ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၂) အခန်း သုံး
အယောင်ဆောင်ခေါင်းဆောင်များ၏ အလုပ်၏ ဆိုးကျိုးများနှင့် အကျိုးဆက်များ
လူတို့သည် မိမိတို့၏ အသက် ဝင်ရောက်မှုတွင် ကြုံတွေ့ရသည့် အခက်အခဲအားလုံးနှင့် ပတ်သက်လာလျှင် အယောင်ဆောင်ခေါင်းဆောင်များသည် မည်သို့လုပ်ဆောင်ကြသနည်း။ ဤအခက်အခဲအမျိုးအစား ရှစ်မျိုးထဲမှ တစ်ခုခုတွင်ပါဝင်သော မည်သည့်အခြေအနေမျိုးကိုမဆို လူတို့ ရင်ဆိုင်ရသည့်အခါ အယောင်ဆောင်ခေါင်းဆောင်များသည် ဤအရာကို ခွဲခြားဖော်ထုတ်နိုင်ပြီး ဤလူတို့၏ ပြဿနာများကို ဖြေရှင်းရန် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် မိမိတို့၏ ကိုယ်ပိုင်အတွေ့အကြုံဆိုင်ရာ အသိကို အသုံးပြုနိုင်သလော။ ကံမကောင်းစွာပင် လူတို့ အခက်အခဲများ ကြုံတွေ့ရသည့်အခါ ဤအယောင်ဆောင်ခေါင်းဆောင်များသည် အပေါ်ယံ ကြိုးပမ်းမှုများကိုသာ လုပ်ဆောင်ကြပြီး ၎င်းတို့၏ ပြဿနာများကို ကိုင်တွယ်ဖြေရှင်းရန်အတွက် ၎င်းတို့၏ စိတ်သဘောထားများနှင့် တကယ့်အခက်အခဲများနှင့် မည်သို့မျှမဆိုင်သော အပေါ်ယံဆန်သော၊ တိကျမှန်ကန်မှု မရှိသော၊ မသက်ဆိုင်သော မှတ်ချက်စကားအချို့ကိုသာ ပြောဆိုပေးကြသည်။ ဥပမာအားဖြင့် အယောင်ဆောင်ခေါင်းဆောင်များက “သင်သည် သမ္မာတရားကို မချစ်ခြင်းသာ ဖြစ်သည်” ဟု မကြာခဏ ပြောဆိုကြသည်။ ဤသည်မှာ ၎င်းတို့သည် လူတို့၏ တကယ့်အခက်အခဲများကို ဖြေရှင်းရန်နှင့် ၎င်းတို့၏ အနှစ်သာရများကို စရိုက်လက္ခဏာ သရုပ်ဖော်ရန် ကြိုးပမ်းပုံ ဖြစ်သည်။ ၎င်းတို့သည် သေးငယ်သော ပြဿနာ သို့မဟုတ် အခြေအနေတစ်ခုအတွက်ပင်လျှင် ဘုရားနှုတ်ကပတ်တော်များထဲတွင် အဖြေများရှာတွေ့ရန် လူတို့ကို မကူညီနိုင်သကဲ့သို့ သမ္မာတရားကို မိတ်သဟာယဖွဲ့ခြင်းဖြင့်လည်း ယင်းကို မဖြေရှင်းနိုင်ကြပေ။ ထိုအစား ၎င်းတို့သည် အယူဝါဒဆိုင်ရာနှင့် မသက်ဆိုင်သော မှတ်ချက်စကားအချို့ကို ပြောဆိုကြသည်၊ သို့မဟုတ် ၎င်းတို့သည် ပြဿနာကို အခွင့်ကောင်းယူပြီး လူတို့အား နောင်တရရန် အခွင့်အရေးမပေးဘဲ လုံးဝ ပယ်ချရန် ပြဿနာကို တစ်ဆိတ်ကိုတစ်အိတ် လုပ်ကြလေသည်။ အမှန်တကယ်တွင် အကယ်၍ တစ်စုံတစ်ဦးသည် ဘုရားနှုတ်ကပတ်တော်များကို သဘောပေါက်နားလည်နိုင်စွမ်းရှိပြီး ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှုကို ပိုင်ဆိုင်ပါက ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များထဲတွင် ဤအခြေအနေကဏ္ဍ ရှစ်မျိုးနှင့်ပတ်သက်၍ ဘုရားသခင်၏ ဖော်ထုတ်ခြင်းကို ရှာတွေ့နိုင်မည်ဖြစ်ရာ ယင်းမှာ မခက်ခဲပေ။ သို့သော် အယောင်ဆောင်ခေါင်းဆောင်များသည် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ကင်းမဲ့ခြင်း၊ ညံ့ဖျင်းသော အစွမ်းအစရှိခြင်းနှင့် သဘောပေါက်နားလည်နိုင်စွမ်း ကင်းမဲ့ခြင်းတို့ကြောင့် ၎င်းတို့ထဲမှ အချို့သည် စိတ်အားထက်သန်ကာ လုပ်ဆောင်ရန်လည်း စိတ်ပြင်းပြ၍ ကြောင်သူတော်ဆန်ပြီး ဝိညာဉ်ရေးရာ လူများအဖြစ် ဟန်ဆောင်နေကြသူများ ဖြစ်သည်ဟူသောအချက်နှင့် ပေါင်းစပ်လိုက်သည့်အခါ ၎င်းတို့သည် အခြားသူများ၏ ပြဿနာများကို လုံးဝ မဖြေရှင်းနိုင်ကြပေ။ လူတို့ကြုံတွေ့ရသည့် အမျိုးမျိုးသော ပြဿနာများနှင့် ပတ်သက်လာလျှင် အယောင်ဆောင်ခေါင်းဆောင်များသည် ၎င်းတို့ကို “ဘုရားသခင်၏အလုပ်သည် ဤမျှလောက် တိုးတက်နေပြီ၊ သင်သည် အဘယ်ကြောင့် မနာလိုဖြစ်ပြီး အခြားသူများနှင့် အငြင်းအခုံ ပြုနေရသေးသနည်း။ သင်၌ ထိုသို့လုပ်ရန် အချိန်ရှိသလော။ ထိုအရာအတွက် ယှဉ်ပြိုင်တိုက်ခိုက်ခြင်းသည် အဘယ်အကျိုးရှိသနည်း။ ထိုအရာအတွက် ယှဉ်ပြိုင်တိုက်ခိုက်ခြင်း မပြုဘဲ သင် မနေနိုင်သလော”၊ “ဘုရားသခင်၏အလုပ်သည် ဤအခြေအနေသို့ ရောက်နေပြီ၊ သို့သော် သင်သည် အလွန် တွယ်တာနေဆဲဖြစ်ပြီး လက်မလွှတ်နိုင်သေးပေ။ အနှေးနှင့်အမြန်ဆိုသလို ဤခံစားချက်များက သင့်ကို အဆုံးစီရင်လိမ့်မည်”၊ “ဘုရားသခင်၏အလုပ်သည် ဤအခြေအနေသို့ ရောက်နေပြီ၊ သို့ဖြစ်၍ သင်သည် အစားအသောက်နှင့် အဝတ်အစားအတွက် အဘယ်ကြောင့် ဤမျှ စိုးရိမ်နေရသေးသနည်း။ သင်သည် ဝတ်စုံတစ်ထည် မဝတ်ဘဲ မနေနိုင်သလော။ သင်သည် သားရေဖိနပ်တစ်ရံ မဝယ်ဘဲ မနေနိုင်သလော။ သင်သည် ဘုရားနှုတ်ကပတ်တော်များနှင့် သင်၏ တာဝန်အပေါ် ပို၍ အာရုံစိုက်သင့်သည်”၊ “သင့်အပေါ် တစ်စုံတစ်ခု ကျရောက်သည့်အခါ ဘုရားသခင်ထံ ပို၍ ဆုတောင်းလော့။ သင့်အပေါ် မည်သည့်အရာပင် ကျရောက်ပါစေ သင်ခန်းစာတစ်ခု ရှိသည်၊ ယင်းမှာ ဘုရားသခင်ကို ကျိုးနွံနာခံရန်နှင့် ကိုယ်တော်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်ကို နားလည်ရန် သင်ယူခြင်း ဖြစ်သည်” ဟု ပြောဆိုလျက် အကြံပေးကြလိမ့်မည်။ ဤအကြံဉာဏ်သည် တကယ့်ပြဿနာများကို ဖြေရှင်းနိုင်သလော။ လုံးဝ မဖြေရှင်းနိုင်ပေ။ သို့မဟုတ်လျှင် ၎င်းတို့က “လူတို့သည် စာတန်၏ ပြင်းပြင်းထန်ထန် ဖောက်ပြန်ပျက်စီးစေခြင်းကို ခံခဲ့ရပြီ။ တွယ်တာခြင်းအားဖြင့် သင်သည် ဘုရားသခင်ကို ပုန်ကန်နေခြင်း မဟုတ်လော။ သင့်ကိုယ်သင် မသိခြင်းအားဖြင့် သင်သည် ဘုရားသခင်ကို ပုန်ကန်နေခြင်း မဟုတ်လော” ဟု ပြောဆိုကြသည်။ လက်ရှိတွင် မည်သည့်ပြဿနာပင်ရှိပါစေ အယောင်ဆောင်ခေါင်းဆောင်များသည် လူတစ်ဦး၏ အနှစ်သာရ သို့မဟုတ် အခြေအနေကို စိတ်ဖြာလေ့လာဆွေးနွေးရန်အလို့ငှာ သမ္မာတရားကို မည်သို့မိတ်သဟာယဖွဲ့ရမည်ကို မသိကြပေ၊ ၎င်းတို့သည် လူတို့၏ အခြေအနေများ မည်သို့ ဖြစ်ပေါ်လာသည်ကို ထိုးထွင်းမမြင်နိုင်ကြဘဲ ထို့နောက် ၎င်းတို့၏ အခြေအနေများကို အခြေခံ၍ ၎င်းတို့၏ ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို မိတ်သဟာယဖွဲ့ကာ သင့်တော်သော အကူအညီနှင့် ထောက်ပံ့မှုကို ပေးခြင်းတို့ကို မလုပ်ဆောင်နိုင်ကြပေ။ ထိုအစား ၎င်းတို့သည် “ဘုရားသခင်ကို ချစ်လော့။ သင်၏ တာဝန်များကို ထမ်းဆောင်ရန် ကြိုးစားလုပ်ဆောင်လော့၊ သင်သည် ဘုရားသခင်အပေါ် သစ္စာစောင့်သိရမည်၊ ပြဿနာများ ကြုံတွေ့ရသည့်အခါ ပို၍ ဆုတောင်းလော့”၊ “အရာရာတိုင်းသည် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်အတွင်း၌ ရှိသည်။ အရာရာတိုင်းသည် ဘုရားသခင်၏ လက်ထဲတွင် ရှိသည်”၊ “အကယ်၍ သင်သည် သမ္မာတရားကို မရှာဖွေပါက အဆင်ပြေမည်မဟုတ်။ သင်သည် ဘုရားနှုတ်ကပတ်တော်များကို ပို၍ ဖတ်ရှုရမည်။ ဘုရားနှုတ်ကပတ်တော်များက အရာရာတိုင်းကို ရှင်းလင်းစေသည်၊ သို့သော် လူတို့သည် သမ္မာတရားကို မနှစ်သက်ကြခြင်းသာ ဖြစ်သည်”၊ “ကပ်ဘေးများသည် ဖြစ်အံ့ဆဲဆဲဖြစ်၏၊ အရာခပ်သိမ်း၏ အဆုံးသတ်သည် နီးနေပြီ၊ ပြီးလျှင် ဘုရားသခင်၏အလုပ်သည်လည်း အဆုံးသို့ ရောက်နေပြီ၊ သို့သော် သင်သည် စိုးရိမ်ပူပန်ခြင်း မရှိပေ။ လူ၌ နေ့ရက်မည်မျှ ကျန်တော့သနည်း။ ဘုရားသခင်၏ နိုင်ငံတော်သည် ရောက်ရှိလာခဲ့ပြီ” ဟူသည့် တစ်ပုံစံတည်းသော အရာများကို အမြဲတမ်း ပြောဆိုကြသည်။ အယောင်ဆောင် ခေါင်းဆောင်များသည် အမျိုးမျိုးသော ပြဿနာများကို တိတိကျကျ ဆန်းစစ်ပြီး စိတ်ဖြာလေ့လာဆွေးနွေးခြင်း သို့မဟုတ် လူတို့ကို တကယ့်ထောက်ပံ့မှု သို့မဟုတ် အကူအညီကို ပေးခြင်းတို့ကို မည်သည့်အခါမျှ မလုပ်ဆောင်ဘဲ တိကျမှန်ကန်မှုမရှိသော ဤဆိုရိုးစကားများကိုသာ ပြောဆိုကြသည်။ ၎င်းတို့သည် ယင်းတို့ကို ကိုင်တွယ်ရန် လူတို့ ဖတ်ရှုဖို့ ဘုရားနှုတ်ကပတ်တော်များမှ ကျမ်းပိုဒ်အနည်းငယ်ကို ရှာပေးသည် သို့မဟုတ် မသက်ဆိုင်သော အကြံဉာဏ်စကားအချို့ကို ပြောဆိုပေးသည်။ အဆုံးတွင် မည်သည့်အရာ ဖြစ်သွားသနည်း။ အယောင်ဆောင် ခေါင်းဆောင်များ၏ ဒုက္ခပေးမှုအောက်တွင် လူတို့သည် မိမိတို့၏ ကိုယ်ပိုင်ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို မသိကြသည်သာမက မိမိတို့၏ ကိုယ်ပိုင်ကိုယ်ကျင့်စရိုက်သည် မည်သို့ဖြစ်သည်ကိုလည်းကောင်း၊ မိမိတို့သည် မည်သို့သောလူစားမျိုးဖြစ်သည်ကိုလည်းကောင်း၊ မိမိတို့ ပိုင်ဆိုင်သော သဘာဝအနှစ်သာရသည် မည်သည့်အရာဖြစ်သည်ကိုလည်းကောင်း မသိကြပေ၊ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်အစွမ်းအစသည် မည်သို့ဖြစ်သည်ကိုလည်းကောင်း၊ မိမိတို့တွင် သဘောပေါက်နားလည်နိုင်စွမ်း ရှိမရှိကိုလည်းကောင်း၊ သို့မဟုတ် မည်သည့်လမ်းကြောင်းပေါ်တွင် မိမိတို့ လျှောက်လှမ်းနေသည်ကိုလည်းကောင်း မရှင်းလင်းကြပေ။ ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးထဲတွင် ခုံမင်ပြီး တန်ဖိုးထားသည့် လောကီဆန်ပြီး ခေတ်မီသော အရာများကို ဆက်လက်ဆုပ်ကိုင်ထားကြဆဲဖြစ်ပြီး မည်သူကမျှ ၎င်းတို့ကို ဤအရာများကို နားလည်ရန်၊ စိတ်ဖြာလေ့လာဆွေးနွေးရန်နှင့် ဆန်းစစ်ရန် မကူညီပေ။ ဤသည်တို့မှာ အယောင်ဆောင်ခေါင်းဆောင်များ၏ အလုပ်၏ အကျိုးဆက်များ ဖြစ်သည်။ ပြဿနာများ ပေါ်ပေါက်လာသည့်အခါ ၎င်းတို့သည် လူတို့ကို ထင်ရာမြင်ရာ ပြစ်တင်ရှုတ်ချခြင်းနှင့် တလွဲစွပ်စွဲခြင်းများ ပြုလုပ်လျက် ဒေါသတကြီး ရမ်းလေသည်၊ သို့မဟုတ် ၎င်းတို့သည် လူတို့အား တိကျမှန်ကန်ခြင်း မရှိသော အကြံဉာဏ်နှင့် သင်ခန်းစာများကို ပေးသည်၊ သို့မဟုတ် ၎င်းတို့သည် အတင်းအကျပ်ဖြစ်သော၊ မတိကျသော နှိုင်းယှဉ်ချိန်ဆမှုများ ပြုလုပ်ရန် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အသုံးပြုကြသည်။ ၎င်းတို့ကို နားထောင်သောသူတို့က “ငါ နားလည်သလိုလို ခံစားရပြီး နားမလည်သလိုလိုလည်း ခံစားရသည်၊ ၎င်းတို့ပြောခဲ့သည့်အရာကို ငါ သဘောပေါက်ကောင်း သဘောပေါက်သွားနိုင်သော်လည်း သဘောမပေါက်ဘဲလည်း ရှိနိုင်သည်။ ယင်းမှာ အဘယ်ကြောင့်နည်း။ ခေါင်းဆောင်ပြောသမျှ အရာအားလုံးသည် မှန်ကန်သည်၊ သို့သော် အဘယ်ကြောင့် ကျွန်ုပ်၏ စိတ်နှလုံးထဲမှ ဤပြဿနာကို မဖယ်ရှားနိုင်ရသနည်း။ အဘယ်ကြောင့် ဤအခက်အခဲအတွက် ဖြေရှင်းချက်တစ်ခုကို ကျွန်ုပ် မရှာတွေ့နိုင်ရသနည်း။ အဘယ်ကြောင့် ကျွန်ုပ်သည် ဤနည်းလမ်းအတိုင်း ဆက်လက်တွေးတောပြီး ဤအရာများကို လုပ်ဆောင်လိုနေရသေးသနည်း။ ပြဿနာ၏ အနှစ်သာရနှင့် အရင်းအမြစ်သည် မည်သည့်နေရာတွင် တည်ရှိသည်ကို အဘယ်ကြောင့် ကျွန်ုပ် နားမလည်နိုင်ရသနည်း။ ခေါင်းဆောင်က ကျွန်ုပ်သည် သမ္မာတရားကို မနှစ်သက်ဟု ပြောပြီး ကျွန်ုပ်လည်း မနှစ်သက်ကြောင်း ဝန်ခံသည်၊ သို့သော် အဘယ်ကြောင့် ဤအခြေအနေမှ ကျွန်ုပ် မထွက်နိုင်ရသနည်း” ဟု စဉ်းစားကြသည်။ ဤခေါင်းဆောင်များသည် အကျိုးသက်ရောက်မှု တစ်စုံတစ်ရာ ရှိခဲ့သလော။ ၎င်းတို့သည် စကားပြောပြီး အလုပ်လုပ်ခဲ့သော်လည်း ယင်းမှာ ပရမ်းပတာဖြစ်သော ရှုပ်ထွေးပွေလီမှုတစ်ခုသာဖြစ်ပြီး ဖြစ်သင့်ဖြစ်ထိုက်သည့် အကျိုးသက်ရောက်မှုမျိုး မရှိခဲ့ပေ။ ၎င်းတို့သည် လူတို့ကို ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်နိုင်စေရန်၊ မိမိတို့ကိုယ်ကို ဘုရားနှုတ်ကပတ်တော်များနှင့် နှိုင်းယှဉ်ချိန်ဆနိုင်စေရန်၊ မိမိတို့၏ အခြေအနေများကို တိကျစွာ နားလည်နိုင်စေရန် သို့မဟုတ် မိမိတို့၏ ကိုယ်ပိုင်အခက်အခဲများကို ဖြေရှင်းနိုင်စေရန် မထောက်ကူနိုင်ခဲ့ကြပေ။ သမ္မာတရားကို လုံးဝလက်မခံသော၊ ခွေးမြီးကောက် ကျည်တောက်စွပ်သကဲ့သို့သော၊ အရှက်မရှိသော လူများနှင့် ပတ်သက်၍မူ ဤခေါင်းဆောင်များက ၎င်းတို့ကို အလေးအနက် စိတ်ရှည်စွာ ဆုံးမစကားပြောသည်ကို ကြားရသည့်အခါ ၎င်းတို့သည် အလွန်တရာ စိတ်ပျက်သွားကြသည်။ တစ်ချိန်တည်းမှာပင် ၎င်းတို့သည် ထိုခေါင်းဆောင်များ ပြောဆိုသည့် စကားများကို သံယောင်လိုက် ပြောဆိုကြသည်၊ ခေါင်းဆောင်များက ပထမပိုင်းကို ပြောပြီးသည့်နောက် ဤလူတို့သည် နောက်တစ်ပိုင်းကို ဆက်ပြောနိုင်ကြပြီး ၎င်းတို့သည် လျင်မြန်စွာ စိတ်မရှည်ဖြစ်လာကာ “ဆက်မပြောနှင့်။ သင်ပြောနေသည့်အရာနှင့် ပတ်သက်၍ ကျွန်ုပ် နားလည်ပြီးသားဖြစ်သည်။ သင် ဆက်ပြောလျှင် ကျွန်ုပ် အော်ဂလီဆန်လာပြီး အန်ချင်လာလိမ့်မည်” ဟု ပြောဆိုကြသည်။ ခေါင်းဆောင်များက “သင်က သမ္မာတရားအား ချစ်ကိုမချစ်ခြင်း ဖြစ်သည်။ သမ္မာတရားကို သင် ချစ်ခဲ့လျှင် ကျွန်ုပ် ပြောနေသည့်အရာအားလုံးကို သင်နားလည်မည်ဖြစ်သည်” ဟု ဆက်လက် ပြောဆိုကြသည်။ ၎င်းတို့က “ကျွန်ုပ် သမ္မာတရားကို ချစ်သည်ဖြစ်စေ၊ မချစ်သည်ဖြစ်စေ သင်က ဤစကားများကို အကြိမ်ပေါင်းများစွာ ထပ်ခါတလဲလဲ ပြောဆိုပြီးဖြစ်သည်၊ ယင်း၌ အသစ်အဆန်း တစ်ခုမျှ မပါ၊ ယင်းတို့ကို ကြားရသည်မှာ ကျွန်ုပ် ငြီးငွေ့လာပြီ” ဟု ပြန်လည်ချေပကြသည်။ အယောင်ဆောင် ခေါင်းဆောင်များသည် ဤနည်းလမ်းဖြင့် အလုပ်လုပ်ကြပြီး စည်းမျဉ်းစည်းကမ်းများကို ပုံသေစောင့်ထိန်းကြကာ အချို့သော စကားစုများကိုသာ အသေဆုပ်ကိုင်ထားလျက် လူတို့၏ တကယ့်အခက်အခဲများကို ဖြေရှင်းရန် လုံးဝ ပျက်ကွက်ကြသည်။ အကယ်၍ တစ်စုံတစ်ဦးသည် ဘုရားသခင်အပေါ် အယူအဆများ ရှိပါက အယောင်ဆောင်ခေါင်းဆောင်များက ထိုသူသည် မိမိကိုယ်ကို မသိဟု ပြောဆိုကြသည်။ အကယ်၍ တစ်စုံတစ်ဦးသည် ညံ့ဖျင်းသော လူ့သဘာဝရှိပြီး လူအများနှင့် မပေါင်းသင်းနိုင်ဘဲ ပုံမှန်လူအချင်းချင်း ဆက်ဆံရေးများ ကင်းမဲ့နေပါက အယောင်ဆောင် ခေါင်းဆောင်များက ၎င်းနှင့် အခြားပါဝင်ပတ်သက်သူ နှစ်ဦးစလုံးတွင် အပြစ်ရှိသည်ဟု ပြောဆိုကာ နှစ်ဦးစလုံးကို ဩဝါဒခြွေပြီး နှစ်ဦးစလုံးအပေါ် အပြစ်တင်လျက် “ကောင်းပြီ၊ သင်တို့နှစ်ယောက် ယခုအခါတွင် သရေဖြစ်သွားပြီ။ ကျွန်ုပ်တို့သည် မိမိတို့၏ လုပ်ရပ်များတွင် တရားမျှတပြီး ကျိုးကြောင်းဆီလျော်မှု ရှိရမည်၊ လူတိုင်းကို မျက်နှာမလိုက်ဘဲ မျှမျှတတ ဆက်ဆံရမည်။ ဆင်ခြင်တုံတရားဖြင့် စကားပြောဆိုသူ မည်သူမဆိုသည် သမ္မာတရားကို ချစ်သည်၊ သို့သော် ဆင်ခြင်တုံတရားမဲ့စွာ စကားပြောသည့်သူသည် ပါးစပ်ပိတ်ထားသင့်သည်၊ အနာဂတ်တွင် စကားကို လျှော့ပြောပြီး အလုပ်ပိုလုပ်သင့်သည်။ မှန်ကန်သည့်အရာကို ပြောဆိုသည့်မည်သူ့ကိုမဆို ပို၍ နားထောင်သင့်သည်” ဟု ပြောဆိုကြသည်။ ဤသည်မှာ ပြဿနာကို ဖြေရှင်းနေခြင်းလော။ ဤသည်မှာ အလုပ်လုပ်နေခြင်းလော။ ဤသည်မှာ ကလေးများကို ချော့မြှူပြီး လူများကို အရူးလုပ်နေခြင်းနှင့် တူနေသည် မဟုတ်လော။ အယောင်ဆောင်ခေါင်းဆောင်များသည် အလုပ်များနေပုံရသော်လည်း ၎င်းတို့သည် မည်သူတစ်ဦးတစ်ယောက်၏ ပြဿနာကိုမျှ မဖြေရှင်းနိုင်ကြပေ။ ၎င်းတို့၏ အလုပ်သည် မည်မျှ ထိရောက်မှုရှိသနည်း။ တန်ဖိုးမရှိဘဲ ယုတ္တိမရှိပေ။ ဤသည်တို့မှာ ဘာသာတရားမရှိသူများ၏ လုပ်ဆောင်ချက်များ ဖြစ်သည်။
လူတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်း၏ အတွေ့အကြုံတစ်လျှောက်တွင် အချို့သောအခက်အခဲများကို မကြာခဏ ကြုံတွေ့ရပြီး အယောင်ဆောင်ခေါင်းဆောင်များသည် ယင်းတို့ထဲမှ တစ်ခုကိုမျှ မဖြေရှင်းနိုင်ကြပေ။ အယောင်ဆောင် ခေါင်းဆောင်များသည် စကားအနည်းငယ်မျှဖြင့် ဖြေရှင်းနိုင်သည့် အချို့သော သိသာထင်ရှားသည့် အခက်အခဲများကိုပင် မဖြေရှင်းနိုင်သည့်အပြင် ၎င်းတို့သည် ထိုအရာများကို တစ်ဆိတ်ကိုတစ်အိတ်လုပ်ပြီး ငယ်သောကိစ္စတိုင်းကို ကြီးသောကိစ္စအဖြစ် ပြောင်းလဲကြသည်။ အချို့လူများသည် ဆိုးယုတ်သောသူများ မဟုတ်ကြ၊ ၎င်းတို့၏ လူ့သဘာဝပိုင်းအရ ယဉ်ကျေးဖွယ်ရာမှု မရှိဘဲ အခြေခံလောကဝတ်များကို နားမလည်ကာ အနည်းငယ် ယုတ်ညံ့သော စိတ်သဘောထားသာ ဖြစ်သည်။ အယောင်ဆောင် ခေါင်းဆောင်များသည် ဤသေးငယ်သော ပြဿနာများကို ယူပြီး တစ်ဆိတ်ကို တစ်အိတ်လုပ်ကာ ညီအစ်ကိုမောင်နှမများအား ထိုအရာများကို ဆွေးနွေးစေခြင်း၊ ဝေဖန်သုံးသပ်စေခြင်းနှင့် ပြစ်တင်ရှုတ်ချစေခြင်းတို့ကို ပြုလုပ်ကြသည်၊ ဤသို့ပြုလုပ်ခြင်းအားလုံးမှာ ထိုလူများအပေါ်တွင် တာရှည်ခံသော စွဲမှတ်မှုတစ်ခု ချန်ထားခဲ့ရန်ဖြစ်ပြီး သို့မှသာ ၎င်းတို့သည် ထိုနည်းလမ်းအတိုင်း ဆက်လက်ပြုမူရန် မဝံ့ရဲတော့ပေ။ ဤသည်မှာ လိုအပ်သလော။ ဤသည်မှာ ပြဿနာများကို ဖြေရှင်းသည့် နည်းလမ်းတစ်ခုလော။ ဤသည်မှာ ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို အသုံးပြုနေခြင်းလော။ (မဟုတ်ပါ။) လူတစ်ဦး၏ လူ့သဘာဝတွင် ကြီးမားသော ပြဿနာများ မရှိသရွေ့၊ ထိုသူသည် ဆိုးယုတ်သောသူတစ်ဦး မဟုတ်ဘဲ စိတ်ရင်းမှန်ဖြင့် မိမိကိုယ်ကို အသုံးခံနိုင်သရွေ့ ၎င်းတို့ လက်ခံနိုင်သည့် အခြေအနေများအောက်တွင် ၎င်းတို့အပေါ် ဆက်လက်အလုပ်လုပ်ရန်၊ ၎င်းတို့ကို သတိပေးချက်များ၊ အကူအညီ၊ မိတ်သဟာယနှင့် အားပေးကူညီမှုတို့ကို ပေးရန် လုံလောက်ပြီဖြစ်သည်။ အကယ်၍ လူတို့သည် ဤနည်းလမ်းအတိုင်း တစ်သမတ်တည်း ပြုမူပါက ၎င်းတို့တွင် ကိုယ်ကျင့်စရိုက် သို့မဟုတ် ရက်စက်ကြမ်းကြုတ်သော စိတ်သဘောထားနှင့်ဆိုင်သော ပြဿနာတစ်ခု ရှိနေပြီဖြစ်ပြီး တင်းကျပ်သော ပြုပြင်ခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်းတို့သည် လိုအပ်ပေသည်။ အကယ်၍ ၎င်းတို့သည် ဤအရာကို လက်ခံရန် ငြင်းဆန်ပါက ၎င်းတို့၏ တာဝန်ကို ဆိုင်းငံ့ထားသင့်သည် သို့မဟုတ် ၎င်းတို့ကို ရှင်းလင်းပစ်သင့်သည်။ အယောင်ဆောင် ခေါင်းဆောင်များသည် ဤအရာကို ထိုးထွင်းမမြင်နိုင်ကြသကဲ့သို့ ဤနည်းလမ်းအတိုင်းလည်း ပြုမူကြမည်မဟုတ်ပေ၊ ၎င်းတို့သည် ထိုသို့သော ဆိုးယုတ်သောလူများကို ကြုံတွေ့ရသည့်အခါ ၎င်းတို့ကို ညီအစ်ကိုမောင်နှမများအဖြစ် သဘောထားပြုမူကာ အကူအညီနှင့် အားပေးကူညီမှုတို့ကို ပေးကြသည်။ ဤသည်မှာ အလုပ်လုပ်နေခြင်းလော။ ဤသည်မှာ ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို အသုံးပြုနေခြင်းလော။ (မဟုတ်ပါ။) အယောင်ဆောင်ခေါင်းဆောင်များ၏ အလုပ်သည် ယုတ္တိမရှိပြီး ကလေးဆန်ကာ ရယ်ဖွယ်ကောင်းလှသည်၊ ပြီးလျှင် ယင်းနှင့်ပတ်သက်၍ မည်သည့်အရာမျှ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် မကိုက်ညီပေ။ ၎င်းတို့လုပ်ဆောင်သမျှ အရာတိုင်းတွင် ၎င်းတို့သည် လူပြိန်းများဖြစ်ကြောင်း၊ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ကင်းမဲ့ကြောင်းနှင့် စည်းမျဉ်းများမရှိဘဲ မဆင်မခြင် ပြုမူကြောင်း သင်တွေ့မြင်နိုင်သည်။ ထိုနည်းတူစွာ ၎င်းတို့သည် လူတို့ မိမိတို့၏ အသက် ဝင်ရောက်မှုတွင် ကြုံတွေ့ရသည့် အမျိုးမျိုးသော အခက်အခဲများကို ထိုးထွင်းမမြင်နိုင် သို့မဟုတ် တိကျစွာ သဘောမပေါက်နိုင်ကြပေ။ အကျိုးဆက်အနေဖြင့် ၎င်းတို့၏ ဖြေရှင်းရန် ကြိုးပမ်းမှုများသည် အလွန်တရာ ကိုးရိုးကားရားနိုင်ကာ မိုက်မဲပြီး လူပြိန်းတစ်ဦး၏ လုပ်ဆောင်ပုံနှင့် တူနေပုံရသည်။ ၎င်းတို့၏ အကူအညီကို လက်ခံသောသူတို့သည်လည်း အနေရခက်ပြီး ဖိနှိပ်ခံရသည်ဟု ခံစားရသည်။ အချိန်ကြာလာသည်နှင့်အမျှ အချို့သည် ယုံကြည်ခြင်းပင် ပျောက်ဆုံးသွားကာ “ခေါင်းဆောင်က ကျွန်ုပ်နှင့် အကြိမ်ပေါင်းများစွာ မိတ်သဟာယဖွဲ့ခဲ့ပြီးပြီ၊ သို့ဖြစ်၍ အဘယ်ကြောင့် ကျွန်ုပ် မပြောင်းလဲသေးသနည်း။ အဘယ်ကြောင့် ကျွန်ုပ်သည် အကျင့်ဟောင်းကို အကြိမ်ကြိမ် ပြန်လုပ်နေရသနည်း။ ကျွန်ုပ်၏ လူ့သဘာဝသည် အထူးသဖြင့် ညံ့ဖျင်းပြီး ကျွန်ုပ်သည် ကယ်တင်ခြင်းကို ခံရနိုင်စွမ်း မရှိခြင်းများလား” ဟု ပြောဆိုကြသည်။ အချို့သည် “ကျွန်ုပ်၏ ဝိညာဉ်တွင် တစ်ခုခု မှားယွင်းနေသလော။ ကျွန်ုပ်၌ ဆိုးယုတ်သော ဝိညာဉ်များ အလုပ်လုပ်နေသလော။ ဘုရားသခင်က ကျွန်ုပ်ကို ကယ်တင်မည် မဟုတ်လော။ ယင်းမှာ ကျွန်ုပ် မျှော်လင့်ချက်ကင်းမဲ့နေပြီဟု ဆိုလိုသည် မဟုတ်လော” ဟု ပြောဆိုလျက် သံသယများပင် ထားရှိကြသည်။ ဤသည်တို့မှာ အယောင်ဆောင်ခေါင်းဆောင်များ၏ အလုပ်၏ အကျိုးဆက်များ ဖြစ်သည်။ ၎င်းတို့၏ အလုပ်တွင် ၎င်းတို့သည် အမှုအရာများကို ရောနှောရှုပ်ထွေးပစ်ကာ ရယ်ဖွယ်ကောင်းသော၊ ယုတ္တိမရှိသော၊ မိုက်မဲသော၊ သိမ်ဖျင်းသော နည်းလမ်းဖြင့် ပြုမူကြရာ ယင်းက နောက်ဆုံးတွင် သမ္မာတရားကို စစ်မှန်စွာ လိုက်စားသော အချို့လူများ ရင်ဆိုင်ရသည့် အမျိုးမျိုးသော