ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၅) အခန်း လေး
ပင်ကိုစွမ်းရည်ရှိသူအမျိုးမျိုးကို မြှင့်တင်ပေးပြီး ပြုစုပျိုးထောင်ပေးခြင်းနှင့် ဆိုင်သည့် စံသတ်မှတ်ချက်များနှင့် ရည်ရွယ်ချက်များအကြောင်းကိုလည်းကောင်း၊ အရည်အချင်းရှိသော လူအမျိုးမျိုးအား ဘုရားအိမ်တော်မှ မြှင့်တင်ပေးပြီး ပြုစုပျိုးထောင်ပေးခြင်းနှင့် စပ်လျဉ်း၍ လူတစ်ဦး၌ ရှိသင့်သည့် နားလည်သဘောပေါက်မှုနှင့် ရှုထောင့်အမြင်အကြောင်းကိုလည်းကောင်း ငါတို့ ယခုလေးတင် မိတ်သဟာယဖွဲ့ခဲ့ကြသည်။ နောက်ထပ် ကဏ္ဍတစ်ခုမှာ ရာထူးတိုးမြှင့်ပေးခြင်းနှင့် ပြုစုပျိုးထောင်ပေးခြင်းခံရသည့် အရည်အချင်းရှိသောလူမျိုးစုံအပေါ် လူတစ်ဦး၌ ရှိသင့်သည့် သဘောထားနှင့် ချဉ်းကပ်နည်း ဖြစ်သည်။ ဤသည်တို့မှာ အချက်ခြောက်တွင် မိတ်သဟာယဖွဲ့သင့်သည့် ကိစ္စရပ်အချို့ ဖြစ်သည်။ ထို့ကြောင့် ဆက်လက်ပြီး အချက်ခြောက်နှင့် အတိအကျပတ်သက်၍ အယောင်ဆောင်ခေါင်းဆောင်များအနေဖြင့် ပင်ကိုစွမ်းရည်ရှိသူအမျိုးမျိုးကို မြှင့်တင်ပေးပြီး ပြုစုပျိုးထောင်ပေးခြင်း ဟူသည့်အလုပ်အား မည်သို့လုပ်ဆောင်သည်ကို ငါတို့ ဖော်ထုတ်ပြီး စိစစ်ကြစို့။ ဤသည်မှာ ငါတို့ မိတ်သဟာယဖွဲ့ကြမည့် အဓိကအကြောင်းအရာ ဖြစ်သည်။
ပင်ကိုစွမ်းရည်ရှိသော လူမျိုးစုံကို မြှင့်တင်ပေးပြီး ပြုစုပျိုးထောင်ပေးခြင်းနှင့်ပတ်သက်၍ အယောင်ဆောင်ခေါင်းဆောင်များ၏ သဘောထားများနှင့် သရုပ်သကန်များ
အယောင်ဆောင်ခေါင်းဆောင်များသည် သမ္မာတရားကို နားမလည်ကြသကဲ့သို့ သမ္မာတရားကိုလည်း မရှာဖွေကြပေ။ ထို့ကြောင့် ဘုရားအိမ်တော်၌ အရည်အချင်းပြည့်မီသော ပင်ကိုစွမ်းရည်ရှိသူမျိုးစုံကို မြှင့်တင်ပေးပြီး ပြုစုပျိုးထောင်ပေးခြင်းဟူသည့် အရေးကြီးသောအလုပ်နှင့် ပတ်သက်လာလျှင် ၎င်းတို့သည် ယင်းကို ကိုးရိုးကားရားလုပ်ကာ လုံးဝ မွှေနှောက်ကြပြီး ဘုရားအိမ်တော်၏ သတ်မှတ်ချက်များကို ဖြည့်ဆည်းရန် တကယ်ကို ပျက်ကွက်ကြသည်။ အရည်အချင်းပြည့်မီသော ပင်ကိုစွမ်းရည်ရှိသူအမျိုးမျိုးကို မြှင့်တင်ပေးပြီး ပြုစုပျိုးထောင်ပေးခြင်းနှင့်ပတ်သက်၍ ၎င်းတို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို မဆိုထားနှင့်၊ စံသတ်မှတ်ချက်များကိုပင် နားမလည်သောကြောင့်လည်းကောင်း၊ အရည်အချင်းပြည့်မီသော ပင်ကိုစွမ်းရည်ရှိသူအမျိုးမျိုးကို မြှင့်တင်ပေးပြီး ပြုစုပျိုးထောင်ပေးခြင်း၏ အရေးပါမှုကိုလည်း နားမလည်သောကြောင့်လည်းကောင်း ၎င်းတို့အနေဖြင့် ဤအလုပ်ကို စံနှုန်းပြည့်မီပြီး စည်းမျဉ်းနှင့်ကိုက်ညီသော နည်းလမ်းဖြင့် လုပ်ဆောင်ရန် အလွန်ခက်ခဲသည်။ အယောင်ဆောင် ခေါင်းဆောင်များအနေဖြင့် ၎င်းတို့၏အလုပ်ကို လုပ်ဆောင်နေစဉ်အတွင်း ပျိုးထောင်ပေးသည့် “ပင်ကိုစွမ်းရည်ရှိသော” လူအမျိုးမျိုးမှာ သေချာစွာပင် အရောရောအနှောနှော ဖြစ်သည်။ အယောင်ဆောင်ခေါင်းဆောင်များသည် အရည်အချင်းပြည့်မီသော ပင်ကိုစွမ်းရည်ရှိသူများကို မြှင့်တင်ပေးပြီး ပြုစုပျိုးထောင်ပေးမည့်အစား ခေါင်းဆောင်များ သို့မဟုတ် အမှုဆောင်များအဖြစ် မည်သည့်နည်းနှင့်မျှ မြှင့်တင်ပေးခြင်းနှင့် ပြုစုပျိုးထောင်ပေးခြင်း မခံရသင့်သော လူများကို မြှင့်တင်ပေးကြကာ ဤလူများအား အသင်းတော်ကို မှီခိုကပ်ရပ်ပြီး ဘုရားသခင်၏ ပူဇော်သက္ကာများကို ဖြုန်းတီးခွင့်ပေးကြသည်။ အယောင်ဆောင် ခေါင်းဆောင်များအားလုံးသည် ဤကဲ့သို့သော အမှုအရာများကို လုပ်ဆောင်သောကြောင့် သမ္မာတရားကို လိုက်စားပြီး တရားမျှတစိတ်ရှိသော လူအချို့သည် နင်းခြေခံရပြီး မြှင့်တင်ပေးခြင်းနှင့် အသုံးပြုခြင်း မခံရကြပေ။ ထိုအစား အသုံးမကျသောသူများသည် ဤအယောင်ဆောင်ခေါင်းဆောင်များ၏ အမြင်တွင် ပင်ကိုစွမ်းရည်ရှိသည်ဟု ဆိုသူများ ဖြစ်လာကြပြီး ၎င်းတို့၏ မြှင့်တင်ပေးခြင်းနှင့် ပြုစုပျိုးထောင်ပေးခြင်းကို ခံကြရသည်။ သို့ဆိုလျှင် ဤအလုပ်ကို လုပ်ဆောင်ရာ၌ အယောင်ဆောင်ခေါင်းဆောင်များ၏ သရုပ်သကန်များမှာ အဘယ်နည်း။ ဥပမာအနေဖြင့် ၎င်း၏အလုပ်နှင့်ဆိုင်သည့် လိုအပ်ချက်များကြောင့် ဘုရားအိမ်တော်သည် ပြင်ပရေးရာများကို ကိုင်တွယ်မည့် လူအချို့ကို ရှာဖွေရမည်ဟု ယူဆကြပါစို့။ သို့ဆိုလျှင် မည်သည့်လူများကို ရှာဖွေသင့်သနည်း။ အတိအကျဆိုရလျှင် အလုပ်လုပ်နိုင်စွမ်းရှိခြင်း၊ ဘုရားအိမ်တော်မှ သတ်မှတ်ထားသော စည်းမျဉ်းများနှင့်အညီ မိမိတို့၏တာဝန်များကို ထမ်းဆောင်နိုင်ခြင်းနှင့် ဘုရားအိမ်တော်၏ အကျိုးစီးပွားကို ကာကွယ်နိုင်ခြင်းဟူသည့် စံသတ်မှတ်ချက်အချို့ကို ယခုလေးတင် စာရင်းပြုစုခဲ့ကြသည်။ အယောင်ဆောင်ခေါင်းဆောင်များသည် ဤစည်းမျဉ်းများကို သိကြသလော။ ၎င်းတို့ မသိကြသည်မှာ သိသာထင်ရှားသည်။ သို့ဆိုလျှင် ၎င်းတို့သည် ပြင်ပရေးရာများကို ကိုင်တွယ်ရန် လူများကို မည်သို့ရှာဖွေကြသနည်း။ ၎င်းတို့ မိမိတို့ဘာသာ တွေးကြသည်မှာ “မည်သူသည် ပြင်ပရေးရာများကို ကိုင်တွယ်နိုင်မည်နည်း။ ဉာဏ်ထက်မြက်ပြီး တုံ့ပြန်မှုမြန်သော၊ စကားပြောကောင်းပြီး လူတို့အား မည်သို့ကိုင်တွယ်ရမည်ကို သိသော ညီအစ်မတစ်ဦး ရှိသည်။ သူမ စကားပြောသည့်အခါ သူမ၏ မျက်လုံးများက ကြံစည်နေသည့်ပုံဖြင့် လှုပ်ရှားနေပြီး သာမန်လူတစ်ဦးက သူမကို မခန့်မှန်းနိုင်ပေ။ သူမသည် အသင်းတော်ခေါင်းဆောင် တစ်ဦးအဖြစ် အနည်းငယ် သင့်တော်မည် မဟုတ်သော်လည်း ပြင်ပရေးရာများကို ကိုင်တွယ်ရာတွင် အလွန်ကျွမ်းကျင်လိမ့်မည်။ သို့ဖြစ်၍ ကျွန်ုပ် သူမကို ရွေးလိုက်မည်။ သူမ၏ ပညာအရည်အချင်းအဆင့်က အနည်းငယ်နိမ့်ကျနေသဖြင့်၊ ဘာသာတရားမရှိသူများက သူမကို အထင်သေးမည်ကို ကျွန်ုပ်စိုးရိမ်ခြင်းသာဖြစ်သည်၊ ထို့ကြောင့် သူမနှင့် ပူးပေါင်းဆောင်ရွက်ရန် သူမ၏ ကျောင်းသားအဖွဲ့၏ ကျောင်းသားသမဂ္ဂဥက္ကဋ္ဌဖြစ်ခဲ့သူ တက္ကသိုလ်ဘွဲ့ရတစ်ဦး ကို ကျွန်ုပ်ရှာမည်။ ဤသူသည် အတော်အတန် ပါးနပ်သော်လည်း လူ့အဖွဲ့အစည်းတွင် အတွေ့အကြုံ အတော်အသင့် နည်းပြီး လောကအကြောင်း အတော်အသင့် အမြင်နည်းသည်၊ ထို့ကြောင့် သူမသည် သူမ၏တွဲဖက်ထံမှ သင်ယူနိုင်သည်။ ဤလူနှစ်ဦးအနက် တစ်ဦးမှာ ပညာအရည်အချင်းအဆင့် နိမ့်ပြီး အခြားတစ်ဦးမှာ ပညာတတ်ဖြစ်သည်၊ တစ်ဦးမှာ လူ့အဖွဲ့အစည်းတွင် အတွေ့အကြုံရှိပြီး အခြားတစ်ဦးမှာ မရှိပေ။ ၎င်းတို့နှစ်ဦးသည် အတူတကွ ပူးပေါင်းဆောင်ရွက်ရန် သင့်တော်ကြသည် မဟုတ်လော” ဟူ၍ ဖြစ်သည်။ တစ်ဦးမှာ စကားပြောကောင်းပြီး ရှင်းလင်းစွာပြောဆိုနိုင်သည်၊ ဉာဏ်ထက်မြက်ကာ၊ အမှန်ပင် လူမှုရေးတွင် လျှမ်းလျှမ်းတောက်တစ်ဦးဖြစ်သည်။ သူမသည် ဘာသာတရားမရှိသူများနှင့် ဆက်ဆံသည့်အခါတိုင်း၊ ၎င်းတို့သည် သူမသည် ယုံကြည်သူတစ်ဦးဖြစ်ကြောင်း မပြောနိုင်ကြပေ။ အခြားတစ်ဦးမှာ ပညာတတ်ဖြစ်ပြီး လူမှုအဆင့်အတန်းရှိသည်။ သူမသည် ဘာသာတရားမရှိသူများနှင့် ဆက်ဆံသည့်အခါတိုင်း၊ ၎င်းတို့သည် သူမကို အထင်မသေးကြပေ။ အယောင်ဆောင်ခေါင်းဆောင်များက လူရွေးချယ်သည့် ဤစည်းမျဉ်းနှစ်ခုနှင့်ပတ်သက်၍ သင်တို့ မည်သို့ထင်သနည်း။ အယောင်ဆောင်ခေါင်းဆောင်များက တစ်စုံတစ်ဦးသည် စကားအရာ၌ ပါးနပ်ပြီး၊ ဉာဏ်ထက်မြက်ကာ၊ တုံ့ပြန်မှုမြန်သရွေ့၊ ၎င်းတို့သည် ဘုရားအိမ်တော်အတွက် အထွေထွေကိစ္စများကို ကိုင်တွယ်နိုင်သည်ဟု ယုံကြည်ကြသည်။ ဤသည်မှာ လူရွေးချယ်ရန် သင့်တော်သော နည်းလမ်းလော။ (မဟုတ်ပါ။) မည်သို့ မသင့်တော်သနည်း။ (ထိုသို့သောလူများသည် မကြာခဏ အလွန်ပါးနပ်ကြသည်၊ ၎င်းတို့သည် အခြားသူများနှင့် လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် အတွေးအခေါ်များကို ကျင့်သုံးနိုင်ပြီး၊ လူတို့ကို မည်သို့ကိုင်တွယ်ရမည်ကို သိသော်လည်း၊ ၎င်းတို့သည် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်နိုင်သည်ဟု မဆိုလိုနိုင်ပါ။) မှန်ပေသည်။ အရေးကြီးဆုံးအရာမှာ လူတစ်ဦးသည် ဘုရားအိမ်တော်အတွက် မည်သို့သောကိစ္စရပ်များကို ကိုင်တွယ်ပါစေ၊ အနည်းဆုံးအားဖြင့် ၎င်းတို့သည် စိတ်ထားမှန်ပြီး ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်နိုင်ရမည်ဖြစ်သည်။ အလွန်အပြောကောင်းပြီး စကားကို လှအောင်ပြောတတ်ခြင်းက ၎င်းတို့သည် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်နိုင်သည်ဟု ဆိုလိုသလော။ ဉာဏ်ထက်မြက်ပြီး စကားပြောကောင်းခြင်း၊ ရှင်းလင်းစွာပြောဆိုနိုင်ခြင်းက ၎င်းတို့သည် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်နိုင်သည်ဟု ဆိုလိုသလော။ (မဆိုလိုပါ။) ၎င်းတို့သည် သစ္စာကျိန်ဆိုလျှင်ပင် အသုံးမဝင်သကဲ့သို့၊ သင်သည် ၎င်းတို့အပေါ် တောင်းဆိုချက်များ ချမှတ်လျှင်လည်း အလားတူ အဓိပ္ပာယ်မဲ့သည်။ ၎င်းတို့၌ ထိုကိုယ်ကျင့်စရိုက် ရှိရမည်။ သို့သော် အယောင်ဆောင်ခေါင်းဆောင်များသည် ဤအရာများကို မစုံစမ်းကြပေ၊ ၎င်းတို့သည် လူ့အဖွဲ့အစည်းတွင် မည်သူက အတွေ့အကြုံရှိသည်၊ မည်သူက ပါးနပ်သည်၊ ဉာဏ်ထက်မြက်သည်၊ စကားပြောကောင်းသည်၊ ရှင်းလင်းစွာပြောဆိုနိုင်သည်၊ အခြေအနေနှင့်ကိုက်ညီအောင် မည်သို့ပြုမူရမည်ကို သိသည်၊ မည်သူက ပုတ်သင်ညိုကဲ့သို့ဖြစ်ပြီး လူမှုရေးတွင် လျှမ်းလျှမ်းတောက်သူတစ်ဦး ဖြစ်သည်ကိုသာ ကြည့်ကြသည်။ ထိုသို့သောလူများသည် ဘုရားအိမ်တော်၌ အထွေထွေကိစ္စများကို ကိုင်တွယ်နိုင်သည်ဟု ၎င်းတို့ ထင်ကြသည်။ ဤသည်မှာ မှားယွင်းမှုတစ်ခု မဟုတ်လော။ ဤသည်မှာ လူရွေးချယ်ခြင်းအတွက် စည်းမျဉ်းများနှင့် စံနှုန်းများအရ မှားယွင်းမှုတစ်ခု ဖြစ်သည်။ အမှန်တကယ်တွင် ဤလူစားမျိုးသည် အလွန်အမင်း အပြောကောင်းသည်။ ၎င်းတို့ မည်သူနှင့် ဆက်ဆံနေပါစေ၊ ၎င်းတို့ပြောသမျှသည် လိမ်ညာမှုဖြစ်ပြီး၊ ၎င်းတို့သည် သစ္စာမည်မျှပင် ကျိန်ဆိုပါစေ မပြောင်းလဲနိုင်ပေ။ အမှုအရာများကို လုပ်ဆောင်သည့်အခါ၊ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများကိုသာ ကာကွယ်ကြပြီး၊ အထူးသဖြင့် အန္တရာယ်နှင့် ရင်ဆိုင်ရသည့်အခါ၊ ၎င်းတို့သည် မိမိတို့ကိုယ်ကိုသာ ရှေးဦးစွာ ကာကွယ်ကြပြီး၊ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို တစ်ခါမျှပင် မစဉ်းစားကြပေ။ ၎င်းတို့သည် ဘာသာတရားမရှိသူများနှင့် ကောင်းမွန်သော ဆက်ဆံရေးရှိသရွေ့၊ ၎င်းတို့အတွက် လုံလောက်ပြီဖြစ်သည်။ ဘုရားအိမ်တော်၏ အကျိုးစီးပွားများ ထိခိုက်ခြင်းရှိမရှိကိုမူ ၎င်းတို့ လုံးဝ ဂရုမစိုက်ကြပေ။ ညီအစ်ကိုမောင်နှမများ၏ ဘေးကင်းလုံခြုံရေးသည်လည်း ၎င်းတို့ ထည့်သွင်းစဉ်းစားသည့်အရာ မဟုတ်သကဲ့သို့၊ ဘုရားသခင်၏နာမတော် ဂုဏ်သရေပျက်ခြင်းရှိမရှိကိုလည်း ၎င်းတို့ ဂရုမစိုက်ကြပေ။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုသာ ကာကွယ်ကြသည်။ အယောင်ဆောင်ခေါင်းဆောင်များသည် ဤလူစားမျိုးကို ထိုးထွင်းမမြင်နိုင်ဘဲ ၎င်းတို့သည် ဘုရားအိမ်တော်အတွက် ပြင်ပရေးရာများကို ကိုင်တွယ်ရန် အသင့်တော်ဆုံးဖြစ်သည်ဟု ထင်ကြသည်။ ဤသည်မှာ မိုက်မဲခြင်း မဟုတ်လော။ ၎င်းတို့သည် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ရောင်းစားကြသော်လည်း အယောင်ဆောင်ခေါင်းဆောင်များက ထိုအကြောင်းကိုပင် မသိဘဲ ၎င်းတို့ကို အရေးကြီးသော တာဝန်များ ခန့်အပ်ကာ၊ အရာရာတိုင်းအတွက် ၎င်းတို့ကို မှီခိုကြသည်။ ဤသည်မှာ အလွန်မိုက်မဲခြင်း မဟုတ်လော။ စကားပြောကောင်းပြီး ရှင်းလင်းစွာပြောဆိုနိုင်ကာ ဉာဏ်ထက်မြက်သောလူများသည် ဖြောင့်မတ်သည့် ရည်ရွယ်ချက်ရှိသောလူများလော။ သင်သည် ၎င်းတို့နှင့် ဆက်ဆံဖူးခြင်း သို့မဟုတ် ၎င်းတို့ကို ဂရုတစိုက် လေ့လာဖူးခြင်း မရှိပါက၊ သင်သိမည်မဟုတ်ပေ။ သင်သည် ၎င်းတို့နှင့် ဆက်ဆံပြီး အမှုကိစ္စများကို ကိုင်တွယ်သည့်အခါ၊ ၎င်းတို့ပြောသောအရာသည် ၎င်းတို့လုပ်သောအရာနှင့် ကိုက်ညီခြင်းရှိမရှိကိုသာ စောင့်ကြည့်လော့။ ဤအရာကို ဖြစ်ရပ်တစ်ခုဖြင့် စမ်းသပ်ကြည့်၍ ရနိုင်သည်။ ဥပမာအနေဖြင့်၊ သင်သည် ပစ္စည်းများ ရွှေ့ပြောင်းနေသည်ဟု ဆိုကြပါစို့။ ၎င်းတို့သည် ဤအရာကို မြင်သည့်အခါ၊ သင့်ကို ကူညီမည်မဟုတ်ပေ။ သင်သည် အလုပ်ပြီးမှသာ ၎င်းတို့ ရောက်လာပြီး “ဤမျှပင်ပန်းသောအလုပ်ကို သင်တစ်ယောက်တည်း မည်သို့လုပ်နိုင်မည်နည်း။ သင်သာ ပြောလိုက်ပါက ကျွန်ုပ်မည်မျှအလုပ်များနေပါစေ သင့်ကို ကူညီခဲ့လိမ့်မည်ဖြစ်သည်။ သင် ပင်ပန်းနေပုံရသည်။ ကျွန်ုပ် နောက်မှ သင့်အတွက် ချက်ပြုတ်ပေးမည်၊ ယနေ့ သင်လုပ်စရာမလိုပါ” ဟု ပြောလိမ့်မည်။ ထိုသို့ပြောပြီးနောက် ၎င်းတို့ ပျောက်သွားသည်။ သင်သည် လုံးဝပင်ပန်းနွမ်းနယ်နေသော်လည်း ချက်ပြုတ်ရဦးမည်ဖြစ်သည်။ ထို့နောက် သင်ချက်ပြုတ်ပြီးသည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့သည် လာစားပြီး “သင် ချက်ပြုတ်တော့မည့်အချိန်တွင် ကျွန်ုပ်ကို အဘယ်ကြောင့်မခေါ်သနည်း။ သင်သည် လုံးဝပင်ပန်းနေသော်လည်း ကျွန်ုပ်အတွက် အစားအစာ ချက်ပြုတ်ပေးနေခြင်းသည် မည်သို့ မှန်ကန်မည်နည်း။ သင် ချက်ပြုတ်ပြီးပြီဖြစ်သောကြောင့် ကျွန်ုပ် စားလိုက်တော့မည်။ နောက်တစ်နပ်ကို ကျွန်ုပ် ချက်ပါမည်၊ နောင်တွင် လုပ်ဆောင်ရန် မည်သည့်အလုပ်မဆို ရှိပါက ကျွန်ုပ်ကို အသိပေးပါ” ဟုပင် ပြောလိမ့်မည်။ ဤဖြစ်ရပ်တစ်ခုတည်းက ၎င်းတို့ကို ထိုးထွင်းသိမြင်ရန် လုံလောက်သည်။ ၎င်းတို့သည် အလွန် ပါးနပ်လိမ္မာစွာပြောဆိုပြီး၊ ဉာဏ်ထက်မြက်ကာ၊ ဘာပြောရမည်ကို သိကြသည်။ ၎င်းတို့သည် အခြေအနေနှင့်ကိုက်ညီအောင် မည်သို့ပြုမူရမည်ကို သိပြီး၊ ၎င်းတို့လုပ်သမျှမှာ မည်သည့်စစ်မှန်သောအလုပ်ကိုမျှ မလုပ်ဆောင်ဘဲ၊ ကြားကောင်းအောင် ပြောဆိုခြင်းသာ ဖြစ်သည်။ ထိုသို့သောလူများသည် ယုံကြည်စိတ်ချရသလော။ သင်သည် ၎င်းတို့ကို ဘုရားအိမ်တော်၏ အထွေထွေကိစ္စများကို ကိုင်တွယ်ရန် တောင်းဆိုပါက၊ ၎င်းတို့သည် ဘုရားအိမ်တော်၏အကျိုးစီးပွားများကို ကာကွယ်နိုင်မည်လော။ ၎င်းတို့သည် အသင်းတော်၏ ဂုဏ်သတင်းကို ထိန်းသိမ်းပြီး ညီအစ်ကိုမောင်နှမများ၏ ဘေးကင်းလုံခြုံရေးကို ကာကွယ်နိုင်မည်လော။ (မကာကွယ်နိုင်ပါ။) ဘုရားအိမ်တော်၏ ပစ္စည်းဥစ္စာနှင့် ယင်း၏အကျိုးစီးပွားအားလုံးသည် ၎င်းတို့၏ နံပါတ်တစ် ဦးစားပေးလော။ လုံးဝမဟုတ်ပေ။ အယောင်ဆောင်ခေါင်းဆောင်များ၏ မျက်စိများနှင့် စိတ်များသည် ဤသို့ အလွယ်တကူ ထောက်လှမ်းနိုင်သော ပြဿနာများကို မမြင်နိုင်ကြဘဲ ကန်းနေကြသည်၊ ၎င်းတို့သည် ထိုပြဿနာများကို မမြင်နိုင်ခြင်းပင်ဖြစ်သည်။ ထိုအစား၊ ၎င်းတို့သည် စကားလုံးများနှင့် အယူဝါဒများကိုသာ ပြောဆိုနိုင်သည်။ မည်သူသည် ဘုရားသခင်ချစ်သောသူဖြစ်ပြီး မည်သူသည် ဘုရားသခင် မချစ်သောသူဖြစ်သည်၊ မည်သူသည် သမ္မာတရားကို ချစ်ပြီး မည်သူသည် သမ္မာတရားကို မချစ်သည်၊ ဘုရားသခင်ကို ယုံကြည်ခြင်း၌ မည်သည့်လူစားမျိုးတို့သည် အခြေခံအုတ်မြစ်တစ်ခုကို ပိုင်ဆိုင်သည်၊ ပြီးလျှင်မည်သို့သောလူစားမျိုးတွင် အခြေခံအုတ်မြစ်မရှိသည်၊ မည်သို့သောလူစားမျိုးသည် မိမိတို့၏တာဝန်ကို ထမ်းဆောင်ရာတွင် သစ္စာစောင့်သိပြီး မည်သို့သောလူစားမျိုးသည် မိမိတို့၏တာဝန်ကို ထမ်းဆောင်ရာတွင် သစ္စာမစောင့်သိသည်ဟူသည့် ဤအရာများအကြောင်းကို ကျိုးကြောင်းဆီလျော်ပြီး ယုတ္တိရှိသော နည်းလမ်းဖြင့် ၎င်းတို့ပြောဆိုကြပြီး၊ ၎င်းတို့သည် ထိုအရာများကို အမှန်တကယ် နားလည်ပုံရသော်လည်း၊ ယင်းတို့အားလုံးမှာ အနှစ်မဲ့သော စကားနှင့် အယူဝါဒများသာ ဖြစ်သည်။ ၎င်းတို့ကို လူများကို ပိုင်းခြားသိမြင်ရန် တောင်းဆိုသည့်အခါတိုင်း၊ ၎င်းတို့၏ မျက်စိများနှင့် စိတ်များသည် ကန်းနေကြသည်၊ ၎င်းတို့သည် လူကဲခတ် မတတ်ကြခြင်းပင်ဖြစ်သည်။ ဤလူစားမျိုးနှင့် မည်မျှကြာကြာ ဆက်ဆံပါစေ၊ ၎င်းတို့သည် ထိုသူတို့ကို ထိုးထွင်းမမြင်နိုင်သေးဘဲ၊ ၎င်းတို့ကို အရေးကြီးသော တာဝန်များပင် ခန့်အပ်ကြသည်။
အယောင်ဆောင်ခေါင်းဆောင်များအနေဖြင့် မသင့်တော်သောသူကို အသုံးပြုခြင်းသည် အလွန် စက်ဆုပ်ဖွယ်ကောင်းသော အရာတစ်ခု ဖြစ်ပြီးဖြစ်သော်လည်း ၎င်းတို့သည် သာ၍ပင် စက်ဆုပ်ဖွယ်ကောင်းသော အရာများကို လုပ်ဆောင်ခြင်းဖြင့် ဤမကောင်းမှုကို ထပ်ဆင့်ဖြည့်စွက်ကြသေးသည်။ ဥပမာအနေဖြင့် အယောင်ဆောင်ခေါင်းဆောင်တစ်ဦးက မသင့်တော်သောသူကို အသုံးပြုခဲ့သည် ဆိုပါစို့။ ဤလူသည် ကြီးကြပ်ရေးမှူးတစ်ဦးဖြစ်ရန် လုံးဝမသင့်တော်သကဲ့သို့ မြှင့်တင်ပေးခြင်းနှင့် ပျိုးထောင်ခြင်းအတွက် ဘုရားအိမ်တော်၏ စံသတ်မှတ်ချက်များနှင့်လည်း မကိုက်ညီပေ။ သို့သော်လည်း အယောင်ဆောင်ခေါင်းဆောင်က ၎င်းတို့ကို မရမက ဆက်လက်အသုံးပြုပြီး ဤလူ၏အလုပ်ကို မည်သည့်အခါမျှ မစစ်ဆေးဘဲ “လူကိုသုံးလျှင် မယုံမရှိနှင့်၊ မယုံလျှင် မသုံးနှင့်။ ငါသည် သင့်ကို ရွေးချယ်ပြီး မြှင့်တင်ပေးခဲ့ပြီးဖြစ်သောကြောင့် သင်သည် ဤအလုပ်ကို ကောင်းစွာလုပ်ဆောင်နိုင်လိမ့်မည်၊ ထို့ကြောင့် ရှေ့ဆက်ပြီး သင် သင့်တော်သည်ဟု မြင်သည့်အတိုင်း အလုပ်ကို လုပ်ဆောင်လော့။ သင်မည်သည့်အရာကိုပင် လုပ်ဆောင်ပါစေ သင့်ကို ငါထောက်ခံမည်ဖြစ်ပြီး မည်သူမဆို ဤအရာကို ကန့်ကွက်လျှင် အကြောင်းထူးမည်မဟုတ်” ဟူ၍ ဖြစ်သည်။ ၎င်းတို့သည် မသင့်တော်သည့်သူကို သုံးခဲ့သည့်တိုင် မိမိတို့၏အမှားကိုပင် အဆုံးတိုင် ဆက်လုပ်ကြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို ထိုမျှလောက် ယုံကြည်ကြသည်။ အယောင်ဆောင်ခေါင်းဆောင်များအားလုံးသည် မျက်စိကန်းကြသည်။ ၎င်းတို့သည် မည်သည့်ပြဿနာကိုမျှ မမြင်နိုင်ကြပေ၊ မည်သည့်လူများက ဆိုးယုတ်သောလူများဖြစ်သည် သို့မဟုတ် မယုံကြည်သူများဖြစ်သည်ကို ၎င်းတို့ မခွဲခြားနိုင်ကြပေ၊ ပြီးလျှင် မည်သူက အသင်းတော်၏အလုပ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သည်ဖြစ်စေ ၎င်းတို့သည် ယင်းကို တစ်စိုးတစ်စဉ်းမျှ သတိပြုမိခြင်းမရှိဘဲ နားဝေတိမ်တောင်ဖြစ်သော လူများကို အရေးကြီးသော တာဝန်များပင် ခန့်အပ်ကြသည်။ အယောင်ဆောင်ခေါင်းဆောင်များသည် ၎င်းတို့ မြှင့်တင်ပေးသည့် မည်သူ့ကိုမဆို အလွန်ယုံကြည်ကြပြီး အရေးကြီးသော အလုပ်ကို ၎င်းတို့ထံသို့ ပေါ့ပေါ့ဆဆ အပ်နှံကြသည်။ ရလဒ်အနေဖြင့် ထိုလူတို့သည် အသင်းတော်၏အလုပ်ကို ကမောက်ကမဖြစ်စေကာ ဧဝံဂေလိတရားပျံ့နှံ့မှုကို ကြီးမားစွာ သက်ရောက်မှုရှိစေပြီး ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ထိခိုက်နစ်နာစေသည်။ အယောင်ဆောင်ခေါင်းဆောင်များကမူ ဤအကြောင်းကို တစ်စုံတစ်ရာ မသိသလိုပင် ဟန်ဆောင်ကြသည်။ အထက်က ၎င်းတို့ကို “သင် မြှင့်တင်ပေးခဲ့သောသူသည် သူ၏အလုပ်တွင် မည်သို့လုပ်ဆောင်နေသနည်း။ သူသည် ဤအလုပ်ကို ထမ်းဆောင်ရန် သင့်တော်ပါသလော။ သူသည် အသင်းတော်၏အလုပ်နှင့် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်နေပါသလော။ အရေးကြီးသော အခိုက်အတန့်များတွင် သူသည် မိမိကိုယ်ကို ကာကွယ်မည်လော၊ သို့မဟုတ် အသင်းတော်၏အလုပ်ကို ကာကွယ်မည်လော။” ဟု မေးသည်။ ဤအယောင်ဆောင်ခေါင်းဆောင်များက “သူသည် အသင်းတော်၏အလုပ်ကို ကာကွယ်မည်ဟု သစ္စာဆိုခဲ့ပါသည်။ ထို့အပြင် ၎င်းသည် ဘုရားသခင်ကို နှစ် ၂၀ ကြာ ယုံကြည်ခဲ့ပြီးဖြစ်ပါသည်။ ၎င်းသည် မိမိတို့ကိုယ်ကို ကာကွယ်ပြီး ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို မည်သို့ သစ္စာဖောက်နိုင်မည်နည်း။ ၎င်းသည် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်ဖို့ သေချာသလောက်ဖြစ်ပါလိမ့်မည်။” ဟု ပြန်ဖြေသည်။ အထက်က “သင်ပြောသည့်စကားသည် တိကျပါသလော။ သင်သည် ၎င်း၏အလုပ်ကို စစ်ဆေးပြီးပြီလော။” ဟု ပြန်ပြောသည်။ ဤအယောင်ဆောင်ခေါင်းဆောင်များက “ကျွန်ုပ်သည် ၎င်း၏အလုပ်ကို မစစ်ဆေးရသေးပါ၊ သို့သော် ကျွန်ုပ်သည် ၎င်းအား မိမိ၏ကိုယ်ပိုင်အကျိုးစီးပွားများကို မကာကွယ်ရန်နှင့် အသင်းတော်၏အလုပ်ကို