ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၂၆) အခန်း လေး

ဆိုးယုတ်သောလူအမျိုးမျိုးတို့ကို ပိုင်းခြားသိမြင်ခြင်းအတွက် စံနှုန်းများနှင့် အခြေခံများ

၂။ လူ့သဘာဝကို အခြေခံ၍

ဆက်လက်၍ ငါတို့သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဖြစ်သော အချက် ၁၄ ဖြစ်သည့် “အမျိုးမျိုးသော ဆိုးယုတ်သော လူတို့နှင့် အန္တိခရစ်တို့ကို အချိန်မီ ပိုင်းခြားသိမြင်ပြီး ဖယ်ထုတ်ပစ်လော့ သို့မဟုတ် နှင်ထုတ်လော့” နှင့်ပတ်သက်၍ မိတ်သဟာယပြုကြမည်။ အမျိုးမျိုးသော ဆိုးယုတ်သော လူတို့ကို ပိုင်းခြားသိမြင်ခြင်းအတွက် စံနှုန်းများကို အဓိက အမျိုးအစားသုံးခုအဖြစ် ခွဲခြားထားသည်။ ယခင်က ငါတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်း၏ ရည်ရွယ်ချက်အကြောင်း မိတ်သဟာယဖွဲ့ခဲ့ပြီးနောက် ၎င်းတို့၏ လူ့သဘာဝအကြောင်းကို ဆက်လက်ဆွေးနွေးခဲ့ကြသည်။ လူတစ်ဦး၏ လူ့သဘာဝနှင့်ပတ်သက်၍ ငါတို့သည် မတူညီသော သရုပ်သကန်များစွာကိုလည်း အမျိုးအစားခွဲခြားခဲ့ကြသည်။ ငါတို့ မိတ်သဟာယဖွဲ့ခဲ့ပြီးဖြစ်သော သရုပ်သကန်အချို့မှာ အဘယ်အရာများ ဖြစ်သနည်း။ ယင်းတို့ကို ဖတ်ကြလော့။ (အမျိုးမျိုးသော ဆိုးယုတ်သော လူတို့ကို ပိုင်းခြားသိမြင်ခြင်းအတွက် ဒုတိယအချက်မှာ လူတစ်ဦး၏ လူ့သဘာဝနှင့် သက်ဆိုင်ပါသည်။ ပထမမှာ အမှားနှင့် အမှန်ကို ပြောင်းပြန်လှန် ပြောဆိုရသည်ကို နှစ်သက်ခြင်း၊ ဒုတိယမှာ အခွင့်ကောင်းယူရသည်ကို နှစ်သက်ခြင်း၊ တတိယမှာအကျင့်ပျက်ခြင်းနှင့် ချုပ်တည်းမှုမရှိခြင်း၊ စတုတ္ထမှာလက်စားချေလိုစိတ်ရှိခြင်း၊ ပဉ္စမမှာမိမိတို့၏ နှုတ်ကို မစောင့်စည်းနိုင်ခြင်းတို့ ဖြစ်ပါသည်။) ငါတို့သည် မိမိတို့၏နှုတ်ကို မစောင့်စည်းနိုင်ခြင်းနှင့်ပတ်သက်သည့် ပဉ္စမအချက်အထိ မိတ်သဟာယဖွဲ့ခဲ့ပြီးဖြစ်သည်။ ငါတို့သည် လူ့သဘာဝ၏ တိကျသော သရုပ်သကန်များအကြောင်းကို မိတ်သဟာယဖွဲ့သည်ဖြစ်စေ၊ အခြားအရာများအကြောင်းကို မိတ်သဟာယဖွဲ့သည်ဖြစ်စေ ငါပြောခဲ့သည့်အတိုင်း၊ ယင်းသည် မတူညီသော လူစားမျိုးများအပေါ် မတူညီသော အကျိုးသက်ရောက်မှု ရှိလိမ့်မည်။ သမ္မာတရားကို လိုက်စားသောသူတို့သည် နားထောင်ပြီးနောက် မိမိတို့ကိုယ်ကို ဆန်းစစ်ရန် အာရုံစိုက်ကြလိမ့်မည်၊ ၎င်းတို့သည် ငါ၏ မိတ်သဟာယဖွဲ့ခြင်းနှင့် မိမိတို့ကိုယ်ကို တိုင်းတာကြပြီး တက်ကြွ၍ အပြုသဘောဆောင်သော ဝင်ရောက်မှု ရှိကြလိမ့်မည်။ သို့သော် သမ္မာတရားကို မလိုက်စားသောသူများဖြစ်သည့် အလုပ်လုပ်ပေးသူများကမူ နားထောင်ရုံသာ နားထောင်ကြသည်။ ၎င်းတို့သည် ယင်းကို အလေးအနက်မထားသကဲ့သို့ နားထောင်ရာတွင်လည်း စိတ်မပါကြပေ။ တစ်ခါတစ်ရံတွင် ၎င်းတို့သည် တရားဒေသနာများကို နားထောင်နေစဉ် အိပ်ပင်အိပ်ပျော်သွားနိုင်သည်။ ၎င်းတို့သည် ယင်းကို မခံယူနိုင်ဘဲ “ဤအသေးအဖွဲကိစ္စများကို နားထောင်ခြင်းက အဘယ်အသုံးဝင်သနည်း။ အချိန်ကုန်ခြင်းသာ ဖြစ်သည်၊ ငါ့လက်ရှိ အလုပ်ကိုပင် မပြီးသေးပါတကား” ဟုပင် တွေးထင်ကြသည်။ ၎င်းတို့သည် အားသွန်ခွန်စိုက်လုပ်ရန် လိုအပ်သော အလုပ်များကိုသာ အစဉ်အမြဲ စိတ်ဝင်စားနေကြသည်။ ၎င်းတို့သည် သစ္စာစောင့်သိမှုကို ပြသလျက် အားသွန်ခွန်စိုက် အလုပ်လုပ်ရန် အထူးပင် စိတ်အားထက်သန်ပြီး သစ္စာစောင့်သိကြသော်လည်း သမ္မာတရားနှင့် သက်ဆိုင်သော ကိစ္စရပ်များအတွက်မူ စိတ်အားထက်သန်မှုကို လုံးဝ မစုစည်းနိုင်ကြပေ။ ဤသည်မှာ ထိုသို့သောလူများသည် သမ္မာတရားကို စိတ်မဝင်စားဘဲ အားသွန်ခွန်စိုက် အလုပ်လုပ်ရုံမျှဖြင့် ကျေနပ်နေကြကြောင်းကို ရှင်းလင်းစွာ ဖော်ပြသည်။ ဘုရားအိမ်တော်က သမ္မာတရားကို မည်သို့ပင် မိတ်သဟာယဖွဲ့စေကာမူ တူညီသော သဘောထားကို ထိန်းသိမ်းထားသည့် အခြားလူတစ်စုလည်း ရှိသေးသည်။ “ကျွန်ုပ်သည် အတိုက်အခံလုပ်ပြီး ဆန့်ကျင်ဘက်ပြုမည်သာ ဖြစ်သည်။ သင်က ကျွန်ုပ်၏ ပြဿနာများကို ထောက်ပြပြီး ကျွန်ုပ်၏ သရုပ်သကန်များ၊ ထုတ်ဖော်ပြမှုများနှင့် စိတ်သဘောထားများကို ဖော်ထုတ်လျှင်ပင် ကျွန်ုပ်သည် ဂရုပြုမည်မဟုတ်သကဲ့သို့ အလေးအနက်လည်း ထားမည်မဟုတ်ပါ။ ကျွန်ုပ် ဖော်ထုတ်ခံနေရသည်ကို အခြားသူများ သိသွားလျှင်ကော အဘယ်အရေးနည်း” ဟူ၍ ဖြစ်သည်။ ၎င်းတို့သည် ရှက်ကြောက်စိတ်မရှိဘဲ ဆက်လက်၍ အာခံပြီး အတိုက်အခံလုပ်နေကြသည်၊ ယင်းမှာ ကယ်တင်၍မရနိုင်သောအခြေအနေ ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ မတူညီသော လူစားမျိုးများ၏ သရုပ်သကန်များသည် ခွဲခြားသိမြင်နိုင်သည်။ သမ္မာတရားသည် ယင်းကို လိုက်စားသောသူတို့အတွက်ဖြစ်စေ၊ ယင်းကို မချစ်သော်လည်း အားသွန်ခွန်စိုက် အလုပ်လုပ်လိုစိတ်ရှိသောသူတို့အတွက်ဖြစ်စေ၊ သမ္မာတရားကို ရွံမုန်းပြီး အလွန်အမင်း မနှစ်မြို့သောသူတို့အတွက်ဖြစ်စေ သွားနှစ်ဖက်ပါသောဓား၊ စမ်းသပ်သောကျောက်တုံးတစ်ခုအဖြစ် ဆောင်ရွက်သည်။ ယင်းသည် သမ္မာတရားအပေါ် လူတို့၏ သဘောထားများကို အကဲဖြတ်နိုင်သကဲ့သို့ ၎င်းတို့ လျှောက်လှမ်းနေသော လမ်းကြောင်းကိုလည်း အကဲဖြတ်နိုင်သည်။

စ။ ဆင်ခြင်တုံတရားမဲ့စွာနှင့် တစ်ဇွတ်ထိုးဆန်စွာ ဒုက္ခပေးသဖြင့် မည်သူမျှ ရန်မစရဲခြင်း

ယခင်က ငါတို့သည် အမျိုးမျိုးသော ဆိုးယုတ်သောလူတို့၏ သရုပ်သကန် ငါးမျိုးကို ပိုင်းခြားသိမြင်ခြင်းအကြောင်း မိတ်သဟာယဖွဲ့ခဲ့ကြသည်။ ယနေ့တွင် ငါတို့သည် ဆဋ္ဌမအချက်ကို ဆက်လက်၍ မိတ်သဟာယပြုကြမည်။ ဆဋ္ဌမအချက်သည်လည်း ဆိုးယုတ်သောလူတစ်မျိုး၏ သရုပ်သကန်တစ်ခု ဖြစ်သည်၊ သို့မဟုတ် ထိုအစား လူတို့က ဤအမျိုးအစားကို ဆိုးယုတ်သည်ဟု မမှတ်ယူလျှင်ပင် လူတိုင်းက ၎င်းတို့ကို မနှစ်သက်ကြသေးသည်ဟု ဆိုနိုင်သည်။ အဘယ်ကြောင့် ထိုသို့ဖြစ်ရသနည်း။ အကြောင်းမှာ ဤလူတို့သည် အသိစိတ်နှင့် ဆင်ခြင်တုံတရား ကင်းမဲ့သောကြောင့်၊ ပုံမှန် လူ့သဘာဝ ကင်းမဲ့သောကြောင့်ဖြစ်ပြီး ၎င်းတို့နှင့် ပေါင်းသင်းဆက်ဆံခြင်းသည် အထူးပင် ပြဿနာများပြီး ခက်ခဲကာ ရွံရှာမှုကို ဖြစ်ပေါ်စေသောကြောင့် ဖြစ်သည်။ ဤလူတို့၏ တိကျသော သရုပ်သကန်များမှာ အဘယ်နည်း။ ယင်းမှာ ဆင်ခြင်တုံတရားမဲ့စွာနှင့် တစ်ဇွတ်ထိုးဆန်စွာ ဒုက္ခပေးသဖြင့် မည်သူမျှ ရန်မစရဲခြင်း ဖြစ်သည်။ အသင်းတော်၌ ထိုသို့သောလူများ ရှိသလော။ များများစားစား မရှိသော်လည်း သေချာပေါက် ရှိပါသည်။ ပြီးလျှင် ၎င်းတို့၏ တိကျသော သရုပ်သကန်များမှာ အဘယ်နည်း။ သာမန်အခြေအနေများအောက်တွင် ဤလူတို့သည် မိမိတို့၏ တာဝန်များကို ပုံမှန်အတိုင်း ထမ်းဆောင်နိုင်ပြီး အခြားသူများနှင့် အတော်အတန် ပုံမှန်အတိုင်း