ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၂၁) အခန်း လေး
၄။ အန္တိခရစ်များ၏ အထင်အမြင်မှားစေခြင်း ခံရသည့်လူများနှင့်ပတ်သက်၍ ဂရုမစိုက်ခြင်း သို့မဟုတ် မမေးမြန်းခြင်း
အယောင်ဆောင် ခေါင်းဆောင်များ၏ နောက်ထပ် သရုပ်သကန်တစ်ခုရှိပြီး ယင်းမှာ ပို၍ပင် ဒေါသထွက်စရာကောင်းသည်။ အယောင်ဆောင် ခေါင်းဆောင်အချို့သည် အန္တိခရစ်များကို ၎င်းတို့၏ အပြန်အလှန်ဆက်ဆံမှုများအတွင်းတွင် အတိုင်းအတာတစ်ခုအထိ ပိုင်းခြားသိမြင်နိုင်သော်လည်း ၎င်းတို့ကို အချိန်မီ ကိုင်တွယ်ဖြေရှင်းရန် ပျက်ကွက်ကြသည်။ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများအား အန္တိခရစ်များကို ပိုင်းခြားသိမြင်နိုင်စေပြီး ငြင်းပယ်နိုင်စေရန်အလို့ငှာ အန္တိခရစ်တို့၏ အမျိုးမျိုးသော အပြုအမူများမှတစ်ဆင့် ၎င်းတို့၏ ဒုစရိုက်အမှုများနှင့် အနှစ်သာရကို အချိန်မီ ဖော်ထုတ်ပြီး စိတ်ဖြာလေ့လာဆွေးနွေးရန်လည်း ပျက်ကွက်ကြသည်။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များကို ကောင်းမွန်စွာ မဖြည့်ဆည်းခြင်းဟု မှတ်ယူပြီးသားဖြစ်သည်။ အချို့သော ညီအစ်ကိုမောင်နှမများသည် အထင်အမြင်မှားစေခြင်းခံရပြီး အန္တိခရစ်များနောက်သို့ လိုက်သည့်အခါတွင် ဤအယောင်ဆောင် ခေါင်းဆောင်များသည် မိမိတို့နှင့် မည်သည့် ပတ်သက်မှုမျှမရှိသည့်အလား လျစ်လျူရှုမြဲ လျစ်လျူရှုနေကြသည်။ ထို့အပြင် ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးထဲတွင် မိမိကိုယ်ကို အပြစ်တင်ခြင်း သို့မဟုတ် မိမိကိုယ်ကို စွပ်စွဲခြင်း တစ်ခုတလေမျှ မခံစားရကြပေ။ ၎င်းတို့က ဘုရားသခင်ကိုဖြစ်စေ၊ ညီအစ်ကိုမောင်နှမများကိုဖြစ်စေ တာဝန်ပျက်ကွက်ခဲ့သည်ဟု မခံစားရကြပေ။ ထိုအစား အောက်ပါ “ဂန္ထဝင်” စာကြောင်းကို မကြာခဏ ပြောဆိုကြသည်။ “ဤလူတို့သည် အန္တိခရစ်များ၏ အထင်အမြင်မှားစေခြင်းကို ခံခဲ့ရသည်။ ၎င်းတို့ ခံရထိုက်သည်။ ပိုင်းခြားသိမြင်နိုင်စွမ်း ကင်းမဲ့ခြင်းမှာ ၎င်းတို့၏ အပြစ်ဖြစ်သည်။ ၎င်းတို့သည် အန္တိခရစ်များနောက်သို့ မလိုက်ခဲ့လျှင်ပင် ဘုရားအိမ်တော်၏ ရှင်းလင်းပစ်ခြင်းခံရမည့် ပစ်မှတ်များ ဖြစ်ကြဦးမည်ဖြစ်သည်”ဟူ၍ ဖြစ်သည်။ ဤအယောင်ဆောင် ခေါင်းဆောင်များသည် ညီအစ်ကိုမောင်နှမများက အန္တိခရစ်များ၏ အထင်အမြင်မှားစေခြင်းကို ခံရပြီးနောက်တွင် မိမိကိုယ်ကို အပြစ်တင်ခြင်း သို့မဟုတ် အပြစ်ရှိသည်ဟု ခံစားရခြင်း မရှိသည်သာမက ဆင်ခြင်သုံးသပ်ခြင်း သို့မဟုတ် နောင်တရခြင်း ပို၍ပင် မရှိကြပေ။ ထိုအစား ၎င်းတို့သည် အန္တိခရစ်များ၏ အထင်အမြင်မှားစေခြင်းကို ဤညီအစ်ကိုမောင်နှမများက ခံရထိုက်သည်ဟု အခိုင်အမာဆိုလျက် ထိုသို့သော လူမဆန်သည့်အရာများကို ပြောဆိုကြသည်။ ဤစကားများမှ အဘယ်အရာကို မြင်နိုင်သနည်း။ ဤလူတို့တွင် လူ့သဘာဝ ရှိသလော။ (မရှိပါ။) ၎င်းတို့၏ လူ့သဘာဝ ကင်းမဲ့ခြင်းမှာ သေချာပေသည်။ သို့ဆိုလျှင် ၎င်းတို့သည် ဤအရာများကို အဘယ်ကြောင့် ပြောဆိုကြသနည်း။ (တာဝန်ကို ခေါင်းရှောင်ရန် ဖြစ်ပါသည်။) ပထမဦးစွာ ယင်းမှာ တာဝန်ကို ခေါင်းရှောင်ရန်၊ လူတို့ကို အထင်အမြင်မှားစေပြီး ထုံထိုင်းစေရန် ဖြစ်သည်။ ၎င်းတို့က “ထိုလူတို့သည် ပိုင်းခြားသိမြင်နိုင်စွမ်း ကင်းမဲ့သောကြောင့် အန္တိခရစ်များ၏ အထင်အမြင်မှားစေခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။ ယင်းမှာ ကျွန်ုပ်နှင့် မည်သည့် ပတ်သက်မှုမျှမရှိပါ။ သူတို့သည် သမ္မာတရားကို မလိုက်စားခဲ့ကြသဖြင့် အထင်အမြင်မှားစေခြင်းကို ခံရထိုက်သည်”ဟု ယုံကြည်ကြသည်။ “ခံရထိုက်သည်” ဟူသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ယင်းမှာ ဤလူတို့သည် အန္တိခရစ်များ၏ အထင်အမြင်မှားစေခြင်းနှင့် ထိန်းချုပ်ခြင်းကို ခံရသင့်ပြီး အန္တိခရစ်များ၏ ဆိုးဆိုးရွားရွား ထိခိုက်နစ်နာစေခြင်းကို ခံသင့်သည်ကို ဆိုလိုသည်။ အန္တိခရစ်များထံမှ ၎င်းတို့ မည်သည့် ဆက်ဆံမှုကိုပင် ခံရသည်ဖြစ်စေ ၎င်းတို့ ခံရထိုက်သည်။ ၎င်းတို့က အန္တိခရစ်များနောက်သို့ လိုက်ရန် ထိုက်တန်သည်။ သွယ်ဝိုက်ညွှန်းဆိုချက်မှာ ဤလူတို့သည် ဘုရားသခင်နောက်သို့ မလိုက်သင့်ဘဲ အန္တိခရစ်များနောက်သို့ လိုက်သင့်ကြောင်း၊ ၎င်းတို့အတွက် ဘုရားသခင်နောက်သို့ လိုက်ခြင်းသည် အမှားတစ်ခုဖြစ်ခဲ့ကြောင်းနှင့် ဘုရားသခင်က ၎င်းတို့ကို ရွေးချယ်ခြင်းသည်လည်း အမှားတစ်ခုဖြစ်ခဲ့ကြောင်း၊ ပြီးလျှင် ၎င်းတို့က ဘုရားအိမ်တော်ထဲသို့ ဝင်ရောက်ခဲ့ပြီးဖြစ်သော်လည်း အန္တိခရစ်များ၏ ခေါ်ဆောင်သွားခြင်းကို ခံရခြင်းမှာ ရှောင်လွှဲ၍မရသည့်အရာ ဖြစ်ခဲ့ကြောင်း ဟူ၍ ဖြစ်သည်။ ဤသည်မှာ အယောင်ဆောင် ခေါင်းဆောင်များက သွယ်ဝိုက်ညွှန်းဆိုသည့်အရာ မဟုတ်လော။ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများကို အသရေဖျက်သည်သာမက ဘုရားသခင်ကိုလည်း ပြစ်မှားစော်ကားကြသည်။ ထိုသို့သောလူများသည် မုန်းတီးဖွယ်ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့သည် အလွန်အမင်း မုန်းတီးဖွယ်ဖြစ်သည်။ တာဝန်ကို ခေါင်းရှောင်ခြင်းနှင့် ညီအစ်ကိုမောင်နှမများကို ၎င်းတို့ မကာကွယ်ခဲ့ဟူသည့် အဖြစ်မှန်နှင့် အမှန်တရားကို ဖုံးကွယ်ခြင်းအပြင် ဤလူတို့သည် အန္တိခရစ်များ၏ အထင်အမြင်မှားစေခြင်းကို ခံရထိုက်ပြီး ဘုရားသခင်ကို ယုံကြည်ရန်နှင့် ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံရရှိရန် မထိုက်တန်ဟု ဆိုလျက် ထိုလူများကို တိုက်ပင် တိုက်ခိုက်ကြသည်။ ဤပြောဆိုချက်တစ်ခုက ၎င်းတို့၏ စရိုက် မည်မျှ ယုတ်ညံ့သည်ကို ဖော်ပြနေသည်။ ၎င်းတို့သည် အန္တိခရစ်များကဲ့သို့ ညီအစ်ကိုမောင်နှမများကို တိုက်ရိုက် နှောင့်ယှက်ခြင်း၊ အထင်အမြင်မှားစေခြင်း သို့မဟုတ် ဖိနှိပ်ခြင်း မပြုခဲ့သော်လည်း ညီအစ်ကိုမောင်နှမများအပေါ်တွင်လည်းကောင်း၊ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်အပေါ်တွင်လည်းကောင်း၊ ဘုရားအိမ်တော်က ၎င်းတို့အား အပ်နှင်းထားသည့် သိုးစုအပေါ်တွင်လည်းကောင်း ၎င်းတို့၏ သဘောထားက ၎င်းတို့သည် အမှန်တကယ်တွင် အလွန်ပင် အသည်းမာပြီး သွေးအေးလှသည်ကို ပြသနေပါတကား။ ဘုရားသခင်၏ အမှုကို လက်ခံသည့်သူ မည်သူမျှ လွယ်လွယ်ကူကူ လက်ခံခြင်းမဟုတ်ပေ။ ယင်းတွင် ဧဝံဂေလိတရားကို ဟောကြားသူတို့၏ အနစ်နာခံမှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပါဝင်သည်။ ဤသည်မှာ လူအင်အားနှင့် အရင်းအမြစ်များစွာ ရင်းရသည့်အပြင် ထို့ထက်ပင်ပို၍ ယင်းအတွင်း၌ ဘုရားသခင်၏ ကြီးမားသည့်အဖိုးအခ ပါဝင်နေသည်။ လူတို့ကို သူ၏ရှေ့မှောက်သို့ ဆောင်ကြဉ်းရန် အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များ၊ အမှုအရာများနှင့် ပတ်ဝန်းကျင်များကို စီစဉ်ဖွဲ့စည်းသည့်သူမှာ ဘုရားသခင် ဖြစ်သည်။ အယောင်ဆောင် ခေါင်းဆောင်များသည် ဤအရာတစ်ခုကိုမျှ အာရုံမစိုက်ကြပေ။ မည်သူက အန္တိခရစ်များ၏ အထင်အမြင်မှားစေခြင်းကို ခံရသည်ဖြစ်စေ ၎င်းတို့သည် “သူတို့ ခံရထိုက်သည်” ဟူသည့် စကားတစ်ခွန်းတည်းဖြင့် ပယ်ချလိုက်သည်။ ထိုသို့လုပ်ဆောင်ခြင်းဖြင့် ၎င်းတို့က လူတိုင်း၏ ကြိုးစားလုပ်ဆောင်မှုအားလုံးနှင့် ဘုရားသခင်၏ ကြီးမားသည့် အဖိုးအခကို အချည်းနှီး ဖြစ်စေခဲ့သည်။ “သူတို့ ခံရထိုက်သည်” ဟူသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ယင်းမှာ “သူတို့ကို ဧဝံဂေလိတရားဟောရန် သင့်ကို မည်သူက ပြောခဲ့သနည်း။ သူတို့သည် ဘုရားသခင်ကို ယုံကြည်ရန် မထိုက်တန်ပါ။ သူတို့ကို ဧဝံဂေလိတရားဟောခြင်းသည် အမှားတစ်ခု ဖြစ်သည်။ အန္တိခရစ်များနောက်သို့ လိုက်ရန် သူတို့ကို မည်သူက ပြောခဲ့သနည်း။ ကျွန်ုပ်သည် မည်သည့် လက်တွေ့အလုပ်ကိုမျှ မလုပ်ဆောင်ခဲ့သော်လည်း သူတို့ကို အန္တိခရစ်များနောက်သို့လည်း မလိုက်စေခဲ့ပါ။ သူတို့ကိုယ်တိုင် မရမက လိုက်ခဲ့ခြင်းဖြစ်သည်။ သူတို့သည် အန္တိခရစ်များနောက်သို့ လိုက်ရန် ထိုက်တန်သည်”ဟု ဆိုလိုပေသည်။ ဤသို့သောသူတစ်ဦးတွင် မည်သည့် လူ့သဘာဝမျိုး ရှိသနည်း။ ၎င်းတို့တွင် စိတ်နှလုံး ရှိသေးသလော။ ၎င်းသည် အိမ်စောင့်ခွေးတစ်ကောင်လောက်ပင် အဖြစ်မရှိသော သွေးအေးသည့် တိရစ္ဆာန်တစ်ကောင်ဖြစ်ပြီး ခေါင်းဆောင်တစ်ဦး ဟုတ်သေးသလော။ ၎င်းသည် မထိုက်တန်ပေ။ သင်တို့အနေဖြင့် ပိုင်းခြားသိမြင်နိုင်စွမ်း ရှိရမည်။ ထိုသို့သောလူများက အသိစိတ်နှင့် ဆင်ခြင်တုံတရား ကင်းမဲ့ပြီး အလွန် သွေးအေးသည်ကို မြင်ရသည့်အခါ၊ ၎င်းတို့ကို ခေါင်းဆောင်များအဖြစ် သင်တို့ မရွေးချယ်ရပေ။ နားဝေတိမ်တောင် မဖြစ်ကြနှင့်။ ၎င်းတို့သည် ဆုံးရှုံးမှုများကို ပြန်ထေမိစေရန်နှင့် အန္တိခရစ်များ၏ အထင်အမြင်မှားစေခြင်းခံရသူများကို ပြန်လည်ကယ်တင်ရန် ဖြစ်နိုင်သမျှ အရာအားလုံးကို လုပ်ဆောင်ဖို့ ပျက်ကွက်သည်သာမက ထိုသို့သော ရက်စက်သည့်အရာများကိုလည်း ပြောဆိုကြသည်။ ၎င်းတို့သည် အလွန် မလိုမုန်းထားတတ်ကြသည်တကား။ ဤလူစားမျိုးနှင့်ဆိုင်သော ပြဿနာသည် သာမန် အယောင်ဆောင် ခေါင်းဆောင်တစ်ဦး၏ ပြဿနာထက် သဘာဝအားဖြင့် ပို၍ ပြင်းထန်သည်။ ၎င်းတို့ကို အန္တိခရစ်များအဖြစ် မှတ်ယူ၍မရနိုင်သော်လည်း ၎င်းတို့၏ သရုပ်သကန်များကို အခြေခံ၍ ၎င်းတို့တွင် လူ့သဘာဝမရှိသည့်အပြင် ခေါင်းဆောင် သို့မဟုတ် အမှုဆောင်တစ်ဦးဖြစ်ရန် မထိုက်တန်ကြောင်းမှာ သိသာထင်ရှားပေသည်။ ၎င်းသည် အကျည်းတန်သည့်၊ ကျေးဇူးကန်းသော သစ္စာဖောက်တစ်ဦးသာ ဖြစ်သည်။ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်မှာ အဘယ်အရာဖြစ်သည်ကို ၎င်းက မသိသကဲ့သို့ မည်သည့်အလုပ်ကို မိမိ လုပ်ဆောင်သင့်သည်ကိုလည်း မည်သည့် သိနားလည်မှုမျှ မရှိပေ။ ၎င်းသည် ယင်းကို အသိစိတ်နှင့် ဆင်ခြင်တုံတရားဖြင့် သဘောထားပြုမူခြင်း မရှိပေ။ ၎င်းသည် ဘုရားသခင် ရွေးချယ်ထားသောလူများ၏ ခေါင်းဆောင်တစ်ဦးဖြစ်ရန် မထိုက်တန်သည့်အပြင် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို လက်ခံရန် မထိုက်တန်ပေ။ အထူးသဖြင့် အယောင်ဆောင် ခေါင်းဆောင်များသည် ဘုရားသခင် ရွေးချယ်ထားသောလူများအပေါ် ချစ်ခြင်းမေတ္တာ မရှိကြပေ။ ညီအစ်ကိုမောင်နှမများက အထင်အမြင်မှားစေခြင်းကို ခံရသည့်အခါတွင် ၎င်းတို့သည် မည်သည့် ကရုဏာသက်မှုကိုမျှ မပြဘဲ “သူတို့ ခံရထိုက်သည်”ဟူသကဲ့သို့သော အရာများကို ပြောဆိုလျက် လဲနေသူကိုပင် နင်းချေကြသေးသည်။ ထိုသို့သောလူတစ်ဦးသည် ကံအကြောင်းမလှမှုနှင့်ဖြစ်စေ၊ အခက်အခဲများနှင့်ဖြစ်စေ ကြုံတွေ့နေရသူတစ်ဦးကို တွေ့မြင်ပါက ကူညီလိမ့်မည်မဟုတ်ဘဲ ထိုအစား လဲနေသူကို နင်းချေမည်ဖြစ်သည်။ ၎င်းတို့၏ အသိစိတ်က မိမိကိုယ်ကို အပြစ်တင်ခြင်း တစ်ခုတလေမျှ ခံစားရမည်မဟုတ်သည့်အပြင် ၎င်းတို့သည် ခေါင်းဆောင်တစ်ဦးအဖြစ် အစဉ်သဖြင့် ရှိခဲ့သည့်အတိုင်း ဆက်ရှိနေမည် ဖြစ်သည်။ ဤသည်မှာ အရှက်မဲ့ခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) ညီအစ်ကိုမောင်နှမများကို မဆိုထားနှင့်၊ ဘာသာတရားမရှိသော လူကောင်းတစ်ဦးပင်လျှင် နတ်ဆိုးများ၏ ဆိုးဆိုးရွားရွား ထိခိုက်နစ်နာစေခြင်းကို ခံရပါက ဘုရားသခင်ကို ယုံကြည်သူတစ်ဦးအနေဖြင့်လည်းကောင်း၊ ဖန်ဆင်းခံတစ်ဦးအနေဖြင့်လည်းကောင်း ပုံမှန် လူ့သဘာဝရှိသည့် မည်သူမဆိုသည် ကရုဏာသက်မှုကို ခံစားရမည်ဖြစ်သည်။ ညီအစ်ကိုမောင်နှမများဖြစ်သည့် ဘုရားသခင်ကို ရိုးသားစစ်မှန်စွာ ယုံကြည်သောသူများက အန္တိခရစ်များ၏ အထင်အမြင်မှားစေခြင်းနှင့် ထိခိုက်နစ်နာစေခြင်းကို ခံရသည့်အခါတွင် ၎င်းတို့၏ စိတ်နှလုံးသည် မည်မျှ သာ၍ နာကျင်ခံစားရသင့်သနည်း။ ဤအယောင်ဆောင် ခေါင်းဆောင်များသည် အန္တိခရစ်များက ဒုစရိုက်မှုကျူးလွန်ပြီး ဘုရားသခင် ရွေးချယ်ထားသောလူများကို ထိခိုက်နစ်နာစေသည့် အချိန်အတောအတွင်းတွင် မည်သည့်လက်တွေ့အလုပ်ကိုမျှ မလုပ်ဆောင်ကြပေ။ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများအား အန္တိခရစ်များအပေါ် ပိုင်းခြားသိမြင်နိုင်စွမ်း ရရှိစေပြီး ၎င်းတို့၏ စိတ်နှလုံးထဲမှ ငြင်းပယ်စေရန် ကူညီပေးရမည့် ဝန်တာထားစိတ်ရှိရန်မဆိုထားနှင့်၊ အန္တိခရစ်တို့၏ ဒုစရိုက်အမှုများနှင့် အနှစ်သာရကို ဖော်ထုတ်ခြင်း သို့မဟုတ် စိတ်ဖြာလေ့လာဆွေးနွေးခြင်း မရှိကြပေ။ ၎င်းတို့သည် ဤကိစ္စရပ်အတွက် မည်သည့် တာဝန်သိစိတ်ကိုမျှ မခံစားကြရပေ။ အချို့လူများသည် အန္တိခရစ်များ၏ အထင်အမြင်မှားစေခြင်းကို ခံရသည့်အခါတွင်ပင် ၎င်းတို့သည် “သူတို့ ခံရထိုက်သည်” ဟူသည့် သွေးအေးပြီး အကြင်နာမဲ့သည့် မှတ်ချက်ကိုသာ ပစ်ပစ်ခါခါ ပြောဆိုကြသည်။ ယင်းမှာ အမှန်တကယ်ပင် ဒေါသထွက်စရာကောင်းလှသည်။ တာဝန်ကို ခေါင်းရှောင်ရန်၊ မိမိတို့ကိုယ်ကို ထိန်းသိမ်းရန်၊ ပိုများသောလူတို့ကို အထင်အမြင်မှားစေပြီး ထုံထိုင်းစေရန်နှင့် ဘုရားသခင်၏ ပြစ်တင်ရှုတ်ချခြင်းကို ခံရခြင်းမှ ရှောင်ရှားရန်၊ ၎င်းတို့သည် ထိုသို့သော လူမဆန်သည့်အရာများကို ပြောဆိုကြသည်။ ဤသည်မှာ မုန်းတီးဖွယ်ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) သင် မည်သည့်အရာကို ပြောဆိုသည်ဖြစ်စေ၊ သင်၏ တာဝန်များကို သင် ကောင်းမွန်စွာ မဖြည့်ဆည်းခဲ့သည့်အပြင် သင်၏ အလုပ်ကို သင့်တင့်လျောက်ပတ်စွာ မလုပ်ဆောင်ခဲ့ပေ။ ဤသည်တို့မှာ အယောင်ဆောင် ခေါင်းဆောင်တစ်ဦး၏ သရုပ်သကန်များ ဖြစ်သည်။ သင် မည်မျှပင် ကြိုးစားသည်ဖြစ်စေ ဤအရာများကို သင် ငြင်း၍မရနိုင်ပေ။ သင်သည် အယောင်ဆောင် ခေါင်းဆောင်တစ်ဦး ဖြစ်သည်။
အန္တိခရစ်များ၏ အထင်အမြင်မှားစေခြင်းကို ညီအစ်ကို မောင်နှမအချို့ ခံရပြီးနောက်တွင် အယောင်ဆောင် ခေါင်းဆောင်အချို့က ဤလူတို့သည် အထင်အမြင်မှားစေခြင်း ခံရထိုက်သည်ဟု ဆိုလျက် အသည်းမာသည့်၊ သွေးအေးကာ တာဝန်မဲ့သည့် အပြုအမူ ပြုမူသည်သာမက ထိုသူတို့ထဲမှ လူ့သဘာဝ အတော်အတန်ကောင်းပြီး ပြန်လည်ကယ်တင်၍ရနိုင်မည့် မျှော်လင့်ချက်ရှိသူများကို အကြီးမားဆုံး အတိုင်းအတာထိ ပြန်လည်ခေါ်ဆောင်ရန် မိမိတို့၏ တာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းဖို့ ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များက တောင်းဆိုသည့်အခါတွင်ပင် ဤအယောင်ဆောင် ခေါင်းဆောင်များသည် မည်သည့် လက်တွေ့အလုပ်ကိုမျှ လုပ်ဆောင်ခြင်း မရှိကြသေးပေ။ အချို့လူများက အသင်းတော်သို့ ပြန်လာရန် တောင်းဆိုသည့်အခါတွင်ပင် ၎င်းတို့သည် လူတို့၏ အသက်ကို မြတ်နိုးတန်ဖိုးထားရမည့် တန်ဖိုးအရှိဆုံးအရာအဖြစ် သဘောမထားဘဲ လျစ်လျူရှုပြီး ပယ်ချနေကြသည်။ ၎င်းတို့သည် အထင်အမြင်မှားစေခြင်းခံရသော ထိုညီအစ်ကိုမောင်နှမများကို အကြီးမားဆုံး အတိုင်းအတာထိ ပြန်လည်ကယ်တင်ရန် ပျက်ကွက်ကြသည်။ ၎င်းတို့သည် ဤတာဝန်ကို မဖြည့်ဆည်းနိုင်သည့်အပြင် ထိုသို့လုပ်ဆောင်ရန် ကြိုးစားအားထုတ်မှုလည်း မရှိကြပေ။ ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များက ဤအလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်ရန် အကြိမ်ကြိမ် တောင်းဆိုသော်ငြားလည်း အယောင်ဆောင် ခေါင်းဆောင်များသည် မည်သည့်အရေးယူဆောင်ရွက်မှုမျှ မပြုသည့်အပြင် မည်သည့်အလုပ်ကိုမျှ မလုပ်ဆောင်ဘဲ မလှုပ်မယှက် ရှိနေဆဲဖြစ်သည်။ အကျိုးဆက်အနေဖြင့် အန္တိခရစ်များ၏ အထင်အမြင်မှားစေခြင်းကို ခံခဲ့ရပြီး သီးခြားခွဲထားခြင်း သို့မဟုတ် ရှင်းလင်းပစ်ခြင်း ခံခဲ့ရသော အချို့လူတို့သည် ယခုတိုင် ဘုရားအိမ်တော်သို့ မပြန်နိုင်ကြသေးသည့်အပြင် ပုံမှန်အသင်းတော်အသက်တာကို ပြန်လည်မစတင်နိုင်ကြသေးပေ။ အချို့လူတို့သည် အမျိုးမျိုးသော ကဏ္ဍများတွင် ဘုရားအိမ်တော်၏ ပြန်လည်ကယ်တင်ခြင်းအတွက် သတ်မှတ်ချက်များကို အမှန်တကယ် မပြည့်မီကြသော်လည်း ပြန်လည်ကယ်တင်နိုင်သည့် အခြားသူများလည်း ရှိနေသေးသည်မှာ အမှန်ပင်ဖြစ်၏။ ချစ်ခင်သော အကူအညီနှင့် စိတ်ရှည်သော ပံ့ပိုးမှုမှတစ်ဆင့် ၎င်းတို့သည် သမ္မာတရားကို နားလည်နိုင်ပြီး အန္တိခရစ်များကို ပိုင်းခြားသိမြင်ကာ ငြင်းပယ်နိုင်လျှင် ၎င်းတို့ကို ပြန်လည်ကယ်တင်နိုင်သည်။ သို့သော်လည်း ခေါင်းဆောင်များနှင့် အမှုဆောင်များသည် လက်တွေ့အလုပ်ကို မလုပ်ဆောင်သောကြောင့်လည်းကောင်း၊ ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များကို အကောင်အထည် မဖော်သောကြောင့်လည်းကောင်း၊ ဤလူတို့၏အသက်ကို အရေးကြီးသောအရာအဖြစ် သဘောမထားသောကြောင့်လည်းကောင်း အချို့လူတို့သည် အပြင်ဘက်တွင် ခြေဦးတည့်ရာ သွားလာနေကြရဆဲဖြစ်သည်။ ဤခေါင်းဆောင်များနှင့် အမှုဆောင်များသည် အမျိုးမျိုးသော ဆင်ခြေများကို အသုံးပြုလျက် ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များကို လျစ်လျူရှုကြသည်။ ၎င်းတို့သည် အသင်းတော်သို့ ပြန်လာလိုပြီး အသင်းတော်၏ လက်ခံခြင်းအတွက် သတ်မှတ်ချက်များကို ပြည့်မီသော ထိုညီအစ်ကိုမောင်နှမများကိုပင် လျစ်လျူရှုကြသည်။ ၎င်းတို့သည် ဤလူတို့၌ ဆိုးသော လူ့သဘာဝရှိကြောင်း၊ လုံခြုံရေးဆိုင်ရာ အန္တရာယ်များနှင့် ရင်ဆိုင်နေရကြောင်း၊ အဝတ်အစား ဝတ်စားဆင်ယင်ခြင်းကို နှစ်သက်ကြောင်း၊ ဇာတိပကတိဆိုင်ရာ သာယာမှုများကို နှစ်သက်ကြောင်း၊ အဆင့်အတန်းကို နှစ်သက်ကြောင်း စသည်ဖြင့် ပြောဆိုကာ အမျိုးမျိုးသော ဆင်ခြေများကို အကြံထုတ်ကြသည်။ ဤလုပ်ကြံဖန်တီးထားသော ဆင်ခြေများနှင့် အကြောင်းပြချက်များကို အသုံးပြုလျက် ၎င်းတို့သည် ထိုသူတို့ကို အသင်းတော်သို့ ပြန်လာခွင့်ပေးရန် ငြင်းပယ်ကြသည်။ ဤလူတို့သည် အန္တိခရစ်များ၏ အထင်အမြင်မှားစေခြင်းနှင့် ထိန်းချုပ်ခြင်းကို ခံရပြီးဖြစ်သော်လည်း ၎င်းတို့ လမ်းပျောက်ခြင်းက အယောင်ဆောင် ခေါင်းဆောင်များ၏ ပူပန်သည့်အရာ မဟုတ်ပေ။ ၎င်းတို့တွင် တာဝန်ယူစိတ် သို့မဟုတ် အသိစိတ် လုံးလုံးမျှ မရှိကြပေ။ ဤလူတို့ကို ပြန်လည်ကယ်တင်ခြင်းသည် ခက်ခဲသည် သို့မဟုတ် အန္တရာယ်ရှိသည်ဟု ၎င်းတို့ တွေးထင်ကြခြင်းကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်၊ သို့မဟုတ် ၎င်းတို့သည် စိတ်ထဲတွင် မလိုလားသည့်အပြင် သဘောမတူခြင်းကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်။ မည်သို့ပင်ဖြစ်စေ အမျိုးမျိုးသော အကြောင်းပြချက်များကြောင့် ၎င်းတို့သည် အထက်တွင်ဖော်ပြခဲ့သော ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်ကို လုံးဝ အကောင်အထည်မဖော်ကြပေ။ ဤသည်တို့မှာ ထိုသို့သော အယောင်ဆောင် ခေါင်းဆောင်များ၏ သရုပ်သကန်များ ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင် သို့မဟုတ် ဘုရားအိမ်တော်က ပေးအပ်သည့် တာဝန်တစ်ခုတလေနှင့် စပ်လျဉ်း၍ တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ပြီး မိမိတို့၏ တာဝန်များကို ကောင်းမွန်စွာ ဖြည့်ဆည်းရန် ပျက်ကွက်သည်သာမက တစ်စုံတစ်ဦးက ၎င်းတို့၏ တာဝန်ကို ပျက်ကွက်ခြင်းအား ဖော်ထုတ်သည့်အခါတွင် မိမိတို့၏ ပျက်ကွက်ခြင်းနှင့်ဆိုင်သော အမှန်တရားကို ဖုံးကွယ်ရန်အလို့ငှာ မိမိတို့၏ တာဝန်များကို ခေါင်းရှောင်ပြီး မိမိတို့ကိုယ်ကို မှန်ကြောင်းပြသည့် အရာများကို ပြောဆိုလျက် မိမိတို့ကိုယ်ကို ခုခံကာကွယ်ကြသည်။ ထိုသို့သော အယောင်ဆောင် ခေါင်းဆောင်များသည် သာ၍ပင် မုန်းတီးဖွယ်ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) အချုပ်အားဖြင့်ဆိုသော် အန္တိခရစ်များက ဘုရားသခင် ရွေးချယ်ထားသောလူများကို ဆိုးဆိုးရွားရွား ထိခိုက်နစ်နာစေခြင်းကို ကိုင်တွယ်ဖြေရှင်းရာတွင်လည်း ဤအယောင်ဆောင် ခေါင်းဆောင်များက ပေါ့ဆကြပြီး မည်သည့် လက်တွေ့အလုပ်ကိုမျှ လုံးဝ မလုပ်ဆောင်ကြပေ။ ၎င်းတို့သည် ဘုရားအိမ်တော်က တောင်းဆိုသည့် ဤအလုပ်၏ အသေးစိတ်တိုင်းကို လျစ်လျူရှုကြသည်။ ၎င်းတို့သည် မိမိတို့၏ စိတ်အလိုအတိုင်း ပြုမူပြီး မိမိတို့နှစ်သက်သည့်အတိုင်း လုပ်ဆောင်ရန်ကိုသာ နှစ်သက်လျက် အခက်အခဲကို ကြံ့ကြံ့ခံရန် သို့မဟုတ် အဖိုးအခပေးရန် မလိုလားကြပေ။ ၎င်းတို့ လုပ်ချင်စိတ်ရှိလျှင် အနည်းငယ်လုပ်ပြီး လုပ်ချင်စိတ်မရှိလျှင် မည်သည့်အရာမျှ မလုပ်ပေ။ ၎င်းတို့သည် ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များကို လုံးဝ လျစ်လျူရှုကြသည်၊ ဘုရားအိမ်တော်က ၎င်းတို့အား အပ်နှင်းထားသည့် တာဝန်ဝတ္တရားများနှင့် ၎င်းတို့၏ အလုပ်တာဝန်ကို လျစ်လျူရှုကြသည့်အပြင် အထူးသဖြင့် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် တောင်းဆိုချက်များကို အလေးမထားကြပေ။ ဤလူတို့တွင် လူ့သဘာဝမရှိသည့်အပြင် အသိစိတ်မရှိပေ။ ၎င်းတို့သည် လမ်းလျှောက်နေသော အလောင်းကောင်များ ဖြစ်ကြသည်။ လူ့သဘာဝမရှိသော လူတို့အား ဘုရားသခင်ကို ယုံကြည်ခြင်း၌ ကယ်တင်ခြင်းကို လိုက်စားသည့် သင်တို့အသက်တာ၏ ဤအဓိကကျသော ကိစ္စရပ်ကို တာဝန်ယူရန် သင်တို့ ယုံကြည်အပ်နှံရဲကြမည်လော။ (အပ်နှံရဲမည်မဟုတ်ပါ။) ၎င်းတို့သည် သင့်ကို အန္တိခရစ်များထံ မလွှဲပြောင်းပေးလျှင်ပင်၊ ဘုရားသခင် ရွေးချယ်ထားသောလူများကို အန္တိခရစ်များက အထင်အမြင်မှားစေပြီး ပြင်းထန်စွာ ထိခိုက်နစ်နာစေသည့်အခါတွင် ၎င်းတို့က အန္တိခရစ်များကို အစွမ်းကုန် တိုက်ခိုက်ကြလိမ့်မည်လော။ တိုက်ခိုက်ကြလိမ့်မည် မဟုတ်ပေ၊ အကြောင်းမှာ ထိုသို့သောလူများသည် တာဝန်သိစိတ်မရှိသော သွေးအေးသည့် တိရစ္ဆာန်များ ဖြစ်သောကြောင့် ဖြစ်သည်။ ၎င်းတို့သည် မိမိတို့ကိုယ်တိုင်အတွက် အကျိုးအမြတ်များကို ရယူရန်အတွက်သာ ခေါင်းဆောင်များအဖြစ် အစေခံကြခြင်း ဖြစ်သည်။
