ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၂၈) အခန်း သုံး
ဌ။ ပြဿနာရှာတတ်ခြင်း
နောက်တစ်ချက်ဖြစ်သည့် ပြဿနာရှာတတ်ခြင်းကို ကြည့်ကြပါစို့။ မည်သို့သောလူစားမျိုးသည် ပြဿနာရှာတတ်သည်ကို သင်တို့သိသလော။ အသင်းတော်၌ ပြဿနာရှာတတ်သော ဤလူစားမျိုးကို သင်တို့ ကြုံတွေ့ဖူးသလော။ ၎င်းတို့၏ အသက်အရွယ်၊ ကျားမ၊ သို့မဟုတ် လောက၌ လုပ်ကိုင်သည့် အသက်မွေးဝမ်းကျောင်းတို့က မည်သည့်အရာဖြစ်ပါစေ ၎င်းတို့သည် အမြဲတစေ ပြဿနာရှာပြီး ဥပဒေများနှင့် စည်းမျဉ်းများကို ချိုးဖောက်သည့်အရာများကို အစဉ်လုပ်ဆောင်ကာ အသင်းတော်အတွက် အပျက်သဘောဆောင်သော သက်ရောက်မှုများကို သယ်ဆောင်လာပြီး ဧဝံဂေလိအလုပ်အတွက် ကြီးမားသော အတားအဆီးများကို ဖြစ်ပေါ်စေပါက အသင်းတော်သည် ဤလူတို့ကို အချိန်မီ ကိုင်တွယ်ဖြေရှင်းသင့်သည်။ ဦးစွာ ၎င်းတို့အား သတိပေးချက်တစ်ခု ပေးလော့၊ အခြေအနေက အလွန်ဆိုးရွားပါက ၎င်းတို့ကို နှင်ထုတ်လော့ သို့မဟုတ် ဖယ်ထုတ်ပစ်လော့။ ၎င်းတို့အပေါ် လောကဝတ်မပြုရ။ ပြဿနာရှာတတ်သောသူများမှာ မည်သို့သောလူစားမျိုးများ ဖြစ်ကြသနည်း။ ဥပမာအားဖြင့် အချို့လူများသည် လောက၌ စီးပွားရေးလုပ်ငန်း လုပ်ကိုင်သည့်အခါ သို့မဟုတ် စက်ရုံများ ဖွင့်လှစ်သည့်အခါ မသမာသူများနှင့် ပေါင်းသင်းပြီး ဥပဒေများနှင့် စည်းမျဉ်းစည်းကမ်းများအား ချိုးဖောက်သည့်အရာများကို မကြာခဏ လုပ်ဆောင်ကြသည်။ ယနေ့တွင် ၎င်းတို့သည် အခွန်ရှောင်ခြင်း သို့မဟုတ် အခွန်အပြည့်မဆောင်ခြင်းတို့ကို ပြုလုပ်ကြသည်၊ မနက်ဖြန်တွင်မူ ၎င်းတို့သည် လိမ်လည်ခြင်းနှင့် လှည့်ဖြားခြင်းတို့ကို လုပ်ဆောင်ကြသည်၊ သို့မဟုတ် လူသေမှုအတွက် တရားဥပဒေဆိုင်ရာ အမှုအခင်းများတွင်ပင် ပါဝင်ပတ်သက်ကြသည်။ ဤအရာများကြောင့် ၎င်းတို့သည် တရားရုံးဆင့်ခေါ်စာများကို မကြာခဏ လက်ခံရရှိကြပြီး တရားစွဲဆိုမှုများတွင် မိမိတို့၏အချိန်များကို ကုန်ဆုံးစေကာ အငြင်းပွားမှုများတွင် အဆက်မပြတ် ပါဝင်ပတ်သက်နေကြသည်။ ထိုသို့သောလူများသည် ဘုရားသခင်ကို ရိုးသားစစ်မှန်စွာ ယုံကြည်နိုင်သလော။ ယင်းမှာ မဖြစ်နိုင်ပေ။ ဘုရားသခင်ကို ယုံကြည်သည်ဟု အခိုင်အမာဆိုသော်လည်း အလွန်ထူးဆန်းပြီး ပုံမှန်မဟုတ်သော နည်းလမ်းများဖြင့် ပြုမူသော အချို့လူများလည်း ရှိသေးသည်။ ယနေ့တွင် ၎င်းတို့သည် လိင်မတူသူများကို နှောင့်ယှက်နေကြသည်၊ နက်ဖြန်တွင်မူ ၎င်းတို့သည် တစ်စုံတစ်ဦးကို လိင်ပိုင်းဆိုင်ရာ စော်ကားပြီး တိုင်ကြားခြင်းခံရနိုင်သည်။ သင်က ဤလူများသည် ပြဿနာရှာတတ်သည်ဟု ဆိုမည်လော။ (ဟုတ်ပါသည်။) သို့ဆိုလျှင် ထိုသို့သောလူများသည် ဘုရားသခင်ကို ရိုးသားစစ်မှန်စွာ ယုံကြည်နိုင်သလော။ (မယုံကြည်နိုင်ပါ။) ဘုရားသခင်ကို ယုံကြည်ပြီးနောက်တွင်ပင် ပြဿနာရှာတတ်သော ဤလူတို့သည် လူ့အဖွဲ့အစည်းမှ မသမာသူများနှင့် အစဉ်ပေါင်းသင်းနေဆဲဖြစ်ပြီး စိတ်ခံစားမှုဆိုင်ရာ ကိစ္စရပ်များ၊ ဘဏ္ဍာရေး၊ ပိုင်ဆိုင်မှု သို့မဟုတ် ပုဂ္ဂိုလ်ရေးဆိုင်ရာ အကျိုးစီးပွားများနှင့်ပတ်သက်သည့် အငြင်းပွားမှုများကဲ့သို့သော သဘောထားကွဲလွဲမှုများကို အဆက်မပြတ် ဖြစ်ပေါ်စေသည်။ သို့မဟုတ် ၎င်းတို့၏ ဆက်ဆံရေးတစ်ခုတွင် တင်းမာမှုကို ဖြစ်စေသော အဖြစ်အပျက်အချို့ကြောင့်ဖြစ်စေ၊ မတရားရရှိထားသော ၎င်းတို့၏ အကျိုးအမြတ်များကို ခွဲဝေမှု မညီမျှခြင်းကြောင့်ဖြစ်စေ ၎င်းတို့အား ဒုက္ခလာပေးသူများ အစဉ်ရှိနေသည်။ ညီအစ်ကိုမောင်နှမများက ၎င်းတို့၏အိမ်သို့ ရံဖန်ရံခါ သွားရောက်လည်ပတ်သည့်အခါ ဤမသမာသူများကို ၎င်းတို့ ကြုံတွေ့ရနိုင်သည်။ ၎င်းတို့သည် စုဝေးပွဲများတွင် သို့မဟုတ် မိမိတို့၏ တာဝန်ကို ထမ်းဆောင်နေသည့်အခါတွင်ပင် ဤမသမာသူများသည် တစ်ခါတစ်ရံ တံခါးဝသို့ ရောက်လာတတ်ကြသည် သို့မဟုတ် နှောင့်ယှက်သော စာများ ပေးပို့တတ်ကြသည်၊ သို့ဖြစ်၍ ပြဿနာရှာတတ်သော ဤလူတို့နှင့် အတူရှိနေသော မည်သူမဆိုသည် ၎င်းတို့၏ ဒုက္ခများထဲသို့ ဆွဲသွင်းခံရဖွယ်ရှိသည်၊ အထူးသဖြင့် အသင်းတော်၏ အလုပ်နှင့် ဂုဏ်သတင်းသည် ဤလူတို့ကြောင့် ဆွဲသွင်းခံရပြီး ပျက်စီးရန် သာ၍ပင် ဖြစ်နိုင်ချေရှိသည်။ ငါ့ကို ပြောလော့၊ ထိုသို့သောလူများ အသင်းတော်၌ ဆက်ရှိနေခြင်းသည် ကောင်းသလော။ (မကောင်းပါ။) ဤလူစားမျိုးကိုလည်း ဖယ်ထုတ်ပစ်ပြီး ကိုင်တွယ်ဖြေရှင်းရမည်။
လူ့အဖွဲ့အစည်း၌ မည်သည့်အသက်မွေးဝမ်းကျောင်းကိုမဆို လုပ်ကိုင်သည်ဖြစ်စေ အစိုးရနှင့်ဖြစ်စေ၊ အစိုးရအရာရှိများနှင့်ဖြစ်စေ၊ အချို့သော လူမှုအဖွဲ့အစည်းများ၊ လူသိများသော ပုဂ္ဂိုလ်များနှင့်ဖြစ်စေ အစဉ်အတိုက်အခံပြုလိုကြသော အချို့လူများလည်း ရှိသေးသည်။ ယနေ့တွင် ၎င်းတို့သည် အစိုးရ၏ မမျှတသော လုပ်ဆောင်ချက်များကို ဖော်ထုတ်နေကြသည်၊ နက်ဖြန်တွင်မူ ၎င်းတို့သည် အချို့သောအဖွဲ့တစ်ခုကိုဖြစ်စေ၊ အသင်းအဖွဲ့တစ်ခုကိုဖြစ်စေ တရားစွဲဆိုလျက် ပျက်စီးဆုံးရှုံးမှုများအတွက် လျော်ကြေးငွေ တောင်းဆိုနေကြသည်၊ သန်ဘက်ခါတွင်မူ ၎င်းတို့သည် လူသိများသော ပုဂ္ဂိုလ်တစ်ဦး၏ ကိုယ်ရေးကိုယ်တာဘဝကို ဖော်ထုတ်လျက် လူများက ၎င်းတို့ထံ လာရောက်ရှာဖွေသည်အထိ ဖြစ်စေကြသည်။ ဤသည်မှာ ပြဿနာရှာခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်လာပြီးနောက်တွင်ပင် လူမှုရေးဆိုင်ရာ ကိစ္စရပ်များတွင် ဆက်လက်ပါဝင်ပတ်သက်လိုကြဆဲ ဖြစ်သည်။ ၎င်းတို့အား မကျေမနပ်ဖြစ်စေပြီး ဒေါသထွက်စေသည့် တစ်စုံတစ်ရာကို မြင်တွေ့သည့်အခါ ၎င်းတို့သည် မိမိတို့ကိုယ်ကို ကိုယ်ရည်သွေးရန် တရားမျှတမှုအတွက် အစဉ်ရပ်တည်ပေးလိုကြသည်၊ သို့မဟုတ် အမှုအခင်း၏ အမှားအမှန်များကို ဝေဖန်ပိုင်းခြားရန် မှတ်ချက်တစ်ခု သို့မဟုတ် ဆောင်းပါးတစ်ပုဒ် ရေးသားလိုကြသည်။ အဆုံးတွင် မည်သို့ဖြစ်သွားသနည်း။ ၎င်းတို့သည် မည်သည့်အရာကိုမျှ ပြီးမြောက်အောင် မလုပ်ဆောင်နိုင်ဘဲ မိမိတို့ကိုယ်တိုင်အတွက် ဒုက္ခများစွာ ဖြစ်စေကာ တရားစွဲဆိုမှုများတွင် ရှုပ်ထွေးစွာ ပါဝင်ပတ်သက်ရပြီး မိမိတို့၏ ဂုဏ်သတင်းကို ပျက်စီးစေခြင်းဖြင့် အဆုံးသတ်ကြသည်။ ပြီးလျှင် ၎င်းတို့အား လက်စားချေလိုသော သို့မဟုတ် ပညာပြလိုသော လူ့အဖွဲ့အစည်းမှ မသမာသူများက ၎င်းတို့ကို အစဉ်ရှာဖွေနေကြသဖြင့် ၎င်းတို့သည် အလွန်အမင်း ကြောက်ရွံ့စွာဖြင့် နေထိုင်ကြရသည်။ ဤသို့သောဘဝမှ လွတ်မြောက်ရန်နှင့် ဒုက္ခကို ရှောင်ရှားရန် ၎င်းတို့သည် အိမ်အချို့ကို ဝယ်ယူကြပြီး “‘ဉာဏ်များသော ယုန်တစ်ကောင်တွင် မြေတွင်းသုံးခုရှိသည်’ ဟု ပြောကြသည့်အတိုင်းပင်ဖြစ်သည်။ ကျွန်ုပ်၏ အိမ်သုံးလုံးထဲမှ တစ်လုံးကိုသာ လူအများသိသည်၊ အခြားနှစ်လုံးအကြောင်းကို မည်သူမျှ မသိပါ။ ကျွန်ုပ်သည် ထိုအိမ်များကို အသင်းတော်အသုံးပြုရန်နှင့် ညီအစ်ကိုမောင်နှမများ နေထိုင်ရန်အတွက် ထားရှိခြင်း ဖြစ်သည်” ဟု ရှင်းပြကြသည်။ ညီအစ်ကိုမောင်နှမများ ထိုနေရာတွင် နေထိုင်ပါက ဘေးကင်းမည်ဟု သင်ထင်သလော။ (မထင်ပါ၊ ဘေးကင်းမည်မဟုတ်ပါ။) ၎င်းတို့၏ စကားများသည် အလွန်ကောင်းမွန်သည်ဟု ထင်ရပြီး ဤသို့ပြုလုပ်ခြင်း၌ ၎င်းတို့၏ ရည်ရွယ်ချက်များမှာ ကောင်းမွန်သော်လည်း ၎င်းတို့၏ ကိုယ်ကျင့်စရိုက်နှင့် ပြဿနာရှာတတ်သော ၎င်းတို့၏ ချို့ယွင်းချက်တို့ကြောင့် မည်သူက ၎င်းတို့၏အိမ်တွင် နေထိုင်ဝံ့မည်နည်း။ သင်သာ ထိုနေရာတွင် နေထိုင်ပါက လူများက သင့်ကို ၎င်းတို့၏ မိသားစုဝင်တစ်ဦးဟု ထင်မှတ်ကြပေမည်။ တစ်စုံတစ်ဦးက ၎င်းတို့ကို ရိုက်နှက်ရန် ရှာဖွေနေသော်လည်း ၎င်းတို့ကို ရှာမတွေ့ပါက သင့်ကိုပင် ယင်းအစား ရိုက်နှက်သွားမည် မဟုတ်လော။ အချို့လူများသည် ပြဿနာရှာတတ်ကြသည်။ ၎င်းတို့သည် ပုံမှန်အတိုင်း ကားမောင်းထွက်ပြီး လူသူကင်းမဲ့သော နေရာတစ်ခုကို ဖြတ်သန်းသွားသည့်အခါ တစ်စုံတစ်ဦး၏ တားဆီးခြင်းကို ခံရနိုင်ပြီး ထိုသူက ၎င်းတို့ကို ကားထဲမှ ဆွဲထုတ်ကာ ရက်စက်စွာ ရိုက်နှက်ပြီး သတိပေးချက်တစ်ခု ပေးပေမည်။ ၎င်းတို့သည် ယင်းမှာ မိမိတို့က တစ်စုံတစ်ဦးကို ဦးစွာ စော်ကားမိပြီး ကိုယ့်ဒုက္ခကိုယ် ရှာမိသောကြောင့်၊ မိမိတို့ စော်ကားမိခဲ့သော မည်သူမဆိုက ၎င်းတို့ကို ညှဉ်းပန်းလိုခဲ့သောကြောင့် ဖြစ်သည်ကို သိကြသည်။ ယင်းမှာ ၎င်းတို့နှင့် ထိုက်တန်သည့်အရာ အတိအကျပင် မဟုတ်လော။ ဤလူစားမျိုးသည် ပြဿနာရှာတတ်သော အမျိုးအစားပင် ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်ကို စတင်၍ ယုံကြည်ပြီးနောက်တွင် အသင်းတော်က မည်သည့်ကိစ္စကို ဆွေးနွေးနေသည်ဖြစ်စေ ၎င်းတို့သည် အစဉ်သဖြင့် ဝင်ရောက်စွက်ဖက်လိုကြသည်၊ ထိုကိစ္စနှင့်ပတ်သက်၍ ၎င်းတို့ ဆုံးဖြတ်ချက် ချလိုကြပြီး မှတ်ချက်အချို့ကိုလည်း ပေးလိုကြသည်၊ ၎င်းတို့ကို လူများက နားထောင်စေရန်လည်း ကြိုးစားကြသည်။ အသင်းတော်က ၎င်းတို့၏ အကြံပြုချက်များကို လက်မခံပါက ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်စွမ်းရည်များကို သတိမပြုမိဘဲ လုံးဝ မကျေမနပ်ဖြစ်ကာ နာကြည်းကြသည်။ ၎င်းတို့သည် ဆုံးရှုံးမှုများ မည်မျှပင် ခံစားရပါစေ ထိုအရာများကို မည်သည့်အခါမျှ မမှတ်မိသကဲ့သို့ မိမိတို့၏ ကျရှုံးမှုများမှ သင်ခန်းစာလည်း ယူခြင်းမရှိပေ။ ထိုသို့သောလူများသည် ဘုရားသခင်ကို ယုံကြည်သည့်အခါတွင်ပင် ပြဿနာရှာတတ်သည်။ တစ်ကြောင်းမှာ ၎င်းတို့သည် သမ္မာတရားကို နားမလည်သော်လည်း အရာရာတိုင်းတွင် ဝင်ရောက်စွက်ဖက်ရန် ကြိုးစားလျက် အသင်းတော်၏အလုပ်တွင် အစဉ်ပါဝင်လိုကြဆဲဖြစ်ရာ အကျိုးဆက်အနေဖြင့် ၎င်းတို့သည် အသင်းတော်၏အလုပ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်ကြသည်။ နောက်တစ်ကြောင်းမှာ ၎င်းတို့သည် မည်သည့်ညီအစ်ကိုနှင့်မဆို၊ သို့မဟုတ် မည်သည့်ညီအစ်မနှင့်မဆို အချိန်များစွာ အတူကုန်ဆုံးသည့်အခါတိုင်း ထိုလူတို့အပေါ် ဒုက္ခရောက်စေခြင်းလည်း ဖြစ်သည်။ ပြဿနာရှာတတ်သော ဤလူစားမျိုးသည် ကြီးမားသော ဒုက္ခတစ်ခု ဖြစ်သည်။ ပြဿနာရှာသောလူများသည် အေးအေးဆေးဆေးနေတတ်သူများ ဖြစ်သည်ဟု သင်ထင်သလော။ ၎င်းတို့သည် ကိုယ့်နေရာကိုယ် သိ၍ စည်းဘောင်မကျော်သောသူများ ဖြစ်ကြသလော။ (မဟုတ်ပါ။) ၎င်းတို့သည် ကိုယ့်နေရာကိုယ် သိ၍ စည်းဘောင်မကျော်သောသူများ လုံးဝမဟုတ်ကြပေ။ ယေဘုယျအားဖြင့် ကောင်းမွန်သောအသက်တာဖြင့် နေထိုင်သောလူများသည် ကိုယ့်နေရာကိုယ် သိ၍ စည်းဘောင်မကျော်ဘဲ နေလေ့ရှိကြသည်။ လူမှုရေးဆိုင်ရာ ကိစ္စရပ်များသည် ၎င်းတို့၏ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် သက်ဆိုင်ခြင်းမရှိသရွေ့ ၎င်းတို့သည် ထိုအရာများတွင် လုံးဝ ပါဝင်ပတ်သက်ခြင်း သို့မဟုတ် စုံစမ်းမေးမြန်းခြင်း မပြုကြပေ။ ဤသည်ကို ဆင်ခြင်တုံတရားရှိခြင်း၊ အချိန်အခါကို နားလည်ခြင်းနှင့် အကျိုးအကြောင်းကို နားလည်ခြင်းဟု ခေါ်သည်။ ဤလူ့အဖွဲ့အစည်းနှင့် လူသားမျိုးနွယ်သည် အလွန်ဆိုးညစ်ပြီး ရှုပ်ထွေးလှသည်။ ဘာသာတရားမရှိသူများ ပြောသည့်အတိုင်း “ဤပရမ်းပတာဖြစ်သော ခေတ်နှင့် ပရမ်းပတာဖြစ်သော လောကတွင် လူတို့သည် မိမိတို့ကိုယ်ကို မည်သို့ကာကွယ်ရမည်ကို သင်ယူရန် လိုအပ်သည်” ဟူ၍ ဖြစ်သည်။ ထို့အပြင် သင်သည် လူမှုရေးဆိုင်ရာ ကိစ္စရပ်များကို အစဉ်မှတ်ချက်ပေးနေပြီး ယင်းတို့တွင် ပါဝင်ပတ်သက်လိုကြသော်လည်း ယင်းမှာ သင် အသက်တာ၌ လျှောက်လှမ်းသင့်သော လမ်းခရီးမဟုတ်ပေ။ ထိုအရာများကို လုပ်ဆောင်ခြင်းသည် တန်ဖိုးမရှိသည့်အပြင် အသက်တာ၌ မှန်ကန်သော လမ်းကြောင်းလည်း မဟုတ်ပေ။ သင်သည် မျှတစွာ ပြောဆိုနိုင်လျှင်ပင် ယင်းမှာ တရားမျှတသော အလုပ်တစ်ခုအဖြစ် သတ်မှတ်ခြင်း မခံရသေးပေ။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ဤလောကတွင် မျှတမှု မရှိသောကြောင့် ဖြစ်သည်၊ ဆိုးယုတ်သော ခေတ်ရေစီးကြောင်းများက ယင်းကို ခွင့်မပြုပေ။ သင်သည် ဘုရားအိမ်တော်၌ မျှတသောစကားများနှင့် ရိုးသားသောစကားများကို အမှန်တကယ် ပြောဆိုနိုင်ပါက ယင်းမှာ တန်ဖိုးရှိပြီး အရေးပါမှုရှိသည်။ သို့သော် သင်သည် ဤဆိုးယုတ်သော၊ ဖောက်ပြန်ပျက်စီးသော၊ ရှုပ်ထွေးပွေလီသော လူ့လောကတွင် မျှတသောစကားများနှင့် ရိုးသားသောစကားများကို ပြောဆိုပါက ထိုသို့သောစကားများသည် ဒုက္ခကို လွယ်ကူစွာ ဖိတ်ခေါ်ပြီး အန္တရာယ်ကို သယ်ဆောင်လာသည်။ သို့ဆိုလျှင် ထိုသို့သောစကားများကို ပြောဆိုခြင်းသည် အလွန်မိုက်မဲရာကျမည် မဟုတ်လော။ ဤသို့ပြုလုပ်ခြင်းသည် သင့်ကို တန်ဖိုးရှိသောနည်းလမ်းဖြင့် အသက်ရှင်နေထိုင်ခွင့်ပြုမည် မဟုတ်ရုံသာမက သင့်ထံသို့ အဆုံးမရှိသော ဒုက္ခကိုလည်း သယ်ဆောင်လာမည် ဖြစ်သည်။ သို့ဖြစ်၍ ဉာဏ်ပညာရှိသောလူများသည် ဤလူမှုရေးဆိုင်ရာ ကိစ္စရပ်များမှာ ဘေးဥပဒ်တစ်ခုဖြစ်ကြောင်း မြင်တွေ့ပြီး မိမိတို့ကိုယ်ကို ခပ်ခွာခွာနေကာ ရှောင်ရှားကြသော်လည်း မိုက်မဲသောလူများမှာမူ မိမိတို့ကိုယ်တိုင်အပေါ် ကြီးမားသော ဒုက္ခကို သယ်ဆောင်လျက် ထိုအရာများဆီသို့ ဦးတည်သွားကြသည်။ အထူးသဖြင့် အချို့လူများသည် ရက်အနည်းငယ်ကြာ ကိုယ်ခံပညာ လေ့ကျင့်ပြီးနောက် အပေါ်ယံ အတတ်ပညာအနည်းငယ်ကို သင်ယူကာ အနည်းငယ် ကျော်ကြားလာသည့်အခါ တရားမျှတမှုအတွက် တိုက်ပွဲဝင်ပြီး ဆင်းရဲသားများကို ကူညီရန် သူဌေးများကို လုယက်လိုကြသည်။ ၎င်းတို့သည် သူရဲကောင်း သို့မဟုတ် ဓားသမား၏ အခန်းကဏ္ဍကို ခံယူလိုကြပြီး မတရားမှုများကို တည့်မတ်ရန် လှည့်လည်သွားလာကာ မတရားမှုကို မြင်တွေ့သည့်အခါတိုင်း ကူညီရန် ရှေ့သို့ပင် တိုးထွက်ကြသည်။ အကျိုးဆက်အနေဖြင့် ဤသည်မှာ ဒုက္ခဆီသို့ ဦးတည်စေသည်၊ လူ့အဖွဲ့အစည်းသည် မည်မျှ ရှုပ်ထွေးသည်ကို ၎င်းတို့ မသိနားမလည်ကြပေ။ ငါ့ကို ပြောလော့၊ သင်သည် ကူညီရန် ရှေ့သို့ တိုးထွက်သည့်အခါ အချို့လူများကို စိတ်အနှောင့်အယှက်ပေးမိခြင်းဖြင့် အဆုံးသတ်မည် မဟုတ်လော။ အချို့လူများ၏ စေ့စပ်သေချာသော အကြံအစည်များကို သင် ဖျက်ဆီးမိမည် မဟုတ်လော။ (ဟုတ်ပါသည်။) သင်သည် ထိုလူများ၏ စေ့စပ်သေချာသော အကြံအစည်များကို ဖျက်ဆီးသည့်အခါ ၎င်းတို့က သင့်ကို အလွတ်ပေးမည်လော။ (မပေးပါ။) သင်က “ကျွန်ုပ် လုပ်ဆောင်နေသည့်အရာသည် တရားမျှတသောအလုပ်တစ်ခု ဖြစ်သည်” ဟု ပြောကောင်းပြောနိုင်သော်လည်း ယင်းမှာ တရားမျှတသောအလုပ်တစ်ခု ဖြစ်လျှင်ပင် အရာထင်မည်မဟုတ်ပေ၊ ဤလောကသည် သင့်ကို တရားမျှတသောအလုပ်များကို လုပ်ဆောင်ခွင့်ပြုမည် မဟုတ်ပေ။ သင်သာ လုပ်ဆောင်ပါက သင်သည် ပြဿနာရှာနေခြင်း ဖြစ်လိမ့်မည်။ မိုက်မဲသောသူများသည် ဤအရာကို နားမလည်ကြ၊ ၎င်းတို့သည် လောကကို ထွင်းဖောက်၍ မမြင်နိုင်ကြပေ။ ၎င်းတို့သည် မိမိတို့က သူရဲကောင်းတစ်ဦးဖြစ်သောကြောင့် အခြားသူများကို ကူညီရန် ရှေ့သို့ တိုးထွက်သင့်သည်ဟု အစဉ်တွေးထင်ကြသည်။ သို့သော် အဆုံးတွင် ၎င်းတို့သည် တစ်စုံတစ်ဦး၏ စေ့စပ်သေချာသော အကြံအစည်များကို ဖျက်ဆီးမိကြပြီး ထိုသူက ၎င်းတို့အပေါ် လက်စားချေရန် ကြိုးပမ်းကာ လုံးဝလက်မလွှတ်ပေ။ ဤသို့ဖြင့် ၎င်းတို့သည် ဘေးအန္တရာယ်ကို မီးထွန်းရှာကြသည်။ တစ်ဖက်လူက ၎င်းတို့၏အမည်၊ နေထိုင်ရာ၊ မိသားစုအခြေအနေ၊ မိသားစုဝင်များ၊ ထိုဒေသတွင် ဩဇာလွှမ်းမိုးမှု ရှိမရှိနှင့် ၎င်းတို့အား အကောင်းဆုံး မည်သို့ပညာပြရမည်ကို တိတ်တဆိတ် စတင်ရှာဖွေစုံစမ်းသည်။ ဤအရာအားလုံးနှင့်ပတ်သက်၍ ရှင်းလင်းသော နားလည်မှုတစ်ခု ရရှိသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် “သူရဲကောင်း” အပေါ် စတင်လှုပ်ရှားတော့ရာ ထိုအချိန်မှစ၍ သူ၏ဘဝသည် ခက်ခဲလာတော့သည်။ ဤလူစားမျိုးသည် မကြာခဏ ပြဿနာရှာတတ်ကြပြီး ၎င်းတို့ မည်မျှကြီးမားသော ဆုံးရှုံးမှုများကို ခံစားရသည်ဖြစ်စေ သင်ခန်းစာကို မည်သည့်အခါမျှ မယူကြပေ။ ၎င်းတို့သည် မတရားဟု မြင်သော တစ်စုံတစ်ရာကို ကြုံတွေ့သည့်အခါ တရားမျှတမှုအတွက် တိုက်ပွဲဝင်လိုကြဆဲဖြစ်ပြီး ရှေ့သို့တိုးထွက်၍ ကူညီလိုကြဆဲ ဖြစ်သည်။ ၎င်းတို့သည် ကိုယ့်ဒုက္ခကိုယ်ရှာရုံသာမက မိမိတို့၏ မိသားစုကိုပါ အန္တရာယ်ကျရောက်စေပြီး တစ်ခါတစ်ရံတွင် မိမိတို့ပတ်ဝန်းကျင်ရှိ မိတ်ဆွေများ သို့မဟုတ် လုပ်ဖော်ကိုင်ဖက်များကိုပင် ယင်းထဲသို့ ဆွဲသွင်းကြသည်။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ပြီး အသင်းတော်ထဲသို့ ဝင်ရောက်လာပါက ညီအစ်ကိုမောင်နှမများသည်လည်း ၎င်းတို့ကြောင့် အန္တရာယ်ကျရောက်ခြင်းဖြင့် အဆုံးသတ်သွားနိုင်သည်။ ဥပမာအားဖြင့် ၎င်းတို့သည် လူ့အဖွဲ့အစည်း၌ ဒုက္ခရောက်ပြီး တစ်စုံတစ်ဦးက ၎င်းတို့အား လက်စားချေလိုကာ ထိုသူက သင်သည် ၎င်းတို့နှင့်အတူ စုဝေးပွဲများ တက်ရောက်ကြောင်း သိရှိပါက ၎င်းတို့၏ ပုဂ္ဂိုလ်ရေးဆိုင်ရာနှင့် မိသားစုအခြေအနေနှင့်ပတ်သက်သော သတင်းအချက်အလက်များအတွက် သင့်ထံ လာရောက်ပေမည်။ သို့ဆိုလျှင် သင်သည် ထိုသူကို ပြောမည်လော၊ သို့မဟုတ် မပြောမည်လော။ သင်သာ ပြောလိုက်ပါက ယင်းမှာ ၎င်းတို့ကို သစ္စာဖောက်ခြင်းနှင့် ညီမျှပြီး ၎င်းတို့အပေါ် ဒုက္ခရောက်စေမည် ဖြစ်သည်၊ သင် မပြောပါက ထိုသူက သင့်ကို ညှဉ်းပန်းပေမည်။ ဤလောကတွင် ဆိုးယုတ်သောလူများ အလွန်များပြားပြီး ဆိုးယုတ်သောလူများအားလုံးသည် ဆင်ခြင်တုံတရား မရှိသူများ ဖြစ်ကြသည်။ တစ်စုံတစ်ဦးက ၎င်းတို့ကို စိတ်အနှောင့်အယှက်ပေးမိပါက ၎င်းတို့သည် လက်စားချေရန် မည်သည့်နည်းလမ်းကိုမဆို အသုံးပြုကြလိမ့်မည်။ ထိုသို့မဟုတ်ပေလော။ (ဟုတ်ပါသည်။) ပြဿနာရှာတတ်သောလူများ မည်သို့သော ဒုက္ခမျိုးကို ကြုံတွေ့ရသည်ဖြစ်စေ ယင်းမှာ ၎င်းတို့၏ တာဝန်ထမ်းဆောင်မှုအတွက် ဒုက္ခနှင့် နှောင့်ယှက်မှုကို အစဉ်ဖြစ်ပေါ်စေပြီး အသင်းတော်၏အလုပ်ကိုလည်း အတိုင်းအတာအမျိုးမျိုးဖြင့် သက်ရောက်မှုရှိစေနိုင်သည်။ တစ်စုံတစ်ဦးသည် အဆက်မပြတ် ပြဿနာရှာနေပါက ၎င်းတို့နှင့်အတူ သမ္မာတရားကို မိတ်သဟာယဖွဲ့ခြင်းက ဤပြဿနာကို ဖြေရှင်းနိုင်မည်ဟု သင်တို့ထင်သလော။ (မဖြေရှင်းနိုင်ပါ။) ဤလူစားမျိုးသည် မကြာခဏဆိုသလို ပြည့်ဝသော ဆင်ခြင်တုံတရား ကင်းမဲ့ကြသည်။ ၎င်းတို့ ဒုက္ခရောက်သည့်အခါတွင်ပင် ယင်းကို ဒုက္ခဟု မမြင်ကြပေ၊ ၎င်းတို့တွင် တရားမျှတစိတ်ရှိသည်ဟုပင် ထင်ကောင်းထင်ကြပေမည်။ ထိုသို့သော အခြေအနေများတွင် ၎င်းတို့နှင့်အတူ သမ္မာတရားကို မိတ်သဟာယဖွဲ့ခြင်းသည် အသုံးမဝင်ပေ၊ အကြောင်းမှာ ၎င်းတို့သည် လွဲချော်သော သဘောပေါက်နားလည်မှုရှိသောသူများ၊ ဆင်ခြင်တုံတရားမဲ့သော ပုဂ္ဂိုလ်များ ဖြစ်သောကြောင့် ဖြစ်သည်။ ဆင်ခြင်တုံတရားမဲ့သော ပုဂ္ဂိုလ်များသည် သမ္မာတရားကို လွယ်လွယ်ကူကူ လက်မခံကြပေ။ အချို့လူများက “၎င်းတို့သည် အခက်အခဲနှင့် ရင်ဆိုင်နေရသည်၊ ကျွန်ုပ်တို့က ၎င်းတို့ကို မည်သို့ လျစ်လျူရှုနိုင်မည်နည်း။ ကျွန်ုပ်တို့က ၎င်းတို့ကို အဘယ်သို့ သနားကြင်နာမှု မပြဘဲ နေနိုင်မည်နည်း။ ကျွန်ုပ်တို့သည် ၎င်းတို့ကို မေတ္တာဖြင့် ဆက်ဆံသင့်သည်” ဟု ပြောကောင်းပြောကြပေမည်။ ၎င်းတို့ကို မေတ္တာဖြင့် ဆက်ဆံခြင်းသည် ကောင်းပါသည်၊ သို့သော် ၎င်းတို့က လက်ခံနိုင်မည်လော။ ၎င်းတို့သည် သမ္မာတရားကို လုံးဝလက်မခံဘဲ မိမိတို့၏ ကိုယ်ပိုင်အမြင်များကို ဆက်လက်ဆုပ်ကိုင်ထားပါက သင်သည် ၎င်းတို့နှင့်အတူ သမ္မာတရားကို အဆုံးမရှိ ဆက်လက်မိတ်သဟာယဖွဲ့နေခြင်းသည် သင့်လျော်သလော။ (မသင့်လျော်ပါ။) အဘယ်ကြောင့် မသင့်လျော်သနည်း။ (ဤလူစားမျိုးသည် ဘုရားသခင်ကို ရိုးသားစစ်မှန်စွာ မယုံကြည်ကြပါ။ ၎င်းတို့၏ အနှစ်သာရမှာ မယုံကြည်သူများ၏ အနှစ်သာရ ဖြစ်သည်။ ကျွန်ုပ်တို့သည် ၎င်းတို့နှင့်အတူ သမ္မာတရားကို မိတ်သဟာယဖွဲ့လျှင်ပင် ယင်းက ပြဿနာကို ဖြေရှင်းပေးမည်မဟုတ်ဘဲ ၎င်းတို့သည် အသင်းတော်အတွက် ဒုက္ခများစွာကို ဆက်လက် သယ်ဆောင်လာနိုင်သေးသည်။) သို့ဆိုလျှင် ဤလူစားမျိုးကို ဖယ်ထုတ်ပစ်သင့်သလော။ (ဖယ်ထုတ်ပစ်သင့်ပါသည်။)
