ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၂) အခန်း လေး

အချက် ၃- တာဝန်တစ်ခုစီတိုင်းကို ကောင်းမွန်စွာ ထမ်းဆောင်ရန်အတွက် နားလည်ထားသင့်သည့် သမ္မာတရား စည်းမျဉ်းများကို မိတ်သဟာယဖွဲ့လော့ (အပိုင်း ၁)

အယောင်ဆောင်ခေါင်းဆောင်များသည် လူတို့ကို အားပေးတိုက်တွန်းရန် စကားလုံးများနှင့် အယူဝါဒများကိုသာ ပြောဆိုနိုင်ကြသည်

ကျွန်ုပ်တို့သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တတိယမြောက် တာဝန်ဝတ္တရားဖြစ်သည့် တာဝန်တစ်ခုစီတိုင်းကို ကောင်းမွန်စွာ ထမ်းဆောင်ရန်အတွက် နားလည်ထားသင့်သည့် သမ္မာတရား စည်းမျဉ်းများကို မိတ်သဟာယဖွဲ့ခြင်းအကြောင်းကို ဆက်လက်၍ မိတ်သဟာယဖွဲ့ကြမည်။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ အရေးကြီးပြီး အခြေခံကျသော အလုပ်ဖြစ်သည်၊ ပြီးလျှင် ငါတို့သည် ဤတာဝန်ဝတ္တရားကို အခြေခံ၍ အယောင်ဆောင်ခေါင်းဆောင်များ၏ သရုပ်သကန်များကို မိတ်သဟာယဖွဲ့ပြီး စိတ်ဖြာလေ့လာဆွေးနွေးကြမည်။ လူတို့အနေဖြင့် မိမိတို့၏ တာဝန်များကို ကောင်းမွန်စွာ ထမ်းဆောင်ရန် နားလည်ထားသင့်သည့် သမ္မာတရား စည်းမျဉ်းများနှင့်ပတ်သက်၍ ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦး၏ ရှင်းလင်းစွာ မိတ်သဟာယဖွဲ့နိုင်စွမ်းသည် ၎င်းအနေဖြင့် သမ္မာတရား လက်တွေ့ကျမှု ပိုင်ဆိုင်ခြင်း ရှိမရှိ၏ အကောင်းဆုံးသော ညွှန်ပြချက်ဖြစ်ပြီး ၎င်းသည် လက်တွေ့ကျသော အလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်ခြင်း ရှိမရှိကို အဆုံးအဖြတ်ပေးရန် အဓိကသော့ချက်လည်း ဖြစ်သည်။ ယခု အယောင်ဆောင်ခေါင်းဆောင်များသည် ဤအလုပ်ကို မည်သို့ကိုင်တွယ်သည်ကို ကြည့်ကြစို့။ အယောင်ဆောင် ခေါင်းဆောင်များ၏ ထူးခြားသော ပင်ကိုလက္ခဏာတစ်ခုမှာ သမ္မာတရား စည်းမျဉ်းများပါဝင်သည့် မည်သည့် ကိစ္စကိုမဆို ၎င်းတို့၏ အကုန်အစင် ရှင်းပြနိုင်စွမ်းမရှိခြင်း သို့မဟုတ် ရှင်းလင်းအောင်လုပ်နိုင်စွမ်းမရှိခြင်း ဖြစ်သည်။ တစ်စုံတစ်ဦးသည် ၎င်းတို့ထံမှ ရှာဖွေလျှင် အနှစ်မဲ့သော စကားများနှင့် အယူဝါဒအချို့ကိုသာ ၎င်းတို့က ပြောနိုင်ကြသည်။ ဆုံးဖြတ်ချက်လိုအပ်သည့် ပြဿနာများနှင့် ရင်ဆိုင်ရသည့်အခါ ၎င်းတို့က “သင်တို့အားလုံးသည် ဤတာဝန်ကို ထမ်းဆောင်ရာတွင် ကျွမ်းကျင်သူများဖြစ်သည်။ သင်တို့တွင် ပြဿနာများရှိလျှင် သင်တို့ဘာသာ ယင်းတို့ကို အဖြေရှာသင့်သည်။ ကျွန်ုပ်ကို မမေးပါနှင့်။ ကျွန်ုပ်သည် ကျွမ်းကျင်သူ မဟုတ်သည့်အပြင် နားလည်းမလည်ပါ။ ထိုအရာကို သင်တို့ဘာသာ ကိုင်တွယ်ပါ”ဟူသကဲ့သို့သော စကားတစ်ခွန်းဖြင့် မကြာခဏ တုံ့ပြန်ကြသည်။ အချို့လူတို့က “ကျွန်ုပ်တို့သည် ပြဿနာကို မဖြေရှင်းနိုင်သောကြောင့် သင့်ကို မေးမြန်းနေခြင်း ဖြစ်သည်၊ ကျွန်ုပ်တို့ ဖြေရှင်းနိုင်လျှင် သင့်ကို မေးမည်မဟုတ်ပါ။ သမ္မာတရား စည်းမျဉ်းများ ပါဝင်ပတ်သက်သည့် ဤပြဿနာကို ကျွန်ုပ်တို့ နားမလည်ပါ” ဟု ပြောဆိုကောင်း ပြောဆိုနိုင်သည်။ အယောင်ဆောင်ခေါင်းဆောင်များက “စည်းမျဉ်းများကို ကျွန်ုပ် သင်တို့ကို ပြောပြီးသား မဟုတ်လော။ မိမိတို့၏ တာဝန်များကို ကောင်းစွာ ထမ်းဆောင်ကြလော့၊ ပြီးလျှင် အနှောင့်အယှက်များ၊ သို့မဟုတ် အဖျက်အမှောင့်လုပ်ခြင်းများကို မဖန်တီးကြနှင့်။ သင်တို့ မည်သည့်အရာကို မေးနေသေးသနည်း။ သင့်တော်သလို ကိုင်တွယ်လော့။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ ပြောပြီးသားဖြစ်သည်၊ ဘုရားအိမ်တော်၏ အကျိုးစီးပွားကို ဦးစားပေးလော့” ဟု ပြန်ပြောကြသည်။ ထိုလူတို့က “ဤသည်မှာ ပြဿနာအတွက် ဖြေရှင်းချက်တစ်ခု မဟုတ်ပါတကား” ဟု စဉ်းစားလျက် လုံးဝ ရှုပ်ထွေးသွားကြသည်။ ဤသည်မှာ အယောင်ဆောင် ခေါင်းဆောင်များ အလုပ်ကို သဘောထားပြုမူပုံဖြစ်သည်၊ ၎င်းတို့သည် အလုပ်ကို စစ်ဆေးရုံသာ စစ်ဆေးပြီး ဝတ်ကျေတမ်းကျေ လုပ်ဆောင်ကာ ပြဿနာများကို မည်သည့်အခါမျှ မကိုင်တွယ်ကြပေ။ လူတို့ မည်သို့သော ကိစ္စရပ်များကို တင်ပြပါစေ အယောင်ဆောင် ခေါင်းဆောင်များက ၎င်းတို့ကို မိမိတို့ဘာသာ သမ္မာတရားကို ရှာဖွေရန် ပြောဆိုကြသည်။ ၎င်းတို့သည် လူတို့ကို “သင်တို့တွင် ပြဿနာ တစ်စုံတစ်ရာ ရှိသလား။ သင်တို့၏ အသက်ဝင်ရောက်မှု မည်သည့်အခြေအနေ ရှိသနည်း။ သင်တို့၏ တာဝန်များကို ဝတ်ကျေတမ်းကျေ ပုံစံနှင့် လုပ်ဆောင်နေသလော” ဟု မကြာခဏ မေးမြန်းကြသည်။ ထိုလူတို့က “တစ်ခါတစ်ရံတွင် ကျွန်ုပ်သည် ဝတ်ကျေတမ်းကျေလုပ်သော အခြေအနေ၌ မြင်ရတတ်ပြီး ဆုတောင်းခြင်းအားဖြင့် ယင်းကို ဖြေရှင်းကာ မိမိကိုယ်ကို ပြုပြင်ပြောင်းလဲလိုက်ပါသည်၊ သို့သော် ကျွန်ုပ်၏ တာဝန်ကို ထမ်းဆောင်ခြင်း၏ သမ္မာတရား စည်းမျဉ်းများကိုမူ ကျွန်ုပ် နားမလည်သေးပါ” ဟု ပြန်လည်ဖြေကြားကြသည်။ အယောင်ဆောင်ခေါင်းဆောင်များက “တိကျသည့် စည်းမျဉ်းများကို နောက်ဆုံး စုဝေးပွဲတုန်းက သင်နှင့် ကျွန်ုပ် မိတ်သဟာယ မဖွဲ့ပေးခဲ့ဘူးလား။ ဘုရားသခင်၏ နှုတ်ကပတ်တော် ကျမ်းပိုဒ်အချို့ကိုပင် ကျွန်ုပ် သင့်ကို ပေးခဲ့သေးသည်။ ယခုအချိန်လောက်ဆို သင် နားလည်သင့်ပြီ မဟုတ်ဘူးလား” ဟု ပြောဆိုကြသည်။ အမှန်တကယ်တွင် ၎င်းတို့သည် အယူဝါဒအားလုံးကို နားလည်ကြသော်လည်း မိမိတို့၏ ပြဿနာများကိုမူ ဖြေရှင်းနိုင်စွမ်း မရှိကြသေးပေ။ အယောင်ဆောင်ခေါင်းဆောင်များက “သင် အဘယ်ကြောင့် မဖြေရှင်းနိုင်ရသနည်း။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လုံလောက်အောင် စေ့စေ့စပ်စပ် မဖတ်ရှုရသေးသောကြောင့်သာ ဖြစ်သည်။ သင် ပိုပြီး ဆုတောင်းပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပိုပြီး ဖတ်ရှုလျှင် သင့်၏ ပြဿနာအားလုံး ဖြေရှင်းပြီးသား ဖြစ်သွားလိမ့်မယ်။ သင်တို့သည် အတူတကွ ဆွေးနွေးပြီး နည်းလမ်းရှာဖို့ သင်ယူရန် လိုအပ်သည်၊ ထိုအခါတွင် သင်တို့၏ ပြဿနာများသည် နောက်ဆုံး၌ ဖြေရှင်းပြီးသား ဖြစ်သွားလိမ့်မည်။ အတတ်ပညာပိုင်းဆိုင်ရာ ကိစ္စရပ်များအတွက်တော့ ကျွန်ုပ်ကို မမေးပါနှင့်၊ ကျွန်ုပ်၏ တာဝန်ဝတ္တရားက အလုပ်ကို စစ်ဆေးရန်သာ ဖြစ်သည်။ ကျွန်ုပ်က ကျွန်ုပ်၏ တာဝန်ကို ပြီးမြောက်အောင် လုပ်ဆောင်ပြီးပြီ၊ ကျန်သည့်အရာများက ကျွန်ုပ် နားမလည်သော အတတ်ပညာပိုင်းဆိုင်ရာ ကိစ္စရပ်များသာ ဖြစ်သည်” ဟု ဟိတ်ကြီးဟန်ကြီး စကားများကိုပင် ပြောဆိုကြသည်။ အယောင်ဆောင် ခေါင်းဆောင်များက လူတို့ကို နှပ်ချပြီး မေးခွန်းများကို ရှောင်ရှားရန် “ကျွန်ုပ် နားမလည်ပါ၊ ထိုအရာကို ကျွန်ုပ် လုံးဝ မသင်ယူခဲ့ရပါ၊ ကျွန်ုပ် ကျွမ်းကျင်သူ မဟုတ်ပါ”ဟူသကဲ့သို့သော အကြောင်းပြချက်များနှင့် ဆင်ခြေများကို မကြာခဏ သုံးကြသည်။ ၎င်းတို့အနေဖြင့် အတော်နှိမ့်ချကြပုံ ပေါ်ကောင်းပေါ်နိုင်သည်။ သို့သော် ဤအရာက အယောင်ဆောင် ခေါင်းဆောင်များနှင့်ပတ်သက်သည့် ဆိုးရွားသော ပြဿနာတစ်ခုကို ဖော်ထုတ်သည်။ ၎င်းတို့သည် အချို့သော အလုပ်တာဝန်များတွင် အတတ်ပညာဆိုင်ရာ အသိပါဝင်ပတ်သက်သည့် ပြဿနာများအပေါ် မည်သည့် သိနားလည်မှုမျှ မရှိပေ။ ၎င်းတို့သည် အစွမ်းမဲ့ကာ အလွန့်အလွန် အနေခက်ပြီး ကသိကအောက်ဖြစ်ပုံ ပေါ်ကြသည်။ ထို့နောက်တွင် မည်သည့်အရာကို ၎င်းတို့ လုပ်ဆောင်ကြသနည်း။ ၎င်းတို့သည် စုဝေးပွဲများအတောအတွင်းတွင် လူတို့ကို တိုက်တွန်းရန် အယူဝါဒအချို့အကြောင်းကို ပြောဆိုရင်း လူတိုင်းနှင့် မိတ်သဟာယပြုရန် ဘုရားနှုတ်ကပတ်တော် စာပိုဒ်အချို့ကိုသာ စုစည်းနိုင်ကြသည်။ ကြင်နာမှုအနည်းငယ်ရှိသည့် ခေါင်းဆောင်များက လူတို့အတွက် ပူပန်မှုကို ပြကောင်းပြနိုင်ကာ ၎င်းတို့ကို “သင့်ဘဝတွင် လတ်တလော၌ အခက်အခဲတစ်ခုတလေ ရင်ဆိုင်ရသလော။ သင့်ထံတွင် ဝတ်ရမည့် အဝတ်အစား လုံလုံလောက်လောက် ရှိသလော။ သင်တို့ထဲတွင် မလျော်မကန် ပြုမူနေသည့် တစ်ဦးတစ်ယောက် ရှိခဲ့သလော”ဟု မကြာခဏ မေးကောင်းမေးကြပေမည်။ လူတိုင်းက ၎င်းတို့တွင် ထိုပြဿနာများ မရှိဟု ပြောလျှင် ၎င်းတို့က “သို့ဆိုလျှင် ပြဿနာမရှိပါ။ သင်တို့၏ အလုပ်ကို ဆက်လုပ်ကြပါ။ ကျွန်ုပ်တွင် အာရုံစိုက်ရမည့် အခြားကိစ္စများ ရှိသည်”ဟု ပြန်ဖြေကြပြီး တစ်စုံတစ်ဦးက ၎င်းတို့ကို အနေခက်သည့် အခြေအနေတစ်ခုသို့ ရောက်စေရင်း မေးခွန်းများ တင်ပြကာ ယင်းတို့ကို ကိုင်တွယ်ရန် တောင်းဆိုကောင်း တောင်းဆိုနိုင်သည်ကို ကြောက်လျက် အမြန်ထွက်သွားကြလေသည်။ ဤသည်မှာ အယောင်ဆောင် ခေါင်းဆောင်များ အလုပ်လုပ်ပုံ ဖြစ်သည်။ ၎င်းတို့သည် စစ်မှန်သည့် မည်သည့် ပြဿနာကိုမျှ မဖြေရှင်းနိုင်ပေ။ အသင်းတော်၏ အလုပ်ကို ၎င်းတို့က အဘယ်သို့ ထိရောက်စွာ ဆောင်ရွက်နိုင်မည်နည်း။ အကျိုးဆက်အနေဖြင့် မဖြေရှင်းရသေးသည့် ပြဿနာများ စုပုံလာခြင်းက နောက်ဆုံးတွင် အသင်းတော်၏ အလုပ်ကို ဟန့်တားလေသည်။ ဤသည်မှာ အယောင်ဆောင် ခေါင်းဆောင်များ အလုပ်လုပ်ပုံနှင့်သက်ဆိုင်သော ပေါ်လွင်သော ပင်ကိုလက္ခဏာနှင့် သရုပ်သကန်တစ်ခု ဖြစ်သည်။

၎င်းတို့၏ အလုပ်တွင် အယောင်ဆောင် ခေါင်းဆောင်များသည် တရားဟောခြင်းကိုသာ စိတ်အားထက်သန်ကြပြီး ၎င်းတို့သည် လူတို့ကို တိုက်တွန်းနှိုးဆော်ရန်နှင့် နှစ်သိမ့်ရန် စကားလုံးများနှင့် အယူဝါဒများကို ပြောဆိုရသည်ကို အနှစ်သက်ဆုံးဖြစ်ကာ လူတို့ကို မိမိတို့၏ တာဝန်များကို ထမ်းဆောင်ရာတွင် စိတ်အားတက်ကြွပြီး အလုပ်များစေသရွေ့ ယင်းမှာ ၎င်းတို့ အလုပ်ကောင်းကောင်း လုပ်ဆောင်ပြီးခြင်းနှင့် တူညီသည်ဟု ထင်မှတ်ကြသည်။ ထို့အပြင် အယောင်ဆောင် ခေါင်းဆောင်များသည် လူတိုင်း၏ နေ့စဉ်အသက်တာ အခြေအနေကို ဂရုစိုက်ရာ၌ စိတ်အားထက်သန်ကြသည်။ ၎င်းတို့သည် ထိုကိစ္စနှင့်ပတ်သက်၍ မည်သည့်အခက်အခဲများကိုမဆို ကြုံတွေ့နေရခြင်း ရှိမရှိ လူတို့ကို မကြာခဏ မေးမြန်းကြပြီး အကယ်၍ တစ်စုံတစ်ဦးက အမှန်တကယ် ကြုံတွေ့နေရပါက ဤအခက်အခဲများကို ကူညီဖြေရှင်းရန် ၎င်းတို့က လိုလားကြသည်။ ၎င်းတို့သည် ဤအထွေထွေကိစ္စများဖြင့် မိမိတို့ကိုယ်ကို အမှန်တကယ် အလုပ်များစေပြီး တစ်ခါတစ်ရံ အစာစားချိန်ကိုပင် ရွှေ့ဆိုင်းကာ မကြာခဏ ညဉ့်နက်မှအိပ်ပြီး မနက်စောစောထကြသည်။ ၎င်းတို့၏ အလုပ်များမှုနှင့် ကြိုးစားလုပ်ဆောင်မှုကို ထောက်ရှုလျှင် အသင်းတော်၏ အလုပ်တွင်ရှိသော ပြဿနာများနှင့် ဘုရားသခင် ရွေးချယ်ထားသောလူတို့ မိမိတို့၏ တာဝန်များကို ထမ်းဆောင်ရာတွင် ရင်ဆိုင်ရသည့် အခက်အခဲများသည် အဘယ်ကြောင့် မဖြေရှင်းရဘဲ ရှိမြဲရှိနေရသနည်း။ ဤသည်မှာ အယောင်ဆောင်ခေါင်းဆောင်များသည် တာဝန်များထမ်းဆောင်ခြင်းနှင့် သက်ဆိုင်သော သမ္မာတရား စည်းမျဉ်းများကို မည်သည့်အခါမျှ ရှင်းလင်းစွာ မရှင်းပြနိုင်သောကြောင့် ဖြစ်သည်။ ၎င်းတို့ ပြောဆိုသည့် စကားလုံးများနှင့် အယူဝါဒများ၊ တိုက်တွန်းနှိုးဆော်ချက်များသည် လုံးဝ အကျိုးသက်ရောက်မှုမရှိဘဲ စစ်မှန်သော ကိစ္စရပ်များကို လုံးဝ မဖြေရှင်းနိုင်ပေ။ ၎င်းတို့ မည်မျှပင် ပြောဆိုပါစေ၊ မည်မျှပင်အလုပ်များပါစေ၊ မည်မျှပင်ပန်းနွမ်းနယ်နေပါစေ အသင်းတော်၏ အလုပ်သည် မည်သည့်အခါမျှ တိုးတက်ခြင်းမရှိပေ။ အပြင်ပန်းတွင် လူတိုင်းသည် မိမိတို့၏ တာဝန်များကို ထမ်းဆောင်နေပုံရသော်လည်း ၎င်းတို့သည် လက်တွေ့ကျသော ရလဒ်များစွာကို မဖြစ်မြောက်စေကြပေ၊ အကြောင်းမှာ အယောင်ဆောင်ခေါင်းဆောင်များသည် တာဝန်များထမ်းဆောင်ခြင်းနှင့် ဆက်စပ်သော သမ္မာတရား စည်းမျဉ်းများကို မိတ်သဟာယမဖွဲ့နိုင်သောကြောင့် သို့မဟုတ် လက်တွေ့ကျသော ကိစ္စရပ်များကို ဖြေရှင်းရန် သမ္မာတရားကို အသုံးမပြုနိုင်သောကြောင့် ဖြစ်သည်၊ ထို့ကြောင့် ၎င်းတို့သည် တာဝန်များကို ထမ်းဆောင်ရာတွင် တည်ရှိနေသော ကိစ္စရပ်များစွာကို မဖြေရှင်းနိုင်ကြပေ။ ဥပမာအားဖြင့် တစ်ချိန်က ဘုရားအိမ်တော်သည် ဘုရားသခင်၏ နှုတ်ကပတ်တော် စာအုပ်များကို ရိုက်နှိပ်ရန် လိုအပ်ခဲ့ပြီး ခေါင်းဆောင်တစ်ဦးသည် ဤတာဝန်ကို တာဝန်ယူရန် လူနှစ်ဦးကို ရွေးချယ်ခဲ့ရသည်။ လူရွေးချယ်ခြင်းအတွက် စံနှုန်းများမှာ အဘယ်နည်း။ ၎င်းတို့၏ လူ့သဘာဝသည် အတော်အတန် ကောင်းမွန်သင့်သည်၊ ၎င်းတို့သည် ယုံကြည်စိတ်ချရသင့်ပြီး အန္တရာယ်များကို ရင်ဆိုင်နိုင်စွမ်း ရှိသင့်သည်။ လူပုဂ္ဂိုလ်များကို ရွေးချယ်ပြီးနောက် ဤခေါင်းဆောင်က ၎င်းတို့အား “ယနေ့ ကျွန်ုပ် သင်တို့နှစ်ယောက်ကို ကိစ္စတစ်ခု အပ်နှံဖို့ ခေါ်လိုက်သည်၊ ဘုရားအိမ်တော်တွင် ပုံနှိပ်ဖို့လိုသည့် စာအုပ်တစ်အုပ်ရှိသည်၊ ပြီးလျှင် သင်တို့နှစ်ယောက်က ပုံနှိပ်စက်ရုံတစ်ရုံ ရှာဖို့လိုသည်၊ ပြီးလျှင် အုပ်ရေအားလုံး ရိုက်နှိပ်ပြီးသည့်အခါ လူတို့အနေဖြင့် နှောင့်နှေးမှုမရှိဘဲ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်နိုင်ဖို့အတွက် သင်တို့က ဘုရားသခင် ရွေးချယ်ထားသောလူများ၏ လက်ထဲသို့ အချိန်မီ ဖြန့်ဝေပေးရမည်။ သင်တို့ ဤတာဝန်ကို ထမ်းဆောင်ဖို့ စိတ်ပိုင်းဖြတ်ထားသလား။ ဤဝန်ထုပ်ဝန်ပိုးနှင့် ဤအန္တရာယ်ကို တာဝန်ယူလိုစိတ် ရှိသလား” ဟု ပြောဆိုခဲ့သည်။ ထိုလူနှစ်ဦးက ဤသည်မှာ ဘုရားသခင်က ၎င်းတို့ကို ချီးမြှောက်ခြင်းဖြစ်သည်ဟု ယုံကြည်သောကြောင့် ဟုတ်ကဲ့ဟု ပြောခဲ့ကြသည်။ ထို့နောက် ခေါင်းဆောင်က ၎င်းတို့ကို “သင်တို့တွင် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို ကောင်းမွန်စွာ ဖြည့်ဆည်းဖို့ စိတ်ပိုင်းဖြတ်ချက် ရှိသလား။ ကျမ်းသစ္စာဆိုလိုစိတ် ရှိသလား” ဟု မေးမြန်းခဲ့သည်။ ထို့နောက် ထိုလူနှစ်ဦးက “အကယ်၍ ကျွန်ုပ်တို့သည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို ကောင်းမွန်စွာ မဖြည့်ဆည်းနိုင်ဘဲ ဤတာဝန်ကို ကမောက်ကမဖြစ်စေကာ ဘုရားအိမ်တော်၏ အလုပ်ကို ဆုံးရှုံးမှုများ ခံစားရစေပါက ကျွန်ုပ်တို့သည် ကောင်းကင်မှ မိုးကြိုးလျှပ်စီးများဖြင့် အပစ်ခံရပါစေ။ အာမင်” ဟု ပြောဆိုလျက် ကျမ်းသစ္စာဆိုခဲ့ကြသည်။ ခေါင်းဆောင်က “ထို့အပြင် ကျွန်ုပ်တို့ သမ္မာတရားအကြောင်း မိတ်သဟာယဖွဲ့ဖို့ လိုအပ်သည်။ ယခု ဤအလုပ်ကို လုပ်ဆောင်ရာတွင် သင်တို့ စီးပွားရေးလုပ်နေခြင်း ဖြစ်သလော။ သင်တို့ကို အလုပ်သမားတစ်ယောက်အနေနှင့် အလုပ်လုပ်ခိုင်းနေခြင်း ဖြစ်သလော” ဟု ဆို၏။ ထိုလူနှစ်ဦးက “မဟုတ်ပါ၊ ဤအရာက ကျွန်ုပ်တို့၏ တာဝန်ပါ” ဟု ပြန်လည်ဖြေကြားခဲ့ကြသည်။ ခေါင်းဆောင်က “ဤအရာက သင်တို့၏ တာဝန်ဖြစ်သည့်အတွက် သင်တို့က ဘုရားသခင်၏ မေတ္တာကို ပြန်ဆပ်ရမည်။ သင်တို့ ဘုရားသခင်ကို စိတ်မကောင်းမဖြစ်စေရ၊ သို့မဟုတ် ကိုယ်တော့်ကို စိုးရိမ်ပူပန်အောင် မလုပ်ရ။ အန္တရာယ်များကို ရင်ဆိုင်လိုစိတ်ရှိရုံနှင့် မလုံလောက်ပါ၊ သင်တို့၏ တာဝန်ကို သစ္စာစောင့်သိမှုနှင့် လုပ်ဆောင်ဖို့ လိုအပ်သည်။ ပြဿနာများ ကြုံတွေ့ရသည့်အခါ သင်တို့ ပိုပြီး ဆုတောင်းပြီး အချင်းချင်း တိုင်ပင်သင့်သည်။ တစ်ဇွတ်ထိုး မလုပ်နှင့်၊ ကိုယ့်အစီအစဉ်နှင့်ကိုယ် မလုပ်ဆောင်နှင့်။ ကျွန်ုပ်သည် သင်တို့နှစ်ယောက်ကို အဘယ်ကြောင့် ပူးပေါင်းဆောင်ရွက်ခိုင်းခဲ့သနည်း။ ကိစ္စများ ပေါ်လာသည့်အခါ ဆွေးနွေးနိုင်ဖို့ဖြစ်သည်၊ ထိုသို့ဖြင့် သင်တို့ ဆောင်ရွက်ရသည်မှာ လွယ်ကူစေရန် ဖြစ်သည်။ သဘောတူညီချက် မရနိုင်လျှင် ဆုတောင်းကြ။ လူတစ်ယောက်ချင်းစီက မိမိ၏ ထင်မြင်ချက်များကို စွန့်လွှတ်သင့်ပြီး အများသဘောတူညီမှု ရရှိမှသာ လုပ်ဆောင်သင့်သည်။ သင်တို့နှစ်ယောက် ဤအလုပ်ကို အောင်မြင်စွာ ပြီးမြောက်နိုင်လိမ့်မည်ဟု ကျွန်ုပ် မျှော်လင့်သည်” ဟု ပြောဆိုခဲ့သည်။ နောက်ဆုံးတွင် ဤခေါင်းဆောင်သည် မိမိ၏ တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်ရန်နည်းလမ်းနှင့်ပတ်သက်၍ ဘုရားသခင်၏ နှုတ်ကပတ်တော် ကျမ်းပိုဒ်တစ်ပိုဒ်ကို ရှာဖွေခဲ့ပြီး ၎င်းတို့သုံးဦးသည် ယင်းကို အကြိမ်အနည်းငယ် ဆုတောင်းရင်းဖြင့် ဖတ်ရှုခဲ့ကြသည်။ ထိုသို့ဖြင့် ထိုကိစ္စသည် ၎င်းတို့အား အပ်နှံပြီးဖြစ်သည်ဟု မှတ်ယူခဲ့ပြီး ခေါင်းဆောင်၏ တာဝန်ဝတ္တရားသည်လည်း ကောင်းမွန်စွာ ဖြည့်ဆည်းခဲ့ပြီးဖြစ်သည်ဟု မှတ်ယူခဲ့သည်။ ခေါင်းဆောင်၏ ဤအလုပ်ကို လုပ်ဆောင်မှုသည် မည်သို့ရှိခဲ့သနည်း။ ခေါင်းဆောင်သည် အတော်အတန် ကျေနပ်သည်ဟု ခံစားခဲ့ရသကဲ့သို့ ထိုလူနှစ်ဦးလည်း ကျေနပ်ခဲ့ကြသည်။ ဘေးမှကြည့်ရှုသူများက “ဤခေါင်းဆောင်သည် အလုပ်ပြီးမြောက်အောင် လုပ်ဆောင်ခြင်းနှင့်ပတ်သက်ပြီး အမှုအရာအနည်းငယ်ကို အမှန်တကယ်ပင် သိရှိလေသည်။ သူ၏ ပြောဆိုပုံမှာ ကောင်းစွာ စနစ်တကျရှိပြီး ခိုင်မာသော အချက်အလက်ရှိသည်၊ ပြီးလျှင် သူက အရာရာကို အဆင့်ဆင့် လုပ်ဆောင်သည်။ ပထမဦးစွာ သူက ထိုနှစ်ယောက်ကို တာဝန်ခန့်အပ်သည်၊ ပြီးလျှင် သူက အတွေးအခေါ်များနှင့် ရှုထောင့်အမြင်များ ပါဝင်သည့် သူတို့၏ ပြဿနာများကို ဖြေရှင်းပေးသည်၊ နောက်ဆုံးမှာ သူက သူတို့ကို ကျမ်းသစ္စာဆိုပြီး ကတိပြုစေလျက် ပြင်းထန်သည့် စကားအချို့ကို ပြောဆိုခဲ့သည်။ သူက ဤအလုပ်ကို စနစ်ကျသည့်ပုံစံနှင့် အမှန်တကယ် လုပ်ဆောင်ခဲ့ပြီး သူက ခေါင်းဆောင်ဟူသော ဘွဲ့ထူးနှင့် တကယ်ပဲ ထိုက်တန်ပါသည်၊ သူက အတွေ့အကြုံရှိပြီး ဝန်တာကိုလည်း ထမ်းပါသည်” ဟု မှတ်ချက်ပေးခဲ့ကြသည်။ အဆုံးတွင် ခေါင်းဆောင်က ၎င်းတို့အား “ဤအရာကို မှတ်ထားကြ၊ စာအုပ်များ ပုံနှိပ်ခြင်းသည် လွယ်ကူသည့် တာဝန်တစ်ခု မဟုတ်၊ ယင်းမှာ သာမန်လူတစ်ယောက် တာဝန်ယူဆောင်ရွက်နိုင်သည့် အရာတစ်ခု