ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၂၀) အခန်း ငါး

အယောင်ဆောင်ခေါင်းဆောင်များသည် လူတို့ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် အခြေခံ၍ ဆက်ဆံခြင်းမရှိဘဲ မိမိတို့၏ ကိုယ်ပိုင်နှစ်သက်မှုများအတိုင်း ဆက်ဆံကြသည်။ ၎င်းတို့သည် မိမိတို့အလိုရှိသမျှကို လုပ်ဆောင်လျက် မည်သည့်စည်းမျဉ်းမျှမရှိဘဲ ပြုမူကြသည်။ အန္တိခရစ်များက အသင်းတော်အား နှောင့်ယှက်နေသည်ကို မြင်သောအခါ အယောင်ဆောင်ခေါင်းဆောင်များသည် ၎င်းတို့ကို မမုန်းတီးကြပေ။ အန္တိခရစ်များအား ဘုရားသခင်၏ နှုတ်ကပတ်တော်အချို့ကို ဖတ်ပြခြင်းက ၎င်းတို့၏ အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်မှုများအား ချုပ်ချယ်ကန့်သတ်နိုင်သည်ဟု ၎င်းတို့က ယုံကြည်ကြသည်။ အန္တိခရစ်များသည် မည်သည့်လူစားမျိုးများ ဖြစ်ကြသနည်း။ ၎င်းတို့သည် နတ်ဆိုးများဖြစ်ကြသည်၊ စာတန်များ ဖြစ်ကြသည်။ ဘုရားသခင်ကို နှစ်ပေါင်းမည်မျှ ယုံကြည်ခဲ့သည်ဖြစ်စေ အန္တိခရစ်များသည် သမ္မာတရားကို လုံးဝလက်မခံသည့်အပြင် အသင်းတော်၏အလုပ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်ကာ ဘုရားသခင် ရွေးချယ်ထားသောလူများ၏ အသက်ဝင်ရောက်မှုကို နှောင့်ယှက်နိုင်သည်။ ၎င်းတို့သည် လက်တွေ့ဘဝထဲက နတ်ဆိုးများနှင့် စာတန်များ ဖြစ်ကြသည်။ အယောင်ဆောင်ခေါင်းဆောင်များသည် အန္တိခရစ်များအား ဘုရားသခင်၏ နှုတ်ကပတ်တော် ကျမ်းပိုဒ်အနည်းငယ်ကို ဖတ်ပြခြင်းဖြင့် ၎င်းတို့ကို နောင်တရစေပြီး စိတ်များပြောင်းလဲစေရန် မျှော်လင့်ကြသည်။ ဤသည်မှာ အလွန်အမင်း မိုက်မဲလှသည် မဟုတ်လော။ အန္တိခရစ်များကဲ့သို့သော လူများသည် သမ္မာတရားကို လုံးဝလက်မခံကြပေ။ ဒုစရိုက်အမှု မည်မျှကို ၎င်းတို့ ကျူးလွန်သည်ဖြစ်စေ၊ ၎င်းတို့သည် မိမိတို့ကိုယ်ကို ဆင်ခြင်သုံးသပ်ခြင်း သို့မဟုတ် သိရှိခြင်း ရှိလိမ့်မည်မဟုတ်သည့်အပြင်၊ အမှားမည်မျှ ၎င်းတို့ ပြုလုပ်မိသည်ဖြစ်စေ၊ မိမိတို့၏ အမှားများကို ဝန်ခံလိမ့်မည်မဟုတ်ပေ။ ၎င်းတို့သည် ငရဲသို့ သွားရန် ကံကြမ္မာပါလာသော ယုတ်ညံ့သည့်သတ္တဝါများ ဖြစ်ကြသည့်တိုင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော် ကျမ်းပိုဒ်အနည်းငယ်ကို ဖတ်ပြခြင်းနှင့် အားပေးတိုက်တွန်းသည့် စကားအချို့ကို ပြောပေးခြင်းတို့က ၎င်းတို့ကို ပြောင်းလဲစေနိုင်သည်ဟု သင်ထင်သည်။ ဤသည်မှာ မဖြစ်နိုင်သည့်အရာကို တောင့်တခြင်း မဟုတ်လော။ အကယ်၍ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်က သမ္မာတရားကို ဤမျှ လွယ်ကူစွာ လက်ခံနိုင်မည်ဆိုလျှင် ဘုရားသခင်သည် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း အမှုတော်ကို ဆောင်ရွက်ရန် လိုအပ်မည်မဟုတ်ပေ။ ဘုရားသခင်သည် သူ၏အမှုတော်တွင် အဘယ်ကြောင့် အလွန်များသော နှုတ်ကပတ်တော်များကို မိန့်မြွက်ပြီး အလွန်များသော သမ္မာတရားများကို ဖော်ပြသနည်း။ အကြောင်းမှာ လူတို့ကို ကယ်တင်ခြင်းသည် မလွယ်ကူသောကြောင့်ဖြစ်သည်၊ လူတို့၏ အခက်အခဲများက အလွန်များပြားပြီး ၎င်းတို့၏ ပုန်ကန်မှုက အလွန်ကြီးမားသောကြောင့် ဖြစ်သည်။ သမ္မာတရားကို လက်ခံနိုင်သောသူများသာလျှင် ကယ်တင်ခြင်းခံရနိုင်သည်။ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သည့်အပြင်၊ မုန်းတီးသောသူများသည် ကယ်တင်ခြင်းမခံရနိုင်ပေ။ သို့သော်လည်း ပြင်းထန်သော စကားအချို့ကို မယုံကြည်သူများ၊ ဆိုးယုတ်သောလူများနှင့် အန္တိခရစ်များထံ ပြောဆိုပါက ဤပုဂ္ဂိုလ်များသည် နောင်တရပြီး မိမိတို့ကိုယ်ကို သိရှိလာကြမည်ဖြစ်ကြောင်းနှင့်၊ ထို့နောက် ၎င်းတို့အား အားပေးတိုက်တွန်းပြီး နှစ်သိမ့်သည့် စကားအချို့ကို ပြောဆိုပါက၊ ၎င်းတို့သည် နောင်တရကြမည်ဖြစ်ပြီး၊ ထိုသို့ဖြင့် မိမိတို့၏ တာဝန်များကို ထမ်းဆောင်ရာတွင် အာရုံစိုက်နိုင်မည်ဖြစ်ကာ၊ သစ္စာစောင့်သိလာပြီး၊ စိတ်သဘောထား ပြောင်းလဲခြင်းကို ကြုံရမည်ဖြစ်ကာ အန္တိခရစ်များပင် ကျိုးနွံနာခံသော သိုးများအဖြစ်သို့ ပြောင်းလဲစေမည်ဟု အယောင်ဆောင် ခေါင်းဆောင်များက ယုံကြည်ကြသည်။ ဤသည်မှာ မိုက်မဲသော စိတ်ကူးတစ်ခု မဟုတ်လော။ ဤစိတ်ကူးသည် အလွန်အမင်း မိုက်မဲလှသည်။ ဤသည်မှာ အရူးတစ်ယောက်၏ ကယောင်ချောက်ချား ပြောသောစကားနှင့် တူသည်။ အမှုအရာများက အဘယ်သို့ဖြစ်ပြီး ထိုမျှ ရိုးရှင်းနိုင်မည်နည်း။ ဘုရားသခင်သည် တရားစီရင်ခြင်းအမှုတော်ကို နှစ်ပေါင်းသုံးဆယ်ကျော် ဆောင်ရွက်နေခဲ့ပြီးဖြစ်ရာ၊ လူတို့သည် မိမိကိုယ်ကို မည်မျှသိရှိပြီး မည်မျှပြောင်းလဲမှုကို စွမ်းဆောင်ရရှိပြီးပြီနည်း။ လူနည်းစုသာလျှင် ရလဒ်အချို့ကို စွမ်းဆောင်ရရှိကြပြီးဖြစ်သည်။ သမ္မာတရားကို မချစ်သောသူများသည် မည်မျှများသော တရားဒေသနာများကို နားထောင်သည်ဖြစ်စေ၊ အလွန်ဆုံးအနေဖြင့် အယူဝါဒအချို့ကို နားလည်ကြသည်။ ၎င်းတို့၏ အသက်စိတ်သဘောထားသည် လုံးဝမပြောင်းလဲသည့်အပြင်၊ ကောင်းသော အပြုအမူများနှင့် ကောင်းမှုများကိုပင် ၎င်းတို့ထံမှ မြင်ရခဲသည်။ ဤသူများသည် မည်သည့် လူစားမျိုးများ ဖြစ်ကြသနည်း။ ၎င်းတို့သည် မုန့်ကို အဝစားသောသူများ ဖြစ်ကြသည်၊ ၎င်းတို့သည် သမ္မာတရားကို လုံးဝလက်မခံကြပေ။ ၎င်းတို့သည် ဘုရားသခင်၏ ကျေးဇူးတော်ကို