ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၆) အခန်း နှစ်
ဉာဏ်ရည်အတော်အတန်မပြည့်ဝသောသူများနှင့် ပတ်သက်၍မူ ၎င်းတို့သည်လည်း မိမိတို့၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်လိုစိတ် ရှိကြပြီး ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်လိုကြသော်လည်း ၎င်းတို့တွင် ဉာဏ်ပညာမရှိပေ၊ စည်းမျဉ်းများအတိုင်း မည်သို့လုပ်ဆောင်ရမည်ကို မသိကြသကဲ့သို့ မည်သည့်ကိစ္စကိုမျှ မသိမြင်နိုင်ကြပေ။ အချိန်တစ်ခုတွင် ၎င်းတို့သည် စုံစမ်းသွေးဆောင်ခြင်းကို ကြုံတွေ့ပြီး ယင်းထဲသို့ ကျရောက်ကာ အကျိုးဆက်အနေဖြင့် အသင်းတော်၏ အကျိုးစီးပွားများကို သစ္စာဖောက်သည်၊ ညီအစ်ကိုမောင်နှမများကို သစ္စာဖောက်သည်၊ ဘုရားအိမ်တော်၏ အလုပ်ကို ထိခိုက်နစ်နာစေသည်။ ထိုင်းမှိုင်း၍ ဉာဏ်ရည်မပြည့်ဝသော ဤသို့သောလူစားမျိုးကို ငါတို့ မည်သို့ကိုင်တွယ်ပြီး ဆက်ဆံသင့်သနည်း။ ထိုသို့သော ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ကင်းမဲ့ပြီး ဉာဏ်ရည်မပြည့်ဝသည့် ထိုင်းမှိုင်းသောသူများနှင့် ပတ်သက်လာလျှင် ၎င်းတို့ထဲမှ တစ်ယောက်မကျန်ကို ဖြုတ်ချသင့်ပြီး ၎င်းတို့၏ တာဝန်ခန့်အပ်မှုကို ပြုပြင်သင့်ကာ တစ်ဦးတစ်ယောက်ကိုမျှ အသုံးပြု၍မရနိုင်ပေ။ ထိုသို့သောလူများကို အသုံးပြုပါက ၎င်းတို့သည် ဘုရားအိမ်တော်၏ အလုပ်အတွက် အချိန်မရွေး ဒုက္ခပေးနိုင်သည်၊ ဤကဲ့သို့သော သင်ခန်းစာများ အလွန်များလှပေပြီ။ ယနေ့ခေတ်တွင် အပြင်ပန်း၌ လူသားပုံသဏ္ဌာန်အချို့ရှိသော လူများစွာရှိသော်လည်း ၎င်းတို့သည် မည်သည့် သမ္မာတရား လက်တွေ့ကျမှုကိုမျှ မိတ်သဟာယမဖွဲ့နိုင်ကြပေ။ ၎င်းတို့သည် ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့ကြပြီးဖြစ်သည့်တိုင် ဤအခြေအနေတွင် ရှိနေဆဲဖြစ်သည်။ ဤပြဿနာ၏ ဇာစ်မြစ်ကို ရှင်းလင်းစွာ မြင်တွေ့သင့်သည်၊ ဤသည်မှာ အလွန်ညံ့ဖျင်းသော အစွမ်းအစနှင့် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ကင်းမဲ့ခြင်း ပြဿနာ ဖြစ်သည်။ ထိုသို့သောလူများသည် ဘုရားသခင်ကို နှစ်ပေါင်း မည်မျှကြာအောင် ယုံကြည်သည်ဖြစ်စေ ပြောင်းလဲမည်မဟုတ်သည့်အပြင် ၎င်းတို့နားထောင်ခဲ့ပြီးသော တရားဒေသနာများအားလုံးရှိလင့်ကစား သိသာထင်ရှားသော တိုးတက်မှု တစ်စုံတစ်ရာ မရှိခဲ့ကြပေ။ ၎င်းတို့ တတ်နိုင်သည့် မည်သည့်နုံချာသောပုံစံဖြင့်မဆို အစေခံရန်အလို့ငှာ ၎င်းတို့ကို ဘေးဖယ်ထားရန်သာ တတ်နိုင်၏။ ဤသည်မှာ ၎င်းတို့ကို ကိုင်တွယ်ဖြေရှင်းရန် နည်းလမ်းကောင်းတစ်ခု ဟုတ်သလော၊ မဟုတ်သလော။ (ဟုတ်ပါသည်။) ဉာဏ်ရည်မပြည့်ဝဘဲ စွမ်းရည်မရှိသော အချို့လူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နှစ်အတန်ကြာ ဖတ်ရှုပြီးသည့်တိုင် လုံးဝနားမလည်နိုင်ကြသည့်အပြင် တရားဒေသနာများကို နှစ်အတန်ကြာ နားထောင်ခဲ့ပြီးဖြစ်သော်လည်း နားမလည်နိုင်ကြပေ။ ထိုသို့သောလူများအား ဘုရားနှုတ်ကပတ်တော် စာအုပ်များ ထုတ်ပေးခြင်းသည် အသုံးဝင်သေးသလော။ (အသုံးမဝင်ပါ။) ဉာဏ်ရည်မပြည့်ဝသောသူများအား ဘုရားနှုတ်ကပတ်တော် စာအုပ်များ မထုတ်ပေးသင့်ပေ၊ အကြောင်းမှာ ထိုသို့ပြုလုပ်ခြင်းသည် အချည်းနှီးဖြစ်ပြီး အလဟဿဖြစ်ခြင်းနှင့် ညီမျှသဖြင့် ၎င်းတို့အား ထုတ်ပေးပြီးဖြစ်သည့် မည်သည့်စာအုပ်ကိုမဆို ချက်ချင်း ပြန်လည်သိမ်းဆည်းသင့်သည်။ ဤသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခွင့်အား ၎င်းတို့ထံမှ ပိတ်ပင်ခြင်းမဟုတ်ဘဲ ၎င်းတို့၏ ဉာဏ်ရည်က မမီသောကြောင့် ဖြစ်သည်။ ထိုသို့သောလူများသည် အသင်းတော်အသက်တာကို နေထိုင်လျှင်ပင် တာဝန်တစ်ခုကို ထမ်းဆောင်ရန် မဆိုထားနှင့်၊ သမ္မာတရားကိုပင် နားလည်နိုင်မည် မဟုတ်ပေ။ ထိုသို့သောလူများသည် အမှိုက်များဖြစ်ကြသည် မဟုတ်လော။ သင်တို့သည် အမှိုက်ကို မည်သို့ကိုင်တွယ်ရမည်ကို သိသင့်သည်။ အချို့လူများသည် အပြင်ပန်းတွင် အတော်အတန် ဟန်ဆောင်မှုကင်းမဲ့ပုံပေါ်သော်လည်း ၎င်းတို့၏ ဉာဏ်ရည်မှာ အလွန်ဆိုးရွားလှသည်မှာ အလုပ်ကြမ်းတစ်ခုမျှပင် ကောင်းစွာ မလုပ်ဆောင်နိုင်ကြသည့်အပြင် ၎င်းတို့လုပ်ဆောင်သမျှကို ပျက်စီးစေကြသည်။ ၎င်းတို့ကို ဝေယျာဝစ္စအလုပ်တစ်ခု လုပ်ခိုင်းပါက တစ်စုံတစ်ခုကို သေချာပေါက် ပျက်စီးစေမည်ဖြစ်သောကြောင့် ဤကဲ့သို့သောလူများကို အသုံးပြု၍မရနိုင်ပေ။ သင်သည် ၎င်းတို့အား ရေတစ်ပုံး သွားခပ်ခိုင်းလျှင် ၎င်းတို့သည် ဆီတစ်ဘူးကို မှောက်လိုက်မည်။ သင်က ၎င်းတို့အား ပန်းကန်တစ်လုံး ဆေးခိုင်းလျှင် ၎င်းတို့သည် ပန်းကန်တစ်ချပ်ကို ခွဲလိုက်မည်။ သင်က ၎င်းတို့အား ထမင်းချက်ခိုင်းလျှင် ၎င်းတို့သည် အများအပြားဖြစ်စေ၊ အလွန်နည်းပါးစွာဖြစ်စေ ချက်လိမ့်မည်၊ သို့မဟုတ် အလွန်ငန်မည်၊ သို့မဟုတ် အလွန်ပေါ့မည်။ ၎င်းတို့သည် စိတ်နှစ်ပြီးလုပ်ကြသည်မှာ မှန်သော်လည်း မည်သို့ပင် ကြိုးစားပါစေ ကောင်းစွာမလုပ်ဆောင်နိုင်ကြသည့်အပြင် ကာယလုပ်အားဖြင့် ထမ်းဆောင်မှုကိုပင် အလုပ်ကောင်းကောင်း မလုပ်နိုင်ကြပေ။ ထိုသို့သောလူများကို အသုံးပြု၍ရနိုင်သလော။ (အသုံးမပြုနိုင်ပါ။) သို့ဆိုလျှင် ၎င်းတို့ကို အသုံးပြု၍မရနိုင်ပါက ၎င်းတို့ကို မည်သည့်အရာ လုပ်ခိုင်းသင့်သနည်း။ ယင်းက ၎င်းတို့အား ဘုရားသခင်ကို ယုံကြည်ခွင့်မပြုတော့ဟုလည်းကောင်း၊ ဘုရားအိမ်တော်က ၎င်းတို့ကို မလိုချင်တော့ဟုလည်းကောင်း ဆိုလိုသလော။ မဆိုလိုပေ။ ၎င်းတို့ကို တာဝန်တစ်ခု ထမ်းဆောင်စေခြင်းကိုသာ မပြုနှင့်။ ၎င်းတို့သည် နေ့စဉ် သာမန်အသိတရားဆိုင်ရာ အမှုအရာများနှင့် နေ့စဉ်ဘဝ၏ ပုံမှန်ကိစ္စရပ်များ အပါအဝင် ပုံမှန်လူ့အသက်တာ၏ နယ်ပယ်အတွင်းရှိ အမှုအရာများကို ကောင်းစွာမလုပ်ဆောင်လျှင် သို့မဟုတ် ဤအရာများကို လုပ်ဆောင်နိုင်စွမ်းမရှိလျှင် ၎င်းတို့သည် ဘုရားအိမ်တော်၌ တာဝန်ထမ်းဆောင်ရန် မသင့်တော်ပေ။
အချို့လူများသည် ကောင်းသောလူ့သဘာဝ သို့မဟုတ် မည်သည့်အထူးပင်ကိုစွမ်းရည်များကိုမျှ မပိုင်ဆိုင်သော်လည်း ခေါင်းဆောင်များအဖြစ် ပျိုးထောင်ခံရရန် မဆိုထားနှင့်၊ ၎င်းတို့သည် အလုပ်ကြမ်းအချို့ကို လုပ်ဆောင်နိုင်ဆဲ ဖြစ်သည်။ ဥပမာအားဖြင့် ကြက်နှင့်ဘဲစာကျွေးခြင်း၊ ဝက်စာကျွေးခြင်းနှင့် သိုးကျောင်းခြင်းတို့သည် ၎င်းတို့ ကောင်းစွာလုပ်နိုင်သော အလုပ်များဖြစ်သည်။ သင်က ၎င်းတို့အား ရိုးရှင်းသောအလုပ်တစ်ခု ပေးလျှင် ၎င်းတို့ စိတ်နှစ်ပြီးလုပ်သရွေ့ ကောင်းစွာလုပ်နိုင်မည်ဖြစ်ရာ ထိုသို့ဖြင့် ထိုသို့သောလူများသည် ဘုရားအိမ်တော်၌ တာဝန်တစ်ခုကို ထမ်းဆောင်နိုင်ကြသည်။ ယင်းမှာ တစ်ခုတည်းသော၊ ရိုးရှင်းသော ဝေယျာဝစ္စအလုပ်ဖြစ်သော်လည်း ၎င်းတို့သည် စိတ်နှစ်ပြီးလုပ်နိုင်ကာ တာဝန်တစ်ခုကို ကောင်းမွန်စွာ ဖြည့်ဆည်းနိုင်သည့်အပြင် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရား စည်းမျဉ်းများအတိုင်း မိမိတို့ကိုယ်ကို တောင်းဆိုနိုင်ကြသည်။ အလုပ်က ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ၊ အရေးကြီးသည်ဖြစ်စေ၊ မကြီးသည်ဖြစ်စေ အားလုံးအနှစ်ချုပ်လိုက်သောအခါတွင် ၎င်းတို့အား ပေးအပ်ထားသည့် တစ်ခုတည်းသောအလုပ်ကို ကောင်းစွာလုပ်ဆောင်နိုင်ကြသည်။ ၎င်းတို့သည် ကြက်များကို ပုံမှန်ဥဥစေရန် ကောင်းစွာ ကျွေးမွေးနိုင်သည်သာမက၊ ဝံပုလွေများ ချီမသွားစေရန်လည်း ကာကွယ်ပေးနိုင်သည်။ ဝံပုလွေအူသံကို ကြားပါက ၎င်းတို့သည် မိမိတို့၏ ကြီးကြပ်ရေးမှူးကို ချက်ချင်း သတင်းပို့မည်ဖြစ်ပြီး ဘုရားအိမ်တော်က ၎င်းတို့အား အပ်နှင်းထားသော အလုပ်နှင့် တာဝန်ကို ထမ်းဆောင်ရာတွင် မည်သည့်မတော်တဆမှုကိုမဆို ရှောင်ရှားရန် ကြိုးစားလိမ့်မည်။ ၎င်းတို့သည် ဤသို့အလုပ်လုပ်ပါက အတော်အသင့် ဆက်ကပ်အပ်နှံကြသူများဖြစ်ပြီး ဤသည်မှာ မိမိတို့၏ တာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းနိုင်ခြင်းနှင့် အလုပ်တစ်ခုကို ကောင်းစွာ လုပ်ဆောင်နိုင်ခြင်းဟု သတ်မှတ်နိုင်သည်။ ကျန်ရှိသည့်အရာဖြစ်သော ၎င်းတို့၏ ကိုယ်ပိုင်ဘဝ၊ ကျင့်ကြံပြုမူပုံနှင့် အမှုအရာများကို ကိုင်တွယ်ပုံတို့တွင်မူ အနည်းငယ် အားနည်းချက်ရှိသည်၊ ဥပမာအားဖြင့် ၎င်းတို့သည် အခြားသူများနှင့် မည်သို့ဆက်ဆံစကားပြောရမည်ကို မသိကြ၊ သို့မဟုတ် မိမိတို့၏ အခြေအနေကို အခြားသူများနှင့် မည်သို့မိတ်သဟာယဖွဲ့ရမည်ကို မသိကြသည့်အပြင် တစ်ခါတစ်ရံ စိတ်တိုတတ်ကြသည်။ ဤသည်ကို ပြဿနာတစ်ခုအဖြစ် သတ်မှတ်သလော။ ဤကိစ္စများကြောင့် ၎င်းတို့ကို အသုံးမပြုဘဲနေခြင်းသည် သင့်လျော်သလော။ (မသင့်လျော်ပါ။) အချို့လူများသည် တစ်ကိုယ်ရေသန့်ရှင်းမှု အားနည်းကြသည်၊ အနည်းဆုံး ဆယ်ရက်ခန့် ခေါင်းမလျှော်ဘဲ အများအားဖြင့် အနံ့ဆိုးထွက်နေတတ်သည်။ အခြားသူများမှာမူ ပတ်ဝန်းကျင်ရှိလူများ အနားယူနေချိန်တွင် အစာစားခြင်း၊ ရေသောက်ခြင်းတို့၌ အသံကျယ်လောင်စွာ ပြုလုပ်တတ်ကြပြီး လမ်းလျှောက်ခြင်း၊ တံခါးပိတ်ခြင်းနှင့် စကားပြောခြင်းကဲ့သို့သော အခြားအချိန်များတွင်လည်း အသံကျယ်ကြသည်၊ ၎င်းတို့သည် လိမ္မာယဉ်ကျေးခြင်းမရှိကြပေ။ ထိုသို့သောလူများကို မည်သို့ဆက်ဆံသင့်သနည်း။ လူတိုင်းသည် နားလည်မှုရှိရမည်၊ မေတ္တာပါသော စိတ်နှလုံးဖြင့် ၎င်းတို့ကို ကူညီထောက်ပံ့ရမည်၊ ပုံမှန်လူ့သဘာဝဟူသည် အဘယ်အရာဖြစ်ကြောင်း ၎င်းတို့နှင့် မိတ်သဟာယဖွဲ့ရမည်၊ ၎င်းတို့ကို တဖြည်းဖြည်း ပြောင်းလဲခွင့်ပြုရမည်။ သင်တို့အားလုံး အတူတကွရှိနေသည့်အတွက် အပေးအယူတည့်စွာ နေထိုင်တတ်ရမည်။ ထိုသို့သောလူများသည် မိမိတို့၏ အလုပ်ကို ကောင်းစွာလုပ်နိုင်သရွေ့၊ အလုပ်ကို တာဝန်ယူနိုင်သရွေ့၊ အဖျက်အမှောင့်လုပ်ခြင်းနှင့် နှောင့်ယှက်ခြင်းတို့ကို မပြုလုပ်သရွေ့ အသုံးပြု၍ရနိုင်သည်။ အချို့လူများသည် ဉာဏ်ကောင်းကြသည်၊ အစွမ်းအစကောင်းရှိသည်၊ လုံ့လဝီရိယဖြင့် အလုပ်လုပ်ကြပြီး မိမိတို့၏ တာဝန်များကို ကောင်းမွန်စွာ ဖြည့်ဆည်းနိုင်ကာ ၎င်းတို့အား ခန့်အပ်ထားသော အလုပ်များကို ကောင်းစွာ လုပ်ဆောင်နိုင်သောကြောင့် ၎င်းတို့ကို ပျိုးထောင်ပြီး အသုံးပြုနိုင်သည်။ သို့သော် အချို့လူများသည် အစွမ်းအစ အလွန်ညံ့ဖျင်းသဖြင့် တစ်ခုတည်းသောအလုပ်ကိုပင် ကောင်းစွာမလုပ်နိုင်ကြပေ၊ ကြက်စာကျွေးခြင်းကို လုပ်နိုင်ရုံမျှသာရှိသော်လည်း၊ ဘဲနှင့်ငန်းများကိုပါ ကျွေးရမည်ဆိုလျှင်မူ ၎င်းတို့ မနိုင်မနင်းဖြစ်သွားပြီး မည်သို့လုပ်ရမည်ကို သိတော့မည်မဟုတ်ပေ။ ယင်းမှာ ၎င်းတို့က ကောင်းစွာမလုပ်လိုခြင်းကြောင့်မဟုတ်ဘဲ ၎င်းတို့၏ အစွမ်းအစက အလွန်ညံ့ဖျင်းသောကြောင့် ဖြစ်သည်။ ၎င်းတို့၏ ဦးနှောက်တွင် ကန့်သတ်ချက်များရှိသည်၊ ၎င်းတို့သည် အလုပ်တစ်ခုတည်းကိုသာ လုပ်တတ်ပြီး နောက်ထပ်တစ်ခု ထပ်ပေးလိုက်လျှင် မနိုင်နင်းတော့ပေ။ ၎င်းတို့သည် မည်သို့အစီအစဉ်ချရမည်ကို မသိသောကြောင့် အရာရာကို ကမောက်ကမဖြစ်အောင် လုပ်ကြသည်။ ထိုသို့သောလူများသည် တစ်ကြိမ်လျှင် အလုပ်တစ်ခုတည်း လုပ်ရန်သာ သင့်တော်သည်။ ၎င်းတို့အား အလုပ်များစွာ မပေးနှင့်၊ အကြောင်းမှာ ၎င်းတို့ တာဝန်ယူနိုင်မည်မဟုတ်သောကြောင့် ဖြစ်သည်။ ၎င်းတို့က အလုပ်တစ်ခုကို ကောင်းစွာလုပ်နိုင်လျှင် အလုပ်နှစ်ခု သို့မဟုတ် သုံးခုကိုလည်း သေချာပေါက် လုပ်နိုင်မည်ဟု မထင်နှင့်၊ ယင်းမှာ အစဉ်သဖြင့် မလွဲမသွေ မှန်နေခြင်းမျိုး မဟုတ်သည့်အပြင် ၎င်းတို့၏ အစွမ်းအစအပေါ်တွင် မူတည်သည်။ ရှေးဦးစွာ ၎င်းတို့အား ဝေယျာဝစ္စနှစ်ခုကို စမ်းလုပ်ခိုင်းလော့။ ၎င်းတို့ အစွမ်းအစကောင်းပြီး တာဝန်ယူထမ်းဆောင်နိုင်ပါက ၎င်းတို့အတွက် ဤသို့ စီစဉ်ပေးနိုင်သည်။ ၎င်းတို့သည် ဝေယျာဝစ္စနှစ်ခုကို တစ်ပြိုင်နက်တည်း ကောင်းစွာမလုပ်နိုင်ဘဲ ကမောက်ကမဖြစ်အောင် လုပ်ပါက ယင်းမှာ ၎င်းတို့၏ အစွမ်းအစထက် ကျော်လွန်နေခြင်းကို ဆိုလိုသည်၊ ထို့ကြောင့် သင်သည် ၎င်းတို့၏ ဒုတိယဝေယျာဝစ္စကို ချက်ချင်း ရုပ်သိမ်းရမည်။ အကြောင်းမှာ စောင့်ကြည့်လေ့လာခြင်းနှင့် စမ်းသပ်ခြင်းမှတစ်ဆင့် ၎င်းတို့သည် ရှုပ်ထွေးသော အလုပ်များစွာကို လုပ်ဆောင်ခြင်းထက် တစ်ကြိမ်လျှင် အလုပ်တစ်ခုတည်းလုပ်ရန်သာ သင့်တော်ကြောင်းနှင့်၊ ဤအတွက် အစွမ်းအစမရှိကြောင်း သင် ရှာဖွေတွေ့ရှိခဲ့သောကြောင့် ဖြစ်သည်။ အချို့လူများသည် အတော်အသင့် ဉာဏ်ကောင်းပြီး အစွမ်းအစလည်း အတော်အသင့်ကောင်းကြရာ သင်က ၎င်းတို့အား အလုပ်အချို့ ပေးလျှင်လည်း ကောင်းစွာလုပ်ဆောင်နိုင်ကြသည်။ ဥပမာအားဖြင့် သင်က ၎င်းတို့အား ထမင်းချက်ရန်၊ ကြက်ကလေးများအား အစာကျွေးရန်နှင့် ဟင်းသီးဟင်းရွက်ခြံကို စီမံခန့်ခွဲရန် ခိုင်းလျှင် ၎င်းတို့သည် နေ့စဉ် အချိန်မှန် ထမင်းချက်နိုင်သည့်အပြင် အားလပ်ချိန်များတွင် ဟင်းသီးဟင်းရွက်ခြံကို ကောင်းစွာစီမံနိုင်သည်၊ အချိန်မီ ရေလောင်း၊ ပေါင်းသင်နိုင်ပြီး ကြက်များကိုလည်း အချိန်မှန် အစာကျွေးနိုင်သည်။ အချို့လူများက “၎င်းတို့တွင် ဤအစွမ်းအစရှိသည့်အတွက် ၎င်းတို့ကို အသင်းတော်အလုပ်ကိုပါ တာဝန်ယူခိုင်းပြီး အသင်းတော်ခေါင်းဆောင်တစ်ယောက် လုပ်ခိုင်းပါ” ဟု ပြောကောင်းပြောနိုင်သည်။ ယင်းသို့ပြုလုပ်ခြင်းသည် သင့်လျော်မည်လော။ ၎င်းတို့သည် အလုပ်ကြမ်းအချို့နှင့် ဝေယျာဝစ္စများကို တာဝန်ယူနိုင်စွမ်း ရှိသော်လည်း အသင်းတော်ခေါင်းဆောင်တစ်ဦး ဖြစ်လာရေးနှင့် ပတ်သက်လာလျှင် ယင်းမှာ သီးခြားအကဲဖြတ်မှုတစ်ခု လိုအပ်သည်၊ ၎င်းတို့လုပ်ဆောင်သည့် ဤရိုးရှင်းသော၊ အပြင်ပန်းဝေယျာဝစ္စများကို အခြေခံ၍ တိုင်းတာနိုင်သည့်အရာ မဟုတ်ပေ။ အကြောင်းမှာ အသင်းတော်ခေါင်းဆောင်တစ်ဦး ဖြစ်ခြင်းသည် အလုပ်ကြမ်းတစ်ခုမဟုတ်၊ ယင်းကို ခေါင်းဆောင်မှုဆိုင်ရာ စည်းမျဉ်းများဖြင့် အကဲဖြတ်ရမည် ဖြစ်သောကြောင့် ဖြစ်သည်။ သို့သော် ဤလူသည် အသင်းတော်ခေါင်းဆောင်တစ်ဦးဖြစ်ရန် အစွမ်းအစနှင့် ပင်ကိုစွမ်းရည်ကို ပိုင်ဆိုင်ပြီး ၎င်း၏ လူ့သဘာဝမှာလည်း အတော်အတန်ကောင်းမွန်ပါက သင်က ၎င်းအား အပြင်ပန်းဝေယျာဝစ္စများကို တာဝန်ပေးအပ်ခြင်းသည် မသင့်လျော်ပေ၊ ယင်းကို လူတို့ကို မသင့်လျော်စွာ အသုံးပြုခြင်းဟု ခေါ်သည်။ အများဆုံးအားဖြင့် အသင်းတော်ခေါင်းဆောင်များသည် နေ့စဉ်ဘဝနှင့် သက်ဆိုင်သော အချိန်ပိုင်းအလုပ် နောက်ထပ်တစ်ခုကို လုပ်ဆောင်နိုင်ပြီး အလုပ်မများသည့်အခါတိုင်း ယင်းကို အနည်းငယ်ပို၍ ဂရုစိုက်နိုင်သည်၊ ဤသည်မှာ ၎င်းတို့ကို ပင်ပန်းနွမ်းနယ်စေမည် မဟုတ်ပေ။ မပြောပလောက်သော၊ လုပ်ရိုးလုပ်စဉ် ကိစ္စရပ်များနှင့် ဤအလုပ်ကြမ်းများနှင့် ပတ်သက်လာလျှင် လူတို့သည် တတ်နိုင်သမျှ များများလုပ်ဆောင်နိုင်သည်။ အားလုံးကို တာဝန်ယူနိုင်သူ တစ်ဦးတစ်ယောက် ရှိသလော။ ထိုသို့သော အစွမ်းအစရှိသူ တစ်ဦးတစ်ယောက် ရှိသလော။ (မရှိပါ။) ၎င်းတို့၏ အစွမ်းအစနှင့် စွမ်းရည်မှာ လုံလောက်ကောင်း လုံလောက်နိုင်သော်လည်း လုံလောက်မည်မဟုတ်သည့်အရာတစ်ခု ရှိသည်၊ ယင်းမှာ စွမ်းအင်ဖြစ်သည်။ လူတို့သည် သေမျိုးများဖြစ်ကြသည်၊ ၎င်းတို့၏ စွမ်းအင်မှာ အကန့်အသတ်ရှိပြီး ၎င်းတို့ တာဝန်ယူနိုင်သော အလုပ်အရေအတွက်မှာလည်း အကန့်အသတ်ရှိသည်။ စွမ်းအင်ကောင်းသောသူများသည် တစ်နေ့လျှင် ၁၂ နာရီအထိ အလုပ်လုပ်နိုင်ကောင်း လုပ်နိုင်ပြီး သာမန်စွမ်းအင်ရှိသူများမှာမူ ပုံမှန်အားဖြင့် ရှစ်နာရီ အလုပ်လုပ်နိုင်ကာ စွမ်းအင်နည်းသောသူများမှာမူ လေးနာရီ သို့မဟုတ် ငါးနာရီသာ အလုပ်လုပ်နိုင်သည်။ ထို့ကြောင့် သင်သည် လူတစ်ဦးကို အလုပ်ကြမ်းများလုပ်ဆောင်ရန်ဖြစ်စေ၊ အသင်းတော်ခေါင်းဆောင်ပိုင်းအလုပ်ဖြစ်စေ၊ သို့မဟုတ် ကျွမ်းကျင်မှုဆိုင်ရာ အလုပ်များဖြစ်စေ အသုံးပြုသည့်အခါ ၎င်းတို့ အသင့်တော်ဆုံးဖြစ်သည့်အရာကို သင်စဉ်းစားရမည်ဖြစ်ပြီး ၎င်းတို့အား အသင့်တော်ဆုံးအလုပ်ကို ပေးအပ်ပြီးနောက် ၎င်းတို့ မလုပ်နိုင်ပါက အခြားတစ်ခုကို စီစဉ်ပေးရမည်။ အကယ်၍ သင်သည် ၎င်းတို့ အသင့်တော်ဆုံးလုပ်ဆောင်နိုင်သည့်အရာအတိုင်း အလုပ်မခန့်အပ်ပါက ဤသည်မှာ လူတို့ကို သင်အသုံးပြုပုံ၌ အမှားတစ်ခု ဖြစ်သည်။ မြှင့်တင်ပေးခြင်း၊ ပျိုးထောင်ခြင်းနှင့် အသုံးပြုခြင်းတို့အတွက် ဦးစားပေးမခံရနိုင်သောသူများအတွက်မူ၊ ၎င်းတို့အား အလုပ်ကြမ်းများ လုပ်ဆောင်ခိုင်းလျှင်ပင် ၎င်းတို့၏ အစွမ်းအစနှင့် စွမ်းရည်များကို အခြေခံ၍ ဤဝေယျာဝစ္စများကို ပေးအပ်ရမည်။ ၎င်းတို့၏ သတ်မှတ်ထားသောအလုပ်တစ်ခုကို ကောင်းစွာလုပ်ဆောင်နေစဉ်မှာပင် အခြားအလုပ်များကိုပါ လုပ်ဆောင်နိုင်သေးပါက ၎င်းတို့၏ အဓိကအလုပ်ကို မထိခိုက်သရွေ့ အခြားအလုပ်ကြမ်းအချို့ကို အချိန်ပိုင်းအဖြစ် ထပ်မံလုပ်ဆောင်ရန် ခိုင်းစေနိုင်သည်။ အချို့လူများသည် ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်သန်စွမ်းပြီး ဝေယျာဝစ္စသုံးခုကို တစ်ခုပြီးတစ်ခု ဆက်တိုက်လုပ်ဆောင်နိုင်သည်၊ ဝေယျာဝစ္စတစ်ခု ပြီးသည့်နောက်တွင်လည်း စွမ်းအင်ပိုလျှံနေသေးပြီး အချိန်အများစုတွင် အားလပ်နေတတ်သည်။ သို့သော် အယောင်ဆောင်ခေါင်းဆောင်များသည် မျက်စိကန်းပြီး အလုပ်ကို မည်သို့ခွဲဝေရမည်ကို မသိကြသည့်အပြင် ဤသည်မှာ ပြဿနာတစ်ခုဖြစ်ကြောင်း သတိမပြုမိကြသောကြောင့်၊ ထိုလူများအား ဝေယျာဝစ္စတစ်ခုတည်းသာ တာဝန်ခန့်အပ်ကြသည်၊ ယင်းမှာ အမှားတစ်ခု ဖြစ်သည်။
အထူးကျွမ်းကျင်မှုမရှိဘဲ ကာယလုပ်အားကိုသာ စွမ်းဆောင်နိုင်သည့် ဉာဏ်ရည်မပြည့်ဝသောသူများအကြောင်းကို ငါယခုပြောခဲ့သည်။ ဖျားနာမှုတစ်ခုခုရှိပြီး ကာယလုပ်အားကိုပင် မစွမ်းဆောင်နိုင်သော လူများလည်း ရှိသည်၊ ၎င်းတို့သည် အနည်းငယ်မျှသော ကာယလုပ်အားတစ်ခုခုကို လုပ်ဆောင်သည့်အခါတိုင်း ခေါင်းကိုက်ခြင်း၊ ဗိုက်အောင့်ခြင်း သို့မဟုတ် ခါးနာခြင်းတို့ကို ခံစားရသည်။ အကယ်၍ ဤသို့သောလူစားမျိုးသည် တာဝန်ထမ်းဆောင်ရန် သင့်တော်ပါက ၎င်းတို့အား တာဝန်များခန့်အပ်ခြင်းနှင့်ပတ်သက်၍ မည်သို့လုပ်ဆောင်သင့်သနည်း။ ဘုရားအိမ်တော်၌ ၎င်းတို့ မည်သည့်တာဝန်များကို ထမ်းဆောင်ရန် သင့်တော်သည်ကို သေချာသိရှိရန်အလို့ငှာ ၎င်းတို့၏ ကျန်းမာရေးအခြေအနေနှင့် လူ့သဘာဝနှင့် အစွမ်းအစကဲ့သို့သော အမျိုးမျိုးသော ကဏ္ဍများကို ကြည့်ရှုရမည်။ ၎င်းတို့၏ ကျန်းမာရေးက မည်သည့်အလုပ်မျှမလုပ်နိုင်လောက်အောင် အလွန်ဆိုးရွားပြီး ခဏတာအလုပ်လုပ်ပြီးတိုင်း အနားယူရမည်ဖြစ်ကာ ၎င်းတို့ကို ပြုစုစောင့်ရှောက်ရန် တစ်စုံတစ်ဦးကိုပင် လိုအပ်ပါက ၎င်းတို့ကိုယ်တိုင် တာဝန်ကို ကောင်းစွာမထမ်းဆောင်နိုင်သည့်အပြင် ၎င်းတို့ကို စောင့်ရှောက်ရန် လူတစ်ဦးကိုပါ ထပ်မံတာဝန်ပေးရမည်ဆိုလျှင် ထိုသို့ဖြစ်ပါက လုံးဝမတန်ပေ။ ထိုသို့သောလူများသည် တာဝန်ထမ်းဆောင်ရန် မသင့်တော်ပေ၊ ထို့ကြောင့် ၎င်းတို့ကို အိမ်ပြန်၍ အားမွေးစေလော့။ မည်သည့်အရာကို သင်လုပ်ဆောင်သည်ဖြစ်စေ လေတစ်ချက်တိုက်ရုံဖြင့် လဲကျသွားနိုင်လောက်အောင် အလွန်အမင်း နာမကျန်းဖြစ်နေသူ မည်သူ့ကိုမဆို အသုံးမပြုနှင့်။ အကယ်၍ ၎င်းတို့၏ ကျန်းမာရေးက သိပ်မဆိုးရွားဘဲ အစားမှားလျှင် ဗိုက်အောင့်ခြင်း၊ သို့မဟုတ် ဦးနှောက်အလွန်အကျွံသုံးလျှင် ခေါင်းကိုက်ခြင်းတို့သာဖြစ်သောကြောင့် ပုံမှန်လူတစ်ဦးထက် သုံးနာရီ သို့မဟုတ် လေးနာရီလျော့၍သာ အလုပ်လုပ်နိုင်ခြင်းဖြစ်လျှင်ဖြစ်စေ၊ ပုံမှန်လူတစ်ဦး၏ အလုပ်တစ်ဝက်ကိုသာ လုပ်နိုင်ခြင်းဖြစ်လျှင်ဖြစ်စေ ထိုသို့သောလူများသည် အခြားသော စံသတ်မှတ်ချက်များနှင့် ကိုက်ညီသရွေ့ ၎င်းတို့ကို အသုံးပြုနိုင်ဆဲဖြစ်သည်၊ ၎င်းတို့ကိုယ်တိုင်က “ကျွန်ုပ်၏ ကျန်းမာရေးက ဤဒုက္ခကို ခံနိုင်ရည်မရှိလောက်အောင်ပင် အလွန်ဆိုးရွားပါသည်။ ကျွန်ုပ် အိမ်ပြန်ပြီး ပြန်လည်ကျန်းမာအောင် နေထိုင်လိုပါသည်။ ကျန်းမာလာသည့်အခါ ကျွန်ုပ်ပြန်လာပြီး တာဝန်ထမ်းဆောင်ပါမည်” ဟု ပြောဆိုလာလျှင် ချက်ချင်းသဘောတူပြီး ၎င်းတို့၏ တွေးခေါ်ပုံကို အကြံဉာဏ်ပေးဖို့ မကြိုးစားနှင့်၊ သင်အကြံဉာဏ်ပေးလျှင်ပင် အကျိုးသက်ရောက်မှု ရှိမည်မဟုတ်ပေ။ “အတင်းအကျပ်လုပ်သောအရာသည် ကျေနပ်ဖွယ်ရလဒ်များ မဖြစ်ထွန်းနိုင်” ဟူသော ဆိုရိုးစကားတစ်ခု ရှိသည်၊ လူတိုင်း၏ ယုံကြည်ခြင်း၊ စိတ်ပိုင်းဖြတ်မှုနှင့် လိုက်စားမှုတို့သည် မတူညီကြပေ။ အချို့လူများက “၎င်းတို့သည် တစ်ခါတစ်ရံတွင် အနည်းငယ် မအီမသာဖြစ်ပြီး အနည်းငယ်စွမ်းအင်နိမ့်ကျနေခြင်းသာ မဟုတ်လော။ လူတို့သည် အစားမှားလျှင် မအီမသာ ဖြစ်ကောင်းဖြစ်နိုင်သော်လည်း ရက်အနည်းငယ်ကြာပြီးနောက် သက်သာလိမ့်မည်။ ၎င်းတို့အိမ်ပြန်၍ အားမွေးရန် လိုအပ်မှုတစ်ခုခု ရှိသလော။ တစ်ညကို ကောင်းစွာအိပ်ပြီးနောက်တွင် ၎င်းတို့၏ ခေါင်းကိုက်ခြင်း၊ ခေါင်းမူးခြင်းသည် ပျောက်သွားမည်မဟုတ်လော။ ထိုအခါတွင် ပုံမှန် အလုပ်မလုပ်နိုင်သလော။ ဤသည်မှာ အလွန်အရေးကြီးသလော” ဟု ပြောကောင်းပြောနိုင်သည်။ ယင်းမှာ သင့်အတွက် ကြီးကျယ်သောကိစ္စ မဟုတ်နိုင်သော်လည်း၊ အချို့လူများသည် မိမိတို့၏ ဇာတိပကတိကို တန်ဖိုးထားသည့် အတိုင်းအတာအရ အခြားသူများနှင့် မတူညီကြသည့်အပြင် အချို့လူများမှာမူ အမှန်တကယ်ပင် ကျန်းမာရေးပြဿနာများ ရှိကြသည်။ ထိုသို့သောအခြေအနေများတွင် ၎င်းတို့က အိမ်ပြန်၍ အနားယူပြီး ပြန်လည်ကျန်းမာအောင် နေထိုင်ရန် တောင်းဆိုလာပါက အသင်းတော်သည် ချက်ချင်းသဘောတူသင့်သည်၊ ၎င်းတို့အပေါ် တောင်းဆိုမှုများ မပြုလုပ်သင့်၊ ၎င်းတို့အတွက် အခက်အခဲ မဖြစ်စေသင့်၊ အထူးသဖြင့် ၎င်းတို့၏ တွေးခေါ်ပုံကို အကြံဉာဏ်ပေးရန် မကြိုးစားနှင့်။ အချို့သော အယောင်ဆောင်ခေါင်းဆောင်များသည် ထိုသို့သောလူများကို “ဘုရားသခင်၏ အမှုတော် ယခုရောက်ရှိခဲ့သည့် အတိုင်းအတာကို ကြည့်ပါ။ ဘေးအန္တရာယ်များသည် ပိုပို၍ ကြီးလာနေသည်။ သွေးရောင်လလေးစင်း ပေါ်ထွန်းပြီးဖြစ်သည်။ ယခုတွင် ကပ်ဘေးက အလွန်ပျံ့နှံ့နေသည်မှာ ဘာသာတရားမရှိသူများတွင် ရှင်သန်စရာ နည်းလမ်းမရှိ။ သင်သည် ဘုရားအိမ်တော်တွင် သင့်တာဝန်များကို ထမ်းဆောင်နေပြီး ဘုရား၏ကျေးဇူးတော်ကို ခံစားနေသည်။ သင့်တွင် အန္တရာယ်ရှိမည်မဟုတ်ဘဲ သမ္မာတရားနှင့် အသက်ကိုလည်း ရနိုင်သည်။ ကြီးမားလိုက်သော ကောင်းချီးပါတကား။ သင့်တွင်ရှိသည့် ဤဒုက္ခအသေးစားသည် မည်သည့်အရာမျှမဟုတ်။ ယင်းကို သင်ကျော်လွှားပြီး ဘုရားသခင်ထံ ဆုတောင်းရမည်။ ဘုရားသခင်က သင့်ကို အသေအချာ ကုသပေးလိမ့်မည်။ ဘုရားနှုတ်ကပတ်တော်များကိုသာဖတ်ပါ။ ဓမ္မသီချင်းအနည်းငယ်ပို၍ သင်ယူပါ။ သင့်စိတ်ထဲတွင်မထားလျှင် သင်၏ ဖျားနာမှုက အလိုအလျောက် သက်သာလာလိမ့်မည်။ ‘နာမကျန်းမှုကို အစဉ်သဖြင့် စိတ်ထဲထည့်ထားခြင်းသည် မကျန်းမာဖို့ဖြစ်သည်’ ဟု ဘုရားနှုတ်ကပတ်တော်က မဆိုသလော။ သင်သည် ယခုတွင် ဖျားနာခြင်း၌ နေနေသည်။ ဖျားနာခြင်းအကြောင်းကို သင်ဆက်လက်တွေးတောနေပါက ဖျားနာခြင်းသည် ဆိုးရွားလာလိမ့်မည်။ ယင်းအကြောင်းကို သင်မစဉ်းစားပါက သင်၏ ဖျားနာမှုသည် ပျောက်ကွယ်သွားမည် မဟုတ်လော။ ဤနည်းအားဖြင့် သင်သည် ယုံကြည်ခြင်း ကြီးထွားမည်ဖြစ်ပြီး အနားယူရန် အိမ်သို့ ပြန်လိုမည်မဟုတ်။ သင်က အနားယူရန် အိမ်ပြန်ခြင်းသည် ဇာတိပကတိ၏ သက်သာမှုကို တပ်မက်ခြင်းဟု ခေါ်သည်” ဟုပြောဆို၍ အဆက်မပြတ် စည်းရုံးကြသည်။ ၎င်းတို့၏ တွေးခေါ်ပုံကို လမ်းညွှန်ရန် မကြိုးစားနှင့်၊ ထိုသို့ပြုလုပ်ခြင်းသည် မိုက်မဲရာကျသည်။ ၎င်းတို့သည် ခဏတာ မအီမသာဖြစ်မှုကိုပင် ကြံ့ကြံ့မခံနိုင်ဘဲ အိမ်ပြန်၍ အနားယူလိုကြသည်၊ သေးငယ်သော အခက်အခဲကိုပင် မကျော်လွှားနိုင်ပေ။ ဤသည်မှာ ၎င်းတို့သည် မိမိတို့၏ တာဝန်ကို ရိုးသားစစ်မှန်စွာ မထမ်းဆောင်ကြောင်း သက်သေပြသည်။ အမှန်တကယ်တွင် ဤသို့သောလူစားမျိုးသည် ရေရှည်တွင် တာဝန်ထမ်းဆောင်ရန် ရည်ရွယ်ချက်မရှိပေ၊ ၎င်းတို့သည် မည်သည့်ရိုးသားစစ်မှန်မှုဖြင့်မျှ မလုပ်ဆောင်ပေ၊ အဖိုးအခပေးရန် မလိုလားကြ၊ ယခုအခါတွင်မူ အပြီးတိုင် တိမ်းရှောင်ရန် အခွင့်အရေးနှင့် ဆင်ခြေတစ်ခုကို