ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၁၇) အခန်း ငါး

မိမိတို့၏ တာဝန်များကို ထမ်းဆောင်သည့် လုပ်ငန်းစဉ်တွင် လူတို့သည် အပျက်သဘောဆောင်ပြီး ပုန်ကန်သော အခြေအနေများကို မကြာခဏ တွေ့ကြုံရသည်။ အကယ်၍ ၎င်းတို့သည် သမ္မာတရားကို ရှာဖွေနိုင်ပြီး ဤပြဿနာများကို ကိုင်တွယ်ဖြေရှင်းရန် သမ္မာတရား စည်းမျဉ်းများကို အသုံးပြုနိုင်ပါက၊ ၎င်းတို့၏ အပျက်သဘောဆောင်သော စိတ်ခံစားမှုများသည် မကျေနပ်ချက်များ၊ အတိုက်အခံလုပ်ခြင်း၊ အာခံခြင်း၊ ပွက်ပွက်ညံအောင် ကန့်ကွက်ခြင်း သို့မဟုတ် ပြစ်မှားစော်ကားခြင်းအဖြစ်သို့ပင် ပြောင်းလဲသွားလိမ့်မည် မဟုတ်ပေ။ သို့သော်လည်း လူတို့သည် မိမိတို့၏ သေးနုပ်သော ပါးနပ်မှု၊ လူ့ကိုယ်ပိုင်ချုပ်တည်းမှု၊ လူ့အားထုတ်မှု၊ လုံ့လဝီရိယ၊ ကိုယ့်ကိုယ်ကိုယ် ထိုး၍နှိပ်စက်ခြင်းနှင့် အခြားထိုသို့သော ချဉ်းကပ်နည်းများအပေါ်တွင်သာ မှီခို၍ ဤအရာများကို ကိုင်တွယ်ဖြေရှင်းပါက၊ အနှေးနှင့်အမြန် ဤလူ့စိတ်ကူးစိတ်သန်းများ၊ ဝေဖန်အကဲဖြတ်ချက်များနှင့် ထင်ကြေးပေးခြင်းတို့သည် ဘုရားသခင်အပေါ် အပြစ်တင်မြည်တမ်းခြင်း၊ အာခံခြင်း၊ အတိုက်အခံလုပ်ခြင်း၊ ပွက်ပွက်ညံအောင် ကန့်ကွက်ခြင်းနှင့် ပြစ်မှားစော်ကားခြင်းအဖြစ်သို့ပင် ပြောင်းလဲသွားလိမ့်မည်။ လူတို့သည် ထိုသို့သော အပျက်သဘောဆောင်သည့် စိတ်ခံစားချက်များတွင် ပိတ်မိနေသည့်အခါ၊ ၎င်းတို့သည် ဘုရားသခင်အပေါ် နာခံမှုမရှိခြင်း၊ စိတ်မကျေနပ်ခြင်းနှင့် မကျေနပ်ချက်များအပြင် အခြားထိုသို့သော ခံစားချက်များ သို့မဟုတ် အတွေးများပင် ဖြစ်ပေါ်စေနိုင်သည်။ ဤအတွေးများသည် လူတို့အတွင်း၌ အချိန်ကြာလာသည်နှင့်အမျှ စုပုံလာပြီး ၎င်းတို့သည် သမ္မာတရားကို မရှာဖွေသေးသည့်အခါ သို့မဟုတ် ၎င်းတို့ကို ဖြေရှင်းရန် သမ္မာတရားကို အသုံးမပြုသေးသည့်အခါ၊ ၎င်းတို့၏ နာခံမှုမရှိခြင်း၊ စိတ်မကျေနပ်ခြင်းနှင့် မကျေနပ်ချက်များသည် အာခံခြင်းအဖြစ်သို့ ပြောင်းလဲသွားလိမ့်မည်။ ၎င်းတို့သည် မိမိတို့၏ မနာခံခြင်းနှင့် စိတ်မကျေနပ်မှုကို ဖော်ပြရန်နှင့် ထိုသို့ဖြင့် ဘုရားသခင်ကို အာခံခြင်းဟူသည့် မိမိတို့၏ ရည်မှန်းချက်ကို စွမ်းဆောင်ရရှိရန် မိမိတို့၏တာဝန်များကို ဝတ်ကျေတမ်းကျေ ထမ်းဆောင်ခြင်း သို့မဟုတ် အသင်းတော်၏အလုပ်ကို တမင်တကာ နှောင့်ယှက်ပြီး အဖျက်အမှောင့်လုပ်ခြင်းတို့အပြင် အခြားသော အပျက်သဘောဆောင်သည့် အပြုအမူများကဲ့သို့သော ပုန်ကန်သည့်အပြုအမူကို ဆောင်ရွက်ကြလိမ့်မည်။ အချို့လူများသည် အခြားလူတို့၏ တာဝန်ထမ်းဆောင်ခြင်းကို ဖျက်ဆီးပြီး နှောင့်ယှက်ကြသည်။ ၎င်းတို့၏ လုပ်ဆောင်ချက်များနောက်ကွယ်မှ အဓိပ္ပာယ်မှာ “ကျွန်ုပ်၏ တာဝန်ကို ကျွန်ုပ် မထမ်းဆောင်နိုင်လျှင်၊ သို့မဟုတ် ကျွန်ုပ်၏ တာဝန်တွင် ဘုရားက ကျွန်ုပ်ကို ကောင်းချီးမပေးလျှင်၊ သင်တို့ထဲမှ မည်သူမျှ သင်တို့၏ တာဝန်များကို ကောင်းစွာ မထမ်းဆောင်နိုင်စေရန် ကျွန်ုပ် သေချာအောင်လုပ်မည်”ဟူ၍ဖြစ်ပြီး ထို့နောက်တွင် ၎င်းတို့သည် အနှောင့်အယှက်များကို စတင်ဖြစ်ပေါ်စေသည်။ အချို့လူများသည် ဤအရာကို စကားများမှတစ်ဆင့် လုပ်ဆောင်ကြစဉ်တွင် အခြားသူများမှာမူ အချို့သော လုပ်ဆောင်ချက်များကို အသုံးပြုကြသည်။ မိမိတို့၏ လုပ်ဆောင်ချက်များဖြင့် အခြားသူတို့ကို နှောင့်ယှက်သောသူတို့သည် မည်သည့်အရာများကို လုပ်ဆောင်ကောင်းလုပ်ဆောင်နိုင်သနည်း။ ဥပမာအားဖြင့်၊ ၎င်းတို့သည် တစ်စုံတစ်ဦး၏ တာဝန်နှင့်ဆိုင်သော ရလဒ်များကို ထိခိုက်စေရန် ထိုသူ၏ ကွန်ပျူတာမှ ဖိုင်များကို တမင်တကာ ဖျက်ပစ်ကောင်းဖျက်ပစ်နိုင်သည်၊ သို့မဟုတ် အွန်လိုင်းစုဝေးပွဲများကို တမင်တကာ နှောင့်ယှက်ကောင်းနှောင့်ယှက်နိုင်သည်။ ဤသည်မှာ နတ်ဆိုးများနှင့် စာတန်များက လူတို့ကို နှောင့်ယှက်ခြင်း ဖြစ်သည်။ လူတို့က “ထိုသို့သောအရွယ်ရှိသူတစ်ဦးက ထိုသို့သော ဆိုးရွားသည့်အရာများကို မည်သို့လုပ်ဆောင်နိုင်သနည်း။ ၎င်းတို့သည် အမှန်တွင် ဆယ်ကျော်သက်တစ်ဦး မဟုတ်ပါ။ ဤသို့သော ယုတ်မာသည့်လုပ်ရပ်များကို ၎င်းတို့ မည်သို့ ဆက်လက်လုပ်ဆောင်နိုင်သေးသနည်း” ဟု နားမလည်ကြပေ။ အမှန်တွင်၊ အသက်သုံးဆယ်၊ လေးဆယ်၊ ငါးဆယ် သို့မဟုတ် ခြောက်ဆယ်အရွယ်ရှိ လူတို့သည်လည်း ဤအရာများကို လုပ်ဆောင်နိုင်သည်။ ဤအမျိုးမျိုးသော အပြုအမူများသည် စိတ်ကူးကြံစည်၍မရနိုင်သောအရာ ဖြစ်သည်။ ဤအရာများသည် အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိသော လူတစ်ဦး၏ လုပ်ဆောင်ချက်များမဟုတ်ဘဲ၊ နတ်ဆိုးများနှင့် စာတန်များ၏ လုပ်ဆောင်ချက်များ ဖြစ်သည်။ အခြားသူများ မထိခိုက်သည်ကိုလည်းကောင်း၊ မိမိတို့၏ ပန်းတိုင်များ မအောင်မြင်သည်ကိုလည်းကောင်း မြင်သောအခါ၊ ထိုသို့သောလူတစ်ဦးသည် လူများစွာရှိနေသည့်အချိန်များတွင် သို့မဟုတ် စုဝေးပွဲများအတွင်းတွင် အပျက်သဘောဆောင်ခြင်းကို ပွင့်အံချပြီး အနှောင့်အယှက်များကို ဖြစ်စေလိမ့်မည်။ ၎င်းတို့သည် မိမိတို့၏ စိတ်မကျေနပ်မှုကို လုပ်ဆောင်ချက်များမှတစ်ဆင့် ထုတ်ဖော်သည့်အခါ၊ အခြေအနေကို ထိန်းချုပ်ရန် ခက်ခဲလာနှင့်ပြီးဖြစ်သည်။ ၎င်းတို့ကို ချုပ်တည်းရန် အလွန်ခက်ခဲပြီး၊ အကယ်၍ အခြေအနေက ဆက်လက်၍ ဖြစ်ပေါ်နေပါက၊ သဘာဝအားဖြင့် ပို၍ပို၍ ပြင်းထန်လာကာ ပိုမိုဆိုးရွားလာနိုင်ရုံသာ ရှိသည်။ ၎င်းတို့သည် ၎င်းတို့၏ လုပ်ဆောင်ချက်များဖြင့် အနှောင့်အယှက်များ ဖြစ်စေရုံသာမက၊ အခြားသူတို့က သူတို့၏ တာဝန်ကို ထမ်းဆောင်နေစဉ် နှောင့်ယှက်ရန် ရန်လိုပြီး ဝေဖန်တတ်သော အသုံးအနှုန်းကို အသုံးပြုလျက် အမျိုးမျိုးသော နည်းလမ်းများနှင့် နည်းစနစ်များကို အသုံးပြုကြသည်။ မိမိတို့၏ ပန်းတိုင်များကို စွမ်းဆောင်ရရှိသည်ဖြစ်စေ၊ မရရှိသည်ဖြစ်စေ၊ ၎င်းတို့သည် ထိုအချိန်တွင် မိမိတို့၏ စိတ်နှလုံးထဲတွင် ဘုရားသခင်ကို အတိုက်အခံလုပ်ကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မဖတ်ကြ သို့မဟုတ် ဓမ္မတေးများကို မသင်ယူကြသည့်အပြင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ သို့မဟုတ် သမ္မာတရားနှင့် ဆက်စပ်သော မည်သည့်စာအုပ်ကိုမဆို ဖတ်ရှုရန် ငြင်းပယ်ကြသည်။ ၎င်းတို့သည် အိမ်တွင် မည်သည့်အရာကို လုပ်ဆောင်ကြသနည်း။ ၎င်းတို့သည် ဝတ္ထုများဖတ်သည်၊ တီဗီဇာတ်လမ်းတွဲများ ကြည့်သည်၊ ချက်ပြုတ်နည်းများ သင်ယူသည်၊ မိတ်ကပ်နှင့် ဆံပင်ပုံစံသွင်းခြင်းကို လေ့လာသည်...