ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၁၈) အခန်း သုံး

သမိုင်းတစ်လျှောက်တွင် လူသားမျိုးနွယ်သည် ဘုရားသခင်ကို အဆက်မပြတ် အသရေဖျက်ပြီး ပြစ်မှားစော်ကားခဲ့ကြကာ နောက်ဆုံးသောကာလတွင် ဘုရားသခင်ကို အတိုက်အခံလုပ်သည့် လူသားမျိုးနွယ်အားလုံးထဲက အင်အားစုများသည် ဘုရားသခင်ကို အသရေဖျက်ပြီး ပြစ်တင်ရှုတ်ချသည့် အသံများ ပိုမိုများပြားလာလျက် သာ၍ပင် အားကောင်းလာခဲ့ကြသည်။ လူသားမျိုးနွယ်သည် ဘုရားသခင်ကို အသရေဖျက်ရန်နှင့် တိုက်ခိုက်ရန် သတင်းစာများ၊ ရုပ်မြင်သံကြား၊ အင်တာနက်နှင့် အခြားမီဒီယာများမှတစ်ဆင့် နည်းလမ်းအမျိုးမျိုးကို အသုံးချကြသည်။ သို့သော် ငါတို့၏ စုဝေးပွဲများအားလုံးတွင် ဤကောလာဟလများကို ငါတို့ စိတ်ဖြာလေ့လာဆွေးနွေးခဲ့ဖူးသလော။ (မဆွေးနွေးဖူးပါ။) အဘယ်ကြောင့် မဆွေးနွေးသနည်း။ အချို့လူများက “အပြစ်ကင်းသောသူသည် အပြစ်ကင်းမြဲကင်းနေပြီး ကောလာဟလများက အမြော်အမြင်ရှိသူထံသို့ ရောက်သည့်အခါ ပျောက်ကွယ်သွားသောကြောင့်လော”ဟု ပြောဆိုကြသည်။ ထိုအကြောင်းကြောင့်လော။ (ဤကောလာဟလများသည် ဘုရားသခင်၏အမှုတော်ကို အခြေခံအားဖြင့် မထိခိုက်နိုင်ပါ။ စာတန်က မည်သို့ပင် နှောင့်ယှက်စေကာမူ၊ ယင်းသည် ဘုရားသခင်၏အမှုတော်နှင့် အစီအစဉ်၏ တိုးတက်မှုကို မဖျက်ဆီးနိုင် သို့မဟုတ် မပိတ်ဆို့နိုင်ပါ။) စာတန်သည် ထိုသို့သောအရာတစ်ခုသာ ဖြစ်သည်။ ဘုရားသခင် ပြုမူဆောင်ရွက်သရွေ့၊ ဘုရားသခင် အမှုပြုသရွေ့၊ ၎င်းက နှောင့်ယှက်ရန် ရောက်လာသည်။ ဤသည်မှာ ၎င်းက ပါဝင်ဆောင်ရွက်သည့် အခန်းကဏ္ဍ အတိအကျ ဖြစ်သည်။ ၎င်းကို အသုံးတော်ခံခြင်းမှ သင် တားဆီးရန် သင့်လျော်သလော။ သင်သည် ၎င်းကို သရုပ်ဆောင်ရန် လုံလောက်သော နေရာ၊ လုံလောက်သော စင်မြင့်၊ လုံလောက်သော အခွင့်အရေးကို ပေးရမည်ဖြစ်သည်။ ၎င်းကလုံလောက်စွာ အသုံးတော်ခံပြီးသည့်အခါ၊ ၎င်း၏ ဝရုန်းသုန်းကား အခြေအနေကြောင့် မောပန်းနွမ်းနယ်သည့်အခါနှင့် လုံလောက်သော မကောင်းမှုကို ပြုပြီးသည့်အခါ၊ ၎င်း၏ နေ့ရက်ကာလများသည် ကုန်ဆုံးသွားပြီဖြစ်သည်။ ငါတို့သည် ဤကောလာဟလများကို ဖော်ထုတ်ချေပရန် ၎င်း၏အမျိုးမျိုးသော ကောလာဟလများနှင့် ဒုစရိုက်အမှုများကို စိတ်ဖြာလေ့လာဆွေးနွေးကာ စိစစ်ရင်း အဖိုးတန်သောအချိန်ကို ဖြုန်းတီးရန် မလိုအပ်ပေ။ ထိုသို့လုပ်ဆောင်ခြင်းသည် အသုံးမဝင်သည့်အပြင် တန်ဖိုးမဲ့ပေသည်။ ထိုအရာများကို စိတ်ဖြာလေ့လာဆွေးနွေးခြင်းသည် အဘယ်အသုံးဝင်သနည်း။ ယင်းသည် သမ္မာတရားကို လူတို့ နားလည်ခြင်းအား ကိုယ်စားပြုနိုင်သလော။ လူတို့ နားလည်သင့်သည့် သမ္မာတရားများ အလွန်များပြားလှသည်။ ၎င်းတို့သည် ဤကောလာဟလများကို ဖော်ထုတ်ချေပရန် မဆိုထားနှင့်၊ ဤသမ္မာတရားများအားလုံးကိုပင် နားမထောင်နိုင်ကြပေ။ လူတို့တွင် ထိုသို့သော အချိန်ပိုရှိသလော။ ရိုးရိုးသားသား ပြောရလျှင်၊ ငါသည် ထိုကိစ္စရပ်များကို အမှန်တကယ် စိတ်မဝင်စားသည့်အပြင်၊ ယင်းတို့ကို ဖော်ပြရန် သို့မဟုတ် အာရုံစိုက်ရန်လည်း ငါ လိုလားခြင်းမရှိပေ။ အချို့လူများက “ဤနှစ်များတွင် ကိုယ်တော်သည် မည်သည့်နေရာကိုမျှ မသွားဝံ့သောကြောင့်လော။ ကိုယ်တော် သွားသည့်နေရာတိုင်းတွင် အစဉ်သဖြင့် စိုးရိမ်ထိတ်လန့်နေသည်မှာ ပျံ့နှံ့နေသော ကောလာဟလများ အလွန်များသောကြောင့်လော”ဟု ပြောဆိုကြသည်။ ငါ လုံးဝဘာမျှမခံစားရဟု ငါပြောသည်။ အချို့လူများက “ကိုယ်တော် မလုပ်ဆောင်ခဲ့သည့်အရာများအပေါ် ကိုယ်တော်သည် မိမိကိုယ်ကို ခုခံကာကွယ်လိုခြင်း မရှိသလော”ဟု ပြောဆိုကြသည်။ ခုခံကာကွယ်ရမည့်အရာ အဘယ်အရာ ရှိသနည်း။ ငါ၏ အဓိကကျသော အလုပ်ကိုပင် ငါ အမီမလိုက်နိုင်ပေ။ ငါသည် လူများ၊ ဖန်ဆင်းခံများနှင့် စကားပြောဆိုသည်၊ နတ်ဆိုးများနှင့် စကားမပြောပေ။ အချို့လူများက “ဤကောလာဟလများကို ကြားရခြင်းက ကိုယ်တော့်ကို အမျက်မထွက်စေသလော” ဟု မေးကြသည်။ ငါသည် ၎င်းတို့အပေါ် ဘာမျှမခံစားရ၊ ၎င်းတို့သည် ငါ့ကို ဘာမျှခံစားစေခြင်းမရှိဟု ငါပြောသည်။ ငါသည် ဤကိစ္စရပ်များကို အဖက်မလုပ်ပေ။ အချို့လူများက “ကိုယ်တော်အနေဖြင့် မတရားခံရသည်ဟု မခံစားရသလော”ဟု မေးကြသည်။ ငါသည် မတရားခံရသည်ဟု မခံစားရပေ။ မတရားခံရသည်ဟု ခံစားရရန် အဘယ်အရာ ရှိသနည်းဟု ငါပြောသည်။ ငါလုပ်နိုင်သည့်အရာကို လုပ်ဆောင်သည်၊ ငါလုပ်သင့်သည့်အရာကို လုပ်ဆောင်သည်၊ ငါလုပ်နိုင်သည့်အရာနှင့် လုပ်သင့်သည့်အရာကို ကောင်းစွာလုပ်ဆောင်သည်။ ငါ၏ တာဝန်ဝတ္တရားများကို ဖြည့်ဆည်းသည်။ ဤသည်မှာ အကောင်းဆုံးအရာဖြစ်သည်။ ဤသည်မှာ အဓိပ္ပာယ်ရှိသည်။ ငါသည် ထိုအဓိပ္ပာယ်မရှိသော၊ တန်ဖိုးမရှိသော အရာများကြောင့် အာရုံပျက်ခံမည်မဟုတ် သို့မဟုတ် အချိန်ကုန်မည်မဟုတ်ပေ။ ထိုကိစ္စရပ်များကို အရေးစိုက်ရန် ငါ့တွင် အချိန်မရှိပေ။ အချို့လူများက “ကိုယ်တော် အားလပ်ချိန်ရှိသည့်အခါတွင်ကော၊ ထိုအခါတွင် ထိုအရာများကို အရေးစိုက်မည်လော”ဟု ပြောဆိုကြသည်။ မဟုတ်ပေ၊ ငါအားလပ်ချိန်ရှိသည့်အခါတွင်ပင် အရေးစိုက်မည်မဟုတ်ပေ။ ငါသည် နတ်ဆိုးများနှင့် စကားစမြည်ပြောဆိုခြင်းထက် ငါ၏ခွေးကို စကားပြောဆိုလိုက်မည်။ ယင်းသည် နတ်ဆိုးတစ်ကောင်က ၎င်း၏ နတ်ဆိုးဆန်သော စကားပြောခြင်းဖြစ်ကြောင်းကို သင် ရှင်းလင်းစွာ သိပါက၊ အဘယ်ကြောင့် ယင်းကို အရေးစိုက်မည်နည်း။ သင်သည် လုံးဝ အရေးမစိုက်သင့်ပေ။ နတ်ဆိုးကို လုံးလုံးလျားလျား အရှက်ရစေခြင်းသည် လုပ်ဆောင်ရန် မှန်ကန်သည့်အရာ ဖြစ်သည်။ တိုတိုပြောရလျှင်၊ ဤကောလာဟလများအပေါ် ဘုရားသခင်၏ သဘောထားမှာ အောက်ပါအတိုင်း ဖြစ်သည်။ မည်သည့်အရာကိုမဆို လုပ်ဆောင်ရာတွင် သို့မဟုတ် စကားတစ်ခွန်းစီကို ပြောဆိုရာတွင်၊ ဘုရားသခင်သည် မိမိကိုယ်ကို မှန်ကန်ကြောင်းပြနေခြင်းမဟုတ်၊ လူသားမျိုးနွယ်ထံ မိမိကိုယ်ကို သက်သေပြနေခြင်းမဟုတ်သည့်အပြင်၊ မိမိသည် စင်ကြယ်ပြီး အပြစ်ကင်းကြောင်းနှင့် အပြစ်မရှိကြောင်း ပြောဆိုလျက် သူ၏ရန်သူဖြစ်သော စာတန်ထံ မိမိကိုယ်ကို