ပြဿနာရှာတတ်သော အခြားလူတစ်မျိုး ရှိသေးသည်။ အသင်းတော်၌ ၎င်းတို့သည် အချို့သောအရာများကို လုပ်ဆောင်ရန် ညီအစ်ကိုမောင်နှမများကို အစဉ်လှုံ့ဆော်ကြသည်။ ဥပမာအားဖြင့် ၎င်းတို့က “အစိုးရ၏ ထိုလုပ်ဆောင်ချက်နှင့် ၎င်း ရေးဆွဲခဲ့သော မူဝါဒသည် ကျိုးကြောင်းမဆီလျော်ပါ။ ခရစ်ယာန်များအနေဖြင့် ကျွန်ုပ်တို့သည် ဖြောင့်မတ်ခြင်းကို ကျင့်သုံးရမည်၊ ကျွန်ုပ်တို့သည် ထုတ်ဖော်ပြောဆိုရမည်ဖြစ်ပြီး ကြောက်ရွံ့သူများကဲ့သို့ အမြီးကုပ်နေ၍မဖြစ်ပါ။ ကျွန်ုပ်တို့သည် ညီအစ်ကိုမောင်နှမများ၊ ကျွန်ုပ်တို့၏ အသင်းတော်နှင့် လူသားမျိုးနွယ်အားလုံး၏ ကောင်းကျိုးချမ်းသာအတွက် တိုက်ပွဲဝင်လျက် ဆိုင်းဘုတ်များ ကိုင်ဆောင်၍ လမ်းများပေါ်တွင် ချီတက်ဆန္ဒပြရန် လိုအပ်သည်” ဟု ပြောဆိုကြသည်။ ယင်း၏ အကျိုးဆက်မှာ အဘယ်နည်း။ ၎င်းတို့ ချီတက်ဆန္ဒမပြမီတွင်ပင် အစိုးရက သိရှိသွားပြီး တရားရုံးက ဆင့်ခေါ်စာ ပို့လိုက်လေသည်။ ငါ့ကို ပြောလော့၊ အသင်းတော်၌ ထိုသို့သောလူများ ရှိနေခြင်းသည် ကံကောင်းခြင်းလော သို့မဟုတ် ကံဆိုးခြင်းလော။ (ကံဆိုးခြင်း ဖြစ်ပါသည်။) အချို့လူများက “ဖြစ်ချင်တော့ ကျွန်ုပ်တို့၏ အသင်းတော်၌ ထိုသို့သော ပင်ကိုစွမ်းရည်ရှိသူတစ်ဦး ရှိနေသည်၊ ဤသူသည် ခေါင်းဆောင်ဖြစ်ထိုက်သူပင်တည်း။ ကျွန်ုပ်တို့၏ အသင်းတော်ရှိ လူများကို ကြည့်လော့၊ ၎င်းတို့အားလုံးသည် လူ့အဖွဲ့အစည်း၌ ဩဇာလွှမ်းမိုးမှုမရှိဘဲ နှိမ့်ချပြီး ဦးဆောင်မှုကို မြေဝယ်မကျ နာယူကြသည်။ ၎င်းတို့သည် ကြောက်တတ်ကြပြီး မည်သည့်အရေးကြီးသော ကိစ္စရပ်များကိုမျှ တာဝန်ယူရန် မဝံ့ရဲကြသကဲ့သို့ ပြဿနာရှာရမည်ကို အလွန် ကြောက်ရွံ့ကြသည်။ ဤသူမှာမူ ကွဲပြားသည်၊ ၎င်းသည် ရဲစွမ်းသတ္တိရှိသည်၊ ထိုးထွင်းသိမြင်မှုရှိသည်၊ ပြတ်သားသည်၊ လူ့အဖွဲ့အစည်း၌လည်း ဩဇာလွှမ်းမိုးမှုရှိသည်၊ ၎င်းတို့သည် အရည်အချင်းရှိပြီး မတရားမှုကို မြင်သည့်အခါ ထကြွပြီး ရှေ့သို့တိုးထွက်ဝံ့သည်။ တရားရေးဆိုင်ရာ အမှုအခင်းတစ်ခုနှင့် ရင်ဆိုင်ရသည့်အခါတွင်ပင် ၎င်းတို့သည် ထိတ်လန့်ခြင်း သို့မဟုတ် စိုးရိမ်ခြင်း မရှိပေ။ ၎င်းတို့၏ စိတ်ပိုင်းဆိုင်ရာ စွမ်းရည်သည် ၎င်းတို့ကို အရာရှိတစ်ဦးဖြစ်ရန် ပင်ကိုအားဖြင့် သင့်တော်စေသည်။ ဤသူသာ နိုင်ငံရေးတွင် ပါဝင်ခဲ့ပါက ကိုယ်စားလှယ်တစ်ဦး သို့မဟုတ် အနည်းဆုံး ပြည်နယ်အုပ်ချုပ်ရေးမှူးတစ်ဦး ဖြစ်ပေမည်။ ကျွန်ုပ်တို့မှာမူ ထိုမျှမတော်ပါ။ သို့ဖြစ်၍ အသင်းတော်သည် ၎င်းကို ခေါင်းဆောင်အဖြစ် ရွေးချယ်သင့်သည်။ ၎င်းသာ ကျွန်ုပ်တို့ကို ဦးဆောင်ပါက ကျွန်ုပ်တို့သည် ကယ်တင်ခြင်းကို ဧကန်အမှန် ရရှိကြလိမ့်မည်” ဟု ပြောဆိုကြသည်။ အချို့သော မိုက်မဲသည့်လူများသည် လူ့အဖွဲ့အစည်း၌ ပြဿနာရှာတတ်သောသူတို့ကို အထူးပင် အထင်ကြီးလေးစားကြပြီး ကိုးကွယ်ကြကာ ၎င်းတို့ကို အသင်းတော်ခေါင်းဆောင်များအဖြစ် ရွေးချယ်တင်မြှောက်လိုကြသည်အထိပင် ဖြစ်သည်။ ဤသည်မှာ သင့်လျော်သည်ဟု သင်တို့ ထင်သလော။ (မထင်ပါ။) အဘယ်ကြောင့် မသင့်လျော်သနည်း။ အသင်းတော်သည် ထိုသို့သော “အရည်အချင်းရှိသူများ” ကို မလိုအပ်သလော။ (အသင်းတော်သည် ထိုသို့သောလူများကို မလိုအပ်ပါ။ အသင်းတော်ခေါင်းဆောင်များသည် ဘုရားသခင် ရွေးချယ်ထားသောလူများကို စုဝေးပွဲများတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အတူတကွ စားသောက်ရန်၊ သမ္မာတရားကို လိုက်စားရန်နှင့် ဧဝံဂေလိတရားကို ဖြန့်ဝေရန် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ဖို့ ဦးဆောင်ရမည် ဖြစ်ပါသည်။ ထိုသို့သောလူများသည် အပေါ်ယံအားဖြင့် ရဲစွမ်းသတ္တိ၊ ထိုးထွင်းသိမြင်မှုနှင့် ပြတ်သားမှုဟုခေါ်သည့်အရာများ ရှိပုံရသော်လည်း ဤအလုပ်မျိုးကို ၎င်းတို့ မလုပ်ဆောင်နိုင်ဘဲ အသင်းတော်သို့ အဆုံးမရှိသော ပြဿနာများကို ဆောင်ကြဉ်းလာမည် ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် အသင်းတော်ခေါင်းဆောင်များ ဖြစ်ရန် မသင့်တော်ပါ။) ငါ သင့်ကို ပြောမည်၊ ဤလူစားမျိုး အသင်းတော်၌ ကျန်ရှိနေခြင်းသည် အမှားတစ်ခုဖြစ်ပြီး ထိုသို့သောလူများကို ခေါင်းဆောင်များအဖြစ် ရွေးချယ်တင်မြှောက်ခြင်းသည် ပို၍ပင် ဆိုးရွားမည်ဖြစ်သည်။ ၎င်းတို့သည် အသင်းတော်ကို အဘယ်သို့ ဦးဆောင်သွားမည်နည်း။ ၎င်းတို့သည် အသင်းတော်ကို ဘာသာရေးအုပ်စုတစ်ခုအဖြစ်သို့ ပြောင်းလဲပစ်မည်ဖြစ်သည်။ အကြောင်းမှာ ၎င်းတို့သည် လူ့အဖွဲ့အစည်း၌ မတရားမှုများကို မြင်သည့်အခါ တရားစွဲဆိုကြလိမ့်မည်၊ ဆိုးယုတ်သောလူများက ဆင်းရဲသားများကို အနိုင်ကျင့်သည်ကို မြင်သည့်အခါ ၎င်းတို့အတွက် တိုက်ခိုက်ပေးကြလိမ့်မည်၊ အကျင့်ပျက်ခြစားသော အရာရှိများက ပြည်သူများကို ရက်ရက်စက်စက် ဒုက္ခပေးသည်ကို မြင်သည့်အခါ ကောင်းကင်ဘုံကိုယ်စား တရားမျှတမှုကို ကာကွယ်လိုကြမည် ဖြစ်သောကြောင့်တည်း။ အကျိုးဆက်အားဖြင့် သင်တို့အားလုံးသည်လည်း တဖြည်းဖြည်းဖြင့် တရားမျှတမှုအတွက် တိုက်ပွဲဝင်သော သူရဲကောင်းများ ဖြစ်လာကြပေမည်။ ဤနည်းအားဖြင့် သင်တို့သည် ကယ်တင်ခြင်းကို ရရှိနိုင်ကြဦးမည်လော။ အပေါ်ယံအားဖြင့် ပြဿနာရှာတတ်သောလူများသည် အတော်အတန် အရည်အချင်း ရှိပုံရသော်လည်း အဆုံးတွင် မည်သို့ဖြစ်သနည်း။ ၎င်းတို့ လိုက်လျှောက်သော လမ်းကြောင်းသည် မှန်ကန်သော လမ်းကြောင်းမဟုတ်သောကြောင့် အသင်းတော်၏အလုပ်ကို အဖျက်အမှောင့်လုပ်ခြင်းနှင့် နှောင့်ယှက်ခြင်းတို့အတွက် ၎င်းတို့အားလုံး ဖယ်ရှားရှင်းလင်းခြင်း ခံကြရသည်။ ၎င်းတို့ မည်သို့သော ပြဿနာမျိုးကို ရှာသည်ဖြစ်စေ ၎င်းတို့သည် မှန်ကန်သော လမ်းကြောင်းပေါ်၌ လျှောက်လှမ်းနေခြင်း မဟုတ်သကဲ့သို့ ဘုရားသခင်၏ အလိုတော်ကိုလည်း လိုက်လျှောက်နေခြင်း မဟုတ်ပေ။ ၎င်းတို့ လုပ်ဆောင်သည့် မည်သည့်အရာမျှ အသင်းတော်နှင့်ဖြစ်စေ၊ ဘုရားသခင်၏ အမှုတော်နှင့်ဖြစ်စေ၊ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့်ဖြစ်စေ မည်သို့မျှ မသက်ဆိုင်ပေ၊ ၎င်းတို့ လုပ်ဆောင်သမျှသည် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ကင်းကွာပြီး မှန်ကန်သော လမ်းကြောင်းမှ သွေဖည်နေသည်။ ၎င်းတို့၏ ပြဿနာရှာခြင်း၏ သဘောသဘာဝမှာ ၎င်းတို့သည် နတ်ဆိုးများနှင့် ဆက်ဆံပြီး ရောယှက်နေခြင်း ဖြစ်သည်၊ ၎င်းတို့သည် နတ်ဆိုးများ၏ ပူးကပ်နှောင့်ယှက်ခြင်းကို ခံနေရသည်။ ထို့ကြောင့် ဘုရားအိမ်တော်သည် ထိုသို့သောလူများနှင့် ရှင်းလင်းသော စည်းတစ်ခု ခြားထားရမည်။ ၎င်းတို့သည် မည်သူက အကြံဉာဏ်ပေးရန် ကြိုးစားသည်ဖြစ်စေ နားမထောင်ဘဲ ထပ်ခါတလဲလဲ ပြဿနာရှာနေပါက၊ ၎င်းတို့သည် မိမိတို့၏ အမှားများမှ သင်ခန်းစာမယူဘဲ ပြဿနာရှာနေပါက၊ မကောင်းမှုများကိုပင် မဆင်မခြင် ကျူးလွန်နေပါက ၎င်းတို့ကို ထွက်ခွာသွားရန် ဖျောင်းဖျသင့်သည်။ သင်က ဤသို့ ပြောဆိုနိုင်သည်။ “သင်ရှာခဲ့သော ပြဿနာအားလုံးကို ကြည့်လော့၊ ယင်းသည် အသင်းတော်၏အလုပ်အတွက် မည်မျှကြီးမားသော အတားအဆီးတစ်ခု ဖြစ်ခဲ့ပြီး လူမည်မျှ၏ တာဝန်ထမ်းဆောင်မှုကို ထိခိုက်စေခဲ့သည်ကို ကြည့်လော့။ သင်သည် ဤအရာကို အဘယ်သို့လျှင် သတိမပြုမိဘဲ နေနိုင်သနည်း။ သင်၏ ရည်မှန်းချက်သည် အလွန်ပင် ကြီးမားလှသည်၊ ယင်းသည် လောကကြီးတစ်ခုလုံးကို လွှမ်းခြုံနိုင်လောက်အောင် ကြီးမားလှသည်။ သင်ကဲ့သို့သော ပုဂ္ဂိုလ်တစ်ဦးသည် လောကထဲသို့ ထိုးဖောက်ဝင်ရောက်သင့်သည်၊ သင်သည် မိမိကိုယ်ကို ပြုစုပျိုးထောင်ပြီး နိုင်ငံကို အုပ်ချုပ်ကာ လောကသို့ ငြိမ်သက်ခြင်းကို ဆောင်ကြဉ်းပေးသင့်သည်။ သင်သည် အဆင့်မြင့်အရာရှိများနှင့် ပေါင်းသင်းဆက်ဆံရန် သင့်တော်သည်၊ ထိုသို့ပြုမှသာ သင်သည် သာမန်လူတို့ထက် ထူးကဲမြင့်မားပြီး သင်၏အတောင်ပံများကို ဖြန့်ကြက်ကာ ပျံဝဲနိုင်မည် ဖြစ်သည်။ တစ်နေ့လုံး ဘုရားသခင်ကို ယုံကြည်သောလူများနှင့် အတူနေခြင်းသည် သင်၏ ကြီးကျယ်သော ရည်မှန်းချက်များကို ဆွဲထားပြီး အတောင်ဖွင့်၍ ပျံသန်းရန် သင်၏ စွမ်းရည်ကို ကန့်သတ်ထားသည်သာ ဖြစ်မည် မဟုတ်လော။ ကျွန်ုပ်တို့ကို ကြည့်လော့၊ ကျွန်ုပ်တို့ တစ်ဦးတစ်ယောက်မျှ ကြီးကျယ်သော ရည်မှန်းချက်များ မရှိပါ။ ကျွန်ုပ်တို့သည် ဘုရားသခင်ကို ယုံကြည်ရန်၊ သမ္မာတရားအချို့ကို နားလည်ဖို့ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပို၍ဖတ်ရှုရန်နှင့် မကောင်းမှုကို လျှော့၍ပြုလုပ်ရန်သာ တစ်ခုတည်းကို အာရုံစိုက်ထားကြပြီး ထိုသို့ပြုလျှင် ကျွန်ုပ်တို့သည် ဘုရားသခင်၏ အသိအမှတ်ပြုမှုကို ရရှိကောင်း ရရှိနိုင်မည်ဟူ၍သာ ဖြစ်သည်။ ကျွန်ုပ်တို့အားလုံးသည် လောကီလူများ၏ အသရေဖျက်ခြင်းနှင့် စော်ကားခြင်းကို ခံရသော၊ လောက၏ ပစ်ပယ်ခြင်းကို ခံရသောလူများ ဖြစ်ကြသောကြောင့် သင်သည် ကျွန်ုပ်တို့ကဲ့သို့သော လူများနှင့် ပေါင်းသင်းရန် မသင့်တော်ပါ။ သင်သည် လောကသို့ ပြန်သွားပြီး ထိုနေရာ၌ ကြိုးစားအားထုတ်ပါက ပို၍ကောင်းပေမည်၊ သင်သည် ကြီးမားသော အောင်မြင်မှုကို ရရှိပြီး သင်၏ ရည်မှန်းချက်များကို အကောင်အထည်ဖော်နိုင်ကောင်း အကောင်အထည်ဖော်နိုင်မည် ဖြစ်သည်” ဟူ၍ ဖြစ်လေသည်။ ဤနည်းလမ်းဖြင့် ၎င်းတို့ကို ထွက်ခွာသွားရန် ဖျောင်းဖျခြင်းသည် သင့်လျော်သလော။ ဤသည်မှာ ပြဿနာကို ဖြေရှင်းရန် နည်းလမ်းကောင်းတစ်ခု ဟုတ်သလော။ (ဟုတ်ပါသည်။) ဤသည်မှာ အသင်းတော်က ထိုသို့သော မယုံကြည်သူများကို ကိုင်တွယ်သင့်သည့် ပုံစံဖြစ်သည်၊ ဤနည်းလမ်းဖြင့် ကိစ္စကို ဖြေရှင်းခြင်းသည် သမ္မာတရား စည်းမျဉ်းများနှင့် လုံးဝ ကိုက်ညီပေသည်။
အခြားမည်သည့်လူစားမျိုးများက ပြဿနာရှာတတ်ကြသနည်း။ လိင်မတူသူများကြားတွင် အလွန်လူကြိုက်များပြီး သမာသမတ်မကျသော လူစားများနှင့် အစဉ်ပရောပရည်လုပ်တတ်သော လူတစ်မျိုးရှိသည်။ ၎င်းတို့သည် လျောက်ပတ်သော ချစ်ကြိုက်သည့်ဆက်ဆံရေးကို လိုက်စားနေခြင်း မဟုတ်ဘဲ ထိုအစား လိင်မတူသူအများအပြားနှင့် အလွန်ရင်းနှီးပြီး မလျော်ကန်သော ဆက်ဆံရေးများကို ထိန်းသိမ်းထားကြသည်။ ၎င်းတို့သည် ဤဆက်ဆံရေးများကို ကောင်းမွန်စွာ မကိုင်တွယ်နိုင်သောကြောင့် ၎င်းတို့ ပရောပရည်လုပ်သည့်လူများသည် တစ်ဦးနှင့်တစ်ဦး မနာလိုဖြစ်လာခြင်း သို့မဟုတ် လက်စားချေရန်ပင် ကြိုးပမ်းလာနိုင်ဖွယ်ရှိသည်။ ဤသည်မှာ ၎င်းတို့အတွက် ပြဿနာတစ်ခု ဟုတ်သလော။ (ဟုတ်ပါသည်။) ဤသည်မှာလည်း ကြီးမားသော ပြဿနာတစ်ခု ဖြစ်သည်။ အချို့လူများသည် ဤကိစ္စရပ်များကို ဂရုမစိုက်ကောင်း မစိုက်နိုင်သော်လည်း၊ ထိုသို့သောအရာများသည် ၎င်းတို့၏ ပုဂ္ဂိုလ်ရေးဘဝများနှင့် ယုံကြည်ခြင်းအတွက် ပြဿနာများကို မကြာခဏ ဆောင်ကြဉ်းပေးတတ်ပြီး ၎င်းတို့၏ ပုဂ္ဂိုလ်ရေးလုံခြုံမှုကိုပင် ထိခိုက်စေနိုင်သည်။ ဤပြဿနာများသည် ၎င်းတို့နောက်သို့ အစဉ်လိုက်နေပြီး ၎င်းတို့နှင့် မကြာခဏ ပေါင်းသင်းဆက်ဆံသော သူတို့သည်လည်း မလွှဲမရှောင်သာ ပါဝင်ပတ်သက်လာကြရသည်။ ၎င်းတို့သည် ဤလိင်မတူသူများနှင့် ရိုးသားစစ်မှန်စွာ ချစ်ကြိုက်သည့်ဆက်ဆံရေးတွင် ရှိနေသည်ဖြစ်စေ သို့မဟုတ် အချင်းချင်း ပရောပရည်လုပ်ပြီး အသုံးချနေကြသည်ဖြစ်စေ၊ ကျွန်ုပ်တို့သည် ထိုသို့သောကိစ္စရပ်များကို စိတ်မဝင်စားပေ။ ကျွန်ုပ်တို့ စိတ်ဝင်စားသည့်အရာမှာ အဘယ်နည်း။ ကျွန်ုပ်တို့ စိတ်ဝင်စားသည်မှာ ၎င်းတို့ ဆောင်ကြဉ်းလာသော ပြဿနာများသည် ညီအစ်ကိုမောင်နှမများ သို့မဟုတ် အသင်းတော်အပေါ် မည်သည့် ထိခိုက်နစ်နာစေသော သက်ရောက်မှုမျှ ရှိမည် မရှိမည်ကို ဖြစ်သည်။ သက်ရောက်မှုရှိပါက အသင်းတော်သည် ဤပြဿနာများကို ကောင်းစွာ ကိုင်တွယ်ဖြေရှင်းရန် ၎င်းတို့အား အကြံပေးလျက် အဆိုပါကိစ္စကို ကြားဝင်ဖြေရှင်းပြီး ကိုင်တွယ်သင့်သည်။ ၎င်းတို့ မည်သို့ကိုင်တွယ်ဖြေရှင်းသည်ကိုမူ ကျွန်ုပ်တို့ ဝင်ရောက်စွက်ဖက်မည်မဟုတ်ပေ။ မည်သို့ပင် အကြံပေးစေကာမူ ၎င်းတို့သည် နားမထောင်ဘဲ ဤပြဿနာများကို ကိုင်တွယ်ဖြေရှင်းခြင်း သို့မဟုတ် ဖြေရှင်းခြင်းမပြုပါက ၎င်းတို့ကို သီးခြားခွဲထားပြီး ဤသို့ သတိပေးသင့်သည်။ “သင်သည် သင်၏ ပုဂ္ဂိုလ်ရေးပြဿနာများကို ဦးစွာ ကိုင်တွယ်ဖြေရှင်းရန် လိုအပ်သည်။ ယင်းတို့ကို ကိုင်တွယ်ဖြေရှင်းပြီးသည်နှင့် သင်၏ တာဝန်ကို ပြန်လည်ထမ်းဆောင်နိုင်သည်။ သင်သည် ယင်းတို့ကို ကောင်းစွာ ကိုင်တွယ်ဖြေရှင်းပေးခြင်း မရှိပါက သီးခြားခွဲထားခြင်း ခံရမည်ဖြစ်သည်” ဟူ၍ ဖြစ်သည်။ ၎င်းတို့သည် ယုံကြည်သူများဖြစ်ပြီး မိမိတို့၏ တာဝန်ကိုပင် ထမ်းဆောင်ကောင်း