ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၂၆) အခန်း ငါး
ဆ။ တစ်သမတ်တည်း ဖောက်ပြန်ခြင်း
သတ္တမအမျိုးအစားမှာ ဖောက်ပြန်သော အပြုအမူများတွင် ပါဝင်သောသူများဖြစ်ပြီး အများအားဖြင့် ပြောလေ့ရှိသော အုပ်စုတစ်စု ဖြစ်သည်။ ၎င်းတို့၏ လူ့သဘာဝ၏ သရုပ်သကန်များသည် သွေးခွဲစကားများ ပြောဆိုခြင်း သို့မဟုတ် ဒုစရိုက်အမှုများ ပြုလုပ်ပြီး နှောင့်ယှက်မှုများ ဖြစ်စေခြင်းကဲ့သို့သော အရာမရှိဘဲ ထိုမျှ ဆိုးယုတ်ခြင်းမရှိသော်လည်း ၎င်းတို့၌ လိင်မတူသူများနှင့် ၎င်းတို့၏ ဆက်ဆံရေးများတွင် ပြဿနာများနှင့် အဖြစ်အပျက်များ အစဉ်ပေါ်ပေါက်လာသည်ဟူသော ဘုံလက္ခဏာတစ်ခု ရှိကြသည်။ အခွင့်အရေးများ ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ထိုသို့သော ပြဿနာများသည် ၎င်းတို့အတွက် အစဉ်ပေါ်ပေါက်လာနေပြီး အခွင့်အရေးများ မရှိပါက ၎င်းတို့က အခွင့်အရေးများကို ဖန်တီးကြရာ ထိုသို့သော “ဇာတ်လမ်းများ” မှာ မည်သို့ဖြစ်စေ ဖြစ်ပေါ်လာမည်သာ ဖြစ်သည်။ မည်သို့သောအခြေအနေတွင်မဆို၊ အခြားသူသည် မည်သူဖြစ်သည်ဖြစ်စေ သို့မဟုတ် ထိုသူသည် ၎င်းတို့နှင့် မည်မျှပင် ဝေးကွာသည်ဖြစ်စေ ထိုသို့သော အဖြစ်အပျက်များသည် ၎င်းတို့အတွက် အခါအားလျော်စွာ ဖြစ်ပေါ်တတ်သည်။ မည်သို့သော အဖြစ်အပျက်များ ဖြစ်သနည်း။ ၎င်းတို့သည် တစ်စုံတစ်ဦးနှင့် ချိန်းတွေ့ခြင်း သို့မဟုတ် တစ်စုံတစ်ဦးနှင့် အစဉ်ရင်းနှီးလိုခြင်း သို့မဟုတ် တစ်စုံတစ်ဦးအပေါ် ခံစားချက်များ ဖြစ်ပေါ်လာခြင်း သို့မဟုတ် တစ်စုံတစ်ဦးကို မျက်စိကျခြင်းတို့အပြင် အခြားထိုသို့သော အမှုအရာများ ဖြစ်ကြသည်။ ၎င်းတို့သည် ကာမဂုဏ်ဆိုင်ရာ တပ်မက်စိတ်များ၏ လွှမ်းမိုးမှုကို အစဉ်မပြတ် ခံရလျက် ပုံမှန်အတိုင်း အသက်ရှင်နေထိုင်ရန်နှင့် မိမိတို့၏ တာဝန်များကို ပုံမှန်အတိုင်း ထမ်းဆောင်ရန် အစဉ်ပျက်ကွက်ကြသည်။ ဆိုလိုသည်မှာ သာမန်လူများသည် ထိုသို့သော ပြဿနာများတွင် ပါဝင်မည်မဟုတ်သည့် သာမန်အခြေအနေများတွင် ၎င်းတို့သည် မကြာခဏ ပါဝင်ကြခြင်း ဖြစ်သည်။ ၎င်းတို့သည် မည်သည့်အထူးအခြေအနေများကိုမျှ မလိုအပ်သကဲ့သို့ ၎င်းတို့အတွက် အခွင့်အရေးများ ဖန်တီးပေးရန် မည်သူ့ကိုမျှ မလိုအပ်ဘဲ ဤအဖြစ်အပျက်များသည် သဘာဝအတိုင်းပင် ဖြစ်ပေါ်လာတတ်သည်။ ထိုသို့သော အဖြစ်အပျက်များ ဖြစ်ပွားပြီးနောက် အကျိုးဆက်များ မည်သို့ပင်ဖြစ်စေ လူတစ်စု သို့မဟုတ် လူတစ်ဦးတစ်ယောက်သည် ယင်းအတွက် အဖိုးအခပေးဆပ်ရသည်သာ ဖြစ်သည်။ ၎င်းတို့သည် မည်သည့်အဖိုးအခများကို ပေးဆပ်ရသနည်း။ ၎င်းတို့၏ တာဝန်ထမ်းဆောင်မှု ထိခိုက်သည်၊ အသင်းတော်အလုပ် နှောင့်နှေးကြန့်ကြာပြီး အဟန့်အတားဖြစ်စေသည်၊ အချို့သော လူငယ်များသည် စိတ်အနှောင့်အယှက်ဖြစ်ရပြီး စုံစမ်းသွေးဆောင်ခြင်းထဲသို့ ကျရောက်ကာ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် မိမိတို့၏ တာဝန်များကို ထမ်းဆောင်ခြင်းတို့အပေါ် စိတ်ဝင်စားမှု ပျောက်ဆုံးသွားကြသည်၊ အချို့လူများဆိုလျှင် မိမိတို့၏ တာဝန်များကိုပင် ဆုံးရှုံးသွားကြသည် သို့မဟုတ် စွန့်လွှတ်လိုက်ကြသည်။ ဖောက်ပြန်သော အပြုအမူများတွင် ပါဝင်သောသူတို့သည် အလွန်ဒုက္ခပေးတတ်ကြသည်။ အခြေအနေတိုင်းတွင် လိင်မတူသူများသည် ၎င်းတို့ထံသို့ တိုးဝင်ချဉ်းကပ်ကာ ပရောပရည်လုပ်ကြပြီး ကျီစယ်နောက်ပြောင်ခြင်းကိုပင် ပြုလုပ်လျက် ၎င်းတို့၏ ပတ်ပတ်လည်တွင် ဝိုင်းဝိုင်းလည်နေကြသည်။ အနှစ်သာရပိုင်းဆိုင်ရာ ပြင်းထန်သော ပြဿနာများ မပေါ်ပေါက်လာနိုင်သော်လည်း ၎င်းတို့သည် ဘုရားသခင် ရွေးချယ်ထားသောလူတို့ မိမိတို့၏ တာဝန်များကို ထမ်းဆောင်နေစဉ် ၎င်းတို့၏ ပုံမှန်အခြေအနေများကို ဆိုးရွားစွာ နှောင့်ယှက်ကြသည်။ ၎င်းတို့ သွားလေရာတိုင်းတွင် အခြားသူများအတွက်၊ အလုပ်အတွက်နှင့် အသင်းတော်အတွက် ဒုက္ခများနှင့် နှောင့်ယှက်မှုများကို ဆောင်ကြဉ်းကြပြီး မည်သည့်အခွင့်အရေးတွင်မဆို ၎င်းတို့ ဆွဲဆောင်မှုရှိသည်ဟု ထင်မြင်သော လိင်မတူသူများကိုပင် သွေးဆောင်ဖြားယောင်းကာ ၎င်းတို့နှင့် ဆက်ဆံရေးများ တည်ထောင်ကြသည်။ ဤသည်မှာ အလွန်အမင်း အနှောင့်အယှက်ဖြစ်စေသည်။ ၎င်းတို့သည် တစ်စုံတစ်ဦးကို စွဲလမ်းသွားသည်နှင့်တစ်ပြိုင်နက် ထိုသူသည် ဘုရားသခင်ကို ပုံမှန်အတိုင်း ယုံကြည်ရန် သို့မဟုတ် မိမိ၏ တာဝန်များကို ထမ်းဆောင်ရန် မစွမ်းနိုင်တော့ဘဲ ကံဆိုးမိုးမှောင်ကျရန် ကြမ္မာပါလာတော့သည်။ အကျိုးဆက်များမှာ စိတ်ကူး၍ပင်မရနိုင်ပေ။ ထိုသူသည် သွေးဆောင်ဖြားယောင်းသူနှင့် အဆက်အသွယ်မလုပ်ဘဲ သို့မဟုတ် မတွေ့ဘဲ မနေနိုင်တော့ပေ၊ ပြီးလျှင် ၎င်းတို့သည် မိမိတို့၏ တာဝန်များကို ထမ်းဆောင်ရာ၌ အလုပ်များနေစဉ်တွင် အိမ်ထောင်ပြုရန် သို့မဟုတ် အခြေတကျနေထိုင်ရန် မစွမ်းနိုင်ဘဲ ထိုဆက်ဆံရေးသည်လည်း မပြတ်တောက်နိုင်ဘဲ ရှိနေသည်။ အဆုံးတွင် မည်သို့ဖြစ်သနည်း။ ၎င်းတို့သည် အလွန်နာကျင်စွာဖြင့် ဆိုးဆိုးရွားရွား ဒုက္ခခံစားကြရတော့သည်။ ၎င်းတို့သည် ကပ်ဘေးများတွင် အပြစ်ဒဏ်ပေးခြင်းခံရသည်အထိ အချိန်ဆွဲနေပါက ၎င်းတို့အတွက် လုံးဝပြီးဆုံးသွားပြီဖြစ်ပြီး ကယ်တင်ခြင်းရရန် ၎င်းတို့၏ မျှော်လင့်ချက်မှာ ပျက်သုဉ်းသွားပြီ ဖြစ်သည်။ အချို့သည် တစ်ကြိမ်ပြစ်မှားပြီး ပြုပြင်ခြင်းခံရသည့်အခါ နောင်တမရဘဲ ဒုတိယအကြိမ် သို့မဟုတ် တတိယအကြိမ်ပင် ပြစ်မှားလျက် နှစ်နှစ် သို့မဟုတ် သုံးနှစ်အတွင်းတွင် ဆက်ဆံရေး သုံးခု သို့မဟုတ် လေးခုအထိ ထားရှိကြရာ ယင်းမှာ ဘုရားသခင် ရွေးချယ်ထားသောလူတို့နှင့် အသင်းတော်အသက်တာအတွက် နှောင့်ယှက်မှုတစ်ခု ဖြစ်ပေါ်စေပြီး ဘုရားသခင် ရွေးချယ်ထားသောလူတို့ကို ၎င်းတို့အား စက်ဆုပ်ရွံရှာစေသည်။ ဤသည်မှာ ၎င်းတို့အပေါ် တစ်သက်တာလုံး နောင်တရစေမည့် အစွန်းအထင်းတစ်ခုကို ချန်ထားခဲ့လေသည်။
အချို့လူများသည် အတော်အသင့် ရုပ်ရည်ကောင်းမွန်ပြီး အထိုက်အလျောက် ကျက်သရေရှိကာ အချို့သော ဆုကျေးဇူးများနှင့် ပါရမီများ ရှိသောကြောင့် သို့မဟုတ် အရေးကြီးသော အလုပ်အချို့ကို တာဝန်ယူထားသောကြောင့် လိင်မတူသူများသည် ယင်ကောင်များကဲ့သို့ ၎င်းတို့ကို ဝန်းရံလျက် အစဉ်ကပ်တွယ်နေကြသည်။ အချို့က ၎င်းတို့အား အစားအသောက်များ ကျွေးမွေးကြသည်၊ အချို့က ၎င်းတို့၏ အိပ်ရာကို ခင်းပေးကြသည်၊ အချို့က ၎င်းတို့၏ အဝတ်များကို လျှော်ဖွပ်ပေးကြသည်၊ အချို့က ၎င်းတို့အတွက် ကျန်းမာရေးအားဖြည့်ဆေးများနှင့် အလှကုန်များ ဝယ်ပေးကြပြီး လက်ဆောင်ငယ်များ ပေးကြသည် စသည်တို့ ဖြစ်သည်။ ၎င်းတို့သည် မည်သူလာသည်ဖြစ်စေ ငြင်းပယ်လေ့မရှိဘဲ၊ အခြားသူများ၏ ထိုသို့သော အပြုအမူသည် မသင့်လျော်ကြောင်းကို မိမိတို့စိတ်နှလုံးထဲ၌ သိရှိသော်လည်း မည်သည့်အခါမျှ ငြင်းပယ်ခြင်းမရှိဘဲ လိင်မတူသူများစွာကို တစ်ချိန်တည်းတွင် သွေးဆောင်ဖြားယောင်းကြသည်။ ထိုလူများသည် ၎င်းတို့အား အစေခံရန် အခွင့်အရေးအတွက် အချင်းချင်း ပြိုင်ဆိုင်ကြပြီး တစ်ဦးနှင့်တစ်ဦး