ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၃) အခန်း သုံး
ယခုတင် ငါသည် အစားအသောက်၊ အိပ်စက်ခြင်းနှင့် ဖျော်ဖြေရေးတို့အတွက် လောဘကြီးသော လူအမျိုးမျိုးအကြောင်းကို မိတ်သဟာယဖွဲ့ခဲ့သည်။ အခြားလူစားမျိုးတစ်မျိုး ရှိသေးသည်။ ကနဦးတွင် ကြီးကြပ်ရေးမှူးများကို ရွေးချယ်သည့်အခါ ဤလူစားမျိုးသည် ထိုရာထူးအတွက် ဘက်ပေါင်းစုံမှ သင့်တော်သည်ဟု ရှုမြင်ခံရပြီး ညီအစ်ကိုမောင်နှမများအားလုံးက ၎င်းတို့ကို ရွေးချယ်လိုကြသည်။ ဤလူသည် လူ့သဘာဝ ကောင်းမွန်သည်ဟုလည်းကောင်း၊ စိတ်အားထက်သန်သည်ဟုလည်းကောင်း၊ မိမိ၏ အတတ်ပညာပိုင်းတွင် ကျွမ်းကျင်သည်ဟုလည်းကောင်း၊ ထို့အပြင် ကဏ္ဍတိုင်းတွင် အဖွဲ့ထဲ၌ အကောင်းဆုံးနှင့် အထက်မြက်ဆုံးဖြစ်ကာ ကြီးကြပ်ရေးမှူး ရာထူးအတွက် ထင်ရှားသော ရွေးချယ်မှုဖြစ်စေသည်ဟုလည်းကောင်း ထင်မှတ်ကြသည်။ သို့ရာတွင် ရွေးချယ်ခြင်းခံရပြီး အတန်ကြာသော် ဤလူသည် စုဝေးပွဲများအတွင်းမှာပင် မကြာခဏ ငိုက်မျဉ်းလာသည်။ အခြားသူများက ၎င်းနှင့် စကားပြောသည့်အခါ ၎င်းသည် အမြဲတမ်း စိတ်ရှုပ်ထွေးပြီး မေးခွန်းများကို မသက်ဆိုင်သော အဖြေများ ပေးသည်။ ၎င်းသည် ယခင်က ဤကဲ့သို့ မဟုတ်ခဲ့သဖြင့် အဘယ်ကြောင့် ရုတ်တရက် မတူညီကွဲပြားသောလူတစ်ယောက်ကဲ့သို့ ပြောင်းလဲသွားရသနည်း။ နောက်ပိုင်းတွင် တစ်စုံတစ်ဦးက ဤကြီးကြပ်ရေးမှူးသည် လူတစ်ဦးနှင့် စကားဝိုင်းဖွဲ့ပြောနေရာ ၎င်းတို့နှစ်ဦးသည် ချစ်ကြိုက်နေကြသူများဟု ထင်ရပုံပေါက်သည်ကို မထင်မှတ်ဘဲ တွေ့ရှိသွားပြီး ၎င်းတို့သည် အမှန်တကယ် ချစ်ကြိုက်နေခြင်း ရှိမရှိနှင့်ပတ်သက်၍ ထင်ကြေးပေးမှုများ ပေါ်ပေါက်လာသည်။ ဤကိစ္စရပ်သည် ပို၍ ထင်ရှားလာသည်နှင့်အမျှ ဤကြီးကြပ်ရေးမှူးသည် ပို၍ပို၍ နားဝေတိမ်တောင် ဖြစ်လာသည်။ ၎င်းကို မေးခွန်းများမေးသည့်အခါတိုင်း သို့မဟုတ် တစ်စုံတစ်ခုအကြောင်း ပြောဆိုသည့်အခါတိုင်း ၎င်း၏ တုံ့ပြန်မှုများသည် ယခင်ကဲ့သို့ လျင်မြန်ခြင်းမရှိတော့ဘဲ တစ်ချိန်ကကဲ့သို့ ရှင်းလင်းပြီး နားလည်နိုင်ဖွယ်ဖြစ်ပုံ မရှိတော့ချေ။ ၎င်းသည် ကြီးကြပ်ရေးမှူးတစ်ဦး လုပ်ဆောင်သင့်သည့် အလုပ်ကို ပို၍ပို၍လျော့ကာ လုပ်ဆောင်လာပြီး မိမိ၏ တာဝန်ကို ထမ်းဆောင်ရာတွင် စိတ်အားထက်သန်မှု လျော့သည်ထက် လျော့နည်းလာသည်။ ယင်းမှာ ၎င်းသည် လူသစ်တစ်ဦး ဖြစ်သွားသည့်အလားပင် ဖြစ်၏။ ၎င်းသည် ယခင်ကထက် မိမိ၏ အဝတ်အစားနှင့် မိမိကိုယ်ကို ပြင်ဆင်ခြင်းကို ပို၍ စိတ်ဝင်စားသည်။ ဤနေရာတွင် ပြဿနာတစ်ခု ရှိနေသည်။ ယခင်က အလုပ်များသော ကာလများအတွင်း ၎င်းသည် ရေချိုးသည်မှာ ရှားလှသော်လည်း ယခုမူ တစ်နေ့လျှင် မျက်နှာနှစ်ကြိမ်သစ်ပြီး အခွင့်အရေးရတိုင်း ခေါင်းဖီးကာ မှန်ကြည့်ကြ၍ အခြားသူများကို အဆက်မပြတ် ဤသို့မေးသည်၊ “ကျွန်ုပ်၏အသားအရေသည် ယခုရက်ပိုင်းတွင် ပို၍ဖြူလာသည် သို့မဟုတ် ပို၍မည်းသွားသည်ဟု သင် ထင်သလော။ အဘယ်ကြောင့် ကျွန်ုပ် မည်းသွားပုံပေါက်နေရသနည်း” ဟူ၍ဖြစ်သည်။ လူတို့က “ကြီးကြပ်ရေးမှူးတစ်ဦးဖြစ်သည့် သင့်အနေဖြင့် ဤအရာများအကြောင်း ပြောဆိုခြင်းသည် အလွန် ပေါ့ပြက်ပြက်နိုင်ပါသည်၊ ဖြူလာခြင်း သို့မဟုတ် မည်းသွားခြင်းက မည်သည့်အရာကို ထိခိုက်စေနိုင်မည်နည်း” ဟု တုံ့ပြန်ကြသည်။ ၎င်းတို့သည် ဤအရေးမပါသော အကြောင်းအရာများကို တစိုက်မတ်မတ် ပြောဆိုကြပြီး မိမိတို့၏ အလုပ်ကို လုပ်ဆောင်ရန် စိတ်မပါတော့ပေ။ အခွင့်အရေး ရသည့်အခါတိုင်း ၎င်းတို့သည် အဝတ်အစား၊ အမျိုးသမီး၊ အမျိုးသား၊ အချစ်နှင့် လူတို့သည် မည်သို့သော အိမ်ထောင်ဖက်မျိုးကို ရွေးချယ်မည်ကို ဆွေးနွေးကြသော်လည်း မိမိတို့၏ တာဝန်များကို ထမ်းဆောင်ခြင်းအတွင်း မည်သည့်ပြဿနာများ တည်ရှိသည်ကို သို့မဟုတ် ယင်းတို့ကို မည်သို့ဖြေရှင်းရမည်ကို မည်သည့်အခါမျှ မဆွေးနွေးကြပေ။ ဤနေရာတွင် ပြဿနာတစ်ခု ရှိနေသည် မဟုတ်လော။ ၎င်းတို့သည် အလုပ်ကို ဆက်လက် လုပ်ဆောင်နိုင်ပါဦးမည်လော။ (မလုပ်ဆောင်နိုင်ပါ။) ၎င်းတို့၏စိတ်ဓာတ် ပြောင်းလဲသွားပြီဖြစ်ပြီး တာဝန်ထမ်းဆောင်ခြင်း ကိစ္စရပ်များသည် ၎င်းတို့၏ အတွေးများထဲတွင် မရှိတော့ပေ။ ထိုအစား ၎င်းတို့၏စိတ်သည် ချစ်ကြိုက်သော ဆက်ဆံရေးများတွင် မည်သို့ပါဝင်ရမည်၊ မိမိတို့ကိုယ်ကို မည်သို့ဝတ်စားဆင်ယင်ရမည်နှင့် ဆန့်ကျင်ဘက်လိင်ကို မည်သို့ဆွဲဆောင်ရမည်ဟူသော အတွေးများဖြင့် တစ်နေ့လုံး စိုးမိုးခံနေရသည်။ ဘာသာတရားမရှိသူများကြားတွင် စကားတစ်ခွန်း ရှိသည်၊ “မေတ္တာသက်ဝင်ခြင်း” ဟူ၍ ဖြစ်သည်။ ယင်းမှာ အချစ်လော။ မဟုတ်ပါ၊ ယင်းမှာ နက်ရှိုင်းသော တွင်းနက်ကြီးတစ်ခု ဖြစ်သည်။ သင် ဝင်ရောက်ပြီးသည်နှင့်တစ်ပြိုင်နက် ယင်းထဲမှ ပြန်ထွက်နိုင်တော့မည် မဟုတ်ပေ။ တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများကြားတွင် ဤကဲ့သို့သောလူများ ရှိသလော။ (ရှိပါသည်။) ဘုရားအိမ်တော်သည် လူတို့ အိမ်ထောင်ဖက်ရှာခြင်းကို ဝင်ရောက်မစွက်ဖက်သော်လည်း ၎င်းတို့သည် ထိုသို့ပြုလုပ်ရာတွင် အသင်းတော်အသက်တာကို နှောင့်ယှက်ပြီး အသင်းတော်၏အလုပ်ကို ထိခိုက်စေပါက ထိုလူတို့ကို ဖယ်ရှားရန် လိုအပ်သည်။ ထိုစုံတွဲများသည် မိမိတို့ဘာသာ သွားရောက်ချိန်းတွေ့သင့်ပြီး အခြားလူများကို မထိခိုက်စေသင့်ပေ။ သင်သည် မိမိ၏ တစ်သက်တာလုံးကို ဘုရားသခင်အတွက် အသုံးခံရန် မိမိတို့ကိုယ်ကို ဆက်ကပ်အပ်နှံထားသူတစ်ဦးဖြစ်ပြီး သင်သည် ချစ်ကြိုက်သော ဆက်ဆံရေးများတွင် မပါဝင်ရန် ဆုံးဖြတ်ထားပါက ဘုရားသခင်အတွက် သင့်ကိုယ်သင် အသုံးခံခြင်းကို အာရုံစိုက်လော့။ အကယ်၍ သင်သည် ချစ်ကြိုက်သော ဆက်ဆံရေးတစ်ခုတွင် ပတ်သက်လိုက်ပြီး သင်၏အလုပ်ကို လုပ်ဆောင်ရန် စိတ်မပါတော့ပါက သင်သည် ကြီးကြပ်ရေးမှူးတစ်ဦး၏ တာဝန်ကို မထမ်းဆောင်သင့်ဘဲ ဘုရားအိမ်တော်သည် ထိုရာထူးအတွက် အခြားလူတစ်ဦးကို ရွေးချယ်လိမ့်မည်။ ဘုရားအိမ်တော်၏ အလုပ်သည် သင်၏ ချစ်ကြိုက်သော ဆက်ဆံရေးကြောင့် နှောင့်နှေးခြင်း မဖြစ်ရပါ၊ သို့မဟုတ် ထိခိုက်ခြင်း မဖြစ်ရပါ။ အလုပ်သည် ဆက်လုပ်ရမည်။ မည်သို့ ဆက်လက် လုပ်ဆောင်နိုင်မည်နည်း။ သင်၏ အလုပ်ကို လွှဲပြောင်းပေးရန်အတွက် ချစ်ကြိုက်သော ဆက်ဆံရေးတွင် မပါဝင်ဘဲ ခိုင်မာသော အတတ်ပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုများရှိပြီး အလုပ်ကို တာဝန်ယူ ထမ်းဆောင်နိုင်သည့် အခြားကြီးကြပ်ရေးမှူးတစ်ဦးကို ရွေးချယ်ခြင်းဖြင့် ဖြစ်သည်။ ဘုရားအိမ်တော်သည် ဤနည်းလမ်းဖြင့် အမြဲတမ်း လုပ်ဆောင်ပြီး ဤစည်းမျဉ်းသည် မပြောင်းလဲဘဲ ရှိနေသည်။ အချို့သော ကြီးကြပ်ရေးမှူးများက “ကျွန်ုပ်၏ ချစ်ကြိုက်သော ဆက်ဆံရေးသည် ကျွန်ုပ်၏အလုပ်ကို မထိခိုက်ပါ၊ ကျွန်ုပ်ကို တာဝန်ဆက်လက်ယူခွင့်ပြုပါ” ဟု ပြောဆိုကြသည်။ ငါတို့သည် ဤစကားကို ယုံကြည်နိုင်သလော။ (မယုံကြည်နိုင်ပါ။) အဘယ်ကြောင့် ကျွန်ုပ်တို့ မယုံကြည်နိုင်သနည်း။ အကြောင်းမှာ အဖြစ်မှန်များသည် အားလုံးမြင်နိုင်ရန် ထိုနေရာတွင် ရှိနေသောကြောင့် ဖြစ်သည်။ လူတစ်ဦးသည် ချစ်ကြိုက်သော ဆက်ဆံရေးတစ်ခုတွင် ရှိနေသည့်အခါ ၎င်းတို့တွေးတောသမျှသည် ၎င်းတို့၏ ချစ်သူရည်းစား အကြောင်းဖြစ်ပြီး ၎င်းတို့၏စိတ်နှလုံးသည် ဤကိစ္စရပ်များဖြင့် စိုးမိုးခံနေရသောကြောင့် ၎င်းတို့သည် စုဝေးပွဲများအတွင်း မကြာခဏ ငိုက်မျဉ်းပြီး မိမိတို့၏ တာဝန်များကို မထမ်းဆောင်နိုင်ကြပေ။ ထို့ကြောင့် ဘုရားအိမ်တော်က ထိုသို့သော လူပုဂ္ဂိုလ်များကို ကိုင်တွယ်သည့်နည်းလမ်းသည် သင့်လျော်ပြီး စည်းမျဉ်းများနှင့် ကိုက်ညီသည်။ ဘုရားအိမ်တော်သည် သင့်ကို ချိန်းတွေ့ခြင်းမှ မတားဆီးသကဲ့သို့ သင်၏ ချိန်းတွေ့ရန် လွတ်လပ်ခွင့်ကိုလည်း မချိုးဖောက်ပေ။ သင်သည် တစ်စုံတစ်ဦးနှင့် သင်၏စိတ်တိုင်းကျ ချိန်းတွေ့နိုင်သည်၊ ယင်းမှာ သင်၏ကိုယ်ပိုင် ဆုံးဖြတ်ချက်ဖြစ်သည်၊ သင်နောင်တမရသရွေ့နှင့် နောက်ပိုင်းတွင် ထိုအကြောင်းနှင့်ပတ်သက်၍ မျက်ရည်ကျပူဆွေးခြင်းမရှိသရွေ့ ဖြစ်သည်။ အချို့သော ကြီးကြပ်ရေးမှူးများသည် ချစ်ကြိုက်သော ဆက်ဆံရေးတစ်ခုကြောင့် ဖြုတ်ချခြင်းခံခဲ့ရသည်။ အချို့လူများက “လူတစ်ဦးသည် ချစ်ကြိုက်သော ဆက်ဆံရေးတစ်ခုတွင် ရှိနေသည်နှင့်တစ်ပြိုင်နက် ဘုရားသခင်ကို ယုံကြည်ခွင့်မရှိတော့ဘူးလား” ဟု မေးကြသည်။ ဘုရားအိမ်တော်သည် ထိုသို့ မည်သည့်အခါမျှ မပြောဆိုခဲ့ပေ။ ဘုရားအိမ်တော်သည် ချစ်ကြိုက်သော ဆက်ဆံရေးများတွင် ပါဝင်နေသူအားလုံးကို ငြင်းပယ်သည် သို့မဟုတ် နှင်ထုတ်သည်မှာ အမှန်ပင်လော။ (မဟုတ်ပါ။) သင်သည် ချစ်ကြိုက်သော ဆက်ဆံရေးတစ်ခုတွင် ရှိနေပါက သင်သည် ကြီးကြပ်ရေးမှူးတစ်ဦး သို့မဟုတ် ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦး မဖြစ်နိုင်တော့ဘဲ သင်သည် သင်၏ တာဝန်များကို ထမ်းဆောင်ရန် မဆက်ကပ်ထားပါက အချိန်ပြည့်တာဝန်ထမ်းဆောင်သော အသင်းတော်မှ ထွက်ခွာသင့်သည်။ သင်သည် ဘုရားသခင်ကို ယုံကြည်ခွင့်မရှိတော့ကြောင်း သို့မဟုတ် သင်သည် နှင်ထုတ်ခြင်းခံရမည် ဖြစ်ကြောင်း တစ်ဦးတလေက ပြောဆိုခဲ့သလော။ သင်သည် ကယ်တင်ခြင်း မခံနိုင်ကြောင်း သို့မဟုတ် သင်သည် ကျိန်ခြင်း ခံရမည်ဖြစ်ကြောင်း တစ်ဦးတလေက အတိအကျ ဆုံးဖြတ်သတ်မှတ်ခဲ့သလော။ (မသတ်မှတ်ခဲ့ပါ။) ဘုရားအိမ်တော်သည် ထိုသို့သောအရာများကို မည်သည့်အခါမျှ မပြောဆိုခဲ့ပေ။ ဘုရားအိမ်တော်သည် သင်၏ ပုဂ္ဂိုလ်ရေးရာ ရွေးချယ်မှုများနှင့် လွတ်လပ်ခွင့်ကို လုံးဝ ဝင်ရောက်မစွက်ဖက်၊ ယင်းသည် သင်ထံမှ မည်သည့်လွတ်လပ်ခွင့်ကိုမျှ လုံးဝ မဖယ်ရှားပေ၊ ယင်းသည် သင့်ကို လွတ်လပ်ခွင့် ပေးသည်။ သို့ရာတွင် ဤသို့သော ကြီးကြပ်ရေးမှူးမျိုးနှင့်ပတ်သက်လာလျှင် ၎င်းတို့ကို ကိုင်တွယ်ရန် ဘုရားအိမ်တော်၏ စည်းမျဉ်းမှာ ၎င်းတို့ကို ဖြုတ်ချပြီး ၎င်းတို့၏နေရာတွင် အစားထိုးရန် သင့်တော်သော လူတစ်ဦးကို ရှာဖွေဖို့ ဖြစ်သည်။ အကယ်၍ ၎င်းတို့သည် တာဝန်တစ်ခုကို ဆက်လက်ထမ်းဆောင်ရန် သင့်တော်ပါက ၎င်းတို့ကို ဆက်လက်ထားရှိနိုင်သည်။ မဟုတ်ပါက ၎င်းတို့ကို အဝေးသို့ စေလွှတ်လိုက်မည်ဖြစ်သည်။ မည်သည့် ရိုက်နှက်ခြင်း သို့မဟုတ် နှုတ်ဖြင့် ဆဲဆိုခြင်း သို့မဟုတ် အရှက်ခွဲခြင်းမျှ ရှိမည်မဟုတ်ပေ။ ယင်းမှာ ရှက်ဖွယ်ဖြစ်သော ကိစ္စရပ်တစ်ခု မဟုတ်ပေ၊ ယင်းမှာ အလွန်ပုံမှန်ဖြစ်၏။ သို့ဖြစ်၍ အချို့လူများသည် ၎င်းတို့၏ ချစ်ကြိုက်သော ဆက်ဆံရေးများကြောင့် ၎င်းတို့၏ ရာထူးများမှ ဖယ်ရှားခံရသည့်အခါ သို့မဟုတ် သာမန်အသင်းတော်များသို့ စေလွှတ်ခံရသည့်အခါ ဤသည်မှာ ရှက်စရာကောင်းသလော။ ယင်းက ၎င်းတို့သည် မိမိတို့၏ တာဝန်များကို ထမ်းဆောင်ရာတွင် သစ္စာစောင့်သိမှု ကင်းမဲ့ကြောင်း၊ ၎င်းတို့သည် သမ္မာတရားကို စိတ်မဝင်စားကြောင်းနှင့် မိမိတို့၏ကိုယ်ပိုင် အသက်ဝင်ရောက်မှုအတွက် မည်သည့်ဝန်တာကိုမျှ လုံးဝမထမ်းကြောင်းကိုသာ ညွှန်ပြနိုင်သည်။ ဤသို့သော ကြီးကြပ်ရေးမှူးမျိုးသည် မိမိတို့လုပ်ဆောင်သင့်သည့်အလုပ်ကို မလုပ်ဆောင်ဘဲ ချစ်ကြိုက်သော ဆက်ဆံရေးများကိုသာ အာရုံစိုက်သည်၊ ယင်းက အသင်းတော်၏အလုပ်ကို နှောင့်နှေးစေပြီး အသင်းတော်၏ အလုပ်တိုးတက်မှုကို ထိခိုက်စေပြီးဖြစ်သည်။ ဤသည်မှာ ဆိုးရွားသော ပြဿနာတစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) ထို့ကြောင့် ဤသို့သော ကြီးကြပ်ရေးမှူးမျိုးသည် ဆက်လက် ထားရှိရန် မသင့်တော်ဘဲ ၎င်းတို့၏ ရာထူးမှ ဖယ်ရှားခြင်းခံရသင့်သည်။ အချို့က “၎င်းတို့ကို ဖယ်ရှားခြင်းသည် အနည်းငယ် အလျင်စလိုနိုင်လွန်းသည် မဟုတ်လော” ဟု ပြောဆိုကြသည်။ အကယ်၍ ၎င်းတို့၏ ချစ်ကြိုက်သော ဆက်ဆံရေးအစမှ ၎င်းတို့ကို ဖယ်ရှားသည့်အချိန်အထိ တစ်ရက် သို့မဟုတ် နှစ်ရက်သာ ကြာမြင့်ခဲ့ပါက ယင်းကို အလျင်စလိုဟု မှတ်ယူနိုင်ပါသည်။ သို့သော် သုံးလမှ ငါးလအထိ ကြာမြင့်ခဲ့ပါက ယင်းကို အလျင်စလိုဟု ဆက်လက်မှတ်ယူနိုင်ပါဦးမည်လော။ (မမှတ်ယူနိုင်ပါ။) ထိုလုပ်ဆောင်ချက်ကို အတော်အတန် နှေးကွေးစွာ လုပ်ဆောင်ခဲ့ပြီးဖြစ်သည်၊ အလုပ်သည် အလွန်အမင်း နှောင့်နှေးနေခဲ့ပြီးဖြစ်သည်ကို သင်က အဘယ်ကြောင့် စိတ်မပူနိုင်ရသနည်း။ ဤသည်မှာ ပြဿနာတစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။)
အယောင်ဆောင်ခေါင်းဆောင်များသည် တကယ့်အလုပ်ကို မလုပ်နေသော၊ သို့မဟုတ် မိမိတို့၏ သင့်တင့်လျောက်ပတ်သော အလုပ်ကို ဂရုမစိုက်နေသော ကြီးကြပ်ရေးမှူးများနှင့်ပတ်သက်၍ မည်သည့်အခါမျှ စုံစမ်းမေးမြန်းခြင်း မရှိကြပေ။ ၎င်းတို့သည် ကြီးကြပ်သူတစ်ယောက် ရွေးချယ်ရန်သာလိုအပ်ပြီး ယင်းမှာ ထိုကိစ္စ၏ အဆုံးသတ်ဖြစ်သည်ဟုလည်းကောင်း၊ နောက်ပိုင်းတွင် ကြီးကြပ်ရေးမှူးက အလုပ်ကိစ္စအားလုံးကို သူကိုယ်တိုင် ကိုင်တွယ်နိုင်သည်ဟုလည်းကောင်း ထင်မြင်ကြသည်။ ထို့ကြောင့် အယောင်ဆောင်ခေါင်းဆောင်များသည် စုဝေးပွဲများကို ရံဖန်ရံခါ ပြုလုပ်ပြီး အလုပ်ကို ကြီးကြပ်ခြင်းဖြစ်စေ၊ အလုပ်၏ အခြေအနေကို မေးမြန်းခြင်းဖြစ်စေ မရှိဘဲ လက်ရှောင်နေသော အထက်လူကြီးများကဲ့သို့ ပြုမူကြလေသည်။ ကြီးကြပ်ရေးမှူးတစ်ယောက်နှင့်ပတ်သက်သည့် ပြဿနာတစ်ခုကို လူတစ်ယောက်က တိုင်ကြားလျှင် အယောင်ဆောင်ခေါင်းဆောင်က “အသေးအဖွဲပြဿနာတစ်ခုသာ ဖြစ်သည်။ ယင်းက အဆင်ပြေပါသည်။ သင်တို့ဘာသာ ကိုင်တွယ်နိုင်သည်။ ငါ့ကို မမေးနှင့်” ဟူ၍ ပြောလိမ့်မည်။ ပြဿနာကို တိုင်ကြားသောသူက “ထိုကြီးကြပ်ရေးမှူးသည် ပျင်းရိပြီး အစားကြီးသူဖြစ်သည်။ စားသောက်ခြင်းနှင့် ဖျော်ဖြေမှုတို့ကိုသာ အာရုံစိုက်၏။ သူသည် အလွန်အမင်း ပျင်းရိသည်။ သူ၏ တာဝန်တွင် အနည်းငယ်မျှပင် ဒုက္ခမခံလိုပေ။ ပြီးလျှင် သူ၏ အလုပ်ကို ခေါင်းရှောင်ရန်နှင့် တာဝန်များကို ရှောင်ကြဉ်ရန် အစဉ်သဖြင့် ကလိန်ဉာဏ်ဆင်ကာ ခိုကပ်ပြီး ဆင်ခြေများပေးသည်။ သူသည် ကြီးကြပ်ရေးမှူးတစ်ယောက်ဖြစ်ရန် မသင့်တော်ပါ” ဟု ပြောသည်။ အယောင်ဆောင်ခေါင်းဆောင်က ဖြေလိမ့်မည်။ “ထိုသူသည် ကြီးကြပ်ရေးမှူးအဖြစ် ရွေးချယ်ခံရစဉ်က