ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၁၉) အခန်း တစ်

အချက် ၁၂- ဘုရားသခင်၏ အလုပ်နှင့် အသင်းတော်၏ ပုံမှန်အစီအစဉ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သော အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို အချိန်မီ တိကျစွာ ဖော်ထုတ်သတ်မှတ်လော့။ ပြီးလျှင် ၎င်းတို့ကို တားဆီးကာ ချုပ်ချယ်ကန့်သတ်ပြီး အခြေအနေများကို ပြန်လည်ကောင်းမွန်အောင် ပြုလုပ်လော့။ ထို့အပြင် ဘုရားသခင် ရွေးချယ်ထားသောလူများက ထိုသို့သောအရာများမှတစ်ဆင့် ပိုင်းခြားသိမြင်နိုင်စွမ်း တိုးပွားလာပြီး ယင်းတို့ထံမှ သင်ယူတတ်မြောက်စေရန် သမ္မာတရားကို မိတ်သဟာယဖွဲ့လော့ (အပိုင်း ၇)

အသင်းတော်အသက်တာကို နှောင့်ယှက်ပြီး အဖျက်အမှောင့်လုပ်သည့် အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများ

မလျော်ကန်သော ဆက်ဆံရေးများတွင် ပါဝင်ပတ်သက်သူများကို ကိုင်တွယ်ခြင်းအတွက် စည်းမျဉ်းများ

ဘုရားသခင်၏ အလုပ်နှင့် အသင်းတော်၏ ပုံမှန်အစီအစဉ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သည့် အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများနှင့်စပ်လျဉ်း၍၊ ငါတို့သည် ယင်းတို့ကို စုစုပေါင်း အချက်ဆယ့်တစ်ချက်အဖြစ် ခွဲခြားခဲ့ပြီးဖြစ်သည်။ ယခင်က၊ ငါတို့သည် ဆဋ္ဌမမြောက်အချက်ဖြစ်သည့် မလျော်ကန်သော ဆက်ဆံရေးများတွင် ပါဝင်ပတ်သက်ခြင်းကို မိတ်သဟာယဖွဲ့ခဲ့ကြသည်။ ဤအရာက အဓိကအားဖြင့် မည်သည့်အရာကို ရည်ညွှန်းသနည်း။ အခြားသူများကို မဆင်မခြင် သွေးဆောင်ဖြားယောင်းခြင်းနှင့် ရာဂစိတ်ပြင်းထန်သော တပ်မက်မှုဆိုင်ရာ ဆက်ဆံရေးများတွင် ပါဝင်ပတ်သက်ခြင်းတို့ ဖြစ်သည်။ ဤကဏ္ဍနှင့်စပ်လျဉ်း၍ မည်သည့်အရာကို မိတ်သဟာယဖွဲ့ခဲ့သနည်း။ အသင်းတော်တွင် ထိုသို့သောလူများ ပေါ်လာသည့်အခါ ၎င်းတို့ကို မည်သို့ ကိုင်တွယ်သင့်သနည်း။ မည်သည့်ဖြေရှင်းချက်များ ရှိသနည်း။ ငါတို့သည် မသိကျိုးကျွံပြုပြီး ယင်းကို အတားအဆီးမဲ့ဖြစ်စေသင့်သလော သို့မဟုတ် သမ္မာတရား စည်းမျဉ်းများအတိုင်း ပြဿနာကို ဖြေရှင်းသင့်သလော။ ငါတို့သည် ယင်းကို ရှောင်ရှားသင့်သလော သို့မဟုတ် ပါဝင်ပတ်သက်သူများကို မေတ္တာဖြင့် လွှမ်းမိုးသင့်သလော။ ငါတို့သည် ၎င်းတို့ထံ သမ္မာတရားကို မိတ်သဟာယဖွဲ့သင့်သလော သို့မဟုတ် ၎င်းတို့ကို သတိပေးပြီး ရှင်းလင်းပစ်သင့်သလော။ မည်သည့်နည်းလမ်းမှာ ကိုင်တွယ်ဖြေရှင်းရန် အသင့်တော်ဆုံးဖြစ်သနည်း။ (ပါဝင်ပတ်သက်သူများကို သတိပေးပြီး ချုပ်ချယ်ကန့်သတ်ပါ။ ၎င်းတို့ကို ချုပ်ချယ်ကန့်သတ်၍မရပါက ရှင်းလင်းပစ်ပါ။) ၎င်းတို့ကို မည်သို့ ချုပ်ချယ်ကန့်သတ်သင့်သနည်း။ ဤအရာကို လုပ်ဆောင်ရန် လွယ်ကူသလော။ ထိုသို့သော ကိစ္စရပ်များ ဖြစ်ပွားသည့်အခါ၊ ပါဝင်ပတ်သက်သူများကို ချုပ်ချယ်ကန့်သတ်ရန် ယေဘုယျအားဖြင့် သိပ်မလွယ်ကူပေ။ အချို့လူများသည် ထိုသို့သောအခြေအနေကို သတိပြုမိပြီး သင့်တင့်လျောက်ပတ်ခြင်းမရှိဟု ခံစားရသော်လည်း ဖွင့်ပြောရန် ရှက်ကြောက်နေကြသည်။ အချို့လူများသည် သွယ်ဝိုက်၍ အရိပ်အမြွက်ပြောကောင်းပြောနိုင်သော်လည်း ပါဝင်ပတ်သက်သူများက နားထောင်ချင်မှ နားထောင်ပေမည်။ အခြားသူများကို မဆင်မခြင် သွေးဆောင်ဖြားယောင်းနိုင်သော လူအားလုံး၏ လူ့သဘာဝသည် မည်သို့ရှိသနည်း။ ၎င်းတို့သည် ဂုဏ်သိက္ခာရှိပြီး ဖြောင့်မှန်သောသူများ ဖြစ်ကြသလော။ ၎င်းတို့သည် သန့်ရှင်းသူတို့၏ သင့်တင့်လျောက်ပတ်သော အမူအကျင့်ရှိသူများ ဖြစ်ကြသလော။ ၎င်းတို့သည် ဂုဏ်သိက္ခာနှင့် အရှက်တရားရှိသောသူများ ဖြစ်ကြသလော။ (မဟုတ်ပါ။) တစ်စုံတစ်ဦးက ၎င်းတို့အား စကားလုံးများဖြင့် သတိပေးရုံမျှသတိပေးလျှင် သို့မဟုတ် သမ္မာတရားကို ပုံမှန်အတိုင်း မိတ်သဟာယဖွဲ့ရုံမျှဖွဲ့လျှင် ထိုအရာက ပြဿနာကို ဖြေရှင်းနိုင်သလော။ မဖြေရှင်းနိုင်ပေ။ ထိုသို့သော ကိစ္စရပ်တစ်ခု ဖြစ်ပွားသည့်အခါ၊ ယင်းမှာ ၎င်းတို့၏ စိတ်နှလုံးထဲတွင် အချိန်အတော်ကြာ အစပျိုးနေပြီးဖြစ်သည်ကို ဆိုလိုသည်။ ထိုအချိန်တွင် ထိန်းချုပ်ရန် လွယ်ကူသလော။ ကူညီခြင်းနှင့် မေတ္တာဖြင့် ၎င်းတို့ကို လွှမ်းမိုးရန် ကြိုးပမ်းခြင်းက ပြဿနာကို ဖြေရှင်းနိုင်သလော။ (မဖြေရှင်းနိုင်ပါ။) သို့ဆိုလျှင် အကောင်းဆုံးသော ဖြေရှင်းချက်မှာ အဘယ်နည်း။ ထိုသို့သောလူများကို ရှင်းလင်းပစ်ရန်၊ ဘုရားသခင်ကို စစ်မှန်စွာ ယုံကြည်ပြီး မိမိတို့၏ တာဝန်များကို ထမ်းဆောင်သောသူများနှင့် ၎င်းတို့ကို သီးခြားခွဲထားရန်နှင့် အခြားသူများကို ဆက်လက်၍ နှောင့်ယှက်ကာ ထိခိုက်နစ်နာစေခွင့် မပြုရန် ဖြစ်သည်။

လက်ရှိတွင် အချို့သော အသင်းတော်များ၌ အမျိုးသားများနှင့် အမျိုးသမီးများ အချင်းချင်း သွေးဆောင်ဖြားယောင်းသည့် ဖြစ်ရပ်များ အမြဲ ပေါ်ပေါက်နေသည်။ ဤလူတို့သည် အခွင့်အရေးရသရွေ့ အထူးသဖြင့် လျှပ်ပေါ်လော်လည်စွာ ပြုမူကာ မည်သည့်ရှက်စိတ်မျှ မရှိဘဲ၊ အချင်းချင်း သွေးဆောင်ဖြားယောင်းကြသည်။ အမျိုးသမီးအများအပြားကို သွေးဆောင်ဖြားယောင်းခဲ့သည့် အမျိုးသားတစ်ဦးအကြောင်း ငါ ကြားခဲ့ရသည်။ သူသည် လေးနက်သော ပိုးပန်းခြင်းကို မလုပ်ဆောင်ဘဲ သူတွေ့သည့် မည်သည့်အမျိုးသမီးကိုမဆို မဆင်မခြင် သွေးဆောင်ဖြားယောင်းပြီး တွယ်ကပ်နေခြင်းသာ ဖြစ်သည်။ အချို့လူများက “သူသည် ပုံမှန်အတိုင်း ဆက်ဆံနေခြင်းသာ ဖြစ်သည်။ ဤသည်မှာ သူ၏ ဆက်ဆံပုံဆက်ဆံနည်းသာ ဖြစ်သည်” ဟု ပြောဆိုကြသည်။ လူအများစုက ထိုဆက်ဆံပုံနည်းလမ်းသည် တည်ဆောက်စရာမဖြစ်ဘဲ၊ ရွံရှာဖွယ်ဖြစ်ပြီး စက်ဆုပ်ဖွယ်ဖြစ်သည်ဟု မြင်ကြသည်။ ဤသည်မှာ ပြဿနာတစ်ခု မဟုတ်လော။ ထိုသို့သော ဆက်ဆံရေးများက သင့်တင့်လျောက်ပတ်မှုမရှိကြောင်းကို ဤအရာက သက်သေပြနိုင်သလော။ အကယ်၍ လူနှစ်ဦး ချိန်းတွေ့ခြင်းသည် ၎င်းတို့၏ တာဝန်ထမ်းဆောင်မှုကိုသာမက အခြားသူများ၏ တာဝန်ထမ်းဆောင်မှုကိုပါ ထိခိုက်ပါက ၎င်းတို့ကို ချုပ်ချယ်ကန့်သတ်သင့်သည်။ ၎င်းတို့အား အသင်းတော်အသက်တာအတွင်း၌၊ အထူးသဖြင့် အချိန်ပြည့်တာဝန်ထမ်းဆောင်သော အသင်းတော်၌ ချိန်းတွေ့ခွင့်မပြုသင့်ပေ။ အဘယ်ကြောင့်ဆိုသော် ဤအရာသည် အခြားသူများ၏ တာဝန်ထမ်းဆောင်မှုကို ထိခိုက်ပြီး အသင်းတော်အလုပ်အတွက် အန္တရာယ်ရှိသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် မိမိတို့၏ တာဝန်များကို အာရုံစိုက်နိုင်သည့်အခါ၊ မိမိတို့တာဝန်များထမ်းဆောင်ရန် အချိန်ပြည့်တာဝန်ထမ်းဆောင်သော အသင်းတော်သို့ ပြန်လာနိုင်သည်။ အချို့သည် အလေးအနက်ထား ချိန်းတွေ့ခြင်းမရှိဘဲ၊ ထိုအစား မဆင်မခြင် သွေးဆောင်ဖြားယောင်းကာ အခြားသူများကို တွယ်ကပ်ခြင်း၊ ရာဂစိတ်ပြင်းထန်သော တပ်မက်မှုများဖြင့် ကစားခြင်း၊ အသင်းတော်အသက်တာကို နှောင့်ယှက်ခြင်း၊ လူတို့၏ စိတ်အခြေအနေများကို ထိခိုက်စေခြင်းနှင့် အခြားသူများကို နှောင့်ယှက်ခြင်းတို့ကို ပြုလုပ်ကြသည်။ ဤအခြေအနေသည် အသင်းတော်အလုပ်ကို နှောင့်ယှက်ခြင်းဖြစ်ပြီး စည်းမျဉ်းများအတိုင်း ဖြေရှင်းကာ ကိုင်တွယ်သင့်သည်။ ဤလူတို့ကို အချိန်မီ သီးခြားခွဲထုတ်ပြီး ရှင်းလင်းပစ်သင့်သည်။ ဤပြဿနာသည် ကိုင်တွယ်ရန် လွယ်ကူသလော။ မည်သူ့ကိုမျှ အသင်းတော်အသက်တာနှင့် အသင်းတော်အလုပ်ကို နှောင့်ယှက်ကာ အဖျက်အမှောင့်လုပ်ခွင့် မပြုသင့်ပေ။ ပြီးလျှင် ထိုသို့သော ပြဿနာများကို စည်းမျဉ်းများအတိုင်း ကိုင်တွယ်သင့်သည်။ အချို့လူများက “အကယ်၍ သူတို့ကို ကိုင်တွယ်ဖြေရှင်းလိုက်ပါက သူတို့၏ တာဝန်များကို ယူမည့်သူ မည်သူမျှ ရှိတော့မည်မဟုတ်သည့် အခြေအနေများတွင် သူတို့ကို ကိုင်တွယ်ဖြေရှင်း၍မရပါ။ သူတို့အား မိမိတို့အလိုရှိသည့်အတိုင်း ဆက်လက်လုပ်ဆောင်ပြီး