ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၅) အခန်း နှစ်

ပင်ကိုစွမ်းရည်ရှိသူအမျိုးမျိုးကို မြှင့်တင်ပေးပျိုးထောင်ခြင်း၌ ဘုရားအိမ်တော်၏ ရည်ရွယ်ချက်များ

ဆက်လက်၍ အရည်အချင်းရှိသူအမျိုးမျိုးကို ဘုရားအိမ်တော်က အဘယ်ကြောင့် မြှင့်တင်ပေးပြီး ပျိုးထောင်သည်နှင့်ပတ်သက်၍ ငါတို့ မိတ်သဟာယဖွဲ့ကြမည်။ အချို့လူတို့သည် ဤအရာကို ရှင်းရှင်းလင်းလင်း နားမလည်ကြဘဲ “ဘုရားအိမ်တော်အနေဖြင့် အရည်အချင်းရှိသူအမျိုးမျိုးကို တိုက်ရိုက်မြှင့်တင်ပေးပြီး အသုံးပြုလိုက်ရုံမျှဖြင့် လုံလောက်မည် မဟုတ်လော။ အဘယ်ကြောင့် ၎င်းတို့ကို အချိန်ကာလတစ်ခုကြာ ပျိုးထောင်ပြီး လေ့ကျင့်ပေးရန် လိုအပ်သနည်း” ဟု တွေးထင်ကြသည်။ သင်တို့သည် ဤအရာကို နားလည်သလော၊ နားမလည်သလော။ ခေါင်းဆောင်များနှင့် အမှုဆောင်များ ဖြစ်လာသည့် လူစားမျိုးအကြောင်းကို ဦးစွာ ပြောကြစို့။ သဘောပေါက်နားလည်နိုင်စွမ်းရှိသူများ၊ အသင်းတော်အတွက် ဝန်ထုပ်ဝန်ပိုးထမ်းရွက်သူများနှင့် အလုပ်လုပ်နိုင်စွမ်း ပိုင်ဆိုင်သူများကို ဘုရားအိမ်တော်က အဘယ်ကြောင့် မြှင့်တင်ပေးပြီး ပျိုးထောင်သနည်း။ အကြောင်းမှာ ၎င်းတို့သည် အရည်အချင်းပိုင်းအရ အစွမ်းအစပြည့်မီပြီး စံနှုန်းများနှင့် ကိုက်ညီသော်လည်း၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး စည်းမျဉ်းများနှင့်အညီ အမှုအရာများကို လုပ်ဆောင်တတ်ရန်မဆိုထားနှင့်။ ၎င်းတို့တွင် စစ်မှန်သော အတွေ့အကြုံပင် မရှိသေးသကဲ့သို့ သမ္မာတရားကိုလည်း နားမလည်ကြသေးပေ။ ၎င်းတို့ကို အချိန်ကာလတစ်ခုကြာ လေ့ကျင့်ပေးရမည်ဖြစ်ပြီး လမ်းညွှန်မှု ပေးရမည်ဖြစ်သည်။ ပြီးလျှင် ၎င်းတို့သည် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ခြင်း၏ စည်းမျဉ်းများကို ကျွမ်းကျင်ပြီး စစ်မှန်သော အတွေ့အကြုံ ရှိသည့်အခါမှသာလျှင် ၎င်းတို့ကို တရားဝင် အသုံးပြုနိုင်မည်ဖြစ်သည်။ အကယ်၍ ၎င်းတို့သည် အသင်းတော်ရှိ ညီအစ်ကိုမောင်နှမများကဲ့သို့ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်း၊ တရားဒေသနာများကို နားထောင်ခြင်း၊ အသင်းတော်အသက်တာ၌ အသက်ရှင်ခြင်းနှင့် တာဝန်တစ်ခုကို ထမ်းဆောင်ရာတွင် လေ့ကျင့်ခြင်းတို့ကို ပြုလုပ်ပြီး ၎င်းတို့၏ အသက်တာ ကြီးထွားလာသည့်အခါမှသာ မြှင့်တင်ပေးခြင်းနှင့် ပျိုးထောင်ခြင်းကို ခံရမည်ဆိုလျှင် ၎င်းတို့၏ တိုးတက်မှုသည် အလွန် နှေးကွေးလွန်းပေမည်။ ထိုသို့ဆိုလျှင် ၎င်းတို့ ဘုရားသခင်အသုံးပြုရန် သင့်တော်သောသူများ ဖြစ်လာရန် နှစ်မည်မျှ ကြာမြင့်မည်နည်း။ ဤသည်က အသင်းတော်၏အလုပ်ကို သက်ရောက်မှုရှိစေမည် မဟုတ်လော။ ထို့ကြောင့် တစ်စုံတစ်ဦးသည် သမ္မာတရားကို သဘောပေါက်နားလည်နိုင်စွမ်း ရှိသရွေ့၊ အလုပ်လုပ်နိုင်စွမ်း ပိုင်ဆိုင်သရွေ့နှင့် ဝန်ထုပ်ဝန်ပိုး ထမ်းရွက်လိုစိတ် ရှိသရွေ့ ၎င်းတို့ကို မြှင့်တင်ပေးပြီး ပျိုးထောင်သင့်ကာ ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦး၏ တာဝန်ကို ထမ်းဆောင်ရာတွင် လေ့ကျင့်ရန်တောင်းဆိုသင့်ပြီး ဝန်တစ်ခုကို ပေးသင့်သည်။ တစ်ဖက်တွင် ယင်းက ၎င်းတို့ကို မိမိတို့၏ အားသာချက်များကို အကောင်းဆုံး အသုံးချစေသည်။ အခြားတစ်ဖက်တွင်မူ ၎င်းတို့သည် အထူးအခြေအနေများကို ကြုံတွေ့ရသည့်အခါ ၎င်းတို့၏ အခက်အခဲများကို ဖြေရှင်းရန်အလို့ငှာ ၎င်းတို့နှင့်အတူ သမ္မာတရားအကြောင်း မိတ်သဟာယဖွဲ့ရန် လိုအပ်သည်။ တစ်ခါတစ်ရံတွင် ၎င်းတို့ကို ပြုပြင်ရမည်ဖြစ်ပြီး လိုအပ်ပါက ၎င်းတို့ကို ဆုံးမပဲ့ပြင်ရမည်ဖြစ်ကာ များစွာသော စမ်းသပ်မှုများနှင့် စစ်ဆေးခြင်းတို့ကို တွေ့ကြုံခံစားရမည်ဖြစ်ပြီး ဆင်းရဲဒုက္ခများစွာကို ခံနိုင်ရည်ရှိရမည်ဖြစ်သည်။ ထိုသို့သော လက်တွေ့ကျသည့် လေ့ကျင့်မှုကို တွေ့ကြုံခံစားခြင်းအားဖြင့်သာလျှင် ၎င်းတို့သည် စစ်မှန်သော တိုးတက်မှုကို ရရှိနိုင်ပြီး တစ်ဆင့်ပြီးတစ်ဆင့် သမ္မာတရားကို နားလည်ကာ စည်းမျဉ်းများကို ကျွမ်းကျင်နိုင်မည်ဖြစ်ပြီး ထို့နောက်တွင် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ အလုပ်ကို အမြန်ဆုံး ထမ်းဆောင်နိုင်မည်ဖြစ်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များကို ဤနည်းလမ်းဖြင့် ပျိုးထောင်ခြင်းနှင့် လေ့ကျင့်ပေးခြင်းသည် ပိုမိုကောင်းမွန်သော ရလဒ်များကို ဖြစ်ပေါ်စေမည်ဖြစ်ပြီး ပို၍ မြန်ဆန်မည်ဖြစ်ကာ ယင်းက ဘုရားအိမ်တော်၏ အလုပ်အတွက် အကျိုးရှိပြီး ဘုရားသခင် ရွေးချယ်ထားသောလူများ၏ အသက်ဝင်ရောက်မှုအတွက် ပို၍ အကျိုးရှိသည်။ အကြောင်းမှာ လက်တွေ့ကျသော အတွေ့အကြုံရှိသည့် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဘုရားသခင် ရွေးချယ်ထားသောလူများကို တိုက်ရိုက် ရေလောင်းပေးပြီး ထောက်ပံ့ပေးနိုင်သောကြောင့် ဖြစ်သည်။ ဘုရားအိမ်တော်က တစ်စုံတစ်ဦးကို ခေါင်းဆောင်တစ်ဦးအဖြစ် မြှင့်တင်ပေးပြီး ပျိုးထောင်ခြင်းသည် ထိုသူကို လေ့ကျင့်ပေးရန်၊ ဘုရားသခင်ကို မှီခိုစေရန်နှင့် သမ္မာတရားဆီသို့ ကြိုးစားအားထုတ်စေရန် ၎င်းတို့အပေါ် ပို၍ကြီးမားသော ဝန်ကို တင်ပေးခြင်း ဖြစ်သည်။ ထိုသို့ပြုမှသာလျှင် ၎င်းတို့၏ ဝိညာဉ်ရင့်ကျက်မှုသည် အမြန်ဆုံး ကြီးထွားလာမည်ဖြစ်သည်။ ၎င်းတို့အပေါ် ပို၍ကြီးမားသော ဝန်ကို တင်လေလေ၊ ၎င်းတို့အပေါ် ဖိအားပိုများလေလေ ဖြစ်ပြီး၊ သမ္မာတရားကို ရှာဖွေရန်နှင့် ဘုရားသခင်ကို မှီခိုရန် ၎င်းတို့ ပို၍ တွန်းအားပေးခံရလေလေ ဖြစ်သည်။ နောက်ဆုံးတွင် ၎င်းတို့သည် မိမိတို့၏ အလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်မည်ဖြစ်ပြီး ဘုရားသခင်၏ အလိုတော်ကို လိုက်လျှောက်နိုင်မည်ဖြစ်ကာ ထိုသို့ဖြင့် ကယ်တင်ခြင်းခံရပြီး စုံလင်အောင်ပြုခြင်းခံရသည့် မှန်ကန်သော လမ်းကြောင်းပေါ်သို့ ခြေချပြီး ဖြစ်လိမ့်မည်၊ ဤသည်မှာ ဘုရားအိမ်တော်က လူတို့ကို မြှင့်တင်ပေးပြီး ပျိုးထောင်သည့်အခါ စွမ်းဆောင်ရရှိသည့် အကျိုးသက်ရောက်မှု ဖြစ်သည်။ ဤတိကျသော အလုပ်များကို မလုပ်ဆောင်ဘဲ၊ ၎င်းတို့သည် မိမိတို့၌ မည်သည့်အရာ လိုအပ်နေသည်ကို သိကြမည်မဟုတ်သကဲ့သို့၊ စည်းမျဉ်းများနှင့်အညီ အမှုအရာများကို မည်သို့လုပ်ဆောင်ရမည်ကို သိကြမည်မဟုတ်သည့်အပြင် သမ္မာတရား လက်တွေ့ကျမှုကို ပိုင်ဆိုင်ခြင်းဆိုသည်မှာ အဘယ်အရာဖြစ်သည်ကိုလည်း သိကြမည်မဟုတ်ပေ။ သို့ဖြစ်၍ တိကျသော အလုပ်ကို လုပ်ဆောင်ခြင်းက ၎င်းတို့ကို မိမိတို့၏ ချို့ယွင်းချက်များကို ရှာဖွေတွေ့ရှိရန်နှင့် ၎င်းတို့၏ ဆုကျေးဇူးများမှလွဲ၍ ၎င်းတို့တွင် သမ္မာတရား လက်တွေ့ကျမှု ကင်းမဲ့နေကြောင်းကို မြင်တွေ့ရန် ကူညီပေးသည်။ ယင်းက ၎င်းတို့သည် မည်မျှ ချွတ်ခြုံကျပြီး သနားစရာကောင်းသည်ကို ခံစားရစေရန် ကူညီပေးပြီး အကယ်၍ ၎င်းတို့သည် ဘုရားသခင်ကို မမှီခိုဘဲ သမ္မာတရားကို မရှာဖွေပါက မည်သည့်အလုပ်ကိုမျှ လုပ်ဆောင်နိုင်စွမ်း ရှိမည်မဟုတ်ကြောင်း ၎င်းတို့ကို နားလည်သဘောပေါက်စေသည်။ ယင်းက ၎င်းတို့ကို မိမိတို့ကိုယ်ကို အမှန်တကယ် သိကျွမ်းစေပြီး အကယ်၍ ၎င်းတို့သည် သမ္မာတရားကို မလိုက်စားဘဲ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှုများကို မလိုက်စားပါက ဘုရားသခင်အသုံးပြုရန် သင့်တော်သောသူများ ဖြစ်လာရန် မဖြစ်နိုင်ကြောင်း ရှင်းလင်းစွာ မြင်တွေ့စေသည်။ ဤသည်တို့မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များကို ပျိုးထောင်ပြီး လေ့ကျင့်ပေးသည့်အခါ စွမ်းဆောင်ရရှိရမည့် အကျိုးသက်ရောက်မှုများအားလုံး ဖြစ်ကြသည်။ ဤကဏ္ဍများကို နားလည်ခြင်းအားဖြင့်သာလျှင် လူတို့သည် လက်တွေ့ကျကျ သမ္မာတရားကို လိုက်စားနိုင်မည်ဖြစ်ပြီး မိမိတို့ကိုယ်ကို နှိမ့်ချစွာ ကျင့်ကြံပြုမူနိုင်မည်ဖြစ်သည်၊ မိမိတို့၏ အလုပ်ကို လုပ်ဆောင်သည့်အခါ မိမိတို့ကိုယ်ကို ဝါကြွားခြင်း နောက်ထပ် မပြုတော့ရန် အာမခံနိုင်မည်ဖြစ်ပြီး မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရာတွင် ဘုရားသခင်ကို ချီးမြှောက်ခြင်းနှင့် ဘုရားသခင်အတွက် သက်သေခံခြင်းတို့ကို တစိုက်မတ်မတ် လုပ်ဆောင်နိုင်မည်ဖြစ်ကာ သမ္မာတရား လက်တွေ့ကျမှုထဲသို့ တစ်ဆင့်ပြီးတစ်ဆင့် ဝင်ရောက်နိုင်မည်ဖြစ်သည်။ တစ်စုံတစ်ဦးကို ခေါင်းဆောင်တစ်ဦးအဖြစ် မြှင့်တင်ပေးပြီး ပျိုးထောင်သည့်အခါ သူသည် မတူညီသော လူတို့၏ အခြေအနေများကို မည်သို့ ပိုင်းခြားသိမြင်ရမည်ကို သင်ယူနိုင်ပြီး မတူညီသော လူတို့၏ အခက်အခဲများကို ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေရာတွင်လည်းကောင်း၊ မတူညီသော လူစားမျိုးတို့ကို ထောက်ပံ့ပေးပြီး ကူညီပေးရာတွင်လည်းကောင်း လူတို့ကို သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဦးဆောင်ရာတွင်လည်းကောင်း လေ့ကျင့်နိုင်ကြသည်။ တစ်ချိန်တည်းမှာပင် ၎င်းတို့သည် အလုပ်အတွင်း ကြုံတွေ့ရသည့် အမျိုးမျိုးသော ပြဿနာများနှင့် အခက်အခဲများကို ဖြေရှင်းရာတွင်လည်း လေ့ကျင့်ရမည်ဖြစ်ပြီး အမျိုးမျိုးသော အန္တိခရစ်များ၊ ဆိုးယုတ်သောလူများနှင့် မယုံကြည်သူများကို မည်သို့ ပိုင်းခြားသိမြင်ပြီး ကိုင်တွယ်ရမည်ကိုလည်းကောင်း၊ အသင်းတော်ကို သန့်စင်ခြင်းအလုပ်ကို မည်သို့လုပ်ဆောင်ရမည်ကိုလည်းကောင်း သင်ယူရမည်ဖြစ်သည်။ ဤနည်းအားဖြင့် အခြားသူများနှင့် နှိုင်းယှဉ်လျှင် ၎င်းတို့သည် ပို၍များသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကိုလည်းကောင်း၊ ဘုရားသခင် စီစဉ်ဖွဲ့စည်းပေးသည့် ပို၍များသော ပတ်ဝန်းကျင်များကိုလည်းကောင်း တွေ့ကြုံခံစားနိုင်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပို၍ပို၍ စားသောက်နိုင်ကာ သမ္မာတရား လက်တွေ့ကျမှုများထဲသို့ ပို၍ပင် ဝင်ရောက်နိုင်ကြသည်။ ဤသည်မှာ မိမိတို့ကိုယ်ကို လေ့ကျင့်ရန် အခွင့်အရေးတစ်ခု မဟုတ်လော။ လေ့ကျင့်ရန် အခွင့်အရေးများ ပိုများလေလေ၊ လူတို့၏ အတွေ့အကြုံများ ပို၍ ကြွယ်ဝလေလေ၊ ၎င်းတို့၏ ထိုးထွင်းသိမြင်မှုများ ပို၍ ကျယ်ပြန့်လေလေဖြစ်ပြီး ၎င်းတို့ ပို၍ လျင်မြန်စွာ ကြီးထွားလာလေလေ ဖြစ်သည်။ သို့သော်လည်း လူတို့သည် ခေါင်းဆောင်ပိုင်း အလုပ်ကို မလုပ်ဆောင်ပါကမူ ၎င်းတို့ ကြုံတွေ့ဖြတ်သန်းရမည့်အရာများသည် ၎င်းတို့၏ ပုဂ္ဂိုလ်ရေးဘဝနှင့် ပုဂ္ဂိုလ်ရေး အတွေ့အကြုံများ၏ အစိတ်အပိုင်းမျှသာ ဖြစ်မည်ဖြစ်ပြီး ၎င်းတို့ သိရှိနားလည်မည့်အရာများမှာလည်း မိမိတို့ကိုယ်တိုင်နှင့်သာ သက်ဆိုင်သည့် ၎င်းတို့၏ ပုဂ္ဂိုလ်ရေး ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် အမျိုးမျိုးသော ပုဂ္ဂိုလ်ရေး အခြေအနေများသာ ဖြစ်လိမ့်မည်။ ၎င်းတို့သည် ခေါင်းဆောင်များ ဖြစ်လာသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် ပို၍များသော လူများ၊ ပို၍များသော ဖြစ်ရပ်များနှင့် ပို၍များသော ပတ်ဝန်းကျင်များကို ကြုံတွေ့ရပြီး ယင်းက ၎င်းတို့ကို သမ္မာတရား စည်းမျဉ်းများကို ရှာဖွေရန် ဘုရားသခင်ရှေ့မှောက်သို့ မကြာခဏ လာရောက်ရန် အားပေးလေသည်။ ၎င်းတို့အတွက် ဤလူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများသည် မသိမသာဖြင့် ဝန်တစ်ခုကို ဖြစ်ပေါ်စေပြီး ကောင်းသောအရာတစ်ခုဖြစ်သည့် ၎င်းတို့၏ သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ခြင်းအတွက် အလွန်အမင်း အခွင့်သာသော အခြေအနေများကိုလည်း သဘာဝကျကျ ဖန်တီးပေးလေသည်။ သို့ဖြစ်၍ အစွမ်းအစတစ်ခုကို ပိုင်ဆိုင်သော၊ ဝန်ထုပ်ဝန်ပိုးတစ်ခုကို ထမ်းရွက်ပြီး အလုပ်လုပ်နိုင်စွမ်းရှိသော တစ်စုံတစ်ဦးသည် သာမန်ယုံကြည်သူတစ်ဦးအနေဖြင့် နှေးကွေးစွာ ဝင်ရောက်မည်ဖြစ်ပြီး ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးအနေဖြင့်မူ ပို၍ လျင်မြန်စွာ ဝင်ရောက်မည်ဖြစ်သည်။ လူတို့အတွက် သမ္မာတရား လက်တွေ့ကျမှုထဲသို့ လျင်မြန်စွာ ဝင်ရောက်ခြင်းက ကောင်းကျိုးဖြစ်သလော၊ သို့မဟုတ် နှေးကွေးစွာ ဝင်ရောက်ခြင်းက ကောင်းကျိုးဖြစ်သလော။ (လျင်မြန်စွာ ဝင်ရောက်ခြင်းက ကောင်းကျိုးဖြစ်ပါသည်။) ထို့ကြောင့် အစွမ်းအစတစ်ခုကို ပိုင်ဆိုင်သော၊ ဝန်ထုပ်ဝန်ပိုးတစ်ခုကို ထမ်းဆောင်ပြီး အလုပ်လုပ်နိုင်စွမ်းရှိသော လူများနှင့်ပတ်သက်လာလျှင် ဘုရားအိမ်တော်သည် ထိုသို့သောလူများကို မြှင့်တင်ပေးသည်၊ သို့ရာတွင် ၎င်းတို့သည် သမ္မာတရားကို မလိုက်စားသောသူများဖြစ်ပြီး သမ္မာတရားဆီသို့ ကြိုးစားအားထုတ်ခြင်း မရှိပါက ဘုရားအိမ်တော်က ၎င်းတို့ကို အတင်းအကျပ် ပြုမည်မဟုတ်ပေ။ လူတစ်ဦးသည် ဘုရားသခင်ကို ယုံကြည်ခြင်း၏ အခြေခံအုတ်မြစ် ရှိသရွေ့၊ ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦး ဖြစ်ရန်အတွက် စံနှုန်းများနှင့် ကိုက်ညီသရွေ့၊ သမ္မာတရားကို လိုက်စားပြီး ဘုရားသခင်၏ အသုံးပြုခြင်းကို ခံလိုစိတ် ရှိသရွေ့ ဘုရားအိမ်တော်က ၎င်းတို့ကို မြှင့်တင်ပေးပြီး ပျိုးထောင်မည်ဖြစ်ကာ ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးအဖြစ် လေ့ကျင့်ရန် အခွင့်အရေးကို ပေးမည်ဖြစ်ပြီး အသင်းတော်၏အလုပ်ကို လုပ်ဆောင်တတ်ရန်၊ လူတို့ကို ပိုင်းခြားသိမြင်တတ်ရန်၊ အသင်းတော်ရှိ အမျိုးမျိုးသော ပြဿနာအားလုံးကို ကိုင်တွယ်တတ်ရန်နှင့် အလုပ်အစီအစဉ်များနှင့်အညီ အမျိုးမျိုးသော အလုပ်များကို ဆောင်ရွက်တတ်ရန် ၎င်းတို့ကို ထောက်ကူပေးမည်မှာ ဧကန်မုချ ဖြစ်သည်။ လေ့ကျင့်ပေးခြင်းခံရသည့် ကာလအတွင်း အကယ်၍ လူတို့သည် သမ္မာတရားကို လက်ခံနိုင်ပြီး ပြုပြင်ခြင်းကို လက်ခံနိုင်လျှင်၊ ဘုရားသခင်၏ စီစဉ်ညွှန်ကြားခြင်းနှင့် အစီအစဉ်များကို ကျိုးနွံနာခံနိုင်လျှင်၊ အမျိုးမျိုးသော ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေနိုင်လျှင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်အညီ လူစားမျိုးစုံကို ဆက်ဆံတတ်ရန်နှင့် ပိုင်းခြားသိမြင်ပြီး ကိုင်တွယ်တတ်ရန် သင်ယူနိုင်လျှင် ထိုအခါ ၎င်းတို့သည် သက်ဆိုင်ရာ သမ္မာတရား စည်းမျဉ်းများကို ကျေညက်စွာသိရှိလာနိုင်ပြီး သမ္မာတရားကို နားလည်ကာ လက်တွေ့ကျမှုထဲသို့ ဝင်ရောက်လာနိုင်သည်၊ ဤသည်တို့မှာ သာမန်ယုံကြည်သူများ မတွေ့ကြုံနိုင်သော သို့မဟုတ် မရရှိနိုင်သော အရာများ ဖြစ်ကြသည်။ သို့ဖြစ်၍ ဤအမြင်ရှုထောင့်မှကြည့်လျှင် ဘုရားအိမ်တော်က တစ်စုံတစ်ဦးကို မြှင့်တင်ပေးပြီး ပျိုးထောင်ခြင်းသည် ကောင်းသောအရာလော သို့မဟုတ် ဆိုးသောအရာလော။ ယင်းသည် ၎င်းတို့အတွက် အကျိုးရှိသလော၊ သို့မဟုတ် ၎င်းတို့အပေါ် အတင်းအကျပ် ဖိအားပေးသည့် ဆင်းရဲခက်ခဲမှုတစ်ခုလော။ ယင်းသည် ၎င်းတို့အတွက် အကျိုးရှိသည်။ ပြောစရာမလိုသည်မှာ အချို့လူတို့သည် မြှင့်တင်ပေးခြင်းခံရသည်မှာ မကြာသေးသည့်အခါ ၎င်းတို့သည် မည်သည့်အလုပ်များကို လုပ်ဆောင်သင့်သည်ကိုဖြစ်စေ၊ ယင်းတို့ကို မည်သို့လုပ်ဆောင်ရမည်ကိုဖြစ်စေ မသိကြဘဲ အနည်းငယ် စိတ်ရှုပ်ထွေးနေကြသည်။ ဤသည်မှာ ပုံမှန်ဖြစ်သည်။ မည်သူသည် အရာအားလုံးကို လုပ်ဆောင်နိုင်လျက် မွေးဖွားလာခဲ့ဖူးသနည်း။ အကယ်၍ သင်သည် အရာအားလုံးကို လုပ်ဆောင်နိုင်ခဲ့ပါက သင်သည် ဧကန်မုချ အလွန်မာနထောင်လွှားပြီး စိတ်ကြီးဝင်သောသူ ဖြစ်လိမ့်မည်ဖြစ်ပြီး မည်သူ့ကိုမျှ အလျှော့ပေးမည် မဟုတ်ပေ၊ ထိုသို့ဆိုလျှင် သင်သည် သမ္မာတရားကို လက်ခံနိုင်သေးမည်လော။ အကယ်၍ သင်သည် အရာအားလုံးကို လုပ်ဆောင်နိုင်ခဲ့ပါက သင်သည် ဘုရားသခင်ကို မှီခိုပြီး သူ့ကို မျှော်ကိုးနေဦးမည်လော။ သင်သည် သင်၏ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးခြင်း ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေနေဦးမည်လော။ သင်သည် ဧကန်မုချ ထိုသို့ပြုမည်မဟုတ်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် သင်သည် မာနထောင်လွှားပြီး စိတ်ကြီးဝင်ကာ အန္တိခရစ်များ၏ လမ်းကြောင်းကို လျှောက်လှမ်းလိမ့်မည်၊ သင်သည် အာဏာနှင့် ရာထူးနေရာကို လုယူပြီး မည်သူ့ကိုမျှ အလျှော့ပေးမည် မဟုတ်ဘဲ၊ လူတို့ကို အထင်အမြင်မှားစေပြီး ထောင်ချောက်ဆင်ကာ အသင်းတော်၏အလုပ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်လိမ့်မည်၊ ထိုသို့ဆိုလျှင် ဘုရားအိမ်တော်က သင့်ကို အသုံးပြုနိုင်သေးမည်လော။ အကယ်၍ သင်၌ ချို့ယွင်းချက်များစွာ ရှိသည်ကို သင်သိပါက သင်သည် နာခံပြီး ကျိုးနွံရန် သင်ယူသင့်ကာ ဘုရားအိမ်တော်၏ လိုအပ်ချက်များနှင့်အညီ အမျိုးမျိုးသော အလုပ်များကို ကောင်းမွန်စွာ လုပ်ဆောင်သင့်သည်။ ဤသည်က သင့်အား စံနှုန်းပြည့်မီသော နည်းလမ်းဖြင့် သင်၏တာဝန်ကို ထမ်းဆောင်နိုင်သည့်အဆင့်သို့ တဖြည်းဖြည်း ရောက်ရှိစေရန် ခွင့်ပြုလိမ့်မည်။ သို့သော် လူအများစုသည် နာခံခြင်းနှင့် ကျိုးနွံခြင်းကဲ့သို့သော အလွန်ရိုးရှင်းသည့်အရာတစ်ခုကိုပင် မလုပ်ဆောင်နိုင်ကြပေ၊ သို့ဖြစ်၍ ၎င်းတို့သည် ဘုရားအိမ်တော်က ၎င်းတို့ကို မြှင့်တင်ပေးခြင်းနှင့် မပျိုးထောင်ခြင်းအတွက် အပြစ်မတင်သင့်ပေ။ သင်သည် နာခံနိုင်စွမ်း မရှိသောကြောင့်၊ နာခံခြင်းသည်ပင် သင့်အတွက် မတတ်နိုင်သောအရာ ဖြစ်နေသောကြောင့် ဘုရားအိမ်တော်က သင့်ကို မြှင့်တင်ပေးပြီး ပျိုးထောင်ဝံ့မည်လော။ (ပျိုးထောင်ဝံ့မည်မဟုတ်ပါ။) အဘယ်ကြောင့် နည်း။ သင့်ကို အသုံးပြုခြင်းသည် အလွန်အန္တရာယ်များလွန်းမည်၊ အလွန်ဒုက္ခများလွန်းမည်၊ အလွန်စိုးရိမ်စရာကောင်းလွန်းမည် ဖြစ်သည်။ အကြောင်းမှာ အကယ်၍ ဘုရားအိမ်တော်က သင့်ကို အသုံးပြုခဲ့ပါက သင်သည် လူတို့ကို သင်၏ချုပ်ကိုင်မှုအောက်သို့ ရောက်စေပြီး ကောက်ကျစ်ဆိုးယုတ်မှု၏ လမ်းကြောင်းပေါ်သို့ ၎င်းတို့ကို ဦးဆောင်သွားနိုင်သောကြောင့် ဖြစ်သည်၊ ထို့ကြောင့် ယင်းမှာ အလွန်အန္တရာယ်များခြင်း ဖြစ်သည်။ အကယ်၍ သင့်ကို အသုံးပြုခဲ့ပါက သင်သည် မကောင်းမှုများကို မဆင်မခြင်ကျူးလွန်ပြီး အလုပ်ကို လုံးဝ ကစဉ့်ကလျားဖြစ်စေနိုင်ကာ ဘုရားအိမ်တော်က သင့်ကို ဖြုတ်ချပြီး သင်၏အရှုပ်တော်ပုံအားလုံးကို သင့်အတွက် ရှင်းလင်းပေးရမည်ဖြစ်သည်၊ ထို့ကြောင့် ယင်းမှာ အလွန်ဒုက္ခများခြင်း ဖြစ်သည်။ ပြီးလျှင် အကယ်၍ သင့်ကို အသုံးပြုခဲ့ပါက သင်သည် မည်သည့်အလုပ်ကိုမျှ မည်သို့လုပ်ဆောင်ရမည်ကို သိမည်မဟုတ်ဘဲ သင်၏အလုပ်နှင့်ပတ်သက်၍ လုံးဝ အကျိုးသက်ရောက်မှု တစ်ခုမျှ ရှိမည်မဟုတ်ပေ။ သင်လုပ်ဆောင်သည့် အလုပ်အားလုံးတွင် အထက်က သင့်ကို တိုက်တွန်းခြင်း၊ ကြီးကြပ်ခြင်းနှင့် ခြေရာခံခြင်းတို့ကို ပြုလုပ်ရမည်ဖြစ်ပြီး အထက်သည် အရေးကိစ္စအားလုံးတွင် ဝင်ရောက်စွက်ဖက်ရမည်ဖြစ်သည်၊ သို့ဖြစ်၍ သင့်ကို အဘယ်ကြောင့် အသုံးပြုသင့်သနည်း။ သင်သည် အလွန် စိုးရိမ်စရာကောင်းလှသည်။ ဤလူစားမျိုးကို လုံးဝ အသုံးမပြုနိုင်ပေ။ ၎င်းတို့ကို ပျိုးထောင်ခဲ့လျှင်ပင် အကျိုးမရှိဘဲ ဒုက္ခများစွာကိုပင် ဖြစ်စေမည်ဖြစ်ကာ အခြားသူများကို ပျိုးထောင်ခြင်းအပေါ်တွင်လည်း သက်ရောက်မှုရှိစေမည်ဖြစ်သည်၊ အကျိုးအမြတ်ထက် ဆုံးရှုံးမှုက သာလိမ့်မည် မဟုတ်လော။ (ဟုတ်ပါသည်။)

အချို့လူတို့သည် ဘုရားအိမ်တော်၏ မြှင့်တင်ပေးခြင်း သို့မဟုတ် အသုံးပြုခြင်းကို မည်သည့်အခါမျှ မခံရသောကြောင့် စိတ်ထဲတွင် အတွေးများဝင်လာပြီး “အထက်က ကျွန်ုပ်ကို အဘယ်ကြောင့် တစ်ခါမျှ သတိမထားမိသနည်း။ ဘုရားအိမ်တော်က ကျွန်ုပ်ကို အဘယ်ကြောင့် တစ်ခါမျှ မမြှင့်တင်၊ မပျိုးထောင်သနည်း။ တရားမမျှတပါ” ဟု ပြောဆိုကြသည်။ ကောင်းပြီ၊ သင်သည် ဦးစွာ နာခံနိုင်ခြင်း ရှိမရှိနှင့် ဘုရားအိမ်တော်၏ အစီအစဉ်များကို ကျိုးနွံနာခံနိုင်ခြင်း ရှိမရှိတို့ကို ချိန်ဆကြည့်သင့်သည်။ ဒုတိယအနေဖြင့် သင်သည် ဘုရားအိမ်တော်က လူတို့ကို ခေါင်းဆောင်များနှင့် အမှုဆောင်များအဖြစ် မြှင့်တင်ပေးပြီး ပျိုးထောင်ရန်အတွက် လိုအပ်သည့် စံသတ်မှတ်ချက်သုံးခုဖြစ်သော သမ္မာတရားကို သဘောပေါက်နားလည်နိုင်ခြင်း၊ ဝန်ထုပ်ဝန်ပိုးထမ်းရွက်ခြင်းနှင့် အလုပ်လုပ်နိုင်စွမ်း ပိုင်ဆိုင်ခြင်းတို့နှင့် ကိုက်ညီခြင်း ရှိမရှိကို ချိန်ဆကြည့်သင့်သည်။ အကယ်၍ သင်သည် ဤစံသတ်မှတ်ချက်များနှင့် ကိုက်ညီပါက မကြာမီ သို့မဟုတ် နောင်တွင် သင်သည် မြှင့်တင်ပေးခြင်း၊ ပျိုးထောင်ခြင်းနှင့် အသုံးပြုခြင်းကို ခံရရန် အခွင့်အရေး ရရှိလိမ့်မည်။ ဘုရားအိမ်တော်က