ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၆) အခန်း တစ်

ယနေ့ ငါတို့သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရားများနှင့် အယောင်ဆောင်ခေါင်းဆောင်များ၏ အမျိုးမျိုးသော သရုပ်သကန်များအကြောင်းကို ဆက်လက်၍ မိတ်သဟာယဖွဲ့ကြမည်။ ပြီးခဲ့သည့် စုဝေးပွဲတွင် ငါတို့သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရားများမှ အချက်ခြောက်ကို မိတ်သဟာယဖွဲ့ခဲ့ကြသည်။ ဤအချက်၏ အဓိကအကြောင်းအရာမှာ အဘယ်နည်း။ (အချက်ခြောက်မှာ “သမ္မာတရားကို လိုက်စားသောသူအားလုံးက လေ့ကျင့်ပြီး သမ္မာတရား လက်တွေ့ကျမှုထဲ အမြန်ဆုံးဝင်ရောက်ဖို့ အခွင့်အလမ်း ရရှိနိုင်ရန်အတွက် အရည်အချင်းပြည့်မီသော ပင်ကိုစွမ်းရည်ရှိသူအမျိုးမျိုးကို မြှင့်တင်ပေး၍ ပျိုးထောင်ရန်ဖြစ်သည်” ဟူ၍ ဖြစ်ပါသည်။) ပြီးခဲ့သည့်တစ်ကြိမ်က ငါတို့သည် လူတို့ကို မြှင့်တင်ပေးခြင်းနှင့် ပျိုးထောင်ခြင်းအတွက် ဘုရားအိမ်တော်၏ စည်းမျဉ်းများကိုလည်းကောင်း၊ ဘုရားအိမ်တော်က လူတို့ကို အဘယ်ကြောင့် ရာထူးတိုးပေးပြီး ပျိုးထောင်ရသည်ကိုလည်းကောင်း အဓိကအားဖြင့် မိတ်သဟာယဖွဲ့ခဲ့ကြသည်။ ပင်ကိုစွမ်းရည်ရှိသော လူစားမျိုးစုံကို မြှင့်တင်ပေးခြင်းနှင့် ပျိုးထောင်ခြင်းနှင့် ပတ်သက်လာလျှင် အယောင်ဆောင်ခေါင်းဆောင်များ၌ တည်ရှိသော ပြဿနာများကိုလည်း ငါတို့ စိတ်ဖြာလေ့လာဆွေးနွေးခဲ့ကြသည်။ သို့ဆိုလျှင် ဤအချက်နှစ်ချက်အတွင်း၌ အယောင်ဆောင်ခေါင်းဆောင်များ၏ အဓိကသရုပ်သကန်များမှာ အဘယ်နည်း။ ၎င်းတို့ကို အယောင်ဆောင်ခေါင်းဆောင်များဟု ငါတို့ အဘယ်ကြောင့် ဆိုသနည်း။ အဓိကအားဖြင့် ကဏ္ဍနှစ်ခု ရှိသည်။ ကဏ္ဍတစ်ခုမှာ အယောင်ဆောင်ခေါင်းဆောင်များသည် လူစားမျိုးစုံကို မြှင့်တင်ပေးခြင်း၊ ပျိုးထောင်ခြင်းနှင့် အသုံးပြုခြင်းအတွက် စည်းမျဉ်းများကို နားမလည်သကဲ့သို့ ဤစည်းမျဉ်းများကိုလည်း မရှာဖွေကြခြင်းဖြစ်သည်။ လူတို့အနေဖြင့် ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦး ဖြစ်ရန်အတွက် ပိုင်ဆိုင်ထားရန် အရေးကြီးသည့် အစွမ်းအစ ကဏ္ဍများမှာ မည်သည့်အရာဖြစ်သည်ကိုဖြစ်စေ၊ ပြည့်မီရန် အရေးကြီးသည့် စံသတ်မှတ်ချက်များမှာ မည်သည့်အရာဖြစ်သည်ကိုဖြစ်စေ ၎င်းတို့ မသိကြပေ။ အကျိုးဆက်အနေဖြင့် ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်အယူအဆများနှင့် စိတ်ကူးများကို အခြေခံ၍ လူတို့ကို မဆင်မခြင် အသုံးပြုကြသည်။ နောက်ထပ် ဆိုးဝါးသော ပြဿနာတစ်ခုမှာ ဤလူတို့ကို မြှင့်တင်ပေးခြင်း၊ ပျိုးထောင်ခြင်းနှင့် အသုံးပြုခြင်းတို့ ပြုပြီးနောက်တွင် ၎င်းတို့သည် ထိုသူတို့၏ အလုပ်ကို နောက်ဆက်တွဲလုပ်ဆောင်ခြင်း သို့မဟုတ် စစ်ဆေးခြင်း မပြုသကဲ့သို့ ၎င်းတို့ မည်မျှ ကောင်းမွန်စွာ လုပ်ဆောင်နေသည်ကိုလည်းကောင်း၊ ၎င်းတို့သည် လက်တွေ့ကျသော အလုပ်ကို လုပ်ဆောင်နေခြင်း ရှိမရှိကိုလည်းကောင်း၊ ၎င်းတို့၏ တာဝန်ဝတ္တရားများကို ကောင်းမွန်စွာ ဖြည့်ဆည်းနိုင်စွမ်း ရှိမရှိကိုလည်းကောင်း၊ ၎င်းတို့၏ ကိုယ်ကျင့်စရိုက်မှာ မည်သို့ရှိသည်ကိုလည်းကောင်း၊ ဤလူတို့ လုပ်ဆောင်နေသည့် တာဝန်များသည် ၎င်းတို့နှင့် သင့်တော်ခြင်း ရှိမရှိကိုလည်းကောင်း သိရှိအောင်မလုပ်ကြပေ။ ပြီးလျှင် ၎င်းတို့ မြှင့်တင်ပေးခြင်း၊ ပျိုးထောင်ခြင်းနှင့် အသုံးပြုခြင်း ပြုသည့်လူများသည် စံနှုန်းပြည့်မီခြင်း ရှိမရှိနှင့် စည်းမျဉ်းများနှင့် ကိုက်ညီခြင်း ရှိမရှိကိုလည်း ၎င်းတို့ ဂရုမစိုက်ကြပေ၊ ဤအရာများကို ၎င်းတို့ မည်သည့်အခါမျှ မစစ်ဆေးကြပေ။ အယောင်ဆောင်ခေါင်းဆောင်များက ဤသည်မှာ လူတို့ကို မြှင့်တင်ပေးခြင်း၊ လူတို့အတွက် အလုပ် စီစဉ်ပေးခြင်းမျှသာဖြစ်ပြီး နောက်ထပ် ဘာမျှမရှိဟုလည်းကောင်း၊ ထို့နောက်တွင် ၎င်းတို့၏ တာဝန်ဝတ္တရားများမှာ ပြီးဆုံးသွားပြီဖြစ်သည်ဟုလည်းကောင်း ထင်မှတ်ကြသည်။ ဤသည်မှာ အယောင်ဆောင်ခေါင်းဆောင်များ အလုပ်လုပ်သည့်ပုံစံဖြစ်ပြီး ဤသည်မှာ ၎င်းတို့ အလုပ်လုပ်နေစဉ်အတွင်း ၎င်းတို့၏ သဘောထားနှင့် ရှုမြင်ပုံလည်း ဖြစ်သည်။ သို့ဆိုလျှင် အယောင်ဆောင်ခေါင်းဆောင်များ၏ ဤအဓိက သရုပ်သကန်နှစ်ခုသည် လူတို့ကို မြှင့်တင်ပေးခြင်း၊ ပျိုးထောင်ခြင်းနှင့် အသုံးပြုခြင်းတို့နှင့် ပတ်သက်လာလျှင် ၎င်းတို့သည် မိမိတို့၏ တာဝန်ဝတ္တရားများကို မဖြည့်ဆည်းကြောင်းနှင့် မဖြည့်ဆည်းနိုင်ကြောင်း သက်သေပြနိုင်သလော။ (ပြနိုင်ပါသည်။) အယောင်ဆောင်ခေါင်းဆောင်များသည် အလုပ်ကို မစစ်ဆေးကြသကဲ့သို့ လူစားမျိုးစုံကိုလည်း မလေ့လာကြပေ၊ ပြီးလျှင် လူစားမျိုးစုံ၏ သရုပ်သကန်များနှင့် အခြေအနေများကို ၎င်းတို့ နားလည်သည့် သမ္မာတရားများနှင့် ဘုရားအိမ်တော်က သတ်မှတ်သည့် စည်းမျဉ်းများနှင့် နှိုင်းယှဉ်ခြင်းကို ပြုလုပ်လျက် သမ္မာတရားနှင့် စည်းမျဉ်းများနှင့် ပတ်သက်လာလျှင် စေ့စပ်သေချာခြင်း ပို၍ပင် မရှိကြပေ။ လူစားမျိုးစုံ၏ လူ့သဘာဝနှင့် အားသာချက်များသည် လူကိုအသုံးပြုခြင်းအတွက် ဘုရားအိမ်တော်၏ လိုအပ်သော စည်းမျဉ်းများနှင့် ကိုက်ညီခြင်း ရှိမရှိကိုလည်း ၎င်းတို့ မပိုင်းခြားနိုင်ကြပေ။ ဤအကြောင်းများကြောင့် လူတို့ကို မြှင့်တင်ပေးခြင်းနှင့် အသုံးပြုခြင်း၊ ၎င်းတို့အတွက် အလုပ် စီစဉ်ပေးခြင်းတို့နှင့် ပတ်သက်လာလျှင် ၎င်းတို့သည် အထူးပင် နားဝေတိမ်တောင်ဖြစ်ပြီး ဖြစ်ကတတ်ဆန်းနိုင်ကြကာ ၎င်းတို့ လုပ်ဆောင်သမျှမှာ မိမိတို့၏ အယူအဆများနှင့် စိတ်ကူးများကို အခြေခံ၍ ဝတ်ကျေတမ်းကျေ လုပ်ဆောင်ခြင်းနှင့် အပေါ်ယံအလုပ်ကို လုပ်ဆောင်ခြင်းတို့သာ ဖြစ်သည်။ ဤသို့ဖြစ်နေသောကြောင့် အယောင်ဆောင်ခေါင်းဆောင်များကို လူစားမျိုးစုံ၏ လူ့သဘာဝနှင့် အားသာချက်များအပေါ် အခြေခံ၍ ဆင်ခြင်တုံတရားရှိစွာနှင့် သင့်လျော်စွာ အသုံးပြုရန် တောင်းဆိုပါက ၎င်းတို့ ဤအရာကို လုပ်ဆောင်နိုင်မည်လော။ (မလုပ်နိုင်ပါ။) အယောင်ဆောင်ခေါင်းဆောင်များ၏ အစွမ်းအစမှာ မည်သို့ရှိသည်ကို ယခုလောလောဆယ် ဘေးဖယ်ထားကြစို့။ ၎င်းတို့၏ အလုပ်အပေါ် သဘောထားနှင့် ၎င်းတို့၏ အလုပ်လုပ်သည့် နည်းလမ်းများနှင့် နည်းစနစ်များကို ကြည့်ရုံမျှဖြင့်လည်းကောင်း၊ ၎င်းတို့သည် မည်သည့် လက်တွေ့ကျသော အလုပ်ကိုမျှ လုံးဝမလုပ်ဆောင်ဘဲ အထွေထွေကိစ္စများကိုသာ ကိုင်တွယ်ပြီး ၎င်းတို့ကို ထင်ပေါ်ကျော်ကြားစေသည့် အပေါ်ယံအလုပ် အနည်းငယ်ကိုသာ လုပ်ဆောင်သည်ဟူသည့်အချက်ကို ကြည့်ရုံမျှဖြင့်လည်းကောင်း၊ ၎င်းတို့သည် လူတို့ကို သမ္မာတရားဖြင့် ထောက်ပံ့ပေးသည့်အလုပ်ကို လုံးဝမလုပ်ဆောင်ဘဲ ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို မည်သို့အသုံးပြုရမည်ကို မသိသည်ဟူသည့်အချက်ကို ကြည့်ရုံမျှဖြင့်လည်းကောင်း၊ ဤအရာအားလုံးသည် အယောင်ဆောင်ခေါင်းဆောင်များသည် အသင်းတော်၏ လက်တွေ့ကျသော အလုပ်ကို မလုပ်ဆောင်နိုင်ကြောင်း သက်သေပြရန် လုံလောက်ပါသည်။ အယောင်ဆောင်ခေါင်းဆောင်များသည် လက်တွေ့ကျသော အလုပ်ကို မလုပ်ဆောင်ခြင်း၊ သို့မဟုတ် လက်တွေ့ကျသော ပြဿနာများကို ဖြေရှင်းရန် ညီအစ်ကိုမောင်နှမများကြားထဲသို့ နက်နက်ရှိုင်းရှိုင်း မဝင်ရောက်ဘဲ လုံးဝ အထက်လူကြီးဆန်ဆန် ပြုမူလုပ်ဆောင်ပြီး အမိန့်များ ထုတ်သည်ဟူသည့်အချက်ကို အခြေခံရုံမျှဖြင့် ၎င်းတို့သည် ဘုရားအိမ်တော်အတွက် လူတို့ကို မြှင့်တင်ပေးခြင်းနှင့် ပျိုးထောင်ခြင်းအလုပ်ကို လုပ်ဆောင်နိုင်ရန် အသင်းတော်အလုပ်၏ ကဏ္ဍအားလုံးကို ကောင်းမွန်စွာ ထမ်းဆောင်နိုင်စွမ်းမရှိကြောင်း အတည်ပြုနိုင်သည်။

အချက် ၇- လူအမျိုးမျိုးကို ၎င်းတို့၏ လူ့သဘာဝနှင့် အားသာချက်များအပေါ် အခြေခံ၍ တစ်ဦးစီတိုင်းကို အသင့်တော်ဆုံးနေရာ၌ အသုံးချနိုင်ရန် သင့်လျော်စွာ ခွဲခန့်နေရာချထားပြီး အသုံးပြုခြင်း (အပိုင်း ၁)

လူအမျိုးမျိုးကို ၎င်းတို့၏ လူ့သဘာဝအပေါ် အခြေခံ၍ သင့်လျော်စွာ အသုံးပြုခြင်း

လူစားမျိုးစုံကို မည်သို့ စီစဉ်ပြီး အသုံးပြုရမည်နှင့်ပတ်သက်၍ သင်တို့၏ နားလည်သဘောပေါက်မှုမှာ အဘယ်နည်း။ (ဘုရားအိမ်တော်သည် မြှင့်တင်ပေးခြင်းနှင့် ပျိုးထောင်ခြင်းခံရသော လူစားမျိုးစုံအတွက် မတူညီသော လိုအပ်သည့် စံနှုန်းများ ရှိပြီး လူတို့ကို မြှင့်တင်ပေးခြင်းအတွက် ဘုရားအိမ်တော်၏ စည်းမျဉ်းများနှင့် စံနှုန်းများအတိုင်း မြှင့်တင်ပေးကာ လူတို့ကို အသုံးပြုသင့်ပါသည်။ အချို့လူများသည် ခေါင်းဆောင်များနှင့် အမှုဆောင်များ ဖြစ်ရန် သင့်တော်ပါက ၎င်းတို့ကို ခေါင်းဆောင်များ၊ အမှုဆောင်များနှင့် ကြီးကြပ်ရေးမှူးများအဖြစ် ပျိုးထောင်သင့်ပါသည်။ အချို့လူများသည် နယ်ပယ်တစ်ခုတွင် အတတ်ပညာဆိုင်ရာ အားသာချက်များ ပိုင်ဆိုင်ထားပါက ၎င်းတို့ ထမ်းဆောင်သည့် တာဝန်ကို ၎င်းတို့၏ အတတ်ပညာဆိုင်ရာ အားသာချက်များအတိုင်း စီစဉ်သင့်သည်၊ သို့မှသာ ၎င်းတို့ကို သင့်လျော်စွာ ခွဲခန့်နေရာချထားပြီး အသုံးပြုခြင်း ဖြစ်မည်ဖြစ်ပါသည်။) တစ်စုံတစ်ဦးတွင် ထပ်ဖြည့်စွက်ရန် တစ်ခုခုရှိသလော။ (နောက်တစ်ချက်မှာ လူတို့ကို ၎င်းတို့၏ လူ့သဘာဝအပေါ် အခြေခံ၍ တိုင်းတာခြင်း ဖြစ်ပါသည်။ တစ်စုံတစ်ဦး၏ လူ့သဘာဝသည် အတော်အတန် ကောင်းမွန်ပြီး သူသည် သမ္မာတရားကို ချစ်ကာ သဘောပေါက်နားလည်နိုင်စွမ်း ရှိပါက သူသည် မြှင့်တင်ပေးခြင်းနှင့် ပျိုးထောင်ခြင်းအတွက် သင့်တော်သူတစ်ဦး ဖြစ်ပါသည်။ သူ၏ လူ့သဘာဝသည် သာမန်ဖြစ်သော်လည်း သူ့တွင် အားသာချက်များရှိပြီး ဘုရားအိမ်တော်၌ တာဝန်တစ်ခုကို ထမ်းဆောင်နိုင်ကာ အစေခံနိုင်ပါက ဤလူစားမျိုးကိုလည်း သူ၏ အားသာချက်များအပေါ် အခြေခံ၍ သင့်တော်သော တာဝန်တစ်ခုကို ခန့်အပ်နိုင်သည်၊ သို့မှသာ သူ့ကို အကောင်းဆုံး အသုံးချခြင်း ဖြစ်မည်ဖြစ်ပါသည်။ အကယ်၍ သူသည် အတော်အတန် ဆိုးသော လူ့သဘာဝရှိပြီး အဖျက်အမှောင့်လုပ်ခြင်းများနှင့် အနှောင့်အယှက်များ ဖြစ်စေနိုင်ပါက သူ့ကို တာဝန်တစ်ခု ထမ်းဆောင်စေခြင်းသည် အကျိုးထက် အပြစ်က ပိုများမည်ဖြစ်သောကြောင့် သူ့ကို တာဝန်တစ်ခု ထမ်းဆောင်ရန် စီစဉ်ခြင်းသည် မသင့်လျော်ပါ။) အကယ်၍ လူတို့ကို ၎င်းတို့၏ လူ့သဘာဝအပေါ် အခြေခံ၍ ခွဲခြားပါက ၎င်းတို့သည် ဆိုးယုတ်သောသူများ မဟုတ်သရွေ့၊ အဖျက်အမှောင့်လုပ်ခြင်းများ သို့မဟုတ် အနှောင့်အယှက်များ မဖြစ်စေသရွေ့နှင့် တာဝန်တစ်ခုကို ထမ်းဆောင်နိုင်စွမ်း ရှိသရွေ့ ၎င်းတို့သည် လူကိုအသုံးပြုခြင်းအတွက် ဘုရားအိမ်တော်၏ စည်းမျဉ်းများနှင့် ကိုက်ညီပါသည်။ ဆိုးယုတ်သောလူများနှင့် ဝိညာဉ်ဆိုးများအပြင် အသုံးမပြုနိုင်သော နောက်တစ်မျိုးမှာ ဉာဏ်ရည်မပြည့်မီသောသူများ ဖြစ်သည်၊ ဆိုလိုသည်မှာ မည်သည့်အရာကိုမျှ ပြီးမြောက်အောင် မလုပ်ဆောင်နိုင်သော၊ မည်သည့်အရာကိုမျှ ပြီးစီးအောင် မလုပ်ဆောင်နိုင်သော၊ အတတ်ပညာတစ်ခုကို သင်ယူနိုင်စွမ်းမရှိသော၊ ရိုးရှင်းသော အထွေထွေကိစ္စများကို မကိုင်တွယ်နိုင်သော၊ ကာယလုပ်အားကိုပင် မလုပ်ဆောင်နိုင်သောသူများ ဖြစ်သည်၊ ဉာဏ်ရည်နှင့် လူ့သဘာဝ မပြည့်မီသောလူများကို အသုံးပြု၍မရနိုင်ပေ။ ဉာဏ်ရည်မပြည့်မီခြင်းဟူသော ဤအမျိုးအစားထဲတွင် မည်သည့်လူများ ပါဝင်သနည်း။ လူ့စကားကို နားမလည်သော၊ မှန်ကန်သော နားလည်သဘောပေါက်မှု ကင်းမဲ့သော၊ အမှုအရာများကို အမြဲတမ်း နားလည်မှုလွဲမှားသော၊ အမှားများ လုပ်မိသော၊ မေးခွန်းများကို မသက်ဆိုင်သော အဖြေများ ပေးသော၊ ဉာဏ်ထိုင်းသူများ သို့မဟုတ် ဉာဏ်ရည်နိမ့်ကျသူများကဲ့သို့ အမျိုးအစားတူဖြစ်သောသူများ ဖြစ်သည်၊ ဤသူအားလုံးသည် ဉာဏ်ရည်မပြည့်မီသောသူများ ဖြစ်ကြသည်။ ထို့နောက် အမှုအရာအမျိုးမျိုးကို ပုံမှန်လူများနှင့် ကွဲပြားစွာ နားလည်သဘောပေါက်သည့် အလွန်အမင်း အဓိပ္ပာယ်မဲ့သော လူများ ရှိသည်၊ ၎င်းတို့တွင်လည်း ဉာဏ်ရည်ပြဿနာ ရှိသည်။ ဉာဏ်ရည်မပြည့်မီခြင်းတွင် မည်သည့်အရာကိုမျှ သင်ယူနိုင်စွမ်းမရှိခြင်း ပါဝင်သလော။ (ပါဝင်ပါသည်။) သို့ဆိုလျှင် စာများ မည်သို့ရေးရမည်ကို သင်ယူနိုင်စွမ်းမရှိခြင်းသည် ဉာဏ်ရည်မပြည့်မီခြင်းဟု သတ်မှတ်သလော။ (မသတ်မှတ်ပါ။) ဤသို့သော လူစားမျိုးကို မသတ်မှတ်ပေ။ ဥပမာအားဖြင့် သီချင်းဆိုခြင်းနှင့် ကခုန်ခြင်းကို သင်ယူခြင်း၊ ကွန်ပျူတာကျွမ်းကျင်မှုများကို သင်ယူခြင်း သို့မဟုတ် နိုင်ငံခြားဘာသာစကားတစ်ခုကို သင်ယူခြင်းတို့ကို ကြည့်ပါ၊ ဤအရာများကို သင်ယူနိုင်စွမ်းမရှိခြင်းသည် ဉာဏ်ရည်မပြည့်မီခြင်းဟု မသတ်မှတ်ပေ။ သို့ဆိုလျှင် မည်သို့သောအရာမျိုးကို သင်ယူနိုင်စွမ်းမရှိခြင်းက ဉာဏ်ရည်မပြည့်မီကြောင်းကို ညွှန်ပြသနည်း။ ဥပမာအားဖြင့် အချို့လူများသည် အသိပညာ အနည်းငယ်ရှိသော်လည်း အခြားသူများနှင့် စကားစမြည်ပြောဆိုသည့်အခါ မိမိတို့၏ စကားကို မည်သို့ စုစည်းရမည်ကို သင်ယူနိုင်စွမ်းမရှိကြပေ။ သို့ဆိုလျှင် ဤသို့သော လူစားမျိုးသည် ဘုရားသခင်ကို ယုံကြည်သည့်အခါ သမ္မာတရားအကြောင်း မိတ်သဟာယဖွဲ့နိုင်ခြင်း၊ ဆုတောင်းနိုင်ခြင်းနှင့် အခြားသူများနှင့် ပုံမှန်အတိုင်း ဆက်သွယ်ပြောဆိုနိုင်ခြင်းတို့ ရှိနိုင်မည်လော။ (မရှိနိုင်ပါ။) ၎င်းတို့၏ စိတ်ထဲတွင် စိတ်ကူးတစ်ခုရှိသည့်အခါ သို့မဟုတ် ၎င်းတို့သည် အခြေအနေတစ်ခုတွင် ရှိနေသည့်အခါ၊ ပြီးလျှင် ၎င်းတို့သည် ဖွင့်ဟပြီး လူတို့အား ထိုအကြောင်းကို ပြောပြကာ ဖြေရှင်းရန် လမ်းကြောင်းကို ရှာဖွေလိုသည့်အခါ ၎င်းတို့သည် ရက်ပေါင်းများစွာ ဆက်တိုက်ကြံဆကြသော်လည်း မည်သည့်နေရာမှ စရမည်ကို သို့မဟုတ် မိမိတို့ကိုယ်ကို မည်သို့ ဖော်ပြရမည်ကို မသိကြပေ။ ၎င်းတို့ စကားပြောသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် စိတ်ရှုပ်ထွေးသွားပြီး ရှုပ်ထွေးသောနည်းလမ်းဖြင့် စကားပြောကြသည်၊ ၎င်းတို့၏ ပါးစပ်များသည် ခိုင်းသည့်အတိုင်း မလုပ်ဆောင်ရန် ငြင်းဆန်ပုံရပြီး ၎င်းတို့၏ အတွေးများသည် နေရာအနှံ့ ဖြစ်နေသည်။ ဥပမာအားဖြင့် သင်က ၎င်းတို့ကို “ယနေ့တွင် ရာသီဥတုက ကောင်းပြီး နေသာသည်” ဟု ပြောလျှင် ၎င်းတို့က “မနေ့က မိုးရွာပြီး ထိုလမ်းမပေါ်တွင် ကားတိုက်မှုတစ်ခု ဖြစ်ခဲ့သည်” ဟု ပြန်ဖြေလိမ့်မည်။ ၎င်းတို့သည် မိမိတို့ စကားပြောဆိုနေသူများနှင့် လမ်းကြောင်းတစ်ခုတည်းပေါ်တွင် မရှိကြပေ။ ဤသို့သော လူစားမျိုးသည် ဉာဏ်ရည်မပြည့်မီသလော။ (မပြည့်မီပါ။) ဥပမာအားဖြင့် ၎င်းတို့ ခေါင်းကိုက်နေပြီး သင်က ၎င်းတို့ကို ဘာဖြစ်သလဲဟု မေးလျှင် ၎င်းတို့က မိမိတို့၏ နှလုံးသည် အနည်းငယ် မသက်မသာဖြစ်သည်ဟု ပြောလိမ့်မည်။ ဤအဖြေသည် မေးခွန်းနှင့် မသက်ဆိုင်ပါ၊ ဟုတ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ ဉာဏ်ရည်အလွန်နိမ့်ကျခြင်း ဖြစ်သည်။ ဤကဲ့သို့သော လူများ အလွန်များပြားလှသည်။ သင်တို့ ဥပမာတစ်ခု ပေးနိုင်သလော။ (အချို့လူများသည် မေးခွန်းများကို ဖြေဆိုသည့်အခါ အမြဲတမ်း အကြောင်းအရာနှင့် လွဲချော်သွားကြသည်၊ အခြားလူများ မေးနေသည့်အရာကို ၎င်းတို့ လုံးဝ နားမလည်နိုင်ကြပါ။) စကားပြောနေစဉ် မကြာခဏ အကြောင်းအရာနှင့် လွဲချော်သွားခြင်းသည် ဉာဏ်ရည်မပြည့်မီခြင်း ဖြစ်သည်။ ထို့နောက် စကားပြောဆိုသည့်အခါ အတွင်းလူနှင့် အပြင်လူကို မခွဲခြားတတ်သော လူများလည်း ရှိသည်၊ တစ်ခါတစ်ရံတွင် ၎င်းတို့ စကားပြောသည့်အခါ မိမိတို့၏ လျှို့ဝှက်ချက်ကို ဖော်မိသည်ကိုပင် မသိလိုက်ကြပေ၊ ဤသည်မှာလည်း ဉာဏ်ရည်မပြည့်မီခြင်း ဖြစ်သည်။ ဥပမာအားဖြင့် အချို့ညီအစ်ကိုမောင်နှမများသည် ဘာသာတရားမရှိသော မိသားစုဝင်များနှင့်အတူ နေထိုင်ကြရာ ၎င်းတို့၏ မိသားစုဝင်များက ၎င်းတို့ကို “သင်တို့၏ ဘုရားက သင်တို့ကို ဘာလုပ်ခိုင်းသနည်း” ဟု မေးကြသည်။ ၎င်းတို့က “ကျွန်ုပ်တို့ ယုံကြည်သည့် ဘုရားသခင်က အလွန်ကောင်းပါသည်။ ကိုယ်တော်က ကျွန်ုပ်တို့ကို ရိုးသားတဲ့လူတွေ ဖြစ်ဖို့ သင်ပေးသည်၊ ပြီးလျှင် ကျွန်ုပ်တို့ကို မည်သူ့ကိုမျှ မလိမ်ညာဖို့နှင့် လူတိုင်းကို ရိုးသားစွာ စကားပြောရမည်ဟု သင်ပေးသည်” ဟု ပြန်ဖြေကြသည်။ အပေါ်ယံအားဖြင့် ၎င်းတို့သည် ဘုရားသခင် လုပ်ဆောင်သည့် အလုပ်ကို သက်သေခံနေကြသကဲ့သို့လည်းကောင်း၊ ဘုရားသခင်ကို ဘုန်း‌တော်ထင်ရှားစေနေသကဲ့သို့လည်းကောင်း၊ ၎င်းတို့ကို နားထောင်သူများအား ယုံကြည်သူများအပေါ် ကောင်းသော အထင်အမြင်ရှိစေပြီး ယုံကြည်ကိုးစားစေနေသကဲ့သို့လည်းကောင်း ထင်ရသော်လည်း ဤသည်မှာ အမှန်တကယ် ထိုသို့ ဟုတ်ပါသလော။ ဘာသာတရားမရှိသူများသည် ဤအရာကို ကြားသည့်အခါ မည်သို့ ပြောဆိုကြမည်နည်း။ ၎င်းတို့က “သင်တို့၏ ဘုရားက သင်တို့ကို ရိုးသားတဲ့လူတွေ ဖြစ်ဖို့ တောင်းဆိုခဲ့သည့်အတွက် ငါတို့ကို အမှန်အတိုင်း ပြောပါ၊ သင်တို့၏ အသင်းတော်တွင် ပိုက်ဆံ မည်မျှရှိသနည်း။ မည်သူက အလှူငွေ အများဆုံး ပေးသနည်း။ သင်တို့၏ အသင်းတော်ခေါင်းဆောင်က မည်သူနည်း။ သင်တို့တွင် စုဝေးသည့်နေရာ ဘယ်နှစ်ခု ရှိသနည်း” ဟု ပြောဆိုကြလိမ့်မည်။ သင်သည် ထိုအရာကြောင့် အံ့အားသင့်သွားမည် မဟုတ်လော။ ဤကဲ့သို့သော လူများသည် ဉာဏ်မမီကြသည် မဟုတ်လော။ သင်သည် နတ်ဆိုးများနှင့် ဘာသာတရားမရှိသူများကို ရိုးသားသောလူတစ်ဦး ဖြစ်ခြင်းအကြောင်း အဘယ်ကြောင့် ပြောဆိုနေရသနည်း။ တကယ်တမ်းတွင် သင်သည် ဘုရားသခင်ရှေ့မှောက်၌ ထိုမျှ အသေအချာပင် ရိုးသားခြင်းမရှိပေ။ သို့ဆိုလျှင် ဘာသာတရားမရှိသူများနှင့် အလွန် အလေးအနက်ထားခြင်းဖြင့် သင်သည် သင်၏ လျှို့ဝှက်ချက်ကို ဖော်နေခြင်း မဟုတ်လော။ ဤသည်မှာ ကိုယ့်သေတွင်း ကိုယ်တူးခြင်း မဟုတ်လော။ သင်သည် ဉာဏ်ထိုင်းသူတစ်ဦး မဟုတ်လော။ သင်၏ စိတ်နှလုံးကို ဖွင့်ဟသည့်အခါ သို့မဟုတ် တစ်စုံတစ်ဦးကို ရိုးသားစွာ စကားပြောသည့်အခါ သင်သည် မည်သူ့ကို စကားပြောနေသည်ကို ထည့်သွင်းစဉ်းစားရမည်၊ အကယ်၍ ထိုသူသည် နတ်ဆိုးတစ်ကောင် သို့မဟုတ် စာတန်တစ်ကောင် ဖြစ်ပါက အမှန်တကယ် ဖြစ်ပျက်နေသည့်အရာကို သင် ၎င်းတို့ကို ပြောပြနိုင်မည်လော။ သို့ဖြစ်၍ ဤကဲ့သို့သော လူများနှင့် ပတ်သက်လာလျှင် “မြွေကဲ့သို့ လိမ္မာလျက်၊ ချိုးငှက်ကဲ့သို့ အဆိပ်ကင်းလျက်ရှိခြင်း” ကို လက်တွေ့လုပ်ဆောင်ရန် လိုအပ်သည်၊ ဤသည်မှာ လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ သွန်သင်ချက် ဖြစ်သည်။ ဉာဏ်ထိုင်းသူများသည် ဤသို့လုပ်ဆောင်ရန် မသိကြပေ။ ၎င်းတို့သည် စည်းမျဉ်းစည်းကမ်းများကိုသာ ပုံသေစောင့်ထိန်းရန် သိကြပြီး “ကျွန်ုပ်တို့ ယုံကြည်သူများသည် အလွန်ရိုးသားသည်၊ မည်သူ့ကိုမျှ မလိမ်ညာပါ။ သင်တို့ ဘာသာတရားမရှိသူတွေကို ကြည့်ပါ၊ သင်တို့က လိမ်ညာမှုများနှင့် ပြည့်နေသည်၊ ကျွန်ုပ်တို့အားလုံး ရိုးသားစွာ ပြောဆိုကြသည်” ဟူသကဲ့သို့သော အရာများကို ပြောဆိုကြသည်။ ပြီးလျှင် ၎င်းတို့ ရိုးသားစွာ ပြောဆိုပြီးနောက် လူတို့သည် ၎င်းတို့အပေါ် အသုံးချရန် အခွင့်အရေး ရသွားကြသည်။ ဤသည်မှာ ၎င်းတို့ အတွင်းလူနှင့် အပြင်လူကို မခွဲခြားတတ်ခြင်း မဟုတ်လော။ ဤသည်မှာ ဦးနှောက်ချို့ယွင်းနေခြင်း မဟုတ်လော။ ၎င်းတို့သည် အယူဝါဒအချို့ကို နားလည်သော်လည်း ယင်းတို့ကို မည်သို့ အသုံးချရမည်ကို မသိကြပေ။ ၎င်းတို့သည် ဆောင်ပုဒ်အချို့ကို ဟစ်ကြွေးပြီးနောက် ၎င်းတို့သည် အမှန်တကယ် ဝိညာဉ်ရေးရာဆန်သည်ဟု ခံစားရကာ သမ္မာတရားကို နားလည်ပြီး သမ္မာတရား လက်တွေ့ကျမှုကို ပိုင်ဆိုင်သည်ဟု ထင်မှတ်ကြပြီး နေရာတိုင်းတွင် ကြွားဝါကြသော်လည်း အဆုံးတွင် စာတန်များနှင့် နတ်ဆိုးများသည် ဤအရာကို အခွင့်ကောင်းယူပြီး ၎င်းတို့အပေါ် အသုံးချကြသည်။ ဤသည်မှာ ဉာဏ်ရည်မပြည့်မီခြင်း ဖြစ်သည်။

ငါတို့သည် ဉာဏ်ရည်မပြည့်မီသော လူစားမျိုးစုံအကြောင်းကို ယခုတင် ပြောဆိုခဲ့ကြသည်။ တစ်မျိုးမှာ လူ့စကားကို နားမလည်သော၊ အခြားသူများ၏ စကားများမှ အချက်အချာကျသည့် အဓိကအချက်များကို နားလည်ပြီး သဘောပေါက်ရန် ပျက်ကွက်သောသူများ ဖြစ်သည်။ နောက်တစ်မျိုးမှာ မည်သည့်အရာကိုမျှ ပြီးမြောက်အောင် မလုပ်ဆောင်နိုင်သော၊ မည်သို့ပင် လုပ်ဆောင်ပါစေ စည်းမျဉ်းများ သို့မဟုတ် အဓိကအချက်များကို သဘောမပေါက်နိုင်သော ဉာဏ်ထိုင်းသူများ ဖြစ်သည်။ ထပ်ဆင့်၍ နောက်တစ်မျိုးမှာ အရာရာအပေါ်တွင် အလွန်အမင်း တစ်ယူသန်ပြီး အဓိပ္ပာယ်မရှိသော အမြင်များ ရှိသူများ ဖြစ်သည်။ နောက်ထပ်တစ်မျိုးမှာ မည်သည့်အရာကိုမျှ သင်ယူနိုင်စွမ်းမရှိသော၊ စကားပြောဆိုခြင်း သို့မဟုတ် စကားစမြည်ပြောဆိုခြင်းကိုပင် သင်ယူနိုင်စွမ်းမရှိသော၊ အခြားသူများ နားလည်နိုင်ရန် မိမိတို့၏ အတွေးများနှင့် အမြင်များကို ရှင်းလင်းစွာ ဖော်ပြရမည်ကို သင်ယူနိုင်စွမ်းမရှိသောသူများ ဖြစ်သည်။ ၎င်းတို့သည် အသင့်အတင့် စာတတ်ပေတတ်ဖြစ်သော်လည်း မိမိတို့၏ ခေါင်းထဲတွင် စကားလုံးများကို မစုစည်းနိုင်သကဲ့သို့ ရှင်းလင်းစွာ မပြောဆိုနိုင်သည့်အပြင် မှန်ကန်သော အမြင်များကိုလည်း မဖော်ပြနိုင်ဘဲ မည်သည့်အရာကိုမျှ ပြီးမြောက်အောင် မလုပ်ဆောင်နိုင်ကြပေ။ ဤသူအားလုံးသည် ဉာဏ်ရည်မပြည့်မီသောသူများ ဖြစ်ကြသည်။ မည်သည့်အတတ်ပညာ သို့မဟုတ် ကျွမ်းကျင်မှုကိုပင် သင်ယူပါစေ၊ ၎င်းတို့သည် စည်းမျဉ်းများနှင့် နည်းဥပဒေသများကို သဘောပေါက်ရန် အစဉ်မပြတ် မတတ်နိုင်ကြပေ။ တစ်ခါတစ်ရံ အတတ်ပညာ သို့မဟုတ် ကျွမ်းကျင်မှုတစ်ခုကို ကောင်းစွာ လုပ်ဆောင်နိုင်လျှင်ပင် ယင်းမှာ မတော်တဆသာ ဖြစ်သည်၊ ၎င်းတို့သည် မည်သို့ ကောင်းစွာ လုပ်ဆောင်ခဲ့သည်ကို မသိကြပေ။ နောက်တစ်ကြိမ် ကောင်းစွာ မလုပ်ဆောင်နိုင်သည့်အခါတွင်လည်း အဘယ်ကြောင့် ဤသို့ဖြစ်ရသည်ကို ၎င်းတို့ မသိကြပေ။ ၎င်းတို့သည် မည်သည့်အရာကိုမျှ သင်ယူနိုင်စွမ်းမရှိသကဲ့သို့ ထိုအရာ၌ ကျွမ်းကျင်လာခြင်းလည်း မရှိပေ။ အကယ်၍ ၎င်းတို့ကို အတတ်ပညာတစ်ခု သို့မဟုတ် နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုတစ်ခုကို သင်ယူရန် တောင်းဆိုပါက မည်မျှပင် ကြာရှည်စွာ သင်ယူနေပါစေ ၎င်းတို့သည် သဘောတရားကိုသာ သဘောပေါက်ကြလိမ့်မည်။ ၎င်းတို့သည် တရားဒေသနာများကို နှစ်ပေါင်းများစွာ နားထောင်ခဲ့ပြီးဖြစ်သော်လည်း သမ္မာတရားကို နားမလည်ကြသေးပေ။ အကယ်၍ ၎င်းတို့ကို ဘုရားအိမ်တော်က မကြာခဏ မိတ်သဟာယဖွဲ့လေ့ရှိသည့် ဤနှုတ်ကပတ်တော်များနှင့် ဤတိကျသော ပြောဆိုချက်များကို ယူ၍စည်းမျဉ်းတစ်ခုနှင့် လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းတစ်ခုအဖြစ်သို့ ပြောင်းလဲရန် တောင်းဆိုပါက ၎င်းတို့သည် မည်သို့ပင် သင်ကြားခံရပါစေ အသေအလဲ ကြိုးစားလုပ်ဆောင်ပါစေ ထိုသို့ပြုလုပ်နိုင်စွမ်း ရှိမည်မဟုတ်ပေ။ ဤသည်က ဤလူများသည် ဉာဏ်ရည်မပြည့်မီကြောင်းကို အတည်ပြုသည်။ အချို့လူများသည် အသက် ၃၀ အရွယ်တွင် တစ်စုံတစ်ခုကို လုပ်ဆောင်ရာ၌ ရရှိသည့် ရလဒ်များနှင့် အသက် ၅၀ သို့မဟုတ် ၆၀ အရွယ်တွင် ထိုအရာကိုပင် လုပ်ဆောင်ရာ၌ ရရှိသည့် ရလဒ်များမှာ လုံးဝ တိုးတက်မှု တစ်စုံတစ်ရာမရှိဘဲ အတူတူပင် ဖြစ်သည်။ ၎င်းတို့သည် မိမိတို့၏ တစ်သက်တာတွင် အရာတစ်ခုကိုမျှ အောင်မြင်စွာ မသင်ယူနိုင်ခဲ့ကြပေ။ ၎င်းတို့သည် အချိန်ကို အလဟဿ မဖြုန်းခဲ့ကြ၊ အလွန် အာရုံစိုက်ပြီး ကြိုးစားအားထုတ်ခဲ့ကြသော်လည်း မည်သည့်အရာကိုမျှ အောင်မြင်စွာ မသင်ယူနိုင်ခဲ့ကြပေ၊ ဤသည်က ၎င်းတို့ ဉာဏ်ရည်မပြည့်မီကြောင်းကို ပြသသည်။ ငါတို့ မိတ်သဟာယဖွဲ့ခဲ့သည့်အရာကို အခြေခံ၍ ဉာဏ်ရည်မပြည့်မီခြင်းဟု မှတ်ယူသည့်အရာ၏ နယ်ပယ်သည် ပို၍ ကျယ်ပြန့်လာသည် မဟုတ်လော။ သင်တို့ကိုယ်တိုင် ဉာဏ်ရည်မပြည့်မီသူများထဲတွင် ပါဝင်သည်ဟု သင်တို့ မှတ်ယူပါသလား။ (မှတ်ယူပါသည်။) အနည်းငယ် အနည်းနှင့်အများ ဖြစ်ပါသည်။ ငါ အဘယ်ကြောင့် ထိုသို့ ပြောရသနည်း။ လူအများစုသည် တရားဒေသနာများကို ငါးနှစ်ကြာ နားထောင်ခဲ့ပြီးဖြစ်သော်လည်း သမ္မာတရားသည် မည်သည့်အရာဖြစ်သည်ကို သို့မဟုတ် ဘုရားသခင်၏ ရည်ရွယ်ချက်များသည် မည်သည့်အရာဖြစ်သည်ကို