ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၂၀) အခန်း လေး

၂။ အယောင်ဆောင် ခေါင်းဆောင်များသည် အသင်းတော်၏အလုပ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သောသူများကို စည်းမျဉ်းများအတိုင်း မကိုင်တွယ်ကြပေ

ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ ဆယ့်နှစ်ခုမြောက် တာဝန်တွင် အကြမ်းဖျင်းဖော်ပြထားသည့် ဒုတိယအလုပ်နှင့်စပ်လျဉ်း၍၊ ငါတို့သည် အယောင်ဆောင် ခေါင်းဆောင်များ၏ သရုပ်သကန်များကို ဖော်ထုတ်ပြီး စိတ်ဖြာလေ့လာဆွေးနွေးကြမည်။ ဒုတိယအလုပ်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ပြဿနာများကို ဖော်ထုတ်ပြီးသည်နှင့်တစ်ပြိုင်နက် ဖြေရှင်းရန် သမ္မာတရား စည်းမျဉ်းများကို အချိန်မီ အသုံးပြုသင့်သည်ဟူ၍ ဖြစ်သည်။ သို့သော်လည်း အယောင်ဆောင် ခေါင်းဆောင်များသည် ဤအလုပ်တွင်လည်း အရည်အချင်းမပြည့်မီကြပေ။ ထို့ကြောင့် ငါတို့ စိတ်ဖြာလေ့လာဆွေးနွေးကြမည့် အယောင်ဆောင် ခေါင်းဆောင်များ၏ ဒုတိယသရုပ်သကန်မှာ ၎င်းတို့သည် ဘုရားသခင်၏အလုပ်နှင့် အသင်းတော်အသက်တာ၏ ပုံမှန်အစီအစဉ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သည့် အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို ကိုင်တွယ်ရန် စည်းမျဉ်းများကို မသိကြခြင်း ဖြစ်သည်။ အယောင်ဆောင် ခေါင်းဆောင်များသည် အသင်းတော်အသက်တာတွင် ပါဝင်သည့်အခါ၊ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ကြပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဆုတောင်းရင်းဖြင့် ဖတ်ရှုကြသော်လည်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များက မည်သည့်အရာ ဆိုလိုသည်ကို လုံးဝ နားမလည်ကြပေ။ ဘုရားသခင် ပြောဆိုသမျှ၏ စည်းမျဉ်းများကို လုံးဝသဘောမပေါက်ကြသည့်အပြင် အမျိုးမျိုးသော ကိစ္စရပ်များအတွက် ဘုရားသခင် သတ်မှတ်ထားသည့် စည်းမျဉ်းများနှင့် စံနှုန်းများကိုလည်း မသိကြပေ။ ဤသည်က အယောင်ဆောင် ခေါင်းဆောင်များသည် သမ္မာတရားကို သဘောပေါက်နားလည်နိုင်စွမ်း ကင်းမဲ့ကြပြီး အလွန်ပင် ညံ့ဖျင်းသော အစွမ်းအစရှိကြသည်ကို ပို၍ပင် သက်သေပြပေသည်။ အချို့လူများက “ကိုယ်တော်က သူတို့၏ အစွမ်းအစ ညံ့ဖျင်းသည်ဟု မည်သို့ ပြောနိုင်သနည်း။ သူတို့သည် အလွန်ကောင်းမွန်စွာ ချက်ပြုတ်တတ်ကြသည်၊ စတိုင်ကျကျ ဝတ်စားဆင်ယင်ကြပြီး အခြားသူများနှင့် ပြောဆိုဆက်ဆံသည့်အခါတွင် နှစ်လိုဖွယ်ကောင်းအောင် ပြောဆိုကြသည်။ လူတိုင်းက သူတို့စကားကို နားထောင်ရန် နှစ်သက်ကြသည်”ဟု ပြောဆိုကြသည်။ လူတစ်ဦး၏ အသွင်အပြင်သည် ၎င်း၏ အနှစ်သာရကို ကိုယ်စားပြုနိုင်သလော။ အပြင်ပန်း အမှုအရာအချို့ကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်ခြင်းက ၎င်းတို့တွင် ကောင်းမွန်သော အစွမ်းအစရှိသည်ဟု ဆိုလိုသလော။ မည်သည့်အရာကိုမဆို အကဲဖြတ်ရန်၊ တိုင်းတာရန်နှင့် သတ်မှတ်ရန်အတွက် တိကျသော စံနှုန်းတစ်ခု အမြဲရှိရမည်ဖြစ်သည်။ လူတစ်ဦး၏ အစွမ်းအစကို တိုင်းတာရန်အတွက် စံနှုန်းမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့၏ သဘောပေါက်နားလည်မှုက စင်ကြယ်ခြင်း ရှိမရှိ ဖြစ်သည်။ ဤလူတို့တွင် ညံ့ဖျင်းသော အစွမ်းအစရှိသည်ဟု ပြောဆိုခြင်းမှာ အဓိကအားဖြင့် သမ္မာတရားကို သဘောပေါက်နားလည်နိုင်စွမ်း ကင်းမဲ့ခြင်းကို ရည်ညွှန်းသည်။ ငါတို့သည် လူတစ်ဦး၏ အစွမ်းအစကို ဘုရားသခင်၏ နှုတ်ကပတ်တော်များအား သဘောပေါက်နားလည်နိုင်စွမ်းအပေါ် အခြေခံ၍ တိုင်းတာသည်။ ဤသည်မှာ အလွန်ပင် ဓမ္မဓိဋ္ဌာန်ကျပြီး မျှတသည် မဟုတ်လော။ (ဟုတ်ပါသည်။) ဖန်ဆင်းခံတစ်ဦးအနေဖြင့် သင်သည် ဖန်ဆင်းရှင်၏ နှုတ်ကပတ်တော်များကို နားမလည်နိုင်လျှင် သင်၌ မည်သည့်အစွမ်းအစ ရှိသနည်း။ သင်၌ အသုံးဝင်သော အသိဉာဏ် ရှိသလော။ ထိုသို့သောလူတစ်ဦးသည် လူသား၏ အစွမ်းအစကင်းမဲ့၏။ ၎င်းတို့၏ အစွမ်းအစသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကိုပင် နားမလည်နိုင်သည့် အတိုင်းအတာအထိ အလွန် ညံ့ဖျင်းလှသည်။ ထိုသို့သောလူတစ်ဦးသည် ဘုရားသခင်ကို ယုံကြည်သူတစ်ဦးအနေဖြင့် သမ္မာတရားကို ရရှိနိုင်သလော။