ခံစားရန်သာ အာရုံစိုက်ပြီး ကောင်းချီးများကိုသာ လိုက်စားကြသည်၊ ၎င်းတို့သည် အဝတ်ဆင်မြန်းထားသော သားရဲတိရစ္ဆာန်များသာ ဖြစ်ကြသည်။ လူတို့သည် စာတန်၏ နက်ရှိုင်းစွာ ဖောက်ပြန်ပျက်စီးစေခြင်းကို ခံခဲ့ရသည်၊ ၎င်းတို့သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် ပြည့်နေပြီး ၎င်းတို့၏ အရိုးများနှင့် သွေးက စာတန်၏ အဆိပ်အတောက်များဖြင့် ပြည့်နေသည်။ အကယ်၍ ၎င်းတို့သည် သမ္မာတရားကို လက်မခံနိုင်လျှင် သို့မဟုတ် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို လက်မခံနိုင်လျှင် ဘုရားသခင်ကို မည်သို့ အမှန်တကယ် ကျိုးနွံနာခံနိုင်မည်နည်း။ မိမိတို့၏ တာဝန်များကို မည်သို့ သစ္စာစောင့်သိစွာ ထမ်းဆောင်နိုင်မည်နည်း။ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို မည်သို့ ရှောင်ကြဉ်နိုင်မည်နည်း။ ကယ်တင်ခြင်းကို ရရှိခြင်းသည် လူတို့ စိတ်ကူးသလောက် ရိုးရှင်းနိုင်သလော။ စာတန်သည် လူတို့ကို နတ်ဆိုးများဖြစ်လာသည်အထိ နှစ်ထောင်ပေါင်းများစွာ ဖောက်ပြန်ပျက်စီးစေပြီးဖြစ်သည်။ ယခု ဘုရားသခင်သည် ၎င်းတို့ကို ကယ်တင်ရန် ကြွလာခဲ့ပြီး၊ သူသည် မည်မျှများသော နှုတ်ကပတ်တော်များကို မိန့်မြွက်သည်ဖြစ်စေ၊ နတ်ဆိုးများဖြစ်လာသော လူတို့ကို စစ်မှန်သော လူသားများအဖြစ်သို့ ပြောင်းလဲပေးခြင်းသည် အလွန့်အလွန် ခက်ခဲသောလုပ်ငန်းဆောင်တာတစ်ခု ဖြစ်သည်။ ဘုရားသခင်သည် များစွာသော သမ္မာတရားများကို ဖော်ပြရန် လိုအပ်သည်သာမက၊ လူတို့သည်လည်း သမ္မာတရားကို လိုက်စားခြင်း၊ လက်ခံခြင်းနှင့် လက်တွေ့လုပ်ဆောင်ခြင်းဖြင့် ပူးပေါင်းဆောင်ရွက်ရန် အစွမ်းကုန် ကြိုးစားရမည်ဖြစ်သည်။ သို့မှသာ ၎င်းတို့သည် စာတန်၏ စွမ်းအားမှ လွတ်မြောက်ပြီး ဘုရားသခင်၏ ကယ်တင်ခြင်းကို ရရှိနိုင်ပေသည်။ ဘုရားသခင်သည် တစ်ချိန်က “ခေါ်တော်မူသောသူအများရှိသော်လည်း ရွေးကောက်တော်မူသောသူနည်း၏” ဟု မိန့်မြွက်ခဲ့သည်။ လူများစွာတို့သည် ဘုရားသခင်ကို ယုံကြည်ကြသော်လည်း၊ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို အမှန်တကယ် တွေ့ကြုံခံစားပြီး၊ သူ၏အမှုတော်ကို အပြည့်အဝ ကျိုးနွံနာခံသောသူများသာလျှင် သန့်စင်ခြင်းခံရပြီး စုံလင်အောင်ပြုခြင်းခံရနိုင်သည်။ သမ္မာတရားကို တစ်စိုးတစ်စဉ်းမျှ လက်မခံသော ထိုမယုံကြည်သူများ၊ ဆိုးယုတ်သောလူများနှင့် အန္တိခရစ်များသည် မိမိတို့၏ စိတ်နှလုံးထဲတွင် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ကြပေ။ ၎င်းတို့သည် ဘုရားသခင်၏ ကယ်တင်ခြင်းကို မည်သည့်အခါမျှ ရရှိလိမ့်မည်မဟုတ်သည့်အပြင် ဘုရားသခင်၏ အမှုတော်အားဖြင့် ထုတ်ဖော်ပြီး ဖယ်ရှားရှင်းလင်းခြင်းကိုသာ ခံရနိုင်သည်။ အယောင်ဆောင်ခေါင်းဆောင်များသည် ဘုရားသခင်၏ အမှုတော်ကို သိနားလည်ခြင်းမရှိကြပေ။ ၎င်းတို့သည် ဘုရားသခင်၏ ကယ်တင်ခြင်းအမှုတော်ကို ထိုသို့သော ရိုးရှင်းစွာ စဉ်းစားကြပြီး ဆိုးယုတ်သောလူများနှင့် အန္တိခရစ်များအား ဘုရားသခင်၏ နှုတ်ကပတ်တော်အချို့ကို ဖတ်ပြခြင်းနှင့် ပြင်းထန်သော ပြုပြင်ခြင်းစကားအချို့ကို ပြောဆိုခြင်းဖြင့်၊ ၎င်းတို့နောင်တရပြီး ပြောင်းလဲကာ၊ မိမိတို့၏ တာဝန်များကို ထမ်းဆောင်ရာတွင် သစ္စာစောင့်သိလာမည်ဟု ယုံကြည်ကြသည်။ ဤနေရာတွင် ပြဿနာမှာ အဘယ်နည်း။ သမ္မာတရားကို မလိုက်စားခြင်းနှင့် သမ္မာတရားကို နားမလည်ခြင်းအပြင်၊ အယောင်ဆောင်ခေါင်းဆောင်များတွင် အလွန်ညံ့ဖျင်းသော အစွမ်းအစရှိသောကြောင့်လည်း ဖြစ်သည်။ ထို့ကြောင့်၊ ဘုရားသခင်၏ အမှုတော်နှင့် ဘုရားသခင်က လူတို့ကို ကယ်တင်ပုံနှင့်ပတ်သက်လာလျှင် ၎င်းတို့တွင် လုံးဝနားလည်သဘောပေါက်မှုမရှိပေ။ လူတစ်ဦး၏ အနှစ်သာရက အဘယ်အရာဖြစ်သည်၊ ၎င်းတို့၌ သမ္မာတရား လက်တွေ့ကျမှု ရှိမရှိဟူသည်နှင့် ၎င်းတို့အား မည်သို့ဆက်ဆံသင့်သည်ဟူသည်တို့ကို သိမြင်ရန်၊ ၎င်းတို့၏ အစွမ်းအစနှင့် သမ္မာတရားအပေါ် ၎င်းတို့၏ သဘောထားကို ထည့်သွင်းစဉ်းစားရန် လိုအပ်သည်။ သမ္မာတရားအပေါ် ၎င်းတို့၏ နားလည်သဘောပေါက်မှုက မည်သို့ရှိသည်ဟူသည်နှင့် သမ္မာတရားကို ၎င်းတို့ လက်ခံနိုင်ခြင်း ရှိမရှိဟူသည်တို့ကို သင် စောင့်ကြည့်ရမည်။ သို့ဆိုလျှင်၊ လူတစ်ဦးသည် သမ္မာတရားကို နားလည်သဘောပေါက်နိုင်ခြင်း ရှိမရှိဟူသည်ကို တိုင်းတာရန် အခြေခံမှာ အဘယ်နည်း။ ယင်းမှာ အဓိကအားဖြင့် ၎င်းတို့၏ အစွမ်းအစ အရည်အသွေးနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့၏ နားလည်သဘောပေါက်မှုက စင်ကြယ်ခြင်း ရှိမရှိဟူသည်တို့အပေါ် မူတည်သည်။ အချို့လူများသည် အသက်ငါးဆယ် သို့မဟုတ် ခြောက်ဆယ်အထိ နေထိုင်ကြပြီး လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးခြင်း အနှစ်သာရနှင့် လက်တွေ့အရှိတရားကို ထိုးထွင်းမမြင်နိုင်ကြသေးပေ။ ၎င်းတို့သည် လူ့အဖွဲ့အစည်းကို လှပသောအရာဖြစ်သည်ဟု စိတ်ကူးနေကြဆဲဖြစ်ပြီး အခြားသူများနှင့် ငြိမ်းချမ်းစွာနှင့် သဟဇာတဖြစ်စွာ နေထိုင်လိုကြဆဲဖြစ်သည်။ ဤသည်မှာ အလွန်အမင်း မိုက်မဲပြီး နုံအသည် မဟုတ်လော။ အကယ်၍ ဘုရားသခင်ကို ယုံကြည်ခြင်းက လူတိုင်းကို လူကောင်းများအဖြစ်သို့ ပြောင်းလဲပေးနိုင်မည်ဆိုလျှင်၊ လူတို့ကို