ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၂၉) အခန်း နှစ်
၃။ ခေါင်းဆောင်များနှင့် အမှုဆောင်များက အမှုထမ်းများအတွက် နေရာချထားပေးခြင်းအလုပ်ကို လုပ်ဆောင်ရမည့်နည်းလမ်း
အရေးကြီးသော အလုပ်အမှုထမ်းများ၏ နေထိုင်ရာပတ်ဝန်းကျင်အတွက် အတွင်းပိုင်းပတ်ဝန်းကျင်နှင့် သက်ဆိုင်သည်ဖြစ်စေ၊ ပြင်ပပတ်ဝန်းကျင်နှင့် သက်ဆိုင်သည်ဖြစ်စေ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ရှုထောင့်အားလုံးကို စေ့စေ့စပ်စပ် ထည့်သွင်းစဉ်းစားသင့်သည်။ ပြင်ပလောကနှင့် ငါတို့ ဆက်ဆံခြင်းမရှိလျှင် မည်သည့်အရာမျှ ဖြစ်လာမည်မဟုတ်ဟု ၎င်းတို့ အမြဲ ယူဆလျက် မိမိတို့၏ တွေးခေါ်မှုတွင် ရိုးရှင်းမနေသင့်ပေ။ ယနေ့ခေတ် လူ့အဖွဲ့အစည်းသည် အလွန်အမင်း ရှုပ်ထွေးသည်၊ နတ်ဆိုးမျိုးစုံနှင့် ပြည့်နှက်နေကာ မည်သည့်နေရာ၌ပင်ဖြစ်စေ သင်တို့ကို စောင့်ကြည့်နေသော သူတစ်ပါးအရေး ဝင်စွက်ဖက်တတ်သူများ အစဉ်ရှိနေပြီး ၎င်းတို့၏ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းကို ရှောင်ရှားရန် မဖြစ်နိုင်ပေ။ သင်က “ငါသည် ဘုရားသခင်ကို ယုံကြည်ခြင်းဖြင့် မည်သည့်ဥပဒေကိုမျှ မချိုးဖောက်ခဲ့သည့်အပြင်၊ မည်သည့်အမှားကိုမျှ မလုပ်ဆောင်ခဲ့ပါ။ ငါသည် ငါ့တာဝန်ကို ရိုးရှင်းစွာ ထမ်းဆောင်နေခြင်းသာ ဖြစ်သည်၊ ငါ့အပေါ် မည်သည့်အရာမျှ မဖြစ်သင့်ပါ၊ မှန်ပါသလော”ဟု တွေးကောင်း တွေးပေမည်။ သို့သော် အဖြစ်မှန်များက သင် စိတ်ကူးသလောက် မရိုးရှင်းပေ။ စီစီပီသည် ဘုရားသခင်ကို ဆန့်ကျင်ရန်နှင့် ဘုရားသခင်၏ အသင်းတော်ကို နှိပ်ကွပ်ရန် ဤမျှလောက်များပြားသော လူအင်အားနှင့် အရင်းအမြစ်များကို အဘယ်ကြောင့် အသုံးပြုသနည်း။ ဤအရာကို သင် နားလည်နိုင်သလော။ မည်သည့်အခါမျှ နားလည်နိုင်လိမ့်မည် မဟုတ်ပေ။ နတ်ဆိုးများနှင့် စာတန်များ၏ သဘာဝကို သင် မည်မျှ ထွင်းဖောက်မြင်နိုင်သနည်း။ သင်သည် နတ်ဆိုးများနှင့် စာတန်များအကြောင်း အလွန်ပင် နည်းပါးစွာ နားလည်ကြသည်။ ဤလူ့အဖွဲ့အစည်းသည် အလွန့်အလွန် ရှုပ်ထွေးပြီး နတ်ဆိုးများနှင့် စာတန်များသည် ဒုစရိုက်အမှုများကို ကျူးလွန်သော အယုတ်တမာများ ဖြစ်ကြသည်။ ၎င်းတို့ အလိုချင်ဆုံးအရာမှာ ဘုရားသခင် ရွေးချယ်ထားသောလူများကို ဖမ်းဆီးပြီး အသင်းတော်၏အလုပ်ကို နှောင့်ယှက်ရန် ဖြစ်သည်။ အကယ်၍ သင်သည် စာတန်များကို သာမန်လူများအဖြစ် အစဉ်ရှုမြင်ပါက သင် အမှန်တကယ် မသိနားမလည်သောသူဖြစ်သည်။ ဤသည်မှာ သင်သည် ဤလူ့အဖွဲ့အစည်း၏ ဆိုးယုတ်မှုကို ထွင်းဖောက်မမြင်သေးသည့်အပြင် နတ်ဆိုးများနှင့် စာတန်များ၏ မုန်းတီးဖွယ်ကောင်းမှုကို ဧကန်မုချ ထွင်းဖောက်မမြင်သေးကြောင်းကို ပြသနေသည်။ သို့ဖြစ်၍ ခေါင်းဆောင်များနှင့် အမှုဆောင်များအနေဖြင့် အသင်းတော်၏အလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်ရန်အတွက် ၎င်းတို့သည် မိမိတို့၏ တာဝန်များကို ထမ်းဆောင်နေသူများ၏ လုံခြုံရေးအား အာမခံရမည်ဖြစ်သည်။ ဤသည်မှာ အဆုံးစွန် အရေးအကြီးဆုံးသောအရာ ဖြစ်သည်။ ယုံကြည်မှု လွတ်လပ်ခွင့်မရှိသော အာဏာရှင်အုပ်ချုပ်မှုအောက်ရှိ နိုင်ငံတစ်နိုင်ငံတွင် မိမိတို့တာဝန်ထမ်းဆောင်နေသူများ၏ လုံခြုံရေးကို အာမခံခြင်းသည် အတော်လေး ခက်ခဲသည်။ သို့သော် မည်မျှပင် ခက်ခဲသည်ဖြစ်စေ သင့်တော်သော နေထိုင်ရာနေရာများကို သေချာစွာ ရွေးချယ်ရမည်ဖြစ်သည်။ ဤအရာနှင့်စပ်လျဉ်း၍ မည်သည့် သတိမမူမိခြင်းမျှ ရှိ၍မရပေ။ ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များတွင် ဤကိစ္စရပ်များအပေါ် မိတ်သဟာယဖွဲ့ခြင်း ပါဝင်ပြီးဖြစ်သည်။ ညီအစ်ကိုမောင်နှမများအနေဖြင့် နှောင့်ယှက်မှုမှလည်းကောင်း၊ ပြင်ပလောက၏ အဟန့်အတားမှလည်းကောင်း ကင်းလွတ်လျက် မိမိတို့၏ တာဝန်ကို ထမ်းဆောင်နိုင်ကြောင်းကို ခေါင်းဆောင်နှင့် အမှုဆောင်များက သေချာစေရမည်ဖြစ်သည်။ ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးကို ယင်းထဲသို့ နှစ်ထားသမျှကာလပတ်လုံး ဤအရာကို ပြီးမြောက်အောင်မြင်နိုင်သည်။ တစ်ခုတည်းသော ပူပန်စရာမှာ ၎င်းတို့အနေဖြင့် ညီအစ်ကိုမောင်နှမများ၏ လုံခြုံရေးကို လျစ်လျူရှုလျက် မိမိတို့၏ ကိုယ်ပိုင်လုံခြုံရေးကိုသာ ကြည့်ရှုရင်း ဝတ်ကျေတမ်းကျေနှင့် တာဝန်မဲ့စွာ ပြုမူသည့်အခါတွင် ဖြစ်သည်။ ဤအရာက အသင်းတော်၏အလုပ်အား ကောင်းမွန်စွာ လုပ်ဆောင်ရန် မဖြစ်နိုင်အောင် ဖြစ်စေသည်။ အကယ်၍ သင်၏ သတိမမူမိခြင်း၊ စိတ်ထက်သန်မှု ကင်းမဲ့ခြင်း၊ တာဝန်မဲ့မှု သို့မဟုတ် ပတ်ဝန်းကျင်နှင့် ဒုက္ခကို ကြောက်ရွံ့မှုတို့ကြောင့် ဤအရာများကို လုပ်ဆောင်ရန် သင် ပျက်ကွက်ခဲ့ပြီး အရေးကြီးသော တာဝန်များကို ထမ်းဆောင်နေသည့် အမှုထမ်းများ ဖမ်းဆီးခြင်းခံရကာ ညီအစ်ကိုမောင်နှမများ၏ အသက်များကို ခြိမ်းခြောက်ခံရစေလျက် အသင်းတော်အလုပ်ကို နှောင့်နှေးစေပြီး ညီအစ်ကိုမောင်နှမများကိုလည်း အန္တရာယ်ဖြစ်စေခဲ့ပါက ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးအနေဖြင့် သင် တာဝန်ယူသင့်ပေသည်။ ဤတာဝန်ကို လျော်ကြေးငွေအချို့ သုံးစွဲခြင်းဖြင့် သို့မဟုတ် ဆုတောင်းခြင်းမှတစ်ဆင့် ဝန်ခံခြင်းဖြင့် ရိုးရှင်းစွာ ဖြေရှင်း၍မရနိုင်ပေ။ ယင်းမှာ ထိုမျှ မရိုးရှင်းပေ။ သို့ဆိုလျှင် ဤကိစ္စ၏ သဘောသဘာဝမှာ အဘယ်နည်း။ ယင်းမှာ မည်သည့်အခါမျှ ဖျောက်ဖျက်၍မရသော အစွန်းအထင်းတစ်ခု၊ ထာဝရတည်မြဲသော ပြစ်မှားခြင်းတစ်ခု ဖြစ်သည်။ သင်သည် အပြစ်တစ်ခု မှတ်တမ်းတင်ခံရပြီးဖြစ်သည်။ ဤ“အပြစ်မှတ်တမ်းတင်ခြင်း”သည် သာမန်အမှားတစ်ခုကို မညွှန်းဆိုပေ။ ဘုရားသခင်၏ အမြင်တွင် ယင်းမှာ ပြစ်မှားခြင်းတစ်ခု ဖြစ်သည်။ သင်၏ ပြစ်မှားခြင်းများက အလွန်များပြားပါက၊ အတိတ်တွင် ပြစ်မှားခြင်းများ ကျူးလွန်သည့်နောက်၊ ယနေ့တွင်လည်း ကျူးလွန်နေဆဲဖြစ်ကာ နောင်အနာဂတ်တွင် ထပ်မံကျူးလွန်ဦးမည်ဆိုပါက အဓိကကျသော ပြစ်မှားခြင်းများစွာ ပေါင်းစပ်လိုက်သည့်အခါ သင်သည် ပျက်စီးခြင်းနှင့် ဖျက်ဆီးခြင်းတို့ကို ခံရလိမ့်မည်။ ဘုရားသခင်သည် သင့်ကို ကယ်တင်တော့မည် မဟုတ်သည့်အပြင်၊ သင်၏ ဘုရားသခင်ကို ယုံကြည်ခြင်းသည် အချည်းနှီးဖြစ်သွားပြီး ဖြစ်လိမ့်မည်။ သင်သည် ကယ်တင်ခြင်း မျှော်လင့်ချက် ရှိလိမ့်မည် မဟုတ်သည်သာမက အပြစ်ဒဏ်ကိုလည်း ရင်ဆိုင်ရလိမ့်မည်။ ထို့ကြောင့်၊ ခေါင်းဆောင်များနှင့် အမှုဆောင်များက မိမိတို့၏အလုပ်ကို စည်းမျဉ်းများအတိုင်း လုပ်ဆောင်ခြင်းက အလွန်အရေးကြီးလှသည်။ ဤအရာကို သင်တို့ အလွတ်ရကြပြီလော။ (အလွတ်ရပါသည်။) ခေါင်းဆောင်များနှင့် အမှုဆောင်များသည် မိမိတို့၏ တာဝန်ဝတ္တရားများကို ဖြည့်ဆည်းသင့်ပြီး ပတ်ဝန်းကျင်က မည်မျှပင် ဆိုးရွားနိုင်သည်ဖြစ်စေ၊ အန္တရာယ်များနိုင်စေကာမူ ၎င်းတို့သည် အရေးကြီးသော အလုပ် အမှုထမ်းများ၏ လုံခြုံရေးကို ကာကွယ်ရန်နှင့် ၎င်းတို့အတွက် ကောင်းမွန်စွာ နေရာချထားပေးရန် ဒေသဆိုင်ရာ အခြေအနေများအရ ဖြစ်နိုင်သမျှ အရာအားလုံးကို လုပ်ဆောင်ရမည်။ ရည်မှန်းချက်မှာ အသင်းတော်၏အလုပ်အား ပုံမှန်အတိုင်း ဆက်လက်လုပ်ဆောင်နိုင်သည်ကို သေချာစေရန် ဖြစ်သည်။