မှန်ကန်ကြောင်းပြနေခြင်းလည်း သေချာပေါက် မဟုတ်ပေ။ ဘုရားသခင် လုပ်ဆောင်သမျှသည် သူ၏ စီမံခန့်ခွဲမှုအတွက်၊ သူကယ်တင်ရန် ရည်ရွယ်သည့် လူသားများကို ကယ်တင်ရန်အတွက် ဖြစ်သည်။ သူ၏ စီမံခန့်ခွဲမှုအစီအစဉ်အတိုင်း သူသည် တစ်ဆင့်ပြီးတစ်ဆင့် လိုက်နာလုပ်ဆောင်နေခြင်းဖြစ်သည်။ မည်သူ့ကိုမျှ မည်သည့်အရာကိုမျှ ဖော်ပြရန်အတွက် သို့မဟုတ် သူ၏ ပင်ကိုလက္ခဏာကို အတည်ပြုရန်အတွက် လုပ်ဆောင်နေခြင်း မဟုတ်ပေ။ လူ့အသုံးအနှုန်းဖြင့် ပြောရလျှင်၊ ဘုရားသခင် လုပ်ဆောင်သမျှတိုင်းသည် မည်သည့်မရိုးသားမှု သို့မဟုတ် တွန်းအားပေးခံရမှုမရှိဘဲ အလိုအလျောက် လုပ်ဆောင်ခြင်း ဖြစ်သည်။ ဘုရားသခင်က ဤအလုပ်တာဝန်အားလုံးကို ပင်ကိုသဘာဝအတိုင်း ဆောင်ရွက်ခြင်းသည် သူ၏ ပင်ကိုလက္ခဏာနှင့် သူ၏ အနှစ်သာရကို အတည်ပြုလေသည်။ လူသားမျိုးနွယ်သည် ဘုရားသခင်၏ အစီအစဉ်ကို မပြောင်းလဲနိုင်သည့်အပြင်၊ ဘုရားသခင်၏ ဩဇာအာဏာနှင့် တန်ခိုးကိုလည်း မကျော်လွန်နိုင်ပေ။ ဤသည်မှာ အမှန်တရားတစ်ခု ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်သည် လူသားမျိုးနွယ်အတွင်းတွင် မည်သည့်ဘက်ကမဆို သူ့ကို တိုက်ခိုက်ပြီး အသရေဖျက်သည့် ကောလာဟလများနှင့် နတ်ဆိုးဆန်သော စကားများကို လျစ်လျူရှုလေသည်။ ငါ့ကို ပြောလော့၊ ဘုရားသခင်အဖို့ လောကရှိ ဘုရားမဲ့ဝါဒီ အုပ်ချုပ်သူပါတီများနှင့် ဘာသာရေးလောက၏ ဘုရားသခင်အပေါ် တိုက်ခိုက်မှုများနှင့် ဆန့်ကျင်မှုများကို ပြင်းထန်စွာ ဝေဖန်ပြောဆိုရန်အတွက် နှုတ်ကပတ်တော် အခန်းကြီးတစ်ခန်းကို မိန့်မြွက်ရန် သို့မဟုတ် ပြစ်တင်ရှုတ်ချသည့် စာတစ်စောင်ကို ရေးသားရန်မှာ အလွန်လွယ်ကူမည် မဟုတ်လော။ သို့သော် ဘုရားသခင်သည် စာတန်အပေါ် ဤနည်းအတိုင်း ပြုမူဆောင်ရွက်မည် မဟုတ်ပေ။ ဘုရားသခင်သည် စည်းမျဉ်းများအတိုင်း လုပ်ဆောင်သည်။ ဘုရားသခင်က စာတန်၏ ဆိုးယုတ်သော အင်အားစုများကို ဖျက်ဆီးခြင်းနှင့်ပတ်သက်လာသည့်အခါ သူ၏ ကိုယ်ပိုင်အချိန်အခါ ရှိသည်။ ဘုရားသခင်အတွက်၊ အမှုဆောင်ရွက်ခြင်းက အလွန်လွယ်ကူသည်။ ဘုရားသခင်သည် ကောင်းကင်ဘုံ၌ အံ့ဖွယ်လုပ်ဆောင်ချက်အချို့ကို ပြုလုပ်နိုင်ပြီး ရုတ်တရက် ကောင်းကင်သည် “ငါသည် သင်တို့ အသရေဖျက်၊ တိုက်ခိုက်ပြီး ပြစ်မှားစော်ကားသည့် စစ်မှန်သော တစ်ပါးတည်းသော ဘုရားသခင်ဖြစ်သည်၊ ငါသည် သင်တို့ လက်ရှိ အသရေဖျက်ပြီး ပြစ်မှားစော်ကားနေသည့် အနန္တတန်ခိုးရှင် ဖြစ်သည်” ဟု ဆိုသော အသံတစ်ခုဖြင့် ကွဲအက်သွားပေမည်။ ဤအရာကို ကြားသည့်အခါ လူသားမျိုးနွယ်သည် ချက်ချင်း မှင်တက်သွားပြီး ဘာလုပ်ရမှန်းမသိဖြစ်ကြပေမည်။ မြေပေါ်တွင် ပျပ်ဝပ်လျက် ငိုကြွေးမြည်တမ်းပြီး အံသွားခဲကြိတ်ခြင်းကိုသာ ပြုလုပ်နိုင်ကြပေမည်။ ဤစကားတစ်ခွန်းသည် အရာရာတိုင်းကို ဖြေရှင်းပေမည်၊ အရာရာတိုင်းကို သက်သေပြပေမည်။ ထိုအခါ တစ်ဦးတလေက ဘုရားသခင်ကို စော်ကားဝံ့မည်လော။ ဘာသာရေးလောကရှိ ထိုနတ်ဆိုးများသည် သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားသည်အထိ ကြောက်လန့်ကြမည် မဟုတ်လော။ စာတန်သည် ဘုရားသခင်နှင့်ပတ်သက်၍ ကောလာဟလများကို လုပ်ကြံဖန်တီးသည်၊ ယင်းသည် ဘုရားသခင်ကို အသရေဖျက်ပြီး တိုက်ခိုက်ကာ ဘုရားသခင်ကို ယုံကြည်သောသူတို့ကို အမျက်ထွက်စေပြီး မုန်းတီးစေလျက် အစားမစားနိုင်၊ အိပ်မပျော်နိုင်ဖြစ်စေကာ ၎င်းတို့အား ထိုအရာကို ချေပရန် ဆောင်းပါးများရေးသားပြီး အစီအစဉ်များ ထုတ်လုပ်လိုစေသည်။ သို့ရာတွင် ဘုရားသခင်က ရိုးရှင်းစွာ ပြုမူဆောင်ရွက်လေသည်။ ဘုရားသခင်သည် စကားအနည်းငယ်ကို ပြောဆိုရုံသာရှိပြီး လူသားမျိုးနွယ်အားလုံးသည် သူ့ကို နောက်တစ်ကြိမ် တိုက်ခိုက်ရန် သို့မဟုတ် ပြစ်မှားစော်ကားရန် မဝံ့တော့ဘဲ လုံးလုံး ကျိုးနွံနာခံကြပေမည်။ ပေါလုသည် နာခံတတ်ဖို့အတွက် မည်သို့ ပြုခြင်းခံခဲ့ရသနည်း။ (ဘုရားသခင်သည် ဒမာသက်မြို့သို့ သွားရာလမ်းတွင် သူ့ထံ ပေါ်ထွန်းခဲ့ပါသည်။) ဘုရားသခင်သည် သူ့ထံ ပေါ်ထွန်းခဲ့သည်။ အမှန်တွင် သူသည် ဘာမျှမမြင်ခဲ့ပေ။ ပေါလုကို အလွန်ကြောက်လန့်စေသည့် အလင်းတစ်ခုသာ ရှိခဲ့ပြီး သူသည် မြေပေါ်တွင် ပျပ်ဝပ်လဲကျကာ ယေရှုကို နောက်တစ်ကြိမ် ညှဉ်းပန်းနှိပ်စက်ရန် မဝံ့ရဲတော့ပေ။ စာတန်ကို ကိုင်တွယ်ဖြေရှင်းခြင်းသည် ထိုမျှ ရိုးရှင်းသည်။ အမှန်တွင်၊ ယင်းသည် ဘုရားသခင်အတွက် အလွန်လွယ်ကူသည်။ ဘုရားသခင်သည် ထိုအရာကို စကားတစ်ခွန်းတည်းဖြင့် ဖြေရှင်းကောင်း ဖြေရှင်းနိုင်ပေသည်။ ဤအရာကို လုပ်ဆောင်ခြင်းသည် သင်တို့နှင့် ဆယ်စုနှစ်ချီ စကားပြောဆိုခြင်းနှင့် သင်တို့အပေါ် ဤကြိုးပမ်းအားထုတ်မှုအားလုံးကို ထားရှိခြင်းထက် များစွာ ပိုမိုလွယ်ကူပေမည်။ သို့သော် ဘုရားသခင်သည် ဤနည်းအတိုင်း ပြုမူဆောင်ရွက်ခြင်းမရှိပေ။ အဘယ်ကြောင့်နည်း။ ငါ သင်တို့ကို ပြောပြရမည့် လျှို့ဝှက်ချက်တစ်ခု ရှိသည်။ ဘုရားသခင် ကယ်တင်သည်မှာ လူသားများ၊ ဆိုလိုသည်မှာ ဘုရားသခင် ရွေးချယ်ထားသောသူများဖြစ်သည်။ ဘုရားသခင် ရွေးချယ်ခြင်းမရှိသည့် ကျန်လူတို့ကို လူသားများဟု ယူဆခြင်းမရှိဘဲ ဘုရားသခင်၏ အသံတော်ကို ကြားရန်၊ ဘုရားသခင်၏ မျက်နှာကို မြင်ရန် သို့မဟုတ် ဘုရားသခင်နှင့်ပတ်သက်သည့် မည်သည့်အချက်အလက်ကိုမဆို သိရှိရန် သာ၍ပင် မထိုက်တန်သည့် သားရဲတိရစ္ဆာန်များ၊ နတ်ဆိုးများအဖြစ် ယူဆခြင်းခံရသည်။ ထို့ကြောင့် ဘုရားသခင်သည် ဤနည်းအတိုင်း ပြုမူဆောင်ရွက်ခြင်းမရှိပေ။ ဘုရားသခင်၏ ပင်ကိုလက္ခဏာသည် ဂုဏ်အသရေရှိသည်။ သူ့ကို မြင်လိုသောသူ မည်သူမဆိုက ထိုသို့မမြင်နိုင်သည့်အပြင်၊ တစ်စုံတစ်ဦးသည် ကောင်းကင်ရှိ နေရာတစ်ခုခုကို အစဉ်သဖြင့် စူးစိုက်စွာ၊ စိတ်အားထက်သန်စွာနှင့် စိတ်နှလုံးအကြွင်းမဲ့ ကြည့်ရှုနေသောကြောင့် သူသည် ထိုသူထံ ပေါ်ထွန်းလိမ့်မည် မဟုတ်ပေ။ ဘုရားသခင်ကို မြင်လိုသောသူ မည်သူမဆိုက သူ့ကို မြင်၍ရသည်ဟု သင်ထင်သလော။ ဘုရားသခင်တွင် ဂုဏ်သိက္ခာရှိသည်။ ဘုရားသခင်သည် သူ့ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်သောသူတို့ထံ ပေါ်ထွန်းသည်။ သူသည် သန့်ရှင်းသော နေရာများတွင် ပေါ်ထွန်းပြီး ညစ်ညမ်းသော နေရာများမှ ပုန်းကွယ်သည်။ လူသားမျိုးနွယ်တစ်ရပ်လုံးသည် ညစ်ညမ်းခြင်းရှိမရှိ သို့မဟုတ် သန့်ရှင်းခြင်းရှိမရှိဟူသည်ကို ဆွေးနွေးရန် မလိုအပ်ပေ။ ဤလူသားမျိုးနွယ်သည် ဘုရားသခင်ကို မြင်ရန် မထိုက်တန်ပေ။ ဘုရားသခင်တစ်ပါး ရှိသည်ကို ၎င်းတို့ အသိအမှတ်မပြုကြပေ။ သို့ဖြစ်၍ ဘုရားသခင်သည် ၎င်းတို့ထံ အဘယ်ကြောင့် ပေါ်ထွန်းမည်နည်း။ ၎င်းတို့သည် မထိုက်တန်ကြပေ။ ဘုရားသခင်သည် အမှုအရာများကို လုပ်ဆောင်နိုင်စွမ်းရှိသော်လည်း မလုပ်ဆောင်ပေ။ ဤသည်မှာ ဘုရားသခင်၏ နှိမ့်ချခြင်းနှင့် ပုန်းကွယ်မှုအပြင် သူ၏ ပင်ကိုလက္ခဏာနှင့်ဆိုင်သည့် ဂုဏ်အသရေရှိခြင်းကို အတည်ပြုလေသည်။ ငါ့ကို ပြောလော့၊ စာတန်သာ ထိုအရာများကို လုပ်ဆောင်နိုင်မည်ဆိုလျှင်၊ တစ်နေ့လျှင် အကြိမ်မည်မျှ လုပ်ဆောင်မည်နည်း၊ မည်မျှ ကြွားဝါမည်နည်း။ စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကို ခံရသော လူသားများသည် အသေးအဖွဲဖြစ်သော ရာထူးတစ်ခုကို ရယူပြီး တန်ခိုးအနည်းငယ်ကို ကိုင်စွဲသည့်အခါ၊ ဤတန်ခိုးကို ၎င်းတို့ မည်သည့်အတိုင်းအတာအထိ ကြွားဝါမည်ကို မည်သူသိမည်နည်း၊ မိမိပိုင်ဆိုင်သည့် မည်သည့်တန်ခိုးအနည်းငယ်ကိုမဆို စိတ်ကူး၍ပင်မရသော နည်းလမ်းများဖြင့် အလွဲသုံးစားလုပ်ပြီး ကြွားဝါမည့် စာတန်အကြောင်းကို ပြောစရာမလိုပေ။ ဘုရားသခင်သည် ဤနည်းအတိုင်း အမှုမပြုပေ။ ဘုရားသခင်ကို စာတန်၏ ဆင်ခြင်တွေးခေါ်မှုစနစ်ဖြင့် မတိုင်းတာနှင့်၊ ယင်းသည် ကြီးလေးသော အမှားတစ်ခု ဖြစ်ပေမည်။ ဘုရားသခင် လုပ်ဆောင်နိုင်သည့်အရာနှင့်ပတ်သက်၍မူ၊ ယင်းကို သူလုပ်ဆောင်လိုခြင်း ရှိမရှိမှာ ဘုရားသခင်အပေါ်တွင် မူတည်သည်။ ဘုရားသခင် ဆန္ဒရှိပါက၊ ယင်းကို တစ်ခဏအတွင်း လုပ်ဆောင်နိုင်ပြီး၊ သူ လုပ်ဆောင်ရန် ဆန္ဒမရှိပါက၊ မည်သူမျှ သူ့ကို အတင်းအကျပ်မပြုနိုင်ပေ။ ကောလာဟလများအပေါ် ဘုရားသခင်၏ သဘောထားသည် ဤအတိုင်းပင်ဖြစ်သည်။ ထိုအရာများကို သူ လျစ်လျူရှုသည်။ ဘုရားသခင်သည် သူ လုပ်ဆောင်သင့်သည့်အရာ၊ လုပ်ဆောင်ရန် ရည်ရွယ်သည့်အရာကို လုပ်ဆောင်နေဆဲ ဖြစ်သည်။ မည်သည့်လူ၊ မည်သည့်အင်အားစုကမျှ သူ၏ အစီအစဉ်ကို မဖျက်ဆီးနိုင် သို့မဟုတ် မပြောင်းလဲနိုင်ပေ။ ဘုရားသခင်ကို တိုက်ခိုက်၊ အသရေဖျက်ပြီး ရှုတ်ချဝေဖန်သည့် ဤကောလာဟလများသည် မည်သည့်အရာကိုမျှ မပြောင်းလဲစေပေ။ ကောလာဟလများသည် နောက်ဆုံးတွင် ကောလာဟလများသာဖြစ်ပြီး မည်သည့်အခါတွင်မျှ အမှန်တရားများ ဖြစ်မလာနိုင်ပေ။ ယင်းတို့သည် လူ့အတွေးအခေါ်၊ သိပ္ပံ၊ ကိုယ်ကျင့်တရား၊ သီအိုရီ စသည်တို့နှင့် ကိုက်ညီလျှင်ပင်၊ လူသားမျိုးနွယ်အားလုံးက ဘုရားသခင်ကို တိုက်ခိုက်ရန် ထကြွလျှင်ပင်၊ သမ္မာတရားသည် လူသားမျိုးနွယ်နှင့်အတူ ရပ်တည်လိမ့်မည်မဟုတ်သည့်အပြင် လူသားမျိုးနွယ်သည်လည်း သမ္မာတရားကို ပိုင်ဆိုင်သူ ဖြစ်လာလိမ့်မည် မဟုတ်ပေ။ ဘုရားသခင်သည် ထာဝရ ဘုရားသခင် ဖြစ်သည်။ သူ၏ ပင်ကိုလက္ခဏာနှင့် အဆင့်အတန်းသည် မည်သည့်အခါမျှ မပြောင်းလဲပေ။ ထို့ကြောင့် စာတန်က မည်သို့ပင် နှောင့်ယှက်စေကာမူ၊ ဘုရားသခင်၏အမှုတော်သည် စနစ်ကျသော ပုံစံဖြင့် ဆက်လက်လုပ်ဆောင်နေဆဲဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ ဘုရားသခင်၏အမှုတော် ဖြစ်သောကြောင့် ဖြစ်သည်။ ယင်းသာ လူ့အမှုဖြစ်ခဲ့မည်ဆိုလျှင်၊ စာတန်၏ အစိုးရစနစ်က ထိုသို့သော နှောင့်ယှက်မှုများကို ဖြစ်စေခြင်းနှင့် အမျိုးမျိုးသော လူ့အဖွဲ့အစည်းဆိုင်ရာ အင်အားစုများက ထိုသို့သော တိုက်ခိုက်မှုများနှင့် အသရေဖျက်မှုများကို ပြုလုပ်ခြင်းတို့က ယင်းကို ပြိုလဲစေပြီး တည်ရှိမှု ရပ်စဲသွားစေနှင့်ပြီးဖြစ်ပေမည်။ ဘုရားသခင်က ပြောဆိုပြီး အလုပ်လုပ်သည့်အခါတွင်သာ၊ သန့်ရှင်းသောဝိညာဉ်တော် အလုပ်လုပ်သည့်အခါတွင်သာ အသင်းတော်သည် ပို၍ပို၍ ကြီးပွားစည်ပင်လာသည်။ ဤသည်မှာ အမှန်တရားတစ်ခု မဟုတ်လော။ သင်တို့သည် ဤအမှန်တရားကို မြင်ကြပြီလော။ (မြင်ကြပါပြီ။) အဘယ်အရာကို သင်တို့ မြင်ကြလေပြီနည်း။ (နိုင်ငံတော် ဧဝံဂေလိတရားသည် ဒါဇင်ချီသော နိုင်ငံများဆီသို့ ပျံ့နှံ့ပြီးဖြစ်ကာ၊ စာတန်က လုပ်ကြံဖန်တီးပြီး ဖြန့်ဝေခဲ့သည့် ထိုကောလာဟလများသည် သမ္မာတရားကို နှစ်သက်သောသူတို့အား ဘုရားသခင်ထံသို့ လှည့်ပြန်လာခြင်းမှ လုံးဝ မတားဆီးခဲ့ပါ။) ဤသည်မှာ ဘုရားသခင်၏ လုပ်ဆောင်မှု ဖြစ်သည်။ ဘုရားသခင်၏အမှုတော်က ဤအကျိုးတရားကို စွမ်းဆောင်ရရှိနိုင်သည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ဤအကျိုးတရားကို စွမ်းဆောင်ရရှိနိုင်သည်၊ ဤသည်မှာ စာတန်၏ ကြိုတင်မှန်းဆချက်များထက် ကျော်လွန်ပေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက ထိုသို့သော ကြီးမားလှသည့် တန်ခိုးရှိသည်။ ဧဝံဂေလိတရားသည် အရှိန်အဟုန်ကောင်းဖြင့် ပျံ့နှံ့နေပြီး အရာရာတိုင်းသည် မည်သည့်ကွဲလွဲမှုမျှမရှိဘဲ ဘုရားသခင်၏ အစီအစဉ်အတိုင်း စနစ်တကျ ဆက်လက်ဖြစ်နေသည်။ ဘုရားသခင်၏အမှုတော်နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ကြာမြင့်စွာကတည်းက ကြိုတင်သတ်မှတ်ထားသည့်အတိုင်း ဘုရားသခင် ရွေးချယ်ထားသောလူများထဲတွင် ပျံ့နှံ့နေသည်။ ဧဝံဂေလိတရားကို ဟောပြောခြင်းမှ ရရှိသောလူအရေအတွက်နှင့် မှန်သောလမ်းခရီးကို စူးစမ်းလေ့လာနေသော လူအရေအတွက်သည် တစ်လပြီးတစ်လ တိုးပွားလျက်ရှိသည်။ ဤအရာက ဧဝံဂေလိအလုပ် ပျံ့နှံ့သွားပုံကို မပြသလော။ ယင်းသာ ဘုရားသခင်၏အမှုတော် မဟုတ်ခဲ့ပါက၊ လူမည်မျှက မည်မျှကြီးမားသော အဖိုးအခ ပေးသည်ဖြစ်စေ၊ ဤအကျိုးတရားကို ၎င်းတို့ မစွမ်းဆောင်မရရှိနိုင်ပေ။ ဤသည်မှာ ဘုရားသခင်၏ အစွမ်းတန်ခိုးဖြစ်သည်၊ ဘုရားနှုတ်ကပတ်တော်များ၏ တန်ခိုးဖြင့် စွမ်းဆောင်ရရှိသော အကျိုးတရား ဖြစ်သည်။

အမျိုးမျိုးသော ကောလာဟလများကို လူတို့ မည်သို့ သဘောထားသည်ကို ပြန်လည်ဆွေးနွေးကြစို့။ လူတို့သည် အမျိုးမျိုးသော ကောလာဟလများအပေါ် ဘုရားသခင်ကဲ့သို့ တူညီသော သဘောထားကို မရရှိနိုင်ကြပေ။ ၎င်းတို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားမလည်ကြသည့်အပြင်၊ ကောလာဟလများကို ကြားသည့်အခါ၊ “တစ်စုံတစ်ရာကို ကျွန်ုပ် မလုပ်ဆောင်လျှင် ကျွန်ုပ်၏ အသိစိတ်ကို လျစ်လျူရှုရာကျမည်။ ကောလာဟလများကို လုပ်ကြံဖန်တီးသည့်လူများ အနိုင်ရသွားပါက ကျွန်ုပ်သည် စိတ်ကမောက်ကမဖြစ်လျက် မသက်မသာခံစားရလိမ့်မည်၊ မကျေမနပ်ဖြစ်လိမ့်မည်၊ မခံမရပ်နိုင်ဖြစ်လိမ့်မည်။ ထို့ကြောင့် ၎င်းတို့ကို ငါ ချေပရမည်။ ကောလာဟလများကို ရှင်းလင်းရန် ဗီဒီယိုတစ်ခု ပြုလုပ်ရမည် သို့မဟုတ် ဆောင်းပါးတစ်ပုဒ် ရေးရမည်”ဟု အစဉ်သဖြင့် ခံစားကြရသည်။ ထိုသို့သော စိတ်နေစိတ်ထားအောက်တွင် အမှုအရာများကို လုပ်ဆောင်ခြင်းသည် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ကိုက်ညီခြင်း ရှိမရှိ၊ သမ္မာတရား စည်းမျဉ်းများနှင့် ကိုက်ညီခြင်း ရှိမရှိဟူသည်မှာ ပြန်လည်ဆင်ခြင်သုံးသပ်ထိုက်ပေသည်။ အကယ်၍ သင်တို့၏ အသင်းတော်အလုပ်ကို လုပ်ဆောင်ခြင်းနှင့် သင်တို့၏ တာဝန်များကို ထမ်းဆောင်ခြင်းတို့၌ သင်တို့၏ ရည်ရွယ်ချက်နှင့် စေ့ဆော်မှုသည် ကောလာဟလများကို ရှင်းလင်းရန်၊ သင်တို့ယုံကြည်သော ဘုရားက စစ်မှန်သော ဘုရားသခင်ဖြစ်ကြောင်း၊ သင်တို့သည် ဘဝ၏ မှန်ကန်သော လမ်းကြောင်းပေါ်၌ ရှိနေကြောင်း၊ ပြီးလျှင် ဧဝံဂေလိတရားကို ဟောပြောရန်နှင့် ဘုရားသခင်ကို သက်သေခံရန် သင်တို့လုပ်ဆောင်ခဲ့သမျှသည် တရားမျှတခဲ့ကြောင်းတို့ကို ရှင်းလင်းစွာ ရှင်းပြရန်သက်သက်သာဖြစ်ပြီး၊ ထိုသို့ဖြင့် လောကသည် ဤအဖြစ်မှန်အားလုံး၏ အမှန်တရားကို မသိနားမလည်သောကြောင့်သာ သင်တို့ကို အခြေအမြစ်မရှိသော ပြစ်မှုများစွာဖြင့် စွပ်စွဲခဲ့ခြင်းဖြစ်ကြောင်း အရာရာကို ရှင်းလင်းပြီးသည့်အခါတွင် လောကက သင်တို့ကို အပြစ်ကင်းသူများအဖြစ် အသိအမှတ်ပြုလိမ့်မည်ဟူ၍လည်းကောင်း၊ လောကရှိ အဖွဲ့အစည်းအားလုံးက ‘သင်တို့ ယုံကြည်သော ဘုရားသည် စစ်မှန်သော ဘုရားသခင်ဖြစ်သည်၊ သင်တို့သည် ဘဝ၏ မှန်ကန်သော လမ်းကြောင်းပေါ်၌ ရှိနေပြီး ဘုရားသခင်က သင်တို့ကို လုပ်ဆောင်ရန် တောင်းဆိုခဲ့သမျှ အရာရာတိုင်းသည် မှန်ကန်ပြီး တရားမျှတသော လုပ်ငန်းတစ်ခုဖြစ်သည်’ဟု နေရာတကာ အသိအမှတ်ပြုကြလိမ့်မည်ဟူ၍လည်းကောင်း မျှော်လင့်နေမည်ဆိုလျှင်၊ အဘယ်သို့နည်း။ သို့ဆိုလျှင် သင်တို့သည် သင်တို့၏ ယုံကြည်ခြင်း၌ စိတ်အေးလက်အေးဖြစ်ပြီး ခိုင်လုံသည်ဟု ခံစားရလိမ့်မည်လော။ သင်တို့သည် ဘုရားသခင်ကို ယုံကြည်ခြင်း၌ လမ်းကြောင်းမှန်ပေါ်သို့ စတင်ရောက်ရှိပြီး ဖြစ်လိမ့်မည်လော။ သင်တို့သည် မည်သည့် ပြင်ပနှောင့်ယှက်မှုမျှမရှိဘဲ ကယ်တင်ခြင်းလမ်းကြောင်းပေါ်သို့ စတင်ရောက်ရှိပြီး ဖြစ်လိမ့်မည်လော။ သင်တို့သည် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးဖြစ်ပေါ်ပြီး ဖြစ်လိမ့်မည်လော။ သို့ဆိုလျှင် သင်သည် ဘုရားသခင်ကို ကျိုးနွံနာခံခြင်းအား စွမ်းဆောင်ရရှိနိုင်မည်လော။ သို့ဆိုလျှင် သင်သည် ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို လက်ခံရရှိနိုင်မည်လော။ (မရရှိနိုင်ပါ။) လူတို့သည် သင့်အပေါ် အထင်အမြင်လွဲမှားမှုများ မရှိဘဲ သင့်ကို ချီးမွမ်းပြီး ရိုသေလေးမြတ်ခြင်းသာ ရှိပြီးနောက်တွင် သင်သည် ကြည်လင်သော အသိစိတ်ဖြင့် ဘုရားသခင်ကို ယုံကြည်နိုင်ရန် ဖြစ်နိုင်မည်လော။ လုံးဝ မဖြစ်နိုင်ပေ။ လူတို့သည် ကောလာဟလများအပေါ် ဘုရားသခင်ကဲ့သို့ တူညီသော သဘောထားကို မရရှိနိုင်ကြသော်လည်း၊ လူတစ်ဦးက၊ “ဤကောလာဟလများသည် အမှန်ပင် မုန်းတီးဖွယ်ကောင်းပြီး စက်ဆုပ်ရွံရှာဖွယ်ကောင်းပါသည်။ ဤကောလာဟလများမှနေ၍ ဤဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်သည် အမှန်ပင် ဘုရားသခင်၏ ရန်သူဖြစ်သည်ကို မြင်နိုင်သည်။ ဤသည်မှာ လုံးဝမှန်ကန်ပေသည်။ ဘုရားသခင်၏အမှုတော်က စစ်မှန်ခြင်း ရှိမရှိဟူသည်ကို စာတန်၏ ကောလာဟလများကို အခြေခံ၍ ကျွန်ုပ် ဆုံးဖြတ်ရမည်မဟုတ်ပါ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းမှတစ်ဆင့်လည်းကောင်း၊ ကျွန်ုပ်၏ တာဝန်ကို ထမ်းဆောင်ရာတွင် အတွေ့အကြုံများမှတစ်ဆင့်လည်းကောင်း ဘုရားသခင်၏ နှုတ်ကပတ်တော်အားလုံးက သမ္မာတရားဖြစ်ကြောင်းနှင့် သူလုပ်ဆောင်သမျှသည် လူတို့ကို ကယ်တင်ခြင်းခံရစေနိုင်ကြောင်း ကျွန်ုပ် အတည်ပြုပါသည်။ ယနေ့တွင် ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံရန် သူ၏ရှေ့မှောက်သို့ ရောက်ရှိလာသည့်နောက်တွင်၊ ကျွန်ုပ်သည် ဘုရားသခင် ရွေးချယ်ထားသောသူတို့က ဘုရားသခင်၏ အိမ်တော်သို့ ပြန်လာနိုင်ရန်၊ သူ၏အသံတော်ကို ကြားနိုင်ရန်နှင့် သူ့ထံမှ နှုတ်ကပတ်တော်များနှင့် အသက်၏ ထောက်ပံ့မှုကို အမြန်ဆုံး လက်ခံရရှိနိုင်ရန်အလို့ငှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖြန့်ချိရန်၊ သူ၏နာမတော်ကို ကြွေးကြော်ရန်နှင့် ဘုရားသခင်၏အမှုတော်နှင့် သူ၏ ရည်ရွယ်ချက်များကို သက်သေခံရန် ကျွန်ုပ်၏ တာဝန်ကို ထမ်းဆောင်သင့်ပြီး၊ ကျွန်ုပ်၏ တာဝန်ဝတ္တရားများနှင့် တာဝန်များကို ဖြည့်ဆည်းသင့်ပါသည်။ ဤသည်မှာ ကျွန်ုပ်၏ တာဝန်ဝတ္တရား၊ ကျွန်ုပ်၏ တာဝန် ဖြစ်သည်။ ကျွန်ုပ်သည် ဘုရားသခင်၏ အမှုတော်နှင့် ပူးပေါင်းဆောင်ရွက်နေခြင်း ဖြစ်သော်လည်း၊ ကျွန်ုပ် လိုက်လျှောက်သော လမ်းကြောင်းက လမ်းကြောင်းမှန်တစ်ခုဖြစ်ကြောင်း သို့မဟုတ် ကျွန်ုပ် လုပ်ဆောင်သော လုပ်ငန်းက တရားမျှတကြောင်းကို သက်သေပြရန်အတွက် မဟုတ်ပါ။ ဤအရာများအတွက် မဟုတ်ပါ။ ကျွန်ုပ်သည် ဘုရားသခင်အပေါ် စာတန်၏ တိုက်ခိုက်ခြင်းများနှင့် အသရေဖျက်ခြင်းများကို လက်တုံ့ပြန်ရန် ကျွန်ုပ်၏ တာဝန်ကို ထမ်းဆောင်နေခြင်း မဟုတ်ပါ။ ထို့ထက် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ပြန်လည်ပေးဆပ်ရန်၊ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို လက်ခံရန်နှင့် ဘုရားသခင်၏ အမှုတော်နှင့်အတူ ပူးပေါင်းဆောင်ရွက်ရန် ကျွန်ုပ်၏ ကိုယ်ပိုင် ဝတ္တရားများနှင့် တာဝန်များကို ဖြည့်ဆည်းနေခြင်း ဖြစ်သည့်အပြင်၊ ကျွန်ုပ်၏ ကိုယ်ပိုင် သစ္စာစောင့်သိမှုကိုလည်း ဖြည့်ဆည်းနေခြင်း ဖြစ်သည်မှာ အမှန်ပင်ဖြစ်သည်”ဟု ပြောဆိုလျက် မှန်ကန်သော ရှုထောင့်အမြင်တစ်ခု၊ မှန်ကန်တိကျသော သဘောထားနှင့် ရပ်တည်ချက်တစ်ခု ရှိသင့်သည်မှာ အမှန်ပင်ဖြစ်သည်။ ဤသည်မှာ မှန်ကန်သော ရှုထောင့်အမြင်ဖြစ်သလော။ ဤသည်မှာ လူတို့ ရှိသင့်သော ရှုထောင့်အမြင်ဖြစ်သလော။ (ဟုတ်ပါသည်။) ဤရှုထောင့်မှကြည့်လျှင်၊ ဓမ္မတေးများ သီဆိုခြင်း၊ ကခုန်ခြင်း၊ ရုပ်ရှင်များ ပြုလုပ်ခြင်း သို့မဟုတ် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များနှင့်ပတ်သက်၍ ပြဇာတ်များ ထုတ်လုပ်ခြင်းဖြစ်စေ၊ အမျိုးမျိုးသော အစီအစဉ်များကို ဖန်တီးသည့်အခါ၊ လူတို့၏ ရပ်တည်ချက်၊ ၎င်းတို့ ရပ်တည်သည့် ရှုထောင့်နှင့် ၎င်းတို့ပြောဆိုသည့် အချို့သော တိကျသည့် ဖော်ပြချက်များသည် အပြောင်းအလဲအချို့ကို ကြုံတွေ့သင့်သည် မဟုတ်လော။ (ကြုံတွေ့သင့်ပါသည်။) သို့သော်လည်း လူအများစုသည် ဤအလုပ်တာဝန်အားလုံးကို ထမ်းဆောင်နေစဉ်တွင် တဇောက်ကန်းဖြစ်ခြင်းနှင့် မုန်းတီးခြင်းတို့ဖြင့်လည်းကောင်း လုပ်ဆောင်ပြီး လူ့စိတ်ခံစားမှုများနှင့် ရောနှောစေမိကြသည်။ ထို့ကြောင့် ၎င်းတို့သည် ဘာသာတရားမရှိသူများ၊ အုပ်ချုပ်သူပါတီနှင့် ဘာသာရေးလောကတို့၏ လုပ်ဆောင်ချက်များနှင့် အပြုအမူများအကြောင်းကို အလွန်အကျွံ ဖော်ထုတ်စေခဲ့ကြပြီး ထိုသို့သော အစီအစဉ်များကို ကြည့်ရှုပြီးနောက် အခြားသူများအပေါ် အနည်းငယ် အပျက်သဘောဆောင်သော သက်ရောက်မှုတစ်ခုကို ချန်ထားလျက် ၎င်းတို့၏ စကားလုံးများက အလွန်ကြမ်းတမ်းခဲ့သည်။ အကြောင်းရင်းမှာ ရိုးရှင်းပါသည်။ လူတို့သည် ဤလုပ်ဆောင်မှုအားလုံးကို စိတ်ခံစားမှုတစ်ခုခုဖြင့် အတော်အတန် မမှန်ကန်သော ရှုထောင့်မှနေ၍၊ ဆောင်ရွက်ကြလေသည်။ ပြီးလျှင် လူတို့က၊ “၎င်းတို့က ကျွန်ုပ်တို့ကို တိုက်ခိုက်သည်၊ ကဲ့ရဲ့သည်၊ ကျွန်ုပ်တို့အကြောင်း ကောလာဟလများကို လုပ်ကြံဖန်တီးသည်၊ ၎င်းတို့ကို ဖော်ထုတ်ရာတွင် အဘယ်အရာ မှားသနည်း။ ဤသည်မှာ တရားဝင်သော မိမိကိုယ်ကို ခုခံကာကွယ်ခြင်း ဖြစ်သည်။ မိမိကိုယ်ကို တရားဝင် ခုခံကာကွယ်ခြင်းသည် တရားမဝင်ခြင်း မဟုတ်သည့်အပြင် ကျွန်ုပ်တို့သည် အမှုအရာများကို လုပ်ကြံဖန်တီးနေခြင်းလည်း မဟုတ်ပါ။ ကျွန်ုပ်တို့အားလုံးသည် အဖြစ်မှန်များကို အခြေခံ၍ အမှုအရာများကို စိတ်ဖြာလေ့လာဆွေးနွေးနေခြင်း ဖြစ်သည်။ ၎င်းတို့က ဘာမဟုတ်သည့်အရာမှနေ၍ ကျွန်ုပ်တို့အကြောင်း ကောလာဟလများကို လုပ်ကြံဖန်တီးသည်။ ၎င်းတို့ကို ကျွန်ုပ်တို့ ဖော်ထုတ်ပြီး စိတ်ဖြာလေ့လာဆွေးနွေးခြင်းသည် မှားသလော။ ကျွန်ုပ်တို့ လက်တုံ့မပြန်နိုင်ဘူးလော”ဟု ပြောဆိုလျက် ဤသည်မှာ အတော်အတန် တရားမျှတသည်ဟု ခံစားနေကြဆဲဖြစ်သည်။ လက်တုံ့ပြန်ခြင်းသည် အဘယ်အသုံးဝင်သနည်း။ နတ်ဆိုးများသည် လိမ်ညာမှုများဖြင့် ပြည့်နေပြီး မှန်ကန်သော စကားတစ်ခွန်းကိုမျှ မည်သည့်အခါမျှ မပြောဆိုပေ။ ၎င်းတို့ပြောဆိုသည့်အရာသည် လိမ်ညာမှုများဖြစ်ကြောင်း ၎င်းတို့ကို အသိအမှတ်ပြုစေရန်နှင့် လိမ်ညာကြောင်း ဝန်ခံပြီးနောက် ၎င်းတို့ နောက်တစ်ဖန် လိမ်ညာခြင်း မရှိတော့စေရန် ၎င်းတို့၏ လိမ်ညာမှုများကို အဆက်မပြတ် စိတ်ဖြာလေ့လာဆွေးနွေးခြင်းသည် တန်ဖိုးတစ်ခုတလေ ရှိသလော။ ၎င်းတို့သည် ဤအရာကို စွမ်းဆောင်ရရှိနိုင်သလော။ (မရရှိနိုင်ပါ။) ထိုလုပ်နည်းကိုင်နည်းသည် မိုက်မဲပြီး မသိနားမလည်သော လုပ်နည်းကိုင်နည်း မဟုတ်လော။ ငါတို့၏ အဓိကအလုပ်တာဝန်မှာ ဘုရားသခင်၏အမှုတော်ကို သက်သေခံရန်၊ သူ၏အမှုတော်ဖြင့် စွမ်းဆောင်ရရှိခဲ့သော အကျိုးသက်ရောက်မှုများ၊ သူ၏နှုတ်ကပတ်တော်များနှင့် လူတို့အပေါ် သူ့နှုတ်ကပတ်တော်များ၏ အကျိုးသက်ရောက်မှုများကို သက်သေခံရန်ဖြစ်ကြောင်းနှင့် အာဏာရ ပါတီ၏ ဖိနှိပ်ခြင်းနှင့် ညှဉ်းပန်းနှိပ်စက်ခြင်း၊ ဘာသာရေးလောက၏ အတိုက်အခံပြုခြင်းနှင့် ပြစ်တင်ရှုတ်ချခြင်းတို့နှင့်စပ်လျဉ်း၍ ပါဝင်ပတ်သက်နေသော နောက်ခံအချို့ကို အကျဉ်းချုံး ဖော်ပြရုံမျှဖြင့် လုံလောက်ပေကြောင်းကို ငါ ပြောခဲ့သည်မှာ ကြာပြီဖြစ်သည်။ သို့သော် လူတို့သည် ဤအရာကို မည်သို့ပင် ကြားသည်ဖြစ်စေ နားမလည်နိုင်ကြပေ။ ၎င်းတို့သည် ဤပြဿနာများကို တဇောက်ကန်းဖြစ်ခြင်းဖြင့် အမြဲဆက်ဆံပြီး အငြင်းအခုံပြုလိုကြသည်။ ပြီးလျှင် ရလဒ်မှာ အဘယ်နည်း။ စာတန်၏ ဆိုးယုတ်သော အင်အားစုများသည် အကျိုးသင့်အကြောင်းသင့် ပြော၍မရနိုင်သည့်အတွက် ယင်းသည် မည်သည့်အကျိုးတရားမျှ လုံးဝ မဖြစ်ထွန်းပေ။ ဤသည်မှာ လူတို့၏ မိုက်မဲခြင်းနှင့် မသိနားမလည်ခြင်း ဖြစ်သည် မဟုတ်လော။

အချို့လူများသည် ကောလာဟလများကို ရှင်းလင်းရန်နှင့် လူတို့အား မှန်ကန်သည့်အရာကို ရှင်းပြရန်၊ မှောင်မိုက်သောလောကနှင့် ဘုရားသခင်ကို ဆန့်ကျင်သော ဆိုးယုတ်သည့် လူသားများအပေါ် စစ်ကြေညာရန်ဟူသည့် တစ်ခုတည်းသော စေ့ဆော်မှုဖြင့် ဧဝံဂေလိတရားကို ဟောပြောသည်၊ အချို့သော နည်းပညာဆိုင်ရာ အလုပ်အကိုင်တစ်ခုခုကို သင်ယူသည်၊ သို့မဟုတ် တာဝန်တစ်မျိုးမျိုးကို ထမ်းဆောင်ကြသည်။ ဤသည်မှာ တရားမျှတသော လုပ်ရပ်တစ်ခုလော။ ဤအရာကို လုပ်ဆောင်ရာတွင် သင်သည် မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ၊ သင်နားလည်ရန် လိုအပ်သည်မှာ ဘုရားသခင်သည် သူ့ကို ရန်လိုသော ကောက်ကျစ်ဆိုးယုတ်သည့် သူများကို ကယ်တင်နိုင်သလော။ ဤအရာကို သင်လုပ်ဆောင်ရာတွင် တန်ဖိုးတစ်ခုတလေ ရှိသလော။ အကယ်၍ သင်သည် ဘုရားသခင်က မည်သည့် လူစားမျိုးအား ကယ်တင်သည်ကို နားမလည်သည့်အပြင်၊ မှန်ကန်ပုံရသော်လည်း အမှန်တကယ်တွင် မှားယွင်းသော ရှုထောင့်အမြင်အချို့ကို အစဉ်သဖြင့် ဖော်ပြနေမည်ဆိုလျှင်၊ ဤသည်မှာ သင်၏ ကိုယ်ပိုင်ကယ်တင်ခြင်းကို တားဆီးနေခြင်းဖြစ်သည် မဟုတ်လော။ အချို့လူများသည် ဘုရားသခင်ကို ဆန့်ကျင်သော ဆိုးယုတ်သည့် အင်အားစုများကို တိုက်ခိုက်ရန်နှင့် လောကီ ရေပန်းစားမှုများကို ဆန့်ကျင်ရန်သာ မိမိတို့၏ တာဝန်ကို ထမ်းဆောင်ကြသည်။ “၎င်းတို့က ကျွန်ုပ်တို့အနေဖြင့် မိမိတို့၏ မိသားစုများကို လျစ်လျူရှုပြီး ပုံမှန်ဘဝများကို အသက်ရှင်ခြင်း မရှိဟု ပြောကြသည်။ ထို့ကြောင့် ကျွန်ုပ်၏ တာဝန်များကို ကောင်းစွာ ထမ်းဆောင်ခြင်းဖြင့် ကိုယ့်ကိုယ်ကိုယ် ကျွန်ုပ် သက်သေပြလိုပါသည်။ အနာဂတ်တွင် ကျွန်ုပ် ကောင်းကင်ဘုံသို့ သွားပြီး နိုင်ငံတော်သို့ ဝင်ရောက်ကာ ၎င်းတို့ တရားစီရင်ခြင်းခံရသည့်အခါ၊ ကျွန်ုပ် မှန်ကန်ကြောင်း ၎င်းတို့ မြင်တွေ့ကြလိမ့်မည်”ဟူ၍ ဖြစ်သည်။ ထိုသို့ မိမိကိုယ်ကို သက်သေပြခြင်းသည် အဘယ်အသုံးဝင်သနည်း။ သင်သည် မိမိကိုယ်ကို သက်သေပြပြီးဖြစ်လျှင်ပင်၊ ယင်းက အဘယ်အကျိုးကျေးဇူးကို ပြုနိုင်သနည်း။ ယင်းက အဘယ်အရာကို ကိုယ်စားပြုသနည်း။ ယင်း၏ တန်ဖိုးမှာ အဘယ်နည်း။ အကယ်၍ ထိုအရာက သင့်အား နိုင်ငံတော်သို့ ဝင်ရောက်ခွင့်နှင့် ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို အမှန်တကယ် ရရှိခွင့်ပေးနိုင်မည်ဆိုလျှင်၊ ယင်းသည် ထိုက်တန်မည်ဖြစ်ပြီး သင်၏ လမ်းကြောင်းက မှန်ကန်မည်ဖြစ်သည်။ သို့သော် ကံအကြောင်းမလှစွာပင်၊ ဤလမ်းကြောင်းသည် မဖြစ်နိုင်ပေ။ ဤသည်မှာ ဘုရားသခင်က လူတို့အတွက် ကြိုတင်သတ်မှတ်ထားသော လမ်းကြောင်းမဟုတ်သည့်အပြင်၊ ဘုရားသခင်က လူတို့ကို ဤနည်းဖြင့် ပြုမူရန် မတောင်းဆိုပေ။ လူတို့သည် မိမိတို့က သမ္မာတရားဘက်တွင် ရပ်တည်ကာ သမ္မာတရားရှိသောကြောင့် ဤဆိုးယုတ်သော လောကနှင့် ကောလာဟလများကို လုပ်ကြံဖန်တီးသူအားလုံးအပေါ် စစ်ကြေညာလျက် တရားမျှတသော လုပ်ငန်းများကို လုပ်ဆောင်ရမည်ဟု စဉ်းစားရင်း အစဉ်သဖြင့် မိုက်မဲကြသည်။ “ကျွန်ုပ်တို့သည် ဘုရားသခင်ကို ယုံကြည်ပြီး ဘုရားသခင်နောက်သို့ လိုက်သည်၊ ကျွန်ုပ်တို့သည် မိမိတို့၏ တာဝန်ကို ထမ်းဆောင်သည်၊ မည်သူက လမ်းကြောင်းမှန်ပေါ်၌ ရှိသည်ကို သင်တို့အား ကျွန်ုပ်တို့ ပြမည်”ဟူ၍ ဖြစ်သည်။ ဤသည်မှာ တဇောက်ကန်းဖြစ်ခြင်း မဟုတ်လော။ ဤအရာများအပေါ် ငြင်းခုံရာတွင် အသုံးဝင်ခြင်းတစ်ခုတလေ ရှိသလော။ ယင်း၌ တန်ဖိုး လုံးဝမရှိပေ။ အကယ်၍ သင်၌ အချိန်နှင့် အားအင် အမှန်တကယ်ရှိလျှင်၊ အလုပ်အကိုင်တစ်ခုအကြောင်း အနည်းငယ်ပို၍ သင်ယူခြင်း၊ အလုပ်အကိုင်တစ်ခုနှင့် ဆက်စပ်သော အသိပညာနှင့် သာမန်အသိပညာအချို့ကို ပို၍လေ့လာခြင်းက ပိုကောင်းပေမည်။ ဤသည်မှာ သင်၏ တာဝန်ထမ်းဆောင်မှုအတွက် အကျိုးရှိပြီး အထောက်အကူပြုသည်။ သင်သည် အဘယ်ကြောင့် လောက၏ ဆိုးယုတ်သော အင်အားစုများနှင့် အစဉ်သဖြင့် ပြိုင်ဆိုင်နေရသနည်း။ အဘယ်ကြောင့် ကောလာဟလများနှင့်ပတ်သက်၍ အစဉ်သဖြင့် ပြိုင်ဆိုင်နေရသနည်း။ ဤသည်မှာ မလိုအပ်သည့်နေရာတွင် အားထုတ်မှုကို ဖြုန်းတီးနေခြင်း မဟုတ်လော။ အခြားသူတို့က သင့်ကို မည်သို့ပင် တိုက်ခိုက်သည်ဖြစ်စေ၊ ၎င်းတို့ကို အရေးစိုက်ရန် မလိုအပ်ပေ။ ၎င်းတို့သည် နတ်ဆိုးသဘာဝရှိကြပြီး သားရဲတိရစ္ဆာန်များဖြစ်ကြသည်၊ ၎င်းတို့သည် ထိုသို့သောအရာမျိုးသာ ဖြစ်သည်။ ဘုရားသခင်သည် ၎င်းတို့ကို မကယ်တင်၊ မပြောင်းလဲစေသည့်အပြင် ၎င်းတို့အား စကားမပြောဆိုပေ။ ဘုရားသခင်သည် ၎င်းတို့ကို လျစ်လျူရှုသည်၊ သို့ဖြစ်၍ သင်သည် ၎င်းတို့ကို အရေးစိုက်ရန် လိုအပ်သလော။ အကယ်၍ လူတို့သည် ဘုရားသခင် မလုပ်ဆောင်သည့်အရာကို ခေါင်းမာစွာ မရမက လုပ်ဆောင်လျှင်၊ ဤသည်မှာ အနည်းငယ် မိုက်မဲပြီး ဉာဏ်မဲ့ခြင်း မဟုတ်လော။ အနည်းဆုံးအားဖြင့် သင်သည် ဘုရားသခင်ကို ကျိုးနွံနာခံသော စိတ်နှလုံးမရှိသူဖြစ်ပြီး၊ ဘုရားသခင် ချစ်သောအရာကို သင်မချစ်၊ သို့မဟုတ် ဘုရားသခင် မုန်းသောအရာကို သင်မမုန်းပေ။ ဤအမှုအရာများအပေါ် ဘုရားသခင်၏ သဘောထားက အဘယ်အရာဖြစ်သည်ကို သင်မမြင်ပေ။ ဘုရားသခင်သည် ၎င်းတို့ကို လျစ်လျူရှုသည်။ အဘယ်ကြောင့် ထိုသို့ဖြစ်သည်ကို သင် သဘောပင်မပေါက်ပေ။ ဘုရားသခင်၏ အမှုတော် အဆင့်သုံးဆင့်၏ တစ်ခုစီတွင် ဘုရားသခင်သည် နှုတ်ကပတ်တော်များစွာကို ပြောဆိုခဲ့ပြီးဖြစ်သည်။ ဘုရားသခင်နှင့် လူသားမျိုးနွယ်အကြား များစွာသော စကားပြောဆိုမှုများရှိပြီး၊ ဤစကားပြောဆိုမှုများမှနေ၍ လူတစ်ဦးသည် ဘုရားသခင်၏ ရည်ရွယ်ချက်များ၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် အနှစ်သာရတို့ကို မြင်တွေ့နိုင်သည်။ သို့သော်လည်း ဘုရားသခင်သည် အချို့သော တိကျသည့် ကိစ္စရပ်များတွင် စာတန်နှင့် သူမည်သို့ ပြောဆို၍ ထိုသို့ဖြင့် လူသားမျိုးနွယ်အား စာတန်၏ စစ်မှန်သော သဘောသဘာဝကို ရှင်းလင်းစွာ မြင်စေပြီး စာတန်က ဘုရားသခင်ကို မည်သို့ဆက်ဆံသည်ကို ရှင်းလင်းစွာ မြင်စေလျက် စာတန်ကို ဖော်ထုတ်သည့်အကြောင်းကို မည်သည့်အခါမျှ မပြောပေ။ ထိုသို့သော ကိစ္စရပ်များ အလွန်များပြားသော်လည်း ဘုရားသခင်သည် ယင်းတို့ကို မဖော်ပြပေ။ ဘုရားသခင်သည် အဘယ်ကြောင့် ယင်းတို့ကို မဖော်ပြသနည်း။ အဘယ်ကြောင့်ဆိုသော် ထိုအရာများအကြောင်း ပြောဆိုခြင်းသည် သင့်အတွက် အကျိုးမရှိသောကြောင့် ဖြစ်သည်။ သင့်အတွက် အကျိုးအရှိဆုံးသောအရာမှာ ဘုရားသခင်၏ အသက်နှင့်ဆိုင်သော နှုတ်ကပတ်တော်များ ဖြစ်သည်။ သင့်အား ဘုရားသခင်ရှေ့မှောက်သို့ ရောက်ရှိလာစေနိုင်ပြီး ဘုရားသခင်ကို ကျိုးနွံနာခံသောသူ၊ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်သောသူ ဖြစ်လာစေနိုင်သည့် ဤနှုတ်ကပတ်တော်များသည် သင့်အတွက် အကျိုးအရှိဆုံး ဖြစ်သည်။ ဘုရားသခင်သည် သင့်အား မည်သို့အသက်ရှင်ရမည်၊ မည်သို့စကားပြောရမည်ဟူသည်နှင့် အမျိုးမျိုးသော ပတ်ဝန်းကျင်များနှင့် အခြေအနေများတွင် လူများနှင့် ကိစ္စရပ်များကို ပိုင်းခြားသိမြင်ရန်နှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်တတ်ရန်အပြင်၊ ပညာရှိရန် သင်ယူတတ်ဖို့တို့ကို