ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၂၅) အခန်း နှစ်
ဃ။ လက်စားချေလိုစိတ်ရှိခြင်း
တတိယအမျိုးအစားဖြစ်သည့် အကျင့်ပျက်ခြင်းနှင့် ချုပ်တည်းမှုမဲ့ခြင်းရှိသူတို့၏ သရုပ်သကန်များနှင့်ပတ်သက်၍ ကျွန်ုပ်တို့၏ မိတ်သဟာယဖွဲ့ခြင်းသည် အဆုံးသတ်ခဲ့ပြီးဖြစ်သည်။ ဤလူစားမျိုးအပြင် ဆိုးယုတ်သောလူများ အမျိုးအစားအောက်တွင် ကျရောက်သည့် အခြားများစွာသောသူတို့လည်း ရှိကြပြီး အသင်းတော်သည် ဤဆိုးယုတ်သော လူအမျိုးအစားအားလုံးကို ပိုင်းခြားသိမြင်ကာ ရှင်းလင်းပစ်သင့်သည်။ နောက်တစ်ခုအနေဖြင့် စတုတ္ထအမျိုးအစားကို ကျွန်ုပ်တို့ ဆွေးနွေးကြမည်။ အသင်းတော်က ပိုင်းခြားသိမြင်ပြီး ရှင်းလင်းပစ်သင့်သည့် အမျိုးမျိုးသော ဆိုးယုတ်သည့်လူများထဲတွင် စတုတ္ထအမျိုးအစားသည် သိသာထင်ရှားသော စိန်ခေါ်မှုတစ်ခုနှင့် ဒုက္ခတစ်ခုကို ဖြစ်စေသည်။ ဤသူတို့သည် မည်သူများ ဖြစ်နိုင်သနည်း။ ၎င်းတို့သည် လက်စားချေလိုစိတ်ရှိသောသူများ ဖြစ်ကြသည်။ “လက်စားချေလိုစိတ်ရှိခြင်း” ဟူသော စကားရပ်အားဖြင့် ဤလူတို့သည် မည်သို့မျှ ကောင်းသောသူများ မဟုတ်ကြသည်မှာ သိသာထင်ရှားသည်၊ နေ့စဉ်သုံးစကားဖြင့်ဆိုသော် ၎င်းတို့သည် စုန်းပြူးများ ဖြစ်ကြသည်။ ၎င်းတို့၏ လူ့သဘာဝနှင့်ဆိုင်သော တစ်သမတ်တည်းဖြစ်သည့် သရုပ်သကန်များနှင့် ထုတ်ဖော်ချက်များအပြင် ၎င်းတို့၏ လုပ်ဆောင်မှုဆိုင်ရာ စည်းမျဉ်းများကို အကဲဖြတ်ကြည့်သော် ၎င်းတို့၏ စိတ်နှလုံးများသည် ကြင်နာခြင်းမရှိပေ။ လူအများပြောလေ့ရှိသည့် စကားအတိုင်းဆိုလျှင် ၎င်းတို့သည် “အကျင့်ယုတ်သောသူများ” ဖြစ်ကြသည်။ ၎င်းတို့သည် ကြင်နာတတ်သောအမျိုးအစား မဟုတ်ဟု ငါတို့ ဆိုသည်၊ ပို၍ တိတိကျကျဆိုရလျှင် ဤလူပုဂ္ဂိုလ်များသည် ကြင်နာသောစိတ်နှလုံးမရှိဘဲ ရက်စက်ကြမ်းကြုတ်ခြင်း၊ မလိုမုန်းထားခြင်းနှင့် အကြင်နာတရားခေါင်းပါးခြင်းတို့ ပါဝင်သည်။ တစ်စုံတစ်ဦးသည် ဤလူပုဂ္ဂိုလ်တို့၏ အကျိုးစီးပွား၊ သိက္ခာ သို့မဟုတ် အဆင့်အတန်းတို့ကို ထိပါးသော သို့မဟုတ် ၎င်းတို့ကို စော်ကားသော တစ်စုံတစ်ခုကို ပြောဆိုသည်နှင့်တစ်ပြိုင်နက် သို့မဟုတ် လုပ်ဆောင်သည်နှင့်တစ်ပြိုင်နက် တစ်ဖက်တွင် ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးထဲ၌ ရန်လိုမှုကို သိုထားကြသည်။ နောက်တစ်ဖက်တွင် ဤရန်လိုမှုကို အခြေခံ၍ ၎င်းတို့သည် ပြုမူကြသည်၊ ၎င်းတို့သည် မိမိတို့၏ အမုန်းတရားကို ပွင့်အံချရန်နှင့် ဒေါသကို ပြေပျောက်စေရန် ရည်ရွယ်ချက်နှင့် ဦးတည်ချက်တို့ဖြင့် ပြုမူကြပြီး ဤအပြုအမူကို လက်စားချေခြင်းဟု ခေါ်ဝေါ်ကြသည်။ လူတို့ကြားတွင် ဤကဲ့သို့သော လူပုဂ္ဂိုလ်တစ်စု အစဉ်အမြဲ ရှိတတ်သည်။ ယင်းသည် လူတို့က သေးသိမ်ခြင်း၊ ဗိုလ်ကျစိုးမိုးတတ်ခြင်း သို့မဟုတ် အလွန်အမင်း အကဲဆတ်ခြင်းဟု သရုပ်ဖော်သည့်အရာပင်ဖြစ်စေ၊ ၎င်းတို့၏ လူ့သဘာဝကို သရုပ်ဖော်ရန် သို့မဟုတ် အကျဉ်းချုပ်ရန် အသုံးပြုသည့် ဝေါဟာရများ မည်သို့ပင်ဖြစ်စေ အခြားသူများနှင့် ၎င်းတို့၏ အပြန်အလှန်ဆက်ဆံမှုများ၏ ဖြစ်နေကျသရုပ်သကန်မှာ ၎င်းတို့ကို မတော်တဆဖြစ်စေ၊ တမင်ဖြစ်စေ နာကျင်စေသော သို့မဟုတ် စော်ကားသော မည်သူမဆိုသည် ဒုက္ခခံရမည်ဖြစ်ပြီး ထိုက်တန်သော အကျိုးဆက်များကို ရင်ဆိုင်ရမည် ဖြစ်သည်။ အချို့လူများ ပြောဆိုသကဲ့သို့ပင် ဖြစ်သည်။ “သူတို့ကို စော်ကားကြည့်ပါ၊ ပြီးလျှင် သင်သည် အလွန်အမင်း နာကျင်ခံစားရလိမ့်မည်။ ၎င်းတို့ကို ဒေါသထွက်အောင်လုပ်လျှင် သို့မဟုတ် နာကျင်အောင်လုပ်လျှင် သင် အလွယ်တကူ လွတ်မြောက်မည်ဟု မထင်နှင့်” ဟူ၍ ဖြစ်သည်။ လူတို့ကြားတွင် ထိုသို့သော လူပုဂ္ဂိုလ်များ ရှိသလော။ (ရှိပါသည်။) ၎င်းတို့သည် ဧကန်မုချ ရှိကြသည်။ မည်သည့်အရာ ဖြစ်ပျက်သည်ဖြစ်စေ၊ ယင်းသည် ဒေါသထွက်ထိုက်သည်ဖြစ်စေ၊ သေးသိမ်ထိုက်သည်ဖြစ်စေ လက်စားချေလိုစိတ်ရှိသောသူတို့သည် ယင်းကို မိမိတို့၏ နေ့စဉ်လုပ်ငန်းစဉ်များထဲသို့ ထည့်သွင်းကြပြီး အရေးအကြီးဆုံးသော ကိစ္စရပ်တစ်ခုအဖြစ် သဘောထားကြသည်။ မည်သူမဆို ၎င်းတို့ကို စော်ကားသည်ဖြစ်စေ လက်ခံနိုင်ဖွယ်မရှိဘဲ ၎င်းတို့သည် ထိုက်တန်သော အဖိုးအခကို ပေးဆပ်ရန် တောင်းဆိုကြသည်၊ ဤသည်မှာ လူတို့ကို ဆက်ဆံခြင်းအတွက်၊ ၎င်းတို့က ရန်သူဟု သတ်မှတ်သော မည်သူ့ကိုမဆို ဆက်ဆံခြင်းအတွက် ၎င်းတို့၏ စည်းမျဉ်း ဖြစ်သည်။ ဥပမာအားဖြင့် အသင်းတော်အသက်တာ၌ အချို့လူများသည် မိမိတို့၏ အခြေအနေအကြောင်းကို မိတ်သဟာယဖွဲ့ကြသည် သို့မဟုတ် ပုံမှန်အားဖြင့် မိမိတို့၏ အတွေ့အကြုံများကို မိတ်သဟာယဖွဲ့ပြီး မျှဝေကြကာ မိမိတို့၏ အခြေအနေများနှင့် ဖောက်ပြန်ပျက်စီးခြင်းအကြောင်းကို ဆွေးနွေးကြသည်။ ထိုသို့ပြုလုပ်ရာတွင် ၎င်းတို့သည် အခြားသူများ၏ အခြေအနေများနှင့် ဖောက်ပြန်ပျက်စီးခြင်းတို့ကို အမှတ်တမဲ့ ထည့်သွင်းပြောဆိုမိကြသည်။ ပြောဆိုသူသည် မရည်ရွယ်ဘဲ ပြောဆိုခြင်း ဖြစ်နိုင်သော်လည်း နားထောင်သူကမူ ယင်းကို အလေးအနက်ထား မှတ်ယူသည်။ နားထောင်ပြီးနောက် ဤလူပုဂ္ဂိုလ်သည် ယင်းကို မှန်ကန်စွာ နားလည်သဘောပေါက်နိုင်ခြင်း သို့မဟုတ် ကိုင်တွယ်နိုင်ခြင်းမရှိဘဲ လက်စားချေလိုသော စိတ်နေစိတ်ထားတစ်ခု ဖြစ်ပေါ်လာရန် လွယ်ကူသည်။ ၎င်းတို့သည် ဤကိစ္စကို လက်မလွှတ်ဘဲ မရမက တိုက်ခိုက်ပြီး လက်စားချေပါက ယင်းသည် အသင်းတော်၏အလုပ်အတွက် ဒုက္ခကို ဖြစ်စေလိမ့်မည်ဖြစ်ရာ ဤကိစ္စကို အချိန်မီ ကိုင်တွယ်ဖြေရှင်းရမည်။ အသင်းတော်၌ ဆိုးယုတ်သောလူများ ရှိနေသရွေ့ အနှောင့်အယှက်များသည် မလွဲမသွေ ပေါ်ပေါက်လာမည်ဖြစ်ရာ အသင်းတော်ကို နှောင့်ယှက်သည့် ဆိုးယုတ်သောလူများ၏ ဖြစ်စဉ်များကို ပေါ့ပေါ့တန်တန် သဘောမထားရပေ။ ရည်ရွယ်ချက်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သင်သည် ၎င်းတို့ကို ဒေါသထွက်အောင်လုပ်သရွေ့ သို့မဟုတ် နာကျင်စေသရွေ့ ၎င်းတို့သည် ယင်းကို လွယ်လွယ်ကူကူ လက်လွှတ်မည်မဟုတ်ပေ။ ၎င်းတို့သည် မိမိတို့ဘာသာ ဤသို့ တွေးထင်ကြသည်။ “သင်သည် သင်၏ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးခြင်းအကြောင်းကို ပြောဆိုသည်၊ အဘယ်ကြောင့် ငါ့အကြောင်းကို စကားထဲ ထည့်ပြောရသနည်း။ သင်သည် သင်၏ မိမိကိုယ်ကို သိကျွမ်းခြင်းအကြောင်းကို ပြောဆိုသည်၊ အဘယ်ကြောင့် ငါ့ကို ဖော်ထုတ်ရသနည်း။ ငါ၏ ဖောက်ပြန်ပျက်စီးခြင်းကို ဖော်ထုတ်ခြင်းသည် ငါ့ကို အရှက်ရစေပြီး သိက္ခာကျစေသည်၊ ညီအစ်ကိုမောင်နှမများကြားတွင် ငါ့ကို အနေရခက်စေသည်၊ ငါ့ကို ဂုဏ်သိက္ခာကျဆင်းစေပြီး ငါ၏ ဂုဏ်သတင်းကို ပျက်စီးစေသည်။ ကောင်းပြီ၊ ငါသည် သင့်အပေါ် လက်စားချေမည်။ သင် ထင်ထားသည်ထက် များစွာ ဆိုးရွားသော အကျိုးဆက်ကို ခံစားရလိမ့်မည်။ ငါသည် အနိုင်ကျင့်ရန် လွယ်ကူသည်ဟု မထင်နှင့်၊ ငါ၏ မိသားစုအခြေအနေက ဆင်းရဲပြီး ငါ၏ လူမှုအဆင့်အတန်းက မမြင့်မားရုံဖြင့် သင်သည် ငါ့ကို အနိုင်ကျင့်၍ရနိုင်သည်ဟု မထင်နှင့်။ ငါ့ကို သဘောလွယ်သူတစ်ဦးအဖြစ် မမှတ်ယူနှင့်၊ ငါသည် အနိုင်ကျင့်၍လွယ်သည့်သူတစ်ဦး မဟုတ်” ဟူ၍ဖြစ်သည်။ ၎င်းတို့သည် မိမိတို့၏ လက်စားချေခြင်းကို မည်သို့ လုပ်ဆောင်ကြသည်ကို ထားလော့၊ ဤလူတို့ကိုယ်တိုင်ကိုသာ သုံးသပ်ကြည့်ကြပါစို့။ ၎င်းတို့သည် ဤသေးငယ်သော ကိစ္စရပ်များ၊ အသင်းတော်အသက်တာ၌ အဖြစ်များသော ကိစ္စရပ်များကို ကြုံတွေ့ရသည့်အခါ ဤကိစ္စရပ်များကို မှန်ကန်စွာ သဘောထားပြုမူနိုင်ခြင်း သို့မဟုတ် သဘောပေါက်နားလည်နိုင်ခြင်း မရှိရုံသာမက အမုန်းတရားကိုလည်း ဖြစ်ပေါ်စေပြီး လက်စားချေရန် အခွင့်အရေးများကို စောင့်ဆိုင်းကြကာ မိမိတို့၏ လက်စားချေခြင်းကို လုပ်ဆောင်ရန် မသမာသော နည်းလမ်းများကိုပင် အားကိုးကြသည်။ ဤအရာက ၎င်းတို့၏ လူ့သဘာဝနှင့်ပတ်သက်၍ မည်သည့်အရာကို ဖော်ပြသနည်း။ (ယင်းမှာ မလိုမုန်းထားခြင်း ဖြစ်ပါသည်။) ၎င်းတို့သည် ကြင်နာတတ်သောလူများ ဖြစ်ကြသလော။ (မဟုတ်ပါ။) အကောင်းဆုံးသော လူစားမျိုးမှာ သမ္မာတရားကို လက်ခံနိုင်သောသူများ ဖြစ်ကြသည်။ ၎င်းတို့သည် အခြားသူများက မိမိတို့၏ အတွေ့အကြုံများကို မိတ်သဟာယဖွဲ့ပြီး မျှဝေသည်ကို ကြားရသည့်အခါ ဤသို့ သုံးသပ်ကြသည်။ “ငါ့ထံတွင်လည်း ဤဖောက်ပြန်ပျက်စီးခြင်း ရှိသည်။ သူတို့ သရုပ်ဖော်သည့်အရာသည် ငါ၏အခြေအနေနှင့် တူပုံရသည်။ ၎င်းတို့သည် ငါ့ကို တမင်တကာ ဖော်ထုတ်နေခြင်းဖြစ်စေ၊ ငါ၏အခြေအနေနှင့် တိုက်ဆိုင်တူညီနေသော တစ်စုံတစ်ခုအကြောင်းကို မရည်ရွယ်ဘဲ ပြောဆိုနေခြင်းဖြစ်စေ ငါသည် ယင်းကို မှန်ကန်စွာ သဘောပေါက်နားလည်မည်၊ ၎င်းတို့သည် ယင်းကို မည်သို့ တွေ့ကြုံခဲ့ရသည်၊ ဤအခြေအနေကို ဖြေရှင်းရန် သမ္မာတရားကို မည်သို့ ရှာဖွေသည်၊ မည်သို့ လက်တွေ့လုပ်ဆောင်ပြီး ဝင်ရောက်သည်တို့ကို ငါ နားထောင်မည်” ဟူ၍ဖြစ်သည်။ ဤသည်မှာ သမ္မာတရားကို အမှန်တကယ် လက်ခံသောသူတစ်ဦး ဖြစ်သည်။ ရင့်ကျက်မှု အနည်းငယ် နည်းပါးသောသူတစ်ဦးသည် ဤသည်ကို ကြားရသည့်အခါ ဤသို့ တွေးထင်ကောင်း တွေးထင်နိုင်သည်။ “သူတို့ အသိအမှတ်ပြုသော ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် ငါ၏အခြေအနေနှင့် အဘယ်ကြောင့် တစ်ထပ်တည်း တူညီနေရသနည်း။ သူတို့သည် ငါ့အကြောင်းကို ပြောနေကြသလော။ ကောင်းပြီ၊ သူတို့ ပြောကြပါစေ။ မည်သို့ပင်ဖြစ်စေ ငါသည် မည်သည့်ဆုံးရှုံးမှုကိုမျှ မခံစားခဲ့ရသည့်အပြင် လူအများစုကလည်း သိနိုင်ဖွယ်မရှိပေ။ ဖြစ်နိုင်သည်မှာ ၎င်းတို့သည် မိမိတို့ကိုယ်တိုင်အကြောင်းကိုသာ ပြောဆိုနေကြခြင်းဖြစ်ပြီး ယင်းက ငါ၏အခြေအနေနှင့် တိုက်ဆိုင်သွားခြင်းသာ ဖြစ်သည်၊ ငါတို့အားလုံး၏ အခြေအနေမှာ အတူတူပင် ဖြစ်သည်” ဟူ၍ ဖြစ်သည်။ ၎င်းတို့သည် ယင်းကို အလေးအနက်မထားကြဘဲ မိမိတို့၏ စိတ်နှလုံးထဲ၌ အမုန်းတရားကို သိုမထားကြသည့်အပြင် လက်စားချေလိုသော စိတ်ကိုလည်း မွေးမြူခြင်း မရှိကြပေ။ သို့သော် မကြင်နာတတ်သော၊ ဆိုးယုတ်သည့်လူများအတွက်မူ ကွဲပြားသည်။ အခြားသူတို့သည် ထိုကိစ္စရပ်မျိုးကို သာမန်အဖြစ် ရှုမြင်ကြမည်ဖြစ်ပြီး ထိုအတိုင်း ကိုင်တွယ်ကာ သဘောထားပြုမူကြမည်ဖြစ်သည်။ သမ္မာတရားကို လက်ခံသော လူကောင်းတို့သည် ယင်းကို လက်ဦးမှုယူ၍ အပြုသဘောဖြင့် ဖြေရှင်းကြမည်မှာ ပြောစရာမလိုပေ။ သာမန်လူတို့သည် ယင်းကို အပြုသဘောဖြင့် မဖြေရှင်းသော်လည်း အမုန်းတရားကို သိုမထားကြသကဲ့သို့ လက်စားချေရန် သာ၍ပင် မကြိုးစားကြပေ။ သို့သော် မကြင်နာတတ်သော လူစားမျိုး ဖြစ်သည့် ထိုဆိုးယုတ်သောလူများအတွက်မူ ကွဲပြားသည်။ ထိုသို့သော သာမန်ဖြစ်ပြီး လုံးဝ သာမညဖြစ်သည့် ကိစ္စရပ်တစ်ခုသည် ၎င်းတို့၏ စိတ်ထဲတွင် ကမောက်ကမဖြစ်စေနိုင်ပြီး စိတ်တည်ငြိမ်အောင် မလုပ်နိုင်တော့ပေ။ ၎င်းတို့ ဖြစ်ပေါ်စေသည့်အရာများသည် အပြုသဘောဆောင်ခြင်း သို့မဟုတ် သာမန်ဖြစ်ခြင်းတို့မဟုတ်ဘဲ ရက်စက်ကြမ်းကြုတ်ပြီး ကောက်ကျစ်ဆိုးယုတ်ပေသည်၊ ၎င်းတို့သည် လက်စားချေရန် ကြိုးပမ်းကြသည်။ ၎င်းတို့၏ လက်စားချေခြင်းအတွက် အကြောင်းပြချက်မှာ အဘယ်နည်း။ လူတို့သည် ၎င်းတို့အကြောင်း စစ်မှန်သောအခြေအနေများအပြင် ၎င်းတို့၏ အကျည်းတန်သောဘက်နှင့် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးခြင်းတို့ကို ဖော်ထုတ်လျက် မလိုမုန်းထားသော မှတ်ချက်များဖြင့် ၎င်းတို့ကို တမင်တကာ အသရေဖျက်သည်ဟု ၎င်းတို့က ယုံကြည်ကြသည်။ ၎င်းတို့သည် လူတို့ပြောဆိုသည့်အရာကို တမင်တကာ ပြောဆိုသည်ဟု မှတ်ယူကြပြီး ထိုသို့ဖြင့် ထိုသူတို့ကို မိမိတို့၏ ရန်သူများအဖြစ် သတ်မှတ်ကြသည်။ ထို့နောက် ၎င်းတို့သည် မိမိတို့၏ လက်စားချေလိုသော ရည်မှန်းချက်များကို အောင်မြင်စေရန် နည်းလမ်းမျိုးစုံကို အသုံးပြုလျက် ထိုကိစ္စကို ဖြေရှင်းရန် လက်စားချေခြင်းကို အသုံးပြုခြင်းသည် တရားနည်းလမ်းကျသည်ဟု ခံစားကြရသည်။ ဤသည်မှာ ရက်စက်ကြမ်းကြုတ်သော စိတ်သဘောထားတစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) အသင်းတော်အသက်တာ၌ ညီအစ်ကိုမောင်နှမတို့သည် မိမိတို့၏ အခြေအနေများအကြောင်းကို ပြောဆိုသည့်အခါ နားထောင်သူအများစုသည် ကိုယ်ချင်းစာနိုင်ကြပြီး ဘုရားသခင်ထံမှ ယင်းကို ခံယူနိုင်ကြသည်။ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သည့်အပြင် ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထား ရှိသောသူတို့သာလျှင် ယင်းကို ကြားရသည့်အခါ ရန်လိုမှုနှင့် လက်စားချေလိုသော စိတ်ကိုပင် ဖြစ်ပေါ်စေကြပြီး ၎င်းတို့၏ သဘာဝအနှစ်သာရကို လုံးလုံးလျားလျား ထုတ်ဖော်ကြသည်။ လက်စားချေလိုသော စိတ် ဖြစ်ပေါ်သည်နှင့်တစ်ပြိုင်နက် လက်စားချေလိုသော အပြုအမူများနှင့် လုပ်ဆောင်ချက်များ တသီတတန်းသည် နောက်ဆက်တွဲ ဖြစ်ပေါ်လာသည်။ လက်စားချေခြင်း လုပ်ရပ်များ ပေါ်ပေါက်လာသည့်အခါ လူအချင်းချင်းကြားရှိ ဆက်ဆံရေးများသည် မည်သို့ ဖြစ်လာမည်နည်း။ ယင်းတို့သည် သင့်လျော်သော ဆက်ဆံရေးများ မဟုတ်ကြတော့ပေ။ ပြီးလျှင် ဤအထဲတွင် တကယ့် နစ်နာသူမှာ မည်သူနည်း။ (၎င်းတို့ လက်စားချေလိုသောသူ ဖြစ်ပါသည်။) မှန်ပေသည်။ တကယ့် နစ်နာသူများသည် မိမိတို့၏ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်ကို မိတ်သဟာယဖွဲ့သောသူများ ဖြစ်ကြသည်။ လက်စားချေလိုစိတ်ရှိသောသူတို့သည် ထို့နောက်တွင် ၎င်းတို့အနေဖြင့် မိမိတို့ကို ဖော်ထုတ်နေသည်ဟုဖြစ်စေ၊ မိမိတို့အပေါ် ရန်လိုမုန်းတီးမှုကို သိုထားသည်ဟုဖြစ်စေ ထင်မြင်သောသူတို့ကို အခြေအနေအမျိုးမျိုးတွင် စကားလုံးများ သို့မဟုတ် လုပ်ဆောင်ချက်များကို အသုံးပြုလျက် ဝေဖန်သုံးသပ်ခြင်း၊ တိုက်ခိုက်ခြင်း၊ အကွက်ဆင် စွပ်စွဲခြင်း သို့မဟုတ် အသရေဖျက်ခြင်းတို့ကိုပင် ပြုလုပ်ကြလိမ့်မည်။ လက်စားချေလိုစိတ်ရှိသော ထိုသူတို့သည် မိမိတို့၏ စိတ်နှလုံးထဲ၌ အမုန်းတရားကို ယာယီမျှ သိုထားရုံမျှသာမဟုတ်ဘဲ ၎င်းတို့ လက်စားချေခြင်းခံရမည့် ပစ်မှတ်များဖြစ်သောသူတို့၊ ၎င်းတို့ ရန်လိုသောသူတို့နှင့် ၎င်းတို့က မိမိတို့အတွက် အဆင်မပြေဟု ထင်မြင်သောသူတို့ကို လက်စားချေရန် အခွင့်အရေးအမျိုးမျိုးကို ရှာဖွေကြပြီး ဖန်တီးကြသည်ပင် ဖြစ်သည်။ ဥပမာအားဖြင့် ခေါင်းဆောင်များကို ရွေးကောက်တင်မြှောက်နေစဉ်အတွင်း ၎င်းတို့ ရန်လိုမုန်းတီးသောသူသည် ဘုရားအိမ်တော်အတွင်း လူတို့ကို အသုံးပြုခြင်းအတွက် စည်းမျဉ်းများနှင့် ကိုက်ညီပြီး ခေါင်းဆောင်တစ်ဦးအဖြစ် ရွေးကောက်တင်မြှောက်ခံရရန် အရည်အချင်းပြည့်မီပါက ၎င်းတို့၏ ရန်လိုမှုသည် ထိုလူကို ဝေဖန်သုံးသပ်ခြင်း၊ ပြစ်တင်ရှုတ်ချခြင်းနှင့် တိုက်ခိုက်ခြင်းတို့ကို ဖြစ်စေလိမ့်မည်။ ၎င်းတို့သည် မိမိတို့၏ လက်စားချေခြင်းကို လုပ်ဆောင်ရန် နောက်ကွယ်မှ လှုပ်ရှားမှုများတွင် ပါဝင်ခြင်း သို့မဟုတ် ထိုလူအတွက် အန္တရာယ်ရှိသောအရာများကို လုပ်ဆောင်ခြင်းတို့ကိုပင် ပြုလုပ်ကောင်းပြုလုပ်နိုင်သည်။ အတိုချုပ်အားဖြင့် ၎င်းတို့၏ လက်စားချေခြင်းကို လုပ်ဆောင်သည့် နည်းလမ်းများသည် အမျိုးမျိုးရှိသည်။ ဥပမာအားဖြင့် ၎င်းတို့သည် တစ်စုံတစ်ဦးအပေါ် တိုက်ခိုက်ရန် နိုင်ကွက်အဖြစ် အသုံးပြုခြင်းနှင့် ထိုသူအကြောင်း မကောင်းပြောခြင်း၊ ချဲ့ကားပြောဆိုခြင်းနှင့် အခြေအမြစ်မရှိသော တစ်ဆင့်စကားများအားဖြင့် ထိုလူအကြောင်း ကောလာဟလများကို ဖန်တီးခြင်း သို့မဟုတ် ထိုလူနှင့် အခြားသူများကြားတွင် သဘောထားကွဲလွဲမှုကို ဖြန့်ဝေခြင်းတို့ကို ပြုလုပ်ကောင်းပြုလုပ်နိုင်သည်။ ၎င်းတို့သည် ထိုလူသည် မိမိ၏တာဝန်ကို ထမ်းဆောင်ရာတွင် သစ္စာမစောင့်သိဘဲ အပျက်သဘောဆောင်ခြင်းအားဖြင့် အတိုက်အခံ လုပ်သည်ဟု အခိုင်အမာဆိုလျက် ခေါင်းဆောင်များထံ ထိုလူကို မမှန်မကန် စွပ်စွဲခြင်းကိုပင် ပြုလုပ်ကောင်းပြုလုပ်နိုင်သည်။ ဤအရာအားလုံးသည် အမှန်တကယ်တွင် မရှိကို အရှိလုပ်ကာ တမင်တကာ ဖန်တီးထားခြင်းများသာ ဖြစ်သည်။ ထိုလူအပေါ် ၎င်းတို့၏ သံသယများနှင့် နားလည်မှု လွဲမှားခြင်းများမှစ၍ အကြောင်းမဲ့သက်သက် အပြုအမူများနှင့် လုပ်ဆောင်ချက်များ မည်မျှများပြားစွာ ပေါ်ပေါက်လာသည်ကို ကြည့်လော့၊ ဤချဉ်းကပ်နည်းအားလုံးသည် ၎င်းတို့၏ လက်စားချေလိုသော သဘာဝမှ မြစ်ဖျားခံလာခြင်း ဖြစ်သည်။ အမှန်တကယ်တွင် ထိုလူသည် မိမိ၏ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များကို မျှဝေခဲ့သည့်အခါ ယင်းသည် ၎င်းတို့ကို လုံးဝ ပစ်မှတ်ထားခြင်း မဟုတ်ခဲ့ပေ၊ ၎င်းတို့အပေါ် မည်သည့်မကောင်းကြံစည်မှုမျှ လုံးဝ ရည်ရွယ်ခြင်း မရှိခဲ့ပေ။ ၎င်းတို့သည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သည့်အပြင် လက်စားချေလိုစိတ်ရှိသော ရက်စက်ကြမ်းကြုတ်သည့် စိတ်သဘောထားတစ်ခု ရှိသောကြောင့်သာလျှင် အခြားသူတို့က ၎င်းတို့ကို ဖော်ထုတ်သည်ကို ခွင့်မပြုခြင်းဖြစ်သကဲ့သို့ မိမိကိုယ်ကို သိခြင်းအကြောင်း ဆွေးနွေးခြင်း၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအကြောင်း ဆွေးနွေးခြင်း သို့မဟုတ် လူတစ်ဦး၏ စာတန်ဆန်သော သဘာဝအကြောင်း ပြောဆိုခြင်းတို့ကိုလည်း ခွင့်မပြုခြင်း ဖြစ်သည်။ ထိုသို့သော အကြောင်းအရာများကို ဆွေးနွေးသည့်အခါ ၎င်းတို့သည် မိမိတို့ ပစ်မှတ်ထားခြင်းနှင့် ဖော်ထုတ်ခြင်းခံနေရသည်ဟု ယူဆကာ ဒေါသထွက်လာကြပြီး ထို့ကြောင့် လက်စားချေလိုသော စိတ်တစ်ခုကို ဖြစ်ပေါ်လာကြသည်။ ဤလူစားမျိုး၏ လက်စားချေခြင်းကို လုပ်ဆောင်သည့် သရုပ်သကန်များသည် အခြေအနေတစ်ရပ်တည်းတွင်သာ လုံးဝ ကန့်သတ်ထားခြင်းမရှိပေ။ ငါ အဘယ်ကြောင့် ဤသို့ပြောဆိုရသနည်း။ အဘယ်ကြောင့်ဆိုသော် ထိုသို့သော လူပုဂ္ဂိုလ်တို့တွင် ရက်စက်ကြမ်းကြုတ်သော သဘာဝတစ်ခု ရှိသောကြောင့် ဖြစ်သည်၊ မည်သူမျှ ၎င်းတို့ကို ဒေါသထွက်အောင်လုပ်ခြင်း သို့မဟုတ် ရန်စခြင်း မပြုနိုင်ပေ။ ၎င်းတို့သည် ကင်းမြီးကောက် သို့မဟုတ် ကင်းခြေများကဲ့သို့ပင် မည်သူ့ကိုမဆို၊ မည်သည့်အရာကိုမဆို ရန်လိုတိုက်ခိုက်တတ်သည့် စိတ်ကို ပင်ကိုအားဖြင့် ပိုင်ဆိုင်ကြသည်။ သို့ဖြစ်၍ တစ်စုံတစ်ဦးသည် တမင်တကာဖြစ်စေ၊ မရည်ရွယ်ဘဲဖြစ်စေ စကားပြောဆိုခြင်းဖြင့် ၎င်းတို့ကို ဒေါသထွက်အောင်လုပ်သည်ဖြစ်စေ၊ နာကျင်စေသည်ဖြစ်စေ ၎င်းတို့သည် မိမိတို့၏ မာန သို့မဟုတ် ဂုဏ်သိက္ခာ ကျဆင်းသွားသည်ဟု ခံစားရသရွေ့ မိမိတို့၏ မာနနှင့် ဂုဏ်သိက္ခာကို ပြန်လည်ဆယ်ယူရန် နည်းလမ်းများကို ကြံစည်ကြမည်ဖြစ်ပြီး ယင်းက လက်စားချေလိုသော လုပ်ဆောင်ချက်များ ဆက်တိုက် ဖြစ်ပေါ်လာစေသည်။
