ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၂၀) အခန်း နှစ်

၃။ ဘုရားသခင် ရွေးချယ်ထားသော လူတို့က ပိုင်းခြားသိမြင်နိုင်စွမ်း ဖြစ်ပေါ်ပြီး သင်ခန်းစာများ သင်ယူနိုင်ရန်အလို့ငှာ ဆိုးယုတ်သောလူတို့၏ ဒုစရိုက်အမှုများကို ဖော်ထုတ်ခြင်း

ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ ဆယ့်နှစ်ခုမြောက် တာဝန်၏ တတိယမြောက် သတ်မှတ်ချက်မှာ ဆိုးယုတ်သော လူတို့ဖြစ်စေသည့် အနှောင့်အယှက်များနှင့် အဖျက်အမှောင့် လုပ်ခြင်းများကို ကိုင်တွယ်ဖြေရှင်းသည့်အခါ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် မိမိတို့ကိုယ်ကို ပြန်လည်သုံးသပ်ကာ သိရှိရန်နှင့် စစ်မှန်သော အပြောင်းအလဲရှိရန်အတွက် ဘုရားသခင် ရွေးချယ်ထားသော လူတို့နှင့်အတူ ဘုရားနှုတ်ကပတ်တော်များကို စားသောက်သင့်ခြင်း ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင် ရွေးချယ်ထားသော လူတို့ကို သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ရန်၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားရန်နှင့် ဘုရားသခင်နောက်လိုက်ခြင်း၊ ဘုရားသခင်ကို ကျိုးနွံနာခံခြင်းနှင့် ဘုရားသခင်ကို သက်သေခံခြင်းတို့အား စွမ်းဆောင်ရရှိရန် ဦးဆောင်လမ်းပြနိုင်သင့်ပေသည်။ ဤအလုပ်မျိုးသည်သာ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ကိုက်ညီသည်။ တစ်နည်းအားဖြင့် ဤသို့အလုပ်လုပ်သည့် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ပြဿနာများကို ဖြေရှင်းနိုင်ကြပြီး အလုပ်လုပ်နေစဉ် သမ္မာတရားဖြင့် မိမိတို့ကိုယ်ကို ပြင်ဆင်နိုင်ကြသည်။ ထို့အပြင် ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို မိတ်သဟာယပြုခြင်းမှတစ်ဆင့် ၎င်းတို့သည် ညီအစ်ကို မောင်နှမများအား သမ္မာတရားကို နားလည်ရန်၊ မိမိတို့ကိုယ်ကို မည်သို့ ပြန်လည်သုံးသပ်ကာ သိကျွမ်းရမည်ဆိုသည်ကို သိရှိရန်၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားရန်၊ ၎င်းတို့၏ တာဝန်များကို ကောင်းစွာ ထမ်းဆောင်ရန်၊ လူတို့ကို မည်သို့ ပိုင်းခြားသိမြင်ကာ သဘောထားရမည်ဆိုသည်ကို သိရှိရန်၊ ဘုရားသခင်နောက်လိုက်ခြင်းနှင့် ဘုရားသခင်ကို ကျိုးနွံနာခံခြင်းအား စွမ်းဆောင်ရရှိရန်၊ အခြားသူများ၏ ဘောင်ခတ်ခြင်းမခံရရန်နှင့် ၎င်းတို့၏ သက်သေခံချက်တွင် ခိုင်မာစွာ ရပ်တည်နိုင်ရန် ကူညီကြလေသည်။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များကို ကောင်းမွန်စွာ ဖြည့်ဆည်းခြင်းဖြစ်သည်။ ဤသည်မှာ အသင်းတော်၏ အလုပ်ကို ဆောင်ရွက်နေစဉ် ပြဿနာများကို ဖြေရှင်းခြင်းအတွက် ခေါင်းဆောင်များနှင့် အမှုဆောင်များက လက်တွေ့လုပ်ဆောင်သင့်သည့် စည်းမျဉ်းဖြစ်သည်။ အသင်းတော်တွင် မည်သည့် ပြဿနာများ ထွက်ပေါ်သည်ဖြစ်စေ ဦးစွာပထမဆိုသလို ခေါင်းဆောင်များနှင့် အမှုဆောင်များသည် သမ္မာတရားကို ရှာဖွေသင့်သည်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို သဘောပေါက်သင့်ပြီး ဘုရားသခင်၏ လမ်းပြမှုကို အတူတကွ ရှာဖွေသင့်ကြပေသည်။ ထို့နောက်တွင် ၎င်းတို့သည် ရှိရင်းစွဲပြဿနာအမျိုးမျိုးကို ဖြေရှင်းရန် ဆီလျော်သည့် ဘုရားနှုတ်ကပတ်တော်များကို ရှာဖွေသင့်သည်။ ပြဿနာများကို ဖြေရှင်းသည့် ဖြစ်စဉ်တွင် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ညီအစ်ကို မောင်နှမများနှင့်အတူ ဆီလျော်သည့် ဘုရားနှုတ်ကပတ်တော်များကို ပိုမို မိတ်သဟာယပြုသင့်ပြီး ဘုရားနှုတ်ကပတ်တော်များပေါ် အခြေခံ၍ ပြဿနာများ၏ အနှစ်သာရကို နားလည်သင့်ပေသည်။ ၎င်းတို့သည် ဘုရားသခင် ရွေးချယ်ထားသော လူတို့အား ဤပြဿနာများကို ပိုင်းခြားသိမြင်စေရန် ထိုသူတို့၏ ကိုယ်ပိုင်သိနားလည်မှုကိုလည်း မိတ်သဟာယပြုခိုင်းသင့်သည်။ အများစုက တူညီသည့် သိနားလည်မှုရှိကာ အများသဘောတူညီမှုကို ရရှိနိုင်သည်နှင့်တစ်ပြိုင်နက် ပြဿနာများက ဖြေရှင်းရန် ပိုမိုလွယ်ကူလာလေသည်။ ပြဿနာများကို ဖြေရှင်းရာတွင် အဖြစ်အပျက်များကို အစဉ်သဖြင့် ထပ်တလဲလဲ အသေးစိတ် ပြန်မပြောပြနှင့်၊ သို့မဟုတ် အရေးမပါသော အသေးစိတ်အချက်များကို ရရှိအောင် အားမထုတ်နှင့် သို့မဟုတ် ပြဿနာများတွင် ပါဝင်ပတ်သက်သည့် လူတစ်ဦးချင်းစီကို အပြစ်မတင်နှင့်။ ပထမဆုံးအနေဖြင့် အသေးအဖွဲ ကိစ္စများကို အာရုံမစိုက်နှင့်။ ထိုအစား ပြဿနာများ၏ သဘောသဘာဝကို ဤအရာက ထုတ်ဖော်ပြလိမ့်မည် ဖြစ်သဖြင့် သမ္မာတရားကို ရှင်းလင်းစွာ မိတ်သဟာယပြုလော့။ ဤလုပ်နည်းကိုင်နည်းကသာ ဘုရားသခင် ရွေးချယ်ထားသောလူတို့အား ဘုရားနှုတ်ကပတ်တော်ပေါ် အခြေခံ၍ ကိစ္စရပ်များကို ပိုင်းခြားသိမြင်ရန် သင်ယူဖို့၊ ဖြစ်ပေါ်လာသည့် လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများမှ ပိုင်းခြားသိမြင်မှု ရရှိရန်နှင့် ယင်းတို့မှ လက်တွေ့ကျသော သင်ခန်းစာများကို သင်ယူရန် ကူညီလိမ့်မည် ဖြစ်သည်။ ထိုအရာက ၎င်းတို့အား သမ္မာတရားကို အမှန်တကယ် သိနားလည်ရန် ထောက်ကူပေးလျက် ၎င်းတို့ နားလည်နေကျ စကားလုံးများနှင့် အယူဝါဒများကို လက်တွေ့ဘဝနှင့် နှိုင်းယှဉ်ခွင့်လည်း ပေးသည်။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ လုပ်ဆောင်သင့်သည့်အရာ မဟုတ်လော။ ဘုရားသခင် ရွေးချယ်ထားသော လူတို့ကို သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဦးဆောင်ခြင်းသည် အဓိကအားဖြင့် ဘုရားသခင် ရွေးချယ်ထားသော လူများ၏ အယူအဆများ၊ စိတ်ကူးများနှင့် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းရန် သမ္မာတရားကို အသုံးပြုခြင်း ပါဝင်သည်။ ဤလုပ်နည်းကိုင်နည်းက အကောင်းဆုံးသော ရလဒ်များကို ဖြစ်ထွန်းစေသည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များက ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို ပို၍ အသုံးပြုနိုင်လေလေ၊ ဘုရားသခင် ရွေးချယ်ထားသော လူတို့က သမ္မာတရားကို ပို၍ လွယ်ကူစွာ နားလည်နိုင်လေလေ ဖြစ်သည်။ ဤနည်းအားဖြင့် ၎င်းတို့သည် လက်တွေ့ဘဝတွင် ဘုရားနှုတ်ကပတ်တော်ကို မည်သို့ လက်တွေ့လုပ်ဆောင်ပြီး ကျင့်သုံးရမည်ကို သိရှိလာကြလိမ့်မည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များက ဘုရားသခင် ရွေးချယ်ထားသော လူတို့ကို လက်တွေ့ကျသော ပြဿနာများ ဖြေရှင်းရန် မကြာခဏ ဦးဆောင်ပါက ၎င်းတို့သည် ဘုရားသခင် ရွေးချယ်ထားသော လူတို့ကို သမ္မာတရား လက်တွေ့ကျမှုထဲသို့ ခေါ်ဆောင်နိုင်လိမ့်မည်ဖြစ်ပြီး ထိုသူတို့၏ နေ့စဉ်အသက်တာများထဲတွင်လည်း ဘုရားနှုတ်ကပတ်တော်ကို တစ်သားတည်း ဖြစ်အောင်လုပ်နိုင်လိမ့်မည်ဖြစ်သည်။ အချို့လူများက “ခေါင်းဆောင်များနှင့် အမှုဆောင်များအတွက် ဤတောင်းဆိုချက်က အလွန်မညှာမတာ ဖြစ်လွန်းသည် မဟုတ်လော။ ကျွန်ုပ်တို့သည် ထိုမျှများသော သိနားလည်မှုကို မည်သို့ ရနိုင်မည်နည်း” ဟု ပြောဆိုကြသည်။ သင်သည် ယခင်က ထိုအရာကို မရှိခဲ့ကောင်း မရှိခဲ့နိုင်သော်လည်း ဤရလဒ်ကို စွမ်းဆောင်ရရှိရန် သင် လေ့လာပြီး လက်တွေ့လုပ်ဆောင်၍ မရနိုင်သလော။ ဤသည်မှာ ဘုရားသခင်၏ အမှုတော်က ခေါင်းဆောင်များနှင့် အမှုဆောင်များအပြင် ဘုရားသခင် ရွေးချယ်ထားသော လူတို့အား သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ရန် လေ့ကျင့်ပေးသည့် နည်းလမ်း ဖြစ်သည်။ သင် မည်သို့လုပ်ဆောင်ရမည်ကို မသိလျှင် သင် လေ့လာပြီး လက်တွေ့လုပ်ဆောင်နိုင်သည်။ မည်သည့်ပြဿနာများ ပေါ်ပေါက်သည်ဖြစ်စေ သင်သည် ဘုရားနှုတ်ကပတ်တော်များကို အခြေခံ၍ မိမိကိုယ်ကို ဆင်ခြင်သုံးသပ်ရန်နှင့် သိရှိရန် သင်ယူရမည်။ ဤသည်မှာ လက်တွေ့လုပ်ဆောင်ခြင်း၏ လုပ်ငန်းစဉ် ဖြစ်သည်။ အကြိမ်အနည်းငယ် လက်တွေ့လုပ်ဆောင်ပြီး ရလဒ်များ စွမ်းဆောင်ရရှိပြီးနောက်တွင် သင်သည် လမ်းကြောင်းတစ်ခု ရှိလိမ့်မည်ဖြစ်ပြီး သမ္မာတရားကို မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကို သိရှိလာလိမ့်မည်။ ဘုရားသခင်သည် အမှုပြုရန် ကြွလာသောအခါ လူတို့ကို သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ရန် သင်ယူစေဖို့ သူ ဦးဆောင်သည်မှာ ဤနည်းလမ်းဖြင့် ဖြစ်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ညီအစ်ကိုမောင်နှမများနှင့် မကြာခဏ ဆက်သွယ်ပြောဆိုသင့်သည်၊ ပြဿနာများကို အတူတကွ ရင်ဆိုင်သင့်သည်၊ ပြဿနာများကို အတူတကွ ဖြေရှင်းသင့်ပြီး အသင်းတော်အလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်သင့်သည်။ အသင်းတော် ခေါင်းဆောင်များသည် ဘုရားသခင် ရွေးချယ်ထားသော လူတို့ကို မည်သို့ ဦးဆောင်သင့်သနည်း။ အဓိက နည်းလမ်းမှာ ဘုရားသခင် ရွေးချယ်ထားသော လူတို့အနေဖြင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ရုံမျှမက အပျက်သဘောဆောင်သည့် အရာများနှင့် အပျက်သဘောဆောင်သည့် လူများဖြစ်သော အယောင်ဆောင်ခေါင်းဆောင်များ၊ အယောင်ဆောင် အမှုဆောင်များ၊ ဆိုးယုတ်သော လူများ၊ မယုံကြည်သူများနှင့် အန္တိခရစ်များကိုလည်း ပိုင်းခြားသိမြင်နိုင်ရန်အလို့ငှာ လက်တွေ့ဘဝတွင်ရှိသည့် ပြဿနာများကို ပိုင်းခြားသိမြင်ကာ ဖြေရှင်းရန်၊ လက်တွေ့ဘဝတွင် ဘုရားနှုတ်ကပတ်တော်ကို လက်တွေ့လုပ်ဆောင်ကာ တွေ့ကြုံရန် ၎င်းတို့အား ဦးဆောင်ခြင်း ဖြစ်သည်။ လူအမျိုးမျိုးကို ပိုင်းခြားသိမြင်ခြင်း၏ ရည်ရွယ်ချက်မှာ ပြဿနာများကို ဖြေရှင်းရန် ဖြစ်သည်။ ဆိုးယုတ်သော လူများနှင့် အန္တိခရစ်များက ဖြစ်စေသည့် အနှောင့်အယှက်များကို အကုန်အစင် ဖြေရှင်းခြင်းအားဖြင့်သာ အသင်းတော်၏ အလုပ်သည် ချောမောစွာ တိုးတက်နိုင်ပြီး ဘုရားသခင်၏ အလိုတော်ကို အသင်းတော်တွင် ဆောင်ရွက်ခြင်း ရှိလိမ့်မည် ဖြစ်သည်။ တစ်ချိန်တည်းတွင် ဆိုးယုတ်သော လူတို့ကို ကိုင်တွယ်ခြင်းသည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်းတို့အား ကိုယ်တိုင် စွမ်းဆောင်ရရှိစေရန် ထောက်ကူပေးလျက် အမှားများ ပြုလုပ်ခြင်း သို့မဟုတ် မကောင်းမှု လုပ်ဆောင်ခြင်းအား ရှောင်ရှားဖို့ သတိပေးချက်တစ်ခုအဖြစ်လည်း ဆောင်ရွက်ပေသည်။ ဤနည်းဖြင့် သင်သည် သင်၏ တာဝန်ကို ကောင်းစွာ ဖြည့်ဆည်းသည့်အပြင် အသက်ဝင်ရောက်မှုကို ရရှိသည်သာမက သမ္မာတရားကိုလည်း နားလည်ပြီး သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်လေသည်။ ဤသည်မှာ တစ်ချက်ခုတ်၊ နှစ်ချက်ပြတ်ခြင်း မဟုတ်လော။ သမ္မာတရားကို သင် နားလည်ပြီး ပြဿနာများကို ဖြေရှင်းနိုင်သည့်အခါ ဤအရာက သင်သည် ခေါင်းဆောင် သို့မဟုတ် အမှုဆောင်တစ်ဦးဖြစ်ဖို့ အစွမ်းအစ ပိုင်ဆိုင်ကာ ဘုရားအိမ်တော်တွင် ပျိုးထောင်ခြင်းခံရဖို့အတွက် သတ်မှတ်ချက်များ ပြည့်မီကြောင်း သက်သေပြသည်။ ထို့ကြောင့် သင်သည် လက်တွေ့ဘဝတွင်ရှိသည့် အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို ပိုင်းခြားသိမြင်ရန် သင်ယူရာတွင် ညီအစ်ကို မောင်နှမများကို ဦးဆောင်ပြီး လမ်းပြသင့်သည်။ သမ္မာတရား သိနားလည်မှုကို စွမ်းဆောင်ရရှိသင့်သည်။ အသင်းတော်အလုပ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သည့် လူအမျိုးစုံအား မည်သို့ဆက်ဆံရမည်ကို သိသင့်သည်။ သမ္မာတရားအား မည်သို့လက်တွေ့လုပ်ဆောင်ရမည်ကိုလည်းကောင်း၊ လူအမျိုးမျိုးကို စည်းမျဉ်းများနှင့်အညီ မည်သို့ဆက်ဆံရမည်ကိုလည်းကောင်း၊ ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို မည်သို့မိတ်သဟာယပြုရမည်ကိုလည်းကောင်း သိသင့်သည်။ ဤသည်မှာ သင်၏ တာဝန်ဖြစ်သည်။ ဤနည်းဖြင့် လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့် သင်သည် ဘုရားနှုတ်ကပတ်တော်များ၏ လက်တွေ့ကျမှုထဲသို့ ဝင်ရောက်သည်။ သင်သည် ကိစ္စရပ်များကို သင်၏ ကိုင်တွယ်ပုံ၊ လူတို့ကို ဆက်ဆံပုံနှင့် သင်၏ တာဝန်များကို ထမ်းဆောင်ပုံတို့တွင် လက်တွေ့လုပ်ဆောင်ခြင်း စည်းမျဉ်းများ ရှိလျက် လက်တွေ့ဘဝတွင် သင်ကြုံရသည့် ကိစ္စရပ်တိုင်း၌ သင်ခန်းစာများကို သင်ယူလိမ့်မည်၊ ပိုင်းခြားသိမြင်နိုင်စွမ်းကို ရရှိကာ ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်လိမ့်မည်။ ဤနည်းဖြင့် သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်လိမ့်မည်။ လူတို့အတွက် ဘုရားသခင်၏ တောင်းဆိုချက်မှာ ထိုသို့သော ရလဒ်များကို စွမ်းဆောင်ရရှိရန် ဖြစ်သည်။ ထို့ကြောင့် မည်သည့်ကိစ္စများဖြစ်ပေါ်ပါစေ သင်သည် အစဉ်သဖြင့် သင်ခန်းစာယူရမည်ဖြစ်ပြီး ပိုင်းခြားသိမြင်နိုင်စွမ်း ရှိရမည်။ ယင်းတို့ကို လက်လွှတ်ဆုံးရှုံး၍ မရသကဲ့သို့ သင်ခန်းစာယူဖို့နှင့် ပိုင်းခြားသိမြင်နိုင်စွမ်း ရရှိဖို့ မည်သည့်အခွင့်အရေးကိုမျှ လွဲချော်၍လည်း မရပေ။ တစ်စုံတစ်ခု ဖြစ်ပျက်ခဲ့ကြောင်း မှန်ကန်သည့်အတွက် ကျွန်ုပ်တို့သည် ယင်းကို အပျက်သဘောဆောင်၊ စောဒကတက်သော သဘောထားဖြင့် မချဉ်းကပ်ရပေ။ ထိုအစား အပြုသဘောဆောင်သော သဘောထားဖြင့် ထိုအရာကို ရင်ဆိုင်သင့်သည်။ ယင်းကို မည်သို့ ပြုလုပ်ရသနည်း။ ပြဿနာကို ဖြေရှင်းရန်အတွက် သမ္မာတရားကို ရှာခြင်းအားဖြင့် ဖြစ်သည်။ လူအားလုံးတွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများရှိပြီး ၎င်းတို့၏ လူ့သဘာဝသည် ကောင်းသည်ဖြစ်စေ၊ ဆိုးယုတ်သည်ဖြစ်စေ ရှိနိုင်သည်၊ ထို့ကြောင့် လူတို့ စုဝေးသောအခါ ပြဿနာများသည် မည်သို့ မပေါ်ဘဲနေနိုင်မည်နည်း။ ဘုရားသခင်သည် သင့်အတွက် ဤပတ်ဝန်းကျင်ကို စီစဉ်ဖွဲ့စည်းပေးခဲ့ကြောင်း၊ သင့်အနီးတွင် ဖြစ်ပေါ်သည့်အနေဖြင့် ဤသို့သောလူများ၊ ဖြစ်ရပ်များ၊ အမှုအရာများကို ဘုရားသခင်က သင့်အား ပြကြောင်းကို ထောက်ဆသော် သင်၏ သဘောထားသည် မည်သို့ ဖြစ်သင့်သနည်း။ သင့်ရှေ့တွင် ဤအမျိုးမျိုးသော ပြဿနာများကို ချပေးခြင်းအတွက် ဘုရားသခင်ကို ကျေးဇူးတင်လော့။ ဘုရားသခင်သည် သင့်အား လက်တွေ့လုပ်ဆောင်ပြီး သင်ခန်းစာများ ယူရန်နှင့် သမ္မာတရား လက်တွေ့ကျမှုထဲ ဝင်ရောက်ရန် အခွင့်အရေးပေးနေခြင်းဖြစ်သည်။ ခေါင်းဆောင် သို့မဟုတ် အမှုဆောင်တစ်ဦးအနေဖြင့် သင်သည် ထိုသို့သော အခွင့်အရေးကို ပေးသည့်အတွက် ဘုရားသခင်ကို ကျေးဇူးလည်း တင်သင့်သည်။ မည်သည့်ပြဿနာများကို သင် ကြုံတွေ့ရသည်ဖြစ်စေ ညီအစ်ကိုမောင်နှမများကို သင်နှင့်အတူ ပိုင်းခြားသိမြင်ရန်၊ သင်ခန်းစာများ ရယူရန်နှင့် ထိုးထွင်းသိမြင်မှုများ ရရှိရန် ဦးဆောင်ရမည်။ ထို့အပြင် ပြဿနာနှင့်စပ်လျဉ်း၍ လူတို့၌ မည်သည့်အယူအဆများနှင့် စိတ်ကူးများရှိသည်၊ မည်သည့်လွဲချော်သော အမြင်များ ဖြစ်တည်သည်၊ ဤကိစ္စရပ်ကို ကြုံတွေ့ခြင်းမှ မည်သည့်သင်ခန်းစာများ သင်ယူပြီးဖြစ်သည်၊ မည်သည့်မှားယွင်းသော အယူအဆများနှင့် အမြင်များကို ဖြေရှင်းပြီးဖြစ်သည်ဟူသည်နှင့် နောက်ဆုံးတွင် မည်သည့်သမ္မာတရားများကို နားလည်သဘောပေါက်ပြီး ဖြစ်သည်ဟူသည်တို့ကို သင်နှင့်အတူ ဆင်ခြင်သုံးသပ်ပြီး နားလည်ရန် ၎င်းတို့ကို သင်ဦးဆောင်ရမည်။ ဤသည်မှာ ကိစ္စတစ်ခုတလေကိုမျှ မလွတ်စေဘဲ လူတစ်ဦးက ဘုရားသခင်၏ အမှုတော်ကို တွေ့ကြုံသင့်သည့်ပုံစံ ဖြစ်သည်။ သင်သည် ဘုရားသခင်၏ အမှုတော်ကို နှစ်အတန်ကြာ တွေ့ကြုံခဲ့ပြီး ပြဿနာများစွာကို ဖြေရှင်းခဲ့ပြီးဖြစ်ပါက ဘုရားနှုတ်ကပတ်တော်များအားလုံးသည် သမ္မာတရားဖြစ်ပြီး လူတို့ကို လုံးဝသန့်စင်ပေးနိုင်ကာ စာတန်၏ စွမ်းအားမှ ကယ်တင်နိုင်သည်ကို သင်မြင်တွေ့ရလိမ့်မည်။ လူတို့သည် သမ္မာတရားကို နားလည်ပြီး ရရှိသောအခါ ဘုရားနှုတ်ကပတ်တော်များက လုံးဝ ဖြစ်မြောက်အောင်မြင်ပြီး ပြီးမြောက်သည်ကို ၎င်းတို့ မြင်တွေ့ရလိမ့်မည်။ ဘုရားသခင် ရွေးချယ်ထားသော လူတို့သည် ဘုရားနှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ပြီး တွေ့ကြုံနိုင်သောအခါ ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များကို ၎င်းတို့၏ လက်တွေ့ဘဝများထဲသို့ တစ်သားတည်းဖြစ်အောင် လုပ်နိုင်လိမ့်မည်။ လူများနှင့် ကိစ္စရပ်များကို ရှုမြင်ရန် ဘုရားနှုတ်ကပတ်တော်ကို မှန်ကန်စွာ အသုံးပြုနိုင်မည်ဖြစ်ပြီး ၎င်းတို့မြင်တွေ့သည့်အရာ သို့မဟုတ် ၎င်းတို့၏ ခံစားချက်များအပေါ် အားကိုးခြင်း၊ အယူအဆများနှင့် စိတ်ကူးများအပေါ် သေချာပေါက် အားကိုးခြင်းတို့ထက် လူများနှင့် ၎င်းတို့လုပ်ဆောင်သမျှ အရာအားလုံးကို ဘုရားနှုတ်ကပတ်တော်ဖြင့် တိုင်းတာနိုင်လိမ့်မည် ဖြစ်သည်။ ၎င်းတို့သည် ဤသင်ခန်းစာများကို သင်ယူပြီးသည်နှင့်တစ်ပြိုင်နက် ၎င်းတို့အတွက် ဘုရားနှုတ်ကပတ်တော်များဖြင့် အသက်ရှင်ရန် ပိုမိုလွယ်ကူလာပြီး ဘုရားသခင်၏ မျက်မှောက်တော်တွင် မကြာခဏ အသက်ရှင်နိုင်ကြသည်။ ဤနည်းအားဖြင့် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ၎င်းတို့၏ အလုပ်တွင် လုံးဝ စံနှုန်းပြည့်မီပြီး ၎င်းတို့၏ တာဝန်ဝတ္တရားများကို ကောင်းစွာ ဖြည့်ဆည်းပြီးဖြစ်လေသည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များက ၎င်းတို့၏ အလုပ်ကို စေ့စေ့စပ်စပ် လုပ်ဆောင်သည့်အခါမှသာ ဘုရားသခင် ရွေးချယ်ထားသော လူတို့သည် ဤအကျိုးကျေးဇူးများကို စွမ်းဆောင်ရရှိနိုင်ကြပေသည်။ သင်ကြုံတွေ့ရသည့် အခြေအနေများစွာတွင် သင်သည် ညီအစ်ကိုမောင်နှမများအား သင်ခန်းစာများ သင်ယူရန် မည်သို့ဦးဆောင်ရမည်ကို မသိသည့်အပြင် အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို မပိုင်းခြားနိုင်ပါက သင်သည် ဝိညာဉ်မျက်စိကန်းသူ၊ တုံးအပြီး ဉာဏ်ထိုင်းသော နားဝေတိမ်တောင်ဖြစ်သောသူတစ်ဦး ဖြစ်သည်။ ထိုသို့သောအခြေအနေများနှင့် ရင်ဆိုင်ရသည့်အခါ သင်သည် ထိုအရာများကို မည်သို့ကိုင်တွယ်ရမည်ကို မသိသည့်အပြင်၊ ဤအလုပ်အတွက် အရည်အချင်းမပြည့်မီဘဲ အလွန်အမင်း စိတ်ရှုပ်ထွေးနေလိမ့်မည်ဖြစ်သည်သာမက ယင်းသည် ဤလူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများနှင့်ဆိုင်သည့် ညီအစ်ကိုမောင်နှမများ၏ တွေ့ကြုံမှုကိုလည်း ထိခိုက်စေလိမ့်မည်။ သင်သည် အမှုအရာများကို မမှန်မကန်ကိုင်တွယ်လျှင်၊ မည်သည့်အလုပ်ကိုမျှ မလုပ်ဆောင်လျှင်၊ သင်မိတ်သဟာယဖွဲ့သင့်သည့် သမ္မာတရားကို တစ်လုံးတစ်ပါဒမျှ မပြောဆိုသည့်အပြင် အခြားသူများအတွက် အကျိုးရှိသော သို့မဟုတ် တည်ဆောက်စရာဖြစ်သော မည်သည့်အရာကိုမျှ မပြောနိုင်လျှင် လူများစွာတို့သည် အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများကို ဖြစ်စေသည့် ဤလူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို ရင်ဆိုင်ရသောအခါ ဤကိစ္စရပ်များကို ဘုရားသခင်ထံမှ ခံယူရန်၊ ယင်းတို့ကို အပြုသဘောဆောင်စွာနှင့် တက်ကြွစွာ သဘောထားပြုမူရန်နှင့် ယင်းတို့ထံမှ သင်ခန်းစာများ သင်ယူရန် ပျက်ကွက်လိမ့်မည်သာမက ဘုရားသခင်အပေါ် ၎င်းတို့၏ အယူအဆများနှင့် သတိထားရှောင်ကြဉ်မှုသည် သာ၍ပင် ဆိုးရွားလာလိမ့်မည်ဖြစ်ပြီး သူ့အပေါ် ၎င်းတို့၏ မယုံကြည်မှုနှင့် သင်္ကာမကင်းဖြစ်ခြင်းတို့သည်လည်း ထိုသို့ပင် ဖြစ်လိမ့်မည်။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များက သမ္မာတရား လက်တွေ့ကျမှု ကင်းမဲ့ပြီး ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို အသုံးမပြုနိုင်ခြင်း၏ အကျိုးဆက် မဟုတ်လော။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များက လက်တွေ့အလုပ်ကို မလုပ်ဆောင်နိုင်သည့် လက္ခဏာတစ်ရပ် မဟုတ်လော။ သင်သည် အသင်းတော်အလုပ်ကို ကောင်းမွန်စွာ မလုပ်ဆောင်ခဲ့ပေ၊ ဘုရားသခင်က သင့်အား ပေးအပ်ခဲ့သည့် တာဝန်ပေးစေခိုင်းချက်ကို မပြီးမြောက်ခဲ့ပေ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရားများကို ကောင်းမွန်စွာ မဖြည့်ဆည်းခဲ့သည့်အပြင်၊ ညီအစ်ကိုမောင်နှမများကို စာတန်၏ အာဏာအောက်မှ ဦးဆောင်ခေါ်ထုတ်ခဲ့ခြင်းမရှိပေ။ ၎င်းတို့သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် စာတန်၏ စုံစမ်းသွေးဆောင်ခြင်းများအတွင်းတွင် အသက်ရှင်နေကြဆဲဖြစ်သည်။ သင်သည် ဘုရားသခင် ရွေးချယ်ထားသော လူတို့၏ အသက်ဝင်ရောက်မှုကို နှောင့်နှေးနေစေသည် မဟုတ်လော။ သင်သည် လူတို့ကို အလွန်အမင်း နစ်နာစေခြင်းပင်တည်း။ ခေါင်းဆောင် သို့မဟုတ် အမှုဆောင်တစ်ဦးအနေဖြင့် သင်သည် ညီအစ်ကိုမောင်နှမများကို ဘုရားသခင်ရှေ့မှောက်သို့ ခေါ်ဆောင်ရန်၊ ဘုရားသခင် ရွေးချယ်ထားသော လူတို့အား သမ္မာတရားကို နားလည်သဘောပေါက်မှု စွမ်းဆောင်ရရှိရန်နှင့် ၎င်းတို့၏ တာဝန်များကို စည်းမျဉ်းများဖြင့် ထမ်းဆောင်ရန်အတွက် ဘုရားနှုတ်ကပတ်တော်များကို စားသောက်စေကာ ထိုသို့ဖြင့် ဘုရားသခင်အပေါ် ၎င်းတို့၏ ယုံကြည်ခြင်းကို တိုးပွားစေရန် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို သင် လက်ခံသင့်သည်။ သင်သည် ဤနည်းလမ်းအတိုင်း လက်တွေ့လုပ်ဆောင်ရန် ပျက်ကွက်ခဲ့သည်သာမက ဘုရားသခင် ရွေးချယ်ထားသော လူတို့၏ အသက်ဝင်ရောက်မှုကို ထိခိုက်နစ်နာစေလျက် ဆိုးယုတ်သောလူတို့ ဖြစ်စေသည့် နှောင့်ယှက်ခြင်းများကိုလည်း ချုပ်ချယ်ကန့်သတ်ခြင်း သို့မဟုတ် ဖြေရှင်းခြင်း မရှိခဲ့ပေ။ ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ပြီးနောက် ၎င်းတို့သည် တိုးတက်မှု မဖြစ်စေခဲ့သည့်အပြင် သမ္မာတရားကို နားမလည်ခြင်း သို့မဟုတ် ဘုရားသခင်နှင့်ပတ်သက်၍ သိကျွမ်းခြင်း မရရှိခဲ့သည်သာမက စစ်မှန်သည့် ကျိုးနွံနာခံခြင်း တစ်စက်မျှ မရှိဘဲ ဘုရားသခင်နှင့်ပတ်သက်၍ အယူအဆများနှင့် နားလည်မှုလွဲမှားခြင်းများစွာကိုပင် ဖြစ်ပေါ်ခဲ့သည်။ သို့ဆိုလျှင် သင်လုပ်ဆောင်ခဲ့သမျှ အရာအားလုံးသည် အမှန်တကယ်တွင် ဘုရားသခင်၏ အမှုတော်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်နေခြင်း မဟုတ်လော။ သင်သည် ဘုရားသခင် ရွေးချယ်ထားသော လူတို့ကို သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဦးဆောင်ခြင်းမရှိခဲ့သည်သာမက သို့မဟုတ် ၎င်းတို့ကို ကာကွယ်ခြင်း မရှိခဲ့သည်သာမက ထိုအစား ၎င်းတို့အား ဆိုးယုတ်သောလူတို့၏ နှောင့်ယှက်ခြင်းကို ခံရစေပြီး အန္တိခရစ်တို့၏ အထင်အမြင်မှားစေခြင်းနှင့် ထိန်းချုပ်ခြင်းကို ခံရစေခဲ့သည်။ သင်သည် သင်၏လူတို့ကို ထိခိုက်နစ်နာစေပြီး ရန်သူကို ကျေနပ်အားရစေသည့်အရာများအား လုပ်ဆောင်ခဲ့သည် မဟုတ်လော။ သင်သည် မကောင်းမှုကို ကူညီကာ အားပေးအားမြှောက်ပြုနေသည် မဟုတ်လော။ သင်သည် အချိန်ကြာမြင့်စွာ အလုပ်လုပ်ခဲ့သော်လည်း အပြုသဘောဆောင်သော ရလဒ်များကို စွမ်းဆောင်ရရှိရန် ပျက်ကွက်ခဲ့သည်သာမက ညီအစ်ကိုမောင်နှမများနှင့် ဘုရားသခင်အကြား အလှမ်းဝေးမှုကို သာ၍ပင် ကြီးမားစေခဲ့ပြီး အကျိုးဆက်အနေဖြင့် ဘုရားသခင် ရွေးချယ်ထားသော လူတို့အား သမ္မာတရားကို နားလည်ခြင်းမရှိဘဲ သို့မဟုတ် ဆိုးယုတ်သောလူတို့၏ အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများကို မည်သို့ပိုင်းခြားသိမြင်ရမည်ကို မသိဘဲ နှစ်ပေါင်းများစွာ ဘုရားသခင်ကို ယုံကြည်စေကာ ၎င်းတို့၏ အသက်ဝင်ရောက်မှုကို ဆိုးရွားစွာ ထိခိုက်စေခဲ့သည်။ ဤနေရာတွင် ပြဿနာမှာ အဘယ်နည်း။ ဤသည်မှာ မကောင်းမှုများစွာကို ကျူးလွန်နေခြင်း မဟုတ်လော။ ခေါင်းဆောင်များနှင့် အမှုဆောင်များက မည်သည့်အလုပ်ကို လုပ်ဆောင်သည်ဖြစ်စေ ၎င်းတို့သည် ဘုရားသခင်၏ တောင်းဆိုချက်များနှင့်အညီ မဆောင်ရွက်နိုင်သည့်အပြင် သမ္မာတရားစည်းမျဉ်းများနှင့်အညီ ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းပြီး ပြဿနာများကို မဖြေရှင်းနိုင်လျှင် ၎င်းတို့၏ အကျိုးသက်ရောက်မှုသည် ၎င်းတို့ကိုယ်တိုင်ဖြစ်စေ၊ အနည်းငယ်သော လူမျှသာဖြစ်စေ မဟုတ်ဘဲ ထိုထက် ကျော်လွန်လိမ့်မည်။ ယင်းသည် အသင်းတော်၏ အလုပ်၊ အသင်းတော်ရှိ ဘုရားသခင် ရွေးချယ်ထားသော လူအားလုံး၏ အသက်ဝင်ရောက်မှု၊ ဘုရားသခင် ရွေးချယ်ထားသော လူတို့က မိမိတို့၏ တာဝန်ထမ်းဆောင်ခြင်းဆိုင်ရာ ရလဒ်များ၊ နိုင်ငံတော် ဧဝံဂေလိတရား ဖြန့်ဝေခြင်း၏ ရလဒ်များနှင့် ဘုရားသခင် ရွေးချယ်ထားသော လူတို့က ကယ်တင်ခြင်းခံရပြီး ဘုရားသခင်၏ နိုင်ငံတော်ထဲသို့ ဆောင်ကြဉ်းခံရနိုင်ခြင်း ရှိမရှိဟူသည်တို့အပေါ်ကိုပင် သက်ရောက်မှုရှိနိုင်သည်။ ဤသည်တို့မှာ ယင်းက သက်ရောက်မှုရှိနိုင်သည့် နယ်ပယ်အားလုံး ဖြစ်သည်။ အချို့လူများသည် ဘုရားသခင်ကို ယုံကြည်သော်လည်း အယောင်ဆောင်ခေါင်းဆောင်များနှင့် အန္တိခရစ်တို့နောက် လိုက်ကြရာ ရလဒ်အနေဖြင့် ၎င်းတို့၏ ပျက်စီးခြင်း ဖြစ်ပေါ်လေသည်။ ယင်းမှာ သင်းအုပ်ဆရာများနှင့် အကြီးအကဲတို့၏ အထင်အမြင်မှားသွားစေခြင်းနှင့် ထိန်းချုပ်ခြင်းကို ခံကြရပြီး အကျိုးဆက်အနေဖြင့် ဘုရားသခင် ပြန်ကြွလာသည့်အခါ သူ့ကို ကြိုဆိုရန် ပျက်ကွက်ကာ ကပ်ဘေးထဲသို့ ကျရောက်သွားကြသည့် ဘာသာတရားထဲက လူများကဲ့သို့ပင် ဖြစ်သည်။ ဤသည်တို့အားလုံးမှာ လက်တွေ့ပြနိုင်သည့် မှန်သောအရာ ဖြစ်သည်။ ထို့ကြောင့် အယောင်ဆောင် ခေါင်းဆောင်များနှင့် အန္တိခရစ်တို့ကို ပိုင်းခြားသိမြင်နိုင်ခြင်းသည် ဘုရားသခင် ရွေးချယ်ထားသော လူတို့၏ အသက်ဝင်ရောက်မှုအတွက် အလွန်အမင်း အကျိုးရှိပေသည်။

ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ ဆယ့်နှစ်ခုမြောက် တာဝန်က ၎င်းတို့ကို အရေးအကြီးဆုံးသော အလုပ်သုံးခုကို လုပ်ဆောင်ရန် တောင်းဆိုသည်။ ပထမဆုံးအနေဖြင့် ၎င်းတို့သည် အသင်းတော်၏ အလုပ်တွင် အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများကို ဖြစ်စေသည့် အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို ရှာဖွေဖော်ထုတ်ရမည်။ ဒုတိယအနေဖြင့် ယင်းတို့ကို ပိုင်းခြားသိမြင်ကာ စရိုက်လက္ခဏာ သရုပ်ဖော်ပြီးနောက် ၎င်းတို့သည် ဆိုးယုတ်သောလူတို့ကို အချိန်မီ တားဆီးပြီး ချုပ်ချယ်ကန့်သတ်ရမည်။ ဤသည်မှာ ဒုတိယအဆင့် ဖြစ်သည်။ တတိယအနေဖြင့် ဆိုးယုတ်သောလူတို့ကို တားဆီးပြီး ချုပ်ချယ်ကန့်သတ်ကာ အခြေအနေများကို ပြန်လည်ကောင်းမွန်အောင် ပြုလုပ်နေစဉ် ၎င်းတို့သည် ဆိုးယုတ်သောလူတို့၏ ဒုစရိုက်အမှုများကို ဖော်ထုတ်ရန် ညီအစ်ကိုမောင်နှမများနှင့်အတူ ဘုရားနှုတ်ကပတ်တော်များကို မကြာခဏ မိတ်သဟာယပြုရမည်ဖြစ်ပြီး ဤကိစ္စရပ်နှင့်စပ်လျဉ်း၍ ညီအစ်ကိုမောင်နှမများ၏ တုံ့ပြန်မှုများနှင့် သိနားလည်မှုများကို အနီးကပ်စောင့်ကြည့်ကာ ၎င်းတို့၌ရှိသော မည်သည့်မမှန်ကန်သည့် အမြင်များကိုမဆို အချိန်မီ ပြုပြင်ပေးရမည်။ သမ္မာတရားကို လိုက်စားသော ညီအစ်ကိုမောင်နှမအချို့တွင် ထိုးထွင်းသိမြင်မှုများ ရှိပါက ၎င်းတို့ကို ပိုမိုမိတ်သဟာယပြုရန် အားပေးသင့်သည်မှာ ပြောစရာမလိုပေ။ ထို့အပြင် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အားနည်းသူများ သို့မဟုတ် ဝိညာဉ်ရင့်ကျက်မှု နုနယ်သူများကိုလည်း ကူညီသင့်ပြီး စကားပိုမိုပြောဆိုရန် ၎င်းတို့ကို အားပေးသင့်သည်။ ရည်ရွယ်ထားသည့် ရလဒ်မှာ လူများနှင့် ကိစ္စရပ်များကို ပိုင်းခြားသိမြင်ရန် သင်ယူလျက် ဖြစ်ပွားသည့် ဖြစ်ရပ်များမှ ပိုင်းခြားသိမြင်နိုင်စွမ်း ရရှိရန်နှင့် သင်ခန်းစာများ ယူရန်အတွက် ညီအစ်ကိုမောင်နှမများကို ကူညီပေးရန် ဖြစ်သည်။ လူများနှင့် ကိစ္စရပ်များကို ပိုင်းခြားသိမြင်ခြင်း၏ ရည်ရွယ်ချက်မှာ ၎င်းတို့အား လူအမျိုးအစားအမျိုးမျိုးကို တိကျမှန်ကန်စွာ နားလည်စေရန်နှင့် သမ္မာတရား စည်းမျဉ်းများနှင့်အညီ မှန်ကန်သော နည်းလမ်းများကို အသုံးပြု၍ ထိုလူတို့အား