ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၃) အခန်း လေး
ငါတို့ ယခုလေးတင် မိတ်သဟာယဖွဲ့ခဲ့သည့် ကြီးကြပ်ရေးမှူးအမျိုးအစားသည် မိမိတို့၏ လုပ်ငန်းပိုင်းဆိုင်ရာကို နားလည်ပြီး အလုပ်လုပ်နိုင်စွမ်း ပိုင်ဆိုင်သော်လည်း ဝန်တာမထားဘဲ၊ မိမိတို့၏ လုပ်သင့်သော အလုပ်ကို ဂရုမစိုက်ဘဲ သို့မဟုတ် တကယ့်အလုပ် တစ်စုံတစ်ရာကိုမျှ မလုပ်ဆောင်ဘဲ စားသောက်ခြင်းနှင့် ဖျော်ဖြေရေးများတွင်သာ တစ်နေ့လုံး ပျော်မွေ့နေကြသည်။ အယောင်ဆောင်ခေါင်းဆောင်များသည် ဤကြီးကြပ်ရေးမှူးအမျိုးအစား၏ တာဝန်ခန့်အပ်မှုကို ချက်ချင်း ပြုပြင်ပြောင်းလဲခြင်း သို့မဟုတ် ၎င်းတို့ကို ဖြုတ်ချခြင်း မပြုနိုင်ဘဲ ဤသည်က အလုပ်ကို ချောမွေ့စွာ တိုးတက်ခြင်းမှ တားဆီးလျက် နှောင့်ယှက်လေသည်။ ဤသည်မှာ အယောင်ဆောင် ခေါင်းဆောင်များကြောင့် ဖြစ်သည် မဟုတ်လော။ အယောင်ဆောင်ခေါင်းဆောင်များသည် ဤအတွက် တိုက်ရိုက်တာဝန်မရှိသော်လည်း ၎င်းတို့၏ တာဝန်ပေါ့လျော့ခြင်း၊ ကြီးကြပ်ကွပ်ကဲသူများအဖြစ် ၎င်းတို့၏ အခန်းကဏ္ဍကို ကောင်းမွန်စွာ ဖြည့်ဆည်းရန် ပျက်ကွက်ခြင်းတို့က ၎င်းတို့ကို အလုပ်အပေါ် ဖြစ်ပေါ်စေသည့် ဆုံးရှုံးမှုများအတွက် သွယ်ဝိုက်သောအားဖြင့် တာဝန်ရှိသူများ ဖြစ်သွားစေသည်။ ဤအယောင်ဆောင်ခေါင်းဆောင်များသည် ကြီးကြပ်ကွပ်ကဲသူများအဖြစ် မိမိတို့၏ တာဝန်ကို ကောင်းမွန်စွာ မဖြည့်ဆည်းဘဲ တာဝန်ဝတ္တရားများ ပျက်ကွက်သောကြောင့် အဆုံးတွင် အသင်းတော်၏ အလုပ်ကို ဆုံးရှုံးမှုများ ခံစားရစေသည်။ တာဝန်ယူရန်၊ စိစစ်ရန်နှင့် အလုပ်ကို ရှေ့ဆက်ရန် ကြီးကြပ်ပြီး တွန်းအားပေးရန် သင့်တော်သော ကြီးကြပ်ရေးမှူးတစ်ဦး မရှိခြင်းကြောင့် အချို့သော အလုပ်များသည် ရပ်တန့်သွားပြီး ဖရိုဖရဲ ဖြစ်ကျန်ရစ်သည်အထိပင် ဖြစ်သည်။ ဝန်ထမ်းများကို မသင့်လျော်စွာ အသုံးပြုခြင်းသည် အလုပ်အပေါ် ဤသို့သော ဆုံးရှုံးမှုများကို ဖြစ်ပေါ်စေလိမ့်မည်။ ဤကြီးကြပ်ရေးမှူးအမျိုးအစားသည် အစွမ်းအစ အနည်းငယ်ရှိပြီး အတတ်ပညာဆိုင်ရာ အနည်းငယ် နားလည်သော်လည်း ၎င်းတို့သည် မိမိတို့၏ လုပ်သင့်သော အလုပ်ကို ဂရုမစိုက်ဘဲ မကြာခဏ မိမိတို့၏ ကိုယ်ပိုင်လမ်းကြောင်းအတိုင်း သွားကြကာ မှန်ကန်သော လမ်းကြောင်းကို မလိုက်လျှောက်ကြပေ။ ဤကြီးကြပ်ရေးမှူး အမျိုးအစားနှင့်ပတ်သက်၍ ပြဿနာတစ်ခုကို တစ်စုံတစ်ဦးက တိုင်ကြားသည်ကို အယောင်ဆောင်ခေါင်းဆောင်များ ကြားလျှင်ပင် ၎င်းတို့သည် ယင်းကို ချက်ချင်း စုံစမ်းခြင်း သို့မဟုတ် ကိုင်တွယ်ခြင်း မပြုကြဘဲ ဤသည်က အဆုံးတွင် အသင်းတော်အလုပ်ကို ဆိုင်းငံ့သွားစေသည်။ ဤသည်မှာ အယောင်ဆောင်ခေါင်းဆောင်များ၏ တာဝန်မဲ့မှုကြောင့် ဖြစ်သည် မဟုတ်လော။ ၎င်းတို့သည် ကြီးကြပ်ရေးမှူး၏ အခြေအနေကို နားမလည်ခဲ့ကြောင်း၊ ၎င်းတို့သည် မိုက်မဲပြီး မသိနားမလည်ခဲ့ကြောင်း အခိုင်အမာဆိုလျက် ဤသို့ပြောခြင်းက ထိုကိစ္စ၏ အဆုံးသတ်ဖြစ်လိမ့်မည်ဟုလည်းကောင်း၊ ၎င်းတို့ တာဝန်ယူရန် လိုအပ်မည်မဟုတ်ဟုလည်းကောင်း ထင်မှတ်လျက် တာဝန်ကိုပင် ခေါင်းရှောင်ရန် ကြိုးစားကြသည်။ မိမိတို့၏ အလုပ်တွင် အယောင်ဆောင်ခေါင်းဆောင်များသည် အစဉ်သဖြင့် ဝတ်ကျေတမ်းကျေ ပုံစံဖြင့် ပြုမူကြသည်။ လူတို့က ပြဿနာများကို တိုင်ကြားသည့်အခါပင် ၎င်းတို့သည် ယင်းတို့ကို မေးမြန်းခြင်းဖြစ်စေ၊ ကိုင်တွယ်ခြင်းဖြစ်စေ မပြုကြဘဲ အဆင်မပြေမှုများ ဖြစ်သည့်အခါတွင် တာဝန်ကို ခေါင်းရှောင်ရန် ကြိုးစားကြသည်။ ဤသည်မှာ အယောင်ဆောင်ခေါင်းဆောင်များ၏ သရုပ်သကန်တစ်ခု ဖြစ်သည်။
၂။ အစွမ်းအစ ညံ့ဖျင်းပြီး အလုပ်လုပ်နိုင်စွမ်းမရှိသော ကြီးကြပ်ရေးမှူးများကို အယောင်ဆောင်ခေါင်းဆောင်များ ဆက်ဆံပုံ
အယောင်ဆောင်ခေါင်းဆောင်များ အလုပ်လုပ်နေသည့်အခါ ၎င်းတို့ကြုံတွေ့ရသည့် ပြဿနာများသည် ဤအခြေအနေတစ်ခုတည်းတွင်သာ ကန့်သတ်မနေပေ၊ ကြီးကြပ်ရေးမှူးများက အစွမ်းအစ ညံ့ဖျင်းပြီး အလုပ်လုပ်နိုင်စွမ်းမရှိကာ အလုပ်ကို တာဝန်ယူ ထမ်းဆောင်နိုင်ခြင်း မရှိသည့် နောက်ထပ်အခြေအနေတစ်ခုလည်း ရှိသေးသည်။ ထိုသို့သောအခြေအနေများတွင် အယောင်ဆောင် ခေါင်းဆောင်များသည် ထိုပြဿနာကို ချက်ချင်း မေးမြန်းရန်နှင့် ကိုင်တွယ်ရန်လည်း ပျက်ကွက်ကြသည်။ အဘယ်ကြောင့်နည်း။ အယောင်ဆောင်ခေါင်းဆောင်များသည် အလုပ်လုပ်နိုင်စွမ်းမရှိ၊ ၎င်းတို့သည် အစွမ်းအစ ညံ့ဖျင်းပြီး ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု မရှိကြပေ။ ၎င်းတို့သည် အမျိုးမျိုးသော အဖွဲ့ကြီးကြပ်ရေးမှူးများ၏ အစွမ်းအစ၊ အလုပ်ကို ထမ်းဆောင်နိုင်စွမ်း သို့မဟုတ် ၎င်းတို့၏ အလုပ်အခြေအနေများကို မည်သည့်အခါမျှ ဂရုမစိုက်သကဲ့သို့ အလျင်ဦးအောင် တက်ကြွစွာ မေးမြန်းခြင်းလည်း မရှိကြပေ။ အစွမ်းအစ ညံ့ဖျင်းပြီး မိမိတို့၏ အလုပ်ကို မထမ်းဆောင်နိုင်သည့် ကြီးကြပ်ရေးမှူးများကို ၎င်းတို့ ထွင်းဖောက်မမြင်နိုင်သကဲ့သို့ ဤအရာများကိုလည်း မသိကြချေ။ ၎င်းတို့၏ စိတ်ထဲတွင် မည်သည့်လူမဆို ကြီးကြပ်ရေးမှူး၏ အခန်းကဏ္ဍကို တာဝန်ယူလိုက်သည်နှင့်တစ်ပြိုင်နက် ထိုသူသည် မကောင်းမှုများစွာကို ကျူးလွန်ပြီး လူအများ၏ ဒေါသကို ဆွကာ ညီအစ်ကိုမောင်နှမများ၏ ဖယ်ရှားခြင်းကို ခံရခြင်း၊ သို့မဟုတ် တစ်စုံတစ်ဦးက သူ၏ ပြဿနာများကို အထက်သို့ တိုင်ကြားပြီး အထက်က သူ့ကို တိုက်ရိုက်ဖြုတ်ချသည်ကို ခံရခြင်းတို့မဖြစ်ပါက သူ၏ရာထူးတွင် အချိန်ကြာမြင့်စွာ ရှိနေမည်ဖြစ်သည်။ သို့တည်းမဟုတ်ပါက အယောင်ဆောင်ခေါင်းဆောင်များသည် ထိုလူကို မည်သည့်အခါမျှ ဖြုတ်ချမည်မဟုတ်ပေ။ ညီအစ်ကိုမောင်နှမများက ထိုလူသည် ကောင်းသည်ဟု ပြောဆိုပြီး သူ့ကို ရွေးကောက်တင်မြှောက်ခဲ့သောကြောင့် ထိုလူသည် အကောင်းဆုံးရွေးချယ်မှု ဖြစ်ရမည်ဟု ၎င်းတို့က ယုံကြည်ကြသည်။ အယောင်ဆောင်ခေါင်းဆောင်များသည် တစ်စုံတစ်ဦး အလုပ်လုပ်နိုင်ခြင်း ရှိမရှိနှင့် ကြီးကြပ်ရေးမှူးအဖြစ် ဆောင်ရွက်ရန် သင့်တော်ခြင်း ရှိမရှိကို ဆုံးဖြတ်ရန် စိတ်ကူးများနှင့် အကဲဖြတ်မှုများအပေါ် အစဉ်သဖြင့် အားကိုးကြသည်။ ဥပမာအားဖြင့် အကအဖွဲ့တစ်ခု၏ ကြီးကြပ်ရေးမှူးတစ်ဦးရှိခဲ့ပြီး သူသည် မကခုန်တတ်သကဲ့သို့ အကများကို ရွေးချယ်ခြင်း၏ စည်းမျဉ်းများကိုလည်း နားမလည်ခဲ့ပေ။ ကကွက်တစ်ခုကို တီထွင်ဖန်တီးနေစဉ်တွင် သူသည် ခေတ်ပြိုင်အကကို ရွေးချယ်ရမည်လော သို့မဟုတ် ရှေးရိုးအကကို ရွေးချယ်ရမည်လောကို မသိခဲ့ပေ။ အတိအကျပြောရလျှင် သူသည် အကနှင့်ပတ်သက်၍ ဗဟုသုတ မရှိခဲ့ပေ။ သို့ရာတွင် အယောင်ဆောင်ခေါင်းဆောင်သည် ဤအရာကို မမြင်နိုင်ခဲ့ချေ။ ထိုလူသည် စိတ်အားထက်သန်ပြီး ထင်ပေါ်ကျော်ကြားရန် လိုလားသောကြောင့် သူ့ကို ကြီးကြပ်ရေးမှူးအဖြစ် ရွေးချယ်ခဲ့ပြီး သူသည် အရာအားလုံးကို နားလည်သည်ဟု ယူဆကာ ညီအစ်ကိုမောင်နှမများကို လမ်းညွှန်ခွင့်ပြုခဲ့သည်။ နောက်ပိုင်းတွင် အယောင်ဆောင်ခေါင်းဆောင်သည် နောက်ဆက်တွဲ လုပ်ဆောင်ခြင်း၊ သူ၏အလုပ်ကို စောင့်ကြည့်လေ့လာခြင်း သို့မဟုတ် သူသည် ညီအစ်ကိုမောင်နှမများကို မည်မျှကောင်းမွန်စွာ လမ်းညွှန်နေသည်ကိုဖြစ်စေ၊ သူသည် ကျွမ်းကျင်သူဖြစ်သည်ဖြစ်စေ၊ လူပြိန်းတစ်ဦးဖြစ်သည်ကိုဖြစ်စေ၊ သူသင်ကြားသည့်အရာသည် သင့်တော်ခြင်း ရှိမရှိကိုဖြစ်စေ၊ ဘုရားအိမ်တော်၏ သတ်မှတ်ချက်များနှင့် ကိုက်ညီခြင်း ရှိမရှိကိုဖြစ်စေ မကြည့်ရှုခဲ့ပေ။ သူသည် ဤအရာများကို မသိရှိခဲ့သည့်အပြင် ၎င်းတို့အကြောင်းကို သွားရောက်မေးမြန်းခြင်းလည်း မရှိခဲ့ပေ။ ရလဒ်အနေဖြင့် လူတိုင်းသည် အချိန်ကာလကြာရှည်စွာ အလုပ်လုပ်ခဲ့သော်လည်း မည်သည့်ရလဒ်မျှ မထွက်ပေါ်ခဲ့ဘဲ အဆုံးတွင် အယောင်ဆောင်ခေါင်းဆောင် ရွေးချယ်ခဲ့သည့် ကြီးကြပ်ရေးမှူးသည် လုံးဝ မကတတ်သည့်တိုင် ကျွမ်းကျင်သူတစ်ဦးအဖြစ် ဟန်ဆောင်ကာ အခြားသူများကို ညွှန်ကြားနေခဲ့သည်ကို ရှာဖွေတွေ့ရှိခဲ့သည်။ ဤသည်မှာ အလုပ်ကို နှောင့်နှေးစေခဲ့သည် မဟုတ်လော။ သို့သော် အယောင်ဆောင်ခေါင်းဆောင်သည် ဤပြဿနာကို မဖော်ထုတ်နိုင်ခဲ့ဘဲ ထိုသူသည် ကောင်းမွန်စွာ လုပ်ဆောင်နေသည်ဟု ယုံကြည်နေဆဲ ဖြစ်သည်။ အယောင်ဆောင်ခေါင်းဆောင်များ၏ စိတ်ထဲတွင် တစ်စုံတစ်ဦးသည် မည်သူပင်ဖြစ်စေ ၎င်းတွင် သတ္တိရှိပြီး စကားပြောရဲ၊ ပြုမူရဲကာ အလုပ်ကို တာဝန်ယူရဲသရွေ့ ဤသည်က ၎င်းတွင် အစွမ်းအစရှိပြီး ယင်းကို တာဝန်ယူ ထမ်းဆောင်နိုင်ကြောင်း သက်သေပြသည်၊ သို့သော်လည်း ၎င်းတို့သည် ထိုအရာများကို မလုပ်ရဲပါက ၎င်းတို့၏ အစွမ်းအစသည် ထိုအလုပ်ကို တာဝန်ယူထမ်းဆောင်ရန် မလုံလောက်ကြောင်း သက်သေပြသည်ဟု ယူဆကြသည်။ အချို့လူများသည် ရူးပေါပေါလူများ သို့မဟုတ် မည်သည့်အရာကိုမဆို လုပ်ဆောင်ရဲလောက်အောင် ရဲတင်းကြသည့် မဆင်ခြင်သော ကမူးရှူးထိုးသမားများ ဖြစ်ကြသည်။ ဤလူများသည် မိမိတို့တွင် သင့်တော်သော အစွမ်းအစ ရှိမရှိကိုဖြစ်စေ၊ အလုပ်ကို ထမ်းဆောင်နိုင်ခြင်း ရှိမရှိကိုဖြစ်စေ မသိကြသော်လည်း ကြီးကြပ်ရေးမှူးများ ဖြစ်လာရန် သတ္တိရှိနေဆဲ ဖြစ်သည်။ ပြီးလျှင် ၎င်းတို့ တာဝန်ယူပြီးနောက်တွင် ဖြစ်ချင်တော့ အလုပ်တစ်ခုမျှ တိုးတက်ခြင်းမရှိဘဲ ၎င်းတို့ မည်သည့်အလုပ်ကို လုပ်ဆောင်နေသည်ဖြစ်စေ ၎င်းတို့တွင် ရှင်းလင်းသော ဦးတည်ချက်အသိ၊ သို့မဟုတ် အဆင့်များ၊ သို့မဟုတ် မှန်ကန်သော စိတ်ကူးများ မရှိကြချေ။ မည်သူမဆို မည်သည့်ထင်မြင်ချက်ကိုမဆို ပေးနိုင်ပြီး ၎င်းတို့သည် ယင်းမှာ မှန်သည် သို့မဟုတ် မှားသည်ကို သိမည်မဟုတ်ပေ။ လူတစ်ဦးက အမှုအရာများကို နည်းလမ်းတစ်ခုဖြင့် လုပ်ဆောင်ရန် ပြောဆိုပါက ၎င်းတို့က အဆင်ပြေသည်ဟု ပြောဆိုကြပြီး အခြားလူတစ်ဦးက အမှုအရာများကို အခြားနည်းလမ်းတစ်ခုဖြင့် လုပ်ဆောင်ရန် ပြောဆိုပါကလည်း ၎င်းတို့က အဆင်ပြေသည်ဟု ပြောဆိုကြသည်။ ပြီးလျှင် အမှန်တကယ် မည်သည့်လုပ်နည်းကိုင်နည်းကို ကျင့်သုံးရမည်နှင့် ပတ်သက်လာလျှင် ၎င်းတို့သည် လူတိုင်းကို