ယခု ငါတို့သည် အယောင်ဆောင် ခေါင်းဆောင်များ၏ ဒုတိယ သရုပ်သကန်ကို မိတ်သဟာယဖွဲ့ပြီး စိတ်ဖြာလေ့လာဆွေးနွေးကြမည်။ အယောင်ဆောင် ခေါင်းဆောင်များသည် အသင်းတော်၏အလုပ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သောသူများအား မည်သို့ကိုင်တွယ်ဖြေရှင်းရမည်ကို မသိကြသည့်အပြင် အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို မပိုင်းခြားနိုင်ကြပေ။ ဤသည်မှာ အယောင်ဆောင် ခေါင်းဆောင်များက ညံ့ဖျင်းသော အစွမ်းအစရှိကြောင်း၊ သမ္မာတရားကို သဘောပေါက်နားလည်နိုင်စွမ်း ကင်းမဲ့ကြောင်းနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သဘောပေါက်နားလည်ရန် အစွမ်းအစမရှိကြောင်းကို ပြသရန် လုံလောက်ပေသည်။ ဥပမာ၊ တစ်စုံတစ်ဦးသည် ခေါင်းဆောင်ဖြစ်သည့် မည်သူ့အပေါ်မဆို အမြဲတစေ အာခံတတ်၏။ အယောင်ဆောင် ခေါင်းဆောင်များသည်လည်း ဤလူ၌ ပြဿနာများရှိသည်ကို သတိပြုမိနိုင်ပြီး ၎င်းသည် ဆိုးယုတ်သောသူတစ်ဦးနှင့် အန္တိခရစ်တစ်ဦးကဲ့သို့ ဖြစ်ပုံရသည်ဟု ခံစားမိနိုင်သည်။ ၎င်းတို့သည် အမှုအရာများနှင့်ပတ်သက်၍ သဲလွန်စအချို့ကို သိရှိနိုင်သည်၊ ဤသည်မှာ သိပ်မဆိုးလှပေ။ သို့သော် သင်က ၎င်းတို့ကို “သူသည် အန္တိခရစ်တစ်ဦးနှင့် ဆိုးယုတ်သောသူတစ်ဦးဖြစ်ပုံရသည်ဟု အဘယ်အရာကို အခြေခံ၍ သင် ပြောဆိုသနည်း။ သက်သေအဖြစ် တိကျသော သရုပ်သကန်များ ရှိသလော။ သူသည် ခေါင်းဆောင်ဖြစ်သည့် မည်သူအပေါ်သို့မဆို အမြဲတစေ အာခံတတ်သည့်အတွက်ကြောင့်သာ အန္တိခရစ်တစ်ဦးနှင့် ဆိုးယုတ်သောသူတစ်ဦးအဖြစ် သင် သတ်မှတ်နိုင်သလော။ ဤတစ်ချက်တည်းဖြင့် သူ့ကို ဤသို့ သတ်မှတ်ရန် မလုံလောက်ပါ။ ဤသည်မှာ စိတ်သဘောထားဆိုင်ရာ ကိစ္စတစ်ခု၊ မာနထောင်လွှားမှုနှင့် မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်မှုဆိုင်ရာ ပြဿနာတစ်ခုသာ ဖြစ်သည်။ သူ့တွင် အန္တိခရစ်၏ သဘာဝ ရှိသလော။ သူသည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သည့်အပြင် သမ္မာတရားကို မုန်းတီးသောသူတစ်ဦး ဟုတ်သလော။ သူသည် အသင်းတော်၏အလုပ်ကို နှောင့်ယှက်ပြီးပြီလော။ သူသည်ခေါင်းဆောင်များနှင့် အမှုဆောင်များအားလုံးကို အယောင်ဆောင် ခေါင်းဆောင်များနှင့် အန္တိခရစ်များအဖြစ် ပြစ်တင်ရှုတ်ချပြီးပြီလော။ ဤအရာများထဲမှ တစ်ခုခုကို သူ လုပ်ဆောင်ပြီးပြီလော”ဟု မေးမြန်းလျှင်၊ ၎င်းတို့က “ရှိပုံရပါသည်” ဟု တုံ့ပြန်သည်။ ထို့နောက် သင်က “သို့ဆိုလျှင် သူတို့ကို မည်သို့ သတ်မှတ်ပြီး ကိုင်တွယ်သင့်သနည်း” ဟု မေးမြန်းလျှင်၊ သူတို့က မသိဟု ပြောဆိုသည်။ သင်က “ဤလူစားမျိုးအတွက်၊ ညီအစ်ကိုမောင်နှမများ ပိုင်းခြားသိမြင်နိုင်စွမ်း ရရှိလာစေရန် ကူညီဖို့ သူတို့ကို ကျွန်ုပ်တို့ သတိပေးသင့်ပြီး ဖော်ထုတ်သင့်သလော” ဟု မေးမြန်းလျှင်၊ ၎င်းတို့က မသိသေးဟုပင် ဆိုသည်။ ဤသည်မှာ မည်သည့်အရာမျှ မသိနားမလည်သည့်အပြင် မည်သည့်အရာကိုမျှ ထိုးထွင်းမမြင်နိုင်သည့် ကိစ္စရပ်တစ်ခု ဖြစ်သည်။ ၎င်းတို့သည် သဲလွန်စအချို့ကို သတိပြုမိနိုင်သော်လည်း ထိုသို့သောလူများကို စည်းမျဉ်းများအတိုင်း မည်သို့ သတ်မှတ်ရမည် သို့မဟုတ် ကိုင်တွယ်ရမည်ကို မသိကြပေ။ ၎င်းတို့သည် တကယ့်ပြဿနာများကို ဖြေရှင်းနိုင်သလော။ ဘုရားသခင် ရွေးချယ်ထားသောလူများကို သင်ခန်းစာများ သင်ယူရန် ၎င်းတို့ ကူညီနိုင်သလော။ ထိုသို့သော ပုဂ္ဂိုလ်များသည် ဆိုးယုတ်သောလူများနှင့် အန္တိခရစ်များဖြစ်သည့်အတွက်၊ ၎င်းတို့သည် အနှေးနှင့်အမြန် နှင်ထုတ်ခြင်းခံရမည် ဖြစ်သည်။ သို့သော်လည်း၊ ၎င်းတို့သည် ဒုစရိုက်အမှုအချို့ကို အမှန်တကယ် မကျူးလွန်မီတွင် သင်က ၎င်းတို့ကို ရှင်းလင်းပစ်လျှင် သို့မဟုတ် သီးခြားခွဲထားလျှင်၊ ၎င်းတို့သည် အာခံကြမည်ဖြစ်ပြီး၊ ညီအစ်ကိုမောင်နှမများသည် သင်အဘယ်ကြောင့် ထိုသို့လုပ်ဆောင်ခဲ့သည်ကို နားလည်နိုင်မည် မဟုတ်ပေ။ ထို့ကြောင့် ၎င်းတို့ကို အချိန်ကာလတစ်ခုအထိ သရုပ်ဆောင်ခွင့်ပြုရန် လိုအပ်သည်။ ၎င်းတို့၏ ဒုစရိုက်အမှုများသည် တိုး၍ သိသာထင်ရှားလာပြီး၊ ညီအစ်ကိုမောင်နှမများကို အထင်အမြင်မှားစေရန်နှင့် သိမ်းသွင်းစည်းရုံးရန် မှားယွင်းသော အယူအဆများနှင့် အခြေအမြစ်မရှိသော ကောလာဟလများကို စတင်ဖြန့်ဝေကာ၊ အာဏာနှင့်ဩဇာအတွက် ပြိုင်ဆိုင်လျက်၊ သီးခြားနယ်မြေတစ်ခုကို တည်ထောင်ပြီး၊ အသင်းတော်၏အလုပ်ကို တစ်စစီဖြစ်စေရန် ကြိုးပမ်းသည့်အခါ၊ လူအများစုသည် ၎င်းတို့၏ သဘာဝ အနှစ်သာရကို ရှင်းလင်းစွာ ခွဲခြားနိုင်မည်ဖြစ်ပြီး၊ ၎င်းတို့ကို ဖော်ထုတ်ရန်၊ ပိုင်းခြားရန်နှင့် ငြင်းပယ်ရန် အလိုအလျောက် ထရပ်နိုင်ကြလိမ့်မည်။ ထို့နောက်တွင် သင်သည် သမ္မာတရား စည်းမျဉ်းများအတိုင်း ၎င်းတို့ကို ရှင်းလင်းပစ်ပြီး ကိုင်တွယ်ဖြေရှင်းနိုင်သည်။ ဤသို့ အလုပ်လုပ်ခြင်းကသာ ညီအစ်ကိုမောင်နှမများကို ပိုင်းခြားသိမြင်နိုင်စွမ်း ဖြစ်ပေါ်လာရန် ကူညီလိမ့်မည်။ အယောင်ဆောင် ခေါင်းဆောင်များသည် ပြဿနာများကို ဤနည်းလမ်းဖြင့် ကိုင်တွယ်ဖြေရှင်းနိုင်သလော။ အယောင်ဆောင် ခေါင်းဆောင်များသည် ဤအစွမ်းအစနှင့် ဉာဏ်ပညာ ကင်းမဲ့ကြသည်။ ဆိုးယုတ်သောလူများနှင့် အန္တိခရစ်များကို အချိန်မီ ကိုင်တွယ်နိုင်သည့် အယောင်ဆောင် ခေါင်းဆောင်တစ်ဦးတလေကို သင် မြင်ဖူးသလော။ တစ်ဦးတစ်ယောက်မျှ မရှိပေ။ ထို့ကြောင့် အယောင်ဆောင် ခေါင်းဆောင်များသည် ညီအစ်ကိုမောင်နှမများကို ဆိုးယုတ်သောလူများ၏ နှောင့်ယှက်မှုများနှင့် အန္တိခရစ်များ၏ အထင်အမြင်မှားစေခြင်းတို့မှ လုံးဝ ကာကွယ်ပေးမည် မဟုတ်ပေ။ အယောင်ဆောင် ခေါင်းဆောင်အများစုသည် ဖြုတ်ချခြင်းခံရပြီးနောက် မိမိတို့ကိုယ်ကို သိရှိရန် ပျက်ကွက်သည်သာမက၊ “ကြိတ်ဆုံကြိတ်ပြီးသောအခါ မြည်းကို သတ်သကဲ့သို့ ဖြစ်သည်” ဟု ပြောဆိုလျက် ဘုရားအိမ်တော်က ၎င်းတို့အပေါ် မတရားဟု ညည်းညူလျက် အလွန်လည်း စောဒကတက်ကြသည်။ ၎င်းတို့သည် အားထုတ်ခဲ့သော်လည်း အသိအမှတ်ပြုခြင်း မခံရသည့်အပြင် မတရားဆက်ဆံခံခဲ့ရသည်ဟု အခိုင်အမာဆိုကြသည်။ သင်က ၎င်းတို့ကို အယောင်ဆောင် ခေါင်းဆောင်များအဖြစ် ဖော်ထုတ်လျှင်၊ ၎င်းတို့က “ငါသည် ခေါင်းဆောင်တစ်ဦးအဖြစ် နှစ်ပေါင်းများစွာ အစေခံခဲ့သည်။ မည်သည့်အရာကိုမျှ ဖြစ်မြောက်အောင်မြင်ခြင်း မရှိခဲ့လျှင်ပင်၊ အနည်းဆုံးအနေဖြင့် ဆင်းရဲဒုက္ခကို ခံခဲ့ရသည်။ အဘယ်ကြောင့် ငါ ဖြုတ်ချခံခဲ့ရသနည်း။ ဤသည်မှာ ကြိတ်ဆုံကြိတ်ပြီးသောအခါ မြည်းကို သတ်သကဲ့သို့ ဖြစ်သည်တကား”ဟု တွေးလျက် အာခံနေကြဆဲဖြစ်သည်။ သင်က ၎င်းတို့ကို မည်သို့ပင် ဖော်ထုတ်ပါစေ၊ ၎င်းတို့သည် အာခံနေဆဲ ဖြစ်သည်။ ၎င်းတို့က “ကျွန်ုပ်သည် အန္တိခရစ်တစ်ဦးကို ရှာဖွေတွေ့ရှိသည့်အခါ၊ ကျွန်ုပ်သည် အလွန်စိုးရိမ်သောကရောက်သည့်အတွက် ပါးစပ်တွင် အပူဖုများ မကြာခဏ ပေါက်ပြီး ကောင်းစွာ မအိပ်စက်နိုင်ခဲ့ပါ။ ကျွန်ုပ်သာ အယောင်ဆောင် ခေါင်းဆောင်တစ်ဦးဖြစ်ခဲ့လျှင် ထိုသို့သောဝန်တာကို မည်သို့ ထမ်းနိုင်မည်နည်း” ဟုပင် ပြောဆိုကြသည်။ ၎င်းတို့သည် လိုအပ်သော အလုပ်တစ်ခုတလေကိုမျှ မလုပ်ဆောင်ခဲ့ပေ၊ ထိုအရာ တစ်ခုတလေကိုမျှ လုပ်ဆောင်နိုင်စွမ်း မရှိခဲ့သည့်အပြင်၊ မည်သည့်အရာ လုပ်ဆောင်ရမည်ကိုပင် မသိခဲ့သော်လည်း၊ မိမိတို့ကိုယ်ကို အထင်ကြီးနိုင်နေဆဲ ဖြစ်သည်။ ဤသည်မှာ ပြဿနာဖြစ်စေသည် မဟုတ်လော။ ယင်းမှာ မည်မျှ စက်ဆုပ်ရွံရှာဖွယ် ကောင်းလိုက်သနည်း။

အသင်းတော်တွင် ပေါ်ပေါက်သည့် အမျိုးမျိုးသော ပြဿနာများနှင့်စပ်လျဉ်း၍ အယောင်ဆောင် ခေါင်းဆောင်များသည် ထိုအရာများက အသင်းတော်၏အလုပ်ကို အဖျက်အမှောင့်လုပ်ခြင်းနှင့် နှောင့်ယှက်ခြင်း သဘောသဘာဝရှိသည်ကို ရှင်းလင်းစွာ သိကြသော်လည်း လျစ်လျူရှုကြသည်။ သိသာထင်ရှားသော ပြဿနာများကို ၎င်းတို့ မြင်သောအခါ၊ ၎င်းတို့သည် ဝတ်ကျေတမ်းကျေသာ ပြုကြပြီး အရေးပါသော၊ ပဓာနကျသော ပြဿနာများကို ဖော်ထုတ်ရန် မဝံ့ရဲကြပေ။ ၎င်းတို့သည် ပြဿနာများကို မည်မည်ရရ ဖြေရှင်းခြင်းမရှိဘဲ အယူဝါဒကို ဟောပြောခြင်းဖြင့် စောင်းပါးရိပ်ခြည်ပြောဆိုခြင်းအချို့ ပြုလုပ်ကာ အားပေးတိုက်တွန်းမှုအချို့ ပေးရုံသာဖြစ်ပြီး၊ ထိုမျှသာ ဖြစ်သည်။ ဆိုးယုတ်သောလူများနှင့် အန္တိခရစ်များကို တွေ့ကြုံသည့်အခါ၊ ၎င်းတို့သည် မိမိတို့နှင့် မည်သို့မျှ မသက်ဆိုင်သည့်အလား၊ လျစ်လျူရှုသော သဘောထားကို ခံယူလျက် ဘာလုပ်ရမှန်းမသိ ဖြစ်နေကြသည်။ ၎င်းတို့သည် ဤပြဿနာများအား ကိုင်တွယ်ရန် အသင့်လျော်ဆုံးသော နည်းလမ်းကို မသိကြပေ၊ ပြဿနာများကို ဖြေရှင်းရန် မည်သည့်အရာအား ပြောဆိုရမည်ကို မသိကြပေ၊ ညီအစ်ကိုမောင်နှမများအား မည်သို့ ကာကွယ်ရမည်ကို မသိကြသည့်အပြင် မည်သည့်ဝန်တာမျှလည်း မရှိကြပေ။ ၎င်းတို့၌ ရှိသမျှမှာ စေတနာကောင်း အနည်းငယ်သာ ဖြစ်သည် “သင်သည် ဆိုးယုတ်သောသူတစ်ဦးဖြစ်သည်ကို ကျွန်ုပ်သိသည်။ ညီအစ်ကိုမောင်နှမများကို သင် နှောင့်ယှက်ပြီး အန္တရာယ်ပြုသည်ကို ကျွန်ုပ် ခွင့်ပြုမည်မဟုတ်။ ကျွန်ုပ် ဤရာထူးတွင် ရှိနေသရွေ့၊ ညီအစ်ကိုမောင်နှမများကို