ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၂၅) အခန်း သုံး

င။ မိမိတို့၏ နှုတ်ကို မစောင့်စည်းနိုင်ခြင်း

ဆက်လက်၍ ငါတို့သည် ပဉ္စမမြောက် လူစားမျိုးဖြစ်သည့် မိမိတို့၏ နှုတ်ကို မစောင့်စည်းနိုင်သောသူတို့အကြောင်းကို မိတ်သဟာယဖွဲ့ကြမည်။ ဤသည်မှာ ဆိုးရွားသော ပြဿနာတစ်ခု ဖြစ်သလော။ စာသားအတိုင်း ကြည့်ရလျှင် မိမိ၏နှုတ်ကို မစောင့်စည်းနိုင်ခြင်းသည် သိသာထင်ရှားသော ပြဿနာတစ်ခုဟု မထင်ရပေ။ အချို့သူတို့သည် ဤလူပုဂ္ဂိုလ်တို့ကို ဆိုးယုတ်သောလူများအဖြစ် စရိုက်လက္ခဏာ သရုပ်ဖော်ခြင်းနှင့်ပတ်သက်၍ အချို့သော အတွေးများ ရှိကောင်းရှိနိုင်သည်၊ “လူတို့တွင် ပါးစပ်များ ရှိသောကြောင့် ၎င်းတို့သည် အချိန်မရွေး နေရာမရွေး စကားပြောဖို့ ဖြစ်သည်၊ ၎င်းတို့သည် အချိန်မရွေး နေရာမရွေး ကိစ္စရပ်များကို ဆွေးနွေးနိုင်ပေသည်။ မိမိတို့၏ နှုတ်ကို မစောင့်စည်းနိုင်သောသူတို့ကို ရှင်းလင်းပစ်ရမည့် ဆိုးယုတ်သောသူတို့ကြားတွင် အမျိုးအစားခွဲခြားခြင်းသည် အနည်းငယ် လွန်ကဲလွန်းသည် မဟုတ်လော” ဟူ၍ဖြစ်သည်။ ဤအကြောင်းနှင့်ပတ်သက်၍ သင်တို့ မည်သို့ထင်သနည်း။ (၎င်းတို့သည် အသင်းတော်အသက်တာ သို့မဟုတ် အသင်းတော်၏အလုပ်အပေါ် အနှောင့်အယှက်များနှင့် အဖျက်အမှောင့်လုပ်ခြင်းများကို ဖြစ်စေပြီး ဆိုးကျိုးများကို ဖြစ်ပေါ်စေပါက ၎င်းတို့ကိုလည်း ရှင်းလင်းပစ်ရမည် ဖြစ်ပါသည်။) ထိုသို့သောလူများနှင့်ဆိုင်သော ပြဿနာမှာ ၎င်းတို့၏ နှုတ်ကို မစောင့်စည်းခြင်းအကြောင်း မဟုတ်ပေ၊ ယင်းမှာ ၎င်းတို့၏ လူ့သဘာဝနှင့်ဆိုင်သော ပြဿနာတစ်ခု ဖြစ်သည်။ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများအပေါ်တွင်လည်းကောင်း၊ အသင်းတော်အသက်တာအပေါ်တွင်လည်းကောင်း၊ အသင်းတော်အလုပ်အပေါ်တွင်လည်းကောင်း အနှောင့်အယှက်များကို ဖြစ်စေပါက သို့မဟုတ် ၎င်းတို့၏ စကားများသည် သစ္စာမဲ့ခြင်းနှင့် အသင်းတော်ကို သစ္စာဖောက်ခြင်းတို့နှင့် ညီမျှနေပြီး ဘုရားအိမ်တော်နှင့် ဘုရားသခင်၏ နာမတော်အပေါ် ဂုဏ်သရေပင် ပျက်စေပါက ထိုသို့သော လူပုဂ္ဂိုလ်တို့ကို ကိုင်တွယ်ရမည်ဖြစ်သည်။ မိမိတို့၏ နှုတ်ကို မစောင့်စည်းနိုင်သောသူတို့၏ သရုပ်သကန်များကို ဦးစွာ ဆွေးနွေးကြစို့၊ ထို့နောက် ၎င်းတို့ကို မည်သို့ ကိုင်တွယ်ရမည်ကို ဆွေးနွေးကြမည်။ မိမိတို့၏ နှုတ်ကို မစောင့်စည်းနိုင်သောလူတို့ကို “ပါးစပ်မလုံသူများ” ဟု ခေါ်နိုင်သလော။ (ခေါ်နိုင်ပါသည်။) ယင်းမှာ မှန်ကန်သလော။ ဤသည်မှာ ထိုသို့သောလူများ၏ လက္ခဏာတစ်ခုလော။ ပါးစပ်မလုံသူဖြစ်ခြင်းဆိုသည်မှာ မည်သည့်အရာကို ပြောသင့်သည် သို့မဟုတ် မပြောသင့်သည်ကို မသိရှိဘဲ မိုက်မဲခြင်း၊ အကျိုးဆက်များကို ထည့်မစဉ်းစားဘဲ စိတ်ထဲပေါ်လာသမျှကို ပြောဆိုခြင်းကို ဆိုလိုသလော။ ဤသည်မှာ မိမိ၏နှုတ်ကို မစောင့်စည်းခြင်းအား ဆိုလိုသည့်အရာလော။ (မဟုတ်ပါ။) အချို့လူတို့သည် စကားပြောဆိုခြင်းနှင့် ဆက်သွယ်ပြောဆိုခြင်းတို့တွင် တော်ကြသည်၊ ၎င်းတို့သည် ပွင့်လင်းပြီး အတော်အတန် ရိုးစင်းကာ ရိုးသားကြသည်။ ၎င်းတို့သည် မိမိတို့၏ အတွင်းစိတ် အတွေးအခေါ်များနှင့် စိတ်ကူးများ၊ မိမိတို့၏ ဖောက်ပြန်ပျက်စီးခြင်းဆိုင်ရာ ထုတ်ဖော်ပြမှုများ၊ မိမိတို့ တွေ့ကြုံခဲ့ရသည့်အရာများနှင့် မိမိတို့၏ အမှားများကိုပင် အခြားသူတို့နှင့် မကြာခဏ ဝေမျှကြသည်။ သို့သော် ဤလူပုဂ္ဂိုလ်တို့သည် မိုက်မဲကြခြင်းမျိုးဖြစ်စေ၊ မိမိတို့၏ နှုတ်ကို မစောင့်စည်းနိုင်ကြခြင်းမျိုးဖြစ်စေ ဖြစ်ချင်မှဖြစ်ပေမည်။ ၎င်းတို့သည် အရာရာတိုင်းအကြောင်းကို ပြောဆိုကြပြီး အတော်အတန် ရိုးစင်းကာ ရိုးသားပုံရသည်၊ သို့သော် အရေးကြီးသော ကိစ္စရပ်များ၊ ဘုရားသခင် သို့မဟုတ် ဘုရားအိမ်တော်အပေါ် ဂုဏ်သရေပျက်စေနိုင်သည့် ကိစ္စရပ်များ သို့မဟုတ် ညီအစ်ကို မောင်နှမများ သို့မဟုတ် အသင်းတော်ကို သစ္စာဖောက်ကာ ယုဒများ ဖြစ်လာစေမည့် ကိစ္စရပ်များနှင့် ပတ်သက်လာလျှင်မူ ၎င်းတို့သည် စကားတစ်ခွန်းမျှ ပြောမည်မဟုတ်ပေ။ ဤသည်ကို မိမိ၏နှုတ်ကို စောင့်စည်းခြင်းဟု ခေါ်သည်။ သို့ဖြစ်၍ ပွင့်လင်းသောလူများ၊ ပါးစပ်မလုံသောလူများ သို့မဟုတ် စကားပြောဆိုရာတွင် တော်သောသူတို့သည် မိမိတို့၏ နှုတ်ကို မစောင့်စည်းနိုင်ကြခြင်းမျိုး မဟုတ်ပေ။ ဤနေရာတွင် မိမိ၏နှုတ်ကို မစောင့်စည်းနိုင်ခြင်းဟူသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ မိမိ၏နှုတ်ကို မစောင့်စည်းနိုင်ခြင်းဆိုသည်မှာ စည်းမျဉ်းများမရှိဘဲ စကားပြောဆိုခြင်းနှင့် ပရိသတ်၊ အချိန်အခါ သို့မဟုတ် အခြေအနေကို ထည့်မစဉ်းစားဘဲ မဆင်မခြင် ပြောဆိုခြင်းကို ဆိုလိုသည်။ ထို့အပြင် ယင်းတွင် အသင်းတော်၏အလုပ်နှင့် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်ရန် လုံးဝ မသိရှိခြင်း သို့မဟုတ် ညီအစ်ကိုမောင်နှမများ သို့မဟုတ် အသင်းတော်အသက်တာကို အကျိုးပြုခြင်း ရှိမရှိကို လုံးဝ ဂရုမစိုက်ဘဲ မည်သည့်အရာကိုမဆို ပြောဆိုခြင်းတို့ ပါဝင်သည်။ “မည်သည့်အရာကိုမဆို ပြောဆိုခြင်း” ၏ အကျိုးဆက်မှာ အဘယ်နည်း။ ယင်းမှာ ဘုရားအိမ်တော်၏ အကျိုးစီးပွားများနှင့် ညီအစ်ကိုမောင်နှမများ၏ အကျိုးစီးပွားများကို မရည်ရွယ်ဘဲ သစ္စာဖောက်ခြင်း ဖြစ်သည်။ မရည်ရွယ်ဘဲနှင့် ၎င်းတို့၏ မဆင်မခြင် ပြောဆိုခြင်းနှင့် မိမိတို့၏ နှုတ်ကို မစောင့်စည်းနိုင်ခြင်းတို့ကြောင့် ၎င်းတို့သည် ဘာသာတရားမရှိသူတို့ကို ဘုရားအိမ်တော်အား ဆန့်ကျင်ဖို့ နိုင်ကွက် ပေးသည်၊ ဘာသာတရားမရှိသူတို့ကို အချို့သော ညီအစ်ကိုမောင်နှမများအား လှောင်ပြောင်စေသည်၊ ဘာသာတရားမရှိသူများနှင့် ဘုရားသခင်ကို မယုံကြည်သောလူတို့အား ၎င်းတို့ မသိသင့်သည့် အမှုအရာများစွာကို သိရှိစေသည်။ ရလဒ်အနေဖြင့် ဤလူတို့သည် ဘုရားအိမ်တော်၏ ကိစ္စရပ်များနှင့် အသင်းတော်၏ အတွင်းရေးကိစ္စများအပေါ် လွတ်လပ်စွာ မှတ်ချက်ပေးကြပြီး အရိုအသေတန်သော မှတ်ချက်များ ပြုကြကာ ဘုရားသခင်ကို အသရေဖျက်ပြီး ပြစ်မှားစော်ကားသည့်အရာများကို ပြောဆိုကြသည်။ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများ၊ အသင်းတော်နှင့် ဘုရားအိမ်တော်၏ အလုပ်တို့အကြောင်း ကောလာဟလများကိုပင် လုပ်ကြံဖန်တီးကာ ဆိုးကျိုးများကို ဖြစ်ပေါ်စေနိုင်ပေသည်။ ဤသည်မှာ ဘုရားအိမ်တော်၏အလုပ်အပေါ် အနှောင့်အယှက်တစ်ခု ဖြစ်ပေါ်စေပြီး မကောင်းမှုပြုခြင်းနှင့် ညီမျှသည်။ အချို့သော လူပုဂ္ဂိုလ်တို့သည် အသင်းတော်ရှိ ခေါင်းဆောင်များနှင့် အမှုဆောင်များ မည်သူဖြစ်သည်၊ ၎င်းတို့၏ မိသားစုလိပ်စာများ၊ ညီအစ်ကိုမောင်နှမများ၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များ၊ အသင်းတော်၏ ဘဏ္ဍာရေးနှင့် စာရင်းအင်းအလုပ်၊ စာရင်းကိုင်အလုပ်လုပ်သူများနှင့် အသင်းတော်မှ ရှင်းလင်းပစ်ခြင်း သို့မဟုတ် နှင်ထုတ်ခြင်းခံရသော လူများ၏ စာရင်းတို့ကို လေ့လာခြင်းနှင့် စုံစမ်းစစ်ဆေးခြင်းအပေါ် အထူးဂရုပြုကြသည်။ ၎င်းတို့သည် အသင်းတော်၏ အလုပ်အစီအစဉ်များအကြောင်း လေ့လာခြင်းကိုလည်း အထူးအာရုံစိုက်ကြသည်။ ထိုသို့သော အပြုအမူသည် အလွန် သံသယဖြစ်ဖွယ်ကောင်းပြီး ၎င်းတို့သည် အဆင်းနီသော နဂါးကြီး၏ လျှို့ဝှက်သတင်းပေးများ သို့မဟုတ် သူလျှိုများ ဖြစ်နိုင်ကြောင်းကို ညွှန်ပြနိုင်ပေသည်။ ဤအသေးစိတ် အချက်အလက်များသည် ဘာသာတရားမရှိသော နတ်ဆိုးများထံသို့ ပေါက်ကြားသွားပြီး အဆင်းနီသော နဂါးကြီးအား ၎င်းတို့အကြောင်း သိရှိစေပါက အကျိုးဆက်များမှာ မတွေးဝံ့စရာ ဖြစ်ပေမည်။ အချို့သည် မိုက်မဲခြင်းနှင့် အသိဉာဏ်ကင်းမဲ့ခြင်းတို့ကြောင့် ဤအချက်အလက် သို့မဟုတ် ယင်း၏ တစ်စိတ်တစ်ပိုင်းကို မိမိတို့၏ ဘာသာတရားမရှိသော မိသားစုဝင်များထံ ဝေမျှကောင်း ဝေမျှနိုင်ပြီး ထိုသူတို့က ယင်းကို ဖြန့်ဝေခြင်း သို့မဟုတ် အဆင်းနီသော နဂါးကြီး၏ ကိုယ်စားလှယ်များထံ ပေးအပ်ခြင်းတို့ ပြုလုပ်ကြသည်။ ဤသည်မှာ အလားအလာရှိသော ဘေးအန္တရာယ်များကို ဖြစ်စေနိုင်ပြီး အသင်းတော်၏အလုပ်အတွက် များစွာသော ဒုက္ခများကို မတွေးဝံ့စရာ အကျိုးဆက်များနှင့်အတူ ဆောင်ကြဉ်းလာနိုင်ပေသည်။ အသင်းတော်၏ ဤအတွင်းရေးကိစ္စရပ်များကို အချို့သောလူတို့က မရည်ရွယ်ဘဲနှင့် မိမိတို့၏ ဘာသာတရားမရှိသော မိသားစုဝင်များထံ မကြာခဏ ဝေမျှကြပြီး ၎င်းတို့သည် အရာအားလုံးကို ခြွင်းချက်မရှိ ထုတ်ဖော်ပြောဆိုကြသည်။ ပြီးလျှင် ၎င်းတို့ကို မိမိတို့၏ ဘာသာတရားမရှိသော ဆွေမျိုးများနှင့် မိတ်ဆွေများထံသို့ပင် ဝေမျှကြသည်။ ဤသည်မှာ အသင်းတော်၏ အတွင်းရေးကိစ္စရပ်များကို ၎င်းတို့၏ စကားများမှတစ်ဆင့် ပြင်ပလောကသို့ အဆက်မပြတ် ပေါက်ကြားစေသည်။ ဤပေါက်ကြားမှုများ၏ အကျိုးဆက်များမှာ အဘယ်နည်း။ ၎င်းတို့၏ ဘာသာတရားမရှိသော မိသားစုဝင်များ၊ ဆွေမျိုးများနှင့် မိတ်ဆွေများစွာတို့သည် ညီအစ်ကိုမောင်နှမများပင် မသိနိုင်သည့် အသင်းတော်၏ အတွင်းရေးကိစ္စများစွာကို သို့မဟုတ် ညီအစ်ကိုမောင်နှမများ၏ နေအိမ်လိပ်စာများ၊ ၎င်းတို့၏ အမည်ရင်းများနှင့် ကိုယ်ရေးကိုယ်တာ အိမ်ထောင်ရေးကိစ္စများကို သိရှိလာကြသည်။ ဤအသင်းတော်ကိစ္စရပ်များသည် မည်သို့ ပေါက်ကြားသွားသနည်း။ ဘာသာတရားမရှိသူတို့သည် မည်သို့ သိရှိလာကြသနည်း။ အသင်းတော်အတွင်း၌ “သတင်းထောက်များ” ရှိနေပါတကား။ ထိုသို့သောလူတို့ကို မည်သို့ ခေါ်သနည်း။ (မိမိတို့၏ နှုတ်ကို မစောင့်စည်းနိုင်သောသူများ ဟု ခေါ်ပါသည်။) အတိအကျပင်ဖြစ်၏။ ၎င်းတို့သည် နေ့စဉ်အသင်းတော်အသက်တာ၌ ဖြစ်ပျက်သမျှကိုဖြစ်စေ၊ ညီအစ်ကိုမောင်နှမများနှင့် သက်ဆိုင်သောအရာများကိုဖြစ်စေ မိမိတို့၏ ဘာသာတရားမရှိသော မိသားစုဝင်များထံ ဝေမျှကြသည်၊ ဥပမာအားဖြင့် ညီအစ်မတစ်ဦး ကွာရှင်းပြတ်စဲသွားခြင်း၊ အခြားညီအစ်မတစ်ဦး၏ ခင်ပွန်းသည် စီးပွားရေး၌ ငွေကြေးဆုံးရှုံးခြင်း သို့မဟုတ် သူမ၌ နာခံမှုမရှိသော သားတစ်ဦးရှိခြင်း သို့မဟုတ် အချို့သော ညီအစ်ကို သို့မဟုတ် ညီအစ်မတစ်ဦး အိမ်ဝယ်ခြင်း စသည်တို့ ဖြစ်သည်။ ၎င်းတို့သည် အဆင်းနီသော နဂါးကြီး၏ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး ယုဒများ ဖြစ်သွားကြသော ညီအစ်ကိုမောင်နှမများအကြောင်း သို့မဟုတ် မိမိတို့၏ သက်သေခံချက်တွင် ခိုင်မာစွာ ရပ်တည်ခဲ့သောသူတို့ အကြောင်းကိုလည်း ပြောဆိုကြသည့်အပြင် အသင်းတော်ခေါင်းဆောင်များက ၎င်းတို့ကို ပြုပြင်ခဲ့ကြောင်းကိုပင် ဖော်ပြကြသည်။ အိမ်၌ ၎င်းတို့၏ စကားစမြည်ပြောဆိုမှုများသည် ဤအကြောင်းအရာများအပေါ်တွင်သာ လုံးလုံးလျားလျား ဗဟိုပြုနေသည်။ ၎င်းတို့၏ မိသားစုဝင်များသည် ခေါင်းဆောင်များ၊ ညီအစ်ကိုမောင်နှမများ သို့မဟုတ် ၎င်းတို့နှင့် အဆင်မပြေသော၊ စိန်ခေါ်မှုများ ပေးသော သို့မဟုတ် ၎င်းတို့ကို ဖော်ထုတ်ခဲ့သော အသင်းတော်ရှိ မည်သူ့ကိုမဆို ဆန့်ကျင်ပြုမူရန် ၎င်းတို့ကို ကူညီဖို့ အကြံဉာဏ်များနှင့် ဗျူဟာများကိုပင် ကမ်းလှမ်းကြသည်။ ညီအစ်ကိုမောင်နှမများကြားရှိ စုဝေးပွဲများတွင် ထိုသို့သော လူပုဂ္ဂိုလ်တို့သည် အထူးသဖြင့် နာခံတတ်ပြီး ကောင်းကောင်းမွန်မွန် ပြုမူပုံရကာ စကားနည်းပြီး စကားပြောဆိုရာတွင် မတော်သည့်အပြင် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအကြောင်းကို မည်သည့်အခါမျှ မပြောဆိုကြဘဲ မိမိတို့၏ အတွေ့အကြုံဆိုင်ရာ နားလည်သဘောပေါက်မှုကို မည်သည့်အခါမျှ မိတ်သဟာယမဖွဲ့ကြသည့်အပြင် ဆုတောင်းသည်မှာလည်း ရှားကြသည်။ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများကို သတိထားရှောင်ရှားစိတ်ဖြင့် ဆက်ဆံကြလင့်ကစား မိမိတို့၏ ဘာသာတရားမရှိသော မိသားစုဝင်များကိုမူ ဘုရားသခင်၏ အိမ်တော်သားများအဖြစ် ဆက်ဆံကြသည်။ ၎င်းတို့သည် အသင်းတော်အကြောင်း အသေးစိတ် အချက်အလက်အားလုံးကို မိမိတို့၏ မိသားစုဝင်များထံ တစ်လုံးမကျန် ပြန်လည်ပြောပြကြပြီး အရာအားလုံးကို ၎င်းတို့နှင့် ဝေမျှကြသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော် စာအုပ်များကို အသင်းတော်က ပုံနှိပ်ခြင်း၊ အသင်းတော်၌ မည်သူက မည်သည့်ပင်ကိုစွမ်းရည်များရှိသည် စသည်တို့ပင် ပါဝင်သည်၊ ဤအရာအားလုံးကို မိမိတို့၏ မိသားစုဝင်များနှင့် ဘုရားသခင်ကို မယုံကြည်သောလူတို့နှင့် ဆွေးနွေးကြသည်။ ထိုသို့ပြုလုပ်ရာတွင် ၎င်းတို့၏ ရည်ရွယ်ချက် မည်သို့ပင်ဖြစ်စေ နောက်ဆုံးအကျိုးဆက်မှာ ၎င်းတို့သည် အသင်းတော်၏အလုပ်နှင့် ညီအစ်ကိုမောင်နှမများကို သစ္စာဖောက်ခြင်း ဖြစ်သည်။ ၎င်းတို့သည် အသင်းတော်ရှိ အဓိကအသင်းသားတိုင်း၏ အခြေအနေကို စေ့စေ့စပ်စပ် သိထားကြသည်။ ဤလူတို့သည် နောက်ကွယ်တွင် ၎င်းတို့၏ ဆွေးနွေးမှုများနှင့် ဝေဖန်မှုများ၏ အကြောင်းအရာများလည်း ဖြစ်ကြပြီး ၎င်းတို့ လျှို့ဝှက်စွာ သစ္စာဖောက်မည့်သူများပင် ဖြစ်လာနိုင်သည်မှာ ပြောစရာမလိုပေ။ တစ်စုံတစ်ဦးသည် ၎င်းတို့နှင့် ဆက်ဆံရေးကောင်းမွန်ပါက ၎င်းတို့သည် ထိုလူကို မိမိတို့၏ မိသားစုရှေ့တွင် မရပ်မနား ချီးကျူးကြသည်။ ဆန့်ကျင်ဘက်အနေဖြင့် တစ်စုံတစ်ဦးသည် ၎င်းတို့နှင့် ဆက်ဆံရေးမကောင်းမွန်ပါက ၎င်းတို့သည် ထိုလူကို မိမိတို့၏ မိသားစုရှေ့တွင် မရပ်မနား နှုတ်ဖြင့် ကြမ်းတမ်းစွာ ဆဲဆိုကြပြီး ညီအစ်ကိုမောင်နှမများကို ငတုံးများ ခေါ်ဆိုခြင်းဖြင့်ဖြစ်စေ၊ အသုံးမကျသူများဟု ပြောဆိုခြင်းဖြင့်ဖြစ်စေ နှုတ်ဖြင့် ကြမ်းတမ်းစွာ ဆဲဆိုရာတွင် မိမိတို့၏ မိသားစုကိုပင် ပါဝင်စေသည်။ ဤလူပုဂ္ဂိုလ်တို့သည် ဘာသာတရားမရှိသူတို့ အသုံးပြုသည့် မည်သည့်စော်ကားသော စကားလုံးများနှင့်မဆို ညီအစ်ကိုမောင်နှမများကို စော်ကားကြသည်။ ၎င်းတို့သည် ဘာသာတရားမရှိသူတို့နှင့် တူကြသည်၊ ၎င်းတို့သည် လုံးလုံးလျားလျား မယုံကြည်သူများ ဖြစ်ကြသည်၊ ၎င်းတို့သည် ကောင်းသည့်အရာ တစ်ခုတလေပင် မဟုတ်ကြဘဲ ထိုသို့သော လူပုဂ္ဂိုလ်တို့ကို အချိန်မီ ရှင်းလင်းပစ်ရမည်။

အဆင်းနီသော နဂါးကြီးတိုင်းပြည်တွင် ဘုရားသခင်ကို ယုံကြည်သောသူတိုင်း၏ အချက်အလက်ကို လျှို့ဝှက်ထားသင့်ပြီး ဘုရားသခင် ရွေးချယ်ထားသောလူများ ပင်လယ်ရပ်ခြားသို့ ပြောင်းရွှေ့သည့်အခါတွင်ပင် ၎င်းတို့၏ အချက်အလက်များကို လျှို့ဝှက်ထားရမည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် အဆင်းနီသော နဂါးကြီး၏ သူလျှိုများသည် ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းတွင် ပျံ့နှံ့နေပြီး ဘုရားသခင်ကို ယုံကြည်သောသူတို့အကြောင်း အချက်အလက်များကို အထူးတလည် စုဆောင်းရန် နေရာတိုင်းသို့ စိမ့်ဝင်နေသောကြောင့် ဖြစ်သည်။ တရုတ်ပြည်မကြီးတွင် ဘုရားသခင်နောက်သို့ လိုက်လျှောက်သော ညီအစ်ကိုမောင်နှမများအတွက် အခြေအနေမှာ အလွန်ခက်ခဲပြီး အန္တရာယ်များသည်။ ၎င်းတို့သည် ပြည်ပသို့ သွားသည့်အခါတွင်ပင် အန္တရာယ် အတိုင်းအတာတစ်ခု ရှိနေသည်။ အဆင်းနီသော နဂါးကြီး၏ သူလျှိုများက ၎င်းတို့၏ အချက်အလက်များကို စုဆောင်းမိပါက တစ်ဖက်တွင် တရားခံလွှဲပြောင်းပေးအပ်ခြင်း ခံရမည့်အန္တရာယ်ရှိပြီး အခြားတစ်ဖက်တွင် အနည်းဆုံးအနေဖြင့် တရုတ်ပြည်မကြီးရှိ ၎င်းတို့၏ မိသားစုဝင်များနှင့် ဆွေမျိုးများ အမှုပတ်သက်သွားနိုင်ပေသည်။ လုံခြုံရေး အကြောင်းပြချက်များအတွက်နှင့် လူပုဂ္ဂိုလ်တို့ကို လေးစားသောအားဖြင့် လူတိုင်းသည် ညီအစ်ကိုမောင်နှမများ၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို လျှို့ဝှက်ထားသင့်ပြီး ဘုရားသခင်ကို မယုံကြည်သောသူတို့နှင့် မဝေမျှသင့်ပေ။ ဘုရားသခင်ကို ယုံကြည်သောသူတို့ကြားတွင်ပင် လူတစ်ဦးချင်း၏ သဘောတူညီချက်မရှိဘဲ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို အခြားသူများထံ ပေါ့ပေါ့ဆဆ မထုတ်ဖော်သင့်ပေ။ ညီအစ်ကိုမောင်နှမများ၊ အသင်းတော်အလုပ်၊ လူတစ်ဦး ထမ်းဆောင်သော တာဝန်များ၊ မိတ်သဟာယဖွဲ့ရာတွင် ဝေမျှသော အတွေ့အကြုံများ သို့မဟုတ် အခြားထိုသို့သော အသေးစိတ်အချက်အလက်များနှင့်ပတ်သက်သည့် မည်သည့်အချက်အလက်ကိုမဆို အပျင်းပြေ စကားစမြည်ပြောဆိုစရာ အကြောင်းအရာများအဖြစ် ဘာသာတရားမရှိသူတို့နှင့် ဝေမျှရန် သဘောထားခြင်းသည် လုံးဝ ခွင့်မပြုနိုင်သောအရာ ဖြစ်သည်။ ဤကိစ္စရပ်များကို ၎င်းတို့နှင့် ဆွေးနွေးခြင်း၏ အကျိုးဆက်များမှာ အဘယ်နည်း။ အပြုသဘောဆောင်သော ရလဒ် တစ်ခုခု ရှိသလော။ (မရှိပါ။) ထိုသို့သော ဆွေးနွေးမှုများ၏ အကျိုးဆက်မှာ ဤဘာသာတရားမရှိသော နတ်ဆိုးတို့က နိုင်ကွက် ရယူခြင်း၊ လှောင်ပြောင်ခြင်းနှင့် ဝေဖန်သုံးသပ်ခြင်း၊ ကျိန်ဆဲခြင်းနှင့် အသရေဖျက်ခြင်းတို့ကိုပင် ပြုလုပ်ခြင်း ဖြစ်သည်။ ဤသည်မှာ ကောင်းသလော။ (မကောင်းပါ။) သင်တို့သည် အသင်းတော်အတွင်း၌ မသမာသော ရည်ရွယ်ချက်များရှိသော လူပုဂ္ဂိုလ်တို့ ရှိမရှိကို စစ်ဆေးသင့်သည်၊ ထိုသူတို့သည် အသင်းတော်၏အလုပ်နှင့် အသင်းတော်အသက်တာ၏ တကယ့်အခြေအနေများဖြစ်သည့် အသေးစိတ်အချက်အလက်များအပြင် မည်သူက ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သည်၊ မည်သူက သမ္မာတရားကို လိုက်စားသည်၊ မည်သူက မိမိတို့၏ တာဝန်များကို ထမ်းဆောင်သည်၊ မည်သူက မိမိတို့၏ တာဝန်များကို မထမ်းဆောင်သည်၊ မည်သူက မကြာခဏ အပျက်သဘောဆောင်သည်၊ မည်သူက နားဝေတိမ်တောင်ဖြစ်သော ယုံကြည်ခြင်းရှိသည်၊ ညီအစ်ကိုမောင်နှမများအကြောင်း ကိုယ်ရေးကိုယ်တာ အချက်အလက်များနှင့် အခြေအနေများကိုပင် ဘာသာတရားမရှိသူတို့နှင့် မယုံကြည်သော မိသားစုဝင်များထံ ခြွင်းချက်မရှိ ပြောဆိုကြသည်။ ထိုသို့သော လူပုဂ္ဂိုလ်တို့ကို စစ်ဆေးလော့။ အသင်းတော်အတွင်းရှိ လူများပင် သိရန်မလိုအပ်သော ကိစ္စရပ်များ ရှိသည့်တိုင် ထိုသို့သော လူပုဂ္ဂိုလ်တို့၏ မယုံကြည်သော မိသားစုဝင်များကမူ ဤကိစ္စရပ်များကို အသင်းတော်အတွင်းရှိသူတို့ထက် ပို၍သိရှိကြသည့်အပြင် ပို၍ ရှင်းလင်းစွာလည်း သိရှိကြသည်။ ဤသည်မှာ မည်သို့ ဖြစ်ပျက်သနည်း။ ဤသည်မှာ အတွင်းလူ သစ္စာဖောက်တစ်ဦး၏ “ကျေးဇူးပြုခြင်း” ဖြစ်သည်။ ဤအတွင်းလူ သစ္စာဖောက်သည် မိမိတို့၏ မိသားစုဝင်များကို အသင်းတော်ခေါင်းဆောင်များကဲ့သို့ သဘောထားသည်။ သူသည် မိသားစု၏ မျက်နှာသာရရန်နှင့် ၎င်းတို့နှင့် စိတ်ပိုင်းဆိုင်ရာ ချိတ်ဆက်မှု နက်ရှိုင်းစေရန်အတွက် အသင်းတော်၌ မြင်တွေ့သမျှကို မိမိ၏ “ခေါင်းဆောင်များ” ထံ အိမ်ပြန်၍ သတင်းပို့လေသည်။ အသင်းတော်၏ ဤကိစ္စရပ်အားလုံးသည် မိမိတို့၏ နှုတ်ကို မစောင့်စည်းနိုင်သော ထိုအတွင်းလူ သစ္စာဖောက်တို့၏ သစ္စာဖောက်ခြင်းကို ခံခဲ့ရသည်မှာ ထင်ရှားသည်။ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများကို မလေးစားကြသကဲ့သို့ ဘုရားအိမ်တော်၏အလုပ်နှင့် အကျိုးစီးပွားများကိုလည်း မကာကွယ်ကြပေ။ ၎င်းတို့သည် ဘုရားအိမ်တော်နှင့် အသင်းတော်ကို လူ့အဖွဲ့အစည်း သို့မဟုတ် အများပြည်သူဆိုင်ရာ နေရာတစ်ခုကဲ့သို့ သဘောထားပြီး ညီအစ်ကိုမောင်နှမများကို ဘာသာတရားမရှိသူများ ဖြစ်သည့်အလား ပေါ့ပေါ့ဆဆ မှတ်ချက်ပေးကာ ဝေဖန်သုံးသပ်ကြသည့်အပြင် မယုံကြည်သူများနှင့် ဘာသာတရားမရှိသူတို့နှင့် ပူးပေါင်း၍ ညီအစ်ကိုမောင်နှမများအပေါ် လွတ်လပ်စွာ ဝေဖန်အကဲဖြတ်ခြင်းကိုပင် ပြုလုပ်ကြသည်။ ထို့အပြင် အချို့သော လူပုဂ္ဂိုလ်တို့သည် ခေါင်းဆောင်များ၏ ပြုပြင်ခြင်းကို ခံရပြီးနောက် သို့မဟုတ် ညီအစ်ကိုမောင်နှမများနှင့် ပဋိပက္ခများ၊ အငြင်းပွားမှုများနှင့် သဘောထားကွဲလွဲမှုများ ဖြစ်ပွားပြီးနောက် အိမ်ပြန်၍ ရန်လုပ်ကာ မိမိတို့၏ မိသားစုအားလုံး ယင်းအကြောင်းကို အသေအချာ သိရှိစေသည်။ အကျိုးဆက်မှာ ၎င်းတို့၏ မိသားစုသည် အသင်းတော်ကို သစ္စာဖောက်ပြီး ဖျက်ဆီးရန် ရည်ရွယ်လျက် ခေါင်းဆောင်များ သို့မဟုတ် ညီအစ်ကိုမောင်နှမများကို လက်စားချေရန် ကြိုးပမ်းခြင်း ဖြစ်သည်။ ဤသည်မှာ ကောင်းသော ဖြစ်စဉ်တစ်ခုလော။ (မဟုတ်ပါ။) အသင်းတော်၏ အတွင်းရေးကိစ္စရပ်များနှင့် ညီအစ်ကိုမောင်နှမ မည်မျှ အသင်းတော်အသက်တာကို အသက်ရှင်နေထိုင်ကြသည်၊ လူတိုင်း မည်သည့်တာဝန်များကို ထမ်းဆောင်ကြသည် စသည့်အရာများကို မိသားစုဝင်များ၊ ဆွေမျိုးများနှင့် မိတ်ဆွေများထံ ခြွင်းချက်မရှိ ဝေမျှခြင်း၊ ထိုသူတို့သည် မည်သို့သော ယုတ်ညံ့သည့်သူများ ဖြစ်ကြသနည်း။ ၎င်းတို့သည် စစ်မှန်သော ယုံကြည်သူများလော။ (မဟုတ်ပါ။) ၎င်းတို့သည် ဘုရားအိမ်တော်၏ အသင်းသားများလော။ ၎င်းတို့ကို ညီအစ်ကိုမောင်နှမများဟု ခေါ်နိုင်သလော။ (မခေါ်နိုင်ပါ။) ထိုသို့သော အတွင်းလူ သစ္စာဖောက်များနှင့် လျှို့ဝှက်သစ္စာဖောက်များကို အသင်းတော်အတွင်း၌ ထားရှိခြင်းသည် အတိတ်တွင်ဖြစ်စေ၊ ပစ္စုပ္ပန်တွင်ဖြစ်စေ၊ အနာဂတ်တွင်ဖြစ်စေ ဘုရားအိမ်တော်နှင့် ညီအစ်ကိုမောင်နှမများထံသို့ သိသာထင်ရှားသော ဒုက္ခကို ဆောင်ကြဉ်းပေးလိမ့်မည်။ ၎င်းတို့သည် အသင်းတော်အသက်တာ၌ များစွာသော ဒုစရိုက်အမှုများကို မကျူးလွန်ပုံရလျှင်ပင် ဘုရားအိမ်တော်အကြောင်း အမျိုးမျိုးသော အသေးစိတ်အချက်အလက်များကို ဘာသာတရားမရှိသူတို့၊ စာတန်များနှင့် နတ်ဆိုးများထံသို့ လျှို့ဝှက်စွာ ပေးပို့ခြင်း၏ အကျိုးဆက်များနှင့် သက်ရောက်မှုမှာ အလွန်အမင်း ဆိုးရွားလှသည်။ ထိုသို့သော အမှိုက်သရိုက်များကို အသင်းတော်၌ ဆက်လက်တည်ရှိခွင့် ပြုသင့်သလော။ (မပြုသင့်ပါ။) ၎င်းတို့သည် ဘုရားအိမ်တော်၏ အသင်းသားများဟု ခေါ်ဆိုခြင်းကို ခံထိုက်သလော။ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများအဖြစ် သဘောထားခြင်းကို ခံထိုက်သလော။ (မခံထိုက်ပါ။) ထိုသို့သောလူများကို မည်သို့ ကိုင်တွယ်သင့်သနည်း။ (၎င်းတို့ကို အမြန်ဆုံး ရှင်းလင်းပစ်သင့်ပါသည်။) ၎င်းတို့ကို အမြန်ဆုံး ရှင်းလင်းပစ်ရမည်။ ၎င်းတို့ကို ကန်ထုတ်ပစ်လော့။ ဤသည်မှာ ၎င်းတို့ကို ရှင်းလင်းပစ်ရခြင်း၏ အကြောင်းရင်း ဖြစ်သည်၊ “သင်သည် သင်၏နှုတ်ကို မစောင့်စည်းနိုင်၊ သင်သည် သင့်အတွက် ကောင်းသောအရာကို မသိရှိဘဲ ကျေးဇူးရှင်ကို ကျေးစွပ်သည်။ သင်သည် ဘုရားသခင်ကို ယုံကြည်ပြီး ကိုယ်တော်၏ ကျေးဇူးတော်အပြင် ညီအစ်ကိုမောင်နှမများထံမှ အကူအညီ၊ ချစ်ခြင်းမေတ္တာ၊ သည်းခံခြင်းနှင့် ဂရုစိုက်ခြင်းတို့ကို ခံစားရသည့်တိုင် သင်သည် ညီအစ်ကိုမောင်နှမများနှင့် အသင်းတော်ကို ဤကဲ့သို့ သစ္စာဖောက်နေဆဲ ဖြစ်သည်။ သင်သည် အသုံးမကျသောသူဖြစ်သည်၊ ထွက်သွားလော့” ဟူ၍ဖြစ်သည်။ ညီအစ်ကိုမောင်နှမများ၏ ကိစ္စရပ်များ၊ အသင်းတော်၏ ကိစ္စရပ်များနှင့် ဘုရားအိမ်တော်၏ မည်သည့်အလုပ်ကိုမဆို ဘာသာတရားမရှိသူတို့အား မထုတ်ဖော်သင့်သကဲ့သို့ ၎င်းတို့၏ အားလပ်ချိန် အရည်မရအဖတ်မရ စကားစမြည်ပြောဆိုသည့် အကြောင်းအရာများအဖြစ်လည်း အသုံးမပြုသင့်ပေ။ ၎င်းတို့သည် ထိုသို့ပြုလုပ်ရန် မထိုက်တန်ပေ။ မည်သူမဆို ထိုသို့သော အချက်အလက်များကို ဖြန့်ဝေပါက ကျိန်ခြင်းခံရသောသူ၊ အသင်းတော်က ရှင်းလင်းပစ်ရမည့်သူတစ်ဦး ဖြစ်လာပြီး ညီအစ်ကိုမောင်နှမများက ၎င်းတို့ကို ပယ်ရှားသင့်သည်။ ညီအစ်ကိုမောင်နှမများနှင့် အသင်းတော်ကို သစ္စာဖောက်ခြင်း၊ အသင်းတော်၏ အတွင်းရေးကိစ္စများကို ဘာသာတရားမရှိသူတို့နှင့် ပေါ့ပေါ့ဆဆ ပြောဆိုရန် ဝေမျှခြင်းဟူသော ၎င်းတို့၏ လုပ်ရပ်များကို အခြေခံရုံမျှဖြင့် ၎င်းတို့သည် အသင်းတော်မှ ရှင်းလင်းပစ်သင့်သည့် သစ္စာမဲ့သူများ၊ အတွင်းလူ သစ္စာဖောက်များနှင့် ဆိုးယုတ်သောလူများ သေချာပေါက် ဖြစ်ကြသည်။ ညီအစ်ကိုမောင်နှမများသည် မည်သူ့ကို ရှင်းလင်းပစ်သင့်သည် သို့မဟုတ် အချို့သော ဖြစ်ရပ်များ ဖြစ်ပွားခြင်းတို့ကဲ့သို့သော အသင်းတော်အတွင်း၌ လုပ်ဆောင်သော မည်သည့်အလုပ်ကိုမဆို လိုအပ်သလို လွတ်လပ်စွာ မိတ်သဟာယဖွဲ့ပြီး ဆွေးနွေးငြင်းခုံနိုင်သည်၊ သို့သော် ယင်းကို ဘာသာတရားမရှိသူတို့နှင့် မဝေမျှရသည့်အပြင် ဘာသာတရားမရှိသော မိသားစုဝင်များနှင့်လည်း ပြောဆို၍မရပေ။ အထူးသဖြင့် ဝိညာဉ်ရင့်ကျက်မှုနုနယ်သော ညီအစ်ကိုမောင်နှမအသစ်များ၏ ကိုယ်ရေးကိုယ်တာနှင့် မိသားစုအခြေအနေများကို ပြင်ပလူများထံ မထုတ်ဖော်ရပေ။ သင်သည် ယင်းကို သင်၏စိတ်ထဲ၌ ထိန်းသိမ်းထားရန် ခက်ခဲသည်ကို တွေ့ရှိပါက သင်သည် ဘုရားသခင်ထံ ဆုတောင်းသင့်ပြီး မိမိကိုယ်ကို ချုပ်တည်းတတ်ရန် သင်ယူဖို့ ကိုယ်တော်အပေါ် အားကိုးသင့်ကာ အဓိပ္ပာယ်ရှိသော လှုပ်ရှားမှုအချို့တွင် သွား၍ ပါဝင်သင့်သည်။ သင်သည် အမှန်တကယ် မိမိကိုယ်ကို မထိန်းချုပ်နိုင်ပါက ဆိုးကျိုးများကို ကာကွယ်ရန် အဖြေတစ်ခုကို ရှာဖွေဖို့ အသင်းတော်ထံ ဦးစွာ သတင်းပို့သင့်သည်၊ အဘယ်ကြောင့်ဆိုသော် ထိုသို့သော အချက်အလက်များကို ဖြန့်ဝေခြင်းသည် ပြဿနာများ ဖြစ်စေရန် အလားအလာအရှိဆုံး ဖြစ်သောကြောင့်တည်း။ ဥပမာအားဖြင့် ကိုယ်ပိုင်ဖုန်းနံပါတ်များ၊ နေအိမ်လိပ်စာများ၊ တစ်စုံတစ်ဦးသည် ဘုရားသခင်ကို မည်မျှကြာအောင် ယုံကြည်ခဲ့သည်၊ ကိုယ်ပိုင်မိသားစုနှင့် အိမ်ထောင်ရေးအခြေအနေ စသည်တို့သည် အကဲဆတ်သော အကြောင်းအရာများ ဖြစ်ကြသည်။ ဤအရာများသည် သမ္မာတရား သို့မဟုတ် အသက်ဝင်ရောက်မှုနှင့် မည်သို့မျှ မသက်ဆိုင်ပေ၊ ၎င်းတို့သည် ကိုယ်ရေးကိုယ်တာ လုံခြုံမှုနှင့် သက်ဆိုင်သည်။ သူလျှိုများနှင့် အတွင်းလူ သစ္စာဖောက်များသာလျှင် ဤကိစ္စရပ်များကို အထူးတလည် စုံစမ်းစစ်ဆေးကြသည်။ သင်သည် ထိုသို့သော ကိစ္စရပ်များအကြောင်း လေ့လာခြင်းနှင့် ဖြန့်ဝေခြင်းကို နှစ်သက်ပါက ယင်းသည် မည်သို့သော စိတ်သဘောထားမျိုးကို ညွှန်ပြသနည်း။ ယင်းမှာ အတော်အတန် ယုတ်မာသည်။ သမ္မာတရားကို မလိုက်စားဘဲ အတင်းအဖျင်းပြောဆိုခြင်းကို အာရုံစိုက်ခြင်း၊ အတွင်းလူ သစ္စာဖောက် သို့မဟုတ် သူလျှိုအဖြစ် ဆောင်ရွက်ပြီး အဆင်းနီသော နဂါးကြီးအတွက် အစေခံခြင်း၊ ဤသည်မှာ ဆိုးညစ်ပြီး ယုတ်မာသော လုပ်ရပ် မဟုတ်လော။ အကဲဆတ်သော အကြောင်းအရာများနှင့် အခြားသူတို့၏ ကိုယ်ရေးကိုယ်တာ ကိစ္စရပ်များကို အထူးတလည် စုံစမ်းမေးမြန်းခြင်း၊ စုံစမ်းစစ်ဆေးခြင်းနှင့် မဆင်မခြင် ဖြန့်ဝေခြင်းတို့ကို ပြုလုပ်သော မည်သူမဆိုသည် မသမာသော ရည်ရွယ်ချက်များကို သိုထားပြီး မယုံကြည်သူတစ်ဦး ဖြစ်သည်။ ဘုရားသခင် ရွေးချယ်ထားသောလူများသည် ထိုသို့သော လူပုဂ္ဂိုလ်တို့ကို အထူးသဖြင့် သတိထားရှောင်ရမည်။ ထိုသို့သောလူတို့သည် နောင်တမရပါက ၎င်းတို့၏ အသင်းတော်အသက်တာကို ရပ်ဆိုင်းသင့်သည်၊ အဘယ်ကြောင့်ဆိုသော် ညီအစ်ကိုမောင်နှမများကို သစ္စာဖောက်ခြင်းသည် အကျင့်ပျက်ဆုံး၊ အောက်တန်းကျဆုံးနှင့် ရှက်ဖွယ်လိလိအဖြစ်ဆုံးသော လုပ်ရပ် ဖြစ်သောကြောင့်တည်း။ ဘုရားသခင် ရွေးချယ်ထားသောလူများသည် ဤလူပုဂ္ဂိုလ်တို့ထံမှ ဝေးဝေးနေသင့်သည်။ အသင်းတော်အသက်တာ၌ လူတို့သည် ဤကိစ္စရပ်များကို စုံစမ်းမေးမြန်းခြင်းနှင့် ဆွေးနွေးခြင်းတို့မှ ကန့်သတ်ခြင်းခံသင့်သည်၊ အဘယ်ကြောင့်ဆိုသော် ယင်းတို့သည် သမ္မာတရား၏ မိတ်သဟာယဖွဲ့ခြင်းနှင့် မည်သို့မျှ မသက်ဆိုင်သည့်အပြင် ယင်းတို့အကြောင်း ပြောဆိုခြင်းသည် အခြားသူတို့ထံ မည်သည့်အကျိုးကျေးဇူးကိုမျှ မဆောင်ကြဉ်းပေးသောကြောင့် ဖြစ်သည်။

ဘုရားအိမ်တော်တွင် ဘုရားသခင် ရွေးချယ်ထားသောလူများ လိုက်နာရမည့် အမျိုးမျိုးသော စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်ပြန်တမ်းများနှင့် စည်းမျဉ်းများ ရှိသည်။ အသင်းတော်၏ အတွင်းရေး ကိစ္စရပ်များ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်အပြောင်းအလဲများ၊ အသင်းတော်၏ သန့်စင်ခြင်းအလုပ်နှင့် အထက်မှ အစီအစဉ်များ စသည့်ကိစ္စရပ်များကို မယုံကြည်သူများနှင့် ဆိုးယုတ်သောလူတို့၏ စာတန်ထံသို့ သစ္စာဖောက်ခြင်းမှ ကာကွယ်ရန် အသင်းတော်အတွင်း၌ ပေါ့ပေါ့ဆဆ မဖြန့်ဝေရပေ။ ဤသို့ဖြစ်ရခြင်း၏ အကြောင်းရင်းမှာ ဘုရားအိမ်တော်သည် လူ့အဖွဲ့အစည်းနှင့် ကွဲပြားသောကြောင့် ဖြစ်သည်၊ ဘုရားသခင်သည် လူတို့အား သမ္မာတရားကို လိုက်စားရန်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ပို၍ဖတ်ရှုရန် ပို၍တွေးတောဆင်ခြင်ပြီး မိတ်သဟာယဖွဲ့ရန် တောင်းဆိုသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖြန့်ဝေခြင်းနှင့် ဘုရားသခင်အတွက် သက်သေခံခြင်းကသာ သင့်လျော်သော ဝန်းကျင်တစ်ခုကို ဖြစ်ပေါ်စေနိုင်သည်၊ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များကို ပို၍ဝေမျှခြင်းကသာ ထိုသို့သော ဝန်းကျင်တစ်ခုကို ဖြစ်ပေါ်စေနိုင်သည်။ ထို့အပြင် ဘုရားအိမ်တော်၌ ဘုရားသခင်ကို အချိန်တိုအတွင်းသာ ယုံကြည်ခဲ့ကြသော ယုံကြည်သူအသစ်များစွာ ရှိသည်။ အချို့သော မယုံကြည်သူတို့သည် ယခုထိ ထုတ်ဖော်ခြင်းမခံရသေးသည်မှာ ရှောင်လွှဲ၍မရပေ။ အထူးသဖြင့် ယုံကြည်ခြင်း၏ ပထမ ငါးနှစ် သို့မဟုတ် ဆယ်နှစ်သည် လူတို့၏ စစ်မှန်သော ပင်ကိုစရိုက်များကို ထုတ်ဖော်သည့်အချိန် ဖြစ်သည်၊ ဤအချိန်အတွင်း မည်သူက ခိုင်မာစွာ ရပ်တည်နိုင်ပြီး မည်သူက မရပ်တည်နိုင်သည်ကို မသေချာသကဲ့သို့ အသင်းတော်ကို နှောင့်ယှက်နိုင်စွမ်းရှိသော ဆိုးယုတ်သည့်လူများ မည်မျှ ဆက်လက်တည်ရှိနေသည်ကိုလည်း မသေချာပေ။ ကိုယ်ရေးကိုယ်တာ အချက်အလက်များနှင့် ထိုသို့သော ပြင်ပရေးရာများအပြင် သမ္မာတရားကို မိတ်သဟာယဖွဲ့ခြင်းနှင့် မသက်ဆိုင်သော ကိစ္စရပ်များကို အစဉ်မပြတ် မဆင်မခြင် ဖြန့်ဝေခြင်းသည် များစွာသော ဆိုးကျိုးများကို ဖြစ်ပေါ်စေနိုင်သည်။ ဥပမာအားဖြင့် တစ်စုံတစ်ဦးက “ခေါင်းဆောင် မည်သူမည်ဝါက မည်သည့်နေရာကနည်း။ သူတို့ မည်သည့်နေရာတွင် နေထိုင်သနည်း” ဟု မေးကောင်းမေးနိုင်သည်။ ဤအကဲဆတ်သော အချက်အလက်သည် ဘုရားသခင် ရွေးချယ်ထားသောလူများ သိရန်မလိုအပ်သောအရာ ဖြစ်သည်။ အခြားတစ်စုံတစ်ဦးက “ဘုရားအိမ်တော်က ဘုရားသခင်၏ နှုတ်ကပတ်တော် စာအုပ်တစ်အုပ်ကို ပုံနှိပ်ဖို့ မည်မျှကုန်ကျသနည်း” ဟု မေးကောင်းမေးနိုင်သည်။ ဤအရာကို သိခြင်းသည် အသုံးဝင်သလော။ (မဝင်ပါ။) ပုံနှိပ်စရိတ်သည် သင်နှင့် အဘယ်များ သက်ဆိုင်သနည်း။ သင့်ကို ယင်းအတွက် အခကြေးငွေ တောင်းခံခဲ့သလော။ ယင်းမှာ သင်နှင့် မသက်ဆိုင်ဟု ထင်ရသည် မဟုတ်လော။ အချို့က “ယခုအခါ ဘုရားအိမ်တော်တွင် အထက်အဆင့် ခေါင်းဆောင်များသည် မည်သူများနည်း” ဟု မေးကောင်းမေးနိုင်သည်။ ၎င်းတို့သည် သင့်ကို တိုက်ရိုက် ဦးဆောင်နေခြင်းမဟုတ်ပါက ဤအရာကို မသိရှိခြင်းသည် သင့်အပေါ် သက်ရောက်မှုရှိသလော။ (မရှိပါ။) တရုတ်ပြည်မကြီးတွင် ဤအရာများကို သိရှိခြင်းသည် ပြဿနာတစ်ခု ဖြစ်နိုင်သည်။ အဆင်းနီသော နဂါးကြီး၏ ဖမ်းဆီးခြင်းကို ခံရပြီး ပြင်းထန်သော ညှဉ်းပန်းနှိပ်စက်ခြင်းကို ခံရပါက၊ သင်သည် ဤအရာများကို မသိပါက ၎င်းတို့သည် သင့်ကို မည်သို့ပင် ရိုက်နှက်ပါစေ သင်သည် မည်သည့်အရာကိုမျှ ထုတ်ဖော်ပြောဆိုနိုင်မည်မဟုတ်ပေ၊ ထို့ကြောင့် သင်သည် ယုဒတစ်ဦး ဖြစ်လာမည်မဟုတ်ပေ။ သို့သော် သင်သည် သိရှိပြီး ၎င်းတို့ပေးသော ပြင်းထန်သည့် ရိုက်နှက်မှုများကို မခံနိုင်ပါက ထုတ်ဖော်ပြောဆိုမိပြီး ယုဒတစ်ဦး ဖြစ်သွားနိုင်ပေသည်။ ထိုအခိုက်အတန့်တွင် သင်က “ထိုစဉ်က ထိုမေးခွန်းများကို ငါ အဘယ်ကြောင့် အဆင်အခြင်မဲ့စွာ မေးခဲ့မိပါလိမ့်။ မသိရှိခြင်းက များစွာ ပို၍ ကောင်းပေလိမ့်မည်။ သေသည်အထိ အရိုက်ခံရလျှင်ပင် ငါသည် ထိုအရာများကို မသိရှိဘဲ နေပေလိမ့်မည်။ အဖြေများကို လုပ်ကြံဖန်တီးရန် အလိုရှိခဲ့လျှင်ပင် မည်သည့်အဖြေကိုမျှ အကြံထုတ်နိုင်ခဲ့မည်မဟုတ်ပေ။ ထိုသို့ဆိုလျှင် ငါသည် ယုဒတစ်ယောက် ဖြစ်လာခဲ့မည် မဟုတ်ပေ။ ယခုမူ ငါသင်ခန်းစာရလေပြီ။ သမ္မာတရားနှင့် မသက်ဆိုင်သော ဤအကြောင်းအရာများနှင့်ပတ်သက်၍ အလွန်အကျွံ မသိရှိခြင်းသည် အကောင်းဆုံးဖြစ်၏။ ထိုသို့သော အကြောင်းအရာများကို စူးစမ်းမေးမြန်းခြင်းသည် မည်သည့်အကျိုးမျှ မရှိပေ။ မသိရှိခြင်းက ပို၍ ကောင်း၏” ဟု တွေးထင်ကောင်း တွေးထင်နိုင်သည်။ ပြီးလျှင် အခြားအချို့သောသူတို့က “ဘုရားအိမ်တော်၌ အထူးပြုအလုပ်များ လုပ်ဆောင်နေသည့် အဖွဲ့မည်မျှရှိသနည်း” ဟု မေးကောင်းမေးနိုင်သည်။ ယင်းမှာ သင်နှင့် မည်သို့ သက်ဆိုင်သနည်း။ သင်၏ ကိုယ်ပိုင်အဖွဲ့ကို တာဝန်ပေးထားသည့် မည်သည့်အလုပ်ကိုမဆို လုပ်ဆောင်ရုံသာ ဖြစ်သည်။ ဤအရာကို မသိရှိခြင်းသည် သင်၏တာဝန်ကို ပုံမှန်အတိုင်း ထမ်းဆောင်နိုင်စွမ်း၊ သင်၏ယုံကြည်ခြင်း၌ သမ္မာတရားကို လိုက်စားနိုင်စွမ်း သို့မဟုတ် အသင်းတော်အသက်တာကို အသက်ရှင်နေထိုင်နိုင်စွမ်းတို့အပေါ် သက်ရောက်မှုမရှိပေ၊ ယင်းသည် မည်သည့်အရာကိုမျှ သက်ရောက်မှုမရှိပေ။ ဤအရာကို မသိရှိခြင်းသည် ယုံကြည်သူတစ်ဦးအနေဖြင့် သမ္မာတရားကို လိုက်စားခြင်း သို့မဟုတ် ကယ်တင်ခြင်းကို ရရှိခြင်းတို့မှ သင့်ကို မတားဆီးပေ၊ သို့ဖြစ်လျှင် အဘယ်ကြောင့် စူးစမ်းမေးမြန်းရန် ဒုက္ခခံနေမည်နည်း။ “ညီအစ်ကိုမောင်နှမအများစုက မြို့ပြဒေသများကလား သို့မဟုတ် ကျေးလက်ဒေသများကလား။ သူတို့က ပညာတတ်များလား ဒါမှမဟုတ် ပညာမတတ်သူများလား” ဟူ၍ ဤအရာများကို သိခြင်းသည် အသုံးဝင်သလော။ (မဝင်ပါ။) ၎င်းတို့အားလုံး ကျေးလက်ဒေသများမှ ဖြစ်လျှင်ရော အဘယ်နည်း။ ပြီးလျှင် ၎င်းတို့အားလုံး မြို့ကြီးများမှ ဖြစ်လျှင်ရော အဘယ်နည်း။ ဤသည်မှာ သမ္မာတရားနှင့် မည်သို့မျှ မသက်ဆိုင်ပေ။ အချို့က “ယခု ဧဝံဂေလိအလုပ် ဘယ်လို ဖြန့်ဝေနေသနည်း” ဟု မေးကောင်းမေးနိုင်သည်။ ဤအကြောင်း အနည်းငယ် မေးမြန်းခြင်းသည် အဆင်ပြေသည်၊ သို့သော် အချို့လူတို့သည် သိလိုစိတ်ကြောင့် ဧဝံဂေလိအလုပ်သည် နိုင်ငံမည်မျှအထိ အတိအကျ ပျံ့နှံ့သွားပြီဖြစ်ကြောင်း အသေးစိတ် မေးမြန်းကြသည်၊ ယင်းမှာ မလိုအပ်ပေ။ ၎င်းတို့ ဤအရာကို သိခဲ့လျှင်ပင် ၎င်းတို့အပေါ် မည်သို့သော သက်ရောက်မှု ရှိမည်နည်း။ ထိုသို့သော အသေးစိတ် အချက်အလက်များကို သိရှိခြင်းက မည်သည့်အကျိုးကျေးဇူးကို သယ်ဆောင်လာမည်နည်း။ သင်သည် သမ္မာတရား လက်တွေ့ကျမှု မရှိပါက သင်သိခဲ့လျှင်ပင် ဆက်လက်၍ ရှိနေမည်မဟုတ်ပေ၊ ဤအသိပညာသည် သင်၏တာဝန်များကို ကောင်းစွာ ထမ်းဆောင်ရန် လုံးဝ ထောက်ကူမည်မဟုတ်သကဲ့သို့ သင်၏ အသက်ဝင်ရောက်မှုအတွက် မည်သည့်အထောက်အကူကိုမျှလည်း ပေးမည်မဟုတ်ပေ။ အချို့သော အထွေထွေရေးရာကိစ္စများအကြောင်းကို စုံစမ်းမေးမြန်းခြင်းမပြုဘဲ နေခြင်းသည် အဆင်ပြေသည်၊ အမှန်တကယ်တွင် မသိရှိခြင်းက ပိုကောင်းသည်။ အလွန်အကျွံ သိရှိခြင်းသည် ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်သည်။ ထိုသို့သော အချက်အလက်များ ပေါက်ကြားသွားသည်နှင့်တစ်ပြိုင်နက် ယင်းသည် ပြဿနာတစ်ခုနှင့် ပြစ်မှားခြင်းတစ်ခု ဖြစ်လာသည်။ ဤအရာများကို သိရှိခြင်းသည် မကောင်းပေ၊ သင် ပို၍သိလေ၊ ယင်းက ဒုက္ခ ပို၍ဖြစ်စေနိုင်လေ ဖြစ်သည်။ သမ္မာတရားကို နားလည်သောသူတို့သည် မည်သည့်အရာကို ပြောသင့်ပြီး မည်သည့်အရာကို မပြောသင့်သည်ကို သိကြသည်။ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ကင်းမဲ့သော မိုက်မဲသောသူတို့သည် စကားပြောဆိုသည့်အခါ ဘယ်သူက ကိုယ့်လူ၊ ဘယ်သူက သူစိမ်းမှန်း မသိဘဲ အဓိပ္ပာယ်မဲ့စကားများကိုသာ ပြောဆိုကြသည်။ သို့ဖြစ်၍ ဤကိစ္စရပ်များကို သမ္မာတရားကို နားမလည်သော အသင်းတော်ရှိ ထိုသူတို့ထံသို့ သတင်းမပို့သင့်ပေ။ ဤအရာများကို သိရှိခြင်းသည် မည်သည့်နည်းနှင့်မျှ အကျိုးကျေးဇူးများကို မသယ်ဆောင်လာပေ။ တစ်ချက်အနေဖြင့် ဤလူတို့သည် ပြဿနာများကို ဖြေရှင်းရာ၌ မကူညီနိုင်ပေ။ ဒုတိယအနေဖြင့် ၎င်းတို့သည် အသင်းတော်၏အလုပ်ကို မကာကွယ်နိုင်ပေ။ ပြီးလျှင် တတိယအနေဖြင့် ၎င်းတို့သည် ဘုရားအိမ်တော်အကြောင်း ကောင်းစွာ ပြောဆိုရန် မလိုအပ်ပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော် အားလုံးသည် သမ္မာတရားဖြစ်ပြီး ဘုရားသခင်၏ လုပ်ဆောင်ချက်အားလုံးသည် ဖြောင့်မတ်သည်၊ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ကင်းမဲ့သော ထိုမယုံကြည်သူများနှင့် ဘာသာတရားမရှိသူတို့ထံမှ မြှောက်ပင့်ဖားယားပြောခြင်း တစ်ခုခု လိုအပ်သေးသလော။ မလိုအပ်ပေ။ တစ်လောကလုံးရှိ သတ္တဝါတစ်ကောင်မျှ ဘုရားသခင်နောက်သို့ မလိုက်လျှောက်လျှင် သို့မဟုတ် ကိုယ်တော်ကို မကိုးကွယ်လျှင်ပင် ဘုရားသခင်၏ အဆင့်အတန်းနှင့် အနှစ်သာရသည် မပြောင်းလဲဘဲ ရှိနေမည်ဖြစ်သည်။ ဘုရားသခင်သည် ဘုရားသခင်သာဖြစ်သည်၊ ထာဝရ မပြောင်းလဲနိုင်၊ အခြေအနေများ ပြောင်းလဲခြင်း တစ်ခုခုကြောင့် မပြောင်းလဲပေ။ ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အဆင့်အတန်းသည် ထာဝရ မပြောင်းလဲပေ။ ဤသည်တို့မှာ ဘုရားသခင်ကို ယုံကြည်သောသူတို့ နားလည်သင့်သည့် သမ္မာတရားများ ဖြစ်ကြသည်။ ထိုမယုံကြည်သူများနှင့် ဘာသာတရားမရှိသူတို့သည် အတွင်းလူနှင့် အပြင်လူကို မခွဲခြားဘဲ ပြောဆိုပြုမူကြသည်၊ ၎င်းတို့ အလွန်အကျွံ သိရှိခြင်းသည် ဘုရားအိမ်တော်၏အလုပ်အတွက် အကျိုးရှိသလော။ ၎င်းတို့သည် ဘုရားအိမ်တော်၏ အလုပ်အကြောင်း သိရှိရန် လိုအပ်သလော။ ၎င်းတို့သည် ဤအသိပညာနှင့် မထိုက်တန်ပေ။ အချို့က “ဤကိစ္စရပ်များအားလုံးသည် လျှို့ဝှက်ချက်များဖြစ်ပြီး ထို့ကြောင့် ၎င်းတို့ကို သိရှိခွင့်မပြုနိုင်ခြင်းလော” ဟု မေးကောင်းမေးနိုင်သည်။ ဤအချိန်အထိ ဘုရားသခင်ကို ယုံကြည်ခဲ့ပြီးဖြစ်ရာ သင်တို့သည် ဤကိစ္စရပ်များတွင် လျှို့ဝှက်ချက်များ ပါဝင်သည်ဟု ထင်သလော။ (မထင်ပါ။) သို့သော် ဘုရားသခင် ရွေးချယ်ထားသောလူများသည် တည်ကြည်မှုနှင့် ဂုဏ်သိက္ခာကို ပိုင်ဆိုင်ကြသည်၊ ၎င်းတို့သည် ဘာသာတရားမရှိသူတို့၏ ဆွေးနွေးခြင်း သို့မဟုတ် လှောင်ပြောင်ခြင်းကို မခံရပေ။ ဘုရားအိမ်တော်၊ အသင်းတော်နှင့် ညီအစ်ကိုမောင်နှမများသည် အုပ်စုတစ်ခုအနေဖြင့်ဖြစ်စေ၊ တစ်ဦးချင်းအနေဖြင့်ဖြစ်စေ အားလုံး ဂုဏ်သိက္ခာ ရှိကြသည်၊ ၎င်းတို့အားလုံးသည် အပြုသဘောဆောင်ပြီး မည်သူမျှ ညစ်ညူးစေရန် မကြိုးပမ်းသင့်ပေ။ စာတန်များနှင့် နတ်ဆိုးတို့အား လက်လွတ်စပယ် ညစ်ညူးစေရန်နှင့် ပေါ့ပေါ့ဆဆ အသရေဖျက်ရန် သို့မဟုတ် ဘုရားအိမ်တော်၏ ဂုဏ်သတင်းကိုဖြစ်စေ၊ ညီအစ်ကိုမောင်နှမများ၏ ဂုဏ်သတင်းကိုဖြစ်စေ ထိခိုက်စေရန် နည်းလမ်းတစ်ခုဖြင့် ပြုမူသော မည်သူမဆိုသည် ကျိန်ခြင်းခံရသောသူ ဖြစ်သည်။ သို့ဖြစ်၍ အသင်းတော်သည် မိမိတို့၏ နှုတ်ကို မစောင့်စည်းနိုင်သောသူတို့၏ တည်ရှိမှုကို လုံးဝ ခွင့်မပြုပေ။ ဖော်ထုတ်သည်နှင့်တစ်ပြိုင်နက် ၎င်းတို့ကို ရှင်းလင်းပစ်ရမည်။ ဤချဉ်းကပ်နည်းသည် စည်းမျဉ်းများနှင့် ကိုက်ညီသလော။ (ကိုက်ညီပါသည်။)