ဝင်ပြောခွင့်ပြုကြပြီး မည်သူ၏အသံက အကျယ်ဆုံးဖြစ်သည်ဖြစ်စေ ထိုသူ၏ စိတ်ကူးများကို အကောင်အထည်ဖော်ကြသည်။ ဤသို့သောလူစားမျိုးများတွင် မည်သည့်အစွမ်းအစမျှ လုံးဝမရှိဘဲ မည်သည့်အရာကိုမျှ ထွင်းဖောက်မမြင်နိုင်ကြကာ မိမိတို့၏ အလုပ်ကို ရှုပ်ထွေးသွားစေရုံသာ ဖြစ်သော်လည်း အယောင်ဆောင်ခေါင်းဆောင်များသည် ဤသို့သော ကြီးကြပ်ရေးမှူးများကို ထွင်းဖောက်မမြင်နိုင်ကြသေးပေ။ အချို့လူများက “ထိုကြီးကြပ်ရေးမှူးသည် အလွန်ညံ့ဖျင်းသော အစွမ်းအစရှိသည်၊ သူ့ကို ချက်ချင်း ဖြုတ်ချရန် လိုအပ်သည်” ဟု ပြောဆိုကြသည်။ သို့သော် အယောင်ဆောင်ခေါင်းဆောင်များက “ကျွန်ုပ် သူနှင့် စကားပြောပြီးပြီ၊ ပြီးလျှင် သူက မိမိ၏ အပိုင်းကို လုပ်ဆောင်လိုစိတ်ရှိကြောင်း ပြောဆိုခဲ့သည်။ သူ့ကို နောက်ထပ်အခွင့်အရေးတစ်ခု ပေးကြပါစို့” ဟု ပြန်ဖြေကြသည်။ ဤစကားနှင့်ပတ်သက်၍ သင်တို့ မည်သို့ထင်သနည်း။ ဤသည်မှာ လူမိုက်တစ်ဦး ပြောဆိုမည့်အရာတစ်ခု မဟုတ်လော။ ဤစကားတွင် အဘယ်အရာ မှားယွင်းနေသနည်း။ (ဤသည်မှာ ၎င်းတို့ မိမိတို့၏ အပိုင်းကို လုပ်ဆောင်လိုစိတ်ရှိခြင်း ရှိမရှိဟူသော ကိစ္စမဟုတ်ပါ၊ ၎င်းတို့တွင် အစွမ်းအစမရှိဘဲ အလုပ်ကို လုံးဝ တာဝန်ယူ ထမ်းဆောင်နိုင်မှု မရှိခြင်းသာ ဖြစ်ပါသည်။) မှန်ပေသည်၊ ဤသည်မှာ ၎င်းတို့ ယင်းကို လုပ်ဆောင်လိုစိတ်ရှိခြင်း ရှိမရှိဟူသော ပြဿနာမဟုတ်ပေ၊ ဤသည်မှာ ၎င်းတို့တွင် အလွန်ညံ့ဖျင်းသော အစွမ်းအစရှိပြီး ယင်းကို မည်သို့လုပ်ဆောင်ရမည်ကို မသိခြင်းနှင့်ပတ်သက်သည်၊ ဤသည်မှာ ပြဿနာ၏ အခရာဖြစ်သည်။ ထို့ကြောင့် ၎င်းတို့၏ ခေါင်းဆောင်များသည် ဤကြီးကြပ်ရေးမှူးများ၌ လိုအပ်သော အရည်အချင်း ရှိ၊ မရှိကို သိမြင်နိုင်ရန် စဉ်းစားဉာဏ်ရှိဖို့နှင့် လူများကို အကဲဖြတ်နိုင်ဖို့ လိုအပ်သည်။ ဤခေါင်းဆောင်များသည် ၎င်းတို့၏ စကားပြောဆိုမှုနှင့် မိတ်သဟာယဖွဲ့မှုအပေါ် အခြေခံ၍လည်းကောင်း၊ ၎င်းတို့သည် ပုံမှန်အားဖြင့် သင့်လျော်သော မူဘောင်တစ်ခုနှင့် စနစ်ကျသော နည်းလမ်းများနှင့် အဆင့်များဖြင့် ပြုမူခြင်း ရှိမရှိကို စောင့်ကြည့်လေ့လာခြင်းအပေါ် အခြေခံ၍လည်းကောင်း၊ ညီအစ်ကိုမောင်နှမများထံမှ တုံ့ပြန်ချက်အပေါ် အခြေခံ၍လည်းကောင်း ၎င်းတို့နှင့်ပတ်သက်၍ ဘက်စုံအကဲဖြတ်မှုတစ်ခုကို လုပ်ဆောင်ရန် လိုအပ်သည်။ အကယ်၍ ၎င်းတို့၏ အစွမ်းအစသည် အလွန်ညံ့ဖျင်းပြီး လိုအပ်သော အလုပ်လုပ်နိုင်စွမ်းမရှိပါက၊ ၎င်းတို့လုပ်ဆောင်သမျှ အရာအားလုံးကို ရှုပ်ထွေးသွားစေပါက၊ ၎င်းတို့သည် အသုံးမကျသူများဖြစ်ပါက ဤကြီးကြပ်ရေးမှူးများကို ချက်ချင်း ဖြုတ်ချရန် လိုအပ်သည်။
လယ်ယာလုပ်ငန်းကို ဖရိုဖရဲဖြစ်အောင် လုပ်ခဲ့သော လယ်တောတစ်ခုမှ ကြီးကြပ်ရေးမှူးတစ်ဦး ရှိခဲ့သည်။ သူသည် မည်သည့်မြေကွက်တွင် မည်သည့်သီးနှံများကို စိုက်ပျိုးသင့်သည်ကိုဖြစ်စေ၊ မည်သည့်မြေကွက်သည် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးရန် သင့်တော်သည်ကိုဖြစ်စေ မသိခဲ့သကဲ့သို့ လူတိုင်းနှင့်အတူ ရှာဖွေပြီး မိတ်သဟာယဖွဲ့ခြင်းလည်း မရှိခဲ့ပေ၊ သူသည် ဤအရာများအကြောင်းကို မည်သို့ မိတ်သဟာယဖွဲ့ရမည်ကို မသိသောကြောင့် ယင်းကို မလုပ်ဆောင်ခဲ့ခြင်းသာ ဖြစ်သည်။ သူသည် ဘုရားအိမ်တော်၏ စည်းမျဉ်းများကို သူ့စိတ်ထဲမှ ဖယ်ထုတ်လျက် မိမိအလိုရှိသည့်အတိုင်း သီးနှံများကို စိုက်ပျိုးခဲ့သည်။ ရလဒ်အနေဖြင့် သူသည် လယ်ယာမြေကွက်တစ်ခုစီကို ပရမ်းပတာပုံစံဖြင့် စိုက်ပျိုးခဲ့ပြီး အနည်းငယ်သာ စိုက်ပျိုးသင့်သည့် သီးနှံများကို အများအပြား စိုက်ပျိုးခဲ့ကာ အများအပြား စိုက်ပျိုးသင့်သည့် သီးနှံများကိုမူ အနည်းငယ်သာ စိုက်ပျိုးခဲ့သည်။ အထက်က သူ့ကို ပြုပြင်သည့်အခါ သူသည် အာခံနေဆဲဖြစ်ပြီး ဤနည်းလမ်းဖြင့် သီးနှံများကို စိုက်ပျိုးခြင်း၌ မှားယွင်းသောအရာ တစ်ခုမျှမရှိဟု ခံစားခဲ့ရသည်။ ငါ့ကို ပြောလော့၊ ဤသို့သော ကြီးကြပ်ရေးမှူးမျိုးတို့သည် ကိုင်တွယ်ရအလွန်ခက်ခဲသည် မဟုတ်လော။ သူသည် ဘုရားအိမ်တော်က ချမှတ်ထားသော စည်းမျဉ်းများကို အခြေခံ၍ အမှုအရာများကို မည်သို့ကိုင်တွယ်ရမည်ကို မသိခဲ့ပေ၊ သို့မဟုတ် အချိန်ပြည့်တာဝန်ထမ်းဆောင်သော အသင်းတော်၌ တာဝန်ထမ်းဆောင်နေသည့် လူအရေအတွက်ကို အခြေခံ၍ ကောက်ပဲသီးနှံ လယ်ကွင်းမည်မျှနှင့် ဟင်းသီးဟင်းရွက် လယ်ကွင်းမည်မျှ စိုက်ပျိုးသင့်သည်ကို ဆုံးဖြတ်သင့်ကြောင်းလည်း မသိခဲ့ပေ။ ထိုအစား သူသည် မိမိ၏ ကိုယ်ပိုင်နှစ်သက်မှုများကို အခြေခံ၍ အချို့သော သီးနှံများကို များများစိုက်ပျိုးရန်နှင့် အချို့ကို နည်းနည်းစိုက်ပျိုးရန် ဆုံးဖြတ်ခဲ့ပြီး ဤသို့ပြုလုပ်ခြင်းသည် လုံးဝသင့်တော်သည်ဟု သူယုံကြည်ခဲ့သည်။ အဆုံးတွင် သူသည် သီးနှံများကို ဖြစ်ကတတ်ဆန်းပုံစံဖြင့် စိုက်ပျိုးခဲ့သည်။ နောက်ပိုင်းတွင် ပျိုးပင်များ ပေါက်လာခဲ့သည်။ အချို့မှာ အဝါရောင်ပြောင်းသွားပြီး