မဟုတ်။ ဤအလုပ်ကို သင်တို့ကို ကျွန်ုပ် သို့မဟုတ် ဘုရားအိမ်တော်က အပ်နှံခဲ့ခြင်း မဟုတ်ပါ၊ ယင်းသည် ဘုရားသခင်ထံမှ တာဝန်ပေးစေခိုင်းချက်တစ်ခု ဖြစ်သည်။ သင်တို့ သူ့ကို စိတ်ပျက်အောင် မလုပ်ရ။ သင်တို့ ဤအလုပ်ကို ကောင်းမွန်စွာ ပြီးမြောက်အောင် လုပ်ဆောင်သရွေ့ သင်တို့၏ အသက်တာ တိုးတက်လာလိမ့်မည်၊ ပြီးလျှင် သင်တို့တွင် လက်တွေ့ကျမှု ရှိလာလိမ့်မည်” ဟု ပြောဆိုခဲ့သည်။ သဘောတရားအရ ဤစကားများ၌ စည်းမျဉ်းပိုင်းဆိုင်ရာ ပြဿနာတစ်စုံတစ်ရာ မရှိခဲ့ပေ၊ ယင်းတို့ကို အတော်အတန် မှန်ကန်သည်ဟု မှတ်ယူနိုင်ပေသည်။ သို့ဖြစ်၍ ဤကိစ္စကို ဆန်းစစ်ပြီး ဤအယောင်ဆောင်ခေါင်းဆောင်၌ “အယောင်ဆောင်ခြင်း” သည် မည်သည့်နေရာတွင် ပေါ်လွင်ထင်ရှားခဲ့သည်ကို ကြည့်ကြစို့။ ခေါင်းဆောင်သည် ဤတာဝန်နှင့် သက်ဆိုင်သော အတတ်ပညာပိုင်းဆိုင်ရာနှင့် နည်းပညာပိုင်းဆိုင်ရာ ကဏ္ဍများကဲ့သို့ အမျိုးမျိုးသော အသေးစိတ်ကိစ္စရပ်များအပေါ် ညွှန်ကြားချက်တစ်စုံတစ်ရာ ပေးခဲ့ပါသလော။ သူသည် တိကျသော သမ္မာတရား စည်းမျဉ်းများ သို့မဟုတ် သတ်မှတ်ထားသော စံနှုန်းများ တစ်စုံတစ်ရာကို မိတ်သဟာယဖွဲ့ခဲ့သလော။ (မဖွဲ့ခဲ့ပါ။) သူသည် အနှစ်သာရမရှိသကဲ့သို့ အဓိပ္ပာယ်မဲ့သော စကားများ၊ လူအများစု မကြာခဏ ပြောဆိုလေ့ရှိသည့် စကားများ၊ မည်သည့်အရေးပါမှုမျှ မရှိသော စကားများကိုသာ ပြောဆိုခဲ့သည်။ ခေါင်းဆောင်သည် ကိုယ်တိုင်ကိုယ်ကျ ပြောဆိုပြီး ညွှန်ကြားချက်များ ပေးနေသောကြောင့် လူတို့သည် ဤစကားများကို ပုံမှန်ထက် ပို၍ အရေးပါသည်ဟု ထင်မြင်ခဲ့ကြသော်လည်း အမှန်တကယ်တွင် ယင်းတို့သည် သက်ဆိုင်ခြင်းမရှိသော စကားအချို့ဖြစ်ပြီး စာအုပ်များ ပုံနှိပ်ခြင်းနှင့် သက်ဆိုင်သော အမှန်တကယ်ဖြစ်သည့် ကိစ္စရပ်တစ်ခုတလေကိုမျှ ဖြေရှင်းရာတွင် လုံးဝ အကျိုးသက်ရောက်မှု မရှိခဲ့ပေ။ သို့ဆိုလျှင် စာအုပ်ပုံနှိပ်ခြင်းတွင် ပါဝင်သော တိကျသည့် ကိစ္စရပ်အချို့မှာ အဘယ်နည်း။ ငါတို့သည် ယင်းတို့ကို ဆွေးနွေးသင့်ပြီး ဤခေါင်းဆောင် လုပ်ဆောင်ခဲ့သည့် အလုပ်သည် အယောင်ဆောင်ခေါင်းဆောင်တစ်ဦး၏ အလုပ်ဟုတ်မဟုတ်ကို ကြည့်ရှုသင့်သည်။

ပထမဦးစွာ စာအုပ်များပုံနှိပ်ခြင်းတွင် စာစီခြင်း ပါဝင်ပြီး ထို့နောက် စာမူကြမ်းပြင်ဆင်ခြင်း၊ မာတိကာနှင့် စာကိုယ်ကို ပုံစံချခြင်းအပြင် စက္ကူအလေးချိန်၊ အရောင်နှင့် အရည်အသွေးတို့လည်း ရှိသည်။ အဖုံးအတွက် ပစ္စည်း၊ ပျော့သင့်သည် သို့မဟုတ် မာသင့်သည်၊ ပြီးလျှင် အဖုံးအတွက် ဒီဇိုင်း၊ အရောင်၊ ပုံစံနှင့် စာလုံးအမျိုးအစားတို့လည်း ရှိသည်။ နောက်ဆုံးတွင် စာအုပ်ချုပ်ခြင်း၊ ကော်ကပ်စနစ် သို့မဟုတ် ချည်ချုပ်စနစ်ကို အသုံးပြုသင့်သည်ဟူ၍ ရှိသည်။ ဤအရာအားလုံးသည် စာအုပ်ပုံနှိပ်ခြင်း၏ နယ်ပယ်အတွင်း ကျရောက်သော ကိစ္စရပ်များ ဖြစ်သည်။ ခေါင်းဆောင်သည် ဤအရာများထဲမှ တစ်ခုခုကို ဆွေးနွေးခဲ့ပါသလော။ (မဆွေးနွေးခဲ့ပါ။) နောက်ထပ်ကိစ္စတစ်ခုမှာ ပုံနှိပ်စက်ရုံ ရှာဖွေခြင်းဖြစ်သည်၊ ပုံနှိပ်စက်များနှင့် စာအုပ်ချုပ်စက်များသည် နောက်ဆုံးပေါ် ဟုတ်မဟုတ်၊ ပုံနှိပ်ခြင်းနှင့် စာအုပ်ချုပ်ခြင်း၏ အရည်အသွေးသည် မည်သို့ရှိသည်၊ ပြီးလျှင် ဈေးနှုန်း၊ ဤအရာအားလုံးအတွက် ညွှန်ကြားချက်များအပြင် စည်းမျဉ်းများနှင့် အတိုင်းအတာများကိုပါ ၎င်းတို့ ပေးခဲ့သင့်သည် မဟုတ်လော။ အကယ်၍ ခေါင်းဆောင်က “ကျွန်ုပ် ဤအရာများကို နားမလည်ဘူး၊ ကြိုက်တာသာ ရှာလိုက်” ဟု ပြောခဲ့ပါက သူသည် အသုံးဝင်သော ခေါင်းဆောင်တစ်ဦး ဖြစ်မည်လော။ သူပြောဆိုခဲ့သည့် သက်ဆိုင်ခြင်းမရှိသော စကားများသည် စာအုပ်ပုံနှိပ်ခြင်းတွင် ပါဝင်သည့် အမျိုးမျိုးသော အသေးစိတ်ကိစ္စရပ်များကို အစားထိုးနိုင်သလော။ (အစားမထိုးနိုင်ပါ။) သို့တိုင်အောင် ဤအယောင်ဆောင်ခေါင်းဆောင်သည် ၎င်းတို့ အစားထိုးနိုင်သည်ဟု ယုံကြည်ခဲ့သည်။ ၎င်းတို့က “ငါ သမ္မာတရားများ အများကြီးကို မိတ်သဟာယဖွဲ့ပြီးပြီ၊ ပြီးလျှင် စည်းမျဉ်းအားလုံးကိုလည်း သူတို့ကို ပြောပြီးပြီ။ သူတို့ ဤအရာများကို နားလည်သင့်သည်” ဟု ထင်မှတ်ခဲ့သည်။ ဤ “သင့်သည်” ဆိုသည်မှာ ဤအယောင်ဆောင်ခေါင်းဆောင်၏ ကျိုးကြောင်းဆင်ခြင်မှုနှင့် ပြဿနာဖြေရှင်းနည်း ဖြစ်သည်။ အဆုံးတွင် စာအုပ်များ ပုံနှိပ်ပြီးသည့်အခါ စက္ကူသည် အစွမ်းအစ အလွန်ညံ့ဖျင်းပြီး အလွန်ပါးလွှာသောကြောင့် စာသားသည် နှစ်ဖက်စလုံးတွင် မြင်နိုင်နေပြီး ယင်းက သက်ကြီးရွယ်အိုများနှင့် အမြင်အာရုံမကောင်းသူများအတွက် စာအုပ်များဖတ်ရှုရန် အလွန်အားစိုက်ရပြီး ခက်ခဲစေသည်။ နောက်ဆုံးအဆင့်ဖြစ်သည့် စာအုပ်ချုပ်ခြင်းလုပ်ငန်းစဉ်၏ ပြဿနာလည်း ရှိခဲ့သည်၊ စာအုပ်ချုပ်ခြင်းသည် စံနှုန်းမီခြင်း ရှိမရှိသည် စာအုပ်တစ်အုပ်လုံး၏ အရည်အသွေးနှင့် သက်တမ်းကို သက်ရောက်မှုရှိသည်။ ခေါင်းဆောင်က ညွှန်ကြားချက်များ မပေးခဲ့သောကြောင့်လည်းကောင်း၊ ဤအလုပ်ကို ဆောင်ရွက်ခဲ့သူတို့သည် စည်းမျဉ်းများနှင့် အတွေ့အကြုံ ကင်းမဲ့သောကြောင့်လည်းကောင်း၊ တာဝန်မဲ့စွာ ဈေးဆစ်ခြင်းကို လုပ်ဆောင်ခဲ့သောကြောင့်လည်းကောင်း ပုံနှိပ်စက်ရုံသည် အရင်းကျေရုံသာဖြစ်စေရန် အလုပ်ကို ဖြစ်ကတတ်ဆန်းလုပ်ပြီး အရည်အသွေးနိမ့်သော ပစ္စည်းများကို အသုံးပြုခဲ့သည်၊ နောက်ဆုံးတွင် စာအုပ်များကို ညီအစ်ကိုမောင်နှမများထံ ဖြန့်ဝေပေးသည့်အခါ ၎င်းတို့သည် နှစ်လအတွင်း ပြုတ်ထွက်စပြုလာခဲ့သည်။ အဖုံးများနှင့် စာမျက်နှာများ ပြုတ်ထွက်ခဲ့ပြီး ပုံနှိပ်သည့်အလုပ် တစ်ခုလုံးသည် အလဟဿ ဖြစ်ခဲ့သည်။ ဤသည်မှာ မည်သူ၏ တာဝန်ဝတ္တရား ဖြစ်သနည်း။ အကယ်၍ တစ်စုံတစ်ဦးကို တာဝန်ခံခိုင်းမည်ဆိုပါက တိုက်ရိုက်တာဝန်ဝတ္တရားသည် စာအုပ်များပုံနှိပ်ခြင်းကို တာဝန်ယူသည့် လူနှစ်ဦးအပေါ် ကျရောက်မည်ဖြစ်ပြီး သွယ်ဝိုက်သော တာဝန်ဝတ္တရားသည် အယောင်ဆောင်ခေါင်းဆောင်အပေါ် ကျရောက်မည် ဖြစ်သည်။ အယောင်ဆောင်ခေါင်းဆောင်က “ဤအလုပ် မှားယွင်းသွားသည့်အတွက် သင်ကျွန်ုပ်ကို အပြစ်တင်၍မရပါ၊ ကျွန်ုပ်လည်း ဤအရာကို နားမလည်ပါ။ ကျွန်ုပ် မည်သည့်အခါကမျှ စာအုပ် ပုံမနှိပ်ဖူးပါ၊ ပြီးလျှင် ကျွန်ုပ်သည် ပုံနှိပ်စက်ရုံ ပိုင်ရှင်လည်း မဟုတ်ပါ။ ဤအရာများအကြောင်း ကျွန်ုပ်က မည်သို့ သိနိုင်မည်နည်း” ဟု ပြောဆိုလျက် ဆင်ခြေတစ်ခုပင် ပေးခဲ့သေးသည်။ ဤဆင်ခြေသည် ခိုင်လုံသလော။ ခေါင်းဆောင်တစ်ဦးအနေဖြင့် ဤအလုပ်သည် သင်၏ တာဝန်ဝတ္တရားများ နယ်ပယ်အတွင်း ကျရောက်သည်။ ယင်းသည် အတတ်ပညာ၊ ကျွမ်းကျင်မှု၊ အသိပညာတစ်မျိုးမျိုး သို့မဟုတ် သမ္မာတရားနှင့် သက်ဆိုင်သော အလုပ်ဖြစ်သည်ဖြစ်စေ သင်သည် ယင်း၏ အစိတ်အပိုင်းတိုင်းကို နားလည်ရန် မလိုအပ်ပေ၊ သို့သော် သင်မသိသောအရာနှင့်ပတ်သက်၍ သင်ယူရန် သင် ကြိုးစားအားထုတ်ခဲ့သလော။ သင်၏ တာဝန်ဝတ္တရားများကို အလေးအနက်ထားပြီး သတိရှိစွာဖြင့် သင် ကောင်းမွန်စွာ ဖြည့်ဆည်းခဲ့သလော။ အချို့လူတို့က “ကျွန်ုပ်၏ တာဝန်ဝတ္တရားများကို ကောင်းမွန်စွာ ဖြည့်ဆည်းလိုပါသည်၊ သို့သော် ကျွန်ုပ်လည်း ဤအရာကို နားမလည်ပါ။ ကျွန်ုပ် မည်မျှပင် ကြိုးစားသင်ယူပါစေ၊ ကျွန်ုပ် နားမလည်နိုင်ပါ” ဟု ပြောကောင်းပြောနိုင်သည်။ ဤသည်မှာ ခေါင်းဆောင်တစ်ဦးအနေဖြင့် သင်သည် စံနှုန်းမပြည့်မီကြောင်းကို ဆိုလိုသည်၊ သင်သည် အယောင်ဆောင်ခေါင်းဆောင်စစ်စစ်တစ်ဦး ဖြစ်သည်။ ညီအစ်ကိုမောင်နှမများသည် စာအုပ်များ၏ အရည်အသွေး ညံ့ဖျင်းမှုကြောင့် အတော်အတန် မကျေမချမ်းဖြစ်ကြပြီး “ဤစာအုပ်များမှာ ကျွန်ုပ်တို့ကို ပိုက်ဆံမကုန်ကျစေသော်လည်း အရည်အသွေးမှာ အလွန်ညံ့ဖျင်းလှသည်။ ဤခေါင်းဆောင်သည် သူ၏အလုပ်ကို မည်သို့လုပ်ခဲ့သနည်း။ သူသည် ဤအလုပ်ကို မည်သို့ ဆောင်ရွက်ခဲ့သနည်း” ဟု ပြောဆိုခဲ့ကြသည်။ ခေါင်းဆောင်က ဤသည်ကို ကြားသည့်အခါ “သင်တို့ ထိုအတွက် ကျွန်ုပ်ကို အပြစ်တင်နိုင်မည်လော။ ကျွန်ုပ်သည် ပုံနှိပ်စက်ရုံ ပိုင်ရှင် မဟုတ်ပါ၊ ပြီးလျှင် ကျွန်ုပ်မှာ အဆုံးအဖြတ်ပေးပိုင်ခွင့် မရှိပါ။ ဒါ့အပြင် ဤသည်မှာ ဘုရားအိမ်တော်အတွက် ပိုက်ဆံချွေတာနေခြင်း မဟုတ်ပါလော။ ဘုရားအိမ်တော်အတွက် ပိုက်ဆံချွေတာခြင်းက မှားပါသလော” ဟု ပြန်လည်ဖြေကြားခဲ့သည်။ ခေါင်းဆောင်၏ စကားများသည် မှန်ကန်သည်၊ ယင်းတို့မှာ မမှားပေ၊ ခေါင်းဆောင်သည် တရားဝင် တာဝန်ယူရန် မလိုအပ်ခဲ့ပေ။ သို့သော် ပြဿနာတစ်ခုရှိခဲ့သည်၊ ယင်းမှာ စာအုပ်များရိုက်နှိပ်ခြင်းအတွက် သုံးစွဲခဲ့သော ပိုက်ဆံသည် အလဟဿ ဖြစ်သွားခြင်း ဖြစ်သည်။ ညီအစ်ကိုမောင်နှမများထံ ဖြန့်ဝေပေးခဲ့သော စာအုပ်များသည် နှစ်လအတွင်း ပြုတ်ထွက်ပြီး စာမျက်နှာများ ကျွတ်ထွက်စပြုလာခဲ့သည်။ မည်သူက အကျိုးဆက်များကို ခံသင့်သနည်း။ ဤသည်မှာ ခေါင်းဆောင်၏ တာဝန်ဝတ္တရား မဟုတ်ခဲ့သလော။ ဤသည်မှာ သင် ခေါင်းဆောင်အဖြစ် အစေခံခဲ့သည့်အချိန်အတွင်း သင်၏ အလုပ်နယ်ပယ်အတွင်း၌ ဖြစ်ပွားခဲ့သည်၊ သို့ဖြစ်၍ သင် တာဝန်မယူသင့်သလော။ သင်သည် ဤတာဝန်အတွက် အပြစ်တင်ခံရခြင်းမှ ကင်းလွတ်ခွင့်မရှိပါ၊ သင်၏ တာဝန်ကို သင် မငြင်းပယ်နိုင်ပါ။ အချို့လူတို့က “ကျွန်ုပ် ဤအလုပ်ကို အရင်က တစ်ခါမျှ မလုပ်ဖူးပါ။ ကျွန်ုပ် တစ်ခါမျှ မလုပ်ဖူးသည့် အလုပ်တစ်ခုတွင် အမှားများလုပ်ဖို့ ကျွန်ုပ်ကို ခွင့်မပြုဘူးလား” ဟု ဆင်ခြင်တုံတရားမရှိသော နည်းလမ်းဖြင့်ပင် ပြောဆိုကောင်း ပြောဆိုနိုင်သည်။ ဤစကားကို အခြေခံရုံမျှဖြင့် သင်သည် သင်၏ အလုပ်နှင့် မထိုက်တန်ဘဲ သင့်ကို ဖြုတ်ချသင့်သည်။ သင်သည် ခေါင်းဆောင်တစ်ဦး ဖြစ်ရန် မထိုက်တန်ချေ၊ သင်သည် အယောင်ဆောင်ခေါင်းဆောင်စစ်စစ်တစ်ဦး ဖြစ်သည်။ နှစ်လိုဖွယ်ကောင်းသော စကားလုံးပေါင်းများစွာကို ပြောဆိုခြင်း၊ သို့သော် လက်တွေ့ကျသော အလုပ်တစ်ခုတလေမျှ မလုပ်ဆောင်ခြင်း၊ ဤသည်မှာ အယောင်ဆောင်ခေါင်းဆောင်တစ်ဦး၏ အထင်ရှားဆုံးသော သရုပ်သကန် ဖြစ်သည်။

အချို့သော အယောင်ဆောင်ခေါင်းဆောင်များသည် လက်တွေ့ကျသော အလုပ်တစ်ခုစီတိုင်းကို ကောင်းမွန်စွာနှင့် ခိုင်မာစွာ အသိတရားရှိရှိ လက်တွေ့ကျသော စိတ်နေစိတ်ထားဖြင့် မလုပ်ဆောင်နိုင်ကြပေ။ ၎င်းတို့သည် အထွေထွေကိစ္စအချို့ကိုသာ ကိုင်တွယ်နိုင်ကြပြီး ထို့နောက်တွင် ၎င်းတို့သည် ခေါင်းဆောင်များအဖြစ် စံနှုန်းပြည့်မီသည်ဟုလည်းကောင်း၊ ၎င်းတို့သည် အံ့ဩဖွယ်ကောင်းသည်ဟုလည်းကောင်း ယုံကြည်ကြကာ ၎င်းတို့သည် “ကျွန်ုပ်က အသင်းတော်မှာ အရာရာတိုင်းအတွက် စိုးရိမ်ပူပန်ရသည်၊ ပြီးလျှင် ပြဿနာတိုင်းကို ကိုင်တွယ်ရသည်။ အသင်းတော်က ကျွန်ုပ်မရှိဘဲ ဖြစ်နိုင်ပါ့မလား။ ကျွန်ုပ်သာ သင်တို့အတွက် စုဝေးပွဲများ မကျင်းပခဲ့လျှင် သင်တို့ ဖရိုဖရဲဖြစ်နေသော သဲတစ်ပုံကဲ့သို့ ဖြစ်သွားမည် မဟုတ်ဘူးလား။ ရုပ်ရှင်ထုတ်လုပ်ရေးအလုပ်ကို ကျွန်ုပ်သာ စောင့်ကြည့်ပြီး ထိန်းသိမ်းကူညီခြင်း မရှိခဲ့လျှင် ယင်းကို အဆက်မပြတ် နှောင့်ယှက်နေသည့်လူများ ရှိမည်မဟုတ်ဘူးလား။ ရုပ်ရှင်ထုတ်လုပ်ရေးအလုပ်က ချောချောမွေ့မွေ့ ရှေ့ဆက်နိုင်ပါ့မလား။ ဓမ္မတေးအလုပ်တွင် ကျွန်ုပ်က လူပြိန်းတစ်ယောက် ဖြစ်လျှင်ပင်၊ ကျွန်ုပ်သာ သင်တို့၏အလုပ်ကို မကြာခဏ လာမစစ်ဆေးလျှင်၊ သင်တို့အတွက် ထိန်းကွပ်မပေးလျှင်၊ ပြီးလျှင် သင်တို့အတွက် စုဝေးပွဲများ မစီစဉ်ပေးလျှင် သင်တို့ ထိုဓမ္မတေးများကို ထုတ်လုပ်နိုင်ပါ့မလား။ သင်တို့အနေဖြင့် အမှုအရာများကို နားလည်ဖို့ အချိန်မည်မျှ ကြာမည်နည်း” ဟု ပြောဆိုလျက် မကြာခဏ ဝါကြွားကြသည်။ ဤစကားများသည် ကျိုးကြောင်းဆီလျော်ပြီး မှန်ကန်သည်ဟု ထင်ရနိုင်သော်လည်း အကယ်၍ သင်သည် သေချာကြည့်ရှုပါက ဤအယောင်ဆောင်ခေါင်းဆောင်များ ကြီးကြပ်သော အတတ်ပညာပိုင်းဆိုင်ရာ အလုပ်အမျိုးမျိုးသည် မည်သို့ တိုးတက်နေသနည်း။ ၎င်းတို့သည် သမ္မာတရား စည်းမျဉ်းများကို ရှင်းလင်းစွာ မိတ်သဟာယဖွဲ့နိုင်သလော။ (မဖွဲ့နိုင်ပါ။) တစ်ချိန်က ရုပ်ရှင်ထုတ်လုပ်ရေးအဖွဲ့တစ်ဖွဲ့သည် ဝတ်စုံအရောင်များ ကိစ္စနှင့်ပတ်သက်၍ ရှာဖွေခဲ့သည်။ ၎င်းတို့သည် ဓာတ်ပုံအနည်းငယ် ရိုက်ကူးခဲ့ပြီး ဓာတ်ပုံများထဲရှိ နောက်ခံများနှင့် လူများသည် ကွဲပြားကြသော်လည်း ဝတ်စုံအရောင်များသည် အခြေခံအားဖြင့် အရောင်အသွေးတစ်မျိုးတည်းသာ ရှိနေသည်၊ ယင်းတို့အားလုံးသည် မြေကြီးရောင် မီးခိုးရောင်များနှင့် အဝါရောင်များ ဖြစ်ကြသည်။ ငါက “ဘာဖြစ်နေသနည်း။ သူတို့ အဘယ်ကြောင့် ဤအရောင်များကို ဝတ်ထားကြသနည်း” ဟု မေးမြန်းခဲ့သည်။ ၎င်းတို့က ဤအရောင်များကို တမင်တကာ ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းတို့သည် ကြီးစွာ အားသွန်ခွန်စိုက်ပြုပြီး ကြိုးစား၍ ဈေးထဲမှ ရှာဖွေခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုခဲ့ကြသည်။ ငါက “သင်တို့ အဘယ်ကြောင့် ဤအရောင်များကို ရွေးချယ်ခဲ့သနည်း။ အထက်က ထိုကိစ္စနှင့်ပတ်သက်၍ သင်တို့ကို ညွှန်ကြားချက်များ ပေးခဲ့သလား။ အထက်က သင်တို့ကို အရောင်အမျိုးမျိုး သုံးဖို့၊ ပြီးလျှင် အရောင်များက