ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၁၈) အခန်း ငါး

င။ အခြေအမြစ်မရှိသော ကောလာဟလများက ဖြစ်စေသည့် အန္တရာယ်

အသင်းတော်အတွင်း၌ ဖြန့်ဝေခြင်းခံရသော ကောလာဟလများသည် ဘုရားသခင်ကို ငြင်းပယ်ခြင်း သို့မဟုတ် ဘုရားသခင်၏ အမှုကို ဝေဖန်အပြစ်တင်ခြင်းတို့နှင့်ပတ်သက်၍သာ မဟုတ်ပေ၊ အခြားသော ကောလာဟလ အမျိုးအစားများလည်း ရှိသေးသည်။ ဤကောလာဟလများကို ပိုင်းခြားသိမြင်ပြီး စိစစ်ရန် လိုအပ်သည့်အပြင်၊ ၎င်းတို့ကို တားဆီးပြီး ကန့်သတ်သင့်သည်လည်း ဖြစ်သည်။ အတိုချုပ်အားဖြင့်၊ ကောလာဟလများသည် မည်သည့်အရာမျှ ကောင်းကျိုးမပြုသည်မှာ သေချာသည်။ ၎င်းတို့သည် လူတို့အား မည်သည့် အကျိုးကျေးဇူးမျှ မဆောင်ကြဉ်းပေးပေ။ အချို့သောသူများက “ကောလာဟလများသည် အတိအကျ အဘယ်အရာကို ပြောဆိုနေကြသည်ကို သိရှိရန်၊ ၎င်းတို့ထံမှ ပိုင်းခြားသိမြင်မှုနှင့် ဉာဏ်ပညာကို ရယူရန် ကျွန်ုပ် နားထောင်လိုပါသည်” ဟု ဆိုကြသည်။ အကယ်၍ သင်သည် အမှန်တကယ် အချို့သော ပိုင်းခြားသိမြင်နိုင်စွမ်း ရှိပြီး ကောလာဟလများ၏ နှောင့်ယှက်ခြင်းကို ခံရမည်ကို မစိုးရိမ်ပါက၊ သင် နားထောင်နိုင်သည်၊ သို့သော် အကျိုးဆက်များမှာ အဘယ်အရာ ဖြစ်မည်နည်း။ အကယ်၍ သင်သည် စိတ်ရှုပ်ထွေးလာပြီး ဘုရားသခင်နှင့် ဘုရားသခင်၏ အမှုကို သံသယဝင်လာပါက၊ ၎င်းမှာ အန္တရာယ်ရှိသည်။ ၎င်းမှာ သင်သည် အထင်အမြင်မှားစေခြင်း ခံခဲ့ရသည်ဟု ဆိုလိုသည်။ အကယ်၍ သင်သည် ပိုင်းခြားသိမြင်နိုင်ခြင်း မရှိဘဲ ထိုအစား အထင်အမြင်မှားစေခြင်းကို ခံရပါက၊ ၎င်းသည် ဒုက္ခဖြစ်စေသည် မဟုတ်လော။ သင်၌ ထိုဝိညာဉ်ရင့်ကျက်မှု ရှိပါသလော။ သင်၌ ယုံကြည်ခြင်း ရှိသည်ဟု သင် ထင်သည်။ သို့သော် သင်သည် သမ္မာတရားကို နားလည်ပါသလော။ အကယ်၍ သင်သည် သမ္မာတရားကို နားမလည်ပါက၊ သင်၏ ယုံကြည်ခြင်းသည် စစ်မှန်သည် မဟုတ်ဘဲ၊ သင်သည် အထင်အမြင်မှားစေခြင်းကို ခံရဆဲ ဖြစ်ပေမည်။ အကယ်၍ သင်သည် အချို့သော သမ္မာတရားကို နားလည်ပြီး၊ ဘုရားသခင်နှင့်ပတ်သက်သော စစ်မှန်သည့် အသိပညာအချို့ ရှိကာ၊ ဤကောလာဟလများကို ပိုင်းခြားသိမြင်ပြီး ခုခံတွန်းလှန်နိုင်ပါက၊ သင်သည် ၎င်းတို့ကို နားထောင်ခြင်းမှ ဉာဏ်ပညာကို ရယူနိုင်ပါသည်။ အကယ်၍ သင်သည် သင့်၌ ယုံကြည်ခြင်း ရှိသည်ဟုသာ ထင်မှတ်သော်လည်း၊ အမှန်တကယ်တွင်၊ ဤယုံကြည်ခြင်းသည် စစ်မှန်သော ဝိညာဉ်ရင့်ကျက်မှု မဟုတ်သေးဘဲ၊ သင်သည် သမ္မာတရားကို နားမလည်သေးပါက၊ ကောလာဟလများမှ ပိုင်းခြားသိမြင်မှုနှင့် ဉာဏ်ပညာကို အမှန်တကယ် ရရှိရန်မှာ သင့်အတွက် အလွန် ခက်ခဲလိမ့်မည်ဟု ငါ ဆိုသည်။ ကောလာဟလများသည် အဘယ်မှ လာသနည်း။ ၎င်းတို့သည် စာတန်ထံမှ လာသည်။ စာတန်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၌ အသုံးပြုသော စကားစုများကို အပြစ်ရှာရန် နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၌ ခုတုံးအဖြစ် အသုံးပြုနိုင်သော တစ်စုံတစ်ရာကို ရှာဖွေရန်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အခြေအနေနှင့်မကိုက်ညီဘဲ ထုတ်နုတ်ကိုးကားရန် ဟာကွက်တိုင်းကို အသုံးချပြီး အခွင့်အရေးတိုင်းကို ဆုပ်ကိုင်သည်။ ၎င်းသည် အခြေခံအကြောင်းရင်းတစ်ခု ရှိပုံရသော်လည်း၊ အမှန်တကယ်တွင်၊ ဤသည်မှာ လူတို့ကို အထင်အမြင်မှားစေရန် အခြေအနေနှင့်မကိုက်ညီဘဲ လုပ်ဆောင်ခြင်း ဖြစ်သည်။ ဤကောလာဟလများကို ကြားပြီးသည့်နောက်၊ သမ္မာတရားကို နားမလည်သောသူတို့သည် “သူတို့ ဆိုသောစကား၌ ဘုရားသခင်၏ နှုတ်ကပတ်တော်များတွင် အခြေခံအကြောင်းရင်း ရှိသည်။ ၎င်းသည် မှန်ကန်လောက်သည်။ ၎င်းသည် ကောလာဟလတစ်ခု မဟုတ်နိုင်ပါ၊ ဟုတ်သည် မဟုတ်လော” ဟု သူတို့ဘာသာ တွေးထင်ကြသည်။ ရလဒ်အနေဖြင့်၊ သူတို့သည် အထင်အမြင်မှားစေခြင်းကို ခံကြရသည်။ အချို့သော ကောလာဟလများသည် ထင်ရှားပြီး ပိုင်းခြားသိမြင်ရန် လွယ်ကူသည်။ သို့သော်လည်း၊ အချို့သော ကောလာဟလများသည် ပိုင်းခြားသိမြင်ရန် ခက်ခဲသည်၊ အပေါ်ယံအားဖြင့်၊ ၎င်းတို့သည် အဖြစ်မှန်များနှင့် ကိုက်ညီပုံရသော်လည်း၊ ၎င်းတို့၏ အနှစ်သာရမှာ ထိုသို့ မဟုတ်ပေ။ ဤကောလာဟလများသည် အပေါ်ယံအားဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ တိုက်ရိုက်အဓိပ္ပာယ်နှင့် ကိုက်ညီသောကြောင့်သက်သက်ဖြင့် ၎င်းတို့ မှန်ကန်သည်ဟု မထင်မှတ်နှင့်။ အမှန်တကယ်တွင်၊ ဤပြောဆိုချက်များစွာတို့သည် အနှစ်မဲ့ သီအိုရီများ ဖြစ်ကြသည်၊ ၎င်းတို့သည် ထောင်ချောက်များ ဖြစ်ကြပြီး၊ ၎င်းတို့သည် လူတို့အား မည်သည့် တည်ဆောက်စရာ သို့မဟုတ် အကျိုးကျေးဇူးမျှ မဆောင်ကြဉ်းပေးပေ။ ဤပြောဆိုချက်အားလုံးကို ပယ်ချသင့်သည်။ အကြောင်းမှာ လူတို့ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားလည်သည့် အတိုင်းအတာသည် ကွဲပြားခြားနားပြီး၊ ဘုရားသခင် စကားပြောဆိုသည့် အခြေအနေများသည်လည်း ကွဲပြားခြားနားသောကြောင့်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မျက်စိမှိတ် အသုံးချခြင်းနှင့် အနက်ဖွင့်ဆိုခြင်းသည် အမှားများကို ဖြစ်စေနိုင်ဖွယ် အရှိဆုံးသော အရာ ဖြစ်သည်။ စာတန်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အခြေအနေနှင့်မကိုက်ညီဘဲ ထုတ်နုတ်ကိုးကားပြီး ၎င်းတို့ကို မှားယွင်းစွာ အနက်ဖွင့်ဆိုခြင်းအားဖြင့် လူတို့ကို