ခေါင်းဆောင်များနှင့် အမှုဆောင်များအနေဖြင့် အရေးကြီးသော အလုပ်အမှုထမ်းများအတွက် စီစဉ်ပေးသည့် နေရာများသည် ပြင်ပလောက၏ နှောင့်ယှက်မှုမှ ကင်းလွတ်ကြောင်း သေချာစေရန်အလို့ငှာ နေထိုင်ရာနေရာနှင့် ၎င်း၏ပတ်ဝန်းကျင်အတွက် သတ်မှတ်ချက်များနှင့် စည်းမျဉ်းများ ရှိခြင်းအပြင် ဧည့်ခံသည့်မိသားစု၏ အခြေအနေနှင့်ဆိုင်သည့် ကဏ္ဍအမျိုးမျိုးအတွက်လည်း သတ်မှတ်ချက်များနှင့် စည်းမျဉ်းများ ရှိသည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဖြစ်နိုင်ခြေရှိသော ဧည့်ခံသည့်မိသားစုတစ်ခုကို ရှာတွေ့သောအခါ ၎င်းတို့သည် ထိုမိသားစု၏ ပတ်ဝန်းကျင်နှင့် အခြေအနေများက မည်သို့ရှိသည်၊ ထိုမိသားစုဝင်များ၏ အခြေအနေ၊ ၎င်းတို့က အခြားသူများနှင့် အငြင်းပွားမှု တစ်ခုတလေ ရှိမရှိ၊ ရန်သူတစ်ဦးတလေ ရှိမရှိ၊ အစိုးရနှင့် တွယ်ငြိပတ်သက်မှုများ တစ်ခုတလေ ရှိမရှိ၊ တရားစွဲဆိုမှုများတွင် မကြာခဏ ပါဝင်ပတ်သက်ခြင်း ရှိမရှိ၊ ရှုပ်ထွေးသော လူမှုရေးဆက်ဆံရေးများ ရှိမရှိ စသည်တို့ကို ဦးစွာ မေးမြန်းသင့်သည်။ ဤအခြေခံကျသော အခြေအနေအားလုံးကို စေ့စေ့စပ်စပ် မေးမြန်းပြီး လေ့လာသိရှိထားသင့်သည်။ အကယ်၍ ဧည့်ခံသည့်သူ သို့မဟုတ် ၎င်းတို့၏ သားသမီးများနှင့် အခြားမိသားစုဝင်များတွင် ရှုပ်ထွေးသော လူမှုရေးဆက်ဆံရေးများ ရှိပြီး မိသားစုက အစဉ်မပြတ် မတည်မငြိမ်ဖြစ်နေပါက၊ ပြဿနာရှာရန် သို့မဟုတ် အကြွေးတောင်းရန် မသမာသူများ မကြာခဏ လာရောက်ပါက သို့မဟုတ် ဓားပြများ သို့မဟုတ် လုယက်သူများထံမှ ခြိမ်းခြောက်စာများအပြင် အစိုးရ သို့မဟုတ် တရားရုံးထံမှ ဆင့်ခေါ်စာများကို လက်ခံရရှိပါက ဤသည်တို့မှာ အလွန် ဒုက္ခများသော ကိစ္စရပ်များချည်းသာ ဖြစ်ကြသည်။ သင်သည် ဤအိမ်ထောင်စု၌ စုဝေးပါက သို့မဟုတ် သင်၏ တာဝန်ကို ထမ်းဆောင်နေပါက၊ ဤသည်တို့မှာ အနှောင့်အယှက်များဖြစ်မည် မဟုတ်လော။ သို့ဖြစ်၍ သင်သည် ဤဧည့်ခံသည့်မိသားစုကို ရှာတွေ့သောအခါ ၎င်းတို့၏ အခြေခံကျသော အခြေအနေနှင့်ပတ်သက်၍ ဦးစွာ မေးခွန်းများ မေးမြန်းပြီး လေ့လာသိရှိသင့်သည်။ ဤပြဿနာများ မရှိပါက အကောင်းဆုံးဖြစ်သည်၊ သို့သော် ရှိနေပြီး သင်သည် လတ်တလောတွင် ပို၍သင့်တော်သောနေရာကို ရှာမတွေ့နိုင်သေးပါက ဧည့်ခံသည့်သူသည် ဤပြဿနာများကို ထိထိရောက်ရောက် ကိုင်တွယ်နိုင်ခြင်း ရှိမရှိဟူသည်ကို စဉ်းစားလော့။ အကယ်၍ ဧည့်ခံသည့်သူသည် ၎င်းတို့ကို ထိထိရောက်ရောက် မကိုင်တွယ်နိုင်သည့်အပြင် ဤကမောက်ကမဖြစ်သော ပြဿနာများကို မဖယ်ရှားနိုင်ပါက ဤနေရာတွင် နေထိုင်ခြင်းက ၎င်းတို့အနေဖြင့် ပြင်ပလောကနှင့် ပြင်ပလူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများ၏ နှောင့်ယှက်မှုကို အချိန်မရွေး ခံရနိုင်သည့်သဘောဖြစ်သည်နှင့်အမျှ ဤအိမ်ထောင်စုသည် ညီအစ်ကိုမောင်နှမများကို ဧည့်ခံရန် မသင့်တော်ပေ။ ဤပတ်ဝန်းကျင်များသည် ဘုရားသခင်ကို ယုံကြည်သောလူများကို တိုက်ရိုက် ပစ်မှတ်ထားခြင်း မဟုတ်ပေ။ သို့သော် ယုံကြည်သူများသည် ဘာသာတရားကို ညှဉ်းပန်းနှိပ်စက်သည့် နိုင်ငံတစ်နိုင်ငံတွင် အထူးသတိထားရမည့် အုပ်စုတစ်စု ဖြစ်ကြသည့်အပြင် ဝါဒဖြန့်ချိရန်၊ ဦးနှောက်ဆေးကြောရန်၊ ကောလာဟလများ လုပ်ကြံဖန်တီးရန်နှင့် အသရေဖျက်ရန် အစိုးရ၏ စေ့စေ့စပ်စပ် ကြိုးပမ်းအားထုတ်မှုများကြောင့် ဘာသာတရားမရှိသူများသည် ဘုရားသခင်ကို ယုံကြည်သောလူများအား နားလည်ရန် ပျက်ကွက်သည်သာမက စီစီပီ၏ လေလုံးကိုပင် ယုံကြည်လာကြပြီး ယုံကြည်သူများအပေါ် အထူး အမုန်းတရားနှင့် ရန်လိုခြင်းတို့ ဖြစ်ပေါ်လာကြသည်။ သို့ဖြစ်၍ အိမ်ထောင်စုတစ်ခုက ယုံကြည်သူများကို ဧည့်ခံနေကြောင်း ၎င်းတို့ သိရှိသွားပါက ဧည့်ခံသည့်မိသားစုအတွက်ရော ညီအစ်ကိုမောင်နှမများအတွက်ပါ အလွန် အန္တရာယ်ရှိလာသည်။ ညီအစ်ကိုမောင်နှမများသည် ထိုသို့သော ပတ်ဝန်းကျင်တစ်ခုတွင် နေထိုင်သည့်အခါ နှောင့်ယှက်မှုကို မကြာခဏ ခံရသည်သာမက ၎င်းတို့၏ ဘေးကင်းလုံခြုံမှုကိုလည်း မသေချာစေနိုင်ပေ။ သို့ဖြစ်လျှင် အဘယ်ကြောင့် ၎င်းတို့ကို ထိုနေရာတွင် ဆက်လက်နေထိုင်စေရမည်နည်း။ ယင်းသည် သိသာထင်ရှားစွာပင် နေထိုင်ရန် မသင့်တော်သော အန္တရာယ်ရှိသည့်နေရာတစ်ခု ဖြစ်သည်။ ၎င်းတို့ကို လျင်မြန်စွာ နေရာပြောင်းရွှေ့ပေးသင့်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ညီအစ်ကိုမောင်နှမများအတွက် နေရာချထားမှုများကို စီစဉ်ပေးပြီးနောက် “၎င်းတို့ စားသောက်ရန်နှင့် အိပ်စက်ရန် နေရာတစ်ခုရှိနေသမျှ၊ လေဒဏ်မိုးဒဏ်မှ ကွယ်ကာခံရနေသမျှ အဆင်ပြေသည်။ ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်နိုင်နေသမျှ ပြဿနာမရှိပါ။ မည်သို့ပင်ဖြစ်စေ အလွန်များသော သင့်တော်သည့်နေရာများကို ကျွန်ုပ်တို့ အဘယ်မှာ ရှာတွေ့နိုင်မည်နည်း”ဟု တွေးလျက် ခေါင်းမရှောင်သင့်ပေ။ ဤသည်မှာ အလွန် တာဝန်မဲ့ခြင်းပင်တည်း။ အကယ်၍ ထိုအချိန်တွင် သင့်တော်သောနေရာ မရှိပါက ၎င်းတို့သည် ထိုနေရာတွင် ယာယီ နေထိုင်နိုင်သည်။ သို့သော် သင်သည် ၎င်းတို့ကို အမြန်ဆုံး နေရာပြောင်းရွှေ့ပေးရန် သင့်တော်သောနေရာတစ်ခုကို ချက်ချင်း ရှာဖွေသင့်သည်၊ ဤနေရာကို ရေရှည်နေထိုင်ရာအဖြစ် သဘောမထားနှင့်။
အချို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များသည် လက်တွေ့ကျသော အလုပ်ကို မဆောင်ရွက်ကြပေ။ ၎င်းတို့သည် နေရာတစ်ခုခုတွင် အရေးကြီးသော အလုပ်အမှုထမ်းများကို နေရာချထားပေးပြီး အစားအသောက်နှင့် အနားယူသည့် အခြေအနေများ မည်သို့ရှိသည်ကို မေးမြန်းကာ ဘာသာတရား မရှိသူတစ်ဦးတလေက ၎င်းတို့ကို စောင့်ကြည့်နေခြင်း ရှိမရှိဟူသည်ကို မေးမြန်းကြသည်။ ရက်အနည်းငယ်ကြာ မည်သည့်ထူးခြားမှုမျှ မတွေ့ရကြောင်း ကြားသိရသည်နှင့် ၎င်းတို့သည် ထိုကိစ္စကို လျစ်လျူရှုလိုက်ပြီး ခြောက်လ သို့မဟုတ် ထို့ထက်ပို၍ကြာသည်အထိ ၎င်းတို့ကို နောက်တစ်ကြိမ် သွားရောက်ကြည့်ရှုခြင်း မပြုကြတော့ပေ။ ၎င်းတို့သည် နေရာချထားမှုများကို ကောင်းစွာ စီစဉ်ခဲ့ပြီးဖြစ်ကြောင်းနှင့် မိမိတို့၏ တာဝန်ကို ဖြည့်ဆည်းပြီးဖြစ်ကြောင်း ယုံကြည်ကြကာ အရာအားလုံး ပြီးစီး၍ အဆင်ပြေသွားပြီဟု မှတ်ယူကြသည်။ ထိုပတ်ဝန်းကျင်သည် နောင်တွင် နှောင့်ယှက်မှုကို ခံရမည်လော သို့မဟုတ် ဖြစ်နိုင်ခြေရှိသော ဘေးကင်းလုံခြုံရေးဆိုင်ရာ အန္တရာယ်များ တစ်စုံတစ်ရာ ရှိမရှိဟူသည်နှင့်ပတ်သက်၍မူ ၎င်းတို့ နောက်ထပ် အာရုံမစိုက်ကြတော့ပေ။ ဤသည်မှာ သင့်တော်သလော။ (မသင့်တော်ပါ။) အဘယ်ကြောင့် မသင့်တော်သနည်း။ (နေရာချထားမှုများကို စီစဉ်ပြီးနောက် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် နောက်ဆက်တွဲလုပ်ဆောင်ပေးရန် လိုအပ်ပါသည်။ အကယ်၍ ၎င်းတို့ မလုပ်ဆောင်ပါက ညီအစ်ကိုမောင်နှမများသည် အန္တရာယ်ရှိသော အခြေအနေတစ်ခုသို့ ရောက်ရှိသွားပြီး နေရာမပြောင်းရွှေ့နိုင်လျှင် အဖမ်းခံရခြင်းဖြင့် အဆုံးသတ်သွားနိုင်ပါသည်။) သို့သော် အချို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များက “သင်တို့အားလုံးသည် အရွယ်ရောက်ပြီးသူများ ဖြစ်ကြသည်၊ ငါ အမှန်တကယ် နောက်ဆက်တွဲလုပ်ဆောင်ပေးရန် လိုအပ်သလော။ အန္တရာယ်ရှိသလောဟူသည်ကို သင် မမြင်နိုင်သလော။ သင် မမြင်နိုင်ပါက သင်၏ ဦးနှောက်များ အလုပ်မလုပ်ခြင်းပင် ဖြစ်ရမည်။ အန္တရာယ်ကို သတိပြုမိပါက သင်တို့ကိုယ်တိုင် နေရာပြောင်းရွှေ့လိုက်ကြလော့၊ ငါ ပြောပြရန် အမှန်တကယ် လိုအပ်သလော”ဟု တွေးကြသည်။ ၎င်းတို့သည် ဤနည်းလမ်းဖြင့် ကျိုးကြောင်းဆင်ခြင်ကြသည်။ ဤကျိုးကြောင်းဆင်ခြင်မှုသည် အဓိပ္ပာယ်ရှိသည်ဟု သင်တို့ ထင်သလော။ (မထင်ပါ။) အဘယ်ကြောင့် မထင်သနည်း။ (အဘယ်ကြောင့်ဆိုသော် အရေးကြီးသော တာဝန်များကို ထမ်းဆောင်နေသူတို့၏ ဘေးကင်းလုံခြုံမှုကို သေချာစေခြင်းသည် နဂိုမူလကတည်းက ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဖြစ်သောကြောင့် ဖြစ်သည်၊ ယင်းသည် ၎င်းတို့ ထမ်းဆောင်သင့်သည့် ၎င်းတို့၏ အခန်းကဏ္ဍတွင် ပါဝင်သော အလုပ်ဖြစ်ပါသည်။) ၎င်းတို့သည် ဤအရာကို ခေါင်းဆောင်များနှင့် အမှုဆောင်များ လုပ်ဆောင်သင့်သည့် အလုပ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် မမြင်ကြပေ။ ၎င်းတို့သည် ဤသည်မှာ ကောင်းသောအရာများကို လုပ်ဆောင်သည့် လေးဖုန်၏ ပုံသက်သေကို လိုက်လျှောက်ခြင်းကဲ့သို့သော ညီအစ်ကိုမောင်နှမများကို ကူညီခြင်းမျှသာဖြစ်သည်ဟု ထင်မှတ်ကြသည်။ ၎င်းတို့သည် ဤအရာကို အသင်းတော်၏အလုပ်အား ထိန်းသိမ်းကာကွယ်ရန် လုပ်ဆောင်ခြင်းအဖြစ်လည်း မရှုမြင်ကြဘဲ ယင်းအစား အမှုထမ်းများအတွက် နေရာချထားမှုများကို စီစဉ်ပေးခြင်းမျှသာဖြစ်ပြီး အသင်းတော်အလုပ်နှင့် ဆက်စပ်မှုမရှိဟု ရှုမြင်ကြသည်။ ဤသည်မှာ မိုက်မဲသည်ဟု သင်တို့ ဆိုမည် မဟုတ်လော။ မည်သည့် လူစားမျိုးက ဤနည်းလမ်းဖြင့် စဉ်းစားတွေးခေါ်မည်နည်း။ (တာဝန်ယူစိတ်မရှိသော လူတစ်ဦး ဖြစ်ပါသည်။) ထိုပျင်းရိသော၊ သစ္စာမဲ့သော၊ တာဝန်မဲ့သော အယောင်ဆောင် ခေါင်းဆောင်များသည် ဤနည်းလမ်းဖြင့် တွေးခေါ်ကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ အိမ်တော်အလုပ်ကို မထိန်းသိမ်း မကာကွယ်ကြပေ၊ ညီအစ်ကိုမောင်နှမများအတွက် နေရာတစ်ခု စီစဉ်ပေးပြီးနောက် ၎င်းတို့က “ငါသည် သင်တို့ကို ဤမျှကောင်းမွန်သော နေရာတစ်ခုတွင် နေရာချထားပေးခဲ့သည်၊ သင်တို့အတွက် ငါ အလွန်ကြီးမားသော အကူအညီပေးခဲ့သည်တကား” ဟု တွေးကြသည်။ ၎င်းတို့သည် ဤအရာကို အသင်းတော်၏အလုပ်အား ထိန်းသိမ်းကာကွယ်ခြင်းအဖြစ် မမြင်ကြပေ။ ခေါင်းဆောင်များနှင့် အမှုဆောင်များအနေဖြင့် သင်တို့သည် အရေးကြီးသော အလုပ်အမှုထမ်းများအတွက် နေရာချထားမှုများကို ကောင်းစွာ မစီစဉ်ပေးသည့်အပြင် ၎င်းတို့၏ ဘေးကင်းလုံခြုံမှုကို ထိထိရောက်ရောက် မသေချာစေပါက အန္တရာယ်နှင့် ၎င်းတို့ ကြုံတွေ့ရပြီး မိမိတို့၏ တာဝန်ကို ပုံမှန်အတိုင်း မထမ်းဆောင်နိုင်သည့်အခါ အသင်းတော်၏အလုပ်သည် နှောင့်နှေးသွားမည် မဟုတ်လော။ သင်တို့သည် ၎င်းတို့၏ ဘေးကင်းလုံခြုံမှု သေချာစေရန်အလို့ငှာ ဦးစွာပထမ ၎င်းတို့အတွက် နေရာချထားမှုများကို ကောင်းစွာ စီစဉ်ပေးရမည်ဖြစ်ပြီး ထို့နောက်မှသာ ၎င်းတို့သည် ပုံမှန်အတိုင်း အလုပ်ကို ဆက်လက်လုပ်ဆောင်နိုင်မည်ဖြစ်သည်။ သို့သော် ထိုအယောင်ဆောင် ခေါင်းဆောင်များသည် ထိုသို့ မစဉ်းစားကြပေ။ ၎င်းတို့သည် ဤလူတို့ကို နေရာတစ်ခုတွင် ချထားပြီးနောက် လျစ်လျူရှုလိုက်ကြကာ အချိန်ကြာမြင့်စွာအထိ ၎င်းတို့ကို စစ်ဆေးခြင်း မပြုကြပေ။ အန္တရာယ်ရှိသော အခြေအနေတစ်ခု ပေါ်ပေါက်လာပြီး ၎င်းတို့သည် မိမိတို့၏ ခေါင်းဆောင်ထံ ဆက်သွယ်၍မရသည့်အခါ မိမိတို့ဘာသာ နေရာပြောင်းရွှေ့ခြင်းမှလွဲ၍ ၎င်းတို့ အခြားရွေးချယ်စရာ မရှိတော့ပေ။ ၎င်းတို့၏ ခေါင်းဆောင်က သိရှိပြီး နောက်ဆုံးတွင် သွားရောက်စစ်ဆေးသည့်အချိန်တွင် ထိုလူတို့က ထွက်ခွာသွားသည်မှာ ကြာပြီဖြစ်ပြီး ၎င်းတို့ မည်သည့်နေရာသို့ သွားသည်ကို ထိုခေါင်းဆောင်က မသိရှိတော့ပေ။ ဤသည်မှာ မည်သည့် လူစားမျိုးဖြစ်သနည်း။ ဤသည်မှာ မည်သည့် ခေါင်းဆောင် သို့မဟုတ် အမှုဆောင်မျိုး ဖြစ်သနည်း။ အယောင်ဆောင် ခေါင်းဆောင်တစ်ဦးပင် ဖြစ်သည်။ အထူးသဖြင့် အခြားဒေသများမှ ရောက်ရှိလာပြီး ဒေသန္တရပတ်ဝန်းကျင်နှင့် မရင်းနှီးသော ညီအစ်ကိုမောင်နှမများအတွက်မူ ခေါင်းဆောင်များနှင့် အမှုဆောင်များက ၎င်းတို့ကို ပုံမှန် သွားရောက်ကြည့်ရှုပြီး နောက်ဆက်တွဲလုပ်ဆောင်ပေးရန် အထူးပင် လိုအပ်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ၎င်းတို့အတွက် နေရာချထားမှုများကို တစ်ကြိမ် စီစဉ်ပေးလိုက်ရုံဖြင့် အရာအားလုံးကို အမြဲတစေ ဖြေရှင်းပြီးဖြစ်သည်ဟု မယူဆသင့်ပေ။ အမှန်တကယ်တွင် ဤအလုပ်သည် ပြီးစီးခြင်းနှင့် အလှမ်းဝေးနေသေးသည်။ ၎င်းတို့သည် ထိုသူတို့ကို မကြာခဏ သွားရောက်ကြည့်ရှုပြီး နောက်ဆက်တွဲလုပ်ဆောင်ပေးရန် လိုအပ်သည်။ အကယ်၍ ခေါင်းဆောင်များနှင့် အမှုဆောင်များအနေဖြင့် ထိုနေရာသို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်ရန် အဆင်မပြေပါက အခြားသူများကို သွားရောက်ကြည့်ရှုရန် တာဝန်ပေးသင့်သည်။ အနည်းဆုံးအားဖြင့် ၎င်းတို့သည် ဤအရေးကြီးသော အလုပ်အမှုထမ်းများ၏ နေထိုင်ရာပတ်ဝန်းကျင်ကို အကဲဖြတ်ရင်း အန္တရာယ် သို့မဟုတ် ထူးခြားမှု တစ်ခုတလေ ရှိမရှိ သို့မဟုတ် အထူးအခြေအနေများ တစ်ခုတလေ ဖြစ်ပေါ်ခဲ့ခြင်း ရှိမရှိဟူသည်နှင့် နေရာပြောင်းရွှေ့ရန် လိုအပ်ခြင်း ရှိမရှိဟူသည်တို့ကို စစ်ဆေးလျက် ဤအလုပ်ကို နောက်ဆက်တွဲလုပ်ပေးရန် လိုအပ်သည်။ ဤအရာအားလုံးကို လေ့လာသိရှိပြီး နောက်ဆက်တွဲလုပ်ဆောင်ပေးရမည်ဖြစ်သည်။ အကယ်၍ ရေတိုအရ ဤနေရာသည် အသင့်တော်ဆုံးဖြစ်သည်ဟု ထင်ရပါက ကိစ္စမရှိသော်လည်း အချိန်အတန်ကြာပြီးနောက် ၎င်းတို့သည် ထိုသူတို့၏ ပတ်ဝန်းကျင်နှင့် ဘေးကင်းလုံခြုံရေးအပြင်၊ ၎င်းတို့တွင် လုံလောက်သော အစားအသောက်နှင့် ထောက်ပံ့ရေးပစ္စည်းများ ရှိမရှိဟူသည်တို့ကို သွားရောက်ပြန်လည် စစ်ဆေးသင့်သည်။ ဤအသေးစိတ်အချက်များအားလုံးကို မေးမြန်းသင့်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အရေးကြီးသော အလုပ်အမှုထမ်းများ၏ အလုပ်ကို နားမလည်နိုင်ခြင်းက ဖြစ်နိုင်သည်၊ ထိုသို့သောအခြေအနေတွင် ၎င်းတို့သည် ထိုကဏ္ဍကို ဝင်ရောက်မစွက်ဖက်သင့်သော်လည်း ၎င်းတို့အတွက် နေရာချထားမှုများကို ကောင်းစွာ စီစဉ်ပေးခြင်းသည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဖြစ်သည်။ ထိုသို့ပြုလုပ်ရန် ပျက်ကွက်ခြင်းသည် ၎င်းတို့၏ တာဝန်ကို ပျက်ကွက်ခြင်းဖြစ်ပြီး ၎င်းတို့က လက်တွေ့ကျသော အလုပ်ကို မလုပ်ဆောင်သော အယောင်ဆောင် ခေါင်းဆောင်များဖြစ်ကြောင်း ပြသနေသည်။ အထူးသဖြင့် အခြားဒေသများမှ လာသော ညီအစ်ကိုမောင်နှမများအတွက်မူ ၎င်းတို့သည် အပိုထပ်ဆောင်း၍ သေချာအာရုံစိုက်ပေးမှုကို အထူးပင် လိုအပ်ပြီး ပေါ့ပေါ့ဆဆ မဆက်ဆံသင့်ပေ။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ၎င်းတို့တွင် ဖြေရှင်းရန်လိုအပ်သော အခက်အခဲများ တစ်ခုတလေ ရှိမရှိဟူသည်နှင့် ဤအချိန်အတောအတွင်း ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်နေသည့် ပတ်ဝန်းကျင်တွင် ပြဿနာများ သို့မဟုတ် အထူးအခြေအနေများ တစ်ခုတလေ ရှိမရှိ၊ ဥပမာအားဖြင့် ဒေသန္တရအစိုးရ၊ ရပ်ကွက်ရုံး သို့မဟုတ် ရဲစခန်းနှင့်ပတ်သက်၍ မူမမှန်သော လှုပ်ရှားမှုတစ်ခုတလေ ရှိမရှိဟူသည်တို့ကို သိရှိရန် ၎င်းတို့ကို အခါအားလျော်စွာ သွားရောက်ကြည့်ရှုသင့်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ကောင်းစွာသိရှိနေနိုင်ဖို့အလို့ငှာ ဤအရာများကို မေးမြန်းစုံစမ်းသင့်သည်။ ထို့နောက် ဧည့်ခံသည့်သူက ဤစည်းမျဉ်းများနှင့် လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းများကို အပြည့်အဝ နားလည်ရန်အလို့ငှာ ခေါင်းဆောင်များနှင့် အမှုဆောင်များက တာဝန်ထမ်းဆောင်နေသူတို့အား ကောင်းစွာ ဧည့်ခံခြင်းနှင့် ကာကွယ်ခြင်းအတွက် စည်းမျဉ်းများနှင့် လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းများကို ဧည့်ခံသည့်သူနှင့်အတူ မိတ်သဟာယဖွဲ့သင့်သည်။ ဤသည်မှာ ကိစ္စ၏အဆုံးသတ် မဟုတ်သေးပေ။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဧည့်ခံသည့်မိသားစု၏ အခြေအနေကို အခါအားလျော်စွာ သွားရောက်၍ မေးမြန်းစုံစမ်းရမည်ဖြစ်သည်။ ပြဿနာများ မပေါ်ပေါက်သည်ကို သေချာစေဖို့အတွက် ၎င်းတို့ တွေ့ရှိသည့် မည်သည့်ပြဿနာကိုမဆို အချိန်မီ ဖြေရှင်းသင့်သည်။ သို့မှသာ အလုပ်ကို အမှန်တကယ် ကောင်းစွာ လုပ်ဆောင်ပြီးမြောက်မည်ဖြစ်သည်။ အကယ်၍ ဧည့်ခံသည့်သူသည် ငွေကြေးကန့်သတ်မှုများ သို့မဟုတ် ပေါ်ပေါက်လာသော အခြေအနေများကို တုံ့ပြန်ရန် သို့မဟုတ် ကိုင်တွယ်ရန် မစွမ်းဆောင်နိုင်စေသည့် ဉာဏ်ပညာမရှိခြင်းကဲ့သို့သော ဧည့်ခံခြင်းနှင့်ပတ်သက်သည့် အခက်အခဲများ ကြုံတွေ့ပါက ခေါင်းဆောင်များနှင့် အမှုဆောင်များက ဤပြဿနာများကို ဖြေရှင်းရာတွင် ကူညီပေးရမည်။ ငွေကြေးကန့်သတ်ချက်များကို ဖြေရှင်းရန် လွယ်ကူသည်၊ ဘုရားသခင်၏ အိမ်တော်က ဧည့်ခံခြင်းအတွက် ရန်ပုံငွေများကို ထောက်ပံ့ပေးနိုင်စဉ်တွင်၊ ဧည့်ခံသည့်မိသားစုက လူအင်အားကိုသာ ပံ့ပိုးပေးရန် လိုအပ်သည်။ အကယ်၍ ဧည့်ခံသည့်သူသည် ဉာဏ်ပညာမရှိပါက ဤသည်မှာ အရေးကြီးသော ပြဿနာတစ်ရပ် ဖြစ်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဤကဏ္ဍနှင့်ပတ်သက်၍ လိုအပ်သော ဉာဏ်ပညာနှင့် လက်တွေ့လုပ်ဆောင်ခြင်း စည်းမျဉ်းအနည်းငယ်ကို ရှင်းလင်းစွာ ရှင်းပြရမည်။ အကယ်၍ ဧည့်ခံသည့်သူသည် စံမမီသေးပါက ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဤအလုပ်ကို ကောင်းစွာ ဆောင်ရွက်ရာတွင် ဧည့်ခံသည့်သူနှင့် ပူးပေါင်းဆောင်ရွက်ဖို့အတွက် အနီးအနားရှိ ဉာဏ်ပညာရှိသော ညီအစ်ကို သို့မဟုတ် ညီအစ်မတစ်ဦးကို ရှာဖွေသင့်သည်။ အကယ်၍ ပြဿနာက ကြောက်တတ်ခြင်း သို့မဟုတ် အဖမ်းခံရမည်ကို ကြောက်ရွံ့ခြင်းကဲ့သို့သော ဧည့်ခံသူတို့ကိုယ်တိုင်နှင့်ပတ်သက်ပါက ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ထောက်ပံ့ကူညီမှုပေးရန် သမ္မာတရားကို မိတ်သဟာယဖွဲ့သင့်ပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များအပြင် ဤတာဝန်ကို ထမ်းဆောင်ခြင်း၏ တန်ဖိုးနှင့် အရေးပါမှုတို့ကိုပါ မိတ်သဟာယဖွဲ့သင့်သည်။ အကယ်၍ ယင်းသည် ပကတိပတ်ဝန်းကျင်နှင့်ဆိုင်သော ပြဿနာဖြစ်ပါက ယင်းကို နှောင့်နှေးခြင်း သို့မဟုတ် လိုက်လျောလိုက်ခြင်းမျှပင် မပြုရသည့်အပြင် ဧကန်မုချ ပေါ့ပေါ့ဆဆ သဘောမထားရပေ။ ယင်းကို ချက်ချင်း ဖြေရှင်းသင့်သည်။ ဥပမာအားဖြင့် အကယ်၍ လူတို့သည် ဤနေရာကို သတိပြုမိပြီးသားဖြစ်ပါက သံသယဖြစ်ဖွယ်ရာ လူစိမ်းများသည် ထိုဧရိယာတွင် မကြာခဏ ဝင်ထွက်သွားလာနေပြီး တစ်စုံတစ်ဦးက ထိုနေရာကို စောင့်ကြည့်နေသည့် ဖြစ်နိုင်ခြေရှိပါက ဤသည်မှာ ကွယ်ဝှက်ထားသော အန္တရာယ်တစ်ခုကို ဖြစ်ပေါ်စေသည်။ သို့ဖြစ်၍ ညီအစ်ကိုမောင်နှမများကို ချက်ချင်း နေရာပြောင်းရွှေ့ပေးလော့၊ တစ်စုံတစ်ရာ မှားယွင်းသွားသည်အထိ စောင့်ဆိုင်းခြင်းက အလွန် နောက်ကျသွားလိမ့်မည်။ အကယ်၍ အခြေအနေသည် ယာယီဖြစ်ပြီး သာမန်၊ ပုံမှန်လုပ်ရိုးလုပ်စဉ်တစ်ခုမျှသာ ဖြစ်ပါက ယင်းကို အနိုင်နိုင် ကိုင်တွယ်ဖြေရှင်းနိုင်သေးသည်။ ညီအစ်ကိုမောင်နှမများသည် ယင်းကို ရှောင်ရှားရန် တစ်ရက် သို့မဟုတ် နှစ်ရက် ယာယီထွက်ခွာသွားပြီး နောက်ပိုင်းတွင် ပြန်လာနိုင်သည်။ အကယ်၍ လူတို့သည် သတိပြုမိပြီးဖြစ်ပါက ထိုနေရာတွင် ဆက်လက်နေထိုင်ခြင်းသည် ရွေးချယ်စရာတစ်ခု မဟုတ်တော့သည့်အပြင် အခြေချနေမည့်နေရာပြောင်းရွှေ့ခြင်းက လိုအပ်လာသည်။ ဤသည်တို့မှာ ဤအလုပ်တွင် ခေါင်းဆောင်များနှင့် အမှုဆောင်များ ကိုင်တွယ်ဖြေရှင်းရန် လိုအပ်သည့် အသေးစိတ်ကျသော ပြဿနာအချို့ ဖြစ်ကြသည်။ ဤအလုပ်သည် လူအနည်းငယ်ကို အစားအသောက်နှင့် အမိုးအကာရှိသော နေရာတစ်ခုတွင် နေရာချထားပြီး ပြီးသွားပြီဟု သတ်မှတ်လိုက်ခြင်းမျိုး လုံးဝမဟုတ်ပေ။ အသေးစိတ်အချက်များစွာ ပါဝင်ပတ်သက်နေသည်။ အထူးသဖြင့် ပတ်ဝန်းကျင်သည် အလွန်ရန်လိုပြီး ဘာသာရေးညှဉ်းပန်းနှိပ်စက်မှု ပြင်းထန်သည့် တရုတ်ပြည်ကဲ့သို့သော နိုင်ငံတစ်နိုင်ငံတွင် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အရေးကြီးသော အလုပ်အမှုထမ်းများ၏ နေထိုင်ရာပတ်ဝန်းကျင်နှင့် ဘေးကင်းလုံခြုံရေးဆိုင်ရာ ပြဿနာများကို သာ၍ပင် အထူးဂရုပြုပြီး သေချာစွာ စောင့်ကြည့်ရမည်ဖြစ်သည်။ ၎င်းတို့ ပေါ့ဆ၍မရပေ။ ဤအရေးကြီးသော အလုပ်အမှုထမ်းများ၏ ဘေးကင်းလုံခြုံမှုကို အာမခံပြီး ၎င်းတို့က စိတ်ချလက်ချဖြင့် မိမိတို့၏ တာဝန်ကို ထမ်းဆောင်နိုင်ကြောင်း သေချာစေရန် သတ်သတ်မှတ်မှတ်ဖြစ်သော အလုပ်၏ ကဏ္ဍအားလုံးကို ကောင်းစွာ လုပ်ဆောင်ရမည်။ ဤနည်းအားဖြင့် အလုပ်ကို ကောင်းစွာ လုပ်ဆောင်ပြီးမြောက်ပေသည်။ ဤသည်မှာ ဧည့်ခံသည့်မိသားစုများနှင့်ပတ်သက်၍ ခေါင်းဆောင်များနှင့် အမှုဆောင်များ လုပ်ဆောင်ရမည့်အလုပ်ဖြစ်ပြီး ဤနေရာတွင် အတော်အတန်များသော အသေးစိတ်အချက်များ ပါဝင်ပတ်သက်နေသည်။
အချို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အရေးကြီးသော အလုပ်အမှုထမ်းအချို့ကို သင့်တော်သော ဧည့်ခံအိမ်များတွင် နေရာချထားပေးပြီးနောက် ၎င်းတို့ကို လုံးဝလျစ်လျူရှုပြီး ဧည့်ခံသည့်မိသားစုများ၏ အခြေအနေနှင့်ပတ်သက်၍ တစ်သမတ်တည်း နောက်ဆက်တွဲ လုပ်ဆောင်ပေးခြင်း မပြုကြပေ။ ၎င်းတို့က “ကျွန်ုပ်သည် နေ့စဉ် အသင်းတော်အလုပ်နှင့် အလုပ်များနေသည်၊ ဤလူများကို သွားရောက်ကြည့်ရှုရန် အချိန် အဘယ်မှာ ရှိနိုင်မည်နည်း။ ထို့အပြင် အခြားအလုပ်များစွာလည်း ရှိသေးပြီး အတော်လေးလည်း အန္တရာယ်များသည်။ ကျွန်ုပ်တို့၏ အလုပ်ကို လုပ်ဆောင်ရသည်မှာ မလွယ်ကူပါ” ဟု ပြောဆိုကြသည်။ ၎င်းတို့သည် ပကတိ အကြောင်းပြချက်များကို အဆက်မပြတ် အလေးပေးပြောဆိုကြသော်လည်း မိမိတို့၏ ကိုယ်ပိုင် တာဝန်များကို ဖြည့်ဆည်းလိုခြင်း မရှိကြပေ။ သင်တို့ မည်သည့်အရာ စဉ်းစားကြသနည်း၊ ၎င်းတို့၏ ဤပြောဆိုချက်သည် ခိုင်လုံသလော။ (မခိုင်လုံပါ။) အဘယ်ကြောင့် မခိုင်လုံသနည်း။ (အမှန်တကယ်တွင် ဤအလုပ်ကို လုပ်ဆောင်ခြင်းသည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ အချိန်နှင့် အားအင် များစွာမလိုအပ်ပါ။ ၎င်းတို့သည် အပြင်ထွက်နေစဉ်တွင် လမ်းကြုံ၍ သွားရောက်ကြည့်ရှုနိုင်ပါသည်။ အကယ်၍ ၎င်းတို့တွင် အချိန်မရှိပါက အနီးအနားရှိ ညီအစ်ကိုမောင်နှမများကို သွားရောက်ကြည့်ရှုရန်လည်း စီစဉ်ပေးနိုင်ပါသည်။) အကယ်၍ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဤအလုပ်ကို ကောင်းစွာ လုပ်ဆောင်လိုပါက ၎င်းတို့၏ အဓိကအလုပ်က ၎င်းတို့ကို အနည်းငယ် အလုပ်များစေလျှင်ပင် ဤအလုပ်ကို အာရုံစိုက်ရန် အချိန်ယူကြလိမ့်မည်။ အကယ်၍ ၎င်းတို့ ကိုယ်တိုင်သွားရန် အချိန်မရှိပါက အခြားသူများကို သွားရန် စီစဉ်ပေးနိုင်သည်။ ၎င်းတို့သည် အခြားသူများကို စီစဉ်ပေးသည်ဖြစ်စေ၊ ကိုယ်တိုင်သွားသည်ဖြစ်စေ နောက်ဆုံးတွင် ဤအလုပ်သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ယူမှု နယ်ပယ်အတွင်း ကျရောက်ပေသည်။ ဤအလုပ်ကို ကောင်းစွာ လုပ်ဆောင်ခြင်းသည် ခေါင်းဆောင်များနှင့် အမှုဆောင်များအတွက် အရေးကြီးသော တာဝန်တစ်ရပ်ဖြစ်ပြီး ယင်းကို လျစ်လျူရှု၍မရပေ။ အကယ်၍ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အလွန်အလုပ်များပြီး မိမိတို့ကိုယ်တိုင် အချိန်မရှိသည့်အပြင် အခြားသူများကိုလည်း သွားရန် မစီစဉ်ပါက ဤကိစ္စကို မည်သူမျှ ဂရုစိုက်လိမ့်မည်မဟုတ်ပေ။ အကယ်၍ တစ်စုံတစ်ခု မှားယွင်းသွားပါက ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များဘက်မှ တာဝန်ကို လစ်ဟင်းခြင်း ဖြစ်ပေမည်။ အရေးကြီးသော အလုပ်အမှုထမ်းများအား ပြင်ပလောက၏ နှောင့်ယှက်မှုကို မခံရစေရန် ကာကွယ်တားဆီးဖို့ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ၎င်းတို့၏ တာဝန်များကို အေးချမ်းမှုဖြင့် ထမ်းဆောင်နိုင်ပြီး လက်ရှိအလုပ်ကို စနစ်ကျသည့်ပုံစံဖြင့် လုပ်ဆောင်နိုင်ကြောင်း ဖြစ်နိုင်သမျှ အကြီးမားဆုံးသော အတိုင်းအတာအထိ အာမခံလျက် ကိစ္စရပ်များ၏ ကဏ္ဍအားလုံးကို ထည့်သွင်းစဉ်းစားရမည်။ အကယ်၍ အရေးကြီးသော အလုပ်အမှုထမ်းများကို ကောင်းစွာ ကာကွယ်ထားပါက ယင်းမှာ အရေးကြီးသော အလုပ်ကိုယ်၌ကို ကာကွယ်ခြင်းနှင့် ညီမျှသည်။ အရေးကြီးသော အလုပ်အမှုထမ်းများသည် ပုံမှန်အတိုင်း အလုပ်လုပ်နိုင်သည့်အခါ အရေးကြီးသော အလုပ်သည်လည်း စနစ်ကျသောပုံစံဖြင့် ရှေ့ဆက်နိုင်သည်။ သို့ဖြစ်၍ အမှန်တွင်၊ အရေးကြီးသော အလုပ်အမှုထမ်းများကို ခေါင်းဆောင်များနှင့် အမှုဆောင်များက ကာကွယ်ခြင်း၏ ရည်ရွယ်ချက်မှာ အရေးကြီးသော အလုပ်ကဏ္ဍတစ်ခုစီကို ကာကွယ်စောင့်ရှောက်ရန် ဖြစ်သည်။ အကယ်၍ အချို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များက “သင်သည် အရေးကြီးသော တာဝန်တစ်ခုကို ထမ်းဆောင်နေပြီး သင့်ကို ကာကွယ်ပေးရန် ကျွန်ုပ်ကို တောင်းဆိုနေသည်၊ သို့သော် ကျွန်ုပ်က ခေါင်းဆောင်တစ်ယောက်ဖြစ်ပြီး ကျွန်ုပ်ကိုယ်တိုင်လည်း ဘေးကင်းလုံခြုံခြင်းမရှိပါ။ ကျွန်ုပ်၏ ကိုယ်ပိုင်ဘေးကင်းလုံခြုံမှုကိုပင် အာမမခံနိုင်ပါ၊ သို့ဖြစ်လျှင် သင့်ကို ကျွန်ုပ် မည်သို့ ကာကွယ်နိုင်မည်နည်း”ဟု ပြောဆိုပါက ဤစကားသည် မှန်ကန်သလော။ (မမှန်ကန်ပါ။) ထိုသို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များတွင် မည်သည့် နားလည်သဘောပေါက်နိုင်စွမ်းမျိုး ရှိသနည်း။ (၎င်းတို့၏ သဘောပေါက်နားလည်နိုင်စွမ်းက ညံ့ဖျင်းပါသည်၊ ထိုသို့သောလူများသည် တစ်ကိုယ်ကောင်းဆန်ပြီး လွဲချော်တတ်ကြပါသည်။) ၎င်းတို့သည် လွဲချော်မှုများဖြစ်တတ်သည့် လူပုဂ္ဂိုလ်များ ဖြစ်ကြသည်။ လွဲချော်မှုများဖြစ်တတ်သော လူပုဂ္ဂိုလ်များသည် ဆင်ခြင်တုံတရား ကင်းမဲ့ကြသလော။ (ကင်းမဲ့ပါသည်။) အကယ်၍ ဤညီအစ်ကိုမောင်နှမများသည် ဘုရားသခင်၏ အိမ်တော်၌ မိမိတို့၏ တာဝန်များကို ထမ်းဆောင်နေခြင်းမဟုတ်ဘဲ ယင်းအစား လောက၌ အလုပ်များလုပ်ကိုင်ပြီး မိမိတို့၏ ဘဝများကို အသက်ရှင်နေထိုင်နေပါက ၎င်းတို့ကို ကာကွယ်ပေးရန် လိုအပ်နေဦးမည်လော။ အတိအကျအားဖြင့် ၎င်းတို့သည် အသင်းတော်အလုပ်နှင့် အရေးကြီးသော တာဝန်များကို ဘုရားသခင်၏ အိမ်တော်၌ ထမ်းဆောင်နေသောကြောင့်လည်းကောင်း၊ ၎င်းတို့ အဖမ်းခံရပါက အသင်းတော်၏အလုပ်ကို ပြင်းထန်စွာ ထိခိုက်လျက် ထောင်ဒဏ်ချမှတ်ခံရနိုင်ခြင်း သို့မဟုတ် ထိခိုက်ဒဏ်ရာရသည်အထိ သို့မဟုတ် မသန်စွမ်းဖြစ်သည်အထိ ရိုက်နှက်ခံရနိုင်ခြင်းကြောင့်လည်းကောင်း အရေးကြီးသော အလုပ်အမှုထမ်းများကို ကောင်းစွာ ကာကွယ်ပေးရမည်ဖြစ်သည်။ ဤနည်းအားဖြင့်သာ အသင်းတော်၏အလုပ်သည် စနစ်ကျသော ပုံစံဖြင့် ရှေ့ဆက်နိုင်ပေသည်။ အကယ်၍ ၎င်းတို့သည် ဘာသာရေး ယုံကြည်မှု လွတ်လပ်ခွင့်ရှိပြီး ဘုရားသခင်ကို ယုံကြည်သူများက ညှဉ်းပန်းနှိပ်စက်ခြင်းမခံရသော ဒီမိုကရေစီ နိုင်ငံအချို့တွင် ရှိနေပါက ဤအလုပ်သည် ခေါင်းဆောင်များနှင့် အမှုဆောင်များအတွက် ရိုးရှင်းသွားသည်။ ၎င်းတို့သည် အခြေခံအားဖြင့် သင့်တော်သော အိမ်တစ်လုံးကို ရှာဖွေရန်၊ ဒေသန္တရဥပဒေများနှင့် စည်းမျဉ်းစည်းကမ်းများအတိုင်း တာဝန်ထမ်းဆောင်နေသူတို့အတွက် နေရာချထားမှုများကို ကောင်းစွာ စီစဉ်ပေးရန်သာ လိုအပ်သည်။ အလွန်ဆုံးအားဖြင့် ၎င်းတို့သည် လတ်တလောတွင် ထိုသူတို့၏ နေ့စဉ်အသက်တာနှင့်ပတ်သက်၍ အခြေအနေများ မည်သို့ရှိသည်ဟူသည်နှင့် နေထိုင်ရာပတ်ဝန်းကျင်သည် အစိုးရစည်းမျဉ်းများ တစ်ခုတလေကို ချိုးဖောက်ခြင်း ရှိမရှိဟူသည်ကို မေးမြန်းရန်သာ လိုအပ်သည်။ အကယ်၍ ချိုးဖောက်မှုတစ်ခု ရှိပါက ပြဿနာက အဘယ်အရာဖြစ်သည်ဟူသည့်အပြင် ယင်းကို မည်သို့ ပြုပြင်ပြီး ဖြေရှင်းသင့်သည်ဟူသည်ကိုလည်း သိရှိရန် လိုအပ်သည်။ အကယ်၍ ချိုးဖောက်မှုများ တစ်ခုတလေ မရှိသော်လည်း အစိုးရက ဒုက္ခဖြစ်စေပါက သို့မဟုတ် ဆိုးယုတ်သောလူများ သို့မဟုတ် အမည်မသိ ပုဂ္ဂိုလ်များက နှောင့်ယှက်နေပါက ဤကိစ္စရပ်များကို ကောင်းစွာ ကိုင်တွယ်ရန် ရှေ့နေတစ်ဦးနှင့် တိုင်ပင်ဆွေးနွေးဖို့ လိုအပ်သည်။ အချို့သော လွတ်လပ်သည့် ဒီမိုကရေစီ နိုင်ငံများတွင် အလွန်ဆုံးအားဖြင့် ဤအလုပ်မျိုးသာ လိုအပ်သည်။ သို့သော် ဘာသာရေး ယုံကြည်မှု လွတ်လပ်ခွင့်မရှိသော အာဏာရှင် နိုင်ငံများတွင်မူ ဧည့်ခံသည့်မိသားစုများ၏ ပတ်ဝန်းကျင်နှင့် အခြေအနေများအတွက် သတ်မှတ်ချက်များက ပို၍ တင်းကျပ်ရမည်ဖြစ်ပြီး ဘေးကင်းလုံခြုံရေးနှင့်ပတ်သက်၍ ပိုမိုများပြားသော အလုပ်နှင့် ပိုမိုအသေးစိတ်ကျသော အလုပ်ကို လုပ်ဆောင်ရန် လိုအပ်သည်။ ထိုသို့သောအလုပ်တွင် ပါဝင်သော အခက်အခဲသည်လည်း ပို၍ ကြီးမားသည်မှာ အမှန်ပင်ဖြစ်သည်။ အရေးကြီးသော အလုပ်အမှုထမ်းများကို ပြင်ပလောကနှင့်ဆိုင်သည့် နှောင့်ယှက်မှုမှ ကာကွယ်သည့်အလုပ်အတွက်မူ အကယ်၍ ပတ်ဝန်းကျင်၏ သွင်ပြင်လက္ခဏာတိုင်းကို စေ့စေ့စပ်စပ် ထည့်သွင်းစဉ်းစားပါက ပတ်ဝန်းကျင်မှ ဖြစ်ပေါ်လာသော နှောင့်ယှက်မှုများသည် အတော်အတန် လျော့နည်းသွားလိမ့်မည်။ အကယ်၍ ပြင်ပပတ်ဝန်းကျင်နှင့် အတွင်းပတ်ဝန်းကျင် နှစ်ခုလုံးကို အပြည့်အဝ ထည့်သွင်းစဉ်းစားပါက လက်တွေ့ကျပြီး ဖြစ်နိုင်ခြေရှိသော လမ်းကြောင်းတစ်ခုကို ရှာဖွေတွေ့ရှိနိုင်သည်။ ဤနည်းအားဖြင့် ပတ်ဝန်းကျင်ကို အတိုင်းအတာတစ်ခုအထိ တိုးတက်ကောင်းမွန်စေနိုင်ပြီး နှောင့်ယှက်မှုများကို လျှော့ချနိုင်သည်။ ဤလုပ်နည်းကိုင်နည်းက အတော်အတန် သင့်လျော်ပေသည်။
အရေးပါသော အလုပ်အမှုထမ်းများ၏ လုံခြုံရေးကို ထိန်းသိမ်းခြင်း
၁။ ယုံကြည်ခြင်းကို ညှဉ်းပန်းနှိပ်စက်သည့် နိုင်ငံများတွင် ဘုရားသခင် ရွေးချယ်ထားသောလူများ၏ လုံခြုံရေးကို သေချာစေရမည့် နည်းလမ်း
ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ ဆယ့်ငါးခုမြောက် တာဝန်မှာ ဦးစွာပထမအနေဖြင့် အရေးပါသော အလုပ်အမှုထမ်းများကို ပြင်ပလောက၏ နှောင့်ယှက်မှုမှ ကွယ်ကာပေးရန် ဖြစ်သည်။ ထို့အပြင် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဤလူတို့ကို လုံခြုံအောင်လည်း ထားရှိရမည်။ ၎င်းတို့ကို လုံခြုံအောင် ထားရှိခြင်းအတွက် သတ်မှတ်ချက်များက သာ၍ပင် တင်းကျပ်သည်။ ဘေးကင်းလုံခြုံရေးတွင် မည်သည့်ကဏ္ဍများ ပါဝင်သည်ကို ဦးစွာ ကြည့်ကြပါစို့၊ လုံခြုံရေးနှင့် သက်ဆိုင်သော မည်သည့်ပြဿနာများကို သင်တို့ စဉ်းစားမိနိုင်သနည်း။ အရေးကြီးသော တာဝန်များကို ထမ်းဆောင်နေသူတို့၏ လုံခြုံရေးကို အာမခံရန်အတွက် ၎င်းတို့သည် ပြင်ပလောက၏ နှောင့်ယှက်မှုကို မခံရကြောင်းအား ဦးစွာ သေချာစေဖို့ အရေးကြီးသည်။ ဤသည်မှာ အနည်းဆုံး စွမ်းဆောင်ရရှိရမည့်အရာဖြစ်ပြီး ဤအခြေခံအုတ်မြစ်ပေါ်၌သာ ၎င်းတို့၏ လုံခြုံရေးကို နောက်ဆုံးတွင် သေချာစေနိုင်မည်ဖြစ်သည်။ ဤနေရာတွင် ငါတို့ ပြောနေသည့် ဘေးကင်းလုံခြုံရေးဆိုသည်မှာ မိမိတို့၏ တာဝန်များကို ထမ်းဆောင်နေသူတို့က နှောင့်ယှက်ခြင်းမခံရ သို့မဟုတ် အဖမ်းမခံရသည့်အပြင် မိမိတို့၏ တာဝန်များကို ပုံမှန်အတိုင်း ထမ်းဆောင်နိုင်ခြင်းကို အာမခံနိုင်ခြင်းအား ဆိုလိုခြင်းသာ ဖြစ်သည်။ ထိုမျှလောက် ရိုးရှင်းပေသည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် မိမိတို့၏ တာဝန်များကို ထမ်းဆောင်နေသူတို့က နှောင့်ယှက်မှုနှင့် အဖမ်းအဆီးတို့မှ ကွယ်ကာခြင်းခံရဖို့အတွက် အာမမခံနိုင်ပါက ၎င်းတို့၏ လုံခြုံရေးကို သေချာစေနိုင်မည့် နည်းလမ်းမရှိပေ။ ထိုအကြောင်းကို စဉ်းစားကြည့်လော့၊ အရေးပါသော အလုပ် အမှုထမ်းများ၏ လုံခြုံရေးကို သေချာစေရန်အလို့ငှာ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် မည်သည့်အရာများကို အာရုံစိုက်သင့်သနည်း။ ပထမဦးစွာ ၎င်းတို့သည် အရေးပါသော အလုပ်အမှုထမ်းများကို သင့်တော်သော နေရာတစ်ခုတွင် နေရာချထားပေးဖို့ စီစဉ်ရမည်။ သင့်တော်သော နေရာဆိုသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ယင်းသည် အနည်းဆုံး သတ်မှတ်ချက်နှစ်ခုကို ပြည့်မီရမည်။ ပထမအချက်မှာ ဤနေရာသည် ပတ်ဝန်းကျင်မှ မည်သည့်နှောင့်ယှက်မှုမှမဆို ကင်းလွတ်ရမည်။ ဒုတိယအချက်မှာ ယင်းသည် အာရုံကို မဆွဲဆောင်ရပေ။ ဤမိသားစုက ဘုရားသခင်ကို ယုံကြည်ပြီး အခြားသူများအား ဧည့်ခံသည်ကို ဒေသခံ ညီအစ်ကိုမောင်နှမ အနည်းငယ်သာ သိရှိကာ အခြားမည်သူမျှ မသိရှိပေ။ ထိုသို့သော နေရာတစ်ခုသာလျှင် အရေးကြီးသော တာဝန်များကို ထမ်းဆောင်နေသူတို့အား ဧည့်ခံရန် သင့်တော်သည်။ ဤအရေးပါသော အလုပ်အမှုထမ်းများ ပြောင်းရွှေ့လာပြီးနောက် လူတစ်ဦးစီ၏ အမည်နှင့် မွေးရပ်မြေကဲ့သို့သော ကိုယ်ရေးကိုယ်တာ အချက်အလက်များအပြင် ၎င်းတို့ ပါဝင်ဆောင်ရွက်သည့် အသင်းတော်အလုပ်အမျိုးအစားနှင့် ယခင်က အဖမ်းခံခဲ့ရဖူးခြင်း ရှိမရှိ သို့မဟုတ် အစိုးရက ဖမ်းဝရမ်းထုတ်ထားသူ ဟုတ်မဟုတ်ဟူသကဲ့သို့သော တိကျသည့် အခြေအနေများကို အခြားသူများထံ သာမန်ကာလျှံကာ ထုတ်ဖော်မပြောသင့်ပေ။ သိသောလူ နည်းလေ ကောင်းလေ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လူတို့၏ ဝိညာဉ်ရင့်ကျက်မှုသည် အလွန်သေးငယ်ပြီး ၎င်းတို့ အဖမ်းခံရကာ ထောင်ချခံရပါက ခိုင်မာစွာ ရပ်တည်နိုင်မည်မှာ မသေချာသောကြောင့် မိမိတို့ကိုယ်ကို နောင်တွင် ဒုက္ခမရောက်စေရန် ရှောင်ရှားဖို့ ညီအစ်ကိုမောင်နှမများ၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို သာမန်ကာလျှံကာ စုံစမ်းမေးမြန်းခြင်းမှ ရှောင်ကြဉ်လျက် မိမိကိုယ်ကို သိသောအသိ ရှိသင့်သည်။ ဤကိစ္စနှင့်စပ်လျဉ်း၍ စည်းမျဉ်းများနှင့် ဉာဏ်ပညာကို လူတိုင်း နားလည်စေရန်အလို့ငှာ မကြာခဏ မိတ်သဟာယဖွဲ့သင့်သည်။ ဤသည်မှာ ဘုရားအိမ်တော်၏ အလုပ်အတွက် အကျိုးရှိရုံသာမက လူတစ်ဦးချင်းစီအတွက်လည်း အကျိုးရှိသည်။ ထို့ကြောင့် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဧည့်ခံမိသားစုများမှ ညီအစ်ကိုမောင်နှမများအား ၎င်းတို့၏ နှုတ်ကို စောင့်စည်းရန်နှင့် အရေးကြီးသော တာဝန်များကို ထမ်းဆောင်နေသူတို့၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များအား အခြားညီအစ်ကိုမောင်နှမများ သို့မဟုတ် ၎င်းတို့၏ ဘာသာတရားမရှိသူ မိသားစုဝင်များထံ မဖွင့်ဟမိစေရန် ညွှန်ကြားသင့်သည်။ ဤအလုပ်ကို လုပ်ဆောင်ရန် လိုအပ်သလော။ (လိုအပ်ပါသည်။) ဧည့်ခံမိသားစုများမှ အချို့ညီအစ်ကိုမောင်နှမများသည် ၎င်းတို့၏ နှုတ်ကို မစောင့်စည်းနိုင်ကြပေ။ ဥပမာအားဖြင့် တစ်စုံတစ်ဦးသည် ခေါင်းဆောင်များနှင့် အမှုဆောင်အနည်းငယ်ကို ဧည့်ခံခဲ့ပြီး ဤလူတို့၏ ကိုယ်ရေးကိုယ်တာ အခြေအနေများ၊ မိသားစုနောက်ခံများနှင့် ၎င်းတို့ ထမ်းဆောင်နေသည့် တာဝန်များကို ရင်းနှီးကျွမ်းဝင်လာခဲ့သည်။ ထို့နောက် ၎င်းတို့က မိမိတို့၏ သားသမီးများအား “ကြည့်ပါ၊ သူသည် သင်နှင့် ရွယ်တူပင်ဖြစ်သည်။ သူက ဘုရားသခင်ကို ဆယ်နှစ်ကြာ ယုံကြည်ခဲ့ပြီး သူ့တာဝန်ကို ထမ်းဆောင်ဖို့ သူ့အလုပ်ကိုပင် ထွက်ခဲ့သည်။ သူက အကြင်မည်သောမြို့က အစိုးရဌာနတစ်ခုမှာ အလုပ်လုပ်ခဲ့ဖူးသည်၊ တစ်နှစ်ဝင်ငွေ ယွမ်သောင်းပေါင်းများစွာ ရှိသည်”ဟု ပြောဆိုခဲ့သည်။ သင် မြင်သည့်အတိုင်း ၎င်းတို့သည် အကြောင်းမဲ့သက်သက် စကားစမြည်ပြောနေသည့်အပြင်၊ ဤအရေးကြီးသော တာဝန်များကို ထမ်းဆောင်နေသူတို့၏ အခြေအနေကို ၎င်းတို့၏ ဘာသာတရားမရှိသူ မိသားစုဝင်များထံ ဖွင့်ဟပြောဆိုခဲ့သည်။ ယခင်က အဖမ်းခံရပြီး ထောင်ကျခဲ့ဖူးသော ညီအစ်ကိုမောင်နှမများကို ဧည့်ခံသည့်အခါ မိမိတို့၏ မိသားစုဝင်များအား “ကြည့်ပါ၊ သူတို့က ထောင်ထဲမှာ နှစ်ချီနေခဲ့ရပြီး ယုဒ လုံးဝ မဖြစ်ခဲ့ပါ။ လွတ်လာပြီးသည့်နောက်တွင်လည်း သူတို့၏ တာဝန်ကို ဆက်ထမ်းဆောင်သည်။ ယခု အစိုးရက သူတို့ကို ထပ်ဖမ်းချင်နေသဖြင့် သူတို့မိသားစုများနှင့် ပြန်ဆုံစည်းဖို့ အိမ်မပြန်နိုင်ကြပါ၊ သို့သော် သူတို့ အပျက်သဘောမဆောင်ကြပါ။ သူ၏ ယုံကြည်ခြင်း မည်မျှကြီးမားသည်ကို ကြည့်ပါ။ အဘယ်သို့ဖြစ်ပြီး သင်က ကောင်းကောင်းမွန်မွန် မယုံကြည်နိုင်ရသနည်း”ဟု ပြောဆိုသောသူအချို့ပင် ရှိသေးသည်။ ဤနည်းအားဖြင့် ၎င်းတို့သည် မိမိတို့၏ သားသမီးများကို ဆုံးမသည့်နည်းလမ်းမှတစ်ဆင့် ညီအစ်ကိုမောင်နှမများအကြောင်း အရေးကြီးသော အချက်အလက်များကို သာမန်ကာလျှံကာ ပေါက်ကြားစေခဲ့သည်။ ဤအရာက နောင်တွင် ဒုက္ခပြဿနာများ ဖြစ်စေနိုင်မည်လော။ (ဖြစ်စေနိုင်ပါမည်။) ဤသည်မှာ ပြဿနာတစ်ခုလော။ (ဟုတ်ပါသည်။) ဤအရာကြောင့် မည်သည့်အရာမျှ မဖြစ်ပွားပါက ကိစ္စမရှိပေ။ သို့သော် အဆင်းနီသော နဂါးကြီးက ဖမ်းဆီးမှုများ လုပ်ဆောင်သည်နှင့်တစ်ပြိုင်နက် ၎င်းတို့၏ ဘာသာတရားမရှိသော မိသားစုဝင်များသည် ထွက်လာပြီး ညီအစ်ကိုမောင်နှမများကို တိုင်ကြားကြသည့် ပထမဆုံးသောသူများ ဖြစ်သည်။ “အရာရှိ၊ မည်သူမည်ဝါသည် ခေါင်းဆောင်ဖြစ်သည်၊ သူ့ကိုသာ ဖမ်းလိုက်ပါ” ဟူ၍ ဖြစ်သည်။ သစ္စာဖောက်ခံရသူသည် ထို့နောက်တွင် အဆင်းနီသော နဂါးကြီး၏ ဖမ်းဆီးခြင်းကို ခံရပြီး သေလုမတတ် ရိုက်နှက်ခြင်းခံရကာ မိမိတို့၏ တာဝန်ကို ဆက်လက်ထမ်းဆောင်နိုင်မည်လော သို့မဟုတ် ပုံမှန်အသက်တာကို ရှင်သန်နိုင်မည်လောဟူသည်မှာ မေးခွန်းထုတ်စရာဖြစ်စေခဲ့သည်။ ဤသည်မှာ သစ္စာဖောက်ခြင်း၏ အကျိုးဆက်ဖြစ်သည်။ ဤသည်မှာ ဧည့်ခံသူ၏ သာမန်ကာလျှံကာဖြစ်သော စကားကြောင့် ဖြစ်ပွားရခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) အရေးပါသော အလုပ်အမှုထမ်းများသည် ထိုသို့သော လုံခြုံရေး အန္တရာယ်များကို ကြုံတွေ့ရပါက ယင်းသည် ခေါင်းဆောင်များနှင့် အမှုဆောင်များက ၎င်းတို့၏ အလုပ်များကို စေ့စေ့စပ်စပ် မလုပ်ဆောင်ခဲ့ကြောင်းကို ဆိုလိုသည် မဟုတ်လော။ (ဟုတ်ပါသည်။) ဧည့်ခံသူက “ကျွန်ုပ်တို့၏ မိသားစုဝင်များသည် လူကောင်းများချည်းသာ ဖြစ်သည်၊ ၎င်းတို့က သင်တို့ကို သစ္စာဖောက်မည်မဟုတ်ပါ။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်မှုအား ထောက်ခံကြသည်၊ သင်တို့လာသည့်အခါ ဟင်းသီးဟင်းရွက်နှင့် အသားများကိုပင် ဝယ်ပေးကြသည်”ဟု တွေးသည်။ ၎င်းတို့သည် မိမိတို့၏ ဘာသာတရားမရှိသောသူ မိသားစုဝင်များကို ညီအစ်ကိုမောင်နှမများဖြစ်သည့်အလား ဆက်ဆံကြပြီး မိမိတို့၏ မိသားစုသည် မည်သည့်အရာအား လုပ်ဆောင်နိုင်စွမ်းရှိသည်ကိုဖြစ်စေ၊ ၎င်းတို့က ညီအစ်ကိုမောင်နှမများကို သစ္စာဖောက်လိုက်ပါက အကျိုးဆက်များ မည်မျှဆိုးရွားနိုင်သည်ကိုဖြစ်စေ ထိုးထွင်းမမြင်နိုင်ကြပေ။ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများ၏ အခြေအနေများကိုလည်း အလွန် စပ်စုတတ်ကြပြီး “သင်သည် ဤတာဝန်ကို ထမ်းဆောင်နေသည်မှာ ဘယ်နှစ်နှစ်ရှိပြီနည်း။ သင်သည် အန္တရာယ်ရှိသော တာဝန်တစ်ခုခုကို ထမ်းဆောင်ဖူးသလား။ သင်သည် ဘုရားသခင်ကို ယုံကြည်သူတစ်ဦးအဖြစ် ဒေသတွင်း၌ လူသိများသလား။ သင် အဖမ်းခံရဖူးသလား” ဟု မေးမြန်းကြသည်။ အထူးသဖြင့် ဘုရားသခင်ကို ယုံကြည်ခြင်းကြောင့် အစိုးရက ဖမ်းဝရမ်းထုတ်ထားသော သို့မဟုတ် ရာဇဝတ်မှတ်တမ်းရှိသော၊ အခြားဒေသ သို့မဟုတ် နိုင်ငံတွင် ဧဝံဂေလိတရားကို ဟောကြားနေသောသူတို့နှင့် ပတ်သက်လာသည့်အခါ ဧည့်ခံသူသည် ၎င်းတို့၏ အချက်အလက်များကို အစဉ်အမြဲ စုံစမ်းမေးမြန်းပြီး “သင်က အစိုးရက ဖမ်းဝရမ်းထုတ်ထားသောသူလား။ ယင်းမှာ ဒေသဆိုင်ရာ ဝရမ်းလော၊ ပြည်နယ်ဆိုင်ရာ ဝရမ်းလော၊ သို့မဟုတ် နိုင်ငံလုံးဆိုင်ရာ ဝရမ်းလော”၊ “သင့်တွင် မှတ်တမ်းရှိသည်။ သင် ဘယ်နှစ်ကြိမ် အဖမ်းခံခဲ့ရပြီးဖြစ်သနည်း။ သင့်ကို ထောင်ဒဏ် ဘယ်နှစ်နှစ် ချမှတ်ခဲ့သနည်း”ဟူ၍ မေးမြန်းကြသည်။ ၎င်းတို့သည် ဤကိစ္စရပ်များအကြောင်းကို အလွန်အမင်း အသေးစိတ်ကျကျ မေးမြန်းကြသည်။ ၎င်းတို့၏ အိမ်တွင် တည်းခိုနေသော ညီအစ်ကိုမောင်နှမများသည် ၎င်းတို့က ဧည့်ခံရာတွင် အတော်လေး စိတ်အားထက်သန်ပြီး လူဆိုးများမဟုတ်ကြောင်းကို မြင်တွေ့ကြသည်။ ဤအချက်အလက်ကို ၎င်းတို့ မမျှဝေပါက မယဉ်ကျေးရာကျမည်ဟု ခံစားရပြီး ယင်းက ၎င်းတို့ကို ခက်ခဲသော အခြေအနေတစ်ခုတွင် ရှိစေသည်။ အချို့လူများသည် စကားအနည်းငယ် ပြောဆိုရန် လှုံ့ဆော်ခြင်းခံရသည်ဟု ခံစားရပြီး ပြောဆိုပြီးနောက်တွင် ယင်းက တစ်ခါတစ်ရံ ဆိုးရွားသော အကျိုးဆက်များဆီသို့ မလွဲမသွေ ဦးတည်သွားစေသည်။ သို့ဖြစ်၍ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဧည့်ခံသူကို တိုက်ရိုက် ညွှန်ကြားသင့်သည်။ “သင်သည် ညီအစ်ကိုမောင်နှမများကို ဧည့်ခံသည့်အခါ လိုက်နာရမည့် စည်းမျဉ်းအနည်းငယ် ရှိသည်။ မဆင်မခြင် စုံစမ်းမေးမြန်းခြင်း သို့မဟုတ် မေးခွန်းများ မေးခြင်း မပြုနှင့်၊ ၎င်းတို့အကြောင်း အလွန်သိရှိလွန်းခြင်းသည် သင့်အတွက် အကျိုးရှိမည်မဟုတ်ပေ။ တစ်စုံတစ်ခု ဖြစ်ပွားပြီး သင်သည် ညှဉ်းပန်းနှိပ်စက်ခြင်း၏ ပြင်းပြသောဝေဒနာကို မခံနိုင်ပါက အဆုံးတွင် ယုဒဖြစ်သွားနိုင်သည်။ ထိုသို့ဖြစ်ပါက သင် သိရှိကာ ရရှိထားသော အချက်အလက်များသည် အခြေခံအားဖြင့် သင် ယုဒတစ်ဦး ဖြစ်လာရန်အတွက် လမ်းခင်းပေးလိုက်ခြင်းပင် ဖြစ်သည်။ ထိုသို့ဖြစ်သွားပါက ယင်းသည် သင့်အား တစ်သက်တာ နောင်တရစေမည်ဖြစ်ပြီး နောက်ဆုံးတွင် အပြစ်ဒဏ်ပေးခြင်းကို ရင်ဆိုင်ရလိမ့်မည်။ သင်သည် ဤအသေးစိတ်အချက်အလက်များကို မသိရှိပါက ယုဒတစ်ဦး ဖြစ်လာမည်မဟုတ်ပေ။ သို့ဖြစ်၍ သင်သည် ဤကိစ္စရပ်များအကြောင်းကို လုံးဝ စုံးစမ်းမေးမြန်းခြင်း မပြုရ၊ သို့မဟုတ် သိရှိရန် မကြိုးစားရပေ။ မသိရှိခြင်းသည် သင့်ကို ကာကွယ်ပေးပြီး သင်၏ ဧည့်ခံခြင်း သို့မဟုတ် ဘုရားသခင်ကို သင်၏ ယုံကြည်ခြင်း၌ သမ္မာတရားအား သင်၏ ရရှိခြင်းကို မထိခိုက်စေပေ။ သင် မသိရှိလျှင် အကောင်းဆုံးဖြစ်သည်။ ဤညီအစ်ကိုမောင်နှမများသည် ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်ရန် ဤနေရာသို့ ရောက်ရှိနေကြခြင်းဖြစ်ကြောင်းနှင့် ၎င်းတို့သည် လူဆိုးများ သို့မဟုတ် ဆိုးယုတ်သောလူများ မဟုတ်ကြောင်းကို သင် ရှင်းလင်းစွာ သိရှိသည်။ ထို့ကြောင့် နောက်ထပ် မည်သို့မျှ စုံစမ်းမေးမြန်းရန် မလိုအပ်ပေ။ ၎င်းတို့ကို ဧည့်ခံရန် သင်၏ တာဝန်ကို ဖြည့်ဆည်းခြင်းသည် အရေးအကြီးဆုံးဖြစ်ပြီး ၎င်းတို့၏ လုံခြုံရေးကို အာမခံပေးခြင်းသည် လုံလောက်ပြီ ဖြစ်သည်” ဟူ၍ ဖြစ်သည်။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ လုပ်ဆောင်ရမည့် အလုပ်တစ်ရပ် ဖြစ်သည်။ ထို့အပြင် မိမိတို့၏ ယုံကြည်ခြင်း၌ အခြေခံအုတ်မြစ် ကင်းမဲ့ပြီး နာမည်ခံ ယုံကြည်သူများသာဖြစ်သော ဒေသခံယုံကြည်သူများ၊ နှုတ်မစောင့်စည်းသည့်အပြင် စုံစမ်းမေးမြန်းမှုများ ပြုလုပ်လေ့ရှိသောသူများ၊ အစိုးရဝန်ထမ်းများနှင့် ရင်းနှီးသည့် အဆက်အသွယ်ရှိသောသူများနှင့် ဒုက္ခကြုံသည့်အခါ လိပ်များကဲ့သို့ မိမိတို့၏ခေါင်းကို အခွံထဲသို့ ပြန်သွင်းကာ ချက်ချင်း ပုန်းအောင်းနေတတ်သောသူများ၊ အသင်းတော်ကို သစ္စာဖောက်ပြီး ယုဒဖြစ်သွားနိုင်ခြေရှိသောသူများကို ဧည့်ခံသည့်အိမ်များက ညီအစ်ကိုမောင်နှမများအား ၎င်းတို့ ဧည့်ခံကြောင်းကို လုံးဝ သိခွင့်မပြုရပေ။ အရေးပါသော အလုပ်အမှုထမ်းများကို ဧည့်ခံခြင်းအလုပ်နှင့်ပတ်သက်၍ ကူညီရန် အချို့ညီအစ်ကိုမောင်နှမများကို လိုအပ်ပါက ဘုရားသခင်ကို ယုံကြည်ခြင်း၌ အခြေခံအုတ်မြစ်ရှိပြီး ဉာဏ်ပညာ ပိုင်ဆိုင်သောသူတို့ကိုသာ ပူးပေါင်းဆောင်ရွက်ရန် ရွေးချယ်သင့်သည်။ အခြေခံအုတ်မြစ် သို့မဟုတ် ဉာဏ်ပညာမရှိသောသူတို့သည် လုံးဝ မသင့်တော်ပေ။ သို့ဆိုလျှင် အကူအညီကို အတိအကျ မည်သို့ပေးသင့်သနည်း။ ဧည့်ခံမိသားစုများမှ ညီအစ်ကိုမောင်နှမများသည် ၎င်းတို့၏ အိမ်များတွင် ဧည့်ခံခြင်းကို အာရုံစိုက်စဉ်တွင်၊ ဉာဏ်ပညာနှင့် ယုံကြည်ခြင်းရှိသော ဒေသခံ ညီအစ်ကိုမောင်နှမများသည် ပြင်ပမှ အခြေအနေကို ဖုံးဖိကာကွယ်ပေးပြီး ပတ်ဝန်းကျင်ကို စောင့်ကြည့်ခြင်းဖြင့် ကူညီပေးကြသည်။ ၎င်းတို့သည် ဩဇာလွှမ်းမိုးမှုရှိသော လူများနှင့် ပေါင်းသင်းဆက်ဆံသင့်သည်။ အစိုးရမူဝါဒများ၊ လားရာများနှင့် ဖြစ်နိုင်ခြေရှိသော စစ်ဆင်ရေးများအကြောင်းကို နောက်ဆုံးရသတင်းများ သိရှိနေသင့်ကာ ဧည့်ခံမိသားစုများမှ ညီအစ်ကိုမောင်နှမများထံ ချက်ချင်း အကြောင်းကြားသင့်သည်။ ဤနည်းအားဖြင့် အစိုးရသည် ဖမ်းဆီးမှု စစ်ဆင်ရေး တစ်ခုတလေကို စတင်ပါက ကြိုတင်ကာကွယ်သည့် အစီအမံများကို ချက်ချင်း ပြုလုပ်နိုင်မည်ဖြစ်ပြီး မည်သည့်အန္တရာယ်ကိုမဆို ရှောင်ရှားလျက် ရွှေ့ပြောင်းခြင်းနှင့် နေရာပြောင်းခြင်း သို့မဟုတ် ပုန်းအောင်းခြင်းတို့အတွက် အချိန်ရှိနေဦးမည် ဖြစ်သည်။ ဤနည်းလမ်းဖြင့်သာ အရေးကြီးသော တာဝန်များကို ထမ်းဆောင်နေသူတို့၏ လုံခြုံရေးကို အခြေခံအားဖြင့် အာမခံနိုင်မည် ဖြစ်သည်။ တိုတိုပြောရလျှင် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဤအလုပ်ကို ရိုးရှင်းသော စိတ်နေစိတ်ထားဖြင့် ချဉ်းကပ်ခြင်းက အဆင်မပြေပေ။ ဤကိစ္စနှင့်စပ်လျဉ်း၍ ရှုပ်ထွေးစွာ တွေးခေါ်ခြင်းသည် ရိုးရှင်းစွာ တွေးခေါ်ခြင်းထက် အစဉ်သဖြင့် ပိုကောင်းသည်၊ အဘယ်ကြောင့်ဆိုသော် လုံခြုံရေးဆိုင်ရာ ပြဿနာများကို လျစ်လျူရှု၍မရနိုင်သောကြောင့် ဖြစ်သည်။ တစ်စုံတစ်ခု မှားယွင်းသွားပါက ယင်းသည် သေးငယ်သော ကိစ္စရပ်တစ်ခု ဖြစ်လိမ့်မည်မဟုတ်ပေ။
အရေးပါသော အလုပ်အမှုထမ်းများ၏ လုံခြုံရေးကို သေချာစေခြင်းအလုပ်တွင် အာရုံစိုက်ရမည့် တိကျသော အခြေအနေများလည်း ရှိသေးသည်။ အချို့လူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်စာအုပ်များကို သယ်ယူပို့ဆောင်ခြင်း သို့မဟုတ် အန္တရာယ်ရှိသော နေရာများတွင် အလုပ်ဆိုင်ရာ ညွှန်ကြားချက်များကို ပေးပို့ခြင်း သို့မဟုတ် နောက်ဆက်တွဲ အခြေအနေကို ကိုင်တွယ်ဖြေရှင်းခြင်းကဲ့သို့သော ဘေးအန္တရာယ်များသည့် တာဝန်များကို ထမ်းဆောင်ကြသည်။ ထိုသို့သော အန္တရာယ်ရှိသည့် အလုပ်များကို လုပ်ဆောင်နေသူတို့သည် အရေးကြီးသော တာဝန်များကို ထမ်းဆောင်နေသူတို့နှင့် လုံးဝ အတူမနေရသည့်အပြင် ထိုလူပုဂ္ဂိုလ်များ မည်သည့်နေရာတွင် နေထိုင်သည်ကိုဖြစ်စေ၊ မည်သည့်မိသားစုက ၎င်းတို့ကို ဧည့်ခံသည်ကိုလည်းဖြစ်စေ မသိရှိသင့်ပေ။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် အန္တရာယ်ရှိသော အလုပ်များကို လုပ်ဆောင်နေသူတို့သည် အချိန်မရွေး နောက်ယောင်ခံလိုက်ခြင်းနှင့် အဖမ်းခံရခြင်းအန္တရာယ် ရှိသောကြောင့် ဖြစ်သည်။ ၎င်းတို့ အဖမ်းခံရပြီး ညှဉ်းပန်းနှိပ်စက်ခြင်းကို ခံရပါက အသင်းတော်ကို သစ္စာဖောက်နိုင်သည်။ ယင်းက အပြန်အလှန်အနေဖြင့် အရေးကြီးသော တာဝန်များကို ထမ်းဆောင်နေသူတို့နှင့် ဧည့်ခံသည့်မိသားစုများကို ငြိစွန်းစေမည် ဖြစ်သည်။ ဤသည်မှာ လုံခြုံရေးပြဿနာနှင့် သက်ဆိုင်သည် မဟုတ်လော။ အရေးကြီးသော တာဝန်များကို ထမ်းဆောင်နေသည့် အမှုထမ်းအချို့သည် ကိစ္စရပ်များကို ကိုင်တွယ်ရန် အပြင်ထွက်သွားပြီး သုံးရက်အတွင်း ပြန်လာရန် သဘောတူထားသော်လည်း သုံးရက်ကြာပြီးနောက် ပြန်မလာပါက ဤအခြေအနေသည် အန္တရာယ်ရှိသည်ဟု သင်တို့ ပြောမည်လော။ အခြား မိမိတို့တာဝန်များကို ထမ်းဆောင်နေသော အမှုထမ်းများသည် ရွှေ့ပြောင်းသင့်သလော။ (ပြောင်းရွှေ့သင့်ပါသည်။) ထိုသို့သော ကိစ္စများတွင် ချက်ချင်း ရွှေ့ပြောင်းခြင်းက လိုအပ်သည်။ လုံးဝ ကြန့်ကြာမှုမရှိရသည့်အပြင် မည်သည့်စွန့်စားမှုကိုမျှ မပြုလုပ်ရပေ။ ၎င်းတို့သည် ကံကို အားကိုးသည့် စိတ်နေစိတ်ထား ရှိ၍မရပေ။ အချို့လူများသည် ပျင်းရိကြပြီး ယင်းကို အလုပ်ရှုပ်သည်ဟု ခံစားရကာ “နောက်ထပ်တစ်ရက် စောင့်လိုက်ခြင်းက မည်သည့် ထိခိုက်နစ်နာစရာ ရှိသနည်း။ သူတို့က အထူးအခြေအနေတစ်ခုခုကြောင့် ကြန့်ကြာနေခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်” ဟု ပြောဆိုလျက် ရွှေ့ပြောင်းရန် ဆန္ဒမရှိကြပေ။ နောက်တစ်ရက် ထပ်စောင့်ခြင်းသည် အန္တရာယ်ကိုသာ တိုးပွားစေသည်။ သင်သည် ရွှေ့ပြောင်းပြီး မည်သည့်အရာမျှ မဖြစ်ပွားပါက အမြဲပြန်လာနိုင်ပြီး ယင်းမှာ အမှားတစ်ခု ဖြစ်မည်မဟုတ်ပေ။ သို့သော် သင်သည် မရွှေ့ပြောင်းဘဲ နောက်တစ်ရက် ထပ်စောင့်ပါက ပြဿနာတစ်ခု ဖြစ်ပွားနိုင်ပြီး ထိုသို့ဖြစ်သည့်အချိန်တွင် နောင်တရရန် နောက်ကျသွားလိမ့်မည်။ သို့ဖြစ်၍ ကိစ္စရပ်များကို ကိုင်တွယ်ရန် အပြင်ထွက်သွားသော ညီအစ်ကိုမောင်နှမများသည် သဘောတူထားသည့်အချိန်အတွင်း ပြန်မလာပါက တစ်စုံတစ်ခု မှားယွင်းသွားခဲ့ခြင်း ဖြစ်နိုင်ပေသည်။ မည်သည့် နောက်ဆုံးဖြစ်လာနိုင်ဖွယ် အခြေအနေကိုမဆို ကာကွယ်ရန် သက်ဆိုင်ရာ ညီအစ်ကိုမောင်နှမများသည် ချက်ချင်း ရွှေ့ပြောင်းပြီး အတော်အတန် လုံခြုံသောနေရာသို့ နေရာပြောင်းသင့်သည်။ သင့်တော်သော နေရာတစ်ခုကို ရှာတွေ့သည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် နောက်မကျလွန်းစေဘဲ မိမိတို့၏ တာဝန်များကို ပုံမှန်အတိုင်း ပြန်လည်ထမ်းဆောင်နိုင်သည်။ နောက်အခြေအနေတစ်ခုမှာ တာဝန်ထမ်းဆောင်နေသော ညီအစ်ကိုမောင်နှမများအတွက် နေရာချထားပေးခြင်းများကို စီစဉ်ပေးသည့်အလုပ်အား တာဝန်ယူသည့် ဒေသခံအသင်းတော်မှ လူသည် အဆင်းနီသော နဂါးကြီး၏ ဖမ်းဆီးခြင်းကို ခံရသည့်အခါ ဖြစ်သည်။ ထိုသို့သော ကိစ္စများတွင် မည်သို့ လုပ်ဆောင်သင့်သနည်း။ (အရေးပါသော အလုပ်အမှုထမ်းများကို ချက်ချင်း နေရာပြောင်းရွှေ့ပေးပါ။) ခေါင်းဆောင်များနှင့် အမှုဆောင်များအတွက် ပထမဦးစားပေးမှာ ဤအရေးပါသော အလုပ်အမှုထမ်းများကို အတော်အတန် လုံခြုံသောနေရာသို့ ချက်ချင်း နေရာပြောင်းရွှေ့ပေးရန် ဖြစ်သည်။ အခြားအရာအားလုံးထက် ၎င်းတို့၏ ဘေးကင်းလုံခြုံရေးကို အာမခံရမည်။ ၎င်းတို့ကို မည်သည့်အန္တရာယ်နှင့်မျှ မကြုံတွေ့စေသင့်ပေ။ ၎င်းတို့ကို နေရာပြောင်းရွှေ့ပြီးနောက်တွင် နောက်ဆက်တွဲအလုပ်ကို လုပ်ဆောင်နိုင်သည်။ အချို့သော နားဝေတိမ်တောင်ဖြစ်သည့်သူများသည် အစဉ်သဖြင့် ကံကို အားကိုးသည့် စိတ်နေစိတ်ထား ရှိကြသည်။ “မည်သူမည်ဝါ အဖမ်းခံခဲ့ရသော်လည်း အဆင်ပြေပါသည်။ သူ၏ ယုံကြည်ခြင်းသည် အတော်လေး အားကောင်းပြီး ခက်ခဲသော အခြေအနေများတွင် သူသည် အထူးပင် အမြဲ သန်မာခဲ့သည်။ သူသည် လုံးဝ သစ္စာဖောက်မည် မဟုတ်ပါ။ ထို့ကြောင့် လုံးဝ အန္တရာယ်မရှိကြောင်း ကျွန်ုပ် အာမခံနိုင်သည်၊ မည်သူမျှ နေရာပြောင်းရွှေ့ရန် မလိုအပ်ပါ” ဟူ၍ ဖြစ်သည်။ ဤစကားများသည် မှန်ကန်သလော။ (မမှန်ကန်ပါ။) “သူတို့ သစ္စာဖောက်လျှင်ပင် ရွေးပြီး သစ္စာဖောက်လိမ့်မည်၊ အရေးမကြီးသော ကိစ္စရပ်များအကြောင်း သတင်းအချက်အလက်ကိုသာ သစ္စာဖောက်လိမ့်မည်၊ ယင်းက သင်တို့၏ လုံခြုံရေးကို သေချာပေါက် ထိခိုက်မည်မဟုတ်ပါ” ဟု ပြောဆိုသော လူများလည်း ရှိသေးသည်။ ဤစကားများသည် မှန်ကန်သလော။ (မမှန်ကန်ပါ။) ဤစကားများသည် ခိုင်လုံခြင်း မရှိပေ။ လူတို့သည် အခြားလူများကို ရှင်းလင်းစွာ သိမြင်နိုင်သလော။ အဆိုပါပုဂ္ဂိုလ်သည် ဝိညာဉ်ရင့်ကျက်မှု ရှိလျှင်ပင် တစ်စုံတစ်ခု မှားယွင်းသွားပါက မည်သူမျှ အကျိုးဆက်များကို မခံနိုင်သောကြောင့် ငါတို့သည် အလွန်တရာ ယုံကြည်စိတ်ချစွာ စကားပြောခြင်းကို ရှောင်ရှားသင့်သည်။ အရေးကြီးသော တာဝန်များကို ထမ်းဆောင်နေသည့် အမှုထမ်းများ၏ လုံခြုံရေးကို ကာကွယ်ရန် အခြားမည်သည့်အလုပ် လိုအပ်သေးသနည်း။ ၎င်းတို့သည် မိမိတို့၏ တာဝန်များကို စတင်သည့်အခါ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ခြင်းနှင့် ဆက်စပ်သည့် သမ္မာတရား စည်းမျဉ်းများအပြင် အခြေအနေများ ပေါ်ပေါက်လာသည့်အခါ မည်သည့်စည်းမျဉ်းများနှင့် ဉာဏ်ပညာအား ကျင့်သုံးရမည်ဟူသည်တို့ကို ရှင်းလင်းစွာ မိတ်သဟာယဖွဲ့သင့်သည်။ ထို့အပြင် ၎င်းတို့သည် မိမိတို့၏ တာဝန်များကို ထမ်းဆောင်ရန် အပြင်ထွက်သည့်အခါ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ၎င်းတို့နှင့် ပူးပေါင်းဆောင်ရွက်ရန် လူမှုရေးအတွေ့အကြုံနှင့် ဉာဏ်ပညာရှိသော လူတစ်ဦး သို့မဟုတ် နှစ်ဦးကို တာဝန်ပေးသင့်သည်။ ဤလုပ်နည်းကိုင်နည်းသာလျှင် ဘေးကင်းလုံခြုံပြီး စိတ်ချရသည်။ တစ်ချက်အနေဖြင့် ဤနည်းလမ်းဖြင့် လက်တွေ့လုပ်ဆောင်ခြင်းသည် ၎င်းတို့၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ လုံခြုံရေးကို ကာကွယ်နိုင်သည်။ နောက်တစ်ချက်အနေဖြင့် ၎င်းတို့ကိုယ်တိုင် မဖြေရှင်းနိုင်သော ပြဿနာအချို့ကို ဖြေရှင်းရာတွင် ၎င်းတို့ကို ကူညီနိုင်သည်။ ဤအရာက အချို့သော ဒုက္ခပြဿနာများကို တားဆီးပေးလိမ့်မည်ဖြစ်ပြီး မိမိတို့၏ တာဝန်များကို ထမ်းဆောင်ရန် အပြင်ထွက်သွားသောသူတို့အား မိမိတို့၏ အလုပ်ကို ပုံမှန်အတိုင်း လုပ်ဆောင်နိုင်ကြောင်းကို အာမခံပေးလိမ့်မည် ဖြစ်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များအတွက် မိမိတို့၏ တာဝန်များကို ထမ်းဆောင်နေသူတို့၏ လုံခြုံရေးအား အာမခံခြင်းသည် အလွန်အရေးကြီးသော အလုပ်တစ်ရပ်ဖြစ်ပြီး အထူးသဖြင့် လွတ်လပ်စွာ ယုံကြည်ခွင့်မရှိသော နိုင်ငံများတွင် ဖြစ်သည်။ အသင်းတော်၏ အလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်ရန်အတွက် ပထမဦးစားပေးမှာ ဒေသတွင်း၌ မိမိတို့၏ တာဝန်များကို ထမ်းဆောင်နေသည်ဖြစ်စေ၊ အပြင်ထွက်၍ ထမ်းဆောင်နေသည်ဖြစ်စေ တာဝန်ထမ်းဆောင်နေသော အမှုထမ်းများ၏ ဘေးကင်းလုံခြုံရေးကို အာမခံရန် ဖြစ်သည်။ လုံခြုံရေးအလုပ်ကို ကောင်းမွန်စွာ ကိုင်တွယ်နိုင်သော ခေါင်းဆောင်များနှင့် အမှုဆောင်များသာလျှင် ဘုရားသခင်အသုံးပြုရန် သင့်တော်သည်။ ဤအလုပ်ကို မလုပ်ဆောင်နိုင်သောသူတို့သည် လူ့သဘာဝ မရင့်ကျက်သောသူများ၊ ထိုးထွင်းသိမြင်မှုနှင့် ဉာဏ်ပညာ ကင်းမဲ့သောသူများ ဖြစ်ကြသည်။ ၎င်းတို့အနေဖြင့် ဘုရားသခင်အသုံးပြုရန် သင့်တော်လာဖို့ ခက်ခဲလိမ့်မည်။