်းကောင်း၊ အစဉ်သဖြင့် ကြွားဝါပြီး မိမိတို့ကိုယ်ကို သူတစ်ပါးတို့နှင့် နှိုင်းယှဉ်ကြသောကြောင့်လည်းကောင်း၊ အစဉ်သဖြင့် မိမိတို့ကိုယ်ကို အသိအမှတ်ပြုခံရရန် ကြိုးစားနေသောကြောင့်လည်းကောင်း၊ အစဉ်သဖြင့် ဘုရားသခင်အား ကျိုးကြောင်းမသင့်သော တောင်းဆိုမှုများပြုနေကြသောကြောင့်လည်းကောင်း စသဖြင့်တို့ကြောင့် ဖြစ်သည်။ ဤအရာအားလုံးတို့သည် လူတို့ကို ဘုရားသခင်ထံမှ တဖြည်းဖြည်းချင်း သွေဖည်စေသည်။ ထပ်ခါထပ်ခါ ဘုရားသခင်ကို အတိုက်အခံလုပ်ပြီး သမ္မာတရားကို ချိုးဖောက်စေသည်။ အဆုံးတွင် ၎င်းတို့သည် မှောင်မိုက်ခြင်းနှင့် အပျက်သဘောဆောင်ခြင်းထဲသို့ မိမိတို့ကိုယ်ကို ကျရောက်စေသည်။ ထိုသို့သောအချိန်များတွင် လူတို့သည် ဤအမှုအရာများကို မှန်ကန်သော သဘောထားဖြင့် ချဉ်းကပ်နိုင်ရန်မှာ မဆိုထားနှင့်၊ မိမိတို့၏ ပုန်ကန်မှုနှင့် ဆန့်ကျင်ခြင်းကို အမှန်တကယ် နားလည်ခြင်း မရှိကြပေ။ ယင်းအစား သူတို့သည် ဘုရားသခင်ကို စောဒကတက်ကြပြီး ဘုရားသခင်ကို အထင်အမြင်လွဲမှားကာ ကိုယ်တော်နှင့်ပတ်သက်၍ ထင်ကြေးပေးကြလေသည်။ ဤသို့ဖြစ်ပျက်သောအခါ လူတို့သည် နောက်ဆုံးတွင် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးမှုက အလွန်နက်ရှိုင်းသည်ကိုလည်းကောင်း၊ ၎င်းတို့သည် အလွန်ပင် ဒုက္ခပေးတတ်သည်ကိုလည်းကောင်း သဘောပေါက်ကြသည်။ ထို့ကြောင့် ၎င်းတို့သည် ဘုရားသခင်ကို ဆန့်ကျင်သော လူစားမျိုးဖြစ်သည်ဟု သတ်မှတ်ကြပြီး မထိန်းနိုင်ဘဲ အပျက်သဘောဆောင်ခြင်းထဲသို့သာ ကျရောက်သွားကာ မိမိတို့ကိုယ်ကို ပြန်၍ ဆွဲမထုတ်နိုင်ကြပေ။ ၎င်းတို့ယုံကြည်ကြသည်မှာ “ဘုရားသခင်က ငါ့ကို ပစ်ပစ်ခါခါ ငြင်းတယ်။ ဘုရားသခင်က ငါ့ကို အလိုမရှိဘူး။ ငါက အရမ်းပုန်ကန်လွန်းတယ်။ ဒါက ငါနဲ့တန်တယ်။ ဘုရားသခင်က သေချာပေါက် ငါ့ကို ကယ်တင်မှာမဟုတ်တော့ဘူး။” ဟူ၍ ဖြစ်သည်။ ဤအရာအားလုံးမှာ အမှန်တရားများဖြစ်သည်ဟု ၎င်းတို့က ယုံကြည်ကြသည်။ ၎င်းတို့စိတ်နှလုံးအတွင်းရှိ ခန့်မှန်းချက်များကို