။ စုဝေးပွဲများအတွင်းတွင်၊ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်ပတ်သက်သည့် မိမိတို့၏ နားလည်မှုကို မိတ်သဟာယမဖွဲ့သည့်အပြင်၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် ဖောက်ပြန်ပျက်စီးခြင်း ထုတ်ဖော်ပြမှုများအား မည်သို့ဖြေရှင်းရမည်ကိုလည်း မိတ်သဟာယမဖွဲ့ကြပေ။ အခြားသူများ မိတ်သဟာယဖွဲ့သည့်အခါ၊ ၎င်းတို့သည် စကားစမြည်ပြောဆိုခြင်းကို တမင်တကာ လွှမ်းမိုးသည်၊ စကားပြောနေသူ မည်သူ့ကိုမဆို ဖြတ်ပြောသည်၊ အကြောင်းအရာကို တမင်တကာ ပြောင်းသည် စသည်ဖြင့် အမြဲတစေ ယုတ်လျော့စေပြီး နှောင့်ယှက်သည့်အရာများကို ပြောဆိုကြသည်။ ၎င်းတို့သည် အဘယ်ကြောင့် ဤနည်းအတိုင်း ပြုမူကြသနည်း။ အကြောင်းရင်းမှာ ၎င်းတို့အနေဖြင့် ကယ်တင်ခြင်း မျှော်လင့်ချက်မရှိဟု ယုံကြည်မှုတွင် တည်ရှိသည်။ ယင်းက ၎င်းတို့ကို အရှုံးပေးပြီး မဆင်မခြင် စတင်ပြုမူလာစေသည်။ ၎င်းတို့သည် အသင်းတော်မှ ရှင်းလင်းပစ်ခြင်း သို့မဟုတ် နှင်ထုတ်ခြင်းမခံရမီ အပေါင်းအဖော်အနည်းငယ်ကို ရှာဖွေကြသည်၊ အကယ်၍ ၎င်းတို့ ကောင်းချီးမခံစားရနိုင်လျှင်၊ အခြားသူများလည်း မခံစားရနိုင်စေရန် သေချာအောင်လုပ်ကြသည်။ ၎င်းတို့သည် အဘယ်ကြောင့် ဤနည်းအတိုင်း တွေးကြသနည်း။ ၎င်းတို့ ယုံကြည်သည့် ဘုရားသခင်သည် ၎င်းတို့ အစ၌ စိတ်ကူးခဲ့သည့် ဘုရားနှင့် မတူကြောင်း၊ သူသည် ၎င်းတို့ စိတ်ကူးခဲ့သလောက် လူတို့ကို မချစ်ကြောင်းနှင့် ဖြောင့်မတ်ခြင်းလည်း မရှိကြောင်း၊ ပြီးလျှင် သူသည် ၎င်းတို့ စိတ်ကူးခဲ့သလောက် လူတို့အပေါ် ရိုးသားစစ်မှန်စွာ ကြင်နာခြင်း မရှိသည်မှာ သေချာကြောင်း ၎င်းတို့ ယုံကြည်ကြသည်။ ဘုရားသခင်သည် အခြားသူတို့ကို ချစ်သော်လည်း ၎င်းတို့ကို မချစ်ပေ။ ဘုရားသခင်သည် အခြားသူတို့ကို ကယ်တင်သော်လည်း ၎င်းတို့ကို မကယ်တင်ပေ။ ယခုအခါ ၎င်းတို့သည် မိမိတို့ကိုယ်တိုင်အတွက် မျှော်လင့်ချက်မရှိသည်ကို မြင်တွေ့ပြီး ကယ်တင်ခြင်းမခံရနိုင်ဟု ခံစားရသောအခါ၊ လက်လျှော့ပြီးမဆင်မခြင် ပြုမူလာကြသည်။ သို့သော် ထိုမျှသာ မဟုတ်သေးပေ။ ၎င်းတို့အတွက် မျှော်လင့်ချက်မရှိသည့်အတွက် အခြားသူများအတွက်လည်း မျှော်လင့်ချက်မရှိသည်ကို အခြားသူများ မြင်စေလိုကြပြီး၊ လူတိုင်းကို ဘုရားသခင်အပေါ် ၎င်းတို့၏ ယုံကြည်ခြင်းအား စွန့်လွှတ်စေပြီး ၎င်းတို့၏ ယုံကြည်မှုမှ နုတ်ထွက်စေသည့်အခါတွင်သာ ၎င်းတို့ ကျေနပ်ကြသည်။ ဤသို့လုပ်ဆောင်ခြင်း၌ ၎င်းတို့၏ ပန်းတိုင်မှာ “ငါသည် ကောင်းကင်နိုင်ငံတော်၏ ကောင်းချီးများကို မခံစားရနိုင်လျှင်၊ သင်တို့သည်လည်း ယင်းတို့ကို ရရှိရန် အိပ်မက်ပင် မမက်လေနှင့်” ဟူ၍ ဖြစ်သည်။ ထိုသို့သောလူသည် မည်သည့် အယုတ်တမာမျိုးဖြစ်သနည်း။ ၎င်းတို့သည် နတ်ဆိုးတစ်ကောင် မဟုတ်လော။ ၎င်းတို့သည် ငရဲသို့ ဦးတည်နေသော နတ်ဆိုးတစ်ကောင်၊ အခြားသူများကို ဘုရားသခင်အား ယုံကြည်ခြင်းနှင့် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ခြင်းမှ တားမြစ်သည့် နတ်ဆိုးတစ်ကောင် ဖြစ်သည်။ ၎င်းတို့သည် တစ်ဖက်ပိတ်လမ်းသို့ တည့်တည့်မတ်မတ် ချီတက်နေခြင်းဖြစ်ပေသည်တကား။ အသိစိတ် အနည်းငယ်နှင့် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး အနည်းငယ်ရှိသော မည်သူမဆို ဤနည်းအတိုင်း မပြုမူသင့်ပေ။ ၎င်းတို့သည် ကြီးမားသော မကောင်းမှုကို အမှန်တကယ် ကျူးလွန်ပြီး ထုတ်ဖော်ခြင်းခံရကာ ၎င်းတို့အား မျှော်လင့်ချက်မရှိတော့ဟု ခံစားရစေပါက ၎င်းတို့သည် အခြားသူများကို ဘုရားသခင်အား စိတ်ရင်းမှန်ဖြင့် ယုံကြည်စေလျက် မိမိတို့၏ စံနမူနာအတိုင်း မလိုက်စေဘဲ အခြားသူများ အောင်မြင်အောင် ကြိုးစားကူညီပေးနေဦးမည်ဖြစ်သည်။ ၎င်းတို့က “ကျွန်ုပ် အလွန်အားနည်းပါသည်၊ ကျွန်ုပ်၏ ဇာတိပကတိဆိုင်ရာ အလိုဆန္ဒများက အားကောင်းပြီး၊ ကျွန်ုပ်သည် လောကကို အလွန်အမင်း စွဲလမ်းမိပါသည်။ ဤသည်မှာ ကျွန်ုပ်၏ ကိုယ်ပိုင်အမှားဖြစ်သည်၊ ကျွန်ုပ် ထိုအရာနှင့် ထိုက်တန်သည်။ သင်တို့သည် လေးနက်သော ယုံကြည်သူများအဖြစ် ဆက်လက်ရှိနေကြလော့။ ကျွန်ုပ်၏ လွှမ်းမိုးမှုကို မခံပါနှင့်။ စုဝေးပွဲများအတွင်းတွင် ကျွန်ုပ် ကင်းစောင့်ပေးပါမည်၊ အကယ်၍ အဆင်းနီသော နဂါးကြီး၏ ရဲများက ရွာထဲသို့ ဝင်လာပါက၊ ကျွန်ုပ် သင်တို့ကို သတိပေးပါမည်”ဟု ပြောကောင်းပြောနိုင်သည်။ လူ့သဘာဝ အနည်းငယ်မျှရှိသောသူ မည်သူမဆို အနည်းဆုံး ဤမျှလောက် လုပ်ဆောင်သင့်ပြီး၊ အခြားသူများ၏ သမ္မာတရားကို လိုက်စားခြင်းအား မနှောင့်ယှက်သင့်ပေ။ သို့သော်လည်း လူ့သဘာဝမရှိသောသူတို့မူကား၊ အမှုအရာများက မိမိတို့အလိုအတိုင်း မဖြစ်သည့်အခါ သို့မဟုတ် ညီအစ်ကိုမောင်နှမများက ၎င်းတို့ကို အထင်သေးပြီး ခပ်ကင်းကင်းနေသည်ကို မြင်သည့်အခါ၊ ဘုရားသခင်က ၎င်းတို့ကို ထုတ်ဖော်ပြီး ဖယ်ရှားရှင်းလင်းလိုက်ပြီဖြစ်ကြောင်း၊ ၎င်းတို့တွင် ကယ်တင်ခြင်း မျှော်လင့်ချက်မရှိတော့ကြောင်း ခံစားကြရသည်။ ၎င်းတို့သည် ထိုသို့သော စိတ်ကူးများနှင့် အတွေးများကို ထားရှိသည့်အခါ၊ အပျက်သဘောဆောင်ခြင်းကို ပွင့်အံချပြီး အသင်းတော်အသက်တာကို အဆီးအတားမရှိ နှောင့်ယှက်လျက် လက်လျှော့ပြီး မဆင်မခြင် ပြုမူလာကြသည်။ ဤအရာကို မည်သည့်လူစားမျိုးများက လုပ်ဆောင်ကြသနည်း။ ၎င်းတို့သည် နတ်ဆိုးများဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) နတ်ဆိုးများဖြစ်သော လူတို့ကို လောကဝတ်ပြုသင့်သလော။ (မပြုသင့်ပါ။) သို့ဆိုလျှင် ဤအရာကို မည်သို့ ကိုင်တွယ်သင့်သနည်း။ သင်က “သင်သည် စုဝေးပွဲများသို့ လာသော်လည်း ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မဖတ်သည့်အပြင် သမ္မာတရားကိုလည်း လက်မခံပေ။ သို့ဆိုလျှင် သင်သည် ဤနေရာသို့ အဘယ်အတွက် လာသနည်း။ အနှောင့်အယှက်များ ဖြစ်စေရန်လော၊ မှန်သလော။ သင်သည် ကယ်တင်ခြင်း မျှော်လင့်ချက်မရှိဟု ထင်သည်။ အမှန်တွင်၊ ကျွန်ုပ်တို့လည်း မျှော်လင့်ချက်များစွာရှိသည်ဟု မခံစားရသော်လည်း ကျွန်ုပ်တို့ ကြိုးပမ်းကြသည်။ ဘုရားသခင်သည် ဘက်လိုက်ခြင်းမရှိကြောင်း၊ သူသည် ယုံကြည်ကိုးစားထိုက်ကြောင်း၊ လူတို့ကို ကယ်တင်ရာတွင် သူ၏ စိတ်နှလုံးက ရိုးသားစစ်မှန်ကြောင်းနှင့် သူ၏ စိတ်နှလုံးသည် ပြောင်းလဲမည်မဟုတ်ကြောင်း ကျွန်ုပ်တို့ ယုံကြည်သည်။ မျှော်လင့်ချက် အနည်းငယ်မျှ ရှိနေသရွေ့၊ ကျွန်ုပ်တို့ လက်လျှော့မည်မဟုတ်ပါ။ ကျွန်ုပ်တို့သည် သင်ကဲ့သို့ စဉ်ဆက်မပြတ် အပျက်သဘောဆောင်ပြီး ဘုရားသခင်ကို အထင်အမြင်လွဲမှားမည် မဟုတ်ပါ။ သင်က ကျွန်ုပ်တို့ကို