ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၂၄) အခန်း လေး

ခ။ အချောင်ယူရသည်ကို နှစ်သက်ခြင်း

ဒုတိယအမျိုးအစား လူတို့သည် အချောင်ယူရခြင်းကို နှစ်သက်သောသူများ ဖြစ်ကြသည်။ အချောင်ယူရသည်ကို နှစ်သက်ခြင်းနှင့်ပတ်သက်၍ မိတ်သဟာယဖွဲ့သည့်အခါ အချို့သောသူတို့၌ အယူအဆများ မုချဧကန်ရှိကြပြီး “မည်သည့် ဖောက်ပြန်ပျက်စီးသော လူသားက အခွင့်ကောင်းယူခြင်းကို မနှစ်သက်ဘဲ ရှိမည်နည်း။ ၎င်းသည် လူ့သဘာဝ ဖြစ်သည်၊ ဒုစရိုက်အမှုကို မပြုလုပ်သရွေ့ အနည်းငယ် အချောင်ယူခြင်းက မည်သည့်အရာများ အလွန် ဆိုးရွားနေသနည်း” ဟု တွေးထင်ကြသည်။ ငါတို့ ဤနေရာ၌ မိတ်သဟာယဖွဲ့နေသည့် အချောင်ယူရခြင်းကို နှစ်သက်ခြင်းမှာ သာမန်လူတို့၏ အခွင့်ကောင်းယူတတ်သည့် နယ်ပယ်ကို ကျော်လွန်သည်၊ ယင်းသည် ဆိုးယုတ်မှု အတိုင်းအတာအထိ ရောက်ရှိသည်။ အသင်းတော်၌ ဤလူအမျိုးအစား အတော်များများ ရှိလောက်သည် သို့မဟုတ် အနည်းဆုံး တစ်စိတ်တစ်ပိုင်း ရှိပေမည်။ “ငါတို့အားလုံး ညီအစ်ကိုမောင်နှမများ ဖြစ်ကြသည်” ဟူသော အကြောင်းပြချက်ကို ခုတုံးလုပ်၍ ၎င်းတို့သည် နေရာတိုင်း၌ အချောင်ယူကြသည်၊ ညီအစ်ကိုမောင်နှမများကြားထဲတွင်လည်းကောင်း၊ ဘုရားအိမ်တော်၌လည်းကောင်း၊ အသင်းတော်၌လည်းကောင်း အခွင့်ကောင်းယူကြသည်။ ၎င်းတို့သည် မည်သည့်နေရာတွင် အချောင်ယူကြသနည်း။ ဥပမာအားဖြင့် ၎င်းတို့၏ မိသားစုက အိမ်တစ်လုံးဝယ်ရန် လိုအပ်သော်လည်း ငွေအလုံအလောက် မရှိပါက ၎င်းတို့သည် ဆွေမျိုးများ သို့မဟုတ် မိတ်ဆွေများထံမှ မချေးငှားကြသကဲ့သို့ ဘဏ်သို့လည်း သွား၍မချေးကြပေ။ ၎င်းတို့သည် အတိုးအကြောင်းကိုဖြစ်စေ၊ ချေးငွေကို မည်သည့်အချိန်တွင် ပြန်ဆပ်မည်ကိုဖြစ်စေ ဖော်ပြခြင်းမရှိဘဲ ညီအစ်ကိုမောင်နှမများထံမှ ချေးငှားကြသည်၊ ၎င်းတို့သည် ချေးငှားရုံသာ ဖြစ်သည်။ ၎င်းတို့က “ချေးငှားသည်” ဟု ဆိုခြင်းမှာ ကြားကောင်းအောင် ပြောခြင်းဖြစ်သည်၊ အမှန်တရားမှာ ၎င်းတို့သည် ထိုငွေကို ပြန်ဆပ်ရန် သို့မဟုတ် အတိုးပေးရန် မည်သည့်အခါမျှ ရည်ရွယ်ခြင်းမရှိသောကြောင့် ယူလိုက်ရုံသာ ဖြစ်သည်။ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများကို အဘယ်ကြောင့် ပစ်မှတ်ထားကြသနည်း။ ၎င်းတို့အားလုံးသည် ညီအစ်ကိုမောင်နှမများ ဖြစ်ကြသောကြောင့် အခက်အခဲ ကြုံသည့်အချိန်များတွင် ကူညီသင့်သည်ဟုလည်းကောင်း၊ တစ်စုံတစ်ဦးက မကူညီပါက ထိုသူသည် ညီအစ်ကို သို့မဟုတ် ညီအစ်မတစ်ဦး မဟုတ်ဟုလည်းကောင်း ၎င်းတို့က ထင်မှတ်ကြသည်။ သို့ဖြစ်၍ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများထံ ငွေချေးရန် သွားကြပြီး ညီအစ်ကိုမောင်နှမများက ၎င်းတို့အား ငွေချေးပေးခြင်းသည်သာ မှန်ကန်ပြီး သင့်လျော်သည်ဟု ခံစားရစေရန် အကြောင်းပြချက်များ ရှာကြံပြောဆိုကြသည်။ အခြားလူအချို့တို့သည် ညီအစ်ကို သို့မဟုတ် ညီအစ်မတစ်ဦး၏ မိသားစုက ကားတစ်စီး ပိုင်ဆိုင်သည်ကို မြင်တွေ့ပြီး ထိုအကြောင်းကို ဆက်လက်တွေးတောနေကြကာ ရက်အနည်းငယ်ကြာလိုက်တိုင်း ငှားရန် အဆက်မပြတ် တောင်းဆိုကြသည်။ ၎င်းတို့သည် ကားကို ငှားသော်လည်း ပြန်မပေးကြသည့်အပြင် ဆီပြန်မဖြည့်ပေးကြဘဲ တစ်ခါတစ်ရံတွင် ကားကို ချိုင့်ဝင်အောင်လုပ်ခြင်း သို့မဟုတ် တိုက်မိအောင်ပင် လုပ်ဆောင်ကြသည်။ ၎င်းတို့သည် အခြားသူများ၏ အိမ်များ၌ တွေ့မြင်ရသော မည်သည့်အစားအစာကောင်း၊ အသုံးဝင်သော ပစ္စည်း သို့မဟုတ် တန်ဖိုးရှိသည့် မည်သည့်အရာကိုမဆို မိမိတို့အတွက် တပ်မက်လျက် လိုချင်တောင့်တကာ လျှို့ဝှက်ကြံစည်ကြသည်။ ၎င်းတို့သည် မည်သူ့အိမ်သို့မဆို သွားသည့်အခါတိုင်း အချောင်ယူနိုင်မည့်အရာ သို့မဟုတ် ယူဆောင်သွားနိုင်မည့်အရာ တစ်ခုခုကို နေရာအနှံ့ လိုက်လံရှာဖွေကြည့်ရှုရင်း သူတို့၏မျက်လုံးများသည် သူခိုးကဲ့သို့ လောဘဇောများဖြင့် တောက်ပနေတတ်ကြသည်။ သေးငယ်သော ပန်းအိုးတစ်လုံးပင် ၎င်းတို့လက်တွင်းမှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။ အခြားသူများနှင့် အပြင်သွားသည့်အခါ သို့မဟုတ် အတူစားသောက်သည့်အခါ ၎င်းတို့သည် သယ်ယူပို့ဆောင်ရေးစရိတ် သို့မဟုတ် အစားအသောက်ဖိုးကို ပေးချေရန် မည်သည့်အခါမျှ ကမ်းလှမ်းခြင်းမရှိပေ။ သူတို့သည် ကောင်းမွန်သောအရာတစ်ခုခုကို မြင်သည့်အခါတိုင်း ဝယ်ယူလိုကြသော်လည်း ငွေပေးချေရမည့်အချိန်သို့ ရောက်သောအခါ သူတို့အတွက် အခြားသူများကို ငွေရှင်းစေကြပြီး နောက်ပိုင်းတွင် ထိုသူတို့ကို ငွေပြန်ပေးရမည့်ကိစ္စကို စကားထဲထည့်ပင်မပြောကြပေ၊ ၎င်းတို့သည် တစ်ပြားနှင့် တစ်မတ်ဖြစ်လျှင်ပင် အချောင်ယူလိုကြခြင်းသာ ဖြစ်သည်။ သင်သည် ကောင်းမွန်သောအရာများကို ရလိုပါက သင်ကိုယ်တိုင် ပေးချေနိုင်သည်၊ သင်သည် သင်၏ကိုယ်ပိုင်ငွေဖြင့် မပေးချေလိုပါက အခြားသူများကိုလည်း အချောင်ယူရန် မရှာဖွေနှင့်၊ ထိုမျှလောက်လည်း လောဘမကြီးနှင့်၊ သင်သည် အခြားလူများထံမှ လေးစားမှုကို ရရှိရန် တည်ကြည်မှုအချို့ ရှိသင့်သည်။ သို့သော် ဤလူစားမျိုးတွင် တည်ကြည်မှု ကင်းမဲ့ပြီး အချောင်ယူရန်သာ လိုလားကာ ၎င်းတို့ အချောင်ပိုယူရလေ ပို၍ ရွှင်လန်းဝမ်းမြောက်လေ ဖြစ်သည်။ အသင်းတော်၌ ထိုသို့သောလူများ ပေါ်ပေါက်လာခြင်းသည် ရှက်ဖွယ်ကောင်းခြင်းလော သို့မဟုတ် ဂုဏ်ကျက်သရေရှိခြင်းလော။ (ရှက်ဖွယ်ကောင်းခြင်း ဖြစ်ပါသည်။) ယင်းမှာ ရှက်ဖွယ်ကောင်းခြင်း ဖြစ်သည်။ ၎င်းတို့ ဤသို့ အချောင်ယူခြင်းသည် လိုအပ်သည်ဟု သင်တို့ ဆိုမည်လော။ ၎င်းတို့သည် အစားအသောက် မတတ်နိုင်သောကြောင့် သို့မဟုတ် ၎င်းတို့၏ မိသားစု စားသောက်ရန် ငွေမရှာနိုင်သောကြောင့်လော။ လုံးဝမဟုတ်ပေ။ အမှန်တကယ်တွင် ၎င်းတို့၌ သုံးစွဲရန် ငွေအလုံအလောက်နှင့် စားသောက်ရန် အစားအစာ အလုံအလောက် ရှိသည်၊ ၎င်းတို့၏ လောဘသည် အလွန်ကြီးမားပြီး ၎င်းတို့၏ တည်ကြည်မှုကို ဖယ်ရှားသည့်အဆင့်အထိ၊ အခြားသူများထံမှ စက်ဆုပ်ရွံရှာခြင်းနှင့် ရွံမုန်းခြင်းတို့ကို ဖြစ်ပေါ်စေသည့်အဆင့်အထိ ရောက်ရှိနေခြင်းသာ ဖြစ်သည်။ ထိုသို့သောလူသည် ကောင်းသလော။ (မကောင်းပါ။) အချို့လူတို့သည် မိမိတို့၏ တာဝန်များကို ထမ်းဆောင်သည့်အခါ အစဉ်အမြဲ အချောင်ယူရန် ကြိုးစားတတ်ကြပြီး အနည်းငယ်မျှ ဆုံးရှုံးသွားလျှင်ပင် စိတ်မကျေမနပ်ဖြစ်ကာ ထိုအကြောင်းကို မပြောဘဲမနေနိုင်ကြပေ။ တာဝန်တစ်ခုကို ခန့်အပ်သည့်အခါ ၎င်းတို့သည် ငွေအကြောင်းကို အစဉ်အမြဲ ထည့်ပြောကြသည်၊ “ခရီးတစ်ခေါက်အတွက် ခရီးစရိတ်က မည်မျှဖြစ်မည်၊ တည်းခိုခက မည်မျှကျမည်၊ အစားအသောက်ဖိုးက မည်မျှကျမည် စသည်ဖြင့် ဖြစ်သည်” ဟု ပြောဆိုကြသည်။ ၎င်းတို့အား “ငွေအတွက် စိတ်မပူပါနှင့်၊ အသင်းတော်က ပေးပါလိမ့်မည်” ဟု ပြောဆိုကြသည်။ သို့သော် ငွေလက်ခံရရှိပြီးနောက် ၎င်းတို့သည် ထိုအကြောင်းကို တနုံ့နုံ့စဉ်းစားကြပြီး “ဤမျှနှင့် မလုံလောက်ပါ။ အပြင်၌ ယွမ် ၂၀၀ မျှဖြင့် ကျွန်ုပ် အဘယ်အရာကို ပြုလုပ်နိုင်မည်နည်း။ ‘အိမ်တွင် ခြိုးခြံသော်လည်း ခရီးသွားသော် ငွေလောက်ငအောင် ယူရမည်’ ဟူသော ဆိုရိုးစကားတစ်ခု ရှိသည်။ ကျွန်ုပ်သည် အပိုငွေ အနည်းငယ် ထပ်၍ ယူဆောင်သွားရမည်။ အားလုံး