ကယ်တင်ရန် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းအမှုတော်ကို လိုအပ်ချက် ရှိမည်လော။ အယောင်ဆောင်ခေါင်းဆောင်များသည် အမျိုးမျိုးသော လူတို့ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် အခြေခံ၍ သတ်မှတ်ခြင်းမရှိဘဲ၊ ၎င်းတို့၏ အပြင်ပန်းအပြုအမူနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ ထင်မြင်ချက်များအပေါ်တွင်သာ အခြေခံကြသည်။ ၎င်းတို့လုပ်ဆောင်သည့်အလုပ်သည်လည်း ကလေးများက အိမ်မှုကိစ္စလုပ်တမ်းကစားနေသကဲ့သို့ အလွန်အပေါ်ယံဆန်သည်။ ၎င်းတို့သည် တစ်ခါတစ်ရံတွင် အခြေအနေတစ်ခုခုအတွက် အသုံးချရန် ဘုရားသခင်၏ မှန်ကန်သော နှုတ်ကပတ်တော်များကို ရှာဖွေနိုင်သည်ဟုလည်းကောင်း၊ လူတို့အား ဘုရားသခင်၏ နှုတ်ကပတ်တော်အချို့ကို ဖတ်ပြရုံမျှဖြင့် ၎င်းတို့ကို ပြောင်းလဲစေမည်ဟုလည်းကောင်း တွေးထင်ကြသည်။ “ကြည့်ပါလော့၊ ကျွန်ုပ်၏ ခေါင်းဆောင်မှုနှင့် အားပေးတိုက်တွန်းမှုအောက်တွင် ကျွန်ုပ်၏ မေတ္တာထားသော အကူအညီဖြင့်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် လူတို့အပေါ် အကျိုးသက်ရောက်ခဲ့ပြီ။ ၎င်းတို့သည် အန္တိခရစ်များ မဖြစ်လိုကြတော့သည့်အပြင်၊ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့်ပတ်သက်၍ မိမိတို့၏ အမြင်များကို ပြောင်းလဲရန် လိုလားကြသည်။ ၎င်းတို့သည် အာဏာနှင့် အကျိုးအမြတ်အတွက် နောက်ထပ် ပြိုင်ဆိုင်ကြမည်မဟုတ်သည့်အပြင်၊ သီးခြား နိုင်ငံတော်များကို တည်ထောင်ကြမည်မဟုတ်ပေ၊ ၎င်းတို့သည် အသင်းတော်၏အလုပ်ကို နောက်ထပ် အဖျက်အမှောင့်လုပ်ကာ နှောင့်ယှက်ကြတော့မည်မဟုတ်သည့်အပြင်၊ ညီအစ်ကိုမောင်နှမများကို နောက်ထပ် အထင်အမြင်မှားစေခြင်း သို့မဟုတ် ဆွဲဆောင်ခြင်း ပြုကြမည်မဟုတ်ပါ” ဟူ၍ ဖြစ်သည်။ သင်သည် ၎င်းတို့ကို ချုပ်ချယ်ကန့်သတ်နိုင်သလော။ အဖျက်အမှောင့်များနှင့် နှောင့်ယှက်မှုများကို ဖြစ်စေသော အမှန်တကယ် ဆိုးယုတ်သည့်လူများကို သင်သည် မည်သည့်အခါမျှ ချုပ်ချယ်ကန့်သတ်နိုင်မည်မဟုတ်ပေ။ ၎င်းတို့တွင် ဆိုးယုတ်သောလူများ၏ အနှစ်သာရရှိသောကြောင့်၊ ၎င်းတို့သည် နေ့၊ ည အချိန်မရွေး ဒုစရိုက်အမှုများကို ကျူးလွန်ကြသည်။ အခွင့်အရေးရသည့်အခါတိုင်း၊ ၎င်းတို့သည် မကောင်းမှုကို ပြုကြသည်။ ၎င်းတို့ကို အသင်းတော်မှ မရှင်းလင်းဘဲ နေခြင်းက သင့်အတွက် အဆင်ပြေမည်လော။ ၎င်းတို့သည် မိမိတို့၏ ဒုစရိုက်အမှုများကို ဆန္ဒအလျောက် ရပ်တန့်ကြမည်လော။ ၎င်းတို့သည် လူသားများမဟုတ်ကြ၊ နတ်ဆိုးများနှင့် စာတန်များ ဖြစ်ကြသည်။ နတ်ဆိုးများနှင့် စာတန်သည် ဘုရားသခင်ကို နှစ်ပေါင်းမည်မျှ အတိုက်အခံလုပ်ခဲ့ပြီးပြီနည်း။ ၎င်းတို့သည် ယနေ့တိုင် ဘုရားသခင်ကို အတိုက်အခံလုပ်နေဆဲဖြစ်သည်။ ဘုရားသခင်၏ အမှုတော်နှင့် အသင်းတော်၏ ပုံမှန်အစီအစဉ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သော အန္တိခရစ်များနှင့် အမျိုးမျိုးသော ဆိုးယုတ်သည့်လူများသည် လက်တွေ့ဘဝထဲက နတ်ဆိုးများနှင့် စာတန်များ ဖြစ်ကြသည်။ ၎င်းတို့သည် လက်တွေ့ဘဝထဲ ရန်သူများ ဖြစ်ကြသည်။ ၎င်းတို့သည် သင်၏ စကားအနည်းငယ်ကြောင့် သို့မဟုတ် သင်၏ ချစ်ခင်သော စိတ်နှလုံးကြောင့် မိမိတို့၏ အနှစ်သာရကို ပြောင်းလဲနိုင်သလော။ သင်သည် အလွန်မိုက်မဲလှသည်တကား။ သင်သည် အယူဝါဒအနည်းငယ်ကို နားလည်သောကြောင့် လူတို့ကို အပြစ်တရားမှ ကယ်တင်နိုင်သည်ဟု သင်ထင်သလော။ ၎င်းတို့ကို သင် ကယ်တင်နိုင်သလော။ ၎င်းတို့သည် ငရဲသို့ သွားရန် ကံကြမ္မာပါပြီးဖြစ်ကာ ကောင်းသောစကားအနည်းငယ်က ၎င်းတို့ကို ပြောင်းလဲစေနိုင်သည်ဟု သင်ထင်သည်။ ထိုမျှ လွယ်ကူသလော။ လူတို့ကို ကယ်တင်ရန် အလွန်လွယ်ကူမည်ဆိုလျှင် ဘုရားသခင်သည် အလွန်များသောနှုတ်ကပတ်တော်များကို မိန့်မြွက်ရန် သို့မဟုတ် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းအမှုတော်ကို ဆောင်ရွက်ရန် လိုအပ်မည်မဟုတ်ပေ။ သူသည် လူတို့ကို ကယ်တင်ရန် အလွန်များသော အချိန်နှင့် ကြီးမားသည့်အဖိုးအခကို အသုံးပြုရန် လိုအပ်မည်လော။

ယခု အသင်းတော်တွင် အမျိုးမျိုးသော လူတို့သည် ထုတ်ဖော်ခြင်းခံရပြီး ၎င်းတို့၏ အမျိုးအစားအလိုက် ခွဲခြားသတ်မှတ်ခြင်းခံရပြီးဖြစ်သည်။ လူတိုင်းကို ၎င်းတို့၏ အမျိုးအစားအလိုက် ခွဲခြားသင့်ပြီး မတူညီသော လူအမျိုးအစားများအား မည်သို့ဆက်ဆံပြီး ကိုင်တွယ်ရမည်ဟူသည်ကို ထိန်းညှိသည့် စည်းမျဉ်းများနှင့် စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များက ဘုရားအိမ်တော်တွင် ရှိသည်။ ဘုရားသခင်၌ သည်းခံခြင်းနှင့် ခွင့်လွှတ်ခြင်း၊ သနားကရုဏာနှင့် မေတ္တာကျေးဇူးတော်အပြင်၊ ဖြောင့်မတ်သော စိတ်သဘောထားတို့ ရှိသည်။ သို့သော် ဘုရားသခင်၌ အမျက်ဒေါသနှင့် ဘုန်းအာနုဘော်တို့လည်း ရှိသည်ကို မမေ့နှင့်။ အချို့လူများက “ဘုရားသခင်သည် လူအယောက်တိုင်းကို ကယ်တင်ခံရစေလိုပြီး မည်သူ့ကိုမျှ ဖျက်ဆီးခံရခြင်းကို မခံစားစေလိုပေ” ဟု ပြောဆိုကြသည်။ ဤသည်မှာ မှန်သည်၊ သို့သော် ဘုရားသခင်သည် အရာတိုင်း သို့မဟုတ် နတ်ဆိုးတိုင်းကို မဟုတ်ဘဲ၊ “လူအယောက်တိုင်း” ကို ကယ်တင်ခြင်းခံရစေလိုခြင်း ဖြစ်သည်။ လူတို့သည် ဖျက်ဆီးခံရခြင်းကို ခံစားရသောအခါ၊ ဘုရားသခင်က ဝမ်းနည်းပူဆွေးခြင်းကို