နှောင့်ယှက်နိုင်သည် သို့မဟုတ် ဆွဲထားနိုင်သည်ဟု ထင်လျှင် အိပ်မက်မက်နေခြင်းသာ ဖြစ်သည်။ အကယ်၍ သင်သည် ခေါင်းမာစွာ မလျှော့တမ်းလုပ်ပြီး၊ ဤနည်းဖြင့် ဆက်လက်ယုံကြည်ကာ၊ ကျွန်ုပ်တို့ကို မလိုမုန်းထားခြင်းဖြင့် ဆက်လက်နှောင့်ယှက်လိုပါက၊ သင့်ကို ကျွန်ုပ်တို့ ရိုင်းစိုင်းသည့်အတွက် အပြစ်မတင်ပါနှင့်။ ယနေ့မှစ၍၊ သင်သည် ရှင်းလင်းပစ်ခြင်းခံရပြီ၊ အသင်းတော်တွင် သင့်အတွက် နေရာမရှိတော့ပါ။ အခုချက်ချင်း ထွက်သွားလော့”ဟု ဆိုရမည်။ ဤနည်းအားဖြင့်၊ ပြဿနာသည် ကိုင်တွယ်ခြင်းခံရသည် မဟုတ်လော။ ယင်းမှာ ရိုးရှင်းသည်၊ စကားအနည်းငယ်မျှဖြင့် ၎င်းတို့ကို ဖယ်ရှားလိုက်ခြင်း ဖြစ်သည်။ ယင်းမှာ လုပ်ဆောင်ရန် ထိုမျှလွယ်ကူသည့်အရာတစ်ခုဖြစ်သည်။ အဘယ်ကြောင့် ဤနည်းအတိုင်း ကိုင်တွယ်ရသနည်း။ အဘယ်ကြောင့်ဆိုသော် ထိုသို့သောလူတို့၏ သဘာဝ အနှစ်သာရသည် ပြောင်းလဲနိုင်ခြင်းမရှိသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားကို လက်ခံကြလိမ့်မည်မဟုတ်ပေ။ ၎င်းတို့တွင် ကယ်တင်ခြင်း မျှော်လင့်ချက်မရှိဟု ၎င်းတို့ ထင်ကြသည်။ ဘုရားသခင်သည် ဤသို့ မပြောခဲ့သည့်အပြင်၊ ညီအစ်ကိုမောင်နှမများကလည်း မပြောခဲ့ပေ၊ သို့သော် ၎င်းတို့သည် ဤနည်းအတိုင်း မကောင်းမှုကို ကျူးလွန်ပြီး အနှောင့်အယှက်များ ဖြစ်စေသည်။ အကယ်၍ တစ်နေ့တွင် ၎င်းတို့သည် မကောင်းမှုကို ကျူးလွန်ပြီး အသင်းတော်၏အလုပ်ကို နှောင့်ယှက်သည့်အတွက် အမှန်တကယ် နှင်ထုတ်ခြင်းခံရလျှင်၊ သို့မဟုတ် သမ္မာတရားကို ၎င်းတို့ မလိုက်စားသောကြောင့် ဘုရားသခင်က ၎င်းတို့ကို ဆုံးမပဲ့ပြင်လျှင် ၎င်းတို့ မည်သည့်အရာကို လုပ်ဆောင်လိမ့်မည်နည်း။ ၎င်းတို့သည် ဘုရားသခင်၏ ရန်သူများ ဖြစ်လာနိုင်သလော၊ ၎င်းတို့ လက်စားချေနိုင်သလော။ အလွန် ဖြစ်နိုင်ပေသည်။ ထိုသို့သောလူတို့သည် ဒုစရိုက်တစ်ခုတလေကို မပြီးမြောက်မီ သို့မဟုတ် ကြီးမားသော မကောင်းမှုတစ်ခုတလေကို မကျူးလွန်မီတွင် ထုတ်ဖော်ခြင်းခံရသည်မှာ ကောင်းပေသည်။ ဤသည်မှာ ဘုရားသခင်၏ လုပ်ဆောင်မှုဖြစ်သည်။ ဘုရားသခင်က ၎င်းတို့ကို ထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်။ ယခု၊ ၎င်းတို့ကို ဖယ်ရှားခြင်းသည် မှန်သည်သာဖြစ်သည်။ အခြားလူတို့သည် မည်သည့်ဆုံးရှုံးမှုကိုမျှ မခံစားရသေးပေ။ ဤနည်းအတိုင်း ကိုင်တွယ်ခြင်းသည် အချိန်မီပြီး သင့်လျော်သည်။ လူတိုင်းက ပိုင်းခြားသိမြင်မှု ရရှိကြပြီး၊ ဆိုးယုတ်သောလူများက ကိုင်တွယ်ဖြေရှင်းခြင်းခံရသည်။ အဖြည့်ခံအဖြစ် ၎င်းတို့၏အခန်းကဏ္ဍသည် လုံလောက်စွာ ဆောင်ရွက်ပြီး ဖြစ်သည်။

အခြေခံအားဖြင့် ဤအရာများသည် အပျက်သဘောဆောင်ခြင်းကို ပွင့်အံချသော လူတို့၏ အမျိုးမျိုးသော အခြေအနေများနှင့် သရုပ်သကန်များဖြစ်သည်။ အဆင့်အတန်း၊ ကျော်ကြားမှုနှင့် အကျိုးအမြတ်တို့ကို လိုက်စားခြင်းအတွက် ၎င်းတို့၏ လိုအင်ဆန္ဒသည် မပြည့်စုံသောအခါ၊ ၎င်းတို့၏ အယူအဆများနှင့် စိတ်ကူးထင်မြင်ချက်များ၊ ၎င်းတို့၏ အကျိုးစီးပွားများ ပါဝင်သောအရာများနှင့် ဆန့်ကျင်သော အရာများကို ဘုရားသခင်က လုပ်ဆောင်သောအခါ ၎င်းတို့သည် မနာခံခြင်းနှင့် မကျေမနပ်ဖြစ်ခြင်းကဲ့သို့သော ခံစားချက်များတွင် ဖမ်းစားခံလာရသည်။ ပြီးလျှင် ၎င်းတို့တွင် ဤစိတ်ခံစားချက်များ ရှိသောအခါ ၎င်းတို့၏စိတ်သည် ဆင်ခြေများ၊ အတုအယောင် အကြောင်းပြချက်များ၊ ကျိုးကြောင်းပြချက်များ၊ ခုခံကာကွယ်မှုများနှင့် အခြား စောဒကတက်သော အတွေးများ စတင်ဖြစ်ပေါ်လာသည်။ ထိုအချိန်တွင် ၎င်းတို့သည် ဘုရားသခင်ကို မချီးမွမ်းကြသည့်အပြင် သို့မဟုတ် သူ့ကို ကျိုးနွံနာခံခြင်း မရှိကြသည့်အပြင် မိမိတို့ကိုယ်ကို သိမြင်ရန် သမ္မာတရားကို ရှာဖွေခြင်း သာ၍ပင် နည်းပါးလေသည်။ ထိုအစား ၎င်းတို့၏ အယူအဆများ၊ စိတ်ကူးထင်မြင်မှုများ၊ အတွေးအခေါ်များနှင့် ထင်မြင်ချက်များ၊ သို့မဟုတ် တဇောက်ကန်းဖြစ်ခြင်းများကို အသုံးပြုလျက် ဘုရားသခင်ကို ယှဉ်ပြိုင်တိုက်ခိုက်ကြသည်။ ၎င်းတို့က မည်သို့ ယှဉ်ပြိုင်တိုက်ခိုက်ကြသနည်း။ ၎င်းတို့၏ မနာခံခြင်းနှင့် မကျေနပ်ဖြစ်ခြင်း ခံစားချက်များကို ဖြန့်ကြပြီး ၎င်းတို့၏ အတွေးများနှင့် အမြင်ရှုထောင့်များကို ဘုရားသခင်ကို ရှင်းပြရန် ဤအရာကို အသုံးပြုကြသည်။ ၎င်းတို့၏ ဆန္ဒများကို ဖြည့်ဆည်းရန်အတွက် ၎င်းတို့၏ အလို၊ ၎င်းတို့၏ တောင်းဆိုမှုများနှင့်အညီ ဘုရားသခင်က လုပ်ဆောင်စေဖို့ ကြိုးစားကြသည်။ ထိုအခါမှသာ ၎င်းတို့၏ ခံစားချက်များက ပြေပျောက်လေသည်။ အထူးသဖြင့် ဘုရားသခင်သည် လူတို့ကို တရားစီရင်ပြီး ပြစ်တင်ဆုံးမရန်၊ လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို သန့်စင်ရန်၊ လူတို့ကို စာတန်၏ စွမ်းအားမှ ကယ်တင်ရန် သမ္မာတရားများစွာကို ဖော်ပြလေသည်။ ပြီးလျှင် လူများ နေ့နေ့၊ ညညမျှော်လင့်သော ကောင်းကင်နိုင်ငံတော်သို့ ခေါ်ဆောင်ခံရခြင်း စိတ်ကူးယဉ်မှု ကွဲကြေသွားလျက်၊ လူမည်မျှ၏ ကောင်းချီးခံစားရရန် အိပ်မက်များသည် ဤသမ္မာတရားများအားဖြင့် အဆုံးသတ်သွားခဲ့ရသည်ကို မည်သူသိနိုင်မည်နည်း။ အမှုကိစ္စများကို ပြောင်းလဲပစ်ရန် ၎င်းတို့တတ်နိုင်သမျှအရာရာတိုင်းကို လုပ်ဆောင်ချင်ကြသည်။ သို့သော် ၎င်းတို့သည် အစွမ်းမရှိပေ။ ၎င်းတို့သည် အပျက်သဘောဆောင်ခြင်း၊ မကျေမနပ်ဖြစ်ခြင်းတို့နှင့်အတူ ကပ်ဘေးအတွင်းသို့သာ သက်ဆင်းသွားနိုင်သည်။ ၎င်းတို့သည် ဘုရားသခင်စီစဉ်ခဲ့သော ဤအရာအားလုံးအပေါ် မနာခံကြပေ။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင် လုပ်ဆောင်သောအရာသည် ၎င်းတို့၏ အယူအဆများ၊ အကျိုးစီးပွားများ၊ စဉ်းစားပုံများနှင့် ကွဲလွဲနေသောကြောင့်ဖြစ်သည်။ အထူးသဖြင့် အသင်းတော်က လူများစွာကို ဖယ်ရှားရှင်းလင်းပြီး ဖယ်ရှားသည့်အမှုကို လုပ်ဆောင်သောအခါ ဘုရားသခင်က သူတို့ကို မကယ်တင်၊ သူသည် ၎င်းတို့ကို ပစ်ပစ်ခါခါ ငြင်းသည်၊ ၎င်းတို့သည် တရားမမျှတစွာ ဆက်ဆံခံရသည်ဟု ဤလူတို့က ထင်ကြသောကြောင့် ၎င်းတို့သည် ဘုရားသခင်ကို အာခံရန် ပေါင်းစည်းကြလိမ့်မည်။ ဘုရားသခင်က သမ္မာတရားဖြစ်သည်ကို ၎င်းတို့ ငြင်းဆန်ဖို့ ကြိုးစားကြသည်။ ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရကို ငြင်းဆန်ကြသည်။ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကို ငြင်းဆန်ကြသည်။ အရာအားလုံးအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာ ကိုင်စွဲခြင်း အမှန်တရားကိုလည်း ၎င်းတို့ ငြင်းဆန်ရန် ကြိုးစားကြမည်မှာ မှန်ပေသည်။ ဤအရာအားလုံးကို မည်သည့်နည်းလမ်းများဖြင့် ၎င်းတို့ငြင်းဆန်ကြသနည်း။ အာခံခြင်းနှင့် အတိုက်အခံလုပ်ခြင်းမှတစ်ဆင့်ဖြစ်သည်။ ဆိုလိုသည်မှာ “ဘုရားသခင် လုပ်ဆောင်သောအရာသည် ငါ၏ အယူအဆများနှင့် ကွဲလွဲနေသည်။ ထို့ကြောင့် ငါ ကျိုးနွံနာခံခြင်း မရှိပေ။ ကိုယ်တော်က သမ္မာတရားဖြစ်သည်ဟု ငါမယုံကြည်။ ငါသည် ကိုယ်တော့်ကို ပွက်လောညံအောင် ကန့်ကွက်မည်။ ပြီးလျှင် အသင်းတော်သို့လည်းကောင်း၊ လူများအလယ်တွင်လည်းကောင်း ဤအယူအဆများကို ဖြန့်မည်။ ငါပြောချင်သည့်အရာကို ပြောမည်။ အကျိုးဆက်က မည်သည့်အရာဖြစ်သည်ကို ငါ ဂရုမစိုက်။ ငါသည် လွတ်လပ်စွာပြောဆိုခွင့်ရှိသည်။ ငါ့ကို ပါးစပ်ပိတ်ခိုင်း၍ မရ။ ငါပြောချင်သည့်အရာကို ပြောမည်။ ကိုယ်တော် ဘာလုပ်နိုင်သနည်း” ဟူ၍ ဖြစ်သည်။ ၎င်းတို့၏ မှားယွင်းသော အတွေးအခေါ်များနှင့် အမြင်ရှုထောင့်များကို ထုတ်ပြောရန် ဤလူတို့က မလျှော့တမ်းလုပ်ဆောင်သည့်အခါ ၎င်းတို့သည် ၎င်းတို့၏ ကိုယ်ပိုင်နားလည်မှုအကြောင်းကို ပြောနေခြင်းဖြစ်သလော။ ၎င်းတို့က သမ္မာတရားကို မိတ်သဟာယဖွဲ့နေခြင်းလော။ လုံးဝ မဟုတ်ပေ။ ၎င်းတို့သည် အပျက်သဘောဆောင်မှုကို ဖြန့်ဝေနေခြင်းဖြစ်သည်။ မိစ္ဆာဒိဋ္ဌိအယူများနှင့် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အရာများကို ထုတ်ပြောနေခြင်းဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့၏ ကိုယ်ပိုင်ဖောက်ပြန်ပျက်စီးခြင်းကို သိရန် ကြိုးစားနေခြင်း မဟုတ်၊ သို့မဟုတ် ယင်းကို ဖော်ထုတ်နေခြင်း မဟုတ်ပေ၊ ၎င်းတို့လုပ်ဆောင်ခဲ့သည့် သမ္မာတရားနှင့် ကွဲလွဲသောအရာများကို ဖော်ထုတ်နေခြင်း မဟုတ်သကဲ့သို့ ၎င်းတို့လုပ်ဆောင်နေသည့် အမှားများကို ဖော်ထုတ်နေခြင်းမဟုတ်ပေ။ ထိုအစား ၎င်းတို့မှန်ကန်သည်ကို သက်သေပြရန် ၎င်းတို့၏ အမှားများကို ကျိုးကြောင်းသင့်ရှင်းပြပြီး ကာကွယ်ရန် အစွမ်းကုန် လုပ်ဆောင်နေခြင်းဖြစ်သည်။ တစ်ချိန်တည်းတွင်လည်း ၎င်းတို့သည် အဓိပ္ပာယ်မဲ့သော ကောက်ချက်များကို ချမှတ်ကာ အပျက်သဘောဆောင်ပြီး လွဲချော်နေသော အမြင်ရှုထောင့်များအပြင် မူမမှန်သော အကြောင်းပြချက်များနှင့် မိစ္ဆာဒိဋ္ဌိအယူများကိုပါ လူအများသိအောင်ပြောသည်။ သက်ရောက်မှုအနေဖြင့် အသင်းတော်ရှိ ဘုရားသခင် ရွေးချယ်ထားသောလူများကို အထင်အမြင်မှားစေပြီး နှောင့်ယှက်လေသည်။ အချို့လူများကို အပျက်သဘောဆောင်ပြီး စိတ်ရှုပ်ထွေးသည့်အခြေအနေသို့ပင် သက်ဆင်းစေသည်။ ဤအရာအားလုံးသည် အပျက်သဘောဆောင်ခြင်းကို ပွင့်အံချသည့် လူတို့အားဖြင့် ဖြစ်ပေါ်သော ဘေးဖြစ်စေသည့် သက်ရောက်မှုများနှင့် အနှောင့်အယှက်များ ဖြစ်သည်။ ထို့ကြောင့် အပျက်သဘောဆောင်မှုကို ပွင့်အံချသောသူတို့သည် ၎င်းတို့၏ စကားနှင့် အပြုအမူတို့နှင့်အတူ ကန့်သတ်ခြင်းခံရသင့်သည်။ ၎င်းတို့ကို မလိုက်လျောသင့်၊ သို့မဟုတ် ခွင့်မပြုသင့်ပေ။ အသင်းတော်သည် ဤလူတို့ကို ကိုင်တွယ်ဖြေရှင်းရန် သင့်လျော်သော နည်းလမ်းများနှင့် စည်းမျဉ်းများ ရှိသင့်သည်။ တစ်ချက်အနေဖြင့်၊ ညီအစ်ကိုမောင်နှမများသည် ဤလူတို့နှင့် ၎င်းတို့၏ အပျက်သဘောဆောင်သော မှတ်ချက်များကို ပိုင်းခြားသိမြင်သင့်သည်။ နောက်တစ်ချက်အနေဖြင့်၊ ဘုရားသခင် ရွေးချယ်ထားသောလူများက ပိုင်းခြားသိမြင်မှုရှိသည့်အခါ၊ ပိုများသောလူတို့အား လွှမ်းမိုးခြင်းနှင့် နှောင့်ယှက်ခြင်းခံရခြင်းမှ ကာကွယ်ရန်၊ အသင်းတော်သည် ဤပုဂ္ဂိုလ်များကို သမ္မာတရား စည်းမျဉ်းများနှင့်အညီ ချက်ချင်း ရှင်းလင်းပစ်ခြင်း သို့မဟုတ် နှင်ထုတ်ခြင်း ပြုသင့်သည်။ အပျက်သဘောဆောင်မှုကို ပွင့်အံချခြင်း၏ အမျိုးမျိုးသော သွင်ပြင်လက္ခဏာများနှင့်ပတ်သက်၍ ကျွန်ုပ်တို့၏ မိတ်သဟာယသည် ဤနေရာတွင် အဆုံးသတ်သည်။

ဂ။ အပျက်သဘောဆောင်မှုကို ဖြေရှင်းခြင်းအတွက် စည်းမျဉ်းများနှင့် လမ်းကြောင်းများ

လူတို့သည် စာတန်ဆန်သော သဘာဝကို ပိုင်ဆိုင်ကြသည်၊ စာတန်ဆန်သော စိတ်သဘောထားဖြင့် အသက်ရှင်သည့်အခါ၊ အပျက်သဘောဆောင်သော အခြေအနေများကို ရှောင်ရှားရန် ခက်ခဲသည်။ အထူးသဖြင့် လူတစ်ဦးသည် သမ္မာတရားကို နားမလည်သည့်အခါ၊ အပျက်သဘောဆောင်ခြင်းက မြင်နေကျ ဖြစ်ရပ်တစ်ခု ဖြစ်လာသည်။ လူတိုင်းတွင် အပျက်သဘောဆောင်သည့် အခိုက်အတန့်များ ရှိသည်။ အချို့မှာ မကြာခဏ ပိုဖြစ်ပြီး၊ အချို့မှာ နည်းသည်၊ အချို့မှာ အချိန်ကြာမြင့်စွာ ဖြစ်ပြီး၊ အချို့မှာမူ ဖြစ်ချိန်ပိုတိုတောင်းသည်။ လူတို့၏ ဝိညာဉ်ရင့်ကျက်မှုသည် ကွဲပြားသောကြောင့် ၎င်းတို့၏ အပျက်သဘောဆောင်သော အခြေအနေများလည်း ကွဲပြားသည်။ ပိုကြီးမားသော ဝိညာဉ်ရင့်ကျက်မှုရှိသူတို့သည် စမ်းသပ်မှုများနှင့် ရင်ဆိုင်ရသည့်အခါမှသာ အတော်အတန် အပျက်သဘောဆောင်လာကြပြီး၊ ပိုနည်းသော ဝိညာဉ်ရင့်ကျက်မှုရှိသူတို့မှာမူ သမ္မာတရားကို နားမလည်သေးပေ၊ အခြားသူများက အယူအဆအချို့ကို ဖြန့်ဝေသည့်အခါ သို့မဟုတ် အဓိပ္ပာယ်မဲ့သောစကားများ ပြောသည့်အခါ ပိုင်းခြားသိမြင်နိုင်ခြင်း မရှိပေ။ ၎င်းတို့သည် နှောင့်ယှက်ခြင်း၊ လွှမ်းမိုးခြင်းခံရနိုင်ပြီး အပျက်သဘောဆောင်လာနိုင်သည်။ ဖြစ်ပေါ်လာသော ပြဿနာတစ်ခုတလေ၊ ဖော်ပြရန်ပင် မထိုက်တန်သော မပြောပလောက်သည့်ကိစ္စများကပင်လျှင် ၎င်းတို့၏ အပျက်သဘောဆောင်မှုကို ဖြစ်ပေါ်စေနိုင်သည်။ မကြာခဏ အပျက်သဘောဆောင်ခြင်းဟူသည့် ဤပြဿနာကို မည်သို့ ဖြေရှင်းသင့်သနည်း။ အကယ်၍ တစ်စုံတစ်ဦးသည် သမ္မာတရားအား မည်သို့ရှာဖွေရမည်ကို မသိပါက၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်သို့စားသောက်ရမည်ကို မသိပါက၊ သို့မဟုတ် ဘုရားသခင်ထံ ဆုတောင်းရမည်ကို မသိပါက၊ ယင်းသည် အလွန်ပြဿနာရှိလာသည်။ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများ၏ ထောက်ပံ့မှုနှင့် အကူအညီကိုသာ အားကိုးနိုင်သည်။ အကယ်၍ မည်သူကမျှ ကူညီနိုင်ခြင်းမရှိပါက၊ သို့မဟုတ် ၎င်းတို့သည် အကူအညီကို လက်မခံပါက၊ ၎င်းတို့သည် ပြန်လည်မထူထောင်နိုင်အောင် အလွန်အပျက်သဘောဆောင်နေနိုင်ပြီး ယုံကြည်ခြင်းကိုပင် ရပ်တန့်သွားနိုင်သည်။ ကြည့်လော့၊ လူတစ်ဦးအတွက် အမြဲတစေ အယူအဆများရှိပြီး အလွယ်တကူ အပျက်သဘောဆောင်လာခြင်းက အလွန်အန္တရာယ်များသည်။ ထိုသို့သောလူတို့ထံ သမ္မာတရားကို မည်သို့ပင် မိတ်သဟာယဖွဲ့စေကာမူ၊ ၎င်းတို့က လက်မခံကြပေ။ မိမိတို့၏ ကိုယ်ပိုင်အယူအဆများနှင့် စိတ်ကူးစိတ်သန်းများ မှန်ကန်သည်ဟု အမြဲတစေ အခိုင်အမာဆိုကြသည်။ ၎င်းတို့သည် အလွန့်အလွန် ဒုက္ခပေးသောသူများ ဖြစ်ကြသည်။ သင်သည် မည်မျှပင် အပျက်သဘောဆောင်နေပါစေ၊ အယူအဆများရှိခြင်းသည် ထိုအယူအဆများကသမ္မာတရားနှင့် ကိုက်ညီသည်ဟု မဆိုလိုကြောင်းသင်၏စိတ်နှလုံးထဲတွင် နားလည်သင့်သည်။ ယင်းမှာ သင်၏ နားလည်သဘောပေါက်မှုတွင် ပြဿနာရှိသည်ဟု ဆိုလိုပေသည်။ သင်သည် ဆင်ခြင်တုံတရားအနည်းငယ်ရှိပါက ဤအယူအဆများကို မဖြန့်ဝေသင့်ပေ။ ဤသည်မှာ လူတို့ အနည်းဆုံး စောင့်ထိန်းသင့်သည့်အရာ ဖြစ်သည်။ အကယ်၍ သင်သည် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး အနည်းငယ်ရှိပြီး သင်သည် ဘုရားသခင်၏ နောက်လိုက်တစ်ဦးဖြစ်ကြောင်း ဝန်ခံနိုင်ပါက၊ သင်၏ အယူအဆများကို ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေသင့်သည်၊ သမ္မာတရားကို ကျိုးနွံနာခံသင့်ပြီး၊ အဖျက်အမှောင့်လုပ်ခြင်းနှင့် နှောင့်ယှက်ခြင်းများကို ဖြစ်စေခြင်းအား ရှောင်ကြဉ်သင့်သည်။ အကယ်၍ သင်သည် ဤအရာကို မလုပ်ဆောင်နိုင်သည့်အပြင် အယူအဆများ ဖြန့်ဝေခြင်းအား မရမကလုပ်ဆောင်ပါက၊ သင်၏ ဆင်ခြင်တုံတရားကို သင် ဆုံးရှုံးသွားပြီဖြစ်သည်။ သင်သည် စိတ်ပိုင်းဆိုင်ရာ မူမမှန်ပေ၊ နတ်ဆိုးများ ပူးကပ်ခြင်းခံရပြီး၊ သင့်ကိုယ်သင် မထိန်းချုပ်နိုင်တော့ပေ။ နတ်ဆိုးများ၏ စိုးမိုးခြင်းကို ခံရလျက်၊ သင်သည် မည်သို့ပင်ဖြစ်စေ ဤအယူအဆများကို ထုတ်ပြောပြီး ဖြန့်ဝေသည်။ ယင်းနှင့်ပတ်သက်၍ မည်သည့်အရာမျှ မလုပ်နိုင်ပေ၊ ဤသည်မှာ ဝိညာဉ်ဆိုးများ၏ အလုပ်ဖြစ်သည်။ သင်သည် အသိစိတ်နှင့် ဆင်ခြင်တုံတရားအနည်းငယ် ရှိပါက ဤအရာကို သင်လုပ်ဆောင်နိုင်သင့်သည်။ အယူအဆများကို မဖြန့်ဝေခြင်းနှင့် ညီအစ်ကိုမောင်နှမများကို မနှောင့်ယှက်ခြင်းတို့ ဖြစ်သည်။ သင်သည် အပျက်သဘောဆောင်လာလျှင်ပင်၊ ညီအစ်ကိုမောင်နှမများကို ထိခိုက်စေသည့်အရာများအား မလုပ်ဆောင်သင့်ပေ။ သင်သည် သင်၏တာဝန်ကိုသာ ကောင်းစွာ ထမ်းဆောင်သင့်သည်။ သင်လုပ်ဆောင်သင့်သည့်အရာကို ကောင်းစွာလုပ်ဆောင်သင့်ပြီး၊ သင်သည် မိမိကိုယ်ကို အပြစ်တင်စရာမရှိကြောင်း သေချာစေသင့်သည်။ ဤသည်မှာ ကျင့်ကြံပြုမူခြင်းအတွက် အနိမ့်ဆုံးသော စံနှုန်းဖြစ်သည်။ သင်သည် တစ်ခါတစ်ရံ အပျက်သဘောဆောင်သော်လည်း၊ ဘောင်ကျော်သည့် မည်သည့်အရာကိုမျှ မလုပ်ဆောင်ခဲ့ပါက၊ ဘုရားသခင်သည် သင်၏ အပျက်သဘောဆောင်ခြင်းနှင့်ပတ်သက်၍ ရေးကြီးခွင့်ကျယ်လုပ်လိမ့်မည် မဟုတ်။ သင်သည် အသိစိတ်နှင့် ဆင်ခြင်တုံတရားကို ပိုင်ဆိုင်သရွေ့၊ ဘုရားသခင်ထံ ဆုတောင်းပြီး အားကိုးနိုင်သရွေ့၊ သမ္မာတရားကို ရှာဖွေသရွေ့၊ နောက်ဆုံးတွင် သမ္မာတရားကို သင် နားလည်လာပြီး သင့်ကိုယ်သင် ပြောင်းလဲနိုင်လိမ့်မည်။ အကယ်၍ သင်သည် ခေါင်းဆောင်တစ်ဦးအနေဖြင့် တကယ့်အလုပ်ကို မလုပ်ဆောင်သည့်အတွက် ဖြုတ်ချပြီး ဖယ်ရှားရှင်းလင်းခြင်းခံရခြင်းကဲ့သို့သော သိသာထင်ရှားသည့် အဖြစ်အပျက်များနှင့် ရင်ဆိုင်ရကာ၊ ကယ်တင်ခြင်း မျှော်လင့်ချက်မရှိဟု ခံစားရပြီး အပျက်သဘောဆောင်လာလျှင်၊ သင်သည် ပြစ်တင်ရှုတ်ချခြင်းနှင့် ကျိန်ဆဲခြင်းခံရသည်ဟု ခံစားရလျက်၊ ပြန်လည်မထူထောင်နိုင်သည့်အထိ အလွန်အမင်း အပျက်သဘောဆောင်လာပြီး၊ ဘုရားသခင်အပေါ် အထင်အမြင်လွဲမှားမှုများနှင့် မကျေနပ်ချက်များ ဖြစ်ပေါ်လာလျှင်၊ မည်သည့်အရာကို သင် လုပ်ဆောင်သင့်သနည်း။ ဤအရာကို ကိုင်တွယ်ရန် အလွန်လွယ်ကူသည်။ သမ္မာတရားကို နားလည်သောလူအချို့ကို ရှာဖွေပြီး မိတ်သဟာယဖွဲ့ကာ ၎င်းတို့နှင့်အတူ ရှာဖွေလော့။ ပြီးလျှင် ဤလူတို့နှင့် ရင်ဖွင့်ပြောဆိုလော့။ ပို၍အရေးကြီးသည်မှာ၊ သင်၏ အပျက်သဘောဆောင်မှုနှင့် အားနည်းမှုအပြင်၊ သင်နားမလည်သောအရာ၊ မကျော်လွှားနိုင်သော အရာအချို့ကို တစ်ခုပြီးတစ်ခု ဘုရားသခင်ရှေ့မှောက်သို့ လာ၍ မှန်ကန်စွာ ဆုတောင်းလော့။ ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့လော့။ မည်သည့်အရာကိုမျှ မဖုံးကွယ်နှင့်။ အကယ်၍ အခြားသူများအား သင် မဖော်ပြနိုင်သော ပြောမထွက်နိုင်သည့်အရာများ ရှိပါက၊ ဘုရားသခင်ရှေ့မှောက်သို့ လာ၍ ဆုတောင်းရန် သာ၍ပင် မရှိမဖြစ်လိုအပ်သည်။ အချို့လူများက “ဘုရားသခင်ကို ထိုအကြောင်း ပြောဆိုခြင်းက ပြစ်တင်ရှုတ်ချခြင်းကို ဖြစ်စေသည် မဟုတ်လော” ဟု မေးကြသည်။ သင်သည် ဘုရားသခင်ကို ဆန့်ကျင်ပြီး သူ၏ ပြစ်တင်ရှုတ်ချခြင်းကို ရရှိစေသည့်အရာများစွာကို လုပ်ဆောင်ပြီးဖြစ်သည် မဟုတ်လော။ ဤနောက်ထပ်တစ်ခုအတွက် အဘယ်ကြောင့် စိုးရိမ်ပူပန်နေသနည်း။ သင်သည် ထိုအကြောင်းကို မပြောပါက၊ ဘုရားသခင် မသိဟု သင်ထင်သလော။ သင်တွေးသမျှကို ဘုရားသခင် သိသည်။ သင်သည် သင်၏ စိတ်နှလုံးထဲတွင်ရှိသည့်အရာကို ထုတ်ပြောလျက်၊ သင်၏ ပြဿနာများနှင့် အခြေအနေများကို သူ့ထံသို့ မှန်ကန်စွာ တင်ပြလျက်၊ ဘုရားသခင်နှင့် ပွင့်လင်းစွာ မိတ်သဟာယဖွဲ့သင့်သည်။ သင်၏ အားနည်းမှု၊ ပုန်ကန်မှုနှင့် သင်၏ မကျေနပ်ချက်များကိုပင် ဘုရားသခင်အား ပြောဆိုနိုင်သည်။ သင်သည် ပွင့်အံချလိုလျှင်ပင် အဆင်ပြေသည်၊ ဘုရားသခင်က ဤအရာကို ပြစ်တင်ရှုတ်ချမည်မဟုတ်ပေ။ အဘယ်ကြောင့် ဘုရားသခင်က ဤအရာကို ပြစ်တင်ရှုတ်ချခြင်းမရှိသနည်း။ ဘုရားသခင်သည် လူ၏ ဝိညာဉ်ရင့်ကျက်မှုကို သိသည်။ သင်သည် သူနှင့်စကားမပြောလျှင်ပင်၊ သူသည် သင်၏ ဝိညာဉ်ရင့်ကျက်မှုကို သိနေဆဲဖြစ်သည်။ ဘုရားသခင်နှင့် စကားပြောဆိုခြင်းအားဖြင့်၊ တစ်ဖက်တွင်၊ ဤသည်မှာ သင့်ကိုယ်သင် ဖွင့်ချပြီး ဘုရားသခင်ထံ ပွင့်လင်းရန် သင်၏ အခွင့်အရေးဖြစ်သည်။ အခြားတစ်ဖက်တွင်၊ ယင်းသည် ဘုရားသခင်အပေါ် သင်၏ ကျိုးနွံနာခံခြင်း သဘောထားကိုလည်း ပြသပေသည်။ အနည်းဆုံးအနေဖြင့် သင်၏စိတ်နှလုံးသည် သူ့အပေါ် ပိတ်ထားခြင်းမရှိကြောင်း၊ သင်သည် အားနည်းခြင်းသာဖြစ်ကြောင်း၊ ဤကိစ္စကို ကျော်လွှားအောင်မြင်ရန် လုံလောက်သော ဝိညာဉ်ရင့်ကျက်မှု မရှိကြောင်း၊ ထိုမျှသာဖြစ်ကြောင်း ဘုရားသခင်ကို သင်မြင်ခွင့်ပေးခြင်း ဖြစ်သည်။ သင်သည် အာခံရန် ရည်ရွယ်ခြင်းမရှိ၊ သင်၏ သဘောထားသည် ကျိုးနွံနာခံရန်ဖြစ်သည်။ သင်၏ ဝိညာဉ်ရင့်ကျက်မှုက အလွန်သေးငယ်ပြီး၊ ဤကိစ္စရပ်ကို သင်မခံနိုင်ခြင်းသာ ဖြစ်သည်။ သင်သည် ဘုရားသခင်ထံ သင်၏စိတ်နှလုံးကို အပြည့်အဝ ဖွင့်ဟပြီး သင်၏ အနက်ရှိုင်းဆုံးသော အတွေးများကို သူ့အား မျှဝေနိုင်သည့်အခါ၊ သင်ပြောဆိုသည့်အရာတွင် အားနည်းမှုနှင့် စောဒကတက်ခြင်းများ ပါဝင်နိုင်သော်လည်း၊ အထူးသဖြင့်၊ အပျက်သဘောဆောင်သည့်အရာများစွာ ပါဝင်သော်လည်း၊ ဤအရာတွင် မှန်ကန်သည့်အရာတစ်ခု ရှိသည်။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သင် ပိုင်ဆိုင်ကြောင်း သင်ဝန်ခံသည်၊ သင်သည် ဖန်ဆင်းခံတစ်ဦးဖြစ်ကြောင်း သင်ဝန်ခံသည်၊ သင်သည် ဖန်ဆင်းရှင်အဖြစ် ဘုရားသခင်၏ ပင်ကိုလက္ခဏာကို မငြင်းပယ်သည့်အပြင်၊ သင်နှင့် ဘုရားသခင်ကြားရှိ ဆက်ဆံရေးသည် ဖန်ဆင်းခံတစ်ဦးနှင့် ဖန်ဆင်းရှင်၏ ဆက်ဆံရေးဖြစ်သည်ကိုလည်း သင်မငြင်းပယ်ပေ။ အောင်မြင်ကျော်လွှားရန် သင် အခက်တွေ့ဆုံးသောအရာများ၊ သင့်ကို အားအနည်းဆုံးဖြစ်စေသည့်အရာများကို ဘုရားသခင်ထံ အပ်နှံပြီး၊ သင်၏ အတွင်းကျကျ ခံစားချက်အားလုံးကို ဘုရားသခင်အား ပြောပြသည်။ ဤအရာက သင်၏ သဘောထားကို ပြသသည်။ အချို့လူများက “ကျွန်ုပ် ဘုရားသခင်ထံ တစ်ကြိမ် ဆုတောင်းခဲ့ပြီး ယင်းက ကျွန်ုပ်၏ အပျက်သဘောဆောင်မှုကို မဖြေရှင်းပေးပါ။ ကျွန်ုပ် ယင်းကို အောင်မြင်ကျော်လွှားနိုင်ခြင်း မရှိသေးပါ”ဟု ဆိုကြသည်။ အရေးမကြီးပေ။ သင်သည် သမ္မာတရားကို လေးလေးနက်နက် ရှာဖွေရန်သာ လိုအပ်သည်။ သင်မည်မျှ နားလည်သည်ဖြစ်စေ၊ ဘုရားသခင်သည် သင့်ကို တဖြည်းဖြည်း ခွန်အားပေးမည်ဖြစ်ပြီး သင်သည် အစကလောက် အားနည်းတော့မည်မဟုတ်ပေ။ သင်၌ အားနည်းခြင်းနှင့် အပျက်သဘောဆောင်ခြင်း မည်မျှပင် ရှိသည်ဖြစ်စေ၊ သင်၌ စောဒကတက်ခြင်းများနှင့် အပျက်သဘောဆောင်သော စိတ်ခံစားချက်များ မည်မျှပင် ရှိသည်ဖြစ်စေ ဘုရားသခင်နှင့် စကားပြောလော့။ ဘုရားသခင်ကို အပြင်လူတစ်ဦးကဲ့သို့ မဆက်ဆံနှင့်။ သင်သည် မည်သူ့ထံမှ အမှုအရာများကို ဖုံးကွယ်သည်ဖြစ်စေ၊ ဘုရားသခင်ထံမှ မည်သည့်အရာကိုမျှ မဖုံးကွယ်နှင့်၊ အကြောင်းမူကား ဘုရားသခင်သည် သင်၏ တစ်ခုတည်းသော အားကိုးရာဖြစ်ပြီး သင်၏ တစ်ခုတည်းသော ကယ်တင်ခြင်းလည်း ဖြစ်သောကြောင့်ဖြစ်သည်။ ဘုရားသခင်၏ ရှေ့မှောက်သို့ လာခြင်းအားဖြင့်သာ ဤပြဿနာများကို ဖြေရှင်းနိုင်သည်၊ လူတို့ကို အားကိုးခြင်းသည် အသုံးမဝင်ပေ။ ထို့ကြောင့် အပျက်သဘောဆောင်ခြင်းနှင့် အားနည်းခြင်းကို ရင်ဆိုင်ရသောအခါ ဘုရားသခင်၏ ရှေ့မှောက်သို့ လာ၍ သူ့ကို အားကိုးသောသူတို့သည် ဉာဏ်အရှိဆုံး ဖြစ်ကြသည်။ မိုက်မဲပြီး ခေါင်းမာသောလူများသာလျှင်၊ အရေးပါပြီး အရေးကြီးသော အဖြစ်အပျက်များနှင့် ရင်ဆိုင်ရကာ ဘုရားသခင်ထံ မိမိတို့၏ စိတ်နှလုံးကို ဖွင့်ထုတ်ပြောဆိုရန် လိုအပ်သည့်အခါ၊ မိမိတို့၏ စိတ်ထဲတွင် ကြံစည်လျက် ဘုရားသခင်ထံမှ သာ၍ပင် ဝေးကွာသွားပြီး ရှောင်ရှားကြသည်။ ဤကြံစည်မှုအားလုံး၏ ရလဒ်မှာ အဘယ်နည်း။ ၎င်းတို့၏ အပျက်သဘောဆောင်ခြင်းနှင့် စောဒကတက်ခြင်းများသည် အာခံခြင်းအဖြစ်သို့ ပြောင်းလဲသွားပြီး၊ အာခံခြင်းသည် ဘုရားသခင်ကို အတိုက်အခံလုပ်ခြင်းနှင့် ပွက်ပွက်ညံအောင် ကန့်ကွက်ခြင်းအဖြစ်သို့ ပြောင်းလဲသွားသည်။ ဤလူတို့သည် ဘုရားသခင်နှင့် လုံးဝ မသင့်မြတ်နိုင်အောင်ဖြစ်သွားပြီး၊ ဘုရားသခင်နှင့် ၎င်းတို့၏ ဆက်ဆံရေးက လုံးဝ ပြိုကွဲပျက်စီးသွားသည်။ သို့သော်လည်း၊ သင်သည် ထိုသို့သော အပျက်သဘောဆောင်ခြင်းနှင့် အားနည်းခြင်းကို ရင်ဆိုင်ရသည့်အခါ၊ အကယ်၍ သင်သည် သမ္မာတရားကို ရှာဖွေရန်အတွက် ဘုရားသခင်ရှေ့မှောက်သို့ ဆက်လက်လာရောက်ရန် ရွေးချယ်နိုင်ပြီး၊ ဘုရားသခင်၏ စီစဉ်ညွှန်ကြားခြင်းများနှင့် အစီအစဉ်များကို ကျိုးနွံနာခံရန် ရွေးချယ်နိုင်ကာ၊ စစ်မှန်သော ကျိုးနွံနာခံသည့် သဘောထားကို သင် ခံယူပါက၊ သင့်အနေဖြင့် အပျက်သဘောဆောင်ပြီး အားနည်းနေသည့်အခါတွင်ပင် သူ့ကို စိတ်ရင်းမှန်ဖြင့် ကျိုးနွံနာခံလိုသေးသည်ကို မြင်သည့်အတွက် ဘုရားသခင်သည် သင့်ကို သင်၏ အပျက်သဘောဆောင်ခြင်းနှင့် အားနည်းခြင်းမှ ထုတ်ဆောင်လျက်၊ သင့်အား မည်သို့လမ်းညွှန်ရမည်ကို သိလိမ့်မည်။ ဤအတွေ့အကြုံများ ရှိပြီးနောက်၊ သင်သည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်း ဖြစ်ပေါ်လာလိမ့်မည်။ သင့်အနေဖြင့် မည်သည့်အခက်အခဲများကို ရင်ဆိုင်ရသည်ဖြစ်စေ၊ ဘုရားသခင်ကို ရှာဖွေပြီး သူ့ကို စောင့်ဆိုင်းနေသရွေ့၊ သူသည် သင်မသိလိုက်ဘဲ သင့်အတွက် ထွက်မြောက်ရာလမ်းတစ်ခုကို စီစဉ်ပေးလိမ့်မည်ဖြစ်ပြီး၊ သင်သတိပင်မထားမိလိုက်ဘဲ အခြေအနေများက ပြောင်းလဲသွားသည်ကို မြင်တွေ့ခွင့်ပြုကာ၊ သင့်ကို အားနည်းခြင်းမရှိတော့ဘဲ အားကောင်းလာစေပြီး၊ ဘုရားသခင်၌ သင်၏ ယုံကြည်ခြင်းကို တိုးပွားစေမည်ဟု သင်ခံစားရလိမ့်မည်။ သင်သည် ဤအဖြစ်အပျက်များကို ပြန်လည်ဆင်ခြင်သုံးသပ်သည့်အခါ၊ ထိုအချိန်က သင်၏ အားနည်းမှုသည် မည်မျှ ကလေးဆန်ခဲ့သည်ကို သင်ခံစားရလိမ့်မည်။ အမှန်တွင်၊ လူတို့သည် ထိုသို့ကလေးဆန်ကြခြင်းသာ ဖြစ်ပြီး၊ ဘုရားသခင်၏ ထောက်ပံ့မှုမရှိဘဲ၊ ၎င်းတို့သည် မိမိတို့၏ ကလေးဆန်ခြင်းနှင့် မသိနားမလည်ခြင်းမှ မည်သည့်အခါမျှ ရင့်ကျက်လာမည်မဟုတ်ပေ။ ဤအရာများကို တွေ့ကြုံခံစားသည့် ဖြစ်စဉ်တွင် ဘုရားသခင်၏ အချုပ်အခြာအာဏာကို တဖြည်းဖြည်း လက်ခံပြီး ကျိုးနွံနာခံခြင်းအားဖြင့်၊ ဤအဖြစ်မှန်များကို အပြုသဘောဆောင်စွာနှင့် တက်ကြွစွာ ရင်ဆိုင်ခြင်းအားဖြင့်၊ စည်းမျဉ်းများကို ရှာဖွေခြင်းအားဖြင့်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို ရှာဖွေခြင်းအားဖြင့်၊ ဘုရားသခင်ကို ရှောင်ရှားခြင်း သို့မဟုတ် ခပ်ကင်းကင်းနေခြင်း မရှိတော့ဘဲ၊ ဘုရားသခင်ကို ပုန်ကန်ခြင်းလည်း မရှိတော့ဘဲ၊ ပုန်ကန်မှု နည်းသည်ထက်နည်းလာလျက်၊ ပို၍ပို၍ ကျိုးနွံနာခံလာခြင်းအားဖြင့်၊ ဘုရားသခင်နှင့် ပို၍ပို၍ ရင်းနှီးလာခြင်းအားဖြင့်၊ ဘုရားသခင်ကို ပို၍ပို၍ ကျိုးနွံနာခံနိုင်လာခြင်းအားဖြင့်၊ ဤသို့ တွေ့ကြုံခံစားခြင်းအားဖြင့်သာ လူတစ်ဦး၏အသက်တာသည် လူလားမြောက်သည့် ဝိညာဉ်ရင့်ကျက်မှုအဖြစ်သို့ အပြည့်အဝ ကြီးထွားလာလျက် တဖြည်းဖြည်း ကြီးထွားပြီး ရင့်ကျက်လာပေသည်။