ပြိုင်ဆိုင်ကာ မနာလိုဖြစ်နေကြစဉ်တွင် ဖောက်ပြန်သောသူမှာမူ မိမိကိုယ်ကို အလွန်ဆွဲဆောင်မှုရှိသည်ဟု ယုံကြည်လျက် ထိုခံစားချက်ကို မွေ့လျော်နေသည်။ အမှန်စင်စစ် အမျိုးသားနှင့် အမျိုးသမီးတို့၏ ကိစ္စရပ်များကို အရွယ်ရောက်ပြီးသူများ ကောင်းစွာနားလည်ကြပြီး အချို့သော အရွယ်မရောက်သေးသူများပင် နားလည်ကြသည်၊ လူမိုက်များ၊ ဉာဏ်ရည်မမီသူများ သို့မဟုတ် စိတ်ရောဂါသည်များသာလျှင် နားမလည်ကြပေ။ ဤလူများသည် လိင်မတူသူတစ်ဦးကို အစေခံရန်နှင့် စိတ်ကျေနပ်စေရန် အဘယ်ကြောင့် ဤမျှ ပြင်းပြင်းထန်ထန် ယှဉ်ပြိုင်နေကြသနည်း။ ယင်းမှာ သွေးဆောင်ဖြားယောင်းလိုခြင်းကြောင့်သာ ဖြစ်သည် မဟုတ်လော။ ရှင်းရှင်းလင်းလင်း ပြောရန် မလိုအပ်ပေ၊ မည်သည့်အရာ ဖြစ်ပျက်နေသည်ကို လူတိုင်းသိကြသည်။ ယင်းမှာ လူတို့ ကောင်းစွာသိရှိထားသော အမှုအရာ၊ သိသာထင်ရှားစွာ မသင့်လျော်သော အမှုအရာဖြစ်သော်လည်း ထိုသူသည် ယင်းကို မငြင်းပယ်ဘဲ တိတ်တဆိတ် လက်ခံသည်၊ ယင်းကို မည်သို့ခေါ်သနည်း။ ယင်းကို ပရောပရည်လုပ်ခြင်းဟု ခေါ်သည်။ ယင်းမှာ အမျိုးသားနှင့် အမျိုးသမီးတို့အကြား သွေးဆောင်ဖြားယောင်းခြင်းနှင့် ပတ်သက်ကြောင်း ၎င်းတို့သိကြသော်လည်း ဇာတိပကတိ၏ ကာမဂုဏ်ဆိုင်ရာ တပ်မက်စိတ်များကို ဖြည့်ဆည်းခြင်းမှ ရရှိသော ရင်ဖိုလှိုက်မောမှုအတွက် ၎င်းတို့သည် မငြင်းပယ်လိုကြပေ။ ၎င်းတို့သည် ဤခံစားချက်မှာ လောကရှိ မည်သည့်အရသာရှိသော အစားအစာထက်မဆို သာ၍ကောင်းသော စည်းစိမ်တစ်မျိုးဖြစ်သည်ဟု ခံစားရသောကြောင့် မငြင်းပယ်ကြခြင်း ဖြစ်သည်။ အဆိုပါပုဂ္ဂိုလ်က မငြင်းပယ်သည့်အခါ ၎င်းတို့ကို သွေးဆောင်ဖြားယောင်းနေသူများသည် မိမိတို့ကိုယ်ကို ထိုသူနှစ်သက်သောသူဟု ထင်မှတ်ကာ ထိုအခြေအနေကို စိတ်ထဲ၌ မွေ့လျော်လျက် သာ၍ပင် ပျော်ရွှင်ကြသည်။ ပြီးလျှင် ထိုသူကမူ အမှန်တကယ် ဆက်ဆံရေးတစ်ခု မဖြစ်ပေါ်သရွေ့ ယင်းမှာ မည်သည့်ပြင်းထန်သော အရာအဖြစ်မျှ မသတ်မှတ်ဟုလည်းကောင်း၊ ဘာသာတရားမရှိသူများအကြားရှိ ဖောက်ပြန်ခြင်းမှာ ဤသည်ထက် များစွာ ပိုဆိုးသည်ဟုလည်းကောင်း၊ ဤသည်မှာ ပုံမှန်ချိန်းတွေ့ခြင်းနှင့် ဆင်တူသော သွေးဆောင်ဖြားယောင်းခြင်းဟု အများဆုံး သတ်မှတ်ခံရသည်ဟုလည်းကောင်း တွေးထင်သည်။ သို့သော် ချိန်းတွေ့ခြင်းသည် ဤကဲ့သို့ ဖြစ်သင့်ပါသလော။ ယနေ့ တစ်ယောက်၊ နက်ဖြန် တစ်ယောက်ဖြင့် မည်သူနှင့်မဆို မဆင်မခြင် အကြိမ်ကြိမ်အခါခါ ချိန်းတွေ့ခြင်းနှင့် သွေးဆောင်ဖြားယောင်းခြင်းတို့တွင် ပါဝင်နေသည်။ ၎င်းတို့ သွားလေရာရာ၌ ထိုသို့သော ဖောက်ပြန်သည့်လူများသည် မိမိတို့၏ ကာမဂုဏ်ဆိုင်ရာ တပ်မက်စိတ်များကို ထုတ်လွှတ်ရန်၊ ဂုဏ်ဖော်ရန်နှင့် သွေးဆောင်ဖြားယောင်းခြင်းတွင် ပါဝင်ရန် ဦးစားပေးကြသည်။ ၎င်းတို့ သွေးဆောင်ဖြားယောင်းသည့်လူ ပိုများလေ ၎င်းတို့ ပို၍ ပျော်ရွှင်လေ ဖြစ်သည်။ အဆုံးတွင် မည်သို့ဖြစ်သွားသနည်း။ အကြိမ်ကြိမ် ဂုဏ်ဖော်ပြီးနောက် အချို့ညီအစ်ကိုမောင်နှမများသည် ၎င်းတို့၏ အပြုအမူကို ပိုင်းခြားသိမြင်လာပြီး အထက်အဆင့်ခေါင်းဆောင်များထံ စုပေါင်း၍ စာရေးတိုင်ကြားကြသည်။ စုံစမ်းစစ်ဆေးမှုတစ်ခုက ၎င်းတို့၏ အဆိုများကို အတည်ပြုလိုက်ပြီး ဖောက်ပြန်သောသူသည် အသင်းတော်မှ သန့်စင်ဖယ်ရှားခြင်းခံရသည်။ မည်သို့ဖြစ်သွားသည်ကို မြင်ပြီလော။ ဘုရားသခင်ကို ယုံကြည်ခြင်းဆိုင်ရာ ၎င်းတို့၏ လမ်းခရီးသည် ထိုနေရာတွင် အဆုံးမသတ်သွားပေလော။ ၎င်းတို့၏ အဆုံးသတ်သည် ထုတ်ဖော်ခြင်းခံရလေပြီ။ လူတို့ သည်းမခံနိုင်သော ၎င်းတို့၏ လုပ်ရပ်များနှင့် အပြုအမူများသည် ဘုရားသခင်အတွက် သာ၍ပင် စက်ဆုပ်ရွံရှာဖွယ်ကောင်းသည်။ ဤလူများ ပြသသော အပြုအမူသည် လူအချင်းချင်းအကြား သင့်လျော်သော ဆက်ဆံရေးများကို ကိုယ်စားမပြုသကဲ့သို့ ပုံမှန်လူသား၏ လိုအပ်ချက်များကိုလည်း ထင်ဟပ်ခြင်းမရှိပေ။ ၎င်းတို့၏ လုပ်ရပ်များကို စကားလုံးတစ်လုံးတည်းဖြင့်သာ ဖော်ပြနိုင်သည်၊ ယင်းမှာ “ဖောက်ပြန်ခြင်း” ဖြစ်သည်။ ဖောက်ပြန်ခြင်းသည် အဘယ်အရာကို ရည်ညွှန်းသနည်း။ ယင်းမှာ လိင်မတူသူများနှင့် မဆင်မခြင် ဆက်ဆံခြင်း၊ တာဝန်မဲ့စွာဖြင့် အခြားသူများကို မိမိအလိုအတိုင်း သွေးဆောင်ဖြားယောင်းခြင်း၊ လိင်မတူသူများကို ဆွဲဆောင်ခြင်းနှင့် နှောင့်ယှက်ခြင်းတို့ကို ဆိုလိုသည်။ ယင်းမှာ ကာမဂုဏ်နှင့် ကစားခြင်းဖြစ်ပြီး အဖိုးအခ သို့မဟုတ် အကျိုးဆက်များကို ထည့်မစဉ်းစားဘဲ ထိုသို့ပြုလုပ်ခြင်း ဖြစ်သည်။ အကယ်၍ နောက်ဆုံးတွင် တစ်စုံတစ်ဦးက ထောင်ချောက်မိသွားပြီး ၎င်းတို့နှင့် ချစ်ရည်လူးသော ပရောပရည်လုပ်ခြင်းတွင် ပါဝင်လာပါက ၎င်းတို့က “ကျွန်ုပ်က နောက်နေတာပါ၊ သင်က အတည်ယူနေတာလား။ ကျွန်ုပ် တကယ်တော့ အဲ့ဒီလိုစိတ်မရှိပါဘူး၊ သင်က အပိုတွေးနေတာပါ” ဟု ပြောဆိုလျက် ဝန်မခံတော့ပေ။ ဤသည်မှာ လူတို့ကို စုံစမ်းသွေးဆောင်နေသည့် နတ်ဆိုးတစ်ကောင် မဟုတ်လော။ လူတစ်ဦးကို စုံစမ်းသွေးဆောင်ပြီးနောက် ၎င်းတို့သည် အခြားသူများကို သွေးဆောင်ဖြားယောင်းလျက် ၎င်းတို့၏ နောက်ပစ်မှတ်ကို ရှာဖွေကြသည်။ ၎င်းတို့သည် ဆိုးရွားပြီး ကောက်ကျစ်ဆိုးယုတ်လိုက်လေခြင်း။ တစ်စုံတစ်ဦးကို သွေးဆောင်ဖြားယောင်းပြီးနောက် ၎င်းတို့သည် ဝန်မခံကြပေ။ အကယ်၍ တစ်စုံတစ်ဦးသည် ထိုသို့သောလူ၏ အထင်အမြင်မှားစေခြင်းကို ခံရပြီး ရောယှက်မိသွားပါက ယင်းမှာ စက်ဆုပ်ရွံရှာဖွယ် မကောင်းပေလော။ (ဟုတ်ပါသည်။) မဆင်မခြင် သွေးဆောင်ဖြားယောင်းသောလူများသည် မုန်းတီးဖွယ်ကောင်းသလော။ (ဟုတ်ပါသည်။) ဘုရားအိမ်တော်သည် အစကတည်းကပင် ပြောဆိုခဲ့သည်မှာ အကယ်၍ လူတစ်ဦးသည် အိမ်ထောင်ပြုသင့်သောအရွယ်သို့ ရောက်ရှိပြီး အရွယ်ရောက်ပြီးသူဖြစ်ပါက ဘုရားအိမ်တော်သည် ၎င်းတို့၏ ပုံမှန်ချိန်းတွေ့ခြင်းကို သို့မဟုတ် ၎င်းတို့၏ အိမ်ထောင်ပြုပြီး ပုံမှန်နည်းလမ်းဖြင့် အတူတကွ နေထိုင်ခြင်းကို မဆန့်ကျင်ဘဲ ထိုသို့ပြုလုပ်ရန် ၎င်းတို့အား ခွင့်ပြုပြီး လွတ်လပ်ခွင့်ပေးသည် ဟူ၍ဖြစ်သည်။ သို့ရာတွင် သတ်မှတ်ချက်အချို့ ရှိသည်၊ ဖောက်ပြန်သော အပြုအမူများတွင် ပါဝင်ခြင်းကို ခွင့်မပြု၊ မဆင်မခြင် သွေးဆောင်ဖြားယောင်းခြင်းနှင့် ပရောပရည်လုပ်ခြင်း၊ လိင်မတူသူများကို ပေါ့ပေါ့ဆဆ နှောင့်ယှက်ခြင်းတို့ကို ခွင့်မပြုပေ။ ဘုရားအိမ်တော်သည် ချိန်းတွေ့ခြင်းကို မကန့်သတ်သော်လည်း မဆင်မခြင် သွေးဆောင်ဖြားယောင်းခြင်းကိုမူ ခွင့်မပြုပေ။ မဆင်မခြင် သွေးဆောင်ဖြားယောင်းခြင်းဟူသည် အဘယ်အရာကို ဆိုလိုသနည်း။ ယင်းမှာ မည်သည့်လိင်မတူသူကိုမဆို နှောင့်ယှက်ခြင်း၊ ထိုသို့ပြုလုပ်ပြီးနောက်တွင်လည်း ထိုသို့ပြုလုပ်ခဲ့ကြောင်း ဝန်မခံခြင်းကို ဆိုလိုသည်။ ၎င်းတို့ နှောင့်ယှက်သောလူများသည် ၎င်းတို့၏ စစ်မှန်သော ချစ်သူများမဟုတ်ပေ၊ ၎င်းတို့သည် ရေရှည်ဆက်ဆံရေးများတွင် ပါဝင်ရန် သို့မဟုတ် အိမ်ထောင်ပြုရန် ရည်ရွယ်ခြင်းမရှိဘဲ သွေးဆောင်ဖြားယောင်းရန်၊ အခြားသူကို ကစားစရာအဖြစ် သဘောထားရန်၊ ၎င်းတို့ထံမှ အခွင့်အရေးယူရန်၊ စိတ်လှုပ်ရှားမှု ရှာဖွေရန်၊ အဖော်များစွာနှင့် ပတ်သက်ရန်၊ ကာမဂုဏ်လိုက်စားသူကဲ့သို့ ပြုမူရန်သာ ဆန္ဒရှိကြသည်၊ ဤသည်ကို ဖောက်ပြန်ခြင်းဟု ခေါ်သည်။ အသင်းတော်၌ ဖောက်ပြန်ခြင်းကို ခွင့်မပြုပေ၊ ဖြစ်ပေါ်လာပါက ပါဝင်ပတ်သက်သူများကို ရှင်းလင်းပစ်ခြင်းဆိုင်ရာ စည်းမျဉ်းများအတိုင်း ကိုင်တွယ်သင့်သည်။ ဧဝံဂေလိအဖွဲ့များအတွင်းတွင်မူ ဧဝံဂေလိတရားကို ဟောပြောသောသူများအတွက် ထိုသို့သောအခြေအနေများ ဖြစ်ပေါ်လာရန် ခွင့်မပြုသည်မှာ ပြောစရာမလိုပေ၊ ၎င်းတို့သည် အချိန်ပြည့်တာဝန်ထမ်းဆောင်သော အသင်းတော်များမှဖြစ်စေ၊ သာမန်အသင်းတော်များမှဖြစ်စေ ဖြစ်သည်။ အကယ်၍ တစ်စုံတစ်ဦးသည် ဧဝံဂေလိတရား ဟောပြောခြင်းဟူသော အကြောင်းပြချက်ကို အသုံးပြု၍ အခြားသူများကို မဆင်မခြင် သွေးဆောင်ဖြားယောင်းခြင်း၊ ပူးပေါင်းဆောင်ရွက်ရန် လိင်မတူသူများကိုသာ ရွေးချယ်ခြင်း သို့မဟုတ် လိင်မတူသူများကိုသာ ဧဝံဂေလိတရား ဟောပြောခြင်း၊ ထိုသို့ဖြင့် မသင့်လျော်သော ဆက်ဆံရေးများတွင် ပါဝင်ရန် အခွင့်အရေးယူခြင်းတို့ကို ပြုလုပ်ပါက ဤသည်မှာ ဘုရားသခင်၏ ဧဝံဂေလိအလုပ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်ခြင်း ဖြစ်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ထိုသို့သောလူများကို ချက်ချင်း သန့်စင်ဖယ်ရှားရမည်။
လိင်မတူသူများကို ရှာဖွေပြီး ဖောက်ပြန်သော အပြုအမူများတွင် ပါဝင်ရန်အလို့ငှာ အချို့လူများသည် အသက်အရွယ်ကို လုံးဝမထောက်ထားဘဲ အသက်ကန့်သတ်ချက်လည်း မရှိပေ။ ၎င်းတို့သည် အရှက်တရား တစ်စက်မျှမရှိဘဲ တတ်နိုင်သမျှ များများ သွေးဆောင်ဖြားယောင်းရန် ကြိုးစားကြသည်။ အချို့သည် လိင်မတူသူများကို သွေးဆောင်ဖြားယောင်းရာတွင် မိမိတို့၏ ဇာတိပကတိ၏ ကာမဂုဏ်ဆိုင်ရာ တပ်မက်စိတ်များကို ဖြည့်ဆည်းရုံသာမက အခြားတစ်ဖက်အား ၎င်းတို့၏ နေထိုင်စရိတ်ကို ပေးဆောင်ရန်၊ ၎င်းတို့အတွက် ပစ္စည်းများ ဝယ်ပေးရန် စသည်တို့ကိုပင် တောင်းဆိုကြလိမ့်မည်။ အကယ်၍ သင်တို့သည် ထိုသို့သောလူများကို တွေ့ရှိပါက သို့မဟုတ် တစ်စုံတစ်ဦးက ထိုသို့သော ဖြစ်ရပ်များကို တိုင်ကြားပါက ၎င်းတို့ကို ချက်ချင်း ကိုင်တွယ်သင့်သည်။ တစ်ခုတည်းသော ဖြေရှင်းချက်မှာ ဤလူများကို ရှင်းလင်းပစ်ရန်၊ ၎င်းတို့ကို အမြဲတမ်း ရှင်းလင်းပစ်ရန် ဖြစ်သည်။ အကြောင်းမှာ ထိုသို့သော ပြဿနာများရှိသော လူများအတွက် ယင်းမှာ လုံးဝ ယာယီပြဿနာတစ်ခု မဟုတ်သောကြောင့် ဖြစ်သည်။ ဤသည်မှာ အိမ်ထောင်ရှိသူများအတွက် အထူးသဖြင့် သက်ဆိုင်သည်၊ အိမ်တွင် အိမ်ထောင်ဖက်ရှိနေသော်လည်း ၎င်းတို့သည် ဧဝံဂေလိတရား ဟောပြောခြင်းကို အကြောင်းပြချက်လုပ်၍ လိင်မတူသူများကို သီးသန့်ပစ်မှတ်ထားနေဆဲ ဖြစ်သည်။ ၎င်းတို့သည် ချမ်းသာသည်ဖြစ်စေ ဆင်းရဲသည်ဖြစ်စေ မည်သည့်အမျိုးအစားကိုမဆို ရှာဖွေကြပြီး အကယ်၍ ၎င်းတို့နှစ်သက်သော တစ်စုံတစ်ဦးကို တွေ့ရှိပါက ဧဝံဂေလိတရားကိုပင် မဟောပြောတော့ဘဲ၊ ဘုရားသခင်ကိုပင် မယုံကြည်တော့ဘဲ ထိုသူနှင့် ခိုးရာလိုက်ပြေးကောင်း လိုက်ပြေးနိုင်သည်။ ထိုသို့သောလူများကို စောစီးစွာ တွေ့ရှိနိုင်ပါက ၎င်းတို့အား နောက်ထပ်အခွင့်အရေး မပေးဘဲ၊ နောက်ထပ် စောင့်ကြည့်လေ့လာရန် မလိုအပ်ဘဲ ဧဝံဂေလိတရား ဟောပြောသောသူများ၏ အဖွဲ့ထဲမှ လျင်မြန်စွာနှင့် အမြဲတမ်း ရှင်းလင်းပစ်သင့်သည်။ သင်နားလည်သလော။ အချို့က “အချို့အတွက် ဘဝက