အခက်အခဲများကို အချိန်မီ မပြေလည်ဘဲ ဖြစ်စေသည်။ ဤသည်က ရလဒ်အနေဖြင့် ထိုလူများထဲတွင် အပျက်သဘောဆောင်ခြင်းနှင့် အားနည်းခြင်းကို ဖြစ်ပေါ်စေသည့်အပြင် ဘုရားသခင်နှင့် ကိုယ်တော်၏ အလုပ်အပေါ် အချို့သော အယူအဆများနှင့် နားလည်မှုလွဲမှားခြင်းများကိုလည်း ဖြစ်ပေါ်စေသည်။ ၎င်းတို့က “ကျွန်ုပ်သည် ဘုရားနှုတ်ကပတ်တော်များစွာကို ဖတ်ရှုခဲ့ပြီးပြီ၊ သို့ဖြစ်၍ အဘယ်ကြောင့် ကျွန်ုပ်၏ ပြဿနာကို မဖြေရှင်းနိုင်ရသေးသနည်း။ ဘုရားနှုတ်ကပတ်တော်များသည် လူတို့ကို အမှန်တကယ် ကယ်တင်ပြီး ပြောင်းလဲစေနိုင်သလော” ဟု ပြောဆိုကြသည်။ ၎င်းတို့၏ စိတ်နှလုံးများသည် သံသယကို ဖြစ်ပေါ်စေပြီး ၎င်းတို့သည် ရှုပ်ထွေးမှုထဲတွင် ပိတ်မိနေကြသည်။ ထို့ကြောင့် အယောင်ဆောင် ခေါင်းဆောင်များ အလုပ်လုပ်သည့်အခါ ၎င်းတို့သည် အပြုသဘောဆောင်သော ရလဒ်များစွာကို မဖြစ်ပေါ်စေဘဲ အပျက်သဘောဆောင်သော အရာများစွာကိုမူ ဖြစ်ပေါ်စေသည်။ ၎င်းတို့၏ အလုပ်သည် လူတို့၏ ဘုရားသခင်အပေါ်ထားရှိသော အယူအဆများ၊ သံသယများနှင့် ဝေဖန်သုံးသပ်မှုများကို ဖယ်ရှားရန် ပျက်ကွက်သည်သာမက ဆန့်ကျင်ဘက်အားဖြင့် ယင်းက ဘုရားသခင်နှင့်ပတ်သက်၍ ၎င်းတို့၏ နားလည်မှုလွဲမှားခြင်းများနှင့် သတိထားရှောင်ကြဉ်မှုများကို တိုးပွားစေသည်။ နှစ်ပေါင်းများစွာ ယုံကြည်ခြင်းရှိပြီးသည့်နောက်မှာပင် ဤလူတို့၏ ပြဿနာများသည် မပြေလည်ဘဲ ကျန်ရှိနေသည်။ ၎င်းတို့သည် အယောင်ဆောင် ခေါင်းဆောင်များ၏ အထင်အမြင်မှားစေပြီး လမ်းလွဲစေခြင်းကို ခံနေရစဉ်တွင် ဘုရားသခင်နှင့်ပတ်သက်၍ ၎င်းတို့၏ နားလည်မှုလွဲမှားခြင်းများနှင့် သတိထားရှောင်ကြဉ်မှုများသည် ပိုမိုပြင်းထန်လာသည်။ ဤသို့ဖြစ်နေလျှင် ၎င်းတို့သည် အသက် ဝင်ရောက်မှုကို ရရှိနိုင်မည်လော။
သမ္မာတရားနှင့် လူ၏ စိတ်သဘောထား ပြောင်းလဲခြင်းကဲ့သို့သော အပြုသဘောဆောင်သည့်အရာများနှင့်ပတ်သက်၍ အယောင်ဆောင်ခေါင်းဆောင်များ၏ နားလည်သဘောပေါက်မှုသည် လူများစွာတို့၏ အပြုသဘောဆောင်သည့်အရာများအပေါ်ထားရှိသော အမြင်ရှုထောင့်များနှင့် သဘောထားများကို လွှမ်းမိုးနိုင်သည်။ အယောင်ဆောင်ခေါင်းဆောင်များ အလုပ်တစ်ခုမျှ မလုပ်သည့်အခါတွင် ပြဿနာမရှိပေ၊ ၎င်းတို့ အလုပ်စလုပ်သည်နှင့်တစ်ပြိုင်နက် လမ်းလွဲမှုများ ပေါ်ပေါက်လာပြီး ဆိုးကျိုးများ ဖြစ်ပေါ်လာသည်။ ဤအသင်းတော်များတွင် မသင့်လျော်သော အငွေ့အသက်တစ်ခု ဖြစ်ပေါ်လာသည်၊ ဆိုလိုသည်မှာ အချို့သော မှားယွင်းပြီး ယုတ္တိမရှိသော ဆိုရိုးများသည် မကြာခဏ ဖြစ်ပေါ်လာပြီး ထိုနေရာရှိလူတို့သည် ဘုရားနှုတ်ကပတ်တော်များထဲတွင် မကြာခဏ ဖော်ပြလေ့ရှိသော ဝိညာဉ်ရေးရာ အသုံးအနှုန်းများကို နားမလည်ကြပေ သို့မဟုတ် ယင်းတို့ကို မည်သို့အသုံးချရမည်ကိုလည်း မသိကြပေ၊ တစ်ချိန်တည်းမှာပင် ဤအယောင်ဆောင်ခေါင်းဆောင်များ မကြာခဏ ပြောဆိုလေ့ရှိသည့် အမည်ခံ ဝိညာဉ်ရေးရာ အသုံးအနှုန်းများနှင့် ဆိုရိုးများမှာမူ ဤအသင်းတော်များတစ်လျှောက်တွင် ကျယ်ပြန့်စွာ ပျံ့နှံ့နေသည်။ ဤအရာများက လူတို့အပေါ် သက်ရောက်မှုမှာ မသေးငယ်ပေ။ ယင်းတို့သည် လူတို့ကို ဘုရားနှုတ်ကပတ်တော်များနှင့် သမ္မာတရားအပေါ် ပို၍ လက်တွေ့ကျပြီး တိကျသော သိမြင်မှုတစ်ခု ရရှိစေရန် မကူညီနိုင်သည်သာမက၊ သို့မဟုတ် ကိုယ်တော်၏ နှုတ်ကပတ်တော်များထဲတွင် တိကျသော လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းတစ်ခုကို ရှာတွေ့ရန် ထောက်ကူပေးနိုင်ခြင်း မရှိသည်သာမက ဆန့်ကျင်ဘက်အားဖြင့် ယင်းတို့သည် လူတို့ကို သမ္မာတရားအပေါ် ပို၍ လွဲချော်သော၊ သဘောတရားဆန်သော၊ အယူဝါဒဆန်သော သိမြင်မှုတစ်ခု ရှိစေပြီး တစ်ချိန်တည်းမှာပင် ယင်းတို့သည် လူတို့ကို လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းနှင့်ပတ်သက်၍ ပို၍ မရှင်းမလင်း ဖြစ်စေသည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် အယောင်ဆောင်ခေါင်းဆောင်များသည် လူတို့၏ အမြင်ကို နှောင့်ယှက်ပြီး သမ္မာတရားအပေါ် ၎င်းတို့၏ စင်ကြယ်သော သဘောပေါက်နားလည်မှုကို ထိခိုက်စေသည်။ ဤအရာများကို လုပ်ဆောင်ရာတွင် အယောင်ဆောင်ခေါင်းဆောင်များသည် မည်သို့သော အကျိုးသက်ရောက်မှုကို ဖြစ်စေသနည်း။ ၎င်းတို့သည် မည်သို့သော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်သနည်း။ ၎င်းတို့ကို နှောင့်ယှက်သူများနှင့် အဖျက်အမှောင့်လုပ်သူများအဖြစ် စရိုက်လက္ခဏာ သရုပ်ဖော်ခြင်းသည် အနည်းငယ် လွန်ကဲကောင်း လွန်ကဲနိုင်သော်လည်း ၎င်းတို့ကို နေရာအနှံ့ ပြေးလွှားနေသော လူပြက်များဟု ခေါ်ဆိုခြင်းသည် လုံးဝ လွန်ကဲသော ပြောဆိုချက်တစ်ခု မဟုတ်ပေ။ ငါသည် ဤအမှုအဆင့်ကို စတင်ခါစတွင် လူအချို့နှင့် တွေ့ဆုံခဲ့ပြီး ၎င်းတို့ စကားပြောနေသည်ကို နားထောင်နေစဉ်တွင် ၎င်းတို့ထဲမှ တစ်ဦးက လူတစ်ဦး၏ အခြေအနေအကြောင်းကို မေးမြန်းရာ တစ်စုံတစ်ဦးက “သူတို့ ပြာကျသွားပြီ” ဟူသော စကားများကို ရုတ်တရက် ထုတ်ပြောလိုက်သည်။ ငါက “ပြာကျသွားပြီလော။ ယင်းမှာ မည်သည့်အဓိပ္ပာယ်နည်း” ဟု မေးသောအခါ ၎င်းတို့က “ပြာကျသွားခြင်းဆိုသည်မှာ တစ်စုံတစ်ဦးသည် ဖြုတ်ချခံရပြီး ယုံကြည်ခြင်းကို ရပ်တန့်သွားခြင်း ဖြစ်နိုင်သည်ဟု ဆိုလိုပါသည်” ဟု ပြန်ဖြေကြသည်။ ငါက “ဤသည်မှာ အတော်လေး ရက်စက်သော အသုံးအနှုန်းဖြစ်သည်၊ ယင်းက ထိုသူကို လူးသာလွန့်သာခွင့် တစ်စက်မျှ မပေးပေ။ ငါသည် ထိုသို့သောစကားကို ပြောခဲ့ဖူးသလော။ ဤအသုံးအနှုန်းအကြောင်းကို ငါ မည်သို့ဖြစ်၍များ မသိဘဲနေရသနည်း။ ငါသည် မည်သူ့ကိုမျှ ဤနည်းလမ်းဖြင့် မည်သည့်အခါကမျှ စရိုက်လက္ခဏာ သရုပ်ဖော်ခြင်းမပြုခဲ့ဖူးပေ သို့မဟုတ် တစ်စုံတစ်ဦးသည် မိမိ၏ တာဝန်ကို ထမ်းဆောင်ခြင်းမှ ရပ်တန့်သွားလျှင်ဖြစ်စေ၊ ဘုရားသခင်ထံမှ ထွက်ခွာသွားလျှင်ဖြစ်စေ ၎င်းတို့သည် ‘ပြာကျသွားပြီ’ ဟုလည်း မပြောဆိုခဲ့ဖူးပေ။ ဤအသုံးအနှုန်းသည် မည်သို့ ဖြစ်ပေါ်လာခဲ့သနည်း” ဟု ပြောဆိုခဲ့သည်။ နောက်ပိုင်းတွင် ဤစကားစုသည် သက်ကြီးရွယ်အို ယုံကြည်သူတစ်ဦး၊ စာအုပ်ကြီးအတိုင်း လုပ်သော လူကြီးတစ်ဦးထံမှ အစပြုခဲ့ကြောင်း ငါသိရှိခဲ့ရသည်။ သူသည် အလွန် နှံ့စပ်ပြီး ဘုရားသခင်ကို အချိန်ကြာမြင့်စွာ ယုံကြည်ခဲ့ကာ ဝါရင့်သူတစ်ဦး ဖြစ်သည်။ သူက ဤစကားစုကို ပြောဆိုသောအခါ နားဝေတိမ်တောင်ဖြစ်သော ထိုလူအုပ်စုသည် ပိုင်းခြားသိမြင်နိုင်စွမ်းကို မကျင့်သုံးဘဲ သူ့ထံမှ သင်ယူခဲ့ကြပြီး ယင်းမှာ ရေပန်းစားသော စကားစုတစ်ခု ဖြစ်လာခဲ့သည်။ သင်တို့သည် ဤစကားစုကို မှန်ကန်သည်ဟု ထင်သလော။ ယင်း၌ အခြေခံအကြောင်းရင်း ရှိသလော။ ယင်းသည် တိကျမှန်ကန်သလော။ (မဟုတ်ပါ၊ တိကျမှန်ကန်မှုမရှိပါ။) ယင်းကို ကျွန်ုပ်တို့ မည်သို့ သဘောထားပြုမူသင့်သနည်း။ ယင်းကို အသင်းတော်အတွင်း၌ ဆက်လက်တည်ရှိခွင့် ပေးသင့်သလော။ (မပေးသင့်ပါ။) ယင်းကို ဖော်ထုတ်ပြီး ဝေဖန်ကာ ၎င်း၏ အရင်းအမြစ်မှ ဖြေရှင်းသင့်သည်။ ထို့နောက်တွင် ဝေဖန်ခြင်းနှင့် စိတ်ဖြာလေ့လာဆွေးနွေးခြင်းတို့မှတစ်ဆင့် နားဝေတိမ်တောင်ဖြစ်သော ဤလူတို့သည် ယင်းကို ဆက်လက်ပြောဆိုရန် မဝံ့ရဲတော့ပေ၊ သို့သော် အသိတရားခေါင်းပါးသော လူအနည်းငယ်မှာမူ ယင်းကို သီးသန့်အနေဖြင့် လျှို့ဝှက်စွာ အသုံးပြုနေဆဲ ဖြစ်ကောင်းဖြစ်နိုင်သည်။ ထိုလူတို့သည် ယင်းကို “နာမည်ကြီး ပုဂ္ဂိုလ်တစ်ဦး” ထံမှ အစပြုသည့် အလွန် ဝိညာဉ်ရေးရာဆန်သော စကားစုတစ်ခုဖြစ်သည်ဟု ထင်ကောင်းထင်နိုင်ပြီး ယင်းကို ဆက်လက် အသုံးပြုသင့်သည်ဟု ယုံကြည်ကောင်း ယုံကြည်နိုင်သည်။ သင်တို့၏ ခေါင်းဆောင်များသည် အလားတူသော အလေ့အကျင့်များကို လုပ်ဆောင်ခဲ့ဖူးသလော။ ၎င်းတို့သည် သင်တို့၏ အသက် ဝင်ရောက်မှု၊ စိတ်သဘောထား ပြောင်းလဲမှု သို့မဟုတ် သင်တို့ လျှောက်လှမ်းနေသော လမ်းကြောင်းကို အပျက်သဘောဆောင်သည့် သက်ရောက်မှုများ ဖြစ်စေခဲ့သလော။ (အတိတ်က ဧဝံဂေလိ တရားဟောသည့်အခါ အယောင်ဆောင် ခေါင်းဆောင်တစ်ဦးက “ဘုရားသခင်သည် ကျွန်ုပ်တို့ကို တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့မှတစ်ဆင့် သိမ်းပိုက်တော်မူသည်၊ ထို့ကြောင့် ကျွန်ုပ်တို့သည် ဘာသာရေးသမားများကို ဧဝံဂေလိတရားဟောသည့်အခါ ၎င်းတို့ကို ပြင်းထန်သောလေသံဖြင့် ပြောဆိုပြီး ဩဝါဒခြွေရန် လိုအပ်သည်၊ သို့မှသာ ၎င်းတို့ကို သိမ်းပိုက်နိုင်မည် ဖြစ်သည်” ဟု တစ်ခါက ပြောဆိုခဲ့ပါသည်။) ဤဖော်ပြချက်သည် ကျိုးကြောင်းဆီလျော်ပုံရသော်လည်း ယင်းသည် သမ္မာတရား စည်းမျဉ်းများနှင့် ကိုက်ညီသလော။ ဘုရားသခင်သည် လူတို့ကို ဤသို့ပြုလုပ်ရန် ညွှန်ကြားခဲ့သလော။ ဘုရားနှုတ်ကပတ်တော်က “ကျယ်ပြန့်စွာ ဧဝံဂေလိတရားဟောသည့်အခါ သင်သည် ထကြွပြီး လူတို့ကို သံလှံတံဖြင့် အုပ်စိုးရမည်၊ ကျယ်ပြန့်စွာ ဧဝံဂေလိတရားဟောရန် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို အသုံးပြုရမည်” ဟု ပြောဆိုထားသလော။ (မပြောဆိုထားပါ။) သို့ဆိုလျှင် ဤစကားသည် အဘယ်မှ လာခဲ့သနည်း။ ယင်းသည် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ကင်းမဲ့သော အယောင်ဆောင်ခေါင်းဆောင်တစ်ဦး၏ ဦးနှောက်ထဲမှ စိတ်ကူးယဉ်ဖန်တီးလိုက်သော သဘောတရားတစ်ခု ဖြစ်သည်မှာ သိသာထင်ရှားပေသည်။ အပေါ်ယံအားဖြင့် ဤစကားသည် ပြဿနာမရှိဟု ထင်ရနိုင်သည်။ “လူသားမျိုးနွယ်တစ်ရပ်လုံးသည် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို ခံရမည်ဖြစ်သည်။ အကယ်၍ ၎င်းတို့သည် ယင်းကို ဘုရားနှုတ်ကပတ်တော်များမှ တိုက်ရိုက် မခံယူနိုင်ပါက သွယ်ဝိုက်သောနည်းဖြင့် ခံယူ၍ မရနိုင်သလော။ မည်သို့ပင်ဖြစ်စေ ယင်းမှာ ဘုရားနှုတ်ကပတ်တော်များက စွမ်းဆောင်ရရှိရန် ရည်ရွယ်သည့် အကျိုးသက်ရောက်မှုဖြစ်သည်၊ လူသားမျိုးနွယ်တစ်ရပ်လုံးကို သိမ်းပိုက်ရန် ဖြစ်သည်။ ၎င်းတို့သည် ဤအရာကို နောက်ကျမှ ခံယူခြင်းထက် စောစောစီးစီး ခံယူခြင်းက ပို၍ ကောင်းမည် မဟုတ်လော။ ဘုရားသခင် ပြုမူဆောင်ရွက်ခြင်း မရှိမီ ကျွန်ုပ်တို့သည် ဤကာကွယ်သည့် အစီအမံကို ပြုလုပ်မည်၊ ထိုသို့ဖြင့် လူတို့သည် ခုခံအားတစ်မျိုးကို တိုးပွားစေနိုင်သည်။ ထို့နောက် ဘုရားသခင်သည် ၎င်းတို့ကို အမှန်တကယ် တရားစီရင်ပြီး ပြစ်တင်ဆုံးမသည့်အခါ ထိုလူတို့သည် ဘုရားသခင်ကို ပုန်ကန်ခြင်း၊ ဆန့်ကျင်ခြင်း သို့မဟုတ် သစ္စာဖောက်ခြင်းတို့ကို ပြုလုပ်ကြမည် မဟုတ်ပေ။ ဤသည်က ဘုရားသခင်၏ စိတ်နှလုံးကို မထိခိုက်အောင် တားဆီးပေးလိမ့်မည်။ ယင်းမှာ ကောင်းသောအရာတစ်ခု မဟုတ်လော” ဟူ၍ ဖြစ်သည်။ အပေါ်ယံအားဖြင့် ဝါကျတိုင်းသည် မှန်ကန်ပုံရပြီး အယူဝါဒအရ ပြောရလျှင် ယင်းသည် ယုတ္တိရှိပုံရသည်။ သို့သော် ဤသည်မှာ သမ္မာတရား စည်းမျဉ်းတစ်ခုလော။ ဧဝံဂေလိတရားဟောခြင်းကိစ္စအတွက် ဘုရားအိမ်တော်တွင် မည်သို့သော ပြဋ္ဌာန်းချက်များ ရှိသနည်း။ ယင်းက လူတို့ကို ဤသို့ပြုလုပ်ရန် လိုအပ်သလော။ (မလိုအပ်ပါ။) ထို့ကြောင့် ဤသဘောတရားသည် ခိုင်လုံမှုမရှိဘဲ ယင်းကို အဆိုပြုခဲ့သူသည် အယောင်ဆောင်ခေါင်းဆောင်တစ်ဦး ဖြစ်သည်။
အယောင်ဆောင် ခေါင်းဆောင်များသည် လူတို့ကို အထင်အမြင်မှားစေရန်နှင့် လမ်းလွဲစေရန်အတွက် ဝိညာဉ်ရေးရာဆန်သည်ဟု မကြာခဏ ဟန်ဆောင်ပြီး အပေါ်ယံမှန်ကန်ပုံရသော်လည်း အမှန်တကယ်တွင် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အရာအချို့ကို ပြောဆိုကြသည်။ ဤမှားယွင်းပြီး အဓိပ္ပာယ်မဲ့သည့်အရာများသည် အပေါ်ယံအားဖြင့် ပြဿနာမရှိဟု ထင်ရသော်လည်း လူတို့၏ အသက်ဝင်ရောက်မှုအပေါ် ထိခိုက်နစ်နာစေသော သြဇာလွှမ်းမိုးမှုရှိပြီး လူတို့အား သမ္မာတရားကို လိုက်စားခြင်းလမ်းကြောင်းပေါ် လျှောက်လှမ်းခြင်းမှ နှောင့်ယှက်ခြင်း၊ အထင်အမြင်မှားစေခြင်းနှင့် တားဆီးခြင်းတို့ကို ပြုသည်။ ဤဝိညာဉ်ရေးရာ အယောင်ဆောင်စကားများကြောင့် အချို့လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် သံသယများနှင့် အတိုက်အခံလုပ်ခြင်းတို့ ဖြစ်ပေါ်လာကြပြီး ၎င်းတို့သည် ဘုရားသခင်နှင့်ပတ်သက်၍ အယူအဆများ၊ နားလည်မှုလွဲမှားခြင်းများပင် ဖြစ်ပေါ်ကာ ဘုရားသခင်အပေါ် သတိထားရှောင်ခြင်း ရှိလာပြီး ထို့နောက်တွင် ကိုယ်တော်နှင့် တဖြည်းဖြည်း အလှမ်းဝေးသွားကြသည်။ ဤသည်မှာ အယောင်ဆောင်ခေါင်းဆောင်များ၏ ဝိညာဉ်ရေးရာ အယောင်ဆောင်ဆိုရိုးများ၏ လူတို့အပေါ် သက်ရောက်မှု ဖြစ်သည်။ အသင်းတော်တစ်ခု၏ အသင်းသားများသည် အယောင်ဆောင်ခေါင်းဆောင်တစ်ဦး၏ အထင်အမြင်မှားစေခြင်းနှင့် လွှမ်းမိုးခြင်းကို ခံနေရစဉ်တွင် ထိုအသင်းတော်သည် လူတို့က လူ၏ဆိုရိုးများနှင့် သွန်သင်ချက်များကိုသာ လိုက်နာစောင့်ထိန်းကြသည့် ခရစ်ယာန်ဘာသာ သို့မဟုတ် ကက်သလစ်ဘာသာကဲ့သို့ပင် ဘာသာရေးတစ်ခု ဖြစ်လာသည်။ ၎င်းတို့အားလုံးသည် ဘုရားသခင်၏ လမ်းခရီးကို လိုက်လျှောက်မည့်အစား၊ သခင်ယေရှု၏ နှုတ်ကပတ်တော်များအစား ပေါလု၏စကားများကို အသုံးပြုသည်အထိပင် ပေါလု၏ သွန်သင်ချက်များကို ကိုးကွယ်ကြသည်။ ရလဒ်အနေဖြင့် ၎င်းတို့အားလုံးသည် ကြောင်သူတော်ဆန်သော ဖာရိရှဲများနှင့် အန္တိခရစ်များ ဖြစ်လာကြသည်။ သို့ဖြစ်၍ ၎င်းတို့သည် ဘုရားသခင်၏ ကျိန်ခြင်းနှင့် ပြစ်တင်ရှုတ်ချခြင်းကို ခံကြရသည်။ ပေါလုကဲ့သို့ပင် အယောင်ဆောင် ခေါင်းဆောင်များသည် မိမိတို့ကိုယ်ကို ချီးမြှောက်ပြီး သက်သေခံကြကာ လူတို့ကို အထင်အမြင်မှားစေပြီး နှောင့်ယှက်ကြသည်။ ၎င်းတို့သည် လူတို့ကို လမ်းမှားစေပြီး ဘာသာရေးဆိုင်ရာ ထုံးတမ်းစဉ်လာများထဲသို့ ပို့ဆောင်ကြကာ ဤလူတို့ ဘုရားသခင်ကို ယုံကြည်သည့်နည်းလမ်းသည် ဘာသာရေးသမားများနှင့် တထေရာတည်း ဖြစ်လာ၍ ယင်းက ဘုရားသခင်ကို ယုံကြည်ခြင်း၌ မှန်ကန်သောလမ်းကြောင်းပေါ်သို့ ၎င်းတို့၏ ဝင်ရောက်ခြင်းကို နှောင့်နှေးစေသည်။ အယောင်ဆောင်ခေါင်းဆောင်များသည် လူတို့ကို အဆက်မပြတ် အထင်အမြင်မှားစေပြီး နှောင့်ယှက်ကြသဖြင့် ထိုလူတို့သည် ဝိညာဉ်ရေးရာ အယောင်ဆောင် သဘောတရားများနှင့် ဆိုရိုးများစွာကို ဖန်တီးကြသည်။ ဤသဘောတရားများ၊ ဆိုရိုးများနှင့် အလေ့အထများသည် သမ္မာတရားနှင့် လုံးဝပင် ဆန့်ကျင်ဘက်ဖြစ်ပြီး ယင်းနှင့် လုံးဝပင် မည်သို့မျှ မသက်ဆိုင်ပေ။ သို့သော် အယောင်ဆောင်ခေါင်းဆောင်များက လူတို့ကို အထင်အမြင်မှားစေပြီး လမ်းလွဲစေစဉ်တွင် ၎င်းတို့သည် ဤအရာများကို အပြုသဘောဆောင်သောအရာများအဖြစ်၊ သမ္မာတရားအဖြစ် မှတ်ယူကြသည်။ ၎င်းတို့သည် ဤအရာများကို သမ္မာတရားဖြစ်သည်ဟု တလွဲယုံကြည်ကြပြီး ဤအရာများကို မိမိတို့၏ စိတ်နှလုံးထဲ၌ ယုံကြည်သရွေ့၊ ယင်းတို့ကို ကျွမ်းကျင်စွာ ပြောဆိုနိုင်သရွေ့၊ ပြီးလျှင် ထိုအရာများကို လူတိုင်းက ထောက်ခံသရွေ့ ၎င်းတို့သည် သမ္မာတရားကို ရရှိပြီးဖြစ်သည်ဟု ထင်မှတ်ကြသည်။ ဤအတွေးအခေါ်များနှင့် အမြင်ရှုထောင့်များ၏ လမ်းလွဲစေခြင်းကို ခံရသဖြင့် လူတို့သည် သမ္မာတရားကို နားလည်နိုင်စွမ်းမရှိသည်သာမက သမ္မာတရား လက်တွေ့ကျမှုကို ဝင်ရောက်ဖို့ မဆိုထားနှင့်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ရန် သို့မဟုတ် တွေ့ကြုံခံစားရန် မတတ်နိုင်ကြပေ။ ဆန့်ကျင်ဘက်အနေဖြင့် ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ပို၍ပင် အလှမ်းဝေးလာကြပြီး သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ခြင်းနှင့် သာ၍ပင် အလှမ်းဝေးလာကြသည်။ အပေါ်ယံအားဖြင့်မူ အယောင်ဆောင်ခေါင်းဆောင်များ ပြောဆိုသည့် စကားလုံးများနှင့် ၎င်းတို့ ဟစ်ကြွေးသည့် ဆောင်ပုဒ်တို့၌ မှားယွင်းသောအရာ မရှိပေ၊ ယင်းတို့အားလုံးသည် မှန်ကန်သည်။ သို့ဆိုလျှင် ၎င်းတို့သည် အဘယ်ကြောင့် မည်သည့်အရာမျှ စွမ်းဆောင်ရရှိခြင်း မရှိရသနည်း။ ဤသည်မှာ အယောင်ဆောင်ခေါင်းဆောင်များ သိမြင်ခံစားပြီး သဘောပေါက်နားလည်သည့်အရာသည် အလွန်တရာ အပေါ်ယံဆန်လွန်းသောကြောင့် ဖြစ်သည်။ ယင်းသည် ဘုရားနှုတ်ကပတ်တော်များထဲရှိ သမ္မာတရား လက်တွေ့ကျမှု၊ ဘုရားသခင်၏ တောင်းဆိုချက်များ သို့မဟုတ် သူ၏ ရည်ရွယ်ချက်များနှင့် မသက်ဆိုင်သည့် အယူဝါဒနှင့်ဆိုင်သော အရာများသာ ဖြစ်သည်။ အမှန်တကယ်တွင် အယောင်ဆောင်ခေါင်းဆောင်များ တရားဟောသည့် အယူဝါဒအားလုံးသည် သမ္မာတရား လက်တွေ့ကျမှုနှင့် များစွာ ကွာခြားသည်၊ တိတိကျကျဆိုရလျှင် ယင်းတို့သည် သမ္မာတရားနှင့် မည်သို့မျှ မသက်ဆိုင်သကဲ့သို့ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်လည်း မည်သို့မျှ မသက်ဆိုင်ပေ။ သို့ဖြစ်၍ အယောင်ဆောင်ခေါင်းဆောင်များသည် ဤစကားလုံးများနှင့် အယူဝါဒများကို မကြာခဏ တတွတ်တွတ် ပြောဆိုသည့်အခါ ယင်းသည် မည်သည့်အရာနှင့် ဆက်စပ်နေသနည်း။ ၎င်းတို့သည် အဘယ်ကြောင့် သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ရန် အစဉ်သဖြင့် စွမ်းဆောင်နိုင်ခြင်း မရှိကြသနည်း။ ဤသည်မှာ အယောင်ဆောင်ခေါင်းဆောင်များ၏ အစွမ်းအစနှင့် တိုက်ရိုက်ဆက်စပ်နေသည်။ အယောင်ဆောင်ခေါင်းဆောင်များသည် အစွမ်းအစ ညံ့ဖျင်းပြီး သမ္မာတရားကို သဘောပေါက်နားလည်နိုင်စွမ်း ကင်းမဲ့သည်မှာ လုံးဝ သေချာပေသည်။ ၎င်းတို့သည် ဘုရားသခင်ကို နှစ်ပေါင်းမည်မျှပင် ယုံကြည်ပါစေ သမ္မာတရားကို နားလည်မည်မဟုတ်သကဲ့သို့ အသက်ဝင်ရောက်မှုလည်း ရှိမည်မဟုတ်ပေ၊ ပြီးလျှင် ၎င်းတို့သည် ဘုရားသခင်ကို နှစ်ပေါင်းမည်မျှပင် ယုံကြည်ပါစေ သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ရန် ၎င်းတို့အတွက် လွယ်ကူမည်မဟုတ်ဟုလည်း ဆိုနိုင်ပေသည်။ အကယ်၍ အယောင်ဆောင် ခေါင်းဆောင်တစ်ဦးကို မဖြုတ်ချဘဲ ၎င်း၏ရာထူး၌ ဆက်လက်ထားရှိခွင့်ပြုပါက မည်သည့်အကျိုးဆက်များ ဖြစ်ပေါ်လာမည်နည်း။ ၎င်းတို့၏ ခေါင်းဆောင်ပိုင်းသည် သာ၍များသော လူတို့ကို ဘာသာရေးဆိုင်ရာ ထုံးတမ်းစဉ်လာများနှင့် စည်းမျဉ်းစည်းကမ်းများထဲသို့လည်းကောင်း၊ စကားလုံးများနှင့် အယူဝါဒများထဲသို့လည်းကောင်း၊ မရေရာသော အယူအဆများနှင့် စိတ်ကူးများထဲသို့လည်းကောင်း ပို့ဆောင်သွားလိမ့်မည်။ အန္တိခရစ်များနှင့် မတူသည့်အချက်မှာ အယောင်ဆောင်ခေါင်းဆောင်များသည် လူတို့ကို ၎င်းတို့၏ရှေ့မှောက်သို့ဖြစ်စေ၊ စာတန်၏ရှေ့မှောက်သို့ဖြစ်စေ လာရောက်ရန် ဦးဆောင်ခြင်း မပြုသော်လည်း အကယ်၍ ၎င်းတို့သည် ဘုရားသခင် ရွေးချယ်ထားသောလူတို့ကို ကိုယ်တော်၏ နှုတ်ကပတ်တော်များ၏ သမ္မာတရား လက်တွေ့ကျမှုထဲသို့ မဦးဆောင်နိုင်ပါက ဘုရားသခင် ရွေးချယ်ထားသောလူတို့သည် ကိုယ်တော်၏ ကယ်တင်ခြင်းကို ရရှိနိုင်မည်လော။ ၎င်းတို့သည် ဘုရားသခင်၏ စုံလင်အောင်ပြုခြင်းကို ခံရနိုင်မည်လော။ လုံးဝ မခံရနိုင်ပေ။ အကယ်၍ ဘုရားသခင် ရွေးချယ်ထားသောလူတို့သည် သမ္မာတရား လက်တွေ့ကျမှုထဲသို့ မဝင်ရောက်နိုင်ပါက ၎င်းတို့သည် စာတန်၏ အာဏာအောက်တွင် အသက်ရှင်နေကြဆဲ မဟုတ်လော။ ၎င်းတို့သည် စာတန်၏ အာဏာအောက်တွင် ချုပ်နှောင်ခံထားရသည့် ဖောက်ပြန်ပျက်စီးသူများ ဖြစ်နေကြဆဲ မဟုတ်လော။ ဤသည်မှာ ၎င်းတို့သည် အယောင်ဆောင်ခေါင်းဆောင်များ၏ လက်ထဲတွင် ပျက်စီးခြင်းသို့ ရောက်ရှိသွားမည်ဟု ဆိုလိုခြင်း မဟုတ်လော။ ထိုအကြောင်းကြောင့် အယောင်ဆောင်ခေါင်းဆောင်များနှင့် အန္တိခရစ်တို့၏ အလုပ်၏ အကျိုးဆက်များသည် အခြေခံအားဖြင့် တူညီခြင်း ဖြစ်သည်။ နှစ်ဦးစလုံးသည် ဘုရားသခင် ရွေးချယ်ထားသောလူတို့ကို သမ္မာတရားကို နားလည်စေရန်၊ လက်တွေ့ကျမှုထဲသို့ ဝင်ရောက်စေရန်နှင့် ကယ်တင်ခြင်းကို စွမ်းဆောင်ရရှိစေရန် မလုပ်ဆောင်နိုင်ကြပေ။ ၎င်းတို့နှစ်ဦးစလုံးသည် ဘုရားသခင် ရွေးချယ်ထားသောလူတို့ကို ထိခိုက်နစ်နာစေပြီး ပျက်စီးခြင်းသို့ ရောက်စေသည်။ အကျိုးဆက်များသည် အတိအကျ တူညီပေသည်။
