ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၂) အခန်း တစ်

ပြီးခဲ့သည့် စုဝေးပွဲမှ ငါတို့၏ မိတ်သဟာယ၏ အဓိကအကြောင်းအရာကို ဦးစွာ ပြန်လည်သုံးသပ်ကြစို့။ (ပြီးခဲ့သည့်တစ်ကြိမ်တွင် ကိုယ်တော်သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရားများ ဆယ့်ငါးချက်ကို စာရင်းပြုစုခဲ့ပြီး အဓိကအားဖြင့် ပထမနှစ်ချက်ကို မိတ်သဟာယဖွဲ့ခဲ့သည်၊ ပထမမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ဖို့၊ ယင်းတို့ကို နားလည်သဘောပေါက်ဖို့နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ဖို့အတွက် လူတို့ကို ဦးဆောင်ခြင်း။ ဒုတိယမှာ လူအမျိုးမျိုး၏ အခြေအနေများနှင့် ရင်းနှီးကျွမ်းဝင်ပြီး ၎င်းတို့၏ လက်တွေ့ဘဝများတွင် ကြုံတွေ့ရသည့် အသက်ဝင်ရောက်မှုနှင့် သက်ဆိုင်သော အခက်အခဲအမျိုးမျိုးကို ဖြေရှင်းပေးခြင်း။ ဤအချက်နှစ်ချက်ကို အခြေခံ၍ ကိုယ်တော်သည် အယောင်ဆောင် ခေါင်းဆောင်များ၏ သက်ဆိုင်ရာ သရုပ်သကန်များကို စိတ်ဖြာလေ့လာဆွေးနွေးခဲ့ပါသည်။) အကယ်၍ သင်တို့သည် ခေါင်းဆောင်တစ်ဦး ဖြစ်ခဲ့ပါက ဤတာဝန်ဝတ္တရားနှစ်ခုအနက် မည်သည့်အရာကို သင်တို့ လုပ်ဆောင်နိုင်မည်ကို သင်တို့ တွေးတောဆင်ခြင်ဖူးသလော။ လူများစွာတို့သည် မိမိတို့တွင် အစွမ်းအစ၊ ဉာဏ်ရည်နှင့် ဝန်တာစိတ် ရှိသည်ဟု အစဉ်သဖြင့် ခံစားရကြပြီး အကျိုးဆက်အနေဖြင့် ခေါင်းဆောင်များ ဖြစ်လာရန် ယှဉ်ပြိုင်လိုကြကာ သာမန်နောက်လိုက်များ မဖြစ်လိုကြပေ။ သို့ဖြစ်၍ သင်သည် ဤတာဝန်ဝတ္တရားနှစ်ခုကို လုပ်ဆောင်နိုင်ခြင်း ရှိမရှိကိုလည်းကောင်း၊ မည်သည့်အရာကို သင် ပို၍ လုပ်ဆောင်နိုင်စွမ်းရှိပြီး တာဝန်ယူနိုင်သည်ကိုလည်းကောင်း ဦးစွာ ကြည့်လော့။ သင်သည် ခေါင်းဆောင်တစ်ဦး ဖြစ်လာရန် အစွမ်းအစ ရှိမရှိ၊ သို့မဟုတ် ဤအလုပ်လုပ်နိုင်စွမ်း သို့မဟုတ် ဝန်တာတစ်ခုကို ပိုင်ဆိုင်ခြင်း ရှိမရှိကို ယခုလောလောဆယ် မပြောဘဲ သင်သည် ဤတာဝန်ဝတ္တရားနှစ်ခုကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်ခြင်း ရှိမရှိကို ဦးစွာ ကြည့်ကြစို့။ သင်တို့သည် ဤမေးခွန်းကို တွေးတောဆင်ခြင်ဖူးသလော။ အချို့က “ကျွန်ုပ်သည် ခေါင်းဆောင်တစ်ဦး ဖြစ်ရန် အစီအစဉ်မရှိပါ၊ သို့ဖြစ်၍ အဘယ်ကြောင့် တွေးတောဆင်ခြင်ရမည်နည်း။ ကျွန်ုပ်သည် ကျွန်ုပ်၏ ကိုယ်ပိုင်အလုပ်ကိုသာ ကောင်းမွန်စွာ လုပ်ဆောင်ရန် လိုအပ်သည်၊ ဤမေးခွန်းသည် ကျွန်ုပ်နှင့် မည်သို့မျှ မသက်ဆိုင်ပါ။ ဤဘဝတစ်သက်တာတွင် ကျွန်ုပ်သည် ခေါင်းဆောင်တစ်ဦး မည်သည့်အခါမျှ မဖြစ်လိုပါ၊ ပြီးလျှင် ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦး၏ တာဝန်ဝတ္တရားများကိုလည်း မည်သည့်အခါမျှ မထမ်းဆောင်လိုပါ၊ ထို့ကြောင့် ထိုသို့သော မေးခွန်းများကို မည်သည့်အခါမျှ တွေးတောဆင်ခြင်ရန် မလိုအပ်ပါ” ဟု ပြောကောင်းပြောနိုင်သည်။ ဤစကားသည် မှန်ကန်သလော။ (မမှန်ကန်ပါ။) သင်သည် ခေါင်းဆောင်တစ်ဦး မဖြစ်လိုလျှင်ပင် သင့်ကို ဦးဆောင်နေသည့်သူသည် ဤတာဝန်ဝတ္တရားနှစ်ခုကို မည်မျှ ကောင်းမွန်စွာ ဆောင်ရွက်နေသည်ကိုလည်းကောင်း၊ ၎င်းတို့သည် မိမိတို့၏ တာဝန်ဝတ္တရားများကို ကောင်းမွန်စွာ ဖြည့်ဆည်းပြီးခြင်း ရှိမရှိကိုလည်းကောင်း၊ ၎င်းတို့တွင် လိုအပ်သော အစွမ်းအစ၊ လုပ်နိုင်စွမ်းများနှင့် တာဝန်ခံစိတ် ရှိမရှိကိုလည်းကောင်း၊ ဤလိုအပ်ချက်နှစ်ခုနှင့် ကိုက်ညီခြင်း ရှိမရှိကိုလည်းကောင်း သင် သိရှိရန် လိုအပ်နေဆဲ မဟုတ်လော။ အကယ်၍ သင်သည် ဤအရာများကို နားမလည်လျှင် သို့မဟုတ် ထိုးထွင်းမမြင်နိုင်လျှင်၊ ပြီးလျှင် ၎င်းတို့က သင့်ကို တွင်းထဲသို့ ဆွဲခေါ်သွားလျှင် သင် သတိပြုမိမည်လော။ အကယ်၍ သင်သည် ၎င်းတို့နောက်သို့ တွေဝေစွာဖြင့်သာ လိုက်သွားပြီး တုံးအနေပါက၊ ၎င်းတို့သည် အယောင်ဆောင်ခေါင်းဆောင်တစ်ဦး ဖြစ်သည်ကိုဖြစ်စေ၊ ၎င်းတို့သည် သင့်ကို လမ်းလွဲအောင် ဦးဆောင်နေသည်ကိုဖြစ်စေ၊ ၎င်းတို့ သင့်ကို မည်သည့်နေရာသို့ ခေါ်ဆောင်နေသည်ကိုဖြစ်စေ သင်မသိပါက သင်သည် အန္တရာယ်ကျရောက်လိမ့်မည်။ အကြောင်းမှာ သင်သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရားများဆိုင်ရာ နယ်ပယ်ကို နားမလည်သကဲ့သို့ အယောင်ဆောင်ခေါင်းဆောင်များကို ပိုင်းခြားသိမြင်နိုင်စွမ်း ကင်းမဲ့သောကြောင့် သင်သည် ၎င်းတို့နောက်သို့ တွေဝေစွာဖြင့် လိုက်မည်ဖြစ်ပြီး ၎င်းတို့ သင့်ကို မိတ်သဟာယဖွဲ့သည့်အရာသည် ဘုရားနှုတ်ကပတ်တော်များရှိ သမ္မာတရားနှင့် ကိုက်ညီခြင်း ရှိမရှိကိုဖြစ်စေ၊ လက်တွေ့ကျမှု ဟုတ်မဟုတ်ကိုဖြစ်စေ မသိဘဲ ၎င်းတို့ သင့်ကို ခိုင်းသည့် မည်သည့်အရာကိုမဆို လုပ်ဆောင်လိမ့်မည်။ သင်သည် ၎င်းတို့က စိတ်အားထက်သန်သောကြောင့်လည်းကောင်း၊ ၎င်းတို့က မိုးလင်းမှ မိုးချုပ်အထိ အလုပ်များပြီး အလုပ်ကြိုးစားသောကြောင့်လည်းကောင်း၊ အဖိုးအခကို ပေးဆပ်နိုင်စွမ်း ရှိသောကြောင့်လည်းကောင်း၊ တစ်စုံတစ်ဦး အခက်အခဲကြုံသည့်အခါ ၎င်းတို့က ကူညီရန် လက်ကမ်းပြီး လျစ်လျူမရှုသောကြောင့်လည်းကောင်း ၎င်းတို့သည် ခေါင်းဆောင်တစ်ဦးအဖြစ် စံနှုန်းပြည့်မီသည်ဟု ထင်မှတ်လိမ့်မည်။ အယောင်ဆောင်ခေါင်းဆောင်များသည် ဘုရားနှုတ်ကပတ်တော်များကို သဘောပေါက်နားလည်နိုင်စွမ်း ကင်းမဲ့ကြောင်း၊ ၎င်းတို့ မည်မျှကြာအောင် အလုပ်လုပ်ပါစေ ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်မည်မဟုတ်သကဲ့သို့ ဘုရားသခင်၏ တောင်းဆိုချက်များမှာ အဘယ်အရာ ဖြစ်သည်ကို သိမည်မဟုတ်ကြောင်း၊ ၎င်းတို့သည် အယူဝါဒများမှာ အဘယ်အရာ ဖြစ်သည်ကိုလည်းကောင်း၊ သမ္မာတရား လက်တွေ့ကျမှုများမှာ အဘယ်အရာဖြစ်သည်ကိုလည်းကောင်း ပိုင်းခြားသိမြင်နိုင်မည်ပင် မဟုတ်ကြောင်း၊ ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များနှင့် သမ္မာတရားကို စစ်မှန်သောနည်းလမ်းဖြင့် မည်သို့ သဘောပေါက်နားလည်ရမည်ကို သိမည်မဟုတ်သကဲ့သို့ ဘုရားနှုတ်ကပတ်တော်များကို မည်သို့ စားသောက်ရမည်ကိုလည်း သိမည်မဟုတ်ကြောင်းကို သင် မသိချေ။ ဤသည်က ၎င်းတို့သည် အယောင်ဆောင်ခေါင်းဆောင်များဖြစ်ကြောင်း ထင်ရှားစေသည်။ အယောင်ဆောင်ခေါင်းဆောင်များသည် ၎င်းတို့လုပ်ဆောင်သည့် အလုပ်တွင် မည်သည့်ရလဒ်ကိုမျှ မရရှိကြပေ။ ၎င်းတို့သည် သင်နှင့် မိတ်သဟာယဖွဲ့ပြီး ဝတ်ကျေတမ်းကျေ လုပ်ဆောင်သွားမည်၊ သို့သော် သင်သည် မည်သို့သော အခြေအနေ၌ ရှိသည်ကိုလည်းကောင်း၊ မည်သည့်အခက်အခဲများကို ရင်ဆိုင်နေရသည်ကိုလည်းကောင်း၊ ယင်းတို့ အမှန်တကယ် ဖြေရှင်းပြီးခြင်း ရှိမရှိကိုလည်းကောင်း ၎င်းတို့ ရှင်းလင်းစွာ သိမည်မဟုတ်သကဲ့သို့ သင်ကိုယ်တိုင်လည်း ဤအရာများကို သိမည်မဟုတ်ပေ။ အပြင်ပန်းတွင် ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုပြီး သင်နှင့် သမ္မာတရားအကြောင်း မိတ်သဟာယဖွဲ့ပြီး ဖြစ်လိမ့်မည်၊ သို့သော် သင်သည် မည်သို့သော ပြန်လည်ပြောင်းလဲမှုမျှမရှိဘဲ မှားယွင်းသော အခြေအနေတစ်ခု၌ ဆက်လက်အသက်ရှင်နေဆဲ ဖြစ်လိမ့်မည်။ သင်သည် မည်သို့သော အခက်အခဲများကိုပင် ကြုံတွေ့ပါစေ ၎င်းတို့သည် မိမိတို့၏ တာဝန်ဝတ္တရားများကို ဆောင်ရွက်ပုံ ပေါက်လိမ့်မည်၊ သို့သော် ၎င်းတို့၏ မိတ်သဟာယဖွဲ့ခြင်းမှတစ်ဆင့်ဖြစ်စေ၊ အကူအညီမှတစ်ဆင့်ဖြစ်စေ သင်၏ အခက်အခဲတစ်ခုတလေမျှ ပြေလည်သွားမည် မဟုတ်ဘဲ ပြဿနာများသည် ဆက်လက်တည်ရှိနေမည် ဖြစ်သည်။ ဤသို့သော ခေါင်းဆောင်မျိုးသည် စံနှုန်းပြည့်မီသလော။ (မပြည့်မီပါ။) သို့ဆိုလျှင် ဤအရေးကိစ္စများကို ပိုင်းခြားသိမြင်နိုင်ရန်အတွက် သင်သည် မည်သည့်သမ္မာတရားများကို နားလည်ရန် လိုအပ်သနည်း။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အလုပ်တိုင်းကို လုပ်ဆောင်ပြီး ပြဿနာတိုင်းကို ဘုရားနှုတ်ကပတ်တော်များ၏ တောင်းဆိုချက်များနှင့်အညီ ကိုင်တွယ်ဖြေရှင်းခြင်း ရှိမရှိကိုလည်းကောင်း၊ ၎င်းတို့ပြောဆိုသည့် စကားလုံးတိုင်းသည် လက်တွေ့ကျပြီး ဘုရားနှုတ်ကပတ်တော်များရှိ သမ္မာတရားနှင့် ကိုက်ညီခြင်း ရှိမရှိကိုလည်းကောင်း သင် နားလည်ရန် လိုအပ်သည်။ ထို့အပြင် သင်သည် အမျိုးမျိုးသော အခက်အခဲများကို ရင်ဆိုင်ရသည့်အခါ ပြဿနာများကို ဖြေရှင်းရန် ၎င်းတို့၏ လုပ်နည်းကိုင်နည်းသည် သင့်ကို ဘုရားနှုတ်ကပတ်တော်များအား နားလည်စေပြီး လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းတစ်ခုကို ရရှိစေသလော၊ သို့မဟုတ် ၎င်းတို့သည် စကားလုံးများနှင့် အယူဝါဒအချို့ကိုသာ ပြောဆိုခြင်း၊ ဆောင်ပုဒ်များ ဟစ်ကြွေးခြင်း သို့မဟုတ် သင့်ကို ဆုံးမစကားပြောခြင်းမျှသာ ပြုသလောဟူသည်ကို သင်နားလည်ရန် လိုအပ်သည်။ အချို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များသည် လူတို့ကို တိုက်တွန်းနှိုးဆော်ခြင်းမှတစ်ဆင့် ကူညီလိုကြသည်၊ အချို့က လှုံ့ဆော်မှုမှတစ်ဆင့် ကူညီလိုကြပြီး အခြားသူများကမူ ဖော်ထုတ်ခြင်း၊ စွပ်စွဲခြင်းနှင့် ပြုပြင်ခြင်းတို့မှတစ်ဆင့် ကူညီလိုကြသည်။ ၎င်းတို့ အသုံးပြုသည့် နည်းလမ်း မည်သို့ပင်ဖြစ်စေ အကယ်၍ ယင်းက သင့်ကို သမ္မာတရား လက်တွေ့ကျမှုထဲသို့ အမှန်တကယ် ဝင်ရောက်စေနိုင်လျှင်၊ သင်၏ တကယ့်အခက်အခဲများကို ဖြေရှင်းပေးနိုင်လျှင်၊ သင့်ကို ဘုရားသခင်၏ ရည်ရွယ်ချက်များမှာ အဘယ်အရာဖြစ်သည်ကို နားလည်စေပြီး ထိုသို့ဖြင့် သင့်ကိုယ်သင် သိကျွမ်းစေကာ လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းတစ်ခုကို ရှာဖွေတွေ့ရှိစေနိုင်လျှင် အနာဂတ်တွင် အလားတူအခြေအနေများနှင့် ရင်ဆိုင်ရသည့်အခါ သင် လိုက်လျှောက်ရန် လမ်းကြောင်းတစ်ခု ရှိလာလိမ့်မည်။ ထို့ကြောင့် ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးသည် စံနှုန်းပြည့်မီခြင်း ရှိမရှိကို အကဲဖြတ်ရန်အတွက် အခြေခံအကျဆုံးသော စံနှုန်းမှာ ၎င်းတို့သည် လူတို့၏ ပြဿနာများနှင့် အခက်အခဲများကို ဖြေရှင်းရန် သမ္မာတရားကို အသုံးပြုနိုင်ခြင်း ရှိမရှိ၊ လူတို့ကို သမ္မာတရားကို နားလည်စေပြီး လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းတစ်ခုကို ရရှိစေနိုင်ခြင်း ရှိမရှိ ဖြစ်သည်။

ပြီးခဲ့သည့်တစ်ကြိမ်တွင် ငါတို့သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ ပထမနှင့် ဒုတိယ တာဝန်ဝတ္တရားများအကြောင်းကို အနည်းနှင့်အများ မိတ်သဟာယဖွဲ့ခဲ့ပြီး ဤတာဝန်ဝတ္တရားနှစ်ခုနှင့်စပ်လျဉ်း၍ အယောင်ဆောင် ခေါင်းဆောင်များ၏ အချို့သော သရုပ်သကန်များကို ငါတို့ စိတ်ဖြာလေ့လာဆွေးနွေးခဲ့သည်။ ၎င်းတို့၏ အဓိက သရုပ်သကန်များမှာ ဘုရားနှုတ်ကပတ်တော်များကို သဘောပေါက်နားလည်မှုမှာ ပေါ့တန်ပြီး အပေါ်ယံဆန်ခြင်းနှင့် သမ္မာတရားကို နားလည်ရန် ပျက်ကွက်ခြင်းတို့ ဖြစ်သည်။ အကျိုးဆက်အနေဖြင့် ၎င်းတို့သည် အခြားသူတို့ကို ဘုရားနှုတ်ကပတ်တော်များအား နားလည်စေရန်နှင့် ကိုယ်တော်၏ ရည်ရွယ်ချက်များကို သဘောပေါက်စေရန် ဦးဆောင်နိုင်ခြင်း မရှိသည်မှာ ထင်ရှားပေသည်။ လူများ အခက်အခဲများဖြင့် ရင်ဆိုင်ရသည့်အခါတွင် ထိုသူများ လိုက်လျှောက်ရန် လမ်းကြောင်းတစ်ခုရှိဖို့အလို့ငှာ ထိုလူတို့ သမ္မာတရားကို နားလည်ပြီး လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ရန် ဦးဆောင်ဖို့ အယောင်ဆောင်ခေါင်းဆောင်များသည် မိမိတို့၏ ကိုယ်ပိုင်အတွေ့အကြုံဆိုင်ရာ အသိကို အသုံးမချနိုင်သကဲ့သို့ အခက်အခဲမျိုးစုံကြားတွင် ထိုသူများ မိမိတို့ကိုယ်ကို ဆင်ခြင်သုံးသပ်ကာ သိမြင်အောင် လုပ်ဆောင်ပေးနိုင်ခြင်း မရှိသည့်အပြင် တစ်ချိန်တည်းမှာပင် ဤအခက်အခဲများကိုလည်း မဖြေရှင်းနိုင်ပေ။ သို့ဖြစ်၍ ယနေ့ ငါတို့သည် အသက်ဝင်ရောက်မှု၏ အခက်အခဲများမှာ အဘယ်အရာဖြစ်သည်ကိုလည်းကောင်း၊ လူတို့ မိမိတို့၏ နေ့စဉ်အသက်တာများတွင် မကြာခဏ ကြုံတွေ့ရလေ့ရှိသည့် အသက်ဝင်ရောက်မှုနှင့် သက်ဆိုင်သော အမျိုးမျိုးသော သာမန်အခက်အခဲများမှာ အဘယ်အရာဖြစ်သည်ကိုလည်းကောင်း ဦးစွာ မိတ်သဟာယဖွဲ့ကြစို့။ ဤအရာများကို တိကျစွာ အကျဉ်းချုပ်ဖော်ပြကြစို့။ ဤအကြောင်းကို မိတ်သဟာယဖွဲ့ရန် လိုအပ်သလော။ (လိုအပ်ပါသည်။) သင်တို့သည် ယခုအခါ အသက်ဝင်ရောက်မှုနှင့် သက်ဆိုင်သော ဤအကြောင်းအရာများကို အတော်အတန် စိတ်ဝင်စားကြသည် မဟုတ်လော။ ငါသည် သင်တို့နှင့် ပထမဆုံး အပြန်အလှန်ဆက်ဆံပြီး သင်တို့အား စကားပြောသည့်အခါ မည်သည့်အရာကိုပင် ပြောပါစေ သင်တို့သည် ထုံထိုင်းပြီး တုံးအကာ နှေးကွေးလေးကန်ပြီး တုံ့ပြန်မှုနှေးနေခဲ့သည်။ သင်တို့သည် မည်သည့်အရာကိုမျှ နားမလည်သကဲ့သို့ အသက်ဝင်ရောက်မှု မဆိုထားနှင့်၊ မည်သည့် ဝိညာဉ်ရင့်ကျက်မှုကိုမျှ မပိုင်ဆိုင်ဟု ထင်ရသည်။ ယခု ငါတို့သည် လူတစ်ဦး၏ အသက်စိတ်သဘောထားကို ပြောင်းလဲခြင်းနှင့် သက်ဆိုင်သည့် အရေးကိစ္စများအကြောင်း ပြောဆိုသည့်အခါ သင်တို့အများစုသည် ဤအကြောင်းအရာကို အတော်အသင့် စိတ်ဝင်စားကြပြီး ယင်းအပေါ် တုံ့ပြန်မှုအချို့ ရှိကြသည်။ ဤသည်မှာ အပြုသဘောဆောင်သော ဖြစ်စဉ်တစ်ခု ဖြစ်သည်။ အကယ်၍ သင်တို့သည် မိမိတို့၏ တာဝန်များကို မထမ်းဆောင်နေခဲ့ပါက ဤအရာများကို ရရှိနိုင်မည်လော။ (မရရှိနိုင်ပါ။) ဤသည်မှာ ဘုရားသခင်၏ ကျေးဇူးတော် ဖြစ်သည်၊ ဤအရာအားလုံးသည် ကိုယ်တော်၏ မျက်နှာသာပေးခြင်းကြောင့်သာ ဖြစ်၏။

အချက် ၂- လူအမျိုးမျိုး၏ အခြေအနေများနှင့် ရင်းနှီးကျွမ်းဝင်ပြီး ၎င်းတို့၏ လက်တွေ့ဘဝများတွင် ကြုံတွေ့ရသည့် အသက်ဝင်ရောက်မှုနှင့် သက်ဆိုင်သော အခက်အခဲအမျိုးမျိုးကို ဖြေရှင်းပေးလော့ (အပိုင်း ၂)

