ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၂၀) အခန်း ခြောက်

၃။ အယောင်ဆောင်ခေါင်းဆောင်များသည် ဆိုးယုတ်သောလူများကို မဖော်ထုတ်၊ မတားဆီးကြပေ

ဆက်လက်၍ ငါတို့သည် အယောင်ဆောင်ခေါင်းဆောင်များ၏ တတိယသရုပ်သကန်နှင့်ပတ်သက်ပြီး မိတ်သဟာယဖွဲ့ကြမည်။ ယင်းမှာ အသင်းတော်၏အလုပ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သောလူများကို လျစ်လျူရှုခြင်းနှင့် စုံစမ်းမေးမြန်းခြင်းမပြုခြင်း ဖြစ်သည်။ ဆိုးယုတ်သောလူများနှင့် အန္တိခရစ်တို့က အသင်းတော်၏အလုပ်ကို နှောင့်ယှက်နေသည်ကို ၎င်းတို့ တွေ့ရှိသည့်အခါတွင်ပင် ၎င်းတို့သည် ထိုအရာကို အာရုံမစိုက်ပေ။ ဤသည်မှာ ပထမသရုပ်သကန်နှစ်ခုထက် သဘောသဘာဝအားဖြင့် ပို၍ဆိုးရွားသည်။ အဘယ်ကြောင့် ပို၍ဆိုးရွားသည်ဟု ဆိုရသနည်း။ ပထမသရုပ်သကန်နှစ်ခုသည် အယောင်ဆောင်ခေါင်းဆောင်များ၏ အစွမ်းအစနှင့် ပတ်သက်သော်လည်း၊ ဤသရုပ်သကန်မှာမူ အယောင်ဆောင်ခေါင်းဆောင်များ၏ လူ့သဘာဝနှင့် သက်ဆိုင်သည်။ အချို့သော အယောင်ဆောင်ခေါင်းဆောင်များသည် အသင်းတော်၏အလုပ်ကို အဖျက်အမှောင့်လုပ်ခြင်းနှင့် နှောင့်ယှက်ခြင်း၏ သဘောသဘာဝကို ထိုးထွင်းမမြင်နိုင်လောက်အောင် အလွန်ညံ့ဖျင်းသော အစွမ်းအစရှိကြသည်။ အချို့သော အယောင်ဆောင်ခေါင်းဆောင်များသည် အသင်းတော်၏အလုပ်ကို အဖျက်အမှောင့်လုပ်ခြင်းနှင့် နှောင့်ယှက်ခြင်း ပြဿနာများကို ရှာဖွေတွေ့ရှိနိုင်သော်လည်း၊ ကံမကောင်းစွာဖြင့် ၎င်းတို့သည် သမ္မာတရားကို နားမလည်သည့်အပြင် ဤပြဿနာများကို မကိုင်တွယ်၊ မဖြေရှင်းနိုင်ကြပေ။ ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးထဲတွင် “ငါက အသင်းတော်၏အလုပ်ကို လုပ်နေသရွေ့ အဆင်ပြေသည်။ မည်သူကအဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သည်ဟူသည်အတွက်မူ၊ ယင်းမှာ သူတို့၏ ကိုယ်ရေးကိုယ်တာ ကိစ္စဖြစ်ပြီး ငါနှင့် ဘာမျှပတ်သက်ခြင်း မရှိပါ” ဟု တွေးထင်လျက်၊ မိမိတို့လုပ်ဆောင်လိုသည့်အရာကို လုပ်ဆောင်ရင်း မိမိတို့၏ ကိုယ်ပိုင်စိတ်ကူးများနှင့် စိတ်အားထက်သန်မှုတို့အတိုင်း အမြဲတစေ ပြုမူကြသည်။ အနည်းငယ် အစွမ်းအစရှိပြီး အလုပ်အနည်းငယ် လုပ်ဆောင်နိုင်သည့်အပြင်၊ လူအမျိုးမျိုးကို ကိုင်တွယ်ရန် စည်းမျဉ်းများနှင့်ပတ်သက်၍ အနည်းငယ်သိသော အယောင်ဆောင်ခေါင်းဆောင်အချို့လည်း ရှိသေးသည်။ သို့သော်လည်း ၎င်းတို့သည် လူတို့အား စိတ်အနှောင့်အယှက်ဖြစ်စေမည်ကို ကြောက်သောကြောင့်၊ ဆိုးယုတ်သောလူများနှင့် အန္တိခရစ်တို့က အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများ ဖြစ်စေသည်ကို တွေ့ရှိသည့်အခါ၊ ၎င်းတို့ကို ဖော်ထုတ်ရန်၊ တားဆီးရန် သို့မဟုတ် ချုပ်ချယ်ကန့်သတ်ရန် မဝံ့ရဲကြပေ။ ၎င်းတို့သည် စာတန်၏ အတွေးအခေါ်များဖြင့် အသက်ရှင်ကြပြီး၊ ၎င်းတို့နှင့် မည်သည့်ပတ်သက်မှုမျှမရှိဟု ၎င်းတို့ခံစားရသော ကိစ္စရပ်များကို မသိကျိုးကျွန်ပြုကြသည်။ အသင်းတော်အလုပ်၏ ရလဒ်များက မည်သို့ဖြစ်သည်ကိုဖြစ်စေ၊ ဘုရားသခင် ရွေးချယ်ထားသောလူများ၏ အသက်ဝင်ရောက်မှုက မည်မျှထိခိုက်ခံရသည်ကိုဖြစ်စေ ၎င်းတို့ လုံးဝ ဂရုမစိုက်ကြပေ။ ထိုသို့သောအရာများသည် ၎င်းတို့နှင့် မည်သည့်ပတ်သက်မှုမျှမရှိဟု ၎င်းတို့က တွေးထင်ကြသည်။ သို့ဖြစ်၍၊ ထိုသို့သော အယောင်ဆောင်ခေါင်းဆောင်တစ်ဦး၏ တာဝန်ထမ်းဆောင်သည့် သက်တမ်းအတောအတွင်းတွင်၊ အသင်းတော်အသက်တာ၏ ပုံမှန်အစီအစဉ်သည် ပုံမှန် ထိန်းသိမ်းခြင်းမခံရသည့်အပြင်၊ ဘုရားသခင် ရွေးချယ်ထားသောလူများ၏ တာဝန်များနှင့် အသက်ဝင်ရောက်မှုသည်လည်း ကာကွယ်ခြင်းမခံရပေ။ ဤပြဿနာ၏ သဘောသဘာဝမှာ အဘယ်နည်း။ ဤအယောင်ဆောင်ခေါင်းဆောင်များက၎င်းတို့၏ အစွမ်းအစ ညံ့ဖျင်းသောကြောင့် အလုပ်မလုပ်နိုင်ခြင်း မဟုတ်ပေ။ ၎င်းတို့၏ လူ့သဘာဝ ညံ့ဖျင်းပြီး၊ အသိစိတ်နှင့် ဆင်ခြင်တုံတရား ကင်းမဲ့သောကြောင့် ၎င်းတို့သည် လက်တွေ့အလုပ်ကို မလုပ်ဆောင်ခြင်း ဖြစ်သည်။ အယောင်ဆောင်ခေါင်းဆောင်များသည် မည်သည့်နည်းလမ်းဖြင့် အယောင်ဆောင်ဖြစ်ကြသနည်း။ ၎င်းတို့သည် လူ့သဘာဝ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရား ကင်းမဲ့ကြသည်။ ထို့ကြောင့်၊ ခေါင်းဆောင်များအဖြစ် ၎င်းတို့ အလုပ်လုပ်နေစဉ်ကာလအတောအတွင်းတွင်၊ ဆိုးယုတ်သောလူများနှင့် အန္တိခရစ်တို့က