မသုံးဖြစ်ခဲ့ပါက လက်ကျန်ငွေကို အသင်းတော်သို့ ပြန်လည်ပေးအပ်မည်” ဟု ပြောဆိုကြသည်။ ၎င်းတို့ ပြန်ရောက်လာသည့်အခါတွင်မူ ပိုလျှံသောငွေ ရှိသည့်အကြောင်းကို တစ်စုံတစ်ရာ မပြောကြသကဲ့သို့ ၎င်းတို့၏ အသုံးစရိတ်များကိုလည်း အစီရင်မခံကြပေ။ ၎င်းတို့သည် အသင်းတော်ကိုပင် အချောင်ယူဝံ့ကြသည်၊ ဘုရားသခင်၏ ပူဇော်သက္ကာများကို အလွဲသုံးစား မလုပ်ဝံ့မည်လော။ (လုပ်ဝံ့ပါသည်။) ၎င်းတို့သည် မည်သို့သော သတ္တဝါများ ဖြစ်ကြသနည်း။ ၎င်းတို့တွင် တည်ကြည်မှုအပြင် အသိစိတ်နှင့် ဆင်ခြင်တုံတရားလည်း ကင်းမဲ့ကြသည်။ ဘုရားသခင်သည် ထိုသို့သောလူများကို အသိအမှတ်ပြုနိုင်မည်လော။ အချို့သောအခြားသူတို့သည် ရေချိုးရန်၊ ခေါင်းလျှော်ရန်နှင့် အဝတ်လျှော်ရန်အတွက်ပင် စုဝေးသည့်နေရာများ သို့မဟုတ် ဧည့်ခံသည့်နေရာများသို့ သွားကြပြီး အသင်းတော်၏ အဝတ်လျှော်စက်၊ ရေပူပေးစက်၊ ခေါင်းလျှော်ရည်၊ အဝတ်လျှော်ဆပ်ပြာရည် စသည်တို့ကို အသုံးပြုကြသည်၊ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်ပစ္စည်းများကို ချွေတာရန် အသင်းတော်၏ ပစ္စည်းများကို အသုံးပြုလျက် ဤအသုံးအဆောင်ပစ္စည်းများကိုပင် အချောင်ယူကြသည်။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်သောကြောင့် ဘုရားအိမ်တော်၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်ဟု ထင်မှတ်ကြသောကြောင့် ဘုရားအိမ်တော်ပိုင် မည်သည့်ပစ္စည်းမဆိုသည် ၎င်းတို့ လွတ်လပ်စွာ အသုံးပြုနိုင်သည့် ၎င်းတို့၏ ပစ္စည်းဖြစ်သည်ဟု ထင်မှတ်ကြကာ အသုံးမပြုလျှင် သို့မဟုတ် မယူလျှင် သို့မဟုတ် ယင်းမှ အကျိုးအမြတ်အနည်းငယ် မရရှိလျှင် နှမြောစရာဖြစ်မည်ဟု တွေးထင်ကြသည်၊ ပြီးလျှင် ၎င်းတို့ ထိုပစ္စည်းကို ဖျက်ဆီးမိလျှင်ပင် လျော်ကြေးပေးရန် ရည်ရွယ်ချက်မရှိကြပေ။ ၎င်းတို့၏ ကိုယ်ပိုင်ပစ္စည်းများနှင့် ပတ်သက်လာလျှင် ယင်းတို့ကို ချွေတာစွာ အသုံးပြုရန်နှင့် စေ့စေ့စပ်စပ် ဂရုစိုက်ရန် ၎င်းတို့ သိကြသော်လည်း ဘုရားအိမ်တော်၏ စက်ပစ္စည်းများနှင့် ပစ္စည်းများကိုမူ မိမိတို့အလိုရှိသလို အသုံးပြုကြပြီး ဖျက်ဆီးလိုက်လျှင်လည်း လျော်ကြေးပေးခြင်းမရှိပေ။ ဤသူတို့သည် လူကောင်းများလော။ ၎င်းတို့သည် လူကောင်းများ သေချာပေါက် မဟုတ်ကြပေ။ အထူးသဖြင့် အသင်းတော်က ပစ္စည်းအချို့ကို ဝယ်ယူရန် လိုအပ်သည့် အချို့သောကိစ္စများတွင် ၎င်းတို့သည် ထိုသို့သော တာဝန်များကို ကိုင်တွယ်ရန် အထူးတလည် လိုလားလျက် တက်ကြွစွာ စေတနာ့ဝန်ထမ်း လုပ်ဆောင်ကြသည်။ ၎င်းတို့သည် အဘယ်ကြောင့် စိတ်အားထက်သန်ကြသနည်း။ အကျိုးအမြတ် ရရှိနိုင်ပြီး အချောင်ယူနိုင်သည်ဟု ၎င်းတို့ ယုံကြည်ကြသည်၊ ပစ္စည်းများကို ဝယ်ယူပြီးနောက် ပိုလျှံသောငွေမှန်သမျှကို မိမိတို့အတွက် အိတ်ထဲထည့်လိုက်ကြသည်။ ၎င်းတို့သည် မိမိတို့ တတ်နိုင်သမျှကို အချောင်ယူလိုကြပြီး အချောင်မယူလျှင် အလဟဿဖြစ်မည်ဟု တွေးထင်ကြသည်၊ ဤသည်မှာ ၎င်းတို့ လိုက်နာသော ကျိုးကြောင်းဆင်ခြင်မှု ဖြစ်သည်။ ၎င်းတို့ အချောင်မယူနိုင်ပါက ညီအစ်ကိုမောင်နှမများကို ကျိန်ဆဲပြီး ဘုရားအိမ်တော်ကို ကျိန်ဆဲကြသည်၊ ၎င်းတို့သည် လူတိုင်းကို ကျိန်ဆဲကြသည်၊ ၎င်းတို့သည် ဆိုးယုတ်သော မကောင်းဆိုးဝါးများ၊ နံစော်နေသော သူတောင်းစားများ၊ သူတောင်းစားဂိုဏ်းဝင်စစ်စစ်များသာ ဖြစ်ကြသည်။ ၎င်းတို့သည် အကျိုးအမြတ်များ ရယူရန်နှင့် အချောင်ယူရန် နေရာတိုင်း၌ မိမိတို့၏ ဇလုံများကို ကိုင်ဆောင်ထားကြ၏။ လူတို့က “သင်က အစဉ်သဖြင့် တစ်စုံတစ်ခုကို တောင်းဆိုနေသည်၊ သင်သည် နံစော်နေသော သူတောင်းစားသာ ဖြစ်သည် မဟုတ်လော” ဟု ပြောဆိုကြသည်။ ၎င်းတို့က “ရပါသည်။ ကျွန်ုပ်အား ကပ်စေးနှဲ၊ လက်ခက်သောသူ၊ နံစော်နေသော သူတောင်းစား၊ သူတောင်းစားတစ်ယောက်၊ ဆင်းရဲသားတစ်ယောက်ဟူ၍ မည်သည့်အမည်မဆိုခေါ်ပါ၊ ကျွန်ုပ် အချောင်ရယူနိုင်သရွေ့ အဆင်ပြေပါသည်” ဟု ပြန်ပြောကြသည်။ ဤလူစားမျိုးတွင် တည်ကြည်မှု တစ်ခုခု ရှိသလော။ (မရှိပါ။) ထိုသို့သောလူများသည် ညီအစ်ကိုမောင်နှမများအတွက် အတိုင်းအတာတစ်ခုအထိ အနှောင့်အယှက် ဖြစ်စေသည်မဟုတ်လော။ အထူးသဖြင့် ခက်ခဲသော အခြေအနေများတွင် နေထိုင်ကြသော၊ ငွေရေးကြေးရေးအခြေအနေ ဆိုးရွားသော ထိုမိသားစုများအတွက် ၎င်းတို့သည် အနှောင့်အယှက်နှင့် အန္တရာယ် အတိုင်းအတာတစ်ခုအထိ ဖြစ်စေသည်မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့သည် ဝိညာဉ်ရင့်ကျက်မှုနုနယ်သေးပြီး အထူးသဖြင့် အားနည်းသောသူတို့အပေါ် အပျက်သဘောဆောင်သော လွှမ်းမိုးမှု ရှိနိုင်သလော။ (ရှိနိုင်ပါသည်။) လူတို့သည် ၎င်းတို့ကို မြင်ရုံမျှဖြင့် အော်ဂလီဆန်မှုကို ခံစားကြရသည်၊ ၎င်းတို့ကို မြင်သောသူတိုင်း စိတ်အနှောင့်အယှက် ဖြစ်ကြသည့်တိုင် ၎င်းတို့အားလုံးသည် ငြင်းဆန်ရန် အလွန်အားနာကြပြီး ထိုသို့ဖြင့် ၎င်းတို့၏ ဗြောင်ကျကျ ခြိမ်းခြောက်ငွေညှစ်ခြင်းကို ခံကြရသည်။ လူတိုင်းက ၎င်းတို့တွင် ဆိုးရွားသော လူ့သဘာဝနှင့် နိမ့်ကျသော ကိုယ်ကျင့်စရိုက်ရှိသည်ကို သိကြသော်လည်း ၎င်းတို့အားလုံးသည် ညီအစ်ကိုမောင်နှမများ ဖြစ်ကြသည်ဟု ယူဆကာ ၎င်းတို့သည် တစ်ခါတစ်ရံတွင် တာဝန်အချို့ကို ထမ်းဆောင်နိုင်သည်ကိုလည်းကောင်း၊ ယုံကြည်ခြင်း အနည်းငယ် ရှိသည်ကိုလည်းကောင်း၊ တစ်ခါတစ်ရံတွင် ၎င်းတို့၏ အိမ်၌ ဧည့်ခံခြင်းဖြင့် အားထုတ်မှုအနည်းငယ်ကို စိုက်ထုတ်နိုင်သည်ကိုလည်းကောင်း မြင်တွေ့ကြလျက် ဤအရာများအတွက်ကြောင့် လူအများစုသည် ၎င်းတို့ နေရာတိုင်း၌ အချောင်ယူသည့် အပြုအမူကို မသိကျိုးကျွန်ပြုလိုက်ကြပြီး အလေးအနက် မထားကြပေ။ သို့သော် အသင်းတော်အတွင်း၌ ၎င်းတို့ ဖြစ်ပေါ်စေသော အနှောင့်အယှက်များသည် လူအများစုကို စိတ်မသက်မသာ ဖြစ်စေရန် လုံလောက်သည်အထိ တိုး၍ သိသာထင်ရှားလာသည်၊ ဤသည်မှာ ပြဿနာတစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) ဤလူပုဂ္ဂိုလ်များသည် နေရာတိုင်း၌ လူတို့ကို ကိုက်ပြီး သေစေနိုင်သော ခွေးရူးများ မဟုတ်လျှင်ပင် ၎င်းတို့၏ နှောင့်ယှက်မှုက လူတို့ကို အနားမရစေဘဲ နားပူစေသည့် မနှစ်မြို့ဖွယ် ယင်ကောင်များကဲ့သို့ ဖြစ်ကြသည်။ ၎င်းတို့ကို မရှင်းလင်းပစ်ပါက ၎င်းတို့သည် အဆုံးမရှိသော အနှောင့်အယှက်ကို ဖြစ်စေလိမ့်မည်။ ၎င်းတို့ အသင်းတော်၌ ကျန်ရှိနေခြင်းသည် လူတို့ကို ငြိမ်သက်ခြင်းမှ ကင်းမဲ့စေလျက် ဘေးအန္တရာယ်ကို အစဉ်မပြတ် ဖြစ်ပေါ်စေလိမ့်မည်။ အနှောင့်အယှက်ခံရပြီးနောက် လူတို့သည် အတော်အတန် စိတ်တိုကြပြီး ထိုသို့သော လူပုဂ္ဂိုလ်များအပေါ် အလွန်အမင်း မနှစ်မြို့ခြင်းကို မကြာခဏ သိုထားကြသည်၊ သို့တိုင်အောင် မည်သည့်အရာမျှ မတတ်နိုင်ဘဲ အကြိမ်ကြိမ်အခါခါ သည်းညည်းသာ ခံလိုက်ကြသည်။ ၎င်းတို့သည် မည်သို့သော လူပုဂ္ဂိုလ်စားမျိုးများ ဖြစ်ကြသနည်း။ လူတို့ကြားထဲတွင် ထိုသို့သော စက်ဆုပ်ဖွယ်ကောင်းသည့် လူယုတ်မာများပင် ရှိသေးသည်၊ ထိုသို့သော လူပုဂ္ဂိုလ်များသည် အဘယ်ကြောင့် ဘုရားသခင်ကိုပင် ယုံကြည်ကြသေးသနည်း။ ၎င်းတို့သည် အသက်ရှင်ရန်ပင် မထိုက်တန်ကြပေ။ မိမိတို့ တတ်နိုင်သမျှကို