ခက်ခဲပါသည်။ အကယ်၍ ၎င်းတို့က မိသားစုတစ်ခု ဖွဲ့စည်းရန် လိင်မတူသူတစ်ဦးကို သွေးဆောင်ဖြားယောင်းပြီး အခြားသူက ဘုရားသခင်ကို ယုံကြည်နိုင်ကာ ၎င်းတို့ကို ထောက်ပံ့နိုင်မည်ဆိုလျှင် ယင်းမှာ နှစ်ဦးနှစ်ဖက် အကျိုးရှိသောကိစ္စ ဖြစ်မည် မဟုတ်လော” ဟု ဆိုကြသည်။ ငါ သင့်ကို ပြောမည်၊ ထိုသို့သောလူများကို တတ်နိုင်သမျှ စောစီးစွာ ရှင်းလင်းပစ်ရန် လိုအပ်သည်၊ ၎င်းတို့သည် မိသားစုဘဝအတွက် လုံးဝမဟုတ်ဘဲ ဖောက်ပြန်သော အပြုအမူများတွင် ပါဝင်ရန်အတွက်သာ ဖြစ်သည်။ အဘယ်ကြောင့် ငါသည် ဤမျှသေချာနေရသနည်း။ အကယ်၍ ၎င်းတို့သည် ဖောက်ပြန်သော အပြုအမူများတွင် ပါဝင်သည့် အမျိုးအစားမဟုတ်ခဲ့ပါက ဘုရားသခင်ကို ယုံကြည်လာပြီးနောက် ၎င်းတို့သည် ထိုသို့သော အပြုအမူများကို လုံးဝ ဆက်လက်ပြုလုပ်တော့မည်မဟုတ်ဘဲ ယင်းတို့ကို စက်ဆုပ်ရွံရှာဖွယ်အဖြစ် မြင်ကြလိမ့်မည်၊ အထူးသဖြင့် ၎င်းတို့သည် အိမ်ထောင်ရှိသူများဖြစ်ပါက သာ၍ပင် ဖြစ်သည်။ ယခုအခါ တစ်ကမ္ဘာလုံးရှိ ခေတ်ရေစီးကြောင်းများသည် ဖောက်ပြန်ပြီး ကောက်ကျစ်ဆိုးယုတ်သည်၊ လူတို့သည် မိမိတို့၏ ကာမရာဂကို လိုက်လျောကြပြီး မည်သည့်ချုပ်တည်းမှုမျှ မလိုအပ်ဘဲ မည်သူက လိင်မတူသူများကို ပို၍ သွေးဆောင်ဖြားယောင်းနိုင်သည်ကို ယှဉ်ပြိုင်ကြသည်၊ အကြောင်းမှာ ဤလူ့အဖွဲ့အစည်းနှင့် ဤလူသားမျိုးနွယ်သည် ဤလုပ်ရပ်များကို ပြစ်တင်ရှုတ်ချခြင်း သို့မဟုတ် မထီမဲ့မြင်ပြုခြင်း မရှိသောကြောင့် ဖြစ်သည်။ သို့ဖြစ်၍ လူတို့က အကယ်၍ ၎င်းတို့သည် ဖောက်ပြန်သော အပြုအမူများတွင် ပါဝင်ခြင်းနှင့် မိမိတို့၏ ခန္ဓာကိုယ်ကို ရောင်းချခြင်းတို့မှတစ်ဆင့် ငွေရှာနိုင်ပါက ယင်းမှာ ကျွမ်းကျင်မှု သို့မဟုတ် စွမ်းဆောင်နိုင်မှု၏ အမှတ်အသားတစ်ခုဖြစ်သည်ဟု တွေးထင်ကြသည်။ ၎င်းတို့သည် ယင်းကို ဂုဏ်ယူဖွယ်ရာအဖြစ် ရှုမြင်ကြသည်။ သို့ရာတွင် ဘုရားသခင်ကို ယုံကြည်လာပြီးနောက် ဤကိစ္စရပ်များအပေါ် လူတို့၏ အမြင်များသည် လုံးဝ ပြောင်းလဲသွားသည်။ ၎င်းတို့သည် ဇာတိပကတိ၏ ကာမရာဂဆိုင်ရာ တပ်မက်စိတ်များကို သဘောထားပြုမူရန် မှန်ကန်သောနည်းလမ်းကို ရှာဖွေတွေ့ရှိကြသည်၊ ယင်းမှာ ပထမဦးဆုံးနှင့် အဓိကအားဖြင့် ချုပ်တည်းခြင်း ပါဝင်သည်။ လူတစ်ဦးသည် မည်သို့ ချုပ်တည်းနိုင်မည်နည်း။ လူတို့သည် အရှက်တရားကို သိရန်နှင့် အရှက်တရားသိစိတ် ရှိရန် လိုအပ်သည်။ ယင်းကို ပုံမှန် လူ့သဘာဝဟု ခေါ်သည်။ လူတိုင်းတွင် ကာမရာဂဆိုင်ရာ တပ်မက်စိတ်များ ရှိကြသော်လည်း လူတို့သည် မိမိတို့ကိုယ်ကို ချုပ်တည်းရန်၊ အရှက်တရားသိစိတ် ရှိရန် သိရှိဖို့ လိုအပ်သည်။ ၎င်းတို့တွင် ဤသို့သော အတွေးအချို့ ရှိနေလျှင်ပင် ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ပြီး အသိစိတ်နှင့် ဆင်ခြင်တုံတရား ရှိသောကြောင့် မိမိတို့ကိုယ်ကို ချုပ်တည်းသင့်သည်။ ၎င်းတို့သည် မိမိတို့၏ စိတ်ထဲရှိ မသင့်လျော်သော အတွေးများကို လုံးဝ လိုက်နာခြင်းမပြုရ၊ ယင်းတို့ကို လိုက်လျောခြင်းမှာမူ သာ၍ပင် မပြုရ။ ၎င်းတို့သည် ဤပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေသင့်သည်။ ၎င်းတို့သည် သမ္မာတရားကို နားမလည်သော ယုံကြည်သူအသစ်များ ဖြစ်နေလျှင်ပင် လူ့ကိုယ်ကျင့်တရား၏ အခြေခံအကျဆုံးသော စံနှုန်းများနှင့် မိမိတို့ကိုယ်ကို တိုင်းတာသင့်ဆဲ ဖြစ်သည်။ အကယ်၍ သင်သည် ဤအဆင့်ရှိ ချုပ်တည်းမှုကိုပင် ကင်းမဲ့နေပါက