ပြောပြသည်၊ ဤအရာအားလုံးသည် သင့်အတွက် အကျိုးရှိ၏။ ဘုရားသခင်သည် သင့်အတွက် အကျိုးရှိသည့် မည်သည့်အရာကိုမဆို ပြောဆိုပြီး လုပ်ဆောင်သည်။ ဘုရားသခင်သည် သင့်အတွက် အကျိုးမရှိသော စကားတစ်ခွန်းမျှ မပြောဆိုပေ။ ဘုရားသခင်အတွက် ထိုစကားများကို ပြောဆိုရန် အလွန်လွယ်ကူမည် မဟုတ်လော။ သို့ဆိုလျှင် သူသည် အဘယ်ကြောင့် ထိုစကားများကို မပြောဆိုသနည်း။ အဘယ်ကြောင့်ဆိုသော် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်သည် ထိုစကားများကို မလိုအပ်သောကြောင့် ဖြစ်သည်။ ဤကောလာဟလများသည် နတ်ဆိုးများနှင့် စာတန်၏ စကားများနှင့် ညီမျှပြီး၊ ဘုရားသခင်သည် ယင်းတို့ကို လျစ်လျူရှုသည်။ ထို့ကြောင့် သင်သည်လည်း ယင်းတို့နှင့်ပတ်သက်၍ မပြိုင်ဆိုင်သင့်ပေ။ နားလည်သလော။ (နားလည်ပါသည်။) သင်နားလည်သည်နှင့်တစ်ပြိုင်နက်၊ မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကို သင်သိသည် မဟုတ်လော။ ကောလာဟလများကို စိတ်ဖြာလေ့လာဆွေးနွေးခြင်း၊ ကောလာဟလများကို ချေပခြင်း၊ ကောလာဟလများ၏ ရင်းမြစ်များကို ရှာဖွေခြင်း စသည်တို့အပေါ် အားမစိုက်နှင့်။ အကယ်၍ သင်သည် ဘုရားသခင်အတွက် သက်သေခံရန် စိတ်နှလုံး အမှန်တကယ်ရှိပြီး သင်၏ သက်သေခံချက်တွင် ခိုင်မာစွာ ရပ်တည်ကာ ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို ရရှိလိုလျှင်၊ သင်ပြော၍ရသည့် စကားများစွာရှိပြီး သင်လုပ်ဆောင်နိုင်သော အမှုအရာများစွာ ရှိပါသည်။ ဘုရားသခင်က လူတို့အား ထောက်ပံ့ပေးသော နှုတ်ကပတ်တော်များနှင့် သမ္မာတရားများသည် နောက်ဆုံးတွင် သင်၏ ကိုယ်ပိုင် အသက်ဖြစ်လာလျက် သင်၏ ကိုယ်ပိုင် လက်တွေ့လုပ်ဆောင်ခြင်း စည်းမျဉ်းများနှင့် လမ်းကြောင်းများ ဖြစ်လာရန်အလို့ငှာ သင် တွေးဆရန်နှင့် တွေ့ကြုံခံစားရန် လိုအပ်သည်။ ဤအရာကို အကောင်အထည်ဖော်ရန် သင်သည် အချိန်နှင့်ခွန်အားကို အသုံးပြုရန် လိုအပ်သည်။ အကယ်၍ သင်သည် မိုက်မဲပြီး မသိနားမလည်လျှင်၊ ကောလာဟလများအပေါ် အစဉ်သဖြင့် အားစိုက်နေလျှင်၊ လောကထံ သင်၏နာမည်ကို ရှင်းလင်းစေရန်နှင့် သင့်ကိုယ်သင် မှန်ကြောင်းရှင်းချက်ထုတ်ရန် အစဉ်သဖြင့် အလိုရှိနေမည်ဆိုလျှင်၊ ယင်းက ပြဿနာဖြစ်စေသည်။ သင်သည် သမ္မာတရားကို ရရှိမည်မဟုတ်သည့်အပြင်၊ ဤလောကီကောလာဟလများက သင့်ကို လုံးလုံးလျားလျား ရစ်ပတ်နှောင်ဖွဲ့ပြီး ပင်ပန်းနွမ်းနယ်စေလိမ့်မည်။ အဆုံးတွင် သင်သည် အမှုအရာများကို ရှင်းလင်းစွာ ရှင်းပြနိုင်လိမ့်မည်မဟုတ်ပေ။ အဘယ်ကြောင့် သင်သည် ယင်းတို့ကို ရှင်းလင်းစွာ ရှင်းပြနိုင်လိမ့်မည်မဟုတ်သနည်း။ အဘယ်ကြောင့်ဆိုသော် သင်သည် နတ်ဆိုးကို ရင်ဆိုင်နေရပြီး၊ ၎င်းက အရှက်မရှိဗြောင်ကျသော အလိမ်အညာများကို ပြောသောကြောင့်ဖြစ်သည်။ ယခုတွင် နတ်ဆိုးက အဘယ်အရာကို ပြောဆိုသနည်း။ အဆင်းနီသော နဂါးကြီးက “တရုတ်နိုင်ငံသည် ကမ္ဘာလောက၏ ဖွဲ့စည်းပုံစနစ်ကို ကာကွယ်သူ၊ ကမ္ဘာ့ငြိမ်းချမ်းရေးကို ကာကွယ်သူဖြစ်ပြီး၊ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ဖွဲ့စည်းပုံစနစ်ကို ထိန်းသိမ်းရာတွင် ၎င်း၏ အခန်းကဏ္ဍက အလွန်အရေးကြီးသည်”ဟု ပြောဆိုသည်။ ၎င်းပြောဆိုသည့် မည်သည့်စကားက အဖြစ်မှန် ဖြစ်သနည်း။ ဤစကားများသည် အဖြစ်မှန်များဖြစ်သလော။ သင်သည် ဤစကားကို ကြားသည့်အခါ၊ ဒေါသမထွက်သလော။ ဤအရာကို ကြားပြီးနောက်၊ စာတန်သည် ထိုသို့သောအရာများကိုပင် ပြောဆိုရန် အလွန် အရှက်မဲ့သည်ဟု သင်တွေးသည်။ သင်သည် အဘယ်ကြောင့် ထိုအရာနှင့်ပတ်သက်၍ သင် ငြင်းခုံမည်နည်း။ သင်သည် မိုက်မဲနေခြင်း မဟုတ်လော။ ဤသည်မှာ ထိုအမှုအရာမျိုးသာ ဖြစ်သည်။ ဘုရားသခင်က ယင်းကို အစေခံမှုပေးရန်သာ အသုံးပြုသည်။ သူသည် ထိုအရာကို ကယ်တင်ရန် သို့မဟုတ် ပြောင်းလဲရန် လုံးဝ မရည်ရွယ်ပေ။ ထိုအရာနှင့်ပတ်သက်၍ ငြင်းခုံခြင်းက မိုက်မဲသည် မဟုတ်လော။ ထိုသို့သော မိုက်မဲသည့်အရာများကို မပြုနှင့်။ အမြော်အမြင်ရှိသောလူတို့သည် ဤကောလာဟလများကို နားမထောင်သည့်အပြင် ယင်းတို့၏ ဘောင်ခတ်မှုကိုလည်း မခံရကြပေ။ အချို့လူများက “ကောလာဟလများကို ကြားပြီးနောက်၊ ကျွန်ုပ် အနှောင့်အယှက်ဖြစ်ရသည်”ဟု ပြောဆိုကြသည်။ သို့ဆိုလျှင် သင်၏ စိတ်နှလုံးထဲတွင် သင် ဆုတောင်းသင့်သည်၊ ပိုင်းခြားသိမြင်ရန် သမ္မာတရားကို အသုံးပြုသင့်ပြီး၊ ထို့နောက်တွင် ထိုနတ်ဆိုးများနှင့် စာတန်ကို ကျိန်ဆဲသင့်ကာ ဤကောလာဟလများသည် သင်၏ စိတ်နှလုံးအပေါ် မည်သည့်အကျိုးသက်ရောက်မှုမျှ ရှိတော့မည်မဟုတ်ပေ။ နောက်ထပ်နည်းလမ်းတစ်ခု ရှိသေးသည်။ သင်သည် အနှစ်သာရကို ထိုးထွင်းသိမြင်ရမည်။ သင်က “ဘုရားသခင်၏ လုပ်ဆောင်ချက်များသည် ကျွန်ုပ်၏ အယူအဆများနှင့် မကိုက်ညီသည့်အပြင်၊ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ ပြစ်တင်ရှုတ်ချခြင်းနှင့် ပစ်ပယ်ခြင်းကို ခံရလျှင်ပင်၊ သူသည် သမ္မာတရားဖြစ်ပြီး၊ နတ်ဆိုးများနှင့် စာတန်သည် သမ္မာတရားမရှိသည်ကို ကျွန်ုပ် မြင်တွေ့ပါသည်။ ကျွန်ုပ်သည် ဘုရားသခင်ကို ယုံကြည်ရန် စိတ်ပိုင်းဖြတ်ထားသည်။ ဘုရားသခင်သာလျှင် ကျွန်ုပ်ကို ကယ်တင်နိုင်သည်။ သူ၌ ဘုရားသခင်၏ အနှစ်သာရရှိသည်၊ သူသည် ဘုရားသခင်ဖြစ်ပြီး၊ သူ၏ အနှစ်သာရသည် မည်သည့်အခါမျှ မပြောင်းလဲပေ။ နတ်ဆိုးများနှင့် စာတန်က ဘုရားသခင်ကို မည်မျှပင် ဆန့်ကျင်သည်ဖြစ်စေ၊ ၎င်းတို့၌ သမ္မာတရားမရှိသည့်အပြင်၊ နတ်ဆိုးများနှင့် စာတန်၏ စကားများကို ကျွန်ုပ် မယုံကြည်ပါ”ဟု ပြောဆိုရမည်။ သင့်၌ ဤယုံကြည်ခြင်း ရှိသလော။ (ရှိပါသည်။) သင့်၌ ဤယုံကြည်ခြင်း ရှိလျှင်၊ သင်သည် မည်သည့်လူ၊ ဖြစ်ရပ် သို့မဟုတ် အမှုအရာများကြောင့်မျှ စိတ်အနှောင့်အယှက်မဖြစ်သင့်သည့်အပြင်၊ စာတန်၏ အထင်အမြင်မှားစေခြင်း သို့မဟုတ် တိုက်ခိုက်ခြင်းကို သာ၍ပင် မခံရသင့်ပေ။ သို့ဆိုလျှင် အဘယ်အရာကို သင် လုပ်ဆောင်သင့်သနည်း။ ၎င်းကို လျစ်လျူရှုလော့။ သမ္မာတရားကို လိုက်စားခြင်းနှင့် သင်၏ သက်သေခံချက်တွင် ခိုင်မာစွာ ရပ်တည်ခြင်းတို့ကိုသာ အာရုံစိုက်လော့။ ပြီးလျှင် စာတန်သည် အရှက်ရလိမ့်မည်။