အသက်ဝင်ရောက်မှုဆိုင်ရာ အခက်အခဲ အမျိုးအစား ရှစ်မျိုး

၁။ တာဝန်ထမ်းဆောင်ခြင်းနှင့် သက်ဆိုင်သော အခက်အခဲများ

အသက်ဝင်ရောက်မှု၏ အခက်အခဲများနှင့် ပတ်သက်၍ ဦးစွာ တာဝန်ထမ်းဆောင်ခြင်းနှင့် သက်ဆိုင်သော အခက်အခဲများကို ခြုံငုံ၍ ကြည့်ကြစို့။ သင်သည် သင်၏ တာဝန်များကို ထမ်းဆောင်ရာတွင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် သက်ဆိုင်သည့် ပြဿနာများနှင့် ရင်ဆိုင်ရသည့်အခါ သင်သည် အမှုအရာများကို စည်းမျဉ်းများနှင့်အညီ မကိုင်တွယ်နိုင်ပါက၊ ဤသည်မှာ အသက်ဝင်ရောက်မှုဆိုင်ရာ အခက်အခဲတစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) ရှင်းရှင်းလင်းလင်း ပြောရလျှင် ယင်းမှာ လူတစ်ဦး၏ တာဝန်ထမ်းဆောင်သည့်အခါ ဖြစ်ပေါ်လာသည့် အမျိုးမျိုးသော အခြေအနေများ၊ အတွေးအခေါ်များ၊ ရှုမြင်ပုံများနှင့် အချို့သော မှားယွင်းသည့် တွေးခေါ်ပုံနည်းလမ်းများ ဖြစ်သည်။ သို့ဆိုလျှင် ဤကိစ္စနှင့်ပတ်သက်၍ မည်သည့် တိကျသော အခက်အခဲများ ရှိသနည်း။ ဥပမာအားဖြင့် တာဝန်ထမ်းဆောင်သည့်အခါ ဝတ်ကျေတမ်းကျေလုပ်ရန်၊ ခေါင်းရှောင်ရန်နှင့် ခိုကပ်ရန် အစဉ်သဖြင့် ကြိုးစားခြင်းသည် တာဝန်ထမ်းဆောင်စဉ်အတွင်း သာမန်အားဖြင့် ပေါ်လွင်ထင်ရှားပြီး ထုတ်ဖော်ပြသည့် အခြေအနေတစ်ခု မဟုတ်လော။ ထို့အပြင် မိမိ၏ မူလအလုပ်ကို အာရုံမစိုက်ခြင်း၊ တာဝန်ထမ်းဆောင်စဉ် မိမိကိုယ်ကို အခြားသူများနှင့် အစဉ်မပြတ် နှိုင်းယှဉ်ခြင်း၊ မိမိတာဝန်ထမ်းဆောင်သည့် နေရာကို ကစားကွင်း သို့မဟုတ် စစ်မြေပြင်အဖြစ် သဘောထားပြုမူခြင်း၊ မိမိ၏ တာဝန်ထမ်းဆောင်သည့်အခါတိုင်း “စံတစ်ခု” ကို ရှာဖွေရန် စဉ်းစားလျက် စိတ်ထဲ၌ ဤသို့ ပြောဆိုခြင်းလည်း ရှိသည်၊ “မည်သူက ကျွန်ုပ်ထက် ပိုတော်သည်ကိုလည်းကောင်း၊ မည်သူက ကျွန်ုပ်၏ ယှဉ်ပြိုင်တိုက်ခိုက်လိုစိတ်ကို လှုံ့ဆော်ပေးနိုင်သည်ကိုလည်းကောင်း ကျွန်ုပ် ကြည့်မည်၊ ထို့နောက် မည်သူက မိမိ၏ တာဝန်ထမ်းဆောင်မှုတွင် ပိုကောင်းသော ရလဒ်များနှင့် ပိုမြင့်သော ထိရောက်မှုကို ရရှိသည်ကိုလည်းကောင်း၊ မည်သူက လူတို့၏ စိတ်နှလုံးကို သိမ်းသွင်းစည်းရုံးရာ၌ ပိုတော်သည်ကိုလည်းကောင်း သိမြင်ရန်အလို့ငှာ ၎င်းတို့နှင့် ယှဉ်ပြိုင်မည်၊ ၎င်းတို့နှင့် ပြိုင်ဆိုင်မည်၊ ပြီးလျှင် ကျွန်ုပ်ကိုယ်တိုင်ကို ၎င်းတို့နှင့် နှိုင်းယှဉ်မည်” ဟူ၍ဖြစ်လေသည်။ ထို့နောက် မိမိ၏ တာဝန်ထမ်းဆောင်ခြင်းအတွက် စည်းမျဉ်းများကို နားလည်သော်လည်း ယင်းတို့ကို စောင့်ထိန်းလိုက်နာရန် မလိုလားခြင်း၊ သို့မဟုတ် ဘုရားနှုတ်ကပတ်တော်များရှိ သမ္မာတရားနှင့်အညီ သို့မဟုတ် ဘုရားအိမ်တော်၏ တောင်းဆိုချက်များနှင့်အညီ ပြုမူရန် မလိုလားခြင်း၊ “ကျွန်ုပ်သည် ဤသို့လုပ်ရသည်ကို ကြိုက်သည်၊ ကျွန်ုပ်သည် ထိုသို့လုပ်ရသည်ကို ကြိုက်သည်၊ ကျွန်ုပ်သည် ဤသို့လုပ်ရန် ဆန္ဒရှိသည်၊ ကျွန်ုပ်သည် ထိုသို့လုပ်လိုသည်” ဟု ပြောဆိုလျက် မိမိ၏ တာဝန်ထမ်းဆောင်မှုကို တစ်ကိုယ်ရေ နှစ်သက်မှုများဖြင့် ရောနှောရန် အစဉ်သဖြင့် ပို၍နှစ်သက်ခြင်းတို့ ရှိသည်။ ဤသည်မှာ တစ်ဇွတ်ထိုးဆန်ခြင်း၊ မိမိသဘောအတိုင်း အစဉ်သဖြင့် ပြုမူလိုခြင်းဖြစ်ပြီး မိမိ၏ ကိုယ်ပိုင်နှစ်သက်မှုများအတိုင်း မိမိအလိုရှိသလို ပြုမူလျက် ဘုရားအိမ်တော်၏ တောင်းဆိုချက်အားလုံးကို ဂရုမစိုက်ဘဲ လမ်းကြောင်းမှန်မှ သွေဖည်ရန် ပို၍နှစ်သက်ခြင်း ဖြစ်သည်။ ဤသည်တို့မှာ လူအများစုက မိမိတို့၏ တာဝန်များကို ထမ်းဆောင်သည့်အခါ ပြသသည့် စစ်မှန်သော သရုပ်သကန်များ မဟုတ်လော။ ဤပြဿနာအားလုံးသည် မိမိ၏ တာဝန်ထမ်းဆောင်ခြင်းဆိုင်ရာ အခက်အခဲများနှင့် သက်ဆိုင်သည်မှာ သိသာထင်ရှားပေသည်။ ဤအရာများတွင် ဖြည့်စွက်ပြောကြလော့။ (မိမိ၏ တာဝန်ထမ်းဆောင်သည့်အခါ အခြားသူများနှင့် သဟဇာတဖြစ်စွာ ပူးပေါင်းဆောင်ရွက်ရန် ပျက်ကွက်ပြီး အစဉ်သဖြင့် ထင်ရာစိုင်းခြင်း ဖြစ်သည်။) ဤသည်မှာလည်း အခက်အခဲတစ်ခုအဖြစ် သတ်မှတ်နိုင်သည်။ မိမိ၏ တာဝန်ထမ်းဆောင်သည့်အခါ အခြားသူများနှင့် သဟဇာတဖြစ်စွာ ပူးပေါင်းဆောင်ရွက်ရန် ပျက်ကွက်ပြီး အစဉ်သဖြင့် ထင်ရာစိုင်းလိုကာ ဆုံးဖြတ်ပိုင်ခွင့်ရှိလိုခြင်း၊ ပြဿနာများနှင့် ရင်ဆိုင်ရသည့်အခါ အကြံဉာဏ်တောင်းရန်နှင့် အခြားသူတို့၏ ထင်မြင်ချက်များကို နားထောင်ရန် မိမိကိုယ်ကို နှိမ့်ချလိုသော်လည်း ဤအရာကို လက်တွေ့မလုပ်ဆောင်နိုင်ဘဲ မိမိကြိုးစား၍ လက်တွေ့လုပ်ဆောင်သည့်အခါ စိတ်ထဲ၌ မသက်မသာ ခံစားရခြင်း ဤသည်မှာ ပြဿနာတစ်ခု ဖြစ်သည်။ (တာဝန်ထမ်းဆောင်သည့်အခါ မိမိ၏ ကိုယ်ပိုင်အကျိုးစီးပွားကို အစဉ်သဖြင့် ကာကွယ်ခြင်း၊ တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်ညံ့ခြင်း၊ ပြဿနာတစ်ခု ဖြစ်ပေါ်လာသည့်အခါ အမှန်တကယ်တွင် မည်သို့ဖြေရှင်းရမည်ကို သိသော်လည်း ယင်းမှာ မိမိနှင့် မသက်ဆိုင်ဟု စိတ်ထဲ၌ ခံစားရခြင်း၊ မှားသွားပါက တာဝန်ယူရမည်ကို ကြောက်သဖြင့် ရှေ့ထွက်ရန် မဝံ့ရဲခြင်းတို့ ဖြစ်ပါသည်။) ပြဿနာတစ်ခုကို မြင်သည့်အခါ မဖြေရှင်းဘဲ၊ မိမိနှင့်မဆိုင်သလို သဘောထားပြီး လျစ်လျူရှုခြင်း ဟူသည့် ဤသည်မှာလည်း သစ္စာစောင့်သိမှုမရှိဘဲ မိမိ၏ တာဝန်ထမ်းဆောင်ခြင်းအဖြစ် သတ်မှတ်သည်။ သင်သည် အလုပ်တစ်ခုအတွက် တာဝန်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အကယ်၍ သင်သည် ပြဿနာတစ်ခုကို ထိုးထွင်းမြင်ပြီး ဖြေရှင်းနိုင်ပါက ဤတာဝန်ကို သင် ထမ်းဆောင်သင့်သည်။ ဤသည်မှာ သင်၏ တာဝန်ဖြစ်ပြီး သင်၏အပေါ် ကျရောက်သည့် အလုပ်ဖြစ်သည်။ အကယ်၍ ကြီးကြပ်ရေးမှူးက ဖြေရှင်းနိုင်ပါက သင်သည် လွှတ်ထားနိုင်သည်၊ သို့သော် ကြီးကြပ်ရေးမှူးက မဖြေရှင်းနိုင်ပါက သင်သည် ရှေ့ထွက်ပြီး ဖြေရှင်းသင့်သည်။ ကိစ္စရပ်များကို မည်သူ၏ တာဝန်ယူမှုနယ်ပယ်အောက်တွင် ကျရောက်သည်ကို အခြေခံ၍ မခွဲခြားလင့်၊ ဤသို့ ခွဲခြားခြင်းသည် ဘုရားသခင်အပေါ် သစ္စာစောင့်သိမှုမရှိခြင်း ဖြစ်သည်။ အခြား ရှိသေးသလော။ (မိမိ၏ တာဝန်ထမ်းဆောင်စဉ် မိမိ၏ ဉာဏ်ရည်နှင့် ဆုကျေးဇူးများကို အားကိုးပြီး အလုပ်လုပ်ကာ သမ္မာတရားကို မရှာဖွေခြင်း ဖြစ်ပါသည်။) ဤသို့သော လူများစွာ ရှိသည်။ ၎င်းတို့သည် မိမိတို့၌ ဉာဏ်ရည်နှင့် အစွမ်းအစ ရှိသည်ဟု အစဉ်သဖြင့် ထင်မှတ်ကြပြီး ၎င်းတို့အပေါ် ကျရောက်သည့် အရာအားလုံးကို အရေးမစိုက်ကြပေ၊ ၎င်းတို့သည် သမ္မာတရားကို လုံးဝမရှာဖွေဘဲ မိမိတို့၏ ကိုယ်ပိုင်အလိုဆန္ဒအတိုင်းသာ ပြုမူကြရာ အကျိုးဆက်အနေဖြင့် မည်သည့်တာဝန်ကိုမျှ ကောင်းမွန်စွာ မထမ်းဆောင်နိုင်ကြပေ။ ဤသည်တို့အားလုံးမှာ လူတို့ မိမိတို့၏ တာဝန်များကို ထမ်းဆောင်သည့်အခါ ရင်ဆိုင်ရသည့် အခက်အခဲများ ဖြစ်ကြသည်။

၂။ မိမိတို့၏ အလားအလာနှင့် ကံကြမ္မာကို သဘောထားပြုမူပုံနှင့် သက်ဆိုင်သော ပြဿနာများ

လူတစ်ဦးသည် မိမိ၏ အလားအလာနှင့် ကံကြမ္မာကို သဘောထားပြုမူပုံသည်လည်း အသက်ဝင်ရောက်မှုနှင့် သက်ဆိုင်သည့် အရေးကြီးသော ပြဿနာတစ်ရပ် ဖြစ်သည်။ အချို့လူတို့သည် မိမိတို့ ကယ်တင်ခြင်းခံရရန် မျှော်လင့်ချက်ရှိသည်ဟု ယုံကြည်ပါက အဖိုးအခ ပေးဆပ်လိုကြပြီး မျှော်လင့်ချက်မရှိဟု ထင်ပါက အပျက်သဘောဆောင်လာကြသည်။ အကယ်၍ ဘုရားအိမ်တော်က ၎င်းတို့ကို ရာထူးတိုးပေးခြင်းနှင့် ပျိုးထောင်ပေးခြင်းတို့ မရှိပါက ၎င်းတို့သည် အဖိုးအခ ပေးဆပ်ရန် မလိုလားကြဘဲ တာဝန်မယူဘဲ မိမိတို့၏ တာဝန်များကို ဝတ်ကျေတမ်းကျေသာ လုပ်ဆောင်ကြသည်။ ၎င်းတို့ မည်သည့်အရာကိုပင် လုပ်ဆောင်ပါစေ မိမိတို့၏ အလားအလာနှင့် ကံကြမ္မာကို အစဉ်သဖြင့် ထည့်သွင်းစဉ်းစားကြပြီး မိမိတို့ကိုယ်ကို “ကျွန်ုပ် အမှန်တကယ် ကောင်းသော ပန်းတိုင်တစ်ခု ရရှိမည်လော။ ဘုရားသခင်၏ ကတိတော်များက ကျွန်ုပ်ကဲ့သို့သော လူတစ်ဦး၏ အလားအလာနှင့် ပန်းတိုင်သည် မည်သို့ဖြစ်မည်ကို ဖော်ပြထားပြီးပြီလော” ဟု မေးမြန်းကြသည်။ ၎င်းတို့သည် တိကျသော အဖြေတစ်ခုကို မတွေ့ရှိပါက မည်သည့်အရာကိုမဆို လုပ်ဆောင်ရန် စိတ်အားထက်သန်မှု ကင်းမဲ့ကြသည်။ အကယ်၍ ၎င်းတို့သည် ဘုရားအိမ်တော်၏ ရာထူးတိုးပေးခြင်းနှင့် ပျိုးထောင်ခြင်းကို ခံရပါက စွမ်းအင်အပြည့် ဖြစ်လာကြပြီး ၎င်းတို့လုပ်ဆောင်သည့် အရာတိုင်းတွင် အထူးပင် တက်ကြွကြသည်။ သို့သော် အကယ်၍ ၎င်းတို့သည် မိမိတို့၏ တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်ရန် ပျက်ကွက်ပြီး ဖြုတ်ချခံရပါက ချက်ချင်းပင် အပျက်သဘောဆောင်လာကြပြီး မျှော်လင့်ချက်အားလုံးကို စွန့်ပစ်လျက် မိမိတို့၏ တာဝန်ကို စွန့်လွှတ်၏။ ပြုပြင်ခြင်းနှင့် ရင်ဆိုင်ရသည့်အခါ ၎င်းတို့က “ဘုရားသခင်က ကျွန်ုပ်ကို မနှစ်သက်တော့ဘူးလား။ သို့ဆိုလျှင် ကိုယ်တော်သည် ကျွန်ုပ်၏ လောကီကို လိုက်စားမှုကို အဟန့်အတား မဖြစ်စေဘဲ အစောကြီးကတည်းက ပြောသင့်သည်” ဟု တွေးတောကြသည်။ ၎င်းတို့ ဖြုတ်ချခံရပါက “၎င်းတို့က ကျွန်ုပ်ကို အထင်သေးနေကြသည် မဟုတ်လော။ ကျွန်ုပ်အကြောင်း ဘယ်သူ တိုင်လိုက်သနည်း။ ကျွန်ုပ် ဖယ်ရှားရှင်းလင်းခြင်း ခံနေရသလော။ သို့ဆိုလျှင် ၎င်းတို့ အစောကြီးကတည်းက ပြောသင့်သည်” ဟု စဉ်းစားကြသည်။ ထို့အပြင် ၎င်းတို့၏ စိတ်နှလုံးများသည် ဘုရားသခင်အပေါ် အရောင်းအဝယ်လုပ်ခြင်းများ၊ တောင်းဆိုမှုများနှင့် ကျိုးကြောင်းမညီညွတ်သော တောင်းဆိုချက်များဖြင့် ပြည့်နေသည်။ အသင်းတော်က ၎င်းတို့ကို မည်သည့်အရာလုပ်ဆောင်ရန် စီစဉ်ပါစေ ၎င်းတို့သည် ကောင်းသော အလားအလာနှင့် ကောင်းသော ကံကြမ္မာရှိခြင်းအပြင် ဘုရားသခင်၏ ကောင်းချီးများ၊ ယင်းကို လုပ်ဆောင်ရန်အတွက် မရှိမဖြစ် လိုအပ်ချက်များအဖြစ် မှတ်ယူကြသည်။ အနည်းဆုံးအားဖြင့် ကောင်းသော အမူအရာနှင့် သဘောထားဖြင့် ဆက်ဆံခံရခြင်းနှင့် အသိအမှတ်ပြုခံရခြင်းတို့သည် ၎င်းတို့အတွက် လက်ခံပြီး ကျိုးနွံနာခံရန် မရှိမဖြစ် လိုအပ်ချက်များ ဖြစ်ကြသည်။ ဤသည်တို့မှာ ၎င်းတို့၏ အလားအလာနှင့် ကံကြမ္မာကို သဘောထားပြုမူပုံ၏ သရုပ်သကန်များ မဟုတ်လော။ ဤအရာများတွင် ဖြည့်စွက်ပြောကြလော့။ (မိမိတို့၏ တာဝန်များကို ထမ်းဆောင်စဉ် လွဲချော်မှုများ သို့မဟုတ် ပြဿနာများ ဖြစ်ပေါ်ပြီး ၎င်းတို့ ပြုပြင်ခြင်းခံရပါက ၎င်းတို့သည် ဘုရားသခင်အပေါ် စောဒကတက်ကာ ကိုယ်တော်အား သတိထားရှောင်ကြဉ်ကြသည်၊ ၎င်းတို့သည် ထုတ်ဖော်ခြင်းနှင့် ဖယ်ရှားရှင်းလင်းခြင်း ခံရမည်ကို ကြောက်ရွံ့ကြပြီး မိမိတို့အတွက် ထွက်ပေါက်တစ်ခု အစဉ်သဖြင့် ချန်ထားကြပါသည်။) ထုတ်ဖော်ခြင်းနှင့် ဖယ်ရှားရှင်းလင်းခြင်း ခံရမည်ကို ကြောက်ရွံ့ခြင်းနှင့် မိမိတို့အတွက် ထွက်ပေါက်တစ်ခု အစဉ်သဖြင့် ချန်ထားခြင်း၊ ဤသည်တို့မှာလည်း ၎င်းတို့၏ အလားအလာနှင့် ကံကြမ္မာကို သဘောထားပြုမူပုံ၏ သရုပ်သကန်များ ဖြစ်ကြသည်။ (ဘုရားသခင်၏ ဖော်ထုတ်ခြင်းနှင့် စရိုက်လက္ခဏာ သရုပ်ဖော်ခြင်းဆိုင်ရာ နှုတ်ကပတ်တော်များက ၎င်းတို့နှင့် ကိုက်ညီသည်ကို တစ်စုံတစ်ဦးက တွေ့မြင်သည့်အခါ၊ သို့မဟုတ် ၎င်းတို့ ပြုပြင်ခြင်းနှင့် ရင်ဆိုင်ရပြီး အရှက်ရသည်ဟု ခံစားရသည့်အခါ ၎င်းတို့သည် မိမိတို့မှာ နားဝေတိမ်တောင်ဖြစ်သောသူ၊ နတ်ဆိုးတစ်ကောင်နှင့် စာတန်တစ်ကောင်ဖြစ်ပြီး သမ္မာတရားကို လက်မခံနိုင်သူဖြစ်သည်ဟု ကောက်ချက်ချကြသည်။ ၎င်းတို့သည် မိမိတို့၌ ကယ်တင်ခြင်းခံရရန် မျှော်လင့်ချက်မရှိဟု သတ်မှတ်ပြီး အပျက်သဘောဆောင်လာကြပါသည်။) မိမိတို့၏ အလားအလာ၊ ကံကြမ္မာတို့နှင့် ပတ်သက်လာလျှင် လူတို့သည် မိမိတို့၏ ကိုယ်ပိုင်ရည်ရွယ်ချက်များနှင့် လိုအင်ဆန္ဒများကို အပြည့်အဝ မစွန့်လွှတ်နိုင်ကြပေ။ ၎င်းတို့သည် ယင်းတို့ကို အရေးကြီးဆုံးသောအရာများအဖြစ် အစဉ်တစိုက် သဘောထားပြီး ထိုအတိုင်း လိုက်စားကြကာ ၎င်းတို့ကို မိမိတို့ လိုက်စားသည့် အရာအားလုံးအတွက် တွန်းအားနှင့် မရှိမဖြစ် လိုအပ်ချက်အဖြစ် မှတ်ယူကြသည်။ ၎င်းတို့သည် တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ စမ်းသပ်မှုများ၊ စစ်ဆေးခြင်း သို့မဟုတ် ထုတ်ဖော်ခြင်းတို့နှင့် ရင်ဆိုင်ရသည့်အခါ၊ သို့မဟုတ် အန္တရာယ်ရှိသော အခြေအနေများနှင့် ကြုံတွေ့ရသည့်အခါ ချက်ချင်းပင် ဤသို့ တွေးထင်ကြသည်၊ “ဘုရားသခင်က ကျွန်ုပ်ကို မလိုချင်တော့ဘူးလား။ ကိုယ်တော်က ကျွန်ုပ်ကို ပစ်ပယ်နေသလော။ ကိုယ်တော် ကျွန်ုပ်ကို ပြောဆိုသည့် လေသံက အလွန်ပြင်းထန်လှသည်၊ ကိုယ်တော် ကျွန်ုပ်ကို မကယ်တင်လိုဘူးလား။ ကိုယ်တော် ကျွန်ုပ်ကို ဖယ်ရှားရှင်းလင်းလိုသလော။ အကယ်၍ ကိုယ်တော် ကျွန်ုပ်ကို ဖယ်ရှားရှင်းလင်းလိုလျှင် ကျွန်ုပ်၏ လောကီကို လိုက်စားမှုကို အဟန့်အတား မဖြစ်စေရန် ကျွန်ုပ် ငယ်ရွယ်နေသေးစဉ်မှာပင် အမြန်ဆုံး ပြောသင့်သည်” ဟူ၍ ဖြစ်သည်။ ဤသည်က ၎င်းတို့၌ အပျက်သဘောဆောင်ခြင်း၊ အတိုက်အခံလုပ်ခြင်း၊ ဆန့်ကျင်ခြင်းနှင့် ခိုကပ်ခြင်းတို့ကို ဖြစ်ပေါ်စေသည်။ ဤသည်တို့မှာ လူတို့ မိမိတို့၏ အလားအလာနှင့် ကံကြမ္မာကို သဘောထားပြုမူပုံနှင့် သက်ဆိုင်သည့် အချို့သော အခြေအနေများနှင့် သရုပ်သကန်များ ဖြစ်ကြသည်။ ဤသည်မှာ အသက်ဝင်ရောက်မှုနှင့် သက်ဆိုင်သည့် အရေးကြီးသော အခက်အခဲတစ်ခု ဖြစ်သည်။

၃။ လူလူချင်း ဆက်ဆံရေးများနှင့် သက်ဆိုင်သော အခက်အခဲများ