မကြာခဏ အထင်အမြင်မှားစေသည်။ သမ္မာကျမ်းစာ သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အခြေခံ၍ ဘုရားသခင်၏ အမှုကို မည်သည့် ပြစ်တင်ရှုတ်ချခြင်းများမဆိုသည် စာတန်၏ လှည့်ဖြားခြင်းဖြစ်ပြီး၊ လူတို့ကို အထင်အမြင်မှားစေသည့် ၎င်း၏ နည်းလမ်းများ ဖြစ်ကြသည်၊ ၎င်းတို့သည် ထောင်ချောက်များ ဖြစ်ကြပြီး၊ ထိုသို့သော ပြောဆိုချက်အားလုံးကို ပယ်ချသင့်သည်။ အပေါ်ယံအားဖြင့်၊ ကောလာဟလများသည် မှတ်ချက် တစ်ခု သို့မဟုတ် နှစ်ခု၊ သို့မဟုတ် မှတ်ချက် အနည်းငယ်မျှသာ ဖြစ်ကြသည်၊ ၎င်းတို့ကို ကြောက်ရွံ့ရန် မလုံလောက်ဘဲ၊ ကြောက်ရွံ့စရာမရှိပေ။ ကြောက်ရွံ့ရန်အရာမှာ အခြေအနေနှင့်မကိုက်ညီဘဲ ထုတ်နုတ်ကိုးကားထားသော သမ္မာကျမ်းစာ သို့မဟုတ် သမ္မာတရားအပေါ် အခြေခံ၍ ကောက်ချက်ဆွဲသော ကောလာဟလများ ဖြစ်သည်။ ဤသည်မှာ လူတို့ကို အထင်အမြင်မှားစေရန် အတတ်နိုင်ဆုံးသော အရာ ဖြစ်သည်၊ ၎င်းမှာ လူတို့၏ စိတ်ကို အများဆုံး နှောင့်ယှက်သောအရာ ဖြစ်သည်။ ၎င်းသည် ပိုင်းခြားသိမြင်မှု မရှိသော လူတို့ကို ခလုတ်တိုက်လဲကျစေမည်။ သမ္မာတရားကို နားလည်သောသူတို့သာလျှင် ထိုသို့သော အထင်အမြင်မှားစေသည့် နတ်ဆိုးဆန်သော စကားကို ပိုင်းခြားသိမြင်နိုင်သည်။ ဥပမာအားဖြင့်၊ အချို့သောသူတို့သည် ဘုရားသခင်သည် ဤလူအမျိုးအစားကို ချစ်တော်မူပြီး ထိုအမျိုးအစားကို မချစ်၊ ဘုရားသခင်သည် ဤလူအမျိုးအစားကို ကယ်တင်တော်မူပြီး ထိုအမျိုးအစားကို မကယ်တင်၊ ဤလူအမျိုးအစားသည် ဘုရားသခင်၏ ဖယ်ရှားရှင်းလင်းခြင်းကို ခံရပြီး၊ ထိုအမျိုးအစားသည် ဘုရားသခင်အတွက် ဘာမျှ အဓိပ္ပာယ်မရှိ စသည်ဖြင့် ပြောဆိုရန် အခြေခံအဖြစ် အသုံးပြုရန် ဘုရားသခင်၏ နှုတ်ကပတ်တော်အချို့ကို ရှာဖွေကြသည်။ ဤပြောဆိုချက်များသည် ကောက်ချက်များ မဟုတ်ကြပါလော။ ဤကောက်ချက်များသည် အမှန်စင်စစ် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် မကိုက်ညီကြပေ။ သူတို့ ရှာဖွေသော အခြေခံအချက်များသည် အမှန်တကယ်တွင် အခြေအနေနှင့်မကိုက်ညီဘဲ ထုတ်နုတ်ကိုးကားထားခြင်း ဖြစ်သည်၊ ၎င်းတို့သည် ကွဲပြားသော အခြေအနေများနှင့် သက်ဆိုင်ပြီး ၎င်းတို့သည် ကွဲပြားသော ပြောဆိုချက်များ ဖြစ်ကြသည်။ ဤသည်မှာ လုံးဝ မှားယွင်းသော အနက်ဖွင့်ဆိုခြင်း ဖြစ်သည်။ သူတို့သည် အနှစ်သာရကို ထွင်းဖောက်မမြင်ကြဘဲ၊ စည်းမျဉ်းစည်းကမ်းများကို စိတ်ကူးပေါက်သလိုအသုံးချကြသည်။ သို့သော် ပိုင်းခြားသိမြင်မှု မရှိသောသူတို့သည် ဤမှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အဆိုများကို ကြားပြီးနောက် အဆိပ်သင့်ပြီး အထင်အမြင်မှားစေခြင်းကို ခံကြရကာ၊ သူတို့၏ စိတ်နှလုံးထဲ၌ အပျက်သဘောဆောင်လာကြပြီး၊ ပြောဆိုခဲ့သောအရာသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အခြေခံသောကြောင့်၊ ၎င်းသည် တိကျရမည်ဟု ထင်မှတ်ကြသည်။ သူတို့သည် ဤမှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အဆိုများထဲမှ ချို့ယွင်းချက်များကို ရှာဖွေရန် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နောက်ပိုင်းတွင် ဂရုတစိုက် မဖတ်ရှုကြဘဲ၊ ထိုအစား ၎င်းတို့သည် မှန်ကန်သည်ဟု အပြည့်အဝ ယုံကြည်ကြသည်။ သူတို့သည် အထင်အမြင်မှားစေခြင်းကို ခံနေကြရသည် မဟုတ်လော။ အကယ်၍ သမ္မာတရားကို နားလည်သော မည်သူမျှ သူတို့နှင့် မိတ်သဟာယမဖွဲ့ပါက၊ ၎င်းသည် အလွန် အန္တရာယ်ရှိသည်။ အနည်းဆုံးအားဖြင့်၊ ဤလူများသည် ခြောက်လမှ တစ်နှစ်အထိ အပျက်သဘောဆောင်နိုင်သည်၊ ၎င်းသည် သူတို့၏ အသက်ဝင်ရောက်မှုကို နှောင့်နှေးကြန့်ကြာစေရုံသာမက၊ အကယ်၍ သူတို့သည် ဆုတ်ခွာပြီး ယုံကြည်ခြင်းကို စွန့်လွှတ်ပါက၊ သူတို့သည် လုံးဝ ပျက်စီးသွားမည်ဖြစ်ပြီး ဘုရားသခင်၏ ကယ်တင်ခြင်းကို လုံးလုံး ဆုံးရှုံးသွားပေမည်။ ထို့ကြောင့်၊ သမ္မာတရားကို နားမလည်သော ဝိညာဉ်ရင့်ကျက်မှု နည်းပါးသည့် လူတို့သည် စာတန်၏ အထင်အမြင်မှားစေခြင်းကို ခံရမည့် ကြီးမားသော အန္တရာယ်၌ ရှိနေကြသည်။ သမ္မာတရားကို နားလည်သောသူတို့သာလျှင် ဘေးကင်းပြီး တည်ငြိမ်ကြသည်။ အကယ်၍ တစ်နေ့တွင် သင်သည် လူတို့ကို အထင်အမြင်မှားစေရန် ကောလာဟလများ ဖြန့်ဝေနေသော တစ်စုံတစ်ဦးနှင့် အမှန်တကယ် ကြုံတွေ့ပါက၊ အထိရောက်ဆုံးသော နည်းလမ်းမှာ မိတ်သဟာယဖွဲ့ရန် သမ္မာတရားကို နားလည်သော တစ်စုံတစ်ဦးကို လျင်မြန်စွာ ရှာဖွေရန် ဖြစ်သည်။ ထိုသို့မှသာ သင်သည် ဤအခြေအနေမှ ကယ်တင်ခံရနိုင်မည် ဖြစ်သည်။ စည်းမျဉ်းစည်းကမ်းများကို မျက်စိမှိတ် အသုံးချသော ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု မရှိသူတို့ထံမှ အကူအညီကို ရှာဖွေခြင်းသည် ပြဿနာကို ဖြေရှင်းရန် ပျက်ကွက်ရုံသာမက သင့်ကို ပို၍ အထင်အမြင်မှားစေလိမ့်မည်။ သို့ဖြစ်၍၊ အထင်အမြင်မှားစေခြင်းကို ခံရခြင်းသည် ဘာသာတရား၌သာ ဖြစ်ပျက်သော တစ်စုံတစ်ရာ မဟုတ်ပေ။ သင်သည် ဘုရားသခင်ကို ယုံကြည်ပြီး အသင်းတော် အသက်တာကို အသက်ရှင်လျှင်ပင်၊ အကယ်၍ သင်သည် သမ္မာတရားကို မလိုက်စားပါက၊ သင်သည် အထင်အမြင်မှားစေခြင်းကို အလွယ်တကူ ခံရဆဲ ဖြစ်နိုင်ပါသည်။ သင်သည် သုံးနှစ်မှ ငါးနှစ်၊ သို့မဟုတ် ခုနစ်နှစ်မှ ရှစ်နှစ်အထိ ယုံကြည်ခဲ့ပြီးလျှင်ပင်၊ အကယ်၍ သင်သည် သမ္မာတရားကို မရရှိသေးပါက၊ သင်သည် အထင်အမြင်မှားစေခြင်းကို