ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၂) အခန်း ငါး
အယောင်ဆောင်ခေါင်းဆောင်များသည် တကယ့်အလုပ်ကို မလုပ်ဆောင် သို့မဟုတ် မိမိတို့၏ သင့်တင့်လျောက်ပတ်သော တာဝန်ကို ဂရုမစိုက်
အချို့သော အယောင်ဆောင်ခေါင်းဆောင်များသည် မည်သည့်တကယ့်အလုပ်ကိုမျှ လုပ်နိုင်စွမ်း မရှိကြသော်လည်း အရေးမပါသော အထွေထွေကိစ္စအချို့ကို ကိုင်တွယ်ကြပြီး ဤသည်မှာ လက်တွေ့ကျသော အလုပ်ကို လုပ်ဆောင်ခြင်းဖြစ်သည်၊ ၎င်းတို့၏ တာဝန်ဝတ္တရားများ၏ နယ်ပယ်အတွင်း ကျရောက်သည်ဟု ထင်မှတ်ကြသည်။ ထို့အပြင် ၎င်းတို့သည် ဤကိစ္စရပ်များကို အလွန်အလေးအနက်ထားသော ပုံစံဖြင့် ကိုင်တွယ်ကြပြီး အမှန်တကယ်ပင် ကြိုးစားအားထုတ်မှုများစွာ ပြုလုပ်ကာ အလွန်သင့်တင့်လျောက်ပတ်သော ပုံစံဖြင့် ဆောင်ရွက်ကြသည်။ ဥပမာအားဖြင့် အသင်းတော်၌ ယခင်က မုန့်ဖုတ်ဆရာတစ်ဦးအဖြစ် လုပ်ကိုင်ခဲ့ဖူးသော လူတစ်ဦး ရှိခဲ့သည်။ တစ်နေ့တွင် သူသည် မေတ္တာစိတ်ကြီးမားစွာဖြင့် ငါ့အတွက် မုန့်ဖုတ်ကို ဖုတ်ပေးရမည် ဆုံးဖြတ်ခဲ့ပြီး ဤအကြောင်းကို ငါ့အား အသိမပေးဘဲ ထိုသို့ပြုလုပ်ရန် ပြင်ဆင်ခဲ့သည်။ သူက သူ၏ခေါင်းဆောင်များကို ယင်းသို့ လုပ်ခွင့် ရှိမရှိ မေးမြန်းခဲ့ရာ ၎င်းတို့က “လုပ်သာလုပ်ပါ။ အရသာကောင်းလျှင် ကျွန်ုပ်တို့ ဘုရားသခင်ကို ဆက်ကပ်မည်။ မကောင်းလျှင် ကျွန်ုပ်တို့အားလုံး စားကြမည်” ဟု ပြောဆိုခဲ့သည်။ သူသည် ခေါင်းဆောင်များ၏ ခွင့်ပြုချက်ကို ရရှိခဲ့ရာ ဤအလုပ်ကို တရားဝင်ပြီး သင့်လျော်သော အလုပ်ဖြစ်သွားစေခဲ့သည်၊ သို့ဖြစ်၍ သူသည် ပါဝင်ပစ္စည်းများကို အမြန်စုဆောင်းပြီး တစ်သုတ်ကို ဖုတ်ကာ ဤသို့ပြောဆိုခဲ့သည်။ “အရသာကောင်းမကောင်း၊ ဘုရားသခင်ကို ကျေနပ်စေနိုင်ခြင်း ရှိမရှိ၊ ကိုယ်တော်၏ အရသာနှင့် ကိုက်ညီခြင်း ရှိမရှိကို ကျွန်ုပ်မသိပါဘူး” ဟူ၍ ဖြစ်သည်။ ခေါင်းဆောင်များက “ထိုအရာမှာ လွယ်ကူပါသည်။ ကျွန်ုပ်တို့သည် မိမိတို့၏ အချိန်အနည်းငယ်နှင့် ကျန်းမာရေးတို့ကို စွန်လွှတ်အနစ်နာခံပြီး ဘုရားသခင်အတွက် စွန့်စားကြည့်ကြမည်။ ကျွန်ုပ်တို့ အရင်မြည်းစမ်းပြီး ဘုရားသခင်အတွက် စစ်ဆေးပေးပါ့မည်။ အရသာမကောင်းဘဲ ဘုရားသခင်ကို စားခိုင်းလျှင် ကိုယ်တော် စိတ်အနှောင့်အယှက်ဖြစ်ပြီး ကျွန်ုပ်တို့အပေါ် အလွန်စိတ်ပျက်သွားပါလိမ့်မည်။ ထို့ကြောင့် ခေါင်းဆောင်များအနေဖြင့် ဤကိစ္စနှင့်စပ်လျဉ်း၍ စစ်ဆေးပေးရန် ကျွန်ုပ်တို့တွင် တာဝန်နှင့် ဝတ္တရားတို့ ရှိသည်။ ဤသည်မှာ တကယ့်အလုပ်ကို လုပ်ဆောင်ခြင်း ဖြစ်ပါသည်” ဟု ပြန်ပြောခဲ့သည်။ ထို့နောက်တွင် “တာဝန်သိစိတ်” အနည်းငယ်ရှိသော အဖွဲ့ခေါင်းဆောင်တိုင်းသည် မုန့်များကို မြည်းစမ်းခဲ့ကြသည်။ မြည်းစမ်းပြီးနောက် ၎င်းတို့က “ဤတစ်သုတ်အတွက် မုန့်ဖုတ်စက်မှာ မီးပြင်းသွားသည်၊ အပူချိန်အလွန်ပြင်းပြီး ယင်းတို့သည် ဝမ်းထဲတွင် အပူများစေနိုင်သည်။ ယင်းတို့သည် အနည်းငယ်လည်း ခါးသက်သည်။ ယင်းမှာ မကောင်းပါ။ ကျွန်ုပ်တို့တွင် တာဝန်ယူလိုသည့် သဘောထားရှိဖို့လိုပြီး နောက်တစ်သုတ်ဖုတ်၍ ထပ်မြည်းစမ်းကြည့်ရမည်” ဟု သုံးသပ်ပြောဆိုခဲ့ကြသည်။ ဤတစ်သုတ်ကို မြည်းစမ်းပြီးနောက် ၎င်းတို့က “ဤတစ်သုတ်တွင် အဆင်ပြေသွားသည်။ ယင်းတွင် ထောပတ်အနံ့၊ ကြက်ဥအရသာနှင့် နှမ်းစေ့များပင် ပါသည်။ ယင်းမှာ မုန့်ဖုတ်ဆရာတစ်ဦး၏ လက်ရာအမှန်ပင် ဖြစ်သည်။ များလွန်းပြီး ဘုရားသခင်က တစ်ဦးတည်း ကုန်အောင် မစားနိုင်သည့်အတွက် ၁၀ခု သို့မဟုတ် အခု၂၀ ကို ပုလင်းလေးများထဲတွင်ထည့်ကာ ဘုရားသခင်ကို အမြည်းအနေဖြင့် စားရန် ပူဇော်ဆက်ကပ်ကြစို့။ ဘုရားသခင်က ယင်းတို့ကို အရသာရှိသည်ဟု မြင်လျှင် ပိုကြီးမားသော အသုတ်များကို ကျွန်ုပ်တို့ ဆက်ဖုတ်နိုင်သည်” ဟု ပြောဆိုခဲ့ကြသည်။ ၎င်းတို့သည် ငါ့အား ပုလင်းတစ်လုံးကို ပေးခဲ့ပြီး ငါသည် နှစ်ခုကို မြည်းစမ်းကြည့်ခဲ့သည်။ ငါသည် ယင်းတို့ကို အသင့်အတင့် အသစ်အဆန်း ဖြစ်သော်လည်း အဓိကအစားအစာအဖြစ် မသင့်တော်ဟု တွေးထင်ခဲ့သဖြင့် စားသုံးခြင်းကို ရပ်တန့်ခဲ့သည်။ အချို့လူများကမူ ၎င်းတို့သည် ဘုရားအိမ်တော်၏ အသင်းသားတစ်ဦး၏ အိမ်ချက်လက်ရာ ဖြစ်ကြောင်း၊ မေတ္တာ၊ သစ္စာစောင့်သိမှုနှင့် ကြောက်ရွံ့ခြင်းတို့ဖြင့် ပြည့်နှက်နေကြောင်းနှင့် အရသာမှာ သာမန်မျှသာ ဖြစ်သော်လည်း အဓိပ္ပာယ်များစွာ ဆောင်ကြောင်းကိုပင် တွေးထင်ခဲ့ကြသည်။ နောက်ပိုင်းတွင် ငါသည် မုန့်ပုလင်းကို ပြန်ပေးခဲ့သည်။ ငါသည် ထိုသို့သောအရာများကို စိတ်မဝင်စားသကဲ့သို့ ယင်းတို့ကို စားချင်စိတ်လည်း မရှိပေ။ ထို့အပြင် ငါသည် မုန့်စားချင်စိတ် အာသာပြင်းပြနေပါက ဈေးထဲတွင် အရသာအမျိုးမျိုးနှင့် နိုင်ငံအသီးသီးမှ မုန့်များကို ငွေများစွာမသုံးဘဲ ဝယ်ယူနိုင်သည်။ ထို့နောက်တွင် ငါသည် ၎င်းတို့ကို “စေတနာကို ငါအသိအမှတ်ပြုပါသည်၊ သို့သော် ငါ့အတွက် နောက်ထပ် မလုပ်ကြပါနှင့်။ ငါစားမည်မဟုတ်ပါ၊ အကယ်၍ ငါစားချင်လျှင် ငါကိုယ်တိုင် ဝယ်ပါမည်။ လိုအပ်ချက် ပေါ်ပေါက်လာပါက သင်တို့ကို ငါခိုင်းသည့်အခါမှသာ လုပ်ဆောင်လော့၊ အကယ်၍ ငါသင်တို့ကို လုပ်ဆောင်ရန် မပြောပါက နောက်တစ်ကြိမ် ထပ်ဖုတ်ရန် မလိုအပ်တော့ပါ” ဟု ပြောခဲ့သည်။ ဤသည်မှာ အတော်အတန် နားလည်ရန် လွယ်ကူသည် မဟုတ်လော။ အကယ်၍ ၎င်းတို့သည် ကောင်းကောင်းမွန်မွန်ဖြင့် ပြုမူပြီး နာခံတတ်ပါက ငါ၏နှုတ်ကပတ်တော်များကို အမှတ်ရပြီး