အမှန်ဖြစ်သည်ဟု သတ်မှတ်ကြသည်။ ၎င်းတို့နှင့် မည်သူက သမ္မာတရားကို မိတ်သဟာယဖွဲ့သည်ဖြစ်စေ အကျိုးမထူးပေ။ ဤအရာကို ၎င်းတို့ လက်မခံကြချေ။ ၎င်းတို့ထင်မြင်သည်မှာ “ဘုရားက ငါ့ကို ကောင်းချီးပေးမှာမဟုတ်ဘူး။ ကယ်တင်မှာမဟုတ်ဘူး။ ဒီတော့ ဘုရားကို ယုံကြည်နေလို့ ဘာအကျိုးရှိမှာလဲ။” ဟူ၍ ဖြစ်သည်။ ဘုရားသခင်အပေါ် ၎င်းတို့၏ ယုံကြည်ခြင်းလမ်းကြောင်းသည် ဤအခြေအနေသို့ ရောက်သောအခါတွင် လူတို့သည် ယုံကြည်နိုင်စွမ်းရှိသေးသလော။ မရှိပေ။ ၎င်းတို့သည် အဘယ်ကြောင့် ရှေ့မဆက်နိုင်တော့သနည်း။ ဤတွင် အမှန်တရားတစ်ခုရှိသည်။ လူတို့၏ အပျက်သဘောဆောင်ခြင်းသည် အတိုင်းအတာတစ်ခုသို့ ရောက်ရှိပြီး သူတို့၏စိတ်နှလုံးများက အတိုက်အခံလုပ်ခြင်းနှင့် စောဒကတက်ခြင်းတို့ဖြင့် ပြည့်နှက်ကာ ဘုရားသခင်နှင့် သူတို့၏ဆက်ဆံရေးကို အပြီးတိုင် ဖြတ်တောက်လိုသည့်အခါ ၎င်းသည် သူတို့ ဘုရားသခင်ကို မကြောက်ရွံ့ခြင်း၊ ဘုရားသခင်ကို ကျိုးနွံနာခံမှုမရှိခြင်း၊ သမ္မာတရားကို မချစ်ခြင်းနှင့် သမ္မာတရားကို လက်မခံခြင်းကဲ့သို့ ရိုးရှင်းသော အရာတစ်ခုမျှသာ မဟုတ်တော့ချေ။ ယင်းအစား ၎င်းသည် အဘယ်အရာဖြစ်သနည်း။ သူတို့၏ စိတ်နှလုံးထဲတွင် ဘုရားသခင်အပေါ် သူတို့၏ယုံကြည်ခြင်းကို စွန့်လွှတ်ရန် တက်ကြွစွာ ရွေးချယ်ကြခြင်း ဖြစ်သည်။ ဖယ်ရှားရှင်းလင်းခြင်းခံရမည်ကို ဘာသိဘာသာ စောင့်ဆိုင်းနေခြင်းသည် ရှက်ဖွယ်ရာဖြစ်ပြီး အရှုံးပေးရန် ရွေးချယ်ခြင်းက ပို၍ ဂုဏ်သိက္ခာရှိသည်ဟု သူတို့ ထင်ကြသောကြောင့် သူတို့သည် မိမိတို့၏အခွင့်အရေးကို စွန့်လွှတ်ရန် အလျင်ဦးအောင် လုပ်ဆောင်ကာ အမှုအရာများကို မိမိတို့ဘာသာ အဆုံးသတ်လိုက်ကြသည်။ သူတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်းသည် မကောင်းဟု ပြစ်တင်ရှုတ်ချကြပြီး သမ္မာတရားသည် လူတို့ကို မပြောင်းလဲနိုင်ဟု ပြစ်တင်ရှုတ်ချကြကာ ဘုရားသခင်သည် ဖြောင့်မတ်ခြင်းမရှိဟု ပြစ်တင်ရှုတ်ချလျက် ကိုယ်တော်က သူတို့ကို မကယ်တင်သည့်အတွက် စောဒကတက်ကြသည်။ “အကျွန်ုပ်သည် အလွန်လုံ့လဝီရိယရှိပါ၏၊ အခြားသူများထက် များစွာသော ဆင်းရဲဒုက္ခကို ပို၍ခံရပြီး လူအပေါင်းတို့ထက် များစွာသော အဖိုးအခကို ပို၍ပေးဆပ်ပါ၏၊ အကျွန်ုပ်၏တာဝန်ကို ရိုးသားစွာ ထမ်းဆောင်ပါ၏၊ သို့တိုင် ဘုရားသခင်သည် ကျွန်ုပ်ကို ကောင်းချီးမပေးပါ။ ယခုမူ ဘုရားသခင်သည် ကျွန်ုပ်ကို မနှစ်သက်ကြောင်းနှင့် လူတို့ကို ညီတူညီမျှ မဆက်ဆံကြောင်းကို ကျွန်ုပ် ရှင်းလင်းစွာ သိမြင်ရလေပြီ” ဟူ၍ ဖြစ်သည်။ သူတို့သည် ဘုရားသခင်နှင့်ပတ်သက်သော သူတို့၏သံသယများကို ဘုရားသခင်အား ပြစ်တင်ရှုတ်ချခြင်းနှင့် ကိုယ်တော်အား ပြစ်မှားစော်ကားခြင်းအဖြစ်သို့ ပြောင်းလဲပစ်ဝံ့ကြသည်။ ဤအဖြစ်မှန် ပုံပေါ်လာသည့်အခါ သူတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်း၏ လမ်းခရီးပေါ်တွင် ဆက်လက်ရှိနေနိုင်ဦးမည်လော။ ၎င်းတို့သည် ဘုရားသခင်ကို ပုန်ကန်ပြီး ဆန့်ကျင်သောကြောင့်၊ သမ္မာတရားကို လက်မခံသောကြောင့်၊ မိမိတို့ကိုယ်ကို လုံးဝ ဆင်ခြင်သုံးသပ်ခြင်းမရှိသောကြောင့် ၎င်းတို့သည် ပျက်စီးဆုံးရှုံးရပြီးဖြစ်သည်။ တစ်စုံတစ်ဦးသည် မိမိ၏ ကိုယ်ပိုင်အစပြုမှုဖြင့် ဘုရားသခင်ကို စွန့်လွှတ်ပြီးနောက် ဘုရားသခင်က ၎င်းတို့ကို ကောင်းချီးမပေးကြောင်း သို့မဟုတ် ကျေးဇူးတော်မပြကြောင်း ညည်းညူခြင်းသည် ယုတ္တိမတန်ဖြစ်သည် မဟုတ်လော။ လူတိုင်းသည် မိမိတို့၏ ကိုယ်ပိုင်လမ်းကြောင်းကို ရွေးချယ်ပြီး မိမိတို့ဘာသာ လျှောက်လှမ်းကြသည်။ မည်သူမျှ ၎င်းတို့အတွက် ထိုသို့မလုပ်ဆောင်ပေးနိုင်ပေ။ တစ်ဖက်ပိတ်လမ်းကို ရွေးချယ်ပြီးသည့်သူမှာ သင်သာလျှင် ဖြစ်သည်။ ဘုရားသခင်ကို စွန့်လွှတ်ပြီး သူ့ကို ငြင်းပယ်ခဲ့သူမှာ သင်သာလျှင် ဖြစ်သည်။ အစမှအဆုံးတိုင်အောင် ဘုရားသခင်က သူ့အနေဖြင့်သင့်ကို အလိုမရှိကြောင်း၊ သို့မဟုတ် သင့်အပေါ် လက်လျှော့ပြီးဖြစ်ကြောင်း၊ သို့မဟုတ် သင့်ကို ကယ်တင်ရန် ငြင်းဆိုကြောင်း မည်သည့်အခါမျှ မပြောဆိုခဲ့ပေ။ သင်၏ မှန်းဆချက်များကို အခြေခံ၍ ဘုရားသခင်ကို ဘောင်ခတ်သတ်မှတ်ခဲ့သူမှာ သင် ဖြစ်သည်။ သင်သည် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ပြီး သူက သင့်ကို အလိုမရှိလျှင်ပင် သင်သည် ဘုရားသခင်ကို ယုံကြည်ဦးမည်ဖြစ်ပြီး သူက သင့်အား စက်ဆုပ်ရွံရှာလျှင်ပင် သင်သည် ဘုရားသခင်ကို ယုံကြည်ဦးမည်ဖြစ်ကာ သူ၏ နှုတ်ကပတ်တော်များကို ဆက်လက်ဖတ်ရှုပြီး သမ္မာတရားကို လက်ခံသည့်အပြင် သင်၏ တာဝန်များကို ပုံမှန်အတိုင်း ထမ်းဆောင်နေမည်ဆိုလျှင် သင့်ကို မည်သူက ကန့်သတ်နိုင်မည်နည်း သို့မဟုတ် တားဆီးနိုင်မည်နည်း။ သင်၏ ကိုယ်ပိုင်ရွေးချယ်မှုများနှင့် လိုက်စားမှုများနှင့် သက်ဆိုင်သည်ချည်းသာ မဟုတ်လော။ သင်ကိုယ်တိုင်သည် ယုံကြည်ခြင်း ကင်းမဲ့နေပါလျက် ဘုရားသခင်ကို စောဒကတက်ရန် လှည့်လာသည်။ ဤသည်မှာ ယုတ္တိမတန်ခြင်း ဖြစ်သည်။ သင်သည် ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးကို မထိန်းသိမ်းသည့်အပြင် ယင်းကို မရမက ဖျက်ဆီးနေသည်။ အက်ကြောင်းတစ်ခု ဖြစ်သည်နှင့်တစ်ပြိုင်နက် ယင်းကို နဂိုအခြေအနေသို့ ပြန်ရောက်စေနိုင်သလော။ ကွဲနေသောမှန်ကို ပြန်ဆက်ရန်ခက်ပြီး၊ ပြန်ဆက်လျှင်ပင် ထိုအက်ကြောင်းက ရှိနေလိမ့်ဦးမည်ဖြစ်သည်။ ယခု ဆက်ဆံရေး ပြိုကွဲသွားပြီဖြစ်သောကြောင့် ယင်းကို မူလအခြေအနေသို့ မည်သည့်အခါမျှ ပြန်လည်ရောက်ရှိစေ၍ မရနိုင်ပေ။ သို့ဖြစ်၍ ဘုရားသခင်ကို ယုံကြည်သည့်လမ်းကြောင်းတစ်လျှောက်တွင် မည်သည့်ပတ်ဝန်းကျင်မျိုးကို ကြုံတွေ့ရသည်ဖြစ်စေ၊ လူတို့သည် ကျိုးနွံနာခံတတ်ရန် သင်ယူသင့်ပြီး သမ္မာတရားကို ရှာဖွေသင့်သည်။ ထိုသို့ပြုမှသာ ၎င်းတို့သည် ခိုင်မာစွာ ရပ်တည်နိုင်မည်ဖြစ်သည်။ သင်သည် လမ်းဆုံးတိုင်အောင် ဘုရားသခင်နောက်သို့ လိုက်လိုပါက သမ္မာတရားကို လိုက်စားရန် အလွန်အရေးကြီးသည်။ သင်၏ တာဝန်များကို ထမ်းဆောင်ရာ၌ဖြစ်စေ၊ အခြားအရာတစ်ခုတလေကို လုပ်ဆောင်ရာ၌ဖြစ်စေ၊ သမ္မာတရား စည်းမျဉ်းများကို နားလည်ပြီး ယင်းတို့ကို လက်တွေ့လုပ်ဆောင်ကာ အကောင်အထည်ဖော်ခြင်းသည် မရှိမဖြစ်လိုအပ်သည်။ အဘယ်ကြောင့်ဆိုသော် သမ္မာတရားကို နားလည်သဘောပေါက်ခြင်းနှင့် သမ္မာတရား စည်းမျဉ်းများနှင့်အညီ လက်တွေ့လုပ်ဆောင်ခြင်း လုပ်ငန်းစဉ်မှတစ်ဆင့် သင်သည် ဘုရားသခင်ကို သိရှိ၊ နားလည်၊ သဘောပေါက်လာပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်သဘောပေါက်နိုင်လာကာ ယင်းက သင့်ကို ကိုယ်တော်နှင့် သဟဇာတဖြစ်စေလျက် ကိုယ်တော်၏ အနှစ်သာရကို သဘောပေါက်နားလည်ပြီး လက်ခံနိုင်စွမ်းကို ရရှိစေသောကြောင့် ဖြစ်၏။ သင်သည် သမ္မာတရား စည်းမျဉ်းများကို လက်တွေ့မလုပ်ဆောင်သည့်အပြင်၊ သင်၏ ကိုယ်ပိုင်အလိုဆန္ဒအတိုင်းသာ ပြုမူပါက သို့မဟုတ် သင်၏ တာဝန်များကို ထမ်းဆောင်ပါက၊ သင်သည် သမ္မာတရားကို မည်သည့်အခါမျှ ထိတွေ့လာရလိမ့်မည် မဟုတ်ပေ။ သမ္မာတရားကို မည်သည့်အခါမျှ ထိတွေ့လာရလိမ့်မည်မဟုတ်ဟူသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းမှာ သင်သည် အရာရာတိုင်းအပေါ် ဘုရားသခင်၏ သဘောထား၊ သူ၏ သတ်မှတ်ချက်များ သို့မဟုတ် သူ၏ အကြံစည်တော်များနှင့် မည်သည့်အခါမျှ ထိတွေ့ရလိမ့်မည်မဟုတ်ဟု ဆိုလိုသည်။ ပြီးလျှင် သူ၏ အမှုတော်တွင် ထုတ်ဖော်ထားသည့်အတိုင်း ဘုရားသခင်၏ စိတ်သဘောထား၊ အနှစ်သာရတို့နှင့် သင်ထိတွေ့ရန်မှာ သာ၍ပင် ဖြစ်နိုင်ခြေနည်းပေသည်။ သင်သည် ဘုရားသခင်၏ အမှုတော်နှင့်ဆိုင်သော ဤအဖြစ်မှန်များနှင့် ထိတွေ့နိုင်ခြင်းမရှိပါက၊ ဘုရားသခင်အပေါ် သင်၏ နားလည်သဘောပေါက်မှုသည် လူ့စိတ်ကူးစိတ်သန်းများနှင့် အယူအဆများထိသာ အစဉ်အမြဲကန့်သတ်ခံရလိမ့်မည်။ ယင်းသည် စိတ်ကူးစိတ်သန်းများနှင့် အယူအဆများ နယ်ပယ်အတွင်း၌သာ ရှိနေလိမ့်မည်ဖြစ်ပြီး ဘုရားသခင်၏ အနှစ်သာရ၊ စစ်မှန်သော စိတ်သဘောထားတို့နှင့် မည်သည့်အခါမျှ ကိုက်ညီလိမ့်မည် မဟုတ်ပေ။ ဤနည်းအားဖြင့် သင်သည် ဘုရားသခင်အပေါ် စစ်မှန်သော နားလည်သဘောပေါက်မှုတစ်ခုကို စွမ်းဆောင်ရရှိနိုင်လိမ့်မည် မဟုတ်ပေ။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။