ကာကွယ်ရမည်ဖြစ်ပြီး အဆုံးတိုင် ကျွန်ုပ်၏ တာဝန်ကို ဖြည့်ဆည်းရမည်”ဟူ၍ ဖြစ်သည်။ ဤသည်မှာ မည်သည့်အသုံးဝင်မှု ရှိသနည်း။ သင်သည် ပြဿနာကို ဖြေရှင်းပြီးပြီလော။ သင်သည် စိုးရိမ်သောကရောက်နေစဉ်တွင်၊ အန္တိခရစ်များက မလှုပ်မယှက် နေကြမည်လော။ ၎င်းတို့သည် အသင်းတော်၏အလုပ်ကို နှောင့်ယှက်ခြင်းအား ရပ်တန့်ကြမည်လော။ သင်သည် ဉာဏ်ပညာမရှိသည့်အပြင်၊ အလုပ်လုပ်နိုင်စွမ်းလည်း သေချာပေါက်မရှိသော အသုံးမကျသည့်၊ သတ္တိမရှိသော ခေါင်းဆောင်တစ်ဦး၊ လေဖြုန်းနေသူတစ်ဦး ဖြစ်သည်ကို ၎င်းတို့ မြင်သောအခါ၊ ၎င်းတို့သည် သင့်ကို လုံးဝ အလေးအနက်ထားမည် မဟုတ်ပေ။ အန္တိခရစ်များနှင့် ဆိုးယုတ်သောလူအများစုသည် အထူးပင် စဉ်းလဲပြီး မသိမသာအန္တရာယ်ပေးတတ်ကြသည်။ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများကို အထင်အမြင်မှားစေပြီး နှောင့်ယှက်ကြသော်လည်း၊ ၎င်းတို့ကို တားဆီးရန် သို့မဟုတ် ချုပ်ချယ်ကန့်သတ်ရန် သင့်တွင် နည်းလမ်းမရှိပေ။ ပြဿနာများကို ဖြေရှင်းရန် မည်သူ့ထံမှ အကူအညီ ရှာရမည်ကိုလည်း သင်မသိပေ။ သင်သည် ဆုတောင်းနေစဉ်တွင် ငိုကြွေးလျက် စိုးရိမ်သောကရောက်ပြီး စိတ်လှုပ်ရှားနေရုံသာဖြစ်သည်။ သင်သည် အလွန် သနားစရာကောင်းပုံရသည်၊ သင်သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို အလွန် အလေးထားပြီး ညီအစ်ကိုမောင်နှမများကို အလွန် ဂရုစိုက်ပုံရသည်။ အန္တိခရစ်များကဲ့သို့သော သိသာထင်ရှားသည့် ဆိုးယုတ်သောလူများကိုပင် သင် မကိုင်တွယ်နိုင်ပေ။ သင်သည် အန္တိခရစ်များ၏ လုပ်ရပ်များနှင့် အပြုအမူများကို သမ္မာတရားအတိုင်း စိတ်ဖြာလေ့လာဆွေးနွေးနိုင်စွမ်း မရှိသည့်အပြင်၊ ညီအစ်ကိုမောင်နှမများအနေဖြင့် ပိုင်းခြားသိမြင်နိုင်စွမ်း ဖြစ်ပေါ်လာစေရန် ကူညီဖို့ အန္တိခရစ်များ၏ ရည်ရွယ်ချက်များ၊ ကြံစည်မှုများနှင့် အပြုအမူများကို လူအများရှေ့တွင် ဖော်ထုတ်နိုင်စွမ်းလည်း မရှိပေ။ ဤအရာများထဲမှ တစ်ခုတလေကိုမျှ သင် မလုပ်ဆောင်နိုင်ပေ။ အချို့ အယောင်ဆောင် ခေါင်းဆောင်များက “မည်သူမျှ အန္တိခရစ်များကို မဖော်ထုတ်သင့်ပါ။ ၎င်းတို့ အန္တိခရစ်များဖြစ်သည်ကို သိရှိပြီး ညီအစ်ကို မောင်နှမများက ၎င်းတို့ကို ရှောင်ရှားလျှင်၊ အန္တိခရစ်များသည် လက်စားချေလိမ့်မည်”ဟုပင် ပြောဆိုကြသည်။ ဤသည်မှာ အသုံးမကျသော သတ္တိမရှိသူတစ်ဦး ဖြစ်ခြင်း မဟုတ်လော။ ထိုသို့သောလူများသည် အသင်းတော်အလုပ်ကို ကိုင်တွယ်နိုင်ကြသလော။ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများကို ပုံမှန်အသင်းတော်အသက်တာတစ်ခု ရှင်သန်နိုင်စေရန် ကာကွယ်ပေးနိုင်ကြသလော။ ဤသည်မှာ မည်သည့် ပြဿနာဖြေရှင်းနည်းမျိုး ဖြစ်သနည်း။ မည်သည့်အရာမျှ ဖြစ်ပျက်ခြင်းမရှိသည့်အခါ၊ ၎င်းတို့သည် အယူဝါဒများကို အဆုံးမရှိ ဟောပြောနိုင်သော်လည်း၊ တစ်စုံတစ်ခု ဖြစ်ပေါ်သည့်အခါ၊ ၎င်းတို့သည် စိတ်ရှုပ်ထွေးပြီး မရေမရာဖြစ်ကာ ငိုကြွေးရုံသာ တတ်နိုင်သည်။ ၎င်းတို့သည် အသုံးမကျသော သတ္တိမရှိသူများ မဟုတ်လော။ ညီအစ်ကိုမောင်နှမများအနေဖြင့် အန္တိခရစ်များ၏ အထင်အမြင်မှားစေခြင်းကို ခံရပြီး ဆိုးယုတ်သောလူများ၏ နှောင့်ယှက်ခြင်းကို ခံရသည်ကို ကြည့်နေရင်း၊ ၎င်းတို့သည် တုံ့ပြန်ရမည့် နည်းလမ်းမရှိဘဲ ဘာလုပ်ရမှန်းမသိ ဖြစ်နေကြသည်။ ၎င်းတို့သည် အတော်အတန် တရားမျှတစိတ်ရှိပြီး၊ လူ့သဘာဝ ပိုင်ဆိုင်ကာ၊ သမ္မာတရားကို လက်ခံနိုင်သည့် အသင်းတော်ရှိ ညီအစ်ကိုမောင်နှမများနှင့် ပူးပေါင်း၍ အတူတကွ မိတ်သဟာယဖွဲ့ရန်၊ ဤပြဿနာများကို ဖြေရှင်းရန် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အသုံးပြုရန်နှင့် အန္တိခရစ်များကို ဖော်ထုတ်ပြီး ပိုင်းခြားရန်ဟူသည့် အခြေခံအကျဆုံးသော အရာကိုပင် မည်သို့လုပ်ဆောင်ရမည်ကို မသိကြပေ။ ထိုသို့သောလူတစ်ဦးသည် အသုံးမကျသူတစ်ဦး မဟုတ်လော။ (ဟုတ်ပါသည်။) အယောင်ဆောင် ခေါင်းဆောင်အချို့သည် အလွန်အကျွံ သတိထားတတ်ကြပြီး၊ သတ္တိမရှိကြသည့်အပြင် အသုံးမကျကြပေ။ ၎င်းတို့သည် မည်သည့်အတိုင်းအတာအထိ သတ္တိမရှိဖြစ်ကာ အသုံးမကျကြသနည်း။ ဆိုးယုတ်သောလူများက အသင်းတော်၏အလုပ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်ရန် ထွက်ပေါ်လာ၍၊ အထူးပင် ကြမ်းတမ်းစွာနှင့် မထီမဲ့မြင်ပြုစွာ ပြောဆိုသည့်အခါ၊ ၎င်းတို့သည် အလွန်ကြောက်လန့်သဖြင့်၊ “သူတို့ကို