ကာကွယ်ရမည်ဖြစ်ကြောင်း ပြောခဲ့ပြီးဖြစ်ကာ ၎င်းကလည်း ထိုသို့ပြုလုပ်မည်ဟု ကျွန်ုပ်ကို ကတိပေးခဲ့ပါသည်။” ဟု ပြန်ဖြေသည်။ ၎င်းက သင့်ကို ကတိပေးခြင်းသည် အဘယ်အသုံးဝင်သနည်း။ ၎င်းသည် ဘုရားသခင်ရှေ့မှောက်တွင် ဆိုခဲ့သော သစ္စာဆိုချက်ကိုပင် မဖြည့်ဆည်းနိုင်ကြပေ။ ၎င်းက သင့်ကို ကတိပေးခဲ့ရုံမျှဖြင့် ၎င်းသည် စိတ်ချရသောသူဖြစ်သည်ဟု သင်ထင်ပါသလော။ ၎င်းသည် ကတိပေးခဲ့သည့်အတိုင်း သေချာပေါက် လုပ်ဆောင်နိုင်မည်လော။ သင်သည် ၎င်း၏အလုပ်ကို မစစ်ဆေးခဲ့ဘဲလျက် ၎င်းသည် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်သောသူတစ်ဦး ဟုတ်မဟုတ် သင်မည်သို့ သိနိုင်မည်နည်း။ သင်သည် သင့်ကိုယ်သင် အဘယ်ကြောင့် ဤမျှလောက် ယုံကြည်ရသနည်း။ ထိုသို့သော အယောင်ဆောင်ခေါင်းဆောင်များသည် လူယုတ်မာများ မဟုတ်လော။ မသင့်တော်သောလူကို အသုံးပြုခြင်း၌ ၎င်းတို့သည် ကြီးမားသောအမှားတစ်ခုကို ကျူးလွန်ပြီးဖြစ်ကာ ထို့နောက် ၎င်းတို့သည် ဤလူ၏အလုပ်အကြောင်းကို မည်သည့်အခါမျှ မေးမြန်းစုံစမ်းခြင်း၊ စုံစမ်းစစ်ဆေးခြင်း သို့မဟုတ် စစ်ဆေးခြင်းမပြုသည့်အတွက်လည်းကောင်း၊ ယင်းကို ကြီးကြပ်ခြင်း သို့မဟုတ် စောင့်ကြည့်လေ့လာခြင်းမပြုသည့်အတွက်လည်းကောင်း ၎င်းတို့၏ အမှားကို ပို၍ဆိုးစေသည်။ ၎င်းတို့လုပ်ဆောင်သမျှမှာ ဤလူက မဆင်မခြင်ပြုမူကာ မကောင်းမှုများ ကျူးလွန်နေသည်ကို ဆက်လက်၍ သည်းခံနေခြင်းသာ ဖြစ်သည်။ ဤသည်မှာ အယောင်ဆောင်ခေါင်းဆောင်များ အလုပ်လုပ်ပုံ ဖြစ်သည်။ အလုပ်ကိစ္စတစ်ခုခုတွင် လူအင်အားနည်းပါးသည့်အခါတိုင်း အယောင်ဆောင်ခေါင်းဆောင်များသည် တစ်စုံတစ်ဦးကို တာဝန်ယူရန် ပေါ့ပေါ့ဆဆ စီစဉ်လိုက်ပြီးနောက် ထိုမျှနှင့်ပင် ပြီးဆုံးသွားသည်၊ ၎င်းတို့သည် အလုပ်ကို မည်သည့်အခါမျှ မစစ်ဆေးသကဲ့သို့ ထိုလူနှင့် ထိတွေ့ဆက်ဆံရန်၊ ၎င်းကို စောင့်ကြည့်လေ့လာရန်နှင့် ၎င်းအကြောင်း ပိုမိုသိရှိရန် ကြိုးစားရန်အတွက် အလုပ်နေရာသို့ အမှန်တကယ် သွားရောက်ခြင်းလည်း မရှိပေ။ အချို့နေရာများတွင် ပတ်ဝန်းကျင်သည် ထိုလူနှင့် တွေ့ဆုံပြီး အချိန်အတူကုန်ဆုံးရန် အဆင်မပြေသော်လည်း သင်သည် ၎င်း၏အလုပ်အကြောင်းကို မေးမြန်းရမည်ဖြစ်ပြီး သူလုပ်ဆောင်ခဲ့သည့်အရာများနှင့် မည်သို့လုပ်ဆောင်ခဲ့သည်ကို သွယ်ဝိုက်၍ မေးမြန်းစုံစမ်းရမည်၊ သင်သည် ညီအစ်ကိုမောင်နှမများကိုဖြစ်စေ၊ သူနှင့် ရင်းနှီးသော တစ်စုံတစ်ဦးကိုဖြစ်စေ မေးမြန်းနိုင်သည်။ ဤသည်မှာ လုပ်ဆောင်နိုင်သည် မဟုတ်လော။ သို့သော် အယောင်ဆောင်ခေါင်းဆောင်များသည် မေးခွန်းတစ်ခုတလေမျှ မေးရန်ပင် စိတ်မဝင်စားကြပေ၊ ၎င်းတို့သည် ထိုမျှလောက် ယုံကြည်မှုရှိကြသည်။ ၎င်းတို့၏အလုပ်တွင် ၎င်းတို့သည် စုဝေးပွဲများ ကျင်းပပြီး အယူဝါဒများ ဟောပြောရုံသာ ပြုကြသည်၊ စုဝေးပွဲများ ပြီးဆုံးပြီး အလုပ်ကို စီစဉ်ပြီးသည့်အခါတွင်မူ ၎င်းတို့သည် အခြားမည်သည့်အရာကိုမျှ မလုပ်ဆောင်တော့ပေ၊ ၎င်းတို့သည် ၎င်းတို့ရွေးချယ်ခဲ့သောသူသည် လက်တွေ့ကျသောအလုပ်ကို လုပ်ဆောင်နိုင်ခြင်း ရှိမရှိကို နောက်ဆက်တွဲ လိုက်ခြင်း သို့မဟုတ် သိရှိအောင်လုပ်ခြင်းတို့ကို မပြုလုပ်တော့ပေ။ အစပိုင်းတွင် သင်သည် ထိုလူကို နားမလည်ခဲ့သော်လည်း သူ၏အစွမ်းအစနှင့် သူ၏အပေါ်ယံ သရုပ်သကန်များနှင့် စိတ်အားထက်သန်မှုတို့ကို အခြေခံ၍ သူသည် ဤအလုပ်အတွက် သင့်တော်သည်ဟု သင်ခံစားခဲ့ရသောကြောင့် သူ့ကို သင်အသုံးပြုခဲ့သည်၊ ဤအရာ၌ မှားယွင်းသောအရာ မရှိပါ၊ အကြောင်းမှာ လူတို့သည် မည်သို့ဖြစ်လာမည်ကို မည်သူမျှ မသိနိုင်သောကြောင့် ဖြစ်သည်။ သို့သော် သူ့ကို မြှင့်တင်ပေးပြီးနောက်တွင် သူသည် လက်တွေ့ကျသောအလုပ်ကို လုပ်ဆောင်ခြင်း ရှိမရှိ၊ မည်သို့အလုပ်လုပ်သည်၊ သူသည် ဝတ်ကျေတမ်းကျေဖြစ်ခြင်း၊ စိတ်မချရခြင်း သို့မဟုတ် ပေါ့ဆခြင်းတို့ ရှိမရှိကို သင်သည် နောက်ဆက်တွဲ လိုက်ပြီး စုံစမ်းစစ်ဆေးသင့်သည် မဟုတ်လော။ ဤသည်မှာ သင်လုပ်ဆောင်သင့်သည့် အလုပ်အတိအကျ ဖြစ်သော်လည်း သင်သည် ယင်းကို တစ်စိုးတစ်စဉ်းမျှ မလုပ်ဆောင်ဘဲ မည်သည့်တာဝန်ကိုမျှ မယူပေ။ သင်သည် အယောင်ဆောင်ခေါင်းဆောင်တစ်ဦးဖြစ်ပြီး သင့်ကို ဖြုတ်ချကာ ဖယ်ရှားရှင်းလင်းသင့်သည်။
အယောင်ဆောင်ခေါင်းဆောင်များသည် ကြီးလေးသော အမှားတစ်ခုကို ကျူးလွန်ကြသည်၊ ယင်းမှာ ၎င်းတို့သည် လူတို့ကို မြှင့်တင်ပေးပြီးနောက် အလုပ်ကို ၎င်းတို့အား ရှင်းပြသည်၊ ထို့နောက် အယူဝါဒအနည်းငယ် ပြောဆိုပြီး အားပေးတိုက်တွန်းသည့် စကားအနည်းငယ် ပြောဆိုကာ ထိုမျှနှင့်ပင် ပြီးသွားသည်၊ နောက်ဆက်တွဲ လိုက်လံဆောင်ရွက်ခြင်း သို့မဟုတ် သတ်သတ်မှတ်မှတ်ဖြစ်သော အလုပ်တာဝန်များတွင် ပါဝင်ခြင်းတို့ကို မည်သည့်အခါမျှ မပြုလုပ်ခြင်း ဖြစ်သည်။ သင်သည် အစွမ်းအစညံ့ဖျင်းပြီး လူကဲခတ် မတတ်ဟု သင်ပြောဆိုလျှင် သင်သည် နောက်ဆက်တွဲ လိုက်လံဆောင်ရွက်ပြီး သတ်သတ်မှတ်မှတ်ဖြစ်သော အလုပ်တာဝန်များ၏ အခြေအနေကို သိရှိနိုင်ကာ အခြေအနေကို အပြည့်အဝ သဘောပေါက်နားလည်နိုင်ပေမည်။ သို့သော်လည်း အယောင်ဆောင်ခေါင်းဆောင်များသည် အလုပ် မည်သို့ဖြစ်ပျက်နေသည်ကို လုံးဝ နောက်ဆက်တွဲ လိုက်လံဆောင်ရွက်ခြင်း သို့မဟုတ် သိရှိအောင်လုပ်ခြင်းတို့ကို မပြုလုပ်ကြပေ။ ဥပမာအနေဖြင့် စာအုပ်များပုံနှိပ်ခြင်းကို ကြည့်ကြစို့၊ ယင်းမှာ သတ်သတ်မှတ်မှတ်ဖြစ်သော အလုပ်တစ်ခုဖြစ်သည်။ အယောင်ဆောင်ခေါင်းဆောင်တစ်ဦးသည် ဤအလုပ်ကို တာဝန်ယူရန် တစ်စုံတစ်ဦးကို ခန့်အပ်ခဲ့သော်လည်း ခြောက်လအတွင်း တစ်ကြိမ်မျှပင် ထိုသူကို မစစ်ဆေးခဲ့ပေ။ ရလဒ်အနေဖြင့် ခြောက်လအကြာတွင် ပုံနှိပ်လိုက်သော စာအုပ်များအားလုံးသည် အရည်အသွေးမမီသော ပစ္စည်းများ ဖြစ်နေခဲ့သည်။ လုံးဝ ကမောက်ကမဖြစ်သွားပါသည်တကား။ ဤသည်မှာ အယောင်ဆောင်ခေါင်းဆောင်များ၏ ပုံစံဖြစ်သည်။ ၎င်းတို့သည် မည်သည့် သတ်သတ်မှတ်မှတ်ဖြစ်သော အလုပ်ကိုမျှ လုံးဝမလုပ်ဆောင်ကြပေ။ သင်သည် စာအုပ်တစ်အုပ် ပုံနှိပ်ရန် စီစဉ်နေပါက မည်သို့လုပ်ဆောင်သင့်သနည်း။ သင်သည် ဦးစွာ သင့်တော်သော ကြီးကြပ်ရေးမှူးတစ်ဦးကို ခန့်အပ်ရမည်၊ ထို့နောက် သူသည် အလုပ်ကို မည်မျှကောင်းစွာ လုပ်ဆောင်နေသည်ကိုလည်းကောင်း၊ ယင်းကို ကမောက်ကမဖြစ်စေနိုင်ခြင်း ရှိမရှိကိုလည်းကောင်း ကြီးကြပ်ပြီး စစ်ဆေးရမည်။ သင်သည် အလုပ်ကို ကြီးကြပ်ပြီး နောက်ဆက်တွဲ လိုက်လံဆောင်ရွက်ရမည်ဖြစ်ကာ ပြဿနာတစ်စုံတစ်ရာ တွေ့ရှိပါက တိုက်ရိုက်ဖြေရှင်းရမည်။ ဤသို့ပြုလုပ်ခြင်းကသာ မည်သည့်ပြဿနာမျှ မပေါ်ပေါက်ကြောင်း