လူအချို့သည် ညီအစ်ကိုမောင်နှမများနှင့် စကားပြောဆိုခြင်း၊ ဆက်သွယ်ခြင်း၊ ထိတွေ့ဆက်ဆံခြင်း သို့မဟုတ် ပေါင်းသင်းခြင်းတို့ ပြုလုပ်သည့်အခါ အထူးဂရုတစိုက်လုပ်ပြီး သတိထားကြသော်လည်း အိမ်ပြန်ရောက်သည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် ညီအစ်ကိုမောင်နှမများ၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကိုပင် ချန်မထားဘဲ အရာအားလုံးကို ဖွင့်ဟပြောဆိုသည့် ပါးစပ်မလုံသူများ ဖြစ်သွားကြရာ ၎င်းတို့၏ မိသားစုဝင်များ၊ ဘာသာတရား မရှိသူများနှင့် အမည်ခံယုံကြည်သူများသည် အသင်းတော်၏ ကိစ္စရပ်များအကြောင်း များစွာ သိရှိသွားကြသည်။ ထိုသို့သောလူသည် အတွင်းလူ၊ သစ္စာဖောက်၊ ယုဒတစ်ဦးဖြစ်ပြီး အသင်းတော်က ရှင်းလင်းပစ်သင့်သည့် လူစားမျိုး အတိအကျ ဖြစ်သည်။ ၎င်းတို့သည် အသင်းတော်၌ ကြာကြာနေလေ၊ ညီအစ်ကိုမောင်နှမများအကြောင်း သတင်းအချက်အလက်များကို ပို၍သိရှိလေ၊ သစ္စာဖောက်ခြင်းတွင် ပို၍ပါဝင်လေဖြစ်ပြီး ဘာသာတရားမရှိသူများ၏ နိုင်ကွက်အဖြစ် အသုံးချပြီး အသရေဖျက်ရန် အကြောင်းများ ပို၍ရှိလာလေ ဖြစ်လိမ့်မည်။ သင်သည် ၎င်းတို့က ဤသတင်းအချက်အလက်ကို ဘာသာတရားမရှိသူများ၏ လက်သို့အပ်မည်ကို မကြောက်ပါက ၎င်းတို့ကို ဆက်ထားလော့၊ သင်၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များနှင့် အသင်းတော်၏ အတွင်းရေးကိစ္စများကို ၎င်းတို့၏ နှုတ်မှတစ်ဆင့် ပျံ့နှံ့သွားစေရန် ဆန္ဒမရှိပါက သင်သည် ဤအတွင်းလူ သစ္စာဖောက်များကို အမြန်ဆုံး ရှင်းလင်းပစ်သင့်သည်။ ဤသို့ပြုလုပ်ခြင်းသည် သင့်လျော်သလော။ (ဟုတ်ပါသည်။) ထိုသို့သော လူပုဂ္ဂိုလ်များအပေါ် လုံးဝ ညှာတာထောက်ထားခြင်း မပြုသင့်ပေ၊ ၎င်းတို့သည် မည်သည့်စေတနာကောင်းကိုမျှ မသိုထားကြသကဲ့သို့ ၎င်းတို့ကိုယ်၌လည်း ကောင်းသောအရာ တစ်ခုမျှ မဟုတ်ကြပေ။ ထိုသို့သောလူများသည် ယခင်က ဖော်ပြခဲ့သော လူစားနှစ်မျိုးဖြစ်သည့် လက်စားချေလိုစိတ် ရှိသောသူများနှင့် အကျင့်ပျက်ပြီး ချုပ်တည်းမှုမရှိသောသူတို့နှင့် နှိုင်းယှဉ်လျှင် မည်သို့ရှိသနည်း။ ၎င်းတို့သည် ပိုကောင်းသလော သို့မဟုတ် ပိုဆိုးသလော။ (ပိုဆိုးပါသည်။) ဤလူပုဂ္ဂိုလ်များသည်လည်း မိမိတို့၏ တာဝန်များကို ထမ်းဆောင်ကောင်း ထမ်းဆောင်နိုင်သည်၊ အားထုတ်မှုအချို့ကို စိုက်ထုတ်ပြီး ဆင်းရဲဒုက္ခအချို့ကို ခံနိုင်ရည်ရှိကောင်း ရှိနိုင်သည်။ ၎င်းတို့သည် ဘုရားအိမ်တော်က ခိုင်းသမျှကို လုပ်ဆောင်နိုင်ပြီး ငြင်းဆန်မည်မဟုတ်ပေ၊ သို့သော် ပြဿနာတစ်ခုရှိသည်၊ ၎င်းတို့သည် ဘုရားအိမ်တော်အကြောင်း အရာအားလုံးကို ဘာသာတရားမရှိသူများထံ ဖွင့်ဟပြောဆိုကြသည်။ ၎င်းတို့သည် နေ့စဉ်နေ့တိုင်း သစ္စာဖောက်တစ်ဦး၊ အတွင်းလူ သစ္စာဖောက်တစ်ဦးအဖြစ် သရုပ်ဆောင်ကြသည်။ ဤအကြောင်းကြောင့်ပင် အသင်းတော်သည် ၎င်းတို့ကို သည်းမခံနိုင်ဘဲ ရှင်းလင်းပစ်ရမည်ဖြစ်သည်။ သင်နားလည်သလော။ (နားလည်ပါသည်။) ၎င်းတို့သည် အသင်းတော်အတွင်း ပျော်သည်ဖြစ်စေ မပျော်သည်ဖြစ်စေ၊ မည်သူက ၎င်းတို့ကို ရန်စသည်ဖြစ်စေ၊ မည်သူက ၎င်းတို့နှင့် အဆင်ပြေသည်ဖြစ်စေ၊ ၎င်းတို့သည် အသင်းတော်ခေါင်းဆောင်များအဖြစ် ရွေးကောက်တင်မြှောက်ခံရသည်ဖြစ်စေ သို့မဟုတ် ဖြုတ်ချခံရသည်ဖြစ်စေ မည်သည့်အရာပင် ဖြစ်ပျက်ပါစေ အသေးစိတ်အချက်တိုင်းကို ၎င်းတို့၏ မယုံကြည်သော မိသားစုဝင်များနှင့် အစဉ်အမြဲ ဝေကို ဝေမျှရမည်သာ ဖြစ်သည်။ အသင်းတော်၏ အတွင်းရေးအခြေအနေကို မိမိတို့၏ ဘာသာတရားမရှိသော မိသားစုဝင်များနှင့် ဘာသာတရားမရှိသူများ ချက်ချင်း အသိပေးခံရပြီး အချိန်နှင့်တပြေးညီ သိရှိနားလည်စေရန် ၎င်းတို့က သေချာစေသည်။ ထိုသို့သော လူပုဂ္ဂိုလ်များအတွက် သင်သည် ၎င်းတို့အား မည်သည့်မျက်နှာသာပေးမှုကိုမျှ သို့မဟုတ် မည်သည့်သနားကြင်နာမှုကိုမျှ လုံးဝ မပြရပေ၊ တစ်ဦးကို တွေ့ရှိသည်နှင့် ရှင်းလင်းပစ်လော့။ ဤချဉ်းကပ်နည်းသည် မည်သို့ရှိသနည်း။ (သင့်လျော်ပါသည်။) ဤသို့ပြုလုပ်ခြင်းသည် ရက်စက်ရာကျပါသလော။ (မကျပါ။) ယင်းမှာ ရက်စက်ခြင်း မဟုတ်ပေ။ သင်သည် ၎င်းတို့ကို ညီအစ်ကိုမောင်နှမများအဖြစ် ဆက်ဆံသော်လည်း ၎င်းတို့သည် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို သို့မဟုတ် ညီအစ်ကိုမောင်နှမများ၏ အကျိုးစီးပွားများကို လုံးဝ မကာကွယ်ကြပေ။ ထိုအစား ၎င်းတို့သည် ဘုရားအိမ်တော်၏ အကျိုးစီးပွားများနှင့် ညီအစ်ကိုမောင်နှမများကို အချိန်တိုင်း သစ္စာဖောက်ကြသည်။ သင်သည် ၎င်းတို့ကို မိသားစုဟု မှတ်ယူသော်လည်း ၎င်းတို့က သင့်ကို မိသားစုဟု မှတ်ယူသလော။ (မယူပါ။) သို့ဆိုလျှင် ၎င်းတို့ကို မျက်နှာသာမပေးနှင့်၊ ၎င်းတို့ကို ရှင်းလင်းပစ်ရန် လိုအပ်ပါက ရှင်းလင်းပစ်လော့။ ယခုအချိန်အထိ သင်တို့သည် ထိုသို့သော လူပုဂ္ဂိုလ်များကို ကြုံတွေ့ဖူးသလော။ (ကြုံတွေ့ဖူးပါသည်။ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများအကြောင်း အရာအားလုံးကို ၎င်းတို့၏ မိသားစုဝင်များနှင့် ဝေမျှခဲ့ပြီး တစ်ခါတစ်ရံတွင် အသင်းတော်အတွင်းရှိ အချို့သောကိစ္စရပ်များနှင့် တိကျသော စီစဉ်မှုများကိုလည်း ၎င်းတို့၏ မိသားစုဝင်များအား အခွင့်ရလျှင်ရချင်း အသိပေးခဲ့ပါသည်။ ထို့နောက် ၎င်းတို့၏ မိသားစုဝင်များသည် အသင်းတော်အကြောင်း နောက်ကွယ်တွင် အတင်းအဖျင်းပြောရန်အတွက် အပြစ်ရှာဖွေခဲ့ပါသည်။) ဤလူပုဂ္ဂိုလ်များသည် ရှင်းလင်းပစ်ခြင်း ခံခဲ့ရပြီးပြီလော။ (ခံခဲ့ရပြီးပါပြီ။) ရှင်းလင်းပစ်ခြင်းခံရပြီးနောက် ၎င်းတို့ မကျေမနပ် ပြောဆိုခဲ့ကြသလော။ ၎င်းတို့က “ငါသည် မည်သည့်အရာမျှ မလုပ်ခဲ့ပါ၊ ဤသည်မှာ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ချိုးဖောက်ခြင်း မဟုတ်သကဲ့သို့ ငါသည် အဖျက်အမှောင့်လုပ်ခြင်းများ သို့မဟုတ် နှောင့်ယှက်ခြင်းများကိုလည်း မဖြစ်စေခဲ့ပါ၊ သို့ဖြစ်ပါလျက် အဘယ်ကြောင့် ငါ ရှင်းလင်းပစ်ခြင်း ခံခဲ့ရသနည်း” ဟု တွေးထင်လျက် တရားမမျှတဟု ခံစားရနိုင်ပေသည်။ ၎င်းတို့၏ လုပ်ရပ်များ၏ သဘောသဘာဝသည် အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများ ဖြစ်စေခြင်းထက် ပို၍ ဆိုးရွားသည်ဟု သင်တို့ထင်သလော။ (ဆိုးရွားပါသည်။) ထိုသို့သောလူများကို ကယ်တင်နိုင်သေးသလော။ ၎င်းတို့ ပြောင်းလဲရန် လွယ်ကူသလော။ (မလွယ်ကူပါ။) အဘယ်ကြောင့် လွယ်ကူမည်မဟုတ်ဟု သင်တို့ ပြောဆိုကြသနည်း။ မည်သည့်ရှုထောင့်က ၎င်းတို့ ပြောင်းလဲရန် ခက်ခဲကြောင်း ပြသနေသနည်း။ (၎င်းတို့သည် ဘုရားအိမ်တော်၏ အစိတ်အပိုင်း မဟုတ်ကြပါ၊ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများ မဟုတ်ကြပါ၊ ၎င်းတို့၏ အနှစ်သာရမှာ မယုံကြည်သူများနှင့် ဘာသာတရားမရှိသူများ၏ အနှစ်သာရ ဖြစ်ပါသည်။) ဤသည်မှာ ၎င်းတို့၏ အနှစ်သာရ ဖြစ်သည်။ သို့ဆိုလျှင် ၎င်းတို့သည် ဘာသာတရားမရှိသူများနှင့် မယုံကြည်သူများ ဖြစ်ကြောင်းကို သင်တို့ မည်သို့ ပြောနိုင်သနည်း။ (အသင်းတော်၌ ၎င်းတို့ မည်သို့သော စိတ်ခံစားချက်များ ရှိသည်ဖြစ်စေ ၎င်းတို့၏ မိသားစုထံတွင် ဖွင့်ထုတ်ကြသည်၊ ယင်းက မည်သည့်အရာပင် ဖြစ်ပျက်ပါစေ ၎င်းတို့သည် သင်ခန်းစာတစ်ခုတလေ ယူရန် မဆိုထားနှင့် ထိုအရာကို ဘုရားသခင်ထံမှ မခံယူကြောင်းကို ညွှန်ပြနေသည်။ ထိုသို့သောလူများသည် ဘုရားသခင်၏ အမှုတော်ကို မတွေ့ကြုံကြသကဲ့သို့ သမ္မာတရားကိုလည်း လက်မခံကြပါ၊ ထို့ကြောင့် ၎င်းတို့၏ အနှစ်သာရမှာ မယုံကြည်သူများ၏ အနှစ်သာရ ဖြစ်ပါသည်။) ၎င်းတို့၏ ဤအနှစ်သာရကို ရှင်းလင်းစွာ ပြောပြီးဖြစ်သည်။ ၎င်းတို့သည် မိမိတို့၏ စိတ်ခံစားချက်များကို မိမိတို့၏ မိသားစုထံတွင် ဖွင့်ထုတ်ကြပြီး အရာအားလုံးကို မိမိတို့၏ စိတ်ခံစားချက်များအပေါ် အခြေခံ၍ သဘောထားပြုမူကြသည်။ ၎င်းတို့သည် ဘုရားအိမ်တော်၏ အစိတ်အပိုင်းမဟုတ်ဘဲ ဘုရားအိမ်တော်ထဲသို့ ခိုးဝင်လာသော ဘာသာတရားမရှိသူများဖြစ်ကြောင်းကို သင်တို့ မည်သို့ ပြောနိုင်သနည်း။ (အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် သစ္စာဖောက်များနှင့် အတွင်းလူ သစ္စာဖောက်များအဖြစ် ပြုမူလျက် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို သစ္စာဖောက်နိုင်သောကြောင့် ဖြစ်ပြီး အခြေခံအားဖြင့် ၎င်းတို့သည် ဘုရားအိမ်တော်၏ အလုပ်နှင့် အကျိုးစီးပွားများကို ကာကွယ်သောလူများ မဟုတ်သောကြောင့် ဖြစ်ပါသည်။ သို့ဖြစ်၍ ဤလူပုဂ္ဂိုလ်များသည် ဘုရားအိမ်တော်နှင့် တစ်စိတ်တစ်ဝမ်းတည်း မဟုတ်ကြပါ။) ဤရှင်းပြချက်သည် ကွက်တိ တိကျမှန်ကန်ခြင်း မရှိချေ။ ငါ ရှင်းပြမည်။ ဤလူပုဂ္ဂိုလ်များသည် အသင်းတော်အသက်တာတွင် ပါဝင်ပြီး မိမိတို့၏ တာဝန်များကို ထမ်းဆောင်ကြသော်လည်း ၎င်းတို့သည် ညီအစ်ကိုမောင်နှမများကို မိမိတို့၏ မိသားစုအဖြစ် တစ်ခါမျှ မှတ်ယူခဲ့ဖူးသလော။ ရိုးရိုးစကားဖြင့်ဆိုသော် ၎င်းတို့သည် ညီအစ်ကိုမောင်နှမများကို မိမိတို့၏ လူရင်းများအဖြစ် မှတ်ယူခဲ့ဖူးပါသလော။ (မယူဖူးပါ။) သို့ဆိုလျှင် ၎င်းတို့သည် ညီအစ်ကိုမောင်နှမများကို မည်သို့ မှတ်ယူကြသနည်း။ (သူစိမ်းများအဖြစ် မှတ်ယူပါသည်။) မှန်ပေသည်၊ အပြင်လူများအဖြစ်၊ ရန်သူများအဖြစ် မှတ်ယူကြသည်။ သို့ဆိုလျှင် ၎င်းတို့သည် ဘုရားအိမ်တော်နှင့် အသင်းတော်ကို မည်သို့ မှတ်ယူကြသနည်း။ ယင်းမှာ ၎င်းတို့အတွက် အလုပ်ခွင်တစ်ခုမျှသာ မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့သည် ဘုရားအိမ်တော်နှင့် အသင်းတော်ကို ဘာသာတရားမရှိသည့်လောက၏ ကုမ္ပဏီများ သို့မဟုတ် အဖွဲ့အစည်းများသဖွယ် မှတ်ယူကြပြီး ညီအစ်ကိုမောင်နှမများကို သူစိမ်းများအဖြစ်၊ သတိထားရှောင်ရမည့်သူများအဖြစ်၊ ရန်သူများအဖြစ် ရှုမြင်ကြသည်။ သို့ဖြစ်၍ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများအကြောင်း အမျိုးမျိုးသော သတင်းအချက်အလက်များနှင့် အမျိုးမျိုးသော တကယ့်အခြေအနေများကို အခြေခံအားဖြင့် ဘုရားသခင်ကို မယုံကြည်သောသူတို့ထံ အလွယ်တကူ ဖွင့်ဟပြောဆိုနိုင်သည်။ ဤဘာသာတရားမရှိသူများသည် မည်သည့်ကောင်းသောစကားကိုမျှ ပြောဆိုမည်မဟုတ်ကြောင်းနှင့် ညီအစ်ကိုမောင်နှမများကိုပင် ကဲ့ရဲ့ရှုတ်ချနိုင်ပြီး ဘုရားအိမ်တော်ကို သိက္ခာချနိုင်ကြောင်းကို ၎င်းတို့ သိရှိကြသည်၊ ဤအရာအားလုံးကို ၎င်းတို့ သိရှိကြသည့်တိုင် ညီအစ်ကိုမောင်နှမများ၏ အခြေအနေများနှင့် အသင်းတော်၏ အခြေအနေများကို ဤဘာသာတရားမရှိသူများထံ ခြွင်းချက် စိုးစဉ်းမျှမရှိဘဲ မဆင်မခြင် ထုတ်ဖော်ပြောဆိုနေကြဆဲ ဖြစ်သည်။ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများကို သူစိမ်းများအဖြစ်၊ ရန်သူများအဖြစ် ရှုမြင်ကြသည်မှာ သိသာထင်ရှားသည်၊ ပြီးလျှင် မည်သည့်မကျေနပ်စရာကိစ္စမဆို ပေါ်ပေါက်သည့်အခါတိုင်း ၎င်းတို့သည် ဘာသာတရားမရှိသူများနှင့် ချက်ချင်းပူးပေါင်းပြီး ညီအစ်ကိုမောင်နှမများကို နောက်ကွယ်တွင် လှောင်ပြောင်ရန်၊ သိက္ခာချရန်နှင့် ဆန့်ကျင်ပြုမူရန် လုပ်ဆောင်ကြကာ ထိုသို့ဖြင့် မိမိတို့၏ ကိုယ်ပိုင်ဆန္ဒများကို ဖြည့်ဆည်းကြသည်။ ၎င်းတို့သည် အသင်းတော်၌ မည်သည့်ညီအစ်ကိုဖြစ်စေ၊ မည်သည့်ညီအစ်မကိုဖြစ်စေ ဝေဖန်ခြင်းသည် လက်တွေ့မကျဟု ခံစားရသည်၊ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် အသင်းတော်၏ ကိစ္စရပ်များ သို့မဟုတ် ညီအစ်ကိုမောင်နှမများအကြောင်းကို ညီအစ်ကိုမောင်နှမများ၏ ရှေ့မှောက်၌ ဆွေးနွေးပါက ၎င်းတို့အတွက် အဆင်မပြေဖြစ်စေမည့် အကျိုးဆက်များကို ခံရမည်ဟု ခံစားရသောကြောင့် ဖြစ်သည်။ သို့သော် ဤကိစ္စရပ်များကို ၎င်းတို့၏ မိသားစုနှင့် ဆွေးနွေးခြင်းသည် မည်သည့်အကျိုးဆက်ကိုမျှ ခံစရာမလိုဘဲ ၎င်းတို့၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ စိတ်လိုက်မာန်ပါဖြစ်ခြင်း၊ လိုအင်ဆန္ဒများနှင့် စိတ်ခံစားချက်များကို လုံးဝကျေနပ်စေသည်၊ အမှန်တွင် မိသားစုသည် မိသားစုဖြစ်သည့်အတွက် ၎င်းတို့ကို သစ္စာဖောက်မည် မဟုတ်သောကြောင့် ဖြစ်သည်။ သို့သော် ညီအစ်ကိုမောင်နှမများနှင့်မူ ထိုသို့မဟုတ်ပေ၊ ထိုလူများသည် ၎င်းတို့ကို အချိန်မရွေး၊ နေရာမရွေး တိုင်ကြားနိုင်သည်၊ ဖော်ထုတ်နိုင်သည်၊ ပြုပြင်နိုင်သည့်အပြင် ၎င်းတို့၏ တာဝန်များနှင့် ရာထူးများကိုပင် ဆုံးရှုံးစေနိုင်သည်။ သို့ဖြစ်၍ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများကို မိမိတို့၏ ရန်သူများအဖြစ် ရှုမြင်သည်ဟု ဆိုခြင်းမှာ လုံးဝ မမှားပေ။ ရန်သူဆိုသည်မှာ သတိထားစောင့်ကြည့်ရမည့်သူတစ်ဦး ဖြစ်သည်။ သို့ဖြစ်၍ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများကို စကားမပြောချေ၊ မိတ်သဟာယဖွဲ့ခြင်း သို့မဟုတ် ၎င်းတို့ထံ မည်သည့်အရာကိုမျှ ဖော်ထုတ်ပြောဆိုခြင်း မရှိကြပေ။ ထိုအစား ၎င်းတို့သည် နေအိမ်၌ မိမိတို့၏ ဘာသာတရားမရှိသော မိသားစုဝင်များနှင့် “အသင်းတော်အသက်တာကို အသက်ရှင်ကြသည်”၊ ထိုနေရာတွင် ၎င်းတို့သည် အရာအားလုံးကို ဝေမျှပြီး ရင်ဖွင့်ကြသည်။ ၎င်းတို့သည် မိမိတို့၏ အတွေးအခေါ်များ၊ ထင်မြင်ချက်များ၊ ခံပြင်းမှုများ၊ မကျေနပ်မှုများနှင့် မိမိတို့၏ လွဲချော်သော အမြင်အားလုံးကို မည်သည့်စိုးရိမ်ကြောင့်ကြမှုမျှမရှိဘဲ ခြွင်းချက်မရှိ ဖော်ပြပြောဆိုကြပြီး ထိုသို့ပြုလုပ်ခြင်းဖြင့် စိတ်လွတ်လပ်မှုကို ရှာဖွေကာ ပျော်မွေ့ကြသည်။ ၎င်းတို့၏ မိသားစုဝင်များသည် ၎င်းတို့ကို မထီမဲ့မြင်ပြုမည့်အစား ကူညီပြီး ပူးပေါင်းဆောင်ရွက်ကြသည်။ ၎င်းတို့သာ အသင်းတော်၌ ဤသို့ပြောဆိုခဲ့ပါက မယုံကြည်သူများအဖြစ် ၎င်းတို့၏ စစ်မှန်သောသဘာဝသည် အပြည့်အဝ ဖော်ထုတ်ခြင်းခံရမည်ဖြစ်ပြီး အသင်းတော်သည် ၎င်းတို့ကို ရှင်းလင်းပစ်ရမည်ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် ညီအစ်ကိုမောင်နှမများကို မိသားစုအဖြစ်မဟုတ်ဘဲ ရန်သူများအဖြစ် ရှုမြင်ကြသည်။ ဤသည်မှာ ရှုထောင့်တစ်ရပ် ဖြစ်သည်။ အခြားရှုထောင့်တစ်ခုမှာမူ ၎င်းတို့သည် မိမိတို့ကိုယ်ကို အသင်းတော်၏ အစိတ်အပိုင်းတစ်ခုအဖြစ် မည်သည့်အခါမျှ မမှတ်ယူကြခြင်း ဖြစ်သည်၊ သို့ဖြစ်၍ အသင်းတော်၌ ဖြစ်ပျက်သည့် မည်သည့်အရာမဆို၊ ဘာသာရေးလောကမှ အသရေဖျက်ခြင်းနှင့် ပြစ်မှားစော်ကားခြင်းဖြစ်စေ၊ ဘာသာတရားမရှိသူများထံမှ အခြေအမြစ်မရှိသော ကောလာဟလများနှင့် လှောင်ပြောင်ခြင်းဖြစ်စေ၊ သို့မဟုတ် နိုင်ငံတော်အစိုးရ၏ အမှုဆင်ခြင်းနှင့် ညှဉ်းပန်းနှိပ်စက်ခြင်းဖြစ်စေ ၎င်းတို့အတွက် ပုဂ္ဂိုလ်ရေးအရ မသက်ဆိုင်သကဲ့သို့ အရေးမပါပေ။ ၎င်းတို့ အမှန်တကယ် ဤသို့ခံစားခဲ့ရသည်ဟု ယူဆကြည့်ပါစို့။ “အသင်းတော်၏ ပုံရိပ်သည် ထိခိုက်ပျက်စီးပြီး ဘုရားသခင်၏ နာမတော်သည် ဂုဏ်သရေညှိုးနွမ်းပါက ယုံကြည်သူများအဖြစ် ကျွန်ုပ်တို့၏ ဂုဏ်သိက္ခာသည် ပြင်းထန်စွာ စိန်ခေါ်ခံရသည်။ ဤအကြောင်းကြောင့် ကျွန်ုပ်သည် အသင်းတော်ကိစ္စများ သို့မဟုတ် ဘုရားအိမ်တော်၏ အရေးကိစ္စများကို ဘာသာတရားမရှိသူများအား အတင်းပြောဆိုစေရန်နှင့် ရယ်မောစေရန် မည်သည့်အခါမျှ ဆွေးနွေးမည်မဟုတ်ပါ။ မိမိကိုယ်ကို ကာကွယ်ရန်အတွက်ပင် ဘုရားအိမ်တော်၏ အရေးကိစ္စများကို ကျွန်ုပ်၏ ဘာသာတရားမရှိသော မိသားစုဝင်များနှင့် ပေါ့ပေါ့ဆဆ ပြောဆိုမည်မဟုတ်ပါ” ဟူ၍ ဖြစ်သည်။ ၎င်းတို့တွင် ထိုသို့သော အသိတရားရှိခဲ့ပါက ၎င်းတို့သည် မိမိတို့၏ နှုတ်ကို စောင့်စည်းနိုင်ကြမည် မဟုတ်လော။ သို့ဆိုလျှင် ၎င်းတို့သည် အဘယ်ကြောင့် ဤသို့ မလုပ်ဆောင်နိုင်ကြသနည်း။ ၎င်းတို့သည် အခြေခံအားဖြင့် မိမိတို့ကိုယ်ကို ဘုရားအိမ်တော်၏ အစိတ်အပိုင်းတစ်ခုအဖြစ် မမှတ်ယူကြသကဲ့သို့ မိမိတို့ကိုယ်ကို ယုံကြည်သူများအဖြစ်လည်း မမှတ်ယူကြသည်မှာ ရှင်းလင်းပေသည်။ အချို့လူများက “သင်၏ စကားများသည် မမှန်ကန်ပါ။ ၎င်းတို့သည် မိမိတို့ကိုယ်ကို ဘုရားအိမ်တော်၏ အစိတ်အပိုင်းတစ်ခုအဖြစ် မမှတ်ယူပါက အဘယ်ကြောင့် စုဝေးပွဲများသို့ လာနေကြဦးမည်နည်း” ဟု ပြောဆိုကြသည်။ ဘုရားသခင်ကို ယုံကြည်သောသူတို့တွင် လူအမျိုးမျိုး ရှိကြသည်။ ဤအကြောင်းကို ငါတို့ ယခင်က မိတ်သဟာယ မဖွဲ့ခဲ့ဖူးသလော။ အမျိုးမျိုးသော မလျော်ကန်သည့် စေ့ဆော်မှုများနှင့် ရည်ရွယ်ချက်များဖြင့် ဘုရားသခင်ကို ယုံကြည်ရန် လာကြသောသူများစွာ ရှိကြပြီး ဤသည်မှာ ထိုသို့သော အမျိုးအစားတစ်ခု ဖြစ်သည်။ အပျော်သက်သက်အတွက်ဖြစ်စေ၊ ပျင်းရိငြီးငွေ့မှုကို ဖြေဖျောက်ရန်ဖြစ်စေ၊ ဝိညာဉ်ရေးရာ ခွန်အားကို ရှာဖွေရန်ဖြစ်စေ ဘုရားသခင်ကို ယုံကြည်ခြင်းသည် ထိုသို့သော မယုံကြည်သူများ၌ အဖြစ်များသည် မဟုတ်လော။ ထိုသို့သောလူများကို များစွာ တွေ့နိုင်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့သည် မိမိတို့ကိုယ်ကို ဘုရားသခင်ကို ယုံကြည်သူများအဖြစ်ပင် အသိအမှတ်မပြုကြပေ။ အသင်းတော်၏ အလုပ်အားလုံးနှင့် မိမိတို့၏ တာဝန်များကို ထမ်းဆောင်နေကြသော ဘုရားသခင် ရွေးချယ်ထားသည့်လူများသည် ၎င်းတို့အတွက် အရေးမပါသည်မှာ ပြောစရာမလိုပေ၊ ၎င်းတို့သည် ထိုအရာများကို ဂရုမစိုက်ကြပေ။ သို့ဖြစ်၍ ၎င်းတို့သည် အသင်းတော်၏ အလုပ်အခြေအနေ၊ အသင်းတော်၏ အတွင်းရေးကိစ္စများနှင့် ညီအစ်ကိုမောင်နှမများကြားတွင် ဖြစ်ပေါ်သည့် မည်သည့်ပြဿနာကိုမဆို ဘာသာတရားမရှိသူများနှင့် ပေါ့ပေါ့ဆဆ ပေါ့ပေါ့တန်တန် ဆွေးနွေးနိုင်ကြသည်။ ၎င်းတို့ ပြောဆိုပြီးသည့်နောက်တွင် ဘာသာတရားမရှိသူများသည် အတင်းအဖျင်းပြောခြင်း၊ အသရေဖျက်ခြင်းနှင့် သရော်ခြင်းတို့ကို ဆက်လက်ပြုလုပ်ကြသော်လည်း ယင်းက ၎င်းတို့ကို စိုးစဉ်းမျှ စိတ်အနှောင့်အယှက် မဖြစ်စေပေ။ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများကို ဆဲဆိုကြိမ်းမောင်းရာတွင်၊ ဘုရားအိမ်တော်ကို ဝေဖန်ရာတွင်၊ ဘုရားအိမ်တော်၏ အလုပ်နှင့် အလုပ်အစီအစဉ်များအပေါ် မှတ်ချက်ပေးရာတွင် ဘာသာတရားမရှိသူများနှင့်ပင် ပူးပေါင်းကောင်း ပူးပေါင်းကြလိမ့်မည်။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်သူများလော။ (မဟုတ်ပါ။) စစ်မှန်သော ယုံကြည်သူတစ်ဦးသည် ဤပုံစံဖြင့် မည်သည့်အခါမျှ ပြုမူမည်မဟုတ်ပေ။ မိမိတို့၏ ကိုယ်ပိုင်ဂုဏ်သိက္ခာနှင့် အကျိုးစီးပွားများကို ကာကွယ်ခြင်းငှာဖြစ်လျှင်ပင် ၎င်းတို့သည် ကျွေးသောလက်ကို ပြန်ကိုက်ပြီး အသင်းတော်ပြင်ပရှိသူများနှင့် ပူးပေါင်းမည်မဟုတ်ပေ။ ဤသို့မဟုတ်လော။ (ဟုတ်ပါသည်။) ထို့ကြောင့် ထိုသို့သော လူပုဂ္ဂိုလ်များသည် ရှင်းလင်းပစ်ရမည့် ဆိုးယုတ်သောလူများနှင့် မယုံကြည်သူများ ဖြစ်ကြသည်။ ၎င်းတို့ကို စောစီးစွာ ရှင်းလင်းပစ်လေ၊ အသင်းတော်သည် စောစီးစွာ ငြိမ်သက်ခြင်းကို ရရှိလေ ဖြစ်လိမ့်မည်။