အသင်းတော်၏အလုပ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သည့်ကိစ္စက လုံးဝ ဖြေရှင်းခြင်းမခံရပေ။ အချို့သော ညီအစ်ကိုမောင်နှမများသည် ကြီးစွာထိခိုက်ခံရပြီး၊ အသင်းတော်၏အလုပ်သည်လည်း ကြီးမားသော ဆုံးရှုံးမှုများကို ခံစားရသည်။ ဤသို့သော အယောင်ဆောင်ခေါင်းဆောင်တစ်ဦးသည် ပြဿနာတစ်ခုကို သတိပြုမိသည့်အခါ၊ ဆိုးယုတ်သောလူတစ်ဦး သို့မဟုတ် အန္တိခရစ်တစ်ဦးက အဖျက်အမှောင့်လုပ်ခြင်း သို့မဟုတ် နှောင့်ယှက်ခြင်း ဖြစ်စေသည်ကို ၎င်းတို့ မြင်သည့်အခါ၊ မိမိတို့၏ တာဝန်မှာ အဘယ်အရာဖြစ်သည်ကိုလည်းကောင်း၊ မိမိတို့ မည်သည့်အရာကို လုပ်ဆောင်သင့်ပြီး မည်သို့လုပ်ဆောင်သင့်သည်ကိုလည်းကောင်း သိကြသော်လည်း၊ မည်သည့်အရာကိုမျှ လုံးဝ မလုပ်ဆောင်ကြသည့်အပြင်၊ မသိချင်ယောင်ဆောင်ကြသည်။ လုံးဝ လျစ်လျူရှုပြီး၊ ထိုကိစ္စကို အထက်လူကြီးများထံသို့ တိုင်ကြားခြင်းမရှိပေ။ ၎င်းတို့သည် ဆိုးယုတ်သောလူများနှင့် အန္တိခရစ်တို့ကို အသင်းတော်၏အလုပ်အား အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်ရန် ခွင့်ပြုလျက်၊ မည်သည့်အရာမျှ မသိသည့်အပြင်၊ မည်သည့်အရာမျှ မမြင်သယောင် ဟန်ဆောင်ကြသည်။ ၎င်းတို့၏ လူ့သဘာဝတွင် ပြဿနာတစ်ခု ရှိနေသည် မဟုတ်လော။ ၎င်းတို့သည် ဆိုးယုတ်သောလူများနှင့် အန္တိခရစ်တို့နှင့် တစ်ဂိုဏ်းတည်း မဟုတ်လော။ ခေါင်းဆောင်တစ်ဦးအနေဖြင့် မည်သည့်စည်းမျဉ်းကို ၎င်းတို့ ခံယူကျင့်သုံးကြသနည်း။ “ငါ့ကြောင့် အနှောင့်အယှက်၊ အဖျက်အဆီးတွေ မဖြစ်ဘူး။ ဒါပေမဲ့ စိတ်မကျေမနပ်ဖြစ်စေတဲ့ အရာ၊ သူများတွေရဲ့ ဂုဏ်သိက္ခာကို ထိခိုက်တဲ့အရာ ဘာကိုမှ လုပ်မှာမဟုတ်ဘူး။ ငါ့ကို အယောင်ဆောင်ခေါင်းဆောင်လို့ သတ်မှတ်လိုက်။ စိတ်မကျေမနပ်ဖြစ်စေမယ့်အရာ ဘာကိုမှ ငါ လုပ်ဦးမှာမဟုတ်ဘူး။ ငါ့အတွက် ထွက်ပေါက်တစ်ခုကို ငါချန်ထားဖို့လိုတယ်” ဟူ၍ ဖြစ်သည်။ ဤသည်မှာ မည်သို့သော တွေးခေါ်မှုစနစ် ဖြစ်သနည်း။ ဤသည်မှာ စာတန်၏ တွေးခေါ်မှုစနစ် ဖြစ်သည်။ ဤသည်မှာ မည်သို့သော စိတ်သဘောထားမျိုးဖြစ်သနည်း။ အလွန်ပင် စဉ်းလဲပြီး လှည့်ဖြားတတ်သည် မဟုတ်လော။ ဤသို့သောသူသည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်အပေါ် သူ၏ သဘောထားတွင် အနည်းငယ်မျှပင် ရိုးသားစစ်မှန်ခြင်းမရှိပေ။ ၎င်းတို့သည် ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်ရာတွင် အစဉ်သဖြင့် ဉာဏ်များပြီး မယုံကြည်ရပေ။ မနှစ်မြို့ဖွယ် မျှော်ကိုးမှုများစွာရှိပြီး၊ အရာရာတွင် မိမိတို့ကိုယ်ကိုအတွက် စဉ်းစားကြသည်။ ၎င်းတို့သည် အသင်းတော်၏အလုပ်ကို အနည်းငယ်မျှပင် မစဉ်းစားဘဲ အသိစိတ်၊ သို့မဟုတ် ဆင်ခြင်တုံတရားလုံးဝ မရှိပေ။ ၎င်းတို့သည် အသင်းတော်ခေါင်းဆောင်တစ်ဦးအဖြစ် အစေခံရန် အခြေခံအားဖြင့် မထိုက်တန်ပေ။ ထိုသို့သောလူများသည် အသင်းတော်၏အလုပ် သို့မဟုတ် ဘုရားသခင် ရွေးချယ်ထားသောလူများ၏ အသက်ဝင်ရောက်မှုအတွက် ဝန်တာ အနည်းငယ်မျှ မရှိကြပေ။ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်အကျိုးစီးပွားနှင့် ပျော်ရွှင်မှုကိုသာ ဂရုစိုက်ကြသည်။ ဘုရားသခင် ရွေးချယ်ထားသောလူများက မည်သို့သောအခြေအနေတွင် ရှိသည်ကို မည်သည့်ပူပန်မှုမျှမရှိဘဲ၊ အဆင့်အတန်း၏ အကျိုးအမြတ်များကို မွေ့လျော်ခံစားခြင်းအပေါ်တွင်သာ အဓိကအာရုံစိုက်ကြသည်။ ဤသည်မှာ တစ်ကိုယ်ကောင်းအဆန်ဆုံးနှင့် စက်ဆုပ်ဖွယ် အကောင်းဆုံးသောလူ မဟုတ်လော။ ဆိုးယုတ်သောလူများနှင့် အန္တိခရစ်တို့က အသင်းတော်၏အလုပ်အား နှောင့်ယှက်နေသည်ကို ၎င်းတို့ တွေ့ရှိသည့်အခါတွင်ပင်၊ ဤကိစ္စရပ်များသည် ၎င်းတို့နှင့် မည်သို့မျှ မသက်ဆိုင်ဘိသည့်အလား၊ အာရုံမစိုက်ကြပေ။ ယင်းမှာ ဝံပုလွေက သိုးအားစားနေသည်ကို မြင်သော်လည်း မည်သည့်အရာမျှမလုပ်ဘဲ၊ မိမိတို့၏ ကိုယ်ပိုင်အသက်ကို ကာကွယ်ရန်သာ ဂရုစိုက်သည့် သိုးထိန်းတစ်ဦးနှင့် တူသည်။ ထိုသို့သောလူသည် သိုးထိန်းတစ်ဦးဖြစ်ရန် အရည်အချင်းမပြည့်မီပေ။ ဤအယောင်ဆောင် ခေါင်းဆောင်မျိုးက လုပ်ဆောင်သမျှသည် မိမိတို့၏ ကိုယ်ပိုင်ဂုဏ်သတင်း၊ အဆင့်အတန်း၊ အာဏာနှင့် ၎င်းတို့ လက်ရှိခံစားနေရသည့် အမျိုးမျိုးသော အကျိုးအမြတ်များကို အတတ်နိုင်ဆုံး ကာကွယ်ရန်သာ ဖြစ်သည်။ ၎င်းတို့၏ တာဝန်များနှင့် ဝတ္တရားများဖြစ်သည့် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်၊ အသင်းတော်၏အလုပ် သို့မဟုတ် ဘုရားသခင် ရွေးချယ်ထားသောလူများ၏ အသက်ဝင်ရောက်မှုအတွက် ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဝန်တာမရှိပေ။ ၎င်းတို့သည် ဤအရာများကို မည်သည့်အခါမျှ မစဉ်းစားကြပေ။ ၎င်းတို့က “အဘယ်ကြောင့် ခေါင်းဆောင်တစ်ဦးက ဤတာဝန်များကို လုပ်ဆောင်ရမည်နည်း။ ဤတာဝန်များကို မလုပ်ဆောင်ခြင်းက အဘယ်ကြောင့် ပြုပြင်ခြင်းနှင့် ပြစ်တင်ရှုတ်ချခြင်းခံရပြီး ညီအစ်ကိုမောင်နှမများ၏ ပယ်ချခြင်းကို ခံရခြင်းကို ဖြစ်စေသနည်း” ဟု စဉ်းစားကြသည်။ ၎င်းတို့ နားမလည်သည့်အပြင် လုံးဝ ဂရုမစိုက်ကြပေ။ ငါ၏စိတ်နှလုံးထဲ၌ ဤကဲ့သို့သော လူစားမျိုးသည် မည်မျှပင် အမူအကျင့်ကောင်းမွန်ပုံရစေကာမူ စည်းကမ်းလိုက်နာသည်ဖြစ်စေ၊ စကားနည်းသည်ဖြစ်စေ၊ အလုပ်ကြိုးစားပြီး အရည်အချင်းရှိသည်ဖြစ်စေ ၎င်းသည် စည်းမျဉ်းများမရှိဘဲ ပြုမူဆောင်ရွက်ပြီး အသင်းတော်၏ အလုပ်အတွက် တာဝန်မယူသည့်အချက်က ငါ့အား “၎င်းကို တစ်မျိုးတစ်ဖုံ ရှုမြင်” ဖို့ ဖြစ်စေ၏။ နောက်ဆုံး၌ ငါသည် ဤကဲ့သို့သော လူစားမျိုးကို ဤသို့ အဓိပ္ပာယ်ဖွင့်ဆိုခဲ့၏။ ၎င်းသည် အမှားကြီးကြီးမားမားများကို ပြုလုပ်ချင်မှ ပြုလုပ်မည်ဖြစ်သော်လည်း၊ အလွန်ကောက်ကျစ်စဉ်းလဲပြီး လှည့်ဖြားတတ်၏။ ၎င်းသည် မည်သည့်တာဝန်ကိုမျှ လုံးဝ မယူသည့်အပြင် အသင်းတော်၏ အလုပ်ကိုလည်း လုံးဝ ထိန်းသိမ်းစောင့်ရှောက်ခြင်းမရှိပေ၊ ၎င်း၌ လူ့သဘာဝမရှိပေ။ ၎င်းတို့သည် တိရစ္ဆာန်အမျိုးအစားတစ်ခုဖြစ်နေသကဲ့သို့ ငါ ခံစားရသည်။ ကောက်ကျစ်စဉ်းလဲရာတွင် ၎င်းတို့သည် မြေခွေးကဲ့သို့ အနည်းငယ် ဆင်တူသည်။ မြေခွေးများသည် ကောက်ကျစ်စဉ်းလဲသည်ဟု လူတို့ ဆိုကြသော်လည်း၊ အမှန်တကယ်တွင် ဤလူတို့သည် မြေခွေးများထက်ပင် ပို၍ ကောက်ကျစ်စဉ်းလဲကြသည်။ အပေါ်ယံအားဖြင့်၊ ၎င်းတို့သည် မည်သည့်မကောင်းမှုကိုမျှ မလုပ်ဆောင်ခဲ့သကဲ့သို့ ထင်ရသော်လည်း၊ အမှန်တကယ်တွင် ၎င်းတို့ပြောဆိုလုပ်ဆောင်သမျှသည် မိမိတို့၏ ကိုယ်ပိုင်ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းတို့အတွက်သာ ဖြစ်သည်။ ၎င်းတို့လုပ်ဆောင်သမျှသည် မိမိတို့ အဆင့်အတန်း၏ အကျိုးအမြတ်များကို ခံစားခြင်းနှင့်ဆိုင်သည့် ရည်ရွယ်ချက်အတွက်သာဖြစ်ပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များကို လုံးဝ အလေးမထားကြပေ။ ၎င်းတို့သည် အသင်းတော်၏အလုပ်တွင် ပေါ်ပေါက်သည့် ပြဿနာများကို အနည်းငယ်မျှပင် မဖြေရှင်းသည့်အပြင်၊ ဘုရားသခင် ရွေးချယ်ထားသောလူများ၏ အသက်ဝင်ရောက်မှုနှင့် စပ်လျဉ်းသည့် လက်တွေ့ကျသော ကိစ္စရပ်များကိုလည်း မကိုင်တွယ်ကြပေ။ ဤအယောင်ဆောင်ခေါင်းဆောင်များသည် ဘုရားသခင် ရွေးချယ်ထားသောလူများကို သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဦးဆောင်ရန် မည်သည့်အလုပ်ကိုမျှ မလုပ်ဆောင်ကြပေ။ ၎င်းတို့လုပ်ဆောင်သမျှ၏ ရည်ရွယ်ချက်မှာ အဘယ်အရာသာဖြစ်သနည်း။ လူတို့ကို နှစ်သက်စေပြီး အခြားသူများက ၎င်းတို့ကို အထင်ကြီးစေရန်သာ ဖြစ်သည် မဟုတ်လော။ ၎င်းတို့သည် မည်သူ့ကိုမျှ စိတ်အနှောင့်အယှက်မဖြစ်စေဘဲလူတိုင်းက ၎င်းတို့အပေါ် အကောင်းမြင်စေရန် ကြိုးစားကြပြီး၊ သို့ဖြင့် မိမိတို့၏ ဂုဏ်သတင်းနှင့် အဆင့်အတန်း၏ အကျိုးအမြတ်များကို ခံစားကြသည်။ ၎င်းတို့နှင့်ပတ်သက်၍ အမုန်းတရားကို လှုံ့ဆော်သည့်အရာမှာ ၎င်းတို့၏ လုပ်ဆောင်ချက်အားလုံးက ဘုရားသခင် ရွေးချယ်ထားသောလူများ၏ အသက်ဝင်ရောက်မှုအတွက် မည်သည့်အကျိုးကျေးဇူးကိုမျှ မဖြစ်စေဘဲ၊ ထိုအစား လူတို့ကို အထင်အမြင်မှားစေကာ၊ အခြားသူများအား ၎င်းတို့အပေါ်လေးစားအားကျပြီး ပုဂ္ဂိုလ်ရေးကိုးကွယ်စေလေသည်။ ဤလူတို့သည် မြေခွေးများထက်ပင် ပို၍ကောက်ကျစ်စဉ်းလဲကြသည် မဟုတ်လော။ ၎င်းတို့သည် စံပြ၊ စစ်မှန်သော အယောင်ဆောင်ခေါင်းဆောင်များ ဖြစ်ကြသည်။ ၎င်းတို့တွင် ခေါင်းဆောင်၏အဆင့်အတန်းရှိပြီး ဤရာထူးကို စွဲကိုင်သော်လည်း၊ မြင်သာသော၊ အပေါ်ယံ ယေဘုယျရေးရာအချို့ကိုသာ ဂရုစိုက်လျက် မည်သည့်လက်တွေ့အလုပ်ကိုမျှ မလုပ်ဆောင်ကြ သို့မဟုတ် အထက်က အထူးတာဝန်ပေးအပ်သည့်အလုပ်ကို အင်တင်တင်ဖြင့် အနည်းငယ်သာ လုပ်ဆောင်ကြသည်။ အကယ်၍ အထက်မှ အထူးတာဝန်ပေးအပ်ခြင်းမရှိလျှင်၊ ၎င်းတို့သည် အသင်းတော်၏ မရှိမဖြစ်လိုအပ်သောအလုပ်ကို မည်သည့်အရာမျှ မလုပ်ဆောင်ကြပေ။ အသင်းတော်၏အလုပ်နှင့် အသင်းတော်အသက်တာ၏ အစီအစဉ်ကို ထိန်းသိမ်းခြင်းနှင့် ပတ်သက်သော ကိစ္စရပ်များနှင့်စပ်လျဉ်း၍၊ ၎င်းတို့သည် လူတို့ကို စိတ်အနှောင့်အယှက်ဖြစ်စေမည်ကိုကြောက်သည့်အပြင် စည်းမျဉ်းများကို ထိန်းသိမ်းရန် မဝံ့ရဲကြပေ။ ၎င်းတို့သည် အသင်းတော်၏အလုပ်တွင် စုပုံနေသော ပြဿနာတစ်ခုတလေကိုမျှ မဖြေရှင်းသည့်အပြင်၊ ဘုရားအိမ်တော်၏ ပိုင်ဆိုင်မှုများအား အန္တိခရစ်များနှင့် ဆိုးယုတ်သောလူများက ဖြုန်းတီးနေသည်ကို မြင်သည့်အခါတွင်ပင်၊ တားဆီးရန် သို့မဟုတ် ချုပ်ချယ်ကန့်သတ်ရန် မည်သည့်အရာမျှ မလုပ်ဆောင်ကြပေ။ ၎င်းတို့၏ စိတ်နှလုံးထဲတွင်၊ ဤလူတို့သည် မကောင်းမှုကိုပြုလုပ်နေပြီး ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ထိခိုက်စေကြောင်း ရှင်းလင်းစွာ သိကြသော်လည်း၊ စကားတစ်ခွန်းမျှမပြောဘဲ မသိချင်ယောင်ဆောင်ကြသည်။ ဤသည်တို့မှာ ကောက်ကျစ်စဉ်းလဲပြီး လှည့်ဖြားတတ်သောလူများ ဖြစ်ကြသည်။ ဤလူတို့သည် မြေခွေးများထက် ပို၍ကောက်ကျစ်စဉ်းလဲကြသည် မဟုတ်လော။ ၎င်းတို့သည် လူတိုင်းအပေါ် အပြင်ပန်းအားဖြင့် ဖော်ရွေကြပြီး မည်သူ့ကိုမျှ ထိခိုက်စေသည့်အရာများကို မလုပ်ဆောင်ကြသော်လည်း၊ ဘုရားသခင် ရွေးချယ်ထားသောလူများ၏ အသက်ဝင်ရောက်မှု၊ အသင်းတော်၏အလုပ်နှင့် ဧဝံဂေလိတရားကို ဖြန့်ဝေခြင်းအလုပ်တည်းဟူသော အဓိကကိစ္စရပ်ကြီးကို နှောင့်နှေးစေသည်။ ထိုသို့သောလူများသည် ခေါင်းဆောင်များနှင့် အမှုဆောင်များဖြစ်ရန် ထိုက်တန်ကြသလော။ ၎င်းတို့သည် စာတန်၏ အစေခံများ မဟုတ်လော။ ၎င်းတို့သည် အသင်းတော်၏အလုပ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သောသူများ မဟုတ်လော။ အပေါ်ယံတွင် ၎င်းတို့သည် မည်သည့်သိသာထင်ရှားသော မကောင်းမှုကိုမျှ မကျူးလွန်ခဲ့သော်လည်း၊ ၎င်းတို့ ဤသို့အလုပ်လုပ်ခြင်း၏ အကျိုးဆက်များသည် မကောင်းမှုကိုကျူးလွန်ခြင်းထက်ပင် ပို၍ဆိုးရွားသည်။ ၎င်းတို့သည် ဘုရားသခင်၏ အလိုတော်ကို လုပ်ဆောင်ခြင်းအား ဟန့်တားသည်၊ ဘုရားသခင်ကို အတိုက်အခံလုပ်ပြီး၊ အသင်းတော်၏အလုပ်ကို အဖျက်အမှောင့်လုပ်ကာ နှောင့်ယှက်သည်။ ၎င်းတို့သည် ဘုရားသခင် ရွေးချယ်ထားသောလူများကို ထိခိုက်နစ်နာစေပြီး ဘုရားသခင် ရွေးချယ်ထားသောလူများ ကယ်တင်ခြင်းခံရမည့် မျှော်လင့်ချက်ကိုပင် ဖျက်ဆီးနိုင်သည်။ ငါ့ကို ပြောလော့၊ ဤသည်မှာ မကောင်းမှုကိုကျူးလွန်ခြင်း မဟုတ်လော။ ဤသည်မှာ စည်းမျဉ်းများကို လုံးဝမထိန်းသိမ်းသော လူ့အကြိုက်လိုက်သူတစ်ဦး လုပ်ဆောင်သည့်အရာ အတိအကျပင် ဖြစ်သည်။ သမ္မာတရားကို နားမလည်သောလူတို့သည် အယောင်ဆောင်ခေါင်းဆောင်များ ဤသို့အလုပ်လုပ်ခြင်း၏ ကြောက်မက်ဖွယ်ကောင်းသော အကျိုးဆက်များကို အကုန်အစင် ထိုးထွင်းမမြင်နိုင်သည့်အပြင်၊ ၎င်းတို့၏ ရည်ရွယ်ချက်များ၊ ကြံရွယ်ချက်များနှင့် ရည်မှန်းချက်များက အဘယ်အရာဖြစ်သည်ကိုလည်း သဘောမပေါက်နိုင်ကြပေ။ သင်သည် ၎င်းတို့၏ စိတ်နှလုံးထဲတွင် အမှန်တကယ် မည်သည့်အရာ လုပ်ဆောင်လိုသည်ကို မည်သည့်အခါမျှ နားလည်သဘောပေါက်လိမ့်မည် မဟုတ်ပေ။ ထိုသို့သောလူများသည် အလွန်စဉ်းလဲလှပါသည်တကား။ တင်စားသောအားဖြင့်ဆိုရသော်၊ ၎င်းတို့သည် စဉ်းလဲသော မြေခွေးများဖြစ်ကြသည်။ တိတိကျကျဆိုသော်၊ ၎င်းတို့သည် အသက်ရှင်နေသော နတ်ဆိုးများ၊ လူတို့အကြားတွင် အသက်ရှင်နေသော နတ်ဆိုးများ ဖြစ်ကြသည်။

ဤအယောင်ဆောင်ခေါင်းဆောင်များကို မည်သို့သတ်မှတ်သင့်သည်နှင့်ပတ်သက်လာသည့်အခါ၊ ၎င်းတို့၏ စိတ်သဘောထား အနှစ်သာရအား အခြေခံ၍၊ ၎င်းတို့ကို ဆိုးယုတ်သောလူများ၊ အန္တိခရစ်များ၊ သူတော်ကောင်းယောင်ဆောင်သောသူများနှင့် အခြားအမျိုးအစားများထဲသို့ ထင်ရာမြင်ရာ ထားရှိ၍မရနိုင်ပေ။ သို့သော်လည်း၊ ၎င်းတို့ လူ့သဘာဝ၏ သရုပ်သကန်များနှင့် အသင်းတော်၏အလုပ်အပေါ် ၎င်းတို့၏ သဘောထားကဲ့သို့သော ၎င်းတို့ဖော်ပြသည့်အရာအပြင်၊ ၎င်းတို့တွေ့ရှိသည့် ပြဿနာများကို မကိုင်တွယ်ခြင်းတို့မှ အကဲဖြတ်ရလျှင်၊ ၎င်းတို့သည် အယုတ်ညံ့ဆုံးသော အယောင်ဆောင်ခေါင်းဆောင်အမျိုးအစား ဖြစ်ကြသည်။ ၎င်းတို့၏ အမျိုးမျိုးသော သရုပ်သကန်များအားဖြင့် အကဲဖြတ်ရလျှင် ၎င်းတို့သည် တက်ကြွစွာ အုပ်စုဖွဲ့ခြင်း သို့မဟုတ် မိမိတို့၏ ကိုယ်ပိုင် သီးခြား နိုင်ငံတော်များကို