ဆက်လက်၍ လက်စားချေလိုစိတ်ရှိသောသူတို့၏ အခြားသော သရုပ်သကန်များကို ငါမိတ်သဟာယဖွဲ့မည်။ အချို့သည် မိမိတို့၏ တာဝန်များကို ဝတ်ကျေတမ်းကျေ ထမ်းဆောင်သောကြောင့် ခေါင်းဆောင်များ၏ ပြုပြင်ခြင်းကို ခံရပြီး ယင်းက ၎င်းတို့ကို မကျေနပ်မှုကို သိုထားစေသည်။ ငါ့ကို ပြောလော့၊ ၎င်းတို့ကို ပြုပြင်ခြင်းသည် တရားနည်းလမ်းကျသလော။ (ကျပါသည်။) ယင်းသည် လုံးဝ တရားနည်းလမ်းကျပြီး ပုံမှန်ဖြစ်သည်။ သင်သည် သင်၏တာဝန်ကို ဝတ်ကျေတမ်းကျေ ထမ်းဆောင်ပြီး အသင်းတော်၏အလုပ်ကို ထိခိုက်နစ်နာစေပါက၊ သင်သည် စည်းမျဉ်းများနှင့်အညီ မလုပ်ဆောင်ဘဲ တစ်စုံတစ်ဦးက သင့်ကို ဖော်ထုတ်ပြီး ပြုပြင်ရန် ထကြွလာပါက ယင်းသည် ကျိုးကြောင်းဆီလျော်ပြီး သင်သည် ယင်းကို လက်ခံသင့်သည်။ သို့သော် လက်စားချေလိုစိတ်ရှိသောသူတို့သည် ယင်းကို လက်ခံရန် ငြင်းဆန်ရုံသာမက မကျေနပ်မှုကိုလည်း သိုထားကြသည်။ ခေါင်းဆောင်များ ထွက်သွားသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် စတင်၍ ကြမ်းတမ်းစွာ ဆဲဆိုကြလေတော့သည်။ “သင် မည်သည့်အရာကိုများ ကြွားဝါနေသနည်း။ သင်က အရာရှိရာထူးတစ်ခု ရှိနေရုံသာ မဟုတ်လော။ ငါသာ ထိုသို့သော ရာထူးတစ်ခု ရှိခဲ့လျှင် သင့်ထက် ပိုကောင်းအောင် လုပ်ဆောင်မည်။ ငါ့ကို ပြုပြင်သည်၊ သင့်ကိုယ်သင် မည်သူများမှတ်နေသနည်း။ ငါ့ကို ပြုပြင်သည့်အတွက် သင့်ကို ငါမုန်းသည်။ သင် ကားတိုက်ခံရပါစေ၊ ရေသီးလို့သေပါစေ၊ အစာနင်လို့သေပါစေဟု ငါကျိန်ဆဲသည်။ သင် ဆိုးဆိုးရွားရွား သေပါစေဟု ငါကျိန်ဆဲသည်။ သင် ငါ့ကို ပြုပြင်ဝံ့သလော။ ငါ့ကို ပြုပြင်ဝံ့သောသူ ဤကမ္ဘာပေါ်တွင် မရှိသေး” ဟူ၍ဖြစ်လေသည်။ ထိုခေါင်းဆောင်များသည် အချို့သောကိစ္စရပ်များကြောင့် အထက်အဆင့် ခေါင်းဆောင်များ၏ ပြုပြင်ခြင်းကို ခံရသည့်အခါ ၎င်းတို့သည် ထိုခေါင်းဆောင်များ၏ ကံဆိုးမိုးမှောင်ကျခြင်းကို ပျော်ရွှင်စွာ ကြည့်ရှုပြီး အလွန် ပျော်ရွှင်လာကြကာ တေးသွားတစ်ခုကို ညည်းတွားလျက် မိမိတို့ဘာသာ ဤသို့ စဉ်းစားကြသည်။ “ဘယ့်နှယ်ရှိစ။ သင် ကိုယ်ရည်သွေးခဲ့ပြီး ယခု သင် ဒဏ်ခတ်ခြင်းကို ခံနေရပြီ။ ငါ့ကို ပြုပြင်သော မည်သူမဆို၏ ဘဝကို ငါ ဆိုးရွားစေမည်” ဟူ၍ ဖြစ်သည်။ ထိုသို့သောလူများကို သင်တို့ မည်သို့ထင်သနည်း။ (၎င်းတို့သည် မလိုမုန်းထားတတ်ကြပါသည်။) ၎င်းတို့ ပြုပြင်ခံရခြင်းသည် မည်မျှပင် တရားနည်းလမ်းကျပါစေ ၎င်းတို့သည် ယင်းကို လက်မခံနိုင်ကြပေ။ ၎င်းတို့သည် ဇွဲနဘဲဖြင့် အငြင်းအခုံပြုပြီး မိမိတို့ကိုယ်ကို ခုခံကာကွယ်ကြကာ ထို့နောက်တွင်မူ ထပ်ခါတလဲလဲ သတိပေးဆုံးမခြင်းများရှိလင့်ကစား ပြောင်းလဲရန် ငြင်းဆန်လျက် မိမိတို့၏ တာဝန်များကို ဝတ်ကျေတမ်းကျေ ဆက်လက် ထမ်းဆောင်ကြဆဲဖြစ်သည်။ သင်သည် အစဉ်အမြဲ ဝတ်ကျေတမ်းကျေ ပြုမူပါက ဘုရားအိမ်တော်၌ သင်သည် ပြုပြင်ခြင်းခံရရုံသာ ရှိမည်၊ သင်သည် လောကီ၌ အလုပ်လုပ်နေပြီး ဝတ်ကျေတမ်းကျေ ပြုမူပါက သင်သည် အလုပ်ထုတ်ခံရပြီး သင်၏ အသက်မွေးဝမ်းကျောင်းကို ဆုံးရှုံးသွားနိုင်ပေသည်။ ဘုရားအိမ်တော်၌ အချိန်အများစုတွင် စည်းမျဉ်းမှာ သမ္မာတရားကို မိတ်သဟာယဖွဲ့ပြီး မေတ္တာဖြင့် ထောက်ပံ့ခြင်းဖြစ်ပြီး လူအများစုကို သမ္မာတရားကို လိုက်စားပြီး မိမိတို့၏ တာဝန်များကို ပုံမှန်အတိုင်း ထမ်းဆောင်ခွင့်ပြုခြင်း ဖြစ်သည်။ အမှန်တကယ်တွင် ခေါင်းဆောင်များနှင့် အမှုဆောင်များကြားတွင် လူနည်းစုသာလျှင် ပြင်းထန်သော ပြုပြင်ခြင်းကို ရင်ဆိုင်ရနိုင်သည်။ လူအများစုသည် ဘုရားသခင်၏ စေ့စေ့စပ်စပ်ကြည့်ရှုစစ်ဆေးခြင်းကို လက်ခံလျက် ယုံကြည်ခြင်း၊ အသိတရား၊ အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့ကို အခြေခံ၍ ပြုမူကြပြီး ကြီးလေးသော အမှားများကို မပြုလုပ်ကြသောကြောင့် ၎င်းတို့သည် ပြင်းထန်သော ပြုပြင်ခြင်းကို ရင်မဆိုင်ကြရပေ။ သို့သော် ပြုပြင်ခြင်းခံရခြင်းသည် ကောင်းသောအရာဖြစ်သည်၊ အထူးသဖြင့် အထက်မှ ပြုပြင်ခြင်းကို လူမည်မျှ ရင်ဆိုင်ကြုံတွေ့ရသနည်း။ ဤသည်မှာ မိမိကိုယ်ကို သိခြင်းနှင့် အသက်တာ တိုးတက်မှုအတွက် ကြီးမားသော အခွင့်အရေးတစ်ခုကို ပေးသည်။ ယုံကြည်သူများသည် ပြုပြင်ခြင်းခံရခြင်း၏ အရေးပါမှုကို အနည်းဆုံး နားလည်ရမည်ဖြစ်ပြီး ယင်းကို ကောင်းသောအရာတစ်ခုအဖြစ် အသိအမှတ်ပြုရမည်။ အချို့သော လူပုဂ္ဂိုလ်များထံမှ ပြုပြင်ခြင်းသည် စည်းမျဉ်းများနှင့် လုံးဝကိုက်ညီခြင်းမရှိဘဲ ပုဂ္ဂိုလ်ရေးဆိုင်ရာ ဘက်လိုက်မှုများနှင့် တဇောက်ကန်းဖြစ်ခြင်းတို့ ရောနှောနေလျှင်ပင် သင်သည် သင်၏လုပ်ဆောင်ချက်များ၏ မည်သည့်ကဏ္ဍများက စည်းမျဉ်းများနှင့် မကိုက်ညီသည်ကို မြင်ရန် မိမိကိုယ်ကို ဆန်းစစ်သင့်ပြီး ယင်းကို အပြုသဘောဆောင်စွာ လက်ခံသင့်သည်၊ ဤသို့ပြုလုပ်ခြင်းသည် သင့်အတွက် အထောက်အကူ ဖြစ်သည်။ သို့သော် ဤဆိုးယုတ်သောလူတို့သည် တရားနည်းလမ်းကျသော ပြုပြင်ခြင်းကိုပင် လက်မခံနိုင်ကြပေ။ ၎င်းတို့သည် လက်စားချေရန် မည်သည့်လုပ်ဆောင်မှုကိုမျှ မပြုလုပ်လျှင်ပင် ၎င်းတို့၏ စိတ်နှလုံးများသည် အလွန်ကြီးမားသော မကျေနပ်မှုတို့ဖြင့် ပြည့်နှက်နေပြီး ၎င်းတို့သည် ကျိန်ဆဲကာ ဆဲဆိုကြသည်။ ၎င်းတို့ကို ပြုပြင်ခဲ့သောသူတို့သည် ၎င်းတို့ကိုယ်တိုင် ပြုပြင်ခြင်းကို ရင်ဆိုင်ရသည့်အခါ သို့မဟုတ် ဒုက္ခဆင်းရဲနှင့် ကြုံတွေ့ရသည့်အခါ ၎င်းတို့သည် နှစ်သစ်ကူးပွဲတော်ကို ဆင်နွှဲနေသော ကလေးတစ်ဦးထက်ပင် ပို၍ ပျော်ရွှင်ကြသည်။ ဤသည်မှာ ဆိုးယုတ်သောလူများ၏ သရုပ်သကန် ဖြစ်သည်။ မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရာတွင် ပြိုင်ဆိုင်လိုစိတ်ရှိသော အချို့လူများလည်း ရှိကြသည်၊ ၎င်းတို့သည် မကြာခဏဆိုသလို စည်းမျဉ်းများကို မလိုက်နာဘဲ ဝတ်ကျေတမ်းကျေ ပြုမူကြပြီး ယင်းက ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ရာတွင် အသီးအပွင့် မရှိခြင်းသို့ ဦးတည်စေသည်။ ခေါင်းဆောင်များသည် ၎င်းတို့၏ ပြဿနာများအကြောင်းကို မိတ်သဟာယဖွဲ့ပြီး ၎င်းတို့ကို ပြုပြင်သည့်အခါ လက်စားချေလိုစိတ် ရှိသောသူတို့သည် ဤကိစ္စကို မှန်ကန်စွာ သဘောထားပြုမူနိုင်ခြင်း မရှိကြချေ။ ၎င်းတို့သည် အတွင်းစိတ်အားဖြင့် မိမိတို့၏ တာဝန်များကို ထမ်းဆောင်ရာတွင် ဝတ်ကျေတမ်းကျေဖြစ်ခြင်းနှင့် စည်းမျဉ်းကင်းမဲ့ခြင်းတို့ကို ဝန်ခံကြသော်လည်း ပြုပြင်ခြင်းခံရခြင်းကို တုံ့ပြန်သည့်အနေဖြင့် လက်စားချေလိုသော အတွေးများနှင့် လုပ်ဆောင်ချက်များကို ဖြစ်ပေါ်စေဆဲဖြစ်သည်။ ထို့နောက်တွင် ၎င်းတို့သည် ခေါင်းဆောင်များကို မမှန်မကန် စွပ်စွဲသည့် စာများကို ရေးကြပြီး ထိုခေါင်းဆောင်များကို ဖြုတ်ချရန် ကြိုးပမ်းမှုတွင် ထိုလူတို့၏ လုပ်နည်းလုပ်ဟန်အချို့နှင့် ထိုလူတို့၏ ဖောက်ပြန်ပျက်စီးခြင်းဆိုင်ရာ ထုတ်ဖော်ပြမှုများကို အခွင့်ကောင်းယူပြီး ချဲ့ကားပြောဆိုကာ အထက်လူကြီးများထံ တိုင်ကြားကြသည်။ ၎င်းတို့၏ ရည်ရွယ်ချက် မအောင်မြင်ပါက ၎င်းတို့သည် ခေါင်းဆောင်များ၏ အစီအစဉ်များကို ခေါင်းမာစွာ အတိုက်အခံလုပ်လျက် နောက်ကွယ်၌ ဖျက်လိုဖျက်ဆီးလုပ်ပြီး အနှောင့်အယှက်များ ပြုလုပ်ကြသည်။ ၎င်းတို့သည် အသင်းတော်၏အလုပ်၊ ဘုရားအိမ်တော်က တောင်းဆိုသော စည်းမျဉ်းများ သို့မဟုတ် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ခြင်း၏ ထိရောက်မှုတို့ကို မစဉ်းစားကြပေ၊ ၎င်းတို့သည် မိမိတို့၏ ဒေါသကို ပွင့်အံချရန်သာ အရေးစိုက်ကြသည်။ ၎င်းတို့သည် မည်သူ့ကိုမျှ နားမထောင်ဘဲ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ သတိပေးဆုံးမခြင်းများကိုပင် ငြင်းပယ်ကြသည်။ ၎င်းတို့သည် မျက်နှာချင်းဆိုင်တွင် ပြန်မပြောခြင်း သို့မဟုတ် ခုခံခြင်း မပြုသော်လည်း နောက်ကွယ်တွင်မူ အပျက်သဘောဆောင်မှုကို ပွင့်အံချနိုင်သည်၊ ဆန့်ကျင်သည့်အနေဖြင့် မိမိတို့၏အလုပ်ကို စွန့်ပစ်နိုင်သည်၊ ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များ သို့မဟုတ် ခေါင်းဆောင်များနှင့် အမှုဆောင်များကို တိုက်ခိုက်ရန် မည်သည့်နိုင်ကွက်ကိုမဆို မလွတ်တမ်း ဖမ်းဆုပ်နိုင်သည်။ ၎င်းတို့သည် အယူအဆများကိုပင် ဖြန့်ဝေကြသည်၊ ၎င်းတို့ကိုယ်တိုင်သည် အပျက်သဘောဆောင်ပြီး မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရန် စိတ်မပါကြသော်လည်း လူအများကို အပျက်သဘောဆောင်ရန်၊ ခိုကပ်ရန်နှင့် မိမိတို့၏ တာဝန်များကို လျစ်လျူရှုရန် ဆွဲခေါ်ဖို့လည်း ကြိုးစားကြသည်။ ၎င်းတို့၏ စည်းမျဉ်းမှာ အဘယ်နည်း။ “ငါသည် သေရမည်ကို မကြောက်၊ ငါနှင့်အတူ ဆွဲချရန် တစ်စုံတစ်ဦးကို ရှာရန်လိုအပ်သည်။ ခေါင်းဆောင်များက ငါ့ကို ပြုပြင်သည်၊ ငါ၏ တာဝန်ထမ်းဆောင်မှုသည် စံမမီဟု ပြောသည်၊ သို့ဖြစ်လျှင် လူတိုင်း မိမိတို့၏ တာဝန်ကို ကောင်းစွာ မထမ်းဆောင်နိုင်ရန် ငါ သေချာအောင်လုပ်မည်။ ငါ အဆင်မပြေလျှင် သင်တို့တစ်ယောက်မျှ ကောင်းစားရမည်မဟုတ်။ ခေါင်းဆောင်များက ငါ့ကို ပြုပြင်သည်၊ သင်တို့အားလုံး ငါ့ကို လှောင်ရယ်ကြသည်၊ သင်တို့အားလုံး၏ ဘဝကို ငါ ခက်ခဲစေမည်” ဟူ၍ဖြစ်သည်။ ၎င်းတို့သည် မိမိတို့၏ တာဝန်ကို ဝတ်ကျေတမ်းကျေ သို့မဟုတ် စည်းမျဉ်းများကို ဆန့်ကျင်၍ ထမ်းဆောင်သည့်အခါနှင့် တစ်စုံတစ်ဦးက ဤအကြောင်းကို ခေါင်းဆောင်များထံ တိုင်ကြားသည့်အခါ ၎င်းတို့သည် ဤကိစ္စကို စုံစမ်းစစ်ဆေးသည်။ “မည်သူက ငါ့အကြောင်းကို တိုင်ကြားသနည်း။ မည်သူက ခေါင်းဆောင်များကို ငါ့အကြောင်း ကုန်းချောစကားပြောသနည်း။ မည်သူက ခေါင်းဆောင်များနှင့် ရင်းနှီးသော ဆက်ဆံမှု ရှိသနည်း။ ငါ့အကြောင်းကို အထက်အဆင့်ခေါင်းဆောင်များထံ တိုင်ကြားသောသူကို ငါ ရှာတွေ့ပါက ထိုလူကို ငါ လုံးဝ မျက်နှာသာပေးမည်မဟုတ်။ ယင်းကို ငါမည်သည့်အခါမျှ အလွတ်ပေးမည်မဟုတ်” ဟူ၍ဖြစ်လေသည်။ ၎င်းတို့သည် ကြမ်းတမ်းသော ပြောဆိုမှုများကို ပြုလုပ်နိုင်စွမ်း ရှိရုံသာမက ထိုသို့သော ခြိမ်းခြောက်မှုများကိုလည်း လုပ်ဆောင်နိုင်သည်မှာ ပြောစရာမလိုပေ။ ဤလူပုဂ္ဂိုလ်တို့တွင် အခြားသူတို့ကို ဝေဖန်သုံးသပ်ရန်နှင့် ပြစ်တင်ရှုတ်ချရန် နိုင်ကွက်ကို အခွင့်ကောင်းယူရုံသာမက လက်စားချေရန်အတွက် ယုတ်ပြီး မသမာသော နည်းဗျူဟာများစွာ ရှိသည်၊ အချို့သည် မိမိတို့ လက်စားချေလိုသောသူ၏ ကွန်ပျူတာအားသွင်းကြိုးကို တမင်တကာ ခိုးယူကြပြီး ၎င်းတို့၏ ကွန်ပျူတာကို အားပြန်မသွင်းနိုင်အောင် ထားကာ ၎င်းတို့၏ တာဝန်ထမ်းဆောင်မှုကို နှောင့်နှေးစေသည်။ အခြားသူတို့သည် တစ်စုံတစ်ဦး၏ အစာထဲသို့ ဆားများစွာကို တမင်တကာ ထည့်ကြပြီး စား၍မရအောင် ပြုလုပ်ကြသည်။ ဘာသာတရား မရှိသူများကြားတွင် အဖြစ်များသော ဤရိုင်းစိုင်းသည့် လက်စားချေခြင်းနည်းလမ်းများကို အသင်းတော်အတွင်းရှိ ဆိုးယုတ်သောလူများကလည်း အသုံးပြုကြသည်။ ၎င်းတို့၏ လက်စားချေခြင်းကို လုပ်ဆောင်သည့် နည်းလမ်းများသည် ဤမျှသာမက များစွာရှိသေးပြီး ကျွန်ုပ်တို့ မည်သည့်အခါမျှ မမြင်ဖူးသော မသမာသော နည်းလမ်းအချို့လည်း ပါဝင်သည်၊ ငါတို့သည် ရိုးရှင်းသော ဥပမာအနည်းငယ်ကိုသာ ကိုးကားခြင်း ဖြစ်သည်။ ၎င်းတို့ထဲတွင် အချို့သော လူပုဂ္ဂိုလ်တို့သည် အခြားသူတို့အတွက် ဒုက္ခ၊ အတားအဆီးများနှင့် အခက်အခဲများကို တမင်တကာ ဖန်တီးကြသည်၊ ဤသည်မှာ အဖြစ်များသော ဖြစ်စဉ်တစ်ခု ဖြစ်သည်။ အုပ်စုတိုင်းတွင်၊ အခြေအနေနှင့် ပတ်ဝန်းကျင် အမျိုးမျိုးအောက်တွင် လက်စားချေလိုစိတ်ရှိသောသူတို့၏ ရက်စက်ကြမ်းကြုတ်သော စိတ်သဘောထားသည် အစဉ်မပြတ် ဖော်ထုတ်ခြင်းခံနေရသည်။ ဆိုးယုတ်သောလူများနှင့် အန္တိခရစ်များ၏ လက်စားချေလိုသော သရုပ်သကန်များသည် သာ၍ပင် သိသာထင်ရှားသည်။ အသင်းတော်အတွင်း၌ ဆိုးယုတ်သောလူများနှင့် အန္တိခရစ်များ ရှိနေသရွေ့ ကိုယ်တော့်ကို စိတ်ရင်းမှန်ဖြင့် ယုံကြည်ပြီး သမ္မာတရားကို လိုက်စားသော ဘုရားသခင် ရွေးချယ်ထားသည့်လူတို့သည် နှောင့်ယှက်ခြင်း ခံရမည်ဖြစ်သည်။ ဆိုးယုတ်သောလူများနှင့် အန္တိခရစ်များ ရှိနေသည့် နေ့ရက်တိုင်းသည် အသင်းတော် ငြိမ်သက်ခြင်းမရှိသည့် နေ့ရက်ဖြစ်သည်၊ လူကောင်းတို့သည် တိုက်ခိုက်ခြင်းနှင့် ဖယ်ကြဉ်ခြင်းခံရမည်၊ အထူးသဖြင့် သမ္မာတရားကို လိုက်စားသောသူတို့သည် ဆိုးယုတ်သောလူများနှင့် အန္တိခရစ်များ၏ ရန်လိုမှုနှင့် လက်စားချေခြင်းကို ရင်ဆိုင်ကြရမည်။ ဆိုးယုတ်သောလူများနှင့် အန္တိခရစ်တို့သည် အခြားသူတို့ကို မည်သို့ ညှဉ်းပန်းနှိပ်စက်ပြီး လက်စားချေကြသနည်း။ ပထမဦးစွာ ၎င်းတို့သည် သမ္မာတရားကို လိုက်စားပြီး စည်းမျဉ်းများကို လိုက်နာသောသူတို့ကို ပစ်မှတ်ထားကြသည်။ ဤဆိုးယုတ်သော လူပုဂ္ဂိုလ်တို့သည် သမ္မာတရားကို လိုက်စားသောသူတို့သာလျှင် ၎င်းတို့အတွက် အန္တရာယ်အရှိဆုံး ဖြစ်ကြောင်းကို ရှင်းလင်းစွာ သတိပြုမိကြသည်။ ပထမဦးစွာ သမ္မာတရားကို နားလည်သောလူတို့သည် ၎င်းတို့ကို ပိုင်းခြားသိမြင်နိုင်သည်၊ ၎င်းတို့သည် မကောင်းမှုတစ်ခုခုကို လုပ်ဆောင်နေသရွေ့ သမ္မာတရားကို နားလည်သောသူတို့၏ ထွင်းဖောက်မြင်ခြင်းကို ခံရမည်ဖြစ်သည်။ ဒုတိယအနေဖြင့် သမ္မာတရားကို နားလည်သောလူများ ရှိနေပါက ၎င်းတို့၏ ဒုစရိုက်အမှုများသည် အနည်းငယ် ကန့်သတ်ခြင်းခံရမည်ဖြစ်ပြီး ၎င်းတို့၏ ပန်းတိုင်များကို အောင်မြင်ရန် ခက်ခဲစေသည်။ ဤရှုထောင့်မှကြည့်လျှင် သမ္မာတရားကို လိုက်စားသောသူတို့သာလျှင် အသင်းတော်၏အလုပ်ကို ကာကွယ်စောင့်ရှောက်သူများ ဖြစ်ကြသည်။ သမ္မာတရားကို လိုက်စားသောသူများ ရှိနေပါက အန္တိခရစ်များနှင့် ဆိုးယုတ်သောလူတို့သည် ဗိုလ်ကျစိုးမိုးစွာ ပြုမူဝံ့ကြမည်မဟုတ်ဘဲ အနည်းငယ် ချုပ်တည်းရမည်ဖြစ်သည်။ သို့ဖြစ်၍ သမ္မာတရားကို လိုက်စားသောသူတို့သည် အန္တိခရစ်များနှင့် ဆိုးယုတ်သောလူတို့၏ မျက်စိထဲမှ ဆူး၊ အသည်းထဲမှ ခလုတ်တံသင်း ဖြစ်လာကြပြီး ထို့ကြောင့် ၎င်းတို့သည် မိမိတို့၏ လက်စားချေခြင်းကို လုပ်ဆောင်ရန် နည်းလမ်းများကို ကြံစည်ကြခြင်း ဖြစ်သည်။
ဆိုးယုတ်သောလူတို့သည် မိမိတို့၏ လက်စားချေခြင်းကို လုပ်ဆောင်သည့်အခါ ၎င်းတို့သည် မည်သို့မျှရှင်းပြ၍ မရဘဲ ဆင်ခြင်တုံတရားကင်းမဲ့လျက် ရက်စက်ကြမ်းကြုတ်သော စိတ်သဘောထားတစ်ခုကို ပြသကြသည်။ ၎င်းတို့နှင့် အချိန်အတိုင်းအတာ တစ်ခုအထိ အတူနေထိုင်ခဲ့ပြီး ၎င်းတို့ကို နားလည်သောသူတို့သည် ၎င်းတို့ကို အတိုင်းအတာတစ်ခုအထိ ကြောက်ရွံ့ကြသည်။ ၎င်းတို့နှင့် စကားပြောဆိုရာတွင် အလွန်အမင်း သတိထားပြီး ယဉ်ကျေးရန် လိုအပ်ကာ အလွန်အကျွံ ရိုသေလေးစားမှုအတိုင်းအတာတစ်ခုကို ပြသရန် လိုအပ်သည်။ ၎င်းတို့ကို အစဉ်မပြတ် အလိုလိုက်အကြိုက်ဆောင်ပြီး နေရာပေးရမည်ဖြစ်ပြီး ၎င်းတို့၌ရှိသော မည်သည့်ပြဿနာ သို့မဟုတ် အမှားများကိုမဆို တိုက်ရိုက် ထောက်ပြ၍မရပေ။ ထိုအစား ဤပြဿနာများကို သွယ်ဝိုက်သောနည်းဖြင့် ချော့မော့ပြောဆိုရမည်ဖြစ်ပြီး စကားပြောပြီးနောက်တွင်လည်း ၎င်းတို့ကို ဤသို့ပြောဆိုလျက် ချီးမွမ်းရမည်ဖြစ်သည်။ “သင်၌ ဤအပြစ်အနာအဆာ သို့မဟုတ် ချို့တဲ့ချက် ရှိသော်လည်း သင်သည် ကျွန်ုပ်တို့ထက် ကျွမ်းကျင်မှုများကို ပို၍ လျင်မြန်စွာ သင်ယူနိုင်သည်၊ သင်၏ လုပ်ငန်းပိုင်းဆိုင်ရာ စွမ်းဆောင်နိုင်ရည်များသည် အခြားသူများထက် ပို၍ အားကောင်းပြီး သင်၏ အလုပ်ထိရောက်မှုသည် ကျွန်ုပ်တို့ထက် ပို၍ မြင့်မားသည်။ သင်၏ အားနည်းချက်များကို အားသာချက်များအဖြစ် ကျွန်ုပ်မြင်ပါသည်” ဟူ၍ ၎င်းတို့ကို မြှောက်ပင့်ပြောဆိုရန်ပင် လိုအပ်သည်။ ၎င်းတို့သည် အဘယ်ကြောင့် ဤသို့ပြုလုပ်ကြသနည်း။ ယင်းမှာ ၎င်းတို့၏ လက်စားချေခြင်းကို ကြောက်ရွံ့သောကြောင့် ဖြစ်သည်။ ဤနည်းအားဖြင့် ဤဆိုးယုတ်သော လူပုဂ္ဂိုလ်တို့သည် နှစ်သက်သဘောကျလာကြပြီး ၎င်းတို့၏ စိတ်နှလုံးထဲ၌ ဖြေသိမ့်မှုကို ခံစားကြရသည်။ ၎င်းတို့၏ လက်စားချေခြင်းကို ရှောင်ရှားရန် လူအများစုသည် ၎င်းတို့နှင့်ပတ်သက်၍ မိမိတို့ သိရှိရသော မည်သည့်ပြဿနာကိုမဆို မျက်နှာချင်းဆိုင်တွင် ထုတ်ဖော်ပြောဆိုရန် ကြောက်ရွံ့ကြသကဲ့သို့ ဤပြဿနာများကို တိုင်ကြားရန်လည်း မဝံ့ကြပေ။ ၎င်းတို့သည် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ထိခိုက်နစ်နာစေနေကြောင်းနှင့် အသင်းတော်၏ အလုပ်သည် ၎င်းတို့၏ ခေါင်းမာမှုနှင့် မဆင်မခြင် ထင်ရာစိုင်းပြုမူမှုတို့ကြောင့် နှောင့်နှေးနေကြောင်း ရှင်းလင်းနေသည့်အခါတွင်ပင် သို့မဟုတ် ၎င်းတို့၏ ဦးတည်ရာနှင့် စည်းမျဉ်းများတွင် အချို့သော လွဲချော်နေခြင်းများကို သတိပြုမိသည့်အခါတွင်ပင် မည်သူမျှ ကန့်ကွက်ရန် သို့မဟုတ် အထက်လူကြီးများထံ တိုင်ကြားရန် မဝံ့ကြပေ။ ၎င်းတို့၏ ရက်စက်ကြမ်းကြုတ်သော စိတ်သဘောထားနှင့် လက်စားချေလိုစိတ်ရှိသော ၎င်းတို့၏ လူ့သဘာဝကြောင့် အခြားသူတို့သည် ၎င်းတို့ကို အနည်းငယ် ကြောက်ရွံ့ကြပြီး ဒေါသထွက်သော်လည်း ဖွင့်ဟပြောဆိုရန် အလွန်ကြောက်ရွံ့နေကြသည်။ ၎င်းတို့နှင့် စကားပြောဆိုရာတွင် အလွန်အမင်း ကြင်နာသော၊ နူးညံ့သော၊ ယဉ်ကျေးသိမ်မွေ့သော သဘောထားကို ပြသလျက် အထူးသဖြင့် ယဉ်ကျေးပြီး လိမ္မာပါးနပ်ရမည်ဖြစ်သည်။ လူတို့သည် ၎င်းတို့ကို ရိုသေလေးစားစွာနှင့် ယဉ်ကျေးစွာ ပြောဆိုပြီး ၎င်းတို့အား အလျှော့ပေးသည့်အခါ ၎င်းတို့သည် အတွင်းစိတ်အားဖြင့် သက်သောင့်သက်သာ ခံစားကြရသည်။ သို့သော် တစ်စုံတစ်ဦးသည် ပွင့်ပွင့်လင်းလင်း ပြောဆိုပြီး ၎င်းတို့၏ ပြဿနာများကို ဖော်ထုတ်ကာ အကြံပြုချက်များ ပေးပါက ၎င်းတို့သည် ရွံရှာစက်ဆုပ်လာကြပြီး ယင်းကို မရိုမသေပြုခြင်းအဖြစ်၊ အခြားသူတို့က မိမိတို့အပေါ် ကန့်ကွက်ချက်များ သို့မဟုတ် ရန်လိုမှု ရှိခြင်းအဖြစ် ထင်မြင်ကြသည်။ ဤအရာက ထိုလူအပေါ် လက်စားချေရန်နှင့် ၎င်းတို့ကို ညှဉ်းပန်းနှိပ်စက်ရန် ၎င်းတို့ကို လှုံ့ဆော်သည်၊ ၎င်းတို့သည် ထိုသူကို ချိုးနှိမ်ပြီး ထိုသူ၏ နာမည်ကို အသရေဖျက်ရမည်။ ထိုလူသည် ၎င်းတို့၏ လက်ထဲသို့ ကျရောက်သွားပါက ကောင်းသော အဆုံးသတ်သို့ ရောက်မည်မဟုတ်ပေ။ ထိုသို့သောလူများသည် ကြောက်မက်ဖွယ် ကောင်းသလော။ (ကောင်းပါသည်။) သင်သည် ၎င်းတို့ကို နားမလည်ဘဲ ၎င်းတို့ကို စော်ကားမိပါက ၎င်းတို့သည် သင့်အပေါ် အငြိုးအတေးထားမည်ဖြစ်ပြီး အစာစားနေစဉ်နှင့် အိပ်နေစဉ်တွင်ပင် သင့်အပေါ် လက်စားချေရန် ကြံစည်နေမည်ဖြစ်သည်။ သင်သည် ၎င်းတို့၏ စောင့်ကြည့်ခြင်းကို ခံရသည်နှင့်တစ်ပြိုင်နက် ဒုက္ခ မလွဲမသွေ ရောက်မည်၊ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် လက်စားချေရန် စိတ်ပိုင်းဖြတ်ထားသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် အပြင်ပန်းအားဖြင့် သင့်ကို ယခင်ကဲ့သို့ ပြောဆိုကောင်းပြောဆိုနိုင်သော်လည်း ၎င်းတို့ လက်စားချေရန် ကြံစည်သည့်အခိုက်အတန့်တွင် သင် ယခင်က ၎င်းတို့အပေါ် လုပ်ဆောင်ခဲ့သော သို့မဟုတ် ပြောဆိုခဲ့သော အရာအားလုံးသည် ၎င်းတို့အတွက် လက်နက် ဖြစ်လာသည်။ ၎င်းတို့သည် သင့်ကို ရန်သူကဲ့သို့ သဘောထားမည်ဖြစ်ပြီး ၎င်းတို့ လုံလောက်စွာ လက်စားချေပြီးဖြစ်ကာ လုံးဝ ကျေနပ်သည်ဟု ခံစားရသည်အထိ သင့်အပေါ် နည်းနည်းချင်း လက်စားချေသွားမည်ဖြစ်သည်။ ဤသည်မှာ ဆိုးယုတ်သောလူများနှင့် ပေါင်းသင်းခြင်း၏ အကျိုးဆက် ဖြစ်သည်။
လက်စားချေလိုစိတ်ရှိသော လူတို့သည် ၎င်းတို့၏ အပြုအမူအမျိုးမျိုးအပေါ်တွင်လည်းကောင်း၊ ၎င်းတို့ ဆောင်ရွက်ကာ ကျင့်ကြံပြုမူသည့် စည်းမျဉ်းများနှင့် နည်းလမ်းများအပေါ်တွင်လည်းကောင်း အခြေခံ၍ စိတ်ကောင်းရှိပြီး လူတိုင်းအပေါ် ဖော်ရွေကာ မည်သူ့ကိုမဆို ဆက်ဆံရာတွင် စည်းမျဉ်းများ ကင်းမဲ့သောသူများမှလွဲ၍ လူတိုင်းနီးပါးအတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်စေသည်၊ ထိုသို့သော လူပုဂ္ဂိုလ်များသည် ရက်စက်ကြမ်းကြုတ်သော လူများအနီးတွင် ဘေးကင်းကြသည်။ သို့သော် အသိစိတ် သို့မဟုတ် တရားမျှတစိတ် အနည်းငယ်မျှပင် ရှိသောသူတို့သည် လက်စားချေလိုစိတ်ရှိသော လူတို့၏ ရှေ့မှောက်တွင် ရှိသည့်အခါ အတိုင်းအတာ အမျိုးမျိုးဖြင့် အနည်းနှင့်အများဆိုသလို ခြိမ်းခြောက်ခံရသည်ဟု ခံစားရလိမ့်မည်။ ဆိုးရွားသော အခြေအနေများတွင် ၎င်းတို့သည် ကိုယ်ထိလက်ရောက် ဒုက္ခပေးမှု သို့မဟုတ် အသက်အန္တရာယ် ခြိမ်းခြောက်မှုများကိုပင် ရင်ဆိုင်ရနိုင်ပြီး သိပ်မဆိုးရွားသော အခြေအနေများတွင်မူ ၎င်းတို့သည် နှုတ်ဖြင့် ဆဲဆိုတိုက်ခိုက်မှုများ၊ အသရေဖျက်ခြင်း သို့မဟုတ် အမှုဆင်ခြင်းတို့ကို ခံရနိုင်ပေသည်။ ဤသည်တို့မှာ လက်စားချေလိုစိတ်ရှိသော လူတို့၏ ရက်စက်ကြမ်းကြုတ်သော စိတ်သဘောထား၏ အလုံးစုံ ထုတ်ဖော်ခြင်းများနှင့် သရုပ်သကန်များထဲတွင် ပါဝင်သည်။ ၎င်းတို့၏ အလုံးစုံသော သရုပ်သကန်များအပေါ် အခြေခံ၍ ထိုသို့သောလူများသည် ညီအစ်ကိုမောင်နှမများကြားနှင့် အသင်းတော်အတွင်း၌လည်း အနှောင့်အယှက်များ ဖြစ်စေသည်။ ဤလက်စားချေတတ်သော လူတို့နှင့် ဆက်ဆံသော လူတိုင်းနီးပါးသည် ၎င်းတို့၏ လက်စားချေမှုအတွက် ပစ်မှတ်တစ်ခု ဖြစ်လာပြီး အစဉ်သဖြင့်နီးပါးပင် နစ်နာသူတစ်ဦး ဖြစ်လာသည်။ လက်စားချေလိုစိတ်ရှိသောသူတို့တွင် ရက်စက်ကြမ်းကြုတ်သော