ထမ်းဆောင်နိုင်သော်လည်း၊ ယင်းမှာ အရေးကြီးသော တာဝန်တစ်ခုပင် ဖြစ်ကောင်းဖြစ်နိုင်သော်လည်း ၎င်းတို့၏ ပုဂ္ဂိုလ်ရေးဘဝများရှိ ဆိုးရွားသော ပြဿနာများကြောင့်လည်းကောင်း၊ ၎င်းတို့ရှာသော ပြဿနာသည် အသင်းတော်၏အလုပ်ကို ထိခိုက်နိုင်သောကြောင့်လည်းကောင်း ဤပြဿနာများက ဖြစ်နိုင်ချေရှိသော အန္တရာယ်များ ဖြစ်စေသည့်အတွက် အသင်းတော်ခေါင်းဆောင်များသည် ယင်းကို လျစ်လျူမရှုနိုင်ပေ။ ဥပမာအားဖြင့် ၎င်းတို့နှင့် ဆက်ဆံရေးရှိသောလူများသည် ၎င်းတို့ထံမှ အသင်းတော်၏ အခြေအနေအချို့ သို့မဟုတ် ညီအစ်ကိုမောင်နှမများအကြောင်း ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်များကို သိရှိသွားနိုင်သည်။ ၎င်းတို့သည် ဤအချက်အလက်များကို မသမာသော ရည်ရွယ်ချက်ရှိသည့် ပုဂ္ဂိုလ်များ သို့မဟုတ် အဆင်းနီသော နဂါးကြီးထံသို့ ပေါက်ကြားစေပါက အသင်းတော်အတွက်ရော ညီအစ်ကိုမောင်နှမများအတွက်ပါ အန္တရာယ်ရှိပေမည်။ ထို့ကြောင့် အသင်းတော်အတွက် ဤပြဿနာများ သို့မဟုတ် ဖြစ်နိုင်ချေရှိသော အန္တရာယ်များအားလုံးကို ၎င်းတို့က ဆောင်ကြဉ်းလာခြင်းဖြစ်သောကြောင့် အသင်းတော်သည် ၎င်းတို့အား မိမိတို့၏ ပုဂ္ဂိုလ်ရေးပြဿနာများကို ဦးစွာ ဖြေရှင်းစေသင့်သည်။ ၎င်းတို့သည် ပြဿနာများကို အပြည့်အဝ ကိုင်တွယ်ဖြေရှင်းပါက ဘုရားအိမ်တော်သည် ၎င်းတို့၏ အခြေအနေများအပေါ် မူတည်၍ ၎င်းတို့ကို ပြန်လည်လက်ခံရန် ဆုံးဖြတ်နိုင်သည်။ သို့သော် ၎င်းတို့သည် ပြဿနာများကို ဆက်လက်မဖြေရှင်းဘဲ မိမိတို့၏ တာဝန်ကို ထမ်းဆောင်လိုနေသေးပါက မည်သို့လုပ်ဆောင်သင့်သနည်း။ (၎င်းတို့အား မိမိတို့၏ တာဝန်ကို ထမ်းဆောင်ခွင့် မပြုသင့်ပါ။) ထိုအခြေအနေတွင် ၎င်းတို့ကို ထွက်ခွာသွားရန် ဖျောင်းဖျရမည် သို့မဟုတ် ဖယ်ထုတ်ပစ်ရမည် ဖြစ်သည်။ အတိုချုပ်အားဖြင့် အသင်းတော်ခေါင်းဆောင်များဖြစ်စေ၊ ညီအစ်ကိုမောင်နှမများဖြစ်စေ အသင်းတော်၌ ပြဿနာရှာတတ်သောလူများ ရှိကြောင်း တွေ့ရှိသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် ကိစ္စရပ်ကို စည်းမျဉ်းများအတိုင်း ကိုင်တွယ်ပြီး အချိန်မီ ဖြေရှင်းသင့်သည်။ ဤပုဂ္ဂိုလ်များသည် ညီအစ်ကိုမောင်နှမများထံသို့ အန္တရာယ်များ ဆောင်ကြဉ်းလာသည်အထိ သို့မဟုတ် အသင်းတော်၏အလုပ်သို့ ပြဿနာများ ဆောင်ကြဉ်းလာသည်အထိ မစောင့်ဆိုင်းဘဲ ကိုင်တွယ်ဖြေရှင်းသင့်သည်။
အချို့လူများသည် ပြဿနာကို အလွယ်တကူရှာတတ်ပြီး ရန်ပွဲများနှင့် ခိုက်ရန်ဖြစ်ပွားမှုများတွင် ပါဝင်တတ်ကြသည်။ ၎င်းတို့သည် မိမိတို့ လက်သီးကောင်းကောင်း ထိုးနိုင်သည်ဟု အစဉ်ခံစားရပြီး လောကရှိ လူတိုင်းကို အနိုင်ယူလိုကြသည်၊ သို့မဟုတ် လူအထင်ကြီးဖွယ် သိုင်းကွက်အနည်းငယ် တတ်ကျွမ်းပါက အခြားသူများအပေါ် အကြမ်းဖက်မှုနှင့် အင်အားကို အစဉ်အသုံးပြုလိုကြသည်။ ဤလူစားမျိုးသည်လည်း ပြဿနာရှာတတ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) မည်သည့်နေရာသို့ သွားသည်ဖြစ်စေ မိမိတို့၏ သင့်တော်သောနေရာ၌ မနေကြသောသူများလည်း ရှိသေးသည်။ ၎င်းတို့သည် စည်းမျဉ်းများကို မလိုက်နာကြ၊ သို့မဟုတ် အများပြည်သူဆိုင်ရာ စည်းကမ်းကို မစောင့်ထိန်းကြဘဲ အစဉ် ထူးခြားစွာ ပြုမူလိုကြသည်။ ကားမောင်းသည့်အခါ ၎င်းတို့သည် မရမက မီးနီကို ဖြတ်မောင်းကြသည်၊ သို့မဟုတ် ဘယ်ဘက်သို့ ကွေ့ခွင့်မရှိသည့်နေရာတွင် မရမက ဘယ်ဘက်သို့ ကွေ့ကြပြီး ရဲက ဖမ်းဆီး၍ ဒဏ်ရိုက်သည့်အခါ လက်မခံဘဲ အဆိုပါအရာရှိကို တိုင်ကြားလိုကြသည်။ သင်တွေ့သည့်အတိုင်းပင် ၎င်းတို့သည် မည်သူ့ကိုမဆို တိုင်ကြားဝံ့ကြသည်။ ရဲက ဥပဒေအတိုင်း ဆောင်ရွက်သော်လည်း ၎င်းတို့သည် တိုင်ကြားလိုကြသည်၊ ၎င်းတို့သည် ဥပဒေကို မထီမဲ့မြင်ပြုကြသည်။ ဤဉာဏ်မရှိသူများသည်လည်း ပြဿနာရှာတတ်ကြသည် မဟုတ်လော။ (ဟုတ်ပါသည်။) ပြဿနာရှာတတ်သော ဤလူစားမျိုးသည် မိမိတို့ ဘုရားသခင်ကို ယုံကြည်သောကြောင့် အားကိုးရန် ဘုရားသခင် ရှိသည်ဟုလည်းကောင်း၊ အသင်းတော်၌ လူအများအပြားရှိပြီး ဩဇာလွှမ်းမိုးမှု ကြီးမားသည်ဟုလည်းကောင်း တွေးထင်ကြရာ မည်သည့်အရာကိုမျှ မကြောက်ရွံ့ကြတော့ပေ။ ၎င်းတို့သည် မိမိတို့၏ အရည်အချင်းများကို ကြွားဝါရန်နှင့် မိမိတို့ မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်း ပြသရန် နေရာတိုင်း၌ မဆင်မခြင် မှားယွင်းသော အမှုများကို ကျူးလွန်ကြသည်။ တရားရေးဆိုင်ရာ ပြဿနာတက်ပြီးနောက်တွင်ပင် ၎င်းတို့သည် လမ်းကြောင်းပြောင်းရန် မသိကြပေ။ အဆုံးတွင် ၎င်းတို့ မည်သို့ ပြောဆိုကြသနည်း။ “ဤလောကသည် အမှန်တကယ် ဆိုးယုတ်လှသည်။ ကျွန်ုပ်သည် တရားမျှတမှုအတွက် ရပ်တည်ပေးသည့်အတွက်ကြောင့်သာ ဖမ်းဆီးခံခဲ့ရသည်။ ဤလောကသည် အမှန်တကယ် တရားမမျှတပါတကား” ဟူ၍ ဖြစ်သည်။ ၎င်းတို့သည် မိမိတို့၏ အမှားများကို ဝန်ခံရန် ငြင်းဆန်နေကြဆဲ ဖြစ်သည်။ ၎င်းတို့သည် မိမိတို့အပေါ် ပြဿနာကို ဖန်တီးပြီး ဆောင်ကြဉ်းလာကြသည့်တိုင် ၎င်းတို့အပေါ် တရားမမျှတဟု ညည်းညူကြသည်။ ဤသည်မှာ လုံးဝ အဓိပ္ပာယ်မဲ့ခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) လောကသည် မည်မျှပင် ဆိုးယုတ်ပြီး မှောင်မိုက်နေပါစေ၊ ၎င်းတို့အနေဖြင့် ပြဿနာရှာခြင်းသည် ပညာမဲ့ခြင်းပင် ဖြစ်သည်။ ဘုရားသခင်သည် မည်သူ့ကိုမျှ ပြဿနာရှာရန် မည်သည့်အခါမျှ မတောင်းဆိုခဲ့သကဲ့သို့ မည်သူ့ကိုမျှ ဘုရားသခင်ကို ယုံကြည်ခြင်းဟူသော ဆိုင်းဘုတ်ကို အသုံးပြု၍ တရားမျှတမှုအတွက် တိုက်ပွဲဝင်ရန်နှင့် ကောင်းကင်ဘုံကိုယ်စား တရားမျှတမှုကို စောင့်ထိန်းရန်လည်း မတောင်းဆိုခဲ့ပေ။ အချို့လူများက “ဤလောက၏ ဥပဒေများသည် သမ္မာတရား မဟုတ်သောကြောင့် ယင်းတို့ကို လိုက်နာရန် မလိုအပ်ပါ” ဟု ပြောဆိုကြသည်။ ဥပဒေသည် သမ္မာတရားမဟုတ်သော်လည်း သင်သည် ဥပဒေကို မိမိအလိုအတိုင်း ချိုးဖောက်နိုင်သည်ဟု ဘုရားသခင်က သင့်ကို မည်သည့်အခါမျှ မပြောခဲ့သကဲ့သို့ သင်သည် လူသတ်နိုင်သည် သို့မဟုတ် မီးရှို့နိုင်သည်ဟုလည်း သင့်ကို မပြောခဲ့ပေ။ ဘုရားသခင်သည် သင့်အား ဥပဒေကို နာခံရန်နှင့် လူ့အဖွဲ့အစည်းရှိ အများပြည်သူဆိုင်ရာ စည်းကမ်းကို လိုက်နာရန်၊ သင် မည်သည့်နေရာသို့ သွားသည်ဖြစ်စေ ကိုယ်ကျင့်တရားဆိုင်ရာ စံနှုန်းများကို စောင့်ထိန်းရကောင်းမှန်း၊ စည်းမျဉ်းများကို လိုက်နာရကောင်းမှန်း သိရှိစေရန်၊ ရန်စခြင်းမပြုရန်နှင့် ပြဿနာမရှာရန် တောင်းဆိုသည်။ သင်သည် ဥပဒေကို