အလွန်ကောင်းခဲ့သည်။ သင်ပြောသည့်အရာက မမှန်ကန်ပေ၊ သို့မဟုတ် မှန်ကန်လျှင်ပင် ယင်းမှာ ယာယီသရုပ်သကန်တစ်ခုသာဖြစ်သည်” ဟူ၍ ဖြစ်သည်။ အယောင်ဆောင်ခေါင်းဆောင်သည် ကြီးကြပ်သူ၏ အခြေအနေကို ပိုမိုသိရှိအောင် ကြိုးစားရမည့်အစား ထိုကြီးကြပ်သူအပေါ် ၎င်း၏ ယခင်က အမြင်များအပေါ်တွင် အခြေခံပြီး အမှုကိစ္စကို အကဲဖြတ်ပြီး ဆုံးဖြတ်သတ်မှတ်မည်ဖြစ်သည်။ ကြီးကြပ်ရေးမှူးနှင့်ပတ်သက်သော ပြဿနာများကို မည်သူက တိုင်ကြားသည်ဖြစ်စေ အယောင်ဆောင်ခေါင်းဆောင်က ယင်းတို့ကို လျစ်လျူရှုပေမည်။ ကြီးကြပ်ရေးမှူးသည် တကယ့်အလုပ်ကို လုပ်ဆောင်နေခြင်း မဟုတ်ဘဲ အသင်းတော်အလုပ်သည် လုံးဝဥဿုံရပ်လုနီးနီးဖြစ်ပြီး ဖြစ်သော်လည်း အယောင်ဆောင်ခေါင်းဆောင်သည် ဂရုမစိုက်ပေ။ ယင်းမှာ သူသည် ပါဝင်ပတ်သက်ခြင်း မရှိသကဲ့သို့ပင် ဖြစ်၏။ လူတစ်ယောက်က ကြီးကြပ်ရေးမှူး၏ ပြဿနာများကို တိုင်သည့်အခါ ၎င်းက လျစ်လျူရှုသည်မှာ အတော်အတန် အော်ဂလီဆန်ဖွယ်ဖြစ်၏။ သို့သော် မုန်းတီးဖွယ်အကောင်းဆုံးမှာ အဘယ်နည်း။ ကြီးကြပ်သူနှင့်ပတ်သက်သည့် တကယ့် ဆိုးရွားသော ပြဿနာများအကြောင်းကို လူများက ၎င်းတို့ကို တိုင်ကြားသည့်အခါ ၎င်းတို့သည် ဤအရာများကို ကြိုးစားပြီး ဖြေရှင်းမည်မဟုတ်ဘဲ ဆင်ခြေမျိုးစုံပင် ပြောကြမည့်အရေးပင် ဖြစ်သည်။ “ဤကြီးကြပ်ရေးမှူးကို ကျွန်ုပ်သိသည်။ ၎င်းသည် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သည်။ ၎င်းတွင် ပြဿနာတစ်ခုမျှ လုံးလုံး ရှိမည်မဟုတ်။ သေးငယ်သော ပြဿနာတစ်ခု ရှိခဲ့လျှင်ပင် ဘုရားသခင်က ၎င်းကို ကာကွယ်ပြီး ဆုံးမပဲ့ပြင်မည်ဖြစ်သည်။ ၎င်းက အမှားတစ်ခုတလေ ပြုသည့်အခါ ယင်းမှာ သူနှင့် ဘုရားသခင်ကြားတွင် ဖြစ်သည်။ ကျွန်ုပ်တို့ စိုးရိမ်စရာ မလိုပါ” ဟူ၍ ဖြစ်သည်။ ဤသည်မှာ အယောင်ဆောင်ခေါင်းဆောင်များက ၎င်းတို့၏ ကိုယ်ပိုင် အယူအဆများနှင့် စိတ်ကူးများအတိုင်း ဤနည်းဖြင့် အလုပ်လုပ်ပုံဖြစ်သည်။ ၎င်းတို့က သမ္မာတရားကို နားလည်ချင်ယောင်၊ ယုံကြည်ခြင်းရှိယောင် ဟန်ဆောင်ကြသည်။ သို့သော် အသင်းတော်အလုပ်တွင် ရှုပ်ထွေးမှုများ လုပ်ခြင်းသာဖြစ်သည်။ အသင်းတော်အလုပ်သည် လုံးဝဥဿုံရပ်တန့်လုနီးပါးပင် ဖြစ်သွားနိုင်သော်လည်း ၎င်းတို့က ဤအရာကို မသိနားမလည်ယောင် ဟန်ဆောင်နေဦးမည် ဖြစ်သည်။ ၎င်းတို့သည် အလွန့်အလွန်ပင် ဗျူရိုကရက်များကဲ့သို့ ပြုမူနေခြင်းသာ ဖြစ်သည်မဟုတ်လော။ ၎င်းတို့သည် မိမိတို့ကိုယ်တိုင် တကယ့်အလုပ်ကို လုပ်နိုင်စွမ်းမရှိသကဲ့သို့ အဖွဲ့ခေါင်းဆောင်များနှင့် ကြီးကြပ်သူများ၏ အလုပ်နှင့်စပ်လျဉ်း၍လည်း စေ့စပ်တိကျခြင်း မရှိချေ။ ၎င်းတို့သည် အလုပ်နှင့်ပတ်သက်၍ နောက်ဆက်တွဲလုပ်ခြင်းဖြစ်စေ၊ စုံစမ်းမေးမြန်းခြင်းဖြစ်စေ မရှိကြချေ။ လူများအပေါ် ၎င်းတို့၏အမြင်သည် ၎င်းတို့၏ ကိုယ်ပိုင် ထင်မြင်ချက်များနှင့် စိတ်ကူးများအပေါ်တွင်သာ အခြေခံလေသည်။ တစ်စုံတစ်ယောက်သည် အချိန်တစ်ခုကြာ ကောင်းစွာ စွမ်းဆောင်နိုင်ခဲ့သည်ကို မြင်သည့်အခါတွင် ဤသူသည် အစဉ်ထာဝရ ကောင်းမွန်လိမ့်မည်ဟုလည်းကောင်း၊ သူသည် ပြောင်းလဲမည် မဟုတ်ဟုလည်းကောင်း ၎င်းတို့ ထင်ကြသည်။ ဤလူနှင့်ပတ်သက်၍ ပြဿနာရှိကြောင်း ပြောသည့်သူမည်သူ့ကိုမဆို ၎င်းတို့ မယုံကြည်ပေ။ ပြီးလျှင် ထိုလူနှင့်ပတ်သက်၍ လူတစ်ဦးက ၎င်းတို့ကို သတိပေးသည့်အခါတွင် ၎င်းတို့က လျစ်လျူရှုကြသည်။ အယောင်ဆောင်ခေါင်းဆောင်များသည် မိုက်မဲသည်ဟု သင်တို့ထင်သလော။ ၎င်းတို့သည် မိုက်မဲပြီး စဉ်းစားဉာဏ်မဲ့ကြ၏။ မည်သည့်အရာက ၎င်းတို့ကို မိုက်မဲစေသနည်း။ ၎င်းတို့သည် လူတစ်ဦးအပေါ် ပေါ့ပေါ့တန်တန် ယုံကြည်ကိုးစားကြသည်။ ဤလူ ရွေးချယ်ခံရသည့်အချိန်တွင် ဤလူသည် ကျမ်းကျိန်ခဲ့ပြီး သန္နိဋ္ဌာန်ချခဲ့ကာ သူ၏မျက်နှာတွင် မျက်ရည်များစီးကျလျက် ဆုတောင်းခဲ့သောကြောင့် ယင်းမှာ ထိုသူသည် အားကိုး၍ ရနိုင်သည့်သဘောဖြစ်သည်၊ ထိုသူက အလုပ်ကို ကြီးကြပ်ခြင်းနှင့်ပတ်သက်၍ မည်သည့်ပြဿနာမျှ လုံးဝ ရှိလိမ့်မည်မဟုတ်ဟု ယုံကြည်ကြသည်။ အယောင်ဆောင် ခေါင်းဆောင်များသည် လူတို့၏ သဘာဝများအပေါ် သိနားလည်မှုမရှိပေ။ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ တကယ့်အခြေအနေကို မသိနားမလည်ကြပေ။ ၎င်းတို့က “လူတစ်ယောက်သည် ကြီးကြပ်သူတစ်ယောက်အဖြစ် ရွေးချယ်ခံရပြီးသည့်အခါတွင် မည်သို့များ ပို၍ဆိုးသွားနိုင်သနည်း။ အလွန်လေးနက်ပြီး စိတ်ချယုံကြည်ရသည့်ပုံစံ ရှိသောသူတစ်ယောက်သည် အလုပ်ကို မည်သို့များ ခေါင်းရှောင်နိုင်သနည်း။ ၎င်းတို့ ခေါင်းရှောင်မည်မဟုတ်၊ ရှောင်မည်လော။ ၎င်းတို့ များစွာ တည်ကြည်မှုရှိကြသည်” ဟု