နောက်တစ်ကြိမ် ပြုလုပ်ခြင်းမှ ရှောင်ကြဉ်ကြပေမည်။ ဘုရားသခင် စကားပြောသည့်အခါ ဟုတ်သည်ဆိုလျှင် ဟုတ်သည်၊ မဟုတ်ဘူးဆိုလျှင် မဟုတ်ဘူးဖြစ်ပြီး “တစ်ခုမျှ မလုပ်နှင့်” ဆိုသည်မှာ “တစ်ခုမျှ မလုပ်နှင့်” ဟု အဓိပ္ပာယ်ရသည်။ သို့သော် အချိန်အနည်းငယ် ကြာပြီးနောက် ၎င်းတို့သည် ငါ့ထံသို့ နောက်ထပ် မုန့်နှစ်ပုလင်းကို ပို့ပေးခဲ့သည်။ ငါသည် ၎င်းတို့ကို “သင်တို့ကို နောက်ထပ် မလုပ်ကြတော့ရန် ငါမပြောခဲ့ဘူးလား” ဟု ပြောလိုက်သည်။ ၎င်းတို့က “ဤသည်တို့မှာ ပြီးခဲ့သည့်အခေါက်နှင့် မတူပါ” ဟု ပြန်ပြောလေသည်။ ငါက “မတူလျှင်ပင် ယင်းတို့သည် မုန့်များသာ ဖြစ်သည်။ မည်သည့်မုန့်ကိုမျှ ဖုတ်စရာ လုံးဝ မလိုအပ်ပါ။ ငါသည် ယဉ်ယဉ်ကျေးကျေး ပြောနေခြင်း မဟုတ်။ ငါ အနည်းငယ် စားလိုလျှင် သင်တို့အား ငါအသိပေးမည်။ လူ့စကားကို သင်နားမလည်နိုင်သလော။ နောက်ထပ် မလုပ်တော့နှင့်” ဟု တုံ့ပြန်ခဲ့သည်။ ဤစကားများသည် သဘောပေါက်နားလည်နိုင်ဖွယ် ရှိသလော။ (ရှိပါသည်။) သို့တိုင်အောင် ယင်းတို့ကို ဖုတ်သည့်သူသည် အဘယ်ကြောင့် အမြဲတမ်း မေ့လျော့နေပုံရသနည်း။ အကယ်၍ သူ၏ခေါင်းဆောင်များသည် သူ့ကို စစ်ဆေးနိုင်ပြီး ဤအရာကိုလုပ်ဆောင်ရန် သူနှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ခြင်း သို့မဟုတ် သူ့ကို အားပေးခြင်းမပြုဘဲ သူ့ကို ချက်ချင်း ကန့်သတ်နိုင်ခဲ့ပါက မုန့်များကို လုပ်သူသည် ထပ်လုပ်ဝံ့ဦးမည်လော။ အနည်းဆုံးအနေဖြင့် သူသည် ဤမျှ ရဲတင်းစွာနှင့် မရိုးမဖြောင့် လုပ်ဆောင်မည် မဟုတ်ပေ။ သို့ဆိုလျှင် ထိုခေါင်းဆောင်တို့သည် ဤအခြေအနေတွင် မည်သို့သော အကျိုးသက်ရောက်မှု ရှိခဲ့သနည်း။ ၎င်းတို့သည် အသေးအဖွဲကိစ္စကအစ အသေးစိတ် လိုက်လံစီမံခန့်ခွဲကြသည်၊ အရာရာတိုင်းတွင် ဝင်ရောက်စွက်ဖက်ကြပြီး ငါ့ကိုယ်စား စစ်ဆေးမှုများ ပြုလုပ်ရန် တာဝန်ယူခဲ့ကြသည်။ ၎င်းတို့သည် အလွန် “မေတ္တာကြီးကြသည်”မှာ စကားလုံးများဖြင့် ဖော်ပြ၍မရနိုင်လောက်အောင်ပင် ဖြစ်၏။ ဤသည်မှာ ၎င်းတို့ လုပ်ဆောင်သင့်သည့် အလုပ်လော။ ဘုရားအိမ်တော်၏ အလုပ်နှင့်ဆိုင်သော စည်းမျဉ်းများအတွင်း ဤသို့လုပ်ဆောင်ရန် ညွှန်ကြားချက်များ မရှိခဲ့သကဲ့သို့ ငါသည် ၎င်းတို့ကို ဤတာဝန်ကို အပ်နှင်းခဲ့ခြင်းလည်း မရှိပေ၊ ယင်းကို လူတို့က စတင်ခဲ့ခြင်းဖြစ်ပြီး ငါတောင်းဆိုခဲ့ခြင်း မဟုတ်ပေ။ သို့ဆိုလျှင် အဘယ်ကြောင့် ဤခေါင်းဆောင်များသည် ဤတာဝန်ကို ဤမျှ တက်ကြွစွာ ထမ်းဆောင်ခဲ့ကြသနည်း။ ဤသည်မှာ အယောင်ဆောင်ခေါင်းဆောင်များ၏ သရုပ်သကန်တစ်ခုဖြစ်သည်၊ ၎င်းတို့၏ သင့်လျော်သော အလုပ်ကို ဂရုမစိုက်ခြင်းပင် ဖြစ်သည်။ အသင်းတော်၌ ၎င်းတို့ လိုက်လံဆောင်ရွက်ရန်၊ စစ်ဆေးရန်နှင့် တိုက်တွန်းရန် လိုအပ်သော တာဝန်များစွာ ရှိခဲ့ပြီး သမ္မာတရားကို မိတ်သဟာယဖွဲ့ခြင်းဖြင့် ၎င်းတို့ ဖြေရှင်းပေးရန် လိုအပ်သော လက်တွေ့ကျသည့် ပြဿနာများစွာ ရှိခဲ့သော်လည်း ၎င်းတို့သည် ထိုအလုပ်များထဲမှ တစ်ခုကိုမျှ မလုပ်ဆောင်ခဲ့ကြပေ။ ထိုအစား ၎င်းတို့သည် မီးဖိုချောင်ထဲတွင် ငါ့အတွက် မုန့်မြည်းစမ်းပေးရန် အတော်အတန် အလဟဿနေခဲ့ကြသည်။ ဤကိစ္စတွင် ၎င်းတို့သည် အတော်အတန် အလေးအနက်ထားပြီး ကြိုးစားအားထုတ်မှုများစွာ ပြုလုပ်ခဲ့ကြသည်။ ဤသည်မှာ အယောင်ဆောင်ခေါင်းဆောင်များ လုပ်ဆောင်သည့်အရာ မဟုတ်လော။ ဤသည်မှာ အလွန် စက်ဆုပ်ရွံရှာဖွယ်ကောင်းနေပြီ မဟုတ်လော။ အချိန်အနည်းငယ် ကြာပြီးနောက် ဤကိစ္စသည် ပြန်လည်ပေါ်ပေါက်လာမည်ဟု ငါ မည်သည့်အခါကမျှ မမျှော်လင့်ခဲ့ပေ။ မုန့်များကို ဖုတ်ခဲ့သူသည် ငါ့အတွက် နောက်တစ်ကြိမ် စတင် ပြုလုပ်ပေးလိုခဲ့သည်။ ငါသည် ခေါင်းဆောင်တစ်ဦးကို အတိအကျ ပြောဆိုခဲ့သည်မှာ “သင်သွားပြီး ဤအရာကို ဖြေရှင်းလော့။ သင်သည် ဤအရာကို သူ့အား အသေအချာ ရှင်းပြရန် လိုအပ်သည်။ အကယ်၍ သူထပ်လုပ်ပါက ငါသည် သင့်ကို တာဝန်ခံခိုင်းမည်” ဟူ၍ ဖြစ်သည်။ အသင်းတော်၌ လုပ်ဆောင်ရန် အလုပ်များစွာရှိရာ မည်သည့်တာဝန်မဆို ၎င်းတို့ကို အချိန်အတန်ကြာ အလုပ်များစေမည်ဖြစ်သည်။ အဘယ်ကြောင့် ၎င်းတို့သည် ဤမျှလောက် အလဟဿနေနေကြသနည်း။ ၎င်းတို့သည် ဤနေရာသို့ လာသည်မှာ ၎င်းတို့ ဝဖြိုးအောင် လုပ်ရန်ဖြစ်သလော သို့မဟုတ် အကျိုးမဲ့ စကားပြောဆိုရန်ဖြစ်သလော။ ဤနေရာမှာ ထိုအရာများအတွက် နေရာမဟုတ်ပေ။ ထို့နောက်တွင် ဤကိစ္စနှင့်ပတ်သက်၍ နောက်ဆက်တွဲ သတင်းမကြားရတော့ပေ။ ငါသည် ထိုညွှန်ကြားချက်ကို ပေးပြီးသည်နှင့် ခေါင်းဆောင်သည် မည်သည့်အစီရင်ခံစာကိုမျှ မပေးခဲ့ပေ။ မည်သို့ပင်ဖြစ်စေ မည်သူမျှ ငါ့ထံသို့ ထိုမုန့်ငယ်များကို ထပ်မပို့တော့ရာ အတော်အတန် စိတ်သက်သာရာရခဲ့သည်။ ဤအဖြစ်အပျက်ကို အကဲဖြတ်ကြည့်လျှင် ဤခေါင်းဆောင်များသည် ၎င်းတို့၏ သင့်လျော်သော အလုပ်ကို ဂရုမစိုက်နေခဲ့ကြဟု ငါတို့ ဆိုနိုင်သလော။ (ဆိုနိုင်ပါသည်။) ဤကိစ္စသည် ထိုမျှလောက်ပင် ဆိုးရွားခြင်းမရှိသေးပါ၊ ပို၍ ဆိုးရွားသော ကိစ္စများ ရှိသေးသည်။