သင့်ကို မြှင့်တင်ပေးရန်အတွက် သင့်ထံမှ တောင်းဆိုထားသည့်အရာများ ရှိသည်။ ပြီးလျှင် ဤအရာများမှာ အဘယ်နည်း။ သင်သည် ဘုရားအိမ်တော်၏ စည်းမျဉ်းများနှင့် လိုအပ်ချက်များနှင့်အညီ လုပ်ဆောင်ရန် လိုအပ်သည်။ သင်သည် သင့်ထံမှ တောင်းဆိုထားသည့်အရာကို တောင်းဆိုထားသည့် နည်းလမ်းအတိုင်း လုပ်ဆောင်ရမည်ဖြစ်ပြီး ထိုသို့ဖြင့် သင့်အား ဦးစွာ စည်းမျဉ်းများနှင့်ကိုက်ညီသောပုံစံဖြင့် လုပ်ဆောင်တတ်ရန်၊ သမ္မာတရားကို ရှာဖွေတတ်ရန်နှင့် သမ္မာတရားကို ကျိုးနွံနာခံတတ်ရန်၊ သဟဇာတဖြစ်စွာ ပူးပေါင်းဆောင်ရွက်တတ်ရန် သင်ယူစေလျက် ပျိုးထောင်ခြင်း ဖြစ်သည်။ သင်ပျိုးထောင်ခြင်းခံရသည့် အချိန်အတွင်း တစ်ခါတစ်ရံတွင် ဘုရားအိမ်တော်က သင့်ကို ပြုပြင်မည်ဖြစ်သည်။ တစ်ခါတစ်ရံတွင် သင့်ကို ပြင်းထန်စွာ အပြစ်တင်မည်ဖြစ်သည်။ တစ်ခါတစ်ရံတွင် သင်၏အလုပ် တိုးတက်မှုနှင့်ပတ်သက်၍ စုံစမ်းမေးမြန်းမည်ဖြစ်သည်။ တစ်ခါတစ်ရံတွင် အလုပ်သည် အတိအကျ မည်သို့ဖြစ်နေသည်ကို သင့်အား မေးမြန်းမည်ဖြစ်ပြီး သင်၏အလုပ်ကို စစ်ဆေးမည်ဖြစ်သည်။ ပြီးလျှင် တစ်ခါတစ်ရံတွင် အချို့သောအရာတစ်ခုအပေါ် သင်၏အမြင်ရှုထောင့်သည် မည်သည့်အရာဖြစ်သည်ကို စမ်းသပ်မည်ဖြစ်သည်။ ဤစမ်းသပ်မှုများ၏ ရည်ရွယ်ချက်မှာ သင့်အတွက် အခက်အခဲဖြစ်စေရန် မဟုတ်ဘဲ ဤအရေးကိစ္စများတွင် ဘုရားသခင်၏ ရည်ရွယ်ချက်များသည် မည်သည့်အရာဖြစ်သည်ကိုလည်းကောင်း၊ သင်ပိုင်ဆိုင်သင့်သည့် သဘောထားနှင့် စည်းမျဉ်းများသည် မည်သည့်အရာဖြစ်သည်ကိုလည်းကောင်း သင့်အား နားလည်စေရန် ဖြစ်သည်။ ဘုရားအိမ်တော်သည် သင့်ကို လေ့ကျင့်ပေးရန်နှင့် လက်တွေ့လုပ်ဆောင်စေရန် ဤသို့ပြုလုပ်ခြင်း ဖြစ်သည်။ ပြီးလျှင် လူတို့ကို လေ့ကျင့်ပေးခြင်း၏ ရည်ရွယ်ချက်နှင့် ပန်းတိုင်မှာ အဘယ်နည်း။ ယင်းမှာ ၎င်းတို့ကို သမ္မာတရား နားလည်စေရန် ဖြစ်သည်။ သမ္မာတရားကို နားလည်ခြင်း၏ ရည်ရွယ်ချက်မှာ လူတို့အနေဖြင့် သမ္မာတရားကို ကျိုးနွံနာခံနိုင်ပြီး စည်းမျဉ်းများနှင့်အညီ လုပ်ဆောင်နိုင်ရန်၊ မိမိတို့၏နေရာ၌ တည်ကြည်စွာရပ်တည်နိုင်ပြီး မိမိတို့၏ တာဝန်ကို သစ္စာစောင့်သိစွာ ဖြည့်ဆည်းနိုင်ရန်၊ ပြီးလျှင် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်စဉ်တွင် မတူညီသော သမ္မာတရား လက်တွေ့ကျမှုများထဲသို့ ဝင်ရောက်ပြီး ၎င်းတို့၏ စိတ်သဘောထားတွင် ပြောင်းလဲမှုများကို စွမ်းဆောင်ရရှိနိုင်ရန် ဖြစ်သည်။ ဘုရားအိမ်တော်သည် ခေါင်းဆောင်များနှင့် အမှုဆောင်များကို ဤနည်းလမ်းဖြင့် လေ့ကျင့်ပေးသည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် သမ္မာတရားကို နားလည်သရွေ့ ၎င်းတို့သည် ဘုရားသခင် ရွေးချယ်ထားသောလူတို့ကို သမ္မာတရား နားလည်စေရန် ဦးဆောင်နိုင်မည့် မျှော်လင့်ချက် ရှိသည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် သမ္မာတရားမည်မျှကို နားလည်သည်ဖြစ်စေ ၎င်းတို့ဦးဆောင်သည့်လူများသည်လည်း ထိုမျှသော သမ္မာတရားကို နားလည်ရန် မျှော်လင့်ချက်ရှိသည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ၎င်းတို့၏အလုပ်တွင် သမ္မာတရား စည်းမျဉ်းများကို သဘောပေါက်နားလည်သည့်အခါ ၎င်းတို့ဦးဆောင်သည့်သူများသည်လည်း ၎င်းတို့၏အလုပ်တွင် စည်းမျဉ်းများကို သဘောပေါက်နားလည်ပြီး သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်နိုင်သည်။ ထို့ကြောင့် လေ့ကျင့်မှုကို တွေ့ကြုံရသည့် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အခြားလူများထက် ပိုမိုကောင်းမွန်သော အစွမ်းအစကို ပိုင်ဆိုင်ရမည်ဖြစ်သည်။ ၎င်းတို့သည် ဦးစွာ သမ္မာတရား စည်းမျဉ်းများကို နားလည်ပြီး သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဦးစွာ ဝင်ရောက်နိုင်ကြပြီး ထို့နောက်တွင် ၎င်းတို့သည် သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ရာတွင်နှင့် သမ္မာတရား စည်းမျဉ်းများကို နားလည်ရာတွင် ပို၍များသော လူတို့ကို ဦးဆောင်ကြသည်။ ထိုသို့သော ချဉ်းကပ်နည်းကို သင်မည်သို့ထင်သနည်း။ (ကောင်းပါသည်။) ထိုသို့သောလူများသည် ပညာတတ်များ မဟုတ်နိုင်သကဲ့သို့ အလွန်တရာ စကားပြောကောင်းသူများ သို့မဟုတ် နည်းပညာ သို့မဟုတ် မျက်မှောက်ခေတ် ရေးရာများနှင့် နိုင်ငံရေးအကြောင်း များစွာနားလည်သူများ မဟုတ်နိုင်ပေ။ ၎င်းတို့သည် အသက်မွေးဝမ်းကျောင်းပညာတစ်ခုခုတွင် ထိုမျှ ကျွမ်းကျင်ခြင်းပင် မရှိနိုင်ပေ။ သို့သော် ၎င်းတို့သည် သမ္မာတရားကို နားလည်နိုင်စွမ်းရှိပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကြားပြီးနောက် ၎င်းတို့ကို လက်တွေ့လုပ်ဆောင်ပြီး တွေ့ကြုံခံစားနိုင်စွမ်းရှိကာ သမ္မာတရား စည်းမျဉ်းများကို ရှာဖွေနိုင်စွမ်းရှိပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ရာတွင်နှင့် သမ္မာတရား စည်းမျဉ်းများကို စွဲကိုင်ရာတွင် ပို၍များသော လူတို့ကို ဦးဆောင်နိုင်စွမ်း ရှိကြသည်။ ဤသည်မှာ ခေါင်းဆောင်များအဖြစ် အစေခံရန် မြှင့်တင်ပေးပြီး ပျိုးထောင်ခြင်းခံရသည့် အရည်အချင်းရှိသူအမျိုးအစားအကြောင်း ငါတို့ပြောဆိုသည့်အခါ ငါတို့ဆိုလိုသည့်အရာ ဖြစ်သည်။ ဤသည်မှာ စိတ်ကူးသက်သက်ဖြစ်သလော။ (မဟုတ်ပါ။) အချို့လူတို့က “သင်က ပင်ကိုစွမ်းရည်ရှိသူများအကြောင်း ပြောဆိုသည်၊ သို့ဆိုလျှင် ၎င်းတို့သည် လူ့အသိုင်းအဝိုင်း၏ ထိပ်သီးများ ဖြစ်ကြသလော။ ၎င်းတို့သည် လူ့အသိုင်းအဝိုင်းထဲတွင် လုပ်ငန်းတစ်ခုခုကို လုပ်ကိုင်ဖူးသူများ သို့မဟုတ် အမှုဆောင်ချုပ် သို့မဟုတ် စွန့်ဦးတီထွင်လုပ်ငန်းရှင်တစ်ဦးဦး ဖြစ်ခဲ့ဖူးရမည်လော။ ၎င်းတို့သည် နိုင်ငံရေးနောက်ခံရှိသော အဓိကနိုင်ငံရေးသမားများ သို့မဟုတ် စီးပွားရေးပါရမီရှင်များ သို့မဟုတ် အနုပညာနှင့် စာပေနယ်ပယ်မှ ပါရမီရှင်များ ဖြစ်ကြသလော။ ၎င်းတို့သည် ထူးကဲစွာ ပါရမီရှိသူများ ဖြစ်ကြသလော” ဟု မေးကောင်းမေးနိုင်ကြသည်။ ဘုရားအိမ်တော်၌ ပြောဆိုသည့် ပင်ကိုစွမ်းရည်ရှိသူများသည် လောကရှိ ထိုပင်ကိုစွမ်းရည်ရှိသူများနှင့် ကွဲပြားသည်။ ငါတို့ပြောဆိုသည့် “ပင်ကိုစွမ်းရည်ရှိသူများ” ဟူသော ဤဝေါဟာရက မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းမှာ သမ္မာတရားကို နားလည်နိုင်စွမ်းရှိခြင်း၊ လူတို့ကို သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဦးဆောင်နိုင်စွမ်းရှိခြင်း၊ လူအမျိုးအစားအမျိုးမျိုးကို ပိုင်းခြားသိမြင်တတ်ခြင်း၊ လူတို့ကြုံတွေ့ရသည့် အမျိုးမျိုးသော အခြေအနေများနှင့် အခက်အခဲများကို ဖြေရှင်းတတ်ခြင်း၊ ပြဿနာများကြုံတွေ့သည့်အခါ မှန်ကန်သော အမြင်ရှုထောင့်များနှင့် သဘောထားများ ရှိခြင်း၊ ဘုရားသခင်ကို