သေချာစေနိုင်သည်။ သို့သော် အယောင်ဆောင်ခေါင်းဆောင်များက ဤသို့မလုပ်ဆောင်ကြပေ။ ၎င်းတို့၏ တာဝန်ဝတ္တရားများမှာ လူတို့အား အယူဝါဒများ ပြောဆိုရန်နှင့် အယူဝါဒများကို နားလည်စေရန်သာဖြစ်ပြီး လူတို့သည် အယူဝါဒများကို နားလည်သရွေ့ ပြဿနာများကို ဖြေရှင်းနိုင်လိမ့်မည်ဟု ၎င်းတို့က တွေးထင်ကြသည်။ ထို့ကြောင့် ၎င်းတို့သည် အယူဝါဒများ ပြောဆိုခြင်းနှင့် ဆောင်ပုဒ်များ အော်ဟစ်ခြင်းကိုသာ အာရုံစိုက်ပြီး သတ်သတ်မှတ်မှတ်ဖြစ်သော အလုပ်တာဝန်များတွင် မပါဝင်ကြပေ။ အယောင်ဆောင်ခေါင်းဆောင်များနှင့် ပတ်သက်လျှင် ၎င်းတို့သည် သတ်သတ်မှတ်မှတ်ဖြစ်သော အလုပ်တာဝန်များတွင် ပါဝင်ရန်မှာ ၎င်းတို့၏အလုပ်မဟုတ်ဘဲ ၎င်းတို့၏ လက်အောက်မှ လူများ၏ အလုပ်ဖြစ်သင့်သည်ဟု တွေးထင်ကြသည်။ သို့ဆိုလျှင် ၎င်းတို့ကိုယ်တိုင်က မည်သည့်အရာကို လုပ်ဆောင်ကြသနည်း။ ၎င်းတို့သည် အမြင့်၌နေ၍ အလုံးစုံကို အမိန့်ပေးပြီး အလုပ်မဖြစ်သော အရာရှိများ ဖြစ်လာကြသည်။ မည်သည့်အလုပ်ပင်ဖြစ်စေ ၎င်းတို့သည် ရှိမနေသကဲ့သို့ ပါဝင်ခြင်းလည်း မရှိပေ။ လူတို့အား စည်းမျဉ်းများကို ပြောပြပြီးနောက် အသေးစိတ်ကိစ္စရပ်များ သို့မဟုတ် သတ်သတ်မှတ်မှတ်ဖြစ်သော လမ်းကြောင်းများကို မေးမြန်းခံရပါက ၎င်းတို့က “သတ်သတ်မှတ်မှတ်ဖြစ်သော အလုပ်မှာ သင်တို့၏ တာဝန်ဖြစ်သည်၊ ကျွန်ုပ် ဤအရာများကို နားမလည်ပါ” ဟု ပြောဆိုကြလိမ့်မည်။ ထို့ကြောင့် ၎င်းတို့၏ လက်အောက်မှ လူတို့သည် အလုပ်ကို မည်သို့လုပ်ဆောင်ကြသည်ကို ၎င်းတို့ မသိကြပေ။ ကြီးကြပ်ရေးမှူးသည် အရည်အချင်းရှိပြီး အလုပ်ကို ထမ်းဆောင်နိုင်ခြင်း ရှိမရှိကိုဖြစ်စေ၊ သူ၏လူ့သဘာဝသည် မည်သို့ရှိသည်ကိုဖြစ်စေ၊ သူသည် သမ္မာတရားကို လိုက်စားသောသူတစ်ဦး ဟုတ်မဟုတ်ကိုဖြစ်စေ၊ သူသည် မိမိ၏တာဝန်ကို ထမ်းဆောင်ရာတွင် တာဝန်ယူမှုရှိမရှိကိုဖြစ်စေ၊ သူသည် ဝတ်ကျေတမ်းကျေဖြစ်ခြင်း သို့မဟုတ် မကောင်းမှုများပြု၍ သောင်းကျန်းခြင်း ရှိမရှိကိုဖြစ်စေ၊ အလုပ်တွင် နှောင့်နှေးမှုများ ရှိမရှိကိုဖြစ်စေ စသည့်ဤအရာများထဲမှ တစ်ခုကိုမျှ အယောင်ဆောင်ခေါင်းဆောင်များက မသိကြပေ၊ ၎င်းတို့သည် ဘာသာတရားမရှိသူများ၏ လောကမှ စာရေးအလုပ်လုပ်သည့် အရာရှိများကဲ့သို့ လျှောက်သွားနေရုံသာဖြစ်ပြီး မည်သည့် လက်တွေ့ကျသော အလုပ်ကိုမျှ မလုပ်ဆောင်ကြပေ။ ၎င်းတို့အလုပ်လုပ်သည့် အသင်းတော်များတွင် အချို့သော ကြီးကြပ်ရေးမှူးများက အလုပ်ကို ရပ်တန့်သွားစေသည့်အခါတွင်ဖြစ်စေ၊ အချို့သော ကြီးကြပ်ရေးမှူးများက မိမိတို့၏ ကိုယ်ပိုင် သီးခြားနယ်မြေများ တည်ထောင်နေသည့်အခါတွင်ဖြစ်စေ၊ အချို့သော ကြီးကြပ်ရေးမှူးများက မိမိတို့၏ သင့်တော်သော တာဝန်များကို မထမ်းဆောင်ဘဲ စားသောက်ပျော်ပါးလျက် နေ့ရက်များကို ကုန်ဆုံးနေသည့်အခါတွင်ဖြစ်စေ အယောင်ဆောင်ခေါင်းဆောင်များက မသိကြပေ၊ ပြီးလျှင် အချို့သော ကြီးကြပ်ရေးမှူးများတွင် အလွန်ညံ့ဖျင်းသော အစွမ်းအစ၊ လွဲချော်သော နားလည်သဘောပေါက်မှုတို့ ရှိပြီး အလုပ်ကို လုံးဝမလုပ်ဆောင်နိုင်သည့်အခါတွင်ပင် ၎င်းတို့သည် မျက်ကွယ်ပြုထားလိမ့်မည်။ ထိုသို့သော အယောင်ဆောင်ခေါင်းဆောင်များသည် အနှစ်သာရမရှိသော အခွံသက်သက်သာ ဖြစ်သည်၊ ၎င်းတို့သည် နာမည်ခံခေါင်းဆောင်များသာ ဖြစ်ကြပြီး ခေါင်းဆောင်တစ်ဦး၏ အခြေအမြစ်ရှိသောအလုပ် တစ်ခုတလေမျှ မလုပ်ဆောင်ကြပေ။ အပေါ်ယံအားဖြင့် ဤအယောင်ဆောင်ခေါင်းဆောင်များသည် အတော်အတန် အကျင့်ကောင်းပုံရသည်။ ၎င်းတို့သည် အလုပ်ကိစ္စတစ်ခုချင်းစီအတွက် ကြီးကြပ်ရေးမှူးများ ခန့်အပ်သည်၊ ဤလူတို့ကို အခါအားလျော်စွာ စုဝေးပွဲတစ်ခုအတွက် ခေါ်ယူသည်၊ ပြီးလျှင် ကျန်အချိန်များကို တစ်နေရာတည်းတွင် ဝိညာဉ်ရေးရာ ဆက်ကပ်ခြင်းများ ပြုလုပ်ခြင်း၊ ဆုတောင်းခြင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်း၊ တရားဒေသနာများ နားထောင်ခြင်း၊ ဓမ္မတေးများ သင်ယူခြင်းနှင့် မိမိတို့၏ကိုယ်ပိုင် တရားဒေသနာများကို ရေးသားခြင်းတို့ဖြင့် ကုန်ဆုံးကြသည်။ တစ်ပတ်လုံး မိမိတို့၏ အခန်းများမှပင် မထွက်ခွာသော အယောင်ဆောင်ခေါင်းဆောင်အချို့ ရှိသည်။ အခြေအနေကို နားလည်ရန် အလုပ်နေရာများသို့ မည်သည့်အခါမျှ မသွားဘဲ အွန်လိုင်းစုဝေးပွဲများ ကျင်းပခြင်းမှလွဲ၍ ဘာမျှမလုပ်သော အယောင်ဆောင်ခေါင်းဆောင်များလည်း ရှိသည်။ ညီအစ်ကိုမောင်နှမများသည် ၎င်းတို့ကို အချိန်အတော်ကြာ လူကိုယ်တိုင် မတွေ့မြင်ရဘဲ အယောင်ဆောင်ခေါင်းဆောင်များ၏ အသက်တာဆိုင်ရာ အတွေ့အကြုံများ သို့မဟုတ် ဝိညာဉ်ရင့်ကျက်မှုသည် မည်သို့ရှိသည်ကို လုံးဝမသိကြပေ။ စုဝေးပွဲများအတွင်းတွင် အယောင်ဆောင်ခေါင်းဆောင်များသည် အထွေထွေကိစ္စအချို့ကိုသာ ကိုင်တွယ်ကြသည်၊ သို့သော် ကြီးကြပ်ရေးမှူးတစ်ဦးချင်းစီသည် အတိအကျ မည်သည့်အရာကို လုပ်ဆောင်နေသည်ကိုဖြစ်စေ၊ ၎င်းတို့ မြှင့်တင်ပေးပြီး ပျိုးထောင်ခဲ့သောလူများသည် ပေးအပ်ထားသော အလုပ်အတွက် သင့်တော်ခြင်း ရှိမရှိကိုဖြစ်စေ၊ ဤလူတို့၏ မိမိတို့၏တာဝန်ကို ထမ်းဆောင်ရာတွင်ထားရှိသော သဘောထားသည် မည်သို့ရှိသည်ကိုဖြစ်စေ၊ ၎င်းတို့သည် မိမိတို့၏အလုပ်တွင် ဂရုတစိုက်နှင့် စေ့စပ်သေချာမှု ရှိမရှိကိုဖြစ်စေ၊ သို့မဟုတ် ၎င်းတို့သည် အပျက်သဘောဆောင်ပြီး ဝတ်ကျေတမ်းကျေဖြစ်ခြင်း ရှိမရှိကိုဖြစ်စေ၊ ဤလူတို့သည် မှန်ကန်သောလမ်းကြောင်းကို လိုက်လျှောက်နေခြင်း ရှိမရှိကိုဖြစ်စေ၊ သို့မဟုတ် ၎င်းတို့သည် မှန်ကန်သောလူများ ဟုတ်မဟုတ်ကိုဖြစ်စေ၊ အယောင်ဆောင်ခေါင်းဆောင်များသည် ဤကိစ္စများထဲမှ တစ်ခုကိုမျှ ဂရုမစိုက်သကဲ့သို့ မေးမြန်းခြင်းလည်းမရှိဘဲ သိလိုစိတ်လည်း မရှိကြပေ။ ဤပြဿနာ၏ သဘောသဘာဝသည် ကြီးလေးသည် မဟုတ်လော။ (ကြီးလေးပါသည်။)
