ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၃) အခန်း တစ်

အချက် ၃- တာဝန်တစ်ခုစီတိုင်းကို ကောင်းမွန်စွာ ထမ်းဆောင်ရန်အတွက် နားလည်ထားသင့်သည့် သမ္မာတရား စည်းမျဉ်းများကို မိတ်သဟာယဖွဲ့ခြင်း (အပိုင်း ၂)

ပြီးခဲ့သည့် စုဝေးပွဲတွင် ငါတို့သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ ဒုတိယတာဝန်အတွက် အပိုဆောင်းမိတ်သဟာယဖွဲ့ခြင်းကို ပြုလုပ်ခဲ့ပြီး အသက်ဝင်ရောက်မှုဆိုင်ရာ အခက်အခဲများက မည်သည့်အရာများ ဖြစ်သည်ကို ပြောဆိုကာ အယောင်ဆောင်ခေါင်းဆောင်များ၏ အချို့သော လုပ်ရပ်များနှင့် သရုပ်သကန်များကို ဖော်ထုတ်ခဲ့သည်။ ထို့နောက် ငါတို့သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တတိယတာဝန်ဖြစ်သည့် “တာဝန်တစ်ခုစီတိုင်းကို ကောင်းမွန်စွာ ထမ်းဆောင်ရန်အတွက် နားလည်ထားသင့်သည့် သမ္မာတရား စည်းမျဉ်းများကို မိတ်သဟာယဖွဲ့ခြင်း” ဟူသည့်အချက်နှင့်ပတ်သက်၍ အကြောင်းအရာအချို့ကို ဆွေးနွေးခဲ့ကြပြီး ဤကိစ္စများအပေါ် အယောင်ဆောင် ခေါင်းဆောင်များ၏ သဘောထားများ၊ အလေ့အထများနှင့် သရုပ်သကန်များမှတစ်ဆင့် အယောင်ဆောင်ခေါင်းဆောင်များ၏ “အယောင်ဆောင်ခြင်း” သည် မည်သည့်နေရာတွင် ပေါ်လွင်ထင်ရှားသည်ကို ဖော်ထုတ်၍ စိတ်ဖြာလေ့လာဆွေးနွေးခဲ့ကြသည်၊ တစ်နည်းအားဖြင့်ဆိုသော် အယောင်ဆောင်ခေါင်းဆောင်များသည် ခေါင်းဆောင်၏ တာဝန်များကို ပျက်ကွက်ကြပုံ၏ သရုပ်သကန်များ ဖြစ်သည်။ ဤကိစ္စများကို စာရင်းပြုစုပေးပါ။ (ယင်းတို့ထဲမှ တစ်ခုမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များ စာအုပ်များကို ပုံနှိပ်ခြင်းအကြောင်း ဖြစ်ပါသည်။ ထိုအယောင်ဆောင်ခေါင်းဆောင်သည် လက်တွေ့ကျသော အလုပ်ကို မလုပ်ဆောင်ခဲ့ဘဲ အယူဝါဒများကို အနှစ်မဲ့သော နည်းလမ်းဖြင့်သာ ပြောဆိုခဲ့ပါသည်။ ၎င်းတို့သည် သမ္မာတရား စည်းမျဉ်းများအကြောင်းကိုလည်း တိတိကျကျ မိတ်သဟာယ မဖွဲ့ခဲ့သကဲ့သို့ စစ်မှန်သော အလုပ်ကို စိုးစဉ်းမျှပင် မလုပ်ဆောင်ခဲ့ပါ။) ဤကိစ္စတွင် ထိုအယောင်ဆောင်ခေါင်းဆောင်သည် စစ်မှန်သော အလုပ်ကို မလုပ်ဆောင်ခဲ့ပေ၊ ၎င်းတို့သည် ခေါင်းဆောင်တစ်ဦးနှင့် အမှုဆောင်တစ်ဦးအနေဖြင့် မိမိတို့၏ တာဝန်ဝတ္တရားများကို ကောင်းမွန်စွာ ဖြည့်ဆည်းရန် ပျက်ကွက်ခဲ့ပြီး အလုပ်တွင် ပါဝင်ပတ်သက်သည့် အတတ်ပညာဆိုင်ရာ သတ်မှတ်ချက်များ၊ တိကျသော စည်းမျဉ်းများနှင့် မှတ်သားရန်အချက်များကို ရှင်းလင်းစွာ မိတ်သဟာယမဖွဲ့ခဲ့ပေ။ ၎င်းတို့သည် ကြွေးကြော်သံအချို့ကို ဟစ်ကြွေးပြီး အနှစ်သာရမရှိသော စကားအချို့ကို ပြောဆိုရုံမျှသာ ပြုခဲ့ပြီးနောက် ၎င်းတို့ အလုပ်ကောင်းကောင်း လုပ်ခဲ့သည်ဟု ထင်မှတ်ခဲ့ကြသည်။ ငါတို့ အခြားမည်သည့်အရာကို ဆွေးနွေးခဲ့ကြသေးသနည်း။ (ဘုရားသခင်အတွက် ငှက်မွေးအနွေးထည်တစ်ထည် ဝယ်ယူသည့် ဖြစ်စဉ်လည်း ရှိခဲ့ပါသည်။) ဤဖြစ်စဉ်သည် အယောင်ဆောင် ခေါင်းဆောင်များနှင့်ပတ်သက်၍ မည်သည့်ပြဿနာကို ဖော်ထုတ်ခဲ့သနည်း။ (ယင်းက အယောင်ဆောင်ခေါင်းဆောင်များသည် စစ်မှန်သော အလုပ်ကို မလုပ်ဆောင်ကြောင်းနှင့် ၎င်းတို့တွင် လူ့သဘာဝနှင့် ဆင်ခြင်တုံတရား လုံးဝကင်းမဲ့ကြောင်းကို ဖော်ထုတ်ခဲ့ပါသည်။) တစ်စုံတစ်ဦးက ငါ့ကို အဝတ်အထည်တစ်စုံ ဝယ်ပေးသည့်အခါ ထိုခေါင်းဆောင်များက ယင်းကို စစ်ဆေးမှုများ ပြုလုပ်ရာတွင် ကူညီခဲ့သည်၊ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ လုပ်ဆောင်သင့်သည့် အလုပ်၏ အစိတ်အပိုင်းတစ်ခုလော။ (မဟုတ်ပါ။) ၎င်းတို့သည် မလုပ်ဆောင်သင့်သည့် အလုပ်ကို လုပ်ဆောင်ခဲ့ကြသည်၊ ဤအရာနှင့်ပတ်သက်၍ ပြဿနာမှာ အဘယ်နည်း။ (၎င်းတို့သည် မိမိတို့လုပ်ဆောင်သင့်သည့် အလုပ်ကို ဂရုမစိုက်နေခဲ့ကြပါသည်။) ဤသည်မှာ အယောင်ဆောင်ခေါင်းဆောင်များ၏ သရုပ်သကန်တစ်ခု ဖြစ်သည်။ ပထမဦးစွာ ယင်းက အယောင်ဆောင် ခေါင်းဆောင်များသည် မိမိတို့လုပ်ဆောင်သင့်သည့် အလုပ်ကို ဂရုမစိုက်ကြောင်း ဖော်ထုတ်ခဲ့ပြီး ဒုတိယအနေဖြင့် ၎င်းတို့သည် ဆင်ခြင်တုံတရားကင်းမဲ့ပြီး ဆင်ခြင်တုံတရားနှင့် လူ့သဘာဝ ကင်းမဲ့သည့် စက်ဆုပ်ဖွယ်ကောင်းသော အရာများကိုသာ လုပ်ဆောင်ကြောင်း ဖော်ထုတ်ခဲ့သည်။ သင်တို့သည် ဥပမာများကိုသာ မှတ်မိကြသည်၊ သို့သော် ဤဥပမာများက သရုပ်ဖော်ရန် ရည်ရွယ်သည့် ကိစ္စရပ်များကိုဖြစ်စေ၊ ယင်းတို့က စိတ်ဖြာလေ့လာဆွေးနွေးရန် ရည်ရွယ်သည့် ဤကိစ္စရပ်များ၏ အနှစ်သာရကိုဖြစ်စေ သင်တို့ ထိုးထွင်းမမြင်ကြသေးပေ။ အယောင်ဆောင်ခေါင်းဆောင်များ မိမိတို့လုပ်ဆောင်သင့်သည့် အလုပ်ကို ဂရုမစိုက်ခြင်းနှင့်ပတ်သက်၍ ငါ အခြားမည်သည့်ဥပမာများကို ပေးခဲ့သေးသနည်း။ (ဘုရားသခင်အတွက် မုန့်များကို အဆက်မပြတ် ပြုလုပ်ပေးခဲ့သည့် မုန့်ဖုတ်သမားတစ်ဦး ရှိခဲ့ပါသည်။ ဘုရားသခင်က သူ့ကို မပြုလုပ်ရန် ပြောခဲ့သော်လည်း ခေါင်းဆောင်များနှင့် အမှုဆောင်များက သူ့ကို ဆက်လက်ပြုလုပ်ခွင့်ပေးခဲ့ပြီး မုန့်များကို ၎င်းတို့ကိုယ်တိုင်ပင် မြည်းစမ်းခဲ့ကြပါသည်။) ဤဥပမာသည် အယောင်ဆောင် ခေါင်းဆောင်များ၏ မည်သည့်ပြဿနာများကို ဖော်ထုတ်ခဲ့သနည်း။ (၎င်းတို့သည် မိမိတို့လုပ်ဆောင်သင့်သည့် အလုပ်ကို ဂရုမစိုက်ကြောင်း၊ သို့မဟုတ် ၎င်းတို့ လုပ်ဆောင်သင့်သည့် အလုပ်ကို မလုပ်ဆောင်ဘဲ မလုပ်ဆောင်သင့်သည့် အလုပ်ကို မရမက လုပ်ဆောင်ခဲ့ကြောင်း ဖော်ထုတ်ခဲ့ပါသည်။) အဓိကအားဖြင့် ယင်းက အယောင်ဆောင်ခေါင်းဆောင်များသည် မိမိတို့လုပ်ဆောင်သင့်သည့် အလုပ်ကို ဂရုမစိုက်ကြောင်းနှင့် ၎င်းတို့၏ အလုပ်၏ အဓိကအချက်နှင့် အချက်အချာကို သဘောပေါက်ရန် ပျက်ကွက်ကြောင်း ဖော်ထုတ်ခဲ့သည်။ ထို့အပြင် အယောင်ဆောင်ခေါင်းဆောင်များတွင် ဆိုးရွားသော ပြဿနာတစ်ခု ရှိသည်။ ယင်းမှာ အဘယ်နည်း။ (၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မနာခံကြသကဲ့သို့ ဘုရားသခင်၏ တောင်းဆိုချက်များနှင့်အညီ အလုပ်ကို အကောင်အထည်မဖော်ကြပါ။) အခြားတစ်စုံတစ်ဦး ဖြည့်စွက်ပြောလိုသေးသလော။ (၎င်းတို့သည် ဝိညာဉ်ရေးရာဆန်သယောင် ဟန်ဆောင်ပြီး ဘုရားသခင်၏ ဝန်တာကို အလေးထားဟန်ဆောင်ကြသော်လည်း လက်တွေ့တွင်မူ ၎င်းတို့သည် မကောင်းမှုများ ပြုလုပ်လျက် သောင်းကျန်းနေကြခြင်းသာ ဖြစ်ပါသည်။) ယင်းမှာ ၎င်းတို့၏ ပြဿနာများထဲမှ နောက်တစ်ခု ဖြစ်သည်။ အခြားတစ်စုံတစ်ဦး ရှိသေးသလော။ (၎င်းတို့ မပြုမူမီတွင် ဘုရားသခင်၏ တောင်းဆိုချက်များကို နားလည်ရန် မကြိုးစားကြပေ၊ ထိုအစား ၎င်းတို့သည် ဘုရားသခင်၏ လိုအင်ဆန္ဒများကို အစားထိုးရန် မိမိတို့၏ ကိုယ်ပိုင်စိတ်ကူးများကို အသုံးပြုကြပါသည်။) ဤသည်မှာ ဆင်ခြင်တုံတရား ကင်းမဲ့ခြင်းဟူသည့် အမျိုးအစားအောက်တွင် ကျရောက်သည်။ အခြားတစ်စုံတစ်ဦး ရှိသေးသလော။ (အယောင်ဆောင် ခေါင်းဆောင်များက တစ်စုံတစ်ဦး ဘုရားသခင်အတွက် အဝတ်တစ်ထည် ဝယ်ယူသည့်ကိစ္စကို ချဉ်းကပ်သည့်နည်းလမ်းက ၎င်းတို့၏ ပုံမှန်လူ့သဘာဝ ကင်းမဲ့ခြင်းကို ထုတ်ဖော်ခဲ့ပါသည်။) ပုံမှန်လူ့သဘာဝ၏ မည်သည့်ကဏ္ဍကို ၎င်းတို့ ကင်းမဲ့ကြသနည်း။ ၎င်းတို့သည် မည်သို့ပြုမူရမည်ဟူသော စည်းမျဉ်းများကို နားမလည်ကြသကဲ့သို့ ယဉ်ကျေးမှုလည်း မရှိကြပေ။ ထိုသို့ပင် ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) အမှန်တကယ်တွင် သင်တို့ဖော်ပြခဲ့သည့် ဤအရာများသည် သာမညသာ ဖြစ်သည်၊ အဓိကပြဿနာမှာ အဘယ်နည်း။ ဤလူများသည် ခေါင်းဆောင်များ ဖြစ်လာသည်နှင့်တစ်ပြိုင်နက် မိမိတို့၏ အဆင့်အတန်း၏ အကျိုးကျေးဇူးများနှင့် အထူးအခွင့်အရေးများကို ခံစားလိုကြပြီး သာယာမှုကို တပ်မက်ကြသည်။ ဥပမာအားဖြင့် ၎င်းတို့သည် မုန့်အနည်းငယ် စားလိုကြပြီး တစ်စုံတစ်ဦးက ချက်ပြုတ်ရာ၌ တော်သည်ကို တွေ့သည့်အခါ မိမိတို့၏ တပ်မက်မှုကို ဖြည့်ဆည်းရန် ထိုသူ၏ အစားအစာအချို့ကို မြည်းစမ်းကြည့်ရန် စဉ်းစားကြသည်။ ၎င်းတို့သည် မိမိတို့ လုပ်ဆောင်သင့်သည့်အလုပ်ကို ဂရုမစိုက်ခြင်းနှင့် စစ်မှန်သောအလုပ်ကို မလုပ်ဆောင်ခြင်းသည်ပင် အလွန်ရွံရှာစရာကောင်းနေပြီဖြစ်သော်လည်း ထို့အပြင် ၎င်းတို့သည် ကိုယ်စိတ်ချမ်းသာမှုနှင့် အစားကြီးခြင်း၏ သာယာမှုများကို တပ်မက်ကြသည်။ ၎င်းတို့သည် မိမိတို့၏ အစားကြီးသည့် လိုအင်ဆန္ဒများကို ဖြည့်ဆည်းရန် ဘုရားသခင်အတွက် မြည်းစမ်းခြင်းများနှင့် စစ်ဆေးခြင်းများကို ပြုလုပ်သည်ဟူသည့် မူမမှန်သော အကြောင်းပြချက်ကို အသုံးပြုလျက် မိမိတို့၏ အဆင့်အတန်း၏ အကျိုးအမြတ်များကို မွေ့လျော်ခံစားကြသည်။ ဤသည်တို့အားလုံးသည် အယောင်ဆောင်ခေါင်းဆောင်များ၏ သရုပ်သကန်များ ဖြစ်ကြသည်။ ဤသရုပ်သကန်များသည် အန္တိခရစ်တို့၏ စိတ်သဘောထား အနှစ်သာရနှင့် နှိုင်းယှဉ်သည့်အခါ ရက်စက်ကြမ်းကြုတ်သည်ဟုဖြစ်စေ၊ ကောက်ကျစ်ဆိုးယုတ်သည်ဟုဖြစ်စေ မခေါ်ဆိုနိုင်သော်လည်း အယောင်ဆောင်ခေါင်းဆောင်များ၏ လူ့သဘာဝသည် လူတို့ စက်ဆုပ်ရလောက်အောင်ပင် ဖြစ်လေသည်။ ၎င်းတို့၏ စရိုက်နှင့်ပတ်သက်၍မူ ၎င်းတို့သည် အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့ရှိသည့် စံမမီကြ၊ ၎င်းတို့၏ လူ့သဘာဝသည် အတော်အတန် ယုတ်ညံ့ပြီး ညစ်ညမ်းကာ ၎င်းတို့သည် နိမ့်ကျသော တည်ကြည်မှု ရှိ၏။ ဤဥပမာများမှ အယောင်ဆောင်ခေါင်းဆောင်များသည် စစ်မှန်သော အလုပ်ကို မလုပ်ဆောင်နိုင်ကြောင်း တွေ့မြင်နိုင်သည်။ ဤသည်မှာ အမှန်တရားတစ်ခု ဖြစ်သည်။

အယောင်ဆောင်ခေါင်းဆောင်များသည် အလုပ်ကို ထမ်းဆောင်ခြင်းဆိုင်ရာ စည်းမျဉ်းများကို မိတ်သဟာယမဖွဲ့နိုင်ကြ

ယနေ့တွင် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များကို အခြေခံ၍ အယောင်ဆောင်ခေါင်းဆောင်များ၏ အမျိုးမျိုးသော သရုပ်သကန်များကို ငါတို့ ဆက်လက် ဖော်ထုတ်မည်။ အယောင်ဆောင် ခေါင်းဆောင်များသည် အခြေခံအားဖြင့် အသင်းတော်၏ အနှစ်သာရရှိသော၊ အရေးပါသည့် အလုပ်ကို ဆောင်ရွက်နိုင်စွမ်း မရှိကြပေ။ ၎င်းတို့သည် ရိုးရှင်းသော၊ ယေဘုယျကျ အရေးကိစ္စအချို့ကိုသာ ကိုင်တွယ်ဖြေရှင်းကြသည်။ ၎င်းတို့၏ အလုပ်သည် အသင်းတော်၏ အလုပ်တစ်ခုလုံး၌ အရေးပါသော သို့မဟုတ် အဆုံးအဖြတ်ပေးသည့် အခန်းကဏ္ဍမှ မပါဝင်သည့်အပြင် စစ်မှန်သော ရလဒ်များကိုလည်း မဖြစ်ပေါ်စေပေ။ ၎င်းတို့၏ မိတ်သဟာယသည် အခြေခံအားဖြင့် သုံးဖန်များ၍ ရိုးအီနေပြီဖြစ်ကာ မဆန်းတော့သည့် အကြောင်းအရာ အနည်းငယ်ကိုသာ ခြုံငုံပြီး ထပ်ခါတလဲလဲ ပြောဆိုထားသည့် စကားလုံးများနှင့် အယူဝါဒများချည်းသာ ဖြစ်သည့်အပြင် အလွန်ပင် အနှစ်မဲ့ကာ ကျယ်ပြန့်ပြီး အသေးစိတ်အချက်များ ကင်းမဲ့နေသည်။ ၎င်းတို့၏ မိတ်သဟာယသည် လူတို့က တစ်စုံတစ်ခုကို စာသားအတိုင်း ဖတ်ရှုခြင်းဖြင့် နားလည်နိုင်သော အရာများသာ ပါဝင်သည်။ ဤအယောင်ဆောင် ခေါင်းဆောင်များသည် ဘုရားသခင် ရွေးချယ်ထားသော လူတို့၏ အသက်ဝင်ရောက်မှုတွင် ရှိသည့် စစ်မှန်သော ပြဿနာများကို လုံးဝ ဖြေရှင်းပေးနိုင်စွမ်းမရှိကြပေ။ အထူးသဖြင့် လူတို့၏ အယူအဆများ၊ စိတ်ကူးများနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ထုတ်ဖော်ခြင်းများကို သာ၍ပင် ဖြေရှင်းပေးနိုင်စွမ်း မရှိကြပေ။ အဓိကအရာမှာ အယောင်ဆောင် ခေါင်းဆောင်များသည် ဧဝံဂေလိအလုပ်၊ ရုပ်ရှင်ထုတ်လုပ်ရေးအလုပ် သို့မဟုတ် စာနှင့်ပတ်သက်သော အလုပ်ကဲ့သို့သော ဘုရားအိမ်တော်က စီစဉ်ပေးသည့် မရှိမဖြစ်လိုအပ်သော အလုပ်ကို တကယ် တာဝန်ယူထမ်းရွက်နိုင်ခြင်း မရှိကြပေ။ အထူးသဖြင့် အတတ်ပညာဆိုင်ရာ အသိပညာပါဝင်သည့် အလုပ်နှင့် ပတ်သက်လာသည့်အခါ အယောင်ဆောင် ခေါင်းဆောင်များသည် ၎င်းတို့အနေဖြင့် ဤနယ်ပယ်များတွင် လူပြိန်းများသာဖြစ်သည်ကို အတော်လေး ရှင်းလင်းစွာ သိရှိကောင်းသိရှိနိုင်သော်လည်း ယင်းတို့ကို ၎င်းတို့ မလေ့လာသကဲ့သို့ သုတေသနပြုခြင်းလည်း မရှိသည့်အပြင် အခြားလူတို့အား တိကျသည့် လမ်းညွှန်ချက် သာ၍ပင် မပေးနိုင်ကြပေ၊ သို့မဟုတ် ၎င်းတို့နှင့် ဆက်စပ်သည့် မည်သည့် ပြဿနာများကိုမျှ သာ၍ပင် မဖြေရှင်းနိုင်ကြပေ။ သို့တိုင် ၎င်းတို့သည် အနှစ်မဲ့သည့် သဘောတရားများအကြောင်းကို အတောမသတ် ဆွေးနွေးပြောဆိုကာ စကားလုံးများနှင့် အယူဝါဒများကို ပြောဆိုလျက် စုဝေးပွဲများကို အရှက်မဲ့စွာ ပြုလုပ်နေကြဆဲဖြစ်သည်။ ၎င်းတို့အနေဖြင့် ဤအလုပ်မျိုးအား မလုပ်ဆောင်နိုင်သည်ကို အယောင်ဆောင် ခေါင်းဆောင်များက ကောင်းစွာ သိရှိကြသည့်တိုင် ကျွမ်းကျင်သူများအဖြစ် ဟန်ဆောင်ကြသည်၊ စိတ်ကြီးဝင်လျက် ပြုမူကာ အခြားသူများကို အပြစ်ဆိုဝေဖန်ရန် ကြီးကျယ်ခမ်းနားသည့် အယူဝါဒများကို အမြဲ အသုံးပြုကြလေသည်။ ၎င်းတို့သည် မည်သူ၏ မေးခွန်းများကိုမျှ မဖြေနိုင်သည့်တိုင် ထိုသူတို့အနေဖြင့် အဘယ်ကြောင့် ထိုအတတ်ပညာကို သင်ယူခြင်း မရှိကြကြောင်း၊ သမ္မာတရားကို အဘယ်ကြောင့် မရှာကြကြောင်းနှင့် အဘယ်ကြောင့် ကိုယ့်ပြဿနာကိုယ် မဖြေရှင်းနိုင်ကြကြောင်းတို့ကို မေးမြန်းလျက် အခြားသူများကို အပြစ်ဆိုဝေဖန်ရန် အကြောင်းပြချက်များနှင့် ဆင်ခြေများကို ရှာကြလေသည်။ ဤနယ်ပယ်များတွင် လူပြိန်းများဖြစ်ကြပြီး မည်သည့် ပြဿနာကိုမျှ မဖြေရှင်းနိုင်ကြသည့် ဤအယောင်ဆောင် ခေါင်းဆောင်များသည် အခြားသူများကို အထက်စီးမှနေ၍ ဩဝါဒပေးနေကြဆဲ ဖြစ်သည်။ အပေါ်ယံအားဖြင့် ၎င်းတို့အနေဖြင့် အလုပ်များစွာ လုပ်နိုင်ပြီး အလွန် တတ်စွမ်းနိုင်သည့်အလား အခြားလူတို့အဖို့ ၎င်းတို့က အလွန် အလုပ်များသည့်ပုံပေါ်သော်လည်း အမှန်တွင် ၎င်းတို့က မည်သည့်အရာမျှ မဟုတ်ချေ။ အယောင်ဆောင် ခေါင်းဆောင်များသည် သိသာထင်ရှားစွာပင် စစ်မှန်သည့်အလုပ်ကို မလုပ်နိုင်ကြသည့်တိုင် ၎င်းတို့သည် မိမိတို့ဘာသာ စိတ်ထက်သန်စွာ အလုပ်များကြလျက် စစ်မှန်သည့် ပြဿနာတစ်ခုကိုမျှ ဖြေရှင်းနိုင်ခြင်းမရှိဘဲ စုဝေးပွဲများ၌ မပြောင်းလဲသည့် အသုံးများလွန်း၍ ရိုးအီနေပြီဖြစ်သော အသုံးအနှုန်းများကို အကြိမ်ကြိမ်အဖန်ဖန် ထပ်တလဲလဲ ရေရွတ်လျက် အမြဲတစေ ပြောဆိုကြလေသည်။ လူတို့သည် ဤအရာကို အလွန် စိတ်ကုန်သွားကြပြီး ယင်းမှ တည်ဆောက်စရာတစ်ခုတလေမျှ လုံးဝ မရရှိနိုင်ကြပေ။ ဤအလုပ်မျိုးသည် အလွန် ထိရောက်မှုနည်းပြီး ရလဒ်များ မဖြစ်ထွန်းပေ။ ဤသည်မှာ အယောင်ဆောင် ခေါင်းဆောင်များ အလုပ်လုပ်ပုံဖြစ်ပြီး ထိုအရာကြောင့် အသင်းတော်၏ အလုပ် နှောင့်နှေးသွားရသည်။ သို့တိုင် အယောင်ဆောင် ခေါင်းဆောင်များသည် လက်တွေ့တွင် အသင်းတော်အလုပ်၏ ကဏ္ဍတစ်ခုကိုမျှ ကောင်းစွာ လုပ်ဆောင်ပြီးစီးခြင်း မရှိချိန်တွင် ၎င်းတို့က ကြီးမားသော အလုပ်ကို လုပ်ဆောင်နေသည်ဟူ၍လည်းကောင်း၊ ၎င်းတို့ အလွန် တတ်စွမ်းနိုင်သည်ဟူ၍လည်းကောင်း ခံစားကြရဆဲဖြစ်သည်။ ၎င်းတို့ တာဝန်နယ်ပယ်တွင် အကျုံးဝင်သည့် ခေါင်းဆောင်များနှင့် အမှုဆောင်များက စံနှုန်းပြည့်မီခြင်း ရှိမရှိဟူသည်ကို ၎င်းတို့ မသိကြသကဲ့သို့ အဖွဲ့ အမျိုးမျိုး၏ ခေါင်းဆောင်များနှင့် ကြီးကြပ်ရေးမှူးများက မိမိတို့၏ အလုပ်ကို တာဝန်ယူနိုင်ကြခြင်း ရှိမရှိဟူသည်ကိုလည်း မသိကြပေ။ ပြီးလျှင် ညီအစ်ကို မောင်နှမများ၏ တာဝန်များကို ထမ်းဆောင်မှုတွင် ပြဿနာများ ပေါ်ပေါက်ခြင်း ရှိမရှိဟူသည်ကို ၎င်းတို့က ဂရုမစိုက်သည့်အပြင် မေးမြန်းခြင်းလည်း မရှိကြပေ။ တိုတိုပြောရလျှင် အယောင်ဆောင် ခေါင်းဆောင်များသည် မိမိတို့၏အလုပ်တွင်ရှိသည့် ပြဿနာများကို တစ်ခုမျှ မဖြေရှင်းနိုင်ကြသည့်တိုင် အားသွန်ခွန်စိုက် အလုပ်များမြဲ များနေကြလေသည်။ အခြားလူတို့၏ ရှုထောင့်အမြင်မှကြည့်လျှင် အယောင်ဆောင် ခေါင်းဆောင်များသည် အဖိုးအခပေးရန် လိုလားလျက် ဆင်းရဲဒုက္ခကို ကြံ့ကြံ့ခံနိုင်ကြပြီး နေ့စဉ် အလုပ်များရင်း အချိန်ကုန်ဆုံးကြလေသည်။ စားဖို့ အချိန်ရောက်သည့်အခါ ၎င်းတို့ကို ထမင်းစားပွဲသို့ ခေါ်ရန် လိုအပ်ပြီး ညအတော်မိုးချုပ်မှ အိပ်ရာဝင်ကြသည်။ သို့သော် ၎င်းတို့ အလုပ်၏ ရလဒ်များမှာ တကယ့်ကို ကောင်းမွန်ခြင်း မရှိပေ။ သင်သည် သေချာစွာမကြည့်လျှင် အပေါ်ယံတွင် အလုပ်ကိစ္စအားလုံးက ပြီးစီးနေပြီး လူတိုင်းက မိမိတို့တာဝန်များကို ထမ်းဆောင်ရင်း အလုပ်များနေသည်ဟု ထင်ရသော်လည်း အလုပ်ကို သေချာစွာ စောင့်ကြည့်လေ့လာပြီး ခရေစေ့တွင်းကျ လိုက်သည့်အပြင် လေးလေးနက်နက် စစ်ဆေးလျှင် စစ်မှန်သော အခြေအနေက ထုတ်ဖော်ခြင်းခံရမည် ဖြစ်သည်။ ၎င်းတို့၏ တာဝန် နယ်ပယ်အတွင်းတွင် ကျရောက်သည့် အလုပ်ကိစ္စတိုင်းမှာ ကမောက်ကမအခြေအနေတစ်ခု ဖြစ်နေသည်။ ဖွဲ့စည်းတည်ဆောက်ပုံ သို့မဟုတ် အစီအစဉ် လုံးဝ မရှိပေ။ အလုပ်ကိစ္စတစ်ခုစီတွင် ပြဿနာများရှိနေသည် သို့မဟုတ် ဟာကွက်များပင် ရှိသည်။ ဤပြဿနာများ ဖြစ်ပေါ်ခြင်းသည် အယောင်ဆောင် ခေါင်းဆောင်များက သမ္မာတရား စည်းမျဉ်းများကို နားမလည်ခြင်းနှင့်လည်းကောင်း၊ ၎င်းတို့၏ အယူအဆများ၊ စိတ်ကူးများနှင့် စိတ်ထက်သန်မှုတို့ပေါ် အခြေခံ၍ ပြုမူဆောင်ရွက်ခြင်းနှင့်လည်းကောင်း ဆက်စပ်နေသည်။ အယောင်ဆောင် ခေါင်းဆောင်များက သမ္မာတရား စည်းမျဉ်းများအကြောင်းကို လုံးဝ မိတ်သဟာယမပြုကြသကဲ့သို့ ပြဿနာများကို ဖြေရှင်းဖို့ သမ္မာတရားကို တစ်ကြိမ်တစ်ခါမျှ မရှာဖွေကြပေ။ ၎င်းတို့သည် သိသာထင်ရှားစွာပင် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ကင်းမဲ့ပြီး ခေါင်းဆောင်မှုအလုပ်ကို မလုပ်နိုင်သကဲ့သို့ စကားလုံးများနှင့် အယူဝါဒများကိုသာ တတွတ်တွတ် ပြောနိုင်ကြကာ သမ္မာတရားကို လုံးဝ နားမလည်ကြပေ။ သို့တိုင်အောင် ၎င်းတို့သည် မိမိတို့ နားမလည်သည့်အရာများကို နားလည်သယောင် ဟန်ဆောင်ကြပြီး ကျွမ်းကျင်သူများအဖြစ် မိမိတို့ကိုယ်ကို ပုံမှားရိုက်ဖို့ ကြိုးစားကြသည်။ ၎င်းတို့ လုပ်ဆောင်သည့် အလုပ်မှာ ဟန်ဆောင်လုပ်ပြခြင်းသာ ဖြစ်သည်။ ပြဿနာ ပေါ်ပေါက်သည့်အခါ ၎င်းတို့သည် ထိုအတွက် စည်းမျဉ်းစည်းကမ်းများကို ကြောင်းကျိုးမမြင်ဘဲ ကျင့်သုံးကြသည်။ ၎င်းတို့သည် စစ်မှန်သော ရလဒ် တစ်စုံတစ်ရာ မဖြစ်ပေါ်စေဘဲ ဦးတည်ရာမရှိ ပျာယာခတ်နေကြခြင်းသာ ဖြစ်သည်။ ဤအယောင်ဆောင် ခေါင်းဆောင်များက သမ္မာတရား စည်းမျဉ်းများကို နားမလည်ကြသကဲ့သို့ စကားလုံးများနှင့် အယူဝါဒများကိုသာ တတွတ်တွတ်ပြောကာ အခြားသူတို့အား စည်းမျဉ်းစည်းကမ်းများကို လိုက်နာစောင့်ထိန်းဖို့ အကြံပြုကြသောကြောင့် အသင်းတော် အလုပ်နှင့်ဆိုင်သည့် ကိစ္စတစ်ခုစီ၏ တိုးတက်မှုက နှေးကွေးပြီး သိသာထင်ရှားသည့် ရလဒ်များကို မရရှိပေ။ အလုပ်တွင် အယောင်ဆောင် ခေါင်းဆောင်တစ်ဦး အချိန်အတန်ကြာ ရှိခြင်း၏ အသိသာဆုံးသော အကျိုးဆက်မှာ လူအများစုက သမ္မာတရားကို နားမလည်နိုင်ကြခြင်း၊ တစ်ဦးတစ်ယောက်က ဖောက်ပြန်ပျက်စီးမှုကို ထုတ်ဖော်ပြသည့်အခါတိုင်း သို့မဟုတ် အယူအဆများ ဖြစ်ပေါ်သည့်အခါတိုင်း မည်သို့ ပိုင်းခြားသိမြင်ရမည်ကို မသိကြသည့်အပြင် မိမိတို့တာဝန်များကို ထမ်းဆောင်ရာတွင် ထိန်းသိမ်းသင့်သည့် သမ္မာတရား စည်းမျဉ်းများကို ၎င်းတို့ ဧကန်မုချ နားမလည်ကြခြင်း ဖြစ်သည်။ မိမိတို့ တာဝန်များကို ထမ်းဆောင်သူများနှင့် မထမ်းဆောင်သူများသည် အားလုံး နှေးကွေးလေးကန်ကြ၏၊ ထိန်းမနိုင်သိမ်းမရဖြစ်ပြီး စည်းကမ်းမဲ့ကြကာ ပြန့်ကျဲနေသည့် သဲများကဲ့သို့ ဖရိုဖရဲဖြစ်ကြလေသည်။ ၎င်းတို့ထဲမှ အများစုသည် အနည်းငယ်သော စကားလုံးများနှင့် အယူဝါဒများကို ပြောကောင်းပြောနိုင်ကြသော်လည်း မိမိတို့တာဝန်များကို ထမ်းဆောင်နေစဉ်တွင် စည်းမျဉ်းစည်းကမ်းများကိုသာ ၎င်းတို့ လိုက်နာကြသည်။ ပြဿနာများကို ဖြေရှင်းဖို့ သမ္မာတရားအား မည်သို့ ရှာဖွေရမည်ကို ၎င်းတို့ မသိကြပေ။ အယောင်ဆောင် ခေါင်းဆောင်များ ကိုယ်တိုင်က ပြဿနာများကို ဖြေရှင်းဖို့ သမ္မာတရားအား မည်သို့ ရှာဖွေရမည်ကို မသိကြသည့်အတွက် အခြားသူတို့အား ထိုသို့လုပ်ဆောင်ရန် မည်သို့ ဦးဆောင်နိုင်ကြမည်နည်း။ အခြားသူများထံ မည်သည့်အရာ ဖြစ်ပျက်သည်ဖြစ်စေ အယောင်ဆောင် ခေါင်းဆောင်များက “ဘုရားသခင်၏ ရည်ရွယ်ချက်များကို ကျွန်ုပ်တို့ အလေးထားရမည်”၊ “ကျွန်ုပ်တို့၏ တာဝန်များကို ထမ်းဆောင်ရာတွင် ကျွန်ုပ်တို့ သစ္စာစောင့်သိရမည်”၊ “ကျွန်ုပ်တို့ထံ တစ်စုံတစ်ရာ ဖြစ်ပျက်သည့်အခါ မည်သို့ ဆုတောင်းရမည်ကို ကျွန်ုပ်တို့ သိရမည်ဖြစ်ပြီး သမ္မာတရား စည်းမျဉ်းများကို ကျွန်ုပ်တို့ ရှာဖွေရမည်”ဟု ဆိုလျက် တိုက်တွန်းရုံသာ တိုက်တွန်းနိုင်ကြသည်။ အယောင်ဆောင် ခေါင်းဆောင်များက ဤဆောင်ပုဒ်များနှင့် အယူဝါဒများကို မကြာခဏ ဟစ်ကြွေးကြပြီး ထိုအရာက မည်သည့် ရလဒ်မျှ လုံးဝ မဖြစ်ထွန်းပေ။ ယင်းတို့ကို လူတို့က ကြားပြီးနောက်တွင် သမ္မာတရား စည်းမျဉ်းများက မည်သည့်အရာ ဖြစ်သည်ကို ၎င်းတို့ နားမလည်ကြသေးသည့်အပြင် လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းတစ်ခု ကင်းမဲ့ကြသည်။ အပေါ်ယံအားဖြင့် လူတို့သည် အမှုအရာများ ၎င်းတို့အပေါ် ဖြစ်ပျက်သည့်အခါတွင် ဆုတောင်းကြပြီး မိမိတို့၏ တာဝန်များကို