ငါသည် အသင်းတော်အချို့သို့ လှည့်ပတ်ကြည့်ရှုရန်၊ ခေါင်းဆောင်များနှင့် တွေ့ဆုံရန်၊ အလုပ်အချို့အတွက် ညွှန်ကြားချက်များပေးရန်နှင့် ပြဿနာအချို့ကို ဖြေရှင်းရန် မကြာခဏ သွားရောက်လေ့ရှိသည်။ တစ်ခါတစ်ရံတွင် ငါသည် ဤအသင်းတော်များတွင် နေ့လယ်စာ စားသုံးရသဖြင့် မည်သူက အစားအသောက်ကို ပြင်ဆင်မည်ဟူသော မေးခွန်း ပေါ်ပေါက်လာသည်။ ထိုခေါင်းဆောင်များသည် အလွန် တာဝန်သိတတ်ကြသဖြင့် စားဖိုမှူးတစ်ဦးဖြစ်သည်ဟု ဆိုသူတစ်ဦးကို ရွေးချယ်ခဲ့ကြသည်။ ငါက “သူစားဖိုမှူး ဟုတ်မဟုတ်က အရေးမကြီးပါ၊ အရေးကြီးသည်မှာ ငါသည် ရိုးရှင်းသော အစားအစာကို ပိုနှစ်သက်ခြင်း ဖြစ်သည်။ ငါသည် ပါဝင်ပစ္စည်းများ၏ မူလအရသာကို မြည်းစမ်းလိုသည်။ အစားအစာသည် အလွန်ငန်ခြင်း၊ ဆီများခြင်း သို့မဟုတ် အရသာစူးရှခြင်း မဖြစ်သင့်ပေ။ ဆောင်းရာသီတွင် ငါသည် ပူနွေးသောအရာတစ်ခုခုကို စားသုံးရန် လိုအပ်သည်။ ထို့အပြင် အစားအစာသည် ကျက်အောင် ချက်ထားရမည်၊ မကျက်တကျက် မဖြစ်စေရ၊ ပြီးလျှင် အစာကြေလွယ်ရမည်” ဟု ပြောဆိုခဲ့သည်။ ဤစည်းမျဉ်းများကို ငါရှင်းလင်းစွာ ဆွေးနွေးပြောကြားခဲ့သည် မဟုတ်လော။ ယင်းတို့သည် လုပ်ဆောင်ရန် လွယ်ကူခဲ့သလော။ ယင်းတို့သည် မှတ်မိရန်ရော လုပ်ဆောင်ရန်ပါ လွယ်ကူခဲ့သည်။ သုံးနှစ်မှ ငါးနှစ်အထိ ချက်ပြုတ်ခဲ့သော အိမ်ရှင်မတစ်ဦးသည် ဤစည်းမျဉ်းများကို သဘောပေါက်ပြီး လုပ်ဆောင်နိုင်ပေမည်။ ထို့ကြောင့် ငါ၏အစားအစာကို ချက်ပြုတ်ရန် စားဖိုမှူးတစ်ဦးကို မရမက ရှာဖွေဖို့ မလိုအပ်ခဲ့ပေ၊ အိမ်ချက်ဟင်းလျာများကို ချက်ပြုတ်နိုင်သူတစ်ဦးသည် လုံလောက်မည်ဖြစ်သည်။ သို့သော် ဤခေါင်းဆောင်များသည် အလွန် “မေတ္တာကြီးကြသဖြင့်” ၎င်းတို့ ငါ့ကို ဧည့်ခံသည့်အခါ အစားအသောက်ပြင်ဆင်ရန် “စားဖိုမှူး” တစ်ဦးကို မရမက ရှာဖွေခဲ့ကြသည်။ စားဖိုမှူးက ငါ့အတွက် တရားဝင် မချက်ပြုတ်မီတွင် ခေါင်းဆောင်များက စစ်ဆေးမှုများ ပြုလုပ်ခဲ့ရသည်။ ၎င်းတို့ မည်သို့များ ဤအရာကို ပြုလုပ်ခဲ့ကြသနည်း။ ၎င်းတို့သည် စားဖိုမှူးအား ဖက်ထုပ်တစ်ဗန်းစာနှင့် ဟင်းအနှစ်ဖြင့်နယ်စားသော ခေါက်ဆွဲတစ်ပွဲ ချက်ပြုတ်စေခဲ့ပြီး အကြော်အလှော် ဟင်းပွဲအချို့ကို ချက်စေခဲ့သည်။ ခေါင်းဆောင်များနှင့် အဖွဲ့အမျိုးမျိုး၏ အကြီးအကဲများအားလုံးသည် ယင်းတို့ကို မြည်းစမ်းခဲ့ကြပြီး ဟင်းလျာအားလုံးသည် အတော်အတန် ကောင်းမွန်သည်ကို တွေ့ရှိခဲ့ကြသည်။ နောက်ဆုံးတွင် ၎င်းတို့သည် စားဖိုမှူးအား ငါ့အတွက် ချက်ပြုတ်ပေးသည့်အလုပ်ကို တာဝန်ယူရန် တောင်းဆိုခဲ့ကြသည်။ ခေါင်းဆောင်များ၏ အရသာမြည်းစမ်းမှု ရလဒ်များနှင့် ပါဝင်သောကိစ္စရပ်များ၏ သဘောသဘာဝကို ဘေးဖယ်ထားလျက် ဤစားဖိုမှူး ပြင်ဆင်ခဲ့သော အစားအသောက်အကြောင်းကို ဦးစွာ ပြောကြစို့။ ငါပထမအကြိမ် သွားရောက်ခဲ့စဉ်က စားဖိုမှူးသည် အကြော်အလှော် ဟင်းပွဲအနည်းငယ်ကို ချက်ခဲ့ပြီး လူတိုင်း အတော်အတန် ကျေနပ်ခဲ့ကြသည်။ ဒုတိယအကြိမ်တွင် စားဖိုမှူးသည် ဖက်ထုပ်တစ်ဗန်းစာကို ပြုလုပ်ခဲ့သည်။ ပထမတစ်ခုကို စားပြီးနောက် တစ်ခုခုမှားနေသည်ကို ငါခံစားမိခဲ့သည်၊ အနည်းငယ် စပ်နေခဲ့သည်။ ငါ့ဘေးရှိ အခြားသူများကလည်း ဖက်ထုပ်များသည် အနည်းငယ် စပ်သည်ဟု ပြောဆိုခဲ့ကြပြီး ၎င်းတို့၏ လျှာများသည် စတင်ထူပူလာသကဲ့သို့ ခံစားခဲ့ကြရသည်။ သို့သော် ဖက်ထုပ်များသည် တစ်ခုတည်းသော အဓိကဟင်းဖြစ်သောကြောင့် စပ်သော်လည်း ငါသည် ၎င်းတို့ကို အကုန်စားခဲ့ရသည်။ သွပ်ထားသည့်အစာထဲတွင် ငရုတ်သီးကို မမြင်ရသောကြောင့် မည်သည့်အရာက စပ်အောင်လုပ်သည်ဖြစ်စေ ငါသည် လျစ်လျူရှုပြီး အစားအစာကို ကုန်အောင်စားခဲ့သည်။ ရလဒ်အနေဖြင့် ထိုညနေတွင် ငါ၏ခန္ဓာကိုယ်သည် ဓာတ်မတည့်မှု စတင်ဖြစ်ပေါ်ခဲ့သည်။ ငါ၏ခန္ဓာကိုယ်အနှံ့ နေရာများစွာတို့သည် အဆက်မပြတ် ယားယံလာခဲ့ပြီး ငါသည် တရစပ် ကုတ်ခြစ်နေခဲ့ရသည်၊ အယားပြေရန် သွေးထွက်သည်အထိ ကုတ်ခြစ်ခဲ့ရသည်။ သုံးရက်ကြာ ယားယံပြီးမှသာ ခံစားချက်သည် တဖြည်းဖြည်း သက်သာသွားခဲ့သည်။ ဤဓာတ်မတည့်မှု ဖြစ်ပြီးနောက် ဖက်ထုပ်များထဲတွင် ငရုတ်ကောင်းကို သေချာပေါက် ထည့်ထားကြောင်း ငါသဘောပေါက်ခဲ့သည်၊ သို့မဟုတ်ပါက ၎င်းတို့သည် ဤမျှ စပ်ခဲ့မည်မဟုတ်ပေ။ ငါသည် ငရုတ်ကောင်းကဲ့သို့ စပ်သောပါဝင်ပစ္စည်းများကို မခံနိုင်သောကြောင့် မထည့်ရန် ၎င်းတို့ကို အသိပေးခဲ့ပြီးဖြစ်သည်။ သို့သော် ၎င်းတို့သည် မိမိတို့၏ အကြိုက်ကို ဖြည့်ဆည်းရန်အတွက် ပုံမှန်ပမာဏထက် ကျော်လွန်သည့် ပမာဏတော်တော်များများကို ထည့်ခဲ့ကြသည်၊ ထိုဖက်ထုပ်များကို စားသုံးရာတွင် စပ်သောခံစားမှုတစ်ခု ရှိခဲ့သည်။ ထိုစားဖိုမှူးသည် သူ၏ချက်ပြုတ်မှုတွင် အချိုးအစားကိုပင် ကောင်းစွာ မချိန်ဆနိုင်ခဲ့ပေ၊ သူသည် တစ်စုံတစ်ဦးကို ဓာတ်မတည့်မှုဖြစ်စေလောက်သည်အထိ ငရုတ်ကောင်းများကို ထည့်ခဲ့သည်။ နောက်ပိုင်းတွင် ငါသည် သူ့ကို “ထိုစပ်သော အမျိုးအမည်များကို နောက်နောင် မည်သည့်အခါမျှ မထည့်နှင့်။ ယင်းတို့ကို ငါ ခံနိုင်ရည်မရှိ။ သင်၌ လူ့သဘာဝ တစ်စက်မျှ အမှန်တကယ် ရှိပါက နောက်တစ်ကြိမ် ထပ်မလုပ်နှင့်။ သင့်အတွက်သင် ချက်ပြုတ်လျှင် သင်စားသည့်အရာကို ငါ ဝင်စွက်ဖက်မည် မဟုတ်။ သို့သော် ငါ့အတွက် သင်ချက်ပြုတ်နေသောအခါတွင် တစ်ခုမျှ မထည့်နှင့်။ ငါတောင်းဆိုသည့် စံနှုန်းများကို လိုက်နာလော့” ဟု ပြောလိုက်သည်။ သူထိုသို့ လုပ်ဆောင်နိုင်ခဲ့သလော။ ခေါင်းဆောင်များသည် ဤအလုပ်ကို ကိုင်တွယ်သင့်သည် မဟုတ်လော။ ကံမကောင်းစွာဖြင့် မည်သူမျှ ယင်းကို အရေးမစိုက်ခဲ့ကြသည့်အပြင် ၎င်းတို့ လုပ်ဆောင်သင့်သည့် အလုပ်ထဲမှ တစ်ခုကိုမျှလည်း မလုပ်ဆောင်ခဲ့ကြပေ။ တစ်ကြိမ်တွင် စားဖိုမှူးသည် နောက်တစ်ကြိမ် ချက်ပြုတ်တော့မည့်ဆဲဆဲ၌ ဟင်းထဲသို့ထည့်ရန် ငရုတ်ကောင်းအချို့ကို ကောက်ကိုင်လိုက်ရာတွင် အနီးအနားမှ တစ်စုံတစ်ဦးက မြင်၍ သူ့ကို တားဆီးခဲ့သည်။ ၎င်းတို့ကို တင်းကျပ်စွာ ကြီးကြပ်မှုအောက်တွင် သူသည် ယင်းကို ထည့်ရန် အခွင့်အရေး မရခဲ့ပေ။ ဤမျှ သေးငယ်သော ပြဿနာလေးကို ခေါင်းဆောင်များသည် မဖြေရှင်းနိုင်ခဲ့ကြပေ၊ သို့ဆိုလျှင် ၎င်းတို့သည် မည်သည့်အရာကို လုပ်ဆောင်နိုင်သနည်း။ စားဖိုမှူး ချက်ပြုတ်နေသည့်အခါ ၎င်းတို့သည် မြည်းစမ်းရန် အလွန်တက်ကြွကြသည်။ လူအချို့သည် အရသာမြည်းစမ်းရန် သွားခဲ့ကြသည်။ ယင်းမှာ သာမန်အိမ်ချက်ဟင်းလျာတစ်ခုသာ ဖြစ်သည်၊ ယင်းနှင့်ပတ်သက်၍ မြည်းစမ်းစရာ အဘယ်အရာ ရှိသနည်း။ သင်တို့အားလုံးသည် အချက်အပြုတ်ဆိုင်ရာ ပညာရှင်များလော။ သင်တို့သည် ခေါင်းဆောင်များ ဖြစ်လာပြီးနောက် ရုတ်တရက် အရာရာကို နားလည်သွားကြသလော။ သင်တို့သည် ကျန်းမာရေး စည်းမျဉ်းများကို နားလည်ကြသလော။ ဤသို့ပြုလုပ်ရန် ဘုရားအိမ်တော်က သင်တို့ကို စီစဉ်ခဲ့သလော။ ငါ့ကိုယ်စား အစားအစာကို မြည်းစမ်းရန် သင်တို့ကို ငါသည် မည်သည့်အချိန်က အပ်နှင်းခဲ့သနည်း၊ သို့မဟုတ် တာဝန်ပေးစေခိုင်းခဲ့သနည်း။ သင်တို့သည် အလွန်ပင် ဆင်ခြင်တုံတရား ကင်းမဲ့လှသည်၊ အရှက်တရားဟူ၍ တစ်စက်မျှပင် မရှိပေ။ အရှက်တရား အနည်းငယ်ရှိသော မည်သူမဆိုသည် အလွန်ဗြောင်ကျသော၊ အလွန်စက်ဆုပ်ရွံရှာဖွယ်ကောင်းပြီး၊ အလွန်ဆင်ခြင်တုံတရား ကင်းမဲ့သော အရာတစ်ခုကို လုပ်ဆောင်မည်မဟုတ်ပေ။ ၎င်းတို့သည် ငါ့အတွက် အစားအစာကို မြည်းစမ်းခဲ့ကြသည်မှာ ယင်းက ဤလူများသည် အရှက်တရား လုံးဝမရှိကြောင်းကို ပြသလေသည်။ သင်တို့ကို ငါပြောခဲ့သော စည်းမျဉ်းများထဲမှ တစ်ခုကိုမျှ သင်တို့ လိုက်နာခြင်း သို့မဟုတ် ဖြည့်ဆည်းခြင်း မရှိပေ။ သင်တို့အတွက် အရသာကောင်းပြီး သင်တို့၏ လျှာအရသာနှင့် ကိုက်ညီသော မည်သည့်အရာကိုမဆို သင်တို့သည် စားဖိုမှူးအား ချက်ပြုတ်ခိုင်းသည်။ ယင်းသည် ငါ့အတွက် ချက်ပြုတ်ခြင်းလော။ ယင်းမှာ သင်တို့ကိုယ်တိုင်အတွက် ချက်ပြုတ်ခြင်း မဟုတ်လော။ ဤသည်မှာ သင်တို့ ခေါင်းဆောင်များအဖြစ် ပြုမူသည့်ပုံစံ ဖြစ်သလော။ အခွင့်အရေးယူရန်၊ ဟာကွက်များကို အမြတ်ထုတ်ရန်နှင့် ငါ့အား မျက်နှာလုပ်ရန် အခွင့်အရေးတိုင်းကို ဆုပ်ကိုင်ကြသည်၊ သင်တို့သည် ငါ့အား မျက်နှာလုပ်လိုပါက ငါ့ကို အန္တရာယ်မပေးနှင့်။ ဤသည်မှာ သူတော်ကောင်းတရား ကင်းမဲ့သည် မဟုတ်လော။ ဤသည်မှာ မမှန်ကန်သော ရည်ရွယ်ချက်များ ထားရှိခြင်း မဟုတ်လော။ ၎င်းတို့သည် အရှက်မရှိကြဘဲ မလျော်ကန်သော ရည်ရွယ်ချက်များ ထားရှိကြသည့်တိုင် ၎င်းတို့သည် အလွန်သစ္စာစောင့်သိသည်ဟု ထင်မှတ်နေကြဆဲ ဖြစ်သည်။ ၎င်းတို့လုပ်ဆောင်ခဲ့သော ဤအရာများထဲမှ တစ်ခုခုသည် ခေါင်းဆောင်များ အမှန်တကယ် လုပ်ဆောင်သင့်သည့်အရာ ဖြစ်ပါသလော။ (မဟုတ်ပါ။) ၎င်းတို့လုပ်ဆောင်ခဲ့သော မည်သည့်အရာမျှ စံနှုန်းများ မရှိခဲ့ပေ။ မည်သည့်အစားအစာက ကျန်းမာရေးနှင့်ညီညွတ်ပြီး မည်သည့်အစားအစာက မညီညွတ်သည်ကိုပင် ၎င်းတို့မသိကြသည့်တိုင်အောင် ဤနေရာသို့လာ၍ ငါ့အတွက် ကျန်းမာရေးနှင့် အစားအသောက် ကျွမ်းကျင်သူများအဖြစ် ပါဝင်ဆောင်ရွက်နိုင်သည်ဟု ထင်မှတ်ခဲ့ကြသည်။ ငါ့အတွက် ချက်ပြုတ်ခြင်းနှင့် ပတ်သက်လာသည့်အခါ သင်တို့သည် စစ်ဆေးမှုများ ပြုလုပ်ရမည်ဟု မည်သူက ပြဋ္ဌာန်းခဲ့သနည်း။ အသင်းတော်တွင် ဤပြဋ္ဌာန်းချက် ရှိသလော။ ဘုရားအိမ်တော်က ဤအစီအစဉ်ကို ပြုလုပ်ခဲ့သလော။ အသင်းတော်အလုပ်၏ ကဏ္ဍအသီးသီးတွင် ဟာကွက်များစွာ ပေါ်ပေါက်ခဲ့သည်၊ လူများစွာတို့သည် ဘုရားသခင်အပေါ် အထင်လွဲမှားမှုများ ရှိခဲ့ကြပြီး သမ္မာတရားကို လုံးဝ နားမလည်ခဲ့ကြသည့်တိုင် သင်တို့သည် ထိုအရာများကို မဖြေရှင်းခဲ့ကြပေ။ ထိုအစား သင်တို့သည် သင်တို့၏ “တာဝန်” ကို ကောင်းမွန်စွာ ဖြည့်ဆည်းလျက် မီးဖိုချောင်ကဲ့သို့သော ဤမျှသေးငယ်သော နေရာတစ်ခုတွင် သင်တို့၏ ကြိုးစားအားထုတ်မှုကို ထည့်သွင်းခဲ့ကြသည်။ သင်တို့သည် အယောင်ဆောင်ခေါင်းဆောင်စစ်စစ်များ၊ ကြောင်သူတော်များသာ ဖြစ်ကြသည်။ သင်တို့သည် ငါ့ရှေ့တည့်တည့်တွင် အမှုအရာများကို စစ်ဆေးနေခဲ့သည်၊ သင်တို့သည် အဘယ်အရာကို နားလည်ခဲ့ကြသနည်း။ သင်တို့သည် ငါ့ကို တိုင်ပင်ခဲ့ကြသလော။ သင်တို့သည် သင်တို့၏ ကိုယ်ပိုင်စိတ်ကူးကို ဖော်ပြနေခြင်းလော သို့မဟုတ် ငါ၏စိတ်ကူးကို ဖော်ပြနေခြင်းလော။ အကယ်၍ သင်တို့သည် ငါ၏စိတ်ကူးကို ဖော်ပြနေပြီး ငါက သင်တို့ကို ယင်းကို ပြောကြားရန် တောင်းဆိုခဲ့ပါက သင်တို့လုပ်ဆောင်နေသည့်အရာသည် မှန်ကန်ပေမည်။ ယင်းသည် သင်တို့၏ တာဝန်ဝတ္တရား ဖြစ်ပေမည်။ အကယ်၍ သင်တို့သည် ငါ၏စိတ်ကူးမဟုတ်ဘဲ သင်တို့၏ ကိုယ်ပိုင်စိတ်ကူးကို ဖော်ပြနေပြီး အခြားသူများကို နားထောင်ရန်နှင့် လက်ခံရန် အတင်းအကျပ် မလျှော့တမ်း ဖိအားပေးခဲ့ပါက ဤအရာ၏ သဘောသဘာဝသည် အဘယ်အရာဖြစ်သနည်း။ ငါ့ကို ပြောလော့၊ ငါသည် ဤအရာကို စက်ဆုပ်ရွံရှာမည် မဟုတ်လော။ ငါသည် ထိုနေရာတွင် ရှိနေခဲ့ပြီး ၎င်းတို့သည် ငါစားသုံးသည့်အရာများ သို့မဟုတ် ငါ၏လိုအပ်ချက်များသည် အဘယ်အရာဖြစ်သည်ကို ငါ့အား တစ်ခွန်းမျှပင် မမေးမြန်းခဲ့ကြပေ၊ ၎င်းတို့သည် ငါ၏ခွင့်ပြုချက်မရှိဘဲ ဆုံးဖြတ်ချက်များချခဲ့ကြပြီး ငါ့ကွယ်ရာတွင် ထင်ရာမြင်ရာ အမိန့်များပေးခဲ့ကြသည်။ ၎င်းတို့သည် ငါ့ကို ကိုယ်စားပြုရန် ကြိုးစားနေခြင်းလော။ ဤသည်မှာ အယောင်ဆောင်ခေါင်းဆောင်များက မကောင်းမှုများ ပြုလုပ်လျက် သောင်းကျန်းနေခြင်း၊ ဝိညာဉ်ရေးရာဆန်သည်ဟု ဟန်ဆောင်ခြင်း၊ ဘုရားသခင်၏ ဝန်ကို အလေးထားသည်ဟု ဟန်ဆောင်ခြင်းနှင့် သမ္မာတရားကို နားလည်သည်ဟု ဟန်ဆောင်ခြင်းဖြစ်ပြီး ကြောင်သူတော်ဆန်သော အမှုအရာများကိုသာ လုပ်ဆောင်ခြင်း ဖြစ်သည်။ ဤသည်မှာ အတော်ပင် လွန်လွန်းနေပြီ မဟုတ်လော။ ဤသည်မှာ အလွန် စက်ဆုပ်ရွံရှာဖွယ်ကောင်းပြီး ရွံမုန်းဖွယ်ကောင်းနေပြီ မဟုတ်လော။ (ဟုတ်ပါသည်။) သင်တို့သည် ထိုးထွင်းသိမြင်မှု တစ်ခုတလေ ရရှိခဲ့သလော။ သင်တို့သည် ဤအရာမှ သင်ခန်းစာ တစ်စုံတစ်ရာ ရရှိခဲ့ကြသလော။ ဤကိစ္စရပ်တစ်ခုစီတိုင်းသည် တစ်ခုပြီးတစ်ခု ပိုပို၍ စက်ဆုပ်ရွံရှာဖွယ်ကောင်းလာပြီး သာ၍ပင် စက်ဆုပ်ရွံရှာဖွယ်ကောင်းသော နောက်တစ်ခု ရှိသေးသည်။
ဤဆောင်းရာသီတွင် စေတနာရှိသူတစ်ဦးက ငါ့အတွက် “လှပသော” ငှက်မွေးကုတ်အင်္ကျီတစ်ထည်ကို ဝယ်ပေးခဲ့သည်။ ယင်း၏အလှသည် ကုတ်အင်္ကျီ၏အရောင် သို့မဟုတ် ပုံစံတွင်မရှိဘဲ ယင်း၏မြင့်မားသောစျေးနှုန်းနှင့် အဆင့်မြင့်အရည်အသွေးတွင် ရှိသည်၊ ယင်းသည် တန်ဖိုးရှိသောပစ္စည်းတစ်ခု ဖြစ်ခဲ့သည်။ ဘာသာတရားမရှိသူများကြားတွင် “မိုင်တစ်ထောင်အဝေးမှ ပို့လိုက်သော ငန်းမွေးတစ်ခု၊ ထိုလက်ဆောင်သည် သေးငယ်ကောင်း သေးငယ်နိုင်သော်လည်း ခံစားချက်သည် နက်ရှိုင်းသည်” ဟူသော ဆိုစကားတစ်ခု ရှိသည်။ ဤကုတ်အင်္ကျီသည် ခံစားချက်ပါရှိရုံသာမက အမှန်တကယ်ပင် အလွန်စျေးကြီးခဲ့သည်။ ကုတ်အင်္ကျီကို မမြင်မီကပင် ယင်းသည် ကြည့်ကောင်းပြီး အနီရောင်ဖြစ်ကာ ဒီဇိုင်းကောင်းမွန်ပြီး အသားကောင်းသည်ဟု ငါကြားသိခဲ့ပြီးဖြစ်သည်။ ငါသည် ယင်းအကြောင်းကို ကြားသိခဲ့ခြင်းဖြစ်ရာ အချို့လူများသည် အမှန်တကယ်ပစ္စည်းကို မြင်တွေ့ခဲ့ပြီးဖြစ်သည်မှာ မလွဲဧကန်ပင်၊ ဆိုလိုသည်မှာ လူအတော်များများက ယင်းကို မြင်တွေ့ခဲ့ပြီးဖြစ်ကာ အကြမ်းဖျင်းတိုင်းတာပြီး အနီးကပ်စစ်ဆေးလျက် “ဤအမှတ်တံဆိပ်ကို ကျွန်ုပ်သိသည်၊” “အရောင်အသွေး ကောင်းသည်၊ ယင်းက လှလိုက်လေခြင်း၊” “သင်ကြည့်ပြီးသွားသည့်နောက် ကျွန်ုပ်ကြည့်ဖို့ ယူလာပေးပါ” ဤကဲ့သို့သော စကားများကို ပြောဆိုခဲ့ကြပြီး ထိုသို့ဖြင့် သတင်းသည် ပျံ့နှံ့သွားခဲ့သည်။ ဤသတင်းသည် ငါ့နားသို့ ရောက်ရှိရန်နှင့် ယင်းအကြောင်းကို ငါအနည်းငယ် သိရှိရန် အချိန်မည်မျှကြာခဲ့သည်ကို ငါမသိပေ။ ဤနေရာတွင် ပြဿနာကို သင်တို့ မြင်နိုင်သလော။ ငါသည် ကုတ်အင်္ကျီကို မမြင်ရသေးဘဲ ၎င်းကို အခြားလူများစွာတို့က မြင်တွေ့၊ လက်ဆင့်ကမ်းပြီး ပြသခဲ့ပြီးဖြစ်သည်။ ဤသည်မှာ ပြဿနာတစ်ခု မဟုတ်လော။ လူတို့သည် ငါ၏ဥစ္စာပစ္စည်းများကို ပေါ့ပေါ့ဆဆ ကြည့်ရှုခြင်း၊ ထိတွေ့ခြင်းနှင့် ပြသခြင်းတို့ကို ပြုလုပ်၍ရနိုင်သလော။ (ပြုလုပ်၍မရနိုင်ပါ။) မည်သူ၏ ဥစ္စာပစ္စည်းများကို လူတို့က ပေါ့ပေါ့ဆဆ ထိတွေ့ပြီး ကြည့်ရှုနိုင်သနည်း။ (မည်သူမျှ ဤသို့ဖြစ်ပျက်သည်ကို အလိုရှိမည်မဟုတ်ဘဲ မည်သူမျှ ဤသို့မပြုလုပ်သင့်ပါ။) သို့ဆိုလျှင် ငါ၏ဥစ္စာပစ္စည်းများသည် ပို၍ပင် ထိ၍မရ ဖြစ်သင့်သည် မဟုတ်လော။ အချို့လူများက “အဘယ်ကြောင့် ယင်းတို့သည် ထိ၍မရ ဖြစ်သင့်သနည်း။ သင်သည် လူအများသိသော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ ကျော်ကြားသူများနှင့် ကြယ်ပွင့်များ၏ ကိုယ်ပိုင်ဘဝများသည် အမြဲတမ်း ဖော်ထုတ်ခံရသည် မဟုတ်လော။ ၎င်းတို့ အားကစားလုပ်သည့်နေရာ၊ အလှအပဆိုင်ရာ ကုထုံးများခံယူသည့်နေရာ၊ ပေါင်းသင်းဆက်ဆံသည့်သူ၊ ဝတ်ဆင်သည့်တံဆိပ်များ၊ ဤအရာအားလုံးသည် ဖော်ထုတ်ခံရသည် မဟုတ်လော။ သင်၏အရာများသည် အဘယ်ကြောင့် ဖော်ထုတ်မခံရသင့်သနည်း” ဟု ပြောဆိုကြသည်။ ငါသည် ကျော်ကြားသူတစ်ဦးလော။ ငါသည် ကျော်ကြားသူတစ်ဦးမဟုတ်သကဲ့သို့ သင်သည်လည်း ငါ၏ ပရိတ်သတ်မဟုတ်ပေ။ သင်သည် မည်သူနည်း။ သင်သည် သာမန်လူတစ်ဦး၊ ဖန်ဆင်းခံတစ်ဦးနှင့် ဖောက်ပြန်ပျက်စီးသော လူသားတစ်ဦး ဖြစ်သည်။ ငါသည် မည်သူနည်း။ (ဘုရားသခင် ဖြစ်ပါသည်။) ငါသည် နာမည်ကြီး ပုဂ္ဂိုလ်တစ်ဦးမဟုတ်ပေ၊ ငါသည် အရာရာတိုင်းကို သင့်ထံ ဖော်ထုတ်ရန်၊ အရာရာတိုင်းကို သင့်ထံ အစီရင်ခံရန် သို့မဟုတ် အရာရာတိုင်းနှင့်ပတ်သက်၍ သင့်ကို အသိပေးရန် တာဝန်မရှိပေ။ သို့ဆိုလျှင် အဘယ်ကြောင့် သင်သည် ငါနှင့်ဆိုင်သော အရာတစ်ခုကို ထိတွေ့ရသနည်း။ ထိုသို့ပြုလုပ်ခြင်းသည် စက်ဆုပ်ရွံရှာဖွယ်ကောင်းသည် မဟုတ်လော။ ငါနှင့်ဆိုင်သော ဤပစ္စည်းကို ကြည့်ရှုပြီး စစ်ဆေးမှုများပြုလုပ်ရန် သင့်ကို ငါတာဝန်ပေးစေခိုင်းခဲ့သလော။ မခိုင်းခဲ့ပေ။ သို့တိုင်အောင် အချို့လူများသည် ယင်းကိုယူ၍ ဤသို့ဗြောင်ကျသောပုံစံဖြင့် ပေါ့ပေါ့ဆဆ ကြည့်ရှုဝံ့ကြပြီး လက်ဆင့်ပင် ကမ်းဝံ့ကြသည်။ ယင်းကို လက်ဆင့်ကမ်းရန် သင့်ကို မည်သူက အခွင့်ပေးခဲ့သနည်း။ ဤသည်မှာ သင်၏တာဝန်ဝတ္တရားလော။ အကယ်၍ သင်သည် ဘုရားသခင်ကို မယုံကြည်ပါက ငါတို့သည် တစ်ဦးနှင့်တစ်ဦး သူစိမ်းများ ဖြစ်ကြသည်။ သင်သည် ဘုရားသခင်ကို ယုံကြည်သောကြောင့်သာ သင်မည်သူဖြစ်သည်ကို ငါသိခြင်းဖြစ်သော်လည်း သင်၏မိသားစု၊ နေ့စဉ်ဘဝ သို့မဟုတ် ငွေကြေးအခြေအနေများသည် မည်သို့ရှိသည်ကို ငါမသိသကဲ့သို့ သိရန်လည်း ဂရုမစိုက်ပေ။ ငါတို့သည် ရင်းနှီးကြသလော။ ငါသည် သင်၏ အရင်းနှီးဆုံး မိတ်ဆွေ၊ မိတ်ဆွေကောင်း သို့မဟုတ် ရဲဘော်ရဲဘက်လည်း မဟုတ်ပေ။ ငါတို့သည် မရင်းနှီးကြသကဲ့သို့ ငါ၏အရာအားလုံးကို သင်ကြည့်ရှုရန် ဖွင့်ပြထားသင့်သည့်အဆင့်သို့လည်း မရောက်သေးပေ။ သင်၏ဥစ္စာပစ္စည်းများအားလုံးကို ငါကြည့်ရှုခွင့်ပေးပြီး လူတိုင်းမြင်တွေ့၍ ထိတွေ့ရန် ပြသခွင့်ပေးမည်လော။ သင်သည် ဈေးမှ အိမ်သို့ တစ်စုံတစ်ခုကို ယူဆောင်လာသည့်အခါပင် ပိုးသတ်ရန် အကြိမ်အနည်းငယ် ဆေးကြောဖို့ လိုအပ်သည်။ အခြားလူများ ပေါ့ပေါ့ဆဆ ထိတွေ့ခဲ့သော အရာများသည် စက်ဆုပ်ရွံရှာဖွယ်ကောင်းသည် မဟုတ်လော။ သင်သည် သင့်ကိုယ်သင် အပြင်လူတစ်ဦးအဖြစ် သဘောထားပြုမူရန် ပျက်ကွက်ပြီ မဟုတ်လော။ ငါ၏ကုတ်အင်္ကျီကို စစ်ဆေးရန် သင့်ကို မည်သူက တာဝန်ပေးစေခိုင်းခဲ့သနည်း။ ငါသည် သင့်ကို ယုံကြည်သလော။ ငါ၏ကုတ်အင်္ကျီကို မဆင်မခြင် ထိတွေ့ခြင်းမပြုမီ သင်၏လက်များကို သန့်ရှင်းအောင် ဆေးကြောခဲ့ပြီးပြီလော။ ငါသည် သင့်ကို စက်ဆုပ်ရွံရှာမည် မဟုတ်လော။ သင်သည် ဤအရာကို မိမိကိုယ်တိုင်ပင် မသိရှိလေသလော။ အဘယ်ကြောင့် သင်သည် ဤမျှ အရှက်မရှိရသနည်း။ သင်သည် အလွန် ဆင်ခြင်တုံတရား ကင်းမဲ့လှသည်။ သင်သည် ဘုရားသခင်ကို နှစ်အတန်ကြာ ယုံကြည်ခဲ့ပြီး တရားဒေသနာများစွာကို ကြားခဲ့ပြီးဖြစ်သည်၊ အဘယ်ကြောင့် သင်သည် ဆင်ခြင်တုံတရား အနည်းငယ်မျှပင် ကင်းမဲ့ရသနည်း။ ဘုရားသခင်နှင့်ဆိုင်သော ပူဇော်သက္ကာများကို ပေါ့ပေါ့ဆဆ ဖွင့်ခြင်း၊ သူ၏အဝတ်အစားများ၊ သူနှင့်ဆိုင်သော အရာများကို ပေါ့ပေါ့ဆဆ ကိုင်တွယ်ခြင်း၊ ဤသည်မှာ မည်သို့သော ပြဿနာမျိုးနည်း။ ဤပစ္စည်းများ၏ ထုပ်ပိုးမှုများကို ဖွင့်ပြီး လွှင့်ပစ်ထားသည်ကို ငါမြင်သည့်အခါ ငါသည် အဘယ်သို့လျှင် ဒေါသမထွက်ဘဲ နေနိုင်မည်နည်း။ ငါသည် ဤအရာများကို စက်ဆုပ်ရွံရှာပြီး ဤလူများကိုလည်း စက်ဆုပ်ရွံရှာတော်မူသည်။ ငါသည် ၎င်းတို့ကို နောက်တစ်ကြိမ် မမြင်လိုတော့သကဲ့သို့ ဝက်များနှင့် ခွေးများထက် ဆိုးသော ဤလူများနှင့် ပေါင်းသင်းဆက်ဆံလိုခြင်းလည်း သေချာပေါက် မရှိပေ။ လူတိုင်းတွင် ကိုယ်သိက္ခာနှင့်ကိုယ် ရှိပြီး ငါ၌ ပို၍ပင် ရှိသည်ကို အမှတ်ရလော့။ ငါနှင့်ဆိုင်သော အရာများနှင့် မပတ်သက်နှင့်၊ သို့တည်းမဟုတ်ပါက ငါသည် သင့်ကို စက်ဆုပ်ရွံရှာပြီး ရွံမုန်းမည်။
အပေါ်ယံအားဖြင့် အယောင်ဆောင် ခေါင်းဆောင်များသည် ကြီးမားသော မကောင်းမှုများကို မကျူးလွန်ကြ သို့မဟုတ် ဗြောင်ကျကျ သစ္စာဖောက်သော လူယုတ်မာများလည်း မဟုတ်ကြပေ။ သို့သော် ၎င်းတို့နှင့်ပတ်သက်၍ စက်ဆုပ်ဖွယ်အကောင်းဆုံးသော အရာမှာ ၎င်းတို့သည် တကယ့်အလုပ် လုပ်ဆောင်ရန် ရှိသည်ကို မြင်နိုင်သော်လည်း မလုပ်ဆောင်ခြင်း၊ ပြဿနာများကို မဖြေရှင်းနိုင်ကြောင်း ကောင်းစွာသိသော်လည်း သမ္မာတရားကို မရှာဖွေခြင်း၊ ဆိုးယုတ်သောလူများက အနှောင့်အယှက်များ ဖြစ်စေနေသည်ကို မြင်သော်လည်း ၎င်းတို့ကို မကိုင်တွယ်ခြင်းတို့ဖြစ်ပြီး ထိုအစား ၎င်းတို့သည် အပြင်ပန်း အထွေထွေကိစ္စများကိုသာ ဂရုစိုက်ကြခြင်း ဖြစ်သည်။ ၎င်းတို့သည် သာမညကိစ္စများနှင့် အသေးအဖွဲကိစ္စများကို အနီးကပ်မျက်ခြည်မပြတ် စောင့်ကြည့်ပြီး တင်းတင်းကျပ်ကျပ် ကိုင်တွယ်ကြသော်လည်း ဘုရားသခင် ရွေးချယ်ထားသောလူများ၏ အသက်ဝင်ရောက်မှုနှင့် သက်ဆိုင်သော အလုပ်ထဲမှ တစ်ခုကိုမျှ မလုပ်ဆောင်ကြ သို့မဟုတ် သမ္မာတရား စည်းမျဉ်းများကို ဆန့်ကျင်သော အမျိုးမျိုးသော ကိစ္စရပ်များကိုလည်း ဂရုမစိုက်ကြပေ။ ထိုအစား ၎င်းတို့သည် သမ္မာတရားနှင့် မသက်ဆိုင်သော အလုပ်ကိုသာ လုပ်ဆောင်ကြသည်။ ဤလူများသည် အယောင်ဆောင် ခေါင်းဆောင်စစ်စစ်များ ဖြစ်ကြသည်။ အယောင်ဆောင် ခေါင်းဆောင်များသည် အသင်းတော်အလုပ်၏ ကဏ္ဍအသီးသီးတွင် ပါဝင်သော သမ္မာတရား စည်းမျဉ်းများကို လုံးဝမသိနားမလည်ကြပေ။ အကယ်၍ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ စည်းမျဉ်းများနှင့် စံနှုန်းများဖြင့် တိုင်းတာမည်ဆိုပါက အယောင်ဆောင်ခေါင်းဆောင်များသည် လူမိုက်များနှင့် ငတုံးများ ဖြစ်ကြသည်။ အသင်းတော်၏ အလုပ်တွင် ပေါ်ပေါက်လာသော ပြဿနာများ မည်မျှပင် ဆိုးရွားပါစေ အယောင်ဆောင်ခေါင်းဆောင်များသည် ၎င်းတို့၏ မျက်စိအောက်တွင်ပင် ဖြစ်ပျက်နေသော်လည်း ထိုပြဿနာများကို မမြင်နိုင် သို့မဟုတ် မဖြေရှင်းနိုင်ကြဘဲ အထက်က လာရောက်၍ ထိုပြဿနာများကို ကိုယ်တိုင် ဖြေရှင်းပေးရသည်။ ဤလူများသည် အယောင်ဆောင်ခေါင်းဆောင်များ မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့သည် အမှန်ပင် အယောင်ဆောင်ခေါင်းဆောင်များ ဖြစ်ကြသည်။ ဥပမာအားဖြင့် အသင်းတော်၏ စာနှင့်ပတ်သက်သောအလုပ်တွင် မည်သည့်စာအုပ်များကို စာမူကြမ်းစစ်ဆေးသင့်သည်၊ မည်သည့်စာအုပ်များကို ဘာသာပြန်သင့်သည်၊ ဤသည်တို့မှာ အသင်းတော်အတွက် အရေးပါသော တာဝန်များ ဖြစ်ကြသည်။ စာအုပ်များကို မည်သို့ စာမူကြမ်းစစ်ဆေးပြီး ဘာသာပြန်ရမည်နှင့်ပတ်သက်၍ စည်းမျဉ်းများ ရှိသလော။ ဤအလုပ်တွင် စည်းမျဉ်းများ လုံးဝရှိသည်၊ ယင်းသည် စည်းမျဉ်းကို အလွန်အခြေခံပြီး အမှန်တကယ်ပင် တိတိကျကျ မိတ်သဟာယဖွဲ့ရန်နှင့် လမ်းညွှန်ရန် လိုအပ်သည်၊ သို့သော် အယောင်ဆောင်ခေါင်းဆောင်များသည် ဤအလုပ်ကို မလုပ်ဆောင်နိုင်ကြပေ။ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများ မိမိတို့၏ တာဝန်များနှင့် အလုပ်ရှုပ်နေသည်ကို မြင်သည့်အခါ “စာနှင့်ပတ်သက်သည့်အလုပ်နှင့် ဘာသာပြန်သည့် အလုပ်တို့သည် အထူးသဖြင့် အရေးကြီးသည်။ ဤအလုပ်ကို ကောင်းစွာလုပ်ဆောင်ရန် သင်တို့စိတ်နှစ်ထားသင့်ပြီး သင်တို့တွင် ရှိသည့် မည်သည့်ပြဿနာကိုမဆို