နားမလည်ကြသေးပေ။ အချို့လူများမှာမူ တရားဒေသနာများကို ၁၀ နှစ်၊ သို့မဟုတ် အနှစ် ၂၀ သို့မဟုတ် ၃၀ ပင် နားထောင်ခဲ့ပြီးဖြစ်သော်လည်း သမ္မာတရား လက်တွေ့ကျမှုသည် မည်သည့်အရာဖြစ်သည်နှင့် စကားလုံးများနှင့် အယူဝါဒများသည် မည်သည့်အရာဖြစ်သည်ကို နားမလည်ကြသေးဘဲ ၎င်းတို့၏ ပါးစပ်များသည် အယူဝါဒများနှင့် ပြည့်နေပြီး ထိုအရာများကို ကျွမ်းကျင်စွာ ရွတ်ဆိုကြသည်၊ ဤသည်မှာ ၎င်းတို့၏ ဉာဏ်ရည်နှင့်ဆိုင်သော ပြဿနာတစ်ခု ဖြစ်သည်။ သမ္မာတရားကို သဘောပေါက်နားလည်ခြင်းကို ယခုလောလောဆယ် ဘေးဖယ်ထားလျက်၊ လူတို့သည် အချို့သော အပြင်ပန်းအရာများနှင့် လူ့အသက်တာရှိ သာမန်အသိတရားဆိုင်ရာ ကိစ္စရပ်များအပေါ် အောက်ပါသရုပ်သကန်များကို ပြသကြသည်ဟု ဆိုကြပါစို့။ မည်မျှပင် နှစ်များစွာ တစ်စုံတစ်ခုကို လုပ်ဆောင်နေပါစေ ၎င်းတို့၏ အခြေအနေ၊ စိတ်အနေအထားနှင့် သိမြင်နားလည်မှုတို့သည် ၎င်းတို့ စတင်သင်ယူခဲ့စဉ်ကအတိုင်းပင် ဖြစ်နေဆဲဖြစ်သည်၊ ပြီးလျှင် မည်သို့ပင် လမ်းညွှန်ခြင်း၊ သင်ကြားခြင်းကို ခံရပါစေ သို့မဟုတ် မည်သို့လက်တွေ့လုပ်ဆောင်ပါစေ ၎င်းတို့သည် မည်သည့် တိုးတက်မှုကိုမျှ မရရှိကြသေးပေ။ ဤသည်မှာ ဉာဏ်ရည်မပြည့်မီခြင်း ဖြစ်သည်။

လူတို့တွင် လူ့သဘာဝရှိမရှိကို အခြေခံ၍ ၎င်းတို့ကို ရွေးချယ်ခြင်းနှင့် အသုံးပြုခြင်းသည် စည်းမျဉ်းများနှင့် ကိုက်ညီသည်။ သို့ဖြစ်၍ ငါ့ကို ပြောလော့၊ လူ့သဘာဝညံ့ဖျင်းသော၊ ဉာဏ်ရည်မပြည့်မီသော သို့မဟုတ် ဝိညာဉ်ဆိုးများ၏ လုပ်ဆောင်ချက်ရှိသော လူတို့ကို ငါတို့ ပျိုးထောင်ပြီး အသုံးပြုသင့်သလော။ ယင်းမှာ လုံးဝ အလုပ်ဖြစ်မည်မဟုတ်။ လူကိုအသုံးပြုခြင်းအတွက် ဘုရားအိမ်တော်၏ စည်းမျဉ်းများနှင့် မကိုက်ညီသော ဤလူအမျိုးအစားအချို့မှလွဲ၍ အခြားလူအများစုကို ၎င်းတို့၏ လူ့သဘာဝအပေါ် အခြေခံ၍ သင့်လျော်စွာ အသုံးပြုနိုင်သည်။ သာမန်လူ့သဘာဝရှိသောသူများအတွက်မူ၊ ယင်းကို ဆိုးသည်ဟုလည်း မဆိုနိုင်၊ ကောင်းသည်ဟုလည်း မဆိုနိုင်ဘဲ၊ ၎င်းတို့သည် သာမန်အဖွဲ့သားများသာ ဖြစ်နိုင်သည်။ အတော်အတန် ကောင်းမွန်သော လူ့သဘာဝရှိသောသူများ၊ အတော်အတန် ဆင်ခြင်တုံတရားရှိပြီး အသိစိတ်ရှိသော၊ အပြုသဘောဆောင်သောအရာများကို ချစ်မြတ်နိုးသော၊ အထူးပင် ဖြောင့်မတ်သော၊ တရားမျှတစိတ်ရှိသော၊ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်စောင့်ရှောက်နိုင်စွမ်းရှိသောသူများအတွက် ဤလူတို့ကို အလေးထား၍ ပျိုးထောင်ပြီး အသုံးပြုနိုင်သည်။ ၎င်းတို့ကို ခေါင်းဆောင်များ သို့မဟုတ် အဖွဲ့ခေါင်းဆောင်များအဖြစ် ပျိုးထောင်ပြီး အသုံးပြုမည်လော၊ သို့မဟုတ် အရေးကြီးသော အလုပ်အချို့ကို လုပ်ဆောင်စေမည်လောဟူသည့်အချက်မှာမူ ၎င်းတို့၏ အစွမ်းအစနှင့် အားသာချက်များအပေါ်တွင် မူတည်သည်။ ဤသည်မှာ လူစားမျိုးစုံကို ၎င်းတို့၏ လူ့သဘာဝအပေါ် အခြေခံ၍ မည်သို့ အသုံးပြုရမည်ကို ချိန်ဆခြင်း ဖြစ်သည်။

လူအမျိုးမျိုးကို ၎င်းတို့၏ အားသာချက်များအပေါ် အခြေခံ၍ သင့်လျော်စွာ အသုံးပြုခြင်း

လူစားမျိုးစုံကို ၎င်းတို့၏ အားသာချက်များအပေါ် အခြေခံ၍ မည်သို့ အသုံးပြုရမည်ကို ဆက်လက်၍ ပြောဆိုကြပါစို့။ အချို့လူများတွင် အစွမ်းအစအပြင် ၎င်းတို့ ထူးချွန်သည့် အတတ်ပညာဆိုင်ရာ ကျွမ်းကျင်မှုအချို့လည်း ရှိကြသည်။ “အားသာချက်များ” ဟူသော စကားလုံးဖြင့် မည်သည့်အရာကို ဆိုလိုသနည်း။ (ဂီတဖန်တီးနိုင်ခြင်း၊ တူရိယာတီးခတ်နိုင်ခြင်း သို့မဟုတ် ပန်းချီဆွဲနိုင်ခြင်းကဲ့သို့သော အထူးပြုနယ်ပယ်တစ်ခုတွင် ကျွမ်းကျင်မှုရှိခြင်း ဖြစ်ပါသည်။) ဂီတသီအိုရီ၊ အနုပညာ၊ ထို့အပြင် အကနှင့် စာပေတို့ကို နားလည်ခြင်းဟူသည့် ဤအရာအားလုံးသည် အားသာချက်များ ဖြစ်ကြသည်။ သရုပ်ဆောင်ခြင်းနှင့် ဒါရိုက်တာလုပ်ခြင်းတို့သည် ရုပ်ရှင်ထုတ်လုပ်ရေးနှင့် သက်ဆိုင်သော အားသာချက်များဖြစ်သည်၊ ဘာသာပြန်ဆိုခြင်းသည် ဘာသာစကားဆိုင်ရာ အားသာချက်ဖြစ်ပြီး ဗီဒီယိုထုတ်လုပ်ရေးနှင့် အထူးပြုလုပ်ချက်များသည်လည်း သတ်သတ်မှတ်မှတ်ဖြစ်သောနယ်ပယ်များအတွင်းမှ အားသာချက်များ ဖြစ်ကြသည်။ ငါတို့က အားသာချက်များအကြောင်း ပြောဆိုသည့်အခါ အသင်းတော်၏ အဓိကကျသောအလုပ်နှင့် သက်ဆိုင်သည့် အတတ်ပညာဆိုင်ရာ ကျွမ်းကျင်မှုများကို ရည်ညွှန်းနေခြင်း ဖြစ်သည်။ အချို့လူများသည် အခြေခံကျွမ်းကျင်မှုအဆင့်ကို ရရှိပြီးဖြစ်ကာ အချို့လူများသည် ဘုရားအိမ်တော်သို့ ရောက်လာပြီးနောက် ဤအရာများကို လေ့လာကြသည်။ အကယ်၍ လူတစ်ဦးတွင် အခြေခံကျွမ်းကျင်မှု ရှိသော်လည်း ၎င်း၏ လူ့သဘာဝက စံနှုန်းမပြည့်မီဘဲ ဉာဏ်ရည်မပြည့်မီသောသူ၊ ဆိုးယုတ်သောလူ သို့မဟုတ် ဝိညာဉ်ဆိုးတစ်ဦး ဖြစ်ပါက ၎င်းကို အသုံးမပြုနိုင်ပေ။ အကယ်၍ ထိုသူ၏ လူ့သဘာဝက စံနှုန်းပြည့်မီပြီး ဘုရားအိမ်တော်က လိုအပ်သော အားသာချက်တစ်ခုကို ပိုင်ဆိုင်ထားပါက ၎င်းကို မြှင့်တင်ပေးခြင်း၊ ပျိုးထောင်ခြင်းနှင့် အသုံးပြုခြင်းတို့ကို ပြုနိုင်သည်၊ ၎င်း၏ အားသာချက်များနှင့် ကိုက်ညီသော သို့မဟုတ် ၎င်း ပိုင်ဆိုင်ထားသည့် အတတ်ပညာဆိုင်ရာ ကျွမ်းကျင်မှုများနှင့် သက်ဆိုင်သော အဖွဲ့တစ်ဖွဲ့သို့ ခန့်အပ်ပြီး ချက်ချင်း အလုပ်စတင်စေနိုင်သည်။ အချို့လူများသည် အတတ်ပညာဆိုင်ရာ အားသာချက်တစ်ခုကို မပိုင်ဆိုင်သေးသော်လည်း သင်ယူလိုစိတ်ရှိပြီး အလွန် လျင်မြန်စွာ သင်ယူတတ်မြောက်ကြသည်။ အကယ်၍ ၎င်းတို့၏ လူ့သဘာဝက စံနှုန်းပြည့်မီပါက ဘုရားအိမ်တော်သည် ၎င်းတို့ကို ပျိုးထောင်နိုင်ပြီး ၎င်းတို့ သင်ယူရန်အတွက် အခြေအနေများကို ဖန်တီးပေးနိုင်သည်၊ ထိုသို့သောလူများကိုလည်း အသုံးပြုနိုင်သည်။ အချုပ်အားဖြင့်ဆိုသော် တာဝန်များ ခန့်အပ်ခြင်းသည် လူတို့၏ အစွမ်းအစနှင့် အားသာချက်များအပေါ် အခြေခံပြီး အားသာချက်အမျိုးမျိုးရှိသော လူတို့ကို ၎င်းတို့၏ အားသာချက်များကို အသုံးချနိုင်ရန်အတွက် မိမိတို့၏ ကျွမ်းကျင်မှုနယ်ပယ်အတွင်း၌ အလုပ်လုပ်ရန် ဖြစ်နိုင်သမျှ စီစဉ်ပေးသင့်သည်။ အကယ်၍ ၎င်းတို့၏ အားသာချက်များကို ဘုရားအိမ်တော်က မလိုအပ်တော့ပါက ၎င်းတို့၏ အစွမ်းအစနှင့် လူ့သဘာဝအပေါ် အခြေခံ၍ ၎င်းတို့ လုပ်ဆောင်နိုင်စွမ်းရှိသည့် မည်သည့်အရာကိုမဆို လုပ်ဆောင်ရန် စီစဉ်ပေးနိုင်သည်၊ ဤသည်ကို လူတို့ကို သင့်လျော်စွာ အသုံးပြုခြင်းဟု ခေါ်သည်။ အကယ်၍ ဘုရားအိမ်တော်သည် ၎င်းတို့၏ အားသာချက်များကို လိုအပ်နေဆဲဖြစ်ပါက ၎င်းတို့ကို ဤနယ်ပယ်တွင် မိမိတို့၏ တာဝန်ကို ဆက်လက်ထမ်းဆောင်ခွင့်ပြုသင့်ပြီး မဆင်မခြင် ပြောင်းရွှေ့၍မရနိုင်ပေ၊ သို့သော် ဤအတတ်ပညာဖြင့် အလုပ်လုပ်နေသူများ အလွန်များပြားနေသည့် အခြေအနေမျိုးတွင်မူ ၎င်းတို့၏ အတတ်ပညာတွင် အရည်အချင်း အနည်းဆုံးသူများကို အခြားတာဝန်များသို့ ပြန်လည်ခန့်အပ်ခြင်းဖြင့် လူအရေအတွက်ကို အခြေအနေအရ လျှော့ချသင့်သည်၊ ဤသည်မှာ လူတို့ကို သင့်လျော်စွာ အသုံးပြုခြင်း ဖြစ်သည်။