အခြားသူများကို သွေးဆောင်ဖြားယောင်းခွင့် ပြုသင့်သည်။ သူတို့ မည်သို့ပင် အခြားသူများကို သွေးဆောင်ဖြားယောင်းပါစေ၊ ခွင့်ပြုသင့်သည်” ဟု ပြောဆိုကြသည်။ ဘုရားအိမ်တော်တွင် ထိုသို့သော စည်းမျဉ်းရှိသလော။ ထိုသို့သောလူများကို မည်သို့ကိုင်တွယ်ရမည်နှင့်ပတ်သက်၍ နောက်ဆုံးစုဝေးပွဲ၏ မိတ်သဟာယဖွဲ့ခြင်းတွင် ထိုသို့သော စည်းမျဉ်းတစ်ခု ရှိခဲ့သလော။ (မရှိခဲ့ပါ။) ထိုသို့သောအခြေအနေများကို ကြုံတွေ့ရသည့်အခါ၊ အသင်းတော်ခေါင်းဆောင်များနှင့် ကြီးကြပ်ရေးမှူးများသည် စိတ်ရှုပ်ထွေးလာကြပြီး မည်သို့ကိုင်တွယ်ရမည်ကို မသိကြဘဲ၊ ဤလူတို့အား အသင်းတော်ထဲတွင် မဆင်မခြင် သွေးဆောင်ဖြားယောင်းခွင့်ပြုကြသည်။ ယင်းက လူအများစုကို မသက်မသာဖြစ်စေပြီး တည်ဆောက်စရာမဖြစ်သည့်အပြင်၊ မိမိတို့၏ စိတ်နှလုံးထဲတွင် ရွံရှာစက်ဆုပ်နေသော်လည်း ဖွင့်မပြောဝံ့ဘဲ ကြိတ်မှိတ်ခံစားနေရစေသည်။ ခေါင်းဆောင်များနှင့် ကြီးကြပ်ရေးမှူးများသည် အသင်းတော်အလုပ်နှင့် ဘုရားအိမ်တော်သည် ဤလူများမရှိဘဲ မဖြစ်နိုင်ဟုလည်းကောင်း၊ အကယ်၍ ဤမဆင်မခြင် သွေးဆောင်ဖြားယောင်းသူများကို နှင်ထုတ်ပါက၊ အလုပ်လုပ်မည့်သူ နည်းသွားမည်ဟုလည်းကောင်း ယုံကြည်ကြသည်။ ဤဆင်ခြင်တွေးခေါ်မှုစနစ်သည် မှန်ကန်သလော။ (မမှန်ကန်ပါ။) မည်သို့ မမှန်ကန်သနည်း။ (ဤလူတို့သည် အလုပ်မလုပ်နိုင်ကြပါ။ သူတို့သည် အလုပ်လုပ်လိုစိတ်မရှိပါ။) ဤသည်မှာ ကွက်တိမှန်ပေသည်။ အခြားသူများကို မဆင်မခြင် သွေးဆောင်ဖြားယောင်းနိုင်သောသူများသည် မည်သို့သောလူစားမျိုးဖြစ်သည်ဟု သင်တို့ ထင်သနည်း။ ၎င်းတို့တွင် ချုပ်တည်းမှု ဘာဆိုဘာမျှမရှိပေ။ ၎င်းတို့သည် မယုံကြည်သူများ၊ ဘာသာတရား မရှိသူများ ဖြစ်ကြသည်။ ၎င်းတို့သည် သမ္မာတရားကို မချစ်မြတ်နိုးခြင်း၊ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ခြင်း၊ ယုံကြည်ခြင်းအနည်းငယ်သာရှိခြင်း၊ ငယ်ရွယ်ခြင်းနှင့် ပေါ့တန်သော အခြေခံအုတ်မြစ်ရှိခြင်းမျှသာ မဟုတ်ပေ။ ထိုမျှသာ မဟုတ်ပေ။ ဘုရားသခင်ကို မယုံကြည်သော ဘာသာတရားမရှိသူအားလုံးသည် မဆင်မခြင် သွေးဆောင်ဖြားယောင်းနိုင်စွမ်း ရှိကြသလော။ ၎င်းတို့အားလုံးသည် ကာမဂုဏ် လိုက်စားသော အပြုအမူများတွင် ပါဝင်နိုင်စွမ်း ရှိကြသလော။ ၎င်းတို့ထဲမှ တစ်စိတ်တစ်ပိုင်းသာ ပါဝင်နိုင်စွမ်းရှိကြသည်။ အနည်းစုက တည်ကြည်မှုနှင့် ဂုဏ်သိက္ခာကို တန်ဖိုးထားဆဲဖြစ်ပြီး၊ မိမိတို့၏ ဂုဏ်သတင်းကို ဂရုစိုက်ကာ၊ မိမိတို့၏ ပြုမူကျင့်ကြံမှုအတွက် အခြေခံစည်းမျဉ်းတစ်ခု ရှိကြသည်။ ဘုရားသခင်ကို ယုံကြည်သူများဟုခေါ်သော ဤလူတို့သည် ဘာသာတရားမရှိသူများထက် မသာကြပေ။ သို့ဖြစ်၍ ၎င်းတို့ကို ဘာသာတရားမရှိသူများနှင့် မယုံကြည်သူများဟု ခေါ်ဆိုခြင်းသည် လွန်ကဲသလော။ (မလွန်ကဲပါ။) ဤလူတို့သည် ဘုရားအိမ်တော်၌ အလုပ်အချို့ကို လုပ်ဆောင်နိုင်သော်လည်း၊ ၎င်းတို့၏ သဘာဝအရ၊ ၎င်းတို့သည် မယုံကြည်သူများနှင့် ဘာသာတရားမရှိသူများ ဖြစ်ကြသည်။ ၎င်းတို့လုပ်ဆောင်သည့် မည်သည့်အရာတွင်မျှ စည်းမျဉ်းများမရှိသည့်အပြင် အခြေခံစည်းမျဉ်းမရှိ၊ ဂုဏ်သိက္ခာမရှိ၊ ရှက်စိတ်မရှိဘဲ ပြုမူကျင့်ကြံကြသည်။ ဘာသာတရားမရှိသူများပင်လျှင် “သစ်ပင်သည် သစ်ခေါက်ကို လိုအပ်သကဲ့သို့ လူတို့သည် ဂုဏ်သိက္ခာကို လိုအပ်သည်” ဟူသော အယူအဆကို ထောက်ခံကြသည်။ သို့ရာတွင် ဤလူတို့သည် မိမိတို့၏ ဂုဏ်သိက္ခာကိုပင် မထိန်းသိမ်းလိုကြပေ။ သို့ဆိုလျှင် ၎င်းတို့သည် သမ္မာတရားကို အလိုရှိနိုင်ကြသလော။ ၎င်းတို့သည် ဘုရားသခင်အတွက် စစ်မှန်စွာ အသုံးခံနိုင်ကြသလော။ ၎င်းတို့သည် မိမိတို့၏ တာဝန်တွင် စည်းမျဉ်းများအတိုင်း ပြုမူနိုင်ကြသလော။ လုံးဝမပြုမူနိုင်ကြပေ။ ၎င်းတို့သည် အလုပ်လုပ်ပေးခြင်း သက်သက် ဖြစ်သည်။ အလုပ်လုပ်ပေးသောသူများသည် မည်သည့်သမ္မာတရားကိုမျှ မပိုင်ဆိုင်ကြပေ။ ၎င်းတို့၏ အလုပ်က အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သည့်အပြင် တာဝန်ထမ်းဆောင်ခြင်း၏ စံနှုန်းကို မပြည့်မီပေ။ အပြင်ပန်းအားဖြင့် ၎င်းတို့သည် မိမိတို့၏ တာဝန်ကို ထမ်းဆောင်နေပုံရသော်လည်း၊ သင်သည် ၎င်းတို့အား စည်းမျဉ်းများကို မည်သို့ပင် မိတ်သဟာယဖွဲ့သည်ဖြစ်စေ၊ ၎င်းတို့သည် တကယ်ကို နားမထောင်ကြပေ။ ၎င်းတို့သည် စည်းမျဉ်းများအတိုင်း မပြုမူဘဲ မိမိတို့အလိုရှိသည့် မည်သည့်အရာကိုမဆို လုပ်ဆောင်ကြသည်။ ဤလူတို့သည် တရားဒေသနာများကို နားထောင်သည့်အခါ၊ ၎င်းတို့၏ အမူအရာနှင့် မျက်နှာထားတို့က မယုံကြည်သူများအဖြစ် ၎င်းတို့၏ အနှစ်သာရကို ဖော်ထုတ်သည်။ အခြားသူများသည် တည့်မတ်စွာထိုင်ကာ အလေးအနက်နှင့် စူးစိုက်စွာ နားထောင်ကြသော်လည်း၊ ဤလူတို့သည် မည်သို့ နားထောင်ကြသနည်း။ အချို့သည် မကြာခဏ အကြောဆန့်ကာ သမ်းဝေလျက်၊ ကောင်းစွာမထိုင်ဘဲ၊ စားပွဲကိုမှီ၍ လူသားနှင့် မည်သည့်အရာမျှ မတူကြပေ။ လူနှင့် မည်သည့်အရာမျှ မတူသည့် ထိုသူများသည် မည်သို့သောလူစားမျိုး ဖြစ်သနည်း။ ၎င်းတို့သည် လူသားများ လုံးဝ မဟုတ်ကြပေ။ ၎င်းတို့သည် လူသားများ၏ အယောင်ဆောင်သော အဆင်တန်ဆာများကို ဆင်မြန်းထားခြင်းမျှသာ ဖြစ်သည်။ ဤ “တွားသွားသတ္တဝါများ”တစ်စုက တရားဒေသနာများ နားထောင်ရန် လာသည်ကို သင်တို့ မြင်သည့်အခါ မည်သို့ ခံစားရသနည်း။ ယင်းက သင်တို့ကို မသက်မသာဖြစ်စေသည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤအုပ်စုသည် စက်ဆုပ်ဖွယ်ကောင်းပုံရပြီး ၎င်းတို့ကို မြင်ရခြင်းက ငါ့ကို စကားမပြောချင်အောင်ဖြစ်စေသည်။ ငါသည် “တွားသွားသတ္တဝါများ”ကို မဟုတ်ဘဲ၊ လူသားများကို စကားပြောခြင်းဖြစ်သည်။ ဤကဲ့သို့ တရားဒေသနာများကို နားထောင်သောလူတို့၏ အခြေအနေများသည် ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်သည်နှင့်အမျှ တိုးတက်နိုင်သလော။ ဘုရားသခင်အပေါ် ၎င်းတို့၏ ယုံကြည်ခြင်းသည် ကြီးထွားနိုင်ပြီး ၎င်းတို့၏ တာဝန်ကို ပို၍ထမ်းဆောင်လေ သမ္မာတရားကို ပို၍ ရှင်းလင်းစွာ နားလည်နိုင်ကြသလော။ လုံးဝမဖြစ်နိုင်ပေ။ ၎င်းတို့သည် မိမိတို့၏ တာဝန်ကို မည်သို့ပင် ထမ်းဆောင်ပါစေ၊ ၎င်းတို့၏ ဝိညာဉ်ရင့်ကျက်မှုနှင့် ယုံကြည်ခြင်းသည် မကြီးထွားပေ။ ၎င်းတို့သည် အရာရာကို လက်လွတ်စပယ်နှင့်ချုပ်တည်းမှုမရှိဘဲ လုပ်ဆောင်ကြပြီး၊ ဇာတိပကတိ၏ တပ်မက်မှုများနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအတွင်း၌ မည်သည့်အသိတရားမျှမရှိ၊ မိမိကိုယ်ကို အပြစ်တင်ခြင်း သို့မဟုတ် ဆုံးမပဲ့ပြင်ခြင်း မရှိဘဲ အသက်ရှင်ကြသည်။ ၎င်းတို့သည် လူသားမဟုတ်သူများ ဖြစ်ကြသည်။ ထိုသို့သောလူများအတွက်၊ ၎င်းတို့လုပ်ဆောင်ခဲ့သည့် အခြားမကောင်းသည့်အရာများကိုဖြစ်စေ၊ စည်းမျဉ်းများကို ချိုးဖောက်ပြီး ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ထိခိုက်နစ်နာစေခဲ့သည့် ၎င်းတို့၏ လုပ်ဆောင်ချက်များကိုဖြစ်စေ ထည့်မစဉ်းစားဘဲ၊ မတော်လျော်သော ဆက်ဆံရေးများတွင် ပါဝင်ပတ်သက်ခြင်းတစ်ခုတည်းကပင် ရှင်းလင်းပစ်ခြင်းခံရဖို့ ၎င်းတို့အတွက် လုံလောက်ပေသည်။ ဤသည်မှာ အလွန်ရိုးရှင်းသော ကိစ္စရပ်တစ်ခုဖြစ်သော်လည်း၊ အသင်းတော်ခေါင်းဆောင်များနှင့် ကြီးကြပ်ရေးမှူးများသည် မည်သို့ကိုင်တွယ်ရမည်ကို မသိဘဲ ခေါင်းကုတ်နေကြသည်။ ဤကိစ္စရပ်သည် ကိုင်တွယ်ရန် အလွန်လွယ်ကူသည်။ ယင်းကို ယခင်က မိတ်သဟာယဖွဲ့ပြီးဖြစ်သည်။ ယင်းကို စည်းမျဉ်းများအတိုင်း ကိုင်တွယ်သင့်ပြီး၊ ရှင်းလင်းပစ်သင့်သောသူများကို ရှင်းလင်းပစ်သင့်သည်။ ထိုအရာကို အလွန်အကျွံ မစဉ်းစားနှင့်။ ဘုရားအိမ်တော်၏ အလုပ်သည် ၎င်းတို့မရှိဘဲ ကောင်းမွန်စွာ ဆက်လက်လည်ပတ်သွားလိမ့်မည်ဖြစ်သည်။ ငါ့ကို ပြောလော့၊ တစ်စုံတစ်ဦးသည် တစ်နေရာရာတွင် ခွေးချေး သို့မဟုတ် မစင်ကို တွေ့ရှိပါက မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ ၎င်းတို့သည် ထိုအရာကို ချက်ချင်း ဖယ်ရှားသင့်သည်။ အချိန်မီ မသန့်ရှင်းပါက ယင်ကောင်များနှင့် ခြင်များ ချက်ချင်းရောက်လာမည်ဖြစ်ပြီး၊ ထိုသို့သောနေရာတွင် လူတို့အနေဖြင့် အေးချမ်းမှုရှိနိုင်မည်မဟုတ်ပေ။ ဤအရာအားလုံးဖြင့် ငါသည် မည်သည့်အရာကို ဆိုလိုသနည်း။ (အသင်းတော်၌ မတော်လျော်သော ဆက်ဆံရေးများတွင် ပါဝင်ပတ်သက်ခြင်း ပြဿနာကို ဖြေရှင်းရန်၊ ပထမအဆင့်မှာ ထိုဆိုးယုတ်သော မယုံကြည်သူများကို သန့်စင်ဖယ်ရှားပစ်ရန် ဖြစ်ပါသည်။) ဟုတ်သည်၊ ယင်းမှာငါဆိုလိုသည့်အရာ အတိအကျပင်ဖြစ်သည်။ အကယ်၍ အသင်းတော်၌ “နံစော်သော ခွေးချေး” အမျိုးအစားဝင် လူများရှိပါက၊ ၎င်းတို့သည် “နံစော်သော ယင်ကောင်” အချို့ကို သေချာပေါက် ဆွဲဆောင်လိမ့်မည်။ နံစော်သော ခွေးချေးကို သန့်စင်ဖယ်ရှားခြင်းအားဖြင့်၊ ဤယင်ကောင်များသည် အလိုအလျောက် ပျောက်ကွယ်သွားလိမ့်မည်။ ဤသည်မှာ ဖြေရှင်းနည်းတစ်ခု မဟုတ်လော။ ဤဖြေရှင်းနည်းသည် ကျိုးကြောင်းဆီလျော်သလော။ (ကျိုးကြောင်းဆီလျော်ပါသည်။) ထိုသို့သော ပြဿနာများကို ကိုင်တွယ်သည့်အခါ၊ အချို့သော အသင်းတော်ခေါင်းဆောင်များသည် “အကယ်၍ ကျွန်ုပ်တို့သည် မဆင်မခြင် သွေးဆောင်ဖြားယောင်းသူများကို သန့်စင်ဖယ်ရှားလိုက်ပါက၊ အလုပ်လုပ်ရန် လူနည်းသွားမည် မဟုတ်လော” ဟု ဆိုလျက် အမြဲတစေ စိုးရိမ်ပူပန်မှုများ ရှိကြသည်။ ဤသည်မှာ ပြဿနာတစ်ခုဖြစ်သလော။ (မဟုတ်ပါ။) အဘယ်ကြောင့် မဟုတ်သနည်း။ ဤစိုးရိမ်ပူပန်မှုကို မည်သို့ ဖြေရှင်းသင့်သနည်း။ လူတို့အပေါ် တောင်းဆိုချက်များ အလွန်တင်းကျပ်ပြီး အလုပ်လုပ်နိုင်သောသူများ သန့်စင်ဖယ်ရှားခြင်းခံရမည်ဆိုလျှင်၊ ဤအလုပ်ခွဲတမ်းကို လုပ်ဆောင်ရန် မည်သူမျှ ရှိတော့မည်မဟုတ်ဟု တွေးထင်လျက်၊ ၎င်းတို့၏ စိုးရိမ်ပူပန်မှုက အဓိပ္ပာယ်ရှိလျှင်ပင်၊ ၎င်းတို့ကို အစားထိုးရန် အခြားလုပ်နိုင်စွမ်းရှိသော လူအချို့ကို ရှာဖွေဖို့ လွယ်ကူမည် မဟုတ်လော။ (လွယ်ကူပါသည်။) ပြီးလျှင် အစားထိုးမည့်သူများကို ချက်ချင်း ရှာမတွေ့နိုင်လျှင်ပင်၊ ဘုရားအိမ်တော်၏ အလုပ်ကို မထိခိုက်စေဘဲ သင့်တော်သောလူများကို တွေ့ရှိသည့်နောက်ပိုင်းတွင် အလုပ်ကို လုပ်ဆောင်နိုင်သည်။ ဘုရားအိမ်တော်သည် မှန်ကန်သောအလုပ်ကို မလုပ်ဆောင်သော ဤလူတို့ကို မထောက်ပံ့ပေ။ အကယ်၍ ၎င်းတို့သည် နောင်တရနိုင်ပြီး မည်မည်ရရ အလုပ်တာဝန်များကို ထမ်းဆောင်နိုင်ပါက၊ ၎င်းတို့သည် အလုပ်ကို ဆက်လက်လုပ်ဆောင်နိုင်သည်။ သို့သော် ၎င်းတို့ နောင်တမရပါက၊ ၎င်းတို့၏ တာဝန်ထမ်းဆောင်ခြင်းကို ပိတ်ပင်သင့်သည်။ ဤသည်မှာ တရားပြီး ကျိုးကြောင်းဆီလျော်သည် မဟုတ်လော။ ဘုရားအိမ်တော်သည် မယုံကြည်သူများနှင့် ဘာသာတရားမရှိသူများကို ထောက်ပံ့ခြင်းထက် အလုပ်လုပ်ပေးသူများကို ထောက်ပံ့လိုသည်။ ဤစည်းမျဉ်းသည် မှန်ကန်သလော။ (မှန်ကန်ပါသည်။) မည်သည့်နည်းလမ်းဖြင့် မှန်ကန်သနည်း။ အလုပ်လုပ်ပေးသူတစ်ဦးသည် သမ္မာတရားကို မလိုက်စားလျှင်ပင်၊ သူသည် အလုပ်လုပ်ရန် လိုလားဆဲဖြစ်ပြီး၊ ဘုရားအိမ်တော်၌ ကောင်းမွန်စွာ ပြုမူကာ နာခံသောနည်းလမ်းဖြင့် အားထုတ်နိုင်သည်။ ၎င်းတို့သည် အားထုတ်နေခြင်းသာ ဖြစ်သော်လည်း၊ သစ္စာစောင့်သိကြပြီး၊ အနည်းဆုံးအနေဖြင့်လူဆိုးများ မဟုတ်ကြပေ။ ဤသည်တို့မှာ ဘုရားအိမ်တော်က ထိန်းသိမ်းသည့် လူစားမျိုးများ ဖြစ်ကြသည်။ အကယ်၍ လူတစ်ဦးသည် ဆိုးသွမ်းပြီး ယုတ်မာကာ၊ အမြဲတစေ ကောက်ကျစ်စဉ်းလဲပြီး ယုတ်ညံ့သော အလေ့အကျင့်များတွင် ပါဝင်ပတ်သက်နေပါက၊ ပြီးလျှင် ၎င်းတို့သည် အလုပ်ပင် ကောင်းစွာမလုပ်နိုင်ဘဲ အလုပ်လုပ်ပေးသူတစ်ဦးအဖြစ် စံမမီပါက၊ ထိုသို့သောလူများသည် ဘာသာတရားမရှိသူများဖြစ်ကြပြီး၊ ဘုရားအိမ်တော်က ၎င်းတို့ကို မထားရှိပေ။ ထို့ကြောင့်၊ ဘုရားအိမ်တော်က ၎င်းတို့ကို မထားရှိခြင်းမှာ ၎င်းတို့သည် အလုပ်လုပ်ပေးသူများဖြစ်သောကြောင့်မဟုတ်ဘဲ၊ ၎င်းတို့၏ အလုပ်လုပ်ခြင်းသည် စံပင်မမီသောကြောင့်ဖြစ်သည်။ ၎င်းတို့၏ အစေခံခြင်းသည်ပင် အပေးအယူဆန်သောကြောင့် ဖြစ်သည်။ ယင်းမှာ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့သည် အမြဲတစေ မကောင်းမှုကို လုပ်ဆောင်လိုပြီး အနှောင့်အယှက်များ ဖြစ်စေလိုသောကြောင့်၊ အသင်းတော်၌ ကောက်ကျစ်စဉ်းလဲပြီး ယုတ်ညံ့သော အလေ့အကျင့်များတွင် ပါဝင်ပတ်သက်ရန် အမြဲကြိုးစားခြင်း၊ အသင်းတော်အလုပ်၏ အစီအစဉ်ကို ကမောက်ကမဖြစ်စေခြင်းနှင့် လူအများစု၏ တာဝန်ထမ်းဆောင်မှုကို ထိခိုက်စေခြင်းတို့ကြောင့် ဖြစ်သည်။ ၎င်းတို့သည် အသင်းတော်၏ သွင်ပြင်အခြေအနေကို ဖောက်ပြန်ပျက်စီးစေပြီး ဘုရားသခင်၏ နာမကို ဂုဏ်သရေပျက်စေသည်၊ ၎င်းတို့ကို သန့်စင်ဖယ်ရှားခြင်းထက် ပို၍ သင့်တော်သောအရာ မရှိနိုင်ပေ။ “နံစော်သော ခွေးချေး” အမျိုးအစားဝင် လူများရှိသည့် နေရာတိုင်းတွင် ၎င်းတို့ကို ချက်ချင်း သန့်စင်ဖယ်ရှားသင့်သည်။ နားလည်ပြီလော။ (နားလည်ပါပြီ။)

၁၁။ ရွေးကောက်ပွဲများကို ကြိုးကိုင်ခြယ်လှယ်ခြင်းနှင့် အဖျက်အမှောင့်လုပ်ခြင်း

ယနေ့တွင် ငါတို့သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ ဆယ့်နှစ်ခုမြောက် တာဝန်ဖြစ်သည့် “ဘုရားသခင်၏ အလုပ်နှင့် အသင်းတော်၏ ပုံမှန်အစီအစဉ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သော အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို အချိန်မီ တိကျစွာ ဖော်ထုတ်သတ်မှတ်လော့။ ပြီးလျှင် ၎င်းတို့ကို တားဆီးကာ ချုပ်ချယ်ကန့်သတ်ပြီး အခြေအနေများကို ပြန်လည်ကောင်းမွန်အောင် ပြုလုပ်လော့။ ထို့အပြင် ဘုရားသခင် ရွေးချယ်ထားသောလူများက ထိုသို့သောအရာများမှတစ်ဆင့် ပိုင်းခြားသိမြင်နိုင်စွမ်း တိုးပွားလာပြီး ယင်းတို့ထံမှ သင်ယူတတ်မြောက်စေရန် သမ္မာတရားကို မိတ်သဟာယဖွဲ့လော့”ဟူသည်ကို ဆက်လက်၍ မိတ်သဟာယဖွဲ့ကြမည်။ ဤဆယ့်နှစ်ခုမြောက် တာဝန်၏ ဆယ့်တစ်ချက်မြောက်အချက်မှာ အဘယ်အရာဖြစ်သနည်း။ (ရွေးကောက်ပွဲများကို ကြိုးကိုင်ခြယ်လှယ်ခြင်းနှင့် အဖျက်အမှောင့်လုပ်ခြင်း ဖြစ်ပါသည်။) ရွေးကောက်ပွဲများကို ကြိုးကိုင်ခြယ်လှယ်ခြင်းနှင့် အဖျက်အမှောင့်လုပ်ခြင်းအပေါ် အန္တိခရစ်တို့၏ အမျိုးမျိုးသော သရုပ်သကန်များကို မိတ်သဟာယဖွဲ့ပြီး ဖော်ထုတ်ခဲ့ချိန် ယခင်က အချို့ကို ငါတို့ မိတ်သဟာယဖွဲ့ခဲ့ပြီးဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များတွင် အသင်းတော် ရွေးကောက်ပွဲများအတွက် စည်းမျဉ်းများ ပါဝင်သည်။ ရွေးကောက်ပွဲများကို တစ်နှစ်တစ်ကြိမ် ကျင်းပနိုင်ပြီး အချို့သော အထူးအခြေအနေများအောက်တွင် ကျင်းပသည့် ရွေးကောက်ပွဲများလည်း ရှိနိုင်သည်။ အသင်းတော်အားလုံးသည် ဘုရားအိမ်တော်မှ သတ်မှတ်ထားသော စည်းမျဉ်းများအတိုင်း အဆင့်အားလုံးတွင် ခေါင်းဆောင်များနှင့် အမှုဆောင်များကို ရွေးချယ်သင့်သည်။ ရွေးကောက်ပွဲများအတွက် စည်းမျဉ်းများတွင် ရွေးကောက်ပွဲဆိုင်ရာ စည်းမျဉ်းများ၊ လူများကို ရွေးချယ်ခြင်းအတွက် စံသတ်မှတ်ချက်များ၊ ရွေးကောက်ပွဲများ၏ နည်းလမ်းများနှင့် လုပ်နည်းကိုင်နည်းများအပြင် ရွေးကောက်ပွဲများအတွင်း ညီအစ်ကိုမောင်နှမများ သိရှိရန်လိုအပ်သည့် အာရုံစိုက်ရမည့် အချက်အမျိုးမျိုးတို့ ပါဝင်သည်။ ရွေးကောက်ပွဲတစ်ခုစီမတိုင်မီ အဆင့်အားလုံးတွင်ရှိသည့် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဘုရားသခင် ရွေးချယ်ထားသောလူများ ရှင်းလင်းစွာ နားလည်နိုင်သည်ကို သေချာစေရန်အတွက် ရွေးကောက်ပွဲ စည်းမျဉ်းများ၏ ကဏ္ဍအားလုံးနှင့်ပတ်သက်၍ မိတ်သဟာယဖွဲ့သင့်သည်။ ဤနည်းအားဖြင့် ရွေးကောက်ပွဲ၏ ရလဒ်များက ပို၍ကောင်းမွန်လိမ့်မည်။ ယနေ့တွင် ရွေးကောက်ပွဲများ၏ အသေးစိတ်အချက်အလက်များကို ငါတို့ မိတ်သဟာယဖွဲ့မည်မဟုတ်ပေ။ ယနေ့ မိတ်သဟာယ၏ အဓိကအကြောင်းအရာမှာ ရွေးကောက်ပွဲများကို ကြိုးကိုင်ခြယ်လှယ်ခြင်းနှင့် အဖျက်အမှောင့်လုပ်ခြင်း၏ သရုပ်သကန်အချို့ ဖြစ်သည်။