သင်တို့အကြောင်း ပြောကြစို့။ ဥပမာအားဖြင့် သင်၏ မိဘများသည် ဘုရားသခင်ကို မယုံကြည်လျှင် သို့မဟုတ် သင်၏ မွေးချင်းများ သို့မဟုတ် အရင်းနှီးဆုံး မိတ်ဆွေများသည် ဘုရားသခင်ကို မယုံကြည်သော်လည်း သင်၏ ယုံကြည်ခြင်းကို မဆန့်ကျင်ဘဲ အမှန်တကယ်တွင် အတော်အတန် ထောက်ခံကြပါက သင်သည် အသင်းတော်၌ ဖြစ်ပျက်သမျှအရာအားလုံးအကြောင်းကို ၎င်းတို့အား ပြောဆိုမည်လော။ သင်၏ အမျိုးသမီးမိတ်ဆွေတစ်ဦးက “သင်တို့အသင်းတော်တွင် လက်တွဲဖော်ရှာနေသည့် အမျိုးသားများ ရှိသလား။ အထူးသဖြင့် ဟန်ဆောင်မှုကင်းပြီး အရပ်ရှည်၊ ချမ်းသာကာ ရုပ်ချောသည့်သူများ ရှိသလား” ဟု မေးသည်ဆိုပါစို့။ ဘာသာတရားမရှိသူများထဲမှ အကျင့်ကောင်းသောလူအချို့သည်လည်း ၎င်းတို့၏ နေ့ရက်များကို အတူကုန်ဆုံးရန် အကျင့်ကောင်းသော လက်တွဲဖော်တစ်ဦးကို ရှာဖွေလိုကြသည်။ သင်၏ အမျိုးသမီးမိတ်ဆွေသည် ဘုရားသခင်ကို ယုံကြည်သောသူတစ်ဦးကို ရှာဖွေလိုသည်၊ သို့ဆိုလျှင် သင်သည် သူမအား ပြောပြလိုစိတ် ရှိမည်လော။ (မရှိပါ။) သင်သည် သူမအား ဤသို့ပြောသင့်သည်၊ “သင်၏ ယုံကြည်သူများအပေါ် နှစ်သက်ခင်မင်မှုသည် အသုံးမဝင်ပါ။ သင်သည် ဘာသာမဲ့တစ်ဦးဖြစ်ပြီး အခြေခံအားဖြင့် ယုံကြည်သူများနှင့် သဟဇာတမဖြစ်ပေ။ သင်တို့တွင် စိတ်တူကိုယ်တူဖြစ်ခြင်း မရှိ၊ သင်တို့သည် မတူညီသောလမ်းကြောင်းများကို လျှောက်လှမ်းကြသည်။ အလွန်အကြူး ပြင်ဆင်ဝတ်စားထားသော သင့်ကိုယ်သင် ကြည့်ပါဦး။ ကျွန်ုပ်တို့အသင်းတော်ရှိ မည်သည့်ညီအစ်ကိုက သင့်ကို နှစ်သက်မည်နည်း” ဟူ၍ ဖြစ်သည်။ သင်သည် သူမကို အထင်မကြီးပေ၊ သို့ဆိုလျှင် သင်သည် သူမအား အသင်းတော်ကိစ္စများအကြောင်း ပြောဆိုနိုင်မည်လော။ (မပြောနိုင်ပါ။) စကားအနည်းငယ်ပြောပြီးသည်နှင့် လုံးဝကွဲပြားခြားနားသော အမြင်ရှုထောင့်များဖြင့် စကားဝိုင်းသည် ပျက်သွားလိမ့်မည်။ အချို့ဘာသာတရားမရှိသူများသည် ယုံကြည်သူများအပေါ် အကောင်းမြင်လျှင်ပင် သင်သည် ယုံကြည်သူတစ်ဦးဖြစ်လာပြီးနောက် ၎င်းတို့သည် သင်နှင့် မိတ်ဆွေအဖြစ် ဆက်လက်ထိန်းသိမ်းထားလျှင်ပင် သင်သည် အသင်းတော်၏ အတွင်းရေးကိစ္စများ သို့မဟုတ် သင်၏ တာဝန်များကို ထမ်းဆောင်ရာတွင် ကြုံတွေ့ရသော အခက်အခဲများကို ၎င်းတို့နှင့် ဝေမျှလိုစိတ် ရှိမည်လော။ (မရှိပါ။) ၎င်းတို့သည် ဘုရားသခင်အပေါ် သင်၏ ယုံကြည်ခြင်းကို ထောက်ခံလျှင်ပင် အသင်းတော်ကိစ္စများကို ၎င်းတို့နှင့် ဆွေးနွေးခြင်းသည် အဘယ်အသုံးဝင်မည်နည်း။ ဥပမာအားဖြင့် အချို့ညီအစ်ကိုမောင်နှမများသည် ယုဒများမဖြစ်ဘဲ အဆင်းနီသော နဂါးကြီး၏ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် စစ်ဆေးမေးမြန်းခြင်းကို ကြံ့ကြံ့ခံခဲ့ကြသည်။ ဤသည်မှာ ဘာသာတရားမရှိသူများပင် လေးစားအားကျရသော သက်သေခံချက်တစ်ခုဖြစ်သည်။ သင်သည် ဤအရာကို ၎င်းတို့နှင့် ဝေမျှလိုစိတ် ရှိမည်လော။ (မရှိပါ။) သင်သည် အဘယ်ကြောင့် ဤအကြောင်းကို ဆွေးနွေးလိုစိတ် မရှိမည်နည်း။ (ထိုသို့သောကိစ္စရပ်များသည် ၎င်းတို့နှင့် မသက်ဆိုင်ပါ၊ ပြီးလျှင် ၎င်းတို့သည် ဤအတွေ့အကြုံဆိုင်ရာ သက်သေခံချက်များကို နားလည်နိုင်မည်မဟုတ်ပါ။) ၎င်းတို့သည် နားလည်နိုင်မည်မဟုတ်ပေ။ ဤကိစ္စရပ်များကို ဆွေးနွေးခြင်းက မည်သည့်အပျက်သဘောဆောင်သော အကျိုးသက်ရောက်မှုများ ရှိနိုင်သနည်း။ (၎င်းတို့သည် ထိုအစား အသင်းတော်ကို ဝေဖန်ခြင်းဖြင့် အဆုံးသတ်သွားနိုင်ပါသည်။) ၎င်းတို့သည် “သင်တို့သည် အဘယ်ကြောင့် ဤသို့ ဒုက္ခခံနေကြသနည်း။ အဘယ်ကြောင့် နိုင်ငံတော်အစိုးရကို ဆန့်ကျင်နေကြသနည်း” ဟု ဝေဖန်ကြလိမ့်မည်။ ကြည့်လော့၊ မှတ်ချက်တစ်ခုတည်းက ၎င်းတို့၏ သဘာဝကို ဖော်ထုတ်နိုင်သည်။ ဤသည်ကို နိုင်ငံတော်အစိုးရကို ဆန့်ကျင်ခြင်းဟု မည်သို့ မှတ်ယူနိုင်မည်နည်း။ တိုင်းပြည်ကို အုပ်စိုးနေသော နတ်ဆိုးအုပ်စိုးရှင်များသည် ဘုရားသခင် ရွေးချယ်ထားသောလူများကို ဆိုးရွားစွာ ဒုက္ခပေးပြီး ၎င်းတို့အား အသက်ရှင်ရန် နည်းလမ်းမရှိအောင် ထားခဲ့သည်မှာ ရှင်းလင်းပေသည်။ ၎င်းတို့သည် ဤအရာကို မျက်မြင်တွေ့ရှိသည့်အခါပင် မသိချင်ယောင်ဆောင်ကြသည်။ ၎င်းတို့သည် အမှန်တရားကို ပြောင်းပြန်လှန်ပြီး အဖြစ်မှန်များကို လိုရာဆွဲ ပြောဆိုကြသည်မှာ သိသာထင်ရှားပေသည်။ သင်သည် ၎င်းတို့နှင့် အခြားမည်သည့်အရာကို ဆွေးနွေးနိုင်ဦးမည်နည်း။ သင်သည် ဘုရားသခင်ကို ယုံကြည်ခြင်းနှင့်သက်ဆိုင်သည့် မည်သည့်အရာကိုမျှ ၎င်းတို့အား မပြောဆိုနိုင်ပေ၊ ဤအကြောင်းနှင့်ပတ်သက်၍ မည်သည့်အရာကိုမျှ ၎င်းတို့အား သိခွင့်မပြုနိုင်ပေ။ မိမိတို့၏ နှုတ်ကို မစောင့်စည်းနိုင်သောသူတို့သည် အသင်းတော်အကြောင်း အရာအားလုံးကို ဘာသာတရားမရှိသူများထံ ပြောဆိုနိုင်သည်။ ၎င်းတို့သည် မယုံကြည်သူများဖြစ်သည်မှာ သိသာထင်ရှားသည်၊ ၎င်းတို့သည် ဘုရားအိမ်တော်သို့ ရည်ရွယ်ချက်မဲ့ နေထိုင်ရန် ရောက်ရှိလာသော နတ်ဆိုးများ၊ အသိတရား သို့မဟုတ် ဆင်ခြင်တုံတရား တစ်စွန်းတစ်စမျှမရှိဘဲ ကျွေးသောလက်ကို ပြန်ကိုက်သည့် တိရစ္ဆာန်များ ဖြစ်ကြသည်။ ၎င်းတို့အတွက် ဘုရားအိမ်တော်ကိုဖြစ်စေ၊ အသင်းတော်၏ အကျိုးစီးပွားများကိုဖြစ်စေ၊ ဂုဏ်သတင်းကိုဖြစ်စေ၊ မည်သို့ပင် ထိခိုက်စေကာမူ ၎င်းတို့ကို လုံးဝ မထိခိုက်ပေ၊ ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွား တစ်ခုတလေကိုမျှ မထိခိုက်ပေ၊ ပြီးလျှင် ၎င်းတို့သည် ဝမ်းနည်းခြင်းကို စိုးစဉ်းမျှ မခံစားရပေ၊ သို့ဖြစ်၍ ၎င်းတို့သည် အသင်းတော်၏ အတွင်းရေးကိစ္စများကို ဘာသာတရားမရှိသူများနှင့် ဘုရားသခင်ကို မယုံကြည်သောလူတို့ထံ အနည်းငယ်မျှ စိုးရိမ်ကြောင့်ကြမှုမရှိဘဲ မဆင်မခြင် ပြောဆိုနိုင်ကြသည်။ ထိုသို့သောလူများသည် မုန်းစရာကောင်းသလော။ (ကောင်းပါသည်။) ညီအစ်ကိုမောင်နှမများကို မိသားစုအဖြစ်မမြင်ဘဲ ဘာသာတရားမရှိသူများကို မိမိတို့၏ မိသားစုအဖြစ် မြင်သော မယုံကြည်သူတစ်ဦးသည် သမ္မာတရားကို လက်ခံနိုင်သလော။ (မခံနိုင်ပါ။) ၎င်းတို့သည် ဘုရားသခင်သည် သမ္မာတရားဖြစ်ကြောင်းကို အသိအမှတ်ပြုနိုင်သလော။ (မပြုနိုင်ပါ။) မိမိကိုယ်ကို အသင်းတော်အဖွဲ့ဝင်တစ်ဦးအဖြစ် မမှတ်ယူသော လူတစ်ဦးသည် လူတို့ကို ဘုရားသခင် ကယ်တင်ခြင်းနှင့်ဆိုင်သော နှုတ်ကပတ်တော်များကို ကြားရသည့်အခါ သမ္မာတရားကို လိုက်စားပြီး သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ရန် မိမိတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများကို ဘေးဖယ်ထားနိုင်သလော။ (မထားနိုင်ပါ။) ၎င်းတို့၏ နေ့စဉ်လုပ်ဆောင်မှုများတွင် အသင်းတော်၏ အကျိုးစီးပွားများကို သစ္စာဖောက်ခြင်း၊ အပြင်လူများနှင့် ပူးပေါင်းခြင်း၊ အတွင်းလူ သစ္စာဖောက်များ၊ ယုဒများနှင့် သစ္စာဖောက်များအဖြစ် အစေခံခြင်းတို့သာ ပါဝင်သည်၊ ဤသည်မှာ ၎င်းတို့၏ အထူးတာဝန်ဖြစ်သကဲ့သို့ပင်။ ၎င်းတို့သည် သင့်တော်သော လမ်းကြောင်းကို မလျှောက်လှမ်းဘဲ မကောင်းမှုပြုရန် အသက်ရှင်ကြသည်၊ ၎င်းတို့သည် သေထိုက်ပြီး ကျိန်ခြင်းခံထိုက်သည်။ ကျွေးသောလက်ကို ပြန်ကိုက်သည့် ဤယုဒများ၊ သစ္စာဖောက်များနှင့် စာတန်၏ အစေခံများသည် အပျက်သဘောဆောင်သော လူယုတ်မာများဖြစ်သည်၊ ၎င်းတို့သည် လူသားမျိုးနွယ်အတွက် အန္တရာယ်ရှိပြီး အားလုံးက စက်ဆုပ်ရွံရှာကြသည်။ သို့ဆိုလျှင် အသင်းတော်က ၎င်းတို့ကို ကိုင်တွယ်ပြီး ရှင်းလင်းပစ်ခြင်းသည် လုံးဝ သင့်လျော်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ယင်းမှာ လုံးဝ သင့်လျော်သည်။ သင်တို့သည် သစ္စာဖောက်ခြင်းကို မခံလိုကြမည် မဟုတ်လော။ အသင်းတော် သို့မဟုတ် ဘုရားအိမ်တော်သည် သစ္စာဖောက်ခြင်း ခံရပါက လူအများစုသည် နက်နက်ရှိုင်းရှိုင်း စာနာနိုင်မည်မဟုတ် သို့မဟုတ် အလွန်အမင်း စိတ်မကောင်း ဖြစ်မည်မဟုတ်ပေ၊ ၎င်းတို့က မိမိတို့သည် အဖွဲ့ဝင်တစ်ဦးဖြစ်သောကြောင့် စိတ်ထဲ၌ အနည်းငယ် မသက်မသာဖြစ်ရုံသာ ရှိလိမ့်မည်။ သို့သော် သင်သည် အသင်းတော်ရှိ တစ်စုံတစ်ဦး၏ သစ္စာဖောက်ခြင်းကို ခံရပြီး ၎င်းတို့၏ သစ္စာဖောက်ခြင်းကြောင့် ဘာသာတရားမရှိသူများက အဖြစ်မှန်များကို လိမ်ညာကာ သင့်ကို အသရေဖျက်၊ လှောင်ပြောင်၊ ဝေဖန်ပြီး ပြစ်တင်ရှုတ်ချပါက သင် မည်သို့ ခံစားရမည်နည်း။ ထိုအခါ သင်သည် အသင်းတော်နှင့် ဘုရားအိမ်တော် ခံစားခဲ့ရသော အရှက်ရခြင်းနှင့် ဂုဏ်သိက္ခာကျဆင်းခြင်းကို တွေ့ကြုံခံစားရမည် မဟုတ်လော။ (ခံစားရပါမည်။) ဤအမြင်ရှုထောင့်မှကြည့်လျှင် ထိုသို့သော လူပုဂ္ဂိုလ်များကို ရှင်းလင်းပစ်ခြင်းသည် သင့်လျော်သလော။ (သင့်လျော်ပါသည်။) ၎င်းတို့ကို ရှင်းလင်းပစ်သင့်သည်၊ ၎င်းတို့အား မျက်နှာသာပေးရန် မလိုအပ်တော့ပေ။ မိမိတို့၏ နှုတ်ကို မစောင့်စည်းနိုင်သောသူတို့နှင့်ပတ်သက်၍ ၎င်းတို့ ကျင့်ကြံပြုမူပုံနှင့် အသက်ရှင်နေထိုင်ပုံ၏ အမျိုးမျိုးသော သရုပ်သကန်များကို အခြေခံ၍ ၎င်းတို့သည် အသင်းတော်အတွင်းရှိ မယုံကြည်သူများ၊ ရှင်းလင်းပစ်သင့်သည့် ဆိုးယုတ်သောလူတစ်မျိုး ဖြစ်ကြသည်။ ၎င်းတို့၏ လုပ်ရပ်များသည် လျှို့ဝှက်စွာဖြစ်စေ၊ ပွင့်လင်းစွာဖြစ်စေ မည်သို့ပင်ဖြစ်စေ တစ်စုံတစ်ဦးသည် မိမိ၏ နှုတ်ကို မစောင့်စည်းနိုင်ကြောင်းနှင့် ၎င်း၏ လူ့သဘာဝ အနှစ်သာရသည် လုံးလုံးလျားလျား မယုံကြည်သူတစ်ဦး၏ အနှစ်သာရဖြစ်ကြောင်းကို တွေ့ရှိသည်နှင့်တစ်ပြိုင်နက် ၎င်းတို့ကို ခေါင်းဆောင်များနှင့် အမှုဆောင်များထံ ချက်ချင်း သတင်းပို့ပြီး ညီအစ်ကိုမောင်နှမများကို အသိပေးလော့။ ထိုသို့သော လူပုဂ္ဂိုလ်များနှင့်ပတ်သက်၍ အချိန်မီ တိကျသော ပိုင်းခြားသိမြင်မှုတစ်ခုကို ပြုလုပ်သင့်ပြီး ထို့နောက် ၎င်းတို့ကို အသင်းတော်မှ အမြန်ဆုံး ရှင်းလင်းပစ်သင့်သည်။ ၎င်းတို့အား အသင်းတော်၊ ၎င်း၏အလုပ် သို့မဟုတ် ညီအစ်ကိုမောင်နှမများနှင့် မည်သို့မျှ ပတ်သက်ဆက်နွှယ်ခွင့် မပြုနှင့်၊ ၎င်းတို့ကို လုံးဝ ရှင်းလင်းပစ်ခြင်းသည် မှန်ကန်သော လုပ်ရပ်ဖြစ်သည်။ လူ့သဘာဝ၏ ဤသရုပ်သကန်ဖြစ်သည့် မိမိ၏ နှုတ်ကို မစောင့်စည်းနိုင်ခြင်းအပေါ် မိတ်သဟာယဖွဲ့ခြင်းကို ဤနေရာတွင် နိဂုံးချုပ်သည်။

