ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၄) အခန်း နှစ်

အသင်းတော်ခေါင်းဆောင်တစ်ဦးသည် အနည်းဆုံး အသိစိတ်နှင့် ဆင်ခြင်တုံတရား ရှိရမည်ဖြစ်ပြီး သမ္မာတရားအချို့ကိုလည်း နားလည်ရမည်။ သို့မှသာ ၎င်းတို့သည် ဝန်တာထားစိတ်ကို ခံစားနိုင်မည်ဖြစ်သည်။ ဝန်တာထားစိတ်ကို ခံစားရခြင်း၏ သရုပ်သကန်များမှာ အဘယ်နည်း။ အချို့လူများ အပျက်သဘောဆောင်နေသည်ကိုလည်းကောင်း၊ အချို့လူများ လွဲချော်သော သဘောပေါက်နားလည်မှု ရှိသည်ကိုလည်းကောင်း၊ အချို့လူများ ဘုရားအိမ်တော်၏ ပိုင်ဆိုင်မှုများကို ဖြုန်းတီးနေသည်ကိုလည်းကောင်း၊ အချို့လူများ မိမိတို့၏အလုပ်ကို ဝတ်ကျေတမ်းကျေ လုပ်ဆောင်နေသည်ကိုလည်းကောင်း၊ အချို့လူများ မိမိတို့၏ တာဝန်များကို ထမ်းဆောင်သည့်အခါ လုပ်သင့်လုပ်ထိုက်သော အလုပ်များကို ဂရုမစိုက်သည်ကိုလည်းကောင်း၊ အချို့လူများ အစဉ်သဖြင့် စကားကြီးစကားကျယ်များကို တတွတ်တွတ် ပြောဆိုသော်လည်း လက်တွေ့အလုပ်ကို မလုပ်ဆောင်သည်ကိုလည်းကောင်း ၎င်းတို့ မြင်တွေ့ပါက...၊ အသင်းတော်အတွင်း၌ အလွန်များပြားသော ပြဿနာများ တည်ရှိနေပြီး ဖြေရှင်းရန် လိုအပ်ကြောင်း တွေ့ရှိခြင်း၊ မပြီးမြောက်သေးသော အလုပ်များစွာကို မြင်တွေ့ခြင်းတို့က ၎င်းတို့၌ ဝန်တာစိတ်ကို ဖြစ်ပေါ်စေသည်။ ခေါင်းဆောင်တစ်ဦး ဖြစ်လာသည့်အချိန်မှစ၍ ၎င်းတို့အတွင်း၌ မီးတစ်စင်း အဆက်မပြတ် လောင်ကျွမ်းနေသကဲ့သို့ ခံစားရသည်။ ၎င်းတို့သည် ပြဿနာတစ်ခုကို ရှာဖွေတွေ့ရှိပြီး မဖြေရှင်းနိုင်ပါက စိုးရိမ်ပြီး ပူပန်လာကာ အိပ်မပျော် စားမဝင် ဖြစ်လာသည်။ စုဝေးပွဲများအတွင်းတွင် အချို့လူများက ၎င်းတို့၏အလုပ်ထဲရှိ ပြဿနာများကို တင်ပြလာသည့်အခါ ခေါင်းဆောင်က ချက်ချင်း ထိုးထွင်းမြင်နိုင်ခြင်း မရှိသကဲ့သို့ မဖြေရှင်းနိုင်သော်လည်း ထိုခေါင်းဆောင်သည် လက်မလျှော့ပေ။ ဤပြဿနာကို ဖြေရှင်းရမည်ဟု ၎င်းတို့ ခံစားရသည်။ ဆုတောင်းပြီး ရှာဖွေကာ နှစ်ရက်ကြာ စဉ်းစားဆင်ခြင်ပြီးနောက် မည်သို့ဖြေရှင်းရမည်ကို သိသည်နှင့် တစ်ပြိုင်နက် ၎င်းတို့သည် ထိုကိစ္စကို အလျင်အမြန် ဖြေရှင်းသည်။ ထိုကိစ္စကို ဖြေရှင်းပြီးနောက် ၎င်းတို့သည် အခြားအလုပ်များကို ချက်ချင်း စစ်ဆေးပြီး အလုပ်လုပ်သူအင်အား လျှော့ချရန်လိုအပ်သော အလုပ်တစ်ခုတွင် လူအများအပြား ပါဝင်နေသည့် နောက်ထပ်ပြဿနာတစ်ခုကို ရှာဖွေတွေ့ရှိသည်။ ထို့နောက် ၎င်းတို့သည် အလျင်အမြန် စုဝေးပွဲတစ်ခုကို ခေါ်ယူကာ အခြေအနေကို ရှင်းလင်းစွာ သိရှိပြီးနောက် အလုပ်လုပ်သူအင်အားကို လျှော့ချကာ ကျိုးကြောင်းဆီလျော်သော အစီအစဉ်များကို ရေးဆွဲသည်၊ သို့ဖြင့် ထိုပြဿနာကို ဖြေရှင်းပြီးဖြစ်သည်။ ဝန်တာစိတ်ရှိသော ခေါင်းဆောင်များသည် မည်သည့်အလုပ်ကို စစ်ဆေးသည်ဖြစ်စေ ပြဿနာများကို အစဉ်သဖြင့် ခွဲခြားဖော်ထုတ်နိုင်လိမ့်မည်။ အတတ်ပညာဆိုင်ရာ အသိပညာနှင့်သက်ဆိုင်သော သို့မဟုတ် စည်းမျဉ်းများနှင့်ဆန့်ကျင်သော မည်သည့်ပြဿနာအတွက်မဆို ၎င်းတို့သည် ယင်းတို့ကို ရှာဖွေဖော်ထုတ်နိုင်မည်ဖြစ်ကာ ယင်းတို့နှင့် ပတ်သက်၍ မေးမြန်းနိုင်မည်ဖြစ်ပြီး ယင်းတို့အပေါ် နားလည်မှု ရရှိမည်ဖြစ်သည်၊ ထို့အပြင် ပြဿနာတစ်ခုကို ၎င်းတို့ တွေ့သောအခါ ၎င်းတို့က ချက်ချင်းဖြေရှင်းကြသည်။ အသိဉာဏ်ထက်မြက်သော ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အသင်းတော်အလုပ်၊ အတတ်ပညာဆိုင်ရာအသိ၊ သမ္မာတရားစည်းမျဉ်းများနှင့် သက်ဆိုင်သော ပြဿနာများကိုသာ ဖြေရှင်းသည်။ ၎င်းတို့သည် နေ့စဉ်အသက်တာတွင်ရှိသော အသေးအဖွဲကိစ္စများကို လုံးဝ အရေးမစိုက်ပေ။ ဘုရားသခင်စေခိုင်းသည့် ဧဝံဂေလိဖြန့်ဝေခြင်းအလုပ်၏ ရှုထောင့်တိုင်းကို ကြည့်ရှုစောင့်ရှောက်ကြသည်။ ၎င်းတို့ သတိထားမိနိုင်သော သို့မဟုတ် ရှာဖွေတွေ့ရှိနိုင်သော မည်သည့်ပြဿနာကိုမဆို ၎င်းတို့ မေးမြန်းပြီး စစ်ဆေးကြသည်။ ၎င်းတို့သည် လတ်တလောတွင် ပြဿနာများကို ၎င်းတို့ကိုယ်တိုင်မဖြေရှင်းနိုင်လျှင် အခြားခေါင်းဆောင်များ၊ အမှုဆောင်များနှင့် စုဝေးကြသည်။ ၎င်းတို့နှင့် မိတ်သဟာယဖွဲ့ပြီး သမ္မာတရားစည်းမျဉ်းများကို ရှာကြသည်။ ဖြေရှင်းရန် နည်းလမ်းများ စဉ်းစားကြသည်။ ၎င်းတို့ အမှန်တကယ် မဖြေရှင်းနိုင်သော ကြီးမားသောပြဿနာတစ်ခုကို ကြုံရလျှင် အထက်ကို ချက်ချင်းရှာဖွေကြသည်။ ပြီးလျှင် အထက်အား ယင်းတို့ကို ကိုင်တွယ်ပြီး ဖြေရှင်းစေသည်။ ဤသို့သော ခေါင်းဆောင်များ၊ အမှုဆောင်များသည် ၎င်းတို့၏ လုပ်ရပ်များတွင် စည်းမျဉ်းရှိသောသူများဖြစ်သည်။ မည်သည့်ပြဿနာများ ရှိသည်ဖြစ်စေ၊ ၎င်းတို့ မြင်တွေ့ပြီးဖြစ်သရွေ့ ထိုပြဿနာများကို လက်လွှတ်မည်မဟုတ်ပေ။ ၎င်းတို့သည် ဤပြဿနာများကို အပြည့်အဝ နားလည်အောင် မလျှော့တမ်း လုပ်ဆောင်ပြီးမှ တစ်ခုပြီးတစ်ခု ဖြေရှင်းကြသည်။ ပြဿနာများကို အကုန်အစင် မဖြေရှင်းနိုင်လျှင်ပင် ဤပြဿနာများ နောက်တစ်ကြိမ် ပေါ်ပေါက်လာမည်မဟုတ်ကြောင်း အာမခံနိုင်သည်။ ဤသည်မှာ စိတ်နှလုံးအကြွင်းမဲ့၊ အစွမ်းသတ္တိရှိသမျှ၊ ဉာဏ်ရှိသမျှတို့ဖြင့် မိမိ၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်ပြီး မိမိ၏တာဝန်ဝတ္တရားများကို အပြည့်အဝ ကောင်းမွန်စွာ ဖြည့်ဆည်းခြင်းပင် ဖြစ်သည်။ လက်တွေ့ကျသော အလုပ်ကို မလုပ်ဆောင်သော သို့မဟုတ် လက်တွေ့ကျသော ပြဿနာများကို ဖြေရှင်းရန် အာရုံမစိုက်သော ထိုအယောင်ဆောင်ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ၎င်းတို့၏ အမြင်တွင် ပြဿနာများကို မတွေ့ရှိနိုင်သည့်အပြင် မည်သည့်အလုပ်ကို လုပ်ဆောင်သင့်သည်ကိုလည်း မသိကြပေ။ ညီအစ်ကိုမောင်နှမများက မိမိတို့၏ တာဝန်များကို ထမ်းဆောင်ရင်း အလုပ်များနေသည်ကို ၎င်းတို့ မြင်နေသရွေ့ ဤသည်မှာ ၎င်းတို့၏ လက်တွေ့အလုပ်၏ ရလဒ်ဖြစ်သည်ဟု ခံစားလျက် အပြည့်အဝ အားရကျေနပ်နေကြသည်။ ၎င်းတို့သည် အလုပ်၏ ကဏ္ဍအားလုံးမှာ အတော်အတန် ကောင်းမွန်သည်ဟုလည်းကောင်း၊ မိမိတို့ ကိုယ်တိုင်လုပ်ဆောင်ရန် များများစားစား မရှိဟုလည်းကောင်း၊ မိမိတို့ ဖြေရှင်းရန် ပြဿနာတစ်စုံတစ်ရာမရှိဟုလည်းကောင်း တွေးထင်ကြသဖြင့် ထို့နောက်တွင် ၎င်းတို့သည် မိမိတို့၏ ရာထူး၏ အကျိုးခံစားမှုများကို မွေ့လျော်ခံစားရန် အာရုံစိုက်ကြတော့သည်။ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများအကြားတွင် မိမိတို့ကိုယ်ကို အစဉ်သဖြင့် ထုတ်ဖော်ပြသလိုပြီး ဝါကြွားလိုကြသည်။ ညီအစ်ကိုမောင်နှမများကို တွေ့သည့်အခါတိုင်း ၎င်းတို့က “ယုံကြည်သူကောင်းတစ်ဦး ဖြစ်ပါ။ သင်၏ တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်ပါ။ ဝတ်ကျေတမ်းကျေ မလုပ်ဆောင်နှင့်။ သင်က ဆိုးလျှင် သို့မဟုတ် ပြဿနာရှာလျှင် ကျွန်ုပ်သည် သင့်ကို ဖြုတ်ချမည်” ဟု ပြောဆိုကြသည်။ ၎င်းတို့သည် မိမိတို့၏ ရာထူးကို အခိုင်အမာပြသရန်နှင့် လူတို့ကို ဩဝါဒခြွေရန်သာ သိကြသည်။ စုဝေးပွဲများအတွင်းတွင် ၎င်းတို့သည် အလုပ်၌ မည်သည့်ပြဿနာများ ရှိသည်ကို အစဉ်သဖြင့် မေးမြန်းပြီး မိမိတို့၏ လက်အောက်မှ လူများ၌ အခက်အခဲတစ်စုံတစ်ရာ ရှိမရှိကို မေးမြန်းကြသော်လည်း အခြားသူများက မိမိတို့၏ ပြဿနာများနှင့် အခက်အခဲများကို ထုတ်ပြောသည့်အခါတွင်မူ ၎င်းတို့သည် ယင်းတို့ကို မဖြေရှင်းနိုင်ကြပေ။ ဤသို့ဖြစ်သော်လည်း ၎င်းတို့သည် ပျော်ရွှင်နေဆဲဖြစ်ပြီး လိပ်ပြာသန့်စွာ နေထိုင်သွားကြဆဲ ဖြစ်သည်။ ညီအစ်ကိုမောင်နှမများက မည်သည့်အခက်အခဲ သို့မဟုတ် ပြဿနာကိုမျှ မတင်ပြပါက ၎င်းတို့သည် မိမိတို့၏အလုပ်ကို အလွန်ကောင်းမွန်စွာ လုပ်ဆောင်နေသည်ဟု ခံစားရပြီး မိမိကိုယ်ကို ဘဝင်ခိုက်လာကြသည်။ ၎င်းတို့က အလုပ်အကြောင်း မေးမြန်းခြင်းသည် မိမိတို့အား တာဝန်ခန့်အပ်ထားသော အလုပ်ဖြစ်သည်ဟု တွေးထင်ကြပြီး ပြဿနာများ ပေါ်ပေါက်လာကာ အထက်က တာဝန်ရှိသူကို ဇာစ်မြစ်လိုက်သောအခါတွင်မူ ၎င်းတို့သည် အကြောင်သားဖြစ်သွားကြသည်။ အခြားသူများက အလုပ်၏ အခက်အခဲများနှင့် ပြဿနာများကို ၎င်းတို့၏ရှေ့တွင် ချပြကြသည့်တိုင် ထိုသူတို့သည် အဘယ်ကြောင့် သမ္မာတရားကို ရှာဖွေ၍ မဖြေရှင်းကြသနည်းဟု ညည်းညူနေကြဆဲ ဖြစ်သည်။ လက်တွေ့ကျသော ပြဿနာများကို ကိုယ်တိုင်မဖြေရှင်းဘဲ ၎င်းတို့သည် အောက်ခြေရှိ ကြီးကြပ်ရေးမှူးများထံ တာဝန်လွှဲချကြပြီး သတ်သတ်မှတ်မှတ်ဖြစ်သော အလုပ်များကို လုပ်ဆောင်သူများအား ပြင်းထန်စွာ အပြစ်ဖော်ဆုံးမကြသည်။ ဤပြစ်တင်ဆုံးမခြင်းက ၎င်းတို့၏ ဒေါသကို ပြေလျော့စေပြီး ၎င်းတို့သည် လက်တွေ့အလုပ်ကို လုပ်ဆောင်နေသည်ဟု လိပ်ပြာသန့်သန့်ဖြင့် ယုံကြည်ကြသည်။ ၎င်းတို့သည် ပြဿနာများကို မတွေ့ရှိနိုင်ခြင်း သို့မဟုတ် မဖြေရှင်းနိုင်ခြင်းအတွက် မည်သည့်အခါမျှ စိုးရိမ်ပူပန်ခြင်းဖြစ်စေ၊ ကြောင့်ကြမှုဖြစ်စေ မရှိခဲ့သကဲ့သို့ ဤအရာကြောင့် အိပ်မပျော် စားမဝင် ဖြစ်ခြင်းလည်း မရှိခဲ့ပေ။ ဤသို့သော ဆင်းရဲဒုက္ခမျိုးကို ၎င်းတို့ မည်သည့်အခါမျှ မခံစားခဲ့ဖူးပေ။