ဆက်ဆံစေရန်ဖြစ်ပြီး တစ်ချိန်တည်းတွင် မိမိတို့ကိုယ်တိုင်လည်း သင်ခန်းစာများ ယူစေရန် ဖြစ်သည်။ ၎င်းတို့သည် မည်သည့်သင်ခန်းစာများကို ယူသင့်သနည်း။ ဘုရားသခင်က ၎င်းတို့၏ အခြေအနေများကို စိတ်ဖြာလေ့လာဆွေးနွေးပြီး ဖော်ထုတ်သောအခါ ဤလူတို့အပေါ် သူ၏ သဘောထားက အဘယ်အရာဖြစ်သည်ကို ၎င်းတို့ စောင့်ကြည့်လေ့လာသင့်သည်။ ဤလူတို့အပေါ် ဘုရားသခင်၏ သဘောထားကို သိရှိခြင်းက လူတစ်ဦးအနေဖြင့် မည်သည့်လူစားမျိုး ဖြစ်သင့်သည်၊ မည်သည့်လမ်းကြောင်းကို လျှောက်လှမ်းသင့်သည် ဟူသည်တို့ကို ပိုမိုရှင်းလင်းစေသည် မဟုတ်လော။ (ဟုတ်ပါသည်။) တိုတိုပြောရလျှင် စွမ်းဆောင်ရရှိရမည့် နောက်ဆုံးရလဒ်မှာ ဘုရားသခင် ရွေးချယ်ထားသော လူတို့အတွက် လက်တွေ့ဘဝ ပတ်ဝန်းကျင်များတွင် သမ္မာတရားကို နားလည်ပြီး လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ရန်၊ ၎င်းတို့၏ တာဝန်များကို ပုံမှန်အတိုင်း ထမ်းဆောင်နိုင်ရန်နှင့် ဘုရားသခင်၏ စီစဉ်ညွှန်ကြားခြင်းများနှင့် အစီအစဉ်များကို ကျိုးနွံနာခံရန် ဖြစ်သည်။ ဤနည်းအားဖြင့် အသင်းတော်အလုပ်နှင့်ဆိုင်သည့် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ စွမ်းဆောင်ရည်သည် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ကိုက်ညီလိမ့်မည်။ ဤအလုပ်ကို ဆောင်ရွက်ခြင်း၏ အဆင့်သုံးဆင့်မှ အကဲဖြတ်ရလျှင် ခေါင်းဆောင်များနှင့် အမှုဆောင်များအတွက် ဤအလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်ရန် ခက်ခဲသလော။ (မခက်ခဲပါ။) လူ၏ ကြင်နာမှုနှင့် အစွမ်းအစကို အားကိုးပါက ဤအလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်ရန် အနည်းငယ် ခက်ခဲပင်ပန်းနိုင်သည်။ အဘယ်ကြောင့်ဆိုသော် သင်သည် ဘုရားသခင် တောင်းဆိုသည့် ရလဒ်ကို စွမ်းဆောင်ရရှိလိမ့်မည် မဟုတ်သည့်အပြင် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ စစ်မှန်သော တာဝန်ဝတ္တရားများကို ကောင်းမွန်စွာ ဖြည့်ဆည်းလိမ့်မည် မဟုတ်သောကြောင့် ဖြစ်သည်။ သင်သည် ဖောက်ပြန်ပျက်စီးသော လူ့စိတ်သဘောထားများကို အားကိုးလျှင် ဤအလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်သလော။ (မလုပ်ဆောင်နိုင်ပါ။) တိတိကျကျပြောရလျှင် ဤအလုပ်ကို လုပ်ဆောင်ရန် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို မှီခိုအားကိုးခြင်းသည် သင်၏ ကိုယ်ပိုင်စိတ်ကူးများအတိုင်း ပြုမူခြင်းကို ဆိုလိုသည်။ ဤအရာက မည်သည့်အရာကို ဖြစ်ပေါ်စေမည်နည်း။ (အသင်းတော်တွင် ပရမ်းပတာအခြေအနေကို ဖြစ်စေပါလိမ့်မည်။) ဤသည်မှာ အကျိုးဆက်တစ်ခုဖြစ်သည်။ သင်အလုပ်လုပ်လေ အမှုအရာများ ပိုမိုပရမ်းပတာဖြစ်လာလေပင်တည်း။ ပရမ်းပတာအခြေအနေဟူသည် အဘယ်နည်း။ ပရမ်းပတာအခြေအနေ၏ တိကျသော အခြေအနေများမှာ အဘယ်နည်း။ ယင်းမှာ စုဝေးပွဲများအတွင်းတွင် လူတို့သည် ဘုရားနှုတ်ကပတ်တော်များကို ပုံမှန်အတိုင်း မစားသောက်နိုင်ခြင်း သို့မဟုတ် သမ္မာတရားကို မိတ်သဟာယမဖွဲ့နိုင်ခြင်း ဖြစ်သည်။ အနှောင့်အယှက်များကို ဖြစ်စေသည့် ဆိုးယုတ်သောလူများနှင့် မယုံကြည်သူများ အစဉ်သဖြင့် ရှိနေသည်၊ သို့မဟုတ် လူတိုင်းက မိမိတို့၏ ကိုယ်ပိုင်အမြင်များကို ဖက်တွယ်ထားပြီး ဂိုဏ်းဂဏများနှင့် အုပ်စုများဖွဲ့လျက် အဆက်မပြတ် အငြင်းပွားမှုများ ရှိနေသည်၊ ညီအစ်ကိုမောင်နှမများတွင် ပိုင်းခြားသိမြင်နိုင်စွမ်း ကင်းမဲ့ပြီး မည်သည့်အရာလုပ်ဆောင်ရမည်ကို မသိဖြစ်နေကြသည်။ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ရှိပြီး သမ္မာတရားကို ချစ်သောသူများလည်း နှောင့်ယှက်ခြင်းခံရကာ ၎င်းတို့၏ အသက်တာ ကြီးထွားခြင်းမရှိပေ။ ထိုသို့သော အသင်းတော်တစ်ခုတွင် ဆိုးယုတ်သောလူများနှင့် မယုံကြည်သူများက လုံးဝ အာဏာစွဲကိုင်ပြီး သန့်ရှင်းသောဝိညာဉ်တော် အလုပ်မလုပ်ပေ။ ထိုသို့သော အသင်းတော်တစ်ခုတွင် မည်သည့်အရာ ဖြစ်ပျက်သည်ဖြစ်စေ လူတို့သည် မှန်ကန်သော အမြင်ရှုထောင့်များ ပြောဆိုခြင်း မရှိသလောက်နီးပါးဖြင့် အမျိုးမျိုးသော အမြင်များကို ဖော်ပြလျက် အားလုံးက တစ်ပြိုင်နက်တည်း ပြောဆိုနေကြသည်။ အသင်းတော်သည် ဂိုဏ်းများစွာအဖြစ်သို့ လျင်မြန်စွာ ကွဲထွက်သွားသည်၊ လူတို့အကြားတွင် စည်းလုံးညီညွတ်မှု မရှိ၊ ပြီးလျှင် သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ် သို့မဟုတ် လမ်းပြမှု၏ လက္ခဏာတစ်ရပ်မျှ မရှိပေ။ လူတို့သည် တစ်ဦးကိုတစ်ဦး သတိထားရှောင်ကြပြီး သံသယဖြင့် ရှုမြင်ကြသည်၊ အုပ်စုနှစ်စု သို့မဟုတ် သုံးစုက အာဏာနှင့် အကျိုးအမြတ်အတွက် ပြိုင်ဆိုင်ကြသည်။ လူတိုင်းက ကိုယ့်မဟာမိတ်ကိုယ်ရှာဖွေကြပြီး သဘောထားကွဲလွဲသူတို့ကို တိုက်ခိုက်ကာ ဖယ်ကြဉ်ကြသည်။ ပြီးလျှင် ဒုစရိုက်အမှုမျိုးစုံကို ကျူးလွန်ကောင်း ကျူးလွန်နိုင်သည်။ ဤသည်မှာ ပရမ်းပတာဖြစ်သော အခြေအနေပင် ဖြစ်သည်။ ဤအခြေအနေသည် မည်သို့ ဖြစ်ပေါ်လာရသနည်း။ ယင်းမှာ အဘယ့်ကြောင့်ဆိုသော် ခေါင်းဆောင်များနှင့် အမှုဆောင်များက ၎င်းတို့၏ အလုပ်ကို မလုပ်ဆောင်နိုင်သောကြောင့် မဟုတ်လော။ (ဟုတ်ပါသည်။) ခေါင်းဆောင်များနှင့် အမှုဆောင်များက ၎င်းတို့၏ ကိုယ်ပိုင်စိတ်ကူးများနှင့်အညီ အလုပ်လုပ်ခြင်းသည် ဤအကျိုးဆက်များကို ဖြစ်ပေါ်စေသည်။ မိမိ၏ ကိုယ်ပိုင်စိတ်ကူးများအတိုင်း အလုပ်လုပ်ခြင်းဟူသည် အဘယ်အရာကို ဆိုလိုသနည်း။ ယင်းမှာ သမ္မာတရားကို နားမလည်ခြင်း၊ စည်းမျဉ်းများ ကင်းမဲ့ခြင်းနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် လူ့အယူအဆများ၊ စိတ်ကူးများကို အခြေခံ၍ ကြောင်းကျိုးမမြင်ဘဲ ပြုမူခြင်းကို ဆိုလိုပြီး အသင်းတော်တွင် သာ၍ပင် ပရမ်းပတာဖြစ်သော အခြေအနေသို့ ဦးတည်စေသည်။ အချို့လူများက “အသင်းတော်ထဲတွင် ဆိုးယုတ်သောလူများက အဘယ်သို့ဖြစ်ပြီး နှောင့်ယှက်မှုများကို ဖြစ်စေနိုင်ရသနည်း။ မည်သူမှန်သည်၊ မည်သူမှားသည်၊ မည်သည့်ဘက်တွင် ရပ်တည်ရမည်ကို ကျွန်ုပ်မသိပါ” ဟု ပြောကောင်းပြောနိုင်သည်။ အခြားသူများက “အသင်းတော်သည် ဂိုဏ်းများစွာ ကွဲနေသည်။ ကျွန်ုပ်တို့သည် အသင်းတော်အသက်တာကို မည်သို့ အသက်ရှင်ရမည်နည်း။ စုဝေးပွဲတိုင်းက အကျိုးမဖြစ်ထွန်းသည့်အပြင် အချိန်ဖြုန်းခြင်း ဖြစ်သည်။ ဤသို့ ဆက်လက် ယုံကြည်ခြင်းက မည်သည့်ရလဒ်မျှ ဖြစ်ထွန်းစေမည် မဟုတ်ပါ” ဟု ပြောကောင်းပြောနိုင်သည်။ ဘုရားသခင် ရွေးချယ်ထားသော လူတို့က အသင်းတော်အသက်တာကို အသက်မရှင်နိုင်လောက်အောင် အသင်းတော်တစ်ခုသည် ပရမ်းပတာဖြစ်လာသောအခါ ယင်းသည် ဘုရားသခင်၏ လုံးဝ ပစ်ပယ်ခြင်းကို ခံရသည်။ ဤအရာက ဆိုးယုတ်သောလူများနှင့် မယုံကြည်သူများက အာဏာစွဲကိုင်သရွေ့ အသင်းတော်ကို ၎င်းတို့ ပျက်စီးစေလိမ့်မည်ဖြစ်ကြောင်း သိသာထင်ရှားစွာ ပြသသည်။ အသင်းတော်သည် လူကောင်းများနှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်သောသူများက ခေါင်းဆောင်များနှင့် အမှုဆောင်များအဖြစ် မရှိဘဲ မလည်ပတ်နိုင်ပေ။ ၎င်းတို့မရှိလျှင် အမှုအရာများကို ထိန်းချုပ်ထားရန် ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။ ဆိုးယုတ်သောလူများနှင့် မယုံကြည်သူများကို ချုပ်ချယ်ကန့်သတ်ခြင်း မရှိပါက အသင်းတော်အသက်တာ ရှိလိမ့်မည်မဟုတ်သည့်အပြင် အသင်းတော်၏ ပုံမှန်အစီအစဉ်သည် ကမောက်ကမအခြေအနေအဖြစ်သို့ ပြောင်းလဲလျက် လုံးဝ ပျက်စီးသွားလိမ့်မည်။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များက ၎င်းတို့၏ အလုပ်များကို ကောင်းမွန်စွာ မလုပ်ဆောင်သည့်အခါ ဖြစ်ပေါ်သည့် ရလဒ် ဖြစ်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များက သမ္မာတရားကို လက်မခံနိုင်လျှင်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို အလေးမထားနိုင်လျှင်၊ သို့မဟုတ် ဘုရားသခင်ကို အားမကိုးနိုင်လျှင် အသင်းတော်အလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်လိမ့်မည် မဟုတ်ပေ။ ၎င်းတို့သည် အသင်းတော်တွင် ပေါ်ပေါက်သည့် မည်သည့်ပြဿနာများကိုမဆို ဖြေရှင်းနိုင်လိမ့်မည်မဟုတ်၊ သို့မဟုတ် ဘုရားသခင် ရွေးချယ်ထားသော လူတို့ ရင်ဆိုင်ရသည့် မည်သည့်အခက်အခဲများကိုမဆို ဖြေရှင်းနိုင်လိမ့်မည် မဟုတ်ပေ။ ထိုသို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အာဏာစွဲကိုင်ပါက ကောင်းသော ရလဒ်များကို ဖြစ်ပေါ်စေနိုင်သလော။ ၎င်းတို့သည် အသင်းတော်သို့ ပရမ်းပတာအခြေအနေကိုသာ ယူဆောင်လာနိုင်သည်။ နောက်ဆုံးတွင် ဤသည်မှာ ပေါ်ပေါက်လာသည့် အခြေအနေမျိုး ဖြစ်သည်။ ထို့နောက်တွင် ဤအသင်းတော်သည် ပျက်စီးခြောက်ကပ်သည့်၊ စာတန်က အာဏာစွဲကိုင်သည့် နေရာတစ်ခု ဖြစ်လာသည်။ ယင်းသည် အခြားအရာတစ်ခုအဖြစ်သို့ ယိုယွင်းပျက်စီးသွားသည်။ ဘုရားသခင်သည် ဤအသင်းတော်ကို အသိအမှတ်ပြုလိမ့်မည်မဟုတ်သည့်အပြင် သန့်ရှင်းသော ဝိညာဉ်တော်သည်လည်း ဤအသင်းတော်ထဲတွင် အလုပ်လုပ်လိမ့်မည် မဟုတ်ပေ။ ထိုသို့သော အသင်းတော်သည် နာမည်ခံမျှသာဖြစ်ပြီး ပိတ်သိမ်းခံရသင့်သည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။