ခံရမည့် အန္တရာယ်၌ ရှိနေဆဲ ဖြစ်သည်၊ အထူးသဖြင့်၊ အယူအဆများ မကြာခဏ ရှိတတ်ပြီး မကြာခဏ အပျက်သဘောဆောင်တတ်သောသူတို့သည် အထင်အမြင်မှားစေခြင်းကို ခံရရန် အဖြစ်နိုင်ဆုံး ဖြစ်ကြပြီး မည်သည့်အချိန်၌မဆို ဘုရားသခင်ကို သစ္စာဖောက်နိုင်ကြသည်။ အကြောင်းမှာ စာတန်သည် မျိုချရန် လူတို့ကို ရှာဖွေလျက်၊ ဟောက်သော ခြင်္သေ့ကဲ့သို့ မြေကြီးပေါ် လှည့်လည်သောကြောင့် ဖြစ်သည်၊ ဤသည်မှာ အမှန်တရားတစ်ခု ဖြစ်သည်။ ဤစာတန်ကား မည်သူနည်း။ ၎င်းမှာ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ပြီး သမ္မာတရားကို မုန်းတီးသောသူအားလုံး ဖြစ်သည်၊ အန္တိခရစ်များ၊ အယောင်ဆောင်ခေါင်းဆောင်များ၊ ထိုအဓိပ္ပာယ်မရှိသောသူများနှင့် အခြားသူတို့ကို အထင်အမြင်မှားစေသောသူများ အပါအဝင် ဖြစ်သည်၊ သူတို့အားလုံးသည် စာတန်များ ဖြစ်ကြသည်။ ဤလူများသည် နေရာတိုင်း၌ လှည့်လည်ကြပြီး၊ သူတို့ သွားလေရာရာ၌ ဘုရားသခင် ရွေးချယ်ထားသောသူများကို အထင်အမြင်မှားစေပြီး နှောင့်ယှက်ကြသည်၊ သို့ဖြစ်၍ သူတို့အားလုံးသည် ဘုရားသခင်ကို အတိုက်အခံပြုသော နတ်ဆိုးများ ဖြစ်ကြသည်။ ဘုရားသခင် ရွေးချယ်ထားသောသူများသည် သူတို့ အထင်အမြင်မှားစေခြင်းကို မခံရဘဲ ခိုင်မာစွာ ရပ်တည်နိုင်ကြဖို့ သေချာစေရန် အထူးသဖြင့် သတိဝီရိယရှိသင့်သည်။

အသင်းတော်၌ အချို့သော ယုံကြည်သူအသစ်များ သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားလည်နိုင်စွမ်းမရှိသည့် အစွမ်းအစ အလွန်ညံ့ဖျင်းသူများသည် အမျိုးမျိုးသော ကောလာဟလများ၏ အထင်အမြင်မှားစေခြင်း၊ လွှမ်းမိုးခြင်းနှင့် နှောင့်ယှက်ခြင်းတို့ကို မကြာခဏ ခံကြရသည်မှာ ငြင်းမရနိုင်ပေ။ ကောလာဟလများကို လုပ်ကြံဖန်တီးသူများသည် သာမန်ကာလျှံကာ ကောက်ချက်တစ်ခုဖြင့် လူတစ်စုကို အလွယ်တကူ ဆွဲချနိုင်သည်။ ၎င်းတို့ မဆင်မခြင် ရှေ့နောက်မစဉ်းစားဘဲ ပြောဆိုလိုက်သည့် စကားလုံးများနှင့် ပြောဆိုချက်များသည် အချို့လူတို့ကို အပျက်သဘောဆောင်စေကာ အားနည်းစေပြီး မိမိတို့၏ တာဝန်ကို ထမ်းဆောင်လိုစိတ်မရှိဖြစ်စေနိုင်သည်။ ဘုရားအိမ်တော်က ခေါ်သည့်အခါ ဤလူတို့သည် ငြင်းပယ်ရန်နှင့် ရှောင်လွှဲရန် အမျိုးမျိုးသော အကြောင်းပြချက်များနှင့် ဆင်ခြေများကို ရှာဖွေလျက် ကြောက်ရွံ့မှုများဖြင့် ပြည့်နေကြသည်။ သိသာထင်ရှားစွာပင် အသင်းတော်၌ ကောလာဟလများကို လုပ်ကြံဖန်တီးသူတို့သည် မည်သည့်အခန်းကဏ္ဍတွင် ပါဝင်လုပ်ဆောင်ကြသနည်း။ ၎င်းတို့သည် သေချာပေါက် စာတန်၏ အစေခံများအဖြစ် ပြုမူကြပေသည်။ ဥပမာအားဖြင့် အချို့လူများက “သင်သည် သင်၏ တာဝန်ကို ထမ်းဆောင်သည့်အခါ အရန်အစီအစဉ်တစ်ခု ရှိရန် လိုအပ်သည်။ ဘုရားအိမ်တော်က သင့်ကို တာဝန်တစ်ခု ထမ်းဆောင်ရန် ခေါ်ပြီး သင်က ကောင်းစွာမထမ်းဆောင်လျှင် ဘုရားအိမ်တော်က သင့်ကို အချိန်မရွေး အသုံးမပြုတော့ဘဲ နေနိုင်သည်။ ထိုအချိန်တွင် သင်အိမ်ပြန်သွားပါက သင်သည် အဆင်ပြေဖို့ ခက်ခဲလိမ့်မည်။ ထိုအခါ သင့်ကို မည်သူကမျှ ထောက်ပံ့မည် မဟုတ်ပါ”ဟု ပြောဆိုကြသည်။ ဤစကားသည် “ကြည်နူးအားရဖွယ်”ဖြစ်ပုံရသည် မဟုတ်လော။ ယင်းသည် လူ့ခံစားချက်များနှင့် ကိုက်ညီပြီး အတော်ပင် ချစ်ခင်ကာ စာနာတတ်ပုံရသော်လည်း ဤစကားများထဲတွင် ဘုရားသခင်၏ စိတ်နှလုံးကို ထောက်ထားခြင်း တစ်ခုတလေကို သင်တွေ့ရှိသလော။ ယင်းတို့သည် လူတို့အား အားပေးမှု၊ ထောက်ပံ့ပေးခြင်း၊ အကူအညီ သို့မဟုတ် ခွန်အားပေးခြင်း တစ်ခုတလေကို ပေးသလော။ (မပေးပါ။) လူတို့အား အရန်အစီအစဉ်တစ်ခု ပြင်ဆင်ရန် ပြောခြင်းသည် ထိုလူတို့ကို ဆွဲထားခြင်းဖြစ်သည် မဟုတ်လော။ ဤအရာအားဖြင့် ၎င်းတို့သည် မည်သည့်အရာကို ဆိုလိုသနည်း။ “သင်သည် သတိရှိရမည်၊ ဘုရားသခင်က မျက်နှာလွှဲခဲပစ် လုပ်ကောင်း လုပ်နိုင်သည်”ဟူ၍ ဖြစ်သည်။ ဤသည်မှာ ၎င်းတို့က လူတို့ထဲတွင် စိုက်ပျိုးသည့် အဆိပ်အတောက် ဖြစ်သည်။ ဤအရာကို ကြားပြီးနောက် လူတို့က “မှန်ပေသည်၊ ကျွန်ုပ်သည် အဘယ်သို့ဖြစ်ပြီး ဤမျှ မိုက်မဲနိုင်ရသနည်း။ ကျွန်ုပ်၏အိမ်ကို ကျွန်ုပ် ရောင်းလုနီးပါးဖြစ်ခဲ့သည်။ ကျွန်ုပ်၏ တာဝန်ကို ကောင်းစွာမထမ်းဆောင်သည့်အပြင် ဖြုတ်ချခံရလျှင် ပြန်သွားရန် အိမ်တစ်လုံးပင် ရှိတော့မည် မဟုတ်ပါ။ ကံကောင်းထောက်မ၍ သူတို့က ကျွန်ုပ်ကို သတိပေးခဲ့သည်။ မဟုတ်လျှင် မိုက်မဲသောအရာတစ်ခုကို ကျွန်ုပ် လုပ်မိပေမည်”ဟု စဉ်းစားကြသည်။ အလွန် “ကြင်နာသော” သတိပေးချက်ပါတကား။ သို့သော် ယင်းထဲတွင် အဆိပ်အတောက် အတော်များများရှိပြီး ယင်းသည် နက်ရှိုင်းလှသည်တကား။ သင်တို့သည် ထိုသို့သော ကောလာဟလများကို ကြားဖူးသလော။ ၎င်းတို့သည် အင်မတန် ကြီးမားသော “ချစ်ခြင်းမေတ္တာ”ဖြင့် လူတို့အပေါ် အလွန်ကောင်းပုံရသည်၊ အလွန်ထောက်ထားတတ်ပုံရသည်၊ ဤလူတို့သည် ၎င်းတို့ စကားပြောဆိုသည့်သူများနှင့် ဆွေမျိုးများလည်း မဟုတ်သကဲ့သို့ မိတ်ဆွေများလည်း မဟုတ်ပေ။ ၎င်းတို့အကြားတွင် မည်သည့်သွေးသားတော်စပ်မှုမျှ မရှိပေ။ ၎င်းတို့အားလုံးသည် ဘုရားသခင်ကို ယုံကြည်သောကြောင့်သာ ဤလူတို့သည် ၎င်းတို့ စကားပြောဆိုသည့်သူများအပေါ် ထိုမျှကြီးမားသော “ချစ်ခြင်းမေတ္တာ” ရှိနိုင်ခြင်း ဖြစ်သည်။ လူတို့က “ဤသည်မှာ အမှန်ပင် ဘုရားသခင်၏ ကွယ်ကာခြင်း ဖြစ်သည်တကား။ သို့ဆိုလျှင် ကျွန်ုပ်သည် အမှုအရာများကို