စိတ်သဘောထားတစ်ခု ရှိသည်၊ ၎င်းတို့သည် မည်သည့်အချိန်မဆို ပေါက်ကွဲနိုင်သည့် အချိန်ကိုက်ဗုံးများ ဖြစ်ကြသည်။ ၎င်းတို့သည် မိမိတို့၏ တာဝန်များကို ထမ်းဆောင်ရန်နှင့် ပုံမှန်အသင်းတော်အသက်တာကို ဖြတ်သန်းရန် လူအများ လုပ်ဆောင်သည့်အတိုင်း လိုက်လုပ်ဆောင်နိုင်သော်လည်း ၎င်းတို့၏ လူ့သဘာဝကို အကဲဖြတ်ကြည့်ရသော် ၎င်းတို့သည် အခြားသူများကို အချိန်မရွေး လက်စားချေကာ ခြိမ်းခြောက်နိုင်သည့်အပြင် လူတို့ကို ၎င်းတို့အား ကြောက်ရွံ့ပြီး သတိထားရှောင်စေနိုင်သည်။ ဤသည်မှာ လူအများစုအတွက် အနှောင့်အယှက်များကို ဖြစ်စေပြီးဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့ကို စိတ်အနှောင့်အယှက် မဖြစ်စေရန်၊ ၎င်းတို့ကို စိတ်ကျေနပ်စေရန်နှင့် ၎င်းတို့၏ အာဃာတများနှင့် လက်စားချေမှုများကို ရှောင်ရှားရန် လူတို့သည် ၎င်းတို့၏ မျက်နှာအမူအရာများကို အစဉ်သတိထားပြီး ၎င်းတို့၏ စကား၏ လိုရင်းအဓိပ္ပာယ်ကို နားစွင့်ကာ ၎င်းတို့ စကားပြောဆိုသည့်အခါ ၎င်းတို့၏ ရည်ရွယ်ချက်များ၊ ပန်းတိုင်များနှင့် ဦးတည်ရာများကို သိရှိရန် ကြိုးစားရမည်။ ဤအမြင်ရှုထောင့်မှကြည့်လျှင် လူအများစုသည် ၎င်းတို့၏ အနှောင့်အယှက်ပေးခြင်းကို ခံရသည်သာမက ၎င်းတို့၏ ထိန်းချုပ်ခြင်းကိုပါ ခံနေရသည် မဟုတ်လော။ (ဟုတ်ပါသည်။) သို့ဖြစ်၍ ဤကိစ္စ၏ သဘောသဘာဝကို အကဲဖြတ်ကြည့်လျှင် ထိုသို့သော လက်စားချေတတ်သည့် လူပုဂ္ဂိုလ်များသည် ဆိုးယုတ်သောလူများ မဟုတ်ကြလော။ (ဟုတ်ပါသည်။) ၎င်းတို့ကို ဆိုးယုတ်သောလူများအဖြစ် သတ်မှတ်ရမည်မှာ အလွန် သိသာထင်ရှားပေသည်။ တစ်စုံတစ်ဦးသည် ထိုသို့သော လူပုဂ္ဂိုလ်များ၏ အခြေအနေကို နားလည်ရန် ကြိုးစားပါက အများစုသည် ၎င်းတို့အကြောင်း အမှန်တရားကို ပြောဆိုရန် ကြောက်ရွံ့ကြပြီး ၎င်းတို့၏ ပြဿနာများကို တိုင်ကြားရန် သို့မဟုတ် ၎င်းတို့အကြောင်း ပြောဆိုရန် သို့မဟုတ် ၎င်းတို့ကို အကဲဖြတ်ရန် မဝံ့ရဲဘဲ ၎င်းတို့နှင့်ပတ်သက်သည့် မေးခွန်းတိုင်းကို “အဆင်ပြေပါသည်” ကဲ့သို့သော မရေမရာဖြစ်သော အဖြေများဖြင့် ဝတ်ကျေတမ်းကျေ ဖြေဆိုလိမ့်မည်။ ဤသည်မှာ ဒုက္ခပေးသော အခြေအနေတစ်ခု မဟုတ်လော။ အချို့က “ထိုသို့သော ဆိုးယုတ်သည့်လူများသည် အချိန်မရွေး နေရာမရွေး လက်စားချေနိုင်သည်၊ မည်သူက ၎င်းတို့ကို ရန်စဝံ့မည်နည်း။ ထို့အပြင် ၎င်းတို့သည် အမှောင်လောကနှင့် တရားဝင် အသိုင်းအဝိုင်း နှစ်ခုလုံးတွင် အဆက်အသွယ်များရှိသည်ဟု အစဉ်အမြဲ အခိုင်အမာဆိုကြပြီး မည်သူမဆို ၎င်းတို့ကို စိတ်အနှောင့်အယှက် ဖြစ်စေပါက ထိုလူအတွက် အကောင်းဖြင့် အဆုံးသတ်မည်မဟုတ်ဘဲ ၎င်းတို့ကို သင်ခန်းစာပေးမည်ဖြစ်ကြောင်းနှင့် ၎င်းတို့၏ မိသားစုကို ဆိုးရွားစွာ သေဆုံးစေမည်ဖြစ်ကြောင်း ခြိမ်းခြောက်ကြသည်။ ထို့ကြောင့် မည်သူမျှ ၎င်းတို့ကို ရန်စဝံ့ခြင်းမရှိပေ။ ၎င်းတို့ကို လွှတ်ထားလော့၊ ကျွန်ုပ်တို့မူ မိမိတို့ကိုယ်တိုင်အတွက် အကောင်းဆုံးကိုသာ မျှော်လင့်ကြမည်” ဟု ပြောဆိုကြသည်။ သင်မြင်သည့်အတိုင်းပင် ထိုသို့သော အခြေအနေတစ်ခုသည် အသင်းတော်၌ ဖြစ်ပေါ်လာပြီးဖြစ်ကာ ၎င်းတို့သည် ဤလူတို့ကို ထိန်းချုပ်ပြီးဖြစ်သည်ဟု အမှန်တကယ် ဆိုလိုသည်။ လက်စားချေဖို့ ကြိုးပမ်းရာတွင် ၎င်းတို့၏ ရက်စက်ကြမ်းကြုတ်သော စိတ်သဘောထားကို မျက်မြင်တွေ့ရှိခြင်းကြောင့် လူတို့သည် ၎င်းတို့ကို စွပ်စွဲရန် သို့မဟုတ် ပြုပြင်ရန် မဝံ့ရဲကြသကဲ့သို့ ၎င်းတို့အပေါ် မိမိတို့၏ စစ်မှန်သော အကဲဖြတ်ချက်များကို ပြောဆိုရန်လည်း မဝံ့ရဲကြပေ။ ၎င်းတို့ကို စိတ်အနှောင့်အယှက်ဖြစ်စေမည်ကို ကြောက်ရွံ့သည့်အတွက် စကားစမြည်ပြောဆိုရာတွင် ၎င်းတို့နှင့်ပတ်သက်၍ ရှောင်ကွင်းပြောဆိုရပြီး ၎င်းတို့၏ နောက်ကွယ်တွင် ၎င်းတို့၏ စစ်မှန်သော သရုပ်သကန်များအကြောင်း အသေးစိတ်ပြောဆိုရန်ပင် ကြောက်ခမန်းလိလိ ထိတ်လန့်ကြသည်။ လူတို့သည် မည်သည့်အရာကို ကြောက်ရွံ့ကြသနည်း။ ၎င်းတို့သည် မိမိတို့၏ စကားများက လက်စားချေတတ်သောသူ၏ နားသို့ ရောက်ရှိသွားပြီး ထိုသူက ၎င်းတို့အပေါ် လက်စားချေရန် ကြိုးပမ်းမည်ကို ကြောက်ရွံ့ကြသည်။ စကားပြောဆိုပြီးနောက် ၎င်းတို့သည် မိမိတို့၏ နဖူးကိုရိုက်ကာ “သွားပြီ၊ ယနေ့ ကျွန်ုပ်သည် မပြောသင့်သည့် စကားကို ပြောလိုက်မိသည်။ စောင့်သာကြည့်ပါ၊ ယင်းအတွက် ကျွန်ုပ် ပြဿနာတက်တော့မည်။ ကျွန်ုပ်သည် အဘယ်ကြောင့်များ မိမိပါးစပ်ကို မပိတ်ထားနိုင်ရသနည်း” ဟု ပြောဆိုကြသည်။ ထိုအချိန်မှစ၍ ၎င်းတို့သည် အစဉ်မပြတ် ကြောက်ရွံ့စိုးရိမ်စွာဖြင့် အသက်ရှင်နေထိုင်ကြပြီး ဘဝကို ရင်တထိတ်ထိတ်ဖြင့် အသက်ရှင်ကြကာ ထိုလူ၏အနီးတွင် ရှိသည့်အခါတိုင်း “ငါပြောခဲ့သည့်အရာကို သူသိသွားသလား။ သူ့နားသို့ ရောက်သွားပြီလား။ ငါ့အပေါ် သူ၏ သဘောထားသည် ယခင်အတိုင်းပင် ဖြစ်သလား” ဟု တွေးတောလျက် အစဉ်မပြတ် စောင့်ကြည့်လေ့လာနေကြသည်။ ၎င်းတို့ ပို၍ စဉ်းစားလေ၊ ပို၍ စိတ်မတည်မငြိမ်ဖြစ်လာလေဖြစ်ပြီး အချိန်ကြာလာသည်နှင့်အမျှ ၎င်းတို့၏ ကြောက်ရွံ့မှုသည် ပို၍ ကြီးမားလာလေဖြစ်သောကြောင့် “ငါ သူ့ကို ရန်မစရဲသော်လည်း အနည်းဆုံးအနေဖြင့် သူ့ကို ရှောင်နိုင်သည်။ ငါပြောခဲ့သည့်အရာကို သူသိသည်ဖြစ်စေ မသိသည်ဖြစ်စေ ငါ သူ့ကို ရှောင်နေ၍ မရဘူးလား” ဟု တွေးတောလျက် သူ့ကို လုံးဝရှောင်လိုက်ခြင်းက ပိုကောင်းသည်ဟု ဆုံးဖြတ်လိုက်ကြသည်။ ဤကြောက်ရွံ့မှုသည် အလွန်ကြီးမားလာသဖြင့် ၎င်းတို့သည် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရမည့်နေရာ ဖြစ်လျှင်ပင် ဤရက်စက်ကြမ်းကြုတ်သောသူ ရှိနိုင်သည့် မည်သည့်နေရာကိုမဆို ရှောင်ရှားလျက် စုဝေးပွဲများကိုပင် တက်ရောက်ရန် မဝံ့ရဲကြတော့ဘဲ သည်းခြေပျက်မတတ် ကြောက်လန့်နေကြသည်။
လက်စားချေလိုစိတ်ရှိသော ထိုဆိုးယုတ်သည့်လူများကို မည်သို့ ကိုင်တွယ်သင့်သနည်း။ (၎င်းတို့ကို ရှင်းလင်းပစ်ပါ။) အတော်အတန် ရိုးရှင်းသည်၊ “ရှင်းလင်းပစ်ခြင်း” ပင်ဖြစ်ပြီး ပြီးလေပြီ။ ၎င်းတို့ကို ရှင်းလင်းပစ်လိုက်ပြီး လူအများစုက အလွန်ကျေနပ်အားရစွာဖြင့် ပျော်ရွှင်စွာ ဂုဏ်ပြုကြပါက ၎င်းတို့ကို ရှင်းလင်းပစ်ခြင်းက မှန်ကန်သော ဆုံးဖြတ်ချက် ဖြစ်ခဲ့သည်။ ယခင်က စည်းဝေးပွဲများအတွင်း ဆိုးယုတ်သောလူများ ရှိနေခြင်းသည် လူအများစု မိတ်သဟာယဖွဲ့နေစဉ်တွင် ဘောင်ခတ်ခြင်းခံနေရသည်ကို ဆိုလိုသည်၊ ထိုလူတို့သည် မှားယွင်းသော စကားတစ်ခွန်းက ဆိုးယုတ်သူတို့ကို စိတ်အနှောင့်အယှက်ဖြစ်စေမည်ကို ကြောက်ရွံ့ကြသောကြောင့် စကားပြောဆိုနေစဉ်တွင် ၎င်းတို့ကို သတိထားရှောင်ကြဉ်ပြီး ရှောင်ကြသည်။ စုဝေးပွဲများအတွင်း၌ ရေးသားမထားသော စည်းမျဉ်းတစ်ခု ပေါ်ပေါက်လာခဲ့သည်၊ တစ်စုံတစ်ဦးက မျက်စိဖြင့် အချက်ပြလိုက်ပါက အကြောင်းအရာသည် လျင်မြန်စွာ ပြောင်းလဲသွားလေ့ရှိသည်။ ဤသည်မှာ ပေါ်ပေါက်လာခဲ့သော အခြေအနေ ဖြစ်ခဲ့သည်။ လက်စားချေလိုစိတ်ရှိသောသူတို့ကို ရှင်းလင်းပစ်လိုက်သည်နှင့်တစ်ပြိုင်နက် အသင်းတော်သည် ငြိမ်သက်သွားခဲ့ပြီး အသင်းတော်အသက်တာသည် ပုံမှန်ဖြစ်လာကာ လူအချင်းချင်းကြားရှိ ဆက်ဆံရေးများသည်လည်း ပုံမှန်အခြေအနေသို့ ပြန်ရောက်သွားခဲ့သည်။ ညီအစ်ကိုမောင်နှမများသည် ယခုအခါ မည်သူ့၏ ထိန်းချုပ်မှုကိုမျှမခံရဘဲ မည်သူ့ကိုမျှ မကြောက်ရွံ့ဘဲ မည်သူ့၏ မျက်နှာအမူအရာကိုမျှ သတိထားရန်မလိုဘဲ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လွတ်လပ်စွာ မျှဝေပြီး ဆုတောင်းရင်းဖတ်ရှုနိုင်ကြကာ ၎င်းတို့၏ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များကိုလည်း လွတ်လပ်စွာ မျှဝေနိုင်ကြပြီဖြစ်သည်။ ဤရလဒ်အပေါ် အခြေခံ၍ ထိုသို့သော ဆိုးယုတ်သည့်လူများကို ရှင်းလင်းပစ်ခြင်းသည် မှန်ကန်ခဲ့သလော။ (ဟုတ်ပါသည်။) လုံးဝမှန်ကန်သည်။ ၎င်းတို့ကို ရှင်းလင်းပစ်ရမည်။ ၎င်းတို့ကို မရှင်းလင်းဘဲထားပါက လူတိုင်းအတွက် ဘဝသည် သည်းမခံနိုင်စရာ ဖြစ်လာမည်ဖြစ်ပြီး လူများစွာတို့သည် စုဝေးပွဲများ တက်ရောက်ရန် အလွန်ကြောက်ရွံ့နေကြလိမ့်မည်။ အချို့သော ကြောက်တတ်သည့် လူပုဂ္ဂိုလ်များသည် အိပ်မက်ဆိုးများပင် မက်ကောင်းမက်နိုင်ပြီး ဆိုးယုတ်သော မကောင်းဆိုးဝါးများ၏ လည်ပင်းညှစ်ခံရခြင်းကို အစဉ်အမြဲ အိပ်မက်မက်နေကြလိမ့်မည်။ ၎င်းတို့သည် စုဝေးပွဲများအတွင်း အစဉ်အမြဲ အလွန်အမင်း သတိထားနေကြမည်ဖြစ်ပြီး စကားပြောဆိုရန် မည်သည့်အခါမျှ မဝံ့ရဲဘဲ လွတ်မြောက်ပြီး လွတ်လပ်သည်ဟု မခံစားနိုင်ကြပေ။ ဆိုးယုတ်သောလူများကို ရှင်းလင်းပစ်လိုက်သည့် အချိန်မှစ၍ ၎င်းတို့သည် လုံးဝ ပြောင်းလဲသွားခဲ့ကြသည်၊ ၎င်းတို့သည် ယခုအခါ စုဝေးပွဲများအတွင်း စကားပြောဆိုဝံ့ကြပြီဖြစ်ပြီး မိတ်သဟာယဖွဲ့ရာတွင် ပို၍ တက်ကြွလာကြကာ လွတ်မြောက်ပြီး လွတ်လပ်သည်ဟု ခံစားကြရသည်။ ဤသည်မှာ ကောင်းသောအရာတစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) ရက်စက်ကြမ်းကြုတ်သော စိတ်သဘောထားရှိသည့် ထိုသို့သော လက်စားချေတတ်သည့် လူပုဂ္ဂိုလ်များကို ပိုင်းခြားသိမြင်ရန် လွယ်ကူသည်။ ယေဘုယျအားဖြင့် တစ်စုံတစ်ဦးနှင့် ခြောက်လကျော်ကြာ ပေါင်းသင်းဆက်ဆံပြီးနောက် လူတိုင်းသည် ၎င်းတို့က ထိုသို့သော လူစားမျိုးဟုတ်မဟုတ်ကို ခံစားသိရှိပြီး ရှင်းလင်းစွာ မြင်နိုင်သင့်သည်၊ ၎င်းတို့နှင့် အချိန်အတိုင်းအတာတစ်ခုကြာ အတူနေထိုင်ပြီးနောက်တွင် သိသာထင်ရှားလာသည်။ အသင်းတော်ရှိ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ထိုသို့သော ဆိုးယုတ်သည့်လူများကို ကိုင်တွယ်ရာတွင် ဘာသိဘာသာ မနေသင့်ပေ။ ဘာသိဘာသာ မနေခြင်းဟူသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ဆိုလိုသည်မှာ ၎င်းတို့ကို မကိုင်တွယ်မီ လူအချို့ကို အထင်အမြင်မှားစေပြီး မကောင်းမှုများကို ကျူးလွန်ခြင်းဖြင့် လူတိုင်းကို ဒေါသထွက်စေသည်အထိ မစောင့်ဆိုင်းခြင်း