ခံစားရသည်။ နတ်ဆိုးများက ဖျက်ဆီးခံရခြင်းကို ခံစားရသောအခါ၊ ယင်းမှာ ၎င်းတို့၏ ထိုက်တန်သော အဆုံးသတ်နှင့် ထိုက်တန်သော အပြစ်ဒဏ်ဖြစ်သည်၊ ဘုရားသခင်သည် ၎င်းတို့အတွက် ဝမ်းနည်းပူဆွေးခြင်းမရှိပေ။ ဤသည်မှာ ဘုရားသခင်၏ စိတ်သဘောထားနှင့် လူတို့ကို ဆက်ဆံရာတွင် သူ၏စည်းမျဉ်း ဖြစ်သည်။ လူတို့သည် ထိုမယုံကြည်သူများ၊ ဆိုးယုတ်သောလူများနှင့် အန္တိခရစ်များသည်လည်း လူသားများဖြစ်သည်ဟု တွေးထင်လျက်၊ ဘုရားသခင်ကို အမြဲတစေ ဆန့်ကျင်ဘက်ပြုကြသည်။ အသင်းတော်၏အလုပ်ကို အစဉ်တစိုက် အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သူများသည်လည်း လူသားများဖြစ်သည်ဟုလည်းကောင်း၊ အဆင့်အတန်းအတွက် ပြိုင်ဆိုင်ပြီး သီးခြားနိုင်ငံတော်များကို တည်ထောင်သောသူများသည်လည်း လူသားများဖြစ်သည်ဟုလည်းကောင်း၊ အစဉ်တစိုက် လိင်မှုကိစ္စတွင်ပျော်ပါးသောသူတို့သည်လည်း လူသားများဖြစ်သည်ဟုလည်းကောင်း ၎င်းတို့က ယုံကြည်ကြသည်။ ၎င်းတို့သည် နတ်ဆိုးအမျိုးအစားဝင်ဖြစ်သည့် ဤပုဂ္ဂိုလ်များအားလုံးကို ဘုရားသခင် ရွေးချယ်ထားသောလူများထဲတွင် စာရင်းသွင်းကြသည်။ ဤသည်မှာ အဓိပ္ပာယ်မဲ့သည် မဟုတ်လော။ ဤသည်မှာ ဘုရားသခင် အလိုရှိသည့်အရာကို ဆန့်ကျင်နေခြင်း မဟုတ်လော။ အကြောင်းမှာ ကိစ္စရပ်များအပေါ် ၎င်းတို့၏ သဘောထားအမြင်များက ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားကို လုံးဝဆန့်ကျင်သောကြောင့်၊ အမျိုးမျိုးသော အပျက်သဘောဆောင်သည့် ပုဂ္ဂိုလ်များ၊ နတ်ဆိုးများနှင့် စာတန်များအပေါ် ၎င်းတို့၏ ထင်မြင်ချက်များသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အလွန် ကွဲပြားခြားနားလျက် လုံးဝဆန့်ကျင်ဘက်ဖြစ်သည်။ ဘုရားသခင်သည် စာတန်နောက်သို့လိုက်သော နတ်ဆိုးများကို လူသားများအဖြစ် မည်သည့်အခါမျှ သဘောမထားခဲ့ပေ။ ဘုရားသခင်သည် ဤလူတို့ကို မည်သို့ သတ်မှတ်သနည်း။ ၎င်းတို့သည် နတ်ဆိုးစာတန်၏ အစေခံများ ဖြစ်ကြသည်၊ ၎င်းတို့သည် သားရဲတိရစ္ဆာန်များ ဖြစ်ကြသည်။ အယောင်ဆောင်ခေါင်းဆောင်များသည် မိမိတို့၏ စေတနာကောင်းများနှင့် ရှုပ်ထွေးဝေဝါးသော မေတ္တာတို့ဖြင့်လည်းကောင်း၊ မိမိတို့၏ ကိုယ်ပိုင် ဖြစ်ချင်သော အတွေး၏ တွန်းအားပေးမှုကြောင့်လည်းကောင်း ဤမယုံကြည်သူများ၊ နတ်ဆိုးများနှင့် စာတန်၏ အစေခံများကို ညီအစ်ကိုမောင်နှမများအဖြစ် သဘောထားကြသည်။ ထို့ကြောင့်၊ ၎င်းတို့သည် ထိုသူတို့အား ကြီးမားသော မေတ္တာနှင့် ကြင်နာမှုကို ပြသပြီး၊ အစဉ်မပြတ် ကူညီကာ ထောက်ပံ့ကြသည်။ အကျိုးဆက်အနေဖြင့်၊ အယောင်ဆောင်ခေါင်းဆောင်များသည် ထိုလူတို့အား ၎င်းတို့၏ ထောက်ပံ့မှု၊ အကူအညီနှင့် ခေါင်းဆောင်မှုကို ပေးသောကြောင့်၊ စစ်မှန်သော ညီအစ်ကိုမောင်နှမများ၊ ဘုရားသခင် ကယ်တင်လိုသောသူများသည် အလွန်အမင်း စိတ်အနှောင့်အယှက်ဖြစ်ကြရသည်။ အသင်းတော်အသက်တာက လမ်းမှန်ပေါ်သို့ မည်သည့်အခါမျှ မရောက်နိုင်သည့်အပြင်၊ ညီအစ်ကိုမောင်နှမများသည် ဆိုးယုတ်သောလူများထံမှ မည်သည့်နှောင့်ယှက်မှုမျှမရှိဘဲ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပုံမှန် စားသောက်ပြီး သမ္မာတရားကို မိတ်သဟာယဖွဲ့နိုင်ခြင်း မရှိကြပေ။ ဤသည်မှာ အယောင်ဆောင်ခေါင်းဆောင်များ၏ “အောင်မြင်မှု” မဟုတ်လော။ ၎င်းတို့၏ “အောင်မြင်မှု” သည် အတော်ပင် သိသာထင်ရှားပေသည်။ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများကို ကာကွယ်ရန် ပျက်ကွက်သည်သာမက ထိုဆိုးယုတ်သောလူများနှင့် အန္တိခရစ်များအား မထိုက်တန်သော လေးစားမှုနှင့် အကာအကွယ်ကိုလည်း ပေးကြသည်။ ဤသည်မှာ အသင်းတော်၏အလုပ်ကို အဖျက်အမှောင့်လုပ်ခြင်း မဟုတ်လော။ အယောင်ဆောင်ခေါင်းဆောင်များ၏ ဤသို့လုပ်ဆောင်နေသည့် သဘောသဘာဝမှာ အဖျက်အမှောင့်လုပ်ခြင်းဖြစ်သည့်တိုင်၊ ၎င်းတို့က အသင်းတော်၏အလုပ်ကို ထိန်းသိမ်းနေပြီး ဘုရားသခင် ရွေးချယ်ထားသောလူများကို ကူညီကာ ထောက်ပံ့နေသည်ဟု တွေးထင်ကြသည်။ အယောင်ဆောင်ခေါင်းဆောင်များ၏ ဤလုပ်ဆောင်ချက်များကို ဘုရားသခင် မည်သို့ ရှုမြင်သနည်း။ ဘုရားသခင်က ၎င်းတို့ကို စက်ဆုပ်ရွံရှာသည်၊ အထူးပင် စက်ဆုပ်ရွံရှာသည်။ အယောင်ဆောင်ခေါင်းဆောင်များသည် လက်တွေ့အလုပ်ကို မလုပ်ဆောင်ဘဲ ဆိုးယုတ်သောလူများကို ကာကွယ်စောင့်ရှောက်ခြင်း၊ စာတန်၏ အစေခံများအဖြစ် ပြုမူခြင်းကို အာရုံစိုက်ကြသည်။ ဤသည်မှာ ဘုရားသခင် ရွေးချယ်ထားသောလူများဖြစ်သည့် သမ္မာတရားကို ချစ်သောသူများက အသင်းတော်အသက်တာကို နေထိုင်နေသော်လည်း အသင်းတော်၏ ထောက်ပံ့မှုနှင့် အားပေးမှုကို မရရှိနိုင်ခြင်းသို့လည်းကောင်း၊ မိမိတို့၏ တာဝန်များကို ထမ်းဆောင်လိုသော်လည်း မိမိတို့၏ လုံခြုံရေးကိုအာမခံချက်မရရှိနိုင်ခြင်းသို့လည်းကောင်း ဆိုက်ရောက်စေသည်။ အယောင်ဆောင်ခေါင်းဆောင်များသည် ဤကိစ္စရပ်များကို လုံးဝ သတိမမူကြသည့်အပြင်၊ “ငါသည် လူတိုင်းကို တန်းတူဆက်ဆံသည်၊ သို့ဖြစ်၍ သင်တို့ အဘယ်ကြောင့် စောဒကတက်နေကြသနည်း။ သင်တို့ကို ကျေနပ်စေရန် မည်သည့်အရာကိုသာ ငါ လုပ်ပေးရမည်နည်း။ ဤသည်မှာ လူတို့ကို မျှတစွာဆက်ဆံခြင်းဟု ဆိုလိုသည့်အရာဖြစ်သည်။ သင်တို့သည် အပြစ်ရှာပြီး စိတ်ကျေနပ်အောင်လုပ်ဖို့ ခက်နေခြင်းသာ ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ၊ ငါသည် ဘုရားသခင်၏ စာရင်းရှင်းခြင်းကို ခံယူသည်။ ငါသည် အရာအားလုံးကို ဘုရားသခင်ရှေ့မှောက်၌ လုပ်ဆောင်နေခြင်း ဖြစ်သည်”ဟု တွေးထင်ကြသည်။ ထိုသို့သော စကားကြီးစကားကျယ် ပြောဆိုနိုင်သည့်အတွက် ၎င်းတို့သည် အသိခေါက်ခက် အဝင်နက်သောသူများ မဟုတ်လော။ ၎င်းတို့သည် အဆုံးစွန်ထိ မိုက်မဲကြသည် မဟုတ်လော။ ၎င်းတို့သည် အမှန်ပင် အသိခေါက်ခက် အဝင်နက်သောသူများဖြစ်ပြီး အဆုံးစွန်ထိ မိုက်မဲကြသည်။ ဘုရားအိမ်တော်သည် ဘုရားသခင်က လူသားမျိုးနွယ်ကို မည်သို့ကယ်တင်ကြောင်းကို နေ့စဉ် ပြောဆိုသော်လည်း၊ အယောင်ဆောင်ခေါင်းဆောင်များသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်သည့်အခါမျှ နားမလည်ကြပေ။ ၎င်းတို့က လူသည် မည်သူဖြစ်စေ၊ ၎င်း၏ အနှစ်သာရမှာ မည်သို့ပင်ဖြစ်စေ၊ ၎င်းတို့ ယခင်က မည်မျှဆိုးယုတ်သောအရာများကို လုပ်ဆောင်ခဲ့သည်ဖြစ်စေ၊ ၎င်းတို့၏ လူ့သဘာဝမှာ မည်မျှပင် မလိုမုန်းထားစိတ်ရှိသည်ဖြစ်စေ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ လမ်းညွှန်မှုအောက်တွင်လည်းကောင်း၊ လူတို့၏ မေတ္တာထားသော ထောက်ပံ့မှု၏ အကူအညီဖြင့်လည်းကောင်း၊ ၎င်းတို့သည် နောက်ဆုံးတွင် နောင်တရပြီး ပြန်လှည့်လာမည်ဟု တွေးထင်ကြသည်။ ဤသဘောထားအမြင်သည် လုံးဝမှားယွင်းနေသည် မဟုတ်လော။ (ဟုတ်ပါသည်။) ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အလွန်အမင်း မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော နားလည်သဘောပေါက်ခြင်းအပြင် အယောင်ဆောင်ခေါင်းဆောင်များသည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်သယောင် ဟန်ဆောင်ကြပြီး၊ တစ်ဖက်သတ်နည်းလမ်းဖြင့် တွေးခေါ်ကာ မိမိတို့၏ ကိုယ်ပိုင် တစ်ကိုယ်ကောင်းဆန်သော ဆန္ဒများဖြင့် လုပ်ဆောင်လျက်၊ ဆိုးယုတ်သောလူများနှင့် အန္တိခရစ်များအား ကြင်နာမှုနှင့် မေတ္တာကို ပြသကြသည်။ ပြီးလျှင် ရလဒ်မှာ အဘယ်နည်း။ ၎င်းတို့သည် ဆိုးယုတ်သောလူများနှင့် အန္တိခရစ်များကို ကာကွယ်ပေးမိကြသည်၊ ၎င်းတို့၏ ကြံရာပါများ ဖြစ်လာကြပြီး၊ အသင်းတော်၏အလုပ်နှင့် အသင်းတော်အသက်တာကို အဖျက်အမှောင့်လုပ်ကာ နှောင့်ယှက်ရန် ၎င်းတို့အတွက် အခွင့်အရေးများနှင့် ပျိုးထောင်ရာနေရာကို ပံ့ပိုးပေးကြသည်။ ဤအတောအတွင်းတွင်၊ အမှန်တကယ် ကွယ်ကာမှုလိုအပ်သော ညီအစ်ကိုမောင်နှမများကိုမူ အယောင်ဆောင်ခေါင်းဆောင်များက လျစ်လျူရှုကြပြီး၊ ၎င်းတို့ကို “အသင်းတော်တွင်ရှိသည့် ဤဆိုးယုတ်သောလူများနှင့် အန္တိခရစ်များ၊ အပျက်သဘောဆောင်ခြင်းကို ပွင့်အံချပြီး အယူအဆများကို ဖြန့်ဝေသောသူများ ရှိနေခြင်းနှင့်ပတ်သက်၍ သင်တို့ မည်သို့ခံစားရသနည်း။ ၎င်းတို့ကို အသင်းတော်တွင် ထားရှိရန် သင်တို့ သဘောတူပါသလော။ သင်တို့သည် ၎င်းတို့နှင့်အတူ တာဝန်များကို ထမ်းဆောင်ပြီး အသင်းတော်အသက်တာကို အတူတကွ နေထိုင်ရန် လိုလားပါသလော”ဟု မည်သည့်အခါမျှ မမေးကြပေ။ ညီအစ်ကိုမောင်နှမများက ဤအရာတစ်ခုတလေနှင့်ပတ်သက်၍ မည်သို့ခံစားရသည်ကို ၎င်းတို့က မည်သည့်အခါမျှ မမေးကြပေ။ သင်တို့ မည်သို့ထင်သနည်း၊ ထိုသို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အတော်ပင် စက်ဆုပ်ဖွယ်ကောင်းသည် မဟုတ်လော။ ၎င်းတို့သည် ခေါင်းဆောင်များနှင့် အမှုဆောင်များဖြစ်ခြင်းဟူသော အလံအောက်တွင် လှုပ်ရှားကြပြီး၊ ထိုသို့သော ဘွဲ့ထူးများကို ဆင်မြန်းထားကြသော်လည်း၊ ၎င်းတို့သည် အမှန်တကယ်တွင် စာတန်နှင့် စာတန်၏ အစေခံများကို ကာကွယ်စောင့်ရှောက်သည့်အလုပ်အား လုပ်ဆောင်နေကြခြင်း ဖြစ်သည်။ အမှန်ပင် ဝမ်းနည်းဖွယ်ကောင်းလှသည်တကား။ အကယ်၍ သင်က ထိုသို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များတွင် ညံ့ဖျင်းသော အစွမ်းအစရှိပြီး လက်တွေ့အလုပ်ကို မလုပ်ဆောင်ဟု ပြောဆိုပါက၊ ၎င်းတို့သည် လက်ခံယုံကြည်မည်မဟုတ်ပေ။ ၎င်းတို့သည် နေ့စဉ် အလုပ်ရှုပ်နေပြီး အားအားယားယားဖြစ်နေခြင်းမရှိသောကြောင့် မိမိတို့ လက်တွေ့အလုပ်ကို မလုပ်ဆောင်ဟု မည်သို့ဖြစ်နိုင်မည်နည်းဟုတွေးထင်လျက် မတရားဆက်ဆံခံရသည်ဟု ခံစားရလိမ့်မည်။ သို့သော် ၎င်းတို့၏ သရုပ်သကန်များဖြစ်သည့် လူအုပ်စုနှစ်စုလုံးသည် အရေးကြီးသည်ဟု ခံစားရခြင်း၊ နှစ်ဖက်စလုံးကို တန်းတူဆက်ဆံရမည်ဟု တွေးထင်ခြင်း၊ ဆိုးယုတ်သောလူများနှင့် အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သောသူများကို အသင်းတော်တွင် ဗိုလ်ကျစိုးမိုးခွင့်ပြုရန်နှင့် အမျိုးမျိုးသော ဒုစရိုက်အမှုများကို အသင်းတော်တွင် ဆက်လက်တည်ရှိခွင့်ပြုရန် မျှတသောဆက်ဆံမှုကို အကြောင်းပြချက်အဖြစ် အသုံးပြုခြင်းတို့အပေါ် အခြေခံသည့်အခါ၊ ဤခေါင်းဆောင်များနှင့် အမှုဆောင်များသည် အဘယ်အရာများ ဖြစ်ကြသနည်း။ ၎င်းတို့၏ သရုပ်သကန်များ၊ ၎င်းတို့၏ အလုပ်လုပ်ပုံနည်းလမ်း၊ စည်းမျဉ်းများနှင့် အလုပ်လုပ်ဆောင်ခြင်းအတွက် ၎င်းတို့၏ ရည်ရွယ်ချက်များအပေါ် အခြေခံ၍၊ ၎င်းတို့သည် သိသိသာသာပင် အယောင်ဆောင်ခေါင်းဆောင်များနှင့် နားဝေတိမ်တောင်ဖြစ်ကြသည့် လူမိုက်များ ဖြစ်ကြသည်။ ဤသို့ပြောဆိုခြင်းသည် တိကျမှန်ကန်သလော။ (မှန်ကန်ပါသည်။)