အယောင်ဆောင်ခေါင်းဆောင်များ၏ မိစ္ဆာဒိဋ္ဌိအယူများနှင့် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အယူအဆအချို့မှာ အဘယ်အရာများ ဖြစ်သနည်း။ နောက်ပိုင်းတွင် သင်တို့ကိုယ်တိုင် ယင်းတို့ကို ပြန်လည်သုံးသပ်ကြလော့။ သင်တို့သည် ယင်းတို့ကို ပိုင်းခြားသိမြင်နိုင်ခြင်း ရှိမရှိ သိမြင်ရန် ဤတာဝန်ကို ငါ သင်တို့အား ချန်ထားခဲ့သည်။ သင်တို့၏ ပတ်ဝန်းကျင်ရှိ ခေါင်းဆောင်များသည် ဝိညာဉ်ရေးရာဆန်သော သို့မဟုတ် လူ့ခံယူချက်များနှင့် ကိုက်ညီသော၊ ပြီးလျှင် အပေါ်ယံအားဖြင့် မှန်ကန်ပြီး သမ္မာတရားနှင့် ညီသည်ဟု ထင်ရသော်လည်း သင်၏ အသက်ဝင်ရောက်မှုအတွက် မထောက်ပံ့နိုင်ဘဲ သင်၏ အမှန်တကယ်ဖြစ်သော ပြဿနာများကို မဖြေရှင်းပေးနိုင်သည့် စကားအချို့ကို ပြောဆိုခဲ့ဖူးသလော။ အကယ်၍ သင်သည် ဤစကားများကို ပိုင်းခြားသိမြင်နိုင်စွမ်းမရှိဘဲ ယင်းတို့ကို တန်ဖိုးထားပြီး နှလုံးသွင်းကြကာ သင့်ကို အစဉ်သဖြင့် ကြီးစိုးပြီး သင့်အား ဦးဆောင်စေရန်နှင့် သင်၏ အတွေးအခေါ်များနှင့် အပြုအမူကို အချိန်ပြည့် စိုးမိုးခြယ်လှယ်စေရန် ခွင့်ပြုပါက ဤအရာ၏ အကျိုးဆက်များသည် အတော်အတန် ဆိုးရွားသည် မဟုတ်လော။ (ဆိုးရွားပါသည်။) သို့ဆိုလျှင် လူတို့အား ဘုရားသခင်ကို ယုံကြည်ခြင်းက ဘာသာရေးယုံကြည်မှုအဖြစ်သို့ ပြောင်းလဲသွားသည်အထိ အဆင့်နိမ့်ကျသွားစေသော၊ ဘုရားသခင်ကို အတိုက်အခံလုပ်ပြီး ဘုရားသခင်၏ ပစ်ပယ်ခြင်းကို ခံရသည့် ရလဒ်ကို ဖြစ်စေနိုင်သည့် မိစ္ဆာဒိဋ္ဌိအယူများနှင့် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အယူအဆများဖြစ်သော အရာများကို ရှာဖွေရန် ဤကိစ္စရပ်များ၏ အရင်းအမြစ်ကို သင်တို့ တူးဆွရန်မှာ အလွန်အရေးကြီးပေသည်။ ဥပမာအားဖြင့် လူတစ်ဦးက “ခေါင်းဆောင်တစ်ဦး ဖြစ်လာရန် မလိုက်စားနှင့်။ ခေါင်းဆောင်တစ်ဦး ဖြစ်လာပြီးနောက်တွင် သင် ဖြုတ်ချခြင်း သို့မဟုတ် ဖယ်ရှားရှင်းလင်းခြင်း ခံရလျှင် သင့်တွင် သာမန် ယုံကြည်သူတစ်ဦး ဖြစ်ရန်ပင် အခွင့်အရေး ရှိမည်မဟုတ်” ဟု ပြောသည်ဆိုပါစို့။ ဤသို့သော စကားမျိုးသည် အယောင်ဆောင်ခေါင်းဆောင်များ၏ မိစ္ဆာဒိဋ္ဌိအယူနှင့် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အယူအဆတစ်ခု ဟုတ်ပါသလော။ (ဟုတ်ပါသည်။) ဟုတ်သလော။ အယောင်ဆောင်ခေါင်းဆောင်များ၏ မိစ္ဆာဒိဋ္ဌိအယူများနှင့် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အယူအဆများကို အန္တိခရစ်များ၏ မိစ္ဆာဒိဋ္ဌိအယူများနှင့် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အယူအဆများမှ ခွဲခြားရမည်ဖြစ်သည်၊ ယင်းတို့ကို ရောထွေးမပစ်လိုက်နှင့် ဟူ၍ဖြစ်သည်။ ထိုသို့သော အရာများကို ပြောဆိုခြင်းအားဖြင့် ထိုလူသည် မည်သည့်အရာကို ဆိုလိုသနည်း။ ဤစကားများထဲတွင် မည်သို့သော ရည်ရွယ်ချက်များ ပုန်းကွယ်နေသနည်း။ ယင်းတို့ထဲတွင် မသမာသောအရာ တစ်စုံတစ်ရာ ရှိပါသလော။ ၎င်းတို့တွင် လူတို့ကို အထင်အမြင်မှားစေရန် ရည်ရွယ်သည့် လှည့်ကွက်တစ်ခု ပါဝင်သည်မှာ ရှင်းနေသည်၊ ၎င်းတို့ ဆိုလိုသည်မှာ အခြားလူတို့သည် ခေါင်းဆောင်များဖြစ်ရန် လိုက်စားခြင်းကို ရှောင်သင့်သည်၊ ထိုသို့ပြုလုပ်ခြင်းသည် အဆုံးသတ်ကောင်းမည်မဟုတ်ဟူ၍ ဖြစ်သည်။ ဤအရာကို ပြောဆိုရာတွင် ၎င်းတို့၏ ရည်ရွယ်ချက်မှာ လူတို့ကို ခေါင်းဆောင်တစ်ဦးဖြစ်လာရန် စိတ်ကူးကို စွန့်လွှတ်စေရန်ဖြစ်ပြီး ထိုသို့ဖြင့် မည်သူမျှ ကျော်ကြားမှုနှင့် အဆင့်အတန်းအတွက် ၎င်းတို့နှင့် ယှဉ်ပြိုင်ကြမည် မဟုတ်သဖြင့် ၎င်းတို့ကို ထာဝစဉ် ခေါင်းဆောင်တစ်ဦးအဖြစ် စိတ်သက်သာစွာ ခံစားနိုင်စေရန် ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ၎င်းတို့သည် လူတို့ကို “ဤသည်မှာ ဘုရားအိမ်တော်က ခေါင်းဆောင်များနှင့် အမှုဆောင်များကို ဆက်ဆံသည့်ပုံစံဖြစ်သည်၊ သင့်အား လိုအပ်သည့်အခါတွင် သင့်ကို ရာထူးတိုးပေးပြီး သင့်ကို မလိုအပ်သည့်အခါတွင် သင့်အား အောက်ဆုံးအဆင့်အထိ ကန်ချလိုက်သည်၊ သင့်အား သာမန်ယုံကြည်သူတစ်ဦး ဖြစ်ခွင့်ပင် မပေးတော့ပါ” ဟု ပြောနေခြင်း ဖြစ်သည်။ ဤစကားများ၏ သဘောသဘာဝမှာ အဘယ်နည်း။ (ဘုရားသခင်ကို ပြစ်မှားစော်ကားခြင်း ဖြစ်ပါသည်။) မည်သို့သော လူစားမျိုးက ဘုရားသခင်ကို ပြစ်မှားစော်ကားသော စကားများကို ပြောဆိုသနည်း။ (အန္တိခရစ်တစ်ဦး ဖြစ်ပါသည်။) ဤစကားများထဲတွင် အကျိုးဆက်နှစ်ခုကို ဖြစ်ပေါ်စေနိုင်သည့် ဆိုးယုတ်သော ရည်ရွယ်ချက်နှစ်ခု ရှိသည်၊ တစ်ခုမှာ အခြားသူများကို အဆင့်အတန်းအတွက် လုံးဝ မယှဉ်ပြိုင်ရန် ပြောခြင်းဖြစ်ပြီး ယင်းက ၎င်းတို့၏ ကိုယ်ပိုင်အဆင့်အတန်း လုံခြုံနေမြဲဖြစ်ကြောင်း သေချာစေသည်၊ အခြားတစ်ခုမှာ သင့်ကို ဘုရားသခင်အပေါ် နားလည်မှုလွဲမှားစေခြင်း၊ ဘုရားသခင်ကို ယုံကြည်ခြင်းမှ ရပ်တန့်စေခြင်းနှင့် ဘုရားသခင်ကို ယုံကြည်မည့်အစား ၎င်းတို့ကို ယုံကြည်လာစေရန် ဖြစ်သည်။ ဤသည်မှာ ဗြောင်အကျဆုံးသော အန္တိခရစ်မျိုးပင် ဖြစ်သည်။ သင်တို့သည် သဘောပေါက်နားလည်နိုင်စွမ်း ကင်းမဲ့ပုံရသည်၊ ဤအရာနှင့်ပတ်သက်သော ဥပမာများအကြောင်းကို ငါ ယခင်က ပြောဆိုခဲ့ဖူးသည်။ သင်တို့သည် ပေါ့ဆပြီး မှတ်ဉာဏ်ညံ့ဖျင်းသည်သာမက သင်တို့၏ သဘောပေါက်နားလည်နိုင်စွမ်းသည်လည်း ကင်းမဲ့နေသည်။ သင်တို့သည် ဤသို့သော သိသာထင်ရှားသည့် အန္တိခရစ်တစ်ဦးကိုပင် မပိုင်းခြားနိုင်ကြပေ။ အယောင်ဆောင် ခေါင်းဆောင်များသည် ထိုသို့သောအရာများကို ပြောဆိုမည်လော။ ၎င်းတို့သည် လူတို့ကို သိလျက်နှင့် ပွင့်ပွင့်လင်းလင်း အထင်အမြင်မှားစေပြီး ဘုရားသခင်ကို အတိုက်အခံလုပ်မည်လော။ (လုပ်မည် မဟုတ်ပါ။) အယောင်ဆောင်ခေါင်းဆောင်များ ပြောဆိုပြီး လုပ်ဆောင်သည့်အရာများသည် အပေါ်ယံအားဖြင့် ပြဿနာမရှိဟု ထင်ရသော်လည်း ၎င်းတို့၏ အလုပ်သည် စည်းမျဉ်းများ ကင်းမဲ့ပြီး ရလဒ်များကို မပြီးမြောက်စေနိုင်ပေ။ အယောင်ဆောင်ခေါင်းဆောင်များသည် လူတို့၏ ပြဿနာတစ်ခုတလေကိုမျှ မဖြေရှင်းနိုင်သကဲ့သို့ ၎င်းတို့ကို ဘုရားသခင်ကို ယုံကြည်ခြင်း၏ မှန်ကန်သော လမ်းကြောင်းပေါ်သို့ မပို့ဆောင်နိုင်၊ သို့မဟုတ် ဘုရားသခင်၏ ရှေ့မှောက်သို့ မဦးဆောင်နိုင်ပေ။ ၎င်းတို့ ပြောဆိုသမျှ အရာအားလုံးသည် မှန်ကန်သည်၊ ၎င်းတို့သည် မိမိတို့၏ အလုပ်ကို လုံးဝ လျှော့မလုပ်ကြပေ၊ ၎င်းတို့တွင် ဇွဲလုံ့လနှင့် စိတ်အားထက်သန်မှု ရှိကြပြီး အပေါ်ယံအားဖြင့် ၎င်းတို့သည် ယုံကြည်ခြင်းရှိပုံပေါက်သည်၊ စိတ်ပိုင်းဖြတ်မှုရှိပုံပေါက်သည်၊ ပြီးလျှင် ဆင်းရဲဒုက္ခကို ခံနိုင်ပြီး