ယနေ့ မိတ်သဟာယဖွဲ့ခဲ့သော လူအမျိုးအစားသုံးမျိုးသည် ယခင်က မိတ်သဟာယဖွဲ့ခဲ့သော အမျိုးအစားနှစ်မျိုးထက် ပို၍ ဆိုးရွားသော အခြေအနေများလော။ (ဟုတ်ပါသည်။) ၎င်းတို့၏ အခြေအနေများသည် ပိုဆိုးသည်၊ ၎င်းတို့၏ လူ့သဘာဝသည် ပို၍ ယုတ်မာပြီး ပို၍ စက်ဆုပ်ဖွယ်ကောင်းသည်၊ ပြီးလျှင် အသင်းတော်နှင့် ညီအစ်ကိုမောင်နှမအားလုံး၏ အကျိုးစီးပွားများအပေါ် ၎င်းတို့၏ ထိခိုက်မှုနှင့် သက်ရောက်မှုသည် ပို၍ ကြီးမားသည်။ ထို့ကြောင့် ဤလူအမျိုးအစားသုံးမျိုးကို ပေါ့ပေါ့ဆဆ သဘောမထားကြနှင့်၊ ၎င်းတို့ကို သတိဖြင့် စောင့်ကြည့်ကာကွယ်သင့်ပြီး အလိုမလိုက်သင့်ပေ။ တစ်စုံတစ်ဦးသည် ဤအမျိုးအစားသုံးမျိုးထဲမှ တစ်မျိုးဖြစ်ကြောင်း ထုတ်ဖော်ခံရပါက ၎င်းတို့ကို ချက်ချင်း ဖော်ထုတ်ပြီး ပိုင်းခြားသိမြင်သင့်ကာ ထို့နောက် အမြန်ဆုံး ကိုင်တွယ်ဖြေရှင်းသင့်သည်။ ၎င်းတို့သည် အရေးကြီးသော တာဝန်တစ်ခုကို ထမ်းဆောင်နေပါက ၎င်းတို့၏ တာဝန်ကို လွှဲပြောင်းယူရန် တစ်စုံတစ်ဦးကို ချက်ချင်းရှာဖွေပြီးနောက် ၎င်းတို့ကို ထိုတာဝန်မှ ဖယ်ရှားကာ ရှင်းလင်းပစ်လော့။ နားလည်ပြီလော။ (နားလည်ပါပြီ။) အသင်းတော်၏ ညီအစ်ကိုမောင်နှမများ၏ အမျိုးမျိုးသော အခြေအနေများ၊ မတူညီသော ကာလများရှိ ၎င်းတို့၏ အမျိုးမျိုးသော သရုပ်သကန်များ၊ အသင်းတော်၏ အလုပ်နှင့် ၎င်း၏ အတွင်းရေးကိစ္စအချို့ကိုပင် ညီအစ်ကိုမောင်နှမများကြားတွင်သာ ဆွေးနွေးပြီး မိတ်သဟာယဖွဲ့ရန် ခွင့်ပြုထားသည်။ ဤသည်မှာ ဘုရားသခင် ရွေးချယ်ထားသောလူများအား ဘုရားအိမ်တော်က တောင်းဆိုသော စည်းမျဉ်းများကို ပို၍ ရှင်းလင်းစွာ နားလည်မှုများနှင့် ထိုးထွင်းသိမြင်မှုများ ရှိစေရန်ဖြစ်ပြီး ထိုသို့ဖြင့် သမ္မာတရား စည်းမျဉ်းများအတိုင်း ပြုမူနိုင်စွမ်းကို ရရှိစေရန် ဖြစ်သည်။ သို့သော် စည်းမျဉ်းတစ်ခုကို ရှင်းလင်းစွာ သိရှိရမည်၊ ဘုရားသခင် ရွေးချယ်ထားသောလူများ၏ အသက်ဝင်ရောက်မှုနှင့်သက်ဆိုင်သော သမ္မာတရားများ သို့မဟုတ် စည်းမျဉ်းများဖြစ်စေ၊ အထွေထွေကိစ္စရပ်များအတွက် စည်းမျဉ်းများဖြစ်စေ ၎င်းတို့ကို ဘာသာတရားမရှိသူများအား ပြောဆိုရန် လုံးဝ ခွင့်မပြုပေ၊ ယင်းက ဘာသာတရားမရှိသူများ မှတ်ချက်ပေးခြင်းနှင့် လက်ညှိုးထိုး ဝေဖန်ခြင်းတို့ကို ဖြစ်ပေါ်စေမည်ဖြစ်သည်။ ဤသည်မှာ လုံးဝ တားမြစ်ထားသည်။ အချို့က “လုံးဝ တားမြစ်ထားလျှင် ယင်းက စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်တစ်ခုဟု ဆိုလိုပါသလော” ဟု ပြောကောင်းပြောနိုင်သည်။ ဤသို့ ဆိုနိုင်သည်၊ သတင်းအချက်အလက်ကို ပေါက်ကြားစေသူ မည်သူမဆိုသည် သက်ဆိုင်ရာ အကျိုးဆက်များကို ခံရမည်။ အဘယ်ကြောင့် ၎င်းတို့သည် အကျိုးဆက်များကို ခံရမည်နည်း။ အဘယ်ကြောင့်ဆိုသော် အသင်းတော်၏ အတွင်းရေးကိစ္စများကို ပေါက်ကြားစေသောသူတို့သည် အသင်းတော် သို့မဟုတ် ညီအစ်ကိုမောင်နှမများကို မကာကွယ်သည့်အပြင် အသင်းတော်နှင့် ညီအစ်ကိုမောင်နှမများကို အလွယ်တကူ သစ္စာဖောက်နိုင်သောကြောင့် ဖြစ်သည်။ ၎င်းတို့သည် သစ္စာဖောက်များနှင့် ယုဒများအဖြစ် ပြုမူသောကြောင့် ၎င်းတို့အား မျက်နှာသာပေးခြင်း သို့မဟုတ် ညီအစ်ကိုမောင်နှမများ သို့မဟုတ် မိသားစုအဖြစ် မှတ်ယူခြင်း မပြုသင့်တော့ပေ။ ၎င်းတို့ကို သစ္စာဖောက်များနှင့် ယုဒများအဖြစ် ကိုင်တွယ်ဖြေရှင်းသင့်ပြီး အသင်းတော်မှ တိုက်ရိုက် ရှင်းလင်းပစ်သင့်သည်။ အချို့လူများက “ကျွန်ုပ်တွင် ယခင်က ပါးစပ်မလုံသည့် အကျင့်ဆိုးတစ်ခု ရှိခဲ့သည်၊ ကျွန်ုပ်သည် မဆင်မခြင် ပြောဆိုတတ်သည်။ ယခု ထိုသို့သော လုပ်ရပ်များ၏ အကျိုးဆက်များကို မြင်တွေ့ပြီးနောက် ကျွန်ုပ်သည် နောက်ထပ် မဆင်မခြင် ပြောဆိုဝံ့တော့မည်မဟုတ်ပါ” ဟု ပြောဆိုကြသည်။ ကောင်းပြီ။ သင် ဤသို့ပြောဆိုပြီးဖြစ်သောကြောင့် သင်၏ အပြုအမူကို စောင့်ကြည့်မည်ဖြစ်သည်။ သင်သည် အမှန်တကယ် နောင်တရပြီး ပြောင်းလဲပါက၊ သတင်းအချက်အလက်များကို မဆင်မခြင် ဖြန့်ဝေခြင်း သို့မဟုတ် ညီအစ်ကိုမောင်နှမများ၏ အကျိုးစီးပွားများကို သစ္စာဖောက်ခြင်း မပြုတော့ဘဲ သင်၏ နှုတ်ကို စောင့်စည်းနိုင်ပါက ဘုရားအိမ်တော်သည် သင့်အား အခွင့်အရေးတစ်ကြိမ် ပေးမည်။ သင် ဤသို့ပြုလုပ်ခဲ့ကြောင်း၊ သင်သည် သတင်းအချက်အလက်အချို့ကို ဖြန့်ဝေခဲ့သူ ဖြစ်ကြောင်းကို နောက်တစ်ကြိမ် တွေ့ရှိပါက သင့်အား မည်သည့်မျက်နှာသာပေးမှုကိုမျှ ပေးမည်မဟုတ်ပေ။ အသင်းတော်ရှိ ညီအစ်ကိုမောင်နှမများသည် သင့်အား ရှင်းလင်းပစ်ရန် ပူးပေါင်းကြလိမ့်မည်။ ထိုသို့ဖြစ်ပျက်သည့်အခါ သင့်အား ကြိုတင်သတိမပေးခဲ့ဟု ငိုယိုခြင်း သို့မဟုတ် မကျေ မနပ်ပြောဆိုခြင်း မပြုနှင့်။ ယခု ကိစ္စရပ်များကို ရှင်းလင်းစွာ ရှင်းပြပြီးဖြစ်သောကြောင့် ဤအရာသည် နောက်တစ်ကြိမ် ဖြစ်ပွားပါက ဘုရားအိမ်တော်သည် လုံးဝ မျက်နှာသာပေးမည်မဟုတ်ပေ။ နားလည်ပြီလော။ (နားလည်ပါပြီ။) နားမလည်သေးသော မည်သူ့ကိုမဆို သင်တို့တွေ့ရှိပါက ၎င်းတို့အား ရှင်းပြလော့၊ ယနေ့ ငါတို့ မိတ်သဟာယဖွဲ့ခဲ့သည့်အရာကို အသုံးပြု၍ ၎င်းတို့အား လမ်းညွှန်ချက်များ ပေးလော့။ ဤအပြုအမူ၏ လက္ခဏာများ ပြသနေသော တစ်စုံတစ်ဦးကို သို့မဟုတ် ယခင်က ဤပုံစံဖြင့် ပြုမူခဲ့သော တစ်စုံတစ်ဦးကို သင်တို့ သတိပြုမိပါက ၎င်းတို့နှင့် ဆက်သွယ်လော့၊ ၎င်းတို့ကို သတိပေးလော့၊ ပြီးလျှင် ထိုသို့သော လုပ်ရပ်များ၏ သဘောသဘာဝနှင့် အကျိုးဆက်များအပြင် ဤကိစ္စရပ်များနှင့် လူများအပေါ် ဘုရားအိမ်တော်၏ သဘောထားကိုပါ ၎င်းတို့အား အသိပေးလော့။ ကိစ္စရပ်များကို ရှင်းလင်းစွာ ပြောဆိုပြီးနောက် ၎င်းတို့ နောင်တရနိုင်ခြင်း ရှိမရှိနှင့် အနာဂတ်တွင် မည်သို့ပြုလုပ်မည်ကို မြင်ရန် ၎င်းတို့ကို စောင့်ကြည့်လော့။ ၎င်းတို့ ပြောင်းလဲပြီး ထိုသို့သောပုံစံဖြင့် မပြုမူတော့ပါက ၎င်းတို့ကို ပြန်လည်လက်ခံနိုင်ပြီး ညီအစ်ကိုမောင်နှမများအဖြစ် ဆက်ဆံနိုင်သည်။ သို့သော် ၎င်းတို့သည် ခေါင်းမာစွာဖြင့် နောင်တမရဘဲ ဤကဲ့သို့ လျှို့ဝှက်စွာ ဆက်လက်ပြုမူနေပါက ထိုသို့သောလူတစ်ဦးကို တွေ့ရှိသည့်အခါတိုင်း ရှင်းလင်းပစ်လော့။ နှစ်ယောက်တွေ့လျှင် နှစ်ယောက်လုံးကို ရှင်းလင်းပစ်လော့၊ တစ်အုပ်စုတွေ့လျှင် တစ်အုပ်စုလုံးကို ရှင်းလင်းပစ်လော့။ မည်သည့်မျက်နှာသာပေးမှုကိုမျှ မပေးနှင့်။ အချို့လူများက “ကျွန်ုပ်၏ မိသားစုထဲမှ တစ်ချိန်က ယုံကြည်ခဲ့သော်လည်း နောက်ပိုင်းတွင် ရှင်းလင်းပစ်ခြင်းခံရသောသူတို့အား ကျွန်ုပ် ပြောဆိုနိုင်ပါသလော” ဟု မေးကြသည်။ ပါးစပ်ဆော့ပြီး အတင်းအဖျင်း ပြောဆိုခြင်းကို နှစ်သက်သောသူတို့သည် မိမိတို့ကိုယ်ကို ထိန်းချုပ်ရန် မလွယ်ကူဘဲ ထိုသို့ပြုလုပ်ခြင်းသည် ခွင့်ပြုနိုင်ခြင်း ရှိမရှိကို အမြဲ ခေါင်းမာစွာ မေးမြန်းကြပုံရသည်။ သင်တို့ မည်သို့ထင်သနည်း၊ ယင်းမှာ ခွင့်ပြုနိုင်ခြင်း ရှိသလော။ (မရှိပါ။) မည်သူ့ကိုမျှ ပြောဆိုရန် ခွင့်မပြုပေ၊ အကြောင်းမှာ ယင်းက အလွယ်တကူ အကျိုးဆက်များကို ဖြစ်ပေါ်စေသောကြောင့် ဖြစ်သည်။ ထိုသို့သော လူများအားလုံးကို ယုဒများအဖြစ် ကိုင်တွယ်ဖြေရှင်းရမည်။ ဘာသာတရားမရှိသူများ၊ ရှင်းလင်းပစ်ခြင်းခံရသောသူများ၊ သင်နှင့် ရင်းနှီးသောသူများ၊ ယုံကြည်စိတ်ချရသောသူများ၊ ဘုရားသခင်အပေါ် သင်၏ ယုံကြည်ခြင်းကို ထောက်ခံသောသူများ၊ ဘုရားသခင်ကို ယုံကြည်ခြင်းအပေါ် ကောင်းသောထင်မြင်ချက် ရှိသောသူများနှင့် အမည်ခံအားဖြင့် ဘုရားသခင်ကို ယုံကြည်ပြီး အသင်းတော်အသက်တာကို နေထိုင်ကာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အနည်းငယ် ဖတ်ရှုရုံသာပြုပြီး မိမိတို့၏ တာဝန်ကို လုံးဝမထမ်းဆောင်သောသူတို့ကို မပြောဆိုရပေ။ တစ်စုံတစ်ဦးက ပြောဆိုပါက ၎င်းတို့ကို ယုဒတစ်ဦးအဖြစ် ကိုင်တွယ်ဖြေရှင်းမည်ဖြစ်သည်။ နားလည်ပြီလော။ (နားလည်ပါပြီ။) မိမိတို့၏ တာဝန်များကို မထမ်းဆောင်သောသူတို့တွင် အခြားမည်သူများ ပါဝင်သေးသနည်း။ သာမန်အသင်းတော်အဖွဲ့ဝင်များ ပါဝင်ပါသလော။ (ပါဝင်ပါသည်။) ဤကိစ္စကို မမေ့ကြနှင့်၊ မမိုက်မဲကြနှင့်။ သင်တို့သည် စည်းမျဉ်းများကို ကောင်းစွာ သဘောပေါက်ရမည်။ ယုဒတစ်ဦးဖြစ်လာပြီး ဘုရားအိမ်တော်ကို သစ္စာဖောက်ကာ ညီအစ်ကိုမောင်နှမများကို သတိမပြုမိဘဲ သစ္စာဖောက်ပြီးနောက် ထိုအရာအတွက် ဂုဏ်ယူနေသည်အထိ မယုံကြည်လိုက်ကြနှင့်။ မိမိ၏ နှုတ်ကို မစောင့်စည်းနိုင်ခြင်းနှင့် အသင်းတော်၏ အလုပ်နှင့် ညီအစ်ကိုမောင်နှမများကိုပင် သစ္စာဖောက်ခြင်းသည် ကြီးလေးသော ပြစ်မှားခြင်းတစ်ခု ဖြစ်သည်။ ထိုသို့သော မကောင်းမှုကို ကျူးလွန်သော မည်သူ့ကိုမဆို ဘုရားသခင်ထံ၌ မှတ်တမ်းများ ရှိသည်။ ယခု သင့်အား ရှင်းလင်းစွာ ရှင်းပြပြီးဖြစ်၍ သင်လည်း နားလည်ပြီးဖြစ်သောကြောင့် သင်သည် ဤအရာကို ထပ်မံပြုလုပ်ပါက ယင်းသည် သာမန်ပြစ်မှားခြင်းတစ်ခု မဟုတ်တော့ပေ၊ ယင်းသည် စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်ကို ချိုးဖောက်ခြင်းဖြစ်ပြီး သင့်အား ရှင်းလင်းပစ်ခြင်းခံရမည့် ပစ်မှတ်တစ်ခု ဖြစ်စေကာ သင်သည် ကယ်တင်ခြင်းရရှိပိုင်ခွင့်ကို ဆုံးရှုံးရလိမ့်မည်။ နားလည်ပြီလော။ (နားလည်ပါပြီ။)

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။