ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၁၈) အခန်း နှစ်
ဂ။ ဘုရားသခင်ကို အသရေဖျက်ပြီး တိုက်ခိုက်သည့် တရုတ်ကွန်မြူနစ်အစိုးရနှင့် ဘာသာရေးလောက၏ အခြေအမြစ်မရှိသော ကောလာဟလများကို သဘောထားရမည့် နည်းလမ်း
တရုတ်ကွန်မြူနစ်အစိုးရနှင့် ဘာသာရေးလောကသည် ညီအစ်ကိုမောင်နှမများက ဧဝံဂေလိတရားကို လက်ခံရန် လူတို့ကို အတင်းအကျပ်ခိုင်းသည်၊ စသည်ဖြင့် မှားယွင်းစွာ အခိုင်အမာဆိုလျက် ဘုရားအိမ်တော်နှင့်ပတ်သက်၍ အခြေအမြစ်မရှိသော ကောလာဟလများစွာကို လုပ်ကြံဖန်တီးခဲ့ကြသည်။ ဤကောလာဟလများကို ကြားပြီးနောက် သင်တို့သည် မည်သို့ ခံစားရသနည်း။ (ဒေါသထွက်သည်၊ မခံမရပ်နိုင်ဖြစ်ပါသည်။) ဤသည်တို့မှာ သင်တို့နှင့်ပတ်သက်သော ကောလာဟလများဖြစ်ပြီး သင်တို့ မခံမရပ်နိုင်ဖြစ်ကြသည်။ သင်တို့ မည်သည့်အတိုင်းအတာအထိ မခံမရပ်နိုင်ဖြစ်ကြသနည်း။ ကောလာဟလများကို လုပ်ကြံဖန်တီးသူများအား ရှာဖွေပြီး ၎င်းတို့နှင့် အငြင်းအခုံပြုရန်၊ ၎င်းတို့ကို သင်ခန်းစာပေးရန်ပင် သင်တို့ အလိုရှိကြသလော။ (အလိုရှိပါသည်။) ဤကောလာဟလများသည် အပေါ်ယံအားဖြင့် အသင်းတော်ကို ပစ်မှတ်ထားသော်လည်း အမှန်တွင် အသင်းတော်၏ အသင်းသားတိုင်းနှင့် အသင်းသားတစ်ဦးစီ၏ ဂုဏ်သတင်း၊ တည်ကြည်မှုတို့နှင့် ပါဝင်ပတ်သက်ပေသည်။ ယင်းတို့ကို ကြားပြီးနောက် သင်တို့က၊ “ကျွန်ုပ်တို့ ထိုသို့ မလုပ်ခဲ့ပါ။ ကျွန်ုပ်တို့သည် သမ္မာတရား စည်းမျဉ်းများနှင့်အညီ ဧဝံဂေလိတရားကို ဟောပြောပါသည်။ ဘုရားသခင်ကို မယုံကြည်လိုသောသူများအတွက်မူ ၎င်းတို့ကို ကျွန်ုပ်တို့ အတင်းအကျပ် လုံးဝ မလုပ်ပါ။ ယုံကြည်ခြင်းသည် မိမိသဘောဆန္ဒအလျောက် ဖြစ်ပါသည်။ မည်သူ့ကိုမျှ ကျွန်ုပ်တို့ အကျပ်မကိုင်သည့်အပြင်၊ လူတို့ကို ထိခိုက်နစ်နာစေခြင်း သို့မဟုတ် လက်တုံ့ပြန်ခြင်းတို့ကို သာ၍ပင် မပြုလုပ်ပါ။ ဆန့်ကျင်ဘက်အားဖြင့် ဧဝံဂေလိတရားကို ဟောပြောသော ကျွန်ုပ်တို့သည် ဘာသာရေးသမားများ၏ ရက်စက်စွာ ရိုက်နှက်ခြင်းကို ခံခဲ့ရပြီး ၎င်းတို့၏ ရဲတိုင်ခြင်းကို ခံခဲ့ရသည်။ ညှဉ်းဆဲခြင်းခံရရန် အဆင်းနီသော နဂါးကြီးထံသို့ လွှဲအပ်ခြင်းခံခဲ့ရပါသည်။ ကျွန်ုပ်တို့ထဲမှ များလှစွာသောသူတို့သည် အကျဉ်းချခံခဲ့ရပြီး အတော်များများမှာ ဘာသာရေးသမားများ တည်ထောင်ထားသည့် ကိုယ်ပိုင်အကျဉ်းထောင်များတွင်ပင် ချုပ်နှောင်ခြင်းခံခဲ့ရပါသည်။ ကျွန်ုပ်တို့သည် မတရားဆက်ဆံခြင်းခံရသူများ ဖြစ်ပါသည်တကား”ဟု ဆိုလျက် မခံမရပ်နိုင်ဖြစ်ကြသည်။ ဤကောလာဟလများကို ကြားပြီးနောက် သင်တို့သည် မခံမရပ်နိုင်ဖြစ်ကြပြီး ၎င်းတို့နှင့် အမြဲတစေ အငြင်းအခုံပြုလိုကြသည်။ ဤကောလာဟလများသည် အသင်းတော်နှင့် ဘုရားသခင် ရွေးချယ်ထားသောလူများကို တိုက်ရိုက်တိုက်ခိုက်ပြီး အသရေဖျက်သောကြောင့် သင်တို့တွင် ဤတုံ့ပြန်မှုရှိခြင်း ဖြစ်သည်။ ဘုရားသခင်ကို သိက္ခာချပြီး ဝေဖန်သည့် ကောလာဟလများကို ကြားရသည့်အခါ သင်တို့ မည်သို့ ခံစားရသနည်း။ ဤအရာများသည် သင်တို့၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ အကျိုးစီးပွားများ သို့မဟုတ် သင်တို့၏ တည်ကြည်မှု၊ ဂုဏ်သိက္ခာတို့ ပါဝင်ပတ်သက်ခြင်း မရှိပေ။ ယင်းတို့သည် ဘုရားသခင်နှင့်စပ်ဆိုင်သော ကောလာဟလများ ဖြစ်ကြသည်။ ဥပမာအားဖြင့် သင်သည် ယခင်က ယေရှုကို ယုံကြည်ခဲ့ချိန်တွင် ယေရှုသည် အပျိုစင်တစ်ဦးမှ မွေးဖွားခဲ့ပြီး ဖခင်မရှိဟု လူအချို့က ပြောဆိုခဲ့ကြသည်။ ထိုအရာကို သင်ကြားရသည့်အခါ မည်သို့ ခံစားခဲ့ရသနည်း။ သင်သည် ၎င်းတို့နှင့် အငြင်းအခုံပြုလိုခဲ့သလော။ “ငါတို့ ယုံကြည်သည်မှာ ဘုရားသခင်ဖြစ်သည်”ဟူ၍ ဖြစ်သည်။ ထို့နောက် သင်က ထိုအရာကို အချိန်ယူစဉ်းစားခဲ့သည်။ “မာရိသည် အပျိုစင်တစ်ဦးဖြစ်ပြီး သခင်ယေရှုသည် အပျိုစင်တစ်ဦးမှ မွေးဖွားခဲ့သည်။ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ပဋိသန္ဓေစွဲယူခဲ့သည်။ ဤသည်မှာ အမှန်တရားတစ်ခုဖြစ်သော်လည်း ဘာသာတရားမရှိသူများက ဤအကြောင်းကို ရိုင်းစိုင်းစွာ ပြောဆိုကြပြီး ထိုအရာကို ငါနားမထောင်လိုပါ”ဟူ၍ ဖြစ်သည်။ သင်သည် အလွန်ဆုံးအနေဖြင့် ထိုသို့သော ခံစားချက်များ ရှိကောင်းရှိမည်ဖြစ်သော်လည်း၊ သင်၏စိတ်နှလုံးထဲတွင် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ပဋိသန္ဓေစွဲယူခြင်းသည် လူ့အယူအဆများနှင့် အလွန်ပင် ဆန့်ကျင်နေသည်ဟု