အဖိုးအခကို ပေးဆပ်လိုစိတ်ရှိပုံပေါက်သည်။ ထို့အပြင် ၎င်းတို့သည် မယုံနိုင်လောက်သော ခံနိုင်ရည်ရှိပြီး ပင်ပန်းနွမ်းနယ်မှုနှင့် အခက်အခဲအမျိုးမျိုးကို ဖြတ်သန်း၍ ဇွဲရှိနိုင်ပုံပေါက်သည်။ ၎င်းတို့၏ အစွမ်းအစနှင့် သဘောပေါက်နားလည်နိုင်စွမ်းသည် ညံ့ဖျင်းပြီး ၎င်းတို့တွင် သမ္မာတရားကို တိကျစွာ သဘောပေါက်နားလည်နိုင်စွမ်း ကင်းမဲ့ခြင်းသာ ဖြစ်သည်။ ဤသဘောပေါက်နားလည်နိုင်စွမ်း ကင်းမဲ့ခြင်းနှင့်ပတ်သက်၍ ၎င်းတို့ မည်သည့်အရာကို လုပ်ဆောင်ကြသနည်း။ ၎င်းတို့သည် ဤပြဿနာကို ဖြေရှင်းရန် စည်းမျဉ်းစည်းကမ်းများနှင့် အယူဝါဒများအပြင် ၎င်းတို့ မကြာခဏ ပြောဆိုလေ့ရှိသည့် ဝိညာဉ်ရေးရာ သဘောတရားများကို အသုံးပြုကြသည်။ ၎င်းတို့၏ ခေါင်းဆောင်ပိုင်းအောက်တွင် နှစ်အနည်းငယ်ကြာပြီးနောက် လူတို့ကြားတွင် အယူဝါဒများ၊ စည်းမျဉ်းစည်းကမ်းများနှင့် အပြင်ပန်း အလေ့အထ အမျိုးမျိုးတို့ ပေါ်ပေါက်လာသည်။ လူတို့သည် ဤအယူဝါဒများ၊ စည်းမျဉ်းစည်းကမ်းများနှင့် အလေ့အထများကို လိုက်နာစောင့်ထိန်းကြပြီး ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေကာ သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်နေသည်ဟု ယုံကြည်ကြသော်လည်း အမှန်တကယ်တွင် ၎င်းတို့သည် သမ္မာတရား လက်တွေ့ကျမှုနှင့် အလွန်တရာ ကွာဝေးနေဆဲ ဖြစ်သည်။ လူတို့၏ စိတ်နှလုံးများသည် ဤအရာများဖြင့် ပြည့်နှက်သွားပြီး ယင်းတို့၏ လွှမ်းမိုးချုပ်ကိုင်ကာ ဦးဆောင်ခြင်းကို ခံရသည်နှင့်တစ်ပြိုင်နက် ဖြေရှင်းရန်မှာ ဒုက္ခများလှပေသည်။ လူတို့ နားလည်စေရန်အတွက် တစ်ခုချင်းစီကို စိတ်ဖြာလေ့လာဆွေးနွေးပြီး ဆန်းစစ်ရမည်ဖြစ်သည်။ ထို့နောက်တွင် လူတို့ကို သမ္မာတရား၊ အယူဝါဒများ၊ ကြွေးကြော်သံများနှင့် စည်းမျဉ်းစည်းကမ်းများဟူသည် အဘယ်အရာ ဖြစ်သည်ကိုလည်းကောင်း၊ သမ္မာတရားကို မှန်ကန်စွာ သဘောပေါက်နားလည်ခြင်း၊ တိကျမှန်ကန်သော ဆိုရိုးများနှင့် သမ္မာတရား စည်းမျဉ်းများဟူသည် အဘယ်အရာ ဖြစ်သည်ကိုလည်းကောင်း ပြောပြရမည်ဖြစ်သည်။ ဤအရာအားလုံးကို တစ်ခုချင်းစီ ဖြေရှင်းရန် လိုအပ်သည်၊ သို့တည်းမဟုတ်ပါက အတော်အတန် ကောင်းကောင်းမွန်မွန် ပြုမူပြီး စည်းကမ်းလိုက်နာကာ ဝိညာဉ်ရေးရာကို လိုက်စားသောသူတို့သည် အယောင်ဆောင်ခေါင်းဆောင်များ၏ အထင်အမြင်မှားစေခြင်းကို ခံရပြီး ပျက်စီးသွားကြလိမ့်မည်။ ဤလူတို့သည် ဘာသာတရားကိုင်းရှိုင်းပုံရပြီး ဆင်းရဲဒုက္ခကို ခံနိုင်ကာ အဖိုးအခကို ပေးဆပ်နိုင်စွမ်းရှိသည့်အပြင် အမှုအရာများ သူတို့အပေါ် ကျရောက်သည့်အခါ ဆုတောင်းနိုင်ကြသည်။ သို့သော်လည်း ဘာသာရေးသမားများကဲ့သို့ပင် ဘုရားသခင် ပြန်ကြွလာသည့်အခါ သူတို့ထဲမှ တစ်ဦးတစ်ယောက်မျှ ကိုယ်တော့်ကို မမှတ်မိကြပေ၊ သူတို့ထဲမှ တစ်ဦးတစ်ယောက်မျှ ဘုရားသခင်သည် အမှုသစ်ကို တစ်ဖန်ပြုလုပ်နေသည်ဟု အသိအမှတ်မပြုကြဘဲ သူတို့အားလုံးသည် ကိုယ်တော့်ကို အတိုက်အခံလုပ်ကြသည်။ ဤသည်မှာ အဘယ်ကြောင့်နည်း။ ယင်းမှာ အယောင်ဆောင်ခေါင်းဆောင်များနှင့် အန္တိခရစ်တို့သည် ထိုသူတို့ကို အထင်အမြင်မှားစေခဲ့သောကြောင့် ဖြစ်သည်၊ ၎င်းတို့သည် ရိုးသားစစ်မှန်သော ဘုရားသခင်ကို ယုံကြည်သူများစွာတို့ကို ဒုက္ခပေးပြီး ပျက်စီးစေခဲ့သည်။
အယောင်ဆောင်ခေါင်းဆောင်များသည် စကားလုံးများနှင့် အယူဝါဒများကိုသာ ပြောဆိုကြသည်၊ ၎င်းတို့က လူတို့ကို နားလည်စေသည့်အရာမှာ အယူဝါဒသာဖြစ်ပြီး သမ္မာတရားမဟုတ်ပေ၊ ပြီးလျှင် ၎င်းတို့က လူတို့ကို မြင်စေသည့်အရာမှာ အယောင်ဆောင် ဝိညာဉ်ရေးရာပြည့်ဝခြင်းသာ ဖြစ်သည်။ စကားလုံးများနှင့် အယူဝါဒများကို ပြောဆိုခြင်း၏ အကျိုးဆက်များမှာ အဘယ်နည်း။ အယောင်ဆောင် ဝိညာဉ်ရေးရာပြည့်ဝခြင်း၊ မှားယွင်းသော နားလည်ခြင်း၊ မှားယွင်းသော အသိပညာ၊ မှားယွင်းသော လက်တွေ့လုပ်ဆောင်ခြင်းနှင့် မှားယွင်းသော လိုက်နာစောင့်ထိန်းခြင်းတို့ ဖြစ်သည်၊ ယင်းအားလုံးသည် အတုအယောင်များသာ ဖြစ်သည်။ ဤ “အတုအယောင်” သည် မည်သို့ ဖြစ်ပေါ်လာသနည်း။ ယင်းမှာ အယောင်ဆောင် ခေါင်းဆောင်များက သမ္မာတရားကို လွဲချော်သော၊ တစ်ဖက်စောင်းနင်းဖြစ်သော၊ အပေါ်ယံဆန်သော သဘောပေါက်နားလည်မှုရှိခြင်းနှင့် သမ္မာတရား၏ အနှစ်သာရကို သဘောပေါက်နားလည်ရန် လုံးဝ ပျက်ကွက်ခြင်းတို့ကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ အယောင်ဆောင်ခေါင်းဆောင်များသည် လူတို့ထံသို့ စည်းကမ်းများ၊ စကားလုံးများနှင့် အယူဝါဒများစွာကို ကြွေးကြော်သံများနှင့် သဘောတရားအချို့နှင့်အတူ ယူဆောင်လာကြသည်။ ထိုလူတို့သည် ဘုရားသခင်၏ စစ်မှန်သော ရည်ရွယ်ချက်များကို လုံးဝနားမလည်ကြဘဲ ရှုပ်ထွေးသော အခြေအနေအမျိုးမျိုးကို ကြုံတွေ့ရသည့်အခါ ယင်းတို့ကို မည်သို့ကိုင်တွယ်ပြီး ချဉ်းကပ်ရမည်ကိုဖြစ်စေ၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို မည်သို့သဘောပေါက်နားလည်ရမည်ကိုဖြစ်စေ မသိကြပေ။ ထိုသို့သော လူပုဂ္ဂိုလ်များသည် ဘုရားသခင်၏ ရှေ့မှောက်သို့ လာရောက်နိုင်ကြမည်လော။ ကိုယ်တော့်ကို လက်ခံပြီး ကိုယ်တော့်ကို အတိုက်အခံလုပ်ခြင်းမှ ရပ်တန့်နိုင်ကြမည်လော။ မတတ်နိုင်ကြပါ၊ ၎င်းတို့ မတတ်နိုင်ကြပေ။ ထို့ကြောင့် အယောင်ဆောင် ခေါင်းဆောင်များ၏ မိစ္ဆာဒိဋ္ဌိအယူများနှင့် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အယူအဆများကို သင်တို့ ပြန်လည်သုံးသပ်ပြီး ယင်းတို့ကို ပိုင်းခြားသိမြင်နိုင်စွမ်း ရရှိရန်မှာ အလွန်အရေးကြီးပြီး လိုအပ်ပေသည်။ ပြန်လည်သုံးသပ်သည့်အခါ ယင်းတို့အား အန္တိခရစ်များက လူတို့ကို အထင်အမြင်မှားစေရန် အသုံးပြုသည့် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အယူအဆများနှင့် ခွဲခြားရန်မှာ အလွန်အရေးကြီးသည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ ဒုတိယမြောက် တာဝန်ဝတ္တရားဖြစ်သည့် “လူအမျိုးအစား တစ်မျိုးစီ၏ အခြေအနေများနှင့် အကျွမ်းတဝင်ရှိပြီး သူတို့၏ တကယ့်အသက်တာထဲ၌ ကြုံတွေ့ရသော အသက်ဝင်ရောက်မှုနှင့် စပ်ဆိုင်သည့် အခက်အခဲအမျိုးမျိုးကို ဖြေရှင်းပေးခြင်း” ဟူသည့်အချက်နှင့် စပ်လျဉ်း၍ အယောင်ဆောင်ခေါင်းဆောင်များ၏ အမျိုးမျိုးသော ကျင့်ကြံပြုမူမှုများကိုလည်းကောင်း၊ အယောင်ဆောင်ခေါင်းဆောင်များနှင့်ဆိုင်သော ကိစ္စရပ်များ၏ အနှစ်သာရကို စိတ်ဖြာလေ့လာဆွေးနွေးသည့် ငါတို့၏ မိတ်သဟာယဖွဲ့ခြင်းကို ဤနေရာတွင် အဆုံးသတ်ကြမည်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။