ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၅) အခန်း သုံး

ဘုရားအိမ်တော်က လူတို့ကို မြှင့်တင်ပေးပြီး ပျိုးထောင်ခြင်းနှင့်ပတ်သက်၍ ရှိသင့်သော နားလည်မှုနှင့် သဘောထား

ငါတို့ ယခု မိတ်သဟာယဖွဲ့ခဲ့သည့်အရာမှာ ဘုရားအိမ်တော်က ပင်ကိုစွမ်းရည်ရှိသူအမျိုးမျိုးတို့ကို မြှင့်တင်ပေးပြီး ပျိုးထောင်ခြင်း၏ ရည်ရွယ်ချက်များ ဖြစ်ကြသည်။ မြှင့်တင်ပေးပြီး ပျိုးထောင်ရန် ရွေးချယ်ခံရသောသူတို့ လုပ်ဆောင်သည့် အလုပ်အမျိုးအစားသည် နည်းပညာဆိုင်ရာ အလုပ်ဖြစ်စေ၊ သာမန်အလုပ်ဖြစ်စေ၊ သို့မဟုတ် အသင်းတော်၏ အထွေထွေကိစ္စရပ်များဖြစ်စေ မည်သို့ပင်ဖြစ်ပါစေ၊ အတိုချုပ်အားဖြင့်၊ ယင်းတို့အားလုံးသည် ၎င်းတို့ကို သမ္မာတရား စည်းမျဉ်းများကို နားလည်ပြီး သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်စေရန်အလို့ငှာ ဖြစ်သည့်အပြင် ဘုရားသခင်၏ ရည်ရွယ်ချက်များကို ဖြည့်ဆည်းရန်အလို့ငှာ ၎င်းတို့၏ တာဝန်ကို တတ်နိုင်သမျှ လျင်မြန်စွာ စံနှုန်းပြည့်မီသော နည်းလမ်းဖြင့် ထမ်းဆောင်နိုင်စေရန် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်က လူတို့ထံမှ လိုအပ်သည့်အရာဖြစ်ပြီး၊ ယင်းသည် အသင်းတော်အလုပ်အတွက်လည်း လိုအပ်သည့်အရာ ဖြစ်သည်မှာ အမှန်ပင်ဖြစ်သည်။ ဘုရားအိမ်တော်က ပင်ကိုစွမ်းရည်ရှိသူ အမျိုးမျိုးတို့ကို မြှင့်တင်ပေးပြီး ပျိုးထောင်ခြင်း၏ အရေးပါမှုကို သင်တို့ ယခု နားလည်ပြီလော။ နားလည်မှုလွဲမှားခြင်းများ ရှိနေသေးသလော။ (မရှိပါ။) အချို့လူများက “ယခု ဤသူသည် ခေါင်းဆောင်တစ်ဦးအဖြစ် မြှင့်တင်ပေးခြင်းခံရပြီး အဆင့်အတန်းရှိလာသောကြောင့် သူသည် သာမန်လူတစ်ဦး မဟုတ်တော့ပေ” ဟု ပြောဆိုကြသည်။ ဤသို့ပြောဆိုခြင်းသည် မှန်သလော၊ မှားသလော။ (မှားယွင်းပါသည်။) အခြားသူများက “ခေါင်းဆောင်ဖြစ်လာသောသူတို့သည် အဆင့်အတန်းရှိကြသည်၊ သို့သော် ထိပ်ဆုံးတွင် တစ်ယောက်တည်း အထီးကျန်လှသည်။ သင် မြင့်မားစွာ တက်လှမ်းလေ၊ ပြုတ်ကျသည့်အခါ ပို၍ ပြင်းထန်လေ ဖြစ်သည်” ဟု ပြောကောင်းပြောနိုင်သည်။ ဤသို့ပြောဆိုခြင်းသည် မှန်သလော၊ မှားသလော။ ရှင်းလင်းစွာပင် မှားယွင်းပါသည်။ “သင် မြင့်မားစွာ တက်လှမ်းလေ၊ ပြုတ်ကျသည့်အခါ ပို၍ ပြင်းထန်လေ ဖြစ်သည်” ဟူသော ဆိုစကားသည် မည်သည့်လူများကို ရည်ညွှန်းသနည်း။ ယင်းသည် ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများရှိသော လူတို့ကို ရည်ညွှန်းသည်၊ ယင်းသည် အန္တိခရစ်များကို ရည်ညွှန်းသည်။ သမ္မာတရားကို လိုက်စားသောသူတို့သည် ခေါင်းဆောင်များ ဖြစ်လာသည့်အခါ၊ ယင်းသည် မြင့်မားစွာ တက်လှမ်းခြင်းမဟုတ်ပေ။ ယင်းသည် ဘုရားသခင်က ၎င်းတို့ကို ခြွင်းချက်အနေဖြင့် ချီးမြှောက်ခြင်းဖြစ်ပြီး၊ ဤဝန်ကို ၎င်းတို့အပေါ် တင်ထားကာ ၎င်းတို့ကို ခေါင်းဆောင်ပိုင်းအလုပ်ကို လုပ်ဆောင်ခွင့်ပြုသည့် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာ ဖြစ်သည်။ “သင် မြင့်မားစွာ တက်လှမ်းလေ၊ ပြုတ်ကျသည့်အခါ ပို၍ ပြင်းထန်လေ ဖြစ်သည်” ဟူသည်မှာ ဘာသာတရားမရှိသူတို့က ကောက်ချက်ချထားသည့်အရာဖြစ်ပြီး အစိုးရအရာရှိဘဝကို ဘာသာတရားမရှိသူတို့က လိုက်စားခြင်း၏ အကျိုးဆက်များကို ဖော်ပြသည်။ ထိုမယုံကြည်သူတို့သည် ပိုင်းခြားသိမြင်နိုင်စွမ်းမရှိဘဲ ဤဆိုစကားကို အပြုသဘောဆောင်သော လူတို့အပေါ် အသုံးပြုကြရာ၊ ယင်းမှာ ကြီးမားသော အမှားတစ်ခုဖြစ်သည်။ အခြားသူများက “သူသည် ကျေးလက်ဒေသတွင် မွေးဖွားခဲ့ပြီး၊ ယခု သူသည် အသင်းတော်ခေါင်းဆောင်တစ်ဦး ဖြစ်လာသည်။ အောက်ခြေမှ အထက်သို့တက်လှမ်းလာသူ ဖြစ်သည်” ဟု ပြောကောင်းပြောနိုင်သည်။ ဤသို့ပြောဆိုခြင်းသည် မှန်သလော၊ မှားသလော။ ဤသည်တို့မှာ ဘာသာတရားမရှိသူများ၏ နတ်ဆိုးဆန်သော စကားများဖြစ်ပြီး ဘုရားသခင် ရွေးချယ်ထားသောလူတို့အပေါ် အသုံးမပြုနိုင်ပေ။ ဘုရားအိမ်တော်၌ ဘုရားသခင်သည် သမ္မာတရားကို လိုက်စားသောသူများ၊ ရိုးသားသောသူများ၊ ကြင်နာသော စိတ်နှလုံးရှိသူများနှင့် ဘုရားအိမ်တော်၏ အလုပ်ကို ကာကွယ်သောသူများကို ကောင်းချီးပေးသည်။ ဤလူတို့သည် သမ္မာတရားကို နားလည်ပြီး ဝိညာဉ်ရင့်ကျက်မှုအချို့ကို ရရှိသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် အယောင်ဆောင်ခေါင်းဆောင်များနှင့် အန္တိခရစ်များဖြစ်သောသူတို့ကို အစားထိုးရန်အတွက် ပျိုးထောင်ခြင်းနှင့် လေ့ကျင့်ခြင်းအတွက် မြှင့်တင်ပေးခြင်းကို အနှေးနှင့်အမြန် ခံကြရလိမ့်မည်။ ဘုရားအိမ်တော်၌ စမ်းသပ်မှုများနှင့် စစ်ကြောမှုများစွာကို ခံရပ်ပြီး ဘုရားအိမ်တော်၏ အလုပ်ကို တစ်သမတ်တည်း ကာကွယ်ခဲ့သော အပြုသဘောဆောင်သည့် လူတို့သည် ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို ခံရသောသူများဖြစ်ကြပြီး ဘာသာတရားမရှိသူများ၏ နတ်ဆိုးဆန်သော စကားများကို ဤလူတို့ကို ဖော်ပြရန် အသုံးပြုခြင်းသည် မသင့်လျော်ပေ။ ထို့ကြောင့် ဘုရားအိမ်တော်ရှိ ကိစ္စရပ်များကို ဖော်ပြရန်နှင့် မိမိတို့၏ ကိုယ်ပိုင်အမြင်များကို ဖော်ပြရန် ဘာသာတရားမရှိသူများ၏ နတ်ဆိုးဆန်သော စကားများကို အမြဲအသုံးပြုသောသူတို့သည် သမ္မာတရားကို နားမလည်သောသူများနှင့် အမှုအရာများအပေါ် ယုတ္တိမတန်သော အမြင်များရှိသောသူများ ဖြစ်ကြသည်။ ၎င်းတို့၏ အမှုအရာများအပေါ် အမြင်များသည် လုံးဝမပြောင်းလဲသေးပေ။ ပြီးလျှင် ဘာသာတရားမရှိသူများ၏ အမြင်များသာ ဖြစ်နေဆဲဖြစ်ကာ ၎င်းတို့သည် ဘုရားသခင်ကို နှစ်အနည်းငယ် ယုံကြည်ခဲ့ကြပြီးဖြစ်သည့်တိုင် မည်သည့်သမ္မာတရားကိုမျှ လုံးဝမရရှိသေးဘဲ ဘုရားနှုတ်ကပတ်တော်များနှင့်အညီ အမှုအရာများကို ရှုမြင်နိုင်ခြင်း မရှိသေးပေ။ ထို့ကြောင့် ဤသို့ဆိုလျှင် ဤလူတို့သည် မယုံကြည်သူများနှင့် ဘာသာတရားမရှိသူများ ဖြစ်ကြသည်။ တစ်စုံတစ်ဦးသည် ခေါင်းဆောင်တစ်ဦး၊ သို့မဟုတ် အမှုဆောင်တစ်ဦးအဖြစ် အစေခံဖို့ မြှင့်တင်ပေးခြင်းခံရသည့်အခါ၊ သို့မဟုတ် ၎င်းသည် နည်းပညာဆိုင်ရာ အလုပ်တစ်မျိုးမျိုး၏ ကြီးကြပ်ရေးမှူးဖြစ်လာရန် ပျိုးထောင်ခြင်းခံရသည့်အခါ၊ ဤသည်မှာ ဘုရားအိမ်တော်က သူ့ကို ဝန်ထုပ်တစ်ခု ပေးအပ်ခြင်းထက် မပိုပေ။ ယင်းသည် စေခိုင်းချက်တာဝန်တစ်ခု၊ ဝတ္တရားတစ်ခုဖြစ်ပြီး အထူးတာဝန်တစ်ခု၊ အထူးအခွင့်အရေးတစ်ခုလည်းဖြစ်သည်မှာ မှန်ပေသည်။ ယင်းသည် ထူးခြားသော ချီးမြှောက်ခြင်းဖြစ်ပြီး သူနှင့်ပတ်သက်၍ ချီးမွမ်းဖို့ထိုက်တန်သည့်အရာ မည်သည့်အရာမျှ မရှိပေ။ တစ်စုံတစ်ယောက်သည် ဘုရားအိမ်တော်၏ မြှင့်တင်ပေးခြင်းခံရပြီး ပျိုးထောင်ခြင်းခံရသောအခါ ထိုသူသည် အထူးဆက်ဆံရေးနှင့် မျက်နှာသာပေးမှုကို ခံစားရနိုင်ရန်အလို့ငှာ ဘုရားသခင်၏ အိမ်တော်တွင် အထူးရာထူး၊ သို့မဟုတ် အဆင့်အတန်းရှိသည်ဟု မဆိုလိုပေ။ ထိုအစား ၎င်းတို့သည် ဘုရားအိမ်တော်၏ မြှင့်တင်ခြင်းကို ထူးကဲစွာ ခံရပြီးနောက်တွင် ၎င်းတို့သည် ဘုရားအိမ်တော်မှ လေ့ကျင့်ပေးခြင်းကို လက်ခံရရှိရန်၊ မည်မည်ရရရှိသော အသင်းတော်အလုပ်တစ်ခုခုအား လက်တွေ့လုပ်ဆောင်ရန် အကောင်းဆုံးအခြေအနေများပေးခြင်း ခံရသည်။ ပြီးလျှင် တစ်ချိန်တည်းတွင်ပင် ဘုရားအိမ်တော်သည် ဤသူအတွက် ပို၍မြင့်မားစွာ သတ်မှတ်ထားသည့် စံနှုန်းရှိလိမ့်မည်။ ဤသည်မှာ သူ၏ အသက်ဝင်ရောက်မှုအတွက် အလွန်အကျိုးရှိသည်။ လူတစ်ယောက်သည် ဘုရားသခင်၏ အိမ်တော်တွင် မြှင့်တင်ပေးပြီး ပျိုးထောင်ခြင်းခံရသောအခါ ထိုသူသည် တင်းကျပ်သော သတ်မှတ်ချက်များအောက်တွင် အထားခံရမည်ဖြစ်ပြီး တင်းကျပ်စွာ ကြီးကြပ်ခံရမည်ဟု အဓိပ္ပာယ်ရသည်။ ဘုရားသခင်၏ အိမ်တော်သည် ၎င်းတို့လုပ်ဆောင်သည့်အလုပ်ကို တင်းကျပ်စွာ စစ်ဆေးပြီး ကြီးကြပ်လိမ့်မည်။ ပြီးလျှင် ရှေ့သို့ တွန်းပို့လိမ့်မည်။ ၎င်းတို့၏ အသက်ဝင်ရောက်မှုကို နားလည်အောင်ပြုလုပ်ပြီး အရေးစိုက်လိမ့်မည်။ ဤအမြင်ရှုထောင့်မှကြည့်လျှင် ဘုရားသခင်၏ အိမ်တော်က မြှင့်တင်ပေးပြီး ပျိုးထောင်ပေးခြင်းခံရသောသူတို့သည် အထူးဆက်ဆံရေး၊ အထူးအဆင့်အတန်းနှင့် အထူးရာထူးကို ခံစားရသလော။ လုံးဝ မခံစားရပေ။ အထူးအဆင့်အတန်း တစ်ခုတလေကိုမျှ ပို၍ပင် မခံစားရပေ။ မြှင့်တင်ပေးခံရပြီး ပျိုးထောင်ခြင်းခံရသောလူတို့အတွက် ၎င်းတို့၏ တာဝန်ကို အတော်အတန် ထိရောက်စွာ ထမ်းဆောင်ခြင်း ရလဒ်အနေဖြင့် ၎င်းတို့သည် အရင်းအနှီးရှိသည်ဟု ခံစားရသောကြောင့် ရပ်တန့်ကာ သမ္မာတရားကို လိုက်စားခြင်းအား ရပ်လျှင် စမ်းသပ်မှုများနှင့် ဆင်းရဲဒုက္ခများကို ၎င်းတို့ ကြုံတွေ့ရသောအခါ ၎င်းတို့အန္တရာယ်ရှိလိမ့်မည်။ လူတို့၏ ဝိညာဉ်ရင့်ကျက်မှု အလွန်နုနယ်လျှင် ၎င်းတို့သည် ခိုင်မာစွာ ရပ်တည်နိုင်စွမ်း မရှိဖို့ ဖြစ်နိုင်ပေမည်။ အချို့ကပြောသည်။ “လူတစ်ယောက်က ခေါင်းဆောင်အဖြစ် မြှင့်တင်ပေးခံရပြီး ပျိုးထောင်ခံရလျှင် ထိုသူတွင် အဆင့်အတန်းရှိသည်။ ထိုသူသည် သားဦးများထဲမှ တစ်ယောက်မဟုတ်လျှင်ပင် အနည်းဆုံးအနေဖြင့် ဘုရားသခင်၏ လူများထဲမှ တစ်ယောက်ဖြစ်လာရန် မျှော်လင့်ချက်ရှိသည်။ ငါသည် မည်သည့်အခါမျှ မြှင့်တင်ပေးခြင်း၊ သို့မဟုတ် ပျိုးထောင်ခံရခြင်းမရှိဖူးပေ။ ထို့ကြောင့် ငါသည် ဘုရားသခင်၏ လူများထဲမှ တစ်ယောက်ဖြစ်လာဖို့ မျှော်လင့်ချက်မရှိသလော။” ဤသို့စဉ်းစားသည်မှာ မှားယွင်းသည်။ ဘုရားသခင်၏ လူများထဲမှ တစ်ယောက်ဖြစ်လာရန် သင်သည် ဘဝအတွေ့အကြုံရှိရမည်။ ဘုရားသခင်ကို ကျိုးနွံနာခံသူတစ်ဦး ဖြစ်ရမည်။ သင်သည် ခေါင်းဆောင်ဖြစ်စေ၊ အမှုဆောင်ဖြစ်စေ၊ သာမန်နောက်လိုက်တစ်ယောက်ဖြစ်စေ၊ သမ္မာတရားလက်တွေ့ကျမှုကို ပိုင်ဆိုင်သူမည်သူမဆိုသည် ဘုရားသခင်၏ လူများထဲမှ တစ်ယောက်ဖြစ်သည်။ သင်က ခေါင်းဆောင်၊ သို့မဟုတ် အမှုဆောင်တစ်ယောက်ဖြစ်လျှင်ပင်၊ သမ္မာတရားလက်တွေ့ကျမှုများ ကင်းမဲ့လျှင် သင်သည် အလုပ်လုပ်ပေးသူတစ်ယောက်ဖြစ်ဆဲဖြစ်သည်။ အမှန်တကယ်တွင်၊ မြှင့်တင်ပေးခံရပြီး ပျိုးထောင်ခြင်းခံရသောသူများနှင့် ပတ်သက်ပြီး ထူးခြားသောအရာ မည်သည့်အရာမျှ မရှိပေ။ အခြားလူများနှင့် ကွာခြားသော တစ်ခုတည်းသောအရာမှာ ၎င်းတို့တွင် ပို၍ကောင်းသော ပတ်ဝန်းကျင်၊ ပို၍ ကောင်းသော အခွင့်အလမ်းများနှင့် သမ္မာတရားစည်းမျဉ်းများပါဝင်သော တိကျသော အလုပ်ကို လုပ်ဆောင်ရန် ပိုကောင်းသောအခြေအနေများရှိခြင်းဖြစ်သည်။ သင်လုပ်ဆောင်သည့် အလုပ်အများစုသည် သီးခြားအတတ်ပညာတစ်ခုနှင့် သက်ဆိုင်လျှင်ပင်၊ ယင်းကို စည်းကမ်းတကျဖြစ်စေရန်နှင့် စစ်ဆေးရန် သမ္မာတရား စည်းမျဉ်းများ မရှိပါက၊ သင်ထမ်းဆောင်သည့် တာဝန်သည် စည်းမျဉ်းများနှင့် ကိုက်ညီမည်မဟုတ်ဘဲ သင်သည် အလုပ်လုပ်ပေးခြင်းသာဖြစ်ပြီး ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို သင်ဧကန်မုချ ရရှိမည်မဟုတ်ပေ။ မြှင့်တင်ပေးပြီး ပျိုးထောင်ခြင်းခံရသည့် ပင်ကိုစွမ်းရည်ရှိသူ အမျိုးမျိုးတို့အတွက် ဘုရားအိမ်တော်၏ လိုအပ်ချက်များမှာ အဘယ်နည်း။ ဘုရားအိမ်တော်၏ ရာထူးတိုးမြှင့်ခြင်းနှင့် ပျိုးထောင်ခြင်းကို ခံရရန်အတွက် အနည်းဆုံးအနေဖြင့် ၎င်းတို့သည် အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိသူများ၊ သမ္မာတရားကို လက်ခံနိုင်သူများ၊ မိမိတို့၏ တာဝန်ကို သစ္စာရှိစွာ ထမ်းဆောင်သူများနှင့် ဘုရားသခင်၏ စီစဉ်ညွှန်ကြားခြင်းများနှင့် အစီအစဉ်များကို ကျိုးနွံနာခံနိုင်သူများ ဖြစ်ရမည်ဖြစ်ပြီး အနည်းဆုံးအနေဖြင့် ၎င်းတို့သည် ပြုပြင်ခြင်းကို ခံရသည့်အခါ လက်ခံပြီး ကျိုးနွံနာခံနိုင်စွမ်း ရှိရမည်ဖြစ်သည်။ ဘုရားအိမ်တော်၏ ပျိုးထောင်ခြင်းနှင့် လေ့ကျင့်ပေးခြင်းကို ခံရသောလူတို့ ရရှိရမည့်အကျိုးသက်ရောက်မှုမှာ ၎င်းတို့သည် အရာရှိများ သို့မဟုတ် သူဌေးများ ဖြစ်လာနိုင်ခြင်း၊ သို့မဟုတ် ဦးဆောင်သည့်နေရာတွင်ရှိနိုင်ခြင်း မဟုတ်ပေ၊ ၎င်းတို့သည် လူတို့၏ တွေးခေါ်ပုံကို အကြံပေးနိုင်ခြင်းလည်း မဟုတ်ပေ၊ ၎င်းတို့တွင် ပိုကောင်းသော အတတ်ပညာဆိုင်ရာ ကျွမ်းကျင်မှုများ သို့မဟုတ် ပိုမြင့်သော ပညာရေးအဆင့်အတန်း၊ သို့မဟုတ် ပိုကြီးမားသော ကျော်ကြားမှုရှိခြင်း၊ သို့မဟုတ် ၎င်းတို့ကို ၎င်းတို့၏ အတတ်ပညာဆိုင်ရာ ကျွမ်းကျင်မှုများ သို့မဟုတ် နိုင်ငံရေးဆိုင်ရာ အောင်မြင်မှုများအတွက် လောကတွင် ကျော်ကြားသောသူတို့နှင့် တစ်တန်းတည်းထား၍ ပြောဆိုနိုင်ခြင်းဆိုလျှင်မူ ပို၍ပင် မဟုတ်သည်မှာ အမှန်ပင်ဖြစ်သည်။ ထိုအစား ရရှိရမည့်အကျိုးသက်ရောက်မှုမှာ ၎င်းတို့သည် သမ္မာတရားကို နားလည်ပြီး ဘုရားနှုတ်ကပတ်တော်များကို အသက်ရှင်နေထိုင်ကာ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်သောသူများ ဖြစ်လာခြင်းဖြစ်သည်။ ၎င်းတို့ လေ့ကျင့်နေစဉ်တွင် ၎င်းတို့သည် သမ္မာတရားကို နားလည်ပြီး သမ္မာတရား စည်းမျဉ်းများကို သဘောပေါက်နားလည်နိုင်ကာ ဘုရားသခင်ကို ယုံကြည်ခြင်းဆိုသည်မှာ အတိအကျ အဘယ်အရာဖြစ်သည်ကိုလည်းကောင်း၊ ဘုရားသခင်နောက်သို့ မည်သို့လိုက်ရမည်ကိုလည်းကောင်း ပို၍ သိလာနိုင်ကြသည်။ ဤသည်မှာ သမ္မာတရားကို လိုက်စားသောသူတို့အတွက် စုံလင်ခြင်းကို ရရှိရန် အလွန်တရာ အကျိုးရှိသည်။ ဤသည်မှာ ဘုရားအိမ်တော်က ပင်ကိုစွမ်းရည်ရှိသူ အမျိုးမျိုးတို့ကို မြှင့်တင်ပေးပြီး ပျိုးထောင်ရာ၌ ရရှိရန် ဆန္ဒရှိသည့် အကျိုးသက်ရောက်မှုနှင့် စံနှုန်းဖြစ်ပြီး ရာထူးတိုးမြှင့်ခြင်းနှင့် အသုံးပြုခြင်းခံရသောသူတို့ ရရှိသည့် အကြီးမားဆုံးသော အကျိုးကျေးဇူးလည်း ဖြစ်သည်။

လူအချို့သည် ၎င်းတို့တာဝန်ကို အတော်အတန် တာဝန်သိတတ်စွာ ထမ်းဆောင်ပြီး ဘုရားသခင် ရွေးချယ်ထားသောလူများက လက်ခံကြသည်။ ထို့ကြောင့် ၎င်းတို့ကို အသင်းတော်က ခေါင်းဆောင်များ၊ အမှုဆောင်များဖြစ်ရန် ပျိုးထောင်ပေးသည်။ ၎င်းတို့သည် အဆင့်အတန်းကို ရရှိပြီးနောက်တွင် လူအများထဲတွင် ၎င်းတို့က ထင်ပေါ်သည်ဟု စတင် ခံစားရပြီး “ဘုရားအိမ်တော်က ဘာလို့ ငါ့ကို ရွေးချယ်တာလဲ။ ငါက မင်းတို့အားလုံးထက် ပိုတော်လို့မဟုတ်ဘူးလား” ဟူ၍ တွေးသည်။ ဤသည်မှာ ကလေးတစ်ယောက်က ပြောသည့်အရာနှင့် မတူသလော။ ဤသည်မှာ မရင့်ကျက်ပေ။ အဓိပ္ပာယ်မရှိပေ။ နုံအသည်။ စင်စစ်အားဖြင့် သင်သည် အခြားလူများထက် စိုးစဉ်းမျှပင် မတော်ပေ။ ဤသည်မှာ သင်က ဘုရားအိမ်တော်က ပျိုးထောင်ပေးခြင်းကို ခံရဖို့ စံသတ်မှတ်ချက်များကို သင်ပြည့်မီခြင်းသာ ဖြစ်သည်။ ဤတာဝန်ကို သင်ထမ်းရွက်နိုင်ခြင်းရှိမရှိ၊ ဤတာဝန်ကို ကောင်းစွာ ထမ်းဆောင်နိုင်ခြင်း၊ သို့မဟုတ် ဤအပ်နှံမှုကို ပြီးမြောက်စေနိုင်ခြင်းရှိမရှိက အခြားကိစ္စတစ်ခုဖြစ်သည်။ တစ်စုံတစ်ယောက်ကို ညီအစ်ကိုမောင်နှမများက ခေါင်းဆောင်အဖြစ် ရွေးကောက်သောအခါ၊ သို့မဟုတ် အလုပ်တစ်ခုခု လုပ်ဆောင်ရန်ဖြစ်စေ၊ တာဝန်တစ်ခုခု ထမ်းဆောင်ရန်ဖြစ်စေ ဘုရားသခင်၏အိမ်တော်က မြှင့်တင်ပေးသောအခါတွင် ဤသူသည် ဘုရားသခင်အပေါ် ကျိုးနွံနာခံနိုင်ပြီး ဘုရားသခင်ကို သစ္စာဖောက်မည်မဟုတ်ဟု အဓိပ္ပာယ်သက်ရောက်ရန် မဆိုထားနှင့်၊ ထိုသူ၌ ထူးခြားသော ဂုဏ်အဆင့်အတန်းသော်လည်းကောင်း၊ ရာထူးနေရာသော်လည်းကောင်း ရှိသည်၊ သို့မဟုတ် ထိုသူနားလည်သည့် သမ္မာတရားများက အခြားလူများနားလည်သည့် သမ္မာတရားများထက် ပို၍နက်နဲပြီး ပို၍များပြားသည်ဟုပင် အဓိပ္ပာယ်သက်ရောက်ခြင်း မရှိပေ။ အသေအချာပင် ထိုသူသည် ဘုရားသခင်ကို သိပြီး ဘုရားသခင်ကို ကြောက်ရွံ့သောသူဖြစ်သည်ဟူ၍လည်း မဆိုလိုပေ။ အမှန်တကယ်တွင် ဤထဲမှ တစ်ခုကိုမျှ ၎င်းတို့မရရှိထားပေ။ မြှင့်တင်ပေးခြင်းနှင့် ပျိုးထောင်ခြင်းသည် ရိုးရှင်းသော အဓိပ္ပာယ်ဖြင့် ရာထူးတိုးမြှင့်ခြင်းနှင့် ပျိုးထောင်ခြင်းမျှသာဖြစ်ပြီး ၎င်းတို့ ဘုရားသခင်၏ ကြိုတင်ပြဋ္ဌာန်းခြင်း၊ ဘုရားသခင်က ထိုက်တန်သည်ဟု အမြင်ခံရခြင်းနှင့် မညီမျှချေ။ ထိုသူ၏ မြှင့်တင်ပေးခြင်းနှင့် ပျိုးထောင်ခြင်းမှာ ထိုသူသည် ရာထူးတိုးမြှင့်ခံရပြီး ပျိုးထောင်မှုကို စောင့်ဆိုင်းနေသည်ဟူ၍ ဆိုလိုခြင်း သက်သက်သာဖြစ်သည်။ ပြီးလျှင် ဤပျိုးထောင်ခြင်း၏ အဆုံးသတ်ရလဒ်က ဤလူသည် သမ္မာတရားကို လိုက်စားခြင်း ရှိမရှိနှင့် ၎င်းသည် သမ္မာတရား လိုက်စားခြင်း လမ်းကြောင်းကို ရွေးချယ်နိုင်စွမ်း ရှိမရှိတို့အပေါ်တွင် မူတည်လေသည်။ ထို့ကြောင့် အသင်းတော်ရှိ တစ်စုံတစ်ယောက်သည် ခေါင်းဆောင်ဖြစ်ရန်အတွက် မြှင့်တင်ပေးခံရပြီး ပျိုးထောင်ခံရသည့်အခါတွင် ထိုသူသည် အရိုးရှင်းဆုံးသော အဓိပ္ပာယ်ဖြင့် ရာထူးတိုးမြှင့်ပြီး ပျိုးထောင်ခံရခြင်းသာဖြစ်သည်။ ယင်းမှာ ထိုသူသည် စံနှုန်းပြည့်ပြီး ကျွမ်းကျင်မှုရှိသော ခေါင်းဆောင်တစ်ယောက် ဖြစ်နှင့်ပြီးဖြစ်ကြောင်း၊ ထိုသူသည် ခေါင်းဆောင်ပိုင်း အလုပ်ကို တာဝန်ယူဆောင်ရွက်နိုင်စွမ်း ရှိနေပြီဖြစ်ပြီး တကယ့်အလုပ်ကို လုပ်ဆောင်နိုင်ကြောင်း အဓိပ္ပာယ်မသက်ရောက်ပေ။ ဤသည်မှာ မမှန်ကန်ပေ။ လူအများစုသည် ဤအရာများကို ရိပ်စားမိနိုင်ခြင်း မရှိကြဘဲ ၎င်းတို့၏ ကိုယ်ပိုင်စိတ်ကူးများအရ မြှင့်တင်ပေးခံရပြီးသည့်သူများကို အထင်ကြီးလေးစားကြသည်။ ဤသည်မှာ အမှားတစ်ခုဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်ကို နှစ်ပေါင်းမည်မျှ ယုံကြည်ပြီးဖြစ်ပါစေ ရာထူးတိုးခြင်း ခံရသည့်သူများသည် သမ္မာတရား လက်တွေ့ကျမှုကို အမှန်တကယ် ပိုင်ဆိုင်သလော။ ပိုင်ဆိုင်ချင်မှ ပိုင်ဆိုင်ပေမည်။ ၎င်းတို့သည် ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များကို လက်တွေ့အကောင်အထည်ဖော်နိုင်သလော။ အကောင်အထည် ဖော်နိုင်ချင်မှ ဖော်နိုင်ပေမည်။ ၎င်းတို့၌ တာဝန်ယူစိတ်တစ်ခု ပိုင်ဆိုင်သလော။ ၎င်းတို့သည် သစ္စာစောင့်သိသလော။ ၎င်းတို့သည် ကျိုးနွံနာခံနိုင်သလော။ အရေးကိစ္စတစ်ခုကို ကြုံတွေ့ရသည့်အခါတွင် ၎င်းတို့သည် သမ္မာတရားကို ရှာဖွေနိုင်သလော။ ဤအရာအားလုံးတို့ကို မသိရှိရပေ။ ဤလူများ၌ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးရှိသလော။ ၎င်းတို့၏ ဘုရားသခင်အပေါ် ကြောက်ရွံ့သော စိတ်နှလုံးမှာ မည်မျှကြီးမားသနည်း။ အမှုအရာများကို ဆောင်ရွက်သည့်အခါတွင် သူ၏ ကိုယ်ပိုင်စိတ်ဆန္ဒနောက်ကို လိုက်ခြင်းကို ၎င်းတို့ ရှောင်ကြဉ်နိုင်သလော။ ၎င်းတို့သည် ဘုရားသခင်ကို ရှာဖွေနိုင်သလော။ ခေါင်းဆောင်ပိုင်း အလုပ်ကို ၎င်းတို့ ထမ်းဆောင်သည့်အချိန်ကာလတွင် ၎င်းတို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို ရှာဖွေရန် ဘုရားသခင်ရှေ့မှောက်သို့ မကြာခဏ လာရောက်နိုင်သလော။ ၎င်းတို့သည် လူတို့အား သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဦးဆောင်လမ်းပြနိုင်သလော။ ၎င်းတို့သည် ဤအရာများကို သေချာပေါက်ပင် စွမ်းဆောင်နိုင်ခြင်း မရှိပေ။ ၎င်းတို့သည် လေ့ကျင့်ပေးခြင်းမခံထားရသေးဘဲ အတွေ့အကြုံ အလုံအလောက် မရှိသောကြောင့် ဤအရာများကို မစွမ်းဆောင်နိုင်ပေ။ ဤအတွက်ကြောင့် တစ်စုံတစ်ယောက်ကို မြှင့်တင်ပေးခြင်းနှင့် ပျိုးထောင်ခြင်းက ထိုသူသည် သမ္မာတရားကို နားလည်ပြီးဖြစ်သည်ဟု ဆိုလိုခြင်း မဟုတ်သကဲ့သို့ ထိုသူသည် စံနှုန်းပြည့်ဖြစ်သောနည်းလမ်းဖြင့် မိမိ၏တာဝန်ကို ထမ်းဆောင်နိုင်စွမ်း ရှိပြီးဖြစ်သည်ဟု ဆိုခြင်းလည်း မဟုတ်ချေ။ ဤသို့ဆိုလျှင် တစ်စုံတစ်ယောက်ကို မြှင့်တင်ပေးခြင်းနှင့် ပျိုးထောင်ခြင်း၏ ရည်ရွယ်ချက်နှင့် အရေးပါမှုမှာ အဘယ်နည်း။ ယင်းမှာ ဤလူတစ်ဦးသည် လက်တွေ့လုပ်ဆောင်ရန်နှင့် အထူးရေလောင်းခြင်းနှင့် လေ့ကျင့်သင်ကြားပေးခြင်းတို့ ခံရရန် သီးခြားလူတစ်ဦးအဖြစ် မြှင့်တင်ပေးခံရခြင်းဖြစ်သည်။ ထိုသို့ဖြင့် သမ္မာတရား စည်းမျဉ်းများကိုလည်းကောင်း၊ မတူကွဲပြားသောအရာများကို လုပ်ဆောင်ခြင်းနှင့် မျိုးစုံသော ပြဿနာများကို ဖြေရှင်းခြင်းတို့တွင် စည်းမျဉ်းများ၊ နည်းလမ်းများနှင့် နည်းစနစ်များကိုလည်းကောင်း ၎င်းကြုံတွေ့ရသည့် အမျိုးအစားမျိုးစုံသော ပတ်ဝန်းကျင်များနှင့် လူများကို ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့်အညီ၊ ဘုရားအိမ်တော်၏ အကျိုးစီးပွားကို ကာကွယ်သည့်ပုံစံဖြင့် ကိုင်တွယ်ပုံနှင့် ဖြေရှင်းပုံတို့ကိုလည်းကောင်း နားလည်ရန် ၎င်းကို ထောက်ကူပေးသည်။ ဤအချက်များအရ အကဲဖြတ်ရလျှင် ဘုရားသခင်၏ အိမ်တော်က မြှင့်တင်ပေးပြီး ပျိုးထောင်ပေးထားသော ပါရမီရှိသော လူများသည် မြှင့်တင်ပေးခြင်းနှင့် ပျိုးထောင်ခြင်းအချိန်ကာလတွင်၊ သို့မဟုတ် မြှင့်တင်ပေးခြင်းနှင့် ပျိုးထောင်ခြင်းအချိန်ကာလမတိုင်မီတွင် သူတို့၏အလုပ်ကို တာဝန်ယူဆောင်ရွက်နိုင်စွမ်း၊ သူတို့၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်နိုင်စွမ်း လုံလောက်စွာရှိသလော။ မရှိပေ။ ထို့ကြောင့် ပျိုးထောင်ခြင်းအချိန်ကာလတွင် ဤလူတို့သည် ပြုပြင်ခြင်း၊ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း၊ ဖော်ထုတ်ခြင်းနှင့် ဖြုတ်ချခြင်းကိုပင် တွေ့ကြုံရမည်မှာ ရှောင်လွှဲ၍ မရနိုင်ပေ။ ဤသည်မှာ ပုံမှန်ဖြစ်၏၊ ဤသည်မှာ လေ့ကျင့်ပေးခြင်းနှင့် ပျိုးထောင်ပေးခြင်းဖြစ်သည်။ မြှင့်တင်ပေးပြီး ပျိုးထောင်ခြင်းခံရသောသူတို့အပေါ် လူတို့သည် ကြီးမားသော မျှော်လင့်ချက်များ၊ သို့မဟုတ် လက်တွေ့မကျသော တောင်းဆိုမှုများ မထားရှိရပေ။ ဤသည်မှာ ကျိုးကြောင်းသင့်လျော်မှု ရှိမည်မဟုတ်၊ ၎င်းတို့အပေါ် မတရားရာလည်း ကျပေမည်။ သင်တို့သည် ၎င်းတို့၏ အလုပ်ကို ကြီးကြပ်နိုင်သည်။ ၎င်းတို့၏ အလုပ်လမ်းကြောင်းတွင် စည်းမျဉ်းများကို ချိုးဖောက်သည့် ပြဿနာများ၊ သို့မဟုတ် အမှုကိစ္စများကို သင် ရှာဖွေတွေ့ရှိလျှင် ဤကိစ္စများကို ဖြေရှင်းရန်အတွက် ပြဿနာကို ထုတ်ဖော်ပြောဆိုပြီး သမ္မာတရားကို ရှာဖွေနိုင်သည်။ သင်မလုပ်သင့်သည့်အရာမှာ ၎င်းတို့ကို အကဲဖြတ်ခြင်း၊ ရှုတ်ချခြင်း၊ တိုက်ခိုက်ခြင်း၊ သို့မဟုတ် ကြဉ်ခြင်းတို့ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ပျိုးထောင်ခြင်းကာလတွင်သာ ရှိနေသောသူများ ဖြစ်နေ၍ ၎င်းတို့ကို ခြောက်ပြစ်ကင်းသဲလဲစင်သော လူများအဖြစ်၊ သို့မဟုတ် သမ္မာတရား လက်တွေ့ကျမှုကို ပိုင်ဆိုင်သောသူများအဖြစ် ရှုမြင်ရန် မဆိုထားနှင့်၊ စုံလင်အောင် ပြုခြင်းခံရပြီးဖြစ်သောသူများအနေဖြင့်ပင် မရှုမြင်သင့်ပေ။ ၎င်းတို့သည် သင်တို့ကဲ့သို့ပင် လေ့ကျင့်ပေးခြင်း ကာလတစ်ခုတွင် ရှိနေခြင်းသာ ဖြစ်သည်။ ခြားနားချက်မှာ ၎င်းတို့သည် သာမန်လူတို့ထက်ပိုသော အလုပ်နှင့် တာဝန်ဝတ္တရားများကို တာဝန်ယူဆောင်ရွက်ရခြင်း ဖြစ်သည်။ ပိုမိုများပြားသောအလုပ်ကို လုပ်ဆောင်ရန် ၎င်းတို့တွင် တာဝန်ဝတ္တရားရှိသည်။ ၎င်းတို့သည် ပို၍ကြီးမားသော အဖိုးအခတစ်ခု ပေးရမည်၊ ပိုကြီးမားသော ဆင်းရဲဒုက္ခကို ခံစားရမည်၊ ပို၍များပြားသော စိတ်ပိုင်းဆိုင်ရာ အားထုတ်မှုကို အသုံးပြုရမည်၊ ပို၍များသော ပြဿနာများကို ဖြေရှင်းရမည်၊ လူများထံမှ ပို၍ ဝေဖန်ပြစ်တင်ခြင်းများကို သည်းခံရမည်ဖြစ်သည်၊ ပြီးလျှင် ပို၍ကြီးမားသော အားထုတ်မှုကိုလည်း ပြုရမည်မှာ ပြောစရာမလိုချေ၊ ထို့ပြင် မိမိတို့၏ တာဝန်များကို ထမ်းဆောင်နေသော သာမန်လူများနှင့် ယှဉ်လိုက်လျှင် ၎င်းတို့သည် ပို၍ နည်းပါးစွာ အိပ်စက်ရမည်၊ ကောင်းမွန်သော အရာများကို ပို၍ နည်းပါးစွာ ပျော်မွေ့ခံစားရမည်ဖြစ်ကာ အတင်းအဖျင်းပြောခြင်းများစွာတွင် ပါဝင်ပတ်သက်၍ မရ။ ဤသည်မှာ ၎င်းတို့နှင့် ပတ်သက်ပြီး ထူးခြားသည့်အရာဖြစ်သည်။ ဤအရာမှလွဲ၍ ၎င်းတို့သည် အခြားလူတိုင်းနှင့် တူညီသည်။ ဤသို့ ငါပြောဆိုရာ၌ မည်သည့်အရာကို ဆိုလိုသနည်း။ ၎င်းတို့သည် ဘုရားအိမ်တော်တွင် မြှင့်တင်ပေးပြီး ပျိုးထောင်ခြင်းခံရသော အမျိုးမျိုးသော ပါရမီရှိသောလူများကို မှန်ကန်စွာ ချဉ်းကပ်ရမည်ဖြစ်ကြောင်း၊ ဤသူတို့အပေါ်တွင် ဤတောင်းဆိုမှုများ၌ မပြင်းထန်ရမည်ဖြစ်ကြောင်း၊ ပြီးလျှင် ပြောစရာမလိုသည်မှာ ထိုသူတို့အပေါ် မိမိတို့၏ ထင်မြင်ချက်သည် လက်တွေ့မကျခြင်းလည်း မဖြစ်ရကြောင်း လူတိုင်းကို အသိပေးရန်ဖြစ်သည်။ ထိုသူတို့ကို အလွန်အကျွံ အားကျခြင်းနှင့် အထင်ကြီးလေးစားခြင်းသည် မိုက်မဲသည်။ ထိုလူတို့အပေါ် အလွန်အကျွံ ပြင်းထန်သော တောင်းဆိုမှုများ ထားခြင်းသည် လူမဆန်သကဲ့သို့ လက်တွေ့လည်းမကျပေ။ ဤသို့ဆိုလျှင် ထိုသူတို့အပေါ် အကျိုးအကြောင်း အသင့်လျော်ဆုံး ဆက်ဆံနည်းမှာ အဘယ်နည်း။ ထိုသူတို့ကို သာမန်လူများအဖြစ် မှတ်ယူရန်ဖြစ်ပြီး ပြဿနာတစ်ခုနှင့်ပတ်သက်၍ လူတစ်ဦးကို ရှာဖွေရန် လိုအပ်သည့်အခါတွင် ၎င်းတို့နှင့် မိတ်သဟာယဖွဲ့ပြီး တစ်ယောက်၏ အားသာချက်ထံမှ တစ်ယောက်သင်ယူရန်၊ အချင်းချင်း အားဖြည့်ပေးရန်ဖြစ်သည်။ ထို့အပြင် ခေါင်းဆောင်များ၊ အမှုဆောင်များသည် လက်တွေ့ကျသောအလုပ်ကို လုပ်ဆောင်ခြင်းရှိမရှိ၊ ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို အသုံးပြုနိုင်ခြင်းရှိမရှိကို ကြီးကြပ်ရန်မှာ လူတိုင်း၏ တာဝန်ဖြစ်သည်။ ဤအရာတို့သည် ခေါင်းဆောင်၊ သို့မဟုတ် အမှုဆောင်တစ်ယောက်က စံနှုန်းပြည့်ခြင်း ရှိမရှိဆိုသည်ကို တိုင်းတာရန် စံနှုန်းများ၊ စည်းမျဉ်းများဖြစ်သည်။ ခေါင်းဆောင်၊ သို့မဟုတ် အမှုဆောင်တစ်ယောက်သည် ကိုင်တွယ်ဖြေရှင်းခြင်း၊ အထွေထွေပြဿနာများကို ဖြေရှင်းခြင်းကို စွမ်းဆောင်နိုင်လျှင် ၎င်းတို့သည် အရည်အချင်းရှိသည်။ သို့သော် သာမန်ပြဿနာများကိုပင် ကိုင်တွယ်ပြီး မဖြေရှင်းနိုင်လျှင် ခေါင်းဆောင်၊ သို့မဟုတ် အမှုဆောင်တစ်ယောက်ဖြစ်ဖို့ မသင့်တော်သကဲ့သို့ ၎င်း၏ ရာထူးမှ အလျင်အမြန် ဖယ်ရှားရမည်ဖြစ်သည်။ အခြားလူတစ်ယောက်ကို ရွေးချယ်ရမည်ဖြစ်ပြီး ဘုရားအိမ်တော်၏ အလုပ်ကို မနှောင့်နှေးစေရ။ ဘုရားအိမ်တော်၏အလုပ်ကို နှောင့်နှေးစေခြင်းသည် မိမိကိုယ်ကိုနှင့် သူတစ်ပါးတို့ကို ထိခိုက်စေခြင်းဖြစ်သည်။ မည်သူ့အတွက်မျှ မကောင်းပေ။

လူအချို့သည် အသင်းတော်က မြှင့်တင်ပေးပြီး ပျိုးထောင်ပေးခြင်း ခံရကာ လေ့ကျင့်ဖို့ ကောင်းမွန်သည့် အခွင့်အရေးကို လက်ခံရရှိကြသည်။ ဤသည်မှာ ကောင်းသောအရာတစ်ခု ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်၏ ချီးမြှောက်ခြင်းနှင့် ကျေးဇူးပြုခြင်းတို့ကို ခံခဲ့ရသည်ဟု ပြောနိုင်သည်။ သို့ဆိုလျှင် ၎င်းတို့သည် မိမိတို့၏တာဝန်ကို မည်သို့ ထမ်းဆောင်သင့်သနည်း။ ၎င်းတို့ လိုက်နာသင့်သည့် ပထမဆုံး စည်းမျဉ်းသည် သမ္မာတရားကို နားလည်ဖို့ဖြစ်သည်၊ ၎င်းတို့က သမ္မာတရားကို နားမလည်သည့်အခါ၊ ၎င်းတို့ သမ္မာတရားကို ရှာဖွေရမည်ဖြစ်ပြီး မိမိတို့ဘာသာ ရှာဖွေပြီးသည့်နောက်တွင် ၎င်းတို့ နားမလည်သေးပါက အတူတကွ မိတ်သဟာယပြုကာ ရှာဖွေဖို့ သမ္မာတရား နားလည်သူတစ်ဦးကို ၎င်းတို့ ရှာဖွေနိုင်သည်။ ယင်းက ပြဿနာဖြေရှင်းခြင်းကို ပို၍ မြန်ဆန်စေပြီး ပို၍ အချိန်ကိုက်ဖြစ်စေလိမ့်မည်။ သင်သည် သမ္မာတရားကို သိနားလည်မှု ရရှိရန်နှင့် ပြဿနာကို ဖြေရှင်းရန်အလို့ငှာ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင့်ဘာသာ ဖတ်ရှုခြင်း၌ အချိန်ပိုသုံးဖို့ကိုလည်းကောင်း၊ ဤနှုတ်ကပတ်တော်များကို စဉ်းစားချင့်ချိန်ခြင်းဖြင့် အချိန်ပိုသုံးဖို့ကိုလည်းကောင်း အာရုံစိုက်ပါက၊ ဤသည်မှာ အလွန် နှေးကွေးသည်။ “ဖြည်းဖြည်းချင်း ကုစားမှုသည် အရေးပေါ်လိုအပ်ချက်များကို မဖြေရှင်းနိုင်” ဟူသည့် ဆိုရိုးရှိသည့်အတိုင်းပင် ဖြစ်သည်။ သမ္မာတရားနှင့် ပတ်သက်လာသည့်အခါ၊ သင်သည် မြန်မြန်ဆန်ဆန် တိုးတက်လိုပါက၊ အခြားသူများနှင့် သဟဇာတကျကျ ပူးပေါင်းလုပ်ဆောင်ဖို့ နည်းလမ်း၊ ပို၍များသော မေးခွန်းများမေးဖို့ နည်းလမ်းနှင့် ပို၍ ရှာဖွေဖို့နည်းလမ်းတို့ကို သင်ယူလေ့လာရမည်။ သို့မှသာလျှင် မည်သည့်နှောင့်နှေးမှုမျှ မရှိဘဲ၊ သင်၏အသက်တာက လျင်မြန်စွာ ကြီးထွားမည် ဖြစ်ပြီး သင်သည် ပြဿနာများကို အချိန်မီ ဖြေရှင်းနိုင်လိမ့်မည် ဖြစ်သည်။ သင်သည် မြှင့်တင်ပေးခံရစဖြစ်ပြီး အစမ်းခန့်ကာလတွင်သာ ရှိသေးကာ၊ သမ္မာတရားကို အမှန်တကယ် နားမလည်သောကြောင့်၊ သို့မဟုတ် သမ္မာတရား၏ လက်တွေ့ကျမှုကို မပိုင်ဆိုင်သောကြောင့်၊ သင်သည် ဤဝိညာဉ်ရင့်ကျက်မှု မရှိသေးသောကြောင့်၊ သင်၏ မြှင့်တင်ပေးခြင်းက သင်သည် သမ္မာတရား လက်တွေ့ကျမှုကို ပိုင်ဆိုင်သည့်သဘောဖြစ်သည်ဟု မတွေးလေနှင့်။ ဤသည်မှာ မမှန်ကန်ပေ။ သင်သည် အလုပ်အပေါ် ဝန်တာစိတ်ရှိပြီး ခေါင်းဆောင်တစ်ဦး၏ အစွမ်းအစကို ပိုင်ဆိုင်ရုံသက်သက်ကြောင့်၊ သင်သည် မြှင့်တင်ပေးခြင်းနှင့် ပျိုးထောင်ပေးခြင်းတို့အတွက် ရွေးချယ်ခံရခြင်း ဖြစ်သည်။ သင်၌ ဤဆင်ခြင်တုံတရား ရှိသင့်သည်။ မြှင့်တင်ပေးခံရပြီး ခေါင်းဆောင် သို့မဟုတ် အမှုဆောင်တစ်ဦး ဖြစ်လာပြီးသည့်နောက်တွင် သင်သည် သင်၏ ရာထူးကို အခိုင်အမာအသုံးချကာ သင်သည် သမ္မာတရားကို လိုက်စားသူတစ်ဦးဖြစ်ကြောင်းနှင့် သမ္မာတရား လက်တွေ့ကျမှုကို ပိုင်ဆိုင်ကြောင်း ယုံကြည်လာလျှင်၊ ညီအစ်ကိုမောင်နှမများ၌ မည်သည့်ပြဿနာများ ရှိပါစေ၊ သင်က နားလည်သယောင်၊ ဝိညာဉ်ရေးဆန်သယောင် ဟန်ဆောင်လျှင် ဤသည်မှာ မိုက်မဲသည့် နည်းလမ်းဖြစ်ပြီး ယင်းက သူတော်ကောင်း အယောင်ဆောင်ဖာရိရှဲများကဲ့သို့ တူညီသောနည်းလမ်းပင် ဖြစ်သည်။ သင်သည် မှန်မှန်ကန်ကန် စကားပြောဆိုပြီး ပြုမူလုပ်ဆောင်ရမည်။ သင် နားမလည်သည့်အခါတွင် အခြားသူများကို မေးနိုင်သည်၊ သို့မဟုတ် အထက်မှ မိတ်သဟာယကို ရှာဖွေနိုင်သည်။ ဤအရာတစ်ခုမျှ ရှက်စရာအကြောင်း မရှိပေ။ သင် မမေးလျှင်ပင်၊ သင်၏ စစ်မှန်သော ဝိညာဉ်ရင့်ကျက်မှုကို အထက်က သိဦးမည် ဖြစ်ပြီး၊ သင်၌ သမ္မာတရား လက်တွေ့ကျမှု မရှိသည်ကို သိလိမ့်မည်။ ရှာဖွေခြင်းနှင့် မိတ်သဟာယပြုခြင်းတို့သည် သင်လုပ်သင့်သည့် အရာဖြစ်သည်။ ဤသည်မှာ ပုံမှန်လူ့သဘာဝတွင် တွေ့ရှိသင့်သည့် ဆင်ခြင်တုံတရား ဖြစ်ပြီး ခေါင်းဆောင်များနှင့် အမှုဆောင်များ လိုက်နာသင့်သည့် စည်းမျဉ်းဖြစ်သည်။ ယင်းသည် အရှက်ရစရာတစ်ခု မဟုတ်ပေ။ သင်သည် ခေါင်းဆောင်တစ်ဦးဖြစ်သည်နှင့် စည်းမျဉ်းများကို နားမလည်ခြင်းဖြစ်စေ၊ အခြားလူများကို သို့မဟုတ် အထက်ကို အစဉ်မပြတ် မေးခွန်းများမေးခြင်းဖြစ်စေ ရှက်စရာကောင်းသည်ဟု ထင်မြင်ပြီး အခြားသူများက သင့်အား အထင်သေးမည်ကို စိုးရွံ့နေလျှင် သင်သည် ရလဒ်အနေဖြင့် အရာရာကို နားလည်သည်၊ အရာရာကို သိမြင်သည်၊ အလုပ်ကို လုပ်ဆောင်နိုင်စွမ်းရှိသည်၊ မည်သည့်အသင်းတော်အလုပ်ကိုမဆို လုပ်ဆောင်နိုင်သည်၊ သင့်အား သတိပေးရန်ဖြစ်စေ၊ မိတ်သဟာယဖွဲ့ရန်ဖြစ်စေ၊ သင့်အတွက် ထောက်ကူရန်ဖြစ်စေ၊ သင့်ကို ပံ့ပိုးရန်ဖြစ်စေ မည်သူ့ကိုမျှမလိုအပ်ဟု ဟန်ဆောင်လျက် အယောင်ဆောင်လျှင် ဤသည်မှာ အန္တရာယ်ရှိကာ သင်သည် မာနထောင်လွှားလွန်းပြီး မိမိကိုယ်ကို မှန်သည်ဟု ယူမှတ်လွန်းခြင်း၊ ဆင်ခြင်တုံတရား ကင်းမဲ့လွန်းခြင်းဖြစ်သည်။ သင်သည် ကိုယ့်အတိုင်းအဆပင် ကိုယ်မသိပေ။ ဤသည်မှာ သင့်ကို နားဝေတိမ်တောင်ဖြစ်သော လူတစ်ဦး မဖြစ်စေသလော။ ဤသို့သောလူများသည် ဘုရားအိမ်တော်အားဖြင့် မြှင့်တင်ပေးခြင်း၊ ပျိုးထောင်ပေးခြင်းအတွက် စံသတ်မှတ်ချက်နှင့် အမှန်တကယ် မကိုက်ညီပေ။ ၎င်းတို့သည် အနှေးနှင့် အမြန်ဆိုသလို ဖြုတ်ချခြင်းနှင့် ဖယ်ရှားရှင်းလင်းခြင်း ခံရလိမ့်မည်။ သို့ဖြစ်၍ မြှင့်တင်ပေးခံရသည်မှာ မကြာသေးသော ခေါင်းဆောင် သို့မဟုတ် အမှုဆောင်တိုင်းသည် ၎င်းတို့၌ သမ္မာတရား လက်တွေ့ကျမှု မရှိကြောင်း ရှင်းလင်းစွာ သိသင့်သည်၊ ၎င်းတို့၌ ဤမိမိကိုယ်ကို သတိပြုမိခြင်း ရှိသင့်သည်။ သင်သည် ယခုအခါ ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦး ဖြစ်နေခြင်းမှာ ဘုရားသခင်က သင့်ကို ခန့်အပ်သောကြောင့် မဟုတ်ဘဲ၊ အခြားခေါင်းဆောင်များနှင့် အမှုဆောင်များက သင့်ကို မြှင့်တင်ပေးသောကြောင့်၊ သို့မဟုတ် ဘုရားသခင် ရွေးချယ်ထားသောလူများက ရွေးကောက်တင်မြှောက်သောကြောင့် ဖြစ်သည်။ ဤသည်မှာ သင်၌ သမ္မာတရား လက်တွေ့ကျမှုနှင့် စစ်မှန်သော ဝိညာဉ်ရင့်ကျက်မှု ရှိသည်ဟု မဆိုလိုပေ။ ဤအရာကို သင်နားလည်သောအခါ၊ သင်၌ အနည်းငယ်သော ဆင်ခြင်တုံတရား ရှိလိမ့်မည်ဖြစ်ပြီး ယင်းမှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ ပိုင်ဆိုင်ရမည့် ဆင်ခြင်တုံတရား ဖြစ်သည်။ ယခု သင်နားလည်ပြီလော။ (နားလည်ပါပြီ။) သို့ဆိုလျှင် သင်တို့သည် အလုပ်ကို အတိအကျ မည်သို့လုပ်ဆောင်သင့်သနည်း။ သင်တို့သည် လိုက်ဖက်ညီညီ ပူးပေါင်းဆောင်ရွက်ခြင်းကို မည်သို့ လက်တွေ့လုပ်ဆောင်သင့်သနည်း။ သင်တို့သည် ပြဿနာများနှင့် ကြုံတွေ့သည့်အခါတိုင်း ဖြေရှင်းရန် သမ္မာတရားကို မည်သို့ရှာဖွေသင့်သနည်း။ ဤအရာများကို နားလည်ရမည်ဖြစ်သည်။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ထုတ်ဖော်ပါက၊ သမ္မာတရားကို ရှာဖွေပြီး ၎င်းတို့ကို အမြန်ဆုံး ဖြေရှင်းလော့။ ၎င်းတို့ကို အချိန်မီ မဖြေရှင်းဘဲ သင်၏အလုပ်အပေါ် သက်ရောက်မှုရှိပါက၊ ဤသည်မှာ ပြဿနာတစ်ခု ဖြစ်သည်။ သင်သည် အတတ်ပညာတစ်ခုနှင့် အကျွမ်းတဝင်မရှိပါက၊ နှောင့်နှေးကြန့်ကြာခြင်းမရှိဘဲ အမြန် သင်ယူလေ့လာသင့်သည်။ အကြောင်းမှာ အချို့သောတာဝန်များသည် အတတ်ပညာဆိုင်ရာ အသိပညာ ပါဝင်သောကြောင့်ဖြစ်ပြီး၊ သင်သည် မည်သည့် အတတ်ပညာဆိုင်ရာ အသိပညာကိုမျှ မကျွမ်းကျင်ဘဲ သမ္မာတရားကိုသာ နားလည်ပါက၊ ယင်းက သင်၏အလုပ်ရလဒ်များကိုလည်း သက်ရောက်မှုရှိစေမည် ဖြစ်သည်။ အနည်းဆုံးအားဖြင့်၊ သင်သည် လူတို့၏အလုပ်ကို နောက်ဆက်တွဲလုပ်ဆောင်ရာ၌နှင့် လမ်းညွှန်ရာ၌ ထိရောက်မှုရှိစေရန်၊ အခြေခံ အတတ်ပညာဆိုင်ရာ အသိပညာအချို့ကို သဘောပေါက်နားလည်ရမည်။ သင်သည် အတတ်ပညာတစ်ခု၌သာ ကျွမ်းကျင်ပြီး သမ္မာတရားကို နားမလည်ပါက၊ သင်၏အလုပ်၌ ချို့တဲ့မှုများ အလားတူ ရှိနေမည်ဖြစ်ရာ၊ သင်၏တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်ရန်အလို့ငှာ သင်သည် သမ္မာတရားကို လိုက်စားရန်နှင့် သမ္မာတရားကို နားလည်သောလူများနှင့် ပူးပေါင်းဆောင်ရွက်ရန်လည်း လိုအပ်မည်ဖြစ်သည်။ သင်သည် အတတ်ပညာဆိုင်ရာ ကျွမ်းကျင်မှုများ သို့မဟုတ် အသိပညာနယ်ပယ်တစ်ခု၌ ကျွမ်းကျင်မှုရှိရုံမျှဖြင့်၊ သင်သည် အမှုအရာများကို စည်းမျဉ်းများနှင့်အညီ လုပ်ဆောင်နိုင်စွမ်းရှိသည်ဟု မဆိုလိုပေ၊ ထို့ကြောင့် သမ္မာတရားကို နားလည်သောလူများနှင့် မိတ်သဟာယဖွဲ့ရန် ကြိုးပမ်းခြင်းမှာ မရှိမဖြစ်လိုအပ်သည်။ ဤသည်မှာ သင်တို့ လိုက်နာသင့်သည့် စည်းမျဉ်းတစ်ခု ဖြစ်သည်။ သင်မည်သည့်အရာကို လုပ်ဆောင်ပါစေ၊ သင် ဟန်မဆောင်ရပေ။ သင်သည် လေ့ကျင့်ခြင်းနှင့် ပျိုးထောင်ခြင်းကာလ၌ ရှိနေပြီး၊ သင်၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု ရှိကာ၊ သင်သည် သမ္မာတရားကို လုံးဝ နားမလည်ပေ။ ငါ့ကို ပြောကြလော့၊ ဘုရားသခင်သည် ဤအရာများအကြောင်းကို သိတော်မူသလော။ (သိတော်မူပါသည်။) သို့ဆိုလျှင် သင် ဟန်ဆောင်လျှင် မိုက်မဲပုံပေါက်မည် မဟုတ်လော။ သင်တို့သည် မိုက်မဲသောလူများ ဖြစ်လိုကြသလော။ (မဖြစ်လိုကြပါ။) သင်တို့သည် မိုက်မဲသောလူများ မဖြစ်လိုပါက၊ မည်သို့သောလူစားမျိုး ဖြစ်သင့်သနည်း။ ဆင်ခြင်တုံတရားရှိသောလူများ၊ သမ္မာတရားကို နှိမ့်ချစွာ ရှာဖွေနိုင်ပြီး သမ္မာတရားကို လက်ခံနိုင်သောလူများ ဖြစ်ကြလော့။ ဟန်မဆောင်နှင့်၊ သူတော်ကောင်း အယောင်ဆောင်ဖာရိရှဲများ မဖြစ်ကြနှင့်။ သင်သိသောအရာမှာ အတတ်ပညာဆိုင်ရာ အသိပညာအချို့သာဖြစ်သည်၊ ယင်းမှာ သမ္မာတရား စည်းမျဉ်းများ မဟုတ်ပေ။ သင်သည် သမ္မာတရား စည်းမျဉ်းများကို နားလည်ခြင်းအပေါ် အခြေခံ၍ သင်၏ အတတ်ပညာဆိုင်ရာ အားသာချက်များကို သင့်လျော်စွာ အသုံးချရန်နှင့် သင်ဆည်းပူးထားသော အသိပညာနှင့် သင်ယူမှုကို အသုံးချရန် နည်းလမ်းတစ်ခု ရှာဖွေရမည်။ ဤသည်မှာ စည်းမျဉ်းတစ်ခု မဟုတ်လော။ ဤသည်မှာ လက်တွေ့လုပ်ဆောင်ခြင်း၏ လမ်းခရီးတစ်ခု မဟုတ်လော။ သင်သည် ဤသို့လုပ်ဆောင်ရန် သင်ယူပြီးသည်နှင့်တစ်ပြိုင်နက်၊ သင်၌ လိုက်လျှောက်ရန် လမ်းခရီးတစ်ခု ရှိလာမည်ဖြစ်ပြီး သင်သည် သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်နိုင်လိမ့်မည်။ သင်မည်သည့်အရာကို လုပ်ဆောင်ပါစေ၊ ခေါင်းမမာနှင့်၊ ဟန်မဆောင်နှင့်။ ခေါင်းမာခြင်းနှင့် ဟန်ဆောင်ခြင်းသည် အမှုအရာများကို လုပ်ဆောင်ရာ၌ ဆင်ခြင်တုံတရားရှိသော နည်းလမ်းမဟုတ်ပေ။ ထိုအစား၊ ယင်းမှာ အမိုက်မဲဆုံးသော နည်းလမ်းဖြစ်သည်။ မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများဖြင့် အသက်ရှင်သောလူများသည် အမိုက်မဲဆုံးသောလူများ ဖြစ်ကြသည်။ သမ္မာတရားကို ရှာဖွေပြီး အမှုကိစ္စများကို သမ္မာတရား စည်းမျဉ်းများနှင့်အညီ ကိုင်တွယ်သောသူများသာလျှင် အထက်မြက်ဆုံးသောလူများ ဖြစ်ကြသည်။

