ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၂၀) အခန်း တစ်

အချက် ၁၂- ဘုရားသခင်၏ အလုပ်နှင့် အသင်းတော်၏ ပုံမှန်အစီအစဉ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သော အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို အချိန်မီ တိကျစွာ ဖော်ထုတ်သတ်မှတ်လော့။ ပြီးလျှင် ၎င်းတို့ကို တားဆီး၍ ချုပ်ချယ်ကန့်သတ်ပြီး အခြေအနေများကို ပြန်လည်ကောင်းမွန်အောင် ပြုလုပ်လော့။ ထို့အပြင် ဘုရားသခင် ရွေးချယ်ထားသောလူများက ထိုသို့သောအရာများမှတစ်ဆင့် ပိုင်းခြားသိမြင်နိုင်စွမ်း တိုးပွားလာပြီး ယင်းတို့ထံမှ သင်ယူတတ်မြောက်စေရန် သမ္မာတရားကို မိတ်သဟာယဖွဲ့လော့ (အပိုင်း ၈)

ပြီးခဲ့သည့် စုဝေးပွဲတွင် ငါတို့သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ ဆယ့်နှစ်ခုမြောက် တာဝန်နှင့်ပတ်သက်၍ မိတ်သဟာယဖွဲ့ခြင်းကို ပြီးစီးခဲ့သည်။ သင်တို့သည် ဤမိတ်သဟာယဖွဲ့ခြင်း၏ အကြောင်းအရာနှင့် မိမိတို့ကိုယ်ကို တိုက်ဆိုင်စစ်ဆေးပြီးပြီလော။ သင်တို့သည် ဤမိတ်သဟာယဖွဲ့ခြင်းကို တွေးဆနေပြီးပြီလော။ ငါ၏ မိတ်သဟာယဖွဲ့ခြင်းကို ကြားပြီးသည်နှင့်တစ်ပြိုင်နက် သမ္မာတရားကို ချစ်သောသူများ၊ တရားမျှတစိတ်နှင့် လူ့သဘာဝအချို့ရှိသောသူတို့သည် သမ္မာတရားအချို့ကို နားလည်ပြီးနောက် လက်တွေ့လုပ်ဆောင်နိုင်ကြသည်။ ပထမဦးစွာ၊ ၎င်းတို့သည် မိမိတို့နားလည်သော သမ္မာတရားများကို မိမိတို့၏ အခြေအနေနှင့် တိုက်ဆိုင်စစ်ဆေးနိုင်သည်၊ သမ္မာတရားနှင့် မိမိတို့ကိုယ်ကို ဆန်းစစ်နိုင်သည်။ မိမိတို့၏ ပြဿနာများကို ဖော်ထုတ်နိုင်သည်။ ထို့နောက် ဤပြဿနာများကို ဖြေရှင်းရန် လက်တွေ့ဘဝနှင့် တာဝန်များထမ်းဆောင်ရာတွင် အမှုအရာအချို့နှင့် ပတ်ဝန်းကျင်အချို့ကို အသုံးပြုနိုင်သည်။ တဖြည်းဖြည်းဖြင့်၊ ၎င်းတို့နားလည်သော သမ္မာတရားများနှင့်စပ်လျဉ်း၍၊ လူတို့ လက်တွေ့လုပ်ဆောင်သင့်ပြီး လိုက်နာသင့်သော စည်းမျဉ်းများကို ၎င်းတို့ နားလည်သဘောပေါက်ကြသည်။ တစ်ချက်အနေဖြင့်၊ ၎င်းတို့သည် မိမိတို့ကိုယ်ကို ပိုမိုနက်ရှိုင်းစွာ နားလည်ပြီး သိရှိလာကြကာ၊ နောက်တစ်ချက်အနေဖြင့်၊ သမ္မာတရားက အမှန်တကယ် မည်သည့်အရာကို ဆိုလိုပြီး မည်သည့်အရာများ ပါဝင်သည်ကို ပို၍ လက်တွေ့ကျကျနှင့် တိတိကျကျ နားလည်လာကြသည်။ သို့သော် သမ္မာတရားကို မချစ်ဘဲ ရွံမုန်းကြသောသူများမှာမူ သမ္မာတရား မည်မျှပင် ကြားရစေကာမူ ၎င်းတို့၌ သတိတရားလည်းမရှိ၊ ပြောင်းလဲခြင်းလည်း မရှိပေ။ ၎င်းတို့၏ အခြေအနေ၊ တာဝန်ထမ်းဆောင်သည့်အခါ သဘောထား၊ လိုက်စားသော ပန်းတိုင်များ၊ ဘဝနေထိုင်မှုပုံစံနှင့် ကျင့်ကြံပြုမူခြင်းဆိုင်ရာ စည်းမျဉ်းများသည် လုံးဝ ပြောင်းလဲခြင်းမရှိပေ။ ၎င်းတို့သည် မိမိတို့အလိုရှိသည့်အတိုင်း ဆက်လက်လုပ်ဆောင်ကြပြီး မိမိတို့နှစ်သက်သည့်အတိုင်း နေထိုင်ကြသည်။ ဤသမ္မာတရားများသည် ၎င်းတို့အပေါ် သက်ရောက်မှုမရှိသည့်အပြင်၊ မိမိတို့ကိုယ်ကို မုန်းတီးသည့်အဆင့်အထိ မိမိတို့ကိုယ်ကို ဆင်ခြင်သုံးသပ်ပြီး သိရှိနိုင်ခြင်းလည်း မရှိကြပေ။ ၎င်းတို့သည် မိမိတို့ကိုယ်ကို မုန်းတီးသည့်အဆင့်သို့ မရောက်နိုင်လျှင်၊ စစ်မှန်သော နောင်တကို သေချာပေါက် မရရှိနိုင်ပေ။ စစ်မှန်သော နောင်တမရှိဘဲ၊ စစ်မှန်သော ဝင်ရောက်မှုမရှိပေ။ စစ်မှန်သော ဝင်ရောက်မှုမရှိဘဲ၊ စိတ်သဘောထား ပြောင်းလဲခြင်းလည်း သေချာပေါက် မရှိပေ။ ထို့ကြောင့်၊ နှစ်ပေါင်းများစွာ ဘုရားသခင်ကို ယုံကြည်ပြီးသည့် လူများစွာတို့သည် စုဝေးပွဲများတက်ခြင်း၊ တာဝန်များထမ်းဆောင်ခြင်း၊ နှစ်ပေါင်းများစွာ တရားဒေသနာများကို နားထောင်ခြင်းနှင့် ညီအစ်ကိုမောင်နှမများနှင့် မကြာခဏ ထိတွေ့ဆက်ဆံခြင်းတို့ ပြုလုပ်ကြသော်လည်း၊ မိမိတို့ကိုယ်ကို သိနားလည်မှု တစ်ခုတလေမျှမရှိ၊ မည်သည့် ပြောင်းလဲမှုမျှ မပြသည့်အပြင်၊ ဘုရားသခင်အပေါ် ၎င်းတို့၏ ယုံကြည်ခြင်းသည် လုံးဝ တိုးပွားလာခြင်းမရှိပေ။ ၎င်းတို့သည် မိမိတို့၏ ကနဦး အယူအဆများနှင့် စိတ်ကူးများဖြင့်လည်းကောင်း၊ ကောင်းချီးများကို ရရှိလိုသော ရည်ရွယ်ချက်နှင့် ဆန္ဒဖြင့်လည်းကောင်း ဘုရားသခင်နောက်သို့ လိုက်ကြသည်။ ၎င်းတို့အနေဖြင့် ဘုရားသခင်ကို နှစ်ပေါင်းမည်မျှကြာအောင် ယုံကြည်ပြီးသည်ဖြစ်စေ၊ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့်ပတ်သက်သော ၎င်းတို့၏ သဘောထားအမြင်များ၊ အမှုအရာများနှင့်ပတ်သက်သော ၎င်းတို့၏ အမြင်များ၊ ၎င်းတို့၏ လိုက်စားမှုနည်းလမ်းများနှင့် လိုက်စားသော ပန်းတိုင်များအပြင်၊ တာဝန်များထမ်းဆောင်သည့်အခါ ၎င်းတို့၏ သဘောထားများသည် လုံးဝ ပြောင်းလဲခြင်းမရှိခဲ့ပေ။ ၎င်းတို့၏ လက်ရှိ ထုတ်ဖော်ပြသမှုများနှင့် ၎င်းတို့ အသက်ရှင်နေထိုင်သည့် သရုပ်သကန်များသည် သမ္မာတရားကို မလိုက်စားခြင်း၏ ရလဒ်ဖြစ်သည်။ ငါတို့သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန် ဆယ့်နှစ်ခုကို မိတ်သဟာယဖွဲ့ခဲ့သော်လည်း၊ အချို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ အပြုအမူသည် လုံးဝ မပြောင်းလဲသေးပေ။ တာဝန်များထမ်းဆောင်သည့်အခါ ၎င်းတို့၏ သဘောထားများနှင့် ဘုရားသခင်၏ သတ်မှတ်ချက်များအပေါ်ထားသည့် သဘောထားများသည် လုံးဝ ပြောင်းလဲခြင်းမရှိခဲ့ပေ။ မိတ်သဟာယဖွဲ့ခဲ့သော အကြောင်းအရာသည် သမ္မာတရားကို အတော်အတန် လိုက်စားသောသူများ၊ လူ့သဘာဝအချို့ရှိပြီး အသိစိတ်က အနည်းငယ် အသိရှိသောသူများအပေါ် သတိပေးခြင်း၊ ကြီးကြပ်ခြင်းနှင့် တိုက်တွန်းနှိုးဆော်ခြင်းတို့ ဆောင်ရွက်ခဲ့သည်။ သို့သော်လည်း ပို၍ စိတ်နှလုံးမာကျောသော၊ စဉ်းလဲပြီး သမ္မာတရားကို လုံးဝလက်မခံသော အချို့သူများအပေါ်တွင်မူ အကျိုးသက်ရောက်မှု တစ်စုံတစ်ရာ မရှိခဲ့ပေ။ ဤသည်မှာ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် ဤလူတို့၏ သမ္မာတရားအပေါ် သဘောထားသည် အတိုက်အခံလုပ်ခြင်းနှင့် စက်ဆုပ်ရွံရှာခြင်း ဖြစ်သောကြောင့်ဖြစ်သည်။ မည်မျှပင် သမ္မာတရားကို မိတ်သဟာယဖွဲ့သည်ဖြစ်စေ၊ ၎င်းတို့၏ သဘောထားသည် အတူတူပင် ဖြစ်သည်။ “မည်သို့ပင်ဖြစ်စေ၊ ကျွန်ုပ်သည် ကျွန်ုပ်၏ တာဝန်ကို ထမ်းဆောင်နေပြီး ဘုရားသခင်နောက်သို့ လိုက်နေခြင်းဖြစ်သည်။ ကျွန်ုပ်သည် ဘုရားသခင်အတွက် စစ်မှန်စွာ အသုံးခံနေခြင်း ဖြစ်သည်။ ကျွန်ုပ် မည်သို့ပင် ပြုမူသည်ဖြစ်စေ၊ အဆုံးတိုင်အောင် ကျွန်ုပ် မဆုတ်မနစ်ကြိုးပမ်းသရွေ့ ကောင်းချီးများကို ရနိုင်သည်” ဟူ၍ ဖြစ်သည်။ ဤအတွေးအခေါ်မျိုးတွင် ဆင်ခြင်တုံတရား အနည်းငယ် ရှိသလော။ ၎င်းတို့သည် လုံးဝ ပြုပြင်၍မရနိုင်သည့်အပြင် အရှက်တရား ခေါင်းပါးကြသည် မဟုတ်လော။ ဤသည်မှာ မည်သို့ပင်ဖြစ်စေ ခေါင်းမာကာ နောင်တရရန် ငြင်းပယ်နေခြင်း မဟုတ်လော။ (ဟုတ်ပါသည်။)

ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ ဆယ့်နှစ်ခုမြောက် တာဝန်မှာ “ဘုရားသခင်၏ အလုပ်နှင့် အသင်းတော်၏ ပုံမှန်အစီအစဉ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သော အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို အချိန်မီ တိကျစွာ ဖော်ထုတ်သတ်မှတ်လော့။ ပြီးလျှင် ၎င်းတို့ကို တားဆီး၍ ချုပ်ချယ်ကန့်သတ်ပြီး အခြေအနေများကို ပြန်လည်ကောင်းမွန်အောင် ပြုလုပ်လော့။ ထို့အပြင် ဘုရားသခင် ရွေးချယ်ထားသောလူများက ထိုသို့သောအရာများမှတစ်ဆင့် ပိုင်းခြားသိမြင်နိုင်စွမ်း တိုးပွားလာပြီး ယင်းတို့ထံမှ သင်ယူတတ်မြောက်စေရန် သမ္မာတရားကို မိတ်သဟာယဖွဲ့လော့” ဟူ၍ ဖြစ်သည်။ ယခင်က၊ ငါတို့သည် ဤတာဝန်နှင့်ပတ်သက်သော ငါတို့၏ မိတ်သဟာယဖွဲ့ခြင်းကို အချက်ဆယ့်နှစ်ချက်အဖြစ် ခွဲခြားခဲ့သည်။ ဤအချက်ဆယ့်နှစ်ချက်၏ အကြောင်းအရာသည် အသင်းတော်၌ အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများကို ဖြစ်စေသော အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများ ပေါ်ပေါက်လာသည့်အခါ၊ ဘုရားအိမ်တော်၏ အလုပ်နှင့် အသင်းတော်၏ ပုံမှန်အစီအစဉ်ကို ကာကွယ်စောင့်ရှောက်ခြင်း၏ အကျိုးတရားကို စွမ်းဆောင်ရရှိရန်အလို့ငှာ ခေါင်းဆောင်များနှင့် အမှုဆောင်များအနေဖြင့် ဤပြဿနာများအား မည်သို့ကိုင်တွယ်ဖြေရှင်းသင့်ပြီး ထိုသို့ဖြင့် ခေါင်းဆောင်များနှင့် အမှုဆောင်များက မိမိတို့ ပါဝင်သင့်သော အခန်းကဏ္ဍများနှင့် မိမိတို့ ထမ်းဆောင်သင့်သော တာဝန်များကို ဖြည့်ဆည်းနိုင်မည်ဟူသည်ကို အဓိက ရည်ညွှန်းပြောဆိုထားသည်။ ငါတို့သည် အချက်တိုင်း၏ တိကျသော သရုပ်သကန်အချို့ကို မိတ်သဟာယဖွဲ့ခဲ့ပြီး တိကျသော ဥပမာအချို့ကိုလည်း ကိုးကားလျက် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်အတွင်းရှိ အချက်တစ်ခုချင်းစီနှင့်ပတ်သက်၍ အသေးစိတ် မိတ်သဟာယဖွဲ့ခဲ့ပြီးဖြစ်သည်။ စည်းမျဉ်းများအရ၊ မိတ်သဟာယဖွဲ့ခဲ့ပြီးဖြစ်သော အကြောင်းအရာသည် အတော်အတန် လက်တွေ့ကျသည်။ ပေးခဲ့သော ဥပမာများသည် အရာအားလုံးကို ခြုံငုံကောင်းခြုံငုံနိုင်ခြင်း မရှိသော်လည်း၊ အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများ၏ အနှစ်သာရပိုင်းဆိုင်ရာ ပြဿနာများကို ရှင်းလင်းစွာ မိတ်သဟာယဖွဲ့ခဲ့ပြီးဖြစ်သည်။ အထူးသဖြင့်၊ သင်တို့သည် ခေါင်းဆောင်များနှင့် အမှုဆောင်များအနေဖြင့် အသင်းတော်၌ ပေါ်ပေါက်လာသော အမျိုးမျိုးသော ပြဿနာများကို ဖြေရှင်းရန်အလို့ငှာ သမ္မာတရား၏ ဤကဏ္ဍကို နားလည်သင့်သည်။ ပထမဆုံးအနေဖြင့်၊ သင်တို့သည် မိတ်သဟာယဖွဲ့ခဲ့သော အကြောင်းအရာမှ ပြဿနာများ၏ အနှစ်သာရကို စိတ်ဖြာလေ့လာဆွေးနွေးသည့် နှုတ်ကပတ်တော်များကို ရှာဖွေရန်လိုအပ်ပြီး ယင်းတို့ကို ပြဿနာများနှင့် တိုက်ဆိုင်စစ်ဆေးရန် လိုအပ်သည်။ ပြဿနာများ၏ အနှစ်သာရကို နားလည်ခြင်းက လိုက်လျောညီထွေသော ဖြေရှင်းနည်းများကို ရှာဖွေရန်နှင့် သမ္မာတရား