အယောင်ဆောင် ခေါင်းဆောင်များသည် တစ်ခါတစ်ရံ ညီအစ်ကိုမောင်နှမများအတွက် ပူပန်မှုကို ပြကြသည်။ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများအား တစ်စုံတစ်ခု လိုအပ်ခြင်း ရှိမရှိ၊ အစားအစာနှင့် နေရာထိုင်ခင်း စသည်တို့အရ ၎င်းတို့ မည်သို့ရှိသည်ဟူသည်ကို မေးမြန်းကြသည်။ ၎င်းတို့သည် နေ့စဉ်ဘဝနှင့် ဆက်စပ်သော ကိစ္စရပ်များနှင့် ပတ်သက်လာသည့်အခါ အတော်အတန် အရေးစိုက်ကြသော်လည်း ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်၊ ညီအစ်ကိုမောင်နှမများ၏ သေရေးရှင်ရေးအပြင် သမ္မာတရား စည်းမျဉ်းများ ပါဝင်သော ကိစ္စရပ်များနှင့် ပတ်သက်လာသည့်အခါတွင်မူ မည်သူက တောင်းဆိုသည်ဖြစ်စေ လျစ်လျူရှုကာ မည်သည့်အရာမျှ မလုပ်ဘဲ နေကြသည်။ ၎င်းတို့သည် လူတို့၏ ဇာတိပကတိဆိုင်ရာ ပျော်ရွှင်မှု၊ အစားအစာ၊ အဝတ်အစား၊ အမိုးအကာ၊ သယ်ယူပို့ဆောင်ရေး သို့မဟုတ် ရုပ်ဝတ္ထုဆိုင်ရာ အကျိုးအမြတ်များကိုသာ ဂရုစိုက်ကြပြီး ထိုသို့သော ကိစ္စရပ်များကိုသာ ကိုင်တွယ်ကြသည်။ အချို့လူများက “သင်၏ စကားများက ကွဲလွဲနေသည်။ သူတို့ သွေးအေးသည်ဟု သင် ပြောခဲ့သည် မဟုတ်လော။ သွေးအေးသောသူတစ်ဦးသည် အခြားသူများအတွက် ဤအရာများကို လုပ်ဆောင်ရန် လိုလားမည်လော” ဟု ပြောဆိုကြသည်။ သွေးအေးသောသူတစ်ဦးသည် လူတိုင်းအတွက် ဤအရာများကို လုပ်ဆောင်ရန် ဤမျှ ကြင်နာစိတ်ရှိမည်လော။ (ရှိမည်မဟုတ်ပါ။) အမှန်တွင် အချို့သော သွေးအေးသည့်လူများသည် ဤအရာများကို အမှန်ပင် လုပ်ဆောင်ကြမည်ဖြစ်ပြီး ဤအတွက် အကြောင်းရင်း နှစ်ခုရှိသည်။ တစ်ခုမှာ ၎င်းတို့သည် လူတိုင်းအတွက် အမှုအရာများကို လုပ်ဆောင်နေစဉ်တွင် မိမိတို့ကိုယ်တိုင်အတွက်လည်း အမှုအရာများကို လုပ်ဆောင်နေခြင်းဖြစ်ပြီး ဤအရာမှ အကျိုးအမြတ် ရရှိကြသည်။ ၎င်းတို့သည် တစ်စုံတစ်ခုကို လုပ်ဆောင်ခြင်းမှ မည်သည့် အကျိုးအမြတ်ကိုမျှ မရရှိနိုင်လျှင် ၎င်းတို့ ထိုအရာကို လုပ်ဆောင်နေသေးခြင်း ရှိမရှိဟူသည်ကို ကြည့်လော့။ ၎င်းတို့သည် ချက်ချင်း မိမိတို့၏ သဘောထားကို ပြောင်းလဲပြီး ရပ်တန့်ကြလိမ့်မည်။ ထို့အပြင် ဤအရာများကို လုပ်ဆောင်ရန်နှင့် လူတိုင်းအတွက် အကျိုးအမြတ်များကို ရှာဖွေရန် ၎င်းတို့သည် မည်သူ၏ငွေကို အသုံးပြုနေကြသနည်း။ ငွေကုန်ကြေးကျခံသည်မှာ ဘုရားအိမ်တော် ဖြစ်သည်။ ဘုရားအိမ်တော်၏ အရင်းအမြစ်များဖြင့် ရက်ရောခြင်းသည် ဤလူတို့ ကျွမ်းကျင်သောလုပ်ငန်း ဖြစ်သည်။ ၎င်းတို့သည် ပုဂ္ဂိုလ်ရေးအရ အကျိုးအမြတ်များ ရရှိသည့်အခါတွင် ဤအရာများကို အဘယ်ကြောင့် မလုပ်ဆောင်ဘဲ နေမည်နည်း။ ၎င်းတို့သည် လူတိုင်းအတွက် အကျိုးအမြတ်များကို ရှာဖွေနေစဉ်တွင်၊ အမှန်တကယ်တွင် မိမိတို့ကိုယ်တိုင်အတွက် အမှုအရာများကို လုပ်ဆောင်နေခြင်း ဖြစ်သည်။ ၎င်းတို့သည် အခြားလူတိုင်း၏ အကျိုးအတွက် အကျိုးအမြတ်များကို ရှာဖွေပေးလောက်သည့်အထိ ကြင်နာစိတ်မရှိပေ။ ၎င်းတို့သည် လူတိုင်းအတွက် အကျိုးအမြတ်များကို အမှန်တကယ် ရှာဖွေနေမည်ဆိုလျှင် ၎င်းတို့တွင် မည်သည့် တစ်ကိုယ်ကောင်းဆန်သော ရည်ရွယ်ချက်များမျှ မရှိသင့်သည့်အပြင် ဘုရားအိမ်တော်၏ စည်းမျဉ်းများအတိုင်း ကိစ္စရပ်များကို ကိုင်တွယ်သင့်သည်။ သို့သော်လည်း ၎င်းတို့သည် ထိုအစား မိမိတို့ကိုယ်တိုင်အတွက် အကျိုးအမြတ်များကို အမြဲ ရှာဖွေနေကြပြီး ဘုရားသခင် ရွေးချယ်ထားသောလူများ၏ အသက်ဝင်ရောက်မှုအတွက် မည်သို့မျှ မစဉ်းစားကြပေ။ ထို့အပြင် ၎င်းတို့သည် လူတို့က မိမိတို့ကို လေးစားပြီး “ဤသူသည် ကျွန်ုပ်တို့အတွက် အကျိုးအမြတ်များကို ရှာဖွေပေးပြီး ကျွန်ုပ်တို့၏ အကျိုးစီးပွားများကို ကာကွယ်ရန် ကြိုးစားသည်။ ကျွန်ုပ်တို့ တစ်စုံတစ်ခု လိုအပ်လျှင် ဆောင်ရွက်ပေးရန် သူ့ကို တောင်းဆိုသင့်သည်။ သူရှိနေလျှင် ကျွန်ုပ်တို့ မည်သည့် မကောင်းသော ဆက်ဆံမှုကိုမျှ ခံရမည်မဟုတ်ပါ”ဟု ပြောဆိုကြစေရန် လူတိုင်းအတွက် အမှုအရာများကို လုပ်ဆောင်ကြသည်။ လူတိုင်းက မိမိတို့ကို ကျေးဇူးတင်စေရန် ဤအရာများကို ၎င်းတို့ လုပ်ဆောင်ကြသည်။ ဤသို့ ပြုမူခြင်းအားဖြင့် ၎င်းတို့သည် ကျော်ကြားမှုနှင့် အကျိုးအမြတ် နှစ်မျိုးလုံးကို ရရှိကြရာ အဘယ်ကြောင့် ဤအရာများကို မလုပ်ဘဲ နေကြမည်နည်း။ ၎င်းတို့သည် လူတိုင်းအတွက် အကျိုးအမြတ်များကို ရှာဖွေခဲ့သော်လည်း ၎င်းတို့၏ လုပ်ဆောင်မှုဖြစ်ကြောင်း မည်သူမျှ မသိသည့်အပြင် လူတိုင်းက ဘုရားသခင်ကို ကျေးဇူးတင်ကြပြီး မည်သူတစ်ဦးတစ်ယောက်မျှ ၎င်းတို့အပေါ် ကျေးဇူးတင်စိတ် မရှိလျှင် ၎င်းတို့သည် ယင်းကို ဆက်လုပ်ဦးမည်လော။ ၎င်းတို့အနေဖြင့် ထိုသို့ လုပ်ဆောင်လိုစိတ် သေချာပေါက် ရှိတော့မည်မဟုတ်ပေ။ ၎င်းတို့၏ သရုပ်အမှန် ပေါ်သွားပေမည်။ ဤကဲ့သို့သောလူများက တစ်စုံတစ်ခုကို လုပ်ဆောင်သည့်အခါတွင် ၎င်းတို့၏ သဘာဝအနှစ်သာရက အပြည့်အဝ ဖော်ထုတ်ခြင်းခံရသည်။ ထို့ကြောင့် အန္တိခရစ်များက အသင်းတော်ကို နှောင့်ယှက်သည့်အခါတွင် ဘုရားသခင် ရွေးချယ်ထားသောလူများကို ကာကွယ်ရန် မည်သည့် လက်တွေ့အလုပ်ကိုမျှ လုံးဝ လုပ်ဆောင်ကြမည် မဟုတ်ပေ။
ဘုရားသခင် ရွေးချယ်ထားသောလူများက အန္တိခရစ်တို့၏ အထင်အမြင်မှားစေခြင်း၊ ထိန်းချုပ်ခြင်းနှင့် ထိခိုက်နစ်နာစေခြင်းတို့ကို ခံရပြီးနောက်တွင် အယောင်ဆောင် ခေါင်းဆောင်များသည် ယင်းကို လျစ်လျူရှုနေဆဲဖြစ်သည်ဟု ယခုတင် ငါတို့ မိတ်သဟာယဖွဲ့ခဲ့ကြသည်။ ၎င်းတို့သည် ဘုရားသခင် ရွေးချယ်ထားသောလူများကို ပြန်လည်ရယူရန် မည်သည့်နည်းလမ်းကိုမျှ မစဉ်းစားကြသည့်အပြင်၊ မိမိတို့၏ ဝတ္တရားများနှင့် တာဝန်များကိုလည်း မဖြည့်ဆည်းကြပေ။ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်ခံစားချက်များ၊ စိတ်အခြေအနေများနှင့် အကျိုးစီးပွားများကိုသာ စဉ်းစားကြသည်။ ၎င်းတို့သည် မိမိတို့၏ တာဝန်များကို မဖြည့်ဆည်းကြသည့်အပြင် မိမိတို့ကိုယ်တိုင်လည်း တာဝန်မယူကြပေ။ ထိုအစား ၎င်းတို့သည် မိမိတို့၏ တာဝန်များကို ခေါင်းရှောင်ပြီး ရှောင်လွှဲကြသည်။ ပြီးလျှင် ထိုသူတို့သည် အန္တိခရစ်တို့၏ အထင်အမြင်မှားစေခြင်းနှင့် ထိန်းချုပ်ခြင်းကို ခံရပြီးနောက်တွင်ပင် အပြစ်ရှိသည့်စိတ်တစ်ခုမျှ မခံစားရဘဲ မိမိတို့၏ တာဝန်ကို