မည်သည့် အထူးကျွမ်းကျင်မှုများမျှ မရှိသော လူစားမျိုးတစ်မျိုး ရှိသည်၊ ၎င်းတို့သည် စာများကို အနည်းငယ် ရေးနိုင်သည်၊ သီချင်းဆိုသည့်အခါ အသံမှန်အောင် သီဆိုနိုင်သည်၊ မည်သည့်အရာကိုမဆို မည်သို့လုပ်ရမည်ကို သင်ယူနိုင်သော်လည်း ဤအရာများတွင် အတော်ဆုံး မဟုတ်ကြပေ။ ၎င်းတို့ မည်သည့်အရာတွင် အတော်ဆုံးဖြစ်သနည်း။ ၎င်းတို့တွင် အစွမ်းအစ အနည်းငယ်ရှိသည်၊ ၎င်းတို့သည် အတော်အတန် တရားမျှတစိတ်ရှိကြပြီး လူတို့ကို မည်သို့ အကဲဖြတ်ပြီး အသုံးပြုရမည်ကို သိမြင်နိုင်စွမ်း အနည်းငယ် ရှိကြသည်။ ထို့အပြင် ၎င်းတို့တွင် အထူးခြားဆုံးမှာ စီစဉ်နိုင်စွမ်းကို ပိုင်ဆိုင်ထားခြင်း ဖြစ်သည်။ အကယ်၍ သင်သည် ထိုသို့သောလူတစ်ဦးကို တာဝန်တစ်ခု သို့မဟုတ် အလုပ်တစ်ခု ပေးပါက ၎င်းတို့သည် လူတို့ကို ထိုအရာကို လုပ်ဆောင်ရန် စီစဉ်နိုင်သည်။ တစ်ချိန်တည်းမှာပင် ၎င်းတို့သည် အလုပ်လုပ်နိုင်စွမ်းကို ပိုင်ဆိုင်ထားသည်၊ ဆိုလိုသည်မှာ အကယ်၍ သင်သည် ၎င်းတို့ကို အလုပ်တစ်ခု ပေးပါက ၎င်းတို့တွင် ထိုအရာကို ကောင်းမွန်စွာ လုပ်ဆောင်ပြီး ပြီးစီးနိုင်သည့် စွမ်းရည်ရှိသည်။ ၎င်းတို့၏ စိတ်ထဲတွင် အဆင့်များနှင့် ဖွဲ့စည်းပုံပါသော အစီအစဉ်တစ်ခု ရှိသည်။ ၎င်းတို့သည် လူတို့ကို မည်သို့ အသုံးပြုရမည်၊ အချိန်ကို မည်သို့ ခွဲဝေရမည်၊ ဤတာဝန်အတွက် မည်သူ့ကို အသုံးပြုရမည်ကို သိကြသည်။ ပြဿနာတစ်ခု ပေါ်ပေါက်လာပါက ဖြေရှင်းနည်းကို လူတိုင်းနှင့် မည်သို့ ဆွေးနွေးရမည်ကို ၎င်းတို့ သိကြသည်။ ဤအရာအားလုံးကို မည်သို့ ဟန်ချက်ညီအောင်ပြုလုပ်ပြီး ဖြေရှင်းရမည်ကို ၎င်းတို့ သိကြသည်။ ဤကဲ့သို့သော လူတစ်ဦးသည် အလုပ်လုပ်နိုင်စွမ်းကို ပိုင်ဆိုင်ထားရုံသာမက အတော်အတန်လည်း စကားပြောကောင်းကြသည်။ ၎င်းတို့၏ စကားများသည် ရှင်းလင်းပြီး စနစ်ကျကာ လူတို့ကို စိတ်မရှုပ်ထွေးစေပေ။ ၎င်းတို့ အလုပ် ခွဲခန့်ပြီးသည့်အခါ လူတိုင်း ရှင်းလင်းစွာ နားလည်ပြီး လူတစ်ဦးစီတိုင်း မည်သည့်အရာကို လုပ်ဆောင်သင့်သည်ကို သိကြသည်၊ မည်သူမျှ အလုပ်မရှိဘဲ မနေရသကဲ့သို့ အလုပ်တွင်လည်း လစ်ဟာမှုများ မရှိပေ။ အလုပ်၏ အသေးစိတ်အချက်အလက်များကို ၎င်းတို့ ရှင်းပြခြင်းသည်လည်း အတော်အတန် ရှင်းလင်းပြီး စနစ်ကျသည်၊ အထူးသဖြင့် ရှုပ်ထွေးသော ကိစ္စရပ်များအတွက် ကိစ္စရပ်များကို လူတိုင်း နားလည်ပြီး အလုပ်ကို မည်သို့ လုပ်ဆောင်ရမည်၊ မည်သို့ ရှေ့ဆက်ရမည်ကို သိရှိကြရန်အတွက် ၎င်းတို့သည် ဆန်းစစ်ချက်များ၊ မိတ်သဟာယဖွဲ့ခြင်းများနှင့် အသေးစိတ်အချက်အလက်များကို စာရင်းပြုစုခြင်းတို့ကို ပေးသည်၊ ထို့အပြင် မည်သည့်လုပ်ဆောင်ပုံများက အားနည်းချက်ရှိနိုင်သည်၊ မည်သည့်အလုပ်လုပ်နည်းများက ထိရောက်မှုကို ထိခိုက်စေမည်၊ မိမိတို့၏ အလုပ်လုပ်နေစဉ်အတွင်း လူတို့ မည်သည့်အရာကို ဂရုပြုသင့်သည် စသည်တို့ကိုလည်း ၎င်းတို့ မိတ်သဟာယဖွဲ့နိုင်သည်။ ဆိုလိုသည်မှာ ၎င်းတို့သည် အလုပ်မစတင်မီတွင် အခြားသူများထက် ပို၍ တွေးတောကြသည်၊ အခြားသူများထက် ပို၍ အသေးစိတ်ကျကျ၊ ပို၍ လက်တွေ့ကျကျနှင့် ပို၍ ကျယ်ကျယ်ပြန့်ပြန့် တွေးတောကြသည်။ တစ်ဖက်တွင် ၎င်းတို့တွင် ဦးနှောက်ရှိပြီး နောက်တစ်ဖက်တွင် ၎င်းတို့သည် စကားပြောကောင်းကြသည်။ ဦးနှောက်ရှိသည်ဆိုသည်မှာ ၎င်းတို့သည် အမှုအရာများကို စနစ်တကျ၊ အဆင့်ဆင့်လုပ်ဆောင်ပြီး အစီအစဉ်အတိုင်း၊ အလွန် ရှင်းလင်းစွာ လုပ်ဆောင်သည်ကို ဆိုလိုသည်။ စကားပြောကောင်းသည်ဆိုသည်မှာ ၎င်းတို့သည် မိမိတို့၏ စိတ်ထဲရှိ အတွေးများ၊ အစီအစဉ်များနှင့် တွက်ချက်မှုများကို ရှင်းလင်းစွာနှင့် နားလည်လွယ်စွာ ဖော်ပြရန် ဘာသာစကားကို အသုံးပြုနိုင်သည်ကိုလည်းကောင်း၊ ၎င်းတို့ကို နားထောင်သူများ စိတ်မရှုပ်ထွေးစေရန် ရိုးရှင်းစွာနှင့် တိကျစွာ မည်သို့ ပြောဆိုရမည်ကို သိသည်ကိုလည်းကောင်း ဆိုလိုသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို အထူးပင် ရှင်းလင်းသော၊ တိကျသော၊ မှန်ကန်သောနှင့် လျောက်ပတ်သော ဘာသာစကားဖြင့် ဖော်ပြကြသည်။ ဤသည်မှာ စကားပြောကောင်းခြင်းဟု ဆိုလိုသည့်အရာ ဖြစ်သည်။ ဤကဲ့သို့သော လူများသည် စကားပြောကောင်းကြသည်၊ ၎င်းတို့သည် အလုပ်လုပ်နိုင်စွမ်း၊ စီစဉ်နိုင်စွမ်းတို့ကို ပိုင်ဆိုင်ထားကြပြီး ထို့ထက်မက ၎င်းတို့တွင် တာဝန်ယူစိတ်ရှိကာ အတော်အတန် တရားမျှတစိတ်လည်း ရှိကြသည်။ ၎င်းတို့သည် လူ့အကြိုက်လိုက်သူများ သို့မဟုတ် ပြဿနာမဖြစ်လိုသူများ မဟုတ်ကြပေ။ ဆိုးယုတ်သောလူများက အသင်းတော်အလုပ်ကို အဖျက်အမှောင့်လုပ်ခြင်းများနှင့် အနှောင့်အယှက်များ ဖြစ်စေနေသည်ကို သို့မဟုတ် မိမိတို့၏ သင့်လျော်သော ကိစ္စရပ်များကို ဂရုမစိုက်ဘဲ စိတ်မချရသောပုံစံဖြင့် ပြုမူသော ဉာဏ်ထိုင်းသူများနှင့် လူဖျင်းလူညံ့များကို တွေ့မြင်သည့်အခါ ၎င်းတို့သည် ဒေါသထွက်ပြီး မကျေမနပ်ဖြစ်ကာ ဤပြဿနာများကို ချက်ချင်း ဖြေရှင်းပြီး ကိုင်တွယ်နိုင်သည့်အပြင် ဘုရားအိမ်တော်၏ အလုပ်နှင့် အကျိုးစီးပွားများကိုလည်း ကာကွယ်နိုင်သည်။ တာဝန်ယူစိတ်ရှိခြင်းနှင့် တရားမျှတစိတ်ရှိခြင်းဟူသည့် ဤသရုပ်သကန်များသည် ဤသို့သောလူစားမျိုး၏ လူ့သဘာဝ၏ ထင်ရှားသော လက္ခဏာများ မဟုတ်လော။ (ဟုတ်ပါသည်။) ဤကဲ့သို့သော လူများသည် လူမှုဆက်ဆံရေးတွင် မတော်ကောင်း မတော်နိုင်ပေ၊ သို့မဟုတ် မည်သည့် အတတ်ပညာဆိုင်ရာ ကျွမ်းကျင်မှုတွင်မဆို အလွန် ကျွမ်းကျင်ကောင်း ကျွမ်းကျင်မည် မဟုတ်သော်လည်း အကယ်၍ ၎င်းတို့သည် ငါ ယခု ဖော်ပြခဲ့သည့် လက္ခဏာများကို ပိုင်ဆိုင်ထားပါက ၎င်းတို့ကို ခေါင်းဆောင်များနှင့် အမှုဆောင်များအဖြစ် ပျိုးထောင်နိုင်သည်။ ဤလက္ခဏာများသည်လည်း ၎င်းတို့၏ အားသာချက်များ ဖြစ်သည်၊ ဆိုလိုသည်မှာ ၎င်းတို့သည် စကားပြောကောင်းသည်၊ အလုပ်လုပ်နိုင်စွမ်း၊ စီစဉ်နိုင်စွမ်းတို့ကို ပိုင်ဆိုင်ထားပြီး အတော်အတန် တရားမျှတစိတ်လည်း ရှိသည်။ တရားမျှတစိတ်ရှိခြင်းသည် အဓိကကျသည်။ ဆိုးယုတ်သောလူများနှင့် အန္တိခရစ်များတွင် တရားမျှတစိတ် ရှိသလော။ (မရှိပါ။) အန္တိခရစ်များတွင် ကောက်ကျစ်ဆိုးယုတ်သော သဘာဝရှိသည်၊ ၎င်းတို့တွင် တရားမျှတစိတ်ရှိရန် မဖြစ်နိုင်ပေ။ နောက်ထပ် အဓိကကျသောအရာတစ်ခုမှာ ဤသို့သော လူစားမျိုးတွင် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှုနှင့် သမ္မာတရားကို သဘောပေါက်နားလည်နိုင်စွမ်း ရှိသည်၊ ဤသည်မှာ ၎င်းတို့၏ အစွမ်းအစနှင့် သက်ဆိုင်သည်။ ဤသို့သော လူစားမျိုး၏ အားသာချက်များမှာ ငါ ယခုတင် ဖော်ပြခဲ့သည့် ထိုလူ့သဘာဝ လက္ခဏာများနှင့် အရည်အချင်းများကို ရည်ညွှန်းသည်၊ ထို့အပြင် သမ္မာတရားကို သဘောပေါက်နားလည်နိုင်စွမ်းရှိခြင်း၊ အသင်းတော်အတွက် ဝန်ထုပ်တစ်ခုကို ထမ်းခြင်းနှင့် အလုပ်လုပ်နိုင်စွမ်းကို ပိုင်ဆိုင်ထားခြင်းဟူသော စံသုံးခုလည်း ပါဝင်သည်။ ထိုသို့သောလူများကို ခေါင်းဆောင်များအဖြစ် ပျိုးထောင်နိုင်သည်၊ ထိုအရာနှင့်ပတ်သက်၍ ပြဿနာမရှိပေ။ ဦးနှောက်နှင့် အစွမ်းအစရှိခြင်းအပြင် ခေါင်းဆောင်တစ်ဦးသည် သမ္မာတရားကို သဘောပေါက်နားလည်နိုင်စွမ်း ရှိရမည်ဖြစ်ပြီး မိမိ၏အလုပ်တွင် စီစဉ်နိုင်စွမ်းနှင့် အလုပ်လုပ်နိုင်စွမ်းအပြင် စကားပြောကောင်းခြင်းလည်း ရှိရမည်။ အချို့လူများသည် အလွန်ကောင်းသော အစွမ်းအစရှိသည်၊ ၎င်းတို့သည် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှုကို ပိုင်ဆိုင်ထားသော်လည်း စုဝေးပွဲများတွင် မိတ်သဟာယဖွဲ့ရန် အချိန်ကျသည့်အခါ ၎င်းတို့ ပြောဆိုရန် ကြိုးစားနေသည့်အရာကို လုံးဝ ရှုပ်ထွေးသွားအောင် လုပ်မိကြသည်၊ ၎င်းတို့တွင် မိမိတို့၏ စကားကို စုစည်းနိုင်စွမ်း လုံးဝကင်းမဲ့ပြီး ၎င်းတို့ ပြောဆိုသည့်အရာသည် လုံးဝ ယုတ္တိကင်းမဲ့နေသည်။ ထိုသို့သောလူများကို ခေါင်းဆောင်များအဖြစ် ပျိုးထောင်နိုင်သလော။ (မပျိုးထောင်နိုင်ပါ။) အချို့လူများသည် အလွန်နည်းသော လူအရေအတွက်ကို စကားပြောရန် တတ်နိုင်ရုံမျှသာဖြစ်သည်၊ ၎င်းတို့သည် အချို့သော အခြေအနေများ၊ အမြင်များနှင့် သမ္မာတရားကို နားလည်သဘောပေါက်မှုအကြောင်း မိတ်သဟာယဖွဲ့နိုင်ပြီး အခြားသူများကို ထောက်ပံ့ခြင်း၊ ပံ့ပိုးခြင်းနှင့် ကူညီခြင်းတို့ကို ပြုနိုင်သော်လည်း လူပိုများသော ပတ်ဝန်းကျင်တွင်မူ ၎င်းတို့သည် စကားပြောရန် မဝံ့ရဲဘဲ ကြောက်ရွံ့ကာ မျက်ရည်ကျလုမတတ်ပင် စိတ်လှုပ်ရှားကြသည်။ ထိုသို့သောလူများကို ပျိုးထောင်နိုင်သလော။ အတော်အတန် အားနည်းပြီး ကြောက်တတ်သော လူ့သဘာဝရှိကာ စင်ကြောက်ခြင်း ဖြစ်လေ့ရှိသော လူစားမျိုးအတွက် အကယ်၍ ၎င်းတို့သည် ခေါင်းဆောင်တစ်ဦးဖြစ်ရန် လူ့သဘာဝ၊ အားသာချက်များနှင့် သဘောပေါက်နားလည်နိုင်စွမ်းတို့ကို ပိုင်ဆိုင်ထားပါက ၎င်းတို့ကို အဖွဲ့ခေါင်းဆောင်တစ်ဦး သို့မဟုတ် အသင်းတော်ခေါင်းဆောင်တစ်ဦး ဖြစ်လာရန် ပျိုးထောင်နိုင်သည်။ ဦးစွာ ၎င်းတို့ကို ပျိုးထောင်ပြီး လေ့ကျင့်ပေးခြင်းကိုသာပြုပါ၊ အချိန်ကာလတစ်ခုကြာ တွေ့ကြုံပြီးနောက် ၎င်းတို့သည် ထိုးထွင်းသိမြင်မှုကို ရရှိပြီး ထိုသို့ဖြင့် အနည်းငယ် ပို၍ ရဲရင့်လာမည်ဖြစ်ကာ စကားပြောရန် ကြောက်ရွံ့ခြင်း သို့မဟုတ် စင်ကြောက်ခြင်းတို့ ရှိတော့မည် မဟုတ်ပေ။ အချုပ်အားဖြင့်ဆိုသော် ငါတို့ ယခုလေးတင် မိတ်သဟာယဖွဲ့ခဲ့သည့် လူ့သဘာဝ လက္ခဏာများနှင့် အားသာချက်များ ရှိသူများနှင့် ပတ်သက်လာလျှင် ၎င်းတို့၏ လူ့သဘာဝက စံနှုန်းပြည့်မီသရွေ့၊ ၎င်းတို့ကို ခေါင်းဆောင်များ ဖြစ်လာရန် ပျိုးထောင်နိုင်သည်။ ပြီးခဲ့သည့်တစ်ကြိမ်က ငါတို့ ပြောဆိုခဲ့သည့်အတိုင်း တစ်စုံတစ်ဦးကို ခေါင်းဆောင်တစ်ဦးအဖြစ် ပျိုးထောင်ရန်အတွက် ၎င်းတို့သည် သမ္မာတရားအားလုံးကို နားလည်ရန်၊ ဘုရားသခင်ကို ကျိုးနွံနာခံနိုင်ရန်၊ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးရှိရန် စသည်တို့ကို မလွဲမသွေ မလိုအပ်ပေ။ ဤစံသတ်မှတ်ချက်များကို ပြည့်မီရန် လုံးဝ လိုအပ်ခြင်း မဟုတ်ပေ။ အကယ်၍ တစ်စုံတစ်ဦးသည် အစွမ်းအစတစ်ခုခုကို ပိုင်ဆိုင်ထားပြီး ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ရှိကာ သမ္မာတရားကို လက်ခံနိုင်စွမ်းရှိပါက ၎င်းကို မြှင့်တင်ပေးပြီး ပျိုးထောင်နိုင်သည်။ ဤသည်မှာ လူတို့ကို သင့်လျော်စွာ အသုံးပြုခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) အရေးအပါဆုံးသော စံသတ်မှတ်ချက်မှာ လူတစ်ယောက်၏ လူ့သဘာဝက စံနှုန်းပြည့်မီခြင်း ရှိမရှိပင် ဖြစ်သည်။

အချို့လူတို့သည် ငါပြောပြီးသည့်အရာကို နားထောင်ပြီးနောက် မိမိတို့အနေဖြင့် ခေါင်းဆောင်တစ်ဦးဖြစ်ခြင်းအတွက် စံသတ်မှတ်ချက်များကို ပြည့်မီပြီးဖြစ်ကာ မြှင့်တင်ပေးခံရသင့်သည်ဟု ခံစားရကြသည်။ ဤသည်မှာ ၎င်းတို့ဘက်မှ နားလည်မှုလွဲခြင်းတစ်ခု ဖြစ်သည် မဟုတ်လော။ ခေါင်းဆောင်တစ်ဦးဖြစ်ခြင်းသည် ထိုသို့ ရိုးရှင်းသော ကိစ္စရပ်တစ်ခုဖြစ်သလော။ ၎င်းတို့က၊ “ကျွန်ုပ်က အမှန်တကယ် စည်းစနစ်ကျသည်၊ ကျွန်ုပ်တွင် စည်းရုံးရေးကျွမ်းကျင်မှုများရှိပြီး အရှုပ်ထွေးဆုံးသော ကိစ္စရပ်များကိုပင် ရှင်းလင်းစွာ ရှင်းပြနိုင်သဖြင့် စကားပြောကောင်းသူတစ်ဦး ဖြစ်သည်။ သို့ဖြစ်၍ အဘယ်ကြောင့် ဘုရားအိမ်တော်က ကျွန်ုပ်ကို မမြှင့်တင်ပေးသနည်း။ အဘယ်ကြောင့် ညီအစ်ကိုမောင်နှမများက ကျွန်ုပ်ကို ခေါင်းဆောင်အဖြစ် မရွေးချယ်ကြသနည်း။ အဘယ်ကြောင့် အထက်ခေါင်းဆောင်များက ကျွန်ုပ်သည် ပင်ကိုစွမ်းရည်ရှိသူတစ်ဦးဖြစ်ကြောင်း မမြင်နိုင်ကြသနည်း”ဟု စဉ်းစားကြသည်။ စိတ်မပူနှင့်။ အကယ်၍ သင်သည် ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးဖြစ်ရန် စံသတ်မှတ်ချက်များကို အမှန်တကယ် ပြည့်မီပါက၊ အနှေးနှင့်အမြန်သင်သည် မြှင့်တင်ပေးခံရလိမ့်မည်ဖြစ်ပြီး သင့်ကိုယ်သင် လေ့ကျင့်ရန် ခွင့်ပြုခြင်းခံရလိမ့်မည် ဖြစ်သည်။ ယခု အရေးကြီးသည်မှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် ကိစ္စရပ်များကို စည်းမျဉ်းများအတိုင်း ကိုင်တွယ်ခြင်းတို့၌ သင့်ကိုယ်သင် များစွာ လေ့ကျင့်ရမည်ဖြစ်ပြီး၊ အခြားသူများကို တက်ကြွစွာ ကူညီကာ ဘုရားသခင် ရွေးချယ်ထားသောလူများအတွက် လက်တွေ့ကျသော ပြဿနာများကို ဖြေရှင်းပေးရမည် ဖြစ်သည်။ ဘုရားသခင် ရွေးချယ်ထားသောလူများက သင်သည် ကောင်းမွန်သော အစွမ်းအစရှိပြီး လက်တွေ့ကျသော ပြဿနာများအား ဖြေရှင်းနိုင်သည်ကို မြင်သောအခါ၊ ၎င်းတို့က သင့်ကို ထောက်ခံပြီး ရွေးကောက်တင်မြှောက်ကြလိမ့်မည်။ အကယ်၍ သင်သည် စစ်မှန်သော အလုပ်အနည်းငယ်ကို စတင်မလုပ်ဆောင်ဘဲ၊ ခေါင်းဆောင်အဖြစ် ရုတ်တရက် ရွေးကောက်တင်မြှောက်ခံရမည့် သို့မဟုတ် အထက်က ခြွင်းချက်အနေဖြင့် မြှင့်တင်ပေးမည့်နေ့ကိုသာ စောင့်နေမည်ဆိုလျှင်၊ ယင်းက မည်သည့်အခါမျှ ဖြစ်လာမည် မဟုတ်ပေ။ သင်သည် လူတိုင်း မြင်နိုင်ရန်အလို့ငှာ လက်တွေ့ကျသော အလုပ်အချို့ကို လုပ်ဆောင်ရမည်။ လူတိုင်းက သင်၏ အားသာချက်များကို ကိုယ်တိုင်မြင်တွေ့ပြီး မြှင့်တင်ပေးခြင်း၊ ပျိုးထောင်ခြင်းနှင့် အသုံးပြုခြင်း ခံသင့်သောသူတစ်ဦးဖြစ်သည်ဟု ခံစားရသည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့က သင့်ကို အလိုအလျောက် ထောက်ခံပြီး ရွေးကောက်တင်မြှောက်ကြလိမ့်မည်။ အကယ်၍ သင်သည် ခေါင်းဆောင်တစ်ဦးဖြစ်ရန် သင့်တော်သည်ဟု ယခုပင် ခံစားနေရသော်လည်း၊ မည်သူကမျှ သင့်ကို ရွေးကောက်တင်မြှောက်ခြင်းမရှိသေးသည့်အပြင်၊ ဘုရားအိမ်တော်က သင့်ကို မမြှင့်တင်ပေးသေးပါက၊ ယင်းမှာ အဘယ်ကြောင့်နည်း။ အချက်တစ်ချက်မှာ သေချာသည်။ သင်သည် ညီအစ်ကိုမောင်နှမများ၏ အမြင်တွင် အသိအမှတ်ပြုခြင်း မခံရသေးပေ။ ယင်းမှာသင်၏ လူ့သဘာဝကြောင့် ဖြစ်နိုင်သည်၊ သင်၏ လိုက်စားမှုကြောင့် ဖြစ်နိုင်သည် သို့မဟုတ် သင်၏ အားသာချက်များ သို့မဟုတ် အစွမ်းအစကြောင့် ဖြစ်နိုင်သည်။ အကယ်၍ ညီအစ်ကိုမောင်နှမများက ဤသွင်ပြင်လက္ခဏာများထဲမှ တစ်ခုကို အသိအမှတ်မပြုလျှင် သို့မဟုတ် အတည်မပြုလျှင်၊ ၎င်းတို့သည် သင့်ကို ရွေးကောက်တင်မြှောက်မည် မဟုတ်သည့်အပြင် ထောက်ခံမည်လည်း မဟုတ်ပေ။ သို့ဖြစ်၍ သင်သည် ဆက်ကြိုးစားလုပ်ဆောင်နေရမည်၊ ဆက်လိုက်စားကာ သင့်ကိုယ်သင် လေ့ကျင့်နေရမည် ဖြစ်သည်။ ပြီးလျှင် သမ္မာတရားကို သင် စစ်မှန်စွာ နားလည်ပြီး ကိစ္စရပ်များကို စည်းမျဉ်းများအတိုင်း ကိုင်တွယ်နိုင်သောအခါ၊ လူတို့က သင့်ကို အလိုအလျောက် ထောက်ခံပြီး ရွေးကောက်တင်မြှောက်ကြလိမ့်မည်။ ယင်းမှာ အခြေအနေများ မှန်ကန်သောအခါ အလိုအလျောက် ဖြစ်လာမည့်ကိစ္စပင် ဖြစ်သည်။ ခေါင်းဆောင်တစ်ဦးဖြစ်ခြင်းအတွက် အစဉ်မပြတ် မျှော်လင့်နေရန် သို့မဟုတ် ယင်းအကြောင်းကို အချိန်ပြည့် တွေးတောနေရန် မလိုအပ်ပေ။ ဤသည်မှာ လွန်ကဲသောလိုအင်ဆန္ဒတစ်ခု ဖြစ်သည်။ သင်သည် သာမန်စိတ်နှလုံးတစ်ခု ရှိသင့်သည်၊ သမ္မာတရားကို လိုက်စားသောသူတစ်ဦး ဖြစ်သင့်သည်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို အလေးထားသင့်ပြီး ကျိုးနွံနာခံတတ်ရန်နှင့် စိတ်ရှည်တတ်ရန် သင်ယူသင့်သည်။ သင်သည် ခေါင်းဆောင်တစ်ဦးဖြစ်ခြင်းကို ကြောင်းကျိုးမမြင်ဘဲ လိုက်စား၍မရပေ။ ယင်းမှာ ရည်မှန်းချက်တစ်ခုဖြစ်ပြီး မှန်ကန်သည့် လမ်းကြောင်း မဟုတ်ပေ။ သင်သည် ဤရည်မှန်းချက်နှင့် လိုအင်ဆန္ဒကို အချိန်ပြည့် မရှိသင့်ပေ။ သင့်တွင် အမှန်တကယ် အစွမ်းအစရှိလျှင်ပင်၊ သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်သည်အထိ သင် စောင့်ပြီးမှသာ ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးအဖြစ် အစေခံသည့် အလုပ်တာဝန်ကို လုပ်နိုင်စွမ်းရှိမည်ဖြစ်သည်။ သမ္မာတရားကို သင် နားမလည်သည့်အပြင် သမ္မာတရားအား မည်သို့လက်တွေ့လုပ်ဆောင်ရမည်ကို မသိပါက၊ သင်သည် ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးအဖြစ် ရွေးချယ်ခံရလျှင်ပင်၊ မည်သည့်လက်တွေ့ကျသော အလုပ်ကိုမျှ လုပ်ဆောင်နိုင်မည်မဟုတ်ဘဲ ဖြုတ်ချပြီး ဖယ်ရှားရှင်းလင်းခြင်း ခံရမည်ဖြစ်ကာ၊ ယင်းမှာ မကြာခဏ ဖြစ်ပျက်သည့်အရာတစ်ခု ဖြစ်သည်။ အကယ်၍ သင်သည် ခေါင်းဆောင်တစ်ဦးဖြစ်ရန် သင့်တော်သည်၊ ခေါင်းဆောင်မှုအတွက် ပင်ကိုစွမ်းရည်၊ အစွမ်းအစနှင့် လူ့သဘာဝတို့ကို ပိုင်ဆိုင်သည်ဟု တွေးထင်သော်လည်း၊ ဘုရားအိမ်တော်က သင့်ကို မမြှင့်တင်ပေးသေးသည့်အပြင် ညီအစ်ကိုမောင်နှမများကလည်း သင့်ကို ရွေးကောက်တင်မြှောက်ခြင်းမပြုသေးပါက၊ ထိုကိစ္စကို သင်မည်သို့ သဘောထားသင့်သနည်း။ ဤနေရာတွင် သင်လိုက်လျှောက်နိုင်သော လက်တွေ့လုပ်ဆောင်ခြင်းနှင့်ဆိုင်သည့် လမ်းကြောင်းတစ်ခု ရှိသည်။ သင်သည် မိမိကိုယ်ကို လုံးလုံးလျားလျား သိရှိရမည်။ အဓိကအချက်မှာ သင်၏ လူ့သဘာဝတွင် ပြဿနာတစ်ခုခု ရှိခြင်းဖြစ်သလော၊ သို့မဟုတ် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့်ဆိုင်သည့် သွင်ပြင်လက္ခဏာတစ်ခုခု