အချောင်ယူခြင်းသည် အလွန် ရှက်ဖွယ်ကောင်းလှသည်။ သင်၏ စွမ်းရည်များ ခွင့်ပြုသလောက်သာ ရုပ်ဝတ္ထုပစ္စည်းများကို ခံစားလော့၊ သင်၌ ထိုစွမ်းရည် ကင်းမဲ့ပါက မခံစားနှင့်၊ သို့မဟုတ် အခြားသူများပိုင်ဆိုင်သည့်အရာကို အလွဲသုံးစားမလုပ်နှင့်။ အခြားသူများက တစ်ခါတလေ တစ်စုံတစ်ခုကို အခမဲ့ စေတနာအလျောက် ပေးသောကြောင့်ဖြစ်စေ၊ သင်သည် တစ်စုံတစ်ခုကို အထူးတလည် ကြိုက်နှစ်သက်သောကြောင့်ဖြစ်စေ၊ တစ်စုံတစ်ခုကို မြတ်နိုးမိသောကြောင့်ဖြစ်စေ သင်သည် အသေးအဖွဲမျှသာဖြစ်သော သို့မဟုတ် အရေးမပါသော နည်းလမ်းဖြင့် အချောင်ယူမိပါက လူတိုင်းက ထိုအရာကို ခွင့်လွှတ်ပေးနိုင်ကြသည်။ “ဆင်းရဲခြင်းသည် ရည်မှန်းချက်ကို ကန့်သတ်သည်” ဟု ဆိုရိုးစကားရှိသည့်အတိုင်း ယင်းမှာ ပြဿနာကြီးကြီးမားမားတစ်ခု မဟုတ်ပေ။ သို့သော် သင်သည် ဤကဲ့သို့ အစဉ်အမြဲ အချောင်ယူရန် ကြိုးစားနေသည်မှာ အရှက်ကင်းမဲ့ပြီး မျက်နှာပြောင်တိုက်သည့် အဆင့်အထိ ရောက်ရှိကာ နံစော်နေသော သူတောင်းစားတစ်ဦးအဖြစ်သို့ ပြောင်းလဲသွားပြီး လူတိုင်း၏ အမြင်တွင် ခွေးရူးတစ်ကောင် သို့မဟုတ် ယင်ကောင်တစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားပါက သင့်ကို ချက်ချင်း ရှင်းလင်းပစ်သင့်သည်။ ဤပြဿနာများအားလုံးကို အဆုံးသတ်ရန်အလို့ငှာ ဤလူစားမျိုးတို့ကို အပြီးတိုင် ကိုင်တွယ်ဖြေရှင်းသင့်သည်။

အချောင်ယူရခြင်းကို နှစ်သက်သောသူတို့အတွက်မူ ၎င်းတို့ကို သင်တို့ မည်မျှ သည်းခံနိုင်သနည်း။ သင်တို့သည် ၎င်းတို့ကို အမှန်တကယ် မခံရပ်နိုင်တော့ပါက ၎င်းတို့၏ အချောင်ယူခြင်းကို ခံရပြီးနောက် ယင်ကောင်သေတစ်ကောင်ကို မျိုချလိုက်ရသကဲ့သို့ ခံစားရပြီး သင်တို့အတူရှိသည့်အခါ သင်တို့အများစုသည် ထိန်းချုပ်မရနိုင်အောင် ဒေါသထွက်ကာ ၎င်းတို့အကြောင်းကို အဆက်မပြတ် မကျေမနပ် ပြောဆိုနေကြပါက ဤအချိန်တွင် ၎င်းတို့ကို ဖယ်ရှားပြီးသား ဖြစ်သင့်သည်မဟုတ်လော။ (ဟုတ်ပါသည်။) သည်းမခံနိုင်တော့သည့်အခါ၊ မိုင်ကုန်သွားသည့်အခါ လူတိုင်းသည် ၎င်းတို့ကို ရှင်းလင်းပစ်ရန် လက်တွဲညီညီဖြင့် လုပ်ဆောင်သင့်သည်။ ဤသည်မှာ ဘုရားအိမ်တော်အတွက် ဘေးဥပဒ်တစ်ခုကို ဖယ်ရှားခြင်းဖြစ်သည်၊ ယင်းသည် လူတို့ကို အလွန်ဝမ်းမြောက်စေသော ကိစ္စတစ်ရပ် ဖြစ်သည်။ ထိုသို့သောလူသည် လူအများစုကြားတွင် မငြိမ်မသက်မှုကို ဖြစ်စေသော လူယုတ်မာတစ်ဦးသာ ဖြစ်သည်။ ဤသည်မှာ အသင်းတော်အသက်တာကို နှောင့်ယှက်ပြီး အဖျက်အမှောင့်လုပ်သည့် ဆိုးဝါးသော ဖြစ်ရပ်တစ်ခုဖြစ်ပြီး လူတို့ကို ဤလူနှင့်ပတ်သက်သော ပြဿနာကို မိတ်သဟာယဖွဲ့ပြီး ဖြေရှင်းရန် အတူတကွ စုဝေးစေဖို့ ဖိအားပေးသည်။ ဤလက်တွေ့လုပ်ဆောင်မှုသည် တရားနည်းလမ်းကျသည်၊ အကြောင်းမှာ ဆိုးယုတ်သောလူကြောင့် ဖြစ်ပေါ်လာသော အနှောင့်အယှက်သည် အချို့သောလူတို့ကို ထိခိုက်စေပြီး ဖြစ်သောကြောင့်တည်း။ ဆိုးယုတ်သောလူသည် မကောင်းမှုကို ဆက်လက်မပြုလုပ်စေဖို့ တားဆီးရန်၊ အသင်းတော်အသက်တာ၏ ပုံမှန်အစီအစဉ်ကို ထိန်းသိမ်းရန်နှင့် ဘုရားသခင် ရွေးချယ်ထားသောလူများ နောက်ထပ် ထိခိုက်ခြင်းမခံရစေရန် တားဆီးဖို့အလို့ငှာ ထိုဆိုးယုတ်သောလူကို လျင်မြန်စွာ ကိုင်တွယ်ပြီး ရှင်းလင်းဖယ်ရှားသင့်သည်။ ၎င်းတို့သည် ရှင်းလင်းပစ်ခြင်းခံရပြီးနောက် အသင်းတော်ကို တိုင်ကြားနိုင်ပါက ၎င်းတို့အား ဤသို့ ဉာဏ်ပညာရှိစွာ ပြောကြားသင့်သည်၊ “သင့်ကို ရှင်းလင်းပစ်ခြင်း သို့မဟုတ် နှင်ထုတ်ခြင်း မဟုတ်ပါ။ အိမ်ပြန်ပြီး သီးခြားခွဲနေကာ သင့်ကိုယ်သင် ဆင်ခြင်သုံးသပ်လော့။ သင် ကောင်းစွာ ဆင်ခြင်သုံးသပ်ပြီးသည်နှင့်တစ်ပြိုင်နက် နောင်တရစာတစ်စောင်ကို ရေးပါ၊ ထို့နောက် သင့်ကို အသင်းတော်သို့ ပြန်လည်ကြိုဆိုနိုင်ပါသည်။ ယခုလောလောဆယ်တွင် သင်သည် ပိုမို၍ ငွေရှာပြီး ဘဝကို ပျော်မွေ့ရန် ကြိုးစားသင့်သည်၊ ထို့အပြင် ဘုရားသခင်ကို ယုံကြည်ခြင်းကိစ္စကိုလည်း စဉ်းစားသုံးသပ်လော့။ ဤနည်းအားဖြင့် သင်သည် ကဏ္ဍနှစ်ခုစလုံးကို လျစ်လျူရှုခြင်း ရှိမည်မဟုတ်ပါ” ဟူ၍ ဖြစ်သည်။ ထိုသို့ဆိုလျှင် မည်သို့နည်း။ (ကောင်းပါသည်။) ငါတို့သည် ၎င်းတို့ကို ရှင်းလင်းပစ်ခြင်း သို့မဟုတ် နှင်ထုတ်ခြင်းဖြစ်သည်ဟု ပြောမည်မဟုတ်၊ ယနေ့မှစ၍ ဤလူသည် အသင်းတော်၌ နောက်ထပ် ရှိတော့မည်မဟုတ်ဟူ၍သာ ဖြစ်သည်။ ဤသို့ ကိုင်တွယ်ခြင်းက မည်သို့နည်း။ (ကောင်းပါသည်။) အလွန်ကောင်းလှသည်။ ငြင်းခုံရန် သို့မဟုတ် စာရင်းရှင်းရန် မလိုအပ်ပေ၊ ၎င်းတို့ကို လောကသို့ပြန်၍ အလုပ်လုပ်ရန်၊ ငွေရှာရန်နှင့် ၎င်းတို့၏ ကိုယ်ပိုင်ဘဝကို အသက်ရှင်နေထိုင်ရန် ခွင့်ပြုလိုက်သည့် ရိုးရှင်းပြီး ရှင်းလင်းသော ဖြေရှင်းနည်းတစ်ခုသာ ဖြစ်သည်။ အတိုချုပ်အားဖြင့် အချောင်ယူရခြင်းကို နှစ်သက်သောသူတို့၏ လူ့သဘာဝသည် ထိုမျှလောက် မကောင်းမွန်လှပေ။ ယင်းကို ဆိုးယုတ်သည်ဟု မဆိုနိုင်သော်လည်း ၎င်းတို့၏ အချောင်ယူခြင်းကို နှစ်သက်သော ကိုယ်ကျင့်စရိုက်သည် လူတို့ကို အတော်အတန် စိတ်အနှောင့်အယှက်ဖြစ်ဖွယ်နှင့် စက်ဆုပ်ဖွယ်ဖြစ်စေသည်။ ၎င်းတို့သည် အခွင့်သာသည့်နေရာတိုင်းကို မလွတ်တမ်း အချောင်ယူတတ်ကြပါတကား။ ထိုသို့သောလူတို့သည် တရားမဝင်သော သို့မဟုတ် ရာဇဝတ်မှုဆိုင်ရာ လုပ်ဆောင်ချက်များတွင် မပါဝင်လျှင်ပင် ၎င်းတို့၏ လုပ်ဆောင်ချက်များနှင့် အပြုအမူများက အသင်းတော်အသက်တာသို့ ဆောင်ကြဉ်းပေးသော ရေရှည် အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများတည်းဟူသော ဤအကျိုးဆက်များသည် မည်သည့်ဒုစရိုက်အမှုထက်မဆို ပို၍ ဆိုးရွားသည်၊ ၎င်းတို့ကို မယုံကြည်သူများ သို့မဟုတ် အသင်းတော်မှ ရှင်းလင်းပစ်ရမည့် ဆိုးယုတ်သောလူများအဖြစ် သတ်မှတ်ရန် လုံလောက်သည်။ ဤသို့ပြုလုပ်ခြင်းသည် မယုံကြည်သူများ အသင်းတော်ကို အဖျက်အမှောင့်လုပ်ခြင်းများနှင့် ညီအစ်ကိုမောင်နှမများကို နှောင့်ယှက်ခြင်းများတို့ကို လုံးဝ ရပ်တန့်စေသည်။

အချောင်ယူတတ်သောသူတို့ကို ကိုင်တွယ်ဖြေရှင်းသည့် အထူးနည်းလမ်းတစ်ခုကို ငါတို့ ယခင်က မိတ်သဟာယဖွဲ့ခဲ့ပြီးဖြစ်သည်။ ဤနည်းလမ်းကို တရုတ်ပြည်မကြီးရှိ ညှဉ်းပန်းနှိပ်စက်မှု၏ အထူးအခြေအနေများအပေါ် အခြေခံ၍ ရေးဆွဲထားခြင်းဖြစ်သည်။ နိုင်ငံရပ်ခြားရှိ အသင်းတော်များတွင်မူ ၎င်းတို့ကို တိုက်ရိုက်ရှင်းလင်းပစ်လိုက်ရုံဖြင့် အဆင်ပြေသည်။ သို့သော် ကိုင်တွယ်ဖြေရှင်းသည့်နည်းလမ်းသည် မည်သို့သောလူစားမျိုးကို ဦးတည်သည်ဖြစ်စေ ယင်းသည် စည်းမျဉ်းနှင့်ညီပြီး ဉာဏ်ပညာလည်း ရှိရန်မှာ မရှိမဖြစ်လိုအပ်သည်။ အသင်းတော်၌ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များနှင့် စည်းမျဉ်းများ ရှိသည်၊ အားလုံးမှာ ညီအစ်ကိုမောင်နှမများအတွက် ပုံမှန်အသင်းတော်အသက်တာနှင့် တာဝန်များထမ်းဆောင်ခြင်း၏ ပုံမှန်အစီအစဉ်ကို ကာကွယ်ရန် ရည်ရွယ်သည်။ တစ်စုံတစ်ဦးသည် ညီအစ်ကိုမောင်နှမများ၏ အသင်းတော်အသက်တာ သို့မဟုတ် ၎င်းတို့၏ တာဝန်ထမ်းဆောင်မှုကို နှောင့်ယှက်ပါက ဤသည်ကို ခွင့်မပြုပေ၊ ထိုလူသည် ဘုရားသခင်၏ ပစ်ပစ်ခါခါငြင်းခြင်းကို ခံရမည်။ အမှန်ပင် ညီအစ်ကိုမောင်နှမများ၏ နေ့စဉ်အသက်တာများကို မည်သည့်နှောင့်ယှက်မှု သို့မဟုတ် ကြားဝင်စွက်ဖက်မှုကိုမျှ ခွင့်မပြုပေ။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များက တာဝန်ယူဖြေရှင်းသင့်သည့် ပြဿနာတစ်ရပ် ဖြစ်သည်။ ညီအစ်ကိုမောင်နှမများ၏ ဆွေမျိုးများ၊ မိတ်ဆွေများ သို့မဟုတ် အသိအကျွမ်းများဖြစ်သော လူပုဂ္ဂိုလ်များ ရှိနိုင်သည်၊ ၎င်းတို့သည် “ညီအစ်ကိုမောင်နှမများ” ဟူ၍ ဟန်ဆောင်ကာ ညီအစ်ကိုမောင်နှမများကို သိမ်းသွင်းပြီး အထင်အမြင်မှားစေရန် ကြိုးပမ်းလျက် ၎င်းတို့ကို မိမိတို့၏ တာဝန်များထမ်းဆောင်ခြင်းမှ တားဆီးကြသည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များ သို့မဟုတ် ညီအစ်ကိုမောင်နှမများတွင် ထိုသို့သော လူပုဂ္ဂိုလ်များကို ကိုင်တွယ်ရန် တာဝန်နှင့် ဝတ္တရားရှိသည်။ ၎င်းတို့၏ အပြုအမူနှင့် လုပ်ဆောင်ချက်များသည် အခြားသူများကို မိမိတို့၏ တာဝန်များထမ်းဆောင်ခြင်းနှင့် ဘုရားသခင်နောက် လိုက်ခြင်းမှ တားဆီးပြီး အသင်းတော်၏အလုပ်အတွက် နှောင့်ယှက်မှုများကိုလည်း ဖြစ်စေသည်၊ သို့ဖြစ်၍ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အခြေအနေကို ဖြေရှင်းရန်နှင့် ကန့်သတ်ချက်များ ချမှတ်ရန် ရှေ့ထွက်သင့်သည်။ ထိုသို့သော လူပုဂ္ဂိုလ်များကို ကိုင်တွယ်ဖြေရှင်းခြင်းနှင့် စီမံခန့်ခွဲခြင်းအတွက် သင့်လျော်သော နည်းလမ်းများ ငါတို့၌ ရှိသည်မှာ သေချာပါသည်။ ရိုက်နှက်ခြင်း သို့မဟုတ် ဆူပူကြိမ်းမောင်းခြင်းကို အားကိုးရန် မလိုအပ်ပေ၊ ငါတို့သည် ၎င်းတို့၏ ပြဿနာ၏အနှစ်သာရနှင့် ဘုရားသခင် ရွေးချယ်ထားသော လူအများစုက သူတို့အပေါ် စွပ်စွဲချက်များနှင့် ပြစ်ချက်တင်မှုများကို သူတို့အား ရှင်းလင်းစွာ ပြောပြရုံသာ ဖြစ်ပြီး နောက်ဆုံးတွင် ၎င်းတို့အား ဤသို့ပြောကြားသည်၊ “သင့်ကို ရှင်းလင်းပစ်ခြင်းသည် အများစုက ပြုလုပ်ပြီး လက်မှတ်ရေးထိုး အတည်ပြုခဲ့သော ဆုံးဖြတ်ချက်တစ်ခု ဖြစ်သည်။ သင် သဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ အသင်းတော်၌ ဤဆုံးဖြတ်ချက်ကို ချမှတ်ရန်နှင့် သင့်ကို ထိုအတိုင်း ကိုင်တွယ်ရန် အခွင့်အာဏာရှိသည်။ သင်သည် နာခံသင့်သည်” ဟူ၍ ဖြစ်သည်။ ဤပြဿနာသည် ဤသို့ဖြင့် ဖြေရှင်းပြီးဖြစ်သည်၊ ထိုသို့ ကိုင်တွယ်ခြင်းသည် စည်းမျဉ်းနှင့် လုံးဝကိုက်ညီသည်။ အချောင်ယူရခြင်းကို နှစ်သက်သောသူတို့အတွက်မူ ၎င်းတို့ကို စည်းမျဉ်းများအတိုင်း ဆက်ဆံပြီး ကိုင်တွယ်သင့်သည်။ ၎င်းတို့သည် သင့်ထံမှ တစ်စုံတစ်ခုကို ချေးငှားပြီး သင့်ကို အချောင်ယူလိုပါက သင်ဆန္ဒရှိလျှင် ၎င်းတို့အား ချေးငှားနိုင်သည် သို့မဟုတ် သင်မလိုလားပါက ငြင်းပယ်နိုင်သည်၊ ဆုံးဖြတ်ချက်သည် သင့်လက်ထဲတွင် ရှိသည်။ ၎င်းတို့အား ချေးငှားခြင်းသည် ကြင်နာမှုပြသည့် လုပ်ရပ်ဖြစ်သည်၊ ငြင်းပယ်ခြင်းသည် သင်၏ အခွင့်အရေးဖြစ်သည်။ ၎င်းတို့က “ကျွန်ုပ်တို့အားလုံး ညီအစ်ကိုမောင်နှမများဖြစ်သည် မဟုတ်လား။ ကပ်စေးနှဲလိုက်လေခြင်း၊ တစ်စုံတစ်ခုကိုပင် ချေးငှားရန် လိုလားမှုမရှိ” ဟု ပြောဆိုပါက သင်သည် ဤသို့ ပြန်ပြောနိုင်သည်၊ “ဤသည်မှာ ကျွန်ုပ်၏အပိုင်ဖြစ်သည်၊ ပြီးလျှင် ကျွန်ုပ်တွင် မချေးငှားပိုင်ခွင့်ရှိသည်။ ဤသည်မှာ စည်းမျဉ်းနှင့်ကိုက်ညီသည်။ ‘ကျွန်ုပ်တို့အားလုံး ညီအစ်ကိုမောင်နှမများ ဖြစ်ကြသည်’ ဆိုသည်နှင့် ကျွန်ုပ်အား ဖိအားမပေးနှင့်။ သင်ပြောနေသည့်အရာသည် သမ္မာတရားမဟုတ်။ ‘သူ့ကို သင်ချေးငှားရမည်’ဟု ဘုရားသခင် မပြောမချင်း၊ ပြောလာမှသာ သင့်အား ကျွန်ုပ် ချေးငှားမည်” ဟူ၍ ဖြစ်သည်။ မည်သူမျှ အသင်းတော်ကို အကြောင်းပြပြီး သို့မဟုတ် “ငါတို့အားလုံး ယုံကြည်သူတွေဖြစ်ပြီး ညီအစ်ကိုမောင်နှမတွေပါ” ဟူသော အတွေးအခေါ်ဖြင့် ပုဂ္ဂိုလ်ရေးပိုင်ဆိုင်မှုကို ခြိမ်းခြောက်တောင်းယူပိုင်ခွင့် သို့မဟုတ် ချေးငှားပိုင်ခွင့် မရှိပေ။ ဤသည်မှာ သမ္မာတရားလော။ (ဟုတ်ပါသည်။) ဤသည်မှာ သမ္မာတရားဖြစ်သည်။ ဤသမ္မာတရားကို လိုက်နာခြင်းအားဖြင့်သာ လူတိုင်းအတွက် တရားမျှတမှုကို သေချာစေနိုင်ပြီး လူတိုင်းသည် ၎င်းတို့၏ စစ်မှန်သော အခွင့်အရေးများကို ခံစားနိုင်ကြမည်ဖြစ်သည်။ သို့သော် တစ်စုံတစ်ဦးက “ဘုရားအိမ်တော်၏ အလုပ် လိုအပ်ချက်များ”၊ “အသင်းတော်၏ အလုပ် လိုအပ်ချက်များ” သို့မဟုတ် “ညီအစ်ကိုမောင်နှမများ၏ လိုအပ်ချက်များ” ဟူသော ဆင်ခြေများကို အသုံးပြု၍ ပုဂ္ဂိုလ်ရေးပစ္စည်းများကို ခြိမ်းခြောက်တောင်းယူခြင်း သို့မဟုတ် ချေးငှားခြင်း ပြုပါက ဤသည်မှာ သမ္မာတရားနှင့် ကိုက်ညီပါသလော။ (မကိုက်ညီပါ။) သမ္မာတရားနှင့် မကိုက်ညီသော တောင်းဆိုမှုများကို ငြင်းပယ်ပိုင်ခွင့် သင်၌ ရှိသလော။ (ရှိပါသည်။) ငြင်းပယ်သည့်အတွက် တစ်စုံတစ်ဦးက သင့်ကို ကပ်စေးနှဲသူ သို့မဟုတ် စေးခြင်ကုပ်သူဟု သမုတ်ပါက သင် ကြောက်မည်လော။ (မကြောက်ပါ။) တစ်စုံတစ်ဦးက ဤကိစ္စကို ပွဲကြီးပွဲကောင်းလုပ်ပြီး သင်သည် အသင်းတော်၏ အလုပ်ကို မထောက်ပံ့ဟုဖြစ်စေ၊ သင်၌ ညီအစ်ကိုမောင်နှမများအပေါ် ချစ်ခြင်းမေတ္တာ ကင်းမဲ့သည်ဟုဖြစ်စေ ဆိုကာ ညီအစ်ကိုမောင်နှမများကို သင့်အား ပယ်ချပြီး တစ်ယောက်တည်း ဝိုင်းပယ်စေပါက သင် ကြောက်မည်လော။ သင်သည် နောက်ဆုတ်သွားလိမ့်မည်။ ထိုအခိုက်အတန့်တွင် သင်သည် ဤသို့ တွေးလိမ့်မည်၊ “ကားတစ်စီးငှားသည်မှာ အဘယ်အရေးကြီးသနည်း။ အသင်းတော်ဖြစ်စေ၊ ဘုရားအိမ်တော်ဖြစ်စေ၊ ညီအစ်ကိုမောင်နှမများဖြစ်စေ ငှားလျှင် အဆင်ပြေသည်။ ညီအစ်ကိုမောင်နှမများကို စိတ်အနှောင့်အယှက်ဖြစ်အောင် မလုပ်သည်မှာ ကောင်းသည်။ လူတစ်ဦးကို စိတ်အနှောင့်အယှက်ပေးခြင်းသည် ကြောက်မက်ဖွယ်မကောင်းသော်လည်း ညီအစ်ကိုမောင်နှမများအားလုံးသည် စိတ်အနှောင့်အယှက်ဖြစ်ပြီး ၎င်းတို့က ငါ့အပေါ် အေးစက်လာကာ ငါ့ကို သီးသန့်ခွဲထားပါက ငါမည်သည့်အရာကိုလုပ်သင့်သနည်း” ဟူ၍ ဖြစ်သည်။ သင်သည် ဘုရားသခင်ကို ယုံကြည်သောကြောင့် အဘယ်အရာကို ကြောက်စရာရှိသနည်း။ ၎င်းတို့ သင့်ကို ဝိုင်းပယ်ခြင်းက ၎င်းတို့တွင် သမ္မာတရား ပိုင်ဆိုင်သည်ဟု မဆိုလိုသကဲ့သို့ ၎င်းတို့၏ လုပ်ဆောင်ချက်များသည် သမ္မာတရားနှင့် ကိုက်ညီသည်ဟုလည်း မဆိုလိုပေ။ သမ္မာတရားသည် အစဉ်အမြဲ သမ္မာတရားသာ ဖြစ်သည်။ လူနည်းစုက သဘောတူသည်ဖြစ်စေ လူများစုက သဘောတူသည်ဖြစ်စေ ယင်းမှာ သမ္မာတရားသာ ဖြစ်သည်။ သမ္မာတရားမရှိဘဲ လူနည်းစုက လူများစုကို နာခံလျှင်ပင် ယင်းမှာ သမ္မာတရား မဟုတ်ပေ။ ဤသည်မှာ မည်သူမျှ မငြင်းပယ်နိုင်သော အချက်တစ်ချက် ဖြစ်သည်။ တစ်စုံတစ်ဦးတွင် သမ္မာတရား လက်တွေ့ကျမှု ရှိမရှိသည် ၎င်းတို့ မည်မျှ သာယာချိုအီစွာ ပြောဆိုသည်အပေါ်တွင် မမူတည်ဘဲ ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ခြင်း ရှိမရှိနှင့် စည်းမျဉ်းများအတိုင်း ပြုမူဆောင်ရွက်နိုင်ခြင်း ရှိမရှိအပေါ်တွင် မူတည်သည်။ ဥပမာအားဖြင့် သင်သည် သင်၏တာဝန်ကို ထမ်းဆောင်ရန်အလို့ငှာ ကွန်ပျူတာအသစ်တစ်လုံးကို ဝယ်ခဲ့ပြီး တစ်စုံတစ်ဦးက အသင်းတော်၏အလုပ်အတွက်ဟု အခိုင်အမာဆိုကာ ယင်းကို ချေးငှားလိုသည်။ သင်သည် ၎င်းတို့အား မချေးငှားဘဲ ငြင်းပယ်လိုက်ရာ ၎င်းတို့က “သင်၌ ချစ်ခြင်းမေတ္တာ ကင်းမဲ့သည်၊ သင်သည် ဘုရားသခင်ကို မချစ်၊ သင်သည် ကိုယ်ကျိုးမစွန့်တတ်ပေ။ ဤမျှလောက် စွန့်လွှတ်ခြင်းကိုပင် သင် မစွမ်းဆောင်နိုင်ပေ” ဟု ပြောဆိုသည်။ ဤစကားများသည် မှန်ကန်ပါသလော။ ၎င်းတို့သည် သမ္မာတရားနှင့် ကိုက်ညီပါသလော။ (မကိုက်ညီပါ။) သင်သည် ဤသို့ တုံ့ပြန်သင့်သည်၊ “ကွန်ပျူတာသည် ကျွန်ုပ်၏တာဝန်ကို ထမ်းဆောင်ရန်အတွက် ဖြစ်သည်။ ကျွန်ုပ်သည် လက်ရှိတွင် ကျွန်ုပ်၏တာဝန်ကို ထမ်းဆောင်နေသောကြောင့် ကျွန်ုပ်၏ ကွန်ပျူတာမရှိဘဲ မနေနိုင်ပါ။ သင်သည် ကျွန်ုပ်၏ ကွန်ပျူတာကို ချေးငှားလိုက်ပါက ကျွန်ုပ်၏ တာဝန်ထမ်းဆောင်မှုကို ထိခိုက်စေမည် မဟုတ်လော။ ထိုအရာသည် သမ္မာတရားနှင့် ကိုက်ညီမည်လော။ သင်သည် ကွန်ပျူတာကို အတိအကျ မည်သည့်အရာအတွက် လိုအပ်သနည်း။ သင်က အသင်းတော်အလုပ်အတွက်ဟု ဆိုသည်၊ ထိုသို့ဖြစ်ပါက သင်သည် သက်သေပြရန် တစ်စုံတစ်ဦးကို ရှာဖွေရန် လိုအပ်သည်။ ထို့အပြင် အသင်းတော်အလုပ်အတွက် ဖြစ်လျှင်ပင် သင်သည် ကျွန်ုပ်ထံမှ မချေးငှားသင့်ပေ။ သင်သည် ကျွန်ုပ်၏ ကွန်ပျူတာကို ယူသွားပါက ကျွန်ုပ်၏ တာဝန်ကို ထမ်းဆောင်ရန် မည်သည့်အရာကို အသုံးပြုရမည်နည်း။ သင်သည် မယုံနိုင်လောက်အောင် တစ်ကိုယ်ကောင်းဆန်လှသည်။ အချောင်ယူရန် အသင်းတော်အလုပ်၏ လိုအပ်ချက်များကို အကြောင်းပြချက်အဖြစ် အသုံးမချနှင့်၊ သင်၏ ထိုအကွက်ကို ကျွန်ုပ် လက်ခံမည်မဟုတ်။ ကျွန်ုပ်သည် ပိုင်းခြားသိမြင်နိုင်စွမ်းမရှိသော နားဝေတိမ်တောင် ဖြစ်သောသူတစ်ဦးဟု မထင်နှင့်၊ သင်တို့ အချောင်ယူရန် ချောင်းနေသော်လည်း သင်တို့အကြံအောင်မည် မဟုတ်” ဟူ၍ ဖြစ်သည်။ စာတန်၏ ထောင်ချောက်ထဲသို့ မကျရောက်စေရန် ရှောင်ရှားဖို့ ထိုသို့သောလူတို့အား ဤနည်းလမ်းဖြင့် ပြောဆိုရန် လိုအပ်သည်။ ဤပြဿနာသည် ဖြေရှင်းရန် လွယ်ကူပါသလော။ သင်သည် သမ္မာတရားကို နားလည်ပြီး စည်းမျဉ်းများအတိုင်း ပြုမူသည်နှင့်တစ်ပြိုင်နက် မည်သူပြောဆိုသည့်စကားကိုမျှ သင် ကြောက်ရန် မလိုအပ်တော့ပေ။ ၎င်းတို့ သင့်ကို မှားယွင်းစွာ တံဆိပ်တပ်ခြင်းကို ဂရုမစိုက်နှင့်၊ ၎င်းတို့ အာဘောင်အာရင်းသန်သန်နှင့် ပြောနေသော ထိုအယူဝါဒအနည်းငယ်သည် မည်သူ့ကိုမျှ လုံးဝ ဖျောင်းဖျနိုင်မည် မဟုတ်ပေ။ အချောင်ယူရခြင်းကို နှစ်သက်သောသူတို့၏ လူ့သဘာဝ၏ သရုပ်သကန်များနှင့် ၎င်းတို့ကို ကိုင်တွယ်ဖြေရှင်းခြင်းအတွက် စည်းမျဉ်းများကို ဤသို့ ရိုးရှင်းစွာ မိတ်သဟာယဖွဲ့ခဲ့ပြီးဖြစ်သည်။

အသင်းတော်ထဲ၌ အချောင်ယူရခြင်းကို နှစ်သက်သော ထိုသူတို့နှင့်ပတ်သက်၍ တစ်ဖက်တွင် လူတို့သည် ၎င်းတို့ကို ပို၍ တိကျစွာနှင့် လက်တွေ့ကျကျ ပိုင်းခြားသိမြင်ရန် လိုအပ်ပြီး အခြားတစ်ဖက်တွင် လူတို့သည် သမ္မာတရားကို နားလည်ရမည်၊ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်းအပေါ် မိမိတို့ထားရှိသင့်သော ရပ်တည်ချက်၊ မိမိတို့လုပ်ဆောင်သင့်သော အလုပ်၊ မိမိတို့စောင့်ထိန်းသင့်သော စည်းမျဉ်းများနှင့် လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများအပေါ် မိမိတို့ထားရှိသင့်သော သဘောထားတို့ကို မိမိတို့၏ စိတ်နှလုံးထဲတွင် ရှင်းလင်းစွာ သိရှိထားရမည်။ လူအုပ်နောက်မလိုက်နှင့်၊ လူတို့ကို စိတ်အနှောင့်အယှက်ပေးမိရန်လည်း မကြောက်ရွံ့နှင့်၊ အထူးသဖြင့် အချို့သော လူပုဂ္ဂိုလ်များကို ကျေနပ်စေရန်အလို့ငှာ သင်၌ရှိသင့်သော စည်းမျဉ်းများနှင့် ရပ်တည်ချက်ကို မစွန့်လွှတ်နှင့်၊ အဆုံး၌ လူတို့ကို ကျေနပ်စေသော်လည်း ဘုရားသခင်၏ စိတ်နှလုံးတော်ကို နာကျင်စေကာ ဘုရားသခင်၏ စက်ဆုပ်ရွံရှာခြင်းကို ခံရလိမ့်မည်။ အကယ်၍ ယင်းက စည်းမျဉ်းများနှင့်ကိုက်ညီသည့် လုပ်ရပ်တစ်ခုဖြစ်ပါက ယင်းကို သင်လုပ်ဆောင်ခြင်းက လူများကို ပြစ်မှားစော်ကားမိလျှင်ဖြစ်စေ၊ သင့်ကို နောက်ကွယ်တွင် ပြင်းထန်စွာ ဝေဖန်ခံရဖို့ ဖြစ်စေလျှင်ပင် အရေးမကြီးပေ။ သို့ရာတွင် ယင်းက စည်းမျဉ်းများနှင့်မကိုက်ညီသည့် လုပ်ရပ်တစ်ခုဖြစ်ပါက ယင်းကို လုပ်ဆောင်ခြင်းဖြင့် လူတိုင်းထံမှ အသိအမှတ်ပြုခြင်းနှင့် ထောက်ခံခြင်းတို့ကို သင်ရပြီး လူတိုင်းနှင့် အဆင်ပြေနေသော်လည်း တစ်ခုမှာ ဘုရားသခင်၏ ရှေ့မှောက်တွင် ယင်းကို အကြောင်းပြ စာရင်းရှင်းနိုင်ခြင်း မရှိပါက သင်သည် ဆုံးရှုံးနစ်နာမှုတစ်ခုကို ခံစားရပြီဖြစ်သည်။ အကယ်၍ သင်သည် လူအများစုနှင့် ဆက်ဆံရေးများကို ထိန်းသိမ်းထားပြီး ၎င်းတို့ကို ပျော်ရွှင်အောင်နှင့် စိတ်ကျေနပ်အောင် လုပ်ဆောင်ကာ ၎င်းတို့၏ချီးမွမ်းခြင်းကို ရထားသော်လည်း ဖန်ဆင်းရှင်ဖြစ်သည့် ဘုရားသခင်ကို ပုန်ကန်ပြစ်မှားပါက သင်သည် အဆုံးစွန် မိုက်မဲသောလူတစ်ဦး ဖြစ်သည်။ ထို့ကြောင့် သင် မည်သည့်အရာကိုလုပ်ပါစေ ယင်းက စည်းမျဉ်းများနှင့်ကိုက်ညီခြင်း ရှိမရှိ၊ ယင်းက ဘုရားသခင်ကို နှစ်သက်စေခြင်း ရှိမရှိ ယင်းနှင့်ပတ်သက်သည့် ဘုရားသခင်၏သဘောထားက မည်သည့်အရာဖြစ်သည်၊ မည်သည့်ရပ်တည်ချက်ကို လူတို့ခံယူသင့်သည်၊ မည်သည့်စည်းမျဉ်းများကို လူတို့ လိုက်နာစောင့်ထိန်းသင့်သည်၊ ဘုရားသခင်က မည်သို့ညွှန်ကြားထားသည်နှင့် ယင်းကို သင်မည်သို့လုပ်ဆောင်သင့်သည်တို့ကို သင် ရှင်းလင်းစွာ နားလည်ရမည်ဖြစ်သည်။ သင်သည် ဤအကြောင်းနှင့်ပတ်သက်၍ ရှေးဦးစွာ ရှင်းရှင်းလင်းလင်း သိထားသင့်သည်။ သင်၏ အခြားသူများနှင့် ပေါင်းသင်းဆက်ဆံမှုများ၊ သင်၏ ရုပ်ဝတ္ထုဆိုင်ရာ ဖလှယ်မှုများနှင့် အခြားသူများနှင့် ဆက်ဆံမှုများသည် စည်းမျဉ်းများနှင့် ကိုက်ညီခြင်းဟူသော အခြေခံအုတ်မြစ်တစ်ခုအပေါ်တွင် တည်ဆောက်ထားသလော။ ၎င်းတို့သည် ဘုရားသခင် နှစ်သက်ခြင်းဟူသော အခြေခံအုတ်မြစ်တစ်ခုအပေါ်တွင် တည်ဆောက်ထားသလော။ ထိုသို့မဟုတ်ပါက သင်လုပ်ဆောင်သမျှအားလုံးသည် သင်မည်မျှပင် ကောင်းမွန်စွာ ထိန်းသိမ်းပါစေ၊ မည်မျှပင် စုံလင်စွာ လုပ်ဆောင်ပါစေ သို့မဟုတ် အခြားသူများထံမှ ချီးမွမ်းခြင်းကို မည်မျှပင် ရရှိပါစေ ဘုရားသခင်က အမှတ်ရတော်မူမည် မဟုတ်ပေ။ သို့ဖြစ်၍ မည်သူနှင့်မဆို သင်၏ ပေါင်းသင်းဆက်ဆံမှုများနှင့် အပြန်အလှန်ဆက်ဆံမှုများ၏ စည်းမျဉ်းများသည် ၎င်းတို့က သင့်ကို အချောင်ယူခြင်း ရှိမရှိ သို့မဟုတ် သင်က ၎င်းတို့ကို အချောင်ယူခြင်း ရှိမရှိကို အလေးမထားသင့်ပေ၊ ၎င်းတို့သည် ဤအခြေခံအုတ်မြစ်အပေါ်တွင် တည်ဆောက်ထားခြင်း မဖြစ်သင့်ပေ။ ထိုအစား သင်တို့လုပ်ဆောင်သည့်အရာသည် သမ္မာတရား စည်းမျဉ်းများနှင့် ကိုက်ညီခြင်း ရှိမရှိကို အလေးထားသင့်သည်။ သို့မှသာလျှင် ယင်းကို “ကျွန်ုပ်တို့၏ ဘုရားသခင်အား ယုံကြည်ခြင်းကို ထောက်ထား၍” ဟု အမှန်တကယ် မှတ်ယူနိုင်မည်ဖြစ်သည်၊ သို့မှသာလျှင် သင်က “ကျွန်ုပ်တို့အားလုံးသည် ယုံကြည်သူများ၊ ညီအစ်ကိုမောင်နှမများ ဖြစ်ကြသည်” ဟု ပြောဆိုနိုင်မည်ဖြစ်သည်၊ သို့မှသာလျှင် သင်သည် ဤအရာကို အခြေခံအကျဆုံးအဖြစ် မှတ်ယူနိုင်မည်ဖြစ်သည်။ အသက်ဝင်ရောက်မှု၊ တာဝန်နှင့် အသင်းတော်အလုပ်တို့နှင့် သက်ဆိုင်သော ကိစ္စရပ်များမှလွဲ၍ အခြားမည်သည့် အပြန်အလှန်ဆက်ဆံမှုမဆိုသည် “ညီအစ်ကိုမောင်နှမများ” ဟူသော အခြေခံအုတ်မြစ်အပေါ်တွင် အခြေမခံသင့်ပေ။ ယင်းသည် တာဝန်၊ အသက်ဝင်ရောက်မှု သို့မဟုတ် လူအချင်းချင်းကြား ပုံမှန်အပြန်အလှန်ဆက်ဆံမှုတို့နှင့် မသက်ဆိုင်ဘဲ တစ်စုံတစ်ဦးက အချို့သော ပန်းတိုင်တစ်ခုကို ဖြစ်မြောက်အောင်မြင်စေရန် “ညီအစ်ကိုမောင်နှမများ” ကို အကြောင်းပြချက်တစ်ခုအဖြစ် အစဉ်အမြဲ အသုံးပြုပါက ၎င်းတို့သည် အချောင်ယူရန်နှင့် ၎င်းတို့၏ ပုဂ္ဂိုလ်ရေးအကျိုးအမြတ်များအတွက် လျှို့ဝှက်ကြံစည်ရန် ထိုသို့သော ပြောဆိုချက်များ၊ နည်းလမ်းများနှင့် အကျိုးရှိသော အခြေအနေများကို အကြောင်းပြချက်တစ်ခုအဖြစ် အသုံးပြုဖို့ ကြိုးပမ်းနေခြင်းဖြစ်သည်မှာ သံသယဖြစ်ဖွယ်မရှိပေ။ ဘုရားသခင် ရွေးချယ်ထားသောလူများသည် ဤအရာနှင့်ပတ်သက်၍ သတိဝီရိယရှိသင့်ပြီး လှည့်ဖြားခြင်းမခံရစေရန် ထိုသို့သောကိစ္စရပ်များကို ဉာဏ်ပညာဖြင့် ကိုင်တွယ်ဖြေရှင်းသင့်သည်။ အဘယ်ကြောင့်ဆိုသော် အသင်းတော်ရှိ လူအများစုသည် သမ္မာတရားကို နားမလည်ကြသည့်အပြင် အချို့မှာမူ စည်းမျဉ်းများမရှိဘဲ ပြုမူကာ မကောင်းမှုများကို မဆင်မခြင်ကျူးလွန်သည့် မယုံကြည်သူများပင် ဖြစ်ကြသောကြောင့် ဖြစ်သည်။ ၎င်းတို့က “ညီအစ်ကိုမောင်နှမများ” ဟူသော အကြောင်းပြချက်ဖြင့် အမှုအရာများကို လုပ်ဆောင်ခြင်းသည် အသင်းတော်၏အလုပ်ကို အလွယ်ကူဆုံး ဩဇာလွှမ်းမိုးပြီး နှောင့်ယှက်သည့်အရာ ဖြစ်သည်။ ယနေ့ ဤအရာအားလုံးကို ပြောဆိုရခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ယင်းမှာ အခြားသူများနှင့် ဆက်သွယ်ပြောဆိုရာတွင်ဖြစ်စေ၊ အပြန်အလှန်ဆက်ဆံရာတွင်ဖြစ်စေ အခြေခံအုတ်မြစ်သည် သမ္မာတရား စည်းမျဉ်းများအပေါ်တွင် အခြေခံသင့်ကြောင်းကို ရှင်းလင်းစေရန် ဖြစ်သည်။ ဤသည်မှာ လူအချင်းချင်းကြား မလျော်ကန်သော ဆက်ဆံမှုများကို တားဆီးပေးသည်၊ ဤသည်မှာ အချောင်ယူရခြင်းကို နှစ်သက်သောသူတို့အား အမြတ်ထုတ်ရန် ဟာကွက်များကို ရှာဖွေခြင်းမှလည်း တားဆီးပေးသည့်အပြင် တစ်ချိန်တည်းတွင် မိမိတို့၏ သိက္ခာကို အလွန်အမင်း အလေးထားသောသူများ သို့မဟုတ် လူ့သဘာဝ၌ အားနည်းသောသူတို့အား အစဉ်အမြဲ အချောင်ယူခံရခြင်း၊ အစဉ်အမြဲ လှည့်စားခံရခြင်းနှင့် အစဉ်အမြဲ ဆုံးရှုံးမှုများ ခံစားရခြင်းတို့မှလည်း တားဆီးပေးသည်မှာ ပြောစရာမလိုပေ။ အချို့လူများသည် မိမိတို့ မိသားစုအရင်းအချာတို့ အခြေအနေများ၏ သိသာထင်ရှားသော အခက်အခဲရှိနေသော်လည်း အချောင်ယူရသည်ကို နှစ်သက်သော တစ်စုံတစ်ဦးက ၎င်းတို့အား အထင်ကြီးသောကြောင့် ၎င်းတို့ကို ရွေးချယ်ခဲ့သည်ဟု အခိုင်အမာဆိုလျက် ငွေချေးရန် တောင်းဆိုသောကြောင့် မိမိတို့ကိုယ်တိုင် ဒုက္ခခံကာ ဣန္ဒြေဆည်ပြီး မိမိတို့၏ ချွေးနည်းစာဖြင့် ရရှိထားသောငွေကို ချေးငှားလိုက်ကြသည်။ ငွေချေးပြီးနောက်တွင် မည်သို့ဖြစ်သွားသနည်း။ ငွေချေးသူသည် ပျောက်ကွယ်သွားသည်။ ထို့နောက် ငွေချေးပေးသူက မိမိကို မကာကွယ်သည့်အတွက် ဘုရားသခင်ကို စောဒကတက်သည်။ ဤသည်မှာ ဆင်ခြင်တုံတရား ရှိခြင်းလော။ ဘုရားသခင်ကို ယုံကြည်ခြင်းသည် တစ်စုံတစ်ခုကို လုပ်ဆောင်သည့်အခါ သင် စဉ်းစားရန်မလိုအပ်ဘဲ ဘုရားသခင်က အရာအားလုံးကို တာဝန်ယူလိမ့်မည်ဟု ဆိုလိုသည်ဟူ၍များ သင်ထင်မှတ်ခဲ့သလော။ ယင်းက သင့်ကို အသုံးမကျသောသူတစ်ဦး ဖြစ်သွားစေသည် မဟုတ်လော။ ဘုရားသခင်သည် လူတို့အား ရိုးသားရန်၊ ပညာရှိရန်နှင့် သမ္မာတရား စည်းမျဉ်းများအတိုင်း ပြုမူရန် တောင်းဆိုတော်မူသည်။ သင်သည် ဤအရာကို နားမလည်နိုင်သလော။ သင်သည် ဤသမ္မာတရား စည်းမျဉ်းများအတိုင်း မပြုမူပါက သင်သည် အစဉ်အမြဲ ဆုံးရှုံးမှုများ ခံစားရပြီး လှည့်ဖြားခြင်းခံရရန် ထိုက်တန်ပေသည်။ အဆုံးတွင် သင်၏ဘဝ၌ ထွက်ပေါက်မရှိသည့်အခါ သင်သည် မည်သူ့ကို အပြစ်တင်နိုင်မည်နည်း။ သင်သည် ကိုယ့်ဒုက္ခကိုယ်ရှာခြင်း ဖြစ်သည်။ သင်၏ လုပ်ဆောင်ချက်များသည် ချစ်ခြင်းမေတ္တာကြောင့် မဟုတ်ပေ၊ ယင်းတို့သည် မိုက်မဲခြင်းသာ ဖြစ်သည်။ သင်သည် ၎င်းတို့ကို ကျေနပ်စေရန် လူလိမ်တစ်ဦးအား ငွေချေးငှားခဲ့သည်၊ သို့သော် သင် ငွေလိုအပ်သည့်အခါ ဘုရားအိမ်တော်ထံမှ တောင်းနိုင်မည်လော။ ဘုရားအိမ်တော်သည် သင့်အတွက် ဤအရာကို တာဝန်ယူသင့်သလော။ ဤကုန်ကျစရိတ်ကို ဘုရားအိမ်တော်က ကျခံပေးရန် မျှော်လင့်ခြင်းအားဖြင့် သင်သည် ဘုရားသခင်ကို အကြွေးတင်ရှိခြင်း မဟုတ်လော။ ဘဝ၌ ထွက်ပေါက်မရှိဘဲ သင်သည် သင်၏တာဝန်ကို မည်သို့ ထမ်းဆောင်နိုင်မည်နည်း။ သင်သည် ဘုရားသခင်ထံ ဆုတောင်းပါက ဘုရားသခင်သည် သင့်ကို ဖြည့်ဆည်းပေးချင်မှ ပေးပေမည်၊ ဤသည်မှာ ကိုယ်ပြုသောကံ ကိုယ်ခံရခြင်းဖြစ်ပြီး ထိုက်တန်လှပေသည်။ သင့်ကို ထိုမျှ မိုက်မဲရန် မည်သူက ပြောခဲ့သနည်း။ ထိုလူကို ယုံကြည်ရန် ဘုရားသခင်က သင့်ကို ပြောခဲ့သလော။ ၎င်းတို့အား ငွေချေးရန် ကိုယ်တော်က သင့်ကို ပြောခဲ့သလော။ ကိုယ်တော် မပြောခဲ့ပေ၊ ယင်းမှာ ဘုရားသခင်၏ ရည်ရွယ်ချက်ကို ကိုယ်စားမပြုဘဲ သင်၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ လုပ်ဆောင်ချက်သာ ဖြစ်သည်။ သင်၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ လုပ်ဆောင်ချက်များက မှားယွင်းပြီး ဆိုးကျိုးများကို ဖြစ်ပေါ်စေပါက သင်သည် တာဝန်ကို သင်ကိုယ်တိုင်သာ ခံယူနိုင်မည်ဖြစ်သည်။ သင်သည် အဘယ်ကြောင့် ဘုရားအိမ်တော်ကို တာဝန်ယူစေသင့်သနည်း၊ သို့မဟုတ် ဘုရားသခင်ကို သင့်အတွက် ခေါင်းခံစေသင့်သနည်း။ သင့်ကို မကာကွယ်သည့်အတွက် ဘုရားသခင်ကို အဘယ်ကြောင့် စောဒကတက်ရသနည်း။ သင်သည် အရွယ်ရောက်ပြီးသူတစ်ဦး ဖြစ်သည်၊ အဘယ်ကြောင့် လူကြီးတစ်ဦးအနေဖြင့် ရှိသင့်သော ပိုင်းခြားဝေဖန်နိုင်စွမ်း ကင်းမဲ့ရသနည်း။ လူ့အဖွဲ့အစည်းထဲ၌ တောင်းဆိုသော မည်သူ့ကိုမဆို သင် ငွေချေးမည်လော။ သင်သည် ယင်းကို စဉ်းစားရမည် မဟုတ်လော။ တစ်စုံတစ်ဦးက ၎င်းတို့၏ တောင်းဆိုချက်တွင် “ညီအစ်ကိုမောင်နှမများ” ဟူသော အမည်ကို ထည့်သွင်းပြောဆိုရုံမျှဖြင့် သင်သည် အဘယ်ကြောင့် ထိုသူအား ငွေချေးမည်နည်း။ ဤသည်မှာ သင် မိုက်မဲကြောင်းကို မပြသပေလော။ သင်သည် မိုက်မဲရုံသာမက တုံးအပေသည်၊ အလွန်အမင်း တုံးအလှပေသည်။ ညီအစ်ကိုမောင်နှမများအားလုံးသည် ဘုရားသခင်ကို စိတ်ရင်းမှန်ဖြင့် ယုံကြည်ကြသည်၊ ၎င်းတို့အားလုံးသည် သမ္မာတရားကို နားလည်ကြသည်ဟု သင်ထင်မှတ်သလော။ ၎င်းတို့ထဲမှ အနည်းဆုံး သုံးပုံတစ်ပုံသည် သမ္မာတရားကို မချစ်မြတ်နိုးကြဘဲ မယုံကြည်သူများ ဖြစ်ကြသည်။ သင်သည် ဤအရာကို ပိုင်းခြားသိမြင်နိုင်ခြင်း မရှိသလော။ ညီအစ်ကိုမောင်နှမများ အားလုံးသည် ဘုရားသခင်၏ ကယ်တင်ခြင်းခံရမည့်သူများ၊ ဘုရားသခင်က အမှန်တကယ် ရွေးချယ်ထားသောသူများ ဖြစ်သည်ဟု သင်ထင်မှတ်သလော။ “ခေါ်တော်မူသောသူတို့သည် များသော်လည်း၊ ရွေးချယ်တော်မူသောသူတို့သည် နည်းကြ၏” ဟူသည်ကို သင်မသိသလော။ ညီအစ်ကိုမောင်နှမများက မည်သူ့ကို ကိုယ်စားပြုသနည်း။ ၎င်းတို့သည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်ကို ကိုယ်စားပြုသည်။ သင်သည် ၎င်းတို့ကို ယုံကြည်ပါက သင်သည် မိုက်မဲနေခြင်း မဟုတ်လော။ သင်၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ လုပ်ဆောင်ချက်များက မည်သို့သော ဆိုးကျိုးများကိုပင် ဖြစ်ပေါ်စေပါစေ ဘုရားအိမ်တော်ကို သို့မဟုတ် ညီအစ်ကိုမောင်နှမများကို သွားမရှာနှင့်၊ မည်သူမျှ သင့်အတွက် ခေါင်းခံပေးနိုင်မည်မဟုတ်သကဲ့သို့ မည်သူမျှ သင့်အတွက် တာဝန်ခံရန် ဝတ္တရားမရှိပေ။ သင်သည် ခါးသီးမှုကို ဖန်တီးခဲ့သည်၊ သင်သည် ယင်းကို ခံယူလော့၊ သင်၌သာ တာဝန်ရှိသည်။ ထို့အပြင် ဤကိစ္စရပ်များကို မိတ်သဟာယဖွဲ့ခြင်းနှင့် ဆွေးနွေးခြင်းအတွက် အသင်းတော်အသက်တာထဲသို့ မယူဆောင်လာနှင့်၊ မည်သူမျှ ယင်းကို ကြားလိုခြင်းမရှိသည့်အပြင် အခြားသူများသည် သင်၏ ရှုပ်ထွေးသော ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းရန် တာဝန်မရှိပေ။ တစ်စုံတစ်ဦးက သင့်ကို အမှန်တကယ် ကူညီလိုပါက သင်တို့နှစ်ဦးသည် ယင်းကို သီးသန့် ဖြေရှင်းနိုင်သည်။ နားလည်ပြီလော။