ငါသည် လယ်တောအသင်းတော်သို့ သွားရောက်သည့်အခါတိုင်း ပြဿနာအချို့ကို ဖြေရှင်းပေးသည်။ ငါသွားသည့် အခါတိုင်းသည် ဖြေရှင်းရန် တိကျသော ပြဿနာတစ်စုံတစ်ရာကို တွေ့ရှိသောကြောင့် မဟုတ်ပေ။ အသင်းတော်ရှိ အဖွဲ့အမျိုးမျိုး၏ အလုပ် မည်သို့ရှိသည်ကိုလည်းကောင်း၊ အဖွဲ့တစ်ခုချင်းစီရှိ လူတို့၏ အခြေအနေများ မည်သို့ရှိသည်ကိုလည်းကောင်း လှည့်လည်ကြည့်ရှုရန် အားလပ်ချိန်အနည်းငယ် ရှိသောကြောင့်သာ ဖြစ်သည်။ ငါသည် ကြီးကြပ်ရေးမှူးများကို စကားပြောရန် စုဝေးစေပြီး ဤကာလအတောအတွင်း ၎င်းတို့ မည်သည့်အလုပ်များ လုပ်ဆောင်ခဲ့သည်ကိုလည်းကောင်း၊ မည်သည့်ပြဿနာများ ရှိသည်ကိုလည်းကောင်း မေးမြန်းကာ ၎င်းတို့အား ပြဿနာအချို့ကို တင်ပြစေပြီးနောက် ဤအရာများကို မည်သို့ဖြေရှင်းရမည်နှင့်ပတ်သက်၍ ၎င်းတို့နှင့် ငါ မိတ်သဟာယဖွဲ့သည်။ ၎င်းတို့နှင့် မိတ်သဟာယဖွဲ့သည့်အခါ ငါသည် ပြဿနာအသစ်အချို့ကိုလည်း ရှာဖွေတွေ့ရှိနိုင်သည်။ ပြဿနာတစ်မျိုးမှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ မိမိတို့၏ အလုပ်လုပ်ဆောင်ပုံနှင့် သက်ဆိုင်ကာ နောက်တစ်မျိုးမှာ ၎င်းတို့၏ တာဝန်များ၏ ဘောင်အတွင်းရှိ အလုပ်၌ဖြစ်သော ပြဿနာများ ဖြစ်သည်။ ထို့အပြင် သတ်သတ်မှတ်မှတ်ဖြစ်သော အလုပ်ကို မည်သို့လုပ်ဆောင်ရမည်၊ အလုပ်ကို မည်သို့အကောင်အထည်ဖော်ရမည်၊ မည်သည့်အလုပ်ကို လုပ်ဆောင်ရမည်တို့နှင့်ပတ်သက်၍လည်း ငါသည် ၎င်းတို့အား ကူညီပြီး လမ်းညွှန်ပေးကာ ထို့နောက် နောက်တစ်ကြိမ်တွင် လိုက်လံစစ်ဆေးပြီး ပြီးခဲ့သည့်အကြိမ်က တာဝန်ပေးခဲ့သော အလုပ် အခြေအနေ မည်သို့ရှိသည်ကို ၎င်းတို့အား မေးမြန်းသည်။ ထိုသို့သော ကြီးကြပ်မှု၊ တိုက်တွန်းမှုနှင့် လိုက်လံစစ်ဆေးမှုတို့သည် လိုအပ်သည်။ ဤသည်ကို မည်သည့်ကြေညာချက်ကိုမဆို ပြုလုပ်ရန် အသံချဲ့စက်များသုံး၍ အကြီးအကျယ် ပွဲလမ်းသဘင်ဖြင့်လည်းကောင်း၊ အော်ဟစ်ခြင်းဖြင့်လည်းကောင်း လုပ်ဆောင်ခြင်း မဟုတ်သော်လည်း ဤသတ်သတ်မှတ်မှတ်ဖြစ်သော အလုပ်များနှင့် တာဝန်များကို လက်တွေ့ကျသော အလုပ်ကို လုပ်ဆောင်နိုင်သည့် ခေါင်းဆောင်များနှင့် အမှုဆောင်အချို့မှတစ်ဆင့် ဆက်သွယ်ပြောဆိုပြီး အကောင်အထည်ဖော်သည်။ ထိုသို့ဖြင့် အဖွဲ့တစ်ခုချင်းစီ၏ အလုပ်သည် စနစ်တကျဖြစ်လာပြီး တိုးတက်လာသည်၊ အလုပ်၏ ထိရောက်မှု တိုးတက်လာပြီး ရလဒ်များလည်း ပိုကောင်းလာသည်။ အဆုံးတွင် အဖွဲ့တစ်ခုချင်းစီရှိ လူတိုင်းသည် မိမိတို့ မည်သည့်အရာကိုလုပ်သင့်သည်၊ မည်သို့လုပ်သင့်သည်ကို သိရှိလျက် ကိုယ့်တာဝန်ကိုယ် စွဲကိုင်ထားနိုင်သည်။ အနည်းဆုံးအနေဖြင့် လူတိုင်းသည် မိမိတို့ ထမ်းဆောင်သင့်သော တာဝန်ကို ထမ်းဆောင်နေကြသည်၊ ၎င်းတို့အားလုံး၌ လက်ထဲတွင် အလုပ်တာဝန်များ ရှိကြပြီး ၎င်းတို့လုပ်ဆောင်သည့်အရာသည် ဘုရားအိမ်တော်၏ သတ်မှတ်ချက်များနှင့်အညီ လုပ်ဆောင်ခြင်းဖြစ်ကာ စည်းမျဉ်းများနှင့်အညီလည်း လုပ်ဆောင်နိုင်ကြသည်။ ဤသည်မှာ အသီးအပွင့်အချို့ ရရှိခြင်း မဟုတ်လော။ အယောင်ဆောင်ခေါင်းဆောင်များသည် ဤနည်းလမ်းဖြင့် အလုပ်လုပ်ဆောင်တတ်ကြသလော။ အယောင်ဆောင်ခေါင်းဆောင်များက “သို့ဆိုလျှင်၊ ဤသည်မှာ အထက်က အလုပ်လုပ်ဆောင်ပုံဖြစ်သည်။ လူအချို့ကို စကားစမြည်ပြောရန် အတူတကွခေါ်သည်၊ လူတိုင်းက စာအုပ်ငယ်တစ်အုပ်ထဲတွင် မှတ်စုများ မှတ်ကြသည်၊ မှတ်စုများ မှတ်ပြီးနောက် အထက်၏ အလုပ် ပြီးဆုံးသွားသည်။ ဤသည်မှာ အထက်က အလုပ်လုပ်ဆောင်ပုံဖြစ်လျှင် ငါတို့လည်း ထိုနည်းအတိုင်း လုပ်ဆောင်မည်” ဟု စဉ်းစားကြလိမ့်မည်။ သို့ဖြင့် အယောင်ဆောင်ခေါင်းဆောင်များသည် ဤပုံစံဖြင့် အတုခိုးကြသည်။ ၎င်းတို့သည် အပေါ်ယံကို အတုခိုးကြသော်လည်း အဆုံးတွင်မူ မည်သည့်လက်တွေ့အလုပ်ကိုမျှ လုံးဝမလုပ်ဆောင်ဘဲ၊ ၎င်းတို့အား လုပ်ဆောင်ရန် တောင်းဆိုခဲ့သော တာဝန်တစ်ခုကိုမျှ အကောင်အထည်မဖော်ဘဲ အရေးမပါသည့်အရာများကို ပြောဆိုရင်း အချိန်ဖြုန်းနေကြသည်။ တစ်ခါတစ်ရံ ငါသည် ပျိုးပင်များ မည်သို့ကြီးထွားနေသည်ကို ကြည့်ရှုရန် သို့မဟုတ် ဆောင်းရာသီတွင် ဖန်လုံအိမ်၌ သီးနှံဘယ်နှကြိမ် စိုက်ပျိုးနိုင်သည်နှင့် ရေအကြိမ်ရေမည်မျှ လောင်းရသည်တို့ကို သိရှိအောင်လုပ်ရန် ဟင်းသီးဟင်းရွက်ခင်းများနှင့် ဖန်လုံအိမ်များသို့လည်း သွားရောက်သည်။ ဤအလုပ်များသည် ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ အားလုံးသည် ဟင်းသီးဟင်းရွက် စိုက်ပျိုးခြင်းနှင့် သက်ဆိုင်သော နည်းပညာပိုင်းဆိုင်ရာ ကိစ္စရပ်များ ပါဝင်ပြီး ယင်းတို့ကို လုံ့လဝီရိယဖြင့် လုပ်ဆောင်သရွေ့ ယင်းတို့ကို ပြီးမြောက်အောင်မြင်နိုင်သည်။ အယောင်ဆောင် ခေါင်းဆောင်များသည် မိမိတို့၏ အယောင်ဆောင်ဖြစ်ခြင်းကို