ဖြစ်သည်၊ ထိုသို့ပြုလုပ်ခြင်းသည် အလွန်ပင် ဘာသိဘာသာနေခြင်း ဖြစ်ပေလိမ့်မည်။ သို့ဆိုလျှင် ဆိုးယုတ်သောလူများကို ကိုင်တွယ်ရန် အကောင်းဆုံးအချိန်သည် မည်သည့်အချိန်ဖြစ်သနည်း။ လူအနည်းငယ် ထိခိုက်ခံရပြီးဖြစ်ကာ ၎င်းတို့အပေါ် ပြင်းထန်သော မနှစ်မြို့မှုနှင့် သတိထားရှောင်ကြဉ်မှုတို့ကို ခံစားနေရပြီး ၎င်းတို့ကို ဆိုးယုတ်သောလူများအဖြစ် လုံးလုံးလျားလျား သတ်မှတ်ပြီးဖြစ်သည့်အချိန် ဖြစ်သည်။ ဤအချိန်တွင် လူအများအပြား ထိခိုက်ခံရခြင်းမှ ကာကွယ်ရန်နှင့် ကြောက်တတ်သူများ သည်းခြေပျက်မတတ် ကြောက်လန့်ခြင်း သို့မဟုတ် ၎င်းတို့ကြောင့် ခလုတ်တိုက်လဲခြင်းတို့မှ ရှောင်ရှားရန် ၎င်းတို့ကို ချက်ချင်း ကိုင်တွယ်ပြီး ရှင်းလင်းပစ်သင့်သည်။ ဤနေရာတွင် အရေးအကြီးဆုံးအချက်မှာ အဘယ်နည်း။ ဆိုးယုတ်သောလူများကို အသင်းတော်အတွင်း၌ အချိန်ကြာမြင့်စွာ အနှောင့်အယှက်များ ဖြစ်စေရန် ခွင့်ပြုထားပါက အဆုံးသတ်ရလဒ်မှာ ၎င်းတို့သည် အသင်းတော်နှင့် ဘုရားသခင် ရွေးချယ်ထားသောလူများကို ထိန်းချုပ်ခြင်း ဖြစ်သည်။ ဤအခြေအနေသို့ ရောက်ရှိသွားပါက လူတိုင်း ဒုက္ခခံစားရသည်။ လူတိုင်း ထိခိုက်မှုမှ ရှောင်ရှားရန်အလို့ငှာ လူတစ်စုတစ်ပိုင်း ထိခိုက်ခံရပြီးသည့်အခါတွင်ဖြစ်စေ၊ အချို့က ထိုသို့သော လူပုဂ္ဂိုလ်များအပေါ် ပြင်းထန်သော မနှစ်မြို့မှုတစ်ခု ဖြစ်ပေါ်လာပြီး ၎င်းတို့ကို ထွင်းဖောက်မြင်ကာ လက်စားချေလိုစိတ်ရှိသော ဆိုးယုတ်သူများအဖြစ် သတ်မှတ်လိုက်သည့်အခါတွင်ဖြစ်စေ အသင်းတော်ခေါင်းဆောင်များသည် ၎င်းတို့ကို အချိန်မီ ရှင်းလင်းပစ်သင့်သည်။ ၎င်းတို့သည် ဆိုးယုတ်သောလူများက မကောင်းမှုမြောက်မြားစွာကို ကျူးလွန်ပြီး လူအများ၏ ဒေါသကို ဖြစ်စေသည်အထိ မစောင့်ဆိုင်းဘဲ လုပ်ဆောင်ရန် ဆုံးဖြတ်သင့်သည်၊ ထိုသို့ပြုလုပ်ခြင်းသည် အလွန်ပင် ဘာသိဘာသာနေခြင်း ဖြစ်ပေလိမ့်မည်၊ ပြီးလျှင် ထိုသို့သော အသင်းတော်ခေါင်းဆောင်များသည် အသုံးမကျသူများ မဟုတ်လော။ (ဟုတ်ပါသည်။) ထိုသို့သော အလုပ်ကို လုပ်ဆောင်ရာတွင် အသင်းတော်ခေါင်းဆောင်များသည် ထိုသို့သော လူပုဂ္ဂိုလ်များ၏ အခြေအနေများ၊ သရုပ်သကန်များနှင့် ထုတ်ဖော်ခြင်းများအပေါ် အထူးတလည် အကဲခတ်နိုင်စွမ်းရှိသင့်ပြီး ၎င်းတို့၏ စိတ်သဘောထားများကို လျင်မြန်စွာ ထွင်းဖောက်မြင်ကာ ၎င်းတို့သည် ရှင်းလင်းပစ်သင့်သည့် ဆိုးယုတ်သောလူများ ဖြစ်ကြောင်း ဆုံးဖြတ်ပြီး ၎င်းတို့ကို အမြန်ဆုံး ကိုင်တွယ်သင့်သည်။ အစပိုင်းတွင် ဆုံးဖြတ်ချက်တစ်ခု ချမှတ်ရန် မဖြစ်နိုင်ပါက ၎င်းတို့၏ အတွေးများနှင့် ၎င်းတို့၏ လုပ်ဆောင်ချက်များ၏ ဦးတည်ရာများကို နားလည်လျက် ၎င်းတို့၏ အပြောအဆို၊ အပြုအမူနှင့် အမူအရာတို့ကို အနီးကပ် အာရုံစိုက်လျက် စောင့်ကြည့်လေ့လာခြင်းအပေါ် အာရုံစိုက်ရန် လိုအပ်သည်။ ၎င်းတို့သည် မိမိတို့၏ လက်စားချေမှုကို လုပ်ဆောင်ရန် ရည်ရွယ်ကြောင်း တွေ့ရှိသည်နှင့်တစ်ပြိုင်နက် ပို၍များသော လူများ ထိခိုက်ခံရခြင်းနှင့် လက်စားချေမှုလုပ်ရပ်များကို ခံစားရခြင်းမှ ကာကွယ်ရန် ၎င်းတို့ကို အချိန်မီ ရှင်းလင်းပစ်သင့်သည်။
အချို့သော အသင်းတော်ခေါင်းဆောင်များက “ကျွန်ုပ်တို့သည် ဆိုးယုတ်သောလူများကို မကြောက်ပါ၊ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းမှလွဲ၍ မည်သူ့ကိုမျှ မကြောက်ပါ။ ဆိုးယုတ်သောလူများသည် ကျွန်ုပ်တို့အတွက် အဘယ်အရာဖြစ်သနည်း။ ကျွန်ုပ်တို့သည် စာတန်ကိုပင် မကြောက်၊ အဆင်းနီသော နဂါးကြီး၏ ဖမ်းဆီးခြင်းနှင့် ညှဉ်းပန်းနှိပ်စက်ခြင်းကိုပင် မကြောက်ပါ၊ သို့ဖြစ်လျှင် ဆိုးယုတ်သောလူများကို အဘယ်ကြောင့် ကြောက်ရမည်နည်း။ ဆိုးယုတ်သောသူတစ်ဦးသည် သာမည မကောင်းဆိုးဝါး တစ်ကောင်မျှသာ ဖြစ်သည်၊ အဘယ်ကြောင့် ၎င်းကို ကြောက်ရမည်နည်း။ ကျွန်ုပ်တို့သည် ၎င်းတို့ကို အသင်းတော်၌ ထားရှိပြီး ညီအစ်ကိုမောင်နှမအများစုကို ထိခိုက်နစ်နာစေမည်။ ဒုက္ခခံစားပြီးနောက် ၎င်းတို့သည် ပိုင်းခြားသိမြင်နိုင်စွမ်း၌ ကြီးထွားလာကြမည်ဖြစ်ပြီး ပိုင်းခြားသိမြင်နိုင်စွမ်းဖြင့် ၎င်းတို့သည် ထိုသို့သော ဆိုးယုတ်သည့်လူများ၏ ချည်နှောင်ခြင်းနှင့် ဘောင်ခတ်ခြင်းတို့ကို နောက်တစ်ကြိမ် ခံရတော့မည်မဟုတ်ပေ။ ထိုသို့ဆိုလျှင် အလွန်ကောင်းပေမည်” ဟု ပြောဆိုကြသည်။ လူအများစုသည် ဤဝိညာဉ်ရင့်ကျက်မှုကို ရရှိနိုင်သလော။ (မရရှိနိုင်ပါ။) ၎င်းတို့ မရရှိနိုင်ကြပေ။ ၎င်းတို့၏ ယုံကြည်ခြင်းသည် အလွန်အားနည်းသည်၊ ၎င်းတို့ နားလည်သော သမ္မာတရားများသည် အလွန်နည်းပါးပြီး ၎င်းတို့၏ ဝိညာဉ်ရင့်ကျက်မှုသည် အလွန်သေးငယ်သည်။ ၎င်းတို့သည် ဆိုးယုတ်သောလူများကို မြင်သည့်အခါတိုင်း ၎င်းတို့ကို စိတ်အနှောင့်အယှက်ပေးမိမည်ကို မဝံ့ရဲဘဲ ရှောင်ရှားကြသည်။ သေခြင်းကို ကြောက်ရွံ့ခြင်းနှင့် မိမိတို့၏ အသက်ကို တန်ဖိုးထားခြင်းအပြင် လူအများစုသည် မိမိတို့၏ အမျိုးမျိုးသော ဇာတိပကတိဆိုင်ရာ အကျိုးစီးပွားများကိုလည်း ကာကွယ်ကြသည်၊ ၎င်းတို့သည် ဆိုးယုတ်သောလူများ လုပ်ဆောင်သည့် အမျိုးမျိုးသော အမှုအရာများမှ ပိုင်းခြားသိမြင်နိုင်စွမ်းကို ရရှိရန် သို့မဟုတ် သင်ခန်းစာများ သင်ယူရန် မတတ်နိုင်ကြပေ။ သို့ဖြစ်၍ ဤအတွေးအခေါ်သည် အခြေခံအားဖြင့် လက်တွေ့မကျဘဲ မည်သည့်ရလဒ်ကိုမျှ မဖြစ်ပေါ်စေနိုင်ပေ။ အကယ်၍ ဆိုးယုတ်သောသူတစ်ဦးသည် အသင်းတော်၌ ပေါ်ပေါက်လာပြီး လူအများစုက ထိုလူပုဂ္ဂိုလ်ကို ဆိုးယုတ်သူအဖြစ် အသိအမှတ်ပြုပြီး ဆုံးဖြတ်လိုက်သည့်အခါ လူမည်မျှလောက်က ထရပ်ပြီး ဆိုးယုတ်သူနှင့် ပြတ်သားစွာလမ်းခွဲကာ ၎င်းတို့ကို တိုက်ခိုက်၍ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်ရန် တရားမျှတစိတ် ပိုင်ဆိုင်ကြသနည်း။ ထိုရာခိုင်နှုန်းမှာ အဘယ်မျှလောက် ဖြစ်သနည်း။ ၁၀ ရာခိုင်နှုန်း ရှိသလော။ ၁၀ ရာခိုင်နှုန်း မဟုတ်လျှင် ၅ ရာခိုင်နှုန်း ရှိသလော။ (ထိုမျှရှိသည်။) ဆိုလိုသည်မှာ လူနှစ်ဆယ်ရှိသော အုပ်စုတစ်စုတွင် ဆိုးယုတ်သောသူတစ်ဦးကို တိုက်ခိုက်ရန်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များဖြင့် ၎င်းတို့ကို ဖော်ထုတ်ပြီး စိန်ခေါ်ရန်၊ အချေအတင်ဆွေးနွေးမှုတွင် ပါဝင်ရန်နှင့် ၎င်းတို့ကို အသင်းတော်မှ ရှင်းလင်းပစ်ရန် ထရပ်မည့်သူတစ်ဦး ရှိကောင်းရှိနိုင်သည်ဟု ဆိုလိုသည်။ ထိုသို့သော လူပုဂ္ဂိုလ်များသည် ဘုရားသခင် ရွေးချယ်ထားသောလူများထဲမှ သူရဲကောင်းများ၊ အသင်းတော်၏ ဂုဏ်ပြုထိုက်သူများ ဖြစ်ကြသည်။ အချို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဆိုးယုတ်သောလူများကို ကိုင်တွယ်ရန် ကြောက်ရွံ့ကြသည်။ ထိုသို့သောလူများသည် ၎င်းတို့၏ အခန်းကဏ္ဍများအတွက် သင့်တော်ပါသလော။ ၎င်းတို့သည် ဘုရားသခင်အတွက် သက်သေခံရန် အရည်အချင်း ပြည့်မီသလော။ အသင်းတော်မှ ရှင်းလင်းပစ်ရန် လိုအပ်သော ဆိုးယုတ်သူတစ်ဦးအကြောင်း ကြားသည့်အခါ ၎င်းတို့က “သူတို့ကို ဖယ်ထုတ်ရန်မှာ အနည်းငယ် ဒုက္ခရှိ၏။ ကျွန်ုပ်သည် သူတို့နှင့် အတော်ပင် ရင်းနှီးကျွမ်းဝင်ခဲ့ဖူး၏။ သူတို့သည် ကျွန်ုပ်၏ နေရပ်လိပ်စာကိုလည်းကောင်း၊ ကျွန်ုပ်၏ မိသားစုဝင်များအနက် မည်သူတို့က ဘုရားသခင်ကို ယုံကြည်ကြောင်းကိုလည်းကောင်း သိရှိကြ၏။ ကျွန်ုပ်က သူတို့ကို နှင်ထုတ်လိုက်ပါက သူတို့သည် ကျွန်ုပ်အပေါ်၌ ဧကန်မုချ လက်စားချေကြပေလိမ့်မည်” ဟု ပြောဆိုကြသည်။ သင်တို့ မည်သို့ထင်သနည်း၊ ထိုသို့သောလူများသည် ခေါင်းဆောင်များနှင့် အမှုဆောင်များ ဖြစ်ထိုက်သလော။ (မဖြစ်ထိုက်ပါ။) ရှင်းလင်းပစ်ရန် လိုအပ်သော ဆိုးယုတ်သူတစ်ဦးကို ရှာဖွေတွေ့ရှိပြီးနောက် ၎င်းတို့၏ ပထမဆုံးအတွေးမှာ ဆိုးယုတ်သူ၏ လက်စားချေမှုကို ကြောက်ရွံ့လျက် မိမိတို့၏ ကိုယ်ကျိုးစီးပွားသာ တွေးခြင်း ဖြစ်သည်။ ဆိုးယုတ်သူသည် စုဝေးပွဲ နေရာအချို့နှင့် ညီအစ်ကိုမောင်နှမများ၏ ဆက်သွယ်ရန် အချက်အလက်များကို သိရှိထားရာ ရှင်းလင်းပစ်ခြင်းခံရပြီးနောက် အသင်းတော်ကို သို့မဟုတ် ညီအစ်ကိုမောင်နှမများကို သစ္စာဖောက်နိုင်ခြင်း ရှိမရှိအပြင် ဤအရာကို မည်သို့ ကာကွယ်သင့်သည်ကို ၎င်းတို့ ထည့်သွင်းစဉ်းစားရန် ပျက်ကွက်ကြသည်။ ၎င်းတို့၏ အဓိကစိုးရိမ်မှုမှာ ဘုရားအိမ်တော်၏ အကျိုးစီးပွားများမဟုတ်ဘဲ ဆိုးယုတ်သူသည် ၎င်းတို့၏ မိသားစုအခြေအနေကို သိရှိထားရာ ၎င်းတို့၏ မိသားစုကို သစ္စာဖောက်ပြီး အပျက်သဘောဆောင်သော သက်ရောက်မှုများ ဖြစ်စေမည်ကို ကြောက်ရွံ့ခြင်း ဖြစ်သည်။ ထိုသို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များသည် သက်သေခံချက် ရှိကြသလော။ (မရှိကြပါ။) အချို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဆိုးယုတ်သောလူများက အာဏာရှင်ဆန်ဆန် ပြုမူပြီး အသင်းတော်ကို ထိန်းချုပ်ရန် ကြိုးစားနေသည်ကို မြင်တွေ့ကြသည့်တိုင် ထုတ်ဖော်ပြောဆိုရန် မဝံ့ရဲကြပေ။ ထိုအစား ၎င်းတို့သည် အလျှော့ပေးပြီး ရှောင်တိမ်းကြကာ ဆိုးယုတ်သောလူများကို ကိုင်တွယ်ရန် မဝံ့ရဲကြပေ။ ၎င်းတို့သည် ဆိုးယုတ်သောလူများကို မြင်သည့်အခါ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်ရန် ပျက်ကွက်လျက် ခေါင်းသုံးလုံးနှင့် လက်ခြောက်ဖက်ရှိသော ဆိုးယုတ်သော မကောင်းဆိုးဝါးတစ်ကောင်ကို မြင်လိုက်ရသကဲ့သို့ သည်းခြေပျက်မတတ် ကြောက်လန့်ကြသည်။ ဤအတောအတွင်း အချို့သော သာမန်ညီအစ်ကိုမောင်နှမများသည် တရားမျှတစိတ်အချို့ကို ပိုင်ဆိုင်ကြပြီး ဆိုးယုတ်သူတို့ကို တွေ့ရှိပြီးနောက် ၎င်းတို့ကို ထရပ်ကာ ဖော်ထုတ်ဝံ့သည့် သတ္တိနှင့် ယုံကြည်ခြင်းကို ပိုင်ဆိုင်ကြကာ ဆိုးယုတ်သူတို့က ၎င်းတို့အပေါ် လက်စားချေမည်ကို မကြောက်ရွံ့ကြပေ။ သို့သော် ထိုသို့သော လူပုဂ္ဂိုလ်များသည် အသင်းတော်၌ အလွန်နည်းပါးလှသည်။ သင်တို့အားလုံး အစောပိုင်းက ဖော်ပြခဲ့သော ၅ ရာခိုင်နှုန်းသည် ချဲ့ကားပြောဆိုခြင်း ဖြစ်နိုင်ပြီး ချင့်ချိန်ပြောဆိုသော ခန့်မှန်းချက်တစ်ခု မဟုတ်ပေ။ ဤအမြင်ရှုထောင့်မှကြည့်လျှင် လက်စားချေလိုစိတ်ရှိသော ရက်စက်ကြမ်းကြုတ်သည့် စိတ်သဘောထားရှိသည့် လူပုဂ္ဂိုလ်များအပေါ် လူအများစု၏ သဘောထားမှာ အဘယ်နည်း။ (လူအများစုသည် မိမိကိုယ်ကို ကာကွယ်ကြပါသည်။) ၎င်းတို့၏ ပထမဆုံးအတွေးမှာ မိမိတို့ကိုယ်ကို ကာကွယ်ရန်ဖြစ်ပြီး ဘုရားအိမ်တော်နှင့် ညီအစ်ကိုမောင်နှမများ၏ အကျိုးစီးပွားများကို ကာကွယ်ရန် ဆိုးယုတ်သူတို့ကို မည်သို့ထရပ်ပြီး တိုက်ခိုက်ရမည်ကို မစဉ်းစားဘဲ မိမိကိုယ်ကို ကာကွယ်ခြင်းအပေါ်သာ အာရုံစိုက်ကြသည်။ ဤမိမိကိုယ်ကို ကာကွယ်ခြင်းက မည်သည့်ပြဿနာကို ညွှန်ပြသနည်း။ (ထိုသို့သောလူများသည် အလွန်တစ်ကိုယ်ကောင်းဆန်ပါသည်။) တစ်ဖက်တွင် ယင်းသည် အလွန်တစ်ကိုယ်ကောင်းဆန်သော လူ့သဘာဝကို ထင်ဟပ်စေပြီး နောက်တစ်ဖက်တွင်မူ လူအများစု၏ ဘုရားသခင်အပေါ် ယုံကြည်ခြင်းသည် အလွန်အားနည်းကြောင်း ပြသနေသည်။ ၎င်းတို့သည် နှုတ်ဖြင့် “ဘုရားသခင်သည် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲတော်မူ၏၊ ဘုရားသခင်သည် ကျွန်ုပ်တို့၏ အထောက်အပံ့ ဖြစ်သည်” ဟု အခိုင်အမာဆိုကြသော်လည်း လက်တွေ့အရှိတရားနှင့် ရင်ဆိုင်ရသည့်အခါ ဘုရားသခင်ကို အားမကိုးနိုင်ဘဲ မိမိတို့ကိုယ်ကို အားကိုးရမည်ဟု ခံစားကြရပြီး အမြင့်မားဆုံးသော ဉာဏ်ပညာအဖြစ် ၎င်းတို့ ရှုမြင်သည့်အရာဖြစ်သော မိမိတို့၏ ကိုယ်ပိုင်ကာကွယ်မှုကို ဦးစားပေးကြသည်။ ဆိုလိုရင်းမှာ “မည်သူမျှ ကျွန်ုပ်ကို မကာကွယ်နိုင်ပါ၊ ဘုရားသခင်ပင်လျှင် အားကိုးထိုက်သူမဟုတ်ပါ။ ဘုရားသခင် အဘယ်မှာနည်း။ ကျွန်ုပ်တို့ ကိုယ်တော့်ကို မမြင်နိုင်ပါ။ ထို့အပြင် ဘုရားသခင်က ကျွန်ုပ်ကို ကာကွယ်မည်ဟုတ်မဟုတ်ကို ကျွန်ုပ်မသိပါ။ ကိုယ်တော်က ကျွန်ုပ်ကို မကာကွယ်လျှင် မည်သို့လုပ်မည်နည်း” ဟူ၍ ဖြစ်သည်။ လူတို့၏ ယုံကြည်ခြင်းသည် အလွန်သနားစရာကောင်းလှသည်။ ၎င်းတို့က “ဘုရားသခင်သည် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲတော်မူ၏၊ ဘုရားသခင်သည် ကျွန်ုပ်တို့၏ အထောက်အပံ့ ဖြစ်သည်” ဟု အစဉ်မပြတ် ကြွေးကြော်ကြသော်လည်း အခြေအနေများ ပေါ်ပေါက်လာသည့်အခါ ၎င်းတို့သည် မိမိကိုယ်ကို ကာကွယ်ရန်သာ ရှာကြံကြပြီး စာတန်နှင့် တိုက်ခိုက်ရန်နှင့် မိမိတို့၏ သက်သေခံချက်တွင် ခိုင်မာစွာ ရပ်တည်ရန် ထရပ်နိုင်ခြင်းမရှိဘဲ ဤမျှလောက်သော ယုံကြည်ခြင်းပင် ကင်းမဲ့နေကြသည်။ လူတို့၏ ယုံကြည်ခြင်းသည် အလွန်သနားစရာကောင်းလှသည်၊ ဤကိစ္စအားဖြင့်လည်း အလားတူပင် လုံးဝ ဖော်ထုတ်ခြင်းခံရသည်။ ၎င်းတို့၏ ဝိညာဉ်ရင့်ကျက်မှုသည် ဤမျှပင် သေးငယ်သည်။ လက်စားချေလိုစိတ်ရှိသော ထိုဆိုးယုတ်သည့်လူများနှင့် ပတ်သက်၍ ၎င်းတို့ကို ဖော်ထုတ်လိုသော်လည်း တစ်ယောက်တည်းဖြစ်၍ မစွမ်းသာဟု ခံစားရကာ ဆိုးယုတ်သူတို့၏ နှိပ်ကွပ်ခြင်းကို ခံရမည်ကို ကြောက်ရွံ့သော လူပုဂ္ဂိုလ်အနည်းငယ် ရှိပါက ၎င်းတို့သည် အချို့သော ခေါင်းဆောင်များ၊ အမှုဆောင်များနှင့်ဖြစ်စေ၊ ပိုင်းခြားသိမြင်နိုင်စွမ်းရှိသော ညီအစ်ကိုမောင်နှမများနှင့်ဖြစ်စေ ပူးပေါင်းသင့်သည်။ ၎င်းတို့ အင်အားစုစည်းပြီးနောက်တွင် အောင်ပွဲအတွက် အကြွင်းမဲ့ ယုံကြည်စိတ်ချမှု ရှိလာကြလိမ့်မည်။ ထို့နောက် ၎င်းတို့သည် ထိုသို့သော ဆိုးယုတ်သည့်လူများ၏ လုပ်ရပ်များနှင့် အပြုအမူများကို ဖော်ထုတ်ပြီး စိတ်ဖြာလေ့လာဆွေးနွေးနိုင်ကာ လူအများစုကို ဆိုးယုတ်သောလူများ၏ စရိုက်မှန်များကို ပိုင်းခြားသိမြင်ပြီး ရှင်းလင်းစွာ မြင်တွေ့စေနိုင်သဖြင့် လူတိုင်းသည် တစ်စိတ်တစ်ဝမ်းတည်း ပူးပေါင်းနိုင်ကြပြီး ဆိုးယုတ်သောလူများကို ပေါင်း၍ ရှင်းလင်းပစ်နိုင်ကြမည်ဖြစ်သည်။ အစောပိုင်းက သင်တို့က ဆိုးယုတ်သောလူပုဂ္ဂိုလ်များ ပေါ်ပေါက်လာသည့်အခါ ဘုရားသခင် ရွေးချယ်ထားသောလူများထဲမှ အယောက်နှစ်ဆယ်တွင် တစ်ယောက်ခန့်သည် တရားမျှတစွာ ပြောဆိုရန်နှင့် ထိုသို့သော ဆိုးယုတ်သည့်လူများကို ထရပ်ကာ ရှင်းလင်းပစ်ဝံ့သည့် တရားမျှတစိတ် ရှိနိုင်သည်ဟု သင်တို့ ဖော်ပြခဲ့သည်။ အယောက်နှစ်ဆယ်တွင် တစ်ယောက်သည် အနည်းငယ် နည်းလွန်းသည်၊ အသင်းတော်တစ်ခုတွင် လူဆယ်ဦးသာ ပါဝင်ပါက ၎င်းတို့သည် ဆိုးယုတ်သောလူပုဂ္ဂိုလ်များကို မည်သို့ ဖယ်ရှားမည်နည်း။ ၎င်းတို့သည် မတတ်နိုင်ကြပေ၊ ထိုလူဆယ်ဦးသည် ဆိုးယုတ်သူတို့၏ ထိန်းချုပ်မှုအောက်တွင် ရှိနေမည်ဖြစ်ပြီး ၎င်းတို့ထံမှ မတရားပြုမူဆက်ဆံခြင်းကို ကြံ့ကြံ့ခံရမည်ဖြစ်ကာ ယင်းမှာ လက်မခံနိုင်စရာ ဖြစ်သည်။ ဆယ်ယောက်တွင် တစ်ယောက် သို့မဟုတ် ငါးယောက်တွင် တစ်ယောက်ပင်လျှင် ဆိုးယုတ်သောလူများကို ထရပ်ပြီး တိုက်ခိုက်ဝံ့သည့် သတ္တိရှိရန် ရည်မှန်းခြင်းသည် အလွန်ကောင်းပေမည်။ မိမိကိုယ်ကို အစဉ်မပြတ် ကာကွယ်ရန် ကြိုးစားခြင်းသည် စာတန်၏ရှေ့မှောက်၌ သက်သေခံချက်ကို ဆုံးရှုံးသည့် အကျိုးဆက်ဖြစ်စေရုံသာမက သာ၍ဆိုးသည်မှာ ဘုရားသခင်၏ရှေ့မှောက်၌ သမ္မာတရားကို ရရှိရန် အခွင့်အရေးကို ဆုံးရှုံးစေသည်။ ဆိုးယုတ်သောလူပုဂ္ဂိုလ်တစ်ဦးရှိသော အသင်းတော်တစ်ခုတွင် အနည်းဆုံး လူအချို့ ထိခိုက်ခံရလိမ့်မည်၊ ဆိုးယုတ်သောလူပုဂ္ဂိုလ်နှစ်ဦး ရှိပါက လူအများစု ထိခိုက်ခံရလိမ့်မည်၊ အန္တိခရစ်တစ်ဦးက အာဏာကိုင်စွဲပြီး ၎င်း၏အောက်တွင် အပေါင်းအပါများနှင့် လက်ပါးစေအချို့ ရှိပါက အသင်းတော်ရှိ ဘုရားသခင် ရွေးချယ်ထားသောလူများအားလုံး ထိခိုက်ခံရလိမ့်မည်ဖြစ်သည်။ ဤသည်မှာ အမှန်ပင်လော။ (ဟုတ်ပါသည်။) ဆိုးယုတ်သူတို့ကို ဆန့်ကျင်၍ ထရပ်သောလူတစ်ဦးသည် အင်အားတစ်ရပ်ကို ကိုယ်စားပြုပြီး ဆိုးယုတ်သူတို့ကို ဆန့်ကျင်၍ ထရပ်သောလူဆယ်ဦးသည် အင်အားဆယ်ရပ်ကို ကိုယ်စားပြုသည်။ သို့ဆိုလျှင် သင်တို့အနေဖြင့် ဆိုးယုတ်သောလူများသည် လူတစ်ဦးကို ပိုကြောက်သည်ဟု ထင်သလော၊ သို့မဟုတ် လူဆယ်ဦးကို ပိုကြောက်သည်ဟု ထင်သလော။ (လူဆယ်ဦး ဖြစ်ပါသည်။) ထိုသို့ဆိုလျှင် လူအယောက်နှစ်ဆယ်၊ သုံးဆယ် သို့မဟုတ် ငါးဆယ်တို့အားလုံးက ဆိုးယုတ်သူတို့ကို ဆန့်ကျင်၍ ထရပ်ကြပါက အဆုံးတွင် မည်သူ အနိုင်ရမည်နည်း။ (ညီအစ်ကိုမောင်နှမများ ဖြစ်ပါသည်။) အဆုံးတွင် ညီအစ်ကိုမောင်နှမများ အနိုင်ရကြလိမ့်မည်။ ထိုသို့ဆိုလျှင် ဆိုးယုတ်သောလူများကို ရှင်းလင်းပစ်ခြင်းသည် များစွာ ပို၍ လွယ်ကူသွားသည် မဟုတ်လော။ လူများလျှင် အင်အားရှိသည်၊ ဤရိုးရှင်းသော သဘောတရားသည် သင်တို့အားလုံးအတွက် ရှင်းလင်းနေသင့်သည်။ သို့ဖြစ်၍ ဆိုးယုတ်သောလူများကို ပိုင်းခြားသိမြင်ပြီး ရှင်းလင်းပစ်ခြင်းသည် ခေါင်းဆောင် သို့မဟုတ် အမှုဆောင်တစ်ဦးတစ်ယောက်၏ တာဝန်သာမဟုတ်ဘဲ အသင်းတော်ရှိ ဘုရားသခင် ရွေးချယ်ထားသောလူများအားလုံး၏ စုပေါင်းတာဝန် ဖြစ်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ ကြိုးပမ်းမှုများဖြင့် ဆိုးယုတ်သောလူများကို ရှင်းလင်းပစ်ရန် ဘုရားသခင် ရွေးချယ်ထားသောလူများ၏ ပူးပေါင်းဆောင်ရွက်မှုနှင့်အတူ လူတိုင်းသည် ကောင်းသောနေ့ရက်များကို ပျော်မွေ့ခံစားနိုင်ကြသည်။ ဆိုးယုတ်သောလူများကို မရှင်းလင်းဘဲ ၎င်းတို့၏ နောင်တရခြင်းကို မျှော်လင့်လျက် အသင်းတော်၌ ချန်ထားခဲ့သော်လည်း ခြောက်လ သို့မဟုတ် တစ်နှစ်ကြာပြီးနောက်တွင် တိုးတက်မှုတစ်စုံတစ်ရာ မတွေ့ရဘဲ ၎င်းတို့သည် ဘုရားသခင် ရွေးချယ်ထားသောလူများကို သည်းမခံနိုင်သော အနှောင့်အယှက်များကို ဆက်လက်ဖြစ်စေနေပါက ဤသည်မှာ ဆိုးယုတ်သူကို သနားကရုဏာပြခြင်း၏ ရလဒ်ဖြစ်သည်။ ဆိုးယုတ်သောလူများကို အာဏာရှင်ဆန်ဆန် ပြုမူပြီး အသင်းတော်ကို ထိန်းချုပ်ရန် ခွင့်ပြုခြင်းသည် မိမိကိုယ်ကို ဆိုးယုတ်သူတို့၏ လက်ထဲသို့ အပ်နှံခြင်းနှင့် ညီမျှသည့်အပြင် ညီအစ်ကိုမောင်နှမများကိုလည်း ၎င်းတို့၏ လက်ထဲသို့ ပို့ဆောင်ပေးခြင်းနှင့် ညီမျှကာ ၎င်းတို့ကို ဘုရားသခင် ရွေးချယ်ထားသောလူများကို လွတ်လပ်စွာ ထိန်းချုပ်ပြီး ဆိုးရွားစွာ ထိခိုက်စေရန် ခွင့်ပြုခြင်း ဖြစ်သည်။ ဆိုးယုတ်သောလူများနှင့် အန္တိခရစ်တို့က အာဏာကိုင်စွဲထားသော ပတ်ဝန်းကျင်တစ်ခုတွင် သမ္မာတရားကို နားလည်ပြီး ရရှိရန် လွယ်ကူပါသလော။ (မလွယ်ကူပါ။) အချိန်သည် အဖိုးတန်သည်။ ဆိုးယုတ်သောလူများကို တတ်နိုင်သမျှ အမြန်ဆုံး ရှင်းလင်းပစ်ခြင်းဖြင့် သင်သည် ငြိမ်သက်ခြင်းကို တတ်နိုင်သမျှ အမြန်ဆုံး ပြန်လည်ရရှိနိုင်ပြီး သင့်တော်သော အသင်းတော်အသက်တာကို ပျော်မွေ့ခံစားနိုင်ကာ သမ္မာတရားကို ပို၍ နားလည်နိုင်မည်ဖြစ်သည်။ သင်သည် ဆိုးယုတ်သောလူများကို မရှင်းလင်းဘဲထားပါက ၎င်းတို့သည် မိမိတို့အလိုရှိသမျှကို ပြောဆိုပြီး လုပ်ဆောင်လျက် ခွေးရူးများကဲ့သို့ လူတို့ကြားတွင် အနှောင့်အယှက်နှင့် ဖျက်ဆီးခြင်းကို ဖြစ်စေလိမ့်မည်။ ဤသည်မှာ သမ္မာတရားကို ရရှိရန် သင်၏အချိန်ကို လုယူခြင်းဖြစ်သည်၊ ဆိုလိုသည်မှာ သင်၏အချိန်နှင့် သင်၏ တာဝန်ထမ်းဆောင်မှုသည် ဆိုးယုတ်သူတို့၏ ထိန်းချုပ်ခြင်းကို ခံရသည်ဟု ဆိုလိုသည်။ ဤသည်မှာ ကောင်းသောအရာလော သို့မဟုတ် ဆိုးသောအရာလော။ (ဆိုးသောအရာ ဖြစ်ပါသည်။) သဘောတရားအရ လူတိုင်းသည် ၎င်းမှာ ဆိုးသောအရာဖြစ်ကြောင်း သိကြသော်လည်း အသင်းတော်ကို နှောင့်ယှက်နေသော ဆိုးယုတ်သည့်လူများနှင့် ရင်ဆိုင်ရသည့်အခါ ၎င်းတို့သည် ဤသို့ မစဉ်းစားကြတော့ဘဲ ဆိုးယုတ်သူတို့၏ ကြံစည်ခြင်း သို့မဟုတ် ဆိုးရွားစွာ ထိခိုက်စေခြင်းကို မခံရရန်သာ အာရုံစိုက်ကြသည်။ အသင်းတော်တစ်ခုရှိ ဘုရားသခင် ရွေးချယ်ထားသောလူများအားလုံးသည် ဆိုးယုတ်သောလူများကို ဤသို့ ကြောက်ရွံ့နေကြပါက အသင်းတော်သည် ဆိုးယုတ်သောလူများနှင့် အန္တိခရစ်တို့၏ ထိန်းချုပ်မှုအောက်သို့ အလွယ်တကူ ကျရောက်သွားမည်ဖြစ်ပြီး ဘုရားသခင် ရွေးချယ်ထားသောလူများသည်လည်း ၎င်းတို့၏ ထိန်းချုပ်ခြင်းကို ခံရမည်ဖြစ်သည်။ ထိုအခါ ၎င်းတို့သည် ဘုရားသခင်၏ ကယ်တင်ခြင်းကို ခံရနိုင်မည်လော။ ပြောဖို့ ခက်သွားပြီ။ အကယ်၍ အသင်းတော်တစ်ခုတွင် သမ္မာတရားကို နားလည်ပြီး ဘုရားသခင်ကို သက်သေခံခြင်းနှင့် အစေခံခြင်း၌ တစ်စိတ်တစ်ဝမ်းတည်းရှိသော လူနှစ်ဦး သို့မဟုတ် သုံးဦး မရှိပါက ၎င်းသည် မျှော်လင့်ချက်မဲ့သော အသင်းတော်တစ်ခုဖြစ်ပြီး ထိုအရာသည် ဝမ်းနည်းဖွယ်အခြေအနေတစ်ခု ဖြစ်သည်။