ထုတ်ဖော်ခြင်းက လူတို့ကို ရွံရှာစက်ဆုပ်စေခြင်းလောဟူသည်ကို ကြည့်ရှုလော့။ သို့မဟုတ် သင်သည် သမ္မာတရား လက်တွေ့ကျမှုကို မပိုင်ဆိုင်သည့်အပြင် အခြားသူများအတွက် ယုံကြည်လက်ခံနိုင်ဖွယ်မရှိခြင်း ဟုတ်၊ မဟုတ် သို့မဟုတ် သင်၏ တာဝန်ထမ်းဆောင်မှုက စံနှုန်းမမီခြင်း ဟုတ်၊ မဟုတ်ဟူသည်ကို ကြည့်ရှုလော့။ သင်သည် ဤအရာအားလုံးကို ဆင်ခြင်သုံးသပ်ရမည်ဖြစ်ပြီး မည်သည့်နေရာတွင် သင် အတိအကျ စံမမီသည်ကို ကြည့်ရှုရမည်။ သင်သည် အတန်ကြာဆင်ခြင်သုံးသပ်ပြီး သင်၏ ပြဿနာ မည်သည့်နေရာတွင် ရှိသည်ကို တွေ့ရှိပြီးနောက်၊ ယင်းကို ဖြေရှင်းရန် သမ္မာတရားကို ချက်ချင်း ရှာဖွေရမည်ဖြစ်ပြီး၊ သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ကာ၊ ပြောင်းလဲမှုကို ရရှိရန်နှင့် ကြီးထွားရန် ကြိုးစားရမည်။ သို့မှသာ သင့်ပတ်ဝန်းကျင်တွင်ရှိသူများက ယင်းကို မြင်သောအခါ၊ ၎င်းတို့က “ဤရက်များတွင် သူက ယခင်ထက် များစွာ ပိုတော်လာသည်။ သူက အလုပ်ကို ခိုင်ခိုင်မာမာလုပ်ပြီး သူ၏ အလုပ်အကိုင်ကို အလေးအနက်ထားသည်၊ ပြီးလျှင် သူက သမ္မာတရား စည်းမျဉ်းများကို အထူးအာရုံစိုက်သည်။ သူက အလုပ်များကို စိတ်လိုက်မာန်ပါဖြစ်စေ၊ ဝတ်ကျေတမ်းကျေဖြစ်စေ မလုပ်ပါ။ ပြီးလျှင် သူ့အလုပ်နှင့်ပတ်သက်ပြီး ပို၍ အသိတရားရှိကာ တာဝန်ယူတတ်သည်။ သူသည် ယခင်ကစကားကြီးစကားကျယ် ပြောရသည်ကို ကြိုက်ပြီး သူ့ကိုယ်သူ အမြဲတမ်း ထုတ်ဖော်ပြသတတ်သည်။ သို့သော် ယခုတွင် သူသည် အများကြီး ပိုပြီး သိုသိုဝှက်ဝှက်နေတတ်ပြီး ဗိုလ်ကျတတ်ခြင်း မရှိတော့ပါ။ အလုပ်အနည်းငယ်ကို လုပ်နိုင်လျှင်ပင် ထိုအကြောင်းကို ဝါမကြွားပါ။ ပြီးလျှင် တစ်ခုခုလုပ်ပြီးသွားသည့်အခါ တစ်စုံတစ်ရာ အမှားလုပ်မိမည်ကို ကြောက်သဖြင့်၊ ထပ်ခါတလဲလဲ ဆင်ခြင်သုံးသပ်သည်။ သူက ယခင်ထက် များစွာ ပိုသတိထားကာ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးဖြင့် လုပ်ဆောင်သည်။ အားလုံးထဲတွင်၊ သူက ပြဿနာအနည်းငယ်ကို ဖြေရှင်းဖို့ သမ္မာတရားကို မိတ်သဟာယဖွဲ့နိုင်သည်။ အမှန်ပင် သူက ကြီးထွားလာခဲ့ပြီဖြစ်သည်”ဟု ပြောဆိုကြလိမ့်မည်။ သင်နှင့် ခဏတာ အတူပေါင်းသင်းဆက်ဆံခဲ့သော သင့်ပတ်ဝန်းကျင်ရှိသူများက သင်သည် သိသာသော ပြောင်းလဲမှုနှင့် ကြီးထွားမှုကို တွေ့ကြုံခဲ့ရသည်ကို တွေ့ရှိကြသည်။ သင်၏ လူ့ဘဝ၊ ကျင့်ကြံပြုမူခြင်းနှင့် ကိစ္စရပ်များကို ကိုင်တွယ်ခြင်းတို့တွင်လည်းကောင်း၊ သင်၏ အလုပ်အပေါ်ထားသော သဘောထားတွင်လည်းကောင်း၊ သမ္မာတရား စည်းမျဉ်းများကို သဘောထားပုံတွင်လည်းကောင်း ယခင်ကထက် သင် ပို၍ အားထုတ်ပြီး၊ သင်၏ စကားပြောခြင်းနှင့် ပြုမူခြင်းတို့တွင် စေ့စပ်သေချာသည်။ ညီအစ်ကိုမောင်နှမများက ဤအရာအားလုံးကို မြင်ပြီး နှလုံးသွင်းကြသည်။ ထိုအခါ၊ သင်သည် နောက်ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ကောင်းယှဉ်ပြိုင်နိုင်မည်ဖြစ်ပြီး၊ ခေါင်းဆောင်တစ်ဦးအဖြစ် ရွေးကောက်တင်မြှောက်ခံရရန် မျှော်လင့်ချက် ရှိကောင်းရှိလိမ့်မည်။ သင်သည် အရေးကြီးသော တာဝန်အချို့ကို အမှန်တကယ် ထမ်းဆောင်နိုင်လျှင်၊ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာကို ရရှိလိမ့်မည်။ အကယ်၍ သင်သည် အမှန်တကယ် ဝန်တာတစ်ခုရှိပြီး ထိုသို့သော တာဝန်ယူလိုစိတ်ရှိကာ၊ ဝန်ကို ထမ်းလိုလျှင်၊ အမြန်ဆုံး သင့်ကိုယ်သင် လေ့ကျင့်လော့။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းအပေါ် အာရုံစိုက်ပြီး စည်းမျဉ်းများဖြင့် ပြုမူဆောင်ရွက်လာလော့။ သင်သည် ဘဝအတွေ့အကြုံရှိပြီး သက်သေခံချက် ဆောင်းပါးများကို ရေးနိုင်သည်နှင့်တစ်ပြိုင်နက်၊ အမှန်တကယ် ကြီးထွားလာပြီးဖြစ်လိမ့်မည်။ သင်သည် ဘုရားသခင်အတွက် သက်သေခံနိုင်လျှင်၊ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ကို သေချာပေါက် ရရှိနိုင်သည်။ သန့်ရှင်းသောဝိညာဉ်တော်က သင့်အပေါ် အလုပ်လုပ်နေလျှင်၊ ယင်းမှာ ဘုရားသခင်က သင့်ကို မျက်နှာသာဖြင့် ကြည့်ရှုသည်ဟု ဆိုလိုပြီး၊ သန့်ရှင်းသောဝိညာဉ်တော်က သင့်ကို လမ်းပြခြင်းဖြင့်၊ သင်၏ အခွင့်အရေးသည် မကြာမီ ဖြစ်ပေါ်လာလိမ့်မည်။ သင်သည် ယခု ဝန်ထုပ်ဝန်ပိုးတစ်ခု ရှိနိုင်သော်လည်း၊ သင်၏ ဝိညာဉ်ရင့်ကျက်မှုသည် မလုံလောက်သေးသည့်အပြင် သင်၏ ဘဝအတွေ့အကြုံက အလွန်ပေါ့တန်သေးသောကြောင့်၊ သင်သည် ခေါင်းဆောင်တစ်ဦး ဖြစ်လာမည်ဆိုလျှင်ပင်၊ ခလုတ်တိုက်လဲနိုင်ခြေရှိသည်။ သင်သည် အသက် ဝင်ရောက်မှုကို လိုက်စားရမည်၊ သင်၏ လွန်ကဲသောလိုအင်ဆန္ဒများကို ဦးစွာ ဖြေရှင်းရမည်၊ နောက်လိုက်တစ်ဦးဖြစ်ဖို့ လိုလိုလားလား ရှိရမည်ဖြစ်ပြီး ဘုရားသခင် စီစဉ်ညွှန်ကြားသည့်၊ သို့မဟုတ် စီစဉ်သည့် မည်သည့်အရာအတွက်မဆို စောဒကတက်သည့်စကားများမရှိဘဲ ဘုရားသခင်ကို စစ်မှန်စွာ ကျိုးနွံနာခံတတ်လာရမည်။ သင်သည် ဤဝိညာဉ်ရင့်ကျက်မှုကို ပိုင်ဆိုင်သောအခါ၊ သင်၏ အခွင့်အရေးက ရောက်လာလိမ့်မည်။ သင်သည် လေးလံသောဝန်ကို ခံယူလိုခြင်း၊ သင်၌ ဤဝန်ထုပ်ဝန်ပိုးရှိခြင်းသည် ကောင်းသောအရာတစ်ခု ဖြစ်သည်။ ယင်းက သင်သည် တိုးတက်မှုဖြစ်စေရန် ကြိုးစားသော တက်ကြွသည့်စိတ်နှလုံးတစ်ခုရှိပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များကို အလေးထားကာ ဘုရားသခင်၏ အလိုတော်ကို လိုက်လျှောက်လိုကြောင်း ပြသသည်။ ဤသည်မှာ ရည်မှန်းချက်တစ်ခုမဟုတ်၊ စစ်မှန်သော ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်သည်။ ယင်းမှာ သမ္မာတရားကို လိုက်စားသောသူများ၏ တာဝန်ဖြစ်ပြီး ၎င်းတို့ လိုက်စားမှု ပန်းတိုင်လည်း ဖြစ်သည်။ သင်၌ တစ်ကိုယ်ကောင်းဆန်သော ရည်ရွယ်ချက်များ မရှိသည့်အပြင် သင်၏ ကိုယ်ကျိုးအတွက် မဟုတ်ဘဲ၊ ဘုရားသခင်ကို သက်သေခံပြီး သူ့ကို ကျေနပ်စေရန် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ ကောင်းချီးပေးခြင်း အခံရဆုံးသောအရာဖြစ်ပြီး၊ သူသည် သင့်အတွက် သင့်တော်သော အစီအစဉ်များကို ပြုလုပ်ပေးလိမ့်မည်။ ယခုမူကား၊ သင်သည် အသက် ဝင်ရောက်မှု လိုက်စားခြင်းကိုသာ အာရုံစိုက်လော့၊ သင်၏ တာဝန်ကို ဦးစွာ ကောင်းကောင်းမွန်မွန် ဖြည့်ဆည်းလော့။ ထို့နောက် ဘုရားသခင်ကို သက်သေခံရန် အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဆောင်းပါးအနည်းငယ်ကို ရေးသားလော့။ သင်၏ သက်သေခံချက်များက စစ်မှန်ပြီး လက်တွေ့ကျပါက၊ ယင်းတို့ကို ဖတ်ရှုသောသူများသည် သင့်ကို လေးစားပြီး နှစ်သက်ကြလိမ့်မည်ဖြစ်ကာ၊ သင်နှင့် ပေါင်းသင်းဆက်ဆံလိုပြီး သင့်ကို ထောက်ခံလိုကြလိမ့်မည်။ ထိုသို့ဖြင့် သင်၏ အခွင့်အရေးက ရောက်လာလိမ့်မည်။ ထို့ကြောင့်၊ အခွင့်အရေး မရောက်လာမီ သင်သည် သမ္မာတရားဖြင့် သင့်ကိုယ်သင် သေချာပေါက် ပြင်ဆင်ထားရမည်။ ဦးစွာ လက်တွေ့ကျသော အတွေ့အကြုံရှိလော့။ ထို့နောက် သင်သည် စစ်မှန်သော သက်သေခံချက် အလိုအလျောက် ရှိလာလိမ့်မည်။ သင့် တာဝန်၏ ရလဒ်များသည် ပိုကောင်းသည်ထက် ကောင်းလာလိမ့်မည်။ ထိုအချိန်တွင်၊ သင်သည် ပုန်းကွယ်လိုလျှင်ပင် ပုန်းကွယ်နိုင်လိမ့်မည်မဟုတ်ဘဲ၊ သင့်ပတ်ဝန်းကျင်ရှိ ညီအစ်ကိုမောင်နှမများက သင့်ကို ထောက်ခံကြလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သမ္မာတရား လက်တွေ့ကျမှုရှိသော လူများသည် ဘုရားအိမ်တော်အတွက်သာမက ဘုရားသခင် ရွေးချယ်ထားသောလူများအတွက်ပါ လိုအပ်သောကြောင့် ဖြစ်သည်။ လူတိုင်းသည် သမ္မာတရား လက်တွေ့ကျမှုရှိသော လူများနှင့် ပေါင်းသင်းဆက်ဆံလိုကြပြီး၊ သမ္မာတရား လက်တွေ့ကျမှုရှိသော မိတ်ဆွေများနှင့် ပေါင်းသင်းလိုကြသည်။ အကယ်၍ သင်သည် ဤအဆင့်အထိ တွေ့ကြုံခံစားပြီး၊ သင့်တွင် စစ်မှန်သော သက်သေခံချက်ရှိသည်ကို လူတိုင်း မြင်ကာ သင်၌ သမ္မာတရား လက်တွေ့ကျမှုရှိသည်ကို အသိအမှတ်ပြုပါက၊ သင်သည် ခေါင်းဆောင်တစ်ဦး မဖြစ်ချင်လျှင်ပင် ရှောင်လွှဲ၍ရနိုင်မည်မဟုတ်ဘဲ၊ ညီအစ်ကိုမောင်နှမများက သင့်ကို မရမက ရွေးကောက်တင်မြှောက်ကြလိမ့်မည်။ ထိုသို့ဖြစ်သည် မဟုတ်လော။ ပျောက်သောသားသည် နောက်ပြန်လှည့်ပြီး ဘုရားသခင်ထံ ပြန်လာသောအခါ၊ ဘုရားသခင်သည် ကျေနပ်ပျော်ရွှင်ကာ သူ၏စိတ်နှလုံး၌ သက်သာရာရသည်။ သမ္မာတရား လက်တွေ့ကျမှုရှိသော လူတစ်ဦးအနေဖြင့်၊ သင်သည် ဘုရားသခင်၏ အသုံးပြုခြင်းကို မခံရဘဲ မည်သို့နေနိုင်မည်နည်း။ ယင်းမှာ မဖြစ်နိုင်သောအရာတစ်ခု ဖြစ်သည်။ ဘုရားသခင်၏ ရည်ရွယ်ချက်သည် သူ့ကို သက်သေခံနိုင်သောလူများကို ပို၍ ရရှိရန်ဖြစ်သည်။ ဤသည်မှာ သူ့ကိုချစ်သောသူအားလုံးကို စုံလင်စေရန်၊ သူနှင့် စိတ်နှလုံးတစ်လုံးတစ်ဝတည်းရှိသော လူတစ်စုကို စုံလင်စေဖို့ အမြန်ဆုံး ပြုလုပ်ရန်အတွက်ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်၏ အိမ်တော်တွင် သမ္မာတရားကို လိုက်စားသူအားလုံးသည် ကြီးမားသော အလားအလာများရှိကြသည်။ ဘုရားသခင်ကို ရိုးသားစွာချစ်သောသူများ၏ အလားအလာသည် အကန့်အသတ်မရှိပေ။ ဘုရားသခင်၏ ရည်ရွယ်ချက်ကို လူတိုင်း နားလည်သင့်သည်။ ဤဝန်ထုပ်ဝန်ပိုးကို ရရှိခြင်းသည် အမှန်တကယ်ပင် အပြုသဘောဆောင်သောအရာဖြစ်သည်။ အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိသောသူတို့ ပိုင်ဆိုင်သင့်သည့် အရာတစ်ခုဖြစ်သည်။ သို့သော် လေးလံသောဝန်ကို လူတိုင်းက မလွဲမသွေ ခံယူနိုင်လိမ့်မည်မဟုတ်ပေ။ ဤခြားနားချက်က မည်သည့်နေရာမှ လာသနည်း။ သင်၏ အားသာချက်များ၊ သို့မဟုတ် လုပ်ကိုင်နိုင်စွမ်းက မည်သည့်အရာဖြစ်စေ၊ သင်၏ ဉာဏ်ရည်က မည်မျှမြင့်သည်ဖြစ်စေ အရေးပါသည့်အရာမှာ သင်၏ လိုက်စားမှုနှင့် သင်လျှောက်သည့်လမ်းကြောင်း ဖြစ်သည်။ အကယ်၍ သင်၏ လူ့သဘာဝသည် စံနှုန်းပြည့်မီပြီး သင်၌ အစွမ်းအစတစ်ခုခုရှိသော်လည်း၊ သင်သည် သမ္မာတရားကို လိုက်စားသောသူတစ်ဦးမဟုတ်သည့်အပြင် ကောင်းမွန်သော လူ့သဘာဝနှင့် ဝန်တာစိတ်တစ်ခုခုကို ပိုင်ဆိုင်ရုံမျှ ပိုင်ဆိုင်ပါက၊ သင်သည် အသင်းတော်၏ ခေါင်းဆောင်ပိုင်း အလုပ်ကို ကောင်းစွာ လုပ်ဆောင်နိုင်သလော။ သင်သည် သမ္မာတရားကို အသုံးပြု၍ ပြဿနာများကို ဖြေရှင်းနိုင်သည်ဟု သင် အာမခံသလော။ အကယ်၍ အာမမခံနိုင်ပါက၊ သင်သည် သင်၏ အလုပ်တွင် အရည်အချင်းမရှိသေးပေ။ သင်သည် ခေါင်းဆောင်တစ်ဦးအဖြစ် ရွေးကောက်တင်မြှောက်ခံရလျှင်ပင် သို့မဟုတ် တာဝန်ပေးအပ်ခြင်းခံရလျှင်ပင်၊ သင်သည် အလုပ်ကို လုပ်ဆောင်နိုင်စွမ်းရှိလိမ့်ဦးမည် မဟုတ်ပေ။ သို့ဖြစ်လျှင် ယင်းက မည်သည့်အကျိုးရှိမည်နည်း။ ယင်းက သင်၏ ဝင့်ဝါမှုကို ဖြည့်ဆည်းပေးမည်ဖြစ်သော်လည်း၊ ညီအစ်ကိုမောင်နှမများကို ထိခိုက်စေမည်ဖြစ်ကာ အသင်းတော်၏အလုပ်ကို နှောင့်နှေးစေမည်ဖြစ်သည်။ အကယ်၍ သင်သည် ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးဖြစ်ရန် စံသတ်မှတ်ချက်များနှင့် ပြည့်မီပြီး၊ သမ္မာတရားကို လိုက်စားသောသူတစ်ဦးဖြစ်ကာ၊ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်အချို့လည်း ရှိပါက၊ သင်သည် ဧကန်မုချ ခေါင်းဆောင်ပိုင်း အလုပ်ကို ကောင်းစွာ လုပ်ဆောင်နိုင်မည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သင်၌ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များရှိသောကြောင့် ဖြစ်သည်၊ သင်သည် သမ္မာတရားကို နားလည်သောသူတစ်ဦးဖြစ်ပြီး၊ အသင်းတော်ခေါင်းဆောင်တစ်ဦးဖြစ်ခြင်းနှင့်ဆိုင်သည့် လေးလံသောဝန်ကို ထမ်းနိုင်သောကြောင့် ဖြစ်သည်။ သင်၏ လူ့သဘာဝသည် စံနှုန်းပြည့်မီပြီး သင်၌ အားသာချက်အချို့လည်း ရှိခြင်းက ဘုရားအိမ်တော်၏ မြှင့်တင်ပေးခြင်း၊ ပျိုးထောင်ခြင်းနှင့် အသုံးပြုခြင်းခံရရန်အတွက် အခြေခံစံသတ်မှတ်ချက်များမျှသာ ဖြစ်သည်။ သို့သော် သင်သည် ခေါင်းဆောင်ပိုင်း အလုပ်ကို ကောင်းစွာ လုပ်ဆောင်နိုင်ခြင်း ရှိ၊ မရှိဟူသည်မှာ သင်၌ စစ်မှန်သော အတွေ့အကြုံနှင့် သမ္မာတရား လက်တွေ့ကျမှု ရှိ၊ မရှိဟူသည့်အပေါ်တွင် မူတည်သည်။ ဤသည်မှာ အရေးအကြီးဆုံးအရာ ဖြစ်သည်။ အချို့လူများသည် မှန်ကန်သောသူများဖြစ်ပြီး သမ္မာတရားကို လိုက်စားကြသော်လည်း၊ သုံးနှစ်မှ ငါးနှစ်အထိသာ ယုံကြည်ခဲ့ကြသေးပြီး လက်တွေ့ကျသော အတွေ့အကြုံမရှိကြပေ။ ထိုသို့သောလူများသည် အသင်းတော်၏ ခေါင်းဆောင်ပိုင်း အလုပ်ကို ကောင်းစွာ လုပ်ဆောင်နိုင်သလော။ ၎င်းတို့အနေဖြင့် အလုပ်တွင် အရည်အချင်းမရှိမည်ကို ငါစိုးရိမ်မိသည်။ ၎င်းတို့သည် မည်သည့်နေရာတွင် စံမမီကြသနည်း။ ၎င်းတို့အနေဖြင့် လက်တွေ့ကျသော အတွေ့အကြုံ ကင်းမဲ့ပြီး သမ္မာတရားကို နားလည်သည့်အဆင့်သို့ မရောက်သေးပေ။ ၎င်းတို့သည် စကားလုံးများနှင့် အယူဝါဒများစွာကို ပြောနိုင်လျှင်ပင်၊ သမ္မာတရားကို အသုံးပြု၍ ပြဿနာများကို ဖြေရှင်းခြင်းသည် ၎င်းတို့အတွက် မဖြစ်နိုင်သေးပေ။ ထို့ကြောင့်၊ ၎င်းတို့သည် ခေါင်းဆောင်ပိုင်း အလုပ်အတွက် အရည်အချင်းမရှိသေးသည့်အပြင် သမ္မာတရားကို နားလည်သဘောပေါက်မှု စွမ်းဆောင်ရရှိရန်နှင့် သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ရန် မိမိတို့ကိုယ်ကို ဆက်လက်လေ့ကျင့်ဖို့ လိုအပ်သည်။ ဥပမာအနေနှင့်၊ မိမိ၏လူ့သဘာဝက စံနှုန်းမီပြီး အတော်အတန် ရိုးသားကာ၊ အလိမ်အညာများ ပြောခဲပြီး လိမ်လည်လှည့်စားခဲသည့်အပြင်၊ အဖျက်အမှောင့်လုပ်ခြင်း သို့မဟုတ် နှောင့်ယှက်ခြင်းမရှိဘဲ မိမိ၏ တာဝန်ကို ထမ်းဆောင်သော်လည်း၊ သမ္မာတရားကို လိုက်စားရာတွင် အားနည်းသောသူတစ်ဦးကို ကြည့်လော့။ ထိုသို့သောလူကို ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးအဖြစ် ပျိုးထောင်၍ရနိုင်သလော။ ဤသည်မှာ အလွန်ခက်ခဲပေမည်။ ရာထူးတိုးမြှင့်ခြင်း၊ ပျိုးထောင်ခြင်းနှင့် အသုံးပြုခြင်းခံရရန် စံသတ်မှတ်ချက်များ ပြည့်မီသော်လည်း သမ္မာတရားကို မလိုက်စားသောသူတစ်ဦးသည် ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးအဖြစ် မြှင့်တင်ပေးခံရပါက သမ္မာတရားကို လိုက်စားသောသူတစ်ဦး ဖြစ်လာနိုင်စွမ်း ရှိမည်လော။ သူသည် သမ္မာတရားကို စတင်လိုက်စားနိုင်မည်လော။ သူသည် ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးအဖြစ် အချိန်ကာလတစ်ခုကြာ အလုပ်လုပ်ပြီးနောက် သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်နိုင်မည်လော။ ယင်းမှာ မဖြစ်နိုင်သောအရာတစ်ခု ဖြစ်မည်ဖြစ်သည်။ လူတစ်ဦးက မည်သည့်စံသတ်မှတ်ချက်များနှင့် ပြည့်မီသည်ဖြစ်စေ၊ သူသည် သမ္မာတရားကို လိုက်စားသောသူတစ်ဦး မဟုတ်သရွေ့၊ ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးအဖြစ် လုံးဝ ရွေးကောက်တင်မြှောက်ခြင်း သို့မဟုတ် မြှင့်တင်ပေးခြင်း မခံရနိုင်ပေ။ အကယ်၍ လူတစ်ဦးသည် စံနှုန်းပြည့်မီသော လူ့သဘာဝနှင့် အစွမ်းအစကို ပိုင်ဆိုင်ပြီး၊ သမ္မာတရားကိုလည်း လက်ခံနိုင်ကာ အပြောင်းအလဲအချို့ကို တွေ့ကြုံနိုင်ပါက၊ သူသည် မြှင့်တင်ပေးခြင်း၊ ပျိုးထောင်ခြင်းနှင့် အသုံးပြုခြင်း ခံရနိုင်ပြီး၊ အကျိုးဆက်အနေဖြင့်၊ မိမိကိုယ်ကို လေ့ကျင့်ရန်၊ သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ရန်အပြင်၊ ကယ်တင်ခြင်းနှင့် စုံလင်ခြင်းလမ်းကြောင်းပေါ်သို့ စတင်လျှောက်လှမ်းရန် အခွင့်အရေးကို ရရှိလိမ့်မည်။ ထို့ကြောင့်၊ ဘုရားအိမ်တော်က ခေါင်းဆောင်၊ အမှုဆောင် သို့မဟုတ် ကြီးကြပ်ရေးမှူးအဖြစ် မည်သူကို မြှင့်တင်ပေးသည်ဖြစ်စေ၊ ရည်ရွယ်ချက်မှာ သင်၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ လိုအင်ဆန္ဒများနှင့် ရည်မှန်းချက်များကို ဖြည့်ဆည်းရန်မဟုတ်သည့်အပြင်၊ သင်၏ ရည်သန်မျှော်မှန်းချက်များကို ဖြည့်ဆည်းပေးရန်လည်း မဟုတ်ဘဲ၊ သင့်အနေဖြင့် ကယ်တင်ခြင်းလမ်းကြောင်းပေါ်သို့ စတင်လျှောက်လှမ်းနိုင်ရန်နှင့် စုံလင်အောင်ပြုခြင်းခံရသောသူတစ်ဦး ဖြစ်လာနိုင်စေရန် ဖြစ်သည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။