အဓိကအားဖြင့် မည်သည့်နေရာတွင် ပြသသနည်း။ အထင်ရှားဆုံးမှာ လက်တွေ့ကျသော အလုပ်ကို မလုပ်ဆောင်ခြင်း ဖြစ်သည်။ ၎င်းတို့သည် လူမြင်ကောင်းစေသည့် အလုပ်အချို့ကိုသာ လုပ်ဆောင်ပြီးနောက် ပြီးပြီဟု မှတ်ယူကာ ထို့နောက် ၎င်းတို့၏ ရာထူး၏ အကျိုးခံစားမှုများကို စတင်၍ မွေ့လျော်ခံစားကြတော့သည်။ ဤသို့သောအလုပ်မျိုးကို ၎င်းတို့ မည်မျှပင်လုပ်ဆောင်ပါစေ ၎င်းတို့သည် လက်တွေ့ကျသော အလုပ်ကို လုပ်ဆောင်နေသည်ဟု ဆိုလိုသလော။ အယောင်ဆောင် ခေါင်းဆောင်အများစုသည် သမ္မာတရားကို မစင်ကြယ်စွာ နားလည်သဘောပေါက်ကြပြီး စကားလုံးများနှင့် အယူဝါဒအချို့ကိုသာ နားလည်ကြသဖြင့် လက်တွေ့ကျသော အလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်ရန် အလွန်ခက်ခဲစေသည်။ အယောင်ဆောင် ခေါင်းဆောင်များထဲမှ တစ်စုသည် အထွေထွေကိစ္စရပ်များနှင့် သက်ဆိုင်သော ပြဿနာများကိုပင် မဖြေရှင်းနိုင်ကြပေ။ ၎င်းတို့ အစွမ်းအစ ညံ့ဖျင်းပြီး ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ကင်းမဲ့သည်မှာ သိသာထင်ရှားပေသည်။ ၎င်းတို့ကို ပျိုးထောင်ပေးရန် လုံးဝ တန်ဖိုးမရှိပေ။ အချို့သော အယောင်ဆောင် ခေါင်းဆောင်များ၌ အစွမ်းအစ အနည်းငယ် အမှန်တကယ် ရှိကြသော်လည်း လက်တွေ့ကျသော အလုပ်ကို မလုပ်ဆောင်သည့်အပြင် ဇာတိပကတိဆိုင်ရာ ကိုယ်စိတ်ချမ်းသာမှုကို မွေ့လျော်ခံစားကြသည်။ ဇာတိပကတိဆိုင်ရာ ကိုယ်စိတ်ချမ်းသာမှုကို မွေ့လျော်ခံစားကြသည့် လူများသည် ဝက်များနှင့် များစွာ မခြားနားပေ။ ဝက်များသည် ယင်းတို့၏တစ်နေ့တာကို စားလိုက်၊ အိပ်လိုက် အချိန်ကုန်ကြသည်။ မည်သည့်အရာမျှ မလုပ်ကြပေ။ သို့ရာတွင် ပင်ပန်းစွာအလုပ်လုပ်လျက် ယင်းတို့အား တစ်နှစ်တာ အစာ ဆက်ကျွေးထားပြီးနောက်တွင် တစ်မိသားစုလုံးက နှစ်ကုန်ချိန်တွင် ယင်းတို့၏အသားများ စားရသည့်အခါ ယင်းတို့သည် အကျိုးပြုသည်ဟု ဆိုကောင်းဆိုနိုင်သည်။ အယောင်ဆောင် ခေါင်းဆောင်တစ်ဦးကို ဝက်တစ်ကောင်ကဲ့သို့ ကျွေးမွေးထားလျှင် တစ်ရက် သုံးကြိမ် အခမဲ့ စားသောက်ရင်း ဝဖြိုးကာ ကြံ့ခိုင်သော်လည်း ၎င်းတို့သည် မည်သည့် လက်တွေ့ကျသော အလုပ်မျှ မလုပ်ဘဲ အလကားဖြုန်းတီးသူများ ဖြစ်ကြသည်။ ၎င်းတို့ကို ကျွေးမွေးထားခြင်းသည် အချည်းနှီးဖြစ်ခဲ့ပြီ မဟုတ်လော။ အသုံးတည့်မှု တစ်ခုတလေ ရှိခဲ့သလော။ ၎င်းတို့သည် အဖြည့်ခံတစ်ဦးအနေဖြင့်သာ အစေခံနိုင်ကြပြီး ဖယ်ရှားရှင်းလင်းခြင်း ခံရသင့်သည်။ အမှန်တကယ်ပင် ဝက်တစ်ကောင်ကို ကျွေးမွေးထားခြင်းသည် အယောင်ဆောင်ခေါင်းဆောင်တစ်ဦးကို ကျွေးမွေးခြင်းထက် ပိုကောင်းပေသည်။ အယောင်ဆောင်ခေါင်းဆောင်များသည် “ခေါင်းဆောင်” ဟူသည့် ဂုဏ်ပုဒ် ရှိကောင်းရှိနိုင်သည်။ ၎င်းတို့သည် ဤရာထူးကို ရထားကောင်း ရထားနိုင်သည်၊ ပြီးလျှင် တစ်နေ့လျှင် သုံးကြိမ် ကောင်းကောင်းစားပြီး ဘုရားသခင်၏ ကျေးဇူးတော်များစွာကို ပျော်မွေ့ခံစားနိုင်ကြကာ နှစ်ကုန်သောအခါတွင် ထိုစားသောက်ခြင်းများအားလုံးမှနေ၍ ၎င်းတို့သည် ဝဖြိုးပြီး စိုပြေလာသော်လည်း အလုပ်မှာ အဘယ်အခြေအနေ ရှိသနည်း။ ဤနှစ်၌ သင့်အလုပ်တွင် ပြီးမြောက်ခဲ့သည့် အရာများအားလုံးကို ကြည့်လော့။ ဤနှစ်တွင် အလုပ်၏ ကဏ္ဍတစ်ခုတလေ၌ ရလဒ်များကို ရခဲ့ပြီးဖြစ်သလော။ သင်သည် မည်သည့်လက်တွေ့အလုပ်ကို လုပ်ဆောင်ခဲ့သနည်း။ ဘုရားသခင်၏အိမ်‌တော်က သင့်အား အလုပ်တိုင်းကို ပြီးပြည့်စုံစွာ လုပ်ဆောင်ဖို့ မတောင်းဆိုသော်လည်း အဓိကကျသော အလုပ်ကို သင် ကောင်းစွာ လုပ်ဆောင်ရမည်။ ဥပမာအားဖြင့် ဧဝံဂေလိအလုပ် သို့မဟုတ် ရုပ်ရှင်ထုတ်လုပ်ရေး အလုပ်၊ စာနှင့်ပတ်သက်သော အလုပ် စသည်တို့ဖြစ်သည်။ ဤအရာအားလုံးသည် အသီးအပွင့်များ ရှိရမည်။ ပုံမှန်အခြေအနေများအောက်တွင် အလုပ်အများစုသည် သုံးလမှ ငါးလအကြာတွင် အသီးအပွင့်အချို့နှင့် အောင်မြင်မှုအချို့ကို ဖြစ်ထွန်းသင့်သည်။ တစ်နှစ်အကြာတွင် အောင်မြင်မှုများ မရှိပါက ဤသည်မှာ ပြင်းထန်သော ပြဿနာတစ်ခု ဖြစ်သည်။ သင်၏ တာဝန်ယူမှု ဘောင်အတွင်း၌ မည်သည့်အလုပ်က အသီးအပွင့်အရှိဆုံး ဖြစ်ခဲ့သနည်း။ တစ်နှစ်ပတ်လုံး သင် အကြီးမားဆုံးသော အဖိုးအခကို ပေးဆပ်ခဲ့ပြီး ဆင်းရဲဒုက္ခအများဆုံး ခံစားခဲ့ရသည့်အလုပ်မှာ မည်သည့်အလုပ် ဖြစ်သနည်း။ ဤအောင်မြင်မှုကို တင်ပြလော့၊ ပြီးလျှင် သင်၏ တစ်နှစ်တာ ဘုရားသခင်၏ ကျေးဇူးတော်ကို မွေ့လျော်ခံစားခြင်းမှ တန်ဖိုးရှိသော အောင်မြင်မှုတစ်စုံတစ်ရာ ရရှိခဲ့ခြင်း ရှိမရှိကို ဆင်ခြင်သုံးသပ်လော့။ သင်၏ စိတ်နှလုံးထဲ၌ ဤအရာနှင့်ပတ်သက်၍ ရှင်းလင်းသော