ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၂၂) အခန်း သုံး

အမျိုးမျိုးသော ဆိုးယုတ်သည့်လူများကို ပိုင်းခြားသိမြင်ခြင်းအတွက် စံနှုန်းများနှင့် အခြေခံများ

ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ ဆယ့်လေးခုမြောက် တာဝန်ဝတ္တရားဖြစ်သည့် “အမျိုးမျိုးသော ဆိုးယုတ်သော လူတို့နှင့် အန္တိခရစ်တို့ကို အချိန်မီ ပိုင်းခြားသိမြင်ပြီး ဖယ်ထုတ်ပစ်လော့ သို့မဟုတ် နှင်ထုတ်လော့” သို့ ပြန်သွားကြစို့။ ခေါင်းဆောင်များနှင့် အမှုဆောင်များ လုပ်ဆောင်ရမည့် ဤအလုပ်သည် ငါယခုလေးတင် မိတ်သဟာယဖွဲ့ခဲ့သည့် အသင်းတော်များနှင့်ပတ်သက်သည့် အသေးစိတ်အချက်တစ်ခုစီနှင့် သက်ဆိုင်ခြင်းရှိမရှိကို ကြည့်ကြစို့။ ငါတို့သည် ဤတိကျသော အသေးစိတ်အချက်များကို အဘယ်ကြောင့် မိတ်သဟာယဖွဲ့ရန် လိုအပ်သနည်း။ ဤအသေးစိတ်အချက်များနှင့် ခေါင်းဆောင်များနှင့် အမှုဆောင်များ လုပ်ဆောင်ရမည့် ဤအလုပ်ကြားတွင် မည်သို့သော ဆက်နွှယ်မှု ရှိသနည်း။ (ဤဆိုးယုတ်သောလူများနှင့် အန္တိခရစ်တို့သည် အသင်းသားများ မဟုတ်ကြဘဲ ဖယ်ရှားခြင်း ခံရရန် လိုအပ်ပါသည်။ ထို့အပြင် ၎င်းတို့၏ တည်ရှိမှုသည် အသင်းတော်များ လုပ်ဆောင်သည့်အလုပ်ကို ပိတ်ဆို့ပြီး နှောင့်ယှက်ပါသည်။) သို့ဆိုလျှင် ဆက်နွှယ်မှုတစ်ခု ရှိသည်၊ ဤမိတ်သဟာယဖွဲ့ခြင်းသည် အချည်းနှီးမဟုတ်ပေ။ အသင်းတော်တစ်ခု၏ အမည်သညာ သို့မဟုတ် အနက်အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့်ပတ်သက်သည့် အသေးစိတ်အချက်တစ်ခုစီကို နားလည်ပြီးနောက် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အသင်းတော် အသင်းသားများကို မည်သို့ ဆက်ဆံသင့်သည်၊ အသင်းတော်မှ ဖယ်ထုတ်ပစ်ခြင်း သို့မဟုတ် နှင်ထုတ်ခြင်းခံရရန် လိုအပ်သည့် လူအမျိုးမျိုးကို မည်သို့ သဘောထားသင့်သည်၊ ဤအလုပ်ကို ၎င်းတို့ မည်သို့ ကောင်းစွာ လုပ်ဆောင်နိုင်သည်နှင့် ၎င်းတို့၏ တာဝန်ဝတ္တရားကို မည်သို့ ကောင်းမွန်စွာ ဖြည့်ဆည်းပြီး အသင်းတော်၏အလုပ်ကို ထိန်းသိမ်းသင့်သည်တို့ကို ဆန်းစစ်ကြည့်ကြစို့။ ပထမဦးစွာ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အသင်းတော်တစ်ခု၏ အနက်အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ အဘယ်အရာဖြစ်သည်၊ အသင်းတော်တစ်ခုသည် အဘယ်ကြောင့် တည်ရှိရန် လိုအပ်သည်နှင့် အသင်းတော်တစ်ခုက လုပ်ဆောင်သင့်သည့်အလုပ်မှာ အဘယ်အရာဖြစ်သည်တို့ကို နားလည်ရမည်။ ဤအရာများကို နားလည်ပြီးနောက် ၎င်းတို့သည် အသင်းတော်၏ တည်ရှိခြင်းတန်ဖိုး သို့မဟုတ် အသင်းတော်က လုပ်ဆောင်သည့်အလုပ်နှင့် ပတ်သက်လာလျှင် လက်ရှိ အသင်းသားများထဲမှ မည်သူတို့က အပြုသဘောဆောင်သော အခန်းကဏ္ဍမှ မပါဝင်သည်ကိုဖြစ်စေ၊ အသင်းတော်၏ အနှစ်သာရရှိသော အလုပ်အပေါ် အဖျက်အမှောင့်လုပ်ခြင်းများ၊ နှောင့်ယှက်ခြင်းများနှင့် အပျက်သဘောဆောင်သော သက်ရောက်မှုများကို မည်သူက ဖြစ်ပေါ်စေနိုင်သည်ကိုဖြစ်စေ၊ အသင်းတော်၏ ဂုဏ်သတင်းကိုပင် ဆိုးရွားစွာ ထိခိုက်စေပြီး ဘုရားသခင်၏နာမတော်ကို ဂုဏ်သရေပျက်စေသည်ကိုဖြစ်စေ ကြည့်ရှုသင့်သည်။ ဤလူတို့ကို ရှင်းလင်းစွာ ပိုင်းခြားသိမြင်ပြီး အချိန်မီ ဖယ်ထုတ်ပစ်ခြင်း သို့မဟုတ် နှင်ထုတ်ခြင်း၊ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ လုပ်ဆောင်သင့်သည့်အလုပ် မဟုတ်လော။ (ဟုတ်ပါသည်။) သို့ဆိုလျှင် ဤအလုပ်ကို ကောင်းစွာ လုပ်ဆောင်ရာတွင် အဘယ်အရာ ပါဝင်သနည်း။ ဆိုးယုတ်သောလူစားမျိုးအားလုံးကို ဖယ်ထုတ်ပစ်ပြီး သို့မဟုတ် နှင်ထုတ်ပြီး အသင်းတော်ကို သန့်စင်ရန်နှင့် အသင်းတော်၏ တည်ရှိခြင်းတန်ဖိုးကို ပေါ်လွင်ထင်ရှားစေပြီး အသင်းတော်ကို ယင်းက ဖြည့်ဆည်းသင့်သည့် အခန်းကဏ္ဍအား ဖြည့်ဆည်းစေရန်နှင့် တစ်ချိန်တည်းတွင် အသင်းတော်၏အလုပ်ကို ချောမွေ့စွာ တိုးတက်စေရန်အလို့ငှာ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အသင်းတော်ထဲရှိ မည်သည့်လူများက ဆိုးယုတ်သောလူများနှင့် အန္တိခရစ်တို့ဖြစ်သည်ကို ဦးစွာ ပိုင်းခြားသိမြင်ရမည်။ ဤသည်မှာ ဤအလုပ်ကို လုပ်ဆောင်သည့်အခါ ခေါင်းဆောင်များနှင့် အမှုဆောင်များ ဦးစွာ သဘောပေါက်ထားရန် လိုအပ်သည့် သတင်းအချက်အလက် သို့မဟုတ် အမှန်တကယ်ဖြစ်သော အခြေအနေဖြစ်သည်။ ဤအလုပ်တွင် ခေါင်းဆောင်များနှင့် အမှုဆောင်များ ရင်ဆိုင်ရသည့် ပထမဆုံးကိစ္စမှာ လူအမျိုးမျိုးတို့ကို ပိုင်းခြားသိမြင်ခြင်း ဖြစ်သည်။ လူအမျိုးမျိုးတို့ကို ပိုင်းခြားသိမြင်ခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ယင်းမှာ ၎င်းတို့ကို ၎င်းတို့၏ အမျိုးအစားအညီ ခွဲခြားသတ်မှတ်ရန်နှင့် အသင်းတော်၏ စစ်မှန်သော အသင်းသားများဖြစ်ကြသူတို့ကို ကာကွယ်ရန် ဖြစ်သည်။ သို့သော်လည်း ဤလူတို့ကို ကာကွယ်ခြင်းတစ်ခုတည်းက ဆယ့်လေးခုမြောက် တာဝန်ဝတ္တရားတွင် ဖော်ပြထားသည့်အလုပ်ကို အောင်မြင်စွာ လုပ်ဆောင်နေသည်ဟု မဆိုလိုပေ။ သို့ဆိုလျှင် ဤအလုပ်ကို အောင်မြင်စွာ လုပ်ဆောင်ခြင်း၏ အရေးကြီးဆုံးသော ကဏ္ဍမှာ အဘယ်နည်း။ ယင်းမှာ အသင်းတော်နှင့်မသက်ဆိုင်သော မယုံကြည်သူများနှင့် ဆိုးယုတ်သောလူစားမျိုးအားလုံးကို ဖယ်ထုတ်ပစ်ခြင်း သို့မဟုတ် နှင်ထုတ်ခြင်း ဖြစ်သည်။ ဤလူများသည် ဆိုးယုတ်သောလူများအဖြစ် သို့မဟုတ် အန္တိခရစ်တို့အဖြစ် စရိုက်လက္ခဏာ သရုပ်ဖော်ခြင်းခံရသည်ဖြစ်စေ ၎င်းတို့သည် ဖယ်ထုတ်ပစ်ခြင်း သို့မဟုတ် နှင်ထုတ်ခြင်းခံရရန် အခြေအနေများနှင့် ကိုက်ညီပါက ဤအလုပ်အတွက် လိုအပ်ချက်က ပေါ်ပေါက်လာပြီး ခေါင်းဆောင်များနှင့် အမှုဆောင်များက ၎င်းတို့၏ တာဝန်ဝတ္တရားကို ကောင်းမွန်စွာ ဖြည့်ဆည်းရန် အချိန်ကျရောက်ပြီ ဖြစ်သည်။ လူအမျိုးမျိုးတို့ကို မည်သို့ ပိုင်းခြားသိမြင်ရမည်ကို ဦးစွာ မိတ်သဟာယဖွဲ့ကြစို့။

၁။ ဘုရားသခင်ကို ယုံကြည်ခြင်းအတွက် လူတစ်ဦး၏ ရည်ရွယ်ချက်အပေါ် အခြေခံခြင်း

ငါတို့သည် လူအမျိုးမျိုးတို့ကို မည်သို့ ပိုင်းခြားသိမြင်သင့်သနည်း။ ပထမ စံသတ်မှတ်ချက်မှာ ဘုရားသခင်ကို ယုံကြည်ခြင်းအတွက် ၎င်းတို့၏ ရည်ရွယ်ချက်အတိုင်း ၎င်းတို့ကို ပိုင်းခြားသိမြင်ရန် ဖြစ်သည်။ ဒုတိယမှာ ၎င်းတို့၏ လူ့သဘာဝအတိုင်း ပိုင်းခြားသိမြင်ရန် ဖြစ်သည်။ ပြီးလျှင် တတိယမှာ ၎င်းတို့၏ တာဝန်အပေါ်ထားရှိသော သဘောထားအတိုင်း ပိုင်းခြားသိမြင်ရန် ဖြစ်သည်။ အကယ်၍ ငါတို့သည် ရိုးရှင်းပြီး တိုတောင်းသော ခေါင်းစဉ်ငယ်အချို့ကို အသုံးပြုမည်ဆိုလျှင် ယင်းတို့မှာ ပထမ ဘုရားသခင်ကို ယုံကြည်ခြင်းအတွက် ၎င်းတို့၏ ရည်ရွယ်ချက်၊ ဒုတိယ ၎င်းတို့၏ လူ့သဘာဝ၊ ပြီးလျှင် တတိယ ၎င်းတို့၏ တာဝန်အပေါ်ထားရှိသော သဘောထားတို့ ဖြစ်ပေမည်။ ယခု ငါတို့တွင် ဤခေါင်းစဉ်ငယ်သုံးခု ရှိပြီဖြစ်သည့်အတွက် ၎င်းတို့တစ်ခုစီအပေါ် သင်တို့၏ သိနားလည်မှုများမှာ အဘယ်နည်း။ လူတို့၏ ဘုရားသခင်ကို ယုံကြည်ခြင်းအတွက် ရည်ရွယ်ချက်အကြောင်းကို ငါတို့ ယခင်က များစွာ မဆွေးနွေးခဲ့ဖူးပေ။ ငါတို့သည် လူတို့၏ လူ့သဘာဝနှင့် ၎င်းတို့၏ တာဝန်အပေါ်ထားရှိသော သဘောထားအကြောင်းကို ပို၍ ပြောဆိုခဲ့ကြပြီးဖြစ်သောကြောင့် သင်တို့သည် ဤအရာများနှင့် ပို၍ အကျွမ်းတဝင်ရှိကြသည်။ ဘုရားသခင်ကို ယုံကြည်ခြင်းအတွက် လူတို့၏ ရည်ရွယ်ချက်သည် အမှန်တကယ်တွင် သင်တို့အတွက် များစွာ မစိမ်းကားလှပေ၊ အကြောင်းမှာ သင်တို့ကိုယ်တိုင်က ရည်ရွယ်ချက်တစ်ခုဖြင့် ဘုရားသခင်ကို ယုံကြည်ရန် ရောက်လာခဲ့ကြသောကြောင့် ဖြစ်သည်။ အချို့လူများသည် ငရဲသို့ မသွားလိုသောကြောင့် ဘုရားသခင်ကို ယုံကြည်ကြသည်၊ အချို့မှာ ကောင်းကင်ဘုံသို့ သွားလိုသောကြောင့် ဖြစ်သည်၊ အချို့မှာ မသေလိုသောကြောင့် ဖြစ်သည်၊ အချို့မှာ ဘေးအန္တရာယ်များကို ရှောင်ရှားရန် ဖြစ်သည်၊ အချို့မှာ လူကောင်းများ ဖြစ်လိုရုံမျှသာ ဖြစ်သည်၊ အချို့မှာ မတော်မတရားပြုခြင်းကို ရှောင်ရှားလိုသောကြောင့် စသည်တို့ ဖြစ်သည်။ ဤအကြောင်းအရာသည် သင်တို့အတွက် မစိမ်းသင့်ပေ၊ ငါပြောဆိုမည့် အသေးစိတ်အချက်များနှင့်မူ သင်တို့ အနည်းငယ် စိမ်းနေနိုင်သည်၊ သင်တို့သည် ယင်းတို့နှင့်ပတ်သက်၍ မသေမချာ ခံစားရနိုင်ပြီး ငါက ယင်းတို့အကြောင်း အဘယ်အရာကို ပြောဆိုမည်ကို သို့မဟုတ် မည်သည့်နေရာမှ စတင်မည်ကို မသိရှိခြင်း ဖြစ်သည်။ သို့ဆိုလျှင် ဤအကြောင်းကို အကျဉ်းချုံး ပြောကြစို့။ ငါ့ကို ပြောလော့၊ ဘုရားသခင်ကို ယုံကြည်ရာတွင် မည်သည့် ရည်ရွယ်ချက်နှင့် ကြံရွယ်ချက် အမျိုးအစားများကို ထားရှိသောလူများသည် ဖယ်ထုတ်ပစ်ခြင်း သို့မဟုတ် နှင်ထုတ်ခြင်းခံရသင့်သူများ ဖြစ်ကြသနည်း။ (ကျော်ကြားမှုနှင့် အဆင့်အတန်းကိုသာ လိုက်စားပြီး အာဏာကိုသာ ကိုင်စွဲလိုကာ မိမိတို့၏ အဆင့်အတန်းအတွက် အသင်းတော်ကို မသမာသောနည်းဖြင့် နှောင့်ယှက်မည့်သူများ ဖြစ်ပါသည်။) ဤသည်မှာ လူတစ်မျိုးတစ်စားဖြစ်သည်။ အခြား ရှိသေးသလော။ (ကောင်းချီးများကိုသာ လိုက်စားပြီး မုန့်ကို အဝစားဖို့ ရှာဖွေသည့် မယုံကြည်သူများ ဖြစ်ပါသည်။) မယုံကြည်သူများ၊ ဤသည်မှာ နောက်တစ်မျိုး ဖြစ်သည်။ ထပ်ရှိသေးသလော။ သင်တို့သည် အချို့လူများ၏ သရုပ်သကန်များကို စဉ်းစားနေမိနိုင်သော်လည်း ဤလူများသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ထုတ်ဖော်နေခြင်းမျှ ဟုတ်မဟုတ်ကိုဖြစ်စေ၊ ၎င်းတို့သည် အမှန်တကယ်တွင် ဘုရားသခင်ကို ယုံကြည်ခြင်းအတွက် ဖယ်ထုတ်ပစ်ခြင်း သို့မဟုတ် နှင်ထုတ်ခြင်းခံရသင့်သည့် မစင်ကြယ်သော ရည်ရွယ်ချက်များရှိသည့် လူများဟုတ်မဟုတ်ကိုဖြစ်စေ သင်တို့ ရှင်းလင်းစွာ မပိုင်းခြားနိုင်ပေ။ သင်တို့သည် ဤအရာကို အဖြေရှာမရဘဲ အနည်းငယ် မရှင်းမလင်း ခံစားရသောကြောင့် သင်တို့ ရှင်းလင်းစွာ မပြောနိုင်ပေ။ လူတို့၏ ဘုရားသခင်ကို ယုံကြည်ခြင်းအတွက် ရည်ရွယ်ချက်ဟူသည့် အကြောင်းအရာသည် အတော်အတန် ကျယ်ပြန့်သည်။ လူတိုင်းသည် ဘုရားသခင်ကို ယုံကြည်ရာတွင် အချို့သော ရည်ရွယ်ချက်များနှင့် ကြံရွယ်ချက်များ ရှိကြသည်။ သို့သော်လည်း ငါတို့ ဤနေရာတွင် ပြောဆိုနေသည့် ဘုရားသခင်ကို ယုံကြည်ခြင်းအတွက် မစင်ကြယ်သော ရည်ရွယ်ချက်များရှိသည့် လူအမျိုးအစားများသည် ဘုရားသခင်၏ ကယ်တင်ခြင်းအတွက် သတ်မှတ်ချက်များနှင့် မကိုက်ညီကြပေ။ ၎င်းတို့သည် ကယ်တင်ခြင်းကို မရရှိနိုင်သည့်အပြင် အလုပ်လုပ်ပေးသူတစ်ဦးဖြစ်ခြင်း၏ အနိမ့်ဆုံးစံနှုန်းသို့ပင် မရောက်ရှိနိုင်ကြပေ။ ဤလူများသည် ဘုရားသခင်ကို ယုံကြည်ခြင်းအတွက် မည်သည့်ရည်ရွယ်ချက် ရှိသည်ဖြစ်စေ၊ မည်သို့ပင်ဖြစ်စေ၊ အခွင့်အရေးပေးသည့်အခါ ရည်ရွယ်ချက်တစ်ခုဖြင့် ဘုရားသခင်ကို ယုံကြည်ရန် ရောက်လာသော ဤလူများသည် ၎င်းတို့၏ ပန်းတိုင်များကို စွမ်းဆောင်ရရှိရန် ကြိုးစားကြမည်ဖြစ်ပြီး အကယ်၍ ၎င်းတို့တွင် အခွင့်အရေးမရှိပါက ၎င်းတို့သည် မကောင်းမှုကို ကျူးလွန်ပြီး နှောင့်ယှက်ကြလိမ့်မည်။ ဤသည်မှာ အသင်းတော်၏အလုပ် သို့မဟုတ် ဘုရားသခင် ရွေးချယ်ထားသောလူများ၏ အသက်ဝင်ရောက်မှုအပေါ် မတွေးဝံ့စရာ အကျိုးဆက်များကို ဆောင်ကြဉ်းပေးမည်ဖြစ်ပြီး ဤလူများသည် ဖယ်ထုတ်ပစ်ခြင်း သို့မဟုတ် နှင်ထုတ်ခြင်းအတွက် ပစ်မှတ်များ ဖြစ်သင့်သည်။ ဤလူတို့၏ လူ့သဘာဝ သို့မဟုတ် ၎င်းတို့၏ တာဝန်များအပေါ် ထားရှိသော သဘောထားများကို ယခုလောလောဆယ် ဘေးဖယ်ထားလျက် ဘုရားသခင်ကို ယုံကြည်ခြင်းအတွက် ၎င်းတို့၏ ရည်ရွယ်ချက်အရသာ ပြောဆိုရလျှင် ယင်းမှာ ဘုရားသခင်ကို ကျိုးနွံနာခံပြီး ဝတ်ပြုကိုးကွယ်ရန်ဖြစ်ဖို့ မဆိုထားနှင့်၊ သမ္မာတရားကို လက်ခံပြီး ကယ်တင်ခြင်းကို ရရှိရန် လုံးဝမဟုတ်ပေ။ ထို့ကြောင့် ဘုရားသခင်ကို ၎င်းတို့၏ ယုံကြည်ခြင်းသည် ကယ်တင်ခြင်းကဲ့သို့သော ရလဒ်ကို မဖြစ်ထွန်းစေမည်မှာ ဓမ္မတာပင် ဖြစ်သည်။ ဤလူတို့ကို အသင်းတော်တွင် နေခွင့်ပြုပြီး ဘုရားသခင် ရွေးချယ်ထားသောလူများဖြစ်သည့် စစ်မှန်သော ညီအစ်ကိုမောင်နှမများကို အဆက်မပြတ် နှောင့်ယှက်စေမည့်အစား ၎င်းတို့ကို တတ်နိုင်သမျှ စောစီးစွာ တိတိကျကျ ပိုင်းခြားသိမြင်ပြီး စရိုက်လက္ခဏာ သရုပ်ဖော်ကာ ထို့နောက် အသင်းတော်မှ အချိန်မီ ဖယ်ထုတ်ပစ်ခြင်းက ပို၍ကောင်းသည်။ ၎င်းတို့ကို အသင်းတော် အသင်းသားများ သို့မဟုတ် ညီအစ်ကိုမောင်နှမများကဲ့သို့ မဆက်ဆံသင့်ပေ။ သို့ဆိုလျှင် ဤလူအမျိုးအစားများမှာ မည်သူတို့နည်း။ ယခုလေးတင် သင်တို့သည် အယူအဆအချို့အကြောင်းကို ကျယ်ပြန့်စွာ ပြောဆိုခဲ့ကြသည်။ ငါသည် တိကျသော ဥပမာအချို့ကို ပေးမည်၊ ပြီးလျှင် သင်တို့သည် ယင်းတို့ကို ကြားသည်နှင့်တစ်ပြိုင်နက် နားလည်သွားလိမ့်မည်။

က။ အရာရှိတစ်ဦးဖြစ်လိုသည့် မိမိ၏ လိုအင်ဆန္ဒကို ဖြည့်ဆည်းရန်

ဦးစွာ၊ အသင်းတော်မှ ဖယ်ထုတ်ပစ်ခြင်း သို့မဟုတ် နှင်ထုတ်ခြင်း ခံသင့်သည့် ပထမလူစားမျိုးအကြောင်းကို ပြောကြစို့။ အချို့လူများသည် အစဉ်သဖြင့် လူ့အဖွဲ့အစည်းတွင် အရာရှိများဖြစ်လိုပြီး မိမိတို့၏ ဘိုးဘေးများကို အစဉ်သဖြင့် ဂုဏ်ဆောင်ပေးလိုကြသော်လည်း ၎င်းတို့၏ အလုပ်အကိုင်လမ်းကြောင်းများမှာ အောင်မြင်ခြင်းမရှိပေ။ သို့သော်လည်း အရာရှိများဖြစ်လိုသည့် ၎င်းတို့၏ လိုအင်ဆန္ဒသည် လုံးဝ လျော့ကျမသွားပေ။ သို့သော် ၎င်းတို့၏ မိသားစု လူမှုအဆင့်အတန်းသည် မမြင့်မားသောကြောင့် ဘဝသည် မျှော်လင့်ချက်ကင်းမဲ့သည်ဟု ၎င်းတို့ ခံစားရပြီး ဤမျှသေးငယ်သော ဆန္ဒလေးပင် မပြည့်ဝနိုင်လောက်အောင် လောကကြီးသည် အလွန်တရားမမျှတဟု မြင်ကြသည်။ ၎င်းတို့တွင် အသိပညာနှင့် အရည်အချင်းအချို့ရှိသည်ဟု ခံစားရသော်လည်း မည်သူကမျှ ၎င်းတို့ကို အသိအမှတ်မပြုပေ။ ၎င်းတို့သည် ကျောထောက်နောက်ခံကို မရှာနိုင်ဘဲ အရာရှိတစ်ဦးဖြစ်လာရန် အလားအလာမှာ ၎င်းတို့အတွက် အလွန်ဝေးကွာပုံရသည်။ ဤသို့သော အကြံအိုက်နေသည့် အခြေအနေတွင် ၎င်းတို့သည် အသင်းတော်ကို တွေ့ရှိခဲ့သည်။ အကယ်၍ ၎င်းတို့သည် အသင်းတော်တွင် ခေါင်းဆောင်တစ်ဦး ဖြစ်လာနိုင်ပါက ယင်းသည် အရာရှိတစ်ဦးဖြစ်ရသကဲ့သို့ပင်ဖြစ်ပြီး ၎င်းတို့၏ လိုအင်ဆန္ဒလည်း ပြည့်ဝနိုင်မည်ဟု ၎င်းတို့ ခံစားရသည်။ သို့ဖြစ်၍ ၎င်းတို့သည် ကြီးမြတ်မှုကို ရရှိလိုလျက် ဘုရားအိမ်တော်သို့ လာကြသည်။ ၎င်းတို့၏ အရည်အချင်းနှင့် လုပ်နိုင်စွမ်းများသည် ဘုရားအိမ်တော်တွင် အသုံးချခံရရန်အတွက် အတိအကျပင်ဖြစ်သည်ဟု ၎င်းတို့ ထင်ကြပြီး အရာရှိတစ်ဦးနှင့် ထင်ပေါ်ကျော်ကြားသော ပုဂ္ဂိုလ်တစ်ဦးဖြစ်ရန် ၎င်းတို့၏ မျှော်လင့်ချက်ကို အကောင်အထည် ဖော်နိုင်မည်ဖြစ်ကာ ဤသို့ဖြင့် တစ်သက်တာဆန္ဒတစ်ခုကို ဖြည့်ဆည်းနိုင်မည် ဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်ခြင်းအပေါ် ၎င်းတို့၏ အမြင်ကို “ပေးဆပ်မှုအတွက် အကျိုးပြန်ရခြင်း”၊ “ပတ္တမြားမှန်လျှင် နွံတွင်နစ်သော်လည်း မညစ်ပေ” နှင့် “ငှက်လိမ္မာသည် နားခိုရာကို အမြော်အမြင်ရှိစွာ ရွေးသည်” ကဲ့သို့သော ဆိုစကားများဖြင့် အကျဉ်းချုပ်ဖော်ပြနိုင်သည်။ ဤသည်မှာ ၎င်းတို့က ဘုရားသခင်ကို ယုံကြည်ခြင်းလမ်းကြောင်းကို