နောက်ထပ် ကဏ္ဍတစ်ခုဖြစ်သည့် လူလူချင်း ဆက်ဆံရေးများကို ကြည့်ကြစို့။ ဤသည်မှာလည်း အသက်ဝင်ရောက်မှုနှင့် သက်ဆိုင်သည့် အရေးကြီးသော အခက်အခဲတစ်ခု ဖြစ်သည်။ သင်မနှစ်သက်သော လူများ၊ သင်နှင့် ထင်မြင်ချက် မတူညီသော လူများ၊ သင်နှင့် ရင်းနှီးသော လူများ၊ သင်နှင့် မိသားစုတော်စပ်သော သို့မဟုတ် သင့်ကို ကျေးဇူးပြုခဲ့သော လူများနှင့် သင့်ကို အစဉ်သဖြင့် ချက်ချင်း သတိပေးချက်များ ပေးပြီး သင့်ကို မှန်သောစကားများ ပြောကာ သင့်ကို ကူညီသော လူများကို သင်မည်သို့ ဆက်ဆံသည်၊ လူတစ်ဦးစီတိုင်းကို သင် မျှတစွာ ဆက်ဆံနိုင်ခြင်း ရှိမရှိ၊ ထို့အပြင် အခြားလူများနှင့် အငြင်းပွားမှုများ ဖြစ်ပေါ်လာသည့်အခါ သင်မည်သို့ လက်တွေ့လုပ်ဆောင်သည်ဟူသည့်အပြင် သင်တို့အကြားတွင် မနာလိုမှုများနှင့် ပဋိပက္ခများ ဖြစ်ပေါ်လာခြင်း၊ သင်သည် သဟဇာတဖြစ်စွာ မဆက်ဆံနိုင်ခြင်း၊ သို့မဟုတ် သင်၏ တာဝန်များကို ထမ်းဆောင်ခြင်းဖြစ်စဉ်တွင် သဟဇာတဖြစ်စွာ ပူးပေါင်းဆောင်ရွက်နိုင်ခြင်းပင် မရှိခြင်း၊ ဤသည်တို့မှာ လူလူချင်း ဆက်ဆံရေးနှင့် သက်ဆိုင်သည့် အချို့သော အခြေအနေများနှင့် သရုပ်သကန်များ ဖြစ်ကြသည်။ အခြား ရှိသေးသလော။ (လူ့အကြိုက်လိုက်သူတစ်ဦး ဖြစ်ပြီး အခြားသူတစ်ဦး၏ ပြဿနာများကို တွေ့ရှိသည့်အခါ ၎င်းတို့ကို စော်ကားမိမည်ကို စိုးရွံ့သည့်အတွက် ထုတ်မပြောဝံ့ခြင်း ဖြစ်ပါသည်။) ဤသည်မှာ လူတစ်ဦးသည် အခြားသူများကို စော်ကားမိမည်ကို စိုးရွံ့သည့်အခါ ဖြစ်ပေါ်လာသည့် အခြေအနေတစ်ခု ဖြစ်သည်။ (ထို့အပြင် ခေါင်းဆောင်များနှင့် အမှုဆောင်များ၊ အာဏာနှင့် အဆင့်အတန်းရှိသူများကို ဆက်ဆံပုံဖြစ်ပါသည်။) သင်သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ သို့မဟုတ် အာဏာနှင့် အဆင့်အတန်းရှိသော လူများကို မည်သို့ဆက်ဆံသည်၊ မျက်နှာချိုသွေးခြင်းနှင့် ဖားယားမြှောက်ပင့်ခြင်းဖြင့်ဖြစ်စေ၊ ၎င်းတို့ကို မှန်ကန်စွာ ဆက်ဆံခြင်းဖြင့်ဖြစ်စေ ဤသည်မှာ အာဏာနှင့် သြဇာအာဏာရှိသူတို့ကို သင်ဆက်ဆံပုံ၏ တိကျသော သရုပ်သကန်တစ်ခု ဖြစ်သည်။ ဤသည်တို့မှာ အနည်းနှင့်အများဆိုသလို လူလူချင်း ဆက်ဆံရေး၏ အခက်အခဲများ ဖြစ်ကြသည်။

၄။ လူ့ခံစားချက်များနှင့် သက်ဆိုင်သော ပြဿနာများ

လူသား ခံစားချက်များအကြောင်းကို အနည်းငယ် ပြောဆိုဆွေးနွေးကြစို့။ ခံစားချက်များနှင့် မည်သည့် ပြဿနာများ ဆက်စပ်သနည်း။ ပထမဆုံးမှာ သင်၏ မိသားစုဝင် အရင်းအချာများကို သင် အကဲဖြတ်ပုံနှင့် ၎င်းတို့ လုပ်ဆောင်သည့်အရာများကို သင် ချဉ်းကပ်ပုံဖြစ်သည်။ ဤနေရာ၌ “၎င်းတို့ လုပ်ဆောင်သည့်အရာများ”တွင် ပင်ကိုအားဖြင့် အသင်းတော်အလုပ်ကို ၎င်းတို့ အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်ကြသည့်အချိန်၊ လူတို့အပေါ် ထိုသူတို့၏နောက်ကွယ်တွင် ဝေဖန်ကြချိန်၊ မယုံကြည်သူများ၏ အလေ့အကျင့်အချို့ကို ပါဝင်လုပ်ဆောင်ကြချိန် စသည်တို့ ပါဝင်သည်။ သင်သည် ဤအရာများကို သမာသမတ်ကျစွာ ချဉ်းကပ်နိုင်သလော။ သင့်အနေဖြင့် မိမိ၏ မိသားစုဝင်များနှင့်ဆိုင်သည့် အကဲဖြတ်ချက်တစ်ခုကို ရေးဖို့ လိုအပ်သည့်အခါ သင်၏ ကိုယ်ပိုင် စိတ်ခံစားချက်များကို ဘေးဖယ်ထားလျက် ဓမ္မဓိဋ္ဌာန်ကျကျနှင့် သမာသမတ်ကျစွာ သင် လုပ်ဆောင်နိုင်သလော။ ဤအရာက သင်၏ မိသားစုဝင်များကို သင် ချဉ်းကပ်ပုံနှင့် ဆက်စပ်ပေသည်။ ထို့အပြင် သင်နှင့် အဆင်ပြေသည့်သူများ သို့မဟုတ် ယခင်က သင့်ကို ကူညီခဲ့သူများအပေါ် ခံစားချက်များ သင် ထားရှိသလော။ ၎င်းတို့၏ လုပ်ရပ်များနှင့် ကျင့်ကြံပြုမူမှုများကို ဓမ္မဓိဋ္ဌာန်ကျသည့်၊ သမာသမတ်ကျသကဲ့သို့ တိကျမှန်သည့် နည်းလမ်းတစ်ခုဖြင့် သင် ရှုမြင်နိုင်သလော။ ၎င်းတို့က အသင်းတော်၏ အလုပ်ကို နှောင့်ယှက်ကာ အဖျက်အမှောင့်လုပ်လျှင် ထိုအကြောင်းကို သင် သိရှိပြီးသည့်နောက်တွင် ၎င်းတို့အား ချက်ချင်း တိုင်ကြားနိုင်မည်လော သို့မဟုတ် ဖော်ထုတ်နိုင်လိမ့်မည်လော။ ထို့အပြင် သင်နှင့် အတော်အတန် ရင်းနှီးသည့်သူများ သို့မဟုတ် စိတ်ဝင်စားမှု တူညီသူများအပေါ် သင် ခံစားချက်များ ထားရှိသလော။ ၎င်းတို့၏ လုပ်ရပ်များ၊ အပြုအမူတို့နှင့်ပတ်သက်၍ သမာသမတ်ကျသကဲ့သို့ ဓမ္မဓိဋ္ဌာန်ကျသော အကဲဖြတ်ချက်၊ သတ်မှတ်ချက်နှင့် ကိုင်တွယ်ဖြေရှင်းနည်းတစ်ခု သင် ပိုင်ဆိုင်သလော။ သင်နှင့် တွယ်တာသော ဆက်ဆံရေးတစ်ခုရှိသည့် ဤလူများကို အသင်းတော်က စည်းမျဉ်းများအတိုင်း ကိုင်တွယ်ပြီး ဤအရာ၏ အဆုံးသတ်က သင်၏ ကိုယ်ပိုင် အယူအဆများနှင့် မကိုက်ညီဟု ဆိုပါစို့။ ဤအရာကို သင် မည်သို့ ချဉ်းကပ်မည်နည်း။ သင် နာခံနိုင်မည်လော။ သင်သည် ၎င်းတို့နှင့် လျှို့ဝှက်စွာ ဆက်လက်၍ ရှုပ်ရှုပ်ထွေးထွေး