မြေသြဇာလိုအပ်ခဲ့သော်လည်း သူသည် မည်မျှထည့်ရမည်ကိုဖြစ်စေ၊ မည်သည့်အချိန်တွင် ထည့်ရမည်ကိုဖြစ်စေ မသိခဲ့ပေ။ အချို့သော သီးနှံများမှာ ပိုးမွှားများ ကျရောက်ခဲ့ပြီး ၎င်းတို့အပေါ် ပိုးသတ်ဆေးများ သုံးသင့်သည်၊ သို့မဟုတ် မသုံးသင့်သည်ကို သူ မသိခဲ့ပေ။ အချို့လူများက သုံးရန် ထောက်ခံခဲ့ပြီး အချို့ကမူ မသုံးရန် ထောက်ခံခဲ့ရာ သူသည် ရောထွေးသွားပြီး ပိုးသတ်ဆေးများနှင့်ပတ်သက်၍ ဘာလုပ်ရမည်ကို မသိခဲ့ပေ။ ဤနည်းဖြင့် သူသည် အိုးနင်းခွက်နင်းဖြင့် ရိတ်သိမ်းသည့်ရာသီသို့ ရောက်လာခဲ့သည်။ သူသည် သီးနှံတစ်ခုစီ၏ ကြီးထွားသည့်ရာသီသည် မည်မျှကြာရှည်သည်ကိုဖြစ်စေ၊ သီးနှံတစ်ခုစီသည် မည်သည့်အချိန်တွင် ရင့်မှည့်မည်ကိုဖြစ်စေ သူ လုံးဝမသိခဲ့ပေ။ ရလဒ်အနေဖြင့် စောစီးစွာ ရိတ်သိမ်းခဲ့သော ကောက်ပဲသီးနှံများသည် အနည်းငယ် စိမ်းနေဆဲဖြစ်ပြီး နောက်ကျမှ ရိတ်သိမ်းခဲ့သော အရာများမှာမူ မြေပေါ်သို့ ကြွေကျကုန်သည်။ အဆုံးတွင် မည်သို့ပင်ဖြစ်စေ သီးနှံများကို ရိတ်သိမ်းခဲ့ပြီး ကောက်ပဲသီးနှံများကို နောက်ဆုံးတွင် သိုလှောင်ခဲ့ကာ ထိုနှစ်အတွက် လယ်ယာလုပ်ငန်းဆောင်တာများသည် အနည်းနှင့်အများဆိုသလို ပြီးဆုံးသွားခဲ့သည်။ လယ်ယာကြီးကြပ်ရေးမှူးသည် သူ၏အလုပ်ကို မည်သို့လုပ်ဆောင်ခဲ့သနည်း။ (သူသည် အလုပ်ကို ကမောက်ကမ ဖြစ်သွားစေခဲ့ပါသည်။) အဘယ်ကြောင့် ဤမျှ ကမောက်ကမ ဖြစ်ခဲ့ရသနည်း။ ဤပြဿနာ၏ အရင်းခံအကြောင်းရင်းကို ရှာဖွေလော့။ (သူ၏ အစွမ်းအစသည် အလွန်ညံ့ဖျင်းခြင်း ဖြစ်ပါသည်။) ဤကြီးကြပ်ရေးမှူးသည် အလွန်ညံ့ဖျင်းသော အစွမ်းအစရှိသည်။ အမှုအရာများနှင့် ရင်ဆိုင်ရသည့်အခါ သူသည် တိကျသော အကဲဖြတ်မှုများ မပြုလုပ်ခဲ့ဘဲ စည်းမျဉ်းများကို ရှာမတွေ့နိုင်ခဲ့သည့်အပြင် အမှုအရာများကို ကိုင်တွယ်ရန် နည်းလမ်း သို့မဟုတ် နည်းစနစ်လည်း မရှိခဲ့ပေ။ ယင်းကြောင့် သူသည် သီးနှံစိုက်ပျိုးခြင်းကဲ့သို့သော ရိုးရှင်းသည့်အလုပ်တစ်ခုကိုပင် မယုံနိုင်လောက်အောင် ပရမ်းပတာ ပုံစံဖြင့် ကိုင်တွယ်ခဲ့ပြီး ဤအလုပ်ကို အကြီးအကျယ် ကမောက်ကမ ဖြစ်သွားစေခဲ့သည်။ ညံ့ဖျင်းသော အစွမ်းအစ၏ အဓိကသရုပ်သကန်များမှာ အဘယ်နည်း။ (တိကျသော အကဲဖြတ်မှုများ မရှိခြင်းနှင့် စည်းမျဉ်းများကို ရှာမတွေ့နိုင်ခြင်း ဖြစ်ပါသည်။) ဤစကားများသည် အရေးကြီးသည် မဟုတ်လော။ သင်တို့ ယင်းတို့ကို မှတ်မိကြမည်လော။ လူတစ်ဦးသည် အမှုအရာများနှင့် ရင်ဆိုင်ရသည့်အခါ တိကျသော အကဲဖြတ်မှုများ မရှိခြင်းနှင့် စည်းမျဉ်းများကို ရှာမတွေ့နိုင်ခြင်းသည် အလွန်ညံ့ဖျင်းသော အစွမ်းအစကို ညွှန်ပြသည်။ အခြားလူများက အကြံပြုချက်များနှင့် အရိပ်အမြွက်များ ပိုမိုပေးလေ ဤကြီးကြပ်ရေးမှူးသည် ပို၍ စိတ်ရှုပ်ထွေးလာလေ ဖြစ်သည်။ အကြံပြုချက်တစ်ခုတည်းသာ ရှိပါက အလွန်ကောင်းမည်ဟု သူထင်ခဲ့သည်၊ ထိုအခါ သူသည် ယင်းကို စည်းမျဉ်းစည်းကမ်းတစ်ခုကဲ့သို့ သဘောထားပြုမူပြီး ပုံသေစောင့်ထိန်းနိုင်မည်ဖြစ်ကာ ယင်းက အမှုအရာများကို အလွန်ရိုးရှင်းစေပြီး သူသည် စဉ်းစားရန် သို့မဟုတ် အကဲဖြတ်ရန် မလိုအပ်တော့ဟု ဆိုလိုမည်ဖြစ်သည်။ လူများစွာက အကြံပြုချက်များ ပေးမည်ကို သူကြောက်ရွံ့ခဲ့သည်၊ အကြောင်းမှာ ယင်းတို့ကို ကြားသည့်အခါ သူသည် မည်သို့ကိုင်တွယ်ရမည်ကို မသိသောကြောင့် ဖြစ်သည်။ အမှန်တွင် ဦးနှောက်ရှိပြီး အစွမ်းအစကောင်းသော လူများသည် အခြားလူများ အကြံပြုချက်များ ပေးမည်ကို မကြောက်ရွံ့ကြပေ။ ၎င်းတို့သည် လူများစွာက အကြံပြုချက်များ ပေးသည့်အခါ ၎င်းတို့၏ အကဲဖြတ်မှုသည် ပို၍ တိကျလာပြီး အမှားအယွင်း ဖြစ်နိုင်ခြေသည် ပို၍ နည်းပါးသွားသည်ဟု ထင်ကြသည်။ ဦးနှောက်မရှိသော သို့မဟုတ် အစွမ်းအစမရှိသော လူများသည် လူများစွာထံမှ အမျိုးမျိုးသော ထင်မြင်ချက်များနှင့် အကြံပြုချက်များကို ကြောက်ရွံ့ကြသည်၊ ရင်းမြစ်များစွာမှ အကြံဉာဏ်များနှင့် ရင်ဆိုင်ရသည့်အခါ ၎င်းတို့သည် စိတ်ရှုပ်ထွေးသွားကြသည်။ ငါ ယခုလေးတင် ပြောခဲ့သည့် လယ်ယာကြီးကြပ်ရေးမှူးသည် အလွန်ညံ့ဖျင်းသော အစွမ်းအစရှိခဲ့သည် မဟုတ်လော၊ သူသည် ဤအလုပ်ကို ထမ်းဆောင်ရန် မလုံလောက်ခဲ့သည် မဟုတ်လော။ (ဟုတ်ပါသည်။) အချို့က “ဖြစ်နိုင်သည်မှာ သူသည် ယခင်က လယ်မလုပ်ဖူးခြင်း ဖြစ်နိုင်သည်။ သင်က သူ့ကို လယ်လုပ်ခိုင်းရန် မရမကတိုက်တွန်းခဲ့သည်၊ ဤသည်မှာ ငါးကို ကုန်းပေါ်တွင် အသက်ရှင်နေထိုင်ခိုင်းသကဲ့သို့ မဟုတ်လော” ဟု ငြင်းခုံကြသည်။ ယခင်က လယ်ယာလုပ်ငန်းအတွေ့အကြုံ မရှိခြင်းက လူတစ်ဦးသည် လယ်မလုပ်နိုင်ဟု ဆိုလိုသလော။ မည်သူသည် လယ်လုပ်ရန် ပင်ကိုယ်စွမ်းရည် ပါလာသနည်း။ လယ်သမားများသည် ဤစွမ်းရည်ဖြင့် မွေးဖွားလာနိုင်သလော။ (မွေးမလာနိုင်ပါ။) အတွေ့အကြုံမရှိဘဲ လယ်မလုပ်တတ်သောကြောင့် ပထမဆုံးအကြိမ် သီးနှံစိုက်ပျိုးသည့်အခါ ရိတ်သိမ်းစရာမရှိဘဲ စားစရာကောက်ပဲသီးနှံမရှိကာ တစ်နှစ်လုံး