ယုံကြည်ပြီး သူ့နောက်လိုက်သည့်လူများ ရှိသင့်သည့် အမြင်ရှုထောင့်များနှင့် သဘောထားများကို ပိုင်ဆိုင်ခြင်းတို့ကို ဆိုလိုသည်။ ယင်းမှာ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု မရှိသောလူများ သို့မဟုတ် ကြောင်သူတော်ဆန်သောလူများ သို့မဟုတ် ဟိတ်ကြီးဟန်ကြီး စကားများ ပြောဆိုပြီး အပြောသက်သက်သာဖြစ်သော စကားများကို ပြောဆိုသူများကို ရည်ညွှန်းခြင်းမဟုတ်ပေ။ ထိုအစား၊ ယင်းမှာ သမ္မာတရား လက်တွေ့ကျမှု ရှိသောလူများကို ရည်ညွှန်းသည်။ ဤသည်မှာ “ပင်ကိုစွမ်းရည်ရှိသူများ” ဟူသည်ကို ဆိုလိုသည့်အရာ ဖြစ်သည်။ ဤသည်မှာ အနှစ်သာရကင်းမဲ့သလော။ (မဟုတ်ပါ။) ဘုရားအိမ်တော်က ခေါင်းဆောင်များနှင့် အမှုဆောင်များအဖြစ် မြှင့်တင်ပေးပြီး ပျိုးထောင်သည့် ဤသို့သော ပင်ကိုစွမ်းရည်ရှိသူများထံမှ လိုအပ်သော ဤစံသတ်မှတ်ချက်များသည် အလွန် လက်တွေ့ကျသည် မဟုတ်လော။ (ဟုတ်ပါသည်။) အလွန်ပင် လက်တွေ့ကျလှပါသည်။ ထိုသို့သော ကိုယ်စားလှယ်လောင်းများသည် အဆင့်မြင့် ပညာရေးဆိုင်ရာ အရည်အချင်းများ ရှိရန် မလိုအပ်သော်လည်း ၎င်းတို့သည် အနည်းဆုံးတော့ သမ္မာတရားကို သဘောပေါက်နားလည်နိုင်သည့် အစွမ်းအစ ရှိရမည်ဖြစ်သည်။ အချို့လူတို့က “အကယ်၍ ၎င်းတို့သည် အဆင့်မြင့် ပညာရေးဆိုင်ရာ အရည်အချင်းများ ရှိရန် မလိုအပ်ပါက ၎င်းတို့ စာမတတ်လျှင် အဆင်ပြေပါသလော” ဟု ပြောကောင်းပြောနိုင်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းသည် ပညာရေးအနည်းငယ်မရှိဘဲ မဖြစ်နိုင်ပေ။ ၎င်းတို့သည် စာပေကို နားလည်ရန် လိုအပ်သော်လည်း အဆင့်မြင့် ပညာရေးဆိုင်ရာ အရည်အချင်းများ မလိုအပ်ပေ။ ဘုရားအိမ်တော်၌ မြှင့်တင်ပေးခြင်းခံရသူများတွင် အထက်တန်းကျောင်းဆင်းများ၊ တက္ကသိုလ်ဘွဲ့ရများနှင့် ပါရဂူဘွဲ့ရများ ပါဝင်သည်၊ သို့ဖြစ်၍ ပညာရေးအဆင့်နှင့်ပတ်သက်၍ ကန့်သတ်ချက်များ မရှိပေ။ ထို့အပြင် လူတစ်ဦး၏ လူမှုအဆင့်အတန်းအပေါ်တွင်လည်း ကန့်သတ်ချက်များ မရှိပေ။ လယ်သမားများနှင့် ပညာတတ်များမှအစ စီးပွားရေးသမားများနှင့် အိမ်ရှင်မများအထိ လူအမျိုးမျိုးတို့ကို လက်ခံသည်။ ပညာရေးအဆင့်နှင့် လူမှုအဆင့်အတန်းအပေါ် ကန့်သတ်ချက်များ မရှိခြင်းမှလွဲ၍ လိုအပ်သော စံသတ်မှတ်ချက်များမှာ ငါပြောခဲ့သည့် အချက်အနည်းငယ် ဖြစ်သည်။ ယင်းမှာ ကျိုးကြောင်းဆီလျော်ပါသလော။ (ဆီလျော်ပါသည်။) အလွန်တရာ ကျိုးကြောင်းဆီလျော်လှပါသည်။ ယခု “ဘုရားအိမ်တော်က မြှင့်တင်ပေးပြီး ပျိုးထောင်သည့် ပင်ကိုစွမ်းရည်ရှိသူများ” ဟူ၍ ငါဆိုလိုသည့်အရာကို သင်အနည်းငယ် ပို၍ နားလည်ပြီလော။ (နားလည်ပါပြီ။) သမ္မာတရားကို သဘောပေါက်နားလည်နိုင်ခြင်း၊ ဝန်ထုပ်ဝန်ပိုးတစ်ခုကို ထမ်းရွက်ခြင်းနှင့် အလုပ်လုပ်နိုင်စွမ်းရှိခြင်းဟူသည့် ဤစံသတ်မှတ်ချက်အနည်းငယ်နှင့် ကိုက်ညီသောလူများသည် ဘုရားအိမ်တော်၏ မြှင့်တင်ပေးခြင်းနှင့် ပျိုးထောင်ခြင်းအတွက် ကိုယ်စားလှယ်လောင်းများ ဖြစ်ကြသည်။ အကယ်၍ ၎င်းတို့သည် ဤစံသတ်မှတ်ချက်များနှင့် ကိုက်ညီပါက ၎င်းတို့သည် အရည်အချင်းပြည့်မီသည်။ ပညာရေး၊ မိသားစုနောက်ခံ၊ လူမှုအဆင့်အတန်း၊ လူတစ်ဦး၏ ရုပ်ရည်သွင်ပြင် စသည်တို့ကဲ့သို့သော အခြားအရာများအတွက်မူ လိုအပ်ချက်များသည် ထိုမျှမမြင့်မားပေ။ ဤသည်မှာ လူတို့ကို ခေါင်းဆောင်များနှင့် အမှုဆောင်များအဖြစ် မြှင့်တင်ပေးပြီး ပျိုးထောင်ခြင်းအကြောင်း ဖြစ်သည်။

ကျွမ်းကျင်မှု၊ သို့မဟုတ် အတတ်ပညာရှိသည့် ပင်ကိုစွမ်းရည်ရှိသူများကို မြှင့်တင်ပေးပြီး ပျိုးထောင်ရန်အတွက် လိုအပ်သည့် စံသတ်မှတ်ချက်အချို့ကို ငါတို့ ယခုလေးတင် ဆွေးနွေးခဲ့ပြီး ဖြစ်သည်၊ ယင်းတို့မှာ ၎င်းတို့သည် အပြုသဘောဆောင်သော အရာများကို နှစ်သက်သင့်ပြီး သမ္မာတရားကို လက်ခံနိုင်စွမ်းရှိသင့်သည်၊ ၎င်းတို့၏ နားလည်သဘောပေါက်နိုင်စွမ်း၌ လွဲချော်မှုမရှိသင့်၊ မိမိတို့၏ တာဝန်ကို သစ္စာရှိစွာ ထမ်းဆောင်နိုင်သင့်သည်၊ မညည်းညူဘဲ အခက်အခဲကို ခံနိုင်ပြီး အဖိုးအခကို ပေးဆပ်နိုင်သင့်သည်၊ အနည်းဆုံးအနေဖြင့် မကောင်းမှုကို မပြုသင့်ဟူ၍ ဖြစ်သည်။ ဤလူတို့နှင့်ပတ်သက်လျှင် ဤစံသတ်မှတ်ချက်အချို့သည် မရှိမဖြစ် ဖြစ်သည်။ သို့ဆိုလျှင် ဤလူတို့ကို မြှင့်တင်ပေးပြီး ပျိုးထောင်ခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ထိုနည်းတူစွာပင် ဤလူတို့သည် မိမိတို့၏ တာဝန်ကို ထမ်းဆောင်စဉ်နှင့် သတ်သတ်မှတ်မှတ်ဖြစ်သော အလုပ်ကို လုပ်ဆောင်စဉ်တွင် ပြဿနာများ ကြုံတွေ့ရသည့်အခါတိုင်း ပြဿနာများကို ဖြေရှင်းရန်အလို့ငှာ သမ္မာတရားကို ရှာဖွေနိုင်ရန်နှင့် စည်းမျဉ်းများနှင့်အညီ လုပ်ဆောင်နိုင်ရန် ဖြစ်သည်။ ဝင်ရောက်မှုကို လက်တွေ့လုပ်ဆောင်ခြင်း ဖြစ်စဉ်တွင် ၎င်းတို့သည် မသိလိုက်မသိဘာသာ လေ့ကျင့်ပေးခြင်းနှင့် စည်းကမ်းတကျဖြစ်စေခြင်း ခံကြရပြီး မိမိတို့၏ ကိုယ်ပိုင်ရည်ရွယ်ချက်များကို စွန့်လွှတ်ရန်၊ လောကီလူတို့၏ မှားယွင်းပြီး ယုတ္တိမတန်သော အမြင်များကို ပြုပြင်ရန်၊ ကလေးဆန်သော အတွေးအချို့ကို စွန့်လွှတ်ရန်နှင့် ဘုရားသခင်ကို ယုံကြည်ခြင်းနှင့်ပတ်သက်၍ ကြိုတင်စိတ်စွဲမှတ်ခြင်းများ၊ အယူအဆများနှင့် စိတ်ကူးများ စသည်တို့ကို စွန့်လွှတ်ရန် လက်တွေ့လုပ်ဆောင်ကြသည်။ မည်သို့ပင်ဖြစ်စေ ဤလက်တွေ့လုပ်ဆောင်ခြင်း ဖြစ်စဉ်သည် လူတို့ကို သမ္မာတရားကို တဖြည်းဖြည်း နားလည်စေရန်၊ ကျိုးနွံနာခံတတ်ရန်နှင့် အမျိုးမျိုးသော သမ္မာတရား လက်တွေ့ကျမှုများထဲသို့ ဝင်ရောက်တတ်စေရန် ထောက်ကူပေးဖို့ ရည်ရွယ်သည်မှာ အမှန်ပင်ဖြစ်သည်။ သင်ယူခြင်း ဖြစ်စဉ်တွင် ၎င်းတို့သည် သမ္မာတရား စည်းမျဉ်းများကို တဖြည်းဖြည်း ကျွမ်းကျင်လာကြပြီး ဘုရားသခင်ကို ယုံကြည်ခြင်းဆိုသည်မှာ အဘယ်အရာဖြစ်သည်ကိုလည်းကောင်း၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းဆိုသည်မှာ အဘယ်အရာဖြစ်သည်ကိုလည်းကောင်း၊ မိမိတို့၏ တာဝန်ကို ထမ်းဆောင်ခြင်းဆိုသည်မှာ အဘယ်အရာဖြစ်သည်ကိုလည်းကောင်း သိလာကြကာ နောက်ဆုံးတွင် ၎င်းတို့သည် မိမိတို့၏ တာဝန်ကို စံနှုန်းပြည့်မီသော နည်းလမ်းဖြင့် ထမ်းဆောင်ရန် မည်သည့်အရာကို လုပ်ဆောင်သင့်သည်ကိုလည်းကောင်း၊ ယုံကြည်သူတစ်ဦးအနေဖြင့် အမှုအရာများကို မည်သို့လုပ်ဆောင်သင့်သည်ကိုလည်းကောင်း စသည်တို့ကို တဖြည်းဖြည်း နားလည်လာကြသည်၊ ဤသည်တို့မှာ လူတို့သည် မြှင့်တင်ပေးပြီး ပျိုးထောင်ခြင်း ခံရပြီးနောက် တဖြည်းဖြည်း ဝင်ရောက်သည့် အရာအားလုံး ဖြစ်သည်။ လူတို့၏ တဖြည်းဖြည်း ဝင်ရောက်ခြင်း ဖြစ်စဉ်သည် ပျိုးထောင်ခြင်းခံရသည့် ဖြစ်စဉ်ဖြစ်ပြီး ပျိုးထောင်ခြင်းခံရသည့် ဖြစ်စဉ်သည် အမှန်တကယ်တွင် လူတို့က သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ရန် လက်တွေ့လုပ်ဆောင်ခြင်း ဖြစ်စဉ်ဖြစ်သည်။ သို့သော် အကယ်၍ သင်သည် မြှင့်တင်ပေးပြီး ပျိုးထောင်ခြင်း မခံရဘဲ စုဝေးပွဲများ တက်ရောက်ခြင်း၊ ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုခြင်း၊ သမ္မာတရားအကြောင်း မိတ်သဟာယဖွဲ့ခြင်း သို့မဟုတ် ဓမ္မတေးများ သင်ယူခြင်းတို့ကို ပြုသည့် သာမန်ယုံကြည်သူတစ်ဦးအဖြစ်သာ ပြုမူပါက ဤနည်းလမ်းဖြင့် ဘုရားသခင်ကို ယုံကြည်ခြင်းအားဖြင့် သင်သည် ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို အမှန်တကယ် ကောင်းမွန်စွာ ထမ်းဆောင်နေခြင်း မဟုတ်ပေ၊ သို့ဖြစ်၍ သင်သည် သင်၏ တာဝန်ကို စံနှုန်းပြည့်မီသော နည်းလမ်းဖြင့် ထမ်းဆောင်ခြင်းနှင့် အလှမ်းဝေးနေသည်။ သင်သည် သင်၏ တာဝန်ကို ထမ်းဆောင်ရာ၌ မည်သည့်စည်းမျဉ်းများကို သဘောပေါက်နားလည်သင့်သည်ကိုပင် ရှင်းရှင်းလင်းလင်း မသိဘဲ အယူဝါဒများနှင့် ဆောင်ပုဒ်အချို့ကိုသာ ပြောဆိုနိုင်သည်၊ ထို့ကြောင့် သင်သည် သမ္မာတရား လက်တွေ့ကျမှုထဲသို့ မဝင်ရောက်သေးဘဲ သင်၏ အသက်ဝင်ရောက်မှုသည် နှေးသည်။ ထိုနည်းတူစွာပင် အတတ်ပညာဆိုင်ရာ တာဝန်များတွင် ပါဝင်ဆောင်ရွက်သည့် ဤလူတို့ကို မြှင့်တင်ပေးပြီး ပျိုးထောင်ခြင်း၏ ရည်ရွယ်ချက်နှင့် ပန်းတိုင်မှာ ၎င်းတို့သည် သမ္မာတရား လက်တွေ့ကျမှုထဲသို့ ပို၍ လျင်မြန်စွာ ဝင်ရောက်ရန်နှင့် သမ္မာတရား စည်းမျဉ်းများကို ပို၍ ကောင်းမွန်ပြီး ပို၍ တိကျစွာ သဘောပေါက်နားလည်မှု ရရှိရန် ဖြစ်သည်။ သမ္မာတရား စည်းမျဉ်းများကို သဘောပေါက်နားလည်နိုင်ပြီး သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်နိုင်သောသူများမှာ ဘုရားအိမ်တော်က မြှင့်တင်ပေးပြီး ပျိုးထောင်သည့် ပင်ကိုစွမ်းရည်ရှိသူများ ဖြစ်ကြသည်။ ဤသို့သော ပင်ကိုစွမ်းရည်ရှိသူများက မည်သည့်အရာကို ရည်ညွှန်းသနည်း။ ယင်းမှာ အပြုသဘောဆောင်သော အရာများကို နှစ်သက်ခြင်း၊ အခက်အခဲများကို ခံနိုင်ပြီး အဖိုးအခကို ပေးဆပ်နိုင်ခြင်း၊ ၎င်းတို့၏ နားလည်သဘောပေါက်နိုင်စွမ်း၌ လွဲချော်မှုမရှိခြင်းနှင့် ဆိုးယုတ်သောလူများ မဟုတ်ခြင်းဟူသည့် အခြေခံပေါ်တွင် သမ္မာတရား စည်းမျဉ်းများကို နားလည်ခြင်းကို ရရှိပြီး သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ပြီးဖြစ်သော၊ ဘုရားသခင်နှင့် ဘုရားအိမ်တော်၏ စီစဉ်မှုများကို ကျိုးနွံနာခံနိုင်ပြီး ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး အတိုင်းအတာတစ်ခုအထိ ရှိသောသူများကို ဆိုလိုသည်။ ဤသည်မှာ ငါပြောဆိုသည့် ဒုတိယအမျိုးအစားဖြစ်သော ပင်ကိုစွမ်းရည်ရှိသူများ ဖြစ်သည်။ ၎င်းတို့အတွက် သတ်မှတ်ချက်များသည်လည်း လက်တွေ့ကျပြီး လုံလောက်စွာ တိကျကာ စိတ်ကူးသက်သက်မဟုတ်ပေ။ သို့ဆိုလျှင် ဤပင်ကိုစွမ်းရည်ရှိသူ အမျိုးအစားသည် လူ့အသိုင်းအဝိုင်း၏ ထိပ်သီးများ ဖြစ်ရန်၊ လူမှုရေး အတွေ့အကြုံရှိရန်၊ အချို့သော ပညာရေးဆိုင်ရာ အရည်အချင်းများ ရှိရန်နှင့် လူမှုအဆင့်အတန်းတစ်ခုခု ရှိရန် လိုအပ်သလော။ (မလိုအပ်ပါ။) ဘုရားအိမ်တော်သည် လူတို့ကို လူမှုအဆင့်အတန်း၊ ကျော်ကြားမှု၊ ပညာရေးဆိုင်ရာ အရည်အချင်းများ သို့မဟုတ် မြင့်မားသောအသိပညာအဆင့်အတန်း ရှိရန် မည်သည့်အခါမျှ မလိုအပ်ပေ။ ဤအရာများကို မည်သည့်အခါမျှ မတောင်းဆိုပါ။ လူတို့ကို မြှင့်တင်ပေးပြီး ပျိုးထောင်သည့်အခါ ဘုရားအိမ်တော်သည် ၎င်းတို့၏ ရုပ်ရည်အသွင်အပြင်ကို၊ ဆိုလိုသည်မှာ ၎င်းတို့ မည်မျှ ရုပ်ဆိုးသည် သို့မဟုတ် ဆွဲဆောင်မှုရှိသည်ကို မကြည့်ပေ။ ဘာသာတရားမရှိသူများနှင့်တူသော သို့မဟုတ် ရုပ်ရည်အသွင်အပြင်အားဖြင့် စက်ဆုပ်ဖွယ်ကောင်းသော သို့မဟုတ် ဆိုးယုတ်သော လူစားမျိုးကို မြှင့်တင်ပေးခြင်းမှလွဲ၍ အခြားစံသတ်မှတ်ချက်များမှာ ငါယခု ဖော်ပြခဲ့သည့်အရာများ ဖြစ်သည်။ ဤသည်တို့မှာ အလွန်လက်တွေ့ကျဆုံး ဖြစ်သည်။ ဘာသာတရားမရှိသူတို့သည် တစ်စုံတစ်ဦးကို မြှင့်တင်ပေးသည့်အခါ ၎င်းတို့သည် ထိုသူ၏ ရုပ်ရည်အသွင်အပြင်ကို ဦးစွာ ကြည့်ကြသည်၊ ယောက်ျားများဆိုလျှင် အရာရှိများကဲ့သို့ ရုပ်ရည်ချောမောသင့်ပြီး မိန်းမများဆိုလျှင် နတ်သမီးများကဲ့သို့ လှပသင့်သည်။ ထို့အပြင် ၎င်းတို့သည် လူတို့၏ ပညာရေးဆိုင်ရာ အရည်အချင်းများ၊ လူမှုအဆင့်အတန်း၊ မိသားစုနောက်ခံနှင့် မာယာများခြင်းတို့ကိုလည်း နှိုင်းယှဉ်ကြသည်။ အကယ်၍ သင်သည် အဆင့်မြင့် ပညာရေးဆိုင်ရာ အရည်အချင်းများ ရှိသော်လည်း မာယာများခြင်းမရှိပါက ယင်းသည်လည်း အဆင်ပြေမည်မဟုတ်ပေ၊ သင်သည် မည်သည့်အခါမျှ မြှင့်တင်ပေးခြင်း ခံရမည်မဟုတ်ဘဲ မည်သူကမျှ သင့်ကို အထင်ကြီးမည် မဟုတ်ပေ။ အကယ်၍ သင်သည် အဆင့်မြင့် ပညာရေးဆိုင်ရာ အရည်အချင်းများနှင့် စစ်မှန်သော အရည်အချင်းများ ရှိသော်လည်း အထူးတလည် ရုပ်မချောဘဲ အရပ်ပုကာ သင်၏ အထက်လူကြီးများကို မည်သို့ မျက်နှာချိုသွေးရမည် သို့မဟုတ် ချဉ်းကပ်ရမည်ကို မသိပါက သင်သည် တစ်သက်လုံး မည်သည့်အခါမျှ မြှင့်တင်ပေးခြင်း သို့မဟုတ် ပျိုးထောင်ခြင်း ခံရမည်မဟုတ်ဘဲ မည်သူကမျှ သင့်ကို ရှာဖွေတွေ့ရှိမည် မဟုတ်ပေ။ ထို့ကြောင့် ဘာသာတရားမရှိသူတို့တွင် “လောက၌ အရည်အချင်းရှိသောသူများစွာ ရှိသော်လည်း၊ ၎င်းတို့ကို အသိအမှတ်ပြုနိုင်သူ နည်းပါးလှသည်။” ဟူသော ဆိုရိုးစကားတစ်ခု ရှိသည်။ ဤအရာသည် ဘုရားအိမ်တော်၌ မှန်ကန်သလော။ (မမှန်ကန်ပါ။) သို့ဆိုလျှင် “ပတ္တမြားမှန်လျှင် နွံတွင်နစ်သော်လည်း မညစ်ပေ” ဟူသော အဆိုအမိန့်သည် မှန်ကန်သလော။ ယင်းသည် ခိုင်လုံသလော။ (မခိုင်လုံပါ။) မထီမဲ့မြင်ပြုပြီး မည်သူ့ကိုမျှ အလျှော့မပေးသော လူတို့သည် ဤသို့ မကြာခဏ ပြောဆိုကြသည်။ အမြဲတမ်း ထွန်းလင်းတောက်ပလိုခြင်းဟူသည်မှာ လူ၏ ရည်မှန်းချက်ဖြစ်သည်။ ဘုရားအိမ်တော်က မြှင့်တင်ပေးပြီး ပျိုးထောင်သည့် ပင်ကိုစွမ်းရည်ရှိသူ အမျိုးမျိုးတို့သည် ရွှေမဟုတ်ကြဘဲ သာမန်လူများသာ ဖြစ်ကြသည်။ ငါတို့ပြောဆိုသည့် မြှင့်တင်ပေးခြင်းနှင့် ပျိုးထောင်ခြင်းသည် ပြောဆိုပုံတစ်မျိုးသာဖြစ်သည်၊ အမှန်တကယ်တွင် ဤသည်မှာ ဘုရားသခင်၏ ချီးမြှောက်ခြင်းကို ရည်ညွှန်းသည်။ ဖန်ဆင်းခံတစ်ဦးဖြစ်သည့် သင်သည် ဖန်ဆင်းရှင်၏ ရှေ့မှောက်၌ ရွှေဖြစ်သလော။ သင်သည် မြေမှုန့်မျှသာဖြစ်သည်၊ ကြေး၊ သို့မဟုတ် သံပင်မဟုတ်ပေ။ သင်သည် ရွှေမဟုတ်ဘဲ မြေမှုန့်ဖြစ်သည်ဟု ငါအဘယ်ကြောင့် ပြောဆိုရသနည်း။ လူတို့၌ ချီးကျူးဖွယ်ရာ တစ်စုံတစ်ရာ မရှိပေ။ အချို့က “ကိုယ်တော်ပြောသည့်အရာသည် ရှေ့နောက်မညီညွတ်သည် မဟုတ်လော။ အပြုသဘောဆောင်သော အရာများကို နှစ်သက်ခြင်းဟူသည့် စံသတ်မှတ်ချက်နှင့် ကိုက်ညီပါက တစ်စုံတစ်ဦးသည် မြှင့်တင်ပေးခြင်း ခံရနိုင်သည်ဟု ကိုယ်တော် ယခု