ပေါင်းသင်းဆက်ဆံကြသည်၊ သင်သည် ၎င်းတို့ထံမှ ရက်စက်ကြမ်းကြုတ်သော စိတ်သဘောထားကို မြင်တွေ့ရမည်မဟုတ်ပေ။ သို့သော် ၎င်းတို့၏ လုပ်ဆောင်ချက်များသည် သမ္မာတရား စည်းမျဉ်းများကို ဆန့်ကျင်ပြီး ၎င်းတို့ ပြုပြင်ခြင်းခံရသည့်အခါတွင်မူ ၎င်းတို့သည် မိမိတို့အတွက် ကလိမ်ကကျစ်ကျသော ဆင်ခြေများပေးရင်း သမ္မာတရားကို လုံးလုံးလျားလျား ငြင်းပယ်လျက် ဒေါသပေါက်ကွဲကြလိမ့်မည်။ ရုတ်တရက်ဆိုသလို သင်သည် ၎င်းတို့မှာ ဆူးများဖြင့် ဖုံးလွှမ်းနေသော ဖြူကောင်တစ်ကောင်ကဲ့သို့၊ မည်သူမျှ မထိဝံ့သော ကျားတစ်ကောင်ကဲ့သို့ ဖြစ်ကြောင်း သဘောပေါက်သွားသည်။ သင်က ဤသို့တွေးမိသည်။ “ငါ ဤလူနှင့် အချိန်အကြာကြီး ပေါင်းသင်းဆက်ဆံခဲ့ပြီး သူသည် လူ့သဘာဝကောင်းရှိသည်၊ နားလည်မှုရှိပြီး ပြောဆိုဆက်ဆံရလွယ်ကူသည်ဟု တွေးထင်ခဲ့ကာ သူသည် သမ္မာတရားကို လက်ခံနိုင်သူဖြစ်သည်ဟု ယုံကြည်ခဲ့သည်။ သူက ဆင်ခြင်တုံတရားမဲ့စွာနှင့် တစ်ဇွတ်ထိုးဆန်စွာ ဒုက္ခပေးတတ်သောသူတစ်ဦး ဖြစ်လိမ့်မည်ဟု ငါမမျှော်လင့်ခဲ့ချေ။ နောင်တွင် သူနှင့် ပေါင်းသင်းဆက်ဆံရာ၌ ငါ ပို၍သတိထားရမည်၊ မလိုအပ်လျှင် ထိတွေ့ဆက်ဆံမှုကို အနည်းဆုံးဖြစ်အောင်လုပ်ပြီး သူ့ကို မဆွမိစေရန် ခပ်ခွာခွာ နေရမည်” ဟူ၍ ဖြစ်လေသည်။ ဆင်ခြင်တုံတရားမဲ့စွာနှင့် တစ်ဇွတ်ထိုးဆန်စွာ ဒုက္ခပေးတတ်သော ထိုသို့သောလူများကို သင်တို့ မြင်ဖူးသလော။ ယေဘုယျအားဖြင့် ၎င်းတို့ကို နားလည်သောသူတို့သည် ၎င်းတို့ မည်မျှ ကြောက်မက်ဖွယ်ကောင်းသည်ကို သိကြပြီး ၎င်းတို့ကို အထူးပင် ယဉ်ကျေးစွာနှင့် သတိထား၍ စကားပြောဆိုကြသည်။ အထူးသဖြင့် သင်က ၎င်းတို့နှင့် စကားပြောသည့်အခါတွင် ၎င်းတို့ကို လုံးဝ စိတ်ထိခိုက်အောင် လုပ်၍မရပေ၊ သို့မဟုတ်ပါက ယင်းသည် ၎င်းတို့နှင့် အဆုံးမရှိသော ပြဿနာကို ဖြစ်ပေါ်စေလိမ့်မည်။ အချို့လူများက “ဤရိုင်းစိုင်းသောလူများက အတိအကျ အဘယ်သူများနည်း။ ကျွန်ုပ်တို့ သူတို့ကို မကြုံဖူးသေးပါ” ဟု ပြောဆိုကြသည်။ ထိုသို့ဆိုလျှင် ငါတို့သည် ဤအကြောင်းကို အမှန်တကယ် ပြောဆိုရန် လိုအပ်ပေသည်။ ဥပမာအားဖြင့် ညီအစ်ကိုမောင်နှမများက မိမိတို့၏ အတွေ့အကြုံများကို မိတ်သဟာယဖွဲ့နေသည့်အချိန်တွင်၊ အချို့က မိမိတို့၏ ဖောက်ပြန်ပျက်စီးသော အခြေအနေများ သို့မဟုတ် ပုဂ္ဂိုလ်ရေးဆိုင်ရာ အခက်အခဲများကို ပြောဆိုသည့်အခါ အခြားသူများက အလားတူ အတွေ့အကြုံများ သို့မဟုတ် ခံစားချက်များ ရှိခဲ့ဖူးသဖြင့် စာနာမိမည်မှာ ရှောင်လွှဲ၍မရပေ။ ဤသည်မှာ အတော်အတန် ပုံမှန်ဖြစ်သည်။ နားထောင်ပြီးနောက် လူတစ်ဦးက ဤသို့တွေးထင်နိုင်သည်။ “ငါလည်း ထိုသို့အတွေ့အကြုံများ ရှိခဲ့ဖူးသည်၊ သို့ဖြစ်၍ ဤအကြောင်းအရာကို အတူတကွ မိတ်သဟာယပြုကြစို့။ သင်မည်သို့ ဖြတ်သန်းခဲ့ရသည်ကို ငါ ကြားလိုသည်။ သင်၏ မိတ်သဟာယက အလင်းရှိပြီး ငါ့ထံတွင်ရှိသော ပြဿနာနှင့် သက်ဆိုင်ပါက ယင်းကို ငါ လက်ခံပြီး ရလဒ်များက မည်သည့်အရာများဖြစ်မည်ကို မြင်တွေ့ရန် သင်၏ အတွေ့အကြုံများ၊ လမ်းကြောင်းများနှင့်အညီ ငါသည် ယင်းကို လက်တွေ့လုပ်ဆောင်မည်” ဟူ၍ ဖြစ်သည်။ မိမိတို့ကိုယ်ကို သိကျွမ်းခြင်းအကြောင်း အခြားသူများ မိတ်သဟာယဖွဲ့သည်ကို ကြားသည့်အခါတွင်လည်းကောင်း၊ မိမိတို့၏ ဖောက်ပြန်ပျက်စီးခြင်းနှင့် အကျည်းတန်ခြင်းကို ချပြသည်ကို ကြားသည့်အခါတွင်လည်းကောင်း ဤသည်မှာ သူ့ကို သွယ်ဝိုက်သောနည်းဖြင့် ဖော်ထုတ်ပြီး ဝေဖန်ကဲ့ရဲ့နေခြင်းဖြစ်သည်ဟု ယုံကြည်ကာ စားပွဲကိုထုပြီး ဒေါသတကြီးပေါက်ကွဲခြင်းကို မထိန်းနိုင်သော လူစားတစ်မျိုးတည်းသာ ရှိသည်။ “မည်သူ၌ ဖောက်ပြန်ပျက်စီးခြင်း မရှိသနည်း။ မည်သူက လက်တွေ့အရှိတရားနှင့် ကင်းကွာနေသနည်း။ ကျွန်ုပ်အမြင်အရမူ သင်တို့၏ ဖောက်ပြန်ပျက်စီးခြင်းသည် ကျွန်ုပ်ထက်ပင် ပို၍ဆိုးသေးသည်။ ကျွန်ုပ်ကို ပစ်မှတ်ထားရန်၊ ကျွန်ုပ်ကို ဖော်ထုတ်ရန် သင်တို့အားလုံး၌ မည်သည့်အရည်အချင်းများ ရှိသနည်း။ ကျွန်ုပ်အမြင်အရ သင်တို့သည် ကျွန်ုပ်ကို အခက်တွေ့အောင်လုပ်ပြီး ဖယ်ကြဉ်လိုကြသည်သာ ဖြစ်သည်။ ကျွန်ုပ်သည် ကျေးလက်ဒေသမှ လာပြီး သင်တို့အားလုံးကို မြှောက်ပင့်ရန် နှစ်လိုဖွယ်စကားများ မပြောတတ်သောကြောင့်သာ မဟုတ်သလော။ ကျွန်ုပ်၏ ပညာအရည်အချင်းသည် သင်တို့လောက် မမြင့်သောကြောင့်သာ မဟုတ်သလော။ ဘုရားသခင်ပင်လျှင် ကျွန်ုပ်ကို အထင်မသေးပေ၊ သို့ဖြစ်လျှင် ကျွန်ုပ်ကို အထင်သေးရန် သင်တို့ကို မည်သူက အခွင့်အရေး ပေးထားသနည်း” ဟူ၍ ဖြစ်လေသည်။ အခြားသူများက “ဤသည်မှာ ပုံမှန် မိတ်သဟာယဖွဲ့ခြင်းဖြစ်သည်၊ သင့်ကို ပစ်မှတ်ထားခြင်း မဟုတ်ပေ။ လူတိုင်း၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် အတူတူပင် မဟုတ်သလော။ တစ်စုံတစ်ယောက်က အကြောင်းအရာတစ်ခုအကြောင်း မိတ်သဟာယဖွဲ့ပြီး သူ၏ ဖောက်ပြန်ပျက်စီးသော အခြေအနေကို ပြောဆိုသည့်အခါ အခြားသူများက အလားတူ အခြေအနေမျိုး၌ ရှိနေကြသည်ကို တွေ့ရှိရမည်မှာ ရှောင်လွှဲ၍မရပေ။ သင်သည် အလားတူ အခြေအနေမျိုး ရှိသည်ဟု ခံစားရပါက သင်၏ အတွေ့အကြုံများအကြောင်းကိုလည်း မိတ်သဟာယဖွဲ့နိုင်ပါသည်” ဟု ပြောဆိုကြသည်။ ထိုအခါ သူက “ထိုသို့ဟုတ်ပါသလော။ လူတစ်ယောက်ထံမှ ထိုသို့သော မိတ်သဟာယဖွဲ့ခြင်းကို ကျွန်ုပ် သည်းခံနိုင်ကောင်း သည်းခံနိုင်မည်၊ သို့သော် သင်တို့ နှစ်ယောက်သုံးယောက်က ကျွန်ုပ်ကို အနိုင်ကျင့်ရန် အဘယ်ကြောင့် ဝိုင်းပြီး လုပ်ဆောင်နေကြသနည်း။ ကျွန်ုပ်ကို အနိုင်ကျင့်ရန် လွယ်ကူသည်ဟု သင်တို့ ထင်မှတ်နေကြသလော” ဟု ပြန်ပြောသည်။ သူပြောလေလေ သူ၏စကားများက ပို၍ အဓိပ္ပာယ်မဲ့လာလေ ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ထိုသို့သောလူများ ဤစကားများကို ပြောဆိုရာတွင် ဆင်ခြင်တုံတရား ရှိသလော။ (မရှိပါ။) အခြားသူများ၏ မိတ်သဟာယဖွဲ့ခြင်း အကြောင်းအရာသည် သင့်ကို ပစ်မှတ်ထားသည်ဟု သင် အမှန်တကယ် တွေးထင်ပါက သင်သည် ဤအကြောင်းအရာကို ဆွေးနွေးနိုင်သည် သို့မဟုတ် မိတ်သဟာယဖွဲ့နိုင်သည်၊ သင်၏ လယ်သမားနောက်ခံ၊ သင်၏ ပညာအရည်အချင်းနိမ့်ကျမှု သို့မဟုတ် လူများက သင့်ကို အထင်သေးခြင်းတို့ကို ဆွဲထည့်မည့်အစား ယင်းသည် သင့်ကို ပစ်မှတ်ထားခြင်း ဟုတ်မဟုတ် တိုက်ရိုက်မေးမြန်းနိုင်သည်။ ထိုအရာများကို ပြောဆိုခြင်းက အဘယ်အရာ အသုံးဝင်သနည်း။ ယင်းမှာ အမှားအမှန်အကြောင်း အဓိပ္ပာယ်မဲ့စွာ ပြောဆိုနေခြင်း မဟုတ်သလော။ ယင်းမှာ ဆင်ခြင်တုံတရားမဲ့စွာနှင့် တစ်ဇွတ်ထိုးဆန်စွာ ဒုက္ခပေးနေခြင်း မဟုတ်သလော။ (ဟုတ်ပါသည်။) ထိုသို့သောလူများသည် ကြောက်မက်ဖွယ်ကောင်းသည်ဟု သင်တို့ မထင်ကြသလော။ (ထင်ပါသည်။) သူ ထိုသို့ ပွဲဆူအောင်လုပ်ပြီးနောက်တွင် သူသည် မည်သို့သော လူစားမျိုးဖြစ်သည်ကို လူတိုင်းသိသွားကြပြီး နောင် စုဝေးပွဲများတွင် မိတ်သဟာယဖွဲ့သည့်အခါ ၎င်းတို့သည် အစဉ်သတိထား၍ စကားပြောရပြီး သူ၏ မျက်နှာအမူအရာကို အကဲခတ်ရသည်။ သူ၏ မျက်နှာပျက်သွားပါက အခြားသူများ စကားပြောရန် တုံ့ဆိုင်းသွားကြပြီး စုဝေးပွဲများတွင် မိတ်သဟာယဖွဲ့စဉ်အတွင်း လူတိုင်း မွန်းကျပ်သည်ဟု ခံစားကြရသည်။ ဤသည်မှာ သူ၏ ဆင်ခြင်တုံတရားမဲ့စွာနှင့် တစ်ဇွတ်ထိုးဆန်စွာ ဒုက္ခပေးခြင်းက ဖြစ်စေသော ဘောင်ခတ်ခြင်းနှင့် နှောင့်ယှက်ခြင်း မဟုတ်သလော။ (ဟုတ်ပါသည်။) ဆင်ခြင်တုံတရားမဲ့စွာနှင့် တစ်ဇွတ်ထိုးဆန်စွာ ဒုက္ခပေးတတ်သောသူတို့သည် အကျိုးသင့်အကြောင်းသင့် ပြောဆို၍မရသောသူများ ဖြစ်ကြသည်၊ ထိုသို့သော ပုဂ္ဂိုလ်များသည် သမ္မာတရားကို လက်ခံကြမည်မဟုတ်ဘဲ ကယ်တင်ခြင်းခံရရန် လုံးဝမဖြစ်နိုင်ပေ။

ဆင်ခြင်တုံတရားမဲ့စွာနှင့် တစ်ဇွတ်ထိုးဆန်စွာ ဒုက္ခပေးတတ်သော ဤလူစားမျိုး၌ အခြားသရုပ်သကန်တစ်ခု ရှိသေးသည်။ အချို့လူများသည် စုဝေးပွဲများအတွင်း အစဉ်သဖြင့် ဤသို့ပြောဆိုကြသည်။ “ကျွန်ုပ် ဝတ်ကျေတမ်းကျေ မလုပ်ဆောင်နိုင်တော့ပေ။ ကျွန်ုပ်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် အာရုံစိုက်ရန် လိုအပ်သည်၊ ကျွန်ုပ်သည် စုံလင်မှုကို လိုက်စားရန် လိုအပ်သည်။ ကျွန်ုပ်သည် သဘာဝအားဖြင့် ထူးချွန်ရန် ကြိုးစားသူဖြစ်သည်။ ကျွန်ုပ် မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ ကောင်းမွန်စွာ လုပ်ဆောင်ရမည်” ဟူ၍ ဖြစ်သည်။ ၎င်းတို့သည် အပြောသာရှိပြီး လက်တွေ့တွင်မူ မိမိတို့၏ တာဝန်ကို ထမ်းဆောင်သည့်အခါ ဝတ်ကျေတမ်းကျေ လုပ်ဆောင်နေဆဲဖြစ်ပြီး ၎င်းတို့ထမ်းဆောင်သော တာဝန်၌ ပြဿနာများစွာရှိကာ ဘုရားသခင်အတွက် သက်သေခံခြင်း၏ အကျိုးရရှိခြင်းနှင့် များစွာ ကွာဝေးနေသည်။ ခေါင်းဆောင်များက ၎င်းတို့၏ တာဝန်ထမ်းဆောင်မှုရှိ ပြဿနာများကို ထောက်ပြပြီး ၎င်းတို့ကို ပြုပြင်သည့်အခါ ၎င်းတို့သည် ချက်ချင်းပင် ဒေါသထွက်လာပြီး ဤသို့ပြောဆိုကြသည်။ “ကျွန်ုပ် သိပြီးသားပါ။ သင်တို့အားလုံး ကျွန်ုပ်၏ကျောနောက်တွင် ကျွန်ုပ်၏ လုပ်ငန်းပိုင်းဆိုင်ရာ ကျွမ်းကျင်မှုများ ညံ့ဖျင်းသည်ဟုဆိုကာ ကျွန်ုပ်ကို ဝေဖန်ကဲ့ရဲ့ကြသည်။ သင်တို့အားလုံး ကျွန်ုပ်ကို အထင်သေးကြ၍သာ မဟုတ်သလော။ ယင်းမှာ သေးငယ်သော အမှားတစ်ခုမျှသာ ဖြစ်သည်။ ကျွန်ုပ်ကို ဤကဲ့သို့ ပြုပြင်ရန် လိုအပ်သလော။ ထို့အပြင် မည်သူက အမှားမလုပ်တတ်သနည်း။ ကျွန်ုပ် ဝတ်ကျေတမ်းကျေ လုပ်ဆောင်သည်ဟု ပြောဆိုသည်၊ သင်သည်လည်း ယခင်က သင်၏အလုပ်တွင် ဝတ်ကျေတမ်းကျေ မလုပ်ခဲ့သလော။ ကျွန်ုပ်ကို ဝေဖန်ရန် သင်၌ အရည်အချင်းရှိသလော။ ကျွန်ုပ်၏ ပူးပေါင်းဆောင်ရွက်မှုမရှိဘဲ သင်တို့ထဲမှ မည်သူက ဤအလုပ်ကို တာဝန်ယူနိုင်မည်နည်း” ဟူ၍ ဖြစ်သည်။ ထိုသို့သောလူများကို သင်တို့ မည်သို့ထင်သနည်း။ ၎င်းတို့လုပ်ဆောင်သည့် မည်သည့်အရာတွင်မဆို ၎င်းတို့သည် အခြားသူများက ၎င်းတို့၏ ချို့တဲ့မှုများကို ထောက်ပြရန် သို့မဟုတ် အကြံပြုချက်များပေးရန် ခွင့်မပြုပေ၊ ၎င်းတို့သည် တရားနည်းလမ်းကျသော ပြုပြင်ခြင်းကိုပင် လက်မခံကြပေ။ မည်သူပင် ထုတ်ဖော်ပြောဆိုပါစေ ၎င်းတို့သည် ထိုသူတို့ကို ဆန့်ကျင်ပြီး အတိုက်အခံလုပ်ကာ ဆင်ခြင်တုံတရားမဲ့သော စကားများကို ပြောဆိုလျက် ၎င်းတို့ အထင်သေးခံရသည်ဟု သို့မဟုတ် ၎င်းတို့သည် တစ်ယောက်တည်း အင်အားမဲ့သောကြောင့် အနိုင်ကျင့်ခံရသည်ဟု သို့မဟုတ် အခြားထိုသို့သောအရာများကိုပင် ပြောဆိုကြသည်။ ဤသည်မှာ အနိုင်ကျင့်ဗိုလ်ကျခြင်း၊ ဆင်ခြင်တုံတရားမဲ့စွာနှင့် တစ်ဇွတ်ထိုးဆန်စွာ ဒုက္ခပေးခြင်း မဟုတ်သလော။ ပြုပြင်ခြင်းခံရပြီးနောက် မိမိတို့၏ တာဝန်ကို စွန့်ပစ်သော အချို့လူများပင် ရှိသေးသည်။ “ကျွန်ုပ် ဤအလုပ်ကို ဆက်မလုပ်တော့ပေ။ သင်တို့ လုပ်နိုင်လျှင် လုပ်ကြလော့။ ထိုအချိန်တွင် သင်တို့သည် ကျွန်ုပ်မရှိဘဲ အလုပ်ကို ဆက်လက်လုပ်ဆောင်နိုင်ခြင်း ရှိမရှိ ကျွန်ုပ် ကြည့်မည်” ဟူ၍ ဖြစ်သည်။ ညီအစ်ကိုမောင်နှမများက ၎င်းတို့ကို ဖျောင်းဖျရန် ကြိုးစားသော်လည်း ၎င်းတို့ နားမထောင်ကြပေ။ ခေါင်းဆောင်များနှင့် အမှုဆောင်များက ၎င်းတို့အား သမ္မာတရားကို မိတ်သဟာယဖွဲ့သည့်အခါတွင်ပင် ၎င်းတို့သည် လက်ခံရန် ငြင်းပယ်သည်၊ ၎င်းတို့သည် စတင်၍ ဟိတ်ဟန်များလာပြီး မိမိတို့၏ တာဝန်ကို စွန့်ပစ်ကြသည်။ စုဝေးပွဲများအတွင်း ၎င်းတို့သည် စူပုပ်နေပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်း သို့မဟုတ် မိတ်သဟာယဖွဲ့ခြင်း မပြုဘဲ အစဉ်သဖြင့် နောက်ဆုံးမှရောက်လာပြီး ပထမဆုံး ပြန်သွားတတ်သည်။ ၎င်းတို့ ထွက်ခွာသည့်အခါ ခြေဆောင့်ပြီး တံခါးကို ဆောင့်ပိတ်သွားကြရာ လူအများစုသည် ၎င်းတို့ကို မည်သို့ကိုင်တွယ်ရမည်ကို မသိဘဲ အကြံအိုက်နေကြသည်။ ထိုသို့သောလူများအပေါ် အမှုအရာများ ဖြစ်ပျက်သည့်အခါ ၎င်းတို့သည် အဓိပ္ပာယ်မရှိသော ငြင်းခုံမှုများနှင့် ပေါက်ကရစကားများကို ပြောဆိုကြသည်၊ ၎င်းတို့သည် ထိန်းမနိုင်သိမ်းမရ ဖြစ်လာပြီး အရာဝတ္ထုများကိုပင် ပစ်ပေါက်ကြကာ အကျိုးသင့်အကြောင်းသင့် လုံးဝပြောဆို၍မရတော့ပေ။ အချို့၌ ပို၍ပင် ဆိုးရွားသော သရုပ်သကန်များ ရှိသည်၊ ညီအစ်ကိုမောင်နှမများက ၎င်းတို့ကို မနှုတ်ဆက်ပါက ၎င်းတို့သည် မကျေမနပ်ဖြစ်လာပြီး စုဝေးပွဲများအတွင်း အခွင့်ကောင်းယူကာ ဤသို့ အော်ဟစ်ငိုယိုကြသည်။ “သင်တို့အားလုံး ကျွန်ုပ်ကို အထင်သေးကြသည်ကို ကျွန်ုပ် သိပါသည်။ စုဝေးပွဲများအတွင်း သင်တို့အားလုံးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မိတ်သဟာယဖွဲ့ရန်နှင့် သင်တို့၏ ကိုယ်ပိုင်အတွေ့အကြုံဆိုင်ရာ နားလည်မှုများကို ဆွေးနွေးရန်သာ အာရုံစိုက်ကြသည်။ မည်သူမျှ ကျွန်ုပ်ကို ဂရုမစိုက်ပေ၊ မည်သူမျှ ကျွန်ုပ်ကို ပြုံးမပြပေ၊ ကျွန်ုပ် ထွက်ခွာသည့်အခါ မည်သူမျှ ကျွန်ုပ်ကို လိုက်မပို့ပေ။ သင်တို့သည် မည်သို့သော ယုံကြည်သူများ ဖြစ်ကြသနည်း။ သင်တို့၌ လူ့သဘာဝ အမှန်တကယ် ကင်းမဲ့ကြပါတကား” ဟူ၍ ဖြစ်သည်။ ၎င်းတို့သည် အသင်းတော်၌ ဤကဲ့သို့ ကလေးတစ်ဦးကဲ့သို့ ပေါက်ကွဲကြသည်။ ၎င်းတို့သည် အသေးအဖွဲကိစ္စများအပေါ်တွင်ပင် ဒေါသထွက်ပြီး မိမိတို့၏ စုပုံနေသော