ဤမိတ်သဟာယဖွဲ့ခြင်းမှတစ်ဆင့်၊ ဘုရားအိမ်တော်က ပင်ကိုစွမ်းရည်ရှိသူအမျိုးမျိုးကို မြှင့်တင်ပေးပြီး ပျိုးထောင်ခြင်းနှင့်ပတ်သက်၍ သင်တို့၌ ယခု မှန်ကန်သော နားလည်မှုနှင့် အမြင် ရှိကြပြီလော။ (ရှိပါသည်။) သင်တို့၌ ဤအပေါ် မှန်ကန်သော အမြင်ရှိပြီးဖြစ်သောကြောင့်၊ သင်တို့သည် ဤလူများကို မှန်ကန်စွာ ချဉ်းကပ်နိုင်သလော။ ၎င်းတို့၏ အားသာချက်များအပေါ်၌လည်းကောင်း၊ ၎င်းတို့၏ လူ့သဘာဝ၊ အလုပ်၊ အတတ်ပညာနှင့် အခြားအမျိုးမျိုးသော ကဏ္ဍများတွင် ၎င်းတို့၌ရှိသော အားနည်းချက်များနှင့် ချို့တဲ့မှုများအပေါ်၌လည်းကောင်း သင်တို့သည် မှန်ကန်စွာ ချဉ်းကပ်ရမည်။ ဤအရာအားလုံးကို မှန်ကန်စွာ ချဉ်းကပ်ရမည်။ ထို့အပြင် သင်တို့သည် ခေါင်းဆောင်များ သို့မဟုတ် အမှုဆောင်များအဖြစ် မြှင့်တင်ပေးခြင်းနှင့် ပျိုးထောင်ခြင်း ခံရသည်ဖြစ်စေ၊ အတတ်ပညာအမျိုးမျိုး၌ ပင်ကိုစွမ်းရည်ရှိသူများ ဖြစ်သည်ဖြစ်စေ၊ သင်တို့အားလုံးသည် သာမန်လူများဖြစ်ကြသည်၊ သင်တို့အားလုံးသည် စာတန်၏ ဖောက်ပြန်ပျက်စီးအောင် ပြုလုပ်ခြင်းကို ခံခဲ့ရပြီး သင်တို့ထဲမှ တစ်ဦးတစ်ယောက်မျှ သမ္မာတရားကို နားမလည်ကြပေ။ သို့ဖြစ်၍ သင်တို့ထဲမှ တစ်ဦးတစ်ယောက်မျှ မိမိတို့ကိုယ်ကို ဟန်ဆောင်ခြင်း သို့မဟုတ် ဖုံးကွယ်ခြင်း မပြုသင့်ပေ။ ထိုအစား သင်တို့သည် ပွင့်လင်းစွာ မိတ်သဟာယဖွဲ့ရန် သင်ယူသင့်သည်။ သင်နားမလည်ပါက၊ နားမလည်ကြောင်း ဝန်ခံလော့။ သင်တစ်စုံတစ်ခုကို မည်သို့လုပ်ဆောင်ရမည်ကို မသိပါက၊ မည်သို့လုပ်ဆောင်ရမည်ကို မသိကြောင်း ဝန်ခံလော့။ မည်သို့သော ပြဿနာများ သို့မဟုတ် အခက်အခဲများ ပေါ်ပေါက်ပါစေ၊ လူတိုင်းသည် ဖြေရှင်းချက်တစ်ခုကို ရှာဖွေရန် အတူတကွ မိတ်သဟာယဖွဲ့ပြီး သမ္မာတရားကို ရှာဖွေသင့်သည်။ သမ္မာတရား၏ ရှေ့မှောက်တွင် လူတိုင်းသည် ကလေးငယ်တစ်ဦးကဲ့သို့ ဖြစ်သည်၊ လူတိုင်းသည် ဆင်းရဲနွမ်းပါးပြီး သနားစရာကောင်းကာ လုံးဝချို့တဲ့နေသည်။ လူတို့လုပ်ဆောင်ရန် လိုအပ်သည့်အရာမှာ သမ္မာတရား၏ ရှေ့မှောက်တွင် ကျိုးနွံနာခံရန်၊ နှိမ့်ချပြီး တောင့်တသော စိတ်နှလုံးရှိရန်နှင့် သမ္မာတရားကို ရှာဖွေကာ လက်ခံရန်၊ ထို့နောက် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး ဘုရားသခင်ထံ ကျိုးနွံနာခံခြင်းကို ရရှိရန် ဖြစ်သည်။ ဤသို့ပြုလုပ်ခြင်းအားဖြင့် လူတို့သည် မိမိတို့၏ တာဝန်များကို ထမ်းဆောင်နေစဉ်နှင့် မိမိတို့၏ လက်တွေ့အသက်တာများတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်နိုင်သည်။ လူတိုင်းသည် သမ္မာတရား ရှေ့မှောက်တွင် တန်းတူဖြစ်သည်။ မြှင့်တင်ပေးခံရပြီး ပျိုးထောင်ခြင်း ခံရသူများသည် သူတစ်ပါးတို့ထက် များစွာ ပိုတော်ခြင်းမရှိပေ။ လူတိုင်းက ဘုရားသခင်၏ လုပ်ဆောင်မှုကို တစ်ချိန်တည်းနီးပါး တွေ့ကြုံခဲ့ကြသည်။ မြှင့်တင်ပေးခံရသော၊ သို့မဟုတ် ပျိုးထောင်ခြင်းမခံရသော သူတို့သည်လည်း မိမိတို့၏ တာဝန်များကို ထမ်းဆောင်စဉ်တွင် သမ္မာတရားကို လိုက်စားသင့်သည်။ မည်သူကမျှ သမ္မာတရားကို လိုက်စားရန် သူတစ်ပါးတို့၏ အခွင့်အရေးကို မပိတ်ပင်နိုင်ပေ။ အချို့လူတို့သည် သမ္မာတရားကို လိုက်စားရာတွင် ပို၍ စိတ်ထက်သန်ပြီး အစွမ်းအစအချို့ရှိသည်။ ထို့ကြောင့် ၎င်းတို့သည် မြှင့်တင်ပေးခံရပြီး ပျိုးထောင်ခြင်းခံရသည်။ ဤသည်မှာ ဘုရားအိမ်တော်၏ အလုပ်၏ လိုအပ်ချက်များကြောင့် ဖြစ်သည်။ ဤသို့ဆိုလျှင် ဘုရားသခင်၏အိမ်တော်သည် လူတို့ကို မြှင့်တင်ပေးပြီး အသုံးပြုခြင်းအတွက် အဘယ်ကြောင့် ထိုသို့သော စည်းမျဉ်းများရှိသနည်း။ လူတို့၏ အစွမ်းအစနှင့် ကိုယ်ကျင့်စရိုက်က ကွာခြားမှုများရှိသောကြောင့်၊ လူအသီးသီးက မတူညီသည့် လမ်းကြောင်းကို ရွေးချယ်ကြသောကြောင့် ဤအရာက ဘုရားသခင်အပေါ် လူတို့၏ ယုံကြည်မှုတွင် မတူညီသော ရလဒ်များကို ရရှိစေသည်။ သမ္မာတရားကို လိုက်စားသောသူတို့သည် ကယ်တင်ခံရပြီး နိုင်ငံတော်၏ လူများဖြစ်လာကြကာ သမ္မာတရားကို လုံးဝ လက်မခံသူများ၊ မိမိတို့၏ တာဝန်ထမ်းဆောင်ခြင်းတွင် သစ္စာစောင့်သိခြင်းမရှိသော သူများကမူ ဖယ်ရှားရှင်းလင်းခြင်းခံရသည်။ ဘုရားသခင်၏ အိမ်တော်သည် လူတို့ကို သမ္မာတရား လိုက်စားခြင်းရှိမရှိနှင့် သူတို့၏တာဝန်ထမ်းဆောင်ခြင်းတွင်သစ္စာစောင့်သိခြင်းရှိမရှိအပေါ်တွင် အခြေခံပြီး ပျိုးထောင်ပေးကာ အသုံးပြုသည်။ ဘုရားသခင်၏ အိမ်တော်တွင် အမျိုးမျိုးသောလူတို့၏ ရာထူးအဆင့်ဆင့်တွင် ကွဲပြားခြင်းရှိသလော။ လက်ရှိအချိန်တွင် အမျိုးမျိုးသောလူတို့၏၊ နေရာ၊ တန်ဖိုး၊ ဂုဏ် သို့မဟုတ် အဆင့်အတန်းနှင့်ပတ်သက်ပြီး အထက်အောက်စနစ်မရှိပေ။ အနည်းဆုံး လူတို့ကို ဘုရားသခင်က ကယ်တင်ပြီး လမ်းပြရန် အလုပ်လုပ်သောအခါတွင် အမျိုးမျိုးသောလူတို့၏ အဆင့်များ၊ နေရာများ၊ တန်ဖိုး၊ သို့မဟုတ် ဂုဏ်အဆင့်အတန်းတွင် ကွဲပြားမှုမရှိပေ။ ကွဲပြားသောအရာများမှာ အလုပ်ခွဲဝေခြင်းနှင့် ထမ်းဆောင်ကြသော တာဝန်ကဏ္ဍများသာ ဖြစ်သည်။ ခြွင်းချက်အဖြစ် ဤအချိန်ကာလအတွင်းတွင် လူအချို့သည် အထူးအလုပ်အချို့ကို ထမ်းဆောင်ရန် မြှင့်တင်ပေးခြင်းနှင့် ပျိုးထောင်ပေးခြင်းခံရပြီး လူအချို့မှာ ၎င်းတို့၏ အစွမ်းအစ၊ သို့မဟုတ် မိသားစုပတ်ဝန်းကျင်နှင့်ပတ်သက်သော ပြဿနာများကဲ့သို့သော အကြောင်းပြချက်အမျိုးမျိုးကြောင့် ဤသို့သော အခွင့်အလမ်းများကို မရရှိသည်မှာ မှန်ပေသည်။ သို့သော် ထိုသို့သော အခွင့်အလမ်းများကို မရရှိသောသူများကို ဘုရားသခင်က မကယ်တင်သလော။ ဤသို့ မဟုတ်ပေ။ ၎င်းတို့၏ တန်ဖိုးနှင့် နေရာသည် အခြားလူများထက် ပို၍ နိမ့်ကျသလော။ မနိမ့်ကျပေ။ လူတိုင်းက သမ္မာတရားရှေ့တွင် ညီမျှသည်။ လူတိုင်းက သမ္မာတရားကို လိုက်စားပြီး ရရှိရန် အခွင့်အလမ်းရှိပြီး၊ ဘုရားသခင်က လူတိုင်းကို မျှတစွာနှင့် ကျိုးကြောင်းသင့်စွာ ဆက်ဆံသည်။ လူတို့၏ နေရာ၊ တန်ဖိုးနှင့် ဂုဏ်အဆင့်အတန်းတို့တွင် မည်သည့်အချိန်၌ သိသာထင်ရှားသော ခြားနားမှုများ ရှိသနည်း။ ယင်းမှာ လူတို့သည် မိမိတို့၏ လမ်းခရီးအဆုံးသို့ ရောက်ရှိသည့်အခါ၊ ဘုရားသခင်၏အလုပ် ပြီးဆုံးသည့်အခါ၊ ကယ်တင်ခြင်းကို လိုက်စားခြင်းဖြစ်စဉ်နှင့် မိမိတို့၏တာဝန်ကို ထမ်းဆောင်နေစဉ်အတွင်း လူတစ်ဦးစီက ပြသခဲ့သော သဘောထားများနှင့် အမြင်များအပေါ်၌သာမက ဘုရားသခင်အပေါ် ၎င်းတို့၏ အမျိုးမျိုးသော သရုပ်သကန်များနှင့် သဘောထားများအပေါ်၌ပါ နောက်ဆုံးတွင် ကောက်ချက်တစ်ခု ချမှတ်ပြီးသည့်အခါ၊ ဆိုလိုသည်မှာ ဘုရားသခင်၏ မှတ်စုစာအုပ်တွင် ပြည့်စုံသော မှတ်တမ်းတစ်ခု ရှိသည့်အခါ ထိုအချိန်တွင် လူတို့၏ အဆုံးသတ်နှင့် ပန်းတိုင်များက မတူညီကြသောကြောင့် ၎င်းတို့၏ တန်ဖိုး၊ နေရာများနှင့် ဂုဏ်အဆင့်အတန်းတို့တွင်လည်း ခြားနားမှုများ ရှိလိမ့်မည်ဖြစ်သည်။ သို့မှသာလျှင် ဤအရာအားလုံးကို အရိပ်အမြွက်တွေ့မြင်နိုင်ပြီး ခန့်မှန်းခြေအားဖြင့် သိရှိနိုင်သည်၊ သို့သော် ယခုမူ လူတိုင်းသည် တူညီကြသည်။ သင်နားလည်ပြီလော။ သင်တို့သည် ထိုနေ့ကို မျှော်လင့်နေကြသလော။ သင်တို့သည် ထိုနေ့ကို တစ်ချိန်တည်းတွင် မျှော်လင့်နေပြီး ကြောက်ရွံ့နေကြသလော။ သင်တို့ မျှော်လင့်သောအရာမှာ ထိုနေ့တွင် နောက်ဆုံး၌ ရလဒ်တစ်ခု ရှိလာမည်ဖြစ်ပြီး၊ အခက်အခဲအားလုံးရှိလင့်ကစား သင်တို့သည် ထိုနေ့သို့ နောက်ဆုံးတွင် ရောက်ရှိခဲ့ပြီဖြစ်ခြင်း ဖြစ်သည်။ သင်တို့ ကြောက်ရွံ့သောအရာမှာ သင်တို့သည် လမ်းခရီးကို ကောင်းစွာ မလျှောက်လှမ်းခဲ့မိခြင်း၊ လမ်းတစ်လျှောက်တွင် သင်တို့ လဲကျပြီး ရှုံးနိမ့်ခဲ့ခြင်း၊ နောက်ဆုံးအဆုံးသတ်သည် စိတ်တိုင်းမကျစရာဖြစ်ပြီး သင်တို့ စိတ်ကူးကာ မျှော်လင့်ထားသည်ထက် ပိုဆိုးနေခြင်း ဖြစ်သည်။ ယင်းမှာ မည်မျှ ဝမ်းနည်းဖွယ်၊ မည်မျှ နာကျင်ဖွယ်ကောင်းပြီး မည်မျှ စိတ်ပျက်ဖွယ်ကောင်းလိုက်မည်နည်း။ အလွန်ကြို၍ မစဉ်းစားနှင့်၊ အလွန်ကြို၍ စဉ်းစားခြင်းသည် လက်တွေ့မကျပေ။ ရှေးဦးစွာ သင်၏ မျက်စိရှေ့မှောက်ရှိအရာကို ကြည့်လော့၊ သင်၏ ခြေဖဝါးအောက်မှ လမ်းခရီးကို ကောင်းစွာ လျှောက်လှမ်းလော့၊ လက်ထဲမှအလုပ်ကို ကောင်းစွာ လုပ်ဆောင်လော့၊ ဘုရားသခင်က သင့်ကို အပ်နှင်းထားသည့် တာဝန်များနှင့် တာဝန်ခံမှုများကို ဖြည့်ဆည်းလော့။ ဤသည်မှာ အရေးအကြီးဆုံးနှင့် အရေးအပါဆုံးသော အရာဖြစ်သည်။ ယခု လက်ရှိ နားလည်သင့်သည့် သင်၏တာဝန်ကို ထမ်းဆောင်ခြင်းအတွက် သမ္မာတရားနှင့် စည်းမျဉ်းများကို နားလည်ပြီး၊ ၎င်းတို့အကြောင်းကို ရှင်းလင်းပြတ်သားသွားသည်အထိ မိတ်သဟာယဖွဲ့လော့။ သို့မှသာ သင်သည် ၎င်းတို့ကို နှလုံးသွင်းထားပြီး၊ သင်လုပ်ဆောင်သမျှအရာတိုင်းတွင် စည်းမျဉ်းများမှာ အဘယ်အရာဖြစ်သည်ကို ရှင်းလင်းတိကျစွာ သိရှိမည်ဖြစ်သည်။ သင်သည် စည်းမျဉ်းများကို မချိုးဖောက်မိကြောင်း၊ ၎င်းတို့မှ သွေဖည်မသွားကြောင်း၊ အဖျက်အမှောင့်လုပ်ခြင်းများ သို့မဟုတ် နှောင့်ယှက်ခြင်းများ မဖြစ်စေကြောင်း၊ သို့မဟုတ် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ထိခိုက်စေသည့် မည်သည့်အရာကိုမျှ မလုပ်ဆောင်မိကြောင်း သေချာစေလော့။ ဤအရာအားလုံးမှာ သင်တို့ ယခု လက်ရှိ ဝင်ရောက်သင့်သည့်အရာ ဖြစ်သည်။ ပို၍ဝေးကွာသောအရာတစ်ခုခုအကြောင်း ငါတို့ ပြောဆိုရန် မလိုအပ်သကဲ့သို့၊ သင်တို့ မေးမြန်းရန် သို့မဟုတ် စဉ်းစားရန်လည်း လုံးဝ မလိုအပ်ပေ။ အလွန်ကြို၍ စဉ်းစားခြင်းသည် အသုံးမဝင်ပေ။ ယင်းမှာ သင် စဉ်းစားသင့်သည့်အရာ မဟုတ်ပေ။ အချို့က “အဘယ်ကြောင့် ကျွန်ုပ်တို့ မစဉ်းစားသင့်သနည်း။ ယခု ဘေးအန္တရာယ်အခြေအနေက အလွန်ကြီးမားနေပြီ၊ ထိုသို့သောအရာများကို ကျွန်ုပ်တို့ စဉ်းစားရမည့်အချိန် မဟုတ်လော” ဟု မေးကောင်းမေးနိုင်သည်။ အချိန်ကျပြီလော။ ဘေးအန္တရာယ်ကြီးမားသည်ဟူသောအချက်က သင်၏ သမ္မာတရားထဲသို့ ဝင်ရောက်မှုအပေါ် လွှမ်းမိုးမှုရှိသလော။ (မရှိပါ။) ဘေးအန္တရာယ်အခြေအနေက အလွန်ကြီးမားနေပြီ၊ သို့သော် ငါသည် ဘေးအန္တရာယ်နှင့်ပတ်သက်၍ အထူးအစည်းအဝေးများ ကျင်းပခြင်း၊ သို့မဟုတ် တရားဒေသနာများ ဟောကြားခြင်းတို့ကို မည်သည့်အခါက ပြုလုပ်ခဲ့ဖူးသလော။ ငါသည် ဘေးအန္တရာယ်ကိစ္စကို မည်သည့်အခါမျှ အာရုံမစိုက်၊ ငါသည် သမ္မာတရားကိုသာ အမြဲပြောဆိုသည်၊ ဤသို့ဖြင့် သမ္မာတရားကို သင်တို့ နားလည်နိုင်ရန်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်နိုင်ရန်၊ သင်တို့၏တာဝန်ကို မည်သို့ကောင်းစွာ ထမ်းဆောင်ရမည်ကို နားလည်နိုင်ရန်၊ သမ္မာတရား လက်တွေ့ကျမှုထဲသို့ မည်သို့ဝင်ရောက်ရမည်ကို နားလည်နိုင်ရန် ဖြစ်သည်။ ယနေ့ခေတ်တွင် အချို့လူများသည် သမ္မာတရား လက်တွေ့ကျမှုဟူသည် အဘယ်အရာဖြစ်သည်၊ အယူဝါဒများဟူသည် အဘယ်အရာဖြစ်သည်ကိုပင် နားမလည်ကြပေ။ ၎င်းတို့သည် နေ့စဉ် ထိုအနည်းငယ်သော စကားလုံးများ၊ အယူဝါဒများနှင့် အနှစ်မဲ့သော စကားများကိုသာ ပြောဆိုနေကြပြီး ၎င်းတို့သည် သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ပြီးဖြစ်သည်ဟု ခံစားနေကြသေးသည်။ ငါသည် ၎င်းတို့အတွက် စိုးရိမ်မိသော်လည်း ၎င်းတို့သည် မိမိတို့ကိုယ်ကို မစိုးရိမ်ကြပေ။ ၎င်းတို့သည် အနာဂတ်မှ ထိုဝေးကွာသောအရာများအကြောင်းကို စဉ်းစားနေကြဆဲဖြစ်သည်။ ထိုအရာများအကြောင်းကို စဉ်းစားခြင်းသည် လက်တွေ့မကျပေ။

ပင်ကိုစွမ်းရည်ရှိသူမျိုးစုံကို မြှင့်တင်ပေးခြင်းနှင့် ပြုစုပျိုးထောင်ပေးခြင်း၏ ရည်ရွယ်ချက်မှာ ၎င်းတို့ကို တက်ကြွသောလူများအဖြစ်သို့ ပြောင်းလဲရန်မဟုတ်သကဲ့သို့ ၎င်းတို့အနေဖြင့် အနာဂတ်တွင် အဓိက ဒေါက်တိုင် တစ်မျိုးမျိုးဖြစ်လာဖို့ စီစဉ်ရန်လည်း မဟုတ်ဘဲ၊ အခြားလူများနှင့်နှိုင်းယှဉ်ကြည့်လျှင် သမ္မာတရားကို ပို၍လိုက်စားပြီး မြှင့်တင်ပေးခြင်းနှင့် ပြုစုပျိုးထောင်ပေးခြင်းအတွက် စံသတ်မှတ်ချက်များနှင့် ကိုက်ညီသော လူအချို့ကို သင့်တော်သော ပတ်ဝန်းကျင်များနှင့် ပို၍အဆင်ပြေသော အခြေအနေများအောက်တွင် လေ့ကျင့်ဖို့ အခွင့်အရေးပေးရန် ဖြစ်သည်။ အရေးကြီးဆုံးအရာမှာ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားလည်နိုင်ရန်၊ သမ္မာတရားကို နားလည်ပြီး သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်နိုင်ရန် ဖြစ်သည်။ ဤသည်မှာ လူတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်းဖြင့် စွမ်းဆောင်ရရှိသင့်သည့်အရာ မဟုတ်လော။ ဤသည်မှာ လူတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်းဖြင့် ရသင့်သည့်အရာ မဟုတ်လော။ သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ရန်အလို့ငှာ သင်တို့သည် ယခု လက်ရှိ လိုက်စားသင့်သည့် အဓိကအရာမှာ အဘယ်နည်း။ ထိုသို့ပြုလုပ်ရန် သင်တို့၌ အစီအစဉ်များ သို့မဟုတ် အဆင့်များ ရှိသလော။ သင်တို့ကို ရိုးရှင်းလွယ်ကူပြီး လျင်မြန်သော နည်းလမ်းကောင်းတစ်ခု ငါပြောပြမည်။ ရိုးရိုးရှင်းရှင်းပြောရလျှင် သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ခြင်းသည် အမှန်တကယ်တွင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း ဖြစ်သည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန်အလို့ငှာ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဦးစွာ ကိုင်တွယ်ဖြေရှင်းရန် လိုအပ်သည်။ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းရန် အလျင်မြန်ဆုံးသော အစမှတ်မှာ အဘယ်နည်း။ သင်တို့အတွက် အရိုးရှင်းဆုံး၊ အလျင်မြန်ဆုံးနှင့် ဒုက္ခအနည်းဆုံးနည်းလမ်းမှာ မိမိတို့၏တာဝန်ကို ထမ်းဆောင်ရာတွင် ဝတ်ကျေတမ်းကျေလုပ်ခြင်းဟူသည့် ပြဿနာကို ဦးစွာ ဖြေရှင်းပြီး သင်တို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို တစ်ဆင့်ပြီးတစ်ဆင့် ဖြေရှင်းရန် ဖြစ်သည်။ ယင်းကို ဖြေရှင်းရန် သင်တို့အတွက် အချိန်မည်မျှ ကြာနိုင်သနည်း။ သင်တို့၌ အစီအစဉ်တစ်ခု ရှိသလော။ လူအများစုတွင် အစီအစဉ်မရှိ၊ ၎င်းတို့သည် မည်သည့်အချိန်တွင် အမှန်တကယ် စတင်ရမည်ကို မသိဘဲ ၎င်းတို့၏စိတ်ထဲတွင်သာ ဆက်လက်အဖြေရှာနေကြသည်။ မိမိတို့သည် ဝတ်ကျေတမ်းကျေလုပ်နေကြောင်း သိကြသော်လည်း ၎င်းတို့သည် ယင်းကို ဖြေရှင်းရန် မစတင်ဘဲ တိကျသော မည်သည့်ဖြေရှင်းနည်းမျှ မရှိကြပေ။ မိမိ၏တာဝန်ကို ထမ်းဆောင်ရာတွင် ပျင်းရိခြင်း၊ စေ့စပ်မှုမရှိခြင်း၊ တာဝန်မသိခြင်းနှင့် အလေးအနက်မထားခြင်းတို့ဖြစ်သည့် ဤအရာအားလုံးသည် ဝတ်ကျေတမ်းကျေလုပ်ခြင်း၏ သရုပ်သကန်များ ဖြစ်ကြသည်။ ပထမအဆင့်မှာ ဝတ်ကျေတမ်းကျေလုပ်ခြင်းပြဿနာကို ဖြေရှင်းရန် ဖြစ်သည်။ ဒုတိယအဆင့်မှာ မိမိ၏ ကိုယ်ပိုင်အလိုဆန္ဒအတိုင်း ပြုမူလုပ်ဆောင်ခြင်းပြဿနာကို ဖြေရှင်းရန် ဖြစ်သည်။ ရံဖန်ရံခါ မရိုးမသားပြောဆိုခြင်း၊ သို့မဟုတ် လှည့်ဖြားတတ်သော သို့မဟုတ် မာနထောင်လွှားသော စိတ်သဘောထားများကို ထုတ်ဖော်ခြင်းကဲ့သို့သော အခြားအရာများအတွက်မူ ယခုလောလောဆယ် ထိုအရာများနှင့်ပတ်သက်၍ သင်တို့ကိုယ်သင်တို့ စိတ်မပူကြနှင့်။ ဝတ်ကျေတမ်းကျေလုပ်ခြင်းနှင့် မိမိ၏ ကိုယ်ပိုင်အလိုဆန္ဒအတိုင်း ပြုမူလုပ်ဆောင်ခြင်းကို ဦးစွာ ကိုင်တွယ်ဖြေရှင်းခြင်းသည် ပို၍ လက်တွေ့ကျပြီး ထိရောက်မှုရှိသည် မဟုတ်လော။ ဤပြဿနာနှစ်ခုသည် အလွယ်တကူ သတိပြုမိနိုင်ဆုံးသော အရာများ မဟုတ်လော။ ၎င်းတို့ကို ဖြေရှင်းရန် လွယ်ကူသည် မဟုတ်လော။ (ဟုတ်ပါသည်။) သင်သည် ဝတ်ကျေတမ်းကျေလုပ်နေသည့်အခါ သတိထားမိသလော။ သင်သည် ပျင်းရိရန် စဉ်းစားနေသည့်အခါ သတိပြုမိသလော။ သင်သည် လှည့်စားရန် သို့မဟုတ် ခိုကပ်ပြီး လှည့်ဖြားမှုကို အသုံးချရန် စဉ်းစားနေသည့်အခါ သင်သတိထားမိသလော။ (သတိထားမိပါသည်။) သင်သတိထားမိလျှင် ဖြေရှင်းရန် လွယ်ကူသည်။ သင် အလွယ်တကူ သတိပြုမိနိုင်ပြီး သင်၏စိတ်ထဲတွင် သိရှိနေသော ပြဿနာများကို ဖြေရှင်းခြင်းဖြင့် စတင်လော့။ လူတစ်ဦး၏တာဝန်တွင် ဝတ်ကျေတမ်းကျေလုပ်ခြင်းသည် အလွန်သိသာပြီး အဖြစ်များသော ပြဿနာတစ်ခုဖြစ်သော်လည်း ယင်းမှာ ဖြေရှင်းရန် အမှန်တကယ် ခက်ခဲသည့် ကိုင်တွယ်ပြုပြင်ရခက်သော ပြဿနာတစ်ခုလည်း ဖြစ်သည်။ တာဝန်တစ်ခုကို ထမ်းဆောင်သည့်အခါ လူတစ်ဦးသည် တာဝန်သိတတ်ရန်၊ စည်းစနစ်တင်းကျပ်ရန်၊ တိကျစေ့စပ်ရန်နှင့် တာဝန်ယူတတ်ရန်၊ မြဲမြံစွာ အခြေခိုင်သောပုံစံဖြင့် လုပ်ဆောင်ရန်၊ ဆိုလိုသည်မှာ တစ်လှမ်းချင်းလျှောက်လှမ်းခြင်းအားဖြင့် လုပ်ဆောင်ရန် သင်ယူရမည်။ လူတစ်ဦးသည် ထိုတာဝန်ကို ကောင်းစွာ ထမ်းဆောင်ရန်အတွက် မိမိထမ်းဆောင်ခဲ့ပြီးသည့်ပုံကို စိတ်ကျေနပ်သည်အထိ မိမိ၏ အစွမ်းရှိသမျှကို အသုံးပြုရမည်။ လူတစ်ဦးသည် သမ္မာတရားကို နားမလည်ပါက သူသည် စည်းမျဉ်းများကို ရှာဖွေပြီး ထိုစည်းမျဉ်းများနှင့် ဘုရားသခင်၏ တောင်းဆိုချက်များအတိုင်း ပြုမူလုပ်ဆောင်သင့်သည်။ မိမိ၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရန် ပို၍ အားထုတ်လိုစိတ်ရှိသင့်ပြီး ဝတ်ကျေတမ်းကျေပုံစံဖြင့် မည်သည့်အခါမျှ မလုပ်ဆောင်သင့်ပေ။ ဤအတိုင်း လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့်သာ လူတစ်ဦးသည် မိမိ၏ အသိစိတ်က မိမိကို အပြစ်တင်ခြင်းမရှိဘဲ စိတ်နှလုံးထဲတွင် ငြိမ်သက်ခြင်းကို ခံစားရနိုင်သည်။ ဝတ်ကျေတမ်းကျေလုပ်ခြင်းကို ဖြေရှင်းရန် လွယ်ကူသလော။ သင့်တွင် အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိသရွေ့ ယင်းကို ဖြေရှင်းနိုင်သည်။ ပထမဦးစွာ သင်သည် ဘုရားသခင်ထံ “ဘုရားသခင်၊ ကျွန်ုပ်သည် မိမိ၏တာဝန်ကို စတင်နေပါပြီ။ ကျွန်ုပ် ဝတ်ကျေတမ်းကျေလုပ်မိပါက ကိုယ်တော်သည် ကျွန်ုပ်ကို ဆုံးမပဲ့ပြင်ပြီး ကျွန်ုပ်၏စိတ်နှလုံးထဲတွင် ပြစ်တင်ရှုတ်ချတော်မူပါဟု တောင်းလျှောက်ပါသည်။ မိမိ၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရန်နှင့် ဝတ်ကျေတမ်းကျေ မလုပ်မိရန် ကိုယ်တော်သည် ကျွန်ုပ်ကို ဦးဆောင်တော်မူပါဟုလည်း တောင်းလျှောက်ပါသည်” ဟူ၍ ဆုတောင်းရမည်။ ဤနည်းလမ်းဖြင့် နေ့စဉ် လက်တွေ့လုပ်ဆောင်ပြီး သင်၏ ဝတ်ကျေတမ်းကျေလုပ်ခြင်းပြဿနာ ပြေလည်သွားရန်၊ သင်၏ ဝတ်ကျေတမ်းကျေလုပ်သော အခြေအနေများ လျော့နည်းသွားရန်၊ သင်၏တာဝန်တွင် မသန့်စင်မှုများ နည်းပါးလာရန်အပြင် သင်၏ စစ်မှန်သောရလဒ်များ တိုးတက်လာရန်နှင့် သင်၏ တာဝန်ထမ်းဆောင်ရာတွင် သင်၏ ထိရောက်မှု တိုးတက်လာရန် အချိန်မည်မျှကြာသည်ကို ကြည့်လော့။ သင်၏တာဝန်ကို ဝတ်ကျေတမ်းကျေလုပ်ခြင်းမရှိဘဲ ထမ်းဆောင်ခြင်းမှာ မိမိကိုယ်ကိုအမှီပြုခြင်းဖြင့် ရရှိနိုင်သည့် အရာလော။ သင်သည် ဝတ်ကျေတမ်းကျေလုပ်နေသည့်အခါ ယင်းကို ထိန်းချုပ်နိုင်သလော။ (မလွယ်ကူပါ။) သို့ဆိုလျှင် ယင်းမှာ သိမ်မွေ့ခက်ခဲသည်။ အကယ်၍ ဤအရာကို ထိန်းချုပ်ရန် သင့်အတွက် အမှန်တကယ် ခက်ခဲပါက သင်တို့၌ ကြီးမားသော ပြဿနာတစ်ခု ရှိနေပြီဖြစ်သည်။ သို့ဆိုလျှင် သင်တို့သည် ဝတ်ကျေတမ်းကျေ လုပ်ခြင်းမရှိဘဲ မည်သည့်အရာများကို လုပ်ဆောင်နိုင်သနည်း။ အချို့လူများသည် မိမိတို့စားသော အစားအစာနှင့်ပတ်သက်၍ အလွန် ဇီဇာကြောင်တတ်ကြသည်။ အစားအစာတစ်နပ်သည် ၎င်းတို့၏စိတ်ကြိုက် မဟုတ်ပါက ၎င်းတို့သည် တစ်နေ့လုံး စိတ်မကြည်မသာ ဖြစ်နေလိမ့်မည်။ အချို့အမျိုးသမီးများသည် အဝတ်အစားဆင်ယင်ခြင်းနှင့် မိတ်ကပ်လိမ်းခြယ်ခြင်းကို နှစ်သက်ကြသည်။ ဆံချည်တစ်မျှင်မျှပင် ၎င်းတို့၏ အာရုံစိုက်မှုမှ မလွတ်မြောက်ပေ။ အချို့လူများသည် စီးပွားရေးလုပ်ရာတွင် ကျွမ်းကျင်ကြသည်။ ၎င်းတို့သည် တစ်ပြားတစ်ချပ်တိုင်းကို ဂရုတစိုက် တွက်ချက်ကြသည်။ သင်တို့သည် ဤသို့ တာဝန်သိတတ်သည့် သဘောထားမျိုးဖြင့် လုပ်ဆောင်ပါက ဝတ်ကျေတမ်းကျေလုပ်ခြင်းကို ရှောင်ရှားနိုင်သည်။ ပထမဦးစွာ ဝတ်ကျေတမ်းကျေလုပ်ခြင်း ပြဿနာကို ဖြေရှင်းလော့။ ထို့နောက် သင်၏ ကိုယ်ပိုင်အလိုဆန္ဒအတိုင်း ပြုမူလုပ်ဆောင်ခြင်းပြဿနာကို ဖြေရှင်းလော့။ မိမိ၏ ကိုယ်ပိုင်အလိုဆန္ဒအတိုင်း ပြုမူလုပ်ဆောင်ခြင်းသည် အဖြစ်များသော ပြဿနာတစ်ခုဖြစ်ပြီး ယင်းမှာ လူတို့အနေဖြင့် မိမိတို့ကိုယ်မိမိတို့၌ အလွယ်တကူ သတိပြုမိနိုင်သည့် အခြားပြဿနာတစ်ခု ဖြစ်သည်။ မိမိကိုယ်ကို အနည်းငယ် ဆင်ခြင်သုံးသပ်ခြင်းဖြင့် လူတစ်ဦးက သူသည် မိမိ၏ကိုယ်ပိုင် အလိုဆန္ဒအတိုင်း ပြုမူလုပ်ဆောင်နေကာ ယင်းမှာ သမ္မာတရား စည်းမျဉ်းများနှင့် မကိုက်ညီကြောင်း သတိပြုမိနိုင်သည်။ လူတို့ သတိပြုမိနိုင်သော ပြဿနာများကို ဖြေရှင်းရန် လွယ်ကူသည်။ တစ်ခုမှာ ဝတ်ကျေတမ်းကျေလုပ်ခြင်း ပြဿနာနှင့် အခြားတစ်ခုမှာ သင်တို့၏ ကိုယ်ပိုင်အလိုဆန္ဒအတိုင်း ပြုမူလုပ်ဆောင်ခြင်းပြဿနာဟူသည့် ဤပြဿနာနှစ်ခုကို ဖြေရှင်းရန် ဦးစွာ မိမိတို့ကိုယ်ကို စီစဉ်လော့။ သင်တို့လုပ်ဆောင်သည့် မည်သည့်အရာတွင်မဆို တစ်နှစ်နှစ်နှစ်အတွင်း ရလဒ်များရရှိရန်အတွက် ဝတ်ကျေတမ်းကျေမလုပ်ဖို့၊ သို့မဟုတ် သင်တို့၏ ကိုယ်ပိုင်အလိုဆန္ဒအတိုင်း သို့မဟုတ် သင်တို့၏အလိုဆန္ဒ မသန့်စင်မှုများဖြင့် မလုပ်ဆောင်ဖို့ ကြိုးစားလော့။ ဤပြဿနာနှစ်ခု ပြေလည်သွားသည်နှင့်၊ သင်တို့သည် မိမိတို့၏တာဝန်ကို စံနှုန်းပြည့်မီသော နည်းလမ်းအတိုင်း ထမ်းဆောင်ခြင်းနှင့် အလှမ်းမဝေးတော့ပေ။ သင်တို့သည် ယင်းတို့ကိုပင် မဖြေရှင်းနိုင်ပါက သင်တို့သည် ဘုရားသခင်ထံ ကျိုးနွံနာခံခြင်း သို့မဟုတ် သူ၏ ရည်ရွယ်ချက်များကို အလေးထားခြင်းနှင့် အလှမ်းဝေးနေဆဲ ဖြစ်သည်။ ဤအရာ၏ အပေါ်ယံကိုပင် လုံးဝ မဖြေရှင်းရသေးပေ။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။