ငတ်မွတ်ခေါင်းပါးခြင်းသို့ ရောက်သွားသည့် လယ်သမားများ ရှိခဲ့ဖူးသလော။ ဤသို့သောအရာမျိုး ဖြစ်တတ်သလော။ (မဖြစ်တတ်ပါ။) အကယ်၍ ထိုသို့ အမှန်တကယ်ဖြစ်ခဲ့ပါက ယင်းမှာ လူ၏လုပ်ဆောင်ချက်များကြောင့်မဟုတ်ဘဲ သဘာဝဘေးအန္တရာယ်တစ်ခု ဖြစ်ပေမည်။ ထိုသို့သောအခြေအနေများသည် အလွန်ရှားပါးသည်။ တောင်သူလယ်သမားများသည် စိုက်ပျိုးရေးဖြင့် အသက်မွေးကြပြီး တစ်နှစ် သို့မဟုတ် နှစ်နှစ် စိုက်ပျိုးဖူးသူများပင်လျှင် ယင်းကို လုပ်တတ်လာကြသည်။ အစွမ်းအစကောင်းသော လူများသည် မြေယာကို စိုက်ပျိုးခြင်းမှ အနည်းငယ်ပို၍ အထွက်တိုးနိုင်ပြီး အစွမ်းအစ ညံ့ဖျင်းသူများမှာမူ အထွက်နှုန်းနည်းပါးနိုင်သည်။ ထို့အပြင် လက်ရှိ သတင်းအချက်အလက် တိုးတက်မှု၊ ပေါများမှုတို့နှင့်အတူ လူတစ်ဦးတွင် အစွမ်းအစရှိပါက ဤသတင်းအချက်အလက်သည် တိကျမှန်ကန်သော အကဲဖြတ်မှုများနှင့် ဆုံးဖြတ်ချက်များ ချမှတ်ရန်အတွက် မှီငြမ်းချက်အဖြစ် ဆောင်ရွက်ရန် လုံလောက်သည်။ သတင်းအချက်အလက် ပိုမိုကျယ်ပြန့်ပြီး တိကျမှန်ကန်လေ ၎င်းတို့၏ အကဲဖြတ်မှုများနှင့် ဆုံးဖြတ်ချက်များသည် ပိုမိုတိကျလာလေဖြစ်ပြီး ၎င်းတို့သည် အမှားအယွင်းနည်းပါးလေ ဖြစ်သည်။ သို့ရာတွင် အစွမ်းအစ ညံ့ဖျင်းသူများသည် ဆန့်ကျင်ဘက်ဖြစ်သည်၊ သတင်းအချက်အလက် ပိုများလေ ၎င်းတို့သည် ပို၍ စိတ်ရှုပ်ထွေးလာလေ ဖြစ်သည်။ အဆုံးတွင် ခြေလှမ်းတိုင်းသည် ရုန်းကန်မှုတစ်ခုဖြစ်လာပြီး ၎င်းတို့အတွက် အလွန်ခက်ခဲလာသည်။ လယ်ယာလုပ်ငန်းသည် အချိန်လု၍ လုပ်နေရခြင်းဖြစ်သည်၊ သင်သည် အလွန်စောလွန်းလျှင် သို့မဟုတ် အလွန်နောက်ကျလွန်းလျှင် အလုပ်ဖြစ်မည်မဟုတ်ပေ။ သင်သည် နောက်ကျပြီး အချိန်မှန်ကို လွဲချော်သွားပါက နောက်ဆုံးရိတ်သိမ်းမှုသည် ထိခိုက်သွားလိမ့်မည်။ လယ်ယာလုပ်ငန်းကို လုပ်ဆောင်နေစဉ်တစ်လျှောက်လုံး ဤကြီးကြပ်ရေးမှူးသည် ခေါင်းမီးတောက်နေခဲ့ပြီး အချိန်လု၍ ခြေလှမ်းတိုင်းကို အတင်းတက်သုတ်ရိုက် လုပ်ဆောင်ခဲ့ရသည်။ သူသည် ခြေလှမ်းတိုင်းကို လှမ်းနိုင်ခဲ့သော်လည်း သူ့အတွက် အလွန်ခက်ခဲခဲ့ပြီး အဆုံးတွင် သူသည် အလုပ်ကို ကမောက်ကမ ဖြစ်သွားစေခဲ့သည်။ ထိုသို့သောလူများသည် အလွန်တရာမှ ညံ့ဖျင်းသော အစွမ်းအစရှိကြလေသည်။
အလွန်အမင်း အစွမ်းအစ ညံ့ဖျင်းသော လူများသည် တစ်ခုတည်းသော အလုပ်တစ်ခုကိုပင် ကောင်းမွန်စွာ မလုပ်ဆောင်နိုင်ပေ။ ၎င်းတို့ မည်သည့်အလုပ်ကို လုပ်ဆောင်နေသည်ဖြစ်စေ ယင်းကို ဖရိုဖရဲဖြစ်အောင် လုပ်ကြသည်။ ဤကြီးကြပ်ရေးမှူးများ၏ ခေါင်းဆောင်များက အစွမ်းအစ ကောင်းမွန်ပြီး မိမိတို့၏ တာဝန်များကို ဖြည့်ဆည်းနိုင်စွမ်းရှိပါက ဤအရာများကို ၎င်းတို့ မြင်နိုင်သင့်သည်။ ၎င်းတို့သည် အစွမ်းအစ ညံ့ဖျင်းသော ကြီးကြပ်ရေးမှူးများကို လမ်းညွှန်မှု၊ စံနှုန်းသတ်မှတ်ခြင်းနှင့် စိစစ်ခြင်းတို့ဖြင့် ကူညီသင့်သည်။ သို့သော် အယောင်ဆောင်ခေါင်းဆောင်များက ဤအရာကို လုပ်ဆောင်ရန် ပျက်ကွက်ကြသည်။ ကြီးကြပ်ရေးမှူးများ မလုပ်ဆောင်နိုင်သည့်အရာများကိုလည်း ၎င်းတို့ မလုပ်ဆောင်နိုင်ကြသကဲ့သို့ ကြီးကြပ်ရေးမှူးများက မိမိတို့၏အလုပ်ကို ခက်ခဲသည်ဟု မြင်သည့်အခါ သို့မဟုတ် မိမိတို့၏အလုပ်၌ မသေမချာဖြစ်ပြီး တွေဝေနေသည်ဟု ခံစားရသည့်အခါတွင် အယောင်ဆောင်ခေါင်းဆောင်များက ၎င်းတို့နှင့်အတူ တွေဝေကြသည်။ ကြီးကြပ်ရေးမှူးများက မိမိတို့၏အလုပ်၌ မည်သို့လုပ်ဆောင်နေသည်ကိုဖြစ်စေ၊ ၎င်းတို့ မည်သည့်အဆင့် ရောက်နေပြီဖြစ်သည်ကိုဖြစ်စေ၊ မည်သည့်အခက်အခဲများ ပေါ်ပေါက်လာသည်ကိုဖြစ်စေ၊ ၎င်းတို့ မည်သို့သော ရှုပ်ထွေးမှုများ ရှိနေသည်ကိုဖြစ်စေ ၎င်းတို့ သတိပင်မမူမိကြပေ။ တစ်စုံတစ်ဦးက ထိုခေါင်းဆောင်ကို စိုက်ပျိုးရေးအကြောင်း မေးမြန်းသည့်အခါ သူက “ကျွန်ုပ်သည် ခေါင်းဆောင်တစ်ဦးဖြစ်သည်၊ ကျွန်ုပ်သည် စိုက်ပျိုးရေးကို မကြီးကြပ်ပါ” ဟု ပြောခဲ့သည်။ ၎င်းတို့က “သင်သည် ခေါင်းဆောင်တစ်ဦး ဖြစ်သည်၊ သို့ဖြစ်၍ သင့်ကို စိုက်ပျိုးရေးအကြောင်း မေးခြင်းက ဘာများမှားသနည်း။ ဤအလုပ်သည် သင်၏ တာဝန်ဝတ္တရားများ နယ်ပယ်အတွင်း ကျရောက်ပါသည်” ဟု ပြန်ပြောခဲ့သည်။ သူက “သင့်အတွက် ကျွန်ုပ် မေးကြည့်ပေးပါမည်” ဟု ပြောခဲ့သည်။ မေးပြီးနောက် သူက “ကျွန်ုပ်တို့သည် လက်ရှိတွင် အာလူးများ စိုက်ပျိုးနေပါသည်” ဟု ပြန်ဖြေခဲ့သည်။ ၎င်းတို့က “သင် အာလူး မည်မျှ စိုက်ပျိုးနေသနည်း” ဟု မေးခဲ့သည်။ သူက “ထိုအကြောင်းကို ကျွန်ုပ် မမေးခဲ့ပါ၊ သင့်အတွက် ကျွန်ုပ် သွား၍ စစ်ဆေးပေးပါမည်” ဟု ပြန်ဖြေခဲ့သည်။ နောက်တစ်ကြိမ် မေးပြီးနောက် သူက “ကျွန်ုပ်တို့သည် နှစ်ဧက စိုက်ပျိုးခဲ့ပါသည်” ဟု ပြန်ဖြေခဲ့သည်။ ၎င်းတို့က “သင် မည်သည့်အမျိုးအစားကို စိုက်ပျိုးခဲ့သနည်း။ ထိုမြေကွက်သည် အာလူးစိုက်ပျိုးရန် သင့်တော်ပါသလော။ သင် အာလူးများ စိုက်ပျိုးသည့်အခါ မြေသြဇာကျွေးခဲ့သလော။ အာလူးစေ့များကို မည်မျှနက်သည်အထိ စိုက်ပျိုးခဲ့သနည်း” ဟု မေးခဲ့ကြသည်။ ဤအရာတစ်ခုကိုမျှ သူ မသိခဲ့ပေ။ သင်သည် ဤအရာများကို မသိသော်လည်း ယင်းတို့အကြောင်းကို သင်မစုံစမ်းသကဲ့သို့ ယင်းတို့အကြောင်း မေးမြန်းရန် တစ်စုံတစ်ဦးကိုလည်း မရှာဖွေပေ။ ဤသည်က အမှုအရာများကို နှောင့်နှေးစေသည် မဟုတ်လော။ သင်သည် ခေါင်းဆောင်တစ်ဦးပင် ဟုတ်ပါသလော။ ခေါင်းဆောင်တစ်ဦးအနေဖြင့် သင်သည် မည်သည့်အလုပ်ကို လုပ်ဆောင်နေသနည်း။ သင်သည် ဤအပြင်ပန်းအလုပ် အနည်းငယ်ကို လုပ်ဆောင်ရန် လူတို့ကို ဦးဆောင်ခြင်းပင် မပြုနိုင်ပါက သင် ခေါင်းဆောင်တစ်ဦး ဖြစ်ရခြင်းက မည်သည့် အသုံးတည့်မှုရှိသနည်း။ ကြီးကြပ်ရေးမှူး၏ အစွမ်းအစသည် ဤမျှ ညံ့ဖျင်းသော်ငြားလည်း ဤအယောင်ဆောင်ခေါင်းဆောင်သည် ယင်းကို သိရှိရန် ပျက်ကွက်ခဲ့ပြီး ကြီးကြပ်ရေးမှူး၏ အစွမ်းအစ မည်သို့ရှိသည်ကိုလည်းကောင်း၊ သီးနှံများ မည်သို့ဖြစ်နေသည်ကိုလည်းကောင်း၊ ရိတ်သိမ်းရမည်မှာ သေချာခြင်း ရှိမရှိကိုလည်းကောင်း သူ့ကို မေးမြန်းသည့်အခါတွင် သူက “သင် ဤအရာများကို စုံစမ်းမေးမြန်းရန် မလိုအပ်ပါ၊ စိုက်ပျိုးရေးသည် အလွန်တရာ ရိုးရှင်းသည့် အလုပ်တစ်ခု ဖြစ်သည်။ ကျွန်ုပ်တို့ လယ်ကွင်းထဲတွင် သီးနှံများ စိုက်ပျိုးပြီးဖြစ်သည် မဟုတ်လော။ မည်သို့ဖြစ်၍ သီးနှံ ရိတ်သိမ်းစရာ မရှိဘဲ နေရမည်နည်း” ဟု ယုံကြည်ခဲ့သည်။ သူသည် မည်သည့်အရာကိုမျှ ထည့်မစဉ်းစားခဲ့ပေ၊ မည်သည့်အရာကိုမျှ မစုံစမ်းခဲ့ပေ၊ ပြီးလျှင် သူ၌ ဦးနှောက် လုံးဝမရှိခဲ့ပေ။ ဤသည်မှာ မည်သို့သော ခေါင်းဆောင်မျိုး ဖြစ်သနည်း။ (အယောင်ဆောင်ခေါင်းဆောင်တစ်ဦး ဖြစ်ပါသည်။) သူသည် မည်သည့်အရာကိုမဆို ရင်ဆိုင်ရသည့်အခါတိုင်း ကြီးကြပ်ရေးမှူးသည် မျောက်မီးခဲကိုင်မိသကဲ့သို့ မည်သည့်အရာကို လုပ်ဆောင်ရမှန်း မသိဘဲ လုံးလုံးလျားလျား အကြံအိုက်နေခဲ့သည်။ မည်သူ့ကို မေးရမည်ကိုဖြစ်စေ၊ သတင်းအချက်အလက်ကို မည်သို့ ရှာရမည်ကိုဖြစ်စေ၊ သတင်းအချက်အလက်၏ မတူညီသော အရင်းအမြစ်များက များစွာသော မတူညီသည့် စိတ်ကူးများကို တင်ပြသည့်အခါ မည်သည့်ဘက်ကို ရွေးချယ်ရမည်ကိုဖြစ်စေ သူ မသိခဲ့ပေ။ ဤခေါင်းဆောင်သည် ဤအခြေအနေများကို မစုံစမ်းခဲ့ပေ။ အလုပ်ကို ဤလူထံ လွှဲပြောင်းပေးပြီးဖြစ်သည်ဟု တွေးထင်ခဲ့သောကြောင့် သူသည် ယင်းနှင့်ပတ်သက်၍ လုံးဝပင် အရေးမလုပ်ခဲ့ချေ။ ဤသို့ အစွမ်းအစ ညံ့ဖျင်းသော ကြီးကြပ်ရေးမှူးတစ်ဦး ရှိခြင်းသည် အလုပ်၏ ရလဒ်များအပေါ် သက်ရောက်မှုရှိမည်ဟု သင်တို့ ထင်သလော။ (သက်ရောက်မှုရှိပါသည်။) သို့ဆိုလျှင် ဤပြဿနာကို ဖြေရှင်းရန် ခေါင်းဆောင်သည် မည်သို့လုပ်ဆောင်ခဲ့သင့်သနည်း။ ဤအရာကို စုံစမ်းခြင်းနှင့် သွယ်ဝိုက်သောအားဖြင့် မေးမြန်းခြင်းများ ပြုလုပ်ခြင်းမှတစ်ဆင့်၊ သူ၏ ပတ်ဝန်းကျင်၌ ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များမှတစ်ဆင့်၊ ပြီးလျှင် ထိုရာသီ၏ သီးနှံကို စိုက်ပျိုးခြင်းမှတစ်ဆင့် ကြီးကြပ်ရေးမှူးသည် အလွန်အမင်း အစွမ်းအစ ညံ့ဖျင်းကြောင်း၊ သူသည် မည်သည့်အရာကိုမျှ မလုပ်ဆောင်နိုင်ကြောင်းကို သူ ရှာဖွေတွေ့ရှိခဲ့သင့်သည်။ သူသည် နှစ်ပေါင်းများစွာ စိုက်ပျိုးရေးလုပ်ပြီးသည့်တိုင် သူ၏ အတွေ့အကြုံများမှနေ၍ မည်သည့် အသိပညာမှ မရရှိချေ။ ထိုအချိန်တွင် သီးနှံများကို မည်သို့စိုက်ပျိုးရမည်ကိုပင် သူ မသေချာတော့ပေ။ သူသည် အစွမ်းအစ ညံ့ဖျင်းပြီး အလုပ်အတွက် အရည်အချင်းမမီကြောင်းကို သူမ ရှင်းရှင်းလင်းလင်း သိခဲ့သင့်ပြီး ထိုသို့သောလူကို ဖြုတ်ချခဲ့သင့်သည်။ သူသည် ကြီးကြပ်ရေးမှူးဖြစ်ရန် မည်သူက သင့်တော်သည်ကိုလည်းကောင်း၊ ဤအလုပ်ကို မည်သူက ထမ်းဆောင်နိုင်ပြီး ကောင်းမွန်စွာ လုပ်ဆောင်နိုင်သည်ကိုလည်းကောင်း စုံစမ်းမေးမြန်းခဲ့သင့်ပြီး ထိုသို့ဖြင့် ဘုရားအိမ်တော်၏ အလုပ်ကို ထိခိုက်နစ်နာမှု မရှိစေရန် သေချာစေခဲ့သင့်သည်။ အယောင်ဆောင်ခေါင်းဆောင်၌ ဤစိတ်ဓာတ် ရှိခဲ့သလော။ သူသည် ဤပြဿနာများကို မြင်နိုင်ခဲ့သလော။ (မမြင်နိုင်ခဲ့ပါ။) သူ၏ စိတ်နှလုံးနှင့် မျက်စိတို့သည် ကန်းနေခဲ့သည်၊ သူသည် လုံးလုံးလျားလျားပင် အကန်းဖြစ်နေခဲ့သည်။ ဤသည်မှာ အယောင်ဆောင်ခေါင်းဆောင်များ၏ သရုပ်သကန်တစ်ခု ဖြစ်သည်။ အစွမ်းအစ ညံ့ဖျင်းသော လူများနှင့်ပတ်သက်လာလျှင် ၎င်းတို့သည် ၎င်းတို့၏အလုပ်၌ ၎င်းတို့ကို မည်သို့လမ်းညွှန်ရမည်ကို မသိကြပေ၊ စိစစ်ခြင်းကို ဆောင်ရွက်ခြင်းဖြင့် ၎င်းတို့ကို မည်သို့ကူညီရမည်ကို သို့မဟုတ် ၎င်းတို့၏ အခက်အခဲများကို ချက်ချင်း မည်သို့ဖြေရှင်းရမည်ကို မသိကြပေ၊ ပြီးလျှင် အစွမ်းအစ ညံ့ဖျင်းသော တစ်စုံတစ်ဦးသည် အလုပ်ကို တာဝန်ယူထမ်းဆောင်နိုင်ခြင်း မရှိသဖြင့် သင့်တော်သောလူတစ်ဦးဖြင့် ထိုသူကို လျင်မြန်စွာ အစားထိုးသင့်သည်ကိုလည်း ၎င်းတို့ သေချာပေါက် မသိကြပေ။ အယောင်ဆောင်ခေါင်းဆောင်များသည် ဤအလုပ်တစ်ခုကိုမျှ မလုပ်ဆောင်ကြပေ၊ ၎င်းတို့သည် အရည်အချင်းမမီသကဲ့သို့ ဤအရာတစ်ခုကိုမျှ မမြင်နိုင်ကြပေ။ ဤသူတို့သည် မျက်စိကန်းသောလူများ မဟုတ်လော။ အချို့လူများက “ဖြစ်နိုင်သည်မှာ ၎င်းတို့သည် အခြားအလုပ်များနှင့် အလုပ်များနေကြပါသည်။ သင်သည် ဤအရေးမပါသော အလုပ်အသေးအဖွဲများကို ဂရုစိုက်ရန် ၎င်းတို့ကို အဘယ်ကြောင့် အဆက်မပြတ် တောင်းဆိုနေရသနည်း” ဟု ပြောကြသည်။ ဤသည်တို့မှာ ခေါင်းဆောင်များ လုပ်ဆောင်ရမည့် အလုပ်များဖြစ်သည်၊ ယင်းတို့ကို အရေးမပါသော အလုပ်အသေးအဖွဲများအဖြစ် မည်သို့ သတ်မှတ်နိုင်မည်နည်း။ ဤကိစ္စရပ်များသည် ခေါင်းဆောင်များ၏ တာဝန်ဝတ္တရားများ နယ်ပယ်အတွင်း၌ ရှိသည်၊ ၎င်းတို့က ယင်းတို့ကို လျစ်လျူရှုပါက အဆင်ပြေမည်လော။ အကယ်၍ ၎င်းတို့ လျစ်လျူရှုခဲ့ပါက ယင်းသည် တာဝန်ပျက်ကွက်ခြင်း ဖြစ်ပေမည်။ ၎င်းတို့၏အလုပ်၌ရှိသော အခက်အခဲများနှင့် ပြဿနာများသည် နေ့စဉ် ခေါင်းဆောင်များ၏ မျက်စိရှေ့မှောက်၌ပင် ပေါ်ပေါက်လာပြီး လူတို့က ၎င်းတို့ကို နေ့စဉ် တင်ပြကြသည်။ သို့သော် အယောင်ဆောင်ခေါင်းဆောင်များ၏ မျက်စိရော စိတ်ပါ ကန်းနေကြသည်။ ဤသည်တို့မှာ ပြဿနာများ ဖြစ်သည်ကို ၎င်းတို့ မမြင်နိုင်၊ မခံစားနိုင် သို့မဟုတ် မသိမြင်နိုင်ကြပေ၊ သို့ဖြစ်၍ ၎င်းတို့သည် ယင်းတို့ကို မဖြေရှင်းနိုင်ကြသည်မှာ ပြောစရာမလိုပေ။ ထိုအယောင်ဆောင်ခေါင်းဆောင်သည် ကြီးကြပ်ရေးမှူး၏ အစွမ်းအစ အလွန်အမင်း ညံ့ဖျင်းသည်ကို ရှာဖွေတွေ့ရှိနိုင်စွမ်း မရှိခဲ့ပေ။ သူ၏အလုပ်၌ ပေါ်ပေါက်လာသော အမျိုးမျိုးသော ပြဿနာများကိုလည်း သူ မဖော်ထုတ်နိုင်ခဲ့ပေ။ ဤကြီးကြပ်ရေးမှူးသည် ပြဿနာများကို မကိုင်တွယ်နိုင်ခဲ့ဘဲ တစ်စုံတစ်ခု ဖြစ်ပျက်သည့်အခါတွင် သူသည် စည်းမျဉ်းများ ကင်းမဲ့လျက် ယောက်ယက်ခတ်ကာ ပြုမူခဲ့ပြီး အလုပ်ကို ဖရိုဖရဲဖြစ်စေခဲ့ကာ ထိုအယောင်ဆောင်ခေါင်းဆောင်သည် ဤအရာတစ်ခုကိုမျှ မမြင်နိုင်ခဲ့ပေ သို့မဟုတ် မတွေ့ရှိနိုင်ခဲ့ပေ။ အယောင်ဆောင်ခေါင်းဆောင်များ အလုပ်လုပ်ပုံအတွက် စည်းမျဉ်းတစ်ခု ရှိသည်။ ၎င်းတို့သည် အလုပ်တစ်ခုစီအတွက် တာဝန်ယူရန် တစ်စုံတစ်ဦးကို စီစဉ်ပြီးသမျှ ကာလပတ်လုံး ယင်းကို ပြီးမြောက်သည်ဟု ၎င်းတို့က မှတ်ယူကြပြီး ကြီးကြပ်ရေးမှူး၏ အစွမ်းအစ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ ၎င်းတို့ အလုပ်ကို ကောင်းစွာ လုပ်ဆောင်နိုင်သည်ဖြစ်စေ၊ မလုပ်ဆောင်နိုင်သည်ဖြစ်စေ၊ အလုပ်၌ ပြဿနာမည်မျှ ပေါ်ပေါက်လာသည်ဖြစ်စေ ယင်းသည် ၎င်းတို့နှင့် မည်သို့မျှ မသက်ဆိုင်ဟု ၎င်းတို့ ခံစားကြရသည်။ ထိုသို့သော ခေါင်းဆောင်တစ်ဦးသည် အလုပ်ကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်သေးသလော။ ၎င်းတို့သည် မည်သို့အလုပ်လုပ်ရမည်ကို နားလည်ကြသလော။ (နားမလည်ကြပါ။) သင်သည် မည်သို့အလုပ်လုပ်ရမည်ကို နားမလည်ပါက သင်သည် အဘယ်ကြောင့် ခေါင်းဆောင်တစ်ဦးအဖြစ် ပြုမူနေသနည်း။ ဤသို့ဖြစ်နေသော်ငြားလည်း သင်သည် ခေါင်းဆောင်တစ်ဦးအဖြစ် အစေခံပါက သင်သည် အယောင်ဆောင်ခေါင်းဆောင်တစ်ဦး ဖြစ်သည်။ အယောင်ဆောင်ခေါင်းဆောင်များသည် အစွမ်းအစ ညံ့ဖျင်းသော လူများ၏ အမျိုးမျိုးသော သရုပ်သကန်များကိုဖြစ်စေ၊ ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်စဉ် ပေါ်ပေါက်လာသော အမျိုးမျိုးသော ပြဿနာများကိုဖြစ်စေ မမြင်နိုင်ကြ သို့မဟုတ် မတွေ့ရှိနိုင်ကြပေ။ ၎င်းတို့၏ စိတ်နှလုံးများသည် အလွန်အမင်း ထုံထိုင်းနေသည်။ ၎င်းတို့၏ မျက်စိရော စိတ်ပါ နှစ်မျိုးလုံး ကန်းနေသည် မဟုတ်လော။ အချို့က “၎င်းတို့သည် မျက်မမြင်များ မဟုတ်ပါ။ သင်သည် ၎င်းတို့ကို အစဉ်သဖြင့် အသရေဖျက်ပြီး အပုပ်ချနေသည်” ဟု ပြောကောင်းပြောနိုင်သည်။ ဤစိုက်ပျိုးရေး ကြီးကြပ်ရေးမှူး၏ ပြဿနာများမှာ အလွန်ဆိုးရွားနေသည်။ ထိုအယောင်ဆောင်ခေါင်းဆောင်သည် သူနှင့်အတူ နေ့စဉ် နေထိုင်ပြီး ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို ကြားရပြီး မြင်ရသည်။ သို့ဆိုလျှင် သူသည် ဤသည်တို့မှာ ပြဿနာများဖြစ်သည်ကို မည်သို့ဖြစ်၍များ ရှာဖွေတွေ့ရှိနိုင်စွမ်း သို့မဟုတ် သဘောပေါက်နိုင်စွမ်း မရှိခဲ့သနည်း။ သူသည် ဤပြဿနာများကို အဘယ်ကြောင့် မကိုင်တွယ်ခဲ့သနည်း သို့မဟုတ် မဖြေရှင်းခဲ့သနည်း။ သူ၏ မျက်စိရော စိတ်ပါ ကန်းနေခဲ့သည် မဟုတ်လော။ ဤပြဿနာသည် ဆိုးရွားခဲ့သလော။ (ဟုတ်ပါသည်၊ ဆိုးရွားခဲ့ပါသည်။) ဤသည်မှာ အယောင်ဆောင်ခေါင်းဆောင်များ၏ နောက်ထပ် သရုပ်သကန်တစ်ခုဖြစ်သည်၊ စိတ်ရော မျက်စိပါ ကန်းနေခြင်း ဖြစ်ပေသည်။
သင်သည် အစွမ်းအစ ညံ့ဖျင်းသော တစ်စုံတစ်ဦးကို အလုပ်တစ်ခု ခန့်အပ်သည့်အခါ ၎င်းတို့၏ ပုံမှန်စကားပြောပုံ၊ အလုပ်ကို ဆွေးနွေးသည့်အချိန် ၎င်းတို့၏ သဘောထား၊ အမြင်ရှုထောင့်များနှင့် အလုပ်များကို ကိုင်တွယ်ပုံတို့မှ ၎င်းတို့၏ အစွမ်းအစသည် အလွန်ညံ့ဖျင်းကြောင်း၊ ၎င်းတို့၏ အတွေးအခေါ်သည် ဖရိုဖရဲဖြစ်ကြောင်းနှင့် ၎င်းတို့သည် အရာရာတိုင်းကို အနည်းငယ်သော မျက်စိကန်းခြင်းနှင့် မိုက်ရူးရဲနိုင်ခြင်းတို့ဖြင့် ချဉ်းကပ်ကာ ပန်းတိုင်တစ်ခုမျှ မရှိကြောင်းကို သင် ပိုင်းခြားသိမြင်နိုင်သည်။ ဤလူသည် အလွန်အမင်း အစွမ်းအစ ညံ့ဖျင်းကြောင်းကို ၎င်းတို့၏ အလုပ်လုပ်ပုံကို ကြည့်ရုံမျှဖြင့် သင် ဆုံးဖြတ်နိုင်သည်၊ သို့ဖြစ်၍ ၎င်းတို့ကို ထိုမျှ အချိန်ကြာမြင့်စွာ စောင့်ကြည့်ရန်ပင် လိုအပ်သလော။ မလိုအပ်ပေ။ သို့သော် အယောင်ဆောင်ခေါင်းဆောင်များ၌ သေစေနိုင်လောက်သည့် အားနည်းချက်တစ်ခု ရှိသည်၊ ယင်းမှာ လူတစ်ဦးသည် အလုပ်မှထွက်ခြင်းမရှိဘဲ ဤအချိန်တစ်လျှောက်လုံး အလုပ်လုပ်နေခဲ့သောကြောင့်လည်းကောင်း၊ ၎င်းတို့က မည်သူမျှ ထိုသူကို မကောင်းမှုတစ်ခုခု လုပ်ဆောင်ခြင်းအတွက်ဖြစ်စေ၊ အဖျက်အမှောင့်လုပ်ခြင်း သို့မဟုတ် အနှောင့်အယှက်ပေးခြင်းအတွက်ဖြစ်စေ၊ အပျက်သဘောဆောင်ခြင်း သို့မဟုတ် ပျင်းရိခြင်းအတွက်ဖြစ်စေ တိုင်ကြားသည်ကို မကြားခဲ့ရသောကြောင့်လည်းကောင်း ဤလူသည် အလုပ်ကို လုပ်ဆောင်နိုင်ဆဲဖြစ်သည်ဟု ဆိုလိုကြောင်း ၎င်းတို့က ယုံကြည်ကြခြင်း ဖြစ်သည်။ ၎င်းတို့သည် လူတစ်ဦး၏ စကားအပြောအဆို၊ ကိစ္စရပ်များအပေါ် ၎င်းတို့၏ သဘောထားနှင့် အမြင်ရှုထောင့် သို့မဟုတ် ၎င်းတို့ အမှုအရာများကို လုပ်ဆောင်ပုံတို့ကို အခြေခံ၍ လူတစ်ဦး၏ အစွမ်းအစ သို့မဟုတ် အလုပ်ကောင်းကောင်း လုပ်နိုင်စွမ်းကို မည်သို့အကဲဖြတ်ရမှန်း မသိကြပေ။ ၎င်းတို့တွင် ဤသိနားလည်မှု မရှိပေ၊ ၎င်းတို့သည် ဤကိစ္စနှင့်ပတ်သက်၍ ထုံထိုင်းနေပြီး သိမြင်မှုတစ်ခုမျှ မရှိချေ။ ၎င်းတို့တွင် အမြင်ရှုထောင့်တစ်ခု ရှိသည်။ လူတစ်ဦးသည် အလဟဿ မနေသရွေ့ အရာအားလုံး အဆင်ပြေပြီး အလုပ်ကို ဆက်လက်လုပ်ဆောင်နိုင်သည် ဟူ၍ ဖြစ်သည်။ ဤသို့သော အမြင်ရှုထောင့်မျိုးကို စွဲကိုင်ထားသော ခေါင်းဆောင်တစ်ဦးသည် ကောင်းမွန်စွာ အလုပ်လုပ်နိုင်မည်ဟု သင်တို့ ထင်သလော။ ၎င်းတို့သည် အလုပ်အတွက် အရည်အချင်းမီသလော။ (မမီပါ။) ထိုသို့သောလူတစ်ဦးကို ခေါင်းဆောင်တစ်ဦး ဖြစ်ခွင့်ပြုခြင်းသည် အလုပ်ကို ပျက်စီးစေလိမ့်မည် မဟုတ်လော။ လူတစ်ဦးသည် စားခြင်း၊ သောက်ခြင်းနှင့် ဖျော်ဖြေရေးတို့၌ မွေ့လျော်ပြီး မိမိတို့၏ တာဝန်များကို လျစ်လျူရှုသည့်အခါတွင် အယောင်ဆောင် ခေါင်းဆောင်များသည် ဤအရာကို ဒုက္ခခံ၍ စုံစမ်းခြင်း သို့မဟုတ် ကိုင်တွယ်ခြင်း မရှိကြဘဲ ၎င်းတို့သည် လူတစ်ဦးနှင့် အချိန်မည်မျှကြာအောင် ထိတွေ့ဆက်ဆံခဲ့သည်ဖြစ်စေ ထိုလူ၏ အစွမ်းအစ သို့မဟုတ် ကိုယ်ကျင့်စရိုက်သည် ကောင်းသည်ကိုဖြစ်စေ၊ ဆိုးသည်ကိုဖြစ်စေ မမြင်နိုင်ကြပေ။ ဤခေါင်းဆောင်များသည် ခေါင်းဆောင်တစ်ဦး၏ အလုပ်လုပ်နိုင်စွမ်းကို ပိုင်ဆိုင်ကြသလော။ (မပိုင်ဆိုင်ပါ။) ဤသူတို့သည် အယောင်ဆောင်ခေါင်းဆောင်များ ဖြစ်ကြသည်။ အယောင်ဆောင်ခေါင်းဆောင်များသည် လူတစ်ဦးတွင် ကောင်းမွန်သော အစွမ်းအစ ရှိမရှိကို မပိုင်းခြားနိုင်ကြဘဲ ဤတိကျသော အလုပ်များကို လုပ်ဆောင်နိုင်စွမ်း မရှိကြပေ။ ၎င်းတို့သည် ဤသည်မှာ ၎င်းတို့အလုပ်၏ အစိတ်အပိုင်းတစ်ခု မဟုတ်ဟု ထင်မှတ်ကြသည်။ ဤသည်မှာ တာဝန်ပျက်ကွက်ခြင်း မဟုတ်လော။ သင်တို့ မည်သို့ထင်သနည်း၊ အစွမ်းအစ ညံ့ဖျင်းသော လူတစ်ဦးက အလုပ်ကို တာဝန်ယူထမ်းဆောင်နိုင်သလော၊ သို့မဟုတ် အစွမ်းအစ အနည်းငယ်ရှိသော လူတစ်ဦးက ထမ်းဆောင်နိုင်သလော။ (အစွမ်းအစ အနည်းငယ်ရှိသော လူတစ်ဦး ဖြစ်ပါသည်။) ထို့ကြောင့် လူတစ်ဦး၏ အစွမ်းအစနှင့် အလုပ်အတွက် ၎င်းတို့၏ အရည်အချင်းကို အကဲဖြတ်ခြင်းသည် ခေါင်းဆောင်များနှင့် အမှုဆောင်များ ဂရုစိုက်သင့်ပြီး သဘောပေါက်ထားသင့်သော ပြဿနာတစ်ရပ် ဖြစ်သည့်အပြင် ခေါင်းဆောင်များနှင့် အမှုဆောင်များ ထမ်းဆောင်သင့်သော အလုပ်တစ်ခုလည်း ဖြစ်သည်။ သို့သော် အယောင်ဆောင်ခေါင်းဆောင်များက ဤသည်မှာ ၎င်းတို့အလုပ်၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်ကို နားမလည်ကြဘဲ ဤသိနားလည်မှု ကင်းမဲ့ကာ ၎င်းတို့၏ တာဝန်ဝတ္တရားများ၏ ဤအပိုင်းကို ကောင်းမွန်စွာ မဖြည့်ဆည်းနိုင်ကြပေ။ ဤသည်မှာ အယောင်ဆောင်ခေါင်းဆောင်များ မိမိတို့၏ တာဝန်ပျက်ကွက်သည့်နေရာဖြစ်ပြီး အယောင်ဆောင်ခေါင်းဆောင်များ အလုပ်အတွက် အရည်အချင်းမမီခြင်း၏ သရုပ်သကန်တစ်ခုလည်း ဖြစ်သည်။ ဤသည်မှာ ဒုတိယအခြေအနေ အမျိုးအစားဖြစ်သည်။ ကြီးကြပ်ရေးမှူးများက အစွမ်းအစ ညံ့ဖျင်းခြင်း၊ အလုပ်လုပ်နိုင်စွမ်းမရှိခြင်းနှင့် မိမိတို့၏အလုပ်ကို မထမ်းဆောင်နိုင်ခြင်းဖြစ်ကာ ယင်းမှာ အစွမ်းအစပိုင်းဆိုင်ရာ ပြဿနာတစ်ရပ်ပင် ဖြစ်သည်။ ဤအခြေအနေတွင် အယောင်ဆောင် ခေါင်းဆောင်များသည် အလားတူပင် ခေါင်းဆောင်တစ်ဦး၏ အခန်းကဏ္ဍကို ထမ်းဆောင်ရန် ပျက်ကွက်ပြီး အစွမ်းအစ ညံ့ဖျင်းသော ကြီးကြပ်ရေးမှူးများကို ချက်ချင်း ဖြုတ်ချနိုင်စွမ်း မရှိကြပေ။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။