ဆိုကြသည်။ အယောင်ဆောင်ခေါင်းဆောင်များသည် မိမိတို့၏ ကိုယ်ပိုင် စိတ်ကူးများနှင့် ခံစားချက်များအပေါ် အလွန်အမင်း ယုံကြည်မှုထားသောကြောင့် ဤအရာက အဆုံး၌ ၎င်းတို့ကို အသင်းတော်အလုပ်တွင် ပေါ်ပေါက်သည့် ပြဿနာများစွာကို အချိန်နှင့်တစ်ပြေးညီ ဖြေရှင်းနိုင်စွမ်းမရှိဖြစ်စေကာ ပါဝင်ပတ်သက်သည့် ကြီးကြပ်သူကို ချက်ချင်း ဖြုတ်ချပြီး ၎င်း၏ တာဝန်ခန့်အပ်ခြင်းကို ပြုပြင်ခြင်းမှ ဟန့်တားလေသည်။ ၎င်းတို့သည် အယောင်ဆောင်ခေါင်းဆောင်စစ်စစ်များ ဖြစ်ပေသည်။ ဤတွင် ပြဿနာက အဘယ်နည်း။ မိမိတို့၏အလုပ်ပေါ် အယောင်ဆောင်ခေါင်းဆောင်များ၏ ကိုင်တွယ်ဖြေရှင်းပုံသည် ဝတ်ကျေတမ်းကျေပြုခြင်းနှင့် သက်ဆိုင်သလော။ တစ်ဖက်တွင် အဆင်းနီသော နဂါးကြီးသည် ဘုရားသခင် ရွေးချယ်ထားသောလူများအပေါ် သွေးရူးသွေးတန်း ဖမ်းဆီးမှုများ လုပ်ဆောင်နေသည်ကို ၎င်းတို့မြင်သောကြောင့် မိမိတို့ကိုယ်ကို လုံခြုံစေဖို့ရာ အလုပ်ကို ကြီးကြပ်ရန် တစ်ယောက်ယောက်ကို ကြုံသလို ရွေးလိုက်ပြီး ဤသည်မှာ ပြဿနာကို ဖြေရှင်းလိမ့်မည်ဖြစ်ကြောင်းနှင့် လုံးဝ အာရုံထပ်စိုက်ရန် မလိုကြောင်း ယုံကြည်ကြသည်။ ၎င်းတို့၏ စိတ်နှလုံးတွင် ၎င်းတို့ မည်သည့်အရာကို စဉ်းစားနေကြသနည်း။ “ဤသည်မှာ အလွန်ရန်လိုသော ပတ်ဝန်းကျင်တစ်ခုဖြစ်သည်။ ကျွန်ုပ် ခဏတာ ပုန်းကွယ်သင့်သည်” ဟူ၍ ဖြစ်သည်။ ဤသည်မှာ ရုပ်ပိုင်းဆိုင်ရာ သက်သောင့်သက်သာ ဖြစ်ခြင်းကို တပ်မက်ခြင်းဖြစ်သည် မဟုတ်လော။ အခြားတစ်ဖက်တွင် အယောင်ဆောင် ခေါင်းဆောင်များ၌ သေနိုင်လောက်သော အားနည်းချက် ရှိပေသည်။ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်စိတ်ကူးများအပေါ်တွင် အခြေခံ၍ လူတို့ကို ယုံကြည်လွယ်ကြသည်။ ဤသည်မှာ သမ္မာတရားကို နားမလည်ခြင်းကြောင့်ဖြစ်သည်မဟုတ်လော။ ဘုရားနှုတ်ကပတ်တော်သည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ အနှစ်သာရကို မည်သို့ ထုတ်ဖော်သနည်း။ ဘုရားသခင်ကပင် မယုံကြည်သည့် လူများကို ၎င်းတို့သည် အဘယ်ကြောင့် ယုံကြည်သင့်သနည်း။ အယောင်ဆောင်ခေါင်းဆောင်များသည် အလွန်ပင် မာနထောင်လွှားပြီး မိမိကိုယ်ကို မှန်သည်ဟု ယူမှတ်ကြသည် မဟုတ်လော။ ၎င်းတို့ စဉ်းစားသည်မှာ “ဤလူအပေါ် ငါ ထင်မြင်မှုလွဲခဲ့ခြင်း မဖြစ်နိုင်ပေ။ ငါက သင့်တော်သည်ဟု အကဲဖြတ်ခဲ့သည့် ဤလူနှင့်ပတ်သက်၍ မည်သည့်ပြဿနာမျှ မရှိသင့်ပေ။ ထိုသူသည် အစားအသောက်နှင့် ဖျော်ဖြေရေးများတွင် ပျော်မွေ့ခံစားသည့်သူတစ်ဦး သို့မဟုတ် သက်သာမှုကို နှစ်သက်ပြီး ခက်ခဲပင်ပန်းသော အလုပ်ကို မုန်းတီးသည့်သူတစ်ဦး လုံးဝ မဟုတ်။ ထိုသူသည် လုံးဝ အားကိုးရပြီး ယုံကြည်ထိုက်သည်။ ထိုသူသည် ပြောင်းလဲလိမ့်မည်မဟုတ်။ ပြောင်းလဲခဲ့လျှင် သူနှင့်ပတ်သက်ပြီး ငါမှားယွင်းသည်ဆိုသည့် သဘောဖြစ်မည် မဟုတ်လော” ဟူ၍ ဖြစ်သည်။ ဤသည်မှာ အဘယ်သို့သော ဆင်ခြင်တွေးခေါ်မှုစနစ်မျိုးနည်း။ သင်သည် ကျွမ်းကျင်သူတစ်မျိုးမျိုး ဖြစ်သလော။ သင်သည် အရာဝတ္ထုများကို ထိုးဖောက်မြင်နိုင်သည့် အမြင်အာရုံရှိသလော။ သင်သည် ထိုသို့သောအထူးကျွမ်းကျင်မှု ရှိသလော။ သင်သည် ဤလူနှင့် တစ်နှစ်၊ သို့မဟုတ် နှစ်နှစ် နေထိုင်နိုင်သော်လည်း ၎င်းတို့၏ သဘာဝအနှစ်သာရကို လုံးလုံး ဖွင့်ချပြရန် သင့်တော်သည့် ပတ်ဝန်းကျင်တစ်ခုမရှိဘဲ ၎င်းတို့အမှန်တကယ် မည်သူမည်ဝါဖြစ်သည်ကို သင်မြင်နိုင်မည်လော။ ၎င်းတို့သည် ဘုရားသခင်၏ ထုတ်ဖော်ခြင်းကို မခံရလျှင် သင်သည် ၎င်းတို့နှင့် သုံးနှစ်၊ သို့မဟုတ် ငါးနှစ်ပင် အတူယှဉ်တွဲနေထိုင်နိုင်ပြီး ၎င်းတို့က မည်သည့်သဘာဝ အနှစ်သာရအမျိုးအစားရှိသည်ကို မြင်ရန် ခက်ခဲနေဦးမည်ဖြစ်သည်။ ပြီးလျှင် သင်သည် ၎င်းတို့ကို သိပ်မတွေ့ရသောအခါ၊ ၎င်းတို့နှင့်အတူ သိပ်မရှိသောအခါ ဤသည်မှာ မည်မျှပင်ပို၍ မှန်ကန်သနည်း။ အယောင်ဆောင်ခေါင်းဆောင်များသည်ခဏတာအမြင်၊ သို့မဟုတ် လူတစ်ဦးအပေါ် အခြားလူတစ်ယောက်၏ အပြုသဘောဆောင်သော သုံးသပ်ချက်အပေါ် အခြေခံ၍ ထိုသူကို မစဉ်းမစားယုံကြည်ပြီး ထိုသို့သောလူကို အသင်းတော်အလုပ်အား အပ်နှံရဲသည်။ ဤတွင် ၎င်းတို့သည် အလွန်အမင်း ကျိုးကြောင်းမမြင်ဖြစ်နေသည်မဟုတ်လော။ မဆင်မခြင် ပြုလုပ်နေခြင်းမဟုတ်သလော။ ပြီးလျှင် ၎င်းတို့အနေဖြင့် ဤသို့ အလုပ်လုပ်သောအခါ အယောင်ဆောင်ခေါင်းဆောင်များသည် အလွန်အမင်း တာဝန်မသိတတ်ခြင်း မဟုတ်လော။ အထက်ခေါင်းဆောင်များနှင့် အမှုဆောင်များက ၎င်းတို့ကို “ထိုကြီးကြပ်ရေးမှူး၏ အလုပ်ကို သင် စစ်ဆေးပြီးပြီလော။ သူ၏ ကိုယ်ကျင့်စရိုက်နှင့် အစွမ်းအစသည် မည်သို့ရှိသနည်း။ သူသည် သူ၏အလုပ်တွင် တာဝန်ယူတတ်သလော။ သူသည် အလုပ်ကို တာဝန်ယူထမ်းဆောင်နိုင်သလော” ဟု မေးကြသည်။ အယောင်ဆောင် ခေါင်းဆောင်များက “သူ သေချာပေါက် တတ်နိုင်ပါသည်၊ သူ ရွေးချယ်ခံရသည့်အချိန်တွင် သစ္စာဆိုခဲ့ပြီး သန္နိဋ္ဌာန်ချခဲ့သည်။ သူ၏ ကျမ်းသစ္စာဆိုလွှာ ကျွန်ုပ်ထံတွင် ရှိနေသေးသည်။ သူသည် အလုပ်ကို တာဝန်ထမ်းဆောင်နိုင်လောက်သည်” ဟု ပြန်ဖြေကြသည်။ အယောင်ဆောင်ခေါင်းဆောင်များ၏ စကားများကို သင်တို့ မည်သို့ထင်သနည်း။ ဤလူသည် သူ၏ ကတိကဝတ်ကို ဖော်ပြရန် သစ္စာဆိုခဲ့သောကြောင့် သူသည် ယင်းအတိုင်း သေချာပေါက် လိုက်နာလုပ်ဆောင်နိုင်လိမ့်မည်ဟု ၎င်းတို့က ယုံကြည်ကြသည်။ ဤစကားသည် မှန်သလော။ ယနေ့ခေတ်တွင် လူမည်မျှသည် မိမိတို့၏ သစ္စာဆိုချက်များအတိုင်း အမှန်တကယ် လိုက်နာလုပ်ဆောင်နိုင်ကြသနည်း။ မိမိတို့၏ သန္နိဋ္ဌာန်များအတိုင်း အမှုအရာများကို လုပ်ဆောင်သည့် ရိုးသားသောလူ မည်မျှရှိသနည်း။ လူတစ်ဦးက သစ္စာဆိုရုံမျှဖြင့် သူသည် ယင်းအတိုင်း အမှန်တကယ် လိုက်နာလုပ်ဆောင်နိုင်မည်ဟု မဆိုလိုပေ။ သင်က ၎င်းတို့ကို “ထိုကြီးကြပ်ရေးမှူး ပြောင်းလဲမည်မဟုတ်ကြောင်း သင် အာမခံနိုင်သလော။ သူ၏ တစ်သက်တာ သစ္စာစောင့်သိမှုကို သင် အာမခံနိုင်သလော။ ဘုရားသခင်သည် လူတို့ကို ထုတ်ဖော်လိုသည့်အခါ ၎င်းတို့ကို စစ်ကြောရန် အမျိုးမျိုးသော ပတ်ဝန်းကျင်များကို ကိုယ်တော် စီစဉ်ဖွဲ့စည်းရသည်။ ထိုသူသည် အားကိုးထိုက်သူဖြစ်ကြောင်း သင်သည် မည်သည့်အခြေခံဖြင့် ပြောဆိုသနည်း။ သင်သည် သူ့အကြောင်းကို စုံစမ်းပြီးပြီလော” ဟု မေးသည်ဆိုပါစို့။ အယောင်ဆောင်ခေါင်းဆောင်များက “စုံစမ်းရန် မလိုအပ်ပါ။ ညီအစ်ကိုမောင်နှမများအားလုံးက သူသည် အားကိုးထိုက်သူဖြစ်ကြောင်း အစီရင်ခံကြသည်” ဟု ပြန်ပြောကြသည်။ ဤစကားသည်လည်း မမှန်ကန်ပေ။ ညီအစ်ကိုမောင်နှမများက သူသည် ကောင်းသည်ဟု အစီရင်ခံရုံမျှဖြင့် လူတစ်ဦးသည် အမှန်တကယ် ကောင်းသလော။ ညီအစ်ကိုမောင်နှမများအားလုံးသည် သမ္မာတရားကို ပိုင်ဆိုင်ကြသလော။ ၎င်းတို့အားလုံးသည် အမှုအရာများကို ထွင်းဖောက်မြင်နိုင်ကြသလော။ ညီအစ်ကိုမောင်နှမများအားလုံးသည် ဤလူနှင့် အကျွမ်းတဝင်ရှိကြသလော။ ဤစကားသည် သာ၍ပင် ရွံရှာဖွယ်ကောင်းသေးသည်။ အမှန်တွင် ထိုလူသည် ထုတ်ဖော်ခြင်းခံရပြီးဖြစ်သည်မှာ ကြာပြီဖြစ်သည်။ သူသည် သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ကို ဆုံးရှုံးခဲ့ပြီးဖြစ်ကာ သက်သောင့်သက်သာဖြစ်ခြင်းကို နှစ်သက်ပြီး ပင်ပန်းသောအလုပ်ကို မုန်းတီးခြင်း၊ အစားကြီးပြီး ပျင်းရိခြင်းနှင့် မိမိ၏ လုပ်သင့်သော အလုပ်ကို ဂရုမစိုက်ခြင်းတည်းဟူသော သူ၏ ယုတ်ညံ့သည့် စရိုက်လက္ခဏာများသည် ဖော်ထုတ်ခြင်းခံခဲ့ရပြီးဖြစ်သည်။ လုံးဝ သတိမမူမိသေးသော အယောင်ဆောင်ခေါင်းဆောင်များမှလွဲ၍ လူတိုင်းသည် သူ့ကို အစောကြီးကတည်းက ထွင်းဖောက်မြင်ခဲ့ကြပြီးဖြစ်သည်၊ အယောင်ဆောင်ခေါင်းဆောင်များသာလျှင် သူ့ကို ဤမျှလောက် ယုံကြည်နေကြဆဲ ဖြစ်သည်။ ဤအယောင်ဆောင်ခေါင်းဆောင်များသည် အဘယ်အသုံးကျသနည်း။ ၎င်းတို့သည် အသုံးမကျသူများ ဖြစ်သည်မဟုတ်လော။ အချို့သော ကြီးကြပ်ရေးမှူးများ၏ အမျိုးမျိုးသော သရုပ်သကန်များအကြောင်းကို အထက်က ကွင်းဆင်းစုံစမ်းစစ်ဆေးကာ မေးမြန်းခြင်းအားဖြင့် သိရှိခဲ့သည့်တိုင် ထိုခေါင်းဆောင်များက လုံးဝ မသိကြဆဲဖြစ်သည့် အခြေအနေအချို့ပင် ရှိသေးသည်။ ဤသည်မှာ ပြဿနာတစ်ခု မဟုတ်လော။ ဤခေါင်းဆောင်များသည် အယောင်ဆောင်ခေါင်းဆောင်စစ်စစ်များ ဖြစ်ကြသည်။ ၎င်းတို့သည် တကယ့်အလုပ်ကို မလုပ်ဆောင်ကြပေ၊ ၎င်းတို့သည် အရာရှိများသာဖြစ်ကြပြီး လက်ရှောင်နေသော အထက်လူကြီးများကဲ့သို့ပင် အလုပ်အနည်းငယ်လုပ်ပြီးနောက် ယင်းကို အမှီပြု၍ အသက်ရှင်ကြကာ မိမိတို့ကိုယ်ကို ပျော်ရွှင်စွာနေပိုင်ခွင့်ရှိသည်ဟု ထင်မှတ်ကြလျက် အဆင်မပြေမှုများ ဖြစ်သည့်အခါတွင် ဆီပုလင်းလဲကျလျှင်ပင် မကောက်ပေးဘဲ နေကြသည်။ သင်သည် အဆင့်အတန်း၏ အကျိုးကျေးဇူးများကို ခံစားရန် အဘယ်အခွင့်အရေး ရှိသနည်း။ အမှန်ပင် အရှက်မရှိပါတကား။ အယောင်ဆောင် ခေါင်းဆောင်များသည် အလုပ်လုပ်သည့်အခါ မည်သည့်အလုပ်ကိုမျှ မည်သည့်အခါမျှ မစစ်ဆေးကြပေ၊ အလုပ်၏ တိုးတက်မှုအခြေအနေအကြောင်းကို စုံစမ်းမေးမြန်းခြင်း မရှိကြသကဲ့သို့ အမျိုးမျိုးသော အဖွဲ့ကြီးကြပ်ရေးမှူးများ၏ အခြေအနေများကိုလည်း လုံးဝ စုံစမ်းခြင်း မရှိကြပေ။ ၎င်းတို့သည် အလုပ်ကို တာဝန်ခန့်အပ်ပေးပြီး ကြီးကြပ်ရေးမှူးများကို စီစဉ်ပေးလိုက်ရုံသာ ရှိကြပြီးနောက် ၎င်းတို့ လက်စသတ်လိုက်ပြီဖြစ်ကြောင်း၊ ၎င်းတို့၏ အလုပ်သည် အပြီးတိုင် ပြီးဆုံးသွားပြီဖြစ်ကြောင်း ထင်မှတ်ကြသည်။ ၎င်းတို့က “တစ်စုံတစ်ယောက်က ဤအလုပ်ကို တာဝန်ယူဆောင်ရွက်နေသည်၊ ထို့ကြောင့် ဤသည်မှာ ငါ့ကိစ္စမဟုတ်တော့ပေ။ ငါပျော်ရွှင်စွာ နေနိုင်သည်” ဟု ယုံကြည်ကြသည်။ ဤသည်မှာ အလုပ်လုပ်ခြင်းလော။ ဤသို့ အလုပ်လုပ်သည့် မည်သူမဆိုသည် အသင်းတော်၏ အလုပ်ကို နှောင့်နှေးစေပြီး ဘုရားသခင် ရွေးချယ်ထားသောလူတို့ကို ထိခိုက်နစ်နာစေသည့် အယောင်ဆောင်ခေါင်းဆောင်တစ်ဦး ဖြစ်သည်မှာ သံသယရှိစရာ မလိုပေ။