ထမ်းဆောင်ရာတွင် သစ္စာစောင့်သိရန် ဆန္ဒရှိကြသည်၊ သို့သော် သစ္စာစောင့်သိရန်အလို့ငှာ မည်သည့်အရာကို လုပ်ဆောင်သင့်သည်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်ရန် မည်သို့ဆုတောင်းသင့်သည်နှင့် သမ္မာတရား စည်းမျဉ်းများကို နားလည်သဘောပေါက်မှု ရရှိရန်အတွက် ပြဿနာတစ်ခု ကြုံတွေ့သည့်အခါ မည်သို့ရှာဖွေသင့်သည်ဟူသည့် ကိစ္စရပ်များကို ၎င်းတို့အားလုံး နားလည်မှုကင်းမဲ့ကြသည်။ လူတို့က အယောင်ဆောင်ခေါင်းဆောင်များကို မေးသည့်အခါ ၎င်းတို့က “သင်တို့အပေါ် တစ်စုံတစ်ခု ဖြစ်ပျက်လာလျှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပိုဖတ်ပါ၊ ပို၍ဆုတောင်းပြီး သမ္မာတရားအကြောင်း ပို၍မိတ်သဟာယဖွဲ့ပါ” ဟု ပြောဆိုကြသည်။ လူတို့က ၎င်းတို့ကို “ဤအလုပ်တွင် မည်သည့်စည်းမျဉ်းများ ပါဝင်သနည်း” ဟု မေးကြပြီး ၎င်းတို့က “ဘုရားသခင်၏ နှုတ်ကပတ်တော်များက အတတ်ပညာဆိုင်ရာ အလုပ်ကိစ္စများအကြောင်း တစ်စုံတစ်ရာ မိန့်တော်မမူပါ၊ ပြီးလျှင် ထိုအလုပ်နယ်ပယ်ကို ကျွန်ုပ်လည်း နားမလည်ပါ။ သင်တို့ နားလည်လိုလျှင် ကိုယ့်ဘာသာ သုတေသနလုပ်ကြပါ၊ ကျွန်ုပ်ကို မမေးကြပါနှင့်။ ကျွန်ုပ်သည် သင်တို့ကို သမ္မာတရား နားလည်အောင် ဦးဆောင်နေခြင်းဖြစ်သည်၊ အတတ်ပညာဆိုင်ရာ အလုပ်ကိစ္စများတွင် ဦးဆောင်နေခြင်း မဟုတ်ပါ” ဟု ပြောဆိုကြသည်။ အယောင်ဆောင်ခေါင်းဆောင်များသည် မေးခွန်းများကို ရှောင်လွှဲရန် ဤသို့သော စကားများကို အသုံးပြုကြသည်။ ရလဒ်အနေဖြင့် လူအများစုသည် မိမိတို့၏ တာဝန်များကို ထမ်းဆောင်ရန် အလွန် စိတ်ပြင်းပြမှု ရှိကြသော်လည်း သမ္မာတရား စည်းမျဉ်းများကို အခြေခံ၍ မည်သို့ပြုမူရမည်ကို မသိကြသကဲ့သို့ မိမိတို့၏ တာဝန်များကို ထမ်းဆောင်နေစဉ်တွင် စည်းမျဉ်းများကို မည်သို့လိုက်နာရမည်ကိုလည်း မသိကြပေ။ အယောင်ဆောင်ခေါင်းဆောင်များ၏ တာဝန်နယ်ပယ်အတွင်းရှိ အလုပ်ကိစ္စတစ်ခုစီ၏ ရလဒ်များကို ကြည့်လျှင် လူအများစုသည် မိမိတို့၏ အလုပ်ကို လုပ်ဆောင်ရန် မိမိတို့၏ အသိပညာ၊ ပညာနှင့် ဆုကျေးဇူးများကို အားကိုးနေကြပြီး ဘုရားသခင်၏ တိကျသော တောင်းဆိုချက်များမှာ အဘယ်အရာဖြစ်သည်၊ တာဝန်ထမ်းဆောင်ခြင်း၏ စည်းမျဉ်းများမှာ အဘယ်အရာဖြစ်သည်၊ ဘုရားသခင်ကို သက်သေခံခြင်း၏ ရလဒ်ကို ရရှိရန် မည်သို့ပြုမူရမည်နှင့် ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို တောင့်တသူအားလုံး သူ၏အသံကို ကြား၍ မှန်သော လမ်းခရီးကို စူးစမ်းစစ်ဆေးကာ ဘုရားသခင်ထံ အမြန်ဆုံး ပြန်လာနိုင်စေရန် ဧဝံဂေလိတရားကို ပို၍ ထိရောက်စွာ မည်သို့ဖြန့်ချိရမည်ဟူသည့် ကိစ္စရပ်များနှင့် ပတ်သက်လာလျှင် ၎င်းတို့သည် မသိနားမလည်ဖြစ်ကြသည်။ အဘယ်ကြောင့် ၎င်းတို့သည် ဤအရာများကို မသိနားမလည်ဖြစ်ကြသနည်း။ ဤသည်မှာ အယောင်ဆောင်ခေါင်းဆောင်များ စစ်မှန်သောအလုပ်ကို လုပ်ဆောင်ရန် ပျက်ကွက်ခြင်းနှင့် တိုက်ရိုက်ဆက်စပ်မှုရှိသည်။ ဤအရာ၏ အဓိကအကြောင်းရင်းမှာ အယောင်ဆောင်ခေါင်းဆောင်များ ကိုယ်တိုင်က သမ္မာတရား စည်းမျဉ်းများမှာ အဘယ်အရာဖြစ်သည်ကိုဖြစ်စေ၊ လူတို့ နားလည်ပြီး လိုက်နာသင့်သည့် စည်းမျဉ်းများမှာ အဘယ်အရာဖြစ်သည်ကိုဖြစ်စေ မသိကြခြင်း ဖြစ်သည်။ ၎င်းတို့သည် စည်းမျဉ်းများမရှိဘဲ ပြုမူဆောင်ရွက်ကြပြီး မိမိတို့၏ တာဝန်များတွင် လက်တွေ့လုပ်ဆောင်ခြင်း စည်းမျဉ်းများနှင့် လမ်းကြောင်းများကို ရှာဖွေရန် လူတို့ကို မည်သည့်အခါမျှ မဦးဆောင်ကြပေ။ အယောင်ဆောင်ခေါင်းဆောင်တစ်ဦးသည် ပြဿနာတစ်ခုကို တွေ့ရှိသည့်အခါ ၎င်းတို့သည် မိမိတို့ကိုယ်တိုင် ယင်းကို မဖြေရှင်းနိုင်သကဲ့သို့ အခြားသူများနှင့်လည်း မိတ်သဟာယဖွဲ့၍ မရှာဖွေကြပေ။ ထို့ကြောင့် အလုပ်ကိစ္စတစ်ခုစီအတွင်းရှိ အလုပ်များကို မကြာခဏ ပြန်လုပ်ရန် လိုအပ်လာသည်။ ဤသည်မှာ ဘဏ္ဍာရေးနှင့် ပစ္စည်းဆိုင်ရာ အရင်းအမြစ်များကို ဖြုန်းတီးခြင်းသာမက လူတို့၏ စွမ်းအင်နှင့် အချိန်ကိုလည်း ဖြုန်းတီးခြင်း ဖြစ်သည်။ ထိုသို့သော အကျိုးဆက်များသည် အယောင်ဆောင်ခေါင်းဆောင်များ၏ အလွန်ညံ့ဖျင်းသော အစွမ်းအစ၊ တာဝန်မဲ့မှုတို့နှင့် တိုက်ရိုက် သက်ဆိုင်သည်။ အယောင်ဆောင်ခေါင်းဆောင်များသည် တမင်တကာ မကောင်းမှုပြုပြီး အနှောင့်အယှက်များ ဖြစ်စေသည်ဟု မဆိုနိုင်သော်လည်း ၎င်းတို့သည် မိမိတို့၏ အလုပ်တွင် သမ္မာတရား စည်းမျဉ်းများကို လုံးဝမရှာဖွေဘဲ မိမိတို့၏ ကိုယ်ပိုင်အလိုဆန္ဒအပေါ် အခြေခံ၍ အမြဲတစေ ပြုမူဆောင်ရွက်ကြသည်ဟု ဆိုနိုင်သည်။ ဤသည်မှာ သံသယဖြစ်ဖွယ်မရှိပေ။ အယောင်ဆောင် ခေါင်းဆောင်များသည် သမ္မာတရား စည်းမျဉ်းများကို နားမလည်ကြသကဲ့သို့ အခြားသူများကိုလည်း ၎င်းတို့အကြောင်း ရှင်းလင်းစွာ မိတ်သဟာယမဖွဲ့နိုင်ကြပေ၊ ထိုအစား ၎င်းတို့သည် လူတို့အား မိမိတို့စိတ်တိုင်းကျ ပြုလုပ်ရန် လွှတ်ထားခြင်းသာ ဖြစ်သည်။ ဤသည်မှာ အချို့သော အလုပ်ကို တာဝန်ယူထားသည့် အချို့သောလူတို့ကို အမှုမဲ့အမှတ်မဲ့ဆိုသလို ထင်ရာမြင်ရာနှင့် တစ်ဇွတ်ထိုး ပြုမူဆောင်ရွက်စေကာ ၎င်းတို့လိုချင်သလို ပြုမူပြီး ၎င်းတို့ကြိုက်နှစ်သက်သမျှကို လုပ်ဆောင်စေသည်။ ရလဒ်အနေဖြင့် စစ်မှန်သော ရလဒ် အနည်းငယ်သာ ရှိသည်သာမက အသင်းတော်၏ အလုပ်ကိုလည်း ကမောက်ကမ ဖြစ်စေသည်။ အယောင်ဆောင်ခေါင်းဆောင်တစ်ဦး ဖြုတ်ချခံရသည့်အခါ ၎င်းတို့သည် မိမိတို့ကိုယ်ကို ဆင်ခြင်သုံးသပ်ခြင်း သို့မဟုတ် သိကျွမ်းခြင်း မရှိသည်သာမက ကလိမ်ကျသော စကားကို သုံးပြီး မိမိတို့ မှန်ကြောင်းရှင်းချက်ထုတ်ကာ သမ္မာတရားကို အနည်းငယ်မျှပင် လက်မခံဘဲ နောင်တရရန် လုံးဝ ရည်ရွယ်ချက်မရှိကြပေ။ ၎င်းတို့သည် အလုပ်ကို ကောင်းစွာ သေချာပေါက် လုပ်ဆောင်နိုင်သည်ဟု ဆိုလျက် ဘုရားအိမ်တော်အား ၎င်းတို့ကို နောက်တစ်ကြိမ် အခွင့်အရေးပေးရန်ပင် တောင်းဆိုကောင်း တောင်းဆိုနိုင်သည်။ သင်တို့သည် ၎င်းတို့ကို ယုံကြည်သလော။ ၎င်းတို့သည် မိမိတို့ကိုယ်ကို လုံးဝမသိကြသကဲ့သို့ သမ္မာတရားကိုလည်း လက်မခံကြပေ။ သို့ဆိုလျှင် ၎င်းတို့သည် မိမိတို့၏ နည်းလမ်းများကို ပြောင်းလဲနိုင်မည်လော။ ၎င်းတို့တွင် သမ္မာတရား လက်တွေ့ကျမှု မရှိပေ၊ သို့ဆိုလျှင် ၎င်းတို့ အလုပ်ကို ကောင်းစွာ လုပ်ဆောင်နိုင်မည်လော။ ယင်းမှာ ဖြစ်နိုင်ခြေရှိသလော။ ၎င်းတို့သည် ဤတစ်ကြိမ် အလုပ်ကို ကောင်းစွာ မလုပ်ဆောင်ခဲ့ပေ၊ နောက်တစ်ကြိမ် အခွင့်အရေးပေးခံရလျှင် ၎င်းတို့ ကောင်းစွာ လုပ်ဆောင်နိုင်မည်လော။ ယင်းမှာ ဖြစ်နိုင်ခြေမရှိပေ။ အယောင်ဆောင်ခေါင်းဆောင်များတွင် အလုပ်လုပ်နိုင်စွမ်း မရှိကြောင်း သေချာပေါက် ပြောနိုင်သည်၊ တစ်ခါတစ်ရံတွင် ၎င်းတို့သည် များစွာ အားသွန်ခွန်စိုက်လုပ်ပြီး အတော်လေး အလုပ်များနိုင်သော်လည်း ယင်းမှာ ကျိုးကြောင်းမဲ့ အလုပ်ရှုပ်ခြင်းဖြစ်ပြီး အသီးအပွင့် မဖြစ်ထွန်းပေ။ ဤသည်က အယောင်ဆောင်ခေါင်းဆောင်များတွင် အလွန်ညံ့ဖျင်းသော အစွမ်းအစ ရှိကြောင်း၊ ၎င်းတို့သည် သမ္မာတရားကို လုံးဝနားမလည်ကြောင်းနှင့် ၎င်းတို့သည် စစ်မှန်သော အလုပ်ကို မလုပ်ဆောင်နိုင်ကြောင်းကို ပြသရန် လုံလောက်သည်။ ဤသည်က အလုပ်တွင် ပြဿနာများစွာကို ပေါ်ပေါက်စေသော်လည်း ၎င်းတို့သည် သမ္မာတရားအကြောင်း မိတ်သဟာယဖွဲ့ခြင်းဖြင့် ယင်းတို့ကို မဖြေရှင်းနိုင်ကြဘဲ လူတို့ကို စည်းမျဉ်းစည်းကမ်းများ ပုံသေစောင့်ထိန်းရန် တိုက်တွန်းနှိုးဆော်ဖို့အတွက် အနှစ်မဲ့သော အယူဝါဒအနည်းငယ်ကိုသာ အသုံးပြုကြရာ အကျိုးဆက်အနေဖြင့် ၎င်းတို့သည် အလုပ်ကို ကမောက်ကမဖြစ်စေပြီး ဖရိုဖရဲအခြေအနေ ဖြစ်သွားစေခဲ့သည်။ ဤသည်မှာ အယောင်ဆောင်ခေါင်းဆောင်များ အလုပ်လုပ်သည့်ပုံစံနှင့် ယင်းက ဖြစ်ပေါ်စေသည့် အကျိုးဆက်များ ဖြစ်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များအားလုံးသည် ဤအရာကို သတိပေးချက်အနေဖြင့် မှတ်ယူသင့်သည်။

အသင်းတော်အတွင်း၌ ပေါ်ပေါက်သည့် အမျိုးမျိုးသော မကျေနပ်ဖွယ်ရာ ကိစ္စရပ်များသည် အယောင်ဆောင်ခေါင်းဆောင်များနှင့် တိုက်ရိုက်ဆက်စပ်နေသည်၊ ဤသည်မှာ ရှောင်လွှဲ၍မရသော ပြဿနာတစ်ခု ဖြစ်သည်။ ဤအယောင်ဆောင်ခေါင်းဆောင်များသည် သမ္မာတရားကို သဘောပေါက်နားလည်နိုင်စွမ်း ကင်းမဲ့ကြသည့်တိုင် ၎င်းတို့သည် အရာအားလုံးကို နားလည်ပြီး သဘောပေါက်သည်ဟု ထင်မှတ်ကြကာ ထို့နောက် ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်စိတ်ကူးများနှင့် အယူအဆများအပေါ် အခြေခံ၍ ပြုမူဆောင်ရွက်ကြသည်။ ၎င်းတို့သည် သမ္မာတရား စည်းမျဉ်းများကိုဖြစ်စေ၊ ဘုရားသခင်သတ်မှတ်ထားသော စံနှုန်းများကိုဖြစ်စေ နားလည်မှုကင်းမဲ့ခြင်းကို ဖြေရှင်းရန်အလို့ငှာ သမ္မာတရားကို မည်သည့်အခါမျှ မရှာဖွေကြပေ။ ငါသည် ခေါင်းဆောင်များနှင့် အမှုဆောင်များစွာတို့နှင့် ထိတွေ့ဆက်ဆံခဲ့ပြီး ၎င်းတို့နှင့် မကြာခဏ တွေ့ဆုံသည်။ ငါတို့တွေ့ဆုံသည့်အခါ ငါက ၎င်းတို့ကို “သင်တို့တွင် ပြဿနာတစ်ခုခု ရှိသလော။ အလုပ်တွင် တည်ရှိနေသော ပြဿနာများကို သင်တို့ မှတ်တမ်းတင်ထားပြီးပြီလော။ သင်တို့ကိုယ်တိုင် မဖြေရှင်းနိုင်သည့် ပြဿနာတစ်ခုခု ရှိသလော” ဟု မေးသည်။ ငါမေးပြီးသည့်အခါ ၎င်းတို့သည် ကြောင်၍ စိုက်ကြည့်နေကြပြီး ၎င်းတို့၏ စိတ်နှလုံးထဲတွင် သံသယများ ရှိကြသည်။ “ငါတို့သည် ခေါင်းဆောင်များ ဖြစ်သည်၊ ငါတို့တွင် ပြဿနာတစ်ခုခု ရှိနိုင်မည်လော။ ရှိခဲ့လျှင် အသင်းတော်၏အလုပ်သည် လွန်ခဲ့သော အချိန်များစွာကတည်းက ရပ်ဆိုင်းသွားပြီးဖြစ်မည် မဟုတ်လော။ ဤသည်မှာ မည်သို့သော မေးခွန်းမျိုးဖြစ်သနည်း။ ငါတို့သည် တရားဒေသနာများနှင့် မိတ်သဟာယဖွဲ့ခြင်းများကို နားထောင်ကြပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ငါတို့၏ လက်ထဲတွင် ကိုင်ဆောင်ထားကြသည်။ အသင်းတော်တွင် ငါတို့ထဲမှ များစွာသောသူတို့က ဦးဆောင်နေသည်၊ သင်သည် အဘယ်သို့လျှင် စိုးရိမ်နေနိုင်သေးသနည်း။ ဤမေးခွန်းကို မေးခြင်းအားဖြင့် သင်သည် ငါတို့ကို သိသိသာသာ လျှော့တွက်နေခြင်း ဖြစ်သည်။ ငါတို့တွင် ပြဿနာများ မည်သို့ရှိနိုင်မည်နည်း။ ငါတို့တွင် ပြဿနာများရှိခဲ့လျှင် ငါတို့သည် ခေါင်းဆောင်များ ဖြစ်ကြမည်မဟုတ်ပေ။ သင်၏မေးခွန်းသည် အလွန်မသင့်လျော်ပါတကား” ဟူ၍ ဖြစ်သည်။ ငါက ၎င်းတို့ကို ပြဿနာတစ်ခုခု ရှိမရှိ မေးသည့်အခါတိုင်း ဤသည်မှာ ၎င်းတို့ရှိနေသည့် အခြေအနေမျိုးဖြစ်သည်၊ ၎င်းတို့တစ်ဦးစီတိုင်းသည် ထုံထိုင်းပြီး တုံးအသော ပုံရိပ်တစ်ခု ဖြစ်နေသည်။ အသင်းတော်အလုပ်၏ အမျိုးမျိုးသော အကြောင်းအရာများတွင် ပြဿနာများစွာ ရှိနေသော်လည်း ဤလူများသည် ယင်းတို့ကို မမြင်နိုင် သို့မဟုတ် မတွေ့ရှိနိုင်ကြပေ။ ၎င်းတို့သည် တစ်ကိုယ်ရေ အသက်ဝင်ရောက်မှုနှင့် သက်ဆိုင်သည့် ကိစ္စရပ်များကိုဖြစ်စေ၊ သမ္မာတရား စည်းမျဉ်းများ ပါဝင်သည့် အလုပ်တွင် တည်ရှိနေသော ကိစ္စရပ်များကိုဖြစ်စေ မတင်ပြနိုင်ကြပေ။ ၎င်းတို့သည် ဤကိစ္စရပ်များကို မတင်ပြနိုင်သောကြောင့် ငါက ၎င်းတို့ကို “ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဘာသာပြန်ဆိုခြင်းအလုပ် မည်သည့်အခြေအနေ ရှိနေသနည်း။ ယခု ဘာသာစကားမည်မျှ ဘာသာပြန်ဆိုသင့်သည်ကို သင်တို့သိသလော။ မည်သည့်ဘာသာစကားများကို ဦးစွာ ဘာသာပြန်ဆိုသင့်ပြီး မည်သည့်ဘာသာစကားများကို နောက်မှ ဘာသာပြန်ဆိုသင့်သနည်း။ အချို့သော ဘာသာစကားများအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ အုပ်ရေမည်မျှ ပုံနှိပ်သင့်သနည်း” ဟု မေးသည်။ ၎င်းတို့က “ဪ၊ ယင်းတို့ကို ဘာသာပြန်ဆိုနေဆဲ ဖြစ်ပါသည်” ဟု ပြန်ဖြေကြသည်။ ငါက ၎င်းတို့ကို “ဘာသာပြန်ဆိုခြင်း မည်သည့်အခြေအနေရှိပြီနည်း။ ပြဿနာတစ်ခုခု ရှိသလော” ဟု မေးသည်။ ၎င်းတို့က “ကျွန်ုပ်မသိပါ၊ သွားမေးရန် လိုအပ်ပါသည်” ဟု ပြန်ဖြေကြသည်။ ငါက ၎င်းတို့ကို ဤအရာများအကြောင်း မေးရပြီး ၎င်းတို့သည် အဖြေများကို မသိကြသေးပေ။ သို့ဆိုလျှင် ဤအချိန်တစ်လျှောက်လုံး ၎င်းတို့ မည်သည့်အလုပ်ကို လုပ်ဆောင်နေခဲ့ကြသနည်း။ ငါက ၎င်းတို့ကို “ပြီးခဲ့သည့်တစ်ကြိမ်က ညီအစ်ကိုမောင်နှမများ မေးခဲ့သည့် ကိစ္စရပ်များကို သင် ဖြေရှင်းပေးခဲ့ပြီးပြီလော” ဟု မေးသည်။ ၎င်းတို့က “ကျွန်ုပ်သည် ၎င်းတို့နှင့်အတူ စုဝေးပွဲတစ်ခု ပြုလုပ်ခဲ့ပါသည်၊ ရက်လုံးပြည့် စုဝေးပွဲတစ်ခု ဖြစ်ပါသည်” ဟု ပြန်ဖြေသည်။ ငါက ၎င်းတို့ကို “စုဝေးပွဲအပြီးတွင် ကိစ္စရပ်များ ဖြေရှင်းပြီးသွားပြီလော” ဟု မေးသည်။ ၎င်းတို့က “အကယ်၍ ပြဿနာများ ရှိနေသေးလျှင် ကျွန်ုပ်တို့ နောက်ထပ် စုဝေးပွဲတစ်ခု ပြုလုပ်သင့်သည်ဟု သင်ဆိုလိုပါသလော” ဟု ပြန်ဖြေသည်။ ငါက “သင် စုဝေးပွဲတစ်ခု ပြုလုပ်ခဲ့ခြင်း ရှိမရှိကို ငါမေးနေခြင်း မဟုတ်ပါ။ အတတ်ပညာဆိုင်ရာ ကိစ္စရပ်များ ဖြေရှင်းပြီးပြီလောဟု ငါမေးနေခြင်း ဖြစ်သည်။ ဤလူများသည် စည်းမျဉ်းများကို နားလည်ကြသလော။ ၎င်းတို့သည် မိမိတို့၏ တာဝန်များကို ထမ်းဆောင်ရာတွင် စည်းမျဉ်းတစ်ခုခုကို ချိုးဖောက်ခဲ့ကြသလော။ သင် ပြဿနာတစ်ခုခု တွေ့ရှိခဲ့သလော” ဟု ပြောသည်။ ၎င်းတို့က “ဪ၊ ပြဿနာများလော။ ကျွန်ုပ် ဖြေရှင်းပြီးပါပြီ။ ညီအစ်ကိုမောင်နှမများအတွက် စုဝေးပွဲတစ်ခု ပြုလုပ်ခဲ့ပါသည်” ဟု ပြန်ဖြေသည်။ ဤစကားဝိုင်းကို ဆက်နိုင်ဦးမည်လော။ (မဆက်နိုင်ပါ။) ဤစကားဝိုင်းကို နားထောင်ခြင်းက သင်တို့ကို ဒေါသထွက်စေသည် မဟုတ်လော။ (ဒေါသထွက်စေပါသည်။) ဤခေါင်းဆောင်များသည် မည်သို့ဖြစ်နေကြသနည်း။ ဤသူများသည် ဝိညာဉ်ရေးရာ အယောင်ဆောင်သော ငတုံးများသာ ဖြစ်သည် မဟုတ်လော။ ၎င်းတို့တွင် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ အစွမ်းအစ ကင်းမဲ့နေသည်၊ ၎င်းတို့သည် မျက်စိကန်းနေကြပြီး အလုပ်ကို မည်သို့လုပ်ဆောင်ရမည်ကို နားမလည်ကြသကဲ့သို့ မေးခွန်းတိုင်းကို “ကျွန်ုပ်မသိပါ” ဟု ဖြေကြကာ သင်က ၎င်းတို့ကို မေးခွန်းများ ဆက်တိုက်မေးသည့်အခါ ၎င်းတို့က “မည်သို့ပင်ဖြစ်စေ ကျွန်ုပ် စုဝေးပွဲတစ်ခု ပြုလုပ်ခဲ့ပြီးပြီ၊ ဤအတိုင်းသာ ထားလိုက်ပါ” ဟု ပြန်ဖြေကြသည်။ ဤခေါင်းဆောင်များသည် လက်တွေ့ကျသော အလုပ်ကို လုပ်ဆောင်ခဲ့ကြပြီးပြီလော။ ၎င်းတို့သည် ခေါင်းဆောင်များအဖြစ် စံနှုန်းပြည့်မီကြသလော။ (မမီပါ။) ဤသူများသည် အယောင်ဆောင်ခေါင်းဆောင်များ ဖြစ်ကြသည်။ သင်တို့သည် ဤသို့သော ခေါင်းဆောင်မျိုးကို နှစ်သက်ကြသလော။ အကယ်၍ သင်တို့သည် ထိုသို့သော ခေါင်းဆောင်များကို ကြုံတွေ့လျှင် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ အချို့သော ခေါင်းဆောင်များသည် ညီအစ်ကိုမောင်နှမများနှင့် တွေ့ဆုံသည့်အခါ “ယနေ့ သင်တို့တွင် မည်သည့်ပြဿနာများပင် ရှိနေပါစေ၊ တာဝန်များကို မည်သို့ ကောင်းမွန်စွာ ထမ်းဆောင်ရမည်ကို ဦးစွာ မိတ်သဟာယဖွဲ့ကြစို့” ဟု ပြောဆိုကြသည်။ ထို့နောက် အချို့သောလူများက “ကျွန်ုပ်တို့သည် မိမိတို့၏ တာဝန်များတွင် အတတ်ပညာဆိုင်ရာ နည်းစနစ်များနှင့်ပတ်သက်၍ ပြဿနာတစ်ခု ကြုံတွေ့ခဲ့ရပါသည်။ ဘာသာတရားမရှိသူများအကြား ရေပန်းစားသော အတတ်ပညာဆိုင်ရာ နည်းစနစ်များကို ကျွန်ုပ်တို့ အသုံးပြုသင့်ပါသလော” ဟု ပြောဆိုကြသည်။ ဤသည်မှာ ခေါင်းဆောင်များ ဖြေရှင်းရန် လိုအပ်သည့် ပြဿနာတစ်ခု မဟုတ်လော။ အကယ်၍ အချို့သော ပြဿနာများကို ညီအစ်ကိုမောင်နှမများအကြား မိတ်သဟာယဖွဲ့ခြင်းဖြင့် မဖြေရှင်းနိုင်ပါက ခေါင်းဆောင်များက ဝင်ရောက်ဖြေရှင်းသင့်သည်၊ ဤသည်မှာ ခေါင်းဆောင်များ၏ တာဝန်ဝတ္တရားများနှင့် သက်ဆိုင်သည်။ အယောင်ဆောင်ခေါင်းဆောင်များသည် ဤပြဿနာများကို ကြုံတွေ့သည့်အခါ မည်သည့်အရာကို လုပ်ဆောင်ကြသနည်း။ ၎င်းတို့က “ဤသည်မှာ အတတ်ပညာဆိုင်ရာ ကိစ္စရပ်တစ်ခုဖြစ်သည်၊ ယင်းမှာ သင်တို့၏ ပြဿနာဖြစ်သည်၊ ကျွန်ုပ်နှင့် ဘာဆိုင်သနည်း။ ဤကိစ္စရပ်အကြောင်း သင်တို့ကိုယ်တိုင် မိတ်သဟာယဖွဲ့ကြပါ၊ သို့သော် ဦးစွာ ကျွန်ုပ်သည် သင်တို့အတွက် စုဝေးပွဲတစ်ခု ပြုလုပ်ပေးမည်။ ယနေ့စုဝေးပွဲတွင် ကျွန်ုပ်တို့သည် သဟဇာတဖြစ်သော ပူးပေါင်းဆောင်ရွက်မှုအကြောင်း မိတ်သဟာယဖွဲ့ကြမည်။ သင်တို့ ယခုလေးတင် မေးခဲ့သည့် မေးခွန်းသည် သဟဇာတဖြစ်သော ပူးပေါင်းဆောင်ရွက်မှုနှင့် သက်ဆိုင်သည်။ သင်တို့သည် အမှုအရာများကို ဆွေးနွေးပြီး အတူတကွ မိတ်သဟာယဖွဲ့နိုင်သင့်သည်၊ ပြီးလျှင် ပို၍ သုတေသနလုပ်သင့်သည်၊ မည်သူမျှ မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်ခြင်း မပြုသင့်ဘဲ လူတိုင်းသည် လူအများစု ထောက်ခံသည့် မည်သည့်ဆုံးဖြတ်ချက်ကိုမဆို လက်ခံသင့်သည်၊ ဤသည်မှာ သဟဇာတဖြစ်သော ပူးပေါင်းဆောင်ရွက်မှုနှင့်ဆိုင်သော ကိစ္စတစ်ခု မဟုတ်လော။ ကြည့်ရသည်မှာ သင်တို့သည် သဟဇာတဖြစ်စွာ မည်သို့ပူးပေါင်းဆောင်ရွက်ရမည်ကိုဖြစ်စေ၊ ပြဿနာများ ပေါ်ပေါက်လာသည့်အခါ မည်သို့ဆွေးနွေးရမည်ကိုဖြစ်စေ မသိကြပေ။ သင်တို့သည် ပြဿနာတိုင်းကို ကျွန်ုပ်အား မေးကြသည်။ သင်တို့ ကျွန်ုပ်ကို မည်သည့်အရာအတွက် မေးနေကြသနည်း။ ကျွန်ုပ်သည် ဤအရာများကို နားလည်ပါသလော။ ကျွန်ုပ်နားလည်ခဲ့လျှင် သင်တို့ လုပ်စရာတစ်ခုမျှ မရှိဘဲနေမည် မဟုတ်လော။ သင်တို့သည် အရာရာတိုင်းကို ကျွန်ုပ်အား မေးကြသည်။ ဤသည်မှာ ကျွန်ုပ်ကိုင်တွယ်သင့်သည့် ပြဿနာလော။ ကျွန်ုပ်သည် သမ္မာတရားအကြောင်း မိတ်သဟာယဖွဲ့ရန်သာ တာဝန်ရှိသည်၊ အတတ်ပညာဆိုင်ရာ ကိစ္စရပ်များကို သင်တို့ဘာသာ ဖြေရှင်းကြပါ။ ယင်းတို့သည် ကျွန်ုပ်နှင့် ဘာဆိုင်သနည်း။ မည်သို့ပင်ဖြစ်စေ ကျွန်ုပ်သည် သင်တို့နှင့် မိတ်သဟာယဖွဲ့ပြီးဖြစ်ပြီး သင်တို့ကို သဟဇာတဖြစ်စွာ ပူးပေါင်းဆောင်ရွက်ရန် ပြောခဲ့ပြီးပြီ၊ ယင်းကို သင်တို့ မလုပ်ဆောင်နိုင်လျှင် ဤတာဝန်ကို မထမ်းဆောင်ကြနှင့်။ ကျွန်ုပ်၏ မိတ်သဟာယဖွဲ့ခြင်း ပြီးဆုံးပြီ၊ ပြဿနာကို သင်တို့ဘာသာ သွား၍ ဖြေရှင်းကြပါ” ဟု ပြောဆိုကြသည်။ ဤခေါင်းဆောင်များသည် ပြဿနာများကို မည်သို့ဖြေရှင်းရမည်ကို သိကြသလော။ (မသိကြပါ။) ဤအရာကို မည်သို့လုပ်ဆောင်ရမည်ကို မသိသော်လည်း ၎င်းတို့သည် မိမိတို့ကိုယ်ကို အလွန်ကျိုးကြောင်းခိုင်လုံသည်ဟု ထင်မှတ်ကြပြီး တာဝန်လွှဲချရာတွင် ကျွမ်းကျင်ကြသည်။ အပြင်ပန်းအရသာဆိုလျှင် ၎င်းတို့သည် မိမိတို့၏ အလုပ်ကို လုပ်ဆောင်ခဲ့ပြီးဖြစ်သည်၊ စစ်ဆေးမှုများ ပြုလုပ်ရန် အခင်းဖြစ်ပွားရာသို့ ရောက်ရှိခဲ့ပြီးဖြစ်ကာ ပေါ့ဆနေခြင်းလည်း မရှိပေ။ သို့သော် ၎င်းတို့သည် လက်တွေ့ကျသော အလုပ်ကို မလုပ်ဆောင်နိုင် သို့မဟုတ် လက်တွေ့ကျသော ပြဿနာများကို မဖြေရှင်းနိုင်ပေ၊ ယင်းက ၎င်းတို့သည် အယောင်ဆောင်ခေါင်းဆောင်များဖြစ်ကြောင်း ဆိုလိုသည်။ သင်တို့သည် ဤသို့သော အယောင်ဆောင်ခေါင်းဆောင်မျိုးကို ပိုင်းခြားသိမြင်နိုင်သလော။ မည်သည့်ပြဿနာနှင့်မဆို ရင်ဆိုင်ရသည့်အခါ ၎င်းတို့သည် သက်ဆိုင်ရာ သမ္မာတရားများအကြောင်း မိတ်သဟာယမဖွဲ့နိုင်ပေ။ ၎င်းတို့သည် အလွန်မြင့်မြတ်ပြီး နက်နဲသယောင်ရှိသည့် အနှစ်မဲ့သော အယူဝါဒများနှင့် သဘောတရားအချို့ကိုသာ ပြောဆိုကြပြီး လူတို့သည် ယင်းတို့ကို ကြားပြီးနောက်တွင် သမ္မာတရားကို နားမလည်သည်သာမက စိတ်ရှုပ်ထွေးပြီး ဦးတည်ရာပျောက်သွားသည်ဟုလည်း ခံစားကြရသည်။ ဤသည်မှာ အယောင်ဆောင်ခေါင်းဆောင်များ လုပ်ဆောင်သည့် အလုပ်ဖြစ်သည်။

“တာဝန်တစ်ခုစီတိုင်းကို ကောင်းမွန်စွာ ထမ်းဆောင်ရန်အတွက် နားလည်ထားသင့်သည့် သမ္မာတရား စည်းမျဉ်းများကို မိတ်သဟာယဖွဲ့ခြင်း” ဟူသည့် အလုပ်က အယောင်ဆောင်ခေါင်းဆောင်များကို လုံးဝ ထုတ်ဖော်လိုက်သည်။ ၎င်းတို့သည် သမ္မာတရား စည်းမျဉ်းများအကြောင်းကိုလည်း မိတ်သဟာယမဖွဲ့နိုင်၊ လူတို့ကို မိမိတို့၏ တာဝန်များကို ထမ်းဆောင်ရာတွင် သမ္မာတရား စည်းမျဉ်းများကို လိုက်နာစောင့်ထိန်းပြီး လက်တွေ့လုပ်ဆောင်ရန် ဦးဆောင်ခြင်းလည်းမပြုနိုင်၊ သို့မဟုတ် ထိုလူတို့ သမ္မာတရား လက်တွေ့ကျမှုကို နားလည်ပြီး ဝင်ရောက်ရန် ဦးဆောင်ခြင်း မပြုနိုင်ပေ၊ ၎င်းတို့သည် ခေါင်းဆောင်များ ထမ်းဆောင်သင့်သည့် တာဝန်ဝတ္တရားများကို ကောင်းမွန်စွာ မဖြည့်ဆည်းနိုင်ကြချေ။ ထိုမျှသာမက ၎င်းတို့သည် အလုပ်အမျိုးမျိုးမှ ကြီးကြပ်ရေးမှူးများနှင့် အရေးကြီးသော အလုပ်အမျိုးမျိုးကို တာဝန်ယူထားသည့် အမှုထမ်းများ၏ အခြေအနေအရပ်ရပ်ကို အချိန်နှင့်တစ်ပြေးညီ သိအောင်လုပ်နိုင်စွမ်း မရှိကြဘဲ ဤအရာကို အနည်းငယ် သဘောပေါက်နားလည်လျှင်ပင် ယင်းမှာ တိကျမှန်ကန်မှုမရှိပေ။ ဤသည်က အမျိုးမျိုးသော အလုပ်ကိစ္စများအပေါ် ကြီးမားသော အနှောင့်အယှက်များနှင့် ထိခိုက်နစ်နာမှုတို့ကို ဖြစ်ပေါ်စေသည်။ ဤသည်တို့မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ စတုတ္ထတာဝန်နှင့်ပတ်သက်၍ ယနေ့ ငါတို့ ဖော်ထုတ်မည့် အယောင်ဆောင်ခေါင်းဆောင်များ၏ အမျိုးမျိုးသော သရုပ်သကန်များ ဖြစ်ကြသည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။