ပတ်သက်နေမည်လော၊ ၎င်းတို့၏ အထင်အမြင်မှားစေခြင်းကို ခံပြီး ၎င်းတို့အတွက် ဆင်ခြေများပေးရန်၊ ကျိုးကြောင်းပြရန်နှင့် ခုခံကာကွယ်ပေးရန် ၎င်းတို့၏ လှုံ့ဆော်ခြင်းကိုပင် ခံမည်လော။ သင်သည် သမ္မာတရား စည်းမျဉ်းများကို မထီမဲ့မြင်ပြုပြီး ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို လျစ်လျူရှုလျက် သင့်ကို ကူညီခဲ့ဖူးသူများအတွက် ကူညီကာ အသက်စွန့်မည်လော။ ဤသည်တို့မှာ ခံစားမှုများနှင့် သက်ဆိုင်သည့် အမျိုးမျိုးသော ပြဿနာများ မဟုတ်လော။ အချို့လူများက “ခံစားချက်များက ဆွေမျိုးများ၊ မိသားစုဝင်များနှင့်သာ သက်ဆိုင်သည် မဟုတ်လော။ ခံစားချက်များ၏ နယ်ပယ်သည် မိမိ၏ မိဘများ၊ မောင်နှမများနှင့် အခြားမိသားစုဝင်များသာ မဟုတ်လော” ဟု ပြောကြသည်။ မဟုတ်ပေ၊ ခံစားချက်များတွင် လူတို့၏ နယ်ပယ်ကျယ်ပြန့်စွာ ပါဝင်သည်။ ကိုယ့်မိသားစုဝင်များကိုပင် မျှတစွာ အကဲဖြတ်ရန် မဆိုထားနှင့်၊ အချို့လူများသည် မိမိတို့၏ အခင်ဆုံးသူငယ်ချင်းများနှင့် မိတ်ဆွေများကိုပင် မျှတစွာ အကဲဖြတ်နိုင်စွမ်းမရှိဘဲ ဤလူများအကြောင်း ပြောဆိုသည့်အခါ အဖြစ်မှန်ကို လွဲမှားအောင် ပြောဆိုကြသည်။ ဥပမာအားဖြင့် အကယ်၍ ၎င်းတို့၏ မိတ်ဆွေသည် မိမိ၏ သင့်တော်သော အလုပ်ကို ဂရုမစိုက်ဘဲ မိမိ၏ တာဝန်တွင် မသမာသောနည်းလမ်းများကို အစဉ်သဖြင့် ကျင့်သုံးပါက ၎င်းတို့သည် သူ့ကို အတော်အတန် ကစားမက်သူအဖြစ် ဖော်ပြမည်ဖြစ်ပြီး သူ၏ လူ့သဘာဝသည် မရင့်ကျက်သေးဘဲ တည်ငြိမ်မှုမရှိသေးဟု ပြောဆိုကြလိမ့်မည်။ ဤစကားများထဲတွင် ခံစားချက်များ မပါဝင်သလော။ ဤသည်မှာ ခံစားချက်များ ပါဝင်သော စကားများကို ပြောဆိုခြင်း ဖြစ်သည်။ အကယ်၍ ၎င်းတို့နှင့် မည်သို့မျှ မပတ်သက်သော တစ်စုံတစ်ဦးသည် မိမိ၏ သင့်တော်သော အလုပ်ကို ဂရုမစိုက်ဘဲ မရိုးဖြောင့်သည့်အပြင် ကောက်ကျစ်ဆိုးယုတ်သော လုပ်ဆောင်မှုများကို ကျင့်သုံးပါက ၎င်းတို့သည် ထိုသူအကြောင်း ပို၍ပြင်းထန်သော စကားများကို ပြောဆိုကြမည်ဖြစ်ပြီး ထိုသူကို ပြစ်တင်ရှုတ်ချခြင်းပင် ပြုကောင်းပြုနိုင်သည်။ ဤသည်မှာ ခံစားချက်များကို အခြေခံ၍ ပြောဆိုခြင်းနှင့် ပြုမူခြင်း၏ သရုပ်သကန်တစ်ခု မဟုတ်လော။ မိမိတို့၏ ခံစားချက်များအတိုင်း အသက်ရှင်သော လူတို့သည် မျှတမှု ရှိသလော။ ၎င်းတို့သည် ဖြောင့်မှန်သလော။ (မဖြောင့်မှန်ပါ။) မိမိတို့၏ ခံစားချက်များအတိုင်း ပြောဆိုသော လူတို့တွင် မည်သည့်အရာ မှားယွင်းနေသနည်း။ အဘယ်ကြောင့် ၎င်းတို့သည် အခြားသူတို့ကို မျှတစွာ မဆက်ဆံနိုင်ကြသနည်း။ အဘယ်ကြောင့် ၎င်းတို့သည် သမ္မာတရား စည်းမျဉ်းများကို အခြေခံ၍ မပြောဆိုနိုင်ကြသနည်း။ လျှာနှစ်ခွရှိပြီး မိမိတို့၏ စကားများကို အဖြစ်မှန်များပေါ်တွင် မည်သည့်အခါမျှ အခြေမခံသော လူတို့သည် ကောက်ကျစ်ဆိုးယုတ်ကြသည်။ စကားပြောသည့်အခါ မျှတမှုမရှိခြင်း၊ အစဉ်သဖြင့် မိမိ၏ ခံစားချက်များအတိုင်းနှင့် မိမိကိုယ်ကျိုးအတွက် ပြောဆိုခြင်းနှင့် သမ္မာတရား စည်းမျဉ်းများအတိုင်း မပြောဆိုခြင်း၊ ဘုရားအိမ်တော်၏ အလုပ်အတွက် မစဉ်းစားခြင်း၊ မိမိ၏ ပုဂ္ဂိုလ်ရေး ခံစားချက်များ၊ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းကိုသာ ကာကွယ်ခြင်း၊ ဤသည်မှာ အန္တိခရစ်တို့၏ သဘာဝဖြစ်သည်။ ဤသည်မှာ အန္တိခရစ်တို့ ပြောဆိုပုံ ဖြစ်သည်၊ ၎င်းတို့ပြောဆိုသည့် အရာတိုင်းသည် ကောက်ကျစ်ဆိုးယုတ်ပြီး အနှောင့်အယှက်ပေးကာ အဖျက်အမှောင့်လုပ်သည်။ ဇာတိပကတိ၏ နှစ်သက်မှုများနှင့် အကျိုးစီးပွားများအလယ်တွင် အသက်ရှင်သော လူတို့သည် မိမိတို့၏ ခံစားချက်များအလယ်တွင် အသက်ရှင်ကြသည်။ မိမိတို့၏ ခံစားချက်များအတိုင်း အသက်ရှင်သော လူတို့သည် သမ္မာတရားကို လုံးဝလက်မခံသော သို့မဟုတ် လုံးဝ လက်တွေ့မလုပ်ဆောင်သော သူများ ဖြစ်ကြသည်။ မိမိတို့၏ ခံစားချက်များကို အခြေခံ၍ ပြောဆိုပြီး ပြုမူသော သူတို့တွင် သမ္မာတရား လက်တွေ့ကျမှု လုံးဝမရှိပေ။ ထိုသို့သော လူတို့သည် ခေါင်းဆောင်များ ဖြစ်လာပါက ၎င်းတို့သည် အယောင်ဆောင်ခေါင်းဆောင်များ သို့မဟုတ် အန္တိခရစ်များ ဧကန်မုချ ဖြစ်ကြလိမ့်မည်။ ၎င်းတို့သည် စစ်မှန်သော အလုပ်ကို လုပ်ဆောင်နိုင်စွမ်း မရှိသည်သာမက အမျိုးမျိုးသော ဒုစရိုက်အမှုများကိုလည်း ပြုကောင်းပြုနိုင်သည်။ ၎င်းတို့သည် ဧကန်မုချ ဖယ်ရှားရှင်းလင်းပြီး အပြစ်ဒဏ်ပေးခြင်း ခံရမည်ဖြစ်သည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။