ဤကိစ္စရပ်များအပေါ် မိတ်သဟာယဖွဲ့ခြင်းသည် လူတို့အတွက် သတိပေးချက်တစ်ခုအဖြစ် ဆောင်ရွက်ပေးပြီး ၎င်းတို့၏ အသိပညာကို ကျယ်ပြန့်စေကာ ဘုရားသခင်ကို ယုံကြည်သောသူတို့တွင် လူအမျိုးမျိုး ရှိကြောင်းကို ရှင်းလင်းစေလျက် ၎င်းတို့အတွက် သတိပေးနှိုးဆော်လျက် ရှိသည်။ သင်တို့ မှတ်သားထားရမည့် အရေးကြီးသော အချက်တစ်ချက်ရှိသည်၊ ယင်းကို ငါသည် ယခင်က အကြိမ်များစွာ ပြောခဲ့ပြီးဖြစ်သည်၊ ဘုရားသခင်ကို ယုံကြည်သောသူတို့သည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်ထဲမှ ရွေးချယ်ခံရခြင်း ဖြစ်သည်။ ဤသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းမှာ လူတစ်ဦးချင်းစီတိုင်းသည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကို ခံခဲ့ရပြီးဖြစ်ကြောင်း၊ လူတိုင်းတွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများရှိပြီး အတိုင်းအတာအမျိုးမျိုးဖြင့် မကောင်းမှုကို ပြုလုပ်နိုင်စွမ်းရှိကြောင်း၊ သင့်လျော်သော အခြေအနေတွင် ဘုရားသခင်ကို အတိုက်အခံလုပ်သော အမှုအရာများကို လုပ်ဆောင်နိုင်စွမ်းရှိကြောင်းကို ဆိုလိုသည်။ ငါတို့ ယခုလေးတင် မိတ်သဟာယဖွဲ့ခဲ့သည့် အမှားနှင့် အမှန်ကို ပြောင်းပြန်လှန် ပြောဆိုရခြင်းနှင့် အချောင်ယူတတ်ခြင်းတို့ကို ယုံကြည်သူတို့က လုပ်ဆောင်ကြခြင်းဖြစ်သည်၊ ဘာသာတရားမရှိသူတို့သည် ငါတို့နှင့် မသက်ဆိုင်သောကြောင့် ၎င်းတို့အကြောင်းကို ဤနေရာတွင် ငါတို့ ဖော်ပြမည်မဟုတ်ပေ။ ငါတို့မိတ်သဟာယဖွဲ့ခဲ့သော လူ့သဘာဝ၏ ဤသရုပ်သကန်များသည် ဘုရားသခင်ကို ယုံကြည်သောသူတို့၏ သရုပ်သကန်များ အတိအကျပင် ဖြစ်သည်။ သို့ဖြစ်၍ “ညီအစ်ကိုမောင်နှမများ” ဟူသော အမည်ကို ကြီးကျယ်သော၊ မြင့်မြတ်သော သို့မဟုတ် အထွတ်အမြတ်ထားပြီး မချိုးဖောက်အပ်သော အရာတစ်ခုအဖြစ် မမှတ်ယူနှင့်။ သင်သည် ထိုသို့မှတ်ယူပါက ယင်းမှာ သင်၏ မိုက်မဲခြင်းသာ ဖြစ်သည်။ ဘုရားသခင်က “ညီအစ်ကိုမောင်နှမများသည် အဖိုးတန်၏။ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများ ဖြစ်လာသည်နှင့်တစ်ပြိုင်နက် သန့်ရှင်းစင်ကြယ်ခြင်းသို့ ရောက်ကြ၏၊ ၎င်းတို့သည် ဘုရားသခင်၏ လူယုံများ၊ လုံးဝယုံကြည်စိတ်ချရသောသူများ ဖြစ်လာကြ၏၊ သင်သည် ၎င်းတို့ကို အပြည့်အဝ ယုံကြည်နိုင်ပြီး ၎င်းတို့ပြောဆိုသမျှ သို့မဟုတ် လုပ်ဆောင်သမျှသည် သမ္မာတရားဖြစ်၏” ဟု မည်သည့်အခါမျှ မိန့်တော်မမူခဲ့ပေ။ ဤသည်မှာ မည်သည့်အခါမျှ မဖြစ်ပေါ်ခဲ့ပေ၊ ဤသည်တို့မှာ သင်၏ အယူအဆများနှင့် စိတ်ကူးများသာ ဖြစ်သည်။ ယခုအချိန်အထိ သင်သည် “ညီအစ်ကိုမောင်နှမများ” ဟူသော အမည်နောက်ကွယ်ရှိ တကယ့်အနက်အဓိပ္ပာယ်ကို မမြင်နိုင်သေးပါက သင်သည် အမှန်တကယ် မိုက်မဲပေသည်၊ သင်သည် ဤနှစ်များတစ်လျှောက်လုံး တရားဒေသနာများကို အချည်းနှီး နားထောင်ခဲ့ခြင်းသာ ဖြစ်သည်။ သင်သည် သင်ကိုယ်တိုင် မည်သို့သောလူစားမျိုးဖြစ်သည်ကိုပင် မသိရှိသေးသည့်တိုင် အခြားသူများကို အလွန်ယုံကြည်လျက် ၎င်းတို့ကို၊ ညီအစ်ကိုမောင်နှမများကို အလွန်မြင့်မြတ်ပြီး ကြီးကျယ်သည်ဟု မှတ်ယူကာ “ညီအစ်ကိုမောင်နှမများက ဤအရာကို မကြိုက်”၊ “ညီအစ်ကိုမောင်နှမများက ဒေါသထွက်နေသည်”၊ “ညီအစ်ကိုမောင်နှမများက ဆင်းရဲဒုက္ခခံနေရသည်”၊ “ညီအစ်ကိုမောင်နှမများက ဤအရာဖြစ်သည်၊ ထိုအရာဖြစ်သည်” ဟူ၍ ညီအစ်ကိုမောင်နှမများအကြောင်းကို ထိုသို့သော ချစ်ခင်တွယ်တာမှုဖြင့် အဆက်မပြတ် တဖွဖွ ပြောဆိုနေသည်။ ညီအစ်ကိုမောင်နှမများသည် အလွန်မြင့်မြတ်ပြီး အထွတ်အမြတ်ထားကာ အလွန်ယုံကြည်စိတ်ချရကြောင်းကို ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် မည်သည့်နေရာ၌မဆို သင်မြင်ဖူးသလော။ တစ်ကြောင်းမျှပင် မရှိပါ၊ ဟုတ်သည် မဟုတ်လော။ သို့ဆိုလျှင် သင်သည် ၎င်းတို့ကို အဘယ်ကြောင့် ထိုသို့ ရှုမြင်မည်နည်း။ ယင်းက သင့်ကို လုံးလုံးလျားလျား မိုက်မဲသူတစ်ဦး ဖြစ်စေသည်။ သို့ဖြစ်၍ ညီအစ်ကိုမောင်နှမများထံမှ သင်သည် မည်မျှပင် အခွင့်ကောင်းယူခံရမှု သို့မဟုတ် ဆုံးရှုံးမှုကို ခံစားရပါစေ ယင်းမှာ လုံးဝ သင်၏ ကိုယ်ပိုင်အမှားသာ ဖြစ်သည်။ အဆုံးတွင် သင်ခံစားရသော ဆုံးရှုံးမှုများနှင့် အခွင့်ကောင်းယူခံရမှုများကို ကျောင်းလခအဖြစ် မှတ်ယူလော့။ ဤသည်မှာ သင် မှတ်သားရန် သင်ခန်းစာတစ်ခု ဖြစ်သည်။ သင်တို့သည် အစဉ်အမြဲ မှတ်သားထားရမည်၊ ညီအစ်ကိုမောင်နှမများသည် သမ္မာတရားကို ကိုယ်စားမပြုသကဲ့သို့ ဘုရားသခင်ကို သာ၍ပင် ကိုယ်စားမပြုပေ၊ ၎င်းတို့သည် ဘုရားသခင်၏ လူယုံများ၊ ဘုရားသခင်၏ သက်သေခံသူများ သို့မဟုတ် ဘုရားသခင်၏ ချစ်သားများနှင့် ညီမျှခြင်းမရှိပေ။ ညီအစ်ကိုမောင်နှမများကား မည်သူတို့နည်း။ ၎င်းတို့သည် သင့်ကဲ့သို့ပင် ဖောက်ပြန်ပျက်စီးသော လူသားများ ဖြစ်ကြသည်၊ ၎င်းတို့တွင် ဘုရားသခင်နှင့်ပတ်သက်၍ အယူအဆများရှိသည်၊ သမ္မာတရားကို မချစ်မြတ်နိုးကြ၊ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ကြ၊ မာနထောင်လွှားသော စိတ်သဘောထားကို ပိုင်ဆိုင်ကြသည်၊ ရက်စက်ကြမ်းကြုတ်ပြီး ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားများကို ပိုင်ဆိုင်ကြသည်၊ ကဏ္ဍတိုင်းတွင် မိမိတို့ကိုယ်ကို ဘုရားသခင်၏ ရန်သူများအဖြစ် ခန့်အပ်နိုင်စွမ်းရှိကြသည်၊ မိမိတို့၏ တာဝန်များကို ဝတ်ကျေတမ်းကျေ ထမ်းဆောင်ကြပြီး ဘုရားသခင်ကို ယုံကြည်ခြင်းဟူသည့် အကြောင်းပြချက်ဖြင့် အခြားညီအစ်ကိုမောင်နှမများကိုပင် အချောင်ယူကြသည်။ ဤအရာအားလုံးကို ပြောဆိုရခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ယင်းမှာ သင်နှင့် ညီအစ်ကိုမောင်နှမများကြားတွင် သပ်လျှိုသွေးခွဲရန်မဟုတ်ဘဲ လူတိုင်း၏ စရိုက်မှန်ကို ရှင်းလင်းစွာ မြင်တွေ့စေရန်၊ “ညီအစ်ကိုမောင်နှမများ” ဟူသော အမည်ကို မှန်ကန်စွာ သဘောထားရန်၊ သင်၏ ပတ်ဝန်းကျင်ရှိလူတို့ကို မှန်ကန်စွာ သဘောထားရန်နှင့် လူတိုင်းနှင့်အတူ သင့်လျော်သော လူအချင်းချင်း ဆက်ဆံရေးကို တည်ထောင်ရန် ကူညီပေးဖို့ ဖြစ်သည်။ သင်သည် ညီအစ်ကိုမောင်နှမများကြားထဲသို့ ဝင်ဆံ့ရန် ရည်ရွယ်ချက်ဖြင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ မျက်နှာသာပေးခြင်း၊ ရုပ်ဝတ္ထုဆိုင်ရာ ဖလှယ်ခြင်း၊ မြှောက်ပင့်ခြင်း၊ မျက်နှာချိုသွေးခြင်း၊ အလျှော့ပေး လိုက်လျောခြင်း သို့မဟုတ် အခြားထိုသို့သော နည်းလမ်းများမှတစ်ဆင့် အခြားသူများနှင့် ကောင်းမွန်သော ဆက်ဆံရေးများကို တည်ထောင်ရန် သို့မဟုတ် ထိန်းသိမ်းရန် မကြိုးစားနှင့်။ ဤသည်မှာ မလိုအပ်သည့်အပြင် ဤကိစ္စနှင့်ပတ်သက်၍ သင်လုပ်ဆောင်သမျှအားလုံးသည် ဘုရားသခင်အတွက် စက်ဆုပ်ရွံရှာဖွယ်ဖြစ်ပြီး ရွံမုန်းဖွယ်ဖြစ်သည်။ သို့ဆိုလျှင် လူတို့ကြားတွင် အသက်ရှင်နေထိုင်ရန် အကောင်းဆုံးသော နည်းလမ်း၊ အသက်ရှင်နေထိုင်ရန် အကောင်းဆုံးသော သဘောထားနှင့် စည်းမျဉ်းမှာ အဘယ်နည်း။ ယင်းမှာ ဘုရားသခင်၏ နှုတ်ကပတ်တော် ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက မည်သို့ မိန့်တော်မူသနည်း။ ၎င်းတို့က သင့်လျော်ပြီး ပုံမှန်ဖြစ်သော လူအချင်းချင်းဆက်ဆံရေးကို တည်ထောင်ရန် မိန့်တော်မူသည်။ ဤဆက်ဆံရေးများကို မည်သို့ တည်ထောင်သနည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အခြေခံ၍ အခြားသူများနှင့် အပြန်အလှန်ဆက်ဆံလော့၊ စကားပြောလော့၊ ပေါင်းသင်းလော့။ ဥပမာအားဖြင့် တစ်စုံတစ်ဦးက အိမ်ပြောင်းပြီး သင့်အား ကူညီရန် အချိန်ရှိမရှိ မေးမြန်းပါက သင်သည် ဆန္ဒရှိလျှင် သွားနိုင်သည်၊ သင်၏တာဝန်ကို ထိခိုက်မည်ကို ကြောက်သောကြောင့် ဆန္ဒမရှိပါက သင် ငြင်းဆိုနိုင်သည်။ ဤသည်မှာ သင်၏ အခွင့်အရေးဖြစ်ပြီး သင်လိုက်နာသင့်သော စည်းမျဉ်းလည်း ဖြစ်သည်မှာ ပြောစရာမလိုပေ။ သင်သည် ၎င်းတို့ကို စိတ်ထိခိုက်စေမည်ကို သို့မဟုတ် ညီအစ်ကိုမောင်နှမများကြားရှိ သဟဇာတဖြစ်မှုကို ပျက်ပြားစေမည်ကို ကြောက်ရွံ့သည့်အတွက် အလျှော့ပေးလိုက်လျောရန်၊ စိတ်မပါဘဲနှင့် သဘောတူရန် မလိုအပ်ပေ၊ ထို့နောက်တွင် သင်၏ စိတ်နှလုံးထဲ၌ ဆန္ဒမရှိဖြစ်ကာ သင်၏ တာဝန်များကို ထမ်းဆောင်ခြင်းအပေါ် ထိခိုက်စေလိမ့်မည်။ ထိုသို့ပြုလုပ်ခြင်းသည် စည်းမျဉ်းများကို ဆန့်ကျင်ကြောင်း သင် ကောင်းစွာ သိရှိလျက်နှင့်ပင် ၎င်းတို့ကို ကျေနပ်စေရန်နှင့် ကောင်းမွန်သော ဆက်ဆံရေးများကို ထိန်းသိမ်းရန်အလို့ငှာ အခြားသူတို့အား သင့်ကို အကျပ်ကိုင်ခွင့်နှင့် ကျွန်တစ်ဦးကဲ့သို့ ခိုင်းစေခွင့်ကို သင် ဆက်လက်ခွင့်ပြုနေဆဲ ဖြစ်သည်။ သင်က အခြားလူတို့ကို ကျေနပ်စေခြင်းသည် ကောင်းမှုတစ်ခုမဟုတ်ဘဲ ဘုရားသခင်က အမှတ်ရမည် မဟုတ်ပေ။ သင်လုပ်ဆောင်နေသည့်အရာသည် လူအချင်းချင်း ဆက်ဆံရေးကို ထိန်းသိမ်းရန်သာဖြစ်သည်၊ သင်သည် အသင်းတော်၏အလုပ်အတွက် သို့မဟုတ် သင်၏တာဝန်ကို ထမ်းဆောင်ရန် ပြုမူနေခြင်း မဟုတ်သကဲ့သို့ ယင်းမှာ သင်၏ တာဝန် သို့မဟုတ် ဝတ္တရား သာ၍ပင် မဟုတ်ပေ။ ဘုရားသခင်သည် ထိုသို့သော လုပ်ဆောင်ချက်များကို မည်သည့်အခါမျှ အမှတ်ရမည်မဟုတ်ဘဲ သင်သည် ယင်းတို့ကို လုပ်ဆောင်လျှင်ပင် အချည်းနှီးဖြစ်သော လုပ်ဆောင်ခြင်း ဖြစ်သည်။ သို့ဖြစ်၍ ထိုသို့သော ကိစ္စရပ်များနှင့် ကြုံတွေ့ရသည့်အခါ သင်သည် မည်သို့ရွေးချယ်ရမည်ကို အလေးအနက်ထားပြီး ဂရုတစိုက် စဉ်းစားသင့်သည် မဟုတ်လော။ အချို့လူများသည် အကူအညီ အတောင်းခံရသော်လည်း ၎င်းတို့၏ တာဝန်များက အမှန်တကယ်တွင် ၎င်းတို့ကို အလွန်အလုပ်များစေပြီး စုဝေးပွဲတစ်ခု တက်ရောက်ရန် သို့မဟုတ် ဝိညာဉ်ရေးရာ ဆက်ကပ်ခြင်းအချို့ကို လုပ်ဆောင်ရန် အချိန်ကို ခဲခဲယဉ်းယဉ်း ရှာတွေ့ခဲ့ရုံသာ ဖြစ်သည်။ ၎င်းတို့ မသွားလိုကြသည်မှာ သိသာထင်ရှားပြီး စည်းမျဉ်းများအရလည်း မသွားသင့်ပေ။ သို့သော် ဂုဏ်သိက္ခာကို အလွန်အမင်း အလေးထားသောကြောင့် ငြင်းဆိုရန် အားမထုတ်နိုင်ကြပေ။ အဆုံးတွင် မည်သည့်အရာ ဖြစ်သွားသနည်း။ ၎င်းတို့သည် မိမိတို့၏ အသက်ဝင်ရောက်မှုအတွက် ရည်စူးဆက်ကပ်ထားသင့်သော အချိန်ကို ဖြုန်းတီးလျက် ထိုနိမ့်ကျပြီး အချောင်ယူရသည်ကို နှစ်သက်သော လူပုဂ္ဂိုလ်တို့အား ၎င်းတို့ကို အချောင်ယူခွင့် ပြုလိုက်ကြသည်။ ယင်းမှာ ဆုံးရှုံးမှုတစ်ခု မဟုတ်လော။ ယင်းမှာ ထိုက်တန်လှသော ဆုံးရှုံးမှုတစ်ခု ဖြစ်သည်။ ထိုသို့သော ဆုံးရှုံးမှုကို ခံစားရခြင်းသည် အခြားသူတို့၏ ကရုဏာ သို့မဟုတ် သနားမှုကို တစ်စက်မျှပင် မခံစားထိုက်ပေ။ အဘယ်ကြောင့် ယင်းကို ထိုက်တန်သော ဆုံးရှုံးမှုဟု ဆိုရသနည်း။ သင့်ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လျစ်လျူရှုစေခဲ့သူမှာ မည်သူနည်း။ သင့်ကို လူတို့ကို စိတ်ထိခိုက်စေရန် ကြောက်ရွံ့စေခဲ့သူမှာ မည်သူနည်း။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားထောင်ခြင်းထက် လူတို့ကို စိတ်မထိခိုက်စေရန် ပို၍နှစ်သက်ပါက သင်သည် ဤဆုံးရှုံးမှုကို ထိုက်ထိုက်တန်တန် ခံစားထိုက်ပေသည်။ အချို့က “လူတို့သည် လေဟာနယ်ထဲတွင် အသက်ရှင်နေကြသည် မဟုတ်၊ လူအချင်းချင်းကြားတွင် အပြန်အလှန် ဆက်ဆံမှုများ ရှိရမည်” ဟု ဆိုကြသည်။ အရေးကြီးသည်မှာ သင်သည် မည်သို့ အပြန်အလှန် ဆက်ဆံသနည်း ဟူ၍ ဖြစ်သည်။ စည်းမျဉ်းများအပေါ် အခြေခံသော အပြန်အလှန်ဆက်ဆံမှုများနှင့် စည်းမျဉ်းများမရှိဘဲ အရာအားလုံးကို ညှိနှိုင်းပေးရန် ကြိုးစားသော လူ့အကြိုက်လိုက်သူတစ်ဦးဖြစ်ခြင်းဟူသော အပြန်အလှန်ဆက်ဆံမှုများထဲမှ မည်သည့်အရာက သမ္မာတရား စည်းမျဉ်းများနှင့် ကိုက်ညီပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ညီညွတ်ကာ သင်၏ အသက်ဝင်ရောက်မှုကို ပို၍ အကျိုးပြုသနည်း။ သင်သည် မည်သည့်အရာကို ရွေးချယ်ရမည်ကို သိသည် မဟုတ်လော။ သင်သည် မည်သို့ရွေးချယ်ရမည်ကို သိလျက်နှင့်ပင် ရွှံ့နွံထဲသို့ ဆက်၍ ပိတ်မိနေပါက အဆုံးစွန်သော အကျိုးဆက်ကို သင်တစ်ဦးတည်းသာ ခံရမည်ဖြစ်သည်။ ယင်းမှာ သိသာထင်ရှားသည် မဟုတ်လော။ (ဟုတ်ပါသည်။)

ဆိုးယုတ်သောလူများ၏ လူ့သဘာဝနှင့်ဆိုင်သော သရုပ်သကန်များမှာ နောက်ထပ်များစွာ ရှိနေသေးပြီး ယနေ့ မိတ်သဟာယပြုခြင်းမှာ အမှားနှင့် အမှန်ကို ပြောင်းပြန်လှန် ပြောဆိုရသည်ကို နှစ်သက်ခြင်းနှင့် အခြားသူများကို အချောင်ယူခြင်းကို နှစ်သက်ခြင်းဟူသော ကဏ္ဍများကိုသာ အဓိကထား၍ အကန့်အသတ်ဖြင့် ဆွေးနွေးခဲ့ခြင်းဖြစ်သည်။ ဤကဏ္ဍနှစ်ခုအကြောင်းကို ကြားသိပြီးနောက်မှသာလျှင် လူအများစုသည် “သို့ဆိုလျှင် ဤသည်မှာ ဆိုးရွားသော လူ့သဘာဝ၏ အကျင့်ပင်တကား” ဟု ပြောဆိုလျက် သဘောပေါက်မှုနှင့် ပိုင်းခြားသိမြင်နိုင်စွမ်းအချို့ကို စတင်ရရှိကြသည်။ သို့သော် ထိုသို့သောလူများသည် အသင်းတော်၌ အမှန်တကယ် တည်ရှိနေကြသည်၊ သို့ဖြစ်လျှင် မည်သို့လုပ်ဆောင်သင့်သနည်း။ အသင်းတော်၌ စည်းမျဉ်းများနှင့် စည်းကမ်းများ ရှိသောကြောင့် ၎င်းတို့၏ တည်ရှိနေခြင်းသည် အရေးကြီးသော ပြဿနာတစ်ခု မဟုတ်ပေ၊ အသင်းတော်သည် ထိုသို့သော လူပုဂ္ဂိုလ်များကို ကိုင်တွယ်ရန် သင့်လျော်သော အစီအမံများကို ချမှတ်နိုင်ပါသည်။ ဤကိစ္စရပ်များအပေါ် ယနေ့ မိတ်သဟာယဖွဲ့ခြင်း၏ ရည်ရွယ်ချက်မှာ လူအများစုကို ဤဆိုးယုတ်သောလူစားနှစ်မျိုးအပေါ် ရှင်းလင်းသော နားလည်မှုနှင့် ပိုင်းခြားသိမြင်နိုင်စွမ်း ရှိစေရန်၊ ထို့နောက်တွင် ၎င်းတို့ကို ရှင်းလင်းပစ်ရန် အတူတကွ လုပ်ဆောင်ဖို့ ဖြစ်သည်။

၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။