သိနားလည်မှု ရှိသင့်သည်။ ဤတစ်ချိန်လုံးတွင် ဘုရားသခင့်အိမ်တော်၏ အစားအစာများကို သင်စားပြီး ဘုရားသခင်၏ကျေးဇူးတော်ကို ပျော်မွေ့ခံစားနေစဉ်တွင် သင်သည် အဘယ်အရာကို ပြုနေခဲ့သနည်း။ သင်သည် တစ်ခုတလေ စွမ်းဆောင် ရရှိပြီးဖြစ်သလော။ သင်သည် မည်သည့်အရာမျှ စွမ်းဆောင်ရရှိခဲ့ခြင်း မရှိပါက သင်သည် ဝတ်ကျေတမ်းကျေသာနေနေသည်၊ အယောင်ဆောင် ခေါင်းဆောင်စစ်စစ်ဖြစ်သော သူတစ်ဦးပင် ဖြစ်ပေသည်။ ထိုသို့သော ခေါင်းဆောင်များကို ဖြုတ်ချပြီး ဖယ်ရှားရှင်းလင်းသင့်သလော။ (လုပ်သင့်ပါသည်။) သင်တို့သည် ထိုသို့သော အယောင်ဆောင် ခေါင်းဆောင်များကို ကြုံတွေ့သည့်အခါ ပိုင်းခြားသိမြင်နိုင်သလော။ ၎င်းတို့သည် အခမဲ့စားသောက်ရန်အတွက်သာ ကြုံရာကျပန်းနေသော အယောင်ဆောင်ခေါင်းဆောင်များဖြစ်သည်ကို သင်တို့ မြင်နိုင်သလော။ ၎င်းတို့သည် ပါးစပ်များ ဆီဝေ့နေအောင် စားကြသော်လည်း အလုပ်အတွက် စိုးရိမ်ခြင်း သို့မဟုတ် ပူပန်ခြင်း မရှိသည့်ပုံပေါ်ကာ မည်သည့်သတ်သတ်မှတ်မှတ်ဖြစ်သော အလုပ်တာဝန်တွင်မျှ ပါဝင်ခြင်း သို့မဟုတ် မေးမြန်းခြင်း မရှိပေ။ ၎င်းတို့ မေးမြန်းလျှင်ပင် ယင်းမှာ အကြောင်းရင်းတစ်ခုကြောင့် ဖြစ်သည်။ အထက်က ရလဒ်များနှင့်ပတ်သက်၍ ၎င်းတို့ကို ဖိအားပေးသည့်အခါမှသာ ၎င်းတို့သည် ထိုသို့လုပ်ဆောင်ပြီး သို့မဟုတ်ပါက အလုပ်ရှုပ်ခံမည် မဟုတ်ပေ။ ၎င်းတို့သည် အစဉ်သဖြင့် အပျော်အပါးကို မွေ့လျော်ခံစားနေကြပြီး ရုပ်ရှင်များကို သို့မဟုတ် တီဗီအစီအစဉ်များကို မကြာခဏ ကြည့်ရှုကြသည်။ ၎င်းတို့သည် အလုပ်ကို တာဝန်လွှဲအပ်ပြီး အခြားလူတိုင်းက မိမိတို့၏ တာဝန်များကို ထမ်းဆောင်ရင်း အလုပ်များနေချိန်တွင် ၎င်းတို့သည် အနားယူပြီး မိမိတို့ကိုယ်ကို ပျော်ရွှင်စေနေကြသည်။ ပြဿနာတစ်ခုရှိ၍ ယင်းကို ကိုင်တွယ်ရန် သင်က ၎င်းတို့ကို ရှာဖွေဖို့ ကြိုးစားပါက ၎င်းတို့ကို မည်သည့်နေရာတွင်မျှ မတွေ့ရသော်လည်း အစားအသောက်အတွက်မူ မည်သည့်အခါမျှ နောက်ကျခြင်း မရှိပေ။ ပြီးလျှင် စားသောက်ပြီးနောက် အခြားလူတိုင်း အလုပ်ပြန်ဝင်သည့်အခါ ၎င်းတို့သည် ထပ်၍ အနားယူရန် ထွက်သွားကြပြန်သည်။ သင်က ၎င်းတို့ကို “သင်သည် အလုပ်ကို အဘယ်ကြောင့် ထွက်၍ မစစ်ဆေးသနည်း။ လူတိုင်းက သင်၏ ညွှန်ကြားမှုကို၊ သင်၏ စီစဉ်မှုများကို စောင့်မျှော်နေကြသည်” ဟု မေးမြန်းပါက ၎င်းတို့က “အဘယ်ကြောင့် ကျွန်ုပ်ကို စောင့်နေရသနည်း။ သင်တို့အားလုံး လုပ်ဆောင်နိုင်သည်၊ သင်တို့အားလုံး မည်သို့လုပ်ဆောင်ရမည်ကို သိကြသည်။ ကျွန်ုပ် မရှိသည့်အခါတွင်လည်း အတူတူပင် မဟုတ်လော။ ကျွန်ုပ် ခဏတစ်ဖြုတ် အနားယူ၍ မရနိုင်သလော” ဟု ပြောဆိုကြသည်။ “ယင်းမှာ အနားယူခြင်းလော။ သင်သည် ရုပ်ရှင်များ ကြည့်နေခြင်းသာ ဖြစ်သည်” “ကျွန်ုပ်သည် အတတ်ပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုများကို သင်ယူနေခြင်းဖြစ်သည်၊ ရုပ်ရှင်များကို မည်သို့ရိုက်ကူးသည်ကို ကျွန်ုပ် လေ့လာနေခြင်းဖြစ်သည်” ဟု ဆိုကြသည်။ ၎င်းတို့သည် ဆင်ခြေများကိုပင် အကြံထုတ်ကြသည်။ ရုပ်ရှင်တစ်ခုပြီးတစ်ခု ၎င်းတို့ ကြည့်ကြပြီး ညဘက် လူတိုင်း အနားယူသည့်အခါ ၎င်းတို့လည်း အနားယူကြသည်။ နေ့စဉ်နေ့တိုင်း ၎င်းတို့သည် ဤသို့ အချိန်ဖြုန်းနေကြသည်မှာ မည်သည့်အခြေအနေအထိ ဖြစ်မည်နည်း။ လူတိုင်းက ၎င်းတို့ကို မနှစ်မြို့ဖွယ်ဖြစ်သည်ဟု မြင်ကြသည်၊ ၎င်းတို့သည် လူတိုင်းကို ကသိကအောက်ဖြစ်စေပြီး နောက်ဆုံးတွင် မည်သူကမျှ ၎င်းတို့ကို အာရုံမစိုက်ကြတော့ပေ။ ငါ့ကို ပြောလော့၊ ဤသို့သော ခေါင်းဆောင်တစ်ဦးက မကြီးကြပ်ပါက အလုပ်သည် ဆက်လက်တိုးတက်နိုင်ဦးမည်လော။ ၎င်းတို့မရှိဘဲ ကမ္ဘာကြီးသည် လည်ပတ်သည်မှာ ရပ်တန့်သွားသလော။ (ဆက်၍ လည်ပတ်နေပါသည်။) သို့ဆိုလျှင် ၎င်းတို့ကို ဖော်ထုတ်သင့်သည်၊ သို့မှသာ လူတိုင်းက ၎င်းတို့သည် လုပ်သင့်လုပ်ထိုက်သော အလုပ်များကို မလုပ်ဆောင်ကြောင်းနှင့် မည်သူကမျှ ၎င်းတို့၏ ဘောင်ခတ်မှုကို မခံသင့်ကြောင်း မြင်နိုင်မည်ဖြစ်သည်။ လုပ်သင့်လုပ်ထိုက်သော အလုပ်များကို မလုပ်ဆောင်သော ထိုသို့သော အယောင်ဆောင်ခေါင်းဆောင်များကို လူတိုင်း ပိုင်းခြားသိမြင်နိုင်ရန် ဖော်ထုတ်ပြီး ခွဲခြမ်းစိတ်ဖြာရမည်ဖြစ်ကာ ထို့နောက် ၎င်းတို့ကို ဘေးဖယ်ထားဖို့ ထုတ်ပယ်သင့်သည်။ သင်တို့သည် ထိုသို့သော အယောင်ဆောင်ခေါင်းဆောင်များကို ကြုံတွေ့သည့်အခါ ပိုင်းခြားသိမြင်နိုင်သလော။ အယောင်ဆောင်ခေါင်းဆောင်များမရှိဘဲ သင်တို့အားလုံးသည် ကပ္ပတိန်မရှိသော သင်္ဘောသားများကဲ့သို့ ခံစားရမည်လော။ သင်တို့သည် အလုပ်ကို သီးခြားလွတ်လပ်စွာ ပြီးမြောက်အောင် လုပ်ဆောင်ပြီး တာဝန်များကို ပြီးမြောက်အောင်မြင်နိုင်မည်လော။ သင်တို့ မလုပ်ဆောင်နိုင်ပါက သင်တို့သည် အန္တရာယ်၌ ရှိနေသည်။ ဤသို့သော အယောင်ဆောင်ခေါင်းဆောင်မျိုးကို ရင်ဆိုင်ရသည့်အခါ မိမိတို့၏ တာဝန်ကို ကောင်းမွန်စွာ မထမ်းဆောင်၊ စံနမူနာမပြဘဲ အွန်လိုင်းတွင် စကားစမြည်ပြောရင်း အချိန်ဖြုန်းနေသည့်အခါ ဤသို့သောအခြေအနေတွင် သင်တို့၌ ပိုင်းခြားသိမြင်မှု ရှိမည်လော။ သင်တို့သည် ၎င်းတို့၏ လွှမ်းမိုးခြင်းကို ခံရသဖြင့် အရည်မရအဖတ်မရ စကားစမြည်ပြောဆိုကာ သင်တို့၏ တာဝန်များကို နှောင့်နှေးစေမည်လော။ ထိုသို့သော အယောင်ဆောင်ခေါင်းဆောင်များနောက်သို့ သင်တို့ လိုက်နိုင်သေးသလော။ (မလိုက်နိုင်ပါ။)

အယောင်ဆောင်ခေါင်းဆောင်အချို့သည် အစားကြီးပြီး ပျင်းရိကြကာ ပင်ပန်းစွာ အလုပ်လုပ်ခြင်းထက် သက်သောင့်သက်သာနေခြင်းကို ပိုနှစ်သက်ကြသည်။ ၎င်းတို့သည် အလုပ်လုပ်ရန်လည်း မလိုလား၊ ခေါင်းရှုပ်ခံရန်လည်း မလိုလားဘဲ ကြိုးစားအားထုတ်မှုနှင့် တာဝန်ကို ခေါင်းရှောင်ကာ သက်သောင့်သက်သာနေခြင်း၌သာ မွေ့လျော်ခံစားလိုကြသည်။ ၎င်းတို့သည် စားသောက်ခြင်းနှင့် ကစားခြင်းကို နှစ်သက်ပြီး အထူးတလည် ပျင်းရိကြသည်။ လူတိုင်း စားသောက်ပြီးမှ နံနက်တွင် အိပ်ရာထတတ်ပြီး ညဘက် လူတိုင်း အနားယူနေချိန်တွင် တီဗီဇာတ်လမ်းတွဲများ ကြည့်နေဦးမည်ဖြစ်သော အယောင်ဆောင်ခေါင်းဆောင်တစ်ဦး ရှိခဲ့သည်။ ထမင်းချက်ရန် တာဝန်ယူထားသော ညီအစ်ကိုတစ်ဦးသည် သည်းမခံနိုင်တော့ဘဲ ၎င်းကို ပြစ်တင်ဝေဖန်ခဲ့သည်။ သင်တို့ ပြောကြည့်လော့၊ ၎င်းသည် ထမင်းချက်တစ်ဦး၏ စကားကို နားထောင်မည်လော။ (မထောင်ပါ။) ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးက ၎င်းကို “သင်သည် ပို၍ လုံ့လဝီရိယရှိရန် လိုအပ်သည်။ လုပ်ဆောင်ရန် လိုအပ်သော အလုပ်ကို လုပ်ဆောင်ရမည်။ ခေါင်းဆောင်တစ်ဦးအနေဖြင့် မည်သည့်အလုပ်ဖြစ်စေ သင်၏ တာဝန်ဝတ္တရားများကို ကောင်းမွန်စွာ ဖြည့်ဆည်းရမည်။ အလုပ်၌ ပြဿနာများ မရှိစေရန် သင် အာမခံရမည်။ ယခု ပြဿနာတစ်ခု တွေ့ရှိနေပြီဖြစ်ပြီး ၎င်းကို ဖြေရှင်းရန် သင် ရှိမနေခြင်းက အလုပ်ကို ထိခိုက်စေသည်။ သင်သည် ဤနည်းလမ်းဖြင့် အစဉ်တစိုက် အလုပ်လုပ်ပါက ဤသည်မှာ အသင်းတော်၏ အလုပ်ကို နှောင့်နှေးစေခြင်း မဟုတ်လော။ သင်သည် ဤတာဝန်ကို ယူနိုင်သလော” ဟု ပြောဆိုကာ ပြစ်တင်ဆုံးမခဲ့သည် ဆိုပါစို့။ ၎င်းသည် ဤစကားကို နားထောင်မည်လော။ နားထောင်ချင်မှ နားထောင်ပေမည်။ ထိုသို့သော အယောင်ဆောင်ခေါင်းဆောင်များအတွက် ဆုံးဖြတ်ချက်ချသည့်အဖွဲ့သည် ၎င်းတို့ကို ချက်ချင်း ဖြုတ်ချပြီး ၎င်းတို့အတွက် အခြားအလုပ်အစီအစဉ်များ ပြုလုပ်ပေးသင့်ကာ ၎င်းတို့ လုပ်ဆောင်နိုင်သမျှကို လုပ်ဆောင်စေသင့်သည်။ ၎င်းတို့သည် မည်သည့်နေရာသို့ သွားသည်ဖြစ်စေ မှီခိုကပ်ရပ်ရန် လိုလားပြီး မည်သည့်အရာမျှ မလုပ်ဆောင်နိုင်သော အသုံးမကျသူများဖြစ်ပါက ၎င်းတို့ကို မည်သည့်တာဝန်မျှ မထမ်းဆောင်စေဘဲ မောင်းထုတ်လိုက်လော့။ ၎င်းတို့သည် တာဝန်ထမ်းဆောင်ရန် မထိုက်တန်ပေ။ ၎င်းတို့သည် လူမဟုတ်ကြပေ၊ ပုံမှန်လူ့သဘာဝ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရား ကင်းမဲ့ကြသည်။ ၎င်းတို့သည် အရှက်မရှိကြပေ။ လူပျင်းများဖြစ်သော ဤသို့သော အယောင်ဆောင်ခေါင်းဆောင်များအတွက်မူ ထိုးထွင်းသိမြင်သည်နှင့်တစ်ပြိုင်နက် ၎င်းတို့ကို ချက်ချင်း ဖြုတ်ချသင့်သည်။ ၎င်းတို့ကို တိုက်တွန်းအားပေးရန် ကြိုးစားဖို့ မလိုအပ်သည့်အပြင် ၎င်းတို့အား စောင့်ကြည့်လေ့လာမှု ကြုံတွေ့ရန် မည်သည့်အခွင့်အရေးမျှ မပေးသင့်သကဲ့သို့ ၎င်းတို့နှင့် သမ္မာတရားကို မိတ်သဟာယဖွဲ့ရန်လည်း မလိုအပ်ပေ။ ၎င်းတို့ သမ္မာတရားများကို ကြားဖူးသည်မှာ မလုံလောက်သေးသလော။ ၎င်းတို့ကို ပြုပြင်ပါက ၎င်းတို့ ပြောင်းလဲနိုင်မည်လော။ မပြောင်းလဲနိုင်ပေ။ တစ်စုံတစ်ဦးသည် အစွမ်းအစ ညံ့ဖျင်းပြီး တစ်ခါတစ်ရံ အဓိပ္ပာယ်မဲ့သော အမြင်များကို စွဲကိုင်ထားသော်လည်း၊ သို့မဟုတ် မသိနားမလည်မှုကြောင့် အလုံးစုံကို မမြင်နိုင်သော်လည်း ၎င်းတို့သည် လုံ့လဝီရိယရှိပြီး၊ ဝန်တာစိတ်ထားရှိကာ မပျင်းရိပါက ထိုသို့သောသူသည် မိမိ၏ တာဝန်ကို ထမ်းဆောင်ရာတွင် လမ်းလွဲမှုများ ရှိသော်လည်း ပြုပြင်ခြင်းကို ခံရသည့်အခါ နောင်တရနိုင်သည်။ အနည်းဆုံးအနေဖြင့် ၎င်းတို့သည် ခေါင်းဆောင်တစ်ဦး၏ တာဝန်ဝတ္တရားများကို သိရှိပြီး မိမိတို့ မည်သည့်အရာလုပ်သင့်သည်ကို