တည်ထောင်ခြင်းမပြုသည့်အပြင် မိမိတို့ကိုယ်ကို သက်သေခံခဲကြသော်လည်း၊ ညီအစ်ကိုမောင်နှမများနှင့် အဆင်ပြေနိုင်ပြီး ဆင်းရဲဒုက္ခကို ခံနိုင်ရည်ရှိပြီး၊ အဖိုးအခပေးကာ ပူဇော်သက္ကာများကို ခိုးယူခြင်းမှ ရှောင်ကြဉ်ပြီး အထူးအခွင့်အရေးများ ရှာဖွေခြင်းမှ မိမိတို့ကိုယ်ကို တင်းကျပ်စွာ ချုပ်တည်းသည်အထိပင် ပြုလုပ်သော်လည်း၊ မည်သို့ပင်ဖြစ်စေ၊ အသင်းတော်၏အလုပ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သည့် အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများ သို့မဟုတ် ပူဇော်သက္ကာများကို ဖြုန်းတီးပြီး ဘုရားအိမ်တော်၏ ပစ္စည်းဥစ္စာများကို ပျက်စီးစေသည့် အမျိုးမျိုးသောလူများနှင့် ရင်ဆိုင်ရသည့်အခါ၊ ၎င်းတို့သည် မတားဆီး သို့မဟုတ် မကိုင်တွယ်ကြပေ။ ၎င်းတို့သည် မည်သည့်စကားမျှမပြော သို့မဟုတ် မည်သည့်အလုပ်မျှမလုပ်ပေ။ ထိုသို့သောလူများသည် ကြောက်မက်ဖွယ်ကောင်းလှသည်တကား။ ၎င်းတို့သည် အယောင်ဆောင် ခေါင်းဆောင်များထဲမှ စက်ဆုပ်ဖွယ်အကောင်းဆုံးသော အမျိုးအစား ဖြစ်ကြသည်။ ၎င်းတို့ကို ကယ်တင်၍မရနိုင်ပေ။ အဘယ်ကြောင့် ၎င်းတို့သည် ကယ်တင်၍မရနိုင်ဟု ငါဆိုရသနည်း။ ၎င်းတို့တွင် ညံ့ဖျင်းသော အစွမ်းအစရှိခြင်း သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သဘောမပေါက်နိုင်ခြင်းကြောင့် မဟုတ်ပေ။ ၎င်းတို့တွင် သဘောပေါက်နားလည်နိုင်စွမ်းနှင့် အလုပ်လုပ်နိုင်စွမ်း တစ်ခုခု ရှိကြသော်လည်း၊ တစ်စုံတစ်ဦးက အသင်းတော်၏အလုပ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်နေသည်ကို တွေ့ရှိသည့်အခါ၊ ၎င်းတို့ကမကိုင်တွယ် သို့မဟုတ် မဖြေရှင်းကြပေ။ ၎င်းတို့ အထက်ခေါင်းဆောင်များ၏ တင်းကျပ်သော ကြီးကြပ်မှု၊ မကြာခဏ စုံစမ်းမေးမြန်းမှုများနှင့် ကြုံတွေ့ရသည့်အခါ သို့မဟုတ် ၎င်းတို့ ပြုပြင်ခြင်းခံရသည့်အခါတွင်သာ ဤအလုပ်ကို အင်တင်တင်ဖြင့် အနည်းငယ်လုပ်ဆောင်ကြသည်။ ၎င်းတို့သည် ဤအလုပ်ကို လုပ်သည်ဖြစ်စေ မလုပ်သည်ဖြစ်စေ၊ သို့မဟုတ် မည်သို့လုပ်ဆောင်သည်ဖြစ်စေ၊ မိမိတို့ကိုယ်ကို ကာကွယ်ခြင်းသည် ၎င်းတို့၏ ထိပ်တန်းဦးစားပေး ဖြစ်သည်။ ၎င်းတို့သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များကို လုံးဝမဖြည့်ဆည်းကြပေ။ မိမိတို့ကိုယ်ကို ကာကွယ်ခြင်းနှင့် မိမိတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများကို ထိန်းသိမ်းခြင်းမှလွဲ၍၊ ၎င်းတို့သည် ပဓာနကျသော မည်သည့်အလုပ်ကိုမျှ မလုပ်ဆောင်သည့်အပြင်၊ လုပ်ရုံမှလွဲ၍ ရွေးချယ်စရာမရှိသည့် အပေါ်ယံအလုပ်အနည်းငယ်ကိုသာ လုပ်ဆောင်ကြသည်။ မိမိတို့ကိုယ်ကို ကာကွယ်ခြင်းထက်ပို၍၊ ၎င်းတို့သည် အခြားမည်သည့်အရာကိုမျှ ဂရုမစိုက်ကြပေ။ ၎င်းတို့သည် မြေခွေးတစ်ကောင်ထက် ပို၍ကောက်ကျစ်စဉ်းလဲကြသည် မဟုတ်လော။ အချို့လူများက “တိရစ္ဆာန်ငယ်များကို စားခြင်းသည် မြေခွေးတစ်ကောင်၏ ပင်ကိုအသိစိတ်ဖြစ်သည်၊ သို့ဆိုလျှင် အယောင်ဆောင်ခေါင်းဆောင်များက မိမိတို့ကိုယ်ကို ကာကွယ်ခြင်းသည်လည်း ပင်ကိုအသိစိတ် မဟုတ်လော” ဟု ဆိုကြသည်။ ဤသည်မှာ ပင်ကိုအသိစိတ်လော။ ဤသည်မှာ ၎င်းတို့၏ သဘာဝဖြစ်သည်။ ဤအယောင်ဆောင်ခေါင်းဆောင်များသည် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ထိခိုက်စေခြင်းနှင့် အသင်းတော်၏အလုပ်ကို ပျက်စီးစေခြင်းတို့အား ဖြစ်စေလျက်၊ မိမိတို့၏ ကိုယ်ပိုင်အဆင့်အတန်း၊ ဂုဏ်သတင်းနှင့် သိက္ခာကို ကာကွယ်ကြပြီး၊ လူများနှင့် ဆက်ဆံရေးကို ထိန်းသိမ်းကာ၊ တစ်ဦးတလေကို စိတ်အနှောင့်အယှက်ဖြစ်စေခြင်းအား ရှောင်ကြဉ်ကြသည်။ ၎င်းတို့သည် လူများကို ဖြုတ်ချခြင်း သို့မဟုတ် နေရာပြောင်းရွှေ့ခြင်းကိုပင် ကိုယ်တိုင်မကိုင်တွယ်ဘဲ၊ ထိုအစား ၎င်းတို့အတွက် လုပ်ဆောင်ပေးရန် အခြားသူများကို တာဝန်ပေးကြသည်။ ၎င်းတို့က “အကယ်၍ ထိုလူက လက်စားချေရန် ကြိုးစားလျှင်၊ သူက ကျွန်ုပ်နောက်သို့ လိုက်လာမည်မဟုတ်။ ကျွန်ုပ်ကြုံတွေ့ရသည့် မည်သည့်အခြေအနေတွင်မဆို ကျွန်ုပ်သည် ဦးစွာ မိမိကိုယ်ကို ကာကွယ်ရန် လိုအပ်သည်” ဟု စဉ်းစားကြသည်။ ဤလူတို့သည် အလွန်ပင် စဉ်းလဲလှသည်တကား။ ခေါင်းဆောင်တစ်ဦးအနေဖြင့်၊ သင်သည် ဤတာဝန်ကိုပင် မထမ်းဆောင်နိုင်ပေ။ ထို့ကြောင့် သင်သည် ခေါင်းဆောင်တစ်ဦးဖြစ်ရန် ထိုက်တန်သလော။ သင်သည် အသုံးမကျသော သူရဲဘောကြောင်သူတစ်ဦးသာ ဖြစ်သည်။ ဤအနည်းငယ်မျှသော သတ္တိမရှိဘဲ၊ သင်သည် ဘုရားသခင်ကို ယုံကြည်သူတစ်ဦး ဖြစ်နေသေးသလော။ မိမိတို့၏ တာဝန်များကို ထမ်းဆောင်ရာတွင် ခေါင်းရှောင်ရန် လှည့်ဖြားမှုကို အသုံးပြုသောလူများသည် ဘုရားသခင်၏ နောက်လိုက်များဖြစ်သလော။ ဘုရားသခင်သည် ထိုသို့သောလူများကို အလိုမရှိပေ။ ဤအယောင်ဆောင်ခေါင်းဆောင်များသည် မြေခွေးများလောက် စဉ်းလဲပြီး ဉာဏ်များကြသည်။ တစ်စုံတစ်ဦးက အဖျက်အမှောင့်လုပ်ခြင်း သို့မဟုတ် နှောင့်ယှက်ခြင်း ဖြစ်စေသည်ကို ၎င်းတို့ မြင်သည့်အခါ၊ ၎င်းတို့က ကိုင်တွယ်ခြင်း သို့မဟုတ် ဖြေရှင်းခြင်း မပြုကြပေ။ ၎င်းတို့သည် လက်တွေ့အလုပ်ကို တကယ်ပင် မလုပ်ဆောင်ကြပေ။ မည်သို့ပင် ၎င်းတို့ ဖော်ထုတ်ခံရပြီး ပြုပြင်ခြင်းခံရသည်ဖြစ်စေ၊ ၎င်းတို့သည် ပြုမူဆောင်ရွက်ခြင်းမရှိကြပေ။ သင်သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များကို မဖြည့်ဆည်းသည့်အတွက်၊ အဘယ်ကြောင့် ထိုရာထူးကို ရယူထားသနည်း။ သင်က အလှဆင်ပစ္စည်းတစ်ခု၏ အစိတ်အပိုင်းဖြစ်နိုင်ရန်အလို့ငှာ ဖြစ်သလော။ သင်က အဆင့်အတန်း၏ အကျိုးခံစားမှုများကို မွေ့လျော်ခံစားရန်ဖြစ်သလော။ သင်သည် ယင်းအတွက် အရည်အချင်းမပြည့်မီပေ။ လက်တွေ့အလုပ်ကို မလုပ်ဆောင်ဘဲ ညီအစ်ကိုမောင်နှမများက သင့်ကို ရိုသေပြီး ပုဂ္ဂိုလ်ရေးကိုးကွယ်စေလိုခြင်း၊ ဤသည်မှာ နတ်ဆိုးတစ်ကောင်၏ စိတ်နေစိတ်ထား မဟုတ်လော။ အရှက်မဲ့လိုက်လေခြင်းပါတကား။ အချို့လူများက ခေါင်းဆောင်တစ်ဦး လုံးဝမဖြစ်လိုဟု ဆိုကြသည်။ သို့ဆိုလျှင် သင်သည် သင်၏ ဂုဏ်သတင်းနှင့် အဆင့်အတန်းကို အဘယ်ကြောင့် ထိန်းသိမ်းသနည်း။ လူတို့ကို အထင်အမြင်မှားစေရာတွင် သင်၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ သင်သည် ခေါင်းဆောင်တစ်ဦး မဖြစ်လိုလျှင်၊ တက်ကြွစွာ နုတ်ထွက်နိုင်သည်။ အဘယ်ကြောင့် သင် နုတ်မထွက်သနည်း။ အဘယ်ကြောင့် ထိုရာထူးကို ရယူထားပြီး ဆင်းမပေးသနည်း။ သင် နုတ်ထွက်ရန် မလိုလားလျှင်၊ တာဝန်သိစွာ လက်တွေ့အလုပ်အချို့ကို လုပ်ဆောင်ရမည်။ အခြားရွေးချယ်စရာမရှိပေ။ ဤသည်မှာ သင်၏ တာဝန်ဖြစ်သည်။ သင်သည် လက်တွေ့အလုပ်ကို မလုပ်ဆောင်နိုင်လျှင်၊ တာဝန်ယူပြီး နုတ်ထွက်ခြင်းက အကောင်းဆုံးဖြစ်လိမ့်မည်။ အသင်းတော်၏အလုပ်ကို သင် မနှောင့်နှေးစေသင့် သို့မဟုတ် ဘုရားသခင် ရွေးချယ်ထားသောလူများကို သင် မထိခိုက်မနစ်နာစေသင့်ပေ။ သင်၌ ဤအနည်းငယ်သော အသိစိတ်နှင့် ဆင်ခြင်တုံတရားပင် ကင်းမဲ့လျှင်၊ သင်၌ လူ့သဘာဝအနည်းငယ် ရှိသေးသလော။ သင်သည် လူဟုအခေါ်မခံထိုက်ပေ။ ၎င်းတို့သည် ခေါင်းဆောင် သို့မဟုတ် အမှုဆောင်တစ်ဦး ဖြစ်နိုင်သည်ဖြစ်စေ မဖြစ်နိုင်သည်ဖြစ်စေ၊ ဘုရားသခင်ကို ယုံကြည်သောလူများသည် အနည်းဆုံး အသိစိတ်နှင့် ဆင်ခြင်တုံတရား အနည်းငယ်ရှိမှသာ လူဟု အခေါ်ခံထိုက်ပေသည်။

ခေါင်းဆောင် သို့မဟုတ် အမှုဆောင်တစ်ဦးဖြစ်ရန်၊ လူတစ်ဦးသည် အစွမ်းအစ အဆင့်တစ်ခုခုကို ပိုင်ဆိုင်ရန် လိုအပ်သည်။ လူတစ်ဦး၏ အစွမ်းအစသည် ၎င်းတို့၏ အလုပ်လုပ်နိုင်စွမ်းနှင့် သမ္မာတရား စည်းမျဉ်းများကို ၎င်းတို့ သဘောပေါက်သည့် အတိုင်းအတာအား အဆုံးအဖြတ်ပေးသည်။ သင်၏ အစွမ်းအစသည် အတော်အတန် ချို့တဲ့ပြီး သင်သည် သမ္မာတရားကို လုံလောက်အောင် နက်နက်နဲနဲ သဘောပေါက်နားလည်မှုမရှိသော်လည်း၊ သင် နားလည်နိုင်သလောက် လက်တွေ့လုပ်ဆောင်နိုင်ပြီး၊ သင် နားလည်သည့်အရာကို လက်တွေ့အသုံးချနိုင်ကာ၊ သင်၏ စိတ်နှလုံးထဲတွင် ဖြူစင်ရိုးသားသည့်အပြင်၊ သင်ကိုယ်တိုင်ကို ကိုယ်စားပြု၍ မည်သည့်အရာအတွက်မျှ အကြံအစည်မထုတ်ဘဲ သို့မဟုတ် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းကို မလိုက်စားဘဲ၊ ဘုရားသခင်၏ စေ့စေ့စပ်စပ်ကြည့်ရှုစစ်ဆေးခြင်းကို သင် လက်ခံနိုင်လျှင်၊ သင်သည် မှန်ကန်သောသူတစ်ဦး ဖြစ်သည်။ သို့သော်လည်း၊ အယောင်ဆောင်ခေါင်းဆောင်များသည် ဤအရည်အသွေးများကို မပိုင်ဆိုင်ကြပေ။ ၎င်းတို့သည် အသင်းတော်တွင် ပေါ်ပေါက်သည့် အမျိုးမျိုးသော အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်း ပြဿနာများကို စိတ်မဝင်စားကြပေ။ ဤပြဿနာများကို ၎င်းတို့ သတိပြုမိလျှင်ပင်၊ အရေးမစိုက်ကြပေ။ အခြေအနေကို ၎င်းတို့ သတိပြုမိခြင်း ရှိမရှိ မေးမြန်းခံရလျှင်၊ ၎င်းတို့က “ကျွန်ုပ် ထိုအကြောင်းကို