ဘုရားအိမ်တော်သည် အချို့သော အတတ်ပညာနယ်ပယ်များကို နားလည်ပြီး အချို့သော ကျွမ်းကျင်မှုများကို ပိုင်ဆိုင်သည့် ပင်ကိုစွမ်းရည်ရှိသူအချို့ကို လိုအပ်ပြီး ဘုရားအိမ်တော်၌ တာဝန်တစ်ခု ထမ်းဆောင်နိုင်ရန်အတွက် ထိုအတတ်ပညာများကို လေ့လာရန် ဤလူတို့ကို ပျိုးထောင်လိမ့်မည်။ အယောင်ဆောင်ခေါင်းဆောင်များသည် မည်သို့သောလူစားမျိုးကို ရှာဖွေသည်ဟု သင်တို့ထင်သနည်း။ ၎င်းတို့သည် တက္ကသိုလ်တက်ခဲ့ပြီး ၎င်းတို့၏ မိဘများနောက်လိုက်ကာ ဘုရားသခင်ကို ယုံကြည်ခဲ့သော လူငယ်များအားလုံးကို စုစည်းကြပြီး မည်သူက စကားပြောကောင်းသည်၊ မည်သူက အာရုံစိုက်ခံရခြင်းကို နှစ်သက်သည်ကို ကြည့်ကာ ၎င်းတို့အား “ဘုရားအိမ်တော်သည် သင်တို့ကို ပျိုးထောင်လိုသည်၊ သင်တို့သည် အရံတပ်နှင့် မျိုးဆက်သစ်များ ဖြစ်ကြသည်။” ဟု ပြောဆိုကြသည်။ ထို့နောက် ၎င်းတို့သည် ဤလူတို့ကို တာဝန်တစ်ခု ထမ်းဆောင်ရန် ခန့်အပ်ကြသည်။ အမှန်တကယ်တွင် ဤလူတို့သည် တာဝန်တစ်ခုကို မည်သည့်အခါမျှ မထမ်းဆောင်ဖူးကြပေ၊ ၎င်းတို့တွင် အတွေ့အကြုံအမျိုးမျိုး ကင်းမဲ့နေပြီး သမ္မာတရားကို တစ်စိုးတစ်စဉ်းမျှ နားမလည်ကြပေ။ သို့သော် အယောင်ဆောင်ခေါင်းဆောင်များက ၎င်းတို့ကို မျက်နှာသာပေးပြီး နှစ်သက်ကြသောကြောင့် ၎င်းတို့ကို စတင်ပျိုးထောင်ကြသည်။ ၎င်းတို့သည် ဤလူတို့အား ၎င်းတို့၏ ကျွမ်းကျင်မှုက သင်ယူရန် သင့်တော်စေသည့်အရာကို အခြေခံ၍ တာဝန်များ ခန့်အပ်ကြသည်၊ အချို့ကို စာနှင့်ပတ်သက်သောအလုပ် လုပ်ဆောင်ရန် ခန့်အပ်သည်၊ အချို့ကို ရုပ်ရှင်ထုတ်လုပ်ရေးအတွက် ခန့်အပ်သည်၊ အချို့ကို ဗီဒီယိုများ ပြုလုပ်ရန် ခန့်အပ်သည်၊ အချို့ကို သရုပ်ဆောင်များအဖြစ် ခန့်အပ်သည်။ အယောင်ဆောင်ခေါင်းဆောင်များအတွက်မူ ဤလူတို့တွင် ထမ်းဆောင်ရန် တာဝန်တစ်ခု ရှိနေသရွေ့ လုံလောက်ပြီဖြစ်သည်။ အယောင်ဆောင်ခေါင်းဆောင်များသည် ဤလူတို့သည် သမ္မာတရားကို ချစ်ခြင်း ရှိမရှိ သို့မဟုတ် သမ္မာတရားကို လက်ခံနိုင်ခြင်း ရှိမရှိကို မစုံစမ်းစစ်ဆေးကြသကဲ့သို့ ဤလူတို့သည် မည်သည့်အရာကို လိုက်စားနေသည် သို့မဟုတ် ၎င်းတို့၏ ပန်းတိုင်များမှာ အဘယ်အရာဖြစ်သည်ကိုလည်း မစုံစမ်းကြပေ။ အဆုံးတွင် မည်သို့ဖြစ်သွားသနည်း။ ထိုလူများထဲမှ အချို့သည် ဖယ်ရှားရှင်းလင်းခြင်း ခံရသည်။ ဤသည်မှာ ၎င်းတို့သည် အပျော်အပါးလိုက်စားပြီး ချုပ်တည်းမှုကင်းမဲ့သောကြောင့်၊ လောကီရေစီးကြောင်းများကို လိုက်စားသောကြောင့်၊ မိမိတို့ကိုယ်ကို အလှဆင်ခြင်းနှင့် အခြားသူများနှင့် အပျော်တွဲခြင်းတို့ဖြင့် နေ့ရက်များကို ကုန်ဆုံးသောကြောင့်၊ မည်သည့်စည်းမျဉ်းကိုမျှ နားမလည်ခြင်း သို့မဟုတ် မည်သည့်အမူအကျင့်ကောင်းမျှ လုံးဝမရှိသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် မယုံကြည်သူများနှင့် ဘာသာတရားမရှိသူများဖြစ်ကြောင်း ထင်ရှားသည်။ ၎င်းတို့သည် မိမိတို့၏တာဝန်များကို ထမ်းဆောင်စဉ် မိမိတို့၏ လုပ်သင့်လုပ်ထိုက်သော အလုပ်ကို မလုပ်ဆောင်ကြဘဲ အရာအားလုံးကို ဝတ်ကျေတမ်းကျေပုံစံဖြင့် လုပ်ဆောင်ကြသော်လည်း အယောင်ဆောင်ခေါင်းဆောင်များက ဤအရာကို လုံးဝမမြင်နိုင်ကြပေ။ အယောင်ဆောင်ခေါင်းဆောင်များသည် မျက်စိကန်းကြသည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤမျက်စိကန်းခြင်းကို အဘယ်အရာက ဖြစ်စေသနည်း။ ယင်းမှာ အယောင်ဆောင်ခေါင်းဆောင်များ ဉာဏ်မျက်စိကန်းခြင်းကြောင့် မဟုတ်လော။ မျက်စိကန်းခြင်းနှင့် ဉာဏ်မျက်စိကန်းခြင်းသည် အယောင်ဆောင်ခေါင်းဆောင်များ၏ လက္ခဏာနှစ်ရပ် ဖြစ်သည်။ ၎င်းတို့၏မျက်လုံးများ ကျယ်ကျယ်ပွင့်နေသော်လည်း အယောင်ဆောင်ခေါင်းဆောင်များသည် မည်သည့်အရာကိုမျှ နားမလည်နိုင်သကဲ့သို့ မည်သူ့ကိုမျှ ထိုးထွင်းမမြင်နိုင်ပေ။ ဆိုလိုသည်မှာ ၎င်းတို့၏မျက်လုံးများသည် ကန်းနေခြင်း ဖြစ်သည်။ ၎င်းတို့၏စိတ်ထဲတွင် မည်သူ့အပေါ်၌မဆို သို့မဟုတ် မည်သည့်အရာအပေါ်၌မဆို ပိုင်းခြားသိမြင်နိုင်စွမ်း သို့မဟုတ် အမြင်များ မရှိကြပေ၊ ပြီးလျှင် ၎င်းတို့ မည်သည့်အရာကိုပင် မြင်ပါစေ အမှားနှင့်အမှန်ကို ခွဲခြားနိုင်စွမ်း မရှိကြဘဲ သဘောထားများ၊ ထင်မြင်ချက်များနှင့် အဓိပ္ပာယ်ဖွင့်ဆိုချက်များ မရှိကြပေ။ ဤသည်မှာ ဉာဏ်မျက်စိကန်းခြင်း၏ ကြီးလေးသော ဖြစ်ရပ်တစ်ခု ဖြစ်သည်။ အယောင်ဆောင်ခေါင်းဆောင်များအားလုံးသည် ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့ပြီး တရားဒေသနာများကို မကြာခဏ နားထောင်လေ့ရှိသော လူများဖြစ်ကြသည်၊ သို့ဖြစ်ပါလျက် အဘယ်ကြောင့် ၎င်းတို့သည် ထိုမယုံကြည်သူများကို မခွဲခြားနိုင်ကြသနည်း။ ဤသည်မှာ အယောင်ဆောင်ခေါင်းဆောင်များသည် အလွန်ညံ့ဖျင်းသော အစွမ်းအစရှိကြောင်း၊ ၎င်းတို့သည် သမ္မာတရားကို သဘောပေါက်နားလည်နိုင်စွမ်း မရှိကြောင်း၊ ပြီးလျှင် ၎င်းတို့သည် သမ္မာတရားမည်မျှပင် ကြားရပါစေ အကျိုးမရှိဘဲ ယင်းတို့ကို နားမလည်ကြောင်းကို ထပ်မံသက်သေပြခြင်း ဖြစ်သည်။ ၎င်းတို့သည် မျက်စိကန်းပြီး စိတ်ကန်းကြကာ လူတို့ကို ပိုင်းခြားသိမြင်နိုင်စွမ်း လုံးဝမရှိကြပေ။ ၎င်းတို့သည် အသင်းတော်ရှိ ခေါင်းဆောင်များ သို့မဟုတ် အမှုဆောင်များဖြစ်ရန် မည်သို့ သင့်တော်နိုင်မည်နည်း။ ၎င်းတို့သည် စကားပြောကောင်းသူများသည် ပင်ကိုစွမ်းရည်ရှိသူများဖြစ်သည်ဟုလည်းကောင်း၊ သီချင်းဆိုနိုင်ပြီး ကခုန်နိုင်သောလူများသည်လည်း ပင်ကိုစွမ်းရည်ရှိသူများဖြစ်သည်ဟုလည်းကောင်း ယုံကြည်ကြသည်၊ မျက်မှန်တပ်ထားသောလူများ သို့မဟုတ် တက္ကသိုလ်တက်ခဲ့သောလူများကို တွေ့မြင်သည့်အခါ ၎င်းတို့ကို ပင်ကိုစွမ်းရည်ရှိသူများအဖြစ် တွေးထင်ကြသည်၊ လူ့အဖွဲ့အစည်းတွင် အဆင့်အတန်းရှိသောလူများ၊ ချမ်းသာသောလူများ၊ စီးပွားရေးလုပ်တတ်ပြီး လှည့်ဖြားတတ်သော အလေ့အကျင့်များတွင် ပါဝင်သောလူများနှင့် လူ့အဖွဲ့အစည်းတွင် အရေးကြီးသောအလုပ်တစ်မျိုးမျိုး လုပ်ဆောင်သောလူများကို တွေ့မြင်သည့်အခါ အယောင်ဆောင်ခေါင်းဆောင်များက ၎င်းတို့ကို ပင်ကိုစွမ်းရည်ရှိသူများအဖြစ် တွေးထင်ကြသည်။ ဘုရားအိမ်တော်သည် ဤသို့သောလူစားမျိုးကို ပျိုးထောင်သင့်သည်ဟု ၎င်းတို့က ယုံကြည်ကြသည်။ ၎င်းတို့သည် ဤလူတို့၏ ကိုယ်ကျင့်စရိုက်ကိုဖြစ်စေ၊ ဘုရားသခင်ကို ၎င်းတို့၏ယုံကြည်ခြင်းတွင် အခြေခံအုတ်မြစ် ရှိမရှိကိုဖြစ်စေ မကြည့်ကြသကဲ့သို့ ဤလူတို့သည် ဘုရားသခင်နှင့် သမ္မာတရားကို သဘောထားပြုမူသည့် သဘောထားကို သာ၍ပင် မကြည့်ကြချေ။ ၎င်းတို့သည် လူတို့၏ လူမှုအဆင့်အတန်းနှင့် နောက်ခံကိုသာ ကြည့်ကြသည်။ အယောင်ဆောင်ခေါင်းဆောင်များအနေဖြင့် လူနှင့်အမှုအရာများကို ဤနည်းလမ်းဖြင့် ရှုမြင်ခြင်းသည် အဓိပ္ပာယ်မဲ့သည် မဟုတ်လော။ အယောင်ဆောင်ခေါင်းဆောင်များသည် လူနှင့်အမှုအရာများကို ဘာသာတရားမရှိသူများကဲ့သို့ပင် ရှုမြင်ကြသည်။ ၎င်းတို့၏အမြင်မှာ အမှုအရာများအပေါ် ဘာသာတရားမရှိသူများက ထားရှိသော အမြင်ဖြစ်သည်။ ဤသည်မှာ အယောင်ဆောင်ခေါင်းဆောင်များသည် သမ္မာတရားကို ချစ်ပြီး နားလည်သောလူများ မဟုတ်ကြောင်းနှင့် ၎င်းတို့တွင် မည်သည့် ပိုင်းခြားသိမြင်နိုင်စွမ်းမျှ ကင်းမဲ့နေကြောင်းကို လုံလောက်စွာ သက်သေပြသည်။ ၎င်းတို့သည် အလွန်ပင် အနှစ်မဲ့သည် မဟုတ်လော။ ၎င်းတို့သည် အမှန်တကယ် မျက်ကန်းများဖြစ်သည်။ အလွန်ပင် ကန်းသည်တကား။