က။ ရွေးကောက်ပွဲများကို ကြိုးကိုင်ခြယ်လှယ်ခြင်းနှင့် အဖျက်အမှောင့်လုပ်ခြင်း၏ သရုပ်သကန်များ

အသင်းတော် ရွေးကောက်ပွဲများသည် ခေါင်းဆောင်များနှင့် အမှုဆောင်များဖြစ်ခြင်းအတွက် အသင့်တော်ဆုံးသော ကိုယ်စားလှယ်လောင်းများကို ရွေးချယ်ရန် ဘုရားအိမ်တော်မှ ချမှတ်ထားသော ရွေးကောက်ပွဲ စည်းမျဉ်းများကို တင်းကျပ်စွာ လိုက်နာရမည်။ အကယ်၍ ရွေးကောက်ပွဲ စည်းမျဉ်းများကို ချိုးဖောက်ပြီး အခြားရွေးကောက်ပွဲ နည်းလမ်းများကို အသုံးပြုပါက ဤသည်မှာ အတုအယောင် ခေါင်းဆောင်များနှင့် အန္တိခရစ်တို့၏ လုပ်ဆောင်ချက်ဖြစ်သည်။ ဘုရားအိမ်တော်သည် ထိုသို့သော ချိုးဖောက်မှုများကို တားမြစ်ရမည်ဖြစ်ပြီး ရွေးကောက်ပွဲများကို ကြိုးကိုင်ခြယ်လှယ်ခဲ့သည့် အဓိကလူပုဂ္ဂိုလ်များကို စုံစမ်းစစ်ဆေးကာ ကိုင်တွယ်ဖြေရှင်းရမည်။ အသင်းတော် ရွေးကောက်ပွဲများအတောအတွင်းတွင် အမျိုးမျိုးသော လူများ ထုတ်ဖော်ခြင်းခံရလိမ့်မည်ဖြစ်ပြီး လူတို့၏ အမျိုးမျိုးသော စိတ်နေစိတ်ထားများလည်း ဖော်ထုတ်ခြင်းခံရလိမ့်မည်ဖြစ်သည်။ အချို့လူများသည် မိမိတို့ကိုယ်တိုင် ခေါင်းဆောင်များအဖြစ် ရွေးကောက်တင်မြှောက်ခံရရန် သို့မဟုတ် မိမိတို့အတွက် အကျိုးရှိသောသူများ ရွေးကောက်တင်မြှောက်ခံရရန် နောက်ကွယ်မှ မသမာသော လှည့်ကွက်များစွာကို ပြုလုပ်ကြသည်။ ဥပမာအားဖြင့် အချို့လူများသည် သမ္မာတရားကို လိုက်စားသောသူများက ခေါင်းဆောင်များအဖြစ် ရွေးကောက်တင်မြှောက်ခံရပြီး မိမိတို့၏ အဆင့်အတန်း ခြိမ်းခြောက်ခြင်းခံရလိမ့်မည်ကို ကြောက်ရွံ့ကြသောကြောင့် ၎င်းတို့သည် ဤလူတို့အား ရွေးကောက်ပွဲတွင် ရှုံးနိမ့်စေရန် ကြိုးပမ်းမှုသက်သက်တစ်ခုအနေဖြင့် ထိုသူတို့ကို အန္တိခရစ်၏ စိတ်သဘောထားဖြင့် မာနထောင်လွှားပြီး မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်သောသူများအဖြစ် ပြစ်တင်ရှုတ်ချလျက် ထိုသူတို့ပြသခဲ့သော အားနည်းချက်များနှင့် ပြုလုပ်ခဲ့သော အမှားများအကြောင်း၊ စသည်တို့ကို နောက်ကွယ်မှနေ၍ ဝေဖန်ရန် တတ်နိုင်သမျှအားထုတ်ကြလေသည်။ အခြားသူများမှာမူ ခေါင်းဆောင်များအဖြစ် ရွေးကောက်တင်မြှောက်ခံရရန်အလို့ငှာ ရွေးကောက်ပွဲကာလအတောအတွင်းတွင် လူများကို လာဘ်ထိုးဖို့ ပစ္စည်းကောင်းများကို ဝယ်ပေးခြင်း သို့မဟုတ် နားကြားကောင်းသောစကားများဖြင့် ကတိများပေးခြင်းတို့ကို ပြုလုပ်ကြသည့်အပြင် မည်သူ့ကို မဲပေးရန် သို့မဟုတ် မဲမပေးရန် အခြားသူများကို သွေးထိုးလှုံ့ဆော်ဖို့အတွက် နည်းလမ်းအမျိုးမျိုးကိုလည်း အသုံးပြုကြသည်။ ၎င်းတို့အနေဖြင့် မည်သည့် နည်းလမ်းများနှင့် နည်းစနစ်များကို အသုံးပြုသည်ဖြစ်စေ ယင်းတို့သည် ရွေးကောက်ပွဲများကို ကြိုးကိုင်ခြယ်လှယ်ရန်နှင့် ရွေးကောက်ပွဲရလဒ်များကို လွှမ်းမိုးရန်အတွက်ချည်းသာ ဖြစ်သည်။ ကောင်းသောလူ့သဘာဝရှိသူများ၊ သမ္မာတရားကို လိုက်စားသူများနှင့် ညီအစ်ကိုမောင်နှမများကို ၎င်းတို့၏ တာဝန်များအား ပုံမှန်ထမ်းဆောင်ရန်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပုံမှန်ဖတ်ရှုရန်၊ သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ရန် ဦးဆောင်နိုင်သောသူများကို ရွေးချယ်ခြင်း စသည့် ရွေးကောက်ပွဲများ၏ စည်းမျဉ်းများကို အသင်းတော်က ထပ်ခါတလဲလဲ မိတ်သဟာယဖွဲ့သော်လည်း ဤလူတို့သည် နားမထောင်ဘဲ မသမာသော လှည့်ကွက်များကို ပြုလုပ်လိုကြသည်။ မသမာသော လှည့်ကွက်များကို ပြုလုပ်ခြင်းဟူသည် အဘယ်အရာကို ဆိုလိုသနည်း။ ယင်းမှာ ၎င်းတို့သည် အမြဲတစေ လိမ်လည်လှည့်ဖြားလိုကြသည်ဟု ဆိုလိုသည်။ ၎င်းတို့သည် အမြဲတစေ နောက်ကွယ်မှ မသမာသော လှည့်ကွက်များကို ပြုလုပ်ကာ စဉ်းလဲသော အကြံအစည်များနှင့် ပရိယာယ်များတွင် ပါဝင်ပတ်သက်လိုလျက် မည်သူကောင်းသည်၊ မည်သူမကောင်းသည်ကို မည်သည့်အခါမျှ ပွင့်လင်းစွာ အကဲဖြတ်ခြင်းမရှိကြပေ။ ၎င်းတို့သည် လူတိုင်းကို သဘောတူညီမှုတစ်ခု ရရှိစေရန် ကြိုးစားလျက် မည်သူ့ကို ရွေးကောက်သင့်ပြီး မည်သူ့ကို မရွေးကောက်သင့်ဟူသည်နှင့်ပတ်သက်၍ နောက်ကွယ်မှပင် ကြံစည်ကြသည်။ ဤသည်တို့မှာ မသမာသော လှည့်ကွက်များ မဟုတ်လော။ ဤသည်မှာ လိမ်လည်လှည့်ဖြားခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ သမ္မာတရား စည်းမျဉ်းများအတိုင်း ပွင့်လင်းမြင်သာသော နည်းလမ်းဖြင့် ရွေးကောက်ပွဲများကို ကာကွယ်စောင့်ရှောက်ခြင်း ဟုတ်သလော။ မဟုတ်ပေ။ ၎င်းတို့သည် ရွေးကောက်ပွဲများကို ကြိုးကိုင်ခြယ်လှယ်ရန် ရဲတင်းသော ကြိုးပမ်းမှုတစ်ခုအနေဖြင့် လူ့အကြံအစည်များနှင့် နည်းလမ်းများကို အသုံးပြုနေကြခြင်း ဖြစ်သည်။ ရွေးကောက်ပွဲများကို ကြိုးကိုင်ခြယ်လှယ်ရာတွင် ၎င်းတို့၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ၎င်းတို့သည် ရွေးကောက်ပွဲရလဒ်များကို ထိန်းချုပ်လိုကြသည်၊ ၎င်းတို့ကိုယ်တိုင် ရွေးကောက်တင်မြှောက်ခံရလိုကြသည်၊ အကယ်၍ ၎င်းတို့ ရွေးကောက်တင်မြှောက်မခံရပါက မည်သူက ရွေးကောက်တင်မြှောက်ခံရမည်ကို ၎င်းတို့ ဆုံးဖြတ်လိုကြသည်။ ထို့ကြောင့် ၎င်းတို့သည် နောက်ကွယ်မှ မသမာသော လှည့်ကွက်များကို ပြုလုပ်ကြသည်။ အသင်းတော်၏ အလုပ်အတွက် သို့မဟုတ် ညီအစ်ကိုမောင်နှမများ၏ အသက်ဝင်ရောက်မှုအတွက် ၎င်းတို့ ထည့်မစဉ်းစားကြပေ။ ၎င်းတို့သည် ဘုရားအိမ်တော်၏ အကျိုးစီးပွားများ သို့မဟုတ် ညီအစ်ကိုမောင်နှမများ၏ အကျိုးစီးပွားများကို မစဉ်းစားကြပေ။ မိမိတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများကိုသာ ၎င်းတို့ ထည့်သွင်းစဉ်းစားကြသည်။ ရွေးကောက်ပွဲများ ကျင်းပသည့်အခါ ၎င်းတို့၏ ကိုယ်ပိုင်ရည်ရွယ်ချက်များနှင့် လိုအင်ဆန္ဒများမှာ ၎င်းတို့၏ ထိပ်တန်းဦးစားပေး ဖြစ်သည်။ သို့ဆိုလျှင် ၎င်းတို့သည် အဘယ်ကြောင့် ရွေးကောက်ပွဲများကို ကြိုးကိုင်ခြယ်လှယ်လိုကြသနည်း။ အကယ်၍ တစ်စုံတစ်ဦးသည် ညီအစ်ကိုမောင်နှမများကို ဘုရားသခင်ရှေ့မှောက်သို့လည်းကောင်း၊ သမ္မာတရား လက်တွေ့ကျမှုထဲသို့လည်းကောင်း အမှန်တကယ် ခေါ်ဆောင်လိုပါက ၎င်းတို့သည် ဤနည်းအတိုင်း ပြုမူကြမည်လော။ ၎င်းတို့တွင် ထိုသို့သော ရည်မှန်းချက်များ ရှိကြမည်လော။ ထိုသို့သော အပြုအမူကို ၎င်းတို့ ပြသကြမည်လော။ ပြသကြမည် မဟုတ်ပေ။ အသင်းတော်၏ ရွေးကောက်ပွဲများကို ကြိုးကိုင်ခြယ်လှယ်လိုသော ဖုံးကွယ်ထားသည့် ရည်ရွယ်ချက်များ၊ ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများရှိသူများသာလျှင် ဤနည်းအတိုင်း ပြုမူကြပေမည်။ အသင်းတော်အတွင်း၌ ၎င်းတို့သည် မိမိတို့နှင့် အတော်အတန် အဆင်ပြေသော၊ မိမိတို့၏ အမြင်များနှင့် တူညီပြီး တူညီသော ကြံရွယ်ချက်များနှင့် ရည်မှန်းချက်များရှိသည့် လူအချို့ကို ဆွဲဆောင်ကြသည့်အပြင် အသင်းတော်၏ ရွေးကောက်ပွဲအလုပ်ကို နှောင့်ယှက်ရန် အင်အားစုတစ်ခု ဖွဲ့စည်းလျက်၊ ပုံမှန်အားဖြင့် အားနည်းသောသူအချို့၊ သမ္မာတရားကို များစွာမလိုက်စားသည့်အပြင်၊ နားဝေတိမ်တောင်ဖြစ်သည့်၊ မသိနားမလည်သည့်အပြင် လွယ်ကူစွာ ယိမ်းယိုင်တတ်ပြီး ကြိုးကိုင်ခြယ်လှယ်ခံရသော လူအချို့ကိုလည်း ထောင်ချောက်ဆင်ဖမ်းကြလေသည်။ အသင်းတော်ကို ဆန့်ကျင်ရာတွင် ၎င်းတို့၏ ရည်ရွယ်ချက်မှာ မိမိတို့ကိုယ်တိုင် ရွေးကောက်တင်မြှောက်ခံရရန်၊ ရွေးကောက်ပွဲရလဒ်များတွင် မိမိတို့ကိုယ်တိုင် အဆုံးအဖြတ်ပေးနိုင်ရန် ဖြစ်သည်။ ၎င်းတို့သည် မိမိတို့ ကြိုတင်သတ်မှတ်ထားသောလူများ၊ ၎င်းတို့အတွက် အကျိုးရှိသောသူများကို ရွေးကောက်တင်မြှောက်လိုကြသည်။ အကယ်၍ ဤလူများ ရွေးကောက်တင်မြှောက်ခံရပါက ၎င်းတို့၏ အကြံ အောင်မြင်သွားပြီဖြစ်သည်။ ထိုသို့သော ရွေးကောက်ပွဲ၏ ရလဒ်သည် မှန်ကန်မည်လော သို့မဟုတ် မမှန်ကန်ဘဲဖြစ်မည်လော။ (မှန်ကန်မည်မဟုတ်ပါ။) သေချာပေါက် မှန်ကန်မည် မဟုတ်ပေ။ ဆိုးယုတ်သောလူများက လိမ်လည်လှည့်ဖြားထားသော ရွေးကောက်ပွဲမှတစ်ဆင့် ရွေးကောက်တင်မြှောက်ခံရသူများသည် ဆိုးယုတ်သောလူများအတွက် သေချာပေါက် အကျိုးရှိပေမည်။ အဘယ်ကြောင့် ၎င်းတို့သည် ဤဆိုးယုတ်သောလူများအတွက် အကျိုးရှိမည်နည်း။ အကြောင်းမှာ ဆိုးယုတ်သောလူများသည် မည်သူမျှ ၎င်းတို့ကို ဖော်ထုတ်ရန် သို့မဟုတ် ချုပ်ချယ်ကန့်သတ်ရန် မဝံ့ရဲဘဲ အသင်းတော်၌ မိမိတို့သဘောအတိုင်း တစ်ဇွတ်ထိုးနှင့် မဆင်မခြင် ပြုမူနိုင်ပြီး သောင်းကျန်းနိုင်သောကြောင့် ဖြစ်သည်။ ၎င်းတို့သည် ရှင်းလင်းပစ်ခြင်းခံရမည်မဟုတ်ဘဲ သမ္မာတရားကို လိုက်စားသောသူများမှာမူ ၎င်းတို့၏ ဖယ်ကြဉ်ခြင်းနှင့် ဖိနှိပ်ခြင်းကို ခံရမည်ဖြစ်ပြီး အသင်းတော်သည် ဆိုးယုတ်သောသူတို့၏ စိုးမိုးရာ ဖြစ်လာပေမည်။ သိသာထင်ရှားစွာပင်၊ ဆိုးယုတ်သောလူများက ကြိုးကိုင်ခြယ်လှယ်သော ရွေးကောက်ပွဲတစ်ခု၏ နောက်ဆုံးရလဒ်သည် သေချာပေါက် မမှန်ကန်ပေ။ ယင်းသည် လူထုအမြင်ကို သေချာပေါက် ဆန့်ကျင်ပြီး စည်းမျဉ်းများကို ချိုးဖောက်သည်။ အသင်းတော်ခေါင်းဆောင်များနှင့် ညီအစ်ကိုမောင်နှမများအနေဖြင့် ရွေးကောက်ပွဲများအတောအတွင်း ဤလူတို့၏ အပြုအမူများနှင့် လုပ်ဆောင်ချက်အားလုံးကို သတိပြုမိပြီး သတိဝီရိယရှိသင့်သည်။ ၎င်းတို့သည် ဤအရာနှင့်ပတ်သက်၍ နားဝေတိမ်တောင် မဖြစ်သင့်ပေ။ ရွေးကောက်ပွဲတစ်ခုကို ကြိုးကိုင်ခြယ်လှယ်ခြင်းနှင့် အဖျက်အမှောင့်လုပ်ခြင်း၏ အရိပ်အယောင်များကို တွေ့ရှိသည်နှင့်တစ်ပြိုင်နက် ပါဝင်ပတ်သက်သူများကို ချုပ်ချယ်ကန့်သတ်ရန် အစီအမံများကို ချက်ချင်းပြုလုပ်သင့်ပြီး အကယ်၍ ဤလူများကို ချုပ်ချယ်ကန့်သတ်၍မရပါက ၎င်းတို့ကို သီးခြားခွဲထုတ်သင့်သည်။ ဤလူတို့သည် အထူးသဖြင့် ရဲတင်းပြီး ထိန်းမနိုင်သိမ်းမရဖြစ်ကာ ထိန်းချုပ်ရန် ခက်ခဲသည်။ ရွေးကောက်ပွဲများကို အဖျက်အမှောင့်လုပ်ပြီး ရလဒ်များကို ကြိုးကိုင်ခြယ်လှယ်ရန် ၎င်းတို့သည် များစွာသောအမှုအရာများကို ပြောဆိုကာ လုပ်ဆောင်လျက် နောက်ကွယ်မှ မသမာသော လှည့်ကွက်များကို သေချာပေါက် ပြုလုပ်ကြလိမ့်မည် ဖြစ်သည်။ ဤအရာနှင့်ပတ်သက်၍ မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ ဤကိစ္စရပ်သည် ကိုင်တွယ်ရန် လွယ်ကူသည်။ အကယ်၍ အသင်းတော်ခေါင်းဆောင်များက ပြဿနာကို တွေ့ရှိပါက ညီအစ်ကိုမောင်နှမများအား ဤကိစ္စရပ်၏ ပြင်းထန်မှုနှင့် အကျိုးဆက်များအကြောင်းကိုလည်းကောင်း၊ ထိုသို့သောလုပ်ရပ်များ၏ သဘောသဘာဝမှာ အတိအကျ မည်သည့်အရာဖြစ်သည်ကိုလည်းကောင်း မိတ်သဟာယဖွဲ့စေလျက် ထိုပြဿနာကို ဖော်ထုတ်ကာ လူသိရှင်ကြား ဖြစ်စေသင့်သည်။ နောက်ဆုံးတွင် ၎င်းတို့သည် အချို့သော အစီအမံများကို ပြုလုပ်သင့်သည်။ မည်သည့်အစီအမံများကို ပြုလုပ်သင့်သနည်း။ နောက်ကွယ်မှ အမြဲတစေ မသမာသော လှည့်ကွက်များကို ပြုလုပ်ပြီး ရွေးကောက်ပွဲများကို ကြိုးကိုင်ခြယ်လှယ်ကာ အဖျက်အမှောင့်လုပ်ရန် ကြိုးပမ်းသူ မည်သူ့ကိုမျှ မျက်နှာသာမပေးဘဲ ပြတ်ပြတ်သားသား အရေးယူသင့်ပြီး ရွေးကောက်ပွဲများတွင် ပါဝင်ခြင်းမှ ပိတ်ပင်သင့်သည်။ ဤသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းမှာ ၎င်းတို့၏ မဲသည် အကျုံးမဝင်ဟု ဆိုလိုသည်။ ရွေးကောက်ပွဲတစ်ခုကို ကြိုးကိုင်ခြယ်လှယ်ခြင်းနှင့် အဖျက်အမှောင့်လုပ်ခြင်းတွင် လူမည်မျှ ပါဝင်သည်ဖြစ်စေ ၎င်းတို့၏ မဲများအားလုံးကို ပယ်ဖျက်သင့်ပြီး ၎င်းတို့အား ရွေးကောက်ပွဲတွင် ပါဝင်ခွင့်မပြုသင့်ပေ။ အထင်အမြင်မှားစေခြင်းနှင့် နှောင့်ယှက်ခြင်းခံရသူ မည်သူဖြစ်စေ ၎င်းတို့အနေဖြင့် ရွေးကောက်ပွဲကို ကြိုးကိုင်ခြယ်လှယ်သူများ၏ နည်းလမ်းများအား လိုက်နာပြီး ရွေးကောက်ပွဲကို တမင်တကာ ထိခိုက်နစ်နာစေရန် ဆိုးယုတ်သောလူများနှင့် ပူးပေါင်းကြံစည်သရွေ့ ဘုရားသခင် ရွေးချယ်ထားသောလူများသည် ရှေ့ထွက်၍ ၎င်းတို့ကို ဖော်ထုတ်ရန်နှင့် ရွေးကောက်ပွဲများတွင် ထိုသူတို့၏ပါဝင်ခွင့်ကို ရုပ်သိမ်းသင့်သည်။ ဤသည် ကောင်းမွန်သော လုပ်နည်းကိုင်နည်းဖြစ်သလော။ (ဟုတ်ပါသည်။) ဤသည်မှာ အသင်းတော်၏ အလုပ်ကို ကာကွယ်စောင့်ရှောက်ရန်အတွက် လုံးလုံးလျားလျား လုပ်ဆောင်ထားခြင်းဖြစ်သည်။ သင်သည် ချုပ်ချယ်ကန့်သတ်မှုများကို လက်ခံရန် ငြင်းပယ်သည် မဟုတ်လော။ သင်သည် ဘုရားအိမ်တော်၏ ရွေးကောက်ပွဲ စည်းမျဉ်းများကို လက်ခံရန် ငြင်းပယ်သည် မဟုတ်လော။ သင်သည် အဆုံးအဖြတ်ပေးလိုသည် မဟုတ်လော။ အကယ်၍ သင်သည် အဆုံးအဖြတ်ပေးပိုင်ခွင့်ရှိပါက စာတန်က အဆုံးအဖြတ်ပေးပိုင်ခွင့်ရှိနေခြင်း ဖြစ်သည်။ ဘုရားအိမ်တော်နှင့် အသင်းတော်သည် သမ္မာတရား စိုးမိုးသောနေရာများ ဖြစ်သည်။ စာတန်ကို အဆုံးအဖြတ်ပေးခွင့်ပြု၍ မရပေ။ သင်သည် မသမာသော လှည့်ကွက်များကို ပြုလုပ်လိုပြီး ဤရွေးကောက်ပွဲကို တမင်တကာ ကြိုးကိုင်ခြယ်လှယ်ကာ အဖျက်အမှောင့်လုပ်လိုသည့်အတွက်၊ ယင်းမှာ ရိုးရှင်းသည်။ သင်၏မဲက ပယ်ဖျက်ခြင်းခံရသည်။ မည်သူ့ကို သင် မဲပေးသည်ဖြစ်စေ အသုံးမဝင်ပေ။ သင်၏ မည်သည့်ထင်မြင်ချက်မျှ အတည်မဟုတ်သည့်အပြင် သင်သည် ရွေးကောက်ပွဲတွင် မရမက ဝင်ရောက်ယှဉ်ပြိုင်လျှင်ပင် အလုပ်ဖြစ်မည်မဟုတ်ပေ။ ဘုရားအိမ်တော်တွင် စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များနှင့် စည်းမျဉ်းများရှိပြီး ဤရွေးကောက်ပွဲတွင် ပါဝင်ရန် သင်၏အခွင့်အရေးသည် ရုပ်သိမ်းခံရပြီး ပယ်ဖျက်ခြင်းခံလိုက်ရပြီ ဖြစ်သည်။ အကယ်၍ သင်သည် နောက်ရွေးကောက်ပွဲကို နှောင့်ယှက်နေသေးလျှင် ရွေးကောက်ပွဲများတွင် ပါဝင်ရန် သင်၏အခွင့်အရေးသည် လုံးလုံးလျားလျား ရုပ်သိမ်းခြင်းခံရမည်ဖြစ်ပြီး သင်သည် လုံးဝ ပါဝင်ခွင့်ရတော့မည်မဟုတ်ပေ။ ရွေးကောက်ပွဲများကို ကြိုးကိုင်ခြယ်လှယ်ကာ အဖျက်အမှောင့်လုပ်ရန် အမြဲတစေ မသမာသော လှည့်ကွက်များကို ပြုလုပ်သောသူများအား ဤသို့ ကိုင်တွယ်သင့်သည်။

အသင်းတော် ရွေးကောက်ပွဲတစ်ခု ရှိသည့်အခါတိုင်း အမြဲတစေ ဂနာမငြိမ်ဖြစ်လာသည့် ဆိုးယုတ်သောလူအချို့ ရှိသည်။ အချို့သည် ရွေးကောက်ပွဲကို ကြိုးကိုင်ခြယ်လှယ်ရန်နှင့် အဖျက်အမှောင့်လုပ်ရန် ကြိုးပမ်းမှုအနေဖြင့် နောက်ကွယ်မှ မသမာသော လှည့်ကွက်များကို ပြုလုပ်ကြစဉ်တွင်အချို့မှာမူ ခေါင်းဆောင်နေရာအတွက် အခြားသူများနှင့် ပွင့်လင်းစွာ ယှဉ်ပြိုင်ရန် စိတ်ထက်သန်နေကြကာ မျက်နှာနီလာသည်အထိ အငြင်းအခုံပြုကြပြီး တဇွတ်ထိုးပြုမူခြင်း၊ အကြမ်းဖက်မှုကို အားကိုးအားထားပြုပြီး ထိုးကြိတ်တိုက်ခိုက်ခြင်းများ ပြုလုပ်လုနီးပါးအထိပင် ဖြစ်ကာ ညီအစ်ကိုမောင်နှမများအား မည်သူ့စကားကို နားထောင်ရမည် သို့မဟုတ် မည်သူ့ကို ရွေးကောက်ရမည်ကို မသေမချာဖြစ်စေသည်။ ရွေးကောက်ပွဲအတွင်း ၎င်းတို့သည် သမ္မာတရားကို မိတ်သဟာယမဖွဲ့ကြသည့်အပြင် ခေါင်းဆောင်အဖြစ် ရွေးကောက်တင်မြှောက်ခံရပါက အသင်းတော်အလုပ်ကို မည်သို့လုပ်ဆောင်မည်၊ အလုပ်တွင် မည်သည့် လမ်းကြောင်းများ ရှိမည် သို့မဟုတ် မည်သည့် အလုပ် စိတ်ကူးများနှင့် အစီအစဉ်များအား အဆိုပြုမည်ကိုလည်း မဆွေးနွေးကြပေ။ ထိုအစား ၎င်းတို့သည် အခြားကိုယ်စားလှယ်လောင်းများ၏ အားနည်းချက်များကို