အယောင်ဆောင်ခေါင်းဆောင်များသည် အမျိုးမျိုးသော အဖွဲ့ကြီးကြပ်ရေးမှူးများ၏ အလုပ်အခြေအနေများကို မည်သည့်အခါမျှ မေးမြန်းခြင်း သို့မဟုတ် နောက်ဆက်တွဲလုပ်ဆောင်ခြင်း မရှိကြပေ။ ၎င်းတို့သည် မတူညီသော အဖွဲ့များမှ ကြီးကြပ်ရေးမှူးများနှင့် အရေးကြီးသော အလုပ်အမျိုးမျိုးကို တာဝန်ယူထားသည့် ဝန်ထမ်းများ၏ အသက်ဝင်ရောက်မှုကိုလည်းကောင်း၊ အသင်းတော်အလုပ်နှင့် မိမိတို့၏ တာဝန်များအပေါ် ထားရှိသည့် ၎င်းတို့၏ သဘောထားများကိုလည်းကောင်း၊ ဘုရားသခင်ကို ယုံကြည်ခြင်း၊ သမ္မာတရားနှင့် ဘုရားသခင်ကိုယ်တော်တိုင်အပေါ် ထားရှိသည့် သဘောထားများကိုလည်းကောင်း မေးမြန်းခြင်း၊ နောက်ဆက်တွဲလုပ်ဆောင်ခြင်း သို့မဟုတ် နားလည်ထားခြင်းတို့လည်း မရှိကြပေ။ ဤလူများသည် အသွင်ပြောင်းလဲခြင်း သို့မဟုတ် ကြီးထွားတိုးတက်မှု တစ်စုံတစ်ရာ ကြုံတွေ့ခဲ့ပြီးခြင်း ရှိမရှိကို ၎င်းတို့ မသိကြသကဲ့သို့ ၎င်းတို့၏ အလုပ်တွင် တည်ရှိနိုင်သည့် အမျိုးမျိုးသော ပြဿနာများအကြောင်းကိုလည်း ၎င်းတို့ မသိကြပေ။ အထူးသဖြင့် အလုပ်၏ အဆင့်အမျိုးမျိုးတွင် ဖြစ်ပေါ်သည့် အမှားများနှင့် လမ်းလွဲခြင်းများက အသင်းတော်၏ အလုပ်နှင့် ဘုရားသခင် ရွေးချယ်ထားသောလူတို့၏ အသက်ဝင်ရောက်မှုအပေါ် ရှိသော သက်ရောက်မှုများအပြင် ဤအမှားများနှင့် လမ်းလွဲခြင်းများ ပြင်ဆင်ပြီးခြင်း ရှိမရှိကိုလည်း ၎င်းတို့ မသိကြပေ။ ၎င်းတို့သည် ဤအရာအားလုံးနှင့်ပတ်သက်၍ လုံးဝ မသိနားမလည်ကြပေ။ အကယ်၍ ၎င်းတို့သည် ဤအသေးစိတ်အခြေအနေများအကြောင်းကို ဘာမျှမသိပါက ပြဿနာများ ပေါ်ပေါက်လာသည့်အခါတိုင်း ၎င်းတို့သည် ဘာသိဘာသာ ဖြစ်သွားကြသည်။ သို့ရာတွင် အယောင်ဆောင် ခေါင်းဆောင်များသည် မိမိတို့၏ အလုပ်ကို လုပ်ဆောင်နေစဉ်တွင် ဤအသေးစိတ်ပြဿနာများကို လုံးဝ ဂရုမစိုက်ကြပေ။ ၎င်းတို့သည် အမျိုးမျိုးသော အဖွဲ့ကြီးကြပ်ရေးမှူးများကို စီစဉ်ပေးပြီး အလုပ်တာဝန်များ ချမှတ်ပြီးနောက်တွင် မိမိတို့၏ အလုပ်သည် ပြီးဆုံးသွားပြီဖြစ်ကြောင်း၊ ယင်းမှာ အလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်ပြီးဖြစ်သည်ဟု မှတ်ယူရမည်ဖြစ်ကြောင်းနှင့် အခြားပြဿနာများ ပေါ်ပေါက်လာပါက ၎င်းတို့နှင့် မသက်ဆိုင်တော့ကြောင်း ယုံကြည်ကြသည်။ အယောင်ဆောင်ခေါင်းဆောင်များသည် အမျိုးမျိုးသော အဖွဲ့ကြီးကြပ်ရေးမှူးများကို ကြီးကြပ်ရန်၊ လမ်းညွှန်ရန်နှင့် နောက်ဆက်တွဲလုပ်ဆောင်ရန် ပျက်ကွက်သောကြောင့်လည်းကောင်း၊ ဤနယ်ပယ်များတွင် မိမိတို့၏ တာဝန်ဝတ္တရားများကို ကောင်းမွန်စွာ မဖြည့်ဆည်းသောကြောင့်လည်းကောင်း ဤသည်က အသင်းတော်၏ အလုပ်ကို ကမောက်ကမဖြစ်သွားစေသည်။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ပေါ့လျော့ခြင်း ဖြစ်သည်။ ဘုရားသခင်သည် လူ့စိတ်နှလုံး၏ နက်ရှိုင်းရာကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးနိုင်သည်၊ ဤသည်မှာ လူသားများ၌ ကင်းမဲ့သော လုပ်နိုင်စွမ်းတစ်ခု ဖြစ်သည်။ ထို့ကြောင့် အလုပ်လုပ်သည့်အခါ လူတို့သည် ပို၍ လုံ့လဝီရိယရှိရန်နှင့် အာရုံစိုက်ရန် လိုအပ်ပြီး အသင်းတော်အလုပ်၏ ပုံမှန်တိုးတက်မှုကို သေချာစေရန်အတွက် အလုပ်နေရာသို့ ပုံမှန်သွားရောက်၍ နောက်ဆက်တွဲလုပ်ဆောင်ခြင်း၊ ကြီးကြပ်ခြင်းနှင့် လမ်းညွှန်ခြင်းတို့ကို ပြုလုပ်ရန် လိုအပ်သည်။ အယောင်ဆောင်ခေါင်းဆောင်များသည် မိမိတို့၏ အလုပ်တွင် လုံးဝ တာဝန်မဲ့ကြပြီး အမျိုးမျိုးသော အလုပ်များကို မည်သည့်အခါမျှ ကြီးကြပ်ခြင်း၊ နောက်ဆက်တွဲလုပ်ဆောင်ခြင်း သို့မဟုတ် လမ်းညွှန်ခြင်း မရှိကြသည်မှာ သိသာထင်ရှားပေသည်။ ရလဒ်အနေဖြင့် အချို့သော ကြီးကြပ်ရေးမှူးများသည် အလုပ်တွင် ပေါ်ပေါက်လာသည့် အမျိုးမျိုးသော ပြဿနာများကို မည်သို့ဖြေရှင်းရမည်ကို မသိကြဘဲ အလုပ်ကို လုပ်ဆောင်ရန် လုံလောက်သော အရည်အချင်း မရှိသလောက်ဖြစ်နေသည့်တိုင် ကြီးကြပ်ရေးမှူးများအဖြစ် မိမိတို့၏ အခန်းကဏ္ဍတွင် ဆက်လက်ရှိနေကြသည်။ အဆုံးတွင် အလုပ်သည် အကြိမ်ကြိမ်အခါခါ နှောင့်နှေးကြန့်ကြာပြီး ၎င်းတို့သည် အလုပ်ကို လုံးဝ ကမောက်ကမ ဖြစ်သွားစေသည်။ ဤသည်မှာ အယောင်ဆောင်ခေါင်းဆောင်များက ကြီးကြပ်ရေးမှူးများ၏ အခြေအနေများကို မေးမြန်းခြင်း၊ ကြီးကြပ်ခြင်း သို့မဟုတ် နောက်ဆက်တွဲလုပ်ဆောင်ခြင်း မရှိခြင်း၏ အကျိုးဆက်ဖြစ်ပြီး အယောင်ဆောင်ခေါင်းဆောင်များ၏ တာဝန်ပေါ့လျော့ခြင်းကြောင့် လုံးလုံးဖြစ်ပေါ်လာသည့် ရလဒ်တစ်ခု ဖြစ်သည်။ အယောင်ဆောင်ခေါင်းဆောင်များသည် အလုပ်ကို မစစ်ဆေးခြင်း၊ နောက်ဆက်တွဲ မလုပ်ဆောင်ခြင်း သို့မဟုတ် မေးမြန်းခြင်း မရှိသောကြောင့်လည်းကောင်း၊ အခြေအနေကို ချက်ချင်း အချိန်မီနားမလည်နိုင်သောကြောင့်လည်းကောင်း ၎င်းတို့သည် ကြီးကြပ်ရေးမှူးများ တကယ့်အလုပ်ကို လုပ်ဆောင်နေခြင်း ရှိမရှိ၊ အလုပ် မည်သို့တိုးတက်နေသည်နှင့် လက်တွေ့ကျသော ရလဒ်များ ထွက်ပေါ်ခြင်း ရှိမရှိကဲ့သို့သော အရာများနှင့်ပတ်သက်၍ လုံးဝမသိရှိဘဲ နေကြသည်။ ကြီးကြပ်ရေးမှူးများ မည်သည့်အရာနှင့် အလုပ်ရှုပ်နေသည် သို့မဟုတ် မည်သည့် တိကျသော အလုပ်များကို ကိုင်တွယ်နေသည်ကို မေးမြန်းသည့်အခါ အယောင်ဆောင်ခေါင်းဆောင်များက “ကျွန်ုပ် မသိပါ၊ သို့သော် ၎င်းတို့သည် စုဝေးပွဲတိုင်းကို တက်ရောက်ပြီး အလုပ်နှင့်ပတ်သက်၍ ၎င်းတို့နှင့် ကျွန်ုပ် ဆက်သွယ်ပြောဆိုသည့်အခါတိုင်း မည်သည့်ပြဿနာမျှဖြစ်စေ၊ မည်သည့်အခက်အခဲကိုမျှဖြစ်စေ မည်သည့်အခါမျှ မပြောကြပါ” ဟု တုံ့ပြန်ကြသည်။ အယောင်ဆောင်ခေါင်းဆောင်များသည် ကြီးကြပ်ရေးမှူးများက မိမိတို့၏ အလုပ်ကို မစွန့်ပစ်သရွေ့နှင့် ၎င်းတို့ ရှာဖွေသည့်အခါတိုင်း အနီးအနားတွင် အမြဲရှိနေသရွေ့ ၎င်းတို့နှင့်ပတ်သက်၍ မည်သည့်ပြဿနာမျှ လုံးဝမရှိဟု ယုံကြည်ကြသည်။ ဤသည်မှာ အယောင်ဆောင်ခေါင်းဆောင်များ အလုပ်လုပ်ပုံဖြစ်သည်။ ဤသည်မှာ “အယောင်ဆောင်ခြင်း” ၏ သရုပ်သကန်တစ်ခု မဟုတ်လော။ ဤသည်မှာ မိမိတို့၏ တာဝန်ဝတ္တရားများကို ကောင်းမွန်စွာ ဖြည့်ဆည်းရန် ပျက်ကွက်ခြင်း မဟုတ်လော။ ဤသည်မှာ ဆိုးရွားသော တာဝန်ပေါ့လျော့ခြင်း ဖြစ်သည်။ အယောင်ဆောင် ခေါင်းဆောင်များသည် မိမိတို့၏ အလုပ်တွင် ဝတ်ကျေတမ်းကျေ လုပ်ဆောင်ခြင်းကိုသာ အာရုံစိုက်ပြီး လက်တွေ့ကျသော ရလဒ်များကို မရှာဖွေကြပေ။ အပေါ်ယံအားဖြင့် ၎င်းတို့သည် သာမန်လူတစ်ဦးထက် ပို၍ အလုပ်များပုံပေါ်လျက် စုဝေးပွဲများကို မကြာခဏ ပြုလုပ်ကြသည်။ သို့ရာတွင် ၎င်းတို့ အမှန်တကယ် ဖြေရှင်းခဲ့သည့် ပြဿနာများ၊ ၎င်းတို့ ကောင်းမွန်စွာ ကိုင်တွယ်ခဲ့သည့် တိကျသော အလုပ်များနှင့် ၎င်းတို့ စွမ်းဆောင်ရရှိခဲ့သည့် ရလဒ်များသည် မည်သည့်အရာဖြစ်သည်ကိုမူ မသိရှိရပေ။ အယောင်ဆောင်ခေါင်းဆောင်များ ကိုယ်တိုင်အပါအဝင် မည်သူကမျှ ဤအရာများနှင့်ပတ်သက်၍ ရှင်းလင်းသော အဖြေတစ်ခုကို မပေးနိုင်ပေ။ သို့သော် အချက်တစ်ချက်မှာ သေချာထားနိုင်သည်၊ အလုပ်နေရာတွင် လူတို့ မည်သည့်ပြဿနာများ ရှိပါစေ ဤအယောင်ဆောင်ခေါင်းဆောင်များကို မည်သည့်နေရာတွင်မျှ မတွေ့ရပေ၊ ၎င်းတို့က အလုပ်နေရာတွင် လူတို့၏ ပြဿနာများကို ဖြေရှင်းပေးနေသည်ကို မည်သူမျှ မည်သည့်အခါမျှ မမြင်ဖူးပေ။ သို့ဆိုလျှင် အယောင်ဆောင်ခေါင်းဆောင်များသည် တစ်နေ့လုံး အဘယ်အလုပ်ကို လုပ်ဆောင်နေကြသနည်း။ ၎င်းတို့၏ စုဝေးပွဲများက အဘယ်ပြဿနာများကို ဖြေရှင်းပေးသနည်း။ မည်သူမျှ သေချာမသိပေ၊ ပြီးလျှင် ၎င်းတို့၏ အလုပ်ကို စစ်ဆေးသည့်အခါတွင်မှသာ စုပုံနေပြီး မဖြေရှင်းရသေးသော ပြဿနာတစ်ပုံတစ်ပင်ကို အဆုံး၌ ရှာဖွေတွေ့ရှိကြသည်။ အပေါ်ယံအားဖြင့် အယောင်ဆောင်ခေါင်းဆောင်များသည် အမှန်ပင် အတော်အတန် အလုပ်များပုံရသည်၊ ၎င်းတို့သည် “တစ်နေ့တစ်နေ့ မအားမလပ်အောင်” ဟူသကဲ့သို့ ဖြစ်သည်။ သို့ရာတွင် ၎င်းတို့၏ အလုပ်၏ ရလဒ်များကို ဆန်းစစ်သည့်အခါ ယင်းသည် လုံးဝ ရှုပ်ထွေးနေသည်၊ ကမောက်ကမဖြစ်နေပြီး ယင်း၌ တန်ဖိုးရှိသောအရာ တစ်ခုမျှ လုံးဝမရှိပေ၊ ပြီးလျှင် ဤအယောင်ဆောင်ခေါင်းဆောင်များသည် တကယ့်အလုပ် တစ်စိုးတစ်စိမျှ မလုပ်ဆောင်ခဲ့သည်မှာ ထင်ရှားလေသည်။ ၎င်းတို့ မဖြေရှင်းဘဲ ထားခဲ့သည့် များပြားလှသော တကယ့်ပြဿနာများ ရှိနေသော်လည်း အယောင်ဆောင်ခေါင်းဆောင်များသည် အသိစိတ်၏ ခံစားချက်မရှိသကဲ့သို့ စိတ်ထဲတွင် မိမိကိုယ်ကို အပြစ်တင်ခြင်း လုံးဝ မခံစားရဟု ထင်ရသည်။ ထို့အပြင် ၎င်းတို့သည် မိမိကိုယ်ကို အလွန် ကျေနပ်ပြီး မိမိတို့သည် အတော်အတန် ကောင်းသည်ဟု ထင်မှတ်ကြသည်၊ ၎င်းတို့သည် အမှန်ပင် ဆင်ခြင်တုံတရား လုံးဝကင်းမဲ့ကြသည်။ ဤသို့သောလူများသည် အသင်းတော်၌ ခေါင်းဆောင်များ သို့မဟုတ် အမှုဆောင်များ ဖြစ်ရန် မထိုက်တန်ပေ။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။