မကျေနပ်ချက်များအားလုံးကို ထုတ်ဖော်ကြသည်။ ၎င်းတို့သည် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ထုတ်ဖော်နေခြင်းဖြစ်သည်မှာ ရှင်းလင်းသော်လည်း ၎င်းတို့သည် မိမိတို့ကိုယ်ကို ဆင်ခြင်သုံးသပ်ခြင်း သို့မဟုတ် သိကျွမ်းခြင်း မရှိသည့်အပြင် ပြောင်းလဲရန်ဖြစ်စေ၊ သမ္မာတရားကိုဖြစ်စေ လိုက်စားရန် ဆန္ဒလည်း မရှိကြပေ။ ထိုအစား ၎င်းတို့သည် မိမိတို့၏စိတ်ကို ဟန်ချက်ညီအောင် လုပ်ရန် အကြောင်းပြချက်အမျိုးမျိုးကို ရှာဖွေလျက် အခြားသူများ၌ အပြစ်ရှာကြသည်၊ ပြီးလျှင် ဤသို့ပြုလုပ်နေစဉ်တွင် မိမိတို့၏ မကျေနပ်ချက်များကို ထုတ်ဖော်ရန် အခွင့်အရေးများကို ရှာဖွေကြသည်။ ပို၍အရေးကြီးသည်မှာ ၎င်းတို့သည် လူများကြားတွင် ဂုဏ်သိက္ခာနှင့် အာရုံစိုက်မှုကို အတိုင်းအတာတစ်ခုအထိ ရရှိရန်အလို့ငှာ လူအများက ၎င်းတို့ကို သတိပြုမိပြီး ကြောက်ရွံ့စေရန် ရည်ရွယ်ကြသည်။ ဤကဲ့သို့သောလူများသည် အလွန်ပင် ဒုက္ခပေးလှပါတကား။ ၎င်းတို့ မည်သည့်အရာကို ပြောဆိုသည်ဖြစ်စေ မည်သူမျှ “မဟုတ်” ဟု မပြောဝံ့ပေ၊ မည်သူမျှ ၎င်းတို့ကို ပေါ့ပေါ့တန်တန် အကဲဖြတ်ခြင်း မပြုဝံ့ပေ၊ မည်သူမျှ ၎င်းတို့ကို ရင်ဖွင့်ပြီး မိတ်သဟာယဖွဲ့ခြင်း မပြုဝံ့ပေ။ ၎င်းတို့၌ အချို့သော ချို့ယွင်းချက်များနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို တွေ့ရှိလျှင်ပင် မည်သူမျှ ထောက်ပြခြင်း မပြုဝံ့ပေ။ စုဝေးပွဲများအတွင်း လူတိုင်းက မိမိတို့၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ အတွေ့အကြုံများနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် နားလည်မှုကို မိတ်သဟာယဖွဲ့သည့်အခါ ၎င်းတို့သည် “ပျားအုံ” ဖြစ်သော ဤလူကို တုတ်နှင့်ထိုးမိပြီး ပြဿနာဖြစ်မည်ကို ကြောက်ရွံ့သဖြင့် ဂရုတစိုက် ရှောင်ရှားကြသည်။ အချို့လူများသည် အိမ်၌ သို့မဟုတ် အလုပ်၌ မတရားဆက်ဆံခံရသည်ဟု ခံစားရပြီးနောက် သို့မဟုတ် မကျေနပ်မှုများနှင့် ရင်ဆိုင်ရပြီးနောက် စုဝေးပွဲများအတွင်း လာ၍ ထုတ်ဖော်ပြောဆိုကြသည်။ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများကို ၎င်းတို့၏ ပေါက်ကွဲရာနှင့် ဒေါသဖြေစရာအဖြစ် ပြုလုပ်နေကြသည်မှာ ရှင်းလင်းပါသည်။ ၎င်းတို့ စိတ်ဆိုးသည့်အခါ အဓိပ္ပာယ်မရှိသော ငြင်းခုံမှုများကို ပြောဆိုကြသည်၊ ငိုကြွေးကြပြီး ဒေါသတကြီး အော်ဟစ်ဆူပူကြသည်။ ထိုအခါ မည်သူက ၎င်းတို့နှင့် သမ္မာတရားကို မိတ်သဟာယဖွဲ့ဝံ့မည်နည်း။ ၎င်းတို့နှင့် မိတ်သဟာယဖွဲ့ပြီး အချို့စကားလုံးများက စိတ်ထိခိုက်စေသည့်အရာကို ထိမိသွားပါက ၎င်းတို့သည် မိမိကိုယ်ကို အဆုံးစီရင်မည်ဟု ခြိမ်းခြောက်ကြလိမ့်မည်။ ယင်းက ပို၍ပင် ပြဿနာများပေလိမ့်မည်။ ထိုသို့သောလူများနှင့် ပုံမှန် မိတ်သဟာယဖွဲ့ခြင်းသည် အလုပ်မဖြစ်ပေ၊ ပုံမှန် စကားပြောဆိုခြင်းသည် အလုပ်မဖြစ်ပေ၊ အလွန်နွေးထွေးလွန်းခြင်း သို့မဟုတ် အလွန်အေးစက်လွန်းခြင်း နှစ်မျိုးစလုံးသည် အလုပ်မဖြစ်ပေ၊ ၎င်းတို့ကို ရှောင်ရှားခြင်းသည် အလုပ်မဖြစ်ပေ၊ အလွန်နီးကပ်လွန်းခြင်းသည် အလုပ်မဖြစ်ပေ၊ ညီအစ်ကိုမောင်နှမများက ၎င်းတို့၏ ပျော်ရွှင်မှုနှင့်အညီ လိုက်၍ ပျော်ရွှင်ကြောင်း မပြပါကလည်း အလုပ်မဖြစ်ပေ၊ ဤလူများ အခက်အခဲအချို့ ကြုံတွေ့သည့်အခါ ညီအစ်ကိုမောင်နှမများက ၎င်းတို့၏ စိတ်ဆင်းရဲမှုနှင့်အညီ စိတ်ဆင်းရဲမှု မပြနိုင်ပါကလည်း အလုပ်မဖြစ်ပေ။ ၎င်းတို့နှင့် မည်သည့်အရာမျှ အလုပ်မဖြစ်ပေ။ မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ ၎င်းတို့ကို စိတ်အနှောင့်အယှက်ဖြစ်စေနိုင်ပြီး ဒေါသထွက်စေနိုင်သည်။ ၎င်းတို့ကို မည်သို့ပင် ဆက်ဆံပါစေ ၎င်းတို့သည် မည်သည့်အခါမျှ မကျေနပ်ကြပေ။ အချို့သောလူတို့၏ အခြေအနေများအကြောင်း ငါ၏ တရားဒေသနာများနှင့် မိတ်သဟာယဖွဲ့ခြင်းများကပင် ၎င်းတို့ကို ဒေါသထွက်စေနိုင်သည်။ ယင်းက ၎င်းတို့ကို မည်သို့ ဒေါသထွက်စေသနည်း။ ၎င်းတို့က ဤသို့တွေးထင်ကြသည်။ “ဤသည်မှာ ကျွန်ုပ်ကို ဖော်ထုတ်နေခြင်း မဟုတ်ပါလော။ သင်သည် ကျွန်ုပ်နှင့် ထိတွေ့ဆက်ဆံဖူးခြင်းပင် မရှိသကဲ့သို့ ကျွန်ုပ် တိတ်တဆိတ် လုပ်ဆောင်ခဲ့သည့်အရာနှင့်ပတ်သက်၍လည်း သင့်ကို မည်သည့်အရာမျှ မပြောပြခဲ့ပေ။ သင် မည်သို့ သိနိုင်မည်နည်း။ တစ်စုံတစ်ယောက်က တိုင်တောခြင်း ဖြစ်ရမည်။ သင်နှင့် မည်သူက အဆက်အသွယ်ရှိသည်၊ မည်သူက တိုင်တောသည်၊ မည်သူက ကျွန်ုပ်ကို သတင်းပို့သည်ကို ကျွန်ုပ် ရှာဖွေရမည်၊ ကျွန်ုပ် သူ့ကို အလွတ်ပေးမည်မဟုတ်ပေ” ဟူ၍ ဖြစ်သည်။ ဆင်ခြင်တုံတရားမဲ့စွာနှင့် တစ်ဇွတ်ထိုးဆန်စွာ ဒုက္ခပေးတတ်သော ဤလူစားမျိုးသည် မည်သည့်အရာနှင့်ပတ်သက်၍မဆို လွဲချော်သော အတွေးများ ရှိနိုင်ပြီး မည်သည့်အရာကိုမျှ မှန်ကန်စွာ မဆက်ဆံနိုင်ပေ။ ၎င်းတို့သည် အကျိုးသင့်အကြောင်းသင့် ပြောဆို၍မရသောသူများ ဖြစ်ကြသည်။ ၎င်းတို့သည် သမ္မာတရားကို လက်ခံနိုင်ရန် မဆိုထားနှင့်၊ ဆင်ခြင်တုံတရားသည် ၎င်းတို့နှင့် အတော်ပင် ကင်းကွာနေ၏။ ၎င်းတို့ အသင်းတော်၌ နေထိုင်ခြင်းသည် မည်သည့်အကျိုးကျေးဇူးမျှ မရှိဘဲ အန္တရာယ်ကိုသာ ဖြစ်စေသည်။ ၎င်းတို့သည် အမြန်ဆုံး ခါချပစ်သင့်သော ဝန်ထုပ်ဝန်ပိုးတစ်ခုသာ ဖြစ်သည်၊ ၎င်းတို့ကို ချက်ချင်း ဖယ်ရှားပစ်သင့်သည်။

တရုတ်ပြည်၌ ဘုရားသခင်ကို ယုံကြည်ခြင်းသည် အဆင်းနီသော နဂါးကြီး၏ ဖိနှိပ်ခြင်းနှင့် ညှဉ်းပန်းနှိပ်စက်ခြင်းကို ဖြစ်စေပြီး နေအိမ်သို့မပြန်နိုင်ဘဲ လိုက်လံဖမ်းဆီးခံရသူများ အလွန်များပြားလှသည်။ သို့သော် အချို့လူများသည် ညှဉ်းပန်းနှိပ်စက်ခံရပြီး နေအိမ်သို့မပြန်နိုင်သည့်အခါ မိမိတို့သည် ဂုဏ် သို့မဟုတ် အရည်အချင်း ရရှိခဲ့သည်ဟု ယုံကြည်ကြသည်။ ၎င်းတို့သည် ဧည့်ခံသည့်မိသားစုများနှင့်အတူ နေထိုင်ကြပြီး လူများက ၎င်းတို့ကို လုပ်ကျွေးပြုစုရုံသာမက တစ်စုံတစ်ရာက ၎င်းတို့၏ ဆန္ဒကို အနည်းငယ် ဆန့်ကျင်သွားပါက သို့မဟုတ် ၎င်းတို့ အိမ်ကို လွမ်းဆွတ်လာပါက ပြဿနာရှာကြတော့သည်၊ ပြီးလျှင် အခြားသူများကလည်း ၎င်းတို့ကို ချော့မော့ပြီး သည်းခံကြရသည်။ ထိုသို့သောလူများသည် ဆင်ခြင်တုံတရားမဲ့စွာနှင့် တစ်ဇွတ်ထိုးဆန်စွာ ဒုက္ခပေးတတ်သောသူများ မဟုတ်သလော။ လူများစွာ ညှဉ်းပန်းနှိပ်စက်ခံနေရပြီး ဧည့်ခံသည့်မိသားစုများမှာ များများစားစားမရှိပေ။ ညီအစ်ကိုမောင်နှမများက နေအိမ်သို့မပြန်နိုင်သောသူတို့ကို မေတ္တာတရားကြောင့်သာ ဧည့်ခံကြခြင်း ဖြစ်သည်။ ၎င်းတို့သည် ထိုသူတို့ကို လမ်းပေါ်၌ နေထိုင်ရခြင်းမှ ကင်းဝေးစေပြီး မိမိတို့၏ နေအိမ်များတွင် နေထိုင်ခွင့်ပြုကြသည်။ ဤသည်မှာ ဘုရားသခင်၏ ကျေးဇူးတော် မဟုတ်သလော။ သို့တိုင်အောင် အချို့သည် ဘုရားသခင်၏ ကျေးဇူးတော်ကို တန်ဖိုးထားရန် ပျက်ကွက်ရုံသာမက ညီအစ်ကိုမောင်နှမများ၏ မေတ္တာကိုလည်း မြင်ရန် ပျက်ကွက်ကြသည်။ ထိုအစား ၎င်းတို့သည် နစ်နာသည်ဟု ခံစားရပြီး ညည်းညူကာ ရိုင်းစိုင်းစွာပင် ပြုမူကြလိမ့်မည်။ ညီအစ်ကိုမောင်နှမများ၏ နေအိမ်များရှိ နေထိုင်မှုအခြေအနေများသည် စင်စစ်အားဖြင့် မိမိ၏နေအိမ်ထက် အနည်းငယ် ပိုကောင်းမွန်ပါသည်။ အထူးသဖြင့် ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် မိမိ၏တာဝန်ကို ထမ်းဆောင်ခြင်းတို့နှင့်ပတ်သက်လျှင် ညီအစ်ကိုမောင်နှမများ၏ နေအိမ်များတွင် နေထိုင်ခြင်းသည် မိမိ၏နေအိမ်တွင် နေထိုင်ခြင်းထက်ပင် ပိုကောင်းပြီး သဟဇာတဖြစ်စွာ ပူးပေါင်းဆောင်ရွက်ရန် ညီအစ်ကိုမောင်နှမများ ရှိနေခြင်းသည် တစ်ယောက်တည်း အထီးကျန်နေခြင်းထက် အစဉ်သဖြင့် များစွာ ပိုကောင်းပါသည်။ အချို့ဒေသများတွင် နေထိုင်မှုအခြေအနေများ အနည်းငယ် ချို့တဲ့နေလျှင်ပင် ပျမ်းမျှနေထိုင်မှု အဆင့်အတန်းတစ်ခုကိုမူ ရရှိနေဆဲဖြစ်သည်။ အရေးကြီးဆုံးမှာ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများနှင့်အတူ နေထိုင်နိုင်ခြင်း၊ မကြာခဏ စုဝေးပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်နိုင်ခြင်း၊ သမ္မာတရားများကို ပိုမိုနားလည်လာခြင်းနှင့် မိမိတို့၏ လိုက်စားမှုပန်းတိုင်များမှာ အဘယ်အရာဖြစ်သည်ကို သိရှိလာခြင်းတို့ ဖြစ်သည်။ သို့ဖြစ်၍ သမ္မာတရားကို လိုက်စားသောသူတို့သည် ထိုအဖိုးအခကို ပေးဆပ်နိုင်ပြီး ထိုဆင်းရဲဒုက္ခကို ခံနိုင်ရည်ရှိကြသည်။ လူအများစုသည် ဤအရာအပေါ် မှန်ကန်သော သဘောထားရှိကြသည်၊ ထိုဆင်းရဲဒုက္ခသည် ခံရကျိုးနပ်ကြောင်းနှင့် ယင်းမှာ ၎င်းတို့ ကြုံတွေ့ရမည့်အရာဖြစ်ကြောင်း သိရှိလျက် ဘုရားသခင်ထံမှ ယင်းကို ခံယူနိုင်ကြသည်။ ၎င်းတို့သည် ယင်းကို မှန်ကန်စွာ ချဉ်းကပ်နိုင်သည်။ သို့သော် ဆင်ခြင်တုံတရားမဲ့စွာနှင့် တစ်ဇွတ်ထိုးဆန်စွာ ဒုက္ခပေးတတ်သော ထိန်းမနိုင်သိမ်းမရသော အချို့လူများသည် အမှုအရာများကို ဤနည်းလမ်းဖြင့် လုံးဝ သဘောပေါက်နားလည်နိုင်ခြင်းမရှိပေ။ ၎င်းတို့သည် တစ်ပတ်ကြာ အိမ်မပြန်နိုင်ခြင်းကို သည်းခံနိုင်ကောင်း သည်းခံနိုင်မည်၊ သို့သော် နှစ်ပတ်ကြာပြီးနောက် ၎င်းတို့သည် စိတ်မကြည်တော့ဘဲ တစ်လ သို့မဟုတ် နှစ်လကြာသောအခါ ရိုင်းစိုင်းလာကာ ဤသို့ပြောဆိုကြသည်။ “အဘယ်ကြောင့် သင်တို့၏မိသားစုက ပျော်ရွှင်စွာ အတူတကွရှိနိုင်ပြီး ကျွန်ုပ်ကမူ ကျွန်ုပ်၏မိသားစုထံ မပြန်နိုင်ရသနည်း။ အဘယ်ကြောင့် ကျွန်ုပ်၌ လွတ်လပ်ခွင့်မရှိဘဲ သင်တို့အားလုံးကမူ အလိုရှိသလို ဝင်ထွက်သွားလာနိုင်ကြသနည်း” ဟူ၍ ဖြစ်သည်။ အခြားသူများက ဤသို့ပြန်ပြောကြသည်။ “ဤသည်မှာ အဆင်းနီသော နဂါးကြီးထံမှ ညှဉ်းပန်းနှိပ်စက်မှုကြောင့် ဖြစ်ပေါ်လာခြင်း မဟုတ်သလော။ ဘုရားသခင်၏ နောက်လိုက်များအနေဖြင့် ကျွန်ုပ်တို့သည် ထိုသို့သော ဆင်းရဲဒုက္ခကို ခံရသည်မှာ သဘာဝကျသည် မဟုတ်သလော။ ဤဆင်းရဲဒုက္ခအနည်းငယ်က အဘယ်များ အရေးကြီးသနည်း။ အခြေအနေများကို ထောက်ရှုသော် အဘယ်အရာကို ဇီဇာကြောင်စရာ ရှိသေးသနည်း။ အခြားသူများက ဤဆင်းရဲဒုက္ခကို ကြံ့ကြံ့ခံနိုင်လျှင် သင် အဘယ်ကြောင့် မခံနိုင်ရသနည်း” ဟူ၍ ဖြစ်သည်။ ဆင်ခြင်တုံတရားမဲ့စွာနှင့် တစ်ဇွတ်ထိုးဆန်စွာ ဒုက္ခပေးတတ်သောသူတို့သည် ဆင်းရဲဒုက္ခကို လုံးဝ မခံစားလိုကြပေ။ ၎င်းတို့ အဖမ်းခံရပြီး ထောင်ထဲသို့ အပို့ခံရပါက ၎င်းတို့သည် ယုဒများ ဖြစ်လာကြမည်မှာ သေချာသည်။ ဧည့်ခံသည့်မိသားစုနှင့် နေထိုင်ရာတွင် မည်မျှပင် ဆင်းရဲဒုက္ခရှိနိုင်မည်နည်း။ ပထမအချက်အနေဖြင့် အစားအစာသည် လူတို့စားသုံးသည့် အစာပင်ဖြစ်သည်၊ ဒုတိယအချက်အနေဖြင့် မည်သူမျှ သင့်ကို အခက်တွေ့အောင် မလုပ်ပေ၊ တတိယအချက်အနေဖြင့် မည်သူမျှ သင့်ကို အနိုင်မကျင့်ပေ။ သင် အိမ်မပြန်နိုင်ဘဲ သင်၏မိသားစုနှင့် ပြန်လည်မဆုံစည်းနိုင်ခြင်းသာ ရှိသည်၊ ထိုဆင်းရဲဒုက္ခအနည်းငယ်သည် ဆင်ခြင်တုံတရားမဲ့စွာနှင့် တစ်ဇွတ်ထိုးဆန်စွာ ဒုက္ခပေးတတ်သောလူများအတွက် လုံးဝ လက်မခံနိုင်စရာ ဖြစ်နေသည်။ အခြားသူများက ၎င်းတို့အား သမ္မာတရားကို မိတ်သဟာယဖွဲ့သည့်အခါ ၎င်းတို့သည် ယင်းကို ခံယူရန် ငြင်းပယ်ကြပြီး ဤသို့သောစကားများကို ပြောဆိုကြသည်။ “ထိုကြီးကျယ်သော အယူဝါဒများအကြောင်း ကျွန်ုပ်ကို ဩဝါဒမခြွေနှင့်။ ကျွန်ုပ်သည် သင်ထက်မနည်း နားလည်ပါသည်၊ ဤအရာအားလုံးကို ကျွန်ုပ် သိပါသည်။ ကျွန်ုပ် မည်သည့်အခါတွင် အိမ်ပြန်နိုင်မည်ကိုသာ ပြောပါ။ အဆင်းနီသော နဂါးကြီးက ကျွန်ုပ်၏အိမ်ကို စောင့်ကြည့်ခြင်းကို မည်သည့်အခါတွင် ရပ်မည်နည်း။ အဆင်းနီသော နဂါးကြီးက ကျွန်ုပ်ကို ဖမ်းဆီးခြင်းကို မခံရဘဲ ကျွန်ုပ် မည်သည့်အချိန်တွင် အိမ်ပြန်နိုင်မည်နည်း။ ကျွန်ုပ် မည်သည့်အချိန်တွင် အိမ်ပြန်နိုင်မည်ကို မသိလျှင် မထူးတော့သည့်အတူတူ ကျွန်ုပ် အသက်မရှင်ဘဲ နေခြင်းက ပိုကောင်းပေမည်” ဟူ၍ ဖြစ်သည်။ ၎င်းတို့သည် နောက်တစ်ကြိမ် ပွဲဆူအောင်လုပ်ကြပြန်သည်၊ ဆက်၍ပြောဆိုရင်း မြေကြီးပေါ်တွင် ထိုင်ချကာ ကန်ကျောက်၍ ငိုယိုကြသည်၊ ပို၍ ကန်ကျောက်လေ ၎င်းတို့ ပို၍ဒေါသထွက်လေဖြစ်ပြီး ငိုကြွေးမြည်တမ်းခြင်းနှင့်အတူ ထိန်းမနိုင်သိမ်းမရ ပေါက်ကွဲကြပြန်သည်။ အခြားသူများက “သင်၏အသံကို တိုးတိုးပြောပါ။ သင် ဤကဲ့သို့ ဆက်လုပ်နေပြီး အိမ်နီးချင်းများ ကြားသွားပါက ဤနေရာ၌ သူစိမ်းများ နေထိုင်နေသည်ကို သိရှိသွားပြီး ကျွန်ုပ်တို့ ဖော်ထုတ်ခံရမည် မဟုတ်လော” ဟု ပြောဆိုကြသည်။ ၎င်းတို့က “ကျွန်ုပ် ဂရုမစိုက်ပေ၊ ကျွန်ုပ် ပွဲဆူအောင်လုပ်မည်သာဖြစ်သည်။ သင်တို့အားလုံး အိမ်ပြန်နိုင်ကြသော်လည်း ကျွန်ုပ်ကမူ မပြန်နိုင်ပေ။ ယင်းမှာ တရားမမျှတပေ။ သင်တို့လည်း ကျွန်ုပ်ကဲ့သို့ အိမ်မပြန်နိုင်သည်အထိ ကျွန်ုပ် ပွဲဆူအောင်လုပ်မည်” ဟု ပြန်ပြောကြသည်။ ၎င်းတို့၏ ထိန်းမနိုင်သိမ်းမရသော ပေါက်ကွဲမှုသည် မလျော့သွားသည့်အပြင် ၎င်းတို့၏ မကောင်းကြံလိုစိတ် ပေါ်လာသည်၊ မည်သူမျှ ၎င်းတို့အား အကျိုးသင့်အကြောင်းသင့် ပြောဆို၍မရ၊ မည်သူမျှ ၎င်းတို့ကို မဖျောင်းဖျနိုင်ပေ။ ၎င်းတို့၏ စိတ်အခြေအနေ အနည်းငယ် ကြည်လင်လာသည့်အခါ ၎င်းတို့သည် တိတ်ဆိတ်သွားပြီး