နောက်ဆုံးတွင် ရှာတွေ့သွားပြီဖြစ်သည်။ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ၎င်းတို့ အလွန် ပါးနပ်သည့်အတွက်လည်းကောင်း၊ ဤရောဂါသည် အချိန်ကိုက် ရောက်လာသည့်အတွက်လည်းကောင်း ဝမ်းမြောက်နေကြသည်။ ထို့ကြောင့်မည်သည့်အရာကို သင်လုပ်ဆောင်သည်ဖြစ်စေ ၎င်းတို့ကို နေရန် မတိုက်တွန်းနှင့်။ ၎င်းတို့ကို နေရန် တိုက်တွန်းသူ မည်သူ့ကိုမဆို ၎င်းတို့ မုန်းတီးလိမ့်မည်ဖြစ်ပြီး ၎င်းတို့၏ တွေးခေါ်ပုံကို လမ်းညွှန်ပေးရန် ကြိုးစားသူ မည်သူ့ကိုမဆို ၎င်းတို့ ကျိန်ဆဲလိမ့်မည်။ ဤအရာကို သင်နားမလည်သလော။ အချို့လူများသည် အမှန်တကယ်ပင် နာမကျန်းဖြစ်ကြပြီး ဖြစ်သည်မှာလည်း အချိန်ကြာမြင့်နေခဲ့ပြီဖြစ်ကာ ဆက်တိုက်ဖြစ်နေပါက မိမိတို့၏ အသက်အန္တရာယ်ရှိမည်ကို ကြောက်ရွံ့ကြသည်မှာ အမှန်ပင်ဖြစ်သည်။ ၎င်းတို့သည် ဘုရားအိမ်တော်သို့ မည်သည့်ဒုက္ခမျှ မပေးလို၊ သို့မဟုတ် အခြားသူများ၏ တာဝန်ထမ်းဆောင်မှုကို မထိခိုက်စေလိုပေ။ ၎င်းတို့၏ ကျန်းမာရေး ယိုယွင်းသွားသည်နှင့်တစ်ပြိုင်နက် ညီအစ်ကိုမောင်နှမများ၏ စောင့်ရှောက်မှုကို အားကိုးရမည်ဖြစ်ပြီး ဘုရားအိမ်တော်က ၎င်းတို့အား စောင့်ရှောက်အောင် လုပ်ရမည်ကို စိတ်မကောင်း ဖြစ်ကြသောကြောင့် ၎င်းတို့သည် ပညာရှိစွာဖြင့် ၎င်းတို့ကစတင်၍ ခွင့်တောင်းကြသည်။ ဤအခြေအနေကို မည်သို့ကိုင်တွယ်သင့်သနည်း။ ထိုနည်းတူစွာ ၎င်းတို့ကို မဆိုင်းမတွ အိမ်ပြန်၍ အနားယူခိုင်းခြင်းဖြင့် ဖြစ်သည်။ ဘုရားအိမ်တော်သည် ဒုက္ခကို မကြောက်ပေ၊ လူတို့အား ၎င်းတို့၏ ဆန္ဒမပါဘဲ အတင်းအကျပ်မလုပ်လိုခြင်းသာ ဖြစ်သည်။ ထို့အပြင် လူတိုင်းတွင် ကိုယ်ပိုင်နှင့် လက်တွေ့အခက်အခဲအချို့ ရှိကြသည်။ ဇာတိပကတိ၌ အသက်ရှင်သောလူအားလုံး နာမကျန်းဖြစ်ကြပြီး ဇာတိပကတိ၏ နာမကျန်းမှုများသည်လည်း လက်တွေ့တွင် တည်ရှိသော ပြဿနာတစ်ခုဖြစ်သည်၊ ငါတို့သည် အဖြစ်မှန်များကို လေးစားသည်။ အချို့လူများသည် အလွန်အမင်း နာမကျန်းဖြစ်မှုကြောင့် မိမိတို့၏ တာဝန်များကို အမှန်တကယ် မထမ်းဆောင်နိုင်ကြတော့ဘဲ ၎င်းတို့သည် ဘုရားအိမ်တော်က အဆင်ပြေမှုများ ပံ့ပိုးပေးခြင်းကို လိုအပ်လျှင် သို့မဟုတ် ညီအစ်ကိုမောင်နှမများက ဆေးနည်းများ သို့မဟုတ် ကုသမှုဆိုင်ရာ အကြံပြုချက်အချို့ ပေးခြင်းကို လိုအပ်လျှင် ဘုရားအိမ်တော်သည် ဤအရာများကို ဝမ်းမြောက်စွာ ပံ့ပိုးပေးလိမ့်မည်။ အကယ်၍ ၎င်းတို့က ဘုရားအိမ်တော်ကို အဆင်မပြေမဖြစ်စေလိုဘဲ မိမိတို့၏ရောဂါကို သွားရောက်ကုသရန် မိမိတို့တွင် ငွေ၊ နည်းလမ်းနှင့် သုံးစွဲရန်ငွေကြေးရှိပါက ယင်းမှာလည်း ပြဿနာမရှိပေ။ အချုပ်အားဖြင့် ၎င်းတို့၏ ကျန်းမာရေးက ဘုရားအိမ်တော်၌ တာဝန်များကို ဆက်လက်ထမ်းဆောင်ရန် သို့မဟုတ် ဘုရားအိမ်တော်၏ ပျိုးထောင်မှုကို ဆက်လက်ခံယူရန် ခွင့်မပြုသောကြောင့်ဖြစ်ပါက ၎င်းတို့သည် ကျိုးကြောင်းခိုင်လုံစွာ တောင်းဆိုမှုတစ်ခု ပြုလုပ်နိုင်ပြီး ဘုရားအိမ်တော်သည် ချက်ချင်းသဘောတူလိမ့်မည်။ မည်သူကမျှ ၎င်းတို့၏ တွေးခေါ်ပုံကို အကြံဉာဏ်မပေးသင့်၊ သို့မဟုတ် တောင်းဆိုမှုများ မပြုလုပ်သင့်၊ အကြောင်းမှာ ယင်းမှာ မသင့်လျော်ဘဲ ဆင်ခြင်တုံတရား ကင်းမဲ့သောကြောင့် ဖြစ်သည်။ ဤသည်တို့မှာ ဤသို့သောလူစားမျိုးအတွက် ပြုလုပ်ထားသော စီစဉ်မှုများ ဖြစ်သည်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။