သင်ခံစားနေဆဲ ဖြစ်သည်။ သင်သည် သိပ္ပံပညာကို ယုံကြည်သောကြောင့် ဤကိစ္စရပ်ကို မယုံကြည်နိုင်ခဲ့ပေ။ သင်သည် သင်၏စိတ်နှလုံးထဲမှနေ၍ ဘုရားသခင်၏ အနန္တတန်ခိုးကို မယုံကြည်သည့်အပြင်၊ ဘုရားသခင်ပြောဆိုပြီး လုပ်ဆောင်သမျှတိုင်းက သမ္မာတရားဖြစ်သည်ကိုလည်း မယုံကြည်ပေ။ ထို့နောက် သင်သည် မယုံကြည်သူများ၏ နတ်ဆိုးဆန်သော စကားများကို သွားချေပမည်မဟုတ်ပေ။ သင်သည် သမ္မာတရားကို မပိုင်ဆိုင်သည့်အပြင် သမ္မာတရားကို နားမလည်သောကြောင့် အလွန်ဆုံးအနေဖြင့် ဤကောလာဟလများသည် သင်၏ ဂုဏ်သတင်းနှင့် သက်ဆိုင်သောကြောင့် လူတို့ပြောဆိုသည့် ကောလာဟလများကို သင်ကြားရသည်မှာ မနှစ်မြို့ဖွယ်ဖြစ်သည်ဟု သင်မြင်ပြီး လူတို့သည် ထိုသို့ မပြောဆိုသင့်ဟု တွေးလေသည်။ သင်က “ဘာသာတရားမရှိသူများသည် အလွန် ရွံရှာဖွယ်ကောင်းပြီး ယုတ်ညံ့လှပါသည်တကား။ ၎င်းတို့သည် မည်သည့် ညစ်ညမ်းသော စကားလုံးများကိုမဆို အသုံးပြုရန် သတ္တိရှိကြသည်တကား။ ၎င်းတို့သည် အမှန်ပင် မယုံကြည်သူများ ဖြစ်ကြသည်။ အမှန်ပင် နတ်ဆိုးများ ဖြစ်ကြသည်” ဟု စဉ်းစားပေမည်။ ထိုမျှသာဖြစ်ပြီး ယင်းမှာ အလွန်ဆုံး သင်စွမ်းဆောင်နိုင်သည့် အရာဖြစ်၏။ ထိုသို့သော ကောလာဟလများအား ၎င်းတို့ပြောဆိုသည်ကို ကြားပြီးနောက် သင်သည် အဘယ်ကြောင့် ထိခိုက်ခံစားရပြီး ဘာသာတရားမရှိသူများကို ယုတ်ညံ့ကာ ရွံရှာဖွယ်ကောင်းသည်ဟု မြင်သနည်း။ အဘယ်ကြောင့်ဆိုသော် ယင်းတို့သည် သင်၏ ဂုဏ်သတင်းနှင့် သက်ဆိုင်သောကြောင့် ဖြစ်သည်။ ဤကောလာဟလများက သင့်အား ဂုဏ်သိက္ခာကျဆင်းသည်ဟု ခံစားရစေလျက် သင်၏ စိတ်နှလုံးကို လှုံ့ဆော်သောကြောင့် သင်၏ ဒေါသကို နှိုးဆွပေးပြီး သင်သည် ချေပသည့်အနေဖြင့် အပြုသဘောဆောင်သော စကားအချို့ကို ထပြောလေသည်။ ထိုသို့သော ချေပမှုသည် ဘုရားသခင်၏ ဘက်တွင် လုံးလုံးလျားလျား ရပ်တည်နေခြင်း ဖြစ်သလော။ ယင်းသည် ဘုရားသခင်၏ သက်သေခံချက်ကို ကာကွယ်ရန်ဖြစ်သလော။ မဟုတ်ပေ။ သင်၏ သိက္ခာနှင့် ဂုဏ်ကို လုံးလုံးလျားလျား ကာကွယ်ခြင်းသာ ဖြစ်သည်။ အဘယ်ကြောင့် ဤသို့ပြောရသနည်း။ အဘယ်ကြောင့်ဆိုသော် သင်သည် ပြဿနာ၏ အနှစ်သာရကို ထွင်းဖောက်၍ မမြင်သေးသောကြောင့် ဖြစ်သည်။ ထို့ထက်ပင်ပို၍ သင်သည် ဘုရားသခင်၏ ရည်ရွယ်ချက်များ သို့မဟုတ် ဘုရားသခင်က သင့်ထံမှ တောင်းဆိုသည့်အရာကို နားမလည်ပေ။ သင်နားလည်ပြီး ခံစားရသည့်အရာသည် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် မကိုက်ညီပေ။ ယင်းသည် လူ၏ စိတ်လိုက်မာန်ပါဖြစ်ခြင်းနှင့် လူ၏ ကောင်းသောအပြုအမူမျှသာ ဖြစ်သည်။ လူ၏ ကောင်းသောအပြုအမူသည် ဘုရားသခင်အတွက် သင်ခံသော သက်သေခံချက်ကို ကိုယ်စားမပြုပေ။ သင်သည် သင်၏ သက်သေခံချက်တွင် ခိုင်မာစွာ မရပ်တည်လေပြီ။ သင်သည် သင်၏ သိက္ခာနှင့် ဂုဏ်ကို ကာကွယ်နေခြင်းမျှသာ ဖြစ်သည်။ သင်သည် သင်၏ အသိစိတ်ကို အနည်းငယ် သက်သာစေရန်အလို့ငှာ ကောလာဟလများကို ချေပနေခြင်း ဖြစ်သည်။ သင်သည် သူ့အတွက် စကားပြောဆိုရန် ဘုရားသခင်၏ ဘက်တွင် ရပ်တည်နေခြင်း မဟုတ်သည့်အပြင် ကောလာဟလများကို ချေပရန်နှင့် ဘုရားသခင်အတွက် သက်သေခံရန် သမ္မာတရား သို့မဟုတ် အဖြစ်မှန်များကို အသုံးပြုနေခြင်းလည်း မဟုတ်ပေ။ သင်သည် ဘုရားသခင်အတွက် စကားပြောဆိုနေခြင်း မဟုတ်သည့်အပြင် သင်ပြောဆိုသည့်အရာသည် သမ္မာတရားနှင့် သေချာပေါက် မကိုက်ညီပေ။ ယင်းသည် သင်၏ ဇာတိပကတိဆိုင်ရာ အကျိုးများနှင့်သာ ကိုက်ညီသည်။ ယင်းမှာ သင်၏စိတ်နှလုံး ဝမ်းနည်းခြင်းကို အနည်းငယ် သက်သာစေဖို့နှင့် သခင်ယေရှုကို ယုံကြည်ခြင်းသည် ရှက်ဖွယ်ဖြစ်သည်ဟု သင်မခံစားရစေရန်အတွက်သာ ဖြစ်သည်။ ထိုမျှသာ ဖြစ်သည်။ ထို့ကြောင့် သင်တို့သည် တစ်စုံတစ်ဦးက ဘုရားသခင်ကို တိုက်ခိုက်ပြီး ပြစ်တင်ရှုတ်ချသည်ကို ကြားသည့်အခါ၊ ဘုရားသခင်၏ အသင်းတော်ကို အသရေဖျက်ပြီး ဝေဖန်သည်ကို ကြားသည့်အခါ သို့မဟုတ် သင်တို့ကိုပင် ပြစ်တင်ရှုတ်ချသည်ကို ကြားရသည့်အခါ သင်တို့သည် အထူးသဖြင့် မခံမရပ်နိုင်ဖြစ်ကြပြီး သင်တို့၏ ဂုဏ်သတင်းကို ပြန်လည်ရရှိရန်နှင့် ဤကိစ္စရပ်များကို ရှင်းလင်းသွားစေရန် ၎င်းတို့နှင့် အငြင်းအခုံပြုပြီး စကားအချေအတင်ပြောလိုကြသည်။ သို့သော် ဤသည်မှာ သင်တို့သည် မိမိတို့၏ သက်သေခံချက်တွင် ခိုင်မာစွာ ရပ်တည်ပြီးဖြစ်သည်ဟု ဆိုလိုသလော။ ယင်းသည် ထိုစံကို မမီပေ။ သမ္မာတရားကို နားလည်ခြင်းမရှိဘဲနှင့်၊ သက်သေခံချက်ဟူ၍ မရှိပေ။