ကျွန်ုပ် မကိုင်တွယ်မဖြေရှင်းဝံ့ပါ။ သူတို့သည် အန္တရာယ်များသည်။ သူတို့သည် လောကတွင် ဆိုးယုတ်သောသူတစ်ဦး ဖြစ်သည်။ အကယ်၍ ကျွန်ုပ်သည် ညီအစ်ကိုမောင်နှမများကို ကာကွယ်ရန် သူတို့ကို ဖော်ထုတ်လျှင်၊ သူတို့သည် ကျွန်ုပ်ကို အပြစ်ရှာပြီး လက်စားချေမည်မှာ သေချာသည်။ သို့ဆိုလျှင် ကျွန်ုပ် ခေါင်းဆောင်တစ်ဦးအဖြစ် မည်သို့ဆက်လက်လုပ်ဆောင်နိုင်မည်နည်း။ သူတို့သည် ကျွန်ုပ် နေထိုင်သည့်နေရာကို သိသည်။ ကျွန်ုပ်၏ မိသားစုကို သူတို့ အန္တရာယ်ပြုလိမ့်မည်လော။ ဘုရားသခင်ကို ယုံကြည်သည့်အတွက် ကျွန်ုပ်ကို သူတို့ တိုင်ကြားလိမ့်မည်လော”ဟု တွေးလျက်၊ တုန်လှုပ်နေကြသည်။ ထိုသို့သော အယောင်ဆောင် ခေါင်းဆောင်များသည် အသင်းတော်အလုပ်ကို တာဝန်ယူဆောင်ရွက်နိုင်ခြင်း မရှိပေ။ ၎င်းတို့၏ လွန်ကဲသော ကြောက်ရွံ့ခြင်းက ၎င်းတို့ကို ဘာကိုမျှမလုပ်ခြင်းဖြင့် နွံနစ်နေစေသည်။ ပင်ကိုအားဖြင့် ၎င်းတို့သည် ထိုသို့သော ပြဿနာများနှင့် ထိုသို့သောလူများကို ကိုင်တွယ်ရန် စည်းမျဉ်းများကို နားမလည်နိုင်ကြပေ။ အသင်းတော်၏အလုပ်ကို အဖျက်အမှောင့်လုပ်သူနှင့် နှောင့်ယှက်သူအဖြစ် သတ်မှတ်ခံရသည့် မည်သူမဆိုသည် ရံဖန်ရံခါ အမှားလုပ်မိသူတစ်ဦး မဟုတ်ပေ။ ထို့ထက်၊ ၎င်းတို့၏ လူ့သဘာဝသည် အလွန် ဆိုးယုတ်သဖြင့်၊ ၎င်းတို့သည် အမြဲတစေ မဆင်မခြင်ပြုသော ဒုစရိုက်မှုများကို ကျူးလွန်ပြီး အလွန်များသော ဒုစရိုက်အမှုများကို ကျူးလွန်ကြသည်။ ထိုသို့သော ပုဂ္ဂိုလ်များတွင် ဆိုးယုတ်သောလူများ၏ အနှစ်သာရ ရှိသည်မှာ သံသယဖြစ်ဖွယ်မရှိပေ။ ဆိုးယုတ်သောလူများကို ကိုင်တွယ်ခြင်းသည်လည်း အမြော်အမြင်ရှိသောနည်းလမ်းအချို့ လိုအပ်သည်။ သင်သည် နောက်ခံအခြေအနေနှင့် ပတ်ဝန်းကျင်ကို ထည့်သွင်းစဉ်းစားရန် လိုအပ်ပြီး ဆိုးယုတ်သောလူများက ကိုင်တွယ်ဖြေရှင်းခံရပြီးနောက် မည်သည့်လုပ်ရပ်များ လုပ်ဆောင်နိုင်သည်ကိုလည်းကောင်း၊ ဤသည်က အသင်းတော်အတွက် ပြဿနာ ဖြစ်စေနိုင်ခြင်း ရှိမရှိကိုလည်းကောင်း ထည့်သွင်းစဉ်းစားရန် လိုအပ်သည်။ ဤသွင်ပြင်လက္ခဏာများကို သေချာစွာ ထည့်သွင်းစဉ်းစားခြင်းဖြင့်သာ သင်သည် ကိစ္စရပ်ကို သမ္မာတရား စည်းမျဉ်းများနှင့် ကိုက်ညီပြီး ဉာဏ်ပညာကို အသုံးပြုသည့် နည်းလမ်းဖြင့် သင့်လျော်စွာ ကိုင်တွယ်နိုင်ပေသည်။ သမ္မာတရားကို နားလည်သောသူများသည် ထိုသို့သော ပြဿနာများကို ကိုင်တွယ်နေစဉ်တွင် စည်းမျဉ်းများကို အလိုအလျောက် သဘောပေါက်သွားလိမ့်မည်။ ၎င်းတို့သည် ဤအလုပ်ကို လုပ်ဆောင်သည်နှင့်အမျှ၊ အမျိုးမျိုးသောလူများအား မည်သို့ ဆက်ဆံရမည်ကို တဖြည်းဖြည်း နားလည်လာမည်ဖြစ်ပြီး၊ ၎င်းတို့၏ စိတ်နှလုံးထဲတွင် နည်းလမ်းများနှင့် နည်းစနစ်များ ဖြစ်ပေါ်လာကာ၊ ဉာဏ်ပညာ ရှိလာလိမ့်မည်။ သို့သော် အယောင်ဆောင် ခေါင်းဆောင်များသည် ဤနည်းလမ်းများ၊ နည်းစနစ်များနှင့် ဉာဏ်ပညာတို့ လုံးဝ ကင်းမဲ့ကြသည်။ ဤသည်မှာ ၎င်းတို့အနေဖြင့် ဘုရားသခင်၏ ရည်ရွယ်ချက်များကို အလေးမထားသောကြောင့် ဖြစ်သည်။ ၎င်းတို့က ဘုရားအိမ်တော်၏အလုပ် ထိခိုက်ခြင်း ရှိမရှိ သို့မဟုတ် ခေါင်းဆောင်များနှင့် အမှုဆောင်များက အန္တရာယ်နှင့် ရင်ဆိုင်ရခြင်းရှိမရှိဟူသည်ကို မစဉ်းစားကြပေ။ ၎င်းတို့သည် ဤအရာများကို မစဉ်းစားသည့်အတွက်၊ ကိစ္စရပ်များကို စည်းမျဉ်းများမရှိဘဲ ကိုင်တွယ်ကြပြီး သာ၍ပင် ဉာဏ်ပညာမရှိကြပေ။ အယောင်ဆောင် ခေါင်းဆောင်များသည် ဤပြဿနာများကို မကိုင်တွယ်နိုင်သည့်အပြင် ယင်းတို့မှ သင်ခန်းစာများကိုလည်း မသင်ယူကြပေ။ ဤအရာက ၎င်းတို့၌ သင်ယူလိုစိတ်မရှိခြင်း၊ အရည်အချင်းမရှိခြင်းနှင့် တော်လျော်သော တာဝန်များကို လျစ်လျူရှုခြင်းတို့ ရှိကြောင်းနှင့် မည်သည့်အလုပ်ကိုမျှ မလုပ်ဆောင်နိုင်ကြောင်း သက်သေပြသည်။ ဆိုးယုတ်သောလူများနှင့် အန္တိခရစ်များက ဒုစရိုက်မှုပြုပြီး နှောင့်ယှက်မှုများ ဖြစ်စေသည်ကို ၎င်းတို့ မြင်သောအခါ၊ ၎င်းတို့သည် ဤလူတို့ကို ဖော်ထုတ်ခြင်းလည်း မရှိ၊ ပြဿနာများကို ဖြေရှင်းခြင်းလည်း မရှိပေ။ ၎င်းတို့သည် အသင်းတော်၏အလုပ် သို့မဟုတ် ဘုရားသခင် ရွေးချယ်ထားသောလူများ၏ အသက်ဝင်ရောက်မှုကို မည်သည့် အလေးထားမှုမျှမရှိဘဲ မိမိတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများကို ကာကွယ်ရန်သာ စဉ်းစားကြသည်။ အယောင်ဆောင် ခေါင်းဆောင်အချို့သည် မိမိတို့ကိုယ်တိုင်ထက် အာဏာရှိသောသူများကို