ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၁၈) အခန်း လေး

ဃ။ ဘုရားနှုတ်ကပတ်တော်များကို အဓိပ္ပာယ်ကောက်လွဲကာ ဘုရားသခင်၏အမှုကို ဝေဖန်သော အခြေအမြစ်မရှိသည့် ကောလာဟလအမျိုးမျိုးကို ပိုင်းခြားသိမြင်ခြင်း

ငါတို့ ယခုလေးတင် ပြောခဲ့သော ကောလာဟလအမျိုးအစားများသည် မည်သည့်နေရာမှလာသနည်း။ ယင်းတို့သည် အဆင်းနီသော နဂါးကြီးထံမှလည်းကောင်း၊ ဘာသာရေးလောကမှလည်းကောင်း၊ ဘာသာတရား မရှိသူများထံမှလည်းကောင်း လာသည်။ အပြင်လောကမှ ကောလာဟလများအပြင်၊ အသင်းတော်အတွင်းပိုင်းနှင့်ပတ်သက်သော ပြောဆိုချက်အချို့နှင့် အတင်းအဖျင်းစကားလည်း ရှိသေးသည်။ ဘုရားသခင်၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ နေ့ရက်နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်အချို့အပြင်၊ ဘုရားသခင်နှင့် သူ၏အမှုတော်တို့ပါဝင်သော နက်နဲမှုအချို့နှင့်ပတ်သက်၍ လူတို့က ၎င်းတို့၏ စိတ်ကူးများနှင့် အယူအဆများကို အခြေခံ၍ဖြစ်စေ၊ မှားယွင်းသော သတင်းအချက်အလက်ကို အဆက်မပြတ် လက်ဆင့်ကမ်းခြင်းနှင့် အခြေအမြစ်မရှိသော မှန်းဆချက်တို့ကို အခြေခံ၍ဖြစ်စေ ဖန်တီးသည့် လုံးဝမမှန်ကန်သော အဆိုများပင် ရှိသေးသည်။ ပြီးလျှင် လူတို့က ထိုသို့သော ပြောဆိုချက်များ၊ အတင်းအဖျင်းများနှင့် အဆိုများကို စိတ်ဝင်စားအောင် တန်ဆာဆင်ကြသောကြောင့် ဤကောလာဟလများ ဖြစ်ပေါ်လာပေသည်။ ကောလာဟလများ ဖြစ်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ကောလာဟလများကို နှစ်ခြိုက်မှုရှိသော အချို့လူတို့သည် ကောလာဟလများကို စစ်မှန်သောအရာအဖြစ် သဘောထားကာ နေရာတိုင်း ဖြန့်ဝေလျက်၊ ၎င်းတို့ကို ဖြန့်ဝေခြင်းကိစ္စကို စိတ်အားထက်သန်လာကြသည်။ ယင်းတို့ကို အလွန် ကွက်ကွက်ကွင်းကွင်းနှင့် အကုန်အစင် ဖော်ပြကြသည်မှာ အရေးကိစ္စများ၏ အခြေအနေမှန်ကို မသိသည့်အပြင်၊ သမ္မာတရားကို နားမလည်သည့်၊ မိုက်မဲပြီး အသိဉာဏ်မဲ့သော အချို့လူတို့သည် ဤကောလာဟလများ၏ အမှန်တကယ် အထင်အမြင်မှားစေခြင်းကို ခံကြရလေသည်။ အထင်အမြင်မှားစေခြင်းခံရသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် ထိခိုက်ပြီး နှောင့်ယှက်ခြင်းခံရသည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်တို့မှာ အသင်းတော်၌ ဖြစ်ပေါ်တတ်သော မြင်နေကျ ပြဿနာများလည်း ဖြစ်ကြသည်။ ဤကောလာဟလများသည် ဘုရားသခင်နှင့် ဘုရားအိမ်တော်ကို အသရေဖျက်ပြီး တိုက်ခိုက်သော ကောလာဟလများနှင့် နှိုင်းယှဉ်လျှင် သေးနုပ်သော်လည်း၊ ယင်းတို့သည် ဘုရားသခင်ကို အသရေဖျက်ခြင်း သို့မဟုတ် ပြစ်မှားစော်ကားခြင်း မပြုသည့်အပြင်၊ ဘုရားသခင်၏ အမှုတော်ကို နှောင့်ယှက်မှုများ တစ်ခုတလေ သို့မဟုတ် ထိခိုက်နစ်နာမှု တစ်ခုတလေကို မဖြစ်စေသော်လည်း၊ အချို့လူတို့၏ အသက် ဝင်ရောက်မှုကို မည်သို့ပင်ဖြစ်စေ ထိခိုက်စေပြီး ယင်းတို့ကို တားဆီးသင့်ပေသည်။ ဥပမာအားဖြင့်၊ အချို့လူတို့သည် ဟုတ်မှန်သယောင်ရှိသော်လည်း စင်စစ်မှားနေသော မှတ်ချက်စကားအချို့ကို ကြားသည့်အခါ၊ ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးထဲ၌ ယုံကြည်ကြပြီး မိမိတို့နှင့် ရင်းနှီးသော ပတ်ဝန်းကျင်ရှိသူတို့ထံ လျင်မြန်စွာ ဖြန့်ဝေကြသည်။ ကောလာဟလများ ပျံ့နှံ့သည်နှင့်အမျှ အသေးစိတ်အချက်အလက်များက ပို၍ များပြားကာ ပြည့်စုံလာပြီး၊ နောက်ဆုံးတွင် ကောလာဟလများသည် စစ်မှန်သော ဖြစ်ရပ်များကဲ့သို့ ဖြစ်လာသည်။ အချိန်၊ နေရာနှင့် ဇာတ်ကောင်များကဲ့သို့သော အချက်များအားလုံးက နေရာတကျဖြစ်နေသည်။ ထိုသို့သော ကောလာဟလများသည် လူသိရှင်ကြား ဖြန့်ဝေနိုင်သည့် သတ်မှတ်ချက်များကို ပြည့်မီသည် မဟုတ်လော။ မည်သည့် သတင်းအချက်အလက်ကို ဖြန့်ဝေနေခြင်းဖြစ်သနည်း။ ကောလာဟလဖြန့်သူက “ယနေ့နှင့်ပတ်သက်၍ ပြောရမည့် အရေးကြီးသည့်အရာတစ်ခုရှိသည်။ ကျွန်ုပ်မပြောလျှင် စိတ်ထဲတွင် မသက်မသာ ခံစားရလိမ့်မည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များအား ဖတ်ရှုခြင်းကိုပင် အာရုံစိုက်နိုင်မည် မဟုတ်ပါ။ ဤကိစ္စနှင့်ပတ်သက်၍ ကျွန်ုပ် အလွန် စိတ်လှုပ်ရှားမိပါသည်။ ယခု ဘုရားသခင်ကို ယုံကြည်သော ကျွန်ုပ်တို့သည် နောက်ဆုံးတွင် မျှော်လင့်ချက် ရှိပြီဖြစ်သည်”ဟု ပြောဆိုကြသည်။ မျှော်လင့်ချက်ရှိသည်ဟု လူတိုင်းကြားသည့်အခါ၊ ၎င်းတို့သည် စိတ်ဝင်စားလာကြပြီး စိတ်အားထက်သန်လာကြသည်၊ ဤအကြောင်းအရာက အလွန် စိတ်ဝင်စားဖွယ်ကောင်းပေသည်။ ၎င်းတို့က “ဘုရားသခင်၏ အမှုတော်သည် မကြာမီ ပြီးဆုံးတော့မည်။ သူ၏အမှုတော် အဆုံးသတ်ခြင်းနှင့်ပတ်သက်၍ ယခင်က ဘုရားသခင် ပရောဖက်ပြုခဲ့သော နိမိတ်လက္ခဏာအချို့ ဖြစ်ပေါ်နှင့်ပြီးဖြစ်သည်။ ဥပမာအားဖြင့်၊ လနှင့် နေ၏ အခြေအနေ၊ အရှေ့နှင့် အနောက်တိုင်းက အခြေအနေ၊ နိုင်ငံတစ်ခုစီရှိ ဘုရားသခင် ရွေးချယ်ထားသောလူများ၏ အရေအတွက်၊ မိမိတို့၏ တာဝန်များကို ထမ်းဆောင်နိုင်သော လူမည်မျှရှိသည် စသည်တို့ဖြစ်သည်။ ဘုရားသခင်၏ အမှုတော် ပြီးဆုံးခြင်းနှင့်ဆိုင်သော ဤနိမိတ်လက္ခဏာများသည် ယခုတွင် ကျွန်ုပ်တို့၏ ရှေ့မှောက်၌ ရှိနေပြီ။ ကျွန်ုပ်တို့ အမြန် ပြင်ဆင်ရန် လိုအပ်သည်”ဟု ပြောဆိုကြသည်။ တစ်စုံတစ်ဦးက “ကျွန်ုပ်တို့ မည်သည့်အရာ ပြင်ဆင်သင့်သနည်း” ဟု မေးသည်။ ကောလာဟလဖြန့်သူက “ကျွန်ုပ်တို့သည် ကောင်းမှုများကို ပြင်ဆင်သင့်ပြီး အစားအစာကို ပြင်ဆင်သင့်သည်။ ပြီးလျှင် ကျွန်ုပ်တို့၏ စုဆောင်းငွေအားလုံးကို ဘုရားသခင်ထံ အလှူငွေအဖြစ် အမြန်ပေးသင့်သည်။ ထိုသို့ဆိုလျှင် ကျွန်ုပ်တို့သည် ကောင်းသော ပန်းတိုင်တစ်ခုကို ရရှိနိုင်မည်” ဟု ပြောဆိုသည်။ ၎င်းတို့က “ထိုထိုသော နှစ်နှင့်လ၊ ထိုထိုသော ရက်စွဲနှင့် ထိုထိုသော အချိန်တစ်ခုတွင် ကျွန်ုပ်တို့ကို ခေါ်ဆောင်သွားရန် ဘုရားသခင် စောင့်ဆိုင်းနေမည့် သတ်မှတ်ထားသော နေရာတစ်ခု၌ ကျွန်ုပ်တို့ စုဝေးရန် လိုအပ်သည်။ ဘုရားသခင်က ‘သင်သည် အရာရာကို မစွန့်လွှတ်လျှင်၊ ငါ၏ တပည့်တစ်ဦးဖြစ်ရန် မထိုက်တန်၊ ငါ၏ နောက်လိုက်တစ်ဦးဖြစ်ရန် မထိုက်တန်’ဟု မိန့်တော်မူခဲ့သည်။ ယခုတွင် ဘုရားသခင်၏ နေ့ရက်သည် နောက်ဆုံးတွင် ရောက်ရှိလာခဲ့ပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ ပြည့်စုံပြီဖြစ်သည်။ ကျွန်ုပ်တို့သည် လောကီအရာအားလုံးကို လက်လွှတ်ရမည်၊ ကျွန်ုပ်တို့၏ အလားအလာများနှင့် အသက်မွေးဝမ်းကျောင်းများကိုသာမက၊ ကျွန်ုပ်တို့၏ မိသားစုများ၊ ဆွေမျိုးများနှင့် ဇာတိပကတိဆိုင်ရာ ဆက်ဆံရေးများကိုပါ လက်လွှတ်ရမည်။ ကျွန်ုပ်တို့သည် လောကီယှက်နွှယ်မှုများအားလုံးကို စွန့်လွှတ်ရမည်။ ဘုရားသခင်နှင့် ကျွန်ုပ်တို့တွေ့ဆုံကြတော့မည်”ဟုလည်း ပြောဆိုကြသည်။ လူအများစုက “ဤအရာသည် မှန်သလော”ဟု မေးကြသည်။ ကောလာဟလဖြန့်သူက “ဟုတ်ပါသည်။ ကျွန်ုပ်၏ အိမ်နှင့် ကားကို ရောင်းပြီးဖြစ်ကာ ကျွန်ုပ်၏ စုဆောင်းငွေများကိုလည်း ထုတ်ယူပြီးဖြစ်သည်။ ကျွန်ုပ်ကို သင် မယုံကြည်လျှင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကြည့်ရှုလော့။ အခန်းကြီးတစ်ခန်းတွင်၊ ဝါကျတစ်ကြောင်းကို အနက်ကောက်ခြင်းက လိပ်စာတစ်ခုကို ထုတ်ဖော်ပြသည်၊ ပြီးလျှင် အခြားအခန်းကြီးတစ်ခန်းတွင်၊ ကျမ်းပိုဒ်တစ်ပိုဒ်ကို အဓိပ္ပာယ်ဖော်ခြင်းက နှစ်နှင့် လကို ထုတ်ဖော်ပြသည်”ဟု ပြောဆိုသည်။ ဤအရာကို ကြားသည့်အခါ၊ စိတ်လှုံ့ဆော်ခြင်းမခံရသူ တစ်ဦးတလေ ရှိသလော။ ဤစကားများကို ပိုင်းခြားသိမြင်နိုင်သူ တစ်ဦးတလေ ရှိသလော။ ဤအရာများသည် လူတို့ အလွန်အရေးထားကြသည့်အရာများ မဟုတ်လော။ ဤအရာများသည် လူတို့ အချိန်ကြာမြင့်စွာ မျှော်လင့်ခဲ့ကြသည့်အရာများ မဟုတ်လော။ အချို့လူတို့သည် ဤအရာကို ကြားပြီးနောက် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကြည့်ရှုကာ အမှန်တကယ် ကိုက်ညီသည်ဟု တွေးထင်ပြီးနောက် အရန်အစီအစဉ်တစ်ခုကို စတင်စဉ်းစားကြသည်။ အချို့လူတို့သည် စိတ်ထဲတွင် သံသယရှိသော်လည်း၊ “ဖော်ပြထားသော နှစ်နှင့် နေ့ရက်သည် အနည်းငယ် လှမ်းသေးသော်လည်း၊ အနည်းဆုံးအနေဖြင့် တိကျသော နေ့စွဲနှင့် အချိန်တစ်ခု ရှိသည်၊ ထို့ကြောင့် ကျွန်ုပ်တို့၌ မျှော်လင့်ချက် ရှိသည်”ဟု တွေးလျက် ယင်းမှာ အမှန်ဖြစ်သည်ဟု မျှော်လင့်နေကြဆဲ ဖြစ်သည်။ ၎င်းတို့သည် ယင်းကို အမှန်တကယ် မယုံကြည်သော်လည်း၊ အတိုင်းအတာတစ်ခုအထိ အာရုံစိုက်နေကြဆဲ ဖြစ်သည်။ ဤအာရုံစိုက်မှုက မည်သည့်အရာကို ညွှန်ပြသနည်း။ လူတို့သည် ဤအရာများ၏ လွယ်ကူစွာ လွှမ်းမိုးခြင်းနှင့် စိတ်အနှောင့်အယှက်ပေးခြင်းကို ခံရကြောင်း ယင်းက ပြသသည်။ ဤကောလာဟလအမျိုးအစားသည် အသင်းတော်၌ ကျယ်ပြန့်စွာ စတင်ပျံ့နှံ့သည်နှင့်တစ်ပြိုင်နက်၊ လူ ၈၀ မှ ၉၀ ရာခိုင်နှုန်းသည် အလွန်အမင်း စိတ်လှုပ်ရှားကြပြီး၊ “ငါတို့ မျှော်လင့်နေခဲ့သောနေ့ရက်သည် နောက်ဆုံးတွင် ရောက်လာတော့မည်။ ဘုရားသခင်သည် ငါတို့၏ ဆုတောင်းချက်များကို ကြားရလေပြီ။ ဘုရားသခင်သည် ငါတို့ကို ချစ်ပြီး ငါတို့ကို စွန့်ပစ်ခြင်းမရှိလေပြီ”ဟု တွေးလျက် စိတ်ခံစားမှုများ တစ်ဟုန်ထိုး တက်လာကြသည်။ စုဝေးပွဲများအတွင်းတွင် ထိုသို့သော အကြောင်းအရာများကို ဖြန့်ဝေခြင်း၏ အကျိုးဆက်များမှာ အဘယ်အရာ ဖြစ်မည်နည်း။ ယင်းသည် လူတိုင်း၏ စိတ်ခံစားမှုများကို ထိခိုက်စေမည်လော။ လူတို့သည် ငြင်းပယ်လိုလျှင်ပင် ငြင်းပယ်နိုင်မည် မဟုတ်ပေ။ ကောလာဟလ၏ ဝါကျတိုင်းသည် မယုံကြည်ဖို့ မဖြစ်နိုင်အောင်ဖြစ်စေလျက် ၎င်းတို့၏ စိတ်နှလုံးများကို ထိမှန်မည်ဖြစ်သည်။ လူတို့သည် ဤစကားများကို ယုံကြည်ရန် အလားအလာ အများဆုံးဖြစ်သည်၊ ၎င်းတို့အနေဖြင့် ရာနှုန်းပြည့် မသေချာလျှင်ပင်၊ “ဘုရားသခင်နောက်လိုက်ရင်း ကျွန်ုပ်တို့ ဆင်းရဲဒုက္ခ မည်မျှခါးစည်းခံရပြီဖြစ်သည်ကို ဆင်ခြင်သုံးသပ်သည့်အခါ၊ လောက၏ ငြင်းပယ်ခြင်းကို ခံရခြင်း၊ အစိုးရ၏ လိုက်လံဖမ်းဆီးခြင်းကို ခံရခြင်း၊ ဘာသာရေးလောက၏ ညှဉ်းပန်းနှိပ်စက်ခြင်းကို ခံရခြင်း၊ အသက်ပင် မရှူနိုင်လုမတတ်ဖြစ်ခြင်း၊ အစဉ်သဖြင့် ကြောက်ရွံ့မှုဖြင့် အသက်ရှင်နေရခြင်းဟူသည့် ဤနေ့ရက်များသည် မည်သည့်အချိန်တွင် ကုန်ဆုံးမည်နည်း။ ယခု ဘုရားသခင်၏ နေ့ရက်သည် နောက်ဆုံးတွင် ရောက်ရှိလာပေပြီ” ဟု တွေးလျက် ယင်းကို အမှန်ဖြစ်ဖို့ ဆန္ဒရှိနေကြဆဲ ဖြစ်သည်။ ဤအတွေးများသည် သင်၏ စိတ်နှလုံးကို အုံကြွစေသည်။ “ကျွန်ုပ်တို့သည် ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို အလွန်များစွာ အသုံးခံပြီးဖြစ်သည်။ ဘုရားသခင်နောက်လိုက်ရာတွင် ကျွန်ုပ်တို့၏ ယုံကြည်ခြင်းသည် အလွန်ခိုင်မာပြတ်သားသည်။ ကျွန်ုပ်တို့ ကြားနေရသည့်အရာသည် အမှန်ဖြစ်ရမည်။ ကျွန်ုပ်တို့သည် ဤလောက၌ လှည့်လည်သွားလာပြီး ဆင်းရဲဒုက္ခ မခံစားသင့်တော့ပါ။ ထိုသို့မခံစားရဖို့ ကျွန်ုပ်တို့ ထိုက်တန်ပါသည်” ဟူ၍ ဖြစ်သည်။ သင်၌ ဤအတွေးရှိသည့်အခါ၊ ပြီးလျှင် သင်သည် ဤကောလာဟလနှင့်ပတ်သက်၍ အလွန်ယုံကြည်စိတ်ချပြီး စိတ်ပြင်းပြနေသည့်အခါ၊ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုလိုသေးသလော။ ဤအချိန်တွင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော် မည်သည့်ကျမ်းပိုဒ်ကိုမဆို ဖတ်ရှုခြင်းက မလိုလားအပ်ဟု ထင်ရသည် မဟုတ်လော။ သင်က၊ “အဘယ်ကြောင့် ယခုအခါတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်ဆိုင်သော အတွေ့အကြုံဆိုင်ရာ သိနားလည်မှုကို မျှဝေခြင်းသည် အလွန်မလိုအပ်ဟု ထင်ရသနည်း။ ဘုရားသခင်ထံ ဆုတောင်းရန် မလိုအပ်တော့ပါ၊ မှန်သလော။ ဘုရားသခင်၏ နေ့ရက်သည် ရောက်ရှိလာခဲ့ပြီဖြစ်ပြီး ငါတို့သည် မကြာမီ ဘုရားသခင်နှင့် မျက်နှာချင်းဆိုင် တွေ့ဆုံကြတော့မည်၊ သို့ဖြစ်၍ ယခု ဘုရားသခင်ထံ ဆုတောင်းခြင်းသည် ငါတို့က ဘုရားသခင်ကို မလေးစားသည့်သဘောဖြစ်မည် မဟုတ်လော။ ဇာတိပကတိဖြင့် အသက်ရှင်ချိန်၊ ဘုရားသခင်နှင့် အလှမ်းဝေးကွာနေချိန်တွင်၊ ငါတို့၏ တမ်းတမှုကို သက်သာစေရန် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုဖို့ လိုအပ်ခဲ့သည်။ ယခု၊ ငါတို့သည် ဤလောကကို ကျော်လွန်ပြီး မကြာမီ ဘုရားသခင်နှင့် လူကိုယ်တိုင် တွေ့ဆုံကြတော့မည်။ ထို့ကြောင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုရန် မလိုအပ်တော့ပါ။ ငါတို့ ယခုလုပ်ဆောင်နေသည့် မည်သည့်အရာကမျှ ထိုသတ်မှတ်ထားသော နှစ်၊ လ၊ ရက်၊ အချိန်တွင် ဘုရားသခင်နှင့် တွေ့ဆုံခြင်းလောက် အနှစ်သာရ မရှိပါ။ ယင်းသည် မည်မျှ အံ့ဖွယ်ကောင်းသော အရာဖြစ်လိမ့်မည်နည်း။ ထိုနေ့၊ ထိုနေရာတွင် ဘုရားသခင်နှင့် တွေ့ဆုံခြင်းနှင့် နှိုင်းယှဉ်လျှင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းသည် အလွန်အရေးမပါဟု ထင်ရသည်”ဟု ခံစားရသည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုရာ၌ နောက်ထပ် အာရုံမစိုက်နိုင်တော့ပေ။ သင်၏ စိတ်နှလုံးသည် ထိုနေ့ရက် ချက်ချင်းရောက်ရှိလာရန် တမ်းတရင်း ဂနာမငြိမ်ဖြစ်လာသည်။ ဤစိတ်အခြေအနေကို ဖော်ပြရန် ခက်ခဲသည် မဟုတ်လော။ ထိုသို့သော ကောလာဟလများသည် လူအများ၏ အကြိုက်များနှင့် အလွန်ကိုက်ညီပြီး အသင်းတော်အတွင်း၌ အလွန်လွယ်ကူစွာ ပျံ့နှံ့နိုင်သည်။ လူတစ်ဦးက နှစ်ဦးထံ ဖြန့်ဝေသည်၊ နှစ်ဦးက ဆယ်ဦးထံ ပြောပြသည်၊ ပြီးလျှင် ကောလာဟလများက အသင်းတော်တစ်ပါးမှ နှစ်ပါးသို့၊ နှစ်ပါးမှ ငါးပါးသို့ ပို၍ ပိုကျယ်ပြန့်သည်ထက် ကျယ်ပြန့်စွာ ပျံ့နှံ့လျက် ပိုပိုပြီး ပျံ့နှံ့လာသည်။ အကျိုးဆက်များမှာ အဘယ်နည်း။ ဤကောလာဟလများသည် လူတို့အား ဘုရားသခင်ကို သံသယဝင်စေသည်၊ ဘုရားသခင်နှင့် ခပ်ကင်းကင်းနေစေသည်၊ လူသားမျိုးနွယ်ကို ကယ်တင်ရာတွင် ဘုရားသခင်၏ စစ်မှန်သော ချစ်ခြင်းမေတ္တာကို မေ့လျော့စေသည်၊ ၎င်းတို့ ထမ်းဆောင်သင့်သော တာဝန်ကို မေ့လျော့စေပြီး ၎င်းတို့ လိုက်လျှောက်သင့်သော လမ်းခရီးကို မေ့လျော့စေသည်။ ထိုအစား၊ ၎င်းတို့သည် ဘုရားသခင်၏ နေ့ရက် ရောက်ရှိလာသည်ကို မြင်တွေ့ရန်နှင့် ၎င်းတို့ ကောင်းချီးမင်္ဂလာများ ရရှိနိုင်ခြင်း ရှိ၊ မရှိဟူသည်ကို မြင်တွေ့ရန် စွဲစွဲမြဲမြဲ လိုက်စားကြသည်။ ထိုနေ့ရက် အမှန်တကယ် ရောက်ရှိလာပြီး မည်သည့်အရာမျှ မဖြစ်ပျက်သည့်အခါမှသာ၊ ကောလာဟလများကို ယုံကြည်ခြင်းသည် ၎င်းတို့၏ အသက်တာကို နစ်နာဆုံးရှုံးစေခဲ့ကြောင်း လူတို့ နားလည်ကြသည်။ ထိုအခါ သင်သည် လိမ္မာသော ပုံစံဖြင့် ကျင့်ကြံပြုမူလျက်၊ သင်၏ တာဝန်ကို စွဲကိုင်လျက်၊ လက်တွေ့ကျကျ သမ္မာတရားကို လိုက်စားလျက်၊ အမှုအရာအားလုံး၌ သမ္မာတရား စည်းမျဉ်းများကို ရှာဖွေလျက်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း ကျင့်ကြံပြုမူပြီး သင်၏ တာဝန်ကို ထမ်းဆောင်လျက် ယခင်ကကဲ့သို့ ပြန်ဖြစ်နိုင်သေးသလော။ အချိန်သည် ကုန်လွန်နှင့်ပြီး ဖြစ်လိမ့်မည်ဖြစ်ကာ ပြန်လည်ရယူနိုင်ခြင်း မရှိပေ။ ဤအတွက် မည်သူ့ကို အပြစ်တင်ရမည်နည်း။ သမ္မာတရားကို လိုက်စားသူတစ်ဦး မည်သည့်အခါကမျှ မဟုတ်ခဲ့သည့်အတွက် သင့်ကိုယ်သင် အပြစ်တင်လော့။ သင်သည် လေထဲတွင် တိုက်အိမ်ဆောက်တတ်သူဖြစ်ပြီး အကျိုးဆက်အနေဖြင့် ကောလာဟလများ၏ လှည့်ဖြားခြင်းကို ခံခဲ့ရပေသည်။

ဘုရားသခင်ကို ယုံကြည်သော်လည်း သမ္မာတရားကို နားမလည်သောသူတို့အတွက်မူ၊ ကောလာဟလတစ်ခုတည်းက ၎င်းတို့ကို အတိုင်းအဆမရှိသော ချောက်နက်ကြီးထဲသို့ ပို့ဆောင်နိုင်ပြီး ပျက်စီးစေနိုင်သည်။ အတိုင်းအဆမရှိသော ချောက်နက်ကြီးဟူသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ မူလက၊ သင်သည် ဘုရားသခင်ကို ပုံမှန်ယုံကြည်ခြင်း ရှိခဲ့ပြီး ကယ်တင်ခြင်းခံရမည့် မျှော်လင့်ချက်ရှိခဲ့သော်လည်း၊ ကောလာဟလတစ်ခုတည်းက သင့်ကို လမ်းလွဲသွားစေခဲ့သည်။ ထိုအရာကို မသိလိုက်ဘဲ၊ သင်သည် စာတန်၏ အထင်အမြင်မှားစေခြင်းကို ခံခဲ့ရသည်၊ သင်သည် စာတန်ပြောသော နတ်ဆိုးဆန်သည့် စကားများကို ယုံကြည်ခဲ့ပြီး ၎င်းနောက်သို့ လိုက်ခဲ့ပြီဖြစ်သည်။ သင်သည် စာတန်က သင့်အတွက် ချမှတ်ပေးသော လမ်းကြောင်းအတိုင်း လျှောက်လှမ်းပြီး လိုက်စားကာ သင် ရှေ့ဆက်သွားလေ၊ သင်၏ စိတ်နှလုံးက ပို၍ မှောင်မိုက်လေဖြစ်လာပြီး သင်သည် ဘုရားသခင်ထံမှ ပို၍ လမ်းလွဲလေ ဖြစ်သည်။ သင်သည် ဘုရားသခင်ကို လုံးဝ စွန့်ခွာပြီး ငြင်းပယ်ပြီးဖြစ်သည့်အခါ၊ သင်၏ စိတ်နှလုံးထဲတွင် ဘုရားသခင်နှင့်ပတ်သက်၍ သံသယများ ရှိရုံသာမက၊ ပို၍ ဆိုးရွားသည်မှာ၊ သင်သည် ဘုရားသခင်နှင့်ပတ်သက်၍ မကျေနပ်ချက်များနှင့် ဘုရားသခင်ကို ငြင်းပယ်ခြင်းတို့ ဖြစ်ပေါ်လာသည်။ သင်သည် ဤအဆင့်သို့ ရောက်သည့်အခါ၊ သင့်အတွက် လမ်းဆုံးဖြစ်သည် မဟုတ်လော။ ဤသည်မှာ အတိုင်းအဆမရှိသော ချောက်နက်ကြီး မဟုတ်လော။ ဤသည်မှာ သင် မြင်လိုသည့်အရာတစ်ခုလော။ သင်သည် ဤအဆင့်သို့ ရောက်သည့်အခါ၊ ကယ်တင်ခြင်းကို ရရှိနိုင်သေးသလော။ မရရှိနိုင်တော့သည့်အပြင်၊ ပြန်လှည့်ရန် အလွန်ခက်ခဲသွားသည်။ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် အလုပ်လုပ်ခြင်းကို ရပ်တန့်လိုက်ပြီးဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော်သည် အလုပ်လုပ်ခြင်းကို ရပ်တန့်ပြီးဖြစ်ကာ သင်သည် အမှောင်ထုဖြင့် ပြည့်နေသောကြောင့် ဖြစ်သည်။ သင်နှင့် ဘုရားသခင်အကြားတွင် မြင့်မားသော တံတိုင်းတစ်ခုကို ထူထောင်ထားပြီးဖြစ်သည်။ ဤတံတိုင်းကား အဘယ်နည်း။ ယင်းမှာ စာတန်က သင့်ထဲသို့ သွတ်သွင်းခဲ့သော အယူအဆများ၊ စိတ်ကူးများနှင့် ကောလာဟလများအပြင်၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ လိုအင်ဆန္ဒများ ဖြစ်သည်။ ဘုရားသခင်၏ ပင်ကိုလက္ခဏာ၊ အနှစ်သာရ၊ အဆင့်အတန်း စသည်တို့ကဲ့သို့သော အပြုသဘောဆောင်သည့် အရာများနှင့်ပတ်သက်၍ သင်၏ အသိပညာသည် ရုတ်တရက် ဝါးလာပြီး တဖြည်းဖြည်း ပျောက်ကွယ်သွားသည်အထိပင် ဖြစ်သည်။ ဤသည်မှာ အလွန် ကြောက်လန့်ဖွယ်ကောင်းသည်။ ဤသည်မှာ အတိုင်းအဆမရှိသော ချောက်နက်ကြီးထဲသို့ ကျရောက်ခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) ဤအခြေအနေသို့ သင် ကျရောက်သည့်အခါ၊ သင်၏ တာဝန်ကို ထမ်းဆောင်ရန် ဆင်းရဲဒုက္ခကို ကြံ့ကြံ့ခံပြီး အဖိုးအခကို ပေးနိုင်သေးသလော။ ကယ်တင်ခြင်းကို ရရှိရန် သမ္မာတရားကို လိုက်စားခြင်းလမ်းကြောင်းပေါ်တွင် သင် လျှောက်လှမ်းနိုင်သေးသလော။ သင့်ကို ငါ ပြောမည်၊ ပြန်လှည့်ရန် အလွန်ခက်ခဲပေသည်။ ဤသည်မှာ လမ်းလွဲစေခြင်းကို ခံရခြင်းဖြစ်သည်။ ကောလာဟလတစ်ခုတည်းသာ၊ သင်သည် ခဏတာ သတိမထားဘဲ အထင်အမြင်မှားစေခြင်းကို ခံရလျှင်၊ မတွေးဝံ့စရာ ရလဒ်များ ရှိနိုင်သည်။ ထို့ကြောင့်၊ ဘုရားသခင်၏ အမှုတော်နှင့်ပတ်သက်သည့် ထိုသို့သော ကောလာဟလများ အသင်းတော်၌ ပေါ်ပေါက်လာသည့်အခါ၊ ယင်းတို့ကို ချက်ချင်း တားဆီးပြီး ကန့်သတ်သင့်သည်။ လူတစ်ဦးသည် မရှိသည့်အရာကို အရှိလုပ်၍ လုပ်ကြံဖန်တီးခြင်းမပြုရသည့်အပြင်၊ လူတို့ကို အထင်အမြင်မှားစေပြီး လမ်းကြောင်းမှန်မှ သွေးဆောင်ဖယ်ရှားရန်အလို့ငှာ လူတို့ ကြားလိုသည့် အလိမ်အညာအမျိုးမျိုးကို မဖန်တီးရပေ။ လူတို့သည် ဤအကြောင်းအရာများကို နှစ်သက်လျှင်ပင်၊ မိမိ၏ စိတ်နှလုံးထဲတွင် ထိုအရာများကို အာရုံစိုက်ပြီး ဖြန့်ဝေခြင်းက အဘယ်အကျိုးရှိသနည်း။ ထိုအရာက မည်သည့် အကျိုးကျေးဇူးကို ရရှိနိုင်မည်နည်း။ အချို့လူများက “သူ့နှုတ်နှင့်သူ သူအလိုရှိသမျှကို ပြောနိုင်သည်။ သို့ဖြစ်၍ သူဆန္ဒရှိသည့်အတိုင်း ပြောပါစေ”ဟု ဆိုကြသည်။ ယင်းမှာ မည်သည့်အရာ ပြောဆိုလျက်ရှိသည်ဟူသည့်အပေါ် မူတည်သည်။ အကယ်၍ ယင်းသည် လူတို့ကို တည်ဆောက်ပေးသည့်အရာတစ်ခုဖြစ်ပါက၊ ပြော၍ရပြီး ဖြန့်ဝေ၍ရသည်။ မည်သည့်နည်းလမ်းဖြင့်မဆို ဖြန့်ဝေနိုင်သည်။ သို့သော် ဤကောလာဟလများသည် လူတို့ကို အနည်းငယ်မျှပင် တည်ဆောက်ပေးခြင်း မရှိပေ။ ယင်းတို့သည် လူတို့ကို အထင်အမြင်မှားစေပြီး ၎င်းတို့၏ အာရုံကို လွှဲသွားစေသည်။ ၎င်းတို့၏ လိုက်စားမှုကို နှောင့်ယှက်ပြီး လမ်းကြောင်းမှန်မှ လမ်းလွဲစေသည်။ ဘုရားသခင်နှင့် ၎င်းတို့၏ ဆက်ဆံရေးကို ထိခိုက်စေသည်၊ ၎င်းတို့၏ တာဝန်ကို ပုံမှန်ထမ်းဆောင်ခြင်းအား ထိခိုက်စေပြီးအသင်းတော်အလုပ်၏ ပုံမှန် အစီအစဉ်ကို ထိခိုက်စေသည်။ လူတို့သည် ဤကောလာဟလများကို လက်ခံသည်နှင့်တစ်ပြိုင်နက်၊ ယင်းမှာ ၎င်းတို့ မလွတ်မြောက်နိုင်သော ဝင်္ကပါထဲတွင် ပိတ်မိနေသကဲ့သို့ ဖြစ်သည်။ သို့ဖြစ်၍၊ ဤကောလာဟလများကို သင် ကြားသည့်အခါ၊ တစ်စုံတစ်ဦးက သင့်ကို တစ်ဦးတည်း ပြောလျှင်၊ ယင်းတို့ကို သင်ငြင်းပယ်သင့်သည်။ အကယ်၍ သူသည် ထိုအရာများကိုအခြားသူများအကြားတွင် ပြောဆိုလျှင်၊ သင်သည် ယင်းတို့ကို ငြင်းပယ်ရုံသာမက ဖော်ထုတ်ပြီး စိတ်ဖြာလေ့လာဆွေးနွေးသင့်သည်။ ပိုများသောလူတို့အား အထင်အမြင်မှားစေခြင်းကို မခံစေနှင့်။ အထူးသဖြင့် တစ်နှစ် သို့မဟုတ် နှစ်နှစ်၊ သို့မဟုတ် နှစ်နှစ် သို့မဟုတ် သုံးနှစ်သာ ယုံကြည်သူဖြစ်သေးသည့် သူတို့၏ အခြေအနေတွင်၊ ၎င်းတို့သည် ပန်းတိုင်၊ ဘုရားသခင်နှင့် တွေ့ဆုံခြင်းနှင့် ချီဆောင်ခြင်း ကိစ္စရပ်များကို ထိုးထွင်းမသိမြင်နိုင်သေးပေ။ ၎င်းတို့သည် သမ္မာတရားကို စိတ်ဝင်စားမှု မဖြစ်ပေါ်သေးသည့်အပြင်၊ ၎င်းတို့၏ ယုံကြည်ခြင်း၌ သမ္မာတရားကို လိုက်စားခြင်းနှင့် စိတ်သဘောထား ပြောင်းလဲခြင်းကို လိုက်စားခြင်းအတွက် လမ်းကြောင်းမရှိကြပေ။ ထိုသို့သော အခြေအနေများတွင်၊ ၎င်းတို့သည် ဤကောလာဟလများ၏ အလွယ်ကူဆုံး အထင်အမြင်မှားစေခြင်းနှင့် လွှမ်းမိုးခြင်းကို ခံရပြီး၊ ၎င်းတို့ အထင်အမြင်မှားစေခြင်းကို ခံရသည်နှင့်တစ်ပြိုင်နက်၊ အကျိုးဆက်များမှာ မတွေးဝံ့စရာ ဖြစ်သည်။ ယင်းမှာ အဆိပ်ကို စားသုံးခြင်းနှင့်တူသည်။ ဖြေဆေးရှိလျှင်ပင်၊ သင်၏ ခန္ဓာကိုယ်ကို ပျက်စီးစေပြီး ဖြစ်ဆဲပင် မဟုတ်လော။ သင် အသက်ရှင်လျှင်ပင်၊ သင်၏ ခန္ဓာကိုယ်က ခံစားရသော ဆင်းရဲဒုက္ခနှင့် ပျက်စီးစေခြင်းတို့ကို လျစ်လျူရှု၍ရနိုင်သလော။ ထို့ကြောင့်၊ ဤကောလာဟလများနှင့် ရင်ဆိုင်ရသည့်အခါ၊ သင်သည် ယင်းတို့ကို ပုံပြင်များအဖြစ်ဖြစ်စေ၊ စစ်မှန်သောဖြစ်ရပ်များအဖြစ်ဖြစ်စေ သဘောမထားဘဲ၊ ပိုင်းခြားသိမြင်ပြီး ငြင်းပယ်ရမည်။ အချို့လူတို့သည် ဤကောလာဟလများကို အထူးစိတ်ဝင်စားကြပြီး နေရာတိုင်းတွင် ဖြန့်ဖြူးကာ ဖြန့်ဝေကြ၍ ယင်းတို့ကို သမ္မာတရားဖြစ်သည့်အလား မျှဝေကြသည်။ ဤအရာ၏ သဘောသဘာဝမှာ အဘယ်နည်း။ ဤသည်မှာ စာတန်၏ အစေခံများအဖြစ် ပြုမူဆောင်ရွက်ခြင်း မဟုတ်လော။ ထိုသို့သော လူတို့ကို ပြုပြင်ပြီး သတိပေးသင့်သည်။ အကယ်၍ ၎င်းတို့ နောင်တမရလျှင်၊ ရှင်းလင်းပစ်သင့်သည်။ တစ်ချိန်ချိန်တွင် ၎င်းတို့ အသိဝင်လာပြီး “ကောလာဟလများကို ဖြန့်ဝေခြင်းသည် မှားယွင်းခဲ့သည်။ ကျွန်ုပ်သည် စာတန်၏ အစေခံတစ်ဦးအဖြစ် ပြုမူဆောင်ရွက်နေမိခဲ့ပြီး ယင်းတို့ကို တစ်ဖန် လုံးဝ ဖြန့်ဝေတော့မည်မဟုတ်ပါ”ဟု ဆိုလျှင်၊ ၎င်းတို့ကို စောင့်ကြည့်လေ့လာနိုင်သည်။ အကယ်၍ ၎င်းတို့သည် နောင်တရပြီး ကောင်းသော အပြုအမူကို ပြသလျှင်၊ ၎င်းတို့ကို အသင်းတော်ထဲသို့ လောလောဆယ် ပြန်လည်လက်ခံ၍ရသည်။ အကယ်၍ ၎င်းတို့ အကျင့်ဟောင်းပြန်ပေါ်လာလျှင် ၎င်းတို့ကို ဖယ်ရှားသင့်ပေသည်။

ဘုရားသခင်၏ အမှုတော်နှင့်ပတ်သက်သော ကောလာဟလများသည် ဤအရာများနှင့်သာ ကန့်သတ်မထားပါ။ လူတို့သည် စိတ်ဖြာလေ့လာပြီး စိစစ်သုံးသပ်ရန် မိမိတို့၏ စိတ်ကူးများနှင့် အယူအဆများအပြင်၊ မိမိတို့၏ စိတ်များကို အသုံးပြုကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ အမှုတော်ကို လွတ်လပ်စွာ မှတ်ချက်ပေးရန် မိမိတို့၏ အိပ်မက်များကိုပင် မှီခိုအားကိုးလျက် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ပရောဖက်ပြုချက်အမျိုးမျိုးတို့အပြင်၊ လူ့အဖွဲ့အစည်းနှင့် လောကထဲက အမျိုးမျိုးသော ကပ်ဘေးများ၊ နိမိတ်လက္ခဏာများနှင့် ဖြစ်ရပ်များကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးကြသည်။ ၎င်းတို့သည် ကောလာဟလများစွာကို လုပ်ကြံပြောဆိုကြသည်။ လူများစွာတို့သည် မိမိတို့၏ တာဝန်များကို ထမ်းဆောင်ရာတွင် စည်းမျဉ်းများကို ရှာဖွေခြင်း၌ ပုံမှန် ကြိုးစားအားထုတ်ရန် မဆိုထားနှင့်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပုံမှန်ဖတ်ရှုခြင်းမရှိ သို့မဟုတ် သမ္မာတရား၌ ပုံမှန် ကြိုးစားအားထုတ်ခြင်း မရှိကြပေ။ ထိုအစား၊ ၎င်းတို့သည် “ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်သည် မည်သို့ အစပြုခဲ့သနည်း။ မည်သူက အားလုံးကို အစပြုခဲ့သနည်း။ လူတို့သည် မည်သည့်အခန်းကဏ္ဍကို ပါဝင်ဆောင်ရွက်ခဲ့ကြသနည်း။ မည်သည့် ဖြစ်ရပ်များ ဖြစ်ပွားခဲ့သနည်း” ဟူသကဲ့သို့သော မေးခွန်းများကို တွေးဆကြသည်။ ၎င်းတို့သည် ဤအပြင်ပန်းဖြစ်စဉ်များနှင့် အသင်းတော်၏ စီမံအုပ်ချုပ်မှုဆိုင်ရာ ဖွဲ့စည်းပုံ၊ ဝန်ထမ်းရေးရာ စသည်တို့ကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးကြသည်။ ဤသို့သာ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးပြီးနောက်၊ ၎င်းတို့သည် ထိုအရာအားလုံးကို အကျဉ်းချုပ်ပြီး စည်းမျဉ်းများ သို့မဟုတ် ဖြစ်စဉ်များဟုဆိုသော အရာအချို့ကို စိတ်ကူးရပြီး ထိုအရာများကို သမ္မာတရားဖြစ်သည့်အလား အသင်းတော်၌ ဖြန့်ဝေကြသည်။ ၎င်းတို့ကို ဖြန့်ဝေသည့်အခါ၊ ၎င်းတို့သည် အထင်းသားဖြစ်ပြီး စေ့စပ်သေချာသော ပုံစံဖြင့် ဖော်ပြကြကာ ပိုင်းခြားသိမြင်မှုမရှိသောသူတို့သည် ၎င်းတို့က ဘုရားသခင်၏ အမှုတော်ကို ဆွေးနွေးနေကြသည်ဟုပင် ထင်ကောင်းထင်ကြပေမည်။ သို့သော်လည်း၊ ပိုင်းခြားသိမြင်မှုရှိသောသူတို့ကမူ၊ “သင်သည် အဓိပ္ပာယ်မရှိသောအရာကို လေရှည်နေပြီး မိစ္ဆာအယူဝါဒများနှင့် မှားယွင်းသော အဆိုများကို ထုတ်လွှင့်နေခြင်း မဟုတ်လော။ သင်သည် ဘုရားသခင်၏ အမှုတော်ကို ဝေဖန်နေခြင်း မဟုတ်လော။ ဤသည်မှာ သိနားလည်မှုနှင့် အတွေ့အကြုံများကို မျှဝေနေခြင်းမဟုတ်။ ယင်းမှာ သမ္မာတရားနှင့် ဆက်စပ်ခြင်းမရှိပေ။ ဤသည်မှာ ကောလာဟလများကို လုပ်ကြံဖန်တီးနေခြင်းဖြစ်ပြီး ချက်ချင်း တားဆီးရမည်။ သို့မဟုတ်ပါက အချို့လူတို့သည် အထင်အမြင်မှားစေခြင်းကို ခံကြရလိမ့်မည်”ဟု တွေးကြသည်။ ကောလာဟလများအဖြစ် သတ်မှတ်ချက်ပြည့်မီသည့် ဤမှားယွင်းသော အဆိုများနှင့် မိစ္ဆာအယူဝါဒများသည် သမ္မာတရားနှင့် မကိုက်ညီသည့်အပြင် လူတို့၏ သမ္မာတရားကို သိနားလည်မှုအား နှောင့်ယှက်သည်။ ကောလာဟလများကို ဖြန့်ဝေခြင်း လုပ်ရပ်က အသင်းတော်၌ ပေါ်ပေါက်လာသည့်အခါ၊ ချက်ချင်း တားဆီးသင့်သည်။