သင်တို့သည် အပြင်လောကတွင် ပျံ့နှံ့နေသည့် ဘုရားသခင်ကို အသရေဖျက်ပြီး တိုက်ခိုက်သော ကောလာဟလများကို ကြားရသည့်အခါ၊ ယင်းတို့က ကောင်းကင်ဘုံရှိ ဘုရားသခင်ကို တိုက်ခိုက်သည်ဖြစ်စေ၊ မြေကြီးပေါ်ရှိ လူ့ဇာတိခံ ဘုရားသခင်ကို တိုက်ခိုက်သည်ဖြစ်စေ၊ သင်တို့ မည်သို့ ခံစားရသနည်း။ သင်တို့သည် ဂရုမစိုက်ဘဲနေသလော၊ သို့မဟုတ် နာကျင်မှု အနည်းငယ် ခံစားရသလော။ သင်တို့သည် ယင်းကို မခံနိုင်ဖြစ်ပြီး လက်မခံနိုင်ဖြစ်သလော၊ သို့မဟုတ် သင်တို့သည် ကူကယ်ရာမဲ့ဖြစ်နေသလော။ အချို့လူများသည် ဤကောလာဟလများကို ကြားပြီးနောက်၊ “ဘုရားသခင်သည် အပြစ်ကင်းစင်သည်၊ ဤအရာများကို ဘုရားသခင် မလုပ်ဆောင်ခဲ့ပါ။ အဘယ်ကြောင့် သူသည် လောကနှင့် ဘာသာရေးလောက၏ ဤသို့ တိုက်ခိုက်ခြင်းနှင့် အသရေဖျက်ခြင်းကို ခံနေရသနည်း။ ကျွန်ုပ်တို့သည် လုံ့လဝီရိယရှိစွာ မိမိတို့ကိုယ်ကို အသုံးခံပြီး တာဝန်များကို ထမ်းဆောင်ကာ ဘုရားသခင်၏ နာမတော်ကို ကာကွယ်ရမည်။ ဘုရားသခင်၏ ကြီးမြတ်သော အမှုတော် ပြီးမြောက်သည့်အခါ၊ အရာရာတိုင်း၏ အမှန်တရားက ပေါ်ထွက်လာလိမ့်မည်ဖြစ်ပြီး၊ ကျွန်ုပ်တို့ ယုံကြည်သော လူ့ဇာတိခံ ဘုရားသခင်သည် စစ်မှန်သည့် တစ်ပါးတည်းသော ဘုရားသခင်၊ ကောင်းကင်ဘုံရှိ ဘုရားသခင်ဖြစ်ကြောင်းနှင့် ဤသည်မှာ လုံးဝမှားယွင်းခြင်းမရှိကြောင်းကို လောကလူမျိုးအားလုံး မြင်တွေ့ကြလိမ့်မည်”ဟု စဉ်းစားကြသည်။ အခြားသူများကမူ၊ “ဘုရားသခင်သည် သမ္မာတရားများစွာကို ဖော်ပြခဲ့ပြီးဖြစ်ကာ၊ ဤဘာသာတရားမရှိဘဲ ဆိုးယုတ်သောလူများနှင့် နတ်ဆိုးများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များက သမ္မာတရားဖြစ်သည်ကို အပြည့်အဝ သိကြသည့်တိုင် ဘုရားသခင်ကို အသရေဖျက်ပြီး တိုက်ခိုက်နေဆဲ ဖြစ်သည်။ ဘုရားသခင်သည် မည်မျှကြာကြာ ဒုက္ခခံရမည်နည်း”ဟု တွေးကြသည်။ အခြားသူများကမူ “လူတို့အနေဖြင့် မိမိတို့အလိုရှိသည့် မည်သည့်အရာကိုမဆို ပြောဆိုနိုင်သည်။ ကျွန်ုပ်တို့က ၎င်းတို့ကို အရေးမလုပ်ပါ။ ဘုရားသခင်သည် သူ့အပေါ် အသရေဖျက်သည့် ကောလာဟလများကို မည်သည့်အခါမျှ မချေပခဲ့ပါ။ သူသည် ၎င်းတို့ကို တုံ့ပြန်ခြင်းမရှိပါ။ သို့ဆိုလျှင် မပြောပလောက်သော လူသားများဖြစ်သည့် ကျွန်ုပ်တို့သည် မည်သည့်အရာကို လုပ်ဆောင်နိုင်မည်နည်း။ ဘုရားသခင်သည် ဤကဲ့သို့ပင် လူသားမျိုးနွယ်၏ အထင်အမြင်လွဲမှားခြင်း၊ တိုက်ခိုက်ခြင်း၊ ပြစ်မှားစော်ကားခြင်းနှင့် ပစ်ပယ်ခြင်းတို့ကို အစဉ်သဖြင့် ခံခဲ့ရသည် မဟုတ်လော။ ဘုရားသခင်တွင် မည်သည့် မကျေနပ်ချက်မျှ အလျှင်းမရှိသည့်အပြင်၊ သူသည် လူတို့ကို ကယ်တင်နေဆဲ ဖြစ်သည်။ အရာရာတိုင်းကို အချိန်က ထုတ်ဖော်ပါစေ။ ဘုရားသခင်သည် သူ၏ကိုယ်ပိုင်သက်သေခံချက်ကို သက်သေခံလိမ့်မည်” ဟု ဆိုကြသည်။ သင်တို့၏ သဘောထားအမြင်မှာ အဘယ်နည်း။ ယခုတင် ငါပြောခဲ့သည့် အလျှော့မပေးခြင်း၊ မခံမရပ်နိုင်ဖြစ်ခြင်း၊ လက်မခံနိုင်ခြင်း၊ ကူကယ်ရာမဲ့ဖြစ်ခြင်းတို့တွင် သင်တို့သည် မည်သည့်တစ်ခုကို ခံစားရသနည်း။ မည်သည့် ခံစားချက်သည် အမှန်ကန်ဆုံးဖြစ်သနည်း။ ဤကိစ္စရပ်များကို သမ္မာတရား စည်းမျဉ်းများနှင့်အညီ မည်သို့ သဘောထားသင့်သနည်း။ ဤကောလာဟလများကို ကြားရသည့်အခါ သင်တို့ မည်သို့ ခံစားရသနည်း။ (မခံမရပ်နိုင်ဖြစ်ပါသည်။) မခံမရပ်နိုင်ဖြစ်ပြီး ထို့နောက်တွင် သင်တို့သည် ဤကောလာဟလ လုပ်ကြံဖန်တီးသူများ၊ ဤဘာသာရေး လူလိမ်များနှင့် ဘာသာရေး၏ ဆိုးယုတ်သောလူများကို ကြိမ်းမောင်းသည့် စာတစ်စောင်ကို ရေးသားလိုကြသည်။ သင်တို့တွင် ထိုသို့သော အတွေးများ ရှိသလော။ ဒေါသဖြင့် လက်သီးဆုပ်ရုံမျှက လုံလောက်သည်ဟု သင်တို့ ခံစားရမည် မဟုတ်ပေ၊ မှန်သလော။ သင်တို့သည် ထိုအကြောင်းနှင့်ပတ်သက်၍ တစ်စုံတစ်ခု လုပ်ဆောင်ရန် စိတ်လိုက်မာန်ပါဖြစ်ခြင်းကို ခံစားရသလော။ သို့မဟုတ် ယင်းသည် အနှစ်မဲ့သော မကျေမချမ်းဖြစ်ခြင်းမျှသာလော။ (အမုန်းတရားနှင့် ငြင်းပယ်ခြင်းလည်း ရှိပါသည်။) မကျေမချမ်းဖြစ်ခြင်း၊ အမုန်းတရား၊ ငြင်းပယ်ခြင်း၊ ဤသည်တို့မှာ တိကျသော စကားလုံးများ၊ အပြုအမူများ သို့မဟုတ် လုပ်ဆောင်ချက်များမရှိဘဲ စိတ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုများမှ ဖြစ်ပေါ်လာသော စိတ်ခံစားမှုများ ဖြစ်သည်။ ယင်းတို့သည် စိတ်ခံစားမှုများမျှသာဖြစ်ပြီး၊ အချို့သော သဘောထားများကိုလည်း ကိုယ်စားပြုသည်မှာ အမှန်ဖြစ်၏။ (မကျေမချမ်းဖြစ်ခြင်းအပြင်၊ တစ်ခါတစ်ရံတွင် အဖြစ်မှန်များကို ရှင်းလင်းသွားစေရန်နှင့် ၎င်းတို့ လုပ်ဆောင်ချက်များ၏ အနှစ်သာရက သမ္မာတရားနှင့် ဘုရားသခင်ကို မုန်းတီးခြင်းဖြစ်ကြောင်း ဖော်ထုတ်ရန် ဆောင်းပါးများ ရေးသားခြင်း သို့မဟုတ် အစီအစဉ်များ ဖန်တီးခြင်းတို့ကို ကျွန်ုပ်တို့ ပြုလုပ်ပါသည်။ သို့မှသာ လူတို့သည် စစ်မှန်သော အဖြစ်မှန်များကို မြင်နိုင်မည် ဖြစ်ပါသည်။) ထိုလူတို့သည် မှန်ကန်သော အဖြစ်မှန်များကို မြင်ပြီးနောက် ယင်းကို လက်ခံကြလိမ့်မည်လော။ သင်တို့ပြောဆိုသည့်အရာ မှန်ကန်ကြောင်းကို ၎င်းတို့ လက်ခံပြီးနောက်၊ “သင်တို့၏ ယုံကြည်ခြင်းသည် မှန်ကန်သည်၊ ဆက်လက်ယုံကြည်ကြပါ၊ ကျွန်ုပ်တို့ သင်တို့ကို ထောက်ခံပါသည်” ဟုဆိုလျက် မျှတသော မှတ်ချက်တစ်ခုကို ပေးကာ၊ ဘာသာရေး လိမ်လည်သူများက အရှက်ရပြီး “တောင်းပန်ပါသည်၊ ကျွန်ုပ်တို့ မှားသွားပါသည်၊ ကျွန်ုပ်တို့ ပြောဆိုခဲ့သည့်အရာသည် အချက်အလက်နှင့် မညီပါ၊ ယခုမှစ၍ သင်တို့သည် သင်တို့၏ လမ်းခရီးကို ယုံကြည်ကြပါ၊ ကျွန်ုပ်တို့သည်လည်း ကျွန်ုပ်တို့၏ လမ်းစဉ်ကို ယုံကြည်ပါမည်”ဟု ပြောဆိုလျှင်ပင်၊ ထိုအရာက သင်တို့ကို စိတ်သက်သာရာရစေမည်လော။ ဤသည်မှာ သင်တို့ ရည်မှန်းနေသည့် တစ်ခုတည်းသော ပန်းတိုင်လော။ (ကျွန်ုပ်တို့သည် မှန်သော လမ်းခရီးကို စူးစမ်းရှာဖွေနေသောသူများနှင့် သမ္မာတရားကို ဆာငတ်သောသူတို့အနေဖြင့် အမှားနှင့်အမှန်ကို ရှင်းလင်းစွာ ပိုင်းခြားသိမြင်နိုင်ပြီး မှန်သော လမ်းခရီးကို လက်ခံနိုင်ရန် ဘုရားသခင်အတွက်လည်း သက်သေခံလိုပါသည်။) ဤသည်မှာ လမ်းကြောင်းတစ်ခု ဖြစ်သည်။ ဤသည်မှာ အပြုသဘောဆောင်သော လက်တွေ့လုပ်ဆောင်မှု နည်းလမ်းတစ်ခုဖြစ်သည်။ ဒေါသထွက်ခြင်းနှင့် မုန်းတီးခြင်းမျှသာ အသုံးဝင်သလော။ သင်တို့၏ ဒေါသနှင့် အမုန်းတရားအတွက် အကြောင်းရင်းမှာ အဘယ်နည်း။ အဘယ်ကြောင့် ဒေါသထွက်ပြီး မုန်းတီးရသနည်း။ (ဘုရားသခင်သည် လူတို့ကို ကယ်တင်ရန် လူ့ဇာတိခံယူခဲ့သည်၊ ယင်းမှာ တရားအမျှတဆုံးသော အမှုအရာဖြစ်သော်လည်း၊ ၎င်းတို့သည် ဘုရားသခင်ကို ဝေဖန်ရန်နှင့် အသရေဖျက်ရန် ကောလာဟလများကို ဖြန့်ဝေကြသည်။ ၎င်းတို့သည် အမှန်တကယ်ပင် အဖြူကိုအမည်း၊ အမည်းကိုအဖြူအဖြစ် ပြောင်းပြန်လှန်ပြီး အဓိပ္ပာယ်မဲ့သော စကားများ ပြောဆိုနေသည်ဟု စဉ်းစားရင်း ကျွန်ုပ်တို့ အလွန် မခံမရပ်နိုင်ဖြစ်ကြပါသည်။) ဘုရားသခင်အပေါ် လူသားမျိုးနွယ်နှင့် လောက၏ ပစ်ပယ်ခြင်းနှင့် ဘုရားသခင်အပေါ် ၎င်းတို့၏ သဘောထားသည် ဘုရားသခင်၏ ဤလူ့ဇာတိခံယူခြင်း ကာလအတွင်း၌သာ ဤသို့ဖြစ်သည်ဟု သင်တို့ တွေးထင်ကြသလော။ ဘုရားသခင်အပေါ် လူသားမျိုးနွယ်နှင့် လောက၏ သဘောထားသည် အစမှအဆုံးတိုင် အစဉ်သဖြင့် တူညီခဲ့သည်။ အစဉ်သဖြင့် ပြစ်တင်ရှုတ်ချခြင်း၊ အသရေဖျက်ခြင်း၊ တိုက်ခိုက်ခြင်းနှင့် ပြစ်မှားစော်ကားခြင်းတို့ ဖြစ်ခဲ့သည်။ ဘုရားသခင်သည် သူ၏အမှုတော်ကို စတင်ခဲ့သည့်အချိန်မှ ယခုအချိန်အထိ၊ ဘုရားသခင်လုပ်ဆောင်ခဲ့သမျှ အရာရာတိုင်းအပေါ်တွင်လည်းကောင်း၊ လူ့ဇာတိခံ ဘုရားသခင်အပေါ်တွင်လည်းကောင်း လူသားမျိုးနွယ်၏ သဘောထားက မပြောင်းလဲခဲ့ပေ။ ဘုရားသခင်၏ ပထမအကြိမ် လူ့ဇာတိခံယူခြင်းနောက်ပိုင်းမှသာ လူသားမျိုးနွယ်သည် ဘုရားသခင်ကို စတင် တိုက်ခိုက်ပြီး ပြစ်မှားစော်ကားကာ လူ့ဇာတိခံ ဘုရားသခင်နှင့်ပတ်သက်သည့် အမျိုးမျိုးသော ကောလာဟလများကို လုပ်ကြံဖန်တီးခဲ့ခြင်း မဟုတ်ပေ။ ဤအရာအားလုံးသည် ဘုရားသခင်က သူ၏အမှုတော်ကို စတင်ခဲ့သည့်အချိန်မှစ၍လည်းကောင်း၊ လူသားမျိုးနွယ်က ဘုရားသခင်နှင့် သူ၏အမှုတော်ကို ပထမဆုံးအကြိမ် ထိတွေ့ခဲ့သည့်အချိန်မှစ၍လည်းကောင်း ဖြစ်ပျက်နေခဲ့ခြင်းဖြစ်ပြီး ယခုအချိန်အထိ ဆက်လက်ဖြစ်ပျက်နေပေသည်။ ပြီးလျှင် ဘုရားသခင်နောက်သို့ လိုက်သောသူတို့သည် ဘုရားသခင်နှင့် အသင်းတော်ကို ဆန့်ကျင်သည့် စာတန်၏ အစိုးရစနစ်များနှင့် ဘာသာရေး အန္တိခရစ် အင်အားစုများထံမှ အသရေဖျက်ခြင်း၊ တိုက်ခိုက်ခြင်း၊ ဝေဖန်ခြင်းများ၊ ပြစ်မှားစော်ကားခြင်း၊ အမျိုးမျိုးသော ကောလာဟလများနှင့် နောက်ထပ်အမှုအရာများကို အစဉ်သဖြင့် ခံခဲ့ကြရသည်။ ဘုရားသခင်နောက်သို့ လိုက်သောသူတို့အနေဖြင့် ဤအမှုအရာများကို ခါးစည်းခံရမည့်သဘော ဖြစ်နိုင်မည်လော။ အချို့က “၎င်းတို့သည် အဖြစ်မှန်များကို လုံးလုံးလျားလျား မလိမ့်တပတ်လုပ်ပြီး အဖြူကိုအမည်း၊ အမည်းကိုအဖြူ ပြောင်းပြန်လှန်သောကြောင့် ကျွန်ုပ်တို့သည် ဤကောလာဟလများကို အလွန် စက်ဆုပ်ရွံရှာပါသည်။ ကျွန်ုပ်တို့သည် ၎င်းတို့ကို ကြားသည်နှင့်တစ်ပြိုင်နက် ဒေါသူပုန်ထကြပြီး၊ ကောလာဟလများကို လုပ်ကြံဖန်တီးပြီး ဖြန့်ဝေသောသူတို့ကို ကျွန်ုပ်တို့၏ စိတ်နှလုံး နက်ရှိုင်းသောနေရာမှ မုန်းတီးကြသည်။ ဤကောလာဟလများသည် ဘာသာရေးလောကမှ လာသည်ဖြစ်စေ၊ နတ်ဆိုးဆန်သော တရုတ်ကွန်မြူနစ်အစိုးရထံမှ လာသည်ဖြစ်စေ၊ ကျွန်ုပ်တို့တွင် သဘောထားတစ်ခုတည်းသာ ရှိပြီး၊ ယင်းမှာ အမုန်းတရားနှင့် ဒေါသဖြစ်သည်။ ထို့နောက် ကျွန်ုပ်တို့သည် ၎င်းတို့ကို ချေပပြီး အရာရာကို ရှင်းလင်းလိုကြသည်”ဟု ဆိုကြသည်။ အချို့ကပင်၊ “ကျွန်ုပ်တို့သည် စာတန်ကို အရှက်ရစေပြီး အရှက်တကွဲဖြစ်စေနိုင်ဖို့အလို့ငှာ ဤဆိုးယုတ်သော နတ်ဆိုးများ၊ အန္တိခရစ်များနှင့် စကားအချေအတင်ပြောလိုပါသည်” ဟု ဆိုကြသည်။ ဤသည်မှာ လူအများစု၏ သဘောထားအမြင်လော။ ဤသဘောထားအမြင်သည် မှန်ကန်သလော။ ပုံမှန် လူ့သဘာဝ၏ ရှုထောင့်အမြင်မှ ကြည့်လျှင်၊ ယင်းမှာ ကျိုးကြောင်းဆီလျော်ပေသည်။ လူတို့တွင် အချို့သော တည်ကြည်ဖြောင့်မှန်ခြင်းနှင့် ပုံမှန် စိတ်ခံစားမှု အကုန်အစင်ရှိသင့်သည်။ ၎င်းတို့သည် ချစ်သင့်သည့်အရာကို ချစ်ပြီး မုန်းသင့်သည့်အရာကို မုန်းလျက် ရှင်းလင်းစွာ ချစ်သင့်ပြီး မုန်းသင့်သည်။ ပုံမှန် လူ့သဘာဝရှိသော လူတို့သည် ဤအရည်အသွေးများကို ပိုင်ဆိုင်သင့်သည်။ သို့သော်၊ ပုံမှန် လူ့သဘာဝ၏ ရှုထောင့်အမြင်မှ ရပ်တည်ရုံမျှသည် သမ္မာတရား စည်းမျဉ်းများနှင့် ကိုက်ညီရန် လုံလောက်သလော။ ပို၍ ရှင်းလင်းစွာ ပြောရလျှင်၊ ဤလုပ်နည်းကိုင်နည်းသည် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ကိုက်ညီသလော။ သို့တည်းမဟုတ်၊ ထို့ထက် ဤသည်မှာ ဘုရားသခင် နှစ်သက်သည့် သဘောထားနှင့် လုပ်နည်းကိုင်နည်းတစ်ခုလော။ ဤသို့ငါပြောဆိုသည့်အခါ၊ လူအများစုက၊ “ဤသည်မှာ ပုံမှန် လူ့သဘာဝ၏ ရှုထောင့်အမြင်မှ အမှုအရာများကို ရှုမြင်ခြင်းမျှသာဖြစ်သည်ဟု သင် ပြောဆိုခဲ့သည်။ သင်ပြောဆိုခဲ့သည့်အရာ၏ သွယ်ဝိုက်ညွှန်းဆိုချက်များမှ အကဲဖြတ်ရလျှင်၊ ဤလုပ်နည်းကိုင်နည်းသည် လူ၏ တဇောက်ကန်းဖြစ်ခြင်းတစ်ခုဖြစ်သည်။ သမ္မာတရား စည်းမျဉ်းများနှင့် မကိုက်ညီသည့်အပြင်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့်လည်း မကိုက်ညီကြောင်း ထင်ရှားပါသည်” ဟု တွေးလျက်၊ တစ်စုံတစ်ရာကို သဘောပေါက်ကောင်း သဘောပေါက်ပေမည်။ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် မကိုက်ညီခြင်းဟူသည် အဘယ်အရာကို ဆိုလိုသနည်း။ ယင်းမှာ ဘုရားသခင်က လူတို့အား ဤနည်းအတိုင်း ပြုမူရန် အလိုမရှိကြောင်းကို ဆိုလိုသည်။ ဘုရားသခင်၏ အလိုဆန္ဒများနှင့် လူတို့အတွက် သူ၏ သတ်မှတ်ထားသော စံနှုန်းများသည် ဤသို့မဟုတ်ပေ။ သင်သည် ဤနည်းအတိုင်း ပြုမူလျှင်၊ ဘုရားသခင်က ထိုအရာကို ပြစ်တင်ရှုတ်ချခြင်းမပြုသော်လည်း သူ၏ ရှုထောင့်အမြင်မှကြည့်လျှင် ယင်းမှာ သင်သည် သူ၏အလိုတော်ကို လိုက်လျှောက်နေသည်ဟု မဆိုလိုသည့်အပြင် ထိုအရာကို သူ အသိအမှတ်ပြုခြင်းလည်း မဟုတ်ပေ။ အပေါ်ယံအားဖြင့်၊ သင်သည် အမုန်းတရားနှင့် ချစ်ခြင်း နှစ်မျိုးလုံးရှိလျက်၊ ဘုရားသခင်သည် ဘုရားသခင်ဖြစ်ကြောင်း၊ ဘုရားသခင်သည် လူသားမျိုးနွယ်အားလုံး၏ ဘုရားသခင်ဖြစ်ကြောင်းနှင့် လူတိုင်းသည် ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်သင့်ပြီး ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံသင့်ကြောင်းကို တစ်ကမ္ဘာလုံးက သိရှိစေရန်အလို့ငှာ ဘုရားသခင်အတွက် ဤအဖြစ်မှန်များကို ရှင်းလင်းလိုပုံရလျက် ဤအမှုအရာများကို လုပ်ဆောင်ရာတွင် ဆင်ခြင်တုံတရားဖြင့် ပြုမူနေပုံရသည်။ အပေါ်ယံအားဖြင့်၊ သင်လုပ်ဆောင်နေသည့်အရာသည် အပြစ်ဆိုဖွယ်မရှိသော၊ ကျိုးကြောင်းဆီလျော်သော၊ တရားဥပဒေ၊ လူ့သဘာဝ၊ ကိုယ်ကျင့်တရားတို့နှင့် ကိုက်ညီပြီး၊ ထို့ထက်ပင်ပို၍ လူအားလုံး၏ အကြိုက်များနှင့် ကိုက်ညီပုံရသည်။ သို့သော် သင်သည် ဤအကြောင်းနှင့်ပတ်သက်၍ ဘုရားသခင်ကို မေးမြန်းပြီးပြီလော။ သင်သည် ဘုရားသခင်ကို ရှာဖွေပြီးပြီလော။ သူ၏နှုတ်ကပတ်တော်များမှ ဘုရားသခင်က လူတို့ထံမှ တောင်းဆိုသည့် လုပ်ဆောင်ချက်များနှင့်ဆိုင်သောစည်းမျဉ်းများကို သင်ရှာတွေ့ပြီးပြီလော။ ဘုရားသခင်၏ ရည်ရွယ်ချက်များသည် အတိအကျ အဘယ်အရာများ ဖြစ်သနည်း။ အချို့လူများက “ဘုရားသခင်၏ နှုတ်ကပတ်တော်များ အလွန်များပြားလှသည်။ ကိစ္စရပ်တိုင်းတွင် လူတို့အတွက် ဘုရားသခင်၏ တိကျသော သတ်မှတ်ချက်များကို ရှာဖွေရန် မလွယ်ကူပါ”ဟု ဆိုကြသည်။ သင်သည် ဘုရားသခင်၏ တိကျပြတ်သားသော နှုတ်ကပတ်တော်များကို မတွေ့ရှိသေးသောကြောင့်၊ သင်သည် ဤကောလာဟလ အမျိုးအစားများအပေါ် ဘုရားသခင်၏ သဘောထားမှ အရိပ်အမြွက်များကို ရှာဖွေနိုင်သည်။ သို့ဆိုလျှင် ဤကိစ္စရပ်အပေါ် ဘုရားသခင်၏ သဘောထားကို အခြေခံ၍ ဤကိစ္စရပ်အပေါ် လူတို့၏ သဘောထားက မည်သို့ဖြစ်သင့်သည်ဟူသည်နှင့် ၎င်းတို့ လက်တွေ့လုပ်ဆောင်သင့်သည့် စည်းမျဉ်းများက အဘယ်အရာများဖြစ်သည်ဟူသည်တို့ကို သင်ဆုံးဖြတ်နိုင်သည် မဟုတ်လော။ (ဆုံးဖြတ်နိုင်ပါသည်။) ထို့ကြောင့်၊ ဤကိစ္စရပ်အပေါ် ဘုရားသခင်၏ သဘောထားက အတိအကျ အဘယ်အရာဖြစ်သည်ကို ကြည့်ကြစို့။
လူသားမျိုးနွယ်သည် ဘုရားသခင်၏ အမှုတော်နှင့် စတင်ထိတွေ့ခဲ့သည့် အချိန်မှစ၍ ဘုရားသခင်အပေါ် စောဒကတက်ခြင်း၊ မကျေမနပ်ဖြစ်ခြင်းများကို ပြုလုပ်ခဲ့ကြရုံသာမက ကွယ်ရာတွင်လည်း ဘုရားသခင်အပေါ် မယုံသင်္ကာဖြစ်ခြင်း၊ သံသယနှင့် ငြင်းပယ်ခြင်းစသည့် စက်ဆုပ်ဖွယ်ရာ စကားများစွာကိုပင် ပြောဆိုခဲ့ကြသည်။ အဖြစ်မှန်များနှင့် လုံးဝမကိုက်ညီသကဲ့သို့ သမ္မာတရားနှင့်လည်း မကိုက်ညီသည့် အုပ်ချုပ်သူပါတီနှင့် ဘာသာရေးလောကမှ အမျိုးမျိုးသော ကောလာဟလများလည်း ရှိသေးသည်။ ဤစကားများသည် ဘုရားသခင်အတွက် အဘယ်အရာများ ဖြစ်သနည်း။ ယင်းတို့သည် သံသယများဖြစ်စေ၊ အထင်အမြင်လွဲမှားမှုများဖြစ်စေ သို့မဟုတ် မကျေနပ်ချက်များဖြစ်စေ၊ ဘုရားသခင်ကို ဆန့်ကျင်သည့် တိုက်ခိုက်ခြင်းများ၊ အသရေဖျက်ခြင်းများနှင့် ပြစ်မှားစော်ကားခြင်းတို့ဖြင့် ပြည့်နှက်နေပြီး ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး စိုးစဉ်းမျှပင် မထင်ဟပ်ပေ။ အစကတည်းက ဤအတိုင်းပင် ဖြစ်ခဲ့သည်။ အသင်းတော်ထဲတွင် သမ္မာတရားကို မနှစ်သက်သောသူ အချို့ အမြဲ ရှိသည်။ ဤသူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားကို သံသယဝင်ကြပြီး ဘုရားသခင်အပေါ် ထိုသို့သော သဘောထားကို ပြသကြသည့် မယုံကြည်သူများ ဖြစ်ကြသည်။ ဘာသာတရားမရှိသူများနှင့် ဘုရားမဲ့ဝါဒီ အာဏာရ ပါတီများ၊ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သူများအတွက်မူ သာ၍ပင် ဆိုးသေးသည်။ ဘုရားသခင်အပေါ် ၎င်းတို့၏ သဘောထားမှာ ရှင်းပြရန်မလိုအပ်ပေ။ ၎င်းတို့သည် မိမိတို့အလိုရှိသည့် မည်သည့်အရာကိုမဆို ပြောဆိုလျက် အတင့်ရဲစွာ တိုက်ခိုက်ကာ ပြစ်တင်ဝေဖန်ကြသည်။ အထူးသဖြင့် ဘာသာရေးလောကရှိ ထိုဖာရိရှဲများသည် လက်လွတ်စပယ် ဝေဖန်ကာ ပြစ်တင်ရှုတ်ချကြရန် သာ၍ပင် အခွင့်အရေးယူကြသည်။ ဤမှတ်ချက်အားလုံးသည် အပြုသဘောမဆောင်သည့်အပြင် ဓမ္မဓိဋ္ဌာန်ကျပြီး တိကျမှန်ကန်မှုလည်း သေချာပေါက် မရှိပေ။ သို့ဆိုလျှင် ဤမှတ်ချက်များ၏ အနှစ်သာရမှာ အဘယ်နည်း။ ဘုရားသခင်အတွက်၊ ဤစကားလုံးများသည် ဖော်ပြချက်များ သို့မဟုတ် သဘောထားအမြင်များမျှသာ မဟုတ်ဘဲ၊ ထို့ထက် သူ့အပေါ် ကဲ့ရဲ့ခြင်းများ၊ တိုက်ခိုက်ခြင်းများ၊ အသရေဖျက်ခြင်းများနှင့် ပြစ်မှားစော်ကားခြင်းများ ဖြစ်ကြသည်။ အဘယ်ကြောင့် ငါက “ဘုရားသခင်၏ ရှုထောင့်အမြင်မှ” ဟု ပြောဆိုရသနည်း။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် ဤအရာအားလုံးကို အတိကျဆုံး တိုင်းတာသောကြောင့် ငါတို့သည် ရှေ့တွင် အထူးပြုစကားရပ်တစ်ခုကိုသာ ပေါင်းထည့်နိုင်ခြင်း ဖြစ်သည်။ သမိုင်းတစ်လျှောက်လုံးတွင် ဘုရားသခင်အပေါ် လူသားမျိုးနွယ်၏ သဘောထားသည် ဤကဲ့သို့ ဖြစ်ခဲ့သည်။ ကောင်းစွာ ရည်ရွယ်ထားသည့် စကားတစ်လုံးမျှမရှိဘဲ ဘုရားသခင်ကို တိုက်ခိုက်ပြီး စော်ကားသည့် လူတို့၏ စကားများသည် အလွန်ပင် များပြားလွန်းခဲ့သည်။ ယနေ့တွင်ပင် သင်တို့၏ နားများက ကြားရသည့်အရာနှင့် သင်တို့၏ မျက်စိများက မြင်ရသည့်အရာသည် အတူတူပင် ဖြစ်သည်။ အစကတည်းမှစ၍၊ လူသားမျိုးနွယ်တစ်ရပ်လုံး၏ ဘုရားသခင်အပေါ် သဘောထားသည် မပြောင်းလဲခဲ့ပေ။ ဘုရားသခင်သည် ဤကိစ္စရပ်များကို မည်သို့ ကိုင်တွယ်ဖြေရှင်းသနည်း။ ဘုရားသခင်သည် မိမိကိုယ်ကို ခုခံကာကွယ်ရန်၊ သူ၏အမှုတော်နှင့်ဆိုင်သည့် တကယ့်အဖြစ်မှန်များကို ရှင်းလင်းရန်၊ လူသားမျိုးနွယ်ထံ မိမိကိုယ်ကို မှန်ကန်ကြောင်းပြရန် ကမ္ဘာလုံးဆိုင်ရာ ဘာသာရေးညီလာခံတစ်ခုကို ခေါ်ယူကျင်းပရန် အခြေအနေများ သို့မဟုတ် တတ်နိုင်စွမ်း ရှိသလော။ ဘုရားသခင်သည် ဤအရာကို လုပ်ဆောင်ပြီးပြီလော။ မလုပ်ဆောင်ခဲ့ပေ။ ဘုရားသခင်သည် တိတ်ဆိတ်စွာ နေမြဲနေသည်။ အခြေအနေတစ်ခုလုံးကို သူက မရှင်းလင်းသည့်အပြင် မိမိကိုယ်ကို တစ်ကြိမ်တစ်ခါမျှ ခုခံကာကွယ်ခြင်း သို့မဟုတ် မှန်ကန်ကြောင်းပြခြင်းလည်း မပြုပေ။ သို့ရာတွင် ဘုရားသခင်ကို အထူးသဖြင့် ယုတ်မာသောပုံစံဖြင့် တိုက်ခိုက်သောသူတို့အတွက်မူ ဘုရားသခင်သည် အချို့သော ဖြစ်ရပ်မှန်များ ၎င်းတို့အပေါ် ဖြစ်ပျက်စေလျက် ပြစ်ဒဏ်အချို့ကို စီရင်ပြီးဖြစ်သည်။ လူထု၏ တိုက်ခိုက်မှုများ၊ အသရေဖျက်မှုများနှင့် ပြစ်မှားစော်ကားမှုများနှင့်ပတ်သက်၍မူ ဘုရားသခင်၏ သဘောထားမှာ အဘယ်နည်း။ ဘုရားသခင်သည် ဤအရာကို မည်သို့ ကိုင်တွယ်သနည်း။ သူသည် ယင်းကို လျစ်လျူရှုသည်။ သူသည် ရွေးချယ်သင့်သည့်သူကို ရွေးချယ်ပြီး လမ်းညွှန်သင့်သည့်သူကို လမ်းညွှန်လျက်၊ လုပ်ဆောင်ရန် လိုအပ်သည့်အရာကို လုပ်ဆောင်သည်၊ လုပ်ဆောင်သင့်သည့် နည်းလမ်းအတိုင်း လုပ်ဆောင်လေသည်။ တစ်လောကလုံးသည် ဘုရားသခင်၏ လက်ထဲတွင် စနစ်တကျရှိသည်။ သူသည် လူသား၏ တိုက်ခိုက်မှုများ၊ အသရေဖျက်မှုများ သို့မဟုတ် ပြစ်မှားစော်ကားမှုများကြောင့် သူ၏ အစီအစဉ်များကို မည်သည့်အခါမျှ အဖျက်အမှောင့်မလုပ်ခဲ့ သို့မဟုတ် မပြောင်းလဲခဲ့ပေ။ စာတန်၏ ဆိုးယုတ်သော အင်အားစုများက ဘုရားသခင် ရွေးချယ်ထားသောလူများကို ဖိနှိပ်ပြီး ဖမ်းဆီးသည့်အခါ မည်မျှပင် သွေးရူးသွေးတန်းဖြစ်စေကာမူ ဘုရားသခင်သည် သူ၏ အစီအစဉ်များ သို့မဟုတ် သူ၏စိတ်ကို မည်သည့်အခါမျှ မပြောင်းလဲခဲ့ပေ။ သူ၏ အတွေးအခေါ်များနှင့် စိတ်ကူးများသည် လုံးလုံးလျားလျား မပြောင်းလဲဘဲ ရှိနေသည်။ သူသည် မိမိ၏ လူသားမျိုးနွယ်ကို စီမံခန့်ခွဲလျက် မိမိလုပ်ဆောင်ရန် ရည်ရွယ်သည့်အလုပ်ကို အမြဲ ဆောင်ရွက်သည့်အတိုင်း ဆက်လက်ဆောင်ရွက်သည်။ ဘုရားသခင်အတွက်မူ ဤတိုက်ခိုက်မှုများ၊ အသရေဖျက်မှုများနှင့် ပြစ်မှားစော်ကားမှုများသည် မည်သည့်ကြားဖြတ်နှောင့်ယှက်မှုကိုမျှ လုံးဝ မဖြစ်စေခဲ့ပေ။ ဘုရားသခင်သည် ယင်းတို့ကို အရေးမစိုက်ပေ။ အဘယ်ကြောင့် ဘုရားသခင်သည် မိမိကိုယ်ကို မှန်ကန်ကြောင်းမပြသနည်း သို့မဟုတ် ခုခံကာကွယ်ခြင်း မပြုသနည်း။ ဘုရားသခင်အတွက်မူ ဤအရာများသည် လုံးဝ ပုံမှန်ဖြစ်ပေသည်။ လူသားမျိုးနွယ်သည် လူသားမျိုးနွယ်ဖြစ်ပြီး စာတန်သည် စာတန်ဖြစ်သည်။ သမ္မာတရား သို့မဟုတ် တကယ့်အဖြစ်မှန်များကို နားမလည်သော လူသားများအဖို့ ထိုသို့သောအရာများကို လုပ်ဆောင်ခြင်းသည် အလွန် ပုံမှန်ဖြစ်ပေသည်။ ဤအရာသည် ဘုရားသခင်၏အမှုတော် အဆင့်များကို ထိခိုက်သလော။ မထိခိုက်ပေ။ ဘုရားသခင်သည် ကြီးမားသော တန်ခိုးကို ပိုင်ဆိုင်သည်။ သူသည် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာကို ကိုင်စွဲထားသည်။ အရာခပ်သိမ်းနှင့် အရာရာတိုင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအတွင်း၌၊ ဘုရားသခင်၏ အတွေးများအတွင်း၌လည်းကောင်း၊ ဘုရားသခင်၏ အချုပ်အခြာအာဏာအောက်တွင်လည်းကောင်း စနစ်တကျ လည်ပတ်သည်။ လူသားမျိုးနွယ်က မည်သည့်အရာကို ပြောဆိုသည်ဖြစ်စေ၊ လုပ်ဆောင်သည်ဖြစ်စေ၊ ယင်းက ဘုရားသခင်၏အမှုတော်ကို မည်သည့်နည်းနှင့်မျှ မသက်ရောက်နိုင်ပေ။ ဤသည်မှာ ဘုရား၏ သဘောသဘာဝ အနှစ်သာရရှိသည့် ဘုရားသခင်တစ်ပါးက လုပ်ဆောင်နိုင်စွမ်းရှိသည့်အရာ ဖြစ်သည်။ ဘုရားသခင်သည် သူ၏ အစီအစဉ်များကို အနည်းငယ်မျှ ကွဲလွဲမှုမရှိဘဲ ဖြည့်ဆည်းလျက် အချိန်တန်သည့်အခါ အမှုပြုပြီး မည်သူမျှ ဤအရာတစ်ခုတလေကို မပြောင်းလဲနိုင်ပေ။ လူသား၏ မှတ်ချက်များနှင့် ဘုရားသခင်အပေါ် လူသား၏ တိုက်ခိုက်မှုများ သို့မဟုတ် အသရေဖျက်မှုများ တစ်ခုတလေသည် ဘုရားသခင်၏အမှုတော်ကို ပိတ်ဆို့ကာ ဖျက်ဆီးရန် တမင်တကာ ကြိုးပမ်းခြင်းများဖြစ်စေ၊ ဘုရားသခင်၏အမှုတော်ကို မရည်ရွယ်ဘဲ နှောင့်ယှက်ခြင်းများနှင့် ဖျက်ဆီးခြင်းများဖြစ်စေ၊ ၎င်းတို့၏ ရည်ရွယ်ထားသော ပန်းတိုင်များကို မည်သည့်အခါမျှ မအောင်မြင်ခဲ့ပေ။ အဘယ်ကြောင့်နည်း။ ဤသည်မှာ ဘုရားသခင်၏ ဩဇာအာဏာဖြစ်၏။ ဤအရာက ဘုရားသခင်၏ ဩဇာအာဏာသည် မည်သည့်အင်အားစုကမျှ အစားမထိုးနိုင်သည့်အပြင် မည်သည့်အင်အားစုကမျှ မကျော်လွန်နိုင်သည့် တစ်မူထူးခြားသောအရာဖြစ်ကြောင်း အတည်ပြုလေသည်။ ဤသည်မှာ အမှန်တရားတစ်ခု ဖြစ်သည်။ ဘုရားသခင်တွင် ဤဩဇာအာဏာနှင့် ဤတန်ခိုးရှိသည်၊ ဘုရားသခင်တွင် သူ၏ စစ်မှန်သော ပင်ကိုလက္ခဏာရှိပြီး မည်သည့်အင်အားစုကမျှ မည်သည့်အရာကိုမျှ မပြောင်းလဲနိုင်ပေ။ သို့ဖြစ်၍ ဘုရားသခင်သည် လူတို့၏ မဖြစ်စလောက်သောတိုက်ခိုက်မှုများနှင့် အသရေဖျက်မှုများကို အဘယ်ကြောင့် အရေးစိုက်ရမည်နည်း။ ဘုရားသခင်အတွက်မူ လူသားမျိုးနွယ်ထဲက အရေးပါသော ပုဂ္ဂိုလ်မည်မျှက သို့မဟုတ် တန်ခိုးကြီးသော အင်အားစု မည်မျှက သူ့ကို ကြားဖြတ်နှောင့်ယှက်ရန်၊ အသရေဖျက်ရန်၊ တိုက်ခိုက်ရန် သို့မဟုတ် ပြစ်မှားစော်ကားရန် ကြိုးစားသည်ဖြစ်စေ၊ ယင်းသည် ဘုရားသခင်၏အမှုတော်ကို အနည်းငယ်မျှပင် မနှောင့်ယှက်နိုင်ပေ။ ထို့ထက် ဤလုပ်ဆောင်ချက်များသည် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားနှင့် အနန္တတန်ခိုးကိုသာ မီးမောင်းထိုးရန် ဆောင်ရွက်ပေးသည်။ စာတန်၏ ဆိုးယုတ်သော အင်အားစုများ၏ နှောင့်ယှက်မှုများသည် လူ့သမိုင်းတစ်လျှောက်တွင် သေးငယ်သော ဖြစ်ရပ်တစ်ခုမျှသာ ဖြစ်သည်။ လူသားမျိုးနွယ်အားလုံးအပေါ် အချုပ်အခြာအာဏာကိုင်စွဲနိုင်သည့်အရာ၊ လူသားမျိုးနွယ်အားလုံးကို လွှမ်းမိုးနိုင်သည့်အရာနှင့် လူသားမျိုးနွယ်အားလုံးကို ပြောင်းလဲစေနိုင်သည့်အရာသည် ဘုရားသခင်၏အမှုတော်၊ ဘုရားသခင်၏ အစီအစဉ်အပြင်၊ ဘုရားသခင်၏ ကြီးမြတ်သော တန်ခိုးနှင့် ဩဇာအာဏာတို့ ဖြစ်ကြသည်။ ဤသည်မှာ အမှန်တရား ဖြစ်သည်။ ပြောင်းပြန်အားဖြင့်၊ ဘုရားသခင်သည် သူ့အပေါ် လူတို့၏ ဝေဖန်ရှုတ်ချခြင်းများ၊ တိုက်ခိုက်ခြင်းများ၊ အသရေဖျက်ခြင်းများနှင့် ပြစ်မှားစော်ကားခြင်းတို့ကို အရေးစိုက်ရန် လိုအပ်သလော။ မလိုအပ်ပေ။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်တွင် ဩဇာအာဏာရှိသောကြောင့်၊ ဘုရားသခင်အတွက်မူ “ငါပြောသည့်အရာကို ငါအမှန်တကယ် ရည်ရွယ်သည်၊ ငါ ပြောဆိုသည့်အရာကို လုပ်ဆောင်ရမည်ဖြစ်ပြီး၊ ငါလုပ်ဆောင်သည့်အရာက ထာဝရတည်တံ့ရမည်” ဟူသော သူ၏ ပြောဆိုချက်သည် အစဉ်သဖြင့် အမှန်တကယ် ဖြစ်လာလိမ့်မည်ဖြစ်သောကြောင့် ဖြစ်သည်။ ယင်းသည် နေ့စဉ်နေ့တိုင်း အမှန်တကယ် ဖြစ်လာနေပြီး ပြည့်စုံလာနေသည်။ ဤသည်မှာ ဘုရားသခင်၏ ဩဇာအာဏာ ဖြစ်သည်။ အချို့လူများက “ဤသည်မှာ ဘုရားသခင်၏ ယုံကြည်စိတ်ချမှု၊ သူ၏ ယုံကြည်ခြင်းဖြစ်သလော”ဟု မေးကြသည်။ သင် မှားပေသည်။ လူသားများတွင် ယုံကြည်စိတ်ချမှုရှိသည်၊ လူသားများက ယုံကြည်ခြင်းလိုအပ်သော်လည်း ဘုရားသခင်က မလိုအပ်ပေ။ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်တွင် ဩဇာအာဏာနှင့် တန်ခိုးရှိပြီး လူသားမျိုးနွယ်က သူ့ကို မည်သို့ပင် အသရေဖျက်သည်ဖြစ်စေ၊ ပြစ်တင်ရှုတ်ချသည်ဖြစ်စေ၊ စာတန်၏ ရန်လိုသော အင်အားစုများက မည်သို့ပင် နှောင့်ယှက်ကာ ဖျက်ဆီးသည်ဖြစ်စေ၊ မည်သည့်အရာမျှ ပြောင်းလဲလိမ့်မည် မဟုတ်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်သည် သူ၏အမှုတော်ကို မဆောင်ရွက်မီတွင် သူ့ကို တိုက်ခိုက်၊ အသရေဖျက်ပြီး ပြစ်မှားစော်ကားသည့် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်ထဲက ရန်လိုသော အင်အားစုများကို ဖယ်ရှားရန် မလိုအပ်ပေ။ ဘုရားသခင်သည် မည်သည့်အခြေအနေများအောက်တွင် အမှုပြုသနည်း။ သူသည် မည်သည့်အခြေအနေများအောက်တွင် အောင်ပွဲကို စွမ်းဆောင်ရရှိသနည်း။ မည်သည့်အခြေအနေများအောက်တွင် သူ၏အမှုတော်ကို သူ ပြီးမြောက်စေသနည်း။ ယင်းကို လူသားမျိုးနွယ်အားလုံးနှင့် ရန်လိုသော အင်အားစုအားလုံး၏ တိုက်ခိုက်မှုများ၊ အသရေဖျက်မှုများနှင့် ပြစ်မှားစော်ကားမှုများ၏ ဆူညံသံများအလယ်တွင် လုပ်ဆောင်ခြင်း ဖြစ်သည်။ သူ၏အမှုတော်ကို သူ ပြီးမြောက်စေသည်မှာ ထိုသို့သော ပတ်ဝန်းကျင်နှင့် နောက်ခံအခြေအနေတွင် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ ကြီးမြတ်သော တန်ခိုး ထင်ရှားခြင်း မဟုတ်လော။ ဤသည်မှာ ဘုရားသခင်၏ ဩဇာအာဏာ မဟုတ်လော။ (ဟုတ်ပါသည်။) ဤအမှန်တရားကို မည်သူ ငြင်းပယ်နိုင်သနည်း။ ဤသည်မှာ အမှန်တရားဖြစ်ကြောင်းကို သင် အသိအမှတ်မပြုဘဲ နေဝံ့သလော။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။