ဦးစွာ သေချာစဉ်းစားခြင်းက ပိုကောင်းမည်။ ကျွန်ုပ်သည် ကျွန်ုပ်၏ တာဝန်ကို သွားထမ်းဆောင်သည့်အခါ အမြဲတစေ ဝတ်ကျေတမ်းကျေဖြစ်နေလျှင်၊ ကျွန်ုပ် နှင်ထုတ်ခံရလျှင် မည်သည့်အရာ လုပ်ရမည်နည်း။ သို့ဖြစ်၍ ကျွန်ုပ်၏ တာဝန်ကို ထမ်းဆောင်သည့်အခါ ကျွန်ုပ် သတိထားရန် လိုအပ်သည်။ ကျွန်ုပ်ကို အမြင်ကောင်းစေမည့် အလုပ်ကို ပို၍လုပ်ဆောင်သင့်သည်၊ အမှားများလုပ်မိခြင်းကို ရှောင်ရှားသင့်ပြီး အမှားများလုပ်မိလျှင်ပင် အခြားသူများကို သိခွင့်ပေး၍မရပါ။ ထိုနည်းအားဖြင့် ကျွန်ုပ်သည် နှင်ထုတ်ခံရမည်မဟုတ်၊ မှန်သလော။ ကျွန်ုပ် နှင်ထုတ်ခံရလျှင်ပင် ကိစ္စမရှိပါ။ ကျွန်ုပ်တွင် အရန်အစီအစဉ်တစ်ခု ရှိသည်၊ စုဆောင်းငွေများရှိပြီး ကျွန်ုပ်၏အိမ် ရှိနေသေးသည်။ ဘုရားသခင်သည် လူတို့၏ ခံစားချက်များကို မထောက်ထားသည့်အပြင် လူ့ဇာတိဆိုင်ရာ ခံစားချက်များဖြင့် မလုပ်ဆောင်ခြင်းသာ ဖြစ်သည် မဟုတ်လော။ မည်သို့ပင်ဖြစ်စေ ကြောက်ရွံ့စရာ အဘယ်အရာရှိသနည်း။ လူတို့သည် မိမိတို့၏ ခံစားချက်များအတိုင်း လုပ်ဆောင်ကြသည်၊ လူ့လောကတွင် နေရာတိုင်း၌ ချစ်ခြင်းမေတ္တာ ရှိသည်တကား”ဟု တွေးထင်ကြသည်။ ဤ“ကြည်နူးအားရဖွယ်” ပြောဆိုချက်တစ်ခုသည် လူတို့အကြားတွင် “ခင်မင်ရင်းနှီးမှု”ကို ဖန်တီးပေးသော်လည်း ယင်းက ဘုရားသခင်ကို မည်သည့်နေရာတွင် ထားသနည်း။ ယင်းက ဘုရားသခင်ကို တတိယဦးစားပေး သို့မဟုတ် စတုတ္ထဦးစားပေး ဖြစ်စေသည်၊ ဘုရားသခင်သည် မယုံကြည်ထိုက်သူဖြစ်ပြီး လူတို့သာလျှင် ယုံကြည်ထိုက်သူများဖြစ်သည့်အလား၊ လူတို့သာလျှင် အခြားသူများကို ထောက်ထားတတ်သည့်အလား ဘုရားသခင်ကို အပြင်လူတစ်ဦး ဖြစ်စေသည်။ ဤပြောဆိုချက်တစ်ခုသည် ထိုသို့သော သိသာထင်ရှားသည့် အကျိုးသက်ရောက်မှုတစ်ခုကို ဖြစ်ပေါ်စေသည်၊ ယင်းမှာ အလွန် “အချိန်ကိုက်” ဖြစ်သည်တကား။ သင်တို့သည် ထိုသို့သော စကားများကို ကြားရခြင်းအား နှစ်သက်သလော။ ၎င်းတို့၏ စကားများထဲတွင် မလိုမုန်းထားမှု ဖုံးကွယ်ထားသည်ကို သင်တို့သိသော်လည်း တစ်စုံတစ်ဦးက သင်တို့ကို အရိပ်အမြွက်ပြနိုင်ရန်၊ သင်တို့ကို ကူညီနိုင်ရန်၊ ရှေ့တွင် မည်သည့်အရာရှိသည်ကို သင်တို့မသိသည့်အခါ ထိုနေရာသို့ ရောက်ဖူးသောသူတစ်ဦးထံမှ သတိပေးစကားတစ်ခုကို သင်တို့အား ပေးနိုင်ရန်၊ သင်တို့အား ရင်ထဲမှစကားတစ်ခွန်း ပြောနိုင်ရန် သင်တို့ မျှော်လင့်နေဆဲဖြစ်သည်။ ဤပြောဆိုချက်သည် အလွန် “အရေးပါ” လှသည်၊ အလွန် “အရေးကြီး” လှသည်တကား။ ဤသည်မှာ ၎င်းတို့၏ စကားများကို လုံးလုံးလျားလျား ယုံကြည်လက်ခံနေခြင်း မဟုတ်လော။ ဤကောလာဟလကို လုပ်ကြံဖန်တီးသူ၏ “မဆင်မခြင်” ပြောသော စကားများသည် လူများကို စည်းရုံးသိမ်းသွင်းပြီး ဘုရားသခင်ကို သစ္စာဖောက်ပြီးဖြစ်သည်။ ဤလုပ်ဆောင်ချက်သည် မည်သို့ရှိသနည်း။ ယင်းမှာ လျောက်ပတ်သလော။ (မလျောက်ပတ်ပါ။) ဤသူသည် မည်သည့် လူစားမျိုးဖြစ်သည်ဟု သင်တို့ ပြောမည်နည်း။ လူတို့၏ အမြင်တွင် ၎င်းသည် လူကောင်းတစ်ဦး၊ ကြင်နာတတ်သူတစ်ဦး ဖြစ်သော်လည်း သမ္မာတရားကို နားလည်သောသူတို့၏ အမြင်တွင် ဤသူသည် နားဝေတိမ်တောင်ဖြစ်သူတစ်ဦး ဖြစ်သည်။ ၎င်းတို့၏ လုပ်ဆောင်ချက်များနှင့် အပြုအမူများမှ အကဲဖြတ်ရသော် ၎င်းတို့သည် စာတန်၏ အစေခံတစ်ဦးအဖြစ် လုံးလုံးလျားလျား ပြုမူကြသည်၊ ၎င်းတို့သည် အစစ်အမှန် နတ်ဆိုးတစ်ကောင် ဖြစ်သည်။ ဤသို့ပြောခြင်းသည် တိကျမှန်ကန်သလော။ (တိကျမှန်ကန်ပါသည်။) အလွန် တိကျမှန်ကန်သည်တကား။ ယင်းမှာ အနည်းငယ်မျှပင် မလွဲချော်ပေ။ ၎င်းတို့သည် ဘုရားသခင်ကို သတိထားရှောင်ရန်၊ ဘုရားသခင်ကို ဆန့်ကျင်ရန် လူတိုင်းကို စည်းရုံးပြီး လူတို့ကို တည်ဆောက်ပေးနိုင်သည့် စကားတစ်ခွန်းကိုမျှ မပြောဆိုကြပေ။ အဘယ်ကြောင့် ၎င်းတို့ မပြောဆိုသနည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏ စိတ်နှလုံးသည် ဘုရားသခင်အပေါ် ရန်လိုမှုနှင့် အမုန်းတရားတို့ဖြင့် ပြည့်နေသောကြောင့် ဖြစ်သည်၊ ၎င်းတို့၏ သဘာဝအနှစ်သာရသည် စာတန်၏ သဘာဝအနှစ်သာရဖြစ်ပြီး ၎င်းတို့သည် ပင်ကိုအားဖြင့် ဘုရားသခင်ကို အတိုက်အခံလုပ်ကာ ဆန့်ကျင်ဘက်တွင် ရပ်တည်ကြသည်။ အချို့လူများက “သူတို့သည် ပင်ကိုအားဖြင့် ဘုရားသခင်ကို ဆန့်ကျင်ဘက်တွင် ရပ်တည်ကြသည်၊ သို့ဆိုလျှင် အဘယ်ကြောင့် ၎င်းတို့သည် ဘုရားသခင်နောက် လိုက်နေကြသေးသနည်း”ဟု ပြောဆိုကြသည်။ ကောင်းချီးမင်္ဂလာများ ရရှိရန် ဖြစ်သည်။ ၎င်းတို့သည် ဘုရားအိမ်တော်မှ ကောင်းချီးပေးခြင်းခံရသည့် ရလဒ်ကို အချောင်ရယူလိုကြသော်လည်း မည်သည့်အဖိုးအခကိုမျှ ပေးလိုခြင်း သို့မဟုတ် သမ္မာတရားကို လိုက်စားလိုခြင်း မရှိကြပေ။ ၎င်းတို့သည် ဘုရားသခင်၏အလုပ်ကို ဖျက်လိုဖျက်ဆီးလုပ်လိုသည်၊ ဘုရားသခင် ရွေးချယ်ထားသောလူတို့ကို နှောင့်ယှက်လိုပြီး ထိုသူတို့ကို ဘုရားသခင်နှင့် ခပ်ကင်းကင်းနေစေကာ ဘုရားသခင်ကို သစ္စာဖောက်စေလိုကြသည်။ ထိုသို့သောလူသည် ဧကန် အစစ်အမှန် နတ်ဆိုးတစ်ကောင် ဖြစ်သည်။ သို့သော် အချို့သော မိုက်မဲသည့်လူများသည် ထိုသို့သောလူတို့၏ နတ်ဆိုးဆန်သော မျက်နှာများကို အမြဲတစေ ထိုးထွင်းမမြင်နိုင်ကြသည့်အပြင် သတိမမူနိုင်ကြပေ။ ဤလူတို့ပြောဆိုသည့် လူ့အယူအဆများနှင့်လည်းကောင်း၊ လူ့ဇာတိဆိုင်ရာ ခံစားချက်များ၏ လိုအပ်ချက်များနှင့်လည်းကောင်း ကိုက်ညီသော နတ်ဆိုးဆန်သော