ပြဿနာရှာခြင်းကို ရပ်တန့်လိုက်သည်။ သို့သော် မည်သူသိနိုင်မည်နည်း၊ မည်သည့်နေ့တွင်မဆို ၎င်းတို့သည် နောက်တစ်ကြိမ် ထိန်းမနိုင်သိမ်းမရ ပြဿနာရှာနိုင်သည်။ ၎င်းတို့သည် အပြင်ထွက် လမ်းလျှောက်ပြီး လွတ်လပ်စွာနေရန် လိုကိုလိုအပ်သည်၊ အိမ်ထဲတွင် အသံကျယ်ကျယ် ပြောဆိုရန် လိုကိုလိုအပ်သည်၊ ၎င်းတို့သည် အိမ်ပြန်ရန် အစဉ်အမြဲ ကြံစည်နေလိမ့်မည်။ ညီအစ်ကိုမောင်နှမများက ၎င်းတို့ကို ဤသို့သတိပေးကြသည်။ “အိမ်ပြန်ခြင်းသည် အလွန်အန္တရာယ်များလှသည်၊ ရဲများက ချုံခိုပြီး လေ့လာစောင့်ကြည့်နေသည်” ဟူ၍ ဖြစ်သည်။ ၎င်းတို့က “ကျွန်ုပ် ဂရုမစိုက်ပေ၊ ကျွန်ုပ် ပြန်ချင်သည်။ သူတို့ ကျွန်ုပ်ကို ဖမ်းလျှင် ဖမ်းပါစေ။ ဘာများ အရေးကြီးသနည်း။ အဆိုးဆုံးအနေဖြင့် ကျွန်ုပ် ယုဒတစ်ယောက် ဖြစ်သွားရုံသာ ဖြစ်သည်” ဟု ပြန်ပြောကြသည်။ ဤသည်မှာ ရူးသွပ်ခြင်း မဟုတ်သလော။ (ဟုတ်ပါသည်။) ၎င်းတို့သည် ယုဒတစ်ယောက်ဖြစ်လိုကြောင်း ပေါ်တင်ပြောဆိုကြသည်။ မည်သူက ၎င်းတို့ကို ဧည့်ခံဝံ့မည်နည်း။ မည်သူက ယုဒတစ်ယောက်ကို ဧည့်ခံလိုသနည်း။ (ဧည့်မခံလိုပါ။) ထိုသို့သောလူသည် ဘုရားသခင်ကို ယုံကြည်သူတစ်ဦး ဟုတ်သလော။ ညီအစ်ကိုမောင်နှမများက ၎င်းတို့ကို ဘုရားသခင်ကို ယုံကြည်သူတစ်ဦးအဖြစ် ဧည့်ခံကြသည်။ ၎င်းတို့၏ လူ့သဘာဝ အနည်းငယ် ချို့တဲ့ပါက သည်းခံနိုင်ကောင်း သည်းခံနိုင်မည်၊ သမ္မာတရားကို မလိုက်စားခြင်းကိုလည်း သည်းခံနိုင်ကောင်း သည်းခံနိုင်မည်။ သို့သော် ၎င်းတို့သည် အသင်းတော်ကို သစ္စာဖောက်ပြီး ယုဒတစ်ယောက်ဖြစ်လာခြင်းဖြင့် ညီအစ်ကိုမောင်နှမများကို အန္တရာယ်ပြုနိုင်စွမ်းရှိပြီး ထိုသို့ဖြင့် လူများစွာကို ၎င်းတို့၏နေအိမ်များသို့ မပြန်နိုင်အောင် သို့မဟုတ် ၎င်းတို့၏တာဝန်များကို ပုံမှန်အတိုင်း မထမ်းဆောင်နိုင်အောင် ပြုလုပ်နိုင်သည်၊ ဤအကျိုးဆက်များကို မည်သူက ခေါင်းခံနိုင်မည်နည်း။ သင်သည် ဤကဲ့သို့သော ရန်သူမျိုးကို ဧည့်ခံဝံ့မည်လော။ ၎င်းတို့ကို ဧည့်ခံခြင်းသည် သင့်အနေဖြင့် ကိုယ့်ပြဿနာကိုယ်ရှာနေခြင်းသာ ဖြစ်သည် မဟုတ်သလော။

ဆင်ခြင်တုံတရားမဲ့စွာနှင့် တစ်ဇွတ်ထိုးဆန်စွာ ဒုက္ခပေးတတ်သောလူတို့သည် ပြုမူဆောင်ရွက်သည့်အခါ မိမိတို့၏ ကိုယ်ပိုင်အကျိုးစီးပွားကိုသာ တွေးတောကြပြီး မိမိတို့ နှစ်သက်သည့် မည်သည့်အရာကိုမဆို လုပ်ဆောင်ကြသည်။ ၎င်းတို့၏ စကားများသည် အဓိပ္ပာယ်မရှိသော ငြင်းခုံမှုများနှင့် မိစ္ဆာဒိဋ္ဌိအယူများမှလွဲ၍ မည်သည့်အရာမျှမဟုတ်ဘဲ ၎င်းတို့သည် အသိခေါက်ခက်အဝင်နက်သူများ ဖြစ်ကြသည်။ ၎င်းတို့၏ ရက်စက်ကြမ်းကြုတ်သော စိတ်သဘောထားသည် လျှံထွက်နေသည်။ မိမိတို့အတွက် ဒုက္ခကို လက်ယပ်ခေါ်သလို ဖြစ်မည်စိုးသောကြောင့် မည်သူကမျှ ၎င်းတို့နှင့် မပတ်သက်ဝံ့သလို မည်သူကမျှ ၎င်းတို့နှင့် သမ္မာတရားကို မိတ်သဟာယဖွဲ့ချင်စိတ်မရှိပေ။ အခြားလူတို့သည် ၎င်းတို့ကို စိတ်ထဲရှိသည့်အတိုင်းပြောရန် ရင်တမမဖြစ်ကြကာ ၎င်းတို့ မနှစ်သက်သည့်၊ သို့မဟုတ် ၎င်းတို့၏ ဆန္ဒများနှင့် မကိုက်သည့် စကားတစ်ခွန်းပြောမိလျှင် ယင်းကို မလွတ်တမ်းအသုံးချပြီး တရားလွန်ဖြစ်သော စွပ်စွဲမှုများကို ပြုလုပ်မည်ကို စိုးရွံ့ကြသည်။ ဤသို့သောသူများက မဆိုးယုတ်သလော။ အသက်ရှင်နေသော မကောင်းဆိုးဝါးများမဟုတ်လော။ ရက်စက်ကြမ်းကြုတ်သော စိတ်သဘောထားနှင့် ဆင်ခြင်တုံတရား မူမမှန်သည့်သူများအားလုံးသည် အသက်ရှင်နေသော မကောင်းဆိုးဝါးများဖြစ်သည်။ တစ်စုံတစ်ယောက်က အသက်ရှင်နေသော မကောင်းဆိုးဝါးတစ်ကောင်နှင့် အဆက်အဆံပြုသောအခါ ခဏတာ ပေါ့ဆမှုလေးဖြင့် သူ့ကိုယ်သူ ဘေးဒုက္ခဖြစ်စေနိုင်သည်။ ဤသို့သော သက်ရှိမကောင်းဆိုးဝါးများသည် အသင်းတော်တွင်ရှိနေလျှင် ပြဿနာကြီးဖြစ်လိမ့်မည် မဟုတ်လော။ (ဟုတ်သည်။) ဤသက်ရှိမကောင်းဆိုးဝါးများသည် ဝုန်းဒိုင်းကြဲကာ ဒေါသူပုန်ထပြီးသည့်နောက်တွင် လူသားတစ်ယောက်ကဲ့သို့ ခဏတာ စကားပြောနိုင်ပြီး တောင်းပန်ကောင်း တောင်းပန်နိုင်သည်။ သို့သော် နောက်ပိုင်းတွင် ပြောင်းလဲမည်မဟုတ်ပေ။ သူတို့၏ စိတ်အခြေအနေသည် မည်သည့်အချိန်တွင် ဆိုးရွားသွားမည်ကိုလည်းကောင်း၊ သူတို့၏ ယုတ္တိမတန်သော အကြောင်းပြချက်များကို ကရားရေလွှတ် တတွတ်တွတ်ရွတ်ရင်း နောက်တစ်ကြိမ် ဒေါသတကြီး ပြုမူကြမည်ကိုလည်းကောင်း မည်သူမျှ မသိနိုင်ပေ။ သူတို့၏ ဒေါသတကြီးပြုမူခြင်းနှင့် စိတ်ခံစားချက် ပွင့်အံချမှု၏ ပစ်မှတ်သည် အကြိမ်တိုင်းတွင် မတူညီသကဲ့သို့ ထိုသို့ ပွင့်အံချမှု၏ အရင်းအမြစ်နှင့် နောက်ခံအကြောင်းအရာသည်လည်း ကွဲပြားခြားနား၏။ ဆိုလိုသည်မှာ မည်သည့်အရာမဆို သူတို့၏ ဒေါသကို ဆွပေးနိုင်သည်၊ မည်သည့်အရာမဆို သူတို့ကို စိတ်တိုင်းမကျ ဖြစ်စေနိုင်သည်၊ မည်သည့်အရာမဆို သူတို့ကို ဒေါသတကြီး ထိန်းမနိုင်သိမ်းမရ ပြုမူခြင်းတို့ဖြင့် တုံ့ပြန်စေနိုင်၏။ အလွန် ကြောက်မက်ဖွယ်ကောင်းလှ၏။ အလွန် ဒုက္ခများလှ၏။ ဤစိတ်ဖောက်ပြန်သော ဆိုးယုတ်သည့်လူများသည် အချိန်မရွေး စိတ်ဖောက်ပြန်သွားနိုင်၏။ ၎င်းတို့သည် မည်သည့်အရာကို လုပ်နိုင်စွမ်းရှိသည်ကို မည်သူမျှ မသိပေ။ ထိုသို့သောလူများကို ငါ အလွန်အမင်း မုန်းတီးသည်။ ထိုလူတစ်ယောက်ချင်းစီတိုင်း ဖယ်ရှားခြင်း ခံရသင့်သည်။ ၎င်းတို့အားလုံးကို ရှင်းလင်းပစ်ရမည်။ ၎င်းတို့နှင့် ငါထိတွေ့ဆောင်ရွက်လိုခြင်းမရှိပေ။ ၎င်းတို့သည် အတွေးတွင် နားဝေတိမ်တောင်ဖြစ်ပြီး စိတ်သဘောထားက ကြမ်းကြုတ်သည်။ ၎င်းတို့သည် ယုတ္တိမရှိသော အကြောင်းပြချက်များ၊ နတ်ဆိုးဆန်သော စကားများနှင့် ပြည့်နေသည်။ ၎င်းတို့အပေါ် အမှုအရာများ ဖြစ်ပျက်သောအခါ ထိုအရာများအကြောင်းကို တဇောက်ကန်းနည်းလမ်းဖြင့် ပွင့်အံချကြသည်။ ၎င်းတို့ထဲမှ အချို့သည် စိတ်ထဲရှိသည်များကို ပေါက်ကွဲထွက်သည့်အခါ ငိုကြွေးကြသည်၊ အချို့က အော်ဟစ်ကြသည်၊ အချို့က ခြေဆောင့်ကြပြီး ခေါင်းခါကာ ခြေလက်များကို ဝှေ့ယမ်းကြသူအချို့ပင် ရှိသေးသည်။ ၎င်းတို့သည် တိရစ္ဆာန်များသာဖြစ်ပြီး လူသားများမဟုတ်ကြပေ။ အချို့သော ထမင်းချက်များသည် ဒေါသထွက်သည်နှင့် အိုးခွက်ပန်းကန်များကို ပစ်ပေါက်ကြသည်၊ ဝက် သို့မဟုတ် ခွေးမွေးမြူသော အခြားသူများမှာမူ ဒေါသထွက်သည်နှင့် ဤတိရစ္ဆာန်များကို ကန်ကျောက်ရိုက်နှက်ကြပြီး ၎င်းတို့၏ ဒေါသအားလုံးကို ထိုတိရစ္ဆာန်များအပေါ် ပုံချကြသည်။ ဤပုဂ္ဂိုလ်များသည် မည်သည့်အရာ ဖြစ်ပျက်သည်ဖြစ်စေ အစဉ် ဒေါသဖြင့် တုံ့ပြန်ကြသည်၊ ၎င်းတို့သည် ဆင်ခြင်သုံးသပ်ရန် မိမိတို့ကိုယ်ကို