လျှောက်လှမ်းရန် ရွေးချယ်ခဲ့သည့် နောက်ခံအခြေအနေမျိုး ဖြစ်သည်။ ဤလူ၏ အနှစ်သာရကို အကဲဖြတ်ကြည့်လျှင် ၎င်းတို့သည် လောကတွင် သမ္မာတရား တည်ရှိခြင်းကို မယုံကြည်ကြောင်း၊ ကယ်တင်ရှင် တည်ရှိခြင်းကို သာ၍ပင် မယုံကြည်ကြောင်း သိသာထင်ရှားပေသည်။ တိုတိုပြောရလျှင် ၎င်းတို့သည် စစ်မှန်သည့် တစ်ပါးတည်းသော ဘုရားသခင်ကို မယုံကြည်သည့်အပြင် ဖန်ဆင်းရှင် တည်ရှိခြင်းကို သာ၍ပင် မယုံကြည်ကြပေ။ သမ္မာကျမ်းစာတွင် ရေးသားထားသည်ဖြစ်စေ၊ ဘာသာရေးလောကတွင် ဟောပြောသည်ဖြစ်စေ ဘုရားသခင်သည် လောကနှင့် လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့ကြောင်း၊ ဘုရားသခင်သည် လူသားမျိုးနွယ်အပေါ် အချုပ်အခြာအာဏာကိုင်စွဲပြီး ဦးဆောင်ကြောင်း စသည့် ဤဆိုရိုးစကားများအားလုံးသည် ၎င်းတို့အတွက် သမိုင်းဆိုင်ရာ မှတ်တမ်းများမျှသာ ဖြစ်သည်။ မည်သူကမျှ ယင်းတို့ကို မစုံစမ်းသည့်အပြင် မည်သူကမျှလည်း ယင်းတို့ကို အတည်မပြုနိုင်ပေ။ ယင်းတို့သည် ဒဏ္ဍာရီများနှင့် ပုံပြင်များ၊ ဘာသာရေး ယဉ်ကျေးမှုတစ်မျိုးမျှသာ ဖြစ်သည်။ ဤသည်မှာ ယုံကြည်ခြင်းအပေါ် ၎င်းတို့၏ အခြေခံအကျဆုံးသော နားလည်မှုဖြစ်သည်။ ၎င်းတို့သည် ဤနားလည်မှုဖြင့် ဘုရားသခင်ကို ယုံကြည်ရန် လာကြပြီး မိမိတို့သည် လမ်းမှန်ကို လျှောက်လှမ်းနေကြောင်း၊ အမှောင်ကိုစွန့်၍ အလင်းသို့လာနေကြောင်း၊ မိမိတို့သည် နားခိုရာကို အမြော်အမြင်ရှိစွာ ရွေးသည့် “ငှက်လိမ္မာ” ဖြစ်ကြောင်း တွေးထင်ကြသည်။ ၎င်းတို့၏ အရာရှိတစ်ဦးနှင့် ထင်ပေါ်ကျော်ကြားသော ပုဂ္ဂိုလ်တစ်ဦးဖြစ်ရန် ရွေးချယ်မှုနှင့် လိုအင်ဆန္ဒကိုမူ စွန့်လွှတ်ခဲ့ခြင်း မရှိသည်မှာ အမှန်ပေ။ ဤလူများစွာဖြင့် ပြည့်နေသော ကျယ်ပြောသည့် လောကကြီးတွင် ၎င်းတို့အတွက် နေရာမရှိဘဲ ဘုရားအိမ်တော်ကသာ ၎င်းတို့ကို မျှော်လင့်ချက် ဆောင်ကြဉ်းပေးနိုင်သည်ဟု ၎င်းတို့ ယုံကြည်ကြသည်။ အသင်းတော်တွင် နေထိုင်ခြင်းကသာ ၎င်းတို့၏ ပါရမီများကို အသုံးချရန်နှင့် ထင်ပေါ်ကျော်ကြားသော ပုဂ္ဂိုလ်တစ်ဦးဖြစ်လိုသည့် ၎င်းတို့၏ လိုအင်ဆန္ဒကို အကောင်အထည်ဖော်ရန် အခွင့်အရေးတစ်ခု ပေးနိုင်မည်ဖြစ်သည်။ ဤသည်မှာ လက်ရှိအခြေအနေအပေါ် ၎င်းတို့၏ အမြင်တွင် အပြင်လောကသည် တိုး၍ ကောက်ကျစ်ဆိုးယုတ်လာပြီး တိုး၍ မှောင်မိုက်လာသောကြောင့် ဖြစ်သည်။ အသင်းတော်သာလျှင် ဤလောကတွင် စင်ကြယ်သောမြေဖြစ်သည်၊ အသင်းတော်သည် လူတို့အား ဝိညာဉ်ရေးရာ အာဟာရဖြည့်တင်းမှုကို ပေးနိုင်သည့် လောကရှိ တစ်ခုတည်းသော နေရာဖြစ်ပြီး အသင်းတော်သာလျှင် တိုး၍ ရှင်သန်ကြီးထွားလျက်ရှိသည်။ ၎င်းတို့သည် ထိုသို့သော ဆန္ဒများနှင့် ရည်ရွယ်ချက်များဖြင့် ဘုရားသခင်ကို ယုံကြည်လာကြသည်။ ယုံကြည်ခြင်းကို ခံယူပြီးနောက် ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်း၊ သမ္မာတရားကို လိုက်စားခြင်း သို့မဟုတ် သမ္မာတရား၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင်၏ အလုပ်တို့နှင့် သက်ဆိုင်သော ကိစ္စရပ်များအကြောင်းကို မည်သည့်အရာကိုမျှ နားမလည်ကြပေ။ ၎င်းတို့သည် ဤကိစ္စရပ်များကို မလိုက်စားသကဲ့သို့ အာရုံလည်းမစိုက်ကြပေ။ ၎င်းတို့၏ စိတ်နှလုံးထဲတွင် အဆင့်အတန်းနှင့် အရာရှိဖြစ်လိုသည့် လိုအင်ဆန္ဒကို လုံးဝ မစွန့်လွှတ်ဘဲ ထိုအစား ဤအယူအဆများနှင့် အမြင်ရှုထောင့်များကို ဆက်လက်စွဲကိုင်ထားလျက် အသင်းတော်တွင် ရောနှောနေထိုင်ကြသည်။ ၎င်းတို့သည် အသင်းတော်ကို လူမှုရေးအဖွဲ့အစည်းတစ်ခု၊ ဘာသာရေးအသိုင်းအဝိုင်းတစ်ခုအဖြစ် ရှုမြင်ပြီး ဘုရားသခင်၏ အလုပ်နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ယုံကြည်သူတို့၏ အယူသီးသော ယုံကြည်မှုများကြောင့် ဖန်တီးထားသည့် အထင်အမြင်မှားမှုများအဖြစ် မြင်ကြသည်။ ထို့ကြောင့် သမ္မာတရားကို လိုက်စားခြင်းအကြောင်း ပြောသည့်အခါတိုင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ဘုရားသခင်၏ အလုပ်အကြောင်း ပြောသည့်အခါတိုင်း ၎င်းတို့သည် စိတ်ထဲတွင် အော်ဂလီဆန်ပြီး အတိုက်အခံလုပ်ကြသည်။ တစ်စုံတစ်ဦးက တစ်စုံတစ်ခုသည် ဘုရားသခင်၏ ပြုလုပ်မှု၊ ဘုရားသခင်၏ အချုပ်အခြာအာဏာ သို့မဟုတ် ဘုရားသခင်၏ စီစဉ်ညွှန်ကြားခြင်းဖြစ်သည်ဟု ပြောဆိုပါက ၎င်းတို့သည် အော်ဂလီဆန်ကြသည်။ သို့သော်လည်း ၎င်းတို့ မည်မျှပင် အော်ဂလီဆန်သည်ဖြစ်စေ၊ သမ္မာတရားကို ၎င်းတို့ အသိအမှတ်ပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ၊ လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေအာဏာအတွက် ၎င်းတို့၏ တပ်မက်ခြင်းကို ဖြည့်ဆည်းရန် အသင်းတော်တွင် အဆင့်အတန်း၏ နေရာတစ်ခု ရရှိလိုသည့် ၎င်းတို့၏ လိုအင်ဆန္ဒသည် မည်သည့်အခါမျှ လျော့ကျသွားခြင်း သို့မဟုတ် စွန့်လွှတ်ခြင်း မရှိခဲ့ပေ။ ၎င်းတို့တွင် ထိုသို့သော ရည်မှန်းချက်နှင့် လိုအင်ဆန္ဒရှိသောကြောင့် အမျိုးမျိုးသော သရုပ်သကန်များကို ၎င်းတို့သည် သဘာဝကျကျ ထုတ်ဖော်ကြသည်။ ဥပမာအားဖြင့် ၎င်းတို့သည် “အရာရာတိုင်းကို ဘုရားနှုတ်ကပတ်တော်များအပေါ် အခြေမခံနှင့်၊ သို့မဟုတ် အရာရာတိုင်းကို ဘုရားနှုတ်ကပတ်တော်များနှင့်လည်းကောင်း၊ ဘုရားနှင့်လည်းကောင်း မဆက်စပ်နှင့်။ အမှန်တကယ်တွင် လူတို့၏ စိတ်ကူးများနှင့် ဆိုစကားများစွာသည် မှန်ကန်သည်၊ လူတို့သည် မိမိတို့၏ ကိုယ်ပိုင်အမြင်ရှုထောင့်များနှင့် ရပ်တည်ချက်များ ရှိသင့်သည်” ဟူသကဲ့သို့သော ဆိုရိုးစကားများကို ပြောဆိုခြင်းဖြင့် လူတို့ကို လှုံ့ဆော်သည်။ ၎င်းတို့သည် လူတို့ကို အထင်အမြင်မှားစေရန် ဤစကားများကို ဖြန့်ဝေသည်။ တစ်ချိန်တည်းတွင် ၎င်းတို့သည် လူတို့၏ သတိပြုမိမှုကို ဆွဲဆောင်ရန်နှင့် ၎င်းတို့၏ အာရုံစိုက်မှုနှင့် မြင့်မားသော အထင်ကြီးမှုကို ရရှိရန် ကြိုးစားလျက် မိမိတို့၏ ပါရမီများ၊ ဆုကျေးဇူးများနှင့် လောကတွင် ၎င်းတို့ ကစားနိုင်သည့် အမျိုးမျိုးသော နည်းဗျူဟာများနှင့် လှည့်ကွက်များကိုလည်း အားတက်သရော ပြသကြသည်။ ၎င်းတို့၏ အားတက်သရော ပြသခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ယင်းမှာ လူတို့က ၎င်းတို့ကို အထင်ကြီးပြီး အားကျစေရန် ဖြစ်သည်၊ ယင်းမှာ လူတို့ကြားတွင် အဆင့်အတန်းရှိရန်ဖြစ်ကာ ထိုသို့ဖြင့် အရာရှိတစ်ဦး၏ အလုပ်အကိုင်ကို လိုက်စားပြီး မိမိတို့၏ ဘိုးဘေးများကို ဂုဏ်ဆောင်ပေးလိုသည့် ၎င်းတို့၏ ဆန္ဒကို ဖြည့်ဆည်းရန် ဖြစ်သည်။ ၎င်းတို့သည် လူတို့၏ လေးစားခြင်း၊ ချီးမွမ်းခြင်း၊ လိုက်လျှောက်ခြင်း၊ ထောက်ခံခြင်း၊ မြတ်နိုးခြင်းနှင့် အားကျခြင်းတို့ကို ခံရသည့်အခါ၊ မြှောက်ပင့်ခြင်းကို ခံရသည့်အခါတွင်ပင် ကျေနပ်ကြသည်။ ထို့အပြင် ၎င်းတို့သည် ဤအရာများကို မမောမပန်း လိုက်စားပြီး မွေ့လျော်ခံစားကြသည်။ ဘုရားအိမ်တော်သည် အန္တိခရစ်များ၊ ဆိုးယုတ်သောလူများနှင့် လူတို့၏ အမျိုးမျိုးသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများကို အဆက်မပြတ် ဖော်ထုတ်သော်လည်း ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဤအရာများကို အထင်သေးရလောက်အောင်ပင် မထိုက်တန်ဟု မထီမဲ့မြင်ပြုကာ အထူးသဖြင့် ယင်းတို့အပေါ် အော်ဂလီဆန်ကြသည်။ ၎င်းတို့သည် လောကနှင့် လူ့အဖွဲ့အစည်းတွင် ဖြစ်မြောက်နိုင်ခြင်း မရှိသော ဆန္ဒများကို ဖြည့်ဆည်းရန်အလို့ငှာ အဆင့်အတန်းနှင့် အခြားသူများ၏ အားကျခြင်းနှင့် အထင်ကြီးခြင်းကို ခံရခြင်းတို့ကိုသာ တစိုက်မတ်မတ် လိုက်စားကြသည်။ သို့ဆိုလျှင် ဘုရားသခင်ကို ယုံကြည်ခြင်းအတွက် ၎င်းတို့၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ယင်းမှာ ဤဘဝ၌ အဆတစ်ရာနှင့် နောင်ဘဝ၌ ထာဝရအသက်ကို လက်ခံရရှိရန် မဟုတ်သည့်အပြင် သမ္မာတရားကို လက်ခံပြီး ကယ်တင်ခြင်းခံရရန်မှာလည်း သေချာပေါက် မဟုတ်ပေ။ ဘုရားသခင်ကို ယုံကြည်ခြင်းအတွက် ၎င်းတို့၏ ရည်ရွယ်ချက်မှာ ဖန်ဆင်းခံတစ်ဦးအဖြစ် ပြုမူရန်မဟုတ်ဘဲ အရာရှိတစ်ဦးနှင့် သခင်တစ်ဦးဖြစ်ရန်၊ အဆင့်အတန်း၏ အကျိုးခံစားမှုများကို မွေ့လျော်ခံစားရန် ဖြစ်သည်။ အသင်းတော်တွင် ထိုသို့သောလူများ သေချာပေါက် ရှိသည်၊ ဤသူတို့သည် အသင်းတော်ထဲသို့ ထိုးဖောက်ဝင်ရောက်လာသော မကောင်းမှုပြုသူများ ဖြစ်ကြသည်။ အသင်းတော်သည် ထိုသို့သောလူများကို ဘုရားသခင် ရွေးချယ်ထားသောလူများကြားတွင် ရောနှောနေထိုင်ရန် လုံးဝ ခွင့်မပြုပေ၊ သို့ဖြစ်၍ ဤလူများသည် ဖယ်ထုတ်ပစ်ခြင်းခံရမည့်သူများ ဖြစ်ကြသည်။ ဘုရားသခင်ကို ယုံကြည်ခြင်းအတွက် ၎င်းတို့၏ ရည်ရွယ်ချက်ကို ပိုင်းခြားသိမြင်ရန် လွယ်ကူသလော။ (လွယ်ကူပါသည်။) ဘုရားသခင်ကို ယုံကြည်ရာတွင် ၎င်းတို့၏ ရည်ရွယ်ချက်များနှင့် ရည်မှန်းချက်များကို အသင်းတော်တွင်းရှိ ၎င်းတို့၏ အမျိုးမျိုးသော သရုပ်သကန်များနှင့် ပေါင်းစပ်၍ သုံးသပ်ကြည့်လျှင် ၎င်းတို့သည် မည်သို့သော လူစားမျိုးများ ဖြစ်ကြသနည်း။ (မယုံကြည်သူများ ဖြစ်ကြပါသည်။) ဟုတ်သည်၊ ၎င်းတို့သည် မယုံကြည်သူများ ဖြစ်ကြသည်။ မယုံကြည်သူများ ဖြစ်သည့်အပြင် ၎င်းတို့သည် ဩဇာအာဏာအတွက် ၎င်းတို့၏ တပ်မက်ခြင်းကို ဖြည့်ဆည်းရန် ဘုရားအိမ်တော်တွင် အဆင့်အတန်းနှင့် အလားအလာများကိုလည်း လိုက်စားလိုကြသည်။ ဘုရားသခင်ကို ယုံကြည်ခြင်းအတွက် ၎င်းတို့၏ ရည်ရွယ်ချက်မှာ အရာရှိတစ်ဦး ဖြစ်လာရန် ဖြစ်သည်။ သို့ဆိုလျှင် ဤလူများကို အဘယ်ကြောင့် ဖယ်ရှားသင့်သနည်း။ တစ်စုံတစ်ဦးက “မယုံကြည်သူများက ဘုရားအိမ်တော်တွင် အလုပ်လုပ်ပေးပြီး အသင်းတော်မိတ်ဆွေများအဖြစ် အနည်းငယ် ကူညီနိုင်ပါက ၎င်းတို့ကို ထားရှိခြင်းသည် အဆင်ပြေသည် မဟုတ်လော” ဟု ပြောကောင်းပြောနိုင်သည်။ ဤစကားသည် ခိုင်လုံသလော။ (မခိုင်လုံပါ။) အဘယ်ကြောင့် မခိုင်လုံသနည်း။ (အရာရှိများဖြစ်လိုသည့် ၎င်းတို့၏ လိုအင်ဆန္ဒသည် အခြားသူများကို နှောင့်ယှက်သည့်အရာများကို လုပ်ဆောင်ရန်၊ ဘုရားအိမ်တော်၏ အလုပ်အတွက် မည်သည့်အကျိုးကျေးဇူးမျှ မထောက်ပံ့ရန်နှင့် ညီအစ်ကိုမောင်နှမများ၏ သမ္မာတရားလိုက်စားမှုကို ထိခိုက်စေရန် သေချာပေါက် ဦးတည်စေမည် ဖြစ်ပါသည်။) သင် မည်သို့ပင် ကြည့်သည်ဖြစ်စေ မယုံကြည်သူများသည် သမ္မာတရားကို အတိုက်အခံလုပ်ပြီး ဘုရားသခင်ကို ငြင်းပယ်ကြသောကြောင့် ဘုရားအိမ်တော်သည် ၎င်းတို့ကို မခေါ်ထားနိုင်ပေ။ ၎င်းတို့သည် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်မည်မဟုတ်ပေ။ ၎င်းတို့သည် အရာရှိများဖြစ်ရန် လိုက်စားသည်ဖြစ်စေ၊ မလိုက်စားသည်ဖြစ်စေ မယုံကြည်သူများအဖြစ် ၎င်းတို့၏ မှတ်ချက်များ၊ သရုပ်သကန်များနှင့် လုပ်ရပ်များသက်သက်ကပင် အနှောင့်အယှက်များကို ဖြစ်စေနိုင်ပြီး အပြုသဘောဆောင်သော အကျိုးသက်ရောက်မှု ရှိမည်မဟုတ်ပေ။ အချို့သော ညီအစ်ကိုမောင်နှမများသည် အချို့သော ပတ်ဝန်းကျင်များကို တွေ့ကြုံသည့်အခါ “ဤသည်မှာ ဘုရားသခင်၏ အချုပ်အခြာအာဏာဖြစ်ပြီး ကျွန်ုပ်တို့ ကျိုးနွံနာခံရမည်” ဟု ပြောဆိုကြသည်။ မယုံကြည်သူများက ကျိုးနွံနာခံနိုင်သလော။ ၎င်းတို့သည် နှောင့်ယှက်ရန်နှင့် ဆန့်ကျင်ရန် မထကြလျှင်ပင် တော်လှပြီဖြစ်သည်။ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ၎င်းတို့က “အရာရာတိုင်းကို ဘုရား၏ အချုပ်အခြာအာဏာဟု မပြောနှင့်။ လူတို့သည် မိမိတို့၏ ကိုယ်ပိုင်ထင်မြင်ချက်အချို့ ရှိသင့်ပြီး လွတ်လပ်မှုအချို့ ရှိသင့်သည်၊ အရာရာတိုင်းကို ဘုရား၏ အချုပ်အခြာအာဏာကြောင့်ဟု မမှတ်ယူနှင့်” ဟုပင် ပြောဆိုကြလိမ့်မည်။ ၎င်းတို့သည် အခြားသူများကို ဆွဲချသည်သာမက လူတို့ကို အထင်အမြင်မှားစေရန် မပြတ်သားဘဲ ဟုတ်မှန်သယောင် ရှိသော်လည်း စင်စစ်မှားနေပြီး အဓိပ္ပာယ်မဲ့သော အရာများကိုလည်း ပြောဆိုကြသည်။ ဤသည်မှာ အရှက်မရှိခြင်း မဟုတ်လော။ သင်သည် ဘာသာတရား မရှိသူများကြားတွင် ပါးနပ်သော နည်းလမ်းအချို့နှင့် လှည့်ကွက်အချို့ကို သုံးကောင်း သုံးနိုင်လိမ့်မည်။ သို့သော် ဘုရားအိမ်တော်တွင် ဤနည်းလမ်းများနှင့် လှည့်ကွက်များကို သုံးရန် ကြိုးစားခြင်းမှာမူ နေရာမှားနေလေသည်။ ဆေးထိုးရာတွင် မနာကျင်သောကြောင့် လူတိုင်း သွားလိုသည့် ဆေးခန်းများကို အချို့လူများက ဖွင့်ထားသည်။ အဘယ်ကြောင့် ဆေးထိုးခြင်းများက မနာကျင်သနည်း။ ဆေးထိုးအပ်အဖျားကို ထုံဆေးထဲတွင် နှစ်ထားသောကြောင့် ယင်းသည် သေချာပေါက် မနာကျင်ပေ။ ဤသည်မှာ ပညာရှိသော လှည့်ကွက်တစ်ခုလော။ (မဟုတ်ပါ၊ ယင်းမှာ ယုတ်မာသော လှည့်ကွက်တစ်ခု ဖြစ်ပါသည်။) သို့တိုင် ၎င်းတို့သည် ယင်းကို ပညာရှိသော လှည့်ကွက်တစ်ခုအဖြစ် မှတ်ယူပြီး ဝါကြွားကြကာ “သင် လုပ်တတ်သမျှမှာ ဘုရားကို ကျိုးနွံနာခံခြင်း၊ ဘုရား၏ စီစဉ်ညွှန်ကြားခြင်းနှင့် ဘုရား၏ အချုပ်အခြာအာဏာအကြောင်း ပြောဆိုခြင်းသာ ဖြစ်သည်။ ကျွန်ုပ်တွင်ရှိသည့် ကျွမ်းကျင်မှုများ သင့်ထံတွင် ရှိသလော” ဟု ပြောဆိုလျက် ယင်းက ၎င်းတို့၏ လုပ်နိုင်စွမ်းနှင့် ကျွမ်းကျင်မှုကို ပြသည်ဟု ထင်ကြသည်။ ဤသည်မှာ အရှက်မရှိခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့သည် ထိုသို့သော ပျက်စီးရာ ပျက်စီးကြောင်း လှည့်ကွက်များအကြောင်းကိုပင် ဝါကြွားကြသည်။ အသင်းတော်ထဲသို့ ထိုးဖောက်ဝင်ရောက်လာသော မယုံကြည်သူများ၏ ကြံရွယ်ချက်များကို ထားရှိသည့် လူများသည် အသင်းတော်မှ ဖယ်ထုတ်ပစ်ခြင်း ခံရသင့်သည့်သူများ ဖြစ်ကြသည်။ အဘယ်ကြောင့်နည်း။ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဤလူများသည် သမ္မာတရားကို အတိုက်အခံလုပ်ပြီး ယင်းကို အလွန်အမင်း မနှစ်မြို့ကြပေ။ ဘုရားသခင်ကို ယုံကြည်ခြင်းအတွက် ၎င်းတို့၏ ရည်ရွယ်ချက် မည်သို့ပင်ဖြစ်စေ၊ ယင်းသည် ၎င်းတို့ ပွင့်လင်းစွာ ဝန်ခံနိုင်သည့်အရာဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ မယုံကြည်သူများအဖြစ် ၎င်းတို့၏ အနှစ်သာရကို အခြေခံ၍ အသင်းတော်သည် ၎င်းတို့ကို ဖယ်ထုတ်ပစ်ခြင်း သို့မဟုတ် နှင်ထုတ်ခြင်း ပြုသင့်သည်။ ဤမယုံကြည်သူများသည် အသင်းတော်အတွင်း၌ မိမိတို့၏ ပါရမီများကို ပြသလိုခြင်း၊ မိမိတို့၏ ရည်မှန်းချက်များကို အကောင်အထည် ဖော်လိုခြင်းနှင့် မိမိတို့၏ ဆန္ဒများကို ဖြည့်ဆည်းလိုခြင်းဟူသည့် အချို့သော ရည်ရွယ်ချက်ဖြင့် အသင်းတော်ထဲသို့ ထိုးဖောက်ဝင်ရောက်လာကြသည်။ ၎င်းတို့သည် အာဏာကိုင်စွဲခြင်း၊ မိမိကိုယ်ကို ကိုယ်ရည်သွေးခြင်းနှင့် လူတို့ကို အထင်အမြင်မှားစေကာ ထိန်းချုပ်ခြင်းဟူသည့် ၎င်းတို့၏ ပန်းတိုင်ကို ရရှိရန် နည်းလမ်းတစ်ခုအဖြစ် အသင်းတော်တည်းဟူသော အဖိုးတန်သည့်နေရာကို အသုံးပြုလိုကြသည်။ ဘုရားသခင်ကို ယုံကြည်ခြင်းအတွက် ၎င်းတို့၏ ရည်ရွယ်ချက်ကို သုံးသပ်ကြည့်လျှင် ၎င်းတို့သည် ဘုရားသခင် ရွေးချယ်ထားသောလူများနှင့် အသင်းတော်၏အလုပ်ကို နှောင့်ယှက်ပြီး အဖျက်အမှောင့်လုပ်နိုင်စွမ်း ရှိကြသည်။ ထို့ကြောင့် ဤလူများကို ဘုရားအိမ်တော်မှ ဖယ်ထုတ်ပစ်ခြင်း သို့မဟုတ် နှင်ထုတ်ခြင်း ပြုရမည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ၎င်းတို့၏ မယုံကြည်သူ အနှစ်သာရကို ထိုးထွင်းသိမြင်ရမည်။ သင်သည် ၎င်းတို့၏ သရုပ်သကန်များအပေါ် အခြေခံသည်ဖြစ်စေ၊ ဘုရားသခင်ကို ယုံကြည်ခြင်းအကြောင်း ၎င်းတို့၏ တသမတ်တည်းဖြစ်သော စကားများအပေါ် အခြေခံသည်ဖြစ်စေ သင်သည် အခြေအနေကို သဘောပေါက်ပြီး ၎င်းတို့သည် မယုံကြည်သူများ ဖြစ်ကြောင်း ရှင်းလင်းစွာ ပိုင်းခြားသိမြင်သည်နှင့်တစ်ပြိုင်နက် ၎င်းတို့ကို တွေဝေမနေဘဲ ပြတ်ပြတ်သားသား ငြင်းပယ်သင့်သည်။ သင် မည်သို့သော နည်းလမ်း သို့မဟုတ် ဉာဏ်ပညာကို အသုံးပြုသည်ဖြစ်စေ ၎င်းတို့ကို ဖယ်ရှားရန် သင်တတ်နိုင်သမျှ နည်းလမ်းကို ရှာဖွေလော့။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ လုပ်ဆောင်သင့်သည့် အလုပ်ဖြစ်သည်၊ ၎င်းတို့ ထမ်းဆောင်သင့်သည့် အလုပ်လည်း ဖြစ်သည်။ ဤသည်မှာ ဖယ်ထုတ်ပစ်ခြင်း သို့မဟုတ် နှင်ထုတ်ခြင်း ခံသင့်သည့် လူစားမျိုးတစ်မျိုး ဖြစ်သည်။