ယခုလေးတင်၊ ငါတို့သည် အသင်းတော်အတွင်း၌ ကောလာဟလများ ဖြန့်ဝေခြင်းနှင့် ဆက်စပ်သော ပြဿနာအချို့ကို မိတ်သဟာယဖွဲ့ခဲ့ကြသည်။ လူအများစုသည် တရုတ်ကွန်မြူနစ်အစိုးရနှင့် ဘာသာရေးလောကထံမှ ကောလာဟလအချို့ကို ကြားကြရပြီးဖြစ်သည်။ ဤကောလာဟလများကို မည်သို့ သဘောထားပြီး ကိုင်တွယ်ရမည်ကိုလည်း ငါတို့ ယခုလေးတင် မိတ်သဟာယဖွဲ့ခဲ့ကြသည်။ လူတို့သည် သမ္မာတရား စည်းမျဉ်းများကို နားလည်သည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့သည် ကောလာဟလများ၏ အထင်အမြင်မှားစေခြင်း သို့မဟုတ် နှောင့်ယှက်ခြင်းကို ခံရလိမ့်မည် မဟုတ်တော့ပေ။ အသင်းတော်တွင် ကောလာဟလများကို ဖြန့်ဝေသောသူတစ်ဦး ပေါ်လာသည့်အခါ၊ ၎င်းတို့အနေဖြင့် မည်သည့် ကောလာဟလမျိုးကိုမဆို မည်သည့်ပုံစံ သို့မဟုတ် မည်သည့်လေသံဖြင့် ဖြန့်ဝေသည်ဖြစ်စေ၊ ငါတို့သည် ယင်းကို မည်သို့ ချဉ်းကပ်သင့်သနည်း။ ငါတို့သည် ကြားဝင်မစွက်ဖက်ဘဲ ဖြစ်ခွင့်ပေးသင့်သလော၊ သို့မဟုတ် ထိုလူကို ဖော်ထုတ်၊ စိတ်ဖြာလေ့လာဆွေးနွေးပြီး ကိုင်တွယ်ဖြေရှင်းသင့်သလော။ မည်သည့်နည်းလမ်းသည် စည်းမျဉ်းများနှင့် ကိုက်ညီသနည်း။ “လွတ်လပ်စွာ ပြောဆိုခွင့် မရှိဘူးလော။ အဘယ်ကြောင့် ထိုလူကို စကားပြောခွင့်မပေးရသနည်း။ ၎င်းတို့ကို ပြောခွင့်ပေးလိုက်ပါ။ ကောလာဟလများကို နားထောင်ပြီးနောက်၊ လူတိုင်းက ၎င်းတို့၏ အဖြစ်မှန်ကို ပိုင်းခြားသိမြင်နိုင်သည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့သည် ဤနတ်ဆိုးဆန်သော စကားများကို ယုံကြည်ကြလိမ့်မည် မဟုတ်တော့သည့်အပြင်၊ ကောလာဟလများက အလိုအလျောက် ပျက်ပြယ်သွားလိမ့်မည်”ဟု ပြောဆိုသူအချို့ ရှိသည်။ အခြားသူများကမူ “၎င်းတို့က ကောလာဟလများကို ဖြန့်ဝေပြီး ဘုရားသခင်ကို အသရေဖျက်ခြင်းသည် လက်မခံနိုင်စရာဖြစ်ပါသည်။ ဘုရားသခင်အား အသရေဖျက်သည့်အရာများကို ၎င်းတို့အား ငါတို့ လုပ်ဆောင်ခွင့်ပေး၍မရပါ။ ၎င်းတို့ကို နိုးကြားလာစေရန် ငါတို့ သင်ခန်းစာတစ်ခု ပေးသင့်ပါသည်။ ဘုရားသခင်သည် ငါတို့ကို ကယ်တင်ရန် စကားပြောဆိုပြီး အမှုပြုဖို့ အလွန်များစွာသော ဆင်းရဲဒုက္ခကို ခံခဲ့ရသည့်တိုင်၊ ၎င်းတို့က ကောလာဟလများကို ဖြန့်ဝေနေကြသည်။ ၎င်းတို့၌ အသိစိတ်မရှိပါ။ ၎င်းတို့ကို ကျိန်ဆဲခြင်းအားဖြင့်သာ ငါတို့၏ မုန်းတီးမှုကို ငါတို့ သက်သာစေနိုင်သည်။ အကယ်၍ ငါတို့က ၎င်းတို့ကို မကိုင်တွယ်လျှင်၊ ဘုရားသခင်ကို ငါတို့ စိတ်ပျက်စေမည်ဖြစ်သည်”ဟု ပြောဆိုကြသည်။ မည်သည့်နည်းလမ်းက ကောင်းမွန်သနည်း။ ဤလုပ်နည်းကိုင်နည်းများအားလုံးသည် မကောင်းပေ။ အစောပိုင်းတွင် ငါတို့ မိတ်သဟာယဖွဲ့ခဲ့သည့်အတိုင်း၊ ကောလာဟလများကို ဖြန့်ဝေသောသူတို့သည် မည်သည့်အရာမျှ မကောင်းသည်မှာ သေချာပြီး၊ ထိုသို့သော လူပုဂ္ဂိုလ်များကို ပိုင်းခြားသိမြင်ရန် လိုအပ်သည်။ အကယ်၍ ၎င်းတို့သည် ရံဖန်ရံခါသာ ကောလာဟလများကို ဖြန့်ဝေလျှင်၊ ၎င်းတို့ကို သတိပေးသင့်သည်။ အကယ်၍ ၎င်းတို့အနေဖြင့် တစိုက်မတ်မတ် ကောလာဟလများကို ဖြန့်ဝေလျှင်၊ ၎င်းတို့ကို ဖော်ထုတ်၊ စိတ်ဖြာလေ့လာဆွေးနွေးရမည်ဖြစ်ပြီး၊ ထို့နောက် လူတို့ကို နောက်ထပ် အထင်အမြင်မှားစေခြင်း သို့မဟုတ် အန္တရာယ်မပေးနိုင်တော့ရန် အသင်းတော်မှ ရှင်းလင်းပစ်ရမည်။ ဤကိစ္စရပ်ကို ကိုင်တွယ်ဖြေရှင်းရန် လွယ်ကူသလော။ သင်တို့သည် ဤနည်းအတိုင်း ကိုင်တွယ်မည်လော၊ သို့မဟုတ် အသင်းတော်ခေါင်းဆောင်များက အမိန့်များပေးသည်ကို သင်တို့ စောင့်ဆိုင်းမည်လော။ တစ်စုံတစ်ဦးသည် တစိုက်မတ်မတ် ကောလာဟလများ ဖြန့်ဝေနေကြောင်း၊ စုဝေးပွဲသို့ ရောက်လာတိုင်း ဤအရာများအကြောင်းကို ပြောဆိုပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်သည့်အခါမျှ မဖတ်ရှုကြောင်း၊ မည်သည့်အခါမျှ ဆုမတောင်းကြောင်း၊ ဓမ္မတေးများကို မသင်ယူကြောင်း၊ ထို့ထက်ပင်ပို၍၊ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် မိမိတို့၏ အတွေ့အကြုံဆိုင်ရာ သိနားလည်မှုကို မမျှဝေကြောင်း၊ တစ်ဦးတလေကဘုရားသခင်၏ နှုတ်ကပတ်တော်များအကြောင်း မိတ်သဟာယဖွဲ့ပြီး အတွေ့အကြုံဆိုင်ရာ သက်သေခံချက်ကို မျှဝေသည့်အခါတိုင်း၊ ၎င်းတို့သည် ထိုအရာကို စက်ဆုပ်ပြီး အလွန်အမင်း မနှစ်မြို့သော်လည်း၊ ဘာသာတရားမရှိသူများ၏ ကောလာဟလများအပေါ် ထိုသို့သော အလွန်အမင်း မနှစ်မြို့ခြင်းကို မခံစားရသည့်အပြင်၊ ၎င်းတို့နှင့်ပတ်သက်၍ အလွန် စိတ်လှုပ်ရှားနေကြောင်း၊ ဤအရာအားလုံးကို တွေ့ရှိသည်နှင့်တစ်ပြိုင်နက်၊ ထိုသို့သောလူတစ်ဦးကို အဘယ်ကြောင့် လောကဝတ်တစ်ခုခု ပြသနေသနည်း။ ၎င်းတို့သည် ဘုရားသခင် ရွေးချယ်ထားသောလူများကို ဘုရားသခင်နောက်မလိုက်အောင် နှောင့်ယှက်ဖျက်ဆီးရန် အသင်းတော်ထဲသို့ စိမ့်ဝင်လာသော စာတန်၏ အစေခံဖြစ်သည်မှာ သိသာထင်ရှားပေသည်။ သင်သည် ၎င်းတို့၏ နှောင့်ယှက်မှုကို ခွင့်ပြုသလော။ (ခွင့်မပြုပါ။) အကယ်၍ သင်သည် ခွင့်မပြုလျှင်၊ ထ၍ “မည်သူမည်ဝါသည် အသင်းတော်သို့ လာပြီး အစဉ်သဖြင့် ကောလာဟလများကို ဖြန့်ဝေသည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မဖတ်ရှုသည့်အပြင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် ၎င်း၏ အတွေ့အကြုံဆိုင်ရာ သိနားလည်မှုကိုလည်း မမျှဝေပါ။ ၎င်းတို့သည် မယုံကြည်သူဖြစ်ပြီး အသင်းတော်မှ ရှင်းလင်းပစ်သင့်သည်။ ကန့်ကွက်ချက်တစ်ခုတလေ ရှိသောသူ တစ်ဦးတလေ ရှိသလော” ဟု ပြောဆိုလော့။ လူတိုင်းက ၎င်းတို့တွင် ကန့်ကွက်စရာမရှိဟု ပြောဆိုပြီး သဘောတူညီကြောင်း လက်ထောင်ပြလျှင်၊ ထိုလူကို ဖယ်ရှားသင့်သည်။ ကောလာဟလဖြန့်သူတစ်ဦးကို ဤနည်းဖြင့် ကိုင်တွယ်ခြင်းသည် အားရကျေနပ်စရာကောင်းသည် မဟုတ်လော။ (ကောင်းပါသည်။) ဤသည်မှာ ထိုသို့သောလူများကို ကိုင်တွယ်သင့်သည့် နည်းလမ်း ဖြစ်သည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။