လူ့အဖွဲ့အစည်းတွင် မည်သည့်လူအုပ်စု သို့မဟုတ် လူတန်းစားဖြစ်စေ၊ ၎င်းတို့အနေဖြင့် စာတန်က လူတို့အား မည်သို့ ဖောက်ပြန်ပျက်စီးစေကြောင်း သို့မဟုတ် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ အနှစ်သာရက အဘယ်အရာဖြစ်ကြောင်းကို ဆွေးနွေးရန် မဆိုထားနှင့်၊ ဆိုးယုတ်သောလူများနှင့် ကောင်းသောလူများအကြား ခွဲခြားခြင်းမရှိကြပေ။ ၎င်းတို့သည် အကောင်းနှင့်အဆိုးကိုပင် မခွဲခြားကြပေ။ သို့သော် ဘုရားအိမ်တော်တွင်မူ အရာရာသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အခြေခံသည်။ သမ္မာတရားသည် မည်သည့်အခါမျှ မပြောင်းလဲသည့်အပြင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များက အရာရာကို ပြီးမြောက်စေသည်။ အသင်းတော်တွင် လူအမျိုးမျိုးတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအားဖြင့် ထုတ်ဖော်ခြင်းခံရပြီး ၎င်းတို့၏ အမျိုးအစားနှင့်အညီ အလိုအလျောက် ခွဲခြားသတ်မှတ်ခြင်း ခံရသည်။ လူအမျိုးမျိုးတို့ကို ၎င်းတို့၏ လူ့သဘာဝ၊ လိုက်စားမှုများနှင့် အနှစ်သာရတို့ကို အခြေခံ၍ အကောင်းဆုံး အသုံးပြုသင့်သည်။ ဤသည်မှာ လူတို့ကို အဆင့်အတန်းအလိုက် ခွဲခြားခြင်းဖြစ်သလော။ လူတို့ကို အဆင့်အတန်းအလိုက် ခွဲခြားခြင်းမဟုတ်ဘဲ၊ အမျိုးအစားသတ်မှတ်ခြင်း ဖြစ်သည်။ လူတစ်ဦးချင်းစီကို ၎င်းတို့၏ အမျိုးအစားနှင့်အညီ ခွဲခြားသတ်မှတ်သင့်သည်၊ ၎င်းတို့ သက်ဆိုင်သည့်နေရာတွင် ၎င်းတို့ကို ထားရှိသင့်သည်။ အတူတကွ ရောနှောနေခြင်းကို လက်ခံ၍မရပေ။ ရောနှောခြင်းသည် ယာယီဖြစ်ပြီး သတ်မှတ်ထားသော အချိန်ကာလတစ်ခု ရှိသည်။ ဥပမာအားဖြင့်၊ တောမျိုးစေ့များနှင့် ဂျုံစပါးတို့ အတူတကွ ရောနှောနေသည့်အခါ၊ တောမျိုးစေ့များကို နှုတ်ခြင်းက ဂျုံစပါးကို ထိခိုက်ပြီး ဂျုံစပါးကို သေစေနိုင်လျှင်၊ တောမျိုးစေ့များကို မနှုတ်သင့်သေးပေ။ သို့သော် ၎င်းတို့ကို မနှုတ်ခြင်းက ၎င်းတို့ကို အမျိုးအစားခွဲခြားခြင်း မရှိဟု မဆိုလိုပေ။ သို့ဆိုလျှင် ၎င်းတို့ကို မည်သည့်အချိန်တွင် နှုတ်သင့်သနည်း။ သင့်လျော်သောအချိန်တွင် ဖြစ်သည်။ ဘုရားသခင်က အချိန်ကို ပြင်ဆင်လိမ့်မည်။ ယခုသည် တစ်ဦးချင်းစီကို ၎င်းတို့၏ အမျိုးအစားနှင့်အညီ ခွဲခြားသတ်မှတ်ရမည့်အချိန် ဖြစ်သည်။ လူမျိုးစုံကို အမျိုးအစားခွဲခြားရမည်။ ဤသည်မှာ လိုအပ်သည်။ ဤအလုပ်ကို အဘယ်ကြောင့် လုပ်ဆောင်ရမည်နည်း။ သဘောတရားဆိုင်ရာ ရှုထောင့်အမြင်မှကြည့်လျှင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များဟူသည့် အခြေခံအကြောင်းတရား ရှိသည်။ လက်တွေ့အခြေအနေ၏ ရှုထောင့်အမြင်မှကြည့်လျှင်၊ ဤအရာကို လုပ်ဆောင်ရန် လိုအပ်သည်။ ယင်း၌ လက်တွေ့ကျသော တန်ဖိုးရှိပြီး ထိုသို့လုပ်ဆောင်ရန်မှာ မရှိမဖြစ်လိုအပ်သည်။ တောမျိုးစေ့များကို နှုတ်ခြင်းက ဂျုံစပါးကို မထိခိုက်သည့်အခါ၊ တောမျိုးစေ့များကို နှုတ်ပစ်ပြီး ဂျုံစပါးနှင့် ခွဲထုတ်ပစ်ရမည်။ တောမျိုးစေ့များဖြစ်ကြသည့် မယုံကြည်သူများနှင့် ဆိုးယုတ်သောလူများကို ညီအစ်ကိုမောင်နှမများအဖြစ် သဘောထားလျှင်၊ ယင်းမှာ ဘုရားသခင်အတွက် ရိုးသားစစ်မှန်စွာ မိမိတို့ကိုယ်ကို အသုံးခံကြသည့် ညီအစ်ကိုမောင်နှမများအားလုံးအတွက် အလွန် မတရားလွန်းလှပေ။ တစ်ချက်မှာ၊ ဤလူတို့သည် အသင်းတော်၏အလုပ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သည့် ဆိုးယုတ်သောလူများ၏ နှောင့်ယှက်ခြင်း၊ လွှမ်းမိုးခြင်းနှင့် ထိခိုက်နစ်နာစေခြင်းတို့ကို မကြာခဏ ခံရလိမ့်မည်။ နောက်တစ်ချက်မှာ၊ သေးငယ်သော ဝိညာဉ်ရင့်ကျက်မှုရှိသည့် အချို့လူတို့သည် သမ္မာတရားကို နားမလည်ကြသည့်အပြင် အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သည့် ဆိုးယုတ်သောလူများနှင့် ထိတွေ့ဆက်ဆံရသည့်အခါ ဘောင်ခတ်ခြင်းခံရမည်ဖြစ်ကာ၊ အပျက်သဘောဆောင်ပြီး အားနည်းလာမည် သို့မဟုတ် ခလုတ်ပင်တိုက်မိကြလိမ့်မည်ဖြစ်သည်။ ထို့အပြင်၊ အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သောသူတို့ လုပ်ဆောင်သည့်အရာတိုင်းနှင့် ၎င်းတို့ပြောဆိုသည့် စကားလုံးတိုင်းက ပရမ်းပတာဖြစ်ခြင်း၊ ကမောက်ကမအခြေအနေနှင့် စည်းကမ်းမဲ့သော အခြေအနေများကို ဖြစ်ပေါ်စေသည်။ လက်တွေ့အကျဆုံးသော အခြေအနေမှာ ၎င်းတို့က တာဝန်တစ်ခုကို ထမ်းဆောင်သည့်အခါ သို့မဟုတ် အလုပ်အချို့ကို လုပ်ဆောင်သည့်အခါ၊ ဒုစရိုက်မှုများကို မဆင်မခြင် ကျူးလွန်ပြီး စည်းမျဉ်းများကို မလိုက်နာသဖြင့်၊ မည်သည့်ရလဒ်မျှ မရရှိဘဲ လူအင်အား၊ ပစ္စည်းအရင်းအမြစ်များနှင့် ငွေကြေးအရင်းအမြစ်များကို များစွာဖြုန်းတီးခြင်းသို့ ဦးတည်စေသည်။ အဆုံးတွင် မည်သည့်အရာဖြစ်သနည်း။ ၎င်းတို့ကို ဖြုတ်ချသည့်အခါ၊ လူတိုင်းက ၎င်းတို့၏ ဒုစရိုက်မှုများအတွက် ပေးဆပ်ရသည်။ အလုပ်ကို ပြန်လုပ်ရန် လိုအပ်ပြီး၊ ထိုပုဂ္ဂိုလ်များကို မဖြုတ်ချမီက အသုံးခံခဲ့ရသည့် လူအင်အား၊ ပစ္စည်းအရင်းအမြစ်များ၊ အချိန်နှင့် လူတိုင်း၏ အဖိုးတန်ဆုံးသော အားအင်တို့သည် ၎င်းတို့၏ မဆင်မခြင် ဒုစရိုက်မှုများကြောင့် ဖြုန်းတီးခြင်းခံရပြီး ပြန်လည်ဖြည့်ဆည်း၍မရနိုင်ပေ။ ဤအလုပ်အပေါ် ၎င်းတို့ ဖြစ်စေခဲ့သည့် အပျက်သဘောဆောင်သော သက်ရောက်မှုမှာ အလွန်ကြီးမားလှပါသည်တကား။ မည်သူမျှ ဤတာဝန်ကို