ပြောဆိုခဲ့သည် မဟုတ်လော” ဟု မေးကောင်းမေးနိုင်သည်။ လူတစ်ဦးအနေဖြင့် အပြုသဘောဆောင်သော အရာများကို နှစ်သက်သင့်သည် မဟုတ်လော။ သင်သည် အပြုသဘောဆောင်သော အရာအနည်းငယ်ကို နှစ်သက်လျှင် ယင်းက သင့်ကို ရွှေဖြစ်စေသလော။ ယင်းက သင့်ကို ထွန်းလင်းတောက်ပစေသလော။ သင်သည် အပြုသဘောဆောင်သော အရာအနည်းငယ်ကို နှစ်သက်လျှင် ယင်းက သင်၌ သမ္မာတရားရှိသည်ဟု ဆိုလိုသလော။ သမ္မာတရားရှိခြင်းအားဖြင့်သာ လူတစ်ဦးသည် ထွန်းလင်းတောက်ပသည်။ သင်၌ သမ္မာတရားမရှိလျှင် သင်ထွန်းလင်းတောက်ပသည်ဟု မည်သို့ ဆိုနိုင်မည်နည်း။ အမှန်မှာ ဖန်ဆင်းခံတစ်ဦးသည် မည်သည့်သမ္မာတရားကိုမျှ နားမလည်ပေ။ လူ့သဘာဝအချို့နှင့် သမ္မာတရားကို သဘောပေါက်နားလည်နိုင်သည့် အရည်အချင်းနှင့် အစွမ်းအစအချို့ကို ပိုင်ဆိုင်ခြင်းက လူတစ်ဦးသည် သမ္မာတရားကို ပင်ကိုအားဖြင့် ပိုင်ဆိုင်သည်ဟု မဆိုလိုပေ။ လူတို့သည် သမ္မာတရားကို မပိုင်ဆိုင်ကြပေ၊ ၎င်းတို့၏ လူ့သဘာဝသည် ဖြောင့်မတ်သည်ဖြစ်စေ၊ ကြင်နာသည်ဖြစ်စေ ဤအရာများသည် သမ္မာတရားမဟုတ်ဘဲ ပုံမှန်လူ့သဘာဝ ပိုင်ဆိုင်သင့်သည့် အရည်အသွေးများသာ ဖြစ်ကြသည်။ ထို့ကြောင့် ထွန်းလင်းတောက်ပခြင်းအကြောင်းကို မပြောဆိုနှင့်။ သို့ဆိုလျှင် လူတစ်ဦးသည် မည်သည့်အချိန်တွင် အနည်းငယ် ထွန်းလင်းတောက်ပနိုင်သနည်း။ ၎င်းတို့သည် “ယေဟောဝါသည် ပေးတော်မူ၏၊ ပြီးလျှင် ယေဟောဝါသည် ပြန်နုတ်သိမ်းတော်မူ၏၊ ယေဟောဝါ၏ နာမတော်သည် မင်္ဂလာရှိပါစေ။” (ယောဘ ဝတ္ထု ၁:၂၁) ဟူသော ယောဘ၏ စကားများကို မြွက်ဆိုနိုင်သည့်အချိန်သည် ၎င်းတို့သည် အနည်းငယ် ထွန်းလင်းတောက်ပပြီး အလင်းထဲ၌ အသက်ရှင်သည်ဟု ဆိုနိုင်သည့်အချိန်ဖြစ်သည်။ သင်သည် အခြားသူများကို ထောက်ပံ့ရန်၊ ကူညီရန်နှင့် ဦးဆောင်ရန် သင်ပိုင်ဆိုင်သည့် သမ္မာတရား လက်တွေ့ကျမှုနှင့် သင်နားလည်သည့် သမ္မာတရားကို အသုံးပြုနိုင်သည့်အခါ၊ ထိုသို့ဖြင့် ၎င်းတို့ကို ဘုရားသခင်၏ ရှေ့မှောက်သို့နှင့် သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဆောင်ကြဉ်းနိုင်ပြီး ဘုရားသခင်ကို ကျိုးနွံနာခံစေကာ ကိုးကွယ်စေနိုင်သည့်အခါတွင်မှသာ သင်သည် အနည်းငယ် ထွန်းလင်းတောက်ပနိုင်ပေသည်။

ဘုရားအိမ်တော်က ပျိုးထောင်သည့် ပင်ကိုစွမ်းရည်ရှိသူ အမျိုးမျိုးတို့သည် သဘာဝလွန်သော ပင်ကိုစွမ်းရည်ရှိသူများ မဟုတ်ကြဘဲ သာမန်ဖြစ်သော၊ ဖောက်ပြန်ပျက်စီးသည့် လူများသာ ဖြစ်ကြသည်။ ၎င်းတို့သည် သမ္မာတရားကို လက်ခံနိုင်ပြီး ကျိုးနွံနာခံကာ အစွမ်းအစ တစ်ခုခု ပိုင်ဆိုင်သရွေ့ ဘုရားအိမ်တော်က ၎င်းတို့ကို ခြွင်းချက်အနေဖြင့် မြှင့်တင်ပေးပြီး ပျိုးထောင်မည်ဖြစ်သည်။ လူတို့ကို ခြွင်းချက်အနေဖြင့် မြှင့်တင်ပေးပြီး ပျိုးထောင်ခြင်းအကြောင်းကို ငါပြောဆိုသည့်အခါ၊ ဤသည်မှာ ဘုရားသခင်၏ ချီးမြှောက်ခြင်းကို ဆိုလိုသည်၊ ဤကာလအတွင်း သင်သည် သမ္မာတရား လက်တွေ့ကျမှုထဲသို့ တတ်နိုင်သမျှ လျင်မြန်စွာ ဝင်ရောက်နိုင်ရန်နှင့် သမ္မာတရား စည်းမျဉ်းများကို တိကျစွာ သဘောပေါက်နားလည်နိုင်ရန်၊ သင်၏ တာဝန်ကို စံနှုန်းပြည့်မီသော နည်းလမ်းဖြင့် ထမ်းဆောင်ရန်နှင့် လူသားပုံသဏ္ဌာန်ဖြင့် အသက်ရှင်နေထိုင်ရန်အလို့ငှာ သင့်ကို ဘုရားသခင်၏ ရှေ့မှောက်သို့ လာရောက်ပြီး ဘုရားသခင်၏ ဦးဆောင်မှုကို လက်ခံရန်၊ ဘုရားသခင်၏ ပျိုးထောင်ခြင်းနှင့် လေ့ကျင့်ပေးခြင်းကို လက်ခံရန် အခွင့်အရေးပေးခြင်းကို ဆိုလိုသည်။ ဤသည်မှာ ဘုရားအိမ်တော်၌ “ပင်ကိုစွမ်းရည်ရှိသူများ” ဟုဆိုရာ၌ ရည်ညွှန်းသည့်အရာ ဖြစ်သည်။ ထိုသို့သောလူများသည် အနည်းငယ်မျှပင် ကြီးကျယ်ခြင်းလည်းမရှိ၊ အထင်ကြီးစရာလည်းမကောင်းပေ၊ ၎င်းတို့သည် သမ္မာတရားကို နားလည်ခြင်းသာဖြစ်ပြီး သမ္မာတရား လက်တွေ့ကျမှုကို ပိုင်ဆိုင်ကာ မိမိတို့၏ တာဝန်ကို ကျေပွန်စွာ၊ တာဝန်သိစွာ ထမ်းဆောင်နိုင်သည်။ ရိုးသားမှုအနည်းငယ်ရှိကာ အဖိုးအခအနည်းငယ်ကို ပေးဆပ်နိုင်စွမ်းရှိပြီး ၎င်းတို့၏ အယူအဆများနှင့် စိတ်ကူးများကို အခြေခံ၍ ထင်ရာစိုင်းမပြုမူကြပေ။ ခြွင်းချက်အဖြစ် ဤစံသတ်မှတ်ချက်များနှင့် ကိုက်ညီသော လူတို့ကို မြှင့်တင်ပေးပြီး ပျိုးထောင်လျက် ၎င်းတို့ကို လေ့ကျင့်ပေးရာ၌ ဘုရားအိမ်တော်အနေဖြင့် ဤသို့ပြုလုပ်ခြင်းသည် သင့်လျော်သလော။ ယင်းသည် လူတို့အတွက် အကျိုးရှိသလော။ ယင်းသည် လူတို့အတွက် အလွန်တရာ အကျိုးရှိပါသည်။ မြှင့်တင်ပေးပြီး ပျိုးထောင်ခြင်းခံရသောသူတို့သည် အခြားယုံကြည်သူများနည်းတူ ဘုရားသခင်ကို ယုံကြည်ကြပြီး ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုကာ တရားဒေသနာများကို နားထောင်ပြီး မိမိတို့၏ တာဝန်ကို ထမ်းဆောင်ကြသည်၊ သို့သော် အခြားယုံကြည်သူများနှင့် နှိုင်းယှဉ်လျှင်မူ ၎င်းတို့သည် ပို၍ လျင်မြန်စွာ ကြီးထွားပြီး ပို၍ ရရှိကြလိမ့်မည်။ သင်တို့သည် ပို၍ ရရှိလိုသလော၊ သို့မဟုတ် အနည်းငယ်သာ ရရှိလိုသလော။ (ပို၍ရရှိလိုပါသည်။) လူအများစုတွင် ဤဆန္ဒရှိကြသည်၊ ယင်းက ၎င်းတို့သည် အပြုသဘောဆောင်သော အရာများကို နှစ်သက်ကြသည်ဟု ဆိုလိုသည်။ တစ်ခါတစ်ရံ ငါသည် အဖွဲ့အချို့နှင့် အသက်ဝင်ရောက်မှုအကြောင်း မိတ်သဟာယဖွဲ့သည့်အခါ လူအတော်များများက လာရောက်နားထောင်ကြသည်၊ ယင်းက လူအများစုသည် သမ္မာတရားကို တောင့်တသော ဆန္ဒရှိကြပြီး သမ္မာတရားကို ပို၍ နားလည်လိုစိတ်ရှိကြကာ သမ္မာတရား လက်တွေ့ကျမှုထဲသို့လည်း ဝင်ရောက်လိုစိတ်ရှိကြကြောင်း ပြသသည်။ အစပိုင်းတွင် ငါသည် လူအချို့နှင့် မိတ်သဟာယဖွဲ့ခဲ့ရာ ၎င်းတို့သည် အလွန်ပင် ထုံထိုင်းနေခဲ့ကြသည်။ ငါသည် အချိန်ကြာမြင့်စွာ စကားပြောခဲ့သော်လည်း ၎င်းတို့သည် တုံ့ပြန်ခြင်းမရှိသကဲ့သို့ အပြုံးအရိပ်အယောင် အနည်းငယ်မျှပင် မပြခဲ့ကြပေ။ ငါသည် ၎င်းတို့နှင့် တစ်နှစ် သို့မဟုတ် နှစ်နှစ်ကြာ ထိတွေ့ဆက်ဆံပြီးနောက်တွင် ၎င်းတို့အများစုသည် ၎င်းတို့၏ မျက်နှာအမူအရာများတွင် ပို၍ သဘာဝကျလာပြီး တုံ့ပြန်လာကြကာ အချိန်ကြာလာသည်နှင့်အမျှ ၎င်းတို့၏ တုံ့ပြန်မှုများသည် အနည်းငယ် ပို၍ လျင်မြန်လာခဲ့သည်။ ဆိုလိုသည်မှာ ၎င်းတို့သည် လူသေများအဖြစ်မှ လူရှင်များအဖြစ်သို့ ပြောင်းလဲသွားပြီး ၎င်းတို့၏ ဝိညာဉ်များ နိုးထလာခဲ့သည်။ ဤသည်ကို မည်သို့ စွမ်းဆောင်ရရှိခဲ့သနည်း။ အကယ်၍ လူတို့သည် သမ္မာတရားကို နားမလည်ပါက ၎င်းတို့သည် အပြုသဘောဆောင်သော အရာများကို မည်မျှပင် နှစ်သက်ပါစေ၊ သို့မဟုတ် မည်မျှပင် ထက်မြက်ပါစေ၊ ဉာဏ်ကောင်းပါစေ ၎င်းတို့သည် လူသေများသာ ဖြစ်နေဆဲဖြစ်သည်။ အချို့လူများသည် နုံအပြီး ထုံထိုင်းစွာဖြင့် စတင်ကြသည်၊ လောကတွင် မည်သူကမျှ ၎င်းတို့ကို အထင်မကြီးကြဘဲ ၎င်းတို့သည် အလွန် ပညာမတတ်ကြသကဲ့သို့ ၎င်းတို့၏ အမြင်သည်လည်း