ရှောင်လွှဲရန်အလို့ငှာ ထိုသူတို့က ဘုရားသခင်ကို ရိုးသားစစ်မှန်စွာ ယုံကြည်ခြင်းမရှိဟု ပြောဆိုလျက် ဘုရားသခင် ရွေးချယ်ထားသောလူများကို ဝေဖန်အကဲဖြတ်ကြသည်။ ဤအယောင်ဆောင် ခေါင်းဆောင်တို့သည် မုန်းတီးစရာအကောင်းဆုံး ဖြစ်သည်။ ငါတို့ ဆွေးနွေးပြီးဖြစ်သည့် အယောင်ဆောင် ခေါင်းဆောင်တို့၏ အမျိုးမျိုးသော သရုပ်သကန်များသည် အတော်ပင် စက်ဆုပ်ရွံရှာဖွယ်ကောင်းသည်ချည်းသာ ဖြစ်သော်လည်း၊ ဤနောက်ဆုံးလူစားမျိုးမှာမူ တကယ်ကို လူ့သဘာဝ လုံးဝမရှိပေ။ ဤလူစားမျိုးသည် သွေးအေးသည့် တိရစ္ဆာန်တစ်ကောင်၊ လူ့အဝတ်အစားဝတ်ထားသည့် သားရဲတိရစ္ဆာန်တစ်ကောင် ဖြစ်သည်။ ၎င်းတို့ကို လူသားမျိုးနွယ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် မှတ်ယူ၍မရဘဲ၊ တိရစ္ဆာန်များထဲတွင် အမျိုးအစားခွဲထားသင့်သည်။ အဘယ်ကြောင့် ၎င်းတို့သည် မိမိတို့၏ တာဝန်များကို မဖြည့်ဆည်းကြသနည်း။ အကြောင်းမှာ ၎င်းတို့တွင် လူ့သဘာဝမရှိ၊ အသိစိတ် သို့မဟုတ် ဆင်ခြင်တုံတရား မရှိသောကြောင့် ဖြစ်သည်။ တာဝန်များ၊ ဝတ္တရားများ၊ ချစ်ခြင်းမေတ္တာ၊ သည်းခံခြင်း၊ သနားကရုဏာ၊ ညီအစ်ကိုမောင်နှမများကို ကာကွယ်ခြင်းဟူသည့် ဤအရာတစ်ခုမျှ ၎င်းတို့၏ စိတ်နှလုံးထဲတွင် မရှိပေ။ ဤအရည်အသွေးများကို ၎င်းတို့ မပိုင်ဆိုင်ကြပေ။ မိမိတို့၏ လူ့သဘာဝတွင် ဤအရည်အသွေးများ မရှိခြင်းသည် လူ့သဘာဝမရှိခြင်းနှင့် ညီမျှသည်။ ဤသည်တို့မှာ စတုတ္ထအမျိုးအစား အယောင်ဆောင် ခေါင်းဆောင်၏ သရုပ်သကန်များ ဖြစ်ကြသည်။
ဤသည်တို့မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ ဆယ့်သုံးခုမြောက် တာဝန်အတွင်း၌ ဖော်ထုတ်ရန် လိုအပ်သော အယောင်ဆောင် ခေါင်းဆောင်တို့၏ သရုပ်သကန် အမျိုးအစား လေးမျိုးမှာ အခြေခံအားဖြင့် ယင်းတို့ပင် ဖြစ်သည်။ အခြားသော အလားတူ သရုပ်သကန်အချို့ ရှိသည်မှာ အမှန်ပင်ဖြစ်သော်လည်း၊ ဤအမျိုးအစားလေးမျိုးသည် ဤအလုပ်ကို ထမ်းဆောင်ရာတွင် အယောင်ဆောင် ခေါင်းဆောင်တို့၏ အမျိုးမျိုးသော သရုပ်သကန်များအပြင် ၎င်းတို့၏ လူ့သဘာဝ အနှစ်သာရကိုပါ အခြေခံအားဖြင့် ကိုယ်စားပြုနိုင်ပြီးသားဖြစ်သည်။ ၎င်းတို့၏ သရုပ်သကန်များကို အမျိုးအစား မည်မျှပင် ငါတို့ ခွဲခြားသည်ဖြစ်စေ၊ မည်သို့ပင်ဖြစ်စေ အယောင်ဆောင် ခေါင်းဆောင်များ၏ အဓိကကျသော သရုပ်သကန်နှစ်မျိုးကိုမူ ဤအမျိုးအစားလေးမျိုးအတွင်း၌ တွေ့ရှိနိုင်ဆဲ ဖြစ်သည်။ ယင်းတို့ထဲမှ တစ်ခုမှာ လက်တွေ့အလုပ် မလုပ်ခြင်းဖြစ်ပြီး၊ အခြားတစ်ခုမှာ လက်တွေ့အလုပ် မလုပ်နိုင်ခြင်း ဖြစ်သည်။ ဤသည်တို့မှာ အယောင်ဆောင် ခေါင်းဆောင်တို့၏ အထင်ရှားဆုံးသော သရုပ်သကန်နှစ်မျိုး ဖြစ်သည်။ အယောင်ဆောင် ခေါင်းဆောင်တို့၏ လူ့သဘာဝနှင့် အစွမ်းအစတို့က မည်သို့ပင်ဖြစ်စေ၊ ၎င်းတို့က သမ္မာတရားကို မည်သို့ပင် သဘောထားသည်ဖြစ်စေ၊ မည်သို့ပင်ဖြစ်စေ ဤသရုပ်သကန်နှစ်မျိုးသည် ဤအမျိုးအစားလေးမျိုးအတွင်း၌ ပါဝင်ထင်ဟပ်နေသည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ ဆယ့်သုံးခုမြောက် တာဝန်နှင့်ပတ်သက်၍ ယနေ့ ငါတို့၏ မိတ်သဟာယတွင် အယောင်ဆောင် ခေါင်းဆောင်များကို ဖော်ထုတ်ခြင်းနှင့်ပတ်သက်သည့် အကြောင်းအရာမှာ ဤမျှသာဖြစ်သည်။
ဖြည့်စွက်ချက်- မေးခွန်းများကို ဖြေကြားခြင်း
သင်တို့တွင် မေးခွန်းများ တစ်ခုတလေ ရှိသလော။ (ဘုရားသခင်၊ ကျွန်ုပ် မေးခွန်းတစ်ခု မေးချင်ပါသည်။ စုဝေးပွဲအစတွင် ဘုရားသခင်က အန္တိခရစ်တို့၏ စိတ်သဘောထားရှိသော လူများနှင့် အန္တိခရစ်အစစ်အမှန်များကြား ခြားနားချက်မှာ အဘယ်အရာဖြစ်သည်ကိုလည်းကောင်း၊ အန္တိခရစ်တို့၏ အနှစ်သာရနှင့်ဆိုင်သော စံပြလက္ခဏာများက အဘယ်အရာဖြစ်သည်ကိုလည်းကောင်း ကျွန်ုပ်တို့ကို မေးခဲ့ပါသည်။ ထိုအချိန်တွင် ကျွန်ုပ်တို့၏ စိတ်များက ဗလာဖြစ်သွားသည်ဟု ခံစားခဲ့ရပြီး ခဏကြာ စဉ်းစားပြီးနောက် အလွန်ရိုးရှင်းသော စကားလုံးများနှင့် အယူဝါဒအချို့ကိုသာ ကျွန်ုပ်တို့ တွေးနိုင်ခဲ့ပါသည်။ ယခုတွင် ဘုရားသခင်သည် အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်းနှင့်ပတ်သက်သည့် သမ္မာတရားများကို တစ်နှစ်ကျော်ကြာ မိတ်သဟာယဖွဲ့ခဲ့ပြီးဖြစ်သော်လည်း၊ ကျွန်ုပ်တို့သည် ယင်းတို့ထဲမှ အလွန်နည်းပါးသော ပမာဏကိုသာ နားလည်ပြီး လက်တွေ့လုပ်ဆောင်နိုင်ကြပါသည်။ ဤအတွက် အကြောင်းရင်းတစ်ခုမှာ ကျွန်ုပ်တို့သည် ဤသမ္မာတရားများကို အားထုတ်လုပ်ဆောင်ခြင်းမရှိကြသည့်အပြင် နောက်တစ်ခုမှာ ကျွန်ုပ်တို့သည် အတော်အတန် နည်းပါးသည့် အန္တိခရစ်တို့ကို ကြုံတွေ့ခဲ့ရပြီး၊ ဤသမ္မာတရားများက လက်တွေ့အခြေအနေများနှင့် မည်သို့ဆက်စပ်သည်ကို မြင်ခြင်းအားဖြင့် နားလည်လာခြင်း မရှိသေးသောကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် ယခုအချိန်တွင်ပင် ကျွန်ုပ်တို့သည် ဤသမ္မာတရားများထဲသို့ ဝင်ရောက်မှုတစ်ခုမျှ အမှန်တကယ် မရှိသေးပါ။ ကျွန်ုပ်တို့တွင် အန္တိခရစ်တို့ကို ပိုင်းခြားသိမြင်မှု များစွာ မရှိသည့်အပြင်၊ ကျွန်ုပ်တို့ သတိမပြုမိသေးသည့် အန္တိခရစ်တို့၏ စိတ်သဘောထားနှင့်ဆိုင်သည့် သရုပ်သကန်များစွာလည်း ကျွန်ုပ်တို့ကိုယ်တိုင်၌ ရှိနေသည်။ ဤပြဿနာအား မည်သို့ဖြေရှင်းရမည်ကို မေးလိုပါသည်။) သမ္မာတရား၏ မည်သည့်ကဏ္ဍအတွက်မဆို၊ သင်၏ စိတ်နှလုံးထဲ၌ သမ္မာတရားနှင့်ဆိုင်သော နှုတ်ကပတ်တော်များ စွဲထင်သွားစေရန်အလို့ငှာ၊ သင်သည် စစ်မှန်သော အတွေ့အကြုံများနှင့် အတွေ့အကြုံဆိုင်ရာ သိနားလည်မှုအချို့ ရှိရမည်ဖြစ်ပြီး၊ စစ်မှန်သော သိနားလည်မှုတစ်ခုကို စွမ်းဆောင်ရရှိရမည်။ သမ္မာတရားကို ရရှိခြင်းဖြစ်စဉ်သည် အစဉ်သဖြင့် ဤကဲ့သို့ပင် ဖြစ်သည်။ သင် မှတ်မိနိုင်သောအရာများမှာ သင်၏ အတွေ့အကြုံများမှတစ်ဆင့် သင်ရရှိပြီးဖြစ်သော အရာများဖြစ်သည်။ ယင်းတို့သည် အနက်နဲဆုံးသော အမှတ်ရစရာများ ဖြစ်ကြသည်။ ထို့ကြောင့် ယနေ့ အန္တိခရစ်တို့၏ အကြောင်းအရာနှင့်ပတ်သက်၍ ငါတို့ မိတ်သဟာယဖွဲ့နေစဉ် ငါသည် သင်တို့အား ဤအကြောင်းအရာကို ဦးစွာ ပြန်လည်သုံးသပ်စေခဲ့သည်။ သင်တို့သည် ယင်းထဲမှ အချို့ကို ပြန်လည်သတိရနိုင်ခဲ့သည်။ သင်တို့ ပြန်လည်သတိရနိုင်ခဲ့သော အရာများထဲမှ၊ အချို့မှာ သင်တို့အတွက် အယူအဆဆိုင်ရာ ဖြစ်သော်လည်း၊ လက်တွေ့ဘဝနှင့် အနည်းနှင့်အများ ထပ်တူကျနိုင်သော အန္တိခရစ်တို့၏ သရုပ်သကန်အချို့ ရှိပေသည်မှာ သိသာထင်ရှားပေသည်။ လူတိုင်းသည် ဤနည်းလမ်းဖြင့် ယင်းကို တွေ့ကြုံရမည်။ လူတို့အတွက် ပုံမှန်အခြေအနေမှာ တရားဒေသနာများကို နားထောင်နေစဉ် မည်မျှပင် ကောင်းစွာ နားလည်ပုံရစေကာမူ၊ ၎င်းတို့သည် သဘောတရားပိုင်းအရနှင့် အယူဝါဒအရသာ နားလည်နေခြင်းဖြစ်ပြီး၊ သမ္မာတရားနှင့်ဆိုင်သည့် သိမြင်မှု မရှိကြပေ။ လူတစ်ဦးသည် သမ္မာတရားကို မည်သည့်အချိန်တွင် နားလည်နိုင်သနည်း။ လူတစ်ဦးသည် ဤအရာများကို တွေ့ကြုံပြီးသည့်အခါမှသာ လက်တွေ့ကျသော သိမြင်မှုအချို့ကိုရရှိနိုင်ပေသည်။ လက်တွေ့အခြေအနေများကို မတွေ့ကြုံဘဲ သိမြင်မှုကို မည်သူမျှ မရရှိနိုင်ပေ။ သို့ဖြစ်၍ ယနေ့တွင် အန္တိခရစ်တို့နှင့်ဆိုင်သည့် အကြောင်းအရာကို ငါတို့ မိတ်သဟာယဖွဲ့နေစဉ် အမြန် ပြန်လည်သုံးသပ်မှုတစ်ခု ပြုလုပ်ပြီး သင်တို့ကို ရိုးရှင်းသော သတိပေးချက်တစ်ခု ပေးရန် လိုအပ်ခဲ့သည်။ ဤအရာပြီးသည့်နောက်တွင် ငါတို့သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များအကြောင်း မိတ်သဟာယဖွဲ့သည်ဖြစ်စေ သို့မဟုတ် အယောင်ဆောင် ခေါင်းဆောင်တို့၏ အမျိုးမျိုးသော သရုပ်သကန်များအကြောင်း မိတ်သဟာယဖွဲ့သည်ဖြစ်စေ၊ ယင်းသည် သင်တို့အတွက် အနည်းဆုံးအနေဖြင့် အလွန်အနှစ်သာရမဲ့နေမည် မဟုတ်ပေ။ ထိုမျှသာ ဖြစ်သည်။ သို့သော်လည်း သင်တို့သည် အန္တိခရစ်တို့၏ အမျိုးမျိုးသော သရုပ်သကန်များကို တွေ့ကြုံရန် လိုအပ်နေဆဲ ဖြစ်သည်။ အချို့လူများက “အကယ်၍ ဘုရားသခင်က လက်တွေ့ကျသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာအချို့ကို မပြင်ဆင်ပေးလျှင်၊ ကျွန်ုပ်တို့သည် အဘယ်မှာ တွေ့ကြုံခွင့်ရနိုင်မည်နည်း။ ကျွန်ုပ်တို့သည် အန္တိခရစ်တို့ကို မိမိတို့ဘာသာ ရှာဖွေ၍မရနိုင်ပါ၊ ရနိုင်သလော” ဟု ပြောဆိုကြသည်။ သင်သည် ၎င်းတို့ကို ထွက်ရှာရန် မလိုအပ်ပေ။ အရိုးရှင်းဆုံးသော ဖြေရှင်းချက်မှာ အန္တိခရစ်တို့ကို သင် ကြုံတွေ့သည့်အခါ ၎င်းတို့ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ယှဉ်ကြည့်ရန် အကောင်းဆုံး ကြိုးစားလော့။ ၎င်းတို့၏ အပြင်ပန်း ထုတ်ဖော်မှုများ၊ ပြောဆိုချက်များ၊ လုပ်ဆောင်ချက်များနှင့် စိတ်သဘောထားများအပြင်၊ ၎င်းတို့၏ အတွေးအခေါ်များနှင့် သဘောထားအမြင်များ၊ ၎င်းတို့၏ ပြုမူကျင့်ကြံပုံအပြင် လောကနှင့်ဆက်ဆံပုံ၊ ၎င်းတို့၏ ဘဝနေထိုင်မှုပုံစံ စသည်တို့ကို ယှဉ်ကြည့်လော့။ ဆိုလိုသည်မှာ ငါတို့ ဆွေးနွေးခဲ့ပြီးဖြစ်သည့် အန္တိခရစ်တို့၏ သရုပ်သကန် တစ်ဆယ့်ငါးမျိုးနှင့် ၎င်းတို့ကို နှိုင်းယှဉ်ကြည့်လော့။ သင် တတ်နိုင်သမျှ များများ ယှဉ်ကြည့်လော့။ ဤသည်မှာ လူတို့၏ သဘောပေါက်နားလည်နိုင်စွမ်း ဖြစ်သည့်ပုံစံ ဖြစ်သည်။ လူ၏ မှတ်ဉာဏ်သည် အကန့်အသတ်ရှိသောကြောင့် ၎င်းတို့သည် မှတ်ဉာဏ်မှ များစွာ ပြန်လည်မမှတ်မိနိုင်ကြပေ။ လူတို့သည် မိမိတို့ ကိုယ်တွေ့အတွေ့အကြုံများမှတစ်ဆင့် အမှန်တကယ် ရရှိခဲ့သော အမှုအရာများအကြောင်းကို ပြည့်ပြည့်စုံစုံ ပြောဆိုနိုင်ကြသည်။ ၎င်းတို့ မည်မျှပင် ပြောဆိုသည်ဖြစ်စေ၊ ယင်းမှာ မှတ်ဉာဏ်ကို အခြေမခံဘဲ အတွေ့အကြုံနှင့် ၎င်းတို့ ဖြတ်သန်းခဲ့ရသည့်အရာကို အခြေခံသည်။ ၎င်းတို့ ရရှိပြီးဖြစ်သည့် ဤအရာများသည် သမ္မာတရားနှင့်လည်းကောင်း၊ အဖြစ်မှန်အရ မှန်ကန်သောအရာနှင့်လည်းကောင်း အနီးစပ်ဆုံးဖြစ်သည်။ ဤသည်တို့မှာ အတွေ့အကြုံမှတစ်ဆင့် လူတို့ ရရှိခဲ့သော အရာများ ဖြစ်သည်။ ထိုအရာများအပြင်၊ လူ၏ အယူအဆများ၊ စိတ်ကူးများနှင့် ကိုက်ညီသော အရာများနှင့် အသိပညာအခြေခံသော အရာများက သင်၏စိတ်ထဲတွင် ပထမဆုံး ဝင်ရောက်ပြီးနောက် အဓိကကျသော နေရာကိုယူထားသည်မှာ နှစ်ပေါင်းမည်မျှပင် ကြာမြင့်သည်ဖြစ်စေ၊ သမ္မာတရားနှင့် မကိုက်ညီပေ။ သင်သည် သမ္မာတရားကို စစ်မှန်စွာ နားလည်သောအခါ၊ ဤအရာများသည် ဖယ်ရှားရှင်းလင်းခံရကာ စွန့်ပစ်ခြင်းခံရလိမ့်မည်။ သို့သော်လည်း၊ အတွေ့အကြုံမှတစ်ဆင့် ရရှိခဲ့သည့် သမ္မာတရားနှင့် နီးစပ်ပြီး သမ္မာတရားနှင့် ကိုက်ညီသော ထိုအရာများမှာ တန်ဖိုးရှိသော အရာများ ဖြစ်ကြသည်။ ယနေ့ ငါမေးခဲ့သော မေးခွန်းများကို သင်တို့ အပြည့်အဝ နားလည်သည်ဖြစ်စေ၊ နားမလည်သည်ဖြစ်စေ၊ သင်တို့အားလုံးသည် အန္တိခရစ်တို့ထံမှ အထင်အမြင်မှားစေခြင်းနှင့် နှောင့်ယှက်ခြင်းအချို့ကို တွေ့ကြုံခဲ့ပြီးဖြစ်သောကြောင့်၊ အန္တိခရစ်တို့ကို ပိုင်းခြားသိမြင်ခြင်းဟူသော အကြောင်းအရာနှင့်သက်ဆိုင်၍ သင်တို့ နားလည်နိုင်သည့် အစိတ်အပိုင်းတစ်ခု သေချာပေါက် ရှိပေသည်။ ဤအရာက သင်တို့ကို ပိုင်းခြားသိမြင်နိုင်စွမ်း အနည်းငယ် ပေးပြီးဖြစ်ကာ၊ အန္တိခရစ်တို့က မကောင်းမှုပြုပြီး အသင်းတော်၏အလုပ်ကို နှောင့်ယှက်သည်ကို သင်တို့ ကြုံတွေ့သည့်အခါ၊ ဤသမ္မာတရားများသည် သင်တို့အတွက် အကျိုးသက်ရောက်မှုရှိလာနိုင်ပေသည်။ လက်တွေ့ကျသော ပတ်ဝန်းကျင်များကို သင်တို့ ကြုံတွေ့သည့်အခါမှသာ ဤနှုတ်ကပတ်တော်များက အကျိုးသက်ရောက်မှုရှိလာသည်။ အကယ်၍ သင်သည် အန္တိခရစ်တို့၏ အထင်အမြင်မှားစေခြင်းကို မတွေ့ကြုံခဲ့ရဘဲ ၎င်းတို့၏ လုပ်ဆောင်ချက်များကို သင်၏စိတ်ဖြင့်သာ စိတ်ကူးကြည့်လျှင်၊ ဤသည်မှာ အချည်းနှီးဖြစ်သည်။ သင်၏ စိတ်ကူးစိတ်သန်း မည်မျှပင် ကောင်းမွန်သည်ဖြစ်စေ ယင်းက သင့်အနေဖြင့် ၎င်းတို့ကို ပိုင်းခြားသိမြင်နိုင်လိမ့်မည်ဟု ဆိုလိုလိမ့်မည် မဟုတ်ပေ။ လက်တွေ့ကျသည့် ပတ်ဝန်းကျင်များကို ရင်ဆိုင်ရသည့်အခါမှသာ လူတို့သည် မိမိတို့၏ ကိုယ်ပိုင်အတွေးများနှင့် သဘောထားအမြင်များ၊ ၎င်းတို့ ထိတွေ့ခဲ့ရသော သဘောတရားအချို့နှင့် ၎င်းတို့ သင်ယူခဲ့သော အယူဝါဒများ၊ နည်းလမ်းများနှင့် နည်းစနစ်အချို့ကို အသုံးပြုလျက် ဤကိစ္စရပ်များကို ရင်ဆိုင်ပြီး ကိုင်တွယ်ရန် နောက်ဆုံးတွင် အမျိုးမျိုးသော ရွေးချယ်မှုများကို ပြုလုပ်ရန် အလိုအလျောက် တုံ့ပြန်ကြပေသည်။ သို့သော် ဤအခြေအနေများကို လူတို့ မကြုံတွေ့မီတွင်၊ ၎င်းတို့၌ အမျိုးမျိုးသော သဘောတရားများအပေါ် စင်ကြယ်သော သဘောပေါက်နားလည်နိုင်စွမ်းနှင့် အမှတ်ရစရာတစ်ခု ရှိနေလျှင် အတော်ပင် ကောင်းမွန်နေပြီ ဖြစ်သည်။ အချို့လူများက “ကျွန်ုပ်တို့ အန္တိခရစ်တို့ကို မကြုံတွေ့မီတွင် ကိုယ်တော်က ဤမျှများစွာ ပြောဆိုခြင်းသည် အဘယ်အသုံးဝင်သနည်း”ဟု ပြောဆိုကြသည်။ အသုံးဝင်ပေသည်။ အန္တိခရစ်တို့ကို ဖော်ထုတ်သည့် နှုတ်ကပတ်တော်များကို စာအုပ်တစ်အုပ်ထဲတွင် ပုံနှိပ်ထားသည် မဟုတ်လော။ ထိုနှုတ်ကပတ်တော်များသည် သင် တစ်ရက် သို့မဟုတ် နှစ်ရက်အတွင်း အပြည့်အဝ တွေ့ကြုံပြီး ထိုးထွင်းမြင်နိုင်သည့်အရာတစ်ခုလော။ မဟုတ်ပေ။ ယင်းတို့ကို ထိုစာအုပ်ထဲတွင် ပုံနှိပ်ထားခြင်း၏ ရည်ရွယ်ချက်မှာ သင်တို့ကို ကယ်တင်ရန်နှင့် သင်တို့အား ဤနှုတ်ကပတ်တော်များကို မကြာခဏ ဖတ်ရှုခွင့်ပြုရန်၊ ဤသမ္မာတရားများကို နားလည်ခွင့်ပြုရန်အပြင်၊ အနာဂတ်တွင် အန္တိခရစ်နှင့်ဆိုင်သော အဖြစ်အပျက်တစ်ခုဖြစ်စေ၊ သင်၏ကိုယ်ပိုင် စိတ်သဘောထားကို ပြောင်းလဲရာတွင် အခက်အခဲများဖြစ်စေ၊ သို့မဟုတ် အခြားမည်သည့်အရာမဆိုဖြစ်စေ၊ အမျိုးမျိုးသော အခြေအနေများကို သင်တို့ ကြုံတွေ့သည့်အခါ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုပြီး အသက်၏ ထောက်ပံ့မှုကို လက်ခံရရှိရန် ဖြစ်သည်။ ဤစာအုပ်ထဲရှိ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ဤကိစ္စရပ်များကို သင်တွေ့ကြုံပြီး ကိုင်တွယ်ရန်နှင့် သမ္မာတရား၏ ဤသွင်ပြင်လက္ခဏာများထဲသို့ ဝင်ရောက်ရန်အတွက် ရင်းမြစ် ဖြစ်သည်။ တရားဒေသနာများကို နားထောင်ချိန် သင် မည်မျှ နားလည်နိုင်သည်ဟူသည်မှာ သင်၌ လက်တွေ့ကျမှု မည်မျှရှိသည်ဟူသည်ကို ကိုယ်စားမပြုပေ။ အကယ်၍ သင်သည် တစ်ချိန်တွင် တစ်စုံတစ်ခုကို နားမလည်နိုင် သို့မဟုတ် မမှတ်မိနိုင်လျှင်၊ ယင်းက အနာဂတ်တွင် ယင်းကို သင် လုံးဝ တွေ့ကြုံမည်မဟုတ် သို့မဟုတ် လုံးဝ နားလည်လာမည်မဟုတ်ဟု ဆိုလိုခြင်းမဟုတ်ပေ။ တိုတိုပြောရလျှင် အတွေ့အကြုံမှတစ်ဆင့် လူတို့ ရရှိပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အခြေခံ၍ သိလာသောအရာများသာ သမ္မာတရားနှင့် ဆက်စပ်သည်ကို သင်တို့ နားလည်ရမည်။ လူတို့ မှတ်မိသောအရာများနှင့် ၎င်းတို့၏စိတ်ထဲတွင် နားလည်သောအရာများသည် များသောအားဖြင့် သမ္မာတရားနှင့် ဆက်စပ်မှုမရှိပေ။ ယင်းတို့သည် အယူဝါဒဆိုင်ရာ အရာများသာ ဖြစ်ကြသည်။ သမ္မာတရားနှင့်ပတ်သက်လာသည့်အခါ အရေးအကြီးဆုံးသောအရာများမှာ အဘယ်နည်း။ အရေးအကြီးဆုံးသောအရာများမှာ အတွေ့အကြုံနှင့် ဝင်ရောက်မှု ဖြစ်သည်။ သမ္မာတရား၏ သွင်ပြင်လက္ခဏာတစ်ခုတလေနှင့် ပတ်သက်၍ ယင်းကို လူတို့ အမှန်တကယ် တွေ့ကြုံသည့်အခါ ၎င်းတို့၏ နောက်ဆုံး အကျိုးခံစားမှုမှာ သမ္မာတရား၏ အသီးအပွင့်နှင့် ၎င်းတို့၏ ရှင်သန်မှုအတွက် လမ်းကြောင်းဖြစ်သည်။ ထို့ကြောင့် မမှတ်မိခြင်းသည် ပြဿနာမဟုတ်ပေ။
အကယ်၍ ငါသည် စုဝေးပွဲအစတွင် အဓိကအကြောင်းအရာကို တိုက်ရိုက် စတင်ဆွေးနွေးခဲ့လျှင်၊ အချိန်မီ သင်တို့ မတုံ့ပြန်နိုင်ဘဲ ရှိခဲ့မည် မဟုတ်လော။ ထို့ကြောင့် ငါသည် နည်းလမ်းအချို့ကို အသုံးပြုရန် လိုအပ်ခဲ့ပြီး သင်တို့ကို “အန္တိခရစ်တို့၏ အနှစ်သာရရှိသော လူများနှင့် အန္တိခရစ်တို့၏ စိတ်သဘောထားရှိသော လူများကြား ခြားနားချက်ကို သင်တို့ မှတ်မိကြသလော” ဟု ဦးစွာပထမ မေးခဲ့သည်။ ဤမေးခွန်းကို ဦးစွာ မေးရာတွင် ငါ၏ရည်ရွယ်ချက်မှာ သင်တို့ကို ဆွံ့အသွားစေရန် သို့မဟုတ် သင်တို့ကို ဖွင့်ချပြရန် မဟုတ်ဘဲ၊ သင်တို့ကို နှိုးဆော်ချက်တစ်ခု ပေးရန် ဖြစ်သည်။ ထို့နောက်၊ ငါတို့သည် ပြန်လည်သုံးသပ်မှုတစ်ခု ပြုလုပ်ခဲ့ပြီး၊ “အန္တိခရစ်တို့က သမ္မာတရားကို မည်သို့သဘောထားသည်ကိုလည်းကောင်း၊ အန္တိခရစ်တို့၏ လူ့သဘာဝက မည်သို့ရှိသည်ကိုလည်းကောင်း ကျွန်ုပ်တို့ ယခင်က မိတ်သဟာယဖွဲ့ခဲ့ပြီးဖြစ်သည်”ဟု အချို့လူများက တဖြည်းဖြည်း သတိရလာခဲ့ကြသည်။ အန္တိခရစ်တို့နှင့်ပတ်သက်သော အကြောင်းအရာအချို့သည် သင်တို့အပေါ် နက်ရှိုင်းသော အမှတ်ရစရာတစ်ခု ချန်ထားခဲ့ပြီးဖြစ်သည်။ ထိုသို့သောအရာများကို သင် တွေ့ကြုံသည့်အခါ၊ သင်၏ လက်တွေ့လုပ်ဆောင်မှုအတွက် လမ်းညွှန်နှင့် ဦးတည်ချက်အဖြစ် အကျိုးဆောင်ရန် သင်အသုံးပြုဖို့အတွက် ဤအကြောင်းအရာက စောင့်ဆိုင်းနေသည်။ သို့သော် သင်သည် ပထမဦးဆုံး ကြားပြီးနောက် မည်သည့် အမှတ်ရစရာမျှ လုံးဝ မရှိခဲ့သော အကြောင်းအရာများ သာ၍ပင်ရှိနေသည်။ ဤအကြောင်းအရာကိုလည်း တွေ့ကြုံရန် လိုအပ်သည်။ ဤအတွေ့အကြုံများကို သင် ဖြတ်သန်းပြီးနောက် ဤနှုတ်ကပတ်တော်များကို စားသောက်ကာ ဆုတောင်းရင်းဖြင့် ဖတ်ရှုသောအခါ၊ သင်သည် သာ၍ပင် များစွာ ရရှိလိမ့်မည်။ ယင်းမှာ သင် အမှတ်ရစရာရှိသော အကြောင်းအရာဖြစ်စေ၊ မရှိသော အကြောင်းအရာဖြစ်စေ သင်သည် ဤအရာများကို ဖြတ်သန်းရပြီးနောက်၊ ယင်းတို့အားလုံး ရောနှောသွားလိမ့်မည်။ သင်မှတ်မိခဲ့သော အယူဝါဒများသည် ယင်းတို့ကို သင် တွေ့ကြုံပြီးနောက် သင်၏ လက်တွေ့ကျသော သိနားလည်မှုနှင့် သင်၏ အကျိုးတရားများ ဖြစ်လာလိမ့်မည်။ သင် အမှတ်ရစရာမရှိခဲ့သော အကြောင်းအရာအတွက်မူ ယင်းကို တစ်ကြိမ် တွေ့ကြုံပြီးနောက် သင်၌ အမှတ်ရစရာအချို့ ရှိကောင်းရှိနိုင်သော်လည်း ယင်းမှာ အာရုံခံ သိမြင်မှုအနည်းငယ်သာ ဖြစ်လိမ့်မည်။ ဤအာရုံခံ သိမြင်မှုသည် အယူဝါဒအဆင့်တွင်သာ ရှိနိုင်သည်။ သင့်အနေဖြင့် အလားတူအရာများကို တစ်ဖန် တွေ့ကြုံရန် သင့်အတွက် ထိုအရာက ရှိနေခြင်းဖြစ်သည်။ ထိုအချိန်တွင် ယင်းက သင့်ကို လမ်းညွှန်ပေးမည်ဖြစ်ပြီး၊ သင့်ကို ဦးတည်ချက်ပေးကာ၊ သင့်ကို လက်တွေ့လုပ်ဆောင်မှုအတွက် လမ်းကြောင်းတစ်ခု ပေးလိမ့်မည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံခြင်းနှင့် သမ္မာတရားကို တွေ့ကြုံခြင်းသည် ဤဖြစ်စဉ်မျိုး ဖြစ်သည်။ ငါမေးခဲ့သော မေးခွန်းကို သင်တို့ မည်သို့ဖြေရမည်ကို မသိခြင်းက ရှက်စရာကောင်းသလော။ ရှက်စရာမကောင်းပေ။ အကယ်၍ သင်တို့သည် ငါ့ကို ရုတ်တရက် မေးခွန်းတစ်ခု မေးလျှင်၊ ထိုမေးခွန်းက မည်သည့်အရာကို ဆိုလိုသည်ဟူသည်နှင့် သမ္မာတရား၏ မည်သည့်သွင်ပြင်လက္ခဏာများ ပါဝင်သည်ဟူသည်တို့ကို ထည့်သွင်းစဉ်းစားလျက်၊ ငါသည်လည်း ချက်ချင်း အချိန်ယူစဉ်းစားရန် လိုအပ်ပေမည်။ လူ၏ဦးနှောက်နှင့် စိတ်သည် ဤသို့ အလုပ်လုပ်သည်။ ၎င်းတို့သည် တုံ့ပြန်ရန် အချိန်တစ်ခု လိုအပ်သည်။ သင် အလွန်ရင်းနှီးသောအရာတစ်ခု ဖြစ်လျှင်ပင် ယင်းကို နှစ်ပေါင်းများစွာ မကြုံတွေ့ခဲ့ရလျှင် သင်သည် ယင်းကို ရုတ်တရက် ပြန်ကြုံတွေ့သည့်အခါ တုံ့ပြန်ရန် အချိန် လိုအပ်နေဦးမည် ဖြစ်သည်။ သင်သည် တစ်စုံတစ်ခုကို မည်မျှပင် နက်ရှိုင်းစွာ တွေ့ကြုံခဲ့ပါစေ၊ ရက်ပေါင်းများစွာ သို့မဟုတ် နှစ်ပေါင်းများစွာကြာပြီးနောက် ယင်းကို ပြန်ကြုံတွေ့လျှင်၊ တုံ့ပြန်ရန် အချိန် လိုအပ်နေဦးမည် ဖြစ်သည်။ အန္တိခရစ်တို့နှင့်ဆိုင်သည့် အကြောင်းအရာအပေါ် သင်တို့၏ သိနားလည်မှုသည် စကားလုံးများနှင့် အယူဝါဒများအဆင့်တွင်သာ ရှိနေသည်ကို ပြောရန်မလိုပေ။ သင်တို့သည် ယင်းကို လက်တွေ့ဘဝတွင် သင်တို့ကြုံတွေ့ရသော အန္တိခရစ်များနှင့် ယခုထိတိုင် နှိုင်းယှဉ်မကြည့်နိုင်သေးသည့်အပြင်၊ သင်တို့သည် အခြေခံအားဖြင့် အန္တိခရစ်တို့ကို ယခုထိတိုင် ပိုင်းခြားသိမြင်နိုင်ခြင်း မရှိသေးဟု ဆို၍ရပေသည်။ သို့ဖြစ်၍၊ သင်တို့ လက်တွေ့ကျကျ တွေ့ကြုံရန် ဤသမ္မာတရားများက စောင့်ဆိုင်းနေသည်။ ထိုအခါမှသာ သင်တို့သည် ဘုရားနှုတ်ကပတ်တော်များ၏ စစ်မှန်မှုနှင့် တိကျမှုကို အတည်ပြုနိုင်ပေသည်။ ဥပမာအနေဖြင့် အန္တိခရစ်တို့သည် စွဲမြဲခိုင်မာစွာ နောင်တမရကြဟု ယခင်က ငါတို့ မိတ်သဟာယဖွဲ့ခဲ့ကြသည်။ ဤအရာကို သင် အာဂုံဆောင်ထားသည် ဆိုပါစို့၊ သင်က “အန္တိခရစ်တို့သည် စွဲမြဲခိုင်မာစွာ နောင်တမရကြဟု ဘုရားသခင် ပြောခဲ့သည်။ သူတို့သည် ဘုရားသခင်ကို အဆုံးတိုင် ဆန့်ကျင်ပြီး သူ့ကို အတိုက်အခံလုပ်ကြလိမ့်မည်။ ၎င်းတို့သည် သမ္မာတရားကို လက်မခံသည့်အပြင် ဘုရားသခင်၏ နှုတ်ကပတ်တော်များက သမ္မာတရားဖြစ်သည်ကို မည်သို့ပင်ဖြစ်စေ လုံးဝ ဝန်ခံကြလိမ့်မည်မဟုတ်ပါ။ သူတို့သည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ကြပါ”ဟု ဆိုသည်။ သင်သည် ဤပြောဆိုချက်ကို အယူဝါဒပိုင်းအရသာ နားလည်ခြင်း၊ လက်ခံခြင်း သို့မဟုတ် ထင်မြင်ယူဆချက်ရှိခြင်း ဖြစ်သည်၊ ယင်းမှာ အာရုံခံ သိမြင်မှုအနည်းငယ်သာ ဖြစ်သည်။ သင်၏ မသိစိတ်ထဲတွင်၊ ဤပြောဆိုချက်သည် မှန်ကန်သည်ဟု သင်ခံစားရသော်လည်း၊ အန္တိခရစ်တို့ ပြောဆိုသည့် မည်သည့် တိကျသောစကားများ၊ ၎င်းတို့ ထုတ်ဖော်သည့် မည်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၊ ၎င်းတို့ကို တွန်းအားပေးသည့် မည်သည့်သဘာဝ စသည်တို့က အန္တိခရစ်တို့ကို ဖော်ထုတ်သည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ထပ်တူကျပြီး ဆက်စပ်နေသနည်း။ ယင်းတို့ထဲမှ မည်သည့်အရာက ဘုရားသခင်၏ ဖော်ထုတ်မှုသည် အဖြစ်မှန်ဖြစ်ကြောင်း ဖော်ပြနိုင်သနည်း။ ဤအရာက သင့်အနေဖြင့် အန္တိခရစ်တစ်ဦးကို လူကိုယ်တိုင် တွေ့ဆုံရန် သို့မဟုတ် အန္တိခရစ်တစ်ဦး၏ လုပ်ရပ်များနှင့် စကားများအကြောင်းကို လေ့လာစောင့်ကြည့်သူများထံမှ ကြားရန် လိုအပ်ပြီး အဆုံးတွင် သင်က “ဘုရားသခင်၏ နှုတ်ကပတ်တော်များက အလွန် လက်တွေ့ကျသည်။ လုံးဝမှန်ကန်ပါသည်။ ဤလူသည် အန္တိခရစ်တစ်ဦးအဖြစ် အကြိမ်ပေါင်းများစွာ သတ်မှတ်ခြင်းခံရပြီး ဖြုတ်ချခြင်းခံရပြီးဖြစ်သည်။ ၎င်းတို့သည် ယခုထိတိုင် နှင်ထုတ်ခြင်း သို့မဟုတ် ရှင်းလင်းပစ်ခြင်း မခံရသေးသော်လည်း၊ ၎င်းတို့၏ သရုပ်သကန်များနှင့် ထုတ်ဖော်မှုများက ၎င်းတို့သည် သမ္မာတရားကို လုံးဝလက်မခံကြောင်း၊ စွဲမြဲခိုင်မာစွာ နောင်တမရကြောင်းနှင့် အန္တိခရစ်တို့၏ စိတ်သဘောထားရှိသည်သာမက အန္တိခရစ်တို့၏ သဘာဝ အနှစ်သာရလည်း ရှိကြောင်း ပြသသည်၊ သူတို့သည် အမှန်ပင် အန္တိခရစ်စစ်စစ်တစ်ဦး ဖြစ်သည်”ဟု နားလည်သဘောပေါက်ရန် လိုအပ်သည်။ ပြီးလျှင် တစ်နေ့တွင်၊ ဤလူ နှင်ထုတ်ခြင်းခံရသောအခါ၊ သင်၏ စိတ်နှလုံးထဲတွင် “ဘုရားသခင်၏ နှုတ်ကပတ်တော်များက အလွန် တိကျပါသည်တကား။ အန္တိခရစ်တို့၏ စိတ်သဘောထားရှိသော လူများသည် ပြောင်းလဲနိုင်သော်လည်း၊ အန္တိခရစ်တို့၏ အနှစ်သာရရှိသောသူများမှာမူ ပြောင်းလဲမည် မဟုတ်ပါ”ဟု သင် အတည်ပြုပေသည်။ ဤနှုတ်ကပတ်တော်များသည် သင်၏ စိတ်နှလုံးထဲတွင် အမြစ်စွဲသွားသည်။ ယင်းမှာ မှတ်ဉာဏ်တစ်ခု သို့မဟုတ် ထင်မြင်ယူဆချက် အနည်းငယ်မျှသာ မဟုတ်သည့်အပြင်၊ အာရုံခံ သိမြင်မှုတစ်မျိုးမျှသာလည်း မဟုတ်ပေ။ ထိုအစား၊ သင်သည် “အန္တိခရစ်တစ်ဦးက ပြောင်းလဲလိမ့်မည် မဟုတ်၊ သူသည် ဘုရားသခင်ကို အဆုံးတိုင် ဆန့်ကျင်လိမ့်မည်။ ဘုရားသခင်က သူတို့ကို မကယ်တင်သည်မှာ အံ့ဩစရာမရှိပါ။ ဘုရားသခင်က ထိုသို့သောလူများအပေါ် အလုပ်မလုပ်သည်မှာ အံ့ဩစရာမရှိပါ။ သူတို့သည် မိမိတို့၏ တာဝန်ကို ထမ်းဆောင်သည့်အခါ ဉာဏ်အလင်းရခြင်း သို့မဟုတ် သိမြင်မှု မည်သည့်အခါမျှ မရှိသည့်အပြင် မည်သည့်ကြီးထွားမှုမျှ မပြသသည်မှာ အံ့ဩစရာမရှိပါ။ သူတို့သည် မိမိတို့သဘောအတိုင်း လုပ်ဆောင်ရန် စိတ်ပိုင်းဖြတ်ထားကြသည်။ ဤသည်မှာ အမှန်တကယ်ပင် အန္တိခရစ်တစ်ဦး ဖြစ်သည်တကား” ဟူ၍ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နက်ရှိုင်းစွာ နားလည်ပြီး လက်ခံပေသည်။ သင်သည် ဘုရား နှုတ်ကပတ်တော်များ၏ မှန်ကန်တိကျမှုကို အတည်ပြုသောအခါ မိမိဘာသာ “ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် အမှန်တကယ်ပင် သမ္မာတရား ဖြစ်သည်။ ဤနှုတ်ကပတ်တော်များက မှန်ကန်သည်။ အာမင်”ဟု တွေးလိမ့်မည်။ သင်က အာမင်ဟု ဆိုခြင်းက မည်သည့်အရာကို ဆိုလိုသနည်း။ သင်၏ အတွေ့အကြုံများမှတစ်ဆင့်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် အရာခပ်သိမ်းကို တိုင်းတာရန်အတွက် စံသတ်မှတ်ချက်ဖြစ်ကြောင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များက သမ္မာတရားဖြစ်ကြောင်းနှင့် ဤခေတ်ကာလနှင့် ဤလူသားမျိုးနွယ်တို့ ကွယ်ပျောက်သွားသည့်အခါတွင်ပင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကွယ်ပျောက်သွားလိမ့်မည် မဟုတ်ကြောင်းကို သင် နားလည်လာခဲ့သည်ဟု ဆိုလိုသည်။ အဘယ်ကြောင့် ထိုနှုတ်ကပတ်တော်များက ကွယ်ပျောက်သွားလိမ့်မည် မဟုတ်သနည်း။ အကြောင်းမှာ မည်သည့်အချိန်အခါ၌မဆို၊ အန္တိခရစ်တို့၏ အနှစ်သာရသည် လုံးဝ ပြောင်းလဲလိမ့်မည် မဟုတ်သည့်အပြင်၊ အန္တိခရစ်တို့၏ အနှစ်သာရကို ဖော်ထုတ်သည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များသည်လည်း လုံးဝ ပြောင်းလဲလိမ့်မည် မဟုတ်သောကြောင့် ဖြစ်သည်။ ဤခေတ်သည် ကွယ်ပျောက်သွားလိမ့်မည်ဖြစ်သော်လည်း၊ ဤဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်သည် ကွယ်ပျောက်သွားလိမ့်မည်ဖြစ်သော်လည်း၊ ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များသည် အစဉ်သဖြင့် အဖြစ်မှန်များနှင့်ဆိုင်သော သမ္မာတရား ဖြစ်လိမ့်မည်။ မည်သူကမျှ ဤအရာကို မငြင်းပယ်နိုင်ပေ။ ဤသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော် ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက သင်မြင်တွေ့ပြီး ကြုံတွေ့ရသော အဖြစ်မှန်များနှင့် ကိုက်ညီပြီး ထပ်တူကျကြောင်းကို သင် ခံစားရပြီး သင်၏ စိတ်နှလုံးက အတည်ပြုချက် ရရှိကာ ယင်းမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များက မှန်ကန်ရမည်ဟူသည်ဖြစ်စေ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များက မှားယွင်းခြင်းမရှိဟူသည်ဖြစ်စေ ခံစားရသည့် ခံစားချက်တစ်ခုမျှသာ မဟုတ်ဘဲ ထိုအစား သင်သည် ထိုနှုတ်ကပတ်တော်ကို မြင်တွေ့ခဲ့ပြီး ကိုယ်တိုင် တွေ့ကြုံပြီးဖြစ်လျှင် သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အလိုအလျောက် အာမင်ဟု ဆိုလိမ့်မည်။ ထိုအချိန်တွင် ငါက “အန္တိခရစ်တို့၏ အနှစ်သာရရှိသော လူများ၏ သရုပ်သကန်များမှာ အဘယ်နည်း”ဟု တစ်ဖန် မေးလျှင် သင်၏ အတွင်းပိုင်း သိနားလည်မှုက ချက်ချင်း ထွက်ပေါ်လာလိမ့်မည်။ သင်သည် အမှတ်ရစရာတစ်ခု၊ မှတ်မိထားသော စကားရပ်တစ်ခု သို့မဟုတ် အသိတစ်မျိုး သို့မဟုတ် အာရုံခံ သိမြင်မှုတစ်မျိုးကိုသာ ရရှိခြင်းဖြစ်မည် မဟုတ်ပေ။ သင်က ချက်ချင်းပင် “အန္တိခရစ်တို့သည် သမ္မာတရားကို လုံးဝလက်မခံကြသည့်အပြင် စွဲမြဲခိုင်မာစွာ နောင်တမရကြပါ”ဟု ဆိုလိမ့်မည်။ ဤပြောဆိုချက်တွင် ကျိုးကြောင်းဆီလျော်သော ဖွဲ့စည်းပုံ များများစားစား ရှိကောင်းမရှိနိုင်သော်လည်း၊ ယင်းကို အတော်လေး ရုတ်တရက် ပြောလိုက်ခြင်းဖြစ်ပြီး လူတို့က ပထမတွင် ယင်းကို သဘောပေါက်မည် မဟုတ်သော်လည်း သင်သည် တွေ့ကြုံပြီးဖြစ်သည့်အပြင် သင်၏ ကိုယ်ပိုင်မျက်စိဖြင့် မြင်တွေ့ပြီးဖြစ်သောကြောင့် ယင်းက မည်သည့်အရာကို ဆိုလိုသည်ကို သင်သိပေသည်။ အန္တိခရစ်တို့သည် ထိုသို့သော ယုတ်ညံ့သည့်အရာများ အတိအကျ ဖြစ်ကြသည်။ ၎င်းတို့ မည်သည့်အခါမျှ နောင်တရလိမ့်မည် မဟုတ်။ ဤနှုတ်ကပတ်တော်များကို တွေ့ကြုံရန် လိုအပ်သည်။ ယင်းတို့ကို မတွေ့ကြုံသောသူ မည်သူမဆိုသည် မည်သည့်အရာကိုမျှ ရရှိလိမ့်မည် မဟုတ်ပေ။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂ ရက်