ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၄) အခန်း တစ်

အချက် ၅- အလုပ်ကိစ္စတစ်ခုချင်းစီ၏ လက်ရှိအခြေအနေနှင့် တိုးတက်မှုကို အချိန်နှင့်တစ်ပြေးညီ သိရှိနားလည်ပြီး ထိုအလုပ်က ချောမွေ့စွာ တိုးတက်ရန်အတွက် ပြဿနာများအား ဖြေရှင်းခြင်း၊ လမ်းလွဲမှုများအား ပြင်ဆင်ခြင်းနှင့် လစ်ဟာမှုများအား ကုစားခြင်းကို ချက်ချင်း ပြုလုပ်နိုင်ရမည်

ယနေ့ မိတ်သဟာယဖွဲ့ခြင်းသည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ ပဉ္စမမြောက် တာဝန်ဖြစ်သည့် “အလုပ်ကိစ္စတစ်ခုချင်းစီ၏ လက်ရှိအခြေအနေနှင့် တိုးတက်မှုကို အချိန်နှင့်တစ်ပြေးညီ သိရှိနားလည်ပြီး ထိုအလုပ်က ချောမွေ့စွာ တိုးတက်ရန်အတွက် ပြဿနာများအား ဖြေရှင်းခြင်း၊ လမ်းလွဲမှုများအား ပြင်ဆင်ခြင်းနှင့် လစ်ဟာမှုများကို ကုစားခြင်းတို့ကို ချက်ချင်း ပြုလုပ်နိုင်ရမည်” ဟူသည့်အပေါ်တွင် ဖြစ်သည်။ အယောင်ဆောင်ခေါင်းဆောင်များသည် ဤအလုပ်တွင် ၎င်းတို့၏ တာဝန်ဝတ္တရားများကို ကောင်းမွန်စွာ ဖြည့်ဆည်းခြင်း ရှိမရှိနှင့် ၎င်းတို့သည် မိမိတို့၏ တာဝန်များကို စွဲကိုင်ထားပြီး အလုပ်ကို ကောင်းမွန်စွာ ဆောင်ရွက်ခြင်း ရှိမရှိကို ကြည့်ရှုရန်၊ အယောင်ဆောင်ခေါင်းဆောင်များ၏ အမျိုးမျိုးသော သရုပ်သကန်များကို စိစစ်ဖို့ ငါတို့သည် ဤအချက်အပေါ် အာရုံစိုက်ကြမည်။

အယောင်ဆောင်ခေါင်းဆောင်များသည် အေးအေးသက်သာနေခြင်းကို မွေ့လျော်ခံစားပြီး အလုပ်ကို နားလည်အောင် အောက်ခြေအထိ နက်နက်ရှိုင်းရှိုင်း ပါဝင်ဆောင်ရွက်ခြင်း မပြုကြပေ

ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ ပဉ္စမမြောက် တာဝန်တွင် “အလုပ်ကိစ္စတစ်ခုချင်းစီ၏ လက်ရှိအခြေအနေနှင့် တိုးတက်မှုအပေါ် အချိန်နှင့်တစ်ပြေးညီ သိရှိနားလည်ခြင်း” ကို ဦးစွာ ဖော်ပြထားသည်။ “အလုပ်ကိစ္စတစ်ခုချင်းစီ၏ လက်ရှိအခြေအနေ” ဆိုသည်မှာ အဘယ်အရာကို ရည်ညွှန်းသနည်း။ ယင်းမှာ အလုပ်ကိစ္စတစ်ခု၏ လက်ရှိအနေအထား မည်သို့ရှိသည်ကို ရည်ညွှန်းသည်။ ဤနေရာတွင် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် မည်သည့်အရာကို နားလည်သင့်သနည်း။ ဥပမာအားဖြင့် အလုပ်လုပ်သူများသည် မည်သည့် တိကျသော အလုပ်များကို လုပ်ဆောင်နေသနည်း၊ ၎င်းတို့သည် မည်သည့်လုပ်ငန်းဆောင်တာများဖြင့် အလုပ်များနေသနည်း၊ ဤလုပ်ငန်းဆောင်တာများသည် လိုအပ်ခြင်း ရှိမရှိ၊ ယင်းတို့သည် အဓိကကျပြီး အရေးကြီးသော အလုပ်များ ဟုတ်မဟုတ်၊ ဤအလုပ်လုပ်သူများသည် မည်မျှ ထိရောက်မှုရှိသည်၊ အလုပ်သည် ချောမွေ့စွာ တိုးတက်နေခြင်း ရှိမရှိ၊ အလုပ်လုပ်သူအရေအတွက်သည် အလုပ်ပမာဏနှင့် ကိုက်ညီမှု ရှိမရှိ၊ လူတိုင်းတွင် လုံလောက်သော အလုပ်များ ရှိမရှိ၊ အလုပ်တစ်ခုအတွက် အလုပ်လုပ်သူများ များလွန်းသည့် ကိစ္စများ ရှိမရှိ၊ အလုပ်နည်းနည်းအတွက် အလုပ်လုပ်သူများလွန်းပြီး အများစုမှာ အလုပ်မရှိဘဲ ထိုင်နေသည့် အခြေအနေမျိုး ရှိမရှိ၊ သို့မဟုတ် အလုပ်ပမာဏက အလွန်များသော်လည်း အလုပ်လုပ်သူ အလွန်နည်းပြီး ကြီးကြပ်ရေးမှူးက ထိရောက်စွာ မညွှန်ကြားနိုင်သဖြင့် အလုပ်ထိရောက်မှုနည်းပြီး တိုးတက်မှုနှေးကွေးသည့် ကိစ္စများ ရှိမရှိ ဟူ၍ဖြစ်သည်။ ဤသည်တို့မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ နားလည်ထားသင့်သည့် အခြေအနေများအားလုံး ဖြစ်ကြသည်။ ထို့အပြင် အလုပ်ကိစ္စတစ်ခုချင်းစီကို ဆောင်ရွက်နေစဉ်တွင် တစ်စုံတစ်ဦးက အနှောင့်အယှက်ပေးခြင်း သို့မဟုတ် ဖျက်ဆီးခြင်းများ ပြုလုပ်နေခြင်း ရှိမရှိ၊ တစ်စုံတစ်ဦးက တိုးတက်မှုကို ဟန့်တားခြင်း သို့မဟုတ် ပျက်စီးအောင်လုပ်ဆောင်ခြင်း ရှိမရှိ၊ ကြားဝင်နှောင့်ယှက်မှုမျိုးဖြစ်စေ၊ ဝတ်ကျေတမ်းကျေလုပ်ခြင်းမျိုးဖြစ်စေ တစ်ခုတလေ ရှိမရှိ ဟူသည့် ဤသည်တို့မှာလည်း ခေါင်းဆောင်များနှင့် အမှုဆောင်များ နားလည်ထားသင့်သည့် အရာများ ဖြစ်ကြသည်။ သို့ဆိုလျှင် ၎င်းတို့သည် ဤကိစ္စရပ်များကို မည်သို့ နားလည်အောင် လုပ်ဆောင်ကြသနည်း။ အချို့သော ခေါင်းဆောင်များက “သင်တို့ အခု အလုပ်များနေကြသလား” ဟု မေးရန် ရံဖန်ရံခါ ဖုန်းခေါ်ကောင်း ခေါ်နိုင်သည်။ တစ်ဖက်လူက အလွန်အလုပ်များကြောင်း ပြောသည်ကို ကြားသည့်အခါ ၎င်းတို့က “ကောင်းပါသည်၊ သင်တို့ အလုပ်များနေသရွေ့ ကျွန်ုပ် စိတ်အေးရပါသည်” ဟု တုံ့ပြန်ကောင်း တုံ့ပြန်နိုင်သည်။ ဤအလုပ်လုပ်ပုံနည်းလမ်းကို သင်တို့ မည်သို့ထင်သနည်း။ ဤမေးခွန်းကို သင်တို့ မည်သို့ထင်သနည်း။ ဤသည်မှာ အရေးပါပြီး လိုအပ်သော မေးစရာ မေးခွန်းတစ်ခုလော။ ဤသည်မှာ အယောင်ဆောင်ခေါင်းဆောင်များ အလုပ်လုပ်ခြင်း၏ ထူးခြားသော လက္ခဏာဖြစ်ပြီး ၎င်းတို့သည် ဝတ်ကျေတမ်းကျေသာ လုပ်ဆောင်နေခြင်း ဖြစ်သည်။ ၎င်းတို့သည် မိမိတို့ အနည်းငယ် လိပ်ပြာလုံစေရန် အပေါ်ယံအလုပ်အနည်းငယ် လုပ်ဆောင်ခြင်းဖြင့် ကျေနပ်နေကြသော်လည်း အလုပ်၏ လက်ရှိအခြေအနေကို နားလည်ရန် အောက်ခြေအထိ၊ အဖွဲ့တစ်ခုချင်းစီအထိ ဆင်းဖို့ မဆိုထားနှင့်၊ လက်တွေ့ကျသော အလုပ်ကို လုပ်ဆောင်ရန် အာရုံမစိုက်ကြပေ။ ဥပမာအားဖြင့် အလုပ်လုပ်သူများအား ခန့်ခွဲမှုများ သင့်လျော်ခြင်း ရှိမရှိ၊ အလုပ်ကို မည်သို့လုပ်ဆောင်နေသည်၊ ပြဿနာတစ်စုံတစ်ရာ ပေါ်ပေါက်လာခြင်း ရှိမရှိဟူ၍ ဤလက်တွေ့ကျသော အခြေအနေများကို အယောင်ဆောင်ခေါင်းဆောင်များက မေးမြန်းခြင်းမရှိဘဲ ထိုအစား လေဒဏ်မိုးဒဏ်ကို ကြံ့ကြံ့မခံရဘဲ စားသောက်ပြီး ပျော်ပါးရန် မည်သူမျှ သတိမထားမိသည့် နေရာတစ်ခုကို ရှာဖွေကြသည်။ ၎င်းတို့သည် ရံဖန်ရံခါ စာများပို့ခြင်း သို့မဟုတ် တစ်စုံတစ်ဦးကို ၎င်းတို့ကိုယ်စား မေးမြန်းခိုင်းခြင်းမျှသာ ပြုလုပ်ပြီး ဤသည်မှာ မိမိတို့၏ အလုပ်ကို လုပ်ဆောင်ခြင်းဖြစ်သည်ဟု ထင်မှတ်ကြသည်။ ထိုထက်ပို၍ပင် ညီအစ်ကိုမောင်နှမများသည် ၎င်းတို့ကို ဆယ်ရက် သို့မဟုတ် တစ်ဆယ့်ငါးရက်ကြာသည်အထိ မတွေ့မြင်ရသည်များ ရှိနိုင်သည်။ ညီအစ်ကိုမောင်နှမများကို “သင်တို့၏ ခေါင်းဆောင်သည် မည်သည့်အရာဖြင့် အလုပ်များနေသနည်း။ သူသည် လက်တွေ့ကျသော အလုပ်ကို လုပ်ဆောင်နေသလော။ သူသည် သင်တို့ကို လမ်းညွှန်မှုပေးပြီး ပြဿနာများကို ဖြေရှင်းပေးနေသလော” ဟု မေးသည့်အခါ ၎င်းတို့က “ပြောမနေပါနှင့်၊ ကျွန်ုပ်တို့ ခေါင်းဆောင်ကို မတွေ့ရသည်မှာ တစ်လရှိပါပြီ။ သူ ကျွန်ုပ်တို့အတွက် နောက်ဆုံးတစ်ကြိမ် စုဝေးပွဲလုပ်ပေးပြီးကတည်းက မည်သည့်အခါမျှ ထပ်မလာတော့ပါ၊ ပြီးလျှင် ယခုအခါ ကျွန်ုပ်တို့တွင် မည်သူမျှ ကူညီဖြေရှင်းပေးခြင်း မရှိသည့် ပြဿနာများစွာ ရှိပါသည်။ အခြားနည်းလမ်းလည်း မရှိတော့ပါ။ ကျွန်ုပ်တို့၏ အဖွဲ့မှ ကြီးကြပ်ရေးမှူးနှင့် ကျွန်ုပ်တို့ ညီအစ်ကိုမောင်နှမများသည် ဆုတောင်းပြီး စည်းမျဉ်းများ ရှာဖွေရန်၊ အလုပ်နှင့်ပတ်သက်၍ ဆွေးနွေးတိုင်ပင်ရန်နှင့် ပူးပေါင်းဆောင်ရွက်ရန် အတူတကွ စုဝေးကြသည်။ ခေါင်းဆောင်သည် ဤနေရာတွင် ထိရောက်မှုမရှိ။ ကျွန်ုပ်တို့သည် ယခုအခါတွင် ခေါင်းဆောင်မရှိပါ” ဟု ပြန်ပြောကြသည်။ ဤခေါင်းဆောင်သည် သူ၏အလုပ်ကို မည်မျှ ကောင်းမွန်စွာ လုပ်ဆောင်နေသနည်း။ အထက်က ဤခေါင်းဆောင်ကို “နောက်ဆုံးရုပ်ရှင် ရိုက်ကူးပြီးသည့်နောက်တွင် ဇာတ်ညွှန်းအသစ်များ လက်ခံရရှိသေးသလား။ ယခု မည်သည့်အရာ ရိုက်ကူးနေသနည်း။ အလုပ်၏ တိုးတက်မှုအခြေအနေ မည်သို့ရှိသနည်း” ဟု မေးသည်။ ခေါင်းဆောင်က ပြန်လည်ဖြေကြားသည်၊ “ကျွန်ုပ် မသိပါ။ နောက်ဆုံးရုပ်ရှင်ပြီးသည့်နောက် ကျွန်ုပ်သည် သူတို့နှင့် တစ်ကြိမ် စုဝေးခဲ့ပါသည်၊ ထို့နောက် သူတို့အားလုံး စိတ်အားထက်သန်ခဲ့ကြပြီး အပျက်သဘောမဆောင်ကြဘဲ အခက်အခဲ တစ်စုံတစ်ရာ မရှိခဲ့ကြပါ။ ထိုအချိန်မှစ၍ ကျွန်ုပ်တို့ မတွေ့ဆုံဖြစ်ကြတော့ပါ။ သင်သည် သူတို့၏ လက်ရှိအခြေအနေကို သိရှိလိုပါက ကျွန်ုပ်သည် သင့်အတွက် ဖုန်းခေါ်၍ မေးမြန်းပေးနိုင်ပါသည်”ဟူ၍ဖြစ်သည်။ “အခြေအနေကို နားလည်ရန် အဘယ်ကြောင့် သင် စောစောက ဖုန်းမခေါ်ခဲ့သနည်း” “အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်သည် နေရာတိုင်း၌ စုဝေးပွဲများ တက်ရောက်နေရ၍ အလွန်အလုပ်များနေသောကြောင့် ဖြစ်ပါသည်။ သူတို့အလှည့် မရောက်သေးပါ။ နောက်တစ်ကြိမ် သူတို့နှင့် စုဝေးသည့်အခါမှသာ အခြေအနေကို နားလည်နိုင်မည် ဖြစ်ပါသည်”ဟူ၍ ဆိုလေသည်။ ဤသည်မှာ အသင်းတော်အလုပ်အပေါ် သူတို့၏ သဘောထား ဖြစ်သည်။ ထို့နောက် အထက်က ဤသို့ဆိုသည်၊ “သင်သည် လက်ရှိအခြေအနေ သို့မဟုတ် ရုပ်ရှင်ထုတ်လုပ်ရေးအလုပ်၌ တည်ရှိသော ပြဿနာများကို သတိမမူမိ၊ သို့ဆိုလျှင် ဧဝံဂေလိအလုပ်၏ တိုးတက်မှုအခြေအနေသည် မည်သို့ရှိသနည်း။ မည်သည့်နိုင်ငံ၏ ဧဝံဂေလိအလုပ်သည် အကောင်းဆုံး၊ စံနမူနာအဖြစ်ဆုံး ဖြန့်ဝေခဲ့သနည်း။ မည်သည့်နိုင်ငံ၏ လူတို့သည် အတော်အသင့် အစွမ်းအစကောင်းမွန်ပြီး လျင်မြန်စွာ သဘောပေါက်နားလည်ကြသနည်း။ မည်သည့်နိုင်ငံ၌ ပို၍ကောင်းမွန်သော အသင်းတော်အသက်တာ ရှိသနည်း”ဟူ၍ဖြစ်၏။ “အာ၊ ကျွန်ုပ်သည် စုဝေးပွဲများကိုသာ အာရုံစိုက်ခဲ့မိပြီး ဤအရာများကို မေးမြန်းရန် မေ့လျော့သွားခဲ့ပါသည်” “သို့ဆိုလျှင် ဧဝံဂေလိအဖွဲ့ထဲ၌ လူမည်မျှသည် သက်သေခံနိုင်ကြသနည်း။ သက်သေခံရန် လူမည်မျှ ပျိုးထောင်ပေးနေသနည်း။ မည်သည့်နိုင်ငံ၌ရှိသော အသင်းတော်အလုပ်နှင့် အသင်းတော်အသက်တာကို မည်သူက တာဝန်ယူ၍ နောက်ဆက်တွဲ လိုက်လုပ်သနည်း။ မည်သူက ရေလောင်းပေး၍ ထိန်းကျောင်းသနည်း။ နိုင်ငံအသီးသီးမှ အသင်းသားသစ်များသည် အသင်းတော်အသက်တာကို စတင်၍ အသက်ရှင်နေထိုင်ကြပြီလော။ သူတို့၏ အယူအဆများနှင့် စိတ်ကူးစိတ်သန်းများသည် လုံးဝ ဖြေရှင်းပြီးပြီလော။ လူမည်မျှသည် ဘာသာရေးသမားများ၏ အထင်အမြင်မှားစေခြင်းကို မခံရတော့ဘဲ မှန်သောလမ်းခရီးတွင် အခိုင်အမာ အမြစ်စွဲခဲ့ကြပြီနည်း။ ဘုရားသခင်ကို တစ်နှစ် သို့မဟုတ် နှစ်နှစ် ယုံကြည်ပြီးနောက် လူမည်မျှသည် မိမိတို့၏ တာဝန်များကို ထမ်းဆောင်နိုင်ကြသနည်း။ သင်သည် ဤအရေးကိစ္စများကို သိနားလည်ပြီး သဘောပေါက်သလော။ အလုပ်၌ ပြဿနာများ ပေါ်ပေါက်လာသည့်အခါ မည်သူက ယင်းတို့ကို ဖြေရှင်းနိုင်သနည်း။ ဧဝံဂေလိအဖွဲ့ထဲ၌ မည်သည့်အုပ်စု သို့မဟုတ် တစ်ဦးတစ်ယောက်ချင်းစီသည် မိမိ၏ အလုပ်အတွက် တာဝန်ယူပြီး လက်တွေ့ကျသော ရလဒ်များ ရှိသည်ကို သင် သိသလော” “ကျွန်ုပ် မသိပါ။ သင် သိလိုပါက သင့်အတွက် ကျွန်ုပ် မေးမြန်းပေးနိုင်ပါသည်။ သင် အလျင်မလိုပါက ကျွန်ုပ် အချိန်ရသည့်အခါ မေးမြန်းပါမည်။ ကျွန်ုပ် အလုပ်များနေဆဲ ဖြစ်ပါသည်”ဟူ၍တည်း။ ဤခေါင်းဆောင်သည် လက်တွေ့ကျသော အလုပ်တစ်ခုခု လုပ်ဆောင်ခဲ့သလော။ (မလုပ်ဆောင်ခဲ့ပါ။) ၎င်းတို့သည် အရာအားလုံးကို “ကျွန်ုပ် မသိပါ” ဟု ပြောသည်၊ ၎င်းတို့သည် မေးခွန်းမေးခံရသည့် အခိုက်အတန့်တွင်မှသာ အမှုအရာများအကြောင်းကို မေးမြန်းသည်၊ သို့ဆိုလျှင် ၎င်းတို့သည် မည်သည့်အရာဖြင့် အလုပ်များနေသနည်း။ စုဝေးပွဲများအတွက်ဖြစ်စေ၊ အလုပ်ကို စစ်ဆေးရန်ဖြစ်စေ မည်သည့်အဖွဲ့သို့ ၎င်းတို့ သွားပါစေ ၎င်းတို့သည် အလုပ်ထဲရှိ ပြဿနာများကို ဖော်ထုတ်ရန် ပျက်ကွက်ပြီး ယင်းတို့ကို မည်သို့ဖြေရှင်းရမည်ကို မသိကြပေ။ သင်သည် လူအမျိုးမျိုးတို့၏ အခြေအနေများနှင့် ကိုယ်ကျင့်စရိုက်ကို ချက်ချင်း မရိပ်စားမိနိုင်လျှင်ပင် အလုပ်တွင် ရှိနေသော ကိစ္စရပ်များ၊ လက်ရှိတွင် လုပ်ဆောင်နေသည့်အလုပ်နှင့် မည်သည့်အဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်ကို အနည်းဆုံးအနေဖြင့် နောက်ဆက်တွဲ လိုက်ခြင်း၊ နားလည်ခြင်းနှင့် သဘောပေါက်ခြင်းတို့ကို ပြုလုပ်သင့်သည် မဟုတ်လော။ သို့သော် အယောင်ဆောင်ခေါင်းဆောင်များသည် ဤမျှလောက်ပင် မလုပ်ဆောင်နိုင်ကြပေ၊ ၎င်းတို့သည် မျက်စိကန်းနေကြသည် မဟုတ်လော။ ၎င်းတို့သည် အသင်းတော်အတွင်းရှိ အမျိုးမျိုးသော အဖွဲ့များသို့ အလုပ်ကို နောက်ဆက်တွဲ လိုက်ရန်နှင့် စစ်ဆေးရန် သွားလျှင်ပင် ၎င်းတို့သည် အမှန်တကယ်ဖြစ်သော အခြေအနေကို လုံးဝ နားမလည်ကြသကဲ့သို့ အဓိကကျသော ပြဿနာများကို မဖော်ထုတ်နိုင်ကြသည့်အပြင် အချို့သော ပြဿနာများကို တွေ့မြင်လျှင်ပင် ၎င်းတို့ မဖြေရှင်းနိုင်ကြပေ။

ရုပ်ရှင်ထုတ်လုပ်ရေးအဖွဲ့တစ်ဖွဲ့သည် ၎င်းတို့ ယခင်က တစ်ခါမျှ မကြိုးစားဖူးသည့် အမျိုးအစားဖြစ်သော အလွန်စိန်ခေါ်မှုများသည့် ရုပ်ရှင်တစ်ကားကို ရိုက်ကူးရန် ပြင်ဆင်နေခဲ့သည်။ ၎င်းတို့သည် ဤရုပ်ရှင်ဇာတ်ညွှန်းကို လက်ခံရန် သင့်တော်ခြင်း ရှိမရှိ၊ ဒါရိုက်တာနှင့် အဖွဲ့သားတစ်ဖွဲ့လုံးသည် ဤအလုပ်ကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်စွမ်း ရှိမရှိဟူ၍ ၎င်းတို့၏ ခေါင်းဆောင်သည် ဤအခြေအနေများကို မသိရှိခဲ့ပေ။ သူသည် ဤသို့မျှသာ ဆိုလေသည်။ “သင်တို့သည် ဇာတ်ညွှန်းအသစ်တစ်ခုကို တာဝန်ယူထားကြပြီဖြစ်၍ ဆက်သာရိုက်ကူးကြပါ။ ကျွန်ုပ်သည် သင်တို့ကို ပံ့ပိုးပြီး သင်တို့နှင့်အတူ နောက်ဆက်တွဲ လိုက်လုပ်ပါမည်။ သင်တို့ အစွမ်းကုန် ကြိုးစားကြပါ။ အခက်အခဲများ ပေါ်ပေါက်လာသည့်အခါ ဘုရားသခင်ထံ ဆုတောင်းပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်အညီ ယင်းတို့ကို ဖြေရှင်းကြပါ” ဟူ၍ ဖြစ်သည်။ ထို့နောက်တွင် သူထွက်သွားလေတော့သည်။ ဤခေါင်းဆောင်သည် ရှိနှင့်ပြီးသား အခက်အခဲတစ်ခုတလေကိုမျှ မမြင်နိုင်၊ မဖော်ထုတ်နိုင်ခဲ့ပေ၊ ဤသို့ဖြင့် အလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်မည်လော။ ရုပ်ရှင်ထုတ်လုပ်ရေးအဖွဲ့သည် ဤဇာတ်ညွှန်းကို လက်ခံရရှိပြီးနောက် ဒါရိုက်တာနှင့် အဖွဲ့သားများသည် ဇာတ်လမ်းကို မကြာခဏ ဆန်းစစ်ကြပြီး ဝတ်စုံများနှင့် ကင်မရာဘောင်ဝင်မှုတို့ကို ဆွေးနွေးကြသော်လည်း ရုပ်ရှင်ကို မည်သို့ရိုက်ကူးရမည်ကို စိတ်ကူး တစ်စက်မျှ မရှိခဲ့ကြပေ၊ ၎င်းတို့သည် တရားဝင် ထုတ်လုပ်မှုကို မစတင်နိုင်ခဲ့ကြပေ။ ဤသည်မှာ လက်ရှိအခြေအနေ မဟုတ်လော။ ဤသည်တို့မှာ ရှိနှင့်ပြီးသား ပြဿနာများ မဟုတ်လော။ ဤသည်တို့မှာ ခေါင်းဆောင်က ဖြေရှင်းသင့်သည့် ကိစ္စရပ်များ မဟုတ်လော။ ခေါင်းဆောင်သည် နေ့စဉ်နေ့တိုင်း စုဝေးပွဲများတွင် အချိန်ကုန်ခဲ့သည်၊ ရက်ပေါင်းများစွာ စုဝေးပွဲများ လုပ်ပြီးသည့်တိုင် လက်တွေ့ကျသော ပြဿနာတစ်ခုမျှ မဖြေရှင်းနိုင်ခဲ့ဘဲ ရိုက်ကူးရေးသည်လည်း ပုံမှန်အတိုင်း ရှေ့ဆက်မလုပ်ဆောင်နိုင်သေးပေ။ ခေါင်းဆောင်သည် အကျိုးသက်ရောက်မှု တစ်စုံတစ်ရာ ရှိခဲ့သလော။ (မရှိခဲ့ပါ။) သူသည် စိတ်ဓာတ်တက်ကြွစေရန် ကြွေးကြော်သံများကိုသာ ဟစ်ကြွေးခဲ့သည်။ “ကျွန်ုပ်တို့သည် အချည်းနှီးထိုင်နေ၍ မဖြစ်သကဲ့သို့ ဘုရားသခင်၏ အိမ်တော်ကို မှီခိုကပ်ရပ်၍လည်း မရပေ” ဟူ၍ဖြစ်သည်။ ၎င်းသည် လူတို့ကို “သင်တို့၌ အသိစိတ်မရှိကြပေ၊ တစ်စုံတစ်ရာသော ခံစားချက် တစ်စက်မျှမရှိဘဲ ဘုရားသခင်၏ အိမ်တော်တွင် မှီခိုကပ်ရပ်စားသောက်ကြသည်၊ သင်တို့၌ အရှက်မရှိကြသလော”ဟူ၍ပင် ဩဝါဒခြွေကြသည်။ သူတို့ ဤသို့ဆိုပြီးနောက် လူတိုင်း၏ အသိစိတ်သည် အနည်းငယ် လိပ်ပြာမလုံတော့ပေ။ “ဟုတ်ပေသည်၊ အလုပ်၏ တိုးတက်မှုသည် အလွန်နှေးကွေးပြီး ဤသို့ဖြစ်နေလျက်နှင့် ကျွန်ုပ်တို့သည် တစ်နေ့သုံးနပ် စားနေရဆဲဖြစ်သည်၊ ဤသည်မှာ မှီခိုကပ်ရပ်စားသောက်ခြင်း မဟုတ်လော။ ကျွန်ုပ်တို့သည် မည်သည့်အလုပ်ကိုမျှ အမှန်တကယ် မလုပ်ဆောင်ခဲ့ကြပေ။ သို့ဖြစ်လျှင် အလုပ်တွင် ပေါ်ပေါက်လာသော ဤပြဿနာများကို မည်သူက ဖြေရှင်းမည်နည်း။ ကျွန်ုပ်တို့သည် ၎င်းတို့ကို မဖြေရှင်းနိုင်ကြသောကြောင့် ခေါင်းဆောင်ကို မေးမြန်းကြသော်လည်း ခေါင်းဆောင်က ဤပြဿနာများကို မည်သို့ ဖြေရှင်းသင့်သည်ကို မိတ်သဟာယဖွဲ့ခြင်းမရှိဘဲ ဇွဲဖြင့် ဆုတောင်းရန်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုရန်နှင့် သဟဇာတဖြစ်စွာ ပူးပေါင်းဆောင်ရွက်ရန်သာ ပြောဆိုသည်” ဟူ၍ ဖြစ်သည်။ ခေါင်းဆောင်သည် နေရာတွင် နေ့စဉ်နေ့တိုင်း စုဝေးပွဲများ ကျင်းပခဲ့သော်လည်း ဤပြဿနာများကိုမူ ဖြေရှင်းနိုင်ခြင်း မရှိခဲ့ပေ။ အချိန်ကြာလာသည်နှင့်အမျှ အချို့သောလူတို့၏ ယုံကြည်ခြင်းသည် အေးစက်လာခဲ့ပြီး ရှေ့ဆက်ရန် လမ်းမမြင်သဖြင့်လည်းကောင်း၊ ရိုက်ကူးရေးကို မည်သို့ဆက်လုပ်ရမည်ကို မသိသဖြင့်လည်းကောင်း ၎င်းတို့၏ အခြေအနေများသည် စိတ်မချမ်းမသာဖြစ်လာခဲ့သည်။ ၎င်းတို့သည် မိမိတို့၏ နောက်ဆုံးမျှော်လင့်ချက်ကို ခေါင်းဆောင်အပေါ်၌ ထားရှိခဲ့ကြပြီး သူက လက်တွေ့ကျသော ပြဿနာအချို့ကို ဖြေရှင်းပေးနိုင်မည်ဟု မျှော်လင့်ခဲ့ကြသော်လည်း ဝမ်းနည်းစရာမှာ ဤခေါင်းဆောင်သည် အတတ်ပညာကို သင်ယူခြင်းလည်းမရှိ၊ ယင်းကို နားလည်သူများနှင့် မိတ်သဟာယဖွဲ့ခြင်း၊ ဆွေးနွေးခြင်း သို့မဟုတ် ရှာဖွေခြင်းလည်းမရှိဘဲ မျက်စိကန်းနေသူတစ်ဦးကဲ့သို့ပင် ဖြစ်နေခဲ့သည်။ သူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်စာအုပ် တစ်အုပ်ကို မကြာခဏ ကိုင်ထားပြီး “ကျွန်ုပ်သည် ဝိညာဉ်ရေးရာ ဆက်ကပ်ခြင်းအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုနေခြင်းဖြစ်သည်။ မိမိကိုယ်ကို သမ္မာတရားဖြင့် ပြင်ဆင်နေသည်။ မည်သူမျှ ကျွန်ုပ်ကို မနှောင့်ယှက်ပါနှင့်၊ ကျွန်ုပ် အလုပ်များနေသည်” ဟု ပြောဆိုသည်။ နောက်ဆုံးတွင် ပြဿနာများ ပို၍ပို၍ စုပုံလာပြီး အလုပ်သည် တစ်ပိုင်းသေနေသော အခြေအနေသို့ ရောက်ရှိသွားစေခဲ့သည့်တိုင် အယောင်ဆောင်ခေါင်းဆောင်သည် သူ အလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်နေသည်ဟု ထင်မှတ်နေဆဲပင်။ အဘယ်ကြောင့် ထိုသို့ဖြစ်သနည်း။ သူသည် စုဝေးပွဲများ ကျင်းပခဲ့ပြီးဖြစ်သောကြောင့်၊ အလုပ်အခြေအနေကို မေးမြန်းခဲ့ပြီးဖြစ်သောကြောင့်၊ ပြဿနာများကို ဖော်ထုတ်ခဲ့ပြီးဖြစ်သောကြောင့်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မျှဝေခဲ့ပြီးဖြစ်သောကြောင့်၊ လူတို့၏ အခြေအနေများကို ထောက်ပြခဲ့ပြီးဖြစ်သောကြောင့်၊ လူတိုင်းသည် ဤအခြေအနေများနှင့် မိမိတို့ကိုယ်ကို နှိုင်းယှဉ်ချိန်ဆခဲ့ကြပြီး မိမိတို့၏ တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်ရန် သန္နိဋ္ဌာန်ချခဲ့ကြပြီးဖြစ်သောကြောင့် ခေါင်းဆောင်တစ်ဦးအနေဖြင့် သူ၏တာဝန်သည် ကောင်းမွန်စွာ ဖြည့်ဆည်းခဲ့ပြီဖြစ်ပြီး သူ့ထံမှ မျှော်လင့်နိုင်သမျှ အားလုံးကို သူလုပ်ဆောင်ပြီးဖြစ်သည်ဟု သူယုံကြည်ခဲ့သည်။ အတတ်ပညာပိုင်းဆိုင်ရာ ကဏ္ဍများနှင့် သက်ဆိုင်သည့် သတ်သတ်မှတ်မှတ်ဖြစ်သော အလုပ်များကို ကောင်းမွန်စွာ မစီမံခန့်ခွဲနိုင်ပါက ယင်းမှာ ခေါင်းဆောင်၏ အရေးကိစ္စမဟုတ်တော့ပေ။ ဤသည်မှာ မည်သို့သော ခေါင်းဆောင်မျိုးနည်း။ အသင်းတော်အလုပ်သည် ရပ်လုရပ်ခင် အခြေအနေသို့ ကျရောက်နေခဲ့သည့်တိုင် သူသည် လုံးဝ စိုးရိမ်ပူပန်ခြင်း သို့မဟုတ် စိတ်သောကရောက်ခြင်း မရှိခဲ့ပေ။ အထက်က မမေးမြန်းလျှင် သို့မဟုတ် မတိုက်တွန်းလျှင် သူသည် မိမိ၏လက်အောက်တွင် မည်သည့်အရာ ဖြစ်ပျက်နေသည်ကို တစ်ခွန်းမျှ မပြောဘဲ၊ ပြဿနာတစ်ခုမျှ မဖြေရှင်းဘဲ ဆက်လက်၍ အချိန်ဆွဲနေမည်သာ ဖြစ်သည်။ ထိုသို့သော ခေါင်းဆောင်သည် သူ၏ ခေါင်းဆောင်မှုဆိုင်ရာ တာဝန်ဝတ္တရားများကို ကောင်းမွန်စွာ ဖြည့်ဆည်းခဲ့သလော။ (မဖြည့်ဆည်းခဲ့ပါ။) သို့ဆိုလျှင် သူသည် စုဝေးပွဲများတွင် တစ်နေကုန် မည်သည့်အရာကို ပြောဆိုခဲ့သနည်း။ သူသည် အယူဝါဒများကို တရားဟောခြင်းနှင့် ကြွေးကြော်သံများကို ဟစ်ကြွေးခြင်းမျှသာ ပြုလုပ်လျက် အနှစ်သာရမရှိသော စကားများကိုသာ ပြောဆိုခဲ့သည်။ ခေါင်းဆောင်သည် အလုပ်ထဲရှိ စစ်မှန်သော ပြဿနာများကို မဖြေရှင်းခဲ့ပေ၊ လူတို့၏ ဝတ်ကျေတမ်းကျေနှင့် အပျက်သဘောဆောင်သော အခြေအနေများကို မဖြေရှင်းခဲ့ပေ၊ လူတို့၏ အလုပ်ထဲရှိ ကိစ္စရပ်များကို သမ္မာတရား စည်းမျဉ်းများအတိုင်း မည်သို့ဖြေရှင်းရမည်ကို မသိခဲ့ပေ။ ရလဒ်အနေဖြင့် စီမံကိန်းတစ်ခုလုံး ရပ်တန့်သွားခဲ့ပြီး အချိန်ကာလကြာရှည်စွာ မည်သည့်တိုးတက်မှုကိုမျှ မမြင်တွေ့ခဲ့ရပေ။ သို့တိုင် ခေါင်းဆောင်သည် လုံးဝ စိုးရိမ်ပူပန်ခြင်း မရှိခဲ့ပေ။ ဤသည်မှာ အယောင်ဆောင်ခေါင်းဆောင်များ လက်တွေ့ကျသော အလုပ်ကို မလုပ်ဆောင်ခြင်း၏ သရုပ်သကန်တစ်ခု မဟုတ်လော။ ဤအယောင်ဆောင်ခေါင်းဆောင်များ၏ သရုပ်သကန်၏ အနှစ်သာရမှာ အဘယ်နည်း။ ဤသည်မှာ တာဝန်ကို ကြီးလေးစွာ ပျက်ကွက်ခြင်း မဟုတ်လော။ မိမိ၏အလုပ်တွင် ကြီးလေးစွာ ပျက်ကွက်ခြင်း၊ မိမိ၏ တာဝန်ဝတ္တရားများကို ကောင်းမွန်စွာ ဖြည့်ဆည်းရန် ပျက်ကွက်ခြင်းမှာ အယောင်ဆောင်ခေါင်းဆောင်များ လုပ်ဆောင်သည့်အရာ အတိအကျ ဖြစ်သည်။ သင်သည် နေရာတွင် ဝတ်ကျေတမ်းကျေ လုပ်ဆောင်ရန်အတွက်သာ နေထိုင်ပြီး စစ်မှန်သော ပြဿနာများကို မဖြေရှင်းပေ။ သင်သည် နေရာတွင် လူတို့ကို လှည့်စားရန်အတွက်သာ နေထိုင်သည်၊ မည်သည့် လက်တွေ့ကျသော အလုပ်ကိုမျှ မလုပ်ဆောင်ဘဲ သင်သည် ထိုနေရာတွင် အချိန်ပြည့် နေထိုင်ခဲ့လျှင်ပင် မည်သည့်အရာကိုမျှ ပြီးမြောက်အောင်မြင်စေမည် မဟုတ်ပေ။ အလုပ်တွင်လည်းကောင်း၊ အတတ်ပညာပိုင်းဆိုင်ရာ ကဏ္ဍများအကြားတွင်လည်းကောင်း အမျိုးမျိုးသော ပြဿနာများ ပေါ်ပေါက်လာသည်၊ အချို့ကို သင် ဖြေရှင်းနိုင်သော်လည်း မဖြေရှင်းပေ။ ဤသည်မှာ တာဝန်ကို ကြီးလေးစွာ ပျက်ကွက်ခြင်း ဖြစ်နေပြီးဖြစ်သည်။ ထို့အပြင် သင်သည် မျက်စိတွင်ရော စိတ်ထဲတွင်ပါ ကန်းနေသည်။ တစ်ခါတစ်ရံ သင် ပြဿနာများကို တွေ့ရှိသည့်အခါ ယင်းတို့၏ အနှစ်သာရကို သင် မရိပ်စားမိနိုင်ပေ။ သင်သည် ယင်းတို့ကို မဖြေရှင်းနိုင်သော်လည်း ကိုင်တွယ်နိုင်သည်ဟု ဟန်ဆောင်ကာ သမ္မာတရားကို အမှန်တကယ် နားလည်သူများနှင့် မိတ်သဟာယဖွဲ့ရန် သို့မဟုတ် တိုင်ပင်ရန် လုံးဝငြင်းဆန်လျက်၊ အထက်သို့လည်း သတင်းပို့ခြင်း သို့မဟုတ် ရှာဖွေခြင်း မပြုဘဲ မနည်းထိန်းထားသည်။ ဤသည်မှာ အဘယ်ကြောင့်နည်း။ သင်သည် ပြုပြင်ခြင်းခံရမည်ကို ကြောက်သလော။ အထက်က သင်နှင့်ပတ်သက်သည့် အမှန်တရားကို သိရှိပြီး သင့်ကို ဖြုတ်ချမည်ကို ကြောက်သလော။ ဤသည်မှာ ဘုရားအိမ်တော်၏ အလုပ်ကို အနည်းငယ်မျှပင် မထိန်းသိမ်းဘဲ အဆင့်အတန်းကိုသာ အာရုံစိုက်နေခြင်း မဟုတ်လော။ ဤသို့သော စိတ်ဓာတ်ဖြင့် သင်သည် သင်၏တာဝန်ကို မည်သို့ ကောင်းမွန်စွာ ထမ်းဆောင်နိုင်မည်နည်း။

ခေါင်းဆောင်၊ သို့မဟုတ် အမှုဆောင်တစ်ယောက်သည် မည်သည့်အရေးကြီးသည့်အလုပ်ကို လုပ်ဆောင်သည်ဖြစ်စေ၊ ဤအလုပ်၏ သဘောသဘာဝက မည်သည့်အရာဖြစ်စေ ၎င်းတို့၏ ပထမဦးစားပေးမှာ အလုပ်က မည်သို့သောအခြေအနေရှိနေသည်ကိုနားလည်ပြီး သဘောပေါက်ရန် ဖြစ်သည်။ ၎င်းတို့သည် အမှုကိစ္စများကို နောက်ဆက်တွဲ လိုက်လုပ်ပြီး မေးခွန်းများမေးကာ သတင်းအချက်အလက်များကို ကိုယ်တိုင်ရယူရန်အတွက် ထိုနေရာတွင် ရှိနေရပေမည်။ ၎င်းတို့သည် တစ်ဆင့်စကားကိုသာ ယတိပြတ် အမှီပြု၍ မရပေ၊ သို့မဟုတ် အခြားလူတို့၏ အစီရင်ခံချက်များကိုသာ နားထောင်ခြင်း မပြုလုပ်ရပေ။ ထိုအစား ၎င်းတို့သည် အလုပ်လုပ်သူများ၏ အခြေအနေကိုလည်းကောင်း အလုပ်က မည်သို့ တိုးတက်နေသည်ကိုလည်းကောင်း မိမိတို့ကိုယ်တိုင် ကြည့်ရှုလေ့လာရမည်။ ပြီးလျှင် မည်သည့်အခက်အခဲများရှိသည်ကိုဖြစ်စေ၊ အထက်၏ တောင်းဆိုမှုများနှင့် မကိုက်ညီသည့် ကဏ္ဍတစ်ခုတလေ ရှိမရှိကိုဖြစ်စေ၊ စည်းမျဉ်းများ ချိုးဖောက်ခြင်း ရှိမရှိကိုဖြစ်စေ၊ အဖျက်အမှောင့်လုပ်ခြင်းများ သို့မဟုတ် အနှောင့်အယှက်များ တစ်ခုတလေ ရှိမရှိကိုဖြစ်စေ၊ အတတ်ပညာပိုင်းဆိုင်ရာအလုပ်နှင့် စပ်လျဉ်း၍ ပစ္စည်းကိရိယာ လိုအပ်မှုရှိမရှိကိုဖြစ်စေ၊ ဆီလျော်သော သင်ကြားပို့ချမှုဆိုင်ရာ ပစ္စည်းများ လိုအပ်မှု ရှိမရှိကိုဖြစ်စေ နားလည်ရမည်။ ၎င်းတို့သည် ဤအရာအားလုံးကို နိုင်နိုင်နင်းနင်းဖြစ်ရမည် ဖြစ်သည်။ မည်မျှ များပြားသော အစီရင်ခံချက်များကို ၎င်းတို့ နားထောင်သည်ဖြစ်စေ၊ တစ်ဆင့်စကားမှ ၎င်းတို့ မည်မျှ ကောက်ယူသည်ဖြစ်စေ ဤအရာတို့သည် ကိုယ်တိုင်သွားရောက်ကြည့်ရှုခြင်းလောက် မကောင်းပေ။ ၎င်းတို့အနေဖြင့် ကိုယ့်မျက်လုံးများဖြင့် အမှုအရာများကို တပ်အပ်မြင်ခြင်းသည် ပိုမို တိကျမှုရှိပြီး ယုံကြည်စိတ်ချရသည်။ ၎င်းတို့သည် အခြေအနေ၏ ကဏ္ဍအားလုံးကို အကျွမ်းဝင်သွားသည်နှင့် တစ်ပြိုင်နက် မည်သည့်အရာဖြစ်ပျက်နေသည်ကို ကောင်းစွာ သိရှိလိမ့်မည်။ သူတို့သည် အစွမ်းအစကောင်းပြီး ပျိုးထောင်ရန် ထိုက်တန်သောသူသည် မည်သူဖြစ်သည်ကို အထူးသဖြင့် ရှင်းလင်းပြီး တိကျမှန်ကန်စွာ သိရှိနားလည်ထားရမည်။ ဤအရာကသာ သူတို့အား လူတို့ကို တိကျမှန်ကန်စွာ ပျိုးထောင်၍ အသုံးပြုနိုင်စေမည်ဖြစ်သဖြင့် ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ မိမိတို့၏ အလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်ရန်အတွက် အလွန်အရေးကြီးပေသည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များ၌ အစွမ်းအစကောင်းသော လူတို့ကို ပျိုးထောင်ပြီး လေ့ကျင့်ပေးရန်အတွက် လမ်းကြောင်းနှင့် စည်းမျဉ်းများ ရှိသင့်သည်။ ထို့အပြင် သူတို့သည် အသင်းတော် အလုပ်တွင် ရှိသော အမျိုးမျိုးသော ပြဿနာများနှင့် အခက်အခဲများကို သိရှိနားလည်ထားပြီး ယင်းတို့ကို မည်သို့ ဖြေရှင်းရမည်ကို သိသင့်သည်။ ပြီးလျှင် အလုပ်ကို မည်သို့ တိုးတက်အောင် လုပ်ဆောင်ရမည် သို့မဟုတ် ၎င်း၏ အနာဂတ် အလားအလာများနှင့် ပတ်သက်၍ မိမိတို့၏ ကိုယ်ပိုင် အတွေးအမြင်များနှင့် အကြံပြုချက်များလည်း ရှိသင့်ပေသည်။ သူတို့သည် ထိုသို့သောအရာများကို မျက်စိမှိတ်၍ပင် သံသယ သို့မဟုတ် မဝံ့မရဲဖြစ်ခြင်း တစ်စုံတစ်ရာမရှိဘဲ ရှင်းလင်းပြတ်သားစွာ ပြောဆိုနိုင်ပါက အလုပ်ကို လုပ်ဆောင်ရန် များစွာ ပို၍ လွယ်ကူလာပေလိမ့်မည်။ ပြီးလျှင် ဤနည်းလမ်းဖြင့် အလုပ်လုပ်ခြင်းအားဖြင့် ခေါင်းဆောင်တစ်ဦးသည် ၎င်းတို့၏ တာဝန်ဝတ္တရားများကို ကောင်းမွန်စွာ ဖြည့်ဆည်းနေမည်ဖြစ်သည်၊ ဟုတ်သည် မဟုတ်လော။ ၎င်းတို့သည် အထက်တွင်ဖော်ပြခဲ့သော အလုပ်ထဲရှိ ကိစ္စရပ်များကို မည်သို့ဖြေရှင်းရမည်ကို ကောင်းစွာ သိရှိရမည်ဖြစ်ပြီး ဤအရာများကို မကြာခဏ တွေးတောဆင်ခြင်ရမည်ဖြစ်သည်။ ၎င်းတို့ အခက်အခဲများ ကြုံတွေ့သည့်အခါ ကိစ္စရပ်များကို ဖြေရှင်းရန်အလို့ငှာ သမ္မာတရားကို ရှာဖွေလျက် ဤအရာများကို လူတိုင်းနှင့် မိတ်သဟာယဖွဲ့ကာ ဆွေးနွေးရမည်ဖြစ်သည်။ ဤသို့ အသိတရားရှိရှိ လက်တွေ့ကျသော စိတ်နေစိတ်ထားဖြင့် စစ်မှန်သော အလုပ်ကို လုပ်ဆောင်ခြင်းအားဖြင့် ဖြေရှင်း၍မရနိုင်သော အခက်အခဲများ ရှိမည်မဟုတ်ပေ။ အယောင်ဆောင် ခေါင်းဆောင်များသည် ဤသို့လုပ်ဆောင်သလော။ (မလုပ်ဆောင်ပါ။) အယောင်ဆောင် ခေါင်းဆောင်များသည် မိမိတို့ နားမလည်သည့်အရာများကို နားလည်သကဲ့သို့ ပြုမူလျက် လူတို့အပေါ် ဟန်ဆောင်၍ လှည့်စားရန်သာ သိကြသည်၊ မည်သည့်လက်တွေ့ကျသော ပြဿနာကိုမျှ မဖြေရှင်းနိုင်ဘဲ အသုံးမဝင်သော ကိစ္စများဖြင့်သာ မိမိတို့ကိုယ်ကို အလုပ်များစေကြသည်။ မည်သည့်အရာဖြင့် အလုပ်များနေခဲ့သည်ကို မေးသည့်အခါ ၎င်းတို့က “ကျွန်ုပ်တို့ နေထိုင်သည့်နေရာတွင် ထိုင်ခုံအနည်းငယ် လိုအပ်နေပြီး ရုပ်ရှင်ထုတ်လုပ်ရေးအဖွဲ့ကလည်း ဝတ်စုံများအတွက် ပိတ်စတစ်စ လိုအပ်နေသောကြောင့် ကျွန်ုပ် အနည်းငယ် သွားဝယ်ခဲ့သည်။ နောက်တစ်ခါ မီးဖိုချောင်တွင် ဟင်းချက်စရာများ ကုန်သွားပြီး ထမင်းချက်ကလည်း မသွားနိုင်သောကြောင့် ကျွန်ုပ် အပြင်ထွက်၍ အနည်းငယ် ဝယ်ခဲ့ရသည်၊ လမ်းတွင် ဂျုံမှုန့် သုံးလေးထုပ်လည်း ဝယ်ယူလာခဲ့သည်။ ဤအရာအားလုံးကို ကျွန်ုပ်ကိုယ်တိုင် လုပ်ခဲ့ရသည်” ဟု ပြောကြသည်။ ၎င်းတို့သည် အမှန်တကယ်ပင် အတော်လေး အလုပ်များနေခဲ့သည်။ ဤသည်မှာ မိမိတို့၏ လုပ်သင့်လုပ်ထိုက်သော တာဝန်ကို လျစ်လျူရှုခြင်းပင် မဟုတ်လော။ ၎င်းတို့သည် ခေါင်းဆောင်များအနေဖြင့် မိမိတို့၏ တာဝန်ဝတ္တရား နယ်ပယ်အတွင်း ကျရောက်သည့် အလုပ်နှင့်ပတ်သက်လာလျှင် လုံးဝ ဂရုမစိုက် သို့မဟုတ် ဝန်တာထမ်းသည့်စိတ် လုံးဝ မရှိဘဲ အိုးနင်းခွက်နင်းဖြင့်သာ ပြီးသွားရန် ကြိုးပမ်းကြသည်။ ၎င်းတို့၏ ကိုယ်ပိုင်အစွမ်းအစမှာ အတော်အတန် ညံ့ဖျင်းပြီး မျက်စိတွင်ရော စိတ်ထဲတွင်ပါ ကန်းနေသည့် ပြဿနာသည် အတော်အတန်ပင် ဆိုးရွားနေသည့်တိုင် ၎င်းတို့သည် ဝန်တာထမ်းသည့်စိတ်လည်း မရှိဘဲ ကိုယ်စိတ်ချမ်းသာခြင်း၌ မွေ့လျော်ကာ သက်သောင့်သက်သာရှိသော နေရာတစ်ခုခုတွင် ရက်အနည်းငယ် မကြာခဏ အချိန်ကုန်ဆုံးကြသည်။ တစ်စုံတစ်ဦးက ပြဿနာတစ်ခုရှိပြီး ဖြေရှင်းချက်အတွက် ၎င်းတို့ကို လာရှာသည့်အခါ ၎င်းတို့ကို မည်သည့်နေရာတွင်မှ ရှာမတွေ့နိုင်ဘဲ ၎င်းတို့ အမှန်တကယ် မည်သည့်အရာ လုပ်ဆောင်နေသည်ကို မည်သူမျှ မသိပေ။ ၎င်းတို့သည် ကိုယ့်အချိန်ကိုယ် စီမံခန့်ခွဲကြသည်။ ဤအပတ်တွင် ၎င်းတို့သည် အဖွဲ့တစ်ဖွဲ့အတွက် နံနက်ခင်းတစ်ခုတွင် စုဝေးပွဲတစ်ခု ကျင်းပသည်၊ နေ့လယ်တွင် အနားယူသည်၊ ပြီးလျှင် ညနေပိုင်းတွင် ကိစ္စရပ်များကို ဆွေးနွေးရန် အထွေထွေကိစ္စများကို ကြီးကြပ်သူများအား စုဝေးလေသည်။ နောက်သီတင်းပတ်တွင် ၎င်းတို့သည် ပြင်ပရေးရာများကို တာဝန်ယူထားသူများအတွက် စုဝေးပွဲတစ်ခု ကျင်းပပြီး “အခက်အခဲ တစ်စုံတစ်ရာ ရှိပါသလော။ ဤကာလအတွင်း ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်ရှုခဲ့ကြပါသလော။ ဘာသာတရား မရှိသူများနှင့် ထိတွေ့ဆက်ဆံရာတွင် ဘောင်ခတ်ခြင်း သို့မဟုတ် နှောင့်ယှက်ခြင်း ခံခဲ့ရပါသလော” ဟု သာမန်ကာလျှံကာ မေးမြန်းသည်။ ပြီးလျှင် ဤမေးခွန်းအနည်းငယ်ကို မေးပြီးနောက် ပြီးဆုံးသည်ဟု သတ်မှတ်လိုက်သည်။ မျက်စိတစ်မှိတ်အတွင်းတွင် တစ်လကုန်ဆုံးသွားသည်။ ၎င်းတို့ မည်သည့်အလုပ်ကို လုပ်ဆောင်ခဲ့သနည်း။ ၎င်းတို့သည် အဖွဲ့တစ်ခုချင်းစီအတွက် အလှည့်ကျ စုဝေးပွဲများ ကျင်းပခဲ့သော်လည်း မည်သည့်အဖွဲ့၏ အလုပ်အခြေအနေကိုမျှ ၎င်းတို့ မသိခဲ့သကဲ့သို့ ယင်းအကြောင်းကို လေ့လာခြင်း သို့မဟုတ် မေးမြန်းခြင်းလည်း မရှိခဲ့ပေ၊ သို့မဟုတ် အဖွဲ့တစ်ခုချင်းစီ၌ အလုပ်တွင် ပါဝင်ရန် သို့မဟုတ် လမ်းညွှန်ရန်မှာမူ သာ၍ပင် မရှိခဲ့ပေ။ ၎င်းတို့သည် အလုပ်နှင့်ပတ်သက်၍ ပါဝင်ခြင်း၊ နောက်ဆက်တွဲ လိုက်ခြင်း သို့မဟုတ် လမ်းညွှန်မှုပေးခြင်းတို့ကို မလုပ်ဆောင်ခဲ့သော်လည်း ၎င်းတို့ အချိန်မှန် လုပ်ဆောင်ခဲ့သည့် အရာအနည်းငယ်ရှိသည်။ အချိန်မှန်စားခြင်း၊ အချိန်မှန်အိပ်ခြင်းနှင့် အချိန်မှန် စုဝေးပွဲများ ကျင်းပခြင်းတို့ ဖြစ်သည်။ ၎င်းတို့၏ ဘဝသည် အတော်အတန် ပုံမှန်ဖြစ်သည်၊ ၎င်းတို့သည် မိမိတို့ကိုယ်ကို အလွန်အမင်း ဂရုစိုက်နေကြသော်လည်း ၎င်းတို့၏ အလုပ်စွမ်းဆောင်ရည်မှာမူ စံမမီလှပေ။

အချို့သောခေါင်းဆောင်များသည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရားများကို လုံးဝ မဖြည့်ဆည်းကြဘဲ အသင်းတော်၏ အနှစ်သာရရှိသော အလုပ်ကို လုပ်ဆောင်ရမည့်အစား အရေးမပါသော အထွေထွေကိစ္စအချို့ကိုသာ အာရုံစိုက်ကြသည်။ ၎င်းတို့သည် မီးဖိုချောင်ကို စီမံခန့်ခွဲရာတွင် အထူးအာရုံစိုက်ကြပြီး “ယနေ့ ကျွန်ုပ်တို့ မည်သည့်အရာကို စားသုံးကြမည်နည်း။ ကြက်ဥ ရှိသေးသလော။ အသား မည်မျှ ကျန်ရှိပါသေးသနည်း။ ကုန်သွားလျှင် ကျွန်ုပ် သွားဝယ်ယူပါမည်” ဟု အမြဲမေးမြန်းကြသည်။ ၎င်းတို့သည် မီးဖိုချောင်အလုပ်ကို အလွန်အမင်း အရေးကြီးသည်ဟု မှတ်ယူကြပြီး အကြောင်းပြချက်မရှိဘဲ မီးဖိုချောင်ထဲသို့ လျှောက်သွားကာ ငါးပိုစားရန်၊ အသားပိုစားရန်၊ ပိုမိုမွေ့လျော်ခံစားရန်၊ စိတ်ထဲတွင် မည်သည့်လိပ်ပြာမသန့်ခြင်းမျှ မရှိဘဲ အစားအစာစားရန်ကို အမြဲတမ်း တွေးတောနေကြသည်။ အဖွဲ့တစ်ခုချင်းစီရှိ လူများသည် မိမိတို့၏ တာဝန်များကို ကောင်းမွန်စွာ ထမ်းဆောင်ရန် အာရုံစိုက်လျက် အလုပ်များနေကြစဉ်တွင် ဤခေါင်းဆောင်များသည် ကောင်းကောင်းစားရန်ကိုသာ အာရုံစိုက်ပြီး အတော်အတန် သက်သောင့်သက်သာရှိသော ဘဝဖြင့် နေထိုင်ကြသည်။ ခေါင်းဆောင်များ ဖြစ်လာကတည်းက ၎င်းတို့သည် အသင်းတော်၏အလုပ်ကို စိတ်မဝင်စားဘဲ မည်သည့်ကြိုးစားအားထုတ်မှုကိုမဆို ရှောင်ရှားခဲ့သည်သာမက မိမိတို့ကိုယ်ကို ဝဖြိုးပြီး မျက်နှာဝင်းပနေအောင်လည်း ဂရုစိုက်ခဲ့ကြသည်။ ၎င်းတို့ နေ့စဉ် မည်သည့်အရာကို လုပ်ကြသနည်း။ ၎င်းတို့သည် အထွေထွေကိစ္စအချို့၊ အသေးအဖွဲကိစ္စအချို့ဖြင့် အလုပ်များနေကြပြီး မည်သည့်စစ်မှန်သောအလုပ်ကိုမျှ ကောင်းမွန်စွာ မလုပ်ဆောင်ခဲ့သကဲ့သို့ မည်သည့်စစ်မှန်သော ပြဿနာကိုမျှ မဖြေရှင်းခဲ့ပေ။ သို့တိုင် ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးထဲတွင် နောင်တရခြင်း မခံစားရပေ။ အယောင်ဆောင် ခေါင်းဆောင်အားလုံးသည် အသင်းတော်၏ အဓိကကျသော အလုပ်ကို မလုပ်ဆောင်ကြသကဲ့သို့ မည်သည့်စစ်မှန်သော ပြဿနာကိုမျှလည်း မဖြေရှင်းကြပေ။ ၎င်းတို့ ခေါင်းဆောင်များ ဖြစ်လာပြီးနောက် ၎င်းတို့က “ကျွန်ုပ်သည် သတ်သတ်မှတ်မှတ်ဖြစ်သော အလုပ်ကို လုပ်ဆောင်ရန် လူအနည်းငယ်ကို ရှာလိုက်ရုံသာဖြစ်သည်၊ သို့ဖြစ်လျှင် ကျွန်ုပ်ကိုယ်တိုင် လုပ်ဆောင်ရန် မလိုအပ်တော့ပါ” ဟု စဉ်းစားကြသည်။ အလုပ်တစ်ခုချင်းစီအတွက် ကြီးကြပ်ရေးမှူးများကို စီစဉ်ပြီးသည်နှင့်တစ်ပြိုင်နက် မိမိတို့ကိုယ်တိုင် လုပ်စရာတစ်ခုမျှ မကျန်တော့ဟု ၎င်းတို့ ယုံကြည်ကြသည်။ ဤသည်မှာ ခေါင်းဆောင်ပိုင်းအလုပ်ကို လုပ်ဆောင်ခြင်းဖြစ်သည်ဟု ၎င်းတို့ ယုံကြည်ကြပြီး ထို့နောက် ၎င်းတို့သည် မိမိတို့၏ အဆင့်အတန်း၏ အကျိုးခံစားမှုများကို ခံစားရန် အခွင့်အရေးရှိသည်ဟု ယုံကြည်ကြသည်။ ၎င်းတို့သည် မည်သည့်စစ်မှန်သောအလုပ်တွင်မျှ မပါဝင်ကြ၊ နောက်ဆက်တွဲ လိုက်ခြင်း သို့မဟုတ် လမ်းညွှန်မှုပေးခြင်း မပြုကြ၊ ပြဿနာများကို ဖြေရှင်းရန် စုံစမ်းစစ်ဆေးခြင်း သို့မဟုတ် သုတေသနပြုခြင်းတို့ကို မလုပ်ဆောင်ကြပေ။ ၎င်းတို့သည် ခေါင်းဆောင်တစ်ဦး၏ တာဝန်ဝတ္တရားများကို ကောင်းမွန်စွာ ဖြည့်ဆည်းသလော။ ဤနည်းလမ်းဖြင့် အသင်းတော်အလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်မည်လော။ အထက်က ၎င်းတို့ကို အလုပ် မည်သို့ဖြစ်နေသည်ကို မေးသည့်အခါ ၎င်းတို့က “အသင်းတော်အလုပ်အားလုံး ပုံမှန်သာဖြစ်သည်။ အလုပ်တစ်ခုချင်းစီတွင် ကိုင်တွယ်ဖို့ ကြီးကြပ်ရေးမှူးတစ်ယောက်စီ ရှိပါသည်” ဟု ပြောကြသည်။ အလုပ်တွင် ပြဿနာတစ်စုံတစ်ရာ ရှိမရှိကို ထပ်မံမေးမြန်းပါက ၎င်းတို့က “ကျွန်ုပ် မသိပါ။ ပြဿနာများ ရှိမည်မဟုတ်ပါ” ဟု တုံ့ပြန်ကြသည်။ ဤသည်မှာ အလုပ်အပေါ်ထားရှိသော အယောင်ဆောင်ခေါင်းဆောင်များ၏ သဘောထားဖြစ်သည်။ ခေါင်းဆောင်တစ်ဦးအနေဖြင့် သင်သည် သင့်အား တာဝန်ပေးအပ်ထားသော အလုပ်အတွက် လုံးဝတာဝန်မဲ့မှုကို ပြသသည်၊ အရာအားလုံးကို အခြားသူများထံ လွှဲအပ်ထားပြီး သင့်ဘက်မှ နောက်ဆက်တွဲ လိုက်ခြင်း၊ မေးမြန်းခြင်း သို့မဟုတ် ပြဿနာဖြေရှင်းရာတွင် ကူညီခြင်းမရှိဘဲ သင်သည် လက်ပိုက်အမိန့်ပေးသူတစ်ဦးကဲ့သို့ ထိုင်နေရုံသာ ဖြစ်သည်။ သင်သည် သင်၏တာဝန်ကို ပျက်ကွက်နေခြင်း မဟုတ်လော။ သင်သည် အရာရှိတစ်ဦးကဲ့သို့ ပြုမူနေခြင်း မဟုတ်လော။ သတ်သတ်မှတ်မှတ်ဖြစ်သော မည်သည့်အလုပ်ကိုမျှ မလုပ်ဆောင်ခြင်း၊ အလုပ်ကို နောက်ဆက်တွဲ မလိုက်ခြင်း၊ စစ်မှန်သော ပြဿနာများကို မဖြေရှင်းခြင်းဟူသည်မှာ ထိုသို့သော ခေါင်းဆောင်များသည် အလှဆင်ထားသော အရာများမျှသာ မဟုတ်လော။ ၎င်းတို့သည် အယောင်ဆောင်ခေါင်းဆောင်များ မဟုတ်လော။ ဤသည်မှာ အယောင်ဆောင်ခေါင်းဆောင်တစ်ဦး၏ စံပြပုံစံဖြစ်သည်။ အယောင်ဆောင်ခေါင်းဆောင်တစ်ဦး၏ အလုပ်မှာ အလုပ်တွင် အမှန်တကယ် ပါဝင်ခြင်း သို့မဟုတ် နောက်ဆက်တွဲ လိုက်လုပ်ခြင်းမရှိဘဲ အလုပ်အတွင်းရှိ ပြဿနာများကို ရှာဖွေဖော်ထုတ်ခြင်းမရှိဘဲ ပါးစပ်လှုပ်၍ အမိန့်များ ထုတ်ပြန်ခြင်းမျှသာ ဖြစ်သည်။ ပြဿနာများကို ဖော်ထုတ်မိသည့်အခါပင် ၎င်းတို့သည် မဖြေရှင်းကြပေ။ ၎င်းတို့သည် ဤသည်မှာ အလုပ်လုပ်ခြင်းဖြစ်သည်ဟု ထင်မှတ်လျက် လက်ပိုက်အမိန့်ပေးသူတစ်ဦးကဲ့သို့သာ ပြုမူကြသည်။ သို့တိုင် ဤသို့ခေါင်းဆောင်ခြင်းသည် ၎င်းတို့၏ စိတ်ငြိမ်းချမ်းမှုကို မည်သို့မျှ မနှောင့်ယှက်ပေ၊ ၎င်းတို့သည် နေ့စဉ်နေ့တိုင်း သက်သောင့်သက်သာ နေထိုင်ကြပြီး အချိန်တိုင်း ရွှင်လန်းပျော်မြူးနေကြသည်။ ၎င်းတို့သည် မည်သို့ဖြစ်၍ အပြုံးမပျက်နိုင်သေးသနည်း။ ငါ အချက်တစ်ချက်ကို ရှာဖွေတွေ့ရှိခဲ့သည်။ ထိုသို့သောလူများသည် လုံးဝ အရှက်မရှိကြပေ။ ၎င်းတို့သည် ခေါင်းဆောင်တစ်ဦးအနေဖြင့် မည်သည့်လက်တွေ့ကျသော အလုပ်ကိုမျှ မလုပ်ဆောင်ဘဲ လူအနည်းငယ်ကို အလုပ်များလုပ်ရန် စီစဉ်ပေးပြီး ပြီးပြီဟု မှတ်ယူလိုက်သည်။ သင်သည် ၎င်းတို့ကို အလုပ်ခွင်တွင် မည်သည့်အခါမျှ မတွေ့ရပေ၊ ၎င်းတို့သည် အသင်းတော်အလုပ်၏ တိုးတက်မှု သို့မဟုတ် ရလဒ်များအကြောင်း တစ်စက်မျှ မသိသည့်တိုင် မိမိတို့ကိုယ်ကို ခေါင်းဆောင်တစ်ဦးအဖြစ် အရည်အချင်းရှိပြီး စံနှုန်းပြည့်မီသည်ဟု ထင်နေဆဲဖြစ်သည်။ ဤသည်မှာ မည်သည့်လက်တွေ့ကျသော အလုပ်ကိုမျှ လုံးဝမလုပ်ဆောင်သည့် အယောင်ဆောင် ခေါင်းဆောင်တစ်ဦး၏ စံပြပုံစံဖြစ်သည်။ အယောင်ဆောင် ခေါင်းဆောင်များသည် အသင်းတော်အလုပ်အတွက် ဝန်ထုပ်ဝန်ပိုးမရှိကြ၊ မည်မျှပင် ပြဿနာများ ပေါ်ပေါက်ပါစေ စိုးရိမ်ပူပန်ခြင်း သို့မဟုတ် ကြောင့်ကြခြင်း မရှိကြပေ၊ ၎င်းတို့သည် အထွေထွေကိစ္စအချို့ကို လုပ်ဆောင်ရုံမျှဖြင့် ကျေနပ်နေကြပြီး ထို့နောက် လက်တွေ့ကျသော အလုပ်ကို လုပ်ဆောင်ပြီးဖြစ်သည်ဟု ထင်မှတ်ကြသည်။ အထက်က အယောင်ဆောင်ခေါင်းဆောင်များကို မည်သို့ပင် ဖော်ထုတ်ပါစေ ၎င်းတို့သည် စိတ်မကောင်းဖြစ်ခြင်းလည်း မရှိသကဲ့သို့ ဖော်ထုတ်မှုသည် မိမိတို့နှင့်သက်ဆိုင်သည်ဟုလည်း မမြင်ကြပေ၊ ၎င်းတို့တွင် မိမိကိုယ်ကို မည်သည့်ဆင်ခြင်သုံးသပ်ခြင်း သို့မဟုတ် မည်သည့်နောင်တမျှ မရှိပေ။ ထိုသို့သောလူများသည် အသိစိတ်နှင့် ဆင်ခြင်တုံတရား ကင်းမဲ့နေကြသည် မဟုတ်လော။ အသိစိတ်နှင့် ဆင်ခြင်တုံတရား အမှန်တကယ် ရှိသူတစ်ဦးသည် အသင်းတော်အလုပ်ကို ဤသို့ သဘောထားနိုင်မည်လော။ လုံးဝမဖြစ်နိုင်ပေ။

ယေဘုယျအားဖြင့် အသိစိတ်နှင့် ဆင်ခြင်တုံတရား အနည်းငယ်ပင်ရှိသော လူများသည် အယောင်ဆောင်ခေါင်းဆောင်များ၏ အမျိုးမျိုးသော သရုပ်သကန်များအား ဖော်ထုတ်ခြင်းကို ကြားရသည့်အခါတွင်လည်းကောင်း၊ ဤဖော်ပြချက်များနှင့် မိမိတို့ကိုယ်ကို နှိုင်းယှဉ်သည့်အခါတွင်လည်းကောင်း ဤဖော်ပြချက်များတွင် မိမိတို့နှင့် သက်ဆိုင်သောအရာ တစ်စုံတစ်ရာရှိသည်ကို အနည်းနှင့်အများဆိုသလို မြင်နိုင်ကြလိမ့်မည်။ ၎င်းတို့၏ မျက်နှာများသည် နီမြန်းလာမည်၊ ၎င်းတို့သည် နေမထိထိုင်မသာ ဖြစ်ကြပြီး ၎င်းတို့၏ စိတ်နှလုံးများသည် မသက်မသာဖြစ်လာကာ ဘုရားသခင်ကို အကြွေးတင်နေသည်ဟု ခံစားရလျက် တိတ်တဆိတ် သန္နိဋ္ဌာန်ချကြလိမ့်မည်။ “ယခင်က ကျွန်ုပ်သည် ဇာတိပကတိ၏ သက်သောင့်သက်သာဖြစ်မှုတွင် မွေ့လျော်ခဲ့ပါသည်၊ ကျွန်ုပ်၏အလုပ်ကို ကောင်းမွန်စွာ မလုပ်ဆောင်ခဲ့ပါ၊ ကျွန်ုပ်၏ တာဝန်ဝတ္တရားများကို ကောင်းမွန်စွာ မဖြည့်ဆည်းခဲ့ပါ၊ လက်တွေ့ကျသောအလုပ်ကို မလုပ်ဆောင်ခဲ့ပါ၊ မေးခွန်းမေးခံရသည့်အခါ မသိနားမလည်ခဲ့ပါ၊ အမြဲတမ်း ခေါင်းရှောင်လိုခဲ့ပြီး တခြားသူများက ကျွန်ုပ်၏ အခြေအနေမှန်ကို သိရှိသွားသည်နှင့်တစ်ပြိုင်နက် ကျွန်ုပ်၏ ဂုဏ်သတင်းနှင့် အဆင့်အတန်း ပျောက်ဆုံးသွားမည်ကိုလည်းကောင်း၊ ကျွန်ုပ်ရရှိထားသော ခေါင်းဆောင်ရာထူးကို မထိန်းသိမ်းနိုင်တော့မည်ကို ကြောက်ရွံ့၍ အစဉ်သဖြင့် ဟန်ဆောင်ခဲ့ပါသည်။ ယခုမှသာ ထိုသို့ပြုမူခြင်းသည် ရှက်ဖွယ်ကောင်းပြီး ဆက်၍မရနိုင်တော့ကြောင်း ကျွန်ုပ်မြင်သည်။ ကျွန်ုပ်သည် အလေးအနက်ထား လုပ်ဆောင်ရမည်၊ ကြိုးစားအားထုတ်ရမည်။ ကျွန်ုပ်သာ ကောင်းမွန်စွာ လုပ်ဆောင်ရန် ဆက်လက်၍ ပျက်ကွက်ပါက ယင်းသည် ခွင့်လွှတ်၍မရနိုင်သော အရာဖြစ်ပေမည်။ ကျွန်ုပ်သည်လည်း လိပ်ပြာမလုံဘဲ ဖြစ်ရပါမည်” ဟူ၍ ဖြစ်သည်။ ဤသို့သော အယောင်ဆောင်ခေါင်းဆောင်များသည် လူ့သဘာဝနှင့် အသိစိတ်အချို့ကို ပိုင်ဆိုင်နေဆဲဖြစ်သည်၊ အနည်းဆုံးအနေဖြင့် ၎င်းတို့၏ အသိစိတ်သည် သတိရှိနေသေးသည်။ ငါ၏ ဖော်ထုတ်မှုကို ကြားပြီးနောက် ၎င်းတို့သည် ဤနှုတ်ကပတ်တော်များတွင် မိမိတို့ကိုယ်ကို မြင်ကြပြီး စိတ်မကောင်းဖြစ်ကြသည်၊ ၎င်းတို့က “ကျွန်ုပ်သည် အမှန်တကယ်ပင် မည်သည့်လက်တွေ့ကျသောအလုပ်ကိုမျှ မလုပ်ဆောင်ခဲ့ပါ၊ သို့မဟုတ် မည်သည့်လက်တွေ့ကျသော ပြဿနာကိုမျှ မဖြေရှင်းခဲ့ပါ။ ကျွန်ုပ်သည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက် သို့မဟုတ် ခေါင်းဆောင်ဟူသော ဘွဲ့ထူးနှင့် မထိုက်တန်ပါ။ သို့ဆိုလျှင် ကျွန်ုပ် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ ကျွန်ုပ် ပြေရာပြေကြောင်း လုပ်ဆောင်ရမည်။ ယခုမှစ၍ ကျွန်ုပ်သည် လက်တွေ့ကျသော ပြဿနာများကို ဖြေရှင်းရန်နှင့် သတ်သတ်မှတ်မှတ်ဖြစ်သော အလုပ်တိုင်းတွင် ပါဝင်ရန် မနားမနေ အားသွန်ခွန်စိုက်လုပ်ရမည်၊ ခေါင်းရှောင်ခြင်းကို ရှောင်ကြဉ်ရမည်၊ ဟန်ဆောင်ခြင်းကို ရှောင်ကြဉ်ရမည်၊ ကျွန်ုပ်၏ စွမ်းဆောင်နိုင်မှု အပြည့်အဝဖြင့် အရာများကို လုပ်ဆောင်ရမည်။ ဘုရားသခင်သည် လူတို့၏ စိတ်နှလုံးများနှင့် အတွင်းကျကျ အတွေးများကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးသည်၊ ဘုရားသခင်သည် လူတိုင်း၏ စစ်မှန်သော အတိုင်းအတာကို သိသည်။ ကျွန်ုပ် အမှုအရာများကို ကောင်းမွန်စွာ လုပ်ဆောင်သည်ဖြစ်စေ၊ ညံ့ဖျင်းစွာ လုပ်ဆောင်သည်ဖြစ်စေ စိတ်နှလုံးအကြွင်းမဲ့ လုပ်ဆောင်ခြင်းသည် အရေးကြီးဆုံးဖြစ်သည်။ ကျွန်ုပ်သည် ဤမျှလောက်ပင် မလုပ်ဆောင်နိုင်ပါက လူဟု ခေါ်ဆိုခြင်းကို ခံရနိုင်ပါဦးမည်လော” ဟူ၍ ဆင်ခြင်သုံးသပ်ကြသည်။ ဤနည်းလမ်းဖြင့် မိမိကိုယ်ကို ဆင်ခြင်သုံးသပ်နိုင်ခြင်းကို အသိစိတ်ရှိခြင်းဟု ခေါ်သည်။ အသိစိတ်မရှိသော လူများသည် သင် မည်သို့ပင် ဖော်ထုတ်ပါစေ မျက်နှာမနီရဲကြပေ၊ သို့မဟုတ် စိတ်လှုပ်ရှားခြင်းလည်း မခံစားရပေ၊ ၎င်းတို့သည် မိမိတို့ လိုချင်သမျှကိုသာ ဆက်လက်လုပ်ဆောင်ကြသည်။ ဘုရားသခင် ဖော်ထုတ်ခဲ့သည့်အရာတွင် မိမိတို့ကိုယ်ကို မြင်လျှင်ပင် ၎င်းတို့သည် ဂရုမစိုက်ဟု ခံစားရသည်။ “ကျွန်ုပ်အား နာမည်တပ်၍ ပြောဆိုခဲ့ခြင်းမဟုတ်ပေ” ဟု ၎င်းတို့ တွေးထင်ကြသည်။ “ကျွန်ုပ် အဘယ်ကြောင့် ကြောက်ရမည်နည်း။ ကျွန်ုပ်၏ အစွမ်းအစသည် ကောင်းမွန်ပြီး ပင်ကိုစွမ်းရည်လည်းရှိသည်၊ ဘုရားအိမ်တော်သည် ကျွန်ုပ်မရှိလျှင် မဖြစ်နိုင်ပါ။ သို့ဖြစ်၍ ကျွန်ုပ် လက်တွေ့ကျသောအလုပ် မလုပ်ဆောင်တော့ရော အဘယ်သို့ဖြစ်သနည်း။ ကျွန်ုပ်ကိုယ်တိုင် မလုပ်ဆောင်သော်လည်း အခြားတစ်ဦးကို ကျွန်ုပ် လုပ်ဆောင်ခိုင်းသည်၊ သို့ဖြစ်၍ အလုပ်သည် မည်သို့ပင်ဖြစ်စေ ပြီးမြောက်သည်ပင် မဟုတ်လော။ မည်သို့ပင်ဖြစ်စေ သင် ကျွန်ုပ်ကို လုပ်ဆောင်ရန် တောင်းဆိုသည့် အလုပ်တိုင်းကို လုပ်ဆောင်ရန် ကျွန်ုပ် မည်သူ့ကို စီစဉ်ပေး၍ ခိုင်းစေသည်ဖြစ်စေ သင့်အတွက် ပြီးမြောက်အောင် လုပ်ဆောင်ပေးသည်။ ကျွန်ုပ်၏ အစွမ်းအစသည် ကောင်းမွန်သောကြောင့် လိမ္မာပါးနပ်စွာ အလုပ်လုပ်သည်။ နောင်တွင် ကျွန်ုပ်သည် ဆက်လက်၍ ဝတ်ကျေတမ်းကျေ လုပ်ဆောင်သွားမည်ဖြစ်ပြီး ကျွန်ုပ်နှစ်သက်သည့်အတိုင်း ဘဝကို ပျော်မွေ့သွားမည်” ဟူ၍ ဖြစ်လေသည်။ ငါသည် အယောင်ဆောင်ခေါင်းဆောင်များကို လက်တွေ့ကျသော အလုပ်မလုပ်သည့်အတွက် မည်သို့ပင် စိတ်ဖြာလေ့လာဆွေးနွေးသည်ဖြစ်စေ၊ ဖော်ထုတ်သည်ဖြစ်စေ ထိုလူများသည် လုံးဝ မသိကျိုးကျွန်ပြုလျက် ယခင်အတိုင်းပင် နေမြဲနေကြသည်။ “အခြားသူများက တွေးချင်ရာတွေးပါစေ၊ မြင်ချင်သလိုမြင်ကြပါစေ ကျွန်ုပ် လုပ်ဆောင်မည် မဟုတ်ပါ” ဟူ၍ ဖြစ်လေသည်။ ထိုသို့သော အယောင်ဆောင်ခေါင်းဆောင်များတွင် အသိစိတ် ရှိသလော။ (မရှိပါ။) ဤသည်မှာ ငါတို့ အယောင်ဆောင်ခေါင်းဆောင်များ၏ အမျိုးမျိုးသော သရုပ်သကန်များကို ဖော်ထုတ်ခြင်းအကြောင်း မိတ်သဟာယဖွဲ့သည်မှာ စတုတ္ထအကြိမ်မြောက်ဖြစ်ပြီး ငါ ထိုသို့သော လူပုဂ္ဂိုလ်များကို ဖော်ထုတ်သည့်အခါတိုင်း အသိစိတ်အနည်းငယ်ရှိသူများသည် မိမိတို့၏အလုပ်ကို ကောင်းမွန်စွာ မလုပ်ဆောင်သည့်အတွက် လိပ်ပြာမလုံဖြစ်ကာ နေမထိထိုင်မသာ ဖြစ်ကြပြီး အမြန်နောင်တရကာ ပြောင်းလဲရန် တိတ်တဆိတ် သန္နိဋ္ဌာန်ချကြသည်။ တစ်ချိန်တည်းမှာပင် အသိစိတ်မရှိသူများသည် အလွန်အမင်း အရှက်မရှိကြပေ၊ ၎င်းတို့သည် လုံးဝဘာမျှမခံစားရပေ။ ငါ မည်သို့ပင် မိတ်သဟာယဖွဲ့ပါစေ ၎င်းတို့သည် မိမိတို့နှစ်သက်သည့်အတိုင်း ဘဝကို ပျော်မွေ့လျက် မိမိတို့၏ နေ့ရက်များကို ပုံမှန်အတိုင်း ဆက်လက်နေထိုင်ကြသည်။ သင်က ၎င်းတို့ကို “လူအချို့မှာ ဧဝံဂေလိအလုပ်၊ အချို့မှာ ဘာသာပြန်အလုပ်နှင့် အခြားသူများမှာ ရုပ်ရှင်ထုတ်လုပ်ရေးအလုပ်တို့အတွက် တာဝန်ရှိကြသည်။ သင်တို့သည် အဘယ် သတ်သတ်မှတ်မှတ်ဖြစ်သော အလုပ်ကို တာဝန်ခံကြသနည်း” ဟု မေးမြန်းသောအခါ ၎င်းတို့က ဤသို့ ဆိုကြသည်။ “ကျွန်ုပ်သည် မည်သည့် သတ်သတ်မှတ်မှတ်ဖြစ်သော အလုပ်ကိုမျှ မလုပ်ဆောင်ခဲ့သော်လည်း အရာအားလုံးကို ကြီးကြပ်ပါသည်။ သူတို့အတွက် စုဝေးပွဲများ ကျင်းပပေးပါသည်” ဟူ၍ ဖြစ်သည်။ ထို့နောက် သင်က သူတို့ကို “သင်တို့သည် တစ်လတွင် စုဝေးပွဲ မည်မျှ ကျင်းပကြသနည်း” ဟု မေးမြန်းပါက သူတို့က “အနည်းဆုံးအနေဖြင့် တစ်လလျှင် စုဝေးပွဲကြီး တစ်ကြိမ်နှင့် နှစ်ပတ်လျှင် စုဝေးပွဲငယ် တစ်ကြိမ် ကျင်းပပါသည်”ဟု ဖြေလိမ့်မည်။ ထို့နောက်တွင် သင်တို့က ၎င်းတို့ကို “စုဝေးပွဲများ ကျင်းပခြင်းအပြင် သင်တို့သည် အဘယ် သတ်သတ်မှတ်မှတ်ဖြစ်သော အလုပ်ကို လုပ်ဆောင်ခဲ့ကြပါသနည်း” ဟု မေးမြန်းသောအခါ သူတို့က “စုဝေးပွဲများဖြင့် ကျွန်ုပ်သည် အလွန် အလုပ်များနေသောကြောင့် အဘယ် တိကျသော အလုပ်ကို လုပ်နိုင်မည်နည်း။ ထို့အပြင် ကျွန်ုပ် စီမံခန့်ခွဲရသော နယ်ပယ်သည် အလွန် ကျယ်ပြန့်လှသောကြောင့် သတ်သတ်မှတ်မှတ်ဖြစ်သော အလုပ်အတွက် အချိန်မရှိပေ” ဟု ပြန်ဖြေလိမ့်မည်။ ဤအယောင်ဆောင်ခေါင်းဆောင်များက ၎င်းတို့ အပြည့်အဝ မှန်သည်ဟု ခံစားကြရသည်။ ၎င်းတို့က အလွန် တည်ငြိမ်ပြီး မူမှန်သော ခေါင်းဆောင်များကို ဖန်တီးကြသည်။ ၎င်းတို့ကို မည်သို့ပင် ဖော်ထုတ်ပြီး ပြုပြင်ပါစေ ၎င်းတို့သည် အနည်းငယ်မျှပင် စိတ်မဆိုးကြပေ။ ငါ့ကို လူငါးယောက်အတွက် ချက်ပြုတ်ခြင်းကဲ့သို့သော သတ်သတ်မှတ်မှတ်ဖြစ်သည့် အလုပ်တစ်ခုကို လုပ်ခိုင်းပြီး ငါက လေးယောက်စာအတွက်သာ လုံလောက်အောင် ချက်ပြုတ်ခဲ့မည်ဆိုလျှင် လုံလောက်အောင် မလုပ်ခဲ့သည့်အတွက် ငါ စိတ်မကောင်းဖြစ်မိမည်ဖြစ်ပြီး လူတိုင်းကို ကောင်းစွာ မကျွေးမွေးနိုင်သည့်အတွက် အပြစ်ရှိသည်ဟု ခံစားရမိမည်။ ထို့နောက် ငါသည် ယင်းကို မည်သို့ အစားပြန်ပေးရမည်ကို စဉ်းစားမည်ဖြစ်ပြီး နောက်တစ်ကြိမ် လူတိုင်း စားသုံးရန် လုံလုံလောက်လောက် ရဖို့ရန် သေချာစွာ တွက်ချက်မည်ဖြစ်သည်။ တစ်စုံတစ်ဦးက အစားအစာ ငန်လွန်းသည်ဟု ပြောလျှင်လည်း ငါ စိတ်မကောင်းဖြစ်မိမည်။ မည်သည့်ဟင်းက ငန်လွန်းသည်ကို ငါမေးမည်၊ ထို့နောက် အခြားသူများကို အရသာ အဆင်ပြေမပြေ မေးမြန်းမည်။ လူတိုင်းကို ကျေနပ်အောင် လုပ်ရန် ခက်ခဲသော်လည်း မိမိအပိုင်းကို ကောင်းမွန်စွာ လုပ်ဆောင်ရန် ဖြစ်နိုင်သမျှ နည်းလမ်းတိုင်းကို ငါ ကြိုးစားရမည်သာ ဖြစ်သည်။ ဤသည်ကို မိမိ၏ တာဝန်ဝတ္တရားများကို ကောင်းမွန်စွာ ဖြည့်ဆည်းခြင်းဟု ခေါ်သည်၊ ဤသည်မှာ လူတို့ ပိုင်ဆိုင်သင့်သည့် ဆင်ခြင်တုံတရားဖြစ်သည်။ သင်သည် သင်၏ တာဝန်ဝတ္တရားများကို အစဉ်သဖြင့် ကောင်းမွန်စွာ ဖြည့်ဆည်းရမည်၊ မည်သည့်အလုပ်ပင်ဖြစ်စေ သင်ကိုယ်တိုင် ပါဝင်လုပ်ဆောင်ရမည်။ မည်သူမဆိုသည် ၎င်းတို့ မည်သူပင်ဖြစ်စေ မတူညီသော အမြင်တစ်ခုကို ပေးပြီး သင်သည် မှားယွင်းနေကြောင်း သိရှိကာ ယင်းကို ကြားပြီးနောက် စိတ်မကောင်းဖြစ်လျှင် သင်သည် ပြုပြင်မှုများ ပြုလုပ်ရမည်ဖြစ်ပြီး အနာဂတ်တွင် သင်လုပ်ဆောင်သည့်အရာ၌ သင်၏စိတ်နှလုံးကို ထည့်သွင်းရမည်၊ အနည်းငယ်သော ဒုက္ခကို ကြံ့ကြံ့ခံရလျှင်ပင် ကောင်းမွန်စွာ လုပ်ဆောင်ရမည်။ အယောင်ဆောင်ခေါင်းဆောင်များတွင် ဤခံစားချက်မရှိပေ၊ ထို့ကြောင့် ၎င်းတို့သည် မည်သည့်ဒုက္ခကိုမျှ လုံးဝ ကြံ့ကြံ့မခံပေ။ အယောင်ဆောင်ခေါင်းဆောင်များကို ဖော်ထုတ်ခြင်းနှင့်ပတ်သက်သည့် ဤအချက်အလက်များကို ကြားပြီးနောက် ၎င်းတို့သည် လုံးဝ မည်သည့်အရာကိုမျှ မခံစားရဘဲ မိမိတို့၏ အစားအစာကို ဆက်လက်မွေ့လျော်ခံစားခြင်း၊ နှစ်ခြိုက်စွာ အိပ်စက်ခြင်းနှင့် ပျော်ပါးစွာ နေထိုင်ခြင်းတို့ကို ပြုလုပ်ကြပြီး နေ့စဉ်နေ့တိုင်း တူညီသော ပျော်ရွှင်သည့် စိတ်ခံစားမှုဖြင့်၊ မိမိတို့၏ ပခုံးပေါ်တွင် လေးလံသော ဝန်ထုပ်ဝန်ပိုးကို ထမ်းထားရသည့် ခံစားချက် သို့မဟုတ် မိမိတို့၏ စိတ်နှလုံးထဲတွင် အပြစ်ရှိသည်ဟူသော ခံစားချက်မရှိဘဲ နေထိုင်ကြသည်။ ဤသည်တို့မှာ မည်သို့သော လူစားမျိုးများနည်း။ ထိုသို့သောလူများတွင် ၎င်းတို့၏ ကိုယ်ကျင့်စရိုက်နှင့်ပတ်သက်၍ ပြဿနာရှိသည်။ ၎င်းတို့သည် အသိစိတ် ကင်းမဲ့သည်၊ ဆင်ခြင်တုံတရား ကင်းမဲ့သည်၊ ၎င်းတို့သည် အကျင့်စာရိတ္တ နိမ့်ကျသည်။ အယောင်ဆောင်ခေါင်းဆောင်များ၏ အမျိုးမျိုးသော သရုပ်သကန်များကို အပြုသဘောဆောင်သော ရှုထောင့်မှ ထောက်ပံ့ခြင်းနှင့် မိတ်သဟာယဖွဲ့ခြင်း၊ အပျက်သဘောဆောင်သော ရှုထောင့်မှ ဖော်ထုတ်ခြင်းနှင့် စိတ်ဖြာလေ့လာဆွေးနွေးခြင်း နှစ်မျိုးလုံးဖြင့် အချိန်ကြာမြင့်စွာ ဖော်ထုတ်ခဲ့သော်လည်း အယောင်ဆောင်ခေါင်းဆောင်များ၏ တစ်စုသည် ကိုယ့်ပြဿနာကိုယ် မသိရှိနိုင်သေးသကဲ့သို့ မိမိတို့ကိုယ်ကို ဆင်ခြင်သုံးသပ်ရန်နှင့် နောင်တရရန်လည်း မည်သည့်အခါမျှ ရည်ရွယ်ခြင်းမရှိပေ။ အထက်မှ ကြီးကြပ်မှုနှင့် တိုက်တွန်းမှုများ မရှိခဲ့ပါက ၎င်းတို့သည် လမ်းကြောင်း လုံးဝမပြောင်းလဲဘဲ မိမိတို့၏အလုပ်ကို တတ်နိုင်သမျှ ဝတ်ကျေတမ်းကျေ ဆက်လက်လုပ်ဆောင်နေမည်သာ ဖြစ်သည်။ ငါ ၎င်းတို့ကို မည်သို့ပင် ဖော်ထုတ်ပါစေ ၎င်းတို့သည် မတုန်မလှုပ် လုံးဝ မသိကျိုးကျွန်ပြုလျက် ထိုင်နေဆဲဖြစ်သည်။ ၎င်းတို့သည် အလွန်အမင်း အရှက်မဲ့ကြလွန်းသည် မဟုတ်လော။ ဤလူစားမျိုးတို့သည် ခေါင်းဆောင်များ သို့မဟုတ် အမှုဆောင်များဖြစ်ရန် မသင့်တော်ပေ၊ ၎င်းတို့သည် အရှက်တရားကိုပင် မသိသည့် အလွန်နိမ့်ကျသော ကိုယ်ကျင့်စရိုက်ရှိကြသည်။ သာမန်လူများအတွက်မူ တိတိကျကျ ဖော်ထုတ်ခံရခြင်းကို မဆိုထားနှင့်၊ မိမိတို့၏ အားနည်းချက်များ၊ ချို့ယွင်းချက်များ သို့မဟုတ် မိမိတို့လုပ်ဆောင်ခဲ့သည့်အရာနှင့်ပတ်သက်၍ မသင့်လျော်သော သို့မဟုတ် စည်းမျဉ်းများကို ဆန့်ကျင်သည့်အရာတစ်ခုခုကို တစ်စုံတစ်ဦးက ပြောဆိုသည်ကို ကြားရုံမျှဖြင့်ပင် ၎င်းတို့အတွက် ခံရခက်ခဲမည်ဖြစ်ပြီး စိတ်မကောင်းဖြစ်ကာ အရှက်ရသည်ဟု ခံစားရကာ မိမိတို့ကိုယ်ကို မည်သို့ပြောင်းလဲရမည်၊ မည်သို့ပြုပြင်ရမည်ကို စဉ်းစားမိကြလိမ့်မည်။ တစ်ချိန်တည်းမှာပင် ဤအယောင်ဆောင်ခေါင်းဆောင်များသည် မိမိတို့၏အလုပ်ကို လုံးဝ ကမောက်ကမ ဖြစ်စေပြီးသည့်တိုင် လိပ်ပြာသန့်ကြပြီး စိုးရိမ်ပူပန်ခြင်း သို့မဟုတ် ကြောင့်ကြခြင်းမရှိဘဲ ၎င်းတို့ကို မည်သို့ပင် ဖော်ထုတ်ပါစေ လုံးဝ မသိကျိုးကျွန်ပြုမြဲ ရှိနေကြသည်။ ၎င်းတို့သည် ပုန်းကွယ်ရန်နှင့် အားလပ်ချိန်ကို ရှာဖွေရန် နေရာများကိုပင် ရှာတွေ့ကြပြီး အမြဲတမ်း မည်သည့်နေရာတွင်မှ ရှာမတွေ့နိုင်ပေ။ ၎င်းတို့သည် အမှန်တကယ်ပင် အရှက်ကင်းမဲ့ကြလေသည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။