စည်းမျဉ်းများအတိုင်း ပြဿနာများကို ဖြေရှင်းရန် ပိုမိုလွယ်ကူစေသည်။ ပြဿနာတစ်ခုကို မဖြေရှင်းမီတွင် ထိုပြဿနာ၏ အနှစ်သာရကို နားလည်ခြင်းက အလွန်အရေးကြီးသည်။ ပြဿနာ၏ အနှစ်သာရကို သင်နားလည်သည်နှင့်တစ်ပြိုင်နက်၊ ဤပြဿနာကို ကိုင်တွယ်ခြင်းအတွက် စည်းမျဉ်းများကိုလည်း သင်နားလည်ပြီး သဘောပေါက်သင့်သည်။ ကဏ္ဍနှစ်ခုစလုံးသည် မရှိမဖြစ် လိုအပ်သည်။ တစ်ခုမှာ ပြဿနာ၏ အနှစ်သာရဖြစ်ပြီး၊ နောက်တစ်ခုမှာ ထိုသို့သော ပြဿနာများကို ဖြေရှင်းခြင်းအတွက် စည်းမျဉ်းများ ဖြစ်သည်။ ဤသည်တို့မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ ရှင်းလင်းနေသင့်သော အရာများဖြစ်သည်။ ဤစည်းမျဉ်းနှစ်ခုကို နားလည်သဘောပေါက်ခြင်းအားဖြင့်သာ သင်တို့သည် စည်းမျဉ်းစည်းကမ်း ပုံသေစောင့်ထိန်းခြင်းနှင့် ကိစ္စရပ်များကို အတိုင်းထက်အလွန် ချဲ့ကားပြောဆိုခြင်းထက်၊ ပြဿနာအားလုံးကို တိကျစွာ ဖြေရှင်းနိုင်ပြီး အမျိုးမျိုးသော ကိစ္စရပ်များတွင် ပါဝင်သော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို မှန်ကန်စွာ ကိုင်တွယ်နိုင်ပေသည်။ လက်ရှိတွင်၊ အချို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အချို့သော ကိစ္စရပ်များကို ကိုင်တွယ်သည့်အခါ၊ တစ်စိတ်တစ်ပိုင်းအားဖြင့်၊ ၎င်းတို့သည် စည်းမျဉ်းစည်းကမ်းများကိုသာ ပုံသေစောင့်ထိန်းကြပြီး၊ တစ်စိတ်တစ်ပိုင်းအားဖြင့် ကိစ္စရပ်များ၏ အနှစ်သာရကို သဘောမပေါက်နိုင်ကြဘဲ၊ လူများကို အလွယ်တကူ မတရားဆက်ဆံကာ လမ်းလွဲမှုများ ဖြစ်စေကြသည်။ ဤသည်မှာ ကိစ္စရပ်များ၏ အသေးစိတ်အချက်အလက်များ၊ တိကျသော အခြေအနေများနှင့် နောက်ခံအကြောင်းအရာများကို ရှင်းလင်းစွာ နားလည်ရန် လိုအပ်သည်။ ထို့အပြင်၊ လူတစ်ဦးသည် မည်သည့်အမျိုးအစားနှင့် သက်ဆိုင်သည်ကို ဆုံးဖြတ်ရန် ထိုသူ၏ တစ်သမတ်တည်းဖြစ်သော အပြုအမူကို ကြည့်ရှုရန် အရေးကြီးသည်။ ဤကဏ္ဍများကို ကျွမ်းကျင်မှသာ ကိစ္စရပ်များကို စည်းမျဉ်းများအတိုင်း ကိုင်တွယ်၍ရနိုင်ပေသည်။ အချို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များသည် မိမိတို့၏ အလုပ်ကို လုပ်ဆောင်သည့်အခါ၊ ပြဿနာများအပေါ် စည်းမျဉ်းစည်းကမ်းများကိုသာ ပုံသေစောင့်ထိန်းပြီး ကိစ္စရပ်များကို အတိုင်းထက်အလွန် ချဲ့ကားပြောဆိုကြစဉ်တွင်၊ ပါဝင်ပတ်သက်နေသော လူတို့က လူကောင်းများလော သို့မဟုတ် လူဆိုးများလော၊ ၎င်းတို့၏ အပြုအမူသည် လုပ်လေ့လုပ်ထရှိသောအရာလော သို့မဟုတ် ရံဖန်ရံခါ ပြစ်မှားခြင်းမျှသာလောဟူ၍ ၎င်းတို့၏ တကယ့်အနှစ်သာရကိုမူ ၎င်းတို့ မရိပ်စားမိနိုင်ကြပေ။ ၎င်းတို့သည် ဤကဏ္ဍများကို မပိုင်းခြားနိုင်ကြသောကြောင့် အမှားများ ပြုလုပ်ရန် အလွန်အလားအလာရှိသည်။ ထိုသို့သော အခြေအနေများတွင်၊ အသင်းတော်က မဲခွဲဆုံးဖြတ်နိုင်လျှင်၊ အမှားအချို့ကို ထိရောက်စွာ ရှောင်ရှားနိုင်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ အလုပ်တွင် ဤသွေဖည်မှုများနှင့် အမှားများ ရှိနေခြင်းက ၎င်းတို့တွင် ပိုင်းခြားသိမြင်မှု ရှိမရှိနှင့် ကိစ္စရပ်များကို စည်းမျဉ်းများအတိုင်း ကိုင်တွယ်ခြင်း ရှိမရှိဟူသည်ကို အရှင်းလင်းဆုံး ထုတ်ဖော်နိုင်သည်။ ယင်းက ခေါင်းဆောင်များနှင့် အမှုဆောင်များတွင် သမ္မာတရား လက်တွေ့ကျမှု ရှိမရှိကိုလည်း ထုတ်ဖော်သည်။ အကယ်၍ ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ပြီးဖြစ်သည့် ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးသည် ဤလက်တွေ့ကျသော ပြဿနာများကို မကိုင်တွယ်နိုင်လျှင် ဤခေါင်းဆောင် သို့မဟုတ် အမှုဆောင်သည် သမ္မာတရားကို လိုက်စားသောသူတစ်ဦး မဟုတ်ကြောင်း သက်သေပြရန် လုံလောက်ပေသည်။

ခေါင်းဆောင်များနှင့် အမှုဆောင်များ ထမ်းဆောင်သင့်သော တာဝန်များ၊ ၎င်းတို့ လိုက်နာသင့်သော စည်းမျဉ်းများနှင့် ၎င်းတို့ အလုပ်၏ အတိုင်းအတာကို နားလည်ပြီးနောက်၊ ငါတို့သည် ဤမိတ်သဟာယဖွဲ့ခြင်းအဆင့်၏ အဓိကအကြောင်းအရာဖြစ်သည့် အယောင်ဆောင် ခေါင်းဆောင်များကို ဖော်ထုတ်ခြင်းသို့ ပြန်သွားသင့်သည်။ ဤသည်မှာ အဓိကအကြောင်းအရာ ဖြစ်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ ဆယ့်နှစ်ခုမြောက် တာဝန်နှင့်စပ်လျဉ်း၍၊ ယနေ့ ငါတို့ မိတ်သဟာယဖွဲ့မည့် အကြောင်းအရာမှာ အယောင်ဆောင် ခေါင်းဆောင်များက မိမိတို့၏ တာဝန်များတွင် ပျက်ကွက်သည့် ကဏ္ဍများနှင့် ၎င်းတို့၏ လက်တွေ့အလုပ် မလုပ်ခြင်းနှင့်ဆိုင်သည့် သရုပ်သကန်များ ဖြစ်သည်။ ပထမဆုံးအနေဖြင့်၊ ဆယ့်နှစ်ခုမြောက် တာဝန်၏ အကြောင်းအရာကို ဖတ်ကြစို့။ (အချက် ၁၂- ဘုရားသခင်၏ အလုပ်နှင့် အသင်းတော်၏ ပုံမှန်အစီအစဉ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သော အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို အချိန်မီ တိကျစွာ ဖော်ထုတ်သတ်မှတ်လော့။ ပြီးလျှင် ၎င်းတို့ကို တားဆီး၍ ချုပ်ချယ်ကန့်သတ်ပြီး အခြေအနေများကို ပြန်လည်ကောင်းမွန်အောင် ပြုလုပ်လော့။ ထို့အပြင် ဘုရားသခင် ရွေးချယ်ထားသောလူများက ထိုသို့သောအရာများမှတစ်ဆင့် ပိုင်းခြားသိမြင်နိုင်စွမ်း တိုးပွားလာပြီး ယင်းတို့ထံမှ သင်ယူတတ်မြောက်စေရန် သမ္မာတရားကို မိတ်သဟာယဖွဲ့လော့။) ဆယ့်နှစ်ခုမြောက် တာဝန်သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ နားလည်သင့်သော အလုပ်၏ ကဏ္ဍသုံးရပ်ကို ရှင်းလင်းစွာ ဖော်ပြထားသည်။ ဤသည်မှာ အတုအယောင် ခေါင်းဆောင်များကို ဖော်ထုတ်ခြင်းနှင့် မည်သို့ ဆက်စပ်သနည်း။ (ပထမဆုံးအနေဖြင့်၊ ငါတို့သည် ဤအလုပ်တွင် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်အချို့ကို နားလည်ရမည်။ ထို့နောက် အယောင်ဆောင် ခေါင်းဆောင်များက ဤတာဝန်များကို ဖြည့်ဆည်းပြီးခြင်း ရှိမရှိနှင့် အယောင်ဆောင် ခေါင်းဆောင်များ၏ သရုပ်သကန်များက အဘယ်အရာဖြစ်သည်ကို မြင်ရန်အတွက် နှိုင်းယှဉ်ရမည်။ ဤစံနှုန်းအတိုင်း ၎င်းတို့ကို တိုင်းတာခြင်းသည် အတော်အတန် တိကျပါသည်။) မှန်ပေသည်။ လူတစ်ယောက်သည် အယောင်ဆောင်ခေါင်းဆောင်ဟုတ်မဟုတ်ကို ပိုင်းခြားသိမြင်ခြင်းသည် ထိုသူ၏ မျက်နှာကိုကြည့်ပြီး မျက်နှာအသွင်အပြင်တို့က ကောင်းမွန်သည်၊ ဆိုးယုတ်သည်ကိုကြည့်ရှုရန် မိမိမျက်လုံးများကို အသုံးပြုပြီး လုပ်ဆောင်ရခြင်းမဟုတ်သကဲ့သို့၊ အပြင်ပန်းတွင် ထိုသူသည် မည်မျှ ဒုက္ခခံသည့်ပုံစံရှိသည်၊ သို့မဟုတ် မည်မျှ လှည့်လည်သွားလာပြီးဖြစ်သည်တို့ကို ကြည့်ခြင်းအားဖြင့် လုပ်ဆောင်ခြင်းလည်းမဟုတ်ပေ။ ထိုအစား ၎င်းတို့သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များကို ဖြည့်ဆည်းခြင်း ရှိ၊ မရှိ၊ လက်တွေ့ကျသော ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို အသုံးပြုနိုင်ခြင်း ရှိ၊ မရှိကို သင် ကြည့်ရှုသုံးသပ်ရမည်။ ဤသည်မှာ ၎င်းတို့ကို အကဲဖြတ်ရန် တစ်ခုတည်းသော တိကျမှန်ကန်သည့် စံနှုန်း ဖြစ်ပေသည်။ ဤသည်မှာ လူတစ်ဦးသည် အယောင်ဆောင်ခေါင်းဆောင်တစ်ဦး ဟုတ်၊ မဟုတ်ကို စိစစ်ကာ ပိုင်းခြားသိမြင်၍ ဆုံးဖြတ်ရန် စည်းမျဉ်း ဖြစ်ပေသည်။ ဤနည်းအားဖြင့်သာ အကဲဖြတ်ခြင်းသည် တရားမျှတနိုင်သည်။ စည်းမျဉ်းများနှင့် ကိုက်ညီနိုင်သည်။ သမ္မာတရားနှင့် ညီပြီး လူတိုင်းအပေါ် မျှတနိုင်သည်။ လူတစ်ယောက်ကို အယောင်ဆောင်ခေါင်းဆောင်၊ သို့မဟုတ် အယောင်ဆောင်အမှုဆောင်အဖြစ် စရိုက်လက္ခဏာဖော်ပြခြင်းကို လုံလောက်သည့် အချက်အလက်များအပေါ်တွင် အခြေခံရမည်။ ယာယီဖောက်ပြန်ပျက်စီးမှု၏ ထုတ်ဖော်ခြင်းကို အခြေပြုချက်အဖြစ် အသုံးပြုနိုင်ဖို့ မဆိုထားနှင့်၊ ဖြစ်ရပ်၊ သို့မဟုတ် ပြစ်မှားမှုတစ်ခု၊ နှစ်ခုအပေါ်တွင်ပင် အခြေမခံရပေ။ လူတစ်ယောက်ကို စရိုက်လက္ခဏာဖော်ပြရန် တစ်ခုတည်းသော တိကျမှန်ကန်သည့်စံနှုန်းများမှာ ထိုသူသည် လက်တွေ့အလုပ်ကို လုပ်ဆောင်နိုင်ပြီး ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို အသုံးပြုနိုင်ခြင်းရှိမရှိ၊ ထို့အပြင် ထိုသူသည် မှန်ကန်သောသူ ဟုတ်မဟုတ်၊ သမ္မာတရားကို ချစ်ပြီး ဘုရားသခင်ကို ကျိုးနွံနာခံနိုင်သောသူဟုတ်မဟုတ်၊ သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်မှုနှင့် ဉာဏ်အလင်းဖွင့်ပြမှုကို ပိုင်ဆိုင်ခြင်း ရှိမရှိတို့ဖြစ်သည်။ ဤအချက်အလက်များကို အခြေခံခြင်းအားဖြင့်သာ လူတစ်ယောက်ကို အယောင်ဆောင်ခေါင်းဆောင်၊ သို့မဟုတ် အယောင်ဆောင်အမှုဆောင်အဖြစ် မှန်ကန်စွာ စရိုက်လက္ခဏာဖော်ပြနိုင်သည်။ ဤအချက်အလက်များသည် လူတစ်ယောက်က အယောင်ဆောင်ခေါင်းဆောင်၊ သို့မဟုတ် အယောင်ဆောင်အမှုဆောင် ဟုတ်မဟုတ်ကို အကဲဖြတ်ပြီး ဆုံးဖြတ်ခြင်းအတွက် စံနှုန်းများနှင့် စည်းမျဉ်းများဖြစ်သည်။

ခေါင်းဆောင်များနှင့် အမှုဆောင်များက ဆယ့်နှစ်ခုမြောက် တာဝန်အတွင်း ထမ်းဆောင်သင့်သော အလုပ်သုံးခု

၁။ အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများကို ဖြစ်စေသော အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို အချိန်မီ တိကျစွာ ဖော်ထုတ်သတ်မှတ်ခြင်း

ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ ဆယ့်နှစ်ခုမြောက် တာဝန်တွင် အလုပ်သုံးခု သို့မဟုတ် အဆင့်သုံးဆင့် ပါဝင်သည်။ ဤအလုပ်ကို ပြီးမြောက်ရန် ဤအဆင့်သုံးဆင့်ကို လိုက်နာခြင်းအားဖြင့်၊ ဤအလုပ်၏ စည်းမျဉ်းများကို ထိန်းသိမ်းခြင်းဖြစ်ကာ ဤအလုပ်၏ တာဝန်များကိုလည်း ဖြည့်ဆည်းခြင်း ဖြစ်သည်။ ဤအလုပ်သုံးခုမှာ အဘယ်နည်း။ (ပထမအနေဖြင့်၊ ဘုရားသခင်၏ အလုပ်နှင့် အသင်းတော်၏ ပုံမှန်အစီအစဉ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သော အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို အချိန်မီ တိကျစွာ ဖော်ထုတ်သတ်မှတ်လော့။ ဒုတိယအနေဖြင့်၊ ၎င်းတို့ကို တားဆီး၍ ချုပ်ချယ်ကန့်သတ်ပြီး အခြေအနေများကို ပြန်လည်ကောင်းမွန်အောင် ပြုလုပ်လော့။ တတိယအနေဖြင့်၊ ဘုရားသခင် ရွေးချယ်ထားသောလူများက ထိုသို့သောအရာများမှတစ်ဆင့် ပိုင်းခြားသိမြင်နိုင်စွမ်း တိုးပွားလာပြီး ယင်းတို့ထံမှ သင်ယူတတ်မြောက်စေရန် သမ္မာတရားကို မိတ်သဟာယဖွဲ့လော့။) ဤအလုပ်သုံးခုသည် ခေါင်းဆောင်များနှင့် အမှုဆောင်များအတွက် ဆယ့်နှစ်ခုမြောက် တာဝန်တွင်ရှိသည့် သတ်မှတ်ချက်များ ဖြစ်သည်။ ပထမဦးစွာ ခေါင်းဆောင်များနှင့် အမှုဆောင်များအတွက် ပထမဆုံး သတ်မှတ်ချက်မှာ ဘုရားသခင်၏ အလုပ်နှင့် အသင်းတော်အသက်တာကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သော အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို အချိန်မီ တိကျစွာ ဖော်ထုတ်သတ်မှတ်ရန် ဖြစ်သည်။ ယင်းမှာ နှေးကွေးလေးကန်စွာနှင့် မခံစားတတ်ဘဲ တုံ့ပြန်ရန်မဟုတ်သည့်အပြင်၊ ကြောင်းကျိုးမမြင်သည့်၊ မဆင်မခြင် သတ်မှတ်ချက်များ ပြုလုပ်ရန် မဟုတ်ဘဲ၊ အချိန်မီ တိကျစွာ ဖော်ထုတ်သတ်မှတ်ရန် ဖြစ်သည်။ မဆင်မခြင် သတ်မှတ်ခြင်းများမှာ လက်ခံနိုင်စရာမရှိပေ။ အချို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ၎င်းတို့၏ ညံ့ဖျင်းသော အစွမ်းအစနှင့် မပြတ်သားမှုတို့ကြောင့်၊ အသေးအဖွဲကိစ္စများအပေါ် လူတို့ကို မဆင်မခြင် ပြုပြင်ပြီး ဩဝါဒပေးကြကာ၊ စည်းမျဉ်းများကို မလိုက်နာဘဲ ထင်ရာမြင်ရာ သတ်မှတ်ခြင်းများပြုလုပ်ပြီး ကြောင်းကျိုးမမြင်ဘဲ အမှုအရာများကို အဓိပ္ပာယ်ဖွင့်ဆိုကြသည်။ ဤနည်းဖြင့် အလုပ်လုပ်ခြင်းသည် သမ္မာတရား စည်းမျဉ်းများကို ချိုးဖောက်သည်။ ထို့ကြောင့်၊ ဘုရားအိမ်တော်ရှိ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အနည်းဆုံးအနေဖြင့် အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို ပိုင်းခြားသိမြင်နိုင်ရမည်။ ပိုင်းခြားသိမြင်ခြင်းဖြင့်သာ ၎င်းတို့သည် အသင်းတော်၌ ပေါ်ပေါက်လာသော အမျိုးမျိုးသော ပြဿနာများကို အချိန်မီ တိကျစွာ ဖော်ထုတ်သတ်မှတ်နိုင်မည် ဖြစ်သည်။ အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို ပိုင်းခြားသိမြင်နိုင်စွမ်း ရရှိရန်၊ ပထမဆုံး သတ်မှတ်ချက်မှာ အဘယ်နည်း။ ပထမဆုံးအနေဖြင့်၊ မတူကွဲပြားသော လူအမျိုးအစားများအတွက် ဘုရားသခင်၏ သတ်မှတ်ချက်များမှာ အဘယ်အရာဖြစ်သည်ကိုလည်းကောင်း၊ ဘုရားသခင်က အမျိုးမျိုးသော လူများနှင့် ၎င်းတို့တွင် ဖြစ်ပေါ်လာသော မတူညီသည့် အခြေအနေများအား မည်သို့ သတ်မှတ်သည်ကိုလည်းကောင်း နားလည်ရန် လိုအပ်သည်။ ထို့အပြင်၊ အမျိုးမျိုးသော အပျက်သဘောဆောင်သည့် အခြေအနေများ မည်သို့ ပေါ်ပေါက်လာသည်ဟူသည်နှင့် ၎င်းတို့၏ ဇာစ်မြစ်များက အဘယ်အရာဖြစ်သည်ဟူသည်တို့ကို စိတ်ဖြာလေ့လာဆွေးနွေးရန် အရေးကြီးသည်။ ထို့အပြင်၊ လူတစ်ဦးသည် ဘုရားသခင်၏ အလုပ်နှင့် အသင်းတော်၏ ပုံမှန်အစီအစဉ်အပေါ် အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများ၏ သက်ရောက်မှုကို နားလည်ရမည်။ ဤသတ်မှတ်ချက်များကို ပြည့်မီခြင်းအတွက် အခြေခံမှာ အဘယ်နည်း။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ပထမဦးစွာ မည်သည့်အလုပ်ကို လုပ်ဆောင်သင့်သနည်း။ အကယ်၍ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဗျူရိုကရက်အရာရှိကဲ့သို့ ဟန်လုပ်ပြီး ညီအစ်ကိုမောင်နှမများနှင့် ထိတွေ့ဆက်ဆံခြင်းမရှိဘဲ၊ ညီအစ်ကိုမောင်နှမများ၏ အမျိုးမျိုးသော အခြေအနေများကို သဘောမပေါက်ဘဲ၊ မတူညီသော လူအမျိုးအစားများနှင့် ရင်းနှီးစွာ ထိတွေ့ဆက်ဆံမှုမရှိသည့်အပြင်၊ ၎င်းတို့အပေါ် အသေးစိတ်လေ့လာမှုနှင့် နက်ရှိုင်းသော သိနားလည်မှု ကင်းမဲ့လျက်၊ အစဉ်သဖြင့် ဟိတ်ကြီးဟန်ကြီးဖြင့် အဖက်မလုပ်ဘဲနေလျှင်၊ ဤသည်မှာ လက်ခံနိုင်ဖွယ်ရှိသလော။ ဤသည်မှာ သေချာပေါက် လက်ခံနိုင်ဖွယ်မရှိပေ။ အချို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အသင်းတော်၏ အလုပ်ကို လျစ်လျူရှုရန်နှင့် သဘောမပေါက်ရန်အတွက် ဝိညာဉ်ရေးရာ ဆက်ကပ်ခြင်းနှင့် အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဆောင်းပါးများ ရေးသားခြင်းကို ဆင်ခြေများအဖြစ် အသုံးပြုလျက် မိမိတို့၏ အခန်းများတွင် မကြာခဏ ပုန်းအောင်းနေကြသည်။ အပေါ်ယံတွင်၊ ၎င်းတို့သည် မိမိတို့ အခန်းများတွင် ပုန်းအောင်းနေရင်း အသင်းတော်ကိစ္စရပ်များကို လုပ်ဆောင်နေပုံရသော်လည်း၊ အမှန်တွင်၊ ၎င်းတို့သည် အသင်းတော်၏ အလုပ်နှင့် ဘုရားသခင် ရွေးချယ်ထားသောလူများထံမှ မိမိတို့ကိုယ်ကို သီးခြားခွဲထုတ်ပြီးဖြစ်သည်။ ဤအလုပ်လုပ်နည်းသည် အသင်းတော်အလုပ်၏ အမျိုးမျိုးသော ကိစ္စများတွင် တည်ရှိနေသော ပြဿနာများကို ဖြေရှင်းနိုင်သလော။ ယင်းက ဘုရားသခင် ရွေးချယ်ထားသောလူများအား မိမိတို့၏ တာဝန်များကို ကောင်းမွန်စွာ ထမ်းဆောင်ရန် ကူညီနိုင်သလော။ ၎င်းတို့သည် သက်သေခံချက် ဆောင်းပါးများ ရေးသားရန် မိမိတို့၏ အခန်းများ၌ ပုန်းအောင်းနေချိန်တွင်၊ ၎င်းတို့သည် ဘုရားသခင်၏ အလုပ်ကို တွေ့ကြုံခံစားနေခြင်းလော။ ထို့ကြောင့်၊ ဤလုပ်နည်းကိုင်နည်းသည် မသင့်လျော်ပေ။ ဆယ့်နှစ်ခုမြောက် တာဝန်အရ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ ပထမဆုံးအလုပ်မှာ အသင်းတော်၏ အလုပ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သော အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရား စည်းမျဉ်းများကို အခြေခံ၍ အချိန်မီ ဖော်ထုတ်ရန် ဖြစ်သည်။ အချို့လူများက “ခေါင်းဆောင်များနှင့် အမှုဆောင်များကို အသင်းတော်အသက်တာတွင် ထဲထဲဝင်ဝင် ပါဝင်စေခြင်းသည် နှောင့်ယှက်ခြင်းများနှင့် အဖျက်အမှောင့်လုပ်ခြင်းများကို ဖြစ်စေသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို အချိန်မီ တိကျစွာ ဖော်ထုတ်သတ်မှတ်နိုင်ရန်အတွက်သာ ဖြစ်သလော”ဟု မေးကြသည်။ ဤနားလည်သဘောပေါက်မှုသည် မှန်ကန်သလော။ (မမှန်ကန်ပါ။) ဤသည်မှာ လွဲချော်သော နားလည်သဘောပေါက်မှု ဖြစ်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် မိမိတို့၏ အလုပ်အတွက် မှန်ကန်သော သဘောထားနှင့် လုပ်နည်းကိုင်နည်း ရှိရမည်ဖြစ်ပြီး အောက်ခြေထိလည်း ဆင်းလုပ်ရမည်။ ဤနည်းအားဖြင့်သာ ၎င်းတို့သည် ပြဿနာများကို အချိန်မီ တိကျစွာ ဖော်ထုတ်သတ်မှတ်ပြီး ဖြေရှင်းနိုင်ပေသည်။ အကယ်၍ ၎င်းတို့သည် အောက်ခြေတွင် မိမိတို့ကိုယ်ကို မြှုပ်နှံခြင်းမရှိဘဲ ဘုရားသခင် ရွေးချယ်ထားသောလူများနှင့်အတူ မနေထိုင်လျှင်၊ အသင်းတော်၏ အလုပ်ရှိ ပြဿနာအားလုံးကို ဖော်ထုတ်ရန် အလွန်ခက်ခဲပေလိမ့်မည်။ အကယ်၍ လူတို့က အစီရင်ခံစာများ တင်သွင်းပြီး ဖြေရှင်းနည်းများ ရှာဖွေမှသာ ပြဿနာအနည်းငယ်ကို ၎င်းတို့ဖြေရှင်းနိုင်လျှင်၊ ဤအလုပ်၏ အကျိုးတရားက အလွန်အကန့်အသတ်ရှိပေလိမ့်မည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များအတွက် အလုပ်လုပ်ရန် အမှားယွင်းဆုံးသော နည်းလမ်းမှာ ပြင်ပကိစ္စများကို လုံးဝဂရုမစိုက်ဘဲ ပညာရှိတို့၏ စာပေများကို လေ့လာရန်သာ လုံးလုံးလျားလျား အာရုံစိုက်ခဲ့ကြသော ရှေးခေတ်ပညာရှင်များကဲ့သို့ တသီးတသန့်နေကာ တံခါးပိတ် အလုပ်လုပ်ခြင်း ဖြစ်သည်။ ဤသဘောထားနှင့် ဘဝနေထိုင်မှုပုံစံသည် ခေါင်းဆောင်များနှင့် အမှုဆောင်များအတွက် လက်မခံနိုင်စရာ ဖြစ်သည်။ သင်သည် တရားဒေသနာများကို နားထောင်ရင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုရင်း၊ ဝိညာဉ်ရေးရာ ဆက်ကပ်ခြင်းဆိုင်ရာ မှတ်စုများ ရေးသားကာ တရားဒေသနာများ ရေးသားရင်း သင့်အခန်းထဲတွင် တစ်ဦးတည်းနေသော်လည်း အယူဝါဒအချို့နှင့် စကားလုံးအချို့ကို ဆည်းပူးရရှိခြင်းက သင်သည် သမ္မာတရားကို နားလည်သည်ဟု ဆိုလိုသလော။ ယင်းက သမ္မာတရားက ဖော်ထုတ်ထားသော လူတို့၏ တကယ့် အနေအထားများနှင့် စစ်မှန်သော အခြေအနေများကို သင်နားလည်သည်ဟု ဆိုလိုသလော။ (မဆိုလိုပါ။) သို့ဖြစ်၍၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ အလုပ်တွင် ဝိညာဉ်ရေးရာ ဆက်ကပ်ခြင်းဆိုင်ရာ အသက်တာသည် မရှိမဖြစ် လိုအပ်သော်လည်း၊ အရေးကြီးဆုံးအရာမှာ မှန်ကန်သော အလုပ်လုပ်နည်းများနှင့် ဘဝနေထိုင်မှုပုံစံ ရှိရန် ဖြစ်သည်။

၂။ ဆိုးယုတ်သောလူများကို အချိန်မီ တားဆီးကာ ချုပ်ချယ်ကန့်သတ်ခြင်း

ဆယ့်နှစ်ခုမြောက် တာဝန်တွင် ဖော်ပြထားသော ခေါင်းဆောင်များနှင့် အမှုဆောင်များအတွက် ဒုတိယမြောက် သတ်မှတ်ချက်မှာ ၎င်းတို့သည် အသင်းတော်၏ အလုပ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သည့် အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို ဖော်ထုတ်သည့်အခါ၊ အချိန်မီတိကျစွာ ဆုံးဖြတ်ချက်များ ချနိုင်ရမည် ဖြစ်သည်။ ၎င်းတို့သည် အမျိုးမျိုးသော လူများနှင့် ဖြစ်ရပ်များ၏ သဘောသဘာဝကို ရှင်းလင်းစွာ ပိုင်းခြားသိမြင်ရန် လိုအပ်ပြီး၊ ယင်းတို့က အသင်းတော်အသက်တာအား မည်သို့ သက်ရောက်မှုရှိသည်၊ ဘုရားသခင် ရွေးချယ်ထားသောလူများ၏ အခြေအနေများ၊ အသက်ဝင်ရောက်မှုနှင့် တာဝန်ထမ်းဆောင်ခြင်းတို့အား ခြိမ်းခြောက်ခြင်း၊ နှောင့်ယှက်ခြင်း သို့မဟုတ် ဖျက်ဆီးခြင်း ရှိမရှိဟူသည်နှင့် လူတို့၏ တာဝန်ထမ်းဆောင်ခြင်း ရလဒ်များကို သက်ရောက်မှု ရှိမရှိဟူသည်တို့ကို နားလည်ရန် လိုအပ်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဤကိစ္စရပ်များကို အချိန်မီ တိကျစွာ အကဲဖြတ်ပြီး ဆန်းစစ်ရမည်။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဖြစ်သည်။ အကယ်၍ ၎င်းတို့တွင် ဤအတွက် စဉ်းစားဉာဏ်မရှိသည့်အပြင် မှန်ကန်သော အစွမ်းအစလည်း မရှိလျှင်၊ အသင်းတော်၏ အလုပ်ကို ၎င်းတို့ လုပ်ဆောင်နိုင်လိမ့်မည် မဟုတ်ပေ။ ထို့အပြင်၊ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများအပေါ် အကဲဆတ်သော တုံ့ပြန်မှုနှင့် ပိုင်းခြားသိမြင်နိုင်စွမ်း ရှိရန် လိုအပ်သည်။ ဥပမာအားဖြင့်၊ အသင်းတော်၌ အငြင်းပွားမှုများ ပေါ်ပေါက်ပြီး အမျိုးမျိုးသော အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများ ဖြစ်ပေါ်သည့်အခါ၊ သင်သည် ပြဿနာကို မဖော်ထုတ်နိုင်ဘဲ ယင်းကို အရေးမပါဟု တွေးထင်လျှင်၊ ယင်းက များစွာသောလူများ ထိခိုက်ခံရပြီး မိမိတို့၏ တာဝန်များကို ကောင်းမွန်စွာ မထမ်းဆောင်နိုင်သည့် ရလဒ်ကို ဖြစ်ပေါ်စေသည်။ ထိုသို့သော ခေါင်းဆောင် သို့မဟုတ် အမှုဆောင်သည် ထုံထိုင်းပြီး ကြောင်းကျိုးမမြင်ဖြစ်နေသည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ ခေါင်းဆောင်များ၊ အမှုဆောင်များနှင့်ပတ်သက်သည့် ပြဿနာပင် ဖြစ်သည်။ တစ်စုံတစ်ဦးက အသင်းတော်၏ အလုပ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်နေသည်ကို သင်တွေ့ရှိသည့်အခါ သင်မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ ပထမဆုံးအနေဖြင့်၊ သင်သည် ကိစ္စရပ်၏ ကြီးလေးမှုကို သေချာအောင် လေ့လာစိစစ်ရန်နှင့် ထိုသို့သောလူများ၏ အနှစ်သာရကိုလည်းကောင်း၊ အသင်းတော်၏ အလုပ်နှင့် အသင်းတော်အသက်တာအပေါ် ထိုသို့သောအရာများ၏ သက်ရောက်မှုနှင့် အကျိုးဆက်များကိုလည်းကောင်း ဆန်းစစ်ပြီး အကဲဖြတ်ရန် လိုအပ်သည်။ ထိုသို့သော အကဲဖြတ်ခြင်းအတွက် အခြေခံမှာ အဘယ်အရာဖြစ်သင့်သနည်း။ ယင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားအပေါ် အခြေခံသင့်သည်။ အချို့လူများက “သင်က ထိုအရာကို ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် အဘယ်သို့ အခြေခံသနည်း။ ကျွန်ုပ်ကတော့ ဤအရာကို အနှစ်မဲ့သော စကားအဖြစ် မြင်သည်” ဟု ပြောကြသည်။ အမှန်တကယ်တွင်၊ ယင်းမှာ အနှစ်မဲ့သော စကားမဟုတ်ပေ။ ငါအဘယ်ကြောင့် ဤသို့ပြောရသနည်း။ သင်သည် ထိုသို့သောအရာများကို ကြုံတွေ့သည့်အခါ သို့မဟုတ် ယင်းတို့အကြောင်းကို မြင်သည့်အခါ သို့မဟုတ် ကြားသည့်အခါ၊ သင်သည် ယင်းတို့ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များက ဖော်ထုတ်ထားသည့် ကိစ္စရပ်များနှင့် နှိုင်းယှဉ်ကြည့်ရန်သာ လိုသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက ထိုသို့သော လူများနှင့် ကိစ္စရပ်များအား မည်သို့ ဖော်ထုတ်ပြီး စိတ်ဖြာလေ့လာဆွေးနွေးသည်ကိုလည်းကောင်း၊ အယောင်ဆောင် ခေါင်းဆောင်များနှင့် အန္တိခရစ်များအား သူမည်သို့ ဖော်ထုတ်သည် သို့မဟုတ် အမျိုးမျိုးသော လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို သူမည်သို့ ဖော်ထုတ်သည်စသည့် ဤကိစ္စရပ်များအား သူမည်သို့ သတ်မှတ်သည်ကိုလည်းကောင်း ကြည့်ရှုလော့။ ထို့နောက်၊ သင်သည် ဤကိစ္စရပ်များကို ထိုနှုတ်ကပတ်တော်များအတိုင်း နှိုင်းယှဉ်ပြီး စိတ်ဖြာလေ့လာဆွေးနွေးကာ၊ ညီအစ်ကိုမောင်နှမများနှင့် မိတ်သဟာယဖွဲ့ခြင်းအပြင် သင်၏ ကိုယ်ပိုင်လေ့လာတွေ့ရှိချက်များမှတစ်ဆင့်၊ သင်မြင်ရသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများအပေါ် တိကျသော အကဲဖြတ်ချက်နှင့် သတ်မှတ်ချက်တစ်ခု နောက်ဆုံးတွင် ပြုလုပ်နိုင်ပြီး၊ လိုက်လျောညီထွေသောဖြေရှင်းချက်များကို ဖော်ထုတ်နိုင်သည်။ အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သည့် အမျိုးမျိုးသော လူများထဲတွင် ပါဝင်သောသူများအဖြစ် သတ်မှတ်ခံရသူများကို မည်သို့ ကိုင်တွယ်သင့်သနည်း။ လူတို့အား ၎င်းတို့အပေါ် ပိုင်းခြားသိမြင်နိုင်အောင် ကူညီဖို့ ၎င်းတို့ကို ဖော်ထုတ်ပြီး စိတ်ဖြာလေ့လာဆွေးနွေးသင့်သည်သာမက၊ ၎င်းတို့ကို တားဆီးကာ ချုပ်ချယ်ကန့်သတ်ရမည်ဖြစ်ပြီး၊ ထပ်တလဲလဲ ဆိုဆုံးမမှုများရှိလင့်ကစား ပြုပြင်မရသူများကိုမူ ရှင်းလင်းပစ်သင့်သည်။ ၎င်းတို့ကို တားဆီးကာ ချုပ်ချယ်ကန့်သတ်ရန်အတွက် နည်းလမ်းများနှင့် တိကျသော လုပ်နည်းကိုင်နည်းများမှာ အဘယ်နည်း။ (၎င်းတို့ကို ပြုပြင်ပြီး သတိပေးပါ။) ပြုပြင်ခြင်းသည် ကောင်းသော နည်းလမ်းတစ်ခုလော။ (ဟုတ်ပါသည်။) ၎င်းတို့၏ လုပ်ဆောင်ချက်များကို ဖော်ထုတ်ခြင်း၊ ၎င်းတို့၏ အဆိုးရွားဆုံးသော ပြဿနာများကို ထောက်ပြခြင်း၊ ၎င်းတို့၏ အနှစ်သာရကို စိတ်ဖြာလေ့လာဆွေးနွေးခြင်းနှင့် သတိပေးချက်များ ပေးခြင်း၊ ဤသည်တို့အားလုံးမှာ ဖြစ်နိုင်ခြေရှိသော နည်းလမ်းများ မဟုတ်လော။ အရေးကြီးဆုံးအရာမှာ ၎င်းတို့အား ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ပြရန်နှင့် ၎င်းတို့ကို ဖျောင်းဖျပြီး စိတ်ဖြာလေ့လာဆွေးနွေးပေးရန် အခြေခံအဖြစ် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အသုံးပြုရန် ဖြစ်သည်။ အကယ်၍ ၎င်းတို့သည် သမ္မာတရားကို လက်မခံဘဲ မိမိတို့၏ အမှားများကို ဝန်ခံရန် ခေါင်းမာစွာ ငြင်းပယ်လျှင် ပိုမိုပြင်းထန်သော စီမံချက်များ လိုအပ်သည်။ ပထမဦးစွာ၊ ၎င်းတို့အား သတိပေးချက်တစ်ခု ပေးလော့၊ ထို့နောက် ၎င်းတို့ကို မဆင်မခြင် မကောင်းမှုများ ကျူးလွန်ပြီး ညီအစ်ကို မောင်နှမများအား နှောင့်ယှက်ခွင့် မပြုဘဲ၊ ချုပ်ချယ်ကန့်သတ်ရန် အသင်းတော်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို အသုံးပြုလော့။ ၎င်းတို့ကိုလည်း ပြုပြင်ပြီးနောက် ကြီးကြပ်သင့်သည်။ ဤနည်းလမ်းများသည် ၎င်းတို့အား မှန်ကန်သော လမ်းကြောင်းပေါ်သို့ ဦးဆောင်လမ်းပြရင်း အသင်းတော်၏ အလုပ်အား ကောင်းမွန်စွာ ပြီးမြောက်စေရန်နှင့် လူတို့ကို ကယ်တင်ရန် သေချာစေဖို့အတွက် လိုအပ်ပေသည်။ ဤနည်းလမ်းများကို အသုံးပြုခြင်းသည် ကောင်းသော ရလဒ်များကို သေချာပေါက် ရရှိစေလိမ့်မည်။ တစ်ဖက်တွင်၊ လူတို့နားလည်သော သမ္မာတရားကို အသုံးပြု၍ ၎င်းတို့ကို ဖျောင်းဖျပြီး ဖော်ထုတ်ကာ၊ ၎င်းတို့၏ စိတ်သဘောထားနှင့် အနှစ်သာရကို စိတ်ဖြာလေ့လာဆွေးနွေးပြီး၊ ၎င်းတို့ လုပ်ဆောင်ချက်များ၏ သဘောသဘာဝနှင့် ၎င်းတို့ကြောင့် ဖြစ်ပေါ်လာသော ဆိုးရွားသည့် အကျိုးဆက်များကို ဖော်ထုတ်လော့။ ဤသည်မှာ လူတို့ အနည်းဆုံး လုပ်ဆောင်နိုင်သည့်အရာ ဖြစ်သည်။ နောက်တစ်ဆင့်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အခြေခံ၍ ၎င်းတို့ကို စိတ်ဖြာလေ့လာဆွေးနွေးပြီး ပိုင်းခြားသိမြင်ကာ၊ သင့်တော်သလို ၎င်းတို့ကို သတ်မှတ်ရန် ဖြစ်သည်။ ၎င်းတို့သည် အကြံဉာဏ်ကို အလေးဂရုပြုပြီး လက်ခံကာ နောင်တရလျှင် ယင်းက အကောင်းဆုံး ဖြစ်မည်မှာ အမှန်ပင်ဖြစ်သည်။ သို့သော်လည်း၊ ၎င်းတို့သည် ထိုအရာကို လက်မခံဘဲ အသင်းတော်၏ အလုပ်ကို ဆက်လက်နှောင့်ယှက်နေလျှင်၊ မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ ထိုအခြေအနေတွင်၊ ယဉ်ကျေးနေရန် မလိုအပ်တော့ပေ။ ဘုရားအိမ်တော်တွင် စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များ ရှိပြီး၊ ဤအချိန်တွင်၊ ထိုလူကို ဘုရားအိမ်တော်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များအတိုင်း တားဆီးပြီးချုပ်ချယ်ကန့်သတ်သင့်သည်။ အကယ်၍ ထိုလူသည် သမ္မာတရားကို နားမလည်သော သေးငယ်သည့် ဝိညာဉ်ရင့်ကျက်မှုရှိသော ယုံကြည်သူအသစ်ဖြစ်လျှင်၊ ၎င်းတို့ကို မေတ္တာဖြင့် ကူညီနိုင်သည်။ သင်သည် ၎င်းတို့အား မိမိတို့ကိုယ်ကို သိရှိလာစေရန် သမ္မာတရားကို မိတ်သဟာယဖွဲ့နိုင်သည်။ သမ္မာတရားကို လက်ခံပြီး နောင်တရနိုင်သောသူများအတွက်၊ ၎င်းတို့ကို တားဆီးရန်၊ ချုပ်ချယ်ကန့်သတ်ရန် သို့မဟုတ် ပြုပြင်ရန် မလိုအပ်ပေ။ အကယ်၍ ၎င်းတို့သည် သမ္မာတရားကို လက်မခံလျှင်၊ ယင်းမှာ အခြေခံအုတ်မြစ် တိမ်ခြင်း သို့မဟုတ် သေးငယ်သော ဝိညာဉ်ရင့်ကျက်မှုရှိပြီး သမ္မာတရားကို နားမလည်ခြင်းနှင့် မသက်ဆိုင်ပေ။ ယင်းမှာ ၎င်းတို့၏ လူ့သဘာဝတွင် ရှိသော ပြဿနာတစ်ခု ဖြစ်သည်။ ထိုသို့သောလူများအတွက်၊ ၎င်းတို့ကို တားဆီးပြီး ချုပ်ချယ်ကန့်သတ်ရန် စီမံအုပ်ချုပ်ရေးဆိုင်ရာ စီမံခန့်ခွဲမှုနှင့် စီမံအုပ်ချုပ်ရေးဆိုင်ရာ အပြစ်ဒဏ်ကို အသုံးပြုသင့်သည်။ ရရှိလာသော အဆုံးစွန်အကျိုးတရားမှာ အသင်းတော်၏ အလုပ်နှင့် အသင်းတော်အသက်တာ၏ ပုံမှန်အစီအစဉ်ကို ထိန်းသိမ်းခြင်းဖြစ်ပြီး၊ အသင်းတော်အသက်တာကို စနစ်ကျသည့်ပုံစံဖြင့် ရှေ့ဆက်ခွင့်ပြုခြင်း ဖြစ်သည်။ ဤသည်ကို အခြေအနေများအား ပြန်လည်ကောင်းမွန်အောင် ပြုလုပ်ခြင်းဟု ခေါ်ပြီး၊ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ မိမိတို့၏ အလုပ်တွင် ရရှိသင့်သော အကျိုးတရား ဖြစ်သည်။ ဤအကျိုးတရားကို ရရှိမှသာ ၎င်းတို့သည် မိမိတို့၏ တာဝန်ကို ဖြည့်ဆည်းနေခြင်း ဖြစ်သည်။ အကယ်၍ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ပေါ်ပေါက်လာသော မည်သည့်ပြဿနာကိုမဆို လျစ်လျူရှုပြီး၊ စကားလုံးအချို့နှင့် အယူဝါဒအချို့ဖြင့် ဝတ်ကျေတမ်းကျေ တုံ့ပြန်ရုံမျှသာ သို့မဟုတ် အသင်းတော်၏ အလုပ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သောသူတို့အား စကားအနည်းငယ်မျှဖြင့်သာ ရိုးရှင်းသောပုံစံဖြင့် ပြစ်တင်ကြိမ်းမောင်းပြီး ပြုပြင်ရုံမျှသာ ပြုလုပ်လျှင်၊ ဤအရာက ပြဿနာကို ဖြေရှင်းနိုင်သလော။ ဤအရာက ပြဿနာကို မဖြေရှင်းနိုင်သည်သာမက၊ အသင်းတော်၌ ပိုမိုကြီးမားသော ပရမ်းပတာအခြေအနေကိုလည်း ဖြစ်စေသည်။ လူအများစုသည် မိမိတို့၏ တာဝန်များကို ထမ်းဆောင်ရန် စိတ်ဆန္ဒ ပျောက်ဆုံးသွားပြီး မတူကွဲပြားသော အတိုင်းအတာများဖြင့် နှောင့်ယှက်ခြင်းခံရကာ၊ ၎င်းတို့၏ တာဝန်ထမ်းဆောင်ခြင်းကို ထိခိုက်စေသည်။ ထိုသို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များသည် မိမိတို့၏ တာဝန်ကို ဖြည့်ဆည်းပြီးပြီလော။ (မဖြည့်ဆည်းသေးပါ။) ဤအရာက ဤခေါင်းဆောင်များနှင့် အမှုဆောင်များအနေဖြင့် မိမိတို့အလုပ်တွင် အရည်အချင်းမပြည့်မီသည်ကို ပြပေသည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။