သိကြသည်၊ ၎င်းတို့၌ အသိစိတ်နှင့် တာဝန်သိစိတ် ရှိကြပြီး အသိတရားရှိလာကြသည်။ သို့သော် ပျင်းရိပြီး ပင်ပန်းစွာ အလုပ်လုပ်ခြင်းထက် သက်သောင့်သက်သာနေခြင်းကို ပိုနှစ်သက်ကာ ဝန်တာထားစိတ် မရှိသူတို့သည် မပြောင်းလဲနိုင်ပေ။ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဝန်တာထားစိတ်မရှိပေ။ မည်သူက ၎င်းတို့ကို ပြုပြင်သည်ဖြစ်စေ အသုံးမဝင်ပေ။ အချို့လူများက “သို့ဆိုလျှင် ဘုရားသခင်၏ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ စမ်းသပ်မှုများနှင့် စစ်ဆေးခြင်းတို့ ၎င်းတို့အပေါ် ကျရောက်လာပါက ၎င်းတို့၏ ဝန်တာမရှိခြင်း ပြဿနာကို ပြောင်းလဲပေးမည်လော” ဟု ပြောဆိုကြသည်။ ဤအရာကို မပြောင်းလဲနိုင်ပေ။ ယင်းကို လူတစ်ဦး၏ သဘာဝက ဆုံးဖြတ်ပြီးဖြစ်သည်၊ ခွေးသည် အညစ်အကြေး စားသည့်အကျင့်ကို မဖျောက်နိုင်သကဲ့သို့ ဖြစ်သည်။ သင်သည် ပျင်းရိပြီး ဝန်တာထားစိတ် မရှိသည့်အပြင် ခေါင်းဆောင်အဖြစ်လည်း အစေခံသော တစ်စုံတစ်ဦးကို မြင်သည့်အခါတိုင်း ၎င်းသည် အယောင်ဆောင်ခေါင်းဆောင်တစ်ဦးဖြစ်ကြောင်း သင် သေချာနိုင်သည်။ အချို့က “သင်က ၎င်းတို့ကို အယောင်ဆောင်ခေါင်းဆောင်ဟု အဘယ်သို့ ခေါ်နိုင်သနည်း။ ၎င်းတို့တွင် ကောင်းမွန်သော အစွမ်းအစရှိသည်၊ လိမ္မာပါးနပ်သည်၊ အမှုအရာများကို ထိုးထွင်းသိမြင်နိုင်ပြီး အကြံအစည်များ ကြံဆနိုင်သည်။ လောကတွင် ၎င်းတို့သည် စီးပွားရေးလုပ်ငန်းများကို စီမံခန့်ခွဲခဲ့ပြီး အမှုဆောင်ဥက္ကဋ္ဌများအဖြစ် လုပ်ကိုင်ခဲ့ကြသည်၊ ၎င်းတို့သည် အသိပညာကြွယ်ဝသည်၊ အတွေ့အကြုံရှိပြီး လောကအကြောင်း နားလည်ကြသည်” ဟု ပြောကောင်းပြောနိုင်သည်။ ဤအရည်အသွေးများသည် ၎င်းတို့၏ ပျင်းရိပြီး ဝန်တာကင်းမဲ့ခြင်း ပြဿနာကို ဖြေရှင်းပေးနိုင်သလော။ (မဖြေရှင်းနိုင်ပါ။)

အလွန်အမင်း ပျင်းရိသူများက မည်သို့သော သရုပ်သကန်များနှင့် လက္ခဏာများကို ပြသကြသနည်း။ ပထမအနေဖြင့် ၎င်းတို့သည် မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ ဝတ်ကျေတမ်းကျေ လုပ်ဆောင်သည်၊ အီးရောအီးရောလုပ်သည်၊ အေးအေးဆေးဆေး သွားလာပြီး ဖြစ်နိုင်သည့်အခါတိုင်း အနားယူကာ အချိန်ဆွဲကြသည်။ ဒုတိယအနေဖြင့် ၎င်းတို့သည် အသင်းတော်၏ အလုပ်ကို အရေးမစိုက်ကြပေ။ ၎င်းတို့အတွက်မူ ထိုသို့သောအရာများကို စိုးရိမ်လိုသူ မည်သူမဆို စိုးရိမ်နိုင်သည်။ ၎င်းတို့မူ စိုးရိမ်မည်မဟုတ်ပေ။ ၎င်းတို့သည် တစ်စုံတစ်ခုအတွက် စိုးရိမ်သည့်အခါ ယင်းမှာ မိမိတို့၏ ကိုယ်ပိုင် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် ရာထူးတို့အတွက်သာ ဖြစ်သည်။ ၎င်းတို့အတွက် အရေးကြီးသည်မှာ ရာထူး၏ အကျိုးကျေးဇူးများကို မွေ့လျော်ခံစားနိုင်ခြင်းသာ ဖြစ်သည်။ တတိယအနေဖြင့် ၎င်းတို့သည် မိမိတို့၏ အလုပ်၌ ဆင်းရဲဒုက္ခကို ရှောင်ကြဉ်ကြသည်။ ၎င်းတို့၏ အလုပ်သည် အနည်းငယ်မျှ ပင်ပန်းသည်ကိုပင် ၎င်းတို့ လက်မခံနိုင်ဘဲ ပင်ပန်းပါက အလွန်မကျေမနပ် ဖြစ်လာကာ၊ ဆင်းရဲဒုက္ခခံရန် သို့မဟုတ် အဖိုးအခပေးရန် မတတ်နိုင်ကြပေ။ စတုတ္ထအနေဖြင့် ၎င်းတို့သည် မည်သည့်အလုပ်ကို လုပ်ဆောင်သည်ဖြစ်စေ ဇွဲမရှိကြဘဲ အစဉ်သဖြင့် တစ်ဝက်တစ်ပျက်နှင့် လက်လျှော့ကာ အဆုံးတိုင် ပြီးမြောက်အောင် မလုပ်ဆောင်နိုင်ကြပေ။ ၎င်းတို့သည် ယာယီအားဖြင့် စိတ်ကောင်းဝင်နေပါက အပျော်သဘောဖြင့် အလုပ်အချို့ကို လုပ်ဆောင်ကောင်း လုပ်ဆောင်နိုင်သော်လည်း တစ်စုံတစ်ခုက ရေရှည်ကတိကဝတ် လိုအပ်ပြီး ၎င်းတို့ကို အလုပ်များစေကာ ခေါင်းရှုပ်ခြင်းများစွာ လိုအပ်သည့်အပြင် ၎င်းတို့၏ ဇာတိပကတိကို ပင်ပန်းနွမ်းနယ်စေပါက အချိန်ကြာလာသည်နှင့်အမျှ ၎င်းတို့သည် စတင်ညည်းညူလာကြလိမ့်မည်။ ဥပမာအားဖြင့် ခေါင်းဆောင်အချို့သည် အသင်းတော်အလုပ်ကို တာဝန်ယူကြပြီး အစပိုင်းတွင် ၎င်းကို အသစ်အဆန်းအဖြစ် မြင်ကြသည်။ ၎င်းတို့သည် သမ္မာတရားကို မိတ်သဟာယဖွဲ့ရာတွင် အလွန်စိတ်အားထက်သန်ကြပြီး ညီအစ်ကိုမောင်နှမများ၌ ပြဿနာများရှိသည်ကို တွေ့သည့်အခါ ၎င်းတို့ကို ကူညီပြီး ဖြေရှင်းပေးနိုင်သည်။ သို့သော် ခဏတာ ဇွဲရှိပြီးနောက် ၎င်းတို့သည် ခေါင်းဆောင်ပိုင်းအလုပ်ကို အလွန်ပင်ပန်းသည်ဟု မြင်စပြုလာကြပြီး အပျက်သဘောဆောင်လာကြသည်။ ၎င်းတို့သည် ပိုမိုလွယ်ကူသောအလုပ်သို့ ပြောင်းလိုပြီး ဆင်းရဲဒုက္ခခံရန် မလိုလားကြပေ။ ထိုသို့သောလူများသည် ဇွဲနပဲမရှိကြပေ။ ပဉ္စမအနေဖြင့် ပျင်းရိသောလူများကို ခွဲခြားသိမြင်စေသည့် နောက်ထပ်လက္ခဏာတစ်ခုမှာ လက်တွေ့ကျသော အလုပ်ကို လုပ်ဆောင်ရန် လိုလားစိတ်မရှိခြင်း ဖြစ်သည်။ ၎င်းတို့၏ ဇာတိပကတိက ဆင်းရဲဒုက္ခခံရသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် မိမိတို့၏ အလုပ်ကို ရှောင်တိမ်းရန်နှင့် ခေါင်းရှောင်ရန် ဆင်ခြေများ အကြံထုတ်ကြသည်၊ သို့မဟုတ် အခြားတစ်ဦးဦးထံ လွှဲချကြသည်။ ပြီးလျှင် ထိုသူက အလုပ်ကို ပြီးစီးသည့်အခါ ၎င်းတို့သည် အရှက်မဲ့စွာဖြင့် အသီးအပွင့်များကို ကိုယ်တိုင် ရိတ်သိမ်းကြသည်။ ဤသည်တို့မှာ ပျင်းရိသောလူများ၏ အဓိက လက္ခဏာကြီး ငါးရပ် ဖြစ်သည်။ သင်တို့သည် အသင်းတော်များရှိ ခေါင်းဆောင်များနှင့် အမှုဆောင်များအကြားတွင် ထိုသို့သော ပျင်းရိသည့်လူများ ရှိမရှိကို စစ်ဆေးသင့်သည်။ သင်တို့ တစ်ဦးကို တွေ့ရှိပါက ၎င်းတို့ကို ချက်ချင်း ဖြုတ်ချသင့်သည်။ ပျင်းရိသောလူများသည် ခေါင်းဆောင်များအဖြစ် အလုပ်ကောင်းကောင်း လုပ်ဆောင်နိုင်သလော။ ၎င်းတို့တွင် မည်သို့သော အစွမ်းအစရှိသည်ဖြစ်စေ၊ ၎င်းတို့၏ လူ့သဘာဝ အရည်အသွေး မည်သို့ပင်ဖြစ်စေ၊ ၎င်းတို့ ပျင်းရိပါက မိမိတို့၏ အလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်မည်မဟုတ်ဘဲ အလုပ်နှင့် အရေးကြီးသော ကိစ္စရပ်များကို နှောင့်နှေးစေလိမ့်မည်။ အသင်းတော်၏ အလုပ်သည် ကဏ္ဍစုံဖြစ်သည်၊ ယင်း၏ ကဏ္ဍတစ်ခုချင်းစီသည် အသေးစိတ်ကျသော အလုပ်များစွာ ပါဝင်ပြီး ကောင်းမွန်စွာ လုပ်ဆောင်နိုင်ဖို့အတွက် ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို မိတ်သဟာယဖွဲ့ခြင်း လိုအပ်သည်။ ထို့ကြောင့် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် လုံ့လဝီရိယရှိရမည်။ အလုပ်၏ ထိရောက်မှုကို အာမခံရန် ၎င်းတို့သည် နေ့စဉ် စကားများစွာ ပြောဆိုပြီး အလုပ်များစွာ လုပ်ဆောင်ရသည်။ ၎င်းတို့သည် အပြောနည်းလွန်းလျှင် သို့မဟုတ် အလုပ်နည်းလွန်းလျှင် ရလဒ်များ ရှိမည်မဟုတ်ပေ။ သို့ဖြစ်၍ ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးသည် ပျင်းရိသောသူဖြစ်ပါက ၎င်းသည် ဧကန်အမှန်ပင် အယောင်ဆောင် ခေါင်းဆောင်တစ်ဦးဖြစ်ပြီး လက်တွေ့ကျသော အလုပ်ကို လုပ်ဆောင်နိုင်စွမ်း မရှိပေ။ ပျင်းရိသောလူများသည် အလုပ်နေရာများသို့ ကိုယ်တိုင်သွားရန် မဆိုထားနှင့်၊ လက်တွေ့ကျသော အလုပ်ကို မလုပ်ဆောင်ကြသည့်အပြင် ပြဿနာများကို ဖြေရှင်းရန် သို့မဟုတ် မည်သည့် သတ်သတ်မှတ်မှတ်ဖြစ်သော အလုပ်တွင်မဆို မိမိတို့ကိုယ်တိုင် ပါဝင်ပတ်သက်ရန်လည်း မလိုလားကြပေ။ ၎င်းတို့သည် မည်သည့်အလုပ်၌ မဆိုရှိသော ပြဿနာများကို အနည်းငယ်မျှ နားလည်သဘောပေါက်ခြင်း သို့မဟုတ် သိရှိခြင်း မရှိကြပေ။ ၎င်းတို့သည် အခြားသူများ ပြောဆိုသည်ကို နားထောင်ခြင်းမှ ၎င်းတို့၏ ခေါင်းထဲတွင် အပေါ်ယံဆန်ပြီး မရေရာသော စိတ်ကူးတစ်ခုသာ ရှိကြကာ အယူဝါဒအနည်းငယ်ကို တရားဟောရုံမျှဖြင့် ကြုံရာကျပန်း နေကြသည်။ သင်တို့သည် ဤသို့သော ခေါင်းဆောင်မျိုးကို ပိုင်းခြားသိမြင်နိုင်သလော။ ၎င်းတို့သည် အယောင်ဆောင် ခေါင်းဆောင်များဖြစ်သည်ဟု သင်တို့ ပိုင်းခြားသိမြင်နိုင်သလော။ (အတိုင်းအတာတစ်ခုအထိ ပိုင်းခြားသိမြင်နိုင်ပါသည်။) ပျင်းရိသောလူများသည် မည်သည့်တာဝန်ကို ထမ်းဆောင်သည်ဖြစ်စေ ဝတ်ကျေတမ်းကျေ ဖြစ်ကြသည်။ မည်သည့်တာဝန်ဖြစ်စေ ၎င်းတို့သည် ဇွဲနပဲမရှိ၊ အလုပ်ကို လုပ်တစ်ချက် မလုပ်တစ်ချက်နှင့် ဆင်းရဲဒုက္ခအချို့ ခံစားရသည့်အခါတိုင်း ညည်းညူကာ မဆုံးနိုင်သော မကျေနပ်ချက်များကို ဖွင့်ထုတ်ကြသည်။ ၎င်းတို့သည် မိမိတို့ကို ပြစ်တင်ဝေဖန်သူ သို့မဟုတ် ပြုပြင်သူ မည်သူကိုမဆို လမ်းပေါ်တွင် လူများအား ဆဲရေးတိုင်းထွာနေသည့် နှုတ်သီးကောင်းလျှာပါး မိန်းမတစ်ဦးကဲ့သို့ ဆဲဆိုကြိမ်းမောင်းကြပြီး မိမိတို့၏ ဒေါသကို အခြားသူများအပေါ် အစဉ်သဖြင့် ပုံချလိုကာ မိမိတို့၏ တာဝန်ကို မထမ်းဆောင်လိုကြပေ။ ၎င်းတို့သည် မိမိတို့၏ တာဝန်ကို မထမ်းဆောင်လိုကြောင်းက မည်သည့်အရာကို ပြသသနည်း။ ၎င်းတို့သည် ဝန်တာထားစိတ် မရှိကြောင်း၊ တာဝန်ယူရန် မလိုလားကြောင်းနှင့် ပျင်းရိသောလူများဖြစ်ကြောင်း ပြသသည်။ ၎င်းတို့သည် ဆင်းရဲဒုက္ခခံရန် သို့မဟုတ် အဖိုးအခပေးရန် မလိုလားကြပေ။ ဤသည်မှာ အထူးသဖြင့် ခေါင်းဆောင်များ၊ အမှုဆောင်များနှင့် သက်ဆိုင်သည်။ ၎င်းတို့သည် ဝန်တာထားသည့်စိတ် မရှိပါက ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရားများကို ကောင်းမွန်စွာ ဖြည့်ဆည်းနိုင်မည်လော။ လုံးဝ မဖြည့်ဆည်းနိုင်ပေ။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။