ဘုရားသခင်၏ အမှုတော်ကို ဝေဖန်သည့် နတ်ဆိုးဆန်သော စကားများဖြစ်သည့် ကောလာဟလအချို့လည်း ရှိသည်။ ဥပမာအားဖြင့် ဘုရားသခင် မည်သူ့ကို ချစ်သည်၊ မည်သူ့ကို ကယ်တင်သည်၊ မည်သူ့ကို စုံလင်အောင်ပြုသည်ဟူသည်တို့နှင့်စပ်လျဉ်း၍၊ အချို့လူတို့သည် မိမိတို့၏ မဖြစ်စလောက်သော ပါးနပ်မှုကို အသုံးချလျက်၊ “လောက၌ တတ်စွမ်းသောသူများ၊ အရာရှိများအဖြစ် အမှုထမ်းပြီးသောသူများနှင့် လုပ်ငန်းများတွင် ဌာနမှူးများ သို့မဟုတ် စီအီးအိုများ ဖြစ်ခဲ့သောသူတို့သည် ဘုရားအိမ်တော်သို့ ရောက်လာသည့်အခါ၊ ခေါင်းဆောင်များ တိုက်ရိုက် ဖြစ်လာကြသည် သို့မဟုတ် ချက်ချင်းပင် အထွေထွေ အရေးကိစ္စများနှင့် ဘဏ္ဍာရေးရာများကို တာဝန်ယူကြသည်။ ဤလူတို့သည် ဘုရားက စုံလင်အောင်ပြုသောသူများ ဖြစ်သည်”ဟု ပြောဆိုလျက် စောင့်ကြည့်လေ့လာပြီး ကောက်ချက်ချကြသည်။ ဤသည်မှာ ကောလာဟလများကို လုပ်ကြံဖန်တီးနေခြင်း မဟုတ်လော။ ဤသည်မှာ အမှန်ပင် ကောလာဟလများကို လုပ်ကြံဖန်တီးနေခြင်း ဖြစ်သည်။ ကောလာဟလဟူသည် အဘယ်နည်း။ ယင်းမှာ အဖြစ်မှန်များနှင့် မကိုက်ညီသော နည်းလမ်းဖြင့် တာဝန်မဲ့စွာ ပြောဆိုခြင်း၊ ကြောင်းကျိုးမမြင်သော ဝေဖန်ခြင်းများနှင့် အခြေအမြစ်မရှိသော ကောက်ချက်များကို ချခြင်းတို့ ဖြစ်သည်။ ဤစကားများအားလုံးသည် ကောလာဟလများချည်းသာ ဖြစ်ကြသည်။ အခြားလူများက “မည်သူမည်ဝါက ယွမ်သောင်းချီ အလှူငွေထည့်ခဲ့သည်။ သူ၏ ယုံကြည်ခြင်းသည် ကြီးမားသည်၊ သူသည် နိုင်ငံတော်ထဲသို့ ဝင်ရောက်နိုင်သည်”ဟု ပြောဆိုကြသည်။ ဤအရာသည် ငွေမရှိသောသူတို့ကို အပျက်သဘောဆောင်စေပြီး စိတ်ဆင်းရဲစေသည်။ ၎င်းတို့က “ကျွန်ုပ်သည်လည်း အတော်များများ အလှူငွေထည့်ခဲ့သော်လည်း၊ သူတို့ တစ်ကြိမ်တည်း ထည့်ဝင်ခဲ့သလောက် ပမာဏကို မမီပါ။ ဤသည်မှာ ကျွန်ုပ်သည် ကယ်တင်ခြင်းနှင့် စုံလင်အောင်ပြုခြင်းကို မခံရနိုင်ဟု ဆိုလိုသလော။ ဘုရားသခင်သည် ကျွန်ုပ်ကဲ့သို့သောသူတစ်ဦးကို အလိုမရှိသလော” ဟု ဆိုကြသည်။ ထို့နောက် ကောလာဟလများကို လုပ်ကြံဖန်တီးသော အခြားသူများက “ငွေချမ်းသာသောသူတို့သည် နိုင်ငံတော်ထဲသို့ မဝင်ရောက်နိုင်၊ ဘုရားသခင်သည် ဆင်းရဲသောသူတို့ကို အလိုရှိသည်” ဟု ဆိုကြသည်။ ထိုအခါ ထိုဆင်းရဲသောသူတို့သည် ပျော်ရွှင်လာကြသည်။ “ကျွန်ုပ်သည် ငွေများများ မလှူဒါန်းခဲ့သော်လည်း၊ ချမ်းသာသောသူများ ချန်ထားခံရစဉ်တွင် နိုင်ငံတော်ထဲသို့ ကျွန်ုပ် ဝင်ရောက်နိုင်သေးသည်” ဟူ၍ ဖြစ်သည်။ ကောလာဟလများကို လုပ်ကြံဖန်တီးသောသူတို့က မည်သည့်အရာကို ပြောဆိုစေကာမူ၊ ထိုအရာက ဆင်းရဲသောသူတို့ကို တစ်နည်းမဟုတ်တစ်နည်းဖြင့် လွှမ်းမိုးသည်။ ၎င်းတို့သည် ထိုအရာအားလုံးမှာ ကောလာဟလများနှင့် နတ်ဆိုးဆန်သော စကားများသာဖြစ်သည်ဟူသည့်အချက်ကို ထိုးထွင်းမမြင်နိုင်ကြပေ။ အဘယ်ကြောင့် ဤသို့ဖြစ်ရသနည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် သမ္မာတရားကို နားမလည်သည့်အပြင် ပိုင်းခြားသိမြင်မှု ကင်းမဲ့သောကြောင့်ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် စဉ်ဆက်မပြတ် အထင်အမြင်မှားစေခြင်းကို ခံကြရသည်။ ကောလာဟလများကို လုပ်ကြံဖန်တီးသောသူများနှင့် ဖြန့်ဝေသောသူများ နှစ်ဦးလုံးသည် နတ်ဆိုးများ ဖြစ်ကြသည်။ ၎င်းတို့ မည်မျှပင် ပြောဆိုစေကာမူ၊ မည်သည့်စကားများက အမှန်ဖြစ်ပြီး မည်သည့်စကားများက အမှားဖြစ်သည်ကိုလည်းကောင်း၊ ဤစကားများသည် အတိအကျ အဘယ်မှ လာသည်ကိုလည်းကောင်း၊ ဤစကားများကို ဖြန့်ဝေရာတွင် ၎င်းတို့၏ ရည်ရွယ်ချက်များက အတိအကျ အဘယ်အရာဖြစ်သည်ကိုလည်းကောင်း၊ မည်သည့်ပန်းတိုင်များကို စွမ်းဆောင်ရရှိရန် ၎င်းတို့ မျှော်လင့်သည်ကိုလည်းကောင်း သင် မသိပေ။ အကယ်၍ တစ်စုံတစ်ဦးသည် ဤအရာများကို ထိုးထွင်းမမြင်နိုင်သည့်အပြင်၊ ကောလာဟလများကို ကြောင်းကျိုးမမြင်ဘဲ လက်ခံပြီး ဖြန့်ဝေလျှင်၊ ယင်းက ၎င်းတို့ကို လူမိုက်တစ်ဦး ဖြစ်စေသည် မဟုတ်လော။ လူမိုက်တစ်ဦးကို လူလိမ်လူညစ်ဟုလည်း ခေါ်သည် မဟုတ်လော။ ဤစကားလုံးသည် မယဉ်ကျေးသော်လည်း၊ အတော်လေး သင့်လျော်သည်ဟု ငါ မြင်သည်။ အဘယ်ကြောင့် သင့်လျော်သနည်း။ အဘယ်ကြောင့်ဆိုသော် ထိုသို့သောလူတို့သည် တာဝန်မဲ့စွာ ပြောဆိုသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် အချို့သော ဖြစ်စဉ်များကို အခြေခံ၍ မဆင်မခြင် ကောက်ချက်များချပြီး ကောလာဟလများကို လုပ်ကြံဖန်တီးကာ၊ ထို့နောက် ဤကောလာဟလများကို ပေါ့ပေါ့ဆဆ ဖြန့်ဝေပြီး ၎င်းတို့ကို အမှန်တကယ် ဖြစ်ရပ်များကဲ့သို့ ယုံကြည်ဖွယ်ရာ ဖော်ပြကြလျက် ကောလာဟလများကို သာမန်ကာလျှံကာ ဖြန့်ဝေကြလေသည်။ ရလဒ်အနေဖြင့် ယင်းသည် အချို့လူတို့ကို ထိခိုက်စေပြီး နှောင့်ယှက်သည်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မဖတ်ရှုကြ သို့မဟုတ် သမ္မာတရားကို နားမလည်ကြပေ။ ၎င်းတို့သည် အသင်းတော်၌ ကောလာဟလများကို ဖြန့်ဝေပြီး အဓိပ္ပာယ်မရှိသောစကားကို ပြောဆိုခြင်းဖြင့် ၎င်းတို့၏ နေ့ရက်များကို ကုန်ဆုံးကြသည်။ ယနေ့၊ ၎င်းတို့သည် တစ်စုံတစ်ဦးက အလှူငွေများစွာ ထည့်ဝင်သည်ကို မြင်ပြီး ထိုလူ ကယ်တင်ခြင်းခံရနိုင်သည်ဟု ဆိုကြသည်။ နက်ဖြန်၊ ထောင်ကျခဲ့ပြီး ယုဒတစ်ဦး ဖြစ်မလာခဲ့သော တစ်စုံတစ်ဦးကို ၎င်းတို့က မြင်ပြီး၊ “ထိုလူသည် ဘုရားသခင်နှင့် တစ်စိတ်တစ်ဝမ်းတည်းဖြစ်သည်။ သူသည် နိုင်ငံတော်ထဲသို့ ဝင်ရောက်နိုင်ပြီး ကောင်းသော ပန်းတိုင်တစ်ခု ရှိသည်။ အနာဂတ်တွင်၊ သူသည် ဘုရားအိမ်တော်၌ မြို့နှစ်ဆယ်ကို အုပ်စိုးလိမ့်မည်။ ကျွန်ုပ်တို့သည် သူနှင့် မယှဉ်သာသော ခြေကျင်တပ်သားများသာ ဖြစ်သည်” ဟု ဆိုကြသည်။ ဤသည်မှာ နတ်ဆိုးဆန်သော စကား မဟုတ်လော။ ဤသည်တို့မှာ ကောလာဟလများ မဟုတ်လော။ (ဟုတ်ပါသည်။) ဤစကားများကို ပြောဆိုသောလူတို့၏ ကြံရွယ်ချက်များနှင့် ပန်းတိုင်များ မည်သို့ပင်ဖြစ်စေ၊ ထိုသို့သော စကားများသည် အချို့လူတို့ကို ထိခိုက်စေပြီး နှောင့်ယှက်မည် မဟုတ်လော။ အချို့လူတို့သည် ယုံကြည်ခြင်း အနည်းငယ်သာ ရှိခဲ့ပြီး၊ ဤကောလာဟလများနှင့် နတ်ဆိုးဆန်သော စကားများကို ကြားသည့်အခါ၊ ၎င်းတို့က “ငါ ကယ်တင်ခြင်းခံရနိုင်သလော။ ဘုရားသခင်သည် ငါ့ကို နှစ်သက်တော်မူသလော”ဟု စတင်တွေးဆကြသည်။ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဤအရာများနှင့်ပတ်သက်၍ ချီတုံချတုံဖြစ်ပြီး စိုးရိမ်ပူပန်လျက် တစ်နေ့လုံး တွေးတောကြသည်။ ကောလာဟလများကို လုပ်ကြံဖန်တီးသောသူတို့၏ အခြေအမြစ်မရှိသော အဓိပ္ပာယ်မဲ့စကားများကြောင့်၊ ၎င်းတို့သည် မိမိတို့၌ ကယ်တင်ခြင်းခံရရန် မျှော်လင့်ချက်မရှိဟု ခံစားရသဖြင့်၊ ဘုရားသခင်ရှေ့မှောက်သို့ လာပြီး၊ “ဘုရားသခင်၊ ကိုယ်တော်သည် ကျွန်ုပ်ကို မချစ်ဘူးလော။ ကျွန်ုပ်သည် ကိုယ်တော့်အတွက် အလွန်များစွာ စွန့်လွှတ်ခဲ့ပါသည်။ မည်သည့်အချိန်တွင် ကျွန်ုပ်သည် ကိုယ်တော့်ကို ကျေနပ်စေနိုင်မည်နည်း”ဟု ဆုတောင်းကြသည်။ ၎င်းတို့သည် မကျေနပ်ချက်များဖြင့် ပြည့်နှက်နေသည်။ မည်သည့်အရာမျှ မဖြစ်ပျက်ခဲ့ပေ။ သို့ဖြစ်လျှင် ဤမကျေနပ်ချက်များသည် အဘယ်မှ လာသနည်း။ ယင်းတို့သည် ထိုကောလာဟလများကြောင့် ဖြစ်သည်။ ဤပုဂ္ဂိုလ်များသည် အဆိပ်ခပ်ခံရပြီး ပြိုလဲသွားကြပြီဖြစ်သည်။ ၎င်းတို့သည် မိမိတို့ ထုတ်ဖော်သည့် မည်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအတွက်မဆို သို့မဟုတ် မိမိတို့ ကျူးလွန်မိပြီးဖြစ်သည့် မည်သည့် ပြစ်မှားခြင်းများအတွက်မဆို နောင်တတစ်ခုတလေ သို့မဟုတ် အပြစ်ရှိသည့်စိတ် တစ်ခုတလေ မခံစားရသော်လည်း၊ ဤအတွက်ကြောင့် မည်သည့်အခါမျှ မငိုကြွေးသော်လည်း၊ မျက်ရည်တစ်စက်မျှပင် မကျသော်လည်း၊ ကောလာဟလများကို လုပ်ကြံဖန်တီးသောသူတို့က ၎င်းတို့ကဲ့သို့သောလူတို့၌ ကယ်တင်ခြင်းခံရရန် မျှော်လင့်ချက်မရှိဟု ပြောဆိုသည်ကို ကြားသည့်အခါ၊ ၎င်းတို့သည် ချက်ချင်း စိတ်သောကရောက်သွားကြသည်။ ၎င်းတို့ ထိခိုက်ခံရလေပြီ မဟုတ်လော။ ၎င်းတို့သည် ထိခိုက်ကာ နှောင့်ယှက်ခြင်းကို ခံရပြီးဖြစ်သည်။ ဤလူတို့သည် ဝိညာဉ်ရင့်ကျက်မှု၌ နုနယ်ကြသည်။ သမ္မာတရားကို နားမလည်ကြသည့်အပြင်၊ အလွန်မိုက်မဲကြသည်။ ကောလာဟလများကို လုပ်ကြံဖန်တီးသောသူတို့သည် ထိုသို့သောလူတို့ကို လွယ်လွယ် ကစား၍ရသောသူအဖြစ် မြင်ပြီး ၎င်းတို့ကို အရူးလုပ်ရန် ကောလာဟလအချို့ကို လုပ်ကြံဖန်တီးကြသည်။ ယနေ့တွင်၊ ၎င်းတို့က သင်၌ ကယ်တင်ခြင်းခံရရန် မျှော်လင့်ချက်ရှိသည်ဟု ဆိုပြီး၊ သင် ပျော်ရွှင်သည်၊ မနက်ဖြန်တွင် ၎င်းတို့က သင်၌ ကယ်တင်ခြင်းခံရရန် မျှော်လင့်ချက်မရှိဟု ဆိုကာ သင် ငိုကြွေးပြီး စိတ်သောကရောက်သည်။ အဘယ်ကြောင့် သင်သည် ၎င်းတို့၏ စကားကို နားထောင်သနည်း။ အဘယ်ကြောင့် သင်သည် ၎င်းတို့၏ ဘောင်ခတ်ခြင်းကို အမြဲခံရသနည်း။ ၎င်းတို့က အဆုံးအဖြတ်ပေးပိုင်ခွင့် ရှိသလော။ အလွန်ဆုံးအနေဖြင့်၊ ၎င်းတို့သည် လူပြက်များသာ ဖြစ်သည်။ ၎င်းတို့၏ ကံကြမ္မာပင်လျှင် ဘုရားသခင်၏ လက်ထဲ၌ ရှိသည်၊ သို့ဖြစ်လျှင် အခြားသူများကို အကဲဖြတ်ရန် ၎င်းတို့၌ မည်သည့် အရည်အချင်းများ ရှိသနည်း။ မည်သူက ကယ်တင်ခြင်းခံရနိုင်ပြီး မည်သူက မခံရနိုင်သည်၊ သို့မဟုတ် မည်သို့သောလူစားမျိုးက စုံလင်အောင်ပြုခြင်းခံရနိုင်ပြီး မည်သို့သောလူစားမျိုးက မခံရနိုင်သည်ဟူသည်တို့ကို ပြောဆိုရန် ၎င်းတို့၌ မည်သည့် အရည်အချင်းများ ရှိသနည်း။ ၎င်းတို့သည် သမ္မာတရားကို နားလည်ကြသလော။ ၎င်းတို့၏ မည်သည့်စကားလုံးက ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့်လည်းကောင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်လည်းကောင်း ကိုက်ညီသနည်း။ ၎င်းတို့၏ စကားလုံးတစ်လုံးကမျှ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် မကိုက်ညီပေ။ သို့ဖြစ်လျှင် အဘယ်ကြောင့် သင်သည် ၎င်းတို့ကို ယုံကြည်သနည်း။ အဘယ်ကြောင့် သင်သည် ၎င်းတို့၏ နှောင့်ယှက်ခြင်းကို ခံရသနည်း။ ဤသည်မှာ မိုက်မဲခြင်းကြောင့် ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ မိုက်မဲခြင်းနှင့် မသိနားမလည်ခြင်းကြောင့်ဖြစ်သည်ဖြစ်စေ သို့မဟုတ် သင်၏ ဝိညာဉ်ရင့်ကျက်မှုက အလွန်သေးငယ်ပြီး သင်သည် သမ္မာတရားကို နားမလည်သောကြောင့်ဖြစ်သည်ဖြစ်စေ၊ မည်သို့ပင်ဖြစ်စေ၊ အသင်းတော်၌ ကောလာဟလများကို ဖြန့်ဝေသောသူတို့သည် စက်ဆုပ်ရွံရှာဖွယ်အကောင်းဆုံး ဖြစ်သည်။ ၎င်းတို့ကို ပိုင်းခြားသိမြင်ပြီး ဖော်ထုတ်သင့်သည်၊ ထို့နောက် ကန့်သတ်သင့်သည် သို့မဟုတ် ရှင်းလင်းပစ်သင့်ပေသည်။

အချို့လူများက “မည်သူမည်ဝါကို ကြည့်လော့၊ သူ၏ ရုပ်ရည်ရူပကာ ပြေပြစ်သဖြင့်၊ သူသည် အသင်းတော်ခေါင်းဆောင်အဖြစ် ရွေးချယ်ခံခဲ့ရသည်။ မည်သူမည်ဝါသည် လူမှုအသိုင်းအဝိုင်းတွင် အောင်မြင်ကြီးပွားသည်၊ သူ့ကို မြင်သူတိုင်းက နှစ်သက်သည်၊ သူသည် ဘုရားသခင်ကို ယုံကြည်ပြီးနောက်၊ ညီအစ်ကိုမောင်နှမများသည်လည်း သူ့ကို နှစ်သက်ကြပြီး၊ ဘုရားသခင်သည်လည်း သူ့ကို နှစ်သက်တော်မူသည်” ဟု ဆိုကြသည်။ ဤစကားများတွင် မှန်ကန်သော ပြောဆိုချက်တစ်ခုတလေ ရှိသလော။ (မရှိပါ။) အဘယ်ကြောင့်နည်း။ (ယင်းတို့သည် သမ္မာတရားနှင့် မကိုက်ညီပါ။) မှန်သည်၊ ဤစကားများသည် သမ္မာတရားနှင့် မကိုက်ညီပေ။ ၎င်းတို့အားလုံးသည် နတ်ဆိုးဆန်သော စကားများ ဖြစ်ကြသည်။ အချို့က “မည်သူမည်ဝါ၏ မိသားစုသည် ချမ်းသာသည်၊ ကောင်းမွန်သော အသက်ရှင်နေထိုင်မှုအခြေအနေများ ရှိသည်။ ပြီးလျှင် ၎င်းတို့သည် အသိနှံ့စပ်သည်။ သို့ဖြစ်၍၊ ဘုရားအိမ်တော်၌၊ ၎င်းတို့သည် ဘဏ္ဍာရေးနှင့် အထွေထွေကိစ္စရပ်များကို ကိုင်တွယ်ကြသည်။ ၎င်းတို့သည် အသုံးဝင်ပြီး ဤတာဝန်ကို တာဝန်ယူနိုင်သည်။ ဤသည်မှာ ဘုရားသခင်၏ အမိန့်ဖြင့်ပြဋ္ဌာန်းချက် ဖြစ်သည်”ဟု ဆိုကြသည်။ “ဘုရားသခင်၏ အမိန့်ဖြင့်ပြဋ္ဌာန်းချက်” ဟူသည်ကို ထည့်သွင်းခြင်းက ဤပြောဆိုချက်ကို သမ္မာတရားနှင့် ကိုက်ညီစေသလော။ ဤသည်မှာ နတ်ဆိုးဆန်သော စကား မဟုတ်လော။ ထိုသို့သော နတ်ဆိုးဆန်သော စကားကို စုပေါင်း၍ ကောလာဟလများဟု ခေါ်သည်။ အဖြစ်မှန်များနှင့် မကိုက်ညီသော၊ ဘုရားသခင် ပြဋ္ဌာန်းထားသော အဖြစ်မှန်များနှင့် ဆန့်ကျင်သော တာဝန်မဲ့ပြောဆိုချက် တစ်ခုတလေသည် အဆင်ခြင်မဲ့ စကားများနှင့် ထင်ရာမြင်ရာ ကောက်ချက်များ ဖြစ်ကြသည်။ ထိုသို့သော ပြောဆိုချက်များအားလုံးသည် ကောလာဟလများ ဖြစ်ကြသည်။ အဘယ်ကြောင့် ၎င်းတို့ကို ကောလာဟလများအဖြစ် သတ်မှတ်သနည်း။ အကြောင်းမှာ ဤပြောဆိုချက်များသည် ထုတ်ပြန်လိုက်သည်နှင့်တစ်ပြိုင်နက်၊ အချို့လူတို့၏ ပုံမှန်စိတ်နေစိတ်ထားနှင့် လိုက်စားမှုပန်းတိုင်များကို နှောင့်ယှက်ပြီး ပျက်စီးစေမည်ဖြစ်သောကြောင့်၊ ယင်းတို့ကို ကောလာဟလများအဖြစ် သတ်မှတ်ခြင်း ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များအရ၊ ဘုရားသခင်သည် လူတို့၏ မွေးဖွားရာအရပ်၊ မိသားစုနောက်ခံ၊ ရုပ်ရည်၊ ပညာရေးအဆင့် စသည်တို့ကို ဘုရားသခင်က ပြဋ္ဌာန်းထားကြောင်းသာ ပြောဆိုသည်။ မည်သည့်လူအမျိုးအစား၏ ရုပ်ရည်၊ လူမှုနောက်ခံ သို့မဟုတ် ပင်ကိုအရည်အချင်းများသည် ကောင်းချီးခံစားရခြင်းအတွက် သတ်မှတ်ချက်များဖြစ်သည်ဟု လူတို့အား သူသည် မည်သည့်အခါမျှ မပြောခဲ့ပေ။ ဘုရားသခင်က လူတို့အပေါ် တောင်းဆိုသည့် တစ်ခုတည်းသော စံနှုန်းမှာ ၎င်းတို့သည် သမ္မာတရားကို လိုက်စားနိုင်ပြီး ဘုရားသခင်ကို ကျိုးနွံနာခံခြင်းအား စွမ်းဆောင်ရရှိနိုင်ရန် ဖြစ်သည်။ ဤသည်မှာ အရေးအကြီးဆုံး ဖြစ်သည်။ အကယ်၍ ဘုရားသခင်၏ နှုတ်ကပတ်တော်များက တစ်စုံတစ်ခုကို ပြတ်ပြတ်သားသား မဖော်ပြထားဘဲ၊ ယင်းမှာ လူတို့၏ ခံစားချက်အရဖြစ်သော စိတ်ကူးများ သို့မဟုတ် ၎င်းတို့၏ မှန်းဆချက်များနှင့်ဆိုင်သည့် ရလဒ်သက်သက်သာဖြစ်ပါက၊ ထိုသို့သော ပြောဆိုချက်များကိုလည်း ကောလာဟလများအဖြစ် မှတ်ယူသည်။ လူတို့သည် တစ်စုံတစ်ဦး ကောင်းချီးခံစားရနိုင်ခြင်း ရှိ၊ မရှိဟူသည်ကို ၎င်းတို့၏ စောင့်ကြည့်လေ့လာမှုများနှင့် နားလည်မှုတို့မှတစ်ဆင့်၊ ပြီးလျှင် ထပ်လောင်း၍ ၎င်းတို့၏ ကိုယ်ပိုင်အယူအဆများနှင့် စိတ်ကူးများကို အခြေခံ၍ အမြဲတစေ ဝေဖန်လိုကြသည်။ ထို့နောက်၊ ၎င်းတို့သည် မည်သူက ကယ်တင်ခြင်းခံရနိုင်ပြီး မည်သူက မခံရနိုင်သည်၊ မည်သူက ဘုရားသခင်၏ လူများဖြစ်ပြီး မည်သူက အလုပ်လုပ်ပေးသူများဖြစ်သည်ဟူသည်ကို ထင်ရာမြင်ရာ ဆုံးဖြတ်လျက်၊ အခြားသူတို့၏ သမ္မာတရားကို လိုက်စားခြင်းအပေါ် လွှမ်းမိုးရန် ဤမှားယွင်းပြီး အဓိပ္ပာယ်မဲ့သောအရာများကို ထုတ်ပြန်သည်။ ဤသည်တို့အားလုံးသည် ကောလာဟလများ ဖြစ်ကြသည်။ ကောလာဟလများနှင့်စပ်လျဉ်း၍၊ ယင်းတို့ကို နတ်ဆိုးဆန်သော စကားများဟုလည်း ကျွန်ုပ်တို့ ခေါ်ဆိုနိုင်သည်။ မည်သည့် ကောလာဟလမျိုးများ သို့မဟုတ် နတ်ဆိုးဆန်သော စကားမျိုးများ ပေါ်ပေါက်လာသည်ဖြစ်စေ၊ အသင်းတော်ခေါင်းဆောင်များသည် ၎င်းတို့ကို တားဆီးပြီး ကန့်သတ်ရန် ချက်ချင်း ရှေ့ထွက်သင့်သည်။ ညီအစ်ကို မောင်နှမ တစ်ဦးတလေက ပိုင်းခြားသိမြင်မှုရှိလျှင်၊ ၎င်းတို့သည်လည်း ကောလာဟလများ အဘယ်မှ လာသည်ဟူသည်နှင့် ယင်းတို့၏ သဘောသဘာဝက အဘယ်အရာဖြစ်သည်ဟူသည်တို့ကို စိတ်ဖြာလေ့လာဆွေးနွေးပြီး ပိုင်းခြားသိမြင်ရန် ရှေ့ထွက်သင့်သည်မှာ အမှန်ပင်ဖြစ်သည်။ ဤညီအစ်ကိုမောင်နှမများသည် ဤအရာများအပေါ် သိနားလည်မှု ရရှိသည့်အခါ၊ ဤကောလာဟလများကို ချေပပြီး အငြင်းပွားရန်၊ ပြီးလျှင် ကောလာဟလများကို ဖြန့်ဝေသောသူတို့ကို ကန့်သတ်ရန်၊ စုပေါင်း၍ ၎င်းတို့ကို ဆန့်ကျင်တိုက်ခိုက်ရန် မတ်တပ်ရပ်နိုင်သည်။ ၎င်းတို့သည် ဤအရာကို မည်သို့ လုပ်ဆောင်သင့်သနည်း။ ထိုလူတို့ကို လူတိုင်း၏ရှေ့တွင် ပွင့်လင်းစွာ ပြစ်တင်ရှုတ်ချခြင်းအားဖြင့် ဖြစ်သည်။ “သင် ပြောဆိုနေသည့်အရာသည် ကောလာဟလများနှင့် နတ်ဆိုးဆန်သော စကားများသာ ဖြစ်သည်၊ ယင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် မကိုက်ညီသည့်အပြင်၊ ကျွန်ုပ်တို့၏ လိုအပ်ချက်များနှင့်လည်း မကိုက်ညီပါ။ အကယ်၍ သင်သည် ဆုံးမစကားများရှိလင့်ကစား ကောလာဟလများကို ဆက်လက်ဖြန့်ဝေမည်ဆိုလျှင်၊ ကျွန်ုပ်တို့သည် သင့်ကို ဖယ်ထုတ်ပစ်မည်ဖြစ်ပြီး၊ အသင်းတော်၌ ကောလာဟလများကို လုပ်ကြံဖန်တီးပြီး နှောင့်ယှက်မှုများ ဖြစ်စေရန် သင့်အတွက် အခွင့်အရေးတစ်စုံတစ်ရာ ရှိစေတော့မည်မဟုတ်ပါ” ဟူ၍ ဖြစ်သည်။ ဤသို့ လက်တွေ့လုပ်ဆောင်ခြင်းသည် မည်သို့နည်း။ (ကောင်းပါသည်။) ဤကဲ့သို့ လုပ်ဆောင်ခြင်းသည် သမ္မာတရား စည်းမျဉ်းများနှင့် ကိုက်ညီသည်။ အကယ်၍ သင်သည် လူတို့ကို တည်ဆောက်ပေးသည့်အရာများအား ပြောဆိုလျက်၊ သင်၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ အတွေ့အကြုံဆိုင်ရာ သိနားလည်မှုများကို မိတ်သဟာယဖွဲ့မည်ဆိုလျှင်၊ သင် မည်သို့ပင် ပြောဆိုသည်ဖြစ်စေ အဆင်ပြေသည်။ သမားရိုးကျဆန်သော စကားဖြစ်စေ၊ အရပ်သုံးစကားဖြစ်စေ၊ သင်နှစ်သက်သည့် မည်သည့်စကားလုံးကိုမဆို အသုံးပြုနိုင်သည်။ အားလုံးကို ခွင့်ပြု၍ရသည်။ သင် မလုပ်ဆောင်ရမည့် တစ်ခုတည်းသောအရာမှာ ကောလာဟလများကို ဖြန့်ဝေခြင်း ဖြစ်သည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။