ကျွန်ုပ်ဖြေရှင်းပေးမည်” ဟု ဟန်ဆောင်ပြောဆိုကြသည်။ တစ်စုံတစ်ဦးက ပြဿနာတစ်ခုကို အမှန်တကယ် ထုတ်ဖော်ပြောဆိုသည့်အခါ ဤအယောင်ဆောင်ခေါင်းဆောင်များက “ဤကိစ္စကို ကျွန်ုပ် နားမလည်ပါ။ နိုင်ငံခြားဘာသာစကားများကို ဘာသာပြန်ဆိုရာတွင် ကျွန်ုပ်သည် လူပြိန်းတစ်ဦးသာ ဖြစ်သည်။ ဘုရားသခင်ထံ ဆုတောင်းပြီး ရှာဖွေလော့” ဟု ပြောဆိုကြသည်။ တစ်စုံတစ်ဦးက “အချို့ဘာသာစကားများကို ဘာသာပြန်ဆိုရန် သင့်တော်သည့်လူများကို ကျွန်ုပ်တို့ မရှာနိုင်ပါ၊ ယင်းနှင့်ပတ်သက်၍ မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း” ဟု မေးမြန်းလျက် နောက်ထပ်ပြဿနာတစ်ခုကို ထုတ်ဖော်ပြောဆိုသည့်အခါ အယောင်ဆောင်ခေါင်းဆောင်များက “ဤကိစ္စတွင် ကျွန်ုပ်သည် လူပြိန်းတစ်ဦးသာ ဖြစ်သည်။ ယင်းကို သင်တို့ဘာသာ ကိုင်တွယ်ကြပါ” ဟု တုံ့ပြန်ကြသည်။ ဤသို့ပြောဆိုခြင်းက ပြဿနာကို ဖြေရှင်းနိုင်သလော။ ၎င်းတို့သည် “ကျွန်ုပ်က လူပြိန်းတစ်ဦးဖြစ်သည်။ ဤလုပ်ငန်းကို ကျွန်ုပ် နားမလည်ပါ” ဟု ပြောဆိုလျက် ဆင်ခြေတစ်ခုကို ရှာဖွေပြီး ၎င်းတို့အလုပ်မလုပ်ဆောင်နေသည့် အဖြစ်မှန်ကို ဖုံးကွယ်ကာ ထိုသို့ဖြင့် ၎င်းတို့ဖြေရှင်းသင့်သော ပြဿနာကို ရှောင်လွှဲကြသည်။ ဤသည်မှာ အယောင်ဆောင်ခေါင်းဆောင်များ အလုပ်လုပ်ပုံဖြစ်သည်။ တစ်စုံတစ်ဦးက မေးခွန်းတစ်ခု မေးမြန်းသည့်အခါ အယောင်ဆောင်ခေါင်းဆောင်များက “ဘုရားသခင်ထံ ဆုတောင်းပြီး ကိုယ်တော့်ထံမှ ရှာဖွေကြပါ၊ ကျွန်ုပ်က ဤလုပ်ငန်းကို နားမလည်ဘူး၊ သို့သော်လည်း သင်တို့က နားလည်ကြသည်” ဟု ပြောဆိုကြသည်။ ၎င်းတို့သည် မိမိတို့ မစွမ်းဆောင်နိုင်ကြောင်းနှင့် ထိုလုပ်ငန်းကို နားမလည်ကြောင်း ဝန်ခံနေသဖြင့် ဤသည်မှာ နှိမ့်ချပုံရနိုင်သော်လည်း လက်တွေ့တွင် ၎င်းတို့သည် ခေါင်းဆောင်ပိုင်းအလုပ်ကို လုံးဝ မထမ်းဆောင်နိုင်ကြပေ။ ခေါင်းဆောင်တစ်ဦး ဖြစ်ခြင်းဟူသည်မှာ အလုပ်အကိုင်မျိုးစုံကို ၎င်းတို့ နားလည်ရန် လိုအပ်သည်ဟု မလွဲမသွေ ဆိုလိုခြင်းမျိုး မဟုတ်သော်လည်း ၎င်းတို့အနေဖြင့် ပြဿနာများကို ဖြေရှင်းရန် ထိုပြဿနာများက မည်သည့် အလုပ်အကိုင်အမျိုးအစားနှင့် ဆက်စပ်သည်ဖြစ်စေ လိုအပ်သည့် သမ္မာတရား စည်းမျဉ်းများကို ရှင်းလင်းစွာ မိတ်သဟာယပြုသင့်ကြပေသည်။ လူတို့သည် သမ္မာတရား စည်းမျဉ်းများကို နားလည်သရွေ့ ပြဿနာများကို သင့်တော်သလို ဖြေရှင်း၍ရနိုင်သည်။ အယောင်ဆောင် ခေါင်းဆောင်များက “ဤအရာတွင် ကျွန်ုပ်သည် လူပြိန်းတစ်ယောက်ဖြစ်သည်။ ဤအလုပ်အကိုင်ကို ကျွန်ုပ် နားမလည်ပါ”ဟူသည်ကို ပြဿနာများ ဖြေရှင်းခြင်းအတွက် သမ္မာတရား စည်းမျဉ်းများအား မိတ်သဟာယပြုခြင်းကို ရှောင်ရှားရန် အကြောင်းပြချက်တစ်ခုအဖြစ် အသုံးပြုကြသည်။ ဤသည်မှာ စစ်မှန်သောအလုပ်ကို လုပ်ဆောင်ခြင်း မဟုတ်ပေ။ အယောင်ဆောင်ခေါင်းဆောင်များက “ဤအရာတွင် ကျွန်ုပ်သည် လူပြိန်းတစ်ယောက်ဖြစ်သည်။ ဤအလုပ်အကိုင်ကို ကျွန်ုပ် နားမလည်ပါ”ဟူသည်ကို ပြဿနာများ ဖြေရှင်းခြင်းအား ရှောင်ရှားရန် အကြောင်းပြချက်တစ်ခုအဖြစ် တစိုက်မတ်မတ် အသုံးပြုလျှင် ခေါင်းဆောင်မှု အလုပ်အတွက် ၎င်းတို့ မသင့်တော်ပေ။ ၎င်းတို့ လုပ်ဆောင်သင့်သည့် အကောင်းဆုံးသောအရာမှာ နုတ်ထွက်ကာ ၎င်းတို့၏နေရာကို အခြားတစ်စုံတစ်ဦးအား ယူခွင့်ပေးရန် ဖြစ်သည်။ သို့သော် အယောင်ဆောင် ခေါင်းဆောင်များသည် ဤအသိစိတ်မျိုး ပိုင်ဆိုင်ကြသလော။ ၎င်းတို့ နုတ်ထွက်နိုင်လိမ့်မည်လော။ နုတ်ထွက်မည် မဟုတ်။ ၎င်းတို့က “မည်သည့်အလုပ်ကိုမျှ ငါ လုပ်ဆောင်နေခြင်းမရှိဟု သူတို့ အဘယ်ကြောင့် ပြောကြသနည်း။ နေ့တိုင်း စုဝေးပွဲများကို ငါ ကျင်းပပြီး အချိန်မှန်မှန် အစာမစားနိုင်အောင်ပင် ငါ အလွန်အလုပ်များသည့်အပြင် အိပ်ရေးဝဝ မအိပ်ရပါ။ ပြဿနာများ ပြေလည်သွားခြင်းမရှိဟု အဘယ်သူ ပြောသနည်း။ ငါသည် စုဝေးပွဲများကို ကျင်းပပြီး သူတို့နှင့် မိတ်သဟာယပြုကာ သူတို့အတွက် ဘုရားနှုတ်ကပတ်တော်များကို ရှာသည်”ဟုပင် တွေးကြလေသည်။ သင်က ၎င်းတို့ကို “တစ်စုံတစ်ယောက်က အချို့ဘာသာစကားများအတွက် သင့်တော်တဲ့ ဘာသာပြန်များကို ရှာမတွေ့ဟု ပြောသည်။ ဤသီးခြားပြဿနာကို သင်မည်သို့ ဖြေရှင်းခဲ့သနည်း” ဟု မေးသည်ဆိုပါစို့။ ၎င်းတို့က “ကျွန်ုပ်က ထိုလုပ်ငန်းကို နားမလည်ကြောင်း သူတို့ကိုပြောခဲ့ပြီး သူတို့အချင်းချင်း ဆွေးနွေးပြီး ကိုင်တွယ်စေခဲ့သည်” ဟု ပြောဆိုကြလိမ့်မည်။ ထို့နောက် သင်က ၎င်းတို့ကို “ဤပြဿနာက ပူဇော်သက္ကာများ၏ အသုံးစရိတ်၊ အသင်းတော်အလုပ်၏ တိုးတက်မှုတို့နှင့် သက်ဆိုင်သည်။ သူတို့ဘာသာ ဆုံးဖြတ်ချက်များ မချနိုင်ပါ၊ သူတို့က ဆုံးဖြတ်ချက်ချပေးဖို့ကိုလည်းကောင်း၊ ယင်းကို ဖြေရှင်းဖို့ သမ္မာတရား စည်းမျဉ်းများကို ရှာဖွေပေးရန်လည်းကောင်း သင့်ကို လိုအပ်သည်။ ဤအရာကို သင်လုပ်ခဲ့သလော” ဟု မေးသည်။ ၎င်းတို့က “ကျွန်ုပ်သည် မည်သို့လျှင် မလုပ်ဆောင်ခဲ့ဘဲ ရှိမည်နည်း။ ကျွန်ုပ် မည်သည့်အလုပ်ကိုမျှ နှောင့်နှေးစေခဲ့ခြင်းမရှိပါ။ အကယ်၍ ထိုဘာသာစကားကို ဘာသာပြန်ရန် မည်သူမျှမရှိပါက ၎င်းတို့သည် အခြားဘာသာစကားတစ်ခုကို ဘာသာပြန်လိုက်ရုံသာ ဖြစ်သည်” ဟု တုံ့ပြန်ကြလိမ့်မည်။ သင်တို့ မြင်ကြသလော၊ အယောင်ဆောင် ခေါင်းဆောင်များက စစ်မှန်သော အလုပ်မလုပ်နိုင်ကြသည့်တိုင် ဆင်ခြေတစ်ပြုံကြီး ပေးနေကြဆဲ ဖြစ်သည်။ ယင်းမှာ တကယ်ကို အရှက်မဲ့ပြီး