မထမ်းနိုင်ပေ။ နောက်ပိုင်းတွင် အလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်လျှင်ပင်၊ ယခင်ဆုံးရှုံးမှုများကို မည်သူကမျှ လျော်ကြေးပေး၍မရနိုင်ပေ။ အချို့လူများက ၎င်းတို့ကို လျော်ကြေးငွေပေးရန် ပြောဆိုကြသည်။ ဤသည်မှာလည်း လုပ်ဆောင်သင့်သောအရာဖြစ်သော်လည်း၊ ငွေက အချိန်ကို ဝယ်နိုင်သလော။ ငွေက ညီအစ်ကိုမောင်နှမများ၏ အချိန်နှင့် အားအင်ကို သို့မဟုတ် ၎င်းတို့ပေးဆပ်ခဲ့သည့် ရိုးသားစစ်မှန်သော အဖိုးအခကို ဝယ်နိုင်သလော။ မဝယ်နိုင်ပေ၊ ထိုအရာများမှာ အဖိုးမဖြတ်နိုင်ပေ။ အသင်းတော်တွင် လူမည်မျှက အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများကို ဖြစ်စေသည်ဖြစ်စေ၊ အကျိုးဆက်များမှာ အတိုင်းမသိဖြစ်သည်။ များစွာသော ညီအစ်ကိုမောင်နှမများ၏ အသက်ဝင်ရောက်မှုသည် ထိခိုက်ခံရလိမ့်မည်။ ဆုံးရှုံးမှုမှာ သိသာထင်ရှားပြီး လျော်ကြေးပေး၍မရနိုင်ပေ။ ညီအစ်ကိုမောင်နှမများ၏ အသက်တာအပေါ် ဆုံးရှုံးမှုကို လျော်ကြေးပေး၍ရနိုင်သလော။ ဤဆုံးရှုံးမှုအတွက် မည်သူက အဖိုးအခပေးမည်နည်း။ သို့ဖြစ်၍ ဤဆိုးယုတ်သောလူများကို ဖယ်ရှားရမည်။ ၎င်းတို့သည် သမ္မာတရားကို လိုက်စားသည့် ညီအစ်ကိုမောင်နှမများနှင့် အမျိုးအစားမတူကြပေ။ ၎င်းတို့သည် ဘုရားအိမ်တော်သို့ နှောင့်ယှက်ရန်နှင့် ဖျက်ဆီးရန် ရောက်လာကြသည့် နတ်ဆိုးများနှင့် စာတန်တို့၏ စိတ်တူကိုယ်တူလူသိုက်နှင့် သက်ဆိုင်သည်။ အကယ်၍ ဤဆိုးယုတ်သောလူများကို အသင်းတော်မှ မရှင်းလင်းပစ်လျှင်၊ အသင်းတော်၏အလုပ်နှင့် အသင်းတော်အသက်တာ၏ စည်းစနစ်ကို မည်သည့်အခါမျှ အာမခံ၍ရနိုင်မည်မဟုတ်ပေ။ အုပ်စုတစ်ခုခုတွင် လူမည်မျှပင် ပါဝင်စေကာမူ၊ ၎င်းတို့အကြားတွင် အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်နေသည့် လူတစ်ဦးရှိနေသရွေ့၊ မဆင်မခြင် ဒုစရိုက်မှုများကို ကျူးလွန်သူ၊ ကိစ္စရပ်များကို စည်းမျဉ်းများအတိုင်း မည်သည့်အခါမျှ မကိုင်တွယ်သူ၊ အပြုသဘောဆောင်သောအရာများ သို့မဟုတ် သမ္မာတရားကို မည်သည့်အခါမျှ လက်မခံသူ၊ မည်သူ့စကားကိုမျှ နားမထောင်သူ၊ အဆင့်အတန်း သို့မဟုတ် အာဏာ ရှိရှိမရှိရှိ မိမိသဘောအတိုင်း တစ်ဇွတ်ထိုး ထင်ရာမြင်ရာလုပ်ခြင်းဖြင့် ပြုမူသူနှင့် အခြေခံအားဖြင့် အသက်ရှင်နေသော စာတန်တစ်ကောင်ဖြစ်သူ၊ ထိုသို့သောလူသည် အသင်းတော်တွင် ရှိနေသရွေ့၊ အနှေးနှင့်အမြန် အသင်းတော်၏အလုပ်အပေါ် ကြီးမားသော နှောင့်ယှက်မှုနှင့် ဖျက်ဆီးမှုကို သက်ရောက်စေလိမ့်မည်။ ၎င်းတို့ကို ရှင်းလင်းပစ်ပြီး ကိုင်တွယ်ရမည့်နေ့ ရောက်လာသည့်အခါ၊ ၎င်းတို့ ဖြစ်ပေါ်စေခဲ့သည့် ဆိုးကျိုးများနှင့် ကမောက်ကမအခြေအနေများကို လူမည်မျှက ရှင်းလင်းရလိမ့်မည်နည်း။ သို့ဖြစ်၍၊ ဤဆိုးယုတ်သောလူများနှင့် အန္တိခရစ်များကို ရှင်းလင်းပစ်ခြင်း သို့မဟုတ် နှင်ထုတ်ခြင်းသည် ခေါင်းဆောင်များနှင့် အမှုဆောင်များ လုပ်ဆောင်သင့်ပြီး ပေါ့ဆ၍မရသည့် အရေးကြီးသော တာဝန်တစ်ရပ် ဖြစ်သည်။ သို့သော်လည်း၊ အယောင်ဆောင်ခေါင်းဆောင်များသည် ရှင်းလင်းပစ်သင့်သောသူများ သို့မဟုတ် နှင်ထုတ်သင့်သောသူများအပေါ် ကြင်နာမှုနှင့် မေတ္တာကို ပြသကြပြီး၊ ၎င်းတို့၏ ဒုစရိုက်မှုများကို မသိကျိုးကျွံပြုကြသည်၊ ၎င်းတို့ကို ညီအစ်ကိုမောင်နှမများအဖြစ် သည်းခံပြီး လိုက်လျောကြသည့်အပြင်၊ ၎င်းတို့အတွက် အသုံးဝင်သောသူတို့ကို ပင်ကိုစွမ်းရည်ရှိသူများအဖြစ် မှတ်ယူကာ ပျိုးထောင်ပြီး အသုံးပြုသည်အထိပင် ပြုလုပ်ကြသည်။ ၎င်းတို့ မည်သည့်မကောင်းမှုများကို လုပ်ဆောင်သည်ဖြစ်စေ၊ အယောင်ဆောင်ခေါင်းဆောင်များသည် ၎င်းတို့ကို အပြစ်မှလွှတ်ရန် ဆင်ခြေများကို ရှာဖွေပေးပြီး၊ ၎င်းတို့အား မေတ္တာဖြင့် ကူညီခြင်းနှင့် ထောက်ပံ့မှုတို့ကိုပင် ပေးကြသည်။ တစ်နည်းအားဖြင့်ဆိုသော်၊ ဤသည်မှာ တမင် အဖျက်အမှောင့်လုပ်ခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) အယောင်ဆောင်ခေါင်းဆောင်များသည် မိမိတို့၏ ကိုယ်ပိုင်စိတ်ကူးများ၊ မိမိတို့၏ ကိုယ်ပိုင်ကြင်နာမှုနှင့် စိတ်အားထက်သန်မှုတို့အတိုင်း ပြုမူကြပြီး၊ နောက်ဆုံးတွင် အသင်းတော်နှင့် ဘုရားသခင် ရွေးချယ်ထားသောလူများအတွက် ကြီးမားသော ဒုက္ခကို ဖြစ်စေသည်တကား။ အကယ်၍ ဤဆိုးယုတ်သောလူများက အာဏာကို ကိုင်စွဲထားလျှင်၊ အသင်းတော်အပေါ် ၎င်းတို့ ဖြစ်စေသည့် ဘေးအန္တရာယ်များနှင့် အကျိုးဆက်များမှာ တိုင်းတာ၍မရနိုင်ပေ။

လက်ရှိတွင် မည်သူက ဒုစရိုက်မှုများကို ကျူးလွန်သည်ဖြစ်စေ၊ ဘုရားအိမ်တော်ကို ဆုံးရှုံးမှုဖြစ်စေသရွေ့ ထိုဆုံးရှုံးမှုအတွက် ၎င်းတို့ လျော်ကြေးပေးရမည်ဟူသော စည်းမျဉ်းစည်းကမ်းတစ်ခု ဘုရားအိမ်တော်တွင် ရှိသည်။ အကယ်၍ ဆုံးရှုံးမှုက အလွန်ကြီးမားပြီး အကျိုးဆက်များက ပြင်းထန်လျှင်၊ ငွေဖြင့် လျော်ကြေးပေးရုံမျှဖြင့် ပြဿနာ ပြေလည်သွားနိုင်သလော။ အချို့သော ဆုံးရှုံးမှုများကို မည်သည့်ငွေကြေးလျော်ကြေးပမာဏနှင့်မျှ အစားထိုးပေး၍ မရနိုင်ပေ။ ယင်းတို့သည် အစားထိုး၍မရနိုင်သော၊ ပြန်လည်ရယူ၍မရနိုင်သော အရာများဖြစ်သည်။ ယခုအခါ နေ့ရက်တိုင်းသည် အလွန်တန်ဖိုးရှိပြီး အရေးကြီးသည်။ နေ့တစ်နေ့ ကုန်လွန်သွားသည်နှင့်တစ်ပြိုင်နက်၊ ထိုအချိန်ကို ပြန်လည်ရယူနိုင်သလော။ ယင်းကိုလည်း ပြန်လည်ရယူ၍မရနိုင်ပေ။ အချို့သောအရာများကို လွဲချော်ခြင်းသည် တစ်သက်တာနောင်တဖြစ်သည်ဟု အဘယ်ကြောင့် ငါတို့ ပြောဆိုကြသနည်း။ အတိအကျဆိုသော် အချိန်ကို ပြန်လည်ရယူ၍မရနိုင်သောကြောင့် ဖြစ်သည်။ ဤသို့ပြောဆိုခြင်းဖြင့် ငါသည် မည်သည့်အရာကို ဆိုလိုသနည်း။ ပြဿနာများ ဖြစ်ပွားပြီးနောက်မှ ဖြေရှင်းရန် ငွေကုန်ခြင်းထက်၊ ပြဿနာများ မဖြစ်ပွားမီကပင် တားဆီးခြင်းက အကောင်းဆုံးဖြစ်သည်။ ဤသည်မှာ ပြဿနာများကို ဖြေရှင်းရန် အကောင်းဆုံးနည်းလမ်း ဖြစ်သည်။ “နွားပျောက်မှ တင်းကုပ်ပြင်ခြင်း”သည် မတတ်သာသည့်အဆုံး အားကိုးရသည့် နည်းလမ်းတစ်ခုဖြစ်သည်။ အမှုအရာများ မဖြစ်ပွားမီ ကြိုတင်ကာကွယ်သည့်အလုပ်ကို လုပ်ဆောင်ခြင်းက အကောင်းဆုံးဖြစ်သည်။ ဤသည်မှာ မည်သည့်အဖျက်အမှောင့်လုပ်ခြင်းများ သို့မဟုတ် နှောင့်ယှက်ခြင်းများ မဖြစ်ပွားမီ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အသင်းတော်ရှိ လူအမျိုးမျိုးတို့ကို ရှင်းလင်းစွာ ပိုင်းခြားသိမြင်ပြီး စေ့စေ့စပ်စပ် နားလည်ထားရမည်ဖြစ်ကာ၊ ညီအစ်ကိုမောင်နှမများအားလုံး ပုံမှန်အသင်းတော်အသက်တာနှင့် မိမိတို့၏ တာဝန်ထမ်းဆောင်ရန် ပတ်ဝန်းကျင်တစ်ခု ရှိသည်ကို သေချာစေဖို့အလို့ငှာ လူအမျိုးမျိုးတို့၏ အခြေအနေများ၊ စိတ်သဘောထားများနှင့် လိုက်စားမှုများအပြင် တာဝန်ထမ်းဆောင်စဉ် ၎င်းတို့၏ သဘောထားများနှင့် သဘောထားအမြင်များကို သေချာစွာ စောင့်ကြည့်လေ့လာပြီး အချိန်မီ သဘောပေါက်ထားရမည်ဟု ဆိုလိုပေသည်။ ဤနည်းဖြင့် အသင်းတော်၏အလုပ်သည် စနစ်တကျ တိုးတက်နိုင်ပေသည်။ ဤသည်တို့မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ ဖြစ်ကြသည်။ အယောင်ဆောင်ခေါင်းဆောင်များသည် ဤအလုပ်အတွက် စံမမီကြသည်မှာ အမှန်ပင်ဖြစ်သည်။ ၎င်းတို့သည် နားဝေတိမ်တောင်ဖြစ်သော မိုက်မဲသူများနှင့် အသုံးမကျသောလူများ ဖြစ်ကြသည်။ ယခု ၎င်းတို့တွင် “စည်းမျဉ်းများကို မလိုက်နာသည့်အပြင်၊ အလုပ်ကို တလွဲတချော်ပြုလုပ်သည့် မည်သူမဆို ဒဏ်ငွေဆောင်ရမည်။ အန္တိခရစ်တစ်ဦးက တစ်စုံတစ်ခု တလွဲလုပ်ဆောင်လျှင်၊ ၎င်းတို့ ဒဏ်ငွေဆောင်ရမည်” ဟူသော ပါးနပ်သည့် အကြံတစ်ခု ရှိသည်။ ဒဏ်ငွေတပ်ခြင်းသည် အကောင်းဆုံးဖြေရှင်းနည်းနှင့် အကောင်းဆုံး လက်တွေ့လုပ်ဆောင်ခြင်း စည်းမျဉ်းဖြစ်သည်ဟု ၎င်းတို့က တွေးထင်ကြသည်။ အကယ်၍ ပြဿနာအားလုံးကို ဒဏ်ငွေတပ်ခြင်းဖြင့် ဖြေရှင်းနိုင်မည်ဆိုလျှင်၊ သမ္မာတရားကို လိုက်စားခြင်းက အဘယ်အသုံးဝင်မှု ရှိသနည်း။ အယောင်ဆောင်ခေါင်းဆောင်တစ်ဦးကို အဘယ်ကြောင့် အယောင်ဆောင်ဟု ခေါ်သနည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် သမ္မာတရားကို နားမလည်သောကြောင့်ဖြစ်ပြီး၊ စည်းမျဉ်းစည်းကမ်းများ ပုံသေစောင့်ထိန်းခြင်းကို သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းအဖြစ် ၎င်းတို့မှတ်ယူကာ ၎င်းတို့နားလည်သည့် စကားလုံးများနှင့် အယူဝါဒများကို သမ္မာတရားအဖြစ် မှတ်ယူသောကြောင့် ဖြစ်သည်။ အမှုအရာများ ဖြစ်ပျက်သည့်အခါ၊ ၎င်းတို့သည် မှန်ကန်သော စည်းမျဉ်းများ သို့မဟုတ် ဦးတည်ချက်ကို လုံးဝ မရှာတွေ့နိုင်သည့်အပြင် ပြဿနာများကို အရင်းအမြစ်မှ မဖြေရှင်းနိုင်ပေ။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားမလည်သည့်အပြင် ဘုရားသခင် ဆိုလိုသည့်အရာကို လုံးဝသဘောမပေါက်ဘဲ၊ အလုပ်လုပ်လိုဆဲဖြစ်ပြီး ခေါင်းဆောင် သို့မဟုတ် အမှုဆောင်တစ်ဦးဖြစ်လိုဆဲဖြစ်သည်။ မိုက်မဲလိုက်လေခြင်းတကား။ ဤကိစ္စနှင့်စပ်လျဉ်း၍ အယောင်ဆောင်ခေါင်းဆောင်တစ်ဦး၏ အဓိကသရုပ်သကန်မှာ အဘယ်နည်း။ ၎င်းတို့သည် အသင်းတော်၏အလုပ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သည့် လူအမျိုးမျိုးတို့၏ အနှစ်သာရကို ထိုးထွင်းမမြင်နိုင်ကြပေ။ ထိုသူတို့ကို အမျိုးအစားမခွဲခြားနိုင်ကြသည့်အပြင် စည်းမျဉ်းများအတိုင်း သေချာပေါက် မဆက်ဆံနိုင်ဘဲ မကိုင်တွယ်နိုင်ကြပေ။ အယောင်ဆောင်ခေါင်းဆောင်တစ်ဦး၏ စိတ်ထဲတွင်၊ ဤအရာအားလုံးသည် ရှုပ်ထွေးနေသော ကမောက်ကမအခြေအနေတစ်ခု ဖြစ်သည်။ ၎င်းတို့သည် မိမိတို့၏ စိတ်အားထက်သန်မှု၊ မိမိတို့၏ ကိုယ်ပိုင်အယူအဆများနှင့် စိတ်ကူးများကို အခြေခံ၍ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သူဆိုလိုသည့်အရာကို မှန်းဆကြသည်။ တစ်ချိန်တည်းတွင်၊ ၎င်းတို့သည် သမ္မာတရားနှင့် ကိုက်ညီကြောင်း၊ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ကိုက်ညီကြောင်းနှင့် ဘုရားသခင် အလိုရှိသည့်အရာကို ကိုယ်စားပြုနိုင်ကြောင်း ယုံကြည်လျက်၊ မိမိတို့၏ ကြင်နာမှု၊ စိတ်အားထက်သန်မှုနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ စိတ်ကူးများနှင့် အယူအဆများကို ဘုရားသခင်အပေါ် သွတ်သွင်းကြသည်။ သို့ဖြစ်၍ ၎င်းတို့သည် အလုပ်လုပ်ရန်နှင့် ဘုရားသခင် ရွေးချယ်ထားသောလူများကို ဦးဆောင်ရန် ဤအရာများအပေါ် မှီခိုကြသည်။ ဤသည်မှာ အယောင်ဆောင်ခေါင်းဆောင်တစ်ဦး၏ အဓိကသရုပ်သကန် ဖြစ်သည်။ အယောင်ဆောင်ခေါင်းဆောင်များ၏ ဒုတိယသရုပ်သကန်နှင့်ပတ်သက်၍ ငါတို့၏ မိတ်သဟာယဖွဲ့ခြင်းကို ဤနေရာတွင် အဆုံးသတ်မည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။