ဖော်ထုတ်ပြီး ၎င်းတို့ကို တိုက်ခိုက်ရန် သေချာအောင်လုပ်သည့်တစ်ချိန်တည်းတွင် အသင်းတော်၌ ကွဲပြားစေသော အခြေအနေတစ်ခုကို ဖန်တီးလျက်၊ လူတစ်စုကို ဆွဲဆောင်ကာ အခြားအုပ်စုတစ်ခုနှင့် ဆန့်ကျင်ဘက်ဖြစ်စေကြသည်။ ထိုသို့သော ရွေးကောက်ပွဲသည် မည်သည့်အရာဖြစ်လာသနည်း။ ယင်းသည် အသင်းတော်ကို ကွဲစေသည့်အရာတစ်ခု ဖြစ်လာသည်။ ရွေးကောက်ပွဲရလဒ်များ မထွက်မီမှာပင် အသင်းတော်သည် ကွဲနှင့်နေပြီဖြစ်သည်။ ဤသည်မှာ အသင်းတော် ရွေးကောက်ပွဲတစ်ခုအတွင်း ပေါ်ပေါက်သင့်သော ဖြစ်စဉ်တစ်ခုလော။ ဤသည်မှာ ပုံမှန်ဖြစ်စဉ်တစ်ခုလော။ မဟုတ်ပေ။ အကယ်၍ သင်သည် ခေါင်းဆောင်တစ်ဦးဖြစ်လိုပြီး သင့်တွင် အရည်အချင်းအချို့နှင့် ဝန်တာစိတ်တစ်ခုရှိကာ ဤအလုပ်အတွက် အရည်အချင်းပြည့်မီသည်ဟု ယုံကြည်ပါက သင်သည် ဘုရားအိမ်တော်၏ စည်းမျဉ်းများအတိုင်း ရွေးကောက်ပွဲတွင် ပါဝင်နိုင်သည်။ ညီအစ်ကိုမောင်နှမများက အသင်းတော် ခေါင်းဆောင်မှုနှင့်ဆိုင်သည့် အလုပ်ကို တာဝန်ယူရန် သင့်ကို ယုံကြည်လက်ခံပြီး ကိုးစားနိုင်ရန်အလို့ငှာ သင်သည် သင်၏ အားသာချက်များနှင့် အရည်အချင်းများကို ဖော်ပြနိုင်ပြီး သင်၏ နားလည်သဘောပေါက်မှုများနှင့် အတွေ့အကြုံများကိုလည်း မိတ်သဟာယဖွဲ့နိုင်သည်မှာ အမှန်ပင်ဖြစ်၏။ သို့သော်လည်း သင်သည် အခြားသူများကို တိုက်ခိုက်ခြင်းဖြင့် ရွေးကောက်တင်မြှောက်ခံရရန်ဖြစ်သော သင်၏ပန်းတိုင်ကို မစွမ်းဆောင်သင့်ပေ။ အကြောင်းမှာ ဤအရာသည် လူတို့ကို လွယ်ကူစွာ အထင်အမြင်မှားစေပြီး အပျက်သဘောဆောင်သော အကျိုးဆက်များကို ဖြစ်စေနိုင်သောကြောင့် ဖြစ်သည်။ ဝိညာဉ်ရင့်ကျက်မှုနုနယ်ပြီး ပိုင်းခြားသိမြင်မှုမရှိသော ညီအစ်ကိုမောင်နှမများသည် သင်၏ အထင်အမြင်မှားစေခြင်းကို လွယ်ကူစွာ ခံရနိုင်ပြီး မည်သူ့အား ရွေးချယ်ရမည်ကို သိမည်မဟုတ်သည့်အပြင် အသင်းတော်သည်လည်း ဖရိုဖရဲဖြစ်ကာ အစိတ်စိတ်အမြွှာမြွှာ ကွဲသွားနိုင်သည်။ ယင်းမှာ စာတန်အား အခွင့်ကောင်းယူရန် အခွင့်အရေးပေးခြင်းဖြစ်သည် မဟုတ်လော။ တိုတိုပြောရလျှင် စည်းမျဉ်းများကို မလိုက်နာဘဲ ရွေးကောက်ပွဲတစ်ခုတွင် ပါဝင်ခြင်းနှင့် အမြဲတစေ ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများရှိပြီး ရွေးကောက်တင်မြှောက်ခံရရန်ဖြစ်သည့် မိမိ၏ပန်းတိုင်ကို စွမ်းဆောင်ရရှိရန် စက်ဆုပ်ဖွယ်ကောင်းသော နည်းလမ်းများကို အသုံးပြုခြင်းတို့အားလုံးသည် ရွေးကောက်ပွဲများကို ကြိုးကိုင်ခြယ်လှယ်ခြင်းနှင့် အဖျက်အမှောင့်လုပ်ခြင်း၏ သဘောသဘာဝရှိပြီး မလျော်ကန်သော ရွေးကောက်ပွဲ အပြုအမူများ ဖြစ်ကြသည်။ အချို့လူများတွင် ဤအရာနှင့် ခွဲခြားသိမြင်သင့်သော မှန်ကန်သည့် အပြုအမူများ ရှိကြသည်မှာ အမှန်ပင်ဖြစ်၏။ ဥပမာအားဖြင့် ကိုယ်စားလှယ်လောင်းတစ်ဦးသည် ဧဝံဂေလိအလုပ်၊ စာနှင့်ပတ်သက်သောအလုပ်နှင့် အထွေထွေကိစ္စရပ်များဆိုင်ရာ အလုပ်ကဲ့သို့သော အသင်းတော်အလုပ်၏ အမျိုးမျိုးသော အလုပ်ကဏ္ဍများကို ကောင်းစွာလုပ်ဆောင်နည်း သို့မဟုတ် အသင်းတော်အသက်တာကို တိုးတက်စေနည်း၊ ဘုရားသခင် ရွေးချယ်ထားသောလူများ၏ အသက်ဝင်ရောက်မှုဆိုင်ရာ အခက်အခဲများကို ဖြေရှင်းနည်း စသည်တို့ကို မိတ်သဟာယဖွဲ့ပါက ဤအရာအားလုံးက မှန်ကန်ပေသည်။ မိမိ၏ သဘောထားအမြင်များနှင့် နားလည်သဘောပေါက်မှုများကို မှန်ကန်စွာ ဖော်ပြခြင်း၊ အသင်းတော်အလုပ်နှင့်စပ်လျဉ်း၍ မိမိ၏ တွေးခေါ်မှုနှင့် အစီအစဉ်များကို မျှဝေခြင်း စသည်တို့သည် ပုံမှန်စကားနှင့် အပြုအမူ၏ အစိတ်အပိုင်းများဖြစ်ကြပြီး အသင်းတော်မှ ချမှတ်ထားသော ရွေးကောက်ပွဲ စည်းမျဉ်းများနှင့် ကိုက်ညီသည်။ ဤအရာများမှလွဲ၍ ရွေးကောက်ပွဲကာလများအတောအတွင်း ပြသသော အထူးသဖြင့် သိသာသည့် မလျော်ကန်သော အပြုအမူတစ်ခုတလေသည် လူတို့၏ အာရုံစိုက်မှုကို ဆွဲဆောင်သင့်သည်။ လူတို့သည် ဤအရာများအပေါ် သတိဝီရိယရှိပြီး ပိုင်းခြားသိမြင်ရန် လိုအပ်သည်၊ ပေါ့ဆခြင်းမရှိနှင့်။

အချို့လူများသည် မိမိတို့၏ တာဝန်များကို မထမ်းဆောင်ခြင်းနှင့် အသင်းတော်အသက်တာတွင် မပါဝင်ခြင်းအတွက် အလုပ်များခြင်း၊ မိမိတို့၏ မိသားစုနှင့်ဆိုင်သော ပြဿနာများစွာ ရှိခြင်း သို့မဟုတ် မသင့်လျော်သော ပတ်ဝန်းကျင်တစ်ခုရှိခြင်းတို့ကို အကြောင်းပြချက်များအဖြစ် မကြာခဏ ဖော်ပြကြသည်။ သို့သော်လည်း အသင်းတော်ခေါင်းဆောင်များကို ရွေးကောက်တင်မြှောက်ရန် အချိန်ကျရောက်သောအခါ ဤအခက်အခဲများသည် ရုတ်တရက် မရှိတော့သည့်အပြင် ၎င်းတို့သည် ထိုအခါသမယအတွက် မိမိတို့ကိုယ်ကို စေ့စေ့စပ်စပ် ဝတ်စားဆင်ယင်ကာ ရွေးကောက်ပွဲတွင် ပါဝင်ရန် ရောက်လာကြသည်။ ၎င်းတို့သည် အချိန်ကြာမြင့်စွာ ပေါ်မလာခဲ့သော်လည်း အသင်းတော် ရွေးကောက်ပွဲနှင့်ဆိုင်သော သတင်းကောင်းကို ကြားသိရသည်နှင့်တစ်ပြိုင်နက် စိတ်ထက်သန်စွာ အပြေးအလွှားရောက်လာသည်။ ၎င်းတို့သည် အဘယ်အရာအတွက် လာကြသနည်း။ ရွေးကောက်ပွဲအတွက်၊ အသင်းတော်ခေါင်းဆောင် ရာထူးအတွက်၊ ဤ “အရာရှိရာထူး” အတွက် ရောက်လာကြခြင်း ဖြစ်သည်။ ထိုသို့သော လူများသည် ၎င်းတို့၏ လုပ်ရပ်များတွင် အထူးပင် လိမ္မာပါးနပ်ကြသည်။ အခြားသူများက ၎င်းတို့သည် အသင်းတော်ခေါင်းဆောင်တစ်ဦး ဖြစ်လာချင်ကြသည်ဟု သံသယဝင်မည်ကို ကြောက်ရွံ့သဖြင့် ၎င်းတို့သည် ရွေးကောက်ပွဲအကြောင်း ဖော်ပြပြောဆိုခြင်းကို ရှောင်ကြဉ်ပြီး လူတို့၏ လေးစားမှုကို ရရှိရန် မိမိတို့၏ သိနားလည်မှုများနှင့် အတွေ့အကြုံများကို မိတ်သဟာယဖွဲ့ခြင်းအပေါ်တွင်သာ အာရုံစိုက်ကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လူသိရှင်ကြား စားသောက်ကြသည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များအကြောင်း မိတ်သဟာယဖွဲ့ရန် လူတိုင်းကို ဦးဆောင်ကြပြီး မိမိတို့၏ ကိုယ်ပိုင် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်ကို မျှဝေကြသည်။ လက်တွေ့တွင်မူ ၎င်းတို့သည် ယေဘုယျအားဖြင့် အသင်းတော်အသက်တာတွင် ပါဝင်ခဲပြီး သမ္မာတရားကို မိတ်သဟာယဖွဲ့ခဲသည့်အပြင် မည်သည့် အတွေ့အကြုံဆိုင်ရာ သိနားလည်မှုများကိုမျှ မပြောနိုင်ကြပေ။ သို့သော်လည်း ရွေးကောက်ပွဲ နီးကပ်လာသည်နှင့်အမျှ ၎င်းတို့သည် အလွန် ကွဲပြားလာကြသည်။ ၎င်းတို့သည် အထူးပင် စိတ်အားထက်သန်ပြီး တက်ကြွပုံရကာ ပေါ်ပေါ်လွင်လွင် ထင်ပေါ်လျက် အသင်းတော်အသက်တာတွင် တက်ကြွစွာ ပါဝင်ကြပြီး ဆုတောင်းရန်၊ ဓမ္မတေးများ သီဆိုရန်နှင့် မိတ်သဟာယဖွဲ့ရန် စိတ်အားထက်သန်ကြလေသည်။ စုဝေးပွဲများအပြီးတွင် ၎င်းတို့သည် ညီအစ်ကိုမောင်နှမများနှင့် မိသားစုအရေးကိစ္စများအကြောင်း စကားစမြည်ပြောဆိုရန်နှင့် အဆက်အသွယ်များ တည်ဆောက်ရန် အခွင့်အလမ်းများကို ရှာဖွေကြသည်။ အသင်းတော်ခေါင်းဆောင်တစ်ဦးကို တွေ့မြင်သောအခါ ၎င်းတို့က၊ “သင်သည် ယခုရက်ပိုင်းအတွင်း ကြည့်ရသည်မှာ မကောင်းလှပါလား။ ကျွန်ုပ်အိမ်တွင် စွန်ပလွံသီးအချို့ ရှိသည်၊ သင့်အတွက် အချို့ ယူဆောင်လာပေးပါမည်”ဟု ပြောဆိုကြသည်။ ညီအစ်မတစ်ဦးဦးကို တွေ့မြင်သောအခါ ၎င်းတို့က၊ “သင်၏ မိသားစုတွင် ငွေကြေးအခက်အခဲများ ရှိနေသည်ဟု ကျွန်ုပ်ကြားပါသည်။ အကူအညီတစ်ခုခု လိုအပ်ပါသလော။ သင့်အား အဝတ်အစားအချို့ ပေးနိုင်ပါသည်”ဟု ပြောဆိုကြသည်။ ၎င်းတို့သည် ယခင်နှင့် အလွန်ကွာခြားလျက် စုဝေးပွဲတိုင်းတွင် အထူးပင် တက်ကြွကြသည်။ ယခင်က ၎င်းတို့သည် စာရင်းသွင်းရန်သာ ရံဖန်ရံခါ ပေါ်လာတတ်ပြီး စုဝေးပွဲတက်ရန် မည်သူက ခေါ်သည်ဖြစ်စေ အလုပ်များသည်ဟု ခွင့်ပန်လေ့ရှိသည်။ သို့သော် ရွေးကောက်ပွဲကာလအတွင်းတွင် ၎င်းတို့သည် ရုတ်တရက် ထွက်ပေါ်လာပြီး စုဝေးပွဲတိုင်းကို တစ်ကြိမ်မျှမလွတ်ဘဲ ပါဝင်ကြသည်။ စုဝေးပွဲတစ်ခုစီတိုင်းတွင် ညီအစ်ကိုမောင်နှမများသည် ရွေးကောက်ပွဲနှင့် သက်ဆိုင်သော အမှုအရာများနှင့် စည်းမျဉ်းများအကြောင်း မိတ်သဟာယဖွဲ့ကြပြီး အမှန်ပင် ၎င်းတို့လည်း ပါဝင်ကြသည်။ ဤကာလအတွင်းတွင် ၎င်းတို့သည် ညီအစ်ကိုမောင်နှမများနှင့် ကောင်းမွန်သော ဆက်ဆံရေးများ တည်ဆောက်ရန် တတ်နိုင်သမျှအားထုတ်ကြပြီး ၎င်းတို့ထဲမှ တစ်စိတ်တစ်ပိုင်းကို စည်းရုံးသိမ်းသွင်းရန် ကြိုးပမ်းကြသည်။ ၎င်းတို့သည် ညီအစ်ကို မောင်နှမများရှေ့တွင် အကြိမ်များစွာပင် ပူဇော်ဆက်ကပ်ကြရာ လူအများစုမှာ အံ့အားသင့်ကာ “သူတို့သည် ဘုရားသခင်ကို အလွန်ကြာမြင့်စွာ ယုံကြည်ခဲ့ပြီးဖြစ်သော်လည်း သူတို့ ပူဇော်ဆက်ကပ်သည်ကို ငါတို့ မည်သည့်အခါကမျှ မမြင်ဖူးခဲ့ပါ။ ဤတစ်ကြိမ်တွင် အဘယ်ကြောင့် ဤမျှ ရက်ရောနေကြသနည်း။ သူတို့သည် အမှန်တကယ် ပိုကောင်းဖို့အတွက် ပြောင်းလဲပြီး မိမိတို့ကိုယ်ကို ပြုပြင်ခဲ့ကြပြီလော” ဟု တွေးထင်ကြလေသည်။ အမှုအရာများကို မပိုင်းခြားနိုင်ကြသည့် မိုက်မဲပြီး မသိနားမလည်သောသူအချို့သည် ဤလူအနေဖြင့် အမှန်တကယ် ပိုကောင်းဖို့အတွက် ပြောင်းလဲခဲ့ပြီးဖြစ်ကြောင်း၊ ဤလူကို ယခင်က ၎င်းတို့ အထင်အမြင်လွဲမှားခဲ့ကြောင်း တွေးထင်ကြပြီး ၎င်းတို့၏ စိတ်နှလုံးထဲတွင် ထိုသူတို့အပေါ် သဘောကျသည့် အထင်အမြင်တစ်ခုကို မသိလိုက်မသိဘာသာ ဖြစ်ပေါ်လာကြကာ၊ “ဤလူ၏ မိသားစုသည် ချမ်းသာကြွယ်ဝသည်၊ ၎င်းတို့တွင် အမှုအရာများကို ပြီးမြောက်အောင် လုပ်ဆောင်ရန် အဆက်အသွယ်များနှင့် နည်းလမ်းများ ရှိသည်။ ၎င်းတို့သာ အသင်းတော်ခေါင်းဆောင်တစ်ဦး ဖြစ်လာပါက အသင်းတော်အတွက် အမှုအရာများစွာကို ပြီးမြောက်အောင် လုပ်ဆောင်ပေးနိုင်သည်။ ဤသည်မှာ ဧဝံဂေလိတရားကို ဟောပြောရာတွင်လည်းကောင်း၊ လိုက်လံဖမ်းဆီးခြင်းခံရပြီး အခက်အခဲများရှိသော ညီအစ်ကိုမောင်နှမအချို့ကို ဧည့်ခံရာတွင်လည်းကောင်း ငါတို့၏ အသင်းတော်အတွက် အထောက်အကူ ဖြစ်စေမည် မဟုတ်လော။ ၎င်းတို့သာ ဤသို့ တက်ကြွနေနိုင်မည်ဆိုလျှင် အလွန်ကောင်းပေမည်၊ သို့သော် ၎င်းတို့ ဆက်လက်တက်ကြွနိုင်ခြင်း ရှိ၊ မရှိကိုဖြစ်စေ၊ ငါတို့၏ အသင်းတော်ခေါင်းဆောင် ဖြစ်လိုစိတ်ရှိ၊ မရှိကိုဖြစ်စေ ငါမသေချာပါ”ဟု တွေးကြသည်။ အချို့လူများသည် အထင်အမြင်မှားစေခြင်းနှင့် လှည့်စားခြင်းခံခဲ့ရသည် မဟုတ်လော။ ဤလူ လုပ်ဆောင်နေပြီးဖြစ်သည့် အရာအားလုံးသည် စတင် အကျိုးဖြစ်ထွန်းနေသည် မဟုတ်လော။ ကိစ္စများက နေရာတကျဖြစ်ပြီး မကြာမီ ရလဒ်များ ရလာတော့မည် မဟုတ်လော။ ဤသည်မှာ ၎င်းတို့ အလိုရှိသည့်အရာ မဟုတ်လော။ (ဟုတ်ပါသည်။) ထို့အပြင် ၎င်းတို့သည် လူတစ်ဦးကို အဝတ်အစားနှစ်စုံ၊ နောက်တစ်ဦးကို ဟင်းသီးဟင်းရွက်တစ်ခြင်းနှင့် နောက်ထပ်တစ်ဦးကို ကျန်းမာရေးဖြည့်စွက်စာအချို့ ပေးကြကာ လူတိုင်း ဂရုစိုက်ခံရကြောင်းကို သေချာစေသည်။ ဤသည်မှာ လူတို့ကို၊ “ဤလူသာ အသင်းတော်ခေါင်းဆောင်တစ်ဦး ဖြစ်လာပါက ကြီးမြတ်သော သိုးထိန်းတစ်ဦး ဖြစ်လာမည် မဟုတ်လော။ သူတို့သည် လူအများစု အားကိုးလိုသည့် တစ်စုံတစ်ဦးဖြစ်သည် မဟုတ်လော”ဟု တွေးထင်စေသည်။ ယခုအခါ အချိန်အခါသင့်ပြီ မဟုတ်လော။ ညီအစ်ကိုမောင်နှမများသည် ဤသို့သော တစ်စုံတစ်ဦးကို အလွယ်တကူ ရွေးချယ်ကြမည် မဟုတ်လော။ ဤလူသည် ပညာတတ်ဖြစ်သည်၊ ရှင်းလင်းစွာ စကားပြောနိုင်ပြီး လူ့အသိုင်းအဝိုင်းတွင် အဆင့်အတန်းတစ်ခုခု ရှိသည်။ အသင်းတော်က ဖမ်းဆီးမှုများနှင့် ရင်ဆိုင်ရပါက ၎င်းတို့သည် ညီအစ်ကိုမောင်နှမများကို ကာကွယ်ပေးနိုင်သည်။ ညီအစ်ကိုမောင်နှမများ၏ မိသားစုများထဲမှ တစ်စုစုတွင် အခက်အခဲများရှိပါက ၎င်းတို့သည် အကူအညီပေးနိုင်ပြီး လူအင်အားလိုအပ်သည့်အခါတွင်လည်း အသင်းတော်အလုပ်ကို ကူညီနိုင်သည်။ သို့သော်လည်း လူအများစု မသေချာသည့် အချက်တစ်ချက် ရှိသည်။ “၎င်းတို့သည် ယခင်က သမ္မာတရားကို မလိုက်စားခဲ့သည့်အပြင် အချိန်ကြာမြင့်စွာ စုဝေးပွဲများကို တက်ရောက်ခဲသည်။ သို့သော် ယခု ရွေးကောက်ပွဲအချိန်ကျရောက်သောအခါ ၎င်းတို့သည် စုဝေးပွဲအချို့ကို ကပျာကယာ တက်ရောက်ကြသည်။ ၎င်းတို့သာ ခေါင်းဆောင်တစ်ဦးအဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံရပါက သမ္မာတရားကို နားလည်မည်လော။ ၎င်းတို့သာ သမ္မာတရားကို နားမလည်သည့်အပြင် ဤလူတို့ကို ကာကွယ်ပေးနိုင်ရုံ သို့မဟုတ် ၎င်းတို့အား အကျိုးကျေးဇူးအချို့ ပေးနိုင်ရုံသာဖြစ်လျှင် လူတို့ကို သမ္မာတရား နားလည်အောင် ကူညီနိုင်မည်လော။ ၎င်းတို့သည် လူတို့ကို ဘုရားသခင်ရှေ့မှောက်သို့ ပို့ဆောင်နိုင်မည်လော။ ဤသည်မှာ မေးခွန်းထုတ်စရာ ဖြစ်သည်” ဟူ၍ ဖြစ်သည်။ အချို့သည် မိမိတို့၏ စိတ်နှလုံးထဲတွင် သံသယများ ရှိကြစဉ်တွင် အခြားသူများမှာမူ ဤလူ၏ အကျိုးကျေးဇူးများ လွှမ်းမိုးခြင်းနှင့် သိမ်းသွင်းခြင်းကို ခံခဲ့ရပြီး ဖြစ်သည်။ ဤအခြေအနေသည် အလွန် အန္တရာယ်များလှသည် မဟုတ်လော။ မဲတစ်မဲတည်းက ၎င်းတို့ ရွေးကောက်တင်မြှောက်ခံရခြင်းတွင် ကွာခြားမှုကို ဖြစ်စေနိုင်သည်။ နောက်ဆုံး ရွေးကောက်ပွဲရလဒ် မည်သို့ပင်ဖြစ်စေ၊ ထိုသို့သော လူတို့၏ လုပ်ရပ်များနှင့် အပြုအမူများသည် သင့်လျော်သလော။ (မသင့်လျော်ပါ။) အချိန်အခါအသင့်ဆုံးအခိုက်အတန့်များတွင် ၎င်းတို့သည် အလှူဒါနများ ပေးကြသည်၊ ပူဇော်ဆက်ကပ်ကြပြီး ညီအစ်ကိုမောင်နှမများကို လက်တွေ့အခက်အခဲအချို့အား ဖြေရှင်းရာတွင် ကူညီကြသည်။ အချို့သော ညီအစ်ကိုမောင်နှမများ အိမ်ပြောင်းသည့်အခါ ၎င်းတို့သည် သယ်ယူပို့ဆောင်ရေးကို စီစဉ်ပေးပြီး ညီအစ်ကိုမောင်နှမများ၏ မိသားစုအချို့ ငွေကြေးလိုအပ်သည့်အခါ ၎င်းတို့က ချေးငှားပေးကြသည်။ အချို့က ဖုန်းမရှိသည့်အခါ ၎င်းတို့က တစ်ခု ဝယ်ပေးပြီး အချို့က ကွန်ပျူတာမရှိသည့်အခါ ၎င်းတို့က မိမိတို့ကိုယ်ပိုင် ကွန်ပျူတာကို ပေးကြသည်။...၎င်းတို့သည် ဤအမှုအရာများကို အချိန်အခါအသင့်ဆုံး အခိုက်အတန့်များ၊ အရေးကြီးဆုံးသော အချိန်အခါများတွင် လုပ်ဆောင်ကြသည်။ ဤသည်မှာ မည်သည့် အပြုအမူမျိုး ဖြစ်သနည်း။ ခေါင်းဆောင်နေရာအတွက် ယှဉ်ပြိုင်ရန် ရည်ရွယ်ချက်ဖြင့်၊ မပြောဆိုအပ်သော လျှို့ဝှက်ချက်များနှင့် ရည်ရွယ်ချက်များဖြင့် ဤအမှုအရာများကို လုပ်ဆောင်ခြင်းသည် ရွေးကောက်ပွဲများကို ကြိုးကိုင်ခြယ်လှယ်ခြင်းနှင့် အဖျက်အမှောင့်လုပ်ခြင်းပင် မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့သည် စောစောလည်းမလာ၊ နောက်ကျပြီးမှလည်းမလာဘဲ ခေါင်းဆောင်ရွေးကောက်ပွဲ အချိန်တွင် အတိအကျ ပေါ်လာကြသည်။ ၎င်းတို့သည် မပြောဆိုအပ်သော လျှို့ဝှက်ချက်များကို ထားရှိကြသည် မဟုတ်လော။ ဤသည်မှာ အသိသာအထင်ရှားဆုံးဖြစ်သည်၊ ၎င်းတို့သည် မပြောဆိုအပ်သော လျှို့ဝှက်ချက်များကို ထားရှိခြင်း ဖြစ်ရပေမည်။ ၎င်းတို့သည် ရုတ်တရက် အသိစိတ်ဝင်လာပြီး ကောင်းသောအရာအချို့ကို လုပ်ဆောင်လိုခြင်း မဟုတ်ပေ။ ၎င်းတို့၏ ပန်းတိုင်မှာ အသင်းတော်ခေါင်းဆောင်နေရာအတွက် ယှဉ်ပြိုင်ရန်၊ အသင်းတော်၌ ကြီးကြပ်ရေးမှူးဖြစ်လာရန်၊ အသင်းတော်နှင့် ဘုရားသခင် ရွေးချယ်ထားသောလူများကို ကြိုးကိုင်ခြယ်လှယ်ရန် ဖြစ်သည်။ ၎င်းတို့အနေဖြင့် ဤလူတို့ကို အမှန်တကယ် အမှုကိစ္စများ လုပ်ဆောင်ပေးနိုင်ရန်အလို့ငှာ ကြိုးကိုင်ခြယ်လှယ်လိုကြခြင်း ဖြစ်သလော။ (မဟုတ်ပါ။) သို့ဆိုလျှင် ၎င်းတို့သည် အဘယ်အရာကို လုပ်ဆောင်လိုကြသနည်း။ ၎င်းတို့သည် ဘုရားသခင် ရွေးချယ်ထားသောလူများကို ထိန်းချုပ်လိုကြသည်၊ အသင်းတော်ကို ထိန်းချုပ်လိုကြပြီး အသင်းတော်၌ အရာရှိတစ်ဦးအဖြစ် ပြုမူကာ ဆုံးဖြတ်ချက်ပေးနိုင်သည့် ရာထူးတစ်ခုကို ရယူလိုကြခြင်း ဖြစ်သည်။ ဤ မူမမှန်သည့် နည်းလမ်းများနှင့် လုပ်ထုံးလုပ်နည်းများသည် ရွေးကောက်ပွဲများကို ကြိုးကိုင်ခြယ်လှယ်ခြင်းနှင့် အဖျက်အမှောင့်လုပ်ခြင်းအဖြစ် မှတ်ယူ၍ရသည် မဟုတ်လော။ (ဟုတ်ပါသည်။)