သင်သည် ပုံမှန် လူ့သဘာဝနှင့် ပုံမှန် လူ့သဘာဝ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့ ကင်းမဲ့နေခြင်း ဖြစ်သည်။ တိရစ္ဆာန်အမျိုးမျိုးအားလုံးသည် ဤကိစ္စနှင့်ပတ်သက်၍ တိကျသော စည်းစနစ်တစ်ခုကို နာခံပြီး စည်းမျဉ်းများကို လိုက်နာကြကာ မဆင်မခြင် မပြုမူကြပေ၊ လူသားများအနေဖြင့် လူတို့သည် မဆင်မခြင် ပြုမူရန် သာ၍ပင် မဖြစ်သင့်ဘဲ သာ၍ပင် ကြီးမားသော ချုပ်တည်းမှု ရှိသင့်သည်။ အကယ်၍ သင်သည် ဤအဆင့်ရှိ ချုပ်တည်းမှုနှင့် မိမိကိုယ်ကို ထိန်းချုပ်နိုင်စွမ်းပင် ကင်းမဲ့နေပါက သင်သည် သမ္မာတရားကို ရှာဖွေပြီး လက်တွေ့လုပ်ဆောင်ရန် မည်သို့ မျှော်လင့်နိုင်မည်နည်း။ အကယ်၍ သင်သည် သင်၏ ကိုယ်ပိုင် ဆိုးယုတ်သော ကာမရာဂကိုပင် မဖြေရှင်းနိုင်ပါက သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို မည်သို့ ဖြေရှင်းနိုင်မည်နည်း။ ဘုရားသခင်ကို ဆန့်ကျင်ပြီး သစ္စာဖောက်သော သင်၏ သဘာဝကိုမူ ဖြေရှင်းရန် သာ၍ပင် မဖြစ်နိုင်တော့မည် မဟုတ်လော။ (ဟုတ်ပါသည်။) အကယ်၍ သင်သည် ဇာတိပကတိ၏ ကာမရာဂတည်းဟူသော ဤအရေးကိုပင် ကောင်းစွာမကိုင်တွယ်နိုင်ပါက သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းရန် မည်သို့ မျှော်လင့်နိုင်မည်နည်း။ ယင်းအကြောင်းကို စဉ်းပင်မစဉ်းစားနှင့်။ သင်သည် ယင်းကို စွမ်းဆောင်နိုင်မည် မဟုတ်ပေ။
အချို့လူများသည် ဧဝံဂေလိတရားကို ဟောပြောနေစဉ် ချိန်းတွေ့ရန် အခွင့်အရေးများကို အစဉ်ရှာဖွေကြပြီး ထိုသို့သော အဖြစ်အပျက်များသည် မကြာခဏ ဖြစ်ပွားတတ်သည်။ မိမိတို့၏ လုပ်သင့်လုပ်ထိုက်သောအလုပ်များကို လျစ်လျူရှုလျက် အချစ်ရေးတွင် အကျင့်ပါနေသူများကို ရှင်းလင်းပစ်ပြီး ကိုင်တွယ်ခဲ့ပြီးဖြစ်ကာ၊ ရံဖန်ရံခါ ပြစ်မှားသူများကိုမူ သတိပေးထားသည်။ ကောက်ကျစ်ဆိုးယုတ်သော ဤစိတ်သဘောထားများရှိသည့် ပုဂ္ဂိုလ်များသည် သင့်လျော်သော အခြေအနေများကို တွေ့ရှိပြီး ၎င်းတို့ ချစ်သူအဖြစ် သတ်မှတ်သော တစ်စုံတစ်ဦးနှင့် ကြုံတွေ့သည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် စုံစမ်းသွေးဆောင်ခြင်းထဲသို့ ကျရောက်ကြသည်။ ဘုရားသခင်ကို ယုံကြည်ခြင်းဖြင့် ကောင်းချီးများ ရရှိရန် ၎င်းတို့၏ ရည်ရွယ်ချက်သည် ၎င်းတို့၏ ဆိုးယုတ်သော ကာမရာဂအလယ်တွင် ထိုသို့ဖြင့် ပျောက်ကွယ်သွားသည်။ ၎င်းတို့သည် အချစ်ရေးတစ်ခုထဲသို့ ဝင်ရောက်သည်နှင့်တစ်ပြိုင်နက် ကောင်းချီးခံစားရရန် ၎င်းတို့၏ ရည်ရွယ်ချက်ကိုပင် စွန့်လွှတ်ကာ အခြားအရာအားလုံးကို လျစ်လျူရှုပြီး ဇာတိပကတိ၏ ပျော်ရွှင်မှုကိုသာ လိုက်စားကြသည်။ တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ် ပြစ်မှားပြီးနောက် ၎င်းတို့သည် အနည်းငယ် မိမိကိုယ်ကို အပြစ်တင်ခြင်းနှင့် စိတ်မချမ်းမသာဖြစ်ခြင်းကို ခံစားရနိုင်သော်လည်း သုံးကြိမ် သို့မဟုတ် လေးကြိမ်အပြီးတွင်မူ ယင်းသည် ဖောက်ပြန်ခြင်း ဖြစ်လာသည်။ ဖောက်ပြန်ခြင်း စတင်သည်နှင့်တစ်ပြိုင်နက် လူ့သဘာဝ၏ အနိမ့်ဆုံးစည်းဖြစ်သော အရှက်တရားသည် ကျိုးပေါက်သွားပြီဖြစ်သောကြောင့် ၎င်းတို့သည် မိမိကိုယ်ကို အပြစ်တင်ခြင်း သို့မဟုတ် စိတ်မချမ်းမသာဖြစ်ခြင်းကို မခံစားရတော့ပေ။ ၎င်းတို့သည် ဖောက်ပြန်ခြင်းကို ရှက်ဖွယ်အဖြစ် မမှတ်ယူတော့ဘဲ ထိုသို့ဖြင့် ယင်းတွင် ဆက်လက်ပါဝင်ကြသည်။ ဖောက်ပြန်ခြင်းတွင် ဆက်လက်ပါဝင်နိုင်သောသူများသည် မည်သည့်ချုပ်တည်းမှုမျှ မပြဘဲ မိမိတို့၏ ကာမဂုဏ်ဆိုင်ရာ တပ်မက်စိတ်များတွင် အထူးပင် လိုက်လျောကြသည်။ ထိုသို့သော ပုဂ္ဂိုလ်များကို အသင်းတော်၌ ခွင့်မပြုဘဲ သန့်စင်ဖယ်ရှားပစ်ရမည်၊ ၎င်းတို့ကို အလိုမလိုက်ကြနှင့် သို့မဟုတ် ၎င်းတို့ကို ဆက်လက်ထားရှိရန် မည်သည့်ဆင်ခြေမျှ မပေးကြနှင့်။ ဘုရားအိမ်တော်သည် ဧဝံဂေလိတရား ဟောပြောရန် လူ မရှားပါ၊ ဤသည်မှာ ဘုရားသခင်၏ နာမတော်ကို ဆိုးရွားစွာ ဂုဏ်သရေပျက်စေသည့်အတွက် နေရာဖြည့်ရန် ထိုသို့သော တဏှာကြီးသူများကို မလိုအပ်ပေ။ ထို့ကြောင့် အကယ်၍ တစ်စုံတစ်ဦးက တိုင်ကြားလျှင် သို့မဟုတ် သင်ကိုယ်တိုင် ဧဝံဂေလိတရား ဟောပြောသောအဖွဲ့အတွင်း၌ ထိုသို့သော ပုဂ္ဂိုလ်များကို တွေ့ရှိပါက သင်သည် မည်သို့လုပ်ဆောင်ရမည်ကို သိသင့်သည်။ အကယ်၍ အချို့သော ယုံကြည်သူအသစ်များတွင် ဤပြဿနာရှိပါက သင်တို့သည် ဖောက်ပြန်ခြင်း အပြုအမူများကို ကျူးလွန်သူများအပေါ် အသင်းတော်၏ စည်းမျဉ်းများနှင့် သဘောထားများမှာ အဘယ်အရာဖြစ်သည်ကို လူတိုင်းအား သိစေလျက် ဤပြဿနာနှင့်စပ်လျဉ်း၍ သမ္မာတရားကို ဦးစွာ မိတ်သဟာယဖွဲ့သင့်သည်။ အနည်းဆုံးအနေဖြင့် ၎င်းတို့အား ယင်းထဲသို့ ကျမသွားစေရန်နှင့် ဧဝံဂေလိတရား ဟောပြောခြင်းကို ထိုသို့သော အပြုအမူများတွင် ပါဝင်ရန် အခွင့်အရေးအဖြစ် အသုံးမပြုစေရန် ကြိုတင်သတိပေးချက်တစ်ခု ပေးသင့်သည်၊ သို့မဟုတ်ပါက နောက်ဆုံးတွင် သက်ဆိုင်ရာ သမ္မာတရားစည်းမျဉ်းများကို ကြိုတင်မိတ်သဟာယမဖွဲ့ခဲ့သည့်အတွက် တာဝန်ရှိသူများ သို့မဟုတ် ခေါင်းဆောင်များနှင့် အမှုဆောင်များကို အပြစ်တင်ကြလိမ့်မည်။ ထို့ကြောင့် ထိုသို့သော အဖြစ်အပျက်များ မဖြစ်ပွားမီ၊ အချို့လူများက ထိုသို့သော ပုဂ္ဂိုလ်များနှင့် ကိစ္စရပ်များအပေါ် ဘုရားအိမ်တော်၏ သဘောထားကို မသိရှိမီ၊ လူတို့သည် ဤပြဿနာများအပေါ် မရှင်းမလင်းဖြစ်နေသည့်အခါ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဤကိစ္စရပ်များမှာ မည်သို့သော အပြုအမူနှင့် သဘာဝအောက်တွင် အကျုံးဝင်သည်ကိုလည်းကောင်း၊ ထိုသို့သော ကိစ္စရပ်များနှင့် ပုဂ္ဂိုလ်များအပေါ် ဘုရားအိမ်တော်၏ သဘောထားမှာ အဘယ်အရာဖြစ်သည်ကိုလည်းကောင်း ၎င်းတို့အား သိရှိစေရန် ဤစည်းမျဉ်းများကို ရှင်းလင်းပြတ်သားစွာ မိတ်သဟာယဖွဲ့ရမည်။ ဤစည်းမျဉ်းများကို စေ့စေ့စပ်စပ် မိတ်သဟာယဖွဲ့ပြီးနောက် အကယ်၍ ၎င်းတို့သည် ဤစည်းမျဉ်းများကို သိရှိနေသော်လည်း မိမိတို့၏ နည်းလမ်းအတိုင်းသာ ဆက်လက်စွဲကိုင်ပြီး ဇွတ်တိုးလုပ်ကြမည်ဆိုလျှင် ၎င်းတို့ကို ကိုင်တွယ်ဖြေရှင်းရမည်ဖြစ်ပြီး ရှင်းလင်းပစ်ရမည်။ အကယ်၍ ထိုသို့သော ပုဂ္ဂိုလ်များ အသင်းတော်၌ ပေါ်ပေါက်လာပြီး အခြားသူများကို သွေးဆောင်ဖြားယောင်းခြင်းဖြင့် အဖြစ်အပျက်များကို မကြာခဏ ဖြစ်ပွားစေပါက သို့မဟုတ် လိင်မတူသူများကို မကြာခဏ နှောင့်ယှက်မှုများ ဖြစ်စေပါက ၎င်းတို့တွင် ပြဿနာများ သေချာပေါက် ရှိနေသည်။ အမှန်တကယ် ပြဿနာများ မဖြစ်ပွားခဲ့လျှင်ပင် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဤပုဂ္ဂိုလ်များကို သတိပေးပြီး ကိုင်တွယ်သင့်သည် သို့မဟုတ် လူတို့ တာဝန်ထမ်းဆောင်သည့် နေရာများမှ ၎င်းတို့ကို ဖယ်ရှားသင့်သည်၊ ပြင်းထန်သော အခြေအနေများတွင်မူ ၎င်းတို့ကို တိုက်ရိုက် ရှင်းလင်းပစ်သင့်သည်။ လူ့သဘာဝ၏ သရုပ်သကန်များနှင့်စပ်လျဉ်း၍ သတ္တမကဏ္ဍအပေါ် ကျွန်ုပ်တို့၏ မိတ်သဟာယဖွဲ့ခြင်းကို ဤနေရာတွင် အဆုံးသတ်ပါသည်။
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်