ခ။ လိင်မတူသူကို ရှာဖွေရန်

သို့ဆိုလျှင် ဖယ်ထုတ်ပစ်ခြင်း သို့မဟုတ် နှင်ထုတ်ခြင်း ခံသင့်သည့် ဒုတိယလူစားမျိုး၏ သရုပ်သကန်များမှာ အဘယ်နည်း။ အချို့လူများသည် ဘုရားသခင်ကို ယုံကြည်ခြင်းတွင် မည်သည့်အခါကမျှ မပါဝင်ခဲ့ဖူးပေ၊ ၎င်းတို့သည် ယင်းကို အပြုသဘောဆောင်သော ခံစားချက် ရှိရုံသာ ဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်ခြင်းဖြင့် လူတစ်ဦးသည် မည်သည့်အရာကို လိုက်စားသင့်သည် သို့မဟုတ် ရရှိသင့်သည်ကို သိရှိရန် ၎င်းတို့ စိတ်မဝင်စားကြပေ။ ဘုရားသခင်ကို ယုံကြည်သော လူများသည် အတော်အတန် တာဝန်သိတတ်ပြီး ဟန်ဆောင်မှုကင်းသော သူများဖြစ်သည်ဟု ၎င်းတို့ ကြားဖူးသောကြောင့် အသင်းတော်တွင် အိမ်ထောင်ဖက်တစ်ဦးကို ရှာဖွေပြီးနောက် အိမ်ထောင်ပြုကာ တည်ငြိမ်သောဘဝဖြင့် နေထိုင်လိုကြသည်။ ဤသည်မှာ ၎င်းတို့၏ ရည်ရွယ်ချက်နှင့် ရည်မှန်းချက်တို့ဖြစ်သည်၊ သို့ဖြစ်၍ ၎င်းတို့သည် မိမိတို့၏ စံပြအိမ်ထောင်ဖက်ကို ရှာဖွေရန် အသင်းတော်သို့ လာကြသည်။ ဤမယုံကြည်သူများသည် ဘုရားသခင်ကို ယုံကြည်ခြင်း၌ စိတ်ဝင်စားမှု တစ်စက်မျှ မရှိပေ၊ ၎င်းတို့သည် ဖန်ဆင်းရှင်၊ သမ္မာတရား၊ ကယ်တင်ခံရခြင်း၊ ဘုရားသခင်ကို သိကျွမ်းခြင်း၊ တာဝန်ထမ်းဆောင်ခြင်း သို့မဟုတ် ထိုသို့သော ကိစ္စရပ်တစ်ခုတလေကိုမျှ လုံးဝ ဂရုမစိုက်ကြပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကြားပြီး တရားဒေသနာများကို နားထောင်ပြီးနောက် နားလည်နိုင်လျှင်ပင် ၎င်းတို့သည် နှလုံးမသွင်းလိုကြပေ။ ၎င်းတို့သည် စံပြအိမ်ထောင်ဖက်တစ်ဦးကိုသာ ရှာဖွေလိုပြီး အမှန်စင်စစ် လူများနှင့် ပိုမိုတွေ့ဆုံကာ မိမိတို့၏ ကွန်ရက်ကို ချဲ့ထွင်ရန် မျှော်လင့်ကြသည်။ ၎င်းတို့သည် စံပြအိမ်ထောင်ဖက်တစ်ဦးကို ရှာဖွေခြင်းဟူသော ရည်ရွယ်ချက်ဖြင့် ဘုရားသခင်ကို ယုံကြည်ရန် လာကြသည်။ အချို့လူများက “၎င်းတို့မှာ ဤရည်ရွယ်ချက်ရှိသည်ကို သင် မည်သို့ သိသနည်း။ ၎င်းတို့က မည်သည့်အရာကိုမျှ မပြောခဲ့သကဲ့သို့ သင့်ကိုလည်း မပြောခဲ့ပါ” ဟု ပြောကောင်းပြောနိုင်သည်။ ၎င်းတို့သည် ယင်းကို မိမိတို့၏ အပြုအမူမှတစ်ဆင့် ပြသသည်။ ၎င်းတို့သည် မိမိတို့၏ တာဝန်များကို ထမ်းဆောင်သည့်အခါ သို့မဟုတ် တစ်စုံတစ်ဦးနှင့် အဆက်အသွယ်လုပ်သည့်အခါ လိင်မတူသူကို အမြဲရှာဖွေပုံကို ကြည့်လော့။ တစ်စုံတစ်ဦးကို သဘောကျသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် ထိုသူနှင့် ဆက်၍ မိတ်သဟာယဖွဲ့ကာ ထိုသူ့ထံ ချဉ်းကပ်ပြီး ထိုသူ၏ အချက်အလက်များကို အစဉ်သဖြင့် မေးမြန်းကာ ထိုသူကို သိကျွမ်းအောင် လုပ်ဆောင်ကြသည်။ ဤပုံမှန်မဟုတ်သော လုပ်ရပ်များနှင့် သရုပ်သကန်များသည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ လုံလောက်သော အာရုံစိုက်မှုကို ခံရသင့်သည်။ ထိုသူ၏ ရည်ရွယ်ချက်များမှာ အဘယ်အရာဖြစ်ကြောင်းနှင့် မည်သည့်ရည်မှန်းချက်ကို ဖြစ်မြောက်အောင်မြင်ရန် သူ ချိန်ရွယ်ထားကြောင်းတို့ကို ခေါင်းဆောင်များနှင့် အမှုဆောင်များက စောင့်ကြည့်လေ့လာသင့်သည်။ သူ့အား မည်သူက ဧဝံဂေလိတရားကို ဟောပြောခဲ့ကြောင်း၊ သူသည် အဘယ်ကြောင့် လိင်မတူသူနှင့် ဆက်သွယ်မှုရရန် အထူးတလည် ကြိုးစားကြောင်း၊ သူသည် လိင်မတူသူနှင့် အဘယ်ကြောင့် အမြဲတမ်း စကားပြောစရာရှိကြောင်းနှင့် လိင်မတူသူအပေါ် သူသည် အဘယ်ကြောင့် အထူးနှစ်သက်နေရကြောင်း၊ အထူးသဖြင့် သူနှစ်သက်သောသူများအပေါ် အဘယ်ကြောင့် အထူးသိချင်စိတ်ပြင်းပြပြီး ဂရုစိုက်မှု ပြသနေရကြောင်းတို့ကို သေချာအောင် စုံစမ်းသင့်သည်။ ထိုသို့သော ပုဂ္ဂိုလ်များသည် ဘုရားသခင်ကို ယုံကြည်သောသူများကို သဘောကျနှစ်ခြိုက်ကြသည်။ ၎င်းတို့သည် စုဝေးပွဲများ၊ တရားဒေသနာများ နားထောင်ခြင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မိတ်သဟာယဖွဲ့ခြင်း၊ ဓမ္မသီချင်းများ သီဆိုခြင်း၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ အတွေ့အကြုံများကို မိတ်သဟာယဖွဲ့ခြင်းနှင့် အခြားထိုသို့သော ကိစ္စရပ်များကို သိပ်ပြီး စိတ်မဝင်စားလျှင်ပင် ၎င်းတို့သည် ယေဘုယျအားဖြင့် အနှောင့်အယှက်များနှင့် အဖျက်အမှောင့်လုပ်ခြင်းများကို ဖြစ်စေသည့်အရာကို တစ်ခုမျှ မပြောဆိုကြပေ။ ၎င်းတို့သည် ကောင်းမွန်သော ဘဝဖြင့် နေထိုင်ရန် ချစ်ကြည်နူးဖွယ် အိမ်ထောင်ဖက်တစ်ဦးကို ရှာဖွေခြင်းတစ်ခုတည်းအပေါ်တွင်သာ အာရုံစိုက်ကြသည်။ ၎င်းတို့သည် အိမ်ထောင်ဖက်တစ်ဦးကို တွေ့ရှိပါက ဘုရားသခင်ကို လိုက်ယုံကြည်နိုင်သည်၊ ၎င်းတို့ကိုယ်တိုင် မလိုက်စားလျှင်ပင် မိမိတို့၏ အိမ်ထောင်ဖက်ကို ဘုရားသခင်အား ယုံကြည်ရာတွင် အားပေးနိုင်သည်။ အချို့လူများသည် အတော်အတန် လက်ခံနိုင်ဖွယ်ဖြစ်သော လူ့သဘာဝရှိကြသည်၊ အကူအညီပေးတတ်ကြပြီး ဖော်ရွေကာ ကြင်နာတတ်ရန် အကောင်းဆုံး ကြိုးစားကြသည်။ ဥပမာအားဖြင့် ၎င်းတို့သည် အခြားသူများကို သည်းခံနိုင်သည်၊ အခက်အခဲရှိသူများကို ဖြေရှင်းပေးရန် ၎င်းတို့ တတ်နိုင်သမျှ ကူညီရန် စဉ်းစားပေးသည် သို့မဟုတ် အကြံဉာဏ်အချို့ ပေးသည် စသည်တို့ ဖြစ်သည်။ ၎င်းတို့သည် အခြားသူများအပေါ် အတော်အတန် ကြင်နာတတ်ပြီး မည်သည့် မလိုမုန်းထားစိတ်မျှ မထားရှိကြသော်လည်း ဘုရားသခင်ကို ယုံကြည်ခြင်း၌ ၎င်းတို့၏ ရည်ရွယ်ချက်နှင့် ပန်းတိုင်မှာ သိပ်ပြီး ဂုဏ်ယူဖွယ်မကောင်းပေ။ ၎င်းတို့သည် သမ္မာတရားကို မလိုက်စားသည့်အပြင် မည်သူက ၎င်းတို့နှင့် မိတ်သဟာယဖွဲ့သည်ဖြစ်စေ သမ္မာတရားကို လက်မခံကြပေ။ ခြောက်လဖြစ်စေ၊ တစ်နှစ်ဖြစ်စေ၊ နှစ်နှစ်ဖြစ်စေ လိုက်လျှောက်ပြီးနောက် ၎င်းတို့တွင် ပြောင်းလဲမှုမရှိပေ။ ၎င်းတို့သည် မယုံကြည်ခြင်းအကြောင်း မည်သည့်အရာကိုမျှ မပြောဆိုသကဲ့သို့ မည်သည့် အနှောင့်အယှက် သို့မဟုတ် အဖျက်အမှောင့်လုပ်ခြင်းကိုမျှ မဖြစ်စေသော်လည်း ဘုရားသခင်ကို ယုံကြည်ခြင်းကိစ္စရပ်များတွင် မည်သည့်စိတ်ဝင်စားမှုကိုမျှ မဖြစ်ပေါ်ကြပေ။ ထိုသို့သောလူများ အသင်းတော်တွင် နေထိုင်ရန် သင့်လျော်သလော။ (မသင့်လျော်ပါ။) ထိုသို့သောလူများကို ဖယ်ရှားသင့်သလော။ (၎င်းတို့ကိုလည်း ဖယ်ရှားသင့်ပါသည်။) အကြောင်းရင်းမှာ အဘယ်နည်း။ (အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် သမ္မာတရားကို စိတ်မဝင်စားသည့်အပြင် ကယ်တင်ခြင်းအတွက် ပစ်မှတ်များလည်း မဟုတ်သောကြောင့် ဖြစ်သည်။ ၎င်းတို့သည် အိမ်ထောင်ဖက်တစ်ဦးကို အမြဲရှာဖွေလျက် အသင်းတော်တွင် နေထိုင်ပါက