ကြောက်ရွံ့စဉ် တစ်ချိန်တည်းတွင် အားနည်းသူကို အနိုင်ကျင့်ကြသည်။ ၎င်းတို့သည် အတော်အတန် နူးညံ့သိမ်မွေ့သောသူများကို မရပ်မနား အနိုင်ကျင့်ပြီး မိမိတို့၏ ဩဇာအာဏာကို ထုတ်ဖော်ပြသကြသော်လည်း၊ ဆိုးယုတ်သောလူများနှင့် အန္တိခရစ်များကို တွေ့ကြုံသည့်အခါ မျက်နှာချိုသွေးပြီး မြှောက်ပင့်ပြောဆိုကြသည်။ စည်းမျဉ်းများမရှိသော ထိုသို့သော အယောင်ဆောင် ခေါင်းဆောင်များနှင့် အယောင်ဆောင် အမှုဆောင်များကို ဘုရားသခင် နှစ်သက်နိုင်သလော။ လုံးဝ မနှစ်သက်နိုင်ပေ။ ဘုရားအိမ်တော်သည် အားနည်းသူကို အနိုင်ကျင့်ပြီး အားကြီးသူကို ကြောက်ရွံ့ကာ၊ တရားမျှတစိတ်မရှိသော လူများကို ခေါင်းဆောင်များနှင့် အမှုဆောင်များဖြစ်ရန် ပျိုးထောင်ပေးနိုင်သလော။ လုံးဝ ပျိုးထောင်ပေး၍မရပေ။ ဤလူများသည် အသိစိတ် သို့မဟုတ် ဆင်ခြင်တုံတရားမရှိသည့်အပြင် သမ္မာတရားကို လုံးဝလက်မခံသော မယုံကြည်သူများနှင့် ဘာသာတရားမရှိသူများချည်းသာဖြစ်ပြီး ဘုရားအိမ်တော်သည် ၎င်းတို့ကို အလိုမရှိပေ။

အယောင်ဆောင်ခေါင်းဆောင်တစ်ယောက်၏ အလုပ်တွင် ပြဿနာများဖြစ်ပေါ်သည့်အခါ သူ၏ တုံ့ပြန်မှုသည် အစဉ်သဖြင့် တာဝန်ကို ရှောင်ရန်ဖြစ်သည်။ ၎င်းတို့၏ အသုံးအများဆုံး ပြောဆိုမှုတစ်ခုမှာ “သူတို့နှင့် ငါမိတ်သဟာယဖွဲ့ပြီးဖြစ်သည်” ဟူ၍ ဖြစ်သည်။ ဤနေရာတွင် ဆိုလိုသည်မှာ “ငါပြောဖို့ လိုအပ်သည့်အရာတိုင်းကို ပြောပြီးဖြစ်သည်။ ထို့ကြောင့် တစ်စုံတစ်ခု လွဲမှားလျှင် သူတို့၏ တာဝန်ဖြစ်သည်။ ငါနှင့် လုံးဝ မသက်ဆိုင်ပေ။” ဟူ၍ ဖြစ်သည်။ ဤအတွက်ကြောင့် “သူတို့နှင့် ငါမိတ်သဟာယဖွဲ့ပြီးဖြစ်သည်။” ဆိုသည့် ဝါကျသည် အယောင်ဆောင်ခေါင်းဆောင်များအတွက် အဆောင်နှင့် ဆောင်ပုဒ်ဖြစ်သည်။ အန္တိခရစ်တစ်ယောက်သည် ထင်ရာစိုင်းနေကြောင်း၊ လက်လွတ်စပယ်ပြုမူနေကြောင်း၊ အသင်းတော်ကို အနှောင့်အယှက်ဖြစ်စေကြောင်းတို့ကို အယောင်ဆောင်ခေါင်းဆောင်က မြင်လျှင် မိတ်သဟာယပြုခြင်းနှင့် ကူညီပံ့ပိုးခြင်း နည်းလမ်းကိုလည်း အသုံးပြုသည်။ တွန်းအားပေးပြီး သတိပေးသည့်စကားအနည်းငယ် ပြောပြီးနောက်တွင် အန္တိခရစ်များသည် နာခံပြီး ကျိုးနွံနာခံလိမ့်မည်၊ လူတို့အား အထင်အမြင်မှားစေတော့မည်မဟုတ်၊ သို့မဟုတ် အသင်းတော်အသက်တာကို နှောင့်ယှက်တော့မည်မဟုတ်ဟု ၎င်းတို့က ယူဆကြသည်။ ဤသည်မှာ မိုက်မဲသော ယူဆချက်ဖြစ်သည် မဟုတ်လော။ အန္တိခရစ်များ၏ အနှောင့်အယှက်များကို ချုပ်ချယ်ကန့်သတ်ရန် ဤသို့သော မိုက်မဲသည့်နည်းလမ်းကို အသုံးပြုခြင်းသည် အယောင်ဆောင်ခေါင်းဆောင်တစ်ယောက်ပြုလုပ်သည့် ပုံစံဖြစ်သည်။ ယင်းသည် အမှန်တကယ်ကို လုံးလုံး မိုက်မဲလှသည်။ အယောင်ဆောင်ခေါင်းဆောင်သည် ကျိုးကြောင်းမမြင်ဘဲ အလုပ်ရှုပ်၍သာနေသည်။ ထိုထိုဤဤ ကိစ္စများဖြင့်သာ အချိန်ဖြုန်းနေသော်လည်း အခြေခံကျသော အလုပ်ကို လုပ်ဆောင်နိုင်စွမ်း မရှိကြချေ။ ၎င်းတို့သည် သမ္မာတရားကို လက်ခံနိုင်စွမ်းရှိသောသူတို့ကို ရေမလောင်းပေ။ အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သောသူတို့ကို မကန့်သတ်ပေ။ ပြီးလျှင် အထပ်ထပ်အခါခါ သတိပေးသော်ငြားလည်း မကောင်းမှုများ မဆင်မခြင် ကျူးလွန်ပြီး ပြောင်းလဲရန် ငြင်းဆန်သောသူတို့ကို ရှင်းလင်းမပစ်ပေ။ အန္တိခရစ်များက မည်သို့ မကောင်းမှုပြုပြီး အနှောင့်အယှက်များ ဖြစ်စေသည်ကို အထူးသဖြင့် ၎င်းတို့က အာရုံမစိုက်ပေ။ ၎င်းတို့သည် အန္တိခရစ်များကို ဖော်ထုတ်ခြင်း သို့မဟုတ် ပိုင်းခြားသိမြင်ခြင်း မရှိသည့်အပြင် အန္တိခရစ်များကို မကောင်းမှုပြုရန်နှင့် အသင်းတော်၏အလုပ်ကို နှောင့်ယှက်ရန် ခွင့်ပြုထားလျက် ရှင်းလင်းခြင်း သို့မဟုတ် နှင်ထုတ်ခြင်းလည်း မရှိပေ။ ၎င်းတို့သည် လုံးဝဂရုမစိုက်သည့်အပြင် အန္တိခရစ်များ၏ ဒုစရိုက်အမှုများသည် ၎င်းတို့နှင့် ဘာမျှပတ်သက်ခြင်းမရှိဟု တွေးထင်ကြသည်။ အယောင်ဆောင်ခေါင်းဆောင်များသည် ၎င်းတို့၏အလုပ်တွင် ဟန်ဆောင်လုပ်ပြရုံသာ လုပ်ပြနိုင်ကြသည်။ ၎င်းတို့သည် အထွေထွေအရေးကိစ္စ အလုပ်အနည်းငယ်ကို လုပ်ဆောင်ပြီးနောက် လက်တွေ့အလုပ်ကို လုပ်ဆောင်ပြီးဖြစ်သည်ဟုလည်းကောင်း၊ ၎င်းတို့က ခေါင်းဆောင်များနှင့် အမှုဆောင်များအဖြစ် စံနှုန်းပြည့်မီသည်ဟုလည်းကောင်း တွေးထင်ကြသည်။ အသင်းတော်၏အလုပ်ကို မည်သူက အဖျက်အမှောင့်လုပ်ကာ နှောင့်ယှက်သည်ဖြစ်စေ၊ ၎င်းတို့သည် ထိုသူတို့အား