ဂုဏ်သိက္ခာရှိပြီး တင့်တယ်လျောက်ပတ်ဖို့ ညွှန်ကြားခဲ့ခြင်း မဟုတ်ဘူးလား။ ဤရလဒ်က မည်သို့ဖြစ်လာရသနည်း” ဟု ပြောဆိုခဲ့သည်။ နောက်ဆုံးတွင် စုံစမ်းမေးမြန်းပြီးနောက် အချို့လူတို့က “တခြားအရောင်များက လုံလောက်အောင် ဂုဏ်သိက္ခာရှိပြီး တင့်တယ်လျောက်ပတ်ပုံ မပေါ်ပါ၊ သို့မဟုတ် ဘုရားသခင်ကို ယုံကြည်သူများ သို့မဟုတ် သူတော်စင်များ ဝတ်ဆင်သည့်အဝတ်အစားများနှင့် မတူပါ။ ဤအရောင်အသွေးကသာ ယုံကြည်သူများ ဝတ်ဆင်သင့်သည့်အရာနှင့် ပိုတူသည်။ ဒါကြောင့် လူတိုင်းက ဤအရောင်မျိုးများနှင့် အဝတ်အစားများ ဝတ်ဆင်ခြင်းက ဘုရားသခင်အဖို့ ဘုန်းအထင်ရှားဆုံး ဖြစ်စေပြီး ဘုရားအိမ်တော်၏ ပုံရိပ်ကို အကောင်းဆုံး ကိုယ်စားပြုသည်ဆိုသည့် တူညီသောအမြင် ရှိခဲ့ကြသည်” ဟု ပြောဆိုခဲ့ကြသည်။ ငါက “ငါ သင်တို့အားလုံးကို ဤအရောင်များဖြင့် အဝတ်အစားများ ဝတ်ဆင်ဖို့ မည်သည့်အခါကမျှ မပြောခဲ့ပါ။ ဂုဏ်သိက္ခာရှိပြီး တင့်တယ်လျောက်ပတ်သည့် အရောင်များ များစွာရှိသည်။ လူသားမျိုးနွယ်နှင့် သူ၏ ပဋိညာဉ်၏ နိမိတ်လက္ခဏာတစ်ခုအဖြစ် ဘုရားသခင်က ဖန်တီးခဲ့သည့် သက်တံက မည်မျှလှပသည်ကို စဉ်းစားကြည့်လော့။ သင်တို့ ဝတ်ထားသည့်အရောင်များမှလွဲ၍ အနီ၊ လိမ္မော်၊ အဝါ၊ အစိမ်း၊ အပြာ၊ မဲနယ်၊ ခရမ်းရောင်များ ဟူသည့် အရောင်တိုင်း ပါဝင်သည်။ သင်တို့ အဘယ်ကြောင့် ထိုအရောင်များကို ရွေးချယ်ခဲ့သနည်း” ဟု ပြောဆိုခဲ့သည်။ ၎င်းတို့၏ ခေါင်းဆောင်သည် ဤကိစ္စရပ်များနှင့်ပတ်သက်၍ စိစစ်အတည်ပြုသည့် လက်တွေ့ကျသော အလုပ်ကို လုပ်ဆောင်ခဲ့ပါသလော။ ၎င်းတို့ လုံးဝ မလုပ်ဆောင်ခဲ့ဟု ငါ ပြောရဲသည်။ အကယ်၍ ခေါင်းဆောင်သည် စင်ကြယ်သော သဘောပေါက်နားလည်မှု ပိုင်ဆိုင်ပြီး သမ္မာတရားနှင့် ဘုရားသခင်၏ တောင်းဆိုချက်များကို အမှန်တကယ် နားလည်ခဲ့ပါက ရုပ်ရှင်ထုတ်လုပ်ရေးအဖွဲ့၏ အဖွဲ့ဝင်များသည် ထိုသို့သော ဝတ်စုံများကို ရွေးချယ်ပြီး ၎င်းတို့အကြောင်းကို အထက်သို့ တိုင်ပင်မည် မဟုတ်ပေ။ ဝတ်စုံများ၏ ကိစ္စကို အောက်အဆင့်တွင် ဖြေရှင်းနိုင်ခဲ့မည် ဖြစ်သော်လည်း အယောင်ဆောင်ခေါင်းဆောင်သည် ယင်းကို ကိုင်တွယ်ရန် အရည်အချင်းမရှိခဲ့ပေ။ ထိုအစား ၎င်းတို့သည် အရှက်မရှိဘဲ အထက်သို့ ယင်းအကြောင်းကို မေးမြန်းခဲ့သည်။ ဤသို့သော လူတစ်ဦးကို ပြုပြင်ခြင်း မပြုသင့်သလော။ ဤအယောင်ဆောင်ခေါင်းဆောင်သည် ဤအရိုးရှင်းဆုံးသော ပြဿနာကိုပင် မဖြေရှင်းနိုင်ခဲ့ပေ၊ ၎င်းသည် အဘယ်အသုံးဝင်သနည်း။ သင်သည် အမှိုက်တစ်စပင် ဖြစ်သည်။ သင့်ကို ဘုရားသခင်အား ဘုန်းထင်ရှားစေရန်နှင့် ကိုယ်တော်အား သက်သေခံရန် တောင်းဆိုခဲ့သော်လည်း အဆုံးတွင် သင်သည် ဘုရားသခင်ကို ဂုဏ်သရေပျက်စေခဲ့သည်။ သင်သည် များစွာ နားလည်သည် မဟုတ်လော။ သင်သည် ကြွယ်ဝသော သိမြင်မှုနှင့် အယူဝါဒများစွာကို ရှင်းလင်းစွာ မပြောဆိုနိုင်သလော။ သို့ဆိုလျှင် အဘယ်ကြောင့် ထိုအယူဝါဒအားလုံးနှင့် ထိုသိမြင်မှုအားလုံးတို့သည် ဤအခြေအနေတွင် အကျိုးသက်ရောက်မှု မရှိခဲ့သနည်း။ ဝတ်စုံများ၏ ကိစ္စနှင့်ပတ်သက်၍ ဖြေရှင်းရန်နှင့် စိစစ်အတည်ပြုရန် သင် မည်သို့များ ပျက်ကွက်နိုင်ခဲ့သနည်း။ သင်သည် ခေါင်းဆောင်တစ်ဦးအနေဖြင့် ရှိသင့်သည့် အကျိုးသက်ရောက်မှု ရှိခဲ့သလော။ သင်သည် ခေါင်းဆောင်တစ်ဦးအနေဖြင့် ဖြည့်ဆည်းသင့်သည့် တာဝန်ဝတ္တရားများကို ကောင်းမွန်စွာ ဖြည့်ဆည်းခဲ့သလော။ ဤသည်မှာ အယောင်ဆောင်ခေါင်းဆောင်တစ်ဦး၏ သရုပ်သကန် ဖြစ်သည်။ မည်သည့် တိကျသော တာဝန်တွင်မဆို အယောင်ဆောင်ခေါင်းဆောင်များသည် စည်းမျဉ်းများကို နားလည်မှု ကင်းမဲ့ကြသည်။ ၎င်းတို့သည် သမ္မာတရားကို လွဲချော်စွာ သဘောပေါက်နားလည်ခြင်း၏ ကိစ္စရပ်တစ်ခုတလေကိုမျှ အချိန်နှင့်တစ်ပြေးညီ ပြင်ဆင်ခြင်းနှင့် ဖြေရှင်းခြင်းကို မပေးစွမ်းနိုင်ပေ၊ ပြီးလျှင် ဤမှတစ်ဆင့် လူတို့ကို လမ်းညွှန်မှုနှင့် လမ်းကြောင်းတစ်ခု ရှာဖွေတွေ့ရှိစေရန် ထောက်ကူပေးနိုင်စွမ်း မရှိကြပေ။ အယောင်ဆောင်ခေါင်းဆောင်များသည် စကားလုံးများနှင့် အယူဝါဒများကို ပြောဆိုပြီး ကြွေးကြော်သံများကို ဟစ်ကြွေးရုံသာ တတ်နိုင်သည်၊ ၎င်းတို့သည် လက်တွေ့ကျသော အလုပ်တစ်ခုတလေကိုမျှ လုပ်ဆောင်နိုင်စွမ်း မရှိကြပေ။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။