စိတ်တည်ငြိမ်အောင် မလုပ်သကဲ့သို့ ဘုရားသခင်ထံမှလည်း ယင်းကို မခံယူကြပေ၊ ၎င်းတို့သည် ဆုမတောင်းကြသကဲ့သို့ သမ္မာတရားကို မရှာဖွေကြ၊ အခြားသူများနှင့် မိတ်သဟာယဖွဲ့ရန်လည်း မရှာဖွေကြပေ။ ၎င်းတို့၌ ရွေးချယ်စရာမရှိသည့်အခါ သည်းခံကြသည်၊ သည်းခံလိုစိတ် မရှိသည့်အခါတွင်မူ ပေါက်ကွဲကြပြီး အဓိပ္ပာယ်မရှိသော ငြင်းခုံမှုများကို ပြောဆိုကာ အခြားသူများကို စွပ်စွဲပြီး ပြစ်တင်ရှုတ်ချကြသည်။ ၎င်းတို့သည် ဤသို့သောစကားများကို မကြာခဏ ပြောဆိုကြသည်။ “သင်တို့အားလုံး ပညာတတ်ဖြစ်ပြီး ကျွန်ုပ်ကို အထင်သေးကြသည်ကို ကျွန်ုပ် သိပါသည်”၊ “သင်တို့၏မိသားစုများ ချမ်းသာကြွယ်ဝပြီး ကျွန်ုပ် ဆင်းရဲသောကြောင့် သင်တို့ ကျွန်ုပ်ကို အထင်အမြင်သေးကြသည်ကို ကျွန်ုပ် သိပါသည်”၊ သို့မဟုတ် “ကျွန်ုပ်၏ယုံကြည်ခြင်း၌ အခြေခံအုတ်မြစ်မရှိသောကြောင့် သင်တို့ ကျွန်ုပ်ကို အထင်အမြင်သေးကြသည်ကို ကျွန်ုပ် သိပါသည်၊ ကျွန်ုပ် သမ္မာတရားကို မလိုက်စားသောကြောင့် သင်တို့ ကျွန်ုပ်ကို အထင်အမြင်သေးကြသည်ကို ကျွန်ုပ် သိပါသည်” ဟူ၍ ဖြစ်သည်။ မိမိတို့၏ များပြားလှသော ပြဿနာများကို သိသာထင်ရှားစွာ သိရှိနေသော်လည်း ၎င်းတို့သည် ထိုပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို မည်သည့်အခါမျှ မရှာဖွေကြသကဲ့သို့ အခြားသူများနှင့် မိတ်သဟာယဖွဲ့ရာတွင် မိမိတို့ကိုယ်ကို သိကျွမ်းခြင်းအကြောင်းကိုလည်း မဆွေးနွေးကြပေ။ ၎င်းတို့၏ ကိုယ်ပိုင်ပြဿနာများကို ပြောဆိုသည့်အခါ ၎င်းတို့သည် မိမိအမှားကို ဖုံးကွယ်ရန် သူတစ်ပါးအပေါ် ပြန်လည်အပြစ်တင် စွပ်စွဲကာ ပြဿနာများနှင့် တာဝန်အားလုံးကို အခြားသူများအပေါ်သို့ တွန်းပို့ကြပြီး ၎င်းတို့၏ အပြုအမူအတွက် အကြောင်းရင်းမှာ အခြားသူများက ၎င်းတို့ကို မတရားဆက်ဆံသောကြောင့် ဖြစ်သည်ဟုပင် ညည်းညူကြသည်။ ၎င်းတို့၏ ဒေါသတကြီး အော်ဟစ်ဆူပူမှုများနှင့် အသိဉာဏ်မဲ့သော ပြဿနာရှာမှုများသည် အခြားသူများကြောင့် ဖြစ်ပေါ်လာရသည့်အလား၊ အခြားလူတိုင်းက အမှားကျူးလွန်သူများဖြစ်ပြီး ၎င်းတို့မှာမူ ဤနည်းလမ်းအတိုင်း ပြုမူရန်မှလွဲ၍ အခြားရွေးချယ်စရာမရှိသဖြင့် တရားနည်းလမ်းကျစွာ မိမိတို့ကိုယ်ကို ကာကွယ်နေခြင်းဖြစ်သည့်အလားပင် ဖြစ်သည်။ ၎င်းတို့ မကျေနပ်သည့်အခါတိုင်း အခြားလူတိုင်းက မှားယွင်းသည့်အလား၊ ၎င်းတို့သာလျှင် ကောင်းသောလူများဖြစ်ပြီး အခြားလူတိုင်းက လူယုတ်မာများဖြစ်သကဲ့သို့ မိမိတို့၏ မကျေမချမ်းဖြစ်ခြင်းကို စတင်ထုတ်ဖော်ပြီး အဓိပ္ပာယ်မဲ့သောစကားများကို ကရားရေလွှတ် တတွတ်တွတ် ပြောဆိုကာ မိမိတို့၏ အဓိပ္ပာယ်မရှိသော ငြင်းခုံမှုများကို မလျှော့တမ်း ပြောဆိုကြသည်။ ၎င်းတို့ မည်မျှပင် ဒေါသတကြီး အော်ဟစ်ဆူပူသည်ဖြစ်စေ၊ မည်မျှပင် အဓိပ္ပာယ်မရှိသော ငြင်းခုံမှုများကို ပြောဆိုသည်ဖြစ်စေ ၎င်းတို့အကြောင်း အကောင်းပြောဆိုရန် တောင်းဆိုကြသည်။ ၎င်းတို့ အမှားလုပ်သည့်အခါတွင်ပင် အခြားသူများက ၎င်းတို့ကို ဖော်ထုတ်ခြင်း သို့မဟုတ် ဝေဖန်ခြင်းပြုရန် တားမြစ်ကြသည်။ သင်သည် ၎င်းတို့၏ အသေးအဖွဲ ပြဿနာတစ်ခုကိုပင် ထောက်ပြပါက ၎င်းတို့သည် သင့်ကို အဆုံးမရှိသော အငြင်းပွားမှုများထဲသို့ ဆွဲသွင်းလိမ့်မည်။ ထိုအခါ သင်သည် ငြိမ်းချမ်းစွာ နေထိုင်ရန် မေ့လိုက်၍ရပြီဖြစ်သည်။ ဤသည်မှာ မည်သို့သော လူစားမျိုးနည်း။ ဤသည်မှာ ဆင်ခြင်တုံတရားမဲ့စွာနှင့် တစ်ဇွတ်ထိုးဆန်စွာ ဒုက္ခပေးတတ်သောသူတစ်ဦးဖြစ်ပြီး ထိုသို့ပြုလုပ်သောသူတို့သည် ဆိုးယုတ်သောလူတို့ ဖြစ်ကြသည်။

ယေဘုယျအားဖြင့် ဆင်ခြင်တုံတရားမဲ့စွာနှင့် တစ်ဇွတ်ထိုးဆန်စွာ ဒုက္ခပေးသော လူများသည် ကြီးမားသည့် ဖောက်ပြန်သော သို့မဟုတ် ဆိုးယုတ်သော မည်သည့်လုပ်ဆောင်ချက်များကိုမျှ မကျူးလွန်နိုင်သော်လည်း ၎င်းတို့၏အကျိုးစီးပွားများ၊ ဂုဏ်သတင်း၊ သို့မဟုတ် ဂုဏ်သိက္ခာတို့ ပါဝင်လာသောအခိုက်တွင် ၎င်းတို့သည် ချက်ချင်းဆိုသလို ဒေါသတကြီး ပေါက်ကွဲကြသည်၊ ဝုန်းဒိုင်းကြဲလျက် ထိန်းမနိုင်သိမ်းမရသော ပုံစံဖြင့် ပြုမူကြပြီး မိမိကိုယ်ကို အဆုံးစီရင်ရန်ပင် ခြိမ်းခြောက်ကြသည်။ ငါ့ကို ပြောလော့။ အကယ်၍ ထိုကဲ့သို့သောအဓိပ္ပာယ်မရှိသည့်၊ ရိုင်းစိုင်းသည့် လူတစ်ဦးသည် မိသားစုတစ်စုအတွင်းတွင် ပေါ်ထွက်လာပါက တစ်မိသားစုလုံး ဆင်းရဲဒုက္ခ ခံစားရကြလိမ့်မည် မဟုတ်လော။ ထိုအခါတွင် မိသားစုသည် ငိုကြွေးအော်ဟစ်ခြင်းများဖြင့် ပြည့်နှက်ကာ ဝရုန်းသုန်းကားအခြေအနေတွင် နစ်မြုပ်ကြရလိမ့်မည်ဖြစ်ပြီး အသက်ရှင်နေထိုင်ဖို့ မခံမရပ်နိုင်လောက်အောင် ဖြစ်သွားကြလိမ့်မည်။ အချို့အသင်းတော်များတွင် ထိုကဲ့သို့သောလူများရှိကြသည်။ အရာအားလုံးက ပုံမှန်အတိုင်း ရှိနေသောအချိန်တွင် ယင်းက မသိသာနိုင်သော်လည်း ၎င်းတို့သည် မည်သည့်အချိန်တွင် ရုတ်တရက် ထပေါက်ကွဲပြီး မိမိတို့ကိုယ်ကို ထုတ်ဖော်နိုင်မည်ကို သင်မည်သည့်အခါမျှ မသိနိုင်ပေ။ ထိုကဲ့သို့သော လူများ၏အဓိကသရုပ်သကန်များတွင် ဝုန်းဒိုင်းကြဲလျက် ဒေါထခြင်း၊ ယုတ္တိမရှိသော အငြင်းအခုံစကားများခြင်းဖြင့် စကားကြောရှည်ခြင်းနှင့် အများပြည်သူရှေ့တွင် ဆဲဆိုခြင်း စသည်တို့ ပါဝင်သည်။ ဤကဲ့သို့သော အပြုအမူများသည် တစ်လတစ်ကြိမ် သို့မဟုတ် နှစ်ဝက်တစ်ကြိမ်မျှသာ ပေါ်ပေါက်လျှင်ပင် ၎င်းတို့သည် လူအများစု၏အသင်းတော်အသက်တာသို့ အတိုင်းအတာအမျိုးမျိုးဖြင့် အနှောင့်အယှက်ဖြစ်စေလျက် ကြီးမားသောပူပင်သောကနှင့် အခက်အခဲတို့ကို ဖြစ်စေသည်။ အကယ်၍ လူတစ်ဦးသည် ဤလူစားမျိုးထဲတွင် ပါဝင်လာကြောင်း အမှန်တကယ် အတည်ပြုနိုင်လျှင် ၎င်းကို မဆိုင်းမတွ ကိုင်တွယ်သင့်ပြီး အသင်းတော်မှနေ၍ ဖယ်ထုတ်ပစ်သင့်သည်။ “ဤလူများသည် ဒုစရိုက်အမှုတစ်ခုခုကို မလုပ်ကြပါ။ ၎င်းတို့ကို ဆိုးယုတ်သောလူများအဖြစ် ယူဆ၍ မရနိုင်ပါ။ ကျွန်ုပ်တို့သည် ၎င်းတို့နှင့်ပတ်သက်ပါက သည်းခံပြီး စိတ်ရှည်သင့်သည်” ဟု လူအချို့က ပြောနိုင်သည်။ ငါ့ကိုပြောလော့။ ထိုကဲ့သို့သောလူများကို မကိုင်တွယ်ဘဲနေဖို့ အဆင်ပြေမည်လော။ (မဟုတ်ပါ၊ အဆင်မပြေပါ။) အဘယ်ကြောင့် အဆင်မပြေရမည်နည်း။ (အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏လုပ်ရပ်များသည် လူအများစုထံသို့ ကြီးမားသောဒုက္ခနှင့် စိတ်အနှောင့်အယှက်တို့ကို ဖြစ်စေသောကြောင့်ဖြစ်ပြီး အသင်းတော်အသက်တာကိုလည်း အနှောင့်အယှက်များဖြစ်စေသည်။) ဤအဆုံးသတ်အရ အသင်းတော်အသက်တာကို အနှောင့်အယှက်ပေးသောသူများသည် ဆိုးယုတ်သောလူများ သို့မဟုတ် အန္တိခရစ်များ မဟုတ်ကြသည့်တိုင်အောင် ၎င်းတို့ကို အသင်းတော်တွင် ဆက်ရှိမနေစေသင့်သည်မှာ ရှင်းနေသည်။ အကြောင်းမှာ ထိုကဲ့သို့သောလူများသည် သမ္မာတရားကို မချစ်ကြဘဲ အလွန်အမင်း မနှစ်မြို့သည့်အပြင် ၎င်းတို့ ဘုရားသခင်ကို နှစ်ပေါင်းမည်မျှကြာကြာ ယုံကြည်သည်ဖြစ်စေ သို့မဟုတ် တရားဒေသနာမည်မျှများများ ၎င်းတို့ကြားရပါစေ၊ ၎င်းတို့သည် သမ္မာတရားကို လက်ခံကြလိမ့်မည် မဟုတ်ပေ။ မကောင်းသည့်တစ်ခုခုကို ၎င်းတို့လုပ်မိပြီး ပြုပြင်ခြင်းခံရသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် ဝုန်းဒိုင်းကြဲ၍ ဒေါထကြပြီး ပေါက်ကရပြောကြတော့သည်။ ၎င်းတို့ကို လူတစ်ဦးက သမ္မာတရားနှင့်ပတ်သက်၍ မိတ်သဟာယပြုသောအခါတွင်ပင်လျှင် ၎င်းတို့သည် ယင်းကို လက်မခံကြပေ။ ၎င်းတို့ကို မည်သူမျှ အကျိုးသင့်အကြောင်းသင့်ပြော၍ မရကြချေ။ ၎င်းတို့အား သမ္မာတရားနှင့်ပတ်သက်၍ ငါ မိတ်သဟာယ ပြုသောအခါတွင်ပင်လျှင် ၎င်းတို့သည် အပေါ်ယံတွင် နှုတ်ဆိတ်၍ နေကောင်းနေနိုင်သော်လည်း အတွင်းစိတ်ထဲတွင်မူ ယင်းကို လက်မခံကြပေ။ တကယ့်လက်တွေ့အခြေအနေများနှင့် ရင်ဆိုင်ကြုံတွေ့လာရသောအခါတွင်မူ ၎င်းတို့သည် အမြဲတမ်း ပြုမူနေကျအတိုင်းပင် ဆက်လက်ပြုမူနေကြသေးသည်။ ငါ၏စကားများကို ၎င်းတို့ နားမထောင်ကြပေ၊ ထို့ကြောင့် သင်တို့၏ အကြံဉာဏ်ကို ၎င်းတို့က လက်ခံဖို့ဆိုသည်မှာ ပို၍ပင် နည်းလိမ့်မည်။ ဤလူများသည် ကြီးမားသော ဒုစရိုက်မှုကြီးများကို မကျူးလွန်ကောင်း မကျူးလွန်နိုင်ကြသော်လည်း ၎င်းတို့သည် သမ္မာတရားကို စိုးစဉ်းမျှပင် လက်မခံကြချေ။ ၎င်းတို့၏ သဘာဝအနှစ်သာရကို ကြည့်လျှင် ၎င်းတို့တွင် အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့ ကင်းမဲ့ကြရုံသာမက ၎င်းတို့သည် ဆင်ခြင်တုံတရားမဲ့စွာနှင့် တစ်ဇွတ်ထိုးဆန်စွာ ဒုက္ခပေးနိုင်သည့်အပြင် အသိခေါက်ခက် အဝင်နက်ကြသည်။ ထိုကဲ့သို့သောလူများသည် ဘုရားသခင်၏ ကယ်တင်ခြင်းကို ရနိုင်သလော။ လုံးဝ မရနိုင်ပေ။ သမ္မာတရားကို လုံးဝ လက်မခံသူများသည် မယုံကြည်သူများဖြစ်၏။ ၎င်းတို့သည် စာတန်၏ အစေခံများဖြစ်ကြသည်။ ကိစ္စများက ၎င်းတို့ဖြစ်စေချင်သကဲ့သို့ မဖြစ်ကြသောအခါ ၎င်းတို့သည် ဝုန်းဒိုင်းကြဲ၍ ဒေါထကြသည်၊ ယုတ္တိမရှိသော အငြင်းအခုံစကားများကို ဆက်တိုက်ပြော၍ စကားကြောရှည်ကြပြီး သမ္မာတရားကို မည်မျှမိတ်သဟာယဖွဲ့ပါစေ နားမထောင်ကြပေ။ ထိုကဲ့သို့သောလူများသည် ဆင်ခြင်တုံတရားမဲ့စွာနှင့် တစ်ဇွတ်ထိုးဆန်စွာ ဒုက္ခပေးသူများဖြစ်ကြသည်၊ စင်စစ်ကို နတ်ဆိုးများနှင့် မကောင်းသောဝိညာဉ်များ ဖြစ်ကြသည်။ ၎င်းတို့သည် တိရစ္ဆာန်များထက် ပို၍ဆိုးပေသည်။ ၎င်းတို့သည် ဆင်ခြင်တုံတရား မူမမှန်သည့် စိတ်ရောဂါသည်များဖြစ်ကာ မည်သည့်အခါမျှ အစစ်အမှန် နောင်တရဖို့ မတတ်နိုင်ကြပေ။ အသင်းတော်တွင် ၎င်းတို့ ကြာကြာနေလေ၊ ဘုရားသခင်နှင့် ပတ်သက်သည့်အယူအဆများ ၎င်းတို့တွင် ပို၍များများ ဖြစ်လေဖြစ်ကာ ဘုရားအိမ်တော်ထံမှ အကျိုးအကြောင်းမသင့်သည့် တောင်းဆိုမှုများကို ၎င်းတို့ ပို၍များများ ပြုကြလေဖြစ်သည့်အပြင် အသင်းတော်အသက်တာသို့ ပို၍ကြီးမားသော အနှောင့်အယှက်နှင့် အန္တရာယ်တို့ ဖြစ်ပေါ်စေလေဖြစ်သည်။ ဤသည်က ဘုရားသခင် ရွေးချယ်သည့်လူများ၏ အသက်ဝင်ရောက်မှုနှင့် အသင်းတော်အလုပ်၏ ပုံမှန်တိုးတက်မှုတို့အပေါ် ထိခိုက်စေသည်။ အသင်းတော်၏အလုပ်သို့ ၎င်းတို့၏ ထိခိုက်နစ်နာစေမှုသည် ဆိုးယုတ်သောလူများ၏ ထိခိုက်နစ်နာစေမှုထက် ပို၍မနည်းချေ။ ၎င်းတို့ကို အသင်းတော်မှနေ၍ ခပ်စောစောပင် ဖယ်ထုတ်သင့်သည်။ “၎င်းတို့သည် အနည်းငယ် ထိန်းမနိုင်သိမ်းမရရုံသာ ဖြစ်သည် မဟုတ်လား။ ၎င်းတို့သည် ဆိုးယုတ်သောလူများ ဖြစ်သည်အထိ မရောက်ကြသေးသောကြောင့် ၎င်းတို့အား ချစ်ခြင်းမေတ္တာဖြင့် ဆက်ဆံပါက ပို၍ ကောင်းမည် မဟုတ်လော။ ၎င်းတို့အား ကျွန်ုပ်တို့ ဆက်ခေါ်ထားပါက ၎င်းတို့ ပြောင်းလဲနိုင်ပြီး ကယ်တင်ခြင်း ခံရကောင်း ခံရနိုင်သည်” ဟူ၍ လူအချို့က ပြောကြသည်။ သင့်ကို ငါ ပြောမည်၊ ယင်းမှာ မဖြစ်နိုင်ပေ။ ၎င်းနှင့်ပတ်သက်ပြီး “ဖြစ်နိုင်ကောင်းသည်” ဆိုသည်မှာ မရှိပေ။ ဤလူများသည် ကယ်တင်ခြင်းခံရဖို့ လုံးဝ မဖြစ်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် သမ္မာတရားကို လက်ခံဖို့ မဆိုထားနှင့်၊ နားပင်မလည်နိုင်ကြသောကြောင့် ဖြစ်သည်။ ၎င်းတို့တွင် အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့ မရှိကြပေ။ ၎င်းတို့၏ စဉ်းစားတွေးခေါ်ပုံ လုပ်ငန်းစဉ်များသည် ပုံမှန် မဟုတ်ကြသည့်အပြင် ၎င်းတို့တွင် ကျင့်ကြံပြုမူခြင်းအတွက် လိုအပ်သော အခြေခံအကျဆုံး သာမန်လူ့အသိပင်လျှင် မရှိကြပေ။ ၎င်းတို့သည် ဆင်ခြင်တုံတရား မူမမှန်သည့်လူများဖြစ်ကြသည်။ ဘုရားသခင်သည် ထိုကဲ့သို့သောလူများကို လုံးဝ မကယ်တင်ပေ။ အနည်းငယ် ပို၍ပုံမှန်ကျသော တွေးခေါ်မှုရှိပြီး အစွမ်းအစ ပိုကောင်းသောသူများပင်လျှင် သမ္မာတရားကို လုံးဝလက်မခံပါက ကယ်တင်ခြင်းမခံနိုင်ကြပေ၊ ဆင်ခြင်တုံတရား မူမမှန်သောသူတို့အတွက်မူ ပြောစရာမလိုပေ။ ထိုသို့သောလူများကို မေတ္တာဖြင့် ဆက်ဆံနေဆဲဖြစ်ပြီး ၎င်းတို့အတွက် မျှော်လင့်ချက် ထားရှိနေခြင်းသည် အလွန်ပင် မိုက်မဲပြီး အသိဉာဏ်မဲ့ခြင်း ဖြစ်သည် မဟုတ်သလော။ ငါသည် သင်တို့ကို ယခု ပြောနေခြင်းဖြစ်သည်။ ဆင်ခြင်တုံတရားမဲ့စွာနှင့် တစ်ဇွတ်ထိုးဆန်စွာ ဒုက္ခပေးတတ်ပြီး အသိခေါက်ခက် အဝင်နက်သူတို့အား အသင်းတော်မှ ဖယ်ရှားခြင်းသည် လုံးဝ မှန်ကန်သည်။ ယင်းသည် အသင်းတော်နှင့် ဘုရားသခင် ရွေးချယ်ထားသောလူတို့အပေါ် ၎င်းတို့၏ နှောင့်ယှက်မှုကို အခြေခံကျကျ ဖြတ်တောက်လိုက်ခြင်း ဖြစ်သည်။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန် ဖြစ်သည်။ မည်သည့်အသင်းတော်၌မဆို ထိုသို့သော ဆင်ခြင်တုံတရား မဲ့သည့်လူများ ရှိနေပါက ဘုရားသခင် ရွေးချယ်ထားသောလူတို့သည် ၎င်းတို့အကြောင်းကို သတင်းပို့သင့်ပြီး ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ထိုသို့သော သတင်းပို့ချက်များကို လက်ခံရရှိသည်နှင့်တစ်ပြိုင်နက် ၎င်းတို့ကို ချက်ချင်း ကိုင်တွယ်ဖြေရှင်းသင့်သည်။ ဤသည်မှာ ဆဋ္ဌမလူစားမျိုးဖြစ်သည့် ဆင်ခြင်တုံတရားမဲ့စွာနှင့် တစ်ဇွတ်ထိုးဆန်စွာ ဒုက္ခပေးတတ်သောသူတို့ကို ကိုင်တွယ်ခြင်းအတွက် စည်းမျဉ်း ဖြစ်သည်။

သက်ဆိုင်သည့် အကြောင်းအရာ

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။