အခြားသူများကို နှောင့်ယှက်မည်ဖြစ်ပြီး ထိုသူတို့ကို စုံစမ်းသွေးဆောင်ခြင်းထဲသို့ ပို့ဆောင်လိမ့်မည်၊ ၎င်းတို့သည် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်မည်မဟုတ်ပါ။) ယင်းမှာ ပကတိအခြေအနေ အတိအကျပင် ဖြစ်သည်။ ဥပမာအားဖြင့် အချို့လူများသည် အသားစားခြင်းကို အထူးနှစ်သက်ကြသည်။ ၎င်းတို့ အသားစားသည့်အခါ မိမိတို့၏ အလုပ်ကို မေ့သွားကြသည်။ အသားမရှိပါက ၎င်းတို့သည် သင့်လျော်သော အလုပ်အချို့ကို လုပ်ဆောင်နိုင်ဆဲဖြစ်သော်လည်း အသားရရှိနိုင်သည့်အခါ ၎င်းတို့၏ အလုပ်မှာ နှောင့်နှေးသွားသည်။ အသားသည် ၎င်းတို့အတွက် အဘယ်အရာဖြစ်သနည်း။ (စုံစမ်းသွေးဆောင်ခြင်း ဖြစ်ပါသည်။) အတိအကျပင်၊ ယင်းမှာ စုံစမ်းသွေးဆောင်ခြင်းတစ်ခု ဖြစ်သည်။ သို့ဆိုလျှင် အိမ်ထောင်ဖက်တစ်ဦးကို အမြဲရှာဖွေနေသောသူများကို စုံစမ်းသွေးဆောင်ခြင်း၏ အရင်းအမြစ်တစ်ခုအဖြစ် မှတ်ယူနိုင်သလော။ (မှတ်ယူနိုင်ပါသည်။) ၎င်းတို့သည် အမှန်ပင် စုံစမ်းသွေးဆောင်ခြင်း၏ အရင်းအမြစ်တစ်ခု ဖြစ်သည်။ ထိုသို့သောလူများအတွက် ၎င်းတို့အား ဤသို့ ရှင်းလင်းစွာ ပြောသင့်သည်။ “သင်သည် ဘုရားသခင်ကို ယုံကြည်ခြင်းအပေါ်ဖြစ်စေ၊ သင်၏တာဝန်ကို ထမ်းဆောင်ခြင်းအပေါ်ဖြစ်စေ ရိုးသားစစ်မှန်ခြင်း မရှိပေ။ သင်သည် အသင်းတော်ထဲသို့ ပေါင်းစည်းဝင်ရောက်နိုင်ခြင်း မရှိသကဲ့သို့ စစ်မှန်သော ယုံကြည်သူတစ်ဦးအဖြစ် မည်သည့်အခါကမျှ မှတ်ယူခြင်းမခံရချေ။ ဤနှစ်နှစ်တာ ဆက်ဆံမှုအတွင်း သင်၏ရည်ရွယ်ချက်ကို ကျွန်ုပ်တို့ မြင်တွေ့ခဲ့ပြီးဖြစ်သည်။ သင်သည် အသင်းတော်တွင် အိမ်ထောင်ဖက်တစ်ဦးကို ရှာဖွေလိုရုံသာ ဖြစ်သည်။ ဤသည်မှာ ကောင်းသောလူများကို ထိခိုက်နစ်နာစေခြင်း မဟုတ်လော။ အသင်းတော်ရှိ လူများသည် သင့်အတွက် မသင့်လျော်ပေ။ ဘာသာတရားမရှိသူများကြားတွင် သင့်အတွက် သင့်လျော်သောသူများစွာ ရှိသည်။ ဘာသာတရားမရှိသူများကြားတွင် တစ်စုံတစ်ဦးကို သွားရှာလော့” ဟူ၍ ဖြစ်သည်။ သွယ်ဝိုက်သောဆိုလိုရင်းမှာ ၎င်းတို့အား “ကျွန်ုပ်တို့သည် သင့်ကို ထွင်းဖောက်မြင်ပြီးဖြစ်သည်။ သင်သည် ဘုရားသခင် ရွေးချယ်ထားသောလူများထဲမှ တစ်ဦးမဟုတ်ပေ။ သင်သည် ဘုရားအိမ်တော်၏ လူတစ်ဦးမဟုတ်ပေ။ သင့်ကို ကျွန်ုပ်တို့၏ ညီအစ်ကို သို့မဟုတ် ညီအစ်မအဖြစ် မမှတ်ယူနိုင်ပေ” ဟု ပြောခြင်းဖြစ်သည်။ ထိုသို့သောလူများကို ဘုရားအိမ်တော်၏ စည်းမျဉ်းများအတိုင်း အသင်းတော်မှ ဖယ်ထုတ်ပစ်သင့်သည်။ ဤနည်းအားဖြင့် မဆင်မခြင်ဘဲ အိမ်ထောင်ဖက်ရှာဖွေပြီး အခြားသူများကို သွေးဆောင်ဖြားယောင်းနေသော ဤလူများသည် ဖယ်ရှားခြင်း ခံရလိမ့်မည်။ ထိုသို့သောလူများကို ပိုင်းခြားသိမြင်ရန် မလွယ်ကူသလော။ (လွယ်ကူပါသည်။) ဤလူများသည်လည်း မယုံကြည်သူများ ဖြစ်ကြသည်။ ၎င်းတို့သည် အသင်းတော်၊ ဘာသာရေးယုံကြည်မှုနှင့် ဘုရားသခင်ကို ယုံကြည်သောသူများအပေါ် အနည်းငယ် နှစ်သက်မှုရှိကြသည်။ ၎င်းတို့သည် မိမိတို့နှင့် အတူနေထိုင်ပြီး မိမိတို့အား သစ္စာရှိစွာ အလုပ်အကျွေးပြုဖို့ အိမ်ထောင်ဖက်ကို ယုံကြည်သူများကြားတွင် ရှာဖွေရန် ဘုရားသခင်ကို ယုံကြည်ခြင်းအခွင့်အရေးကို အသုံးပြုလိုခြင်းသာ ဖြစ်သည်။ ငါ့ကို ပြောလော့၊ ထိုသို့သောအရာ ဖြစ်နိုင်သလော။ ငါတို့သည် ၎င်းတို့ကို ကျေနပ်စေသင့်သလော။ အသင်းတော်သည် ထိုသို့သော ကိစ္စရပ်များကို စီစဉ်ပေးသင့်သလော။ (စီစဉ်မပေးသင့်ပါ။) အသင်းတော်သည် ၎င်းတို့၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ နှစ်သက်မှုများကို ဖြည့်ဆည်းပေးရန် တာဝန်မရှိပေ။ ၎င်းတို့သည် ယုံကြည်သူများကို လူကောင်းများဟု မည်မျှပင် ထင်သည်ဖြစ်စေ၊ ဤယုံကြည်သူများနှင့်အတူ မိမိတို့၏ ဘဝကို သင့်လျော်သောပုံစံဖြင့် နေထိုင်နိုင်မည်ဟု မည်မျှပင် ထင်သည်ဖြစ်စေ၊ ယုံကြည်သူများသည် လမ်းမှန်ကို လျှောက်လှမ်းနိုင်သည်ဟု မည်မျှပင် ထင်သည်ဖြစ်စေ အသုံးမဝင်ပေ။ ၎င်းတို့၏ ထင်မြင်ချက်သည် အရေးမပါပေ။ ထိုသို့သော မယုံကြည်သူများကို အသင်းတော်အများစုတွင်လည်း တွေ့ရှိနိုင်သည်။ ဤလူများကို ကိုင်တွယ်ရန် နည်းလမ်းမှာ ငါတို့ ယခုလေးတင် မိတ်သဟာယဖွဲ့ခဲ့သော နည်းလမ်းကို အသုံးပြုရန်ဖြစ်သည်၊ သို့မဟုတ် ၎င်းတို့ကို စည်းမျဉ်းများအတိုင်း ကိုင်တွယ်သရွေ့ သင်တို့တွင် ပိုကောင်းသော နည်းစနစ်များရှိပါက ယင်းတို့ကို သင်တို့ အသုံးပြုနိုင်သည်။ ဤမယုံကြည်သူများကို အမျိုးမျိုးသော ဆိုးယုတ်သည့်လူများထဲတွင် အမျိုးအစားခွဲခြားထားခြင်းမှာ လွန်ကဲသလော။ (မလွန်ကဲပါ။) ဤသည်မှာ မယုံကြည်သူများကို ငါတို့ ဆက်ဆံပုံ အတိအကျပင် ဖြစ်သည်။

ဂ။ ဘေးအန္တရာယ်များကို ရှောင်ရှားရန်

အသင်းတော်မှ အခြားမည်သည့်လူစားမျိုးများသည် ဖယ်ထုတ်ပစ်ခြင်း သို့မဟုတ် နှင်ထုတ်ခြင်း ခံသင့်သနည်း။ (နောက်တစ်မျိုးမှာ ဘေးအန္တရာယ်များကို ရှောင်ရှားရန်အတွက်သာ ဘုရားသခင်ကို ယုံကြည်သောသူများ ဖြစ်ပါသည်။) ဘေးအန္တရာယ်များကို ရှောင်ရှားရန်အတွက်သာ ဘုရားသခင်ကို ယုံကြည်ခြင်းသည်လည်း လူတို့ ယုံကြည်ခြင်းအတွက် ထားရှိသည့် ရည်ရွယ်ချက်တစ်ခု ဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်သောလူ အများစုတွင်လည်း ဤသို့သော ရောနှောပါဝင်မှုမျိုး ရှိသည်မဟုတ်လော။ (ဟုတ်ပါသည်။) သို့ဆိုလျှင် ဤအကြောင်းကြောင့် ဖယ်ထုတ်ပစ်ခြင်း သို့မဟုတ် နှင်ထုတ်ခြင်း ခံသင့်သည့်လူများနှင့် ပုံမှန် ဖောက်ပြန်ပျက်စီးခြင်း ထုတ်ဖော်မှုကိုသာ ပြသနေပြီး ဖယ်ထုတ်ပစ်ခြင်း သို့မဟုတ် နှင်ထုတ်ခြင်း မခံသင့်သည့်လူများအကြား ငါတို့ မည်သို့ ခွဲခြားသိမြင်သင့်သနည်း။ လူအများစုအတွက်မူ ၎င်းတို့၏ ယုံကြည်ခြင်းသည် ဘေးအန္တရာယ်များကို ရှောင်ရှားရန် ဘုရားသခင်ကို ယုံကြည်ခြင်းဟူသော ကြံရွယ်ချက်နှင့် ရောနှောနေသည်။ ဤသည်မှာ အမှန်တရားတစ်ခု ဖြစ်သည်။ ဘေးအန္တရာယ်များကို ရှောင်ရှားရန် ဘုရားသခင်ကို ယုံကြည်သောသူများထဲတွင် ဖယ်ထုတ်ပစ်ခြင်း သို့မဟုတ် နှင်ထုတ်ခြင်း ခံရရန် စံသတ်မှတ်ချက်များနှင့် ကိုက်ညီသော မယုံကြည်သူများကို သင်တို့ ပိုင်းခြားသိမြင်ရမည်။ ဥပမာအားဖြင့် ထိုသို့သောလူများသည် ဘေးအန္တရာယ်များ ပိုမိုဆိုးရွားလာသည်ကို မြင်သည့်အခါ စုဝေးပွဲများကို ပို၍ မကြာခဏ တက်ရောက်လာကြပြီး ၎င်းတို့ ယခင်က အသင်းတော်သို့ ပြန်ပေးထားသော ဘုရားသခင်၏ နှုတ်ကပတ်တော်များ စာအုပ်များကို အလျင်အမြန် ပြန်ယူကြကာ ယခုအခါ ဘုရားသခင်ကို အလေးအနက် ယုံကြည်လိုသည်ဟု ပြောဆိုကြသည်။ သို့သော်လည်း ဘေးအန္တရာယ်များ လွန်သွားသည် သို့မဟုတ် လျော့ပါးသွားသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် စီးပွားရေးလုပ်ရန်နှင့် ငွေရှာရန် ပြန်သွားကြပြီး ညီအစ်ကိုမောင်နှမများက ၎င်းတို့ကို စုဝေးပွဲများအတွက် မရှာဖွေနိုင်ရန် သို့မဟုတ် မဆက်သွယ်နိုင်ရန် အဆက်အသွယ်နည်းလမ်းအားလုံးကို ပိတ်ထားကြသည်။ ဘေးအန္တရာယ်များ ကျရောက်သည့်အခါ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများကို တက်ကြွစွာ ရှာဖွေကြသော်လည်း ဘေးအန္တရာယ်များ ပြီးဆုံးသွားသည့်အခါ ၎င်းတို့ကို ရှာဖွေရန် ညီအစ်ကိုမောင်နှမများအတွက် အလွန်ခက်ခဲသွားပြီး ၎င်းတို့နှင့် အဆက်အသွယ်လုပ်၍ ရနိုင်သူမှာ အလွန်ရှားပါးသွားသည်။ ဤသရုပ်သကန်များသည် အတော်အတန် သိသာထင်ရှားသည် မဟုတ်လော။ (ဟုတ်ပါသည်။) ဘေးအန္တရာယ်မရှိသည့်အခါ ၎င်းတို့က “လူများ၌ သာမန်ဘဝ ရှိရန် လိုအပ်သည်။ ကျွန်ုပ်တို့သည် တစ်နေ့တစ်နေ့ လုပ်စရာကိစ္စများ ရှိကြသည်။ နေ့စဉ်နေ့တိုင်း အိမ်တွင် ချက်ပြုတ်ရပြီး ကလေးများကို ကျောင်းကြိုကျောင်းပို့ လုပ်ရသောကြောင့် တစ်ခါတစ်ရံတွင် ကျွန်ုပ်သည် စုဝေးပွဲများကို မတက်ရောက်နိုင်ပါ။ ထို့အပြင် စားဝတ်နေရေးသည် ငွေကြေး လိုအပ်သည်။ စားဝတ်နေရေး ကုန်ကျစရိတ်အားလုံးကို ပေးရန် လိုအပ်သည်။ ငွေမရှာဘဲနှင့် ကျွန်ုပ်တို့ မရှင်သန်နိုင်ကြပါ။ ဤကမ္ဘာတွင် မည်သူမျှ ငွေမရှိဘဲ မရှင်သန်နိုင်ပါ။ ဘုရားသခင်ကို ယုံကြည်ခြင်းသည် လက်တွေ့ကျရန် လိုအပ်သည်” ဟု ပြောဆိုကြသည်။ ၎င်းတို့သည် ငွေရှာခြင်းနှင့် မိမိတို့၏ တစ်နေ့တာ ကိစ္စများ လုပ်ဆောင်ခြင်းတို့အပေါ်တွင်သာ လုံးလုံး အာရုံစိုက်လျက် ရံဖန်ရံခါသာ စုဝေးပွဲ တက်ရောက်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုသည်မှာ ရှားလျက် ယုတ္တိရှိရှိ ပြောဆိုပြီး လုံလောက်သော အကြောင်းပြချက်များ ပေးကြသည်။ ဘုရားသခင်ကို ယုံကြည်ခြင်းအပေါ် ၎င်းတို့၏ သဘောထားသည် မအေးမပူ၊ ကြက်သီးနွေးကဲ့သို့ ဖြစ်သည်။ ဘေးအန္တရာယ် ကျရောက်သည့်အခါ ၎င်းတို့က “အိုး၊ ကျွန်ုပ် ဘုရားမရှိဘဲ မနေနိုင်ပါ၊ ကျွန်ုပ် ဘုရားကို လိုအပ်သည်၊ ကျွန်ုပ် ဘုရားကို နေ့တိုင်း ဆုတောင်းပြီး သူ့ကို အော်ဟစ်တောင်းလျှောက်ရမည်။ ကျွန်ုပ်က ဘေးအန္တရာယ်များကို ရှောင်ရှားဖို့ ကြိုးစားနေခြင်း မဟုတ်ပါ၊ အဓိကအချက်မှာ ကျွန်ုပ်၏စိတ်နှလုံးထဲတွင် ဘုရားမရှိဘဲ မနေနိုင်ခြင်းဖြစ်သည်။ ကျွန်ုပ်၏စိတ်နှလုံးထဲတွင် ဘုရားမရှိဘဲ ကောင်းမွန်သည့်ဘဝကို နေထိုင်ရခြင်းက ဟာတာတာကြီးဖြစ်သည်” ဟု ပြောဆိုကြသည်။ ၎င်းတို့သည် ဘုရားသခင်အပေါ် သိကျွမ်းမှုတစ်ခုခုကို ပြသသည့် စကားတစ်ခွန်းမျှ မပြောနိုင်ပေ၊ ၎င်းတို့ ပြောဆိုသမျှသည် မိမိတို့၏ လုပ်ရပ်များနှင့် အပြုအမူကို မှန်ကြောင်းရှင်းချက်ထုတ်သည့် စကားများသာ ဖြစ်သည်။ ဘုရားအိမ်တော်က လူတိုင်းကို စာအုပ်မည်မျှ ဖြန့်ဝေသည်ကို ၎င်းတို့မသိ၊ တရားဒေသနာများ မည်သည့်အကြောင်းအရာသို့ ရောက်ရှိနေသည်ကို ၎င်းတို့မသိ၊ အသင်းတော်အသက်တာတွင် လက်ရှိ မည်သည့်သမ္မာတရားများကို မိတ်သဟာယဖွဲ့နေသည်ကို ၎င်းတို့မသိပေ။ ၎င်းတို့သည် ခြောက်လတစ်ကြိမ် သို့မဟုတ် တစ်နှစ်တစ်ကြိမ် စုဝေးပွဲ တက်ရောက်သည်။ ၎င်းတို့ တက်ရောက်သည့်အခါ “ဘာသာတရားမရှိသူများက အလွန်ဆိုးရွားသည်။ လူ့အဖွဲ့အစည်းက တရားမမျှတပါ။ ဤလောကကြီးက ဆိုးယုတ်သည်။ ပိုက်ဆံရှာဖို့ အားထုတ်ရသည်မှာ အလွန်ပင် ခက်ခဲလှသည်။ လူတို့အပေါ် ဘုရား၏ ဝန်ထုပ်သည် ပေါ့ပါး၏...” ဟု ပြောဆိုကြသည်။ ၎င်းတို့သည် စုဝေးပွဲ၏ မိတ်သဟာယဖွဲ့ခြင်း အကြောင်းအရာများနှင့် ပါဝင်အကြောင်းအရာတို့နှင့် တစ်စက်မျှ မသက်ဆိုင်သော ဤအကျိုးမရှိသော စကားများအကြောင်းကို ဆက်ပြောနေကြသည်။ ၎င်းတို့သည် မိမိတို့၏ ဆုတောင်းချက်တွင် အနှစ်မဲ့သော စကားအနည်းငယ်နှင့် ဘုရားသခင်ကို ယုံကြည်ခြင်းအကြောင်း အပေါ်ယံစကားအနည်းငယ်ကို ပြောဆိုပြီးနောက် မိမိတို့ကိုယ်ကို ယုံကြည်သူများအဖြစ် မှတ်ယူကာ မိမိတို့ဘာသာ စိတ်ကျေနပ်ပြီး အေးအေးဆေးဆေး ဖြစ်သွားကြသည်။ ဤသည်မှာ ဘုရားသခင်ကို ယုံကြည်ခြင်းလော။ ဤသို့သောလူတို့သည် မည်သည့်အကောင်ယုတ်မျိုး ဖြစ်ကြသနည်း။ အကယ်၍ သင်က ၎င်းတို့ကို “သင်သည် အဘယ်ကြောင့် စုဝေးပွဲများကို ပုံမှန်မတက်ရောက်သနည်း” ဟု မေးပါက ၎င်းတို့က “ကျွန်ုပ်တွင် အခြေအနေမပေးပါ။ ဤသည်မှာ ဘုရားက ကျွန်ုပ်အတွက် စီစဉ်ဖွဲ့စည်းပေးထားသည့် ပတ်ဝန်းကျင်ဖြစ်ပြီး ကျွန်ုပ်သည် ယင်းကို ကျိုးနွံနာခံရမည်” ဟု ပြောဆိုကြသည်။ ဤစကားများသည် ကြားကောင်းလိုက်လေခြင်းပါတကား။ ၎င်းတို့က “ကြည့်ပါ၊ ဘုရားက ကျွန်ုပ်အတွက် ဤပတ်ဝန်းကျင်ကို စီစဉ်ဖွဲ့စည်းပေးထားသည်။ ကျွန်ုပ်၏ တစ်မိသားစုလုံးက အစားအစာအတွက် ကျွန်ုပ်ကို မှီခိုနေရသောကြောင့် ကျွန်ုပ်မှာ ရှင်သန်ရန် ငွေရှာဖို့ လိုအပ်သည်။ ယခုလောလောဆယ်တွင် ငွေရှာခြင်းမှာ ဘုရားသခင်က ကျွန်ုပ်အတွက် ပေးအပ်ထားသော တာဝန်ဖြစ်သည်” ဟုလည်း ပြောဆိုကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကို ပြောဖို့ မဆိုထားနှင့်၊ မိမိတို့၏ တာဝန်ကို ထမ်းဆောင်ခြင်းအကြောင်းကို ထုတ်ပြောရန် လုံးလုံး ပျက်ကွက်ကြသည့်အပြင် ဖန်ဆင်းခံတစ်ဦးအဖြစ် မိမိတို့၏ တာဝန်ဝတ္တရားများအကြောင်းကိုလည်း လုံးဝ မပြောပေ။ ၎င်းတို့သည် ရံဖန်ရံခါ စုဝေးပွဲ တက်ရောက်ပြီး ပူဇော်သက္ကာ ယွမ်အနည်းငယ်ကို ထည့်ဝင်ရုံမျှဖြင့် မိမိတို့သည် ဘုရားအိမ်တော်အတွက် ပါဝင်ဖြည့်ဆည်းပြီးဖြစ်သည်ဟု ထင်ကြသည်။ မိမိတို့၏ သားသမီးများ နေမကောင်းသည့်အခါ ဘုရားသခင်ထံ ဆုတောင်းကြပြီး ရက်အနည်းငယ်ကြာ၍ ၎င်းတို့၏ သားသမီးများ နေကောင်းသွားသည့်အခါတွင် အသင်းတော်သို့ ပူဇော်သက္ကာငွေအချို့ကို အလျင်အမြန် ထည့်ဝင်ပြီးနောက် တစ်ဖန် ပျောက်သွားပြန်သည့် အခြားသူများလည်း ရှိလေသည်။ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများနှင့် အပြန်အလှန် ဆက်ဆံသည့်အခါတိုင်း သမ္မာတရားအကြောင်းကို မည်သည့်အခါမျှ မိတ်သဟာယမဖွဲ့သကဲ့သို့ ဘုရားသခင်၏ နှုတ်ကပတ်တော်များကိုလည်း မဖတ်ရှုကြပေ။ ဘေးအန္တရာယ်များ သို့မဟုတ် ကပ်ဘေးများ မကျရောက်သည့်အခါ ဘုရားသခင်ထံ မည်သည့်အခါမျှ ဆုမတောင်းကြပေ။ ၎င်းတို့၏ နေ့စဉ်စကားပြောဆိုမှုများသည် အိမ်တွင်းရေးရာ အတင်းအဖျင်းများ၊ အမှားအမှန် ငြင်းခုံမှုများ၊ ဇာတိပကတိဆိုင်ရာ အသက်တာ၊ အမျိုးမျိုးသော လူမှုရေးဖြစ်စဉ်များနှင့် ၎င်းတို့ မြင်တွေ့ကြားသိရသည့် အမျိုးမျိုးသောအရာများသာ အမြဲဖြစ်သည်၊ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအကြောင်းကို မိတ်သဟာယဖွဲ့သည်မှာ ရှားပါးလှပြီး ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် သက်ဆိုင်သည့် စိတ်ရင်းမှန်သော စကားတစ်ခွန်းကိုမျှ မည်သည့်အခါမျှ မပြောဆိုကြပေ။ ၎င်းတို့သည် ဘုရားသခင်၏ ကြည့်ရှုစောင့်ရှောက်ခြင်းနှင့် ကာကွယ်ခြင်းကို ရှာဖွေရန် အသင်းတော်တွင် မိမိတို့၏ နေရာကို ထိန်းသိမ်းထားရုံသာ ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်ကို ယုံကြည်ခြင်း၌ ၎င်းတို့၏ နည်းလမ်းမျှသာ ဖြစ်သည်၊ ၎င်းတို့သည် သမ္မာတရားကို လုံးဝမလိုက်စားဘဲ ငြိမ်သက်ခြင်းနှင့် ကောင်းချီးများကိုသာ ရှာဖွေကြသည်။ ၎င်းတို့သည် သမ္မာတရားကို စိတ်ဝင်စားမှု တစ်စက်မျှ လုံးဝမရှိပေ။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်းမှ အကျိုးကျေးဇူးများ၊ ကျေးဇူးတော်နှင့် ကောင်းချီးများကိုသာ ရရှိလိုကြသည်။ ၎င်းတို့သည် နောင်ဘဝကို မမြင်နိုင်သည့်အပြင် လုံးဝမယုံကြည်သောကြောင့် ယင်းကို ဂရုမစိုက်ကြပေ။ ၎င်းတို့သည် ဤဘဝတွင် ဘုရားသခင်၏ ကျေးဇူးတော်ကို မွေ့လျော်ခံစားပြီး ဘေးအန္တရာယ်အားလုံးကို ရှောင်ရှားလိုရုံသာ ဖြစ်သည်။ ဘုရားသခင်နှင့် အသင်းတော်သည် ၎င်းတို့၏ ခိုလှုံရာဖြစ်သောကြောင့် ၎င်းတို့ စုဝေးပွဲများ တက်ရောက်သည့်အခါတိုင်းသည် ၎င်းတို့ အခက်အခဲများနှင့်ဖြစ်စေ၊ ဘေးအန္တရာယ်များနှင့်ဖြစ်စေ ကြုံတွေ့ခဲ့သည့်အခါတွင်ဖြစ်သည်မှာ သေချာသည်။ ထိုသို့သောလူများသည် ဘုရားသခင်ကို ရိုးသားစစ်မှန်စွာ ယုံကြည်သူများလော။ (မဟုတ်ပါ။) ၎င်းတို့သည် မည်သို့သော လူစားမျိုးများ ဖြစ်ကြသနည်း။ (အခွင့်အရေးသမားများနှင့် မယုံကြည်သူများ ဖြစ်ကြပါသည်။) ဤသူတို့သည် ဘေးအန္တရာယ်များကို ရှောင်ရှားရန် အသင်းတော်ကို အသုံးပြုလိုသော