အသင်းတော် ရွေးကောက်ပွဲများအတွင်းတွင် မဲအလုံအလောက် မရရှိမည်ကို စိုးရိမ်သော အချို့လူများသည် မိမိတို့ကိုယ်ကို မဲပေးကြသည်။ ဤသည်မှာ ရယ်ဖွယ်ကောင်းပြီး ထူးဆန်းသည်ဟု မထင်ရသလော။ တစ်စုံတစ်ဦးက မိမိကိုယ်ကို မဲပေးခြင်း၏ သဘောသဘာဝမှာ အဘယ်နည်း။ ယင်းသည် ယုံကြည်စိတ်ချမှုကင်းမဲ့ခြင်း၊ အရှက်မရှိခြင်း သို့မဟုတ် လွန်ကဲသော ရည်မှန်းချက်တို့နှင့်ဆိုင်သည့် သရုပ်သကန်တစ်ခုဖြစ်သလော။ ဤအရာအားလုံးပင် ဖြစ်သည်။ ၎င်းတို့သည် ရွေးကောက်တင်မြှောက်ခြင်း မခံရမည်ကို စိုးရိမ်သဖြင့် မိမိတို့ကိုယ်ကို မဲပေးခြင်းမှတစ်ပါး အခြားရွေးချယ်စရာ မရှိကြပေ။ ဤသည်မှာ ယုံကြည်စိတ်ချမှုကင်းမဲ့ခြင်း ဖြစ်သည်။ ၎င်းတို့တွင် လိုအပ်သည့် အရည်အချင်းမရှိဘဲနှင့် ခေါင်းဆောင်တစ်ဦး ဖြစ်ချင်နေသေးသည်။ အခြားသူများက ၎င်းတို့အား မဲမပေးမည်ကို စိုးရိမ်သဖြင့် မိမိတို့ကိုယ်ကို ၎င်းတို့ မဲပေးကြသည်။ ဤသည်မှာ အရှက်မရှိခြင်း မဟုတ်လော။ ထို့အပြင် ၎င်းတို့၏ လွန်ကဲသော ရည်မှန်းချက်ကြောင့် ၎င်းတို့၏ ဝေဖန်ပိုင်းခြားနိုင်စွမ်း မရှင်းမလင်းဖြစ်သွားသည်မှာ မာနကိုပင် ဂရုမစိုက်တော့ဘဲ တည်ကြည်မှုနှင့် ဂုဏ်သိက္ခာ ကင်းမဲ့သွားသည်အထိ ဖြစ်သည်။ “သင်က ကျွန်ုပ်ကို မဲမပေးလျှင် ကျွန်ုပ် လက်ခံမည်မဟုတ်၊ ကျွန်ုပ်သည် အသင်းတော်ခေါင်းဆောင်တစ်ဦး ဖြစ်ရမည်။ ကျွန်ုပ်သာ ခေါင်းဆောင်တစ်ဦး မဖြစ်နိုင်ပါက ဘုရားကို နောက်ထပ် ယုံကြည်တော့မည်မဟုတ်ပါ”ဟူ၍ ဖြစ်သည်။ ၎င်းတို့သည် ခေါင်းဆောင်တစ်ဦးဖြစ်ရန်၊ အရာရှိတစ်ဦးအဖြစ် ပြုမူရန် မရမက လုပ်ဆောင်ကြပြီး အဆင့်အတန်းရှိမှသာ ဘဝတွင် စိတ်အေးလက်အေးဖြစ်ပြီး ကျေနပ်ကြသည်။ ၎င်းတို့တွင်ရှိသည့် ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများက ကြီးမားလိုက်လေခြင်းပါတကား။ ၎င်းတို့သည် ခေါင်းဆောင်တစ်ဦးဖြစ်လာရန်အတွက်သာ ဘုရားသခင်ကို ယုံကြည်လျက် အဆင့်အတန်းကို အလွန်အမင်း တန်ဖိုးထားကြသည်။ ခေါင်းဆောင်တစ်ဦးဖြစ်ခြင်းသည် အဘယ်မှာ ထူးမြတ်နေသနည်း။ သင်သည် အဆင့်အတန်း၏ အကျိုးအမြတ်များကို တန်ဖိုးမထားသည့်အပြင်၊ ထိုအဆင့်အတန်းက ဆောင်ကြဉ်းပေးသည့် အထူးအခွင့်အရေးပေးသော ဆက်ဆံမှုအားလုံးကို မမွေ့လျော်ပါက ဤရာထူးကို တပ်မက်နေဦးမည်လော။ သင့်ကိုယ်သင် မဲပေးနေဦးမည်လော။ သင်၏ ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများသည် အလွန်ကြီးမားနေဦးမည်လော။ သင်သည် အဆင့်အတန်းကို အလွန်တန်ဖိုးထားနေဦးမည်လော။ ထားတော့မည် မဟုတ်ပေ။ ထိုသို့သော လူများသည် မည်သည့် မသမာသော လုပ်ရပ်များကိုမဆို အားကိုးအားထားပြုလျက် ရွေးကောက်ပွဲများကို ဝင်ရောက်စွက်ဖက်ရန်နှင့် အားထုတ်ကြိုးပမ်းရန် အမြဲတစေ အလိုရှိကြသည်။ ထိုသို့သော နည်းလမ်းဖြင့် ပြုမူခြင်းသည် ဂုဏ်သိက္ခာမဲ့ကြောင်း၊ ပွင့်လင်းမြင်သာမှုမရှိကြောင်းနှင့် အတော်အတန်အဆင့်အတန်းနိမ့်ကျကြောင်း ၎င်းတို့ကိုယ်တိုင် ခံစားရသော်လည်း အတန်ငယ် စဉ်းစားပြီးနောက် ၎င်းတို့က၊ “မည်သို့ပင်ဖြစ်စေ၊ အရေးကြီးသည်မှာ ခေါင်းဆောင်အဖြစ် ရွေးကောက်တင်မြှောက်ခံရခြင်းပင် ဖြစ်သည်” ဟု တွေးကြသည်။ ဤသည်မှာ အရှက်မရှိခြင်း ဖြစ်သည်။ ၎င်းတို့သည် ဒီမိုကရေစီနိုင်ငံများ၏ ရွေးကောက်ပွဲများတွင် အသုံးပြုသည့် စကားအချေအတင်ပြောဆိုသည့် နည်းလမ်းများကိုပင် အတုယူလိုကြသည်။ ထိုနည်းလမ်းတွင် ကိုယ်စားလှယ်လောင်းများသည် တစ်ဦး၏ အားနည်းချက်များကို တစ်ဦး ဖော်ထုတ်ကြသည်၊ တစ်ဦးကိုတစ်ဦး ဝေဖန်ပိုင်းခြားပြီး တိုက်ခိုက်ကြကာ စကားစစ်ထိုးပွဲများတွင် ပါဝင်ကြပြီး ဤနည်းဗျူဟာများကို အသင်းတော်၏ ရွေးကောက်ပွဲများတွင် အသုံးချကြသည်။ ဤသည်မှာ ကြီးလေးသော အမှားတစ်ခု မဟုတ်လော။ ဤသည်မှာ ထိုသို့သော နည်းဗျူဟာများအတွက် မှားယွင်းသော နေရာတစ်ခု မဟုတ်လော။ သင်သည် ဤမသမာသည့်နည်းလမ်းများတွင် ပါဝင်ရန်နှင့် ရွေးကောက်ပွဲများကို ကြိုးကိုင်ခြယ်လှယ်ကာ အဖျက်အမှောင့်လုပ်ရန် ကြိုးစားဖို့ အသင်းတော်သို့ လာပါက ငါ သင့်ကိုပြောမည်၊ သင်သည် ထိုသို့ လုပ်ဆောင်ဖို့ မှားယွင်းသောနေရာကို ရွေးချယ်မိပြီဖြစ်သည်။ ဤသည်မှာ ဘုရားအိမ်တော်ဖြစ်သည်၊ လူ့အဖွဲ့အစည်း မဟုတ်ပေ၊ ရွေးကောက်ပွဲများကို ကြိုးကိုင်ခြယ်လှယ်ပြီး အဖျက်အမှောင့်လုပ်သောသူ မည်သူမဆို တစ်ယောက်မကျန် ပြစ်တင်ရှုတ်ချခြင်းခံရလိမ့်မည်။ အသင်းတော်၌ ရွေးကောက်ပွဲများကို ကြိုးကိုင်ခြယ်လှယ်ရန်နှင့် အဖျက်အမှောင့်လုပ်ရန် ကြိုးပမ်းရာတွင် မည်သည့် အကြောင်းပြချက်များ၊ ဆင်ခြေများ သို့မဟုတ် နည်းလမ်းများကို အသုံးပြုသည်ဖြစ်စေ ယင်းတို့သည် လက်မခံနိုင်ဖွယ်ဖြစ်ပြီး ဤသည်မှာ ဒုစရိုက်အမှုတစ်ခု ဖြစ်သည်။ ထာဝရ ဒုစရိုက်အမှုတစ်ခု ဖြစ်သည်။ ရွေးကောက်ပွဲများကို ကြိုးကိုင်ခြယ်လှယ်ရန်နှင့် အဖျက်အမှောင့်လုပ်ရန် ကြိုးပမ်းသောသူအားလုံးသည် ပြစ်တင်ရှုတ်ချခြင်းကို ခံရသည်။ ထိုသို့သော လူများသည် ဘုရားအိမ်တော်သားများအဖြစ် သို့မဟုတ် ညီအစ်ကိုမောင်နှမများအဖြစ် အသိအမှတ်ပြုခြင်း မခံရသည့်အပြင် ထိုအစား စာတန်၏ အစေခံများအဖြစ် သတ်မှတ်ခြင်းခံရသည်။ စာတန်၏ အစေခံများသည် မည်သည့်အရာမျိုးများကို လုပ်ဆောင်ကြသနည်း။ ၎င်းတို့သည် ဘုရားသခင်၏ အလုပ်နှင့် အသင်းတော်၏ ပုံမှန်အစီအစဉ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သည့် အမှုအရာအမျိုးမျိုးကို လုပ်ဆောင်ရာတွင် အထူးကျွမ်းကျင်ကြသည်။ ရွေးကောက်ပွဲများကို ကြိုးကိုင်ခြယ်လှယ်ပြီး အဖျက်အမှောင့်လုပ်သော သူတို့သည် စာတန်၏ အစေခံများ လုပ်ဆောင်သည့်အရာများကို လုပ်ဆောင်လျက် ဤအပျက်သဘောဆောင်သော အခန်းကဏ္ဍများတွင် ပါဝင်နေကြခြင်း ဖြစ်သည်။ အသင်းတော်က မည်သည့်အလုပ်ကို လုပ်ဆောင်သည်ဖြစ်စေ ဤလူတို့သည် ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များနှင့် စည်းမျဉ်းများကို လျစ်လျူရှုလျက်၊ ဘုရားသခင်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို လျစ်လျူရှုလျက်၊ သာ၍ပင် ဘုရားသခင်ကို လျစ်လျူရှုလျက် ယင်းကို အဖျက်အမှောင့်လုပ်ကာ ဖျက်ဆီးရန် ထကြွကြသည်။ ၎င်းတို့သည် အသင်းတော်ဆိုင်ရာ အရေးကိစ္စအမျိုးမျိုးကို ကြိုးကိုင်ခြယ်လှယ်လျက်၊ ထို့ထက်ပင်ပို၍ အသင်းတော်အဖွဲ့ဝင်များကို ကြိုးကိုင်ခြယ်လှယ်လျက်၊ အသင်းတော် ရွေးကောက်ပွဲများကို ကြိုးကိုင်ခြယ်လှယ်ပြီး အဖျက်အမှောင့်လုပ်သည်အထိပင် လုပ်ဆောင်လျက် ဘုရားအိမ်တော်တွင် ၎င်းတို့ အလိုရှိသည့် မည်သည့်အရာကိုမဆို လုပ်ဆောင်ရန် ကြိုးပမ်းကြသည်။ ၎င်းတို့သည် အသင်းတော်ဝန်ထမ်းများကို မည်သည့်နည်းလမ်းများဖြင့် ကြိုးကိုင်ခြယ်လှယ်ရန် ကြိုးပမ်းကြသနည်း။ ၎င်းတို့သည် အသင်းတော် ရွေးကောက်ပွဲများကို ကြိုးကိုင်ခြယ်လှယ်ရန်နှင့် အဖျက်အမှောင့်လုပ်ရန် အခွင့်အလမ်းများကို ရှာဖွေကြသည်။ ရွေးကောက်ပွဲတစ်ခုသည် ဤစာတန်၏ အစေခံများ၏ ကြိုးကိုင်ခြယ်လှယ်ခြင်းနှင့် အဖျက်အမှောင့်လုပ်ခြင်းတို့ကို ခံရသည်နှင့်တစ်ပြိုင်နက် ထိုရွေးကောက်ပွဲက ကျရှုံးသွားလေသည်။ ဤစာတန်၏ အစေခံများသည် မိမိတို့အလိုရှိသည့်အတိုင်း လုပ်ဆောင်ပြီး အသင်းတော်ခေါင်းဆောင်များ ဖြစ်လာပါက ထိုရွေးကောက်ပွဲရလဒ်သည် မှန်ကန်သလော သို့မဟုတ် မမှန်ကန်သလော။ အမှန်ပင် ယင်းမှာ မှန်ကန်ခြင်းမရှိပေ။ သမ္မာတရားကို မိတ်သဟာယဖွဲ့ပြီးနောက်တွင်လည်းကောင်း၊ သင်ခန်းစာယူပြီးနောက်တွင်လည်းကောင်း ရွေးကောက်ပွဲကို ပြန်လည်ကျင်းပသင့်သည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။