ချိုးဖောက်ပါက အကျိုးဆက်များကို သင်ကိုယ်တိုင် ခံရမည်၊ ဘုရားအိမ်တော်က သင့်အတွက် တာဝန်ယူပေးမည်ဟု မမျှော်လင့်နှင့်၊ အကြောင်းမှာ ဤသည်မှာ ပုဂ္ဂိုလ်ရေးဆိုင်ရာ အပြုအမူဖြစ်ပြီး သင့်ကို တစ်ဦးချင်းအနေဖြင့်သာ ကိုယ်စားပြုသောကြောင့် ဖြစ်သည်၊ ဘုရားအိမ်တော်သည် သင့်အား တရားမဝင်သော အရာတစ်ခုတလေ လုပ်ဆောင်ရန် မည်သည့်အခါမျှ ညွှန်ကြားခဲ့ခြင်း မရှိပေ။ သင်သည် မည်သည့်နိုင်ငံ၌ ကိစ္စရပ်များကို ကိုင်တွယ်နေသည်ဖြစ်စေ၊ ဘုရားအိမ်တော်သည် သင့်အား ဥပဒေကို စစ်ဆေးရန်နှင့် ရှေ့နေတစ်ဦးနှင့် တိုင်ပင်ရန် စေခိုင်းသည်။ ရှေ့နေက သင့်လျော်သည်ဟု ပြောဆိုသည့် မည်သည့်အရာကိုမဆို သင်လုပ်ဆောင်သင့်သည်။ ရှေ့နေက သင့်အား ထိုသို့သောနည်းလမ်းဖြင့် ပြုမူရန် အကြံမပေးခဲ့ဘဲ သင်သည် ကြောင်းကျိုးမမြင်ဘဲ ပြုမူကာ ကိစ္စများကို ပျက်စီးစေပြီး ဥပဒေကို ချိုးဖောက်ပါက အကျိုးဆက်များကို သင်ကိုယ်တိုင် ခံရမည်၊ ဘုရားအိမ်တော်သို့ ပြဿနာမယူဆောင်လာနှင့်။ ရှေ့နေက အကြံပြုသော လုပ်နည်းကိုင်နည်းသည် အကောင်းဆုံးသော ရွေးချယ်မှုမဟုတ်လျှင်ပင် သင်သည် ရှေ့နေ၏ အကြံဉာဏ်ကို လိုက်နာရမည် ဖြစ်သည်။ ယင်းသည် တရားဝင်ပြီး ဘုရားအိမ်တော်ကို သိသာထင်ရှားသော ထိခိုက်မှု မဖြစ်စေသရွေ့ လုပ်ဆောင်နိုင်ပေသည်။ ဘုရားအိမ်တော်သည် လူတို့အား ရှေ့နေများနှင့် တိုင်ပင်ရန်နှင့် ကိစ္စရပ်များကို ဥပဒေအတိုင်း ကိုင်တွယ်ရန် အစဉ် ပြောဆိုခဲ့သည်။ သို့သော် အချို့လူများက “ဘုရားအိမ်တော်သည် လောကနှင့် မသက်ဆိုင်သောကြောင့် ကျွန်ုပ်တို့သည် လောက၏ ခေတ်ရေစီးကြောင်းများကို မလိုက်နာသင့်ပါ။ ဥပဒေသည် သမ္မာတရားကို ကိုယ်စားမပြုပါ၊ ဘုရားသခင်သာလျှင် သမ္မာတရားဖြစ်ပြီး ဘုရားသခင်သည် အမြင့်မြတ်ဆုံး ဖြစ်သည်။ ကျွန်ုပ်တို့သည် သမ္မာတရားနှင့် ဘုရားသခင်ကိုသာ ကျိုးနွံနာခံပါသည်” ဟု စဉ်းစားကြသည်။ ဤပြောဆိုချက်သည် မှန်ကန်သော်လည်း သင်သည် ဤလောက၌ နေထိုင်နေဆဲဖြစ်ပြီး လက်တွေ့ကျသော ပြဿနာများစွာကို ကိုင်တွယ်ဖြေရှင်းရဦးမည် ဖြစ်သည်။ ထို့ကြောင့် သင်သည် ဥပဒေကို ချိုးဖောက်၍ မရသကဲ့သို့ သမ္မာတရား စည်းမျဉ်းများကိုလည်း ချိုးဖောက်၍ မရပေ။ ဘုရားသခင်၏ အမြင့်မြတ်ဆုံးဖြစ်ခြင်းသည် ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အဆင့်အတန်းကို ရည်ညွှန်းသည်၊ ယင်းသည် သင့်အား တရားမဝင်သော လုပ်ဆောင်မှုများတွင် ပါဝင်ရန် သို့မဟုတ် လူ့အဖွဲ့အစည်း၌ မောက်မာရမ်းကားစွာ ပြုမူရန်၊ သင်အလိုရှိသမျှကို လုပ်ဆောင်ရန်နှင့် နေရာတိုင်း၌ ပြဿနာရှာရန်အတွက် အကြောင်းပြချက်တစ်ခု မဟုတ်ပေ။ ဘုရားသခင်သည် မည်သူ့ကိုမျှ မည်သည့်အရာကို လုပ်ဆောင်ရာတွင်မဆို ဥပဒေကို ချိုးဖောက်ဖို့ မည်သည့်အခါမျှ အားမပေးခဲ့သကဲ့သို့ မတောင်းဆိုခဲ့ပေ၊ ထိုအစား သင့်အား ဥပဒေကို လိုက်နာရန်နှင့် လူမှုရေးစည်းမျဉ်းများကို စောင့်ထိန်းရန်၊ သင်သည် ဥပဒေကို ချိုးဖောက်ပြီး အပြစ်ပေးခံရပါက အပြစ်ဒဏ်ကို လက်ခံရမည်ဖြစ်ကြောင်းနှင့် သင်သည် ပြဿနာတစ်စုံတစ်ရာကို မဖြစ်စေသင့်ကြောင်း သို့မဟုတ် ပြဿနာမရှာသင့်ကြောင်း ပြောဆိုသည်။ သင်သည် အစဉ်ပြဿနာရှာနေပါက သင်သည် ဘုရားသခင်ကို ယုံကြည်သောကြောင့် ဘုရားသခင်က သင့်ကို ကျောထောက်နောက်ခံပြုပေးသည်ဟု အစဉ်တွေးထင်နေပြီး မည်သည့်အရာကိုမျှ မကြောက်ရွံ့ပါက သင်မှားနေပြီဖြစ်ကြောင်း ငါ သင့်ကို ပြောမည်။ အရာခပ်သိမ်းကို သင်၏ မကြောက်မရွံ့ ရင်ဆိုင်ခြင်းအတွက် ဘုရားသခင်က ကျောထောက်နောက်ခံ မပြုပေးသကဲ့သို့ ဘုရားအိမ်တော်သည်လည်း သင်၏ ကလိမ်ကကျစ် ဆင်ခြင်တွေးခေါ်မှုအတွက် တာဝန်ယူမည်မဟုတ်ပေ။ ဘုရားအိမ်တော်၌ လူအများအပြားရှိပြီး ဩဇာလွှမ်းမိုးမှု ကြီးမားရုံဖြင့် သင်သည် သင်အလိုရှိသမျှကို လုပ်ဆောင်နိုင်သည်ဟု မည်သည့်အခါမျှ မတွေးထင်နှင့်။ သင်သည် ဤနည်းလမ်းဖြင့် တွေးထင်ပါက သင်မှားနေပြီ။ ဤသည်မှာ စာတန်၏ ဆင်ခြင်တွေးခေါ်မှုစနစ် ဖြစ်သည်။ ဘုရားအိမ်တော်သည် ထိုသို့သောအရာကို မည်သည့်အခါမျှ မပြောခဲ့သကဲ့သို့ ဘုရားသခင်လည်း မပြောခဲ့ပေ။ ဘုရားအိမ်တော်သည် မည်သူ့ကိုမျှ ဤနည်းလမ်းဖြင့် ပြုမူရန် အားမပေးပေ။ ဘုရားအိမ်တော်၌ လူအများအပြားရှိသည်မှာ မှန်သော်လည်း လူဦးရေသည် များသည်ဖြစ်စေ၊ နည်းသည်ဖြစ်စေ မည်သူ့ကိုမျှ ကျောထောက်နောက်ခံပြုပေးရန်၊ သတ္တိရှိစေရန် သို့မဟုတ် မည်သူ့ကိုမျှ ပြဿနာမှ ကာကွယ်ပေးရန်နှင့် အဆင်ပြေချောမွေ့စေရန်အတွက် မဟုတ်ပေ။ ဘုရားသခင်သည် လူတို့အား ကိုယ်တော့် နောက်လိုက်ရန်နှင့် ကိုယ်တော်၏ အလိုတော်ကို လိုက်လျှောက်ရန်၊ ၎င်းတို့သည် ဖန်ဆင်းခံများအဖြစ် စံနှုန်းပြည့်မီနိုင်ရန်နှင့် ဖန်ဆင်းခံများ၏ တာဝန်ကို ဖြည့်ဆည်းနိုင်ရန် ရွေးချယ်ခြင်း ဖြစ်သည်။ ယင်းမှာ သင်သည် လောကကို ဆန့်ကျင်ရန်အတွက် မဟုတ်၊ သင်သည် လောက၌ ကြီးကျယ်ခမ်းနားသော စိတ်ကူးများကို ထုတ်ဖော်ပြောဆိုရန်အတွက် မဟုတ်ဘဲ လောကကို သင်ခန်းစာပေးရန်အတွက်မှာမူ သေချာပေါက် မဟုတ်ပေ။ ဘုရားသခင်ကို ယုံကြည်ခြင်းသည် ရေစီးကြောင်းကို ဆန့်ကျင်ခြင်း မဟုတ်ပေ၊ ယင်းသည် ရေစီးကြောင်းကို ဆန့်ကျင်ခြင်း သို့မဟုတ် လောကကို စက်ဆုပ်ရွံရှာခြင်းနှင့် မည်သို့မျှ မသက်ဆိုင်ပေ။ သို့ဖြစ်၍ လူတို့အတွက် ဘုရားသခင်၏ ရည်ရွယ်ချက်များကို အထင်မလွဲနှင့် ဘုရားသခင်ကို ယုံကြည်ခြင်း၏ အရေးပါမှုကို မှားယွင်းစွာ အနက်ဖွင့်ဆိုခြင်း သို့မဟုတ် မှားယွင်းစွာ နားလည်ခြင်း မပြုနှင့်။ ဘုရားသခင်က လူတို့ကို ရွေးချယ်ခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ (ယင်းမှာ လူတို့ ဘုရားသခင်နောက်လိုက်ရန်၊ ဘုရားသခင်၏ အလိုတော်ကို လိုက်လျှောက်ရန်နှင့် ဖန်ဆင်းခံများ၏ တာဝန်ကို ထမ်းဆောင်ရန် ဖြစ်ပါသည်။) ဘုရားသခင်သည် လူတို့အား ၎င်းတို့ကို ရရှိရန်၊ စစ်မှန်သော ဖန်ဆင်းခံများကို ရရှိရန်၊ ဘုရားသခင်ကို အမှန်တကယ် ဝတ်ပြုကိုးကွယ်သော လူသားများကို ရရှိရန် ရွေးချယ်ခြင်း ဖြစ်သည်၊ ယင်းမှာ ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်နိုင်သော လူသားမျိုးနွယ်သစ်တစ်ရပ် ပေါ်ထွန်းလာရန် ဖြစ်သည်။ ဘုရားသခင်က လူတို့ကို ရွေးချယ်ခြင်း၏ ရည်ရွယ်ချက်မှာ ၎င်းတို့ ဤလောက သို့မဟုတ် လူသားမျိုးနွယ်ကို ဆန့်ကျင်ရန်အတွက် မဟုတ်ပေ။ ထို့ကြောင့် ပြဿနာရှာတတ်သောသူတို့ကို အခြားသူများ၏ တာဝန်ထမ်းဆောင်မှုကို ထိခိုက်ခြင်းမှ ရှောင်ရှားရန်အလို့ငှာ အသင်းတော်နှင့် လူတို့ မိမိတို့၏ တာဝန်ကို ထမ်းဆောင်သည့်နေရာများမှ တတ်နိုင်သမျှ ဝေးဝေးတွင် ထားရှိသင့်သည်။