တစ်ချိန်က ငါသည် အယောင်ဆောင်ခေါင်းဆောင်တစ်ဦးနှင့် တွေ့ဆုံခဲ့သည်၊ သူနှင့် စကားပြောဆိုသည့်အခါ သူက ရယ်မောပြောဆိုနေတတ်သော်လည်း၊ အလုပ်အကြောင်း မေးလိုက်သည်နှင့်တစ်ပြိုင်နက် သူသည် ထုံထိုင်း၍ ဉာဏ်ထိုင်းသောပုံစံဖြင့် ဟင်းလင်းပြင်ကိုသာ စိုက်ကြည့်နေပြီး သူ့ကို ငါပြောသည့်မည်သည့်စကားကိုမျှ တုံ့ပြန်ခြင်းမရှိခဲ့ပေ။ ဤလူ၏ အစွမ်းအစသည် အလွန်ညံ့ဖျင်းသောကြောင့် အသုံးမပြုနိုင်ပေ။ သူ့ကို ငါပြောခဲ့သည့် မည်သည့်အရာကိုမျှ သူနားမလည်ခဲ့သကဲ့သို့ ယင်းကို မဆောင်ရွက်နိုင်ခဲ့သည်မှာ အံ့ဩစရာမရှိပေ။ သူ့ကို ငါမည်သည့်အကြောင်းအရာ ပြောသည်ဖြစ်စေ သူက “ကျွန်ုပ် စုဝေးပွဲတစ်ခု ကျင်းပခဲ့ပြီး လွန်ခဲ့သည့်ရက်အနည်းငယ်က အလုပ်ကို စစ်ဆေးခဲ့ပါသည်” ဟု ဆက်တိုက်ပြောဆိုနေခဲ့သည်။ ငါက “စုဝေးပွဲများ ကျင်းပခြင်းအပြင် သင့်မှာ အခြားမည်သည့်အလုပ်မျှ မရှိသလော။ အသင်းတော်တွင် လုပ်ဆောင်ရန် အလွန်များသည့် အလုပ်များ ရှိနေသည်၊ သင် အခြားတစ်ခုခုကို လုပ်ဆောင်ရန် အဘယ်ကြောင့် မရှာဖွေသနည်း” ဟု ပြောခဲ့သည်။ သူက “ခေါင်းဆောင် သို့မဟုတ် အမှုဆောင်ဖြစ်ခြင်းဆိုသည်မှာ စုဝေးပွဲများ ကျင်းပခြင်းသက်သက်သာ မဟုတ်သလော။ စုဝေးပွဲများ ကျင်းပခြင်းမှလွဲ၍ လုပ်ဆောင်ရန် အခြားမည်သည့်အရာမျှ မရှိပါ၊ အခြားမည်သည့်အရာကိုမဆို မည်သို့လုပ်ဆောင်ရမည်ကို ကျွန်ုပ်မသိပါ” ဟု ဆိုလေသည်။ ဤသည်က သူသည် ထိုရာထူးကို တာဝန်ယူသောအခါ အယောင်ဆောင်ခေါင်းဆောင်တစ်ဦး ဖြစ်လာရန် ကံကြမ္မာဖန်လာကြောင်းနှင့် သူ၏ အစွမ်းအစသည် အလွန်အမင်း ညံ့ဖျင်းသောကြောင့် မည်သည့်စစ်မှန်သော အလုပ်ကိုမျှ သူ မလုပ်ဆောင်နိုင်ကြောင်းကို ပြသနေသည်။ အလွန်အမင်း ညံ့ဖျင်းသော အစွမ်းအစသည် မျက်စိကန်းခြင်းနှင့် ဉာဏ်မျက်စိကန်းခြင်းကို ဖြစ်စေသည်။ မျက်စိကန်းခြင်းဟူသည် အဘယ်အရာကို ဆိုလိုသနည်း။ ယင်းမှာ လူတစ်ဦးသည် မည်သည့်အရာကို မြင်သည်ဖြစ်စေ တိကျသော ပြဿနာများကို ရှာဖွေတွေ့ရှိနိုင်စွမ်း မရှိသောကြောင့် ၎င်းတို့၏ မျက်လုံးများသည် မည်သည့်ရည်ရွယ်ချက်အတွက်မျှ အသုံးမဝင်ဟု ဆိုလိုသည်။ ဉာဏ်မျက်စိကန်းခြင်းဟူသည် အဘယ်အရာကို ဆိုလိုသနည်း။ ယင်းမှာ မည်သည့်အရာ ဖြစ်ပျက်သည်ဖြစ်စေ လူတစ်ဦးသည် ယင်းထဲရှိ ပြဿနာကို သတိမထားမိဘဲ နားမလည်နိုင်ဖြစ်ကာ ပြဿနာ၏ အနှစ်သာရ မည်သည့်နေရာတွင် တည်ရှိသည်ကို မမြင်နိုင်ဟု ဆိုလိုသည်၊ ဤသည်မှာ ဉာဏ်မျက်စိကန်းခြင်းဟု ဆိုလိုသည့်အရာ ဖြစ်သည်။ လူတစ်ဦးသည် ဉာဏ်မျက်စိကန်းလျှင် ထိုသူသည် လုံးဝပင် ဆုံးရှုံးပျက်စီးပြီ ဖြစ်သည်။ အယောင်ဆောင်ခေါင်းဆောင်များသည် ဤပုံစံဖြင့် မျက်စိကန်းပြီး ဉာဏ်မျက်စိကန်းကြသည်။ အယောင်ဆောင်ခေါင်းဆောင်များသည် ဤစကားများကို ကြားသည့်အခါ စိတ်မချမ်းမသာ ဖြစ်သည်ဟု သင်တို့ ဆိုမည်လော။ ၎င်းတို့က “ကျွန်ုပ်၏ မျက်လုံးများက အတော်ပင် ကြီးပါလျက်နှင့် ကိုယ်တော်က ကျွန်ုပ်ကို မျက်စိကန်းသည်ဟု ဆိုသည်၊ ပြီးလျှင် ကျွန်ုပ်၏ စိတ်ထဲတွင် ရည်ရွယ်ချက်ကောင်းများ ရှိပါလျက်နှင့် ကိုယ်တော်က ကျွန်ုပ်ကို ဉာဏ်မျက်စိကန်းသည်ဟု ဆိုသည်၊ ကိုယ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်သည် အထူးတိကျမှန်ကန်ခြင်း မရှိသည်မှာ သေချာပါသည် မဟုတ်လော။ ကျွန်ုပ်ကို အယောင်ဆောင်ခေါင်းဆောင်တစ်ဦးဟုသာ အဘယ်ကြောင့် မခေါ်ဆိုသနည်း။ ကျွန်ုပ်သည် မျက်စိကန်းပြီး ဉာဏ်မျက်စိကန်းသည်ဟုလည်း အဘယ်ကြောင့် ထပ်ပေါင်းပြောဆိုရသနည်း” ဟု တွေးထင်ကြသည်။ အကယ်၍ ငါသည် ယင်းကို ထိုသို့ စကားမသုံးခဲ့လျှင် အယောင်ဆောင်ခေါင်းဆောင်များ၏ အစွမ်းအစကို အကဲဖြတ်ကြည့်ပါက ၎င်းတို့၏ အစွမ်းအစ ညံ့ဖျင်းကြောင်းကို ၎င်းတို့ သဘောပေါက်နိုင်မည်လော။ (မပေါက်နိုင်ပါ။) ဤအယောင်ဆောင်ခေါင်းဆောင်များသည် မျက်စိကန်းပြီး ဉာဏ်မျက်စိကန်းကြသည်ဟု ဆိုခြင်းက အကြောင်းအရာကို အပြည့်အဝ ရှင်းပြသည် မဟုတ်လော။ ဥပမာအားဖြင့် အန္တိခရစ်တစ်ဦးသည် အသင်းတော်၌ သူ၏ ကိုယ်ပိုင်အမှီအခိုကင်းသော နယ်မြေကို တည်ထောင်နေသည် ဆိုကြပါစို့။ သို့သော် အယောင်ဆောင်ခေါင်းဆောင်များက “ဤလူသည် အလွန် တတ်စွမ်းနိုင်ပါသည်။ သူသည် တက္ကသိုလ်ပါမောက္ခတစ်ဦး ဖြစ်ခဲ့ဖူးပြီး ရှင်းလင်းစွာ၊ စနစ်တကျ၊ ကောင်းမွန်စွာ စီစဉ်ထားပြီး ရှင်းလင်းပြတ်သားသောပုံစံဖြင့် စကားပြောဆိုပါသည်။ ထို့အပြင် ပရိသတ် မည်မျှပင် များပြားသည်ဖြစ်စေ သူသည် စင်ပေါ်တက်ရမည်ကို မကြောက်ပါ” ဟု ဆိုသည်။ ၎င်းတို့ ပြောဆိုသည့်လူသည် သူ၏ ကိုယ်ပိုင်အမှီအခိုကင်းသော နယ်မြေကို တည်ထောင်နေသည့် ဖာရိရှဲတစ်ဦးဖြစ်သည်မှာ ရှင်းရှင်းလင်းလင်း မြင်သာနေသည့်တိုင် အယောင်ဆောင်ခေါင်းဆောင်များက ထိုသူကို ချီးကျူးနေဆဲ ဖြစ်သည်။ ယင်းမှာ မျက်စိကန်းခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) အကယ်၍ တစ်စုံတစ်ဦးက သီချင်းကို သံစဉ်လွဲ၍ ဆိုနေပြီး သင် မကြားမိပါက ယင်းကို မျက်စိကန်းခြင်းဟု မှတ်ယူနိုင်သလော။ (မယူနိုင်ပါ။) ယင်းမှာ အစွမ်းအစနှင့်ဆိုင်သော ကိစ္စရပ်တစ်ခုထက် အတတ်ပညာပိုင်းဆိုင်ရာ ကိစ္စရပ်တစ်ခု ဖြစ်သည်။ သို့သော် သမ္မာတရားများစွာကို နားထောင်ပြီးသည့်နောက်တွင် အယောင်ဆောင်ခေါင်းဆောင်များသည် အန္တိခရစ်တို့ကိုပင် ၎င်းတို့၏ အရှိအတိုင်း မပိုင်းခြားနိုင်ကြသကဲ့သို့ လူတစ်ဦး၏ လူ့သဘာဝ ကောင်းမကောင်းကိုလည်းကောင်း၊ တစ်စုံတစ်ဦးသည် ဘုရားအိမ်တော်၏ မြှင့်တင်ပေးခြင်းနှင့် ပျိုးထောင်ခြင်းအတွက် သင့်တော်သူလောဟူသည်ကိုလည်းကောင်း၊ တစ်စုံတစ်ဦးသည် မယုံကြည်သူတစ်ဦး ဟုတ်မဟုတ် သို့မဟုတ် ထိုလူသည် ဘုရားသခင်ကို ရိုးသားစစ်မှန်စွာ ယုံကြည်ခြင်း ရှိမရှိကိုလည်းကောင်း၊ တစ်စုံတစ်ဦးသည် သူ၏တာဝန်ကို ထမ်းဆောင်ရာ၌ သစ္စာစောင့်သိမှု ရှိမရှိကိုလည်းကောင်း မခွဲခြားနိုင်ကြပေ၊ သို့ဆိုလျှင် ဤနှစ်များတစ်လျှောက်လုံး တရားဒေသနာများကို နားထောင်ခြင်းမှ ၎င်းတို့ အဘယ်အရာ ရရှိခဲ့ကြသနည်း။ ၎င်းတို့သည် မည်သည့်သမ္မာတရားကိုမျှ မရရှိခဲ့ကြပေ၊ ယင်းမှာ ၎င်းတို့သည် မျက်ကန်းနေသောအရူးများဖြစ်သည်ဟု ဆိုလိုသည်၊ ဤသည်မှာ အယောင်ဆောင်ခေါင်းဆောင်များ မည်မျှ မျက်စိကန်းကြသည်ကို ပြနေခြင်း ဖြစ်သည်။ ခေါင်းဆောင်တစ်ဦး၏ အဓိကအလုပ်မှာ တရားဒေသနာများကို ဟောပြောနိုင်ခြင်း၊ နှစ်နာရီ သို့မဟုတ် သုံးနာရီကြာ ဟောပြောနိုင်ခြင်းဖြစ်သည်ဟုလည်းကောင်း၊ ၎င်းတို့သည် စကားလုံးများနှင့် အယူဝါဒများကို ပြောဆိုနိုင်သရွေ့၊ ကြွေးကြော်သံများကို ဟစ်ကြွေးနိုင်သရွေ့နှင့် လူတို့ကို စိတ်အားထက်သန်လာအောင် လှုံ့ဆော်နိုင်သရွေ့ ၎င်းတို့သည် အရည်အချင်းပြည့်မီသော ခေါင်းဆောင်များဖြစ်လာပြီး အလုပ်ကို ထမ်းဆောင်နိုင်ကာ၊ သမ္မာတရား လက်တွေ့ကျမှုလည်းရှိ၍ ဘုရားသခင်ကလည်း ၎င်းတို့အပေါ် စိတ်ကျေနပ်မှုရှိသည်ဟု ယုံကြည်ကြသည်။ ဤသည်မှာ မည်သို့သော တွေးခေါ်မှုစနစ်မျိုး ဖြစ်သနည်း။ အယောင်ဆောင်ခေါင်းဆောင်များသည် သမ္မာတရားကို နားမလည်ဘဲ အစွမ်းအစ အလွန်ညံ့ဖျင်းကာ မျက်စိကန်းပြီး ဉာဏ်မျက်စိကန်းသောကြောင့် လူအမျိုးမျိုးတို့ကို ပိုင်းခြားသိမြင်နိုင်စွမ်း လုံးဝမရှိကြသကဲ့သို့ လူအမျိုးမျိုးတို့ကိုလည်း ထိုးထွင်းမမြင်နိုင်ကြပေ။ သို့ဆိုလျှင် ၎င်းတို့သည် လူအမျိုးမျိုးတို့ကို ကျိုးကြောင်းဆီလျော်သော နည်းလမ်းဖြင့် အသုံးပြုနိုင်စွမ်း ရှိကြသလော။ (မရှိပါ။) ၎င်းတို့တွင် နည်းဗျူဟာတစ်ခုတည်းသာ ရှိသည်၊ ယင်းမှာ ယခင်က ဆရာများဖြစ်ခဲ့ဖူးသူများကို တရားဒေသနာများ ဟောပြောရန် တာဝန်ပေးသည်၊ ပြည်ပကုန်သွယ်ရေးတွင် ပါဝင်ခဲ့ဖူးသူများကို အထွေထွေကိစ္စများ ကိုင်တွယ်ရန် တာဝန်ပေးသည်၊ အင်္ဂလိပ်စကား ပြောနိုင်သူများကို ဘာသာပြန်များအဖြစ် တာဝန်ပေးသည်၊ စကားပြောကောင်းပြီး အရေထူသောမည်သူမဆိုကို ဧဝံဂေလိတရား ဟောပြောရန် တာဝန်ပေးသည်၊ သတ္တိနည်းသူများကို အိမ်၌ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဆောင်းပါးများ ရေးသားရန် တာဝန်ပေးသည်၊ သတ္တိရှိပြီး မိမိကိုယ်ကို ထုတ်ဖော်ပြသလိုသူများကို သရုပ်ဆောင်များအဖြစ် ခန့်အပ်သည်၊ အရာရှိများ ဖြစ်လိုသူများကို ခေါင်းဆောင်များ သို့မဟုတ် ဒါရိုက်တာများအဖြစ် ခန့်အပ်ခြင်းတို့ ဖြစ်သည်။ ဤသည်မှာ အယောင်ဆောင်ခေါင်းဆောင်များက လုံးဝ စည်းမျဉ်းတစ်ခုမျှမရှိဘဲ လူတို့ကို အသုံးပြုပုံ ဖြစ်သည်။
အယောင်ဆောင်ခေါင်းဆောင်များ တာဝန်ယူသည့် အလုပ်၏ နယ်ပယ်အတွင်း၌ သမ္မာတရားကို အမှန်တကယ် လိုက်စားပြီး မြှင့်တင်ပေးခြင်းနှင့် ပျိုးထောင်ခြင်းအတွက် စံနှုန်းများနှင့် ကိုက်ညီသည့် အချို့သောလူများသည် မကြာခဏဆိုသလို ပိတ်ဆို့တားဆီးခံရသည်။ ဤလူများထဲမှ အချို့သည် ဧဝံဂေလိတရားကို ဟောပြောကြပြီး အချို့မှာမူ ဧည့်ခံခြင်း တာဝန်များကို ထမ်းဆောင်ရန် တာဝန်ပေးခြင်း ခံကြရသည်။ အမှန်တကယ်တွင် ၎င်းတို့အားလုံးတွင် အစွမ်းအစရှိကြပြီး သမ္မာတရားအချို့ကို နားလည်ကြကာ ခေါင်းဆောင်များနှင့် အမှုဆောင်များအဖြစ် ပျိုးထောင်ခြင်းခံရရန် ထိုက်တန်ကြသည်၊ ၎င်းတို့သည် မိမိတို့ကိုယ်ကို ထုတ်ဖော်ပြသရန် သို့မဟုတ် အာရုံစိုက်ခံရသူ ဖြစ်ရန် မနှစ်သက်ကြခြင်းသာ ဖြစ်သည်။ သို့တိုင် အယောင်ဆောင်ခေါင်းဆောင်များသည် ဤလူများကို လုံးဝပင် အရေးမစိုက်ကြပေ။ ၎င်းတို့သည် ထိုသူများနှင့် ထိတွေ့ဆက်ဆံခြင်း သို့မဟုတ် စုံစမ်းမေးမြန်းခြင်း မပြုကြသကဲ့သို့ ဘုရားအိမ်တော်အတွက် ပင်ကိုစွမ်းရည်ရှိသူများကို မည်သည့်အခါမျှ မပျိုးထောင်ကြပေ။ ၎င်းတို့သည် မိမိတို့၏ တစ်ကိုယ်ကောင်းဆန်သော လိုအင်ဆန္ဒများကို ဖြည့်ဆည်းရန်အလို့ငှာ ၎င်းတို့ကို မျက်နှာချိုသွေးသောသူများကို သိမ်းသွင်းရန်ကိုသာ အစဉ်အမြဲ အာရုံစိုက်ကြသည်။ ရလဒ်အနေဖြင့် သမ္မာတရားကို အမှန်တကယ် လိုက်စားသော ထိုလူများသည် မြှင့်တင်ပေးခြင်းနှင့် ပျိုးထောင်ခြင်းကို မခံကြရဘဲ၊ အာရုံစိုက်ခံရသူ ဖြစ်ရန် နှစ်သက်သောသူများ၊ စကားပြောကောင်းသောသူများ၊ လူများကို ဖော်လံဖားတတ်သောသူများနှင့် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းကို နှစ်သက်သောသူများမှာမူ အားလုံး မြှင့်တင်ပေးခြင်း ခံကြရသည်။ လောကလူ့အဖွဲ့အစည်း၌ အရာရှိများ၊ ကုမ္ပဏီ စီအီးအို ဖြစ်ခဲ့ဖူးသူများ သို့မဟုတ် စီးပွားရေးစီမံခန့်ခွဲမှုကို လေ့လာခဲ့ဖူးသူများပင်လျှင် အရေးကြီးသော ရာထူးများတွင် တာဝန်ပေးခြင်း ခံကြရသည်။ ထိုလူများသည် စစ်မှန်သော ယုံကြည်သူများ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ၊ သို့မဟုတ် ၎င်းတို့သည် သမ္မာတရားကို လိုက်စားသောလူများ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ မည်သို့ပင်ဖြစ်စေ အယောင်ဆောင်ခေါင်းဆောင်များ တာဝန်ယူသည့် အလုပ်၏ နယ်ပယ်အတွင်း၌ မြှင့်တင်ပေးခြင်းနှင့် အသုံးပြုခြင်းကို ခံရသောသူများမှာ ထိုသူများသာ ဖြစ်ကြသည်။ ဤသည်မှာ စည်းမျဉ်းများနှင့်အညီ လူတို့ကို အသုံးပြုခြင်းလော။ အယောင်ဆောင်ခေါင်းဆောင်များက ထိုသို့သောလူများကိုသာ မြှင့်တင်ပေးခြင်းသည် ဘာသာတရားမရှိသူများ၏ လူ့အဖွဲ့အစည်းနှင့် အတိအကျပင်တူနေသည် မဟုတ်လော။ အယောင်ဆောင်ခေါင်းဆောင်များ အလုပ်လုပ်နေသည့် ကာလအတွင်းတွင် မိမိတို့၏ တာဝန်ကို ထမ်းဆောင်သည့်အခါ လက်တွေ့ကျကျ လုပ်ဆောင်တတ်သူများ၊ တရားမျှတစိတ်ရှိသူများနှင့် သမ္မာတရားနှင့် အပြုသဘောဆောင်သော အရာများကို ချစ်မြတ်နိုးသူများသည် မြှင့်တင်ပေးခြင်း သို့မဟုတ် ပျိုးထောင်ခြင်းကို မခံကြရဘဲ လေ့ကျင့်ရန် အခွင့်အရေးများ ရရှိရန် ခက်ခဲလှသည်။ ထိုအစား အရေးကြီးသော ရာထူးများတွင် တာဝန်ပေးခြင်း ခံရသူများမှာ စကားပြောကောင်းသူများ၊ မိမိတို့ကိုယ်ကို ထုတ်ဖော်ပြသရန် နှစ်သက်သူများနှင့် လူများကို ဖော်လံဖားတတ်သောသူများအပြင် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းကို နှစ်သက်သောသူများသာ ဖြစ်ကြသည်။ ထိုလူများသည် အတော်အတန် ထက်မြက်ပုံရသော်လည်း အမှန်တကယ်တွင် ၎င်းတို့၌ သဘောပေါက်နားလည်နိုင်စွမ်း မရှိပေ၊ အလွန်ဆိုးရွားသော အစွမ်းအစနှင့် ညံ့ဖျင်းသော လူ့သဘာဝရှိကြသည်၊ ၎င်းတို့၏ တာဝန်များအပေါ် စစ်မှန်သော ဝန်ထုပ်ကို မထမ်းကြသကဲ့သို့ ပျိုးထောင်ခြင်းခံရရန် လုံးဝ မထိုက်တန်ကြပေ။ သို့သော်ငြားလည်း အသင်းတော်၌ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ ရာထူးနေရာများကို ရယူထားကြသူများမှာ ၎င်းတို့သာ ဖြစ်ကြသည်။ ရလဒ်မှာ အသင်းတော်၏ အလုပ်များစွာသည် ချက်ချင်းလက်ငင်း ချောမွေ့စွာ မစတင်နိုင်ခြင်း သို့မဟုတ် တိုးတက်မှု နှေးကွေးခြင်းတို့ဖြစ်ပြီး ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များသည် အကောင်အထည်ဖော်ရန် အလွန်ကြာမြင့်နေခြင်း ဖြစ်သည်။ ဤသည်တို့မှာ အယောင်ဆောင်ခေါင်းဆောင်များက လူတို့ကို မသင့်လျော်စွာ အသုံးပြုခြင်းကြောင့် အသင်းတော်အလုပ်အပေါ် ဖြစ်ပေါ်စေသည့် သက်ရောက်မှုများနှင့် အကျိုးဆက်များ ဖြစ်ကြသည်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။