အလွန်ကျယ်ပြန့်ခြင်းမရှိပေ။ သို့သော် ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်လာပြီးနောက်တွင် သမ္မာတရားများစွာကို နားလည်နိုင်ပြီး အမှုအရာများစွာကို ရှင်းလင်းစွာ မြင်နိုင်ကာ ထို့နောက် လူသားပုံသဏ္ဌာန်ကို အသက်ရှင်နေထိုင်ကြသည်။ ထိုသို့ဖြင့် လူရှင်များ ဖြစ်လာကြသည်။ “လူရှင်များ” ဆိုသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ယင်းမှာ သင်၏ ရုပ်ခန္ဓာသည် အသက်ရှင်သည် သို့မဟုတ် သေဆုံးသည်ကိုလည်းကောင်း၊ သင်၏ ခန္ဓာကိုယ်သည် လှုပ်ရှားနိုင်သည် သို့မဟုတ် အသက်ရှူနိုင်သည်ကိုလည်းကောင်း ဆိုလိုခြင်းမဟုတ်ဘဲ သင်၏ ဝိညာဉ်သည် ဘုရားနှုတ်ကပတ်တော်များနှင့် သမ္မာတရားကို သိမြင်နားလည်ပြီး တုံ့ပြန်မှုရှိမရှိကို ဆိုလိုသည်။ လူရှင်များသည် သမ္မာတရားနှင့် ဘုရားနှုတ်ကပတ်တော်များကို တုံ့ပြန်ကြသည်။ ဘုရားနှုတ်ကပတ်တော်များကို ကြားပြီးနောက်တွင် ၎င်းတို့၌ သိမြင်စိတ်၊ လမ်းကြောင်းတစ်ခု၊ အစီအစဉ်တစ်ခုနှင့် ပန်းတိုင်တစ်ခု ရှိကြသည်။ လူသေများတွင် ဤသရုပ်သကန်များ မရှိပေ။ သို့ဖြစ်၍ အကယ်၍ ဘုရားအိမ်တော်က တစ်စုံတစ်ဦးကို မြှင့်တင်ပေးပြီး ပျိုးထောင်ပါက ဤသူသည် အတော်အတန် ပို၍ ရရှိလိမ့်မည်။ သို့ဆိုလျှင် ဤစံသတ်မှတ်ချက်များနှင့် မကိုက်ညီဘဲ မြှင့်တင်ပေးခြင်း သို့မဟုတ် ပျိုးထောင်ခြင်း မခံရသော လူတို့သည် မည်သို့ လုံလောက်စွာ ရရှိနိုင်မည်နည်း။ ၎င်းတို့သည် သမ္မာတရား လက်တွေ့ကျမှုထဲသို့ မည်သို့ လျင်မြန်စွာဝင်ရောက်နိုင်မည်နည်း။ ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ပြီး တွေ့ကြုံခံစားတတ်ရန်၊ သမ္မာတရားများစွာကို နားလည်မှု ရရှိရန် သင်ယူရမည်ဖြစ်ပြီး လူတို့ကို ပိုင်းခြားသိမြင်ရန်နှင့် ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကိုလည်း အသုံးချနိုင်ရမည်ဖြစ်သည်။ ထိုသို့ဆိုလျှင် ၎င်းတို့သည် သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်နိုင်ပေမည်။

အချို့လူများက “ဘုရားအိမ်တော်သည် ပင်ကိုစွမ်းရည်ရှိသူ အမျိုးမျိုးတို့ကို မြှင့်တင်ပေးပြီး ပျိုးထောင်ကာ ၎င်းတို့ကို သမ္မာတရား လက်တွေ့ကျမှုထဲသို့ တတ်နိုင်သမျှ လျင်မြန်စွာ ဝင်ရောက်ခွင့်ပြုသည်ကို ထောက်ရှုလျှင် အရည်အချင်းမရှိသော လူတို့သည် သမ္မာတရား လက်တွေ့ကျမှုထဲသို့ မဝင်ရောက်နိုင်ဟု ဆိုလိုသည် မဟုတ်လော” ဟု ပြောဆိုကြသည်။ ထိုသို့ပြောဆိုခြင်းသည် မှန်ကန်သလော။ (မဟုတ်ပါ၊ မှားယွင်းပါသည်။) သို့ဖြစ်လျှင် ဤအကြောင်းအရာကို မိတ်သဟာယဖွဲ့ပြီးနောက်၊ ယင်းက အချို့လူတို့ကို စိတ်လှုပ်ရှားစေပြီး အခြားသူတို့ကိုမူ စိတ်မချမ်းမသာဖြစ်ကာ စိတ်ပျက်အားငယ်စေခဲ့သလော။ ဤအရာကို ဤသို့ရှုမြင်သင့်သည်။ မြှင့်တင်ပေးပြီး ပျိုးထောင်ခြင်းခံခဲ့ရသောသူတို့သည် မာနမထောင်လွှားသင့်ပေ။ သင်၌ ဝါကြွားစရာ တစ်စုံတစ်ရာ မရှိ၊ ဤသည်မှာ ဘုရားသခင်၏ ကျေးဇူးတော်နှင့် ကောင်းချီးမင်္ဂလာ ဖြစ်သည်။ ဘုရားသခင်က သင့်ကို ပို၍ ပေးသည့်အခါ၊ ကိုယ်တော်သည် သင့်ကိုလည်း သင်ကိုယ်တိုင် ပို၍ ပေးဆပ်ရန် တောင်းဆိုသည်။ အကယ်၍ ဘုရားအိမ်တော်က သင့်ကို ခြွင်းချက်အနေဖြင့် မြှင့်တင်ပေးပြီး ပျိုးထောင်ပါက၊ ယင်းမှာ သင်သည် ပိုမြင့်သော အဖိုးအခကို ပေးဆပ်ရန် လိုအပ်သည်ဟု ဆိုလိုသည်။ အကယ်၍ သင်သည် ဤအခက်အခဲကို ခံနိုင်လျှင် သင်သည် ပို၍ ရရှိမည်မှာ အမှန်ပင်ဖြစ်သည်။ အကယ်၍ သင်က “ကျွန်ုပ်သည် ဤအခက်အခဲကို မခံလိုပါ” ဟု ဆိုလျှင် သင်သည် သမ္မာတရားကို ရရှိမည်မဟုတ်သကဲ့သို့ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာကိုလည်း ရရှိမည်မဟုတ်ပေ။ အချို့လူများက “ကျွန်ုပ်သည် ထိုအရာများကို ရရှိလိုသော်လည်း မရနိုင်ဟု ထင်ပါသည်၊ အကြောင်းမှာ ဘုရားအိမ်တော်က ကျွန်ုပ်ကို ခြွင်းချက်အနေဖြင့် မြှင့်တင်ပေးပြီး ပျိုးထောင်မည် မဟုတ်သောကြောင့် ဖြစ်သည်။ ကျွန်ုပ်သည် စံသတ်မှတ်ချက်များနှင့် မကိုက်ညီပါ” ဟု ပြောဆိုကြသည်။ သင်သည် စံသတ်မှတ်ချက်များနှင့် မကိုက်ညီလျှင် အရေးမကြီးပေ။ သင်သည် သမ္မာတရားကို လိုက်စားပြီး ယင်းဆီသို့ ကြိုးစားအားထုတ်နေသရွေ့ ဘုရားသခင်သည် သင့်ကို မတရားဆက်ဆံမည် မဟုတ်ပေ။ မြှင့်တင်ပေးပြီး ပျိုးထောင်ခြင်းခံရသည့် ဤလူတို့သည် ၎င်းတို့၏ အစွမ်းအစကြောင့်နှင့် ၎င်းတို့၏ အမျိုးမျိုးသော အခြေအနေများကြောင့် သမ္မာတရား လက်တွေ့ကျမှုထဲသို့ စော၍ ဝင်ရောက်နိုင်ခြင်းသာ ဖြစ်သည်။ သို့သော်လည်း ဤသို့ စောစီးစွာ ဝင်ရောက်ခြင်းသည် ၎င်းတို့သာ သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်နိုင်သောသူများဖြစ်သည်ဟု မဆိုလိုပေ။ ယင်းမှာ ၎င်းတို့သည် စော၍ အနည်းငယ် ပိုရနိုင်ပြီး သမ္မာတရား လက်တွေ့ကျမှုထဲသို့ အနည်းငယ် စော၍ ဝင်ရောက်နိုင်ခြင်းကိုသာ ဆိုလိုသည်။ မြှင့်တင်ပေးခြင်း မခံရသောသူတို့သည် ၎င်းတို့၏ နောက်တွင် အနည်းငယ် ကျန်ရစ်လိမ့်မည်၊ သို့သော် ဤသည်မှာ ၎င်းတို့သည် သမ္မာတရား လက်တွေ့ကျမှုထဲသို့ မဝင်ရောက်နိုင်ဟု မဆိုလိုပေ။ တစ်စုံတစ်ဦးသည် သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်နိုင်ခြင်း ရှိမရှိသည် ၎င်းတို့၏ လိုက်စားမှုများအပေါ်တွင် မူတည်သည်။ မြှင့်တင်ပေးပြီး ပျိုးထောင်ခြင်းခံရသည့် ဤလူတို့သည် ပျိုးထောင်ခြင်း ဖြစ်စဉ်အတွင်း သမ္မာတရား စည်းမျဉ်းများကို ပို၍ လျင်မြန်စွာ သဘောပေါက်နားလည်နိုင်ပြီး သမ္မာတရား လက်တွေ့ကျမှုထဲသို့ ပို၍ လျင်မြန်စွာ ဝင်ရောက်နိုင်ရာ၊ ယင်းက ဘုရားအိမ်တော်၏ အလုပ်ကို အကျိုးပြုသည်။ ထို့ကြောင့် ကောင်းမွန်သော အစွမ်းအစရှိပြီး သမ္မာတရားကို နှစ်သက်သည်ဟု တွေ့ရှိရသော လူတို့ကို မြှင့်တင်ပေးပြီး ပျိုးထောင်ခြင်းသည် မှန်ကန်သည်။ အကယ်၍ တစ်စုံတစ်ဦးသည် ဤလူတို့ကို ရှာဖွေတွေ့ရှိနိုင်ပြီး ၎င်းတို့အပေါ် မနာလိုဝန်တိုခြင်း သို့မဟုတ် ၎င်းတို့ကို နှိမ့်ချခြင်းမရှိဘဲ မြှင့်တင်ပေးကာ ပျိုးထောင်နိုင်လျှင်၊ ထိုအစား ၎င်းတို့ကို ဂရုစိုက်မှုပေးလျှင် ၎င်းတို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို အလေးထားခြင်း ဖြစ်သည်။ ဆန့်ကျင်ဘက်အားဖြင့် အကယ်၍ အချို့လူတို့သည် မနာလိုဝန်တိုပြီး ဤလူတို့သည် ၎င်းတို့ထက် ပိုကောင်းကာ ၎င်းတို့ကို ကျော်လွန်သွားမည်ကို စိုးရိမ်သဖြင့် ၎င်းတို့ကို ဖယ်ကြဉ်ပြီး နှိမ့်ချပါက၊ ဤသည်မှာ ရှင်းလင်းသော ဒုစရိုက်အမှုတစ်ခုဖြစ်ပြီး အန္တိခရစ်များ မကြာခဏ လုပ်ဆောင်လေ့ရှိသည့်အရာ ဖြစ်သည်။ ဆိုးယုတ်သောလူများနှင့် အန္တိခရစ်များသာလျှင် ညီအစ်ကိုမောင်နှမများကို တိုက်ခိုက်ပြီး ဖယ်ကြဉ်နိုင်ကြသည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။