အပျက်သဘောဆောင်သော အခြေအနေများကို မည်သို့ သဘောထားပြီး ဖြေရှင်းသင့်သနည်း။ အပျက်သဘောဆောင်ခြင်းသည် ကြောက်ရွံ့ရမည့်အရာ မဟုတ်ပေ။ အဓိကအချက်မှာ ဆင်ခြင်တုံတရားရှိရန် ဖြစ်သည်။ လူတစ်ဦးသည် အဆက်မပြတ် အပျက်သဘောဆောင်နေချိန်တွင် မိုက်မဲစွာ ပြုမူရန် လွယ်ကူသည် မဟုတ်လော။ လူတစ်ဦးသည် အပျက်သဘောဆောင်သည့်အခါ၊ ၎င်းတို့သည် စောဒကတက်ခြင်း သို့မဟုတ် မိမိတို့ကိုယ်ကို လက်လျှော့ခြင်းသာ ပြုကြပြီး၊ မည်သည့်ဆင်ခြင်တုံတရားမျှမရှိဘဲ ပြောဆိုပြုမူကြသည်၊ ဤသည်မှာ ၎င်းတို့၏ တာဝန်ထမ်းဆောင်ခြင်းကို ထိခိုက်သည် မဟုတ်လော။ အကယ်၍ လူတစ်ဦးသည် စိတ်ပျက်အားငယ်ခြင်းကို မလွန်ဆန်နိုင်သည့်အပြင် အပျက်သဘောဆောင်မှုဖြင့် ပျင်းရိပေါ့ဆနိုင်ပါက၊ ဤသည်မှာ ဘုရားသခင်ကို သစ္စာဖောက်ခြင်း မဟုတ်လော။ ပြင်းထန်သော အပျက်သဘောဆောင်ခြင်းသည် စိတ်ရောဂါရှိခြင်းနှင့် တူသည်။ ယင်းသည် နတ်ဆိုးများ ပူးကပ်နေခြင်းနှင့် အတော်အတန် ဆင်တူသည်၊ ယင်းမှာ ဆင်ခြင်တုံတရား ကင်းမဲ့ခြင်း ဖြစ်သည်။ ဖြေရှင်းချက်များအတွက် သမ္မာတရားကို မရှာဖွေခြင်းသည် အမှန်ပင် အန္တရာယ်များသည်။ လူတို့သည် အပျက်သဘောဆောင်သည့်အခါ၊ အကယ်၍ ၎င်းတို့သည် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး လုံးဝကင်းမဲ့ပါက၊ ၎င်းတို့သည် ဆင်ခြင်တုံတရားကို အလွယ်တကူ ဆုံးရှုံးသွားလိမ့်မည်။ ၎င်းတို့သည် မိမိတို့၏ အပျက်သဘောဆောင်မှု၊ စိတ်မကျေနပ်မှုနှင့် အယူအဆများကို နေရာအနှံ့ ဖြန့်ဝေကြလိမ့်မည်။ ဤသည်မှာ ဘုရားသခင်ကို တမင်တကာ ဆန့်ကျင်ခြင်းဖြစ်ပြီး အသင်းတော်၏အလုပ်ကို အလွန်လွယ်ကူစွာ အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်နိုင်သည်၊ အကျိုးဆက်မှာ စဉ်းစားဆင်ခြင်ရန်ပင် အလွန်ဆိုးဝါးပြီး ၎င်းတို့သည် ဘုရားသခင်၏ ပစ်ပစ်ခါခါငြင်းခြင်းကို ခံရနိုင်ခြေ အလွန်များသည်။ သို့သော်လည်း မိမိ အပျက်သဘောဆောင်နေစဉ်တွင် လူတစ်ဦးသည် သမ္မာတရားကို ရှာဖွေနိုင်ပြီး ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးအား ထိန်းသိမ်းကာ အပျက်သဘောဆောင်သောစကားကို မပြောဘဲ၊ မိမိ၏ ကိုယ်ပိုင်အပျက်သဘောဆောင်မှုနှင့် အယူအဆများကိုလည်း မဖြန့်ဝေဘဲ၊ ဘုရားသခင်၌ မိမိ၏ ယုံကြည်ခြင်းနှင့် သူ့အပေါ် ကျိုးနွံနာခံသော သဘောထားကို ထိန်းသိမ်းပါက၊ ထိုသို့သောလူသည် အပျက်သဘောဆောင်ခြင်းမှ အလွယ်တကူ လွတ်လာနိုင်သည်။ လူတိုင်းတွင် အပျက်သဘောဆောင်သည့် အခိုက်အတန့်များ ရှိသည်။ ယင်းတို့သည် ပြင်းထန်မှု၊ ကြာချိန်နှင့် အကြောင်းရင်းများသာ ကွဲပြားကြသည်။ အချို့လူများသည် ယေဘုယျအားဖြင့် အပျက်သဘောမဆောင်သော်လည်း တစ်စုံတစ်ခုတွင် ကျရှုံးခြင်း သို့မဟုတ် ယိမ်းယိုင်ခြင်းနှင့် ရင်ဆိုင်ရသည့်အခါ ထိုသို့ဖြစ်လာကြသည်။ အခြားသူများမှာမူ မပြောပလောက်သည့်ကိစ္စများကြောင့် အပျက်သဘောဆောင်လာနိုင်သည်၊ တစ်စုံတစ်ဦးက ၎င်းတို့၏မာနကို ထိခိုက်စေသည့်စကားတစ်ခွန်း ပြောဆိုခြင်းမျှပင်လျှင် ဖြစ်နိုင်သည်။ အချို့မှာမူ မိမိအနည်းငယ် အလိုမကျသော အခြေအနေများကြောင့် အပျက်သဘောဆောင်ကြသည်။ ထိုသို့သောလူတို့သည် ဘဝကို မည်သို့အသက်ရှင်ရမည်ကို နားလည်ကြသလော။ ၎င်းတို့တွင် ထိုးထွင်းသိမြင်မှု ရှိသလော။ ၎င်းတို့သည် ပုံမှန်လူတစ်ဦး၏ စိတ်သဘောထားကြီးမှုနှင့် သည်းခံနိုင်စွမ်းကို ပိုင်ဆိုင်ကြသလော။ မပိုင်ဆိုင်ပါ။ အခြေအနေများ မည်သို့ပင်ဖြစ်စေ၊ လူတစ်ဦးသည် မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအတွင်း၌ အသက်ရှင်နေသရွေ့၊ ၎င်းတို့သည် အချို့သော အပျက်သဘောဆောင်သည့် အခြေအနေများထဲသို့ မကြာခဏ ကျဆင်းလိမ့်မည်။ အကယ်၍ လူတစ်ဦးသည် သမ္မာတရားကို နားလည်ပြီး အမှုအရာများကို ထိုးထွင်းသိမြင်နိုင်ပါက၊ ၎င်းတို့၏ အပျက်သဘောဆောင်သော အခြေအနေများသည် တိုး၍ရှားပါးလာမည်ဖြစ်ပြီး ၎င်းတို့၏ ဝိညာဉ်ရင့်ကျက်မှု ကြီးထွားလာသည်နှင့်အမျှ ၎င်းတို့၏ အပျက်သဘောဆောင်မှုသည် တဖြည်းဖြည်း ပျောက်ကွယ်သွားကာ၊ နောက်ဆုံးတွင် လုံးဝ ပျောက်ကွယ်သွားလိမ့်မည်မှာ အမှန်ပင်ဖြစ်သည်။ သမ္မာတရားကို မချစ်သောသူများ၊ သမ္မာတရားကို လုံးဝလက်မခံသောသူများ၌ အပျက်သဘောဆောင်သော စိတ်ခံစားမှုများ၊ အပျက်သဘောဆောင်သော အခြေအနေများအပြင်၊ အပျက်သဘောဆောင်သော အတွေးများနှင့် သဘောထားများ ပို၍များပြားလာမည်ဖြစ်ပြီး၊ ယင်းတို့သည် စုပုံလာလေ ပို၍ပြင်းထန်လာလေ ဖြစ်လိမ့်မည်ဖြစ်ပြီး ဤအရာများက ၎င်းတို့ကို လွှမ်းမိုးသွားသည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့ နာလန်ထူနိုင်ကြလိမ့်မည် မဟုတ်။ ယင်းမှာ အလွန်အန္တရာယ်များပေသည်။ ထို့ကြောင့်၊ အပျက်သဘောဆောင်မှုကို ချက်ချင်းဖြေရှင်းခြင်းသည် အရေးကြီးသည်။ အပျက်သဘောဆောင်မှုကို ဖြေရှင်းရန်၊ လူတစ်ဦးသည် တက်ကြွစွာ သမ္မာတရားကို ရှာဖွေရမည်။ သူ၏ မျက်မှောက်တွင် ငြိမ်သက်ခြင်း အခြေအနေကို ထိန်းသိမ်းရင်း ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းနှင့် တွေးဆခြင်းသည် ဉာဏ်အလင်းရခြင်းနှင့် အလင်းပေးခြင်းကို ရရှိစေမည်ဖြစ်ပြီး၊ လူတစ်ဦးအား သမ္မာတရားကို နားလည်စေကာ အပျက်သဘောဆောင်ခြင်း၏ အနှစ်သာရကို ထိုးထွင်းသိမြင်စေလျက်၊ ထိုသို့ဖြင့် အပျက်သဘောဆောင်ခြင်း ပြဿနာကို ဖြေရှင်းစေမည်ဖြစ်သည်။ အကယ်၍ သင်သည် သင်၏ ကိုယ်ပိုင်အယူအဆများနှင့် အကြောင်းပြချက်များကို ဆက်လက်ဖက်တွယ်ထားသေးပါက၊ သင်သည် အလွန်မိုက်မဲပြီး၊ သင်၏ မိုက်မဲခြင်းနှင့် မသိနားမလည်ခြင်းကြောင့် သင်ပျက်စီးခြင်းသို့ ရောက်လိမ့်မည်။ မည်သို့ပင်ဖြစ်စေ၊ အပျက်သဘောဆောင်မှုကို ဖြေရှင်းခြင်းသည် တက်ကြွစွာ ဖြစ်သင့်သည်၊ မထုံတက်သေး မဖြစ်သင့်ပေ။ အပျက်သဘောဆောင်မှု ဖြစ်ပေါ်လာသည့်အခါ၊ ယင်းကို လျစ်လျူရှုထားသင့်သည်၊ ၎င်းတို့ ပျော်ရွှင်လာသည့်အခါ၊ ၎င်းတို့၏ အပျက်သဘောဆောင်မှုက အလိုအလျောက် ဝမ်းမြောက်ခြင်းအဖြစ်သို့ ပြောင်းလဲသွားလိမ့်မည်ဟု လူအချို့က ထင်ကြသည်။ ဤသည်မှာ စိတ်ကူးယဉ်တစ်ခုသာ ဖြစ်သည်၊ သမ္မာတရားကို မရှာဖွေဘဲ သို့မဟုတ် လက်မခံဘဲ၊ အပျက်သဘောဆောင်မှုသည် အလိုအလျောက် သူ့ဘာသာ ပျောက်ကွယ်သွားမည်မဟုတ်ပေ။ သင်သည် ယင်းကို မေ့သွားပြီး သင်၏စိတ်နှလုံးထဲတွင် မည်သို့မျှ မခံစားရလျှင်ပင်၊ သင်၏ အပျက်သဘောဆောင်မှုနှင့်ဆိုင်သည့် အရင်းခံအကြောင်းရင်းကို ဖြေရှင်းပြီးဖြစ်သည်ဟု မဆိုလိုပေ။ သင့်လျော်သော အခြေအနေများ ဖြစ်ပေါ်လာသည်နှင့်တစ်ပြိုင်နက်၊ ယင်းသည် တစ်ဖန် ပြန်ထလာလိမ့်မည်၊ ယင်းမှာ သာမန်ဖြစ်စဉ်တစ်ခု ဖြစ်သည်။ အကယ်၍ လူတစ်ဦးသည် ဉာဏ်ရှိပြီး ဆင်ခြင်တုံတရားရှိပါက အပျက်သဘောဆောင်မှု ဖြစ်ပေါ်လာသည့်အခါ ချက်ချင်း သမ္မာတရားကို ရှာဖွေသင့်ပြီး ယင်းကို ဖြေရှင်းရန် သမ္မာတရားအား လက်ခံခြင်းနည်းလမ်းကို အသုံးပြုသင့်ပေသည်၊ ထိုသို့ဖြင့် အပျက်သဘောဆောင်ခြင်း ပြဿနာကို ယင်း၏ အရင်းအမြစ်မှ ဖြေရှင်းနိုင်ပေသည်။ မကြာခဏ အပျက်သဘောဆောင်သောသူအားလုံးသည် သမ္မာတရားကို လက်မခံနိုင်သောကြောင့် ထိုသို့ဖြစ်ကြသည်။ သင်သည် သမ္မာတရားကို လက်မခံပါက အပျက်သဘောဆောင်ခြင်းသည် သင့်ကို အမြဲတစေ အပျက်သဘောဆောင်စေပြီး