စက်ဆုပ်ဖွယ်ဖြစ်သည်တကား။ သင်၏ အစွမ်းအစသည် အလွန် ညံ့ဖျင်းသည်။ သင်သည် မည်သည့် အလုပ်အကိုင်ကိုမျှ နားမလည်သကဲ့သို့ အတတ်ပညာဆိုင်ရာ အလုပ်နှင့်ဆိုင်သည့် ကိစ္စတိုင်းတွင် ပါဝင်သည့် သမ္မာတရား စည်းမျဉ်းများအပေါ် သဘောပေါက်နားလည်နိုင်စွမ်း မဲ့ကြသည်။ သင့်ကို ခေါင်းဆောင်တစ်ဦးအဖြစ် ရရှိခြင်း၏ အသုံးဝင်မှုမှာ အဘယ်နည်း။ သင်သည် တကယ်ကို မိုက်မဲသူတစ်ဦးနှင့် အသုံးမကျသူတစ်ဦးဖြစ်သည်။ သင့်အနေဖြင့် စစ်မှန်သော အလုပ်တစ်ခုကိုမျှ မလုပ်ဆောင်နိုင်ကြသည့်အတွက် အသင်းတော် ခေါင်းဆောင်တစ်ဦးအဖြစ် အဘယ်ကြောင့် အစေခံနေသေးသနည်း။ သင်သည် တကယ်ကို ဆင်ခြင်တုံတရား ကင်းမဲ့သည်။ သင့်အနေဖြင့် မိမိကိုယ်ကို သိသည့်အသိ ကင်းမဲ့သည့်အတွက် ဘုရားသခင် ရွေးချယ်ထားသော လူတို့ထံမှ တုံ့ပြန်ချက်ကို သင် နားထောင်သင့်ပြီး ခေါင်းဆောင်တစ်ဦး ဖြစ်ခြင်းအတွက် စံနှုန်းများကို သင် ပြည့်မီခြင်းရှိမရှိဟူသည်ကို အကဲဖြတ်သင့်သည်။ သို့တိုင်အောင် အယောင်ဆောင် ခေါင်းဆောင်များက ဤအရာများကို လုံးဝ မစဉ်းစားကြပေ။ အသင်းတော်အလုပ်က မည်မျှ နှောင့်နှေးပြီးဖြစ်ကာ ခေါင်းဆောင်များအဖြစ် ၎င်းတို့ အစေခံသည့် နှစ်ကာလများစွာအတွင်းတွင် ဘုရားသခင် ရွေးချယ်ထားသောလူတို့၏ အသက်ဝင်ရောက်မှုအပေါ် ဆုံးရှုံးမှု မည်မျှ ဖြစ်စေပြီးသည်ဖြစ်စေ ၎င်းတို့ ဂရုမစိုက်ကြချေ။ ဤသည်မှာ အယောင်ဆောင် ခေါင်းဆောင်စစ်စစ်များ၏ အကျည်းတန်သော မျက်နှာထား ဖြစ်သည်။
ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ၎င်းတို့၏အလုပ်ကို မည်သို့ကိုင်တွယ်သည်ကို စဉ်းစားကြည့်လော့၊ ၎င်းသည် ငါယခုပင် သင်တို့ကို ပြောပြခဲ့သည့်အရာနှင့် ကိုက်ညီသလော။ လက်တွေ့ကျသော အလုပ်ကို မလုပ်ဆောင်သူများ ရှိပါသလော၊ ပြီးလျှင် သင်သည် ၎င်းတို့ကို အယောင်ဆောင်ခေါင်းဆောင်များအဖြစ် ပိုင်းခြားသိမြင်နိုင်သလော။ အကယ်၍ သင်သည် ၎င်းတို့ကို အယောင်ဆောင်ခေါင်းဆောင်များအဖြစ် ပိုင်းခြားသိမြင်ပါက ယနေ့မှစ၍ သင်သည် ၎င်းတို့ကို ခေါင်းဆောင်များအဖြစ် မဆက်ဆံသင့်တော့ပေ၊ သင်သည် ၎င်းတို့ကို အခြားမည်သည့်လူပုဂ္ဂိုလ်ကဲ့သို့မဆို ဆက်ဆံသင့်သည်။ ဤသည်မှာ တိကျမှန်ကန်သော လက်တွေ့လုပ်ဆောင်ခြင်းဆိုင်ရာ စည်းမျဉ်း ဖြစ်သည်။ အချို့က “ဤသည်မှာ ၎င်းတို့သည် အယောင်ဆောင်ခေါင်းဆောင်များ ဖြစ်သောကြောင့် ၎င်းတို့ကို ခွဲခြားဆက်ဆံခြင်း၊ အထင်သေးခြင်း သို့မဟုတ် ဖယ်ကြဉ်ခြင်းကို ဆိုလိုသလော” ဟု တွေးတောမိနိုင်သည်။ မဟုတ်ပါ၊ ထိုသို့မဆိုလိုပေ။ ၎င်းတို့သည် လက်တွေ့ကျသော အလုပ်ကို မလုပ်ဆောင်နိုင်ကြဘဲ သင့်ကို မလိမ့်တပတ်လုပ်ပြီး နှပ်ချရန် စကားလုံးအချို့နှင့် အယူဝါဒအချို့၊ အနှစ်သာရမရှိသော စကားအချို့ကိုသာ ပြောနိုင်ကြသည်။ ဤသည်က ၎င်းတို့သည် သင်၏ခေါင်းဆောင်များ မဟုတ်ကြောင်းဟူသည့် အချက်တစ်ခုကို သင့်အား ပြောပြနေခြင်းဖြစ်သည်။ သင်၏အလုပ်တွင် သင်ကြုံတွေ့ရသော မည်သည့်ပြဿနာ သို့မဟုတ် အခက်အခဲအတွက်မဆို ၎င်းတို့၏ ညွှန်ကြားချက်များကို သင်တောင်းခံရန် မလိုအပ်ပေ။ လိုအပ်ပါက သင်တို့သည် ၎င်းတို့ကို ကျော်လွှား၍ အထက်သို့ သတင်းပို့ပြီး ယင်းကို မည်သို့ကိုင်တွယ်ဖြေရှင်းရမည်ကို အထက်နှင့် တိုင်ပင်ဆွေးနွေးနိုင်သည်။ ငါသည် သင်တို့ကို လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းကို သင်ကြားပေးခဲ့ပြီးဖြစ်သည်၊ သို့သော် သင်တို့ မည်သို့ပြုမူမည်မှာ သင်တို့အပေါ်တွင် မူတည်သည်။ ခေါင်းဆောင်အားလုံးသည် ဘုရားသခင်က ကြိုတင်ခွဲခန့်မှတ်သားထားကြောင်း၊ သင်သည် ၎င်းတို့ကို နားထောင်ပြီး နာခံရမည်ဖြစ်ကြောင်းနှင့် ၎င်းတို့ကို အယောင်ဆောင်ခေါင်းဆောင်များအဖြစ် သင်ပိုင်းခြားသိမြင်လျှင်ပင် ၎င်းတို့ကို နားထောင်ရမည်ဖြစ်ကြောင်း ငါသည် မည်သည့်အခါမျှ မပြောခဲ့ပေ။ ငါသည် သင့်ကို ထိုသို့ မည်သည့်အခါမျှ မပြောခဲ့ပေ။ ငါယခု မိတ်သဟာယဖွဲ့နေသည့်အရာမှာ အယောင်ဆောင်ခေါင်းဆောင်များကို မည်သို့ ပိုင်းခြားသိမြင်ရမည်ဖြစ်ကြောင်း ဖြစ်သည်။ သင်သည် တစ်စုံတစ်ဦးကို အယောင်ဆောင်ခေါင်းဆောင်တစ်ဦးအဖြစ် ပိုင်းခြားသိမြင်သည့်အခါ ၎င်းတို့ပြောဆိုသည့်အရာသည် မှန်ကန်ပြီး သမ္မာတရားနှင့် ကိုက်ညီပါက သင်သည် လက်ခံပြီး နာခံနိုင်သည်။ သို့သော် အကယ်၍ ၎င်းတို့သည် ပြဿနာတစ်ခုကို မဖြေရှင်းနိုင်ဘဲ သင့်ကို မလိမ့်တပတ် ပြောဆိုကာ နှပ်ချ၍ အလုပ်၏တိုးတက်မှုကို ထိခိုက်စေပါက သင်သည် ၎င်းတို့၏ ခေါင်းဆောင်မှုကို လက်ခံရန် မလိုအပ်ပေ။ သင်တို့သည် စည်းမျဉ်းများကို မိမိတို့ဘာသာ သဘောပေါက်နားလည်နိုင်ပါက သင်တို့သည် ၎င်းတို့နှင့်အညီ ပြုမူသင့်သည်။ သင်တို့သည် စည်းမျဉ်းများကို သဘောမပေါက်နိုင်ပါက၊ မသေချာပါက သို့မဟုတ် မပိုင်နိုင်ပါက သင်တို့သည် သမ္မာတရားကို ရှာဖွေပြီး ပြဿနာကို ကိုင်တွယ်ရန် အချင်းချင်း ဆွေးနွေးသင့်သည်။ အကယ်၍ သင်တို့သည် ဆွေးနွေးပြီးသည့်တိုင် ဆုံးဖြတ်ချက်တစ်ခုကို မချနိုင်သေးပါက ပြဿနာကို အထက်သို့ သတင်းပို့ပြီး ၎င်းတို့နှင့် တိုင်ပင်ဆွေးနွေးလော့။ ဤသည်တို့မှာ ပြဿနာများကို ဖြေရှင်းရန် ကောင်းမွန်သော နည်းလမ်းများအားလုံး ဖြစ်သည်၊ ဖြေရှင်း၍မရနိုင်သော အခက်အခဲများ မရှိပေ။
ယနေ့အတွက် ငါတို့၏ မိတ်သဟာယကို ဤမျှဖြင့် အဆုံးသတ်ကြပါစို့။ နှုတ်ဆက်ပါသည်။
၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။