လက်စားချေလိုစိတ်ရှိခြင်းသည် ဆိုးယုတ်သောအပြုအမူ၏ သရုပ်သကန်တစ်ခုဖြစ်ပြီး ယင်းသည် ရက်စက်ကြမ်းကြုတ်သော စိတ်သဘောထားမှ ထွက်ပေါ်လာသော အပြုအမူများနှင့် သရုပ်သကန်များထဲမှ တစ်ခုဖြစ်သည်။ ထိုသို့သော လူပုဂ္ဂိုလ်များသည် ဤတိကျသော အပြုအမူကို ပြသသည့်အခါ ဆိုးယုတ်သောလူများအဖြစ် သတ်မှတ်ခြင်းခံရမည်။ အချို့လူများသည် စိတ်သဘောထား သေးသိမ်သောကြောင့်၊ ထိုးထွင်းသိမြင်မှု ကင်းမဲ့သောကြောင့် သို့မဟုတ် သမ္မာတရားကို နားမလည်သော ယုံကြည်သူအသစ်များ ဖြစ်သောကြောင့် အခြားသူများနှင့် အစဉ်အမြဲ အသေးအဖွဲကိစ္စများအတွက် ငြင်းခုံကြသည်၊ ၎င်းတို့အပေါ် အဆင်မပြေဖြစ်စေသော သို့မဟုတ် ၎င်းတို့ကို ထိခိုက်စေခဲ့သောသူများအပေါ် အမုန်းတရား သိုထားကြသည် သို့မဟုတ် တစ်ချိန်က အချို့သော လူပုဂ္ဂိုလ်များအပေါ် လက်စားချေရန် နည်းလမ်းအချို့ကို အသုံးပြုခဲ့ကြသည်မှာ ပြောစရာမလိုပေ၊ သို့သော် လက်စားချေလိုစိတ်ရှိသောသူများသည် ဆိုးယုတ်သောလူများဖြစ်ပြီး အသင်းတော်မှ ရှင်းလင်းပစ်ခြင်းခံရမည်ဟု ကြားသိရသည့်အခါ ၎င်းတို့သည် မိမိတို့၏ အတွေးများကို ပြောင်းလဲကြပြီး စိတ်ထဲတွင် တိတ်တဆိတ် ပြုပြင်ပြောင်းလဲလာကြကာ မိမိတို့၏ အပြုအမူတွင် ချင့်ချိန်မှုနှင့် ချုပ်တည်းမှုအချို့ကို ပြသကြသည်။ ငါ့ကို ပြောလော့၊ ထိုသို့သောလူများသည် ဆိုးယုတ်သူတို့၏ အမျိုးအစားထဲတွင် ပါဝင်သည်ဟု မှတ်ယူခံရသလော။ (မခံရပါ။) ဤအရာကို မည်သည့်အရာက ညွှန်ပြသနည်း။ (မိမိတို့ကိုယ်ကို ပြုပြင်ပြောင်းလဲနိုင်စွမ်း ဖြစ်ပါသည်။) မိမိတို့ကိုယ်ကို ပြုပြင်ပြောင်းလဲနိုင်စွမ်းက မည်သည့်အရာကို သက်သေပြသနည်း။ ယင်းမှာ ၎င်းတို့က သမ္မာတရားကို လက်ခံနိုင်ကြောင်း သက်သေပြသည်၊ ယင်းသည် ကောင်းသော ဖြစ်စဉ်တစ်ခု ဖြစ်သည်။ ၎င်းတို့က သမ္မာတရားကို လက်ခံနိုင်သည်ဟု ငါတို့ အဘယ်ကြောင့် ပြောဆိုရသနည်း။ အဘယ်ကြောင့်ဆိုသော် ဤကိစ္စနှင့်ပတ်သက်၍ သမ္မာတရားကို ကြားနာပြီးနောက် လက်စားချေခြင်းကို ရှာကြံခြင်းသည် ဆိုးယုတ်သောလူများ၏ သရုပ်သကန်တစ်ခုဖြစ်ကြောင်း သိရှိပြီးနောက် ၎င်းတို့သည် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော အခြေအနေကို ဆင်ခြင်သုံးသပ်ကြပြီး မိမိတို့၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရကို ဝန်ခံကာ ထို့နောက် ဘုရားသခင်ထံ နောင်တရလျက် ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း ပြုမူပြီး မိမိတို့၏ အပြုအမူကို ချုပ်တည်းကြသောကြောင့် ဖြစ်သည်။ ဤသည်မှာ သမ္မာတရားကို လက်ခံခြင်း၏ သရုပ်သကန်တစ်ခု ဖြစ်သည်။ ကျွန်ုပ်တို့ ဤနေရာတွင် ပြောဆိုနေသော ဆိုးယုတ်သည့်လူများမှာမူ သမ္မာတရားကို လက်မခံကြပေ။ သင်သည် ၎င်းတို့အား သမ္မာတရားကို မည်မျှပင် ရှင်းလင်းစွာ မိတ်သဟာယဖွဲ့ပါစေ ၎င်းတို့သည် လက်မခံကြပေ၊ ၎င်းတို့သည် မည်သူ့စကားကိုမျှ နားမထောင်ဘဲ ခေါင်းမာစွာ ဆက်လက်နေထိုင်ကြသည်။ သင်က ၎င်းတို့အား “သင်၏ လုပ်ရပ်များသည် ရှင်းလင်းပစ်ခြင်းခံရရန် ဦးတည်သွားလိမ့်မည်” ဟု သတိပေးလျှင်ပင် ၎င်းတို့သည် ဂရုမစိုက်ဘဲ မည်သူကမျှ မပြောင်းလဲနိုင်ဘဲ မိမိတို့၏ နည်းလမ်းများအတိုင်း ဆက်လက်လုပ်ဆောင်ကြသည်။ သင်က ၎င်းတို့ကို ဖော်ထုတ်သည့်အခါ ၎င်းတို့သည် မိမိတို့၏ အမှားများကို ဝန်မခံကြပေ။ သင်က ၎င်းတို့အား ၎င်းတို့သည် လက်စားချေလိုစိတ်ရှိသောသူတစ်ဦးဖြစ်ကြောင်း၊ ၎င်းတို့သည် ဆိုးယုတ်ကြောင်းနှင့် ၎င်းတို့ကို ရှင်းလင်းပစ်သင့်ကြောင်း ပြောဆိုသည့်အခါ ၎င်းတို့သည် မိမိတို့၏ မကောင်းမှုပြုခြင်းကို လုံးဝစွန့်လွှတ်မည် မဟုတ်ဘဲ သေချာပေါက် ပြုပြင်ပြောင်းလဲလာကြမည် မဟုတ်ပေ။ ဤသူတို့သည် မည်သို့သော လူစားမျိုးများ ဖြစ်ကြသနည်း။ ၎င်းတို့သည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သောသူများ ဖြစ်ကြသည်။ ၎င်းတို့သည် သမ္မာတရားကို လုံးဝ လက်မခံကြပေ၊ ၎င်းတို့၏ စိတ်သဘောထား အနှစ်သာရကို မည်သို့ပင် သတ်မှတ်သည်ဖြစ်စေ၊ ၎င်းတို့၏ ဒုစရိုက်အမှုများကို မည်သို့ပင် ဖော်ထုတ်သည်ဖြစ်စေ သို့မဟုတ် ၎င်းတို့ကို မည်သို့ပင် ကိုင်တွယ်သည်ဖြစ်စေ ၎င်းတို့သည် မတုန်မလှုပ် ဆက်လက်တည်ရှိနေကြပြီး မိမိတို့၏ အမှားများကို ဝန်ခံရန် လုံးဝ ခေါင်းငုံ့ကြမည် မဟုတ်သည့်အပြင် သေချာပေါက် လက်လွှတ်ကြမည် မဟုတ်ပေ။ ဤသည်မှာ မိမိတို့ကိုယ်ကို မပြုပြင်မပြောင်းလဲနိုင်ခြင်း ဖြစ်သည်။ မိမိကိုယ်ကို မပြုပြင်မပြောင်းလဲခြင်း၏ အနှစ်သာရမှာ အဘယ်နည်း။ ယင်းမှာ သမ္မာတရားကို လက်ခံရန် ငြင်းပယ်ခြင်း ဖြစ်သည်။ ၎င်းတို့သည် မှန်ကန်သော စကားတစ်ခွန်း သို့မဟုတ် သမ္မာတရား၏ ကဏ္ဍတစ်ခုကိုပင် လက်ခံနိုင်ခဲ့ပါက နောက်ကြောင်းပြန်မလှည့်ဘဲ မှားယွင်းသောလမ်းကြောင်းအတိုင်း ဆက်လက် လျှောက်လှမ်းကြမည် မဟုတ်ပေ။ ၎င်းတို့သည် ပြုပြင်ပြောင်းလဲပြီး မိမိတို့၏ အမှားများကို ဝန်ခံကာ အတိုင်းအတာတစ်ခုအထိ ၎င်းတို့ ယခင်က စွဲစွဲမြဲမြဲ ဆုပ်ကိုင်ထားခဲ့သည့်အရာကို လက်လွှတ်ကြပေမည်။ ၎င်းတို့သည် ဆိုးယုတ်သောလူများ ဖြစ်သောကြောင့်၊ ၎င်းတို့သည် ရက်စက်ကြမ်းကြုတ်သော စိတ်သဘောထားရှိသည့် ဆိုးယုတ်သော လူပုဂ္ဂိုလ်များ ဖြစ်သောကြောင့် ထိုသို့သော စိတ်သဘောထားမှ လက်စားချေခြင်းကို ရှာကြံသည့် ၎င်းတို့၏ အပြုအမူ ပေါ်ပေါက်လာပြီးနောက် ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များက ဖော်ထုတ်သည့်အရာကို လက်ခံရန်၊ ပြုပြင်ခြင်းကို လက်ခံရန် သို့မဟုတ် ဤသို့သော သတ်မှတ်ခြင်းမျိုးကို လက်ခံရန် ငြင်းပယ်သည်သာမက၊ ဆန့်ကျင်ဘက်အနေဖြင့် ၎င်းတို့သည် မိမိတို့၏ နည်းလမ်းများကို အဆုံးတိုင်အခိုင်အမာ ဆုပ်ကိုင်ထားကြသည်။ ၎င်းတို့သည် သတ်မှတ်ခြင်း သို့မဟုတ် ဖော်ထုတ်ခြင်းခံရရန် လက်ခံဖို့ အစီအစဉ်မရှိသကဲ့သို့ မိမိတို့၏ ဖောက်ပြန်ပျက်စီးခြင်းကို ဝန်ခံရန်လည်း ရည်ရွယ်ချက်မရှိပေ။ မိမိတို့၏ ဖောက်ပြန်ပျက်စီးခြင်းကို ဝန်မခံဘဲနှင့်မူ ၎င်းတို့သည် မိမိတို့၏ လက်စားချေခြင်းကို ရှာကြံသည့် အပြုအမူနှင့် လုပ်ရပ်များကို စွန့်လွှတ်ရန် သို့မဟုတ် မိမိတို့၏ ကျင့်ကြံပြုမူခြင်းဆိုင်ရာ စည်းမျဉ်းများကို စွန့်လွှတ်ရန်လည်း အစီအစဉ်မရှိသည်မှာ ပြောစရာမလိုပေ။ ၎င်းတို့သည် အစအဆုံး လုံးလုံးလျားလျား ဆိုးယုတ်ကြသည်။ ထိုသို့သော ဆိုးယုတ်သည့်လူများသည် နတ်ဆိုးများ မဟုတ်ကြလော။ (ဟုတ်ပါသည်။) ၎င်းတို့သည် စာတန်၏ အနှစ်သာရကို လုံးဝ ပိုင်ဆိုင်သော နတ်ဆိုးများ ဖြစ်ကြသည်။ သင်သည် ၎င်းတို့ကို မပြောင်းလဲနိုင်ပေ။ ၎င်းတို့ကို အဘယ်ကြောင့် မပြောင်းလဲနိုင်သနည်း။ အရင်းခံအကြောင်းရင်းမှာ သမ္မာတရားကို လက်ခံရန် ၎င်းတို့၏ အကြွင်းမဲ့ ငြင်းပယ်ခြင်း၌ တည်ရှိသည်။ ၎င်းတို့သည် သမ္မာတရား စိုးစဉ်းမျှကိုသာမက မည်သည့်မှန်ကန်သော စကား၊ အပြုသဘောဆောင်သော ပြောဆိုချက် သို့မဟုတ် အပြုသဘောဆောင်သည့် အရာမှန်သမျှကိုမဆို ပယ်ချကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သမ္မာတရားအဖြစ်နှင့် အပြုသဘောဆောင်သော အရာများအဖြစ် နှုတ်ဖြင့် အသိအမှတ်ပြုလျှင်ပင် ၎င်းတို့၏ စိတ်နှလုံးများသည် သမ္မာတရားကို လုံးဝ လက်မခံကြသကဲ့သို့ မိမိတို့၏ ကျင့်ကြံပြုမူခြင်းနှင့် အမှုအရာများကို လုပ်ဆောင်ခြင်းနည်းလမ်းများကို ပြောင်းလဲရန် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ပြီး တွေ့ကြုံခံစားရန်လည်း အစီအစဉ်မရှိကြပေ။ တစ်ခါတစ်ရံတွင် ၎င်းတို့က မိမိတို့၏ လုပ်ရပ်များသည် စာတန်၏ အတွေးအခေါ်အပေါ် လုံးလုံး အခြေခံကြောင်း နှုတ်ဖြင့် ဝန်ခံကောင်း ဝန်ခံနိုင်သော်လည်း သမ္မာတရားကိုမူ လုံးဝ လက်ခံကြမည် မဟုတ်သေးပေ။ ၎င်းတို့နှင့် သမ္မာတရားကို မိတ်သဟာယဖွဲ့သော မည်သူမဆိုသည် ၎င်းတို့၏ အလွန်အမင်း ရွံရှာစက်ဆုပ်ခြင်းနှင့် ၎င်းတို့၏ အမုန်းတရားနှင့် ဝေဖန်မှုကိုပင် ကြုံတွေ့ရပြီး ၎င်းတို့ကို ဖော်ထုတ်ပြီး ပိုင်းခြားသိမြင်သော မည်သူမဆိုသည် မည်သူပင်ဖြစ်စေ ၎င်းတို့၏ အမုန်းတရားနှင့် လက်စားချေမှုအတွက် ပစ်မှတ်တစ်ခု ဖြစ်လာသည်၊ ၎င်းတို့၏ မိဘအရင်းများပင်လျှင် ချမ်းသာခွင့်မရကြပေ။ ၎င်းတို့သည် ပြုပြင်၍မရနိုင်သောသူများ မဟုတ်ကြလော။ (ဟုတ်ပါသည်။) ၎င်းတို့သည် ပြုပြင်၍မရနိုင်သောသူများ ဖြစ်ကြသည်။ ၎င်းတို့ကို ရှင်းလင်းပစ်ခြင်းသည် နှမြောစရာတစ်ခုလော။ (မဟုတ်ပါ။) ထိုသို့သော လူပုဂ္ဂိုလ်များကို ရှင်းလင်းပစ်ခြင်း သို့မဟုတ် နှင်ထုတ်ခြင်း ပြုရမည်။ ဤသည်တို့မှာ အခြေခံအားဖြင့် လက်စားချေလိုစိတ်ရှိသောသူတို့၏ သရုပ်သကန်များ အားလုံးပင် ဖြစ်သည်၊ ဤသည်တို့မှာ ၎င်းတို့၏ စရိုက်လက္ခဏာများ၊ ၎င်းတို့၏ စိတ်သဘောထားများ၊ ၎င်းတို့၏ အမှုအရာများကို လုပ်ဆောင်ခြင်း နည်းလမ်းများ၊ နည်းစနစ်များနှင့် ၎င်းတို့၏ တွေးခေါ်မှုဖြစ်စဉ်များအပြင် သမ္မာတရားအပေါ် ၎င်းတို့၏ သဘောထားတို့ ဖြစ်သည်၊ ဤသည်မှာ အခြေခံအားဖြင့် ဤမျှသာဖြစ်သည်။ ၎င်းတို့က အသင်းတော်နှင့် ညီအစ်ကိုမောင်နှမများအပေါ် သက်ရောက်စေသော အကျိုးသက်ရောက်မှုကို အစောပိုင်းက ဆွေးနွေးပြီးဖြစ်သောကြောင့် နောက်တစ်ကြိမ် မိတ်သဟာယဖွဲ့ရန် မလိုအပ်တော့ပေ။ စတုတ္ထအမျိုးအစားဖြစ်သော လူများ၊ လက်စားချေလိုစိတ်ရှိသောသူတို့၏ သရုပ်သကန်များအပေါ် မိတ်သဟာယဖွဲ့ခြင်းကို ဤနေရာတွင် နိဂုံးချုပ်လိုက်သည်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။