ဘုရားသခင်အပေါ် နာခံမှုမရှိခြင်း၊ စိတ်မကျေနပ်ခြင်းနှင့် နာကြည်းချက်ဟူသော ခံစားချက်များကို ဖြစ်ပေါ်စေလျက် ဘုရားသခင်ကို သင် အတိုက်အခံလုပ်ခြင်း၊ တိုက်ခိုက်ခြင်းနှင့် ဆူပူအော်ဟစ်ခြင်းတို့ကို ပြုလုပ်မိသည့်အထိ နတ်ဆိုးတစ်ကောင်ကဲ့သို့ သင့်ကို တွယ်ကပ်နေလိမ့်မည်။ ထိုအချိန်တွင် သင်သည် အဆုံးကို ရောက်ပြီးဖြစ်လိမ့်မည်၊ ပြီးလျှင် သင်၏ အကျည်းတန်သောမျက်နှာသည် ထုတ်ဖော်ခံရလိမ့်မည်။ လူတို့သည် သင့်ကို စတင် ဖော်ထုတ်သည်၊ သင့်ကို စတင် စိတ်ဖြာလေ့လာဆွေးနွေးပြီး သင့်ကို စတင် သရုပ်ဖော်သတ်မှတ်ကာ ကြောက်မက်ဖွယ်ကောင်းသော လက်တွေ့အရှိတရားနှင့် ရင်ဆိုင်ရသည့် ယခုအခါတွင်မှ သင်၏ မျက်ရည်များ စတင်ကျလာသည်။ ဤသည်မှာ သင်သည် ပြိုလဲပြီး စိတ်ပျက်အားငယ်မှုဖြင့် စတင်ရင်ဘတ်စည်တီးသည့်အချိန်ဖြစ်သည်။ ဘုရားသခင်၏ အပြစ်ဒဏ်ပေးခြင်းကို လက်ခံရန်သာ သင် စောင့်နေပေသည်။ အပျက်သဘောဆောင်ခြင်းသည် လူတို့ကို အားနည်းစေရုံသာမက၊ ယင်းသည် ၎င်းတို့အား ဘုရားသခင်နှင့်ပတ်သက်၍ စောဒကတက်စေသည်၊ ဘုရားသခင်ကို ဝေဖန်စေသည်၊ ဘုရားသခင်ကို ငြင်းပယ်စေပြီး ဘုရားသခင်ကို တိုက်ရိုက် တိုက်ခိုက်ကာ ပွက်ပွက်ညံအောင် ကန့်ကွက်သည်အထိပင် ဖြစ်စေသည်။ ထို့ကြောင့်၊ အကယ်၍ တစ်စုံတစ်ဦး၏ အပျက်သဘောဆောင်မှုကို ဖြေရှင်းခြင်းသည် နှောင့်နှေးသွားပါက၊ ၎င်းတို့သည် ပြစ်မှားစော်ကားသော စကားများကို ထုတ်ဖော်ပြီး ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားသည်နှင့်တစ်ပြိုင်နက်၊ အကျိုးဆက်များက အလွန်ပြင်းထန်သည်။ အကယ်၍ သင်သည် အဖြစ်အပျက်တစ်ခု၊ စကားတစ်ခွန်း၊ သို့မဟုတ် အတွေး သို့မဟုတ် သဘောထားအမြင်တစ်ခုကြောင့် အပျက်သဘောဆောင်ခြင်းထဲသို့ ကျရောက်ပြီး မကျေနပ်ချက်များ ထားရှိပါက၊ ဤသည်မှာ ထိုကိစ္စရပ်အပေါ် သင်၏ နားလည်မှုသည် လွဲချော်နေပြီး၊ သင်သည် ယင်းနှင့်ပတ်သက်၍ အယူအဆများနှင့် စိတ်ကူးများ ရှိနေသည်ကို ပြသပေသည်။ ဤကိစ္စရပ်အပေါ် သင်၏ အမြင်များက သမ္မာတရားနှင့် သေချာပေါက် မကိုက်ညီပေ။ ဤအချိန်တွင်၊ သင်သည် ဤမှားယွင်းသော အယူအဆများနှင့် စိတ်ကူးများကို တတ်နိုင်သမျှ အစောဆုံး အလျင်အမြန် ပြုပြင်ရန် ကြိုးစားလျက်၊ သမ္မာတရားကို ရှာဖွေပြီး ယင်းကို မှန်ကန်စွာ ရင်ဆိုင်ရန် လိုအပ်သည်။ သင့်ကိုယ်သင် ဤအယူအဆများဖြင့် ချည်နှောင်ခြင်းနှင့် လမ်းလွဲစေခြင်းကို ခံရကာ ဘုရားသခင်အပေါ် မနာခံခြင်း၊ စိတ်မကျေနပ်ခြင်းနှင့် နာကြည်းချက် အခြေအနေသို့ ကျရောက်စေရန် ခွင့်မပြုသင့်ပေ။ အပျက်သဘောဆောင်မှုကို ချက်ချင်းဖြေရှင်းခြင်းသည် အရေးကြီးပြီး၊ ယင်းကို လုံးဝဖြေရှင်းခြင်းသည်လည်း အလွန်အရေးကြီးသည်။ အပျက်သဘောဆောင်မှုကို ဖြေရှင်းရန် အကောင်းဆုံးနည်းလမ်းမှာ သမ္မာတရားကို ရှာဖွေခြင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပိုမိုဖတ်ရှုခြင်းနှင့် ဘုရားသခင်၏ ဉာဏ်အလင်းပေးခြင်းကို ရှာဖွေရန် သူ့ရှေ့မှောက်သို့ လာရောက်ခြင်းဖြစ်သည်။ တစ်ခါတစ်ရံ၊ သင်သည် သင်၏ အတွေးများနှင့် သဘောထားအမြင်များကို ယာယီအားဖြင့် ပြောင်းလဲနိုင်ခြင်းမရှိ ဖြစ်ကောင်းဖြစ်နိုင်သော်လည်း အနည်းဆုံးအနေဖြင့် သင်သည် မှားယွင်းနေကြောင်းနှင့် သင်၏ ဤအတွေးများသည် လွဲချော်နေကြောင်းကို သင်သိသင့်သည်။ ဤနည်းအားဖြင့်၊ အနိမ့်ဆုံးရလဒ်မှာ သင်၏ တာဝန်ကို ထမ်းဆောင်ရာတွင် ဤမှားယွင်းသော အတွေးများနှင့် အမြင်ရှုထောင့်များက သင်၏ သစ္စာစောင့်သိခြင်းကို ထိခိုက်လိမ့်မည်မဟုတ်၊ ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးကို ထိခိုက်လိမ့်မည်မဟုတ်သည့်အပြင်၊ သင်၏စိတ်နှလုံးကို ဖွင့်ဟပြီး ဆုတောင်းရန် ဘုရားသခင်ရှေ့မှောက်သို့ သင်လာရောက်ခြင်းကို ထိခိုက်လိမ့်မည်မဟုတ်ပေ။ အနည်းဆုံးအနေဖြင့်၊ ဤသည်မှာ စွမ်းဆောင်ရရှိရမည့် ရလဒ်ဖြစ်သည်။ သင်သည် အပျက်သဘောဆောင်မှုဖြင့် လွှမ်းမိုးခြင်းခံရပြီး နာခံမှုမရှိသည့်အပြင် စိတ်မကျေနပ်ဖြစ်နေသည့်အခါ၊ ဘုရားသခင်အပေါ် စောဒကတက်မှုများကို ထားရှိသော်လည်း ဖြေရှင်းခြင်းအတွက် သမ္မာတရားကို မရှာဖွေလိုဘဲ၊ အမှန်တွင် သင်၏စိတ်နှလုံးက ဘုရားသခင်ထံမှ အလှမ်းဝေးနေပြီး သူ၏နှုတ်ကပတ်တော်များကို မဖတ်လိုတော့ သို့မဟုတ် ဆုမတောင်းလိုတော့သည့်အချိန်တွင် ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးက ပုံမှန်ဖြစ်သည်ဟု သင် တွေးထင်နေပါက၊ ပြဿနာသည် ပြင်းထန်လာပြီ မဟုတ်လော။ သင်က “ကျွန်ုပ် မည်မျှပင် အပျက်သဘောဆောင်နေပါစေ၊ ကျွန်ုပ်၏ တာဝန်ထမ်းဆောင်ခြင်းက အဟန့်အတားမဖြစ်ခဲ့သည့်အပြင် ကျွန်ုပ်၏အလုပ်ကိုလည်း ကျွန်ုပ် မစွန့်ပစ်ခဲ့ပါ။ ကျွန်ုပ်သည် သစ္စာစောင့်သိပါသည်”ဟု ဆိုသည်။ ဤစကားများသည် ခိုင်လုံသလော။ အကယ်၍ သင်သည် မကြာခဏ အပျက်သဘောဆောင်ပါက၊ ယင်းသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုမျှသာ မဟုတ်ပေ။ ပို၍ပြင်းထန်သော ပြဿနာများ ရှိသည်။ သင်သည် ဘုရားသခင်နှင့်ပတ်သက်သည့် အယူအဆများရှိသည်၊ သူ့ကို သင် အထင်အမြင်လွဲမှားပြီး သင်ကိုယ်တိုင်နှင့် ဘုရားသခင်ကြားတွင် အတားအဆီးများ ဖန်တီးမိပြီးဖြစ်သည်။ အကယ်၍ သင်သည် ဤအရာကို ဖြေရှင်းရန် သမ္မာတရားကို မရှာဖွေပါက၊ အလွန်အန္တရာယ်များသည်။ လူတစ်ဦးသည် မကြာခဏ အပျက်သဘောဆောင်ပါက၊ ၎င်းအနေဖြင့် မိမိ၏တာဝန်ကို အဆုံးတိုင် သစ္စာစောင့်သိစွာနှင့် ဝတ်ကျေတမ်းကျေမရှိဘဲ ထမ်းဆောင်ကြောင်း မည်သို့ သေချာစေနိုင်မည်နည်း။ အကယ်၍ ဖြေရှင်းခြင်းမရှိပါက အပျက်သဘောဆောင်ခြင်းသည် သူ့အလိုလို ထွက်သွားနိုင်သလော သို့မဟုတ် ပျောက်ကွယ်သွားနိုင်သလော။ လူတစ်ဦးသည် ဖြေရှင်းချက်အတွက် သမ္မာတရားကို အချိန်မီ မရှာဖွေပါက၊ အပျက်သဘောဆောင်ခြင်းသည် ဆက်လက်ဖြစ်ပေါ်နေလိမ့်မည်ဖြစ်ပြီး ပို၍ဆိုးရွားလာရုံသာ ရှိလိမ့်မည်။ ယင်းက ဖြစ်ပေါ်စေသော အကျိုးဆက်များက ပို၍ဆိုးရွားလာရုံသာ ရှိမည်။ ၎င်းတို့သည် အပြုသဘောဆောင်သောဘက်သို့ လုံးဝ တိုးတက်ဖြစ်ပေါ်လိမ့်မည်မဟုတ်ဘဲ၊ ပို၍ဆိုးဝါးသောဘက်သို့သာ ကြီးထွားလာကြလိမ့်မည်ဖြစ်သည်။ ထို့ကြောင့်၊ အပျက်သဘောဆောင်မှု ဖြစ်ပေါ်လာသည့်အခါ၊ ဖြေရှင်းရန် သမ္မာတရားကို အမြန်ရှာဖွေရမည်။ ဤအရာကသာ သင်၏တာဝန်များကို သင် ကောင်းစွာထမ်းဆောင်နိုင်ကြောင်း သေချာစေသည်။ အပျက်သဘောဆောင်မှုကို ဖြေရှင်းခြင်းက အရေးကြီးပြီး၊ ယင်းကို နှောင့်နှေး၍မရပေ။

၂၀၂၁ ခုနှစ်၊ ဇွန်လ ၂၆ ရက်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။