အနည်းငယ် သိသော်လည်း အရာရာကို မသိဟု ထင်ပါသည်”ဟု ဆိုကြသည်။ ဤအရာသည် သင်၏ မျက်စိအောက်တွင်ပင် ဖြစ်ပျက်ခဲ့သည်။ သင်သည် ထိုအကြောင်းကို မသိဟု အဘယ်ကြောင့် ဆိုရသနည်း။ သင်သည် လူတို့ကို လှည့်စားရန် ကြိုးစားနေသည် မဟုတ်လော။ သင်သည် ထိုအကြောင်းကို သိသည့်အတွက်၊ ထိုအရာကို မည်သို့ကိုင်တွယ်ရမည်ကို သင် စဉ်းစားပြီးပြီလော။ အလုပ်တစ်ခုတလေကို သင် လုပ်ဆောင်ပြီးပြီလော။ ဖြေရှင်းချက် တစ်ခုတလေကို စိတ်ကူးရဖို့ သင် ကြိုးစားပြီးပြီလော။ ၎င်းတို့က “ထိုလူ၏ အစွမ်းအစသည် ကျွန်ုပ်ထက် ပိုကောင်းပြီး၊ ၎င်းတို့သည် စကားပြောကောင်းကာ စကားပြောရာတွင် ပြေပြစ်ကြသည်။ ကျွန်ုပ်သည် သူတို့ကို ဝင်ရောက်စွက်ဖက်ရန် မဝံ့ရဲပါ။ အကယ်၍ ကျွန်ုပ်က အမှန်တကယ် ပြဿနာမဟုတ်သည့်အရာတစ်ခုကို ကိုင်တွယ်ပြီး ၎င်းတို့ကို စိတ်အနှောင့်အယှက်ဖြစ်စေလျှင် မည်သို့လုပ်မည်နည်း။ ယင်းက နောက်ပိုင်းတွင် ကျွန်ုပ်၏အလုပ်ကို ခက်ခဲစေမည်ဖြစ်သည်”ဟု ပြန်ဖြေကြသည်။ သင် မဝံ့ရဲသည့်အတွက်၊ သင်သည် အသုံးမကျသော သူရဲဘောကြောင်သူတစ်ဦးဖြစ်ပြီး သင်၏ တာဝန်ဝတ္တရားများကို တမင်ပျက်ကွက်ကာ ခေါင်းဆောင်တစ်ဦးဖြစ်ရန် မထိုက်တန်ပေ။ ဤသို့သောအခြေအနေမျိုးနှင့် သင် ကြုံတွေ့ရသည့်အခါ၊ မည်သို့ကိုင်တွယ်ရမည်ကို သင် သိသလော။ ၎င်းတို့က “မည်သို့ကိုင်တွယ်ရမည်ကို ကျွန်ုပ် သိသော်လည်း၊ ကျွန်ုပ် မဝံ့ရဲပါ။ ထိုအရာအတွက် အထက်ရှိနေသည် မဟုတ်လော။ ပြီးလျှင် ဆုံးဖြတ်ချက်ချသည့်အဖွဲ့လည်း ရှိသေးသည်။ ကျွန်ုပ်က အဘယ်သို့ဖြစ်ပြီး ဤတာဝန်ကို ယူရမည့်သူ ဖြစ်နိုင်မည်နည်း”ဟု ဆိုကြသည်။ သင်သည် ထိုအရာကို မြင်ပြီး ထိုအကြောင်းကို သိသည့်အတွက်၊ ဤအခြေအနေကို ကိုင်တွယ်သင့်သည်။ သင်၏ ဝိညာဉ်ရင့်ကျက်မှုက အလွန်သေးငယ်ပြီး ဤပြဿနာကို မကိုင်တွယ်နိုင်လျှင်၊ သင်၏ အထက်လူကြီးများထံ ပြဿနာအကြောင်းကို သင် ပြောပြပြီးပြီလော။ သင်သည် ထိုအကြောင်းကို တင်ပြပြီးပြီလော။ သင်၏ တာဝန်ဝတ္တရားများ နယ်ပယ်အတွင်း ကျရောက်သည့်အရာနှင့် သင့်အပေါ် ကျရောက်သည့်အလုပ်ကို သင် လုပ်ဆောင်ပြီးပြီလော။ သင်သည် သင်၏ တာဝန်ဝတ္တရားကို အနည်းငယ်မျှပင် ကောင်းမွန်စွာ ဖြည့်ဆည်းပြီးပြီလော။ လုံးဝမဖြည့်ဆည်းရသေးပေ။ ၎င်းတို့၏ စိတ်နှလုံးထဲတွင်၊ ကောင်းစွာသိကြသည် “ကျွန်ုပ်သည် ဤပြဿနာအကြောင်းကို သိခဲ့သော်လည်း၊ ကျွန်ုပ် အရေးယူဆောင်ရွက်ခြင်းမပြုခဲ့ပါ။ ကျွန်ုပ် အပြစ်ရှိသည်ဟု ခံစားရသည်။ ထိုကိစ္စကို ကျွန်ုပ် တင်ပြသင့်ခဲ့သော်လည်း မတင်ပြခဲ့ပါ။ သို့သော် အခြားလူများကလည်း ထိုအရာကို မလုပ်ဆောင်ခဲ့ကြပါ၊ ထိုအရာက ကျွန်ုပ်နှင့် မည်သို့ပတ်သက်သနည်း”ဟူ၍ ဖြစ်သည်။ အခြားလူများသည်လည်း ခေါင်းဆောင်များဖြစ်သလော။ အခြားလူများက ထိုအရာကို လုပ်ဆောင်ခြင်း ရှိမရှိဟူသည်မှာ ထိုလူတို့၏ ကိစ္စဖြစ်သည်၊ သင်သည် အဘယ်ကြောင့် ထိုအရာကို မလုပ်ဆောင်ခဲ့သနည်း။ အခြားလူများက ထိုအရာကို မလုပ်ဆောင်လျှင်၊ သင်က ထိုအရာကို လုပ်ဆောင်ရန်မလိုအပ်ဟု ဆိုလိုသလော။ ဤသည်မှာ သမ္မာတရားဖြစ်သလော။ အခြားလူများက ထိုအရာကို လုပ်ဆောင်ခဲ့လျှင်ပင်၊ ထိုအရာက သင် လုပ်ဆောင်ခြင်းအတွက် အစားထိုးတစ်ခု ဖြစ်နိုင်မည်လော။ သင် လုပ်ဆောင်သည့်အရာမှာ သင်၏ ကိစ္စဖြစ်သည်။ သင်သည် သင်၏ တာဝန်များနှင့် ဝတ္တရားများကို ဖြည့်ဆည်းပြီးပြီလော။ မဖြည့်ဆည်းရသေးလျှင်၊ သင်၏ တာဝန်ဝတ္တရားများကို သင် ပျက်ကွက်နေခြင်းဖြစ်သည်၊ ခေါင်းဆောင်တစ်ဦးဖြစ်ရန် အရည်အချင်းမမီသည့်အပြင်၊ သင်သည် တာဝန်ယူပြီး နုတ်ထွက်သင့်သည်။ သင်မည်သို့ချီးမြှောက်ခြင်းခံခဲ့ရသည်ကို သင် တန်ဖိုးမထားပေ၊ ညီအစ်ကိုမောင်နှမများ၏ ယုံကြည်မှုနှင့် သင် ထိုက်တန်ခြင်းမရှိ၊ ဘုရားအိမ်တော်၏ ယုံကြည်မှုနှင့် ထိုက်တန်ခြင်း မရှိသည့်အပြင်၊ သင်သည် ဘုရားသခင်၏ ချီးမြှောက်ခြင်းနှင့် သာ၍ပင် ထိုက်တန်ခြင်း မရှိပေ။ သင်သည် နှလုံးသားမရှိသော အောက်တန်းကျသူ ဖြစ်သည်။ တတိယအမျိုးအစားဖြစ်သည့် အယောင်ဆောင်ခေါင်းဆောင်သည် ၎င်းတို့၏ ကိုယ်ကျင့်စရိုက်နှင့်ပတ်သက်၍ ပြဿနာတစ်ခုရှိသည်။ ၎င်းတို့၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ လိုက်စားမှုများနှင့် အသက်ဝင်ရောက်မှုတို့ မည်သို့ပင်ဖြစ်စေ၊ ၎င်းတို့၏ တာဝန်ထမ်းဆောင်သည့် သက်တမ်းကာလအတွင်း လက်တွေ့အလုပ်ကို မလုပ်ဆောင်ခြင်း၊ အသင်းတော်အတွက် မည်သည့်ဆုံးရှုံးမှုကိုမျှ ပြန်လည်မရယူပေးခြင်းနှင့် ဆိုးယုတ်သောလူများ၏ ဒုစရိုက်မှုများကို ချက်ချင်း သေချာပေါက် တားဆီး သို့မဟုတ် ကိုင်တွယ်နိုင်ခြင်း မရှိခြင်းတည်းဟူသော အချက်မှ အကဲဖြတ်ရုံမျှဖြင့်၊ ဤလူစားမျိုးတွင် ညံ့ဖျင်းသော အစွမ်းအစနှင့်ပတ်သက်သည့် ပြဿနာနှင့် လက်တွေ့အလုပ်ကို မလုပ်ဆောင်သည့် ပြဿနာတစ်ခု ရှိသည်သာမက၊ အရေးအကြီးဆုံးမှာ၊ ၎င်းတို့တွင် လူ့သဘာဝမရှိပေ။ ၎င်းတို့၏ အသိစိတ်သည် လုံးဝ ယိုယွင်းပျက်စီးနေသည့်အပြင် ၎င်းတို့တွင် ဆင်ခြင်တုံတရား ဘာဆိုဘာမျှ မရှိပေ။ သာမန်စကားဖြင့်ဆိုရသော်၊ ၎င်းတို့သည် ကိုယ်ကျင့်တရားအားဖြင့် ပျက်ယွင်းနေကြသည်။ ၎င်းတို့သည် အဆုံးစွန်ထိတစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ်ကောင်းသည့်အပြင်၊ ယုံကြည်စိတ်ချရသူများ မဟုတ်ကြပေ။ ငါတို့ စိတ်ဖြာလေ့လာဆွေးနွေးခဲ့သည့် လူသုံးမျိုးအနက်၊ ဤအမျိုးအစား၏ လူ့သဘာဝက အဆိုးဆုံးဖြစ်သည်။ ပထမလူနှစ်မျိုးသည် ညံ့ဖျင်းသော အစွမ်းအစရှိကြသည်။ ၎င်းတို့သည် အလုပ်မလုပ်နိုင်သည့်အပြင်၊ လူတို့ကို ပျိုးထောင်ခြင်းနှင့် ရာထူးတိုးမြှင့်ခြင်းအတွက် ဘုရားအိမ်တော်၏ စည်းမျဉ်းများနှင့် စံနှုန်းများကို မပြည့်မီသောကြောင့်၊ ၎င်းတို့ကို ပျိုးထောင်ပေး၍မရ သို့မဟုတ် အသုံးပြု၍မရပေ။ ၎င်းတို့၏ အစွမ်းအစသည် အလွန်ညံ့ဖျင်းပြီး၊ ၎င်းတို့သည် ကြောင်းကျိုးမမြင်ဖြစ်ကာ ထုံထိုင်းနေကြသည့်အပြင်၊ ၎င်းတို့သည် လက်တွေ့အားဖြင့် လူသေများဖြစ်ကြသည်။ ၎င်းတို့သည် ဖော်ထုတ်ခြင်းနှင့် စိတ်ဖြာလေ့လာဆွေးနွေးခြင်း မခံထိုက်ကြပေ။ တတိယလူစားမျိုးမှာ အဆိုးယုတ်ဆုံး ဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့၏ လူ့သဘာဝအရ အလွန့်အလွန် စက်ဆုပ်ဖွယ်ရာဖြစ်ပြီး ငါတို့သည် ဤအမျိုးအစားကို စဉ်းလဲပြီး ဉာဏ်များသည်ဟု သတ်မှတ်သည်။ ဤလူတို့သည် မြေခွေးများထက်ပင် ပို၍ကောက်ကျစ်စဉ်းလဲကြသည်။ ၎င်းတို့သည် လက်တွေ့အလုပ်ကို မလုပ်ဆောင်ဘဲ ဆင်ခြေများစွာရှိကာ လုံးဝကို စိတ်အေးလက်အေး ဖြစ်နေကြသည်။ ဆိုးယုတ်သောလူများနှင့် အန္တိခရစ်တို့က အသင်းတော်၏အလုပ်ကို မည်သို့ပင် နှောင့်ယှက်သည်ဖြစ်စေ၊ ၎င်းတို့က ထိုအရာနှင့်ပတ်သက်၍ ပူပန်သောကရောက်ခြင်း သို့မဟုတ် စိတ်ပူခြင်းမရှိဘဲ ခေါင်းဆောင်များအဖြစ် ဆက်လက်လုပ်ဆောင်လိုနေဆဲ ဖြစ်သည်။ အဘယ်ကြောင့် ၎င်းတို့သည် အာဏာကို ဤမျှစွဲလမ်းကြသနည်း။ ဤခေါင်းဆောင်များက “လူသားသည် အထက်သို့ ရုန်းကန်ဆန်တက်သည်၊ ရေသည်နိမ့်ရာသို့ စီးဆင်း၏။ လူတိုင်းက အာဏာကို ချစ်ကြသည်”ဟု ဆိုကြသည်။ ၎င်းတို့သည် မည်သည့်လက်တွေ့အလုပ်ကိုမျှ လုပ်ဆောင်လိုခြင်းမရှိသော်လည်း ၎င်းတို့၏ ရာထူးကို ဆက်လက်ဖက်တွယ်ပြီး ၎င်းတို့ အဆင့်အတန်း၏ အကျိုးခံစားမှုများကို ခံစားရန် ဆန္ဒရှိနေဆဲ ဖြစ်သည်။ ဤသည်မှာ မည်သည့် အယုတ်တမာမျိုး ဖြစ်သနည်း။ ၎င်းတို့သည် စာတန်၏ အမျိုးအစား စစ်စစ်ဖြစ်ပြီး၊ ကောင်းမြတ်သည့်အရာ မည်သည့်အရာမျှ မဟုတ်ကြပေ။

ယနေ့ ငါတို့သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ ဆယ့်နှစ်ခုမြောက် တာဝန်နှင့်ပတ်သက်သည့် အချက်သုံးချက်ကို မိတ်သဟာယဖွဲ့ခဲ့ကြသည်။ ဆယ့်နှစ်ခုမြောက် တာဝန်တွင် ငါတို့ စိတ်ဖြာလေ့လာဆွေးနွေးခဲ့သည့် အယောင်ဆောင်ခေါင်းဆောင်များသည် ယခင်က ငါတို့ ဖော်ထုတ်ခဲ့သည့် အယောင်ဆောင်ခေါင်းဆောင်များနှင့် အခြေခံအားဖြင့် တူညီကြသည်။ ငါတို့သည် အချက်သုံးချက်ကို စိတ်ဖြာလေ့လာဆွေးနွေးခဲ့သော်လည်း၊ ယင်းတို့က အဓိကအားဖြင့် ပြဿနာနှစ်ခုကို ခြုံငုံသည်။ တစ်ချက်မှာ ၎င်းတို့တွင် ညံ့ဖျင်းသော အစွမ်းအစရှိပြီး လက်တွေ့အလုပ်ကို မလုပ်ဆောင်နိုင်ခြင်း ဖြစ်သည်။ အခြားတစ်ချက်မှာ ၎င်းတို့၏ လူ့သဘာဝသည် ဆိုးယုတ်သည်၊ ယုတ်ညံ့ကာ၊ ကောက်ကျစ်စဉ်းလဲသည့်အပြင်၊ လက်တွေ့အလုပ်ကို ၎င်းတို့ မလုပ်ဆောင်ခြင်း ဖြစ်သည်။ ဤသည်တို့မှာ အယောင်ဆောင်ခေါင်းဆောင်များ၏ အခြေခံကျသော၊ ပဓာနကျသော ပြဿနာများ ဖြစ်ကြသည်။ တစ်စုံတစ်ဦးတွင် ဤပြဿနာနှစ်ခုထဲမှ တစ်ခုရှိနေသရွေ့၊ ၎င်းတို့သည် အယောင်ဆောင်ခေါင်းဆောင်တစ်ဦး ဖြစ်သည်။ ဤသည်မှာ သံသယရှိစရာမလိုပေ။

၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၄ ရက်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။