ပြဿနာရှာတတ်သောသူတို့နှင့်ပတ်သက်၍ ၎င်းတို့ မည်သို့သော ပြဿနာမျိုးကို ရှာသည်ဖြစ်စေ ယင်းသည် အသင်းတော်သို့ ပြဿနာများ ဆောင်ကြဉ်းလာပြီး ညီအစ်ကိုမောင်နှမများ၏ တာဝန်ထမ်းဆောင်မှုကို ထိခိုက်စေပါက ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ကြားဝင်ပြီး ကိစ္စရပ်ကို ဖြေရှင်းသင့်သည်။ ယင်းကို ထိန်းချုပ်မှုမရှိဘဲ လွှတ်ထား၍ လုံးဝမဖြစ်ပေ။ ၎င်းတို့သည် အခြေအနေကို အချိန်မီ နားလည်ပြီး သဘောပေါက်သင့်သည်၊ ပြဿနာ၏ ဇာစ်မြစ်ကို ရှင်းလင်းစေသင့်ပြီး ထို့နောက် ကျိုးကြောင်းဆီလျော်သော ဖြေရှင်းချက်တစ်ခုကို ရှာဖွေကာ ကိုင်တွယ်သင့်သည်။ အဘယ်ကြောင့် ကိုင်တွယ်သင့်သနည်း။ အကြောင်းတစ်ခုမှာ ဤပြဿနာများသည် အသင်းတော်အလုပ်၊ အသင်းတော်အသက်တာ သို့မဟုတ် ညီအစ်ကိုမောင်နှမများ၏ တာဝန်ထမ်းဆောင်မှုကို ထိခိုက်နိုင်သောကြောင့် ဖြစ်သည်။ နောက်တစ်ကြောင်းမှာ ပြဿနာရှာတတ်သော ဤပုဂ္ဂိုလ်များကို အခြားသူများက ပင်ကိုစွမ်းရည်ရှိသူများအဖြစ် မြင်သည်ဖြစ်စေ၊ အချိန်ဖြုန်းသူများနှင့် လူမိုက်များအဖြစ် မြင်သည်ဖြစ်စေ၊ ၎င်းတို့ ပြဿနာများ ဆောင်ကြဉ်းလာသရွေ့ ၎င်းတို့ကို အချိန်မီ ကိုင်တွယ်သင့်သောကြောင့် ဖြစ်သည်။ သို့ဆိုလျှင် ၎င်းတို့ကို မည်သို့ ကိုင်တွယ်သင့်သနည်း။ ယင်းမှာ ပြဿနာကို ကိုင်တွယ်ခြင်းအကြောင်းမဟုတ်ဘဲ ပြဿနာကို ဆောင်ကြဉ်းလာရန် တာဝန်ရှိသောလူများကို ကိုင်တွယ်ခြင်းအကြောင်း ဖြစ်သည်။ ၎င်းတို့ကို အသင်းတော်မှ ရှင်းလင်းဖယ်ရှားခြင်းအားဖြင့် ပြဿနာ၏ ဇာစ်မြစ်ကို ဖြေရှင်းပြီးဖြစ်ကာ အဆိုပါကိစ္စသည်လည်း ကိုင်တွယ်ပြီး ဖြစ်သွားသည်။ သင်၏အမြင်တွင် ပြဿနာရှာတတ်သော အချို့လူများသည် အရည်အချင်းရှိသူများ သို့မဟုတ် ဆုကျေးဇူး ရှိသူများအဖြစ် ထင်ရရုံဖြင့် ၎င်းတို့အပေါ် သင်သည် မည်သည့်အခါမျှ မညှာတာရ။ ၎င်းတို့အပေါ် ညှာတာနိုင်ပါက သင်သည် အမှန်တကယ်ပင် အလွန် နားဝေတိမ်တောင်ဖြစ်သောသူဖြစ်ပြီး အသင်းတော် ခေါင်းဆောင်တစ်ဦးဖြစ်ရန် မသင့်တော်ပေ၊ ညီအစ်ကိုမောင်နှမများသည် သင့်ကို သင်၏ရာထူးမှ ဖယ်ရှားသင့်သည်။ သင်သည် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်ရမည့်အစား၊ ညီအစ်ကိုမောင်နှမများကို ကာကွယ်ရမည့်အစား ဆိုးယုတ်သောလူများနှင့် ပြဿနာရှာသူများကို ကာကွယ်ကာ ၎င်းတို့ကို အတိုင်းအတာတစ်ခုထက် ကျော်လွန်၍ပင် ကိုးကွယ်ပြီး ၎င်းတို့ကို ဂုဏ်သရေရှိ ဧည့်သည်များနှင့် ဆုကျေးဇူးရှိသူများအဖြစ် သဘောထားကာ ၎င်းတို့သည် အသင်းတော်၌ တွေ့ရခဲသော ပင်ကိုစွမ်းရည်ရှိသူများဖြစ်သည်ဟု တွေးထင်လျက် ၎င်းတို့ကို အဓိကတာဝန်များအတွက် အသုံးပြုပြီး ၎င်းတို့အတွက် ၎င်းတို့၏ ပြဿနာများကိုပင် ဖြေရှင်းပေးပါက သင်သည် အသင်းတော်ခေါင်းဆောင်၏ အခန်းကဏ္ဍအတွက် လုံးဝ မသင့်တော်ပေ။ သင်သည် နားဝေတိမ်တောင်ဖြစ်သောသူဖြစ်ပြီး အယောင်ဆောင် ခေါင်းဆောင်တစ်ဦး ဖြစ်သည်၊ သင်သည် ဖြုတ်ချပြီး ဖယ်ရှားရှင်းလင်းခြင်း ခံသင့်သည်။ အသင်းတော် ခေါင်းဆောင်တစ်ဦးသည် အကြံဉာဏ်ကို နားထောင်ရန် ငြင်းဆန်ပြီး ပြဿနာရှာတတ်သော ဆိုးယုတ်သူတစ်ဦးကို ကာကွယ်ရန် သို့မဟုတ် ၎င်းတို့ကို အဓိကတာဝန်များအတွက် အသုံးပြုရန် မရမက ဆောင်ရွက်ပါက ညီအစ်ကိုမောင်နှမများသည် အဆိုပါခေါင်းဆောင်ကို ဖယ်ရှားရုံသာမက ၎င်းကို ဤပြဿနာရှာသောသူနှင့် ပေါင်းကာ ၎င်းတို့နှစ်ဦးလုံးကို ဖယ်ထုတ်ပစ်သင့်သည်။ သင်သည် ပြဿနာရှာသောသူကို မကိုးကွယ်ဘူးလော။ ၎င်းတို့သည်လည်း သင်၏ ကာကွယ်မှုကို ခံစားရပြီး သင်တို့သည် အလွန် အဆင်ပြေနေသည် မဟုတ်လော၊ သို့ဆိုလျှင် တောင်းပန်လေသည်၊ သင်တို့နှစ်ဦးလုံး ထွက်သွားရန် လိုအပ်သည်။ ဘုရားအိမ်တော်သည် သင်တို့နှစ်ဦးလုံးကို မလိုအပ်ပါ။ အသင်းတော်၌ ပြဿနာရှာတတ်သောလူများ ရှိနေပြီး အထက်အဆင့်ခေါင်းဆောင်များက မသိရှိဘဲ အသင်းတော်ခေါင်းဆောင်က နားဝေတိမ်တောင်ဖြစ်ပြီး ပိုင်းခြားသိမြင်မှု ကင်းမဲ့နေပါက သမ္မာတရားကို နားလည်သော ညီအစ်ကိုမောင်နှမများသည် အဆိုပါကိစ္စကို ကြားဝင်ဖြေရှင်းရမည် ဖြစ်သည်။ အကြောင်းတစ်ခုမှာ ၎င်းတို့သည် ကိစ္စရပ်ကို အထက်အဆင့်ခေါင်းဆောင်များထံ အချိန်မီ တိုင်ကြားသင့်၍ဖြစ်သည်။ ထို့အပြင် ၎င်းတို့သည် အခြားညီအစ်ကိုမောင်နှမများနှင့် ပူးပေါင်း၍ အဆိုပါ အယောင်ဆောင်ခေါင်းဆောင်အကြောင်း မိတ်သဟာယဖွဲ့ပြီး ပိုင်းခြားသိမြင်ရမည်။ ၎င်းသည် အယောင်ဆောင် ခေါင်းဆောင်တစ်ဦးဖြစ်ကြောင်း အတည်ပြုပြီးသည်နှင့် ၎င်းကို ဖြုတ်ချရမည် သို့မဟုတ် ဖယ်ရှားရမည်ဖြစ်ပြီး ဘုရားအိမ်တော်၏ အကျိုးစီးပွားများ၊ အသင်းတော်၏အလုပ်နှင့် အသင်းတော်အသက်တာကို ကာကွယ်နိုင်မည့် ခေါင်းဆောင်သစ်တစ်ဦးကို ရွေးချယ်တင်မြှောက်ရမည် ဖြစ်သည်။ ဤနည်းလမ်းဖြင့် လက်တွေ့လုပ်ဆောင်ခြင်းသည် သင့်လျော်သလော။ (သင့်လျော်ပါသည်။) ဤအသင်းတော်ခေါင်းဆောင်နှင့် ပြဿနာရှာတတ်သောသူကို အတူတကွ ရှင်းလင်းဖယ်ရှားပစ်လော့။ ၎င်းတို့သည် မိမိတို့၏ တစ်ပုံစံတည်းသော ယုတ်ညံ့သည့် အရည်အသွေးများကြောင့် အချင်းချင်း အားကျကာ အထင်ကြီးလေးစားလျက် သင့်မြတ်နေကြသော လူနှစ်ဦးဖြစ်သည် မဟုတ်လော။ သို့ဆိုလျှင် ၎င်းတို့၏ ဆန္ဒကို ဖြည့်ဆည်းပေးပြီး ၎င်းတို့ကို လောကသို့ အတူတကွ ပြန်သွားခွင့်ပြုလော့။ ဘုရားအိမ်တော်သည် ၎င်းတို့ကဲ့သို့သောလူများကို မလိုလားပေ။ ၎င်းတို့သည် အသင်းတော်၌ နေပါက ပြဿနာရှာပြီး ဖန်တီးရုံသာ ပြုလုပ်မည်ဖြစ်ကာ အသင်းတော်၏အလုပ်ကို ကြီးမားသော ထိခိုက်မှု ဖြစ်စေမည်။ ၎င်းတို့ကို ရှင်းလင်းဖယ်ရှားပစ်သင့်သည်။ ၎င်းတို့ မည်သည့်နေရာသို့ သွားလိုသည်ဖြစ်စေ၊ မည်မျှကြီးမားသော ပြဿနာကို ရှာလိုသည်ဖြစ်စေ ယင်းမှာ ၎င်းတို့၏ ကိုယ်ပိုင်ကိစ္စ ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ယင်းသည် အသင်းတော်နှင့် မည်သို့မျှ မသက်ဆိုင်ဘဲ အသင်းတော်ကို ပါဝင်ပတ်သက်စေမည်မဟုတ်ပေ။ ယင်းက အဆိုပါကိစ္စကို ဖြေရှင်းပြီးဖြစ်မည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤဖြေရှင်းချက်သည် အတော်ပင် ကောင်းမွန်သည်။ ပြဿနာရှာတတ်သောလူများနှင့်ပတ်သက်၍ တစ်ဆယ့်နှစ်ခုမြောက် သရုပ်သကန်အပေါ် ငါတို့၏ မိတ်သဟာယဖွဲ့ခြင်းသည် ဤတွင် ပြီးဆုံးပါသည်။