မယုံကြည်သူများ ဖြစ်ကြသည်။ ထိုသို့သောလူများကို အသင်းတော်တွင် နေထိုင်ခွင့်ပြုသင့်သလော။ (မပြုသင့်ပါ။) ၎င်းတို့ စုဝေးပွဲများသို့ လာသည့်အခါ အခြားသူများကို နှောင့်ယှက်ပြီး စိတ်ထဲတွင် ကသိကအောက်ဖြစ်စေသည်။ လူအများစုသည် အလွန် ယဉ်ကျေးပြီး ၎င်းတို့ကို ထိန်းချုပ်ရန် ကြိုးစားဖို့ အနေရခက်ကြသည်၊ သို့ဖြစ်၍ ၎င်းတို့အား တွေ့ရာမြင်ရာ လျှောက်ပြောစေပြီး လူတိုင်း ဘုရားနှုတ်ကပတ်တော်များ စားသောက်ခြင်းကို နှောင့်ယှက်စေသည်။ ဤအချိန်တွင် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် မည်သို့ လုပ်ဆောင်သင့်သနည်း။ ၎င်းတို့သည် ထိုသို့သောလူများကို ကန့်သတ်ခြင်း၊ လူများစု၏ အကျိုးစီးပွားကို ကာကွယ်ခြင်းနှင့် ပုံမှန်အသင်းတော်အသက်တာကို ထိန်းသိမ်းခြင်းဟူသော တာဝန်ကို ထမ်းဆောင်သင့်သည် မဟုတ်လော။ (ဟုတ်ပါသည်။) သင်သည် ၎င်းတို့၏ ဘုရားနှုတ်ကပတ်တော် စာအုပ်များကို ပြန်ယူနိုင်ပြီး ၎င်းတို့ကို အသင်းတော်မှ ထွက်သွားရန် အကြံပေးနိုင်သည်။ တစ်စုံတစ်ဦးကို အသင်းတော်မှ ထွက်သွားဖို့ ဖျောင်းဖျရန် နည်းလမ်းအမျိုးမျိုးရှိသည်။ သင်တို့ကိုယ်တိုင် အကြံထုတ်နိုင်သည်။ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများနှင့် နောက်ထပ် အဆက်အသွယ် လုပ်၍မရနိုင်အောင်ကိုသာ သေချာစေလော့။ တစ်စုံတစ်ဦးက “ဤလူသည် ကောင်းပါသည်။ ၎င်းသည် အသင်းတော်တွင် အိမ်တွင်းရေးရာ အသေးအဖွဲအချို့ကိုသာ ပြောဆိုသည်၊ သို့သော် ၎င်းသည် အသင်းတော်၏အလုပ်ကို မနှောင့်ယှက်ပေ သို့မဟုတ် ကျွန်ုပ်တို့၏ တာဝန်ထမ်းဆောင်မှုကိုလည်း မထိခိုက်ပေ၊ သို့ဖြစ်၍ ကျွန်ုပ်တို့ သည်းခံသင့်ပါသည်။ ဘုရားသခင်ကို ယုံကြည်ခြင်း၌ ကျွန်ုပ်တို့သည် လူအမျိုးမျိုးကို သည်းခံပြီး ခွင့်လွှတ်သင့်သည် မဟုတ်လော။ ဘုရားသခင်သည် လူအယောက်တိုင်းကို ကယ်တင်ခံရစေလိုပြီး မည်သူ့ကိုမျှ ဖျက်ဆီးခံရခြင်း မခံစားစေလိုပေ။” ဟု ပြောသည် ဆိုကြပါစို့။ ထိုအခါ သင်သည် ၎င်းတို့သည် ကယ်တင်ခြင်းအတွက် ပစ်မှတ်ဟုတ်မဟုတ်ကို စဉ်းစားရန် လိုအပ်သည်။ ၎င်းတို့ မဟုတ်ပါက ကျွန်ုပ်တို့သည် ၎င်းတို့ကို ပိုင်းခြားသိမြင်ပြီး ဖယ်ထုတ်ပစ်သင့်သည် မဟုတ်လော။ (ဟုတ်ပါသည်။) အချို့လူများက “ကျွန်ုပ်က ယဉ်ကျေးလွန်းသည်။ သူတို့ကို အသင်းတော်မှ ထွက်သွားဖို့ ဖျောင်းဖျရန် အနေရခက်သည်” ဟု ပြောကြသည်။ ဤပြဿနာသည် ဖြေရှင်းရန် လွယ်ကူသည်။ အကယ်၍ သင်သည် ၎င်းတို့နှင့် အဆက်အသွယ်မလုပ်ရုံမျှဖြင့် သင်သည် ၎င်းတို့၏ နှောင့်ယှက်ခြင်း သို့မဟုတ် ဘောင်ခတ်ခြင်းကို ခံရမည်မဟုတ်ပေ။ သင် ၎င်းတို့နှင့် တွေ့လျှင်ပင် ၎င်းတို့နှင့် ပတ်သက်ရန် မလိုအပ်ပေ။ ၎င်းတို့နှင့် ဘုရားသခင်ကို ယုံကြည်ခြင်းကိစ္စရပ်များအကြောင်း ပြောဆိုရန် မလိုအပ်ပေ၊ ၎င်းတို့ကို ဘာသာတရားမရှိသူများအဖြစ် သဘောထားလိုက်ရုံသာ ဖြစ်သည်။ အချို့လူများက “ကျွန်ုပ်တို့ သူတို့ကို မေတ္တာနှင့် ကူညီပြီး ကျွန်ုပ်တို့ နားလည်သည့် သမ္မာတရားကို သူတို့အား မိတ်သဟာယဖွဲ့ပေး၍ မရဘူးလား” ဟု ပြောကြသည်။ ထိုသို့သော မယုံကြည်သူများအတွက် သင်သည် အမှန်တကယ် မေတ္တာရှိပါက သင် စမ်းကြည့်နိုင်သည်။ သင်သည် ၎င်းတို့ကို အမှန်တကယ် ပြောင်းလဲပေးနိုင်ပါက ၎င်းတို့ကို ဖယ်ထုတ်ပစ်ရန် သို့မဟုတ် နှင်ထုတ်ရန် မလိုအပ်တော့ပေ။ အချို့လူများက “ကျွန်ုပ်က မိမိ၏ အားထုတ်မှုကို ဖြုန်းတီးမည် မဟုတ်။ ၎င်းတို့ကို ကူညီခြင်းက ဝက်ကို ရေချိုးပေးသကဲ့သို့ပင် အသုံးမဝင်ပါ။ သင်သည် ယင်းကို မည်မျှသန့်စင်နေအောင် ဆေးကြောပေးပါစေ ယင်းသည် ရွှံ့ထဲသို့ သွားလူးဦးမည်သာ ဖြစ်သည်။ ယင်းမှာ ထိုသို့သော သတ္တဝါ အတိအကျပင် ဖြစ်သည်။ ပြောင်းလဲမည်မဟုတ်” ဟု ပြောကြသည်။ သင်သည် ဤအရာကို နားလည်နိုင်ပါက သင်မှန်ကန်ပေသည်။ ထိုသို့သော မယုံကြည်သူများကို ကူညီရန် သင်သည် သမ္မာတရားကို ဆက်၍ မိတ်သဟာယဖွဲ့ဦးမည်လော။ သင်တို့သည် ဤအဓိပ္ပာယ်မဲ့သောအလုပ်ကို ဆက်၍ လုပ်ဆောင်ဦးမည်လော။ (မလုပ်တော့ပါ။) ဤအချိန်တွင် သင်တို့သည် မိမိတို့ မိုက်မဲခဲ့ကြောင်းနှင့် လူတို့ကို ထိုးထွင်းမမြင်ခဲ့ကြောင်း သိရှိကြသည်။ မယုံကြည်သူများသည် မပြောင်းလဲနိုင်ပေ။ ဤလူများသည်လည်း ဘုရားသခင်ကို ယုံကြည်သောသူများသည် ကောင်းသောအရာများကို ပြုလုပ်ပြီး မကောင်းသောအရာများကို ရှောင်ကြဉ်ကြောင်း၊ ၎င်းတို့သည် အခြားသူများကို အနိုင်မကျင့် သို့မဟုတ် မလိမ်လည်ကြောင်းကိုလည်း သိကြသည်။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်သောသူများအပေါ် ကောင်းသော အထင်အမြင်ရှိကြသည်၊ သို့ဖြစ်၍ ၎င်းတို့သည် “ဘုရားရှိသည်ဟု ယုံကြည်ခြင်း” နှင့် “ဘုရားသခင်ကို ယုံကြည်ခြင်းသည် ကောင်းသည်” ဟူသော အလံအောက်တွင် မိမိတို့ကိုယ်ကို အယောင်ဆောင်ပြီး လူတို့က ၎င်းတို့ကို ညီအစ်ကို သို့မဟုတ် ညီအစ်မတစ်ဦးအဖြစ် ထင်မြင်စေလျက် အသင်းတော်ထဲသို့ တအိအိနှင့် အယုံသွင်း၍ ဝင်ကြသည်။ အချို့လူများသည် အမှန်ပင် ဤအရာ၏ လှည့်စားခြင်းကို ခံရပြီး ၎င်းတို့ကို ညီအစ်ကို သို့မဟုတ် ညီအစ်မတစ်ဦးအဖြစ် အမှန်တကယ် မှတ်ယူကာ မကြာခဏ သွားရောက်တွေ့ဆုံပြီး ကူညီကြသည်။ အချိန်ကြာမြင့်ပြီးမှသာ ၎င်းတို့က အမှန်တကယ် သဘောပေါက်လာကြလေသည်။ “ဤလူသည် ဘေးအန္တရာယ်များနှင့်ဖြစ်စေ၊ အခက်အခဲများနှင့်ဖြစ်စေ ရင်ဆိုင်ရသည့်အခါမှသာ အသင်းတော်သို့ လာပြီး အသုံးမဝင်သည့်၊ အဓိပ္ပာယ်မဲ့သော စကားများကို ပြောဆိုသည်။ အခြေအနေများ ချောမွေ့ပြီး ၎င်းအတွက် အရာရာ အဆင်ပြေသည့်အခါ ၎င်း၏ ဘဝ ကောင်းမွန်သည့်အခါ ၎င်းသည် လူတိုင်းကို လျစ်လျူရှုသည်။ ၎င်းသည် ထိုသို့သော ကလိမ်ကကျစ် ဖြစ်မှန်းသာ ကျွန်ုပ်တို့ ကြိုသိခဲ့လျှင် ၎င်းကို ကူညီခဲ့မည်မဟုတ်သကဲ့သို့ များစွာ အားမထုတ်ခဲ့ပေ” ဟူ၍ ဖြစ်၏။ ယခု နောင်တရ၍ အသုံးဝင်သလော။ နောင်တရရန် နောက်ကျသွားပြီဖြစ်သည်။ သင်သည် အချည်းနှီးသော စကားများစွာကို ပြောနှင့်ပြီးဖြစ်သည်။ တိုတိုပြောရလျှင် ထိုသို့သော မယုံကြည်သူများကို တတ်နိုင်သမျှ အစောဆုံး ပိုင်းခြားသိမြင်ရန်၊ ကိုင်တွယ်ဖြေရှင်းရန်နှင့် အသင်းတော်မှ ဖယ်ထုတ်ပစ်ရန် လိုအပ်သည်။ ၎င်းတို့ကို ညီအစ်ကိုမောင်နှမများအဖြစ် မမှတ်ယူနှင့်၊ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများ မဟုတ်ကြပေ။ ဘုရားသခင် ရွေးချယ်ထားသောလူများသာလျှင် ညီအစ်ကိုမောင်နှမများ ဖြစ်ကြသည်၊ ကယ်တင်ခြင်းခံရနိုင်ပြီး ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ခြင်းကို လိုက်စားသောသူများသာလျှင် ညီအစ်ကိုမောင်နှမများ ဖြစ်ကြသည်။ ဘေးအန္တရာယ်များကို ရှောင်ရှားရန်နှင့် သမ္မာတရားကို လက်မခံဘဲ ဘုရားသခင်၏ ကျေးဇူးတော်ကို လောဘတကြီး မွေ့လျော်ခံစားရန် ဘုရားအိမ်တော်တွင် ကပ်နေသောသူများသည် မယုံကြည်သူများ ဖြစ်ကြသည်။ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများ မဟုတ်ကြသည့်အပြင် ဘုရားသခင် ရွေးချယ်ထားသောလူများလည်း သေချာပေါက် မဟုတ်ကြပေ။ သင် နားလည်သလော။ ထိုသို့သော မယုံကြည်သူများကို စည်းမျဉ်းများအတိုင်း သဘောထားပြုမူရမည်၊ ၎င်းတို့ကို ဖြစ်သင့်သည့်အတိုင်း ကိုင်တွယ်ဖြေရှင်းသင့်သည်။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရားဖြစ်ပြီး ဘုရားသခင် ရွေးချယ်ထားသောလူတိုင်း ရှင်းလင်းစွာ သိရှိသင့်သည့် စည်းမျဉ်းတစ်ခုလည်း ဖြစ်သည်။

၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။