စကားများအားလုံးကို ၎င်းတို့ လက်ခံနိုင်သည်။ ဤလူတို့၏ အထင်အမြင်မှားစေခြင်းအောက်တွင် ၎င်းတို့သည် ဘုရားသခင်ကို အချိန်မရွေး သစ္စာဖောက်ပြီး ငြင်းပယ်နိုင်သည်။ ၎င်းတို့သည် သူ့ကို မငြင်းပယ်လိုလျှင်ပင် ယင်းမှာ ၎င်းတို့၏ ထိန်းချုပ်မှုထက် ကျော်လွန်နေသည်။ စာတန်၊ နတ်ဆိုးများနှင့် စာတန်၏ အစေခံများသည် အလွန်ပင် မသိမသာဒုက္ခပေးတတ်ပြီး လှည့်ဖြားတတ်ကြသည်တကား။ ၎င်းတို့ကိုယ်တိုင်သည် ဘုရားသခင်ကို အတိုက်အခံလုပ်ပြီး သူ့ကို ဆန့်ကျင်လျက် ရပ်တည်ကြသည်၊ ၎င်းတို့သည် သမ္မာတရားကို စက်ဆုပ်ပြီး လက်မခံကြသည့်အပြင် ပိုများသောလူတို့အား ဘုရားသခင်နောက်လိုက်ခြင်းနှင့် သမ္မာတရားကို လိုက်စားခြင်းတို့မှပင် တားဆီးလိုကြသည်။ ဘုရားအိမ်တော်၌ ဤလူတို့သည် စာတန်အတွက် စကားပြောဆိုကာ ပြုမူလျက် စာတန်၏ တန်ဆာပလာဖြစ်ခြင်းဟူသည့် အခန်းကဏ္ဍမှ ပါဝင်ကြသည်။ ၎င်းတို့သည် လူတို့အား ပိုင်းခြားသိမြင်နိုင်စွမ်း၌ ကြီးထွားလာစေရန် အထူးအသုံးပြုခံရသည့် အဖြည့်ခံများအဖြစ် အစေခံကြသည်။ သို့ဖြစ်၍ ၎င်းတို့ပြောဆိုသည့် အမှုအရာများစွာသည် အပေါ်ယံအားဖြင့် အလွန်အမင်း ပြဿနာရှိပုံမရပေ။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် သက်သေအထောက်အထားအချို့နှင့် စကားအချို့ကို ရှာဖွေလျက် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မကြာခဏ ကိုးကားကြပြီး ထို့နောက်တွင် ၎င်းတို့ပြောဆိုသည့်အရာသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အလွန်ကိုက်ညီပုံပေါက်စေလျက် အချို့သော တန်ဆာဆင်မှုများကို ဖြည့်စွက်ကြသည်။ သို့သော် အချက်တစ်ချက်မှာ သေချာသည်။ ၎င်းတို့ပြောဆိုသည့်အရာသည် သမ္မာတရားနှင့် ဆန့်ကျင်နေသည်။ သင်သည် ၎င်းတို့ပြောဆိုသည့်အရာကို ကြားသည့်အခါ မှန်ကန်သည်ဟု ထင်ကောင်းထင်ရနိုင်သော်လည်း ယင်းကို ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သေချာနှိုင်းယှဉ်ကြည့်လျှင် ယင်းသည် အခြေခံအားဖြင့် သမ္မာတရားနှင့် မကိုက်ညီကြောင်းကို သင် ပိုင်းခြားသိမြင်နိုင်သည်။ ၎င်းတို့ပြောဆိုသည့် ထိုဟုတ်မှန်သယောင်ရှိသော်လည်း စင်စစ်မှားနေသော စကားများအားလုံးသည် စာတန်ထံမှ လာပေသည်။ ၎င်းတို့သည် ဘုရားသခင်ကို စမ်းသပ်နေကြသည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များအတွင်းမှ နိုင်ကွက်ရရန် ကြိုးစားနေကြသည်၊ ဘုရားသခင်ကို ပြစ်တင်ရှုတ်ချရန်နှင့် ဘုရားသခင် ရွေးချယ်ထားသောလူတို့ကို အထင်အမြင်မှားစေရန် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တလွဲအဓိပ္ပာယ်ကောက်ကာ ထိုလူတို့ကို ဘုရားသခင်နှင့်ပတ်သက်၍ ထင်ကြေးပေးစေခြင်း၊ အထင်လွဲမှားစေခြင်း၊ သစ္စာဖောက်စေခြင်းနှင့် ငြင်းပယ်စေခြင်း စသည်တို့ကို ဖြစ်စေသည်။ ထို့ကြောင့် အန္တိခရစ်များနှင့် ဆိုးယုတ်သောလူများအပြင် အခြားသူများကို အထင်အမြင်မှားစေရန် ကောလာဟလများကို လုပ်ကြံဖန်တီးသူများသည်လည်း အသင်းတော်၌ ပိုင်းခြားသိမြင်သင့်သည့်၊ သတိထားကာ ဖယ်ထုတ်သင့်သည့် လူအမျိုးအစားတစ်ရပ် ဖြစ်သည်။

စ။ အခြေအမြစ်မရှိသော ကောလာဟလများ ဖြန့်ဝေသူတို့ကို ပိုင်းခြားသိမြင်ခြင်းနှင့် ၎င်းတို့ကို ကိုင်တွယ်ခြင်းအတွက် စည်းမျဉ်းများ

အခြားသူတို့ကို အထင်အမြင်မှားစေရန် ကောလာဟလများ ဖန်တီးသော အသင်းတော်အတွင်းရှိ ထိုသူတို့ကို ငါတို့ မည်သို့ ပိုင်းခြားသိမြင်သင့်သနည်း။ ပထမဦးစွာ၊ ကောလာဟလများ ဖန်တီးသောသူတို့သည် သမ္မာတရားကို လုံးဝ မလိုက်စားကြပေ၊ သူတို့သည် ၎င်းကို အလွန်အမင်း မနှစ်မြို့ကြပေ။ ထို့အပြင်၊ သူတို့သည် နတ်ဆိုးဆန်သော စကားအမျိုးမျိုးနှင့် အဓိပ္ပာယ်မဲ့သော ပြောဆိုချက်များကို မကြာခဏ ဖန်တီးကြပြီး၊ ဝိညာဉ်ရင့်ကျက်မှု နည်းပါးသော၊ တိမ်သောအခြေခံအုတ်မြစ်ရှိသော၊ သမ္မာတရားကို နားမလည်သော ညီအစ်ကိုမောင်နှမအချို့ကို အထင်အမြင်မှားစေရန်နှင့် ဆွဲဆောင်ရန် ၎င်းတို့ကို အသုံးပြုကြသည်။ သူတို့ ရရှိသော အကျိုးသက်ရောက်မှုမှာ အသင်းတော် အသက်တာ၏ ပုံမှန် အစီအစဉ်ကို နှောင့်ယှက်ခြင်းနှင့် ပျက်စီးစေခြင်း၊ လူတို့၏ ပုံမှန် လိုက်စားမှုကို နှောင့်ယှက်ပြီး သူတို့ကို မှန်ကန်သော လမ်းခရီးမှ လမ်းလွဲစေခြင်း၊ လူတို့ကို အပျက်သဘောဆောင်ပြီး အားနည်းစေခြင်း၊ သူတို့၏ တာဝန်များကို စွန့်လွှတ်ပြီး ဘုရားသခင်ကို ယုံကြည်ခြင်းကို စွန့်ပယ်သည်အထိပင် ဖြစ်စေခြင်း ဖြစ်သည်၊ ဤသည်က သူတို့ကို သာ၍ပင် ပျော်ရွှင်စေသည်။ ထို့ကြောင့်၊ ကောလာဟလများ ဖန်တီးသောသူတို့ကို စာတန်၏ အစေခံများဟု ခေါ်ဆိုခြင်းသည် လုံးဝ တိကျသော ဖော်ပြချက် ဖြစ်သည်၊ ဤသည်မှာ ထိုသို့သော လူတို့၏ စစ်မှန်သော မျက်နှာနှင့် အနှစ်သာရ ဖြစ်ပြီး၊ ပိုင်းခြားသိမြင်ရန် လွယ်ကူသည်။ အချို့သောသူတို့၌ အနည်းငယ် ဆင်ခြင်တုံတရား ရှိသည်၊ သူတို့သည် သမ္မာတရားကို ကိုယ်တိုင် မချစ်မြတ်နိုးသော်လည်း၊ သူတို့သည် အခြားသူတို့ သမ္မာတရားကို မည်သို့ လိုက်စားသည်ကို ထင်မြင်ယူဆချက်များ မပေး သို့မဟုတ် ဝင်ရောက်စွက်ဖက်ခြင်း မပြုကြပေ။ ဤလူတို့ကို လျစ်လျူရှုနိုင်သည်။ သို့သော် အချို့သောသူတို့သည် သမ္မာတရားကို လိုက်စားသောသူတို့ကို မနာလိုဖြစ်ပြီး မုန်းတီးကြသည်၊ သူတို့သည် အချို့သော ရည်ရွယ်ချက်များကို သိုထားလျက် သူတို့ကို အစဉ်သဖြင့် တရားစီရင်ပြီး တိုက်ခိုက်ကြသည်၊ သူတို့ကို ပြစ်တင်ရှုတ်ချရန် ခုတုံးပင်လုပ်ကြသည်။ ထိုသို့သော လူတို့ကို သတိထားသင့်သည်။ ဤလူတို့ ဆိုသောစကားသည် အလွန်ပင် မှန်ကန်သည်၊ ကျိုးကြောင်းဆီလျော်သည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ တိုက်ရိုက်အဓိပ္ပာယ်နှင့် ကိုက်ညီသည်ဟု ထင်ရနိုင်သော်လည်း၊ စေ့စပ်သော ပိုင်းခြားသိမြင်မှု ပြုလျှင်၊ ၎င်းသည် များသောအားဖြင့် လိမ်လည်မှုများနှင့် ကောလာဟလများ၊ လုံးဝ အဓိပ္ပာယ်မဲ့သော စကားများ ဖြစ်သည်။ ဤအပေါ်ယံကြည့်ကောင်းသော ကောလာဟလများနှင့် လိမ်လည်မှုများကို ပိုင်းခြားသိမြင်သင့်သည်။ အချို့သောသူများက “ကျွန်ုပ်သည် ဘုရားသခင်ကို အချိန်တိုအတွင်းသာ ယုံကြည်ခဲ့သည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အနည်းငယ်သာ ဖတ်ရှုခဲ့သည်၊ သမ္မာတရားကိုလည်း နားမလည်ပါ။ ကောလာဟလများနှင့် လိမ်လည်မှုများကို ကျွန်ုပ် မည်သို့ ပိုင်းခြားသိမြင်နိုင်မည်နည်း” ဟု ဆိုကြသည်။ တစ်ခုတည်းသော နည်းလမ်းမှာ၊ ယနေ့မှစ၍၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းအပေါ် ပို၍ အာရုံစိုက်ရန် နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲ၌ သမ္မာတရားကို ပို၍ ရှာဖွေရန်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်၏ စိတ်နှလုံးထဲ၌ အမြစ်စွဲစေရန် ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ လမ်းညွှန်မှုဖြင့် နှင့် သမ္မာတရားအတိုင်း ကိစ္စရပ်များကို ရှုမြင်ခြင်းဖြင့်၊ သင်၌ ပိုင်းခြားသိမြင်မှု ရှိလိမ့်မည်။ ဤလူများ ဖြန့်ဝေသော ကောလာဟလများသည် သင့်အပေါ် မည်သည့်အကျိုးသက်ရောက်မှုမျှ ရှိတော့မည် မဟုတ်ဘဲ သင်၏ ပုံမှန် လိုက်စားမှုကို နှောင့်ယှက်လိမ့်မည် မဟုတ်ပေ။ သူတို့ မည်သည့် ကောလာဟလများကို ဆွေးနွေးသည်ဖြစ်စေ သို့မဟုတ် မည်သို့သော အဓိပ္ပာယ်မဲ့သော စကားများကို ပြောဆိုသည်ဖြစ်စေ မသက်ဆိုင်ဘဲ၊ သင်သည် ၎င်းကို ကြားပြီးနောက် တုန်လှုပ်ခြင်း ရှိမည် မဟုတ်သကဲ့သို့၊ သင်သည် အပျက်သဘောဆောင်ပြီး အားနည်းသွားမည်လည်း မဟုတ်ပေ၊ သို့မဟုတ် ထို့ထက်ပို၍ ဘုရားသခင်အပေါ် မည်သည့် နားလည်မှုလွဲမှားခြင်းများမျှ ရှိတော့မည် မဟုတ်ပေ၊ သင်သည် မှန်ကန်သော လားရာ၌ လိုက်စားခြင်းအပေါ်သာ အာရုံစိုက်ပေမည်။ ဤသည်မှာ သင့်၌ ခုခံနိုင်စွမ်း ရှိသည်ဟု ဆိုလိုသည်။ ထိုသို့သော စာတန်၏ အစေခံများသည် အသင်းတော်အတွင်း၌ မည်သည့် အကျိုးသက်ရောက်မှုမျှ ရှိတော့မည် မဟုတ်ပေ။ ကောလာဟလများကို မည်သို့ ပိုင်းခြားသိမြင်ရမည်ကို သင်ယူရန် ဖြတ်လမ်းမရှိပေ။ တစ်ခုတည်းသော နည်းလမ်းမှာ တရားဒေသနာများကို ပို၍ နားထောင်ရန်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပို၍ ဖတ်ရှုရန်နှင့် သမ္မာတရားကို ပို၍ မိတ်သဟာယဖွဲ့ရန် ဖြစ်သည်။ သင်သည် သမ္မာတရားကို နားလည်မှု ရရှိသောအခါ၊ သင်၌ ပိုင်းခြားသိမြင်မှု သဘာဝအတိုင်း ရှိလာပေမည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းနှင့် သမ္မာတရားကို မိတ်သဟာယဖွဲ့ခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ၎င်းမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းမှတစ်ဆင့် သမ္မာတရားကို နားလည်ရန်နှင့် ထိုကောလာဟလများနှင့် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အဆိုများကို ပိုင်းခြားသိမြင်ရန် ဖြစ်သည်။ အကယ်၍ ထိုကောလာဟလများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဆန့်ကျင်ပြီး ကွဲလွဲသည်ကို၊ သမ္မာတရားနှင့် လုံးဝ ဆန့်ကျင်ကွဲလွဲနေသည်ကို သင် မြင်တွေ့ပါက၊ ထိုကောလာဟလများသည် သူ့အလိုလို ပြိုကျသွားပေမည်။ မှန်ပေသည်၊ အချို့သောသူများက “ကျွန်ုပ်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုရန် ကြိုးပမ်းအားထုတ်ခြင်း မရှိခဲ့ပါ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲရှိ သမ္မာတရားမှာ အတိအကျ အဘယ်အရာဖြစ်သည်ကိုလည်း နားမလည်ပါ။ ကျွန်ုပ်သည် အချက်တစ်ချက်ကိုသာ မှတ်မိသည်။ ကျင့်ကြံပြုမူခြင်း ရှုထောင့်မှကြည့်လျှင်၊ ကျွန်ုပ်သည် လူအုပ်နောက် လိုက်ရမည်။ လူအများစု ပယ်ချသော မည်သည့်အရာကိုမဆို၊ ကျွန်ုပ်လည်း ပယ်ချသည်။ လူအများစု လက်ခံသော မည်သည့်အရာကိုမဆို၊ ကျွန်ုပ်လည်း လက်ခံသည်။ ကျွန်ုပ်သည် လူအုပ်နောက်ကိုသာ လိုက်သည်” ဟု ဆိုကြသည်။ ဤသည်မှာ မှန်ကန်ပါသလော။ (မမှန်ကန်ပါ။) တစ်ခါတစ်ရံ လူအုပ်သည်လည်း မှားယွင်းတတ်ပြီး၊ လူအုပ်နောက် လိုက်ခြင်းသည် သူတို့နှင့်အတူ အမှားများ ပြုလုပ်ခြင်းဟု ဆိုလိုသည်။ သမ္မာတရားကိုနားလည်သူတို့နောက်သို့လိုက်ရန် သင် သင်ယူရမည်။ ဤသည်ကသာ ကောင်းသောနည်းလမ်းတစ်ခုဖြစ်သည်။

အခြေအမြစ်မရှိသော ကောလာဟလများ ဖြန့်ဝေခြင်းသည် အသင်းတော်၌ မကြာခဏ ဖြစ်ပျက်သော အရာတစ်ခု ဖြစ်သည်။ ဤပြဿနာသည် အဓိက ပြဿနာတစ်ရပ် မဟုတ်သော်ငြားလည်း၊ ဘုရားသခင် ရွေးချယ်ထားသောသူများအပေါ် ၎င်း၏ အနှောင့်အယှက်နှင့် အန္တရာယ်မှာ မသေးငယ်ပေ။ အနည်းဆုံးအားဖြင့်၊ ၎င်းသည် လူတို့ကို အပျက်သဘောဆောင်ပြီး အားနည်းစေနိုင်သည်။ အဆိုးဆုံးအားဖြင့်၊ ၎င်းသည် လူတို့ကို ဘုရားသခင်ထံမှ ဝေးကွာသွားစေပြီး ကိုယ်တော့်ကို သစ္စာဖောက်စေသည်အထိပင် ဖြစ်စေနိုင်သည်။ ထို့ကြောင့်၊ ကောလာဟလများ ဖြန့်ဝေခြင်းကို လျစ်လျူရှု၍ မရနိုင်ပေ။ ၎င်းသည် အသင်းတော်၌ ဖြစ်ပွားသည်နှင့်တစ်ပြိုင်နက်၊ ၎င်းကို ချက်ချင်း တားဆီးပြီး ကန့်သတ်သင့်သည်။ အကယ်၍ အသင်းတော် ခေါင်းဆောင်များသည် ထုံထိုင်းပြီး ဉာဏ်ထိုင်းကာ၊ တကယ့်အလုပ်ကို မလုပ်နိုင်ဘဲ၊ ဤပြဿနာကို မတွေ့ရှိနိုင်ပါက၊ သို့သော် အစွမ်းအစကောင်း ရှိသော အချို့သောသူတို့၊ သမ္မာတရားကို လိုက်စားပြီး နားလည်သောသူတို့သည် ၎င်းကို ရှာဖွေတွေ့ရှိပါက၊ ထိုအခါ ဒုတိယ အုပ်စုသည် ဤပြဿနာကို ဖြေရှင်းရန် ရှေ့တက်လာသင့်သည်။ သဘောတူညီမှုတစ်ခုသို့ ရောက်ရှိရန်နှင့် အတည်ပြုချက်ကို ရယူရန် လူများစွာတို့နှင့်အတူ ရှာဖွေခြင်းနှင့် မိတ်သဟာယဖွဲ့ခြင်းမှတစ်ဆင့် ကောလာဟလများ ဖြန့်ဝေနေခြင်း ဖြစ်ကြောင်း ဆုံးဖြတ်ပြီးသည်နှင့်တစ်ပြိုင်နက်၊ လူတို့သည် ပြဿနာကို ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေသင့်သည်။ အကယ်၍ မှတ်ချက်စကားတစ်ခုခုသည် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အဆိုတစ်ခု ဖြစ်ကြောင်း ရှင်းလင်းခြင်း မရှိပါက၊ ၎င်းကို မျက်စိမှိတ်၍ မသတ်မှတ်နှင့်။ ထင်ရှားပြီး မှားစရာမရှိသော၊ ကောလာဟလများနှင့် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အဆိုများအဖြစ် လွယ်ကူစွာ ပိုင်းခြားသိမြင်နိုင်သော မှတ်ချက်စကားများအတွက်မူ၊ လူတိုင်း ၎င်းတို့ကို ပိုင်းခြားသိမြင်နိုင်ရန်အလို့ငှာ ၎င်းတို့ကို ချက်ချင်း ဖော်ထုတ်ပြီး စိစစ်သင့်သည်။ အကယ်၍ သင်သည် တစ်စုံတစ်ဦး ပြောဆိုသောအရာမှာ ကောလာဟလတစ်ခု သို့မဟုတ် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အဆိုတစ်ခု ဟုတ်မဟုတ်ကို ထိုသူက ဝါကျ တစ်ကြောင်း သို့မဟုတ် နှစ်ကြောင်း ပြောဆိုသည်ကို ကြားပြီးနောက် ပိုင်းခြားသိမြင်နိုင်ခြင်း မရှိပါက၊ သင်သည် ၎င်းကို သတိဖြင့် ကိုင်တွယ်သင့်ပြီး ကောက်ချက်များကို မျက်စိမှိတ် မဆွဲသင့်ပေ။ ရှင်းလင်းစွာ ပိုင်းခြားသိမြင်ရန် ထိုသူစကားပြောဆိုပြီးသည်အထိ စောင့်ဆိုင်းလော့။ ၎င်းသည် ကောလာဟလတစ်ခု သို့မဟုတ် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အဆိုတစ်ခု ဖြစ်ကြောင်း အတည်ပြုပြီးသည်နှင့်တစ်ပြိုင်နက်၊ ဤပုဂ္ဂိုလ်ကို ချက်ချင်း တားဆီးပြီး ကန့်သတ်သင့်သည်။ အကယ်၍ ထပ်ခါတလဲလဲ သတိပေးဆုံးမခြင်းများနှင့် ကန့်သတ်ချက်များသည် သူတို့ကို မကန့်သတ်နိုင်ဘဲ၊ သူတို့သည် ကောလာဟလများကို ဆက်လက်၍ ဆက်တိုက်ဖြန့်ဝေနေပါက၊ သူတို့ကို အသင်းတော်မှ ရှင်းလင်းဖယ်ထုတ်သင့်သည်။ အသင်းတော်၌ ကောလာဟလများ ဖြန့်ဝေနေသော တစ်စုံတစ်ဦးကို ရှာဖွေတွေ့ရှိသည့်အခါ အဘယ်အရာ လုပ်ဆောင်ရမည် နှင့် မည်သို့ လက်တွေ့လုပ်ဆောင်ရမည်အပေါ် စည်းမျဉ်းနှင့် လမ်းကြောင်းသည် ရှင်းလင်းပါသလော။ (ရှင်းပါသည်။)

ကောလာဟလများ၏ အကြောင်းအရာသည် ငါဖော်ပြခဲ့သည့် အဓိကပြဿနာများသာ ပါဝင်သည်မဟုတ်ပေ။ ပြုပြင်ခြင်းနှင့်ပတ်သက်သည့် မှတ်ချက်များ သို့မဟုတ် ဘုရားအိမ်တော်က မည်သူ့ကို အသုံးပြုပြီး မည်သူ့ကို ဖယ်ရှားရှင်းလင်းသည်ဟူသည့်အကြောင်းနှင့် အခြား မမှန်ကန်သည့် ပြောဆိုချက်များကဲ့သို့သော တိုလီမုတ်စ အချက်များသာဖြစ်သည့် ကောလာဟလအချို့လည်း ရှိသေးသည်။ အသင်းတော်ကို လုံးလုံးလျားလျား သန့်စင်ခြင်းမပြုမီတွင် အယောင်ဆောင်ခေါင်းဆောင်များ၊ အန္တိခရစ်များ၊ အမျိုးမျိုးသော ဆိုးယုတ်သောလူများ၊ နားဝေတိမ်တောင်ဖြစ်သောလူများ၊ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှုမရှိသည့် ဉာဏ်မရှိသူများ ရှိကြသည်။ ယင်းထဲတွင် လူမျိုးစုံရှိသည်။ လိမ်ညာသူများနှင့် ကောလာဟလများကို လုပ်ကြံဖန်တီးသူများသည် မြင်နေကျ မြင်ကွင်းတစ်ခုဖြစ်ပြီး လူတို့အကြားတွင် ကောလာဟလမျိုးစုံနှင့် နတ်ဆိုးဆန်သော စကားမျိုးစုံ ရှိသည်။ တစ်ဖက်တွင် ဤကောလာဟလများနှင့်ပတ်သက်၍ လူတို့သည် ယင်းတို့ကို ဝေဖန်သုံးသပ်ရန် ပုံမှန်ဆင်ခြင်တုံတရား ရှိဖို့ လိုအပ်သည်။ အခြားတစ်ဖက်တွင် ဘုရားသခင်၏အမှုတော်၊ ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်၊ ဘုရားသခင်ကိုယ်တော်တိုင်နှင့် ဘုရားအိမ်တော်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များအပြင် အခြားကိစ္စရပ်များပါဝင်သည့် ပို၍ဆိုးရွားသော ကောလာဟလများအတွက်မူ လူတို့သည် ဤအရာများကို ပိုင်းခြားသိမြင်ရန် သမ္မာတရားရှိဖို့ လိုအပ်သည်။ အပြင်ပိုင်းကိစ္စရပ်များအတွက် လူတို့သည် ယင်းတို့ကိုဝေဖန်သုံးသပ်ရန် ပုံမှန်လူ့သဘာဝ၏ ဆင်ခြင်တုံတရား ရှိဖို့ လိုအပ်သည်။ ဘုရားသခင်၏အမှုတော်နှင့် သမ္မာတရားတို့ ပါဝင်သည့် ကိစ္စရပ်များအတွက်မူ လူတို့သည် ယင်းတို့ကို ပိုင်းခြားသိမြင်ရန်အတွက် သမ္မာတရား လက်တွေ့ကျမှုနှင့် ဝိညာဉ်ရင့်ကျက်မှု ရှိရန် လိုအပ်သည်။ တိုတိုပြောရလျှင် ကောလာဟလအမျိုးအစား မည်သို့ပင်ဖြစ်စေ လူတို့သည် ယင်းတို့ကို လက်မခံသင့်သည့်အပြင် ပိုင်းခြားသိမြင်ကာ ငြင်းပယ်သင့်သည်။ အချို့လူတို့သည် သမ္မာတရားကို မလိုက်စားသည့်အပြင် ဤကောလာဟလများဖြင့် အသက်ရှင်ကြသည်မှာ အမှန်ပင်ဖြစ်သည်။ ယနေ့တွင် တစ်စုံတစ်ဦးက စကားတစ်ခုကို ဖြန့်ဝေပြီး လမ်းလွဲစေသောအခါ ဤလူတို့သည် ထိုနောက်သို့ လိုက်လုပ်ကြသည်။ နက်ဖြန်တွင် အခြားစကားတစ်ခုက နောက်ထပ် လမ်းလွဲစေသောအခါ ၎င်းတို့သည် ထိုနောက်သို့ လိုက်လုပ်ကြပြန်သည်။ ဥပမာအားဖြင့် အချို့သော ခေါင်းဆောင် သို့မဟုတ် အမှုဆောင်က သက်သေခံချက်ဆောင်းပါးများကို ရေးသားနိုင်သောသူများသည် စုံလင်အောင်ပြုခြင်းကို ခံရနိုင်သည်ဟု ပြောဆိုသောကြောင့် ၎င်းတို့က ဆောင်းပါးများရေးသားခြင်းကို လေ့ကျင့်ကြသည်၊ စာပေကို လေ့လာပြီး အရင်းအမြစ်များကို ရှာဖွေကြသည်။ နောက်တစ်နေ့တွင် အခြားခေါင်းဆောင် သို့မဟုတ် အမှုဆောင်တစ်ဦးက မိမိတို့၏ တာဝန်ကို ထမ်းဆောင်သောသူများသည် ကယ်တင်ခြင်းကို ခံရနိုင်သည်ဟု ပြောဆိုသောကြောင့် ၎င်းတို့သည် တာဝန်ထမ်းဆောင်ခြင်းဖြင့် မိမိတို့ကိုယ်ကို အလုပ်များစေတော့သည်။ သို့သော် ၎င်းတို့ မည်မျှ အလုပ်များသည်ဖြစ်စေ အရေးကြီးဆုံးသော ကိစ္စရပ်ဖြစ်သည့် သမ္မာတရားနှင့် အသက်ဝင်ရောက်မှုတို့ကို လိုက်စားခြင်းနှင့်ပတ်သက်၍ ၎င်းတို့သည် မည်သည့်အခါမျှ စိုးရိမ်ပူပန်ခြင်း သို့မဟုတ် စိတ်ဝင်စားခြင်း မရှိကြပေ။ အသင်းတော်ရှိ မတူညီသော အုပ်စုများကြား ဖွဲ့စည်းဖြစ်ပေါ်သည့် အမျိုးမျိုးသော ကောက်ကျစ်ဆိုးယုတ်သည့် ရေပန်းစားမှုများသည် အချို့လူတို့ကို အမြဲတစေ တစ်ပါတည်းဆွဲဆောင်သွားသည်။ အသင်းသားများအကြားတွင် ဖြစ်ပေါ်သည့် အမျိုးမျိုးသော ကောလာဟလများသည် အချို့လူတို့ကို အမြဲတစေ အထင်အမြင်မှားစေပြီး လွှမ်းမိုးသည်။ သို့သော်လည်း ၎င်းတို့ကြားရသည့် ဤကောလာဟလများကို စိတ်မဝင်စားသည့်အပြင် အာရုံမစိုက်သည့် အချို့လူများလည်း ရှိသေးသည်။ ၎င်းတို့သည် ဘုရားအိမ်တော် လုပ်ဆောင်နေသည့် မည်သည့်အလုပ်ကိုမျှ အရေးမစိုက်ကြပေ။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်းအား စိတ်မဝင်စားကြသည့်အပြင် စစ်မှန်သော ယုံကြည်သူများလည်း မဟုတ်ကြပေ။ ဤလူတို့သည် အမည်ခံ ယုံကြည်သူများ ဖြစ်ကြသည်။ အတော်အတန် ပိုမိုကောင်းမွန်သည့် အခြားလူတစ်စုလည်း ရှိသေးသည်။ ၎င်းတို့သည် သမ္မာတရားကို ရှာဖွေနိုင်ပြီး သမ္မာတရားကို လက်ခံနိုင်သောကြောင့် ဤအပျက်သဘောဆောင်သော အရာများနှင့် အပျက်သဘောဆောင်သော လူတို့၏ ထိခိုက်စေခြင်းကို မခံကြရပေ။ ဝိညာဉ်ရင့်ကျက်မှု သေးငယ်ပြီး အခြေခံအုတ်မြစ်မရှိသည့်အပြင် သမ္မာတရားကို လုံးဝမလိုက်စားသောသူတို့သာလျှင် မတူညီသော စကားများနှင့် မှတ်ချက်များ၏ ဩဇာလွှမ်းမိုးခြင်းကို အမြဲခံကြရသည်။ ဤလူတို့သည် အမြဲတစေ လိုက်လုပ်ကြသောကြောင့်၊ ပြဿနာလှုံ့ဆော်ဖို့အတွက် အမျိုးမျိုးသော ကောလာဟလများကို လုပ်ကြံဖန်တီးသည့် လူအချို့ အမြဲရှိနေသည်။ ဤအရာကသာ ဘုရားသခင်ကို ယုံကြည်ခြင်းအား သက်ဝင်လှုပ်ရှားစေပြီး စိတ်လှုပ်ရှားဖွယ်ဖြစ်စေကာ ငြီးငွေ့ဖွယ်မဖြစ်စေကြောင်းနှင့် ၎င်းတို့ အရေးပါသည်ဟု ခံစားရစေရန်အတွက် တစ်ခုတည်းသော နည်းလမ်းဖြစ်ကြောင်း ၎င်းတို့က ခံစားကြရသည်။ ဤအရာများသည် ယုံကြည်သူအသစ်များအကြားတွင် မကြာခဏ ဖြစ်ပေါ်တတ်သည်။ အသင်းတော်တစ်ခုသည် ကောလာဟလများ ဖြန့်ဝေခြင်းနှင့် လူတို့ အထင်အမြင်မှားစေခြင်းတို့ဖြင့် ပြည့်နှက်နေပါက ထိုအသင်းတော်၌ သမ္မာတရားကို နားလည်သောသူ အလွန်နည်းပါးသည်မှာ သေချာသည်ဟု ဆိုလိုသည်။ အသင်းတော်၌ အထက်တွင်ဖော်ပြခဲ့သော လူတို့သည် မသမာသော ကြံရွယ်ချက်များရှိသူတို့ ဖန်တီးသည့် မည်သည့်ကောလာဟလများနှင့် မည်သည့်သွေးထိုးလှုံ့ဆော်မှုများကိုမဆို လိုက်နာကြသည်။ ယင်းမှာ အလွန် ပြဿနာဖြစ်စေတတ်သည်။ ဤသည်မှာ တစ်စိတ်တစ်ပိုင်းအားဖြင့် ညံ့ဖျင်းသော အစွမ်းအစကြောင့်ဖြစ်ပြီး သမ္မာတရားကို နားမလည်ခြင်းနှင့်ဆိုင်သည့် စစ်မှန်သော သရုပ်သကန်တစ်ခုလည်း ဖြစ်သည်။ သမ္မာတရားကို နားမလည်သောသူ မည်သူမဆို ပြောဆိုသည့်အရာအများစုသည် လက်တွေ့မကျသည့်အပြင် မသန့်စင်မှုများဖြင့် ရောနှောနေသည်။ တိတိကျကျ ပြောရလျှင် ထိုအရာအားလုံးသည် လိမ်ညာမှုများသာ ဖြစ်သည်။ အကယ်၍ ယင်းက ကြံရွယ်ချက်များနှင့် ရည်ရွယ်ချက်များကို သယ်ဆောင်ထားပါက ယင်းသည် လိမ်ညာမှုတစ်ခုသာမက သာ၍ပင် စာတန်၏ အကြံအစည်တစ်ခုနှင့် ဆိုးယုတ်သောလူတို့၏ ပူးပေါင်းကြံစည်မှုတစ်ခု ဖြစ်သည်။ ထို့ကြောင့် သမ္မာတရားမရှိသော လူတို့ပြောဆိုသည့်အရာ အများစုသည် နတ်ဆိုးဆန်သော စကားဖြစ်ပြီး ယုံကြည်ရမည့်အရာ မဟုတ်ပေ။

ကောလာဟလများကို ဖြန့်ဝေခြင်းဟူသည့် အကြောင်းအရာနှင့်ပတ်သက်၍ မိတ်သဟာယဖွဲ့ခြင်းက ဤတွင် ပြီးဆုံးသည်။ ကောလာဟလများကို ဖြန့်ဝေခြင်းဟူသည့် ဤကိစ္စရပ်သည် လူတို့ကို အထုတ်ဖော်ဆုံးဖြစ်ပြီး မတူညီသော လူတို့၏ အပြုအမူများကို ရှင်းလင်းစွာ မြင်တွေ့ခွင့်ပေးသည်။ ကောလာဟလများနှင့် ထိုကောလာဟလများကို ဖြန့်ဝေသောသူတို့အပေါ် မည်သည့် သဘောထားမျိုးထားရှိသင့်သည်ကိုလည်းကောင်း၊ ၎င်းတို့ကို ကိုင်တွယ်ရန် မည်သည့် နည်းလမ်းများအား အသုံးပြုသင့်သည်ကိုလည်းကောင်း သင်တို့ ယခု နားလည်သင့်ပေပြီ၊ မှန်သလော။ (မှန်ပါသည်။) သင်တို့ နားလည်သည်နှင့်တစ်ပြိုင်နက် ထိုသို့သော ကိစ္စရပ်များကို တစ်ဖန် ကြုံတွေ့ရသည့်အခါ သင်တို့သည် ယင်းတို့ကို ငါတို့၏ မိတ်သဟာယဖွဲ့ခြင်းနှင့် နှိုင်းယှဉ်သင့်ပြီး ဤပြဿနာများကို ဖြေရှင်းရန် အမှန်ကန်ဆုံးသော နည်းလမ်းများကို အသုံးပြုသင့်သည်။ ဤသည်မှာ စည်းမျဉ်းများနှင့် ကိုက်ညီပေသည်။

၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။