အယူဝါဒအချို့ကိုသာ ရွတ်ပြကြသည်။ အားပေးတိုက်တွန်းမှုနှင့် သတိပေးမှုအနည်းငယ် ပေးကာ ပြဿနာကို ဖြေရှင်းပြီးဖြစ်သည်ဟု တွေးထင်ကြသည်။ ၎င်းတို့သည် တစ်နေကုန် အလုပ်ရှုပ်နေကြပြီး ကိစ္စ ကြီးငယ်နှစ်ခုလုံးကို အာရုံစိုက်လုပ်ဆောင်လျက်၊ မိမိတို့ကိုယ်ကို အလုပ်ကောင်းကောင်း လုပ်ဆောင်နေသည်ဟု မှတ်ယူကြသည်။ ၎င်းတို့က “ကျွန်ုပ်တို့၏ အသင်းတော်ကို ကြည့်ပါ။ လူတိုင်းကို ကောင်းစွာ အသုံးပြုထားသည်။ ဧဝံဂေလိတရားကို ဟောပြောနိုင်သူများက ဧဝံဂေလိတရားကို ဟောပြောနေကြသည်၊ ဗီဒီယိုများ ဖန်တီးနိုင်သူများက ဗီဒီယိုများ ဖန်တီးနေကြသည်၊ သီချင်းဆိုနိုင်သူများက ဓမ္မတေးများကို အသံသွင်းနေကြသည်၊ ကျွန်ုပ်တို့၏ အသင်းတော်အသက်တာသည် ကြီးပွားတိုးတက်သည်တကား”ဟု ပြောလျက် ကြွားပင်ကြွားဝါကြသည်။ သို့သော်လည်း ၎င်းတို့သည် အသင်းတော်ထဲက ကွယ်ဝှက်ထားသော ပြဿနာများစွာကို လုံးဝ မမြင်ကြပေ။ အသင်းတော်အသက်တာကို အစဉ်တစိုက် အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သော ထိုဆိုးယုတ်သည့်လူများနှင့် မယုံကြည်သူများကို ကိုင်တွယ်ရန် ၎င်းတို့ မဝံ့သောကြောင့်၊ ထိုသူတို့ကို လျစ်လျူရှုကြသည်။ ၎င်းတို့သည် လူတို့ကို ဆွဲဆောင်ရန်နှင့် မိမိတို့၏ ကိုယ်ပိုင်အုပ်စုငယ်များကို ဖွဲ့စည်းရန် ကြိုးစားနေကြသည့် မိမိတို့သဘောအတိုင်း ပြုမူလုပ်ဆောင်ကြသည့် အန္တိခရစ်များကို မသိကျိုးကျွန်ပြုကြသည်။ ဖြောင့်မတ်ခြင်းတရားကို ဆာငတ်မွတ်သိပ်သော ယုံကြည်သူအသစ်များ မေးမြန်းသည့် မေးခွန်းများစွာကို ၎င်းတို့က မဖြေရှင်းနိုင်ကြပေ။ ဤလက်တွေ့ကျသော ပြဿနာများကို ဖြေရှင်းရန် နည်းလမ်းများ ရှာဖွေမည့်အစား၊ အယောင်ဆောင်ခေါင်းဆောင်များက “အသင်းတော်အသက်တာသည် ကြီးပွားတိုးတက်သည်တကား”ဟု အခိုင်အမာဆိုနေသေးရင်း၊ ထိုပြဿနာများကို အမြဲတစေ ရှောင်ရှားရန် ကြိုးစားကြသည်။ ဤသည်မှာ ဟန်ဆောင်ခြင်းနှင့် လိမ်လည်ခြင်း မဟုတ်လော။ အယောင်ဆောင်ခေါင်းဆောင်များသည် ဤမယုံကြည်သူများ၊ ဆိုးယုတ်သောလူများနှင့် အန္တိခရစ်များကို ရှင်းလင်းခြင်း သို့မဟုတ် ကိုင်တွယ်ခြင်းမရှိဘဲ အသင်းတော်ထဲတွင် ထားရှိကာ၊ ၎င်းတို့ကို မဆင်မခြင် မကောင်းမှုများ ကျူးလွန်စေပြီး အသင်းတော်အသက်တာကို လုံးဝ ကမောက်ကမ အခြေအနေတစ်ခုအဖြစ်သို့ရောက်သွားခွင့်ပေးလျက်၊ တစ်ချိန်လုံး မမြင်ချင်ယောင်ဆောင်နေကြသည်။ ထိုသို့သော အယောင်ဆောင်ခေါင်းဆောင်များသည် အလွန်အမင်း ကြောင်းကျိုးမမြင်ကြသည်တကား။ ၎င်းတို့သည် မယုံကြည်သူများ၊ ဆိုးယုတ်သောလူများနှင့် အန္တိခရစ်များအတွက် အကာအကွယ်ပေးသူအဖြစ် ပြုမူကြသည့်အပြင်၊ ဤသို့ အကျင့်ပျက်နေသူများကို မရှင်းလင်းပစ်ခြင်းသည် မေတ္တာထားခြင်းနှင့် ဘုရားသခင် ရွေးချယ်ထားသောလူများကို ကာကွယ်ခြင်းဖြစ်သည်ဟု တွေးထင်လျက်၊ ဤအရာမှ ဂုဏ်ယူဝင့်ကြွားမှုကိုပင် ရယူကြသည်။ ဤသည်မှာ အသင်းတော်၏အလုပ်ကို အဖျက်အမှောင့်လုပ်ကာ နှောင့်ယှက်ခြင်း မဟုတ်လော။ ဤသည်မှာ ဘုရားသခင်ကို တမင်တကာ အတိုက်အခံလုပ်ပြီး သူ့ကို ဆန့်ကျင်နေခြင်း မဟုတ်လော။ သို့သော် အယောင်ဆောင်ခေါင်းဆောင်များသည် ဤအရာကို လုံးဝ သတိမမူမိကြပေ။ အကယ်၍ သင်က ဤလက်တွေ့ကျသော ပြဿနာများကို ဖြေရှင်းပြီးခြင်းရှိမရှိ ၎င်းတို့ကို မေးမြန်းပါက၊ ၎င်းတို့က “ငါသည် ၎င်းတို့ကို ပြုပြင်ပြီးဖြစ်သည်၊ သူတို့နှင့် ငါမိတ်သဟာယဖွဲ့ပြီးဖြစ်သည်” ဟု ပြောဆိုကြပြီး၊ ပြဿနာများ ဖြေရှင်းပြီးဖြစ်ကာ ၎င်းတို့နှင့် မည်သည့်ပတ်သက်မှုမျှ မရှိတော့ကြောင်း သွယ်ဝိုက်ပြောဆိုကြသည်။ ဤသည်မှာ ခေါင်းရှောင်ခြင်း မဟုတ်လော။ အယောင်ဆောင်ခေါင်းဆောင်တစ်ဦးအတွက်၊ လက်မခံနိုင်သော အပြုအမူတစ်ခုတလေကို တစ်ဦးတလေက ကျူးလွန်သည့်အခါတိုင်း၊ ၎င်းတို့က ပြစ်မှုကျူးလွန်သူကို ဝတ်ကျေတမ်းကျေ ပြုပြင်ပြီး သတိပေးချက်နှင့် အားပေးတိုက်တွန်းမှုအချို့ ပေးသရွေ့၊ ၎င်းတို့၏အလုပ် ပြီးဆုံးသွားပြီး၊ ပြဿနာကို ဖြေရှင်းပြီးသည့်အလား ဖြစ်သည်။ ဤသည်မှာ လှည့်ဖြားခြင်း မဟုတ်လော။ အယောင်ဆောင်ခေါင်းဆောင်များသည် မယုံကြည်သူများ၊ ဆိုးယုတ်သောလူများနှင့် အန္တိခရစ်များကို အချိန်မီ ရှင်းလင်းပစ်ရန် သိသိသာသာ ပျက်ကွက်ပြီးနောက်၊ “ငါသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သူတို့နှင့်အတူ မိတ်သဟာယဖွဲ့ခဲ့သည်။ သူတို့အားလုံးက မိမိတို့လုပ်ဆောင်ခဲ့သည့်အရာကို အသိအမှတ်ပြုပြီး နောင်တရကြကာ၊ အားလုံး ငိုကြွေးသည့်အပြင်၊ သေချာပေါက် နောင်တရမည်ဖြစ်ကြောင်းနှင့် မိမိတို့၏ ကိုယ်ပိုင် သီးခြား နိုင်ငံတော်ကို တည်ထောင်ရန် နောက်ထပ် ကြိုးစားတော့မည် မဟုတ်ဖြစ်ကြောင်း ပြောဆိုခဲ့ကြသည်” ဟုဆိုလျက် ဟုတ်မှန်သယောင်ရှိသော်လည်း စင်စစ်မှားနေသော ဆင်ခြေများကို ပြောဆိုကြသည်။ ဤအယောင်ဆောင်ခေါင်းဆောင်များသည် အိမ်မှုကိစ္စလုပ်တမ်း ကစားသော ကလေးများကဲ့သို့ မိမိတို့ကိုယ်ကို လှည့်ဖြားနေကြခြင်းသာဖြစ်သည် မဟုတ်လော။ ဤမယုံကြည်သူများ၊ ဆိုးယုတ်သောလူများနှင့် အန္တိခရစ်များသည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သောသူများ ဖြစ်ကြသည်။ ၎င်းတို့ထဲမှ မည်သူကမျှ သမ္မာတရားကို လုံးဝလက်မခံကြသည့်အပြင်၊ ၎င်းတို့သည် ဘုရားသခင်၏ ကယ်တင်ခြင်းခံရမည့်သူများ မဟုတ်ကြပေ။ ထို့ထက်၊ ၎င်းတို့သည် ဘုရားသခင်၏ စက်ဆုပ်ရွံရှာခြင်းနှင့် မုန်းတီးခြင်းကို ခံရသည့်သူများ ဖြစ်ကြသည်။ သို့သော် အယောင်ဆောင်ခေါင်းဆောင်များသည် ဤမယုံကြည်သူများ၊ ဆိုးယုတ်သောလူများနှင့် အန္တိခရစ်များကို ညီအစ်ကိုမောင်နှမများအဖြစ် သဘောထားပြီး ၎င်းတို့ကို မေတ္တာဖြင့် ကူညီကြသည်။ ဤနေရာတွင် ပြဿနာ၏ သဘောသဘာဝမှာ အဘယ်နည်း။ ဤလူတို့ကို ရှင်းလင်းစွာ မမြင်နိုင်အောင် တားဆီးထားသည်မှာ မိုက်မဲခြင်းနှင့် အသိဉာဏ်မဲ့ခြင်းလော၊ သို့မဟုတ် ထိုသူတို့အားစိတ်အနှောင့်အယှက်ဖြစ်စေမည်ကို ကြောက်သဖြင့် ထိုသူတို့ နှစ်သက်အောင် ၎င်းတို့ ကြိုးစားနေခြင်းလော။ အကြောင်းရင်းက မည်သည့်အရာပင်ဖြစ်စေ၊ အရေးအကြီးဆုံးမှာ အယောင်ဆောင်ခေါင်းဆောင်များသည် လက်တွေ့အလုပ်ကို မလုပ်ဆောင်သည့်အပြင်၊ ၎င်းတို့ ပြုပြင်ခြင်းခံရသည့်အခါတွင် သမ္မာတရားကို လက်မခံခြင်း သို့မဟုတ် မိမိတို့၏ အမှားများကို ဝန်မခံခြင်း ဖြစ်သည်။ ဤသည်မှာ အယောင်ဆောင်ခေါင်းဆောင်များအနေဖြင့် သမ္မာတရား လက်တွေ့ကျမှု လုံးဝ မပိုင်ဆိုင်ကြောင်း ပြသရန် လုံလောက်ပေသည်။ ၎င်းတို့သည် ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များအတိုင်း အလုပ်မလုပ်ကြသည့်အပြင်၊ အထူးသဖြင့် အသင်းတော်ကို သန့်စင်ခြင်းအလုပ်နှင့်ပတ်သက်သည့်နေရာတွင်၊ ဝတ်ကျေတမ်းကျေ ပုံစံဖြင့် ပြုမူကြသည်။ ၎င်းတို့သည် သိသာထင်ရှားသော ဆိုးယုတ်သည့်လူအနည်းငယ်ကို သန့်စင်ဖယ်ရှားခြင်းဖြင့် ဝတ်ကျေတမ်းကျေသာ လုပ်ဆောင်ကြသည်။ ဖော်ထုတ်ပြီး ပြုပြင်ခြင်းခံရသည့်အခါ၊ ၎င်းတို့သည် တာဝန်ကို ခေါင်းရှောင်ရန်နှင့် မိမိတို့ကိုယ်အတွက် စောဒကတက်ရန် အမျိုးမျိုးသော အကြောင်းပြချက်များနှင့် ဆင်ခြေများကိုပင် ရှာဖွေကြသည်။ ထို့ကြောင့် လက်တွေ့အလုပ်မလုပ်သော အယောင်ဆောင်ခေါင်းဆောင်တစ်ဦးသည် ဘုရားသခင်၏ အလိုတော်ကို ဆောင်ရွက်ခြင်းမရှိအောင် တားဆီးသည့် ခလုတ်တံသင်းတစ်ခု ဖြစ်သည်။ အယောင်ဆောင်ခေါင်းဆောင်များသည် တန်ဖိုး ဘာဆိုဘာမျှမရှိသည့် အပေါ်ယံ၊ အထွေထွေအရေးကိစ္စ အလုပ်အနည်းငယ်ကိုသာ ကိုင်တွယ်ကြသည်။ ၎င်းတို့သည် အသင်းတော်တွင် ပေါ်ပေါက်သည့် အမျိုးမျိုးသော ပြဿနာများကို မည်သည့်အခါမျှ မဖြေရှင်းကြပေ။ ယင်းတို့ကို ဤအတိုင်း ရှောင်ရှားလိုက်ကြသည်။ ဤသည်မှာ အသင်းတော်အလုပ်၏ ပုံမှန်တိုးတက်မှုကို နှောင့်နှေးစေသည်သာမက ဘုရားသခင် ရွေးချယ်ထားသောလူများ၏ အသက်ဝင်ရောက်မှုကိုလည်း ထိခိုက်စေသည်။ သေချာပြော၍ရသည်မှာ အယောင်ဆောင်ခေါင်းဆောင်များသည် အသင်းတော်၏အလုပ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်ကာ မယုံကြည်သူများ၊ ဆိုးယုတ်သောလူများနှင့် အန္တိခရစ်များအတွက် အကာအကွယ်ပေးသူများအဖြစ် ပြုမူကြသည်။ ဝိညာဉ်ရေးရာတိုက်ပွဲ၏ အရေးကြီးသောအချိန်တွင် ၎င်းတို့သည် ဘုရားသခင်ကို အတိုက်အခံလုပ်ပြီး လှည့်ဖြားရန် ဆိုးယုတ်သောလူများနှင့် အန္တိခရစ်များဘက်တွင် ရပ်တည်ကြသည်။ ဤသည်မှာ ဘုရားသခင်ကို သစ္စာဖောက်ခြင်း၏ သရုပ်သကန်တစ်ခု မဟုတ်လော။ အယောင်ဆောင်ခေါင်းဆောင်များ၏ အမြင်များနှင့် အပြုအမူများမှ အကဲဖြတ်ရလျှင် ၎င်းတို့သည် သမ္မာတရားကို လိုက်စားသောသူများ တကယ်ကို မဟုတ်ကြကြောင်း၊ သမ္မာတရားကို ၎င်းတို့ လုံးဝနားမလည်ကြသည့်အပြင်၊ ခေါင်းဆောင်မှုအလုပ်ကို လုံးဝ မလုပ်ဆောင်နိုင်ကြကြောင်း သိသာထင်ရှားပေသည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။